"သရဲမွေးသည့်အဘိုးအို"(စ/ဆုံး)

  "သရဲမွေးသည့်အဘိုးအို"(စ/ဆုံး) ----------------------------- ချစ်ဇနီးက မိဘအိမ်မှာမနေချင်တော့ပဲ အိမ်ခွဲနေမည်ဟုပူစာန... thumbnail 1 summary

 "သရဲမွေးသည့်အဘိုးအို"(စ/ဆုံး)

-----------------------------
ချစ်ဇနီးက မိဘအိမ်မှာမနေချင်တော့ပဲ အိမ်ခွဲနေမည်ဟုပူစာနေသဖြင့် စိုးကျော်တစ်ယောက်အလုပ်မှခွင့်ယူကာ အငှါးအိမ်ရှာပုံတော်ထွက်ရတော့သည်။
မနက်ကတည်းကထွက်လာခဲ့သည်မှာ ယခုနေ့လည်ပင်ရှိပြီ၊ အငှါးအိမ်ရဖို့အဆင်မပြေသေး။
" အငှါးအိမ်တွေကလည်းစျေးကြီးလိုက်တာ၊ စျေးသက်သာတဲ့အိမ်တွေရောရှိပါ့မလားမသိဘူး .. ဟူး "
သူရရှိသည့်လခနှင့် အငှါးအိမ်စျေးနှုန်းကမကိုက်သောကြောင့် စိတ်မောစွာစိုးကျော်သက်ပြင်းမှုတ်ထုတ်လိုက်၏။ နေကပူ၊ဗိုက်ကဆာ အငှါးအိမ်ကခုထိမရသေး၊ စိတ်ညစ်ညစ်နှင့် ရက်ကွက်တစ်ခုထဲသို့စိုးကျော်ဆက်၀င်လာလိုက်သည်။ ထိုအခါမှာတော့
" အိမ်ငှါးမည် တစ်လသုံးသောင်း "
၀ါးခြံတံခါးလေးတွင်ကပ်ထားသောစာကို စိုးကျော်အသံထွက်ကာရွတ်ဖတ်လိုက်ပြီး ပျော်သွားတော့သည်။ သပ်သပ်ရပ်ရပ်ရှိသော ခြေတံတိုပျဉ်ထောင်အိမ်လေးဖြစ်သောကြောင့့်လည်း စိုးကျော်သဘောကျသွားမိသည်။
" တစ်လမှသုံးသောင်းတဲ့ အိမ်ကလည်းသပ်သပ်ရပ်ရပ်လေး၊ အရမ်းတန်တယ် "
သည်အိမ်ကိုပဲငှါးရန်ဆုံးဖြတ်လိုက်ပြီး အိမ်ပိုင်ရှင်ကိုမေးမြန်းရန် ခပ်လှမ်းလှမ်းတွင်ရှိနေသော ကွမ်းယာဆိုင်လေးဆီသို့သွားလိုက်၏။
" အစ်မ ဟိုမှာအိမ်ငှါးမည်လို့စာကပ်ထားတဲ့အိမ်ရဲ့ပိုင်ရှင်က ဘယ်နားမှာနေတာလဲဆိုတာ ပြောပြလို့ရမလားခင်ဗျ "
" အဲ့ဒီအိမ်ကိုငှါးမလို့လား "
" ဟုတ်ကဲ့ အဲ့ဒီအိမ်ကိုငှါးချင်လို့ပါ "
" အဲ့ဒါဆိုရင် ဒီလမ်းအတိုင်းသွား လမ်းခွဲနှစ်ခုကိုတွေ့ရလိမ့်မယ်၊ ညာဘက်လမ်းခွဲကို၀င်သွားလိုက် ငါးအိမ်မြောက်အဝါရောင်နှစ်ထပ်တိုက်အိမ်က အိမ်ပိုင်ရှင်နေတဲ့အိမ်ပဲ "
" ဟုတ်ကဲ့ အခုလိုပြောပြပေးတာကျေးဇူးတင်ပါတယ်ဗျာ "
" ရပါတယ်ရှင် "
" ဟုတ်ကဲ့ ကျွန်တော်သွားအုံးမယ် "
ကွမ်းယာဆိုင်ကအမျိုးသမီးပြောတဲ့အတိုင်း စိုးကျော်ထွက်လာလိုက်သည်။
" ငါးအိမ်မြောက် အဝါရောင်နှစ်ထပ်တိုက်ဆိုတော့ ဒီအိမ်ပဲဖြစ်ရမယ် "
ပိတ်ထားသောခြံတံခါးနားသို့ စိုးကျော်ကပ်လိုက်ပြီး အထဲသို့ချောင်းကြည့်လိုက်သည်။ အထဲမှ လူရိပ်တွေ့သည်နှင့်
" အိမ်ရှင်တို့ခင်ဗျ ၊ အိမ်ရှင်တို့ "
အော်ခေါ်လိုက်သည့်အခါမှာတော့ အသက်လေးဆယ်အရွယ်အမျိုးသမီးတစ်ဦးထွက်လာပြီး တံခါးလာဖွင့်ပေးလိုက်သည်။
" ဘာကိစ်စလဲမသိဘူး "
" ဟိုဘက်လမ်းကပျဉ်ထောင်အိမ်လေးကို ငှါးဖို့အတွက်လာခဲ့တာပါ "
" ဪ ဟုတ်ကဲ့ရှင့် အိမ်ထဲ၀င်ပါအုံး "
" ဟုတ်ကဲ့ "
အိမ်ထဲရောက်သည်နှင့် အအေးနှင့်မုန့်များလာချပေးသဖြင့် ဗိုက်ကဆာနေပြီဖြစ်သောကြောင့် ဟန်မဆောင်နိုင်ပဲစိုးကျော်အားရပါးရစားလိုက်၏။
" မနက်တည်းကအငှါးအိမ်လိုက်ရှာနေတာ စျေးတွေကကြီးတော့ ကျွန်တော့အတွက်အဆင်မပြေဘူးဗျ ၊ ခုမှပဲအဆင်ပြေတဲ့အိမ်ကိုတွေ့တော့တယ် "
စိုးကျော်၏အပြောကြောင့့်ထိုအမျိုးသမီးပြုံးလိုက်ပြီး
" ဟုတ်ကဲ့ အိမ်ငှါးဖို့သေချာပြီဆိုရင် မနက်ဖြန်စာချုပ်ချုပ်ကြတာပေါ့ "
" ဟုတ်ကဲ့ မနက်ဖြန်ကျွန်တော်ထပ်လာခဲ့ပါမယ် "
စျေးတော်တော်နှင့်နေရအဆင်ပြေမည့်အိမ်လေးတစ်လုံးကို ရှာတွေ့ခဲ့ပြီမို့ ပျော်ရွှင်စွာဖြင့်စိုးကျော်အိမ်ပြန်လာလိုက်သည်။
" ဘယ်လိုလဲ အဆင်ပြေလာရဲ့လားကို "
အိမ်သို့ရောက်သည်နှင့် ဆီးကြို၍မေးလိုက်သောဇနီးသည်ကို စိုးကျော်ပြုံး၍ကြည့်လိုက်ပြီး
" ဘာမှမပူနဲ့ အားလုံးအဆင်ပြေတယ်၊ စျေးလည်းသက်သာ နေရလည်းအဆင်ပြေမယ့်အိမ်ကိုတွေ့ခဲ့တယ် "
" ဟုတ်လားကို "
ယမင်း၀မ်းသာသွားသည်။
" ဟုတ်တယ်ယမင်းရဲ့၊ အဲ့ဒါ မနက်ဖြန်စာချုပ်ချုပ်ဖို့အတွက်ထပ်သွားရမယ် ယမင်းပါလိုက်ခဲ့လေ အိမ်ကိုလည်းကြည့်လို့ရတာပေါ့ "
" ဟုတ်ကဲ့ကို ယမင်းလိုက်ခဲ့မယ် "
နောက်တစ်နေ့တွင်တော့ အိမ်အငှါးစာချုပ်ချုပ်ရန်အတွက် စိုးကျော်နှင့်ယမင်းထွက်လာလိုက်၏။
" အိမ်လေးကသပ်သပ်ရပ်ရပ်လေးနော်ကို ခြံထဲမှာလည်းအပင်တွေအများကြီးနဲ့ စိမ်းလန်းစိုပြည်လို့ "
အိမ်လေးကိုကြည့်ပြီးယမင်းအရမ်းသဘောကျသွားမိသည်။
" ယမင်းသဘောကျတယ်မဟုတ်လား "
" အရမ်းကိုသဘောက်တာ "
" ကဲ ဒါဆိုရင်စာချုပ်ချုပ်ဖို့အတွက် အိမ်ရှင်ဆီသွားရအောင် "
အိမ်ပိုင်ရှင်အိမ်သို့ စိုးကျော်နှင့်ယမင်းရောက်လာခဲ့၏။ သူတို့ရောက်သည်နှင့် အိမ်ရှင် အဆင်သင့်ပြင်ထားသောစာချုပ်ပေါ်တွင် လက်မှတ်ထိုးပြီး စားပေါ်ငွေပေးချေလိုက်၏။
အိမ်ရှင်လည်း အိမ်ငှါးသူတွေမလာပဲ သော့ခတ်ပိတ်ထားသည်မှာကြာပြီဖြစ်သောအိမ်ကို ယခုငှါးရမ်းနေထိုင်သူပေါ်လာပြီဖြစ်သည့့်အတွက် ၀မ်းသာနေလေသည်။
" ရော့ အိမ်သော့ "
အိမ်ရှင်ကမ်းပေးသောအိမ်သော့ကိုစိုးကျော်လှမ်းယူလိုက်၏။
" ဒါနဲ့ သရဲကြောက်တတ်လားမသိဘူး "
ထိုသို့အိမ်ရှင်မေးလိုက်သဖြင့်စိုးကျော်ရယ်လိုက်ပြီး
" မကြောက်တတ်ပါဘူးဗျာ... ဘာလို့လဲ "
" ဘာရယ်မဟုတ်ပါဘူး ဒီတိုင်းပဲမေးကြည့့်တာပါ ၊ ကဲ ရှင်တို့အဆင်ပြေတဲ့နေ့ လာပြောင်းနေလို့ရပြီ "
" ဟုတ်ကဲ့ ဒါဆို ကျွန်တော်တို့ကိုပြန်ခွင့်ပြုပါအုံး "
" ကောင်းပါပြီရှင် "
စိုးကျော်နှင့်ယမင်း ပြန်ထွက်လာလိုက်ကြသည်။
" အဲ့ဒီမိန်းမကြီးက သရဲကြောက်တတ်လားလို့ ဘာကြောင့်မေးတာလဲမသိဘူး ၊ အဲ့ဒီအိမ်မှာ သရဲရှိလားမသိဘူးနော်ကို "
ပြောရင်း ယမင်းကြောက်သွားမိသည်။
" ဒီတိုင်းမေးကြည့်တာလို့ပြောတယ်လေကွာ ဘာမှစိတ်ထဲမထားပါနဲ့ ၊ သရဲဆိုတာတစ်ကယ်မရှိဘူး ၊ အခု ယမင်းအိမ်ခွဲနေချင်တဲ့ဆန္ဒလေးပြည့်သွားတဲ့အတွက် ပျော်ပျော်လေးနေလိုက် ဟုတ်ပြီလား "
" ဟုတ်ကဲ့ပါကို ယမင်းကလေ ကိုနဲ့အိမ်ထောင်စပြီးကျကတည်းက အိမ်ခွဲနေချင်တာ၊ ဒါပေမယ့်ကိုက ကို့အမေအိမ်မှာပဲနေချင်တယ်ဆိုလို့ဘာမှမပြောပဲနေနေခဲ့တာ ၊အခုဆိုယမင်းတို့ဘ၀ထဲကို ယမင်းတို့ရဲ့ရင်သွေးလေးရောက်လာတော့မယ်လေ အဲ့ဒါကြောင့် ယမင်းတို့ပါသာ ပျော်ရွှင်တဲ့မိသားစုကမ္ဘာလေးကို စပြီးတည်ထောင်ဖို့အတွက်အိမ်ခွဲနေဖို့ ကို့ကိုပူစာခဲ့တာ "
" ဟုတ်ပါပြီဗျာ ... ဟောဒီကကို့ရဲ့ဇနီးချောလေးသဘောတော်အတိုင်းပါ "
" ခစ်ခစ် ကိုကသိပ်လိမ္မာတာပဲ "
❀ ❀ ❀ ❀ ❀ ❀ ❀ ❀
အငှါးအိမ်လေးသို့ စိုးကျော်နှင့်ယမင်း ပြောင်းလာခဲ့သည်မှာနှစ်ရက်ရှိပြီဖြစ်သည်။
ခင်ပွန်းသည်အလုပ်သွားသဖြင့် ယမင်းတစ်ယောက်တည်းသာအိမ်တွင်ကျန်ခဲ့၏။
နေရာမကျသေးသည့် ပစ္စည်းများကိုနေရာချ ၊ အိမ်တစ်ခုလုံးပါသန့်ရှင်းရေးလုပ်ပြီးစီးသည့်အခါမှာတော့ ညနေစောင်းအချိန်ပင်ရှိလေပြီ။ထို့ကြောင့် ထမင်းဟင်းချက်ပြုတ် ရေမိုးချိုးပြီး ခင်ပွန်းသည်အလုပ်ကပြန်အလာကိုစောင့်နေလိုက်၏။ သည်ကနေ့မှ စိုးကျော်အိမ်ပြန်နောက်ကျနေသဖြင့် ယမင်းလည်းတစ်ယောက်တည်းပျင်းပျင်းရှိတာနှင့် ခြံထဲဆင်းပြီးလမ်းလျှောက်နေလိုက်သည်။
မှောင်ရိပ်ကသန်းလာပြီ။ ထိုစဉ် ခေါင်းရင်းခြံ၌ အသက်ခုနှစ်ဆယ်အရွယ်ခန့်အဘိုးအိုတစ်ဦး သစ်ပင်အောက်တွင်ထိုင်ကာ တစ်ယောက်တည်းစကားပြောနေသည်ကိုတွေ့လိုက်ရသည်။ ယမင်းလည်းထိုအဘိုးအိုကို နားမလည်နိုင်စွာကြည့်နေမိသည်။
" ဒီအဘိုးကရူးနေတာများလား တစ်ယောက်ထည်းစကားတွေပြောနေတယ် ၊ သနားစရာကောင်းလိုက်တာ "
သက်ကြီးရွယ်အိုတွေကိုမြင်လျှင် သနားတတ်သူပီပီ ထိုအဘိုးအိုကိုကြည့်ပြီး ယမင်းသနားသွားမိသည်။
" ဘယ်သူ့ကိုငေးနေတာလဲယမင်း "
" ကိုပြန်လာပြီလား နောက်ကျတယ်နော် "
" ဟုတ်တယ်ယမင်းရဲ့ အလုပ်များနေလို့နောက်ကျသွားတာ၊ ဒါနဲ့ ဘာကိုငေးနေတာလဲ "
" ဟိုအဘိုးလေ တစ်ယောက်တည်းစကားထိုင်ပြောနေတာ၊ စိတ်မနှံ့ဘူးထင်တယ် သနားပါတယ် "
" ဟုတ်လား ကဲ အဲ့ဒါတွေထားလိုက် ကိုပင်ပန်းလာပြီ ရေချိုးမယ် ၊ ပြီးရင်ထမင်းစားကြတာပေါ့ "
" ဟုတ်ကဲ့ကို "
နားနားနေနေမနေတတ်သောယမင်းတစ်ယောက် ခင်ပွန်းသည်အလုပ်သွားသည်နှင့် ပြန်ရောက်လာလျှင်စားဖို့အတွက် ခင်ပွန်းသည်ကြိုက်တတ်သော ကောက်ညှင်းထုပ်ထုပ်တော့သည်။
တစ်နေကုန် သူမပင်ပင်ပန်းပန်းထုပ်ပြီး ရရှိလာသည့်ကောက်ညှင်းထုပ်များကို ကြည့်ပြီး ယမင်းပျော်နေမိသည်။
" ကောက်ညှင်းထုပ်ကမွှေးနေတာပဲ၊ အများကြီးဆိုတော့ ငါနဲ့ကိုနှစ်ယောက်တည်းစားမကုန်လောက်ဘူး ၊ အင်း ဘယ်သူ့ကိုသွားပေးရမှာလဲ "
ယမင်းခဏမျှစဉ်းစားလိုက်ပြီး မနေ့ကသူမတွေ့ခဲ့သည့် ခေါင်းရင်းခြံမှအဘိုးကိုမြင်ယောင်လာကာ
" ဟုတ်ပြီ ခေါင်းရင်းခြံကအဘိုးကိုသွားပေးရမယ် "
ကောက်ညှင်းထုပ်များကို အိတ်တစ်လုံးထဲကောက်ထည့်ပြီး ခေါင်းရင်းခြံထဲသို့ယမင်း၀င်လာလိုက်သည်။ ခြံထဲတွင် နှစ်ကြာနေပြီဖြစ်သောသစ်ပင်ကြီးများက တစ်ခြံလုံးနီးပါးပြည့်နေသည့်အတွက် နေ့လည်ခင်းပင်ဖြစ်လင့်ကစား မှောင်နေလေသည်။
အဘိုးအို၏ပျဉ်ထောင်အိမ်လေးအရှေ့သို့ရောက်သည်နှင့်
" အဘိုး အိမ်ထဲမှာရှိလား အဘိုး "
ပြန်ထူးသံမကြား၊ ယမင်းခေါင်းကုတ်လိုက်ပြီး
" ဘယ်သွားနေလဲမသိဘူး ၊ တံခါးလည်းဖွင့်ထားပါတယ် ငါခေါ်တာမကြားတာပဲနေမှာပါ "
အိမ်ပေါ်သို့ယမင်းတက်လာလိုက်ပြီး အိမ်ထဲသို့၀င်လိုက်စဉ် ကြက်သီးဖျန်းခနဲ့ထသွားသည်ကိုခံစားလိုက်သည့်အတွက် အနည်းငယ်ကြောက်လန့်မိသွား၏။
" ဘာဖြစ်တာပါလိမ့်၊ ငါဒီလိုတစ်ခါမှမခံစားဖူးပါဘူး "
စိတ်ထဲဘ၀င်မကျသလိုခံစားလာရသဖြင့် ဟိုဟိုဒီဒီကြည့်ကာ အဘိုးအိုကိုသာရှာလိုက်သည်။
ထိုအခါ ခပ်လှမ်းလှမ်းရှိ စားပွဲတစ်ခုပေါ်တွင် အမဲသားတွဲတစ်တွဲကိုတွေ့လိုက်ရသည်။
..... ရှပ်... ရှပ် ... ရှပ် .....
" ဟင် "
ခြေသံနှင့်အတူအရိပ်မည်းတစ်ခုကိုတွေ့လိုက်ရသဖြင့် ယမင်းထိတ်လန့်သွားတော့သည်။
" ဟေ့ မင်းဘယ်သူလဲ... ငါ့အိမ်ထဲဘာလို့ရောက်နေရတာလဲ "
အနောက်မှ ခပ်မာမာမေးလိုက်သံကြောင့် အရိပ်မည်းကိုမြင်ပြီးကြောက်လန့်သည့်အရှိန်ဖြင့် ယမင်းတစ်ကိုယ်လုံးတုန်သွားတော့သည်။ ထို့နောက် နောက်သို့လှည့်ကြည့်လိုက်သည့်အခါမှာတော့ သူမကိုစူးစူးဝါးဝါးကြည့်နေသော အဘိုးအိုကိုတွေ့လိုက်ရသည်။
" ဟို.. သမီးကဟိုဘက်အိမ်မှာလာငှါးနေတာပါ... အခုက အဘိုးအတွက်သမီးကိုယ်တိုင်လုပ်ထားတဲ့ ကောက်ညှင်းထုပ်လေးလာပို့ပေးတာပါ "
ကိုင်ထားသောကောက်ညှင်းထုပ်အိတ်ကိုယမင်းမြှောက်ပြလိုက်၏။
" မလိုဘူး... ထွက်သွားစမ်း နောက်တစ်ခါ ငါ့အိမ်ကိုဘယ်တော့မှမလာနဲ့ "
" ရှင် "
အဘိုးအိုအော်ငေါက်မောင်းထုတ်လိုက်သဖြင့် ယမင်းကြောင်သွားမိသည်။
" ထွက်သွားလို့ပြောနေတယ်လေ ... သွား "
" ဟုတ် ဟုတ်ကဲ့ "
အဘိုးအိုထပ်မံအော်ငေါက်မောင်းထုတ်လိုက်သည့်အခါမှာတော့ ယမင်းကြောက်ကြောက်နှင့် အိမ်ပေါ်မှအမြန်ပြေးဆင်းလာလိုက်သည်။
" ငါကစေတနာနဲ့ကောက်ညှင်းထုပ်သွားပေးရသေးတယ် ငါ့ကိုမောင်းထုတ်ရတယ်လို့ "
ယမင်းမကျေမနပ်ဖြစ်နေမိသည်။
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
ခြံအနောက်ဘက်တွင်ရှိနေသော ငွေပန်းပင်တွင် ပန်းအများအပြားပွင့်နေသဖြင့် ဘုရားပန်းကပ်ရန် ယမင်းသွားခူးလိုက်၏။
ထိုစဉ် အကြည့်က ခေါင်းရင်းခြံသို့ရောက်သွားသည့်အခါမှာတော့ ယမင်းအံ့အားသင့်သွားရသည်။
အဘိုးအိုသည် အမဲသားစိမ်းများကိုသစ်ပင်ခြေရင်းအောက်ရှိ ပန်းကန်နှစ်ပန်းကန်ထဲတွင် တစ်တုံးချင်းစီထည့်ပေးနေပြီး အဘိုးအို၏အနားတွင်တော့ အရိပ်မည်းကြီးနှစ်ခုသည် ပန်းကန်ထဲတွင် အဘိုးအိုထည့်ပေးသော အမဲသားစိမ်းများကိုနှိုက်စားနေလေသည်။
သူမကြည့်နေသည်ကို အဘိုးအိုတွေ့သွားမည်စိုးသဖြင့် ငွေပန်းပင်အကွယ်တွင်ထိုင်နေကာ ယမင်းဆက်ပြီးချောင်းကြည့်နေလိုက်သည်။
" ယမင်း ... ယမင်း "
" အိမ်ပေါ်မှာလည်းမရှိဘူး ဘယ်သွားနေပါလိမ့် "
အလုပ်ကပြန်အရောက် ဇနီးသည်ကိုမတွေ့ရသဖြင့်စိုးကျော်စိတ်ပူသွား၏။
ထို့ကြောင့် ဇနီးသည်ကိုတွေ့လိုငြား ခြံနောက်သို့စိုးကျော်ထွက်လာလိုက်၏။
" ယမင်း .... ယမင်း "
ခင်ပွန်းသည်စိုးကျော်သူမကိုအော်ခေါ်ကာ ရှာနေသဖြင့် ယမင်းလည်း ပန်းပင်ကြားထဲမှအမြန်ထွက်လာလိုက်ပြီး
" ကို ဘာလို့အော်ခေါ်နေတာလဲ "
" ဟင် ယမင်း... ဘာလို့ပန်းပင်ကြားထဲမှာနေနေရတာလဲ "
" ရှူ း ... တိုးတိုး.... ကြားသွားအုံးမယ် "
ယမင်း၏ခိုးကြောင်ခိုးဝှက်ဖြစ်နေသောအမူယာကိုကြည့်ပြီး စိုးကျော်နားမလည်နိုင်ဖြစ်သွား၏။
" ဘာဖြစ်လို့လဲယမင်း "
ထိုစဉ် အဘိုးအိုသူတို့ကိုလှည့်ကြည့်လာသဖြင့် ယမင်းလန့်သွားပြီး စိုးကျော်၏လက်ကိုဆွဲကာ ထိုနေရာမှအမြန်ထွက်လာလိုက်၏။
စိုးကျော်မှာတော့ ဘာမှနားမလည်နိုင်ပဲ ယမင်းဆွဲခေါ်လာရာဆီသို့သာလိုက်ပါလာခဲ့သည်။
အိမ်ပေါ်သို့ရောက်လာသည့်အခါမှာတော့
" ခေါင်းရင်းအိမ်ကအဘိုးအိုကိုချောင်းကြည့်နေတာ ကို့အသံကျယ်တာနဲ့ဟိုကမြင်သွားပြီ "
" အဲ ... ကိုကယမင်းကိုအိမ်ထဲမှာမတွေ့လို့လိုက်ရှာတာလေ... ဒါနဲ့ ယမင်းကဘာလို့ခေါင်းရင်းအိမ်ကအဘိုးအိုကိုချောင်းကြည့်နေရတာလဲ "
" အဲ့ဒီအဘိုးအိုကကြောက်စရာကြီးကိုရဲ့ "
" ဟားဟား... ယမင်းပဲအရင်ကသနားစရာကောင်းပါတယ်ဆို၊ အခုကျမှဘယ်လိုဖြစ်ပြီးကြောက်စရာကောင်းသွားရပြန်တာလဲ "
စိုးကျော်သဘောကျစွာရယ်မောလိုက်၏။
" အဲ့ဒါကအကြောင်းမသိသေးလို့ပါ ... စောစောက အဲ့ဒီအဘိုးအိုကလေ အမဲသားစိမ်းတွေကိုင်ပြီး ပန်းကန်နှစ်ပန်းကန်ထဲကိုထည့်ပေးနေတာ ... သူ့ရဲ့အနားမှာလည်း အရိပ်မည်းကြီးနှစ်ခုကိုတွေ့တယ်ကိုရဲ့ ... ပြောရင်းကြက်သီးတောင်ထလာပြီ "
" ယမင်းကလည်းလေ အဲ့ဒီအဘိုးအိုကစိတ်မှမနှံ့တာ... သူလုပ်ချင်တာတွေလုပ်မှာပေါ့ အရိပ်မည်းဆိုတာကလည်း သစ်ပင်ရိပ်ပဲဖြစ်မှာပါ ခြံထဲမှာသစ်ပင်တွေဒီလောက်ပေါတာကို "
" ကိုကမယုံဘူးလား ... မနေ့ကလည်းလေ ကောက်ညှင်းထုပ်တွေသွားပို့တာ ယမင်းကိုအော်ငေါက်မောင်းထုတ်တယ် ... ကြည့်ရတာ သူ့အိမ်ကိုသူစိမ်းတွေလာတာမကြိုက်ဘူးထင်တယ် ... အဲ့ဒီအဘိုးအို မရိုးသားဘူး "
" သူ့အိမ်ကိုသွားတာမကြိုက်ဘူးဆိုရင် နောက်တစ်ခါမသွားနဲ့ပေါ့ယမင်းရဲ့ ... ကဲ ဘာမှစိတ်ထဲမထားနဲ့ ကိုလည်းပင်ပန်းလာပြီ ရေချိုးတော့မယ် "
" အင်းပါ "
မနက်မိုးလင်းသည်နှင့် ထုံးစံအတိုင်း ထမင်းချိုင့်လေးပြင်ကာ စိုးကျော်အလုပ်သွားသည်၊ ယမင်းကတော့အိမ်တွင်အရင်လိုပဲ တစ်ယောက်တည်းကျန်ခဲ့ပြန်၏။
လိုက်လည်ဖို့ကလည်း မကြာသေးခင်ကမှသူတို့ရောက်လာသည့် သူစိမ်းပတ်၀န်းကျင်မို့အသိအိမ်ကမရှိ။ တစ်နေ့နေ့ အိမ်မှာနေရတာကိုယမင်းငြီးငွေ့လာမိသည်။
" ပျင်းလိုက်တာ ... ငါ့နှယ်နော် စကားပြောဖော်အသိမိတ်ဆွေလေးတောင်မရှိတဲ့ဘ၀၊ ဒုက္ခ ဒုက္ခ... ဟူး မတတ်နိုင်ဘူး သည်းခံပြီးနေရမှာပဲ "
ယမင်းညည်းတွားလိုက်ပြီး အပျင်းပြေလိုငြား ၀တ္ထုစာအုပ်လေးတစ်အုပ်ကောက်ဖတ်နေလိုက်၏။
..... ဒုႏ္​း.....
" အမလေး "
ခေါင်မိုးပေါ်သို့ တစ်ခုခုကျသံကြီးကကျယ်လောင်စွာထွက်ပေါ်လာသဖြင့် ယမင်းလန့်အော်လိုက်မိသည်။
" ဘယ်ကကလေးတွေလက်သရမ်းလဲမသိဘူး ... ဟူး လန့်သွားတာပဲ "
ထိုသို့ပြောပြီး ဖတ်လက်စ၀တ္ထုစာအုပ်လေးကိုသာ ယမင်းပြန်ဖတ်နေလိုက်သည်။
တစ်အောင့်မျှအကြာ
... ဒေါက် ... ဒေါက်... ဒေါက် ....
တံခါးခေါက်သံထွက်ပေါ်လာပြန်သည်။
" ဘယ်သူတွေများလာလဲမသိဘူး "
အိမ်တံခါးဖွင့်လိုက်သောအခါ မည်သူတစ်ဦးတစ်ယောက်ကိုမှမတွေ့ရ။
" ဟင်... ဘယ်သူမှလည်းမရှိဘူး၊ ငါနားကြားမှားတာတော့မဟုတ်နိုင်ဘူး "
စိတ်စနှိုးစနောက်ဖြစ်သွားကာ အထဲသို့ပြန်၀င်လာလိုက်ချိန်တွင်
" အမလေး "
ဖုန်း၀င်လာသည့်သီချင်းသံရုတ်တရက်ထွက်ပေါ်လာသဖြင့် ယမင်းလန့်သွားတော့သည်။
" ရင်တုန်သွားတာပဲ ငါဒီနေ့ဘာဖြစ်လို့ကြောက်နေပါလိမ့်... ဟူး "
" ဟဲလို ... ယမင်း "
" ပြောလေကို "
" ကိုအိမ်ပြန်နောက်ကျမယ်ယမင်း ... အလုပ်ကကို့သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ကွာ အဲ့ဒါသူကအားလုံးကိုဒီညကျွေးမွေးချင်လို့ဆိုပြီးအတင်းခေါ်နေတာ မလိုက်ရင်လည်းမကောင်းဘူး "
" ယမင်းနားလည်ပါတယ်ကိုရဲ့ လိုက်သွားလိုက်ပါ ၊ ဒါပေမယ့် အများကြီးတော့မသောက်နဲ့နော် "
" အင်းပါယမင်းရဲ့ ... အိမ်တံခါးကိုသေချာပိတ်ပြီးအိပ်နော်၊ ကိုလည်းပြီးတာနဲ့အမြန်ဆုံးပြန်ခဲ့မယ် "
" ဟုတ်ကဲ့ပါကို "
ခင်ပွန်းဆီကဖုန်းကျသွားသည်နှင့် သည်ည တစ်ယောက်တည်းနေရမည်ဟူသည့်အတွေး၀င်လာပြီး ယမင်းအနည်းငယ်ကြောက်စိတ်၀င်လာမိသည်။
.... အို ... ငါကဘာကိုကြောက်နေရမှာလဲ ... ထွက်သွားစမ်းကြောက်စိတ်တွေ.... မကြောက်ဘူး ... မကြောက်ဘူး ...
ကြောက်စိတ်တွေကို ယမင်းတစ်ယောက်အတင်းမောင်းထုတ်လိုက်တော့သည်။
တစ်ဖြည်းဖြည်းနှင့်ညဉ့်နက်လို့လာခဲ့ပြီ၊ ယမင်းလည်းအိမ်တံခါးသေချာပိတ်ပြီး အိပ်ယာထဲတွင်လှဲနေလိုက်သည်။
" ဟာ ... ဒီအချိန်ကြီးမှဗိုက်ကအောင့်လာရတယ်လို့ "
ဗိုက်အောင့်လာသဖြင့် ယမင်းစိတ်ညစ်သွားပြီး ဓါတ်မီးကိုယူကာ ကြောက်ကြောက်နှင့်အိမ်သာသို့ထလာလိုက်သည်။
.... ရှပ်...ရှပ်...ရှပ်....
.... ရှပ်...ရှပ်...ရှပ် ....
အိမ်သာနားအရောက်တွင် ခြေသံများကိုကြားလိုက်ရသဖြင့် သွားလက်စခြေလှမ်းတွေကိုရပ်တန့်လိုက်ကာ
" ဘယ်သူလဲ .... ကိုလား "
.... ရှပ်...ရှပ်...ရှပ်....
ဖြေသံထွက်မလာ၊ ခြေသံများသာပို၍နီးကပ်စွာထွက်ပေါ်လာ၏။
" ဘယ်သူလဲလို့မေးနေတယ်လေ "
ကြောက်စိတ်ကြောင့် ယမင်း၏အသံတွေတုန်လာသလို ဘေးပတ်၀န်းကျင်တစ်ခုလုံးကို ဓါတ်မီးလှည့်ပတ်ထိုးကြည့်ရင်း ယမင်းတစ်ကိုယ်လုံးလည်းတုန်နေတော့သည်။
ထိုစဉ်
" အား ..... "
ခြေထောက်ကိုကိုင်ကာ ဒရွတ်တိုက်ဆွဲသွားခြင်းခံလိုက်ရသဖြင့် ယမင်းထိတ်လန့်စွာငယ်သံပါအောင်ပင်အော်လိုက်၏။
" ဟီး ဟီး ဟီး "
" ဟား ဟား ဟား "
တစ်ဆက်တည်းမှာပင်ကြောက်မက်ဖွယ်ရယ်မောသံကြီးများထွက်ပေါ်လာခဲ့၏။
မြေကြီးပေါ်တွင် ဒရွတ်တိုက်ဆွဲသွားခြင်းခံလိုက်ရသဖြင့် ယမင်း၏ခန္တာကိုယ်တစ်ခုလုံးပွန်းပဲ့သွားကာ နာကျင်စွာခံစားနေရ၏။
" ဟီး ဟီး ဟီး ဟီး "
" ကယ်ကြပါအုံး... အား "
အမွှေးကြမ်းကြီးများပြည့်နှက်နေသည့် ကြမ်းတမ်းသောလက်ကြီးက သူမ၏ခြေထောက်အား မလွှတ်တမ်းဆွဲကိုင်ကာ မနားတမ်းလှည့်ပတ်ပြေးနေလေသည်။
ထိုစဉ်
... ဒုတ္​ ....
" အား.... "
သစ်ပင်နှင့်ဦးခေါင်း ပြင်းထန်စွာဆောင့်မိသွားပြီး ထူပူသွားကာ နာကျဉ်မှုဒဏ်ရာတွေကိုခံနိုင်ရည်မရှိတော့ပဲ ယမင်းတစ်ယောက် လောကကြီးနှင့်အဆက်သွယ်ပြတ်သွားတော့သည်။
" ဟီး ဟီး ဟီး "
" ဟား ဟား ဟား "
တစ်ဆက်တည်းမှာပင် ကြောက်မက်ဖွယ်ရယ်မောသံကြီးများ ကျယ်လောင်စွာထွက်ပေါ်လာခဲ့၏။
" ဟင်... ဒီကောင်တွေတစ်ခုခုလုပ်နေပြီထင်တယ် "
ရယ်မောသံကြီးများ နားထဲသို့တိုး၀င်လာသဖြင့် အဘိုးအိုလန့်နိုးသွားပြီး တီးတိုးရေရွတ်ကာ ခြံထဲသို့ဆင်းလာလိုက်၏။
ခြံနောက်သို့ရောက်လာသည့်အခါတွင်တော့ သွေးသံတရဲရဲဖြင့် ငြိမ်သက်နေသောယမင်းကိုတွေ့လိုက်ရသောကြောင့် အဘိုးအိုထိတ်လန့်သွားတော့သည်။
" ဟာ ခြေရင်းအိမ်ကကလေးမပဲ၊ ဒုက္ခပါပဲကွာ "
ထို့နောက် ယမင်းအသက်ရှူ မရှူ အဘိုးအိုစမ်းကြည့်လိုက်၏။
" အသက်မရှူတော့ဘူး ၊ သေပြီထင်တယ် "
အဘိုးအိုတုန်တုန်ယင်ယင်ဖြင့် ယမင်းအား သူ၏အိမ်သို့ပွေ့ချီလာလိုက်၏။ ထို့နောက် အားနေသော သေတ္တာကြီးတစ်လုံးထဲတွင် ယမင်းကိုထည့်ကာ သော့ခတ်ထားလိုက်တော့သည်။
" မင်းတို့တွေကွာ... တောက်... အေးအေးဆေးဆေးနေပါလို့ငါမှာထားရဲ့သားနဲ့ ၊ မင်းတို့အပြစ်လုပ်ထားတဲ့အတွက်ဒဏ်ပေးရမယ် မနက်ဖြန်ကစပြီးအစာအငတ်နေကြတော့ "
ဒေါသထွက်စွာပြောနေသော အဘိုးအို၏စကားများကို ဘေးနားတွင်အရိပ်မည်းကြီးနှစ်ခုက ငြိမ်သက်စွာနားထောင်နေကြသည်။
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
ည ၁၂ ထိုးမှစိုးကျော်အိမ်ပြန်လာခဲ့သည်။ သောက်ထားသဖြင့်အတော်လေးကိုမူးနေလေသည်။
" မိန်းမရေ ယမင်း ကိုပြန်လာပြီ "
ပြန်ဖြေသံထွက်မလာ တိတ်ဆိတ်နေသဖြင့် စိုးကျော်ပြုံးလိုက်ပြီး
" အိမ်ပြန်နောက်ကျလို့စိတ်ဆိုးနေတာလား ၊ စိတ်မဆိုးပါနဲ့ကွာ "
ပြောရင်းအိမ်ပေါ်သို့စိုးကျော်တက်လာလိုက်သည်။ သို့ပေမယ့် ယမင်းကိုမတွေ့ရသေးသဖြင့် စိုးကျော်စိုးရိမ်စပြုလာခဲ့၏။
" ယမင်း ဘယ်သွားနေတာလဲ "
အခန်းထဲတွင်၀င်ရှာသော်လည်းမတွေ့။
" အိမ်သာသွားတာလား "
အိမ်သာဆီသို့ထွက်လာလိုက်ပြန်သည်။ သို့ပေမယ့်ယမင်းကိုအရိပ်ယောင်တောင်မျှမတွေ့ရသဖြင့် စိုးကျော်စိုးရိမ်စိတ်မြင့်တက်လာပြီးအမူးပင်ပြေသွားတော့သည်။
" ဟာ ဘယ်တွေသွားနေတာလဲကွာ "
ဖုန်းခေါ်ကြည့်လိုက်သည့်အခါ ဖုန်းသည်အိပ်ယာဘေးတွင်ရှိနေပြန်သည်။
ထို့ကြောင့် စိုးကျော်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ချေ။၊
" ငါ့ကိုစိတ်ဆိုးပြီးသူ့အမေဆီပြန်သွားတာလား "
ယမင်း၏မိခင်ထံ စိုးကျော်ဖုန်းခေါ်လိုက်ပြန်သည်။ သို့ပေမယ့်ယမင်းရောက်မလာဟုဆိုသဖြင့် စိုးကျော်အရူးတစ်ယောက်ပမာ အိမ်နီးချင်းအိမ်တွေဆီသွားကာ အချိန်မတော်အားနာရမည်မသိတော့ပဲ တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်မေးပြန်သည်။
ဇနီးသည်ရုတ်တရက်ပျောက်သွားသဖြင့် တစ်ညလုံးစိုးရိမ်စိတ်တွေနှင့်စိုးကျော်အိပ်မရခဲ့။ မနက်ရောက်သောအခါ ရဲစခန်းသို့သွားကာ လူပျောက်တိုင်ချက်ဖွင့်လိုက်၏။
တစ်နေကုန်ဇနီးသည်ပျောက်နေသည်ကိုရှာနေရသဖြင့်စိုးကျော်အတော်လေးကိုပင်ပန်းနေပြီ။ မနေ့ညကတည်းကခုချိန်ထိမအိပ်ရသေး၊ စိတ်ပင်ပန်းလူပင်ပန်းဖြစ်ကာ စိုးကျော်ခဏလှဲချလိုက်၏။
" ကို ယမင်းကိုကယ်ပါအုံး၊ အီးဟီး ယမင်းကိုကယ်ပါအုံးကိုရယ် "
နားထဲတွင် ဇနီးသည်၏အသံတိုး၀င်လာသဖြင့် စိုးကျော်ထထိုင်လိုက်၏။
" ယမင်းရဲ့အသံပဲ၊ ယမင်း "
" ကို ယမင်းကိုကယ်ပါအုံး "
ဇနီးသည်၏အကူညီတောင်းသံ ထပ်မံထွက်ပေါ်လာခဲ့သဖြင့် အိမ်ပေါ်မှစိုးကျော်အမြန်ဆင်းလိုက်ပြီး ဇနီးသည်အားရှာလိုက်၏။
အရာအားလုံးကို ညဉ့်နက်ကြီးကကြီးစိုးထားသဖြင့် ဘယ်အရာကိုမှသဲသဲကွဲကွဲမမြင်ရ။
" ယမင်း ဘယ်မှာလဲကွာ "
" ကို ယမင်းဒီမှာလေ လာကယ်ပါအုံး "
အသံကခေါင်းရင်းအဘိုးအို၏ခြံထဲမှထွက်ပေါ်လာခြင်းပင်။ ထို့ကြောင့် ခေါင်းရင်းခြံထဲသို့ စိုးကျော်အပြေး၀င်လာလိုက်၏။
" ယမင်း ဘယ်မှာလဲ၊ ယမင်း "
အားရပါးရအော်ခေါ်နေသည့်မိမိအသံကိုပြန်ကြားကာ စိုးကျော်အိမ်မက်မှလန့်နိုးလာခဲ့တော့သည်။တစ်ကိုယ်လုံးလည်း ချွေးများရွှဲနစ်နေလေသည်။
" ငါအိမ်မက်မက်နေပါလား၊ အိမ်မက်ထဲမှာယမင်းငါ့ကိုအကူညီတောင်းနေတယ် ယမင်းတစ်ခုခုဖြစ်နေတာလား "
တွေးရင်းစိုးကျော်ရင်ပူသွားတော့သည်။ ထို့နောက် အချိန်ဆွဲမနေတော့ပဲ ခေါင်းရင်းခြံရှိအဘိုးအိုအိမ်သို့အမြန်လာလိုက်တော့သည်။
.... ဒေါက် ဒေါက် ....
" ဘယ်သူလဲ "
" ကျွန်တော်ပါ ခြေရင်းခြံကအိမ်ငှါးနေတဲ့သူ "
အဘိုးအိုတံခါးလာဖွင့်ပေးလိုက်ပြီး
" ဘာကိစ္စလဲ ညကြီးအချိန်မတော် "
" မေးစရာလေးရှိလို့ပါ "
" မင်းနဲ့ငါနဲ့ကဘာပတ်သတ်မှုမှမရှိဘူးထင်တယ်ကောင်လေး "
" အရင်ကမရှိပေမယ့်အခုရှိတယ်ဗျ ၊ ကျွန်တော့မိန်းမပျောက်နေတယ် "
" အဲ့ဒီကိစ္စငါနဲ့ဘာဆိုင်လို့လဲ "
အဘိုးအို၏အသံမှာမာနေလေသည်။
" ကျွန်တော့မိန်းမဒီမှာရှိတယ်လို့အိမ်မက်တယ်၊ ဒီကိစ္စခင်ဗျားသိနေတယ်မဟုတ်လား "
စိုးကျော်၏စကားကြောင့် အဘိုးအိုမျက်နှာပျက်သွားတော့သည်။
" သွားကွာ မင်းပြန်တော့ "
အဘိုးအိုတံခါးပြန်ပိတ်ရန်ပြင်လိုက်စဉ် စိုးကျော်လျင်မြန်စွာ အိမ်ထဲသို့၀င်လာလိုက်၏။
" ငါ့အိမ်ထဲကထွက်သွား၊ ထွက်သွား "
အဘိုးအိုဒေါသတကြီးမောင်းထုတ်နေသည်ကိုစိုးကျော်ဂရုမစိုက်ပဲ တစ်အိမ်လုံးကိုရှာဖွေတော့သည်။အချိန်တော်တော်ကြာသည်အထိ နေရာအနှံ့ရှာဖွေသော်လည်း ဘာသဲလွန်စမှမရခဲ့ချေ။၊နောက်ဆုံး အခန်းထဲတွင်သော့ခတ်ထားသောသေတ္တာကြီးတစ်လုံးသာကျန်တော့သည်။ ထို့ကြောင့် သော့ကိုသံတူဖြင့်ရိုက်ဖွင့်ရန်ပြင်လိုက်၏။
" နေ နေအုံး "
အဘိုးအိုတုန်တုန်ယင်ယင်ဖြင့် လာရောက်တားလိုက်၏။သို့ပေမယ့် စိုးကျော်ဂရုမစိုက်ပဲအားရပါးရရိုက်ဖွင့့်လိုက်တော့သည်။ ထိုအခါ သေတ္တာထဲတွင် ခြောက်သွေ့နေပြီဖြစ်သောသွေးများနှင့် မြင်မကောင်းအောင်ဖြစ်နေသောဒဏ်ရာများဖြင့်သေဆုံးနေသော ဇနီးသည်၏အလောင်းကိုတွေ့လိုက်ရ၏။စိုးကျော်ယူကျုံးမရဖြစ်ကာ ရင်ထဲတွင်ဆို့နစ်နေပြီး မျက်ရည်များအလိုလိုစီးကျလာတော့သည်။ အဘိုးအိုလည်း နံရံဘေးတွင် ခြေပစ်လက်ပစ်ထိုင်ချကာခေါင်းငိုက်စိုက်ကျနေလေသည်။ ထို့နောက် ရဲစခန်းသို့ဖုန်းဆက်အကြောင်းကြားလိုက်တော့သည်။ တစ်ခဏအကြာတွင် ရဲများရောက်ရှိလာကြပြီး အလောင်းစစ်ဆေးသိမ်းဆည်းကြတော့သည်။
" ကဲ အဘိုး ဘာပြောချင်သေးလဲ "
ဒုရဲအုပ်၏အမေးကြောင့် အဘိုးအိုခေါင်းမေ့လာပြီးမျက်ရည်တွေစီးကျလာကာ
" ဒီကလေးမကိုအဘိုးမသတ်ရပါဘူးကွယ် ဒါပေမယ့် အဘိုးကြောင့်ဒီကလေးမသေဆုံးရတာပါ "
အဘိုးအို၏စကားကိုအားလုံးနားမလည်နိုင်ဖြစ်သွား၏။
" အားလုံးကိုပြောပြပြီး အဘိုးရဲ့အပြစ်တွေကိုခံယူပါ့မယ်... ဒီကလေးမသေဆုံးရတာ အဘိုးရဲ့မိန်းမနဲ့သားကြောင့်ပါ "
" ဟင် ဒါဆိုသူတို့ဘယ်မှာလဲ "
" သူတို့ကလူတွေမဟုတ်ပါဘူး "
" ဘယ်လို "
အားလုံးပို၍နားရှုပ်သွားတော့သည်။
" အဘိုးရဲ့မိန်းမနဲ့သားက လွန်ခဲ့တဲ့အနှစ်သုံးဆယ်က ခရီးသွားရင်းကားမှောက်ပြီးဆုံးသွားကြတာပါ၊ အဲ့ဒီအချိန်မှာ ကမ္ဘာပျက်မတတ်ခံစားခဲ့ရတယ်၊ သူတို့နဲ့မခွဲနိုင်တော့ နောက်ဆုံးအဘိုးဆုံးဖြတ်လိုက်တယ် သူတို့ကိုအဘိုးရဲ့ဘေးနားမှာအရင်လိုပြန်ပြီးရှိနေနိုင်အောင် သူတို့ရဲ့ဝိညာဉ်ကိုအိမ်မှာခေါ်ထားလိုက်တာပေါ့၊ သူတို့ကြိုက်တဲ့အမဲသားစိမ်းနေ့တိုင်းကျွေးတယ်၊ နှစ်ကြာတော့သူတို့လည်းသတ်တမ်းရင့်လာပြီး လူတွေကိုဒုက္ခပေးလာကြတယ်လေ၊ ခြေရင်းအိမ်ကအိမ်ငှါးတော့ လာငှါးနေကြတဲ့သူတွေကိုသူတို့ခြောက်လှန့်ကြတယ် အဲ့ဒီလိုနဲ့သူများတွေဆက်မငှါးရဲကြတော့ပဲပြေးကြတယ်၊ အိမ်ငှါးမလာပါစေနဲ့လိုအဘိုးအမြဲတမ်းဆုတောင်းနေခဲ့တာ၊ အဘိုးရဲ့ခြံထဲကိုလည်းသူစိမ်းတွေကိုအ၀င်မခံဘူး သူတို့ဒုက္ခပေးမှာစိုးလို့ပါ၊ ဒါပေမယ့် အခုတော့ အပြစ်မရှိတဲ့လူတစ်ယောက်သူတို့သတ်လို့သေဆုံးခဲ့ရပြီ၊ အားလုံးကအဘိုးရဲ့အပြစ်တွေပါ အဘိုးရဲ့အတ္တတွေကြောင့်ပါ အဘိုးရဲ့အပြစ်တွေကိုခံယူပါ့မယ် အဘိုးကိုဖမ်းပါကွယ် "
မျက်ရည်တွေနှင့်အဘိုးအို၏စကားကိုနားထောင်အပြီးမှာတော့ အားလုံးစိတ်မကောင်းဖြစ်သွားရသည်။
အဘိုးအိုကတော့သူ၏အပြစ်တွေကိုခံယူဖို့အသင့်ပင်။
အရာအားလုံးကတစ်ခဏအတွင်းမှာပင်အိမ်မက်မက်နေသည့်သဖွယ် ဖြစ်သွားခဲ့ရပြီ။ သူအရမ်းချစ်သည့်ဇနီးသည်နှင့် လူ့လောကထဲကိုမကြာခင်ရောက်လာတော့မည့်ရင်သွေးလေးအား တစ်ပြိုင်နက်တည်းဆုံးရှုံးလိုက်ရသဖြင့် စိုးကျော်တစ်ယောက်ရင်ကွဲလုမတတ်ခံစားနေရ၏။ ထို့နောက် ဇနီးသည်၏ရက်လည်အပြီးမှာတော့စိုးကျော်လည်း အငှါးအိမ်လေးကိုလေးတွဲသောခြေလှမ်းတို့ဖြင့် နှုတ်ဆက်ထွက်ခွါသွားလေတော့သည်။
ပြီးပါပြီ။။
(စာဖတ်သူအပေါင်းတို့ကိုကျေးဇူးတင်လျက်)
နေဇင်သော်
"သရဲေမြးသည့္အဘိုးအို"(စ/ဆုံး) ----------------------------- ခ်စ္ဇနီးက မိဘအိမ္မွာမေနခ်င္ေတာ့ပဲ အိမ္ခြဲေနမည္ဟုပူစာေနသျဖင့္ စိုးေက်ာ္တစ္ေယာက္အလုပ္မွခြင့္ယူကာ အငွါးအိမ္ရွာပုံေတာ္ထြက္ရေတာ့သည္။ မနက္ကတည္းကထြက္လာခဲ့သည္မွာ ယခုေန႔လည္ပင္ရွိၿပီ၊ အငွါးအိမ္ရဖို႔အဆင္မေျပေသး။ " အငွါးအိမ္ေတြကလည္းေစ်းႀကီးလိုက္တာ၊ ေစ်းသက္သာတဲ့အိမ္ေတြေရာရွိပါ့မလားမသိဘူး .. ဟူး " သူရရွိသည့္လခႏွင့္ အငွါးအိမ္ေစ်းႏႈန္းကမကိုက္ေသာေၾကာင့္ စိတ္ေမာစြာစိုးေက်ာ္သက္ျပင္းမႈတ္ထုတ္လိုက္၏။ ေနကပူ၊ဗိုက္ကဆာ အငွါးအိမ္ကခုထိမရေသး၊ စိတ္ညစ္ညစ္ႏွင့္ ရက္ကြက္တစ္ခုထဲသို႔စိုးေက်ာ္ဆက္၀င္လာလိုက္သည္။ ထိုအခါမွာေတာ့ " အိမ္ငွါးမည္ တစ္လသုံးေသာင္း " ၀ါးၿခံတံခါးေလးတြင္ကပ္ထားေသာစာကို စိုးေက်ာ္အသံထြက္ကာ႐ြတ္ဖတ္လိုက္ၿပီး ေပ်ာ္သြားေတာ့သည္။ သပ္သပ္ရပ္ရပ္ရွိေသာ ေျခတံတိုပ်ဥ္ေထာင္အိမ္ေလးျဖစ္ေသာေၾကာင့့္လည္း စိုးေက်ာ္သေဘာက်သြားမိသည္။ " တစ္လမွသုံးေသာင္းတဲ့ အိမ္ကလည္းသပ္သပ္ရပ္ရပ္ေလး၊ အရမ္းတန္တယ္ " သည္အိမ္ကိုပဲငွါးရန္ဆုံးျဖတ္လိုက္ၿပီး အိမ္ပိုင္ရွင္ကိုေမးျမန္းရန္ ခပ္လွမ္းလွမ္းတြင္ရွိေနေသာ ကြမ္းယာဆိုင္ေလးဆီသို႔သြားလိုက္၏။ " အစ္မ ဟိုမွာအိမ္ငွါးမည္လို႔စာကပ္ထားတဲ့အိမ္ရဲ႕ပိုင္ရွင္က ဘယ္နားမွာေနတာလဲဆိုတာ ေျပာျပလို႔ရမလားခင္ဗ် " " အဲ့ဒီအိမ္ကိုငွါးမလို႔လား " " ဟုတ္ကဲ့ အဲ့ဒီအိမ္ကိုငွါးခ်င္လို႔ပါ " " အဲ့ဒါဆိုရင္ ဒီလမ္းအတိုင္းသြား လမ္းခြဲႏွစ္ခုကိုေတြ႕ရလိမ့္မယ္၊ ညာဘက္လမ္းခြဲကို၀င္သြားလိုက္ ငါးအိမ္ေျမာက္အဝါေရာင္ႏွစ္ထပ္တိုက္အိမ္က အိမ္ပိုင္ရွင္ေနတဲ့အိမ္ပဲ " " ဟုတ္ကဲ့ အခုလိုေျပာျပေပးတာေက်းဇူးတင္ပါတယ္ဗ်ာ " " ရပါတယ္ရွင္ " " ဟုတ္ကဲ့ ကြၽန္ေတာ္သြားအုံးမယ္ " ကြမ္းယာဆိုင္ကအမ်ိဳးသမီးေျပာတဲ့အတိုင္း စိုးေက်ာ္ထြက္လာလိုက္သည္။ " ငါးအိမ္ေျမာက္ အဝါေရာင္ႏွစ္ထပ္တိုက္ဆိုေတာ့ ဒီအိမ္ပဲျဖစ္ရမယ္ " ပိတ္ထားေသာၿခံတံခါးနားသို႔ စိုးေက်ာ္ကပ္လိုက္ၿပီး အထဲသို႔ေခ်ာင္းၾကည့္လိုက္သည္။ အထဲမွ လူရိပ္ေတြ႕သည္ႏွင့္ " အိမ္ရွင္တို႔ခင္ဗ် ၊ အိမ္ရွင္တို႔ " ေအာ္ေခၚလိုက္သည့္အခါမွာေတာ့ အသက္ေလးဆယ္အ႐ြယ္အမ်ိဳးသမီးတစ္ဦးထြက္လာၿပီး တံခါးလာဖြင့္ေပးလိုက္သည္။ " ဘာကိစ္စလဲမသိဘူး " " ဟိုဘက္လမ္းကပ်ဥ္ေထာင္အိမ္ေလးကို ငွါးဖို႔အတြက္လာခဲ့တာပါ " " ဪ ဟုတ္ကဲ့ရွင့္ အိမ္ထဲ၀င္ပါအုံး " " ဟုတ္ကဲ့ " အိမ္ထဲေရာက္သည္ႏွင့္ အေအးႏွင့္မုန္႔မ်ားလာခ်ေပးသျဖင့္ ဗိုက္ကဆာေနၿပီျဖစ္ေသာေၾကာင့္ ဟန္မေဆာင္ႏိုင္ပဲစိုးေက်ာ္အားရပါးရစားလိုက္၏။ " မနက္တည္းကအငွါးအိမ္လိုက္ရွာေနတာ ေစ်းေတြကႀကီးေတာ့ ကြၽန္ေတာ့အတြက္အဆင္မေျပဘူးဗ် ၊ ခုမွပဲအဆင္ေျပတဲ့အိမ္ကိုေတြ႕ေတာ့တယ္ " စိုးေက်ာ္၏အေျပာေၾကာင့့္ထိုအမ်ိဳးသမီးၿပဳံးလိုက္ၿပီး " ဟုတ္ကဲ့ အိမ္ငွါးဖို႔ေသခ်ာၿပီဆိုရင္ မနက္ျဖန္စာခ်ဳပ္ခ်ဳပ္ၾကတာေပါ့ " " ဟုတ္ကဲ့ မနက္ျဖန္ကြၽန္ေတာ္ထပ္လာခဲ့ပါမယ္ " ေစ်းေတာ္ေတာ္ႏွင့္ေနရအဆင္ေျပမည့္အိမ္ေလးတစ္လုံးကို ရွာေတြ႕ခဲ့ၿပီမို႔ ေပ်ာ္႐ႊင္စြာျဖင့္စိုးေက်ာ္အိမ္ျပန္လာလိုက္သည္။ " ဘယ္လိုလဲ အဆင္ေျပလာရဲ႕လားကို " အိမ္သို႔ေရာက္သည္ႏွင့္ ဆီးႀကိဳ၍ေမးလိုက္ေသာဇနီးသည္ကို စိုးေက်ာ္ၿပဳံး၍ၾကည့္လိုက္ၿပီး " ဘာမွမပူနဲ႔ အားလုံးအဆင္ေျပတယ္၊ ေစ်းလည္းသက္သာ ေနရလည္းအဆင္ေျပမယ့္အိမ္ကိုေတြ႕ခဲ့တယ္ " " ဟုတ္လားကို " ယမင္း၀မ္းသာသြားသည္။ " ဟုတ္တယ္ယမင္းရဲ႕၊ အဲ့ဒါ မနက္ျဖန္စာခ်ဳပ္ခ်ဳပ္ဖို႔အတြက္ထပ္သြားရမယ္ ယမင္းပါလိုက္ခဲ့ေလ အိမ္ကိုလည္းၾကည့္လို႔ရတာေပါ့ " " ဟုတ္ကဲ့ကို ယမင္းလိုက္ခဲ့မယ္ " ေနာက္တစ္ေန႔တြင္ေတာ့ အိမ္အငွါးစာခ်ဳပ္ခ်ဳပ္ရန္အတြက္ စိုးေက်ာ္ႏွင့္ယမင္းထြက္လာလိုက္၏။ " အိမ္ေလးကသပ္သပ္ရပ္ရပ္ေလးေနာ္ကို ၿခံထဲမွာလည္းအပင္ေတြအမ်ားႀကီးနဲ႔ စိမ္းလန္းစိုျပည္လို႔ " အိမ္ေလးကိုၾကည့္ၿပီးယမင္းအရမ္းသေဘာက်သြားမိသည္။ " ယမင္းသေဘာက်တယ္မဟုတ္လား " " အရမ္းကိုသေဘာက္တာ " " ကဲ ဒါဆိုရင္စာခ်ဳပ္ခ်ဳပ္ဖို႔အတြက္ အိမ္ရွင္ဆီသြားရေအာင္ " အိမ္ပိုင္ရွင္အိမ္သို႔ စိုးေက်ာ္ႏွင့္ယမင္းေရာက္လာခဲ့၏။ သူတို႔ေရာက္သည္ႏွင့္ အိမ္ရွင္ အဆင္သင့္ျပင္ထားေသာစာခ်ဳပ္ေပၚတြင္ လက္မွတ္ထိုးၿပီး စားေပၚေငြေပးေခ်လိုက္၏။ အိမ္ရွင္လည္း အိမ္ငွါးသူေတြမလာပဲ ေသာ့ခတ္ပိတ္ထားသည္မွာၾကာၿပီျဖစ္ေသာအိမ္ကို ယခုငွါးရမ္းေနထိုင္သူေပၚလာၿပီျဖစ္သည့့္အတြက္ ၀မ္းသာေနေလသည္။ " ေရာ့ အိမ္ေသာ့ " အိမ္ရွင္ကမ္းေပးေသာအိမ္ေသာ့ကိုစိုးေက်ာ္လွမ္းယူလိုက္၏။ " ဒါနဲ႔ သရဲေၾကာက္တတ္လားမသိဘူး " ထိုသို႔အိမ္ရွင္ေမးလိုက္သျဖင့္စိုးေက်ာ္ရယ္လိုက္ၿပီး " မေၾကာက္တတ္ပါဘူးဗ်ာ... ဘာလို႔လဲ " " ဘာရယ္မဟုတ္ပါဘူး ဒီတိုင္းပဲေမးၾကည့့္တာပါ ၊ ကဲ ရွင္တို႔အဆင္ေျပတဲ့ေန႔ လာေျပာင္းေနလို႔ရၿပီ " " ဟုတ္ကဲ့ ဒါဆို ကြၽန္ေတာ္တို႔ကိုျပန္ခြင့္ျပဳပါအုံး " " ေကာင္းပါၿပီရွင္ " စိုးေက်ာ္ႏွင့္ယမင္း ျပန္ထြက္လာလိုက္ၾကသည္။ " အဲ့ဒီမိန္းမႀကီးက သရဲေၾကာက္တတ္လားလို႔ ဘာေၾကာင့္ေမးတာလဲမသိဘူး ၊ အဲ့ဒီအိမ္မွာ သရဲရွိလားမသိဘူးေနာ္ကို " ေျပာရင္း ယမင္းေၾကာက္သြားမိသည္။ " ဒီတိုင္းေမးၾကည့္တာလို႔ေျပာတယ္ေလကြာ ဘာမွစိတ္ထဲမထားပါနဲ႔ ၊ သရဲဆိုတာတစ္ကယ္မရွိဘူး ၊ အခု ယမင္းအိမ္ခြဲေနခ်င္တဲ့ဆႏၵေလးျပည့္သြားတဲ့အတြက္ ေပ်ာ္ေပ်ာ္ေလးေနလိုက္ ဟုတ္ၿပီလား " " ဟုတ္ကဲ့ပါကို ယမင္းကေလ ကိုနဲ႔အိမ္ေထာင္စၿပီးက်ကတည္းက အိမ္ခြဲေနခ်င္တာ၊ ဒါေပမယ့္ကိုက ကို႔အေမအိမ္မွာပဲေနခ်င္တယ္ဆိုလို႔ဘာမွမေျပာပဲေနေနခဲ့တာ ၊အခုဆိုယမင္းတို႔ဘ၀ထဲကို ယမင္းတို႔ရဲ႕ရင္ေသြးေလးေရာက္လာေတာ့မယ္ေလ အဲ့ဒါေၾကာင့္ ယမင္းတို႔ပါသာ ေပ်ာ္႐ႊင္တဲ့မိသားစုကမာၻေလးကို စၿပီးတည္ေထာင္ဖို႔အတြက္အိမ္ခြဲေနဖို႔ ကို႔ကိုပူစာခဲ့တာ " " ဟုတ္ပါၿပီဗ်ာ ... ေဟာဒီကကို႔ရဲ႕ဇနီးေခ်ာေလးသေဘာေတာ္အတိုင္းပါ " " ခစ္ခစ္ ကိုကသိပ္လိမၼာတာပဲ " ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ အငွါးအိမ္ေလးသို႔ စိုးေက်ာ္ႏွင့္ယမင္း ေျပာင္းလာခဲ့သည္မွာႏွစ္ရက္ရွိၿပီျဖစ္သည္။ ခင္ပြန္းသည္အလုပ္သြားသျဖင့္ ယမင္းတစ္ေယာက္တည္းသာအိမ္တြင္က်န္ခဲ့၏။ ေနရာမက်ေသးသည့္ ပစၥည္းမ်ားကိုေနရာခ် ၊ အိမ္တစ္ခုလုံးပါသန္႔ရွင္းေရးလုပ္ၿပီးစီးသည့္အခါမွာေတာ့ ညေနေစာင္းအခ်ိန္ပင္ရွိေလၿပီ။ထို႔ေၾကာင့္ ထမင္းဟင္းခ်က္ျပဳတ္ ေရမိုးခ်ိဳးၿပီး ခင္ပြန္းသည္အလုပ္ကျပန္အလာကိုေစာင့္ေနလိုက္၏။ သည္ကေန႔မွ စိုးေက်ာ္အိမ္ျပန္ေနာက္က်ေနသျဖင့္ ယမင္းလည္းတစ္ေယာက္တည္းပ်င္းပ်င္းရွိတာႏွင့္ ၿခံထဲဆင္းၿပီးလမ္းေလွ်ာက္ေနလိုက္သည္။ ေမွာင္ရိပ္ကသန္းလာၿပီ။ ထိုစဥ္ ေခါင္းရင္းၿခံ၌ အသက္ခုႏွစ္ဆယ္အ႐ြယ္ခန္႔အဘိုးအိုတစ္ဦး သစ္ပင္ေအာက္တြင္ထိုင္ကာ တစ္ေယာက္တည္းစကားေျပာေနသည္ကိုေတြ႕လိုက္ရသည္။ ယမင္းလည္းထိုအဘိုးအိုကို နားမလည္ႏိုင္စြာၾကည့္ေနမိသည္။ " ဒီအဘိုးက႐ူးေနတာမ်ားလား တစ္ေယာက္ထည္းစကားေတြေျပာေနတယ္ ၊ သနားစရာေကာင္းလိုက္တာ " သက္ႀကီး႐ြယ္အိုေတြကိုျမင္လွ်င္ သနားတတ္သူပီပီ ထိုအဘိုးအိုကိုၾကည့္ၿပီး ယမင္းသနားသြားမိသည္။ " ဘယ္သူ႔ကိုေငးေနတာလဲယမင္း " " ကိုျပန္လာၿပီလား ေနာက္က်တယ္ေနာ္ " " ဟုတ္တယ္ယမင္းရဲ႕ အလုပ္မ်ားေနလို႔ေနာက္က်သြားတာ၊ ဒါနဲ႔ ဘာကိုေငးေနတာလဲ " " ဟိုအဘိုးေလ တစ္ေယာက္တည္းစကားထိုင္ေျပာေနတာ၊ စိတ္မႏွံ႔ဘူးထင္တယ္ သနားပါတယ္ " " ဟုတ္လား ကဲ အဲ့ဒါေတြထားလိုက္ ကိုပင္ပန္းလာၿပီ ေရခ်ိဳးမယ္ ၊ ၿပီးရင္ထမင္းစားၾကတာေပါ့ " " ဟုတ္ကဲ့ကို " နားနားေနေနမေနတတ္ေသာယမင္းတစ္ေယာက္ ခင္ပြန္းသည္အလုပ္သြားသည္ႏွင့္ ျပန္ေရာက္လာလွ်င္စားဖို႔အတြက္ ခင္ပြန္းသည္ႀကိဳက္တတ္ေသာ ေကာက္ညႇင္းထုပ္ထုပ္ေတာ့သည္။ တစ္ေနကုန္ သူမပင္ပင္ပန္းပန္းထုပ္ၿပီး ရရွိလာသည့္ေကာက္ညႇင္းထုပ္မ်ားကို ၾကည့္ၿပီး ယမင္းေပ်ာ္ေနမိသည္။ " ေကာက္ညႇင္းထုပ္ကေမႊးေနတာပဲ၊ အမ်ားႀကီးဆိုေတာ့ ငါနဲ႔ကိုႏွစ္ေယာက္တည္းစားမကုန္ေလာက္ဘူး ၊ အင္း ဘယ္သူ႔ကိုသြားေပးရမွာလဲ " ယမင္းခဏမွ်စဥ္းစားလိုက္ၿပီး မေန႔ကသူမေတြ႕ခဲ့သည့္ ေခါင္းရင္းၿခံမွအဘိုးကိုျမင္ေယာင္လာကာ " ဟုတ္ၿပီ ေခါင္းရင္းၿခံကအဘိုးကိုသြားေပးရမယ္ " ေကာက္ညႇင္းထုပ္မ်ားကို အိတ္တစ္လုံးထဲေကာက္ထည့္ၿပီး ေခါင္းရင္းၿခံထဲသို႔ယမင္း၀င္လာလိုက္သည္။ ၿခံထဲတြင္ ႏွစ္ၾကာေနၿပီျဖစ္ေသာသစ္ပင္ႀကီးမ်ားက တစ္ၿခံလုံးနီးပါးျပည့္ေနသည့္အတြက္ ေန႔လည္ခင္းပင္ျဖစ္လင့္ကစား ေမွာင္ေနေလသည္။ အဘိုးအို၏ပ်ဥ္ေထာင္အိမ္ေလးအေရွ႕သို႔ေရာက္သည္ႏွင့္ " အဘိုး အိမ္ထဲမွာရွိလား အဘိုး " ျပန္ထူးသံမၾကား၊ ယမင္းေခါင္းကုတ္လိုက္ၿပီး " ဘယ္သြားေနလဲမသိဘူး ၊ တံခါးလည္းဖြင့္ထားပါတယ္ ငါေခၚတာမၾကားတာပဲေနမွာပါ " အိမ္ေပၚသို႔ယမင္းတက္လာလိုက္ၿပီး အိမ္ထဲသို႔၀င္လိုက္စဥ္ ၾကက္သီးဖ်န္းခနဲ႔ထသြားသည္ကိုခံစားလိုက္သည့္အတြက္ အနည္းငယ္ေၾကာက္လန္႔မိသြား၏။ " ဘာျဖစ္တာပါလိမ့္၊ ငါဒီလိုတစ္ခါမွမခံစားဖူးပါဘူး " စိတ္ထဲဘ၀င္မက်သလိုခံစားလာရသျဖင့္ ဟိုဟိုဒီဒီၾကည့္ကာ အဘိုးအိုကိုသာရွာလိုက္သည္။ ထိုအခါ ခပ္လွမ္းလွမ္းရွိ စားပြဲတစ္ခုေပၚတြင္ အမဲသားတြဲတစ္တြဲကိုေတြ႕လိုက္ရသည္။ ..... ရွပ္... ရွပ္ ... ရွပ္ ..... " ဟင္ " ေျခသံႏွင့္အတူအရိပ္မည္းတစ္ခုကိုေတြ႕လိုက္ရသျဖင့္ ယမင္းထိတ္လန္႔သြားေတာ့သည္။ " ေဟ့ မင္းဘယ္သူလဲ... ငါ့အိမ္ထဲဘာလို႔ေရာက္ေနရတာလဲ " အေနာက္မွ ခပ္မာမာေမးလိုက္သံေၾကာင့္ အရိပ္မည္းကိုျမင္ၿပီးေၾကာက္လန္႔သည့္အရွိန္ျဖင့္ ယမင္းတစ္ကိုယ္လုံးတုန္သြားေတာ့သည္။ ထို႔ေနာက္ ေနာက္သို႔လွည့္ၾကည့္လိုက္သည့္အခါမွာေတာ့ သူမကိုစူးစူးဝါးဝါးၾကည့္ေနေသာ အဘိုးအိုကိုေတြ႕လိုက္ရသည္။ " ဟို.. သမီးကဟိုဘက္အိမ္မွာလာငွါးေနတာပါ... အခုက အဘိုးအတြက္သမီးကိုယ္တိုင္လုပ္ထားတဲ့ ေကာက္ညႇင္းထုပ္ေလးလာပို႔ေပးတာပါ " ကိုင္ထားေသာေကာက္ညႇင္းထုပ္အိတ္ကိုယမင္းေျမႇာက္ျပလိုက္၏။ " မလိုဘူး... ထြက္သြားစမ္း ေနာက္တစ္ခါ ငါ့အိမ္ကိုဘယ္ေတာ့မွမလာနဲ႔ " " ရွင္ " အဘိုးအိုေအာ္ေငါက္ေမာင္းထုတ္လိုက္သျဖင့္ ယမင္းေၾကာင္သြားမိသည္။ " ထြက္သြားလို႔ေျပာေနတယ္ေလ ... သြား " " ဟုတ္ ဟုတ္ကဲ့ " အဘိုးအိုထပ္မံေအာ္ေငါက္ေမာင္းထုတ္လိုက္သည့္အခါမွာေတာ့ ယမင္းေၾကာက္ေၾကာက္ႏွင့္ အိမ္ေပၚမွအျမန္ေျပးဆင္းလာလိုက္သည္။ " ငါကေစတနာနဲ႔ေကာက္ညႇင္းထုပ္သြားေပးရေသးတယ္ ငါ့ကိုေမာင္းထုတ္ရတယ္လို႔ " ယမင္းမေက်မနပ္ျဖစ္ေနမိသည္။ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ၿခံအေနာက္ဘက္တြင္ရွိေနေသာ ေငြပန္းပင္တြင္ ပန္းအမ်ားအျပားပြင့္ေနသျဖင့္ ဘုရားပန္းကပ္ရန္ ယမင္းသြားခူးလိုက္၏။ ထိုစဥ္ အၾကည့္က ေခါင္းရင္းၿခံသို႔ေရာက္သြားသည့္အခါမွာေတာ့ ယမင္းအံ့အားသင့္သြားရသည္။ အဘိုးအိုသည္ အမဲသားစိမ္းမ်ားကိုသစ္ပင္ေျခရင္းေအာက္ရွိ ပန္းကန္ႏွစ္ပန္းကန္ထဲတြင္ တစ္တုံးခ်င္းစီထည့္ေပးေနၿပီး အဘိုးအို၏အနားတြင္ေတာ့ အရိပ္မည္းႀကီးႏွစ္ခုသည္ ပန္းကန္ထဲတြင္ အဘိုးအိုထည့္ေပးေသာ အမဲသားစိမ္းမ်ားကိုႏႈိက္စားေနေလသည္။ သူမၾကည့္ေနသည္ကို အဘိုးအိုေတြ႕သြားမည္စိုးသျဖင့္ ေငြပန္းပင္အကြယ္တြင္ထိုင္ေနကာ ယမင္းဆက္ၿပီးေခ်ာင္းၾကည့္ေနလိုက္သည္။ " ယမင္း ... ယမင္း " " အိမ္ေပၚမွာလည္းမရွိဘူး ဘယ္သြားေနပါလိမ့္ " အလုပ္ကျပန္အေရာက္ ဇနီးသည္ကိုမေတြ႕ရသျဖင့္စိုးေက်ာ္စိတ္ပူသြား၏။ ထို႔ေၾကာင့္ ဇနီးသည္ကိုေတြ႕လိုျငား ၿခံေနာက္သို႔စိုးေက်ာ္ထြက္လာလိုက္၏။ " ယမင္း .... ယမင္း " ခင္ပြန္းသည္စိုးေက်ာ္သူမကိုေအာ္ေခၚကာ ရွာေနသျဖင့္ ယမင္းလည္း ပန္းပင္ၾကားထဲမွအျမန္ထြက္လာလိုက္ၿပီး " ကို ဘာလို႔ေအာ္ေခၚေနတာလဲ " " ဟင္ ယမင္း... ဘာလို႔ပန္းပင္ၾကားထဲမွာေနေနရတာလဲ " " ရႉ း ... တိုးတိုး.... ၾကားသြားအုံးမယ္ " ယမင္း၏ခိုးေၾကာင္ခိုးဝွက္ျဖစ္ေနေသာအမူယာကိုၾကည့္ၿပီး စိုးေက်ာ္နားမလည္ႏိုင္ျဖစ္သြား၏။ " ဘာျဖစ္လို႔လဲယမင္း " ထိုစဥ္ အဘိုးအိုသူတို႔ကိုလွည့္ၾကည့္လာသျဖင့္ ယမင္းလန္႔သြားၿပီး စိုးေက်ာ္၏လက္ကိုဆြဲကာ ထိုေနရာမွအျမန္ထြက္လာလိုက္၏။ စိုးေက်ာ္မွာေတာ့ ဘာမွနားမလည္ႏိုင္ပဲ ယမင္းဆြဲေခၚလာရာဆီသို႔သာလိုက္ပါလာခဲ့သည္။ အိမ္ေပၚသို႔ေရာက္လာသည့္အခါမွာေတာ့ " ေခါင္းရင္းအိမ္ကအဘိုးအိုကိုေခ်ာင္းၾကည့္ေနတာ ကို႔အသံက်ယ္တာနဲ႔ဟိုကျမင္သြားၿပီ " " အဲ ... ကိုကယမင္းကိုအိမ္ထဲမွာမေတြ႕လို႔လိုက္ရွာတာေလ... ဒါနဲ႔ ယမင္းကဘာလို႔ေခါင္းရင္းအိမ္ကအဘိုးအိုကိုေခ်ာင္းၾကည့္ေနရတာလဲ " " အဲ့ဒီအဘိုးအိုကေၾကာက္စရာႀကီးကိုရဲ႕ " " ဟားဟား... ယမင္းပဲအရင္ကသနားစရာေကာင္းပါတယ္ဆို၊ အခုက်မွဘယ္လိုျဖစ္ၿပီးေၾကာက္စရာေကာင္းသြားရျပန္တာလဲ " စိုးေက်ာ္သေဘာက်စြာရယ္ေမာလိုက္၏။ " အဲ့ဒါကအေၾကာင္းမသိေသးလို႔ပါ ... ေစာေစာက အဲ့ဒီအဘိုးအိုကေလ အမဲသားစိမ္းေတြကိုင္ၿပီး ပန္းကန္ႏွစ္ပန္းကန္ထဲကိုထည့္ေပးေနတာ ... သူ႔ရဲ႕အနားမွာလည္း အရိပ္မည္းႀကီးႏွစ္ခုကိုေတြ႕တယ္ကိုရဲ႕ ... ေျပာရင္းၾကက္သီးေတာင္ထလာၿပီ " " ယမင္းကလည္းေလ အဲ့ဒီအဘိုးအိုကစိတ္မွမႏွံ႔တာ... သူလုပ္ခ်င္တာေတြလုပ္မွာေပါ့ အရိပ္မည္းဆိုတာကလည္း သစ္ပင္ရိပ္ပဲျဖစ္မွာပါ ၿခံထဲမွာသစ္ပင္ေတြဒီေလာက္ေပါတာကို " " ကိုကမယုံဘူးလား ... မေန႔ကလည္းေလ ေကာက္ညႇင္းထုပ္ေတြသြားပို႔တာ ယမင္းကိုေအာ္ေငါက္ေမာင္းထုတ္တယ္ ... ၾကည့္ရတာ သူ႔အိမ္ကိုသူစိမ္းေတြလာတာမႀကိဳက္ဘူးထင္တယ္ ... အဲ့ဒီအဘိုးအို မ႐ိုးသားဘူး " " သူ႔အိမ္ကိုသြားတာမႀကိဳက္ဘူးဆိုရင္ ေနာက္တစ္ခါမသြားနဲ႔ေပါ့ယမင္းရဲ႕ ... ကဲ ဘာမွစိတ္ထဲမထားနဲ႔ ကိုလည္းပင္ပန္းလာၿပီ ေရခ်ိဳးေတာ့မယ္ " " အင္းပါ " မနက္မိုးလင္းသည္ႏွင့္ ထုံးစံအတိုင္း ထမင္းခ်ိဳင့္ေလးျပင္ကာ စိုးေက်ာ္အလုပ္သြားသည္၊ ယမင္းကေတာ့အိမ္တြင္အရင္လိုပဲ တစ္ေယာက္တည္းက်န္ခဲ့ျပန္၏။ လိုက္လည္ဖို႔ကလည္း မၾကာေသးခင္ကမွသူတို႔ေရာက္လာသည့္ သူစိမ္းပတ္၀န္းက်င္မို႔အသိအိမ္ကမရွိ။ တစ္ေန႔ေန႔ အိမ္မွာေနရတာကိုယမင္းၿငီးေငြ႕လာမိသည္။ " ပ်င္းလိုက္တာ ... ငါ့ႏွယ္ေနာ္ စကားေျပာေဖာ္အသိမိတ္ေဆြေလးေတာင္မရွိတဲ့ဘ၀၊ ဒုကၡ ဒုကၡ... ဟူး မတတ္ႏိုင္ဘူး သည္းခံၿပီးေနရမွာပဲ " ယမင္းညည္းတြားလိုက္ၿပီး အပ်င္းေျပလိုျငား ၀တၳဳစာအုပ္ေလးတစ္အုပ္ေကာက္ဖတ္ေနလိုက္၏။ ..... ဒုႏ္​း..... " အမေလး " ေခါင္မိုးေပၚသို႔ တစ္ခုခုက်သံႀကီးကက်ယ္ေလာင္စြာထြက္ေပၚလာသျဖင့္ ယမင္းလန္႔ေအာ္လိုက္မိသည္။ " ဘယ္ကကေလးေတြလက္သရမ္းလဲမသိဘူး ... ဟူး လန္႔သြားတာပဲ " ထိုသို႔ေျပာၿပီး ဖတ္လက္စ၀တၳဳစာအုပ္ေလးကိုသာ ယမင္းျပန္ဖတ္ေနလိုက္သည္။ တစ္ေအာင့္မွ်အၾကာ ... ေဒါက္ ... ေဒါက္... ေဒါက္ .... တံခါးေခါက္သံထြက္ေပၚလာျပန္သည္။ " ဘယ္သူေတြမ်ားလာလဲမသိဘူး " အိမ္တံခါးဖြင့္လိုက္ေသာအခါ မည္သူတစ္ဦးတစ္ေယာက္ကိုမွမေတြ႕ရ။ " ဟင္... ဘယ္သူမွလည္းမရွိဘူး၊ ငါနားၾကားမွားတာေတာ့မဟုတ္ႏိုင္ဘူး " စိတ္စႏႈိးစေနာက္ျဖစ္သြားကာ အထဲသို႔ျပန္၀င္လာလိုက္ခ်ိန္တြင္ " အမေလး " ဖုန္း၀င္လာသည့္သီခ်င္းသံ႐ုတ္တရက္ထြက္ေပၚလာသျဖင့္ ယမင္းလန္႔သြားေတာ့သည္။ " ရင္တုန္သြားတာပဲ ငါဒီေန႔ဘာျဖစ္လို႔ေၾကာက္ေနပါလိမ့္... ဟူး " " ဟဲလို ... ယမင္း " " ေျပာေလကို " " ကိုအိမ္ျပန္ေနာက္က်မယ္ယမင္း ... အလုပ္ကကို႔သူငယ္ခ်င္းတစ္ေယာက္ရဲ႕ေမြးေန႔ကြာ အဲ့ဒါသူကအားလုံးကိုဒီညေကြၽးေမြးခ်င္လို႔ဆိုၿပီးအတင္းေခၚေနတာ မလိုက္ရင္လည္းမေကာင္းဘူး " " ယမင္းနားလည္ပါတယ္ကိုရဲ႕ လိုက္သြားလိုက္ပါ ၊ ဒါေပမယ့္ အမ်ားႀကီးေတာ့မေသာက္နဲ႔ေနာ္ " " အင္းပါယမင္းရဲ႕ ... အိမ္တံခါးကိုေသခ်ာပိတ္ၿပီးအိပ္ေနာ္၊ ကိုလည္းၿပီးတာနဲ႔အျမန္ဆုံးျပန္ခဲ့မယ္ " " ဟုတ္ကဲ့ပါကို " ခင္ပြန္းဆီကဖုန္းက်သြားသည္ႏွင့္ သည္ည တစ္ေယာက္တည္းေနရမည္ဟူသည့္အေတြး၀င္လာၿပီး ယမင္းအနည္းငယ္ေၾကာက္စိတ္၀င္လာမိသည္။ .... အို ... ငါကဘာကိုေၾကာက္ေနရမွာလဲ ... ထြက္သြားစမ္းေၾကာက္စိတ္ေတြ.... မေၾကာက္ဘူး ... မေၾကာက္ဘူး ... ေၾကာက္စိတ္ေတြကို ယမင္းတစ္ေယာက္အတင္းေမာင္းထုတ္လိုက္ေတာ့သည္။ တစ္ျဖည္းျဖည္းႏွင့္ညဥ့္နက္လို႔လာခဲ့ၿပီ၊ ယမင္းလည္းအိမ္တံခါးေသခ်ာပိတ္ၿပီး အိပ္ယာထဲတြင္လွဲေနလိုက္သည္။ " ဟာ ... ဒီအခ်ိန္ႀကီးမွဗိုက္ကေအာင့္လာရတယ္လို႔ " ဗိုက္ေအာင့္လာသျဖင့္ ယမင္းစိတ္ညစ္သြားၿပီး ဓါတ္မီးကိုယူကာ ေၾကာက္ေၾကာက္ႏွင့္အိမ္သာသို႔ထလာလိုက္သည္။ .... ရွပ္...ရွပ္...ရွပ္.... .... ရွပ္...ရွပ္...ရွပ္ .... အိမ္သာနားအေရာက္တြင္ ေျခသံမ်ားကိုၾကားလိုက္ရသျဖင့္ သြားလက္စေျခလွမ္းေတြကိုရပ္တန္႔လိုက္ကာ " ဘယ္သူလဲ .... ကိုလား " .... ရွပ္...ရွပ္...ရွပ္.... ေျဖသံထြက္မလာ၊ ေျခသံမ်ားသာပို၍နီးကပ္စြာထြက္ေပၚလာ၏။ " ဘယ္သူလဲလို႔ေမးေနတယ္ေလ " ေၾကာက္စိတ္ေၾကာင့္ ယမင္း၏အသံေတြတုန္လာသလို ေဘးပတ္၀န္းက်င္တစ္ခုလုံးကို ဓါတ္မီးလွည့္ပတ္ထိုးၾကည့္ရင္း ယမင္းတစ္ကိုယ္လုံးလည္းတုန္ေနေတာ့သည္။ ထိုစဥ္ " အား ..... " ေျခေထာက္ကိုကိုင္ကာ ဒ႐ြတ္တိုက္ဆြဲသြားျခင္းခံလိုက္ရသျဖင့္ ယမင္းထိတ္လန္႔စြာငယ္သံပါေအာင္ပင္ေအာ္လိုက္၏။ " ဟီး ဟီး ဟီး " " ဟား ဟား ဟား " တစ္ဆက္တည္းမွာပင္ေၾကာက္မက္ဖြယ္ရယ္ေမာသံႀကီးမ်ားထြက္ေပၚလာခဲ့၏။ ေျမႀကီးေပၚတြင္ ဒ႐ြတ္တိုက္ဆြဲသြားျခင္းခံလိုက္ရသျဖင့္ ယမင္း၏ခႏၲာကိုယ္တစ္ခုလုံးပြန္းပဲ့သြားကာ နာက်င္စြာခံစားေနရ၏။ " ဟီး ဟီး ဟီး ဟီး " " ကယ္ၾကပါအုံး... အား " အေမႊးၾကမ္းႀကီးမ်ားျပည့္ႏွက္ေနသည့္ ၾကမ္းတမ္းေသာလက္ႀကီးက သူမ၏ေျခေထာက္အား မလႊတ္တမ္းဆြဲကိုင္ကာ မနားတမ္းလွည့္ပတ္ေျပးေနေလသည္။ ထိုစဥ္ ... ဒုတ္​ .... " အား.... " သစ္ပင္ႏွင့္ဦးေခါင္း ျပင္းထန္စြာေဆာင့္မိသြားၿပီး ထူပူသြားကာ နာက်ဥ္မႈဒဏ္ရာေတြကိုခံႏိုင္ရည္မရွိေတာ့ပဲ ယမင္းတစ္ေယာက္ ေလာကႀကီးႏွင့္အဆက္သြယ္ျပတ္သြားေတာ့သည္။ " ဟီး ဟီး ဟီး " " ဟား ဟား ဟား " တစ္ဆက္တည္းမွာပင္ ေၾကာက္မက္ဖြယ္ရယ္ေမာသံႀကီးမ်ား က်ယ္ေလာင္စြာထြက္ေပၚလာခဲ့၏။ " ဟင္... ဒီေကာင္ေတြတစ္ခုခုလုပ္ေနၿပီထင္တယ္ " ရယ္ေမာသံႀကီးမ်ား နားထဲသို႔တိုး၀င္လာသျဖင့္ အဘိုးအိုလန္႔ႏိုးသြားၿပီး တီးတိုးေရ႐ြတ္ကာ ၿခံထဲသို႔ဆင္းလာလိုက္၏။ ၿခံေနာက္သို႔ေရာက္လာသည့္အခါတြင္ေတာ့ ေသြးသံတရဲရဲျဖင့္ ၿငိမ္သက္ေနေသာယမင္းကိုေတြ႕လိုက္ရေသာေၾကာင့္ အဘိုးအိုထိတ္လန္႔သြားေတာ့သည္။ " ဟာ ေျခရင္းအိမ္ကကေလးမပဲ၊ ဒုကၡပါပဲကြာ " ထို႔ေနာက္ ယမင္းအသက္ရႉ မရႉ အဘိုးအိုစမ္းၾကည့္လိုက္၏။ " အသက္မရႉေတာ့ဘူး ၊ ေသၿပီထင္တယ္ " အဘိုးအိုတုန္တုန္ယင္ယင္ျဖင့္ ယမင္းအား သူ၏အိမ္သို႔ေပြ႕ခ်ီလာလိုက္၏။ ထို႔ေနာက္ အားေနေသာ ေသတၱာႀကီးတစ္လုံးထဲတြင္ ယမင္းကိုထည့္ကာ ေသာ့ခတ္ထားလိုက္ေတာ့သည္။ " မင္းတို႔ေတြကြာ... ေတာက္... ေအးေအးေဆးေဆးေနပါလို႔ငါမွာထားရဲ႕သားနဲ႔ ၊ မင္းတို႔အျပစ္လုပ္ထားတဲ့အတြက္ဒဏ္ေပးရမယ္ မနက္ျဖန္ကစၿပီးအစာအငတ္ေနၾကေတာ့ " ေဒါသထြက္စြာေျပာေနေသာ အဘိုးအို၏စကားမ်ားကို ေဘးနားတြင္အရိပ္မည္းႀကီးႏွစ္ခုက ၿငိမ္သက္စြာနားေထာင္ေနၾကသည္။ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ည ၁၂ ထိုးမွစိုးေက်ာ္အိမ္ျပန္လာခဲ့သည္။ ေသာက္ထားသျဖင့္အေတာ္ေလးကိုမူးေနေလသည္။ " မိန္းမေရ ယမင္း ကိုျပန္လာၿပီ " ျပန္ေျဖသံထြက္မလာ တိတ္ဆိတ္ေနသျဖင့္ စိုးေက်ာ္ၿပဳံးလိုက္ၿပီး " အိမ္ျပန္ေနာက္က်လို႔စိတ္ဆိုးေနတာလား ၊ စိတ္မဆိုးပါနဲ႔ကြာ " ေျပာရင္းအိမ္ေပၚသို႔စိုးေက်ာ္တက္လာလိုက္သည္။ သို႔ေပမယ့္ ယမင္းကိုမေတြ႕ရေသးသျဖင့္ စိုးေက်ာ္စိုးရိမ္စျပဳလာခဲ့၏။ " ယမင္း ဘယ္သြားေနတာလဲ " အခန္းထဲတြင္၀င္ရွာေသာ္လည္းမေတြ႕။ " အိမ္သာသြားတာလား " အိမ္သာဆီသို႔ထြက္လာလိုက္ျပန္သည္။ သို႔ေပမယ့္ယမင္းကိုအရိပ္ေယာင္ေတာင္မွ်မေတြ႕ရသျဖင့္ စိုးေက်ာ္စိုးရိမ္စိတ္ျမင့္တက္လာၿပီးအမူးပင္ေျပသြားေတာ့သည္။ " ဟာ ဘယ္ေတြသြားေနတာလဲကြာ " ဖုန္းေခၚၾကည့္လိုက္သည့္အခါ ဖုန္းသည္အိပ္ယာေဘးတြင္ရွိေနျပန္သည္။ ထို႔ေၾကာင့္ စိုးေက်ာ္ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိေတာ့ေခ်။၊ " ငါ့ကိုစိတ္ဆိုးၿပီးသူ႔အေမဆီျပန္သြားတာလား " ယမင္း၏မိခင္ထံ စိုးေက်ာ္ဖုန္းေခၚလိုက္ျပန္သည္။ သို႔ေပမယ့္ယမင္းေရာက္မလာဟုဆိုသျဖင့္ စိုးေက်ာ္အ႐ူးတစ္ေယာက္ပမာ အိမ္နီးခ်င္းအိမ္ေတြဆီသြားကာ အခ်ိန္မေတာ္အားနာရမည္မသိေတာ့ပဲ တစ္အိမ္တက္တစ္အိမ္ဆင္းလိုက္ေမးျပန္သည္။ ဇနီးသည္႐ုတ္တရက္ေပ်ာက္သြားသျဖင့္ တစ္ညလုံးစိုးရိမ္စိတ္ေတြႏွင့္စိုးေက်ာ္အိပ္မရခဲ့။ မနက္ေရာက္ေသာအခါ ရဲစခန္းသို႔သြားကာ လူေပ်ာက္တိုင္ခ်က္ဖြင့္လိုက္၏။ တစ္ေနကုန္ဇနီးသည္ေပ်ာက္ေနသည္ကိုရွာေနရသျဖင့္စိုးေက်ာ္အေတာ္ေလးကိုပင္ပန္းေနၿပီ။ မေန႔ညကတည္းကခုခ်ိန္ထိမအိပ္ရေသး၊ စိတ္ပင္ပန္းလူပင္ပန္းျဖစ္ကာ စိုးေက်ာ္ခဏလွဲခ်လိုက္၏။ " ကို ယမင္းကိုကယ္ပါအုံး၊ အီးဟီး ယမင္းကိုကယ္ပါအုံးကိုရယ္ " နားထဲတြင္ ဇနီးသည္၏အသံတိုး၀င္လာသျဖင့္ စိုးေက်ာ္ထထိုင္လိုက္၏။ " ယမင္းရဲ႕အသံပဲ၊ ယမင္း " " ကို ယမင္းကိုကယ္ပါအုံး " ဇနီးသည္၏အကူညီေတာင္းသံ ထပ္မံထြက္ေပၚလာခဲ့သျဖင့္ အိမ္ေပၚမွစိုးေက်ာ္အျမန္ဆင္းလိုက္ၿပီး ဇနီးသည္အားရွာလိုက္၏။ အရာအားလုံးကို ညဥ့္နက္ႀကီးကႀကီးစိုးထားသျဖင့္ ဘယ္အရာကိုမွသဲသဲကြဲကြဲမျမင္ရ။ " ယမင္း ဘယ္မွာလဲကြာ " " ကို ယမင္းဒီမွာေလ လာကယ္ပါအုံး " အသံကေခါင္းရင္းအဘိုးအို၏ၿခံထဲမွထြက္ေပၚလာျခင္းပင္။ ထို႔ေၾကာင့္ ေခါင္းရင္းၿခံထဲသို႔ စိုးေက်ာ္အေျပး၀င္လာလိုက္၏။ " ယမင္း ဘယ္မွာလဲ၊ ယမင္း " အားရပါးရေအာ္ေခၚေနသည့္မိမိအသံကိုျပန္ၾကားကာ စိုးေက်ာ္အိမ္မက္မွလန္႔ႏိုးလာခဲ့ေတာ့သည္။တစ္ကိုယ္လုံးလည္း ေခြၽးမ်ား႐ႊဲနစ္ေနေလသည္။ " ငါအိမ္မက္မက္ေနပါလား၊ အိမ္မက္ထဲမွာယမင္းငါ့ကိုအကူညီေတာင္းေနတယ္ ယမင္းတစ္ခုခုျဖစ္ေနတာလား " ေတြးရင္းစိုးေက်ာ္ရင္ပူသြားေတာ့သည္။ ထို႔ေနာက္ အခ်ိန္ဆြဲမေနေတာ့ပဲ ေခါင္းရင္းၿခံရွိအဘိုးအိုအိမ္သို႔အျမန္လာလိုက္ေတာ့သည္။ .... ေဒါက္ ေဒါက္ .... " ဘယ္သူလဲ " " ကြၽန္ေတာ္ပါ ေျခရင္းၿခံကအိမ္ငွါးေနတဲ့သူ " အဘိုးအိုတံခါးလာဖြင့္ေပးလိုက္ၿပီး " ဘာကိစၥလဲ ညႀကီးအခ်ိန္မေတာ္ " " ေမးစရာေလးရွိလို႔ပါ " " မင္းနဲ႔ငါနဲ႔ကဘာပတ္သတ္မႈမွမရွိဘူးထင္တယ္ေကာင္ေလး " " အရင္ကမရွိေပမယ့္အခုရွိတယ္ဗ် ၊ ကြၽန္ေတာ့မိန္းမေပ်ာက္ေနတယ္ " " အဲ့ဒီကိစၥငါနဲ႔ဘာဆိုင္လို႔လဲ " အဘိုးအို၏အသံမွာမာေနေလသည္။ " ကြၽန္ေတာ့မိန္းမဒီမွာရွိတယ္လို႔အိမ္မက္တယ္၊ ဒီကိစၥခင္ဗ်ားသိေနတယ္မဟုတ္လား " စိုးေက်ာ္၏စကားေၾကာင့္ အဘိုးအိုမ်က္ႏွာပ်က္သြားေတာ့သည္။ " သြားကြာ မင္းျပန္ေတာ့ " အဘိုးအိုတံခါးျပန္ပိတ္ရန္ျပင္လိုက္စဥ္ စိုးေက်ာ္လ်င္ျမန္စြာ အိမ္ထဲသို႔၀င္လာလိုက္၏။ " ငါ့အိမ္ထဲကထြက္သြား၊ ထြက္သြား " အဘိုးအိုေဒါသတႀကီးေမာင္းထုတ္ေနသည္ကိုစိုးေက်ာ္ဂ႐ုမစိုက္ပဲ တစ္အိမ္လုံးကိုရွာေဖြေတာ့သည္။အခ်ိန္ေတာ္ေတာ္ၾကာသည္အထိ ေနရာအႏွံ႔ရွာေဖြေသာ္လည္း ဘာသဲလြန္စမွမရခဲ့ေခ်။၊ေနာက္ဆုံး အခန္းထဲတြင္ေသာ့ခတ္ထားေသာေသတၱာႀကီးတစ္လုံးသာက်န္ေတာ့သည္။ ထို႔ေၾကာင့္ ေသာ့ကိုသံတူျဖင့္႐ိုက္ဖြင့္ရန္ျပင္လိုက္၏။ " ေန ေနအုံး " အဘိုးအိုတုန္တုန္ယင္ယင္ျဖင့္ လာေရာက္တားလိုက္၏။သို႔ေပမယ့္ စိုးေက်ာ္ဂ႐ုမစိုက္ပဲအားရပါးရ႐ိုက္ဖြင့့္လိုက္ေတာ့သည္။ ထိုအခါ ေသတၱာထဲတြင္ ေျခာက္ေသြ႕ေနၿပီျဖစ္ေသာေသြးမ်ားႏွင့္ ျမင္မေကာင္းေအာင္ျဖစ္ေနေသာဒဏ္ရာမ်ားျဖင့္ေသဆုံးေနေသာ ဇနီးသည္၏အေလာင္းကိုေတြ႕လိုက္ရ၏။စိုးေက်ာ္ယူက်ဳံးမရျဖစ္ကာ ရင္ထဲတြင္ဆို႔နစ္ေနၿပီး မ်က္ရည္မ်ားအလိုလိုစီးက်လာေတာ့သည္။ အဘိုးအိုလည္း နံရံေဘးတြင္ ေျခပစ္လက္ပစ္ထိုင္ခ်ကာေခါင္းငိုက္စိုက္က်ေနေလသည္။ ထို႔ေနာက္ ရဲစခန္းသို႔ဖုန္းဆက္အေၾကာင္းၾကားလိုက္ေတာ့သည္။ တစ္ခဏအၾကာတြင္ ရဲမ်ားေရာက္ရွိလာၾကၿပီး အေလာင္းစစ္ေဆးသိမ္းဆည္းၾကေတာ့သည္။ " ကဲ အဘိုး ဘာေျပာခ်င္ေသးလဲ " ဒုရဲအုပ္၏အေမးေၾကာင့္ အဘိုးအိုေခါင္းေမ့လာၿပီးမ်က္ရည္ေတြစီးက်လာကာ " ဒီကေလးမကိုအဘိုးမသတ္ရပါဘူးကြယ္ ဒါေပမယ့္ အဘိုးေၾကာင့္ဒီကေလးမေသဆုံးရတာပါ " အဘိုးအို၏စကားကိုအားလုံးနားမလည္ႏိုင္ျဖစ္သြား၏။ " အားလုံးကိုေျပာျပၿပီး အဘိုးရဲ႕အျပစ္ေတြကိုခံယူပါ့မယ္... ဒီကေလးမေသဆုံးရတာ အဘိုးရဲ႕မိန္းမနဲ႔သားေၾကာင့္ပါ " " ဟင္ ဒါဆိုသူတို႔ဘယ္မွာလဲ " " သူတို႔ကလူေတြမဟုတ္ပါဘူး " " ဘယ္လို " အားလုံးပို၍နားရႈပ္သြားေတာ့သည္။ " အဘိုးရဲ႕မိန္းမနဲ႔သားက လြန္ခဲ့တဲ့အႏွစ္သုံးဆယ္က ခရီးသြားရင္းကားေမွာက္ၿပီးဆုံးသြားၾကတာပါ၊ အဲ့ဒီအခ်ိန္မွာ ကမာၻပ်က္မတတ္ခံစားခဲ့ရတယ္၊ သူတို႔နဲ႔မခြဲႏိုင္ေတာ့ ေနာက္ဆုံးအဘိုးဆုံးျဖတ္လိုက္တယ္ သူတို႔ကိုအဘိုးရဲ႕ေဘးနားမွာအရင္လိုျပန္ၿပီးရွိေနႏိုင္ေအာင္ သူတို႔ရဲ႕ဝိညာဥ္ကိုအိမ္မွာေခၚထားလိုက္တာေပါ့၊ သူတို႔ႀကိဳက္တဲ့အမဲသားစိမ္းေန႔တိုင္းေကြၽးတယ္၊ ႏွစ္ၾကာေတာ့သူတို႔လည္းသတ္တမ္းရင့္လာၿပီး လူေတြကိုဒုကၡေပးလာၾကတယ္ေလ၊ ေျခရင္းအိမ္ကအိမ္ငွါးေတာ့ လာငွါးေနၾကတဲ့သူေတြကိုသူတို႔ေျခာက္လွန္႔ၾကတယ္ အဲ့ဒီလိုနဲ႔သူမ်ားေတြဆက္မငွါးရဲၾကေတာ့ပဲေျပးၾကတယ္၊ အိမ္ငွါးမလာပါေစနဲ႔လိုအဘိုးအၿမဲတမ္းဆုေတာင္းေနခဲ့တာ၊ အဘိုးရဲ႕ၿခံထဲကိုလည္းသူစိမ္းေတြကိုအ၀င္မခံဘူး သူတို႔ဒုကၡေပးမွာစိုးလို႔ပါ၊ ဒါေပမယ့္ အခုေတာ့ အျပစ္မရွိတဲ့လူတစ္ေယာက္သူတို႔သတ္လို႔ေသဆုံးခဲ့ရၿပီ၊ အားလုံးကအဘိုးရဲ႕အျပစ္ေတြပါ အဘိုးရဲ႕အတၱေတြေၾကာင့္ပါ အဘိုးရဲ႕အျပစ္ေတြကိုခံယူပါ့မယ္ အဘိုးကိုဖမ္းပါကြယ္ " မ်က္ရည္ေတြႏွင့္အဘိုးအို၏စကားကိုနားေထာင္အၿပီးမွာေတာ့ အားလုံးစိတ္မေကာင္းျဖစ္သြားရသည္။ အဘိုးအိုကေတာ့သူ၏အျပစ္ေတြကိုခံယူဖို႔အသင့္ပင္။ အရာအားလုံးကတစ္ခဏအတြင္းမွာပင္အိမ္မက္မက္ေနသည့္သဖြယ္ ျဖစ္သြားခဲ့ရၿပီ။ သူအရမ္းခ်စ္သည့္ဇနီးသည္ႏွင့္ လူ႔ေလာကထဲကိုမၾကာခင္ေရာက္လာေတာ့မည့္ရင္ေသြးေလးအား တစ္ၿပိဳင္နက္တည္းဆုံးရႈံးလိုက္ရသျဖင့္ စိုးေက်ာ္တစ္ေယာက္ရင္ကြဲလုမတတ္ခံစားေနရ၏။ ထို႔ေနာက္ ဇနီးသည္၏ရက္လည္အၿပီးမွာေတာ့စိုးေက်ာ္လည္း အငွါးအိမ္ေလးကိုေလးတြဲေသာေျခလွမ္းတို႔ျဖင့္ ႏႈတ္ဆက္ထြက္ခြါသြားေလေတာ့သည္။ ၿပီးပါၿပီ။။ (စာဖတ္သူအေပါင္းတို႔ကိုေက်းဇူးတင္လ်က္) ေနဇင္ေသာ္

No comments

Post a Comment