အစွဲကြီးပြီးမကျွက်တဲ့ဘုန်းကြီး (စ-ဆုံး)

  အစွဲကြီးပြီးမကျွက်တဲ့ဘုန်းကြီး (စ-ဆုံး) ———————————————– သတ္တဝါမှန်သမျှတို့သည်တည်ရာမှီတွယ်ရာမရှိရင်ဘဝမရှိနိုင်တဲ့အဲဒီနှစ်ခုကိုမက်မောတွယ်တာ... thumbnail 1 summary

 အစွဲကြီးပြီးမကျွက်တဲ့ဘုန်းကြီး (စ-ဆုံး)

———————————————–
သတ္တဝါမှန်သမျှတို့သည်တည်ရာမှီတွယ်ရာမရှိရင်ဘဝမရှိနိုင်တဲ့အဲဒီနှစ်ခုကိုမက်မောတွယ်တာစွာလိုက်ရှာနေရခြင်းကိုကသတ္တဝါတွေရဲ့ဘဝဖြစ်တည်မှု့အဘိဓမ္မာလို့ဖတ်ဖူးတယ်

အခုလည်းတွယ်တာစရာအပိုတွေထားရင်အငိုတွေများတတ်တာသင်ခန်းစာပါပဲ

ကိုယ်နေတဲ့နားကရွာတစ်ရွာမှာဘုန်းကြီးတစ်ကျောင်းရှိတယ်အခြားဘုန်းကြီးကျောင်တွေရှိပေမဲ့အဲဒီဘုန်းကြီးကျောင်းကသရဲခြောက်တယ်လို့နံမည်ကြီးနေတာ

ကျောင်ထိုင်ဘုန်းကြီးကပျံလွန်တော်မူသွားတာမကြာသေးဘူးဘုန်းကြီးကသူရသမျှအလှုူ ငွေတွေကိုမသုံးရက်မစွဲရက်နဲ့ဘဏ်မှာစုထားတာတဲ့

ကပ်စီးနဲ၍တွန့်တိုသောဘုန်းကြီးဆိုပါတော့အလှုူ အတန်းလည်းနည်းတယ်ပြန်စွန့်တာမရှိသလောက်ပဲဒကာတွေဒကာမတွေလာလှုူတာတွေကိုဆိုင်ပြန်သွင်းတယ်ဆိုပဲ

သူ့ကျောင်းဝင်းကြီးကလည်းအကျယ်ကြီးပဲကျောင်းကြီးကလည်းအခိုင်အခန့်ပဲအဆောက်အဦးတွေကလည်းပေါအရင်ကျောင်းထိုင်ဘုန်းကြီးပျံလွန်တော်မူလို့သူကကျောင်းထိုင်ဖြစ်လာတာမကြာသေးဘူး

တစ်နေ့တော့ဘုန်းကြီးကရုတ်တရက်ဦးနှောက်သွေးကြောပြတ်ကာပျံလွန်တော်မူသွားတယ်

အဲဒီမှာသူ့ရဲ့ကျန်ခဲ့တဲ့ပစ္စည်းဥစ္စာနဲ့ကျောင်းကြီးကိုစွဲပြီးမကျွတ်ရှာဘူးကျောင်မှာလာတည်းတဲ့သူတွေကိုခြောက်လှန့်သတဲ့

ဘုန်းကြီးကျောင်းဝင်းထဲမှာသွားလာနေတာမြင်တဲ့သူကလည်းမြင်ကြတာပေါ့

ထိုဘုန်းကြီးကျောင်းဘေးမှာချောင်းတစ်ခုရှိတယ်အဲဒီချောင်းမှာလည်းလူတွေသေဖူးသလိုကိုရင်လေးတစ်ပါးလည်းချောင်းထဲကျ၍ပျံလွန်တော်မူဖူးတော့မကျွတ်သူတွေစုနေကြတယ်ထင်ပါ့

တလောကတော့ကပ်ဘေးတွေဖြစ်နေတော့ရွာစဉ်အလိုက်ဘုန်းကြီးကျောင်းတွေအကုန်လုံးပဋ္ဌာန်းတွေရွတ်လိုက်ကြတာဆူညံလို့ဘယ်ကျောင်းကပဋ္ဌာန်းနာရမှန်းတောင်မသိဘူး

သုံးကျောင်းလောက်ပြိုင်ရွတ်လိုက်တာနားတွေလည်းကွဲမတတ်ပါပဲအတော်လေးတရားနာလိုက်ရပါတယ်

သရဲခြောက်တဲ့ဘုန်းကြီးကျောင်းကလည်းပဋ္ဌာန်းမရွတ်တာကြာတော့သူများရွတ်သလိုထရွတ်ကြတာပေါ့

အဲဒီမှာပဋ္ဌာန်းသိမ်းပွဲနောက်ဆုံးညမှာတော့အမျှမဝေခင်တရားလာနာတဲ့ရွာထဲကလူတွေကိုဝင်ပူးပြီးဝူးဝူးဝါးဝါးနဲ့အသံစုံအော်နေတာကိုလော်စပီကာကနေရွာကလူတွေအကုန်ကြားလို့ရွာထဲကလူတွေအပြေးအလွှားသွားကြည့်ကြပေသည်။

ထိုအခါဝင်ပူးခံရသူတစ်ယောက်ကျောင်ထိုင်ဘုန်းကြီးအသံနဲ့

”’ငါ့ကိုရည်စူးပြီးအမျှဝေပေးပါငါအခုသာဓုခေါ်လို့မရဘူး”’

ဘုန်းကြီးကဘယ်လိုကြောင့်သာဓုခေါ်မရတာလည်းဆိုတာဂဃနဏမသိကြပေမဲ့အကျိူးကြောင့်အကြောင်းဖြစ်လာတယ်ဆိုတာတော့သဘောပေါက်ကြတယ်

အခြားဝင်ပူးသူတွေကလည်သူတို့ဘယ်သူဘယ်ဝါပါပြောပြီးနံမည်တပ်ပြီးအမျှဝေခိုင်းကြတယ်အဲဒီမှာမကျွတ်သူတွေရဲ့သက်ဆိုင်သူတွေနဲ့ဆူဆူညံညံအုန်းအုန်းကြွက်ကြွက်ဖြစ်သွားတာပေါ့လေ

အဲဒီမှာထူးခြားတာကတချို့ဝင်ပူးသူတွေကလေးဖက်ထောက်ကြီးတွေနဲ့ဝူးဝူးဝါးဝါးမပီမသတွေအော်ပြီးထွက်သွားသတဲ့ဘယ်ဘဝရောက်နေကြတယ်မဆိုနိုင်ဘူးသံဝေဂရစရာပါပဲ

အဲဒီညကပဋ္ဌာန်းသိမ်းပွဲကတော့ရုတ်ရုတ်သဲသဲနဲ့ပြီးသွားပေမဲ့ရွာသူရွာသားတွေရင်ထဲမှာတော့ဘုန်းကြီးနှင်မကျွတ်သူများ၏ဖြစ်စဉ်ကိုရှင်းရှင်းလင်းလင်းသိသွားကြပေသည်။

အသေးစိတ်ကိုတော့မဂ္ဂဇင်းများတွင်ပါသည့်အခါဖတ်ပါ
အခုအချိန်မှာစိတ်ညစ်ပြေလိုပြေညားတောင်းဆိုနေသောဘော်ဒါများအတွက်အကြမ်းဖျင်းရေးပေးတာပါ

No comments

Post a Comment