သူရနှင့် စုန်းအမွှာ(စ/ဆုံး)

  Unicode Version သူရနှင့် စုန်းအမွှာ(စ/ဆုံး) ——————————– တန်ခူးလရဲ့နေအပူရှိန်နှင့် တောတောင်သဘာဝ၏ရှူ့ခင်းများက နေ့လယ်ခင်းလေးမှာ ဥဩငှက်ကလေးမျ... thumbnail 1 summary

 Unicode Version

သူရနှင့် စုန်းအမွှာ(စ/ဆုံး)
——————————–
တန်ခူးလရဲ့နေအပူရှိန်နှင့် တောတောင်သဘာဝ၏ရှူ့ခင်းများက နေ့လယ်ခင်းလေးမှာ ဥဩငှက်ကလေးများသာတွန်ကျူးရင် တစ်ခုခုကိုတော့ လွမ်းမောမိတတ်ကြသည်မှာ လူသားတိုင်းပင်ဖြစ်၏။ နွေရာသီမှာတိုက်သော လေရူးကလေးများကြောင့် ရွက်ခြောက်များမှာ မြေပြင်ပေါ်သို့ ကြွေကျသွားကြကုန်၏။ ကပ္ပိယကြီးဦးကျောက်စိန်တစ်ယောက် ရွက်ခြောက်များကြွေကျနေသော ဘုန်းကြီးကျောင်းဝန်းအတွင်းကို တံမြက်စည်းနှင့် လှည်းကျဉ်းနေချိန်၌ ကျောင်းပေါ်ကနေ ယောဂီခေါင်းပေါင်း၊ ယောဂီဝမ်းဆက်နှင့် တည်ကြည်ခံ့ညားသော လူငယ်လေးတစ်ဦး ဆင်းလာခဲ့၏။ ကပ္ပိယကြီးသည် ထိုလူငယ်ကိုမြင်သွားကာ သိသည့်အလား ပြုံးပြ၍နှုတ်ဆက်လိုက်၏။

“ပြန်တော့မလို့လားဆရာလေးသူရ။”

“ဟုတ်တယ်ကပ္ပိယကြီး ဆရာတော့်ရဲ့မျက်လုံးလည်း အတော်သက်သာနေပါပြီ။ နေအပူရှပ်ပြီးမျက်စိနာတာဆိုပေမဲ့ အသက်ရွယ်ကြီးတော့ ပိုပြီးခံရတာပေါ့ဗျာ။ ကျွန်တော်လည်း သေချာပျောက်အောင်ကုပေးပြီးတော့ ဆရာတော်ကြီးက မကျိန်းပဲ စကားပြောချင်နေတာနဲ့ ပြောပေးနေတာ။ စောစောလေးကမှ ကျိန်းတော့မယ်ဆိုပြီး ကျက်သရေဆောင်ထဲဝင်သွားတာနဲ့ ကျွန်တော်လည်းထွက်လာခဲ့တာ။”

”အခုလို ဆရာတော်ကြီးကို ပျောက်အောင်ကုပေးတဲ့အတွက် ဆရာလေးသူရကို ကျုပ်အတော်ကျေးဇူးတင်မိတယ်။ ဆရာတော်ကြီးမျက်စိနာနေတာ တစ်ပတ်ကျော်ပြီ။ ညတိုင်းမျက်စိနာလို့ ငြီးငြူနေတာ ကျုပ်ကိုစိတ်ထဲမကောင်းမိဘူး။ ဆေးမီးတိုနဲ့ ကုပြန်တော့လည်းမပျောက်၊ ဆေးဆရာကြီးဆီသွားမယ်ဆိုတော့လည်း ဘုန်းကြီးအမှုရွာပတ်တယ် ငါအပြောမခံနိုင်ဘူးဆိုပြီးနေနေတာ.. ဆေးဆရာကြီးခေါ်ကုပေးမယ်ဆိုတော့လည်း အလကားဒီဆေးဆရာ ဝမ်းမှန်ဆေးနဲ့လေဆေး၊ သွေးဆေးလောက်ရှိတာ ဘာမှကုတတ်တာမဟုတ်ဘူးဟဲ့ငစိန်ရဲ့… သူလုပ်မှငါကန်းပါအုံးမယ်ကွာဆိုပြီး.. ကျုပ်ပြောတာတစ်ခုမှလက်မခံဘူးဗျို့။”

“ဆရာတော်ကြီးကလည်း သူ့အကြောင်းနဲ့သူ နေမှာပေါ့ဗျာ။ ဪကပ္ပိယကြီးကို တစ်ခုပြောရအုံးမယ်။”

“ဘာများတုန်းဆရာလေးရဲ့။”

“ပြောရအုံးမယ်ဆိုတာထက် မေးချင်တာပါ။ မနေ့ညက ဆရာတော်ကြီးပြောတဲ့အထဲမှာ မယ်ဖော့နဲ့မယ်ကျော့တို့ညီအစ်မသာ ရှိသေးရင် ဒါယိကာလေးနဲ့ ကုစေချင်လိုက်တာလို့မိန့်တယ်ဗျ။ ကျွန်တော်ကဆက်မေးတော့လည်း ထားလိုက်ပါဆိုပြီး စကားလမ်းကြောင်းလွဲှသွားလို့ ဆက်မမေးလိုက်ရဘူး။ မယ်ဖော့နဲ့မယ်ကျော့အကြောင်းလေးများသိရင် ပြောပြပေးနိုင်မလား… ဆရာတော်ကြီးက ဆက်မမိန့်တော့ အကြောင်းတစ်ခုခုရှိမယ်ထင်လို့ပါ။”

“မယ်ဖော့နဲ့မယ်ကျော့က သိပ်လည်းသနားဖို့ကောင်းတယ်ဗျ။ အင်း မယ်ဖော့နဲ့မယ်ကျော့အကြောင်းပြောရမယ်ဆို.. သူတို့အမေ ဒေါ်မယ်အိုကနေစရမယ်။ ”

“သူတို့အကြောင်းကျွန်တော့်ကိုပြောပြပေးပါ့လား။”

“ဆရာလေးသူရကသိချင်နေတော့ ကျုပ်ပြောပြရမှာပေါ့။ ဆရာတော်ကြီးဆက်မမိန့်တာကလည်း သူ့ရင်ထဲ ဒီအကြောင်းတွေကို အစမဖော်ချင်လို့နေမှာ။ ကဲလာ ဟိုနားမှာထိုင်ရင်းပြောရအောင်။ သူတို့အကြောင်းကို ကျုပ်ထက်သိတဲ့သူ ဘယ်သူမှမရှိဘူးဆရာလေးရေ… ဘာကြောင့်လဲဆို ကျုပ်ကသူတို့အိမ်မှာ လက်တိုလက်တောင်းခိုင်းတဲ့ အလုပ်သမားကိုဗျ။ မယ်ဖော့နဲ့မယ်ကျော့ရဲ့ အမေ ဒေါ်မယ်အိုကနေဇာတ်လမ်းစလိုက်ကြစို့ဗျာ။

ဒေါ်မယ်အိုက ကျုပ်ထက်ငါးနှစ်ကြီးတယ်.. ကျုပ်အသက်၁၀နှစ်မှာ သူက၁၅နှစ်ရှိပြီဗျ။ ကျုပ်အဖေကသူတို့အိမ်မှာ သူရင်းငှါးလုပ်ရင်းကနေ ပိုးထိဆုံးသွားတော့ မိဘမဲ့တစ်ကောင်ကြွက်ကျုပ်ကို သူတို့ကခေါ်ထားတယ်လေ။ နေစရာ၊ စားစရာပေးတဲ့အပြင် မုန့်ဖိုးပါပေးသေးတာ။ ဒေါ်မယ်အိုရဲ့မိဘနှစ်ပါးကလည်း အတော်လေးသဘောကောင်းရှာပါတယ်။ အင်း ဒီလိုနဲ့ တဖြည်းဖြည်းအရွယ်ရောက်လာကြတော့ အစ်မမယ်အိုက အတော်ကလေးလှလာတယ်ဗျ။ ရွှေငွေလေးကလည်းရှိ ရုပ်ကလေးကလည်းရှိဆိုတော့ ရွာကကာလသားတိုင်းလိုလို အစ်မယ်အိုအိမ်ရှေ့ သီချင်းကလေးငြီးရင်း ချစ်တေးဆိုတာပေါ့ဗျာ။

ယောက်ျားလေးအဖွဲ့နှစ်ဖွဲ့ဆုံမိရင်လည်း ပြဿနာတက်တာတောက်လျှောက်ပဲ။ ဒါပေမဲ့ အစ်မမယ်အိုက မာနကြီးတယ်။ ရွှေလင်ဗန်းနဲ့အချင်းဆေးခဲ့တဲ့ ရွှေဘုံပေါ်ကမင်းသမီးဆိုတော့ တော်ရုံယောကျ်ားကို အစ်မမယ်အိုက စိတ်မဝင်စားဘူး။ ငယ်ငယ်တည်းက ဂုဏ်ဂုဏ်ခြင်းထပ်မှမြတ်တယ်ဆိုတဲ့ သူ့အဘွားရဲ့ ရိုက်သွင်းခံရတဲ့စကားတွေလည်းပါတာပေါ့။ အစ်မမယ်အိုရဲ့ ကံဆိုးမှုက သူ့မင်္ဂလာဆောင်ကနေ စတော့တာပါပဲဗျာ။”

ကပ္ပိယကြီးဟာ သစ်ရွက်တွေကြွေကျတာကိုကြည့်ရင်း လေသံကိုတိုးလျော့သွားကာ ကြာညောင်းခဲ့သောအတိတ်ဆီကို သူ၏အတွေးများက ရောက်ရှိသွားခဲ့လေ၏။

&&& &&&

အဲဒီတုန်းက ကျုပ်ကိုမောင်ကျောက်လို့ပဲ အစ်မမယ်အိုကခေါ်တာ။ သူမင်္ဂလာဆောင်မဲ့သူက တစ်ဖက်ရွာကသူဌေးသား ကိုသာဓုနဲ့ပေါ့။ ကျုပ်လည်းသူတို့မင်္ဂလာဆောင်မှာ ဦးစီးဦးဆောင်ကူညီလုပ်ကိုင်ပေးနေတာပေါ့ဗျာ။ ကျုပ်ကမဏ္ဍပ်ထဲမှာ လုပ်ကိုင်နေတုန်း အစ်မမယ်အိုခေါ်တယ်ဆိုလို့ အိမ်ထဲကို ချွေးသံတရွဲှရွဲှနဲ့ဝင်သွားတယ်ဗျ။ အစ်မမယ်အိုက အဖြူရောင်ဝမ်းဆက်ကလေးဝတ်ပြီး ခေါင်းမှာစံပယ်ပန်းကလေးသီထားတာ လှမလှချက်ဗျာ။ သူကမှန်ကြည့်ပြီး ဆံထုံးကိုသေချာလုပ်နေတုန်း ကျုပ်ကသူနဲ့မလှမ်းမကမ်းမှာရပ်လိုက်တယ်ဗျ။

”အစ်မမယ်အို ကျုပ်ကိုခေါ်တယ်ဆိုလို့ ဘာများခိုင်းမလို့လဲအစ်မ။”

အစ်မမယ်အိုက ကျုပ်ကိုကြည့်ပြီး ခေါင်းကိုလာပုတ်တယ်။

“ကောင်စုတ်ကလေး ကို့အစ်မမင်္ဂလာဆောင်တော့မဲ့ဟာကို မင်္ဂလာဆုတောင်းစကားလေးပြောအုံးလေ။ ငါ့မောင်ဆီက မင်္ဂလာဆုတောင်းစကားသံကို ငါအရင်ကြားချင်လို့ ခေါ်လိုက်တာ။”

ကျုပ်မှာအစ်မမယ်အိုစကားကြားပြီး မျက်ရည်ကိုဝဲသွားတယ်ဆရာသူရရယ်။ ကျုပ်က ကျုပ်ကိုကျုပ် သူတို့အိမ်မှာ အခိုင်းအစေအဖြစ်နဲ့ပဲနေရတယ်ဆိုပြီး ဂုဏ်ငယ်ခဲ့တာပေါ့ဗျာ။ အခုသူက ကျုပ်ကိုသူ့မောင်အရင်းလိုသဘောထားကြောင်းပြောတော့ ကျုပ်မှာ ဝမ်းသာပီတိမျက်ရည် အဲဒီတစ်ခါပဲကျဖူးတယ်။ ငိုနေတဲ့ကျုပ်ကို အစ်မမယ်အိုကကြည့်ုပြီး ..

“ဟော ခန္ဓာကိုယ်ထွားသလောက် အသဲကလည်းနုပါ့။ ကဲကဲ နောက်မှငိုစမ်းပါမောင်ကျောက်ရယ် မင်္ဂလာအချိန်နီးပြီ အစ်မကို မင်္ဂလာဆုတောင်းလေးပေးပါအုံး။”

“ကျုပ်… ကျုပ်ပေးတတ်သလိုပဲ ပေးမယ်နော်အစ်မမယ်အို… အစ်မမယ်အိုရဲ့ မင်္ဂလာဆောင်တဲ့နေ့ကစပြီး ရာသက်ပန်ပျော်ရွှင်ရပါစေဗျာ။”

“ငါ့မောင်ပေးတဲ့ဆုနဲ့ပြည့်ပါစေကွယ်.. ရော့ ဒါကမင်းကိုအစ်မပေးတာ။ ငြင်းမယ်မကြံနဲ့နော် မင်္ဂလာရှိတဲ့နေ့မှာ အစ်မစကားမှန်သမျှကို မင်းနားထောင်ရမယ်။”

“ဟုတ်..ဟုတ်အစ်မ။”

သူကျုပ်ကိုမုန့်ဖိုးပေးပြီးအပြင်ထွက်သွားတယ်။ ကျုပ်လည်းအိမ်ထဲကပြန်ထွက်ပြီး လူတွေကိုပြန်ဧည့်ခံကျွေးမွေးတာပေါ့ဗျာ။ သတို့သားနဲ့သတို့သမီးလည်း လိုက်ဧည့်ခံနေတာပေါ့။ နေ့ခင်း၁၁လောက်ရှိမယ်ဗျ။ အရင်ကျောင်းထိုင် ဘဘုန်းကြီးကို ကျောင်းမှာ ကျုပ်တို့ဆွမ်းကပ်နေတုန်း နွားနှစ်ကောင်က ကျောင်းထဲကိုဝင်လာတယ်ဗျ။ ပြီးတော့ ကျောင်းဆောင်ကို ခေါင်းနဲ့ပြေးပြေးဆောင့်တာဗျို့။ ကျုပ်တို့လည်းထွက်ကြည့်တာပေါ့ဗျာ။ နွားနှစ်ကောင်လုံးက ဂုတ်ကနေမဲပြီး ကျန်တာကအဖြူဗျ။ ဘယ်ကနွားတွေမှန်းလည်းမသိဘူး၊ ကျောင်းဆောင်ကအုတ်နဲ့လုပ်ထားတာဆိုတော့ နွားနှစ်ကောင်လုံး ခေါင်းတွေကွဲပြီးသေပါလေရောလား။ ကျုပ်တို့လည်း ဘာမှလုပ်ရတာမှမဟုတ်တာ။ ဒီအတိုင်းပဲရပ်ကြည့်နေခဲ့ရတာပေါ့ဆရာလေးရယ်။ ဘဘုန်းက ဒါကိုကြည့်ပြီး အစ်မမယ်အိုကိုပြောတယ်ဗျ။

“အတိတ်တဘောင် နမိတ်ဆောင်တဲ့ ဒါယကာမလေးရဲ့။ မင်္ဂလာယူနေကြတဲ့အချိန်မှာ ဘယ်ကလာမှန်းမသိတဲ့နွားနှစ်ကောင်က ကျောင်းဆောင်ကိုခေါင်းနဲ့ဆောင့်ပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားတယ်။ နွားဆိုတာကလည်း စနေနံဆိုတော့ ဒါယကာမလေးတို့မိသားစုတော့ စနေဂြိုလ်ခိုက်တော့မယ်ထင်တယ်။ ကုသိုလ်ကောင်းမှုများများပြုလုပ်ပြီး ဘာဝနာတရားများများအားထုတ်ကြတော့။”

“တင်ပါ့ဘုရား။”

ဘဘုန်းဒီလိုမိန့်တာကို ကိုသာဓုကမယုံဘူးဗျ။ အစ်မမယ်အိုရဲ့ မိဘနှစ်ပါးကိုတောင် တိုက်ဆိုင်သွားတာပါပြောနေသေးတာ။ အင်း ဒီလိုနဲ့ မင်္ဂလာဆောင်ပြီးနောက်တစ်ရက်မှာ အစ်မမယ်အိုရဲ့ဖခင် မြို့တက်ပြီး ကုန်တွေသွားအပို့ လမ်းမှာဓားပြတိုက်ခံရပြီး ဆုံးရှာလေတယ်။ အို ဘယ်ပြောကောင်းမလဲ အစ်မမယ်အိုနဲ့သူ့အမေခမျ ရွှေတောင်ကြီးပြိုသလိုပဲ ငိုလိုက်ကြတာ။ ကျုပ်လည်းစိတ်မကောင်းတဲ့ကြားက မနည်းနှစ်သိမ့်ပေးရတယ်။ အသုဘမဏ္ဍပ်ထိုးတော့လည်း ထပ်ငိုကြတာပေါ့ မနေ့ကမင်္ဂလာမဏ္ဍပ်ထိုးပြီး ဒီနေ့အသုဘမဏ္ဍပ်ထိုးကြရတာဆိုတော့ သူတို့တွေအတော်ဝမ်းနည်းရှာတာကို။

အလောင်းမြေချပြီးလို့ နောက်တစ်ရက်ကြ အစ်မမယ်အိုကို သူ့ဖခင်ဝင်ပူးတယ်ဗျ။ အစ်မမယ်အိုအမေကလည်း ငိုယိုပြီးရှင်ဘယ်လိုဖြစ်တာတုန်းမေး.. ဘေးကလူတွေကလည်း သတ်သွားတာ ဘယ်သူတွေလဲဝိုင်းမေးကြတာ။ အစ်မမယ်အိုဖခင်က ဘာမှပြန်မဖြေပဲ “ငါတို့မိသားစု ဂြိုလ်ဆိုးဝင်ပြီ ဂရုစိုက်ကြ။”လို့ပြောပြီး ပြန်ထွက်သွားတာ။ တစ်ရွာလုံးကလည်း ဘဘုန်းဟောတာ မှန်နေပြီဘာညာပေါ့ဗျာ။

အသုဘရက်လည်ပြီးလို့နောက်တစ်ရက်မှာ အစ်မမယ်အိုနဲ့သူ့ယောက်ျားကိုသာဓုတို့က တစ်ဖက်ရွာက ကိုသာဓုအိမ်ကိုအလည်သွားကြတယ်ဗျ။ အဲဒီမှာ ကျုပ်ကိုလည်း အစ်မမယ်အိုမိခင်က လယ်ထဲကိုပျိုးနှုတ်ခိုင်းထားလို့သွားနေရတာ။ ဖြစ်ချင်တော့ နေ့လယ်ခင်းကြီးဗျ။ တစ်ရွာလုံးလယ်ထဲဆင်းချိန်ကြီးပေါ့ဗျာ။ အစ်မမယ်အိုရဲ့မိခင်က ဟင်းအိုးကိုဒီအတိုင်းထားပြီး သူ့အမေကို ဆေးသွားတိုက်ရင်းကနေ စကားတွေဖောင်ဖွဲ့ပြောနေတာ။ ဟင်းအိုးကနေတဆင့် အိမ်တိုင်ကိုမီးစွဲပြီး ထလောင်ပါလေရောလား။ ကျွန်းထရံကာအိမ်ဆိုတော့ အို လောင်လိုက်တဲ့မီးဗျာ။ အစ်မမယ်အိုရဲ့အဘွားနဲ့အမေ မီးထဲပါပြီးဆုံးပါလေရောလား။

အစ်မမယ်အိုခမျ သိသိခြင်း သူ့အဘွားနဲ့အမေရဲ့ မီးလောင်ထားတဲ့အလောင်းတွေကြည့်ပြီး မပဋာမြေလူးအရူးမီးဝိုင်းဖြစ်ပြီး ထမီတောင်မနိုင်ပဲ ရူးရှာပါလေရောဆရာလေးရယ်။ ကျုပ်မလည်း ကျုပ်မှီခိုအားထားရတဲ့မိသားစုဒီလိုဖြစ်တော့ တော်တော်ကို စိတ်သောကရောက်ရတယ်။ အစ်မမယ်အိုကို ဂရုစိုက်ပေးဖို့ ကိုသာဓုကကျုပ်ကိုတာဝန်ပေးတယ်ဗျ။ သူ့အနေနဲ့ကလည်း အလုပ်တစ်ဖက်နဲ့ဆိုတော့ မအားရှာဘူး။ အစ်မမယ်အိုကို ကိုသာဓုက အတော်တော့ဆေးပြန်ကုရှာသားဗျ။ ဒါပေမဲ့လို့ အစ်မမယ်အိုက ပြန်ကောင်းမလာပါဘူးဗျာ။ လတောင်မကြာပဲရက်ပိုင်းအတွင်းမှာ မိသားစုဝင်တွေအကုန် ဆုံးရှုံးလိုက်ရတာဆိုတော့ သည်းခြေပျက်ပြီးရူးသွားတယ်လို့ ဆေးဆရာတွေအကုန်လုံးက တစ်လေသံတည်းထွက်တာဗျ။

ဒီလိုနဲ့ရက်တွေလတွေကြာတော့ အစ်မမယ်အိုဗိုက်က သိသိသာသာပူလာတယ်။ ကျုပ်လည်းသေချာတပ်အပ်မသိပေမဲ့ ကိုသာဓုကို အစ်မမယ်အိုမှာ ငန်းဥ(ကိုယ်ဝန်)ရှိနေပြီလားမဆိုနိုင်ဘူးနော်လို့ ပြောတော့ ကိုသာဓုက လက်သည်ခေါ်ပြတယ်ဗျ။ ငန်းဥရှိတာသေချာသွားတော့ ကိုသာဓုခမျှ ဝမ်းသာလွန်းလို့ထတောင်ခုန်တယ်ဗျို့။ ကျုပ်ပြောဖို့ကျန်ခဲ့တာဆရာလေးရေ။ အစ်မမယ်အိုရဲ့ မိဘနှစ်ပါးနဲ့အဘွားက မကျွတ်ဘူးထင်တယ်ဗျ။ ညတိုင်းလိုလို လမ်းလျှောက်သံတွေ ချောင်းဟန့်သံတွေ အရိပ်တွေကို ဟိုဟိုဒီဒီ မြင်ရတွေ့ရကြားရတယ်။ ကျုပ်လည်းအစကကြောက်ပေမဲ့လို့ နောက်ကြရိုးသွားတာပါပဲ။

အစ်မမယ်အို ၉လလွယ်၁၀လဖွားလို့ မွေးတဲ့နေ့က ရွာလိုက်တဲ့မိုးဗျာ ကောင်းချက်ကတော့ တောင်ကျရေပါစီးတယ်ဗျ။ အစ်မမယ်အိုမီးဖွားခန်းထဲ မွေးတဲ့နေ့ ကိုသာဓုကမြို့တက်ပြီး ကုန်သွားပို့နေတာဗျ။ ကျုပ်လည်းအစ်မမယ်အိုအတွက် ရသမျှဘုရားဂုဏ်တော်ရွတ်ဖတ်နေတာပေါ့ဗျာ။ အစ်မမယ်အိုက အမွှာပူးမိန်းကလေးနှစ်ယောက်ကို မွေးတာဗျ။ ရှာမှရှားတဲ့ အမွှာလေးမွေးတော့ ကျုပ်ရောလက်သည်ရော ပျော်တာပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်ကို လက်သည်အဒေါ်ကြီးက ကလေးလာပြနေတုန်း အစ်မမယ်အိုကအခန်းထဲကနေ “ဟုတ်.. ဟုတ်ကဲ့အမေ. ဒါဆိုသမီးက အမေတို့နဲ့တူတူလိုက်နေရမှာပေါ့… ဟုတ်လိုက်ခဲ့မယ်အဖေ..သမီးလာပြီနော် သမီးလာပြီ။” လို့အသံကြားတာနဲ့ လက်သည်နဲ့ကျုပ် မျက်လုံးကိုပြူးပြီး အထဲကိုကမန်းကတန်းပြေးဝင်ကြည့်တာ အစ်မမယ်အိုက မျက်လုံးပွင့်လျှက် ဆုံးရှာပြီဆရာလေးရယ်။

ကျုပ်မှာ မိခင်နို့တောင် မစို့ရှာရသေးတဲ့ ကလေးတွေကိုကြည့်ပြီး ယောက်ျားကြီးတန်မဲ့ ချူံးပွဲချငိုမိတယ်။ အစ်မမယ်အိုကို ဆောင်ကလေးအုပ်ပြီး ကိုသာဓုပြန်လာရင် ငါတော့ဘယ်လိုပြောရမလဲဆိုပြီး အိမ်တိုင်မှီပြီးစဉ်းစားနေတုန်း မိုးလေးနည်းနည်းစဲသွားတော့ ရွာထဲက ကာလသားတစ်ယောက်ပြေးလာတယ်ဗျ။

“ကိုမောင်ကျောက် ကိုမောင်ကျောက်။”

“ဘာတုန်း မြသိန်းရယ်… မင်းဟာကအမောတကောနဲ့။”

“ကျုပ်.. ကျုပ်ကိုသာဓုအလောင်းကို ချောင်းစပ်မှာတွေ့ခဲ့လို့ဗျ။”

“ဘာ။!!”

ကျုပ်လည်း ချောင်းစပ်ကိုပြေးတာပေါ့ ဆရာလေးရယ်။ မြသိန်းပြောသလိုပဲကိုသာဓုအလောင်းကို တွေ့ရတယ်ဗျ။ ကိုသာဓုက တောင်ကျရေကျနေတာကို သူ့မိန်းမဒီနေ့မွေးမှာဆိုပြီး အတင်းချောင်းကိုဖြတ်ကူးတာတဲ့ဗျ။ ရေထဲကိုဗွမ်းခနဲခုန်အဆင်း တောင်ကျရေက အားနဲ့ဆောင့်အဝင်ဆိုတော့ လူကရေနဲ့လွင့်ပါသွားပြီး ကျောက်တုံးနဲ့ခေါင်းရိုက်မိပြီးဆုံးရှာတာဗျ။ ရေကူးကျွမ်းကျင်တဲ့ကျုပ်တို့ရွာသားတွေ အမြန်ဆင်းရှာလို့ အလောင်းကိုပြန်ရတာဗျို့။ မဟုတ်လို့ကတော့ ကိုသာဓုကို အလောင်းတောင်ပြန်မရလောက်ဘူး။

အင်း ကျုပ်လည်းသူတို့လင်မယားအလောင်းကို အတူတူဘေးခြင်းယှဉ်မြုပ့်ပေးခဲ့တယ်ဗျ။ မွေးခါစကလေးနှစ်ယောက်ကိုလည်း ရွာထဲကမိခင်တွေက သနားလို့ဆိုပြီး တစ်နေ့ကိုတစ်ယောက်နို့ချိုတိုက်ကျွေးခဲ့ကြတယ်။ ကိုသာဓုတို့ပိုင်တဲ့လယ်မြေယာအိမ်တွေ ဝိုင်းတွေကို ကိုသာဓုတို့အမျိုးဘက်က သိမ်းသွားတယ်ဗျ။ တစ်နေ့တော့ ဒီကလေးနှစ်ယောက်ကို ကိုသာဓုဘက်ကအမျိုးသမီးတစ်ယောက်က စောင့်ရှောက်မယ်ဆိုပြီး ခေါ်သွားတယ်ဗျ။ ကျုပ်လည်း ကျုပ်နဲ့နေတာထက်စာရင် ဒီကလေးတွေ သူ့ဆွေမျိုးတွေဆီမှာနေတာ ပိုကောင်းပါတယ်လေဆိုပြီး ထည့်ပေးလိုက်တာ နောက်တစ်ပတ်လောက်ကြာတော့ ခေါ်သွားတဲ့အမျိုးသမီး ပိုးထိပြီးဆုံးဆိုပဲဗျ။ အဲဒီမှာ ဒီကလေးတွေကဂြိုလ်ဆိုး၊ သူတို့ကြောင့် လူတွေသေရတာဆိုပြီး အထင်အမြင်လွဲမှားကုန်တယ်။

ပြီးတော့ ဒီရွာကိုကလေးနှစ်ယောက် ပြန်လာပို့တာဗျ။ အဲဒီတုန်းက ကျုပ်ကလည်း ကလေးတွေထည့်ပေးပြီးကတည်းက ဥူးပဇင်းဝတ်နေတာ။ ကလေးတွေလာပြန်ထည့်ပေးတော့ ကျုပ်မှာဘာလုပ်လို့လုပ်ရမှန်းမသိလို့ ဆရာတော်ကြီးကိုလျှောက်တင်လိုက်တယ်လေ။ ဆရာတော်ကြီးက ကလေးတွေကိုအရွယ်ရောက်သည်အထိ ကျောင်းမှာနေကျောင်းမှာစားဖို့ ခွင့်ပြုပေးတယ်ဗျ။ ကျုပ်လည်း ကလေးတွေကိုဒီကျောင်းမှာပဲ ပြုစုစောင့်ရှောက်လာတာပေါ့။ ကျုပ်စကားအရမ်းရှည်သွားတော့ ဆရာလေးစိတ်မပါတော့ဘူးထင်တယ်။ ဒီလိုမှလည်းဇာတ်ရည်ကလည်မှာကိုဗျ။ ကဲပါလေ အတိုချုပ်ကြပါစို့။

ကျုပ်က ဒီကလေးမနှစ်ယောက်ရဲ့ နာမည်ကို သူတို့အမေနာမည်ပါအောင် အကြီးမကိုမယ်ဖော့၊ အငယ်မကိုမယ်ကျော့ဆိုပြီးပေးလိုက်တယ်ဗျ။ မယ်ဖော့နဲ့မယ်ကျော့က အတော်ထူးဆန်းတဲ့ကလေးတွေဗျ။ သူတို့ခေါင်းမှာ ငယ်ငယ်ကဂတုံးရိတ်တော့ အနီရောင်အဝိုင်းအကွက်ကြီးကြီးတစ်ခုစီ တွေ့ရတယ်။ နွေရာသီပူလို့မလို့ ကျုပ်ကဂတုံးရိတ်ပေးပေမဲ့ ကလေးနှစ်ယောက်ကို ကလေးအချင်းချင်းတင်မက လူကြီးတွေကပါ ထိပ်နီအကွက်နဲ့ဒီအမွှာ ဘယ်များသွားကြမတုန်းဆိုြ့ပီး ဝိုင်းစကြတာဗျို့။ ကလေးဆိုတော့ ရှက်ပြီး နောက် ကျုပ်ကိုဂတုံးမတုံးပေးဖို့ ငိုယိုပြောကြတော့တာပေါ့။

ကျုပ်လည်းအဲဒီကတည်းက ဂတုံးမတုံးပေးတော့ပါဘူး။ ဒီလိုနဲ့တဖြည်းဖြည်းအရွယ်ရောက်ပြီး အပျိုဖော်လေးစဝင်တော့ မယ်ဖော့နဲ့မယ်ကျော့ကို ကျုပ်အသိ လယ်ပိုင်ရှင်ထံမှာ ကောက်စိုက်ပျိုးနှုတ်ဖို့ အလုပ်သွားအပ်ပေးခဲ့တယ်။ လယ်ပိုင်ရှင်ကလည်း ကျုပ်ကိုယုံတော့ ကလေးတွေကိုကြည်ကြည်ဖြူဖြူပဲလက်ခံပါတယ်။ ဒါပေမဲ့လို့ မယ်ဖော့နဲ့မယ်ကျော့ အလုပ်စလုပ်တဲ့ရာသီမှာ အဲဒီလယ်ပိုးကျပြီး အရှုံးပေါ်ရောဗျို့။ လယ်ပိုင်ရှင်ကလည်း ကောလဟာလသတင်းသဲ့သဲ့အဖြစ် ကြားထားတာရှိဆိုတော့ ဒီမယ်ဖော့နဲ့မယ်ကျော့ကို အလုပ်ထုတ်ပြစ်လိုက်တယ်ဗျ။

မယ်ဖော့နဲ့မယ်ကျော့ကိုလည်း “ဂြိုလ်ဆိုးညီအစ်မ နင်တို့ငါ့လယ်နားကနေတောင် ဖြတ်မလျှောက်နဲ့”လို့ စကားလုံးအကြမ်းကြီးတွေနဲ့ ငေါက်ငမ်းနှင်ထုတ်တော့ မယ်ဖော့နဲ့မယ်ကျော့ခမျှ ကျုပ်ဆီလာပြီးခြေသလုံးဖက်ငိုကြတယ်။ အင်း ကျုပ်လည်း သူတို့အတွက် ဘာလုပ်ရမယ်မှန်းမသိဖြစ်နေချိန် ကိုသာဓုရဲ့ အမေ၊ ဒီကလေးမနှစ်ယောက်ရဲ့ အဖွားဖြစ်သူရောက်လာပြီး ခေါ်သွားပြန်ရောဗျို့။ အင်း ကျုပ်လည်းကလေးတွေကို ကောင်းစားစေလိုစိတ်နဲ့ ထည့်ပေးမိလိုက်ပြန်တယ်ဗျ။

ဒီလိုနဲ့ ကလေးတွေကိုထည့်ပေးပြီးလို့ သုံးနှစ်အကြာမှာ မယ်ဖော့နဲ့မယ်ကျော့တို့ ကျုပ်ဆီပြန်ရောက်လာတယ်။ ဒီတစ်ခါပြန်ရောက်လာတာ အကောင်းတိုင်းမဟုတ်ဘူး ဆရာလေးရေ ရောဂါဗလပျစ်နဲ့ နူနာဝဲစွဲပြီးရောက်လာတာ။ ကျုပ်လည်း ဘယ်လိုဖြစ်တာတုန်းအကျိုးအကြောင်းမေးကြည့်တော့ ကလေးတွေကို ခေါ်သွားတဲ့အဖွားက သူတို့ရောက်ပြီးနှစ်ပတ်အကြာမှာ ညကြီးမင်းကြီးပူလို့ဆိုပြီးရေထချိုးတာ လေဖြန်းသွားတာဗျို့။ ဒါကိုအရင်ကတည်းက မကြည်ဖြူတဲ့အဲဒီအိမ်ကသူတွေက ကလေးမနှစ်ယောက်အပေါ် အမြင်စောင်းသွားကြတာပေါ့။

ဆူငေါက်ရိုက်နှမ်းလို့ပြန်လွှတ်ရင် အကောင်းသားဗျာ။ အခုဟာက ကလေးတွေကို ထမင်းထဲမှာအပင်းထည့်ပြီး နူနာဝဲစွဲအောင်လုပ်ပြစ်တာဆိုပဲဗျ။ ကလေးတွေကလည်း နူနာဝဲစွဲလာတော့ အဲဒီအိမ်ကလူတွေက ရွံရှာလာတယ်။ ပြန်တော့မလွှတ်သေးပဲ အမျိုးမျိုးနှိပ်စက်ကြတာဗျ။ အငယ်မလေးမယ်ကျော့မျက်လုံးဆို သူတို့ရိုက်တဲ့တုတ်နဲ့ထိပြီး မျက်လုံးတစ်ဖက်ကွယ်ရှာတယ်။ ကလေးတွေက နောက်ကြမှ သူတို့ကိုဒီအိမ်ကလူတွေ အပင်းထည့်ပြီး အနူဖြစ်အောင်လုပ်လိုက်တယ်ဆိုတာ သိဆိုပဲဗျ။ သိသိခြင်းအလွန်မုန်းတီးပြီး ကလေးတွေကပြန်အငြိုးတေးဖွဲ့လာတယ်ဗျ။

ကျုပ်ဆီပြန်လာပြီး ကျုပ်ကိုကန်တော့ ဆရာတော်ကြီးကိုကန်တော့ပြီး တပည့်တော်မတို့ သီလကိုမစောင့်ထိန်းနိုင်တော့ပါဘုရားလို့ ပြောကြတယ်။ ကျုပ်ကလည်းအကျိုးအကြောင်းမေးတော့ ဘာမှမပြောပဲ ခရီးသွားတော့မှာမလို့ လာကန်တော့တယ်ဆိုတယ်။ အင်း ကျုပ်လည်းသူတို့ညီအစ်မကိုသနားလို့ဆိုပြီး ငွေတစ်ရာတောင်ထုတ်ပေးလိုက်သေးတယ်။ ငွေတစ်ရာပေးပြီးတော့ သူတို့ထွက်သွားကြရောပေါ့ဗျာ။

အင်း ဒီလိုနဲ့ သူတို့ထွက်သွားအပြီးငါးနှစ်အကြာမှာ မိုးတွေအုံ့နေတဲ့နေ့တစ်နေ့ပေါ့။ တစ်ဖက်ရွာကို ဝုန်းခနဲဆိုပြီး မိုးကြိုးပစ်လိုက်တဲ့အသံက အကျယ်ကြီးဗျို့။ ကျုပ်လည်းဟိုဘက်ရွာကို ဆွမ်းချိုင့်လိုက်ရင်း စုံစမ်းတော့ ကိုသာဓုတို့အစ်မလင်မယားအိမ်ကို မိုးကြိုးပစ်တာ အိမ်မီးလောင်ပြီး တစ်မိသားစုလုံးအကုန်သေကုန်ကြဆိုပဲဗျ။ ကျုပ်လည်း သဘာဝဘေးအန္တရာယ်ကြောင့်ဆိုပြီး ရိုးရိုးသေတယ်ထင်တာဗျို့။ ဒီလိုနဲ့ တစ်ညကြတော့ ကျုပ်အိပ်မက်ထဲမှာ ခတ်ဝဝမိန်းကလေးနှစ်ယောက်ကိုမက်တယ်။ သူတို့က မယ်ဖော့နဲ့မယ်ကျော့ပါဆိုပြီး ကျုပ်ကိုအတင်းဖက်တာဗျ။

ကျုပ်လည်း သမီးအရင်းမဟုတ်ပေမဲ့ သမီးအရင်းလိုမေတ္တာရှိတာကို။ ကျုပ်လည်းဖက်ပြီး သမီးတို့အဆင်ပြေလားဘာညာမေးတာပေါ့။ ကလေးတွေက အဆင်ပြေတယ်လို့ပြောတယ်ဗျ။ ကျုပ်သူတို့လက်ကိုကြည့်တော့ ပတ်တီးစီးထားတုန်းပဲ။ ကျုပ်ကလက်တွေကိုကြည့်တာ သူတို့မြင်ပြီး ဟုတ်တယ်အဘ သမီးတို့အနူရောဂါကဒီတစ်သက်ပဲတဲ့ သူတို့ကိုလုပ်တဲ့စုန်းက အပင်းကိုပြန်မနှုတ်တတ်ဘူးဆိုပဲ။ သူတို့ညီအစ်မလည်း အခုစုန်းဖြစ်နေပြီး အပင်းကိုနှုတ်ဖို့ကြိုးစားပေမဲ့ အပင်းကလုပ်တဲ့သူကိုယ်တိုင်ထုတ်မှရမဲ့အပင်းတဲ့။ သူတို့ညီအစ်မက အခု သူတို့မကျေနပ်တဲ့သူတွေကိုကလဲ့စားပြန်လာချေတယ်လို့ပြောပြီး မီးလုံးကြီးတွေအဖြစ်ပြောင်းပြီး ပြန်သွားကြတယ်။

ကျုပ်လည်းအိပ်မက်ကနိုးတော့ ဆရာတော်ကြီးလည်းနိုးလာတယ်။ ဆရာတော်ကြီးက သူလည်းကျုပ်အိပ်မက်မက်သလိုမက်တာပဲတဲ့ဗျ။ အင်း ကျုပ်လည်းဒီညီအစ်မနှစ်ယောက်ကို စုန်းဘယ်ဖြစ်စေချင်ပါ့မလဲဗျာ။ စိတ်ထဲမကောင်းဘူးပေါ့။ ဒီအိပ်မက်ကိုမက်ပြီး တစ်လလောက်နေတော့ တစ်ဖက်ရွာက ကိုသာဓုရဲ့အဒေါ်လင်မယားမိသားစု တစ်အိမ်လုံးသွေးအန်ပြီး ဆုံးကြတယ်ဆိုပဲဗျ။ မယ်ဖော့နဲ့မယ်ကျော့ကိုလည်း ရွာထဲမှာတွေ့ရတယ်ဆိုပြီး သတင်းတွေထွက်လာတယ်။ တချို့က မယ်ဖော့နဲ့မယ်ကျော့ သူ့ကိုလုပ်တဲ့သူတွေကို ပြန်ပြီးလက်စားလိုက်ချေနေတာတဲ့ဗျ။

ကျုပ်လည်း မယ်ဖော့နဲ့မယ်ကျော့ကို ပြောဆိုဆုံးမဖို့ လိုက်ရှာသေးတယ်။ ဘယ်မှာမှရှာမတွေ့ဘူး။ နောက်တော့အိပ်မက်ထက်ပေးတယ်ဗျ။ ကျုပ်လည်းပြောဆိုဆုံးမပေမဲ့ သူတို့ကကျုပ်ကို သူတို့ညီအစ်မကိုလိုက်မရှာဖို့ပြောတယ်။ သူတို့ကိုလုပ်တဲ့စုန်းနဲ့ ကလဲ့စားလည်းချေပြီးပြီမို့ လာနှုတ်ဆက်ကြတာတဲ့။ ကျုပ်လည်းရင်ထဲဝမ်းနည်းသွားပြီး ကလေးတွေကိုဖက်ငိုတာပေါ့ဗျာ။ အဲဒီနေ့ညကနောက်ဆုံးအိပ်မက်မက်ပြီး အဲဒီကတည်းက မယ်ဖော့နဲ့မယ်ကျော့သတင်း မကြားရတော့တာ အခုထိတိုင်အောင်ပဲဆရာလေးရေ။ ကျုပ်စကားပြောရှည်သွားတော့ ဆရာလေးပျင်းနေပြီထင်တယ်။
ဦးကျောက်စိန်၏စကားကြောင့် သူရသည် ခေါင်းကိုရမ်းကာ”ကျွန်တော်မပျင်းပါဘူးကပ္ပိယကြီးရယ်.. သိချင်တာကိုသိလိုက်ရတဲ့အတွက် ကျေနပ်ပါတယ်။ လူဆိုတာက သူတို့သိချင်တာပြောပြတဲ့သူရဲ့စကားကို ဘယ်တုန်းကပျင်းတယ်ရှိလို့လဲ။” ဟုပြောလိုက်လေ၏။

“ဆရာလေးရေ စကားပြောကောင်းနေတာနဲ့ နေတောင်အတော်မြင့်ပြီဗျ။ ကျုပ်လည်း လုပ်စရာရှိတာလေးသွားလုပ်လိုက်အုံးမယ်။”

“ကောင်းပါပြီဗျာ။ ကျွန်တော်လည်းပြန်လိုက်ပါအုံးမယ်။”

“ဟုတ်ကဲ့ ဟုတ်ကဲ့ ဆရာလေး။”

ဤသို့ဖြင့် သူရသည် ကိုစောအိမ်ကိုပြန်လာခဲ့လေ၏။ ကိုစော၏အိမ်ဝိုင်းအရှေ့ကို ရောက်သောအခါ၌ သူရသည်အထဲကိုဝင်ခဲ့ကာ ကွပ်ပျစ်ပေါ်၌ တင်ပုလ္လင်ချိတ်၍ ရေနွေးကြမ်းသောက်ပြီး တစ်စုံတရာအားတွေးတောကြံဆနေ၏။ ထိုအချိန်၌ စောသနှင့်ခွန်းသတို့သည် အိမ်ထဲကနေ ထွက်လာခဲ့ကြ၏။

“ဆရာတောင်ပြန်ရောက်နေပြီပဲ။”

“ကျွန်တော်တို့က ဆရာ့ဆီတောင်လိုက်လာတော့မလို့ဗျ။”

“ငါလည်းကပ္ပိယကြီးနဲ့ပြောနေတာ နည်းနည်းကြာသွားတာ။ ဒါနဲ့ ကိုစောနဲ့သူ့တပည့်တွေမတွေ့ပါ့လား ဘယ်သွားကြတုန်း။”

“ဟိုဘက်ရွာကသူတို့လယ်တွေကို သူရင်းငှါးချထားတာ သွားကြည့်မယ်ပြောသွားတယ်ဆရာ။ ”

“အေးအေး။ မင်းတို့ ဒီရွာနဲ့ပတ်သက်ပြီး ဘာတွေအာရုံရသေးလဲ။”

“ကျွန်တော်တို့ဆရာ့ကို အဲဒါပြောချင်နေတာ။ ဒီကနေ့မနက်ပိုင်း တရားထိုင်နေတုန်း ဒီရွာမြောက်ဘက်အပိုင်းကနေ ပညာစက်တစ်ခုကို လွှတ်ထုတ်နေတာ အာရုံရလိုက်တယ်ဆရာ။ အမြင်အာရုံထဲမှာလည်း ရုပ်ချင်းအတော်တူနေတဲ့ မိန်းမနှစ်ယောက်ကို ဒူးထောက်ခိုင်းပြီး ပါးရိုက်နေတဲ့ လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။”

“အင်း ငါထင်ထားသလိုပဲ ဒီပေလွှာကို ကာကွယ်ဖို့ အထက်ပုဂ္ဂိုလ်ကြီးများက ငါတို့ကိုဒီရွာစေလွှတ်တာပဲ။”

“ဆရာပြောတာ တပည့်တို့နားမလည်ဘူး။ သေချာရှင်းပြပေးပါ့လား။”

“ဟင်္သာမဆင်းတဲ့ကျေးတော်ရွာဆိုပြီး ဒီရွာနာမည်ကို ကြားကတည်းက မင်းတို့စိတ်ထဲထူးဆန်းမနေဘူးလား။”

“ဟုတ်ဆရာ။ အများနဲ့မတူပဲထူးဆန်းနေလို့ စိတ်ထဲတော့တစ်မျိုးဖြစ်မိတယ်။”

“ငါအတိုချုပ်ရှင်းပြမယ်။ ဟင်္သာမောင်နှံကို ထောင်ဖမ်းတဲ့ မုဆိုးမိုက်ကန်းဆိုတာ ဒီရွာကိုတည်ခဲ့တဲ့ လူတစ်ယောက်ပဲ။ ရိုးရိုးလူတစ်ယောက်မဟုတ်ဘူး။ ကဝေပျံကိုတောင် လက်ယက်ခေါ်ပြီး ပါးရိုက်နိုင်တဲ့အထိ အဆင့်ရှိတယ်။ စုန်းလည်းမဟုတ်သလို၊ ကဝေလည်းမဟုတ်ဘူး။ မှော်အောင်ထားတဲ့ လူတစ်ယောက်ပဲ။ ဟင်္သာမောင်နှံကို ဖမ်းပြီး မှော်တစ်ခုအဆင့်တက်ဖို့အတွက် ဟင်္သာမောင်နှံကို ဖမ်းပေမဲ့ ရသေ့ကြီးတစ်ပါးရဲ့ အကာကွယ်မန္တာန်ကို ရနေတဲ့ဒီဟင်္သာမောင်နှံကို မဖမ်းနိုင်ခဲ့ဘူး။ ရက်ရှည်လများကြာတော့ ဒီရွာရဲ့ချောင်းစပ်ကိုဟင်္သာတွေအရင်ကဆင်းပေမဲ့ နောက်ကြဟင်္သာတွေမဆင်းတော့လို့ ဟင်္သာမဆင်းတဲ့ကျေးတော်ရွာလို့ပဲ အလွယ်ခေါ်ခဲ့ကြတယ်။ မုဆိုးမိုက်ကန်းခေါ် ဒီမှော်ဆရာက သူသေလွန်တဲ့နောက်မှာ လူတစ်သန်းမှာတစ်ယောက်မရှိနိုင်တဲ့ သူ့မှော်ပညာတွေကို ပေလွှာထဲမှာထည့်ရေးသားပြီး ဒီရွာနဲ့မနီးမဝေးက သိုက်နန်းတစ်ခုထဲထည့်ခဲ့တယ်ဆိုတဲ့ ကောလဟာလသတင်းက ပညာသည်တွေကြား အတော်ရေပန်းစားခဲ့တယ်။ ဒီပေလွှာကလည်း အမှန်တကယ်ရှိနေတာကြောင့် အထက်ပုဂ္ဂိုလ်ကြီးများက မကောင်းတဲ့ပညာသည်တွေလက်ထဲ ပါမသွားအောင် အထူးဂရုစိုက်ခဲ့ကြတယ်။

သိုက်နန်းကိုလည်း ရွာရဲ့အထင်ကရတစ်ခုဖြစ်ခဲ့တဲ့ ညောင်ပင်ကြီးရဲ့အောက်မှာ ရွေ့ပြောင်းပြီး အစောင့်အကြပ်များစွာနဲ့ထားခဲ့ကြတယ်။ ဒါပေမဲ့ ဒီပေလွှာကိုလိုချင်ကြတဲ့ ပညာသည်တွေက ဘာကိုမှအမှုမထားပဲ ဒီရွာကိုရောက်လာကြတယ်။ ဒီအတွက်ကြောင့် ငါတို့ကိုအထက်ပုဂ္ဂိုလ်များက ဒီရွာကိုစေလွှတ်ရခြင်းပဲ။ မင်းတို့ရဲ့ပြောပြချက်အရဆိုရင် ဒီပေလွှာကိုယူဖို့ကြိုးစားတဲ့ပညာသည်က ရောက်လာပြီထင်တယ်။ ငါတို့အနေနဲ့ ဒီပေလွှာကို ကာကွယ်ဖို့ တာဝန်ရှိတယ်။ ကဲလာ ငါတို့မြောက်ဘက်ပိုင်းကိုသွားကြည့်ကြရအောင်။”

စိတ်မြန်လက်မြန်ရှိသောသူရသည် ဆေးလွယ်အိတ်ကိုပင်ထား၍ ဝိုင်းဝကိုပင်ရောက်ရှိသွားလေ၏။ စောသက သူ၏လွယ်အိတ်နှင့် ဆရာသခင်ဖြစ်သူလွယ်အိတ်ကိုပါသယ်၍ အနောက်ကနေလိုက်ပါလာခဲ့၏။ ခွန်းသကလည်း သူ၏လွယ်အိတ်ထဲကနေ အကာကွယ်အင်းတော်ကြီးကို အဆင်သင့်ရှိစေရန် နှုတ်ကနေတတွတ်တွတ် ဂါထာမန္တာန်ရွတ်၍ အင်းကိုနှိုးရင်းလိုက်လာခဲ့၏။ သူရတို့ဆရာတပည့်တွေ ရွာမြောက်ဘက်ပိုင်းကိုလျှောက်လာရင်း ရွာတံခါးဝအစပ်သို့ ရောက်ရှိလာခဲ့၏။ သူရသည် အာရုံကိုဖြန့်ကြည့်သောအခါ ရွာနှင့်မနီးမဝေးက ကိုင်းတောအစွန်၌ ပညာသည်များ၏ ပညာစက်များကိုအာရုံ၌ခံစားမိလိုက်၏။

ကိုင်းတောများကိုဖြတ်တော့မည့်အချိန် သူရ၏အကြားအာရုံ၌ မိန်းမနှစ်ယောက်၏ ငြီးငြူသံကိုကြားလိုက်ရ၏။ သူရသည် အမြင်အာရုံကိုဖွင့်၍ ရှာကြည့်သောအခါ ရွာတံခါးမြောက်ဘက်က ညောင်ပင်ကြီးခြေရင်း၌ ရုပ်တင်မက၊ ကိုယ်ခန္ဓာအချိုးအစားပါတူသော မိန်းမနှစ်ဦးကိုတွေ့လိုက်ရ၏။ သူတို့သည်လည်း ပညာသည်များဖြစ်မှန်းသူရသိလိုက်၏။ ကိုင်းတောများကိုမဖြတ်သေးပဲ ထိုမိန်းမနှစ်ဦးဆီသို့ ခြေဦးပြန်လှည့်လိုက်၏။

“သင်တို့က စုန်းပညာသည်များဖြစ်ပါလျှက်နဲ့ ဘယ်လိုကြောင့်အခုလိုချုပ်နှောင်ခံထားရတာလဲ။”

“ငါတို့ထက် အဆင့်မြင့်တဲ့ကဝေက ဒီရွာရဲ့သိုက်နန်းမှာရှိတဲ့ပေလွှာကိုယူချင်တာနဲ့ ငါတို့ကိုချုပ်ခဲ့တာပဲ။”

“ဟုတ်တယ်။ ငါတို့က ဒီရွာကမယ်ဖော့နဲ့မယ်ကျော့လို့ခေါ်တဲ့ အမွှာညီအစ်မပဲ။ ကလဲ့စားချေဖို့အတွက်နဲ့စုန်းပညာသင်ယူခဲ့ပေမဲ့ ကလဲ့စားချေပြီးတဲ့နောက်မှာ ငါတို့ကိုရသေ့တစ်ပါးက ဒီရွာကိုစောင့်ရှောက်ဖို့တာဝန်ပေးလို့ စောင့်ရှောက်နေခဲ့တာ။ မနေ့က ဟိုကဝေကောင်ရောက်လာပြီး ငါတို့နဲ့ပညာပြိုင်တယ်။ ငါတို့ရှုံးတာနဲ့ ပါးနားရိုက်ပြီး ဒီမှာချုပ်ထားခဲ့တာပဲ။”

”နင်တို့ဆီကနေ ထွက်နေတဲ့ကိုယ်ရောင်ကိုယ်ဝါတွေက အဆင့်မြင့်တဲ့ပညာသည်ဆိုတာဖော်ပြနေတယ်။ ပြီးတော့ မျက်လုံးနဲ့ဥပဓိရုပ်အသွင်က စိတ်ထားကောင်းပုံကိုညွှန်ပြနေတဲ့အတွက် နင်တို့အနေနဲ့ ငါတို့ကိုကူညီနိုင်ရင် ကူညီပေးပါ။”

သူရသည် စုန်းအမွှာညီအစ်မ၏ စကားပြောပုံဆိုပုံနှင့် ချင့်ချိန်တွေးတောစဉ်းစားတတ်သည့် ဉာဏ်စွမ်းရည်များကြောင့် သဘောကျကာပြုံးမိသွားလေ၏။

“ကျွန်ုပ်က ဒီရွာကိုကူညီဖို့နဲ့ ပေလွှာကိုကာကွယ်ဖို့ရောက်လာတာမလို့ သင်တို့အနေနဲ့စိတ်ချပါ။ ကျွန်ုပ်အသက်ပေးရမယ်ဆိုရင်တောင် တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်မှာပါ။ ”

သူရသည် အထက်ပါအတိုင်းပြောပြီးသည့်နောက် သူ၏ညာလက်ညိုးထိပ်က ရွှေရောက်စက်လုံးလေးနှင့် စုန်းအမွှာညီအစ်မကို ချုပ်နှောင်ထားသော ချည်မန်းကွင်းအား ထိလိုက်ရာ၌ ချည်မန်းကွင်းများသည် ပြတ်တောက်သွားကာ ပျောက်ကွယ်ကုန်၏။ စုန်းအမွှာညီအစ်မသည် သူရကိုကျေးဇူးတင်နေခိုက် ကိုင်းတောထဲကနေ လူငါးယောက် ထွက်လာခဲ့ကြ၏။ အလယ်ကလူသည် သျှောင်တစောင်းနှင့်ခေါင်းပေါင်းထားကာ တိုင်ပုံအင်္ကျီအနက်နှင့် ပုဆိုးကွက်ထောက်ကြီးကိုဝတ်၍ ချည်လွယ်အိတ်တစ်လုံးကိုလွယ်ထား၏။ ထိုသူဆီကနေ အားပြင်းသည့်ဓာတ်များခံစားမိသောကြောင့် ဤသူသည်ခေါင်းဆောင်ဖြစ်ကာ တော်ရုံပညာသည်မဟုတ်မှန်း သူရခန့်မှန်းမိ၏။ စောသသည် သူရအား လွယ်အိတ်ကိုတရိုတသေကမ်းပေးလိုက်လေ၏။

“ဟေ့ ဟိုကလေးသုံးယောက် ဘာဝင်ရှုပ်တာလဲ။ ငါလုပ်ရင်အကုန်သေကုန်တော့မှာပါပဲ ဒီစောက်ကလေးတွေကတော့။”

သူတို့အား လှမ်းမာန်လိုက်သော သူ၏စကားကြောင့် သူရသည် အရှေ့ကိုထွက်လာခဲ့၏။

“မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားတဲ့။ ဒီစကားလေးကြားဖူးပါသလားဦးကြီး။”

“သက်ငယ်စကားသက်ကြီးကတော့ နားမထောင်နိုင်ဘူးမောင်ရင်ရေ။ မောင်ရင့်အနေနဲ့ ကျုပ်သွားမယ့်လမ်း ဝင်ရှုပ်ရင်တော့ အဆုံးသတ်ပေးရလိမ့်မယ်နော်။”

“ခြိမ်းချောက်စကားတွေအသုံးမဝင်ဘူးဦးကြီး။ ကြောက်တတ်ရင်လည်း ကျုပ်ဒီလမ်းကို အစဆုံးလျှောက်မနေဘူး။ မှော်ပေလွှာကိုယူဖို့ကြိုးစားနေတာဆိုရင် လာရာလမ်းအတိုင်းလှည့်ပြန်သွားပါ။ မှော်ပေလွှာနဲ့ ဒီရွာဟာ အခုကျုပ်ကာကွယ်မှုအောက်မှာပဲ။”

“ဟင်းဟင်း ပညာလေးမဆိုသလောက်တတ်ပြီး ဟိတ်ဟန်လုပ်ပြနေရုံနဲ့ ငါကလည်းအထင်မကြီးဘူးကွ။ ငါ့ငယ်ကျွန်တွေ ရှေ့ကသကောင့်သားတွေကို မင်းတို့ပညာပြလိုက်စမ်း။”

ထိုလူကြီး၏အမိန့်ရတာနဲ့ သူ၏ဘေးက ယောက်ျားလေးဦးသည် စက်ကြိုးအနီရောင်များဖြင့် ပစ်လိုက်ကြ၏။ သူရအနားသို့မရောက်မီ ခွန်းသနှင့်စောသက အကာအင်းနှင့်ကာလိုက်ကြသလို စုန်းအမွှာညီအစ်မကလည်း သူတို့ပညာစက်များနှင့် ပြန်ပစ်လိုက်ကြ၏။ ထိုအခါ တစ်ဖက်ကိုလေးဦးစီ မျက်နှာခြင်းဆိုင်သွားကြကာ မျှမျှတတယှဉ်ပြိုင်ကြပေသည်။ စုန်းအမွှာညီအစ်မပစ်လိုက်သော ပညာစက်များကို တစ်ဖက်ရန်သူများက ပြန်ကာ၍ ပညာစက်နှင့်ပြန်ပစ်သောအခါ စောသနှင့်ခွန်းသက ပြန်ကာထား၏။ ပညာစက်များနှင့်တိုက်ခိုက်ကြသော်လည်း တစ်ဖက်နှင့်တစ်ဖက် မထိခိုက်သေးပေ။

ထိုအခါ တစ်ဖက်ရန်သူလေးဦးသည် အင်္ကျီများကိုချွတ်၍ နောက်ကျွမ်းထိုးကာ လူ့ခါးစောင်းမျှရှိသော အစွယ်တကားကားနှင့် ခွေးနက်ကြီးများအသွင်ပြောင်းသွားလေ၏။ စောသနှင့်ခွန်းသကလည်း ဂါထာတစ်ပုဒ်ကို ရွတ်ဖတ်၍ နောက်ကျွမ်းပစ်လိုက်ရာ ကိုးတောင်ကျားများဖြစ်သွားသလို၊ စုန်းအမွှာညီအစ်မကလည်း လင်းတအသွင်ပြောင်း၍ တိုက်ခိုက်ကြကုန်၏။ ခွေးနက်ကြီးများနှင့် ကျားနှစ်ကောင်က မြေပြင်၌အသည်းသန် တိုက်ခိုက်နေကြချိန် လင်းတနှစ်ကောင်က ခွေးနက်ကြီးများအပေါ်ကနေ အလျှင်မြန်ပျံသန်း၍ ခြေသည်းနှင့်ကုတ်သွားလိုက်၊ နှုတ်သီးဖြင့်ဆိတ်လိုက် တိုက်ခိုက်လေ၏။

ထိုအခိုက် ခွေးနက်နှစ်ကောင်က လင်းတများမြေပြင်ကိုဆင်းလာအဝယ် ခုန်အုပ်တော့မည့်အချိန် ကျားနှစ်ကောင်သည် တစ်ချက်ဟိန်း၍ မြေကြီးကိုသူတို့၏လက်နှစ်ဖက်နှင့် ဆောင့်ချလိုက်ရာ အလွန်ပြင်းထန်သော အစွမ်းတစ်ခုက ဝုန်းခနဲဆောင့်ဝင်သွားပြီး ခွေးနက်လေးကောင်ပါမက လင်းတများပါ လွင့်စင်သွားကာ မူလအသွင်ပြန်ပြောင်းသွားကြကုန်၏။ ကျားနှစ်ကောင်သည် နောက်ကျွမ်းပြန်ပစ်၍ လူပုံစံပြောင်းကာ စုန်းအမွှာကိုဘေးကကြည့်နေရန် ပြောလိုက်၏။ ရန်သူလေးဦးသည် ပါးစပ်ကနေ သွေးစများထွက်လာကြလေ၏။ စောသနှင့်ခွန်းသ၏ အစွမ်းကိုသိသွားကာ စုပေါင်းတိုက်ရန် ဆုံးဖြတ်လိုက်ကြ၏။

လေးဦးစလုံး စုဝေး၍ထိုင်လိုက်ကာ မန္တာန်တစ်ပုဒ်ကိုအတူတူရွတ်ဖတ်လိုက်ကြချိန်၌ သူတို့၏ခန္ဓာကိုယ်ကနေ အခိုးအငွေ့တန်းကြီးတွေပေါ်လာကာ ဝုန်းခနဲဆိုသလို ဦးခေါင်းလေးလုံးနှင့် ဧရာမခွေးနက်ကြီးအဖြစ် ပြောင်းသွားလေ၏။ စောသနှင့်ခွန်းသသည် အနည်းငယ်အံ့ဩရုံကလွဲ၍ ထိန်လန့်ခြင်းမရှိပေ။ စောသနှင့်ခွန်းသသည် အသင့်အနေထားနှင့်နေလိုက်၏။ ခွေးနက်ကြီးပြေးဝင်တိုက်ခိုက်ချိန်၌ ဘေးနှစ်ဖက်ခွဲရှောင်တိမ်းလိုက်ကာ အင်းချပ်နှစ်ချပ်ဆီ လေပေါ်ပစ်တင်ပြီး ခွေးနက်ကြီးဆီလက်ညိုးညွှန်လိုက်ရာ၌ အင်းချပ်ထဲကနေ မီးတောက်နေသော လှံများ တစ်စင်းပြီးတစ်စင်းထွက်လာကာ ခွေးနက်ကြီး၏ လည်၊ ဂုတ်စသည့် ကိုယ်ခန္ဓာအဓိကနေရာများကို စိုက်ဝင်ကုန်၏။

ခွေးနက်ကြီးသည် အားအကုန်ရုန်းသော်လည်း မလှုပ်နိုင်ပဲရှိနေချိန်၌ စောသနှင့်ခွန်းသသည် မူလပြန်အင်းကို ပြိုင်တူပစ်လွှတ်လိုက်ကြရာ ခွေးနက်ကြီးသည် ဝုန်းခနဲကွဲထွက်သွားကာ ရန်သူလေးဦးကလည်း ဘေးတစ်ဖက်စီကိုလွင့်စင်လာပြီး သေဆုံးကုန်ကြ၏။ တပည့်များသေဆုံးတာကို မြင်၍ သျောင်တစောင်းနှင့်လူကြီးသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်၍ ဖနောင့်ကိုပေါက်ချလိုက်ချိန်၌ ကိုင်းတောထဲကနေ သရဲတစ္ဆေမှင်စာများ အုပ်စုလိုက်ကြီးထွက်လာကြ၏။

“ဟဲ့နာနာဘာဝတွေ ရှေ့ကခွေးကောင်တွေကို သတ်ကြစမ်း။”

သရဲတစ္ဆေများသည် ထိုသူ၏အမိန့်သံအဆုံး၌ ပြေးလာကြချိန်တွင် သူရသည် ညာလက်ညိုးနှင့် သူတို့၏အလယ်တွင် စည်းတစ်ခုတားထားလိုက်ရာ သရဲတစ္ဆေများမှာ ထိုစည်းကိုကျော်ဖို့ပင်မပြောနှင့် အနားတောင်မကပ်ရဲကြပေ။

“အောက်လက်ငယ်သားတွေကိုပဲ တိုက်ခိုင်းနေပုံထောက်တော့ ဦးကြီးက ကျုပ်ကိုကိုယ်တိုင်မတိုက်ရဲဘူးထင်တယ်။”

“ဘာကွ!! မင်းလိုငချွတ်ကလေးကိုတိုက်ဖို့ ငါ့အဆင့်နဲ့မတန်လို့နားလည်လား။ မင်းကသိပ်သေချင်နေမှတော့လည်း ငါကိုယ်တိုင် သတ်ပေးမယ်ဟေ့။”

ထိုလူကြီးက ဤသို့ပြောဆိုပြီး သူ၏လက်သီးကိုဆုပ်ကာ အစိမ်းရောင်ပညာစက်ကို စုစည်းနေ၏။ နေအလင်းရောင်၏အောက်မှာ ထိုလူကြီး၏ပညာစက်က အရောင်တလတ်လတ်တောက်ပနေသည်။ ထိုလူကြီးသည် ပညာစက်ကိုစုပြီးတာနှင့် သူရထံကိုပစ်လွှတ်လိုက်၏။ သူရသည် ညာလက်ကိုဆန့်၍ ကာလိုက်သောအခါ ရွှေအိုရောင်အကာရံတစ်ခုပေါ်လာခဲ့၏။ အစိမ်းရောင်ပညာစက်က ရွှေအိုရောင်အကာရံကိုထိမှန်သွားကာ ဒိန်းခနဲဆိုသံနှင့်အတူ မီးများဖွာထွက်သွားကာ ပညာစက်များက ဘေးကိုပျံ့ကြဲပြီး သစ်ပင်များကို ထိမှန်သောအခါ သစ်ပင်များသည် မီးလောင်ကျွမ်းကုန်ကြသည်။

ထို့နောက် လူကြီးသည် သူ၏လွယ်အိတ်ထဲကနေ သစ်သားဖြင့်ပြုလုပ်ထားသော နွားနက်ကိုးကောင်တိတိကို လှည်းဆွဲခိုင်းထားသောအရုပ်အားထုတ်လိုက်လေ၏။ မြေပြင်ပေါ်သို့ အသာယာချ၍ လက်အုပ်ချီကာ ဂါထာ၊ မန္တာန်တစ်ပုဒ်ကို ဌာန်ကရိုင်းကျကျရွတ်နေလေ၏။

“လှည်းဆွဲနွားနက် မြင်ရုံနဲ့ မသေရုံတမယ်သာ ရှိလိမ့်မယ်တဲ့။”

သူရ၏ စကားကို စောသနှင့်ခွန်းသက ကြားသွားကာ မေးကြလေ၏။

“ဒီစကားက ဘာအဓိပ္ပါယ်လဲဆရာ။”

“အဓိပ္ပါယ်က သာမန်တိုက်နွားတွေထက် အဆတစ်ရာကြမ်းတဲ့ နွားနက်ကိုးကောင်အတိုက်ပေါ့ကွာ။ လှည်းဆွဲထားတယ်ဆိုတာကလည်း လှည်းပေါ်မှာ ကျွဲမိစ္ဆာကိုတင်ထားရလို့ပဲ။ တစ်နည်းအားဖြင့် ကျွဲမိစ္ဆာအတိုက်လို့လည်း ခေါ်ကြတယ်။ တော်ရုံပညာသည်က ဒီအစီအရင်ကို ပြုလုပ်နိုင်မှာမဟုတ်ဘူး။ စောသ၊ ခွန်းသ စုန်းအမွှာကိုခေါ်ပြီး ဒီနေရာနဲ့ ခတ်ဝေးဝေးကိုသွားကြတော့ မင်းတို့ဒီအစီအရင်ကိုမခုခံနိုင်ဘူး။”

စောသနှင့်ခွန်းသက စုန်းအမွှာကိုခေါ်၍ အဝေးကနေ စောင့်ကြည့်နေကြ၏။ ထိုလူကြီး၏ ဂါထာမန္တာန်အဆုံး၌ သာမန်နွားတွေထက် ကျယ်လောင်သော နွားအော်သံကြီးများထွက်ပေါ်လာကာ လှည်းဆွဲထားသည့်နွားနက်ကိုးကောင် အရုပ်လေးက တဖြည်းဖြည်း ကြီးထွားလာလေ၏။ ထိုအရုပ်က ကြီးထွားတာရပ်တန့်သွားချိန် အနီရောင်အလုံးတစ်ခုက လှည်းပေါ်၌ လာနားပြီး ဖျောက်ခနဲပျောက်ကွယ်သွား၏။ သူရသည် စိတ်ထဲ၌ “အင်း ကြည့်ရတာတော့ နွားနက်မိစ္ဆာကို မခေါ်ယူနိုင်သေးပုံပဲ။ ဒါပေမဲ့ ဒီနွားနက်ကိုးကောင်ကလည်း အတော်ကြမ်းတမ်းတယ်။ သေချာမကိုင်တွယ်နိုင်ရင် တခြားသူတွေပါ အန္တရာယ်ရှိတယ်။”ဟု တွေးမိလိုက်၏။

“ဟဲ့ တိုက်စမ်း။!!”

ထိုလူကြီးအမိန့်သံအဆုံးမှာ နွားနက်ကိုးကောင်က သူရဆီကို တရကြမ်းပြေးဝင်ခွေ့ကြလေ၏။ နွားတွေ၏ ခွာသံနှင့် လှည်းဘီးသံတို့ကြောင့် ဆူညံသွားလေ၏။ သူရသည် လက်သီးဆုပ်ကာ ရွှေရောင်ပညာစက်ကိုစု၍ ပစ်လိုက်သောအခါ နွားများသည်အနောက်ကို လန်သွားကာ ပြန်ဆုတ်သွားကြ၏။ ထို့နောက် နောက်တစ်ကြိမ်ပြေးဝင်ခွေ့ကြလေ၏။ သူရဆီကိုတည့်တည့်ဝင်ခွေ့ချိန် လက်တစ်ကမ်းအကွာအရောက်၌ သူရကရုတ်ချည်းပျောက်ကွယ်သွားကာ အခြားနေရာ၌ ပြန်ပေါ်လာ၏။ နွားတွေကအရှိန်လွန်ပြီး သစ်ပင်ကိုဝင်ခွေ့မိရာ သစ်ပင်သည် ထက်ပိုင်းကျိုးကျသွားလေ၏။

နွားများသည် စိတ်ဆိုးမာန်ဆိုးနဲ့ သူရဘက်ကိုပြန်လှည့်ကာ ဝင်ခွေ့ကြပြန်၏။ သူရသည် လက်ကိုဆန့်၍ ကာလိုက်သောအခါ ရွှေအိုရောင်အကာရံကို ဒုန်းခနဲမြည်အောင် ဝင်ဆောင့်ကြလေ၏။ နွားများသည် ခေါင်းကိုခါရမ်းလိုက်ကာ အကာရံကိုနောက်တစ်ကြိမ် ဝင်ဆောင့်ကြပြန်၏။” ဒုန်း”ဆိုသည့်အသံက ကျယ်လောင်စွာထွက်ပေါ်သွား၏။ သူရသည် လွယ်အိတ်ထဲကနေ မူလပြန်အင်းကိုထုတ်၍ လှည်းပေါ်သို့လှမ်းပစ်လိုက်၏။ ထိုအခါနွားများသည် ဘေးကိုရိမ်းခါနေကြ၏။ ဝုန်း..ဝုန်းဆိုသည့်အသံနှင့်အတူ လှည်းကြီးဟာလည်း မီးလောင်နေ၏။ ထို့နောက် ကြိုးများမှတဆင့် နွားတွေပါမီးစွဲသွားသည့်အခါ နွားများသည် ခြေဦးတည့်ရာပြေးကြချိန် သူတို့အားစီရင်သည့်ပညာသည် သျှောင်တစောင်းနှင့်လူကြီးကို ဝင်ခွေ့မိကြ၏။

သျှောင်တစောင်းနှင့်လူကြီးသည် ကို့အတက်ကိုစူး၍ နွားတစ်ကောင်၏ ချို၌ ဝမ်းဗိုက်ကိုထုတ်ခြင်းပေါက်ကာ ကပ်ပါသွားခဲ့၏။ ထို့နောက် မီးသည် ထိုလူကြီးကိုပါလောင်၍ နောက်ဆုံး လှည်းဆွဲထားသည့်နွားနက်ကိုးကောင်အပြင် ထိုလူကြီးပါ ပြာအဖြစ်ကို ရောက်ရှိသွားကြလေ၏။ အဝေးကနေ စောင့်ကြည့်နေသော စောသနှင့်ခွန်းသလည်း သူရအနားကိုပြန်လျှောက်လာကြသလို စုန်းအမွှာကလည်း အနောက်ကနေ လိုက်ပါလာခဲ့၏။

“ကို့အတက်ကိုစူးပြီး မကောင်းတဲ့ပညာသည်တစ်ယောက်တော့ ငရဲကျသွားပြန်ပြီစောသနဲ့ခွန်းသရေ။”

သူရသည် စုန်းအမွှာကို လှည့်ကြည့်ကာ..
“သင်တို့အကြောင်းကို ကပ္ပိယကြီးပြောပြလို့ ကျွန်ုပ်သိသင့်တန်သလောက်သိထားပါတယ်။ သင်တို့က အခုဘယ်မှာနေကြတာလဲ။”

“ကျွန်မတို့ ဒီရွာထဲမှာပဲ ရုပ်ဖျက်ပြီးနေထိုင်ပါတယ်ဆရာလေး။ ဒါကြောင့်လည်း ရွာကို အနီးကပ်ကာကွယ်နိုင်တာပါ။”

“ဒီပညာတတ်သူခြင်းတူတာတောင် သင်တို့ကပိုပြီးမွန်မြတ်ပါတယ်။ သင်တို့ရဲ့ပညာကို ကျွန်ုပ်မနှုတ်ယူပေမဲ့ ဒီပညာနဲ့သူတစ်ပါးကို ထိခိုက်နစ်နာအောင်မလုပ်ဘူးဆိုတဲ့ကတိပေးပါ။”

“ကျွန်မတို့ကတိပေးပါတယ်ဆရာလေး။”

“ကောင်းပြီ။ ဒီအတွက် သင်တို့ကို ကျွန်ုပ်ကဆုချခဲ့ပါ့မယ်။ သင်တို့ရဲ့လက်ကိုဆန့်လိုက်ပါ။”

ထိုအခါစုန်းအမွှာညီအစ်မသည် ပုဆိုးစနှင့်ပတ်စီးထားသော သူတို့လက်နှစ်ဖက်ကို ဆန့်လိုက်ကြလေ၏။ သူရသည် မန္တာန်တစ်ပုဒ်ကို ရွတ်ဖတ်၍ သူတို့၏လက်အပေါ်ကနေ အောက်ထိဆွဲသပ်ချပေးလိုက်လေ၏။ ခဏအကြာ၌ “သင်တို့ရဲ့ နူနာရောဂါအရှင်းပျောက်သွားပါပြီ။ ရှေ့လျှောက် ကောင်းကောင်းမွန်မွန်နေထိုင်ကြပါ။”ဟု သူရကပြော၍ တစ်ဖက်သို့လှည့်ကာ ထွက်သွားလေ၏။ စုန်းအမွှာညီအစ်မသည် ပတ်တီးကိုဖြည်၍လက်ကိုကြည့်လိုက်ရာ မိမွေးတိုင်းဖမွေးတိုင်း အကောင်းဖြစ်နေတာကို မြင်၍ ဝမ်းသာပီတီဖြစ်ကာ သူရ၏ကျောပြင်ကို ထိုင်ရှိခိုးလိုက်ကြလေတော့သတည်း။

~~~~
ပြီးပါပြီ။

တတ်သည့်ပညာတိုင်းအား ကောင်းတာလုပ်ပါမူ…
ကောင်းသည့်ပညာသာဖြစ်၏။
တတ်သည့်ပညာတိုင်းအား မကောင်းတာလုပ်ပါမူ…
မကောင်းသည့်ပညာသာဖြစ်၏။
အဖြူနဲ့အမဲဟာ ဒွန်တွဲနေ၏။

(ဆက်လက်ကြိုးစားပါအုံးမည်)
#မိုးထွန်း(မကွေး)

Zawgyi Version

သူရႏွင့္ စုန္းအမႊာ(စ/ဆံုး)
——————————–
တန္ခူးလရဲ႕ေနအပူရွိန္ႏွင့္ ေတာေတာင္သဘာဝ၏ရႉ႔ခင္းမ်ားက ေန႔လယ္ခင္းေလးမွာ ဥဩငွက္ကေလးမ်ားသာတြန္က်ဴးရင္ တစ္ခုခုကိုေတာ့ လြမ္းေမာမိတတ္ၾကသည္မွာ လူသားတိုင္းပင္ျဖစ္၏။ ေႏြရာသီမွာတိုက္ေသာ ေလ႐ူးကေလးမ်ားေၾကာင့္ ႐ြက္ေျခာက္မ်ားမွာ ေျမျပင္ေပၚသို႔ ေႂကြက်သြားၾကကုန္၏။ ကပၸိယႀကီးဦးေက်ာက္စိန္တစ္ေယာက္ ႐ြက္ေျခာက္မ်ားေႂကြက်ေနေသာ ဘုန္းႀကီးေက်ာင္းဝန္းအတြင္းကို တံျမက္စည္းႏွင့္ လွည္းက်ဥ္းေနခ်ိန္၌ ေက်ာင္းေပၚကေန ေယာဂီေခါင္းေပါင္း၊ ေယာဂီဝမ္းဆက္ႏွင့္ တည္ၾကည္ခံ့ညားေသာ လူငယ္ေလးတစ္ဦး ဆင္းလာခဲ့၏။ ကပၸိယႀကီးသည္ ထိုလူငယ္ကိုျမင္သြားကာ သိသည့္အလား ၿပဳံးျပ၍ႏႈတ္ဆက္လိုက္၏။

“ျပန္ေတာ့မလို႔လားဆရာေလးသူရ။”

“ဟုတ္တယ္ကပၸိယႀကီး ဆရာေတာ့္ရဲ႕မ်က္လုံးလည္း အေတာ္သက္သာေနပါၿပီ။ ေနအပူရွပ္ၿပီးမ်က္စိနာတာဆိုေပမဲ့ အသက္႐ြယ္ႀကီးေတာ့ ပိုၿပီးခံရတာေပါ့ဗ်ာ။ ကြၽန္ေတာ္လည္း ေသခ်ာေပ်ာက္ေအာင္ကုေပးၿပီးေတာ့ ဆရာေတာ္ႀကီးက မက်ိန္းပဲ စကားေျပာခ်င္ေနတာနဲ႔ ေျပာေပးေနတာ။ ေစာေစာေလးကမွ က်ိန္းေတာ့မယ္ဆိုၿပီး က်က္သေရေဆာင္ထဲဝင္သြားတာနဲ႔ ကြၽန္ေတာ္လည္းထြက္လာခဲ့တာ။”

”အခုလို ဆရာေတာ္ႀကီးကို ေပ်ာက္ေအာင္ကုေပးတဲ့အတြက္ ဆရာေလးသူရကို က်ဳပ္အေတာ္ေက်းဇူးတင္မိတယ္။ ဆရာေတာ္ႀကီးမ်က္စိနာေနတာ တစ္ပတ္ေက်ာ္ၿပီ။ ညတိုင္းမ်က္စိနာလို႔ ၿငီးျငဴေနတာ က်ဳပ္ကိုစိတ္ထဲမေကာင္းမိဘူး။ ေဆးမီးတိုနဲ႔ ကုျပန္ေတာ့လည္းမေပ်ာက္၊ ေဆးဆရာႀကီးဆီသြားမယ္ဆိုေတာ့လည္း ဘုန္းႀကီးအမႈ႐ြာပတ္တယ္ ငါအေျပာမခံႏိုင္ဘူးဆိုၿပီးေနေနတာ.. ေဆးဆရာႀကီးေခၚကုေပးမယ္ဆိုေတာ့လည္း အလကားဒီေဆးဆရာ ဝမ္းမွန္ေဆးနဲ႔ေလေဆး၊ ေသြးေဆးေလာက္ရွိတာ ဘာမွကုတတ္တာမဟုတ္ဘူးဟဲ့ငစိန္ရဲ႕… သူလုပ္မွငါကန္းပါအုံးမယ္ကြာဆိုၿပီး.. က်ဳပ္ေျပာတာတစ္ခုမွလက္မခံဘူးဗ်ိဳ႕။”

“ဆရာေတာ္ႀကီးကလည္း သူ႔အေၾကာင္းနဲ႔သူ ေနမွာေပါ့ဗ်ာ။ ဪကပၸိယႀကီးကို တစ္ခုေျပာရအုံးမယ္။”

“ဘာမ်ားတုန္းဆရာေလးရဲ႕။”

“ေျပာရအုံးမယ္ဆိုတာထက္ ေမးခ်င္တာပါ။ မေန႔ညက ဆရာေတာ္ႀကီးေျပာတဲ့အထဲမွာ မယ္ေဖာ့နဲ႔မယ္ေက်ာ့တို႔ညီအစ္မသာ ရွိေသးရင္ ဒါယိကာေလးနဲ႔ ကုေစခ်င္လိုက္တာလို႔မိန႔္တယ္ဗ်။ ကြၽန္ေတာ္ကဆက္ေမးေတာ့လည္း ထားလိုက္ပါဆိုၿပီး စကားလမ္းေၾကာင္းလြဲွသြားလို႔ ဆက္မေမးလိုက္ရဘူး။ မယ္ေဖာ့နဲ႔မယ္ေက်ာ့အေၾကာင္းေလးမ်ားသိရင္ ေျပာျပေပးႏိုင္မလား… ဆရာေတာ္ႀကီးက ဆက္မမိန႔္ေတာ့ အေၾကာင္းတစ္ခုခုရွိမယ္ထင္လို႔ပါ။”

“မယ္ေဖာ့နဲ႔မယ္ေက်ာ့က သိပ္လည္းသနားဖို႔ေကာင္းတယ္ဗ်။ အင္း မယ္ေဖာ့နဲ႔မယ္ေက်ာ့အေၾကာင္းေျပာရမယ္ဆို.. သူတို႔အေမ ေဒၚမယ္အိုကေနစရမယ္။ ”

“သူတို႔အေၾကာင္းကြၽန္ေတာ့္ကိုေျပာျပေပးပါ့လား။”

“ဆရာေလးသူရကသိခ်င္ေနေတာ့ က်ဳပ္ေျပာျပရမွာေပါ့။ ဆရာေတာ္ႀကီးဆက္မမိန႔္တာကလည္း သူ႔ရင္ထဲ ဒီအေၾကာင္းေတြကို အစမေဖာ္ခ်င္လို႔ေနမွာ။ ကဲလာ ဟိုနားမွာထိုင္ရင္းေျပာရေအာင္။ သူတို႔အေၾကာင္းကို က်ဳပ္ထက္သိတဲ့သူ ဘယ္သူမွမရွိဘူးဆရာေလးေရ… ဘာေၾကာင့္လဲဆို က်ဳပ္ကသူတို႔အိမ္မွာ လက္တိုလက္ေတာင္းခိုင္းတဲ့ အလုပ္သမားကိုဗ်။ မယ္ေဖာ့နဲ႔မယ္ေက်ာ့ရဲ႕ အေမ ေဒၚမယ္အိုကေနဇာတ္လမ္းစလိုက္ၾကစို႔ဗ်ာ။

ေဒၚမယ္အိုက က်ဳပ္ထက္ငါးႏွစ္ႀကီးတယ္.. က်ဳပ္အသက္၁၀ႏွစ္မွာ သူက၁၅ႏွစ္ရွိၿပီဗ်။ က်ဳပ္အေဖကသူတို႔အိမ္မွာ သူရင္းငွါးလုပ္ရင္းကေန ပိုးထိဆုံးသြားေတာ့ မိဘမဲ့တစ္ေကာင္ႂကြက္က်ဳပ္ကို သူတို႔ကေခၚထားတယ္ေလ။ ေနစရာ၊ စားစရာေပးတဲ့အျပင္ မုန႔္ဖိုးပါေပးေသးတာ။ ေဒၚမယ္အိုရဲ႕မိဘႏွစ္ပါးကလည္း အေတာ္ေလးသေဘာေကာင္းရွာပါတယ္။ အင္း ဒီလိုနဲ႔ တျဖည္းျဖည္းအ႐ြယ္ေရာက္လာၾကေတာ့ အစ္မမယ္အိုက အေတာ္ကေလးလွလာတယ္ဗ်။ ေ႐ႊေငြေလးကလည္းရွိ ႐ုပ္ကေလးကလည္းရွိဆိုေတာ့ ႐ြာကကာလသားတိုင္းလိုလို အစ္မယ္အိုအိမ္ေရွ႕ သီခ်င္းကေလးၿငီးရင္း ခ်စ္ေတးဆိုတာေပါ့ဗ်ာ။

ေယာက္်ားေလးအဖြဲ႕ႏွစ္ဖြဲ႕ဆုံမိရင္လည္း ျပႆနာတက္တာေတာက္ေလွ်ာက္ပဲ။ ဒါေပမဲ့ အစ္မမယ္အိုက မာနႀကီးတယ္။ ေ႐ႊလင္ဗန္းနဲ႔အခ်င္းေဆးခဲ့တဲ့ ေ႐ႊဘုံေပၚကမင္းသမီးဆိုေတာ့ ေတာ္႐ုံေယာက်္ားကို အစ္မမယ္အိုက စိတ္မဝင္စားဘူး။ ငယ္ငယ္တည္းက ဂုဏ္ဂုဏ္ျခင္းထပ္မွျမတ္တယ္ဆိုတဲ့ သူ႔အဘြားရဲ႕ ႐ိုက္သြင္းခံရတဲ့စကားေတြလည္းပါတာေပါ့။ အစ္မမယ္အိုရဲ႕ ကံဆိုးမႈက သူ႔မဂၤလာေဆာင္ကေန စေတာ့တာပါပဲဗ်ာ။”

ကပၸိယႀကီးဟာ သစ္႐ြက္ေတြေႂကြက်တာကိုၾကည့္ရင္း ေလသံကိုတိုးေလ်ာ့သြားကာ ၾကာေညာင္းခဲ့ေသာအတိတ္ဆီကို သူ၏အေတြးမ်ားက ေရာက္ရွိသြားခဲ့ေလ၏။

&&& &&&

အဲဒီတုန္းက က်ဳပ္ကိုေမာင္ေက်ာက္လို႔ပဲ အစ္မမယ္အိုကေခၚတာ။ သူမဂၤလာေဆာင္မဲ့သူက တစ္ဖက္႐ြာကသူေဌးသား ကိုသာဓုနဲ႔ေပါ့။ က်ဳပ္လည္းသူတို႔မဂၤလာေဆာင္မွာ ဦးစီးဦးေဆာင္ကူညီလုပ္ကိုင္ေပးေနတာေပါ့ဗ်ာ။ က်ဳပ္ကမ႑ပ္ထဲမွာ လုပ္ကိုင္ေနတုန္း အစ္မမယ္အိုေခၚတယ္ဆိုလို႔ အိမ္ထဲကို ေခြၽးသံတ႐ြဲွ႐ြဲွနဲ႔ဝင္သြားတယ္ဗ်။ အစ္မမယ္အိုက အျဖဴေရာင္ဝမ္းဆက္ကေလးဝတ္ၿပီး ေခါင္းမွာစံပယ္ပန္းကေလးသီထားတာ လွမလွခ်က္ဗ်ာ။ သူကမွန္ၾကည့္ၿပီး ဆံထုံးကိုေသခ်ာလုပ္ေနတုန္း က်ဳပ္ကသူနဲ႔မလွမ္းမကမ္းမွာရပ္လိုက္တယ္ဗ်။

”အစ္မမယ္အို က်ဳပ္ကိုေခၚတယ္ဆိုလို႔ ဘာမ်ားခိုင္းမလို႔လဲအစ္မ။”

အစ္မမယ္အိုက က်ဳပ္ကိုၾကည့္ၿပီး ေခါင္းကိုလာပုတ္တယ္။

“ေကာင္စုတ္ကေလး ကို႔အစ္မမဂၤလာေဆာင္ေတာ့မဲ့ဟာကို မဂၤလာဆုေတာင္းစကားေလးေျပာအုံးေလ။ ငါ့ေမာင္ဆီက မဂၤလာဆုေတာင္းစကားသံကို ငါအရင္ၾကားခ်င္လို႔ ေခၚလိုက္တာ။”

က်ဳပ္မွာအစ္မမယ္အိုစကားၾကားၿပီး မ်က္ရည္ကိုဝဲသြားတယ္ဆရာသူရရယ္။ က်ဳပ္က က်ဳပ္ကိုက်ဳပ္ သူတို႔အိမ္မွာ အခိုင္းအေစအျဖစ္နဲ႔ပဲေနရတယ္ဆိုၿပီး ဂုဏ္ငယ္ခဲ့တာေပါ့ဗ်ာ။ အခုသူက က်ဳပ္ကိုသူ႔ေမာင္အရင္းလိုသေဘာထားေၾကာင္းေျပာေတာ့ က်ဳပ္မွာ ဝမ္းသာပီတိမ်က္ရည္ အဲဒီတစ္ခါပဲက်ဖူးတယ္။ ငိုေနတဲ့က်ဳပ္ကို အစ္မမယ္အိုကၾကည့္ုၿပီး ..

“ေဟာ ခႏၶာကိုယ္ထြားသေလာက္ အသဲကလည္းႏုပါ့။ ကဲကဲ ေနာက္မွငိုစမ္းပါေမာင္ေက်ာက္ရယ္ မဂၤလာအခ်ိန္နီးၿပီ အစ္မကို မဂၤလာဆုေတာင္းေလးေပးပါအုံး။”

“က်ဳပ္… က်ဳပ္ေပးတတ္သလိုပဲ ေပးမယ္ေနာ္အစ္မမယ္အို… အစ္မမယ္အိုရဲ႕ မဂၤလာေဆာင္တဲ့ေန႔ကစၿပီး ရာသက္ပန္ေပ်ာ္႐ႊင္ရပါေစဗ်ာ။”

“ငါ့ေမာင္ေပးတဲ့ဆုနဲ႔ျပည့္ပါေစကြယ္.. ေရာ့ ဒါကမင္းကိုအစ္မေပးတာ။ ျငင္းမယ္မႀကံနဲ႔ေနာ္ မဂၤလာရွိတဲ့ေန႔မွာ အစ္မစကားမွန္သမွ်ကို မင္းနားေထာင္ရမယ္။”

“ဟုတ္..ဟုတ္အစ္မ။”

သူက်ဳပ္ကိုမုန႔္ဖိုးေပးၿပီးအျပင္ထြက္သြားတယ္။ က်ဳပ္လည္းအိမ္ထဲကျပန္ထြက္ၿပီး လူေတြကိုျပန္ဧည့္ခံေကြၽးေမြးတာေပါ့ဗ်ာ။ သတို႔သားနဲ႔သတို႔သမီးလည္း လိုက္ဧည့္ခံေနတာေပါ့။ ေန႔ခင္း၁၁ေလာက္ရွိမယ္ဗ်။ အရင္ေက်ာင္းထိုင္ ဘဘုန္းႀကီးကို ေက်ာင္းမွာ က်ဳပ္တို႔ဆြမ္းကပ္ေနတုန္း ႏြားႏွစ္ေကာင္က ေက်ာင္းထဲကိုဝင္လာတယ္ဗ်။ ၿပီးေတာ့ ေက်ာင္းေဆာင္ကို ေခါင္းနဲ႔ေျပးေျပးေဆာင့္တာဗ်ိဳ႕။ က်ဳပ္တို႔လည္းထြက္ၾကည့္တာေပါ့ဗ်ာ။ ႏြားႏွစ္ေကာင္လုံးက ဂုတ္ကေနမဲၿပီး က်န္တာကအျဖဴဗ်။ ဘယ္ကႏြားေတြမွန္းလည္းမသိဘူး၊ ေက်ာင္းေဆာင္ကအုတ္နဲ႔လုပ္ထားတာဆိုေတာ့ ႏြားႏွစ္ေကာင္လုံး ေခါင္းေတြကြဲၿပီးေသပါေလေရာလား။ က်ဳပ္တို႔လည္း ဘာမွလုပ္ရတာမွမဟုတ္တာ။ ဒီအတိုင္းပဲရပ္ၾကည့္ေနခဲ့ရတာေပါ့ဆရာေလးရယ္။ ဘဘုန္းက ဒါကိုၾကည့္ၿပီး အစ္မမယ္အိုကိုေျပာတယ္ဗ်။

“အတိတ္တေဘာင္ နမိတ္ေဆာင္တဲ့ ဒါယကာမေလးရဲ႕။ မဂၤလာယူေနၾကတဲ့အခ်ိန္မွာ ဘယ္ကလာမွန္းမသိတဲ့ႏြားႏွစ္ေကာင္က ေက်ာင္းေဆာင္ကိုေခါင္းနဲ႔ေဆာင့္ၿပီး ကိုယ့္ကိုယ္ကိုယ္အဆုံးစီရင္သြားတယ္။ ႏြားဆိုတာကလည္း စေနနံဆိုေတာ့ ဒါယကာမေလးတို႔မိသားစုေတာ့ စေနၿဂိဳလ္ခိုက္ေတာ့မယ္ထင္တယ္။ ကုသိုလ္ေကာင္းမႈမ်ားမ်ားျပဳလုပ္ၿပီး ဘာဝနာတရားမ်ားမ်ားအားထုတ္ၾကေတာ့။”

“တင္ပါ့ဘုရား။”

ဘဘုန္းဒီလိုမိန႔္တာကို ကိုသာဓုကမယုံဘူးဗ်။ အစ္မမယ္အိုရဲ႕ မိဘႏွစ္ပါးကိုေတာင္ တိုက္ဆိုင္သြားတာပါေျပာေနေသးတာ။ အင္း ဒီလိုနဲ႔ မဂၤလာေဆာင္ၿပီးေနာက္တစ္ရက္မွာ အစ္မမယ္အိုရဲ႕ဖခင္ ၿမိဳ႕တက္ၿပီး ကုန္ေတြသြားအပို႔ လမ္းမွာဓားျပတိုက္ခံရၿပီး ဆုံးရွာေလတယ္။ အို ဘယ္ေျပာေကာင္းမလဲ အစ္မမယ္အိုနဲ႔သူ႔အေမခမ် ေ႐ႊေတာင္ႀကီးၿပိဳသလိုပဲ ငိုလိုက္ၾကတာ။ က်ဳပ္လည္းစိတ္မေကာင္းတဲ့ၾကားက မနည္းႏွစ္သိမ့္ေပးရတယ္။ အသုဘမ႑ပ္ထိုးေတာ့လည္း ထပ္ငိုၾကတာေပါ့ မေန႔ကမဂၤလာမ႑ပ္ထိုးၿပီး ဒီေန႔အသုဘမ႑ပ္ထိုးၾကရတာဆိုေတာ့ သူတို႔ေတြအေတာ္ဝမ္းနည္းရွာတာကို။

အေလာင္းေျမခ်ၿပီးလို႔ ေနာက္တစ္ရက္ၾက အစ္မမယ္အိုကို သူ႔ဖခင္ဝင္ပူးတယ္ဗ်။ အစ္မမယ္အိုအေမကလည္း ငိုယိုၿပီးရွင္ဘယ္လိုျဖစ္တာတုန္းေမး.. ေဘးကလူေတြကလည္း သတ္သြားတာ ဘယ္သူေတြလဲဝိုင္းေမးၾကတာ။ အစ္မမယ္အိုဖခင္က ဘာမွျပန္မေျဖပဲ “ငါတို႔မိသားစု ၿဂိဳလ္ဆိုးဝင္ၿပီ ဂ႐ုစိုက္ၾက။”လို႔ေျပာၿပီး ျပန္ထြက္သြားတာ။ တစ္႐ြာလုံးကလည္း ဘဘုန္းေဟာတာ မွန္ေနၿပီဘာညာေပါ့ဗ်ာ။

အသုဘရက္လည္ၿပီးလို႔ေနာက္တစ္ရက္မွာ အစ္မမယ္အိုနဲ႔သူ႔ေယာက္်ားကိုသာဓုတို႔က တစ္ဖက္႐ြာက ကိုသာဓုအိမ္ကိုအလည္သြားၾကတယ္ဗ်။ အဲဒီမွာ က်ဳပ္ကိုလည္း အစ္မမယ္အိုမိခင္က လယ္ထဲကိုပ်ိဳးႏႈတ္ခိုင္းထားလို႔သြားေနရတာ။ ျဖစ္ခ်င္ေတာ့ ေန႔လယ္ခင္းႀကီးဗ်။ တစ္႐ြာလုံးလယ္ထဲဆင္းခ်ိန္ႀကီးေပါ့ဗ်ာ။ အစ္မမယ္အိုရဲ႕မိခင္က ဟင္းအိုးကိုဒီအတိုင္းထားၿပီး သူ႔အေမကို ေဆးသြားတိုက္ရင္းကေန စကားေတြေဖာင္ဖြဲ႕ေျပာေနတာ။ ဟင္းအိုးကေနတဆင့္ အိမ္တိုင္ကိုမီးစြဲၿပီး ထေလာင္ပါေလေရာလား။ ကြၽန္းထရံကာအိမ္ဆိုေတာ့ အို ေလာင္လိုက္တဲ့မီးဗ်ာ။ အစ္မမယ္အိုရဲ႕အဘြားနဲ႔အေမ မီးထဲပါၿပီးဆုံးပါေလေရာလား။

အစ္မမယ္အိုခမ် သိသိျခင္း သူ႔အဘြားနဲ႔အေမရဲ႕ မီးေလာင္ထားတဲ့အေလာင္းေတြၾကည့္ၿပီး မပဋာေျမလူးအ႐ူးမီးဝိုင္းျဖစ္ၿပီး ထမီေတာင္မႏိုင္ပဲ ႐ူးရွာပါေလေရာဆရာေလးရယ္။ က်ဳပ္မလည္း က်ဳပ္မွီခိုအားထားရတဲ့မိသားစုဒီလိုျဖစ္ေတာ့ ေတာ္ေတာ္ကို စိတ္ေသာကေရာက္ရတယ္။ အစ္မမယ္အိုကို ဂ႐ုစိုက္ေပးဖို႔ ကိုသာဓုကက်ဳပ္ကိုတာဝန္ေပးတယ္ဗ်။ သူ႔အေနနဲ႔ကလည္း အလုပ္တစ္ဖက္နဲ႔ဆိုေတာ့ မအားရွာဘူး။ အစ္မမယ္အိုကို ကိုသာဓုက အေတာ္ေတာ့ေဆးျပန္ကုရွာသားဗ်။ ဒါေပမဲ့လို႔ အစ္မမယ္အိုက ျပန္ေကာင္းမလာပါဘူးဗ်ာ။ လေတာင္မၾကာပဲရက္ပိုင္းအတြင္းမွာ မိသားစုဝင္ေတြအကုန္ ဆုံးရႈံးလိုက္ရတာဆိုေတာ့ သည္းေျခပ်က္ၿပီး႐ူးသြားတယ္လို႔ ေဆးဆရာေတြအကုန္လုံးက တစ္ေလသံတည္းထြက္တာဗ်။

ဒီလိုနဲ႔ရက္ေတြလေတြၾကာေတာ့ အစ္မမယ္အိုဗိုက္က သိသိသာသာပူလာတယ္။ က်ဳပ္လည္းေသခ်ာတပ္အပ္မသိေပမဲ့ ကိုသာဓုကို အစ္မမယ္အိုမွာ ငန္းဥ(ကိုယ္ဝန္)ရွိေနၿပီလားမဆိုႏိုင္ဘူးေနာ္လို႔ ေျပာေတာ့ ကိုသာဓုက လက္သည္ေခၚျပတယ္ဗ်။ ငန္းဥရွိတာေသခ်ာသြားေတာ့ ကိုသာဓုခမွ် ဝမ္းသာလြန္းလို႔ထေတာင္ခုန္တယ္ဗ်ိဳ႕။ က်ဳပ္ေျပာဖို႔က်န္ခဲ့တာဆရာေလးေရ။ အစ္မမယ္အိုရဲ႕ မိဘႏွစ္ပါးနဲ႔အဘြားက မကြၽတ္ဘူးထင္တယ္ဗ်။ ညတိုင္းလိုလို လမ္းေလွ်ာက္သံေတြ ေခ်ာင္းဟန႔္သံေတြ အရိပ္ေတြကို ဟိုဟိုဒီဒီ ျမင္ရေတြ႕ရၾကားရတယ္။ က်ဳပ္လည္းအစကေၾကာက္ေပမဲ့လို႔ ေနာက္ၾက႐ိုးသြားတာပါပဲ။

အစ္မမယ္အို ၉လလြယ္၁၀လဖြားလို႔ ေမြးတဲ့ေန႔က ႐ြာလိုက္တဲ့မိုးဗ်ာ ေကာင္းခ်က္ကေတာ့ ေတာင္က်ေရပါစီးတယ္ဗ်။ အစ္မမယ္အိုမီးဖြားခန္းထဲ ေမြးတဲ့ေန႔ ကိုသာဓုကၿမိဳ႕တက္ၿပီး ကုန္သြားပို႔ေနတာဗ်။ က်ဳပ္လည္းအစ္မမယ္အိုအတြက္ ရသမွ်ဘုရားဂုဏ္ေတာ္႐ြတ္ဖတ္ေနတာေပါ့ဗ်ာ။ အစ္မမယ္အိုက အမႊာပူးမိန္းကေလးႏွစ္ေယာက္ကို ေမြးတာဗ်။ ရွာမွရွားတဲ့ အမႊာေလးေမြးေတာ့ က်ဳပ္ေရာလက္သည္ေရာ ေပ်ာ္တာေပါ့ဗ်ာ။ ဒါေပမဲ့ က်ဳပ္ကို လက္သည္အေဒၚႀကီးက ကေလးလာျပေနတုန္း အစ္မမယ္အိုကအခန္းထဲကေန “ဟုတ္.. ဟုတ္ကဲ့အေမ. ဒါဆိုသမီးက အေမတို႔နဲ႔တူတူလိုက္ေနရမွာေပါ့… ဟုတ္လိုက္ခဲ့မယ္အေဖ..သမီးလာၿပီေနာ္ သမီးလာၿပီ။” လို႔အသံၾကားတာနဲ႔ လက္သည္နဲ႔က်ဳပ္ မ်က္လုံးကိုျပဴးၿပီး အထဲကိုကမန္းကတန္းေျပးဝင္ၾကည့္တာ အစ္မမယ္အိုက မ်က္လုံးပြင့္လွ်က္ ဆုံးရွာၿပီဆရာေလးရယ္။

က်ဳပ္မွာ မိခင္ႏို႔ေတာင္ မစို႔ရွာရေသးတဲ့ ကေလးေတြကိုၾကည့္ၿပီး ေယာက္်ားႀကီးတန္မဲ့ ခ်ဴံးပြဲခ်ငိုမိတယ္။ အစ္မမယ္အိုကို ေဆာင္ကေလးအုပ္ၿပီး ကိုသာဓုျပန္လာရင္ ငါေတာ့ဘယ္လိုေျပာရမလဲဆိုၿပီး အိမ္တိုင္မွီၿပီးစဥ္းစားေနတုန္း မိုးေလးနည္းနည္းစဲသြားေတာ့ ႐ြာထဲက ကာလသားတစ္ေယာက္ေျပးလာတယ္ဗ်။

“ကိုေမာင္ေက်ာက္ ကိုေမာင္ေက်ာက္။”

“ဘာတုန္း ျမသိန္းရယ္… မင္းဟာကအေမာတေကာနဲ႔။”

“က်ဳပ္.. က်ဳပ္ကိုသာဓုအေလာင္းကို ေခ်ာင္းစပ္မွာေတြ႕ခဲ့လို႔ဗ်။”

“ဘာ။!!”

က်ဳပ္လည္း ေခ်ာင္းစပ္ကိုေျပးတာေပါ့ ဆရာေလးရယ္။ ျမသိန္းေျပာသလိုပဲကိုသာဓုအေလာင္းကို ေတြ႕ရတယ္ဗ်။ ကိုသာဓုက ေတာင္က်ေရက်ေနတာကို သူ႔မိန္းမဒီေန႔ေမြးမွာဆိုၿပီး အတင္းေခ်ာင္းကိုျဖတ္ကူးတာတဲ့ဗ်။ ေရထဲကိုဗြမ္းခနဲခုန္အဆင္း ေတာင္က်ေရက အားနဲ႔ေဆာင့္အဝင္ဆိုေတာ့ လူကေရနဲ႔လြင့္ပါသြားၿပီး ေက်ာက္တုံးနဲ႔ေခါင္း႐ိုက္မိၿပီးဆုံးရွာတာဗ်။ ေရကူးကြၽမ္းက်င္တဲ့က်ဳပ္တို႔႐ြာသားေတြ အျမန္ဆင္းရွာလို႔ အေလာင္းကိုျပန္ရတာဗ်ိဳ႕။ မဟုတ္လို႔ကေတာ့ ကိုသာဓုကို အေလာင္းေတာင္ျပန္မရေလာက္ဘူး။

အင္း က်ဳပ္လည္းသူတို႔လင္မယားအေလာင္းကို အတူတူေဘးျခင္းယွဥ္ျမဳပ့္ေပးခဲ့တယ္ဗ်။ ေမြးခါစကေလးႏွစ္ေယာက္ကိုလည္း ႐ြာထဲကမိခင္ေတြက သနားလို႔ဆိုၿပီး တစ္ေန႔ကိုတစ္ေယာက္ႏို႔ခ်ိဳတိုက္ေကြၽးခဲ့ၾကတယ္။ ကိုသာဓုတို႔ပိုင္တဲ့လယ္ေျမယာအိမ္ေတြ ဝိုင္းေတြကို ကိုသာဓုတို႔အမ်ိဳးဘက္က သိမ္းသြားတယ္ဗ်။ တစ္ေန႔ေတာ့ ဒီကေလးႏွစ္ေယာက္ကို ကိုသာဓုဘက္ကအမ်ိဳးသမီးတစ္ေယာက္က ေစာင့္ေရွာက္မယ္ဆိုၿပီး ေခၚသြားတယ္ဗ်။ က်ဳပ္လည္း က်ဳပ္နဲ႔ေနတာထက္စာရင္ ဒီကေလးေတြ သူ႔ေဆြမ်ိဳးေတြဆီမွာေနတာ ပိုေကာင္းပါတယ္ေလဆိုၿပီး ထည့္ေပးလိုက္တာ ေနာက္တစ္ပတ္ေလာက္ၾကာေတာ့ ေခၚသြားတဲ့အမ်ိဳးသမီး ပိုးထိၿပီးဆုံးဆိုပဲဗ်။ အဲဒီမွာ ဒီကေလးေတြကၿဂိဳလ္ဆိုး၊ သူတို႔ေၾကာင့္ လူေတြေသရတာဆိုၿပီး အထင္အျမင္လြဲမွားကုန္တယ္။

ၿပီးေတာ့ ဒီ႐ြာကိုကေလးႏွစ္ေယာက္ ျပန္လာပို႔တာဗ်။ အဲဒီတုန္းက က်ဳပ္ကလည္း ကေလးေတြထည့္ေပးၿပီးကတည္းက ဥဴးပဇင္းဝတ္ေနတာ။ ကေလးေတြလာျပန္ထည့္ေပးေတာ့ က်ဳပ္မွာဘာလုပ္လို႔လုပ္ရမွန္းမသိလို႔ ဆရာေတာ္ႀကီးကိုေလွ်ာက္တင္လိုက္တယ္ေလ။ ဆရာေတာ္ႀကီးက ကေလးေတြကိုအ႐ြယ္ေရာက္သည္အထိ ေက်ာင္းမွာေနေက်ာင္းမွာစားဖို႔ ခြင့္ျပဳေပးတယ္ဗ်။ က်ဳပ္လည္း ကေလးေတြကိုဒီေက်ာင္းမွာပဲ ျပဳစုေစာင့္ေရွာက္လာတာေပါ့။ က်ဳပ္စကားအရမ္းရွည္သြားေတာ့ ဆရာေလးစိတ္မပါေတာ့ဘူးထင္တယ္။ ဒီလိုမွလည္းဇာတ္ရည္ကလည္မွာကိုဗ်။ ကဲပါေလ အတိုခ်ဳပ္ၾကပါစို႔။

က်ဳပ္က ဒီကေလးမႏွစ္ေယာက္ရဲ႕ နာမည္ကို သူတို႔အေမနာမည္ပါေအာင္ အႀကီးမကိုမယ္ေဖာ့၊ အငယ္မကိုမယ္ေက်ာ့ဆိုၿပီးေပးလိုက္တယ္ဗ်။ မယ္ေဖာ့နဲ႔မယ္ေက်ာ့က အေတာ္ထူးဆန္းတဲ့ကေလးေတြဗ်။ သူတို႔ေခါင္းမွာ ငယ္ငယ္ကဂတုံးရိတ္ေတာ့ အနီေရာင္အဝိုင္းအကြက္ႀကီးႀကီးတစ္ခုစီ ေတြ႕ရတယ္။ ေႏြရာသီပူလို႔မလို႔ က်ဳပ္ကဂတုံးရိတ္ေပးေပမဲ့ ကေလးႏွစ္ေယာက္ကို ကေလးအခ်င္းခ်င္းတင္မက လူႀကီးေတြကပါ ထိပ္နီအကြက္နဲ႔ဒီအမႊာ ဘယ္မ်ားသြားၾကမတုန္းဆိုျ့ပီး ဝိုင္းစၾကတာဗ်ိဳ႕။ ကေလးဆိုေတာ့ ရွက္ၿပီး ေနာက္ က်ဳပ္ကိုဂတုံးမတုံးေပးဖို႔ ငိုယိုေျပာၾကေတာ့တာေပါ့။

က်ဳပ္လည္းအဲဒီကတည္းက ဂတုံးမတုံးေပးေတာ့ပါဘူး။ ဒီလိုနဲ႔တျဖည္းျဖည္းအ႐ြယ္ေရာက္ၿပီး အပ်ိဳေဖာ္ေလးစဝင္ေတာ့ မယ္ေဖာ့နဲ႔မယ္ေက်ာ့ကို က်ဳပ္အသိ လယ္ပိုင္ရွင္ထံမွာ ေကာက္စိုက္ပ်ိဳးႏႈတ္ဖို႔ အလုပ္သြားအပ္ေပးခဲ့တယ္။ လယ္ပိုင္ရွင္ကလည္း က်ဳပ္ကိုယုံေတာ့ ကေလးေတြကိုၾကည္ၾကည္ျဖဴျဖဴပဲလက္ခံပါတယ္။ ဒါေပမဲ့လို႔ မယ္ေဖာ့နဲ႔မယ္ေက်ာ့ အလုပ္စလုပ္တဲ့ရာသီမွာ အဲဒီလယ္ပိုးက်ၿပီး အရႈံးေပၚေရာဗ်ိဳ႕။ လယ္ပိုင္ရွင္ကလည္း ေကာလဟာလသတင္းသဲ့သဲ့အျဖစ္ ၾကားထားတာရွိဆိုေတာ့ ဒီမယ္ေဖာ့နဲ႔မယ္ေက်ာ့ကို အလုပ္ထုတ္ျပစ္လိုက္တယ္ဗ်။

မယ္ေဖာ့နဲ႔မယ္ေက်ာ့ကိုလည္း “ၿဂိဳလ္ဆိုးညီအစ္မ နင္တို႔ငါ့လယ္နားကေနေတာင္ ျဖတ္မေလွ်ာက္နဲ႔”လို႔ စကားလုံးအၾကမ္းႀကီးေတြနဲ႔ ေငါက္ငမ္းႏွင္ထုတ္ေတာ့ မယ္ေဖာ့နဲ႔မယ္ေက်ာ့ခမွ် က်ဳပ္ဆီလာၿပီးေျခသလုံးဖက္ငိုၾကတယ္။ အင္း က်ဳပ္လည္း သူတို႔အတြက္ ဘာလုပ္ရမယ္မွန္းမသိျဖစ္ေနခ်ိန္ ကိုသာဓုရဲ႕ အေမ၊ ဒီကေလးမႏွစ္ေယာက္ရဲ႕ အဖြားျဖစ္သူေရာက္လာၿပီး ေခၚသြားျပန္ေရာဗ်ိဳ႕။ အင္း က်ဳပ္လည္းကေလးေတြကို ေကာင္းစားေစလိုစိတ္နဲ႔ ထည့္ေပးမိလိုက္ျပန္တယ္ဗ်။

ဒီလိုနဲ႔ ကေလးေတြကိုထည့္ေပးၿပီးလို႔ သုံးႏွစ္အၾကာမွာ မယ္ေဖာ့နဲ႔မယ္ေက်ာ့တို႔ က်ဳပ္ဆီျပန္ေရာက္လာတယ္။ ဒီတစ္ခါျပန္ေရာက္လာတာ အေကာင္းတိုင္းမဟုတ္ဘူး ဆရာေလးေရ ေရာဂါဗလပ်စ္နဲ႔ ႏူနာဝဲစြဲၿပီးေရာက္လာတာ။ က်ဳပ္လည္း ဘယ္လိုျဖစ္တာတုန္းအက်ိဳးအေၾကာင္းေမးၾကည့္ေတာ့ ကေလးေတြကို ေခၚသြားတဲ့အဖြားက သူတို႔ေရာက္ၿပီးႏွစ္ပတ္အၾကာမွာ ညႀကီးမင္းႀကီးပူလို႔ဆိုၿပီးေရထခ်ိဳးတာ ေလျဖန္းသြားတာဗ်ိဳ႕။ ဒါကိုအရင္ကတည္းက မၾကည္ျဖဴတဲ့အဲဒီအိမ္ကသူေတြက ကေလးမႏွစ္ေယာက္အေပၚ အျမင္ေစာင္းသြားၾကတာေပါ့။

ဆူေငါက္႐ိုက္ႏွမ္းလို႔ျပန္လႊတ္ရင္ အေကာင္းသားဗ်ာ။ အခုဟာက ကေလးေတြကို ထမင္းထဲမွာအပင္းထည့္ၿပီး ႏူနာဝဲစြဲေအာင္လုပ္ျပစ္တာဆိုပဲဗ်။ ကေလးေတြကလည္း ႏူနာဝဲစြဲလာေတာ့ အဲဒီအိမ္ကလူေတြက ႐ြံရွာလာတယ္။ ျပန္ေတာ့မလႊတ္ေသးပဲ အမ်ိဳးမ်ိဳးႏွိပ္စက္ၾကတာဗ်။ အငယ္မေလးမယ္ေက်ာ့မ်က္လုံးဆို သူတို႔႐ိုက္တဲ့တုတ္နဲ႔ထိၿပီး မ်က္လုံးတစ္ဖက္ကြယ္ရွာတယ္။ ကေလးေတြက ေနာက္ၾကမွ သူတို႔ကိုဒီအိမ္ကလူေတြ အပင္းထည့္ၿပီး အႏူျဖစ္ေအာင္လုပ္လိုက္တယ္ဆိုတာ သိဆိုပဲဗ်။ သိသိျခင္းအလြန္မုန္းတီးၿပီး ကေလးေတြကျပန္အၿငိဳးေတးဖြဲ႕လာတယ္ဗ်။

က်ဳပ္ဆီျပန္လာၿပီး က်ဳပ္ကိုကန္ေတာ့ ဆရာေတာ္ႀကီးကိုကန္ေတာ့ၿပီး တပည့္ေတာ္မတို႔ သီလကိုမေစာင့္ထိန္းႏိုင္ေတာ့ပါဘုရားလို႔ ေျပာၾကတယ္။ က်ဳပ္ကလည္းအက်ိဳးအေၾကာင္းေမးေတာ့ ဘာမွမေျပာပဲ ခရီးသြားေတာ့မွာမလို႔ လာကန္ေတာ့တယ္ဆိုတယ္။ အင္း က်ဳပ္လည္းသူတို႔ညီအစ္မကိုသနားလို႔ဆိုၿပီး ေငြတစ္ရာေတာင္ထုတ္ေပးလိုက္ေသးတယ္။ ေငြတစ္ရာေပးၿပီးေတာ့ သူတို႔ထြက္သြားၾကေရာေပါ့ဗ်ာ။

အင္း ဒီလိုနဲ႔ သူတို႔ထြက္သြားအၿပီးငါးႏွစ္အၾကာမွာ မိုးေတြအုံ႔ေနတဲ့ေန႔တစ္ေန႔ေပါ့။ တစ္ဖက္႐ြာကို ဝုန္းခနဲဆိုၿပီး မိုးႀကိဳးပစ္လိုက္တဲ့အသံက အက်ယ္ႀကီးဗ်ိဳ႕။ က်ဳပ္လည္းဟိုဘက္႐ြာကို ဆြမ္းခ်ိဳင့္လိုက္ရင္း စုံစမ္းေတာ့ ကိုသာဓုတို႔အစ္မလင္မယားအိမ္ကို မိုးႀကိဳးပစ္တာ အိမ္မီးေလာင္ၿပီး တစ္မိသားစုလုံးအကုန္ေသကုန္ၾကဆိုပဲဗ်။ က်ဳပ္လည္း သဘာဝေဘးအႏၲရာယ္ေၾကာင့္ဆိုၿပီး ႐ိုး႐ိုးေသတယ္ထင္တာဗ်ိဳ႕။ ဒီလိုနဲ႔ တစ္ညၾကေတာ့ က်ဳပ္အိပ္မက္ထဲမွာ ခတ္ဝဝမိန္းကေလးႏွစ္ေယာက္ကိုမက္တယ္။ သူတို႔က မယ္ေဖာ့နဲ႔မယ္ေက်ာ့ပါဆိုၿပီး က်ဳပ္ကိုအတင္းဖက္တာဗ်။

က်ဳပ္လည္း သမီးအရင္းမဟုတ္ေပမဲ့ သမီးအရင္းလိုေမတၱာရွိတာကို။ က်ဳပ္လည္းဖက္ၿပီး သမီးတို႔အဆင္ေျပလားဘာညာေမးတာေပါ့။ ကေလးေတြက အဆင္ေျပတယ္လို႔ေျပာတယ္ဗ်။ က်ဳပ္သူတို႔လက္ကိုၾကည့္ေတာ့ ပတ္တီးစီးထားတုန္းပဲ။ က်ဳပ္ကလက္ေတြကိုၾကည့္တာ သူတို႔ျမင္ၿပီး ဟုတ္တယ္အဘ သမီးတို႔အႏူေရာဂါကဒီတစ္သက္ပဲတဲ့ သူတို႔ကိုလုပ္တဲ့စုန္းက အပင္းကိုျပန္မႏႈတ္တတ္ဘူးဆိုပဲ။ သူတို႔ညီအစ္မလည္း အခုစုန္းျဖစ္ေနၿပီး အပင္းကိုႏႈတ္ဖို႔ႀကိဳးစားေပမဲ့ အပင္းကလုပ္တဲ့သူကိုယ္တိုင္ထုတ္မွရမဲ့အပင္းတဲ့။ သူတို႔ညီအစ္မက အခု သူတို႔မေက်နပ္တဲ့သူေတြကိုကလဲ့စားျပန္လာေခ်တယ္လို႔ေျပာၿပီး မီးလုံးႀကီးေတြအျဖစ္ေျပာင္းၿပီး ျပန္သြားၾကတယ္။

က်ဳပ္လည္းအိပ္မက္ကႏိုးေတာ့ ဆရာေတာ္ႀကီးလည္းႏိုးလာတယ္။ ဆရာေတာ္ႀကီးက သူလည္းက်ဳပ္အိပ္မက္မက္သလိုမက္တာပဲတဲ့ဗ်။ အင္း က်ဳပ္လည္းဒီညီအစ္မႏွစ္ေယာက္ကို စုန္းဘယ္ျဖစ္ေစခ်င္ပါ့မလဲဗ်ာ။ စိတ္ထဲမေကာင္းဘူးေပါ့။ ဒီအိပ္မက္ကိုမက္ၿပီး တစ္လေလာက္ေနေတာ့ တစ္ဖက္႐ြာက ကိုသာဓုရဲ႕အေဒၚလင္မယားမိသားစု တစ္အိမ္လုံးေသြးအန္ၿပီး ဆုံးၾကတယ္ဆိုပဲဗ်။ မယ္ေဖာ့နဲ႔မယ္ေက်ာ့ကိုလည္း ႐ြာထဲမွာေတြ႕ရတယ္ဆိုၿပီး သတင္းေတြထြက္လာတယ္။ တခ်ိဳ႕က မယ္ေဖာ့နဲ႔မယ္ေက်ာ့ သူ႔ကိုလုပ္တဲ့သူေတြကို ျပန္ၿပီးလက္စားလိုက္ေခ်ေနတာတဲ့ဗ်။

က်ဳပ္လည္း မယ္ေဖာ့နဲ႔မယ္ေက်ာ့ကို ေျပာဆိုဆုံးမဖို႔ လိုက္ရွာေသးတယ္။ ဘယ္မွာမွရွာမေတြ႕ဘူး။ ေနာက္ေတာ့အိပ္မက္ထက္ေပးတယ္ဗ်။ က်ဳပ္လည္းေျပာဆိုဆုံးမေပမဲ့ သူတို႔ကက်ဳပ္ကို သူတို႔ညီအစ္မကိုလိုက္မရွာဖို႔ေျပာတယ္။ သူတို႔ကိုလုပ္တဲ့စုန္းနဲ႔ ကလဲ့စားလည္းေခ်ၿပီးၿပီမို႔ လာႏႈတ္ဆက္ၾကတာတဲ့။ က်ဳပ္လည္းရင္ထဲဝမ္းနည္းသြားၿပီး ကေလးေတြကိုဖက္ငိုတာေပါ့ဗ်ာ။ အဲဒီေန႔ညကေနာက္ဆုံးအိပ္မက္မက္ၿပီး အဲဒီကတည္းက မယ္ေဖာ့နဲ႔မယ္ေက်ာ့သတင္း မၾကားရေတာ့တာ အခုထိတိုင္ေအာင္ပဲဆရာေလးေရ။ က်ဳပ္စကားေျပာရွည္သြားေတာ့ ဆရာေလးပ်င္းေနၿပီထင္တယ္။
ဦးေက်ာက္စိန္၏စကားေၾကာင့္ သူရသည္ ေခါင္းကိုရမ္းကာ”ကြၽန္ေတာ္မပ်င္းပါဘူးကပၸိယႀကီးရယ္.. သိခ်င္တာကိုသိလိုက္ရတဲ့အတြက္ ေက်နပ္ပါတယ္။ လူဆိုတာက သူတို႔သိခ်င္တာေျပာျပတဲ့သူရဲ႕စကားကို ဘယ္တုန္းကပ်င္းတယ္ရွိလို႔လဲ။” ဟုေျပာလိုက္ေလ၏။

“ဆရာေလးေရ စကားေျပာေကာင္းေနတာနဲ႔ ေနေတာင္အေတာ္ျမင့္ၿပီဗ်။ က်ဳပ္လည္း လုပ္စရာရွိတာေလးသြားလုပ္လိုက္အုံးမယ္။”

“ေကာင္းပါၿပီဗ်ာ။ ကြၽန္ေတာ္လည္းျပန္လိုက္ပါအုံးမယ္။”

“ဟုတ္ကဲ့ ဟုတ္ကဲ့ ဆရာေလး။”

ဤသို႔ျဖင့္ သူရသည္ ကိုေစာအိမ္ကိုျပန္လာခဲ့ေလ၏။ ကိုေစာ၏အိမ္ဝိုင္းအေရွ႕ကို ေရာက္ေသာအခါ၌ သူရသည္အထဲကိုဝင္ခဲ့ကာ ကြပ္ပ်စ္ေပၚ၌ တင္ပုလႅင္ခ်ိတ္၍ ေရေႏြးၾကမ္းေသာက္ၿပီး တစ္စုံတရာအားေတြးေတာႀကံဆေန၏။ ထိုအခ်ိန္၌ ေစာသႏွင့္ခြန္းသတို႔သည္ အိမ္ထဲကေန ထြက္လာခဲ့ၾက၏။

“ဆရာေတာင္ျပန္ေရာက္ေနၿပီပဲ။”

“ကြၽန္ေတာ္တို႔က ဆရာ့ဆီေတာင္လိုက္လာေတာ့မလို႔ဗ်။”

“ငါလည္းကပၸိယႀကီးနဲ႔ေျပာေနတာ နည္းနည္းၾကာသြားတာ။ ဒါနဲ႔ ကိုေစာနဲ႔သူ႔တပည့္ေတြမေတြ႕ပါ့လား ဘယ္သြားၾကတုန္း။”

“ဟိုဘက္႐ြာကသူတို႔လယ္ေတြကို သူရင္းငွါးခ်ထားတာ သြားၾကည့္မယ္ေျပာသြားတယ္ဆရာ။ ”

“ေအးေအး။ မင္းတို႔ ဒီ႐ြာနဲ႔ပတ္သက္ၿပီး ဘာေတြအာ႐ုံရေသးလဲ။”

“ကြၽန္ေတာ္တို႔ဆရာ့ကို အဲဒါေျပာခ်င္ေနတာ။ ဒီကေန႔မနက္ပိုင္း တရားထိုင္ေနတုန္း ဒီ႐ြာေျမာက္ဘက္အပိုင္းကေန ပညာစက္တစ္ခုကို လႊတ္ထုတ္ေနတာ အာ႐ုံရလိုက္တယ္ဆရာ။ အျမင္အာ႐ုံထဲမွာလည္း ႐ုပ္ခ်င္းအေတာ္တူေနတဲ့ မိန္းမႏွစ္ေယာက္ကို ဒူးေထာက္ခိုင္းၿပီး ပါး႐ိုက္ေနတဲ့ လူတစ္ေယာက္ကိုေတြ႕လိုက္ရတယ္။”

“အင္း ငါထင္ထားသလိုပဲ ဒီေပလႊာကို ကာကြယ္ဖို႔ အထက္ပုဂၢိဳလ္ႀကီးမ်ားက ငါတို႔ကိုဒီ႐ြာေစလႊတ္တာပဲ။”

“ဆရာေျပာတာ တပည့္တို႔နားမလည္ဘူး။ ေသခ်ာရွင္းျပေပးပါ့လား။”

“ဟသၤာမဆင္းတဲ့ေက်းေတာ္႐ြာဆိုၿပီး ဒီ႐ြာနာမည္ကို ၾကားကတည္းက မင္းတို႔စိတ္ထဲထူးဆန္းမေနဘူးလား။”

“ဟုတ္ဆရာ။ အမ်ားနဲ႔မတူပဲထူးဆန္းေနလို႔ စိတ္ထဲေတာ့တစ္မ်ိဳးျဖစ္မိတယ္။”

“ငါအတိုခ်ဳပ္ရွင္းျပမယ္။ ဟသၤာေမာင္ႏွံကို ေထာင္ဖမ္းတဲ့ မုဆိုးမိုက္ကန္းဆိုတာ ဒီ႐ြာကိုတည္ခဲ့တဲ့ လူတစ္ေယာက္ပဲ။ ႐ိုး႐ိုးလူတစ္ေယာက္မဟုတ္ဘူး။ ကေဝပ်ံကိုေတာင္ လက္ယက္ေခၚၿပီး ပါး႐ိုက္ႏိုင္တဲ့အထိ အဆင့္ရွိတယ္။ စုန္းလည္းမဟုတ္သလို၊ ကေဝလည္းမဟုတ္ဘူး။ ေမွာ္ေအာင္ထားတဲ့ လူတစ္ေယာက္ပဲ။ ဟသၤာေမာင္ႏွံကို ဖမ္းၿပီး ေမွာ္တစ္ခုအဆင့္တက္ဖို႔အတြက္ ဟသၤာေမာင္ႏွံကို ဖမ္းေပမဲ့ ရေသ့ႀကီးတစ္ပါးရဲ႕ အကာကြယ္မႏၲာန္ကို ရေနတဲ့ဒီဟသၤာေမာင္ႏွံကို မဖမ္းႏိုင္ခဲ့ဘူး။ ရက္ရွည္လမ်ားၾကာေတာ့ ဒီ႐ြာရဲ႕ေခ်ာင္းစပ္ကိုဟသၤာေတြအရင္ကဆင္းေပမဲ့ ေနာက္ၾကဟသၤာေတြမဆင္းေတာ့လို႔ ဟသၤာမဆင္းတဲ့ေက်းေတာ္႐ြာလို႔ပဲ အလြယ္ေခၚခဲ့ၾကတယ္။ မုဆိုးမိုက္ကန္းေခၚ ဒီေမွာ္ဆရာက သူေသလြန္တဲ့ေနာက္မွာ လူတစ္သန္းမွာတစ္ေယာက္မရွိႏိုင္တဲ့ သူ႔ေမွာ္ပညာေတြကို ေပလႊာထဲမွာထည့္ေရးသားၿပီး ဒီ႐ြာနဲ႔မနီးမေဝးက သိုက္နန္းတစ္ခုထဲထည့္ခဲ့တယ္ဆိုတဲ့ ေကာလဟာလသတင္းက ပညာသည္ေတြၾကား အေတာ္ေရပန္းစားခဲ့တယ္။ ဒီေပလႊာကလည္း အမွန္တကယ္ရွိေနတာေၾကာင့္ အထက္ပုဂၢိဳလ္ႀကီးမ်ားက မေကာင္းတဲ့ပညာသည္ေတြလက္ထဲ ပါမသြားေအာင္ အထူးဂ႐ုစိုက္ခဲ့ၾကတယ္။

သိုက္နန္းကိုလည္း ႐ြာရဲ႕အထင္ကရတစ္ခုျဖစ္ခဲ့တဲ့ ေညာင္ပင္ႀကီးရဲ႕ေအာက္မွာ ေ႐ြ႕ေျပာင္းၿပီး အေစာင့္အၾကပ္မ်ားစြာနဲ႔ထားခဲ့ၾကတယ္။ ဒါေပမဲ့ ဒီေပလႊာကိုလိုခ်င္ၾကတဲ့ ပညာသည္ေတြက ဘာကိုမွအမႈမထားပဲ ဒီ႐ြာကိုေရာက္လာၾကတယ္။ ဒီအတြက္ေၾကာင့္ ငါတို႔ကိုအထက္ပုဂၢိဳလ္မ်ားက ဒီ႐ြာကိုေစလႊတ္ရျခင္းပဲ။ မင္းတို႔ရဲ႕ေျပာျပခ်က္အရဆိုရင္ ဒီေပလႊာကိုယူဖို႔ႀကိဳးစားတဲ့ပညာသည္က ေရာက္လာၿပီထင္တယ္။ ငါတို႔အေနနဲ႔ ဒီေပလႊာကို ကာကြယ္ဖို႔ တာဝန္ရွိတယ္။ ကဲလာ ငါတို႔ေျမာက္ဘက္ပိုင္းကိုသြားၾကည့္ၾကရေအာင္။”

စိတ္ျမန္လက္ျမန္ရွိေသာသူရသည္ ေဆးလြယ္အိတ္ကိုပင္ထား၍ ဝိုင္းဝကိုပင္ေရာက္ရွိသြားေလ၏။ ေစာသက သူ၏လြယ္အိတ္ႏွင့္ ဆရာသခင္ျဖစ္သူလြယ္အိတ္ကိုပါသယ္၍ အေနာက္ကေနလိုက္ပါလာခဲ့၏။ ခြန္းသကလည္း သူ၏လြယ္အိတ္ထဲကေန အကာကြယ္အင္းေတာ္ႀကီးကို အဆင္သင့္ရွိေစရန္ ႏႈတ္ကေနတတြတ္တြတ္ ဂါထာမႏၲာန္႐ြတ္၍ အင္းကိုႏႈိးရင္းလိုက္လာခဲ့၏။ သူရတို႔ဆရာတပည့္ေတြ ႐ြာေျမာက္ဘက္ပိုင္းကိုေလွ်ာက္လာရင္း ႐ြာတံခါးဝအစပ္သို႔ ေရာက္ရွိလာခဲ့၏။ သူရသည္ အာ႐ုံကိုျဖန႔္ၾကည့္ေသာအခါ ႐ြာႏွင့္မနီးမေဝးက ကိုင္းေတာအစြန္၌ ပညာသည္မ်ား၏ ပညာစက္မ်ားကိုအာ႐ုံ၌ခံစားမိလိုက္၏။

ကိုင္းေတာမ်ားကိုျဖတ္ေတာ့မည့္အခ်ိန္ သူရ၏အၾကားအာ႐ုံ၌ မိန္းမႏွစ္ေယာက္၏ ၿငီးျငဴသံကိုၾကားလိုက္ရ၏။ သူရသည္ အျမင္အာ႐ုံကိုဖြင့္၍ ရွာၾကည့္ေသာအခါ ႐ြာတံခါးေျမာက္ဘက္က ေညာင္ပင္ႀကီးေျခရင္း၌ ႐ုပ္တင္မက၊ ကိုယ္ခႏၶာအခ်ိဳးအစားပါတူေသာ မိန္းမႏွစ္ဦးကိုေတြ႕လိုက္ရ၏။ သူတို႔သည္လည္း ပညာသည္မ်ားျဖစ္မွန္းသူရသိလိုက္၏။ ကိုင္းေတာမ်ားကိုမျဖတ္ေသးပဲ ထိုမိန္းမႏွစ္ဦးဆီသို႔ ေျခဦးျပန္လွည့္လိုက္၏။

“သင္တို႔က စုန္းပညာသည္မ်ားျဖစ္ပါလွ်က္နဲ႔ ဘယ္လိုေၾကာင့္အခုလိုခ်ဳပ္ေႏွာင္ခံထားရတာလဲ။”

“ငါတို႔ထက္ အဆင့္ျမင့္တဲ့ကေဝက ဒီ႐ြာရဲ႕သိုက္နန္းမွာရွိတဲ့ေပလႊာကိုယူခ်င္တာနဲ႔ ငါတို႔ကိုခ်ဳပ္ခဲ့တာပဲ။”

“ဟုတ္တယ္။ ငါတို႔က ဒီ႐ြာကမယ္ေဖာ့နဲ႔မယ္ေက်ာ့လို႔ေခၚတဲ့ အမႊာညီအစ္မပဲ။ ကလဲ့စားေခ်ဖို႔အတြက္နဲ႔စုန္းပညာသင္ယူခဲ့ေပမဲ့ ကလဲ့စားေခ်ၿပီးတဲ့ေနာက္မွာ ငါတို႔ကိုရေသ့တစ္ပါးက ဒီ႐ြာကိုေစာင့္ေရွာက္ဖို႔တာဝန္ေပးလို႔ ေစာင့္ေရွာက္ေနခဲ့တာ။ မေန႔က ဟိုကေဝေကာင္ေရာက္လာၿပီး ငါတို႔နဲ႔ပညာၿပိဳင္တယ္။ ငါတို႔ရႈံးတာနဲ႔ ပါးနား႐ိုက္ၿပီး ဒီမွာခ်ဳပ္ထားခဲ့တာပဲ။”

”နင္တို႔ဆီကေန ထြက္ေနတဲ့ကိုယ္ေရာင္ကိုယ္ဝါေတြက အဆင့္ျမင့္တဲ့ပညာသည္ဆိုတာေဖာ္ျပေနတယ္။ ၿပီးေတာ့ မ်က္လုံးနဲ႔ဥပဓိ႐ုပ္အသြင္က စိတ္ထားေကာင္းပုံကိုၫႊန္ျပေနတဲ့အတြက္ နင္တို႔အေနနဲ႔ ငါတို႔ကိုကူညီႏိုင္ရင္ ကူညီေပးပါ။”

သူရသည္ စုန္းအမႊာညီအစ္မ၏ စကားေျပာပုံဆိုပုံႏွင့္ ခ်င့္ခ်ိန္ေတြးေတာစဥ္းစားတတ္သည့္ ဉာဏ္စြမ္းရည္မ်ားေၾကာင့္ သေဘာက်ကာၿပဳံးမိသြားေလ၏။

“ကြၽႏ္ုပ္က ဒီ႐ြာကိုကူညီဖို႔နဲ႔ ေပလႊာကိုကာကြယ္ဖို႔ေရာက္လာတာမလို႔ သင္တို႔အေနနဲ႔စိတ္ခ်ပါ။ ကြၽႏ္ုပ္အသက္ေပးရမယ္ဆိုရင္ေတာင္ တာဝန္ကိုေက်ပြန္ေအာင္ထမ္းေဆာင္မွာပါ။ ”

သူရသည္ အထက္ပါအတိုင္းေျပာၿပီးသည့္ေနာက္ သူ၏ညာလက္ညိဳးထိပ္က ေ႐ႊေရာက္စက္လုံးေလးႏွင့္ စုန္းအမႊာညီအစ္မကို ခ်ဳပ္ေႏွာင္ထားေသာ ခ်ည္မန္းကြင္းအား ထိလိုက္ရာ၌ ခ်ည္မန္းကြင္းမ်ားသည္ ျပတ္ေတာက္သြားကာ ေပ်ာက္ကြယ္ကုန္၏။ စုန္းအမႊာညီအစ္မသည္ သူရကိုေက်းဇူးတင္ေနခိုက္ ကိုင္းေတာထဲကေန လူငါးေယာက္ ထြက္လာခဲ့ၾက၏။ အလယ္ကလူသည္ ေသွ်ာင္တေစာင္းႏွင့္ေခါင္းေပါင္းထားကာ တိုင္ပုံအက်ႌအနက္ႏွင့္ ပုဆိုးကြက္ေထာက္ႀကီးကိုဝတ္၍ ခ်ည္လြယ္အိတ္တစ္လုံးကိုလြယ္ထား၏။ ထိုသူဆီကေန အားျပင္းသည့္ဓာတ္မ်ားခံစားမိေသာေၾကာင့္ ဤသူသည္ေခါင္းေဆာင္ျဖစ္ကာ ေတာ္႐ုံပညာသည္မဟုတ္မွန္း သူရခန႔္မွန္းမိ၏။ ေစာသသည္ သူရအား လြယ္အိတ္ကိုတ႐ိုတေသကမ္းေပးလိုက္ေလ၏။

“ေဟ့ ဟိုကေလးသုံးေယာက္ ဘာဝင္ရႈပ္တာလဲ။ ငါလုပ္ရင္အကုန္ေသကုန္ေတာ့မွာပါပဲ ဒီေစာက္ကေလးေတြကေတာ့။”

သူတို႔အား လွမ္းမာန္လိုက္ေသာ သူ၏စကားေၾကာင့္ သူရသည္ အေရွ႕ကိုထြက္လာခဲ့၏။

“မေကာင္းမႈေရွာင္ ေကာင္းမႈေဆာင္ ျဖဴေအာင္စိတ္ကိုထားတဲ့။ ဒီစကားေလးၾကားဖူးပါသလားဦးႀကီး။”

“သက္ငယ္စကားသက္ႀကီးကေတာ့ နားမေထာင္ႏိုင္ဘူးေမာင္ရင္ေရ။ ေမာင္ရင့္အေနနဲ႔ က်ဳပ္သြားမယ့္လမ္း ဝင္ရႈပ္ရင္ေတာ့ အဆုံးသတ္ေပးရလိမ့္မယ္ေနာ္။”

“ၿခိမ္းေခ်ာက္စကားေတြအသုံးမဝင္ဘူးဦးႀကီး။ ေၾကာက္တတ္ရင္လည္း က်ဳပ္ဒီလမ္းကို အစဆုံးေလွ်ာက္မေနဘူး။ ေမွာ္ေပလႊာကိုယူဖို႔ႀကိဳးစားေနတာဆိုရင္ လာရာလမ္းအတိုင္းလွည့္ျပန္သြားပါ။ ေမွာ္ေပလႊာနဲ႔ ဒီ႐ြာဟာ အခုက်ဳပ္ကာကြယ္မႈေအာက္မွာပဲ။”

“ဟင္းဟင္း ပညာေလးမဆိုသေလာက္တတ္ၿပီး ဟိတ္ဟန္လုပ္ျပေန႐ုံနဲ႔ ငါကလည္းအထင္မႀကီးဘူးကြ။ ငါ့ငယ္ကြၽန္ေတြ ေရွ႕ကသေကာင့္သားေတြကို မင္းတို႔ပညာျပလိုက္စမ္း။”

ထိုလူႀကီး၏အမိန႔္ရတာနဲ႔ သူ၏ေဘးက ေယာက္်ားေလးဦးသည္ စက္ႀကိဳးအနီေရာင္မ်ားျဖင့္ ပစ္လိုက္ၾက၏။ သူရအနားသို႔မေရာက္မီ ခြန္းသႏွင့္ေစာသက အကာအင္းႏွင့္ကာလိုက္ၾကသလို စုန္းအမႊာညီအစ္မကလည္း သူတို႔ပညာစက္မ်ားႏွင့္ ျပန္ပစ္လိုက္ၾက၏။ ထိုအခါ တစ္ဖက္ကိုေလးဦးစီ မ်က္ႏွာျခင္းဆိုင္သြားၾကကာ မွ်မွ်တတယွဥ္ၿပိဳင္ၾကေပသည္။ စုန္းအမႊာညီအစ္မပစ္လိုက္ေသာ ပညာစက္မ်ားကို တစ္ဖက္ရန္သူမ်ားက ျပန္ကာ၍ ပညာစက္ႏွင့္ျပန္ပစ္ေသာအခါ ေစာသႏွင့္ခြန္းသက ျပန္ကာထား၏။ ပညာစက္မ်ားႏွင့္တိုက္ခိုက္ၾကေသာ္လည္း တစ္ဖက္ႏွင့္တစ္ဖက္ မထိခိုက္ေသးေပ။

ထိုအခါ တစ္ဖက္ရန္သူေလးဦးသည္ အက်ႌမ်ားကိုခြၽတ္၍ ေနာက္ကြၽမ္းထိုးကာ လူ႔ခါးေစာင္းမွ်ရွိေသာ အစြယ္တကားကားႏွင့္ ေခြးနက္ႀကီးမ်ားအသြင္ေျပာင္းသြားေလ၏။ ေစာသႏွင့္ခြန္းသကလည္း ဂါထာတစ္ပုဒ္ကို ႐ြတ္ဖတ္၍ ေနာက္ကြၽမ္းပစ္လိုက္ရာ ကိုးေတာင္က်ားမ်ားျဖစ္သြားသလို၊ စုန္းအမႊာညီအစ္မကလည္း လင္းတအသြင္ေျပာင္း၍ တိုက္ခိုက္ၾကကုန္၏။ ေခြးနက္ႀကီးမ်ားႏွင့္ က်ားႏွစ္ေကာင္က ေျမျပင္၌အသည္းသန္ တိုက္ခိုက္ေနၾကခ်ိန္ လင္းတႏွစ္ေကာင္က ေခြးနက္ႀကီးမ်ားအေပၚကေန အလွ်င္ျမန္ပ်ံသန္း၍ ေျခသည္းႏွင့္ကုတ္သြားလိုက္၊ ႏႈတ္သီးျဖင့္ဆိတ္လိုက္ တိုက္ခိုက္ေလ၏။

ထိုအခိုက္ ေခြးနက္ႏွစ္ေကာင္က လင္းတမ်ားေျမျပင္ကိုဆင္းလာအဝယ္ ခုန္အုပ္ေတာ့မည့္အခ်ိန္ က်ားႏွစ္ေကာင္သည္ တစ္ခ်က္ဟိန္း၍ ေျမႀကီးကိုသူတို႔၏လက္ႏွစ္ဖက္ႏွင့္ ေဆာင့္ခ်လိုက္ရာ အလြန္ျပင္းထန္ေသာ အစြမ္းတစ္ခုက ဝုန္းခနဲေဆာင့္ဝင္သြားၿပီး ေခြးနက္ေလးေကာင္ပါမက လင္းတမ်ားပါ လြင့္စင္သြားကာ မူလအသြင္ျပန္ေျပာင္းသြားၾကကုန္၏။ က်ားႏွစ္ေကာင္သည္ ေနာက္ကြၽမ္းျပန္ပစ္၍ လူပုံစံေျပာင္းကာ စုန္းအမႊာကိုေဘးကၾကည့္ေနရန္ ေျပာလိုက္၏။ ရန္သူေလးဦးသည္ ပါးစပ္ကေန ေသြးစမ်ားထြက္လာၾကေလ၏။ ေစာသႏွင့္ခြန္းသ၏ အစြမ္းကိုသိသြားကာ စုေပါင္းတိုက္ရန္ ဆုံးျဖတ္လိုက္ၾက၏။

ေလးဦးစလုံး စုေဝး၍ထိုင္လိုက္ကာ မႏၲာန္တစ္ပုဒ္ကိုအတူတူ႐ြတ္ဖတ္လိုက္ၾကခ်ိန္၌ သူတို႔၏ခႏၶာကိုယ္ကေန အခိုးအေငြ႕တန္းႀကီးေတြေပၚလာကာ ဝုန္းခနဲဆိုသလို ဦးေခါင္းေလးလုံးႏွင့္ ဧရာမေခြးနက္ႀကီးအျဖစ္ ေျပာင္းသြားေလ၏။ ေစာသႏွင့္ခြန္းသသည္ အနည္းငယ္အံ့ဩ႐ုံကလြဲ၍ ထိန္လန႔္ျခင္းမရွိေပ။ ေစာသႏွင့္ခြန္းသသည္ အသင့္အေနထားႏွင့္ေနလိုက္၏။ ေခြးနက္ႀကီးေျပးဝင္တိုက္ခိုက္ခ်ိန္၌ ေဘးႏွစ္ဖက္ခြဲေရွာင္တိမ္းလိုက္ကာ အင္းခ်ပ္ႏွစ္ခ်ပ္ဆီ ေလေပၚပစ္တင္ၿပီး ေခြးနက္ႀကီးဆီလက္ညိဳးၫႊန္လိုက္ရာ၌ အင္းခ်ပ္ထဲကေန မီးေတာက္ေနေသာ လွံမ်ား တစ္စင္းၿပီးတစ္စင္းထြက္လာကာ ေခြးနက္ႀကီး၏ လည္၊ ဂုတ္စသည့္ ကိုယ္ခႏၶာအဓိကေနရာမ်ားကို စိုက္ဝင္ကုန္၏။

ေခြးနက္ႀကီးသည္ အားအကုန္႐ုန္းေသာ္လည္း မလႈပ္ႏိုင္ပဲရွိေနခ်ိန္၌ ေစာသႏွင့္ခြန္းသသည္ မူလျပန္အင္းကို ၿပိဳင္တူပစ္လႊတ္လိုက္ၾကရာ ေခြးနက္ႀကီးသည္ ဝုန္းခနဲကြဲထြက္သြားကာ ရန္သူေလးဦးကလည္း ေဘးတစ္ဖက္စီကိုလြင့္စင္လာၿပီး ေသဆုံးကုန္ၾက၏။ တပည့္မ်ားေသဆုံးတာကို ျမင္၍ ေသ်ာင္တေစာင္းႏွင့္လူႀကီးသည္ လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္၍ ဖေနာင့္ကိုေပါက္ခ်လိုက္ခ်ိန္၌ ကိုင္းေတာထဲကေန သရဲတေစၦမွင္စာမ်ား အုပ္စုလိုက္ႀကီးထြက္လာၾက၏။

“ဟဲ့နာနာဘာဝေတြ ေရွ႕ကေခြးေကာင္ေတြကို သတ္ၾကစမ္း။”

သရဲတေစၦမ်ားသည္ ထိုသူ၏အမိန႔္သံအဆုံး၌ ေျပးလာၾကခ်ိန္တြင္ သူရသည္ ညာလက္ညိဳးႏွင့္ သူတို႔၏အလယ္တြင္ စည္းတစ္ခုတားထားလိုက္ရာ သရဲတေစၦမ်ားမွာ ထိုစည္းကိုေက်ာ္ဖို႔ပင္မေျပာႏွင့္ အနားေတာင္မကပ္ရဲၾကေပ။

“ေအာက္လက္ငယ္သားေတြကိုပဲ တိုက္ခိုင္းေနပုံေထာက္ေတာ့ ဦးႀကီးက က်ဳပ္ကိုကိုယ္တိုင္မတိုက္ရဲဘူးထင္တယ္။”

“ဘာကြ!! မင္းလိုငခြၽတ္ကေလးကိုတိုက္ဖို႔ ငါ့အဆင့္နဲ႔မတန္လို႔နားလည္လား။ မင္းကသိပ္ေသခ်င္ေနမွေတာ့လည္း ငါကိုယ္တိုင္ သတ္ေပးမယ္ေဟ့။”

ထိုလူႀကီးက ဤသို႔ေျပာဆိုၿပီး သူ၏လက္သီးကိုဆုပ္ကာ အစိမ္းေရာင္ပညာစက္ကို စုစည္းေန၏။ ေနအလင္းေရာင္၏ေအာက္မွာ ထိုလူႀကီး၏ပညာစက္က အေရာင္တလတ္လတ္ေတာက္ပေနသည္။ ထိုလူႀကီးသည္ ပညာစက္ကိုစုၿပီးတာႏွင့္ သူရထံကိုပစ္လႊတ္လိုက္၏။ သူရသည္ ညာလက္ကိုဆန႔္၍ ကာလိုက္ေသာအခါ ေ႐ႊအိုေရာင္အကာရံတစ္ခုေပၚလာခဲ့၏။ အစိမ္းေရာင္ပညာစက္က ေ႐ႊအိုေရာင္အကာရံကိုထိမွန္သြားကာ ဒိန္းခနဲဆိုသံႏွင့္အတူ မီးမ်ားဖြာထြက္သြားကာ ပညာစက္မ်ားက ေဘးကိုပ်ံ႕ႀကဲၿပီး သစ္ပင္မ်ားကို ထိမွန္ေသာအခါ သစ္ပင္မ်ားသည္ မီးေလာင္ကြၽမ္းကုန္ၾကသည္။

ထို႔ေနာက္ လူႀကီးသည္ သူ၏လြယ္အိတ္ထဲကေန သစ္သားျဖင့္ျပဳလုပ္ထားေသာ ႏြားနက္ကိုးေကာင္တိတိကို လွည္းဆြဲခိုင္းထားေသာအ႐ုပ္အားထုတ္လိုက္ေလ၏။ ေျမျပင္ေပၚသို႔ အသာယာခ်၍ လက္အုပ္ခ်ီကာ ဂါထာ၊ မႏၲာန္တစ္ပုဒ္ကို ဌာန္က႐ိုင္းက်က်႐ြတ္ေနေလ၏။

“လွည္းဆြဲႏြားနက္ ျမင္႐ုံနဲ႔ မေသ႐ုံတမယ္သာ ရွိလိမ့္မယ္တဲ့။”

သူရ၏ စကားကို ေစာသႏွင့္ခြန္းသက ၾကားသြားကာ ေမးၾကေလ၏။

“ဒီစကားက ဘာအဓိပၸါယ္လဲဆရာ။”

“အဓိပၸါယ္က သာမန္တိုက္ႏြားေတြထက္ အဆတစ္ရာၾကမ္းတဲ့ ႏြားနက္ကိုးေကာင္အတိုက္ေပါ့ကြာ။ လွည္းဆြဲထားတယ္ဆိုတာကလည္း လွည္းေပၚမွာ ကြၽဲမိစာၦကိုတင္ထားရလို႔ပဲ။ တစ္နည္းအားျဖင့္ ကြၽဲမိစာၦအတိုက္လို႔လည္း ေခၚၾကတယ္။ ေတာ္႐ုံပညာသည္က ဒီအစီအရင္ကို ျပဳလုပ္ႏိုင္မွာမဟုတ္ဘူး။ ေစာသ၊ ခြန္းသ စုန္းအမႊာကိုေခၚၿပီး ဒီေနရာနဲ႔ ခတ္ေဝးေဝးကိုသြားၾကေတာ့ မင္းတို႔ဒီအစီအရင္ကိုမခုခံႏိုင္ဘူး။”

ေစာသႏွင့္ခြန္းသက စုန္းအမႊာကိုေခၚ၍ အေဝးကေန ေစာင့္ၾကည့္ေနၾက၏။ ထိုလူႀကီး၏ ဂါထာမႏၲာန္အဆုံး၌ သာမန္ႏြားေတြထက္ က်ယ္ေလာင္ေသာ ႏြားေအာ္သံႀကီးမ်ားထြက္ေပၚလာကာ လွည္းဆြဲထားသည့္ႏြားနက္ကိုးေကာင္ အ႐ုပ္ေလးက တျဖည္းျဖည္း ႀကီးထြားလာေလ၏။ ထိုအ႐ုပ္က ႀကီးထြားတာရပ္တန႔္သြားခ်ိန္ အနီေရာင္အလုံးတစ္ခုက လွည္းေပၚ၌ လာနားၿပီး ေဖ်ာက္ခနဲေပ်ာက္ကြယ္သြား၏။ သူရသည္ စိတ္ထဲ၌ “အင္း ၾကည့္ရတာေတာ့ ႏြားနက္မိစာၦကို မေခၚယူႏိုင္ေသးပုံပဲ။ ဒါေပမဲ့ ဒီႏြားနက္ကိုးေကာင္ကလည္း အေတာ္ၾကမ္းတမ္းတယ္။ ေသခ်ာမကိုင္တြယ္ႏိုင္ရင္ တျခားသူေတြပါ အႏၲရာယ္ရွိတယ္။”ဟု ေတြးမိလိုက္၏။

“ဟဲ့ တိုက္စမ္း။!!”

ထိုလူႀကီးအမိန႔္သံအဆုံးမွာ ႏြားနက္ကိုးေကာင္က သူရဆီကို တရၾကမ္းေျပးဝင္ေခြ႕ၾကေလ၏။ ႏြားေတြ၏ ခြာသံႏွင့္ လွည္းဘီးသံတို႔ေၾကာင့္ ဆူညံသြားေလ၏။ သူရသည္ လက္သီးဆုပ္ကာ ေ႐ႊေရာင္ပညာစက္ကိုစု၍ ပစ္လိုက္ေသာအခါ ႏြားမ်ားသည္အေနာက္ကို လန္သြားကာ ျပန္ဆုတ္သြားၾက၏။ ထို႔ေနာက္ ေနာက္တစ္ႀကိမ္ေျပးဝင္ေခြ႕ၾကေလ၏။ သူရဆီကိုတည့္တည့္ဝင္ေခြ႕ခ်ိန္ လက္တစ္ကမ္းအကြာအေရာက္၌ သူရက႐ုတ္ခ်ည္းေပ်ာက္ကြယ္သြားကာ အျခားေနရာ၌ ျပန္ေပၚလာ၏။ ႏြားေတြကအရွိန္လြန္ၿပီး သစ္ပင္ကိုဝင္ေခြ႕မိရာ သစ္ပင္သည္ ထက္ပိုင္းက်ိဳးက်သြားေလ၏။

ႏြားမ်ားသည္ စိတ္ဆိုးမာန္ဆိုးနဲ႔ သူရဘက္ကိုျပန္လွည့္ကာ ဝင္ေခြ႕ၾကျပန္၏။ သူရသည္ လက္ကိုဆန႔္၍ ကာလိုက္ေသာအခါ ေ႐ႊအိုေရာင္အကာရံကို ဒုန္းခနဲျမည္ေအာင္ ဝင္ေဆာင့္ၾကေလ၏။ ႏြားမ်ားသည္ ေခါင္းကိုခါရမ္းလိုက္ကာ အကာရံကိုေနာက္တစ္ႀကိမ္ ဝင္ေဆာင့္ၾကျပန္၏။” ဒုန္း”ဆိုသည့္အသံက က်ယ္ေလာင္စြာထြက္ေပၚသြား၏။ သူရသည္ လြယ္အိတ္ထဲကေန မူလျပန္အင္းကိုထုတ္၍ လွည္းေပၚသို႔လွမ္းပစ္လိုက္၏။ ထိုအခါႏြားမ်ားသည္ ေဘးကိုရိမ္းခါေနၾက၏။ ဝုန္း..ဝုန္းဆိုသည့္အသံႏွင့္အတူ လွည္းႀကီးဟာလည္း မီးေလာင္ေန၏။ ထို႔ေနာက္ ႀကိဳးမ်ားမွတဆင့္ ႏြားေတြပါမီးစြဲသြားသည့္အခါ ႏြားမ်ားသည္ ေျခဦးတည့္ရာေျပးၾကခ်ိန္ သူတို႔အားစီရင္သည့္ပညာသည္ ေသွ်ာင္တေစာင္းႏွင့္လူႀကီးကို ဝင္ေခြ႕မိၾက၏။

ေသွ်ာင္တေစာင္းႏွင့္လူႀကီးသည္ ကို႔အတက္ကိုစူး၍ ႏြားတစ္ေကာင္၏ ခ်ိဳ၌ ဝမ္းဗိုက္ကိုထုတ္ျခင္းေပါက္ကာ ကပ္ပါသြားခဲ့၏။ ထို႔ေနာက္ မီးသည္ ထိုလူႀကီးကိုပါေလာင္၍ ေနာက္ဆုံး လွည္းဆြဲထားသည့္ႏြားနက္ကိုးေကာင္အျပင္ ထိုလူႀကီးပါ ျပာအျဖစ္ကို ေရာက္ရွိသြားၾကေလ၏။ အေဝးကေန ေစာင့္ၾကည့္ေနေသာ ေစာသႏွင့္ခြန္းသလည္း သူရအနားကိုျပန္ေလွ်ာက္လာၾကသလို စုန္းအမႊာကလည္း အေနာက္ကေန လိုက္ပါလာခဲ့၏။

“ကို႔အတက္ကိုစူးၿပီး မေကာင္းတဲ့ပညာသည္တစ္ေယာက္ေတာ့ ငရဲက်သြားျပန္ၿပီေစာသနဲ႔ခြန္းသေရ။”

သူရသည္ စုန္းအမႊာကို လွည့္ၾကည့္ကာ..
“သင္တို႔အေၾကာင္းကို ကပၸိယႀကီးေျပာျပလို႔ ကြၽႏ္ုပ္သိသင့္တန္သေလာက္သိထားပါတယ္။ သင္တို႔က အခုဘယ္မွာေနၾကတာလဲ။”

“ကြၽန္မတို႔ ဒီ႐ြာထဲမွာပဲ ႐ုပ္ဖ်က္ၿပီးေနထိုင္ပါတယ္ဆရာေလး။ ဒါေၾကာင့္လည္း ႐ြာကို အနီးကပ္ကာကြယ္ႏိုင္တာပါ။”

“ဒီပညာတတ္သူျခင္းတူတာေတာင္ သင္တို႔ကပိုၿပီးမြန္ျမတ္ပါတယ္။ သင္တို႔ရဲ႕ပညာကို ကြၽႏ္ုပ္မႏႈတ္ယူေပမဲ့ ဒီပညာနဲ႔သူတစ္ပါးကို ထိခိုက္နစ္နာေအာင္မလုပ္ဘူးဆိုတဲ့ကတိေပးပါ။”

“ကြၽန္မတို႔ကတိေပးပါတယ္ဆရာေလး။”

“ေကာင္းၿပီ။ ဒီအတြက္ သင္တို႔ကို ကြၽႏ္ုပ္ကဆုခ်ခဲ့ပါ့မယ္။ သင္တို႔ရဲ႕လက္ကိုဆန႔္လိုက္ပါ။”

ထိုအခါစုန္းအမႊာညီအစ္မသည္ ပုဆိုးစႏွင့္ပတ္စီးထားေသာ သူတို႔လက္ႏွစ္ဖက္ကို ဆန႔္လိုက္ၾကေလ၏။ သူရသည္ မႏၲာန္တစ္ပုဒ္ကို ႐ြတ္ဖတ္၍ သူတို႔၏လက္အေပၚကေန ေအာက္ထိဆြဲသပ္ခ်ေပးလိုက္ေလ၏။ ခဏအၾကာ၌ “သင္တို႔ရဲ႕ ႏူနာေရာဂါအရွင္းေပ်ာက္သြားပါၿပီ။ ေရွ႕ေလွ်ာက္ ေကာင္းေကာင္းမြန္မြန္ေနထိုင္ၾကပါ။”ဟု သူရကေျပာ၍ တစ္ဖက္သို႔လွည့္ကာ ထြက္သြားေလ၏။ စုန္းအမႊာညီအစ္မသည္ ပတ္တီးကိုျဖည္၍လက္ကိုၾကည့္လိုက္ရာ မိေမြးတိုင္းဖေမြးတိုင္း အေကာင္းျဖစ္ေနတာကို ျမင္၍ ဝမ္းသာပီတီျဖစ္ကာ သူရ၏ေက်ာျပင္ကို ထိုင္ရွိခိုးလိုက္ၾကေလေတာ့သတည္း။

~~~~
ၿပီးပါၿပီ။

တတ္သည့္ပညာတိုင္းအား ေကာင္းတာလုပ္ပါမူ…
ေကာင္းသည့္ပညာသာျဖစ္၏။
တတ္သည့္ပညာတိုင္းအား မေကာင္းတာလုပ္ပါမူ…
မေကာင္းသည့္ပညာသာျဖစ္၏။
အျဖဴနဲ႔အမဲဟာ ဒြန္တြဲေန၏။

(ဆက္လက္ႀကိဳးစားပါအုံးမည္)
#မိုးထြန္း(မေကြး)

No comments

Post a Comment