မိဘလုပ်ကျွေးဘေးရန်ဝေး၏

  မိဘလုပ်ကျွေး ဘေးရန်ဝေး၏ မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မိဘ ကို လုပ်ကျွေးသော မထေရ်(သုဝဏ္ဏသာမက ဇာ... thumbnail 1 summary

 


မိဘလုပ်ကျွေး ဘေးရန်ဝေး၏

မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်
ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မိဘ
ကို လုပ်ကျွေးသော မထေရ်(သုဝဏ္ဏသာမက
ဇာတ်ကဲ့သို့ )ကို အကြောင်းပြု၍ ဤဇာတ်တော်
ကို ဟောကြားပြတော်မူခဲ့ပါသည်။

လွန်လေပြီးသော အခါက ဗာရာဏသီပြည်တွင်
ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားလောင်းသည်
ဟိမဝန္တာတော၌ ဆင်မင်းဖြစ်ခဲ့ပါသည်။

အလောင်းတော် ဆင်မင်းသည် ကိုယ်လုံးဖြူ၏။
အလွန်အဆင်းလှ၏။ ကြည်ညိုဖွယ်ရှိ၏။ စိတ်
နှလုံးနူးညံ့၍ မေတ္တာပွားကာ ရှစ်သောင်းသော
အခြံအရံဆင်များ၏ အကြီးအကဲ ဖြစ်ပါသည်။
အလောင်းတော် ဆင်မင်း၏ မိခင် ဆင်မကြီး
သည် မျက်စိနှစ်ကွင်း အလင်းမရသော မျက်
မမြင် ဒုက္ခိတဖြစ်သည်။

အလောင်းတော်ဆင်မင်းသည် မိခင်ဒုက္ခိတ
ဆင်မကြီးအတွက် ချိုမြိန်ဖွယ်ရာ သစ်သီးတို့
ကို နေ့စဉ် ရှာဖွေရယူခဲ့သည်။ ရှာဖွေရယူခဲ့
သော သစ်သီးတို့ကို အခြွေအရံ ဆင်တို့ဖြင့်
မိခင်ကြီးထံ ပေးပို့စေသည်။

အခြွေအရံ ဆင်တို့သည် ထိုရိက္ခာကို မိခင်
ဆင်မကြီးထံ မပို့ဘဲ အလွဲသုံးစား ပြုခဲ့ကြ
သည်။ ထိုအကြောင်းကို အလောင်းတော်
ဆင်မင်းမှ သိရှိသွားသောအခါ …

“အမိကို ငါကိုယ်တိုင် အနီးကပ် လုပ်ကျွေးမှ
တော်ပေမည်”

ဟု ကြံဆမိသည်။ ထို့ကြောင့် အလောင်းတော်
ဆင်မင်းသည် တစ်နေ့သော ညဉ့်အချိန်တွင်
အခြွေအရံဆင်များ မသိအောင် မိခင်ဆင်မကြီး
ကို ခေါ်၍ ထိုအရပ်မှ ထွက်ခွာလာခဲ့သည်။

စဏ္ဍောရဏ တောင်ခြေရင်း၌ ရောက်သော
အခါ ပဒုမ္မာကြာတောကို အမှီပြုပြီး တည်ရှိ
နေသော တောင်ချိုင့်ဝှမ်း၌ မိခင်ဆင်မကြီးကို
ထားသို၍ အနီးကပ် ပြုစုလုပ်ကျွေးနေသည်။

ထိုအခါတွင် ဗာရာဏပြည်သား မုဆိုးတစ်ဦးသည်
မျက်စိလည်၍ ခရီးလမ်းရှာမတွေ့ဖြစ်ကာ သည်း
စွာသော အသံဖြင့် ငိုကြွေးနေပါသည်။ ထိုအသံ
ကို ကြားသိရသော အလောင်းတော် ဆင်မင်းမှ

“ဤသူကား မျက်စိလည်လမ်းမှား၍ အားကိုး
ဖွယ်ရာ မရှိဖြစ်နေ၏။ ထို့ကြောင့် ငါသည် ထို
သူ၏ အကျိုးမဲ့ ပျက်စီးခြင်းကို မဖြစ်ရလေအောင်
ကူညီပေးအံ့” ဟု တွေးဆမိသည်။ ထို့ကြောင့်
အလောင်းတော် ဆင်မင်းသည် မုဆိုးရှိရာ
အနီးအပါးသို့ ထွက်လာခဲ့သည်။

မုဆိုးသည် အနီးအပါးသို့ ရောက်လာသော
ဆင်မင်းကို မြင်၍ ကြောက်ရွံ့သဖြင့် ထွက်
ပြေးလေ၏။ ထိုအခါ အလောင်းတော်ဆင်
မင်းမှ မိမိသည် ရန်ပြုမည့်သူမဟုတ်၊ သင်
၏ အခက်အခဲကို ကူညီမည့်သူဖြစ်ကြောင်း
ပြောပြီး မပြေးရန်နှင့် ငိုကြွေးရခြင်း အကြောင်း
ကို မုဆိုးအား မေးပါသည်။

ထိုအခါ မုဆိုးမှ မိမိသည် တောထဲတွင် မျက်စိလည်
လမ်းမှား၍ အပြန်လမ်းကို ရှာမရသည်မှာခုနှစ်ရက်ရှိ
ပြီဖြစ်ကြောင်း ဆင်မင်းအား ပြောပြပါသည်။

ထိုအခါ ဆင်မင်းမှ မုဆိုးအား ကျောကုန်းထက်တွင်
တက်စေ၍ တောတွင်းမှ မြို့သို့ သွားသည့်လမ်းအ
ထိ ပို့ဆောင်ပေးပါသည်။ အကြံသမားမုဆိုးသည်
တောတွင်း ထွက်လာသည့် လမ်းတောက်လျှောက်
သစ်ပင်၊ တောတောင်၊ ရေမြေတို့ကို မှတ်သား
ထားသည်။ ထိုမှ ခရီးလမ်းဆုံးသောအခါ မုဆိုး
သည် တောစပ်မှ ဗာရာဏသီသို့ ဆင်မင်း၏
ကျေးဇူးကြောင့် ပြန်ရောက်သွားခဲ့သည်။

ထိုအချိန်တွင် ဗာရာဏသီမင်း၏ မင်္ဂလာဆင်
တော်သည် သေဆုံးသွားခဲ့သည်။ ထို့ကြောင့်
မင်းမှ မိမိနှင့် သင့်လျော်မည့် မင်္ဂလာဆင်
တော်ကို ဆက်သနိုင်သူ၊ ပြောဆိုနိုင်သူ ရှိပါက
ချီးမြင့်မြှောက်စားမည့် အကြောင်း ကြေညာ
မောင်းခတ်စေခဲ့သည်။

ထိုကြေညာမောင်းကို ကြားသိရသော မုဆိုးမှ
မိမိ၏ အကြံအစည်အောင်ပြီဟု ရွတ်ဆို၍ မင်း
ထံသို့ အခစားဝင်သည်။ ထို့နောက် မုဆိုးသည်
ကိုယ်တိုင် မြင်တွေ့ခဲ့သော အလောင်းတော်
ဆင်ဖြူမင်း၏ အကြောင်းကို မင်းအား လျှောက်
တင်သည်။

ထိုအခါ မင်းမှ၊ ဆင်ဆရာ၊ ဆင်ထိန်းတို့အား
ခေါ်ဆိုစေပြီး မုဆိုးညွှန်ပြသည့်အတိုင်း မင်္ဂလာ
ဆင်ဖြူတော်ကို ဖမ်းယူခေါ်ဆောင်လာရန် ဆင်
သမားတို့ကို တာဝန်ပေးခဲ့သည်။

မင်း၏ ဆင်သမားတို့သည် မုဆိုးဦးဆောင်သည့်
တောလမ်းအတိုင်းလိုက်ပါခဲ့ရာ အလောင်းတော်
ဆင်မင်းရှိရာ အရပ်သို့ ရောက်ရှိခဲ့သည်။ ထိုအချိန်
တွင် အလောင်းတော် ဆင်မင်းသည် အစာရေစာ
အတွက် ပဒုမ္မာကြာတောသို့ဝင်စဉ် မုဆိုးဦးဆောင်
သော ဆင်ဆရာတို့ကို မြင်တွေ့သွားသည်။

မုဆိုးနှင့် ဆင်ဆရာတို့ ရောက်ရှိလာခြင်းအ
ကြောင်းကိုလည်း ဆင်မင်းမှ ခန့်မှန်းမိသည်။
ထို့ကြောင့် အလောင်းတော်ဆင်မင်းမှ…

“ယခု ငါ့အတွက် ကျရောက်တော့မည့်ဘေးသည်
ထိုမုဆိုး၏ လက်ထောက်ချမှုပင် ဖြစ်ပေပြီ။ ငါ
သည် ခွန်အားကြီး၍ ဆင်တစ်ထောင်ကို ဖျက်စီး
နိုင်စွမ်းအားရှိ၏။ အမျက်ဒေါသထက်၍ တိုင်းနိုင်
ငံနှင့်အတူ စစ်သည်ဗိုလ်ပါ ဆင်၊ မြင်း၊ ရထား
တို့ကို ဖျက်ဆီးနိုင်စွမ်းရှိ၏။ထိုသို့ စွမ်းအားရှိသော်
လည်း အကယ်၍ ငါဒေါသထွက်ချေက ငါ၏ သီလ
သည် ပျက်ခြေမည်။ ထို့ကြောင့်ငါ့ခေါင်းကို လှံတို့
ဖြင့် ထိုးသော်လည်းငါ အမျက်ဒေါသမထွက်အံ့”

ဟု အဓိဋ္ဌာန်တော်မူ၍ ဦးခေါင်းကို ညွတ်ကာ
မတုန်မလှုပ် ရပ်တည်နေခဲ့ပါသည်။ ဆင်ဆရာ
သည် ပဒုမ္မာကြာအိုင်သို့ သက်ဆင်း၍ အလောင်း
တော် ဆင်မင်းကို လွယ်ကူစွာပင် ဖမ်းယူကာ
မင်းနေပြည်တော် ဗာရာဏသီသို့ ခေါ်ဆောင်
လာခဲ့ပါသည်။

အလောင်းတော်ဆင်မင်း၏ မိခင် မျက်မမြင်
ဆင်မကြီးသည် သားဖြစ်သူ ဆင်မင်းမရောက်
လာသည်ကို ပူဆွေးသောက ဖြစ်ကာ ငိုကြွေး
နေခဲ့သည်။ မိမိအတွက် အစားလည်းပြတ်၊
ရေလည်းငတ်ဖြစ်ရသလို သားဖြစ်သူ၏ ရန်
ဘေးကိုလည်း စိုးရိမ် ပူပန်လျက် ပူဆွေးနေ
ခဲ့ရသည်။ ထို့အတူ သားဖြစ်သူ အလောင်း
တော်ဆင်မင်းလည်း မိမိအား မင်းဖြစ်သူမှ
အဖိုးတန်ချပ်ဝန်တန်ဆာ မင်္ဂလာရှိသော
ဆင်တင်းကုပ်၊ အမွန်မြတ်ဆုံးသော အစာ
ရေစာတို့ဖြင့် လိုလေသေးမရှိအောင် ထား
ရှိသော်လည်း အစာရေစာကို မစားမသောက်
ဘဲ ရှိနေခဲ့သည်။

ထိုအကြောင်းကို ဗာရာဏသီမင်းမှ ကြားသိ
သောအခါ အလောင်းတော်ဆင်မင်းရှိရာ
မင်္ဂလာဆင်တင်းကုပ်သို့ ရောက်ရှိလာခဲ့သည်။

အလောင်းတော်ဆင်မင်း၏ အဖြစ်အပျက်၊
အခြေအနေကို မြင်တွေ့ရသော မင်းမှ
ဆင်မင်းအား အကျိုးအကြောင်း မေးမြန်း
ပါသည်။ မင်း၏ အမေးစကားကို အလောင်း
တော် ဆင်မင်းက…

“မြတ်သော မင်းကြီး အကျွန်ပ်တွင် မျက်မမြင်
ဒုက္ခိတ မိခင်ဆင်မကြီးနှင့် အမေတစ်ခု သား
တစ်ခုသာ ရှိကြပါသည်။ အကျွန်ပ်သည်
ဒုက္ခိတမိခင်ဆင်မကြီးအတက် နေ့စဉ်အစာရေ
စာမှအစ လိုအပ်မှုအစုစုကို ပြုစုပေးနေရသော
သားကောင်းသားမြတ်ဖြစ်ပေသည်။ ယခုအနီး
အပါးတွင် ကျွန်ပ်မရှိသည့်အတွက် မိခင်ဖြစ်သူ
သည် မည်ကဲ့သို့ နေထိုင်စားသောက်မည်နည်း။

ကျွန်ပ်ကောင်းစားရေးထက် ဒုက္ခိတ မိခင်ကြီး
၏ အရေးအရာက ပို၍ အဓိက
ကျပေသည်။ မိခင်အရေးကို ဆွေးပူနေရသော
အကျွန်ပ်သည် မင်းမြတ်၏ ကောင်းမွန်ပြည့်
စုံသော အရာရာတို့၌ တွယ်တာမှု အလျဉ်း
မရှိဘဲ မိခင်အပေါ် ပူဆွေးသောက ဖြစ်ရပေ
သည်”

ဟု ပြောဆိုပါသည်။ အလောင်းတော် ဆင်
မင်း၏ စကားကို ကြားသိရသော ဗြဟ္မဒတ်
မင်းသည် သတိသံဝေဂရရှိစွာဖြင့် မင်္ဂလာ
ဆင်တင်းကုပ်မှ လွှတ်တော်မူခဲ့ပါသည်။

မင်းထံမှ လွတ်ငြိမ်းခွင့်ရခဲ့သော အလောင်း
တော် ဆင်မင်းသည် ပဒုမာကြာအိုင်သို့ ဦးစွာ
ဝင်၍ မိခင်ဆင်မကြီးအတွက် အစာအာဟာရ
များကို ယူ၍ နှာမောင်းဖြင့် ရေအပြည့်ကို
ဆောင်စေပြီး မိခင်ဆင်မကြီးရှိရာသို့ လာ
သည်။ ယူဆောင်လာသော အစာအာဟာ
ရကို မိခင်အားဦးစွာ စားသုံးစေပြီး နှာမောင်း
တွင်းမှ ရေဖြင့် မိခင် ဆင်မကြီးကို သွန်း
လောင်းပေးသည်။

အလောင်းတော် ဆင်မင်းနှင့် မိခင်ဆင်မကြီး
တို့၏ လှုပ်ရှားမှုအသွင် သရုပ်သည် နတ်လူ
သာဓုခေါ်ဆိုအပ်ပေသည်။

အလောင်းတော်ဆင်မင်းနှင့် မိခင်ဆင်မကြီး
တို့၏ လှုပ်ရှားမှုအသွင် သရုပ်သည် နတ်လူ
သာဓုခေါ်ဆိုအပ်ပေသည်။ အတိတ်ဘဝဖြစ်
စဉ်၏ ပစ္စုပ္ပန်ဇာတ်ပေါင်းခန်တွင် အမိကို
လုပ်ကျွေးသော ရဟန်းသည် သောတပတ္တိ
ဖိုလ်၌ ဖြစ်တည်ခဲ့သည်။

ထိုစဉ်က ဗြဟ္မဒတ်မင်းသည် ယခုအာနန္ဒာ
ဖြစ်လာ၍ ယုတ်မာသော မုဆိုးသည် ယခု
ဒေဝဒတ်ဖြစ်လာခဲ့သည်။

ထိုစဉ်က ဆင်ဆရာသည် ယခု အရှင်သာရိ
ပုတ္တရာ ဖြစ်လာခဲ့ပြီး မျက်မမြင်ဆင်မကြီးသည်
မယ်တော်မာယာ ဖြစ်လာခဲ့၍ အလောင်းတော်
ဆင်မင်းသည် ယခု မြတ်စွာဘုရားရှင်တို့
အသီးသီးဖြစ်လာခဲ့ကြသည်။

နိပါတ်တော် သင်ခန်းစာအနေဖြင့် မိမိ၏
အသက်အန္တရာယ်ကို ကယ်တင်ခဲ့သော
ကျေးဇူးတရားကို မထောက်၊ ကောက်ကျစ်
ယုတ်မာစွာဖြင့် မိမိအကျိုး ရလိုမှုအတွက်
လမ်းညွှန်ပြသော မုဆိုး၊ ယုတ်မာသောမုဆိုး
နှင့် အပေါင်းပါတို့ကုိ ချေမှုန်းတိုက်ဖျက်နိုင်
သော်လည်း သည်းခံခြင်းတရား၊ အပြည့်
ထားသော အလောင်းတော်ဆင်မင်း၊ မင်း၏
ဥစ္စာစည်းစိမ်းအောက်တွင် မတောင့်မတ
စံစားနေရသော်လည်း ဒုက္ခိတ မိခင်ကြီးကို
သာ တမ်းတနေသော ဆင်မင်း၊

တိရစ္ဆာန်ပင် ဖြစ်လင့်ကစား မိခင်ကျေးဇူး
သိတတ်မှုကြောင့် လွတ်ငြိမ်းခွင့်ရရှိခဲ့သော
အလောင်းတော် ဆင်မင်း။

ဤဇာတ်ဝတ္ထုကို ပမာပြု၍ မိမိတို့သည် သက်ရှိ
ထင်ရှားရှိနေကြသော မိဘနှစ်ပါးကို လုပ်ကျွေး
ပြုစုကြရပေမည်။

ထို့ကြောင့် မိခင်ဖခင် ကျေးဇူးရှင်ကို ချစ်ခင်
မြတ်နိုး ဂူပုထိုးလို့ ရှိခိုးဦးတင် ကြည်လင်
မြတ်လေး သိမ်းမြန်းမွေး၍ လုပ်ကျွေးခယ
ရိုတုပ်ကွသော် မိဘလုပ်ကျွေး ဘေးရန်
ဝေး၏ ဟူ၍သာ။

ကျမ်းကိုး။ ။ ငါးရာ့ငါးဆယ်နိပါတ်တော်၊
ဧကာဒသကနိပါတ်မှ မာတုပေါသက
ဇာတ်တော်။

မူရင်းရေးသူ ဆရာ မောင်အေးထွန်း

မနောမယဂျာနယ်မှ ကောက်နုတ်တင်ပြသည်

စာဖတ်သူများ မိဘလုပ်ကျွေးနိုင်ကြပါစေ

မိဘလုပ္ေကြၽး ေဘးရန္ေဝး၏

ျမတ္စြာဘုရားရွင္သည္ သာဝတၳိျပည္ ေဇတဝန္
ေက်ာင္းေတာ္၌ သီတင္းသုံးေနေတာ္မူစဥ္ မိဘ
ကို လုပ္ေကြၽးေသာ မေထရ္(သုဝဏၰသာမက
ဇာတ္ကဲ့သို႔ )ကို အေၾကာင္းျပဳ၍ ဤဇာတ္ေတာ္
ကို ေဟာၾကားျပေတာ္မူခဲ့ပါသည္။

လြန္ေလၿပီးေသာ အခါက ဗာရာဏသီျပည္တြင္
ျဗဟၼဒတ္မင္း မင္းျပဳစဥ္ ဘုရားေလာင္းသည္
ဟိမဝႏၲာေတာ၌ ဆင္မင္းျဖစ္ခဲ့ပါသည္။

အေလာင္းေတာ္ ဆင္မင္းသည္ ကိုယ္လုံးျဖဴ၏။
အလြန္အဆင္းလွ၏။ ၾကည္ညိဳဖြယ္ရွိ၏။ စိတ္
ႏွလုံးႏူးညံ့၍ ေမတၱာပြားကာ ရွစ္ေသာင္းေသာ
အၿခံအရံဆင္မ်ား၏ အႀကီးအကဲ ျဖစ္ပါသည္။
အေလာင္းေတာ္ ဆင္မင္း၏ မိခင္ ဆင္မႀကီး
သည္ မ်က္စိႏွစ္ကြင္း အလင္းမရေသာ မ်က္
မျမင္ ဒုကၡိတျဖစ္သည္။

အေလာင္းေတာ္ဆင္မင္းသည္ မိခင္ဒုကၡိတ
ဆင္မႀကီးအတြက္ ခ်ိဳၿမိန္ဖြယ္ရာ သစ္သီးတို႔
ကို ေန႔စဥ္ ရွာေဖြရယူခဲ့သည္။ ရွာေဖြရယူခဲ့
ေသာ သစ္သီးတို႔ကို အေႁခြအရံ ဆင္တို႔ျဖင့္
မိခင္ႀကီးထံ ေပးပို႔ေစသည္။

အေႁခြအရံ ဆင္တို႔သည္ ထိုရိကၡာကို မိခင္
ဆင္မႀကီးထံ မပို႔ဘဲ အလြဲသုံးစား ျပဳခဲ့ၾက
သည္။ ထိုအေၾကာင္းကို အေလာင္းေတာ္
ဆင္မင္းမွ သိရွိသြားေသာအခါ …

“အမိကို ငါကိုယ္တိုင္ အနီးကပ္ လုပ္ေကြၽးမွ
ေတာ္ေပမည္”

ဟု ႀကံဆမိသည္။ ထို႔ေၾကာင့္ အေလာင္းေတာ္
ဆင္မင္းသည္ တစ္ေန႔ေသာ ညဥ့္အခ်ိန္တြင္
အေႁခြအရံဆင္မ်ား မသိေအာင္ မိခင္ဆင္မႀကီး
ကို ေခၚ၍ ထိုအရပ္မွ ထြက္ခြာလာခဲ့သည္။

စေ႑ာရဏ ေတာင္ေျခရင္း၌ ေရာက္ေသာ
အခါ ပဒုမၼာၾကာေတာကို အမွီျပဳၿပီး တည္ရွိ
ေနေသာ ေတာင္ခ်ိဳင့္ဝွမ္း၌ မိခင္ဆင္မႀကီးကို
ထားသို၍ အနီးကပ္ ျပဳစုလုပ္ေကြၽးေနသည္။

ထိုအခါတြင္ ဗာရာဏျပည္သား မုဆိုးတစ္ဦးသည္
မ်က္စိလည္၍ ခရီးလမ္းရွာမေတြ႕ျဖစ္ကာ သည္း
စြာေသာ အသံျဖင့္ ငိုေႂကြးေနပါသည္။ ထိုအသံ
ကို ၾကားသိရေသာ အေလာင္းေတာ္ ဆင္မင္းမွ

“ဤသူကား မ်က္စိလည္လမ္းမွား၍ အားကိုး
ဖြယ္ရာ မရွိျဖစ္ေန၏။ ထို႔ေၾကာင့္ ငါသည္ ထို
သူ၏ အက်ိဳးမဲ့ ပ်က္စီးျခင္းကို မျဖစ္ရေလေအာင္
ကူညီေပးအံ့” ဟု ေတြးဆမိသည္။ ထို႔ေၾကာင့္
အေလာင္းေတာ္ ဆင္မင္းသည္ မုဆိုးရွိရာ
အနီးအပါးသို႔ ထြက္လာခဲ့သည္။

မုဆိုးသည္ အနီးအပါးသို႔ ေရာက္လာေသာ
ဆင္မင္းကို ျမင္၍ ေၾကာက္႐ြံ႕သျဖင့္ ထြက္
ေျပးေလ၏။ ထိုအခါ အေလာင္းေတာ္ဆင္
မင္းမွ မိမိသည္ ရန္ျပဳမည့္သူမဟုတ္၊ သင္
၏ အခက္အခဲကို ကူညီမည့္သူျဖစ္ေၾကာင္း
ေျပာၿပီး မေျပးရန္ႏွင့္ ငိုေႂကြးရျခင္း အေၾကာင္း
ကို မုဆိုးအား ေမးပါသည္။

ထိုအခါ မုဆိုးမွ မိမိသည္ ေတာထဲတြင္ မ်က္စိလည္
လမ္းမွား၍ အျပန္လမ္းကို ရွာမရသည္မွာခုႏွစ္ရက္ရွိ
ၿပီျဖစ္ေၾကာင္း ဆင္မင္းအား ေျပာျပပါသည္။

ထိုအခါ ဆင္မင္းမွ မုဆိုးအား ေက်ာကုန္းထက္တြင္
တက္ေစ၍ ေတာတြင္းမွ ၿမိဳ႕သို႔ သြားသည့္လမ္းအ
ထိ ပို႔ေဆာင္ေပးပါသည္။ အႀကံသမားမုဆိုးသည္
ေတာတြင္း ထြက္လာသည့္ လမ္းေတာက္ေလွ်ာက္
သစ္ပင္၊ ေတာေတာင္၊ ေရေျမတို႔ကို မွတ္သား
ထားသည္။ ထိုမွ ခရီးလမ္းဆုံးေသာအခါ မုဆိုး
သည္ ေတာစပ္မွ ဗာရာဏသီသို႔ ဆင္မင္း၏
ေက်းဇူးေၾကာင့္ ျပန္ေရာက္သြားခဲ့သည္။

ထိုအခ်ိန္တြင္ ဗာရာဏသီမင္း၏ မဂၤလာဆင္
ေတာ္သည္ ေသဆုံးသြားခဲ့သည္။ ထို႔ေၾကာင့္
မင္းမွ မိမိႏွင့္ သင့္ေလ်ာ္မည့္ မဂၤလာဆင္
ေတာ္ကို ဆက္သႏိုင္သူ၊ ေျပာဆိုႏိုင္သူ ရွိပါက
ခ်ီးျမင့္ေျမႇာက္စားမည့္ အေၾကာင္း ေၾကညာ
ေမာင္းခတ္ေစခဲ့သည္။

ထိုေၾကညာေမာင္းကို ၾကားသိရေသာ မုဆိုးမွ
မိမိ၏ အႀကံအစည္ေအာင္ၿပီဟု ႐ြတ္ဆို၍ မင္း
ထံသို႔ အခစားဝင္သည္။ ထို႔ေနာက္ မုဆိုးသည္
ကိုယ္တိုင္ ျမင္ေတြ႕ခဲ့ေသာ အေလာင္းေတာ္
ဆင္ျဖဴမင္း၏ အေၾကာင္းကို မင္းအား ေလွ်ာက္
တင္သည္။

ထိုအခါ မင္းမွ၊ ဆင္ဆရာ၊ ဆင္ထိန္းတို႔အား
ေခၚဆိုေစၿပီး မုဆိုးၫႊန္ျပသည့္အတိုင္း မဂၤလာ
ဆင္ျဖဴေတာ္ကို ဖမ္းယူေခၚေဆာင္လာရန္ ဆင္
သမားတို႔ကို တာဝန္ေပးခဲ့သည္။

မင္း၏ ဆင္သမားတို႔သည္ မုဆိုးဦးေဆာင္သည့္
ေတာလမ္းအတိုင္းလိုက္ပါခဲ့ရာ အေလာင္းေတာ္
ဆင္မင္းရွိရာ အရပ္သို႔ ေရာက္ရွိခဲ့သည္။ ထိုအခ်ိန္
တြင္ အေလာင္းေတာ္ ဆင္မင္းသည္ အစာေရစာ
အတြက္ ပဒုမၼာၾကာေတာသို႔ဝင္စဥ္ မုဆိုးဦးေဆာင္
ေသာ ဆင္ဆရာတို႔ကို ျမင္ေတြ႕သြားသည္။

မုဆိုးႏွင့္ ဆင္ဆရာတို႔ ေရာက္ရွိလာျခင္းအ
ေၾကာင္းကိုလည္း ဆင္မင္းမွ ခန္႔မွန္းမိသည္။
ထို႔ေၾကာင့္ အေလာင္းေတာ္ဆင္မင္းမွ…

“ယခု ငါ့အတြက္ က်ေရာက္ေတာ့မည့္ေဘးသည္
ထိုမုဆိုး၏ လက္ေထာက္ခ်မႈပင္ ျဖစ္ေပၿပီ။ ငါ
သည္ ခြန္အားႀကီး၍ ဆင္တစ္ေထာင္ကို ဖ်က္စီး
ႏိုင္စြမ္းအားရွိ၏။ အမ်က္ေဒါသထက္၍ တိုင္းႏိုင္
ငံႏွင့္အတူ စစ္သည္ဗိုလ္ပါ ဆင္၊ ျမင္း၊ ရထား
တို႔ကို ဖ်က္ဆီးႏိုင္စြမ္းရွိ၏။ထိုသို႔ စြမ္းအားရွိေသာ္
လည္း အကယ္၍ ငါေဒါသထြက္ေခ်က ငါ၏ သီလ
သည္ ပ်က္ေျခမည္။ ထို႔ေၾကာင့္ငါ့ေခါင္းကို လွံတို႔
ျဖင့္ ထိုးေသာ္လည္းငါ အမ်က္ေဒါသမထြက္အံ့”

ဟု အဓိ႒ာန္ေတာ္မူ၍ ဦးေခါင္းကို ၫြတ္ကာ
မတုန္မလႈပ္ ရပ္တည္ေနခဲ့ပါသည္။ ဆင္ဆရာ
သည္ ပဒုမၼာၾကာအိုင္သို႔ သက္ဆင္း၍ အေလာင္း
ေတာ္ ဆင္မင္းကို လြယ္ကူစြာပင္ ဖမ္းယူကာ
မင္းေနျပည္ေတာ္ ဗာရာဏသီသို႔ ေခၚေဆာင္
လာခဲ့ပါသည္။

အေလာင္းေတာ္ဆင္မင္း၏ မိခင္ မ်က္မျမင္
ဆင္မႀကီးသည္ သားျဖစ္သူ ဆင္မင္းမေရာက္
လာသည္ကို ပူေဆြးေသာက ျဖစ္ကာ ငိုေႂကြး
ေနခဲ့သည္။ မိမိအတြက္ အစားလည္းျပတ္၊
ေရလည္းငတ္ျဖစ္ရသလို သားျဖစ္သူ၏ ရန္
ေဘးကိုလည္း စိုးရိမ္ ပူပန္လ်က္ ပူေဆြးေန
ခဲ့ရသည္။ ထို႔အတူ သားျဖစ္သူ အေလာင္း
ေတာ္ဆင္မင္းလည္း မိမိအား မင္းျဖစ္သူမွ
အဖိုးတန္ခ်ပ္ဝန္တန္ဆာ မဂၤလာရွိေသာ
ဆင္တင္းကုပ္၊ အမြန္ျမတ္ဆုံးေသာ အစာ
ေရစာတို႔ျဖင့္ လိုေလေသးမရွိေအာင္ ထား
ရွိေသာ္လည္း အစာေရစာကို မစားမေသာက္
ဘဲ ရွိေနခဲ့သည္။

ထိုအေၾကာင္းကို ဗာရာဏသီမင္းမွ ၾကားသိ
ေသာအခါ အေလာင္းေတာ္ဆင္မင္းရွိရာ
မဂၤလာဆင္တင္းကုပ္သို႔ ေရာက္ရွိလာခဲ့သည္။

အေလာင္းေတာ္ဆင္မင္း၏ အျဖစ္အပ်က္၊
အေျခအေနကို ျမင္ေတြ႕ရေသာ မင္းမွ
ဆင္မင္းအား အက်ိဳးအေၾကာင္း ေမးျမန္း
ပါသည္။ မင္း၏ အေမးစကားကို အေလာင္း
ေတာ္ ဆင္မင္းက…

“ျမတ္ေသာ မင္းႀကီး အကြၽန္ပ္တြင္ မ်က္မျမင္
ဒုကၡိတ မိခင္ဆင္မႀကီးႏွင့္ အေမတစ္ခု သား
တစ္ခုသာ ရွိၾကပါသည္။ အကြၽန္ပ္သည္
ဒုကၡိတမိခင္ဆင္မႀကီးအတက္ ေန႔စဥ္အစာေရ
စာမွအစ လိုအပ္မႈအစုစုကို ျပဳစုေပးေနရေသာ
သားေကာင္းသားျမတ္ျဖစ္ေပသည္။ ယခုအနီး
အပါးတြင္ ကြၽန္ပ္မရွိသည့္အတြက္ မိခင္ျဖစ္သူ
သည္ မည္ကဲ့သို႔ ေနထိုင္စားေသာက္မည္နည္း။

ကြၽန္ပ္ေကာင္းစားေရးထက္ ဒုကၡိတ မိခင္ႀကီး
၏ အေရးအရာက ပို၍ အဓိက
က်ေပသည္။ မိခင္အေရးကို ေဆြးပူေနရေသာ
အကြၽန္ပ္သည္ မင္းျမတ္၏ ေကာင္းမြန္ျပည့္
စုံေသာ အရာရာတို႔၌ တြယ္တာမႈ အလ်ဥ္း
မရွိဘဲ မိခင္အေပၚ ပူေဆြးေသာက ျဖစ္ရေပ
သည္”

ဟု ေျပာဆိုပါသည္။ အေလာင္းေတာ္ ဆင္
မင္း၏ စကားကို ၾကားသိရေသာ ျဗဟၼဒတ္
မင္းသည္ သတိသံေဝဂရရွိစြာျဖင့္ မဂၤလာ
ဆင္တင္းကုပ္မွ လႊတ္ေတာ္မူခဲ့ပါသည္။

မင္းထံမွ လြတ္ၿငိမ္းခြင့္ရခဲ့ေသာ အေလာင္း
ေတာ္ ဆင္မင္းသည္ ပဒုမာၾကာအိုင္သို႔ ဦးစြာ
ဝင္၍ မိခင္ဆင္မႀကီးအတြက္ အစာအာဟာရ
မ်ားကို ယူ၍ ႏွာေမာင္းျဖင့္ ေရအျပည့္ကို
ေဆာင္ေစၿပီး မိခင္ဆင္မႀကီးရွိရာသို႔ လာ
သည္။ ယူေဆာင္လာေသာ အစာအာဟာ
ရကို မိခင္အားဦးစြာ စားသုံးေစၿပီး ႏွာေမာင္း
တြင္းမွ ေရျဖင့္ မိခင္ ဆင္မႀကီးကို သြန္း
ေလာင္းေပးသည္။

အေလာင္းေတာ္ ဆင္မင္းႏွင့္ မိခင္ဆင္မႀကီး
တို႔၏ လႈပ္ရွားမႈအသြင္ သ႐ုပ္သည္ နတ္လူ
သာဓုေခၚဆိုအပ္ေပသည္။

အေလာင္းေတာ္ဆင္မင္းႏွင့္ မိခင္ဆင္မႀကီး
တို႔၏ လႈပ္ရွားမႈအသြင္ သ႐ုပ္သည္ နတ္လူ
သာဓုေခၚဆိုအပ္ေပသည္။ အတိတ္ဘဝျဖစ္
စဥ္၏ ပစၥဳပၸန္ဇာတ္ေပါင္းခန္တြင္ အမိကို
လုပ္ေကြၽးေသာ ရဟန္းသည္ ေသာတပတၱိ
ဖိုလ္၌ ျဖစ္တည္ခဲ့သည္။

ထိုစဥ္က ျဗဟၼဒတ္မင္းသည္ ယခုအာနႏၵာ
ျဖစ္လာ၍ ယုတ္မာေသာ မုဆိုးသည္ ယခု
ေဒဝဒတ္ျဖစ္လာခဲ့သည္။

ထိုစဥ္က ဆင္ဆရာသည္ ယခု အရွင္သာရိ
ပုတၱရာ ျဖစ္လာခဲ့ၿပီး မ်က္မျမင္ဆင္မႀကီးသည္
မယ္ေတာ္မာယာ ျဖစ္လာခဲ့၍ အေလာင္းေတာ္
ဆင္မင္းသည္ ယခု ျမတ္စြာဘုရားရွင္တို႔
အသီးသီးျဖစ္လာခဲ့ၾကသည္။

နိပါတ္ေတာ္ သင္ခန္းစာအေနျဖင့္ မိမိ၏
အသက္အႏၲရာယ္ကို ကယ္တင္ခဲ့ေသာ
ေက်းဇူးတရားကို မေထာက္၊ ေကာက္က်စ္
ယုတ္မာစြာျဖင့္ မိမိအက်ိဳး ရလိုမႈအတြက္
လမ္းၫႊန္ျပေသာ မုဆိုး၊ ယုတ္မာေသာမုဆိုး
ႏွင့္ အေပါင္းပါတို႔ကုိ ေခ်မႈန္းတိုက္ဖ်က္ႏိုင္
ေသာ္လည္း သည္းခံျခင္းတရား၊ အျပည့္
ထားေသာ အေလာင္းေတာ္ဆင္မင္း၊ မင္း၏
ဥစၥာစည္းစိမ္းေအာက္တြင္ မေတာင့္မတ
စံစားေနရေသာ္လည္း ဒုကၡိတ မိခင္ႀကီးကို
သာ တမ္းတေနေသာ ဆင္မင္း၊

တိရစာၦန္ပင္ ျဖစ္လင့္ကစား မိခင္ေက်းဇူး
သိတတ္မႈေၾကာင့္ လြတ္ၿငိမ္းခြင့္ရရွိခဲ့ေသာ
အေလာင္းေတာ္ ဆင္မင္း။

ဤဇာတ္ဝတၳဳကို ပမာျပဳ၍ မိမိတို႔သည္ သက္ရွိ
ထင္ရွားရွိေနၾကေသာ မိဘႏွစ္ပါးကို လုပ္ေကြၽး
ျပဳစုၾကရေပမည္။

ထို႔ေၾကာင့္ မိခင္ဖခင္ ေက်းဇူးရွင္ကို ခ်စ္ခင္
ျမတ္ႏိုး ဂူပုထိုးလို႔ ရွိခိုးဦးတင္ ၾကည္လင္
ျမတ္ေလး သိမ္းျမန္းေမြး၍ လုပ္ေကြၽးခယ
႐ိုတုပ္ကြေသာ္ မိဘလုပ္ေကြၽး ေဘးရန္
ေဝး၏ ဟူ၍သာ။

က်မ္းကိုး။ ။ ငါးရာ့ငါးဆယ္နိပါတ္ေတာ္၊
ဧကာဒသကနိပါတ္မွ မာတုေပါသက
ဇာတ္ေတာ္။

မူရင္းေရးသူ ဆရာ ေမာင္ေအးထြန္း

မေနာမယဂ်ာနယ္မွ ေကာက္ႏုတ္တင္ျပသည္

စာဖတ္သူမ်ား မိဘလုပ္ေကြၽးႏိုင္ၾကပါေစ

No comments

Post a Comment