ဘိုးတော်ပွင့် နဂါးကဝေအစွမ်း

မောင်မိုးတိမ် နဂါးကဝေမျိုးမည်သည် တွန့်လိမ်ကွေးကောက်ပြီး သူ့ အင်္ဂါရပ်နှင့် သူဆောင်ကာ ပူးကပ်ဝင်ရောက်ခြင်း ပြုတတ်ကြ သည်။ ထိုနဂါးကဝေမျိုးတွင် က... thumbnail 1 summary


မောင်မိုးတိမ်

နဂါးကဝေမျိုးမည်သည် တွန့်လိမ်ကွေးကောက်ပြီး သူ့ အင်္ဂါရပ်နှင့် သူဆောင်ကာ ပူးကပ်ဝင်ရောက်ခြင်း ပြုတတ်ကြ သည်။ ထိုနဂါးကဝေမျိုးတွင် ကဝေရှင်မ မညိုလှ ဆိုသည့် အမျိုးသမီးတစ်ယောက်သည် တွေ့လေသမျှ ဆရာများအား အသေသတ်၍ အဆုံးစီရင်လိုသည့် ဝါသနာသည် ကဝေရှင်မ မညိုလှ၏နှလုံးသားတွင် ပျော်ရွှင်စရာများ မှတ်ထင်လေသလား မသိချေ။

မညိုလှသည် တစ်ချိန်က ဓနုဖြူမြို့ နန်းတော်ကုန်းနေ ဆရာဝ ဆိုသူနှင့် ပညာပြိုင်သည့်အချိန်ကလည်း သူသာလျှင် အနိုင်ရလိုက်သည့်အတွက် အသေသတ် အဆုံးစီရင်လိုက်သည်။ ထိုကဲ့သို့ သူတွေ့ခဲ့သမျှ ဆရာများနှင့် ပညာပြိုင်တိုင်း မညိုလှသာ အနိုင်ရပြီး အသေသတ်၍ ထိုဆေးဆရာများ၏ ဆေးလွယ်အိတ်၊ ဆေးကွမ်းအစ်၊ ဓာတ်လုံးလက်ဖွဲ့ စသည်တို့ကို ယူဆောင်၍ သိမ်းထားသည်မှာလည်း မနည်းပေ။

၄င်းကဝေရှင်မ မညိုလှသည် မော်လမြိုင်ကျွန်း ခရေပင် ဇောက်ထိုးရွာသို့ ရောက်ရှိနေပေသည်။ ဆရာကြီး ဘိုးတော်ပွင့်နှင့် ဆရာလေး ဦးဘိုးဟန်တို့ ဆရာတပည့်နှစ်ဦးကလည်း ၄င်းခရေ ပင်ဇောက်ထိုးရွာသို့ ဂန္ဓာရီ လှည့်လည်၍ ရောက်ရှိလာလေတော့ သည်။

ကဝေရှင်မ မညိုလှသည် ထူးကဲသော ဆရာ ရောက် လာသည်ဆိုလျှင်ပဲ သူမ၏ နှလုံးသားတွင် စွဲမြဲနေသော ဝါသနာ အလျောက် ပညာပြိုင်လိုသောစိတ်ဖြင့် ဆရာကြီး ဘိုးတော်ပွင့်ထံ သို့သွား၍ ပညာပြိုင်ရန် ပြောဆိုလေတော့သည်။ ဆရာကြီး ဘိုးတော်ပွင့်ကလည်း

““တို့အထက်လမ်းတို့မည်သည် ပညာပြိုင်ရိုး ထုံးစံမရှိ၊ ဒါပေမဲ့ နင်ပြိုင်လိုလျှင် ပြိုင်ကြတာပေါ့” ဟု လက်ခံလိုက်လေသည်။

မညိုလှသည် ပညာပြိုင်လိုစိတ်ကလည်း ပြင်းထန်၊ ကဝေမပင် ဖြစ်သော်လည်း ပစ္စည်းဥစ္စာ ပေါများဟန် ရှိလေသည့် အတွက် သူကိုယ်တိုင် ငွေကြေး အကုန်ခံ၍ ပညာပြိုင်ရန် မဏ္ဍပ် နှစ်လုံး ဆောက်လုပ်ပါသည်။ ဆရာကြီး ဦးပွင့်အတွက် မဏ္ဍပ် တစ်လုံး၊ သူမအတွက် မဏ္ဍပ်တစ်လုံး မဏ္ဍပ်နှစ်လုံး စီရင်ပြီး မညိုလှကပင် စတင်၍ ပညာပြိုင်ပါတော့သည်။

လင်းတသဏ္ဌာန် ဖန်ဆင်းခြင်း၊ ပျားပိတုန်းသဏ္ဌာန် ဖန်ဆင်းခြင်း၊ တောက်တဲ့သဏ္ဌာန်ဖန်ဆင်းခြင်း စသည်တို့ကိုတတ်စွမ်းသမျှ သူမပညာဖြင့် တစ်ခုပြီး တစ်ခု စေလွှတ်လျက် ရှိပါသည်။ ဘယ်လိုပင် စေလွှတ်ပါမူ မညိုလှ၏ ပညာအစွမ်း သည် ဆရာကြီး ဘိုးတော်ပွင့်၏ မဏ္ဍပ်အတွင်းသို့ တစ်စွန်း တစ်စမျှ ဝင်ရောက်နိုင်ခြင်း မရှိပေ။

ထိုအခါ ဆရာကြီး ဘိုးတော်ပွင့်က . .

ဟဲ့ နင့်ပညာ ဒါအကုန်ပဲလား””

ဟု မေးသော်..

ဟုတ်ကဲ့ ဆရာကြီး၊ ကျွန်မ ပညာအကုန် ပြပြီးပါပြီ” ဟု ပြောဆိုပြီး သူမ၏ ဦးခေါင်းမှ ဆံပင်ကို ဖြည်ချပြီး ဦးခေါင်းကို ခါရမ်းလိုက်သည်တွင် နဂါးမကြီးအသွင်သို့ ပြောင်း လဲသွားပါတော့သည်။

ဆရာကြီး ဘိုးတော်ပွင့်သည် သူ၏မဏ္ဍပ်အတွင်းရှိ ကုလားထိုင်တွင် ထိုင်၍ ဆရာလေး ဦးဘိုးဟန်က ဘိုးတော်ပွင့်၏ ရှေ့ ကုလားထိုင်ခြေရင်းတွင် တုပ်တွရိုကျိုးပြီး ထိုင်နေလျက်ရှိ သော မဏ္ဍပ်အတွင်းသို့ နဂါးကြီး ဝုန်းဒိုင်းကြဲ ဝင်အလာတွင် ဆရာကြီး ဘိုးတော်ပွင့်က ဘယ်လက်ညှိုးဖြင့် ထိုးကာ“ဟဲ့” ဆိုပြီး ငေါက်လိုက်သည်တွင် နဂါးအမောက် ကျိုးကျသွားပြီး ကဝေမ မညိုလှအဖြစ်သို့ ပြန်လည်ရောက်ရှိသွားလေတော့သည်။

“ဟဲ့ ကုန်ပြီလား””

ဟု ထပ်ဆင့်၍ မေးလိုက်သည်တွင်-

““ဟုတ်ကဲ့ ကျွန်မ ကုန်ပါပြီ၊ ဆရာကြီးရဲ့ ပညာသာပြပါတော့”

ဟု ဆို၏။ ထိုအခါ ဆရာကြီးက…

““ငါ့ပညာကို ပြရတာပေါ့””

ဆိုပြီး လက်ထဲတွင်ရှိသော စမဖြတ်လှီးသော ဓားလေး ကို ပွဲနှင့်အသင့်ရှိနေပြီဖြစ်သော ရေစင်ခွက်ထဲသို့ ပေါက်ထည့် လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ကဝေမ မညိုလှ၏ နားထင်မှ သွေးစိမ်းများ စီးကျလာ၍ မြေပြင်သို့ ပုံလျက်သား ခွေကနဲ လဲကျသွားတော့သည်။

ဆရာကြီးမှ

“နင့်ပညာ ကုန်ပြီလား၊ ငါ့ကို အကုန်လှူမည်လား””

ဟု မေးသောအခါ ..

“ကျွန်မ လှူပါတော့မည်””

ဆိုပြီး သစ္စာပြု၍ လှူအပြီးတွင်

“နင့်ရဲ့ နားထင်မှာ သွေးမဟုတ်တော့ဘူး၊ ရေတွေပါ”” ဟု ပြောလိုက်ရာ ရေအတိဖြစ်၍ ချမ်းသာရာရပြီး ကဝေမ မညိုလှသည် မူလရှိရင်းစွဲပညာကို ဖျက်ဆီးဖြိုချ၍ ဆေးကုသမှုကို ခံယူကာ အထက်လမ်း ပညာရပ်ကို တက်လှမ်း သွားလေတော့သည်။

Credit to - ရွှေရင်ကျော် Post by; မောင်မိုးတိမ်

ဘိုးေတာ္ပြင့္ နဂါးကေဝအစြမ္း

ေမာင္မိုးတိမ္

နဂါးကေဝမ်ိဳးမည္သည္ တြန႔္လိမ္ေကြးေကာက္ၿပီး သူ႔ အဂၤါရပ္ႏွင့္ သူေဆာင္ကာ ပူးကပ္ဝင္ေရာက္ျခင္း ျပဳတတ္ၾက သည္။ ထိုနဂါးကေဝမ်ိဳးတြင္ ကေဝရွင္မ မညိဳလွ ဆိုသည့္ အမ်ိဳးသမီးတစ္ေယာက္သည္ ေတြ႕ေလသမွ် ဆရာမ်ားအား အေသသတ္၍ အဆုံးစီရင္လိုသည့္ ဝါသနာသည္ ကေဝရွင္မ မညိဳလွ၏ႏွလုံးသားတြင္ ေပ်ာ္႐ႊင္စရာမ်ား မွတ္ထင္ေလသလား မသိေခ်။

မညိဳလွသည္ တစ္ခ်ိန္က ဓႏုျဖဴၿမိဳ႕ နန္းေတာ္ကုန္းေန ဆရာဝ ဆိုသူႏွင့္ ပညာၿပိဳင္သည့္အခ်ိန္ကလည္း သူသာလွ်င္ အႏိုင္ရလိုက္သည့္အတြက္ အေသသတ္ အဆုံးစီရင္လိုက္သည္။ ထိုကဲ့သို႔ သူေတြ႕ခဲ့သမွ် ဆရာမ်ားႏွင့္ ပညာၿပိဳင္တိုင္း မညိဳလွသာ အႏိုင္ရၿပီး အေသသတ္၍ ထိုေဆးဆရာမ်ား၏ ေဆးလြယ္အိတ္၊ ေဆးကြမ္းအစ္၊ ဓာတ္လုံးလက္ဖြဲ႕ စသည္တို႔ကို ယူေဆာင္၍ သိမ္းထားသည္မွာလည္း မနည္းေပ။

၄င္းကေဝရွင္မ မညိဳလွသည္ ေမာ္လၿမိဳင္ကြၽန္း ခေရပင္ ေဇာက္ထိုး႐ြာသို႔ ေရာက္ရွိေနေပသည္။ ဆရာႀကီး ဘိုးေတာ္ပြင့္ႏွင့္ ဆရာေလး ဦးဘိုးဟန္တို႔ ဆရာတပည့္ႏွစ္ဦးကလည္း ၄င္းခေရ ပင္ေဇာက္ထိုး႐ြာသို႔ ဂႏၶာရီ လွည့္လည္၍ ေရာက္ရွိလာေလေတာ့ သည္။

ကေဝရွင္မ မညိဳလွသည္ ထူးကဲေသာ ဆရာ ေရာက္ လာသည္ဆိုလွ်င္ပဲ သူမ၏ ႏွလုံးသားတြင္ စြဲၿမဲေနေသာ ဝါသနာ အေလ်ာက္ ပညာၿပိဳင္လိုေသာစိတ္ျဖင့္ ဆရာႀကီး ဘိုးေတာ္ပြင့္ထံ သို႔သြား၍ ပညာၿပိဳင္ရန္ ေျပာဆိုေလေတာ့သည္။ ဆရာႀကီး ဘိုးေတာ္ပြင့္ကလည္း

““တို႔အထက္လမ္းတို႔မည္သည္ ပညာၿပိဳင္႐ိုး ထုံးစံမရွိ၊ ဒါေပမဲ့ နင္ၿပိဳင္လိုလွ်င္ ၿပိဳင္ၾကတာေပါ့” ဟု လက္ခံလိုက္ေလသည္။

မညိဳလွသည္ ပညာၿပိဳင္လိုစိတ္ကလည္း ျပင္းထန္၊ ကေဝမပင္ ျဖစ္ေသာ္လည္း ပစၥည္းဥစၥာ ေပါမ်ားဟန္ ရွိေလသည့္ အတြက္ သူကိုယ္တိုင္ ေငြေၾကး အကုန္ခံ၍ ပညာၿပိဳင္ရန္ မ႑ပ္ ႏွစ္လုံး ေဆာက္လုပ္ပါသည္။ ဆရာႀကီး ဦးပြင့္အတြက္ မ႑ပ္ တစ္လုံး၊ သူမအတြက္ မ႑ပ္တစ္လုံး မ႑ပ္ႏွစ္လုံး စီရင္ၿပီး မညိဳလွကပင္ စတင္၍ ပညာၿပိဳင္ပါေတာ့သည္။

လင္းတသဏၭာန္ ဖန္ဆင္းျခင္း၊ ပ်ားပိတုန္းသဏၭာန္ ဖန္ဆင္းျခင္း၊ ေတာက္တဲ့သဏၭာန္ဖန္ဆင္းျခင္း စသည္တို႔ကိုတတ္စြမ္းသမွ် သူမပညာျဖင့္ တစ္ခုၿပီး တစ္ခု ေစလႊတ္လ်က္ ရွိပါသည္။ ဘယ္လိုပင္ ေစလႊတ္ပါမူ မညိဳလွ၏ ပညာအစြမ္း သည္ ဆရာႀကီး ဘိုးေတာ္ပြင့္၏ မ႑ပ္အတြင္းသို႔ တစ္စြန္း တစ္စမွ် ဝင္ေရာက္ႏိုင္ျခင္း မရွိေပ။

ထိုအခါ ဆရာႀကီး ဘိုးေတာ္ပြင့္က . .

ဟဲ့ နင့္ပညာ ဒါအကုန္ပဲလား””

ဟု ေမးေသာ္..

ဟုတ္ကဲ့ ဆရာႀကီး၊ ကြၽန္မ ပညာအကုန္ ျပၿပီးပါၿပီ” ဟု ေျပာဆိုၿပီး သူမ၏ ဦးေခါင္းမွ ဆံပင္ကို ျဖည္ခ်ၿပီး ဦးေခါင္းကို ခါရမ္းလိုက္သည္တြင္ နဂါးမႀကီးအသြင္သို႔ ေျပာင္း လဲသြားပါေတာ့သည္။

ဆရာႀကီး ဘိုးေတာ္ပြင့္သည္ သူ၏မ႑ပ္အတြင္းရွိ ကုလားထိုင္တြင္ ထိုင္၍ ဆရာေလး ဦးဘိုးဟန္က ဘိုးေတာ္ပြင့္၏ ေရွ႕ ကုလားထိုင္ေျခရင္းတြင္ တုပ္တြ႐ိုက်ိဳးၿပီး ထိုင္ေနလ်က္ရွိ ေသာ မ႑ပ္အတြင္းသို႔ နဂါးႀကီး ဝုန္းဒိုင္းႀကဲ ဝင္အလာတြင္ ဆရာႀကီး ဘိုးေတာ္ပြင့္က ဘယ္လက္ညႇိဳးျဖင့္ ထိုးကာ“ဟဲ့” ဆိုၿပီး ေငါက္လိုက္သည္တြင္ နဂါးအေမာက္ က်ိဳးက်သြားၿပီး ကေဝမ မညိဳလွအျဖစ္သို႔ ျပန္လည္ေရာက္ရွိသြားေလေတာ့သည္။

“ဟဲ့ ကုန္ၿပီလား””

ဟု ထပ္ဆင့္၍ ေမးလိုက္သည္တြင္-

““ဟုတ္ကဲ့ ကြၽန္မ ကုန္ပါၿပီ၊ ဆရာႀကီးရဲ႕ ပညာသာျပပါေတာ့”

ဟု ဆို၏။ ထိုအခါ ဆရာႀကီးက…

““ငါ့ပညာကို ျပရတာေပါ့””

ဆိုၿပီး လက္ထဲတြင္ရွိေသာ စမျဖတ္လွီးေသာ ဓားေလး ကို ပြဲႏွင့္အသင့္ရွိေနၿပီျဖစ္ေသာ ေရစင္ခြက္ထဲသို႔ ေပါက္ထည့္ လိုက္သည္ႏွင့္ တစ္ၿပိဳင္နက္တည္း ကေဝမ မညိဳလွ၏ နားထင္မွ ေသြးစိမ္းမ်ား စီးက်လာ၍ ေျမျပင္သို႔ ပုံလ်က္သား ေခြကနဲ လဲက်သြားေတာ့သည္။

ဆရာႀကီးမွ

“နင့္ပညာ ကုန္ၿပီလား၊ ငါ့ကို အကုန္လႉမည္လား””

ဟု ေမးေသာအခါ ..

“ကြၽန္မ လႉပါေတာ့မည္””

ဆိုၿပီး သစၥာျပဳ၍ လႉအၿပီးတြင္

“နင့္ရဲ႕ နားထင္မွာ ေသြးမဟုတ္ေတာ့ဘူး၊ ေရေတြပါ”” ဟု ေျပာလိုက္ရာ ေရအတိျဖစ္၍ ခ်မ္းသာရာရၿပီး ကေဝမ မညိဳလွသည္ မူလရွိရင္းစြဲပညာကို ဖ်က္ဆီးၿဖိဳခ်၍ ေဆးကုသမႈကို ခံယူကာ အထက္လမ္း ပညာရပ္ကို တက္လွမ္း သြားေလေတာ့သည္။

Credit to - ေ႐ႊရင္ေက်ာ္ Post by; ေမာင္မိုးတိမ္

No comments

Post a Comment