ဆရာပြန်ပြေး ဘုရားကလေး

  "ဆရာပြန်ပြေး ဘုရားကလေး" { စ / ဆုံး } မူရင်းရေးသားသူ_ဆရာတာတေ တာတေတို့ရွာနဲ့တော့ ဆယ်တိုင်လောက်ဝေးတာပေါ့။ ဆယ်တိုင်ဆိုတာ မိုင်နှစ်ဆယ... thumbnail 1 summary

 "ဆရာပြန်ပြေး ဘုရားကလေး" { စ / ဆုံး }

မူရင်းရေးသားသူ_ဆရာတာတေ

တာတေတို့ရွာနဲ့တော့ ဆယ်တိုင်လောက်ဝေးတာပေါ့။

ဆယ်တိုင်ဆိုတာ မိုင်နှစ်ဆယ်ကိုပြောတာဗျ။

ရွာနာမည်က ဘုရားကလေးတဲ့။ရွာဦးမှာ ထုံးဖြူဖြူနဲ့

ရှေးဟောင်းစေတီတစ်ဆူ ရှိတယ်ဗျ။စေတီကတော့

ကိုးထောင်ပြည့်စေတီပါ။လက်ရာက မြင်တာနဲ့ကို သိတယ်ဗျ။

တော်တော်ကို ရှေးကျတဲ့လက်ရာပါ။

အဲဒီမှာ ဘုရားလေးကို အစွဲပြုပြီး ဒီရွာကိုလည်း ဘုရားလေး

ရွာပဲခေါ်ကြတာဗျ။ဘုရာလေးရွာက ရွာဝင်လမ်း

တောင်ဘက် ကုန်းမြင့်လေးပေါ်မှာ တည်ထားတာဗျ။

တစ်ချို့ကတော့

ဘုရားလေးကုန်းမြင့်လို့ ခေါ်ကြတယ်။ဒါပေမဲ့ ရွာခံလူတွေ

ခေါ်တာကတော့ "ဆရာပြေးကုန်း"လို့ခေါ်တယ်။

အဲဒီကုန်းပေါ်တက်ပြီး အဓိဋ္ဌာန်ဝင်တဲ့ ဆရာတွေ

အစီရင်လုပ်တဲ့

ဆရာတွေ ဒီကုန်းပေါ်က ရုပ်ပျက်ဆင်းပျက် ဆင်းပြေးရတာတဲ့

ဗျို့။ပြေးရပြီဆိုရင်လည်း နောက်ကိုတောင် တစ်ချက်လှည့်

မကြည့်ရဲဘူးဆိုပဲ။နောက်လှည့်ကြည့်တဲ့သူကတော့

တအားလန့်ပြီး နှာနပ်ယူရတာတဲ့ဗျာ။

"ဖိုးသူတော်ကြီးတစ်ယောက်တဲ့ဗျ"

လူတစ်ယောက် တက်လာသလို ဘုရားကုန်းပေါ်ကို

လှေကားကနေ တက်လာတာဆိုပဲ။ပြီးတော့ ဘုရားရဲ့

စနေထောင့်မှာအခင်းလေးခင်းပြီး ဘုရားရှိခိုးတာတဲ့ဗျို့။

ဘုရားပေါ်မှာရောက်နေတဲ့ ဆရာကလည်း

သူ့အလုပ်သူလုပ်တာပေါ့။

အဓိဋ္ဌာန် ပုတီးစိပ်ရင် စိပ်မယ်။ဒါမှမဟုတ် အင်းချရင်ချမယ်

ဆေးဖယောင်းတိုင် စီရင်ချင် စီချင်မယ်ပေါ့ဗျာ။

ကိစ္စပြီးတော့မယ်ဆိုတာနဲ့ ဖိုးသူတော်က သူယူလာတဲ့

ကြေးစည်ထထုတော့တာပဲဗျို့။

"နောင်…ဝေ…ဝေ"

နောင်...ဝေ...ဝေ"

အဲဒီကြေးစည်သံကို ကြားရတဲ့လူတိုင်းဟာ တဖြည်းဖြည်း

ကြောက်လာတယ်ဆိုပဲ။ဘာကိုကြောက်မှန်း မသိကြောက်လာ

တာတဲ့ဗျာ။ဖိုးသူတော်ကလည်း သူ့ရဲ့ကြေးစည်ကို မနားတမ်း

ထုတော့တာပဲတဲ့။နောက်ဆုံးတော့ ဆရာတွေ

ဘုရားကုန်းလေးပေါ်က ရုပ်ပျက်ဆင်းပျက်ကိုပြေးဆင်းကြရော

တဲ့ဗျို့။တချို့ဆရာက ဘုရားကုန်းလေးကုန်းအောက်

ကိုရောက်တော့ဘုရားပေါ်ကိုပြန်ပြီး လှည့်ကြည့်တယ်ဆိုပဲ။

ကိုးတောင်ပြည့်စေတီနဲ့ အမြင့်အတူတူပဲတဲ့ဗျာ။

အရပ်ကိုးတောင်ရှိတဲ့ ဖိုးသူတော်ကြီး ဘုရားပေါ်မှာ

မားမားကြီးရပ်ပြီးမျက်လုံးပြူးပြူးကြီးနဲ့ ကြည့်နေတာဆိုတာပဲ

ဗျ။အဲဒါ

ကြက်သေ သေပြီး ဆက်ကြည့်နေလို့ကတော့ လက်ထဲက

ကြေးစည်ကို ထထုတော့တာပဲတဲ့ဗျာ။

အဲဒီချိန်မှာ အကြောက်လွန်နေတဲ့ ဆရာလည်း ခွေကနဲ

လဲကျပြီး သတိတွေ ဘာတွေ လစ်သွားတော့တာပေါ့ဗျာ

ဘုရားလေးကုန်းက ကြေးစည်သံတွေ ကြားပြီဆိုတာနဲ့....

"ဟဲ့ သွားကြပါဦးဟဲ့ ဘုရားလေးဘက်က ကြေးစည်သံတွေ

ကြားနေလို့ ဖိုးသူတော်က ဘာလုပ်နေပြန်ပြီလဲ သွားကြည့်

ကြပါဦးဟဲ့"

လို့ လူကြီးတွေ အော်ကြဟစ်ကြရင်း ရွာထဲက

ယောင်္ကျားလေးငါးယောက် ဘုရားလေးကုန်းဘက်

ပြေးကြည့်ကြရတာတဲ့ဗျ။

ဘုရားပေါ်မှာ ဖိုးသူတော်တော့ မရှိတော့ဘူးတဲ့။သတိမေ့နေတဲ့

ဆရာကိုခေါ်ပြီး ရွာထဲမှာ နှာနှပ်ယူကြရတာဆိုပဲ။

အဲဒီဆရာတွေဆိုတာလည်း သတိရသွားရင် ရှက်ပြီး

တန်းပြန်ကြတာဆိုပဲ။ဘုရားလေးရွာသားတွေကိုယ်တိုင်လည်း

ဒီဖိုးသူတော်ကို ကြောက်နေကြတာဗျ။

ဘုရားကုန်းပေါ်ကိုတစ်ယောက်တည်း

နှစ်ယောက်တည်း မသွားဝံ့ကြဘူး။

ဘုရားပန်းလဲတာတို့ ဘုရားရင်ပြင် တံမြက်စည်းလှည်းတာတို့

ဆိုရင်တောင် လေးငါးဆယ်ယောက်သွားပြီး လုပ်ကြရတာ

တဲ့ဗ်။

ဘုရားလေးရွာသားတွေလည်း ကြိတ်ပြီးဆရာရှာနေကြတာဗျ။

ဒီဖိုးသူတော်ကို သူတို့ရွာကဘုရားကနေ နှင်ထုတ်ချင်နေကြ

တာဗျို့။ဒါပေမဲ့ သူတို့ ရှာလာတဲ့ ဆရာတွေလည်း

ဖိုးသူတော်ရဲ့ကြေးစည်သံကို မခံနိုင်တော့

အလဲလဲအကွဲကွဲ ပြေးကြရတာချည်းပဲတဲ့ဗျ။

ဘုရားလေးရွာသားတွေက ဇွဲတော့လွှတ်ကောင်းဗျ။

ဒီကိစ္စကို နည်းနည်းမှ လက်မလျော့ဘူး။ဆရာပဲပတ်ရှာနေကြ

တာဘုရားလေးမှာ ကျုပ်နဲ့မြို့ကျောင်းမှာအတူတူတက်ခဲ့တဲ့

ငကျော်ဆိုတဲ့ကောင်တစ်ကောင်ရှိတယ်ဗျ။တစ်ရက်တော့

ငကျော် ကျုပ်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာတာ

ဗျို့

"ဟာ ဟေ့ကောင်ငကျော်။ဝမ်းသာလိုက်တာ သူငယ်ချင်း"

ကျုပ် ငကျော်ကို တွေ့တော့ တော်တော်ကို ဝမ်းသာသွားတာ

ဗျ။ဒီကောင်လည်း ကျုပ်လိုပဲ ဝမ်းသာရှာပါတယ်။

ထုံးစံအတိုင်းအတိုင်းပေါ့ဗျ။

သူမိဘအကြောင်း အလုပ်အကိုင်အကြောင်း

ရပ်ရွာအကြောင်းတွေ မေးကြပြောကြတာပေါ့ဗျာ။ပြီးတော့မှ

ငကျော်က စောစော

က ကျုပ်ပြောခဲ့တဲ့ ဘုရားလေးရွာက

ဖိုးသူတော်တစ္ဆေအကြောင်း

ပြောပြတာဗျို့။ကျုပ် တော်တော် အံ့သြသွားတယ်ဗျာ။

"တာတေ ငါ အခုလာတာ မင်းကို လာပင့်တာပဲ

သူငယ်ချင်းရေ"

"ဟေ...မင်းက ငါ့ကို လာပင့်တယ် ဟုတ်လား ငကျော်"

"အေးလေ တာတေရာ မင်းသတင်းတွေက

ငါ့တို့ဘုရားလေးမှာကျော်နေတာပါကွာ"

"ဟာ ငကျော်ကလည်း ငါကဆရာမှ မဟုတ်တာကွာ

ဆရာတွေနဲ့ လျှောက်လိုက်ပြီး စပ်စုဖူးတာပဲရှိတာကွ

အခုမင်းပြောတဲ့ ဖိုးသူတော်တစ္ဆေက တော်ရုံဆရာနဲ့

ရမယ်ပုံမပေါ်ဘူးကွ"

"ဟကောင်တာတေရ ငါ့တို့ကလည်း အဲဒီဖိုးသူတော်ကို

နှင်ထုတ်ပေးဖို့ မင်းကိုလာခေါ်တာ မဟုတ်ဘူးကွ။

ငါတို့ အဲဒီဖိုးသူတော်ကိုနိုင်မယ့်ဆရာကြီးတစ်ယောက် ရွာကို

ပင့်လာခဲ့ပြီ။ဒါပေမဲ့ အခက်အခဲက ဒီလိုကွ ဒီဆရာကြီးက

အသက်လည်းရှစ်ဆယ်ကျော်ပြီး မျက်စီကလည်း

တော်တော်ကိုမှုန်နေပြီး နားကလည်း တော်တော်ကို

လေးနေပြီကွ။

ဒါပေမဲ့ ပညာက တော်တော်ထက်ပုံရတယ်။အဲဒါသူ့ကို

ဘုရားကုန်းပေါ် တွဲခေါ်သွားပြီး သူနဲ့ အဖော်လိုက်ပေးမယ့်လူ

တစ်ယောက်လိုနေတာ ရှာလို့မရဘူး ဖြစ်နေတာကွ။

ငါ့တို့ရွာသားတွေကလည်း တစ်ယောက်မှ ဒီဆရာကြီးနဲ့

မလိုက်ရဲဘူးကွ။ငါကအစ ဆိုပါတော့"

"သြော်..ဒီလိုလားဒါထက်မင်းတို့ဆရာကြီးရဲ့

နာမည်ကဘယ်သူတုံး"

"ဦးတုံတဲ့ကွ ဆရာတုံလို့ ခေါ်ကြတယ်။ငယ်ငယ်ကတော့

သူလည်းနယ်တကာလှည့်ပြီး ဆေးကုလာတဲ့

ဆရာတစ်ယောက်ပဲကွာ"

"ငါလည်း ဒီဆရာကြီးရဲ့ တပည့်လုပ်ပြီး

လိုက်ရမယ်ဆိုပါတော့"

"ဟုတ်တယ် သူငယ်ချင်း ငါ့တို့ တစ်ရွာလုံး

ဒီဖိုးသူတော်အတွက်

တော်တော်ကို စိတ်ညစ်နေကြတာကွ။ကြောက်လည်း အရမ်း

ကြောက်နေကြတာပေါ့ကွာ ဘုရားမှာလည်း အရင်လို လူသူ

အရောက်အပေါက် သိပ်မရှိတော့ဘူးကွ တော်တော်ကို

ခြောက်နေပြီ"

ဒီဖိုးသူတော်အနေအထားက သိပ်မလွယ်ဘူးထင်လို့

ပုဗ္ဗာရုံကျောင်းက ကျုပ်ဆရာတော်ကို

အကျိုးကြောင်းလျှောက်ပြီသစ်စုန်းတောင်ဝှေး ယူလာခဲ့

့့တယ်။

ငကျော် လာခေါ်တဲ့ လှည်းနဲ့ပဲ ကျုပ်လိုက်ခဲ့တယ်ဗျ။

ဘုရားလေးရွာရောက်တော့ ညနေစောင်းနေပြီ။

ကျုပ်ငကျော်တို့အိမ်မှာ ထမင်းစားတယ်။စားသောက်ပြီးမှာ

သူကြီးဦးဘစိုး

အိမ်ကို လိုက်ခဲ့ရတယ်။ကျုပ်သူကြီးအိမ်ရောက်တော့

"သြော်...မောင်တာတေက ဒီသူငယ်လား"လို့သူကြီးက

ကျုပ်ကိုမေးတယ်။

ဆရာတုံလို့ခေါ်တဲ့အဘိုးကြီးက ကျုပ်ကို သူ့အနားခေါ်ပြီး

ကျုပ်ခေါင်းတွေ ပခုံးတွေကို လက်နဲ့စမ်းကြည့်တယ်။

"မောင်တာတေ ဒီကိစ္စကို အချိန်မဆွဲဘဲ ဒီညပဲ မြန်မြန်ရှင်းပစ်

ရမယ်ကွဲ့ မောင်တာတေ ကျုပ်ရဲ့တပည့်လုပ်ပေါ့ ပြီးရင်

ကျုပ်ခိုင်းတဲ့အတိုင်း ရဲရဲဝံ့ဝံ့သာလုပ်ကွဲ့ ဘာမှမကြောက်နဲ့"

"ဟုတ်ကဲ့ဆရာကြီး"

"အေး ကျုပ်က မျက်စီကလည်း မမြင် နားကလည်း

မကြားဆိုတော့ မောင်ကပဲ ကျုပ်ဘေးကမှာထိုင်ပြီး

မြင်တာတွေ

ဘာတွေကို ပြောပြမှဖြစ်မှာကွဲ့။ပြီးတော့ မောင်တာတေ

လုပ်ရမှာတွေ ကျုပ်ပြောမယ် ဒီဖိုးသူတော်တစ္ဆေက

လူလိုသွား

လာနေနိူင်တယ်ဆိုတာ အတိတ်ဘဝက သူ့လုပ်ခဲ့တဲ့

ကောင်းမှု
ကုသိုလ်တွေကလည်း ရှိနေတာကိုးကွဲ့ သူအမြဲဆောင်ထားတဲ့

ကြေးစည်က လူဘဝတုန်းက အလှူခံရင်

သူထုတဲ့ကြေးစည်ကွဲ့။

အဲဒီကြေးစည်က သိဒ္ဓိအစွမ်းတွေ ဝင်နေတယ်။တစ္ဆေဘဝမှာ

သူက အဲဒီ ကြေးစည်ကို ပြန်ရသွားပြီး ဒီကြေးစည်ရဲ့

သိဒွိအစွမ်းတွေကို တလွဲသုံးနေတာကွဲ့ မောင်တာတေ

မှတ်ထားရမှာက ကျုပ် ဂါထာတွေ ရွတ်တဲ့အခါ

ဒီဖိုးသူတော်ကို

သေချာကြည့်နေကွဲ့။တချိန်မှာ သူငိုက်ကျသွားလိမ့်မယ်

မောင်တာတေက အဲဒီအချိန်မှာ ပြေးပြီ သူ့ကြေးစည်ကို

လုယူလိုက်ကွဲ့ ပြီးရင် ဟောဒီကြိုးနဲ့ ကြေးစည်ကို

ဇောက်ထိုး ပြန်ချည်လိုက်"

"ဗျာ...ကြေးစည်ကို ဇောက်ထိုး ဘယ်လိုချည်ရမလဲ

ဆရာကြီး"

"ကြေးစည်ရဲ့နားရွက်နှစ်ဖက်မှာ ဟောဒီကြိုးတစ်စစီ ချည်ပြီး

ဆွဲလိုက်ရင် ကြေးစည်က ဇောက်ထိုးဖြစ်ရောပေါ့ကွဲ့"

"သြော်...သိပြီ ဆရာကြီး သိပြီ"

"ဒီကြိုးက ရိုးရိုးကြိုး မဟုတ်ဘူးကွဲ့ သိမ်ဝင်ထားတဲ့ကြိုးကွဲ့။

ပြီးရင်တော့ ဒီကြေးစည်လက်ခတ်ကိုယူထား သူ့ဆီက လုတဲ့

အခါ ကြေးစည်ပဲ လုရမှာနော် လက်ခတ် လုစရာမလိုဘူး

ဒီလက်ခတ်ကရွာဦးရွာဖျားမှပေါက်တဲ့ နတ်ရဲညောင်ပင်က

အသားနဲ့ လုပ်ထားတာကွ ဒီလက်ခတ်နဲ့ ကြေးစည်ကို

ဇောက်ထိုးထုရမှာ မောင်တာတေ မှတ်မိရဲ့မို့လား"

"မှတ်မိပါတယ် ဆရာကြီး"

"ကဲ...ဒါဆိုရင် သွားစို့။ဖယောင်းတိုင်ထုပ်တွေ

အမွှေးတိုင်ထုပ်တွေ လွတ်အိတ်ထဲ ထည့်လွယ်ခဲ့ကွဲ့"

ဘုရားလေးရွာသားတွေက ဆရာတုံနဲ့ ကျုပ်နဲ့ကို ဘုရားကုန်း

အခြေထိတော့ လိုက်ပို့ပေးကြတယ်ဗျ။ကျုပ်ရဲ့ဆရာကြီးက

ဦးတုံဆိုတဲ့ နာမည်နဲ့လိုက်အောင် လက်ကတုန်တုန်နဲ့ ပုတီး

တစ်ကုံးကိုင်ထားတယ်။ပြီးတော့ သူ အသံတုန်တုန်နဲ့

ဘုရားရှိခိုးတယ်ဗျ။

ဟော...လာပြီဗျို့ လာပြီ ဘုရားကုန်းပေါ်ကို

ခါးကိုင်းကိုင်းကြီးနဲ့

တက်လာတာဗျ။ကျုပ်စိတ်ထဲမှာ ဖိုးသူတော်ကြီးဆိုတော့

ဝဝကြီးများလာလို့။အခုတက်လာတဲ့ ဖိုးသူတော်ကတော့

ပိန်ပိန်ရှည်ရှည် ခါးကိုင်းကိုင်းကြီးဗျ။အောင်မယ်

လက်ထဲမှာတော့ကြေးစည်ကို သေသေချာချာ ကိုင်ထားတာ

ဗျို့။လည်ပင်းမှာ ဇီးဖြူသီးလုံးလောက်ရှိတဲ့

စိပ်ပုတီးကြီးတစ်ကုံးစွပ်လို့ဗျ။

အောင်မယ် ဒီတစ္ဆေက လူအတိုင်း သွားလာနေနိူင်တာဗျို့။

မသိရင် သူ့ကို လူလိုပဲ ထင်ကြမှာ ကြည့်စမ်းဗျာ ဆရာကြီးနဲ့

တစ်လံလောက်မှာ ထိုင်တာဗျ။သူ့မှာပါတဲ့

ပိတ်ဖြူအခင်းလေးကို

ခင်းလိုက်တာဗျ။ အောင်မယ် တစ္ဆေက ကျုပ်ကို မသိမသာ

တစ်ချက်စောင်းကြည့်တယ်။ကျုပ်က စေတီကိုမော့ကြည့်

နေယောင်ဆောင်လိုက်တယ်။

"မောင်တာတေ ကျုပ်ဂါထာတွေ စရွတ်ရတော့မှာလား"

ကျုပ်က ဆရာကြီးအနားကိုသွားပြီး လက်ကုတ်လိုက်တယ်

ဆရာကြီးနဲ့ကျုပ်လမ်းမှာကတည်းက

လုပ်လာတဲ့အချိတ်အဆက်

ပေါ့ဗျာ။ဆရာကြီးက နားလုံးဝကြားတော့တာမှ မဟုတ်တာ။

ဟော..ရွတ်ပြီဗျို့ဆရာကြီး ဂါထာတွေ စရွတ်ပြီ ဖိုးသူတော်

တစ္ဆေကလည်း လည်းပင်းက ပုတီးကြီးဖြုတ်ပြီး စိပ်နေတာဗျ။

ကျုပ်ကတော့ တစ္ဆေကို မျက်ခြည်မပြတ် ကြည့်နေတာ။

ဆရာကြီးက ဂါထာတွေရွတ် တစ္ဆေက ပုတီးကြီးစိပ်ပေါ့ဗျာ။

ခေါင်းကြီးရှေ့ငိုက်စိုက်ကျပြီး ငိုက်နေပြီဗျ။သူ့ပေါင်ပေါ်မှာ

တင်ထားတဲ့ ကြေးစည်ကို ကျုပ်ပြေးယူလိုက်တယ်။

လက်ခတ်တော့ မယူဘူးလေဗျာ

ဆရာကြီးနဲ့နတ်ရဲညောင်သားနဲ့

လုပ်ထားတဲ့ ကြေးစည်လက်ခတ်က ကျုပ်ခါးကြားမှာ

ထိုးတာတာလေဗျာ။

ဆရာကြီးပေးထားတဲ့ သိမ်ဝင်ကြိုးနဲ့ ကြေးစည်ကို ခပ်မြန်မြန်

ဇောက်ထိုးချည်လိုက်တယ်။ပြီးတော့ ခါးကြားက ညောင်သား

လက်ခတ်ကိုယူပြီး အဆင့်သင့် လုပ်ထားလိုက်ထားလိုက်တဲ့ဗျ

ဟော...ဖိုးသူတော်တစ္ဆေ သတိဝင်သွားပြီဗျ။

အိပ်ငိုက်ကနေ ဆတ်ကနဲဖြစ်သွားပြီး သူပေါင်ပေါ်မှာတင်ထား

တဲ့ ကြေးစည်ကို ကောက်ကိုင်လိုက်တယ်။ဒါပေမယ့်

ကြေးစည်မရှိတော့ပဲ လက်ခတ်ပဲ သူ့လက်ထဲပါသွားတယ်။

ဖိုးသူတော်တစ္ဆေ မျက်လုံးကြီးပြူး ဆရာကြီးကို

ကြည့်နေတယ်

ဟော ဝုန်းကနဲ့ မတ်တပ်ထရပ်လိုက်တယ်။

ဒါတွေကို ကျုပ်ပဲမြင်နေတာလေ။ဆရာကြီးကတော့

မြင်လည်းမမြင် ကြားလည်း မကြားရတော့ ဂါထာတွေပဲ

ရွတ်ဖတ်နေတာဗျ။

ဖိုးသူတော်တစ္ဆေက ဆရာကြီးကို သူရဲ့ပုတီးကြီးနဲ့

ရိုက်ဖို့ပြေးလာပြီဗျို့။

"နောင် ဝေ ဝေ ဝေ"

ဟာ...ကျုပ်တစ်သက်မှာ ဒီတစ်ခါပဲ ကြေးစည်ကို

ဇောက်ထိုးထုဖူးတာဗျို့။အသံကြီးက တစ်မျိုးကြီးဗျာ။

တစ္ဆေ တုံ့ခနဲ ရပ်သွားတယ်။ကျုပ်ကို မျက်လုံးပြူးကြီးနဲ့

ကြည့်နေတယ်ဗျ။ဟော...ကျုပ်ဆီကို ပြေးလာနေပြီဗျို့။

"နောင် ဝေ ဝေ ဝေ"

"နောင် ဝေ ဝေ ဝေ"

ဟာ...ဖိုးသူတော်ကြီး ရှေ့မတိုးတော့ဘူးဗျ။

တုံ့ကနဲကို ရပ်သွားတယ်။

"နောင် ဝေ ဝေ ဝေ"

ကျုပ်လည်း ကြေးစည်ဇောက်ထိုးလို့ နတ်ရဲ့ညောင်သားလက်

ခတ်နဲ့ အဆက်မပြတ် ထုတော့တာပေါ့ဗျာ

ဟော...တစ္ဆေ တဆတ်ဆတ် တုန်နေပြီဗျို့။

"နောင် ဝေ ဝေ ဝေ"

ဟာ ...တစ္ဆေဒူးထောက်ထိုင်ချလိုက်ပြီဗျို့။

အောင်မယ် အံတွေကြိတ်ပြီး ဆရာကြီးကို ထသတ်တော့မလို့

ကြည့်နေတာဗျို့။

"င့ါကြေးစည် ပြန်ပေး"

ဟာ အသံထွက်တယ်ဗျို့။တစ္ဆေက

ကျုပ်ကိုစိုက်ကြည့်နေတယ်

ကျုပ်လည်း ကျောထဲမှာ စိမ့်ကနဲဖြစ်ပြီး ကြက်သီးတွေ

ဖျန်းကနဲ ထသွားတာပေါ့ဗျာ။

"နောင် ဝေ ဝေ ဝေ"

စိတ်ထဲ ကြောက်သလို ဖြစ်လာလေ ကြေးစည်ကိုဖိပြီး

ထုလေပေါ့ဗျာ။

ကျုပ်ချိုင်းကြားထဲမှာ ထနောင်းကုန်းက ကျုပ်ဆရာတော်

ပေးလိုက်တဲ့ သစ်စုန်းတောင်ဝှေးလည်းညှပ်ထားသေးတယ်ဗျ။

ကျုပ်ကို တစ်ခုခု လုပ်လို့ကတော့ သစ်စုန်းအကြောင်း

ကောင်းကောင်းသိသွားမှာပေါ့ဗျာ။

သစ်စုန်းပင်ဆိုတာ မဖဲဝါကိုယ်တိုင် အစောင့်ချပြီး

ကာကွယ်ရတဲ့အပင်ဗျ။မျက်စီနဲ့ မြင်ရတဲ့ အပင် မဟုတ်ဘူး

ကျုပ်တောင် မျက်ကွင်းဆေးကွင်းပြီး နုတ်ယူရတာ။

အဲဒီသစ်စုန်းသားနဲ့ လုပ်ထားတဲ့ တောင်ဝှေးလေဗျာ။

"မောင်တာတေ...တစ္ဆေကို ကျုပ်အနား ခေါ်လိုက်"

"ဆရာကြီးအနားမှာ ရိုရိုသေသေ ဒူးထောက် ဆရာကြီးရဲ့

အမိန့်ကို နာခံ"

ကျုပ်ပြောတဲ့အတိုင်း ဖိုးသူတော်တစ္ဆေက လိုက်လုပ်တယ်ဗျ

ကျုပ်ကတော့ လက်ထဲက ကြေးစည် ဇောက်ထိုးကို

မပြတ်ထုနေရတာပေါ့ဗျာ။

"နောင် ဝေ ဝေ ဝေ"

"နောင် ဝေ ဝေ ဝေ"

ကျုပ် ဆရာကြီးကို လက်နဲ့ သုံးချက်ကုတ်လိုက်တယ်။

ဒါဆရာကြီးပြောထားတဲ့ အချက်ပေးသင်္ကေတလေဗျာ

ဆရာကြီးကလည်း သဘောပေါက်သွားတယ်

"နောင် ဝေ ေ ဝ ဝေ"

ကျုပ်ကြေးစည်ဇောက်ထိုးကို ထုလိုက်တယ်။

ဟာ...တစ္ဆေပြေးပြီဗျို့။ပြေးပြီ။ဘုရားကုန်းပေါ်ကနေဆင်းပြီး

ပြေးပြီဗျ။

အဓိဋ္ဌာန်ဝင်တဲ့သူတွေ ဆရာသမားတွေကို

ဒီဘုရားကုန်းပေါ်က ဆင်းပြေးအောင် အမြဲလုပ်ခဲ့တဲ့ဖိုးသူတော်

တစ္ဆေကြီး ခါးကြီးကိုင်းကိုင်း ကိုင်းကိုင်းနဲ့ ဆင်းပြေးသွားပြီဗျို့။

ဒီတစ်ခါတော့ ဆရာပြန်ပြေးဘုရားလေး မဟုတ်တော့ဘူးပေါ့

ဗျာ။တစ္ဆေပြန်ပြေး ဘုရားလေး ဖြစ်သွားပြီးလေဗျာ။

ဒီကုန်းကို ဆရာပြေးကုန်း လို့ ခေါ်စရာ မလိုတော့ဘူးဗျ။

'တစ္ဆေပြေးကုန်း'လို့ပဲ ခေါ်တော့ဗျာ။

"နောင် ဝေ ဝေ ဝေ"

ကျုပ်က လှေကားထိပ်အထိလိုက်ပြီးကြေးစည်ထုပေး

လိုက်တယ်။

ပြီးတော့ ဆရာကြီးကို လက်နဲ့ နှစ်ချက်ကုတ်လိုက်တယ်။

"သွားပြီလားကွဲ့ မောင်တာတေရဲ့"

"သွားပါပြီ ဆရာကြီးရေ သွားပြီဗျို့"

ကျုပ်က ဆရာတုံရဲ့ နားနားကိုကပ်ပြီး ခပ်ကျယ်ကျယ်

အော်ပြောလိုက်တယ်။

"အေး ဒါဆို ရှင်းသွားပြီပေါ့ကွယ် ကဲ ကျုပ်ဒို့ အချိန်းအချက်

လုပ်ခဲ့အတိုင်း ဘုရားလေးက လူတွေကို မီးပြပြီး

ခေါ်လိုက်ပေတော့ မောင်တာတေရေ"

ကျုပ်က လွတ်အိတ်ကြီးထဲက ငါးတောင့်ထိုးလက်နှိပ်

ဓါတ်မီးကိုထုတ်ပြီး ရွာဘက်ကို မှိတ်လိုက် ဖွင့်လိုက်

လုပ်ပြလိုက်တယ်။

ဟော ရွာဘက်ကလည်း အချက်ပြန်ပြတယ်။

ခဏနေတော့ ရွာသားတွေ ဘုရားကုန်းပေါ်ကို

ဆူညံဆူညံနဲ့ တက်လာကြတယ်။

သူကြီး ဦးဘစိုးလည်းပါတာကိုးဗျ။

ရွာသားတွေက ဘုရားလေးရဲ့ ရင်ပြင်တော်ပေါ်မှာ

ဖယောင်းတိုင်မီးတွေ တက်ထွန်းကြတယ်။

ဘုရားရဲ့ လုံးပတ်တော်မှာလည်း ဖယောင်းတိုင်တွေ

လိုက်ပြီး ထွန်းကြတယ်။

ရွာဘက်က ဆူညံဆူညံသံတွေကြားလို့

ကျုပ်ထွက်ကြည့်လိုက်တယ်။ဟာ...ရွာသားတွေ

ရွာပြင်ကိုထွက်ပြီး ကြည့်နေကြတာကိုး။

ဘုရားမှာလည်း မီးတွေ ထိန်သွားရောဗျို့။

ခဏနေတော့ ရွာကလူတွေ ဖယောင်းတိုင်ထုပ်တွေယူပြီး

ထပ်လိုက်လာကြတယ်။

ဘုရားကုန်းပေါ်တက်တဲ့ လှေကားထစ်တွေမှာပါ

မီးတွေထွန်းကြတာဗျို့။

ဖိုးသူတော်တစ္ဆေရဲ့ ကြေးစည်နဲ့ လက်ခတ်ကို

ဆရာကြီးဦးတုံကို အပ်လိုက်ကြတယ်။

ကိစ္စအားလုံးပြီးသွားတော့ ဘုရားလေးကနေ

ကျုပ်ရွာကိုပြန်ခဲ့တယ်။ကျုပ်သူငယ်ချင်း ငကျော်ပဲ

ကျုပ်ကိုလှည်းနဲ့ပြန်ပို့တာလေဗျာ။

ဘုရားလေးရွာသူတွေ ယက်ကန်းခတ်ထားတဲ့

တဘက်မာဖလာနဲ့ မြေပဲ နှမ်းဆီ ပုန်းရည်ကြီး ထန်းလျက်

အို...စုံလို့ပေါ့ဗျာ ကျုပ်ကို လက်ဆောင်ပေးလိုက်ကြတာဗျို့.....

ပြီးပါပြီခဗျာ။

စာဖတ်ပရိတ်သတ်များအားလုးပဲ စိတ်ရွှင်လန်းပါစေခဗျာ

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျာ

#တာတေ
#မဖဲဝါ

"ဆရာျပန္ေျပး ဘုရားကေလး" { စ / ဆုံး }
မူရင္းေရးသားသူ_ဆရာတာေတ

တာေတတို႔႐ြာနဲ႔ေတာ့ ဆယ္တိုင္ေလာက္ေဝးတာေပါ့။

ဆယ္တိုင္ဆိုတာ မိုင္ႏွစ္ဆယ္ကိုေျပာတာဗ်။

႐ြာနာမည္က ဘုရားကေလးတဲ့။႐ြာဦးမွာ ထုံးျဖဴျဖဴနဲ႔

ေရွးေဟာင္းေစတီတစ္ဆူ ရွိတယ္ဗ်။ေစတီကေတာ့

ကိုးေထာင္ျပည့္ေစတီပါ။လက္ရာက ျမင္တာနဲ႔ကို သိတယ္ဗ်။

ေတာ္ေတာ္ကို ေရွးက်တဲ့လက္ရာပါ။

အဲဒီမွာ ဘုရားေလးကို အစြဲျပဳၿပီး ဒီ႐ြာကိုလည္း ဘုရားေလး

႐ြာပဲေခၚၾကတာဗ်။ဘုရာေလး႐ြာက ႐ြာဝင္လမ္း

ေတာင္ဘက္ ကုန္းျမင့္ေလးေပၚမွာ တည္ထားတာဗ်။

တစ္ခ်ိဳ႕ကေတာ့

ဘုရားေလးကုန္းျမင့္လို႔ ေခၚၾကတယ္။ဒါေပမဲ့ ႐ြာခံလူေတြ

ေခၚတာကေတာ့ "ဆရာေျပးကုန္း"လို႔ေခၚတယ္။

အဲဒီကုန္းေပၚတက္ၿပီး အဓိ႒ာန္ဝင္တဲ့ ဆရာေတြ

အစီရင္လုပ္တဲ့

ဆရာေတြ ဒီကုန္းေပၚက ႐ုပ္ပ်က္ဆင္းပ်က္ ဆင္းေျပးရတာတဲ့

ဗ်ိဳ႕။ေျပးရၿပီဆိုရင္လည္း ေနာက္ကိုေတာင္ တစ္ခ်က္လွည့္

မၾကည့္ရဲဘူးဆိုပဲ။ေနာက္လွည့္ၾကည့္တဲ့သူကေတာ့

တအားလန္႔ၿပီး ႏွာနပ္ယူရတာတဲ့ဗ်ာ။

"ဖိုးသူေတာ္ႀကီးတစ္ေယာက္တဲ့ဗ်"

လူတစ္ေယာက္ တက္လာသလို ဘုရားကုန္းေပၚကို

ေလွကားကေန တက္လာတာဆိုပဲ။ၿပီးေတာ့ ဘုရားရဲ႕

စေနေထာင့္မွာအခင္းေလးခင္းၿပီး ဘုရားရွိခိုးတာတဲ့ဗ်ိဳ႕။

ဘုရားေပၚမွာေရာက္ေနတဲ့ ဆရာကလည္း

သူ႔အလုပ္သူလုပ္တာေပါ့။

အဓိ႒ာန္ ပုတီးစိပ္ရင္ စိပ္မယ္။ဒါမွမဟုတ္ အင္းခ်ရင္ခ်မယ္

ေဆးဖေယာင္းတိုင္ စီရင္ခ်င္ စီခ်င္မယ္ေပါ့ဗ်ာ။

ကိစၥၿပီးေတာ့မယ္ဆိုတာနဲ႔ ဖိုးသူေတာ္က သူယူလာတဲ့

ေၾကးစည္ထထုေတာ့တာပဲဗ်ိဳ႕။

"ေနာင္…ေဝ…ေဝ"

ေနာင္...ေဝ...ေဝ"

အဲဒီေၾကးစည္သံကို ၾကားရတဲ့လူတိုင္းဟာ တျဖည္းျဖည္း

ေၾကာက္လာတယ္ဆိုပဲ။ဘာကိုေၾကာက္မွန္း မသိေၾကာက္လာ

တာတဲ့ဗ်ာ။ဖိုးသူေတာ္ကလည္း သူ႔ရဲ႕ေၾကးစည္ကို မနားတမ္း

ထုေတာ့တာပဲတဲ့။ေနာက္ဆုံးေတာ့ ဆရာေတြ

ဘုရားကုန္းေလးေပၚက ႐ုပ္ပ်က္ဆင္းပ်က္ကိုေျပးဆင္းၾကေရာ

တဲ့ဗ်ိဳ႕။တခ်ိဳ႕ဆရာက ဘုရားကုန္းေလးကုန္းေအာက္

ကိုေရာက္ေတာ့ဘုရားေပၚကိုျပန္ၿပီး လွည့္ၾကည့္တယ္ဆိုပဲ။

ကိုးေတာင္ျပည့္ေစတီနဲ႔ အျမင့္အတူတူပဲတဲ့ဗ်ာ။

အရပ္ကိုးေတာင္ရွိတဲ့ ဖိုးသူေတာ္ႀကီး ဘုရားေပၚမွာ

မားမားႀကီးရပ္ၿပီးမ်က္လုံးျပဴးျပဴးႀကီးနဲ႔ ၾကည့္ေနတာဆိုတာပဲ

ဗ်။အဲဒါ

ၾကက္ေသ ေသၿပီး ဆက္ၾကည့္ေနလို႔ကေတာ့ လက္ထဲက

ေၾကးစည္ကို ထထုေတာ့တာပဲတဲ့ဗ်ာ။

အဲဒီခ်ိန္မွာ အေၾကာက္လြန္ေနတဲ့ ဆရာလည္း ေခြကနဲ

လဲက်ၿပီး သတိေတြ ဘာေတြ လစ္သြားေတာ့တာေပါ့ဗ်ာ

ဘုရားေလးကုန္းက ေၾကးစည္သံေတြ ၾကားၿပီဆိုတာနဲ႔....

"ဟဲ့ သြားၾကပါဦးဟဲ့ ဘုရားေလးဘက္က ေၾကးစည္သံေတြ

ၾကားေနလို႔ ဖိုးသူေတာ္က ဘာလုပ္ေနျပန္ၿပီလဲ သြားၾကည့္

ၾကပါဦးဟဲ့"

လို႔ လူႀကီးေတြ ေအာ္ၾကဟစ္ၾကရင္း ႐ြာထဲက

ေယာက်ၤားေလးငါးေယာက္ ဘုရားေလးကုန္းဘက္

ေျပးၾကည့္ၾကရတာတဲ့ဗ်။

ဘုရားေပၚမွာ ဖိုးသူေတာ္ေတာ့ မရွိေတာ့ဘူးတဲ့။သတိေမ့ေနတဲ့

ဆရာကိုေခၚၿပီး ႐ြာထဲမွာ ႏွာႏွပ္ယူၾကရတာဆိုပဲ။

အဲဒီဆရာေတြဆိုတာလည္း သတိရသြားရင္ ရွက္ၿပီး

တန္းျပန္ၾကတာဆိုပဲ။ဘုရားေလး႐ြာသားေတြကိုယ္တိုင္လည္း

ဒီဖိုးသူေတာ္ကို ေၾကာက္ေနၾကတာဗ်။

ဘုရားကုန္းေပၚကိုတစ္ေယာက္တည္း

ႏွစ္ေယာက္တည္း မသြားဝံ့ၾကဘူး။

ဘုရားပန္းလဲတာတို႔ ဘုရားရင္ျပင္ တံျမက္စည္းလွည္းတာတို႔

ဆိုရင္ေတာင္ ေလးငါးဆယ္ေယာက္သြားၿပီး လုပ္ၾကရတာ

တဲ့ဗ္။

ဘုရားေလး႐ြာသားေတြလည္း ႀကိတ္ၿပီးဆရာရွာေနၾကတာဗ်။

ဒီဖိုးသူေတာ္ကို သူတို႔႐ြာကဘုရားကေန ႏွင္ထုတ္ခ်င္ေနၾက

တာဗ်ိဳ႕။ဒါေပမဲ့ သူတို႔ ရွာလာတဲ့ ဆရာေတြလည္း

ဖိုးသူေတာ္ရဲ႕ေၾကးစည္သံကို မခံႏိုင္ေတာ့

အလဲလဲအကြဲကြဲ ေျပးၾကရတာခ်ည္းပဲတဲ့ဗ်။

ဘုရားေလး႐ြာသားေတြက ဇြဲေတာ့လႊတ္ေကာင္းဗ်။

ဒီကိစၥကို နည္းနည္းမွ လက္မေလ်ာ့ဘူး။ဆရာပဲပတ္ရွာေနၾက

တာဘုရားေလးမွာ က်ဳပ္နဲ႔ၿမိဳ႕ေက်ာင္းမွာအတူတူတက္ခဲ့တဲ့

ငေက်ာ္ဆိုတဲ့ေကာင္တစ္ေကာင္ရွိတယ္ဗ်။တစ္ရက္ေတာ့

ငေက်ာ္ က်ဳပ္ဆီကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ကို ေရာက္လာတာ

ဗ်ိဳ႕

"ဟာ ေဟ့ေကာင္ငေက်ာ္။ဝမ္းသာလိုက္တာ သူငယ္ခ်င္း"

က်ဳပ္ ငေက်ာ္ကို ေတြ႕ေတာ့ ေတာ္ေတာ္ကို ဝမ္းသာသြားတာ

ဗ်။ဒီေကာင္လည္း က်ဳပ္လိုပဲ ဝမ္းသာရွာပါတယ္။

ထုံးစံအတိုင္းအတိုင္းေပါ့ဗ်။

သူမိဘအေၾကာင္း အလုပ္အကိုင္အေၾကာင္း

ရပ္႐ြာအေၾကာင္းေတြ ေမးၾကေျပာၾကတာေပါ့ဗ်ာ။ၿပီးေတာ့မွ

ငေက်ာ္က ေစာေစာ

က က်ဳပ္ေျပာခဲ့တဲ့ ဘုရားေလး႐ြာက

ဖိုးသူေတာ္တေစၦအေၾကာင္း

ေျပာျပတာဗ်ိဳ႕။က်ဳပ္ ေတာ္ေတာ္ အံ့ၾသသြားတယ္ဗ်ာ။

"တာေတ ငါ အခုလာတာ မင္းကို လာပင့္တာပဲ

သူငယ္ခ်င္းေရ"

"ေဟ...မင္းက ငါ့ကို လာပင့္တယ္ ဟုတ္လား ငေက်ာ္"

"ေအးေလ တာေတရာ မင္းသတင္းေတြက

ငါ့တို႔ဘုရားေလးမွာေက်ာ္ေနတာပါကြာ"

"ဟာ ငေက်ာ္ကလည္း ငါကဆရာမွ မဟုတ္တာကြာ

ဆရာေတြနဲ႔ ေလွ်ာက္လိုက္ၿပီး စပ္စုဖူးတာပဲရွိတာကြ

အခုမင္းေျပာတဲ့ ဖိုးသူေတာ္တေစၦက ေတာ္႐ုံဆရာနဲ႔

ရမယ္ပုံမေပၚဘူးကြ"

"ဟေကာင္တာေတရ ငါ့တို႔ကလည္း အဲဒီဖိုးသူေတာ္ကို

ႏွင္ထုတ္ေပးဖို႔ မင္းကိုလာေခၚတာ မဟုတ္ဘူးကြ။

ငါတို႔ အဲဒီဖိုးသူေတာ္ကိုႏိုင္မယ့္ဆရာႀကီးတစ္ေယာက္ ႐ြာကို

ပင့္လာခဲ့ၿပီ။ဒါေပမဲ့ အခက္အခဲက ဒီလိုကြ ဒီဆရာႀကီးက

အသက္လည္းရွစ္ဆယ္ေက်ာ္ၿပီး မ်က္စီကလည္း

ေတာ္ေတာ္ကိုမႈန္ေနၿပီး နားကလည္း ေတာ္ေတာ္ကို

ေလးေနၿပီကြ။

ဒါေပမဲ့ ပညာက ေတာ္ေတာ္ထက္ပုံရတယ္။အဲဒါသူ႔ကို

ဘုရားကုန္းေပၚ တြဲေခၚသြားၿပီး သူနဲ႔ အေဖာ္လိုက္ေပးမယ့္လူ

တစ္ေယာက္လိုေနတာ ရွာလို႔မရဘူး ျဖစ္ေနတာကြ။

ငါ့တို႔႐ြာသားေတြကလည္း တစ္ေယာက္မွ ဒီဆရာႀကီးနဲ႔

မလိုက္ရဲဘူးကြ။ငါကအစ ဆိုပါေတာ့"

"ေၾသာ္..ဒီလိုလားဒါထက္မင္းတို႔ဆရာႀကီးရဲ႕

နာမည္ကဘယ္သူတုံး"

"ဦးတုံတဲ့ကြ ဆရာတုံလို႔ ေခၚၾကတယ္။ငယ္ငယ္ကေတာ့

သူလည္းနယ္တကာလွည့္ၿပီး ေဆးကုလာတဲ့

ဆရာတစ္ေယာက္ပဲကြာ"

"ငါလည္း ဒီဆရာႀကီးရဲ႕ တပည့္လုပ္ၿပီး

လိုက္ရမယ္ဆိုပါေတာ့"

"ဟုတ္တယ္ သူငယ္ခ်င္း ငါ့တို႔ တစ္႐ြာလုံး

ဒီဖိုးသူေတာ္အတြက္

ေတာ္ေတာ္ကို စိတ္ညစ္ေနၾကတာကြ။ေၾကာက္လည္း အရမ္း

ေၾကာက္ေနၾကတာေပါ့ကြာ ဘုရားမွာလည္း အရင္လို လူသူ

အေရာက္အေပါက္ သိပ္မရွိေတာ့ဘူးကြ ေတာ္ေတာ္ကို

ေျခာက္ေနၿပီ"

ဒီဖိုးသူေတာ္အေနအထားက သိပ္မလြယ္ဘူးထင္လို႔

ပုဗၺာ႐ုံေက်ာင္းက က်ဳပ္ဆရာေတာ္ကို

အက်ိဳးေၾကာင္းေလွ်ာက္ၿပီသစ္စုန္းေတာင္ေဝွး ယူလာခဲ့

့့တယ္။

ငေက်ာ္ လာေခၚတဲ့ လွည္းနဲ႔ပဲ က်ဳပ္လိုက္ခဲ့တယ္ဗ်။

ဘုရားေလး႐ြာေရာက္ေတာ့ ညေနေစာင္းေနၿပီ။

က်ဳပ္ငေက်ာ္တို႔အိမ္မွာ ထမင္းစားတယ္။စားေသာက္ၿပီးမွာ

သူႀကီးဦးဘစိုး

အိမ္ကို လိုက္ခဲ့ရတယ္။က်ဳပ္သူႀကီးအိမ္ေရာက္ေတာ့

"ေၾသာ္...ေမာင္တာေတက ဒီသူငယ္လား"လို႔သူႀကီးက

က်ဳပ္ကိုေမးတယ္။

ဆရာတုံလို႔ေခၚတဲ့အဘိုးႀကီးက က်ဳပ္ကို သူ႔အနားေခၚၿပီး

က်ဳပ္ေခါင္းေတြ ပခုံးေတြကို လက္နဲ႔စမ္းၾကည့္တယ္။

"ေမာင္တာေတ ဒီကိစၥကို အခ်ိန္မဆြဲဘဲ ဒီညပဲ ျမန္ျမန္ရွင္းပစ္

ရမယ္ကြဲ႕ ေမာင္တာေတ က်ဳပ္ရဲ႕တပည့္လုပ္ေပါ့ ၿပီးရင္

က်ဳပ္ခိုင္းတဲ့အတိုင္း ရဲရဲဝံ့ဝံ့သာလုပ္ကြဲ႕ ဘာမွမေၾကာက္နဲ႔"

"ဟုတ္ကဲ့ဆရာႀကီး"

"ေအး က်ဳပ္က မ်က္စီကလည္း မျမင္ နားကလည္း

မၾကားဆိုေတာ့ ေမာင္ကပဲ က်ဳပ္ေဘးကမွာထိုင္ၿပီး

ျမင္တာေတြ

ဘာေတြကို ေျပာျပမွျဖစ္မွာကြဲ႕။ၿပီးေတာ့ ေမာင္တာေတ

လုပ္ရမွာေတြ က်ဳပ္ေျပာမယ္ ဒီဖိုးသူေတာ္တေစၦက

လူလိုသြား

လာေနႏိူင္တယ္ဆိုတာ အတိတ္ဘဝက သူ႔လုပ္ခဲ့တဲ့

ေကာင္းမႈ
ကုသိုလ္ေတြကလည္း ရွိေနတာကိုးကြဲ႕ သူအၿမဲေဆာင္ထားတဲ့

ေၾကးစည္က လူဘဝတုန္းက အလႉခံရင္

သူထုတဲ့ေၾကးစည္ကြဲ႕။

အဲဒီေၾကးစည္က သိဒၶိအစြမ္းေတြ ဝင္ေနတယ္။တေစၦဘဝမွာ

သူက အဲဒီ ေၾကးစည္ကို ျပန္ရသြားၿပီး ဒီေၾကးစည္ရဲ႕

သိဒြိအစြမ္းေတြကို တလြဲသုံးေနတာကြဲ႕ ေမာင္တာေတ

မွတ္ထားရမွာက က်ဳပ္ ဂါထာေတြ ႐ြတ္တဲ့အခါ

ဒီဖိုးသူေတာ္ကို

ေသခ်ာၾကည့္ေနကြဲ႕။တခ်ိန္မွာ သူငိုက္က်သြားလိမ့္မယ္

ေမာင္တာေတက အဲဒီအခ်ိန္မွာ ေျပးၿပီ သူ႔ေၾကးစည္ကို

လုယူလိုက္ကြဲ႕ ၿပီးရင္ ေဟာဒီႀကိဳးနဲ႔ ေၾကးစည္ကို

ေဇာက္ထိုး ျပန္ခ်ည္လိုက္"

"ဗ်ာ...ေၾကးစည္ကို ေဇာက္ထိုး ဘယ္လိုခ်ည္ရမလဲ

ဆရာႀကီး"

"ေၾကးစည္ရဲ႕နား႐ြက္ႏွစ္ဖက္မွာ ေဟာဒီႀကိဳးတစ္စစီ ခ်ည္ၿပီး

ဆြဲလိုက္ရင္ ေၾကးစည္က ေဇာက္ထိုးျဖစ္ေရာေပါ့ကြဲ႕"

"ေၾသာ္...သိၿပီ ဆရာႀကီး သိၿပီ"

"ဒီႀကိဳးက ႐ိုး႐ိုးႀကိဳး မဟုတ္ဘူးကြဲ႕ သိမ္ဝင္ထားတဲ့ႀကိဳးကြဲ႕။

ၿပီးရင္ေတာ့ ဒီေၾကးစည္လက္ခတ္ကိုယူထား သူ႔ဆီက လုတဲ့

အခါ ေၾကးစည္ပဲ လုရမွာေနာ္ လက္ခတ္ လုစရာမလိုဘူး

ဒီလက္ခတ္က႐ြာဦး႐ြာဖ်ားမွေပါက္တဲ့ နတ္ရဲေညာင္ပင္က

အသားနဲ႔ လုပ္ထားတာကြ ဒီလက္ခတ္နဲ႔ ေၾကးစည္ကို

ေဇာက္ထိုးထုရမွာ ေမာင္တာေတ မွတ္မိရဲ႕မို႔လား"

"မွတ္မိပါတယ္ ဆရာႀကီး"

"ကဲ...ဒါဆိုရင္ သြားစို႔။ဖေယာင္းတိုင္ထုပ္ေတြ

အေမႊးတိုင္ထုပ္ေတြ လြတ္အိတ္ထဲ ထည့္လြယ္ခဲ့ကြဲ႕"

ဘုရားေလး႐ြာသားေတြက ဆရာတုံနဲ႔ က်ဳပ္နဲ႔ကို ဘုရားကုန္း

အေျခထိေတာ့ လိုက္ပို႔ေပးၾကတယ္ဗ်။က်ဳပ္ရဲ႕ဆရာႀကီးက

ဦးတုံဆိုတဲ့ နာမည္နဲ႔လိုက္ေအာင္ လက္ကတုန္တုန္နဲ႔ ပုတီး

တစ္ကုံးကိုင္ထားတယ္။ၿပီးေတာ့ သူ အသံတုန္တုန္နဲ႔

ဘုရားရွိခိုးတယ္ဗ်။

ေဟာ...လာၿပီဗ်ိဳ႕ လာၿပီ ဘုရားကုန္းေပၚကို

ခါးကိုင္းကိုင္းႀကီးနဲ႔

တက္လာတာဗ်။က်ဳပ္စိတ္ထဲမွာ ဖိုးသူေတာ္ႀကီးဆိုေတာ့

ဝဝႀကီးမ်ားလာလို႔။အခုတက္လာတဲ့ ဖိုးသူေတာ္ကေတာ့

ပိန္ပိန္ရွည္ရွည္ ခါးကိုင္းကိုင္းႀကီးဗ်။ေအာင္မယ္

လက္ထဲမွာေတာ့ေၾကးစည္ကို ေသေသခ်ာခ်ာ ကိုင္ထားတာ

ဗ်ိဳ႕။လည္ပင္းမွာ ဇီးျဖဴသီးလုံးေလာက္ရွိတဲ့

စိပ္ပုတီးႀကီးတစ္ကုံးစြပ္လို႔ဗ်။

ေအာင္မယ္ ဒီတေစၦက လူအတိုင္း သြားလာေနႏိူင္တာဗ်ိဳ႕။

မသိရင္ သူ႔ကို လူလိုပဲ ထင္ၾကမွာ ၾကည့္စမ္းဗ်ာ ဆရာႀကီးနဲ႔

တစ္လံေလာက္မွာ ထိုင္တာဗ်။သူ႔မွာပါတဲ့

ပိတ္ျဖဴအခင္းေလးကို

ခင္းလိုက္တာဗ်။ ေအာင္မယ္ တေစၦက က်ဳပ္ကို မသိမသာ

တစ္ခ်က္ေစာင္းၾကည့္တယ္။က်ဳပ္က ေစတီကိုေမာ့ၾကည့္

ေနေယာင္ေဆာင္လိုက္တယ္။

"ေမာင္တာေတ က်ဳပ္ဂါထာေတြ စ႐ြတ္ရေတာ့မွာလား"

က်ဳပ္က ဆရာႀကီးအနားကိုသြားၿပီး လက္ကုတ္လိုက္တယ္

ဆရာႀကီးနဲ႔က်ဳပ္လမ္းမွာကတည္းက

လုပ္လာတဲ့အခ်ိတ္အဆက္

ေပါ့ဗ်ာ။ဆရာႀကီးက နားလုံးဝၾကားေတာ့တာမွ မဟုတ္တာ။

ေဟာ..႐ြတ္ၿပီဗ်ိဳ႕ဆရာႀကီး ဂါထာေတြ စ႐ြတ္ၿပီ ဖိုးသူေတာ္

တေစၦကလည္း လည္းပင္းက ပုတီးႀကီးျဖဳတ္ၿပီး စိပ္ေနတာဗ်။

က်ဳပ္ကေတာ့ တေစၦကို မ်က္ျခည္မျပတ္ ၾကည့္ေနတာ။

ဆရာႀကီးက ဂါထာေတြ႐ြတ္ တေစၦက ပုတီးႀကီးစိပ္ေပါ့ဗ်ာ။

ေခါင္းႀကီးေရွ႕ငိုက္စိုက္က်ၿပီး ငိုက္ေနၿပီဗ်။သူ႔ေပါင္ေပၚမွာ

တင္ထားတဲ့ ေၾကးစည္ကို က်ဳပ္ေျပးယူလိုက္တယ္။

လက္ခတ္ေတာ့ မယူဘူးေလဗ်ာ

ဆရာႀကီးနဲ႔နတ္ရဲေညာင္သားနဲ႔

လုပ္ထားတဲ့ ေၾကးစည္လက္ခတ္က က်ဳပ္ခါးၾကားမွာ

ထိုးတာတာေလဗ်ာ။

ဆရာႀကီးေပးထားတဲ့ သိမ္ဝင္ႀကိဳးနဲ႔ ေၾကးစည္ကို ခပ္ျမန္ျမန္

ေဇာက္ထိုးခ်ည္လိုက္တယ္။ၿပီးေတာ့ ခါးၾကားက ေညာင္သား

လက္ခတ္ကိုယူၿပီး အဆင့္သင့္ လုပ္ထားလိုက္ထားလိုက္တဲ့ဗ်

ေဟာ...ဖိုးသူေတာ္တေစၦ သတိဝင္သြားၿပီဗ်။

အိပ္ငိုက္ကေန ဆတ္ကနဲျဖစ္သြားၿပီး သူေပါင္ေပၚမွာတင္ထား

တဲ့ ေၾကးစည္ကို ေကာက္ကိုင္လိုက္တယ္။ဒါေပမယ့္

ေၾကးစည္မရွိေတာ့ပဲ လက္ခတ္ပဲ သူ႔လက္ထဲပါသြားတယ္။

ဖိုးသူေတာ္တေစၦ မ်က္လုံးႀကီးျပဴး ဆရာႀကီးကို

ၾကည့္ေနတယ္

ေဟာ ဝုန္းကနဲ႔ မတ္တပ္ထရပ္လိုက္တယ္။

ဒါေတြကို က်ဳပ္ပဲျမင္ေနတာေလ။ဆရာႀကီးကေတာ့

ျမင္လည္းမျမင္ ၾကားလည္း မၾကားရေတာ့ ဂါထာေတြပဲ

႐ြတ္ဖတ္ေနတာဗ်။

ဖိုးသူေတာ္တေစၦက ဆရာႀကီးကို သူရဲ႕ပုတီးႀကီးနဲ႔

႐ိုက္ဖို႔ေျပးလာၿပီဗ်ိဳ႕။

"ေနာင္ ေဝ ေဝ ေဝ"

ဟာ...က်ဳပ္တစ္သက္မွာ ဒီတစ္ခါပဲ ေၾကးစည္ကို

ေဇာက္ထိုးထုဖူးတာဗ်ိဳ႕။အသံႀကီးက တစ္မ်ိဳးႀကီးဗ်ာ။

တေစၦ တုံ႔ခနဲ ရပ္သြားတယ္။က်ဳပ္ကို မ်က္လုံးျပဴးႀကီးနဲ႔

ၾကည့္ေနတယ္ဗ်။ေဟာ...က်ဳပ္ဆီကို ေျပးလာေနၿပီဗ်ိဳ႕။

"ေနာင္ ေဝ ေဝ ေဝ"

"ေနာင္ ေဝ ေဝ ေဝ"

ဟာ...ဖိုးသူေတာ္ႀကီး ေရွ႕မတိုးေတာ့ဘူးဗ်။

တုံ႔ကနဲကို ရပ္သြားတယ္။

"ေနာင္ ေဝ ေဝ ေဝ"

က်ဳပ္လည္း ေၾကးစည္ေဇာက္ထိုးလို႔ နတ္ရဲ႕ေညာင္သားလက္

ခတ္နဲ႔ အဆက္မျပတ္ ထုေတာ့တာေပါ့ဗ်ာ

ေဟာ...တေစၦ တဆတ္ဆတ္ တုန္ေနၿပီဗ်ိဳ႕။

"ေနာင္ ေဝ ေဝ ေဝ"

ဟာ ...တေစၦဒူးေထာက္ထိုင္ခ်လိုက္ၿပီဗ်ိဳ႕။

ေအာင္မယ္ အံေတြႀကိတ္ၿပီး ဆရာႀကီးကို ထသတ္ေတာ့မလို႔

ၾကည့္ေနတာဗ်ိဳ႕။

"င့ါေၾကးစည္ ျပန္ေပး"

ဟာ အသံထြက္တယ္ဗ်ိဳ႕။တေစၦက

က်ဳပ္ကိုစိုက္ၾကည့္ေနတယ္

က်ဳပ္လည္း ေက်ာထဲမွာ စိမ့္ကနဲျဖစ္ၿပီး ၾကက္သီးေတြ

ဖ်န္းကနဲ ထသြားတာေပါ့ဗ်ာ။

"ေနာင္ ေဝ ေဝ ေဝ"

စိတ္ထဲ ေၾကာက္သလို ျဖစ္လာေလ ေၾကးစည္ကိုဖိၿပီး

ထုေလေပါ့ဗ်ာ။

က်ဳပ္ခ်ိဳင္းၾကားထဲမွာ ထေနာင္းကုန္းက က်ဳပ္ဆရာေတာ္

ေပးလိုက္တဲ့ သစ္စုန္းေတာင္ေဝွးလည္းညႇပ္ထားေသးတယ္ဗ်။

က်ဳပ္ကို တစ္ခုခု လုပ္လို႔ကေတာ့ သစ္စုန္းအေၾကာင္း

ေကာင္းေကာင္းသိသြားမွာေပါ့ဗ်ာ။

သစ္စုန္းပင္ဆိုတာ မဖဲဝါကိုယ္တိုင္ အေစာင့္ခ်ၿပီး

ကာကြယ္ရတဲ့အပင္ဗ်။မ်က္စီနဲ႔ ျမင္ရတဲ့ အပင္ မဟုတ္ဘူး

က်ဳပ္ေတာင္ မ်က္ကြင္းေဆးကြင္းၿပီး ႏုတ္ယူရတာ။

အဲဒီသစ္စုန္းသားနဲ႔ လုပ္ထားတဲ့ ေတာင္ေဝွးေလဗ်ာ။

"ေမာင္တာေတ...တေစၦကို က်ဳပ္အနား ေခၚလိုက္"

"ဆရာႀကီးအနားမွာ ႐ို႐ိုေသေသ ဒူးေထာက္ ဆရာႀကီးရဲ႕

အမိန္႔ကို နာခံ"

က်ဳပ္ေျပာတဲ့အတိုင္း ဖိုးသူေတာ္တေစၦက လိုက္လုပ္တယ္ဗ်

က်ဳပ္ကေတာ့ လက္ထဲက ေၾကးစည္ ေဇာက္ထိုးကို

မျပတ္ထုေနရတာေပါ့ဗ်ာ။

"ေနာင္ ေဝ ေဝ ေဝ"

"ေနာင္ ေဝ ေဝ ေဝ"

က်ဳပ္ ဆရာႀကီးကို လက္နဲ႔ သုံးခ်က္ကုတ္လိုက္တယ္။

ဒါဆရာႀကီးေျပာထားတဲ့ အခ်က္ေပးသေကၤတေလဗ်ာ

ဆရာႀကီးကလည္း သေဘာေပါက္သြားတယ္

"ေနာင္ ေဝ ေ ဝ ေဝ"

က်ဳပ္ေၾကးစည္ေဇာက္ထိုးကို ထုလိုက္တယ္။

ဟာ...တေစၦေျပးၿပီဗ်ိဳ႕။ေျပးၿပီ။ဘုရားကုန္းေပၚကေနဆင္းၿပီး

ေျပးၿပီဗ်။

အဓိ႒ာန္ဝင္တဲ့သူေတြ ဆရာသမားေတြကို

ဒီဘုရားကုန္းေပၚက ဆင္းေျပးေအာင္ အၿမဲလုပ္ခဲ့တဲ့ဖိုးသူေတာ္

တေစၦႀကီး ခါးႀကီးကိုင္းကိုင္း ကိုင္းကိုင္းနဲ႔ ဆင္းေျပးသြားၿပီဗ်ိဳ႕။

ဒီတစ္ခါေတာ့ ဆရာျပန္ေျပးဘုရားေလး မဟုတ္ေတာ့ဘူးေပါ့

ဗ်ာ။တေစၦျပန္ေျပး ဘုရားေလး ျဖစ္သြားၿပီးေလဗ်ာ။

ဒီကုန္းကို ဆရာေျပးကုန္း လို႔ ေခၚစရာ မလိုေတာ့ဘူးဗ်။

'တေစၦေျပးကုန္း'လို႔ပဲ ေခၚေတာ့ဗ်ာ။

"ေနာင္ ေဝ ေဝ ေဝ"

က်ဳပ္က ေလွကားထိပ္အထိလိုက္ၿပီးေၾကးစည္ထုေပး

လိုက္တယ္။

ၿပီးေတာ့ ဆရာႀကီးကို လက္နဲ႔ ႏွစ္ခ်က္ကုတ္လိုက္တယ္။

"သြားၿပီလားကြဲ႕ ေမာင္တာေတရဲ႕"

"သြားပါၿပီ ဆရာႀကီးေရ သြားၿပီဗ်ိဳ႕"

က်ဳပ္က ဆရာတုံရဲ႕ နားနားကိုကပ္ၿပီး ခပ္က်ယ္က်ယ္

ေအာ္ေျပာလိုက္တယ္။

"ေအး ဒါဆို ရွင္းသြားၿပီေပါ့ကြယ္ ကဲ က်ဳပ္ဒို႔ အခ်ိန္းအခ်က္

လုပ္ခဲ့အတိုင္း ဘုရားေလးက လူေတြကို မီးျပၿပီး

ေခၚလိုက္ေပေတာ့ ေမာင္တာေတေရ"

က်ဳပ္က လြတ္အိတ္ႀကီးထဲက ငါးေတာင့္ထိုးလက္ႏွိပ္

ဓါတ္မီးကိုထုတ္ၿပီး ႐ြာဘက္ကို မွိတ္လိုက္ ဖြင့္လိုက္

လုပ္ျပလိုက္တယ္။

ေဟာ ႐ြာဘက္ကလည္း အခ်က္ျပန္ျပတယ္။

ခဏေနေတာ့ ႐ြာသားေတြ ဘုရားကုန္းေပၚကို

ဆူညံဆူညံနဲ႔ တက္လာၾကတယ္။

သူႀကီး ဦးဘစိုးလည္းပါတာကိုးဗ်။

႐ြာသားေတြက ဘုရားေလးရဲ႕ ရင္ျပင္ေတာ္ေပၚမွာ

ဖေယာင္းတိုင္မီးေတြ တက္ထြန္းၾကတယ္။

ဘုရားရဲ႕ လုံးပတ္ေတာ္မွာလည္း ဖေယာင္းတိုင္ေတြ

လိုက္ၿပီး ထြန္းၾကတယ္။

႐ြာဘက္က ဆူညံဆူညံသံေတြၾကားလို႔

က်ဳပ္ထြက္ၾကည့္လိုက္တယ္။ဟာ...႐ြာသားေတြ

႐ြာျပင္ကိုထြက္ၿပီး ၾကည့္ေနၾကတာကိုး။

ဘုရားမွာလည္း မီးေတြ ထိန္သြားေရာဗ်ိဳ႕။

ခဏေနေတာ့ ႐ြာကလူေတြ ဖေယာင္းတိုင္ထုပ္ေတြယူၿပီး

ထပ္လိုက္လာၾကတယ္။

ဘုရားကုန္းေပၚတက္တဲ့ ေလွကားထစ္ေတြမွာပါ

မီးေတြထြန္းၾကတာဗ်ိဳ႕။

ဖိုးသူေတာ္တေစၦရဲ႕ ေၾကးစည္နဲ႔ လက္ခတ္ကို

ဆရာႀကီးဦးတုံကို အပ္လိုက္ၾကတယ္။

ကိစၥအားလုံးၿပီးသြားေတာ့ ဘုရားေလးကေန

က်ဳပ္႐ြာကိုျပန္ခဲ့တယ္။က်ဳပ္သူငယ္ခ်င္း ငေက်ာ္ပဲ

က်ဳပ္ကိုလွည္းနဲ႔ျပန္ပို႔တာေလဗ်ာ။

ဘုရားေလး႐ြာသူေတြ ယက္ကန္းခတ္ထားတဲ့

တဘက္မာဖလာနဲ႔ ေျမပဲ ႏွမ္းဆီ ပုန္းရည္ႀကီး ထန္းလ်က္

အို...စုံလို႔ေပါ့ဗ်ာ က်ဳပ္ကို လက္ေဆာင္ေပးလိုက္ၾကတာဗ်ိဳ႕.....

ၿပီးပါၿပီခဗ်ာ။

စာဖတ္ပရိတ္သတ္မ်ားအားလုးပဲ စိတ္႐ႊင္လန္းပါေစခဗ်ာ

ဤဝတၱဳေလးအား ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share ေလးနဲ႔ အားေပးသြားပါအုံးဗ်ာ

#တာေတ
#မဖဲဝါ

No comments

Post a Comment