ရွှေဂူရှင်မ (အစ/အဆုံး)

  ရွှေဂူရှင်မ (အစ/အဆုံး) မီးရောင်အောက်မှာ ဟောင်းလောင်းပွင်နေတဲ့ ရတနာသေတ္တာတွေဟာ ဘယ်နှလုံးဆိုတာ ရေတောင် မရေနိုင်ပါဘူးဗျာ။ ရွှေရောင်ကြမ်းပြင်ပ... thumbnail 1 summary

 ရွှေဂူရှင်မ (အစ/အဆုံး)

မီးရောင်အောက်မှာ ဟောင်းလောင်းပွင်နေတဲ့
ရတနာသေတ္တာတွေဟာ ဘယ်နှလုံးဆိုတာ
ရေတောင် မရေနိုင်ပါဘူးဗျာ။
ရွှေရောင်ကြမ်းပြင်ပေါ်မှာ ပုံထားတဲ့ ရတနာတွေ
ရွှေမန်းကျည်းတောင်တွေ ။ ရွှေဒင်္ဂါးပြားတွေ
ရွှေရုပ်တုတွေ ။ ရွှေပုတီး။ ရွှေဆွဲကြိုး။
ရွှေလက်ကောက် ။ ရွှေခြေကျင်း ။ပတ္တမြား။
မြ။ နီလာ ။ စိန် ။ သန္တာ။ ဂေါ်မုတ်။ ပုလဲ
ရတနာမျိုးစုံက မီးရောင်အောက်မှာ တလက်လက်
တဖိတ်ဖိတ်နဲ့ လူတစ်ယောက်ရဲ့ လောဘကို
ဖိတ်ခေါ်နေတာပေါ့ဗျာ။
ရတနာပုံကြီးကို ကျော်ဖြတ်ပြီးသွားတော့
ရွှေတံခါးကြီး ပိတ်လို့ဗျ။ ရွှေသားအစစ်နဲ့
လုပ်ထားတဲ့ တံခါးဗျ။ ရသေ့ကြီးက မန္တန်သုံးလေးပုဒ်
ရွတ်ပြီး သူရဲ့ ဆေးတောင်ဝှေးနဲ့ ရိုက်လိုက်တယ်
“ဒုန်း ဝုန်း ဝုန်း ”
ဟော ရွှေတံခါးကြီး ပွင့်သွားပြီဗျို့။ ဟာ ပတ္တမြား
အရောင်ပါလား။ အခန်းကြီးတစ်ခုလုံး ပတ္တမြားအရောင်
တောက် နေပြီး ရဲရဲနီနေတဲ့ အခန်းကြီးဗျ။
နံရံလည်း ပတ္တမြား ကြမ်းခင်းလည်း ပတ္တမြား
မျက်နှာကျက်လည်း ပတ္တမြား။ဟာ သိုက်နန်းရှင်ပါလား။
အနီရောင်ထမီနဲ့ ခါးတောင်းအင်္ကျီ ဝတ်ထားတဲ့
အမျိုးသမီးတစ်ယောက် မတ်တတ်စုံရပ်ပြီး
ရသေ့ကြီးကို လက်အုပ်ချီထားတယ်။
လှလိုက်တဲ့ မိန်းမဗျာ။ ကျုပ်တစ်သက်
မြင်ဖူးသမျှ မိန်းမတွေနဲ့ ဘယ်လိုမှကို မယှဉ်သာအောင်
လှတဲ့ မိန်းမဗျာ။ငွေရောင်အခန်းမှာ တွေ့ခဲ့တဲ့
နတ်မိမယ်တွေ လှတယ်လို့ ထင်ခဲ့တဲ့အတွေးဟာ
ဘယ်ပျောက်သွားမှန်းကို မသိတော့တာပေါ့ဗျာ။
ဆင်စွယ်ကို ထုထားတဲ့ ပန်းပုရုပ်ကလေးများလာလို့တောင်
ထင်မိရဲ့ဗျာ။ ပြေပြစ်လှတဲ့ နဖူးပြင်ရဲ့အောက်မှာ
နက်မှောင်နေတဲ့ မျက်ခုံးနှစ်ခုက ဇင်ယောင်တောင်လို
ကော့ကော့လေးဗျ။
ဝိုင်းစက်နေတဲ့ မျက်လုံးနှစ်လုံးက မဟူရာလို
နက်မှောင်ပြီး ကြယ်ပွင့်လေးတွေလို တလက်လက်
တောက်ပနေတယ်။ မျက်ခုံးနှစ်ခုကြားက
ဖြောင့်စင်းတဲ့ နှာတံလေးက လေးကိုင်းသဖွယ်
နှုတ်ခမ်းကလေးရဲ့ အပေါ်မှာ အဆုံးသတ်ပြီး
နီစွေးစွေး နှုတ်ခမ်းနှစ်မွှာက မပြုံးပေမဲ့
ပြုံးနေသယောင်ယောင်လေးဗျ။
ခန္ဓာကိုယ်ကလည်း မဆူ မကြုံ။
မနိမ့် မမြင့် အလွန်ကို တင့်တယ်လွန်းလှပါတယ်ဗျာ။
ရေအပြင်ထက်မှာ ငွားငွားစွင့်စွင့် ပွင့်နေတဲ့
ပဒုမ္မာကြာပန်းတစ်ပွင့်ကို ကြည့်နေရသလိုပါပဲဗျာ။
သူရပ်နေတဲ့ အနောက်မှာ ရွှေလှေကားထစ်တွေဗျ။
အားလုံးကိုးထစ်ရှိတယ်။ အဲဒီ အပေါ်မှာတော့
ရတနာမျိုးစုံ စီခြယ်ထားတဲ့ ရွှေပလ္လင်လေးဗျ။
အမြင့်က ကျုပ်ရင်စို့လောက် ရှိမယ်။
အဲဒီရွှေပလ္လင်ပေါ်မှာမှ ရွှေကြာပွင့်ကြီးတစ်ပွင့်။
ရွှေကြာပွင့်ရဲ့ အလယ်က ပန်းဝတ်ဆံနေရာမှာ
ရွှေကလပ်တစ်ခုဗျ။အဲဒီရွှေကလပ်ပေါ်မှာ
ဖန်ပေါင်းချောင်နဲ့ အုပ်ထားတဲ့ ရွှေကြုတ်ကလေးဗျ။
နှစ်လက်မလုံးလောက်ရှိပြီး အမြင့်က
ခြောက်လက်မလောက်ရှိမယ် ။
ရွှေကြုတ်ရဲ့ အပေါ်မှာ ရုပ်ကြွလေးတွေ
ဖော်ထားသေးသဗျ။
ရသေ့ကြီးရဲ့ မျက်လုံးတွေက အဲဒီရွှေကြုတ်ကို
စိုက်ကြည့်ပြီး မေးလိုက်တယ်။
“သိုက်နန်းရှင် မဟုတ်လား”
“မှန်ပါ့ဘုရား တပည့်တော်မဟာ
ဟောဒီရွှေဂူသိုက်နန်းကြီးရဲ့
သိုက်နန်းရှင်ပါဘုရား”
“အော် …အော် ။ ရွှေဂူရှင်မ နန်းကြာမုံဆိုတာ
ဒကာမလေးပေါ့”
“ဟုတ်ပါတယ်ဘုရား ။ တပည့်တော် ရွှေဂူရှင်မ
နန်းကြာမုံပါဘုရား ။ ဒီပြဒါးပြာသိုက်ကို
စောင့်ရတဲ့သူပါဘုရား”
ဘရသေ့က ခေါင်းညိတ်ပြလိုက်ပြီး ပြောတယ်ဗျ။
“ဒီမှာ ရွှေဂူရှင်မ နန်းကြာမုံ ဘရသေ့ ထွက်ရပ်လမ်းကို
မြန်းကြွဖို့ရာ ဟောဒီပြဒါးပြာရမှ ဖြစ်မှာမို့ ဟောဟိုက
ကြာကလပ်ပေါ်မှာ တင်ထားတဲ့ ပြဒါးပြားရွှေကြုတ်ကို
အလှူခံပါတယ် ဒကာမလေး”
“ဒီပြဒါးပြာဟာ လှူလို့လည်း မရ။ ပေးလို့လည်း မရတဲ့
အရာပါဘုရား ။ အထက်က ဘိုးဘိုးကြီးဘုရားတို့ရဲ့
အမိန့်အရ အသက်ပေးပြီး ကာကွယ်ရမှာပါဘုရား။
တပည့်တော်မ အနူးအညွတ် တောင်းပန်ပါတယ်။
ရွှေ ငွေ ရတနာ ကျောက်သံ ပတ္တမြားတွေကို
အရှင်ဘုရားတို့ ကြိုက်သလောက် ယူသွားပါဘုရား ။
ဒီပြဒါးပြာကိုတော့ ပေးဖို့နေနေသာသာ လက်နဲ့တောင်
အထိမခံနိုင်ပါဘူးဘုရား ။ တပည့်တော်မကို
သနားတယ်ဆိုရင် ဒီကပဲလှည့်ပြီး ပြန်တော်မူပါ
ဘရသေ့ကြီးဘုရား”
“သြော် …ဒီလိုလား ။ ဒီလိုဆိုမှဖြင့် ရအောင်
ယူရတော့မှာပေါလေ”
ဘရသေ့က သူဆေးတောင်ဝှေးကို ကြမ်းပြင်မှာ
ဒေါက်ကနဲမြည်အောင် ထောက်လိုက်တယ်ဗျ။
ဒီမှာတင် ပတ္တမြားခန်းဆောင်ရဲ့ ထောင့်လေးထောင့်မှာ
ရပ်နေတဲ့ တင်းပုတ်ကိုင် ဘီလူးရုပ်ကြီး လေးရုပ်
အသက်ဝင်လာရောဗျို့။
တင်းပုတ်ကြီးတွေကို လက်နှစ်ဖက်နဲ့ စုံကိုင်ပြီး
ကျုပ်တို့ဘက်ကို လျှောက်လာရောဗျာ။
ဒီအချိန်မှာ ဘရသေ့က မျက်စိစုံမှတ်ပြီး
မန္တန်ရွတ်နေတာဗျ။
ဘရသေ့က မန္တန်ကို အရပ်လေးမျက်နှာလှည့်ပြီး
ရွတ်တာ။ သူ့လက်ထဲမှာ ကိုင်ထားတဲ့
ဆေးတောင်ဝှေးကနေအခိုးအလျှံတွေ
ထွက်လာတာဗျို့။
ကျောက်ဘီလူးရုပ်ကြီး လေးကောင်က
တရွေ့ရွေ့နဲ့ ကပ်လာကြတာ ကျုပ်တို့နဲ့
ဆယ်ပေလောက်ပဲ ကွာတော့တာဗျ။
“ဟိတ်”
ဘရသေ့ ထအော်လိုက်တော့ ဘီလူးရုပ်ကြီး
လေးရုပ်ဟာ လက်ကြီးတွေ မြှောက်ရက်သားနဲ့
ကျောက်ရုပ်ပြန်ဖြစ်သွားကြရောဗျို့။
“ဟဲ့ ဖယ်စမ်း ရွှေဂူရှင်မ”
ဘရသေ့က ပြောပြောဆိုဆိုနဲ့ သူ့တောင်ဝှေးနဲ့
ရွှေဂူရှင်မဘက်ကို ဝှေ့လိုက်တာ တောင်ဝှေးက
မီးခိုးလုံးကြီး ထွက်သွားပြီး ရွှေဂူရှင်မဟာ
နေရာမှာတင် ခွေကျသွားရောဗျို့။
ကျုပ်ဖြင့် ရွှေဂူရှင်မကို သနားလိုက်တာဗျာ။
ပြေးပြီး ပွေ့ထူပေးချင်လိုက်တာ။
စိတ်ကို မနည်းထ်ိန်းထားရတယ်။
ဘရသေ့က ရှေ့ဆက်သွားပြီ။ ကျုပ်လည်း
နောက်က ကပ်လိုက်လာတယ်။ ဘရသေ့က
ရွှေလှေကား ကိုးထစ်ကို စပြီး တက်ပြီဗျ။
တစ်ထစ်။ နှစ်ထစ် ။သုံးထစ် ။ လေးထစ် ။ ငါးထစ်။
“စည်းပေါက်သွားပြီဟေ့ ။ ဝိုင်းကြဟေ့ ။ ဝိုင်းကြ”
ဂူကြီးတစ်ခုလုံး ဟိန်းထွက်သွားတဲ့ အသံကြီးဗျ။
ကျုပ်လည်း လန့်ပြီး နောက်ကို လှည့်ကြည့်လိုက်တယ်။
“ဟာ ”
ရသေ့သောမက ကျုပ်နောက်မှာ ပါမှမလာဘဲ။
သတိမေ့ပြီး လဲကျနေတဲ့ ရွှေဂူရှင်မကို ရသေ့သောမက
ပွေ့ထားလို့ပါလား။
‘နောင် နောင် နောင် နောင်”
ဟာ ဂူကြီးတစ်ခုလုံး မောင်းတီးသံတွေ ဆူညံပြီး
ကျောက်တုံးကြီးတွေ လိမ့်ကျလာတဲ့ အသံတွေလည်း
ကြားရတယ်ဗျာ။ လူတစ်ထောင်လောက် ညာသံပေးပြီး
ပြေးလာတဲ့ ခြေသံတွေ ကြားနေရတယ်။
ကျုပ်တစ်ကိုယ်လုံးမှာ ကြက်သီးတွေ တဖျန်းဖျန်း
ထလို့ဗျာ။
“ဝုန်း ဝေါ ဝေါ”
ဟာ ကျောက်နံရံကြီးတွေမှာ အပေါက်ကြီးတွေ
ပေါ်လာပြီး ရေလုံးကြီးတွေ ပန်းထွက်လာရောဗျို့။
“ပြေး ပြေး မောင်တာတေ ပြေးတော့ တော်တော်မိုက်တဲ့
သောမ။ ဒင်းကြောင့် ဖြစ်ရတာ။ မောင်တာတေ
လွတ်အောင် ပြေးပေတော့ ”
ကျုပ်လည်း တစ်ကိုယ်လုံး ထူပူပြီး စွတ်ပြေးခဲ့ရတာပေါ့ဗျာ။
ထွက်ပေါက်ကို ရောက်ပြီဗျ။ ကျောက်လှေကားတွေပေါ်ကို
ပြေးအတက်မှာ…
“ဝုန်း”
နောက်က ပါလာတဲ့ ရေလုံးကြီးက
ကျုပ်ကို ပြေးရိုက်လိုက်တယ်
ကျုပ် ရေလုံးကြီးနဲ့ ပါသွားရောဗျို့။
ကျုပ် သတိရလာလို့ကြည့်လိုက်တော့
စမ်းချောင်းကြီးတစ်ခုဘေးက
ကျောက်တုံးကြီးတစ်ခုပေါ်မှာဗျ။
တစ်ကိုယ်လုံးလည်း နာကျင်နေတာပဲဗျာ။
ကျုပ် ဘယ်နေရာရောက်နေမှန်းလည်း မသိဘူး။
သတိမေ့နေတာ ဘယ်လောက်ကြာသွားမှန်းလည်း
မသိချင်ဘူးဗျ။
စမ်းချောင်းထဲက ရေကို လက်ခုတ်နဲ့ ခပ်သောက်ပြီး
မျက်နှာသစ်လိုက်တယ်။ ပြီးတော့မှ တောထဲကထွက်ဖို့
မှန်းပြီး လျှောက်လာတယ်။ တော်တော်လေး
လျှောက်မိတော့ ကျုပ်ရှေ့မှာ တွေ့လိုက်ရတာက
ညောင်ပင်ကြီး နှစ်ပင်ဗျ။
“ဟာ ”
ကျုပ် တစ်ကိုယ်လုံးမှာ ကြက်သီးတွေ တဖျန်းဖျန်း
ထသွားတာဗျို့။ ဒါ ရွှေဂူသိုက်ကြီးရဲ့ ဝင်ပေါက်က
ညောင်ပင်ကြီးတွေဗျ။ ကျုပ် လျှောက်ရင်းနဲ့
ရွှေဂူသိုက်ကြီးရှိတဲ့ နေရာကို ပြန်ရောက်လာတာပဲ။
ကျုပ်လည်း ဘာမှမတွေးတော့ဘဲ နောက်ကို
ချာကနဲ လှည့်ထွက်လိုက်တယ်။
“မောင်တာတေ ။ နေပါဦးကွဲ့”
ကြက်သီးတွေ ဖျန်းကနဲ ထပြီး ဆံပင်တွေပါ
ထောင်သွားတယ်လို့ ထင်လိုက်မိတယ်ဗျာ။
ကျုပ်နာမည်ကို ဘယ်သူ ခေါ်လိုက်တာတုံး။
သိုက်ထဲက ကျောက်ဘီလူးကြီးတွေများလားလို့
တွေးမိပြီး ကျုပ်နောက်ကို လှည့်ကြည့်လိုက်တော့
ညောင်ပင်ကြီး တစ်ပင်ရဲ့နောက်က ထွက်လာတဲ့
အဘိုးကြီးတစ်ယောက်ဗျ။ အပေါ်ဖြူ အောက်ဖြု။
ပုဝါဖြူ ပေါင်းလို့။ လွတ်အိတ်ကတော့ အစိမ်းရောင်ဗျ။
“ဟာ…အဘိုးပါလား”
ဟုတ်တယ်ဗျ။(မဖဲဝါ မဝင်ရ)မှာ ကျုပ်ပြောပြခဲ့ဖူးတဲ့
ကုန်းတန်းရွာဟောင်းကြီးက အဘိုးဆရာကြီးဗျ။
ကျုပ်ကို အင်းလက်ကိုင်ပုဝါစည်းပြီး ရွာဟောင်းကြီး
အဟောင်းကို ပြခဲ့တာလေဗျာ။အဖေရှင်လို့ခေါ်တဲ့
အဘိုးဆရာကြီးလေ။ (ခင်ဗျား မေ့နေရင်တော့
‘မဖဲဝါ မဝင်ရ’ကို ပြန်ပြီး ဖတ်ကြည့်ဗျာ)
“မောင်တာတေ အဘိုးကို မှတ်မိသားပဲ။
ဘယ့်နှယ်တုံးကွဲ့ မောင်တာတေရဲ့။
ရသေ့သိုက်ဆရာနဲ့ အဖော်လိုက်ခဲ့တာ
တော်တော်မှ ဗဟုသုတ ရရဲ့လား”
“ဟာ မပြောပါနဲ့တော့ အဘိုးရယ် ကျုပ်ဖြင့်
ကံကောင်းလို့ မသေတာဗျာ”
“ဟား ဟား ဟား ဟား မင်းကွာ တော်တော်စပ်စုချင်တဲ့
သူငယ်ပဲ ။ရသေ့သိုက်ဆရာကို ဘယ်လိုများတွေ့လို့
လိုက်လာတာတုံး”
ကျုပ်က အဘိုးဆရာကြီး အဖေရှင်ကို အကျိုးအကြောင်း
ပြောပြလိုက်တော့ အဘိုးက ကျုပ်ကို ခေါင်းတညိတ်ညိတ်နဲ့
ကြည့်တယ်ဗျ။
“ကဲ မောင်တာတေ ။ အဘိုးပြောတာ နားထောင်။
သိုက်ထဲမှာ ရွှေဂူရှင်မ အခုထိ သတိမရသေးဘူးကွဲ့”
“ဟာ ဟုတ်လား အဘိုး”
“အေး ဟုတ်တယ် မောင်တာတေ ။ သိုက်ဆရာ
ရသေ့ရဲ့ ပညာက တော်တော်မြင့်တာကွဲ့။
ရွှေဂူရှင်မကို ကယ်ဖို့ လူကလေး သိုက်ထဲကို
ပြန်ပြီး ဝင်မှ ဖြစ်မယ်”
“ဗျာ ။ ကျုပ် သိုက်ကြီးထဲကို ပြန်ဝင်ရမယ် ဟုတ်လား
အဘိုး ။ ကျုပ်ကို ကျောက်ဘီလူးကြီးတွေ ဝိုင်းပြီး
သတ်ကြမှာပေါ့ အဘိုးရဲ့”
“မသတ်ပါဘူး မောင်တာတေရယ် ။
ဟောဒီဆေးတောင့်ကို ယူသွား။ သိုက်ထဲရောက်တော့
ဒီဆေးတောင့်ကို သွေးပြီး မောင်တာတေကိုယ်တိုင်
သိုက်နန်းရှင်မရဲ့ မျက်နှာမှာ သနပ်ခါး လိမ်းသလို
လိမ်းပေးလိုက်ပေတော့ ။ ရွှေဂူရှင်မ
ကောင်းသွားလိမ့်မယ်ကွဲ့”
“ဖြစ်ပါ့မလား အဘိုးရယ်”
“ဟာ ဖြစ်ပါတယ်ကွဲ့ မောင်တာတေအပေါ်ကို
ဘာအန္တရာယ်မှ မကျရောက်စေရပါဘူး ။
ပြီးတော့ မောင်တာတေ လာမှာကို သူတို့
ကြိုသိလို့ စောင့်နေကြပါပြီ ။ သူတို့ သခင်မ
အတွက် သူတို့တွေမှာ မျက်ရည်နှင့် မျက်ခွက်
ဖြစ်နေကြရရှာတာပါကွယ် ။ ကိစ္စပြီးရင်သာ
ချက်ချင်းပြန်ထွက်လာခဲ့ ။ ကျုပ် ဒီ ညောင်ပင်ကြီးတွေ
အောက်ကပဲ စောင့်နေမယ်”
အဘိုး ဆရာကြီး အဖေရှင်က သူ့ခေါင်းမှာ
ပေါင်းထားတဲ့ပုဝါအဖြူလေးကို ဖြုတ်ယူပြီး
ကျုပ်ခေါင်းမှာအဘိုးကိုယ်တိုင်
ပေါင်းပေးလိုက်တယ်။
ပြီးတော့ ဆေးတောင့်အပ်တယ်။
“ဝုန်း ဝုန်း ကျွိ ကျွိ”
ဟာ သိုက်တံခါးကြီး ပွင့်သွားပြီဗျို့။
ကျောက်လှေကားကြီးတွေကို မြင်နေရပြီ။
“ကဲ မောင်တာတေ သွားပေတော့ ။
သူ့ကို သိုက်တံခါး ဖွင့်ပေးလိုက်ပြီ”
ကျုပ်လည်း ဆေးတောင့်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး
ကျောက်လှေကားအတိုင်း ဆင်းလာလိုက်တယ်
ဟိုနေ့က တွေ့တဲ့ လက်လေးဖက်ပါတဲ့ ကျောက်ဘီလူး
ရုပ်ကြီးက ဒီတစ်ခါတော့ လှုပ်တောင် မလှုပ်ဘူးဗျ။
ကျုပ်က ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်ဝင်လိုက်တယ်။
ဆင်စွယ်ရောင် အခန်းကြီးကို ဖြတ်လိုက်တယ်။
ဘယ်သူ့ကိုမှ မတွေ့ဘူးဗျ။
“ဝုန်း ဝုန်း ”
ဟာ နောက်တံခါးတစ်ချပ် ပွင့်ပြန်ပြီဗျို့။
ပတ္တမြားအရောင် ခန်းမကြီးဗျ။ ရွှေလှေကားထစ်တွေနဲ့
ရွှေပလ္လင် ။ ရွှေကြာပွင့်ကြီးပေါ်က ရွှေကြုတ်နဲ့
ထည့်ထားတဲ့ ပြဒါးပြာ။ ရသေ့ကြီး ဦးဘောဂ
သိပ်လိုချင်တဲ့ ပစ္စည်းပေါ့ဗျာ ။ ကျုပ်က
ပတ္တမြားခန်းမကြီးထဲကို လှည့်ပတ်ကြည့်လိုက်တော့
အစိမ်းရောင် တင်းတိန်းကာထားတဲ့
အခန်းတစ်ခန်းကို တွေ့လိုက်တယ်။
အရှေ့မှာ ရပ်နေတဲ့ နတ်မိမယ်လေးတွေ
အစိမ်းရောင်နဲ့ ရွှေရောင်အဝတ်နဲ့ဗျ။
ကျုပ်က သူတို့ဘက်ကို လျှောက်သွားလိုက်တယ်။
သူတို့အားလုံး ကြမ်းပြင်ပေါ်မှာ ဒူးတုပ်ထိုင်ပြီး
ကျုပ်ကို လက်အုပ်ချီ ထားကြတယ်
“ဆေးသွေးဖို့ ပေးပါ”
ကျုပ်ပြောလိုက်တာနဲ့ တင်းတိန်းကိုဖွင့်ပြီး
နတ်မိမယ်လေး တစ်ပါး ထွက်လာတယ်။
ရေထည့်ထားတဲ့ ရွှေခွက်တစ်ခုနဲ့ မြကျောက်ပြင်တစ်ချပ်
ပေးတယ်။ ကျုပ်က ပတ္တမြားကြမ်းပြင်မှာ ထိုင်ပြီး
ဆေးသွေးတယ်။ ရွှေခွက်ထဲက ရေကိုထည့်လိုက်
သွေးလိုက်နဲ့ မြကျောက်ပြင်မှာ ဆေးတော်တော်ရလာတော့
ကျုပ်က ဆေးတောင့်ကို ပြန်သိမ်းပြီး မြကျောက်ပြင်ကို
ယူတယ်။ ကျုပ်လုပ်သမျှကို မျက်တောင်မခတ်ဘဲ
ကြည့်နေတဲ့ နတ်မိမယ်လေးတွေက သူတို့ပါ
ထရပ်ပြီး အစိမ်းရောင်ပိုးသားတင်းတိန် ဟိုဘက်
ဒီဘက် ကိုင်ပြီး ဖွင့်ပေးကြတယ်
အတွင်းကို လှမ်းကြည့်လိုက်တော့ ရွှေသလွန်ပေါ်မှာ
ဆန့်ဆန့်လေး လဲနေတဲ့ ရွှေဂူရှင်မ နန်းကြာမုံကို
တွေ့လိုက်ရတယ်။တစ်ကိုယ်လုံး ပတ္တမြားရောင်
နီရဲနေတဲ့ ထိုင်မသိမ်းနဲ့ ခါးတောင်အင်္ကျီကို
ဝတ်ထားတယ်ဗျ။
အခန်းတစ်ခုလုံး မွှေးကြိုင်နေတာပဲဗျို့။
တင်းတ်ိန်ကာထားတဲ့ အခန်းထဲမှာ အစိမ်းရောင်
ဝတ်ထားတဲ့ နတ်မိမယ်လေးတွေက ရွှေယပ်တွေကိုင်ပြီး
ရွှေဂူရှင်မကို ယပ်ခတ်ပေးနေကြတယ်
ကျုပ်က ရွှေဂူရှင်မ လဲလျောင်းနေတဲ့ ရွှေသလွန်ဘေးကို
ကပ်သွားပြီး မထိရက်လောက်အောင်လှတဲ့ လူလား
နတ်လား မသိနိုင်တဲ့ ရွှေဂူရှင်မရဲ့ မျက်နှာလေးပေါ်မှာ
အဘိုးဆရာကြီးရဲ့ ဆေးတော်ကို သေသေချာချာ
လိမ်းပေးလိုက်တယ်။
ဆေးကုန်အောင် လိမ်းပြီးတာနဲ့ ကျုပ်က လက်ထဲမှာ
ကိုင်ထားတဲ့ မြကျောက်ပြင်ကို နတ်မိမယ်လေး
တစ်ယောက်ကို လှမ်းပေးလိုက်တယ်
ဒီအချိန်လေးမှာပဲ …
“ဟာ သခင်မ သတိရလာပြီ”
လို့ ရွှေယပ်ကိုင် နတ်မိမယ်လေးတစ်ပါး ပြောလိုက်တဲ့
အသံကို ကျုပ် ကြားလိုက်တယ်။ နတ်မိမယ်လေးတွေ
အားလုံး ရွှေသလွန်းဘေးမှာ ဝိုင်းအုံပြီး ကြည့်ကြတယ်
“ဝမ်းသာလိုက်တာ သခင်မရယ်”
ကျုပ်ကတော့ မလှမ်းမကမ်းမှာပဲ
ရပ်ကြည့်နေလိုက်တယ်
“သခင်မ နေကောင်းပါပြီကွယ် ကဲ ကဲ ညီမတော်တို့
ဖယ်ကြဦးကွဲ့။ သမားတော်လေးကို
ကျေးဇူးပြုရပေဦးမယ်”
ရွှေဂူရှင်မက ရွှေသလွန်ညောင်စောင်းမှာ အသာလေး
ထထိုင်လိုက်တယ်။ ကျုပ်က ရပ်နေတဲ့ နေရာမှာပဲ
ကြုံ့ကြုံ့ထိုင်လိုက်တယ်
“အဖေရှင်ရဲ့ကျေးဇူး ကြီးမားလှပါပေတယ်
ဟောဒီက မောင်ငယ် သမားတော်လေးကိုလည်း
နန်းကြာမုံ ကျေးဇူးအထူးတင်လှပါတယ်ကွယ်
ကဲ သမားတော်လေး ကြိုက်တဲ့ ရွှေငွေရတနာတွေကို
ကြိုက်သလောက် ယူသွားနိုင်ပါတယ်”
“ဟာ ကျုပ် အဲဒါတွေ ဘာကိုမှ မလိုချင်ပါဘူးဗျာ
ရွှေဂူရှင်မ ကျန်းမာသွားရင်ပဲ ကျုပ် စိတ်ချမ်းသာလှပါပြီ”
“သမားတော်လေးရဲ့ စိတ်ထား မွန်မြတ်ပါပေတယ်
ဒါဆိုရင်တော့ ဟောဒီ ရွှေကြက်ဖလေးကို
လက်ဆောင်အဖြစ် သခင်မ ပေးလိုက်ပါ့မယ်
ဒါကိုတော့ ယူပါကွယ်”
ရွှေဂူရှင်မက သူ့လက်ဝါးပေါ်မှာ ဘွားကနဲ
ပေါ်လာတဲ့ ကြက်ဥလုံးအရွယ်လောက်ရှိတဲ့
ရွှေကြက်ဖရုပ်ကလေးကို ကျုပ်ကို ပေးတယ်
“အဘိုးဆရာကြီးက ကျုပ်ကို အပြစ်တင်
နေပါဦးမယ်ဗျာ”
“ဟာ အပြစ်မတင်စေရပါဘူးကွယ် နန်းကြာမုံ
ဟောဒီကနေ အဖေရှင်ကို လှမ်းပြီး
လျှောက်ထားလိုက်ပါ့မယ် ကဲ ယူပါ
မောင်ငယ်”
ကျုပ် ရိုရိုသေသေ သွားပြီး ယူလိုက်တယ်
ပြီးတော့ ကျုပ်ပြန်ဖို့ ပြင်တယ်
အဘိုးဆရာကြီးက ကိစ္စပြီးတာနဲ့
ချက်ချင်း ပြန်ထွက်ခဲ့လို့ မှာလိုက်တယ်လေဗျာ
ပြဒါးပြာသိုက်ကြီးကနေ ကျုပ် ပြန်ထွက်လာတော့
အဘိုးဆရာကြီးက ညောင်ပင်ကြီးအောက်ကနေ
ကျုပ်ကို စောင့်နေတယ်
ကျုပ်က ခေါင်းက ပုဝါနဲ့ ဆေးတော်ကို
အဘိုးဆရာကြီးကို ပြန်အပ်လိုက်တယ်။
အဘိုးဆရာကြီးက ကျုပ်ကို ဆပ်သမြှောင်
သွားတဲ့ လမ်းအရောက် လိုက်ပို့ပေးတယ်
ခဏလေးနဲ့ ဆပ်သမြှောင်ကို ပြန်ရောက်လာတယ်။
ကျုပ်တို့ကို မျှော်နေကြတဲ့ ဆရာတော် ဦးဥတ္တမနဲ့
ကိုအောင်ပွားကို တွေ့တယ်။ ကျုပ်က ဖြစ်သမျှ
အကြောင်းတွေကို လျှောက်ထားလိုက်တယ်။
ဆရာတော်လည်း တော်တော်ကို စိတ်မကောင်း
ဖြစ်သွားတာပေါ့ဗျာ။ ကိုအောင်ပွားက ကျုပ်ကို
လှည်းနဲ့ ပြန်ပို့ပါတယ်။ ကျုပ် ခါးပိုက်ထောင်ထဲမှာ
ထည့်ထားတဲ့ ရွှေကြက်ဖလေး အကြောင်းကိုတော့
ဆရာတော် ဦးဥတ္တမကိုရော။ကိုအောင်ပွားကိုရော
ပြောမပြခဲ့ဘူးဗျ။
ထနောင်းကုန်းကို ပြန်ရောက်တော့ ရွှေဂူရှင်မ
ပေးလိုက်တဲ့ ရွှေကြက်ဖလေးကို ဘယ်သူမှ
မသိအောင် ကျုပ်ရဲ့ သံသေတ္တာထဲမှာ
အသာကလေး သိမ်းထားလိုက်တယ်။
ပြီးပါပြီခဗျာ
စာချစ်သူများအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ


ေ႐ႊဂူရွင္မ (အစ/အဆုံး)


မီးေရာင္ေအာက္မွာ ေဟာင္းေလာင္းပြင္ေနတဲ့

ရတနာေသတၱာေတြဟာ ဘယ္ႏွလုံးဆိုတာ

ေရေတာင္ မေရႏိုင္ပါဘူးဗ်ာ။

ေ႐ႊေရာင္ၾကမ္းျပင္ေပၚမွာ ပုံထားတဲ့ ရတနာေတြ

ေ႐ႊမန္းက်ည္းေတာင္ေတြ ။ ေ႐ႊဒဂၤါးျပားေတြ

ေ႐ႊ႐ုပ္တုေတြ ။ ေ႐ႊပုတီး။ ေ႐ႊဆြဲႀကိဳး။

ေ႐ႊလက္ေကာက္ ။ ေ႐ႊေျခက်င္း ။ပတၱျမား။

ျမ။ နီလာ ။ စိန္ ။ သႏၲာ။ ေဂၚမုတ္။ ပုလဲ

ရတနာမ်ိဳးစုံက မီးေရာင္ေအာက္မွာ တလက္လက္

တဖိတ္ဖိတ္နဲ႔ လူတစ္ေယာက္ရဲ႕ ေလာဘကို

ဖိတ္ေခၚေနတာေပါ့ဗ်ာ။

ရတနာပုံႀကီးကို ေက်ာ္ျဖတ္ၿပီးသြားေတာ့

ေ႐ႊတံခါးႀကီး ပိတ္လို႔ဗ်။ ေ႐ႊသားအစစ္နဲ႔

လုပ္ထားတဲ့ တံခါးဗ်။ ရေသ့ႀကီးက မႏၲန္သုံးေလးပုဒ္

႐ြတ္ၿပီး သူရဲ႕ ေဆးေတာင္ေဝွးနဲ႔ ႐ိုက္လိုက္တယ္

“ဒုန္း ဝုန္း ဝုန္း ”

ေဟာ ေ႐ႊတံခါးႀကီး ပြင့္သြားၿပီဗ်ိဳ႕။ ဟာ ပတၱျမား

အေရာင္ပါလား။ အခန္းႀကီးတစ္ခုလုံး ပတၱျမားအေရာင္

ေတာက္ ေနၿပီး ရဲရဲနီေနတဲ့ အခန္းႀကီးဗ်။

နံရံလည္း ပတၱျမား ၾကမ္းခင္းလည္း ပတၱျမား

မ်က္ႏွာက်က္လည္း ပတၱျမား။ဟာ သိုက္နန္းရွင္ပါလား။

အနီေရာင္ထမီနဲ႔ ခါးေတာင္းအက်ႌ ဝတ္ထားတဲ့

အမ်ိဳးသမီးတစ္ေယာက္ မတ္တတ္စုံရပ္ၿပီး

ရေသ့ႀကီးကို လက္အုပ္ခ်ီထားတယ္။

လွလိုက္တဲ့ မိန္းမဗ်ာ။ က်ဳပ္တစ္သက္

ျမင္ဖူးသမွ် မိန္းမေတြနဲ႔ ဘယ္လိုမွကို မယွဥ္သာေအာင္

လွတဲ့ မိန္းမဗ်ာ။ေငြေရာင္အခန္းမွာ ေတြ႕ခဲ့တဲ့

နတ္မိမယ္ေတြ လွတယ္လို႔ ထင္ခဲ့တဲ့အေတြးဟာ

ဘယ္ေပ်ာက္သြားမွန္းကို မသိေတာ့တာေပါ့ဗ်ာ။

ဆင္စြယ္ကို ထုထားတဲ့ ပန္းပု႐ုပ္ကေလးမ်ားလာလို႔ေတာင္

ထင္မိရဲ႕ဗ်ာ။ ေျပျပစ္လွတဲ့ နဖူးျပင္ရဲ႕ေအာက္မွာ

နက္ေမွာင္ေနတဲ့ မ်က္ခုံးႏွစ္ခုက ဇင္ေယာင္ေတာင္လို

ေကာ့ေကာ့ေလးဗ်။

ဝိုင္းစက္ေနတဲ့ မ်က္လုံးႏွစ္လုံးက မဟူရာလို

နက္ေမွာင္ၿပီး ၾကယ္ပြင့္ေလးေတြလို တလက္လက္

ေတာက္ပေနတယ္။ မ်က္ခုံးႏွစ္ခုၾကားက

ေျဖာင့္စင္းတဲ့ ႏွာတံေလးက ေလးကိုင္းသဖြယ္

ႏႈတ္ခမ္းကေလးရဲ႕ အေပၚမွာ အဆုံးသတ္ၿပီး

နီေစြးေစြး ႏႈတ္ခမ္းႏွစ္မႊာက မၿပဳံးေပမဲ့

ၿပဳံးေနသေယာင္ေယာင္ေလးဗ်။

ခႏၶာကိုယ္ကလည္း မဆူ မႀကဳံ။

မနိမ့္ မျမင့္ အလြန္ကို တင့္တယ္လြန္းလွပါတယ္ဗ်ာ။

ေရအျပင္ထက္မွာ ငြားငြားစြင့္စြင့္ ပြင့္ေနတဲ့

ပဒုမၼာၾကာပန္းတစ္ပြင့္ကို ၾကည့္ေနရသလိုပါပဲဗ်ာ။

သူရပ္ေနတဲ့ အေနာက္မွာ ေ႐ႊေလွကားထစ္ေတြဗ်။

အားလုံးကိုးထစ္ရွိတယ္။ အဲဒီ အေပၚမွာေတာ့

ရတနာမ်ိဳးစုံ စီျခယ္ထားတဲ့ ေ႐ႊပလႅင္ေလးဗ်။

အျမင့္က က်ဳပ္ရင္စို႔ေလာက္ ရွိမယ္။

အဲဒီေ႐ႊပလႅင္ေပၚမွာမွ ေ႐ႊၾကာပြင့္ႀကီးတစ္ပြင့္။

ေ႐ႊၾကာပြင့္ရဲ႕ အလယ္က ပန္းဝတ္ဆံေနရာမွာ

ေ႐ႊကလပ္တစ္ခုဗ်။အဲဒီေ႐ႊကလပ္ေပၚမွာ

ဖန္ေပါင္းေခ်ာင္နဲ႔ အုပ္ထားတဲ့ ေ႐ႊၾကဳတ္ကေလးဗ်။

ႏွစ္လက္မလုံးေလာက္ရွိၿပီး အျမင့္က

ေျခာက္လက္မေလာက္ရွိမယ္ ။

ေ႐ႊၾကဳတ္ရဲ႕ အေပၚမွာ ႐ုပ္ႂကြေလးေတြ

ေဖာ္ထားေသးသဗ်။

ရေသ့ႀကီးရဲ႕ မ်က္လုံးေတြက အဲဒီေ႐ႊၾကဳတ္ကို

စိုက္ၾကည့္ၿပီး ေမးလိုက္တယ္။

“သိုက္နန္းရွင္ မဟုတ္လား”

“မွန္ပါ့ဘုရား တပည့္ေတာ္မဟာ

ေဟာဒီေ႐ႊဂူသိုက္နန္းႀကီးရဲ႕

သိုက္နန္းရွင္ပါဘုရား”

“ေအာ္ …ေအာ္ ။ ေ႐ႊဂူရွင္မ နန္းၾကာမုံဆိုတာ

ဒကာမေလးေပါ့”

“ဟုတ္ပါတယ္ဘုရား ။ တပည့္ေတာ္ ေ႐ႊဂူရွင္မ

နန္းၾကာမုံပါဘုရား ။ ဒီျပဒါးျပာသိုက္ကို

ေစာင့္ရတဲ့သူပါဘုရား”

ဘရေသ့က ေခါင္းညိတ္ျပလိုက္ၿပီး ေျပာတယ္ဗ်။

“ဒီမွာ ေ႐ႊဂူရွင္မ နန္းၾကာမုံ ဘရေသ့ ထြက္ရပ္လမ္းကို

ျမန္းႂကြဖို႔ရာ ေဟာဒီျပဒါးျပာရမွ ျဖစ္မွာမို႔ ေဟာဟိုက

ၾကာကလပ္ေပၚမွာ တင္ထားတဲ့ ျပဒါးျပားေ႐ႊၾကဳတ္ကို

အလႉခံပါတယ္ ဒကာမေလး”

“ဒီျပဒါးျပာဟာ လႉလို႔လည္း မရ။ ေပးလို႔လည္း မရတဲ့

အရာပါဘုရား ။ အထက္က ဘိုးဘိုးႀကီးဘုရားတို႔ရဲ႕

အမိန္႔အရ အသက္ေပးၿပီး ကာကြယ္ရမွာပါဘုရား။

တပည့္ေတာ္မ အႏူးအၫြတ္ ေတာင္းပန္ပါတယ္။

ေ႐ႊ ေငြ ရတနာ ေက်ာက္သံ ပတၱျမားေတြကို

အရွင္ဘုရားတို႔ ႀကိဳက္သေလာက္ ယူသြားပါဘုရား ။

ဒီျပဒါးျပာကိုေတာ့ ေပးဖို႔ေနေနသာသာ လက္နဲ႔ေတာင္

အထိမခံႏိုင္ပါဘူးဘုရား ။ တပည့္ေတာ္မကို

သနားတယ္ဆိုရင္ ဒီကပဲလွည့္ၿပီး ျပန္ေတာ္မူပါ

ဘရေသ့ႀကီးဘုရား”

“ေၾသာ္ …ဒီလိုလား ။ ဒီလိုဆိုမွျဖင့္ ရေအာင္

ယူရေတာ့မွာေပါေလ”

ဘရေသ့က သူေဆးေတာင္ေဝွးကို ၾကမ္းျပင္မွာ

ေဒါက္ကနဲျမည္ေအာင္ ေထာက္လိုက္တယ္ဗ်။

ဒီမွာတင္ ပတၱျမားခန္းေဆာင္ရဲ႕ ေထာင့္ေလးေထာင့္မွာ

ရပ္ေနတဲ့ တင္းပုတ္ကိုင္ ဘီလူး႐ုပ္ႀကီး ေလး႐ုပ္

အသက္ဝင္လာေရာဗ်ိဳ႕။

တင္းပုတ္ႀကီးေတြကို လက္ႏွစ္ဖက္နဲ႔ စုံကိုင္ၿပီး

က်ဳပ္တို႔ဘက္ကို ေလွ်ာက္လာေရာဗ်ာ။

ဒီအခ်ိန္မွာ ဘရေသ့က မ်က္စိစုံမွတ္ၿပီး

မႏၲန္႐ြတ္ေနတာဗ်။

ဘရေသ့က မႏၲန္ကို အရပ္ေလးမ်က္ႏွာလွည့္ၿပီး

႐ြတ္တာ။ သူ႔လက္ထဲမွာ ကိုင္ထားတဲ့

ေဆးေတာင္ေဝွးကေနအခိုးအလွ်ံေတြ

ထြက္လာတာဗ်ိဳ႕။

ေက်ာက္ဘီလူး႐ုပ္ႀကီး ေလးေကာင္က

တေ႐ြ႕ေ႐ြ႕နဲ႔ ကပ္လာၾကတာ က်ဳပ္တို႔နဲ႔

ဆယ္ေပေလာက္ပဲ ကြာေတာ့တာဗ်။

“ဟိတ္”

ဘရေသ့ ထေအာ္လိုက္ေတာ့ ဘီလူး႐ုပ္ႀကီး

ေလး႐ုပ္ဟာ လက္ႀကီးေတြ ေျမႇာက္ရက္သားနဲ႔

ေက်ာက္႐ုပ္ျပန္ျဖစ္သြားၾကေရာဗ်ိဳ႕။

“ဟဲ့ ဖယ္စမ္း ေ႐ႊဂူရွင္မ”

ဘရေသ့က ေျပာေျပာဆိုဆိုနဲ႔ သူ႔ေတာင္ေဝွးနဲ႔

ေ႐ႊဂူရွင္မဘက္ကို ေဝွ႔လိုက္တာ ေတာင္ေဝွးက

မီးခိုးလုံးႀကီး ထြက္သြားၿပီး ေ႐ႊဂူရွင္မဟာ

ေနရာမွာတင္ ေခြက်သြားေရာဗ်ိဳ႕။

က်ဳပ္ျဖင့္ ေ႐ႊဂူရွင္မကို သနားလိုက္တာဗ်ာ။

ေျပးၿပီး ေပြ႕ထူေပးခ်င္လိုက္တာ။

စိတ္ကို မနည္းထ္ိန္းထားရတယ္။

ဘရေသ့က ေရွ႕ဆက္သြားၿပီ။ က်ဳပ္လည္း

ေနာက္က ကပ္လိုက္လာတယ္။ ဘရေသ့က

ေ႐ႊေလွကား ကိုးထစ္ကို စၿပီး တက္ၿပီဗ်။

တစ္ထစ္။ ႏွစ္ထစ္ ။သုံးထစ္ ။ ေလးထစ္ ။ ငါးထစ္။

“စည္းေပါက္သြားၿပီေဟ့ ။ ဝိုင္းၾကေဟ့ ။ ဝိုင္းၾက”

ဂူႀကီးတစ္ခုလုံး ဟိန္းထြက္သြားတဲ့ အသံႀကီးဗ်။

က်ဳပ္လည္း လန္႔ၿပီး ေနာက္ကို လွည့္ၾကည့္လိုက္တယ္။

“ဟာ ”

ရေသ့ေသာမက က်ဳပ္ေနာက္မွာ ပါမွမလာဘဲ။

သတိေမ့ၿပီး လဲက်ေနတဲ့ ေ႐ႊဂူရွင္မကို ရေသ့ေသာမက

ေပြ႕ထားလို႔ပါလား။

‘ေနာင္ ေနာင္ ေနာင္ ေနာင္”

ဟာ ဂူႀကီးတစ္ခုလုံး ေမာင္းတီးသံေတြ ဆူညံၿပီး

ေက်ာက္တုံးႀကီးေတြ လိမ့္က်လာတဲ့ အသံေတြလည္း

ၾကားရတယ္ဗ်ာ။ လူတစ္ေထာင္ေလာက္ ညာသံေပးၿပီး

ေျပးလာတဲ့ ေျခသံေတြ ၾကားေနရတယ္။

က်ဳပ္တစ္ကိုယ္လုံးမွာ ၾကက္သီးေတြ တဖ်န္းဖ်န္း

ထလို႔ဗ်ာ။

“ဝုန္း ေဝါ ေဝါ”

ဟာ ေက်ာက္နံရံႀကီးေတြမွာ အေပါက္ႀကီးေတြ

ေပၚလာၿပီး ေရလုံးႀကီးေတြ ပန္းထြက္လာေရာဗ်ိဳ႕။

“ေျပး ေျပး ေမာင္တာေတ ေျပးေတာ့ ေတာ္ေတာ္မိုက္တဲ့

ေသာမ။ ဒင္းေၾကာင့္ ျဖစ္ရတာ။ ေမာင္တာေတ

လြတ္ေအာင္ ေျပးေပေတာ့ ”

က်ဳပ္လည္း တစ္ကိုယ္လုံး ထူပူၿပီး စြတ္ေျပးခဲ့ရတာေပါ့ဗ်ာ။

ထြက္ေပါက္ကို ေရာက္ၿပီဗ်။ ေက်ာက္ေလွကားေတြေပၚကို

ေျပးအတက္မွာ…

“ဝုန္း”

ေနာက္က ပါလာတဲ့ ေရလုံးႀကီးက

က်ဳပ္ကို ေျပး႐ိုက္လိုက္တယ္

က်ဳပ္ ေရလုံးႀကီးနဲ႔ ပါသြားေရာဗ်ိဳ႕။

က်ဳပ္ သတိရလာလို႔ၾကည့္လိုက္ေတာ့

စမ္းေခ်ာင္းႀကီးတစ္ခုေဘးက

ေက်ာက္တုံးႀကီးတစ္ခုေပၚမွာဗ်။

တစ္ကိုယ္လုံးလည္း နာက်င္ေနတာပဲဗ်ာ။

က်ဳပ္ ဘယ္ေနရာေရာက္ေနမွန္းလည္း မသိဘူး။

သတိေမ့ေနတာ ဘယ္ေလာက္ၾကာသြားမွန္းလည္း

မသိခ်င္ဘူးဗ်။

စမ္းေခ်ာင္းထဲက ေရကို လက္ခုတ္နဲ႔ ခပ္ေသာက္ၿပီး

မ်က္ႏွာသစ္လိုက္တယ္။ ၿပီးေတာ့မွ ေတာထဲကထြက္ဖို႔

မွန္းၿပီး ေလွ်ာက္လာတယ္။ ေတာ္ေတာ္ေလး

ေလွ်ာက္မိေတာ့ က်ဳပ္ေရွ႕မွာ ေတြ႕လိုက္ရတာက

ေညာင္ပင္ႀကီး ႏွစ္ပင္ဗ်။

“ဟာ ”

က်ဳပ္ တစ္ကိုယ္လုံးမွာ ၾကက္သီးေတြ တဖ်န္းဖ်န္း

ထသြားတာဗ်ိဳ႕။ ဒါ ေ႐ႊဂူသိုက္ႀကီးရဲ႕ ဝင္ေပါက္က

ေညာင္ပင္ႀကီးေတြဗ်။ က်ဳပ္ ေလွ်ာက္ရင္းနဲ႔

ေ႐ႊဂူသိုက္ႀကီးရွိတဲ့ ေနရာကို ျပန္ေရာက္လာတာပဲ။

က်ဳပ္လည္း ဘာမွမေတြးေတာ့ဘဲ ေနာက္ကို

ခ်ာကနဲ လွည့္ထြက္လိုက္တယ္။

“ေမာင္တာေတ ။ ေနပါဦးကြဲ႕”

ၾကက္သီးေတြ ဖ်န္းကနဲ ထၿပီး ဆံပင္ေတြပါ

ေထာင္သြားတယ္လို႔ ထင္လိုက္မိတယ္ဗ်ာ။

က်ဳပ္နာမည္ကို ဘယ္သူ ေခၚလိုက္တာတုံး။

သိုက္ထဲက ေက်ာက္ဘီလူးႀကီးေတြမ်ားလားလို႔

ေတြးမိၿပီး က်ဳပ္ေနာက္ကို လွည့္ၾကည့္လိုက္ေတာ့

ေညာင္ပင္ႀကီး တစ္ပင္ရဲ႕ေနာက္က ထြက္လာတဲ့

အဘိုးႀကီးတစ္ေယာက္ဗ်။ အေပၚျဖဴ ေအာက္ျဖဳ။

ပုဝါျဖဴ ေပါင္းလို႔။ လြတ္အိတ္ကေတာ့ အစိမ္းေရာင္ဗ်။

“ဟာ…အဘိုးပါလား”

ဟုတ္တယ္ဗ်။(မဖဲဝါ မဝင္ရ)မွာ က်ဳပ္ေျပာျပခဲ့ဖူးတဲ့

ကုန္းတန္း႐ြာေဟာင္းႀကီးက အဘိုးဆရာႀကီးဗ်။

က်ဳပ္ကို အင္းလက္ကိုင္ပုဝါစည္းၿပီး ႐ြာေဟာင္းႀကီး

အေဟာင္းကို ျပခဲ့တာေလဗ်ာ။အေဖရွင္လို႔ေခၚတဲ့

အဘိုးဆရာႀကီးေလ။ (ခင္ဗ်ား ေမ့ေနရင္ေတာ့

‘မဖဲဝါ မဝင္ရ’ကို ျပန္ၿပီး ဖတ္ၾကည့္ဗ်ာ)

“ေမာင္တာေတ အဘိုးကို မွတ္မိသားပဲ။

ဘယ့္ႏွယ္တုံးကြဲ႕ ေမာင္တာေတရဲ႕။

ရေသ့သိုက္ဆရာနဲ႔ အေဖာ္လိုက္ခဲ့တာ

ေတာ္ေတာ္မွ ဗဟုသုတ ရရဲ႕လား”

“ဟာ မေျပာပါနဲ႔ေတာ့ အဘိုးရယ္ က်ဳပ္ျဖင့္

ကံေကာင္းလို႔ မေသတာဗ်ာ”

“ဟား ဟား ဟား ဟား မင္းကြာ ေတာ္ေတာ္စပ္စုခ်င္တဲ့

သူငယ္ပဲ ။ရေသ့သိုက္ဆရာကို ဘယ္လိုမ်ားေတြ႕လို႔

လိုက္လာတာတုံး”

က်ဳပ္က အဘိုးဆရာႀကီး အေဖရွင္ကို အက်ိဳးအေၾကာင္း

ေျပာျပလိုက္ေတာ့ အဘိုးက က်ဳပ္ကို ေခါင္းတညိတ္ညိတ္နဲ႔

ၾကည့္တယ္ဗ်။

“ကဲ ေမာင္တာေတ ။ အဘိုးေျပာတာ နားေထာင္။

သိုက္ထဲမွာ ေ႐ႊဂူရွင္မ အခုထိ သတိမရေသးဘူးကြဲ႕”

“ဟာ ဟုတ္လား အဘိုး”

“ေအး ဟုတ္တယ္ ေမာင္တာေတ ။ သိုက္ဆရာ

ရေသ့ရဲ႕ ပညာက ေတာ္ေတာ္ျမင့္တာကြဲ႕။

ေ႐ႊဂူရွင္မကို ကယ္ဖို႔ လူကေလး သိုက္ထဲကို

ျပန္ၿပီး ဝင္မွ ျဖစ္မယ္”

“ဗ်ာ ။ က်ဳပ္ သိုက္ႀကီးထဲကို ျပန္ဝင္ရမယ္ ဟုတ္လား

အဘိုး ။ က်ဳပ္ကို ေက်ာက္ဘီလူးႀကီးေတြ ဝိုင္းၿပီး

သတ္ၾကမွာေပါ့ အဘိုးရဲ႕”

“မသတ္ပါဘူး ေမာင္တာေတရယ္ ။

ေဟာဒီေဆးေတာင့္ကို ယူသြား။ သိုက္ထဲေရာက္ေတာ့

ဒီေဆးေတာင့္ကို ေသြးၿပီး ေမာင္တာေတကိုယ္တိုင္

သိုက္နန္းရွင္မရဲ႕ မ်က္ႏွာမွာ သနပ္ခါး လိမ္းသလို

လိမ္းေပးလိုက္ေပေတာ့ ။ ေ႐ႊဂူရွင္မ

ေကာင္းသြားလိမ့္မယ္ကြဲ႕”

“ျဖစ္ပါ့မလား အဘိုးရယ္”

“ဟာ ျဖစ္ပါတယ္ကြဲ႕ ေမာင္တာေတအေပၚကို

ဘာအႏၲရာယ္မွ မက်ေရာက္ေစရပါဘူး ။

ၿပီးေတာ့ ေမာင္တာေတ လာမွာကို သူတို႔

ႀကိဳသိလို႔ ေစာင့္ေနၾကပါၿပီ ။ သူတို႔ သခင္မ

အတြက္ သူတို႔ေတြမွာ မ်က္ရည္ႏွင့္ မ်က္ခြက္

ျဖစ္ေနၾကရရွာတာပါကြယ္ ။ ကိစၥၿပီးရင္သာ

ခ်က္ခ်င္းျပန္ထြက္လာခဲ့ ။ က်ဳပ္ ဒီ ေညာင္ပင္ႀကီးေတြ

ေအာက္ကပဲ ေစာင့္ေနမယ္”

အဘိုး ဆရာႀကီး အေဖရွင္က သူ႔ေခါင္းမွာ

ေပါင္းထားတဲ့ပုဝါအျဖဴေလးကို ျဖဳတ္ယူၿပီး

က်ဳပ္ေခါင္းမွာအဘိုးကိုယ္တိုင္

ေပါင္းေပးလိုက္တယ္။

ၿပီးေတာ့ ေဆးေတာင့္အပ္တယ္။

“ဝုန္း ဝုန္း ကြၽိ ကြၽိ”

ဟာ သိုက္တံခါးႀကီး ပြင့္သြားၿပီဗ်ိဳ႕။

ေက်ာက္ေလွကားႀကီးေတြကို ျမင္ေနရၿပီ။

“ကဲ ေမာင္တာေတ သြားေပေတာ့ ။

သူ႔ကို သိုက္တံခါး ဖြင့္ေပးလိုက္ၿပီ”

က်ဳပ္လည္း ေဆးေတာင့္ကို က်စ္က်စ္ပါေအာင္ဆုပ္ၿပီး

ေက်ာက္ေလွကားအတိုင္း ဆင္းလာလိုက္တယ္

ဟိုေန႔က ေတြ႕တဲ့ လက္ေလးဖက္ပါတဲ့ ေက်ာက္ဘီလူး

႐ုပ္ႀကီးက ဒီတစ္ခါေတာ့ လႈပ္ေတာင္ မလႈပ္ဘူးဗ်။

က်ဳပ္က ေျခလွမ္းက်ဲႀကီးေတြနဲ႔ ေလွ်ာက္ဝင္လိုက္တယ္။

ဆင္စြယ္ေရာင္ အခန္းႀကီးကို ျဖတ္လိုက္တယ္။

ဘယ္သူ႔ကိုမွ မေတြ႕ဘူးဗ်။

“ဝုန္း ဝုန္း ”

ဟာ ေနာက္တံခါးတစ္ခ်ပ္ ပြင့္ျပန္ၿပီဗ်ိဳ႕။

ပတၱျမားအေရာင္ ခန္းမႀကီးဗ်။ ေ႐ႊေလွကားထစ္ေတြနဲ႔

ေ႐ႊပလႅင္ ။ ေ႐ႊၾကာပြင့္ႀကီးေပၚက ေ႐ႊၾကဳတ္နဲ႔

ထည့္ထားတဲ့ ျပဒါးျပာ။ ရေသ့ႀကီး ဦးေဘာဂ

သိပ္လိုခ်င္တဲ့ ပစၥည္းေပါ့ဗ်ာ ။ က်ဳပ္က

ပတၱျမားခန္းမႀကီးထဲကို လွည့္ပတ္ၾကည့္လိုက္ေတာ့

အစိမ္းေရာင္ တင္းတိန္းကာထားတဲ့

အခန္းတစ္ခန္းကို ေတြ႕လိုက္တယ္။

အေရွ႕မွာ ရပ္ေနတဲ့ နတ္မိမယ္ေလးေတြ

အစိမ္းေရာင္နဲ႔ ေ႐ႊေရာင္အဝတ္နဲ႔ဗ်။

က်ဳပ္က သူတို႔ဘက္ကို ေလွ်ာက္သြားလိုက္တယ္။

သူတို႔အားလုံး ၾကမ္းျပင္ေပၚမွာ ဒူးတုပ္ထိုင္ၿပီး

က်ဳပ္ကို လက္အုပ္ခ်ီ ထားၾကတယ္

“ေဆးေသြးဖို႔ ေပးပါ”

က်ဳပ္ေျပာလိုက္တာနဲ႔ တင္းတိန္းကိုဖြင့္ၿပီး

နတ္မိမယ္ေလး တစ္ပါး ထြက္လာတယ္။

ေရထည့္ထားတဲ့ ေ႐ႊခြက္တစ္ခုနဲ႔ ျမေက်ာက္ျပင္တစ္ခ်ပ္

ေပးတယ္။ က်ဳပ္က ပတၱျမားၾကမ္းျပင္မွာ ထိုင္ၿပီး

ေဆးေသြးတယ္။ ေ႐ႊခြက္ထဲက ေရကိုထည့္လိုက္

ေသြးလိုက္နဲ႔ ျမေက်ာက္ျပင္မွာ ေဆးေတာ္ေတာ္ရလာေတာ့

က်ဳပ္က ေဆးေတာင့္ကို ျပန္သိမ္းၿပီး ျမေက်ာက္ျပင္ကို

ယူတယ္။ က်ဳပ္လုပ္သမွ်ကို မ်က္ေတာင္မခတ္ဘဲ

ၾကည့္ေနတဲ့ နတ္မိမယ္ေလးေတြက သူတို႔ပါ

ထရပ္ၿပီး အစိမ္းေရာင္ပိုးသားတင္းတိန္ ဟိုဘက္

ဒီဘက္ ကိုင္ၿပီး ဖြင့္ေပးၾကတယ္

အတြင္းကို လွမ္းၾကည့္လိုက္ေတာ့ ေ႐ႊသလြန္ေပၚမွာ

ဆန္႔ဆန္႔ေလး လဲေနတဲ့ ေ႐ႊဂူရွင္မ နန္းၾကာမုံကို

ေတြ႕လိုက္ရတယ္။တစ္ကိုယ္လုံး ပတၱျမားေရာင္

နီရဲေနတဲ့ ထိုင္မသိမ္းနဲ႔ ခါးေတာင္အက်ႌကို

ဝတ္ထားတယ္ဗ်။

အခန္းတစ္ခုလုံး ေမႊးႀကိဳင္ေနတာပဲဗ်ိဳ႕။

တင္းတ္ိန္ကာထားတဲ့ အခန္းထဲမွာ အစိမ္းေရာင္

ဝတ္ထားတဲ့ နတ္မိမယ္ေလးေတြက ေ႐ႊယပ္ေတြကိုင္ၿပီး

ေ႐ႊဂူရွင္မကို ယပ္ခတ္ေပးေနၾကတယ္

က်ဳပ္က ေ႐ႊဂူရွင္မ လဲေလ်ာင္းေနတဲ့ ေ႐ႊသလြန္ေဘးကို

ကပ္သြားၿပီး မထိရက္ေလာက္ေအာင္လွတဲ့ လူလား

နတ္လား မသိႏိုင္တဲ့ ေ႐ႊဂူရွင္မရဲ႕ မ်က္ႏွာေလးေပၚမွာ

အဘိုးဆရာႀကီးရဲ႕ ေဆးေတာ္ကို ေသေသခ်ာခ်ာ

လိမ္းေပးလိုက္တယ္။

ေဆးကုန္ေအာင္ လိမ္းၿပီးတာနဲ႔ က်ဳပ္က လက္ထဲမွာ

ကိုင္ထားတဲ့ ျမေက်ာက္ျပင္ကို နတ္မိမယ္ေလး

တစ္ေယာက္ကို လွမ္းေပးလိုက္တယ္

ဒီအခ်ိန္ေလးမွာပဲ …

“ဟာ သခင္မ သတိရလာၿပီ”

လို႔ ေ႐ႊယပ္ကိုင္ နတ္မိမယ္ေလးတစ္ပါး ေျပာလိုက္တဲ့

အသံကို က်ဳပ္ ၾကားလိုက္တယ္။ နတ္မိမယ္ေလးေတြ

အားလုံး ေ႐ႊသလြန္းေဘးမွာ ဝိုင္းအုံၿပီး ၾကည့္ၾကတယ္

“ဝမ္းသာလိုက္တာ သခင္မရယ္”

က်ဳပ္ကေတာ့ မလွမ္းမကမ္းမွာပဲ

ရပ္ၾကည့္ေနလိုက္တယ္

“သခင္မ ေနေကာင္းပါၿပီကြယ္ ကဲ ကဲ ညီမေတာ္တို႔

ဖယ္ၾကဦးကြဲ႕။ သမားေတာ္ေလးကို

ေက်းဇူးျပဳရေပဦးမယ္”

ေ႐ႊဂူရွင္မက ေ႐ႊသလြန္ေညာင္ေစာင္းမွာ အသာေလး

ထထိုင္လိုက္တယ္။ က်ဳပ္က ရပ္ေနတဲ့ ေနရာမွာပဲ

ႀကဳံ႕ႀကဳံ႕ထိုင္လိုက္တယ္

“အေဖရွင္ရဲ႕ေက်းဇူး ႀကီးမားလွပါေပတယ္

ေဟာဒီက ေမာင္ငယ္ သမားေတာ္ေလးကိုလည္း

နန္းၾကာမုံ ေက်းဇူးအထူးတင္လွပါတယ္ကြယ္

ကဲ သမားေတာ္ေလး ႀကိဳက္တဲ့ ေ႐ႊေငြရတနာေတြကို

ႀကိဳက္သေလာက္ ယူသြားႏိုင္ပါတယ္”

“ဟာ က်ဳပ္ အဲဒါေတြ ဘာကိုမွ မလိုခ်င္ပါဘူးဗ်ာ

ေ႐ႊဂူရွင္မ က်န္းမာသြားရင္ပဲ က်ဳပ္ စိတ္ခ်မ္းသာလွပါၿပီ”

“သမားေတာ္ေလးရဲ႕ စိတ္ထား မြန္ျမတ္ပါေပတယ္

ဒါဆိုရင္ေတာ့ ေဟာဒီ ေ႐ႊၾကက္ဖေလးကို

လက္ေဆာင္အျဖစ္ သခင္မ ေပးလိုက္ပါ့မယ္

ဒါကိုေတာ့ ယူပါကြယ္”

ေ႐ႊဂူရွင္မက သူ႔လက္ဝါးေပၚမွာ ဘြားကနဲ

ေပၚလာတဲ့ ၾကက္ဥလုံးအ႐ြယ္ေလာက္ရွိတဲ့

ေ႐ႊၾကက္ဖ႐ုပ္ကေလးကို က်ဳပ္ကို ေပးတယ္

“အဘိုးဆရာႀကီးက က်ဳပ္ကို အျပစ္တင္

ေနပါဦးမယ္ဗ်ာ”

“ဟာ အျပစ္မတင္ေစရပါဘူးကြယ္ နန္းၾကာမုံ

ေဟာဒီကေန အေဖရွင္ကို လွမ္းၿပီး

ေလွ်ာက္ထားလိုက္ပါ့မယ္ ကဲ ယူပါ

ေမာင္ငယ္”

က်ဳပ္ ႐ို႐ိုေသေသ သြားၿပီး ယူလိုက္တယ္

ၿပီးေတာ့ က်ဳပ္ျပန္ဖို႔ ျပင္တယ္

အဘိုးဆရာႀကီးက ကိစၥၿပီးတာနဲ႔

ခ်က္ခ်င္း ျပန္ထြက္ခဲ့လို႔ မွာလိုက္တယ္ေလဗ်ာ

ျပဒါးျပာသိုက္ႀကီးကေန က်ဳပ္ ျပန္ထြက္လာေတာ့

အဘိုးဆရာႀကီးက ေညာင္ပင္ႀကီးေအာက္ကေန

က်ဳပ္ကို ေစာင့္ေနတယ္

က်ဳပ္က ေခါင္းက ပုဝါနဲ႔ ေဆးေတာ္ကို

အဘိုးဆရာႀကီးကို ျပန္အပ္လိုက္တယ္။

အဘိုးဆရာႀကီးက က်ဳပ္ကို ဆပ္သေျမႇာင္

သြားတဲ့ လမ္းအေရာက္ လိုက္ပို႔ေပးတယ္

ခဏေလးနဲ႔ ဆပ္သေျမႇာင္ကို ျပန္ေရာက္လာတယ္။

က်ဳပ္တို႔ကို ေမွ်ာ္ေနၾကတဲ့ ဆရာေတာ္ ဦးဥတၱမနဲ႔

ကိုေအာင္ပြားကို ေတြ႕တယ္။ က်ဳပ္က ျဖစ္သမွ်

အေၾကာင္းေတြကို ေလွ်ာက္ထားလိုက္တယ္။

ဆရာေတာ္လည္း ေတာ္ေတာ္ကို စိတ္မေကာင္း

ျဖစ္သြားတာေပါ့ဗ်ာ။ ကိုေအာင္ပြားက က်ဳပ္ကို

လွည္းနဲ႔ ျပန္ပို႔ပါတယ္။ က်ဳပ္ ခါးပိုက္ေထာင္ထဲမွာ

ထည့္ထားတဲ့ ေ႐ႊၾကက္ဖေလး အေၾကာင္းကိုေတာ့

ဆရာေတာ္ ဦးဥတၱမကိုေရာ။ကိုေအာင္ပြားကိုေရာ

ေျပာမျပခဲ့ဘူးဗ်။

ထေနာင္းကုန္းကို ျပန္ေရာက္ေတာ့ ေ႐ႊဂူရွင္မ

ေပးလိုက္တဲ့ ေ႐ႊၾကက္ဖေလးကို ဘယ္သူမွ

မသိေအာင္ က်ဳပ္ရဲ႕ သံေသတၱာထဲမွာ

အသာကေလး သိမ္းထားလိုက္တယ္။

ၿပီးပါၿပီခဗ်ာ

စာခ်စ္သူမ်ားအားလုံးပဲ စိတ္႐ႊင္လန္းပါေစခဗ်ာ

No comments

Post a Comment