အောင်မြတ်သာနှင့်မှော်ကျောက်လက်ဝါး

++++++++++++++++++++++++++++ " ဝုန်း ဗွမ်း ဗွမ်း” လူတစ်ရပ်လောက်မြင့်တဲ့ သဖန်းကိုင်းပေါ်ကနေ ရေထဲကိုခုန်ချလိုက်တဲ့အသံကြောင့် ရေကူးနေတဲ့သူ... thumbnail 1 summary


++++++++++++++++++++++++++++

" ဝုန်း ဗွမ်း ဗွမ်း”

လူတစ်ရပ်လောက်မြင့်တဲ့ သဖန်းကိုင်းပေါ်ကနေ ရေထဲကိုခုန်ချလိုက်တဲ့အသံကြောင့် ရေကူးနေတဲ့သူတွေ လန့်သွားပြီး

“ ဟာ ဒီခွေးကောင်ကတော့ ဖြေးဖြေးသာသာမလုပ်ဘူး”

“ ဟေ့ကောင် ထွန်းကျော် အောက်မှာလူတွေရှိတယ်ကွ … မင်းမေကလွှားမို့ အရှိန်နဲ့ခုန်ချတာလား”

ရေကူးနေတဲ့သူတွေရဲ့မေတ္တာပို့သံကို ထွန်းကျော်က မကြားချင်ယောင်ဆောင်ပြီး စပ်ဖြဲဖြဲမျက်နှာနဲ့ အထက်ဘက်ကို ကူးတက်သွားခဲ့တယ်။

“ ဒီဘက်မှာ ရေပိုကြည်တဲ့ဟေ့ … ဘာကြည့်ဦး”

“ မင်းဘာသာတစ်ယောက်ထဲကူး … ငါတို့တော့အောက်မှာပဲကူးမယ်”

ထွန်းကျော်လဲ သူခေါ်တဲ့နောက်ကို ဘယ်သူမှမလာတဲ့အတွက် တစ်ယောက်ထဲ ကူးတက်လာခဲ့တာ ကျောက်ဆောင်တွေရှိတဲ့ဘက်ကိုရောက်လာခဲ့တယ်။

“ ဒီနေရာက မဆိုးဘူး သန့်လဲသန့်တယ်… နောက်နေ့ အရက်ပုလင်းယူလာပြီး လာသောက်ရမယ်”

တစ်ယောက်ထဲစိတ်ကူးယဉ်နေတုန်း ကျောကုန်းကို မာကျောတဲ့အရာတစ်ခု လာတိုက်တာခံစားမိလိုက်တယ်။

“ ဘာလဲဟ… ကျောကုန်းအနောက်မှာ”

တစ်ယောက်ထဲရေရွတ်ရင်းလှည့်ကြည့်လိုက်ရာ သင်္ဘောရွက်အရွယ်လောက်ရှိတဲ့ ကျောက်ပြားတစ်ချပ်ကိုမြင်လိုက်ရတယ်။

“ ထူးဆန်းလှချည်လား ဒီကျောက်ပြားက ဘယ်လိုလုပ်ရေပေါ်မျောနေတာလဲ”

ထွန်းကျော်လဲ မျောလာတဲ့ကျောက်ပြားကိုဆယ်ပြီးကြည့်လိုက်ရာ ရေတိုက်စားထားလို့ လက်တစ်ဖက်ပုံစံအတိုင်းဖြစ်နေတာကိုမြင်လိုက်ရတယ်။

“ ဒီကျောက်ပြားက လက်ဝါးနဲ့တူလိုက်တာ အလယ်မှာလဲ လက္ခဏာလိုအရေးအကြောင်းတွေပါသေးတယ်”

ထွန်းကျော်က ကျောက်လက်ဝါးကို ယူပြီး အောက်ကိုပြန်ဆင်းလာတော့ ရေကူးနေတဲ့သူမရှိကြတော့ဘူး။

“ ဒီကောင်တွေ ငါ့ကိုထားပြီး ပြန်သွားတာပဲဖြစ်ရမယ်.. ညကင်းစောင့်ရင် တွေ့ကြပြီပေါ့ကွာ” လို့ရေရွတ်ရင်း ကျောက်လက်ဝါးကိုသယ်ကာ အိမ်ပြန်လာခဲ့လိုက်တယ်။

+++++++

အစိုးရအုပ်ချုပ်မှုနဲ့အလှမ်းဝေးတဲ့ဒေသဖြစ်တဲ့အတွက် ကိုယ့်ရပ်ရွာလုံခြုံရေးကို သက်လတ်ပိုင်းလူကြီးတွေနဲ့ ကာလသားတွေက တာဝန်ယူပေးခဲ့ကြတယ်။ ရွာနီးချုပ်စပ်တွေမှာလဲ မကြာခဏဆိုသလို ဓါးပြတိုက်မှုတွေရှိနေတဲ့အတွက် ရွာမှာရှိတဲ့ကာလသားတွေက အလှည့်ကျစနစ်နဲ့ ညကင်းစောင့်ခဲ့ရတယ်။

“ ကျော်ထွန်း မင်း ဗိုက်မဆာဘူးလား”

ကင်းတဲရဲ့တိုင်ကိုမှီပြီးပြောလိုက်တဲ့ ဖိုးထင်ရဲ့စကားကြောင့် ကျော်ထွန်းက သွားကြားထိုးတံကို ပါးစပ်ထဲကထုတ်ပြီး

“ မဆာဘူး … “

“ ဘာလဲ ညနေက ငါတို့မင်းကိုထားသွားလို့ စိတ်ဆိုးနေတာလား…”

“ မဆိုင်တာကွာ မင်းတို့ထားသွားလဲ ငါကမပြန်တတ်မှာကျနေတာပဲ”

“ စိတ်မဆိုးပါနဲ့ကွာ… မင်းက အပင်ပေါ်ကခုန်ချတော့ အောက်ကလူထိမှာစိုးပြီး စိတ်ခုသွားတာပါ.. ဟုတ်တယ်မလား လှအောင်”

ဖိုးထင်စကားကို တဲအောက်က မီးဖိုဘေးမှာထိုင်နေတဲ့ လှအောင်က ရယ်ကျဲကျဲလုပ်ရင်း

“ အေးကွာ ဒီကောင်က ငါတို့ကို အဲကိစ္စကြောင့် စိတ်တိုနေတာထင်တယ်… ကဲကဲ စိတ်မတိုနဲ့တော့ မင်းတို့အတွက် ဂွင်တစ်ခုတွေ့ထားတယ်”

ဂွင် ဆိုတဲ့အသံကိုကြားတော့ ကျော်ထွန်းက သွားကြားထိုးတံကို နားရွက်ကြားထဲထည့်ပြီး

“ ဘာဂွင်တုန်း ပြောဦးဟ”

“ ဒီမနက် ဦးဘစောတို့အိမ်ဘက်ကနေ ပြန်လာတော့ ခြံအနောက်မှာ အိပ်တန်းစင်လုပ်ထားတာမြင်ခဲ့တယ်”

“ အဲဒီတော့ ဘာဖြစ်လဲ”

“ ဘာဖြစ်ရမလဲ အခုငါတို့ ကင်းစောင့်ရင်း ဗိုက်ဆာတဲ့အခါ စားဖို့ဟင်းစားရပြီပေါ့ဟ”

“ အော် လက်စသတ်တော့ ဦးဘစော မွေးထားတဲ့ကြက်ကို ခိုးချက်စားမလို့ပေါ့”

ကျော်ထွန်းအသံကြောင့် လှအောင် ပါးစပ်ကိုလက်ညိုးနဲ့ ပိတ်ရင်း
“ ဟေ့ကောင် ခိုးပါမယ်ဆိုမှ အော်ကြီးဟစ်ကျယ်လုပ်နေတယ် တိုးတိုးပြောပါဟ”

“ အေးပါကွာ ဒါနဲ့ ကြက်ကိုဘယ်သူသွားခိုးမှာလဲ”

“ ငါတို့အဖွဲ့မှာ ကြက်သူခိုးဆိုလို့ မင်းပဲရှိတာလေ … မင်းကကြက်ခိုးတဲ့နေရာ ဆရာကျပါတယ် “

“ ဟာ ဦးဘစော မိသွားရင် မလွယ်ဘူးနော်…”

“ မင်းကြည့်လုပ်လိုက်ကွာ … ငါက ဒေါ်မေသိန်း အိမ်အနောက်ကဘူးသီးခိုးလာမယ်… ဖိုးထင်က ဆန်၊ ဆီနဲ့အခြား အစာပလာတွေ တာဝန်ယူလိုက်”

“ ဒါဆိုဘယ်သူအရင်သွားမလဲ… အားလုံးပျောက်သွားလို့တော့မဖြစ်ဘူးလေ”

“ ဖိုးထင်နဲ့ ငါအရင်သွားမယ် … ပြန်လာရင် မင်းသွားပေါ့”

လှအောင်နဲ့ ဖိုးထင်က တိုင်ပင်ပြီးတာနဲ့ အလျှိုလျှိုပျောက်သွားပြီး မိနစ်နှစ်ဆယ်လောက်ကြာတော့ လှအောင်က ဘူးသီးတစ်လုံးကိုပိုက်ပြီးပြန်ရောက်လာခဲ့တယ်။ မကြာခင်မှာပဲ ဖိုးထင်က ဆန်ဆီနဲ့အခြားပစ္စည်းတွေယူပြီးရောက်လာခဲ့တယ်။

ကျော်ထွန်းလဲ သူ့အလှည့်ကျပြီမို့ ကင်းတဲမှာရှိနေတဲ့ လုံချည်တစ်ထည်ကို ရေစွတ်ယူပြီး ဦးဘစော အိမ်ဘက်ကိုထွက်သွားခဲ့တယ်။

သက်ကြီးခေါင်းချချိန်ဖြစ်တဲ့အတွက် တစ်ရွာလုံးတိတ်ဆိတ်ငြိမ်သက်နေသလို ဦးဘစောအိမ်အနောက်ကအိပ်တန်းမှာလဲ ကြက်သုံးကောင်က မလှုပ်မယှက်အိပ်နေကြတယ်။

ကျော်ထွန်းလဲ အိပ်တန်းအနားရောက်တာနဲ့ လက်ထဲကရေစိုအဝတ်ကို အစွန်ဆုံးမှာရှိနေတဲ့ ကြက်ပေါ်ကိုအုပ်ချပြီး လည်ပင်းကိုဖမ်းညှစ်လိုက်ရာ ဖမ်းခံထိတဲ့ကြက်ခဗျာ အသံတောင်မထွက်နိုင်ပဲ ကျော်ထွန်းလက်ထဲပါသွားခဲ့တယ်။

ကင်းတဲကိုပြန်ရောက်တော့ လှအောင်နဲ့ ဖိုးထင်တို့အသင့်ပြင်ထားတဲ့ရေနွေးအိုးကိုယူပြီးပါလာတဲ့ကြက်ကိုအမွှေးနှုတ်ခုတ်ထစ်ပြီး စပါးလင်၊ ကြက်သွန်ဖြူနီဂျင်းနဲ့ လုံးကာ ချက်ပါလေရော။

ကျော်ထွန်းရဲ့ ကြက်ကာလသားချက်လက်ရာနဲ့ နှစ်ပါးသွားပြီးသကာလ ဖိုးထင်၊ ကျော်ထွန်းနဲ့ လှအောင်တို့သုံးယောက်သား အဆီရစ်ကာအိပ်ပျော်သွားခဲ့ကြတယ်။
+++++++

“ ဟေ့ကောင်တွေ ထစမ်း… ကင်းစောင့်တဲ့ကောင်တွေက နေဖင်ထိုးတဲ့ထိ အိပ်နေရတယ်လို့”

လုံချည်ကိုခေါင်းမြီးခြုံအိပ်နေတဲ့ ကျော်ထွန်းတို့သုံးယောက်လဲ ကာလသားခေါင်းကိုညွန့်ဝင်းအသံကြောင့် အိပ်နေရာကနေ လူးလဲထလိုက်ကြတယ်။

“ ငါဆဲလိုက်ရ မကောင်းဖြစ်တော့မယ်… တဲပေါ်မှာလဲ စားထားသောက်ထားကြတာ မြင်လို့မကောင်းဘူး”

ကိုညွန့်ဝင်းအသံကြောင့် ကျော်ထွန်းက ခြေရင်းမှာရှိတဲ့ ဟင်းအိုးကိုကြည့်လိုက်ရာ ညကတစ်ဝက်နီးပါးကျန်တဲ့ ဟင်းတွေပြောင်သလင်းခါနေတာမြင်လိုက်ရတယ်။

“ ညက ညကဟင်းတွေတစ်ဝက်လောက်ကျန်သေးတာကို “

ကျော်ထွန်းတို့သုံးယောက် ဇဝေဇဝါနဲ့ရေရွတ်လိုက်တော့ ကိုညွန့်ဝင်းက

“ ဟေ့ကောင်တွေ စကားမများနေနဲ့… ရွာအပြင်မှာပုံထားတဲ့ဝါးစည်းထဲက ခိုင်ခံ့တဲ့ဝါးဆယ်လုံးလောက်သယ်လာခဲ့”

“ ဝါးဆယ်လုံးက ဘာလုပ်ဖို့လဲဗျ”

“ ဘာလုပ်ရမလဲ နာရေးအိမ်မှာ လိုအပ်တဲ့တဲထိုးဖို့ပေါ့”

“ ဟင် နာရေးအိမ် ဟုတ်လား… ရွာထဲမှာ ဘယ်သူဆုံးသွားလို့လဲ”

“မင်းတို့မသိသေးဘူးလား… မနေ့ညက ဦးဘစော ဆုံးသွားတယ်လေ”

“ ဗျာ … ဦးဘစော ဟုတ်လား… မနေ့ညနေကတောင် လမ်းလျောက်နေတာမြင်လိုက်တယ်လေ”

“ ဟုတ်တယ် ညကမှ ရုတ်တရက်ကြီး သွေးအန်ပြီးဆုံးတာ .. သူ့အိမ်သားတွေလဲ အကုန်အံ့ဩနေကြတယ်”

ကိုညွန့်ဝင်းစကားကြောင့် ထွန်းကျော်တို့သုံးယောက်သား အံ့ဩမှုပေါင်းများစွာနဲ့ ထလိုက်ပြီး ရွာအပြင်ဘက်ကိုထွက်လာလိုက်တယ်။

ဦးဘစော နာရေးကိုနေ့ချင်းစီစဉ်တဲ့အတွက် ရွာမှာရှိတဲ့ကာလသားတွေအကုန်မနားတမ်းကူညီပေးခဲ့ရတယ်။ အလောင်းကိုရေချိုးပေးတဲ့အချိန်ရောက်တော့

“ မောင်ညွန့်ဝင်း ဒီမှာလာကြည့်ဦး .. ကျောကုန်းမှာ လက်ဝါးရာကြီးပါလား”

အလောင်းရေချိုးပေးတဲ့ ဒေါ်စန်းခင်အသံကြောင့်အခေါင်းစင်ပြင်နေကြတဲ့ ကာလသားတွေ ကမန်းကတမ်းသွားကြည့်ရာ ကျောကုန်းမှာညိုမဲစွဲနေတဲ့ လက်ဝါးရာတစ်ခုကိုမြင်လိုက်ရတယ်။

“ ဘယ်လိုဖြစ်လို့ ကျောကုန်းမှာ လက်ဝါးရာရှိနေရတာလဲ… ထူးဆန်းလိုက်တာ”

ကိုညွန့်ဝင်းက တီးတိုးရေရွတ်ရင်း အိမ်သားတွေဘက်ကိုလှည့်ကာ

“ ဒီလက်ဝါးရာက အစထဲကရှိတာလား”

“ မဟုတ်လောက်ဘူးထင်တယ် ညဦးပိုင်းကတောင် ကျောပြင်ကိုဆေးလူးပေးသေးတာ ဒီလက်ဝါးရာမတွေ့မိပါဘူး”

ကာလသားတွေနဲ့အိမ်သားတွေဇဝေဇဝါဖြစ်နေတဲ့အချိန် ထွန်းကျော် မနေ့ကယူလာတဲ့ ကျောက်လက်ဝါးအကြောင်းတွေးမိသွားခဲ့တယ်။

“ ကိုညွန့်ဝင်း ကျွန်တော် ဗိုက်နာလာလို့ အိမ်သာခဏသွားဦးမယ်”

“ အေး သွားလေ … ပြီးရင်မြန်မြန်ပြန်လာခဲ့”

ထွန်းကျော်လဲ အခွင့်ရတာနဲ့ အိမ်ကိုပြန်ပြေးပြီး နွားတင်းကုတ်ထဲဝင်ကြည့်လိုက်ရာ မနေ့ညနေက ထားခဲ့တဲ့ကျောက်လက်ဝါးကိုခြေရာလက်ရာမပျက်တဲ့အနေအထားနဲ့မြင်တွေ့လိုက်ရတယ်။

“ ဟူး ငါအတွေးလွန်နေတာဖြစ်မယ်…”လို့တွေးပြီး ပြန်ထွက်ဖို့အလုပ်နှာခေါင်းထဲမှာ စပါးလင်နဲ့ချက်ထားတဲ့ ကြက်သားသင်းအနံ့ရလာခဲ့တယ်။

“ ညက စားခဲ့တဲ့ ကြက်သားဟင်းနံ့ရနေပါလား.. ငါလက်ကပဲမစင်လို့ ရနေတာလား”

ထွန်းကျော်က လက်နှစ်ဖက်အပြင် လုံချည်စတွေကိုနမ်းကြည့်တော့လဲ ချွေးနံ့ကလွဲပြီးဘာမှမရ။

“ မဟုတ်သေးဘူးနော် ကြက်သားဟင်းအနံ့သေချာပေါက်ရနေပါတယ်”

ထွန်းကျော်လဲ နွားတင်းကုတ်ထဲနေရာအနှံ့လိုက်ကြည့်ရာ ကျောက်လက်ဝါးပေါ်မှာကပ်နေတဲ့ကြက်သားဖတ်အချို့ကိုမြင်လိုက်ရတယ်။

“ ကြက်သားဖတ်တွေက ဒီကျောက်လက်ဝါးပေါ်ဘယ်လိုရောက်နေတာလဲ… ငါရနေတဲ့ဟင်းနံ့က ဒီကပေါ့”

အတွေးတွေက ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အချိန်

“ ဟဲ့ ထွန်းကျော် နင်ညက နွားတင်းကုတ်ထဲ ဘာလို့ဝင်အိပ်နေတာလဲ” ဆိုတဲ့အသံကြောင့်လှည့်ကြည့်လိုက်ရာ အိမ်ပေါ်ကနေဆင်းလာတဲ့ အဒေါ်ဖြစ်သူကိုမြင်လိုက်ရတယ်။

“ မအိပ်ပါဘူး ကြီးတော် အမြင်မှားနေတာလား”

“ တစ်ညလုံးမူးရူးပြီး နွားတင်းကုတ်ထဲသောင်းကျန်းနေတာ… ငါကမှားစရာလား၊ နောက်နေ့တွေ မူးလာရင် နင်နဲ့ငါနဲ့တွေ့ပြီ”

မိဘတွေမရှိထဲက တူလိုသားလိုမွေးလာတဲ့ အဒေါ်ဖြစ်သူစကားကြောင့် ထွန်းကျော် ခေါင်းကုတ်လိုက်ပြီး

“ ဘာတွေမှန်းမသိတော့ဘူး… ဒီကျောက်လက်ဝါးယူလာတဲ့နေ့ပဲ လူသေတယ်..အခုလဲ ငါမလုပ်တာကို ငါဆိုပြီးစွပ်စွဲခံထိတယ်.. မနက်ဖြန် မင်းကိုချောင်းထဲသွားပြန်ပစ်မယ်.. ဒီနေ့တော့ အသုဘကိစ္စရှိနေလို့ မလုပ်သေးဘူး”

ထွန်းကျော်က ကျောက်လက်ဝါးကို ကြည့်ပြီး ကြိမ်းမောင်းကာ အသုဘအိမ်ကိုထွက်သွားခဲ့တယ်။ နေ့ခင်းအသုဘချပြီးတော့ ထွန်းကျော်အိမ်ကိုပြန်လာကာ တစ်ရေးတစ်မောအိပ်ချလိုက်တယ်။

ညကလဲ အိပ်ရေးမဝ… မနက်ကနေအခုထိ နာရေးကိစ္စနဲ့ရှုပ်နေတာမို့ ခေါင်းချတာနဲ့တင် မှေးခနဲအိပ်ပျော်သွားခဲ့တယ်။

“ ဟေ့ကောင် ထစမ်း ထစမ်း”
" ဟေ့ လူတွေ ကျုပ်ကိုလွှတ်… ကျုပ် ဦးဘစောကိုမသတ်ဘူးဗျ… ဟေ့ကောင် လှအောင်နဲ့ ဘိုးထင် ငါမသတ်ဘူးဆိုတာ မင်းတို့သိတယ်မလား… “

ကျော်ထွန်းစကားကို လှအောင်နဲ့ ဖိုးထင်တို့က မသိချင်ယောင်ဆောင်ပြီး မျက်နှာလွှဲလိုက်ကြတယ်။

“ တောက်… မင်းတို့ကွာ”

ကျော်ထွန်းရဲ့ နာကျင်စွာတောက်ခတ်သံအဆုံးမှာ ဘယ်ဘက်ပါးရိုးဆီကနေ ပူခနဲခံစားလိုက်ရပြီး လောကကြီးနဲ့အဆက်ပြတ်သွားခဲ့တယ်။ သတိရလာတော့ လက်ပြန်ကြိုးတုပ်ပြီး ထိပ်တုံးခတ်ထားတာကိုမြင်လိုက်ရတယ်။

“ ကျော်ထွန်း … မင်းဘာလို့ ဦးဘစောကိုသတ်လိုက်တာလဲကွာ… ကြက်တစ်ကောင်အတွက် ဘာလို့ လူသတ်လိုက်ရတာလဲ”

ကာလသားခေါင်းကိုညွန့်ဝင်းစကားကို ကျော်ထွန်းက မထီတဲ့မျက်နှာထားနဲ့

“ ကျုပ်မသတ်ဘူးဆိုတာကို ဘာလို့မယုံကြည်ကြတာလဲ… ကျုပ်က ဆိုးချင်ဆိုးမယ် မိုက်ချင်မိုက်မယ်.. ဒါပေမယ့် လူတစ်ယောက်ကိုသတ်ရလောက်တဲ့ထိ မရူးဘူးဗျ..အဲဒါကိုခင်ဗျားတို့မှတ်ထား”

“ မင်းသတ်တယ် မသတ်ဘူးဆိုတာ ဂတ်ရောက်မှရှင်းကွာ.. အခုတော့ သွားကြရအောင်”

ကိုညွန့်ဝင်းက ထိပ်တုံးကိုဖြုတ်ကာ လက်ပြန်ကြိုးတုပ်ထားတဲ့ ကျော်ထွန်းကိုဆွဲထူပြီးထွက်သွားခဲ့တယ်။

“ ကျော်ထွန်း … သား … မင်း ဦးဘစောကိုမသတ်ဘူးဆိုတာ ကြီးတော်ယုံတယ်…အားတင်းထားနော် လောကမှာအမှန်တရားဆိုတာဘယ်တော့မှ မပျောက်ကွယ်ဘူး… ကြီးတော် နေ့တိုင်းဆုတောင်းပေးနေမယ်”

ကျွေးမိခင်တစ်ဖြစ်လဲ ကြီးတော်ကို နောက်ဆုံးအနေနဲ့ လှည့်ကြည့်လိုက်ပြီး အံကိုကြိတ်ကာ ကာလသားတွေခေါ်တဲ့နောက်ကိုလိုက်သွားခဲ့တယ်။
++++++++++++

နေအပူရှိန်က မြင့်လာတာနဲ့အမျှ လယ်ကွင်းတွေဆီကနေအပူငွေ့တွေတရိပ်ရိပ်ထွက်လာခဲ့တယ်။

“ ဒီနွေကအတော်ပူတာပဲဆရာရေ… အရိပ်ရတဲ့နေရာ ခဏနားကြရင်မကောင်းဘူးလား”

တောက်ရစကားကြောင့် အောင်မြတ်သာက လျောက်နေတဲ့ခြေလှမ်းတွေကိုရပ်လိုက်ပြီး

“ ခဏတစ်ဖြုတ်နားချင်ရင်လဲ အရှေ့က ကုက္ကိုပင်အောက်မှာ နားကြတာပေါ့” လို့ပြောကာထွက်သွားခဲ့တယ်။

အောင်မြတ်သာတို့ ကုက္ကိုပင်အောက်မှာ နားနေတဲ့အချိန် လူတစ်ယောက်ကိုလက်ပြန်ကြိုးတုပ်ပြီးခေါ်လာတဲ့မြင်ကွင်းကိုမြင်တော့ သက်ခိုင်က

“ ဒီရွာဘက်တွေက အုပ်ချုပ်မှုနဲ့အလှမ်းဝေးတော့ ကိုယ်ထူကိုယ်ထအုပ်ချုပ်ရတယ်ထင်ပါတယ်”

“ ဟုတ်မယ်ဆရာ အခုခေါ်လာတဲ့လူကိုကြည့်ရတာ ခွင့်မလွှတ်နိုင်တဲ့ပြစ်မှုတစ်ခုခုကျူးလွန်ထားတဲ့ပုံပဲ”

သက်ခိုင်နဲ့တောက်ရတို့ပြောနေတာကိုကြားတဲ့ အောင်မြတ်သာက ကွင်းထဲကနေဖြတ်သွားတဲ့လူအုပ်ကိုကြည့်လိုက်တဲ့အချိန်

“ လူလေး ကြိုးတုပ်ခံထားရတဲ့သူမှာ အောက်လမ်းမှော်နဲ့စီရင်ထားတဲ့ ကျောက်လက်ဝါးရှိနေတယ်… အခုပြစ်မှုတွေကိုလဲ ကျောက်လက်ဝါးထဲမှာ ခိုကပ်နေတဲ့ နာနာဘာဝက ပြုလုပ်ခဲ့တာ… ဒီလူငယ်မှာ အပြစ်မရှိဘူး… သူ့ကို ကယ်တင်ပါ” ဆိုတဲ့အသံက နားစည်ထိတိုင်အောင် ကြားလိုက်ရတယ်။

အောင်မြတ်သာလဲ ကြားလိုက်ရတဲ့စကားသံအဆုံးမှာ ရုတ်တရက်မတ်တပ်ရပ်လိုက်ပြီး ကြိုးတုပ်ကာခေါ်သွားတဲ့လူအုပ်နောက်ကို လိုက်သွားခဲ့တယ်။

“ ဒီမှာ နောင်ကြီး …. ရပ်ပါဦးဗျ”

အောင်မြတ်သာစကားကြောင့် ကန်သင်းရိုးပေါ်ကိုဖြတ်နေတဲ့လူအုပ်က ရပ်လိုက်ပြီး

“ ဘာကိစ္စလဲဗျ… “

“ ဒီလူငယ်ကို ဘာဖြစ်လို့ လက်ပြန်ကြိုးတုပ်ပြီးဖမ်းလာရတာလဲ”

“ ဘာဖြစ်ရမလဲ ဒီကောင်က ကြက်သွားခိုးတဲ့အိမ်ကပိုင်ရှင်ကိုသတ်လိုက်လို့ ပုလိပ်လက်အပ်ဖို့ခေါ်လာတာ”

“ အချင်းချင်းနားလည်မှုလွဲနေပါဦးမယ်… ဒီလူသတ်တယ်ဆိုတာ မျက်မြင်သက်သေဘယ်သူရှိလို့ အခုလိုဖမ်းခေါ်လာရတာလဲ”

“ မျက်မြင်သက်သေတော့မရှိဘူး… ဒါပေမယ့် ဒီကောင်သတ်တာ သေချာနေတယ်လေ”

“ မျက်မြင်သက်သေမရှိပဲ လူတစ်ဖက်သားကို အရမ်းကာရောစွပ်စွဲလို့မရဘူး… ခင်ဗျားတို့ ထင်မြင်ချက်နဲ့ လူသတ်ပါတယ်လို့စွပ်စွဲပြီး ဂတ်ကိုပို့လိုက်ပြီပဲထား… ဒီလူက လူသတ်တာမဟုတ်ဘူးဆိုရင် စွပ်စွဲခဲ့တဲ့ခင်ဗျားတို့ပါ အမှုပတ်နိုင်တယ်ဗျ”

အောင်မြတ်သာစကားကြားတော့ လက်ပြန်ကြိုးတုပ်ခံထားရတဲ့သူက

“ ကျုပ်တကယ်မသတ်ဘူး… အဲဒါကို ကျုပ်သတ်တယ်ဆိုပြီး အတင်းကြပ်ခေါ်သွားကြတာ”

“ ဟော ကာယကံရှင်ကလဲ သူသတ်တာမဟုတ်ဘူးလို့ပြောနေတယ် ဘယ်လိုလုပ်ကြမလဲ”

အောင်မြတ်သာစကားကြောင့် လူအုပ်ကြီးအတွင်း လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး

“ ဒါဆို ကျုပ်တို့က ဒီကောင်ကိုလွှတ်ပေးလိုက်ရမှာလား…ဒါတော့မဖြစ်နိုင်ဘူး”

“ ကျုပ်ကလဲလွှတ်ပေးပါလို့မပြောဘူး… ဒီတစ်ရက်နှစ်ရက်အတွင်း ဘယ်သူသတ်တယ်ဆိုတာကို ကျုပ်တို့ဖော်ပေးပါ့မယ်”

“ ကျုပ်တို့ကခင်ဗျားစကားကိုဘယ်လိုယုံကြည်ရမလဲ… နောက်ပြီး ဒီအနီးတစ်ဝိုက်မှာ ခင်ဗျားတို့ကိုမမြင်ဖူးပါဘူး”

“ ယုံကြည်တာမယုံကြည်တာ ခင်ဗျားတို့အပိုင်း… ကျုပ်တို့အနေနဲ့ ဒီရက်ပိုင်းအတွင်း ဘယ်သူသတ်တယ်ဆိုတာကို ဖော်ထုတ်ပေးမယ်… ကျုပ်တို့စကားမတည်ရင် ခင်ဗျားတို့ကြိုက်သလိုအရေးယူနိုင်ပါတယ်”

“ ကောင်းပြီလေ ခင်ဗျားတို့ကို အမြဲတမ်းကျုပ်တို့စောင့်ကြည့်နေမယ်… ဟေ့ကောင်တွေ ရွာထဲပြန်ကြမယ်ဟေ့”

ခေါင်းဆောင်ဖြစ်ဟန်တူတဲ့လူရဲ့စကားကြောင့် လူအုပ်ကြီးကရှေ့ကိုမသွားတော့ပဲ ဖမ်းထားတဲ့လူငယ်ကိုဆွဲကာ ရွာထဲကိုပြန်ဝင်သွားခဲ့တယ်။
++++++

ရွာလယ်မှာရှိတဲ့ ကုက္ကိုပင်အောက်မှာတော့ ရွာလူကြီးတွေ၊ ကာလသားတွေအပြင် သေသွားတဲ့လူရဲ့မိသားစုဝင်တွေရောက်ရှိနေခဲ့ကြတယ်။

“ ကဲ … ဒီကမိတ်ဆွေတို့က ကျော်ထွန်းဟာ လူသတ်တရားခံမဟုတ်ပါဘူးလို့ ဘာကြောင့်အတိအကျပြောနိုင်ရတာလဲ”

“ ကျုပ်တို့က နယ်တကာလှည့်ပြီး ပယောဂကုနေတဲ့သူတွေဖြစ်တဲ့အပြင် ဆိုးပေ့မိုက်ပေ့ဆိုတဲ့လူမိုက်တွေနဲ့လဲ ရင်ဆိုင်ဖူးတဲ့သူတွေဖြစ်ပါတယ်… အခု ဖမ်းခံထားရတဲ့ လူငယ်ရဲ့မျက်လုံးကိုကြည့်ရတာ လူသတ်သမားတစ်ယောက်ပုံစံ မဟုတ်ဘူးဆိုတာ ကျုပ်အတပ်ပြောနိုင်ပါတယ်”

“ ဒါဆို ကျုပ်တို့အဖေက အကောင်းကြီးကနေ ဘာကြောင့်သေသွားရတာလဲ… “

“ ကျုပ်တို့မေးကြည့်တော့ သေသွားတဲ့လူရဲ့ကျောပြင်မှာ နီရဲနေတဲ့လက်ငါးချောင်းရာတွေ့တယ်လို့ပြောတယ်… အဲဒါဟုတ်လား”

“ အဲဒါတော့ဟုတ်တယ် ကျုပ်တို့အဖွဲ့ နာရေးအတွက်ကူညီနေတုန်း သေသူကိုရေချိုးတဲ့ဒေါ်စန်းခင်ခေါ်ပြလို့ မြင်လိုက်ရတယ်”

“ ဒါဆိုရင် သေသူဟာ လက်ဝါးနဲ့ကျောကုန်းကို အရိုက်ခံရလို့သေသွားတာလို့ ပြောချင်တာလား”

“ ဟုတ်တယ် လက်ဝါးရာက အဓိကသက်သေပဲလေ”

“ ကဲ ကောင်းပြီ အခုဒီထဲက အားကောင်းမောင်းသန်လူတစ်ယောက် ကျုပ်ရဲ့ကျောကို အားကုန်ရိုက်ဗျာ… ကျုပ်မသေဘူးဆိုရင် ဒီလူကိုလွှတ်ပေးမလား”

အောင်မြတ်သာစကားအဆုံးမှာ ရှိနေတဲ့သူတွေအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး

“ အဲလိုတော့ ပြောလို့မရဘူးလေဗျာ… ဦးဘစော မသေခင်အချိန်မှာ သူ့အိမ်နားသွားခဲ့တာဆိုလို့ ကျော်ထွန်းပဲရှိတာ”

“ ဒါကြောင့် ကျုပ်ပြောတာ …ခင်ဗျားတို့ရဲ့အထင်နဲ့ဆုံးဖြတ်ချက်ကြောင့် ဘာမှမလုပ်တဲ့လူတစ်ယောက် ဒုက္ခရောက်သွားနိုင်တယ်.. ဒီလူသတ်တဲ့တရားခံဟာ ဘယ်သူဆိုတာ ကျုပ်ဖော်ထုတ်ပေးမယ်.. ခင်ဗျားတို့ဘက်က ယုံကြည်ရတဲ့လူတစ်ယောက် ကျုပ်အနားမှာထားပေးပါ”

အောင်မြတ်သာစကားကြောင့် ရွာလူကြီးတွေခေါင်းချင်းဆိုင် တိုင်ပင်လိုက်ပြီး

“ ကောင်းပြီလေ အခုချိန်ကစပြီး ခင်ဗျားတို့နားမှာ ကာလသားခေါင်းဆောင်မောင်ညွန့်ဝင်းရှိနေလိမ့်မယ်… ဦးဘစောကိုသတ်တဲ့တရားခံဘယ်သူဆိုတာပဲ ဖော်ထုတ်ပေးပါ”

“ ဒါဆိုရင် ထိပ်တုံးခတ်ထားတဲ့လူကို ကျုပ်စကားနည်းနည်းပြောလို့ရမလား”

“ သင် မေးချင်တာရှိရင် မေးလို့ရပါတယ်”

အောင်မြတ်သာလဲ ရွာလူကြီးတွေခွင့်ပြုချက်နဲ့ ထိပ်တုံးခတ်ခံထားရတဲ့သူအနားကိုသွားပြီး

“ အခုချိန် မင်းဘက်မှာရှိတဲ့သူက ငါတို့ပဲနော်… ဒါကြောင့်ငါမေးတာကို အမှန်တိုင်းပြောဖို့လိုမယ်”

“ ကျုပ်အမှန်တိုင်းပြောပါ့မယ်…”

“ မင်းမှာ ထူးဆန်းတဲ့ဘယ်လိုအရာမျိုးရှိနေလဲ”

“ ဟို ဟို ရေကူးတုန်းကရလာတဲ့ ကျောက်လက်ဝါးတစ်ခုတော့ရှိတယ်… အဲဒါရတဲ့နေ့ပဲ ဒီကိစ္စတွေဖြစ်လာတာ”

“ ဟုတ်ပြီ အဲဒီကျောက်လက်ဝါးကရော အခုဘယ်မှာရှိနေလဲ”

“ ကျုပ်အိမ်ရဲ့ နွားတင်းကုတ်ထဲမှာရှိပါတယ်…”

“ ကံသီပေလို့ပေါ့ကွာ… ငါတို့နဲ့သာမတွေ့ရင် တစ်ရွာလုံး လူမသိသူမသိပဲ ဒုက္ခရောက်ကြရတော့မယ်”

“ ကျွန်တော်ကို ကယ်ပါဦးဗျာ… ဦးဘစောကို ကျွန်တော်တကယ်မသတ်ဘူး”

“ မင်းမသတ်တာ ငါတို့သိတယ်… ဒါပေမယ့် ရွာကလူတွေသိအောင် သက်သေပြရဦးမယ်.. ဒီတစ်ရက်နှစ်ရက်တော့ ဒုက္ခခံလိုက်ဦး… မကြာခင် မင်းပြန်လွတ်လာမှာပါ”

အောင်မြတ်သာလဲ သိချင်တဲ့အရာတွေကိုမေးပြီးပြီမို့ ရွာလူကြီးတွေဆီပြန်လာကာ

“ ကျုပ်တို့ကလွဲပြီး ဒီည ဘယ်သူမှအပြင်မထွက်ဖို့ ပြောပေးထားပါ…”

“ တရားခံကိုသာမိအောင် လုပ်ပေးပါ… ကျန်တဲ့ကိစ္စကျုပ်တို့ကူညီပါမယ်”

“ ကဲ အခုတော့ ဖမ်းခံထားရတဲ့သူရဲ့အိမ်ကိုသွားကြရအောင်”

အောင်မြတ်သာစကားကြောင့် ကာလသားခေါင်းဆောင်က ကျော်ထွန်းနေတဲ့အိမ်ကိုပြဖို့အရှေ့ကနေထွက်သွားခဲ့တယ်။ ရွာလမ်းမကိုကျော်ပြီး ဘယ်ဘက်ကိုချိုးလိုက်တော့ အတန်သင့်မြင့်တဲ့ခြေတံရှည်အိမ်တစ်လုံးကိုမြင်လိုက်ရတယ်။

“ ဒီအိမ်က ကျော်ထွန်းနေတဲ့အိမ်ပဲ… အပေါ်တက်ဦးမလား”

“ အိမ်ပေါ်တော့မတက်တော့ဘူး ဒါပေမယ့် နွားတင်းကုတ်ထဲကိုတော့ဝင်ကြည့်ချင်တယ်”

“ ရတယ်လေ ကျွန်တော် ပိုင်ရှင်ကိုခွင့်တောင်းလိုက်ပါမယ်”

ကိုညွန့်ဝင်းက ကျော်ထွန်းရဲ့ကြီးတော်ဆီခွင့်တောင်းပြီး နွားတင်းကုတ်ထဲကိုဝင်လာခဲ့လိုက်တယ်။

“ နွားတွေလဲတစ်ကောင်မှမတွေ့ပါလား”

“ ဟုတ်တယ် သူတို့မှာရှိတဲ့နွားတွေကို ငှါးထားလို့ တင်းကုပ်ကလွတ်နေတာ”

အောင်မြတ်သာလဲ နွားတင်းကုပ်တစ်ဝိုက် သေချာလိုက်ကြည့်တော့ ကောက်ရိုးတွေနဲ့ဖုံးထားတဲ့ ကျောက်လက်ဝါးတစ်ချပ်ကိုမြင်တွေ့ခဲ့တယ်။

“ ဒါကဘာကြီးလဲဗျ…လက်ဝါးလိုလိုဘာလိုလိုနဲ့”

ကိုညွန့်ဝင်းက ကျောက်လက်ဝါးကိုကောက်ကိုင်ဖို့အလုပ်

“ မကိုင်နဲ့ … အဲဒါကိုထိလို့မရဘူး”

“ ဘာဖြစ်လို့လဲဗျ… ပြဿနာရှိလို့လား”

“ လောလောဆယ် ဘာမှမထိတာအကောင်းဆုံးပဲ… ညမှောင်စပျိုးတဲ့အချိန် သတ္တိကောင်းတဲ့ကာလသား နှစ်ယောက်လောက်ခေါ်လာခဲ့ပေးပါ… ဒါနဲ့ ကျုပ်တို့အခုမြင်လိုက်တဲ့ကျောက်လက်ဝါးအကြောင်းဘယ်သူမှမသိပါစေနဲ့”

“ စိတ်ချပါ ကျုပ်ဘယ်သူ့ကိုမှမပြောပါဘူး”

အောင်မြတ်သာလဲ ကိုညွန့်ဝင်းကိုလိုအပ်တာတွေမှာပြီး ရွာလူကြီးတွေစီစဉ်ပေးထားတဲ့အိမ်ကိုပြန်လာခဲ့လိုက်တယ်။ ညမိုးချုပ်တော့ ကိုညွန့်ဝင်းနဲ့အဖော်နှစ်ယောက် ရောက်လာပြီး

“ သွားကြတော့မလား ကျုပ်တို့အသင့်ဖြစ်နေပြီ”

“ အသင့်ဖြစ်ပြီဆိုရင် သွားကြတာပေါ့…”

အောင်မြတ်သာတို့ အိမ်ပေါ်ကနေဆင်းလာတော့ တစ်ရွာလုံး တိတ်ဆိတ်ကာငြိမ်သက်နေတာကိုမြင်လိုက်ရတယ်။ ဒီလိုနဲ့ ကျော်ထွန်းတို့အိမ်နားရောက်တော့

“ ဒီဆေးကိုမျက်စိမှာကွင်းထားကြ… အိမ်အောက်မှာ ဘာပဲမြင်မြင်အသံမထွက်ပဲကြည့်နေ” လို့ပြောပြီး အခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။

မိနစ်အနည်းငယ်ကြာတော့ နွားတင်းကုပ်ထဲကနေ အမွှေးဖွားဖွားနဲ့လူဝံလိုလို မျောက်ဝံလိုလိုအကောင်တစ်ကောင်ထွက်လာတာ အောင်မြတ်သာတို့အားလုံးမြင်လိုက်ကြရတယ်။

“ နည်းတဲ့ကောင်ကြီးမဟုတ်ဘူး… အိမ်နောက်ဘေး အိမ်သာဘက်ကိုထွက်သွားပြီ … ကျွန်တော်တို့ဘာလုပ်ရမလဲ”

ကိုညွန့်ဝင်းစကားကြောင့်အောင်မြတ်သာက

“ ဦးဘစောကိုသတ်တာအဲဒီကောင်ပဲ… သူက ကျော်ထွန်း ကောက်ရထားတဲ့ ကျောက်လက်ဝါးထဲမှာခိုကပ်ပြီး ရွာထဲမှာလှည့်ပတ်သွားနေတာ”

“ အဝေးကမြင်တာတောင် ကြက်သီးထတယ်… “

“ ဒီကောင်က စားရသောက်ရဖို့ ဘာမဆိုလုပ်မယ့်ပုံပဲ .. ကျုပ်တို့က သူမှီခိုနေတဲ့ ကျောက်လက်ဝါးထဲပြန်ဝင်မယ့်အချိန်ကို စောင့်နေမယ်… ခင်ဗျားတို့က သူဘယ်သွားလဲဆိုတာ အနောက်ကနေလိုက်ကြည့်ပါ…”

“ ဟို … ကျုပ်တို့ချည်းပဲ သွားလို့ဖြစ်ပါ့မလား”

“ ကျုပ်တပည့်တစ်ယောက်ထည့်ပေးလိုက်ပါမယ်… သက်ခိုင်က သူတို့နဲ့လိုက်သွားပေးလိုက်ပါ”

အောင်မြတ်သာစကားအဆုံးမှာ သက်ခိုင်နဲ့ကာလသားတွေ အမှောင်ထုကိုအားယူပြီး အမွှေးစုတ်ဖွားကောင်အနောက်ကို လိုက်သွားခဲ့တယ်။

“ တောက်ရ … မင်းက ကျော်ထွန်းရှိတဲ့နေရာကိုသွား… သူ့ဆီကို အမွှေးစုတ်ဖွားနဲ့ နာနာဘာဝရောက်လာတာနဲ့ အချုပ်အင်းကိုသုံးပြီး ဖမ်းထားလိုက်”

“ ဟုတ်ကဲ့ဆရာ “

တောက်ရထွက်သွားတော့ အောင်မြတ်သာက ကျောက်လက်ဝါးရှိတဲ့ နွားတင်းကုတ်ထဲကိုဝင်ကြည့်လိုက်တော့ သဘာဝအတိုင်းဖြစ်နေတဲ့လက်ဝါးပုံစံကျောက်ကို အောက်မှော်အစီအရင်တွေနဲ့ သေချာစီမံထားတာကိုမြင်လိုက်ရတယ်။

“ လတ်စသတ်တော့ ဒီကောင်ကို စီရင်တဲ့ဆရာက ထိန်းမနိုင်လို့ ရေထဲမျောလိုက်တာကိုး…ဒါကိုနားမလည်တဲ့ကောင်က ရွာထဲယူလာတော့ ဒုက္ခတွေရောက်ကုန်တော့တာပေါ့” လို့တစ်ယောက်ထဲရေရွတ်နေတဲ့အချိန်

“ ဆရာ ဆရာ…. “

“ ကိုညွန့်ဝင်း ဘာဖြစ်တာလဲ”

“ ဆရာတပည့်နဲ့ အမွှေးစုတ်ဖွားကောင် အကြီးအကျယ်တိုက်နေကြပြီ… သူတို့အနားတစ်ဝိုက်မှာလဲ မီးစတွေလွင့်ထွက်နေတာအများကြီးပဲ”

“ ဟာ ဒီကောင်က ထင်ထားတာထက် ပိုစွမ်းနေတာပဲ… မြန်မြန်သွားကြရအောင်”

အောင်မြတ်သာတို့ရောက်သွားတော့ သက်ခိုင်က အစွယ်တစ်ဖွေးဖွေးနဲ့အမွှေးစုတ်ဖွားကောင်ကို လေးကွက်အင်းနဲ့ချုပ်ပြီး ထွက်မပြေးနိုင်အောင်ထိန်းနေတာမြင်လိုက်ရတယ်။

“ ဝုန်း ပတောက် ပတောက်”

လေးကွက်အင်းနဲ့ထိတဲ့နေရာကနေ မီးစဖွာခနဲထွက်လာတဲ့အချိန် အမွှေးစုတ်ဖွားကောင်ဆီကနေ နာကျင်စွာအော်လိုက်တဲ့အသံကိုကြားလိုက်ရတယ်။

“ ဒီငမိုက်သားကတော့ အစွမ်းကုန်မိုက်မဲနေပါလား… ကဲ ဒီသကောက်သားရဲ့ လက်တွေခြေထောက်တွေလှုပ်မရအောင် လှံတံတွေနဲ့ထိုးစိုက်ထားကြစမ်း”

အောင်မြတ်သာစကားအဆုံးမှာ အရပ်လေးမျက်နှာကနေ လှံတံတွေထွက်လာပြီး အမွှေးစုတ်ဖွားကောင်ရဲ့ ခြေလက်တွေထဲနစ်ဝင်သွားခဲ့တယ်။

“ အဟင်းအဟင်း…. လွှတ်စမ်း… ငါ့ကိုလွှတ်စမ်း”

“ ငမိုက်သား သင်က ဘယ်သူ့အားကိုးနဲ့ လူသတ်ရတာလဲ… ပြောစမ်း “

“ ငါ့ကိုလွှတ်ပေး…. နင်တို့ကို အစိမ်းလိုက်စားပစ်မယ်”

“ ကိုညွန့်ဝင်း မြင်ပြီမလား… ဒီကောင်ကြောင့် ဦးဘစော သေခဲ့တာ”

“ ကျွန်တော်ဘဝမှာ တစ်ခါမှမမြင်ဖူးဘူးဗျာ…. အတော်ကြောက်ဖို့ကောင်းတာပဲ”

“ လောကမှာ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ အရာတွေအများကြီးရှိတယ်၊ ဒါကြောင့် အထူးအဆန်းမြင်တိုင်း မယူမိစေဖို့သတိထားပါ”

“ ဟိုခွေးမသား ကျော်ထွန်း… ဒင်း လက်ဆော့လို့ အခုလိုဖြစ်ရတာ… မှတ်သားလောက်အောင် လုပ်ပစ်ဦးမယ်”

“ ကဲကဲ … လောလောဆယ် ဒီကောင်ကို ကျုပ်တို့ပဲဖမ်းပြီးခေါ်သွားလိုက်ပါမယ်… “လို့ပြောပြီး ဘီလူးလေးကောင် ဆောင့်ကြောင့်ထိုင်နေတဲ့ပုံစံရှိတဲ့အင်းကို လက်ဝါးပေါ်တင်ကာ

“ ဂိုဏ်းကိုစောင့်ကြပ်နေတဲ့ ဂိုဏ်းစောင့်ပုဂ္ဂိုလ်များ ဒီနာနာဘာဝမိစ္ဆာကောင်ကိုလှုပ်မရအောင်ချုပ်နှောင်ပြီး စင်္ကြာဝဠာတံတိုင်းအပြင်ဘက်ကိုပို့ဆောင်စေ” လို့အမိန့်ပြန်ကာ ဘီလူးလေးကောင်အင်းကို မြေကြီးပေါ်ပစ်ချလိုက်တဲ့အချိန် ကြိမ်စင်္ကြာတွေကိုင်ဆောင်ထားတဲ့ ဘီလူးလေးကောင်ပေါ်လာပြီး တစ်ရွတ်တိုက်ဆွဲခေါ်သွားခဲ့တယ်။

ကာလသားတွေကတော့ အောင်မြတ်သာတို့အစွမ်းကို မျက်ဝါးထင်ထင်မြင်တွေလိုက်ရတဲ့အတွက် အံ့ဩဝမ်းသာဖြစ်ပြီး ဒီပညာရပ်တွေကိုသင်ကြားပေးဖို့ တောင်းဆိုခဲ့ကြတယ်။

ဒီလိုနဲ့ အောင်မြတ်သာတို့လဲ ရွာမှာတစ်လလောက်နေထိုင်ပြီး ဂိုဏ်းပညာလိုချင်တဲ့သူတွေကို ပညာအမွေပေးခဲ့ကြတယ်။ ကျော်ထွန်းလဲ ထိပ်တုံးမှာ တစ်ပတ်လောက်နေပြီး ထွက်လာတော့ အများနည်းတူ ဂိုဏ်းပညာကိုသင်ယူလေ့လာခဲ့ရာ နှစ်ပေါင်းနှစ်ဆယ်အတွင်း ကျောက်လက်ဝါးကျော်ထွန်းဆိုတဲ့နာမည်နဲ့ ရွာနီးချုပ်စပ်တစ်ခွင် နာမည်ရလာခဲ့တယ်။

ကျောက်လက်ဝါးကောက်ရတာကိုအစွဲပြုပြီးခေါ်ဆိုခဲ့တဲ့ ဆရာကျော်ထွန်းအကြောင်းကိုတော့ အခွင့်အခါသင့်ရင် ထပ်မံဖော်ပြသွားပါမယ်။
+++++++

အောင်မြတ်သာတို့ ရွာကနေထွက်လာပြီးနောက်ပိုင်း ပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့် စီးပွါးလဲပျက်၊ လူလဲထွက်အောင် တိုက်ထားတဲ့အမှုကိုဘယ်လိုကူညီဖြေရှင်းပေးမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်ကိုးမြို့ရှင်အတိုက် ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည) 
ခြေထောက်ကိုလှုပ်ကာနှိုးနေတာကြောင့်

“ ခဏလောက်အိပ်ပါရစေ ကြီးတော်ရာ ပြောချင်ရင် နိုးမှပြောဗျာ”လို့ပြောရင်း ပြန်အိပ်လိုက်တယ်။

ပြောပြီးမကြာခင်မှာပဲ ခြေထောက်ကို ချွန်ထက်တဲ့အရာနဲ့ ထိုးနေသလိုခံစားမိလို့ ထကြည့်လိုက်ရာ တစ်ကိုယ်လုံးအမွှေးအမျှင်တွေဖုံးအုပ်နေတဲ့အကောင်တစ်ကောင်က ခြေမကိုသွားနဲ့ကိုက်နေတာမြင်လိုက်ရတယ်။

“ အောင်မလေး ဘာကောင်ကြီးလဲ… ကြီးတော်ရေ ကြီးတော်”

ထွန်းကျော်အားကုန်အော်လိုက်ပေမယ့် အသံကထွက်မလာပဲ လည်ချောင်းထဲပျောက်သွားခဲ့တယ်။

“ ဟီးဟီးဟီး နင်က ငါ့ကိုစွန့်ပစ်မလို့ပေါ့လေ… “

“ ဟအင်း မဟုတ် မဟုတ်ပါဘူး”

“ နင်ခေါ်လာလို့ အနောက်ကနေ တကောက်ကောက်လိုက်နေခဲ့ရတာ… နင့်ကြက်သွားခိုးတုန်းကလဲ အိမ်ပိုင်ရှင်ထွက်လာလို့ ငါဆုံးမပေးခဲ့တာ.. ငါကနင့်ကို ကူညီသလောက် နင်က ငါ့ကိုစွန့်ပစ်တော့မယ်ပေါ့လေ.. “

“ ဟအင်း အနားကပ်မလာနဲ့နော် … ငါ့အနားမလာနဲ့”

“ အခုကစပြီး နင်ငါ့ကိုစွန့်ပစ်ဖို့ကြံတာနဲ့ တစ်အိမ်လုံးကို သတ်မှာ..”

“ မလုပ် မလုပ်ပါနဲ့ မစွန့်ပစ်တော့ပါဘူး”

“ အဟီးအဟီး… မနေ့က ကြက်သားကစားလို့ကောင်းတယ်.. ဒီနေ့ငါ ကြက်သားမစားချင်ဘူး.. ငါ့ကိုညကျရင် အမဲအူအစိမ်းကျွေးပါ…မကျွေးရင် အိမ်ပေါ်မှာရှိတဲ့ အဖွားကြီးရဲ့ဗိုက်ကိုဖောက်စားရလိမ့်မယ်”

“ မလုပ်နဲ့ မလုပ်နဲ့ … သွား… ငါ့အနားမလာနဲ့”

ကျော်ထွန်းအသံက ဒီတစ်ခါတော့ လည်ချောင်းထဲကနေဖောက်ထွက်လာခဲ့တယ်။

“ ကျော်ထွန်း ဟဲ့ ကျော်ထွန်း ဘာတွေကယောင်ကတမ်း ဖြစ်နေတာလဲ”

အိမ်ရှေ့မှာ ပြောင်းဖူးဖက်ဆေးလိပ်ဖွာရင်းမေးလိုက်တဲ့ ကြီးတော်အသံကိုကြားတော့မှ အိမ်မက်မက်နေမှန်းသလိုက်ရပြီး သက်ပြင်းချနိုင်ခဲ့တယ်။

“ ငါအိမ်မက်မက်နေတာလား … မဖြစ်နိုင်ဘူး.. ငါကတယ်ဖြစ်သလိုခံစားနေရတယ်”

ကျော်ထွန်းက တစ်ယောက်ထဲရေရွတ်ပြီး နွားတင်းကုတ်ရှိရာဆင်းလာခဲ့တယ်။

“ အိမ်မက်ဆိုတာတကယ်မှမဟုတ်တာ… ဒီကောင်ကြောင့် စိတ်အနှောက်ယှက်အဖြစ်မခံနိုင်ဘူး… အခုပဲ သွားပစ်မယ်” လို့ပြောပြီး ကျောက်လက်ဝါးကိုကောက်ယူဖို့အလုပ်

“ ကျော်ထွန်း ရှိလား… ဟေ့ကောင် ကျော်ထွန်း” ဆိုတဲ့အသံကြောင့် အိမ်ရှေ့ကိုထွက်ကြည့်ရာ တုတ်တွေ ဓါးတွေကိုင်ထားတဲ့လူအုပ်ကြီးကိုမြင်လိုက်ရတယ်။

“ကိုညွန့်ဝင်းတို့ပါလား… လက်ထဲမှာလဲ တုတ်တွေဓါးတွေနဲ့ ဘာများဖြစ်လို့လဲ”

“ အပိုပြောမနေနဲ့ ကျော်ထွန်း… ဦးဘစောကို သတ်တာမင်း မဟုတ်လား”

“ ဟာ ဘာတွေပြောနေတာလဲ… ကျုပ်ကဘာလို့ ဦးဘစောကိုသတ်ရမှာလဲ”

“ မင်းညက ဦးဘစောအိမ်က ကြက်ကိုခိုးနေတဲ့အချိန်မိသွားလို့ ရိုက်ပြီးထွက်ပြေးခဲ့တာမဟုတ်လား”

“ ပြဿနာပဲဗျာ… ကျုပ်… ကျုပ်…”

“ ဒီကောင်ကိုဖမ်းပြီး ရဲလက်အပ်မှရမယ်… ဖမ်းကြစမ်း”

ကိုညွန့်ဝင်းစကားသံအဆုံးမှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ကျော်ထွန်းကိုအတင်းဝင်လုံးကာဖမ်းလိုက်ကြတယ်။ 

No comments

Post a Comment