သင်္ချိုင်းလမ်းကသရဲကြီး

သင်္ချိုင်းလမ်းကသရဲကြီး_ ================ သင်္ချိုင်းဆိုလျင် မည်သူမဆိုညဘက် သွားလာရမည်ဆိုပါက မကြောက်တဲ့သူ မရှိသလောက်အောင်ကို လူတွေကြောက်တတ်ကြ... thumbnail 1 summary
သင်္ချိုင်းလမ်းကသရဲကြီး_📖📖📖
================
သင်္ချိုင်းဆိုလျင် မည်သူမဆိုညဘက်
သွားလာရမည်ဆိုပါက မကြောက်တဲ့သူ
မရှိသလောက်အောင်ကို
လူတွေကြောက်တတ်ကြလေသည်။
မဖြစ်မနေထိုလမ်းမှသွားရမည်ဆိုလျင်လည်း
ကျောမလုံသောခံစားချက်ကတော့
ရှိကြမှမလွဲပေ။
အချိန်ကား ည၈နာရီခန့် မြို့ နယ်လေးတစ်ခု၌
ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်တစ်ခုကို
ပြောပြပါရစေ။
ဦးထိုက်တန်နှင့်ကိုကြည်မောင်တို့
သားအဖ၂ယောက်ကြုံတွေ့ခဲ့ရသော
အဖြစ်အပျက်တစ်ခုပင်
"ဟဲလို အေဖလား"
"အေး ဟုတ်တယ်လေ သားဘာဖြစ်လို့လည်း"
"အဖေသားကိုဆိုင်ကယ်နဲ့လာကြိုပါလား
ဒီမှာသားဆိုင်ကယ်က ဘာဖြစ်မှန်းမသိလို့"
"သားက အခုဘယ်မှာလဲ"
"အခု သားက တော်ဝင်သူ လက်ဖက်ရည်ဆိုင်နားမှာ အဖေ"
"သြော် အဖေသိတဲ့ဆိုင်ပဲ မင်းအဲ့ဒီကနေ
စောင့်နေလိုက် အဖေ အခုပဲထွက်လာခဲ့မယ်"
"ဟုတ်ကဲ့ အဖေ"
ကိုကြည်မောင်တစ်ယောက် အလုပ်မှအိမ်အပြန်
ဆိုင်ကယ်ပျက်နေသဖြင့် ဖခင်ဖြစ်သူဦးထိုက်တန်အား ဖုန်းဆက်ပြီး
လာခေါ်ခိုင်းခြင်းဖြစ်သည်။
"ကိုထိုက်တန် ဒီအချိန်ကြီးဘယ်လဲ
ဆိုင်ကယ်စက်တွေဘာတွေနှိုးလို့ "
"မင့်သား လမ်းမှာဆိုင်ကယ်ပျက်နေလို့
အဖေလာခေါ်လှည့်ပါဆိုလို့
သွားခေါ်မလို့ မမြင့်မေရ "
"ဒါဆိုလည်း ဖြည်းဖြည်းစီးခဲ့ကြအုံး"
"အေးပါ "
"ဝူး ဝူး ဝေါ"
ဦးထိုက်တန်လည်း ဆိုင်ကယ်အား မောင်းကာ
သားဖြစ်သူအားသွားရောက်ခေါ်ရတော့သည်။
ဦးထိုက်တန်တို့အိမ်က မြို့ ပေါ်သွားချင်ရင် သင်္ချိုင်းလမ်းအားဖြတ်၍သွားလာရလေသည်။
တောမြို့ နယ်ဆိုတော့ လမ်းမီးကကောင်းစွာ
မရပေ၊မီးရှိသည့်လမ်းဘေးဓါတ်တိုင်ကလည်း
တစ်နေရာနှင့်တစ်နေရာ လွန်စွာဝေးလှပေသည်။
ဦးထိုက်တန်လည်း သားဖြစ်သူအား
သွားကြိုရမည့်ဇောကြောင့် ဆိုင်ကယ်အား
အရှိန်တင်ကာမောင်းနှင်ခဲ့လေသည်။
တစ်ခါမှညဘက်ယခုလိုအချိန် အပြင်ထွက်ဖူး
ထွက်စမရှိသည့်အတွက် အနည်းငယ်တော့
စိတ်ကမလုံမလဲဖြစ်မိသည်။
ဦးထိုက်တန်အတွက် ပိုဆိုးစေတာက
သင်္ချိုင်းလမ်းအားဖြတ်ရမည်ကို
ကြိုသိနေသည့်အတွက် ကြောက်စိတ်ဝင်လာ
ခဲ့မိသည်။
"အို…ငါယောက်ျားပဲ ဘာတွေတွေးကြောက်နေမှာလဲ
ဘာပဲလာလာတုံးတိုက်တိုက်
ကျားကိုက်ကိုက်ပေါ့ကွာ"
ကိုယ့်စိတ်ကိုအားပေးရင်း သင်္ချိုင်းလမ်းအား
တစ်ယောက်တည်းဖြတ်ကျော်လာခဲ့သည်။
ထိုအချိန် ညခွေးတစ်ကောင်၏ဆွဲဆွဲငင်ငင်
အူလိုက်သည့်အသံအားကြားလိုက်ရသည်။
"အူ ဝူ ဝူး ဝူ "
"တောက် အရေးထဲသောက်ခွေးက
ထအူနေသေးတယ် သင်္ချိုင်းဧရိယာကလည်း
ကျယ်လိုက်တာ ဆုံးမဆုံးနိုင်ဘူး"
ဆိုင်ကယ်အား အရှိန်ထပ်မြှင့်လိုက်လေသည်။
သင်္ချိုင်းလမ်းအားကျော်လွန်သွားမှ
ဦးထိုက်တန် အနည်းငယ်စိတ်ထဲပေါ့ပါး
သွားရလေသည်။
သားဖြစ်သူရှိသည့် တော်ဝင်သူ ကဖေးဆိုင်နား
မကြာမီဦးထိုက်တန် ရောက်လာခဲ့လေသည်။
"အဖေ သားဒီမှာ"
ကိုကြည်မောင်က ဖခင်ဖြစ်သူအား
လက်ဖက်ရည်ဆိုင်ထဲမှ လက်ပြလိုက်ပြီး
ကိုကြည်မောင်လည်း ဆိုင်ထဲမှထွက်လာ
လေသည်။
"အဖေလာကြိုလို့သာရယ် နို့ မဟုတ်ရင်
မလွယ်ဘူး"
"ဒါနဲ့ သားမင်းဆိုင်ကယ်ကဘယ်လိုလုပ်မှာလဲ"
"သား ဆိုင်ကယ်ကို ဒီဆိုင်မှာပဲအပ်ထားခဲ့တယ်
အဖေ"
"စိတ်ချရလို့လား သားရယ်"
"ဘာမှမဖြစ်ပါဘူး အဖေရ ဒီဆိုင်ပိုင်ရှင်နဲ့
သားနဲ့ရင်းနီးကြပါတယ် သူတို့သေချာ
သိမ်းထားလိုက်မယ်တဲ့လေ "
"ဒါဖြင့်လည်း တက်ကွာ ပြန်ကြရအောင်
မိုးကတအားချုပ်နေပြီ"
"ဟုတ်အဖေ "
ကိုကြည်မောင်လည်း ဆိုင်ကယ်အား
တင်ပါးလွှဲထိုင်လိုက် လိုက်သည်။
ဦးထိုက်တန်လည်း ဆိုင်ကယ်အား
မောင်းနှင်ခဲ့လေသည်။
ဆိုင်ကယ်ပေါ်ရောက်တော့ ဦးထိုက်တန်က
သားဖြစ်သူအားမေးလေသည်။
"သား မင်းတို့အလုပ်က ဒီကနေ့
နောက်ကျလှချေလားကွ"
"ဟုတ်တယ် အဖေ ဒီကနေ့ အလုပ်က
လာအပ်သူတွေကျနေလို့နောက်ကျနေတာ"
"သြော် ဘာစားခဲ့ပြီလဲ သား"
"တော်ဝင်သူဆိုင်ကနေ အသုပ်နဲ့လက်ဖက်ရည်
တစ်ခွက်တော့သောက်ခဲ့တယ်"
ထို့နောက် သားအဖ၂ယောက်
စကားမပြောဖြစ်ပဲ ဆိုင်ကယ်စီးလာခဲ့ကြသည်။
မကြာမှီ အိမ်ကိုသွားရမည့်လမ်းမှာ
ကြားခံဖြစ်နေသော သင်္ချိုင်းလမ်းအား
ရောက်လာခဲ့ကြလေသည်။
လမ်းကြီးတစ်ခုလုံး သူတို့သားအဖစီးလာသော
ဆိုင်ကယ်သံသာ အတိုင်းသားကြားနေရလေသည်။
ဦးထိုက်တန်နှင့်ကိုကြည်မောင်တို့သားအဖ
၂ယောက်
သူတို့မသိစိတ်ကခိုင်းစေမှုကြောင့်
မျက်လုံးတွေက သင်္ချိုင်းထဲသို့
မကြည့်ရမနေနိုင်ဖြစ်နေသည့်အတွက်
သားအဖ၂ယောက်စလုံး
သင်္ချိုင်းထဲလှမ်းကြည့်လိုက်ကြလေသည်။
ဘာမှထူးခြားမှုတော့မရှိ ပကတိ
ငြိမ်သက်နေပေသည်။
ဦးထိုက်တန်လည်း သင်္ချိုင်းထဲသို့
ကြည့်နေရာမှမျက်နှာလွှဲလိုက်ကာ
ရှေ့တည့်တည့်သို့ ပြန်ကြည့်ခိုက်
"အုံး "
"ဟင်…"
သူတို့ဆိုင်ကယ်မီးရောင်ရှေ့တည့်တည့်သို့
ကျလာသော လူသေကောင်ထည့်သည့်
အခေါင်းပုံးကြီး တစ်ခုအားမြင်လိုက်ရပေသည်။
ဦးထိုက်တန် ဆိုင်ကယ်အား အရှိန်လျှော့ကာ
မြေကြီးပေါ်ခြေချ၍ရပ်လိုက်သည်။
နောက်မှလိုက်လာသော သားဖြစ်သူက
"အဖေ ဘာဖြစ်လို့လည်းဗျ"
"သား "
ဦးထိုက်တန်၏အသံမှာတုန်တုန်ရင်ရင်
ဖြစ်နေသည်ကို ကိုကြည်မောင်
သတိထားလိုက်မိသည်။
"အဖေ ဘာဖြစ်လို့လည်း "
"ရှေ့ ရှေ့ မှာကြည့်လိုက်"
ကိုကြည်မောင်လည်း ဖခင်ဖြစ်သူ၏
ပုခုံးကျော်ကာရှေ့သို့ကြည့်လိုက်လေသည်။
"ဟာ…အ အ အခေါင်းပုံးကြီးပဲ အဖေ"
"ဟုတ် ဟုတ်တယ် သား"
"ကျွီ ကျွီ ဘုံး"
အခေါင်းပုံးကြီးက တကျွီကျွီမြည်လာပြီး
အခေါင်းပုံးကြီးပွင့်လာလေသည်။
အခေါင်းကြီးထဲမှ လက်ကြီးတစ်ဖက်က
ဦးစွာထွက်လာသည်ကို မြင်လိုက်ရပေသည်။
ထို့နောက် အခေါင်းထဲမှ အလောင်းကောင်ကြီးက
ထထိုင်လာလေသည်။
"ဗု ဗုဒ္ဓေါ"
ဦးထိုက်တန် ပါးစပ်မှအံ့သြလွန်း၍
အသံပင်ထွက်သွားရလေသည်။
"အဖေ အဖေ မောင်းတော့မောင်း"
"သြော် အေး အေး "
ကိုကြည်မောင်သတိပေးလိုက်မှဦးထိုက်တန်
သတိဝင်လာကာ ဆိုင်ကယ်အား အရှိန်တင်ကာ
မောင်းလိုက်လေသည်။
အခေါင်းထဲမှအလောင်းကောင်ကြီးက
သူတို့သွားမည့်လမ်းအား ပိတ်ထားသလို
ဖြစ်နေလေသည်။
"အဖေ အလောင်းကောင်ကြီး ထွက်မလာခင်
မြန်မြန်မောင်း"
"ဝူး ဝူး "
အဖြစ်အပျက်က အသည်းယားစရာကောင်းလှပေသည်။
အခေါင်းပုံးကြီးနံဘေးမှဆိုင်ကယ်အား
အရှိန်ပြင်းစွာဖြတ်မောင်းလိုက်ရပေသည်။
ထိုစဉ် အခေါင်းပုံးထဲမှ အလောင်းကောင်ကြီးက
လက်ကြီးနှစ်ဖက်ဖြင့် ခြေထောက်အား
လှမ်းဆွဲလိုက်လေသည်။
ကိုကြည်မောင်၏ဘယ်ခြေထောက်အား
ဆွဲထားသည့်အတွက် ကိုကြည်မောင်လည်း
ငယ်သံပါအောင်အော်ကာ ထိုအလောင်းကောင်ကြီး၏ လက်အားညာခြေတစ်ဖက်ဖြင့်ဆောင့်
ကန်လိုက်မှ
အလောင်းကောင်ကြီး၏လက်မှ လွတ်သွား
ခဲ့လေသည်။
"အဖေမြန်မြန်လေးမောင်းပေးပါဗျာ"
"အဖေလည်း မောင်းနေတာပဲကွာ"
ကိုကြည်မောင်နောက်သို့လှည့်ကြည့်လိုက်တော့
အခေါင်းပုံးကြီးအား ခါးစောင်းတင်ပြီး
ကိုကြည်မောင်တို့သားအဖအား
အလောင်းကောင်ကြီးက စိုက်ကြည့်နေလေသည်။
နောက်ကလိုက်မလာသည်ကို
ကျေးဇူးတင်ရမလိုပင်။
မကြာခင် သားအဖ၂ယောက်အိမ်သို့
ဝရုန်းသုန်းကားပြန်ရောက်လာခဲ့ကြသည်။
"အမေ တံခါးဖွင့်ပါဦး အမေ"
"မမြင့်မေ မြန်မြန်လာပါဟ"
ဦးထိုက်တန်နှင့်ကိုကြည်မောင်က
ခြံတံခါးလာဖွင့်ရန် အသည်းအသန်အော်ခေါ်
နေကြလေသည်။
"ဟဲ့ဟဲ့ ဒီသားအဖတွေ ဘာဖြစ်လာကြတာလည်း"
"နောက်မှပြောမယ် အမေ တံခါးသာ
မြန်မြန်ဖွင့်ပေးပါ "
"အေးအေး"
ဒေါ်မြင့်မေလည်း ခြံတံခါးအား ကပျာကယာ
ဖြင့်ဖွင့်လိုက်လေသည်။
ဦးထိုက်တန်လည်း ဆိုင်ကယ်အား အိမ်ထဲ
အတင်းတွန်းပြီးဝင်လိုက်လေသည်။
ဒေါ်မြင့်မေကတော့ ဦးထိုက်တန်တို့သားအဖ
၏ထိတ်လန့်နေသော မျက်နှာတွေကြောင့်
စိုးရိမ်သွားရလေသည်။
"မမြင့်မေ ရေ ရေ ခပ်ပေးစမ်းပါကွာ"
"အင်းအင်း ခဏလေး"
ဒေါ်မြင့်မေလည်း ရေအိုးစင်မှ ရေ၂ခွက်အား
အပြေးအလွှားခပ်ကာ သားအဖ၂ယောက်အား
တိုက်လိုက်လေသည်။
"ဂလု ဂလု "
"အား…ဟူး "
ဦးထိုက်တန်တို့သားအဖ၂ယောက်
ယခုမှအမောပြေသွားကြဟန်ရှိပေသည်။
ခဏခန့်ကြာမှ ဒေါ်မြင့်မေက ဆက်မေးလိုက်သည်။
"ရှင်တို့သားအဖ ဘာဖြစ်လာကြတာလဲတော်
ကျုပ်ရှင်တို့သားအဖကိုမြင်ရတာ
မထိတ်သာမလန့်သာ ရှိလိုက်တာ"
"ပြောပါ့မယ် မမြင့်မေရာ ငါတို့
ကြောက်လွန်းလို့ မပြောနိုင်သေးတာပါ
အခုမှအမောပြေသွားတာဟ"
"ဟုတ်တယ်အမေရေ ကံကောင်းလို့
သားတို့သားအဖကို အမေမြင်ရတာ
နို့ မဟုတ်ရင် သရဲကုတ်လို့သေနေလောက်
ပြီဗျ"
"သရဲကုတ်လို့ ဟုတ်လား"
"ဟုတ်ပါ့ ဟုတ်ပါ့ ဖြစ်ပုံကဒီလို မမြင့်မေရေ"
ဦးထိုက်တန်လည်း သူတို့သားအဖကြုံတွေ
လာခဲ့ရပုံများကို တစ်လုံးမကျန်ပြောပြ
လိုက်လေသည်။
နားထောင်နေသည့် ဒေါ်မြင့်မေလည်း
ပါးစပ်အဟောင်းသားဖြစ်နေရလေသည်။
"ရှင်တို့သားအဖအစား ကျုပ်ကြောက်လိုက်တာတော်
အောင်မယ်လေး ပြောရင်းကြက်သီးတောင်ထတယ်"
"ဟုတ်တယ် ငါ့တစ်သက်နဲ့တစ်ကိုယ်
ပထမဆုံးသရဲခြောက်ခံရတာပဲ
တော်သေးတယ် ကြောက်ချီးပါ ပုဆိုးထဲပါမချမိလို့"
"တော်ပြီ တော်ပြီ နောက်ဆို ဘောစိကို
ပြောထားရမယ် အလုပ်ကို နောက်ကျပြီး
မသိမ်းခိုင်းဖို့ မဟုတ်ရင် သရဲခြောက်ခံရလို့
သေမယ့်ကိန်းဆိုက်နေပြီ"
"သားအဖ နှစ်ယောက် ထမင်းစားလိုက်ကြအုံး
အမေအဆင်သင့်လုပ်ထားတယ်"
"မစားတော့ဘူးအမေရေ စားလို့လည်း
ဝင်မှမဟုတ်ဘူးဗျို့ "
"ဟုတ်တယ် ငါလည်းမစားတော့ဘူး
ညဆာမှထစားတော့မယ်ဟေ့"
"ဒါဆိုလည်း သားအဖ၂ယောက်လုံး
ဘုရားလေးရှိခိုးပြီးအိပ်ကြဦး"
"ဟုတ်အမေ "
"အေးပါ "
ဦးထိုက်တန်နှင့်ကိုကြည်မောင်လည်း
အိမ်ပေါ်တက်ကာ ဘုရားကန်တော့ပြီး
အိပ်လိုက်ကြသည်။
ဦးထိုက်တန်နှင့်ကိုကြည်မောင်တို့
သားအဖ ယခုအဖြစ်အပျက်အား
ဘယ်သောအခါမှ မေ့ပျောက်နိုင်မည်
မဟုတ်တော့ပေ။
ပြီးပါပြီ
#စာ​​ရေးသူ =အောင်ဓူဝံ
လေးစားစွာဖြင့်

သခ်ႋဳင္းလမ္းကသရဲႀကီး_📖📖📖 ================ သခ်ႋဳင္းဆိုလ်င္ မည္သူမဆိုညဘက္ သြားလာရမည္ဆိုပါက မေၾကာက္တဲ့သူ မရွိသေလာက္ေအာင္ကို လူေတြေၾကာက္တတ္ၾကေလသည္။ မျဖစ္မေနထိုလမ္းမွသြားရမည္ဆိုလ်င္လည္း ေက်ာမလုံေသာခံစားခ်က္ကေတာ့ ရွိၾကမွမလြဲေပ။ အခ်ိန္ကား ည၈နာရီခန္႔ ၿမိဳ႕ နယ္ေလးတစ္ခု၌ ျဖစ္ပ်က္ခဲ့ေသာအျဖစ္အပ်က္တစ္ခုကို ေျပာျပပါရေစ။ ဦးထိုက္တန္ႏွင့္ကိုၾကည္ေမာင္တို႔ သားအဖ၂ေယာက္ႀကဳံေတြ႕ခဲ့ရေသာ အျဖစ္အပ်က္တစ္ခုပင္ "ဟဲလို ေအဖလား" "ေအး ဟုတ္တယ္ေလ သားဘာျဖစ္လို႔လည္း" "အေဖသားကိုဆိုင္ကယ္နဲ႔လာႀကိဳပါလား ဒီမွာသားဆိုင္ကယ္က ဘာျဖစ္မွန္းမသိလို႔" "သားက အခုဘယ္မွာလဲ" "အခု သားက ေတာ္ဝင္သူ လက္ဖက္ရည္ဆိုင္နားမွာ အေဖ" "ေၾသာ္ အေဖသိတဲ့ဆိုင္ပဲ မင္းအဲ့ဒီကေန ေစာင့္ေနလိုက္ အေဖ အခုပဲထြက္လာခဲ့မယ္" "ဟုတ္ကဲ့ အေဖ" ကိုၾကည္ေမာင္တစ္ေယာက္ အလုပ္မွအိမ္အျပန္ ဆိုင္ကယ္ပ်က္ေနသျဖင့္ ဖခင္ျဖစ္သူဦးထိုက္တန္အား ဖုန္းဆက္ၿပီး လာေခၚခိုင္းျခင္းျဖစ္သည္။ "ကိုထိုက္တန္ ဒီအခ်ိန္ႀကီးဘယ္လဲ ဆိုင္ကယ္စက္ေတြဘာေတြႏႈိးလို႔ " "မင့္သား လမ္းမွာဆိုင္ကယ္ပ်က္ေနလို႔ အေဖလာေခၚလွည့္ပါဆိုလို႔ သြားေခၚမလို႔ မျမင့္ေမရ " "ဒါဆိုလည္း ျဖည္းျဖည္းစီးခဲ့ၾကအုံး" "ေအးပါ " "ဝူး ဝူး ေဝါ" ဦးထိုက္တန္လည္း ဆိုင္ကယ္အား ေမာင္းကာ သားျဖစ္သူအားသြားေရာက္ေခၚရေတာ့သည္။ ဦးထိုက္တန္တို႔အိမ္က ၿမိဳ႕ ေပၚသြားခ်င္ရင္ သခ်ႋဳင္းလမ္းအားျဖတ္၍သြားလာရေလသည္။ ေတာၿမိဳ႕ နယ္ဆိုေတာ့ လမ္းမီးကေကာင္းစြာ မရေပ၊မီးရွိသည့္လမ္းေဘးဓါတ္တိုင္ကလည္း တစ္ေနရာႏွင့္တစ္ေနရာ လြန္စြာေဝးလွေပသည္။ ဦးထိုက္တန္လည္း သားျဖစ္သူအား သြားႀကိဳရမည့္ေဇာေၾကာင့္ ဆိုင္ကယ္အား အရွိန္တင္ကာေမာင္းႏွင္ခဲ့ေလသည္။ တစ္ခါမွညဘက္ယခုလိုအခ်ိန္ အျပင္ထြက္ဖူး ထြက္စမရွိသည့္အတြက္ အနည္းငယ္ေတာ့ စိတ္ကမလုံမလဲျဖစ္မိသည္။ ဦးထိုက္တန္အတြက္ ပိုဆိုးေစတာက သခ်ႋဳင္းလမ္းအားျဖတ္ရမည္ကို ႀကိဳသိေနသည့္အတြက္ ေၾကာက္စိတ္ဝင္လာ ခဲ့မိသည္။ "အို…ငါေယာက္်ားပဲ ဘာေတြေတြးေၾကာက္ေနမွာလဲ ဘာပဲလာလာတုံးတိုက္တိုက္ က်ားကိုက္ကိုက္ေပါ့ကြာ" ကိုယ့္စိတ္ကိုအားေပးရင္း သခ်ႋဳင္းလမ္းအား တစ္ေယာက္တည္းျဖတ္ေက်ာ္လာခဲ့သည္။ ထိုအခ်ိန္ ညေခြးတစ္ေကာင္၏ဆြဲဆြဲငင္ငင္ အူလိုက္သည့္အသံအားၾကားလိုက္ရသည္။ "အူ ဝူ ဝူး ဝူ " "ေတာက္ အေရးထဲေသာက္ေခြးက ထအူေနေသးတယ္ သခ်ႋဳင္းဧရိယာကလည္း က်ယ္လိုက္တာ ဆုံးမဆုံးႏိုင္ဘူး" ဆိုင္ကယ္အား အရွိန္ထပ္ျမႇင့္လိုက္ေလသည္။ သခ်ႋဳင္းလမ္းအားေက်ာ္လြန္သြားမွ ဦးထိုက္တန္ အနည္းငယ္စိတ္ထဲေပါ့ပါး သြားရေလသည္။ သားျဖစ္သူရွိသည့္ ေတာ္ဝင္သူ ကေဖးဆိုင္နား မၾကာမီဦးထိုက္တန္ ေရာက္လာခဲ့ေလသည္။ "အေဖ သားဒီမွာ" ကိုၾကည္ေမာင္က ဖခင္ျဖစ္သူအား လက္ဖက္ရည္ဆိုင္ထဲမွ လက္ျပလိုက္ၿပီး ကိုၾကည္ေမာင္လည္း ဆိုင္ထဲမွထြက္လာ ေလသည္။ "အေဖလာႀကိဳလို႔သာရယ္ ႏို႔ မဟုတ္ရင္ မလြယ္ဘူး" "ဒါနဲ႔ သားမင္းဆိုင္ကယ္ကဘယ္လိုလုပ္မွာလဲ" "သား ဆိုင္ကယ္ကို ဒီဆိုင္မွာပဲအပ္ထားခဲ့တယ္ အေဖ" "စိတ္ခ်ရလို႔လား သားရယ္" "ဘာမွမျဖစ္ပါဘူး အေဖရ ဒီဆိုင္ပိုင္ရွင္နဲ႔ သားနဲ႔ရင္းနီးၾကပါတယ္ သူတို႔ေသခ်ာ သိမ္းထားလိုက္မယ္တဲ့ေလ " "ဒါျဖင့္လည္း တက္ကြာ ျပန္ၾကရေအာင္ မိုးကတအားခ်ဳပ္ေနၿပီ" "ဟုတ္အေဖ " ကိုၾကည္ေမာင္လည္း ဆိုင္ကယ္အား တင္ပါးလႊဲထိုင္လိုက္ လိုက္သည္။ ဦးထိုက္တန္လည္း ဆိုင္ကယ္အား ေမာင္းႏွင္ခဲ့ေလသည္။ ဆိုင္ကယ္ေပၚေရာက္ေတာ့ ဦးထိုက္တန္က သားျဖစ္သူအားေမးေလသည္။ "သား မင္းတို႔အလုပ္က ဒီကေန႔ ေနာက္က်လွေခ်လားကြ" "ဟုတ္တယ္ အေဖ ဒီကေန႔ အလုပ္က လာအပ္သူေတြက်ေနလို႔ေနာက္က်ေနတာ" "ေၾသာ္ ဘာစားခဲ့ၿပီလဲ သား" "ေတာ္ဝင္သူဆိုင္ကေန အသုပ္နဲ႔လက္ဖက္ရည္ တစ္ခြက္ေတာ့ေသာက္ခဲ့တယ္" ထို႔ေနာက္ သားအဖ၂ေယာက္ စကားမေျပာျဖစ္ပဲ ဆိုင္ကယ္စီးလာခဲ့ၾကသည္။ မၾကာမွီ အိမ္ကိုသြားရမည့္လမ္းမွာ ၾကားခံျဖစ္ေနေသာ သခ်ႋဳင္းလမ္းအား ေရာက္လာခဲ့ၾကေလသည္။ လမ္းႀကီးတစ္ခုလုံး သူတို႔သားအဖစီးလာေသာ ဆိုင္ကယ္သံသာ အတိုင္းသားၾကားေနရေလသည္။ ဦးထိုက္တန္ႏွင့္ကိုၾကည္ေမာင္တို႔သားအဖ ၂ေယာက္ သူတို႔မသိစိတ္ကခိုင္းေစမႈေၾကာင့္ မ်က္လုံးေတြက သခ်ႋဳင္းထဲသို႔ မၾကည့္ရမေနႏိုင္ျဖစ္ေနသည့္အတြက္ သားအဖ၂ေယာက္စလုံး သခ်ႋဳင္းထဲလွမ္းၾကည့္လိုက္ၾကေလသည္။ ဘာမွထူးျခားမႈေတာ့မရွိ ပကတိ ၿငိမ္သက္ေနေပသည္။ ဦးထိုက္တန္လည္း သခ်ႋဳင္းထဲသို႔ ၾကည့္ေနရာမွမ်က္ႏွာလႊဲလိုက္ကာ ေရွ႕တည့္တည့္သို႔ ျပန္ၾကည့္ခိုက္ "အုံး " "ဟင္…" သူတို႔ဆိုင္ကယ္မီးေရာင္ေရွ႕တည့္တည့္သို႔ က်လာေသာ လူေသေကာင္ထည့္သည့္ အေခါင္းပုံးႀကီး တစ္ခုအားျမင္လိုက္ရေပသည္။ ဦးထိုက္တန္ ဆိုင္ကယ္အား အရွိန္ေလွ်ာ့ကာ ေျမႀကီးေပၚေျခခ်၍ရပ္လိုက္သည္။ ေနာက္မွလိုက္လာေသာ သားျဖစ္သူက "အေဖ ဘာျဖစ္လို႔လည္းဗ်" "သား " ဦးထိုက္တန္၏အသံမွာတုန္တုန္ရင္ရင္ ျဖစ္ေနသည္ကို ကိုၾကည္ေမာင္ သတိထားလိုက္မိသည္။ "အေဖ ဘာျဖစ္လို႔လည္း " "ေရွ႕ ေရွ႕ မွာၾကည့္လိုက္" ကိုၾကည္ေမာင္လည္း ဖခင္ျဖစ္သူ၏ ပုခုံးေက်ာ္ကာေရွ႕သို႔ၾကည့္လိုက္ေလသည္။ "ဟာ…အ အ အေခါင္းပုံးႀကီးပဲ အေဖ" "ဟုတ္ ဟုတ္တယ္ သား" "ကြၽီ ကြၽီ ဘုံး" အေခါင္းပုံးႀကီးက တကြၽီကြၽီျမည္လာၿပီး အေခါင္းပုံးႀကီးပြင့္လာေလသည္။ အေခါင္းႀကီးထဲမွ လက္ႀကီးတစ္ဖက္က ဦးစြာထြက္လာသည္ကို ျမင္လိုက္ရေပသည္။ ထို႔ေနာက္ အေခါင္းထဲမွ အေလာင္းေကာင္ႀကီးက ထထိုင္လာေလသည္။ "ဗု ဗုေဒၶါ" ဦးထိုက္တန္ ပါးစပ္မွအံ့ၾသလြန္း၍ အသံပင္ထြက္သြားရေလသည္။ "အေဖ အေဖ ေမာင္းေတာ့ေမာင္း" "ေၾသာ္ ေအး ေအး " ကိုၾကည္ေမာင္သတိေပးလိုက္မွဦးထိုက္တန္ သတိဝင္လာကာ ဆိုင္ကယ္အား အရွိန္တင္ကာ ေမာင္းလိုက္ေလသည္။ အေခါင္းထဲမွအေလာင္းေကာင္ႀကီးက သူတို႔သြားမည့္လမ္းအား ပိတ္ထားသလို ျဖစ္ေနေလသည္။ "အေဖ အေလာင္းေကာင္ႀကီး ထြက္မလာခင္ ျမန္ျမန္ေမာင္း" "ဝူး ဝူး " အျဖစ္အပ်က္က အသည္းယားစရာေကာင္းလွေပသည္။ အေခါင္းပုံးႀကီးနံေဘးမွဆိုင္ကယ္အား အရွိန္ျပင္းစြာျဖတ္ေမာင္းလိုက္ရေပသည္။ ထိုစဥ္ အေခါင္းပုံးထဲမွ အေလာင္းေကာင္ႀကီးက လက္ႀကီးႏွစ္ဖက္ျဖင့္ ေျခေထာက္အား လွမ္းဆြဲလိုက္ေလသည္။ ကိုၾကည္ေမာင္၏ဘယ္ေျခေထာက္အား ဆြဲထားသည့္အတြက္ ကိုၾကည္ေမာင္လည္း ငယ္သံပါေအာင္ေအာ္ကာ ထိုအေလာင္းေကာင္ႀကီး၏ လက္အားညာေျခတစ္ဖက္ျဖင့္ေဆာင့္ ကန္လိုက္မွ အေလာင္းေကာင္ႀကီး၏လက္မွ လြတ္သြား ခဲ့ေလသည္။ "အေဖျမန္ျမန္ေလးေမာင္းေပးပါဗ်ာ" "အေဖလည္း ေမာင္းေနတာပဲကြာ" ကိုၾကည္ေမာင္ေနာက္သို႔လွည့္ၾကည့္လိုက္ေတာ့ အေခါင္းပုံးႀကီးအား ခါးေစာင္းတင္ၿပီး ကိုၾကည္ေမာင္တို႔သားအဖအား အေလာင္းေကာင္ႀကီးက စိုက္ၾကည့္ေနေလသည္။ ေနာက္ကလိုက္မလာသည္ကို ေက်းဇူးတင္ရမလိုပင္။ မၾကာခင္ သားအဖ၂ေယာက္အိမ္သို႔ ဝ႐ုန္းသုန္းကားျပန္ေရာက္လာခဲ့ၾကသည္။ "အေမ တံခါးဖြင့္ပါဦး အေမ" "မျမင့္ေမ ျမန္ျမန္လာပါဟ" ဦးထိုက္တန္ႏွင့္ကိုၾကည္ေမာင္က ၿခံတံခါးလာဖြင့္ရန္ အသည္းအသန္ေအာ္ေခၚ ေနၾကေလသည္။ "ဟဲ့ဟဲ့ ဒီသားအဖေတြ ဘာျဖစ္လာၾကတာလည္း" "ေနာက္မွေျပာမယ္ အေမ တံခါးသာ ျမန္ျမန္ဖြင့္ေပးပါ " "ေအးေအး" ေဒၚျမင့္ေမလည္း ၿခံတံခါးအား ကပ်ာကယာ ျဖင့္ဖြင့္လိုက္ေလသည္။ ဦးထိုက္တန္လည္း ဆိုင္ကယ္အား အိမ္ထဲ အတင္းတြန္းၿပီးဝင္လိုက္ေလသည္။ ေဒၚျမင့္ေမကေတာ့ ဦးထိုက္တန္တို႔သားအဖ ၏ထိတ္လန္႔ေနေသာ မ်က္ႏွာေတြေၾကာင့္ စိုးရိမ္သြားရေလသည္။ "မျမင့္ေမ ေရ ေရ ခပ္ေပးစမ္းပါကြာ" "အင္းအင္း ခဏေလး" ေဒၚျမင့္ေမလည္း ေရအိုးစင္မွ ေရ၂ခြက္အား အေျပးအလႊားခပ္ကာ သားအဖ၂ေယာက္အား တိုက္လိုက္ေလသည္။ "ဂလု ဂလု " "အား…ဟူး " ဦးထိုက္တန္တို႔သားအဖ၂ေယာက္ ယခုမွအေမာေျပသြားၾကဟန္ရွိေပသည္။ ခဏခန္႔ၾကာမွ ေဒၚျမင့္ေမက ဆက္ေမးလိုက္သည္။ "ရွင္တို႔သားအဖ ဘာျဖစ္လာၾကတာလဲေတာ္ က်ဳပ္ရွင္တို႔သားအဖကိုျမင္ရတာ မထိတ္သာမလန္႔သာ ရွိလိုက္တာ" "ေျပာပါ့မယ္ မျမင့္ေမရာ ငါတို႔ ေၾကာက္လြန္းလို႔ မေျပာႏိုင္ေသးတာပါ အခုမွအေမာေျပသြားတာဟ" "ဟုတ္တယ္အေမေရ ကံေကာင္းလို႔ သားတို႔သားအဖကို အေမျမင္ရတာ ႏို႔ မဟုတ္ရင္ သရဲကုတ္လို႔ေသေနေလာက္ ၿပီဗ်" "သရဲကုတ္လို႔ ဟုတ္လား" "ဟုတ္ပါ့ ဟုတ္ပါ့ ျဖစ္ပုံကဒီလို မျမင့္ေမေရ" ဦးထိုက္တန္လည္း သူတို႔သားအဖႀကဳံေတြ လာခဲ့ရပုံမ်ားကို တစ္လုံးမက်န္ေျပာျပ လိုက္ေလသည္။ နားေထာင္ေနသည့္ ေဒၚျမင့္ေမလည္း ပါးစပ္အေဟာင္းသားျဖစ္ေနရေလသည္။ "ရွင္တို႔သားအဖအစား က်ဳပ္ေၾကာက္လိုက္တာေတာ္ ေအာင္မယ္ေလး ေျပာရင္းၾကက္သီးေတာင္ထတယ္" "ဟုတ္တယ္ ငါ့တစ္သက္နဲ႔တစ္ကိုယ္ ပထမဆုံးသရဲေျခာက္ခံရတာပဲ ေတာ္ေသးတယ္ ေၾကာက္ခ်ီးပါ ပုဆိုးထဲပါမခ်မိလို႔" "ေတာ္ၿပီ ေတာ္ၿပီ ေနာက္ဆို ေဘာစိကို ေျပာထားရမယ္ အလုပ္ကို ေနာက္က်ၿပီး မသိမ္းခိုင္းဖို႔ မဟုတ္ရင္ သရဲေျခာက္ခံရလို႔ ေသမယ့္ကိန္းဆိုက္ေနၿပီ" "သားအဖ ႏွစ္ေယာက္ ထမင္းစားလိုက္ၾကအုံး အေမအဆင္သင့္လုပ္ထားတယ္" "မစားေတာ့ဘူးအေမေရ စားလို႔လည္း ဝင္မွမဟုတ္ဘူးဗ်ိဳ႕ " "ဟုတ္တယ္ ငါလည္းမစားေတာ့ဘူး ညဆာမွထစားေတာ့မယ္ေဟ့" "ဒါဆိုလည္း သားအဖ၂ေယာက္လုံး ဘုရားေလးရွိခိုးၿပီးအိပ္ၾကဦး" "ဟုတ္အေမ " "ေအးပါ " ဦးထိုက္တန္ႏွင့္ကိုၾကည္ေမာင္လည္း အိမ္ေပၚတက္ကာ ဘုရားကန္ေတာ့ၿပီး အိပ္လိုက္ၾကသည္။ ဦးထိုက္တန္ႏွင့္ကိုၾကည္ေမာင္တို႔ သားအဖ ယခုအျဖစ္အပ်က္အား ဘယ္ေသာအခါမွ ေမ့ေပ်ာက္ႏိုင္မည္ မဟုတ္ေတာ့ေပ။ ၿပီးပါၿပီ #စာ​​ေရးသူ =ေအာင္ဓူဝံ ေလးစားစြာျဖင့္

No comments

Post a Comment