လူသေရင် တစ္ဆေဖြစ်သတဲ့လား(စ/ဆုံး)

   မဟုတ်ရင် ငါ့မှာ ဘယ်လိုရှာရမှန်းတောင် သိမှာမဟုတ်ဘူး တာတေရ " "ဒါဆိုရင်တော့ ခဏစောင့်ဗျာ၊ သေသူနှင့် ပက်သက်ရင် မဖဲဝါနဲ့ ဆိုင်တယ်ဗျ၊ ... thumbnail 1 summary

  မဟုတ်ရင် ငါ့မှာ

ဘယ်လိုရှာရမှန်းတောင် သိမှာမဟုတ်ဘူး
တာတေရ "

"ဒါဆိုရင်တော့ ခဏစောင့်ဗျာ၊ သေသူနှင့်
ပက်သက်ရင် မဖဲဝါနဲ့ ဆိုင်တယ်ဗျ၊ ကျုပ်
ဒီည မဖဲဝါကို မေးကြည့်မယ်ဗျာ "

ညရောက်တော့ မအိပ်ခင်မှာ မဖဲဝါရဲ့
ကိုယ်တူကိုယ်ခွဲ အရုပ်ကလေးကို ကိုင်ပြီး
မဖဲဝါကို အကြောင်းပြုလိုက်တယ်။

"သင်္ချိုင်းရှင်မ မဖဲဝါဗျာ၊ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က
ဆုံးသွားတဲ့ ဘွားမယ်စိုးရဲ့ အိပ်ခန်းထဲမှာ ထူးဆန်တဲ့
ငှက်ကလေးတစ်ကောင် ရောက်နေပါတယ်၊အဲဒီ
ငှက်ကလေးဟာ ဘွားမယ်စိုးနဲ့ ပတ်သက်မှု
ရှိ ,မရှိကို သိချင်လို့ပါဗျာ "

အရုပ်ကလေးကို ခေါင်းအုံးအောက်မှာ ထားပြီး
အိပ်လိုက်တယ်

ကျုပ်ကို မဖဲဝါ အိပ်မက်ပေးတယ်ဗျ

လေတွေ တဟူးဟူးတိုက်နေတဲ့ ဆယ့်နှစ်ရာသီပင်ကြီး
အောက်မှာ မဖဲဝါကို ကျုပ်တွေ့တယ်။ သူ့ကို
ကျုပ် လန့်မသွားအောင် ကျုပ်နဲ့ ရွယ်တူလောက်ရှိတဲ့
ကောင်မလေးအရွယ် ဖန်ဆင်းထားတာဗျ။

ဆံပင်ရှည်ရှည်လေးကို ဖားလျားချထားပြီး
နားရွက်အပေါ်လောက်မှာ ဆယ့်နှစ်ရာသီအဝါ
ပွင့်လေးတစ်ပွင့် ပန်ထားတယ်၊ ဆယ့်နှစ်ရာသီပင်
ကြီးကလည်း တစ်ပင်လုံး အပွင့်ဝါတွေနဲ့
ဝေနေလို့ဗျ။

"တာတေ နင် မှတ်ထား၊လူသေတိုင်းလည်း
တစ္ဆေ မဖြစ်ဘူး၊ တစ္ဆေဖြစ်တယ် ဆိုတာ
သေခါနီး အသက်ကုန်ခါနီးလေးမှာ တစ်ခုခုကို
စိတ်ထဲစွဲလန်းသွားတော့မှ တစ္ဆေဖြစ်တာ။
သရဲဖြစ်တယ်၊ ပြိတ္တာဖြစ်တယ် ဆိုတာကတော့
တစ်သက်လုံး အကုသိုလ်အလုပ်တွေ လုပ်ပြီး
အကုသိုလ်စိတ်နဲ့ အမြဲလွှမ်းမိုးပြီး နေနေတဲ့
လူတွေ သေတဲ့အခါ အဲဒီအာရုံတွေကို
စိတ်ကရောက်ပြီး ဖြစ်ကြတာ။

ဒါပေမဲ့ တစ်သက်လုံး ကောင်းတာလုပ်နေတဲ့
သူတော်ကောင်းကြီးတွေလည်း သေခါနီးမှာ
တစ်ခုခုကို စွဲသွားရင် ခဏတော့ တစ္ဆေ
ဖြစ်တတ်ကြတယ်

အဲဒါထက် ထူးဆန်းတာက သန္ဓေမတည်၊
ဥကမပေါက်ဘဲ အရွယ်ရောက်ပြီးသား
ငှက်တို့၊ မြွေတို့ သွားပြီး ဖြစ်တတ်ကြတယ်။

ဒါကတော့ သူတို့ရဲ့ ဝဋ်ကြွေးတစ်ခုခုကို
ဆပ်ရတဲ့ သဘောပဲ တာတေ၊ ငှက်ကလေးတွေ၊
မြွေကြီးတွေ အဖြစ်ကို ဘွားကနဲ ပေါ်လာပြီး
ဖြစ်သွားတာ၊ ဥက ပေါက်နေရတာ မဟုတ်ဘူး "

"ဟာ…အဲဒီလို ရှိလို့လား မဖဲဝါ "

"ရှိတယ် တာတေ၊ ရှိတယ်၊ အခု နင်တို့
ဘွားမယ်စိုးကြီးက အဲဒီလို ပုံစံနဲ့ ငှက်ကလေး
သွားဖြစ်တာဟဲ့ "

"ဟာ …ဖြစ်ရလေဗျာ "

"ဘာမှ မဖြစ်ဘူး တာတေ၊ အလှူဒါနလုပ်ပြီး
အဲဒီငှက်ကလေးကို တရားနာခိုင်းလိုက်၊
ရက်လည်တုန်းက သူ မှီအောင်လာတာ၊
မမှီလိုက်ဘူး နောက်ကျသွားတယ်၊
သူက တခြားတစ်နေရာမှာ ငှက်သွားဖြစ်တာ၊
လေထဲမှာ ဘွားကနဲ ပေါ်တာ။ဒါပေမဲ့
သူ့စိတ်က ဘွားမယ်စိုးစိတ်ပဲ၊ အားလုံးသိတယ် "

မနက်မိုးလင်းတော့ ကျုပ်က ဘွားမယ်စိုးရဲ့
အိမ်ကို သွားပြီး အကျိုးအကြောင်း
ပြောပြလိုက်တယ်။

သူတို့မိသားစုတွေ အလှူလုပ်ဖို့
ချက်ချင်း ပြင်တယ်။ ဆရာတော် ဦးဂုဏကို
ပင့်ဖို့ ပြင်ဆင်ကြတယ်။ ဆွမ်းကပ်ပြီး
တရားနာတဲ့ အချိန်မှာ ကျုပ် ရှိတယ်ဗျ

ကျုပ်ပဲ ဘွားမယ်စိုးအခန်းကိုဝင်ပြီး
ငှက်ကလေးကို သွားပြောတာ။
မဖဲဝါက ပြောတယ်လေဗျာ။

ဘွားမယ်စိုးက သူ့နဂိုစိတ်အတိုင်း
ရှိနေတယ်တဲ့။

ငှက်ကလေးက ကိုကြီးမောင်ပု ပြောသလိုပဲဗျ။
ရွှေရောင်နဲ့ အစိမ်းရောင်ကြားလေး နှုတ်သီးနီနီလေးနဲ့
အရောင်လေးတွေက တောက်နေတာဗျို့။
တော်တော်လှတဲ့ ငှက်ကလေးပါဗျာ။

ကျုပ်က ငှက်ကလေးကို သေသေချာချာ ကြည့်တယ်
ငှက်ကလေးကလည်း ကျုပ်ကို သေသေချာချာ
ကြည့်နေတယ်။

"ဘွား၊ ကျုပ် တာတေလေ ဘွားရဲ့၊
ဘွားအတွက် အလှူလုပ်ပေးကြတာ၊
ဆရာတော်နဲ့ သံဃာတွေကို ဆွမ်းကပ်တော့မှာ
ပြီးရင် ဆရာတော် တရားဟောမှာ ဘွားရဲ့၊
အဲဒါကြောင့် ဘွားကို ဆွမ်းကပ်ဖို့ လာခေါ်တာ၊
ဒီအလှူက ဘွားရဲ့ အလှူလေ"

လို့ ကျုပ်ပြောလိုက်ရုံ ရှိသေးတယ်
ငှက်ကလေးက နားနေရာကနေ ပျံလာပြီး
ကျုပ်ပုခုံးပေါ်မှာ နားလိုက်တယ်

မဖဲဝါပြောတာ ဟုတ်လိုက်တာလို့
ကျုပ်စိတ်ထဲမှာ တွေးလိုက်မိတယ်

ကျုပ်က ကျုပ်ပုခုံးပေါ်မှာ နားနေတဲ့
ဘွားမယ်စိုးငှက်ကလေးကို အိမ်ရှေ့ခေါ်လာတယ်

လူတွေ ဝိုင်းကြည့်ကြတာပေါ့ဗျာ။
ငှက်ကလေးက ကျုပ်ပုခုံးပေါ်မှာ
နားနေရင်းကနေ ဆွမ်းကပ်တာကို
အာရုံပြုတယ်။

ကျုပ်က ဆွမ်းပွဲဝင်ကိုင်ပြီး ကပ်ရတာပေါ့ဗျာ။

ဆရာတော်နဲ့ သံဃာတော်တွေ ဆွမ်းဘုန်းပေးတာကို
သေသေချာချာ ကြည့်နေတယ်။ဆရာတော်ကို
သင်္ကန်းလှူတော့လည်း ကျုပ်က ကိုင်ပြီး
လှူပေးရတာပေါ့ဗျာ။

ငှက်ကလေးက ကျုပ်ပုခုံးပေါ်မှာပေါ့။

လှူတာတန်းတာပြီးတော့ ဆရာတော်က
တရားဟောတယ်။

ငှက်ကလေးက တရားကို သေသေချာချာ
နာနေပုံပဲဗျ။

နောက်ဆုံး ဆရာတော်က ရေစက်ချခိုင်းတယ်။
ကျုပ်ကပဲ ရေစက်ခွက်ကိုင်ပြီး ချပေးရတာပေါ့ဗျာ။
အမျှဝေတယ်။ သာဓုခေါ်ကြတယ်။

သာဓု၊ သာဓု၊ သာဓုလို့ သုံးကြိမ်ခေါ်ကြလို့
အပြီးမှာ ကျုပ် ပုခုံးပေါ်မှာ နားနေတဲ့ ဘွားမယ်စိုး
ငှက်ကလေး ဘုတ်ကနဲ ပြုတ်ကျပြီး ငြိမ်သွားတယ်ဗျို့။

"ဟာ"

ကြည့်နေတဲ့ လူတွေက တစ်ပြိုင်နက်တည်း
အော်လိုက်ကြတာဗျ။ ဆရာတော်က ခေါင်းညိတ်ပြီး
ပြောတယ်။

"ကဲ ဝမ်းသာကြပေတော့၊ ဘွားတော်ကြီး
ကောင်းရာသုဂတိဘုံကို စံဝင်သွားပြီ"

လို့ ပြောလိုက်တယ် ။ ဒီတော့မှ ကိုကြီးမောင်ပုတို့
မိသားစုတွေလည်း ရယ်နိုင်မောနိုင်ကြတော့တာပေါ့ဗျာ။

*****

ပြီးပါပြီ...။
#မူရင်းရေးသူဆရာတာတေ
စာဖတ်သူများစိတ်ရွှင်လန်းကြပါစေဗျာ...💖

#တာတေ
#မဖဲဝါ

No comments

Post a Comment