ကဝေသင်္ချိုင်း(စ/ဆုံး)

  မင်းရဲ့ငရဲမီးစက်ကို ငါရေလောင်း ပြီး ငြှိမ်းလိုက်မယ်ဟေ့။ ကဲကွာ…" ဘိုးလူပေက ပြောပြောဆိုဆိုနဲ့ ခြေတစ်လှမ်းရှေ့တိုး ပြီး လေထဲကနေ တရွေ့ရွ... thumbnail 1 summary

  မင်းရဲ့ငရဲမီးစက်ကို ငါရေလောင်းပြီး ငြှိမ်းလိုက်မယ်ဟေ့။ ကဲကွာ…"


ဘိုးလူပေက ပြောပြောဆိုဆိုနဲ့ ခြေတစ်လှမ်းရှေ့တိုး
ပြီး လေထဲကနေ တရွေ့ရွေ့လာနေတဲ့ မီးတောက်
ဆီကို အင်းနဲ့ ပစ်လိုက်ရောဗျို့။

"ဝုန်း…"

အိုး…အသံမှ အကျယ်ကြီးပဲဗျာ။ 'ဝုန်း'ဆိုတဲ့အသံကြီး
ထွက်သွားပြီး မီးတောက်ကြီးငြိမ်းသွားရောဗျို့။ ကဝေ
ဘိုးထောင်လည်း နောက်ကို ခြေနှစ်လှမ်းလောက်
လွင့်ထွက်သွားတယ်ဗျို့

"မင်း တော်တော်လာတဲ့ကောင်ပါလား လူပေ။
ကဲ…ဒီတစ်ခါ မင်းခံနိုင်ဦးမလား ကြည့်သေး
တာပေါ့ကွာ"

ကျောက်ဘီလူးဘိုးထောင်က တကိုယ်လုံးက စက်
တွေထုတ်တာဗျို့။ ပါးစပ်၊ နား၊ မျက်လုံး လက်ဝါး
တွေကနေ စက်တွေ တဖျပ်ဖျပ်ထွက်လာတာဗျို့။
စက်တွေ အားလုံးပေါင်းပြီး ဘိုးလူပေဆီကို ထွက်
လာပြီဗျို့။

"မောင်တာတေ ပထမံစက်အင်းကြီးပေးကွဲ့"

ကျုပ်က ဘိုးလူပေတောင်းတဲ့ အင်းကိုပေးလိုက်
တယ်။ ဘိုးလူပေက ကျုပ်လက်ထဲက အင်းကိုယူ
ပြီး အချိန်မဆိုင်းဘဲ တစ်ခါတည်းပစ်သွင်းလိုက်
တာဗျို့။

"ဝုန်း"

ဆိုတဲ့ အသံကြီး မြည်သွားပြီး ကဝေကြီးနောက်ကို
လွင့်ထွက်ပြီး ဖင်ထိုင်လျက်လဲသွားတာဗျို့။ သူ့တ
ကိုယ်လုံးက ထွက်ထားတဲ့ စက်တွေလည်း ပျောက်
သွားရောဗျို့။

ဟာ…ထလာပြီဗျို့။ ကဝေကြီး ချက်ချင်းကို
ထလာဗျာ။

"တောက်…"

ကဝေကြီး တောက်တစ်ချက်ခေါက်လိုက်တယ်ဗျို့။

"ဘိုးထောင် ဒါနောက်ဆုံးပဲ မင်းပညာတွေ
စွန့်လိုက်ပါ"

"မစွန့်ဘူးကွ ငါ့ပညာကို ငါသေတဲ့အထိ မစွန့်ဘူးကွ။
ငါပဲ ပညာစွန့်ရမလား မင်းပဲ အသက်စွန့်ရမလားဆို
တာ သိရမှာပေါ့ကွာ။ ဒါဟာ ငါအခု ထုံကူးမှတတ်
လာတဲ့ လက်ရုံးတစ်ထောင် ဓါးစကြ်ာစက်ကွ။ ငါ့ဓါး
တွေကို မင်းမြင်ရမှာ မဟုတ်ဘူး အသံပဲကြားရမှာ
မင်းတကိုယ်လုံးကို ဒီဓါးတွေက မွှန်းပစ်ပြီး မင်းလည်
ပင်းကို ဖြတ်ပစ်မှာ လူပေ။ ကဲ…မင်းမှာရှိတဲ့ပညာ
အကုန်ထုတ်ထားပေတော့"

"မောင်တာတေ ကဝေသက်ဖြတ်အင်းကြီးပေးတော့"

ကျုပ်ဆီမှာ နောက်ဆုံးကျန်နေတဲ့ အင်းကို လှမ်း
ပေးလိုက်တယ်။

"ချွင်၊ ချွင်၊ ချွင်၊ ချွင်…"

ဟာ…ကဝေကြီးက သူ့လက်ဝါးနှစ်ဘက်နဲ့ ဘောလုံး
တစ်လုံးကို ပွတ်သလိုလုပ်လိုက်တာဗျ။ ဓါးသံတွေတ
ချွင်ချွင်နဲ့ ထွက်လာတာ။ ဘာမှလည်း မမြင်ရဘူးဗျ။
ကဝေကြီးက လက်ကို ခပ်မြန်မြန်လှုပ်ပေးလေ ဓါး
သံတွေ တချွင်ချွင်နဲ့ မြည်လာလေပဲဗျို့။ ကဝေကြီး
က သူ့ရဲ့လက်ရုံးတစ်ထောင် ဓါးစကြ်ာစက်နဲ့ ဘိုး
လူပေကို ပစ်ဖို့လုပ်နေပုံပဲဗျ။

ဘိုးလူပေက ပါးစပ်က တစ်ခုခုကို ရွတ်လိုက်ပြီး က
ဝေသတက်ဖြတ်အင်းနဲ့ ကျောက်ဘီလူးဘိုးထောင်
ကို လှမ်းပစ်လိုက်ပြီဗျို့။

"ဝှီး…"

အင်းက လက်ကနဲ လက်ကနဲနဲ့ အရောင်တွေ
ထွက်သွားပြီး ကဝေကြီးဆီကို ပျံဝင်သွားတာဗျ။

"ဝုန်း"

ဆိုတဲ့ အသံကြီး ထွက်သွားပြီး တချွင်ချွင်မြည်နေ
တဲ့ ဓါးသံတွေ ပျောက်သွားတယ်။ ကဝေဘိုးထောင်
ကြီး ဒူးထောက်လျက်ကျသွားရောဗျို့။ ခေါင်းကြီး
အောက်စိုက်ပြီး ပြန်ကို မထနိုင်တောါဘူးဗျ။ဒီတုန်း
မှာပဲ လုံးဝထင်မထားတာဖြစ်တော့တာပါပဲဗျာ။ ခပ်
လှမ်းလှမ်းက ဂူပေါ်မှာ ရပ်နေတဲ့ မဖဲဝါ ရိပ်ကနဲ
ဖြစ်သွားပြီး ကဝေဘိုးထောင်ရဲ့နောက်ဘက်မှာ
မားမားကြီး ရပ်လို့ဗျာ။

"ငါ့သင်္ချိုင်းထဲမှာလာပြီး ငါ့ကိုအမိန့်အာဏာနဲ့ခိုင်း
တဲ့ အကောင် မဖဲဝါ ဘာလဲဆိုတာ မသေခင် သိ
သွားစေရမယ်ဟေ့ ကဲဟာ"

"ဘုန်း …ဘုန်း…ဘုန်း"

မဖဲဝါရဲ့လက်ဝါးကြီး လေထဲကို မြောက်တက်သွား
ပြီး ကျောက်ဘီလူးဘိုးထောင်ဆိုတဲ့ကဝေကြီးရဲ့
ကျောကုန်းကို သုံးချက် တိတိ ဆက်တိုက်ရိုက်ချ
လိုက်တာဗျ။

"ဝေါ့"

"ဟာ…အန်ပြီဗျို့။ သွေးတွေအန်ပြီ။ ကဝေကြီး
သွေးတွေ ထိုးအန်ပြီး ရှေ့ကိုဟပ်ထိုးကြီး ထိုးကျ
သွားရောဗျို့။

ဟော …မဖဲဝါလည်း ဖျတ်ကနဲ ပျောက်သွားပြီဗျို့။

"မောင်တာတေ နောက်ကို ဝေးဝေးဆုတ်နေ"

ဘိုးလူပေက ကျုပ်ကို လှမ်းပြောပြီး သူလည်းခပ်
ဝေးဝေးကို ဆုတ်သွားတယ်။

"အုန်း…"

ဟာ…မီးတောက်ကြီးထတောက်ပြီဗျို့။ ဒါ အဝီစိက
လာတဲ့ ငရဲမီးတောက်ဗျ။ အကုသိုလ်ကြီးလွန်းတဲ့က
ဝေကြီးတွေ သေရင် ခုလိုပဲ ငရဲမီးတောက်ထတောက်
တာချည်းပဲဗျ။ ဟော…ခဏပဲဗျ။ ကျောက်ဘီလူးဘိုး
ထောင်ရဲ့အလောင်းကြီး ပျောက်သွားပြီဗျို့။

ဟော …ငရဲမီးတောက်ကြီးလည်း ပျောက်သွားပြီဗျ။
ဟာ…ပြာတောင် မကျန်ခဲ့ဘူးဗျာ။ အကုန်လုံးပျောက်
သွားတာဗျ။ ကဝေဘိုးထောင်တော့ ဒီလောကမှာ ပြာ
တမှုန်တောင် မကျန်အောင် ဇာတ်သိမ်းသွားပြီပေါ့ဗျာ

"ဝူး…ဝူး…ဝူး…ဝူး၊ အီ…အီ…အီ"

မဖဲဝါရဲ့ခွေးကြီးနက်ကျော်အူသံက တဖြေးဖြေးဝေး
သွားပြီဗျို့။ ဘိုးလူပေနဲ့ ကျုပ်နဲ့လည်း ဘန့်ဘွေးကုန်း
ကို ပြန်ခဲ့ကြတယ်။

သြော်…ပြောရဦးမယ်ဗျ။ ကိုကြီးစံအေးက ရွှေတောင်
ဦးဘုရားပွဲမှာ အထူးတာဝန်အပေးခံရလို့ ကျုပ်တို့နဲ့
မလိုက်နိုင်ခဲ့ဘူးဗျာ။

ပြီးပါပြီခဗျာ

No comments

Post a Comment