အောင်မြတ်သာနှင့်နဂါးနက်တောင်

  အောင်မြတ်သာနှင့်နဂါးနက်တောင် " သန်းတင် မိသန်းတင် နာရီကိုကြည့်ဦး မိုးလင်းတော့မယ် အခုထိမထသေးဘူး မြန်မြန်ထစမ်း" မီးဖိုချောင်ကနေ ထွက... thumbnail 1 summary

 အောင်မြတ်သာနှင့်နဂါးနက်တောင်


" သန်းတင် မိသန်းတင် နာရီကိုကြည့်ဦး မိုးလင်းတော့မယ် အခုထိမထသေးဘူး မြန်မြန်ထစမ်း"

မီးဖိုချောင်ကနေ ထွက်လာတဲ့ ဒေါ်ခင်မေမြရဲ့အသံက စိတ်မရှည်ခြင်း၊ ဒေါသထွက်ခြင်းတို့နဲ့ရောနှောနေခဲ့တယ်။

" အင်း အီးး ဝါးး တစ်နေ့တစ်နေ့ ဒီအလုပ်တွေပဲလုပ်နေရတယ် ဘယ်တော့များမှဝဋ်ကြွေကုန်မလဲမသိဘူး အမေလဲ မီးဖိုထဲကနေ အသံပြဲကြီးနဲ့အော်မနေနဲ့ အခုထပြီ"

မိသန်းတင် မကျေနပ်တဲ့လေသံနဲ့ပြောပြီး အိမ်နောက်ဖေးဘက်ကိုထွက်သွားကာ မျက်နှာသစ်သွားတိုက်လိုက်တယ်။

" ဘယ်မှာလဲ ထမင်းထုပ် ဒီနေ့ထင်းသိပ်မရရင် ကျုပ်နဲ့မဆိုင်ဘူးနော် အခုတစ်လောထင်းတွေသိပ်မရတာ အမေသိတယ်မဟုတ်လား"

" နင်ကလေ အလုပ်ဆိုရင် ဘယ်တော့မှ လက်ကြောတင်းအောင်လုပ်ဖူးလို့လဲ သမီးလေးတစ်ယောက်မွေးထားမိပါတယ် ကိုယ်ကပြန်လုပ်ကျွေးရမယ့်ကိန်း သွားတော့ တိုင်ကီအဖုံးပေါ်မှာထမင်းထုပ်တင်ထားတယ်"

မိသန်းတင်လဲ ထရံမှာထိုးထားတဲ့ ဓါးမကိုခါးကြားထဲထိုးထည့်ပြီး ထမင်းထုပ်ကိုယူကာ ဘောက်ဆတ်ဘောက်ဆတ်နဲ့ထွက်လာခဲ့လိုက်တယ်။

ရွာထဲကလူတွေက ဝိရိယရှိစွာနဲ့တောတက်နေတဲ့အချိန် အိပ်ပျော်ကောင်းနေတဲ့ မိသန်းတင်အဖို့ မနက်နေထွက်ချိန်ရောက်တဲ့အထိ ထင်းတစ်စည်းပြည့်အောင်မရသေးဘူး။ ထင်းမရတဲ့အတွက် စိတ်ကတိုလာပြီး ‌လက်ထဲကဓါးမနဲ့တွေ့ရာအပင်တွေကိုလိုက်ခုတ်ရင်း တောတိုးလာခဲ့တာ တစ်ဖြေးဖြေးတောနက်ထဲကိုရောက်လာခဲ့တယ်။

" သောက် တောကလဲ ထူတာပဲရှိတယ် ထင်းစိုက်ဖို့ဘာအပင်မှလဲကောင်းကောင်းကန်းကန်းမရှိဘူး ဒီပုံစံနဲ့အိမ်ပြန်ရင်လဲ အိမ်ကဟာမကြီးက ဆူတာဆဲတာခံရဦးမယ်"

မိသန်းတင်ပြောရင်းဆိုရင်း ကမူလေးတစ်ခုပေါ်မှာထိုင်ချလိုက်ပြီး တောင်ကြည့်မြောက်ကြည့် လှည့်ကြည့်လိုက်တော့ သစ်ခြောက်ပင်တွေထူထပ်စွာရှိနေတဲ့ တောင်တစ်တောင်ကိုတွေ့လိုက်ရတယ်။

" ဟိုအရှေ့ကတောင်ပေါ်မှာဆိုရင်တော့ ထင်းတွေအများကြီးရမှာ ဒါမယ့် ရွာကလူတွေပြောတာတော့ အဲဒီတောင်အနားယောင်လို့တောင်မသွားနဲ့တဲ့ ငါသွားရင်ကောင်းမလား မသွားရင်ကောင်းမလား"

ဝါးတံလေးကိုဘယ်ညာယမ်းပြီး တစ်ယောက်ထဲရေရွတ်ကာ စဉ်းစားလိုက်တယ်။

" သွားမယ်ဟာ ဘာဖြစ်ဖြစ် ဒီတစ်ခါအရဲစွန့်သွားပြီးလို့အဆင်ပြေရင် နောက်ရက်တွေအေးဆေးပဲ "

မိသန်းတင်လဲဖြစ်ချင်ရာဖြစ်ဆိုပြီး ပုဆိုးကြမ်းကိုပခုံးပေါ်တင်၊ ဓါးမကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး မြင်နေရတဲ့တောင်ပေါ်ကိုတက်လာခဲ့လိုက်တယ်။

တောင်ပေါ်စတက်တဲ့အချိန် မီးလောင်ကျွမ်းထားပြီး အခြောက်တိုင်းကျန်ရှိနေတဲ့ သစ်ပင်အချို့ကိုတွေ့လိုက်တော့ မိသန်းတင်ပျော်သွားတယ်။ ဒီလောက်ထင်းပေါတဲ့တောင်ကို ဘာကြောင့်များမလာကြတာလဲလို့တွေးရင်း တောင်ပေါ်ကိုဆက်တက်လာခဲ့လိုက်တယ်။

တောင်အလယ်လောက်ရောက်တော့ ထင်းစိုက်လို့ကောင်းမယ့်အပင်တွေကို ခုတ်ထွင်ကာ တစ်နိုင်သယ်လို့ရလောက်တဲ့အထိ စည်းပြီး ဘေးမှာပုံထားလိုက်တယ်။

ထင်းတွေပေါတဲ့တောင်ဖြစ်လို့ အချိန်ခဏလေးအတွင်းမှာ ထင်းစည်းက ငါးစီးလောက်အထိ ဖြစ်သွားခဲ့တယ်။

" ငါတော့ပွတာပဲဟေ့ နောက်ရက်တွေ ဒီအစည်းတွေကိုတစ်နေ့တစ်စည်းလာသယ်ရုံပဲ လမ်းသွားလမ်းလာလူတွေမသိအောင်ဖွက်ထားခဲ့မှ" ဆိုပြီး လျှော်ကြိုးနဲ့စည်းထားတဲ့ ထင်းစည်းတွေကို ဘေးကခြုံထဲထိုးထည့်ကာအပေါ်ကနေ သစ်ရွက်တွေနဲ့ဖုံးပြီးတဲ့အချိန်

" ဟိုကလေးမ နင်ဘာလုပ်နေတာလဲ"

ရုတ်တရက်ထွက်လာတဲ့အသံကြောင့် မိသန်းတင် အနောက်ကိုလှည့်ကြည့်လိုက်တော့ ဆံပင်ကိုအနောက်မှာစုချည်ထားတဲ့ မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတယ်။ မိသန်းတင်လဲ သူဖွက်ထားတဲ့ထင်းစည်းကိုတွေ့သွားမှာစိုးရိမ်တဲ့အတွက်

" ထင်းခွေနေတာ ရှင်မမြင်ဘူးလား"

နဂိုထဲက စကားပြောရင် နည်းနည်းရိုင်းတတ်တဲ့ မိသန်းတင်စကားကြောင့် ရပ်နေတဲ့မိန်းမကြီးမျက်နှာ တည်သွားပြီး

" ဟဲ့ကောင်မ နင်ကဘာမို့လို့ ငါ့ကိုအခုလိုပြန်ပြောရတာလဲ ငါလုပ်လိုက်ရင် သေတော့မယ် "

" အမလေး လာလုပ်ကြည့်ပါလား ကျုပ်လက်ထဲကိုင်ထားတဲ့အရာက ခုတ်ရင်ပြတ်တဲ့ဓါး ရှင့်လက်တွေခြေတွေမပြတ်ခင် ပြန်လိုက်တော့ ကျုပ်အလုပ်လုပ်နေတာကို မနှောက်ယှက်နဲ့"

"တယ် ရာရာစစ ငါ့လိုလူကိုပြန်ခံပြောရဲတဲ့ နင့်ကသိပ်ကိုသတ္တိရှိနေတာပဲ ဟားဟားဟား ဟဲ့ ကောင်မ နင့်ကိုငါဒီမှာတင်သတ်လိုက်လို့ရတယ် ဒါပေမယ့် ငါမသတ်ဘူး နင့်ပါးစပ်ဒီထပ်မကြမ်းရအောင် ပညာနည်းနည်းပေးလိုက်မယ် " လို့ပြောပြီး မြေကြီးကို လက်ထဲမှာကိုင်ထားတဲ့ တောင်ဝှေးနဲ့ဆောင့်ချလိုက်တဲ့အချိန် မြေကြီးထဲကနေ မီးစတွေထွက်လာပြီး မိသန်းတင်မျက်နှာကိုလာစင်ခဲ့တယ်။

မျက်နှာကိုလာစင်တဲ့မီးစတွေကြောင့် မိသန်းတင်ကြောက်အားလန့်အား အနောက်ကိုဆုတ်လိုက်ချိန်မှာတော့ ခုတ်ထားတဲ့ထင်းပိုင်းအစတွေကိုနင်းမိပြီး အနောက်က သစ်ပင်နဲ့ ခေါင်းနဲ့ဆောင့်မိကာ မေ့မျောသွားခဲ့တယ်။

အချိန်ဘယ်လောက်မေ့မျောသွားတယ်ဆိုတာမသိပဲ ပြန်သတိရလာတော့ နေဝင်ခါနီးဖြစ်နေပြီ။ မိသန်းတင်လဲ သစ်ပင်နဲ့ဆောင့်ထားလို့ နာနေတဲ့ နောက်စေ့ကိုလက်နဲ့ပွတ်ပြီး ဘေးမှာချထားတဲ့ထင်းစည်းကို ခေါင်းပေါ်ရွက်ကာ ရွာကိုပြန်လာခဲ့လိုက်တယ်။

အိမ်ရောက်တော့ ရေမိုးချိုး ထမင်းစားပြီး တစ်နေကုန်ပင်ပန်းတဲ့ဒဏ်၊ သစ်ပင်နဲ့ထိခိုက်မိထားတဲ့ဒဏ်တွေကြောင့် ဖျာပေါ်လှဲချလိုက်တာ ခဏလေးနဲ့အိပ်ပျော်သွားတယ်။ အိပ်ပျော်နေရင်း ဗိုက်ထဲကမခံမရပ်နိုင်အောင် အောင့်လာတဲ့အတွက် အိမ်နောက်ဖေးကို ကမန်းကတမ်းသွားပြီး လက်ထိုးအန်ချလိုက်တော့မှ အနည်းငယ်သက်သာသွားတယ်။

နောက်တစ်နေ့မနက်ကျတော့ မိသန်းတင်တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုဖြစ်နေပြီး အိပ်ယာကနေမထနိုင်တော့ဘူး။ မိသန်းတင်ရဲ့အမေဖြစ်သူကတော့ မနက်စောစောထပြီး ချက်ပြုတ်ပြင်ဆင်ဖို့ အိမ်နောက်ဖေးကွပ်ပြစ်ပေါ်ကနေ ရေလှမ်းခပ်လိုက်တဲ့အချိန် တိုင်ကီပေါ်တင်ထားတဲ့ မီးရောင်ကြောင့် တိုင်ကီဘေးမှာ တွန့်လိမ်တွန့်လိမ်နဲ့လှုပ်နေတဲ့ လောက်အကောင်ပေါင်းများစွာကိုမြင်ပြီး လန့်အော်လိုက်မိတယ်။

" လာကြပါဦး လောက်တွေ အများကြီးပဲ လာကြပါဦး"

မိသန်းတင်အမေရဲ့အော်သံကြောင့် ဘေးပတ်ဝန်းကျင်ကလူတွေနိုးလာပြီး မီးရောင်နဲ့ကြည့်လိုက်တော့ တိုင်ကီအောက်ခြေမှာ အသည်းယားစရာလှုပ်နေကြတဲ့ လောက်အကောင်ပေါင်းများစွာကိုတွေ့လိုက်ရတယ်။

" ညက ဟင်းကျန်တွေကို ဒီမှာပစ်ထားသေးလား"

" မပစ်ပါဘူးတော် ညကဘာဟင်းမှမရှိလို့ ဆီနဲ့မြေပဲနဲ့ပဲစားလိုက်ရတာ "

" ခင်ဗျား သမီးကိုမေးကြည့်ပါဦး ညကသူပြန်လာတာနောက်ကျတယ်မလား စားစရာတစ်ခုခုများဝယ်လာပြီး ပစ်ထားလားဆိုတာ သေချာအောင်အရင်မေးပါဦးဗျာ"

ဒေါ်ခင်မေမြလဲ အိမ်ပေါ်မှာအိပ်နေတဲ့ မိသန်းတင်ကိုနှိုးပြီး

" သန်းတင် ထဦး ညကနင်စားစရာတွေများယူလာသေးလား"

" ဟာ ဘာမှမယူလာပါဘူး ညကအမေပြင်ထားတဲ့ထမင်းပဲစားတာ "

" မယူလာရင် နောက်ဖေးတိုင်ကီနားမှာ လောက်တွေအများကြီးပဲ လာကြည့်ဦး"

ဘေးနားကနေ တတွတ်တွတ်ပြောနေတဲ့ အသံကြောင့် မိသန်းတင် ကပျာကယာထလိုက်ပြီး အိမ်နောက်ဖေးကိုထွက်လာခဲ့လိုက်တယ်။

" ဘယ်မှာတုန်း လောက်တွေက"လို့ပြောလိုက်တဲ့အချိန် မိသန်းတင်ပါးစပ်ထဲကနေ လောက်တွေထွက်ကျလာခဲ့တယ်။

" ဟေ့ ဟေ့ မိသန်းတင်ပါးစပ်ကိုကြည့်စမ်း လောက်တွေမဟုတ်လား "

မီးအိမ်အလင်းရောင်ကြောင့် မိသန်းတင်ပါးစပ်မှာ ကပ်နေတဲ့လောက်တွေကိုမြင်တော့ အကုန်လန့်ပြီးထွက်ပြေးကုန်တယ်။

မိသန်းတင်လဲ သူ့ပါးစပ်ထဲကနေ လောက်တွေ
ထွက်လာတာလဲသိရော ရုတ်တရက်အိမ်ပေါ်ကခုန်ဆင်းကာ ကြောက်လန့်တကြားရွာထဲပတ်ပြေးပါလေရော။

တိတ်ဆိတ်နေတဲ့ရွာလေးက မိသန်းတင်ရဲ့ ကြောက်လန့်တကြားအော်ဟစ်ပြေးလွှားသံ၊ အိမ်နီးနားချင်းတွေရဲ့အော်သံကြောင့် ရုတ်တရက်ကမ္ဘာပျက်သလိုဆူညံသွားခဲ့တယ်။
++++++
နေအလင်းရောင် စထွက်တဲ့အချိန်ရောက်တော့ ရွာလည်ကွပ်ပြစ်မှာ ရှေးမှီနောက်မှီလူကြီးတွေစုပြီး

" မနက်က သန်းတင်အဖြစ်ကိုဘယ်လိုထင်ကြလဲ"

ရွာရဲ့အသက်အကြီးဆုံး ဖိုးလူဝရဲ့စကားကြောင့် ရေနွေးကြမ်းခွက်ကိုင်ကာ စဉ်းစားနေတဲ့ ဘကြီးထွန်းက

" စကားပြောတိုင်း ပါးစပ်ထဲကနေ လောက်တွေထွက်တယ်ဆိုတာ ကျုပ်ဘဝမှာတစ်ခါမှမကြားဖူးတဲ့ကိစ္စပဲ ကလေးမလေးက စကားအပြောအဆိုလဲနည်းနည်းကြမ်းတယ်လို့သိရတယ် မိဘဆိုလဲပြန်ပြောတာပဲ လူကြီးသူမကိုလဲရိုသေရမှန်းမသိဘူး ဒါကြောင့် နတ်ဒေဝါတွေက ဒဏ်ခတ်တာများလား"

" ဒါဆို အရင်ထဲက ခတ်မပေါ့ဗျ သူမစကားပြောရိုင်းတာမနေ့တစ်နေ့ကမှမဟုတ်တာ ကျုပ်အမြင်ကတော့တစ်မျိုးဗျ"

" ကိုညိုထင် ခင်ဗျားအမြင်ကိုပြောကြည့်ပါဦး"

" ဒီကလေးမ အိမ်ကိုမနက်ကသွားတော့ အိမ်အောက်မှာ အစည်းမပြေထားသေးတဲ့ ထင်းတစ်စည်းတွေ့တယ် သူ့ထင်းစည်းတွေမှာပါတဲ့ထင်းတွေက ကျုပ်တို့ပုံမှန်ခုတ်ယူနေကြထင်းတွေမဟုတ်ဘူး ကျုပ်အထင်ပြောရရင် ဒီကလေးမ နဂါးနက်တောင်ပေါ်တက်သွားလို့ ဟိုတောင်မှာနေတဲ့ စုန်းမပြုစားလိုက်ပြီထင်တယ်"

" ဟေ နဂါးနက်တောင်ပေါ်တက်သွားတာလား ဒီကောင်မလေး အကြောက်အလန့်မရှိတာကွယ် အခုသူ့ကိုရောဘယ်မှာထားထားလဲ"

" သူ့အိမ်မှာပဲထားထားရတာပေါ့ စကားလဲပြောခိုင်းလို့မရဘူး စကားပြောတာနဲ့ ပါးစပ်ထဲကနေ လောက်တွေတဖွားဖွားကျလာတာ"

" ဒီပုံစံနဲ့ဆို ပယောဂကုတဲ့ဆရာရှာ‌ရတော့မှာပေါ့ သူဖြစ်တဲ့ပုံစံက ထူးဆန်းတော့ ဆရာတွေကကုနိုင်ပါ့မလား"

" ဒါတော့ကြိုမေးရမှာပေါ့ မတတ်နိုင်တဲ့အဆုံး နဂါးနက်တောင်ကစုန်းမကိုသွားပြန်တောင်းပန်ရမှာပဲ"

" ဖိုးလူဝကလဲ ဘယ်သူကနဂါးနက်တောင်ပေါ်တက်ရဲလို့လဲ တက်သွားတဲ့လူမှန်သမျှ အကောင်းတိုင်းပြန်ဆင်းလာတာ မြင်ဖူးလို့လား"

ဘကြီးထွန်းစကားကြောင့် အကုန်ငြိမ်သက်သွားတဲ့အချိန်

" ဟေ့ကောင် မှုံကြီး ငါ့သကြားလုံးပြန်ပေးကွာ"

" မပေးဘူးကွာ ဒါငါ့ဟာကွ"

" မင်းမယုတ်မာနဲ့ ဒါဟိုလူကြီးငါ့ကိုပေးထားတာ မင်းဟာမင်းစားလို့ကုန်သွားပြီဟာကို"

မှုံကြီးနဲ့ပေါက်ကျော်ဆိုတဲ့ကလေးနှစ်ယောက်က ဖိုးလူဝတို့ထိုင်နေတဲ့ကွပ်ပြစ်နားရန်ဖြစ်နေတာမြင်တော့

" ဟိုကလေးတွေ ရန်မဖြစ်ကြနဲ့ သွားသွား ဝေးဝေးသွားကစား"

" ဖိုးလူဝ ဒီကောင်လူလည်ကျတာ သား သကြားလုံးကိုလုထားတယ် "

" ဟိုကောင် မှုံကြီး မင်းဟာမဟုတ်ရင်ပြန်ပေးလိုက် နားလာမငြီးနဲ့ကွာ မိသန်းတင်ကိစ္စနဲ့ရှုပ်နေတာကတစ်မှု မင်းတို့ကတစ်မှု "

" ဖိုးလူဝ အမသန်းတင်အကြောင်းကတကယ်လား"

" မင့်မေကလွှားလေးတွေ သိချင်ရင် သွားမေးကွာ "

" ဟာ ဖိုးလူဝကလဲ သားတို့ကို သကြားလုံးပေးတဲ့လူကြီးကပြောတယ် မသန်းတင်ပါးစပ်ထဲကလောက်ထွက်တာ သူများပြုစားခံရတာတဲ့"

" ဟေ မင်းတို့ကိုဘယ်သူပြောတာလဲ"

" သကြားလုံးပေးတဲ့လူကြီးပြောတာ "

" အေး အဲဒါတော့ငါလဲသိတာပေါ့ဟ သောက်ကလေးတွေ စကားကိုနှစ်လုံးထဲနဲ့လာကြပ်နေတယ် အဲလူကြီးက ဘယ်ကလဲ အခုဘယ်မှာရှိနေလဲ"

" ရွာထိပ်က မဘုစုရဲ့ အကြော်တဲမှာ ထိုင်နေကြတယ် သူတို့မှာပါတဲ့သကြားလုံးတွေကို ဝေနေလို့ ကလေးတွေအကုန်အဲရောက်နေကြတာ"

" အေးပါကွာ ဟိုကောင်ပေါက်ကျော်မင်းဆီကသကြားလုံးလုထားတာပြန်မတောင်းနဲ့တော့ ဒီမှာမုန့်ဖိုး ရွာထဲကမုန့်ဆိုင်မှာတစ်ခုခုဝယ်စားကွာ"

အဖိုးလူဝက အိပ်ကပ်ထဲကငွေအကြွေတစ်ချို့ကိုထုတ်ပေးလိုက်တော့မှ မှုံကြီးလစ်သွားတယ်။

" ခုနကကလေးတွေပြောသွားတာ ကြားတယ်မဟုတ်လား လာဗျာ ရွာထိပ်ကအကြော်တဲကိုသွားကြည့်ရအောင် တစ်ခုခုထူးရင်လဲထူးမှာပေါ့"

ဖိုးလူဝက အသက်အရွယ်နဲ့မလိုက်အောင် ထလိုက်ပြီး လျှင်မြန်တဲ့ခြေလှမ်းတွေနဲ့ ရွာထိပ်ကိုထွက်လာခဲ့လိုက်တယ်။

ရွာထိပ်ရောက်တော့ မဘုစုရဲ့အကြော်တဲမှာ ထိုင်နေတဲ့လူလတ်ပိုင်းအရွယ် ကောင်လေးသုံးယောက်ကိုတွေ့လိုက်ရပြီး သူတို့ရဲ့ဘေးမှာတော့ ရွာထဲကကလေးတွေစုပြုံနေကြတယ်။

" ဟိုကောင်လေး မတိုးနဲ့လေ အလှည့်ကြတန်းစီ သကြားလုံးကလောက်ပါတယ် တစ်ယောက်ယူပြီးရင်လာထပ်မယူနဲ့နော် အလှည့်ကျော်ရင်မပေးဘူး"

ယောဂီဖျင်ကြမ်းအင်္ကျီဝတ်ထားပြီး လွယ်အိတ်တစ်လုံးကိုတစ်စောင်းလွယ်ထားတဲ့ လူငယ်က ကလေးတွေကို သကြားလုံးတွေကမ်းပေးနေရင်း ဖိုးလူဝတို့ကိုမြင်တော့ ဘေးမှာထိုင်နေတဲ့ ဥပဓိရုပ်ကောင်းကောင်း အရပ်မြင့်မြင့်လူငယ်ကို တိုးတိုးလေးကပ်ပြောတာမြင်လိုက်ရတယ်။

ထိုင်နေတဲ့လူငယ်က ကလေးတွေကိုကြည့်နေရင်း တီးတိုးပြောလိုက်တဲ့စကားကြောင့် ဖိုးလူဝတို့ဘက်လှည့်ကြည့်ကာ ထိုင်နေရာမှထလိုက်ပြီး တဲထဲကနေထွက်လာခဲ့တာမြင်လိုက်ရတယ်။

" တွေ့ရတာဝမ်းသာပါတယ် ဖိုးလူဝ"

ယောင်္ကျားပီသတဲ့မျက်နှာ၊ရိတ်ပြီးစနှုတ်ခမ်းမွေးစိမ်းစိမ်းလေးတွေထွက်နေတဲ့လူငယ်စကားကြောင့် ဖိုးလူဝအံ့ဩသွားပြီး

" လူလေးက ကျုပ်နာမည်ကိုတောင်သိနေတာကိုး"

" အဲလိုလဲမဟုတ်ပါဘူး ကလေးတွေပြောပြလို့သိရတာပါ "

" လူလေးတို့ကိုအရင်က ဒီနားတစ်ဝိုက်မှာမတွေ့ဘူးဘူးနော် ခရီးသွားတွေလား"

" ဟုတ်ပါတယ် ကျွန်တော်တို့ကနဂါးနက်တောင်ပေါ်ကိုသွားကြမလို့ပါ"

ဖိုးလူဝနဲ့အပေါင်းအပါတွေလဲ နဂါးနက်တောင်ဆိုတဲ့အသံကိုကြားတော့ အံ့ဩသွားပြီး

" လူလေးတို့နဂါးနက်တောင်ကိုမသွားကြပါနဲ့ အဲတောင်ကအရမ်းဆိုးတာ ညကတောင် ရွာထဲက ကလေးမတစ်ယောက် ပြုစားခံလိုက်ရတယ်"

" ပါးစပ်ထဲကလောက်တွေကျနေတဲ့ ကလေးမကိုပြောတာလား ဒီကကလေးတွေပြောပြလို့အနည်းငယ်သိပြီးပါပြီ "

" ဟုတ်ပါ့ကွယ် လူလေးတို့က ဒီကလေးမနဲ့ပတ်သတ်ပြီး ဘာများသိထားသေးလဲ"

" အထွေအထူးတော့မသိပါဘူးအဖိုး ပါးစပ်ထဲကလောက်ထွက်အောင်ပြုစားတယ်ဆိုတာ သာမန်အဆင့်မဟုတ်ဘူးဆိုတာတော့သိပါတယ် "

" ဒါဖြင့် ဒီကလေးမကိုကယ်လို့မရဘူးလား"

" ကျွန်တော်တို့ကြည့်ပေးပါ့မယ် ဒါပေမယ့် အဖိုးတို့က လောက်သေရွက်အနည်းငယ်တော့ရှာပေးပါ"

" လောက်သေရွက်လား ရွာမှာရှိတယ် လူလေးတို့ကြည့်ပေးမယ်ဆိုရင်ပဲ ကျေးဇူးတင်နေပါပြီ ရွာထဲကိုဝင်ကြရအောင် ကလေးမအမေဆိုလဲ တစ်ငိုငိုတရီရီဖြစ်နေတာ"

" ဒါဖြင့် လူနာအိမ်ကိုလမ်းပြပါဦး "

အဖိုးလူဝကဝမ်းသာအားရနဲ့အရှေ့ကနေထွက်သွားတော့ လူငယ်က အကြော်တဲမှာကလေးတွေကို သကြားလုံးတွေဝေပေးနေတဲ့ လူနှစ်ယောက်ဘက်လှည့်ကာ

" သက်ခိုင်နဲ့ တောက်ရ ဒီမှာခဏနေခဲ့ဦး ငါပြန်လာခဲ့မယ်" လို့လှမ်းမှာပြီး ရွာထဲကိုဝင်လာခဲ့လိုက်တယ်။

ဖိုးလူဝခေါ်ဆောင်တဲ့နောက်ကိုလိုက်ခဲ့တဲ့ လူငယ်လေးကိုမြင်တဲ့ကလေးတွေကတော့

" ဟေး သကြားပေးတဲ့လူကြီး ရွာထဲဝင်လာပြီ သကြားလုံးတွေချိုချဉ်တွေထပ်ပေးမလို့နဲ့တူတယ်" လို့ပြောပြီး အနားကပ်လာတာမြင်တော့ ဖိုးလူဝက

" တယ် ဒီကလေးတွေ သွားသွား ခပ်ဝေးဝေးသွားကြစမ်း ပြောမရရင်လောက်ကောင်တွေပါးစပ်ထဲထည့်ပေးလိုက်မယ်"လို့ဆူလိုက်တော့မှ အနားကနေခွာသွားကြတယ်။

" ရွာကကလေးတွေကဒီလိုပဲလူလေးရေ သူတို့ခင်တဲ့သူလာရင် အခုလိုပဲအနားကပ်နေကြတာ"

ဖိုးလူဝစကားကြောင့် လူငယ်က

" ကျွန်တော်တို့ငယ်ငယ်ကလဲဒီလိုပါပဲဗျာ ကိုယ်ချင်းစာပါတယ် ဒါနဲ့ လူနာအိမ်ရောက်ရင် နဂါးနက်တောင်အကြောင်းလေး သိသလောက်ပြောပြပါဦး"

" အဖိုးတို့သိသလောက်ပြောပြပေးမယ် ဒါပေမယ့် တစ်ဆင့်စကားတစ်ဆင့်နားဆိုတော့ တကယ်ဖြစ်ခဲ့ချင်မှလဲဖြစ်ခဲ့မှာ လူလေးနဲ့စကားတွေပြောလာတာ နာမည်ကိုမမေးမိသေးဘူး အဖိုးနာမည်ကတော့ လူဝလို့ခေါ်တယ် ရွာကလူတွေကတော့ ဖိုးလူဝလို့ခေါ်ကြတယ်"

ဖိုးလူဝစကားကိုကြားတော့လူငယ်လေးက နှစ်လိုဖွယ်ကောင်းလောက်အောင်ပြုံးပြီး

" ကျွန်တော်နာမည်ကတော့ အောင်မြတ်သာလို့ခေါ်ပါတယ် "

" အောင် မြတ် သာ နာမည်လေးက အရမ်းကိုကောင်းမွန်တာပဲ အောင်မြင်မှု၊ ကောင်းမြတ်မှု၊ သူတစ်ပါးထက်သာလွန်မှု ဆိုတဲ့အချက်တွေပေါင်းစပ်ထားတဲ့အတွက် လူလေးကရှေ့ဆက်ဒီထက်ပိုအောင်မြင်ကျော်ကြားဦးမှာ"

ဖိုးလူဝကအောင်မြတ်သာကိုချီးမွမ်းခန်းဖွင့်ပြီး လမ်းလျောက်လာခဲ့တာ ဝါးခြမ်းလေးတွေကို နှစ်စိပ်ခွဲပြီးကာထားတဲ့ အိမ်ရှေ့ရောက်တော့

" လူလေး ဒီအိမ်က လူနာအိမ်ပဲ အပေါ်တက်ခဲ့လေ"

" အဖိုး လူနာကုတဲ့အခါ မရွံတတ်တဲ့ မိန်းမသုံးယောက်လောက်ရှိရင်‌ပိုကောင်းမယ် အဆင်ပြေရင် ရှာပေးပါဦး"

" အိုကွယ် ရတာပေါ့ ဟေ့ ဟိုဘက်ဝိုင်းထဲက ဒေါ်ပန်းတို့သားအမိနှစ်ယောက်ကိုဒီခဏလာဦးလို့ပြောလိုက်"

ဖိုးလူဝက ဘေးအိမ်မှာရပ်ကြည့်နေတဲ့ ကလေးမလေးကိုလှမ်းအော်ပြောလိုက်ရင်း အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။

‌အောင်မြတ်သာနဲ့ဖိုစလူဝတို့အိမ်ပေါ်ရောက်တော့ နံရံလေးဘေးမှာ စောင်ခြုံကာအိပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကိုမြင်လိုက်ရတယ်။

" ဟဲ့ မိသန်းတင် ဒီမှာနင့်ကိုကုမဲ့ဆရာရောက်နေပြီ အိပ်ယာကထလာဦး"

ဖိုးလူဝရဲ့အော်သံကြောင့် စောင်ခြုံထားတဲ့အမျိုးသမီးက စောင်ကိုဖယ်လိုက်ပြီး ထထိုင်လိုက်တယ်။

အသက်နှစ်ဆယ်ကျော်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်တဲ့အပြင် တစ်ခါမှမကြုံဖူးတဲ့အဖြစ်ကြောင့် ကြောက်လန့်တကြားဖြစ်နေတဲ့ ရုပ်ကိုမြင်တော့ အောင်မြတ်သာက

" ဒီမှာငါ့နှမ ဘာမှမကြောက်နဲ့ စိတ်ကိုအေးအေးထား ဆရာပြောတာကို ဟုတ်ရင်ခေါင်းငြိမ့်ပြ မဟုတ်ရင် ခေါင်းခါပြ စကားမပြောလဲရတယ်" လို့ပြောလိုက်ပြီး အိမ်ဦးခန်းမှာရှိတဲ့ ဘုရားကျောင်းဆောင်ဘက်ကိုလှည့်ကာ ဘုရားရှိခိုးလိုက်တယ်။

အတန်ကြာအောင်ဘုရားရှိခိုးပြီး အနောက်ကိုပြန်လှည့်လာကာ

" အဖိုး ကျွန်တော်ရှာခိုင်းထားတဲ့ လောက်သေရွက်ရလာပြီလား"

" ဒီမှာရပြီ လူလေး မင်းဘုရားရှိခိုးနေတုန်း လာပေးသွားတာ"လို့ပြောပြီး အောင်မြတ်သာဆီကိုလောက်သေရွက်အချို့ကမ်းပေးလိုက်တယ်။

အောင်မြတ်သာလဲ လောက်သေရွက်ကို ဘုရားကျောင်းဆောင်အောက်မှာ ရှိတဲ့ရေအိုးထဲကရေနဲ့သေချာဆေးကြောပြီး လောက်သေရွက်ပေါ်မှာ လက်ညိုးထိပ်နဲ့ လေးကွက်အင်းတစ်ခုကိုရေးဆွဲပြီးညာဘက်လက်ဖဝါးပေါ်မှာတင်ထားလိုက်တယ်။

" ငါ့နှမ နဂါးနက်တောင်ပေါ်ကိုသွားခဲ့တာ သေချာလား"

အောင်မြတ်သာအမေးကို မိန်းကလေးက ဟုတ်မှန်ကြောင်း ခေါင်းညိမ့်ပြလိုက်တယ်။

" ကောင်းပြီ နဂါးနက်တောင်ပေါ်မှာ မိန်းမတစ်ယောက်နဲ့တွေ့ခဲ့လား"

မိန်းကလေးကခေါင်းညိမ့်ပြတယ်။

" သူ့ငါ့နှမကို ဘာလုပ်ခဲ့လဲ"

အောင်မြတ်သာစကားအဆုံးမှာ မိန်းကလေးက ရုတ်တရက်ဆောင့်ကြောင့်ထထိုင်ကာ အော်ရီပါလေရော။

" ဟားဟားဟား နင့်အင်းသေးသေးလေးနဲ့ ငါ့ကိုလှည့်ဖြားဖို့ မကြိုးစားနဲ့ ငါ့ကိုချုပ်ပြီး အင်းစမတွေနဲ့နှိပ်စက်မလို့လား ငါ့ကိုချုပ်တာနဲ့ ဒီကလေးမအသက်သေပြီသာမှတ်"

ဒေါသတကြီးပြောလိုက်တဲ့စကားကြောင့် မိန်းကလေးရဲ့ပါးစပ်ထဲကနေ ဖြူဖွေးနေတဲ့ လောက်ကောင်တွေကျလာခဲ့တယ်။

ဝင်ပူးနေတဲ့မိန်းကလေးက ပါးစပ်ထဲက ထွက်ကျလာတဲ့လောက်ကောင်တွေကို တစ်ကောင်ချင်းကောက်ကာ ပါးစပ်ထဲပစ်ထည့်ပြီး ဝါးပါလေရော။

ဒီအဖြစ်အပျက်ကိုမြင်တော့ မရွံတတ်ဘူးလို့ပြောထားတဲ့မိန်းမသုံးယောက်တောင် မျက်နှာလွှဲထားကြတယ်။

" ဒီမှာ နဂါးနက်မယ် သင်နဲ့ကျုပ်ထိပ်တိုက်တွေ့ဖို့ရှိပါတယ် ဒီကလေးမက သင့်ကိုစော်ကားမိခဲ့ပေမယ့် သူမသိလို့ပြောခဲ့တာကိုခွင့်လွှတ်လိုက်ပါ သင့်ကိုဒီနေရာမှာ ကျုပ်ဘာမှမလုပ်ဘူး သင့်နေရာသင့်ပိုင်နက်ရောက်အောင် ကျုပ်လာခဲ့မယ် "

" ကြိုဆိုလျက်ပါငါ့သားရယ် ဟက်ဟက်ဟက် နင့်ပညာအရမ်းစွမ်းရင် ငါလုပ်ထားတာကို ပျောက်အောင်ကုပေးလိုက်စမ်းပါ အမေကြီး သွားပြီ သားလေးရေ ဟားဟားဟား" လို့ပြောပြီး ကောင်မလေးဇက်ကျိုးကျသွားတယ်။

ဘေးကနေကြည့်နေတဲ့ ဖိုးလူဝက

" ကလေးမလေး သေပြီလားမသိပါဘူး"

" မသေပါဘူးအဖိုး အခုသူသတိမေ့နေတာပါ သူ့ကိုပက်လက်အနေအထားနဲ့ထားပြီး ဗိုက်ပေါ်ကိုဒီလောက်သေရွက်ကိုတင်ပေးပါ သူ့အရှေ့မှာ စဉ့်အိုးအကြီးတစ်လုံးလဲချထားပေးပါ"

အောင်မြတ်သာစကားကြောင့် ဘေးအိမ်ကနေခေါ်ထားတဲ့ မိန်းမသုံးယောက်က မေ့နေတဲ့မိန်းကလေးကိုပက်လက်အနေအထားချပေးပြီး အိမ်နောက်မှာရှိနေတဲ့စဉ့်အိုးကိုယူလာခဲ့တယ်။

"ဆရာ လောက်သေရွက်ကို တင်လိုက်ရတော့မလား"လို့မေးတော့ အောင်မြတ်သာက ခေါင်းညိမ့်ပြလိုက်တယ်။
ခေါ်ထားတဲ့မိန်းမတွေလဲ အောင်မြတ်သာပေးလိုက်တဲ့ လောက်သေရွက်ကို ဗိုက်ပေါ်တင်ပေးလိုက်တယ်။

လောက်သေရွက်က မိန်းကလေးဗိုက်ပေါ်ရောက်တာနဲ့ တစ်ဖြေးဖြေးလှုပ်လာပြီး အရွက်ထိပ်မှာရှိနေတဲ့ အညှာတံလေးက ဗိုက်ကိုထိုးပါလေရော။

အညှာတံလေးထိုးတဲ့အချိန် မိန်းကလေးက ဝေါခနဲ ဝေါခနဲ လောက်တွေကိုအန်ချတာ ဆယ်မိနစ်အတွင်းလောက်မှာ စဉ့်အိုးတစ်ဝက်လောက်အထိ ပြည့်သွားခဲ့တယ်။

"ဘုရား ဘုရား နည်းတဲ့လောက်တွေမှမဟုတ်တာ လူလေး သူ့ကိုယ်ထဲမှာလောက်တွေကျန်သေးလား"

" အညှာတံလေးကြွေတာနဲ့ သူ့ပညာကုန်ပါပြီ ခဏစောင့်ပါအဖိုး"

မိန်းကလေးလဲ အန်ရင်းအန်ရင်း မောလာတဲ့အချိန် လောက်သေရွက်အညှာတံလဲ ဗိုက်ပေါ်ကို ကြွေကျသွားခဲ့တယ်။

" ကဲ ပညာတော့ကုန်သွားပြီ ဗိုက်ပေါ်ကလောက်သေရွက်ကို အိုးထဲထည့်ပြီး တစ်ခုခုနဲ့ဖုံးထားလိုက်ပါ" လို့ပြောတော့ မိန်းမသုံးယောက်က ဗိုက်ပေါ်တင်ထားတဲ့ လောက်သေရွက်ကို စဉ့်အိုးထဲထည့်ကာ စကောနဲ့ဖုံးလိုက်ကြတယ်။

" ဟဲ့ ဟိုကလေးမ ဆရာ့ကိုကန်တော့လိုက်ဦးလေ"

ဖိုးလူဝက နံရံကိုမှီကာထိုင်နေတဲ့ မိန်းကလေးကိုပြောလိုက်တော့မှ လက်အုပ်ချီပြီး အောင်မြတ်သာကိုဦးချခဲ့တယ်။

"ငါ့နှမ သင်အခုလိုဖြစ်တာ နှုတ်ဝစီကြောင့်ပဲ ဒါကြောင့်သင့်ရဲ့ဝစီကံကိုထိန်းပါ ဒီတစ်ကြိမ်ကံကောင်းလို့ဆရာတို့နဲ့ဆုံပေမယ့် နောက်တစ်ကြိမ်ထပ်ဖြစ်ရင် ဆရာတို့လဲကယ်နိုင်မှာမဟုတ်ဘူး"

အောင်မြတ်သာရဲ့ဆုံးမစကားကိုကြားတော့ မိန်းကလေးက မျက်ရည်ကျပြီး သူမပြောတော့ဘူးဆိုတဲ့အကြောင်း ပြောရှာတယ်။

ရောဂါကိုခဏအတွင်းကုပေးလိုက်တဲ့ အောင်မြတ်သာရဲ့အစွမ်းကိုမြင်လိုက်ရတဲ့ဖိုးလူဝက

" လူလေးလိုဆရာမျိုးရှားပါပေတယ် အသက်ကလဲငယ် ပညာကလဲစွမ်း အိမ်း ပါရမီပြည့်ပေတာကိုး" ဆိုပြီးချီးကျူးခဲ့တယ်။

အောင်မြတ်သာတို့အိမ်ပေါ်ကဆင်းတော့ မိန်းကလေးရဲ့မိခင်ဖြစ်သူက သစ်သီးသစ်ဖုတွေအတင်းလာပေးလို့ ငြင်းခဲ့ကြရသေးတယ်။

ဖိုးလူဝက ခြံအပြင်ရောက်တော့

" နဂါးနက်တောင်အကြောင်း လူလေးမေးထားတာ အဖိုးသိသလောက်ပြောပြမယ် အဖိုးတို့ငယ်ငယ်ထဲက နဂါးနက်တောင်ကိုလူတွေမသွားရဲကြဘူး နဂါးတစ်ကောင်ရစ်ခွေနေတဲ့ပုံဖြစ်လို့ နဂါးတောင်လို့အစကခေါ်ခဲ့ကြတယ် နောက်ပိုင်းမှာ နဂါးနက်တောင်ပေါ်မှာ မီးခဏခဏလောင်တယ် လောင်ပြီးရင်အလိုလိုပြန်ငြိမ်းသွားတယ် ‌လပြာ့်လကွယ်နေ့တွေဆိုရင်တောင်ပေါ်မှာ မီးလုံးတွေ တက်လိုက်ကျလိုက်နဲ့ မြူးနေတာကိုလဲမြင်ခဲ့ဖူးတယ် မီးခဏခဏလောင်တဲ့တောင်ဖြစ်တဲ့အတွက် သစ်ပင်တွေက မစိမ်းတော့ပဲ မီးကျွမ်းထားတဲ့အရောင်လိုဖြစ်နေရာကနေ နဂါးနက်တောင်ဆိုပြီးဖြစ်လာတာ နဂါးနက်တောင်မှာ စုန်းကဝေတွေပေါတယ် ဖြစ်နိုင်ရင် မသွားစေချင်ဘူးလူလေး"

" အဖိုးရဲ့စေတနာကိုနားလည်ပါတယ် ဒါပေမယ့် မသွားမဖြစ်သွားရမယ့်ကိစ္စလေးတွေကြောင့် သွားရပါဦးမယ်အဖိုး"

" အိမ်း တားမရတော့လဲ လူလေးတို့သဘောပါကွယ် သတိတော့ထားကြနော်"

" စိတ်ပူပေးတာကျေးဇူးပါ ဟော ပြောရင်းဆိုရင်း ရွာထိပ်တောင်ရောက်လာပြီ ဟိုမှာရပ်နေတဲ့သူနှစ်ယောက်က သက်ခိုင်နဲ့ တောက်ရလို့ခေါ်တယ် သူတို့က ကျွန်တော်နဲ့လိုက်ပြီး လူတွေကိုကယ်တင်ပေးနေကြတာ "

" မွန်မြတ်လှပါတယ်ကွယ် ပြန်ရင် ရွာကိုဝင်လာခဲ့ဦးနော် အားလုံးဘေးကင်းကြပါစေ"

အောင်မြတ်သာတို့လဲ အဖိုးလူဝကိုနှုတ်ဆက်ပြီး နဂါးနက်တောင်ရှိရာဘက်ကိုထွက်လာခဲ့ကြတယ်။

" ဆရာ ရွာထဲမှာ လောက်တွေအန်တဲ့ကလေးမကိစ္စကတကယ်လား"

" ဟုတ်တယ် သူ့ရဲ့နှုတ်ကြောင့် သူခံရတာ အခုတော့ကောင်းသွားပါပြီ နဂါးနက်တောင်က စုန်းမကြီးကတော့ တို့ကိုဘယ်လိုကြိုမလဲကြည့်ရဦးမယ်"

" သတိတော့ထားရမှာပဲဆရာ အရင်တစ်ခါလို သူယောင်မယ်တွေနဲ့တော့မကြိုလောက်ပါဘူးနော် ဟားဟား"

တောက်ရစကားကြောင့် သက်ခိုင်ဟက်ဟက်ပက်ပက်ရယ်လိုက်ပေမယ့် အောင်မြတ်သာကတော့ အနည်းငယ်ပြုံးယောင်သမ်းတယ်ဆိုရုံပဲပြုံးလိုက်တယ်။

ရွာပိုင်တောငယ်လေးကိုကျော်လွန်ပြီးတဲ့အချိန်မှာတော့ နဂါးနက်တောင်တန်းရဲ့အစပ်ကိုရောက်လာခဲ့တယ်။ မီးလောင်ထားတဲ့သစ်ပင်သစ်ကိုင်းတွေကနေထွက်လာတဲ့ ညှော်နံ့တွေက မသိရင်သုဿာန်တစ်စပြင်ကိုရောက်နေသလိုခံစားမိစေခဲ့တယ်။

နဂါးနက်တောင်ပေါ်ကိုခြေချမိတယ်ဆိုရင်ပဲ တောင်ထိပ်မှာရုတ်တရက်ဝဲပျံတက်လာတဲ့ လင်းတအုပ်စုကိုမြင်လိုက်ရတယ်။

"ဆရာ ဟိုမှာ ကြိုနေပြီထင်တယ်"

" ဟုတ်တယ် သူတို့လဲလူစုထားပြီးပြီ အခုငါတို့တက်လာတာကိုလဲမြင်နေမှာ သတိမပြတ်စေနဲ့"

အောင်မြတ်သာက သတိပေးရင်း တောင်ပေါ်ကိုတက်လာခဲ့တယ်။ တောင်ပေါ်မရောက်ခင်လမ်းခုလတ်နားရောက်တော့

" ရွှီး ရွှီး ရွှီး "ဆိုတဲ့အသံနဲ့အတူ တောကြီးပျားအကောင်ပေါင်းများစွာက အောင်မြတ်သာတို့ဆီဝင်လာခဲ့တယ်။

ပတ်ဝန်းကျင်တစ်ခုလုံးမဲနက်သွားတဲ့အထိ များပြားလှတဲ့ပျားအုပ်ကြီးကိုမြင်တော့ အောင်မြတ်သာရှေ့ဆက်မတက်တော့ပဲ ရပ်လိုက်တယ်။

အရှိန်ပြင်းပြင်းနဲ့ပျံလာတဲ့ပျားအုပ်ကြီးက အောင်မြတ်သာတို့နဲ့ ဝါးတစ်ပြန်စာလောက်လဲရောက်ရော တစ်ဖြေးဖြေးအကောင်ကြီးလာခဲ့တာ ပိတုန်းအရွယ်အစားလောက်ဖြစ်လာခဲ့တယ်။

ပိတုန်းအရွယ်လောက်ကြီးလာတဲ့ပျားတွေက ခြေလှမ်းဆယ်လှမ်းစာလောက်အထိ နီးကပ်လာချိန်မှာတော့ အောင်မြတ်သာက ညာလက်နဲ့ လေထဲကိုပုတ်ချလိုက်ရာ အရှေ့ဆုံးကနေပျံလာတဲ့ ပျားအုပ်ကဘေးကိုလွှင့်ထွက်သွားပြီး မြေကြီးပေါ်ကျတဲ့အချိန်မှာတော့ မြေကျစ်စာခဲလေးတွေအဖြစ်ပြောင်းသွားခဲ့တယ်။

အဲဒီအချိန် ကောင်းကင်မှာ လင်းတအကောင်းငါးဆယ်လောက်ပျံဝဲနေပြီး အောင်မြတ်သာတို့အခြေအနေကိုစောင့်ကြည့်နေကြတယ်။

ပထမအသုတ်ပျံလာတဲ့ပျားတွေ ဘေးကိုလွင့်ထွက်သွားချိန်မှာတော့ ဒုတိယအသုတ်ထပ်ဝင်လာခဲ့တယ်။ အောင်မြတ်သာလဲ ထပ်ဝင်လာတဲ့ ပျားအုပ်ကို လက်နဲ့မဖယ်ထုတ်တော့ပဲ ဘယ်ဘက်လက်နဲ့တားထားလိုက်တာ အရှေ့ကိုဆက်ပျံလို့မရတော့ပဲ လေထဲမှာငြိမ်သွားတယ်။

တတိယအသုတ်ပျားတွေကတော့ အရှိန်နဲ့ပြေးဝင်လာခဲ့တာ ရပ်နေတဲ့ပျားကောင်တွေနဲ့တိုက်မိပြီး ရပ်သွားကြပြန်တယ်။ ပျားအုပ်တွေကုန်ပြီဆိုတော့မှ အောင်မြတ်သာက လက်ကိုအောက်ချလိုက်တဲ့အချိန် လေထဲမှာငြိမ်နေတဲ့ပျားတွေက မြေကျစ်စာခဲလေးတွေပြန်ဖြစ်သွားကြတယ်။

ကောင်းကင်ကနေအခြေအနေကိုကြည့်နေတဲ့ လင်းတတွေထဲမှာ အကြီးဆုံးအကောင်က တောင်ထိပ်မှာပေါက်နေတဲ့ ကညင်ပင်ပေါ်နားလိုက်တဲ့အချိန် အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ မိန်းမတစ်ယောက်အဖြစ်ပြောင်းသွားပြီး

" ငါ့သားအစွမ်းကမခေဘူးပဲ ငါတို့ကိုဖမ်းပြီး ပညာသိမ်းမလို့လာတာထင်တယ် အဲလောက်မလွယ်ဘူးဟဲ့"လို့ပြောပြီး ထဘီကိုခြုံလိုက်ရင်ပဲ လင်းတအဖြစ်ပြောင်းသွားပြီး နဂါးနက်တောင်ကနေ ပျံထွက်သွားခဲ့တယ်။

ခေါင်းဆောင်ဖြစ်သူပြေးပြီဆိုတာနဲ့ နောက်ပါလင်းတတွေလဲ ပျံပြေးဖို့အလုပ် အောင်မြတ်သာက မြေကြီးကိုဖနောင့်နဲ့တစ်ချက်ဆောင့်ချလိုက်တာ နောက်ဆုံးမှာကျန်ခဲ့တဲ့ လင်းတက ဆက်ပြေးမရတော့ပဲ ကောင်းကင်ကနေ လည်ပြီးကျလာခဲ့တယ်။

"ဆရာ ဟိုကောင်တွေလွတ်သွားပြီ ဘယ်လိုလုပ်မလဲ"

" လောလောဆယ် ကျလာတဲ့ကောင်ကို ဖမ်းပြီး မေးရမယ်"

အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရလဲ ကျလာတဲ့ကောင်ကိုဖမ်းဖို့ ထွက်သွားခဲ့ကြတယ်။

အောင်မြတ်သာလဲ သက်ခိုင်တို့ထွက်သွားတဲ့နောက်ကို လိုက်သွားပြီးကြည့်လိုက်တော့ မီးလောင်ထားလို့ အရွက်တွေမရှိပဲ ခြောက်ကပ်နေတဲ့ သစ်ကိုင်းအစွန်မှာထဘီနဲ့ညိနေတဲ့ ၁၉နှစ်အရွယ်မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတယ်။

ရုတ်တရက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အောင်မြတ်သာတို့မျက်နှာလွှဲလိုက်ပြီး
" ဟိုကလေးမ နင့်အစွမ်းအချို့ကိုပြန်ပေးမယ် ကိုယ့်ဘာသာဆင်းလာခဲ့ ထွက်ပြေးလဲနင်မလွတ်ဘူး"လို့ပြောလိုက်တဲ့မှ ညိနေတဲ့သစ်ကိုင်းပေါ်ကမိန်းမက ထဘီကိုပြန်ခြုံလိုက်ရာ လင်းတအဖြစ်ပြန်ပြောင်းသွားပြီး အောင်မြတ်သာတို့အရှေ့ကိုရောက်လာခဲ့တယ်။
အောင်မြတ်သာလဲ အရှေ့ကိုရောက်လာတဲ့ လင်းတကိုကြည့်ပြီး
" လင်းတအဖြစ်ကနေ လူပုံစံပြန်ပြောင်းစေ" လို့အမိန့်ပြန်လိုက်တော့မှ ထဘီအနက်ကိုရင်လျာထားတဲ့ မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။

" အမိ သင့်ဆရာ ဘယ်ကိုထွက်ပြေးသွားတာလဲ"

အောင်မြတ်သာစကားကြောင့် မိန်းမငယ်က မျက်နှာကိုအောက်ချပြီး

" ငါမသိဘူး နင်တို့ငါ့ကိုသတ်ရင်သတ်လိုက် ပညာတော့အသိမ်းမခံနိုင်ဘူး နင်တို့မသတ်ရင် ငါ့ကိုယ်ငါသတ်သေမယ်"

ပြတ်သားလှတဲ့စကားကြောင့် သက်ခိုင်နဲ့တောက်ရတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး

" နင့်ကိုငါတို့လဲမသတ်ဘူး နင်ကိုယ်တိုင်လဲသေမရဘူး အခုနင့်ပညာတွေကိုငါတို့လိုသလိုသိမ်းလို့ရနေတာ နင်မသိဘူးလား "

သကိခိုင်စကားကိုကြားတော့ ဒူးထောက်နေတဲ့မိန်းကလေးက မျက်စောင်းထိုးကြည့်ပြီး

" ငါ့ဆရာက ကျင့်စဉ်တစ်ခုမပြီးသေးလို့ နင်တို့ကိုပညာကုန်သုံးပြီးမတိုက်တာ သူကျင့်စဉ်အောင်မြင်ရင် ငါ့ကိုလာကယ်မှာ"

" ကောင်းပြီ သင့်ပညာတွေကို ငါအကုန်သိမ်းလိုက်ပြီ သင်အနှစ်နှစ်အလလကျင့်ထားတဲ့ပညာတွေဘာတစ်ခုမှရှိတော့မှာမဟုတ်ဘူး သင့်ရွာကိုပြန်ပါ ကောင်းရောင်းကောင်းဝယ်လုပ်စားပါ သင်ကိုယ်သင်သတ်သေမယ်လို့မတွေးမိစေနဲ့ သင့်ဘေးမှာ အစောင့်နှစ်ယောက်ကအမြဲရှိနေမယ် အင်းစောင့်ပုဂ္ဂိုလ်နှစ်ယောက် သူမကိုစောင့်ကြည့်ပေးပါ လူကောင်းပကတိပြန်ဖြစ်တဲ့အထိ ကူညီပေးပါ"လို့ပြောလိုက်တော့ ကောင်မလေးရဲ့ဘေးမှာ ဓါးနှစ်လက်ကိုင်ထားတဲ့ အင်းစောင့်ပုဂ္ဂိုလ်နှစ်ယောက်ပေါ်လာခဲ့တယ်။

" ကဲ သင်သွားလိုရာသွားလို့ရပြီ ကျုပ်တို့လဲလုပ်စရာတွေရှိသေးတယ်" လို့ပြောကာ တောင်ပေါ်ကိုတက်လာခဲ့ကြတယ်။

တောင်ပေါ်ရောက်တော့ လှည့်ကြည့်လိုက်တာ ခေါင်းငိုက်စိုက်ငိုက်စိုက်နဲ့ တောင်အောက်ကိုဆင်းသွားတဲ့မိန်းမလေးကိုမြင်လိုက်ရတယ်။

အောင်မြတ်သာတို့တောင်ပေါ်ကိုရောက်တော့ တဲအိမ်တန်လျားတစ်ခုကိုတွေ့လို့ဝင်ကြည့်တဲ့အခါ ဘုရားရုပ်ပုံကားချပ်တွေကို ခြေသုတ်ခုံလုပ်ထားတဲ့အပြင် ဘုရားဆင်းတုတော်တွေကို ဖိနပ်ချွတ်တဲ့နေရာလုပ်ထားတာကိုမြင်လိုက်ရတယ်။

အောင်မြတ်သာကတော့
"ဒီလိုတစ်ဘဝစံတွေက ပိုကြောက်ဖို့ကောင်းတယ် သူကျင့်စဉ်မပြီးဆုံးခင် တွေ့အောင်ရှာရမယ်"လို့ပြောခဲ့တယ်။

အောင်မြတ်သာတို့လဲ ဘုရားဆင်းတုတော်တွေနဲ့ရုပ်ပုံတွေ‌ကိုသင့်တော်ရာနေရာတစ်ခုမှာစုပုံထားခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ အောက်လမ်းစုန်းမနောက်ကိုသဲကြီးမဲကြီးလိုက်ခဲ့ပါတော့တယ်။

နောက်ဝတ္တုမှာတော့ ကျင့်စဉ်ပြီးဆုံးတဲ့စုန်းမကိုပြန်တွေ့မလား ကျင့်နေတုန်းပြန်တွေ့မလားဆိုတာကိုတော့ အောင်မြတ်သာနှင့် တစ်ဘဝစံဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

ေအာင္ျမတ္သာႏွင့္နဂါးနက္ေတာင္

" သန္းတင္ မိသန္းတင္ နာရီကိုၾကည့္ဦး မိုးလင္းေတာ့မယ္ အခုထိမထေသးဘူး ျမန္ျမန္ထစမ္း"

မီးဖိုေခ်ာင္ကေန ထြက္လာတဲ့ ေဒၚခင္ေမျမရဲ႕အသံက စိတ္မရွည္ျခင္း၊ ေဒါသထြက္ျခင္းတို႔နဲ႔ေရာေႏွာေနခဲ့တယ္။

" အင္း အီးး ဝါးး တစ္ေန႔တစ္ေန႔ ဒီအလုပ္ေတြပဲလုပ္ေနရတယ္ ဘယ္ေတာ့မ်ားမွဝဋ္ေႂကြကုန္မလဲမသိဘူး အေမလဲ မီးဖိုထဲကေန အသံၿပဲႀကီးနဲ႔ေအာ္မေနနဲ႔ အခုထၿပီ"

မိသန္းတင္ မေက်နပ္တဲ့ေလသံနဲ႔ေျပာၿပီး အိမ္ေနာက္ေဖးဘက္ကိုထြက္သြားကာ မ်က္ႏွာသစ္သြားတိုက္လိုက္တယ္။

" ဘယ္မွာလဲ ထမင္းထုပ္ ဒီေန႔ထင္းသိပ္မရရင္ က်ဳပ္နဲ႔မဆိုင္ဘူးေနာ္ အခုတစ္ေလာထင္းေတြသိပ္မရတာ အေမသိတယ္မဟုတ္လား"

" နင္ကေလ အလုပ္ဆိုရင္ ဘယ္ေတာ့မွ လက္ေၾကာတင္းေအာင္လုပ္ဖူးလို႔လဲ သမီးေလးတစ္ေယာက္ေမြးထားမိပါတယ္ ကိုယ္ကျပန္လုပ္ေကြၽးရမယ့္ကိန္း သြားေတာ့ တိုင္ကီအဖုံးေပၚမွာထမင္းထုပ္တင္ထားတယ္"

မိသန္းတင္လဲ ထရံမွာထိုးထားတဲ့ ဓါးမကိုခါးၾကားထဲထိုးထည့္ၿပီး ထမင္းထုပ္ကိုယူကာ ေဘာက္ဆတ္ေဘာက္ဆတ္နဲ႔ထြက္လာခဲ့လိုက္တယ္။

႐ြာထဲကလူေတြက ဝိရိယရွိစြာနဲ႔ေတာတက္ေနတဲ့အခ်ိန္ အိပ္ေပ်ာ္ေကာင္းေနတဲ့ မိသန္းတင္အဖို႔ မနက္ေနထြက္ခ်ိန္ေရာက္တဲ့အထိ ထင္းတစ္စည္းျပည့္ေအာင္မရေသးဘူး။ ထင္းမရတဲ့အတြက္ စိတ္ကတိုလာၿပီး ‌လက္ထဲကဓါးမနဲ႔ေတြ႕ရာအပင္ေတြကိုလိုက္ခုတ္ရင္း ေတာတိုးလာခဲ့တာ တစ္ေျဖးေျဖးေတာနက္ထဲကိုေရာက္လာခဲ့တယ္။

" ေသာက္ ေတာကလဲ ထူတာပဲရွိတယ္ ထင္းစိုက္ဖို႔ဘာအပင္မွလဲေကာင္းေကာင္းကန္းကန္းမရွိဘူး ဒီပုံစံနဲ႔အိမ္ျပန္ရင္လဲ အိမ္ကဟာမႀကီးက ဆူတာဆဲတာခံရဦးမယ္"

မိသန္းတင္ေျပာရင္းဆိုရင္း ကမူေလးတစ္ခုေပၚမွာထိုင္ခ်လိုက္ၿပီး ေတာင္ၾကည့္ေျမာက္ၾကည့္ လွည့္ၾကည့္လိုက္ေတာ့ သစ္ေျခာက္ပင္ေတြထူထပ္စြာရွိေနတဲ့ ေတာင္တစ္ေတာင္ကိုေတြ႕လိုက္ရတယ္။

" ဟိုအေရွ႕ကေတာင္ေပၚမွာဆိုရင္ေတာ့ ထင္းေတြအမ်ားႀကီးရမွာ ဒါမယ့္ ႐ြာကလူေတြေျပာတာေတာ့ အဲဒီေတာင္အနားေယာင္လို႔ေတာင္မသြားနဲ႔တဲ့ ငါသြားရင္ေကာင္းမလား မသြားရင္ေကာင္းမလား"

ဝါးတံေလးကိုဘယ္ညာယမ္းၿပီး တစ္ေယာက္ထဲေရ႐ြတ္ကာ စဥ္းစားလိုက္တယ္။

" သြားမယ္ဟာ ဘာျဖစ္ျဖစ္ ဒီတစ္ခါအရဲစြန႔္သြားၿပီးလို႔အဆင္ေျပရင္ ေနာက္ရက္ေတြေအးေဆးပဲ "

မိသန္းတင္လဲျဖစ္ခ်င္ရာျဖစ္ဆိုၿပီး ပုဆိုးၾကမ္းကိုပခုံးေပၚတင္၊ ဓါးမကိုက်စ္က်စ္ပါေအာင္ဆုပ္ၿပီး ျမင္ေနရတဲ့ေတာင္ေပၚကိုတက္လာခဲ့လိုက္တယ္။

ေတာင္ေပၚစတက္တဲ့အခ်ိန္ မီးေလာင္ကြၽမ္းထားၿပီး အေျခာက္တိုင္းက်န္ရွိေနတဲ့ သစ္ပင္အခ်ိဳ႕ကိုေတြ႕လိုက္ေတာ့ မိသန္းတင္ေပ်ာ္သြားတယ္။ ဒီေလာက္ထင္းေပါတဲ့ေတာင္ကို ဘာေၾကာင့္မ်ားမလာၾကတာလဲလို႔ေတြးရင္း ေတာင္ေပၚကိုဆက္တက္လာခဲ့လိုက္တယ္။

ေတာင္အလယ္ေလာက္ေရာက္ေတာ့ ထင္းစိုက္လို႔ေကာင္းမယ့္အပင္ေတြကို ခုတ္ထြင္ကာ တစ္ႏိုင္သယ္လို႔ရေလာက္တဲ့အထိ စည္းၿပီး ေဘးမွာပုံထားလိုက္တယ္။

ထင္းေတြေပါတဲ့ေတာင္ျဖစ္လို႔ အခ်ိန္ခဏေလးအတြင္းမွာ ထင္းစည္းက ငါးစီးေလာက္အထိ ျဖစ္သြားခဲ့တယ္။

" ငါေတာ့ပြတာပဲေဟ့ ေနာက္ရက္ေတြ ဒီအစည္းေတြကိုတစ္ေန႔တစ္စည္းလာသယ္႐ုံပဲ လမ္းသြားလမ္းလာလူေတြမသိေအာင္ဖြက္ထားခဲ့မွ" ဆိုၿပီး ေလွ်ာ္ႀကိဳးနဲ႔စည္းထားတဲ့ ထင္းစည္းေတြကို ေဘးကၿခဳံထဲထိုးထည့္ကာအေပၚကေန သစ္႐ြက္ေတြနဲ႔ဖုံးၿပီးတဲ့အခ်ိန္

" ဟိုကေလးမ နင္ဘာလုပ္ေနတာလဲ"

႐ုတ္တရက္ထြက္လာတဲ့အသံေၾကာင့္ မိသန္းတင္ အေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ ဆံပင္ကိုအေနာက္မွာစုခ်ည္ထားတဲ့ မိန္းမတစ္ေယာက္ကိုေတြ႕လိုက္ရတယ္။ မိသန္းတင္လဲ သူဖြက္ထားတဲ့ထင္းစည္းကိုေတြ႕သြားမွာစိုးရိမ္တဲ့အတြက္

" ထင္းေခြေနတာ ရွင္မျမင္ဘူးလား"

နဂိုထဲက စကားေျပာရင္ နည္းနည္း႐ိုင္းတတ္တဲ့ မိသန္းတင္စကားေၾကာင့္ ရပ္ေနတဲ့မိန္းမႀကီးမ်က္ႏွာ တည္သြားၿပီး

" ဟဲ့ေကာင္မ နင္ကဘာမို႔လို႔ ငါ့ကိုအခုလိုျပန္ေျပာရတာလဲ ငါလုပ္လိုက္ရင္ ေသေတာ့မယ္ "

" အမေလး လာလုပ္ၾကည့္ပါလား က်ဳပ္လက္ထဲကိုင္ထားတဲ့အရာက ခုတ္ရင္ျပတ္တဲ့ဓါး ရွင့္လက္ေတြေျခေတြမျပတ္ခင္ ျပန္လိုက္ေတာ့ က်ဳပ္အလုပ္လုပ္ေနတာကို မေႏွာက္ယွက္နဲ႔"

"တယ္ ရာရာစစ ငါ့လိုလူကိုျပန္ခံေျပာရဲတဲ့ နင့္ကသိပ္ကိုသတၱိရွိေနတာပဲ ဟားဟားဟား ဟဲ့ ေကာင္မ နင့္ကိုငါဒီမွာတင္သတ္လိုက္လို႔ရတယ္ ဒါေပမယ့္ ငါမသတ္ဘူး နင့္ပါးစပ္ဒီထပ္မၾကမ္းရေအာင္ ပညာနည္းနည္းေပးလိုက္မယ္ " လို႔ေျပာၿပီး ေျမႀကီးကို လက္ထဲမွာကိုင္ထားတဲ့ ေတာင္ေဝွးနဲ႔ေဆာင့္ခ်လိုက္တဲ့အခ်ိန္ ေျမႀကီးထဲကေန မီးစေတြထြက္လာၿပီး မိသန္းတင္မ်က္ႏွာကိုလာစင္ခဲ့တယ္။

မ်က္ႏွာကိုလာစင္တဲ့မီးစေတြေၾကာင့္ မိသန္းတင္ေၾကာက္အားလန႔္အား အေနာက္ကိုဆုတ္လိုက္ခ်ိန္မွာေတာ့ ခုတ္ထားတဲ့ထင္းပိုင္းအစေတြကိုနင္းမိၿပီး အေနာက္က သစ္ပင္နဲ႔ ေခါင္းနဲ႔ေဆာင့္မိကာ ေမ့ေမ်ာသြားခဲ့တယ္။

အခ်ိန္ဘယ္ေလာက္ေမ့ေမ်ာသြားတယ္ဆိုတာမသိပဲ ျပန္သတိရလာေတာ့ ေနဝင္ခါနီးျဖစ္ေနၿပီ။ မိသန္းတင္လဲ သစ္ပင္နဲ႔ေဆာင့္ထားလို႔ နာေနတဲ့ ေနာက္ေစ့ကိုလက္နဲ႔ပြတ္ၿပီး ေဘးမွာခ်ထားတဲ့ထင္းစည္းကို ေခါင္းေပၚ႐ြက္ကာ ႐ြာကိုျပန္လာခဲ့လိုက္တယ္။

အိမ္ေရာက္ေတာ့ ေရမိုးခ်ိဳး ထမင္းစားၿပီး တစ္ေနကုန္ပင္ပန္းတဲ့ဒဏ္၊ သစ္ပင္နဲ႔ထိခိုက္မိထားတဲ့ဒဏ္ေတြေၾကာင့္ ဖ်ာေပၚလွဲခ်လိုက္တာ ခဏေလးနဲ႔အိပ္ေပ်ာ္သြားတယ္။ အိပ္ေပ်ာ္ေနရင္း ဗိုက္ထဲကမခံမရပ္ႏိုင္ေအာင္ ေအာင့္လာတဲ့အတြက္ အိမ္ေနာက္ေဖးကို ကမန္းကတမ္းသြားၿပီး လက္ထိုးအန္ခ်လိုက္ေတာ့မွ အနည္းငယ္သက္သာသြားတယ္။

ေနာက္တစ္ေန႔မနက္က်ေတာ့ မိသန္းတင္တစ္ကိုယ္လုံးကိုင္႐ိုက္ထားသလိုျဖစ္ေနၿပီး အိပ္ယာကေနမထႏိုင္ေတာ့ဘူး။ မိသန္းတင္ရဲ႕အေမျဖစ္သူကေတာ့ မနက္ေစာေစာထၿပီး ခ်က္ျပဳတ္ျပင္ဆင္ဖို႔ အိမ္ေနာက္ေဖးကြပ္ျပစ္ေပၚကေန ေရလွမ္းခပ္လိုက္တဲ့အခ်ိန္ တိုင္ကီေပၚတင္ထားတဲ့ မီးေရာင္ေၾကာင့္ တိုင္ကီေဘးမွာ တြန႔္လိမ္တြန႔္လိမ္နဲ႔လႈပ္ေနတဲ့ ေလာက္အေကာင္ေပါင္းမ်ားစြာကိုျမင္ၿပီး လန႔္ေအာ္လိုက္မိတယ္။

" လာၾကပါဦး ေလာက္ေတြ အမ်ားႀကီးပဲ လာၾကပါဦး"

မိသန္းတင္အေမရဲ႕ေအာ္သံေၾကာင့္ ေဘးပတ္ဝန္းက်င္ကလူေတြႏိုးလာၿပီး မီးေရာင္နဲ႔ၾကည့္လိုက္ေတာ့ တိုင္ကီေအာက္ေျခမွာ အသည္းယားစရာလႈပ္ေနၾကတဲ့ ေလာက္အေကာင္ေပါင္းမ်ားစြာကိုေတြ႕လိုက္ရတယ္။

" ညက ဟင္းက်န္ေတြကို ဒီမွာပစ္ထားေသးလား"

" မပစ္ပါဘူးေတာ္ ညကဘာဟင္းမွမရွိလို႔ ဆီနဲ႔ေျမပဲနဲ႔ပဲစားလိုက္ရတာ "

" ခင္ဗ်ား သမီးကိုေမးၾကည့္ပါဦး ညကသူျပန္လာတာေနာက္က်တယ္မလား စားစရာတစ္ခုခုမ်ားဝယ္လာၿပီး ပစ္ထားလားဆိုတာ ေသခ်ာေအာင္အရင္ေမးပါဦးဗ်ာ"

ေဒၚခင္ေမျမလဲ အိမ္ေပၚမွာအိပ္ေနတဲ့ မိသန္းတင္ကိုႏႈိးၿပီး

" သန္းတင္ ထဦး ညကနင္စားစရာေတြမ်ားယူလာေသးလား"

" ဟာ ဘာမွမယူလာပါဘူး ညကအေမျပင္ထားတဲ့ထမင္းပဲစားတာ "

" မယူလာရင္ ေနာက္ေဖးတိုင္ကီနားမွာ ေလာက္ေတြအမ်ားႀကီးပဲ လာၾကည့္ဦး"

ေဘးနားကေန တတြတ္တြတ္ေျပာေနတဲ့ အသံေၾကာင့္ မိသန္းတင္ ကပ်ာကယာထလိုက္ၿပီး အိမ္ေနာက္ေဖးကိုထြက္လာခဲ့လိုက္တယ္။

" ဘယ္မွာတုန္း ေလာက္ေတြက"လို႔ေျပာလိုက္တဲ့အခ်ိန္ မိသန္းတင္ပါးစပ္ထဲကေန ေလာက္ေတြထြက္က်လာခဲ့တယ္။

" ေဟ့ ေဟ့ မိသန္းတင္ပါးစပ္ကိုၾကည့္စမ္း ေလာက္ေတြမဟုတ္လား "

မီးအိမ္အလင္းေရာင္ေၾကာင့္ မိသန္းတင္ပါးစပ္မွာ ကပ္ေနတဲ့ေလာက္ေတြကိုျမင္ေတာ့ အကုန္လန႔္ၿပီးထြက္ေျပးကုန္တယ္။

မိသန္းတင္လဲ သူ႔ပါးစပ္ထဲကေန ေလာက္ေတြ
ထြက္လာတာလဲသိေရာ ႐ုတ္တရက္အိမ္ေပၚကခုန္ဆင္းကာ ေၾကာက္လန႔္တၾကား႐ြာထဲပတ္ေျပးပါေလေရာ။

တိတ္ဆိတ္ေနတဲ့႐ြာေလးက မိသန္းတင္ရဲ႕ ေၾကာက္လန႔္တၾကားေအာ္ဟစ္ေျပးလႊားသံ၊ အိမ္နီးနားခ်င္းေတြရဲ႕ေအာ္သံေၾကာင့္ ႐ုတ္တရက္ကမာၻပ်က္သလိုဆူညံသြားခဲ့တယ္။
++++++
ေနအလင္းေရာင္ စထြက္တဲ့အခ်ိန္ေရာက္ေတာ့ ႐ြာလည္ကြပ္ျပစ္မွာ ေရွးမွီေနာက္မွီလူႀကီးေတြစုၿပီး

" မနက္က သန္းတင္အျဖစ္ကိုဘယ္လိုထင္ၾကလဲ"

႐ြာရဲ႕အသက္အႀကီးဆုံး ဖိုးလူဝရဲ႕စကားေၾကာင့္ ေရေႏြးၾကမ္းခြက္ကိုင္ကာ စဥ္းစားေနတဲ့ ဘႀကီးထြန္းက

" စကားေျပာတိုင္း ပါးစပ္ထဲကေန ေလာက္ေတြထြက္တယ္ဆိုတာ က်ဳပ္ဘဝမွာတစ္ခါမွမၾကားဖူးတဲ့ကိစၥပဲ ကေလးမေလးက စကားအေျပာအဆိုလဲနည္းနည္းၾကမ္းတယ္လို႔သိရတယ္ မိဘဆိုလဲျပန္ေျပာတာပဲ လူႀကီးသူမကိုလဲ႐ိုေသရမွန္းမသိဘူး ဒါေၾကာင့္ နတ္ေဒဝါေတြက ဒဏ္ခတ္တာမ်ားလား"

" ဒါဆို အရင္ထဲက ခတ္မေပါ့ဗ် သူမစကားေျပာ႐ိုင္းတာမေန႔တစ္ေန႔ကမွမဟုတ္တာ က်ဳပ္အျမင္ကေတာ့တစ္မ်ိဳးဗ်"

" ကိုညိဳထင္ ခင္ဗ်ားအျမင္ကိုေျပာၾကည့္ပါဦး"

" ဒီကေလးမ အိမ္ကိုမနက္ကသြားေတာ့ အိမ္ေအာက္မွာ အစည္းမေျပထားေသးတဲ့ ထင္းတစ္စည္းေတြ႕တယ္ သူ႔ထင္းစည္းေတြမွာပါတဲ့ထင္းေတြက က်ဳပ္တို႔ပုံမွန္ခုတ္ယူေနၾကထင္းေတြမဟုတ္ဘူး က်ဳပ္အထင္ေျပာရရင္ ဒီကေလးမ နဂါးနက္ေတာင္ေပၚတက္သြားလို႔ ဟိုေတာင္မွာေနတဲ့ စုန္းမျပဳစားလိုက္ၿပီထင္တယ္"

" ေဟ နဂါးနက္ေတာင္ေပၚတက္သြားတာလား ဒီေကာင္မေလး အေၾကာက္အလန႔္မရွိတာကြယ္ အခုသူ႔ကိုေရာဘယ္မွာထားထားလဲ"

" သူ႔အိမ္မွာပဲထားထားရတာေပါ့ စကားလဲေျပာခိုင္းလို႔မရဘူး စကားေျပာတာနဲ႔ ပါးစပ္ထဲကေန ေလာက္ေတြတဖြားဖြားက်လာတာ"

" ဒီပုံစံနဲ႔ဆို ပေယာဂကုတဲ့ဆရာရွာ‌ရေတာ့မွာေပါ့ သူျဖစ္တဲ့ပုံစံက ထူးဆန္းေတာ့ ဆရာေတြကကုႏိုင္ပါ့မလား"

" ဒါေတာ့ႀကိဳေမးရမွာေပါ့ မတတ္ႏိုင္တဲ့အဆုံး နဂါးနက္ေတာင္ကစုန္းမကိုသြားျပန္ေတာင္းပန္ရမွာပဲ"

" ဖိုးလူဝကလဲ ဘယ္သူကနဂါးနက္ေတာင္ေပၚတက္ရဲလို႔လဲ တက္သြားတဲ့လူမွန္သမွ် အေကာင္းတိုင္းျပန္ဆင္းလာတာ ျမင္ဖူးလို႔လား"

ဘႀကီးထြန္းစကားေၾကာင့္ အကုန္ၿငိမ္သက္သြားတဲ့အခ်ိန္

" ေဟ့ေကာင္ မႈံႀကီး ငါ့သၾကားလုံးျပန္ေပးကြာ"

" မေပးဘူးကြာ ဒါငါ့ဟာကြ"

" မင္းမယုတ္မာနဲ႔ ဒါဟိုလူႀကီးငါ့ကိုေပးထားတာ မင္းဟာမင္းစားလို႔ကုန္သြားၿပီဟာကို"

မႈံႀကီးနဲ႔ေပါက္ေက်ာ္ဆိုတဲ့ကေလးႏွစ္ေယာက္က ဖိုးလူဝတို႔ထိုင္ေနတဲ့ကြပ္ျပစ္နားရန္ျဖစ္ေနတာျမင္ေတာ့

" ဟိုကေလးေတြ ရန္မျဖစ္ၾကနဲ႔ သြားသြား ေဝးေဝးသြားကစား"

" ဖိုးလူဝ ဒီေကာင္လူလည္က်တာ သား သၾကားလုံးကိုလုထားတယ္ "

" ဟိုေကာင္ မႈံႀကီး မင္းဟာမဟုတ္ရင္ျပန္ေပးလိုက္ နားလာမၿငီးနဲ႔ကြာ မိသန္းတင္ကိစၥနဲ႔ရႈပ္ေနတာကတစ္မႈ မင္းတို႔ကတစ္မႈ "

" ဖိုးလူဝ အမသန္းတင္အေၾကာင္းကတကယ္လား"

" မင့္ေမကလႊားေလးေတြ သိခ်င္ရင္ သြားေမးကြာ "

" ဟာ ဖိုးလူဝကလဲ သားတို႔ကို သၾကားလုံးေပးတဲ့လူႀကီးကေျပာတယ္ မသန္းတင္ပါးစပ္ထဲကေလာက္ထြက္တာ သူမ်ားျပဳစားခံရတာတဲ့"

" ေဟ မင္းတို႔ကိုဘယ္သူေျပာတာလဲ"

" သၾကားလုံးေပးတဲ့လူႀကီးေျပာတာ "

" ေအး အဲဒါေတာ့ငါလဲသိတာေပါ့ဟ ေသာက္ကေလးေတြ စကားကိုႏွစ္လုံးထဲနဲ႔လာၾကပ္ေနတယ္ အဲလူႀကီးက ဘယ္ကလဲ အခုဘယ္မွာရွိေနလဲ"

" ႐ြာထိပ္က မဘုစုရဲ႕ အေၾကာ္တဲမွာ ထိုင္ေနၾကတယ္ သူတို႔မွာပါတဲ့သၾကားလုံးေတြကို ေဝေနလို႔ ကေလးေတြအကုန္အဲေရာက္ေနၾကတာ"

" ေအးပါကြာ ဟိုေကာင္ေပါက္ေက်ာ္မင္းဆီကသၾကားလုံးလုထားတာျပန္မေတာင္းနဲ႔ေတာ့ ဒီမွာမုန႔္ဖိုး ႐ြာထဲကမုန႔္ဆိုင္မွာတစ္ခုခုဝယ္စားကြာ"

အဖိုးလူဝက အိပ္ကပ္ထဲကေငြအေႂကြတစ္ခ်ိဳ႕ကိုထုတ္ေပးလိုက္ေတာ့မွ မႈံႀကီးလစ္သြားတယ္။

" ခုနကကေလးေတြေျပာသြားတာ ၾကားတယ္မဟုတ္လား လာဗ်ာ ႐ြာထိပ္ကအေၾကာ္တဲကိုသြားၾကည့္ရေအာင္ တစ္ခုခုထူးရင္လဲထူးမွာေပါ့"

ဖိုးလူဝက အသက္အ႐ြယ္နဲ႔မလိုက္ေအာင္ ထလိုက္ၿပီး လွ်င္ျမန္တဲ့ေျခလွမ္းေတြနဲ႔ ႐ြာထိပ္ကိုထြက္လာခဲ့လိုက္တယ္။

႐ြာထိပ္ေရာက္ေတာ့ မဘုစုရဲ႕အေၾကာ္တဲမွာ ထိုင္ေနတဲ့လူလတ္ပိုင္းအ႐ြယ္ ေကာင္ေလးသုံးေယာက္ကိုေတြ႕လိုက္ရၿပီး သူတို႔ရဲ႕ေဘးမွာေတာ့ ႐ြာထဲကကေလးေတြစုၿပဳံေနၾကတယ္။

" ဟိုေကာင္ေလး မတိုးနဲ႔ေလ အလွည့္ၾကတန္းစီ သၾကားလုံးကေလာက္ပါတယ္ တစ္ေယာက္ယူၿပီးရင္လာထပ္မယူနဲ႔ေနာ္ အလွည့္ေက်ာ္ရင္မေပးဘူး"

ေယာဂီဖ်င္ၾကမ္းအက်ႌဝတ္ထားၿပီး လြယ္အိတ္တစ္လုံးကိုတစ္ေစာင္းလြယ္ထားတဲ့ လူငယ္က ကေလးေတြကို သၾကားလုံးေတြကမ္းေပးေနရင္း ဖိုးလူဝတို႔ကိုျမင္ေတာ့ ေဘးမွာထိုင္ေနတဲ့ ဥပဓိ႐ုပ္ေကာင္းေကာင္း အရပ္ျမင့္ျမင့္လူငယ္ကို တိုးတိုးေလးကပ္ေျပာတာျမင္လိုက္ရတယ္။

ထိုင္ေနတဲ့လူငယ္က ကေလးေတြကိုၾကည့္ေနရင္း တီးတိုးေျပာလိုက္တဲ့စကားေၾကာင့္ ဖိုးလူဝတို႔ဘက္လွည့္ၾကည့္ကာ ထိုင္ေနရာမွထလိုက္ၿပီး တဲထဲကေနထြက္လာခဲ့တာျမင္လိုက္ရတယ္။

" ေတြ႕ရတာဝမ္းသာပါတယ္ ဖိုးလူဝ"

ေယာက်ၤားပီသတဲ့မ်က္ႏွာ၊ရိတ္ၿပီးစႏႈတ္ခမ္းေမြးစိမ္းစိမ္းေလးေတြထြက္ေနတဲ့လူငယ္စကားေၾကာင့္ ဖိုးလူဝအံ့ဩသြားၿပီး

" လူေလးက က်ဳပ္နာမည္ကိုေတာင္သိေနတာကိုး"

" အဲလိုလဲမဟုတ္ပါဘူး ကေလးေတြေျပာျပလို႔သိရတာပါ "

" လူေလးတို႔ကိုအရင္က ဒီနားတစ္ဝိုက္မွာမေတြ႕ဘူးဘူးေနာ္ ခရီးသြားေတြလား"

" ဟုတ္ပါတယ္ ကြၽန္ေတာ္တို႔ကနဂါးနက္ေတာင္ေပၚကိုသြားၾကမလို႔ပါ"

ဖိုးလူဝနဲ႔အေပါင္းအပါေတြလဲ နဂါးနက္ေတာင္ဆိုတဲ့အသံကိုၾကားေတာ့ အံ့ဩသြားၿပီး

" လူေလးတို႔နဂါးနက္ေတာင္ကိုမသြားၾကပါနဲ႔ အဲေတာင္ကအရမ္းဆိုးတာ ညကေတာင္ ႐ြာထဲက ကေလးမတစ္ေယာက္ ျပဳစားခံလိုက္ရတယ္"

" ပါးစပ္ထဲကေလာက္ေတြက်ေနတဲ့ ကေလးမကိုေျပာတာလား ဒီကကေလးေတြေျပာျပလို႔အနည္းငယ္သိၿပီးပါၿပီ "

" ဟုတ္ပါ့ကြယ္ လူေလးတို႔က ဒီကေလးမနဲ႔ပတ္သတ္ၿပီး ဘာမ်ားသိထားေသးလဲ"

" အေထြအထူးေတာ့မသိပါဘူးအဖိုး ပါးစပ္ထဲကေလာက္ထြက္ေအာင္ျပဳစားတယ္ဆိုတာ သာမန္အဆင့္မဟုတ္ဘူးဆိုတာေတာ့သိပါတယ္ "

" ဒါျဖင့္ ဒီကေလးမကိုကယ္လို႔မရဘူးလား"

" ကြၽန္ေတာ္တို႔ၾကည့္ေပးပါ့မယ္ ဒါေပမယ့္ အဖိုးတို႔က ေလာက္ေသ႐ြက္အနည္းငယ္ေတာ့ရွာေပးပါ"

" ေလာက္ေသ႐ြက္လား ႐ြာမွာရွိတယ္ လူေလးတို႔ၾကည့္ေပးမယ္ဆိုရင္ပဲ ေက်းဇူးတင္ေနပါၿပီ ႐ြာထဲကိုဝင္ၾကရေအာင္ ကေလးမအေမဆိုလဲ တစ္ငိုငိုတရီရီျဖစ္ေနတာ"

" ဒါျဖင့္ လူနာအိမ္ကိုလမ္းျပပါဦး "

အဖိုးလူဝကဝမ္းသာအားရနဲ႔အေရွ႕ကေနထြက္သြားေတာ့ လူငယ္က အေၾကာ္တဲမွာကေလးေတြကို သၾကားလုံးေတြေဝေပးေနတဲ့ လူႏွစ္ေယာက္ဘက္လွည့္ကာ

" သက္ခိုင္နဲ႔ ေတာက္ရ ဒီမွာခဏေနခဲ့ဦး ငါျပန္လာခဲ့မယ္" လို႔လွမ္းမွာၿပီး ႐ြာထဲကိုဝင္လာခဲ့လိုက္တယ္။

ဖိုးလူဝေခၚေဆာင္တဲ့ေနာက္ကိုလိုက္ခဲ့တဲ့ လူငယ္ေလးကိုျမင္တဲ့ကေလးေတြကေတာ့

" ေဟး သၾကားေပးတဲ့လူႀကီး ႐ြာထဲဝင္လာၿပီ သၾကားလုံးေတြခ်ိဳခ်ဥ္ေတြထပ္ေပးမလို႔နဲ႔တူတယ္" လို႔ေျပာၿပီး အနားကပ္လာတာျမင္ေတာ့ ဖိုးလူဝက

" တယ္ ဒီကေလးေတြ သြားသြား ခပ္ေဝးေဝးသြားၾကစမ္း ေျပာမရရင္ေလာက္ေကာင္ေတြပါးစပ္ထဲထည့္ေပးလိုက္မယ္"လို႔ဆူလိုက္ေတာ့မွ အနားကေနခြာသြားၾကတယ္။

" ႐ြာကကေလးေတြကဒီလိုပဲလူေလးေရ သူတို႔ခင္တဲ့သူလာရင္ အခုလိုပဲအနားကပ္ေနၾကတာ"

ဖိုးလူဝစကားေၾကာင့္ လူငယ္က

" ကြၽန္ေတာ္တို႔ငယ္ငယ္ကလဲဒီလိုပါပဲဗ်ာ ကိုယ္ခ်င္းစာပါတယ္ ဒါနဲ႔ လူနာအိမ္ေရာက္ရင္ နဂါးနက္ေတာင္အေၾကာင္းေလး သိသေလာက္ေျပာျပပါဦး"

" အဖိုးတို႔သိသေလာက္ေျပာျပေပးမယ္ ဒါေပမယ့္ တစ္ဆင့္စကားတစ္ဆင့္နားဆိုေတာ့ တကယ္ျဖစ္ခဲ့ခ်င္မွလဲျဖစ္ခဲ့မွာ လူေလးနဲ႔စကားေတြေျပာလာတာ နာမည္ကိုမေမးမိေသးဘူး အဖိုးနာမည္ကေတာ့ လူဝလို႔ေခၚတယ္ ႐ြာကလူေတြကေတာ့ ဖိုးလူဝလို႔ေခၚၾကတယ္"

ဖိုးလူဝစကားကိုၾကားေတာ့လူငယ္ေလးက ႏွစ္လိုဖြယ္ေကာင္းေလာက္ေအာင္ၿပဳံးၿပီး

" ကြၽန္ေတာ္နာမည္ကေတာ့ ေအာင္ျမတ္သာလို႔ေခၚပါတယ္ "

" ေအာင္ ျမတ္ သာ နာမည္ေလးက အရမ္းကိုေကာင္းမြန္တာပဲ ေအာင္ျမင္မႈ၊ ေကာင္းျမတ္မႈ၊ သူတစ္ပါးထက္သာလြန္မႈ ဆိုတဲ့အခ်က္ေတြေပါင္းစပ္ထားတဲ့အတြက္ လူေလးကေရွ႕ဆက္ဒီထက္ပိုေအာင္ျမင္ေက်ာ္ၾကားဦးမွာ"

ဖိုးလူဝကေအာင္ျမတ္သာကိုခ်ီးမြမ္းခန္းဖြင့္ၿပီး လမ္းေလ်ာက္လာခဲ့တာ ဝါးျခမ္းေလးေတြကို ႏွစ္စိပ္ခြဲၿပီးကာထားတဲ့ အိမ္ေရွ႕ေရာက္ေတာ့

" လူေလး ဒီအိမ္က လူနာအိမ္ပဲ အေပၚတက္ခဲ့ေလ"

" အဖိုး လူနာကုတဲ့အခါ မ႐ြံတတ္တဲ့ မိန္းမသုံးေယာက္ေလာက္ရွိရင္‌ပိုေကာင္းမယ္ အဆင္ေျပရင္ ရွာေပးပါဦး"

" အိုကြယ္ ရတာေပါ့ ေဟ့ ဟိုဘက္ဝိုင္းထဲက ေဒၚပန္းတို႔သားအမိႏွစ္ေယာက္ကိုဒီခဏလာဦးလို႔ေျပာလိုက္"

ဖိုးလူဝက ေဘးအိမ္မွာရပ္ၾကည့္ေနတဲ့ ကေလးမေလးကိုလွမ္းေအာ္ေျပာလိုက္ရင္း အိမ္ေပၚကိုတက္လာခဲ့လိုက္တယ္။

‌ေအာင္ျမတ္သာနဲ႔ဖိုစလူဝတို႔အိမ္ေပၚေရာက္ေတာ့ နံရံေလးေဘးမွာ ေစာင္ၿခဳံကာအိပ္ေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ကိုျမင္လိုက္ရတယ္။

" ဟဲ့ မိသန္းတင္ ဒီမွာနင့္ကိုကုမဲ့ဆရာေရာက္ေနၿပီ အိပ္ယာကထလာဦး"

ဖိုးလူဝရဲ႕ေအာ္သံေၾကာင့္ ေစာင္ၿခဳံထားတဲ့အမ်ိဳးသမီးက ေစာင္ကိုဖယ္လိုက္ၿပီး ထထိုင္လိုက္တယ္။

အသက္ႏွစ္ဆယ္ေက်ာ္အ႐ြယ္ မိန္းကေလးတစ္ေယာက္ျဖစ္တဲ့အျပင္ တစ္ခါမွမႀကဳံဖူးတဲ့အျဖစ္ေၾကာင့္ ေၾကာက္လန႔္တၾကားျဖစ္ေနတဲ့ ႐ုပ္ကိုျမင္ေတာ့ ေအာင္ျမတ္သာက

" ဒီမွာငါ့ႏွမ ဘာမွမေၾကာက္နဲ႔ စိတ္ကိုေအးေအးထား ဆရာေျပာတာကို ဟုတ္ရင္ေခါင္းၿငိမ့္ျပ မဟုတ္ရင္ ေခါင္းခါျပ စကားမေျပာလဲရတယ္" လို႔ေျပာလိုက္ၿပီး အိမ္ဦးခန္းမွာရွိတဲ့ ဘုရားေက်ာင္းေဆာင္ဘက္ကိုလွည့္ကာ ဘုရားရွိခိုးလိုက္တယ္။

အတန္ၾကာေအာင္ဘုရားရွိခိုးၿပီး အေနာက္ကိုျပန္လွည့္လာကာ

" အဖိုး ကြၽန္ေတာ္ရွာခိုင္းထားတဲ့ ေလာက္ေသ႐ြက္ရလာၿပီလား"

" ဒီမွာရၿပီ လူေလး မင္းဘုရားရွိခိုးေနတုန္း လာေပးသြားတာ"လို႔ေျပာၿပီး ေအာင္ျမတ္သာဆီကိုေလာက္ေသ႐ြက္အခ်ိဳ႕ကမ္းေပးလိုက္တယ္။

ေအာင္ျမတ္သာလဲ ေလာက္ေသ႐ြက္ကို ဘုရားေက်ာင္းေဆာင္ေအာက္မွာ ရွိတဲ့ေရအိုးထဲကေရနဲ႔ေသခ်ာေဆးေၾကာၿပီး ေလာက္ေသ႐ြက္ေပၚမွာ လက္ညိဳးထိပ္နဲ႔ ေလးကြက္အင္းတစ္ခုကိုေရးဆြဲၿပီးညာဘက္လက္ဖဝါးေပၚမွာတင္ထားလိုက္တယ္။

" ငါ့ႏွမ နဂါးနက္ေတာင္ေပၚကိုသြားခဲ့တာ ေသခ်ာလား"

ေအာင္ျမတ္သာအေမးကို မိန္းကေလးက ဟုတ္မွန္ေၾကာင္း ေခါင္းညိမ့္ျပလိုက္တယ္။

" ေကာင္းၿပီ နဂါးနက္ေတာင္ေပၚမွာ မိန္းမတစ္ေယာက္နဲ႔ေတြ႕ခဲ့လား"

မိန္းကေလးကေခါင္းညိမ့္ျပတယ္။

" သူ႔ငါ့ႏွမကို ဘာလုပ္ခဲ့လဲ"

ေအာင္ျမတ္သာစကားအဆုံးမွာ မိန္းကေလးက ႐ုတ္တရက္ေဆာင့္ေၾကာင့္ထထိုင္ကာ ေအာ္ရီပါေလေရာ။

" ဟားဟားဟား နင့္အင္းေသးေသးေလးနဲ႔ ငါ့ကိုလွည့္ျဖားဖို႔ မႀကိဳးစားနဲ႔ ငါ့ကိုခ်ဳပ္ၿပီး အင္းစမေတြနဲ႔ႏွိပ္စက္မလို႔လား ငါ့ကိုခ်ဳပ္တာနဲ႔ ဒီကေလးမအသက္ေသၿပီသာမွတ္"

ေဒါသတႀကီးေျပာလိုက္တဲ့စကားေၾကာင့္ မိန္းကေလးရဲ႕ပါးစပ္ထဲကေန ျဖဴေဖြးေနတဲ့ ေလာက္ေကာင္ေတြက်လာခဲ့တယ္။

ဝင္ပူးေနတဲ့မိန္းကေလးက ပါးစပ္ထဲက ထြက္က်လာတဲ့ေလာက္ေကာင္ေတြကို တစ္ေကာင္ခ်င္းေကာက္ကာ ပါးစပ္ထဲပစ္ထည့္ၿပီး ဝါးပါေလေရာ။

ဒီအျဖစ္အပ်က္ကိုျမင္ေတာ့ မ႐ြံတတ္ဘူးလို႔ေျပာထားတဲ့မိန္းမသုံးေယာက္ေတာင္ မ်က္ႏွာလႊဲထားၾကတယ္။

" ဒီမွာ နဂါးနက္မယ္ သင္နဲ႔က်ဳပ္ထိပ္တိုက္ေတြ႕ဖို႔ရွိပါတယ္ ဒီကေလးမက သင့္ကိုေစာ္ကားမိခဲ့ေပမယ့္ သူမသိလို႔ေျပာခဲ့တာကိုခြင့္လႊတ္လိုက္ပါ သင့္ကိုဒီေနရာမွာ က်ဳပ္ဘာမွမလုပ္ဘူး သင့္ေနရာသင့္ပိုင္နက္ေရာက္ေအာင္ က်ဳပ္လာခဲ့မယ္ "

" ႀကိဳဆိုလ်က္ပါငါ့သားရယ္ ဟက္ဟက္ဟက္ နင့္ပညာအရမ္းစြမ္းရင္ ငါလုပ္ထားတာကို ေပ်ာက္ေအာင္ကုေပးလိုက္စမ္းပါ အေမႀကီး သြားၿပီ သားေလးေရ ဟားဟားဟား" လို႔ေျပာၿပီး ေကာင္မေလးဇက္က်ိဳးက်သြားတယ္။

ေဘးကေနၾကည့္ေနတဲ့ ဖိုးလူဝက

" ကေလးမေလး ေသၿပီလားမသိပါဘူး"

" မေသပါဘူးအဖိုး အခုသူသတိေမ့ေနတာပါ သူ႔ကိုပက္လက္အေနအထားနဲ႔ထားၿပီး ဗိုက္ေပၚကိုဒီေလာက္ေသ႐ြက္ကိုတင္ေပးပါ သူ႔အေရွ႕မွာ စဥ့္အိုးအႀကီးတစ္လုံးလဲခ်ထားေပးပါ"

ေအာင္ျမတ္သာစကားေၾကာင့္ ေဘးအိမ္ကေနေခၚထားတဲ့ မိန္းမသုံးေယာက္က ေမ့ေနတဲ့မိန္းကေလးကိုပက္လက္အေနအထားခ်ေပးၿပီး အိမ္ေနာက္မွာရွိေနတဲ့စဥ့္အိုးကိုယူလာခဲ့တယ္။

"ဆရာ ေလာက္ေသ႐ြက္ကို တင္လိုက္ရေတာ့မလား"လို႔ေမးေတာ့ ေအာင္ျမတ္သာက ေခါင္းညိမ့္ျပလိုက္တယ္။
ေခၚထားတဲ့မိန္းမေတြလဲ ေအာင္ျမတ္သာေပးလိုက္တဲ့ ေလာက္ေသ႐ြက္ကို ဗိုက္ေပၚတင္ေပးလိုက္တယ္။

ေလာက္ေသ႐ြက္က မိန္းကေလးဗိုက္ေပၚေရာက္တာနဲ႔ တစ္ေျဖးေျဖးလႈပ္လာၿပီး အ႐ြက္ထိပ္မွာရွိေနတဲ့ အညႇာတံေလးက ဗိုက္ကိုထိုးပါေလေရာ။

အညႇာတံေလးထိုးတဲ့အခ်ိန္ မိန္းကေလးက ေဝါခနဲ ေဝါခနဲ ေလာက္ေတြကိုအန္ခ်တာ ဆယ္မိနစ္အတြင္းေလာက္မွာ စဥ့္အိုးတစ္ဝက္ေလာက္အထိ ျပည့္သြားခဲ့တယ္။

"ဘုရား ဘုရား နည္းတဲ့ေလာက္ေတြမွမဟုတ္တာ လူေလး သူ႔ကိုယ္ထဲမွာေလာက္ေတြက်န္ေသးလား"

" အညႇာတံေလးေႂကြတာနဲ႔ သူ႔ပညာကုန္ပါၿပီ ခဏေစာင့္ပါအဖိုး"

မိန္းကေလးလဲ အန္ရင္းအန္ရင္း ေမာလာတဲ့အခ်ိန္ ေလာက္ေသ႐ြက္အညႇာတံလဲ ဗိုက္ေပၚကို ေႂကြက်သြားခဲ့တယ္။

" ကဲ ပညာေတာ့ကုန္သြားၿပီ ဗိုက္ေပၚကေလာက္ေသ႐ြက္ကို အိုးထဲထည့္ၿပီး တစ္ခုခုနဲ႔ဖုံးထားလိုက္ပါ" လို႔ေျပာေတာ့ မိန္းမသုံးေယာက္က ဗိုက္ေပၚတင္ထားတဲ့ ေလာက္ေသ႐ြက္ကို စဥ့္အိုးထဲထည့္ကာ စေကာနဲ႔ဖုံးလိုက္ၾကတယ္။

" ဟဲ့ ဟိုကေလးမ ဆရာ့ကိုကန္ေတာ့လိုက္ဦးေလ"

ဖိုးလူဝက နံရံကိုမွီကာထိုင္ေနတဲ့ မိန္းကေလးကိုေျပာလိုက္ေတာ့မွ လက္အုပ္ခ်ီၿပီး ေအာင္ျမတ္သာကိုဦးခ်ခဲ့တယ္။

"ငါ့ႏွမ သင္အခုလိုျဖစ္တာ ႏႈတ္ဝစီေၾကာင့္ပဲ ဒါေၾကာင့္သင့္ရဲ႕ဝစီကံကိုထိန္းပါ ဒီတစ္ႀကိမ္ကံေကာင္းလို႔ဆရာတို႔နဲ႔ဆုံေပမယ့္ ေနာက္တစ္ႀကိမ္ထပ္ျဖစ္ရင္ ဆရာတို႔လဲကယ္ႏိုင္မွာမဟုတ္ဘူး"

ေအာင္ျမတ္သာရဲ႕ဆုံးမစကားကိုၾကားေတာ့ မိန္းကေလးက မ်က္ရည္က်ၿပီး သူမေျပာေတာ့ဘူးဆိုတဲ့အေၾကာင္း ေျပာရွာတယ္။

ေရာဂါကိုခဏအတြင္းကုေပးလိုက္တဲ့ ေအာင္ျမတ္သာရဲ႕အစြမ္းကိုျမင္လိုက္ရတဲ့ဖိုးလူဝက

" လူေလးလိုဆရာမ်ိဳးရွားပါေပတယ္ အသက္ကလဲငယ္ ပညာကလဲစြမ္း အိမ္း ပါရမီျပည့္ေပတာကိုး" ဆိုၿပီးခ်ီးက်ဴးခဲ့တယ္။

ေအာင္ျမတ္သာတို႔အိမ္ေပၚကဆင္းေတာ့ မိန္းကေလးရဲ႕မိခင္ျဖစ္သူက သစ္သီးသစ္ဖုေတြအတင္းလာေပးလို႔ ျငင္းခဲ့ၾကရေသးတယ္။

ဖိုးလူဝက ၿခံအျပင္ေရာက္ေတာ့

" နဂါးနက္ေတာင္အေၾကာင္း လူေလးေမးထားတာ အဖိုးသိသေလာက္ေျပာျပမယ္ အဖိုးတို႔ငယ္ငယ္ထဲက နဂါးနက္ေတာင္ကိုလူေတြမသြားရဲၾကဘူး နဂါးတစ္ေကာင္ရစ္ေခြေနတဲ့ပုံျဖစ္လို႔ နဂါးေတာင္လို႔အစကေခၚခဲ့ၾကတယ္ ေနာက္ပိုင္းမွာ နဂါးနက္ေတာင္ေပၚမွာ မီးခဏခဏေလာင္တယ္ ေလာင္ၿပီးရင္အလိုလိုျပန္ၿငိမ္းသြားတယ္ ‌လျပာ့္လကြယ္ေန႔ေတြဆိုရင္ေတာင္ေပၚမွာ မီးလုံးေတြ တက္လိုက္က်လိုက္နဲ႔ ျမဴးေနတာကိုလဲျမင္ခဲ့ဖူးတယ္ မီးခဏခဏေလာင္တဲ့ေတာင္ျဖစ္တဲ့အတြက္ သစ္ပင္ေတြက မစိမ္းေတာ့ပဲ မီးကြၽမ္းထားတဲ့အေရာင္လိုျဖစ္ေနရာကေန နဂါးနက္ေတာင္ဆိုၿပီးျဖစ္လာတာ နဂါးနက္ေတာင္မွာ စုန္းကေဝေတြေပါတယ္ ျဖစ္ႏိုင္ရင္ မသြားေစခ်င္ဘူးလူေလး"

" အဖိုးရဲ႕ေစတနာကိုနားလည္ပါတယ္ ဒါေပမယ့္ မသြားမျဖစ္သြားရမယ့္ကိစၥေလးေတြေၾကာင့္ သြားရပါဦးမယ္အဖိုး"

" အိမ္း တားမရေတာ့လဲ လူေလးတို႔သေဘာပါကြယ္ သတိေတာ့ထားၾကေနာ္"

" စိတ္ပူေပးတာေက်းဇူးပါ ေဟာ ေျပာရင္းဆိုရင္း ႐ြာထိပ္ေတာင္ေရာက္လာၿပီ ဟိုမွာရပ္ေနတဲ့သူႏွစ္ေယာက္က သက္ခိုင္နဲ႔ ေတာက္ရလို႔ေခၚတယ္ သူတို႔က ကြၽန္ေတာ္နဲ႔လိုက္ၿပီး လူေတြကိုကယ္တင္ေပးေနၾကတာ "

" မြန္ျမတ္လွပါတယ္ကြယ္ ျပန္ရင္ ႐ြာကိုဝင္လာခဲ့ဦးေနာ္ အားလုံးေဘးကင္းၾကပါေစ"

ေအာင္ျမတ္သာတို႔လဲ အဖိုးလူဝကိုႏႈတ္ဆက္ၿပီး နဂါးနက္ေတာင္ရွိရာဘက္ကိုထြက္လာခဲ့ၾကတယ္။

" ဆရာ ႐ြာထဲမွာ ေလာက္ေတြအန္တဲ့ကေလးမကိစၥကတကယ္လား"

" ဟုတ္တယ္ သူ႔ရဲ႕ႏႈတ္ေၾကာင့္ သူခံရတာ အခုေတာ့ေကာင္းသြားပါၿပီ နဂါးနက္ေတာင္က စုန္းမႀကီးကေတာ့ တို႔ကိုဘယ္လိုႀကိဳမလဲၾကည့္ရဦးမယ္"

" သတိေတာ့ထားရမွာပဲဆရာ အရင္တစ္ခါလို သူေယာင္မယ္ေတြနဲ႔ေတာ့မႀကိဳေလာက္ပါဘူးေနာ္ ဟားဟား"

ေတာက္ရစကားေၾကာင့္ သက္ခိုင္ဟက္ဟက္ပက္ပက္ရယ္လိုက္ေပမယ့္ ေအာင္ျမတ္သာကေတာ့ အနည္းငယ္ၿပဳံးေယာင္သမ္းတယ္ဆို႐ုံပဲၿပဳံးလိုက္တယ္။

႐ြာပိုင္ေတာငယ္ေလးကိုေက်ာ္လြန္ၿပီးတဲ့အခ်ိန္မွာေတာ့ နဂါးနက္ေတာင္တန္းရဲ႕အစပ္ကိုေရာက္လာခဲ့တယ္။ မီးေလာင္ထားတဲ့သစ္ပင္သစ္ကိုင္းေတြကေနထြက္လာတဲ့ ေညႇာ္နံ႔ေတြက မသိရင္သုႆာန္တစ္စျပင္ကိုေရာက္ေနသလိုခံစားမိေစခဲ့တယ္။

နဂါးနက္ေတာင္ေပၚကိုေျခခ်မိတယ္ဆိုရင္ပဲ ေတာင္ထိပ္မွာ႐ုတ္တရက္ဝဲပ်ံတက္လာတဲ့ လင္းတအုပ္စုကိုျမင္လိုက္ရတယ္။

"ဆရာ ဟိုမွာ ႀကိဳေနၿပီထင္တယ္"

" ဟုတ္တယ္ သူတို႔လဲလူစုထားၿပီးၿပီ အခုငါတို႔တက္လာတာကိုလဲျမင္ေနမွာ သတိမျပတ္ေစနဲ႔"

ေအာင္ျမတ္သာက သတိေပးရင္း ေတာင္ေပၚကိုတက္လာခဲ့တယ္။ ေတာင္ေပၚမေရာက္ခင္လမ္းခုလတ္နားေရာက္ေတာ့

" ႐ႊီး ႐ႊီး ႐ႊီး "ဆိုတဲ့အသံနဲ႔အတူ ေတာႀကီးပ်ားအေကာင္ေပါင္းမ်ားစြာက ေအာင္ျမတ္သာတို႔ဆီဝင္လာခဲ့တယ္။

ပတ္ဝန္းက်င္တစ္ခုလုံးမဲနက္သြားတဲ့အထိ မ်ားျပားလွတဲ့ပ်ားအုပ္ႀကီးကိုျမင္ေတာ့ ေအာင္ျမတ္သာေရွ႕ဆက္မတက္ေတာ့ပဲ ရပ္လိုက္တယ္။

အရွိန္ျပင္းျပင္းနဲ႔ပ်ံလာတဲ့ပ်ားအုပ္ႀကီးက ေအာင္ျမတ္သာတို႔နဲ႔ ဝါးတစ္ျပန္စာေလာက္လဲေရာက္ေရာ တစ္ေျဖးေျဖးအေကာင္ႀကီးလာခဲ့တာ ပိတုန္းအ႐ြယ္အစားေလာက္ျဖစ္လာခဲ့တယ္။

ပိတုန္းအ႐ြယ္ေလာက္ႀကီးလာတဲ့ပ်ားေတြက ေျခလွမ္းဆယ္လွမ္းစာေလာက္အထိ နီးကပ္လာခ်ိန္မွာေတာ့ ေအာင္ျမတ္သာက ညာလက္နဲ႔ ေလထဲကိုပုတ္ခ်လိုက္ရာ အေရွ႕ဆုံးကေနပ်ံလာတဲ့ ပ်ားအုပ္ကေဘးကိုလႊင့္ထြက္သြားၿပီး ေျမႀကီးေပၚက်တဲ့အခ်ိန္မွာေတာ့ ေျမက်စ္စာခဲေလးေတြအျဖစ္ေျပာင္းသြားခဲ့တယ္။

အဲဒီအခ်ိန္ ေကာင္းကင္မွာ လင္းတအေကာင္းငါးဆယ္ေလာက္ပ်ံဝဲေနၿပီး ေအာင္ျမတ္သာတို႔အေျခအေနကိုေစာင့္ၾကည့္ေနၾကတယ္။

ပထမအသုတ္ပ်ံလာတဲ့ပ်ားေတြ ေဘးကိုလြင့္ထြက္သြားခ်ိန္မွာေတာ့ ဒုတိယအသုတ္ထပ္ဝင္လာခဲ့တယ္။ ေအာင္ျမတ္သာလဲ ထပ္ဝင္လာတဲ့ ပ်ားအုပ္ကို လက္နဲ႔မဖယ္ထုတ္ေတာ့ပဲ ဘယ္ဘက္လက္နဲ႔တားထားလိုက္တာ အေရွ႕ကိုဆက္ပ်ံလို႔မရေတာ့ပဲ ေလထဲမွာၿငိမ္သြားတယ္။

တတိယအသုတ္ပ်ားေတြကေတာ့ အရွိန္နဲ႔ေျပးဝင္လာခဲ့တာ ရပ္ေနတဲ့ပ်ားေကာင္ေတြနဲ႔တိုက္မိၿပီး ရပ္သြားၾကျပန္တယ္။ ပ်ားအုပ္ေတြကုန္ၿပီဆိုေတာ့မွ ေအာင္ျမတ္သာက လက္ကိုေအာက္ခ်လိုက္တဲ့အခ်ိန္ ေလထဲမွာၿငိမ္ေနတဲ့ပ်ားေတြက ေျမက်စ္စာခဲေလးေတြျပန္ျဖစ္သြားၾကတယ္။

ေကာင္းကင္ကေနအေျခအေနကိုၾကည့္ေနတဲ့ လင္းတေတြထဲမွာ အႀကီးဆုံးအေကာင္က ေတာင္ထိပ္မွာေပါက္ေနတဲ့ ကညင္ပင္ေပၚနားလိုက္တဲ့အခ်ိန္ အနက္ေရာင္ဝတ္စုံဝတ္ထားတဲ့ မိန္းမတစ္ေယာက္အျဖစ္ေျပာင္းသြားၿပီး

" ငါ့သားအစြမ္းကမေခဘူးပဲ ငါတို႔ကိုဖမ္းၿပီး ပညာသိမ္းမလို႔လာတာထင္တယ္ အဲေလာက္မလြယ္ဘူးဟဲ့"လို႔ေျပာၿပီး ထဘီကိုၿခဳံလိုက္ရင္ပဲ လင္းတအျဖစ္ေျပာင္းသြားၿပီး နဂါးနက္ေတာင္ကေန ပ်ံထြက္သြားခဲ့တယ္။

ေခါင္းေဆာင္ျဖစ္သူေျပးၿပီဆိုတာနဲ႔ ေနာက္ပါလင္းတေတြလဲ ပ်ံေျပးဖို႔အလုပ္ ေအာင္ျမတ္သာက ေျမႀကီးကိုဖေနာင့္နဲ႔တစ္ခ်က္ေဆာင့္ခ်လိုက္တာ ေနာက္ဆုံးမွာက်န္ခဲ့တဲ့ လင္းတက ဆက္ေျပးမရေတာ့ပဲ ေကာင္းကင္ကေန လည္ၿပီးက်လာခဲ့တယ္။

"ဆရာ ဟိုေကာင္ေတြလြတ္သြားၿပီ ဘယ္လိုလုပ္မလဲ"

" ေလာေလာဆယ္ က်လာတဲ့ေကာင္ကို ဖမ္းၿပီး ေမးရမယ္"

ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္နဲ႔ေတာက္ရလဲ က်လာတဲ့ေကာင္ကိုဖမ္းဖို႔ ထြက္သြားခဲ့ၾကတယ္။

ေအာင္ျမတ္သာလဲ သက္ခိုင္တို႔ထြက္သြားတဲ့ေနာက္ကို လိုက္သြားၿပီးၾကည့္လိုက္ေတာ့ မီးေလာင္ထားလို႔ အ႐ြက္ေတြမရွိပဲ ေျခာက္ကပ္ေနတဲ့ သစ္ကိုင္းအစြန္မွာထဘီနဲ႔ညိေနတဲ့ ၁၉ႏွစ္အ႐ြယ္မိန္းမတစ္ေယာက္ကိုေတြ႕လိုက္ရတယ္။

႐ုတ္တရက္ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ေအာင္ျမတ္သာတို႔မ်က္ႏွာလႊဲလိုက္ၿပီး
" ဟိုကေလးမ နင့္အစြမ္းအခ်ိဳ႕ကိုျပန္ေပးမယ္ ကိုယ့္ဘာသာဆင္းလာခဲ့ ထြက္ေျပးလဲနင္မလြတ္ဘူး"လို႔ေျပာလိုက္တဲ့မွ ညိေနတဲ့သစ္ကိုင္းေပၚကမိန္းမက ထဘီကိုျပန္ၿခဳံလိုက္ရာ လင္းတအျဖစ္ျပန္ေျပာင္းသြားၿပီး ေအာင္ျမတ္သာတို႔အေရွ႕ကိုေရာက္လာခဲ့တယ္။
ေအာင္ျမတ္သာလဲ အေရွ႕ကိုေရာက္လာတဲ့ လင္းတကိုၾကည့္ၿပီး
" လင္းတအျဖစ္ကေန လူပုံစံျပန္ေျပာင္းေစ" လို႔အမိန႔္ျပန္လိုက္ေတာ့မွ ထဘီအနက္ကိုရင္လ်ာထားတဲ့ မိန္းကေလးတစ္ေယာက္ကိုေတြ႕လိုက္ရတယ္။

" အမိ သင့္ဆရာ ဘယ္ကိုထြက္ေျပးသြားတာလဲ"

ေအာင္ျမတ္သာစကားေၾကာင့္ မိန္းမငယ္က မ်က္ႏွာကိုေအာက္ခ်ၿပီး

" ငါမသိဘူး နင္တို႔ငါ့ကိုသတ္ရင္သတ္လိုက္ ပညာေတာ့အသိမ္းမခံႏိုင္ဘူး နင္တို႔မသတ္ရင္ ငါ့ကိုယ္ငါသတ္ေသမယ္"

ျပတ္သားလွတဲ့စကားေၾကာင့္ သက္ခိုင္နဲ႔ေတာက္ရတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၿပီး

" နင့္ကိုငါတို႔လဲမသတ္ဘူး နင္ကိုယ္တိုင္လဲေသမရဘူး အခုနင့္ပညာေတြကိုငါတို႔လိုသလိုသိမ္းလို႔ရေနတာ နင္မသိဘူးလား "

သကိခိုင္စကားကိုၾကားေတာ့ ဒူးေထာက္ေနတဲ့မိန္းကေလးက မ်က္ေစာင္းထိုးၾကည့္ၿပီး

" ငါ့ဆရာက က်င့္စဥ္တစ္ခုမၿပီးေသးလို႔ နင္တို႔ကိုပညာကုန္သုံးၿပီးမတိုက္တာ သူက်င့္စဥ္ေအာင္ျမင္ရင္ ငါ့ကိုလာကယ္မွာ"

" ေကာင္းၿပီ သင့္ပညာေတြကို ငါအကုန္သိမ္းလိုက္ၿပီ သင္အႏွစ္ႏွစ္အလလက်င့္ထားတဲ့ပညာေတြဘာတစ္ခုမွရွိေတာ့မွာမဟုတ္ဘူး သင့္႐ြာကိုျပန္ပါ ေကာင္းေရာင္းေကာင္းဝယ္လုပ္စားပါ သင္ကိုယ္သင္သတ္ေသမယ္လို႔မေတြးမိေစနဲ႔ သင့္ေဘးမွာ အေစာင့္ႏွစ္ေယာက္ကအၿမဲရွိေနမယ္ အင္းေစာင့္ပုဂၢိဳလ္ႏွစ္ေယာက္ သူမကိုေစာင့္ၾကည့္ေပးပါ လူေကာင္းပကတိျပန္ျဖစ္တဲ့အထိ ကူညီေပးပါ"လို႔ေျပာလိုက္ေတာ့ ေကာင္မေလးရဲ႕ေဘးမွာ ဓါးႏွစ္လက္ကိုင္ထားတဲ့ အင္းေစာင့္ပုဂၢိဳလ္ႏွစ္ေယာက္ေပၚလာခဲ့တယ္။

" ကဲ သင္သြားလိုရာသြားလို႔ရၿပီ က်ဳပ္တို႔လဲလုပ္စရာေတြရွိေသးတယ္" လို႔ေျပာကာ ေတာင္ေပၚကိုတက္လာခဲ့ၾကတယ္။

ေတာင္ေပၚေရာက္ေတာ့ လွည့္ၾကည့္လိုက္တာ ေခါင္းငိုက္စိုက္ငိုက္စိုက္နဲ႔ ေတာင္ေအာက္ကိုဆင္းသြားတဲ့မိန္းမေလးကိုျမင္လိုက္ရတယ္။

ေအာင္ျမတ္သာတို႔ေတာင္ေပၚကိုေရာက္ေတာ့ တဲအိမ္တန္လ်ားတစ္ခုကိုေတြ႕လို႔ဝင္ၾကည့္တဲ့အခါ ဘုရား႐ုပ္ပုံကားခ်ပ္ေတြကို ေျခသုတ္ခုံလုပ္ထားတဲ့အျပင္ ဘုရားဆင္းတုေတာ္ေတြကို ဖိနပ္ခြၽတ္တဲ့ေနရာလုပ္ထားတာကိုျမင္လိုက္ရတယ္။

ေအာင္ျမတ္သာကေတာ့
"ဒီလိုတစ္ဘဝစံေတြက ပိုေၾကာက္ဖို႔ေကာင္းတယ္ သူက်င့္စဥ္မၿပီးဆုံးခင္ ေတြ႕ေအာင္ရွာရမယ္"လို႔ေျပာခဲ့တယ္။

ေအာင္ျမတ္သာတို႔လဲ ဘုရားဆင္းတုေတာ္ေတြနဲ႔႐ုပ္ပုံေတြ‌ကိုသင့္ေတာ္ရာေနရာတစ္ခုမွာစုပုံထားခဲ့ၿပီး ထြက္ေျပးလြတ္ေျမာက္သြားတဲ့ ေအာက္လမ္းစုန္းမေနာက္ကိုသဲႀကီးမဲႀကီးလိုက္ခဲ့ပါေတာ့တယ္။

ေနာက္ဝတၱဳမွာေတာ့ က်င့္စဥ္ၿပီးဆုံးတဲ့စုန္းမကိုျပန္ေတြ႕မလား က်င့္ေနတုန္းျပန္ေတြ႕မလားဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္ တစ္ဘဝစံဆိုတဲ့ဝတၱဳမွာ ဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)

No comments

Post a Comment