အောင်မြတ်သာနှင့်စမထွက်လမ်း

  အောင်မြတ်သာနှင့်စမထွက်လမ်း " ပွမ် ပွမ် ပွမ်" ရုတ်တရက်ကျယ်လောင်စွာထွက်ပေါ်လာတဲ့ ဟီးနိုးကားသံကြောင့် လမ်းဘေးသစ်ပင်အောက်မှာ ကားစောင... thumbnail 1 summary

 အောင်မြတ်သာနှင့်စမထွက်လမ်း


" ပွမ် ပွမ် ပွမ်"
ရုတ်တရက်ကျယ်လောင်စွာထွက်ပေါ်လာတဲ့ ဟီးနိုးကားသံကြောင့် လမ်းဘေးသစ်ပင်အောက်မှာ ကားစောင့်နေတဲ့လူသုံးယောက် လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။

" ရပ်ပါဦးဗျို့ "

သစ်ပင်အောက်ကလူရဲ့စကားကြောင့် ဂျုံးဂျုံးဂျက်ဂျက်မြည်နေတဲ့ ဟီးနိုးကားဆီကနေ ဘရိပ်အုပ်သံတစ်ချက်ထွက်ပေါ်လာခဲ့တယ်။

" ကိုယ့်ဆရာတွေ ဘယ်ကိုသွားကြမှာလဲ"

" ကျွဲလူးရွာဘက်ကိုသွားမလို့ဗျ နေရာလေးရရင်လိုက်ချင်ပါတယ်"

" နေရာတော့ရတယ် နည်းနည်းတော့ကြပ်မယ်နော် သည်းခံပြီးစီးရင်တော့တက်ခဲ့ကြဗျာ"

ကားဆရာရဲ့စကားကြောင့် သစ်ပင်အောက်မှာ ရပ်နေတဲ့လူသုံးယောက်က ကားပေါ်တိုးတက်လိုက်တဲ့အချိန်

" ရပြီ ကားဆရာရေ မောင်းသာမောင်း" ဆိုပြီး အော်လိုက်တဲ့စပယ်ရာရဲ့အသံအဆုံးမှာ ဟီးနိုးကားစက်နှိုးတဲ့အသံကိုကြားလိုက်ရတယ်။

" တက်တူးကုန်းပါလား ကျွန်းစင်ရွာပါလား အိပ်ပျော်မနေကြနဲ့နော် ကိုယ်ဆင်းမယ့်ရွာနာမည်ကိုမပြောရင် ရောက်တဲ့နေရာမှာသာဆင်းကြ"

ကားစပယ်ရာက ကွမ်းတပြစ်ပြစ်ဝါးရင်း အကြွေစေ့တွေကို ရေတွက်ကာ ခရီးစဉ်ကိုလှမ်းမေးလိုက်တယ်။

" ဒီကညီလေး အကိုတို့က ကျွဲလူးမှာဆင်းမှာနော် "

ကားစပယ်ရာက ပိုက်ဆံရေတွက်နေရင်း ကျွဲလူးဆိုတဲ့အသံကြောင့် ခေါင်းကိုမော့ကြည့်လိုက်ပြီး

" ဒီကအကိုတွေက ကျွဲလူးမှာဆင်းမယ်ဆိုရင် ရွာထဲတော့မရောက်ဘူး ကားလမ်းမဘေးမှာပဲချပေးလို့ရမှာ အထဲကိုတော့ တစ်နာရီကျော်ကျော်လောက်တော့လမ်းလျောက်ရတယ်နော်"

" ရပါတယ်ညီလေးရာ ရွာလမ်းမဘေးမှာသာချပေးပါ"

" ဒါဆို အေးဆေးနေလိုက်ဦး ကျွဲလူးက နောက်တစ်နာရီခွဲလောက်မှရောက်မှာ ရောက်ခါနီးဆိုရင် ကျွန်တော်အော်ပေးမယ်"

ကားစပယ်ရာရဲ့စကားကြောင့် ဝါးခမောက်ဆောင်းထားတဲ့လူကြီးက စိတ်ချစွာဖြင့် ကားနံရံကိုမှီကာ လှဲလျလိုက်တယ်။ လူကြီးနှစ်ယောက်က စိတ်ချလက်ချစွာဖြင့် မှေးနေတဲ့အချိန် သျောင်ပေစူးနဲ့လူငယ်က ကားဖြတ်သန်းသွားရာဘေးပတ်လည်ရှိ ရှုခင်းတွေကိုငေးကာလိုက်ပါလာခဲ့တယ်။

ဖွက်ချက်ဖွတ်ချက်နဲ့ တစ်ဖြေးခရီးဆက်လာခဲ့တာ ကားပေါ်မှာရှိတဲ့လူတွေအားလုံး ကုန်သလောက်ဖြစ်သွားခဲ့တယ်။

" ကျွဲလူးရွာ ဆင်းမယ့် အကိုတွေ အရှေ့တစ်ပြလောက်ဆို ရောက်ပြီနော် ကိုယ့်ပစ္စည်းတွေစုံမစုံစစ်ထားပါ နောက်မှ ပျောက်တယ်ရှတယ်ဆိုရင် ကျွန်တော်တို့လဲမကောင်းဘူး"

ကွမ်းဝါးနေရင်း အော်ပြောလိုက်တဲ့ ကားစပယ်ရာရဲ့စကားကြောင့် ဝါးခမောက်ကိုမျက်နှာပေါ်တင်ကာအိပ်ပျော်နေတဲ့လူနှစ်နိုးလာပြီး

" ပစ္စည်းကတော့ လွယ်အိတ်တစ်လုံးပဲပါတယ် ငါ့ညီရေ ဒါကြောင့်ထွေထွေထူးထူး စစ်စရာကိုမလိုတာ"

"ရှေ့ဇီးပင်အောက်မှာရပ်မယ် ဆရာရေ"

စပယ်သံမဆုံးခင်မှာပဲ နှစ်ပေါင်းများစွာ မတိုက်ချွတ်ထားတဲ့ ဘရိတ်အသံက ကျယ်လောင်စွာထွက်ပေါ်လာခဲ့တယ်။

" ကားခက သုံးယောက်စာ ပြားခြောက်ဆယ်ကျတယ် "

" ဒီမှာ တစ်ကျပ် ပြန်မအမ်းနဲ့တော့ "

ကားစပယ်ရာလဲ ပိုနေတဲ့ ပြားလေးဆယ်ကို အိတ်ကပ်ထဲအသာထည့်လိုက်ပြီး

" ဆွဲ ဆရာရေ ဂိတ်ဆုံးထိ ဆင်းသူမရှိတော့ဘူး"လို့ပြောကာ ကားပေါ်ကဆင်းသွားတဲ့ လူသုံးယောက်ကို လက်ပြနှုတ်ဆက်ကာထွက်ခွာသွားခဲ့တယ်။

ကားပေါ်ကဆင်းလာတဲ့ လူသုံးယောက်လဲ ခြစ်ခြစ်တောက်ပူကျစ်နေတဲ့ နေအပူရှိန်ကြောင့် ကားလမ်းမဘေးမှာပေါက်နေတဲ့ ဆီးပင်အောက်မှာခဏဝင်နားလိုက်ပြီး

" ကျွဲလူးရွာကိုရောက်ဖို့ကအတော်လိုသေးတာပဲ တောက်ရရေ လွယ်အိတ်ထဲရေဘူးရှိသေးရင် ပေးစမ်းပါဦး"

" ရေကတော့ဒါအကုန်ပဲဆရာ "

တောက်ရကမ်းပေးတဲ့ရေဘူးအဖုံးကိုဖွင့်ကို တစ်ကျိုက်မော့ချလိုက်ပြီး

"ဟိုကောင်လေး ရေသောက်ဦးမလား"

" မသောက်တော့ဘူး ဦးကြီး"

" မင်းပုံစံက ငါတို့ကိုကြောက်နေသလိုပဲ ဘာလဲ ငါတို့က လူမိုက်ရုပ်တွေဖြစ်နေလို့လား"

" အဲလိုလဲမဟုတ်ပါဘူး ကျွန်တော်က ဦးကြီးတို့နဲ့လိုက်သာလာခဲ့တာ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာလဲမသိရသေးဘူး"

" ဟားဟား မင်းကဒါကြောင့် စိတ်ပူနေတာကိုး အခုခဏနားတဲ့အချိန် ဘာလုပ်ရမယ်ဆိုတာပြောပြမယ် မင်းနာမည်ကမောင်စမဟုတ်တယ်နော်"

" ဟုတ်ပါတယ် ကျွန်တော်နာမည်မောင်စမပါ"

" မကြာသေးခင်က အရမ်းထူးဆန်းအံ့ဩဖို့ကောင်းတဲ့ တောထဲကို မင်းရောက်သွားတယ်လို့သိရတယ် တောထဲမှာ ဆရာတော်တစ်ပါးက မင်းရဲ့လက်ဖဝါးကို သူ့လက်ဖဝါးနဲ့ထပ်ပြီး ပညာတွေပေးလိုက်တာ တကယ်လား"

" ဟုတ်တယ်ဗျ ဆရာတော်က အဲလိုတော့လုပ်ပေးလိုက်တာပဲ"

" မင်းကအတော်ကံထူးတဲ့ ကောင်လေးပဲ ဒါနဲ့မင်းကိုခေါ်သွားတဲ့ လူရဲ့အကြောင်းကိုသိလား"

" ဟအင်း ဦးဦးက ကျွန်တော်ကိုဘာမှမပြောဘူး"

" ဒါဆိုရင် အခုမင်းမှတ်ထားဖို့လိုတယ် မင်းကိုခေါ်သွားတဲ့လူရဲ့နာမည်က အောင်မြတ်သာလို့ခေါ်တယ် သူ့ရဲ့ပညာအစွမ်းက ခန့်မှန်းလို့မရအောင် တော်တယ် မင်းကိုလက်ဝါးချင်းထပ်ပညာပေးလိုက်တဲ့ဆရာတော်ဘွဲ့နာမည်က ဦးခန္ဓာဇောတိလို့ခေါ်တယ် အင်းတော်ကြီးဂိုဏ်းကိုစတင်ထူထောင်ခဲ့တဲ့ ဥပဇျာယ်ဆရာတော်ဆိုလဲဟုတ်တယ် "

" ဦးကြီးတို့က ဘာလို့အကုန်သိနေကြတာလဲ မဟုတ်မှလွဲရော ဦးကြီးတို့လဲ ဒီဆရာတော်ရဲ့တပည့်တွေလား"

" ဟုတ်တယ် ငါတို့က မင်းလောက်ပါရမီမပါတော့ ဆရာတော်ကြီးရဲ့ကိုယ်မှန်အစစ်ကိုမဖူးမြင်ရသေးဘူး ဒါပေမယ့် မင်းနဲ့မတွေ့ခင်အချိန်ထိ ဆရာအောင်မြတ်သာရဲ့နောက်ကနေလိုက်ပြီး မကောင်းသူတွေကိုပယ် ကောင်းသူတွေကိုကယ်တင်ခဲ့တာ နှစ်ပေါင်းအတော်ကြာရောပေါ့"

" အော် ဒါကြောင့် ဦးကြီးတို့က ကျွန်တော့်ကို လိုက်ခဲ့ဖို့ခေါ်လာတာကိုး အခုသွားမယ့် ရွာမှာ ဦးကြီးတို့အသိတွေရှိလို့လား"

" အသိတွေတော့ရှိတယ် ဒါပေမယ့် ကောင်းမွန်စွာဧည့်ဝတ်ပြုမယ့်အသိတွေတော့မဟုတ်ဘူးပေါ့ကွာ ဒီရွာမှာ မင်းရဲ့အစွမ်းအစကိုထုတ်ပြရမယ် ငါတို့က အဖော်အနေနဲ့ပဲလိုက်လာတာ မင်းကိုဘာမှကူညီမှာမဟုတ်ဘူး ဒါကြောင့် ရွာထဲကိုဝင်တာနဲ့ တစ်စုံတစ်ခုမကြားရ မမြင်ရပဲ ဘယ်အရာကိုမှမထိမကိုင်မိစေနဲ့ "

" မထိနဲ့မကိုင်နဲ့ဆိုတော့ မကိုင်ဘူးပေါ့ဗျာ အခုနေတောင်စောင်းပြီဆိုတော့ ခရီးဆက်ကြတော့မလား"

မောင်စမစကားကြောင့် တောက်ရက ကောင်းကင်ကိုမော့ကြည့်လိုက်ပြီး

" အခုချိန်လောက်သွားရင် နေမဝင်ခင်ရွာကိုရောက်နိုင်တယ် ကဲ မောင်စမရဲ့ပထမခြေလှမ်းကိုဒီကနေ စနင်းကြတာပေါ့" လို့ရေရွတ်ကာ ဆီးပင်အောက်ကနေ တစ်လှမ်းချင်းထွက်ခွာသွားခဲ့တယ်။

လယ်ကန်သင်းရိုးတွေ ရိုးပြတ်တောတွေ ရွာငယ်လေးတွေကိုဖြတ်ကျော်လာခဲ့ပြီးတဲ့နောက်မှာတော့ ကျွဲလူးရွာရဲ့အစပ်ကိုရောက်လာခဲ့တယ်။ ရွာနယ်နိမိတ်အစပ်ကိုရောက်တော့ အရှေ့ကနေ တက်ကြွစွာသွားနေတဲ့ မောင်စမရဲ့ ကျောကအင်္ကျီကော်လံစကို တစ်စုံတစ်ယောက်ကစွဲထားသလိုဖြစ်ပြီး ဆက်သွားလို့မရတော့တဲ့အတွက် အနောက်လှည့်ကြည့်လိုက်ရာ ဘယ်သူ့ကိုမှမတွေ့ရပဲ မလှမ်းမကမ်းမှာ လက်ပိုက်လျက်အနေအထားနဲ့ရပ်နေတဲ့ သက်ခိုင်နဲ့ တောက်ရကိုသာတွေ့လိုက်ရတယ်။

မောင်စမက စိတ်ထဲထင်တာဖြစ်မယ်ဆိုပြီး ဆက်သွားဖို့ပြင်လိုက်ပေမယ့် ခြေထောက်တွေကအရှေ့ကိုဆက်မသွားပဲ လက်ရှိရပ်နေတဲ့နေရာမှာသာ ရပ်နေတာကိုခံစားလိုက်ရတယ်။ အဲဒီအချိန် နားစည်ထဲမှာ မခံမရပ်နိုင်လောက်တဲ့ အော်သံတစ်ချက်ကြားလိုက်ရတယ်။

အလွန်စူးရှတဲ့အသံကြောင့် မတ်တပ်ရပ်နေတဲ့မောင်စမတစ်ယောက် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လက်နှစ်ဖက်နဲ့နားစည်ကိုပိတ်ထားရတဲ့အထိဖြစ်သွားခဲ့တယ်။ မိနစ်အနည်းငယ်ကြာတော့ နားစည်ထဲမှာကြားနေရတဲ့ စူးရှရှအော်သံပျောက်သွားပြီး

" ဘယ်ရွာမဆို ရွာထဲကိုမဝင်ခင် ရွာစောင့်နတ်တွေကိုအရင်အသိပေးရတယ် ဒါမှသာ သူတို့က လိုအပ်တဲ့အကူအညီတွေပေးကြလိမ့်မယ်" ဆိုတဲ့အသံတစ်ခုကိုကြားလိုက်ရတယ်။

" ဦးကြီး ဦးကြီးတို့ကြားလား နားထဲမှာ လာပြောတဲ့အသံတစ်ခုကြားလိုက်လား"

မောင်စမရဲ့ဝမ်းသာအားရ ပြောသံကြောင့် သက်ခိုင်နဲ့တောက်ရက

" မင်းကိုလာပြောတာ ငါတို့ကဘယ်လိုကြားရမှာလဲ "

" ဆီးပင်အောက်မှာ ဦးကြီးတို့ပြောသေးတယ်လေ ကျွန်တော်ကို တောကြီးထဲခေါ်သွားတဲ့ ဦးဦးအသံ ကိုကြားရတာ"

" မင်းကြားရတဲ့အတိုင်း ဆက်လုပ်ပါ ဒီလိုအခြေအနေမျိုးမှာ မင်းကိုယ်တိုင်လုပ်ဆောင်ဖို့လိုတယ် ငါတို့ရှိတယ်လို့သဘောမထားပဲ ကိုယ့်သဘောအတိုင်းဆက်လုပ်ပါ "

‌သက်ခိုင်နဲ့ တောက်ရစကားကြောင့် မောင်စမက ရွာဘက်ကိုလှည့်လိုက်ပြီး

" ဒီရွာမှာစောင့်ရှောက်တဲ့သူများရှိပါက ကျွန်တော်ကိုဝင်ခွင့်ပြုပါ ကျွန်တော်ဒီရွာကိုလာတာက လူတွေကိုဒုက္ခပေးဖို့မဟုတ်ပါဘူး " လို့ပြောလိုက်တဲ့အချိန်

" မောင်စမ မင်းကိုလက်ဝါးချင်းထပ် ပညာပေးခဲ့တဲ့လက်ပေါ်မှာ ခြောက်ကွက်အင်းကိုဆွဲပြီး မျက်လုံးကိုပွတ်လိုက် " ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

မောင်စမလဲ အသံကြားတာနဲ့ လက်ဖဝါးပေါ်မှာ ခြောက်ကွက်အင်းကိုဆွဲပြီး မျက်လုံးနှစ်ဖက်ကိုပွတ်လိုက်တဲ့အချိန် လင်းခနဲလက်ခနဲ ဖြစ်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးဘာမှမမြင်ဖြစ်သွားခဲ့တယ်။

" မျက်လုံးကိုခဏမှိတ်ထား ရုတ်တရက်မဖွင့်လိုက်နဲ့ဦး စူးရှတဲ့အလင်းရောင်တွေပျောက်သွားမှ ဖြေးဖြေးချင်းပြန်ဖွင့်ပါ"

မောင်စမလဲ နားစည်ထဲမှာ တစ်လုံးချင်းကြားလိုက်ရတဲ့အသံကြောင့် မျက်လုံးကိုရုတ်တရက်မဖွင့်သေးပဲ စူးရှရှအလင်းရောင်တွေပျောက်သွားတဲ့အချိန်ကိုစောင့်နေခဲ့လိုက်တယ်။ အချိန်အနည်းငယ်ကြာတော့ စူးရှရှအလင်းရောင်တန်းတွေ တစ်ဖြေးဖြေးချင်းပျောက်ကွယ်သွားတဲ့အချိန်

" ဆရာလေး အဆင်ပြေရဲ့လား ကျုပ်ကဒီရွာစောင့်နတ်ပါ " ဆိုတဲ့အသံကိုကြားလိုက်ရတယ်။ မောင်စမလဲ ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့် မျက်လုံးကိုအသာဖွင့်ကြည့်လိုက်တဲ့အချိန် လုံချည်ကိုခါးတောင်းကျိုက်ထားပြီး လေးခွတစ်လက်ကိုကိုင်ဆောင်ထားတဲ့ လူငယ်တစ်ယောက်ကိုတွေ့လိုက်ရတယ်။

ကြည်လင်ရှင်းသန့်နေတဲ့ရုပ်ရည်အပြင် သျောင်တစ်စောင်းကို သေသပ်ကျနစွာထုံးထားတာကိုမြင်တော့ မောင်စမက

" ဒီကအစ်ကိုက ရွာစောင့်နတ်လား"

" ဟုတ်ပါတယ်ဆရာလေး ကျုပ်က ဒီရွာစောင့်နတ်ပါ ရွာအဝင်ဝမှာ ကျုပ်ရဲ့ဗိမ္မာန်ရှိပါတယ် ဆရာလေးက ရွာထဲဝင်ခွင့်တောင်းတဲ့အသံကြောင့် ခရီးဦးထွက်ကြိုတာပါ "
မောင်စမလဲ တစ်ခါမှမမြင်ဖူး မကြုံဘူးတဲ့အတွေ့အကြုံကြောင့် အနောက်မှာရှိနေတဲ့ သက်ခိုင်နဲ့ တောက်ရတို့ကိုလှမ်းကြည့်လိုက်တယ်။

" ဘယ်လိုလဲ မောင်စမ အမြင်တွေ အကြားတွေပွင့်ထွက်ကုန်ပြီမဟုတ်လား "

" ကျွန်တော်ဖြင့် အံ့ဩလွန်းလို့ ဘာပြောရမှန်းတောင်မသိတော့ဘူး အခုကျွန်တော်ဘာဆက်လုပ်ရမလဲ"

" မင်းကိုဘာလုပ်ရမယ်ဆိုတာ ငါတို့ညွှန်ကြားလို့မရဘူး အချိန်တန်ရင်မင်းအလိုလိုသိလာလိမ့်မယ် ခဏစောင့်ကြည့်ပါဦး"

မောင်စမလဲ သက်ခိုင်စကားကြောင့် ရွာစောင့်နတ်ဘက်ကိုလှည့်ပြီး

" အစ်ကိုက ဒီရွာစောင့်နတ်ဖြစ်တာ မကြာသေးဘူးထင်တယ်"

" ဆရာလေးက ဘာဖြစ်လို့ဒီလိုပြောတာလဲ"

" ဘာဖြစ်လို့လဲဆိုတော့ အစ်ကိုရဲ့မျက်နှာအသွင်အပြင်ခန္ဓာကိုယ်အရွယ်အစားက အသက်နှစ်ဆယ်ကျော်လောက်ပဲရှိသေးတယ်လို့ထင်ရတယ်လေ "

" ဟက်ဟက် ဆရာလေးအမြင်အရဆိုရင်တော့ ဟုတ်ပါတယ် ဒါပေမယ့် ကျုပ်အရင်ဘဝက ဒီအသက်အရွယ်နဲ့ ကွယ်လွန်ခဲ့တာဆိုတော့ အခုချိန်ထိ ဒီအသက်အရွယ်အတိုင်းရှိနေတာပါ ကျုပ်အသက်အမှန်က အခုဆိုရင် နှစ်ပေါင်း၈၀ကျော်ပြီဆရာလေး"

" ဟာ အဲလောက်တောင်လား ကျွန်တော်ကငယ်ငယ်ပဲရှိသေးတယ်ထင်တာ"

မောင်စမက ဘာလုပ်ရမယ်မသိတဲ့အတွက် ရွာစောင့်နတ်နဲ့စကားပြောရင်း အချိန်ဖြုန်းနေတဲ့အချိန်

" ခေါင်ရမ်းပန်းအနီရောင်စိုက်ထားတဲ့အိမ်ကိုအရောက်သွားပါ အိမ်ရှေ့ကိုရောက်ရင် ထူးခြားတာတစ်ခုခုကိုမြင်ရလိမ့်မယ်" ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

အသံကြားတာနဲ့ မောင်စမလဲ ရွာစောင့်နတ်ကိုစကားဖြတ်ကာ ရွာထဲကိုဝင်လာခဲ့လိုက်တယ်။ အနောက်မှာတော့ သက်ခိုင်နဲ့ တောက်ရက မလှမ်းမကမ်းကနေလိုက်ပါလာခဲ့တယ်။" ဦးကြီး ရွာထဲမှာ ခေါင်ရမ်းပန်းအနီရောင်စိုက်ထားတဲ့အိမ်ရှိတယ်လို့ပြောတယ် အဲဒါဘယ်လိုရှာရမလဲ"

မောင်စမစကားကြောင့် တောက်ရက
" အလွယ်လေးပါကွာ လမ်းမှာတွေ့တဲ့သူတစ်ယောက်ယောက်ကိုမေးလိုက်ပေါ့"

" ဟုတ်သားပဲဗျ ကျွန်တော်က အဝေးကြီးတွေလိုက်စဉ်းစားနေတာ ဒီအကြံမဆိုးဘူး"

မောင်စမက တောက်ရပေးတဲ့အကြံကိုလက်ခံလိုက်ပြီး လမ်းပေါ်မှာတွေ့တဲ့လူတစ်ယောက်ကို လှမ်းမေးလိုက်တယ်။

" ခေါင်ရမ်းပန်းစိုက်ထားတဲ့အိမ်ကတော့ရှိတယ် ဒါပေမယ့် အဲဒီအိမ်ထဲကိုဘယ်သူမှမဝင်ရဲဘူး"

" ဘာများဖြစ်လို့လဲဗျ"

" အဲဒီအိမ်က ညဘက်တွေဆိုအရမ်းခြောက်တာ အရင်နေခဲ့တဲ့လူတွေတောင် ဆွေမျိုးတွေအိမ်လိုက်နေ နေရတယ် ငါ့တူတို့သွားချင်ရင်တော့ ဒီရွာလမ်းမအတိုင်းတည့်တည့်သာသွားရင် ရေနံချေးသုတ်ထားတဲ့အိမ်တစ်အိမ်တွေ့လိမ့်မယ် အဲဒီအိမ်က ခေါင်ရမ်းပန်းစိုက်ထားတဲ့အိမ်ပဲ"

ပေါက်တူးနဲ့ပေါက်ချွန်းကိုပခုံးပေါ်ထမ်းထားတဲ့ ရွာခံတစ်ယောက်ရဲ့စကားကြောင့် မောင်စမတို့ ရွာလမ်းမအတိုင်းဆက်လျောက်လာခဲ့ကြတယ်။ ခြေလှမ်းတစ်ရာလောက်လျောက်ပြီးချိန်မှာတော့ ခြံဝင်းကျယ်ကြီးထဲမှာ ရေနံချေးဝအောင်သုတ်ထားတဲ့ နှစ်ထပ်အိမ်ကြီးတစ်လုံးကိုမြင်လိုက်ရတယ်။ ခြံဝင်းထဲမှာတော့ နီရဲနေအောင်ပွင့်ဝေနေကြတဲ့ ခေါင်ရမ်းပန်းပင်အချို့ကိုလဲမြင်လိုက်ကြရတယ်။

မောင်စမလဲ အိမ်မဲကြီးအရှေ့ကိုရောက်တော့ နှာခေါင်းထဲကိုစူးခနဲဝင်ရောက်လာတဲ့ ပုတ်အဲ့အဲ့အနံ့တစ်မျိုးကိုရလိုက်တယ်။

" ဟာ ဘာအနံ့ကြီးလဲ ပုတ်စော်နံနေတာပဲ ဦးကြီးတို့ရော အနံ့ရကြလား"

" ဟုတ်တယ် အနံ့ကခြံထဲကနေလာတာ ဘာကြောင့်လဲဆိုတာတော့ မင်းအဖြေရှာရမှာ"

သက်ခိုင်စကားကြောင့် မောင်စမက ခြံအဝကနေ အိမ်ထဲကိုလှမ်းကြည့်လိုက်တယ်။

" ဦးကြီး ဦးကြီး အိမ်ခေါင်းရင်းကမြေကြီးထဲမှာ လူတစ်ယောက်သေနေတယ် ခေါင်းမှာလဲ ရဲဒင်းလိုလို ပုဆိန်လိုလို အရာတစ်ခုစိုက်နေတယ်"

မောင်စမစကားကြောင့် သက်ခိုင်နဲ့တောက်ရက အိမ်ခေါင်းရင်းဘက်ကို တစ်ချက်ငဲ့ကြည့်လိုက်ပြီး

" မင်းစိတ်ထဲမှာ ဘယ်လိုလုပ်ချင်တဲ့ဆန္ဒဖြစ်လာလဲ"လို့မေးလိုက်ရာ မောင်စမက

" အဲဒီလူကိုဘာလို့မြေကြီးထဲမြုပ်ထားရတာလဲ ဒါကသင်္ချိုင်းမှမဟုတ်တာ ဒါတစ်ယောက်ယောက်ကလုပ်ထားတာပဲဖြစ်ရမယ် ဘယ်သူ့ကိုမေးရင်ကောင်းမလဲ"ဆိုပြီးစဉ်းစားနေတဲ့အချိန်

" ဆရာလေး ဒီအိမ်အကြောင်းကိုသိချင်လို့လား" ဆိုတဲ့အသံကြားလို့ကြည့်လိုက်တော့ လောက်လေးဂွကိုင်ထားတဲ့ ရွာစောင့်နတ်ကိုတွေ့လိုက်ရတယ်။

" ရွာစောင့်နတ် ဘယ်လိုရောက်လာတာလဲ "

" ဆရာလေးက ဒီအိမ်အကြောင်းသိချင်တယ်ဆိုတဲ့စိတ်ဖြစ်နေတာမြင်လို့ ရောက်လာတာပါ"

" ဟာ ကျွန်တော်စိတ်ထဲသိချင်တဲ့အရာတွေရှိရင် အခုလိုခေါ်မေးလို့ရတာလား "

" ရပါတယ်ဆရာလေး ဆရာလေးရဲ့အာဏာစက်နဲ့ခေါ်မေးရင် ကျုပ်မဆိုထားနဲ့ ကျုပ်ထက်အဆင့်မြင့်တဲ့နတ်တွေကိုပါပင့်ဖိတ်ပြီးမေးမြန်းလို့ရပါတယ်"

" အတော်ဟန်ကျတာပဲ ဒါဖြင့် အဲဒီနတ်တွေကိုတော့ နောက်မှပဲခေါ်ပြီး မြင်ဖူးတယ်ရှိအောင်ကြည့်ထားရမယ် အခုကျွန်တော်သိချင်တာက ဒီအိမ်ခေါင်းရင်းမှာမြုပ်ထားတဲ့ လူအကြောင်းပဲ သူ့ကိုဘာလို့မြုပ်ထားတာလဲ"

" ဆရာလေး နားလည်အောင်ပြောရရင် ဒီအိမ်ကြီးမှာဘယ်သူမှမနေရဲအောင် အောက်လမ်းနည်းနဲ့လုပ်ထားတာ အခုမြေကြီးထဲမှာမြုပ်ထားတဲ့သူက ညဘက်ရောက်ရင် သူ့ကိုယ်မှာချည်ထားတဲ့ ကြိုးတွေပြတ်ထွက်ပြီး အထဲကနေထွက်လာတတ်တယ် ဒါပေမယ့် သူက ခြံထဲကနေတော့အပြင်မထွက်ဘူး အိမ်နဲ့ခြံထဲမှာပဲ လျောက်သွားနေတတ်တယ် ညဘက်အချိန်တွေ ခြံထဲအိမ်ထဲဝင်လာ‌တဲ့သူတွေကိုတော့ အနံ့၊အသံတွေအပြင် တစ်ခါတစ်လေ ကိုယ်ထင်ပြပြီး ခြောက်လှန့်တာတွေလုပ်တတ်တယ် "

" သူဒီလိုလုပ်တာ ရွာစောင့်နတ်က ဘာမှမလုပ်ဘူးလား "

" ကျုပ်ကရွာစောင့်နတ်ဆိုပေမယ့် အရမ်းကြီးအစွမ်းမရှိသေးတဲ့အတွက် အချို့အောက်လမ်းဆရာတွေလုပ်ထားတဲ့အစီအရင်တွေကို ဖျက်စီးလို့မရပါဘူး "

" ဒါဆိုရင် ဘယ်သူလုပ်နိုင်လဲ ကျွန်တော်ကတော့ ဒီလိုမျိုးတွေကိုလက်မခံဘူး အိမ်ပိုင်ရှင်တွေကိုခါ်ပြီး ဘယ်ကနေစဖြစ်လဲ သေချာအောင်မေးရမှာပဲ"

" ဆရာလေးခေါ်စေချင်တယ်ဆိုရင် သူတို့ရောက်လာမှာပါ "

ရွာစောင့်နတ်က မောင်စမကို ပြောပြီး ဖြတ်ခနဲပျောက်ကွယ်သွားတယ်။ တစ်အောင့်လောက်ကြာတော့ မိန်းမတစ်ယောက်နဲ့ ယောင်္ကျားတစ်ယောက် ခပ်သုတ်သုတ်လျောက်လာတာကိုလှမ်းမြင်လိုက်ရတယ်။အနားရောက်တော့ ခပ်ဝဝအမျိုးသမီးက

" ဒီက လူတွေက အိမ်ကိုစိတ်ဝင်စားလို့လား ဝယ်မယ်ဆိုရင်လဲ ဈေးလျော့ပေးပါ့မယ်"ဆိုပြီးစကားစလိုက်တယ်။

" ဒီအိမ်ကိုဝယ်ဖို့တော့မဟုတ်ပါဘူး ဒါပေမယ့် ဒီအိမ်မှာထူးခြားတာတွေရှိတယ်ဆိုတာသိရလို့ ‌ဘယ်လိုအကြောင်းရင်းကြောင့် အခုလိုတွေဖြစ်လာတယ်ဆိုတာလေး မေးချင်လို့ပါ"

မောင်စမစကားကြောင့် အိမ်ရှင်အမျိုးသမီးက
" မသိပါဘူး အိမ်ဝယ်မယ့်သူတွေရောက်နေတယ်ဆိုပြီး အောက်ကနေလှမ်းအော်လို့ အလောတကြီးထွက်လာတာ အခုတော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်ပါလား"

" အ‌ဒေါ်ကြီးက ဒီအိမ်ပိုင်ရှင်လား"

" ဟုတ်ပါတယ်ရှင် ကျွန်မနဲ့ဟောဒီက ကျွန်မယောင်္ကျားပိုင်တာပါ"

" ဒါဆိုရင် ဒီအိမ်မှာဖြစ်ပျက်ခဲ့တာတွေကို အစအဆုံးပြောပြပါလား အဒေါ်ကြီးတို့အတွက်အကျိုးမယုတ်ပါဘူး"

" အဖြစ်ကတော့ လွန်ခဲ့တဲ့ ငါးလလောက်က ဒီအိမ်ပိုင်တဲ့လူတွေဆီကနေ ဝယ်ခဲ့တယ် ဝယ်ပြီးပြီးချင်းတော့ ဘာမှမဖြစ်သေးဘူး မိသားစုလိုက်ပြောင်းရွှေ့နေထိုင်ခဲ့ကြတယ် တစ်လလောက်ကြာတော့ အိမ်ကိုရောင်းခဲ့တဲ့မိသားစုတွေထဲက ညီမအငယ်ဆုံးသူတဲ့သူရောက်လာပြီး အိမ်ရောင်းတာသူမသိရပါဘူး ဒါကြောင့် ဒီအိမ်က သူနဲ့ဆိုင်တယ်ဆိုပြီး ပြဿနာလုပ်တော့တာပဲ အျဒါ်တို့လဲ ရုံးရောက်ဂတ်ရောက်နဲ့ အတော်ဖြေရှင်းလိုက်ရသေးတယ် သက်ဆိုင်ရာလူကြီးတွေကလဲ ဒီအိမ်ကိုရောင်းလိုက်တဲ့သူ့မောင်နှစ်မတွေဆီမှာ ရသင့်တဲ့အမွေကိုတောင်းပါဆိုပြီးပြောခဲ့တယ် အဲဒီကိစ္စတွေပြီးလို့ တစ်‌လလောက်ကြာတော့ ညဘက်တွေဆိုရင် လေမတိုက်ပဲ အိမ်ကြီးက လှုပ်ခါနေတာတွေကြုံရတယ် တစ်ခါတစ်လေ ခွေးသေပုတ်လို အပုတ်နံ့တွေရတယ် အိမ်အောက်နေလဲ ညီးသံတွေ ကြိမ်းဝါးတောက်ခတ်သံတွေကြားရတယ် အဒေါ်တို့လဲ တတ်ကျွမ်းနားလည်တဲ့ဆရာတွေခေါ်ပြီးပြပေမယ့် လာတဲ့ဆရာတိုင်း မနိုင်ပဲပြန်ပြေးရတာများတယ် ဒါကြောင့် အိမ်ကိုဒီတိုင်းပစ်ထားပြီး ဆွေမျိုးတွေအိမ်မှာလိုက်နေနေရတာ "

" အဒေါ်ကြီးတို့ပြောတာဟုတ်တယ် ဒီအိမ်ခေါင်းရင်းမှာ မြုပ်ထားတဲ့အရာတစ်ခုကိုတွေ့ရတယ် အဲဒါကြောင့် အခုလိုတွေခြောက်လှန့်တာဖြစ်မယ် ‌"

" ဟုတ်လား ဒါဆိုရင် မြုပ်ထားတဲ့အရာကိုဖယ်လိုက်ရင် အခုလိုအတိုက်အခိုက်တွေမရှိလာတော့ဘူးပေါ့နော်"

" အဲဒါကတော့ ကျွန်တော်လဲတပ်အပ်မပြောနိုင်သေးဘူး အရင်ဆုံးတူးကြည့်ကြတာပေါ့ "

မောင်စမစကားကြောင့် အိမ်ရှင်လင်မယားလဲ ပေါက်တူးပေါက်ချွန်းတွေသွားငှားလာခဲ့ကြတယ်။ ဘေးပတ်ဝန်းကျင်ကလူတွေကလဲ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတယ်။

" အဲဒီနေရာမဟုတ်ဘူး ဘုရားကျောင်းဆောင်အောက်တည့်တည့်မှာတူးပါ"

မောင်စမစကားကြောင့် ရွာသားတွေက ဘုရားကျောင်းဆောင်အောက်တည့်တည့်နေရာကို တူးဆွလိုက်ကြတယ်။ တစ်တောင်သာသာလောက်တူးပြီးတဲ့အချိန်မှာတော့ လုံချည်စုတ်နဲ့ထုပ်ထားတဲ့ အထုပ်တစ်ထုပ်ထွက်လာခဲ့တယ်။

" ထွက်လာပြီဟေ့ ထွက်လာပြီ စုပြုံပြီးမကြည့်နေကြနဲ့ ဖယ်ကြဦးဟ"

မြေကြီးတူးနေကြတဲ့ ရွာသားတွေရဲ့အော်သံကြောင့် စုပြုံကြည့်နေကြတဲ့သူတွေ အနောက်ကိုဆုတ်သွားခဲ့တယ်။

" လုံချည်စကို အနီရောင်ကြိုးစနဲ့သေချာချည်ထားတာ အထဲမှာဘာပါလဲဖွင့်ကြည့်လိုက်ရမလား"

" ဖွင့်ကြည့်လိုက်ပါ ကြည့်ပြီးရင်တော့ ခြံအပြင်မှာမီးရှို့ရမယ်"

မောင်စမစကားကြောင့် ရွာသားတွေလဲ အထုပ်ထဲကအရာကိုဖွင့်ကြည့်လိုက်ရာ ခြောက်သွေ့နေပြီဖြစ်တဲ့ သွေးခဲတွေအပြင်ခြေသည်းလက်သည်း အချို့ကိုပါတွေ့လိုက်ရတယ်။

" အတော်ယုတ်မာတဲ့သူတွေပဲ ဒါကြောင့်အိမ်မှာလူနေမရတာကိုး ဒီကဆရာတွေကိုလဲ တကယ်ကျေးဇူးတင်ပါတယ် အရင်ကဆရာတွေကတော့ ခြံထဲကိုဝင်တာနဲ့ ဘယ်ကနေထွက်လာမှန်းမသိတဲ့ ရေဘူးတွေ ပြောင်းဖူးရိုးတွေနဲ့ပစ်ခံထိတယ် တစ်ချို့ဆို ဆံပင်ဆောင့်ဆွဲခံရတာတွေတောင်ရှိတယ် ဆရာလေးတို့ကျတော့ ဘာမှမဖြစ်သလိုပါပဲလား ဒီကိစ္စတွေပြီးရင် ‌ထိုက်သင့်တဲ့အခကြေးငွေပူဇော်ပါ့မယ်ရှင် "

အိမ်ရှင်မိန်းမကြီးရဲ့စကားကြောင့် အနောက်မှာရပ်နေတဲ့သက်ခိုင်က

" ကျုပ်တို့က အခကြေးငွေနဲ့ ကူညီတာမဟုတ်ပါဘူး အခုလိုအဆင်ပြေသွားရင်ပဲ ကျုပ်တို့တာဝန်ပြီးပါပြီ ထွက်လာတဲ့ပစ္စည်းကိုတော့ မီးသေချာရှို့ပါ ကျုပ်တို့လဲအခြားကိစ္စလေးတွေရှိသေးလို့ ပြန်လိုက်ပါဦးမယ်" လို့ပြောကာ မောင်စမလက်ကိုဆွဲပြီး ထွက်လာခဲ့လိုက်တယ်။

ရွာအပြင်ထွက်တဲ့လမ်းကိုရောက်တော့ သက်ခိုင်က

" မောင်စမ အခုကိစ္စက မပြီးသေးဘူး လူပြတ်တဲ့နေရာရောက်ရင် ခုနကအိမ်မှာမြင်လိုက်ရတဲ့ အကောင်ကိုခေါ်ပြီး မေးရမှာတွေရှိတယ် မင်းရဲ့အကြားဓါတ်အမြင်ဓါတ်တွေကလဲပွင့်နေပြီဆိုတော့ မင်းရဲ့အာဏာစက်နဲ့ခေါ်ရလိမ့်မယ် ခေါ်တဲ့အခါမှာလဲ သာသနာစောင့်နတ်မင်းတွေ ဂိုဏ်းဆရာတော်ကြီးတွေကိုအရင်တိုင်တည်ရမယ် ဒါမှသာ မင်းရဲ့အာဏာစက်ကပိုအစွမ်းထက်မှာဖြစ်တယ် နောက်တစ်ချက်က ဒီလိုလောကထဲရောက်လာရင် နာနာဘာဝ ဝိနာဘာဝတွေကို ကြောက်လန့်လို့မဖြစ်ဘူး သူတို့ရဲ့ကြောက်မယ်ဖွယ်ကောင်းတဲ့အဆင်းတွေကို ကြောက်နေရင်လဲ မဖြစ်ဘူး ဒါကြောင့် ကြောက်စိတ်ကို ငြိမ်အောင်သတ်ရမယ် မင်းလုပ်နိုင်ပါ့မလား"

" လုပ်နိုင်တာပေါ့ ကျွန်တော်ငယ်ငယ်က တူတူကစားခဲ့တဲ့ မင်းသားကြီးဆိုတဲ့ကောင်တစ်ကောင်ရှိတယ် ဒီကောင်က ပုံမှန်အချိန်ဆိုရင် ရုပ်ကချောနေတာပဲ သူစိတ်ဆိုးပြီဆိုရင် တအားကြောက်ဖို့ကောင်းတဲ့ရုပ်ဖြစ်သွားတယ် အဲဒီတုန်းကတောင် သူ့ကိုပြန်ထိုးပြန်ရိုက်လာခဲ့တာ ဒီလောက်ကတော့ မကြောက်တတ်ပါဘူး"

" မင်းက ပါရမီရှိပြီးသားပါ ဒီကိစ္စတွေပြီးရင် မင်းတစ်ယောက်ထဲ ထွက်ရပ်လမ်းစဉ်ကို ကျင့်ရတော့မှာနော် "

" ဟင် ဦးကြီးတို့ကဘယ်သွားကြမလို့လဲ ကျွန်တော်နဲ့တူတူသွားမှာမဟုတ်ဘူးလား"

" မဟုတ်ဘူးကောင်လေး မင်းရဲ့ဘဝသတ်မှတ်ချက်က ကိုယ့်လမ်းကိုယ်ဖောက်ရမယ့်ကံဖြစ်နေတယ် အခုက အစဖြစ်လို့ မင်းကိုထိန်းကျောင်းပေးနေတာ မင်းရဲ့ဇာတာတွက်ချက်မှုအရ မင်းမှာရွေးချယ်ရမယ့်လမ်းနှစ်ခုရှိနေတယ် အဲဒီနှစ်ခုက ဘာတွေလဲဆိုတာ တစ်နေ့မင်းသိလာမှာပါ အဲဒီအချိန်ငါတို့လဲ ရှိချင်မှရှိတော့မှာ မင်းအဆင်သင့်ဖြစ်ပြီလား ဖြစ်ရင်စကြရအောင်"

‌သက်ခိုင်စကားကြောင့် မောင်စမက ခေါင်းကိုညိမ့်ပြလိုက်တယ်။ ရွာအပြင်ကိုရောက်တော့ ရွာစောင့်နတ်ကိုနှုတ်ဆက်ပြီး ခရီးဆက်လာခဲ့တာ ညမိုးချုပ်တဲ့အချိန်ကိုရောက်လာခဲ့တယ်။

" မှောင်လဲမှောင်နေပြီဆို‌တော့အရှေ့က လယ်စောင့်တဲလေးမှာနားပြီး လုပ်ငန်းစကြတာပေါ့ "

သက်ခိုင်စကားကြောင့် တောက်ရက လွယ်အိတ်ထဲမှာပါလာတဲ့ ဖယောင်းတိုင်အတိုလေးတွေကိုထုတ်လိုက်ပြီး လယ်စောင့်တဲပတ်ပတ်လည်မှာ ထွန်းလိုက်တယ်။

" မောင်စမ ဒီနားလာဦး"

သက်ခိုင်စကားကြောင့် မောင်စမက အနားကပ်လာပြီး

" ဘာဖြစ်လို့လဲ ဦးကြီး"

" မင်းရှေ့ဆက် ခုနှစ်ရက်သားသမီးတွေကို ကူညီတဲ့အခါ အရင်ဆုံးလုပ်ရမယ့်အလုပ်က ငါးပါးသီလခံယူရမယ် ပြီးမှ ငါပြောပြထားသလို တိုင်တည်ရမယ် အခုပထမဆုံးအလေ့အကျင့်ဖြစ်အောင် ငါးပါးသီလယူကွာ "

သက်ခိုင်စကားကြောင့် မောင်စမက နေထွက်ရာအရပ်ကိုမျက်နှာမူလိုက်ပြီး ငါးပါးသီလခံယူလိုက်တယ်။ သီလယူပြီးတာနဲ့မျက်လုံးကိုစုံ
မှိတ်လိုက်တဲ့အချိန်

" သာသနာစောင့်နတ်မင်းကြီးလေးပါးနဲ့ ပညာသင်ကြားပေးပါသောဆရာများအားလုံးကိုတိုင်တည်ပါသည် အထက်ဆရာကြီးများရဲ့အမိန့်အာဏာအတိုင်း ဤ၏အမိန့်အာဏာတည်မြဲပါစေ အထက်ဆရာကြီးများရဲ့အစွမ်းများအတိုင်း ဤ၏အစွမ်းသည် ထက်မြက်ပါစေ ဆရာသခင်အပေါင်းအားဦးထိပ်ထားလျက် ဤအမိန့်ပြန်လိုက်သည် ဦးခေါင်းတွင်ပုဆိန်စိုက်ဝင်လျက်ရှိသည့် ပုဂ္ဂိုလ်ကျွန်ုပ်အရှေ့သို့ မဆိုင်းမတွပဲ အမြန်ဆုံးလာရောက်စေ" ဆိုတဲ့စကားတွေက မစဉ်းစားထားပဲနှုတ်ကနေ အလိုအလျောက်ထွက်သွားခဲ့တယ်။

မောင်စမလဲစကားအဆုံးမှာ မျက်စိပြန်ဖွင့်ကြည့်လိုက်တော့ လယ်ကန်သင်းရိုးထဲကနေ ဝူးဝူးဝါးဝါးအော်ဟစ်ပြီးပြေးလာနေတဲ့ အရိပ်တစ်ခုကိုလှမ်းမြင်လိုက်ရတယ်။

အမှောင်ထုထဲကနေပြေးလာနေတဲ့အရာက လယ်စောင့်တဲနဲ့မလှမ်းမကမ်းလဲရောက်တော့ ‌အရှေ့ဆက်မတိုးလာတော့ပဲ ကျောပေးကာထိုင်ချကာ ဝမ်းခေါင်းသံကြီးနဲ့

" ကျုပ်ကိုခေါ်တာ ဘာလုပ်ဖို့လဲ"

မောင်စမလဲ ကျောပေးထိုင်နေတဲ့သူကိုကြည့်ပြီး
" မင်းက ခေါင်ရမ်းပန်းစိုက်ထားတဲ့အိမ်ကို အနှောက်အယှက်ပေးနေတဲ့သူလား" လို့မေးလိုက်တော့ ဆောင့်ကြောင့်ထိုင်နေတဲ့သူက

" ဟုတ်တယ် ကျုပ်ကအဲဒီအိမ်မှာရှိနေတဲ့သူပဲ ခင်ဗျားတို့လုပ်လို့အခုကျုပ်နေစရာမရှိတော့ဘူး ကျုပ်ကိုနေစရာတစ်ခုပေးပါ "

" မင်းက သူတစ်ပါးကိုဒုက္ခပေးနေတာလေ နေစရာပေးရင်လဲ ဒီလိုပဲ လုပ်နေဦးမှာမဟုတ်လား"

" ကျုပ်‌နေစရာတစ်ခုရရင် ကျေနပ်ပြီ ဘယ်သူ့ကိုမှဒုက္ခလဲမပေးတော့ဘူး ဒါပေမယ့်ကျုပ်ကိုခိုင်းစားနေတဲ့အရာကြီးကိုတော့ ဖယ်ရှားပေးပါ"
" မင်းကိုခိုင်းစားနေတဲ့အရာဆိုတာ ဘာကိုပြောတာလဲ"

" ဆရာလေးအခုမြင်နေရတဲ့ကျုပ်ခေါင်းပေါ်ကပုဆိန်ကိုနှုတ်ပေးပါ ဒီပုဆိန်မရှိတာနဲ့ ကျုပ်လွတ်လပ်ပြီ "

" ဒါဆိုရင် ဘယ်လိုကူညီရမလဲဆိုတာပြောတာ ကူညီနိုင်ရင်ကူညီပေးပါ့မယ်"

" ဆရာလေးရဲ့လက်နဲ့ ခေါင်းပေါ်ကပုဆိန်ကိုဆွဲနှုတ်ပေးပါ ဒါကိုဆရာလေးကိုယ်တိုင်လုပ်မှရမှာနော်"

ကျောပေးကာဆောင့်ကြောင့်ထိုင်နေတဲ့သူရဲ့စကားကြောင့် သက်ခိုင်နဲ့ တောက်ရမျက်လုံးတွေက ဘေးဘီဝဲယာကို အမှတ်မထင်ကြည့်လိုက်မိတယ်။

အဲဒီအချိန်မောင်စမက ဦးခေါင်းမှာစိုက်နေတဲ့ ပုဆိန်ကိုနှုတ်ပေးဖို့ ထဖို့လုပ်တဲ့အချိန်

" မောင်စမ မင်းကိုလှည့်စားဖို့ လုပ်နေတာ သူပြောတာကိုမယုံနဲ့ ဒီလောကသားတွေရဲ့စကားကို ဘယ်တော့မှအကြွင်းမဲ့မယုံကြည်ရဘူး ကိုယ့်ဘက်ကအကာအကွယ်တစ်ခုအရင်လုပ်ရတယ် အခုချက်ချင်းတဲအောက်က မြေကြီးကိုကောက်လိုက်" ဆိုတဲ့အသံကြောင့် မောင်စမဆက်မသွားတော့ပဲ တဲအောက်မှာရှိနေတဲ့ မြေမှုန်မြေစတွေကိုကောက်ကိုင်လိုက်တဲ့အချိန်မှာပဲ

" မင်းလက်ထဲက မြေကြီးတွေကို နှုတ်ခမ်းနားတေ့ပြီး တစ်ခုခုကိုသစ္စာဆိုပါ သစ္စာဆိုတဲ့အရာကလဲ မင်းအမှန်တကယ်လုပ်ခဲ့အရာဖြစ်ရမယ်" ဆိုတဲ့အသံတစ်ခုကိုထပ်ကြားလိုက်ရတယ်။

မောင်စမလဲ အသံကြားတဲ့အတိုင်း မြေမှုန်တွေကိုပါးစပ်နားတေ့ပြီး
" ဤသည် သိတတ်စအရွယ်ထဲက အသားငါးလုံးဝစားသုံးခြင်းမပြုခဲ့ပါ ဤသစ္စာစကားမှန်ကန်ပါက လက်ထဲတွင်ရှိသော မြေမှုန်များသည် အမှားအမှန်ကိုခွဲခြားပေးနိုင်တဲ့မြေမှုန်များဖြစ်ပါစေ" လို့အဓိဌာန်လိုက်တယ်။

မောင်စမ အဓိဌာန်အပြီးမှာ
" သာဓု သာဓု သာဓု မင်းရဲ့သစ္စာအောင်မြင်တယ် အခုချက်ချင်းလက်ထဲက မြေမှုန်နဲ့ အရှေ့မှာရှိနေတဲ့သူကိုပစ်လိုက်ပါ သူ့ဘက်ကအမှန်တကယ်အသုံးချခံဖြစ်နေတယ်ဆိုရင် ဘာကိုမှခံစားရမှာမဟုတ်ဘူး သူလိမ်ညာခဲ့တယ်ဆိုရင်တော့ ပြင်းထန်တဲ့အပူဒဏ်ကိုသူခံစားရလိမ့်မယ် " ဆိုတဲ့အသံကိုထပ်မံကြားလိုက်ရပြန်တယ်။

မောင်စမလဲ နားထဲမှာကြားတဲ့အတိုင်း လက်ထဲကမြေမှုန်ကို မလှမ်းမကမ်းမှာရပ်နေတဲ့သူဆီပစ်ထည့်လိုက်ရာ

" အား ပူတယ် ပူတယ် ကြောက်ပါပြီ မလိမ်ရဲတော့ပါဘူး မြေမှုန်တွေကိုဖယ်ပေးပါ မလိမ်ရဲတော့ပါဘူး အမလေး သေပါပြီ ပူတယ် ပူတယ်" ဆိုပြီးကန်သင်းရိုးတွေပေါ်မှာ ပြေးလွှားနေတာကို တွေ့လိုက်ရတယ်။

မောင်စမလဲ ဘာမှမဟုတ်တဲ့မြေမှုန်လေးက သစ္စာကြောင့်အစွမ်းထက်သွားပုံကိုမြင်ပြီး တအံ့တဩဖြစ်နေတဲ့အချိန်

" အမှန်တိုင်းထွက်ဆိုခိုင်း သူလိမ်ပြောနေသရွေ့ ပူလောင်တဲ့ဒဏ်ကိုခံနေမယ် အမှန်ပြောတဲ့အချိန်ကျရင်တော့ အပူဒဏ်ပျောက်ကွယ်သွားလိမ့်မယ်" ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

မောင်စမလဲ အသံကြားတဲ့နောက်မှာ ခြေဦးတည့်ရာပြေးလွှားနေတဲ့သူကိုကြည့်ပြီး

" သင်အပူဒဏ်ကလွတ်ချင်ရင် ကျုပ်ကိုအမှန်တိုင်းဖွင့်ပြောပါ ဒါဆိုသင်ခံစားနေရတဲ့ဝေဒနာကနေလွတ်မြောက်ပါလိမ့်မယ်" လို့ပြောလိုက်တော့ ပြေးလွှားနေတဲ့သူက မောင်စမအရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီး

" ကျုပ်လိမ်ညာပြောခဲ့မိပါတယ် ကျုပ်ခေါင်းပေါ်ကပုဆိန်က ကျုပ်အတိတ်ဘဝက ဝဋ်ကြွေးပါ ဒီပုဆိန်ကိုဆွဲနှုတ်လဲ ကျုပ်မလွတ်မြောက်ပါဘူး ကျုပ်ကိုခွင့်လွတ်ပါ "

" သင့်ရုပ်ရည်က မြင်ရက်စရာမရှိအောင် ဆိုးရွားလွန်းနေတယ် ဘယ်လိုဝဋ်ကြွေးကြောင့် အခုလိုဒုက္ခတွေခံနေရတာလဲ"

" ကျုပ်အရင်ဘဝက တောလိုက်မုဆိုးတစ်ယောက်ပါ ရသမျှသားကောင်ငယ်တွေကို ဒီပုဆိန်နဲ့ခုတ်ထစ်သတ်ဖြတ်ပြီး ပြန်ရောင်းခဲ့ပါတယ် တစ်နေ့မှာတော့ ထန်းတောမှာမူးပြီးရန်ဖြစ်ရာကနေ တစ်ဖက်လူက ကျုပ်ပုဆိန်နဲ့ကျုပ်ကိုပြန်ခုတ်လို့ သေခဲ့ရပါတယ် ကျုပ်သေတော့ မုဆိုးဘဝကလုပ်ခဲ့တဲ့ဝဋ်ကြွေးတွေကြောင့် ဦးခေါင်းထက်မှာ ပုဆိန်စိုက်နေတဲ့ သရဲဖြစ်နေရတာပါ "

" သင့်အဖြစ်ကလဲ ဆိုးလွန်းပါတယ် ဒါပေမယ့် သင်က ဘာကြောင့် ‌ရွာထဲကအိမ်ကိုရောက်နေရတာလဲ ဘာကြောင့်သူတစ်ပါးကိုနှောက်ယှက်ရတာလဲ"

" အဲဒါကတော့ ကျုပ်ဆန္ဒမပါပဲ စေခိုင်းခံရတာပါ ကျုပ်သေတော့ အစိမ်းသေဖြစ်တဲ့အတွက် အလောင်းကိုရွာထဲအဝင်မခံပဲ ရွာပြင်မှာတစ်ညထုတ်ထားခဲ့တယ် အဲဒီမှာ အောက်လမ်းပညာသည်တစ်ယောက်က ကျုပ်ရဲ့လက်သည်းခြေသည်း‌၊ ခေါင်းကကျနေတဲ့သွေးစက်အချို့နဲ့ ဆံပင်တွေကိုဖြတ်တောက်ယူသွားပြီး သူတို့လက်အောက်ခံအဖြစ်ခိုင်းစားခဲ့ပါတယ် ဒါကြောင့် ကျုပ်အတွက်ဆွမ်းသွပ်တဲ့အချိန် သာဓုခေါ်ခွင့်မရခဲ့ပါဘူး ဆရာလေးကိုလိမ်ညာခဲ့မိတာကိုလဲခွင့်လွှတ်ပေးပါ ဒီလောက်လဲအစွမ်းရှိမယ်မထင်ထားခဲ့လို့လိမ်ခဲ့မိတာပါ"

" ဒါဆိုရင် သင်လွတ်မြောက်ဖို့အတွက် သင့်ကိုချုပ်နှောင်ဖမ်းဆီးထားသူကအဓိကကျနေတာပေါ့"

" ဟုတ်ပါတယ် ဆရာလေး သူ့မှာ ကျုပ်အသွေး၊ ဆံပင်၊ ခြေသည်းလက်သည်းတွေပါတဲ့အရုပ်တစ်ရုပ်ရှိပါတယ် အဲဒီအရုပ်ကို မီးရှို့ပစ်မှ ကျုပ်လွတ်မြောက်မှာပါ"

" ဒါဆိုရင် သင့်ကိုချုပ်နှောင်ထားသူနေရာလေးပြောပါ ကျုပ်ကူညီပေးပါ့မယ် ဒီအတွက်သင်ကလဲတစ်ခုပြန်ကူညီရပါမယ်"

" ဆရာလေး ခိုင်းသမျှ လုပ်ပါ့မယ် ကျုပ်ကိုခိုင်းစေတဲ့သူက တဲပုတ်ရွာမှာနေပါတယ် သူ့နာမည်က ဒေါ်ဝါစိန်လို့ခေါ်တယ် "

" ဒီလောက်သိရရင် ရပါပြီ အခုသင်လုပ်ရမှာက မည်သူ့ကိုမှဒုက္ခမပေးဖို့ပါပဲ ကျုပ်တို့ထွက်သွားရင် ရွာစောင့်နတ်ဆီကိုသွားပါ သူက သင့်ကိုနေစရာတစ်ခုစီစဉ်ပေးပါလိမ့်မယ်"

" ကျေးဇူတင်ပါတယ်ဆရာလေး ကျုပ်ကောင်းကောင်းမွန်မွန်နေပါ့မယ် ရွာစောင့်နတ်ပြောစကားလဲနားထောင်ပါ့မယ်" လို့ပြောပြီး ရွာဘက်ကိုထွက်သွားခဲ့တယ်။

မောင်စမလဲ ရွာဘက်ကိုထွက်သွားတဲ့သူကိုကြည့်နေတဲ့အချိန် တဲအိမ်ဘေးကနေ
အဖြူရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာခဲ့ပြီး

" သာဓု သာဓု သာဓု လောကတစ်ခွင်ကို အလင်းဆောင်မယ့် အမျိုးကောင်းသားလေးရဲ့ ပထမခြေလှမ်းကအောင်မြင်ခဲ့ပြီ" ဆိုတဲ့အသံထွက်လာခဲ့တယ်။

မောင်စမလဲ အသံကြားရာ အလင်းတန်းတွေဆီကိုကြည့်လိုက်တော့ ဝတ်ဖြူစင်ကြယ်ကိုယ်စီဝတ်ထားတဲ့လူသုံးယောက်ကိုတွေ့လိုက်ရတယ်။

" ဦးဦး ဟာ ဦးကြီးတို့နှစ်ယောက်က ဘယ်အချိန်အဝတ်လဲလိုက်ကြတာလဲ ခုနက တဲအိမ်ပေါ်ကနေကြည့်နေတာမဟုတ်ဘူးလား"

မောင်စမရဲ့စကားကို သက်ခိုင်နဲ့တောက်ရရဘာမှမပြောပဲနေတဲ့အချိန် အောင်မြတ်သာက

" မောင်စမလေး မင်းက အခုဆိုရင် ဆရာတော်ဘုရားရဲ့ပညာထက်မနိမ့်တဲ့ ပညာကိုအမွေဆက်ခံထားပြီးဖြစ်တယ် ပညာရပ်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာလဲ တစ်ဖြေးဖြေးနားလည်လာလိမ့်မယ် မင်းကိုမည်သည့် အောက်လမ်း၊ ကဝေ၊ စုန်းတိုက် ၊နတ်တိုက်၊ ဇော်ဂနီ ၊ ဇော်ဂနက်တွေကမှ ထိခိုက်အောင်မလုပ်နိုင်တော့ဘူး ဒီပညာနဲ့ လူတွေရဲ့ဒုက္ခတွေကို ကယ်တင်ပေးပါ သင်ဟာ ကျုပ်ထက်တော်တဲ့ပါရမီရှင်တစ်ယောက်ဖြစ်လာပြီး ကျုပ်ကိုယ်တိုင်ဦးချကန်တော့ရတဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစားပါ "

" ဒါဆို ဦးဦးတို့က ဘယ်သွားကြမလို့လဲ ကျွန်တော်နဲ့မလိုက်ပေးတော့ဘူးပေါ့"

" ငါတို့လိုက်ပေးလို့မရတော့ဘူး မင်းဘဝမင်းဆက်လျောက်ရလိမ့်မယ် မင်းအတွက်အခက်အခဲတစ်စုံတစ်ခုရှိလာခဲ့ရင် ငါ့ကိုစိတ်ထဲကနေလှမ်းခေါ်လိုက်ပါ အရောက်လာခဲ့ပါ့မယ်"

" ဦးကြီးတို့လဲ ကျွန်တော်နဲ့အတူမရှိတော့ဘူးပေါ့"

" ရေစက်မကုန်သေးရင် ပြန်တွေ့ကြတာပေါ့ ကောင်လေး"

မောင်စမလဲ အောင်မြတ်သာတို့ကိုကြည့်ပြီး ဝမ်းနည်းမျက်ရည်ကျလာပေမယ့် စိတ်ကိုတင်းပြီး ကျလာတဲ့မျက်ရည်တွေကို သုတ်ပစ်လိုက်ကာ

" ငါသည် ခုနှစ်ရက်သားသမီးတို့အတွက်သာဖြစ်ရမည်
ငါသည် ခုနှစ်ရက်သားသမီးတို့အတွက်သာဖြစ်ရမည်
ငါသည် ခုနှစ်ရက်သားသမီးတို့အတွက်သာဖြစ်ရမည်" ဆိုပြီးသုံးကြိမ်တိတိအော်လိုက်တဲ့အချိန်မှာပဲ အောင်မြတ်သာ၊ သက်ခိုင်နဲ့ တောက်ရတို့က လယ်စောင့်တဲဘေးကနေ လက်ပြနှုတ်ဆက်ကာထွက်ခွာသွားခဲ့ကြတယ်။
+++++++++++++
ဒီအဖြစ်အပျက်တွေဖြစ်ပွားပြီး နှစ်ပေါင်၃၀လောက်အကြာမှာတော့ ပဲခူးရိုးမတောင်ခြေအနီးတစ်ဝိုက်နယ်တွေမှာ မောင်စမဆိုတဲ့နာမည်က မသိသူမရှိလောက်အောင် တန်ခိုးထွားလာခဲ့တယ်။ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့သိုက်စောင့်တွေ၊ နာနာဘာဝတွေအပြင် စုန်းကဝေအမျိုးမျိုးကို ခေါင်းမထောင်နိုင်အောင် တစ်ဦးထဲနှိမ်နှင်းခဲ့တယ်။ နောက်ပိုင်းမှာ မောင်စမဆိုတဲ့ပုဂ္ဂိုလ်က လူမြင်ကွင်းကနေရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်။ အချို့တွေပြောကျတာတော့ ထွက်ရပ်ပေါက်သွားတယ်ဆိုပြီးပြောကြသလို၊အချို့တွေကတော့ ရဟန်းဝတ်သွားတယ်ဆိုပြီးပြောကြတာတွေလဲရှိခဲ့တယ်။ ဒါပေမယ့် ဘယ်သူမှတိတိကျကျမသိခဲ့ကြဘူး။ တစ်ရက်မှာတော့ မောင်စမဆိုတဲ့ အထက်လမ်းဆရာတစ်ယောက်အကြောင်းက နားစွန်နားဖျားပေါက်ထွက်လာခဲ့တယ်။ ဒီအကြောင်းကိုသိချင်တဲ့ရွာသားတွေက မောင်စမအကြောင်းပြောတဲ့ပုဂ္ဂိုလ်ကိုလိုက်ရှာကြတဲ့အခါ မထင်မရှားကျေးရွာလေးတစ်ခုရဲ့ ဘုန်းကြီးကျောင်းမှာသီတင်းသုံးနေကြတဲ့ ဥူးဇင်းကြီးနှစ်ပါးဆီက ကြားရတယ်လို့သိခဲ့ရတယ်။ အချို့ကလဲ မောင်စမအကြောင်းရေးထားတဲ့မှတ်စုစာအုပ်ကို ဘုရားစေတီတစ်ဆူဆူမှာထည့်ပြီးဌာပနာခဲ့တယ်လို့လဲ ပြောစမှတ်ကှိခဲ့ကြတယ်။

သိချင်တဲ့သူတွေ မေးမြန်းချင်တဲ့သူတွေ ဥူးဇင်းကြီးနှစ်ပါးနေတဲ့ကျောင်းကိုရောက်ရင် ဦးဇင်းကြီးနှစ်ပါးကိုကျောင်းမှာမတွေ့ရတော့ဘူး။ ဒီလိုနဲ့မောင်စမဆိုတဲ့ အထက်လမ်းဆရာဇာတ်လမ်းက‌လဲ အစပေါ်မလိုလိုနဲ့ ပြန်လည်နှစ်မြုပ်ခဲ့ရတယ်။
++++++++++++

ကျောင်းကြီးပိတ်ကာလဖြစ်တဲ့အတွက် ရွာထဲမှာရှိတဲ့ကလေးတွေအားလုံးက ဆော့ကစားဖို့အတွက် အရိပ်အာဝါသကောင်းတဲ့ ရွာဦးဘုန်းကြီးကျောင်းကို ရွေးချယ်တတ်ကြတယ်။

" ကြိုးခုန်ကြမလား ဥဖမ်းတမ်းကစားကြမလား"

ဆံပင်ကျစ်ဆံမြှီးကျစ်ထားတဲ့ကောင်မလေးရဲ့စကားကြောင့် ဇီးဖြူသီးပင်အောက်မှာထိုင်နေတဲ့ကောင်လေးက

" နင်တို့ပြောတဲ့ကစားနည်းက ချွေးထွက်တယ် နေကလဲပူတာနဲ့ အဲဒါတွေဆော့မကောင်းပါဘူးဟာ"

" ဒါဆိုနင်ကဘာတမ်းဆော့မလို့လဲ"

" သရဲပုံပြင်ပြောတမ်းဆော့မယ် နင်တို့သိရာ တစ်ခုစီပြောပြပေါ့ဟာ ငါလဲသိတာပြောပြမယ်"

" အေး အဲဒီအကြံကောင်းတယ် ငါအရင်ပြောပြမယ် နင်တို့ကနားထောင်ပေါ့"

ကျစ်ဆံမြှီးနဲ့ကောင်မလေးက သူသိထားတဲ့ပုံပြင်လေးတွေပြောပြတဲ့အချိန် ဘေးမှာရှိနေတဲ့ ကလေးတွေကလဲ စိတ်ဝင်တစားနားထောင်နေကြတယ်။

" ဟိတ် ဟိုကလေးတွေ ဘာတွေပြောနေကြတာလဲ" ဆိုတဲ့အသံကြောင့် ကြည့်လိုက်တော့ အသက်ရှစ်ဆယ်အရွယ် ဦးဇင်းကြီးနှစ်ပါးကိုတွေ့လိုက်ရတယ်။

" ဥူးဇင်းကြီး နေ့လည်ဘက်မကျိမ်းဘူးလား"

မကျိမ်းပါဘူးကွယ် မင်းတို့သရဲပုံပြင်ပြောနေကြတယ်ဆိုလို့ လာနားထောင်တာ"

" ဟား ဥူးဇင်းကြီးတို့က ပိုပြီးပြောတတ်မှာပေါ့ သမီးတို့က ကြားဖူးနားဝတွေကိုလျောက်ပြောနေတာ"

" ဒါဖြင့်ရင် ဥူးဇင်းကြီးတို့ပြောပြတဲ့ပုံပြင်ကို နားထောင်ကြမလား"

" နားထောင်မယ်လေ ဘာပုံပြင်ပြောပြမှာလဲ"

" ပုံပြင်တော့မဟုတ်ဘူးကွယ့် တကယ့်အဖြစ်အပျက်တွေလို့ပြောရမယ် တေဇနိယ ငါဘယ်ကနေစပြောရမလဲ"

ဥူးဇင်းကြီးစကားကြောင့် အနားမှာပါလာတဲ့ ဥူးဇင်းတေဇနိယက

" ကလေးတွေဆိုတော့ နားလည်လွယ်တဲ့ ဇာတ်လမ်းအရင်ပြောပြသင့်တာပေါ့ ဟိုလေ မုန်ယိုနေတဲ့ဆင်ကို မကောင်းတဲ့နာနာဘာဝတွေ တက်စီးပြီး လူတွေကိုသတ်တဲ့အကြောင်း ပြောပြရင်မကောင်းဘူးလား"လို့ပြောလိုက်တော့ ကလေးတွေက

" အဲဒီအကြောင်းပြောပြပါ ဥူးဇင်းကြီး "ဆိုပြီးဂျီကျပါလေရော။

" ကဲ ဟုတ်ပီ မင်းတို့နားထောင်ချင်တယ်ဆိုရင်ပြောပြပေးမယ် ဒါပမကျိမ်းပါဘူးကွယ် မင်းတို့သရဲပုံပြင်ပြောနေကြတယ်ဆိုလို့ လာနားထောင်တာ"

" ဟား ဥူးဇင်းကြီးတို့က ပိုပြီးပြောတတ်မှာပေါ့ သမီးတို့က ကြားဖူးနားဝတွေကိုလျောက်ပြောနေတာ"

" ဒါဖြင့်ရင် ဥူးဇင်းကြီးတို့ပြောပြတဲ့ပုံပြင်ကို နားထောင်ကြမလား"

" နားထောင်မယ်လေ ဘာပုံပြင်ပြောပြမှာလဲ"

" ပုံပြင်တော့မဟုတ်ဘူးကွယ့် တကယ့်အဖြစ်အပျက်တွေလို့ပြောရမယ် တေဇနိယ ငါဘယ်ကနေစပြောရမလဲ"

ဥူးဇင်းကြီးစကားကြောင့် အနားမှာပါလာတဲ့ ဥူးဇင်းတေဇနိယက

" ကလေးတွေဆိုတော့ နားလည်လွယ်တဲ့ ဇာတ်လမ်းအရင်ပြောပြသင့်တာပေါ့ ဟိုလေ မုန်ယိုနေတဲ့ဆင်ကို မကောင်းတဲ့နာနာဘာဝတွေ တက်စီးပြီး လူတွေကိုသတ်တဲ့အကြောင်း ပြောပြရင်မကောင်းဘူးလား"လို့ပြောလိုက်တော့ ကလေးတွေက

" အဲဒီအကြောင်းပြောပြပါ ဥူးဇင်းကြီး "ဆိုပြီးဂျီကျပါလေရော။

" ကဲ ဟုတ်ပီ မင်းတို့နားထောင်ချင်တယ်ဆိုရင်ပြောပြပေးမယ် ဒါပေမယ့်ကျောင်းပိတ်ရက်တစ်ရက်ကိုတစ်ပုဒ်ပဲပြောပြမှာနော် နားထောင်ပြီးရင် မင်းတို့က ဘုန်းကြီးကျောင်းသန့်ရှင်းရေးကူလုပ်ပေးရမယ်"

" လုပ်ပေးမယ် ပြောပြပါတော့ သိချင်လှပြီ"

" ဒီဇာတ်လမ်းကို ပြောရင် ဇာတ်လမ်းမှာအဓိကပါဝင်သူကိုမင်းတို့သိထားဖို့လိုတယ် သူ့နာမည်က အောင်မြတ်သာတဲ့ သူက အရမ်းလဲချောတယ်၊ အရမ်းလဲတော်တယ်၊ အရမ်းလဲစွမ်းတယ်၊ သူနဲ့တွေ့ရင် ဘယ်လောက်ကြမ်းပါတယ် ဆိုးပါတယ် ရမ်းပါတယ်ဆိုတဲ့ သရဲတွေ တစ္ဆေတွေအပြင် စုန်းကဝေတွေကပါ အရှုံးပေးကြရတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး ခိုးယူလုယက်သူတွေကလဲ သူ့ကိုကြောက်ရတယ် ။ သူ့မှာသက်ခိုင်နဲ့ တောက်ရဆိုတဲ့ တပည့်နှစ်ယောက်လဲရှိသေးတယ် မင်းတို့စိတ်ဝင်စားကြရဲ့လား"

" အရမ်းစိတ်ဝင်စားသွားပြီ ဥူးဇင်းကြီး ပြောပြပါတော့ "

ဆူညံပွက်လောရိုက်သွားတဲ့ကလေးတွေရဲ့ အော်သံကြောင့် ဥူးဇင်းကြီးက

" ကဲကဲ အားလုံးနားထောင်ကြ
လွန်ခဲ့တဲ့နှစ်ပေါင်း၃၀လောက်က " ဆိုပြီးအစချီကာ ဇာတ်လမ်းတစ်ပုဒ်ကိုပြောပြခဲ့တယ်။

ဇာတ်လမ်းရဲ့နာမည်က
"အောင်မြတ်သာနှင့် သေသူစီးသည့်ဆင်" ပဲဖြစ်ပါတယ်။

စာဖတ်သူတွေလဲ ဥူးဇင်းကြီးနှစ်ပါးပြောပြမယ့်ဇာတ်လမ်းတွေကိုစောင့်မျှော်ပေးကြပါဦးနော်။

လေးစားစွာဖြင့်
ဇေယန(ရာမည)

ေအာင္ျမတ္သာႏွင့္စမထြက္လမ္း

" ပြမ္ ပြမ္ ပြမ္"
႐ုတ္တရက္က်ယ္ေလာင္စြာထြက္ေပၚလာတဲ့ ဟီးႏိုးကားသံေၾကာင့္ လမ္းေဘးသစ္ပင္ေအာက္မွာ ကားေစာင့္ေနတဲ့လူသုံးေယာက္ လႈပ္လႈပ္ရွားရွားျဖစ္သြားတယ္။

" ရပ္ပါဦးဗ်ိဳ႕ "

သစ္ပင္ေအာက္ကလူရဲ႕စကားေၾကာင့္ ဂ်ဳံးဂ်ဳံးဂ်က္ဂ်က္ျမည္ေနတဲ့ ဟီးႏိုးကားဆီကေန ဘရိပ္အုပ္သံတစ္ခ်က္ထြက္ေပၚလာခဲ့တယ္။

" ကိုယ့္ဆရာေတြ ဘယ္ကိုသြားၾကမွာလဲ"

" ကြၽဲလူး႐ြာဘက္ကိုသြားမလို႔ဗ် ေနရာေလးရရင္လိုက္ခ်င္ပါတယ္"

" ေနရာေတာ့ရတယ္ နည္းနည္းေတာ့ၾကပ္မယ္ေနာ္ သည္းခံၿပီးစီးရင္ေတာ့တက္ခဲ့ၾကဗ်ာ"

ကားဆရာရဲ႕စကားေၾကာင့္ သစ္ပင္ေအာက္မွာ ရပ္ေနတဲ့လူသုံးေယာက္က ကားေပၚတိုးတက္လိုက္တဲ့အခ်ိန္

" ရၿပီ ကားဆရာေရ ေမာင္းသာေမာင္း" ဆိုၿပီး ေအာ္လိုက္တဲ့စပယ္ရာရဲ႕အသံအဆုံးမွာ ဟီးႏိုးကားစက္ႏႈိးတဲ့အသံကိုၾကားလိုက္ရတယ္။

" တက္တူးကုန္းပါလား ကြၽန္းစင္႐ြာပါလား အိပ္ေပ်ာ္မေနၾကနဲ႔ေနာ္ ကိုယ္ဆင္းမယ့္႐ြာနာမည္ကိုမေျပာရင္ ေရာက္တဲ့ေနရာမွာသာဆင္းၾက"

ကားစပယ္ရာက ကြမ္းတျပစ္ျပစ္ဝါးရင္း အေႂကြေစ့ေတြကို ေရတြက္ကာ ခရီးစဥ္ကိုလွမ္းေမးလိုက္တယ္။

" ဒီကညီေလး အကိုတို႔က ကြၽဲလူးမွာဆင္းမွာေနာ္ "

ကားစပယ္ရာက ပိုက္ဆံေရတြက္ေနရင္း ကြၽဲလူးဆိုတဲ့အသံေၾကာင့္ ေခါင္းကိုေမာ့ၾကည့္လိုက္ၿပီး

" ဒီကအကိုေတြက ကြၽဲလူးမွာဆင္းမယ္ဆိုရင္ ႐ြာထဲေတာ့မေရာက္ဘူး ကားလမ္းမေဘးမွာပဲခ်ေပးလို႔ရမွာ အထဲကိုေတာ့ တစ္နာရီေက်ာ္ေက်ာ္ေလာက္ေတာ့လမ္းေလ်ာက္ရတယ္ေနာ္"

" ရပါတယ္ညီေလးရာ ႐ြာလမ္းမေဘးမွာသာခ်ေပးပါ"

" ဒါဆို ေအးေဆးေနလိုက္ဦး ကြၽဲလူးက ေနာက္တစ္နာရီခြဲေလာက္မွေရာက္မွာ ေရာက္ခါနီးဆိုရင္ ကြၽန္ေတာ္ေအာ္ေပးမယ္"

ကားစပယ္ရာရဲ႕စကားေၾကာင့္ ဝါးခေမာက္ေဆာင္းထားတဲ့လူႀကီးက စိတ္ခ်စြာျဖင့္ ကားနံရံကိုမွီကာ လွဲလ်လိုက္တယ္။ လူႀကီးႏွစ္ေယာက္က စိတ္ခ်လက္ခ်စြာျဖင့္ ေမွးေနတဲ့အခ်ိန္ ေသ်ာင္ေပစူးနဲ႔လူငယ္က ကားျဖတ္သန္းသြားရာေဘးပတ္လည္ရွိ ရႈခင္းေတြကိုေငးကာလိုက္ပါလာခဲ့တယ္။

ဖြက္ခ်က္ဖြတ္ခ်က္နဲ႔ တစ္ေျဖးခရီးဆက္လာခဲ့တာ ကားေပၚမွာရွိတဲ့လူေတြအားလုံး ကုန္သေလာက္ျဖစ္သြားခဲ့တယ္။

" ကြၽဲလူး႐ြာ ဆင္းမယ့္ အကိုေတြ အေရွ႕တစ္ျပေလာက္ဆို ေရာက္ၿပီေနာ္ ကိုယ့္ပစၥည္းေတြစုံမစုံစစ္ထားပါ ေနာက္မွ ေပ်ာက္တယ္ရွတယ္ဆိုရင္ ကြၽန္ေတာ္တို႔လဲမေကာင္းဘူး"

ကြမ္းဝါးေနရင္း ေအာ္ေျပာလိုက္တဲ့ ကားစပယ္ရာရဲ႕စကားေၾကာင့္ ဝါးခေမာက္ကိုမ်က္ႏွာေပၚတင္ကာအိပ္ေပ်ာ္ေနတဲ့လူႏွစ္ႏိုးလာၿပီး

" ပစၥည္းကေတာ့ လြယ္အိတ္တစ္လုံးပဲပါတယ္ ငါ့ညီေရ ဒါေၾကာင့္ေထြေထြထူးထူး စစ္စရာကိုမလိုတာ"

"ေရွ႕ဇီးပင္ေအာက္မွာရပ္မယ္ ဆရာေရ"

စပယ္သံမဆုံးခင္မွာပဲ ႏွစ္ေပါင္းမ်ားစြာ မတိုက္ခြၽတ္ထားတဲ့ ဘရိတ္အသံက က်ယ္ေလာင္စြာထြက္ေပၚလာခဲ့တယ္။

" ကားခက သုံးေယာက္စာ ျပားေျခာက္ဆယ္က်တယ္ "

" ဒီမွာ တစ္က်ပ္ ျပန္မအမ္းနဲ႔ေတာ့ "

ကားစပယ္ရာလဲ ပိုေနတဲ့ ျပားေလးဆယ္ကို အိတ္ကပ္ထဲအသာထည့္လိုက္ၿပီး

" ဆြဲ ဆရာေရ ဂိတ္ဆုံးထိ ဆင္းသူမရွိေတာ့ဘူး"လို႔ေျပာကာ ကားေပၚကဆင္းသြားတဲ့ လူသုံးေယာက္ကို လက္ျပႏႈတ္ဆက္ကာထြက္ခြာသြားခဲ့တယ္။

ကားေပၚကဆင္းလာတဲ့ လူသုံးေယာက္လဲ ျခစ္ျခစ္ေတာက္ပူက်စ္ေနတဲ့ ေနအပူရွိန္ေၾကာင့္ ကားလမ္းမေဘးမွာေပါက္ေနတဲ့ ဆီးပင္ေအာက္မွာခဏဝင္နားလိုက္ၿပီး

" ကြၽဲလူး႐ြာကိုေရာက္ဖို႔ကအေတာ္လိုေသးတာပဲ ေတာက္ရေရ လြယ္အိတ္ထဲေရဘူးရွိေသးရင္ ေပးစမ္းပါဦး"

" ေရကေတာ့ဒါအကုန္ပဲဆရာ "

ေတာက္ရကမ္းေပးတဲ့ေရဘူးအဖုံးကိုဖြင့္ကို တစ္က်ိဳက္ေမာ့ခ်လိုက္ၿပီး

"ဟိုေကာင္ေလး ေရေသာက္ဦးမလား"

" မေသာက္ေတာ့ဘူး ဦးႀကီး"

" မင္းပုံစံက ငါတို႔ကိုေၾကာက္ေနသလိုပဲ ဘာလဲ ငါတို႔က လူမိုက္႐ုပ္ေတြျဖစ္ေနလို႔လား"

" အဲလိုလဲမဟုတ္ပါဘူး ကြၽန္ေတာ္က ဦးႀကီးတို႔နဲ႔လိုက္သာလာခဲ့တာ ဘယ္သြားမယ္ ဘာလုပ္မယ္ဆိုတာလဲမသိရေသးဘူး"

" ဟားဟား မင္းကဒါေၾကာင့္ စိတ္ပူေနတာကိုး အခုခဏနားတဲ့အခ်ိန္ ဘာလုပ္ရမယ္ဆိုတာေျပာျပမယ္ မင္းနာမည္ကေမာင္စမဟုတ္တယ္ေနာ္"

" ဟုတ္ပါတယ္ ကြၽန္ေတာ္နာမည္ေမာင္စမပါ"

" မၾကာေသးခင္က အရမ္းထူးဆန္းအံ့ဩဖို႔ေကာင္းတဲ့ ေတာထဲကို မင္းေရာက္သြားတယ္လို႔သိရတယ္ ေတာထဲမွာ ဆရာေတာ္တစ္ပါးက မင္းရဲ႕လက္ဖဝါးကို သူ႔လက္ဖဝါးနဲ႔ထပ္ၿပီး ပညာေတြေပးလိုက္တာ တကယ္လား"

" ဟုတ္တယ္ဗ် ဆရာေတာ္က အဲလိုေတာ့လုပ္ေပးလိုက္တာပဲ"

" မင္းကအေတာ္ကံထူးတဲ့ ေကာင္ေလးပဲ ဒါနဲ႔မင္းကိုေခၚသြားတဲ့ လူရဲ႕အေၾကာင္းကိုသိလား"

" ဟအင္း ဦးဦးက ကြၽန္ေတာ္ကိုဘာမွမေျပာဘူး"

" ဒါဆိုရင္ အခုမင္းမွတ္ထားဖို႔လိုတယ္ မင္းကိုေခၚသြားတဲ့လူရဲ႕နာမည္က ေအာင္ျမတ္သာလို႔ေခၚတယ္ သူ႔ရဲ႕ပညာအစြမ္းက ခန႔္မွန္းလို႔မရေအာင္ ေတာ္တယ္ မင္းကိုလက္ဝါးခ်င္းထပ္ပညာေပးလိုက္တဲ့ဆရာေတာ္ဘြဲ႕နာမည္က ဦးခႏၶာေဇာတိလို႔ေခၚတယ္ အင္းေတာ္ႀကီးဂိုဏ္းကိုစတင္ထူေထာင္ခဲ့တဲ့ ဥပဇ်ာယ္ဆရာေတာ္ဆိုလဲဟုတ္တယ္ "

" ဦးႀကီးတို႔က ဘာလို႔အကုန္သိေနၾကတာလဲ မဟုတ္မွလြဲေရာ ဦးႀကီးတို႔လဲ ဒီဆရာေတာ္ရဲ႕တပည့္ေတြလား"

" ဟုတ္တယ္ ငါတို႔က မင္းေလာက္ပါရမီမပါေတာ့ ဆရာေတာ္ႀကီးရဲ႕ကိုယ္မွန္အစစ္ကိုမဖူးျမင္ရေသးဘူး ဒါေပမယ့္ မင္းနဲ႔မေတြ႕ခင္အခ်ိန္ထိ ဆရာေအာင္ျမတ္သာရဲ႕ေနာက္ကေနလိုက္ၿပီး မေကာင္းသူေတြကိုပယ္ ေကာင္းသူေတြကိုကယ္တင္ခဲ့တာ ႏွစ္ေပါင္းအေတာ္ၾကာေရာေပါ့"

" ေအာ္ ဒါေၾကာင့္ ဦးႀကီးတို႔က ကြၽန္ေတာ့္ကို လိုက္ခဲ့ဖို႔ေခၚလာတာကိုး အခုသြားမယ့္ ႐ြာမွာ ဦးႀကီးတို႔အသိေတြရွိလို႔လား"

" အသိေတြေတာ့ရွိတယ္ ဒါေပမယ့္ ေကာင္းမြန္စြာဧည့္ဝတ္ျပဳမယ့္အသိေတြေတာ့မဟုတ္ဘူးေပါ့ကြာ ဒီ႐ြာမွာ မင္းရဲ႕အစြမ္းအစကိုထုတ္ျပရမယ္ ငါတို႔က အေဖာ္အေနနဲ႔ပဲလိုက္လာတာ မင္းကိုဘာမွကူညီမွာမဟုတ္ဘူး ဒါေၾကာင့္ ႐ြာထဲကိုဝင္တာနဲ႔ တစ္စုံတစ္ခုမၾကားရ မျမင္ရပဲ ဘယ္အရာကိုမွမထိမကိုင္မိေစနဲ႔ "

" မထိနဲ႔မကိုင္နဲ႔ဆိုေတာ့ မကိုင္ဘူးေပါ့ဗ်ာ အခုေနေတာင္ေစာင္းၿပီဆိုေတာ့ ခရီးဆက္ၾကေတာ့မလား"

ေမာင္စမစကားေၾကာင့္ ေတာက္ရက ေကာင္းကင္ကိုေမာ့ၾကည့္လိုက္ၿပီး

" အခုခ်ိန္ေလာက္သြားရင္ ေနမဝင္ခင္႐ြာကိုေရာက္ႏိုင္တယ္ ကဲ ေမာင္စမရဲ႕ပထမေျခလွမ္းကိုဒီကေန စနင္းၾကတာေပါ့" လို႔ေရ႐ြတ္ကာ ဆီးပင္ေအာက္ကေန တစ္လွမ္းခ်င္းထြက္ခြာသြားခဲ့တယ္။

လယ္ကန္သင္း႐ိုးေတြ ႐ိုးျပတ္ေတာေတြ ႐ြာငယ္ေလးေတြကိုျဖတ္ေက်ာ္လာခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ကြၽဲလူး႐ြာရဲ႕အစပ္ကိုေရာက္လာခဲ့တယ္။ ႐ြာနယ္နိမိတ္အစပ္ကိုေရာက္ေတာ့ အေရွ႕ကေန တက္ႂကြစြာသြားေနတဲ့ ေမာင္စမရဲ႕ ေက်ာကအက်ႌေကာ္လံစကို တစ္စုံတစ္ေယာက္ကစြဲထားသလိုျဖစ္ၿပီး ဆက္သြားလို႔မရေတာ့တဲ့အတြက္ အေနာက္လွည့္ၾကည့္လိုက္ရာ ဘယ္သူ႔ကိုမွမေတြ႕ရပဲ မလွမ္းမကမ္းမွာ လက္ပိုက္လ်က္အေနအထားနဲ႔ရပ္ေနတဲ့ သက္ခိုင္နဲ႔ ေတာက္ရကိုသာေတြ႕လိုက္ရတယ္။

ေမာင္စမက စိတ္ထဲထင္တာျဖစ္မယ္ဆိုၿပီး ဆက္သြားဖို႔ျပင္လိုက္ေပမယ့္ ေျခေထာက္ေတြကအေရွ႕ကိုဆက္မသြားပဲ လက္ရွိရပ္ေနတဲ့ေနရာမွာသာ ရပ္ေနတာကိုခံစားလိုက္ရတယ္။ အဲဒီအခ်ိန္ နားစည္ထဲမွာ မခံမရပ္ႏိုင္ေလာက္တဲ့ ေအာ္သံတစ္ခ်က္ၾကားလိုက္ရတယ္။

အလြန္စူးရွတဲ့အသံေၾကာင့္ မတ္တပ္ရပ္ေနတဲ့ေမာင္စမတစ္ေယာက္ ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ၿပီး လက္ႏွစ္ဖက္နဲ႔နားစည္ကိုပိတ္ထားရတဲ့အထိျဖစ္သြားခဲ့တယ္။ မိနစ္အနည္းငယ္ၾကာေတာ့ နားစည္ထဲမွာၾကားေနရတဲ့ စူးရွရွေအာ္သံေပ်ာက္သြားၿပီး

" ဘယ္႐ြာမဆို ႐ြာထဲကိုမဝင္ခင္ ႐ြာေစာင့္နတ္ေတြကိုအရင္အသိေပးရတယ္ ဒါမွသာ သူတို႔က လိုအပ္တဲ့အကူအညီေတြေပးၾကလိမ့္မယ္" ဆိုတဲ့အသံတစ္ခုကိုၾကားလိုက္ရတယ္။

" ဦးႀကီး ဦးႀကီးတို႔ၾကားလား နားထဲမွာ လာေျပာတဲ့အသံတစ္ခုၾကားလိုက္လား"

ေမာင္စမရဲ႕ဝမ္းသာအားရ ေျပာသံေၾကာင့္ သက္ခိုင္နဲ႔ေတာက္ရက

" မင္းကိုလာေျပာတာ ငါတို႔ကဘယ္လိုၾကားရမွာလဲ "

" ဆီးပင္ေအာက္မွာ ဦးႀကီးတို႔ေျပာေသးတယ္ေလ ကြၽန္ေတာ္ကို ေတာႀကီးထဲေခၚသြားတဲ့ ဦးဦးအသံ ကိုၾကားရတာ"

" မင္းၾကားရတဲ့အတိုင္း ဆက္လုပ္ပါ ဒီလိုအေျခအေနမ်ိဳးမွာ မင္းကိုယ္တိုင္လုပ္ေဆာင္ဖို႔လိုတယ္ ငါတို႔ရွိတယ္လို႔သေဘာမထားပဲ ကိုယ့္သေဘာအတိုင္းဆက္လုပ္ပါ "

‌သက္ခိုင္နဲ႔ ေတာက္ရစကားေၾကာင့္ ေမာင္စမက ႐ြာဘက္ကိုလွည့္လိုက္ၿပီး

" ဒီ႐ြာမွာေစာင့္ေရွာက္တဲ့သူမ်ားရွိပါက ကြၽန္ေတာ္ကိုဝင္ခြင့္ျပဳပါ ကြၽန္ေတာ္ဒီ႐ြာကိုလာတာက လူေတြကိုဒုကၡေပးဖို႔မဟုတ္ပါဘူး " လို႔ေျပာလိုက္တဲ့အခ်ိန္

" ေမာင္စမ မင္းကိုလက္ဝါးခ်င္းထပ္ ပညာေပးခဲ့တဲ့လက္ေပၚမွာ ေျခာက္ကြက္အင္းကိုဆြဲၿပီး မ်က္လုံးကိုပြတ္လိုက္ " ဆိုတဲ့အသံကိုၾကားလိုက္ရတယ္။

ေမာင္စမလဲ အသံၾကားတာနဲ႔ လက္ဖဝါးေပၚမွာ ေျခာက္ကြက္အင္းကိုဆြဲၿပီး မ်က္လုံးႏွစ္ဖက္ကိုပြတ္လိုက္တဲ့အခ်ိန္ လင္းခနဲလက္ခနဲ ျဖစ္သြားၿပီး ပတ္ဝန္းက်င္တစ္ခုလုံးဘာမွမျမင္ျဖစ္သြားခဲ့တယ္။

" မ်က္လုံးကိုခဏမွိတ္ထား ႐ုတ္တရက္မဖြင့္လိုက္နဲ႔ဦး စူးရွတဲ့အလင္းေရာင္ေတြေပ်ာက္သြားမွ ေျဖးေျဖးခ်င္းျပန္ဖြင့္ပါ"

ေမာင္စမလဲ နားစည္ထဲမွာ တစ္လုံးခ်င္းၾကားလိုက္ရတဲ့အသံေၾကာင့္ မ်က္လုံးကို႐ုတ္တရက္မဖြင့္ေသးပဲ စူးရွရွအလင္းေရာင္ေတြေပ်ာက္သြားတဲ့အခ်ိန္ကိုေစာင့္ေနခဲ့လိုက္တယ္။ အခ်ိန္အနည္းငယ္ၾကာေတာ့ စူးရွရွအလင္းေရာင္တန္းေတြ တစ္ေျဖးေျဖးခ်င္းေပ်ာက္ကြယ္သြားတဲ့အခ်ိန္

" ဆရာေလး အဆင္ေျပရဲ႕လား က်ဳပ္ကဒီ႐ြာေစာင့္နတ္ပါ " ဆိုတဲ့အသံကိုၾကားလိုက္ရတယ္။ ေမာင္စမလဲ ႐ုတ္တရက္ၾကားလိုက္ရတဲ့အသံေၾကာင့္ မ်က္လုံးကိုအသာဖြင့္ၾကည့္လိုက္တဲ့အခ်ိန္ လုံခ်ည္ကိုခါးေတာင္းက်ိဳက္ထားၿပီး ေလးခြတစ္လက္ကိုကိုင္ေဆာင္ထားတဲ့ လူငယ္တစ္ေယာက္ကိုေတြ႕လိုက္ရတယ္။

ၾကည္လင္ရွင္းသန႔္ေနတဲ့႐ုပ္ရည္အျပင္ ေသ်ာင္တစ္ေစာင္းကို ေသသပ္က်နစြာထုံးထားတာကိုျမင္ေတာ့ ေမာင္စမက

" ဒီကအစ္ကိုက ႐ြာေစာင့္နတ္လား"

" ဟုတ္ပါတယ္ဆရာေလး က်ဳပ္က ဒီ႐ြာေစာင့္နတ္ပါ ႐ြာအဝင္ဝမွာ က်ဳပ္ရဲ႕ဗိမၼာန္ရွိပါတယ္ ဆရာေလးက ႐ြာထဲဝင္ခြင့္ေတာင္းတဲ့အသံေၾကာင့္ ခရီးဦးထြက္ႀကိဳတာပါ "
ေမာင္စမလဲ တစ္ခါမွမျမင္ဖူး မႀကဳံဘူးတဲ့အေတြ႕အႀကဳံေၾကာင့္ အေနာက္မွာရွိေနတဲ့ သက္ခိုင္နဲ႔ ေတာက္ရတို႔ကိုလွမ္းၾကည့္လိုက္တယ္။

" ဘယ္လိုလဲ ေမာင္စမ အျမင္ေတြ အၾကားေတြပြင့္ထြက္ကုန္ၿပီမဟုတ္လား "

" ကြၽန္ေတာ္ျဖင့္ အံ့ဩလြန္းလို႔ ဘာေျပာရမွန္းေတာင္မသိေတာ့ဘူး အခုကြၽန္ေတာ္ဘာဆက္လုပ္ရမလဲ"

" မင္းကိုဘာလုပ္ရမယ္ဆိုတာ ငါတို႔ၫႊန္ၾကားလို႔မရဘူး အခ်ိန္တန္ရင္မင္းအလိုလိုသိလာလိမ့္မယ္ ခဏေစာင့္ၾကည့္ပါဦး"

ေမာင္စမလဲ သက္ခိုင္စကားေၾကာင့္ ႐ြာေစာင့္နတ္ဘက္ကိုလွည့္ၿပီး

" အစ္ကိုက ဒီ႐ြာေစာင့္နတ္ျဖစ္တာ မၾကာေသးဘူးထင္တယ္"

" ဆရာေလးက ဘာျဖစ္လို႔ဒီလိုေျပာတာလဲ"

" ဘာျဖစ္လို႔လဲဆိုေတာ့ အစ္ကိုရဲ႕မ်က္ႏွာအသြင္အျပင္ခႏၶာကိုယ္အ႐ြယ္အစားက အသက္ႏွစ္ဆယ္ေက်ာ္ေလာက္ပဲရွိေသးတယ္လို႔ထင္ရတယ္ေလ "

" ဟက္ဟက္ ဆရာေလးအျမင္အရဆိုရင္ေတာ့ ဟုတ္ပါတယ္ ဒါေပမယ့္ က်ဳပ္အရင္ဘဝက ဒီအသက္အ႐ြယ္နဲ႔ ကြယ္လြန္ခဲ့တာဆိုေတာ့ အခုခ်ိန္ထိ ဒီအသက္အ႐ြယ္အတိုင္းရွိေနတာပါ က်ဳပ္အသက္အမွန္က အခုဆိုရင္ ႏွစ္ေပါင္း၈၀ေက်ာ္ၿပီဆရာေလး"

" ဟာ အဲေလာက္ေတာင္လား ကြၽန္ေတာ္ကငယ္ငယ္ပဲရွိေသးတယ္ထင္တာ"

ေမာင္စမက ဘာလုပ္ရမယ္မသိတဲ့အတြက္ ႐ြာေစာင့္နတ္နဲ႔စကားေျပာရင္း အခ်ိန္ျဖဳန္းေနတဲ့အခ်ိန္

" ေခါင္ရမ္းပန္းအနီေရာင္စိုက္ထားတဲ့အိမ္ကိုအေရာက္သြားပါ အိမ္ေရွ႕ကိုေရာက္ရင္ ထူးျခားတာတစ္ခုခုကိုျမင္ရလိမ့္မယ္" ဆိုတဲ့အသံကိုၾကားလိုက္ရတယ္။

အသံၾကားတာနဲ႔ ေမာင္စမလဲ ႐ြာေစာင့္နတ္ကိုစကားျဖတ္ကာ ႐ြာထဲကိုဝင္လာခဲ့လိုက္တယ္။ အေနာက္မွာေတာ့ သက္ခိုင္နဲ႔ ေတာက္ရက မလွမ္းမကမ္းကေနလိုက္ပါလာခဲ့တယ္။" ဦးႀကီး ႐ြာထဲမွာ ေခါင္ရမ္းပန္းအနီေရာင္စိုက္ထားတဲ့အိမ္ရွိတယ္လို႔ေျပာတယ္ အဲဒါဘယ္လိုရွာရမလဲ"

ေမာင္စမစကားေၾကာင့္ ေတာက္ရက
" အလြယ္ေလးပါကြာ လမ္းမွာေတြ႕တဲ့သူတစ္ေယာက္ေယာက္ကိုေမးလိုက္ေပါ့"

" ဟုတ္သားပဲဗ် ကြၽန္ေတာ္က အေဝးႀကီးေတြလိုက္စဥ္းစားေနတာ ဒီအႀကံမဆိုးဘူး"

ေမာင္စမက ေတာက္ရေပးတဲ့အႀကံကိုလက္ခံလိုက္ၿပီး လမ္းေပၚမွာေတြ႕တဲ့လူတစ္ေယာက္ကို လွမ္းေမးလိုက္တယ္။

" ေခါင္ရမ္းပန္းစိုက္ထားတဲ့အိမ္ကေတာ့ရွိတယ္ ဒါေပမယ့္ အဲဒီအိမ္ထဲကိုဘယ္သူမွမဝင္ရဲဘူး"

" ဘာမ်ားျဖစ္လို႔လဲဗ်"

" အဲဒီအိမ္က ညဘက္ေတြဆိုအရမ္းေျခာက္တာ အရင္ေနခဲ့တဲ့လူေတြေတာင္ ေဆြမ်ိဳးေတြအိမ္လိုက္ေန ေနရတယ္ ငါ့တူတို႔သြားခ်င္ရင္ေတာ့ ဒီ႐ြာလမ္းမအတိုင္းတည့္တည့္သာသြားရင္ ေရနံေခ်းသုတ္ထားတဲ့အိမ္တစ္အိမ္ေတြ႕လိမ့္မယ္ အဲဒီအိမ္က ေခါင္ရမ္းပန္းစိုက္ထားတဲ့အိမ္ပဲ"

ေပါက္တူးနဲ႔ေပါက္ခြၽန္းကိုပခုံးေပၚထမ္းထားတဲ့ ႐ြာခံတစ္ေယာက္ရဲ႕စကားေၾကာင့္ ေမာင္စမတို႔ ႐ြာလမ္းမအတိုင္းဆက္ေလ်ာက္လာခဲ့ၾကတယ္။ ေျခလွမ္းတစ္ရာေလာက္ေလ်ာက္ၿပီးခ်ိန္မွာေတာ့ ၿခံဝင္းက်ယ္ႀကီးထဲမွာ ေရနံေခ်းဝေအာင္သုတ္ထားတဲ့ ႏွစ္ထပ္အိမ္ႀကီးတစ္လုံးကိုျမင္လိုက္ရတယ္။ ၿခံဝင္းထဲမွာေတာ့ နီရဲေနေအာင္ပြင့္ေဝေနၾကတဲ့ ေခါင္ရမ္းပန္းပင္အခ်ိဳ႕ကိုလဲျမင္လိုက္ၾကရတယ္။

ေမာင္စမလဲ အိမ္မဲႀကီးအေရွ႕ကိုေရာက္ေတာ့ ႏွာေခါင္းထဲကိုစူးခနဲဝင္ေရာက္လာတဲ့ ပုတ္အဲ့အဲ့အနံ႔တစ္မ်ိဳးကိုရလိုက္တယ္။

" ဟာ ဘာအနံ႔ႀကီးလဲ ပုတ္ေစာ္နံေနတာပဲ ဦးႀကီးတို႔ေရာ အနံ႔ရၾကလား"

" ဟုတ္တယ္ အနံ႔ကၿခံထဲကေနလာတာ ဘာေၾကာင့္လဲဆိုတာေတာ့ မင္းအေျဖရွာရမွာ"

သက္ခိုင္စကားေၾကာင့္ ေမာင္စမက ၿခံအဝကေန အိမ္ထဲကိုလွမ္းၾကည့္လိုက္တယ္။

" ဦးႀကီး ဦးႀကီး အိမ္ေခါင္းရင္းကေျမႀကီးထဲမွာ လူတစ္ေယာက္ေသေနတယ္ ေခါင္းမွာလဲ ရဲဒင္းလိုလို ပုဆိန္လိုလို အရာတစ္ခုစိုက္ေနတယ္"

ေမာင္စမစကားေၾကာင့္ သက္ခိုင္နဲ႔ေတာက္ရက အိမ္ေခါင္းရင္းဘက္ကို တစ္ခ်က္ငဲ့ၾကည့္လိုက္ၿပီး

" မင္းစိတ္ထဲမွာ ဘယ္လိုလုပ္ခ်င္တဲ့ဆႏၵျဖစ္လာလဲ"လို႔ေမးလိုက္ရာ ေမာင္စမက

" အဲဒီလူကိုဘာလို႔ေျမႀကီးထဲျမဳပ္ထားရတာလဲ ဒါကသခ်ႋဳင္းမွမဟုတ္တာ ဒါတစ္ေယာက္ေယာက္ကလုပ္ထားတာပဲျဖစ္ရမယ္ ဘယ္သူ႔ကိုေမးရင္ေကာင္းမလဲ"ဆိုၿပီးစဥ္းစားေနတဲ့အခ်ိန္

" ဆရာေလး ဒီအိမ္အေၾကာင္းကိုသိခ်င္လို႔လား" ဆိုတဲ့အသံၾကားလို႔ၾကည့္လိုက္ေတာ့ ေလာက္ေလးဂြကိုင္ထားတဲ့ ႐ြာေစာင့္နတ္ကိုေတြ႕လိုက္ရတယ္။

" ႐ြာေစာင့္နတ္ ဘယ္လိုေရာက္လာတာလဲ "

" ဆရာေလးက ဒီအိမ္အေၾကာင္းသိခ်င္တယ္ဆိုတဲ့စိတ္ျဖစ္ေနတာျမင္လို႔ ေရာက္လာတာပါ"

" ဟာ ကြၽန္ေတာ္စိတ္ထဲသိခ်င္တဲ့အရာေတြရွိရင္ အခုလိုေခၚေမးလို႔ရတာလား "

" ရပါတယ္ဆရာေလး ဆရာေလးရဲ႕အာဏာစက္နဲ႔ေခၚေမးရင္ က်ဳပ္မဆိုထားနဲ႔ က်ဳပ္ထက္အဆင့္ျမင့္တဲ့နတ္ေတြကိုပါပင့္ဖိတ္ၿပီးေမးျမန္းလို႔ရပါတယ္"

" အေတာ္ဟန္က်တာပဲ ဒါျဖင့္ အဲဒီနတ္ေတြကိုေတာ့ ေနာက္မွပဲေခၚၿပီး ျမင္ဖူးတယ္ရွိေအာင္ၾကည့္ထားရမယ္ အခုကြၽန္ေတာ္သိခ်င္တာက ဒီအိမ္ေခါင္းရင္းမွာျမဳပ္ထားတဲ့ လူအေၾကာင္းပဲ သူ႔ကိုဘာလို႔ျမဳပ္ထားတာလဲ"

" ဆရာေလး နားလည္ေအာင္ေျပာရရင္ ဒီအိမ္ႀကီးမွာဘယ္သူမွမေနရဲေအာင္ ေအာက္လမ္းနည္းနဲ႔လုပ္ထားတာ အခုေျမႀကီးထဲမွာျမဳပ္ထားတဲ့သူက ညဘက္ေရာက္ရင္ သူ႔ကိုယ္မွာခ်ည္ထားတဲ့ ႀကိဳးေတြျပတ္ထြက္ၿပီး အထဲကေနထြက္လာတတ္တယ္ ဒါေပမယ့္ သူက ၿခံထဲကေနေတာ့အျပင္မထြက္ဘူး အိမ္နဲ႔ၿခံထဲမွာပဲ ေလ်ာက္သြားေနတတ္တယ္ ညဘက္အခ်ိန္ေတြ ၿခံထဲအိမ္ထဲဝင္လာ‌တဲ့သူေတြကိုေတာ့ အနံ႔၊အသံေတြအျပင္ တစ္ခါတစ္ေလ ကိုယ္ထင္ျပၿပီး ေျခာက္လွန႔္တာေတြလုပ္တတ္တယ္ "

" သူဒီလိုလုပ္တာ ႐ြာေစာင့္နတ္က ဘာမွမလုပ္ဘူးလား "

" က်ဳပ္က႐ြာေစာင့္နတ္ဆိုေပမယ့္ အရမ္းႀကီးအစြမ္းမရွိေသးတဲ့အတြက္ အခ်ိဳ႕ေအာက္လမ္းဆရာေတြလုပ္ထားတဲ့အစီအရင္ေတြကို ဖ်က္စီးလို႔မရပါဘူး "

" ဒါဆိုရင္ ဘယ္သူလုပ္ႏိုင္လဲ ကြၽန္ေတာ္ကေတာ့ ဒီလိုမ်ိဳးေတြကိုလက္မခံဘူး အိမ္ပိုင္ရွင္ေတြကိုခၚၿပီး ဘယ္ကေနစျဖစ္လဲ ေသခ်ာေအာင္ေမးရမွာပဲ"

" ဆရာေလးေခၚေစခ်င္တယ္ဆိုရင္ သူတို႔ေရာက္လာမွာပါ "

႐ြာေစာင့္နတ္က ေမာင္စမကို ေျပာၿပီး ျဖတ္ခနဲေပ်ာက္ကြယ္သြားတယ္။ တစ္ေအာင့္ေလာက္ၾကာေတာ့ မိန္းမတစ္ေယာက္နဲ႔ ေယာက်ၤားတစ္ေယာက္ ခပ္သုတ္သုတ္ေလ်ာက္လာတာကိုလွမ္းျမင္လိုက္ရတယ္။အနားေရာက္ေတာ့ ခပ္ဝဝအမ်ိဳးသမီးက

" ဒီက လူေတြက အိမ္ကိုစိတ္ဝင္စားလို႔လား ဝယ္မယ္ဆိုရင္လဲ ေဈးေလ်ာ့ေပးပါ့မယ္"ဆိုၿပီးစကားစလိုက္တယ္။

" ဒီအိမ္ကိုဝယ္ဖို႔ေတာ့မဟုတ္ပါဘူး ဒါေပမယ့္ ဒီအိမ္မွာထူးျခားတာေတြရွိတယ္ဆိုတာသိရလို႔ ‌ဘယ္လိုအေၾကာင္းရင္းေၾကာင့္ အခုလိုေတြျဖစ္လာတယ္ဆိုတာေလး ေမးခ်င္လို႔ပါ"

ေမာင္စမစကားေၾကာင့္ အိမ္ရွင္အမ်ိဳးသမီးက
" မသိပါဘူး အိမ္ဝယ္မယ့္သူေတြေရာက္ေနတယ္ဆိုၿပီး ေအာက္ကေနလွမ္းေအာ္လို႔ အေလာတႀကီးထြက္လာတာ အခုေတာ့ မွန္းခ်က္နဲ႔ႏွမ္းထြက္မကိုက္ပါလား"

" အ‌ေဒၚႀကီးက ဒီအိမ္ပိုင္ရွင္လား"

" ဟုတ္ပါတယ္ရွင္ ကြၽန္မနဲ႔ေဟာဒီက ကြၽန္မေယာက်ၤားပိုင္တာပါ"

" ဒါဆိုရင္ ဒီအိမ္မွာျဖစ္ပ်က္ခဲ့တာေတြကို အစအဆုံးေျပာျပပါလား အေဒၚႀကီးတို႔အတြက္အက်ိဳးမယုတ္ပါဘူး"

" အျဖစ္ကေတာ့ လြန္ခဲ့တဲ့ ငါးလေလာက္က ဒီအိမ္ပိုင္တဲ့လူေတြဆီကေန ဝယ္ခဲ့တယ္ ဝယ္ၿပီးၿပီးခ်င္းေတာ့ ဘာမွမျဖစ္ေသးဘူး မိသားစုလိုက္ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ၾကတယ္ တစ္လေလာက္ၾကာေတာ့ အိမ္ကိုေရာင္းခဲ့တဲ့မိသားစုေတြထဲက ညီမအငယ္ဆုံးသူတဲ့သူေရာက္လာၿပီး အိမ္ေရာင္းတာသူမသိရပါဘူး ဒါေၾကာင့္ ဒီအိမ္က သူနဲ႔ဆိုင္တယ္ဆိုၿပီး ျပႆနာလုပ္ေတာ့တာပဲ အ်ဒၚတို႔လဲ ႐ုံးေရာက္ဂတ္ေရာက္နဲ႔ အေတာ္ေျဖရွင္းလိုက္ရေသးတယ္ သက္ဆိုင္ရာလူႀကီးေတြကလဲ ဒီအိမ္ကိုေရာင္းလိုက္တဲ့သူ႔ေမာင္ႏွစ္မေတြဆီမွာ ရသင့္တဲ့အေမြကိုေတာင္းပါဆိုၿပီးေျပာခဲ့တယ္ အဲဒီကိစၥေတြၿပီးလို႔ တစ္‌လေလာက္ၾကာေတာ့ ညဘက္ေတြဆိုရင္ ေလမတိုက္ပဲ အိမ္ႀကီးက လႈပ္ခါေနတာေတြႀကဳံရတယ္ တစ္ခါတစ္ေလ ေခြးေသပုတ္လို အပုတ္နံ႔ေတြရတယ္ အိမ္ေအာက္ေနလဲ ညီးသံေတြ ႀကိမ္းဝါးေတာက္ခတ္သံေတြၾကားရတယ္ အေဒၚတို႔လဲ တတ္ကြၽမ္းနားလည္တဲ့ဆရာေတြေခၚၿပီးျပေပမယ့္ လာတဲ့ဆရာတိုင္း မႏိုင္ပဲျပန္ေျပးရတာမ်ားတယ္ ဒါေၾကာင့္ အိမ္ကိုဒီတိုင္းပစ္ထားၿပီး ေဆြမ်ိဳးေတြအိမ္မွာလိုက္ေနေနရတာ "

" အေဒၚႀကီးတို႔ေျပာတာဟုတ္တယ္ ဒီအိမ္ေခါင္းရင္းမွာ ျမဳပ္ထားတဲ့အရာတစ္ခုကိုေတြ႕ရတယ္ အဲဒါေၾကာင့္ အခုလိုေတြေျခာက္လွန႔္တာျဖစ္မယ္ ‌"

" ဟုတ္လား ဒါဆိုရင္ ျမဳပ္ထားတဲ့အရာကိုဖယ္လိုက္ရင္ အခုလိုအတိုက္အခိုက္ေတြမရွိလာေတာ့ဘူးေပါ့ေနာ္"

" အဲဒါကေတာ့ ကြၽန္ေတာ္လဲတပ္အပ္မေျပာႏိုင္ေသးဘူး အရင္ဆုံးတူးၾကည့္ၾကတာေပါ့ "

ေမာင္စမစကားေၾကာင့္ အိမ္ရွင္လင္မယားလဲ ေပါက္တူးေပါက္ခြၽန္းေတြသြားငွားလာခဲ့ၾကတယ္။ ေဘးပတ္ဝန္းက်င္ကလူေတြကလဲ စိတ္ဝင္တစားနဲ႔ ေစာင့္ၾကည့္ေနၾကတယ္။

" အဲဒီေနရာမဟုတ္ဘူး ဘုရားေက်ာင္းေဆာင္ေအာက္တည့္တည့္မွာတူးပါ"

ေမာင္စမစကားေၾကာင့္ ႐ြာသားေတြက ဘုရားေက်ာင္းေဆာင္ေအာက္တည့္တည့္ေနရာကို တူးဆြလိုက္ၾကတယ္။ တစ္ေတာင္သာသာေလာက္တူးၿပီးတဲ့အခ်ိန္မွာေတာ့ လုံခ်ည္စုတ္နဲ႔ထုပ္ထားတဲ့ အထုပ္တစ္ထုပ္ထြက္လာခဲ့တယ္။

" ထြက္လာၿပီေဟ့ ထြက္လာၿပီ စုၿပဳံၿပီးမၾကည့္ေနၾကနဲ႔ ဖယ္ၾကဦးဟ"

ေျမႀကီးတူးေနၾကတဲ့ ႐ြာသားေတြရဲ႕ေအာ္သံေၾကာင့္ စုၿပဳံၾကည့္ေနၾကတဲ့သူေတြ အေနာက္ကိုဆုတ္သြားခဲ့တယ္။

" လုံခ်ည္စကို အနီေရာင္ႀကိဳးစနဲ႔ေသခ်ာခ်ည္ထားတာ အထဲမွာဘာပါလဲဖြင့္ၾကည့္လိုက္ရမလား"

" ဖြင့္ၾကည့္လိုက္ပါ ၾကည့္ၿပီးရင္ေတာ့ ၿခံအျပင္မွာမီးရႈိ႕ရမယ္"

ေမာင္စမစကားေၾကာင့္ ႐ြာသားေတြလဲ အထုပ္ထဲကအရာကိုဖြင့္ၾကည့္လိုက္ရာ ေျခာက္ေသြ႕ေနၿပီျဖစ္တဲ့ ေသြးခဲေတြအျပင္ေျခသည္းလက္သည္း အခ်ိဳ႕ကိုပါေတြ႕လိုက္ရတယ္။

" အေတာ္ယုတ္မာတဲ့သူေတြပဲ ဒါေၾကာင့္အိမ္မွာလူေနမရတာကိုး ဒီကဆရာေတြကိုလဲ တကယ္ေက်းဇူးတင္ပါတယ္ အရင္ကဆရာေတြကေတာ့ ၿခံထဲကိုဝင္တာနဲ႔ ဘယ္ကေနထြက္လာမွန္းမသိတဲ့ ေရဘူးေတြ ေျပာင္းဖူး႐ိုးေတြနဲ႔ပစ္ခံထိတယ္ တစ္ခ်ိဳ႕ဆို ဆံပင္ေဆာင့္ဆြဲခံရတာေတြေတာင္ရွိတယ္ ဆရာေလးတို႔က်ေတာ့ ဘာမွမျဖစ္သလိုပါပဲလား ဒီကိစၥေတြၿပီးရင္ ‌ထိုက္သင့္တဲ့အခေၾကးေငြပူေဇာ္ပါ့မယ္ရွင္ "

အိမ္ရွင္မိန္းမႀကီးရဲ႕စကားေၾကာင့္ အေနာက္မွာရပ္ေနတဲ့သက္ခိုင္က

" က်ဳပ္တို႔က အခေၾကးေငြနဲ႔ ကူညီတာမဟုတ္ပါဘူး အခုလိုအဆင္ေျပသြားရင္ပဲ က်ဳပ္တို႔တာဝန္ၿပီးပါၿပီ ထြက္လာတဲ့ပစၥည္းကိုေတာ့ မီးေသခ်ာရႈိ႕ပါ က်ဳပ္တို႔လဲအျခားကိစၥေလးေတြရွိေသးလို႔ ျပန္လိုက္ပါဦးမယ္" လို႔ေျပာကာ ေမာင္စမလက္ကိုဆြဲၿပီး ထြက္လာခဲ့လိုက္တယ္။

႐ြာအျပင္ထြက္တဲ့လမ္းကိုေရာက္ေတာ့ သက္ခိုင္က

" ေမာင္စမ အခုကိစၥက မၿပီးေသးဘူး လူျပတ္တဲ့ေနရာေရာက္ရင္ ခုနကအိမ္မွာျမင္လိုက္ရတဲ့ အေကာင္ကိုေခၚၿပီး ေမးရမွာေတြရွိတယ္ မင္းရဲ႕အၾကားဓါတ္အျမင္ဓါတ္ေတြကလဲပြင့္ေနၿပီဆိုေတာ့ မင္းရဲ႕အာဏာစက္နဲ႔ေခၚရလိမ့္မယ္ ေခၚတဲ့အခါမွာလဲ သာသနာေစာင့္နတ္မင္းေတြ ဂိုဏ္းဆရာေတာ္ႀကီးေတြကိုအရင္တိုင္တည္ရမယ္ ဒါမွသာ မင္းရဲ႕အာဏာစက္ကပိုအစြမ္းထက္မွာျဖစ္တယ္ ေနာက္တစ္ခ်က္က ဒီလိုေလာကထဲေရာက္လာရင္ နာနာဘာဝ ဝိနာဘာဝေတြကို ေၾကာက္လန႔္လို႔မျဖစ္ဘူး သူတို႔ရဲ႕ေၾကာက္မယ္ဖြယ္ေကာင္းတဲ့အဆင္းေတြကို ေၾကာက္ေနရင္လဲ မျဖစ္ဘူး ဒါေၾကာင့္ ေၾကာက္စိတ္ကို ၿငိမ္ေအာင္သတ္ရမယ္ မင္းလုပ္ႏိုင္ပါ့မလား"

" လုပ္ႏိုင္တာေပါ့ ကြၽန္ေတာ္ငယ္ငယ္က တူတူကစားခဲ့တဲ့ မင္းသားႀကီးဆိုတဲ့ေကာင္တစ္ေကာင္ရွိတယ္ ဒီေကာင္က ပုံမွန္အခ်ိန္ဆိုရင္ ႐ုပ္ကေခ်ာေနတာပဲ သူစိတ္ဆိုးၿပီဆိုရင္ တအားေၾကာက္ဖို႔ေကာင္းတဲ့႐ုပ္ျဖစ္သြားတယ္ အဲဒီတုန္းကေတာင္ သူ႔ကိုျပန္ထိုးျပန္႐ိုက္လာခဲ့တာ ဒီေလာက္ကေတာ့ မေၾကာက္တတ္ပါဘူး"

" မင္းက ပါရမီရွိၿပီးသားပါ ဒီကိစၥေတြၿပီးရင္ မင္းတစ္ေယာက္ထဲ ထြက္ရပ္လမ္းစဥ္ကို က်င့္ရေတာ့မွာေနာ္ "

" ဟင္ ဦးႀကီးတို႔ကဘယ္သြားၾကမလို႔လဲ ကြၽန္ေတာ္နဲ႔တူတူသြားမွာမဟုတ္ဘူးလား"

" မဟုတ္ဘူးေကာင္ေလး မင္းရဲ႕ဘဝသတ္မွတ္ခ်က္က ကိုယ့္လမ္းကိုယ္ေဖာက္ရမယ့္ကံျဖစ္ေနတယ္ အခုက အစျဖစ္လို႔ မင္းကိုထိန္းေက်ာင္းေပးေနတာ မင္းရဲ႕ဇာတာတြက္ခ်က္မႈအရ မင္းမွာေ႐ြးခ်ယ္ရမယ့္လမ္းႏွစ္ခုရွိေနတယ္ အဲဒီႏွစ္ခုက ဘာေတြလဲဆိုတာ တစ္ေန႔မင္းသိလာမွာပါ အဲဒီအခ်ိန္ငါတို႔လဲ ရွိခ်င္မွရွိေတာ့မွာ မင္းအဆင္သင့္ျဖစ္ၿပီလား ျဖစ္ရင္စၾကရေအာင္"

‌သက္ခိုင္စကားေၾကာင့္ ေမာင္စမက ေခါင္းကိုညိမ့္ျပလိုက္တယ္။ ႐ြာအျပင္ကိုေရာက္ေတာ့ ႐ြာေစာင့္နတ္ကိုႏႈတ္ဆက္ၿပီး ခရီးဆက္လာခဲ့တာ ညမိုးခ်ဳပ္တဲ့အခ်ိန္ကိုေရာက္လာခဲ့တယ္။

" ေမွာင္လဲေမွာင္ေနၿပီဆို‌ေတာ့အေရွ႕က လယ္ေစာင့္တဲေလးမွာနားၿပီး လုပ္ငန္းစၾကတာေပါ့ "

သက္ခိုင္စကားေၾကာင့္ ေတာက္ရက လြယ္အိတ္ထဲမွာပါလာတဲ့ ဖေယာင္းတိုင္အတိုေလးေတြကိုထုတ္လိုက္ၿပီး လယ္ေစာင့္တဲပတ္ပတ္လည္မွာ ထြန္းလိုက္တယ္။

" ေမာင္စမ ဒီနားလာဦး"

သက္ခိုင္စကားေၾကာင့္ ေမာင္စမက အနားကပ္လာၿပီး

" ဘာျဖစ္လို႔လဲ ဦးႀကီး"

" မင္းေရွ႕ဆက္ ခုႏွစ္ရက္သားသမီးေတြကို ကူညီတဲ့အခါ အရင္ဆုံးလုပ္ရမယ့္အလုပ္က ငါးပါးသီလခံယူရမယ္ ၿပီးမွ ငါေျပာျပထားသလို တိုင္တည္ရမယ္ အခုပထမဆုံးအေလ့အက်င့္ျဖစ္ေအာင္ ငါးပါးသီလယူကြာ "

သက္ခိုင္စကားေၾကာင့္ ေမာင္စမက ေနထြက္ရာအရပ္ကိုမ်က္ႏွာမူလိုက္ၿပီး ငါးပါးသီလခံယူလိုက္တယ္။ သီလယူၿပီးတာနဲ႔မ်က္လုံးကိုစုံ
မွိတ္လိုက္တဲ့အခ်ိန္

" သာသနာေစာင့္နတ္မင္းႀကီးေလးပါးနဲ႔ ပညာသင္ၾကားေပးပါေသာဆရာမ်ားအားလုံးကိုတိုင္တည္ပါသည္ အထက္ဆရာႀကီးမ်ားရဲ႕အမိန႔္အာဏာအတိုင္း ဤ၏အမိန႔္အာဏာတည္ၿမဲပါေစ အထက္ဆရာႀကီးမ်ားရဲ႕အစြမ္းမ်ားအတိုင္း ဤ၏အစြမ္းသည္ ထက္ျမက္ပါေစ ဆရာသခင္အေပါင္းအားဦးထိပ္ထားလ်က္ ဤအမိန႔္ျပန္လိုက္သည္ ဦးေခါင္းတြင္ပုဆိန္စိုက္ဝင္လ်က္ရွိသည့္ ပုဂၢိဳလ္ကြၽႏ္ုပ္အေရွ႕သို႔ မဆိုင္းမတြပဲ အျမန္ဆုံးလာေရာက္ေစ" ဆိုတဲ့စကားေတြက မစဥ္းစားထားပဲႏႈတ္ကေန အလိုအေလ်ာက္ထြက္သြားခဲ့တယ္။

ေမာင္စမလဲစကားအဆုံးမွာ မ်က္စိျပန္ဖြင့္ၾကည့္လိုက္ေတာ့ လယ္ကန္သင္း႐ိုးထဲကေန ဝူးဝူးဝါးဝါးေအာ္ဟစ္ၿပီးေျပးလာေနတဲ့ အရိပ္တစ္ခုကိုလွမ္းျမင္လိုက္ရတယ္။

အေမွာင္ထုထဲကေနေျပးလာေနတဲ့အရာက လယ္ေစာင့္တဲနဲ႔မလွမ္းမကမ္းလဲေရာက္ေတာ့ ‌အေရွ႕ဆက္မတိုးလာေတာ့ပဲ ေက်ာေပးကာထိုင္ခ်ကာ ဝမ္းေခါင္းသံႀကီးနဲ႔

" က်ဳပ္ကိုေခၚတာ ဘာလုပ္ဖို႔လဲ"

ေမာင္စမလဲ ေက်ာေပးထိုင္ေနတဲ့သူကိုၾကည့္ၿပီး
" မင္းက ေခါင္ရမ္းပန္းစိုက္ထားတဲ့အိမ္ကို အေႏွာက္အယွက္ေပးေနတဲ့သူလား" လို႔ေမးလိုက္ေတာ့ ေဆာင့္ေၾကာင့္ထိုင္ေနတဲ့သူက

" ဟုတ္တယ္ က်ဳပ္ကအဲဒီအိမ္မွာရွိေနတဲ့သူပဲ ခင္ဗ်ားတို႔လုပ္လို႔အခုက်ဳပ္ေနစရာမရွိေတာ့ဘူး က်ဳပ္ကိုေနစရာတစ္ခုေပးပါ "

" မင္းက သူတစ္ပါးကိုဒုကၡေပးေနတာေလ ေနစရာေပးရင္လဲ ဒီလိုပဲ လုပ္ေနဦးမွာမဟုတ္လား"

" က်ဳပ္‌ေနစရာတစ္ခုရရင္ ေက်နပ္ၿပီ ဘယ္သူ႔ကိုမွဒုကၡလဲမေပးေတာ့ဘူး ဒါေပမယ့္က်ဳပ္ကိုခိုင္းစားေနတဲ့အရာႀကီးကိုေတာ့ ဖယ္ရွားေပးပါ"
" မင္းကိုခိုင္းစားေနတဲ့အရာဆိုတာ ဘာကိုေျပာတာလဲ"

" ဆရာေလးအခုျမင္ေနရတဲ့က်ဳပ္ေခါင္းေပၚကပုဆိန္ကိုႏႈတ္ေပးပါ ဒီပုဆိန္မရွိတာနဲ႔ က်ဳပ္လြတ္လပ္ၿပီ "

" ဒါဆိုရင္ ဘယ္လိုကူညီရမလဲဆိုတာေျပာတာ ကူညီႏိုင္ရင္ကူညီေပးပါ့မယ္"

" ဆရာေလးရဲ႕လက္နဲ႔ ေခါင္းေပၚကပုဆိန္ကိုဆြဲႏႈတ္ေပးပါ ဒါကိုဆရာေလးကိုယ္တိုင္လုပ္မွရမွာေနာ္"

ေက်ာေပးကာေဆာင့္ေၾကာင့္ထိုင္ေနတဲ့သူရဲ႕စကားေၾကာင့္ သက္ခိုင္နဲ႔ ေတာက္ရမ်က္လုံးေတြက ေဘးဘီဝဲယာကို အမွတ္မထင္ၾကည့္လိုက္မိတယ္။

အဲဒီအခ်ိန္ေမာင္စမက ဦးေခါင္းမွာစိုက္ေနတဲ့ ပုဆိန္ကိုႏႈတ္ေပးဖို႔ ထဖို႔လုပ္တဲ့အခ်ိန္

" ေမာင္စမ မင္းကိုလွည့္စားဖို႔ လုပ္ေနတာ သူေျပာတာကိုမယုံနဲ႔ ဒီေလာကသားေတြရဲ႕စကားကို ဘယ္ေတာ့မွအႂကြင္းမဲ့မယုံၾကည္ရဘူး ကိုယ့္ဘက္ကအကာအကြယ္တစ္ခုအရင္လုပ္ရတယ္ အခုခ်က္ခ်င္းတဲေအာက္က ေျမႀကီးကိုေကာက္လိုက္" ဆိုတဲ့အသံေၾကာင့္ ေမာင္စမဆက္မသြားေတာ့ပဲ တဲေအာက္မွာရွိေနတဲ့ ေျမမႈန္ေျမစေတြကိုေကာက္ကိုင္လိုက္တဲ့အခ်ိန္မွာပဲ

" မင္းလက္ထဲက ေျမႀကီးေတြကို ႏႈတ္ခမ္းနားေတ့ၿပီး တစ္ခုခုကိုသစၥာဆိုပါ သစၥာဆိုတဲ့အရာကလဲ မင္းအမွန္တကယ္လုပ္ခဲ့အရာျဖစ္ရမယ္" ဆိုတဲ့အသံတစ္ခုကိုထပ္ၾကားလိုက္ရတယ္။

ေမာင္စမလဲ အသံၾကားတဲ့အတိုင္း ေျမမႈန္ေတြကိုပါးစပ္နားေတ့ၿပီး
" ဤသည္ သိတတ္စအ႐ြယ္ထဲက အသားငါးလုံးဝစားသုံးျခင္းမျပဳခဲ့ပါ ဤသစၥာစကားမွန္ကန္ပါက လက္ထဲတြင္ရွိေသာ ေျမမႈန္မ်ားသည္ အမွားအမွန္ကိုခြဲျခားေပးႏိုင္တဲ့ေျမမႈန္မ်ားျဖစ္ပါေစ" လို႔အဓိဌာန္လိုက္တယ္။

ေမာင္စမ အဓိဌာန္အၿပီးမွာ
" သာဓု သာဓု သာဓု မင္းရဲ႕သစၥာေအာင္ျမင္တယ္ အခုခ်က္ခ်င္းလက္ထဲက ေျမမႈန္နဲ႔ အေရွ႕မွာရွိေနတဲ့သူကိုပစ္လိုက္ပါ သူ႔ဘက္ကအမွန္တကယ္အသုံးခ်ခံျဖစ္ေနတယ္ဆိုရင္ ဘာကိုမွခံစားရမွာမဟုတ္ဘူး သူလိမ္ညာခဲ့တယ္ဆိုရင္ေတာ့ ျပင္းထန္တဲ့အပူဒဏ္ကိုသူခံစားရလိမ့္မယ္ " ဆိုတဲ့အသံကိုထပ္မံၾကားလိုက္ရျပန္တယ္။

ေမာင္စမလဲ နားထဲမွာၾကားတဲ့အတိုင္း လက္ထဲကေျမမႈန္ကို မလွမ္းမကမ္းမွာရပ္ေနတဲ့သူဆီပစ္ထည့္လိုက္ရာ

" အား ပူတယ္ ပူတယ္ ေၾကာက္ပါၿပီ မလိမ္ရဲေတာ့ပါဘူး ေျမမႈန္ေတြကိုဖယ္ေပးပါ မလိမ္ရဲေတာ့ပါဘူး အမေလး ေသပါၿပီ ပူတယ္ ပူတယ္" ဆိုၿပီးကန္သင္း႐ိုးေတြေပၚမွာ ေျပးလႊားေနတာကို ေတြ႕လိုက္ရတယ္။

ေမာင္စမလဲ ဘာမွမဟုတ္တဲ့ေျမမႈန္ေလးက သစၥာေၾကာင့္အစြမ္းထက္သြားပုံကိုျမင္ၿပီး တအံ့တဩျဖစ္ေနတဲ့အခ်ိန္

" အမွန္တိုင္းထြက္ဆိုခိုင္း သူလိမ္ေျပာေနသေ႐ြ႕ ပူေလာင္တဲ့ဒဏ္ကိုခံေနမယ္ အမွန္ေျပာတဲ့အခ်ိန္က်ရင္ေတာ့ အပူဒဏ္ေပ်ာက္ကြယ္သြားလိမ့္မယ္" ဆိုတဲ့အသံကိုၾကားလိုက္ရတယ္။

ေမာင္စမလဲ အသံၾကားတဲ့ေနာက္မွာ ေျခဦးတည့္ရာေျပးလႊားေနတဲ့သူကိုၾကည့္ၿပီး

" သင္အပူဒဏ္ကလြတ္ခ်င္ရင္ က်ဳပ္ကိုအမွန္တိုင္းဖြင့္ေျပာပါ ဒါဆိုသင္ခံစားေနရတဲ့ေဝဒနာကေနလြတ္ေျမာက္ပါလိမ့္မယ္" လို႔ေျပာလိုက္ေတာ့ ေျပးလႊားေနတဲ့သူက ေမာင္စမအေရွ႕မွာ ဒူးေထာက္ထိုင္ခ်လိုက္ၿပီး

" က်ဳပ္လိမ္ညာေျပာခဲ့မိပါတယ္ က်ဳပ္ေခါင္းေပၚကပုဆိန္က က်ဳပ္အတိတ္ဘဝက ဝဋ္ေႂကြးပါ ဒီပုဆိန္ကိုဆြဲႏႈတ္လဲ က်ဳပ္မလြတ္ေျမာက္ပါဘူး က်ဳပ္ကိုခြင့္လြတ္ပါ "

" သင့္႐ုပ္ရည္က ျမင္ရက္စရာမရွိေအာင္ ဆိုး႐ြားလြန္းေနတယ္ ဘယ္လိုဝဋ္ေႂကြးေၾကာင့္ အခုလိုဒုကၡေတြခံေနရတာလဲ"

" က်ဳပ္အရင္ဘဝက ေတာလိုက္မုဆိုးတစ္ေယာက္ပါ ရသမွ်သားေကာင္ငယ္ေတြကို ဒီပုဆိန္နဲ႔ခုတ္ထစ္သတ္ျဖတ္ၿပီး ျပန္ေရာင္းခဲ့ပါတယ္ တစ္ေန႔မွာေတာ့ ထန္းေတာမွာမူးၿပီးရန္ျဖစ္ရာကေန တစ္ဖက္လူက က်ဳပ္ပုဆိန္နဲ႔က်ဳပ္ကိုျပန္ခုတ္လို႔ ေသခဲ့ရပါတယ္ က်ဳပ္ေသေတာ့ မုဆိုးဘဝကလုပ္ခဲ့တဲ့ဝဋ္ေႂကြးေတြေၾကာင့္ ဦးေခါင္းထက္မွာ ပုဆိန္စိုက္ေနတဲ့ သရဲျဖစ္ေနရတာပါ "

" သင့္အျဖစ္ကလဲ ဆိုးလြန္းပါတယ္ ဒါေပမယ့္ သင္က ဘာေၾကာင့္ ‌႐ြာထဲကအိမ္ကိုေရာက္ေနရတာလဲ ဘာေၾကာင့္သူတစ္ပါးကိုေႏွာက္ယွက္ရတာလဲ"

" အဲဒါကေတာ့ က်ဳပ္ဆႏၵမပါပဲ ေစခိုင္းခံရတာပါ က်ဳပ္ေသေတာ့ အစိမ္းေသျဖစ္တဲ့အတြက္ အေလာင္းကို႐ြာထဲအဝင္မခံပဲ ႐ြာျပင္မွာတစ္ညထုတ္ထားခဲ့တယ္ အဲဒီမွာ ေအာက္လမ္းပညာသည္တစ္ေယာက္က က်ဳပ္ရဲ႕လက္သည္းေျခသည္း‌၊ ေခါင္းကက်ေနတဲ့ေသြးစက္အခ်ိဳ႕နဲ႔ ဆံပင္ေတြကိုျဖတ္ေတာက္ယူသြားၿပီး သူတို႔လက္ေအာက္ခံအျဖစ္ခိုင္းစားခဲ့ပါတယ္ ဒါေၾကာင့္ က်ဳပ္အတြက္ဆြမ္းသြပ္တဲ့အခ်ိန္ သာဓုေခၚခြင့္မရခဲ့ပါဘူး ဆရာေလးကိုလိမ္ညာခဲ့မိတာကိုလဲခြင့္လႊတ္ေပးပါ ဒီေလာက္လဲအစြမ္းရွိမယ္မထင္ထားခဲ့လို႔လိမ္ခဲ့မိတာပါ"

" ဒါဆိုရင္ သင္လြတ္ေျမာက္ဖို႔အတြက္ သင့္ကိုခ်ဳပ္ေႏွာင္ဖမ္းဆီးထားသူကအဓိကက်ေနတာေပါ့"

" ဟုတ္ပါတယ္ ဆရာေလး သူ႔မွာ က်ဳပ္အေသြး၊ ဆံပင္၊ ေျခသည္းလက္သည္းေတြပါတဲ့အ႐ုပ္တစ္႐ုပ္ရွိပါတယ္ အဲဒီအ႐ုပ္ကို မီးရႈိ႕ပစ္မွ က်ဳပ္လြတ္ေျမာက္မွာပါ"

" ဒါဆိုရင္ သင့္ကိုခ်ဳပ္ေႏွာင္ထားသူေနရာေလးေျပာပါ က်ဳပ္ကူညီေပးပါ့မယ္ ဒီအတြက္သင္ကလဲတစ္ခုျပန္ကူညီရပါမယ္"

" ဆရာေလး ခိုင္းသမွ် လုပ္ပါ့မယ္ က်ဳပ္ကိုခိုင္းေစတဲ့သူက တဲပုတ္႐ြာမွာေနပါတယ္ သူ႔နာမည္က ေဒၚဝါစိန္လို႔ေခၚတယ္ "

" ဒီေလာက္သိရရင္ ရပါၿပီ အခုသင္လုပ္ရမွာက မည္သူ႔ကိုမွဒုကၡမေပးဖို႔ပါပဲ က်ဳပ္တို႔ထြက္သြားရင္ ႐ြာေစာင့္နတ္ဆီကိုသြားပါ သူက သင့္ကိုေနစရာတစ္ခုစီစဥ္ေပးပါလိမ့္မယ္"

" ေက်းဇူတင္ပါတယ္ဆရာေလး က်ဳပ္ေကာင္းေကာင္းမြန္မြန္ေနပါ့မယ္ ႐ြာေစာင့္နတ္ေျပာစကားလဲနားေထာင္ပါ့မယ္" လို႔ေျပာၿပီး ႐ြာဘက္ကိုထြက္သြားခဲ့တယ္။

ေမာင္စမလဲ ႐ြာဘက္ကိုထြက္သြားတဲ့သူကိုၾကည့္ေနတဲ့အခ်ိန္ တဲအိမ္ေဘးကေန
အျဖဴေရာင္အလင္းတန္းတစ္ခုထြက္ေပၚလာခဲ့ၿပီး

" သာဓု သာဓု သာဓု ေလာကတစ္ခြင္ကို အလင္းေဆာင္မယ့္ အမ်ိဳးေကာင္းသားေလးရဲ႕ ပထမေျခလွမ္းကေအာင္ျမင္ခဲ့ၿပီ" ဆိုတဲ့အသံထြက္လာခဲ့တယ္။

ေမာင္စမလဲ အသံၾကားရာ အလင္းတန္းေတြဆီကိုၾကည့္လိုက္ေတာ့ ဝတ္ျဖဴစင္ၾကယ္ကိုယ္စီဝတ္ထားတဲ့လူသုံးေယာက္ကိုေတြ႕လိုက္ရတယ္။

" ဦးဦး ဟာ ဦးႀကီးတို႔ႏွစ္ေယာက္က ဘယ္အခ်ိန္အဝတ္လဲလိုက္ၾကတာလဲ ခုနက တဲအိမ္ေပၚကေနၾကည့္ေနတာမဟုတ္ဘူးလား"

ေမာင္စမရဲ႕စကားကို သက္ခိုင္နဲ႔ေတာက္ရရဘာမွမေျပာပဲေနတဲ့အခ်ိန္ ေအာင္ျမတ္သာက

" ေမာင္စမေလး မင္းက အခုဆိုရင္ ဆရာေတာ္ဘုရားရဲ႕ပညာထက္မနိမ့္တဲ့ ပညာကိုအေမြဆက္ခံထားၿပီးျဖစ္တယ္ ပညာရပ္ေတြကို ဘယ္လိုအသုံးခ်ရမလဲဆိုတာလဲ တစ္ေျဖးေျဖးနားလည္လာလိမ့္မယ္ မင္းကိုမည္သည့္ ေအာက္လမ္း၊ ကေဝ၊ စုန္းတိုက္ ၊နတ္တိုက္၊ ေဇာ္ဂနီ ၊ ေဇာ္ဂနက္ေတြကမွ ထိခိုက္ေအာင္မလုပ္ႏိုင္ေတာ့ဘူး ဒီပညာနဲ႔ လူေတြရဲ႕ဒုကၡေတြကို ကယ္တင္ေပးပါ သင္ဟာ က်ဳပ္ထက္ေတာ္တဲ့ပါရမီရွင္တစ္ေယာက္ျဖစ္လာၿပီး က်ဳပ္ကိုယ္တိုင္ဦးခ်ကန္ေတာ့ရတဲ့သူတစ္ေယာက္ျဖစ္ေအာင္ႀကိဳးစားပါ "

" ဒါဆို ဦးဦးတို႔က ဘယ္သြားၾကမလို႔လဲ ကြၽန္ေတာ္နဲ႔မလိုက္ေပးေတာ့ဘူးေပါ့"

" ငါတို႔လိုက္ေပးလို႔မရေတာ့ဘူး မင္းဘဝမင္းဆက္ေလ်ာက္ရလိမ့္မယ္ မင္းအတြက္အခက္အခဲတစ္စုံတစ္ခုရွိလာခဲ့ရင္ ငါ့ကိုစိတ္ထဲကေနလွမ္းေခၚလိုက္ပါ အေရာက္လာခဲ့ပါ့မယ္"

" ဦးႀကီးတို႔လဲ ကြၽန္ေတာ္နဲ႔အတူမရွိေတာ့ဘူးေပါ့"

" ေရစက္မကုန္ေသးရင္ ျပန္ေတြ႕ၾကတာေပါ့ ေကာင္ေလး"

ေမာင္စမလဲ ေအာင္ျမတ္သာတို႔ကိုၾကည့္ၿပီး ဝမ္းနည္းမ်က္ရည္က်လာေပမယ့္ စိတ္ကိုတင္းၿပီး က်လာတဲ့မ်က္ရည္ေတြကို သုတ္ပစ္လိုက္ကာ

" ငါသည္ ခုႏွစ္ရက္သားသမီးတို႔အတြက္သာျဖစ္ရမည္
ငါသည္ ခုႏွစ္ရက္သားသမီးတို႔အတြက္သာျဖစ္ရမည္
ငါသည္ ခုႏွစ္ရက္သားသမီးတို႔အတြက္သာျဖစ္ရမည္" ဆိုၿပီးသုံးႀကိမ္တိတိေအာ္လိုက္တဲ့အခ်ိန္မွာပဲ ေအာင္ျမတ္သာ၊ သက္ခိုင္နဲ႔ ေတာက္ရတို႔က လယ္ေစာင့္တဲေဘးကေန လက္ျပႏႈတ္ဆက္ကာထြက္ခြာသြားခဲ့ၾကတယ္။
+++++++++++++
ဒီအျဖစ္အပ်က္ေတြျဖစ္ပြားၿပီး ႏွစ္ေပါင္၃၀ေလာက္အၾကာမွာေတာ့ ပဲခူး႐ိုးမေတာင္ေျခအနီးတစ္ဝိုက္နယ္ေတြမွာ ေမာင္စမဆိုတဲ့နာမည္က မသိသူမရွိေလာက္ေအာင္ တန္ခိုးထြားလာခဲ့တယ္။ ၾကမ္းေပ့ရမ္းေပ့ဆိုတဲ့သိုက္ေစာင့္ေတြ၊ နာနာဘာဝေတြအျပင္ စုန္းကေဝအမ်ိဳးမ်ိဳးကို ေခါင္းမေထာင္ႏိုင္ေအာင္ တစ္ဦးထဲႏွိမ္ႏွင္းခဲ့တယ္။ ေနာက္ပိုင္းမွာ ေမာင္စမဆိုတဲ့ပုဂၢိဳလ္က လူျမင္ကြင္းကေန႐ုတ္တရက္ေပ်ာက္ကြယ္သြားခဲ့တယ္။ အခ်ိဳ႕ေတြေျပာက်တာေတာ့ ထြက္ရပ္ေပါက္သြားတယ္ဆိုၿပီးေျပာၾကသလို၊အခ်ိဳ႕ေတြကေတာ့ ရဟန္းဝတ္သြားတယ္ဆိုၿပီးေျပာၾကတာေတြလဲရွိခဲ့တယ္။ ဒါေပမယ့္ ဘယ္သူမွတိတိက်က်မသိခဲ့ၾကဘူး။ တစ္ရက္မွာေတာ့ ေမာင္စမဆိုတဲ့ အထက္လမ္းဆရာတစ္ေယာက္အေၾကာင္းက နားစြန္နားဖ်ားေပါက္ထြက္လာခဲ့တယ္။ ဒီအေၾကာင္းကိုသိခ်င္တဲ့႐ြာသားေတြက ေမာင္စမအေၾကာင္းေျပာတဲ့ပုဂၢိဳလ္ကိုလိုက္ရွာၾကတဲ့အခါ မထင္မရွားေက်း႐ြာေလးတစ္ခုရဲ႕ ဘုန္းႀကီးေက်ာင္းမွာသီတင္းသုံးေနၾကတဲ့ ဥဴးဇင္းႀကီးႏွစ္ပါးဆီက ၾကားရတယ္လို႔သိခဲ့ရတယ္။ အခ်ိဳ႕ကလဲ ေမာင္စမအေၾကာင္းေရးထားတဲ့မွတ္စုစာအုပ္ကို ဘုရားေစတီတစ္ဆူဆူမွာထည့္ၿပီးဌာပနာခဲ့တယ္လို႔လဲ ေျပာစမွတ္ကွိခဲ့ၾကတယ္။

သိခ်င္တဲ့သူေတြ ေမးျမန္းခ်င္တဲ့သူေတြ ဥဴးဇင္းႀကီးႏွစ္ပါးေနတဲ့ေက်ာင္းကိုေရာက္ရင္ ဦးဇင္းႀကီးႏွစ္ပါးကိုေက်ာင္းမွာမေတြ႕ရေတာ့ဘူး။ ဒီလိုနဲ႔ေမာင္စမဆိုတဲ့ အထက္လမ္းဆရာဇာတ္လမ္းက‌လဲ အစေပၚမလိုလိုနဲ႔ ျပန္လည္ႏွစ္ျမဳပ္ခဲ့ရတယ္။
++++++++++++

ေက်ာင္းႀကီးပိတ္ကာလျဖစ္တဲ့အတြက္ ႐ြာထဲမွာရွိတဲ့ကေလးေတြအားလုံးက ေဆာ့ကစားဖို႔အတြက္ အရိပ္အာဝါသေကာင္းတဲ့ ႐ြာဦးဘုန္းႀကီးေက်ာင္းကို ေ႐ြးခ်ယ္တတ္ၾကတယ္။

" ႀကိဳးခုန္ၾကမလား ဥဖမ္းတမ္းကစားၾကမလား"

ဆံပင္က်စ္ဆံျမႇီးက်စ္ထားတဲ့ေကာင္မေလးရဲ႕စကားေၾကာင့္ ဇီးျဖဴသီးပင္ေအာက္မွာထိုင္ေနတဲ့ေကာင္ေလးက

" နင္တို႔ေျပာတဲ့ကစားနည္းက ေခြၽးထြက္တယ္ ေနကလဲပူတာနဲ႔ အဲဒါေတြေဆာ့မေကာင္းပါဘူးဟာ"

" ဒါဆိုနင္ကဘာတမ္းေဆာ့မလို႔လဲ"

" သရဲပုံျပင္ေျပာတမ္းေဆာ့မယ္ နင္တို႔သိရာ တစ္ခုစီေျပာျပေပါ့ဟာ ငါလဲသိတာေျပာျပမယ္"

" ေအး အဲဒီအႀကံေကာင္းတယ္ ငါအရင္ေျပာျပမယ္ နင္တို႔ကနားေထာင္ေပါ့"

က်စ္ဆံျမႇီးနဲ႔ေကာင္မေလးက သူသိထားတဲ့ပုံျပင္ေလးေတြေျပာျပတဲ့အခ်ိန္ ေဘးမွာရွိေနတဲ့ ကေလးေတြကလဲ စိတ္ဝင္တစားနားေထာင္ေနၾကတယ္။

" ဟိတ္ ဟိုကေလးေတြ ဘာေတြေျပာေနၾကတာလဲ" ဆိုတဲ့အသံေၾကာင့္ ၾကည့္လိုက္ေတာ့ အသက္ရွစ္ဆယ္အ႐ြယ္ ဦးဇင္းႀကီးႏွစ္ပါးကိုေတြ႕လိုက္ရတယ္။

" ဥဴးဇင္းႀကီး ေန႔လည္ဘက္မက်ိမ္းဘူးလား"

မက်ိမ္းပါဘူးကြယ္ မင္းတို႔သရဲပုံျပင္ေျပာေနၾကတယ္ဆိုလို႔ လာနားေထာင္တာ"

" ဟား ဥဴးဇင္းႀကီးတို႔က ပိုၿပီးေျပာတတ္မွာေပါ့ သမီးတို႔က ၾကားဖူးနားဝေတြကိုေလ်ာက္ေျပာေနတာ"

" ဒါျဖင့္ရင္ ဥဴးဇင္းႀကီးတို႔ေျပာျပတဲ့ပုံျပင္ကို နားေထာင္ၾကမလား"

" နားေထာင္မယ္ေလ ဘာပုံျပင္ေျပာျပမွာလဲ"

" ပုံျပင္ေတာ့မဟုတ္ဘူးကြယ့္ တကယ့္အျဖစ္အပ်က္ေတြလို႔ေျပာရမယ္ ေတဇနိယ ငါဘယ္ကေနစေျပာရမလဲ"

ဥဴးဇင္းႀကီးစကားေၾကာင့္ အနားမွာပါလာတဲ့ ဥဴးဇင္းေတဇနိယက

" ကေလးေတြဆိုေတာ့ နားလည္လြယ္တဲ့ ဇာတ္လမ္းအရင္ေျပာျပသင့္တာေပါ့ ဟိုေလ မုန္ယိုေနတဲ့ဆင္ကို မေကာင္းတဲ့နာနာဘာဝေတြ တက္စီးၿပီး လူေတြကိုသတ္တဲ့အေၾကာင္း ေျပာျပရင္မေကာင္းဘူးလား"လို႔ေျပာလိုက္ေတာ့ ကေလးေတြက

" အဲဒီအေၾကာင္းေျပာျပပါ ဥဴးဇင္းႀကီး "ဆိုၿပီးဂ်ီက်ပါေလေရာ။

" ကဲ ဟုတ္ပီ မင္းတို႔နားေထာင္ခ်င္တယ္ဆိုရင္ေျပာျပေပးမယ္ ဒါပမက်ိမ္းပါဘူးကြယ္ မင္းတို႔သရဲပုံျပင္ေျပာေနၾကတယ္ဆိုလို႔ လာနားေထာင္တာ"

" ဟား ဥဴးဇင္းႀကီးတို႔က ပိုၿပီးေျပာတတ္မွာေပါ့ သမီးတို႔က ၾကားဖူးနားဝေတြကိုေလ်ာက္ေျပာေနတာ"

" ဒါျဖင့္ရင္ ဥဴးဇင္းႀကီးတို႔ေျပာျပတဲ့ပုံျပင္ကို နားေထာင္ၾကမလား"

" နားေထာင္မယ္ေလ ဘာပုံျပင္ေျပာျပမွာလဲ"

" ပုံျပင္ေတာ့မဟုတ္ဘူးကြယ့္ တကယ့္အျဖစ္အပ်က္ေတြလို႔ေျပာရမယ္ ေတဇနိယ ငါဘယ္ကေနစေျပာရမလဲ"

ဥဴးဇင္းႀကီးစကားေၾကာင့္ အနားမွာပါလာတဲ့ ဥဴးဇင္းေတဇနိယက

" ကေလးေတြဆိုေတာ့ နားလည္လြယ္တဲ့ ဇာတ္လမ္းအရင္ေျပာျပသင့္တာေပါ့ ဟိုေလ မုန္ယိုေနတဲ့ဆင္ကို မေကာင္းတဲ့နာနာဘာဝေတြ တက္စီးၿပီး လူေတြကိုသတ္တဲ့အေၾကာင္း ေျပာျပရင္မေကာင္းဘူးလား"လို႔ေျပာလိုက္ေတာ့ ကေလးေတြက

" အဲဒီအေၾကာင္းေျပာျပပါ ဥဴးဇင္းႀကီး "ဆိုၿပီးဂ်ီက်ပါေလေရာ။

" ကဲ ဟုတ္ပီ မင္းတို႔နားေထာင္ခ်င္တယ္ဆိုရင္ေျပာျပေပးမယ္ ဒါေပမယ့္ေက်ာင္းပိတ္ရက္တစ္ရက္ကိုတစ္ပုဒ္ပဲေျပာျပမွာေနာ္ နားေထာင္ၿပီးရင္ မင္းတို႔က ဘုန္းႀကီးေက်ာင္းသန႔္ရွင္းေရးကူလုပ္ေပးရမယ္"

" လုပ္ေပးမယ္ ေျပာျပပါေတာ့ သိခ်င္လွၿပီ"

" ဒီဇာတ္လမ္းကို ေျပာရင္ ဇာတ္လမ္းမွာအဓိကပါဝင္သူကိုမင္းတို႔သိထားဖို႔လိုတယ္ သူ႔နာမည္က ေအာင္ျမတ္သာတဲ့ သူက အရမ္းလဲေခ်ာတယ္၊ အရမ္းလဲေတာ္တယ္၊ အရမ္းလဲစြမ္းတယ္၊ သူနဲ႔ေတြ႕ရင္ ဘယ္ေလာက္ၾကမ္းပါတယ္ ဆိုးပါတယ္ ရမ္းပါတယ္ဆိုတဲ့ သရဲေတြ တေစၦေတြအျပင္ စုန္းကေဝေတြကပါ အရႈံးေပးၾကရတယ္။ ဒါတင္ပဲလားဆိုေတာ့ မဟုတ္ေသးဘူး ခိုးယူလုယက္သူေတြကလဲ သူ႔ကိုေၾကာက္ရတယ္ ။ သူ႔မွာသက္ခိုင္နဲ႔ ေတာက္ရဆိုတဲ့ တပည့္ႏွစ္ေယာက္လဲရွိေသးတယ္ မင္းတို႔စိတ္ဝင္စားၾကရဲ႕လား"

" အရမ္းစိတ္ဝင္စားသြားၿပီ ဥဴးဇင္းႀကီး ေျပာျပပါေတာ့ "

ဆူညံပြက္ေလာ႐ိုက္သြားတဲ့ကေလးေတြရဲ႕ ေအာ္သံေၾကာင့္ ဥဴးဇင္းႀကီးက

" ကဲကဲ အားလုံးနားေထာင္ၾက
လြန္ခဲ့တဲ့ႏွစ္ေပါင္း၃၀ေလာက္က " ဆိုၿပီးအစခ်ီကာ ဇာတ္လမ္းတစ္ပုဒ္ကိုေျပာျပခဲ့တယ္။

ဇာတ္လမ္းရဲ႕နာမည္က
"ေအာင္ျမတ္သာႏွင့္ ေသသူစီးသည့္ဆင္" ပဲျဖစ္ပါတယ္။

စာဖတ္သူေတြလဲ ဥဴးဇင္းႀကီးႏွစ္ပါးေျပာျပမယ့္ဇာတ္လမ္းေတြကိုေစာင့္ေမွ်ာ္ေပးၾကပါဦးေနာ္။

ေလးစားစြာျဖင့္
ေဇယန(ရာမည)

No comments

Post a Comment