" ငဝန်မြစ်ထဲက ကဝေရုပ် " (စဆုံး)

   "  ငဝန်မြစ်ထဲက ကဝေရုပ် " (စဆုံး) +++++++++++++++++++++ (1) အချိန်အားဖြင့် ၁၉၉၇ ခုနစ်ခန့်၊ မြစ်ဝကျွန်းပေါ်တစ်နေရာတွင်ဖြစ်သည်။ င... thumbnail 1 summary

  " ငဝန်မြစ်ထဲက ကဝေရုပ် " (စဆုံး)

+++++++++++++++++++++

(1)
အချိန်အားဖြင့် ၁၉၉၇ ခုနစ်ခန့်၊ မြစ်ဝကျွန်းပေါ်တစ်နေရာတွင်ဖြစ်သည်။ ငဝန်မြစ်နံဘေးတွင် ရေလဲ၊ ဥသျှစ်ကုန်း၊ သောင်စု စသည့်ကျေးရွာကလေးများမှာ အစီအရီတည်ရှိနေကြသည်။ ကိုအောင်မောင်းမှာ ရေလဲရွာသားတစ်ဦးဖြစ်သည်။ ငဝန်မြစ်အတွင်း တံငါအလုပ်နှင့်အသက်မွေးလုပ်ကိုင်နေထိုင်နေသူတစ်ဦးဖြစ်သည့်အလျှောက် မနက်မိုးမလင်းမီပင် အိမ်မှလှေကလေးတစ်စီးဖြင့်ထွက်လာခဲ့လေသည်။
"အဖေရေ- သားလည်းလိုက်မယ်"
"အေး သားရေ- လိုက်ချင်ရင်လိုက်ခဲ့လေကွာ"
ဆယ်နှစ်အရွယ်သားဖြစ်သူ အောင်အောင်ကလည်း လိုက်ချင်သည်ဆိုသဖြင့်ခေါ်လာခဲ့ရသည်။ သားအဖနှစ်ယောက် ငဝန်မြစ်အတွင်းရောက်သည့်အခါ နံနက်ရောင်နီပျိုးစပြုနေပြီဖြစ်သည်။ ကိုအောင်မောင်းက လှေပေါ်တွင်ဖန်မီးအိမ်တစ်လုံးထွန်းလိုက်ပြီးနောက် ညအချိန်က ချထားခဲ့သည့်ပိုက်တန်းများဖော်ရန်အတွက် လှော်ခတ်လာခဲ့လေသည်။ ပိုက်တန်းများချထားသည့် နေရာရောက်သည့်အခါ လှေငယ်ကိုအသာကပ်ပြီး ပိုက်တန်းကိုအသေအချာစစ်ဆေးကာ ပိုက်ဖော်တော့သည်။ မြစ်ရိုးတစ်လျှောက် ကျက်စားကြသည့် ရေချိုငါးများမှာ ပိုက်တန်းတွင်ငြိနေကြလေရာ ကိုအောင်မောင်းက ပိုက်ကိုအသာဆွဲတင်ပြီး လှေဝမ်းထဲသို့ချပေးရသည်။ သားဖြစ်သူ အောင်အောင်မှာ ပိုက်တန်းတွင်ငြိနေသော ငါးများအား အလျှင်အမြန်ဖြုတ်ကာ ပုံးကြီးတစ်လုံးအတွင်းသို့ ထိုးထည့်ရလေသည်။
ယနေ့တော့ ကိုအောင်မောင်းစိတ်တိုင်းမကျဖြစ်နေရသည်။ ပိုက်တန်းသုံးတန်းဖော်ပြီးသည်အထိ ငါးများများစားစားမရသေးပေ၊ ပိုက်ဖော်ရင်း လက်နှင့်ရေက အမြဲထိတွေ့နေရသဖြင့် ကိုအောင်မောင်းလက်တွေအေးစက်လာခဲ့သည်။ ခါးပုံစကြားတွင်ညှပ်ထားသည့် ဆေးပေါ့လိပ်ကိုထုတ်လိုက်ပြီး ပါးစပ်တွင်တပ်လိုက်သည်။ မြစ်ပြင်ကိုတစ်ချက်ကြည့်လျှက်
"တောက်၊ ဒီငါးတွေ ဘယ်သွားသေနေသလဲမသိပါဘူး"
ကိုအောင်မောင်းက စိတ်ညစ်ညစ်နှင့်ရေရွတ်လိုက်ပြီး ခါးပုံစအတွင်းမှ မီးခြစ်ကိုထုတ်ကာ ခြစ်လိုက်သည်။ သို့သော် မီးခြစ်က တချက်နှစ်ချက်ခတ်၍ မီးမတောက်ပေ၊ ကိုအောင်မောင်းလည်း မီးခြစ်အားလှေနံရံဖြင့် တဒေါက်ဒေါက်ခေါက်လိုက်ပြီး ထပ်မံခြစ်သည်။ ဂတ်စ်ကုန်နေသည့် မီးခြစ်က မီးမတောက်တော့ပေ၊ ကိုအောင်မောင်းလည်း စိတ်ညစ်ညစ်နှင့် မီးခြစ်အားရေထဲလွှင့်ပစ်လိုက်တော့သည်။
"တောက်- ဒီမီးခြစ်ကတမျိုး"
"ဟာ- အဖေ- မီးခြစ်ကိုဘာလို့လွှင့်ပစ်လိုက်တာလဲ"
"မင့် မီးခြစ်က မီးမှမတောက်ပဲကွ"
"ဟာဗျာ- မီးမတောက်တာက ဂတ်ဆီကုန်နေလို့နေမှာဗျ၊ ဂတ်ဆီထည့်ရင် ခြစ်လို့ရမှာပါ၊ အဖေအခုလိုလွှင့်ပစ်လိုက်တော့ မီးခြစ်အသစ်ထပ်ဝယ်ရတော့မှာပေါ့"
"ဝယ်ဝယ်ပေါ့ကွာ"
"အမေကတော့ အဖေလွှင့်ပစ်လိုက်တာသိရင် ပြောတော့မှာပဲ၊ ဂတ်ဆီဖြည့်ရင် နှစ်ဆယ်ဖိုးဆိုရင် တစ်လလောက်သုံးရတယ်အဖေရ၊ မီးခြစ်က တစ်လုံးတစ်ရာ့ငါးဆယ်၊ နှစ်ရာရှိတယ်မဟုတ်လား"
သားဖြစ်သူပြောတော့မှ ကိုအောင်မောင်း မီးခြစ်လွှင့်ပစ်လိုက်သည်ကိုပင် နှမြောချင်ချင်ဖြစ်သွားသည်။ သို့နှင့် မီးမရှိသော ဆေးပေါ့လိပ်ကို ပါးစပ်တွင်ငုံခဲလိုက်ကာ -
"ကဲလာကွာသားရာ-နောက်ဆုံးပိုက်တန်းသွားဖော်မယ်၊ အဲဒီမှာတော့ ငါးကောင်းကောင်းရမယ်ထင်ပါရဲ့ကွာ"
သားအဖနှစ်ယောက်မြစ်ရိုးအတိုင်းဆန်တက်လာခဲ့သည်။ မြစ်ကွေ့တစ်နေရာအရောက်တွင် မြစ်အတွင်းစီးဝင်နေသည့် မြစ်လက်တက်ကလေးအတွင်းသို့ဝင်သွားလိုက်သည်။ ထိုမြစ်လက်တက်နေရာသည် မြစ်ဆုံသဘောဖြစ်နေသဖြင့် ရေစီးကြမ်းကာ သောင်ထွန်းနေလေသည်၊ ထိုသောင်တွင်ငါးများတင်ကျန်နေလေ့ရှိသဖြင့် ကိုအောင်မောင်းက ငါးပိုက်တန်းချထားခြင်းဖြစ်သည်။ ထုံးစံအတိုင်းပိုက်တန်းဆီရောက်သောအခါ ကိုအောင်မောင်းက ပိုက်တန်းအားဆွဲတင်ပေးပြီး အောင်အောင်က ငါးဖြုတ်လေသည်။ မနက်ခင်းနေထွက်တော့မည်ဖြစ်သဖြင့်ကောင်းကင်တစ်ခုလုံး လင်းချင်းနေလေသည်။ ယခုပိုက်တန်းတွင်လည်း ငါးများများစားစားမမိပေ။
"အဖေရေ- အဖေ"
အောင်အောင်မှအလန့်တကြားအော်ဟစ်လိုက်သဖြင့် ပိုက်တန်းဖော်နေသည့် ကိုအောင်မောင်းပင် ထိတ်လန့်တကြားဖြစ်သွားရသည်။
"ဘာဖြစ်တာတုန်းသားရ"
"ဒီ၊ - ဒီမှာ အရုပ်ကလေးတစ်ရုပ်ဗျ"
"အရုပ်ပါလာတာများ အဆန်းတကြယ်လုပ်လို့သားရယ်၊ မြစ်ထဲမြောလာတာဖြစ်မှာပေါ့"
"သားလိုချင်တယ်၊ ဒီအရုပ်ကိုသားယူမယ် နော်အဖေ"
ကိုအောင်မောင်းစိတ်ထဲတွေဝေသွားမိသည်။ တံငါသည်များ၏ ဆိုစကားအရ မြစ်အတွင်းမြောပါလာသည့်အရာများအနက် အရုပ်များ၊ အင်းအိုင်များကို ယူလေ့မရှိကြပေ၊ မြစ်ထဲပါလျှင် မြစ်ထဲကိုသာ ပြန်မျှောချရလေ့ရှိသည်။
"ပြစမ်းသား"
အောင်အောင်က အရုပ်ကလေးကိုလာပြသည်။ အရုပ်မှာ သစ်သားတစ်မျိုးဖြင့်ထွင်းထုထားခြင်းဖြစ်သည်။ အရုပ်တစ်ခုလုံးအနက်ရောင်ရှိကာ ရေတိုက်စားခံရသဖြင့် လူပုံမသဲကွဲတော့ပေ၊ အရုပ်ပုံစံမှာ လူတစ်ယောက်ဆောင့််ကြောင့်ထိုင်ကာ ဓါးထမ်းထားသည့်ပုံစံမျိုးဖြစ်သည်။ အရုပ်မှာ နှစ်လက်မ၊ သုံးလက်မခန့်သာရှိသည်။
"ပြန်မျှောလိုက်ပါသားရယ်"
"ပေးပေး- သားခဏကြည့်လိုက်အုံးမယ်အဖေ"
အောင်အောင်က အရုပ်ကိုပြန်ယူသွားသည်။ ကိုအောင်မောင်းလည်း ငါးဖမ်းမကောင်းသဖြင့် စိတ်ညစ်လျှက်ရှိသည်။ ငါးက သုံးပိဿပင်မရပေ၊ ထိုမျှမက ငါးမှာအကောင်သေးသေးမွှားမွှားကလေးများသာဖြစ်လေရာ သွားရောင်းပြန်လျှင်လည်း ဈေးရမည်မဟုတ်ပေ၊ ကိုအောင်မောင်းလည်း လှေကိုစိတ်ပျက်စွာဖြင့် အိမ်သို့လှော်ခတ်ခဲ့လေသည်။
(2)
"ရှင့်ငါးက ဒါပဲလား ကိုအောင်မောင်း"
အိမ်ရောက်သည်နှင့် ဇနီးသည်ဖြစ်သူနှင့် စကားများရန်ဖြစ်ရတော့သည်။
"ရှင့်ငါးလို့မပြောနဲ့လေ၊ ငါက ငါးမှမဟုတ်တာကွ၊ မြစ်ထဲကငါးပဲ၊ ကံပါသလောက်ရမှာပေါ့ကွာ"
"ရှင်ကအမြဲတမ်းဒီလိုပဲပြောနေတာပဲ၊ ကိုသိန်းဇံတို့ဆိုရင် တစ်နေ့တစ်နေ့ ငါးကို ခြောက်ပိဿ၊ ဆယ်ပိဿအမြဲတမ်းရအောင်ရှာနိုင်တယ်၊ အခုတော့ ရှင်ရှာလာတာက သုံးပိဿတောင်မပြည့်ဘူး၊ ငါ့ပုံစံကြည့်တော့လည်း သေးသေးမွှားမွှားလေးတွေချည်းပဲ"
ကိုအောင်မောင်းဒေါသ ပေါက်ကွဲလာသည်။
"ဟဲ့- ငါကနင့်လင်- သိန်းဇံက နင့်လင်မဟုတ်ဘူး- နင်ဒီလောက်သိန်းဇံကိုကြိုက်နေရင် အစကတည်းက သိန်းဇံကိုယူလိုက်ပါလား"
အိမ်ပေါ်တွင် အဖေနှင့်အမေ ရန်ဖြစ်နေသည်မို့ အောင်အောင်က အိမ်ပေါ်သို့မတက်တော့ဘဲ ရွာထဲသို့ထွက်လာခဲ့သည်။ ရွာလမ်းတစ်နေရာတွင် ကလေးများက ကော်ရုပ်များကို ထောင်ပစ်နေကြလေသည်။ အောင်အောင်လည်း လက်ထဲမှအရုပ်ကိုပြလိုက်ပြီး
"ငါလည်းပါချင်တယ်ကွာ၊ ဟောဒီမှာ ငါ့အရုပ်"
"ဟာအောင်အောင်၊ မင်းအရုပ်က ကော်ရုပ်မှမဟုတ်တာကွ၊ သစ်သားရုပ်ကြိးပဲ၊ ဘယ်က ကောက်လာမှန်းလဲမသိဘူး၊ သွားသွား၊ လာမဆော့နဲ့"
"လုပ်စမ်းပါကွ- ငါဆော့ချင်လို့ပါ"
သို့သော် အောင်အောင်ကို ကလေးများက ဆော့ခွင့်မပေးပေ။
"ကိုကြီးအောင်အောင်၊ ကိုကြီးအောင်အောင်ဆော့ချင်ရင် အဲဒီအရုပ်နဲ့ ကော်အရုပ်နဲ့လဲမယ်"
သိန်းဇံသမီး စုခိုင်က လာပြောသည်။ အောင်အောင်လည်း ဆော့ချင်လွန်းလှသဖြင့် စုခိုင်အားထိုအရုပ်ပေးလိုက်ကာ စုခိုင်ထံမှ ကော်ရုပ်သုံးရုပ်နှင့် လဲလှယ်လိုက်လေသည်။ စုခိုင်က မိန်းကလေးမို့ ယောက်ျားလေးများကဲ့သို့ အရုပ်မပစ်ပေ၊ အရုပ်များကို လမ်းဘေးတစ်နေရာတွင် တန်းစီချထားလိုက်ပြီး ထမင်းဟင်းချက်တမ်း ဆော့ကစားလေသည်။ ရွံ့ဖြင့်ပြုလုပ်ထားသည့် အိုးခွက်ကလေးများတွင် ဆန်အဖြစ်သဲများထည့်ကာ ဟင်းအဖြစ် သစ်ရွက်၊ သစ်ခက်များကိုခူးထည့်ကာ ချက်ပြုတ်ကျော်လှော်နေသည်။
ပြီးနောက် တုတ်တစ်ချောင်းဖြင့် ကလော်လိုက်ကာ ထိုအရုပ်ကလေးများကို တန်းစီကာ ထမင်းခွံ့တော့သည်။ ဆော့ကစားပြီးသည့်အခါ အရုပ်များကိုသိမ်းဆည်းပြီး အိမ်သို့ပြန်လာခဲ့သည်။ သိန်းဇံနှင့် ကိုအောင်မောင်းတို့၏ အိမ်မှာ ခြေရင်းခေါင်းရင်းအိမ်ဖြစ်သည်။ သို့သော်လည်း ကျေးရွာရှိအိမ်များဖြစ်သည်မို့ တစ်အိမ်နှင့်တစ်အိမ် အလှမ်းဝေးလှသည်။ စုခိုင်က အရုပ်များအား အိမ်အောက်ရှိ ပုံးကြီးတစ်လုံးအတွင်းထည့်လိုက်ကာ အိမ်ပေါ်သို့ပြေးတက်ခဲ့သည်။
"သမီးလေးတောင်ပြန်လာပြီ၊ ဗိုက်ဆာနေပြီလား၊ ဟောဒီမှာသမီးအကြိုက် ငါးမြင်းချက်ထားတယ်"
သိန်းဇံတို့လင်မယား စားသောက်နေသည့်ထမင်းဝိုင်းတွင် စုလှိုင်က ဝင်ထိုင်လိုက်လေသည်။ ထို့နောက် အားရပါးရထမင်းဝင်စားတော့သည်။ ထမင်းစားသောက်ပြီးနောက် စုခိုင်မှာတစ်ရေးတစ်မောအိပ်သည်။ သိန်းဇံမှာ ညနေစောင်းလာသည့်အခါ ငါးဖမ်းပိုက်ချရန်အတွက် လှေဖြင့်ထွက်လာခဲ့တော့သည်။
"မိန်းမရေ- ငါပိုက်ချသွားတော့မယ်ဟေ့"
"ရှင်ပိုက်ဆံတွေယူသွားပြန်တယ်မဟုတ်လား၊ ထပ်ပြီးမူးမလာစေနဲ့နော်"
"စိတ်ချပါမိန်းမရာ၊ ငါက ငါ့လစ်မစ်ငါသိပါတယ်ဟ၊ ညဆိုချမ်းလို့ အချမ်းပြေရံ့ုလေးသောက်တာပါ"
သိန်းဇံတစ်ယောက် အိမ်အောက်မှလှေကိုဆွဲထုတ်လိုက်ပြီးနောက် အိမ်နောက်ဖေးမြောင်းထဲသို့ဆွဲချလိုက်ပြီး ထိုမှတဆင့် ငဝန်မြစ်ဆီသို့ လှော်ခတ်လာခဲ့သည်။ သူတို့ရွာကလေးမှာ မြစ်ဝကျွန်းပေါ်ရွာကလေးမို့ ကုန်းလမ်းတင်မကဘဲ ရေလမ်းဖြင့်ပါသွားလာနိုင်သည်။ ရွာထိပ်ချောင်းဖျားသို့အရောက်တွင် သိန်းဇံက တဲတစ်တဲအနီးတွင် လှေကိုကပ်လိုက်သည်။ ထိုအခါ တဲအတွင်းမှ မိန်းမတစ်ဦးထွက်လာသည်။
"ထုံးစံအတိုင်းပဲ အရက်တစ်လုံးနဲ့ ပဲကြီးလှော်နှစ်ဆယ်ဖိုးလောက် ထည့်ပေးစမ်းပါဗျာ"
ထိုတဲမှာ အရက်တဲဖြစ်သည်။ အရက်ကိုခွက်ပုန်းရောင်းသည့်ဆိုင်ဖြစ်ရာ မကြာမီမှာပင် ထိုအမျိုးသမီးက အရက်တစ်လုံးနှင့် စက္ကူနှင့်ထုတ်ပိုးထားသည့် ပဲကြီးလှော်လှမ်းပေးလိုက်သည်။ သိန်းဇံလည်း ကျသင့်ငွေပေးပြီးနောက် ချောင်းရိုးအတွင်းဆက်လက်လှော်ခတ်လာသည်။ လှေလှော်ရင်း အရက်တစ်ကျိုက်သောက်လိုက်ပြီးနောက် ပဲကြီးလှော်သုံးလေးစေ့ကို ကိုက်ဝါးလိုက်သည်။
"ဟူး- အခုမှပဲ နေလို့ကောင်းသွားတော့တယ်"
ချောင်းရိုးအတိုင်းဆက်လက်လှော်ခတ်လာရင်း မကြာမီတွင် ကိုအောင်မောင်းလှေနှင့်ဆုံတွေ့တော့သည်။
"ဗျို့ - ကိုအောင်မောင်း စောလှချည်လားဗျ"
ကိုအောင်မောင်းလှေအနီးသို့ လှေနံချင်းထိလုမည့်ဆဲဆဲအထိ ကပ်လိုက်လေသည်။ ကိုအောင်မောင်းမှာ စိတ်ညစ်နေပုံပေါ်သည်။
"အေးဗျာ- ညက ငါးမရတော့ ကျုပ်မိန်းမက ပွစိပွစိလုပ်နေတာဗျ၊ အခုလည်း အိမ်မှာမနေချင်လို့ စောစောထွက်လာခဲ့တာ"
"ဒါပေါ့ဗျာ၊ ကျိုးစားဗျ၊ ကျုပ်တော့ မနက်က ကိုးပိဿတောင်ရတယ်ဗျာ၊ ငါးသလောက်ချည်းဘဲ နှစ်ပိဿလောက်ရလိုက်လို့ အိမ်ပြန်မျက်နှာပန်းလှသွားတာဗျို့"
"အင်းဗျာ - ကျုပ်ကိုလည်း ငါးများများရတဲ့နည်းလေးဘာလေးရှိရင် ပြောစမ်းပါအုံးဗျ"
"ဟာ- ကိုအောင်မောင်းကတော့၊ ကျုပ်က ဟင်းစားပေးဆိုပေးမယ်နော် ကွန်ချက်တော့ မပြဘူးဗျ၊ ခင်ဗျား၊ ဟား၊ ဟား"
နှစ်ယောက်သားရယ်မောပြီးနောက် သိန်းဇံမှာလှေကိုလှော်ထွက်လာခဲ့သည်။
(3)
သိန်းဇံတစ်ယောက် အရက်သောက်လိုက်၊ ပိုက်တန်းချလိုက်လုပ်ရင်း ရေချိန်ကလည်းအတော်ကိုက်လာခဲ့ပြီဖြစ်သည်။ ညနေစောင်းပြီး နေလည်းဝင်သွားပြီ၊ နေဝင်သွားသည်နှင့် ကောင်းကင်မှာတဖြည်းဖြည်းမှောင်မိုက်လာခဲ့သည်။ သိန်းဇံက ငါးအခိုများသည့် ကိုင်းတောစပ်တစ်ခုအနီးတွင်ပိုက်တန်းချနေရင်း လှေပေါ်တွင် လူတစ်ယောက်ထိုင်နေသည်ကို ဗြုန်းခနဲတွေ့လိုက်ရလေသည်။
"ဟာ - ဘယ်သူတုန်း"
လှေဦးထိပ်နားတွင် မိန်းမတစ်ယောက်က ဆောင့်ကြောင့်ထိုင်နေလေသည်။ လူသူရှင်းသည့်နေရာဖြစ်သည်မို့ သိန်းဇံတစ်ယောက် အလွန်ထိတ်လန့်သွားကာ အမူးပင်ပြေချင်သွားသည်။
"ဟာ- ဟေ့- ခင်ဗျားဘယ်သူတုန်း၊ ကျုပ်လှေပေါ်လူမတင်ဘူး၊ ခင်ဗျားဆင်း"
ထိုမိန်းမမှာ အလွန်မာကျောခက်ထန်သည့်မျက်နှာဖြင့် သိန်းဇံအားကြည့်ရင်း
"ငါအရက်သောက်ချင်တယ်၊ ငါ့ကိုအရပ်တိုက်"
"ဟောဗျာ- ဒီအရက်က ကျုပ်သောက်ဖို့ဗျ၊ ကျုပ်တောင် နေ့တိုင်းသောက်ရတာမဟုတ်ဘူး၊ ကျုပ်မိန်းမစိတ်ကြည်တဲ့နေ့မှ သောက်ရတာဗျ"
"ငါ့ကိုအရက်တိုက်ရင် နင့်ကိုငါးများများပေးမယ်"
သိန်းဇံတွေဝေသွားသည်။ ဘေးဘီဝဲယာကိုကြည့်လိုက်တော့လည်း အခြားလှေမတွေ့ လူသူတစ်ဦးတစ်ယောက်မှ မတွေ့၊ ထို့ကြောင့် လှေဦးတွင်ထိုင်နေသူမှာ လူမဟုတ်နိုင်ပေ၊ မြစ်စောင့်နတ်လေလား၊ ချောင်းစောင့်နတ်လေလားဟု သိန်းဇံတွေးနေမိသည်။ သို့နှင့် သူ့အနီးတွင်ချထားသည့် တစ်ပိုင်းခန့်ကျန်သည့်အရက်ပုလင်းကို ကောက်ယူလိုက်ကာ လှေဦးဆီသို့ လျှောက်လာခဲ့ပြီး ထိုမိန်းမဆီသို့ အရက်ပုလင်းကို လှမ်းပေးလိုက်သည်။
"ခင်ဗျားကတိတည်နော်"
ထိုမိန်းမမှာ အရက်ကို တစ်ကျိုက်တည်းနှင့်အကုန်မော့သောက်လိုက်ပြီးနောက် ပုလင်းကိုရေထဲသို့ပစ်ချလိုက်လေသည်။ သိန်းဇံမှာ ထိုမိန်းမအား ကြောက်ကြောက်နှင့််ကြည့်နေရလေသည်။ ထိုမိန်းမမှာ အသံကွဲကြီးဖြင့်
"နင်သတ္တိရှိရင် ညည့်နက်သန်းခောင် ဟောဒီနေရာကိုလာခဲ့၊ င ါနင့်ကို ငါးပေးမယ်"
သိန်းဇံက တစ်နေရာသို့ကြည့်လိုက်ပြီး ပြန်ကြည့်လိုက်သည့်အခါ ထိုမိန်းမကိုမတွေ့ရတော့ပေ၊ သို့သော် ထိုမိန်းမနေရာတွင်တော့ အရုပ်ကလေးတစ်ရုပ်ကိုတွေ့လိုက်ရသည်။ သိန်းဇံအတော်ပင်ကြောက်လန့်သွားလေသည်။
"ဒီအရုပ်ကများ စကားပြောတာလား၊ ဘာပဲဖြစ်ဖြစ် ငါ့အရက်တွေတော့ အကုန်သောက်သွားတာပဲ၊ ညသန်းခေါင် ငါဒီကိုလာရမယ်၊ ငါးသာမရလို့ကတော့ ဒင်းနဲ့ငါနဲ့တွေ့မယ်"
သိန်းဇံလည်း ပိုက်တန်းဆက်မချတော့ဘဲ ပဲကြီးလှော်များဝါးကာ အိမ်သို့ပြန်လာခဲ့တော့သည်။ ပုံမှန်အတိုင်းဆိုလျှင် သိန်းဇံမှာ ညည့်နက်သန်းခောင်ထသွားလေ့မရှိ၊ တစ်ညလုံးအိပ်ပြီး မနက်မိုးလင်းခါနီးမှ အေးအေးလူလူ ငါးပိုက်ပြန်တင်ရုံသာရှိသည်။ ယခုတော့ ညသန်းခေါင်အနားရောက်သည်နှင့် စိတ်အတွင်း မတင်မကျဖြစ်နေလေသည်။
"အိုကွာ- သွားကြည့်လိုက်တာ မမှားပါဘူး၊ ငါးရတော့အမြတ်ပေါ့၊ ငါးမရရင်တော့ ဟောဒီအရုပ်တော့ သွားပေရော့ပဲ"
သိန်းဇံအိပ်ရာမှထလိုက်ကာ လှေကိုထုတ်လိုက်သည်။ ထို့နောက် အိမ်အောက်မှလှေကိုထုတ်လိုက်ကာ အသာကလေးလှော်ခတ်လာခဲ့တော့သည်။ ကိုအောင်မောင်းတစ်ယောက်လည်း ညအိပ်နေစဉ် အိပ်မပျော်ပေ၊ ညနေက ချထားသည့်ပိုက်တန်းများအား ငါးတိုးပါ့မလား၊ သိန်းဇံတစ်ယောက် ငါးများများရနေသည့် လှို့ဝှက်ချက်ရှိနေသလားဟု တွေးတောနေမိသည်။ ထိုစဉ် သိန်းဇံအိမ်မှ လှုပ်ရှားသံများကိုကြားရသည်။ ရေစပ်စပ်တွင် တစွက်စွက်နှင့်သွားသည့် ခြေသံများကိုကြားလိုက်ရပြီးနောက် လှေလှော်သံကိုလည်းကြားလိုက်ရလေသည်။
"ဒီကောင် ဘာထလုပ်တာလဲ"
ကိုအောင်မောင်း အိပ်ရာထဲတွင် ငုတ်တုတ်ထထိုင်လိုက်သည်။
"မဟုတ်မှလွဲရော၊ ငါ့ပိုက်မှာမိနေတဲ့ငါးတွေကို ညသန်းခေါင်မှာ ခိုးဖြုတ်တာများလား"
အတွေးများထဲတွင် သံသယစိတ်က စိုးမိုးလာခဲ့သည်။
"ဟုတ်လောက်တယ်၊ အရင်ကဆို ငါ ငါးမရတဲ့နေ့တောင်မှ ငါးပိဿလောက်တော့ အသာကလေးရှာနိုင်တယ်၊ ခုတစ်လော ငါက ငါးအရနည်းနေပြီး ဒီကောင်ငါးတွေပိုရနေတယ်ဆိုတာ ဧကန္တ ငါ့ရဲ့ငါးတွေကိုခိုးဖြုတ်နေတာများလား"
ကိုအောင်မောင်းလည်း ဒေါသထွက်ထွက်ဖြင့် ငှက်ကြီးတောင်ဓါးကို ဆွဲကာ အိမ်ပေါ်မှဆင်းလာခဲ့သည်။ အိမ်အောက်တွင် လွန်းထိုးထားသည့် လှေကိုအသာကလေးထုတ်ယူလိုက်ပြီးနောက် မြောင်းထဲချကာ လှော်ခတ်လာခဲ့သည်။ လှေလှော်ရင်း စိတ်ထဲမှလည်း
"အေး- လုပ်ထားစမ်းပေါ့ သိန်းဇံရာ- မင်းသာ ငါ့ပိုက်ကိုထိလို့ကတော့ ငါ့ဓါးကမင်းလည်ပင်းကိုဖြတ်ပြီလို့သာ မှတ်လိုက်ပေတော့"
(4)
သိန်းဇံမှာ လှေကိုလှော်ခတ်လာရင်း မြစ်အတွင်းသို့ဖြတ်ဝင်လိုက်သည်။ ရေနည်းနေပြီဖြစ်သဖြင့် မြစ်ပြင်ဘေးတစ်ဖက်တစ်ချက်တွင် သဲသောင်များထွန်းနေလေသည်။ လပြည့်နီးပြီမို့ လကထိန်ထိန်သာလျှက်ရှိရာ သဲသောင်ပြင်ကြီးက လရောင်ကြောင့် ဖွေးဖွေးဖြူနေတော့သည်။ အလားတူမြစ်ပြင်ကျယ်အတွင်းတွင်လည်း လရောင်က ဖြန့်ကျက်ထားသဖြင့် လှိုင်းကြက်ခွပ်ကလေးများမှာ တလက်လက်နှင့်ဝင်းပနေသည်။ မြစ်ရိုးတစ်လျှောက်ရှိ ရွာကလေးများမှာ မှောင်အတိကျနေလျှက် အိပ်မောကျနေပြီဖြစ်သည်။
ကိုင်းတောကြီးအနီးအရောက်တွင်တော့ ညအချိန်ကျက်စားသည့် ငှက်တစ်ချို့မှာ လန့်ဖြန့်ကာ ထွက်ပြေးသွားကြလေသည်။ သိန်းဇံလည်း လှေကိုရပ်လိုက်ကာ ဘေးဘယ်ညာကိုကြည့်နေမိသည်။
"ကဲ - ညသန်းခေါင်ရောက်ပြီဗျာ၊ ခင်ဗျားကတိအတိုင်း ကျုပ်ကိုငါးတွေပေးတော့"
မြစ်ပြင်မှာ ငြိမ်သက်နေလေသည်။ သိန်းဇံလည်းအလွန်စိတ်ပျက်သွားမိသည်။ ထိုစဉ် မြစ်ရေပြင်တစ်နေရာမှ ရေပွက်ကြီးတစ်ခုက ဗွမ်းခနဲပွက်တက်လာသည်။ ရေပွက်ပြီးသည်နှင့် တပြိုင်နက် ထိုရေပွက်အတွင်းမှ မြစ်ငါးတန်ကြီးတစ်ကောင်မှာ ခုန်ပေါက်ထွက်လာကာ လှေဝမ်းအတွင်းသို့ တန်းတန်းမတ်မတ်ဝင်လာလေသည်။ မြစ်ငါးတန်ကြီးမှာ ကြီးမားလွန်းသဖြင့် လူးလွန့်နေလေရာ သိန်းဇံက မြန်မြန်သေစေရန်အတွက် လှော်တက်ဖြင့်ရိုက်သတ်လိုက်ရလေသည်။
"ဟာ- အကြီးကြီးပဲ၊ ဒီတစ်ကောင်တင် ငါးပိဿလောက်ရှိလောက်တယ်"
ထိုစဉ် အခြားတစ်နေရာမှ ရေပွက်သွားပြီးနောက် ငါးကြင်းတစ်ကောင်မှာ လေပေါ်ပျံတက်လာကာ လှေဝမ်းအတွင်းသို့ကျပြန်သည်။ ရေအောက်မှလူတစ်ဦးဦးက ဖမ်းဆီးကာ လှေပေါ်သို့ပစ်တင်ပေးလိုက်သည့်နှယ် တန်းတန်းမတ်မတ်ကျလာခြင်းဖြစ်သည်။ သိန်းဇံမှာအလွန်ပျော်ရွှင်လျှက် ---
"ဟာ- ငါးကြင်းကြီးဟေ့၊ သုံးပိဿလောက်တော့ ရှိမယ်ထင်တာပဲ နိပ်ပဟ"
ထိုစဉ်လှေနံဘေးရှိ မြစ်ပြင်မှာ ပွက်တက်လာကာ ငါးသလောက်များ၊ ငါးဖမ်းမများ၊ ငါးဘတ်၊ ငါးဘိုးများမှာ လှေဝမ်းအတွင်းသို့ခုန်ဝင်လာကြရာ သိန်းဇံတစ်ယောက် ငါးများကိုပျော်ရွှင်စွာဖြင့် လိုက်ကောက်နေရလေသည်။ ထိုအဖြစ်ကို မြစ်ကွေ့တစ်နေရာ လမဲ့ပင်ကြီးအရိပ်အောက်မှ ချောင်းကြည့်နေသည့် ကိုအောင်မောင်းလည်း မြင်တွေ့လိုက်ရလေသည်။
"ဟာ- ဒီကောင်ငါးတွေရတာ ဒါ့ကြောင့်ကိုး၊ ဒီကောင့်မှာ ထူးဆန်းတာတစ်ခုခုတော့ ရှိနေပြီထင်ပါ့"
သိန်းဇံမှပျော်ရွှင်လျှက် လှေဦးတွင်ချထားသည့်အရုပ်ကလေးကို ကောက်ယူလိုက်ကာ နမ်းရှုံ့နေလေသည်။ ထို့နောက်လက်ဖဝါးပေါ်တွင်တင်ကာ တဖွဖွပြောနေလေရာ လရောင်နှင့်မို့အတိုင်းသားမြင်နေရသည်။ ကိုအောင်မောင်းလည်း စောင့်ဆိုင်းမနေတော့ဘဲ လှေကိုခပ်မြန်မြန်လှော်ခတ်ကာ သိန်းဇံဆီသို့ထွက်လာခဲ့လိုက်သည်။ သိန်းဇံမှာ ကိုအောင်မောင်းအားကျောပေးလျှက်သားဖြစ်နေသည့်အတွက် ကိုအောင်မောင်းလှေအားမမြင်လိုက်ပေ၊ လှေနံချင်းတိုက်သွားသည့်အခါမှသာ သိန်းဇံက အံ့သြသွားလေသည်။
"ဟေ့ - သိန်းဇံပျော်လို့ရွှင်လို့ပါလားကွ"
"ဟာ- ကိုအောင်မောင်း"
"မင်းလက်ထဲက ဘာကလေးလဲကွ"
ထိုတော့မှ သိန်းဇံက လက်ကိုဝှက်လျှက်
"ဘာမှမဟုတ်ပါဘူး၊ ကိုအောင်မောင်းရာ"
"ဟေ့ကောင်ငါ့ကိုမညာနဲ့၊ ငါဟိုးနားက လမဲ့ပင်ကြီးအောက်ကစောင့််ကြည့်နေတာကွ၊ မင်းဖြစ်တာတွေအားလုံးမြင်လိုက်ရတယ်"
"ခင်ဗျားအမြင်မှားတာနေမှာပါ ကိုအောင်မောင်းရာ"
"ပြီးတော့ အဲဒီအရုပ်ကလေးကို ငါ့ကိုပြစမ်း"
သိန်းဇံက တွေဝေနေလေသည်။
"မင်းငါ့ကိုမပြဘူးဆိုရင် ဒီအကြောင်းတွေကို ငါရွာထဲလှည့်ပြီး ဖွလိုက်မယ်နော်ကွ"
"မ- မလုပ်ပါနဲ့ ကိုအောင်မောင်းရာ ဟောဒီမှာကြည့်ပါ"
ကိုအောင်မောင်းက လှေကိုအနီးသို့ကပ်လိုက်ပြီး ထိုအရုပ်ကလေးကိုကြည့်လိုက်သည်။
"ဟင်- ဒါ- ဒါ ငါ့အရုပ်ပဲ"
သိန်းဇံမှာဒေါသထွက်သွားပြီး
"ဟေ့လူ ခင်ဗျားမဟုတ်တာမပြောနဲ့၊ ဒီအရုပ်က ကျုပ်အရုပ်ဗျ၊ ကျုပ်လှေထဲကိုသူ့အလိုလိုရောက်နေတာ"
"ဖွီ- ဟေ့ကောင်သိန်းဇံ ဒီအရုပ်က ငါနဲ့ငါ့သားနဲ့မနက်က ပိုက်သိမ်းရင်း ပိုက်ထဲမှာပါလာတဲ့အရုပ်၊ ငါ့အရုပ်ကွ"
"ခင်ဗျားဖာသာဘယ်ကရရ၊ အခုကျုပ်လက်ထဲမှာဆိုတော့ ကျုပ်အရုပ်ပေါ့"
"အောင်မယ် ခွေးသားသိန်းဇံပေးစမ်း၊ ငါ့ကိုအဲဒီအရုပ်ပေးစမ်း"
"မပေးဘူးဟေ့လူ"
သိန်းဇံနှင့်ကိုအောင်မောင်းမှာ ရန်ဖြစ်ကြတော့သည်။ ကိုအောင်မောင်းက လှေဝမ်းထဲတွင်အသင့်ပါလာသည့် ငှက်ကြီးတောင်ဓါးကိုဆွဲလိုက်ပြီး တစ်ဖက်သိန်းဇံလှေပေါ်သို့ခုန်တက်လိုက်သည်။ သိန်းဇံမှာရုတ်ခြည်းမို့ ကာကွယ်ချိန်မရပေ၊ ကိုအောင်မောင်းက ဓါးချက်ကိုလွှဲ၍ခုတ်ချလိုက်ရာ သိန်းဇံ၏ လည်ပင်းအရင်းသို့ပိုင်းမိကာ သိန်းဇံတစ်ယောက်ခေါင်းပြတ်ကျသွားတော့သည်။ သို့သော်ခေါင်းက ယတိပြတ်၊ ပြတ်ကျမသွားဘဲ တန်းလန်းကြီးဖြစ်နေလေသည်။ ထို့နောက်လှေပေါ်သို့လဲကျသွားသည်။ ကိုအောင်မောင်းလည်း သိန်းဇံလက်ထဲမှအရုပ်ကိုဆွဲယူ၍ လှေပေါ်ပြန်တက်ခဲ့ကာ လှေကိုအားကုန်လှော်ခတ်ခဲ့တော့သည်။
မြစ်ကွေ့အရောက်မှ သတိရသွားတော့သည်။ ကိုအောင်မောင်းလည်း လှေကိုရပ်တန့်ပစ်လိုက်သည်။
"ငါ သိန်းဇံကိုဒီအတိုင်းထားလို့မဖြစ်ဘူး၊ ဒီကောင့်ဆီမှာကျန်နေခဲ့တာက ငါ့ဓါး၊ ငါ့ဓါးကိုတွေ့ရင်လူတွေက ငါသတ်တယ်ပဲထင်ကုန်ကြမယ်၊ မဖြစ်ဘူး၊ ပြန်လှည့်ပြီး ဓါးယူအုံးမှ"
ကိုအောင်မင်းတစ်ယောက် လှေကိုပြန်လှည့်ကာ ဓါးသွားပြန်ယူသည်၊ သိန်းဇံ၏လှေက ကိုင်းတောအစပ်တွင် ကမ်းကပ်နေချေပြီ၊ သိန်းဇံအလောင်းကောင်မှစီးကျနေသည့်သွေးများက လှေဝမ်းထဲရဲရဲနီနေလေသည်။ ကိုအောင်မောင်းလည်း သိန်းဇံ၏လှေပေါ်သို့တက်လိုက်ကာ သူ့ဓါးကိုပြန်ဆွဲယူလိုက်သည်။ လှေပေါ်မှပြန်ဆင်းခါနီးတွင် လှေဝမ်းအတွင်းရှိငါးကြီးများကို တစ်ချက်ကြည့်လိုက်ပြီး -
"ငါးတွေက နှမြောစရာကြီးတွေပါလား၊ ဒီငါးတွေ ငါသယ်သွားပြီးတော့ မနက်ကျရင်သွားရောင်းလို့ရတာပဲ"
ကိုအောင်မောင်းလည်း ငါးကြီးများကိုသူ့လှေအတွင်းသို့ပြောင်းထည့်လိုက်ပြီးနောက် သိန်းဇံအလောင်းကြီးအားတစ်ချက်ကြည့်မိသည်။
"ဒီကောင့်အလောင်းကိုပါ ဖျောက်မှဖြစ်မယ်"
သို့နှင့်လှေကို ကိုင်းတောအတွင်းဖွက်လိုက်ပြီးနောက် သိန်းဇံအလောင်းအား ကိုင်းတောရေစပ်သို့ချထားလိုက်သည်။ ပြီးနောက် လှေကိုပြန်လှော်ကာ အေးအေးလူလူပင် ရွာသို့ပြန်လာခဲ့တော့သည်။ အချိန်ကား မနက်မိုးသောက်အလင်းရောက်တော့မည်။
ကိုအောင်မောင်းလှေဦးထိပ်တွင် မိန်းမတစ်ဦးဆောင့်ကြောင့်ထိုင်ကာ ပေါ်လာသဖြင့် ကိုအောင်မောင်းအလွန်ထိတ်လန့်သွားသည်။
"ခင်ဗျားဘယ်သူလဲ၊ ကျုပ်လှေပေါ်ကိုဘာတက်လုပ်တာလဲ"
"ဟဲ့ - ငါ့ကိုနင်ပဲသူများဆီကလုယူခဲ့ပြီးတော့ အခုငါ့ကိုဘယ်သူလဲတဲ့"
"ခင် - ခင်ဗျားက အရုပ်စောင့်တစ္ဆေလား"
"ဟား- ဟား အရုပ်စောင့်တစ္ဆေမဟုတ်ဘူး၊ အရုပ်စောင့်ကဝေဟဲ့၊ နင်ရခဲ့တဲ့အရုပ်က ကဝေရုပ်တုပဲ"
"ဒါ- ဒါဆိုရင် ဟိုကောင့်ကို ငါးရအောင်ကူညီသလို၊ ကျုပ်ကိုလည်း ငါးရအောင်လုပ်ပေးစမ်းပါ"
"အေး- ငါးကြော်နှစ်ကောင်နဲ့ အရက်တစ်လုံးကို မနက်ဖြန်ညနေ လှေဦးမှာတင်ပေးစမ်း၊ ပြီးရင် မနက်ဖြန်ညသန်းခေါင်ကျတော့ ကိုင်းတောစပ်ကိုလာခဲ့၊ မပင်မပန်းနဲ့ ငါးရဖို့ကိုတော့ ငါ့တာဝန်သာထား"
"ဟုတ်- ဟုတ်ကဲ့"
ကိုအောင်မောင်းပြောဆိုနေစဉ်မှာပင် ထိုရုပ်တုမှာပျောက်ကွယ်သွားလေသည်။ သို့နှင့််ကိုအောင်မောင်းလည်း အိမ်သို့ပြန်လာခဲ့တော့သည်။
(5)
"ဟယ်- ယောက်ျားငါးတွေအများကြီးရလာတာပါလား၊ ဝမ်းသာစရာကြီးနော်"
ကိုအောင်မောင်းမိန်းမက ဝမ်းသာသွားသော်လည်း ပါးစပ်ကိုလက်ဖြင့််ပိတ်လိုက်လေသည်။
"ဘာဖြစ်လို့တုန်းကွ၊ ဝမ်းသာတာများ ထအော်လိုက်ပေါ့ကွာ"
"အော်လို့မသင့်ဘူးရှင့််၊ ခေါင်းရင်းအိမ်မှာ အခြေအနေမကောင်းဘူး"
ကိုအောင်မောင်းက မသိဟန်ဆောင်လျှက်
"ဘာဖြစ်လို့လဲကွ"
"ရှင်က မြစ်ထဲရောက်နေလို့ မသိတာနေမှာ၊ ညက သိန်းဇံတစ်ယောက်ထွက်သွားတာ အခုထိအိမ်ကိုပြန်မရောက်သေးလို့တဲ့"
"ဟာကွာ- ပိုက်တန်းသွားဖော်နေတာဖြစ်မှာပေါ့"
"ပိုက်တန်းဖော်လည်း ဒီအချိန်ဆိုပြန်ရောက်သင့်ပြီမဟုတ်လား"
"ဒါဆိုရင်လည်း တစ်နေရာရာကို ခရီးလွန်နေလို့ဖြစ်မှာပေါ့ကွာ၊ ကဲ ထမင်းပြင်ကွာ၊ ငါဗိုက်ဆာပြီ"
"ရှင်ရလာတဲ့ငါးကြင်းဗိုက်ကိုဖောက်ပြီး ငါးချေးခါးကြော်ပေးမယ်တော်၊ ညနေကျ ရှင်အရက်နဲ့မြည်းပေါ့"
ကိုအောင်မောင်းလည်းပျော်ရွင်သွားမိသည်။ ငါးများများရသည့်အတွက် အိမ်တွင်မျက်နှာပန်းလှနေသည်။ ခဏနေသည့်အခါ မိန်းမဖြစ်သူက ငါးများကိုသယ်ဆောင်သွားကာ ဈေးရောင်းထွက်သွားတော့သည်။ ကိုအောင်မောင်းလည်း တစ်ညလုံးမအိပ်ၤရသဖြင့် အိပ်ချလိုက်တော့သည်။ အိပ်မက်ထဲတွင် ထိုအမျိုးသမီးကိုတွေ့သည်။ ထိုအမျိုးသမီးက ကိုအောင်မင်းအားလက်ညှိုးထိုးလျှက်
"နင် ငါ့ကိုကတိပေးထားတာကို မမေ့နဲ့"
ကိုအောင်မောင်းတစ်ယောက် လန့်နိုးသွားမိသည်။ မည်မျှကြာအောင်အိပ်ပျော်သွားသည်မသိ လန့်နိုးလာသည့်အခါ ညနေပင်စောင်းတော့မည်၊ အိမ်ရှေ့ထွက်ခဲ့သည့်အခါ ဇနီးဖြစ်သူက ပိုက်ဆံများကိုရေတွက်နေလေသည်။
"ယောက်ျားရေ၊ ရှင်သာနေ့တိုင်း ဒီလိုငါးရရင်ကျုပ်တို့တော့ မကြာခင်အကြွေးတွေကျေပြီး၊ စုမိဆောင်းမိတော့မှာတော့"
"အေးဟာ- လောလောဆယ်ငါ့ကိုအရက်ဖိုးပေးစမ်း"
"ရှင်အကျင့်မပျက်နဲ့နော်၊ ခုမှငါးကောင်းကောင်းတစ်ရက်ရယုံရှိသေးတာ"
"ပေးဆိုပေးစမ်းဟာ၊ နင်မရှည်နဲ့၊ နောက်တော့ ငါးကောင်းတွေချည်းရစေရမယ်ဟုတ်ပြီလား"
ဇနီးထံမှပိုက်ဆံယူခဲ့ကာ ထမင်းစားသောက်ပြီးနောက် ငါးပိုက်ထောင်ရန်ဆင်းခဲ့တော့သည်။ ရွာထိပ်ရောက်သည့်အခါ အရက်တဲတွင်လှေကိုကပ်လိုက်ပြီးနောက်
"ဟေ့- အရက်တစ်လုံးပေး၊ ပြီးတော့ ငါးပေါင်းကြော်တစ်ချပ်ပေးဟာ"
ကိုအောင်မောင်းက အရက်တစ်လုံးနှင့်် ငါးအသေးကလေးများကို မုန့်နှစ်နှင့်ကပ်ကြော်ထားသည့် ငါးပေါင်းကြော်တစ်ချပ်သယ်ချလာခဲ့သည်။ မြစ်ပြင်ရောက်သည့်အခါ လူသူရှင်းမရှင်းကိုကြည့်ပြီးနောက် လှေဦးတွင်အရုပ်ကလေးကိုချလိုက်ကာ ငါးပေါင်းကြော်မှ ငါးအသေးလေးနှစ်ကောင်ကို ဖဲ့ယူလိုက်ပြီး အရုပ်ရှေ့တွင်ချလိုက်သည်။ ထို့နောက် အိမ်မှအသင့်ယူလာသည့် လျက်ဆားပုလင်းအလွတ်ကိုဖွင့်လိုက်ကာ အရက်ပုလင်းအတွင်းမှ အရက်များကိုငှဲ့ထည့်လိုက်သည်။ လျက်ဆားပုလင်းမှာသေးငယ်လှသဖြင့်အရက်တစ်ငုံ၊ နှစ်ငုံစာလောက်ပင်ဝင်ဆန့်သည်။
"ကဲ ကဝေရှင်မရေ၊ ခင်ဗျားပြောတဲ့အတိုင်း ငါးကြော်နှစ်ကောင်နဲ့ အရက်တစ်လုံး ကြွေးပါတယ်၊ စားပါသောက်ပါ၊ ပြီးတော့ ကျုပ်ကိုငါးကြီးငါးကောင်းများ ဖမ်းပေးပါ၊ ဟဲ- ဟဲ"
ထိုညနေတော့ ကိုအောင်မောင်းတစ်ယောက်ပိုက်မချဘဲ လှေပေါ်တွင်အရက်နှင့် ငါးပေါင်းကြော်ဖဲ့ကာ အေးအေးလူလူဇိမ်ခံသောက်နေမိသည်။ ငဝန်မြစ်၏ ညနေခင်းအလှမှာ သာယာလွန်းသည်။ ကိုအောင်မောင်းလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး
"အင်း- အရင်ကဆိုရင် ဝမ်းရေးအတွက် ခက်ခက်ခဲခဲပိုက်ချနေရလို့၊ ဒီလိုသဘာဝအလှအပတွေကိုတောင် မခံစားနိုင်ခဲ့ဘူး"
ဟု ရေရွတ်လိုက်ကာ အရက်ကိုမော့သောက်လိုက်လေတော့သည်။
(6)
"တောက်"
တောက်ခေါက်သံကြီးတစ်ချက်ကြောင့် ကိုအောင်မောင်းအိပ်ရာလန့်နိုးသွားသည်။ နာရီကိုကြည့်လိုက်သည့်အခါ ညဆယ့်တစ်နာရီကျော်နေပြီဖြစ်သည်။ ကိုအောင်မောင်းလည်း ငါးဖမ်းရန်အလို့ငှာအိမ်မှထွက်ခဲ့တော့သည်။ ကိုင်းတောဆီသွားရန် ဝန်လေးနေသော်လည်း ကဝေရှင်မက ကိုင်းတောသို့သာလာခိုင်းသဖြင့် လာခဲ့ရသည်။ စိတ်ထဲတွင်တော့ အတော်ထိတ်လန့်နေမိသည်။ ယမန်နေ့ညက လူသတ်ထားသည့် ငှက်ကြီးတောင်ဓါးကိုပင် နံဘေးတွင်ချကာ လှော်ခတ်လာခဲ့ရသည်။
အဖိတ်နေ့လက ညည့်နက်သည့်အချိန်မှ ပိုမိုသာနေလေတော့သည်။ မြစ်ပြင်ကြီးတစ်ခုလုံး ဖွေးဖွေးဖြူနေအောင် လရောင်ကလွမ်းခြုံထားသည်။ ကိုအောင်မောင်းလှေကိုလှော်ခတ်လာရင်း ကိုင်းတောအနီးသို့ရောက်လာခဲ့သည်။
"ကဲ- ကဝေရှင်မ- ခင်ဗျားကတိအတိုင်း ကျုပ်ကိုငါးပေးတော့နော်"
ကိုအောင်မောင်းကရေရွတ်လိုက်လေသည်။ ထိုအခါ မြစ်ပြင်တစ်ခွင်ရေပွက်များ ပွက်လာကြကာ လှေအတွင်းသို့ ငါးများခုန်ဝင်လာကြသည်။ သို့သော်ခုန်ဝင်လာသည့် ငါးများမှာ ငါးကြီး၊ ငါးကောင်းများမဟုတ်ဘဲ၊ ငါးခုံးမ၊ ငါးစင်ရိုင်း၊ ငါးဇရစ်၊ ငါးသံချိတ်ကဲ့သို့ ငါးသေးသေးလေးများသာဖြစ်သည်။ ထိုငါးသေးသေးလေးများမှာလှေဝမ်းအတွင်းခုန်ပေါက်နေကြလေသည်။ ကိုအောင်မောင်းမှာ ငါးများကိုကြည့်ရင်းစိတ်ပျက်နေမိသည်။
"ဟား- ဟား- ဟား"
ထိုစဉ် လှေဦးမှရယ်သံကြီးကိုကြားလိုက်မိသည်။ ကဝေရှင်မမှာ ဆောင့်ကြောင့်ထိုင်လျှက် တဟီးဟီး၊ တဟားဟားနှင့် ရယ်မောကျနေလေသည်။
"တောက် - ခင်ဗျားကျွေးခိုင်းတဲ့အတိုင်း ကျုပ်ကျွေးတယ်နော်"
"အေးလေ- ငါလည်းနင်ပေးသလောက်ပြန်ပေးတာပဲ"
ကိုအောင်မောင်းမှာဒေါသများထွက်လာခဲ့သည်။
"နင်ပေးသလောက် နင်ပြန်ရတာပဲ၊ နင့်ကိုယ်နင် တော်တော်လည်လှပြီလို့ ထင်နေတာလားဟဲ့၊ နင်က ငါ့ကိုလွယ်လွယ်နဲ့လှည့်စားလို့ရမယ်လို့ ထင်နေတာလား"
ကိုအောင်မောင်းဘာမှမပြောနိုင်တော့ပေ၊ ထိုတော့မှ လှေပေါ်တွင်ဒူးထောက်ထိုင်ချလျှက်
"ကျုပ်တောင်းပန်ပါတယ်ကဝေအရှင်မ၊ ကျုပ်စော်ကားခဲ့သလိုဖြစ်သွားတာ ခွင့်လွှတ်ပါ၊ ကျုပ်ကို ဒီည ငါးကြီးငါးကောင်းတွေသာပေးပါ၊ မနက်ဖြန်ကျတော့ အရက်နှစ်လုံး၊ ငါးကြီးလေးကောင်နဲ့ ရိုရိုသေသေတင်မြှောက်ပါမယ်"
"နင့်စကားကို ငါဘယ်လိုယုံရမလဲဟ၊ ထားပါတော့၊ ငါကနင့်ကိုခွင့်လွှတ်ပါတယ်အောင်မောင်းရဲ့၊ ဒါပေမယ့် သူကနင့်ကိုခွင့်မလွှတ်ဘူးတဲ့"
ကဝေအရှင်မက ကိုင်းတောအတွင်းသို့လက်ညှိုးထိုးပြလိုက်ရာ ကိုအောင်မောင်းမှာကိုင်းတောကိုတစ်ချက်လှမ်းကြည့်မိလိုက်သည်။ ထိုအခါ ကိုင်းတောအတွင်းမှ လှေကလေးတစ်စီးထွက်လာခဲ့သည်။ လှေကလေးအပေါ်တွင်တော့ ခေါင်းပြတ်သိန်းဇံက လှေကိုလှော်ခတ်လာလေသည်။ သိန်းဇံ၏ခေါင်းမှာပြတ်ထွက်နေပြီး လည်ပင်းတစ်ဖက်တွင် တွဲလောင်းကျနေလေသည်။ ကိုအောင်မောင်းမှာ ထိုအဖြစ်ကိုကြည့်ရင်း အလွန်ထိတ်လန့်လာခဲ့သည်။
"သိန်းဇံ- သိန်းဇံ- သူငယ်ချင်း"
သိန်းဇံလှေက ရုတ်ခြည်းပင် အနားသို့ရောက်လာခဲ့သည်။ တွဲလောင်းကျနေသည့်် သိန်းဇံခေါင်းမှပါးစပ်မှာပွင့်သွားပြီး
"ဘာသူငယ်ချင်းလည်း- အခုမှဘာသူငယ်ချင်းလည်း၊ ခင်ဗျားကျုပ်ကိုသတ်တယ်၊ ခင်ဗျားလူသတ်သမား၊ အခုကျုပ်ခင်ဗျားကိုပြန်သတ်မယ်"
သိန်းဇံမှာလှေပေါ်မှနေ၍ ကိုအောင်မောင်းအပေါ်သို့ခုန်တက်လိုက်သည်။ ကိုအောင်မောင်းလည်း သိန်းဇံအားပြန်လည်တွန်းကန်ခုခံရင်းနှစ်ယောက်သား လုံးထွေးပြီး ရေအောက်သို့ကျသွားတော့သည်။ ကိုအောင်မောင်းမှာ ခြေလက်များကိုအတင်းရုန်းကန်၍ ရေကူးခတ်နေသော်လည်း သိန်းဇံက ကိုအောင်မောင်းအားအတင်းဆွဲဖက်ထားသဖြင့် မရုန်းကန်သာတော့ဘဲ မြစ်ကြမ်းပြင်ဆီသို့ တစတစနစ်မြုပ်သွားလေတော့သည်။
သိန်းဇံနှင့် ကိုအောင်မောင်းတို့မှာ ရုတ်တရက်ပျောက်ကွယ်သွားကြရာ ရေလဲရွာကလေးမှလူများပင် အလန့်တကြားဖြစ်သွားရလေသည်။ ကိုင်းတောအနီးတွင် လှေကလေးနှစ်စင်းကိုတွေ့သော်လည်း ထိုနေရာတွင်အောက်ခြေရှုပ်သဖြင့် ရေငုပ်သမားများငုပ်၍ရှာဖွေသော်လည်း ရှာမတွေ့ခဲ့ပေ။ ထိုညတွင်ပင် အောင်မောင်း၏ သားဖြစ်သူ အောင်အောင်မှာ အိပ်မက်မြင်မက်လေသည်။ ကိုအောင်မောင်းမှာတစ်ကိုယ်လုံးရေများစိုရွှဲလျှက် အိမ်အောက်သို့ရောက်လာခဲ့သည်။
"သားရေ"
"ဟင်အဖေ"
"သားကို အဖေလာမှတာသားရဲ့၊ အဖေ့လှေရဲ့လှေဦးပိုင်းမှာ အရုပ်ကလေးတစ်ရုပ်တွေ့တယ်မဟုတ်လားသား"
"တွေ့တယ်အဖေ၊ အဲဒီအရုပ်ကလေးက သားကောက်လာခဲ့တဲ့အရုပ်ကလေး မဟုတ်လား"
"အဲဒီအရုပ်ကလေးက ကောင်းတဲ့အရုပ်မဟုတ်ဘူးသား၊ ဒီအရုပ်ကလေးကို မြစ်ထဲပြန်မျှောလိုက်ပါကွယ်၊ တို့ဗမာအယူအဆအရ မကောင်းတဲ့အရာတွေကို မြစ်ထဲချောင်းထဲ မျှောလေ့ရှိလို့ မြစ်ထဲချောင်းထဲက ဘာအရုပ်တွေ့တွေ့မကောက်ရဘူးလို့ တံငါသည်တွေအချင်းချင်းမှာကြားထားတာပေါ့သားရဲ့၊ တကယ်လို့သားလည်း တစ်နေ့မြစ်ထဲကနေ အရုပ်တွေတွေ့ရင် မကောက်ပါနဲ့တော့သားရယ်"
ထိုသို့ပြောဆိုပြီး ကိုအောင်မောင်းမှာ ပျောက်ကွယ်သွားလေတော့သည်။
မကြာခင် ငဝန်မြစ်အတွင်းတွင် လူသေကောင်နှစ်ခုပေါ်လာခဲ့သည်။ တစ်ခုမှာတော့ ခေါင်းပြတ်နေသည့် သိန်းဇံအလောင်းဖြစ်ကာ နောက်အလောင်းမှာတော့ ကိုအောင်မောင်း၏အလောင်းဖြစ်သည်။ ထူးခြားသည်က အလောင်းနှစ်ခုမှာ တစ်ယောက်နှင့်တစ်ယောက်တွယ်ဖက်ထားကြလေရာ သဂြိုဟ်သည့်သူများပင် မခွာနိုင်ဟုဆိုကြသည်။
ကိုအောင်မောင်းတို့ ရက်လည်သည့်နေ့ပင် အောင်အောင်မှာ လှေငယ်ကလေးလှော်ခတ်လျှက် ငဝန်မြစ်အတွင်းသို့ဆင်းလာခဲ့သည်။ မြစ်ပြင်ကျယ်ကြီးကိုမြင်တွေ့လိုက်ရသည့်အတွက် အဖေဖြစ်သူကိုပင် တမ်းတလွမ်းဆွတ်မိကာ မျက်ရည်များပင်ကျလာခဲ့သည်။ အကျီအိတ်ထဲထည့်ယူဆောင်လာသည့် အရုပ်ကလေးကိုအသေအချာကြည့်လိုက်မိသည်။ ထိုစဉ် အောင်အောင်၏ နားထဲတွင် စကားပြောသံများ ကြားလာရသည်။
"မလွင့်ပစ်နဲ့ကောင်လေး၊ ငါမင်းလိုချင်တာမှန်သမျှ ရအောင်လုပ်ပေးမယ်"
အောင်အောင်မှာ အလွန်တုန်လှုပ်သွားပြီးနောက် အရုပ်ကလေးကို ခပ်လှမ်းလှမ်းသို့လွှင့်ပစ်ထည့်လိုက်သည်။ အရုပ်ကလေးမှာ သစ်သားရုပ်မို့ရေပေါ် ပေါ်လောပေါကာ ငဝန်မြစ်ရေစီးအတိုင်း တရွေ့ရွေ့နှင့်စီးဆင်းသွားလေတော့သည်။
ပြီးပါပြီ။

" ငဝန္ျမစ္ထဲက ကေဝ႐ုပ္ " (စဆုံး) +++++++++++++++++++++ (1) အခ်ိန္အားျဖင့္ ၁၉၉၇ ခုနစ္ခန႔္၊ ျမစ္ဝကြၽန္းေပၚတစ္ေနရာတြင္ျဖစ္သည္။ ငဝန္ျမစ္နံေဘးတြင္ ေရလဲ၊ ဥသွ်စ္ကုန္း၊ ေသာင္စု စသည့္ေက်း႐ြာကေလးမ်ားမွာ အစီအရီတည္ရွိေနၾကသည္။ ကိုေအာင္ေမာင္းမွာ ေရလဲ႐ြာသားတစ္ဦးျဖစ္သည္။ ငဝန္ျမစ္အတြင္း တံငါအလုပ္ႏွင့္အသက္ေမြးလုပ္ကိုင္ေနထိုင္ေနသူတစ္ဦးျဖစ္သည့္အေလွ်ာက္ မနက္မိုးမလင္းမီပင္ အိမ္မွေလွကေလးတစ္စီးျဖင့္ထြက္လာခဲ့ေလသည္။ "အေဖေရ- သားလည္းလိုက္မယ္" "ေအး သားေရ- လိုက္ခ်င္ရင္လိုက္ခဲ့ေလကြာ" ဆယ္ႏွစ္အ႐ြယ္သားျဖစ္သူ ေအာင္ေအာင္ကလည္း လိုက္ခ်င္သည္ဆိုသျဖင့္ေခၚလာခဲ့ရသည္။ သားအဖႏွစ္ေယာက္ ငဝန္ျမစ္အတြင္းေရာက္သည့္အခါ နံနက္ေရာင္နီပ်ိဳးစျပဳေနၿပီျဖစ္သည္။ ကိုေအာင္ေမာင္းက ေလွေပၚတြင္ဖန္မီးအိမ္တစ္လုံးထြန္းလိုက္ၿပီးေနာက္ ညအခ်ိန္က ခ်ထားခဲ့သည့္ပိုက္တန္းမ်ားေဖာ္ရန္အတြက္ ေလွာ္ခတ္လာခဲ့ေလသည္။ ပိုက္တန္းမ်ားခ်ထားသည့္ ေနရာေရာက္သည့္အခါ ေလွငယ္ကိုအသာကပ္ၿပီး ပိုက္တန္းကိုအေသအခ်ာစစ္ေဆးကာ ပိုက္ေဖာ္ေတာ့သည္။ ျမစ္႐ိုးတစ္ေလွ်ာက္ က်က္စားၾကသည့္ ေရခ်ိဳငါးမ်ားမွာ ပိုက္တန္းတြင္ၿငိေနၾကေလရာ ကိုေအာင္ေမာင္းက ပိုက္ကိုအသာဆြဲတင္ၿပီး ေလွဝမ္းထဲသို႔ခ်ေပးရသည္။ သားျဖစ္သူ ေအာင္ေအာင္မွာ ပိုက္တန္းတြင္ၿငိေနေသာ ငါးမ်ားအား အလွ်င္အျမန္ျဖဳတ္ကာ ပုံးႀကီးတစ္လုံးအတြင္းသို႔ ထိုးထည့္ရေလသည္။ ယေန႔ေတာ့ ကိုေအာင္ေမာင္းစိတ္တိုင္းမက်ျဖစ္ေနရသည္။ ပိုက္တန္းသုံးတန္းေဖာ္ၿပီးသည္အထိ ငါးမ်ားမ်ားစားစားမရေသးေပ၊ ပိုက္ေဖာ္ရင္း လက္ႏွင့္ေရက အၿမဲထိေတြ႕ေနရသျဖင့္ ကိုေအာင္ေမာင္းလက္ေတြေအးစက္လာခဲ့သည္။ ခါးပုံစၾကားတြင္ညႇပ္ထားသည့္ ေဆးေပါ့လိပ္ကိုထုတ္လိုက္ၿပီး ပါးစပ္တြင္တပ္လိုက္သည္။ ျမစ္ျပင္ကိုတစ္ခ်က္ၾကည့္လွ်က္ "ေတာက္၊ ဒီငါးေတြ ဘယ္သြားေသေနသလဲမသိပါဘူး" ကိုေအာင္ေမာင္းက စိတ္ညစ္ညစ္ႏွင့္ေရ႐ြတ္လိုက္ၿပီး ခါးပုံစအတြင္းမွ မီးျခစ္ကိုထုတ္ကာ ျခစ္လိုက္သည္။ သို႔ေသာ္ မီးျခစ္က တခ်က္ႏွစ္ခ်က္ခတ္၍ မီးမေတာက္ေပ၊ ကိုေအာင္ေမာင္းလည္း မီးျခစ္အားေလွနံရံျဖင့္ တေဒါက္ေဒါက္ေခါက္လိုက္ၿပီး ထပ္မံျခစ္သည္။ ဂတ္စ္ကုန္ေနသည့္ မီးျခစ္က မီးမေတာက္ေတာ့ေပ၊ ကိုေအာင္ေမာင္းလည္း စိတ္ညစ္ညစ္ႏွင့္ မီးျခစ္အားေရထဲလႊင့္ပစ္လိုက္ေတာ့သည္။ "ေတာက္- ဒီမီးျခစ္ကတမ်ိဳး" "ဟာ- အေဖ- မီးျခစ္ကိုဘာလို႔လႊင့္ပစ္လိုက္တာလဲ" "မင့္ မီးျခစ္က မီးမွမေတာက္ပဲကြ" "ဟာဗ်ာ- မီးမေတာက္တာက ဂတ္ဆီကုန္ေနလို႔ေနမွာဗ်၊ ဂတ္ဆီထည့္ရင္ ျခစ္လို႔ရမွာပါ၊ အေဖအခုလိုလႊင့္ပစ္လိုက္ေတာ့ မီးျခစ္အသစ္ထပ္ဝယ္ရေတာ့မွာေပါ့" "ဝယ္ဝယ္ေပါ့ကြာ" "အေမကေတာ့ အေဖလႊင့္ပစ္လိုက္တာသိရင္ ေျပာေတာ့မွာပဲ၊ ဂတ္ဆီျဖည့္ရင္ ႏွစ္ဆယ္ဖိုးဆိုရင္ တစ္လေလာက္သုံးရတယ္အေဖရ၊ မီးျခစ္က တစ္လုံးတစ္ရာ့ငါးဆယ္၊ ႏွစ္ရာရွိတယ္မဟုတ္လား" သားျဖစ္သူေျပာေတာ့မွ ကိုေအာင္ေမာင္း မီးျခစ္လႊင့္ပစ္လိုက္သည္ကိုပင္ ႏွေျမာခ်င္ခ်င္ျဖစ္သြားသည္။ သို႔ႏွင့္ မီးမရွိေသာ ေဆးေပါ့လိပ္ကို ပါးစပ္တြင္ငုံခဲလိုက္ကာ - "ကဲလာကြာသားရာ-ေနာက္ဆုံးပိုက္တန္းသြားေဖာ္မယ္၊ အဲဒီမွာေတာ့ ငါးေကာင္းေကာင္းရမယ္ထင္ပါရဲ႕ကြာ" သားအဖႏွစ္ေယာက္ျမစ္႐ိုးအတိုင္းဆန္တက္လာခဲ့သည္။ ျမစ္ေကြ႕တစ္ေနရာအေရာက္တြင္ ျမစ္အတြင္းစီးဝင္ေနသည့္ ျမစ္လက္တက္ကေလးအတြင္းသို႔ဝင္သြားလိုက္သည္။ ထိုျမစ္လက္တက္ေနရာသည္ ျမစ္ဆုံသေဘာျဖစ္ေနသျဖင့္ ေရစီးၾကမ္းကာ ေသာင္ထြန္းေနေလသည္၊ ထိုေသာင္တြင္ငါးမ်ားတင္က်န္ေနေလ့ရွိသျဖင့္ ကိုေအာင္ေမာင္းက ငါးပိုက္တန္းခ်ထားျခင္းျဖစ္သည္။ ထုံးစံအတိုင္းပိုက္တန္းဆီေရာက္ေသာအခါ ကိုေအာင္ေမာင္းက ပိုက္တန္းအားဆြဲတင္ေပးၿပီး ေအာင္ေအာင္က ငါးျဖဳတ္ေလသည္။ မနက္ခင္းေနထြက္ေတာ့မည္ျဖစ္သျဖင့္ေကာင္းကင္တစ္ခုလုံး လင္းခ်င္းေနေလသည္။ ယခုပိုက္တန္းတြင္လည္း ငါးမ်ားမ်ားစားစားမမိေပ။ "အေဖေရ- အေဖ" ေအာင္ေအာင္မွအလန႔္တၾကားေအာ္ဟစ္လိုက္သျဖင့္ ပိုက္တန္းေဖာ္ေနသည့္ ကိုေအာင္ေမာင္းပင္ ထိတ္လန႔္တၾကားျဖစ္သြားရသည္။ "ဘာျဖစ္တာတုန္းသားရ" "ဒီ၊ - ဒီမွာ အ႐ုပ္ကေလးတစ္႐ုပ္ဗ်" "အ႐ုပ္ပါလာတာမ်ား အဆန္းတၾကယ္လုပ္လို႔သားရယ္၊ ျမစ္ထဲေျမာလာတာျဖစ္မွာေပါ့" "သားလိုခ်င္တယ္၊ ဒီအ႐ုပ္ကိုသားယူမယ္ ေနာ္အေဖ" ကိုေအာင္ေမာင္းစိတ္ထဲေတြေဝသြားမိသည္။ တံငါသည္မ်ား၏ ဆိုစကားအရ ျမစ္အတြင္းေျမာပါလာသည့္အရာမ်ားအနက္ အ႐ုပ္မ်ား၊ အင္းအိုင္မ်ားကို ယူေလ့မရွိၾကေပ၊ ျမစ္ထဲပါလွ်င္ ျမစ္ထဲကိုသာ ျပန္ေမွ်ာခ်ရေလ့ရွိသည္။ "ျပစမ္းသား" ေအာင္ေအာင္က အ႐ုပ္ကေလးကိုလာျပသည္။ အ႐ုပ္မွာ သစ္သားတစ္မ်ိဳးျဖင့္ထြင္းထုထားျခင္းျဖစ္သည္။ အ႐ုပ္တစ္ခုလုံးအနက္ေရာင္ရွိကာ ေရတိုက္စားခံရသျဖင့္ လူပုံမသဲကြဲေတာ့ေပ၊ အ႐ုပ္ပုံစံမွာ လူတစ္ေယာက္ေဆာင့္္ေၾကာင့္ထိုင္ကာ ဓါးထမ္းထားသည့္ပုံစံမ်ိဳးျဖစ္သည္။ အ႐ုပ္မွာ ႏွစ္လက္မ၊ သုံးလက္မခန႔္သာရွိသည္။ "ျပန္ေမွ်ာလိုက္ပါသားရယ္" "ေပးေပး- သားခဏၾကည့္လိုက္အုံးမယ္အေဖ" ေအာင္ေအာင္က အ႐ုပ္ကိုျပန္ယူသြားသည္။ ကိုေအာင္ေမာင္းလည္း ငါးဖမ္းမေကာင္းသျဖင့္ စိတ္ညစ္လွ်က္ရွိသည္။ ငါးက သုံးပိႆပင္မရေပ၊ ထိုမွ်မက ငါးမွာအေကာင္ေသးေသးမႊားမႊားကေလးမ်ားသာျဖစ္ေလရာ သြားေရာင္းျပန္လွ်င္လည္း ေဈးရမည္မဟုတ္ေပ၊ ကိုေအာင္ေမာင္းလည္း ေလွကိုစိတ္ပ်က္စြာျဖင့္ အိမ္သို႔ေလွာ္ခတ္ခဲ့ေလသည္။ (2) "ရွင့္ငါးက ဒါပဲလား ကိုေအာင္ေမာင္း" အိမ္ေရာက္သည္ႏွင့္ ဇနီးသည္ျဖစ္သူႏွင့္ စကားမ်ားရန္ျဖစ္ရေတာ့သည္။ "ရွင့္ငါးလို႔မေျပာနဲ႔ေလ၊ ငါက ငါးမွမဟုတ္တာကြ၊ ျမစ္ထဲကငါးပဲ၊ ကံပါသေလာက္ရမွာေပါ့ကြာ" "ရွင္ကအၿမဲတမ္းဒီလိုပဲေျပာေနတာပဲ၊ ကိုသိန္းဇံတို႔ဆိုရင္ တစ္ေန႔တစ္ေန႔ ငါးကို ေျခာက္ပိႆ၊ ဆယ္ပိႆအၿမဲတမ္းရေအာင္ရွာႏိုင္တယ္၊ အခုေတာ့ ရွင္ရွာလာတာက သုံးပိႆေတာင္မျပည့္ဘူး၊ ငါ့ပုံစံၾကည့္ေတာ့လည္း ေသးေသးမႊားမႊားေလးေတြခ်ည္းပဲ" ကိုေအာင္ေမာင္းေဒါသ ေပါက္ကြဲလာသည္။ "ဟဲ့- ငါကနင့္လင္- သိန္းဇံက နင့္လင္မဟုတ္ဘူး- နင္ဒီေလာက္သိန္းဇံကိုႀကိဳက္ေနရင္ အစကတည္းက သိန္းဇံကိုယူလိုက္ပါလား" အိမ္ေပၚတြင္ အေဖႏွင့္အေမ ရန္ျဖစ္ေနသည္မို႔ ေအာင္ေအာင္က အိမ္ေပၚသို႔မတက္ေတာ့ဘဲ ႐ြာထဲသို႔ထြက္လာခဲ့သည္။ ႐ြာလမ္းတစ္ေနရာတြင္ ကေလးမ်ားက ေကာ္႐ုပ္မ်ားကို ေထာင္ပစ္ေနၾကေလသည္။ ေအာင္ေအာင္လည္း လက္ထဲမွအ႐ုပ္ကိုျပလိုက္ၿပီး "ငါလည္းပါခ်င္တယ္ကြာ၊ ေဟာဒီမွာ ငါ့အ႐ုပ္" "ဟာေအာင္ေအာင္၊ မင္းအ႐ုပ္က ေကာ္႐ုပ္မွမဟုတ္တာကြ၊ သစ္သား႐ုပ္ႀကိးပဲ၊ ဘယ္က ေကာက္လာမွန္းလဲမသိဘူး၊ သြားသြား၊ လာမေဆာ့နဲ႔" "လုပ္စမ္းပါကြ- ငါေဆာ့ခ်င္လို႔ပါ" သို႔ေသာ္ ေအာင္ေအာင္ကို ကေလးမ်ားက ေဆာ့ခြင့္မေပးေပ။ "ကိုႀကီးေအာင္ေအာင္၊ ကိုႀကီးေအာင္ေအာင္ေဆာ့ခ်င္ရင္ အဲဒီအ႐ုပ္နဲ႔ ေကာ္အ႐ုပ္နဲ႔လဲမယ္" သိန္းဇံသမီး စုခိုင္က လာေျပာသည္။ ေအာင္ေအာင္လည္း ေဆာ့ခ်င္လြန္းလွသျဖင့္ စုခိုင္အားထိုအ႐ုပ္ေပးလိုက္ကာ စုခိုင္ထံမွ ေကာ္႐ုပ္သုံး႐ုပ္ႏွင့္ လဲလွယ္လိုက္ေလသည္။ စုခိုင္က မိန္းကေလးမို႔ ေယာက္်ားေလးမ်ားကဲ့သို႔ အ႐ုပ္မပစ္ေပ၊ အ႐ုပ္မ်ားကို လမ္းေဘးတစ္ေနရာတြင္ တန္းစီခ်ထားလိုက္ၿပီး ထမင္းဟင္းခ်က္တမ္း ေဆာ့ကစားေလသည္။ ႐ြံ႕ျဖင့္ျပဳလုပ္ထားသည့္ အိုးခြက္ကေလးမ်ားတြင္ ဆန္အျဖစ္သဲမ်ားထည့္ကာ ဟင္းအျဖစ္ သစ္႐ြက္၊ သစ္ခက္မ်ားကိုခူးထည့္ကာ ခ်က္ျပဳတ္ေက်ာ္ေလွာ္ေနသည္။ ၿပီးေနာက္ တုတ္တစ္ေခ်ာင္းျဖင့္ ကေလာ္လိုက္ကာ ထိုအ႐ုပ္ကေလးမ်ားကို တန္းစီကာ ထမင္းခြံ႕ေတာ့သည္။ ေဆာ့ကစားၿပီးသည့္အခါ အ႐ုပ္မ်ားကိုသိမ္းဆည္းၿပီး အိမ္သို႔ျပန္လာခဲ့သည္။ သိန္းဇံႏွင့္ ကိုေအာင္ေမာင္းတို႔၏ အိမ္မွာ ေျခရင္းေခါင္းရင္းအိမ္ျဖစ္သည္။ သို႔ေသာ္လည္း ေက်း႐ြာရွိအိမ္မ်ားျဖစ္သည္မို႔ တစ္အိမ္ႏွင့္တစ္အိမ္ အလွမ္းေဝးလွသည္။ စုခိုင္က အ႐ုပ္မ်ားအား အိမ္ေအာက္ရွိ ပုံးႀကီးတစ္လုံးအတြင္းထည့္လိုက္ကာ အိမ္ေပၚသို႔ေျပးတက္ခဲ့သည္။ "သမီးေလးေတာင္ျပန္လာၿပီ၊ ဗိုက္ဆာေနၿပီလား၊ ေဟာဒီမွာသမီးအႀကိဳက္ ငါးျမင္းခ်က္ထားတယ္" သိန္းဇံတို႔လင္မယား စားေသာက္ေနသည့္ထမင္းဝိုင္းတြင္ စုလႈိင္က ဝင္ထိုင္လိုက္ေလသည္။ ထို႔ေနာက္ အားရပါးရထမင္းဝင္စားေတာ့သည္။ ထမင္းစားေသာက္ၿပီးေနာက္ စုခိုင္မွာတစ္ေရးတစ္ေမာအိပ္သည္။ သိန္းဇံမွာ ညေနေစာင္းလာသည့္အခါ ငါးဖမ္းပိုက္ခ်ရန္အတြက္ ေလွျဖင့္ထြက္လာခဲ့ေတာ့သည္။ "မိန္းမေရ- ငါပိုက္ခ်သြားေတာ့မယ္ေဟ့" "ရွင္ပိုက္ဆံေတြယူသြားျပန္တယ္မဟုတ္လား၊ ထပ္ၿပီးမူးမလာေစနဲ႔ေနာ္" "စိတ္ခ်ပါမိန္းမရာ၊ ငါက ငါ့လစ္မစ္ငါသိပါတယ္ဟ၊ ညဆိုခ်မ္းလို႔ အခ်မ္းေျပရံ႕ုေလးေသာက္တာပါ" သိန္းဇံတစ္ေယာက္ အိမ္ေအာက္မွေလွကိုဆြဲထုတ္လိုက္ၿပီးေနာက္ အိမ္ေနာက္ေဖးေျမာင္းထဲသို႔ဆြဲခ်လိုက္ၿပီး ထိုမွတဆင့္ ငဝန္ျမစ္ဆီသို႔ ေလွာ္ခတ္လာခဲ့သည္။ သူတို႔႐ြာကေလးမွာ ျမစ္ဝကြၽန္းေပၚ႐ြာကေလးမို႔ ကုန္းလမ္းတင္မကဘဲ ေရလမ္းျဖင့္ပါသြားလာႏိုင္သည္။ ႐ြာထိပ္ေခ်ာင္းဖ်ားသို႔အေရာက္တြင္ သိန္းဇံက တဲတစ္တဲအနီးတြင္ ေလွကိုကပ္လိုက္သည္။ ထိုအခါ တဲအတြင္းမွ မိန္းမတစ္ဦးထြက္လာသည္။ "ထုံးစံအတိုင္းပဲ အရက္တစ္လုံးနဲ႔ ပဲႀကီးေလွာ္ႏွစ္ဆယ္ဖိုးေလာက္ ထည့္ေပးစမ္းပါဗ်ာ" ထိုတဲမွာ အရက္တဲျဖစ္သည္။ အရက္ကိုခြက္ပုန္းေရာင္းသည့္ဆိုင္ျဖစ္ရာ မၾကာမီမွာပင္ ထိုအမ်ိဳးသမီးက အရက္တစ္လုံးႏွင့္ စကၠဴႏွင့္ထုတ္ပိုးထားသည့္ ပဲႀကီးေလွာ္လွမ္းေပးလိုက္သည္။ သိန္းဇံလည္း က်သင့္ေငြေပးၿပီးေနာက္ ေခ်ာင္း႐ိုးအတြင္းဆက္လက္ေလွာ္ခတ္လာသည္။ ေလွေလွာ္ရင္း အရက္တစ္က်ိဳက္ေသာက္လိုက္ၿပီးေနာက္ ပဲႀကီးေလွာ္သုံးေလးေစ့ကို ကိုက္ဝါးလိုက္သည္။ "ဟူး- အခုမွပဲ ေနလို႔ေကာင္းသြားေတာ့တယ္" ေခ်ာင္း႐ိုးအတိုင္းဆက္လက္ေလွာ္ခတ္လာရင္း မၾကာမီတြင္ ကိုေအာင္ေမာင္းေလွႏွင့္ဆုံေတြ႕ေတာ့သည္။ "ဗ်ိဳ႕ - ကိုေအာင္ေမာင္း ေစာလွခ်ည္လားဗ်" ကိုေအာင္ေမာင္းေလွအနီးသို႔ ေလွနံခ်င္းထိလုမည့္ဆဲဆဲအထိ ကပ္လိုက္ေလသည္။ ကိုေအာင္ေမာင္းမွာ စိတ္ညစ္ေနပုံေပၚသည္။ "ေအးဗ်ာ- ညက ငါးမရေတာ့ က်ဳပ္မိန္းမက ပြစိပြစိလုပ္ေနတာဗ်၊ အခုလည္း အိမ္မွာမေနခ်င္လို႔ ေစာေစာထြက္လာခဲ့တာ" "ဒါေပါ့ဗ်ာ၊ က်ိဳးစားဗ်၊ က်ဳပ္ေတာ့ မနက္က ကိုးပိႆေတာင္ရတယ္ဗ်ာ၊ ငါးသေလာက္ခ်ည္းဘဲ ႏွစ္ပိႆေလာက္ရလိုက္လို႔ အိမ္ျပန္မ်က္ႏွာပန္းလွသြားတာဗ်ိဳ႕" "အင္းဗ်ာ - က်ဳပ္ကိုလည္း ငါးမ်ားမ်ားရတဲ့နည္းေလးဘာေလးရွိရင္ ေျပာစမ္းပါအုံးဗ်" "ဟာ- ကိုေအာင္ေမာင္းကေတာ့၊ က်ဳပ္က ဟင္းစားေပးဆိုေပးမယ္ေနာ္ ကြန္ခ်က္ေတာ့ မျပဘူးဗ်၊ ခင္ဗ်ား၊ ဟား၊ ဟား" ႏွစ္ေယာက္သားရယ္ေမာၿပီးေနာက္ သိန္းဇံမွာေလွကိုေလွာ္ထြက္လာခဲ့သည္။ (3) သိန္းဇံတစ္ေယာက္ အရက္ေသာက္လိုက္၊ ပိုက္တန္းခ်လိုက္လုပ္ရင္း ေရခ်ိန္ကလည္းအေတာ္ကိုက္လာခဲ့ၿပီျဖစ္သည္။ ညေနေစာင္းၿပီး ေနလည္းဝင္သြားၿပီ၊ ေနဝင္သြားသည္ႏွင့္ ေကာင္းကင္မွာတျဖည္းျဖည္းေမွာင္မိုက္လာခဲ့သည္။ သိန္းဇံက ငါးအခိုမ်ားသည့္ ကိုင္းေတာစပ္တစ္ခုအနီးတြင္ပိုက္တန္းခ်ေနရင္း ေလွေပၚတြင္ လူတစ္ေယာက္ထိုင္ေနသည္ကို ျဗဳန္းခနဲေတြ႕လိုက္ရေလသည္။ "ဟာ - ဘယ္သူတုန္း" ေလွဦးထိပ္နားတြင္ မိန္းမတစ္ေယာက္က ေဆာင့္ေၾကာင့္ထိုင္ေနေလသည္။ လူသူရွင္းသည့္ေနရာျဖစ္သည္မို႔ သိန္းဇံတစ္ေယာက္ အလြန္ထိတ္လန႔္သြားကာ အမူးပင္ေျပခ်င္သြားသည္။ "ဟာ- ေဟ့- ခင္ဗ်ားဘယ္သူတုန္း၊ က်ဳပ္ေလွေပၚလူမတင္ဘူး၊ ခင္ဗ်ားဆင္း" ထိုမိန္းမမွာ အလြန္မာေက်ာခက္ထန္သည့္မ်က္ႏွာျဖင့္ သိန္းဇံအားၾကည့္ရင္း "ငါအရက္ေသာက္ခ်င္တယ္၊ ငါ့ကိုအရပ္တိုက္" "ေဟာဗ်ာ- ဒီအရက္က က်ဳပ္ေသာက္ဖို႔ဗ်၊ က်ဳပ္ေတာင္ ေန႔တိုင္းေသာက္ရတာမဟုတ္ဘူး၊ က်ဳပ္မိန္းမစိတ္ၾကည္တဲ့ေန႔မွ ေသာက္ရတာဗ်" "ငါ့ကိုအရက္တိုက္ရင္ နင့္ကိုငါးမ်ားမ်ားေပးမယ္" သိန္းဇံေတြေဝသြားသည္။ ေဘးဘီဝဲယာကိုၾကည့္လိုက္ေတာ့လည္း အျခားေလွမေတြ႕ လူသူတစ္ဦးတစ္ေယာက္မွ မေတြ႕၊ ထို႔ေၾကာင့္ ေလွဦးတြင္ထိုင္ေနသူမွာ လူမဟုတ္ႏိုင္ေပ၊ ျမစ္ေစာင့္နတ္ေလလား၊ ေခ်ာင္းေစာင့္နတ္ေလလားဟု သိန္းဇံေတြးေနမိသည္။ သို႔ႏွင့္ သူ႔အနီးတြင္ခ်ထားသည့္ တစ္ပိုင္းခန႔္က်န္သည့္အရက္ပုလင္းကို ေကာက္ယူလိုက္ကာ ေလွဦးဆီသို႔ ေလွ်ာက္လာခဲ့ၿပီး ထိုမိန္းမဆီသို႔ အရက္ပုလင္းကို လွမ္းေပးလိုက္သည္။ "ခင္ဗ်ားကတိတည္ေနာ္" ထိုမိန္းမမွာ အရက္ကို တစ္က်ိဳက္တည္းႏွင့္အကုန္ေမာ့ေသာက္လိုက္ၿပီးေနာက္ ပုလင္းကိုေရထဲသို႔ပစ္ခ်လိုက္ေလသည္။ သိန္းဇံမွာ ထိုမိန္းမအား ေၾကာက္ေၾကာက္ႏွင့္္ၾကည့္ေနရေလသည္။ ထိုမိန္းမမွာ အသံကြဲႀကီးျဖင့္ "နင္သတၱိရွိရင္ ညည့္နက္သန္းေခာင္ ေဟာဒီေနရာကိုလာခဲ့၊ င ါနင့္ကို ငါးေပးမယ္" သိန္းဇံက တစ္ေနရာသို႔ၾကည့္လိုက္ၿပီး ျပန္ၾကည့္လိုက္သည့္အခါ ထိုမိန္းမကိုမေတြ႕ရေတာ့ေပ၊ သို႔ေသာ္ ထိုမိန္းမေနရာတြင္ေတာ့ အ႐ုပ္ကေလးတစ္႐ုပ္ကိုေတြ႕လိုက္ရသည္။ သိန္းဇံအေတာ္ပင္ေၾကာက္လန႔္သြားေလသည္။ "ဒီအ႐ုပ္ကမ်ား စကားေျပာတာလား၊ ဘာပဲျဖစ္ျဖစ္ ငါ့အရက္ေတြေတာ့ အကုန္ေသာက္သြားတာပဲ၊ ညသန္းေခါင္ ငါဒီကိုလာရမယ္၊ ငါးသာမရလို႔ကေတာ့ ဒင္းနဲ႔ငါနဲ႔ေတြ႕မယ္" သိန္းဇံလည္း ပိုက္တန္းဆက္မခ်ေတာ့ဘဲ ပဲႀကီးေလွာ္မ်ားဝါးကာ အိမ္သို႔ျပန္လာခဲ့ေတာ့သည္။ ပုံမွန္အတိုင္းဆိုလွ်င္ သိန္းဇံမွာ ညည့္နက္သန္းေခာင္ထသြားေလ့မရွိ၊ တစ္ညလုံးအိပ္ၿပီး မနက္မိုးလင္းခါနီးမွ ေအးေအးလူလူ ငါးပိုက္ျပန္တင္႐ုံသာရွိသည္။ ယခုေတာ့ ညသန္းေခါင္အနားေရာက္သည္ႏွင့္ စိတ္အတြင္း မတင္မက်ျဖစ္ေနေလသည္။ "အိုကြာ- သြားၾကည့္လိုက္တာ မမွားပါဘူး၊ ငါးရေတာ့အျမတ္ေပါ့၊ ငါးမရရင္ေတာ့ ေဟာဒီအ႐ုပ္ေတာ့ သြားေပေရာ့ပဲ" သိန္းဇံအိပ္ရာမွထလိုက္ကာ ေလွကိုထုတ္လိုက္သည္။ ထို႔ေနာက္ အိမ္ေအာက္မွေလွကိုထုတ္လိုက္ကာ အသာကေလးေလွာ္ခတ္လာခဲ့ေတာ့သည္။ ကိုေအာင္ေမာင္းတစ္ေယာက္လည္း ညအိပ္ေနစဥ္ အိပ္မေပ်ာ္ေပ၊ ညေနက ခ်ထားသည့္ပိုက္တန္းမ်ားအား ငါးတိုးပါ့မလား၊ သိန္းဇံတစ္ေယာက္ ငါးမ်ားမ်ားရေနသည့္ လႈိ႕ဝွက္ခ်က္ရွိေနသလားဟု ေတြးေတာေနမိသည္။ ထိုစဥ္ သိန္းဇံအိမ္မွ လႈပ္ရွားသံမ်ားကိုၾကားရသည္။ ေရစပ္စပ္တြင္ တစြက္စြက္ႏွင့္သြားသည့္ ေျခသံမ်ားကိုၾကားလိုက္ရၿပီးေနာက္ ေလွေလွာ္သံကိုလည္းၾကားလိုက္ရေလသည္။ "ဒီေကာင္ ဘာထလုပ္တာလဲ" ကိုေအာင္ေမာင္း အိပ္ရာထဲတြင္ ငုတ္တုတ္ထထိုင္လိုက္သည္။ "မဟုတ္မွလြဲေရာ၊ ငါ့ပိုက္မွာမိေနတဲ့ငါးေတြကို ညသန္းေခါင္မွာ ခိုးျဖဳတ္တာမ်ားလား" အေတြးမ်ားထဲတြင္ သံသယစိတ္က စိုးမိုးလာခဲ့သည္။ "ဟုတ္ေလာက္တယ္၊ အရင္ကဆို ငါ ငါးမရတဲ့ေန႔ေတာင္မွ ငါးပိႆေလာက္ေတာ့ အသာကေလးရွာႏိုင္တယ္၊ ခုတစ္ေလာ ငါက ငါးအရနည္းေနၿပီး ဒီေကာင္ငါးေတြပိုရေနတယ္ဆိုတာ ဧကႏၲ ငါ့ရဲ႕ငါးေတြကိုခိုးျဖဳတ္ေနတာမ်ားလား" ကိုေအာင္ေမာင္းလည္း ေဒါသထြက္ထြက္ျဖင့္ ငွက္ႀကီးေတာင္ဓါးကို ဆြဲကာ အိမ္ေပၚမွဆင္းလာခဲ့သည္။ အိမ္ေအာက္တြင္ လြန္းထိုးထားသည့္ ေလွကိုအသာကေလးထုတ္ယူလိုက္ၿပီးေနာက္ ေျမာင္းထဲခ်ကာ ေလွာ္ခတ္လာခဲ့သည္။ ေလွေလွာ္ရင္း စိတ္ထဲမွလည္း "ေအး- လုပ္ထားစမ္းေပါ့ သိန္းဇံရာ- မင္းသာ ငါ့ပိုက္ကိုထိလို႔ကေတာ့ ငါ့ဓါးကမင္းလည္ပင္းကိုျဖတ္ၿပီလို႔သာ မွတ္လိုက္ေပေတာ့" (4) သိန္းဇံမွာ ေလွကိုေလွာ္ခတ္လာရင္း ျမစ္အတြင္းသို႔ျဖတ္ဝင္လိုက္သည္။ ေရနည္းေနၿပီျဖစ္သျဖင့္ ျမစ္ျပင္ေဘးတစ္ဖက္တစ္ခ်က္တြင္ သဲေသာင္မ်ားထြန္းေနေလသည္။ လျပည့္နီးၿပီမို႔ လကထိန္ထိန္သာလွ်က္ရွိရာ သဲေသာင္ျပင္ႀကီးက လေရာင္ေၾကာင့္ ေဖြးေဖြးျဖဴေနေတာ့သည္။ အလားတူျမစ္ျပင္က်ယ္အတြင္းတြင္လည္း လေရာင္က ျဖန႔္က်က္ထားသျဖင့္ လႈိင္းၾကက္ခြပ္ကေလးမ်ားမွာ တလက္လက္ႏွင့္ဝင္းပေနသည္။ ျမစ္႐ိုးတစ္ေလွ်ာက္ရွိ ႐ြာကေလးမ်ားမွာ ေမွာင္အတိက်ေနလွ်က္ အိပ္ေမာက်ေနၿပီျဖစ္သည္။ ကိုင္းေတာႀကီးအနီးအေရာက္တြင္ေတာ့ ညအခ်ိန္က်က္စားသည့္ ငွက္တစ္ခ်ိဳ႕မွာ လန႔္ျဖန႔္ကာ ထြက္ေျပးသြားၾကေလသည္။ သိန္းဇံလည္း ေလွကိုရပ္လိုက္ကာ ေဘးဘယ္ညာကိုၾကည့္ေနမိသည္။ "ကဲ - ညသန္းေခါင္ေရာက္ၿပီဗ်ာ၊ ခင္ဗ်ားကတိအတိုင္း က်ဳပ္ကိုငါးေတြေပးေတာ့" ျမစ္ျပင္မွာ ၿငိမ္သက္ေနေလသည္။ သိန္းဇံလည္းအလြန္စိတ္ပ်က္သြားမိသည္။ ထိုစဥ္ ျမစ္ေရျပင္တစ္ေနရာမွ ေရပြက္ႀကီးတစ္ခုက ဗြမ္းခနဲပြက္တက္လာသည္။ ေရပြက္ၿပီးသည္ႏွင့္ တၿပိဳင္နက္ ထိုေရပြက္အတြင္းမွ ျမစ္ငါးတန္ႀကီးတစ္ေကာင္မွာ ခုန္ေပါက္ထြက္လာကာ ေလွဝမ္းအတြင္းသို႔ တန္းတန္းမတ္မတ္ဝင္လာေလသည္။ ျမစ္ငါးတန္ႀကီးမွာ ႀကီးမားလြန္းသျဖင့္ လူးလြန႔္ေနေလရာ သိန္းဇံက ျမန္ျမန္ေသေစရန္အတြက္ ေလွာ္တက္ျဖင့္႐ိုက္သတ္လိုက္ရေလသည္။ "ဟာ- အႀကီးႀကီးပဲ၊ ဒီတစ္ေကာင္တင္ ငါးပိႆေလာက္ရွိေလာက္တယ္" ထိုစဥ္ အျခားတစ္ေနရာမွ ေရပြက္သြားၿပီးေနာက္ ငါးၾကင္းတစ္ေကာင္မွာ ေလေပၚပ်ံတက္လာကာ ေလွဝမ္းအတြင္းသို႔က်ျပန္သည္။ ေရေအာက္မွလူတစ္ဦးဦးက ဖမ္းဆီးကာ ေလွေပၚသို႔ပစ္တင္ေပးလိုက္သည့္ႏွယ္ တန္းတန္းမတ္မတ္က်လာျခင္းျဖစ္သည္။ သိန္းဇံမွာအလြန္ေပ်ာ္႐ႊင္လွ်က္ --- "ဟာ- ငါးၾကင္းႀကီးေဟ့၊ သုံးပိႆေလာက္ေတာ့ ရွိမယ္ထင္တာပဲ နိပ္ပဟ" ထိုစဥ္ေလွနံေဘးရွိ ျမစ္ျပင္မွာ ပြက္တက္လာကာ ငါးသေလာက္မ်ား၊ ငါးဖမ္းမမ်ား၊ ငါးဘတ္၊ ငါးဘိုးမ်ားမွာ ေလွဝမ္းအတြင္းသို႔ခုန္ဝင္လာၾကရာ သိန္းဇံတစ္ေယာက္ ငါးမ်ားကိုေပ်ာ္႐ႊင္စြာျဖင့္ လိုက္ေကာက္ေနရေလသည္။ ထိုအျဖစ္ကို ျမစ္ေကြ႕တစ္ေနရာ လမဲ့ပင္ႀကီးအရိပ္ေအာက္မွ ေခ်ာင္းၾကည့္ေနသည့္ ကိုေအာင္ေမာင္းလည္း ျမင္ေတြ႕လိုက္ရေလသည္။ "ဟာ- ဒီေကာင္ငါးေတြရတာ ဒါ့ေၾကာင့္ကိုး၊ ဒီေကာင့္မွာ ထူးဆန္းတာတစ္ခုခုေတာ့ ရွိေနၿပီထင္ပါ့" သိန္းဇံမွေပ်ာ္႐ႊင္လွ်က္ ေလွဦးတြင္ခ်ထားသည့္အ႐ုပ္ကေလးကို ေကာက္ယူလိုက္ကာ နမ္းရႈံ႕ေနေလသည္။ ထို႔ေနာက္လက္ဖဝါးေပၚတြင္တင္ကာ တဖြဖြေျပာေနေလရာ လေရာင္ႏွင့္မို႔အတိုင္းသားျမင္ေနရသည္။ ကိုေအာင္ေမာင္းလည္း ေစာင့္ဆိုင္းမေနေတာ့ဘဲ ေလွကိုခပ္ျမန္ျမန္ေလွာ္ခတ္ကာ သိန္းဇံဆီသို႔ထြက္လာခဲ့လိုက္သည္။ သိန္းဇံမွာ ကိုေအာင္ေမာင္းအားေက်ာေပးလွ်က္သားျဖစ္ေနသည့္အတြက္ ကိုေအာင္ေမာင္းေလွအားမျမင္လိုက္ေပ၊ ေလွနံခ်င္းတိုက္သြားသည့္အခါမွသာ သိန္းဇံက အံ့ၾသသြားေလသည္။ "ေဟ့ - သိန္းဇံေပ်ာ္လို႔႐ႊင္လို႔ပါလားကြ" "ဟာ- ကိုေအာင္ေမာင္း" "မင္းလက္ထဲက ဘာကေလးလဲကြ" ထိုေတာ့မွ သိန္းဇံက လက္ကိုဝွက္လွ်က္ "ဘာမွမဟုတ္ပါဘူး၊ ကိုေအာင္ေမာင္းရာ" "ေဟ့ေကာင္ငါ့ကိုမညာနဲ႔၊ ငါဟိုးနားက လမဲ့ပင္ႀကီးေအာက္ကေစာင့္္ၾကည့္ေနတာကြ၊ မင္းျဖစ္တာေတြအားလုံးျမင္လိုက္ရတယ္" "ခင္ဗ်ားအျမင္မွားတာေနမွာပါ ကိုေအာင္ေမာင္းရာ" "ၿပီးေတာ့ အဲဒီအ႐ုပ္ကေလးကို ငါ့ကိုျပစမ္း" သိန္းဇံက ေတြေဝေနေလသည္။ "မင္းငါ့ကိုမျပဘူးဆိုရင္ ဒီအေၾကာင္းေတြကို ငါ႐ြာထဲလွည့္ၿပီး ဖြလိုက္မယ္ေနာ္ကြ" "မ- မလုပ္ပါနဲ႔ ကိုေအာင္ေမာင္းရာ ေဟာဒီမွာၾကည့္ပါ" ကိုေအာင္ေမာင္းက ေလွကိုအနီးသို႔ကပ္လိုက္ၿပီး ထိုအ႐ုပ္ကေလးကိုၾကည့္လိုက္သည္။ "ဟင္- ဒါ- ဒါ ငါ့အ႐ုပ္ပဲ" သိန္းဇံမွာေဒါသထြက္သြားၿပီး "ေဟ့လူ ခင္ဗ်ားမဟုတ္တာမေျပာနဲ႔၊ ဒီအ႐ုပ္က က်ဳပ္အ႐ုပ္ဗ်၊ က်ဳပ္ေလွထဲကိုသူ႔အလိုလိုေရာက္ေနတာ" "ဖြီ- ေဟ့ေကာင္သိန္းဇံ ဒီအ႐ုပ္က ငါနဲ႔ငါ့သားနဲ႔မနက္က ပိုက္သိမ္းရင္း ပိုက္ထဲမွာပါလာတဲ့အ႐ုပ္၊ ငါ့အ႐ုပ္ကြ" "ခင္ဗ်ားဖာသာဘယ္ကရရ၊ အခုက်ဳပ္လက္ထဲမွာဆိုေတာ့ က်ဳပ္အ႐ုပ္ေပါ့" "ေအာင္မယ္ ေခြးသားသိန္းဇံေပးစမ္း၊ ငါ့ကိုအဲဒီအ႐ုပ္ေပးစမ္း" "မေပးဘူးေဟ့လူ" သိန္းဇံႏွင့္ကိုေအာင္ေမာင္းမွာ ရန္ျဖစ္ၾကေတာ့သည္။ ကိုေအာင္ေမာင္းက ေလွဝမ္းထဲတြင္အသင့္ပါလာသည့္ ငွက္ႀကီးေတာင္ဓါးကိုဆြဲလိုက္ၿပီး တစ္ဖက္သိန္းဇံေလွေပၚသို႔ခုန္တက္လိုက္သည္။ သိန္းဇံမွာ႐ုတ္ျခည္းမို႔ ကာကြယ္ခ်ိန္မရေပ၊ ကိုေအာင္ေမာင္းက ဓါးခ်က္ကိုလႊဲ၍ခုတ္ခ်လိုက္ရာ သိန္းဇံ၏ လည္ပင္းအရင္းသို႔ပိုင္းမိကာ သိန္းဇံတစ္ေယာက္ေခါင္းျပတ္က်သြားေတာ့သည္။ သို႔ေသာ္ေခါင္းက ယတိျပတ္၊ ျပတ္က်မသြားဘဲ တန္းလန္းႀကီးျဖစ္ေနေလသည္။ ထို႔ေနာက္ေလွေပၚသို႔လဲက်သြားသည္။ ကိုေအာင္ေမာင္းလည္း သိန္းဇံလက္ထဲမွအ႐ုပ္ကိုဆြဲယူ၍ ေလွေပၚျပန္တက္ခဲ့ကာ ေလွကိုအားကုန္ေလွာ္ခတ္ခဲ့ေတာ့သည္။ ျမစ္ေကြ႕အေရာက္မွ သတိရသြားေတာ့သည္။ ကိုေအာင္ေမာင္းလည္း ေလွကိုရပ္တန႔္ပစ္လိုက္သည္။ "ငါ သိန္းဇံကိုဒီအတိုင္းထားလို႔မျဖစ္ဘူး၊ ဒီေကာင့္ဆီမွာက်န္ေနခဲ့တာက ငါ့ဓါး၊ ငါ့ဓါးကိုေတြ႕ရင္လူေတြက ငါသတ္တယ္ပဲထင္ကုန္ၾကမယ္၊ မျဖစ္ဘူး၊ ျပန္လွည့္ၿပီး ဓါးယူအုံးမွ" ကိုေအာင္မင္းတစ္ေယာက္ ေလွကိုျပန္လွည့္ကာ ဓါးသြားျပန္ယူသည္၊ သိန္းဇံ၏ေလွက ကိုင္းေတာအစပ္တြင္ ကမ္းကပ္ေနေခ်ၿပီ၊ သိန္းဇံအေလာင္းေကာင္မွစီးက်ေနသည့္ေသြးမ်ားက ေလွဝမ္းထဲရဲရဲနီေနေလသည္။ ကိုေအာင္ေမာင္းလည္း သိန္းဇံ၏ေလွေပၚသို႔တက္လိုက္ကာ သူ႔ဓါးကိုျပန္ဆြဲယူလိုက္သည္။ ေလွေပၚမွျပန္ဆင္းခါနီးတြင္ ေလွဝမ္းအတြင္းရွိငါးႀကီးမ်ားကို တစ္ခ်က္ၾကည့္လိုက္ၿပီး - "ငါးေတြက ႏွေျမာစရာႀကီးေတြပါလား၊ ဒီငါးေတြ ငါသယ္သြားၿပီးေတာ့ မနက္က်ရင္သြားေရာင္းလို႔ရတာပဲ" ကိုေအာင္ေမာင္းလည္း ငါးႀကီးမ်ားကိုသူ႔ေလွအတြင္းသို႔ေျပာင္းထည့္လိုက္ၿပီးေနာက္ သိန္းဇံအေလာင္းႀကီးအားတစ္ခ်က္ၾကည့္မိသည္။ "ဒီေကာင့္အေလာင္းကိုပါ ေဖ်ာက္မွျဖစ္မယ္" သို႔ႏွင့္ေလွကို ကိုင္းေတာအတြင္းဖြက္လိုက္ၿပီးေနာက္ သိန္းဇံအေလာင္းအား ကိုင္းေတာေရစပ္သို႔ခ်ထားလိုက္သည္။ ၿပီးေနာက္ ေလွကိုျပန္ေလွာ္ကာ ေအးေအးလူလူပင္ ႐ြာသို႔ျပန္လာခဲ့ေတာ့သည္။ အခ်ိန္ကား မနက္မိုးေသာက္အလင္းေရာက္ေတာ့မည္။ ကိုေအာင္ေမာင္းေလွဦးထိပ္တြင္ မိန္းမတစ္ဦးေဆာင့္ေၾကာင့္ထိုင္ကာ ေပၚလာသျဖင့္ ကိုေအာင္ေမာင္းအလြန္ထိတ္လန႔္သြားသည္။ "ခင္ဗ်ားဘယ္သူလဲ၊ က်ဳပ္ေလွေပၚကိုဘာတက္လုပ္တာလဲ" "ဟဲ့ - ငါ့ကိုနင္ပဲသူမ်ားဆီကလုယူခဲ့ၿပီးေတာ့ အခုငါ့ကိုဘယ္သူလဲတဲ့" "ခင္ - ခင္ဗ်ားက အ႐ုပ္ေစာင့္တေစၦလား" "ဟား- ဟား အ႐ုပ္ေစာင့္တေစၦမဟုတ္ဘူး၊ အ႐ုပ္ေစာင့္ကေဝဟဲ့၊ နင္ရခဲ့တဲ့အ႐ုပ္က ကေဝ႐ုပ္တုပဲ" "ဒါ- ဒါဆိုရင္ ဟိုေကာင့္ကို ငါးရေအာင္ကူညီသလို၊ က်ဳပ္ကိုလည္း ငါးရေအာင္လုပ္ေပးစမ္းပါ" "ေအး- ငါးေၾကာ္ႏွစ္ေကာင္နဲ႔ အရက္တစ္လုံးကို မနက္ျဖန္ညေန ေလွဦးမွာတင္ေပးစမ္း၊ ၿပီးရင္ မနက္ျဖန္ညသန္းေခါင္က်ေတာ့ ကိုင္းေတာစပ္ကိုလာခဲ့၊ မပင္မပန္းနဲ႔ ငါးရဖို႔ကိုေတာ့ ငါ့တာဝန္သာထား" "ဟုတ္- ဟုတ္ကဲ့" ကိုေအာင္ေမာင္းေျပာဆိုေနစဥ္မွာပင္ ထို႐ုပ္တုမွာေပ်ာက္ကြယ္သြားေလသည္။ သို႔ႏွင့္္ကိုေအာင္ေမာင္းလည္း အိမ္သို႔ျပန္လာခဲ့ေတာ့သည္။ (5) "ဟယ္- ေယာက္်ားငါးေတြအမ်ားႀကီးရလာတာပါလား၊ ဝမ္းသာစရာႀကီးေနာ္" ကိုေအာင္ေမာင္းမိန္းမက ဝမ္းသာသြားေသာ္လည္း ပါးစပ္ကိုလက္ျဖင့္္ပိတ္လိုက္ေလသည္။ "ဘာျဖစ္လို႔တုန္းကြ၊ ဝမ္းသာတာမ်ား ထေအာ္လိုက္ေပါ့ကြာ" "ေအာ္လို႔မသင့္ဘူးရွင့္္၊ ေခါင္းရင္းအိမ္မွာ အေျခအေနမေကာင္းဘူး" ကိုေအာင္ေမာင္းက မသိဟန္ေဆာင္လွ်က္ "ဘာျဖစ္လို႔လဲကြ" "ရွင္က ျမစ္ထဲေရာက္ေနလို႔ မသိတာေနမွာ၊ ညက သိန္းဇံတစ္ေယာက္ထြက္သြားတာ အခုထိအိမ္ကိုျပန္မေရာက္ေသးလို႔တဲ့" "ဟာကြာ- ပိုက္တန္းသြားေဖာ္ေနတာျဖစ္မွာေပါ့" "ပိုက္တန္းေဖာ္လည္း ဒီအခ်ိန္ဆိုျပန္ေရာက္သင့္ၿပီမဟုတ္လား" "ဒါဆိုရင္လည္း တစ္ေနရာရာကို ခရီးလြန္ေနလို႔ျဖစ္မွာေပါ့ကြာ၊ ကဲ ထမင္းျပင္ကြာ၊ ငါဗိုက္ဆာၿပီ" "ရွင္ရလာတဲ့ငါးၾကင္းဗိုက္ကိုေဖာက္ၿပီး ငါးေခ်းခါးေၾကာ္ေပးမယ္ေတာ္၊ ညေနက် ရွင္အရက္နဲ႔ျမည္းေပါ့" ကိုေအာင္ေမာင္းလည္းေပ်ာ္႐ြင္သြားမိသည္။ ငါးမ်ားမ်ားရသည့္အတြက္ အိမ္တြင္မ်က္ႏွာပန္းလွေနသည္။ ခဏေနသည့္အခါ မိန္းမျဖစ္သူက ငါးမ်ားကိုသယ္ေဆာင္သြားကာ ေဈးေရာင္းထြက္သြားေတာ့သည္။ ကိုေအာင္ေမာင္းလည္း တစ္ညလုံးမအိပ္ရၤသျဖင့္ အိပ္ခ်လိုက္ေတာ့သည္။ အိပ္မက္ထဲတြင္ ထိုအမ်ိဳးသမီးကိုေတြ႕သည္။ ထိုအမ်ိဳးသမီးက ကိုေအာင္မင္းအားလက္ညႇိဳးထိုးလွ်က္ "နင္ ငါ့ကိုကတိေပးထားတာကို မေမ့နဲ႔" ကိုေအာင္ေမာင္းတစ္ေယာက္ လန႔္ႏိုးသြားမိသည္။ မည္မွ်ၾကာေအာင္အိပ္ေပ်ာ္သြားသည္မသိ လန႔္ႏိုးလာသည့္အခါ ညေနပင္ေစာင္းေတာ့မည္၊ အိမ္ေရွ႕ထြက္ခဲ့သည့္အခါ ဇနီးျဖစ္သူက ပိုက္ဆံမ်ားကိုေရတြက္ေနေလသည္။ "ေယာက္်ားေရ၊ ရွင္သာေန႔တိုင္း ဒီလိုငါးရရင္က်ဳပ္တို႔ေတာ့ မၾကာခင္အေႂကြးေတြေက်ၿပီး၊ စုမိေဆာင္းမိေတာ့မွာေတာ့" "ေအးဟာ- ေလာေလာဆယ္ငါ့ကိုအရက္ဖိုးေပးစမ္း" "ရွင္အက်င့္မပ်က္နဲ႔ေနာ္၊ ခုမွငါးေကာင္းေကာင္းတစ္ရက္ရယုံရွိေသးတာ" "ေပးဆိုေပးစမ္းဟာ၊ နင္မရွည္နဲ႔၊ ေနာက္ေတာ့ ငါးေကာင္းေတြခ်ည္းရေစရမယ္ဟုတ္ၿပီလား" ဇနီးထံမွပိုက္ဆံယူခဲ့ကာ ထမင္းစားေသာက္ၿပီးေနာက္ ငါးပိုက္ေထာင္ရန္ဆင္းခဲ့ေတာ့သည္။ ႐ြာထိပ္ေရာက္သည့္အခါ အရက္တဲတြင္ေလွကိုကပ္လိုက္ၿပီးေနာက္ "ေဟ့- အရက္တစ္လုံးေပး၊ ၿပီးေတာ့ ငါးေပါင္းေၾကာ္တစ္ခ်ပ္ေပးဟာ" ကိုေအာင္ေမာင္းက အရက္တစ္လုံးႏွင့္္ ငါးအေသးကေလးမ်ားကို မုန႔္ႏွစ္ႏွင့္ကပ္ေၾကာ္ထားသည့္ ငါးေပါင္းေၾကာ္တစ္ခ်ပ္သယ္ခ်လာခဲ့သည္။ ျမစ္ျပင္ေရာက္သည့္အခါ လူသူရွင္းမရွင္းကိုၾကည့္ၿပီးေနာက္ ေလွဦးတြင္အ႐ုပ္ကေလးကိုခ်လိုက္ကာ ငါးေပါင္းေၾကာ္မွ ငါးအေသးေလးႏွစ္ေကာင္ကို ဖဲ့ယူလိုက္ၿပီး အ႐ုပ္ေရွ႕တြင္ခ်လိုက္သည္။ ထို႔ေနာက္ အိမ္မွအသင့္ယူလာသည့္ လ်က္ဆားပုလင္းအလြတ္ကိုဖြင့္လိုက္ကာ အရက္ပုလင္းအတြင္းမွ အရက္မ်ားကိုငွဲ႔ထည့္လိုက္သည္။ လ်က္ဆားပုလင္းမွာေသးငယ္လွသျဖင့္အရက္တစ္ငုံ၊ ႏွစ္ငုံစာေလာက္ပင္ဝင္ဆန႔္သည္။ "ကဲ ကေဝရွင္မေရ၊ ခင္ဗ်ားေျပာတဲ့အတိုင္း ငါးေၾကာ္ႏွစ္ေကာင္နဲ႔ အရက္တစ္လုံး ေႂကြးပါတယ္၊ စားပါေသာက္ပါ၊ ၿပီးေတာ့ က်ဳပ္ကိုငါးႀကီးငါးေကာင္းမ်ား ဖမ္းေပးပါ၊ ဟဲ- ဟဲ" ထိုညေနေတာ့ ကိုေအာင္ေမာင္းတစ္ေယာက္ပိုက္မခ်ဘဲ ေလွေပၚတြင္အရက္ႏွင့္ ငါးေပါင္းေၾကာ္ဖဲ့ကာ ေအးေအးလူလူဇိမ္ခံေသာက္ေနမိသည္။ ငဝန္ျမစ္၏ ညေနခင္းအလွမွာ သာယာလြန္းသည္။ ကိုေအာင္ေမာင္းလည္း သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး "အင္း- အရင္ကဆိုရင္ ဝမ္းေရးအတြက္ ခက္ခက္ခဲခဲပိုက္ခ်ေနရလို႔၊ ဒီလိုသဘာဝအလွအပေတြကိုေတာင္ မခံစားႏိုင္ခဲ့ဘူး" ဟု ေရ႐ြတ္လိုက္ကာ အရက္ကိုေမာ့ေသာက္လိုက္ေလေတာ့သည္။ (6) "ေတာက္" ေတာက္ေခါက္သံႀကီးတစ္ခ်က္ေၾကာင့္ ကိုေအာင္ေမာင္းအိပ္ရာလန႔္ႏိုးသြားသည္။ နာရီကိုၾကည့္လိုက္သည့္အခါ ညဆယ့္တစ္နာရီေက်ာ္ေနၿပီျဖစ္သည္။ ကိုေအာင္ေမာင္းလည္း ငါးဖမ္းရန္အလို႔ငွာအိမ္မွထြက္ခဲ့ေတာ့သည္။ ကိုင္းေတာဆီသြားရန္ ဝန္ေလးေနေသာ္လည္း ကေဝရွင္မက ကိုင္းေတာသို႔သာလာခိုင္းသျဖင့္ လာခဲ့ရသည္။ စိတ္ထဲတြင္ေတာ့ အေတာ္ထိတ္လန႔္ေနမိသည္။ ယမန္ေန႔ညက လူသတ္ထားသည့္ ငွက္ႀကီးေတာင္ဓါးကိုပင္ နံေဘးတြင္ခ်ကာ ေလွာ္ခတ္လာခဲ့ရသည္။ အဖိတ္ေန႔လက ညည့္နက္သည့္အခ်ိန္မွ ပိုမိုသာေနေလေတာ့သည္။ ျမစ္ျပင္ႀကီးတစ္ခုလုံး ေဖြးေဖြးျဖဴေနေအာင္ လေရာင္ကလြမ္းၿခဳံထားသည္။ ကိုေအာင္ေမာင္းေလွကိုေလွာ္ခတ္လာရင္း ကိုင္းေတာအနီးသို႔ေရာက္လာခဲ့သည္။ "ကဲ- ကေဝရွင္မ- ခင္ဗ်ားကတိအတိုင္း က်ဳပ္ကိုငါးေပးေတာ့ေနာ္" ကိုေအာင္ေမာင္းကေရ႐ြတ္လိုက္ေလသည္။ ထိုအခါ ျမစ္ျပင္တစ္ခြင္ေရပြက္မ်ား ပြက္လာၾကကာ ေလွအတြင္းသို႔ ငါးမ်ားခုန္ဝင္လာၾကသည္။ သို႔ေသာ္ခုန္ဝင္လာသည့္ ငါးမ်ားမွာ ငါးႀကီး၊ ငါးေကာင္းမ်ားမဟုတ္ဘဲ၊ ငါးခုံးမ၊ ငါးစင္႐ိုင္း၊ ငါးဇရစ္၊ ငါးသံခ်ိတ္ကဲ့သို႔ ငါးေသးေသးေလးမ်ားသာျဖစ္သည္။ ထိုငါးေသးေသးေလးမ်ားမွာေလွဝမ္းအတြင္းခုန္ေပါက္ေနၾကေလသည္။ ကိုေအာင္ေမာင္းမွာ ငါးမ်ားကိုၾကည့္ရင္းစိတ္ပ်က္ေနမိသည္။ "ဟား- ဟား- ဟား" ထိုစဥ္ ေလွဦးမွရယ္သံႀကီးကိုၾကားလိုက္မိသည္။ ကေဝရွင္မမွာ ေဆာင့္ေၾကာင့္ထိုင္လွ်က္ တဟီးဟီး၊ တဟားဟားႏွင့္ ရယ္ေမာက်ေနေလသည္။ "ေတာက္ - ခင္ဗ်ားေကြၽးခိုင္းတဲ့အတိုင္း က်ဳပ္ေကြၽးတယ္ေနာ္" "ေအးေလ- ငါလည္းနင္ေပးသေလာက္ျပန္ေပးတာပဲ" ကိုေအာင္ေမာင္းမွာေဒါသမ်ားထြက္လာခဲ့သည္။ "နင္ေပးသေလာက္ နင္ျပန္ရတာပဲ၊ နင့္ကိုယ္နင္ ေတာ္ေတာ္လည္လွၿပီလို႔ ထင္ေနတာလားဟဲ့၊ နင္က ငါ့ကိုလြယ္လြယ္နဲ႔လွည့္စားလို႔ရမယ္လို႔ ထင္ေနတာလား" ကိုေအာင္ေမာင္းဘာမွမေျပာႏိုင္ေတာ့ေပ၊ ထိုေတာ့မွ ေလွေပၚတြင္ဒူးေထာက္ထိုင္ခ်လွ်က္ "က်ဳပ္ေတာင္းပန္ပါတယ္ကေဝအရွင္မ၊ က်ဳပ္ေစာ္ကားခဲ့သလိုျဖစ္သြားတာ ခြင့္လႊတ္ပါ၊ က်ဳပ္ကို ဒီည ငါးႀကီးငါးေကာင္းေတြသာေပးပါ၊ မနက္ျဖန္က်ေတာ့ အရက္ႏွစ္လုံး၊ ငါးႀကီးေလးေကာင္နဲ႔ ႐ို႐ိုေသေသတင္ေျမႇာက္ပါမယ္" "နင့္စကားကို ငါဘယ္လိုယုံရမလဲဟ၊ ထားပါေတာ့၊ ငါကနင့္ကိုခြင့္လႊတ္ပါတယ္ေအာင္ေမာင္းရဲ႕၊ ဒါေပမယ့္ သူကနင့္ကိုခြင့္မလႊတ္ဘူးတဲ့" ကေဝအရွင္မက ကိုင္းေတာအတြင္းသို႔လက္ညႇိဳးထိုးျပလိုက္ရာ ကိုေအာင္ေမာင္းမွာကိုင္းေတာကိုတစ္ခ်က္လွမ္းၾကည့္မိလိုက္သည္။ ထိုအခါ ကိုင္းေတာအတြင္းမွ ေလွကေလးတစ္စီးထြက္လာခဲ့သည္။ ေလွကေလးအေပၚတြင္ေတာ့ ေခါင္းျပတ္သိန္းဇံက ေလွကိုေလွာ္ခတ္လာေလသည္။ သိန္းဇံ၏ေခါင္းမွာျပတ္ထြက္ေနၿပီး လည္ပင္းတစ္ဖက္တြင္ တြဲေလာင္းက်ေနေလသည္။ ကိုေအာင္ေမာင္းမွာ ထိုအျဖစ္ကိုၾကည့္ရင္း အလြန္ထိတ္လန႔္လာခဲ့သည္။ "သိန္းဇံ- သိန္းဇံ- သူငယ္ခ်င္း" သိန္းဇံေလွက ႐ုတ္ျခည္းပင္ အနားသို႔ေရာက္လာခဲ့သည္။ တြဲေလာင္းက်ေနသည့္္ သိန္းဇံေခါင္းမွပါးစပ္မွာပြင့္သြားၿပီး "ဘာသူငယ္ခ်င္းလည္း- အခုမွဘာသူငယ္ခ်င္းလည္း၊ ခင္ဗ်ားက်ဳပ္ကိုသတ္တယ္၊ ခင္ဗ်ားလူသတ္သမား၊ အခုက်ဳပ္ခင္ဗ်ားကိုျပန္သတ္မယ္" သိန္းဇံမွာေလွေပၚမွေန၍ ကိုေအာင္ေမာင္းအေပၚသို႔ခုန္တက္လိုက္သည္။ ကိုေအာင္ေမာင္းလည္း သိန္းဇံအားျပန္လည္တြန္းကန္ခုခံရင္းႏွစ္ေယာက္သား လုံးေထြးၿပီး ေရေအာက္သို႔က်သြားေတာ့သည္။ ကိုေအာင္ေမာင္းမွာ ေျခလက္မ်ားကိုအတင္း႐ုန္းကန္၍ ေရကူးခတ္ေနေသာ္လည္း သိန္းဇံက ကိုေအာင္ေမာင္းအားအတင္းဆြဲဖက္ထားသျဖင့္ မ႐ုန္းကန္သာေတာ့ဘဲ ျမစ္ၾကမ္းျပင္ဆီသို႔ တစတစနစ္ျမဳပ္သြားေလေတာ့သည္။ သိန္းဇံႏွင့္ ကိုေအာင္ေမာင္းတို႔မွာ ႐ုတ္တရက္ေပ်ာက္ကြယ္သြားၾကရာ ေရလဲ႐ြာကေလးမွလူမ်ားပင္ အလန႔္တၾကားျဖစ္သြားရေလသည္။ ကိုင္းေတာအနီးတြင္ ေလွကေလးႏွစ္စင္းကိုေတြ႕ေသာ္လည္း ထိုေနရာတြင္ေအာက္ေျခရႈပ္သျဖင့္ ေရငုပ္သမားမ်ားငုပ္၍ရွာေဖြေသာ္လည္း ရွာမေတြ႕ခဲ့ေပ။ ထိုညတြင္ပင္ ေအာင္ေမာင္း၏ သားျဖစ္သူ ေအာင္ေအာင္မွာ အိပ္မက္ျမင္မက္ေလသည္။ ကိုေအာင္ေမာင္းမွာတစ္ကိုယ္လုံးေရမ်ားစို႐ႊဲလွ်က္ အိမ္ေအာက္သို႔ေရာက္လာခဲ့သည္။ "သားေရ" "ဟင္အေဖ" "သားကို အေဖလာမွတာသားရဲ႕၊ အေဖ့ေလွရဲ႕ေလွဦးပိုင္းမွာ အ႐ုပ္ကေလးတစ္႐ုပ္ေတြ႕တယ္မဟုတ္လားသား" "ေတြ႕တယ္အေဖ၊ အဲဒီအ႐ုပ္ကေလးက သားေကာက္လာခဲ့တဲ့အ႐ုပ္ကေလး မဟုတ္လား" "အဲဒီအ႐ုပ္ကေလးက ေကာင္းတဲ့အ႐ုပ္မဟုတ္ဘူးသား၊ ဒီအ႐ုပ္ကေလးကို ျမစ္ထဲျပန္ေမွ်ာလိုက္ပါကြယ္၊ တို႔ဗမာအယူအဆအရ မေကာင္းတဲ့အရာေတြကို ျမစ္ထဲေခ်ာင္းထဲ ေမွ်ာေလ့ရွိလို႔ ျမစ္ထဲေခ်ာင္းထဲက ဘာအ႐ုပ္ေတြ႕ေတြ႕မေကာက္ရဘူးလို႔ တံငါသည္ေတြအခ်င္းခ်င္းမွာၾကားထားတာေပါ့သားရဲ႕၊ တကယ္လို႔သားလည္း တစ္ေန႔ျမစ္ထဲကေန အ႐ုပ္ေတြေတြ႕ရင္ မေကာက္ပါနဲ႔ေတာ့သားရယ္" ထိုသို႔ေျပာဆိုၿပီး ကိုေအာင္ေမာင္းမွာ ေပ်ာက္ကြယ္သြားေလေတာ့သည္။ မၾကာခင္ ငဝန္ျမစ္အတြင္းတြင္ လူေသေကာင္ႏွစ္ခုေပၚလာခဲ့သည္။ တစ္ခုမွာေတာ့ ေခါင္းျပတ္ေနသည့္ သိန္းဇံအေလာင္းျဖစ္ကာ ေနာက္အေလာင္းမွာေတာ့ ကိုေအာင္ေမာင္း၏အေလာင္းျဖစ္သည္။ ထူးျခားသည္က အေလာင္းႏွစ္ခုမွာ တစ္ေယာက္ႏွင့္တစ္ေယာက္တြယ္ဖက္ထားၾကေလရာ သၿဂိဳဟ္သည့္သူမ်ားပင္ မခြာႏိုင္ဟုဆိုၾကသည္။ ကိုေအာင္ေမာင္းတို႔ ရက္လည္သည့္ေန႔ပင္ ေအာင္ေအာင္မွာ ေလွငယ္ကေလးေလွာ္ခတ္လွ်က္ ငဝန္ျမစ္အတြင္းသို႔ဆင္းလာခဲ့သည္။ ျမစ္ျပင္က်ယ္ႀကီးကိုျမင္ေတြ႕လိုက္ရသည့္အတြက္ အေဖျဖစ္သူကိုပင္ တမ္းတလြမ္းဆြတ္မိကာ မ်က္ရည္မ်ားပင္က်လာခဲ့သည္။ အက်ီအိတ္ထဲထည့္ယူေဆာင္လာသည့္ အ႐ုပ္ကေလးကိုအေသအခ်ာၾကည့္လိုက္မိသည္။ ထိုစဥ္ ေအာင္ေအာင္၏ နားထဲတြင္ စကားေျပာသံမ်ား ၾကားလာရသည္။ "မလြင့္ပစ္နဲ႔ေကာင္ေလး၊ ငါမင္းလိုခ်င္တာမွန္သမွ် ရေအာင္လုပ္ေပးမယ္" ေအာင္ေအာင္မွာ အလြန္တုန္လႈပ္သြားၿပီးေနာက္ အ႐ုပ္ကေလးကို ခပ္လွမ္းလွမ္းသို႔လႊင့္ပစ္ထည့္လိုက္သည္။ အ႐ုပ္ကေလးမွာ သစ္သား႐ုပ္မို႔ေရေပၚ ေပၚေလာေပါကာ ငဝန္ျမစ္ေရစီးအတိုင္း တေ႐ြ႕ေ႐ြ႕ႏွင့္စီးဆင္းသြားေလေတာ့သည္။ ၿပီးပါၿပီ။

No comments

Post a Comment