"သရဲကြီးဦးဖိုးလူ" (စ/ဆုံး)

  "သရဲကြီးဦးဖိုးလူ" (စ/ဆုံး) ------------------------------- မအေးမေသည်သားမောင်ရေခဲလေး သရဲမြင်နိုင်သည့်အကြောင်းကို လင်ဖြစ်သူကိ... thumbnail 1 summary

 "သရဲကြီးဦးဖိုးလူ" (စ/ဆုံး)

-------------------------------
မအေးမေသည်သားမောင်ရေခဲလေး
သရဲမြင်နိုင်သည့်အကြောင်းကို လင်ဖြစ်သူကိုမြင့်တင်အားပြောပြသင့်မပြောပြသင့်စဉ်းစားနေ၏။ဦးဖိုးလူ၏နာရေးပြီးမှတဖြည်းဖြည်းချင်းပြောပြသွားရန်စဉ်းစားထား၏။အကြောင်းမှာဦးဖိုးလူသည် သရဲတစ္ဆေအားအယုံအကြည်မရှိသောကြောင့်ဖြစ်၏။ခုချက်ချင်းသားဖြစ်သူမောင်ရေခဲသရဲမြင်ရကြောင်းပြောပြလျှင် ကလေးကိုကြောက်စိတ်ဝင်အောင်ပြောနေသည်ဟုသာပြောပြီးသူပင်အဆဲခံရပေဦးမည်။
ညနေစောင်းချိန်တွင်သားငယ်အားဘုရားရှိခိုးစေပြီးသိပ်လိုက်၏။သူမကားမပြီးသေးသောအပ်ထည်များကို ဆက်ချုပ်ရန်စက်ခုံအိုလေးပေါ်သို့တက်လိုက်ရ၏။ကိုမြင့်တက်ကားဝါးကျောနည်းဖြင့် ပလိုင်းအားရက်နေ၏။ငွေကြေးချောင်လည်သေယ်လည်းသားဖြစ်သူမောင်ရေခဲ၏နောင်ရေးကိုမြော်တွေးကာ အလုပ်ပို၍ကြိုးစားကြခြင်းဖြစ်၏။
မနက်ရောက်သော်နာရေးအိမ်သို့ထပ်သွားကြပြန်၏။မောင်ရေခဲလေးကိုကားထပ်ခေါ်မလာခဲ့ချေ။ကျွေးမွေးပြီးနေ့လယ်၁၁နာရီခန့်တွင် သုသာန်သို့အလောင်းမြေချရန်သွားကြ၏။ဦးဖိုးလူ၏နာရေးသည်ကားချောချောချူချုပင်ပြီးသွားခဲ့သည်။
ဦးဖိုးလူအလောင်းမြေကျပြီးနောက်ရက်များတွင်ကားပြသနာစတော့သည်။ညနေမှောင်စပျိုးသည်နဲ့သင်္ချိုင်းဘက်မှစ၍ရွာထဲထိခွေးများအုပ်လိုက် သံရှည်ဆွဲကာအူကြ၏။ရွာတွင်းသို့သုံးပတ်လောက်ပတ်အူုပီးဦးဖိုးလူအိမ်ရှေ့ရောက်လျှင်ရပ်သွားကြ၏။ဦးဖိုးလူမကျွတ်၍ခွေးအူခြင်းဖြစ်မည်ဖြစ်ကြောင်းကြောကြသဖြင့်ညနေမှောင်သည်နဲ့တံခါးပိတ်ကာအပ်ကျသံပင်မကြားရလောက်အောင်တိတိဆိတ်နေ၏။
ဦးဖိုးလူအိမ်တွင်ကားဦးဖိုးလူမိသားစုအဖော်ရရန်ညစောင့်ဖဲဝိုင်းသုံးလေးဝိုင်းရှိ၏။
အဖော်အဖြစ်လာစောင့်အိပ်သောမိန်းမကြီးတို့ကား ဟိုလူသည်လူများအကြောင်းအတင်းတုတ်ပြီးအိပ်ယာဝင်ကြ၏။ည ည့်နက်လာသည်နဲ့ရွာထဲရှိခွေးများဆွဲဆွဲငင်င်အူကြ၏။ဖဲဝိုင်းထဲရှိအချို့လူကငိုက်မျည်းနေပြီ။တိုးမောင်တို့ကားဝိုင်းကောင်းနေဆဲ။
"ချကွာ....ဒီညတော့ဖိုးလူအစွမ်းနဲ့ရှုံးထားတာပြန်ရအောင်လုပ်ရမယ်...မွမ်"
တိုးမောင်ကားသူ့လက်ထဲမှဖဲချပ်အားနမ်းလိုက်၏။အရင်ညကသူအများကြီးရှုံးထားသောကြောင့်ယခုညတွင်ပြန်ရအောင်လုပ်မည်ဟုအားတင်းထား၏။
"အူးဝူး....အူး...ဝုတ်..ဝုတ်..."
ဦးဖိုးလူ၏အိမ်ရှေ့တွင်ကားခွေးများကတစ်ခုခုမြင်သည့်နှယ်သံရှည်ပြုကာအူနေ၏။
" တောက်!ဒီခွေးတွေနှယ်....ဒီလောက်ထိအူရသလား"ဖဲရှုံးသည့်ကြားခွေးကပါထအူနေသဖြင့်မြင့်စိုးကဆဲပစ်လိုက်၏။
အိမ်ရှေ့ကိုထိုးထိုးဟောင်နေသဖြင့်ဦးဖိုးလူပြန်လာသည့်အကြောင်းကိုဖဲဝိုင်းရှိလူတို့သတိပြုမိကြ၏။
"ဟျောင့် တွေဦးဖိုးလူပြန်လာနေပြီထင်တယ်ကွ....ဒီလူကြီးအသက်ရွယ်မှသိပ်မရသေးတာဘာလို့အသေစောနေပါလိမ့်"
ဖဲကနေရင်းမိုးဝင်းကထိုသို့ပြောလိုက်၏။
" သေမင်းကအသက်မရွေးဘူးမိုးဝင်းရ...
မင်းလည်းမနက်ဖန်သေချင်သေနိုင်လောက်တယ်ကွ...အဟား..."တုတ်တိုကမိုးဝင်းအားစနောက်လိုက်၏။
"ငါမသေသေးဘူးကွငါမိန်းမယူရဦးမယ်အဟီး..."မိုးဝင်းကတုတ်တိုအားပြန်နောက်၏။
"ဘုန်း.....ဘုန်း..."
အောက်ထပ်ထရံအားပုတ်နေသံကြားရသဖြင့်သူတို့၏မျက်လုံးအစုံအားထိုနေရာသို့အကြည့်ရောက်သွား၏။
ထို့နောက်အိမ်ပတ်ပတ်လည်လျှောက်နေသောအသံတရှပ်ရှပ်ကြားရပြန်၏။
ထို့နောက်လှေကားသို့တက်လာသံကြားရပြန်၏။
"ဟိတ်အရေးထဲမီးကဘာလို့မှိတ်သွားတာပါလိမ့်"အရေးထဲထွန်းထားသောဆိုလာမီးကမှိတ်သွားသဖြင့် တအိမ်လုံးမှောင်မဲသွား၏။ဖဲကသူများဟိုစမ်းသည်စမ်းဖြင့်
စမ်းကြ၏။
"ဟိုက်!ဘယ်သူ့ခြေထောက်လဲကွအေးစက်နေတာဘဲ...တုတ်တိုနင်လား"
မိုးဝင်းကထိုသို့မေးလိုက်ရာ "ငါမဟုတ်ဘူးကွ"
" ဒါဆို....ဦး...ဦးဖိုးလူ...."
သူ့မျက်နှာရှေ့သို့ဝဲလာသောမျက်နှာကြီး
တစ်ခု"အား......မျက်ပြူးကြီး...."
"ဟင်...ငါ့ခြေထောက်လာဆွဲတယ်...
လုပ်ကြပါဦးဟမီးဖွင့်ကြပါဦး...."
မြင့်စိုးကထိုသို့ပြောရင်းအော်လိုက်၏။
ထိုအချိန်အိပ်နေသူများကလည်းအော်သံကြောင့်နိုးလာပြီးဖယောင်းတိုင်မီးထွန်းကာအိပ်ခန်းထဲမှထွက်လာကြ၏။
"ဟဲ့..... မြင့်စိုးတို့တိုးမောင်တို့ဘာတွေအော်ကြီးဟစ်ကျယ်ဖြစ်နေကြတာလဲမီးလည်းမှောင်မိုက်လို့ပါလား"
"သရဲကြီးဦးဖိုးလူပြန်လာပြီးခြောက်နေလို့အရီးမြရဲ့"
"ဟဲ့ပလုတ်တုတ်....ဘယ်မှာလဲဖိုးလူသရဲကြီးက"
ထိုစဉ်သရဲကြီးဦးဖိုးလူသည် အရီးမြ၏နောက်မှဘွားခနဲပေါ်လာလေ၏။ဒါကိုမြင်ငေါမြင့်စိုးက"ဦးဖိုးလူ ကြီးကအရီးမြနောက်မှာလေ"
"ဟဲ့မနောက်နဲ့နော်မြင့်စိုး...အရီးမြကြောက်တယ်ဟဲ့...."အရီးမြမှာအသံပင်တုန်နေလေ၏။
"မနောက်ဘူးအရီးမြရဲ့မယုံရင်လှည့်ကြည့်လိုက်ပါလား"
ထိုစဉ်အရီးမြနောက်မှသရဲကြီးဦးဖိုးလူက
အရီးမြကိုင်ထားသောဖယောင်းတိုင်မီးအား"ဖူးခနဲ"မှုတ်လိုက်သဖြင့်မီးငြိမ်းသွားလေ၏။
"ဟဲ့မှောင်မဲနေတာဘဲလုပ်ကြပါဦးတော်"
မိန်းမကြီးတို့၏အော်သံများဆူညံသွားတော့၏။ထိုအထဲမှဦးဖိုးလူ၏မိန်းမဖြစ်သူ
အရီးမယ်ဘုံကတုန်ရီသောအသံဖြင့်
"ကိုဖိုးလူရယ်...ရှင်ဘာလို့လူတွေကိုလန့်အောင်လုပ်နေရတာလဲရှင်...ရှင်ဘာကိုစိတ်မချတာလဲဟင်..ကျွန်မ တောင်းပန်
ပါတယ်ပြန်ပါတော့နော်ရှင့်ရဲ့ရက်လည်နေ့မှာကျွန်မတို့ထပ်ပြီးအမျှဝေပေးမယ်ရှင်ပြန်ပါတော့နော်"
ဦးဖိုလူ၏ဇနီးဖြစ်သူအရီးမယ်ဘုံကထိုသို့ပြောလိုက်မှတအိမ်လုံးသိမ့်သိမ့်တုန်သွားတော့၏။မှိတ်နေသောမီးမှာလည်
းဖျတ်ခနဲပြန်လည်လင်းထိန်လာ၏။
ထိုအခါမှတိုးမောင်တို့အုပ်စုလည်းငြိမ်သက်သွားပြီးအရီးမြတို့ကလည်းအိပ်ခန်းထဲဝင်ကာပြန်အိပ်ကြတော့၏။
ဦးဖိုးလူ၏ရက်လည်နေ့၌်အရီးမယ်ဘုံက
ဘုန်းကြီးခုနှစ်ပါးပင့်ပြီးတရားနာပေး၏။
ထိုနေ့ တရားနာသူထဲတွင်ဦးမြတင်တို့လင်မယားနဲ့သားဖြစ်သူမောင်ရေခဲလည်းပါ၏။မောင်ရေခဲသည်ကလေးဖြစ်သော်လည်းဆရာတော်ကြီးများဟောသောတရားများကိုငြိမ်သက်စွာနာယူနေ၏။ထိုစဉ်သူ၏နားထဲမှသူ့နာမည်အားခေါ်နေသည့်အသံအားကြားရသဖြင့်ခြံဝသို့ကြည့်လိုက်ရာ"ဟင်...ဦးဖိုးလူ ကြီးပါလား...ဦးဖိုးလူ
တရားမနာဘူးလား"
ဟုပြောလိုက်သဖြင့်တရားနာပရိတ်သတ်တို့အံ့ဩကြကုန်၏။ထိုအခါဆရာတော်ဥူးမေဓာဝီက"ဒကာလေးရေခဲ...ဒကာကြီးဖိုးလူကိုမြင်ရတယ်လား..."
"ဟုတ်... ြမြင်ရတယ်ဘုရား..ဦးဖိုးလူကြီး
ခြံအပြင်ဘက်ကနေပြီးတော့သားကိုခေါ်နေတယ်..."
" ဟေ...ဟုတ် လားကွဲ့သူကအိမ်ထဲဝင်မရလို့နေမှာကွဲ့"
ထိုအခါဥူးမေဓာဝီကမျက်လုံးမှိတ်ကာခြံစောင့်နတ်အားမေတ္တာပို့လိုက်၏။
"ကဲဒကာလေးရေခဲ..ဦးဖိုးလူကြီးခြံထဲဝင်လာလို့ရပြီလားကွဲ့"
မောင်ရေခဲကကြည့်လိုက်ရာ ဦးဖိုးလူ ြကြီးကအိမ်ပေါ်ထပ်သို့တက်လာသည်ကိုမြင်ရသဖြင့်"ဦးကြီးဖိုးလူအိမ်ပေါ်ကိုတက်လာပါပြီဘုရား"
"ကိုင်း..အဲဆို့လမ်းနည်းနည်းဖယ်ပေးလိုက်ကြကွဲ့"ဟုဆရာတော်မိန့်လိုက်ရာတရားနာပရိတ်သတ်အပေါင်းတို့ကလည်း
လူတစ်ကိုယ်စာဝင်နိုင်သည့်လမ်းလေး
ဖယ်ပေးလိုက်ကြ၏။
ဆက်လက်ပြီးဆရာတော်ဥူးမေဓာဝီက
"ကဲကဲ... ဒကာကြီးဦးဖိုးလူလည်းရောက်ပြီဆိုတော့ဒကာကြီးအတွက်တရားနာပြီးရေစက်ချအမျှဝေရအောင်ကွယ်....ကိုယ့်ထက်ငယ်သူအရွယ်တူ တနေ့သေရမည်..ကိုယ့်ထက်ကြီးသူအရွယ်တူတနေ့သေရမည်....ထိုသို့နည်းတူတနေ့မူငါလည်းသေရမည်...မသေခင်ကပြုကျင့်ကြ
ဒါနနည်းများမမူ....အစချီကာသေချင်းတရားအားဟောကြားလေ၏။နောက်ဆုံး၌ဘဝတပါးသို့ကူးပြောင်းသွားသော
ဦးဖိုးလူ၏နာမည်တပ်ကာ ဝေနေယျတိုအားအမျှပေးဝေလေ၏။ဦးဖိုးလူကြီးလည်းဇနီးသားသမီးများကိုတချက်မျှကြည့်လိုက်ပြီး သယောဇဉ်ကိုဒုန်းဒုန်းဖြတ်ကာ
သာဓုခေါ်ဆိုလေတော့၏။ထိုအခါဦးဖိုးလူသည်အမှုန်အမွားတစ်ခုဖြစ်သွားပြီးအဝေးသို့လွှင့်မျောပျောက်ကွယ်သွားသည်ကို
မောင်ရေခဲလေးမြင်တွေ့လိုက်ရ၏။
"ဦးဖိုးလူကြီးပျောက်သွားပြီဘုရား..."
မောင်ရေခဲကထိုသို့ပြောလိုက်ရာဆရာတော်ကြီးက"ဒကာကြီးဦးဖိုးလူဇနီးသားသမီးအပေါ်ထားတဲ့သံယောဇဉ်ကိုဖြတ်နိုင်သွားလို့ကောင်းရာဘဝကိုကူးနိုင်သွားပြီကွယ်"ဟုမိန့်လိုက်၏။ဦးဖိုးလူ၏ဇနီးအရီးမယ်ဘုံကား ယောကျာ်း
ဖြစ်သူအတွက်ဝမ်းသာလျက်မျက်ရည်များပင်ကျလေ၏။ဦးမြင့်တငိသည်ကားသားကိုကြည့်ကာအလွန်ပင်အံ့ဩသွားလေ၏။
သားဖြစ်သူဘယ်တုန်းကသရဲစမြင်ရသည်ကို အိမ်ရောက်မှမေးမြန်းရန်ရင်ထဲသိမ်းထားလိုက်၏။ထိုမှအပြန် သားဖြစ်သူသရဲမြက်ရသည့်အကြောင်းကိုမေးလိုက်လျှင်
မောင်ရေခဲလည်း အိပ်မက်ထဲမှဖိုးသူတော်ကြီးကသူ့အားအမြင်ဖွင့်ပေးလိုက်သည့်အကြောင့်းအားရှင်းပြလိုက်တော့သည်။ထိုအခါမှသူလည်းပရလောကအား
အယုံအကြည်ရှိလာတော့သည်။
ပြီးပါပြီ
စာဖတ်သူအပေါင်းရွင်လန်းချမ်းမြေ့ကြပါစေ

No comments

Post a Comment