**အခိုင်းစားခံဝိညာဥ်** (ထိုင်းနိုင်ငံက ဖြစ်ရပ်မှန်)

 "ဟဲ့ ဟဲ့ စပယ်ဖြူ ဘယ်သွားမို့လဲ ဟဲ့ စပယ်ဖြူ ဘယ်သွားမလို့လဲ ဟဲ့လုပ်ကြပါဦး စပယ်ဖြူ သရဲ အလွန်ခြောက် သည်ဟု နာမည်ကြီးသည့် ရေကန်ဆီပြေးသွားပြီ... thumbnail 1 summary

 "ဟဲ့ ဟဲ့ စပယ်ဖြူ ဘယ်သွားမို့လဲ

ဟဲ့ စပယ်ဖြူ ဘယ်သွားမလို့လဲ

ဟဲ့လုပ်ကြပါဦး စပယ်ဖြူ သရဲ အလွန်ခြောက်

သည်ဟု နာမည်ကြီးသည့် ရေကန်ဆီပြေးသွားပြီး " ထိုအထဲက မိန်းမ တစ်ဦးအော်မှ အားလုံးသတိဝင်လာ ကြသည်။ စပယ်ဖြူကရေကန်ထဲဆင်းနေတာ လူတစ်ကိုယ်လုံးတောင်မြုပ်လုနီးဖြစ်နေပြီးစပယ်ဖြူပါးစပ် ကလည်း ပွစိပွစိပြောပြောရင်းရေကန်ထဲ ဆင်းနေသည်။ ထိုတော့မှ ယောကျာ်လေး လေးငါးယောက်လောက် ရေကန်ကြီးဆီ ပြေးဆင်းကြရင်းစပယ်ဖြူကို ဝိုင်းဆွဲထားကြသည်။ ယောကျာ်းအသန်အမာကြီးတွေ ဆွဲတာကို စပယ်ဖြူ မဖြုံပေ ရေထဲပဲ ဆင်းပြေးရန် အတင်းရုန်းနေသည်။ ယောကျာ်းလေးငါးယောက် ဝိုင်းဆွဲတာကို စပယ်ဖြူ အားက သန်မာနေတော့ယောက်ျားလေးတွေ မနိူင်ကြပေ ။လွတ်လွတ်ထွက်နေသည်။ ဒီလို ရုန်းနေ သည့်ကြားက မနည်းရအောင် ဆွဲခေါ်ခဲ့ရသည်။ သွေးရိုးသားရိုးမဖြစ်နိုင်မှန်းသိတော့ စပယ်ဖြူကို ဇွတ်တင်း ဆွဲခေါ်လာပြီးပရိတ်ရေနဲ့ပက်ဖြန်းကြသည်။ ထိုတော့မှစပယ်ဖြူ အသိစိတ်ဝင်လာခဲ့သည်။ သူ့ကိုမေးတော့ သူလည်း ဘာမှ မသိကြောင်းပြန်ပြောသည်။ သူတို့ ထင်တာတော့ သရဲမ ဝေဝေ ဟာ ရေနဲ့ သေလို့ သူဟာ စပယ်ဖြူကို ဝင်ပူးပြီးရေထဲ ဆွဲခေါ်တာပဲ ဖြစ်လိမ့်မယ်။အလားတူပဲ အခြားသူများကိုလည်း သရဲခြောက်

သော.ရေကန်ကြီးထဲ ဆွဲခေါ်ခဲ့ဖူးသူများလည်းရှိခဲ့သည့်အတွက် ဒီလို တပ်အပ်ပြောနိုင်ခြင်း ဖြစ်၏။

"ဒီတိုင်းနေလို့တော့မဖြစ်တော့ဘူးဟေ့တစ်ခုခုတော့ လုပ်မှဖြစ်တော့မယ်။ကြာရင် စပယ်ဖြူအတွက် မကောင်းဘူး။"

စက်ရုံထဲက အလုပ်သမား ဘာသာတူသူငယ်ချင်းများကို စပယ်ဖြူအမျိူးသားပြောလိုက်သည်။

"ဒါဆို ဝေဝေဝိညာဉ်လေးဘဝကူးကောင်းအောင် ဘုန်းကြီးပင့်၊ လျူဖွယ်ဝထ္ထုကပ်ပြီး ၊ ကျွတ်လွတ်သွား အောင်လုပ်ရင်မကောင်းဘူးလား။"

"ကောင်းတာပေါ့.ဗျ ..ကျူပ်တို့ အလုပ်သမားတွေ အလျူငွေ စုပြီး ကုသိုလ်ပြု ကြမယ်လေ။ ဒါဆိုကျွန်တော်တို့ အားလုံးလဲ အဆင်ပြေမယ်။ သရဲမဝေဝေလည်း ကျွတ်လွတ်မယ်။ကုသိုလ်လည်းရ ဝမ်းလည်းဝမယ်။"

"ဒါဆို အလျူငွေစုကြစို့ဗျို့" သူငယ်ချင်းတွေသရဲမလေး ဝေဝေအတွက် ကုသိုလ်ပြုဖြစ်ကြတော့မယ်လေ။


ဗမာဘုန်းကြီးကျောင်းသို့ သူငယ်ချင်းတစ်စု ဝေဝေအတွက် ကုသိုလ်ပြု အမျှဝေဖို့ပြင်ဆင်နေကြသည်။ ဝိညာဉ်မလေး ဝေဝေကိုလည်း တရားပွဲ စ ကာ နီး ဘုန်းဘုန်းကတရားလာနာဖို့ ဖတ်ခေါ်လိုက်သည်။ တရားပွဲအပြီးမှာ ...တော့ ဝေဝေအတွက် ပြုပေးသည့်ကုသိုလ်အစုစုကြောင့် ဝေဝေ ဝိညာဉ်လေး ကျွတ်လွတ်

သွားပြီး ကောင်းရာဘုံဘဝသို့ရောက်ရှိသွားလိမ့်မယ်လို့ အားလုံးမျှော်လင့်မိကြသည်။


နောက်တစ်နေ့တွင်လည်း ဝေဝေဝိညာဉ်က ခြောက်လန့်နေတုန်း သူ့ဝိညာဉ်ကစက်ရုံထဲကမာလကာပင်မှာ လည်း နေသေးသည်။ ထိုမာလကာပင်နားသွားသူတိုင်းကိုလည်း ခြောက်လန့်တတ်သည့်အတွက် ထိုမာလကာ ပင်နားလည်း မသွားဝန့်ကျ အသီးသီးလာရင်လည်း မခူးရဲကျပေ။ ရှောင်ကွင်းသွားကျသည်။ ကုသိုလ်ပြု အမျှ ပေးဝေပါလျက်မကျွတ်မလွတ်ဖြစ်နေသည်။ ဝိညာဉ်မလေးသေခဲ့သည့်ရေတွင်းအနားတဝိူက်တွင်လည်း

ဝေဝေလိုမျိုးအလားတူ အသတ်ခံခဲ့သူတွေအများအပြားရှိနေသည်ဟု ဝေဝေကိုယ်တိုင်ပြောပြခဲ့ဖူးသည်။ ဝေဝေပြောပြချက်အရ သူမပြောတာမှန်ကန်မူရှိမရှိသိရှိလို၍ ရေတွင်းပျက်နားတစ်ဝိူက် သွားရောက်ရှာဖွေ တူးဖော်ကြည့်သည့်အခါ လူသေများရဲ့အရိုးစုများကို တွေ့ရှိခဲ့ရပါသေးသည်။ ဝေဝေရဲ့အရိုးစုကတော့ရေတွင်း ရဲ့ အောက်ဆုံးပိုင်းမှာအမှန်တစ်ကယ်တွေ့ရှိခဲ့သည့်အတွက် ဝေဝေအတွက်လည်း အမှန်တစ်ကယ်စိတ် မကောင်း ဖြစ်ခဲ့ရပါသေးတယ်။ ဝေဝေအတွက် ကုသိုလ်ပြုအမျှဝေပေးပေမဲ့ အခြားဝိညာဉ်တွေသာ

ကျွတ်လွှတ်သွားပြီဝိညာဉ်မလေးဝေဝေက တော့ မကျွတ်လွတ်နိုင်သေးဘဲ ယခုအချိန်ထိ ခိုင်းစားခံနေရ သေးကြောင်း အိပ်မက်တွင်လာရောက်ပြောသွားချက်အရ သိရှိခဲ့ရသည်။စက်ရုံက အလုပ်သမားအချိ့ ဝိညာဉ်မလေးဝေဝေအတွက် ကုသိုလ်ပြုပေးခဲ့ကြပေမဲ့ ဝေဝေဝိညာဉ်လေး မကျွတ်လွတ်သေးပဲရှိနေခဲ့သည်။

ရွှေမြန်မာတို့ သူတစ်ပါး၏ နိုင်ငံတွင် မလွှဲသာမရှောင်သာ အလုပ်လုပ်နေခဲ့ကြသည်ရှိသော် သတိအမြဲရှိနိုင်ကြ ပါစေလို့၊ သတိဆိုတာပိုသည်မရှိပါဘူး။ သတိလေးသာ အမြဲထားနိုင်ကြပါစေလို့ စာရေးသူ ဆုတောင်းပေး ပါတယ်။


ဤဇာတ်လမ်းလေးက ထိုင်းနိုင်ငံမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ စာရေးသူလည်း အဲသည်စက်ရုံမှာ လုပ်ကိုင်နေသူတစ်ဦးတစ်ယောက်၏ ပြောပြချက်အရ ဇာတ်လမ်းလေးကို ဆီလျော်အောင်ဖြည့်စွပ် ရေးသားပေးထားခြင်းဖြစ်ပါတယ်။ တစ်ပါးသူနိုင်ငံမှာ သားနဲ့ယောကျာ်းကိုခွဲပြီးအလုပ်လုပ်ရင်းသေခဲ့ရသော သရဲမလေးဝေဝေလည်း ဝဋ်ကျွေးပါရင် ဒီဘဝဒီမျှနဲ့သာကျေပါစေ။ သူမရဲ့ဘဝလေး ဘယ်အတိုင်းအတာ တစ်ခုထိ ခိုင်းစားခံနေရဦးမလည်းမသိရပေမဲ့ စာရေးသူ ဆုတောင်းပေးချင်တာကခိုင်စားခံ ဝိညာဉ်ဘဝမှ အမြန်ဆုံးကျွတ်လွတ်ပါစေ ဆုတောင်းရင်း


..ပြီးပါပြီ...


ဇာတ်လမ်းထဲက နာမ်မည်များမှာ အစစ်မှန်မဟုတ်၊ စာရေးသူ ထည့်သွင်းထားချင်သာ။ စာဖတ်သူအားလုံး အသိလေးရကြပါစေ။သတိလေးရှိကြပါစေလို့ဆန္ဒပြုရင်း။..

No comments

Post a Comment