သစ်ပုပ်ရွာက ​ကြက်လူသား (စဆုံး)

  သစ်ပုပ်ရွာက ​ကြက်လူသား (စဆုံး) (ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံလျက် ပြန်လည်ရေးသားထားပါသည်) (၁) “ငါ့သားရယ်၊ စောစောစီးစီး အကုသိုလ်အလုပ်တွေ မလုပ... thumbnail 1 summary

 သစ်ပုပ်ရွာက ​ကြက်လူသား (စဆုံး)

(ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံလျက် ပြန်လည်ရေးသားထားပါသည်)

(၁)

“ငါ့သားရယ်၊ စောစောစီးစီး အကုသိုလ်အလုပ်တွေ မလုပ်ပါနဲ့လား”

“အိုဗျာ၊ အမေကလည်း ကျုပ်က ထမင်းဆိုအသားတစ်မျိုးမျိုးပါမှ စားတတ်တာမဟုတ်လား”

“ဒါဖြင့်ရင်လည်း နေ့လည်ကျရင်လာမယ့် အသားသည်ဆီက အမေအသားဝယ်ထားမယ်၊ ဒီမနက်တော့ သည်းခံလိုက်နော် ငါ့သား”

“အမေတို့ကလည်းဗျာ၊ ကျုပ်သည်းမခံနိုင်ဘူး၊ အမေချက်ထားတဲ့ဟင်းတွေကိုလဲ ကျုပ်မစားချင်ဘူး”

ဖိုးတေတစ်ယောက် သူ့အမေခူးခပ်ပေးထားသည့် မနက်စာထမင်းစားပွဲကို ခြေထောက်တစ်ဖက်ဖြင့်ကန်ထည့်လိုက်ရာ ထမင်းစားပွဲမှာ တစ်ဖက်သို့စောင်းသွားပြီး စားပွဲပေါ်ရှိ ထမင်းပန်းကန်နှင့် ဟင်းပန်ကန်များမှာ ကြမ်းပေါ်သို့မှောက်ကျကုန်လေသည်။ ထို့နောက် နံရံတွင်ချိတ်ထားသည့် လွယ်အိတ်ကိုကောက်လွယ်လိုက်ပြီး ထရံတွင်ထိုးထားသည့် ဓါးရှည်တစ်လက်ကိုဆွဲလိုက်ကာ ခမောက်အစုတ်တစ်လုံးစောင်းပြီး အိမ်ပေါ်မှဆင်းလာလေသည်။

“ဟဲ့သား၊ ဘယ်သွားမလို့လဲ၊ အမေအခုပဲ အိမ်ကြက်ကလေးတစ်ကောင် ချက်ပေးမယ်”

“ထွီ၊ တော်စမ်းပါအမေရာ၊ ကျုပ်မစားချင်တော့ဘူး၊ အမေချက်မနေနဲ့၊ ကျုပ်အခုတောထဲသွားမယ်၊ ခုံးသွားထောင်မယ်”

အိမ်ပေါ်မှ ခြေလှမ်းကျဲကြီးဖြင့် ဆင်းသွားသည့် သားဖြစ်သူ ဖိုးတေကိုကြည့်ရင်း ဒေါ်ပြုံးတစ်ယောက် သက်ပြင်းချလိုက်မိသည်။ ထို့နောက် ကြမ်းပြင်တွင် ပြန့်ကျဲနေသည့် ထမင်းဟင်းပန်ကန်များကို ကောက်ရင်းသိမ်းဆည်းနေမိသည်။ ထို့နောက် အိမ်ရှေ့သို့ထွက်လာရင်း ဘုရားကျောင်းဆောင်ကို တစ်ချက်ကြည့်လိုက်မိသည်။ ဘုရားကျောင်းဆောင်က သေးငယ်သော်လည်း ညောင်ရေအိုးများတွင် တောပန်းကလေးများဖြင့် စိမ်းစိုပွင့်ဖူးကာ လှပနေသည်။ ဒေါ်ပြုံးလည်း ဘုရားရှေ့တွင်လက်အုပ်ချီလိုက်ပြီး ဆုတောင်းလိုက်မိသည်။

“ကျွန်မသားလေး ဘာမှမဖြစ်ပါစေနဲ့ ဘုရား”

ထို့နောက် ဒေါ်ပြုံးအိမ်ပေါ်ကဆင်းခဲ့သည်။ အိမ်ရှေ့မြေကွက်လပ်တွင် စိုက်ပျိုးထားသည့် တိုင်ထောင်ပဲများ၊ ငရုတ်ပင်များကို ရေဆင်းလောင်းရန်အတွက် ဆင်းလာခဲ့ခြင်းဖြစ်သည်။ ဒေါ်ပြုံးတို့ ခြံကလေးတွင် သီးပင်စားပင်အစုံဖြင့် စိမ်းစိုနေသည်။ တိုင်ထောင်ပဲများ၊ ငရုတ်ပင်များအရှေ့တွင် သင်္ဘောပင်များကို စီတန်းကာစိုက်ပျိုးထားသည်။ ထိုဘေးဘက်တွင် ပြောင်းတစ်ခင်းလဲရှိသေးသလို အိမ်နောက်ဖေးတွင်လည်း ကြီးမားသော ဘူးစင်ကြီးက စီတန်းလျှက်ရှိသည်။ ဘူးစင်အောက်တွင် ဘဲတစ်အုပ်က ပြေးလွှားနေသလို အိမ်တွင်မွေးထားသည့် ကြက်အုပ်အတွင်းမှ ကြက်ဖကြီးတစ်ကောင်ကလည်း ဘူးစင်ပေါ်သို့ပျံတက်လိုက်ကာ “အောက်အီးအီးအွတ်” ဟု အော်သံပေးလိုက်ပြန်သည်။

“ဒီကောင်လေးက အဖေတူတဲ့သားလေးပဲ၊ သူ့အဖေရဲ့စရိုက်တွေ ပါလာတာနေမှာပါ”

ဒေါ်ပြုံးအပင်ရေလောင်းရင်းတွေးမိသည်။ ဒေါ်ပြုံးယောက်ျားကိုတိုးမောင်က ယာလုပ်သော်လည်း ငှက်ထောင်ခြင်း၊ အမဲလိုက်ခြင်းများကို အလွန်ဝါသနာထုံသည့်အတွက် မုဆိုးတစ်ပိုင်းဖြစ်နေလေသည်။ ဒေါ်ပြုံးနှင့် အချိန်အတော်ကြာ ပေါင်းသင်းခဲ့သော်လည်း သားသမီးရတနာမရရှိခဲ့ပေ၊ သို့သော် ဒေါ်ပြုံးအသက်လေးဆယ်ကျော်မှ ကိုယ်ဝန်ရခဲ့ပြီး ယခုသားလေး တိုးအောင်ကို မွေးဖွားခဲ့သည်။ တိုးအောင်မွေးပြီး သိပ်မကြာခင်မှာပင် သူ့ယောက်ျား တိုးမောင်တောတက်ရင်း ချောက်ထဲကျကာ သေဆုံးခဲ့သည်။ သားလေးတိုးအောင်မှာ ငယ်ငယ်ကတည်းက စရိုက်ကြမ်းသလို ကြီးလာသည့်အခါ ပိုပြီးဆိုးသွမ်းလာလေသည်။ ထို့အတွက် တိုးအောင်ဆိုသည့် အမည်ရင်းပျောက်ကွယ်ပြီး တစ်ရွာလုံးက ဖိုးတေဟုသာ ခေါ်ဆိုကြသည်။ ဖိုးတေဆိုသည့်နာမည်အတိုင်း ပေသည်၊ တေသည်။ ပိုပြီးဆိုးသွားသည်က ဖိုးတေလူပျိုပေါက်အရွယ်တွင် ရပ်ထဲရွာထဲ ဆိုးမိုက်ပေတေသည့် လူမိုက် သံလုံးနှင့် ပေါင်းဖက်မိရာမှ ပိုပြီးပေပေတေတေဖြစ်သွားရပြန်သည်။ စင်စစ်အားဖြင့် ဒေါ်ပြုံးတို့ သားအမိနှစ်ယောက်အတွက် စားဝတ်နေရေးက ပူစရာမရှိပေ၊ ယာကိုသီးစားအငှားချထားသလို ဒေါ်ပြုံးကိုယ်တိုင်ကလည်း ခြံဝိုင်းထဲတွင် သီးပင်စားပုံများစိုက်ထားကာ ရောင်းချစားသောက်ခြင်းဖြင့် မပူမပင်စားသောက်နိုင်သော်လည်း ဖိုးတေကတော့ တေမြဲတေဆဲပင်ဖြစ်သည်။

(၂)

“ဟေ့ကောင်ဖိုးတေ၊ မင်းဘာဖြစ်လာတာလဲ”

ရွာစွန်ရှိ အရက်ခွက်ပုန်းဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် သူ့ဆရာဖြစ်သူ သံလုံးက အရက်တစ်ပုလင်းသောက်ရင်း ဇိမ်ကျနေပြီဖြစ်သည်။ ဖိုးတေဆိုင်ထဲဝင်လာသည်ကို မြင်သည့်အခါ သံလုံးက လှမ်းမေးသည်။

“ဘာဖြစ်ရမလဲဗျာ၊ အမေပေါ့၊ အာလူးဆီပြန်နဲ့ ပဲကြီးဟင်းချိုပဲ ကျုပ်ကိုကျွေးတယ်ဗျာ၊ အသားတစ်ဖတ်တောင် မပါဘူးလေ”

ဖိုးတေက သံလုံးရှေ့တွင်ထိုင်လိုက်ပြီး သံလုံးငှဲ့ထားသည့်အရက်ခွက်ကို ကောက်ယူကာ မော့ချလိုက်သည်။

“ကျုပ်ဆိုတဲ့ကောင်ကလည်း ထမင်းစားရင် အသားမပါရင် စားတာမဟုတ်ဘူးဗျ၊ အသားဆိုရင်လည်း သူများဆီက ဝယ်စားတာထက် လတ်လတ်ဆတ်ဆတ် ကိုယ်ကိုယ်တိုင် ဖမ်းပြီးသတ်စားရတဲ့ အရသာကိုကြိုက်တာဗျ”

ထိုအခါ သံလုံးက ဖိုးတေအရှေ့သို့ ပန်းကန်တစ်ချပ်ကို ချပေးလိုက်လေသည်။ ပန်းကန်ထဲတွင် ကြွက်တစ်ကောင်ကို ခုတ်ထစ်ပြီး ဆီနည်းနည်းနှင့် ကြော်ထားသည့် ကြွက်ကြော်များကိုတွေ့ရသည်။ ဖိုးတေက ကြွက်ကြော်တစ်တုံးကို ကောက်ယူလိုက်ပြီး သံလုံးကိုကြည့်လိုက်သည်။

“ကိုသံလုံး၊ ခင်ဗျားကြွက်က ဝယ်ထားတဲ့ကြွက်လား”

သံလုံးက ရယ်မောပြီး

“ငါလခွမ်း၊ မင်းငါ့အကြောင်းသိတယ်မဟုတ်လားဖိုးတေရ၊ ငါဆိုတဲ့ကောင်ကလည်း ငါ့ပါးစပ်ထဲသွင်းမယ့် အသားကို ငါကိုယ်တိုင်သတ်ရမှာကျေနပ်တဲ့ကောင်ကွ၊ အခုကြွက်ကလည်း ညက ငါထောင်ထားတဲ့ကြွက်၊ မင်းမစားချင်နေ”

ထိုတော့မှ ဖိုးတေက ကြွက်သားကြော်ကို ပါးစပ်ထဲသို့ ပစ်ထည့်ကာဝါးလိုက်ရင်း

“ချိုလိုက်တာဗျာ၊ လတ်လတ်ဆတ်ဆတ်သတ်ထားတာမို့ထင်တယ်နော်”

“စားကွာ၊ သောက်ကွာ၊ ဒါနဲ့ ဒီနေ့မင်းဘယ်သွားမလို့လဲ”

“ကျုပ် ရေမြှောင်ဘက်တက်မယ်ဗျာ၊ အခုက ခုံးရာသီဆိုတော့ ခုံးတွေသွားထောင်မယ်”

သံလုံးက ခေါင်းညိတ်လိုက်ပြီး

“ကောင်းတာပေါ့ကွာ၊ သောက်ပြီးရင် သွားကြတာပေါ့၊ ငါလည်းလိုက်ခဲ့မယ်”

အသက်ဆယ့်ငါးနှစ်သာ ရှိသေးသည့် ဖိုးတေက အရက်ကိုအလွန်ကြိုက်သည့် ဇိုးသမားတစ်ယောက်ဖြစ်နေခဲ့လေပြီ၊ ထိုမျှမကသေး ဆရာဖြစ်သူ သံလုံးနှင့်ပေါင်းပြီး အတူတူမိုက်ကြသည်။ ရွာထဲ ရိုက်ပြီ နှက်ပြီဆိုလျှင် ဖိုးတေတို့ထိပ်ဆုံးကဖြစ်သည်။ လူမိုက်သံလုံးနှင့် ပေပေတေတေဖိုးတေတို့ပေါင်းမိပြီး ရွာထဲတွင် မိုက်ချင်တိုင်း မိုက်နေကြလေသည်။ သံလုံးကလည်း ဆိုးမိုက်သည့်အပြင် ဝက်ထိုး၊ နွားပေါ်ဆိုလျှင်လည်း သံလုံးသာ စီစဉ်ပေးနေကြပင်၊ တောရိုင်းကောင်လေးများကိုလည်း ဖမ်းဆီးပြီး အမြဲသတ်ဖြတ်ကာ စားသောက်တတ်သူတစ်ယောက်ဖြစ်သည်။ အမြုတေရှိရာ အမြုတေစုဆိုသလို လူမိုက်သံလုံးနှင့် ဖိုးတေတို့ပေါင်းမိကြလေသည်။ မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါဆိုသည့်အတိုင်း ဖိုးတေသည်လည်း သံလုံးလက်သစ်တစ်ယောက် ဖြစ်လာခဲ့လေသည်။

အရက်သောက်ပြီးတော့ သံလုံးတို့အိမ်သို့ လျှောက်ခဲ့ကြသည်။ သံလုံးက အိမ်သို့ရောက်သောအခါ သူယူနေကြ ပစ္စည်းကိရိယာများကိုယူသည်။ ထိုစဉ် သံလုံး၏ သားမှာ အော်ဟစ်ပြီးငိုကြွေးလေသည်။

“ဟဲ့ကောင်မ၊ မိပွင့်၊ ဒီမှာကလေးငိုနေပြီ၊ နင်ဘာလုပ်နေတာလဲ”

သံလုံးမိန်းမ မိပွင့်က အိမ်နောက်ဖေးခန်းမှ ပြေးထွက်လာကာ သားငယ်ကိုကောက်ချီလိုက်သည်။

“သူဗိုက်ဆာလို့ ငိုတာရှင့်”

“ဗိုက်ဆာရင် ကျွေးလိုက်ပေါ့ကွာ”

“ရှင်ပါးစပ်က အပြောသိပ်လွယ်တယ်ကိုသံလုံး၊ ဆန်အိုးထဲ ဆန်မှမရှိဘဲ၊ မနေ့က ကျန်တဲ့ထမင်းကြမ်းကိုလည်း ရှင်က အပင်းချသွားတယ်မဟုတ်လား၊ ဘာမှမရှာပေးတဲ့အပြင် ကျုပ်ရဲ့ ရှိစုမဲ့စု ဆီကိုလည်း ရှင်သုံးသွားသေးတယ်မဟုတ်လား”

သံလုံးက စိတ်ရှုပ်လာပြီး မိပွင့်ကို ခြေထောက်ဖြင့်ဆောင့်ကန်ထည့်လိုက်သည်။ လဲကျသွားသည့် မိပွင့်ကျောကုန်းကို ခြေဖနောင့်ဖြင့် နှစ်ချက်လောက်ပေါက်လိုက်သေးသည်။

“ပါးစပ်ပိတ်ထားစမ်းကောင်မ၊ ငါ့ကို နားပူအောင်မလုပ်နဲ့”

ထိုသို့ပြောပြီး အိမ်ပေါ်မှဆင်းလာခဲ့လေသည်။ သံလုံးတို့ အိမ်ကလေးတွင်တော့ မိပွင့်နှင့် သားဖြစ်သူက ပြိုင်တူငိုယိုလျှက် ကျန်နေခဲ့ကြလေသည်။

“ကိုသံလုံးရာ၊ အမမိပွင့်ကို ခင်ဗျားတအားနှိပ်စက်တာပဲ၊ ချစ်လို့ယူထားတာမှ ဟုတ်ရဲ့လား”

ဖိုးတေပြောလိုက်သည့်အခါ သံလုံးက ရယ်မောလိုက်ပြီး

“မိန်းမတွေဆိုတာ၊ ဒီလောက်ပညာပေးထားမှ တော်ကာကျတာကွာ၊ ဒါနဲ့ ငါမိပွင့်ကို ဘယ်လိုယူခဲ့သလဲဆိုတာ မင်းသိသလား”

ဖိုးတေက ခေါင်းခါလိုက်သည်။

“အေးကွာ၊ ဒါဆို မင်းကိုမိန်းမယူနည်း သင်ပေးရသေးတာပေါ့ကွာ၊ ဟား၊ ဟား”

(၃)

မိပွင့်က တစ်ရွာလုံးတွင် အလှပဂေး၊ ကွမ်းထောင်ပန်းထောင်ကိုင် အပျိုကလေးဖြစ်သည်။ မိပွင့်ကို တစ်ရွာလုံးတွင် လိုချင်သူအမြောက်အများရှိသည်။ ထိုအထဲတွင် သံလုံးလည်းပါသည်။ သံလုံးက အသောက်အစားသမား၊ လူဖျင်းလူမိုက်၊ အသက်သုံးဆယ်နားကပ်နေပြီဖြစ်သော်လည်း ဘာအလုပ်မှ မယ်မယ်ရရမရှိဘဲ မိဘလုပ်စာထိုင်စားနေကာ တစ်နေကုန် အရက်သောက်ရင်း မူးနေသူဖြစ်သည်။

ရွာထုံးစံ ညနေရေခပ်ဆင်းသည့်အချိန်တွင် သံလုံးက မူးမူးရူးရူးနှင့် မိပွင့်တို့အနားသို့ လာခဲ့သည်။ မိပွင့်တို့ အပျိုတစ်သိုက်လည်း အရက်မူးပြီး ပုဆိုးပင်အနိုင်နိုင်ဝတ်နေရသော သံလုံးကိုကြည့်ကာ လှောင်ပြောင်ရယ်မောနေကြလေသည်။ သံလုံးကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ မိပွင့်ဆီကိုသာသွားလိုက်သည်။

“မိပွင့်၊ နင့်ကိုငါချစ်တယ်ဟာ၊ နင်ငါ့နဲ့လက်ထပ်နိုင်မလား”

မိပွင့်အလွန်ထိတ်လန့်သွားသည်။ သူ့အဖော်များကလည်း သံလုံးထိုစကားပြောသည့်အတွက် လှောင်ပြောင်ရယ်မောကာ မိပွင့်ကိုကြည့်နေသဖြင့် မိပွင့်ရှက်လည်းအလွန်ရှက်သွားသည်။ ထို့ကြောင့် သူစီးထားသည့် ဖိနပ်ကိုချွတ်လိုက်ပြီး လက်ဖြင့်စွဲကိုင်လိုက်ကာ သံလုံးပါးကို အားကုန်ရိုက်ထည့်လိုက်သည်။

“ဟဲ့ နင်လိုအကောင်ကများ ငါ့ကိုမှန်းသတဲ့လား၊ နောက်တစ်ခါ ဒါမျိုးထပ်လာပြောကြည့်စမ်း၊ ငါနင့်ကို သူကြီးနဲ့တိုင်မယ်”

မိပွင့်တို့အဖွဲ့ထွက်သွားသည့်အခါ သံလုံးက သူ့ပါးကိုသူလက်ဖြင့်ပွတ်ကာ မိပွင့်ကိုအနောက်မှငေးမောကြည့်နေလိုက်သည်။ ထို့နောက် သွားကြီးဖြဲပြီးရယ်မောလိုက်လေသည်။

“ဟား၊ ဟား မိပွင့်၊ မိပွင့်၊ နင်ငါ့ကိုလုပ်ထားအုံးပေါ့၊ ငါဆိုတဲ့ကောင်ကလည်း ငါလိုချင်တာကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရအောင်ယူရမှ ကျေနပ်တဲ့ကောင်ကွ . . . တောက်”

နောက်တစ်နေ့မနက် သံလုံးက အရက်တစ်ပုလင်းဝယ်ပြီး ရွာပြင်သစ်ပင်ကြီးအောက်တွင် အရက်သောက်နေလိုက်သည်။ ထိုအချိန် မိပွင့်အဖေ ဘကြီးဖြိုးမှာ ဓါးမကိုင်ပြီး တောထဲတိုးသွားသည်ကိုတွေ့ရသည်။ သံလုံးလည်း တစ်ချက်ပြုံးလိုက်ပြီးနောက် အရက်ကိုဆက်သောက်နေလိုက်သည်။ အရက်တစ်ပုလင်းစလုံး ကုန်သွားတော့မှ ထိုနေရာမှ ထထွက်ကာ ရွာဆီသို့ ဦးတည်ကာ ပြေးလွှားခဲ့လေသည်။

“မိပွင့်၊ ဟဲ့ မိပွင့် နင့်အဖေ

ဘကြီးဖြိုးတောစပ်မှာ ပိုးထိလို့ဟ”

သံလုံးအော်သံကိုကြားသဖြင် မိပွင့်အိမ်ထဲမှ ပြေးထွက်လာလေသည်။

“အမေရေ၊ အမေ . . .”

အိမ်ပေါ်အော်ခေါ်လိုက်သော်လည်း အမေကမရှိ၊ ဒီအချိန် ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်သွားပို့နေလောက်ပြီ၊ အိမ်တွင်လည်း မည်သူမှ မရှိပေ၊ အဖေဖြစ်သူ မြွေကိုက်ခံရသည်ဆိုသဖြင့် မိပွင့်တစ်ယောက် ထူပူပြီးဘာလုပ်ရမှန်းမသိဖြစ်နေသည်။ ထို့ကြောင့် သဘက်ကလေးခေါင်းပေါ်သို့တင်ပြီး သံလုံးအနောက်သို့ အပြေးလိုက်ခဲ့သည်။

“အဖေ၊ ဘာမှမဖြစ်ပါစေနဲ့ . . .”

စိတ်ထဲထူပူနေမိသည်။ သံလုံးအနောက်ပြေးလိုက်လာရင်း တောစပ်သို့ရောက်မှန်းမသိရောက်သွားသည်။ တောအုပ်ထဲရောက်ချိန်တွင် သံလုံးက သစ်ပင်ကြီးတစ်ပင်အနားတွင် ရပ်တန့်လိုက်လေသည်။

“ဟဲ့ သံလုံး၊ ငါ့အဖေဘယ်မှာလဲ”

ထိုအခါ သံလုံးက ရယ်မောလိုက်ပြီး မိပွင့်အား အတင်းဝင်ဖက်ကာ လုံးထွေးတော့သည်။ မိပွင့်လည်း အော်ဟစ်ပြီး ရုန်းကန်သော်လည်း မိန်းမသားနှင့် ယောက်ျားသားမို့ ခွန်အားက မမျှပေ။

“သံလုံး နင်ဘာလုပ်တာလဲ”

“နင့်ကိုလိုချင်လို့ ကြံမိတာပါ အချစ်ကလေးရာ၊ ငါ့ကိုခွင့်လွှတ်နော်”

သံလုံး၏ ခွန်အားကို မိပွင့်မရုန်းကန်နိုင်တော့ပေ၊ မိပွင့်မျက်ရည်များစီးကျလာခဲ့သည်။ သို့ဖြင့် မိပွင့်ရေတိမ်နစ်ခဲ့ရသည်။ မိပွင့်ပျောက်သွားသဖြင့် တစ်ရွာလုံးက လူစုပြီးလိုက်ရှာတော့မှ ညနေစောင်းအချိန် တောထဲတွင် သံချောင်းနှင့်မိပွင့်ကို သွားတွေ့ကြသည်။

“တောက်၊ အမိုက်မ . . .”

ဘကြီးဖြိုးက တောက်ခေါက်သည့်အခါ မိပွင့်ကတော့ ငိုနေမိသည်။ သံလုံးက ပုဆိုးကိုအသာပြန်ဝတ်ရင်း

“ကဲ ဘကြီး၊ ခင်ဗျားသမီးကို ခင်ဗျားဆီပြန်အပ်ပါတယ်၊ ခင်ဗျားတို့ ကျုပ်နဲ့ပေးစားချင်လည်း ပေးစားလို့ရတယ်၊ မပေးစားချင်လည်း ခင်ဗျားတို့ကြိုက်တာလုပ်”

ဘကြီးဖြိုးက သံလုံးအား ဓါးဖြင့်ဝင်ပိုင်းသော်လည်း သံလုံးက ရှောင်တိမ်းလိုက်နိုင်သည်။ လူသတ်မှုဖြစ်မည်စိုးသဖြင့် ရွာသားများက ဘကြီးဖြိုးကို ဆွဲထားကြရသည်။ သံလုံးကတော့ အေးအေးလူလူပင် ရယ်မောလျှက် ရွာထဲသို့ပြန်ဝင်သွားလေသည်။

တစ်ရွာလုံးလည်း သတင်းတွေပြန့်ကုန်ပြီမို့ မတတ်သာတော့ပေ၊ နောက်တော့ သံလုံးမိဘများနှင့် မိဘခြင်းတိုင်ပင်ပြီး မိပွင့်ကို သံလုံးနှင့်ပေးစားလိုက်ရသည်။ သံလုံးမိဘများကလည်း သံလုံးမိန်းမယူပြီးသည့်အခါ ပြောင်းလဲသွားလိမ့်မည်ဟု တွေးမိသောကြောင့်ဖြစ်သည်။ သို့သော် သံလုံးက ခွေးမြီးကောက် ကျည်တောက်စွပ်လို လူစားမျိုးပင်၊ မပြောင်းလဲသည့်အပြင် ပိုပြီးဆိုးရွားလာလေသည်။ ထိုသည်ကတော့ မိပွင့်ကို နေ့ရှိသရွေ့ ရိုက်နှက်နေခြင်းဖြစ်သည်။

ဖိုးတေနှင့် သံလုံးတို့ စကားတပြောပြောနှင့် တောစပ်သို့ပင် ရောက်လာခဲ့ကြသည်။

“ဒါဆို ကိုသံလုံး ခင်ဗျားက အမမိပွင့်ကို တကယ်မချစ်ဘူးပေါ့”

သံလုံးက ခေါင်းခါလိုက်ပြီး

“ငါက မချစ်ပါဘူး၊ သူ့ကိုလိုပဲလိုချင်တာ၊ မှတ်ထား ဖိုးတေရ၊ မိန်းမဆိုတာ သုံးလလောက်ပဲ ပေါင်းလို့ကောင်းသတဲ့ကွာ၊ အခုတော့ ဒီဟာမ မျက်နှာမြင်တာနဲ့ ငါသေအောင်ရိုက်သတ်ချင်တော့တာ”

သံလုံးက ပြောပြီးရယ်မောလေရာ ဖိုးတေကလည်း လိုက်ပြီးရယ်မောလိုက်သည်။ ထို့နောက် တောထဲသို့ဝင်လာသည်။ ဖိုးတေက ဝါးတစ်လုံးခုတ်လိုက်ပြီး သူ့အိတ်ထဲတွင် ပါလာသည့် ကိရိယာများဖြင့် ထောင်ချောက်များလုပ်လေသည်။

“ရေမြှောင်ကလေးဘက်မှာ ခုံးတွေ တော်တော်ပေါတယ်ဆိုပဲကွ”

“ဒါပေါ့ ကိုသံလုံးရာ ခုံးရလို့ကတော့ ခုံးသားကလေးကို ဆီပြန်ကလေးခပ်စပ်စပ်ချက်ပြီး စားလိုက်ရရင် ထမင်းမြိန်မှာဗျို့”

ထောင်ချောက်များလုပ်ပြီးသည့်အခါ ရေမြှောင်ဘက်သို့ ခရီးဆက်လာခဲ့ကြသည်။ တောင်စွယ်မြှောင်ကလေးဖြစ်ပြီး ရေကန်ကလေးတစ်ကန်လည်းရှိသဖြင့် ထိုနေရာတွင် သစ်ပင်သစ်တောက ထူထပ်လှသည်။ ဝါးရုံပင်ကြီးများလည်းရှိလေရာ ထိုဝါးရုံပင်များအောက်ဘက်တွင်တော့ လွတ်လပ်စွာကျက်စားနေကြသည့် ခုံးများကိုတွေ့ရသည်။

ခုံးဆိုသည်မှာ ငုံးကောင်နှင့် အလားသဏ္ဍာန်တူညီသည့် ကြက်မျိုးနွယ်ဝင် တစ်မျိုးဖြစ်သည်။ ငုံးနှင့်အတော်ဆင်တူသည်။ အမွှေးအတောင်မှာတော့ ငုံးလိုမွဲခြောက်ခြောက်မဟုတ်ဘဲ နက်မှောင်မှောင်ဖြစ်ပြီး အဖြူပျောက်ကလေးများ ပါဝင်သည်။ အကောင်အရွယ်အစားမှာ လက်သီးဆုပ်ခန့်သာရှိသည်။

သံလုံးက ခဲလုံးများကို ကောက်ယူလိုက်ပြီး ခုံးကောင်များထံသို့ ပစ်သွင်းလိုက်ရာ ခုံးကောင်များမှာ ကြောက်လန့်တကြား ထပြေးကုန်ကြလေသည်။ ထိုသို့ပြေးသွားသည့်အခါမှ သူတို့ကျက်စားတတ်သည့် နေရာတွင် ထောင်ချောက်များကို ထောင်ရလေသည်။ ခုံးကောင်မှာ စူးစမ်းတတ်သည့်အကောင်ဖြစ်သဖြင့် တစ်ကောင်ထောင်ချောက်မိလျှင် ကျန်သည့်အကောင်များမှာ ပြေးလာတတ်သည်မို့ ထောင်ချောက်များကို စုပေါင်းထောင်ထားရသည်။ သံလုံးက ဝါးရုံကြီး၏ အစွန်တွင်ထောင်ပြီး ဖိုးတေကတော့ မြက်တောတစ်နေရာတွင်ထောင်ထားလေသည်။ ထို့နောက် သူတို့နှစ်ယောက် ခပ်လှမ်းလှမ်းရှိ ဝါးရုံပင်ဆီသို့ ပြန်တက်လာကြပြီး အသာချောင်းကြည့်နေကြသည်။

ခုံးကောင်များမှာ မကြာခင်ပြန်လာကြလေသည်။ မြက်တောအနီးသို့ တစ်ကောင်က ရောက်လာပြီး ဖိုးတေထောင်ထားသည့် ထောင်ချောက်အတွင်းသို့ ဝင်လေသည်။

“ကူး . . ကူး”

ထောင်ချောက်မိသွားသည့် ခုံးကောင်က အော်ဟစ်လိုက်သဖြင့် အခြားခုံးကောင်များပါ ပြေးလာကြရာ ခုံးကောင်ဆယ်ကောင်ခန့်နီးပါး တစ်ချီတည်းဖမ်းမိလေသည်။ သံလုံးလည်း ချုံထဲမှထွက်ကာ ခုံးကောင်များကို ဝါးရုံပင်အစွန်ဘက်သို့ မောင်းထုတ်ရာ ထိုနေရာတွင်လည်း ခုံးကောင်များမိကြလေသည်။

ခေါင်းကလေးများထောင်နေသည့် ခုံးကောင်များကို ဓါးနှောင့်နှင့်အသာထုရာ ခုံးကောင်များမှာ မေ့မြောသွားကြလေသည်။

“အသေမသတ်နဲ့အုံးနော် ဖိုးတေ၊ ခုံးဆိုတာ အရှင်ချက်စားမှ အရသာရှိတာကွ”

ဖိုးတေလည်း ခေါင်းညိတ်လိုက်ပြီးနောက် မသေမရှင်ဖြစ်နေသည့် ခုံးကောင်များအား ခြေထောက်မှ ကြိုးဖြင့်စည်းလိုက်ကာ အတွဲလိုက်ဆွဲလာခဲ့သည်။ သံလုံးနှင့် ဖိုးတေက ခုံးကောင်များကို ခွဲယူကြပြီး တောအတွင်းမှ ပြန်ထွက်လာခဲ့သည်။

“ချွတ် . . ချွတ်”

သူတို့ပြန်လာသည့် လမ်းနံဘေးရှိ ချုံတိုးသံများကို ကြားလိုက်ရသည့်အခါ သံလုံးက ဖိုးတေအားမျက်စပစ်ပြလိုက်ပြီး ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။ ထို့နောက် ချုံကိုအသာဖြဲကြည့်ရာ ချုံတစ်ဖက်တွင်တော့ အလွန်ကြီးမားသည့် ကြက်ကြီးတစ်ကောင်ကိုတွေ့လိုက်ရသည်။

“ကြက်ဖကြီးဗျ”

“အေးကွ၊ တောကြက်ဖကြီးကွာ အရောင်ကလည်းစုံနေတာပဲ၊ တစ်ကောင်တည်းတင် တစ်ပိဿ

လောက်ရှိမယ်ထင်တယ်”

သူတို့စကားပြောနေသည်ကိုကြားသည့်အခါ တောကြက်ကြီးက ထပြေးလေသည်။ သူတို့လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး တိုင်ပင်စရာမလိုဘဲ နှစ်ယောက်သား ကြက်ကြီးအနောက်သို့ပြေးလိုက်ကြလေသည်။ ပြေးရင်းလွှားရင်း သံလုံးက ကြက်ဖကြီးအား လေးခွဖြင့် ပစ်ခတ်နေပြန်သည်။ ကြက်ဖကြီးအနောက် သူတို့ပြေးလိုက်ရင်း ဝါးရုံကြီးတစ်ခုနှင့် တွေ့လေသည်။ ကြက်ဖကြီးမှာ ဝါးရုံကြီးကို မတိုးတော့ဘဲ မိုးပေါ်ပျံလျှက် ဝါးကိုင်းတစ်ကိုင်းပေါ်သို့ ခုန်တက်လိုက်ရာ သံလုံးကလည်း လျှင်မြန်စွာပင် ကြက်ဖကြီးကို လေးခွဖြင့်ချိန်လျှက် ပစ်ချလိုက်လေသည်။

“ဘုတ်”

သံလုံး၏ လောက်စာလုံးမှာ ကြက်ဖကြီး၏ ဦးခေါင်းတည့်တည့်ကို ထိမှန်သွားပြီး ကြက်ဖကြီးမှာ ဝါးကိုင်းပေါ်မှ ပြုတ်ကျသွားလေသည်။

“လက်တည့်လိုက်တာဗျာ၊ ကိုသံလုံးရာ”

“ဟား၊ ဟား ငါ့လက်စကို မင်းသိတယ်မဟုတ်လား၊ ကဲ သွားကောက်ရအောင်ဟေ့”

သံလုံးနှင့် ဖိုးတေတို့ ဝါးရုံကြားထဲသို့ တိုးခဲ့ကြတော့သည်။

(၄)

သံလုံးက သူပစ်ချလိုက်သည့် အပြာရောင်၊ အစိမ်းရောင်၊ အနီရောင်အမွှေးများဖြင့် လှပသည့်ကြက်ကြီးကို ပြေးကောက်လေသည်။ ကြက်ကြီးမှာ ခေါင်းထိမှန်ပြီး သေနေပုံရသည်။ သံလုံးလည်း လှည့်ပြန်မည်လုပ်လိုက်စဉ် ဝါးရုံတစ်ဖက်တွင် လူနေအိမ်များတွေ့သဖြင့် ထူးဆန်းသွားကာ ထိုအိမ်များဆီသို့ထွက်ခဲ့လေသည်။ ဖိုးတေလည်း သံလုံးအနောက်မှ ပြေးလိုက်ခဲ့လေသည်။

“ထူးဆန်းတယ်ကွ၊ ရွာတစ်ရွာပဲ”

ဝါးဖြင့်ဆောက်လုပ်ထားသည့် ခြေတံခပ်ရှည်ရှည်တဲကလေးများကိုတွေ့ရသည်။ တဲအလုံးနှစ်ဆယ်ခန့်ကို စီတန်းတည်ဆောက်ထားပြီး အလယ်တွင် လမ်းတစ်ခုရှိကာ ထိုလမ်းက ဖြူးနေလေသည်။ လမ်းပေါ်တွင်လည်း ကလေးများက ဆော့ကစားနေကြသလို လူကြီးများကလည်း သွားလာနေကြသည်။

“ရေမြှောင်ဘက်မှာ ရွာရှိတယ်လို့တော့ မကြားဖူးပါဘူး ကိုသံလုံးရာ”

“မဟုတ်ဘူးကွ၊ ရွာကြည့်ရတာ ရွာငယ်ကလေးပဲ၊ ရွာရွေ့လာတာလား၊ ဒါမှမဟုတ် သစ်ခုတ်လာကြတာလားပဲ”

သူတို့နှစ်ဦး ရွာလယ်လမ်းတွင် လမ်းလျှောက်နေစဉ်မှာပင် အဘိုးကြီးတစ်ယောက်က သူတို့ကိုလှမ်းအော်မေးလေသည်။

“ဟေ့ကောင်လေးတွေ၊ မင်းတို့ဘာလာလုပ်ကြတာလဲ”

သူတို့လည်း အဘိုးကြီးအနားသို့ ကပ်လာခဲ့သည်။

“ကျုပ်တို့ တောလည်ထွက်ရင်း ဒီရွာကိုရောက်လာတာပါ၊ ဒီရွာက ဘာရွာလဲဟင်”

“သစ်ပုတ်ရွာလို့ခေါ်တယ်ကွ၊ ကဲ လာစမ်းကွာ၊ မင်းတို့ရောက်တုန်းရောက်ခိုက် မင်းတို့ကို ဧည့်ခံရအောင်”

အဘိုးကြီးက သူတို့လက်ကိုဆွဲပြီး ခြေတံရှည်အိမ်ပေါ်သို့ ဆွဲခေါ်သွားသဖြင့် သူတို့လည်းလိုက်သွားမိသည်။ အမှန်တော့ ဖိုးတေမှာ တစ်မနက်ခင်းလုံး ထမင်းမစားရသေးသဖြင့် ဆာလောင်နေသလို သံလုံးလည်း တောလည်ထားသဖြင့် ဆာလောင်နေပြီဖြစ်သည်။ နေက မွန်းတည့်တော့မည်ဖြစ်သည်။ အဘိုးကြီးက သူတို့အရှေ့တွင် ဒေါင်းလန်းကဲ့သို့ ဗန်းကြီးတစ်ခုခင်းပေးလေသည်။

“ငါ့တူကြီးတို့ ထမင်းစားသွားကြအုံးကွာ”

မကြာခင် မိန်းကလေးနှစ်ယောက်က အိမ်ပေါ်သို့တက်လာကာ လက်ထဲတွင်လည်း ထမင်းအိုးတစ်လုံးသယ်လာလေသည်။ ထိုထမင်းအိုးကို ဗန်းထဲတွင် လာပုံထည့်လိုက်လေသည်။

“အဘကြီး၊ ကျုပ်တို့နှစ်ယောက်က အသားမပါရင် ထမင်းမစားတတ်ဘူးဗျ”

အဘိုးကြီးက ခေါင်းညိတ်လျှက်

“ရတာပေါ့ကွ၊ တို့ဆီမှာလည်း အသားရှိပါတယ်၊ ကဲ သမီးတို့ရေ၊ အသားတဲ့”

ထိုမိန်းကလေးနှစ်ယောက်က အိမ်အောက်ဆင်းသွားပြီးနောက် အသားဟင်းခွက်များကိုယူလာကာ ဒေါင်းလန်းထဲသို့ ပုံထည့်ပေးလိုက်သည်။ အသားဟင်းတစ်ခွက်မှာ အမဲသားနှပ်ဖြစ်ပြီး၊ ကျန်သည့်အသားဟင်းတစ်ခွက်ကတော့ ဝက်သားဟင်းဖြစ်သည်။ ဟင်းများမှာ အငွေ့တထောင်းထောင်းထနေသလို အလွန်မွှေးကြိုင်လှလေသည်။

“စားကြလေကွ၊ မင်းတို့ပဲ အသားစားချင်တယ်ဆို”

သံလုံးက လက်ပင်မဆေးတော့ဘဲ အမဲသားတုံးကို ကောက်ယူပြီး ပါးစပ်ထဲပစ်ထည့်လိုက်ကာ ထမင်းစားနေလေသည်။ နောက်တော့ ဝက်သားတုံးများကို ကောက်ဝါးသည်။ သံလုံးစားနေသည့် ထမင်းစားနေသည့်ပုံစံမှာ ပလုပ်ပလောင်းစားသောက်နေသဖြင့် မသိလျှင် အနှစ်နှစ်အလလက ငတ်ပြတ်နေသည့် သရဲကြီးတစ်ကောင် ထမင်းစားနေသည်နှင့်ပင် တူနေလေသည်။ မိန်းကလေးနှစ်ယောက်မှာလည်း နောက်ထပ်အမျိုးမျိုးသော အသားဟင်းများ၊ ငါးဟင်းများယူလာကာ ဗန်းထဲသို့ လာထည့်ပေးကြသည်။

“စားလေ၊ ဖိုးတေရ မင်းမစားဘူးလား”

သံလုံးက ပလုပ်ပလောင်းဖြင့်ပြောသည့်အခါ ဖိုးတေလည်း ထမင်းတစ်လုပ်ကောက်ယူလိုက်သည်။ ထမင်းကိုစားရန် ပါးစပ်သို့ကပ်လိုက်သည့်အခါ အလွန်ဆိုးဝါးလှသည့် အနံ့တစ်ခုကို နှာခေါင်းအတွင်းရလိုက်သည်။ ထိုအခါ လက်ထဲရှိ ထမင်းလုံးဖြူဖြူများကိုကြည့်လိုက်ရာ ထမင်းလုံးများမဟုတ်ဘဲ လောက်ကောင်များဖြစ်နေသည်ကိုတွေ့ရပြီး တဖွားဖွားလှုပ်ရှားနေကြလေသည်။

“ထွီ . . . ဝေါ့”

ဖိုးတေက မစားတော့ဘဲ လက်ထဲမှထမင်းကိုပြန်ချလိုက်သည်။ သံလုံးက သူ့ကိုကြည့်လိုက်ပြီး

“ဟေ့ကောင် စားလေကွာ၊ မင်းဘာလုပ်နေတာလဲ”

ဖိုးတေက လောက်ကောင်များအကြောင်းကို ပြောချင်သော်လည်း အဘိုးကြီးက သူ့ကိုစိုက်ကြည့်နေသဖြင့် မပြောထွက်တော့ပေ၊ သို့ဖြင့် ဒေါင်းလန်းဗန်းကြီးကိုကြည့်သည့်အခါ ထမင်းများအားလုံးမှာ လောက်ကောင်များဖြစ်နေပြီး ဟင်းများမှာလည်း မီးသွေးတုံးများ၊ မြေကြီးခဲများသာဖြစ်နေလေသည်။ သံလုံးကတော့ ထိုအဖြစ်ကို သိပုံမရဘဲ အားရပါးရစားသောက်နေလေသည်။

“သမီးတို့ရေ၊ ဟင်းထည့်ပေးလိုက်ပါအုံး”

သူတို့အနားတွင် ထိုင်နေသည့် မိန်းကလေးနှစ်ဦးက မတ်တပ်ထရပ်လိုက်သည်။ သို့သော် ထိုမိန်းကလေးများ၏ ခြေထောက်မှာ လူခြေထောက်မဟုတ်ဘဲ ကြက်ခြေထောက်များဖြစ်နေလေသည်။ ဖိုးတေ ခေါင်းနားပန်းတွေကြီးသွားသည်။ အဘိုးကြီးကို သေချာကြည့်သည့်အခါ အဘိုးကြီး၏ ခြေထောက်များမှာလည်း ကြက်ခြေထောက်များဖြစ်နေသည်။

“ကိုသံလုံး၊ ခင်ဗျားစားနေတာ တော်တော့ဗျာ၊ ကျုပ်တို့ပြန်ရအောင်”

“မင်းကလည်းကွာ၊ ဒီမှာစားလို့ကောင်းနေတုန်းရှိသေးတယ်”

သံလုံးက ပါးစပ်ထဲတွင် ထမင်းလုပ်ကြီးနှင့် ဗလုံးဗထွေးပြောနေပြန်သည်။ သို့နှင့် သံလုံးကို လက်ဆွဲလိုက်ပြီး အဘိုးကြီး၏ ခြေထောက်များကို လက်ညှိုးထိုးပြလိုက်တော့မှ သံလုံးလည်းထူးဆန်းသွားလေသည်။ ထိုအခါ အိမ်ပေါ်သို့ မိန်းကလေးနှစ်ယောက်တက်လာလေသည်။ မိန်းကလေးနှစ်ယောက်မှာ လူများမဟုတ်တော့ဘဲ ခေါင်းများမှာ ကြက်ခေါင်းကြီးများဖြစ်နေကြသည်။ ထိုအခိုက် ဖိုးတေနံဘေးနားတွင်ချထားသည့် ခုံးကောင်များမှာ ခေါင်းများထောင်လာပြီး ဟစ်အော်ကြသည်။ လောက်လေးထိပြီး သေဆုံးသွားသည့် ကြက်ဖကြီးမှာလည်း မျက်လုံးကြီးပြူးပြီး ကုန်းထလာကာ ထပြီး တွန်တော့သည်။

“သူတို့က လူမဟုတ်ဘူး၊ သရဲ၊ သရဲတွေဗျ”

ဖိုးတေနှင့် သံလုံးတို့လည်း အိမ်ပေါ်မှခုန်ဆင်းလိုက်ကြသည်။ ထိုတော့မှ တစ်ရွာလုံးရှိ အိမ်ကြီးများမှာ အိမ်ပျက်ကြီးများဖြစ်နေသလို၊ ရွာရှိလူများမှာလည်း ကြက်ခေါင်းကြီးများနှင့် လူကိုယ်လုံးများဖြစ်နေကြလေသည်။ သူတို့ပြေးဆင်းသည့်အခါ အိမ်ပေါ်မှ အဘိုးကြီးလည်း လိုက်ဆင်းလာသည်။ ထိုအခါ ရွာရှိကြက်များက သူတို့အနောက်သို့ပြေးလိုက်ကြတော့လေသည်။

“ပြေးထားကွ ဖိုးတေရ”

သူတို့နှစ်ယောက် ရွာလယ်လမ်းအတိုင်းပြေးလာခဲ့ကြရာ သူတို့အနောက်တွင် ရာနှင့်ချီသည့် ကြက်အုပ်ကြီးက လိုက်လာခဲ့လေသည်။ ရွာလယ်လမ်းဆုံးသည့်အခါ ကြီးမားသည့် သစ်ပုပ်ပင်ကြီးတစ်ပင်ကိုတွေ့လိုက်ရသည်။ ဖိုးတေက သစ်ပုပ်ပင်ကြီးအောက်မှ ဖြတ်ခဲ့လိုက်သော်လည်း သံလုံးကတော့ သစ်ပုပ်ပင်ကြီးအောက်တွင်သာ ကျန်နေခဲ့သည်။

“ကိုသံလုံး၊ လာလေဗျာ”

သံလုံးက ဖိုးတေဆီသို့ ပြေးပြန်သည်။ သို့သော် သံလုံးမှာသစ်ပုပ်ပင်ကြိးကို မဖြတ်သန်းနိုင်ဘဲ မမြင်ရသည့် နံရံတစ်ခုက သံလုံးအားတားဆီးထားသလိုဖြစ်နေသည်။ မကြာခင်မှာပင် သံလုံးကို ကြက်များက ဝန်းရံလိုက်လေသည်။ အဘိုးကြီးက ဖိုးတေကို လက်ညှိုးထိုးပြီး

“ကဲ ဟိုကောင်လေး၊ မင်းကတော့ မင်းအမေဆီကို ပြန်ပေတော့”

ထို့နောက် သံလုံးကိုလက်ညှိုးထိုးကာ

“မင်းကတော့ ငါတို့ကျွေးတဲ့ထမင်းတွေစားလိုက်လို့ မင်းပြန်သွားလို့မရတော့ဘူး၊ တို့နဲ့ နေခဲ့ရမယ်”

အဘိုးကြီးစကားဆုံးသည်နှင့် ကြက်များက သံလုံးဆီကိုခုန်အုပ်လိုက်ကြကာ သံလုံးအား ဝိုင်းဝန်းထိုးဆိတ်ကြလေသည်။ သံလုံးမှာလည်း အသံနက်ကြီးဖြင့် အော်ဟစ်နေလေသည်။ ဖိုးတေက ကြောက်လန့်တကြားနှင့် ကြည့်နေစဉ်မှာပင် သူ့ရင်ဘတ်ကို လက်နှင့်တွန်းလိုက်သလိုခံစားရပြီး သူလဲကျသွားသည်။

အလွန်မှောင်မည်းပြီး နက်ရှိုင်းလှသည့် ချောက်နက်ကြီးတစ်ခုအတွင်းသို့ ဖိုးတေပြုတ်ကျသွားလေသည်။

“အမေရောကယ်ပါ၊ အမေရေ ကယ်ပါအုံးဗျ”

(၆)

“ဟော သတိရလာပြီး မပြုံးရေ၊ နင့်သားဖိုးတေ သတိရလာပြီ”

ဖိုးတေက လန့်ပြီးထထိုင်လိုက်သည့်အခါ သူအနားတွင်ရွာထဲမှ လူများက စီတန်းလျက်ထိုင်နေကြသည်။

“ကျုပ်ဘာဖြစ်သွားတာလဲ၊ ကျုပ်အခု ဘာဖြစ်သွားတာလဲ”

ထိုစဉ် ဒေါ်ပြုံးက အိမ်ထဲမှပြေးထွက်လာပြီး ဖိုးတေအားပွေ့ဖက်လိုက်လေသည်။

“မသေကောင်း မပျောက်ကောင်းသားလေးရယ်”

အမေက သူ့ကိုဖက်ပြီး ငိုနေလေသည်။ ဖိုးတေလည်း ဘာဖြစ်သွားမှန်းမသိသဖြင့် နားမလည်နိုင်တော့ပေ၊ ထိုတော့မှ သူ့အနီးတွင်ထိုင်နေသည့် လူကြီးတစ်ဦးက

“မောင်ဖိုးတေ၊ မင်း တောထဲကနေပြန်မလာတာနဲ့ မင်းကိုငါတို့လိုက်ရှာတော့ သစ်ပုပ်ပင်ကြီးတစ်ပင်ခြေရင်းမှာ မေ့မြောနေတဲ့မင်းကိုတွေ့လိုက်ရတယ်ကွ၊ မင်းအခုဆို သတိမေ့နေတာ သုံးရက်ကျော်ပြီ”

“ဒါ . . ဒါဆို ကိုသံလုံးရော”

“အေး၊ သံလုံးကိုတော့ အခုထိရှာမတွေ့ဘူးကွ၊ ဒါနဲ့ ငါလည်း မင်းကိုမေးရအုံးမယ်၊ သံလုံးတစ်ယောက် ဘယ်ရောက်သွားတာလဲ”

ထိုတော့မှ ဖိုးတေမျက်လုံးမှ မျက်ရည်များစီးကျလာလေသည်။

“ကိုသံလုံးမရှိတော့ဘူးဗျ၊ သူကျန်နေခဲ့တယ်၊ သူ အဲဒီ ကြက်လူသားတွေနေတဲ့ ကြက်ရွာကြီးမှာ ကျန်နေခဲ့တယ်ဗျ”

ဖိုးတေက ငိုယိုရင်း သူတွေ့ကြုံခဲ့သည့် အတွေ့အကြုံများကို ရွာသားများအားပြောပြလိုက်ရာ ရွာသားများအကုန်လုံး အံ့ဩဘနန်းဖြစ်ကြရလေသည်။

“ငါသားတောလည်သွားတယ်ဆိုရင် မင်းအဖေလိုအဖြစ်မျိုး ဖြစ်မှာစိုးလို့ အမေက ဆုတောင်းလိုက်ရတာကွဲ့”

ဖိုးတေလည်း အမေ့စကားကိုကြားလိုက်ရပြီးနောက် ကြက်ရွာမှ အဘိုးကြီးပြောခဲ့သည့် စကားတစ်ချို့ကိုပြန်လည်ကြားယောင်နေမိသည်။

“ဟေ့ကောင်လေး၊ မင်းကတော့ မင်းအမေဆီကိုပြန်ရမယ်ကွ”

ထိုနောက်ပိုင်းမှစပြီး ဖိုးတေလိမ်မာသွားသည်။ တောအုပ်အတွင်းသို့လည်း ခြေဦးမလှည့်တော့ပေ၊ အသားစားဖို့နေနေသာသာ ကြက်မြင်လျှင်ကို ဖိုးတေလန့်နေသည်။ ကြက်သားကို ထိုကတည်းက လုံး၀မစားတော့ပေ။ မိခင်ကြီးဒေါ်ပြုံးနှင့်အတူ ယာအလုပ်များဝိုင်းကူလုပ်သလို၊ ခြံဝိုင်းထဲတွင်လည်း စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရင်း ရိုးရိုးသားသား အသက်မွေးခဲ့တော့သည်။ အရက်သေစာကိုလည်း လုံး၀မသောက်တော့ပေ။

သို့နှင့် နှစ်ပေါင်းများစွာကြာခဲ့လေသည်။ မိခင်ကြီး ဒေါ်ပြုံးလည်း မရှိတော့ပေ၊ ဖိုးတေတစ်ယောက်လည်း ဖိုးတေဆိုသည့် နာမည်ပင်ပျောက်ပြီး ဦးတိုးအောင်ဆိုသည့် လူကြီးတစ်ဦးဖြစ်လာခဲ့ပြီ၊ အိမ်ထောင်ရက်သားကျပြီး သားသမီးပင် သုံးယောက်ခန့်ရနေခဲ့ပြီ။

တစ်ရက်တော့ ဦးတိုးအောင်တစ်ယောက် ဝါးလိုသဖြင့် တောထဲသို့တက်လာခဲ့သည်။ လမ်းတွင် သံလုံး၏ သား သံချောင်းကိုတွေ့ရသဖြင့် မုန့်ဖိုးပေးမည်ဟုဆိုကာ ခေါ်လာခဲ့သည်။ သံချောင်းကလေးပင် လူပျိုပေါက်ဖြစ်နေပြီဖြစ်သည်။ သံလုံးသေသွားပြီးကတည်းက အမမိပွင့်မှာ မိဘအိမ်ပြန်နေပြီး သံချောင်းကလေးကို ပြုစုပျိုးထောင်ပေးလေသည်။ သံချောင်းမှာ သံလုံးနှင့် လုံး၀စရိုက်မတူပဲ လိမ်မာယဉ်ကျေးသည့် ကောင်လေးတစ်ယောက်ဖြစ်သည်။

ဦးတိုးအောင်နှင့် သံချောင်းတို့ တောတိုးလာခဲ့ရင်း ဝါးရုံကြီးတစ်ခုအနီးသို့ ရောက်လာခဲ့သည်။ ဦးတိုးအောင်က ဝါးကောင်းများကိုရွေးကာ ခုတ်လိုက်ပြီးနောက် ဝါးများကိုစည်းနှောင်ပေးလိုက်သည်။ ထို့နောက် သံချောင်းကို ထိုဝါးစည်းကို ပုခုံးပေါ်တင်ပေးလိုက်သည်။

“သံချောင်း၊ မင်းပြန်နှင့်ကွာ”

“ဦးတိုးအောင်လည်း တစ်ခါတည်းမလိုက်ခဲ့ဘူးလား”

“ငါလား . . . မင်းက လူငယ်ဆိုတော့ ခြေသွက်တယ်ကွ၊ ငါကတော့ အနောက်ကနေ ဖြည်းဖြည်းပဲ ဆင်းလိုက်လာခဲ့မယ်ဟေ့”

သံချောင်းက ခေါင်းညိတ်ပြီး ဝါးစည်းကြီးထမ်းကာ ဆင်းသွားလေသည်။ ထိုတော့မှ ဦးတိုးအောင်လည်း ဝါးရုံတစ်ဖက်တွင်ရပ်ကြည့်နေသည့် လူတစ်ဦးထံသို့ လှမ်းကြည့်လိုက်လေသည်။ တစ်ကိုယ်လုံးစုတ်ပြတ် နွမ်းလျနေသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူတစ်ဦးက မျက်လုံးကြီးပြူးပြီး သူ့ကိုကြည့်နေလေသည်။ ထိုလူမှာ အခြားမဟုတ်၊ သူငယ်ငယ်က ပေါင်းသင်းခဲ့သည့် လူမိုက်ကြီး သံလုံးပင်ဖြစ်သည်။

“ဖိုး . . ဖိုးတေရာ၊ ငါ့ကို . . . ငါ့ကိုကယ်ပါအုံးကွာ”

ဦးတိုးအောင်လည်း ခေါင်းညိတ်လိုက်ပြီးနောက်

“ကျုပ်ဘ၀တစ်လျှောက်လုံးပြုထားတဲ့ ကောင်းမှုကုသိုလ်တွေကို ခင်ဗျားကို အမျှပေးမယ် ကိုသံလုံး၊ ခင်ဗျားသာဓုခေါ်ပြီးတော့ ကောင်းရာမွန်ရာကိုသွားပါ”

“ကျုပ်ပြုလုပ်ထားတဲ့ ကောင်းမှုကုသိုလ်တွေကို ကိုသံလုံးလည်း ထပ်တူထပ်မျှရအောင် အမျှပေးဝေပါသည်၊ ကိုသံလုံးရေ အမျှ . . အမျှ . . အမျှ၊ ယူတော်မူကြပါကုန်တော့ . . . သာဓု. . သာဓု . . သာဓု”

ဦးတိုးအောင်ပြောဆိုနေသည်ကို သံလုံးက မျက်လုံးပြူးကြီးများဖြင့်ကြည့်ပြီးနောက် မျက်ရည်များစီးကျနေလေသည်။ ပါးစပ်က တုတ်တုတ်မျှ မလှုပ်လဲ စေ့နေလေရာ ဦးတိုးအောင်ပင် အံ့ဩသွားရသည်။

“ကိုသံလုံး ခင်ဗျား သာဓုခေါ်လေဗျာ”

သံလုံးက ခေါင်းခါလျှက်

“ငါခေါ်လို့မရဘူး ဖိုးတေ၊ ငါ့ပါးစပ်တွေက လှုပ်မရဘူး၊ အဲဒီစကားကို ထွက်ဆိုလို့မရဘူး ဖိုးတေရာ”

ဦးတိုးအောင်လည်း အကုသိုလ်ကြီးမားလှသည့် သံလုံးကိုကြည့်ကာ သက်ပြင်းချမိသည်။

“ဒီကောင်တွေက ငါ့ကိုအမြဲနှိပ်စက်ကြတယ်ကွ၊ ညတိုင်း ညတိုင်း ငါ့ကိုဝိုင်းပြီး ထိုးဆိတ်စားသောက်ကြတယ်၊ အခုလိုမနက်ဆိုရင်လည်း ငါ့အနောက်ကို အပြေးလိုက်ပြီး ထိုးဆိတ်ကြတယ်ကွ”

ထိုစဉ် ဝါးရုံကြီးအနောက်မှ ကြက်တွန်သံများကိုကြားလိုက်ရသည့်အခါ သံလုံးတစ်ယောက် မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် တောအုပ်အတွင်းသို့ ဝင်ပြေးကာ ပျောက်ကွယ်သွားလေသည်။ ဦးတိုးအောင်လည်း လိုအပ်သည့် ဝါးများကိုခုတ်ယူကာ တောအုပ်အတွင်းမှ ပြန်ဆင်းလာခဲ့သည်။ တောစပ်သို့ရောက်သည့်အခါ ဦးတိုးအောင်က တောအုပ်ကိုလည်ပြန်လှည့်ကြည့်လိုက်သည်။

“ကိုသံလုံးရေ ခင်ဗျားမှာရှိတဲ့ အကုသိုလ်ဝဋ်ကြွေးတွေ အမြန်ကျေပါစေလို့ ကျုပ်ဆုတောင်းပေးရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ပါဘူးဗျာ”

ပြီးပါပြီ။

စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်

Zawgyi Version

သစ္ပုပ္႐ြာက ​ၾကက္လူသား (စဆုံး)

(ျဖစ္ရပ္မွန္တစ္ခုအေပၚ အေျခခံလ်က္ ျပန္လည္ေရးသားထားပါသည္)

(၁)

“ငါ့သားရယ္၊ ေစာေစာစီးစီး အကုသိုလ္အလုပ္ေတြ မလုပ္ပါနဲ႔လား”

“အိုဗ်ာ၊ အေမကလည္း က်ဳပ္က ထမင္းဆိုအသားတစ္မ်ိဳးမ်ိဳးပါမွ စားတတ္တာမဟုတ္လား”

“ဒါျဖင့္ရင္လည္း ေန႔လည္က်ရင္လာမယ့္ အသားသည္ဆီက အေမအသားဝယ္ထားမယ္၊ ဒီမနက္ေတာ့ သည္းခံလိုက္ေနာ္ ငါ့သား”

“အေမတို႔ကလည္းဗ်ာ၊ က်ဳပ္သည္းမခံႏိုင္ဘူး၊ အေမခ်က္ထားတဲ့ဟင္းေတြကိုလဲ က်ဳပ္မစားခ်င္ဘူး”

ဖိုးေတတစ္ေယာက္ သူ႔အေမခူးခပ္ေပးထားသည့္ မနက္စာထမင္းစားပြဲကို ေျခေထာက္တစ္ဖက္ျဖင့္ကန္ထည့္လိုက္ရာ ထမင္းစားပြဲမွာ တစ္ဖက္သို႔ေစာင္းသြားၿပီး စားပြဲေပၚရွိ ထမင္းပန္းကန္ႏွင့္ ဟင္းပန္ကန္မ်ားမွာ ၾကမ္းေပၚသို႔ေမွာက္က်ကုန္ေလသည္။ ထို႔ေနာက္ နံရံတြင္ခ်ိတ္ထားသည့္ လြယ္အိတ္ကိုေကာက္လြယ္လိုက္ၿပီး ထရံတြင္ထိုးထားသည့္ ဓါးရွည္တစ္လက္ကိုဆြဲလိုက္ကာ ခေမာက္အစုတ္တစ္လုံးေစာင္းၿပီး အိမ္ေပၚမွဆင္းလာေလသည္။

“ဟဲ့သား၊ ဘယ္သြားမလို႔လဲ၊ အေမအခုပဲ အိမ္ၾကက္ကေလးတစ္ေကာင္ ခ်က္ေပးမယ္”

“ထြီ၊ ေတာ္စမ္းပါအေမရာ၊ က်ဳပ္မစားခ်င္ေတာ့ဘူး၊ အေမခ်က္မေနနဲ႔၊ က်ဳပ္အခုေတာထဲသြားမယ္၊ ခုံးသြားေထာင္မယ္”

အိမ္ေပၚမွ ေျခလွမ္းက်ဲႀကီးျဖင့္ ဆင္းသြားသည့္ သားျဖစ္သူ ဖိုးေတကိုၾကည့္ရင္း ေဒၚၿပဳံးတစ္ေယာက္ သက္ျပင္းခ်လိုက္မိသည္။ ထို႔ေနာက္ ၾကမ္းျပင္တြင္ ျပန႔္က်ဲေနသည့္ ထမင္းဟင္းပန္ကန္မ်ားကို ေကာက္ရင္းသိမ္းဆည္းေနမိသည္။ ထို႔ေနာက္ အိမ္ေရွ႕သို႔ထြက္လာရင္း ဘုရားေက်ာင္းေဆာင္ကို တစ္ခ်က္ၾကည့္လိုက္မိသည္။ ဘုရားေက်ာင္းေဆာင္က ေသးငယ္ေသာ္လည္း ေညာင္ေရအိုးမ်ားတြင္ ေတာပန္းကေလးမ်ားျဖင့္ စိမ္းစိုပြင့္ဖူးကာ လွပေနသည္။ ေဒၚၿပဳံးလည္း ဘုရားေရွ႕တြင္လက္အုပ္ခ်ီလိုက္ၿပီး ဆုေတာင္းလိုက္မိသည္။

“ကြၽန္မသားေလး ဘာမွမျဖစ္ပါေစနဲ႔ ဘုရား”

ထို႔ေနာက္ ေဒၚၿပဳံးအိမ္ေပၚကဆင္းခဲ့သည္။ အိမ္ေရွ႕ေျမကြက္လပ္တြင္ စိုက္ပ်ိဳးထားသည့္ တိုင္ေထာင္ပဲမ်ား၊ င႐ုတ္ပင္မ်ားကို ေရဆင္းေလာင္းရန္အတြက္ ဆင္းလာခဲ့ျခင္းျဖစ္သည္။ ေဒၚၿပဳံးတို႔ ၿခံကေလးတြင္ သီးပင္စားပင္အစုံျဖင့္ စိမ္းစိုေနသည္။ တိုင္ေထာင္ပဲမ်ား၊ င႐ုတ္ပင္မ်ားအေရွ႕တြင္ သေဘၤာပင္မ်ားကို စီတန္းကာစိုက္ပ်ိဳးထားသည္။ ထိုေဘးဘက္တြင္ ေျပာင္းတစ္ခင္းလဲရွိေသးသလို အိမ္ေနာက္ေဖးတြင္လည္း ႀကီးမားေသာ ဘူးစင္ႀကီးက စီတန္းလွ်က္ရွိသည္။ ဘူးစင္ေအာက္တြင္ ဘဲတစ္အုပ္က ေျပးလႊားေနသလို အိမ္တြင္ေမြးထားသည့္ ၾကက္အုပ္အတြင္းမွ ၾကက္ဖႀကီးတစ္ေကာင္ကလည္း ဘူးစင္ေပၚသို႔ပ်ံတက္လိုက္ကာ “ေအာက္အီးအီးအြတ္” ဟု ေအာ္သံေပးလိုက္ျပန္သည္။

“ဒီေကာင္ေလးက အေဖတူတဲ့သားေလးပဲ၊ သူ႔အေဖရဲ႕စ႐ိုက္ေတြ ပါလာတာေနမွာပါ”

ေဒၚၿပဳံးအပင္ေရေလာင္းရင္းေတြးမိသည္။ ေဒၚၿပဳံးေယာက္်ားကိုတိုးေမာင္က ယာလုပ္ေသာ္လည္း ငွက္ေထာင္ျခင္း၊ အမဲလိုက္ျခင္းမ်ားကို အလြန္ဝါသနာထုံသည့္အတြက္ မုဆိုးတစ္ပိုင္းျဖစ္ေနေလသည္။ ေဒၚၿပဳံးႏွင့္ အခ်ိန္အေတာ္ၾကာ ေပါင္းသင္းခဲ့ေသာ္လည္း သားသမီးရတနာမရရွိခဲ့ေပ၊ သို႔ေသာ္ ေဒၚၿပဳံးအသက္ေလးဆယ္ေက်ာ္မွ ကိုယ္ဝန္ရခဲ့ၿပီး ယခုသားေလး တိုးေအာင္ကို ေမြးဖြားခဲ့သည္။ တိုးေအာင္ေမြးၿပီး သိပ္မၾကာခင္မွာပင္ သူ႔ေယာက္်ား တိုးေမာင္ေတာတက္ရင္း ေခ်ာက္ထဲက်ကာ ေသဆုံးခဲ့သည္။ သားေလးတိုးေအာင္မွာ ငယ္ငယ္ကတည္းက စ႐ိုက္ၾကမ္းသလို ႀကီးလာသည့္အခါ ပိုၿပီးဆိုးသြမ္းလာေလသည္။ ထို႔အတြက္ တိုးေအာင္ဆိုသည့္ အမည္ရင္းေပ်ာက္ကြယ္ၿပီး တစ္႐ြာလုံးက ဖိုးေတဟုသာ ေခၚဆိုၾကသည္။ ဖိုးေတဆိုသည့္နာမည္အတိုင္း ေပသည္၊ ေတသည္။ ပိုၿပီးဆိုးသြားသည္က ဖိုးေတလူပ်ိဳေပါက္အ႐ြယ္တြင္ ရပ္ထဲ႐ြာထဲ ဆိုးမိုက္ေပေတသည့္ လူမိုက္ သံလုံးႏွင့္ ေပါင္းဖက္မိရာမွ ပိုၿပီးေပေပေတေတျဖစ္သြားရျပန္သည္။ စင္စစ္အားျဖင့္ ေဒၚၿပဳံးတို႔ သားအမိႏွစ္ေယာက္အတြက္ စားဝတ္ေနေရးက ပူစရာမရွိေပ၊ ယာကိုသီးစားအငွားခ်ထားသလို ေဒၚၿပဳံးကိုယ္တိုင္ကလည္း ၿခံဝိုင္းထဲတြင္ သီးပင္စားပုံမ်ားစိုက္ထားကာ ေရာင္းခ်စားေသာက္ျခင္းျဖင့္ မပူမပင္စားေသာက္ႏိုင္ေသာ္လည္း ဖိုးေတကေတာ့ ေတၿမဲေတဆဲပင္ျဖစ္သည္။

(၂)

“ေဟ့ေကာင္ဖိုးေတ၊ မင္းဘာျဖစ္လာတာလဲ”

႐ြာစြန္ရွိ အရက္ခြက္ပုန္းဆိုင္ထဲသို႔ ဝင္လိုက္သည္ႏွင့္ သူ႔ဆရာျဖစ္သူ သံလုံးက အရက္တစ္ပုလင္းေသာက္ရင္း ဇိမ္က်ေနၿပီျဖစ္သည္။ ဖိုးေတဆိုင္ထဲဝင္လာသည္ကို ျမင္သည့္အခါ သံလုံးက လွမ္းေမးသည္။

“ဘာျဖစ္ရမလဲဗ်ာ၊ အေမေပါ့၊ အာလူးဆီျပန္နဲ႔ ပဲႀကီးဟင္းခ်ိဳပဲ က်ဳပ္ကိုေကြၽးတယ္ဗ်ာ၊ အသားတစ္ဖတ္ေတာင္ မပါဘူးေလ”

ဖိုးေတက သံလုံးေရွ႕တြင္ထိုင္လိုက္ၿပီး သံလုံးငွဲ႔ထားသည့္အရက္ခြက္ကို ေကာက္ယူကာ ေမာ့ခ်လိုက္သည္။

“က်ဳပ္ဆိုတဲ့ေကာင္ကလည္း ထမင္းစားရင္ အသားမပါရင္ စားတာမဟုတ္ဘူးဗ်၊ အသားဆိုရင္လည္း သူမ်ားဆီက ဝယ္စားတာထက္ လတ္လတ္ဆတ္ဆတ္ ကိုယ္ကိုယ္တိုင္ ဖမ္းၿပီးသတ္စားရတဲ့ အရသာကိုႀကိဳက္တာဗ်”

ထိုအခါ သံလုံးက ဖိုးေတအေရွ႕သို႔ ပန္းကန္တစ္ခ်ပ္ကို ခ်ေပးလိုက္ေလသည္။ ပန္းကန္ထဲတြင္ ႂကြက္တစ္ေကာင္ကို ခုတ္ထစ္ၿပီး ဆီနည္းနည္းႏွင့္ ေၾကာ္ထားသည့္ ႂကြက္ေၾကာ္မ်ားကိုေတြ႕ရသည္။ ဖိုးေတက ႂကြက္ေၾကာ္တစ္တုံးကို ေကာက္ယူလိုက္ၿပီး သံလုံးကိုၾကည့္လိုက္သည္။

“ကိုသံလုံး၊ ခင္ဗ်ားႂကြက္က ဝယ္ထားတဲ့ႂကြက္လား”

သံလုံးက ရယ္ေမာၿပီး

“ငါလခြမ္း၊ မင္းငါ့အေၾကာင္းသိတယ္မဟုတ္လားဖိုးေတရ၊ ငါဆိုတဲ့ေကာင္ကလည္း ငါ့ပါးစပ္ထဲသြင္းမယ့္ အသားကို ငါကိုယ္တိုင္သတ္ရမွာေက်နပ္တဲ့ေကာင္ကြ၊ အခုႂကြက္ကလည္း ညက ငါေထာင္ထားတဲ့ႂကြက္၊ မင္းမစားခ်င္ေန”

ထိုေတာ့မွ ဖိုးေတက ႂကြက္သားေၾကာ္ကို ပါးစပ္ထဲသို႔ ပစ္ထည့္ကာဝါးလိုက္ရင္း

“ခ်ိဳလိုက္တာဗ်ာ၊ လတ္လတ္ဆတ္ဆတ္သတ္ထားတာမို႔ထင္တယ္ေနာ္”

“စားကြာ၊ ေသာက္ကြာ၊ ဒါနဲ႔ ဒီေန႔မင္းဘယ္သြားမလို႔လဲ”

“က်ဳပ္ ေရေျမႇာင္ဘက္တက္မယ္ဗ်ာ၊ အခုက ခုံးရာသီဆိုေတာ့ ခုံးေတြသြားေထာင္မယ္”

သံလုံးက ေခါင္းညိတ္လိုက္ၿပီး

“ေကာင္းတာေပါ့ကြာ၊ ေသာက္ၿပီးရင္ သြားၾကတာေပါ့၊ ငါလည္းလိုက္ခဲ့မယ္”

အသက္ဆယ့္ငါးႏွစ္သာ ရွိေသးသည့္ ဖိုးေတက အရက္ကိုအလြန္ႀကိဳက္သည့္ ဇိုးသမားတစ္ေယာက္ျဖစ္ေနခဲ့ေလၿပီ၊ ထိုမွ်မကေသး ဆရာျဖစ္သူ သံလုံးႏွင့္ေပါင္းၿပီး အတူတူမိုက္ၾကသည္။ ႐ြာထဲ ႐ိုက္ၿပီ ႏွက္ၿပီဆိုလွ်င္ ဖိုးေတတို႔ထိပ္ဆုံးကျဖစ္သည္။ လူမိုက္သံလုံးႏွင့္ ေပေပေတေတဖိုးေတတို႔ေပါင္းမိၿပီး ႐ြာထဲတြင္ မိုက္ခ်င္တိုင္း မိုက္ေနၾကေလသည္။ သံလုံးကလည္း ဆိုးမိုက္သည့္အျပင္ ဝက္ထိုး၊ ႏြားေပၚဆိုလွ်င္လည္း သံလုံးသာ စီစဥ္ေပးေနၾကပင္၊ ေတာ႐ိုင္းေကာင္ေလးမ်ားကိုလည္း ဖမ္းဆီးၿပီး အၿမဲသတ္ျဖတ္ကာ စားေသာက္တတ္သူတစ္ေယာက္ျဖစ္သည္။ အျမဳေတရွိရာ အျမဳေတစုဆိုသလို လူမိုက္သံလုံးႏွင့္ ဖိုးေတတို႔ေပါင္းမိၾကေလသည္။ မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါဆိုသည့္အတိုင္း ဖိုးေတသည္လည္း သံလုံးလက္သစ္တစ္ေယာက္ ျဖစ္လာခဲ့ေလသည္။

အရက္ေသာက္ၿပီးေတာ့ သံလုံးတို႔အိမ္သို႔ ေလွ်ာက္ခဲ့ၾကသည္။ သံလုံးက အိမ္သို႔ေရာက္ေသာအခါ သူယူေနၾက ပစၥည္းကိရိယာမ်ားကိုယူသည္။ ထိုစဥ္ သံလုံး၏ သားမွာ ေအာ္ဟစ္ၿပီးငိုေႂကြးေလသည္။

“ဟဲ့ေကာင္မ၊ မိပြင့္၊ ဒီမွာကေလးငိုေနၿပီ၊ နင္ဘာလုပ္ေနတာလဲ”

သံလုံးမိန္းမ မိပြင့္က အိမ္ေနာက္ေဖးခန္းမွ ေျပးထြက္လာကာ သားငယ္ကိုေကာက္ခ်ီလိုက္သည္။

“သူဗိုက္ဆာလို႔ ငိုတာရွင့္”

“ဗိုက္ဆာရင္ ေကြၽးလိုက္ေပါ့ကြာ”

“ရွင္ပါးစပ္က အေျပာသိပ္လြယ္တယ္ကိုသံလုံး၊ ဆန္အိုးထဲ ဆန္မွမရွိဘဲ၊ မေန႔က က်န္တဲ့ထမင္းၾကမ္းကိုလည္း ရွင္က အပင္းခ်သြားတယ္မဟုတ္လား၊ ဘာမွမရွာေပးတဲ့အျပင္ က်ဳပ္ရဲ႕ ရွိစုမဲ့စု ဆီကိုလည္း ရွင္သုံးသြားေသးတယ္မဟုတ္လား”

သံလုံးက စိတ္ရႈပ္လာၿပီး မိပြင့္ကို ေျခေထာက္ျဖင့္ေဆာင့္ကန္ထည့္လိုက္သည္။ လဲက်သြားသည့္ မိပြင့္ေက်ာကုန္းကို ေျခဖေနာင့္ျဖင့္ ႏွစ္ခ်က္ေလာက္ေပါက္လိုက္ေသးသည္။

“ပါးစပ္ပိတ္ထားစမ္းေကာင္မ၊ ငါ့ကို နားပူေအာင္မလုပ္နဲ႔”

ထိုသို႔ေျပာၿပီး အိမ္ေပၚမွဆင္းလာခဲ့ေလသည္။ သံလုံးတို႔ အိမ္ကေလးတြင္ေတာ့ မိပြင့္ႏွင့္ သားျဖစ္သူက ၿပိဳင္တူငိုယိုလွ်က္ က်န္ေနခဲ့ၾကေလသည္။

“ကိုသံလုံးရာ၊ အမမိပြင့္ကို ခင္ဗ်ားတအားႏွိပ္စက္တာပဲ၊ ခ်စ္လို႔ယူထားတာမွ ဟုတ္ရဲ႕လား”

ဖိုးေတေျပာလိုက္သည့္အခါ သံလုံးက ရယ္ေမာလိုက္ၿပီး

“မိန္းမေတြဆိုတာ၊ ဒီေလာက္ပညာေပးထားမွ ေတာ္ကာက်တာကြာ၊ ဒါနဲ႔ ငါမိပြင့္ကို ဘယ္လိုယူခဲ့သလဲဆိုတာ မင္းသိသလား”

ဖိုးေတက ေခါင္းခါလိုက္သည္။

“ေအးကြာ၊ ဒါဆို မင္းကိုမိန္းမယူနည္း သင္ေပးရေသးတာေပါ့ကြာ၊ ဟား၊ ဟား”

(၃)

မိပြင့္က တစ္႐ြာလုံးတြင္ အလွပေဂး၊ ကြမ္းေထာင္ပန္းေထာင္ကိုင္ အပ်ိဳကေလးျဖစ္သည္။ မိပြင့္ကို တစ္႐ြာလုံးတြင္ လိုခ်င္သူအေျမာက္အမ်ားရွိသည္။ ထိုအထဲတြင္ သံလုံးလည္းပါသည္။ သံလုံးက အေသာက္အစားသမား၊ လူဖ်င္းလူမိုက္၊ အသက္သုံးဆယ္နားကပ္ေနၿပီျဖစ္ေသာ္လည္း ဘာအလုပ္မွ မယ္မယ္ရရမရွိဘဲ မိဘလုပ္စာထိုင္စားေနကာ တစ္ေနကုန္ အရက္ေသာက္ရင္း မူးေနသူျဖစ္သည္။

႐ြာထုံးစံ ညေနေရခပ္ဆင္းသည့္အခ်ိန္တြင္ သံလုံးက မူးမူး႐ူး႐ူးႏွင့္ မိပြင့္တို႔အနားသို႔ လာခဲ့သည္။ မိပြင့္တို႔ အပ်ိဳတစ္သိုက္လည္း အရက္မူးၿပီး ပုဆိုးပင္အႏိုင္ႏိုင္ဝတ္ေနရေသာ သံလုံးကိုၾကည့္ကာ ေလွာင္ေျပာင္ရယ္ေမာေနၾကေလသည္။ သံလုံးကေတာ့ ဘာကိုမွ ဂ႐ုမစိုက္ဘဲ မိပြင့္ဆီကိုသာသြားလိုက္သည္။

“မိပြင့္၊ နင့္ကိုငါခ်စ္တယ္ဟာ၊ နင္ငါ့နဲ႔လက္ထပ္ႏိုင္မလား”

မိပြင့္အလြန္ထိတ္လန႔္သြားသည္။ သူ႔အေဖာ္မ်ားကလည္း သံလုံးထိုစကားေျပာသည့္အတြက္ ေလွာင္ေျပာင္ရယ္ေမာကာ မိပြင့္ကိုၾကည့္ေနသျဖင့္ မိပြင့္ရွက္လည္းအလြန္ရွက္သြားသည္။ ထို႔ေၾကာင့္ သူစီးထားသည့္ ဖိနပ္ကိုခြၽတ္လိုက္ၿပီး လက္ျဖင့္စြဲကိုင္လိုက္ကာ သံလုံးပါးကို အားကုန္႐ိုက္ထည့္လိုက္သည္။

“ဟဲ့ နင္လိုအေကာင္ကမ်ား ငါ့ကိုမွန္းသတဲ့လား၊ ေနာက္တစ္ခါ ဒါမ်ိဳးထပ္လာေျပာၾကည့္စမ္း၊ ငါနင့္ကို သူႀကီးနဲ႔တိုင္မယ္”

မိပြင့္တို႔အဖြဲ႕ထြက္သြားသည့္အခါ သံလုံးက သူ႔ပါးကိုသူလက္ျဖင့္ပြတ္ကာ မိပြင့္ကိုအေနာက္မွေငးေမာၾကည့္ေနလိုက္သည္။ ထို႔ေနာက္ သြားႀကီးၿဖဲၿပီးရယ္ေမာလိုက္ေလသည္။

“ဟား၊ ဟား မိပြင့္၊ မိပြင့္၊ နင္ငါ့ကိုလုပ္ထားအုံးေပါ့၊ ငါဆိုတဲ့ေကာင္ကလည္း ငါလိုခ်င္တာကို ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ ရေအာင္ယူရမွ ေက်နပ္တဲ့ေကာင္ကြ . . . ေတာက္”

ေနာက္တစ္ေန႔မနက္ သံလုံးက အရက္တစ္ပုလင္းဝယ္ၿပီး ႐ြာျပင္သစ္ပင္ႀကီးေအာက္တြင္ အရက္ေသာက္ေနလိုက္သည္။ ထိုအခ်ိန္ မိပြင့္အေဖ ဘႀကီးၿဖိဳးမွာ ဓါးမကိုင္ၿပီး ေတာထဲတိုးသြားသည္ကိုေတြ႕ရသည္။ သံလုံးလည္း တစ္ခ်က္ၿပဳံးလိုက္ၿပီးေနာက္ အရက္ကိုဆက္ေသာက္ေနလိုက္သည္။ အရက္တစ္ပုလင္းစလုံး ကုန္သြားေတာ့မွ ထိုေနရာမွ ထထြက္ကာ ႐ြာဆီသို႔ ဦးတည္ကာ ေျပးလႊားခဲ့ေလသည္။

“မိပြင့္၊ ဟဲ့ မိပြင့္ နင့္အေဖ

ဘႀကီးၿဖိဳးေတာစပ္မွာ ပိုးထိလို႔ဟ”

သံလုံးေအာ္သံကိုၾကားသျဖင္ မိပြင့္အိမ္ထဲမွ ေျပးထြက္လာေလသည္။

“အေမေရ၊ အေမ . . .”

အိမ္ေပၚေအာ္ေခၚလိုက္ေသာ္လည္း အေမကမရွိ၊ ဒီအခ်ိန္ ဘုန္းႀကီးေက်ာင္းကို ဆြမ္းခ်ိဳင့္သြားပို႔ေနေလာက္ၿပီ၊ အိမ္တြင္လည္း မည္သူမွ မရွိေပ၊ အေဖျဖစ္သူ ေႁမြကိုက္ခံရသည္ဆိုသျဖင့္ မိပြင့္တစ္ေယာက္ ထူပူၿပီးဘာလုပ္ရမွန္းမသိျဖစ္ေနသည္။ ထို႔ေၾကာင့္ သဘက္ကေလးေခါင္းေပၚသို႔တင္ၿပီး သံလုံးအေနာက္သို႔ အေျပးလိုက္ခဲ့သည္။

“အေဖ၊ ဘာမွမျဖစ္ပါေစနဲ႔ . . .”

စိတ္ထဲထူပူေနမိသည္။ သံလုံးအေနာက္ေျပးလိုက္လာရင္း ေတာစပ္သို႔ေရာက္မွန္းမသိေရာက္သြားသည္။ ေတာအုပ္ထဲေရာက္ခ်ိန္တြင္ သံလုံးက သစ္ပင္ႀကီးတစ္ပင္အနားတြင္ ရပ္တန႔္လိုက္ေလသည္။

“ဟဲ့ သံလုံး၊ ငါ့အေဖဘယ္မွာလဲ”

ထိုအခါ သံလုံးက ရယ္ေမာလိုက္ၿပီး မိပြင့္အား အတင္းဝင္ဖက္ကာ လုံးေထြးေတာ့သည္။ မိပြင့္လည္း ေအာ္ဟစ္ၿပီး ႐ုန္းကန္ေသာ္လည္း မိန္းမသားႏွင့္ ေယာက္်ားသားမို႔ ခြန္အားက မမွ်ေပ။

“သံလုံး နင္ဘာလုပ္တာလဲ”

“နင့္ကိုလိုခ်င္လို႔ ႀကံမိတာပါ အခ်စ္ကေလးရာ၊ ငါ့ကိုခြင့္လႊတ္ေနာ္”

သံလုံး၏ ခြန္အားကို မိပြင့္မ႐ုန္းကန္ႏိုင္ေတာ့ေပ၊ မိပြင့္မ်က္ရည္မ်ားစီးက်လာခဲ့သည္။ သို႔ျဖင့္ မိပြင့္ေရတိမ္နစ္ခဲ့ရသည္။ မိပြင့္ေပ်ာက္သြားသျဖင့္ တစ္႐ြာလုံးက လူစုၿပီးလိုက္ရွာေတာ့မွ ညေနေစာင္းအခ်ိန္ ေတာထဲတြင္ သံေခ်ာင္းႏွင့္မိပြင့္ကို သြားေတြ႕ၾကသည္။

“ေတာက္၊ အမိုက္မ . . .”

ဘႀကီးၿဖိဳးက ေတာက္ေခါက္သည့္အခါ မိပြင့္ကေတာ့ ငိုေနမိသည္။ သံလုံးက ပုဆိုးကိုအသာျပန္ဝတ္ရင္း

“ကဲ ဘႀကီး၊ ခင္ဗ်ားသမီးကို ခင္ဗ်ားဆီျပန္အပ္ပါတယ္၊ ခင္ဗ်ားတို႔ က်ဳပ္နဲ႔ေပးစားခ်င္လည္း ေပးစားလို႔ရတယ္၊ မေပးစားခ်င္လည္း ခင္ဗ်ားတို႔ႀကိဳက္တာလုပ္”

ဘႀကီးၿဖိဳးက သံလုံးအား ဓါးျဖင့္ဝင္ပိုင္းေသာ္လည္း သံလုံးက ေရွာင္တိမ္းလိုက္ႏိုင္သည္။ လူသတ္မႈျဖစ္မည္စိုးသျဖင့္ ႐ြာသားမ်ားက ဘႀကီးၿဖိဳးကို ဆြဲထားၾကရသည္။ သံလုံးကေတာ့ ေအးေအးလူလူပင္ ရယ္ေမာလွ်က္ ႐ြာထဲသို႔ျပန္ဝင္သြားေလသည္။

တစ္႐ြာလုံးလည္း သတင္းေတြျပန႔္ကုန္ၿပီမို႔ မတတ္သာေတာ့ေပ၊ ေနာက္ေတာ့ သံလုံးမိဘမ်ားႏွင့္ မိဘျခင္းတိုင္ပင္ၿပီး မိပြင့္ကို သံလုံးႏွင့္ေပးစားလိုက္ရသည္။ သံလုံးမိဘမ်ားကလည္း သံလုံးမိန္းမယူၿပီးသည့္အခါ ေျပာင္းလဲသြားလိမ့္မည္ဟု ေတြးမိေသာေၾကာင့္ျဖစ္သည္။ သို႔ေသာ္ သံလုံးက ေခြးၿမီးေကာက္ က်ည္ေတာက္စြပ္လို လူစားမ်ိဳးပင္၊ မေျပာင္းလဲသည့္အျပင္ ပိုၿပီးဆိုး႐ြားလာေလသည္။ ထိုသည္ကေတာ့ မိပြင့္ကို ေန႔ရွိသေ႐ြ႕ ႐ိုက္ႏွက္ေနျခင္းျဖစ္သည္။

ဖိုးေတႏွင့္ သံလုံးတို႔ စကားတေျပာေျပာႏွင့္ ေတာစပ္သို႔ပင္ ေရာက္လာခဲ့ၾကသည္။

“ဒါဆို ကိုသံလုံး ခင္ဗ်ားက အမမိပြင့္ကို တကယ္မခ်စ္ဘူးေပါ့”

သံလုံးက ေခါင္းခါလိုက္ၿပီး

“ငါက မခ်စ္ပါဘူး၊ သူ႔ကိုလိုပဲလိုခ်င္တာ၊ မွတ္ထား ဖိုးေတရ၊ မိန္းမဆိုတာ သုံးလေလာက္ပဲ ေပါင္းလို႔ေကာင္းသတဲ့ကြာ၊ အခုေတာ့ ဒီဟာမ မ်က္ႏွာျမင္တာနဲ႔ ငါေသေအာင္႐ိုက္သတ္ခ်င္ေတာ့တာ”

သံလုံးက ေျပာၿပီးရယ္ေမာေလရာ ဖိုးေတကလည္း လိုက္ၿပီးရယ္ေမာလိုက္သည္။ ထို႔ေနာက္ ေတာထဲသို႔ဝင္လာသည္။ ဖိုးေတက ဝါးတစ္လုံးခုတ္လိုက္ၿပီး သူ႔အိတ္ထဲတြင္ ပါလာသည့္ ကိရိယာမ်ားျဖင့္ ေထာင္ေခ်ာက္မ်ားလုပ္ေလသည္။

“ေရေျမႇာင္ကေလးဘက္မွာ ခုံးေတြ ေတာ္ေတာ္ေပါတယ္ဆိုပဲကြ”

“ဒါေပါ့ ကိုသံလုံးရာ ခုံးရလို႔ကေတာ့ ခုံးသားကေလးကို ဆီျပန္ကေလးခပ္စပ္စပ္ခ်က္ၿပီး စားလိုက္ရရင္ ထမင္းၿမိန္မွာဗ်ိဳ႕”

ေထာင္ေခ်ာက္မ်ားလုပ္ၿပီးသည့္အခါ ေရေျမႇာင္ဘက္သို႔ ခရီးဆက္လာခဲ့ၾကသည္။ ေတာင္စြယ္ေျမႇာင္ကေလးျဖစ္ၿပီး ေရကန္ကေလးတစ္ကန္လည္းရွိသျဖင့္ ထိုေနရာတြင္ သစ္ပင္သစ္ေတာက ထူထပ္လွသည္။ ဝါး႐ုံပင္ႀကီးမ်ားလည္းရွိေလရာ ထိုဝါး႐ုံပင္မ်ားေအာက္ဘက္တြင္ေတာ့ လြတ္လပ္စြာက်က္စားေနၾကသည့္ ခုံးမ်ားကိုေတြ႕ရသည္။

ခုံးဆိုသည္မွာ ငုံးေကာင္ႏွင့္ အလားသ႑ာန္တူညီသည့္ ၾကက္မ်ိဳးႏြယ္ဝင္ တစ္မ်ိဳးျဖစ္သည္။ ငုံးႏွင့္အေတာ္ဆင္တူသည္။ အေမႊးအေတာင္မွာေတာ့ ငုံးလိုမြဲေျခာက္ေျခာက္မဟုတ္ဘဲ နက္ေမွာင္ေမွာင္ျဖစ္ၿပီး အျဖဴေပ်ာက္ကေလးမ်ား ပါဝင္သည္။ အေကာင္အ႐ြယ္အစားမွာ လက္သီးဆုပ္ခန႔္သာရွိသည္။

သံလုံးက ခဲလုံးမ်ားကို ေကာက္ယူလိုက္ၿပီး ခုံးေကာင္မ်ားထံသို႔ ပစ္သြင္းလိုက္ရာ ခုံးေကာင္မ်ားမွာ ေၾကာက္လန႔္တၾကား ထေျပးကုန္ၾကေလသည္။ ထိုသို႔ေျပးသြားသည့္အခါမွ သူတို႔က်က္စားတတ္သည့္ ေနရာတြင္ ေထာင္ေခ်ာက္မ်ားကို ေထာင္ရေလသည္။ ခုံးေကာင္မွာ စူးစမ္းတတ္သည့္အေကာင္ျဖစ္သျဖင့္ တစ္ေကာင္ေထာင္ေခ်ာက္မိလွ်င္ က်န္သည့္အေကာင္မ်ားမွာ ေျပးလာတတ္သည္မို႔ ေထာင္ေခ်ာက္မ်ားကို စုေပါင္းေထာင္ထားရသည္။ သံလုံးက ဝါး႐ုံႀကီး၏ အစြန္တြင္ေထာင္ၿပီး ဖိုးေတကေတာ့ ျမက္ေတာတစ္ေနရာတြင္ေထာင္ထားေလသည္။ ထို႔ေနာက္ သူတို႔ႏွစ္ေယာက္ ခပ္လွမ္းလွမ္းရွိ ဝါး႐ုံပင္ဆီသို႔ ျပန္တက္လာၾကၿပီး အသာေခ်ာင္းၾကည့္ေနၾကသည္။

ခုံးေကာင္မ်ားမွာ မၾကာခင္ျပန္လာၾကေလသည္။ ျမက္ေတာအနီးသို႔ တစ္ေကာင္က ေရာက္လာၿပီး ဖိုးေတေထာင္ထားသည့္ ေထာင္ေခ်ာက္အတြင္းသို႔ ဝင္ေလသည္။

“ကူး . . ကူး”

ေထာင္ေခ်ာက္မိသြားသည့္ ခုံးေကာင္က ေအာ္ဟစ္လိုက္သျဖင့္ အျခားခုံးေကာင္မ်ားပါ ေျပးလာၾကရာ ခုံးေကာင္ဆယ္ေကာင္ခန႔္နီးပါး တစ္ခ်ီတည္းဖမ္းမိေလသည္။ သံလုံးလည္း ခ်ဳံထဲမွထြက္ကာ ခုံးေကာင္မ်ားကို ဝါး႐ုံပင္အစြန္ဘက္သို႔ ေမာင္းထုတ္ရာ ထိုေနရာတြင္လည္း ခုံးေကာင္မ်ားမိၾကေလသည္။

ေခါင္းကေလးမ်ားေထာင္ေနသည့္ ခုံးေကာင္မ်ားကို ဓါးေႏွာင့္ႏွင့္အသာထုရာ ခုံးေကာင္မ်ားမွာ ေမ့ေျမာသြားၾကေလသည္။

“အေသမသတ္နဲ႔အုံးေနာ္ ဖိုးေတ၊ ခုံးဆိုတာ အရွင္ခ်က္စားမွ အရသာရွိတာကြ”

ဖိုးေတလည္း ေခါင္းညိတ္လိုက္ၿပီးေနာက္ မေသမရွင္ျဖစ္ေနသည့္ ခုံးေကာင္မ်ားအား ေျခေထာက္မွ ႀကိဳးျဖင့္စည္းလိုက္ကာ အတြဲလိုက္ဆြဲလာခဲ့သည္။ သံလုံးႏွင့္ ဖိုးေတက ခုံးေကာင္မ်ားကို ခြဲယူၾကၿပီး ေတာအတြင္းမွ ျပန္ထြက္လာခဲ့သည္။

“ခြၽတ္ . . ခြၽတ္”

သူတို႔ျပန္လာသည့္ လမ္းနံေဘးရွိ ခ်ဳံတိုးသံမ်ားကို ၾကားလိုက္ရသည့္အခါ သံလုံးက ဖိုးေတအားမ်က္စပစ္ျပလိုက္ၿပီး ေျခလွမ္းမ်ားကို ရပ္တန႔္လိုက္ၾကသည္။ ထို႔ေနာက္ ခ်ဳံကိုအသာၿဖဲၾကည့္ရာ ခ်ဳံတစ္ဖက္တြင္ေတာ့ အလြန္ႀကီးမားသည့္ ၾကက္ႀကီးတစ္ေကာင္ကိုေတြ႕လိုက္ရသည္။

“ၾကက္ဖႀကီးဗ်”

“ေအးကြ၊ ေတာၾကက္ဖႀကီးကြာ အေရာင္ကလည္းစုံေနတာပဲ၊ တစ္ေကာင္တည္းတင္ တစ္ပိႆ

ေလာက္ရွိမယ္ထင္တယ္”

သူတို႔စကားေျပာေနသည္ကိုၾကားသည့္အခါ ေတာၾကက္ႀကီးက ထေျပးေလသည္။ သူတို႔လည္းတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၿပီး တိုင္ပင္စရာမလိုဘဲ ႏွစ္ေယာက္သား ၾကက္ႀကီးအေနာက္သို႔ေျပးလိုက္ၾကေလသည္။ ေျပးရင္းလႊားရင္း သံလုံးက ၾကက္ဖႀကီးအား ေလးခြျဖင့္ ပစ္ခတ္ေနျပန္သည္။ ၾကက္ဖႀကီးအေနာက္ သူတို႔ေျပးလိုက္ရင္း ဝါး႐ုံႀကီးတစ္ခုႏွင့္ ေတြ႕ေလသည္။ ၾကက္ဖႀကီးမွာ ဝါး႐ုံႀကီးကို မတိုးေတာ့ဘဲ မိုးေပၚပ်ံလွ်က္ ဝါးကိုင္းတစ္ကိုင္းေပၚသို႔ ခုန္တက္လိုက္ရာ သံလုံးကလည္း လွ်င္ျမန္စြာပင္ ၾကက္ဖႀကီးကို ေလးခြျဖင့္ခ်ိန္လွ်က္ ပစ္ခ်လိုက္ေလသည္။

“ဘုတ္”

သံလုံး၏ ေလာက္စာလုံးမွာ ၾကက္ဖႀကီး၏ ဦးေခါင္းတည့္တည့္ကို ထိမွန္သြားၿပီး ၾကက္ဖႀကီးမွာ ဝါးကိုင္းေပၚမွ ျပဳတ္က်သြားေလသည္။

“လက္တည့္လိုက္တာဗ်ာ၊ ကိုသံလုံးရာ”

“ဟား၊ ဟား ငါ့လက္စကို မင္းသိတယ္မဟုတ္လား၊ ကဲ သြားေကာက္ရေအာင္ေဟ့”

သံလုံးႏွင့္ ဖိုးေတတို႔ ဝါး႐ုံၾကားထဲသို႔ တိုးခဲ့ၾကေတာ့သည္။

(၄)

သံလုံးက သူပစ္ခ်လိုက္သည့္ အျပာေရာင္၊ အစိမ္းေရာင္၊ အနီေရာင္အေမႊးမ်ားျဖင့္ လွပသည့္ၾကက္ႀကီးကို ေျပးေကာက္ေလသည္။ ၾကက္ႀကီးမွာ ေခါင္းထိမွန္ၿပီး ေသေနပုံရသည္။ သံလုံးလည္း လွည့္ျပန္မည္လုပ္လိုက္စဥ္ ဝါး႐ုံတစ္ဖက္တြင္ လူေနအိမ္မ်ားေတြ႕သျဖင့္ ထူးဆန္းသြားကာ ထိုအိမ္မ်ားဆီသို႔ထြက္ခဲ့ေလသည္။ ဖိုးေတလည္း သံလုံးအေနာက္မွ ေျပးလိုက္ခဲ့ေလသည္။

“ထူးဆန္းတယ္ကြ၊ ႐ြာတစ္႐ြာပဲ”

ဝါးျဖင့္ေဆာက္လုပ္ထားသည့္ ေျခတံခပ္ရွည္ရွည္တဲကေလးမ်ားကိုေတြ႕ရသည္။ တဲအလုံးႏွစ္ဆယ္ခန႔္ကို စီတန္းတည္ေဆာက္ထားၿပီး အလယ္တြင္ လမ္းတစ္ခုရွိကာ ထိုလမ္းက ျဖဴးေနေလသည္။ လမ္းေပၚတြင္လည္း ကေလးမ်ားက ေဆာ့ကစားေနၾကသလို လူႀကီးမ်ားကလည္း သြားလာေနၾကသည္။

“ေရေျမႇာင္ဘက္မွာ ႐ြာရွိတယ္လို႔ေတာ့ မၾကားဖူးပါဘူး ကိုသံလုံးရာ”

“မဟုတ္ဘူးကြ၊ ႐ြာၾကည့္ရတာ ႐ြာငယ္ကေလးပဲ၊ ႐ြာေ႐ြ႕လာတာလား၊ ဒါမွမဟုတ္ သစ္ခုတ္လာၾကတာလားပဲ”

သူတို႔ႏွစ္ဦး ႐ြာလယ္လမ္းတြင္ လမ္းေလွ်ာက္ေနစဥ္မွာပင္ အဘိုးႀကီးတစ္ေယာက္က သူတို႔ကိုလွမ္းေအာ္ေမးေလသည္။

“ေဟ့ေကာင္ေလးေတြ၊ မင္းတို႔ဘာလာလုပ္ၾကတာလဲ”

သူတို႔လည္း အဘိုးႀကီးအနားသို႔ ကပ္လာခဲ့သည္။

“က်ဳပ္တို႔ ေတာလည္ထြက္ရင္း ဒီ႐ြာကိုေရာက္လာတာပါ၊ ဒီ႐ြာက ဘာ႐ြာလဲဟင္”

“သစ္ပုတ္႐ြာလို႔ေခၚတယ္ကြ၊ ကဲ လာစမ္းကြာ၊ မင္းတို႔ေရာက္တုန္းေရာက္ခိုက္ မင္းတို႔ကို ဧည့္ခံရေအာင္”

အဘိုးႀကီးက သူတို႔လက္ကိုဆြဲၿပီး ေျခတံရွည္အိမ္ေပၚသို႔ ဆြဲေခၚသြားသျဖင့္ သူတို႔လည္းလိုက္သြားမိသည္။ အမွန္ေတာ့ ဖိုးေတမွာ တစ္မနက္ခင္းလုံး ထမင္းမစားရေသးသျဖင့္ ဆာေလာင္ေနသလို သံလုံးလည္း ေတာလည္ထားသျဖင့္ ဆာေလာင္ေနၿပီျဖစ္သည္။ ေနက မြန္းတည့္ေတာ့မည္ျဖစ္သည္။ အဘိုးႀကီးက သူတို႔အေရွ႕တြင္ ေဒါင္းလန္းကဲ့သို႔ ဗန္းႀကီးတစ္ခုခင္းေပးေလသည္။

“ငါ့တူႀကီးတို႔ ထမင္းစားသြားၾကအုံးကြာ”

မၾကာခင္ မိန္းကေလးႏွစ္ေယာက္က အိမ္ေပၚသို႔တက္လာကာ လက္ထဲတြင္လည္း ထမင္းအိုးတစ္လုံးသယ္လာေလသည္။ ထိုထမင္းအိုးကို ဗန္းထဲတြင္ လာပုံထည့္လိုက္ေလသည္။

“အဘႀကီး၊ က်ဳပ္တို႔ႏွစ္ေယာက္က အသားမပါရင္ ထမင္းမစားတတ္ဘူးဗ်”

အဘိုးႀကီးက ေခါင္းညိတ္လွ်က္

“ရတာေပါ့ကြ၊ တို႔ဆီမွာလည္း အသားရွိပါတယ္၊ ကဲ သမီးတို႔ေရ၊ အသားတဲ့”

ထိုမိန္းကေလးႏွစ္ေယာက္က အိမ္ေအာက္ဆင္းသြားၿပီးေနာက္ အသားဟင္းခြက္မ်ားကိုယူလာကာ ေဒါင္းလန္းထဲသို႔ ပုံထည့္ေပးလိုက္သည္။ အသားဟင္းတစ္ခြက္မွာ အမဲသားႏွပ္ျဖစ္ၿပီး၊ က်န္သည့္အသားဟင္းတစ္ခြက္ကေတာ့ ဝက္သားဟင္းျဖစ္သည္။ ဟင္းမ်ားမွာ အေငြ႕တေထာင္းေထာင္းထေနသလို အလြန္ေမႊးႀကိဳင္လွေလသည္။

“စားၾကေလကြ၊ မင္းတို႔ပဲ အသားစားခ်င္တယ္ဆို”

သံလုံးက လက္ပင္မေဆးေတာ့ဘဲ အမဲသားတုံးကို ေကာက္ယူၿပီး ပါးစပ္ထဲပစ္ထည့္လိုက္ကာ ထမင္းစားေနေလသည္။ ေနာက္ေတာ့ ဝက္သားတုံးမ်ားကို ေကာက္ဝါးသည္။ သံလုံးစားေနသည့္ ထမင္းစားေနသည့္ပုံစံမွာ ပလုပ္ပေလာင္းစားေသာက္ေနသျဖင့္ မသိလွ်င္ အႏွစ္ႏွစ္အလလက ငတ္ျပတ္ေနသည့္ သရဲႀကီးတစ္ေကာင္ ထမင္းစားေနသည္ႏွင့္ပင္ တူေနေလသည္။ မိန္းကေလးႏွစ္ေယာက္မွာလည္း ေနာက္ထပ္အမ်ိဳးမ်ိဳးေသာ အသားဟင္းမ်ား၊ ငါးဟင္းမ်ားယူလာကာ ဗန္းထဲသို႔ လာထည့္ေပးၾကသည္။

“စားေလ၊ ဖိုးေတရ မင္းမစားဘူးလား”

သံလုံးက ပလုပ္ပေလာင္းျဖင့္ေျပာသည့္အခါ ဖိုးေတလည္း ထမင္းတစ္လုပ္ေကာက္ယူလိုက္သည္။ ထမင္းကိုစားရန္ ပါးစပ္သို႔ကပ္လိုက္သည့္အခါ အလြန္ဆိုးဝါးလွသည့္ အနံ႔တစ္ခုကို ႏွာေခါင္းအတြင္းရလိုက္သည္။ ထိုအခါ လက္ထဲရွိ ထမင္းလုံးျဖဴျဖဴမ်ားကိုၾကည့္လိုက္ရာ ထမင္းလုံးမ်ားမဟုတ္ဘဲ ေလာက္ေကာင္မ်ားျဖစ္ေနသည္ကိုေတြ႕ရၿပီး တဖြားဖြားလႈပ္ရွားေနၾကေလသည္။

“ထြီ . . . ေဝါ့”

ဖိုးေတက မစားေတာ့ဘဲ လက္ထဲမွထမင္းကိုျပန္ခ်လိုက္သည္။ သံလုံးက သူ႔ကိုၾကည့္လိုက္ၿပီး

“ေဟ့ေကာင္ စားေလကြာ၊ မင္းဘာလုပ္ေနတာလဲ”

ဖိုးေတက ေလာက္ေကာင္မ်ားအေၾကာင္းကို ေျပာခ်င္ေသာ္လည္း အဘိုးႀကီးက သူ႔ကိုစိုက္ၾကည့္ေနသျဖင့္ မေျပာထြက္ေတာ့ေပ၊ သို႔ျဖင့္ ေဒါင္းလန္းဗန္းႀကီးကိုၾကည့္သည့္အခါ ထမင္းမ်ားအားလုံးမွာ ေလာက္ေကာင္မ်ားျဖစ္ေနၿပီး ဟင္းမ်ားမွာလည္း မီးေသြးတုံးမ်ား၊ ေျမႀကီးခဲမ်ားသာျဖစ္ေနေလသည္။ သံလုံးကေတာ့ ထိုအျဖစ္ကို သိပုံမရဘဲ အားရပါးရစားေသာက္ေနေလသည္။

“သမီးတို႔ေရ၊ ဟင္းထည့္ေပးလိုက္ပါအုံး”

သူတို႔အနားတြင္ ထိုင္ေနသည့္ မိန္းကေလးႏွစ္ဦးက မတ္တပ္ထရပ္လိုက္သည္။ သို႔ေသာ္ ထိုမိန္းကေလးမ်ား၏ ေျခေထာက္မွာ လူေျခေထာက္မဟုတ္ဘဲ ၾကက္ေျခေထာက္မ်ားျဖစ္ေနေလသည္။ ဖိုးေတ ေခါင္းနားပန္းေတြႀကီးသြားသည္။ အဘိုးႀကီးကို ေသခ်ာၾကည့္သည့္အခါ အဘိုးႀကီး၏ ေျခေထာက္မ်ားမွာလည္း ၾကက္ေျခေထာက္မ်ားျဖစ္ေနသည္။

“ကိုသံလုံး၊ ခင္ဗ်ားစားေနတာ ေတာ္ေတာ့ဗ်ာ၊ က်ဳပ္တို႔ျပန္ရေအာင္”

“မင္းကလည္းကြာ၊ ဒီမွာစားလို႔ေကာင္းေနတုန္းရွိေသးတယ္”

သံလုံးက ပါးစပ္ထဲတြင္ ထမင္းလုပ္ႀကီးႏွင့္ ဗလုံးဗေထြးေျပာေနျပန္သည္။ သို႔ႏွင့္ သံလုံးကို လက္ဆြဲလိုက္ၿပီး အဘိုးႀကီး၏ ေျခေထာက္မ်ားကို လက္ညႇိဳးထိုးျပလိုက္ေတာ့မွ သံလုံးလည္းထူးဆန္းသြားေလသည္။ ထိုအခါ အိမ္ေပၚသို႔ မိန္းကေလးႏွစ္ေယာက္တက္လာေလသည္။ မိန္းကေလးႏွစ္ေယာက္မွာ လူမ်ားမဟုတ္ေတာ့ဘဲ ေခါင္းမ်ားမွာ ၾကက္ေခါင္းႀကီးမ်ားျဖစ္ေနၾကသည္။ ထိုအခိုက္ ဖိုးေတနံေဘးနားတြင္ခ်ထားသည့္ ခုံးေကာင္မ်ားမွာ ေခါင္းမ်ားေထာင္လာၿပီး ဟစ္ေအာ္ၾကသည္။ ေလာက္ေလးထိၿပီး ေသဆုံးသြားသည့္ ၾကက္ဖႀကီးမွာလည္း မ်က္လုံးႀကီးျပဴးၿပီး ကုန္းထလာကာ ထၿပီး တြန္ေတာ့သည္။

“သူတို႔က လူမဟုတ္ဘူး၊ သရဲ၊ သရဲေတြဗ်”

ဖိုးေတႏွင့္ သံလုံးတို႔လည္း အိမ္ေပၚမွခုန္ဆင္းလိုက္ၾကသည္။ ထိုေတာ့မွ တစ္႐ြာလုံးရွိ အိမ္ႀကီးမ်ားမွာ အိမ္ပ်က္ႀကီးမ်ားျဖစ္ေနသလို၊ ႐ြာရွိလူမ်ားမွာလည္း ၾကက္ေခါင္းႀကီးမ်ားႏွင့္ လူကိုယ္လုံးမ်ားျဖစ္ေနၾကေလသည္။ သူတို႔ေျပးဆင္းသည့္အခါ အိမ္ေပၚမွ အဘိုးႀကီးလည္း လိုက္ဆင္းလာသည္။ ထိုအခါ ႐ြာရွိၾကက္မ်ားက သူတို႔အေနာက္သို႔ေျပးလိုက္ၾကေတာ့ေလသည္။

“ေျပးထားကြ ဖိုးေတရ”

သူတို႔ႏွစ္ေယာက္ ႐ြာလယ္လမ္းအတိုင္းေျပးလာခဲ့ၾကရာ သူတို႔အေနာက္တြင္ ရာႏွင့္ခ်ီသည့္ ၾကက္အုပ္ႀကီးက လိုက္လာခဲ့ေလသည္။ ႐ြာလယ္လမ္းဆုံးသည့္အခါ ႀကီးမားသည့္ သစ္ပုပ္ပင္ႀကီးတစ္ပင္ကိုေတြ႕လိုက္ရသည္။ ဖိုးေတက သစ္ပုပ္ပင္ႀကီးေအာက္မွ ျဖတ္ခဲ့လိုက္ေသာ္လည္း သံလုံးကေတာ့ သစ္ပုပ္ပင္ႀကီးေအာက္တြင္သာ က်န္ေနခဲ့သည္။

“ကိုသံလုံး၊ လာေလဗ်ာ”

သံလုံးက ဖိုးေတဆီသို႔ ေျပးျပန္သည္။ သို႔ေသာ္ သံလုံးမွာသစ္ပုပ္ပင္ႀကိးကို မျဖတ္သန္းႏိုင္ဘဲ မျမင္ရသည့္ နံရံတစ္ခုက သံလုံးအားတားဆီးထားသလိုျဖစ္ေနသည္။ မၾကာခင္မွာပင္ သံလုံးကို ၾကက္မ်ားက ဝန္းရံလိုက္ေလသည္။ အဘိုးႀကီးက ဖိုးေတကို လက္ညႇိဳးထိုးၿပီး

“ကဲ ဟိုေကာင္ေလး၊ မင္းကေတာ့ မင္းအေမဆီကို ျပန္ေပေတာ့”

ထို႔ေနာက္ သံလုံးကိုလက္ညႇိဳးထိုးကာ

“မင္းကေတာ့ ငါတို႔ေကြၽးတဲ့ထမင္းေတြစားလိုက္လို႔ မင္းျပန္သြားလို႔မရေတာ့ဘူး၊ တို႔နဲ႔ ေနခဲ့ရမယ္”

အဘိုးႀကီးစကားဆုံးသည္ႏွင့္ ၾကက္မ်ားက သံလုံးဆီကိုခုန္အုပ္လိုက္ၾကကာ သံလုံးအား ဝိုင္းဝန္းထိုးဆိတ္ၾကေလသည္။ သံလုံးမွာလည္း အသံနက္ႀကီးျဖင့္ ေအာ္ဟစ္ေနေလသည္။ ဖိုးေတက ေၾကာက္လန႔္တၾကားႏွင့္ ၾကည့္ေနစဥ္မွာပင္ သူ႔ရင္ဘတ္ကို လက္ႏွင့္တြန္းလိုက္သလိုခံစားရၿပီး သူလဲက်သြားသည္။

အလြန္ေမွာင္မည္းၿပီး နက္ရႈိင္းလွသည့္ ေခ်ာက္နက္ႀကီးတစ္ခုအတြင္းသို႔ ဖိုးေတျပဳတ္က်သြားေလသည္။

“အေမေရာကယ္ပါ၊ အေမေရ ကယ္ပါအုံးဗ်”

(၆)

“ေဟာ သတိရလာၿပီး မၿပဳံးေရ၊ နင့္သားဖိုးေတ သတိရလာၿပီ”

ဖိုးေတက လန႔္ၿပီးထထိုင္လိုက္သည့္အခါ သူအနားတြင္႐ြာထဲမွ လူမ်ားက စီတန္းလ်က္ထိုင္ေနၾကသည္။

“က်ဳပ္ဘာျဖစ္သြားတာလဲ၊ က်ဳပ္အခု ဘာျဖစ္သြားတာလဲ”

ထိုစဥ္ ေဒၚၿပဳံးက အိမ္ထဲမွေျပးထြက္လာၿပီး ဖိုးေတအားေပြ႕ဖက္လိုက္ေလသည္။

“မေသေကာင္း မေပ်ာက္ေကာင္းသားေလးရယ္”

အေမက သူ႔ကိုဖက္ၿပီး ငိုေနေလသည္။ ဖိုးေတလည္း ဘာျဖစ္သြားမွန္းမသိသျဖင့္ နားမလည္ႏိုင္ေတာ့ေပ၊ ထိုေတာ့မွ သူ႔အနီးတြင္ထိုင္ေနသည့္ လူႀကီးတစ္ဦးက

“ေမာင္ဖိုးေတ၊ မင္း ေတာထဲကေနျပန္မလာတာနဲ႔ မင္းကိုငါတို႔လိုက္ရွာေတာ့ သစ္ပုပ္ပင္ႀကီးတစ္ပင္ေျခရင္းမွာ ေမ့ေျမာေနတဲ့မင္းကိုေတြ႕လိုက္ရတယ္ကြ၊ မင္းအခုဆို သတိေမ့ေနတာ သုံးရက္ေက်ာ္ၿပီ”

“ဒါ . . ဒါဆို ကိုသံလုံးေရာ”

“ေအး၊ သံလုံးကိုေတာ့ အခုထိရွာမေတြ႕ဘူးကြ၊ ဒါနဲ႔ ငါလည္း မင္းကိုေမးရအုံးမယ္၊ သံလုံးတစ္ေယာက္ ဘယ္ေရာက္သြားတာလဲ”

ထိုေတာ့မွ ဖိုးေတမ်က္လုံးမွ မ်က္ရည္မ်ားစီးက်လာေလသည္။

“ကိုသံလုံးမရွိေတာ့ဘူးဗ်၊ သူက်န္ေနခဲ့တယ္၊ သူ အဲဒီ ၾကက္လူသားေတြေနတဲ့ ၾကက္႐ြာႀကီးမွာ က်န္ေနခဲ့တယ္ဗ်”

ဖိုးေတက ငိုယိုရင္း သူေတြ႕ႀကဳံခဲ့သည့္ အေတြ႕အႀကဳံမ်ားကို ႐ြာသားမ်ားအားေျပာျပလိုက္ရာ ႐ြာသားမ်ားအကုန္လုံး အံ့ဩဘနန္းျဖစ္ၾကရေလသည္။

“ငါသားေတာလည္သြားတယ္ဆိုရင္ မင္းအေဖလိုအျဖစ္မ်ိဳး ျဖစ္မွာစိုးလို႔ အေမက ဆုေတာင္းလိုက္ရတာကြဲ႕”

ဖိုးေတလည္း အေမ့စကားကိုၾကားလိုက္ရၿပီးေနာက္ ၾကက္႐ြာမွ အဘိုးႀကီးေျပာခဲ့သည့္ စကားတစ္ခ်ိဳ႕ကိုျပန္လည္ၾကားေယာင္ေနမိသည္။

“ေဟ့ေကာင္ေလး၊ မင္းကေတာ့ မင္းအေမဆီကိုျပန္ရမယ္ကြ”

ထိုေနာက္ပိုင္းမွစၿပီး ဖိုးေတလိမ္မာသြားသည္။ ေတာအုပ္အတြင္းသို႔လည္း ေျခဦးမလွည့္ေတာ့ေပ၊ အသားစားဖို႔ေနေနသာသာ ၾကက္ျမင္လွ်င္ကို ဖိုးေတလန႔္ေနသည္။ ၾကက္သားကို ထိုကတည္းက လုံး၀မစားေတာ့ေပ။ မိခင္ႀကီးေဒၚၿပဳံးႏွင့္အတူ ယာအလုပ္မ်ားဝိုင္းကူလုပ္သလို၊ ၿခံဝိုင္းထဲတြင္လည္း စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား လုပ္ကိုင္ရင္း ႐ိုး႐ိုးသားသား အသက္ေမြးခဲ့ေတာ့သည္။ အရက္ေသစာကိုလည္း လုံး၀မေသာက္ေတာ့ေပ။

သို႔ႏွင့္ ႏွစ္ေပါင္းမ်ားစြာၾကာခဲ့ေလသည္။ မိခင္ႀကီး ေဒၚၿပဳံးလည္း မရွိေတာ့ေပ၊ ဖိုးေတတစ္ေယာက္လည္း ဖိုးေတဆိုသည့္ နာမည္ပင္ေပ်ာက္ၿပီး ဦးတိုးေအာင္ဆိုသည့္ လူႀကီးတစ္ဦးျဖစ္လာခဲ့ၿပီ၊ အိမ္ေထာင္ရက္သားက်ၿပီး သားသမီးပင္ သုံးေယာက္ခန႔္ရေနခဲ့ၿပီ။

တစ္ရက္ေတာ့ ဦးတိုးေအာင္တစ္ေယာက္ ဝါးလိုသျဖင့္ ေတာထဲသို႔တက္လာခဲ့သည္။ လမ္းတြင္ သံလုံး၏ သား သံေခ်ာင္းကိုေတြ႕ရသျဖင့္ မုန႔္ဖိုးေပးမည္ဟုဆိုကာ ေခၚလာခဲ့သည္။ သံေခ်ာင္းကေလးပင္ လူပ်ိဳေပါက္ျဖစ္ေနၿပီျဖစ္သည္။ သံလုံးေသသြားၿပီးကတည္းက အမမိပြင့္မွာ မိဘအိမ္ျပန္ေနၿပီး သံေခ်ာင္းကေလးကို ျပဳစုပ်ိဳးေထာင္ေပးေလသည္။ သံေခ်ာင္းမွာ သံလုံးႏွင့္ လုံး၀စ႐ိုက္မတူပဲ လိမ္မာယဥ္ေက်းသည့္ ေကာင္ေလးတစ္ေယာက္ျဖစ္သည္။

ဦးတိုးေအာင္ႏွင့္ သံေခ်ာင္းတို႔ ေတာတိုးလာခဲ့ရင္း ဝါး႐ုံႀကီးတစ္ခုအနီးသို႔ ေရာက္လာခဲ့သည္။ ဦးတိုးေအာင္က ဝါးေကာင္းမ်ားကိုေ႐ြးကာ ခုတ္လိုက္ၿပီးေနာက္ ဝါးမ်ားကိုစည္းေႏွာင္ေပးလိုက္သည္။ ထို႔ေနာက္ သံေခ်ာင္းကို ထိုဝါးစည္းကို ပုခုံးေပၚတင္ေပးလိုက္သည္။

“သံေခ်ာင္း၊ မင္းျပန္ႏွင့္ကြာ”

“ဦးတိုးေအာင္လည္း တစ္ခါတည္းမလိုက္ခဲ့ဘူးလား”

“ငါလား . . . မင္းက လူငယ္ဆိုေတာ့ ေျခသြက္တယ္ကြ၊ ငါကေတာ့ အေနာက္ကေန ျဖည္းျဖည္းပဲ ဆင္းလိုက္လာခဲ့မယ္ေဟ့”

သံေခ်ာင္းက ေခါင္းညိတ္ၿပီး ဝါးစည္းႀကီးထမ္းကာ ဆင္းသြားေလသည္။ ထိုေတာ့မွ ဦးတိုးေအာင္လည္း ဝါး႐ုံတစ္ဖက္တြင္ရပ္ၾကည့္ေနသည့္ လူတစ္ဦးထံသို႔ လွမ္းၾကည့္လိုက္ေလသည္။ တစ္ကိုယ္လုံးစုတ္ျပတ္ ႏြမ္းလ်ေနသည့္ အဝတ္အစားမ်ားကို ဝတ္ဆင္ထားသည့္ လူတစ္ဦးက မ်က္လုံးႀကီးျပဴးၿပီး သူ႔ကိုၾကည့္ေနေလသည္။ ထိုလူမွာ အျခားမဟုတ္၊ သူငယ္ငယ္က ေပါင္းသင္းခဲ့သည့္ လူမိုက္ႀကီး သံလုံးပင္ျဖစ္သည္။

“ဖိုး . . ဖိုးေတရာ၊ ငါ့ကို . . . ငါ့ကိုကယ္ပါအုံးကြာ”

ဦးတိုးေအာင္လည္း ေခါင္းညိတ္လိုက္ၿပီးေနာက္

“က်ဳပ္ဘ၀တစ္ေလွ်ာက္လုံးျပဳထားတဲ့ ေကာင္းမႈကုသိုလ္ေတြကို ခင္ဗ်ားကို အမွ်ေပးမယ္ ကိုသံလုံး၊ ခင္ဗ်ားသာဓုေခၚၿပီးေတာ့ ေကာင္းရာမြန္ရာကိုသြားပါ”

“က်ဳပ္ျပဳလုပ္ထားတဲ့ ေကာင္းမႈကုသိုလ္ေတြကို ကိုသံလုံးလည္း ထပ္တူထပ္မွ်ရေအာင္ အမွ်ေပးေဝပါသည္၊ ကိုသံလုံးေရ အမွ် . . အမွ် . . အမွ်၊ ယူေတာ္မူၾကပါကုန္ေတာ့ . . . သာဓု. . သာဓု . . သာဓု”

ဦးတိုးေအာင္ေျပာဆိုေနသည္ကို သံလုံးက မ်က္လုံးျပဴးႀကီးမ်ားျဖင့္ၾကည့္ၿပီးေနာက္ မ်က္ရည္မ်ားစီးက်ေနေလသည္။ ပါးစပ္က တုတ္တုတ္မွ် မလႈပ္လဲ ေစ့ေနေလရာ ဦးတိုးေအာင္ပင္ အံ့ဩသြားရသည္။

“ကိုသံလုံး ခင္ဗ်ား သာဓုေခၚေလဗ်ာ”

သံလုံးက ေခါင္းခါလွ်က္

“ငါေခၚလို႔မရဘူး ဖိုးေတ၊ ငါ့ပါးစပ္ေတြက လႈပ္မရဘူး၊ အဲဒီစကားကို ထြက္ဆိုလို႔မရဘူး ဖိုးေတရာ”

ဦးတိုးေအာင္လည္း အကုသိုလ္ႀကီးမားလွသည့္ သံလုံးကိုၾကည့္ကာ သက္ျပင္းခ်မိသည္။

“ဒီေကာင္ေတြက ငါ့ကိုအၿမဲႏွိပ္စက္ၾကတယ္ကြ၊ ညတိုင္း ညတိုင္း ငါ့ကိုဝိုင္းၿပီး ထိုးဆိတ္စားေသာက္ၾကတယ္၊ အခုလိုမနက္ဆိုရင္လည္း ငါ့အေနာက္ကို အေျပးလိုက္ၿပီး ထိုးဆိတ္ၾကတယ္ကြ”

ထိုစဥ္ ဝါး႐ုံႀကီးအေနာက္မွ ၾကက္တြန္သံမ်ားကိုၾကားလိုက္ရသည့္အခါ သံလုံးတစ္ေယာက္ မ်က္လုံးျပဴးမ်က္ဆန္ျပဴးျဖင့္ ေတာအုပ္အတြင္းသို႔ ဝင္ေျပးကာ ေပ်ာက္ကြယ္သြားေလသည္။ ဦးတိုးေအာင္လည္း လိုအပ္သည့္ ဝါးမ်ားကိုခုတ္ယူကာ ေတာအုပ္အတြင္းမွ ျပန္ဆင္းလာခဲ့သည္။ ေတာစပ္သို႔ေရာက္သည့္အခါ ဦးတိုးေအာင္က ေတာအုပ္ကိုလည္ျပန္လွည့္ၾကည့္လိုက္သည္။

“ကိုသံလုံးေရ ခင္ဗ်ားမွာရွိတဲ့ အကုသိုလ္ဝဋ္ေႂကြးေတြ အျမန္ေက်ပါေစလို႔ က်ဳပ္ဆုေတာင္းေပး႐ုံမွတစ္ပါး ဘာမွမတတ္ႏိုင္ေတာ့ပါဘူးဗ်ာ”

ၿပီးပါၿပီ။

စာဖတ္သူတစ္ဦးတစ္ေယာက္ခ်င္းစီအား အစဥ္ေလးစားလွ်က္

No comments

Post a Comment