သရဲနောက်ပိုး

  သရဲနောက်ပိုး 8-3-2024 "သမီးရေ …စိုးစိုးမာ မပြီးသေးဘူးလား" "ပြီးပြီ…အဖေရေ၊ အားလုံးထည့်ပြီးမှ အမေမလိုက်ဖြစ်ဘူးဆိုလို့ အမေ့အတွ... thumbnail 1 summary

 

သရဲနောက်ပိုး

"သမီးရေ …စိုးစိုးမာ မပြီးသေးဘူးလား" "ပြီးပြီ…အဖေရေ၊ အားလုံးထည့်ပြီးမှ အမေမလိုက်ဖြစ်ဘူးဆိုလို့ အမေ့အတွက် ပြန်နှုတ်နေရလို့ပါ "ညည်းအမေက…ဘာကြောင့် မလိုက် ဖြစ်ရတာလဲ" "ဒီနေ့ …တော့်ရဲ့သား အငယ်ကောင် ကျောင်းအပ်ရမယ်။ မနေ့က လှတင်နဲ့ တွေ့လို့ သူနဲ့အတူ သွားမယ်လို့ မှာလိုက် တာ စောစောကမှ သတိရလို့ " "ဖြစ်မှဖြစ်ရလေ…အေးဘုံရယ်၊ အခုမှ အသက်လေးဆယ်ကျော်ရုံ၊ ရှိသေးတယ် မေ့တတ်လိုက်တာလည်း လွန်ရော ကဲ …ဒါဆို တို့သားအဖပဲ သွားရတော့မှာပေါ့" "သမီးတစ်ယောက်တည်းနဲ့ ပြီးပါတယ် အဖေရဲ့၊ ဒီနေ့ တစ်ယောက်စာပဲ ကျန်တာ မဟုတ်လား" "ဟုတ်တော့ ဟုတ်တာပေါ့၊ သမီးအမေလိုက်တော့ သမီးသက်သာတာပေါ့၊ တစ်နေ့လုံး လုပ်ရမယ့်အလုပ် နှစ်ယောက် လုပ်လိုက်တော့ မနက်ပိုင်းနဲ့ ပြီးရော မဟုတ်လား ကဲ…ကဲ …တက်…တက် သွားမယ်၊ နေမထွက်ခင် ကိုင်းကွက်ထဲရောက်မှ သက်သာမှာ" စိုးစိုးမာလည်း ဖခင်ဖြစ်သူကို ထမင်းထုတ်ထည့် သော တောင်းကို လှမ်းပေးလိုက်ပြီး လှည်းဘီးမှ ကုတ်ဖက်၍ တက်လိုက်သည်။ အင်္ကျီလက်ရှည် သနပ်ခါးပါးကွက်ကြီးနှင့် မျက်နှာတစ်ခုလုံး ဖွေးအောင် လိမ်းထားသေးသည်။ လယ်ကွင်းထဲ မှာ ဆေးရွက်ကြီးအတက်များ ဖဲ့ရမည်ဖြစ်သည်။ သူတို့ လယ်ကွင်းမှာ ဆေးရွက်ကြီးများ စိုက်ထား သည်။ ဆေးပင်မှ အရွက်ရှစ်ရွက်၊ ကိုးရွက်ခန့် ထွက်လာလျှင် ခေါင်းညွန့်ကို ချိုးလိုက်သည်။ သို့မှသာ ကြီးမားပြန့်ကားသော အရွက်များ ရရှိပေမည်။ ထိုအရွက်မျိုးရရန် ခေါင်ညွန့်နှိမ် လိုက်ရုံနှင့်လည်း မပြီးသေး။ ပင်စည်နှင့် အရွက်ရိုးတံရင်းမှာ အတက်လေးများ ထွက် လာသည်။ ထိုအတက်လေးများ သုံးလက်မ၊ လေးလက်မထက် ပိုရှည်မလာခင် ချိုးဖဲ့လာသည်။ အတက်ကို အကြီးခံ၍မဖြစ်၊ အတက်ကိုနိုင်နိုင် ဖဲ့ပစ်နိုင်မှ အရွက်ကောင်း အရွက်လှများ ရရှိပေမည်။ အရင်းပိုင်းမှ အရွက်ကြီးများကို ရိုးတံမှ သိပြီး အခြောက်လှမ်းကာ ဆေးပြင်းလိပ်လုပ်ရန်အတွက် ရောင်းရသည်။ အရွက်မလှသော အပေါ်ပိုင်း အရွက်များကို ဓါးလှီး ဆေးရွက်အဖြစ် အသုံးပြုသည်။ လှီးထားသော ဆေးရွက်များကို အခြောက်လှန်းကာ ဓါးလှီးဆေးအဖြစ်ဆေးလိပ်နှင့် ဆေးတံအတွက် အဓိကထား ရောင်းဝယ်ကြသည်။ ဗဂျီးနီးယားခေါ် သည့် ဆေးရွက်ကြီးများကို သက်သက် စိုက်ကာ ကွမ်းစားဆေးအတွက် စိုက်ကြသည်။ ထိုဆေးရွက် မျိုးက အကွက်အကွက်နှင့် အလွန်လှသည်။ ပင်စည်အရိုးကို ဓါးနှင့်စဉ်းပြီး ဆေးပေါ့လိပ်မှာ ဆေးရိုးအဖြစ် အသုံးပြုသည်။ ဆေးအလုပ်က ရှုပ်သည်။ ဆေးရွက်သီသူများ ငှားရသည်။ သိ၍ပြီးသော ဆေးရွက်ကြီးများကို အခြောက်ခံရန် ရှစ်ပေခန့်ရှိသော ဝါးများပေါ် ခွပြီး လှမ်းရသည်။ မနက်လှမ်းပြီး ညနေဆေးရုံ ဂိုထောင်အတွင်း သယ်သွင်းရသည် ။ မနက်လှန်း ညနေရုတ်ဖြင့် မခြောက်မချင်း လှန်းရသည်။ ဆေးလှန်းသည့် ငါးတန်းစင်များက သစ်ပင်ရိပ် မရှိသော ခြံကျယ်ကျယ် တစ်မျှော်တစ်ခေါ်ရှိနေ သည်။မနက်လှမ်းသည့်အခါ သက်သာသည်။ ဝါးတန်းသုံးလေးတန်း တစ်ခါတည်း လက်လျှို သွင်းပြီး သယ်၍ရသည်။ တစ်ညလုံး အအေးခံထားသည့်အတွက် ဆေးရွက် များ ပျော့ပျောင်းနေသည် မဟုတ်ပါလား။ ညနေ ဂိုထောင်ထဲ ပြန်သွင်းလျှင်တော့ တစ်ခါသယ်လျှင် ဝါးတစ်လုံးသာ သယ်၍ရသည်။ ဝါးမှ လျှိုလှန်း ထားသော ဆေးရွက်များက နေပူပူမှာ ကြွပ်ရွ နေသည်။ ထိမိခိုက်မိလျှင် အရွက်ခြောက်များ ကျိုးပဲ့ကုန်သည်။ အရွက်ရင်း ရိုးတံခြောက်သည် အထိ လှန်းရသည်။ ထို့ကြောင့် ဝါးတန်း(၁၀၀)ရှိလျှင် အခေါက်(၁၀၀)မျှ အကြိမ်ကြိမ် ရုတ်သိမ်းရသည်။ နေပူပူမှာ တစ်ပတ်ခန့် လှမ်းရသည်။ အလုပ်ရှုပ်သလို အရင်းက ဝင်ပေမဲ့ ရရှိသော ရောင်းရငွေက မြိုးမြိုးမြက်မြက်လေးရသဖြင့် အပင်ပန်းခံ လုပ်နေကြခြင်းဖြစ်သည်။ ဆေးရွက် ခူးသည့်အခါလည်း ဆေးဂျီးကြောင့် ခြေတွေ လက်တွေ ညစ်ပတ်နေသည်။ အလုပ်သိမ်းလျှင် ဆပ်ပြာနိုင်နိုင်ဆေးပေမဲ့ လက်ဝါးပြင်မှာဝါပြီး ကျန်ရစ်သည်။ ဆပ်ပြာအပြင် ဖရဲသီးအခွံနှင့် ပွတ်တိုက်ဆေးလျှင်လည်း ဆေးဂျီးပြောင်သည်။ ယခု ဦးခင်စိုးက လှည်းကို မောင်းနေသည်။စိုးစိုးမာက ထမင်းတောင်းကို ထိန်းရင်းလိုက်ပါလာသည်။ ဆေး ရွက်ခူးရန် တစ်လခန့်လိုသေးသည်။ အချိန်မှန် အတက်ဖဲ့ သောအလုပ်သာ တစ်ပတ်တစ်ခါခန့် စိုက်ခင်းထဲ ဝင်ရသည် စိုးစိုးမာတို့က လယ်ခြောက်ဧက ရှိသည့်အနက် လေးဧက ကို ဆေးရွက်ကြီးများစိုက်၍ ကျန်နှစ်ဧကကို ပြောင်းစိုက် ထားသည်။ ပြောင်းကတော့ ချိုးရောင်းနေရပြီ။ ဆေးရွက်ကြီးလေးဧကကို သားအဖသုံးယောက်နှင့် နေ့စားနှစ်ယောက်ငှားပြီး အတက်ချိုးရသည်။ အေးအေး ဆေးဆေးချိုး၍ မရ၊ သို့ကြောင့် နေ့စားသွင်းသည်။ နေ့စားခေါ်သည့်အခါ မိန်းခလေးကို ငှားပါမှ၊ မိန်းခလေးငှားလျှင် အလုပ်ပြီးသည်အထိ လူမြဲသည်။ မိန်းကလေးများ မအား၍ ယောက်ျားလေးများ ငှားလျင် တစ်ရက်ထက်ပိုငှား၍ မရ၊ နောက်နေ့ အကြောင်းတစ်ခုခုပြပြီး မလာတော့။ စိုးစိုးမာကလည်း အသက်ဆယ့်ခုနှစ်နှစ် အပျိုကြီးဖားဖားဖြစ်နေပေသည်။ ရွာရှိလူပျိုလူရွယ်များကို နေ့စားခေါ်လျှင် ဝမ်းပန်းတသာနဲ့ လက်ခံပြီး အလုပ်ခွင်သို့ ရောက်လာသည်။ အလုပ် လက်စမပြတ်သေးသဖြင့် နောက်နေ့ဆက်ဆင်းရန် မှာလိုက်သည်။ ဒါပေမဲ့ ထိုယောက်ျားလေးတွေ နောက်နေ့ဆင်းရန် ခါးခါးသီးသီး ငြင်းဆန်လေတော့ သည်။ ထို့ပြင် ရွာကာလသား တချို့ကလည်း စိုးစိုးမာကို တွေ့လျှင် လူပျိုစကားမျိုး မထိတထိ ပြောကြသည်။ရိသဲ့သဲ့ လုပ်ကြသည်။ နောက်က စကားလိုက်ပြောသည့် လူပျိုများပင်ရှိခဲ့သည်။ တစ်ခု ထူးခြားသည်၊ ထို့သို့စခြင်း၊ ပြောင်းခြင်း၊ ရိသဲ့သဲ့ လုပ်ကြသော လူငယ်လူရွယ်များသည် တစ်ကြိမ်က နှစ် ကြိမ်ထက် ပိုပြီး မလုပ်ကြ။ စိုးစိုးမာကိုတွေ့လျှင် သူတို့နှင့် မသိသလို မဆိုင်သလိုမျိုး ဖြစ်သွားသည်။ စိုးစိုးမာကို တွေ့လျှင် နောက်ကြောင်း ပြန်လှည့်သူ လှည့်ကြသည်။ အချို့က သူကိုတွေ့သည်နှင့် ဝေးဝေးက ရှောင်ထွက်သွားကြသည်။ စိုးစိုးမာ၏စိတ်ထဲမှာ ထူးဆန်းသလို ဖြစ်မိသည်မှာ ကြာပြီ။ သူမကိုယ်တိုင်က စိတ်ဝင်စားမှု မရှိသည့် အတွက် ထိုကိစ္စကို လေးလေးနက်နက် မထားမိခဲ့ ခြင်းဖြစ်သည်။ လွန်ခဲ့သော ခြောက်လခန့်က မိုးဦးကျ စပါးစိုက်ချိန်က ဖြစ်သည်။ စိုးစိုးမာကို ပိုးပန်သူများထဲမှ အောင်ကျော်ဆိုသော လူရွယ်ကဦးခင်စိုးထံ ရောက်လာပြီးနေ့စားအလုပ်လာ လုပ်သည်။ "ဟ…မောင်အောင်ကျော် သည်အချိန် ဦးလယ်ထဲမှာ လူမှ မလိုဘဲ …စောစောရက်ကဆို ထွန်ဆွဲ၊ ကြမ်းတုံး ရိုက်၊ စက်တုံးဆွဲ အလုပ်ရှိသေးတယ်။ အခု အားလုံး ပြီးလို့ မနက်ဖြန် ပျိုးနှုတ်ပြီး ကောက်စိုက်ရက်တောင် ချိတ်ထားပြီးပြီ" "ပျိုးနှုတ်တာ လူမလိုဘူးလား" "တစ်ရက်ကြိုပြီး နှုတ်ထားမှာဆိုတော့ အလျင် မီတယ်လေကွာ" "ကောက်စိုက်မယ့်ရက် ဘယ်နှစ်ရက် ခေါ်ထားလဲ ဦးလေး" "လေးရက်ဆက်တိုက် စိုက်မှာပဲ၊ သုတ်သူကြီးက လူကုန်ခေါ်လာမယ်ဆို လေးရက်အပြတ်ပဲ၊ လူစုံ မပါရင် ငါးရက် ခြောက်ရက်ထိ ရောက်သွားမှာပေါ့ "ကျနော် ပျိုးလာနှုတ်မယ် စိုက်ကွက်တွေထဲ ပျိုးစည်း ထမ်းချမယ်…ဦးလေးရာ၊ ကျနော် ပိုက်ဆံအသုံးလိုနေလို့ နှစ်ရက်သုံးရက်တော့ ဝင်လုပ်ပါရစေ" "ကဲ …ကဲ…မနက်ဖြန် ပျိုးလာနှုတ်၊ ဆက်ဆင်း…ဟုတ်လား" "ဟုတ်ကဲ့ …ဦးလေး၊ ကျနော် မနက်မိုးလင်းတာနဲ့ ပျိုးလာနှုတ်ပါ့မယ်" "အေး …အေး၊ လာခဲ့ …ငါလည်း အကွက်ထဲမှာ ရှိနေမယ်" နောက်နေ့ အောင်ကျော် အလုပ်ဆင်းလာသည်။ အောင်ကျော်မိဘတွေက ရွာထဲမှာ စားနိုင်သောက် နိုင်သော အဆင့်ထဲမှ ဖြစ်သည်။ ကုန်စုံဆိုင်ကြီး ဖွင့်ထားသည်။ အောင်ကျော်က အသုံးလို၍ နေ့စားလာဆင်းသည်ကို ဦးခင်စိုးက ရိုးရိုးတွေးသည်။ လူငယ်လည်းဖြစ် သုံးချင်ဖြုန်းချင်ပါလျက် …မိဘက ပိုက်ဆံကို စည်းစနစ်နှင့် ပေးသုံးသည့်အတွက် ငွေအလုံးလို၍ အလုပ်လာတောင်းသည်ဟု အထင် ရှိသည်။ အောင်ကျော်က စိုးစိုးမာကို ပိုးပန်းချင်သည့် အတွက် အလုပ်လာတောင်းခြင်းဖြစ်သည်။ ထိုနေ့က ကောက်စိုက်အဖွဲ့တွင် စိုးစိုးမာလည်း ပါသည်။ အောင်ကျော်တစ်ယောက် နှုတ်ပြီးပျိုးပင် များကို ထမ်းပြီး လာချပေးရင်း သီချင်းတကျော်ကျော် ဆိုသည်။ သုတ်သူကြီး ဒေါ်ခင်မေက မျက်စိနောက်၊ နားပူလာသဖြင့် အော်ထုတ်ရသည်အထိ ဖြစ်သည်။ စိုးစိုးမာအနီး ရစ်သီရစ်သီနှင့် အကြောင်းမရှိ အကြောင်းရှာပြီးရောက်ရောက်လာသဖြင့် ကောက်စိုက်သမများကလည်း စိုးစိုးမာနှင့် အောင်ကျော်ကို စကြ ပြောင်ကြ နောက်ကြ သည်။ ကောက်စိုက်သမတွေ အလုပ်သိမ်းပြီး ပြန်တော့ ဦးခင်စိုးနှင့် အတူ အောင်ကျော်လည်း နောက်နေ့ ကောက်စိုက်ရန် ပျိုးနှုတ်၍ ကျန်ခဲ့သည်။ ပျိုးစည်းသုံးဆယ်ခန့်နှုတ်ပြီးတော့ လက်စသိမ်းပြီး ပြန်လာကြသည်။ "နောက်နေ့ ကျနော်လာခဲ့မယ်၊ သုံးရက်ပြည့်မှ လုပ်ခ ပေါင်းနှုတ်ရှင်းပေးပေတော့ သွားပြီး ဦးလေး" "အေး…မနက်ရှစ်နာရီ မထိုးခင်သာ ရောက်လာ ခဲ့ပေတော့" "ကျနော် စောစောလာခဲ့ပါမယ်" အောင်ကျော်က ဦးခင်စိုးအား နှုတ်ဆက်ပြီး ပျိုးခင်းထဲမှ တက်လာခဲ့သည်။ ကောက်စိုက်သမများ ထမင်းချိုင့်ထားသော ယာယီထိုးထားသော အဖီတဲ လေးမှာ ရေသောက်ရန်စိတ်ကူးပြီး လှည့်ဝင်လိုက်သည်။ ရေကို အဝခပ်သောက်ပြီး ထွက်ခဲ့သည်။ သည်သုံးရက် အတွင်း စိုးစိုးမာနှင့် နီးစပ်အောင် ကြံဆောင်ရမည်ဟု စိတ်ကူးထားသည်။ တဲလေးထဲမှ ထွက်ပြီး နောက် ဘက်ရှိ ပျဉ်းမပင်အောက်က ဖြတ်ထွက်ခဲ့သည်။ စွပ်…စွပ်…စွပ်…စွပ်" "ဟင် …ခြေသံပါလား" မိုးရွာထား၍ ဗွက်ပေါက်နေသော လယ်ကန်သင်းရိုးပေါ်မှ နင်းပြီး ပြန်အလာ၊ သူနောက်ဘက်မှခြေသံလိုလို ကြားလိုက်၍ နောက်သို့ လှည့်ကြည့်မိသည်။ ဘာမှမတွေ့၊ သို့ကြောင့် ခြေလှမ်းသွက်သွက် လျှောက်လိုက်သည်။ ဒါပေမဲ့ ခြေသံက ပျောက်မသွား သူလျှောက်ရင် အသံကြားရသည်။ သူရပ်လျှင် အသံရပ်သွားသည်။ "ဟေ့ကောင်…အောင်ကျော်၊ မင်း ငါ့စော် စိုးစိုးမာကို နောက်ပိုးတဲ့စိတ်နဲ့ ထပ်လာလို့ကတော့ အသေပဲ" "ဟင် …စကားသံပါလား" သူထိတ်လန့်သွားပြီး နောက်သို့ လှည့်ကြည့်သည်။ ဘာမှ မတွေ့ပေမဲ့ အနီးကပ်ပြောသော ယောင်္ကျား အသံကို ပီပီသသ ကြားလိုက်သည်။ "စိုးစိုးမာကို …မကြိုက်ရ၊ နောက်မပိုးရဘူးဆိုပါလား" "မင်း ကြပ်ကြပ် မှတ်ထား၊ နောက်တစ်ခါ စိုးစိုးမာ အနားမှာ မင်းကို မမြင်ချင်ဘူး" အသံက နောက်က ကပ်ပါလာသည်။ လူကို မမြင်ရ။ အောင်ကျော်တစ်ယောက် ကြောက်သည့်စိတ်ကို ထိန်းမရတော့၊ ခြေကုန်သုတ်ပြီး အိမ်သို့ အရောက် ပြန်ခဲ့သည်။ ထိုညမှာလည်း အိပ်မက်ထဲထိတိုင် လာရောက် ခြောက်လှန့်ခြိမ်းခြောက်နေပြန်သည်။ သို့အတွက် နောက်နေ့ ပျိုးနှုတ်ရန် မသွားတော့။ နေ့စား တစ်ရက်ခပင် သွားမယူတော့။ ဦးခင်စိုးက လူကြုံနှင့် ပေးခိုင်းလိုက်သည်။ နောက်ပိုင်း အောင်ကျော်တစ်ယောက် စိုးစိုးမာဆီ ခြေလှမ်းမလှည့်တော့။ အဝေးကတွေ့လျှင်ပင် လှည့်ရှောင်သွားတော့သည်။ ထိုကဲ့သို့ အောင်ကျော် ၏ အပြုအမူကြောင့် စိုးစိုးမာ စိတ်မဝင်စားသော်လည်း ရုတ်တရက် ပြောင်းလဲသွားသော အပြုအမူအတွက် စိတ်ဝင်တစားတော့ ဖြစ်မိသည်။ ဘာကြောင့်လဲ …သူ့အနီး လျှောက်ပြန်သံပေး တရစ်ဝဲဝဲလုပ်လာသော လူပျိုတစ်ယောက် ငြိမ်ချက်သားကောင်းသွားခြင်း၊ သူ့ကိုတွေ့သည် နှင့် ရှောင်ဖယ်သွားခြင်းသည် အနည်းငယ် ထူးဆန်း နေသည်။ သူနှင့်လည်း ထိပ်တိုက်မတွေ့သေး၊ သူကလည်း အော်ဟစ်ပြောဆို နှင်ထုတ်ခြင်းလည်း မပြုပါဘဲ အနီးကပ်လာသူများ ချက်ချင်းလှည့်ထွက်ပြီး သွားနေကြသည်၊ ဘယ်လိုမှ စဉ်းစားမရ။ အောင် ကျော် ခြေငြိမ်သွားပြီးနောက်ပိုင်း၊ စပါးရိတ်ချိန်သို့ ရောက်ခဲ့သည်။ အညာမှ စပါးလာရိတ်ကြသူများရှိသလို အခြား ရွာများမှလည်း လက်ခစား လာရိတ်သူများရှိသည်။ ထိုလူစုမှ ထွေးနိုင်ဆိုသော အသက်နှစ်ဆယ်အရွယ်ရှိ လူငယ်တစ်ယောက်ပါသည်။ ထိုအဖွဲ့ကို ဦးခင်စိုးက ပုတ်ပြတ်ငှားလိုက်သည်။ သူတို့ရိတ်သော ရက်များမှာ မနက်စာ အစာပြေ လယ်ရှင်က တာဝန်ယူရသည်။ စိုးစိုးမာက မိုးလင်းသည်နှင့် စပါးရိတ်သမားများ အစာပြေစားရန် ကောက်ညှင်းပေါင်း လာပို့သည်။ ပထမရက်မှာ ကောက်ညှင်းပေါင်း၊ ဒုတိယရက်မှာ ကောက်ညှင်းထုပ် ယူလာပြီး ကျွေးသည်။ ထွေးနိုင်က စိုးစိုးမာကို ပထမရက် စတွေ့တွေ့ချင်း စိတ်ဝင်စားခဲ့သည်။ သဘောကျသွားသည်။ ဒုတိယ နေ့ နေ့ခင်းရောက်တော့ ကောက်ရိတ်အဖွဲ့မှ အဒေါ်ကြီးက စိုးစိုးမာကို နာမည်မေးပြီး ပွင့်ပွင့် လင်းလင်း ပြောလာသည်။ "သမီးနာမည် ဘယ်လိုခေါ်လဲ …သမီး" "စိုးစိုးမာပါ အဒေါ်" "ဟေ့ …သူငယ် ကြားလိုက်လား" "ကြားတယ် ဒေါ်လေး" "အို…ဘာတွေလဲ" "ဟို …မောင်ထွေးနိုင်က သမီးကိုစိတ်ဝင်စားလို့ သမီးနာမည်ကို မေးခိုင်းလို့ အဒေါ်မေးပေးတာ" "အို…မဟုတ်တာ…ဘာတွေလဲ" စိုးစိုးမာ ထိုမျှသာပြောပြီး သူတို့နားက ထွက်လာခဲ့သည်။ အခုမှ နှစ်ရက်ပဲ ရှိသေးသည်။ သူ့အကြောင်း ကိုယ်မသိ၊ ကိုယ့်အကြောင်း သူမသိ၊ ဘယ်လိုဖြစ်နိုင်မှာလဲ …မိမိအလုပ်လည်း လယ်ကွင်း ထဲမှာ မရှိတော့သည့်အတွက် ကောက်ညှင်းထုပ် ထည့်ခဲ့သော တောင်းကိုယူကာ ရွာသို့ ပြန်လာခဲ့သည်။ ရင့်မှည့်နေပြီဖြစ်သော စပါး(၆)ဧကကို ပုတ်ပြတ်ချ လိုက်ရာ (၄)ဧက ပြတ်သွားပြီး (၂)ဧကသာ ကျန် တော့သည်။ မနက်ပိုင်း ထုံးစံအတိုင်း ထမင်းနှင့် ပဲပြုတ်ဆီဆမ်း အစာပြေစားရန် ကောက်ရိတ် အဖွဲ့ ရှိရာသို့ စိုးစိုးမာ တောင်းရွက်၍ ရောက် လာသည်။ ပန်းကန်များနှင့် ထည့်ပြီး ကန်သင်းရိုးပေါ် ဝိုင်းဖွဲ့ထိုင်စားကြသည်။ ထိုလူအုပ်ထဲတွင် ထွေး နိုင်ကို မတွေ့တော့ … "စိုးစိုးမာရေ …သမီးကြောင့် ထွေးနိုင် စပါးရိတ် မဆင်းတော့ဘူး" "ဟင် …ဘာဆိုင်လို့လဲ အဒေါ်" " အေး …သူက မြင်မြင်ချင်း သဘောကျသွားတာ၊ ထွေးနိုင်က ငါ့ကို မှာသွားတယ်၊ နောက်ကို စိုးစိုးမာနဲ့ ဘယ်လိုမှ မဖြစ်နိုင်တော့လို့ သူနဲ့စခြင်း၊ ပြောင်လှောင် ခြင်း၊ မလုပ်ကြပါနဲ့လို့ မှာလိုက်တယ် သူ…အခု ရွာပြန်သွားပြီ၊ ဘယ်လိုမှ မေးလို့ မရဘူး။ သူတစ်ခုခုကို ကြောက်လန့်နေတဲ့ပုံပဲ။ အဲဒီစကား လာပြောတာတောင် ရှေ့နောက် ဝဲယာ ခေါင်းကိုလည်နေတာပဲ" "ကိစ္စပြတ်သွားတော့လည်း ကောင်းပါတယ်၊ ကျမကလည်း ခုမြင် ခုကြိုက်ဆိုတဲ့ကိစ္စ ဘယ် လိုမှ လက်မခံနိုင်ပါဘူး " "သားသမီးချင်း ကိုယ်ချင်းစာပါတယ်၊ အခုပုံစံက လက်တည့်စမ်းသလို ဖြစ်နေတာ မဟုတ်လား သူပြန်သွားတာတော့ စိတ်မကောင်းပါဘူး ကဲ…သမီး စားလို့လည်း ပြီပြီး အလုပ်သွားလုပ် တော့မယ်" "ဒီလောက် အသည်းအသန်ပြောခိုင်းပြီး ဘယ်လို ဖြစ်ပြီး ကောက်ကာငင်ကာ ပြန်သွားရတာလဲ" အနီးက မိန်းကလေးတစ်ယောက် … "အချစ်နာ ကျသွားတာ ဖြစ်မှာပေါ့ " "မဟုတ်နိုင်ဘူး …ဒီမိန်းခလေးရဲ့ ရည်းစာက သိသွားလို့ ဓါးကြိမ်းသွားကြိမ်းတာနဲ့ ပြန်ပြေး တာလားမှ မသိတာ" "ကျမမှာ ဘယ်ရည်းစာမှ မရှိပါဘူး" "အင်း…ဘာကြောင့်တော့ အဒေါ်လည်း မသိဘူး၊ မနက်စောစောရောက်လာပြီး သူ့လုပ်ခရှင်းရန် ပြောဆိုတောင်းပန်လို့ ကားဂိတ်ကို သွားတာပဲ" "သူ့နောက်ပိုင်းကိစ္စ ပေါ်လာလို့ ဖြစ်မှာပေ့ါ" စိုးစိုးမာက ထိုမျှသာ ပြောပြီး ကောက်ရိတ်သမား များ စားထားသော ပန်းကန်များကို သိမ်း၍ တောင်းထဲ သို့ ထည့်ကာ တဲသို့ ထွက်လာခဲ့ပါသည်။ ပိုသော ထမင်းကျန်များကို တဲနောက်ဘက်သို့ ထွက်ပြီး ကြဲပက်လိုက်သည်။ ပျဉ်းမပင်ကြီးအောက်ကို ကြည့်လိုက်မိသည်၊ စာလေးသုံးကောင် အစာ ရှာနေသည်ကို တွေ့သဖြင့် အိုးထဲမှ ကျန်နေသည့် ထမင်းများကို လက်နှင့်ခြစ်ယူပြီး သစ်ပင်အောက် သွားကာ ပုံပေးပြီး ပြန်လှည့်ထွက်လိုက်သည်။ "ဘုတ်" "ဟင်…ဘာခုန်ချလိုက်တာလဲ" ဘေးဘီဝဲယာ ကြည့်တော့ ဘာမှမမြင်၊ သို့ကြောင့် တဲသို့ ပြန်လာခဲ့သည်။ သစ်ပင်နှင့် တဲက ပေသုံး ဆယ်ခန့် ကွာသည်။ တဲက ယာယီနားခိုရန် အဖြစ် ထိုးထားသော ကနားဖျဉ်းကို တစ်ဖက်ရပ် အဖီ ချထားသော တဲလေးဖြစ်သည်။ တောင်းထဲသို့ အိုးကို ထည့်နေစဉ် ရိပ်ခနဲလိုလို အနီးမှာ တွေ့လိုက်မိသည်။ လူတစ်ယောက် အနီးသို့ ရောက်လာသည်အထင်နှင့် လှည့်ကြည့်လိုက်သည်။ ဘာမှ မရှိ၊ ရှေ့နောက် ဝဲယာ ကြည့်သည်၊ ဘာမှမတွေ့၊ သို့ကြောင့် တစ်ယောက် တည်း မနေဝံ့တော့သဖြင့် အပြင်သို့ ထွက်လာခဲ့သည်။ XXXXX ဦးခင်စိုးတစ်ယောက် သမီးစိုးစိုးမာ အရွယ်ရောက်လာ သော်လည်း အခြေအနေက ထူးခြားသလိုဖြစ်နေ သည့်အတွက် ဇနီးဖြစ်သူဒေါ်အေးဘုံကိုခေါ်ပြီး နားလည်သလောက် ရှင်းပြသည်။သမီးကို ယော င်္ကျားလေးတွေ အခေါ်အပြော မရှိဘဲ ရှောင်ဖယ် နေသည့်ကိစ္စကို လေ့လာစုံစမ်းခိုင်းသည်။ "တော်က ဘာကြောင့် ပူပင်နေရတာလဲ …ကိုယ့်သမီး ရည်းစာမထား၊ အိမ်ထောင်ပြုချင်စိတ် မရှိတာ ဘယ် လောက်စိတ်ချမ်းသာဖို့ ကောင်းလဲ" "ဟဲ့ …ငါလည်း သူ့အဖေပါ၊ ရိုးရိုးတန်းတန်း ချစ်သူ ရည်းသား မထားချင်တာ အကြောင်းမဟုတ်ဘူး၊ အခု…မင်းရဲ့သမီးအနားကို ယောက်ျားလေး သုံး လေးယောက် ချည်းကပ်တာ ငါသိတယ်၊ တစ် ယောက်မှ ဇွဲမရှိဘဲ မင်းသမီးရဲ့အနားက ပျောက် ကုန်လို့ ငါစိတ်ထဲ ထူးဆန်းနေတာ" "တော်က ဘယ်လို သိတာလဲ" "ငါ…စသိတာ မိုးဦးကျ အောင်ကျော်ဆိုတဲ့ကောင်လေး သူ့အိမ်စီးပွားရေးက ကောင်းပါရက် …ငါ့လယ်မှာ ပျိုး နှုတ်ချင်လို့ ဆိုပြီး အလုပ်လာတောင်းတယ်။ သူသုံး ရက်လုပ်တယ်၊ ငွေလိုလို့ ပေးလုပ်ပါလို့ တောင်းပန်းတာ နဲ့ ငါပေးလုပ်လိုက်တယ်။ စလုပ်တဲ့နေ့က ဒီကောင် ငါ့သမီးအနား တရစ်ဝဲဝဲ သွားလုပ်နေလို့ ကောက်စိုက် သမတွေက စကြ ပြောင်ကြနဲ့၊ ပွဲဆူနေတာ။ ငါက ပြဿနာမရှိတာနဲ့ မသိချင်ယောင် ဆောင်နေလိုက်တယ်၊ အဲ…နောက်နေ့လည်း ရောက်ရော အလုပ်မဆင်းတော့ ဘူး၊ ဒီကောင် သုံးရက် ဆက်လုပ်ရင် ငါ့သမီးနဲ့ ကျိန်းသေ သမီးရည်းစားဖြစ်သွားမှာ၊ ဟိုရွာအလယ် ပိုင်းက ဒေါ်သန်းခင်သား၊ အေးဝင်းဆို တဲနားလာလာပြီး သီချင်းလာ ဟဲနေတာ၊ နှစ်ရက်လောက်ကြာတော့ မလာတော့ဘူး၊ ငါနဲ့ ဆုံလို့ ငါပြုံးပြတာတောင် ငါ့ကိုမော့မကြည့်ဘူး၊ ပြီးတော့ စပါးလာရိတ်တဲ့အဖွဲ့ထဲ က ကောင်လေးတစ်ယောက်က သမီးကို ကြိုက်လို့ ဆိုပြီး သူအဖွဲ့က အသက်ကြီးကြီး အဒေါ်ကြီးကို ပြောခိုင်းသတဲ့၊ နောက်နေ့လည်း ရောက်ရော အထုပ်ထမ်းပြီး သူ့ရွာကိုပြန်သွားရောတဲ့" "ရှင်က ဘာကြောင့် ရှင့်သမီးကိစ္စ ခရေစေ့တွင်းကျ သိနေတာလဲ" "သိဆို အဲဒီနေ့က စပါးရိတ်တဲ့လူ လျော့သွားလို့ မေးတော့၊ သူတို့အဖွဲ့ထဲက အဒေါ်ကြီးက ပြုံးပြုံး ရယ်ရယ်နဲ့ ငါ့ကို ပြောပြတာ" "ရှင်သမီးကလည်း ရှင်မသိတဲ့အချိန် အော်ဟစ် မောင်းထုတ်နေလားမှ မသိတာ" "အဲဒီအဆင့် မရောက်ခင်ကို ယောင်္ကျားလေးတွေ သမီးအနားက အဝေးကို ရောက်သွားကြတာကွ" "ရှင်က သမီးထက်ပိုပြီး စိတ်ကူးယဉ်နေတာ၊ သမီးအတွက် စိတ်ပူပြီး ယုံထင်ကြောင်ထင် ဖြစ်နေတာ၊ ကျုပ်သတိထား နေပါ့မယ်၊ ရှင့်သမီးကို ရှင်လည်း ဂရုစိုက်ပြီးနေ၊ သူကြောင့် ယောင်္ကျားလေးတွေ အရှက်ရသွားတယ်၊ နောက် ဆုတ်သွားရတယ်ဆိုရင် အငြိုးထားမှာလည်း စိုးရတယ်" မိခင်နှင့် ဖခင်တို့က စိုးစိုးမာအတွက် စိုးရိမ်နေပေမဲ့ စိုးစိုးမာကတော့ ထိုကိစ္စကို စိတ်ဝင်စားမှု မရှိသလို အရေးတယူ မရှိလှပါ။ XXXXX ကိုင်းအသီးအနှံများသိမ်းပြီး အချို့က ရောင်းချ၍ ငွေများပင် ရွှင်နေကြပြီ၊ စိုးစိုးမာတို့ဘကြီး ၊ ဦးခင်စိုး၏ အစ်ကိုကြီးမိသားစုဦးစီး၍ ရဟန်းခံရှင်ပြု လုပ်သည်။ စိုးစိုးမာ၏ မောင်နှစ်ယောက်လည်း ရှင်ပြုပွဲမှာ ပါသဖြင့် အလှူမိသားစုအဖြစ် အလုပ်မအားမလပ် ရှိနေရသည်။ ထိုအတူ ရှင်လောင်းလှည့်ပွဲမှာလည်း စိုးစိုးမာ တို့က ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်များ အဖြစ် တာဝန်ယူရသေးသည်။ ထိုအဖွဲ့ထဲမှ စိုးစိုးမာနှင့် မိန်းခလေးသုံးယောက်ခန့်က ရွာ၏ ကျက်သရေဆောင်အဖြစ် အလှဆုံး များ ဖြစ်နေသည်။ သားရှင်များကလည်း ထိုအချိန်မှာ မိမိတို့သားများအတွက် ချွေးမ လောင်း များကို အကဲခတ် ရွေးချယ်ကြသည်။ အိုးဘိုစုရွာမှ လယ်ပိုင်ရှင် ဦးထွန်းဇံနှင့် ဒေါ်ထွေးရီတို့က သူတို့သားနှင့် စိုးစိုးမာကို လက်ဆက်ပေးချင်သည်ဆိုကာ… သူ့မိတ်ဆွေများ အကူအညီတောင်း၍ ဦးခင်စိုးတို့အား အလှူအိမ်မှာပင် နားသွင်းခိုင်းသည်။ ကန့်ကွက်မည်မဟုတ်လျှင် နေ့ကောင်းရက်သာ ရွေးပြီး နားလာဖောက်ချင်သည်ဟု ဆိုသည်။ စိုးစိုးမာ၏ မိသားစု သဘောကျအောင် တင် တောင်းပါမည်ဟုလည်း ဆိုလာသည်။ ဦးခင်စိုးတို့လင်မယားကလည်း သမီးကညာ အခါမလင့်စေချင်သည့်အတွက်သမီးကို နားချပြီး အကြောင်းပြန်ပါမည်ဟု မယုတ်မလွန်ပြောလိုက်သည်။ အလှူပွဲ အကျွေးအမွေးနေ့မှာ ဦးထွန်းဇံ၏သားပါ ရောက်လာသည်။ သူ့နာမည်က အောင်မျိုးနိုင်ဟု ဆိုသည်။ အောင်မျိုးနိုင်ကလည်း စိုးစိုးမာကို မြင်မြင်ချင်း သဘောကျသွားသည်။ ထိုနေ့မှာ လူငယ်နှစ်ယောက်ကို လူကြီးများက မိတ်ဆက်ဆုံတွေ့ပေးကြသဖြင့် တစ်ဦးနှင့်တစ်ဦး အခေါ်အပြော ရှိခဲ့သည်။ တစ်ဦးနှင့်တစ်ဦး စိတ် ဝင်စားဟန်လည်း ရှိသည်။ အကဲခတ်နေကြသော လူကြီးများကလည်း လူငယ်နှစ်ယောက်အခြေ အနေကို ကြည့်ပြီး ပျော်ရွှင်နေကြသည်။ မကြာခင် သော ရက်တစ်ရက်မှာ လူငယ်နှစ်ယောက်အား ခမ်းနားသော မင်္ဂလာပွဲ ဆင်နွှဲပေးမည်ဟူသော စိတ်ကူးများဖြင့် ဝမ်းသာနေကြသည်။ XXXXX ဝုန်း…ဒုန်း…ဝုန်း… "ဟဲ့…အေးဘုံ၊ ဘာလဲ" "မသိဘူးလေ၊ မီးဖိုထဲမှာ ကြောင်ခုန်ချလား မသိဘူး၊ တော် ထကြည့်ပါဦး" ဒုန်း…ဒုန်း…ဒုန်း "ဟင်…အိမ်ခေါင်ပေါ် ခဲတွေနဲ့ ပစ်နေတယ်" ဒုန်း…ဒုန်း…ဗျမ်း "ဟေ့ …ဘယ်ကောင်တွေ လက်ကမြင်းနေတာလဲ" ဦးခင်စိုး ငေါက်ခနဲ ထထိုင်ပြီး အိမ်ရှေ့ကို ဓါတ်မီးဆွဲပြီး ထွက်လာသည်။ ခြေရင်းခန်းမှာ အိပ်သော စိုးစိုးမာလည်း နိုးနေပြီ။ " အဖေ…ဘာသံလဲ" "အိမ်ကို ခဲနဲ့ ထုနေလို့ …ထွက်ကြည့်မလို့ " "အပြင်မထွက်နဲ့ …အဖေ တော်ကြာ ခဲမှန်နေဦးမယ်" "တောက်…ဘယ်ကောင် ခဲနဲ့ပစ်နေတာလဲကွ" ဗျန်း …ဗျန်း…ဗျန်း… "အဖေ …အဖေ…သရဲ …သရဲ …သမီး အိပ်ခန်းနောက်ကို ပုတ်နေတယ်" "ကိုခင်စိုး…အပြင် မထွက်နဲ့ " ညဦးပိုင်းက သမီးနှင့် အိမ်ထောင်ချပေးမည့် ဦးထွန်းဇံမိသားစုအကြောင်း၊ အောင်မျိုးနိုင်အ ကြောင်း စကားဝိုင်းဖွဲ့ ထိုင်ပြောနေကြရာ ညဆယ့်တစ်နာရီခန့်မှ အိပ်ရာထဲ ဝင်ဖြစ်ကြသည်။ ယခု အိပ်ပျော်ရုံပဲ ရှိသေးသည်။ဘယ်ကမှန်း မသိသော အရာက အိမ်ကိုသဲသဲမဲမဲ ခဲနှင့် ပေါက်နေသည်။ သန်းခေါင်နီးမှ ခဲနှင့်ပေါက်ခြင်း၊ အိမ်ကို ထုရိုက်ခြင်းတို့ ရပ်သွားသည်။ မနက်လင်းတော့ ဦးခင်စိုးက ဒေါ်အေးဘုံ ကိုခေါ်ပြီး တိုးတိုးတိတ်တိတ် ပြောသည်။ "ညကကိစ္စ မရိုးဘူးထင်တယ် မအေးဘုံ" "ဘာကို မရိုးရတာလဲ" "မင်းရဲ့ သမီးကို အိမ်ထောင်ချပေးမလို့ စီစဉ်ကာမှ အခုလို ဖြစ်တာ မဟုတ်လား" "မဆိုင်ပါဘူးရှင်" "ဟုတ်တစ်ရက်တုန်းက ငါ မင်းရဲ့ သမီးအကြောင်း ပြောသေးတယ် မဟုတ်လား" "ယောက်ျားလေးတွေ နောက်ဆုတ်သွားတဲ့ကိစ္စ မဟုတ်လား" " ဟုတ်တယ်လေ …ညက အိမ်ထောင်ရေးကိစ္စ မဟုတ်လား" "ကျုပ်တော့ မစဉ်းစားတတ်တော့ဘူး။ ဟိုကလာ နားဖောက်ရင် ကျုပ်ကတော့ ခေါင်းညိတ်ရမှာပဲ" သူတို့မျှော်လင့်နေသော ရက်သို့ရောက်လာသည်။ အိုးဘိုစုရွာမှ လူတစ်ယောက် ရောက်လာသည်။ ဦးသိန်းဇံအိမ်က လွှတ်လိုက်၍ လာသည်ဟု ပြောသည်။ သူတို့သားက လက်မထပ်ချင်တော့ဟု အတင်း ငြင်းသည့်အတွက် အားနာစွာနှင့် လာရောက် တောင်းပန်ခြင်းဖြစ်ကြောင်း ပြောပြသည်။ "ကျနော်တို့လည်း ကောင်လေးပါးစပ်က ပြောလို့၊ အံ့သြနေကြတာ၊ သူ့မိဘတွေဆိုရင် သူ့သားကို တော်တော် စိတ်ဆိုးနေကြတယ်။ သူ့သားက ကျနော် ကြိုက်ပေမဲ့ မယူရဲဘူး၊ ည…ည ရောက်ပြီ ဆိုရင် သရဲလိုလို အကောင်ကြီးက စိုးစိုးမာကို ယူရင် သတ်ပစ်မယ်လို့ ညအိပ်တာနဲ့ လာပြော နေတယ်။ ဒါကြောင့် မယူရဲတော့လို့ သွားပြန်ပြော ခိုင်းတာတဲ့" "သရဲက ကောင်လေးကို လာခြိမ်းခြောက်နေတယ် ဟုတ်လား" " ဟုတ်တယ် …ဦး၊ အောင်မျိုးနိုင်က သူ့အမေတွေကို ကျနော် သေမှာ ကြောက်တယ်လို့ပြောတယ် ကဲ ကျနော် ပြန်ဦးမယ် ဦးလေး" "အေး…အေး" အကြောင်းလာကြားသောသူ ပြန်သွားသည်နှင့် ဦးခင်စိုးနှင့် ဒေါ်အေးဘုံတို့ခေါင်းချင်းဆိုင်ကြတော့သည်။ "ကဲ …တို့စိတ်ထဲ မသင်္ကာတဲ့အတိုင်း ဖြစ်လာတာပဲ" "ဘယ်က သရဲတစ္ဆေလဲ" "အဲဒါတော့ မသိဘူး၊ သမီးကို ချည်းကပ်မယ့် ကောင်လေးတွေကို သူခြောက်လှန့်ထုတ်နေတာ လား မသိဘူး" "အင်း ရှင်ပြောတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ သရဲက ဘယ်ကသရဲလဲ တစ်ခါမှ မမြင်ဘူး မကြုံဘူးပါဘူး၊ အခု ကျုပ်တို့သမီးက အသက် ၁၇ နှစ်ကျော်ကျော်ပဲ ရှိသေးတယ်၊ နောက်ပိုင်း အခုလိုသာ အနှောင့်အယှက် ပေးနေမယ်ဆို ဘယ်လိုလုပ်တော့မလဲ" "ဒီသရဲ …တို့ခြံထဲက သစ်ပင်တစ်ပင်,ပင်မှာ နေတာနဲ့ တူတယ်၊ မင်းသမီးကိုခေါ်ပြီး မေးကြည့် စမ်း၊ ဘာထူးခြားချက်ရှိလဲ ဆိုတာ" "မထူးခြားပါဘူး၊ အမေတို့ အဖေတို့ ပြောနေတာ ကြားပါတယ်၊ ဦးသိန်းဇံအိမ်က အကြောင်းလာကြား တာကိုပါ ကြားပြီးပါပြီ" "သမီးအတွက် အဖေတို့ အမေတို့ စိတ်မကောင်းပါဘူး" "စိတ်မကောင်း မဖြစ်ပါနဲ့၊ သမီးတို့ချင်းက ချစ်သူ တွေလည်း မဟုတ်ဘူး၊ တစ်ဦးအကြောင်းတစ်ဦး သိသေးတာလည်း မဟုတ်ဘူး၊ အခုလို ဖြစ်သွားတာ လည်း ကောင်းပါတယ်" ဦးခင်စိုးနှင့် ဒေါ်အေးဘုံတို့လည်း သမီးအတွက် ခေါင်းခဲနေကြသည်။ တစ်ရက် လင်မယားနှစ်ယောက် လယ်ကွင်းထဲမှ အပြန် လမ်းမှာ တိုးတိုးတိတ်တိတ် တိုင်ပင်လာခဲ့ကြသည်။ "မင်းညီမတို့ရွာမှာ သမီးကို ပို့ထားပြီး ပျော်သ လောက် နေခိုင်းရင် ကောင်းမလား" "ဟုတ်တယ်…ကျမလည်း စဉ်းစားမိတယ်။ ပြီးတော့ မတင်လှကို ပြောရမယ်၊ သင့်တော်တဲ့ တစ်ယောက်ယောက် တွေ့ရင် ပေးစားလိုက်လို့" "အေး…ကောင်းတယ်၊ ဒါမှ ဒီသရဲရန်က လွတ်မှာ" "ရှင်ပဲ…ရှင့်သမီးကို သွားပို့လိုက်" "မင်း …မလိုက်ဘူးလား" "မလိုက်တော့ပါဘူး၊ နှစ်ယောက်လုံးသွားရင် နွားစာကိစ္စရော၊ ကိုရင်တွေ ဆွမ်းလောင်းဖို့ ကိစ္စရော…ကျုပ်အိမ်မှာ ရှိမှ ဖြစ်မှာ" လင်မယားနှစ်ယောက် ကြိုတင်တိုင်ပင်ထားသည့် အတိုင်း မကြာသောရက်မှာပင်ဦးခင်စိုး ထိုကိစ္စကို အကောင်အထည် ဖော်ပါတော့သည်။ XXXXX ပေငါးဆယ်ခန့်ကျယ်သော ချောင်းအတွင်း လှေလေး တစ်စီးကို ဦးခင်စိုးက လှော်လာသည်။ စိုးစိုးမာက လှေဦးတွင် ထိုင်လာသည်။ စိုးစိုးမာတို့ ဒေါ်လေးနေသော ထင်းကုန်ရွာက လှေနှင့် သုံးနာရီနီးပါး လှော်သွားရသည်။ ရွာက ချောင်းတစ်ဖက်ကမ်းကို တက်ပြီး နာရီဝက်နီးပါး လမ်းလျှောက်ရသေးသည်။ ထိုချောင်းက နွေရော မိုးပါ ရေမခမ်းသော ချောင်းဖြစ်သည်။ ဦးခင်စိုးတို့က ရွာအလယ်မှာ နေထိုင်ပြီး လယ်ကလည်း ချောင်းကို ဖြတ်သွားစရာ မလိုသည့်အတွက် လှေမရှိ။ သို့ကြောင့် ဇနီးသည်၏ ညီမနေထိုင်သော ရွာသို့ သမီး လာပို့ရန် အသိတစ်ယောက်၏လှေကို ငှားပြီး ထွက်လာခြင်းဖြစ်သည်။ မနက်ပိုင်း ထမင်း စားပြီး သားအဖနှစ်ယောက် ထွက်လာခြင်းဖြစ်သည်။ လှေကို လှော်နေရင်း ခရီးတစ်ဝက်သာသာခန့် အရောက် ရေငတ်သလို ဖြစ်ပြီး ဆေးလိပ်သောက်ရန် စိတ်ကူးရလိုက်သည်။ အိတ်ကပ်ထဲ ထည့်ထားသော ဆေးပေါ့လိပ်ကို ထုတ်လိုက်သည်။ ဆေးလိပ်သာ တွေ့ပြီး မီးခြစ်က အိတ်ကပ်ထဲ မရှိ။ "သမီး…တောင်းထဲမှာ မီးခြစ်…ပါလား၊ ရှာကြည့်စမ်း၊ အဖေခံတွင်း ချဉ်လို့ " "အဖေကလည်း လေကတိုက်နဲ့ မီးခြစ်ရှိလည်း မီးခြစ်လို့ ရပါ့မလား…ဟိုရောက်မှပဲသောက်ပါလား" "ကဲပါ …ရှာစမ်းပါ" ထိုအချိန် ဦးခင်စိုးနောက်ဘက်မှ ပခုံးပေါ်ကိုကျော်၍ လက်ကြီးတစ်ဖက် ထွက်လာသည်။ ထိုလက်ထဲမှာ မီးခြစ်တစ်လုံး ပါလာသည်။ "အမယ်လေး…သရဲ" "အဖေ …ဘယ်လိုဖြစ်တာလဲ" "သူပခုံးပေါ်မှ ထွက်လာသော လက်ကြီးမှာ အမွေး အမှင်များကလည်း ရှည်လျားစွာ ပေါက်နေသည်။ ထိုလက်ကြီးက မီးခြစ်ကိုင်၍ ပေးနေသည်။ စိုးစိုးမာ က လှည့်ကြည့်ပေမဲ့ မြင်ပုံမပေါ်။ ဦးခင်စိုးလည်း ထိတ်လန့်စွာ အော်လိုက်သည့် အတွက် လက်ကြီးပျောက်သွားသည်။ ဦးခင်စိုးလည်း ဆုံးဖြတ်ချက်ချလိုက်ပြီး လှေကို ပြန်လှည့်လိုက်သည်။ "အဖေ…ဒေါ်လေးတို့ရွာကို မသွားတော့ဘူးလား" "မသွားတော့ဘူး …သမီး၊ နောက်မှပဲ သွားတော့မယ်" "လုပ်ပြီ…လမ်းတစ်ဝက်ရောက်မှ ပြန်လှည့်ရတယ်လို့" ဦးခင်စိုးလည်း ဘာမှ ပြန်မပြောတော့ဘဲ ရွာသို့သာ ပြန်လှော်လာခဲ့သည်။ သရဲက သမီးသွားသည့်နောက် လိုက်လာပုံရသည်။ သမီးသွားလေရာ သရဲလျှောက် လိုက်နေမည်ထင်၍ သမီးကို မျက်ကွယ်ရာ မထား နိုင်ဟု ဆုံးဖြတ်ကာ လှေကို ပြန်လှော်လာခြင်းဖြစ်သည်။ အိမ်ပေါ်သို့ သားအဖနှစ်ယောက် တက်လာသည်ကို ဒေါ်အေးဘုံ မြင်သည့်အတွက် အံ့သြနေသည်။ "အံ့သြမနေနဲ့ မိန်းမရေ …မင်းညီမရွာမှာ မင်းရဲ့ သမီးကို ထားခဲ့ဖို့ ဘယ်လိုမှ မဖြစ်နိုင်လို့ ပြန်လာခဲ့တာ" "ကိုယ့်သမီး ကိုယ်သံယောဇဉ်ပြတ်ဘဲ သွားပို့ရတယ် လို့တော်" "ဟဲ…ဟဲ သမီးကို မခွဲနိုင်တာကလည်း မခွဲနိုင်တာပေါ့ ဒါပေမဲ့ မိဘထက်ပိုဆိုးတဲ့ အဖြစ်ကြောင့် ပြန်ခေါ်ခဲ့တာ" "ဘယ်လိုလည်း ရှင်းရှင်းပြောစမ်းပါ" "ငါတို့ လှေပေါ်မှာ ဟိုကောင်သရဲ လိုက်လာလို့ " "ဟင်" "အေး …ဟုတ်တယ်၊ ဒါကြောင့် ပြန်လှည့်လာခဲ့တာ" ဦးခင်စိုးက လမ်းမှာ ကြုံရပုံကို ရှင်းပြလိုက်သည်။ "ကဲ…ဒါဆို၊ ဒီအတိုင်း ကြည့်နေလို့တော့ မဖြစ်ဘူး၊ ဆရာကောင်း သမားကောင်းရှာမှ ဖြစ်တော့မယ်" ဦးခင်စိုးတို့ လင်မယားလည်း အသိမိတ်ဆွေများ အားကိုး အားထားပြုပြီး ဆရာသမားကောင်းကို တွေ့ရန် ကြိတ်၍ ရှာဖွေနေကြသည်။ XXXXXX ဟီး …ဟီး …ဟီး "ဟဲ့ …သမီး စိုးစိုး ဘာဖြစ်လို့လဲ" "ဘာသမီးလဲ" "စိုးစိုး …သမီး…သတိထား" ဝုန်း…ဒုန်း…ဒုန်း… "ငါ …စိုးစိုးမာ မဟုတ်ဘူးကွ…တောက်ထိန်" "ဘယ်က…တောက်ထိန်လဲ" "မင်းတို့တဲနောက်ဘက်က ပျဉ်းမပင်မှာနေတဲ့ သရဲတောက်ထိန်" "ငါ…မင်းတို့လင်မယားကို သတိပေးချင်လို့ ရောက်လာတာ" "စိုးစိုးမာကို ဘာဖြစ်လို့ အနှောင့်အယှက်ပေးနေတာလဲ" "ငါ…စိုးစိုးမာကို အနှောင့်အယှက် မပေးဘူး။ သူ့နားရောက်လာမယ့် အကောင်မှန်သမျှကို အနှောင့်အယှက်ပေးနေတာ၊ ဘယ်သူမှ စိုးစိုးမာနဲ့ အိမ်ထောင်မပြုရဘူး" "ဒါဖြင့် စိုးစိုးမာ အိမ်ထောင် မပြုရတော့ဘူးပေါ့" "ငါနဲ့ ပြုမှာ " "သရဲနှင့်လူ အတူတူနေလို့ ဘယ်ဖြစ်မှာလဲ" " ငါက သူနဲ့ အတူလာနေလို့ မရပေမဲ့ သူက ငါနဲ့ အတူလာနေလို့ရတယ်၊ သူ …အသက်နှစ်ဆယ်ပြည့်ရင် …ငါနေတဲ့ နေရာကို အသက်နှုတ်ပြီး ခေါ်မှာ ဒါကြောင့် အသက်နှစ်ဆယ် မပြည့်မချင်း ငါ သူအနားကို ဘယ်ယောက်ျားလေးမှ အကပ်မခံတာ" "သမီး…အသက်နှစ်ဆယ်ကျရင် ခေါ်မယ်ဟုတ်လား" ဦးခင်စိုးတို့ လင်မယား ထိတ်လန့်သွားသည်။ "အေး …အနှောင့်အယှက်ပေးမယ့် ဘယ်သူကိုမှ ခွင့်မလွှတ်ဘူးကွ" ဟီး…ဟီး…ဟီး… ထိုသို့ မကျေနပ်ချက်များ ပြောဆိုပြီး စိုးစိုးမာ ခန္ဓာကိုယ်မှာ ဝင်ရောက်ပူးကပ်နေသော သရဲ ထွက်သွားသဖြင့် စိုးစိုးမာ ထိုင်နေရာမှ ပျော့ ခွေကျသွားသည်။ "ဟဲ့ …သမီး…စိုးစိုးမာ…သမီး" "ဟင်…အင့် …အင့် …" ခဏနေတော့ စိုးစိုးမာ သတိရလာသည်။ "ဘယ်လို လုပ်ကြမလဲ၊ အခုမှ ဒုက္ခလှလှ ကြီး တွေ့ပြီ" "နေစမ်းပါဦးကွာ …စဉ်းစားပါရစေဦး သရဲတစ္ဆေတွေကို ကောင်းကောင်းနိုင်တဲ့ ဆရာတွေ ရှိပါတယ်…သိပ်လည်း စိတ်မပူပါနဲ့" "သရဲနိုင်မှ ဖြစ်မှာ …မနိုင်ကတော့ သူက ပြန်ပြီး ဒဏ်ခတ်မှာ စိုးရတယ်" မနက်စောစော ဦးခင်စိုး ရွာထဲသို့ ထွက်သွားသည်။ တစ်နေ့လုံး ဦးခင်စိုး ပျောက်နေသည်။ ညနေ လေးနာရီခန့် ရောက်မှ အိမ်ပြန်လာသည်။ ဦးခင်စိုးနှင့်အတူ အသက်ခြောက်ဆယ့်ခန့် လူကြီးတစ်ယောက်လည်း ပါလာသည်။ လွယ်အိတ်တစ်လုံး လွယ်ထားသလို အညာ စောင် ဘသက်တစ်ထည်လည်း ခေါင်းပေါင်း ထားသည်။ အထက်လမ်းပညာ လိုက်စားနေသော ဆရာတစ်ယောက် ကျခတ်တောရွာမှာ ရှိသည်ဆို သဖြင့် တစ်လက်စတည်း လိုက်ပို့ သူနှင့်အတူ သွားပြီး အိမ်သို့ ပင့်လာခဲ့ခြင်းဖြစ်သည်။ ဆရာကြီးနာမည်က ဦးပန်းအောင် ဟုခေါ်သည်။ "ကြွပါ ဆရာ" "မအေးဘုံရေ…ဖျာခင်းပါဦးကွာ၊ သည်မှာ ဆရာပါလာလို့ " ဒေါ်အေးဘုံလည်း ဦးခင်စိုးအသံကြားသည်အတွက် မီးဖိုခန်းအတွင်းမှ အပြင်ထွက်လာကာ အိမ်ခေါင်းရင်း ဘက်မှာ သင်ဖြူးဖျာကို ချခင်းပေးလိုက်သည်။ ဆရာဦးပန်းအောင်က ထိုင်ပြီး ခဏမျှအကြာ ရှေ့နောက် ဝဲယာ စောင်းငဲ့ကြည့်ရင်း … "မောင်ခင်စိုးရဲ့သမီး ရှိလား…ခေါ်လိုက်လေ" "ဟုတ်ကဲ့ …ဆရာ၊ မအေးဘုံ …စိုးစိုးရော" "မီးဖိုထဲမှာ ထမင်းဟင်း ဝိုင်းကူချက်နေတယ်" "သမီးစိုးစိုး…လက်ဆေးပြီး ထွက်ခဲ့ဦး" ခဏအတွင်း စိုးစိုးမာ အပြင်ထွက်လာသည်။ "လာ…သမီး၊ ဆရာရှေ့မှာ လာထိုင်၊ သမီးကို သရဲက ဘယ်လို အနှောင့်အယှက်ပေးသလဲ" "သမီးကို ဒီနေ့အချိန်ထိ အိပ်မက်ပေးတာတို့ အနှောင့်အယှက်ပြုတာတို့ တစ်ခါမှ မလုပ်ပါဘူး မနေ့က ညနေပိုင်း သမီးကို ဝင်ပူးကပ်ပြီး ပြောသွားတယ်လို့ အမေတို့က ပြောပါတယ်" "အင်း …ဒီအတိုင်းဆိုရင် မိန်းကလေးကို အရိပ်တကြည့်ကြည့်နဲ့ ယောက်ျားလေးတွေ အနားမကပ်နိုင်အောင် စောင့်နေပုံပဲ၊ မိန်းကလေး အသက်နှစ်ဆယ် မပြည့်မချင်း ကိုယ့်ဘက်က အခွင့်အရေး ရှိနေသေးတာပဲ ဘာမှ မစိုးရိမ်ကြနဲ့" ဆရာကြီးက ဒေါ်အေးဘုံအား… "ကဲ…မိန်းကလေး အမေက မီးဖိုချောင်အခန်းတံခါး ရှိရင် သွားဖွင့်ထား၊ ရေကပြင်အထိ အားလုံးပွင့်နေပါစေ ထမင်းအိုး ဟင်းအိုးအားလုံး လုံအောင်ဖုံးပြီး ပြန်လာခဲ့" ဒေါ်အေးဘုံလည်း မီးဖိုအတွင်း ဝင်သွားသည်။ တံခါးအားလုံးဖွင့်လိုက်သည်။ ချက်ပြုတ်ထားသည့် အိုးများအားလုံး လုံခြုံအောင် ဖုံးဖိလိုက်ပြီး အပြင်သို့ ပြန်ထွက်လာခဲ့သည်။ ဆရာကြီးက ဘုရားစင်မှာ ဖယောင်းတိုင်များ၊ အမွှေးတိုင်များ ထွန်းညှိပူဇော်နေသည်။ ထိုအချိ်န် ဘယ်လို သတင်းကြားသည် မသိ၊ တစ်ယောက်စ၊ နှစ်ယောက်စ အိမ်နီးနားချင်း လူတစ်ချို့ အိမ်ပေါ်တက်လာကြသည်။ ဆရာက ဘုရားစာများ ရွတ်ဆိုပူဇော်နေသည်။ ဘုရားကို ဦးသုံးကြိမ်ချပြီး နောက်ဘက်သို့ လှည့် ထိုင်လိုက်သည်။ ဆရာ၏ ရှေ့မှာ ကျုံ့ကျုံ့လေး ထိုင်နေသော စိုးစိုးမာအား … "ကဲ…မိန်းခလေးကို နှောင့်ယှက်နေတဲ့ ဝိညာဉ် ကောင်ကို ခေါ်မယ်၊ မိန်းကလေးနောက်ဘက် တည့်တည့်မှာ ဘယ်သူမှ မထိုင်ကြနဲ့၊ ဒီဘေး ဘက်မှာ လာ ထိုင်ကြ" အိမ်ပေါ်မှာ လေးငါးခြောက်မျှ ရောက်နေသည်။ "ကဲ…မိန်းကလေးနောက်မှာ တကောက်ကောက် လိုက်တဲ့ ဝိညာဉ်ကောင်၊ ယခု …အထက်ဆရာကြီး များ အမိန်နှင့် ငါဆရာ ခေါ်တယ်၊ အခုရှိတဲ့ နေရာက အမြန်လာခဲ့၊ ကဲ…အထက်ပုဂ္ဂိုလ်များနဲ့ အထက်ဆရာကြီးများ၏ အမိန့်အရ ငါဆရာ ခေါ်နေတယ် …အမြန်လာခဲ့" ဆရာကြီး၏စကားအဆုံး စိုးစိုးမာတစ်ယောက် ရှေ့နောက်ကိုယ်ကို ယိမ်းထိုးလာပြီး ကျုံ့ကျုံ့လေးထိုင်နေရာက ယောက်ျားထိုင် ခြေချိတ်ပြီး ထိုင်လိုက်သည်။ "ဟီး …ဟီး…ဟီး…ဟား …ဟား …ဆရာစုပ် ငါ့ကို ဘာလို့ ခေါ်တာလဲကွ" "ဟေ့ကောင် …မလေးမစား မပြောနဲ့ ငါအောက်လမ်း ဆရာ မဟုတ်ဘူး…မင်းကိုမေတ္တာနဲ့ ခေါ်နေတာ" " ဘာသိချင်လို့ ခေါ်တာလဲ" "ကျုပ် ယူမလို့ " "မင်းက သရဲ…သူက လူ၊ မဖြစ်နိုင်ဘူး'" "သူရဲ့ ဝိညာဉ်ကို ခေါ်ပြီး အတူနေမှာ၊ အချိန်မရောက်သေးလို့" "မင်းခေါ်ချင်တိုင်း ခေါ်လို့ဖြစ်မလား" "ဟား…ဟား…ဟား…ငါ အခုမှပဲ ရအောင် ခေါ်နိုင်တယ်" ဒုန်း…ဒုန်း…ဒုန်း… လက်သီးနဲ့ ကြမ်းပြင်ကို ထုနေသည်။ ဆရာကြီးလည်း စောစောက ဘုရားရှိခိုးရင်း ဘုရားစင်ရှေ့မှာ ဆက် ကပ်ထားသော ရေမန်းကို ထယူကာ၊ ရေဖြင့် တောက်လိုက်သည်။ "အား…အား…မလုပ်နဲ့ " ပြီး…လွယ်အိတ်ထဲမှ အင်းချပ်တစ်ချပ်ကို ဆွဲထုတ်ကာ ရေခွက်ထဲ ထည့်လိုက်သည်။ ထိုအင်းချပ်ကို ရေခွက်ထဲ ထည့်သည်ကို သရဲပူးကပ်နေသောစိုးစိုးမာက စိုက်ကြည့်နေပြီး နောက်သို့ အနည်းငယ် ဆုတ်သွားသည်။ "ပြေးဖို့ စိတ်မကူးနဲ့၊ မင်းကို ငါမေးစရာတွေ ရှိတယ်၊ ရေမန်းနဲ့တင် မင်းခံစားလိုက်ရတယ် မဟုတ်လား၊ ဒီအင်းတော်ကြီး အစွမ်းနည်းနည်း ခံစားကြည့်ချင်လား" "မ…မလုပ်ပါနဲ့ " "ကဲ…ဆရာရှင်းရှင်းပဲ မေးမယ်၊ မင်း…အခုဘယ်မှာနေလဲ" "သူတို့တဲနားက ပျဉ်းမပင်မှာ နေတယ်" "အေး…အဲဒီအပင်မှာလည်း မနေနဲ့တော့။ မင်းနေတဲ့ အပင်ခြေရင်းမှာ ဟောဒီဆေးဖယောင်းတိုင် သွားထွန်းခိုင်းမယ်၊ မင်း…အန္တရာယ်မဖြစ်ချင်ရင် ပျဉ်းမပင်ကြီးမှာလည်း မနေနဲ့တော့ ဒီမိန်းခလေး ကိုလည်း မင်းနဲ့အတူ နေဖို့ မကြိုးစားနဲ့တော့ မင်း…ကတိပေးမလား" "မပေးဘူး…ပျဉ်းမပင်မှာ မနေနဲ့ဆို မနေဘူး၊ ဒါပေမဲ့ ဒီမိန်းခလေးနဲ့ ကျုပ်က အရင်ဘဝတုန်းက အိမ်ထောင်ဘက်ဖြစ်ခဲ့တယ်၊ ရေနစ်ပြီး ကျုပ်တို့ နှစ်ယောက် သေခဲ့တယ်။ သူက လူဖြစ်သွားပြီး ကျုပ်က သရဲဖြစ်ခဲ့တယ်၊ ဒါကြောင့် သူ့ကို ပြန်ခေါ်လို့ ရမယ့် အချိန်ကို စောင့်နေတာ" "မင်းတို့ ရေစက်က အရင်ဘဝကပဲပါတာ၊ ဒီဘဝမှာ မပါလို့ တစ်ယောက်က လူဖြစ်၊ တစ်ယောက်က သရဲဖြစ်တာ၊ နောက်ဘဝ တစ်ခုခုမှာ ပြန်ဆုံကောင်း ဆုံနိုင်ပေမဲ့ နောက်ဘဝမှာတော့ ပြန်ဆုံဖို့ ဘယ်သူမှ အာမ မခံနိုင်ဘူး၊ ဒီမိန်းခလေး သက်တမ်း ကုန်လို့ သေလွန်ခဲ့ရင် ဘယ်ဘဝရောက်မယ် ဘယ်သူမှ မသိဘူး၊ မင်းလည်း သရဲဘဝနဲ့ အနှစ်ဘယ်လောက်အထိ နေရဦးမယ် မသိဘူး၊ သရဲဘဝက သေရင် ငရဲရောက်မလား၊ ဒီထက်မြင့်တဲ့ ဘုံစံရမလား၊ ဘယ်သူမသိဘူး။ ခံရမယ်ဝဋ်ကြွေးတွေ ကုန်လို့ ပဋ္ဌာန်းဆက် ကျန်သေးရင် ဘဝတစ်ခုမှာပြန်ဆုံတွေ့ပါလိမ့်မယ်၊ မင်းက သူ့ကို သတ်ပြီး မင်းအနားမှာ ထားမယ် စိတ်ကူးပေမဲ့ မိန်းကလေး က ဘုရားတရားအားထုတ်ပွားများပြီး သေဆုံးခဲ့ရင် သူဝိညာဉ်က မင်းလို သရဲတစ္ဆေ ဖြစ်မယ်ထင်လား၊ နတ်ပြည်ရောက်သွားနိုင်သလို လူ့ပြည်လည်း ပြန်ရောက်နိုင်တယ်၊ သရဲဖြစ်တယ်ဆိုတာ အရင်ဘဝက အကုသိုလ်မကင်းလို့ ဖြစ်တာ၊ မင်းက သူ့ကို စွဲလို့ သရဲဖြစ်တာ၊ သေခြင်းရဲ့ ဝိညာဉ်လားရာကို ဘယ်သူမှ သတ်မှတ်လို့ မရဘူး၊ ငရဲကျမလား၊ တိရစ္ဆာန်ဖြစ်မလား၊ လူဖြစ်မလား၊ နတ်ဖြစ်မလား၊ တစ္ဆေ သရဲ ဖြစ်မလား၊ သူ့ရဲ့ကုသိုလ် အကုသိုလ်အ ကြောင်းတရားအတိုင်း ဖြစ်မှာ မင်း…နား လည်ပြီလား" "ဟုတ်ပါပြီ နားလည်ပါပြီ" "အတိတ်က ကံမကောင်းခဲ့လို့ သရဲဘဝရောက်နေတာ၊ ကိုယ့်အတွက် ကုသိုလ်ကောင်းမှု ပြုပေးနိုင်တဲ့လူကိုသာ စောင့်မျှော်နေပါ၊ ကုသိုလ်ပြုပေးတဲ့ လူရှိရင် ဒီထက် မြင့်တဲ့ ဘုံဘဝကို ရောက်အောင် စိတ်က အာရုံပြု ထားပေါ့၊ ကဲ…ဆရာပြောတာ၊ မင်း …သဘောပေါက် တယ် မဟုတ်လား" "ပေါက်ပါတယ် " "စိုးစိုးမာကို အသက်နှုတ်မယ်လို့ စိတ်ထဲထားဦးမလား" " မထားတော့ပါဘူး" "မင်းကို ဘယ်ကနေ ဘဝကူးပြောင်းလာတာလဲ" "တာဆုံရွာမှာ လှေမှောက်ပြီး ရေနစ်သေခဲ့ကြတာပါ၊ ကျုပ်က သရဲဖြစ်ပြီး သူက လူဖြစ်သွားလို့ သူ့အနီးမှာ လာစောင့်ရှောက်နေတာပါ" "အေး…တာဆုံရွာကို အကြောင်းကြားပြီး မင်းအတွက် ကုသိုလ်လုပ်ပေးဖို့ ပြောမယ်၊ အလှူလုပ်လို့ အမျှ ဝေရင် သာဓု ခေါ်မှာလား" "ခေါ်ပါ့မယ်"
"ဘယ်မှာလုပ်ပေးရမလဲ" "ဘယ်မှာနေရမယ်…မသိသေးပါဘူး" "ကဲ…ကဲ…မင်းအတွက် အလှူလုပ်ပေးတဲ့ အချိန်ထိ ပျဉ်းမပင်ကြီးမှာ နေခွင့်ပြုတယ်၊ ကိုခင်စိုးတို့တဲမှာ မင်းအတွက် အလှူလုပ်ပေးမယ်၊ မင်းဆွေမျိုးတွေကို သွားအကြောင်းကြားပေးမယ်၊ အလှူပြီးတဲ့အထိ ပျဉ်းမပင်မှာနေ၊ နောက်ပိုင်းရက် အပင်ရင်းမှာ ဖယောင်းတိုင် ထွန်းမယ်" "သရဲဘဝက အမျှခေါ်ရလို့ ဘဝတစ်ခုကို ကူးပြောင်း တယ် ဆိုရင် အိပ်မက်လာပေးပါမယ်" "ကဲ…ကဲ၊ မင်း …အခုပြန်တော့၊ ဒီရွာထဲကိုလည်း မလာနဲ့တော့ စိုးစိုးမာရဲ့ မိသားစုကိုလည်း မနှောင့်ယှက်နဲ့တော့၊ မင်း ဒီအိမ်ပေါ်က ဆင်းသွား တာကို သိသာအောင် လုပ်ပြသွား၊ နောက်ဖေးပေါက် က ဆင်းပြီး ပြန်ရမယ်" "ဟုတ်ကဲ့ …ကျုပ် သွားပါတော့မယ်" ဆရာကြီးက နှုတ်မိန့်ဖြင့် ချုပ်ထားသည်များကို ဖြေပေးလိုက်သည်။ အိမ်ပေါ်မှာ မီးရောင်တို့ဖြင့် လင်းနေသည်။ အပြင်မှာ မှောင်စပြုနေသည်။ "ကဲ…သွားတော့ " စိုးစိုးမာခန္ဓာကိုယ် ရှေ့နောက်ယိမ်းထိုးပြီး လဲကျသွားသည်။ ဒုန်း …ဒုန်း…ဒုန်း…ဒုန်း …ဝုန်း ခြေသံပြင်းပြင်းနင်း၍ မီးဖိုခန်းမ ထွက်ပြီး ရေကပြင်မှ မြေပေါ်ခုန်ချသံတို့ကိုပါ ဆက်တိုက်ကြားလိုက်ရသည်။ အိမ်ပေါ်ကလူများ ဆရာ၏ရှေ့သို့ တိုးလာကြသည်။ စိုးစိုးမာလည်း မျက်လုံးလေး ပေကပ်ပေကပ်နှင့် သတိပြန်ရလာသဖြင့် မိခင်ဖြစ်သူက ထူမပေးလိုက်သည်။ "ကဲ…ဆရာ၊ ချည်မန်းကြိုး ချည်ပေးထားမယ်၊ အသက် နှစ်ဆယ်ပြည့်ပြီးတဲ့အထိ လည်ပင်းမှာ ချည်ထား" "စိုးရိမ်ရသေးလား ဆရာကြီး" "မစိုးရိမ်ရတော့ပါဘူး၊ သူ့အတွက် အလှူလေး တစ်ခု လုပ်ပေးလိုက်ပေါ့ " ဒေါ်အေးဘုံက ဦးခင်စိုးအား… "ဟို …တာဆုံရွာသွားပြီး ဘယ်သူ့မေးရမှာလဲ" ဆရာကြီးက ဦးခင်စိုးကို လှမ်းမေးလိုက်သည်။ "မောင်ခင်စိုးသမီး အခု အသက်ဘယ်လောက်လဲ" "ဆယ့်ရှစ်နှစ်ထဲ ဝင်တော့မှာပါ၊ တစ်လခွဲလောက်ပဲ လိုပါတော့တယ်…ဆရာကြီး" "အင်း…ဒါဆို၊ လွန်ခဲ့တဲ့ ဆယ့်ကိုးနှစ်ဝန်းကျင်လောက် က တာဆုံရွာမှာ လှေမှောက်ပြီးဆုံးသွားတဲ့ မိသားစု ရှိ/မရှိ၊ သွား စုံစမ်းပေါ့" "အဲဒီလို သွားမေးရင် သမီးရဲ့ဆွေမျိုးတွေ ရှုပ်လာမှာ စိုးတယ် ဆရာကြီး၊ ကျနော်တို့ပဲ ငွေစိုက်ပြီး အလှူ လုပ်ပေးလိုက်ပါတော့မယ်" "သရဲနာမည် တောက်ထိန်ဆိုတော့ ဟိုရွာမှာ သေသွားတဲ့တောက်ထိန်ကို စုံစမ်းလည်း ရတာပဲ၊ သူမကျွတ်မလွတ်သေးလို့ သရဲဖြစ်နေတယ်၊ သူကျွတ်လွတ်အောင် လာလုပ်ပေးဖို့ ပြောရင် ဖြစ်တာပဲ မဟုတ်လား" "ဟုတ်ကဲ့ …သဘောပေါက်ပါပြီ" "ကဲ…ကဲ၊ ဆရာကြီးကို ရွာဦးဘုန်းကြီးကျောင်းကို လိုက်ပို့ပေးကြဦးကွယ့်၊ ဆရာတော်ကို ဖူးရင်း ဒီည ဆရာတော် ကျောင်းမှာပဲ အိပ်လိုက်တော့မယ်" ဦးခင်စိုးလည်း ဆရာကြီးအား ဘုန်းကြီးကျောင်းသို့ သွားပို့ပေးလိုက်သည်။ XXXXX မကြာခင်မှာပင် ဦးခင်စိုး၏ကြိုးစားမှုနှင့် တာဆုံရွာမှ ကိုတောက်ထိန်၏ မိသားစုများ လိုက်လာကာ အလှူ လုပ်ပေးပြီး အမျှဝေလိုက်ကြပါသည်။ ဦးခင်စိုးကလည်း အလှူငွေတစ်ဝက်ထည့်၍ လှူပေးခဲ့သည်။ သရဲ တောက်ထိန် ကတိပေးထားသည့်အတိုင်း ဘယ်သူမှ အနှောင့်အယှက် မပေးတော့ဘူး၊ သရဲအဆင့်ထက် မြင့်တဲ့ ဘုံကို ကူးပြောင်းရောက်ရှိသွားပြီဟု အိပ်မက် လာပေးခဲ့ပါသည်။

မူရင်းရေးသူ ဆရာ ဧကန်မင်း

မဖဲဝါတို့ မောင်နှမနဲ့ အင်းသရဲ စာအုပ်မှ ကောက်နုတ်တင်ပြထားသည်။

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ


သရဲေနာက္ပိုး

8-3-2024


"သမီးေရ …စိုးစိုးမာ မၿပီးေသးဘူးလား" "ၿပီးၿပီ…အေဖေရ၊ အားလုံးထည့္ၿပီးမွ အေမမလိုက္ျဖစ္ဘူးဆိုလို႔ အေမ့အတြက္ ျပန္ႏႈတ္ေနရလို႔ပါ "ညည္းအေမက…ဘာေၾကာင့္ မလိုက္ ျဖစ္ရတာလဲ" "ဒီေန႔ …ေတာ့္ရဲ႕သား အငယ္ေကာင္ ေက်ာင္းအပ္ရမယ္။ မေန႔က လွတင္နဲ႔ ေတြ႕လို႔ သူနဲ႔အတူ သြားမယ္လို႔ မွာလိုက္ တာ ေစာေစာကမွ သတိရလို႔ " "ျဖစ္မွျဖစ္ရေလ…ေအးဘုံရယ္၊ အခုမွ အသက္ေလးဆယ္ေက်ာ္႐ုံ၊ ရွိေသးတယ္ ေမ့တတ္လိုက္တာလည္း လြန္ေရာ ကဲ …ဒါဆို တို႔သားအဖပဲ သြားရေတာ့မွာေပါ့" "သမီးတစ္ေယာက္တည္းနဲ႔ ၿပီးပါတယ္ အေဖရဲ႕၊ ဒီေန႔ တစ္ေယာက္စာပဲ က်န္တာ မဟုတ္လား" "ဟုတ္ေတာ့ ဟုတ္တာေပါ့၊ သမီးအေမလိုက္ေတာ့ သမီးသက္သာတာေပါ့၊ တစ္ေန႔လုံး လုပ္ရမယ့္အလုပ္ ႏွစ္ေယာက္ လုပ္လိုက္ေတာ့ မနက္ပိုင္းနဲ႔ ၿပီးေရာ မဟုတ္လား ကဲ…ကဲ …တက္…တက္ သြားမယ္၊ ေနမထြက္ခင္ ကိုင္းကြက္ထဲေရာက္မွ သက္သာမွာ" စိုးစိုးမာလည္း ဖခင္ျဖစ္သူကို ထမင္းထုတ္ထည့္ ေသာ ေတာင္းကို လွမ္းေပးလိုက္ၿပီး လွည္းဘီးမွ ကုတ္ဖက္၍ တက္လိုက္သည္။ အက်ႌလက္ရွည္ သနပ္ခါးပါးကြက္ႀကီးႏွင့္ မ်က္ႏွာတစ္ခုလုံး ေဖြးေအာင္ လိမ္းထားေသးသည္။ လယ္ကြင္းထဲ မွာ ေဆး႐ြက္ႀကီးအတက္မ်ား ဖဲ့ရမည္ျဖစ္သည္။ သူတို႔ လယ္ကြင္းမွာ ေဆး႐ြက္ႀကီးမ်ား စိုက္ထား သည္။ ေဆးပင္မွ အ႐ြက္ရွစ္႐ြက္၊ ကိုး႐ြက္ခန္႔ ထြက္လာလွ်င္ ေခါင္းၫြန္႔ကို ခ်ိဳးလိုက္သည္။ သို႔မွသာ ႀကီးမားျပန္႔ကားေသာ အ႐ြက္မ်ား ရရွိေပမည္။ ထိုအ႐ြက္မ်ိဳးရရန္ ေခါင္ၫြန္႔ႏွိမ္ လိုက္႐ုံႏွင့္လည္း မၿပီးေသး။ ပင္စည္ႏွင့္ အ႐ြက္႐ိုးတံရင္းမွာ အတက္ေလးမ်ား ထြက္ လာသည္။ ထိုအတက္ေလးမ်ား သုံးလက္မ၊ ေလးလက္မထက္ ပိုရွည္မလာခင္ ခ်ိဳးဖဲ့လာသည္။ အတက္ကို အႀကီးခံ၍မျဖစ္၊ အတက္ကိုႏိုင္ႏိုင္ ဖဲ့ပစ္ႏိုင္မွ အ႐ြက္ေကာင္း အ႐ြက္လွမ်ား ရရွိေပမည္။ အရင္းပိုင္းမွ အ႐ြက္ႀကီးမ်ားကို ႐ိုးတံမွ သိၿပီး အေျခာက္လွမ္းကာ ေဆးျပင္းလိပ္လုပ္ရန္အတြက္ ေရာင္းရသည္။ အ႐ြက္မလွေသာ အေပၚပိုင္း အ႐ြက္မ်ားကို ဓါးလွီး ေဆး႐ြက္အျဖစ္ အသုံးျပဳသည္။ လွီးထားေသာ ေဆး႐ြက္မ်ားကို အေျခာက္လွန္းကာ ဓါးလွီးေဆးအျဖစ္ေဆးလိပ္ႏွင့္ ေဆးတံအတြက္ အဓိကထား ေရာင္းဝယ္ၾကသည္။ ဗဂ်ီးနီးယားေခၚ သည့္ ေဆး႐ြက္ႀကီးမ်ားကို သက္သက္ စိုက္ကာ ကြမ္းစားေဆးအတြက္ စိုက္ၾကသည္။ ထိုေဆး႐ြက္ မ်ိဳးက အကြက္အကြက္ႏွင့္ အလြန္လွသည္။ ပင္စည္အ႐ိုးကို ဓါးႏွင့္စဥ္းၿပီး ေဆးေပါ့လိပ္မွာ ေဆး႐ိုးအျဖစ္ အသုံးျပဳသည္။ ေဆးအလုပ္က ရႈပ္သည္။ ေဆး႐ြက္သီသူမ်ား ငွားရသည္။ သိ၍ၿပီးေသာ ေဆး႐ြက္ႀကီးမ်ားကို အေျခာက္ခံရန္ ရွစ္ေပခန္႔ရွိေသာ ဝါးမ်ားေပၚ ခြၿပီး လွမ္းရသည္။ မနက္လွမ္းၿပီး ညေနေဆး႐ုံ ဂိုေထာင္အတြင္း သယ္သြင္းရသည္ ။ မနက္လွန္း ညေန႐ုတ္ျဖင့္ မေျခာက္မခ်င္း လွန္းရသည္။ ေဆးလွန္းသည့္ ငါးတန္းစင္မ်ားက သစ္ပင္ရိပ္ မရွိေသာ ၿခံက်ယ္က်ယ္ တစ္ေမွ်ာ္တစ္ေခၚရွိေန သည္။မနက္လွမ္းသည့္အခါ သက္သာသည္။ ဝါးတန္းသုံးေလးတန္း တစ္ခါတည္း လက္လွ်ိဳ သြင္းၿပီး သယ္၍ရသည္။ တစ္ညလုံး အေအးခံထားသည့္အတြက္ ေဆး႐ြက္ မ်ား ေပ်ာ့ေပ်ာင္းေနသည္ မဟုတ္ပါလား။ ညေန ဂိုေထာင္ထဲ ျပန္သြင္းလွ်င္ေတာ့ တစ္ခါသယ္လွ်င္ ဝါးတစ္လုံးသာ သယ္၍ရသည္။ ဝါးမွ လွ်ိဳလွန္း ထားေသာ ေဆး႐ြက္မ်ားက ေနပူပူမွာ ႂကြပ္႐ြ ေနသည္။ ထိမိခိုက္မိလွ်င္ အ႐ြက္ေျခာက္မ်ား က်ိဳးပဲ့ကုန္သည္။ အ႐ြက္ရင္း ႐ိုးတံေျခာက္သည္ အထိ လွန္းရသည္။ ထို႔ေၾကာင့္ ဝါးတန္း(၁၀၀)ရွိလွ်င္ အေခါက္(၁၀၀)မွ် အႀကိမ္ႀကိမ္ ႐ုတ္သိမ္းရသည္။ ေနပူပူမွာ တစ္ပတ္ခန္႔ လွမ္းရသည္။ အလုပ္ရႈပ္သလို အရင္းက ဝင္ေပမဲ့ ရရွိေသာ ေရာင္းရေငြက ၿမိဳးၿမိဳးျမက္ျမက္ေလးရသျဖင့္ အပင္ပန္းခံ လုပ္ေနၾကျခင္းျဖစ္သည္။ ေဆး႐ြက္ ခူးသည့္အခါလည္း ေဆးဂ်ီးေၾကာင့္ ေျခေတြ လက္ေတြ ညစ္ပတ္ေနသည္။ အလုပ္သိမ္းလွ်င္ ဆပ္ျပာႏိုင္ႏိုင္ေဆးေပမဲ့ လက္ဝါးျပင္မွာဝါၿပီး က်န္ရစ္သည္။ ဆပ္ျပာအျပင္ ဖရဲသီးအခြံႏွင့္ ပြတ္တိုက္ေဆးလွ်င္လည္း ေဆးဂ်ီးေျပာင္သည္။ ယခု ဦးခင္စိုးက လွည္းကို ေမာင္းေနသည္။စိုးစိုးမာက ထမင္းေတာင္းကို ထိန္းရင္းလိုက္ပါလာသည္။ ေဆး ႐ြက္ခူးရန္ တစ္လခန္႔လိုေသးသည္။ အခ်ိန္မွန္ အတက္ဖဲ့ ေသာအလုပ္သာ တစ္ပတ္တစ္ခါခန္႔ စိုက္ခင္းထဲ ဝင္ရသည္ စိုးစိုးမာတို႔က လယ္ေျခာက္ဧက ရွိသည့္အနက္ ေလးဧက ကို ေဆး႐ြက္ႀကီးမ်ားစိုက္၍ က်န္ႏွစ္ဧကကို ေျပာင္းစိုက္ ထားသည္။ ေျပာင္းကေတာ့ ခ်ိဳးေရာင္းေနရၿပီ။ ေဆး႐ြက္ႀကီးေလးဧကကို သားအဖသုံးေယာက္ႏွင့္ ေန႔စားႏွစ္ေယာက္ငွားၿပီး အတက္ခ်ိဳးရသည္။ ေအးေအး ေဆးေဆးခ်ိဳး၍ မရ၊ သို႔ေၾကာင့္ ေန႔စားသြင္းသည္။ ေန႔စားေခၚသည့္အခါ မိန္းခေလးကို ငွားပါမွ၊ မိန္းခေလးငွားလွ်င္ အလုပ္ၿပီးသည္အထိ လူၿမဲသည္။ မိန္းကေလးမ်ား မအား၍ ေယာက္်ားေလးမ်ား ငွားလ်င္ တစ္ရက္ထက္ပိုငွား၍ မရ၊ ေနာက္ေန႔ အေၾကာင္းတစ္ခုခုျပၿပီး မလာေတာ့။ စိုးစိုးမာကလည္း အသက္ဆယ့္ခုႏွစ္ႏွစ္ အပ်ိဳႀကီးဖားဖားျဖစ္ေနေပသည္။ ႐ြာရွိလူပ်ိဳလူ႐ြယ္မ်ားကို ေန႔စားေခၚလွ်င္ ဝမ္းပန္းတသာနဲ႔ လက္ခံၿပီး အလုပ္ခြင္သို႔ ေရာက္လာသည္။ အလုပ္ လက္စမျပတ္ေသးသျဖင့္ ေနာက္ေန႔ဆက္ဆင္းရန္ မွာလိုက္သည္။ ဒါေပမဲ့ ထိုေယာက္်ားေလးေတြ ေနာက္ေန႔ဆင္းရန္ ခါးခါးသီးသီး ျငင္းဆန္ေလေတာ့ သည္။ ထို႔ျပင္ ႐ြာကာလသား တခ်ိဳ႕ကလည္း စိုးစိုးမာကို ေတြ႕လွ်င္ လူပ်ိဳစကားမ်ိဳး မထိတထိ ေျပာၾကသည္။ရိသဲ့သဲ့ လုပ္ၾကသည္။ ေနာက္က စကားလိုက္ေျပာသည့္ လူပ်ိဳမ်ားပင္ရွိခဲ့သည္။ တစ္ခု ထူးျခားသည္၊ ထို႔သို႔စျခင္း၊ ေျပာင္းျခင္း၊ ရိသဲ့သဲ့ လုပ္ၾကေသာ လူငယ္လူ႐ြယ္မ်ားသည္ တစ္ႀကိမ္က ႏွစ္ ႀကိမ္ထက္ ပိုၿပီး မလုပ္ၾက။ စိုးစိုးမာကိုေတြ႕လွ်င္ သူတို႔ႏွင့္ မသိသလို မဆိုင္သလိုမ်ိဳး ျဖစ္သြားသည္။ စိုးစိုးမာကို ေတြ႕လွ်င္ ေနာက္ေၾကာင္း ျပန္လွည့္သူ လွည့္ၾကသည္။ အခ်ိဳ႕က သူကိုေတြ႕သည္ႏွင့္ ေဝးေဝးက ေရွာင္ထြက္သြားၾကသည္။ စိုးစိုးမာ၏စိတ္ထဲမွာ ထူးဆန္းသလို ျဖစ္မိသည္မွာ ၾကာၿပီ။ သူမကိုယ္တိုင္က စိတ္ဝင္စားမႈ မရွိသည့္ အတြက္ ထိုကိစၥကို ေလးေလးနက္နက္ မထားမိခဲ့ ျခင္းျဖစ္သည္။ လြန္ခဲ့ေသာ ေျခာက္လခန္႔က မိုးဦးက် စပါးစိုက္ခ်ိန္က ျဖစ္သည္။ စိုးစိုးမာကို ပိုးပန္သူမ်ားထဲမွ ေအာင္ေက်ာ္ဆိုေသာ လူ႐ြယ္ကဦးခင္စိုးထံ ေရာက္လာၿပီးေန႔စားအလုပ္လာ လုပ္သည္။ "ဟ…ေမာင္ေအာင္ေက်ာ္ သည္အခ်ိန္ ဦးလယ္ထဲမွာ လူမွ မလိုဘဲ …ေစာေစာရက္ကဆို ထြန္ဆြဲ၊ ၾကမ္းတုံး ႐ိုက္၊ စက္တုံးဆြဲ အလုပ္ရွိေသးတယ္။ အခု အားလုံး ၿပီးလို႔ မနက္ျဖန္ ပ်ိဳးႏႈတ္ၿပီး ေကာက္စိုက္ရက္ေတာင္ ခ်ိတ္ထားၿပီးၿပီ" "ပ်ိဳးႏႈတ္တာ လူမလိုဘူးလား" "တစ္ရက္ႀကိဳၿပီး ႏႈတ္ထားမွာဆိုေတာ့ အလ်င္ မီတယ္ေလကြာ" "ေကာက္စိုက္မယ့္ရက္ ဘယ္ႏွစ္ရက္ ေခၚထားလဲ ဦးေလး" "ေလးရက္ဆက္တိုက္ စိုက္မွာပဲ၊ သုတ္သူႀကီးက လူကုန္ေခၚလာမယ္ဆို ေလးရက္အျပတ္ပဲ၊ လူစုံ မပါရင္ ငါးရက္ ေျခာက္ရက္ထိ ေရာက္သြားမွာေပါ့ "က်ေနာ္ ပ်ိဳးလာႏႈတ္မယ္ စိုက္ကြက္ေတြထဲ ပ်ိဳးစည္း ထမ္းခ်မယ္…ဦးေလးရာ၊ က်ေနာ္ ပိုက္ဆံအသုံးလိုေနလို႔ ႏွစ္ရက္သုံးရက္ေတာ့ ဝင္လုပ္ပါရေစ" "ကဲ …ကဲ…မနက္ျဖန္ ပ်ိဳးလာႏႈတ္၊ ဆက္ဆင္း…ဟုတ္လား" "ဟုတ္ကဲ့ …ဦးေလး၊ က်ေနာ္ မနက္မိုးလင္းတာနဲ႔ ပ်ိဳးလာႏႈတ္ပါ့မယ္" "ေအး …ေအး၊ လာခဲ့ …ငါလည္း အကြက္ထဲမွာ ရွိေနမယ္" ေနာက္ေန႔ ေအာင္ေက်ာ္ အလုပ္ဆင္းလာသည္။ ေအာင္ေက်ာ္မိဘေတြက ႐ြာထဲမွာ စားႏိုင္ေသာက္ ႏိုင္ေသာ အဆင့္ထဲမွ ျဖစ္သည္။ ကုန္စုံဆိုင္ႀကီး ဖြင့္ထားသည္။ ေအာင္ေက်ာ္က အသုံးလို၍ ေန႔စားလာဆင္းသည္ကို ဦးခင္စိုးက ႐ိုး႐ိုးေတြးသည္။ လူငယ္လည္းျဖစ္ သုံးခ်င္ျဖဳန္းခ်င္ပါလ်က္ …မိဘက ပိုက္ဆံကို စည္းစနစ္ႏွင့္ ေပးသုံးသည့္အတြက္ ေငြအလုံးလို၍ အလုပ္လာေတာင္းသည္ဟု အထင္ ရွိသည္။ ေအာင္ေက်ာ္က စိုးစိုးမာကို ပိုးပန္းခ်င္သည့္ အတြက္ အလုပ္လာေတာင္းျခင္းျဖစ္သည္။ ထိုေန႔က ေကာက္စိုက္အဖြဲ႕တြင္ စိုးစိုးမာလည္း ပါသည္။ ေအာင္ေက်ာ္တစ္ေယာက္ ႏႈတ္ၿပီးပ်ိဳးပင္ မ်ားကို ထမ္းၿပီး လာခ်ေပးရင္း သီခ်င္းတေက်ာ္ေက်ာ္ ဆိုသည္။ သုတ္သူႀကီး ေဒၚခင္ေမက မ်က္စိေနာက္၊ နားပူလာသျဖင့္ ေအာ္ထုတ္ရသည္အထိ ျဖစ္သည္။ စိုးစိုးမာအနီး ရစ္သီရစ္သီႏွင့္ အေၾကာင္းမရွိ အေၾကာင္းရွာၿပီးေရာက္ေရာက္လာသျဖင့္ ေကာက္စိုက္သမမ်ားကလည္း စိုးစိုးမာႏွင့္ ေအာင္ေက်ာ္ကို စၾက ေျပာင္ၾက ေနာက္ၾက သည္။ ေကာက္စိုက္သမေတြ အလုပ္သိမ္းၿပီး ျပန္ေတာ့ ဦးခင္စိုးႏွင့္ အတူ ေအာင္ေက်ာ္လည္း ေနာက္ေန႔ ေကာက္စိုက္ရန္ ပ်ိဳးႏႈတ္၍ က်န္ခဲ့သည္။ ပ်ိဳးစည္းသုံးဆယ္ခန္႔ႏႈတ္ၿပီးေတာ့ လက္စသိမ္းၿပီး ျပန္လာၾကသည္။ "ေနာက္ေန႔ က်ေနာ္လာခဲ့မယ္၊ သုံးရက္ျပည့္မွ လုပ္ခ ေပါင္းႏႈတ္ရွင္းေပးေပေတာ့ သြားၿပီး ဦးေလး" "ေအး…မနက္ရွစ္နာရီ မထိုးခင္သာ ေရာက္လာ ခဲ့ေပေတာ့" "က်ေနာ္ ေစာေစာလာခဲ့ပါမယ္" ေအာင္ေက်ာ္က ဦးခင္စိုးအား ႏႈတ္ဆက္ၿပီး ပ်ိဳးခင္းထဲမွ တက္လာခဲ့သည္။ ေကာက္စိုက္သမမ်ား ထမင္းခ်ိဳင့္ထားေသာ ယာယီထိုးထားေသာ အဖီတဲ ေလးမွာ ေရေသာက္ရန္စိတ္ကူးၿပီး လွည့္ဝင္လိုက္သည္။ ေရကို အဝခပ္ေသာက္ၿပီး ထြက္ခဲ့သည္။ သည္သုံးရက္ အတြင္း စိုးစိုးမာႏွင့္ နီးစပ္ေအာင္ ႀကံေဆာင္ရမည္ဟု စိတ္ကူးထားသည္။ တဲေလးထဲမွ ထြက္ၿပီး ေနာက္ ဘက္ရွိ ပ်ဥ္းမပင္ေအာက္က ျဖတ္ထြက္ခဲ့သည္။ စြပ္…စြပ္…စြပ္…စြပ္" "ဟင္ …ေျခသံပါလား" မိုး႐ြာထား၍ ဗြက္ေပါက္ေနေသာ လယ္ကန္သင္း႐ိုးေပၚမွ နင္းၿပီး ျပန္အလာ၊ သူေနာက္ဘက္မွေျခသံလိုလို ၾကားလိုက္၍ ေနာက္သို႔ လွည့္ၾကည့္မိသည္။ ဘာမွမေတြ႕၊ သို႔ေၾကာင့္ ေျခလွမ္းသြက္သြက္ ေလွ်ာက္လိုက္သည္။ ဒါေပမဲ့ ေျခသံက ေပ်ာက္မသြား သူေလွ်ာက္ရင္ အသံၾကားရသည္။ သူရပ္လွ်င္ အသံရပ္သြားသည္။ "ေဟ့ေကာင္…ေအာင္ေက်ာ္၊ မင္း ငါ့ေစာ္ စိုးစိုးမာကို ေနာက္ပိုးတဲ့စိတ္နဲ႔ ထပ္လာလို႔ကေတာ့ အေသပဲ" "ဟင္ …စကားသံပါလား" သူထိတ္လန္႔သြားၿပီး ေနာက္သို႔ လွည့္ၾကည့္သည္။ ဘာမွ မေတြ႕ေပမဲ့ အနီးကပ္ေျပာေသာ ေယာက်ၤား အသံကို ပီပီသသ ၾကားလိုက္သည္။ "စိုးစိုးမာကို …မႀကိဳက္ရ၊ ေနာက္မပိုးရဘူးဆိုပါလား" "မင္း ၾကပ္ၾကပ္ မွတ္ထား၊ ေနာက္တစ္ခါ စိုးစိုးမာ အနားမွာ မင္းကို မျမင္ခ်င္ဘူး" အသံက ေနာက္က ကပ္ပါလာသည္။ လူကို မျမင္ရ။ ေအာင္ေက်ာ္တစ္ေယာက္ ေၾကာက္သည့္စိတ္ကို ထိန္းမရေတာ့၊ ေျခကုန္သုတ္ၿပီး အိမ္သို႔ အေရာက္ ျပန္ခဲ့သည္။ ထိုညမွာလည္း အိပ္မက္ထဲထိတိုင္ လာေရာက္ ေျခာက္လွန္႔ၿခိမ္းေျခာက္ေနျပန္သည္။ သို႔အတြက္ ေနာက္ေန႔ ပ်ိဳးႏႈတ္ရန္ မသြားေတာ့။ ေန႔စား တစ္ရက္ခပင္ သြားမယူေတာ့။ ဦးခင္စိုးက လူႀကဳံႏွင့္ ေပးခိုင္းလိုက္သည္။ ေနာက္ပိုင္း ေအာင္ေက်ာ္တစ္ေယာက္ စိုးစိုးမာဆီ ေျခလွမ္းမလွည့္ေတာ့။ အေဝးကေတြ႕လွ်င္ပင္ လွည့္ေရွာင္သြားေတာ့သည္။ ထိုကဲ့သို႔ ေအာင္ေက်ာ္ ၏ အျပဳအမူေၾကာင့္ စိုးစိုးမာ စိတ္မဝင္စားေသာ္လည္း ႐ုတ္တရက္ ေျပာင္းလဲသြားေသာ အျပဳအမူအတြက္ စိတ္ဝင္တစားေတာ့ ျဖစ္မိသည္။ ဘာေၾကာင့္လဲ …သူ႔အနီး ေလွ်ာက္ျပန္သံေပး တရစ္ဝဲဝဲလုပ္လာေသာ လူပ်ိဳတစ္ေယာက္ ၿငိမ္ခ်က္သားေကာင္းသြားျခင္း၊ သူ႔ကိုေတြ႕သည္ ႏွင့္ ေရွာင္ဖယ္သြားျခင္းသည္ အနည္းငယ္ ထူးဆန္း ေနသည္။ သူႏွင့္လည္း ထိပ္တိုက္မေတြ႕ေသး၊ သူကလည္း ေအာ္ဟစ္ေျပာဆို ႏွင္ထုတ္ျခင္းလည္း မျပဳပါဘဲ အနီးကပ္လာသူမ်ား ခ်က္ခ်င္းလွည့္ထြက္ၿပီး သြားေနၾကသည္၊ ဘယ္လိုမွ စဥ္းစားမရ။ ေအာင္ ေက်ာ္ ေျခၿငိမ္သြားၿပီးေနာက္ပိုင္း၊ စပါးရိတ္ခ်ိန္သို႔ ေရာက္ခဲ့သည္။ အညာမွ စပါးလာရိတ္ၾကသူမ်ားရွိသလို အျခား ႐ြာမ်ားမွလည္း လက္ခစား လာရိတ္သူမ်ားရွိသည္။ ထိုလူစုမွ ေထြးႏိုင္ဆိုေသာ အသက္ႏွစ္ဆယ္အ႐ြယ္ရွိ လူငယ္တစ္ေယာက္ပါသည္။ ထိုအဖြဲ႕ကို ဦးခင္စိုးက ပုတ္ျပတ္ငွားလိုက္သည္။ သူတို႔ရိတ္ေသာ ရက္မ်ားမွာ မနက္စာ အစာေျပ လယ္ရွင္က တာဝန္ယူရသည္။ စိုးစိုးမာက မိုးလင္းသည္ႏွင့္ စပါးရိတ္သမားမ်ား အစာေျပစားရန္ ေကာက္ညႇင္းေပါင္း လာပို႔သည္။ ပထမရက္မွာ ေကာက္ညႇင္းေပါင္း၊ ဒုတိယရက္မွာ ေကာက္ညႇင္းထုပ္ ယူလာၿပီး ေကြၽးသည္။ ေထြးႏိုင္က စိုးစိုးမာကို ပထမရက္ စေတြ႕ေတြ႕ခ်င္း စိတ္ဝင္စားခဲ့သည္။ သေဘာက်သြားသည္။ ဒုတိယ ေန႔ ေန႔ခင္းေရာက္ေတာ့ ေကာက္ရိတ္အဖြဲ႕မွ အေဒၚႀကီးက စိုးစိုးမာကို နာမည္ေမးၿပီး ပြင့္ပြင့္ လင္းလင္း ေျပာလာသည္။ "သမီးနာမည္ ဘယ္လိုေခၚလဲ …သမီး" "စိုးစိုးမာပါ အေဒၚ" "ေဟ့ …သူငယ္ ၾကားလိုက္လား" "ၾကားတယ္ ေဒၚေလး" "အို…ဘာေတြလဲ" "ဟို …ေမာင္ေထြးႏိုင္က သမီးကိုစိတ္ဝင္စားလို႔ သမီးနာမည္ကို ေမးခိုင္းလို႔ အေဒၚေမးေပးတာ" "အို…မဟုတ္တာ…ဘာေတြလဲ" စိုးစိုးမာ ထိုမွ်သာေျပာၿပီး သူတို႔နားက ထြက္လာခဲ့သည္။ အခုမွ ႏွစ္ရက္ပဲ ရွိေသးသည္။ သူ႔အေၾကာင္း ကိုယ္မသိ၊ ကိုယ့္အေၾကာင္း သူမသိ၊ ဘယ္လိုျဖစ္ႏိုင္မွာလဲ …မိမိအလုပ္လည္း လယ္ကြင္း ထဲမွာ မရွိေတာ့သည့္အတြက္ ေကာက္ညႇင္းထုပ္ ထည့္ခဲ့ေသာ ေတာင္းကိုယူကာ ႐ြာသို႔ ျပန္လာခဲ့သည္။ ရင့္မွည့္ေနၿပီျဖစ္ေသာ စပါး(၆)ဧကကို ပုတ္ျပတ္ခ် လိုက္ရာ (၄)ဧက ျပတ္သြားၿပီး (၂)ဧကသာ က်န္ ေတာ့သည္။ မနက္ပိုင္း ထုံးစံအတိုင္း ထမင္းႏွင့္ ပဲျပဳတ္ဆီဆမ္း အစာေျပစားရန္ ေကာက္ရိတ္ အဖြဲ႕ ရွိရာသို႔ စိုးစိုးမာ ေတာင္း႐ြက္၍ ေရာက္ လာသည္။ ပန္းကန္မ်ားႏွင့္ ထည့္ၿပီး ကန္သင္း႐ိုးေပၚ ဝိုင္းဖြဲ႕ထိုင္စားၾကသည္။ ထိုလူအုပ္ထဲတြင္ ေထြး ႏိုင္ကို မေတြ႕ေတာ့ … "စိုးစိုးမာေရ …သမီးေၾကာင့္ ေထြးႏိုင္ စပါးရိတ္ မဆင္းေတာ့ဘူး" "ဟင္ …ဘာဆိုင္လို႔လဲ အေဒၚ" " ေအး …သူက ျမင္ျမင္ခ်င္း သေဘာက်သြားတာ၊ ေထြးႏိုင္က ငါ့ကို မွာသြားတယ္၊ ေနာက္ကို စိုးစိုးမာနဲ႔ ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့လို႔ သူနဲ႔စျခင္း၊ ေျပာင္ေလွာင္ ျခင္း၊ မလုပ္ၾကပါနဲ႔လို႔ မွာလိုက္တယ္ သူ…အခု ႐ြာျပန္သြားၿပီ၊ ဘယ္လိုမွ ေမးလို႔ မရဘူး။ သူတစ္ခုခုကို ေၾကာက္လန္႔ေနတဲ့ပုံပဲ။ အဲဒီစကား လာေျပာတာေတာင္ ေရွ႕ေနာက္ ဝဲယာ ေခါင္းကိုလည္ေနတာပဲ" "ကိစၥျပတ္သြားေတာ့လည္း ေကာင္းပါတယ္၊ က်မကလည္း ခုျမင္ ခုႀကိဳက္ဆိုတဲ့ကိစၥ ဘယ္ လိုမွ လက္မခံႏိုင္ပါဘူး " "သားသမီးခ်င္း ကိုယ္ခ်င္းစာပါတယ္၊ အခုပုံစံက လက္တည့္စမ္းသလို ျဖစ္ေနတာ မဟုတ္လား သူျပန္သြားတာေတာ့ စိတ္မေကာင္းပါဘူး ကဲ…သမီး စားလို႔လည္း ၿပီၿပီး အလုပ္သြားလုပ္ ေတာ့မယ္" "ဒီေလာက္ အသည္းအသန္ေျပာခိုင္းၿပီး ဘယ္လို ျဖစ္ၿပီး ေကာက္ကာငင္ကာ ျပန္သြားရတာလဲ" အနီးက မိန္းကေလးတစ္ေယာက္ … "အခ်စ္နာ က်သြားတာ ျဖစ္မွာေပါ့ " "မဟုတ္ႏိုင္ဘူး …ဒီမိန္းခေလးရဲ႕ ရည္းစာက သိသြားလို႔ ဓါးႀကိမ္းသြားႀကိမ္းတာနဲ႔ ျပန္ေျပး တာလားမွ မသိတာ" "က်မမွာ ဘယ္ရည္းစာမွ မရွိပါဘူး" "အင္း…ဘာေၾကာင့္ေတာ့ အေဒၚလည္း မသိဘူး၊ မနက္ေစာေစာေရာက္လာၿပီး သူ႔လုပ္ခရွင္းရန္ ေျပာဆိုေတာင္းပန္လို႔ ကားဂိတ္ကို သြားတာပဲ" "သူ႔ေနာက္ပိုင္းကိစၥ ေပၚလာလို႔ ျဖစ္မွာေပ့ါ" စိုးစိုးမာက ထိုမွ်သာ ေျပာၿပီး ေကာက္ရိတ္သမား မ်ား စားထားေသာ ပန္းကန္မ်ားကို သိမ္း၍ ေတာင္းထဲ သို႔ ထည့္ကာ တဲသို႔ ထြက္လာခဲ့ပါသည္။ ပိုေသာ ထမင္းက်န္မ်ားကို တဲေနာက္ဘက္သို႔ ထြက္ၿပီး ႀကဲပက္လိုက္သည္။ ပ်ဥ္းမပင္ႀကီးေအာက္ကို ၾကည့္လိုက္မိသည္၊ စာေလးသုံးေကာင္ အစာ ရွာေနသည္ကို ေတြ႕သျဖင့္ အိုးထဲမွ က်န္ေနသည့္ ထမင္းမ်ားကို လက္ႏွင့္ျခစ္ယူၿပီး သစ္ပင္ေအာက္ သြားကာ ပုံေပးၿပီး ျပန္လွည့္ထြက္လိုက္သည္။ "ဘုတ္" "ဟင္…ဘာခုန္ခ်လိုက္တာလဲ" ေဘးဘီဝဲယာ ၾကည့္ေတာ့ ဘာမွမျမင္၊ သို႔ေၾကာင့္ တဲသို႔ ျပန္လာခဲ့သည္။ သစ္ပင္ႏွင့္ တဲက ေပသုံး ဆယ္ခန္႔ ကြာသည္။ တဲက ယာယီနားခိုရန္ အျဖစ္ ထိုးထားေသာ ကနားဖ်ဥ္းကို တစ္ဖက္ရပ္ အဖီ ခ်ထားေသာ တဲေလးျဖစ္သည္။ ေတာင္းထဲသို႔ အိုးကို ထည့္ေနစဥ္ ရိပ္ခနဲလိုလို အနီးမွာ ေတြ႕လိုက္မိသည္။ လူတစ္ေယာက္ အနီးသို႔ ေရာက္လာသည္အထင္ႏွင့္ လွည့္ၾကည့္လိုက္သည္။ ဘာမွ မရွိ၊ ေရွ႕ေနာက္ ဝဲယာ ၾကည့္သည္၊ ဘာမွမေတြ႕၊ သို႔ေၾကာင့္ တစ္ေယာက္ တည္း မေနဝံ့ေတာ့သျဖင့္ အျပင္သို႔ ထြက္လာခဲ့သည္။ XXXXX ဦးခင္စိုးတစ္ေယာက္ သမီးစိုးစိုးမာ အ႐ြယ္ေရာက္လာ ေသာ္လည္း အေျခအေနက ထူးျခားသလိုျဖစ္ေန သည့္အတြက္ ဇနီးျဖစ္သူေဒၚေအးဘုံကိုေခၚၿပီး နားလည္သေလာက္ ရွင္းျပသည္။သမီးကို ေယာ က်ၤားေလးေတြ အေခၚအေျပာ မရွိဘဲ ေရွာင္ဖယ္ ေနသည့္ကိစၥကို ေလ့လာစုံစမ္းခိုင္းသည္။ "ေတာ္က ဘာေၾကာင့္ ပူပင္ေနရတာလဲ …ကိုယ့္သမီး ရည္းစာမထား၊ အိမ္ေထာင္ျပဳခ်င္စိတ္ မရွိတာ ဘယ္ ေလာက္စိတ္ခ်မ္းသာဖို႔ ေကာင္းလဲ" "ဟဲ့ …ငါလည္း သူ႔အေဖပါ၊ ႐ိုး႐ိုးတန္းတန္း ခ်စ္သူ ရည္းသား မထားခ်င္တာ အေၾကာင္းမဟုတ္ဘူး၊ အခု…မင္းရဲ႕သမီးအနားကို ေယာက္်ားေလး သုံး ေလးေယာက္ ခ်ည္းကပ္တာ ငါသိတယ္၊ တစ္ ေယာက္မွ ဇြဲမရွိဘဲ မင္းသမီးရဲ႕အနားက ေပ်ာက္ ကုန္လို႔ ငါစိတ္ထဲ ထူးဆန္းေနတာ" "ေတာ္က ဘယ္လို သိတာလဲ" "ငါ…စသိတာ မိုးဦးက် ေအာင္ေက်ာ္ဆိုတဲ့ေကာင္ေလး သူ႔အိမ္စီးပြားေရးက ေကာင္းပါရက္ …ငါ့လယ္မွာ ပ်ိဳး ႏႈတ္ခ်င္လို႔ ဆိုၿပီး အလုပ္လာေတာင္းတယ္။ သူသုံး ရက္လုပ္တယ္၊ ေငြလိုလို႔ ေပးလုပ္ပါလို႔ ေတာင္းပန္းတာ နဲ႔ ငါေပးလုပ္လိုက္တယ္။ စလုပ္တဲ့ေန႔က ဒီေကာင္ ငါ့သမီးအနား တရစ္ဝဲဝဲ သြားလုပ္ေနလို႔ ေကာက္စိုက္ သမေတြက စၾက ေျပာင္ၾကနဲ႔၊ ပြဲဆူေနတာ။ ငါက ျပႆနာမရွိတာနဲ႔ မသိခ်င္ေယာင္ ေဆာင္ေနလိုက္တယ္၊ အဲ…ေနာက္ေန႔လည္း ေရာက္ေရာ အလုပ္မဆင္းေတာ့ ဘူး၊ ဒီေကာင္ သုံးရက္ ဆက္လုပ္ရင္ ငါ့သမီးနဲ႔ က်ိန္းေသ သမီးရည္းစားျဖစ္သြားမွာ၊ ဟို႐ြာအလယ္ ပိုင္းက ေဒၚသန္းခင္သား၊ ေအးဝင္းဆို တဲနားလာလာၿပီး သီခ်င္းလာ ဟဲေနတာ၊ ႏွစ္ရက္ေလာက္ၾကာေတာ့ မလာေတာ့ဘူး၊ ငါနဲ႔ ဆုံလို႔ ငါၿပဳံးျပတာေတာင္ ငါ့ကိုေမာ့မၾကည့္ဘူး၊ ၿပီးေတာ့ စပါးလာရိတ္တဲ့အဖြဲ႕ထဲ က ေကာင္ေလးတစ္ေယာက္က သမီးကို ႀကိဳက္လို႔ ဆိုၿပီး သူအဖြဲ႕က အသက္ႀကီးႀကီး အေဒၚႀကီးကို ေျပာခိုင္းသတဲ့၊ ေနာက္ေန႔လည္း ေရာက္ေရာ အထုပ္ထမ္းၿပီး သူ႔႐ြာကိုျပန္သြားေရာတဲ့" "ရွင္က ဘာေၾကာင့္ ရွင့္သမီးကိစၥ ခေရေစ့တြင္းက် သိေနတာလဲ" "သိဆို အဲဒီေန႔က စပါးရိတ္တဲ့လူ ေလ်ာ့သြားလို႔ ေမးေတာ့၊ သူတို႔အဖြဲ႕ထဲက အေဒၚႀကီးက ၿပဳံးၿပဳံး ရယ္ရယ္နဲ႔ ငါ့ကို ေျပာျပတာ" "ရွင္သမီးကလည္း ရွင္မသိတဲ့အခ်ိန္ ေအာ္ဟစ္ ေမာင္းထုတ္ေနလားမွ မသိတာ" "အဲဒီအဆင့္ မေရာက္ခင္ကို ေယာက်ၤားေလးေတြ သမီးအနားက အေဝးကို ေရာက္သြားၾကတာကြ" "ရွင္က သမီးထက္ပိုၿပီး စိတ္ကူးယဥ္ေနတာ၊ သမီးအတြက္ စိတ္ပူၿပီး ယုံထင္ေၾကာင္ထင္ ျဖစ္ေနတာ၊ က်ဳပ္သတိထား ေနပါ့မယ္၊ ရွင့္သမီးကို ရွင္လည္း ဂ႐ုစိုက္ၿပီးေန၊ သူေၾကာင့္ ေယာက်ၤားေလးေတြ အရွက္ရသြားတယ္၊ ေနာက္ ဆုတ္သြားရတယ္ဆိုရင္ အၿငိဳးထားမွာလည္း စိုးရတယ္" မိခင္ႏွင့္ ဖခင္တို႔က စိုးစိုးမာအတြက္ စိုးရိမ္ေနေပမဲ့ စိုးစိုးမာကေတာ့ ထိုကိစၥကို စိတ္ဝင္စားမႈ မရွိသလို အေရးတယူ မရွိလွပါ။ XXXXX ကိုင္းအသီးအႏွံမ်ားသိမ္းၿပီး အခ်ိဳ႕က ေရာင္းခ်၍ ေငြမ်ားပင္ ႐ႊင္ေနၾကၿပီ၊ စိုးစိုးမာတို႔ဘႀကီး ၊ ဦးခင္စိုး၏ အစ္ကိုႀကီးမိသားစုဦးစီး၍ ရဟန္းခံရွင္ျပဳ လုပ္သည္။ စိုးစိုးမာ၏ ေမာင္ႏွစ္ေယာက္လည္း ရွင္ျပဳပြဲမွာ ပါသျဖင့္ အလႉမိသားစုအျဖစ္ အလုပ္မအားမလပ္ ရွိေနရသည္။ ထိုအတူ ရွင္ေလာင္းလွည့္ပြဲမွာလည္း စိုးစိုးမာ တို႔က ကြမ္းေတာင္ကိုင္၊ ပန္းေတာင္ကိုင္မ်ား အျဖစ္ တာဝန္ယူရေသးသည္။ ထိုအဖြဲ႕ထဲမွ စိုးစိုးမာႏွင့္ မိန္းခေလးသုံးေယာက္ခန္႔က ႐ြာ၏ က်က္သေရေဆာင္အျဖစ္ အလွဆုံး မ်ား ျဖစ္ေနသည္။ သားရွင္မ်ားကလည္း ထိုအခ်ိန္မွာ မိမိတို႔သားမ်ားအတြက္ ေခြၽးမ ေလာင္း မ်ားကို အကဲခတ္ ေ႐ြးခ်ယ္ၾကသည္။ အိုးဘိုစု႐ြာမွ လယ္ပိုင္ရွင္ ဦးထြန္းဇံႏွင့္ ေဒၚေထြးရီတို႔က သူတို႔သားႏွင့္ စိုးစိုးမာကို လက္ဆက္ေပးခ်င္သည္ဆိုကာ… သူ႔မိတ္ေဆြမ်ား အကူအညီေတာင္း၍ ဦးခင္စိုးတို႔အား အလႉအိမ္မွာပင္ နားသြင္းခိုင္းသည္။ ကန္႔ကြက္မည္မဟုတ္လွ်င္ ေန႔ေကာင္းရက္သာ ေ႐ြးၿပီး နားလာေဖာက္ခ်င္သည္ဟု ဆိုသည္။ စိုးစိုးမာ၏ မိသားစု သေဘာက်ေအာင္ တင္ ေတာင္းပါမည္ဟုလည္း ဆိုလာသည္။ ဦးခင္စိုးတို႔လင္မယားကလည္း သမီးကညာ အခါမလင့္ေစခ်င္သည့္အတြက္သမီးကို နားခ်ၿပီး အေၾကာင္းျပန္ပါမည္ဟု မယုတ္မလြန္ေျပာလိုက္သည္။ အလႉပြဲ အေကြၽးအေမြးေန႔မွာ ဦးထြန္းဇံ၏သားပါ ေရာက္လာသည္။ သူ႔နာမည္က ေအာင္မ်ိဳးႏိုင္ဟု ဆိုသည္။ ေအာင္မ်ိဳးႏိုင္ကလည္း စိုးစိုးမာကို ျမင္ျမင္ခ်င္း သေဘာက်သြားသည္။ ထိုေန႔မွာ လူငယ္ႏွစ္ေယာက္ကို လူႀကီးမ်ားက မိတ္ဆက္ဆုံေတြ႕ေပးၾကသျဖင့္ တစ္ဦးႏွင့္တစ္ဦး အေခၚအေျပာ ရွိခဲ့သည္။ တစ္ဦးႏွင့္တစ္ဦး စိတ္ ဝင္စားဟန္လည္း ရွိသည္။ အကဲခတ္ေနၾကေသာ လူႀကီးမ်ားကလည္း လူငယ္ႏွစ္ေယာက္အေျခ အေနကို ၾကည့္ၿပီး ေပ်ာ္႐ႊင္ေနၾကသည္။ မၾကာခင္ ေသာ ရက္တစ္ရက္မွာ လူငယ္ႏွစ္ေယာက္အား ခမ္းနားေသာ မဂၤလာပြဲ ဆင္ႏႊဲေပးမည္ဟူေသာ စိတ္ကူးမ်ားျဖင့္ ဝမ္းသာေနၾကသည္။ XXXXX ဝုန္း…ဒုန္း…ဝုန္း… "ဟဲ့…ေအးဘုံ၊ ဘာလဲ" "မသိဘူးေလ၊ မီးဖိုထဲမွာ ေၾကာင္ခုန္ခ်လား မသိဘူး၊ ေတာ္ ထၾကည့္ပါဦး" ဒုန္း…ဒုန္း…ဒုန္း "ဟင္…အိမ္ေခါင္ေပၚ ခဲေတြနဲ႔ ပစ္ေနတယ္" ဒုန္း…ဒုန္း…ဗ်မ္း "ေဟ့ …ဘယ္ေကာင္ေတြ လက္ကျမင္းေနတာလဲ" ဦးခင္စိုး ေငါက္ခနဲ ထထိုင္ၿပီး အိမ္ေရွ႕ကို ဓါတ္မီးဆြဲၿပီး ထြက္လာသည္။ ေျခရင္းခန္းမွာ အိပ္ေသာ စိုးစိုးမာလည္း ႏိုးေနၿပီ။ " အေဖ…ဘာသံလဲ" "အိမ္ကို ခဲနဲ႔ ထုေနလို႔ …ထြက္ၾကည့္မလို႔ " "အျပင္မထြက္နဲ႔ …အေဖ ေတာ္ၾကာ ခဲမွန္ေနဦးမယ္" "ေတာက္…ဘယ္ေကာင္ ခဲနဲ႔ပစ္ေနတာလဲကြ" ဗ်န္း …ဗ်န္း…ဗ်န္း… "အေဖ …အေဖ…သရဲ …သရဲ …သမီး အိပ္ခန္းေနာက္ကို ပုတ္ေနတယ္" "ကိုခင္စိုး…အျပင္ မထြက္နဲ႔ " ညဦးပိုင္းက သမီးႏွင့္ အိမ္ေထာင္ခ်ေပးမည့္ ဦးထြန္းဇံမိသားစုအေၾကာင္း၊ ေအာင္မ်ိဳးႏိုင္အ ေၾကာင္း စကားဝိုင္းဖြဲ႕ ထိုင္ေျပာေနၾကရာ ညဆယ့္တစ္နာရီခန္႔မွ အိပ္ရာထဲ ဝင္ျဖစ္ၾကသည္။ ယခု အိပ္ေပ်ာ္႐ုံပဲ ရွိေသးသည္။ဘယ္ကမွန္း မသိေသာ အရာက အိမ္ကိုသဲသဲမဲမဲ ခဲႏွင့္ ေပါက္ေနသည္။ သန္းေခါင္နီးမွ ခဲႏွင့္ေပါက္ျခင္း၊ အိမ္ကို ထု႐ိုက္ျခင္းတို႔ ရပ္သြားသည္။ မနက္လင္းေတာ့ ဦးခင္စိုးက ေဒၚေအးဘုံ ကိုေခၚၿပီး တိုးတိုးတိတ္တိတ္ ေျပာသည္။ "ညကကိစၥ မ႐ိုးဘူးထင္တယ္ မေအးဘုံ" "ဘာကို မ႐ိုးရတာလဲ" "မင္းရဲ႕ သမီးကို အိမ္ေထာင္ခ်ေပးမလို႔ စီစဥ္ကာမွ အခုလို ျဖစ္တာ မဟုတ္လား" "မဆိုင္ပါဘူးရွင္" "ဟုတ္တစ္ရက္တုန္းက ငါ မင္းရဲ႕ သမီးအေၾကာင္း ေျပာေသးတယ္ မဟုတ္လား" "ေယာက္်ားေလးေတြ ေနာက္ဆုတ္သြားတဲ့ကိစၥ မဟုတ္လား" " ဟုတ္တယ္ေလ …ညက အိမ္ေထာင္ေရးကိစၥ မဟုတ္လား" "က်ဳပ္ေတာ့ မစဥ္းစားတတ္ေတာ့ဘူး။ ဟိုကလာ နားေဖာက္ရင္ က်ဳပ္ကေတာ့ ေခါင္းညိတ္ရမွာပဲ" သူတို႔ေမွ်ာ္လင့္ေနေသာ ရက္သို႔ေရာက္လာသည္။ အိုးဘိုစု႐ြာမွ လူတစ္ေယာက္ ေရာက္လာသည္။ ဦးသိန္းဇံအိမ္က လႊတ္လိုက္၍ လာသည္ဟု ေျပာသည္။ သူတို႔သားက လက္မထပ္ခ်င္ေတာ့ဟု အတင္း ျငင္းသည့္အတြက္ အားနာစြာႏွင့္ လာေရာက္ ေတာင္းပန္ျခင္းျဖစ္ေၾကာင္း ေျပာျပသည္။ "က်ေနာ္တို႔လည္း ေကာင္ေလးပါးစပ္က ေျပာလို႔၊ အံ့ၾသေနၾကတာ၊ သူ႔မိဘေတြဆိုရင္ သူ႔သားကို ေတာ္ေတာ္ စိတ္ဆိုးေနၾကတယ္။ သူ႔သားက က်ေနာ္ ႀကိဳက္ေပမဲ့ မယူရဲဘူး၊ ည…ည ေရာက္ၿပီ ဆိုရင္ သရဲလိုလို အေကာင္ႀကီးက စိုးစိုးမာကို ယူရင္ သတ္ပစ္မယ္လို႔ ညအိပ္တာနဲ႔ လာေျပာ ေနတယ္။ ဒါေၾကာင့္ မယူရဲေတာ့လို႔ သြားျပန္ေျပာ ခိုင္းတာတဲ့" "သရဲက ေကာင္ေလးကို လာၿခိမ္းေျခာက္ေနတယ္ ဟုတ္လား" " ဟုတ္တယ္ …ဦး၊ ေအာင္မ်ိဳးႏိုင္က သူ႔အေမေတြကို က်ေနာ္ ေသမွာ ေၾကာက္တယ္လို႔ေျပာတယ္ ကဲ က်ေနာ္ ျပန္ဦးမယ္ ဦးေလး" "ေအး…ေအး" အေၾကာင္းလာၾကားေသာသူ ျပန္သြားသည္ႏွင့္ ဦးခင္စိုးႏွင့္ ေဒၚေအးဘုံတို႔ေခါင္းခ်င္းဆိုင္ၾကေတာ့သည္။ "ကဲ …တို႔စိတ္ထဲ မသကၤာတဲ့အတိုင္း ျဖစ္လာတာပဲ" "ဘယ္က သရဲတေစၦလဲ" "အဲဒါေတာ့ မသိဘူး၊ သမီးကို ခ်ည္းကပ္မယ့္ ေကာင္ေလးေတြကို သူေျခာက္လွန္႔ထုတ္ေနတာ လား မသိဘူး" "အင္း ရွင္ေျပာတာ ျဖစ္ႏိုင္တယ္၊ ဒါေပမဲ့ သရဲက ဘယ္ကသရဲလဲ တစ္ခါမွ မျမင္ဘူး မႀကဳံဘူးပါဘူး၊ အခု က်ဳပ္တို႔သမီးက အသက္ ၁၇ ႏွစ္ေက်ာ္ေက်ာ္ပဲ ရွိေသးတယ္၊ ေနာက္ပိုင္း အခုလိုသာ အေႏွာင့္အယွက္ ေပးေနမယ္ဆို ဘယ္လိုလုပ္ေတာ့မလဲ" "ဒီသရဲ …တို႔ၿခံထဲက သစ္ပင္တစ္ပင္,ပင္မွာ ေနတာနဲ႔ တူတယ္၊ မင္းသမီးကိုေခၚၿပီး ေမးၾကည့္ စမ္း၊ ဘာထူးျခားခ်က္ရွိလဲ ဆိုတာ" "မထူးျခားပါဘူး၊ အေမတို႔ အေဖတို႔ ေျပာေနတာ ၾကားပါတယ္၊ ဦးသိန္းဇံအိမ္က အေၾကာင္းလာၾကား တာကိုပါ ၾကားၿပီးပါၿပီ" "သမီးအတြက္ အေဖတို႔ အေမတို႔ စိတ္မေကာင္းပါဘူး" "စိတ္မေကာင္း မျဖစ္ပါနဲ႔၊ သမီးတို႔ခ်င္းက ခ်စ္သူ ေတြလည္း မဟုတ္ဘူး၊ တစ္ဦးအေၾကာင္းတစ္ဦး သိေသးတာလည္း မဟုတ္ဘူး၊ အခုလို ျဖစ္သြားတာ လည္း ေကာင္းပါတယ္" ဦးခင္စိုးႏွင့္ ေဒၚေအးဘုံတို႔လည္း သမီးအတြက္ ေခါင္းခဲေနၾကသည္။ တစ္ရက္ လင္မယားႏွစ္ေယာက္ လယ္ကြင္းထဲမွ အျပန္ လမ္းမွာ တိုးတိုးတိတ္တိတ္ တိုင္ပင္လာခဲ့ၾကသည္။ "မင္းညီမတို႔႐ြာမွာ သမီးကို ပို႔ထားၿပီး ေပ်ာ္သ ေလာက္ ေနခိုင္းရင္ ေကာင္းမလား" "ဟုတ္တယ္…က်မလည္း စဥ္းစားမိတယ္။ ၿပီးေတာ့ မတင္လွကို ေျပာရမယ္၊ သင့္ေတာ္တဲ့ တစ္ေယာက္ေယာက္ ေတြ႕ရင္ ေပးစားလိုက္လို႔" "ေအး…ေကာင္းတယ္၊ ဒါမွ ဒီသရဲရန္က လြတ္မွာ" "ရွင္ပဲ…ရွင့္သမီးကို သြားပို႔လိုက္" "မင္း …မလိုက္ဘူးလား" "မလိုက္ေတာ့ပါဘူး၊ ႏွစ္ေယာက္လုံးသြားရင္ ႏြားစာကိစၥေရာ၊ ကိုရင္ေတြ ဆြမ္းေလာင္းဖို႔ ကိစၥေရာ…က်ဳပ္အိမ္မွာ ရွိမွ ျဖစ္မွာ" လင္မယားႏွစ္ေယာက္ ႀကိဳတင္တိုင္ပင္ထားသည့္ အတိုင္း မၾကာေသာရက္မွာပင္ဦးခင္စိုး ထိုကိစၥကို အေကာင္အထည္ ေဖာ္ပါေတာ့သည္။ XXXXX ေပငါးဆယ္ခန္႔က်ယ္ေသာ ေခ်ာင္းအတြင္း ေလွေလး တစ္စီးကို ဦးခင္စိုးက ေလွာ္လာသည္။ စိုးစိုးမာက ေလွဦးတြင္ ထိုင္လာသည္။ စိုးစိုးမာတို႔ ေဒၚေလးေနေသာ ထင္းကုန္႐ြာက ေလွႏွင့္ သုံးနာရီနီးပါး ေလွာ္သြားရသည္။ ႐ြာက ေခ်ာင္းတစ္ဖက္ကမ္းကို တက္ၿပီး နာရီဝက္နီးပါး လမ္းေလွ်ာက္ရေသးသည္။ ထိုေခ်ာင္းက ေႏြေရာ မိုးပါ ေရမခမ္းေသာ ေခ်ာင္းျဖစ္သည္။ ဦးခင္စိုးတို႔က ႐ြာအလယ္မွာ ေနထိုင္ၿပီး လယ္ကလည္း ေခ်ာင္းကို ျဖတ္သြားစရာ မလိုသည့္အတြက္ ေလွမရွိ။ သို႔ေၾကာင့္ ဇနီးသည္၏ ညီမေနထိုင္ေသာ ႐ြာသို႔ သမီး လာပို႔ရန္ အသိတစ္ေယာက္၏ေလွကို ငွားၿပီး ထြက္လာျခင္းျဖစ္သည္။ မနက္ပိုင္း ထမင္း စားၿပီး သားအဖႏွစ္ေယာက္ ထြက္လာျခင္းျဖစ္သည္။ ေလွကို ေလွာ္ေနရင္း ခရီးတစ္ဝက္သာသာခန္႔ အေရာက္ ေရငတ္သလို ျဖစ္ၿပီး ေဆးလိပ္ေသာက္ရန္ စိတ္ကူးရလိုက္သည္။ အိတ္ကပ္ထဲ ထည့္ထားေသာ ေဆးေပါ့လိပ္ကို ထုတ္လိုက္သည္။ ေဆးလိပ္သာ ေတြ႕ၿပီး မီးျခစ္က အိတ္ကပ္ထဲ မရွိ။ "သမီး…ေတာင္းထဲမွာ မီးျခစ္…ပါလား၊ ရွာၾကည့္စမ္း၊ အေဖခံတြင္း ခ်ဥ္လို႔ " "အေဖကလည္း ေလကတိုက္နဲ႔ မီးျခစ္ရွိလည္း မီးျခစ္လို႔ ရပါ့မလား…ဟိုေရာက္မွပဲေသာက္ပါလား" "ကဲပါ …ရွာစမ္းပါ" ထိုအခ်ိန္ ဦးခင္စိုးေနာက္ဘက္မွ ပခုံးေပၚကိုေက်ာ္၍ လက္ႀကီးတစ္ဖက္ ထြက္လာသည္။ ထိုလက္ထဲမွာ မီးျခစ္တစ္လုံး ပါလာသည္။ "အမယ္ေလး…သရဲ" "အေဖ …ဘယ္လိုျဖစ္တာလဲ" "သူပခုံးေပၚမွ ထြက္လာေသာ လက္ႀကီးမွာ အေမြး အမွင္မ်ားကလည္း ရွည္လ်ားစြာ ေပါက္ေနသည္။ ထိုလက္ႀကီးက မီးျခစ္ကိုင္၍ ေပးေနသည္။ စိုးစိုးမာ က လွည့္ၾကည့္ေပမဲ့ ျမင္ပုံမေပၚ။ ဦးခင္စိုးလည္း ထိတ္လန္႔စြာ ေအာ္လိုက္သည့္ အတြက္ လက္ႀကီးေပ်ာက္သြားသည္။ ဦးခင္စိုးလည္း ဆုံးျဖတ္ခ်က္ခ်လိုက္ၿပီး ေလွကို ျပန္လွည့္လိုက္သည္။ "အေဖ…ေဒၚေလးတို႔႐ြာကို မသြားေတာ့ဘူးလား" "မသြားေတာ့ဘူး …သမီး၊ ေနာက္မွပဲ သြားေတာ့မယ္" "လုပ္ၿပီ…လမ္းတစ္ဝက္ေရာက္မွ ျပန္လွည့္ရတယ္လို႔" ဦးခင္စိုးလည္း ဘာမွ ျပန္မေျပာေတာ့ဘဲ ႐ြာသို႔သာ ျပန္ေလွာ္လာခဲ့သည္။ သရဲက သမီးသြားသည့္ေနာက္ လိုက္လာပုံရသည္။ သမီးသြားေလရာ သရဲေလွ်ာက္ လိုက္ေနမည္ထင္၍ သမီးကို မ်က္ကြယ္ရာ မထား ႏိုင္ဟု ဆုံးျဖတ္ကာ ေလွကို ျပန္ေလွာ္လာျခင္းျဖစ္သည္။ အိမ္ေပၚသို႔ သားအဖႏွစ္ေယာက္ တက္လာသည္ကို ေဒၚေအးဘုံ ျမင္သည့္အတြက္ အံ့ၾသေနသည္။ "အံ့ၾသမေနနဲ႔ မိန္းမေရ …မင္းညီမ႐ြာမွာ မင္းရဲ႕ သမီးကို ထားခဲ့ဖို႔ ဘယ္လိုမွ မျဖစ္ႏိုင္လို႔ ျပန္လာခဲ့တာ" "ကိုယ့္သမီး ကိုယ္သံေယာဇဥ္ျပတ္ဘဲ သြားပို႔ရတယ္ လို႔ေတာ္" "ဟဲ…ဟဲ သမီးကို မခြဲႏိုင္တာကလည္း မခြဲႏိုင္တာေပါ့ ဒါေပမဲ့ မိဘထက္ပိုဆိုးတဲ့ အျဖစ္ေၾကာင့္ ျပန္ေခၚခဲ့တာ" "ဘယ္လိုလည္း ရွင္းရွင္းေျပာစမ္းပါ" "ငါတို႔ ေလွေပၚမွာ ဟိုေကာင္သရဲ လိုက္လာလို႔ " "ဟင္" "ေအး …ဟုတ္တယ္၊ ဒါေၾကာင့္ ျပန္လွည့္လာခဲ့တာ" ဦးခင္စိုးက လမ္းမွာ ႀကဳံရပုံကို ရွင္းျပလိုက္သည္။ "ကဲ…ဒါဆို၊ ဒီအတိုင္း ၾကည့္ေနလို႔ေတာ့ မျဖစ္ဘူး၊ ဆရာေကာင္း သမားေကာင္းရွာမွ ျဖစ္ေတာ့မယ္" ဦးခင္စိုးတို႔ လင္မယားလည္း အသိမိတ္ေဆြမ်ား အားကိုး အားထားျပဳၿပီး ဆရာသမားေကာင္းကို ေတြ႕ရန္ ႀကိတ္၍ ရွာေဖြေနၾကသည္။ XXXXXX ဟီး …ဟီး …ဟီး "ဟဲ့ …သမီး စိုးစိုး ဘာျဖစ္လို႔လဲ" "ဘာသမီးလဲ" "စိုးစိုး …သမီး…သတိထား" ဝုန္း…ဒုန္း…ဒုန္း… "ငါ …စိုးစိုးမာ မဟုတ္ဘူးကြ…ေတာက္ထိန္" "ဘယ္က…ေတာက္ထိန္လဲ" "မင္းတို႔တဲေနာက္ဘက္က ပ်ဥ္းမပင္မွာေနတဲ့ သရဲေတာက္ထိန္" "ငါ…မင္းတို႔လင္မယားကို သတိေပးခ်င္လို႔ ေရာက္လာတာ" "စိုးစိုးမာကို ဘာျဖစ္လို႔ အေႏွာင့္အယွက္ေပးေနတာလဲ" "ငါ…စိုးစိုးမာကို အေႏွာင့္အယွက္ မေပးဘူး။ သူ႔နားေရာက္လာမယ့္ အေကာင္မွန္သမွ်ကို အေႏွာင့္အယွက္ေပးေနတာ၊ ဘယ္သူမွ စိုးစိုးမာနဲ႔ အိမ္ေထာင္မျပဳရဘူး" "ဒါျဖင့္ စိုးစိုးမာ အိမ္ေထာင္ မျပဳရေတာ့ဘူးေပါ့" "ငါနဲ႔ ျပဳမွာ " "သရဲႏွင့္လူ အတူတူေနလို႔ ဘယ္ျဖစ္မွာလဲ" " ငါက သူနဲ႔ အတူလာေနလို႔ မရေပမဲ့ သူက ငါနဲ႔ အတူလာေနလို႔ရတယ္၊ သူ …အသက္ႏွစ္ဆယ္ျပည့္ရင္ …ငါေနတဲ့ ေနရာကို အသက္ႏႈတ္ၿပီး ေခၚမွာ ဒါေၾကာင့္ အသက္ႏွစ္ဆယ္ မျပည့္မခ်င္း ငါ သူအနားကို ဘယ္ေယာက္်ားေလးမွ အကပ္မခံတာ" "သမီး…အသက္ႏွစ္ဆယ္က်ရင္ ေခၚမယ္ဟုတ္လား" ဦးခင္စိုးတို႔ လင္မယား ထိတ္လန္႔သြားသည္။ "ေအး …အေႏွာင့္အယွက္ေပးမယ့္ ဘယ္သူကိုမွ ခြင့္မလႊတ္ဘူးကြ" ဟီး…ဟီး…ဟီး… ထိုသို႔ မေက်နပ္ခ်က္မ်ား ေျပာဆိုၿပီး စိုးစိုးမာ ခႏၶာကိုယ္မွာ ဝင္ေရာက္ပူးကပ္ေနေသာ သရဲ ထြက္သြားသျဖင့္ စိုးစိုးမာ ထိုင္ေနရာမွ ေပ်ာ့ ေခြက်သြားသည္။ "ဟဲ့ …သမီး…စိုးစိုးမာ…သမီး" "ဟင္…အင့္ …အင့္ …" ခဏေနေတာ့ စိုးစိုးမာ သတိရလာသည္။ "ဘယ္လို လုပ္ၾကမလဲ၊ အခုမွ ဒုကၡလွလွ ႀကီး ေတြ႕ၿပီ" "ေနစမ္းပါဦးကြာ …စဥ္းစားပါရေစဦး သရဲတေစၦေတြကို ေကာင္းေကာင္းႏိုင္တဲ့ ဆရာေတြ ရွိပါတယ္…သိပ္လည္း စိတ္မပူပါနဲ႔" "သရဲႏိုင္မွ ျဖစ္မွာ …မႏိုင္ကေတာ့ သူက ျပန္ၿပီး ဒဏ္ခတ္မွာ စိုးရတယ္" မနက္ေစာေစာ ဦးခင္စိုး ႐ြာထဲသို႔ ထြက္သြားသည္။ တစ္ေန႔လုံး ဦးခင္စိုး ေပ်ာက္ေနသည္။ ညေန ေလးနာရီခန္႔ ေရာက္မွ အိမ္ျပန္လာသည္။ ဦးခင္စိုးႏွင့္အတူ အသက္ေျခာက္ဆယ့္ခန္႔ လူႀကီးတစ္ေယာက္လည္း ပါလာသည္။ လြယ္အိတ္တစ္လုံး လြယ္ထားသလို အညာ ေစာင္ ဘသက္တစ္ထည္လည္း ေခါင္းေပါင္း ထားသည္။ အထက္လမ္းပညာ လိုက္စားေနေသာ ဆရာတစ္ေယာက္ က်ခတ္ေတာ႐ြာမွာ ရွိသည္ဆို သျဖင့္ တစ္လက္စတည္း လိုက္ပို႔ သူႏွင့္အတူ သြားၿပီး အိမ္သို႔ ပင့္လာခဲ့ျခင္းျဖစ္သည္။ ဆရာႀကီးနာမည္က ဦးပန္းေအာင္ ဟုေခၚသည္။ "ႂကြပါ ဆရာ" "မေအးဘုံေရ…ဖ်ာခင္းပါဦးကြာ၊ သည္မွာ ဆရာပါလာလို႔ " ေဒၚေအးဘုံလည္း ဦးခင္စိုးအသံၾကားသည္အတြက္ မီးဖိုခန္းအတြင္းမွ အျပင္ထြက္လာကာ အိမ္ေခါင္းရင္း ဘက္မွာ သင္ျဖဴးဖ်ာကို ခ်ခင္းေပးလိုက္သည္။ ဆရာဦးပန္းေအာင္က ထိုင္ၿပီး ခဏမွ်အၾကာ ေရွ႕ေနာက္ ဝဲယာ ေစာင္းငဲ့ၾကည့္ရင္း … "ေမာင္ခင္စိုးရဲ႕သမီး ရွိလား…ေခၚလိုက္ေလ" "ဟုတ္ကဲ့ …ဆရာ၊ မေအးဘုံ …စိုးစိုးေရာ" "မီးဖိုထဲမွာ ထမင္းဟင္း ဝိုင္းကူခ်က္ေနတယ္" "သမီးစိုးစိုး…လက္ေဆးၿပီး ထြက္ခဲ့ဦး" ခဏအတြင္း စိုးစိုးမာ အျပင္ထြက္လာသည္။ "လာ…သမီး၊ ဆရာေရွ႕မွာ လာထိုင္၊ သမီးကို သရဲက ဘယ္လို အေႏွာင့္အယွက္ေပးသလဲ" "သမီးကို ဒီေန႔အခ်ိန္ထိ အိပ္မက္ေပးတာတို႔ အေႏွာင့္အယွက္ျပဳတာတို႔ တစ္ခါမွ မလုပ္ပါဘူး မေန႔က ညေနပိုင္း သမီးကို ဝင္ပူးကပ္ၿပီး ေျပာသြားတယ္လို႔ အေမတို႔က ေျပာပါတယ္" "အင္း …ဒီအတိုင္းဆိုရင္ မိန္းကေလးကို အရိပ္တၾကည့္ၾကည့္နဲ႔ ေယာက္်ားေလးေတြ အနားမကပ္ႏိုင္ေအာင္ ေစာင့္ေနပုံပဲ၊ မိန္းကေလး အသက္ႏွစ္ဆယ္ မျပည့္မခ်င္း ကိုယ့္ဘက္က အခြင့္အေရး ရွိေနေသးတာပဲ ဘာမွ မစိုးရိမ္ၾကနဲ႔" ဆရာႀကီးက ေဒၚေအးဘုံအား… "ကဲ…မိန္းကေလး အေမက မီးဖိုေခ်ာင္အခန္းတံခါး ရွိရင္ သြားဖြင့္ထား၊ ေရကျပင္အထိ အားလုံးပြင့္ေနပါေစ ထမင္းအိုး ဟင္းအိုးအားလုံး လုံေအာင္ဖုံးၿပီး ျပန္လာခဲ့" ေဒၚေအးဘုံလည္း မီးဖိုအတြင္း ဝင္သြားသည္။ တံခါးအားလုံးဖြင့္လိုက္သည္။ ခ်က္ျပဳတ္ထားသည့္ အိုးမ်ားအားလုံး လုံၿခဳံေအာင္ ဖုံးဖိလိုက္ၿပီး အျပင္သို႔ ျပန္ထြက္လာခဲ့သည္။ ဆရာႀကီးက ဘုရားစင္မွာ ဖေယာင္းတိုင္မ်ား၊ အေမႊးတိုင္မ်ား ထြန္းညႇိပူေဇာ္ေနသည္။ ထိုအခ်ိ္န္ ဘယ္လို သတင္းၾကားသည္ မသိ၊ တစ္ေယာက္စ၊ ႏွစ္ေယာက္စ အိမ္နီးနားခ်င္း လူတစ္ခ်ိဳ႕ အိမ္ေပၚတက္လာၾကသည္။ ဆရာက ဘုရားစာမ်ား ႐ြတ္ဆိုပူေဇာ္ေနသည္။ ဘုရားကို ဦးသုံးႀကိမ္ခ်ၿပီး ေနာက္ဘက္သို႔ လွည့္ ထိုင္လိုက္သည္။ ဆရာ၏ ေရွ႕မွာ က်ဳံ႕က်ဳံ႕ေလး ထိုင္ေနေသာ စိုးစိုးမာအား … "ကဲ…မိန္းခေလးကို ေႏွာင့္ယွက္ေနတဲ့ ဝိညာဥ္ ေကာင္ကို ေခၚမယ္၊ မိန္းကေလးေနာက္ဘက္ တည့္တည့္မွာ ဘယ္သူမွ မထိုင္ၾကနဲ႔၊ ဒီေဘး ဘက္မွာ လာ ထိုင္ၾက" အိမ္ေပၚမွာ ေလးငါးေျခာက္မွ် ေရာက္ေနသည္။ "ကဲ…မိန္းကေလးေနာက္မွာ တေကာက္ေကာက္ လိုက္တဲ့ ဝိညာဥ္ေကာင္၊ ယခု …အထက္ဆရာႀကီး မ်ား အမိန္ႏွင့္ ငါဆရာ ေခၚတယ္၊ အခုရွိတဲ့ ေနရာက အျမန္လာခဲ့၊ ကဲ…အထက္ပုဂၢိဳလ္မ်ားနဲ႔ အထက္ဆရာႀကီးမ်ား၏ အမိန္႔အရ ငါဆရာ ေခၚေနတယ္ …အျမန္လာခဲ့" ဆရာႀကီး၏စကားအဆုံး စိုးစိုးမာတစ္ေယာက္ ေရွ႕ေနာက္ကိုယ္ကို ယိမ္းထိုးလာၿပီး က်ဳံ႕က်ဳံ႕ေလးထိုင္ေနရာက ေယာက္်ားထိုင္ ေျခခ်ိတ္ၿပီး ထိုင္လိုက္သည္။ "ဟီး …ဟီး…ဟီး…ဟား …ဟား …ဆရာစုပ္ ငါ့ကို ဘာလို႔ ေခၚတာလဲကြ" "ေဟ့ေကာင္ …မေလးမစား မေျပာနဲ႔ ငါေအာက္လမ္း ဆရာ မဟုတ္ဘူး…မင္းကိုေမတၱာနဲ႔ ေခၚေနတာ" " ဘာသိခ်င္လို႔ ေခၚတာလဲ" "က်ဳပ္ ယူမလို႔ " "မင္းက သရဲ…သူက လူ၊ မျဖစ္ႏိုင္ဘူး'" "သူရဲ႕ ဝိညာဥ္ကို ေခၚၿပီး အတူေနမွာ၊ အခ်ိန္မေရာက္ေသးလို႔" "မင္းေခၚခ်င္တိုင္း ေခၚလို႔ျဖစ္မလား" "ဟား…ဟား…ဟား…ငါ အခုမွပဲ ရေအာင္ ေခၚႏိုင္တယ္" ဒုန္း…ဒုန္း…ဒုန္း… လက္သီးနဲ႔ ၾကမ္းျပင္ကို ထုေနသည္။ ဆရာႀကီးလည္း ေစာေစာက ဘုရားရွိခိုးရင္း ဘုရားစင္ေရွ႕မွာ ဆက္ ကပ္ထားေသာ ေရမန္းကို ထယူကာ၊ ေရျဖင့္ ေတာက္လိုက္သည္။ "အား…အား…မလုပ္နဲ႔ " ၿပီး…လြယ္အိတ္ထဲမွ အင္းခ်ပ္တစ္ခ်ပ္ကို ဆြဲထုတ္ကာ ေရခြက္ထဲ ထည့္လိုက္သည္။ ထိုအင္းခ်ပ္ကို ေရခြက္ထဲ ထည့္သည္ကို သရဲပူးကပ္ေနေသာစိုးစိုးမာက စိုက္ၾကည့္ေနၿပီး ေနာက္သို႔ အနည္းငယ္ ဆုတ္သြားသည္။ "ေျပးဖို႔ စိတ္မကူးနဲ႔၊ မင္းကို ငါေမးစရာေတြ ရွိတယ္၊ ေရမန္းနဲ႔တင္ မင္းခံစားလိုက္ရတယ္ မဟုတ္လား၊ ဒီအင္းေတာ္ႀကီး အစြမ္းနည္းနည္း ခံစားၾကည့္ခ်င္လား" "မ…မလုပ္ပါနဲ႔ " "ကဲ…ဆရာရွင္းရွင္းပဲ ေမးမယ္၊ မင္း…အခုဘယ္မွာေနလဲ" "သူတို႔တဲနားက ပ်ဥ္းမပင္မွာ ေနတယ္" "ေအး…အဲဒီအပင္မွာလည္း မေနနဲ႔ေတာ့။ မင္းေနတဲ့ အပင္ေျခရင္းမွာ ေဟာဒီေဆးဖေယာင္းတိုင္ သြားထြန္းခိုင္းမယ္၊ မင္း…အႏၲရာယ္မျဖစ္ခ်င္ရင္ ပ်ဥ္းမပင္ႀကီးမွာလည္း မေနနဲ႔ေတာ့ ဒီမိန္းခေလး ကိုလည္း မင္းနဲ႔အတူ ေနဖို႔ မႀကိဳးစားနဲ႔ေတာ့ မင္း…ကတိေပးမလား" "မေပးဘူး…ပ်ဥ္းမပင္မွာ မေနနဲ႔ဆို မေနဘူး၊ ဒါေပမဲ့ ဒီမိန္းခေလးနဲ႔ က်ဳပ္က အရင္ဘဝတုန္းက အိမ္ေထာင္ဘက္ျဖစ္ခဲ့တယ္၊ ေရနစ္ၿပီး က်ဳပ္တို႔ ႏွစ္ေယာက္ ေသခဲ့တယ္။ သူက လူျဖစ္သြားၿပီး က်ဳပ္က သရဲျဖစ္ခဲ့တယ္၊ ဒါေၾကာင့္ သူ႔ကို ျပန္ေခၚလို႔ ရမယ့္ အခ်ိန္ကို ေစာင့္ေနတာ" "မင္းတို႔ ေရစက္က အရင္ဘဝကပဲပါတာ၊ ဒီဘဝမွာ မပါလို႔ တစ္ေယာက္က လူျဖစ္၊ တစ္ေယာက္က သရဲျဖစ္တာ၊ ေနာက္ဘဝ တစ္ခုခုမွာ ျပန္ဆုံေကာင္း ဆုံႏိုင္ေပမဲ့ ေနာက္ဘဝမွာေတာ့ ျပန္ဆုံဖို႔ ဘယ္သူမွ အာမ မခံႏိုင္ဘူး၊ ဒီမိန္းခေလး သက္တမ္း ကုန္လို႔ ေသလြန္ခဲ့ရင္ ဘယ္ဘဝေရာက္မယ္ ဘယ္သူမွ မသိဘူး၊ မင္းလည္း သရဲဘဝနဲ႔ အႏွစ္ဘယ္ေလာက္အထိ ေနရဦးမယ္ မသိဘူး၊ သရဲဘဝက ေသရင္ ငရဲေရာက္မလား၊ ဒီထက္ျမင့္တဲ့ ဘုံစံရမလား၊ ဘယ္သူမသိဘူး။ ခံရမယ္ဝဋ္ေႂကြးေတြ ကုန္လို႔ ပ႒ာန္းဆက္ က်န္ေသးရင္ ဘဝတစ္ခုမွာျပန္ဆုံေတြ႕ပါလိမ့္မယ္၊ မင္းက သူ႔ကို သတ္ၿပီး မင္းအနားမွာ ထားမယ္ စိတ္ကူးေပမဲ့ မိန္းကေလး က ဘုရားတရားအားထုတ္ပြားမ်ားၿပီး ေသဆုံးခဲ့ရင္ သူဝိညာဥ္က မင္းလို သရဲတေစၦ ျဖစ္မယ္ထင္လား၊ နတ္ျပည္ေရာက္သြားႏိုင္သလို လူ႔ျပည္လည္း ျပန္ေရာက္ႏိုင္တယ္၊ သရဲျဖစ္တယ္ဆိုတာ အရင္ဘဝက အကုသိုလ္မကင္းလို႔ ျဖစ္တာ၊ မင္းက သူ႔ကို စြဲလို႔ သရဲျဖစ္တာ၊ ေသျခင္းရဲ႕ ဝိညာဥ္လားရာကို ဘယ္သူမွ သတ္မွတ္လို႔ မရဘူး၊ ငရဲက်မလား၊ တိရစာၦန္ျဖစ္မလား၊ လူျဖစ္မလား၊ နတ္ျဖစ္မလား၊ တေစၦ သရဲ ျဖစ္မလား၊ သူ႔ရဲ႕ကုသိုလ္ အကုသိုလ္အ ေၾကာင္းတရားအတိုင္း ျဖစ္မွာ မင္း…နား လည္ၿပီလား" "ဟုတ္ပါၿပီ နားလည္ပါၿပီ" "အတိတ္က ကံမေကာင္းခဲ့လို႔ သရဲဘဝေရာက္ေနတာ၊ ကိုယ့္အတြက္ ကုသိုလ္ေကာင္းမႈ ျပဳေပးႏိုင္တဲ့လူကိုသာ ေစာင့္ေမွ်ာ္ေနပါ၊ ကုသိုလ္ျပဳေပးတဲ့ လူရွိရင္ ဒီထက္ ျမင့္တဲ့ ဘုံဘဝကို ေရာက္ေအာင္ စိတ္က အာ႐ုံျပဳ ထားေပါ့၊ ကဲ…ဆရာေျပာတာ၊ မင္း …သေဘာေပါက္ တယ္ မဟုတ္လား" "ေပါက္ပါတယ္ " "စိုးစိုးမာကို အသက္ႏႈတ္မယ္လို႔ စိတ္ထဲထားဦးမလား" " မထားေတာ့ပါဘူး" "မင္းကို ဘယ္ကေန ဘဝကူးေျပာင္းလာတာလဲ" "တာဆုံ႐ြာမွာ ေလွေမွာက္ၿပီး ေရနစ္ေသခဲ့ၾကတာပါ၊ က်ဳပ္က သရဲျဖစ္ၿပီး သူက လူျဖစ္သြားလို႔ သူ႔အနီးမွာ လာေစာင့္ေရွာက္ေနတာပါ" "ေအး…တာဆုံ႐ြာကို အေၾကာင္းၾကားၿပီး မင္းအတြက္ ကုသိုလ္လုပ္ေပးဖို႔ ေျပာမယ္၊ အလႉလုပ္လို႔ အမွ် ေဝရင္ သာဓု ေခၚမွာလား" "ေခၚပါ့မယ္"

"ဘယ္မွာလုပ္ေပးရမလဲ" "ဘယ္မွာေနရမယ္…မသိေသးပါဘူး" "ကဲ…ကဲ…မင္းအတြက္ အလႉလုပ္ေပးတဲ့ အခ်ိန္ထိ ပ်ဥ္းမပင္ႀကီးမွာ ေနခြင့္ျပဳတယ္၊ ကိုခင္စိုးတို႔တဲမွာ မင္းအတြက္ အလႉလုပ္ေပးမယ္၊ မင္းေဆြမ်ိဳးေတြကို သြားအေၾကာင္းၾကားေပးမယ္၊ အလႉၿပီးတဲ့အထိ ပ်ဥ္းမပင္မွာေန၊ ေနာက္ပိုင္းရက္ အပင္ရင္းမွာ ဖေယာင္းတိုင္ ထြန္းမယ္" "သရဲဘဝက အမွ်ေခၚရလို႔ ဘဝတစ္ခုကို ကူးေျပာင္း တယ္ ဆိုရင္ အိပ္မက္လာေပးပါမယ္" "ကဲ…ကဲ၊ မင္း …အခုျပန္ေတာ့၊ ဒီ႐ြာထဲကိုလည္း မလာနဲ႔ေတာ့ စိုးစိုးမာရဲ႕ မိသားစုကိုလည္း မေႏွာင့္ယွက္နဲ႔ေတာ့၊ မင္း ဒီအိမ္ေပၚက ဆင္းသြား တာကို သိသာေအာင္ လုပ္ျပသြား၊ ေနာက္ေဖးေပါက္ က ဆင္းၿပီး ျပန္ရမယ္" "ဟုတ္ကဲ့ …က်ဳပ္ သြားပါေတာ့မယ္" ဆရာႀကီးက ႏႈတ္မိန္႔ျဖင့္ ခ်ဳပ္ထားသည္မ်ားကို ေျဖေပးလိုက္သည္။ အိမ္ေပၚမွာ မီးေရာင္တို႔ျဖင့္ လင္းေနသည္။ အျပင္မွာ ေမွာင္စျပဳေနသည္။ "ကဲ…သြားေတာ့ " စိုးစိုးမာခႏၶာကိုယ္ ေရွ႕ေနာက္ယိမ္းထိုးၿပီး လဲက်သြားသည္။ ဒုန္း …ဒုန္း…ဒုန္း…ဒုန္း …ဝုန္း ေျခသံျပင္းျပင္းနင္း၍ မီးဖိုခန္းမ ထြက္ၿပီး ေရကျပင္မွ ေျမေပၚခုန္ခ်သံတို႔ကိုပါ ဆက္တိုက္ၾကားလိုက္ရသည္။ အိမ္ေပၚကလူမ်ား ဆရာ၏ေရွ႕သို႔ တိုးလာၾကသည္။ စိုးစိုးမာလည္း မ်က္လုံးေလး ေပကပ္ေပကပ္ႏွင့္ သတိျပန္ရလာသျဖင့္ မိခင္ျဖစ္သူက ထူမေပးလိုက္သည္။ "ကဲ…ဆရာ၊ ခ်ည္မန္းႀကိဳး ခ်ည္ေပးထားမယ္၊ အသက္ ႏွစ္ဆယ္ျပည့္ၿပီးတဲ့အထိ လည္ပင္းမွာ ခ်ည္ထား" "စိုးရိမ္ရေသးလား ဆရာႀကီး" "မစိုးရိမ္ရေတာ့ပါဘူး၊ သူ႔အတြက္ အလႉေလး တစ္ခု လုပ္ေပးလိုက္ေပါ့ " ေဒၚေအးဘုံက ဦးခင္စိုးအား… "ဟို …တာဆုံ႐ြာသြားၿပီး ဘယ္သူ႔ေမးရမွာလဲ" ဆရာႀကီးက ဦးခင္စိုးကို လွမ္းေမးလိုက္သည္။ "ေမာင္ခင္စိုးသမီး အခု အသက္ဘယ္ေလာက္လဲ" "ဆယ့္ရွစ္ႏွစ္ထဲ ဝင္ေတာ့မွာပါ၊ တစ္လခြဲေလာက္ပဲ လိုပါေတာ့တယ္…ဆရာႀကီး" "အင္း…ဒါဆို၊ လြန္ခဲ့တဲ့ ဆယ့္ကိုးႏွစ္ဝန္းက်င္ေလာက္ က တာဆုံ႐ြာမွာ ေလွေမွာက္ၿပီးဆုံးသြားတဲ့ မိသားစု ရွိ/မရွိ၊ သြား စုံစမ္းေပါ့" "အဲဒီလို သြားေမးရင္ သမီးရဲ႕ေဆြမ်ိဳးေတြ ရႈပ္လာမွာ စိုးတယ္ ဆရာႀကီး၊ က်ေနာ္တို႔ပဲ ေငြစိုက္ၿပီး အလႉ လုပ္ေပးလိုက္ပါေတာ့မယ္" "သရဲနာမည္ ေတာက္ထိန္ဆိုေတာ့ ဟို႐ြာမွာ ေသသြားတဲ့ေတာက္ထိန္ကို စုံစမ္းလည္း ရတာပဲ၊ သူမကြၽတ္မလြတ္ေသးလို႔ သရဲျဖစ္ေနတယ္၊ သူကြၽတ္လြတ္ေအာင္ လာလုပ္ေပးဖို႔ ေျပာရင္ ျဖစ္တာပဲ မဟုတ္လား" "ဟုတ္ကဲ့ …သေဘာေပါက္ပါၿပီ" "ကဲ…ကဲ၊ ဆရာႀကီးကို ႐ြာဦးဘုန္းႀကီးေက်ာင္းကို လိုက္ပို႔ေပးၾကဦးကြယ့္၊ ဆရာေတာ္ကို ဖူးရင္း ဒီည ဆရာေတာ္ ေက်ာင္းမွာပဲ အိပ္လိုက္ေတာ့မယ္" ဦးခင္စိုးလည္း ဆရာႀကီးအား ဘုန္းႀကီးေက်ာင္းသို႔ သြားပို႔ေပးလိုက္သည္။ XXXXX မၾကာခင္မွာပင္ ဦးခင္စိုး၏ႀကိဳးစားမႈႏွင့္ တာဆုံ႐ြာမွ ကိုေတာက္ထိန္၏ မိသားစုမ်ား လိုက္လာကာ အလႉ လုပ္ေပးၿပီး အမွ်ေဝလိုက္ၾကပါသည္။ ဦးခင္စိုးကလည္း အလႉေငြတစ္ဝက္ထည့္၍ လႉေပးခဲ့သည္။ သရဲ ေတာက္ထိန္ ကတိေပးထားသည့္အတိုင္း ဘယ္သူမွ အေႏွာင့္အယွက္ မေပးေတာ့ဘူး၊ သရဲအဆင့္ထက္ ျမင့္တဲ့ ဘုံကို ကူးေျပာင္းေရာက္ရွိသြားၿပီဟု အိပ္မက္ လာေပးခဲ့ပါသည္။


မူရင္းေရးသူ ဆရာ ဧကန္မင္း


မဖဲဝါတို႔ ေမာင္ႏွမနဲ႔ အင္းသရဲ စာအုပ္မွ ေကာက္ႏုတ္တင္ျပထားသည္။


စာဖတ္သူမ်ား စိတ္႐ႊင္လန္းပါေစ

No comments

Post a Comment