စျေးသရဲ (စ/ဆုံး)

စျေးသရဲ ( စ / ဆုံး ) မူရင်းရေးသူ _ တာတေ ပြာသိုလကြီးဗျ။ ကျုပ်က မြို့ကိုရောက် နေတာ။ကျုပ်ကျောင်းတက်တုန်းက နေခဲ့တဲ့ ကျုပ်ဘကြီးအိမ်မှာပဲပေါ့ဗ... thumbnail 1 summary

စျေးသရဲ (/ဆုံး)
မူရင်းရေးသူ_တာတေ

ပြာသိုလကြီးဗျ။ ကျုပ်က မြို့ကိုရောက်
နေတာ။ကျုပ်ကျောင်းတက်တုန်းက နေခဲ့တဲ့
ကျုပ်ဘကြီးအိမ်မှာပဲပေါ့ဗျာ။

ဘကြီးနဲ့ မတွေ့တာကြာလို့ ဘကြီးကိုကန်တော့ချင်လို့ လာတာဗျ။
ဒီရောက်တော့ ကျုပ်ရောက်တဲ့ညမှာပဲ ဘကြီးက လေဖြန်းချင်
သလို ဖြစ်တာနဲ့ ရွာကို မပြန်ဖြစ်သေးတာ။
ခုတော့ ဘကြီးလည်း ကောင်းလာပါပြီ။

ဘကြီးမှာက သူကိုယ်တိုင် စိမ်ထားတဲ့
လေငန်းဆေးရှိနေလို့ပေါ့ဗျာ။ အဲဒီဆေးသာမရှိရင် ခက်သားဗျ။

ဒီဆေးအကြောင်းလည်း ကျုပ်က သိသဗျ။ ဘကြီးအိမ်မှာ
နေပြီး ကျောင်းလာတက်ကတည်းကဒီဆေးကို ဘကြီးက အမြဲဖော်တာ။
လေငန်းဖြစ်တဲ့လူရှိရင် သူကိုယ်တိုင်ဆေးသွားပို့နေကျလေဗျာ။

ဘကြီး အမြဲပြောပြောနေလို့ ဆေးအကြောင်းကို ကျုပ်က သိပြီးသားဗျ။

ဘကြီး လေဖြတ်တဲ့ညက ဝူးဝူးဝါးဝါးနဲ့
ထအော်တော့ ကျုပ်လည်း အိပ်နေရာက လန့်နိုးပြီး သူ့အိပ်ရာပေါ် ပြေး
သွားတော့ ဘကြီးက သူ့အိပ်ရာဘေးက ခုံပေါ်မှာ တင်ထားတဲ့ ဆေးပုလင်းကြီးကိုချည်း လက်ညှိုးထိုးပြနေတာဗျ။ ဒါနဲ့ ကျုပ်လည်း
ဘကြီးပြောဖူးထားတဲ့အတိုင်းပေါ့ဗျာ။

ဆေးစိမ်ထားတဲ့ ငှက်ပျောဖူးပုလင်းကြီးကို လှုပ်ပြီး ဆေးရည်ကို ဇွန်းထဲ
ထည့် ဘကြီးရဲ့ခပ်စေ့စေ့ဖြစ်နေတဲ့ပါးစပ်ထဲကို ဇွန်းနဲ့ ကလန့်ပြီး
ခပ်ဖြည်းဖြည်းထည့်ပေးရတာပေါ့ဗျာ။ ြ

ပီးတာနဲ့ ဆေးရည်ကို လက်ခုတ်ထဲထည့်ပြီးနည်းနည်းရွဲ့သွားတဲ့
ဘကြီးရဲ့ပါးကိုဆေးလိမ်းပြီး ဆွဲချရတာဗျို့။

လွှတ်စွမ်းတဲ့ဆေးပေါ့ဗျာ။

ဆယ်မိနစ်လောက်ကြာတော့ ရွဲ့သွား
တဲ့ပါးလည်း ပြန်တည့်သွားတယ်။ လျှာ
လည်း ကောင်းသွားပြီး စကားပြောလို့ပြီးသွားရောဗျာ။

ဒီတော့မှ အဲဒီဆေးရည်နဲ့ပဲ လက်တွေ ခြေတွေ လိမ်းပြီးနှိပ်ပေးရတာဗျို့။ အမေ့အစ်ကို အရင်းလေဗျာ။ အဘနဲ့ အမေလည်း နောက်
တစ်နေ့ ရောက်လာကြရောဗျ။
ဘကြီးကိုလည်း လိုအပ်တဲ့ ဆေးဝါးနဲ့ ထပ်ပြီးကုကြရတာပေါ့ဗျာ။

နေဦးဗျ၊ ဘကြီးရဲ့လက်စွဲ လေငန်းဆေး
ဖော်နည်းကို ကျုပ်ပြောပြမယ်။ တခြားမဟုတ်ဘူးဗျ။

ရှောင်ဘီလူးလို့ခေါ်တဲ့
သံပုရာသီးသာသာရှိတဲ့ ရှောင်သီးလေ
ဗျာ၊ အခွံမှာ အထွတ်ထွတ်တွေထနေတဲ့
ရှောက်သီးပေါ့။ အဲဒီရှောက်ဘီလူးကို
ရေညှစ်၊ ငှက်ပျောဖူးပုလင်းတစ်ပုလင်းရအောင် ညှစ်ရတယ်ဗျ။

ပြီးရင် ထန်းလျက်နဲ့ ကောက်ညှင်းချက်
ထားတဲ့ အရက်ကောင်းကောင်းတစ်ပု
လင်းနဲ့ ရှောက်ဘီလူးအရည်နဲ့ ရောပြီး
ကြွေရည်သုတ်ဇလုံနဲ့ ကြိုရသဗျ။ အဲဒီ
အထဲမှာ ကုလားအော်သီး ငရုတ်အညှာ
သုံးခုလောက် ထည့်ရတယ်။

ပြီးရင် ငါးလင်ဗန်းသည်းခြေ အခြောက်
ကလေးသုံးခု ထည့်ရတယ်။ တဖြည်းဖြည်း
အရည်ခမ်းလာပြီး တစ်ပုလင်းထဲမှာ ထည့်
သိမ်းထားရတာဗျ။ လွှတ်အစွမ်းထက်တဲ့
ဆေးဗျာ။ ကျုပ်ဘကြီး ရွဲ့သွားပါတဲ့ပါးစပ်
ချက်ချင်းကို ပြန်တည့်သွားတာ။

ကျုပ်တို့မိသားစုလည်း ရွာကို ချက်ချင်း
မပြန်နိုင်ကြသေးဘူးပေါ့ဗျာ။ ဒီမှာတင်
ကျုပ်ဆီကို ကားယားတင်မြင့် ရောက်
လာတာဗျ။ ကားယားတင်မြင့်ဆိုတာ
ကျုပ်နဲ့ ကျောင်းနေဘက် သူငယ်ချင်း
ဗျ။အရပ်က တော်တော်ပုတဲ့အကောင်။

တစ်ချို့ကတော့ ဒီကောင့်ကို ကားယား
တင်မြင့်လို့ ခေါ်တယ်။ ဘာဖြစ်လို့တုံးဆို
တော့ တင်မြင့်က ပုကွကွနဲ့ လမ်းလျှောက်
ရင် ဒီကောင့်ခြေထောက်တွေက ကားယား
ကားယားနဲ့ လျှောက်လို့ဗျ။

အဲ့ကောင် တာတေ၊ မင်းတော်တော်
နေနိုင်တဲ့ကောင်ကွာ၊ မြို့ရောက်တာ
တောင် ငါ့ဘက်ကို လှည့်မလာဘူး

ကားယားတင်မြင့်က အိမ်ပေါ်ကို ကား
ယားကားယားနဲ့ တက်လာပြီး ပြောတာ
ဗ်။

ငါလည်း လာဖို့ပဲကွ တင်မြင့်ရ၊ ငါ
ရောက်တဲ့ညက ငါ့ဘကြီး လေဖြတ်
လို့ မရောက်သေးတာကွ

ဟေဟုတ်လား၊ ခုရော ဘကြီး
ဘယ်လိုနေတုန်း

ဒီကောင်တွေက ကျုပ်ကျောင်းတက်
တုန်းက ကျုပ်ဆီလာရင်း ဘကြီးအိမ်
က စားနေသောက်နေကျတွေလေဗျာ၊
ဘကြီးကိုလည်း အတော်ခင်တာ။

ခုတော့ ကောင်းသွားပြီကွ၊ လာ ထိုင်
တင်မြင့်

တင်မြင့်ကား ခုံတန်းလျားလေးမှာဝင်
ထိုင်လိုက်တယ်။ ကျုပ်က နဂါးဆေး
ပေါ့လိပ်တစ်လိပ်ထုတ်ပြီး ဓနုဖြူဒေါ်
ရင် ကြေးမီးခတ်ကလေးပါ ကမ်းပေး
လိုက်တယ်။ ကားယားက ကျုပ်ပေး
တဲ့ ဆေးပေါ့လိပ်ကို ကပျာကယာ
မီးညှိပြီး ဖွာရောဗျာ။

ဒီကောင့် ကြည့်ရတာ မောလာတဲ့ပုံပဲဗျ။
ပခုံးမှာလည်း လွယ်အိတ်ကြီးတစ်လုံး
လွယ်လို့၊ လက်မှာကလည်း ဘောင်ချာ
စာအုပ်တစ်အုပ်နဲ့ ခဲတံနီပြာတံကြီးတစ်
ချောင်း ကိုင်လို့ဗျ။ ဒီကောင်က စျေး
ကောက်လေဗျာ။ စျေးထဲမှာရော စျေး
ပြင်မှာပါ ဒီကောင်က စျေးကောက်
ကောက်ရတာ။တစ်ဆိုင်ကို တစ်ကျပ်
ဗျ။ဒီကောင် မောမောနဲ့ နဂါးဆေးပေါ့
လိပ်ကို တစ်ဖွာပြီးတစ်ဖွာ ဖွာနေတာဗျို့။

စျေးကောက် ကောက်လာရတော့
မောလာတယ် ထင်ပါရဲ့ဗျာ။ ဆေး
လိပ်သောက်ရင် အမောမခံနိုင်ဘူး
သာပြောတာဗျ။ တကယ်တမ်း မော
လာတော့လည်း ဆေးလိပ်လေးတစ်
ဖွာ နှစ်ဖွာ ရှိုက်လိုက်မှ အမောပြေ
တာဗျို့။

တာတေ မင်းသတင်းတွေ ငါကြား
တယ်ကွ

ဟေဘာသတင်းတုံးကွ၊
ကားယားရဲ့

မင်းက ဆရာဖြစ်နေပြီဆို ပယောဂ
တွေ ဘာတွေ လွှတ်နိုင်တာဆို

ဟာ မဟုတ်ပါဘူး ကားယားရဲ့၊
မင်းကို ဘယ်သူပြောလို့တုံး

ဘန့်ဘွေးကုန်းက သိန်းဇော်လည်း
ပြောတယ်။ပြီးတော့ မီးလောင်ကုန်း
က ပန်းစုံတို့ ညီအစ်ကိုလည်း ပြော
တယ်။ ပန်းစုံက မြို့ရောက်ရင် ငါတို့
အိမ်မှာတည်းတာကွ၊ ဒီတော့ မင်းသ
တင်းကို ငါက မကြားဘဲ နေမလား
ကွ တာတေရ

ငါ ဆရာ မဟုတ်ပါဘူး ကားယားရာ၊
ဆရာတွေ လာရင် လိုက်ပြီးအကူအညီ
ပေးတာပါကွာ၊ မင်းလည်း သိသားနဲ့၊ ငါ
က ငယ်ငယ်ကလေးတည်းက လွှတ်စပ်
စုတတ်တဲ့ကောင်လေကွာ၊ ဒီတော့ ရွာ
ဘက်ကို ဆရာကြီးတွေ ကြွလာရင် ထူး
ထူးဆန်းဆန်းတွေကို တွေ့ချင် မြင်ချင်
တာနဲ့ သူတို့ကို အကူအညီပေးရင်း
လျှောက်လိုက်တာဟေ့

ဟာ ဘာပဲပြောပြောလေကွာ၊ မင်း
မှာဒီလိုထူးဆန်းတဲ့ ကိစ္စတွေမှာ
တွေ့အကြုံ တော်တော်ရှိနေမှာပဲ

အေးဒါတော့ ဟုတ်တာပဲ၊ တော်
တော်များများကို ကြုံဖူးသွားတာကွ
သူငယ်ချင်းရေ

ဟုတ်ပြီ၊ ဒါဆိုရင် ငါ မင်းကို ပြော
ပြတော့မယ်၊ ငါ့မှာ ကိစ္စတစ်ခုရှိလို့
မင်းကို လာတွေ့တာကွ

ဟေဟုတ်လား၊ ဒါဆိုရင် ပြောပြ
လေကွာ၊ ကားယားရာ

ဒီလိုကွ၊ ငါတို့စျေးမှာ စျေးစောင့်ငါး
ယောက် ရှိတယ်။ ဟိုတလောက ဦး
လောဆိုတဲ့ အဘိုးကြီး ဆုံးသွားတယ်
ဦးလောရဲ့နေရာမှာ ကိုခွေးဆိုတဲ့လူ
တစ်ယောက် ခန့်ပြီး စျေးကို အစောင့်
ငါးယောက်နဲ့ ညတိုင်း စောင့်နေတာ
ပဲကြ

အေးအဲဒီတော့ ဘာဖြစ်လို့တုံး

ဒီလိုကွ တာတေရ၊ ငါတို့စျေးထဲကို
ညဘက်ဆိုရင် သရဲကြီးတစ်ကောင်
ဝင်ဝင်လာပြီး ငါးစျေးတန်းမှာ ပြုတ်
ကျကျန်နေတဲ့ သားစိမ်းငါးစိမ်းတွေကို
လာစားနေတာ သုံးလလောက် ရှိပြီကွ

ဟေမင်းတို့မြင်ရလို့လား

ငါကတော့ မမြင်ဘူးကွ တာတေ
ရ၊ညစောင့်တွေကတော့ တွေ့ကြရတာ
ပေါ့၊အဲဒီသရဲကိုတွေ့ရင် ကျန်တဲ့ည
စောင့်တွေက ကြောက်ပြီး ထွက်ပြေး
သွားပေမယ့်ဘလောကြီးက မကြောက်
ဘူးတဲ့ကွ၊သူ့လောက်လေးခွနဲ့ သရဲ့ကို
လိုက်ပစ်တာဆိုပဲ

ဟေဟုတ်လား

လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတော့
ကင်းစောင့်နေရင်းနဲ့ ဘလောက မူး
တယ် မူးတယ်လို့အော်ပြီး အကောင်း
သားကနေ ဘုန်းကနဲ လဲပြီး သေသွား
ရောပေါ့

ဟာဟိုသရဲများ လုပ်လိုက်တာ
လာူ ကားယားရယ်

အေးပေါ့ကွ၊ စျေးထဲမှာ လူတိုင်းက
ဒီအတိုင်းပြောပြတာ တာတေရဲ့၊ စျေး
စောင့်ကြီး ဦးလောကို သရဲကပ်သွား
တယ်ဆိုပြီး ပြောကြတာ၊ အဲဒီလိုပြော
နေတုန်း အခြေအနေက ပိုဆိုးလာ
တော့ စျေးသည်တွေလည်း ကြောက်
လန့်ကုန်ကြတာပေါ့ကွာ

နို့ နေပါဦးကွ၊ ဒီသရဲက အခု ဘာ
ထပ်လုပ်နေလို့တုံး

ဟာ မပြောပါနဲ့တော့ကွာ၊ အခုဖြစ်နေ
တာက သရဲက တစ်ကောင်မဟုတ်ဘဲ
နှစ်ကောင် ဖြစ်နေလို့ကွ

ဟေဟုတ်လားကွ

ဟုတ်ပါ့ တာတေရာ၊ အခုဆိုရင်
စောင့်တွေလည်း ကြောက်ပြီး အလုပ်
ထွက်တော့မယ် လုပ်နေကြပြီကွ

အေး ဟုတ်တယ် တာတေ၊ ညဆိုရင်
အဲဒီသရဲနှစ်ကောင် နပမ်းလုံးတာ တစ်
စျေးလုံး အုန်းဆန်နေတာကွ

ဟေဟုတ်လားကွ

ဟုတ်ပါ့ တာတေရာ၊ အခုဆိုရင်
စောင့်တွေလည်း ကြောက်ပြီး အလုပ်
ထွက်တော့မယ် လုပ်နေကြပြီကွ

နေဦးကွ၊ ကားယားရဲ့၊ သေသွားတဲ့
မင်းတို့ညစောင့်ကြီးကို ဆွမ်းတွေ ဘာ
တွေ သေသေချာချာ သွတ်ပေးကြရဲ့
လား ပြီးတော့ အမိန့်တွေ ဘာတွေရော
သေသေချာချာ ပြန်ရဲ့လား

ဆွမ်းကတော့ သူ့ဆိုင်မှာ သွတ်တာ
ပေါ့ကွ၊ အမိန့်တော့ ပြန်ရတာပေါ့၊သူ
က အစိုးရဝန်ထမ်းလေကွာ

ကျုပ်က ဘာမှမပြောဘဲ ငြိမ်ပြီးစဉ်းစား
နေလိုက်တယ်။ ပြီးတော့မှ

ကဲ ဒီလိုလုပ် ကားယားရာ၊ ညရှစ်နာရီ
လောက် ငါ့ကို လာခေါ်ကွာ၊ မင်းနဲ့ ငါ
စျေးထဲ ဝင်ပြီး ညစောင့်တွေနဲ့ အတူတူ
စောင့်ကြတာပေါ့

အေး ဟုတ်ပြီ၊ ဟုတ်ပြီ၊ ညရှစ်နာရီ
လောက် မင်းကို ငါလာခေါ်မယ်

ညရောက်တော့ ကျုပ်က မျက်ကွင်းဆေး
ကွင်းပြီး အဆင်သင့် စောင့်နေတယ်။ရှစ်
နာရီကျော်ကျော်လောက်ကျတော့ ကျုပ်
ကို ကားယား လာခေါ်တယ်။

ကျုပ်တို့ စျေးထဲဝင်ပြီး ညစောင့်တွေနဲ့
အတူတူ ကင်းစောင့်ကြတာပေါ့ဗျာ။ည
စောင့်ငါးယောက်က အထိုင်ကင်းဗျ။
ကျန်တဲ့လေးယောက်က နှစ်ယောက်
တစ်တွဲ လှည့်ကင်းထွက်တယ်။ စျေး
လမ်းတွေမှာ လျှောက်လှည့်ကြည့်ရ
တာပေါ့ဗျာ။ဆိုင်ကြိုဆိုင်ကြားတွေမှာ
ဓါတ်မီးတဝင်းဝင်းနဲ့ လိုက်ထိုးကြည့်
ကြရတာလေ။ ဒါပေမဲ့ ဒီရက်ကတော့
စိတ်ချရပါတယ်။ စျေးဖောက်မယ့်သူ
မရှိရင်တောင် စျေးထဲက သရဲနှစ်
ကောင် သတ်ပုတ်နေတဲ့သတင်းက
တစ်မြို့လုံး ပျံ့နေတော့ စျေးထဲကို
ဝင်ခိုးရဲတဲ့သူ ရှိမှာမဟုတ်ဘူးဗျ။

ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်

အထိုင်ကင်းကလူက တစ်နာရီ တစ်
ခါ တစ်ခါ နာရီသံချောင်းခေါက်ရသ
ဗျ။သံချောင်း ဆယ့်တစ်ချက်ခေါက်
ပြီး ကျုပ်နဲ့ ကားယားကလည်း အထိုင်
ကင်းမှာ ထိုင်နေကြတာလေဗျာ။

ဟာ ချကြပြီဟေ့ တာတေရ၊
လာ လာ မင်းကြည့်မယ်ဆိုရင်
ငါလိုက်ပြမယ်

ကားယားက ရှေ့က ပုကွကွ ကား
ယားကားယားနဲ့ သွားရောဗျာ။ကျုပ်
ကလည်း သူ့နောက်က ကပ်လိုက်
လာတာပေါ့ဗျာ။ အနောက်မှာ
ထိုင်ကင်းသမားကြီးပါ လိုက်လာ
တာဗ်။

မင်းတို့နှစ်ယောက်စလုံး ထသွားတော့
ငါတစ်ယောက်တည်း မနေဝံ့တော့ဘူး
ကွ တင်မြင့်ရ

အထိုင်ကင်းသမားက တင်မြင့်ကို
ပြောတာဗျ။

ကိုစံပွင့် ဒါ ငါးခြောက်တန်းဘက်က
အသံထင်တယ်ဗျ

အေး ဟုတ်တယ်၊ ဟုတ်တယ်၊ သွား
သွား အဲဒီကို သွားဟေ့

ကားယားက စျေးမြောက်ဘက်ကို ချိုး
ဝင်လိုက်တယ်။

ဝုန်း၊ ဝုန်း၊ ဂျိုင်း၊ ဂျိုင်း

ဟာ တွေ့ပြီဗျို့၊ တွေ့ပြီ။ မဲမဲအကောင်
ကြီးတစ်ကောင်နဲ့ ဆံပင်ဖားလျားချထား
တဲ့ လူလိုလို သရဲလိုလိုတစ်ယောက်နဲ့
သတ်နေကြတာဗျ။

ကားယား ရပ်တော့၊ ရှေ့ဆက်မသွားနဲ့

ကျုပ်က လေသံနဲ့ ပြောလိုက်တော့မှ
ဒီကောင် ကားယားတုန့်ကနဲ ရပ်သွား
တာဗ်။

ကားယား မင်းကို ငါ မေးဦးမယ်

ဘာတုံး တာတေ

ဆုံးသွားတဲ့ မင်းတို့ညစောင့်ကြီးက
ဘယ်လိုပုံတုံးကွ

အရပ်ထောင်ထောင်မောင်း သျှောင်
ထုံးကြီးနဲ့ကွ

သေတုန်းက စွပ်ကျယ်နဲ့ ပုဆိုးအပြာ
ကွက်တုံးကြီးနဲ့လား ကားယား

အေး ဟုတ်တယ် တာတေ၊ မင်း
ဘာမြင်ရတုံး

မင်းတို့ ဘလောကြီး မကျွတ်သေးဘူး
ကွ၊ သရဲမဲမဲအကောင်ကြီးနဲ့ အကြိတ်
အနယ် သတ်နေတာ၊မင်းတို့ စျေးစောင့်
ဘေလာကြ

ဟေဟုတ်လား

ဒီတစ်ခါ မေးတာက ကားယား မဟုတ်
တော့ဘူးဗျ။ အထိုင်ကင်းစောင့်တဲ့ ကို
စံပွင့်ကြီး မေးသဗျ။

ကျုပ်က ကိုစံပွင့်ကို လှည့်ကြည့်ပြီး
ခေါင်းညိတ်ပြလိုက်တယ်။ ကိုစံပွင့်
ဆိုတဲ့ စျေးစောင့်ကြီးက နောက်ကို
ခြေတစ်လှမ်း ဆုတ်လိုက်ပြီး မျက်
နှာပျက်သွားတယ်ဗျ။ ဒီတော့ မိတ်
ဆွေ ဦးလောကြီး သရဲဖြစ်နေတာ
ကို ကြားတော့ တော်တော်ကို
ကြောက်သွားပုံပဲဗျ။

ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဂျိုင်း၊ ဂျိုင်း

သရဲဦးလောကလည်း ခေသူတော့
မဟုတ်ဘူးဗျ။ သူ့ထက် အကောင်ကြီး
တဲ့ အမဲကောင်ကြီးကို ခံတွယ်နေတာ
ဗျ။ အသည်းတော်တော်ကောင်းတဲ့
ဦးလောပဲဗျာ။ ကျုပ် လုပ်ရမယ်ဆို
တာ စဉ်းစားရတော့တာဗျ။ ခဏ
ကြာတော့ ကျုပ်သိသွားပြီဗျို့။

ကဲ ကားယား ပြန်ကြစို့၊ မနက်ဖြန်
ညကျမှ တစ်ခုခုလုပ်ကြတာပေါ့ကွာ

အိမ်ပြန်ရောက်တော့ ညဆယ့်တစ်
နာရီခွဲပြီဗျ။ကျုပ်မဖဲဝါကို အကြောင်း
ကြားပြီး အိပ်မက်တောင်းတယ်။ကျုပ်
လည်း ချက်ချင်းကို အိပ်ပျော်သွားတာ
ဗျို့။ လေတွေ တိုက်လိုက်တာဗျာ။
သစ်ပင်ကြီးတွေတောင် ယိမ်းထိုး
လို့ဗျ။ဒါပေမဲ့ အရွက်ကလေး တစ်
ရွက်တောင် မလှုပ်တာကတော့
ဆယ်နှစ်ရာသီအဝါပင်ကြီးဗျ။

တစ်ပင်လုံးမှာ အဝါရောင်ပွင့်တွေ ထိန်
နေအောင် ပွင့်လို့၊ လေတွေ ဒီလောက်
တိုက်နေတာတောင် အရွက်ကလေး
တစ်ရွက်မလှုပ်ဘူး။အပွင့်ကလေးတစ်
ပွင့် မကြွေဘူးဗျ။

တာတေ

ကျုပ်တစ်ကိုယ်လုံးမှာ ကြက်သီးတွေ
ဖျန်းကနဲ ထသွားတယ် ဆံပင်တွေတောင်
ထောင်ကုန်ရောဗျာ။ မဖဲဝါက ကျုပ်ကို
အိပ်မက်ပေးတိုင်း ကျုပ်နဲ့ ရွယ်တူပုံစံမျိုး
ပြောင်းထားတာပါပဲ။

ဒါပေမဲ့ ကျုပ်ကလည်း လန့်သွားတာ
ချည်းပါပဲ။ မလန့်တဲ့အခါ တစ်ခါမှကို
မရှိဘူးဗျ။ ကျုပ်က ဆယ့်နှစ်ရာသီပင်
အောက်မှာ ရပ်နေတဲ့ မဖဲဝါကို ကြည့်
လိုက်တယ်။ နားရွက်ကြားမှာညှပ်ပြီး
ပန်ထားတဲ့ ဆယ့်နှစ်ရာသီပန်းအဝါ
လေးကို ကျုပ်ငေးကြည့်လိုက်မိတယ်။

တာတေ နင် ဘာသိချင်လို့တုံး

ဒီတော့မှ ကျုပ် သတိဝင်သွားတာဗျ။

သြော်မဖဲဝါ မြို့ကစျေးထဲမှာ သရဲ
နှစ်ကောင် ညတိုင်း သတ်နေကြလို့ဗျ

ကျုပ်က ဒါပဲ ပြောရသေးတာ၊ မဖဲဝါ
က ချက်ချင်းပြောတော့တာဗျို့။

တာတေ စျေးထဲကို ဝင်လာတဲ့ သရဲက
မဲကြီးလို့ ခေါ်တဲ့ အကောင်၊ စျေးတောင်
ဘက်က ကုက္ကိုပင်ကြီးမှာနေတာ နှစ်သုံး
ဆယ်လောက် ရှိပြီ။ ငလောက မနေ့တစ်
နေ့ကမှ သရဲဖြစ်တာ၊ ငမဲကို သူ ဘယ်
နိုင်မှာတုံး၊ ဒါပေမဲ့ ငလောကို နိုင်အောင်
လုပ်ပေးမှ ဖြစ်မယ်၊ ငလော နိုင်သွားရင်
ဒီစျေးထဲကို ငမဲ ဘယ်တော့မှ ဝင်မှာမ
ဟုတ်တော့ဘူး။ သရဲဆိုတာ သူ့ကိုနိုင်
တဲ့ အကောင်ရှိရင် အဲဒီနေရာကို ဘယ်
တော့မှ မသွားတော့ဘူး။ ရော့ ဟောဒီ
ရှားဖြူသီးတွေ ယူသွားပြီး ငလောကို
ရှားဖြူသီးနဲ့ ပေါက်ပေး၊ ဒါမှ ငလောနိုင်
မှာ၊ ငလော နိုင်ရင် ငမဲကြီး နင်တို့စျေး
ထဲကို ဘယ်တော့မှ ဝင်မှာမဟုတ်ဘူး

ကျုပ် လန့်နိုးသွားတယ်။ ယောင်ပြီး
ကျုပ်လက်ထဲကို စမ်းကြည့်တယ်။
မဖဲဝါပေးလိုက်တဲ့ ရှားဖြူးသီးတစ်
ဆုပ်ကြီး ကျုပ်ယူလာတာဗျ။

ကျုပ်လည်း ကြောင်တောင်တောင်
ဖြစ်သွားပြီး လက်ထဲမှာ ရှားဖြူးသီး
ရှာနေမိတာဗျို့။ ခဏကြာတော့
ကျုပ်ပြန်အိပ်သွားတယ်။ မနက်
မိုးလင်းတော့ ဘကြီးကို လက်ဖက်
ရည်နှင့် အီကြာကွေး ဝယ်ပေးဖို့
ကျုပ်အိပ်ရာက ထလိုက်တယ်။
ကျုပ်ကျောကုန်းအောက်က ခိုး
လို့ခုလု ဖြစ်နေတော့ ထကြည့်
လိုက်တော့

ဟာ ရှားဖြူသီးတွေပါလား

ကျုပ် တော်တော်ကို အံ့သြသွားတာဗျ။
ညက အိပ်မက်မှာ မဖဲဝါ ကျုပ်လက်ထဲ
ကို ထည့်ပေးလိုက်တဲ့ ရှားဖြူသီးတွေ
တကယ်ပါလာတာဗျို့။တစ်လုံး နှစ်လုံး
သုံးလုံး လေးလုံး ငါးလုံး။ကျုပ် ရှားဖြူ
သီးတွေကို ကောက်ယူလိုက်တယ်။
အားလုံး ငါးလုံးဗျ။ ညရှစ်နာရီခွဲတော့
ကျုပ်သူငယ်ချင်း စျေးကောက် ကား
ယား ရောက်လာရောဗျ။

ကျုပ်လည်း စက္ကူနဲ့ ထုတ်ထားတဲ့ ရှား
ဖြူသီးထုပ်ကို ယူလာခဲ့တယ်။စျေးထဲက
အထိုင်ကင်းမှာ စျေးစောင့်ငါးယောက်
ကျုပ်ရယ်၊ ကားယားရယ် ထိုင်ပြီး စကား
ပြောနေကြတာဗျို့။ ကျုပ်ကလည်း နဂါး
ဆေးပေါ့လိပ်လေးဖွာရင်း စျေးစောင့်ကြီး
တွေ တိုက်တဲ့ ရေနွေးကြမ်းတွေ သောက်
နေတာဗျ။

တော်တော်လေး ညဉ့်နက်လာတော့
လှည့်ကင်း လေးယောက်က နှစ်ယောက်
တစ်တွဲ တွဲပြီး စျေးလမ်းတွေထဲ ဝင်သွား
ကြတယ်။

ဒီည ထိုင်ကင်းကျတာ ကိုစံပွင် မဟုတ်
တော့ဘူးဗျ။ ကိုဖိုးထင်တဲ့။ ညဆယ့်တစ်
နာရီထိုးတော့ ကိုဖိုးထင်က နာရီသံချောင်း
ဆယ့်တစ်ချက်ခေါက်လိုက်တယ်။ ကျုပ်နဲ့
ကားယားကတော့ နားစွင့်နေ ကြတာပေါ့
ဗျာ။

ဝုန်း ဝုန်း ဝုန်း ဂျိုင်း ဂျိုင်း

ဟော ချကုန်ကြပြီဟေ့ တာတေရေ၊
ဒီတစ်ခါ အသံကြားတာက ငါးခြောက်
တန်း မဟုတ်တော့ဘူးကွ၊ အမဲသား
ဆိုင်ဘက်က ကြားတာကွ

ပြောပြောဆိုဆိုနဲ့ ကားယားက ရှေ့ကနေ
သုတ်ခြေတင်တယ်။ သူ့နဂိုပုံစံအတိုင်းပေါ့
ဗျာ။ ပုကွကွ ကားယားကားယားနဲ့ လျှောက်
သွားတာဗျ။ ကျုပ်နဲ့ စျေးစောင့် ကိုဖိုးထင်က
လည်း ကားယားနောက်က ခပ်သုတ်သုတ်
လိုက်ကြရတာပေါ့ဗျာ။

ဟော တွေ့ပြီဗျို့၊ ဟိုနေ့က ပုံစံအတိုင်း
ပဲဗျို့

မဲမဲအကောင်ကြီးနဲ့ ဦးလောသရဲ လုံးထွေး
နေကြတာဗျ။ ကျုပ်က မျက်ကွင်းဆေး
ကွင်းလိမ်းလို့သာ မြင်နေရတာပေါ့ဗျာ။

ဝုန်း

ငမဲကြီးက သရဲဦးလောကို ဆောင့်ကန်
လိုက်တာဗျို့။ သရဲဦးလော လွင့်ထွက်
သွားပြီး ဆိုင်ရှေ့က ကာထားတဲ့ သွပ်ပြား
တွေနဲ့ ဝုန်းကနဲ မြည်အောင် ဆောင့်ပြီး
ပြုတ်ကျသွားတာဗျို့။

ဒါပေမဲ့ သရဲဦးလောက လွှတ်အသည်း
ကောင်းတဲ့ သရဲဗျ။ ချက်ချင်းကုန်းထပြီး
ငမဲကြီးကို ရင်ဆိုင်လိုက်တယ်။ ကျုပ်က
စက္ကူထုတ်ကို ကပျာကယာဖြည်ပြီး အထဲ
က ရှားဖြူသီးတစ်လုံးကို ယူလိုက်တယ်

ကဲကွာ၊ ပစ်ပြီဗျို့။ ကျုပ် ပစ်လိုက်ပြီ။
သရဲဦးလောရဲ့ကျောကုန်းကို ကျုပ်ပစ်
လိုက်တဲ့ ရှားဖြူသီးက တည့်တည့်မှန်
သွားတယ်။ ဟာ ကြီးလာပြီဗျို့။ သရဲ
ဦးလော အကောင်ကြီး ကြီးလာပြီဗျို့။

ကျုပ် ထပ်ပစ်တယ်။ ရှားဖြူသီး ငါးလုံး
စလုံး သရဲဦးလောကြီးကို ထိသွားတယ်။
မဖဲဝါရဲ့ အစွမ်းများ ကြီးလိုက်တာဗျာ။
ရှားဖြူသီးတွေ ထိသွားတဲ့ သရဲဦးလော
ကြီးဗျာ ကျုပ်မျက်စိအောက်မှာတင်
ကြီးကြီးလာလိုက်တာ ငမဲကြီးထက်
သုံးဆလောက်ကို ဖြစ်သွားတာဗျ။

ငမဲကြီးဆိုတာ သရဲဦးလောကြီးကို
ကြက်သေ သေပြီးကြည့်နေတော့တာဗျို့။
သရဲဦးလောကြီးကိုကြောက်လန့်တကြား
ဖြစ်နေတဲ့ပုံပဲဗျ။ ပြေးပြီဗျို့။ ပြေးပြီ။ ဦး
လောသရဲကြီးက ဒေါသတကြီးနဲ့ ပြေး
ပြီ ငမဲကြီးကို ထိုးတော့တာဗျို့။

ဖုန်း၊ ဖုန်း၊ ဖုန်း၊ ခွမ်း၊ ခွမ်း၊ ခွမ်း

သရဲဦးလောက သူ့ရဲ့ ဧရာမလက်သီး
ကြီးတွေနဲ့ ငမဲကြီးကို ဘယ်ပြန်ညာပြန်
ထိုးတော့တာဗျာ။ ငမဲကြီးဆိုတာ ဘာမှ
ကို ပြန်မလုပ်ဝံ့တော့ဘဲ ခေါင်းကြီးငုံ့ထား
ပြီး သရဲဦးလော ထိုးသမျှကို ခံနေရတော့
တာဗ်။

ဝုန်း၊ ဝုန်း၊ ဝုန်း

ဟော ပြေးပြီ၊ ပြေးပြီ။ ငမဲကြီး ပြေးပြီဗျို့။
သရဲဦးလော တစ်ချက်အလစ်မှာ ငမဲကြီး
ပြေးတော့တာဗျ။

သရဲဦးလောက အနောက်က ပြေးလိုက်
သေးတယ်။ ဒါပေမဲ့ ငမဲကြီးက ခုန်ပြီး စျေး
ကို ကျော်ထွက်သွားရောဗျာ။ သရဲဦးလော
လက်သီးကြီးနှစ်ဖက်ကို ဆုပ်ပြီး ထွက်ပြေး
သွားတဲ့ ငမဲကြီးကို မကျေမနပ်နဲ့ ကြည့်နေ
တာဗ်။

ဟော ပြန်သေးသွားပြီဗျို့။ သရဲဦးလောရဲ့
အရွယ်တဖြည်းဖြည်း ပြန်သေးလာပြီ။ကျုပ်
လည်း ကားယားကို လက်ဆုပ်ပြီး ခပ်သုတ်
သုတ် လှမ်းထွက်လာခဲ့တယ်။ ကားယားနဲ့
ကိုဖိုးထင်လည်း ကျုပ်နောက်ကကပ်ပြီး
ပါလာကြတယ်။ အထိုင်ကင်းနေရာကို
ရောက်တော့ ကျုပ်က ကားယားကို
ပြောလိုက်တယ်။

ကားယား မင်းတို့စျေးထဲကို ညတိုင်း
ဝင်လာတဲ့ မဲမဲကောင်ကြီး ဘယ်တော့
မှ လာမှာမဟုတ်တော့ဘူးကွ၊ အိမ်း
ဒါပေမဲ့ မင်းတို့ စျေးသူစျေးသားတွေ
ပိုက်ဆံစုပြီး စျေးစောင့်ဦးလောကို
ဆွမ်းထပ်သွတ်ပေးကြပါကွာ၊ ဒီတစ်
ခါ သူ့အိမ်မှာ မလုပ်ဘဲ စျေးထဲမှာပဲ
ဘုန်းကြီးတွေ ပင့်ပြီး ဆွမ်းသွတ်လိုက်
ကွာ ပြီးတော့ ဘုန်းကြီးတွေကို စျေး
ဝင်းကြီးထဲမှာ နေရာအနှံ့ ပရိတ်ရွတ်
ပေးဖို့ မင်းတို့ စျေးကြီး ပြန့်ပြီး သန့်
သွားမှာ ကားယားရဲ့

စိတ်ချ သူငယ်ချင်း၊ မနက်ကျရင်
လူကြီးတွေကို အားလုံးပြောပြပြီး
ဘလောအတွက် ဒီစျေးထဲမှာပဲ
ဆွမ်းပြန်သွတ်ဖို့်စီစဉ်လိုက်မယ်

ကားယားတင်မြင့်က ကျုပ်တို့ဘကြီးအိမ်
အရောက် လိုက်ပို့ပေးတယ်။
ကျုပ်အိမ်ပြန်ရောက်တော့ ညတစ်နာရီတောင် ထိုးနေပြီဗျာ။

ပြီးပါပြီခဗျာ

လူသတ်ကုန်းက မဖဲဝါ စာအုပ်မှကောက်နုတ်တင်ပြထားသည်။

စာဖတ်ပရိတ်သတ်များ အားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ။

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and shareလေးနဲ့
အားပေးသွားပါအုံးဗျာ။

#တာတေ
#
မဖဲဝါ
#
ညမဖတ်ရ

Zawgyi(version)

ေစ်းသရဲ (/ဆုံး)
မူရင္းေရးသူ_တာေတ

ျပာသိုလႀကီးဗ်။ က်ဳပ္က ၿမိဳ႕ကိုေရာက္
ေနတာ။က်ဳပ္ေက်ာင္းတက္တုန္းက ေနခဲ့တဲ့
က်ဳပ္ဘႀကီးအိမ္မွာပဲေပါ့ဗ်ာ။

ဘႀကီးနဲ႕ မေတြ႕တာၾကာလို႔ ဘႀကီးကိုကန္ေတာ့ခ်င္လို႔ လာတာဗ်။
ဒီေရာက္ေတာ့ က်ဳပ္ေရာက္တဲ့ညမွာပဲ ဘႀကီးက ေလျဖန္းခ်င္
သလို ျဖစ္တာနဲ႕ ႐ြာကို မျပန္ျဖစ္ေသးတာ။
ခုေတာ့ ဘႀကီးလည္း ေကာင္းလာပါၿပီ။

ဘႀကီးမွာက သူကိုယ္တိုင္ စိမ္ထားတဲ့
ေလငန္းေဆးရွိေနလို႔ေပါ့ဗ်ာ။ အဲဒီေဆးသာမရွိရင္ ခက္သားဗ်။

ဒီေဆးအေၾကာင္းလည္း က်ဳပ္က သိသဗ်။ ဘႀကီးအိမ္မွာ
ေနၿပီး ေက်ာင္းလာတက္ကတည္းကဒီေဆးကို ဘႀကီးက အၿမဲေဖာ္တာ။
ေလငန္းျဖစ္တဲ့လူရွိရင္ သူကိုယ္တိုင္ေဆးသြားပို႔ေနက်ေလဗ်ာ။

ဘႀကီး အၿမဲေျပာေျပာေနလို႔ ေဆးအေၾကာင္းကို က်ဳပ္က သိၿပီးသားဗ်။

ဘႀကီး ေလျဖတ္တဲ့ညက ဝူးဝူးဝါးဝါးနဲ႕
ထေအာ္ေတာ့ က်ဳပ္လည္း အိပ္ေနရာက လန့္နိုးၿပီး သူ႕အိပ္ရာေပၚ ေျပး
သြားေတာ့ ဘႀကီးက သူ႕အိပ္ရာေဘးက ခုံေပၚမွာ တင္ထားတဲ့ ေဆးပုလင္းႀကီးကိုခ်ည္း လက္ညွိုးထိုးျပေနတာဗ်။ ဒါနဲ႕ က်ဳပ္လည္း
ဘႀကီးေျပာဖူးထားတဲ့အတိုင္းေပါ့ဗ်ာ။

ေဆးစိမ္ထားတဲ့ ငွက္ေပ်ာဖူးပုလင္းႀကီးကို လႈပ္ၿပီး ေဆးရည္ကို ဇြန္းထဲ
ထည့္ ဘႀကီးရဲ႕ခပ္ေစ့ေစ့ျဖစ္ေနတဲ့ပါးစပ္ထဲကို ဇြန္းနဲ႕ ကလန့္ၿပီး
ခပ္ျဖည္းျဖည္းထည့္ေပးရတာေပါ့ဗ်ာ။ ျ

ပီးတာနဲ႕ ေဆးရည္ကို လက္ခုတ္ထဲထည့္ၿပီးနည္းနည္း႐ြဲ႕သြားတဲ့
ဘႀကီးရဲ႕ပါးကိုေဆးလိမ္းၿပီး ဆြဲခ်ရတာဗ်ိဳ႕။

လႊတ္စြမ္းတဲ့ေဆးေပါ့ဗ်ာ။

ဆယ္မိနစ္ေလာက္ၾကာေတာ့ ႐ြဲ႕သြား
တဲ့ပါးလည္း ျပန္တည့္သြားတယ္။ လွ်ာ
လည္း ေကာင္းသြားၿပီး စကားေျပာလို႔ၿပီးသြားေရာဗ်ာ။

ဒီေတာ့မွ အဲဒီေဆးရည္နဲ႕ပဲ လက္ေတြ ေျခေတြ လိမ္းၿပီးႏွိပ္ေပးရတာဗ်ိဳ႕။ အေမ့အစ္ကို အရင္းေလဗ်ာ။ အဘနဲ႕ အေမလည္း ေနာက္
တစ္ေန႕ ေရာက္လာၾကေရာဗ်။
ဘႀကီးကိုလည္း လိုအပ္တဲ့ ေဆးဝါးနဲ႕ ထပ္ၿပီးကုၾကရတာေပါ့ဗ်ာ။

ေနဦးဗ်၊ ဘႀကီးရဲ႕လက္စြဲ ေလငန္းေဆး
ေဖာ္နည္းကို က်ဳပ္ေျပာျပမယ္။ တျခားမဟုတ္ဘူးဗ်။

ေရွာင္ဘီလူးလို႔ေခၚတဲ့
သံပုရာသီးသာသာရွိတဲ့ ေရွာင္သီးေလ
ဗ်ာ၊ အခြံမွာ အထြတ္ထြတ္ေတြထေနတဲ့
ေရွာက္သီးေပါ့။ အဲဒီေရွာက္ဘီလူးကို
ေရညွစ္၊ ငွက္ေပ်ာဖူးပုလင္းတစ္ပုလင္းရေအာင္ ညွစ္ရတယ္ဗ်။

ၿပီးရင္ ထန္းလ်က္နဲ႕ ေကာက္ညွင္းခ်က္
ထားတဲ့ အရက္ေကာင္းေကာင္းတစ္ပု
လင္းနဲ႕ ေရွာက္ဘီလူးအရည္နဲ႕ ေရာၿပီး
ေႂကြရည္သုတ္ဇလုံနဲ႕ ႀကိဳရသဗ်။ အဲဒီ
အထဲမွာ ကုလားေအာ္သီး င႐ုတ္အညွာ
သုံးခုေလာက္ ထည့္ရတယ္။

ၿပီးရင္ ငါးလင္ဗန္းသည္းေျခ အေျခာက္
ကေလးသုံးခု ထည့္ရတယ္။ တျဖည္းျဖည္း
အရည္ခမ္းလာၿပီး တစ္ပုလင္းထဲမွာ ထည့္
သိမ္းထားရတာဗ်။ လႊတ္အစြမ္းထက္တဲ့
ေဆးဗ်ာ။ က်ဳပ္ဘႀကီး ႐ြဲ႕သြားပါတဲ့ပါးစပ္
ခ်က္ခ်င္းကို ျပန္တည့္သြားတာ။

က်ဳပ္တို႔မိသားစုလည္း ႐ြာကို ခ်က္ခ်င္း
မျပန္နိုင္ၾကေသးဘူးေပါ့ဗ်ာ။ ဒီမွာတင္
က်ဳပ္ဆီကို ကားယားတင္ျမင့္ ေရာက္
လာတာဗ်။ ကားယားတင္ျမင့္ဆိုတာ
က်ဳပ္နဲ႕ ေက်ာင္းေနဘက္ သူငယ္ခ်င္း
ဗ်။အရပ္က ေတာ္ေတာ္ပုတဲ့အေကာင္။

တစ္ခ်ိဳ႕ကေတာ့ ဒီေကာင့္ကို ကားယား
တင္ျမင့္လို႔ ေခၚတယ္။ ဘာျဖစ္လို႔တုံးဆို
ေတာ့ တင္ျမင့္က ပုကြကြနဲ႕ လမ္းေလွ်ာက္
ရင္ ဒီေကာင့္ေျခေထာက္ေတြက ကားယား
ကားယားနဲ႕ ေလွ်ာက္လို႔ဗ်။

အဲ့ေကာင္ တာေတ၊ မင္းေတာ္ေတာ္
ေနနိုင္တဲ့ေကာင္ကြာ၊ ၿမိဳ႕ေရာက္တာ
ေတာင္ ငါ့ဘက္ကို လွည့္မလာဘူး

ကားယားတင္ျမင့္က အိမ္ေပၚကို ကား
ယားကားယားနဲ႕ တက္လာၿပီး ေျပာတာ
ဗ္။

ငါလည္း လာဖို႔ပဲကြ တင္ျမင့္ရ၊ ငါ
ေရာက္တဲ့ညက ငါ့ဘႀကီး ေလျဖတ္
လို႔ မေရာက္ေသးတာကြ

“ေဟဟုတ္လား၊ ခုေရာ ဘႀကီး
ဘယ္လိုေနတုန္း

ဒီေကာင္ေတြက က်ဳပ္ေက်ာင္းတက္
တုန္းက က်ဳပ္ဆီလာရင္း ဘႀကီးအိမ္
က စားေနေသာက္ေနက်ေတြေလဗ်ာ၊
ဘႀကီးကိုလည္း အေတာ္ခင္တာ။

ခုေတာ့ ေကာင္းသြားၿပီကြ၊ လာ ထိုင္
တင္ျမင့္

တင္ျမင့္ကား ခုံတန္းလ်ားေလးမွာဝင္
ထိုင္လိုက္တယ္။ က်ဳပ္က နဂါးေဆး
ေပါ့လိပ္တစ္လိပ္ထုတ္ၿပီး ဓႏုျဖဴေဒၚ
ရင္ ေၾကးမီးခတ္ကေလးပါ ကမ္းေပး
လိုက္တယ္။ ကားယားက က်ဳပ္ေပး
တဲ့ ေဆးေပါ့လိပ္ကို ကပ်ာကယာ
မီးညွိၿပီး ဖြာေရာဗ်ာ။

ဒီေကာင့္ ၾကည့္ရတာ ေမာလာတဲ့ပုံပဲဗ်။
ပခုံးမွာလည္း လြယ္အိတ္ႀကီးတစ္လုံး
လြယ္လို႔၊ လက္မွာကလည္း ေဘာင္ခ်ာ
စာအုပ္တစ္အုပ္နဲ႕ ခဲတံနီျပာတံႀကီးတစ္
ေခ်ာင္း ကိုင္လို႔ဗ်။ ဒီေကာင္က ေစ်း
ေကာက္ေလဗ်ာ။ ေစ်းထဲမွာေရာ ေစ်း
ျပင္မွာပါ ဒီေကာင္က ေစ်းေကာက္
ေကာက္ရတာ။တစ္ဆိုင္ကို တစ္က်ပ္
ဗ်။ဒီေကာင္ ေမာေမာနဲ႕ နဂါးေဆးေပါ့
လိပ္ကို တစ္ဖြာၿပီးတစ္ဖြာ ဖြာေနတာဗ်ိဳ႕။

ေစ်းေကာက္ ေကာက္လာရေတာ့
ေမာလာတယ္ ထင္ပါရဲ႕ဗ်ာ။ ေဆး
လိပ္ေသာက္ရင္ အေမာမခံနိုင္ဘူး
သာေျပာတာဗ်။ တကယ္တမ္း ေမာ
လာေတာ့လည္း ေဆးလိပ္ေလးတစ္
ဖြာ ႏွစ္ဖြာ ရွိုက္လိုက္မွ အေမာေျပ
တာဗ်ိဳ႕။

တာေတ မင္းသတင္းေတြ ငါၾကား
တယ္ကြ

“ေဟဘာသတင္းတုံးကြ၊
ကားယားရဲ႕

မင္းက ဆရာျဖစ္ေနၿပီဆို ပေယာဂ
ေတြ ဘာေတြ လႊတ္နိုင္တာဆို

ဟာ မဟုတ္ပါဘူး ကားယားရဲ႕၊
မင္းကို ဘယ္သူေျပာလို႔တုံး

ဘန့္ေဘြးကုန္းက သိန္းေဇာ္လည္း
ေျပာတယ္။ၿပီးေတာ့ မီးေလာင္ကုန္း
က ပန္းစုံတို႔ ညီအစ္ကိုလည္း ေျပာ
တယ္။ ပန္းစုံက ၿမိဳ႕ေရာက္ရင္ ငါတို႔
အိမ္မွာတည္းတာကြ၊ ဒီေတာ့ မင္းသ
တင္းကို ငါက မၾကားဘဲ ေနမလား
ကြ တာေတရ

ငါ ဆရာ မဟုတ္ပါဘူး ကားယားရာ၊
ဆရာေတြ လာရင္ လိုက္ၿပီးအကူအညီ
ေပးတာပါကြာ၊ မင္းလည္း သိသားနဲ႕၊ ငါ
က ငယ္ငယ္ကေလးတည္းက လႊတ္စပ္
စုတတ္တဲ့ေကာင္ေလကြာ၊ ဒီေတာ့ ႐ြာ
ဘက္ကို ဆရာႀကီးေတြ ႂကြလာရင္ ထူး
ထူးဆန္းဆန္းေတြကို ေတြ႕ခ်င္ ျမင္ခ်င္
တာနဲ႕ သူတို႔ကို အကူအညီေပးရင္း
ေလွ်ာက္လိုက္တာေဟ့

ဟာ ဘာပဲေျပာေျပာေလကြာ၊ မင္း
မွာဒီလိုထူးဆန္းတဲ့ ကိစၥေတြမွာ
ေတြ႕အႀကဳံ ေတာ္ေတာ္ရွိေနမွာပဲ

“ေအးဒါေတာ့ ဟုတ္တာပဲ၊ ေတာ္
ေတာ္မ်ားမ်ားကို ႀကဳံဖူးသြားတာကြ
သူငယ္ခ်င္းေရ

ဟုတ္ၿပီ၊ ဒါဆိုရင္ ငါ မင္းကို ေျပာ
ျပေတာ့မယ္၊ ငါ့မွာ ကိစၥတစ္ခုရွိလို႔
မင္းကို လာေတြ႕တာကြ

ေဟဟုတ္လား၊ ဒါဆိုရင္ ေျပာျပ
ေလကြာ၊ ကားယားရာ

ဒီလိုကြ၊ ငါတို႔ေစ်းမွာ ေစ်းေစာင့္ငါး
ေယာက္ ရွိတယ္။ ဟိုတေလာက ဦး
ေလာဆိုတဲ့ အဘိုးႀကီး ဆုံးသြားတယ္
ဦးေလာရဲ႕ေနရာမွာ ကိုေခြးဆိုတဲ့လူ
တစ္ေယာက္ ခန့္ၿပီး ေစ်းကို အေစာင့္
ငါးေယာက္နဲ႕ ညတိုင္း ေစာင့္ေနတာ
ပဲၾက

“ေအးအဲဒီေတာ့ ဘာျဖစ္လို႔တုံး

ဒီလိုကြ တာေတရ၊ ငါတို႔ေစ်းထဲကို
ညဘက္ဆိုရင္ သရဲႀကီးတစ္ေကာင္
ဝင္ဝင္လာၿပီး ငါးေစ်းတန္းမွာ ျပဳတ္
က်က်န္ေနတဲ့ သားစိမ္းငါးစိမ္းေတြကို
လာစားေနတာ သုံးလေလာက္ ရွိၿပီကြ

“ေဟ မင္းတို႔ျမင္ရလို႔လား

ဟငါကေတာ့ မျမင္ဘူးကြ တာေတ
ရ၊ညေစာင့္ေတြကေတာ့ ေတြ႕ၾကရတာ
ေပါ့၊အဲဒီသရဲကိုေတြ႕ရင္ က်န္တဲ့ည
ေစာင့္ေတြက ေၾကာက္ၿပီး ထြက္ေျပး
သြားေပမယ့္ဘေလာႀကီးက မေၾကာက္
ဘူးတဲ့ကြ၊သူ႕ေလာက္ေလးခြနဲ႕ သရဲ႕ကို
လိုက္ပစ္တာဆိုပဲ

“ေဟ ဟုတ္လား

လြန္ခဲ့တဲ့ ႏွစ္ပတ္ေလာက္ကေတာ့
ကင္းေစာင့္ေနရင္းနဲ႕ ဘေလာက မူး
တယ္ မူးတယ္လို႔ေအာ္ၿပီး အေကာင္း
သားကေန ဘုန္းကနဲ လဲၿပီး ေသသြား
ေရာေပါ့

ဟာ ဟိုသရဲမ်ား လုပ္လိုက္တာ
လာူ ကားယားရယ္

“ေအးေပါ့ကြ၊ ေစ်းထဲမွာ လူတိုင္းက
ဒီအတိုင္းေျပာျပတာ တာေတရဲ႕၊ ေစ်း
ေစာင့္ႀကီး ဦးေလာကို သရဲကပ္သြား
တယ္ဆိုၿပီး ေျပာၾကတာ၊ အဲဒီလိုေျပာ
ေနတုန္း အေျခအေနက ပိုဆိုးလာ
ေတာ့ ေစ်းသည္ေတြလည္း ေၾကာက္
လန့္ကုန္ၾကတာေပါ့ကြာ

နို႔ ေနပါဦးကြ၊ ဒီသရဲက အခု ဘာ
ထပ္လုပ္ေနလို႔တုံး

ဟာ မေျပာပါနဲ႕ေတာ့ကြာ၊ အခုျဖစ္ေန
တာက သရဲက တစ္ေကာင္မဟုတ္ဘဲ
ႏွစ္ေကာင္ ျဖစ္ေနလို႔ကြ

“ေဟ ဟုတ္လားကြ

ဟုတ္ပါ့ တာေတရာ၊ အခုဆိုရင္
ေစာင့္ေတြလည္း ေၾကာက္ၿပီး အလုပ္
ထြက္ေတာ့မယ္ လုပ္ေနၾကၿပီကြ

“ေအး ဟုတ္တယ္ တာေတ၊ ညဆိုရင္
အဲဒီသရဲႏွစ္ေကာင္ နပမ္းလုံးတာ တစ္
ေစ်းလုံး အုန္းဆန္ေနတာကြ

“ေဟဟုတ္လားကြ

ဟုတ္ပါ့ တာေတရာ၊ အခုဆိုရင္
ေစာင့္ေတြလည္း ေၾကာက္ၿပီး အလုပ္
ထြက္ေတာ့မယ္ လုပ္ေနၾကၿပီကြ

“ေနဦးကြ၊ ကားယားရဲ႕၊ ေသသြားတဲ့
မင္းတို႔ညေစာင့္ႀကီးကို ဆြမ္းေတြ ဘာ
ေတြ ေသေသခ်ာခ်ာ သြတ္ေပးၾကရဲ႕
လား ၿပီးေတာ့ အမိန့္ေတြ ဘာေတြေရာ
ေသေသခ်ာခ်ာ ျပန္ရဲ႕လား

ဆြမ္းကေတာ့ သူ႕ဆိုင္မွာ သြတ္တာ
ေပါ့ကြ၊ အမိန့္ေတာ့ ျပန္ရတာေပါ့၊သူ
က အစိုးရဝန္ထမ္းေလကြာ

က်ဳပ္က ဘာမွမေျပာဘဲ ၿငိမ္ၿပီးစဥ္းစား
ေနလိုက္တယ္။ ၿပီးေတာ့မွ

ကဲ ဒီလိုလုပ္ ကားယားရာ၊ ညရွစ္နာရီ
ေလာက္ ငါ့ကို လာေခၚကြာ၊ မင္းနဲ႕ ငါ
ေစ်းထဲ ဝင္ၿပီး ညေစာင့္ေတြနဲ႕ အတူတူ
ေစာင့္ၾကတာေပါ့

“ေအး ဟုတ္ၿပီ၊ ဟုတ္ၿပီ၊ ညရွစ္နာရီ
ေလာက္ မင္းကို ငါလာေခၚမယ္

ညေရာက္ေတာ့ က်ဳပ္က မ်က္ကြင္းေဆး
ကြင္းၿပီး အဆင္သင့္ ေစာင့္ေနတယ္။ရွစ္
နာရီေက်ာ္ေက်ာ္ေလာက္က်ေတာ့ က်ဳပ္
ကို ကားယား လာေခၚတယ္။

က်ဳပ္တို႔ ေစ်းထဲဝင္ၿပီး ညေစာင့္ေတြနဲ႕
အတူတူ ကင္းေစာင့္ၾကတာေပါ့ဗ်ာ။ည
ေစာင့္ငါးေယာက္က အထိုင္ကင္းဗ်။
က်န္တဲ့ေလးေယာက္က ႏွစ္ေယာက္
တစ္တြဲ လွည့္ကင္းထြက္တယ္။ ေစ်း
လမ္းေတြမွာ ေလွ်ာက္လွည့္ၾကည့္ရ
တာေပါ့ဗ်ာ။ဆိုင္ႀကိဳဆိုင္ၾကားေတြမွာ
ဓါတ္မီးတဝင္းဝင္းနဲ႕ လိုက္ထိုးၾကည့္
ၾကရတာေလ။ ဒါေပမဲ့ ဒီရက္ကေတာ့
စိတ္ခ်ရပါတယ္။ ေစ်းေဖာက္မယ့္သူ
မရွိရင္ေတာင္ ေစ်းထဲက သရဲႏွစ္
ေကာင္ သတ္ပုတ္ေနတဲ့သတင္းက
တစ္ၿမိဳ႕လုံး ပ်ံ့ေနေတာ့ ေစ်းထဲကို
ဝင္ခိုးရဲတဲ့သူ ရွိမွာမဟုတ္ဘူးဗ်။

“ေဒါင္ ေဒါင္ ေဒါင္ ေဒါင္ ေဒါင္ ေဒါင္

အထိုင္ကင္းကလူက တစ္နာရီ တစ္
ခါ တစ္ခါ နာရီသံေခ်ာင္းေခါက္ရသ
ဗ်။သံေခ်ာင္း ဆယ့္တစ္ခ်က္ေခါက္
ၿပီး က်ဳပ္နဲ႕ ကားယားကလည္း အထိုင္
ကင္းမွာ ထိုင္ေနၾကတာေလဗ်ာ။

ဟာ ခ်ၾကၿပီေဟ့ တာေတရ၊
လာ လာ မင္းၾကည့္မယ္ဆိုရင္
ငါလိုက္ျပမယ္

ကားယားက ေရွ႕က ပုကြကြ ကား
ယားကားယားနဲ႕ သြားေရာဗ်ာ။က်ဳပ္
ကလည္း သူ႕ေနာက္က ကပ္လိုက္
လာတာေပါ့ဗ်ာ။ အေနာက္မွာ
ထိုင္ကင္းသမားႀကီးပါ လိုက္လာ
တာဗ္။

မင္းတို႔ႏွစ္ေယာက္စလုံး ထသြားေတာ့
ငါတစ္ေယာက္တည္း မေနဝံ့ေတာ့ဘူး
ကြ တင္ျမင့္ရ

အထိုင္ကင္းသမားက တင္ျမင့္ကို
ေျပာတာဗ်။

ကိုစံပြင့္ ဒါ ငါးေျခာက္တန္းဘက္က
အသံထင္တယ္ဗ်

“ေအး ဟုတ္တယ္၊ ဟုတ္တယ္၊ သြား
သြား အဲဒီကို သြားေဟ့

ကားယားက ေစ်းေျမာက္ဘက္ကို ခ်ိဳး
ဝင္လိုက္တယ္။

ဝုန္း၊ ဝုန္း၊ ဂ်ိဳင္း၊ ဂ်ိဳင္း

ဟာ ေတြ႕ၿပီဗ်ိဳ႕၊ ေတြ႕ၿပီ။ မဲမဲအေကာင္
ႀကီးတစ္ေကာင္နဲ႕ ဆံပင္ဖားလ်ားခ်ထား
တဲ့ လူလိုလို သရဲလိုလိုတစ္ေယာက္နဲ႕
သတ္ေနၾကတာဗ်။

ကားယား ရပ္ေတာ့၊ ေရွ႕ဆက္မသြားနဲ႕

က်ဳပ္က ေလသံနဲ႕ ေျပာလိုက္ေတာ့မွ
ဒီေကာင္ ကားယားတုန့္ကနဲ ရပ္သြား
တာဗ္။

ကားယား မင္းကို ငါ ေမးဦးမယ္

ဘာတုံး တာေတ

ဆုံးသြားတဲ့ မင္းတို႔ညေစာင့္ႀကီးက
ဘယ္လိုပုံတုံးကြ

အရပ္ေထာင္ေထာင္ေမာင္း ေသွ်ာင္
ထုံးႀကီးနဲ႕ကြ

“ေသတုန္းက စြပ္က်ယ္နဲ႕ ပုဆိုးအျပာ
ကြက္တုံးႀကီးနဲ႕လား ကားယား

“ေအး ဟုတ္တယ္ တာေတ၊ မင္း
ဘာျမင္ရတုံး

မင္းတို႔ ဘေလာႀကီး မကြၽတ္ေသးဘူး
ကြ၊ သရဲမဲမဲအေကာင္ႀကီးနဲ႕ အႀကိတ္
အနယ္ သတ္ေနတာ၊မင္းတို႔ ေစ်းေစာင့္
ေဘလာၾက

“ေဟဟုတ္လား

ဒီတစ္ခါ ေမးတာက ကားယား မဟုတ္
ေတာ့ဘူးဗ်။ အထိုင္ကင္းေစာင့္တဲ့ ကို
စံပြင့္ႀကီး ေမးသဗ်။

က်ဳပ္က ကိုစံပြင့္ကို လွည့္ၾကည့္ၿပီး
ေခါင္းညိတ္ျပလိုက္တယ္။ ကိုစံပြင့္
ဆိုတဲ့ ေစ်းေစာင့္ႀကီးက ေနာက္ကို
ေျခတစ္လွမ္း ဆုတ္လိုက္ၿပီး မ်က္
ႏွာပ်က္သြားတယ္ဗ်။ ဒီေတာ့ မိတ္
ေဆြ ဦးေလာႀကီး သရဲျဖစ္ေနတာ
ကို ၾကားေတာ့ ေတာ္ေတာ္ကို
ေၾကာက္သြားပုံပဲဗ်။

ဝုန္း၊ ဝုန္း၊ ဝုန္း၊ ဂ်ိဳင္း၊ ဂ်ိဳင္း

သရဲဦးေလာကလည္း ေခသူေတာ့
မဟုတ္ဘူးဗ်။ သူ႕ထက္ အေကာင္ႀကီး
တဲ့ အမဲေကာင္ႀကီးကို ခံတြယ္ေနတာ
ဗ်။ အသည္းေတာ္ေတာ္ေကာင္းတဲ့
ဦးေလာပဲဗ်ာ။ က်ဳပ္ လုပ္ရမယ္ဆို
တာ စဥ္းစားရေတာ့တာဗ်။ ခဏ
ၾကာေတာ့ က်ဳပ္သိသြားၿပီဗ်ိဳ႕။

ကဲ ကားယား ျပန္ၾကစို႔၊ မနက္ျဖန္
ညက်မွ တစ္ခုခုလုပ္ၾကတာေပါ့ကြာ

အိမ္ျပန္ေရာက္ေတာ့ ညဆယ့္တစ္
နာရီခြဲၿပီဗ်။က်ဳပ္မဖဲဝါကို အေၾကာင္း
ၾကားၿပီး အိပ္မက္ေတာင္းတယ္။က်ဳပ္
လည္း ခ်က္ခ်င္းကို အိပ္ေပ်ာ္သြားတာ
ဗ်ိဳ႕။ ေလေတြ တိုက္လိုက္တာဗ်ာ။
သစ္ပင္ႀကီးေတြေတာင္ ယိမ္းထိုး
လို႔ဗ်။ဒါေပမဲ့ အ႐ြက္ကေလး တစ္
႐ြက္ေတာင္ မလႈပ္တာကေတာ့
ဆယ္ႏွစ္ရာသီအဝါပင္ႀကီးဗ်။

တစ္ပင္လုံးမွာ အဝါေရာင္ပြင့္ေတြ ထိန္
ေနေအာင္ ပြင့္လို႔၊ ေလေတြ ဒီေလာက္
တိုက္ေနတာေတာင္ အ႐ြက္ကေလး
တစ္႐ြက္မလႈပ္ဘူး။အပြင့္ကေလးတစ္
ပြင့္ မေႂကြဘူးဗ်။

တာေတ

က်ဳပ္တစ္ကိုယ္လုံးမွာ ၾကက္သီးေတြ
ဖ်န္းကနဲ ထသြားတယ္ ဆံပင္ေတြေတာင္
ေထာင္ကုန္ေရာဗ်ာ။ မဖဲဝါက က်ဳပ္ကို
အိပ္မက္ေပးတိုင္း က်ဳပ္နဲ႕ ႐ြယ္တူပုံစံမ်ိဳး
ေျပာင္းထားတာပါပဲ။

ဒါေပမဲ့ က်ဳပ္ကလည္း လန့္သြားတာ
ခ်ည္းပါပဲ။ မလန့္တဲ့အခါ တစ္ခါမွကို
မရွိဘူးဗ်။ က်ဳပ္က ဆယ့္ႏွစ္ရာသီပင္
ေအာက္မွာ ရပ္ေနတဲ့ မဖဲဝါကို ၾကည့္
လိုက္တယ္။ နား႐ြက္ၾကားမွာညွပ္ၿပီး
ပန္ထားတဲ့ ဆယ့္ႏွစ္ရာသီပန္းအဝါ
ေလးကို က်ဳပ္ေငးၾကည့္လိုက္မိတယ္။

တာေတ နင္ ဘာသိခ်င္လို႔တုံး

ဒီေတာ့မွ က်ဳပ္ သတိဝင္သြားတာဗ်။

“ေၾသာ္ မဖဲဝါ ၿမိဳ႕ကေစ်းထဲမွာ သရဲ
ႏွစ္ေကာင္ ညတိုင္း သတ္ေနၾကလို႔ဗ်

က်ဳပ္က ဒါပဲ ေျပာရေသးတာ၊ မဖဲဝါ
က ခ်က္ခ်င္းေျပာေတာ့တာဗ်ိဳ႕။

တာေတ ေစ်းထဲကို ဝင္လာတဲ့ သရဲက
မဲႀကီးလို႔ ေခၚတဲ့ အေကာင္၊ ေစ်းေတာင္
ဘက္က ကုကၠိုပင္ႀကီးမွာေနတာ ႏွစ္သုံး
ဆယ္ေလာက္ ရွိၿပီ။ ငေလာက မေန႕တစ္
ေန႕ကမွ သရဲျဖစ္တာ၊ ငမဲကို သူ ဘယ္
နိုင္မွာတုံး၊ ဒါေပမဲ့ ငေလာကို နိုင္ေအာင္
လုပ္ေပးမွ ျဖစ္မယ္၊ ငေလာ နိုင္သြားရင္
ဒီေစ်းထဲကို ငမဲ ဘယ္ေတာ့မွ ဝင္မွာမ
ဟုတ္ေတာ့ဘူး။ သရဲဆိုတာ သူ႕ကိုနိုင္
တဲ့ အေကာင္ရွိရင္ အဲဒီေနရာကို ဘယ္
ေတာ့မွ မသြားေတာ့ဘူး။ ေရာ့ ေဟာဒီ
ရွားျဖဴသီးေတြ ယူသြားၿပီး ငေလာကို
ရွားျဖဴသီးနဲ႕ ေပါက္ေပး၊ ဒါမွ ငေလာနိုင္
မွာ၊ ငေလာ နိုင္ရင္ ငမဲႀကီး နင္တို႔ေစ်း
ထဲကို ဘယ္ေတာ့မွ ဝင္မွာမဟုတ္ဘူး

က်ဳပ္ လန့္နိုးသြားတယ္။ ေယာင္ၿပီး
က်ဳပ္လက္ထဲကို စမ္းၾကည့္တယ္။
မဖဲဝါေပးလိုက္တဲ့ ရွားျဖဴးသီးတစ္
ဆုပ္ႀကီး က်ဳပ္ယူလာတာဗ်။

က်ဳပ္လည္း ေၾကာင္ေတာင္ေတာင္
ျဖစ္သြားၿပီး လက္ထဲမွာ ရွားျဖဴးသီး
ရွာေနမိတာဗ်ိဳ႕။ ခဏၾကာေတာ့
က်ဳပ္ျပန္အိပ္သြားတယ္။ မနက္
မိုးလင္းေတာ့ ဘႀကီးကို လက္ဖက္
ရည္ႏွင့္ အီၾကာေကြး ဝယ္ေပးဖို႔
က်ဳပ္အိပ္ရာက ထလိုက္တယ္။
က်ဳပ္ေက်ာကုန္းေအာက္က ခိုး
လို႔ခုလု ျဖစ္ေနေတာ့ ထၾကည့္
လိုက္ေတာ့

ဟာ ရွားျဖဴသီးေတြပါလား

က်ဳပ္ ေတာ္ေတာ္ကို အံ့ၾသသြားတာဗ်။
ညက အိပ္မက္မွာ မဖဲဝါ က်ဳပ္လက္ထဲ
ကို ထည့္ေပးလိုက္တဲ့ ရွားျဖဴသီးေတြ
တကယ္ပါလာတာဗ်ိဳ႕။တစ္လုံး ႏွစ္လုံး
သုံးလုံး ေလးလုံး ငါးလုံး။က်ဳပ္ ရွားျဖဴ
သီးေတြကို ေကာက္ယူလိုက္တယ္။
အားလုံး ငါးလုံးဗ်။ ညရွစ္နာရီခြဲေတာ့
က်ဳပ္သူငယ္ခ်င္း ေစ်းေကာက္ ကား
ယား ေရာက္လာေရာဗ်။

က်ဳပ္လည္း စကၠဴနဲ႕ ထုတ္ထားတဲ့ ရွား
ျဖဴသီးထုပ္ကို ယူလာခဲ့တယ္။ေစ်းထဲက
အထိုင္ကင္းမွာ ေစ်းေစာင့္ငါးေယာက္
က်ဳပ္ရယ္၊ ကားယားရယ္ ထိုင္ၿပီး စကား
ေျပာေနၾကတာဗ်ိဳ႕။ က်ဳပ္ကလည္း နဂါး
ေဆးေပါ့လိပ္ေလးဖြာရင္း ေစ်းေစာင့္ႀကီး
ေတြ တိုက္တဲ့ ေရႏြေးၾကမ္းေတြ ေသာက္
ေနတာဗ်။

ေတာ္ေတာ္ေလး ညဥ့္နက္လာေတာ့
လွည့္ကင္း ေလးေယာက္က ႏွစ္ေယာက္
တစ္တြဲ တြဲၿပီး ေစ်းလမ္းေတြထဲ ဝင္သြား
ၾကတယ္။

ဒီည ထိုင္ကင္းက်တာ ကိုစံပြင္ မဟုတ္
ေတာ့ဘူးဗ်။ ကိုဖိုးထင္တဲ့။ ညဆယ့္တစ္
နာရီထိုးေတာ့ ကိုဖိုးထင္က နာရီသံေခ်ာင္း
ဆယ့္တစ္ခ်က္ေခါက္လိုက္တယ္။ က်ဳပ္နဲ႕
ကားယားကေတာ့ နားစြင့္ေန ၾကတာေပါ့
ဗ်ာ။

ဝုန္း ဝုန္း ဝုန္း ဂ်ိဳင္း ဂ်ိဳင္း

“ေဟာ ခ်ကဳန္ၾကၿပီေဟ့ တာေတေရ၊
ဒီတစ္ခါ အသံၾကားတာက ငါးေျခာက္
တန္း မဟုတ္ေတာ့ဘူးကြ၊ အမဲသား
ဆိုင္ဘက္က ၾကားတာကြ

ေျပာေျပာဆိုဆိုနဲ႕ ကားယားက ေရွ႕ကေန
သုတ္ေျခတင္တယ္။ သူ႕နဂိုပုံစံအတိုင္းေပါ့
ဗ်ာ။ ပုကြကြ ကားယားကားယားနဲ႕ ေလွ်ာက္
သြားတာဗ်။ က်ဳပ္နဲ႕ ေစ်းေစာင့္ ကိုဖိုးထင္က
လည္း ကားယားေနာက္က ခပ္သုတ္သုတ္
လိုက္ၾကရတာေပါ့ဗ်ာ။

“ေဟာ ေတြ႕ၿပီဗ်ိဳ႕၊ ဟိုေန႕က ပုံစံအတိုင္း
ပဲဗ်ိဳ႕

မဲမဲအေကာင္ႀကီးနဲ႕ ဦးေလာသရဲ လုံးေထြး
ေနၾကတာဗ်။ က်ဳပ္က မ်က္ကြင္းေဆး
ကြင္းလိမ္းလို႔သာ ျမင္ေနရတာေပါ့ဗ်ာ။

ဝုန္း

ငမဲႀကီးက သရဲဦးေလာကို ေဆာင့္ကန္
လိုက္တာဗ်ိဳ႕။ သရဲဦးေလာ လြင့္ထြက္
သြားၿပီး ဆိုင္ေရွ႕က ကာထားတဲ့ သြပ္ျပား
ေတြနဲ႕ ဝုန္းကနဲ ျမည္ေအာင္ ေဆာင့္ၿပီး
ျပဳတ္က်သြားတာဗ်ိဳ႕။

ဒါေပမဲ့ သရဲဦးေလာက လႊတ္အသည္း
ေကာင္းတဲ့ သရဲဗ်။ ခ်က္ခ်င္းကုန္းထၿပီး
ငမဲႀကီးကို ရင္ဆိုင္လိုက္တယ္။ က်ဳပ္က
စကၠဴထုတ္ကို ကပ်ာကယာျဖည္ၿပီး အထဲ
က ရွားျဖဴသီးတစ္လုံးကို ယူလိုက္တယ္

ကဲကြာ၊ ပစ္ၿပီဗ်ိဳ႕။ က်ဳပ္ ပစ္လိုက္ၿပီ။
သရဲဦးေလာရဲ႕ေက်ာကုန္းကို က်ဳပ္ပစ္
လိုက္တဲ့ ရွားျဖဴသီးက တည့္တည့္မွန္
သြားတယ္။ ဟာ ႀကီးလာၿပီဗ်ိဳ႕။ သရဲ
ဦးေလာ အေကာင္ႀကီး ႀကီးလာၿပီဗ်ိဳ႕။

က်ဳပ္ ထပ္ပစ္တယ္။ ရွားျဖဴသီး ငါးလုံး
စလုံး သရဲဦးေလာႀကီးကို ထိသြားတယ္။
မဖဲဝါရဲ႕ အစြမ္းမ်ား ႀကီးလိုက္တာဗ်ာ။
ရွားျဖဴသီးေတြ ထိသြားတဲ့ သရဲဦးေလာ
ႀကီးဗ်ာ က်ဳပ္မ်က္စိေအာက္မွာတင္
ႀကီးႀကီးလာလိုက္တာ ငမဲႀကီးထက္
သုံးဆေလာက္ကို ျဖစ္သြားတာဗ်။

ငမဲႀကီးဆိုတာ သရဲဦးေလာႀကီးကို
ၾကက္ေသ ေသၿပီးၾကည့္ေနေတာ့တာဗ်ိဳ႕။
သရဲဦးေလာႀကီးကိုေၾကာက္လန့္တၾကား
ျဖစ္ေနတဲ့ပုံပဲဗ်။ ေျပးၿပီဗ်ိဳ႕။ ေျပးၿပီ။ ဦး
ေလာသရဲႀကီးက ေဒါသတႀကီးနဲ႕ ေျပး
ၿပီ ငမဲႀကီးကို ထိုးေတာ့တာဗ်ိဳ႕။

ဖုန္း၊ ဖုန္း၊ ဖုန္း၊ ခြမ္း၊ ခြမ္း၊ ခြမ္း

သရဲဦးေလာက သူ႕ရဲ႕ ဧရာမလက္သီး
ႀကီးေတြနဲ႕ ငမဲႀကီးကို ဘယ္ျပန္ညာျပန္
ထိုးေတာ့တာဗ်ာ။ ငမဲႀကီးဆိုတာ ဘာမွ
ကို ျပန္မလုပ္ဝံ့ေတာ့ဘဲ ေခါင္းႀကီးငုံ႕ထား
ၿပီး သရဲဦးေလာ ထိုးသမွ်ကို ခံေနရေတာ့
တာဗ္။

ဝုန္း၊ ဝုန္း၊ ဝုန္း

ေဟာ ေျပးၿပီ၊ ေျပးၿပီ။ ငမဲႀကီး ေျပးၿပီဗ်ိဳ႕။
သရဲဦးေလာ တစ္ခ်က္အလစ္မွာ ငမဲႀကီး
ေျပးေတာ့တာဗ်။

သရဲဦးေလာက အေနာက္က ေျပးလိုက္
ေသးတယ္။ ဒါေပမဲ့ ငမဲႀကီးက ခုန္ၿပီး ေစ်း
ကို ေက်ာ္ထြက္သြားေရာဗ်ာ။ သရဲဦးေလာ
လက္သီးႀကီးႏွစ္ဖက္ကို ဆုပ္ၿပီး ထြက္ေျပး
သြားတဲ့ ငမဲႀကီးကို မေက်မနပ္နဲ႕ ၾကည့္ေန
တာဗ္။

ေဟာ ျပန္ေသးသြားၿပီဗ်ိဳ႕။ သရဲဦးေလာရဲ႕
အ႐ြယ္တျဖည္းျဖည္း ျပန္ေသးလာၿပီ။က်ဳပ္
လည္း ကားယားကို လက္ဆုပ္ၿပီး ခပ္သုတ္
သုတ္ လွမ္းထြက္လာခဲ့တယ္။ ကားယားနဲ႕
ကိုဖိုးထင္လည္း က်ဳပ္ေနာက္ကကပ္ၿပီး
ပါလာၾကတယ္။ အထိုင္ကင္းေနရာကို
ေရာက္ေတာ့ က်ဳပ္က ကားယားကို
ေျပာလိုက္တယ္။

ကားယား မင္းတို႔ေစ်းထဲကို ညတိုင္း
ဝင္လာတဲ့ မဲမဲေကာင္ႀကီး ဘယ္ေတာ့
မွ လာမွာမဟုတ္ေတာ့ဘူးကြ၊ အိမ္း
ဒါေပမဲ့ မင္းတို႔ ေစ်းသူေစ်းသားေတြ
ပိုက္ဆံစုၿပီး ေစ်းေစာင့္ဦးေလာကို
ဆြမ္းထပ္သြတ္ေပးၾကပါကြာ၊ ဒီတစ္
ခါ သူ႕အိမ္မွာ မလုပ္ဘဲ ေစ်းထဲမွာပဲ
ဘုန္းႀကီးေတြ ပင့္ၿပီး ဆြမ္းသြတ္လိုက္
ကြာ ၿပီးေတာ့ ဘုန္းႀကီးေတြကို ေစ်း
ဝင္းႀကီးထဲမွာ ေနရာအႏွံ႕ ပရိတ္႐ြတ္
ေပးဖို႔ မင္းတို႔ ေစ်းႀကီး ျပန့္ၿပီး သန့္
သြားမွာ ကားယားရဲ႕

စိတ္ခ် သူငယ္ခ်င္း၊ မနက္က်ရင္
လူႀကီးေတြကို အားလုံးေျပာျပၿပီး
ဘေလာအတြက္ ဒီေစ်းထဲမွာပဲ
ဆြမ္းျပန္သြတ္ဖို႔္စီစဥ္လိုက္မယ္

ကားယားတင္ျမင့္က က်ဳပ္တို႔ဘႀကီးအိမ္
အေရာက္ လိုက္ပို႔ေပးတယ္။
က်ဳပ္အိမ္ျပန္ေရာက္ေတာ့ ညတစ္နာရီေတာင္ ထိုးေနၿပီဗ်ာ။

ၿပီးပါၿပီခဗ်ာ

လူသတ္ကုန္းက မဖဲဝါ စာအုပ္မွေကာက္ႏုတ္တင္ျပထားသည္။

စာဖတ္ပရိတ္သတ္မ်ား အားလုံးပဲ စိတ္႐ႊင္လန္းပါေစခဗ်ာ။

ဤဝတၱဳေလးအား ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and shareေလးနဲ႕
အားေပးသြားပါအုံးဗ်ာ။

No comments

Post a Comment