အောင်မြတ်သာနှင့်သွေးစားသရဲမ

  အောင်မြတ်သာနှင့်သွေးစားသရဲမ အောင်မြတ်သာတို့ဆရာတပည့်တွေ အမှောင်ထုကို ဖြတ်ကျော်ပြီး တစ်ညလုံးနီးပါး ခရီးဆက်ခဲ့ကြရာ မနက်အာရုဏ်တက်ချိန်ရောက်တော... thumbnail 1 summary

 အောင်မြတ်သာနှင့်သွေးစားသရဲမ


အောင်မြတ်သာတို့ဆရာတပည့်တွေ အမှောင်ထုကို ဖြတ်ကျော်ပြီး တစ်ညလုံးနီးပါး ခရီးဆက်ခဲ့ကြရာ မနက်အာရုဏ်တက်ချိန်ရောက်တော့ လူတစ်ဖက်ခန့်ကြီးတဲ့ ထန်းပင်တစ်ပင် ရှိတဲ့နေရာကို ရောက်လာခဲ့တယ်။ အောင်မြတ်သာတို့လဲ ထန်းပင်ဘေးမှာ ဖောက်ထားတဲ့လူ သွားလမ်းအတိုင်း ဆက်လျောက်လာခဲ့ရာ ခြေလှမ်းနှစ်ရာလောက် လျောက်ပြီးတဲ့အချိန်မှာတော့ ဆီမီးခွက်တွေထွန်းထားတဲ့ အိမ်တစ်အိမ်ကို မြင်လိုက်ရတယ်။
အိမ်ရဲ့အရှေ့မှာတော့ ငိုတဲ့သူက ငိုနေပြီး အချို့ကျတော့ အခေါင်းရိုက်ဖို့ သစ်ပြားတွေကို စုပုံ ထားတာကို မလှမ်းမကမ်းကနေ တွေ့လိုက်ရတယ်။
အောင်မြတ်သာတို့လဲ မီးထွန်းထားတဲ့ အိမ်ရဲ့တံစက်မြိတ်အောက်ကိုရောက်တာနဲ့ အသက်ငင်နေတဲ့ လူမမာက ချက်ချင်းဆိုသလို ငုတ်တုတ်ထထိုင်ပြီး
“ သူတို့ကို မောင်းထုတ်လိုက် အိမ်ထဲမပေးဝင်နဲ့ “လို့ အသံနက်နဲ့ အော်ဟစ်ပါလေရော။
သေလုဆဲဆဲလူမမာတစ်ယောက်က ရုတ်တရက်အော်ဟစ်လိုက်တဲ့အသံကြောင့် အိမ်ပေါ်မှာ ရှိနေကြတဲ့ လူနာစောင့်တွေအားလုံး လန့်ဖြန့်ကာ ဘုရားတတဲ့သူကတ ထွက်ပြေးတဲ့သူကပြေး ဖြစ်ကုန်ကြတယ်။ အောင်မြတ်သာကတော့ သူ့ကိုမျက်စောင်းထိုးကာ စောင့်ကြောင့်ထိုင်ပြီး ကြည့်နေတဲ့ လူမမာကိုဂရုမစိုက်ပဲ
“ ဒီလူမမာရဲ့ ဆွေမျိုးသားချင်း တစ်ယောက်လောက် အိမ်အပြင်ကို ထွက်လာပေးနိုင်မလား” လို့မေးလိုက်တော့ ခပ်ဝဝအမျိုးသမီးတစ်ယောက်က အိမ်ပေါ်ကနေ ဆင်းလာပြီး
“ ကျွန်မက သူ့ရဲ့မိခင်ပါ ဘာကိစ္စများရှိလို့ပါလဲ”
လူမမာရဲ့မိခင်ဖြစ်သူရဲ့စကားကြောင့် အောင်မြတ်သာက အိမ်ပေါ်ကို တစ်ချက်ဝှေ့ကြည့် လိုက်ပြီး
“ ဘာရယ်တော့မဟုတ်ပါဘူး ကျုပ်တို့က ခရီးသွားတွေပါ ဒီနားကဖြတ်သွားရင်း စိတ်ထဲ မသိုးမသန့်ဖြစ်တာနဲ့ ဝင်လာခဲ့တာပါ လူမမာပုံစံက သိပ်ပြီးမမူမမှန်ဘူးဆိုတာရော သိကြရဲ့လား”
အောင်မြတ်သာစကားကြောင့် လူမမာရဲ့မိခင်ဖြစ်သူက
“ ဟုတ်ပါတယ် အရီးတို့လဲ သတိထားမိတာကြာပြီ ဒါပေမယ့် ဘယ်လိုမှကုလို့မရတဲ့အဆုံး လက်လျော့ထားတာ မနေ့ကလာကြည့်ပေးတဲ့ဆရာကတော့ မရတော့ဘူးတဲ့ အလွန်ဆုံခံရင် တစ်ညပဲဆိုလို့ လိုအပ်တာတွေအကုန်ပြင်ဆင်ထားတာ”
“ ဒါဖြင့်ရင် လူနာကို ကျုပ်တို့လက်ထဲကို အပ်ပေးနိုင်မလား အသက်မသေအောင် အတတ်နိုင်ဆုံးကုပေးပါမယ်”
အောင်မြတ်သာစကားကြောင့် လူနာရဲ့မိခင်မျက်နှာ ပြုံးရွှင်သွားပြီး
“ ရပါတယ် ရပါတယ် ကြည့်ပေးပါ ဆရာတို့ကို အပ်ပါတယ် အားလုံးလက်လျော့ထားပြီးမှ အခုလိုစကားကြားရတာ တကယ်ကိုဝမ်းသာပါတယ် ဆရာတို့ အိမ်ပေါ်ကိုကြွကြပါ”
အိမ်ရှင်မိန်းမကြီးရဲ့ ဖိတ်ခေါ်မှုကြောင့် အောင်မြတ်သာတို့လဲ လှေကားရင်းကနေ တက်ဖို့ အလုပ်မှာ
“ သွားးးး ထွက်သွားကြ ငါ့အိမ်ပေါ် မတက်လာကြနဲ့ အမေ သူတို့ကို ဘာလို့ခေါ်လာတာလဲ သွားးးးးး ငါ့ဆီမလာနဲ့နော်”
အသက်ငင်နေတဲ့လူမမာရဲ့အသံက လူကောင်းတစ်ယောက်လို မာထန်ပြီးဒေါသတွေပြည့်လျှံ နေခဲ့တယ်။ အိမ်ပေါ်မှာရှိနေတဲ့သူတွေကတော့ လူမမာကိုကြည့်လိုက် အောင်မြတ်သာတို့ကို ကြည့်လိုက်နဲ့ အံ့သြနေတဲ့အချိန်
“ သမီးကို ကုပေးဖို့ လာတာလေ စိတ်ကိုလျော့ထားနော် သမီးကောင်းသွားမယ်လို့ဆရာ တွေကပြောတယ်”
“ ဘာသမီးလဲ ငါနင့်သမီးမဟုတ်ဘူး နင်က ငါမကြိုက်တဲ့အရာကိုလုပ်တယ် ဒီဆရာတွေကို ငါမခေါ်ခိုင်းပဲ ခေါ်လာတာ နင်ငါအကြောင်းသိမယ်”
ရုတ်တရက်ဆိုသလို မိခင်ဖြစ်သူကို နင်နဲ့ငါနဲ့ပြောတဲ့ လူမမာကြောင့် အိမ်ပေါ်ရှိ လူအားလုံး ဟင်ခနဲ ဟာခနဲဖြစ်သွားတယ်။
“ အားလုံး ဘေးမှာနေပေးကြပါ ဒီလူနာမှာ မကောင်းတဲ့အရာတစ်ခုကပ်နေတဲ့အတွက် အခုလိုစကားတွေထွက်လာတာပါ”
သက်ခိုင်စကားကြောင့် အိမ်ပေါ်မှာရှိနေတဲ့သူတွေအားလုံး အနောက်ကိုဆုတ်သွားခဲ့ ကြတယ်။ သက်ခိုင်နဲ့တောက်ရကတော့ လူမမာရဲ့ အိပ်ယာပတ်ပတ်လည်ကို စည်းတားပြီး တောင်ဘက်နဲ့ မြောက်ဘက်မှာထိုင်ချလိုက်တယ်။ အောင်မြတ်သာကတော့ လူနာရဲ့အရှေ့ဘက်မှာ ထိုင်လိုက်ပြီး မျက်နှာကိုစူးစိုက်ကြည့်လိုက်တယ်။
အရိုးပေါ်အရေတင်ဖြစ်နေပြီး ပိန်ချုံးနေတဲ့လူမမာက အောင်မြတ်သာရဲ့ မျက်လုံးတွေကို စူးစိုက်မကြည့်ရဲတော့ပဲ လွတ်နေတဲ့နေရာဖြစ်တဲ့ အနောက်ဘက်ကို ကျောပေးကာ လှည့်ထိုင် လိုက်တယ်။
အောင်မြတ်သာလဲ လူမမာအခြေအနေကိုအကဲခတ်ပြီးတာနဲ့ ဘုရားကျောင်းဆောင်ဘက်ကို လှည့်ကာ
“ သုံးလောကထွဋ်ထား သဗ္ဗေညုမြတ်စွာဘုရားနှင့်တကွ သမ္မာဒေဝနတ်ကောင်းနတ်မြတ် အပေါင်းတို့အားလည်းကောင်း ကျေးဇူးတော်ရှင် ဂိုဏ်းတော်ချုပ်ဆရာတော်ကြီးနှင့်တကွ ဆရာသခင်အပေါင်းအား ဦးထိပ်ပန်ဆင်ကာ ခွင့်တောင်းအပ်ပါတယ်” လို့ပြောပြီး ထိခြင်းငါးပါးနှင့် တစ်ကွကန်တော့ကာ ခွင့်တောင်းပန်လိုက်တယ်။
ခွင့်တောင်းပြီးတာနဲ့ လူနာဘက်ကိုလှည့်ကာ
“ ငါရဲ့အရှေ့ရောက်နေတဲ့ မိန်းကလေးကို ဒုက္ခရောက်အောင် ဝင်ရောက်နေရာယူထားတဲ့သူ ငါ့မေးခွန်းတွေကို အမှန်တိုင်းဖြေရမယ် အမှန်တိုင်းပြောရင် သင်နာကျင်ခံစားမှုကို မခံစားရပဲ သက်တောင့်သက်သာနေနိုင်မှာဖြစ်ပြီး လိမ်ညာလှည့်ဖျားတဲ့စကား တစ်ခွန်းပြောတိုင်း နှလုံးကို အပ်နဲ့တစ်ချက်ထိုးတာခံရမယ် ထပ်ပြီးလိမ်ညာပြီးထွက်ဆိုခဲ့သည်ရှိသော် အပ်ထိုးချက်ဆတိုးတက် ကာနာကျင်မှုကို မရပ်မနားခံစားစေရမယ် ငါအောင်မြတ်သာ ကုသနေတဲ့အချိန်အတွင်း မည်သူ တစ်ဦးတစ်ယောက်မှစည်းဝိုင်းထဲမဝင်လာစေရ ငါ၏အမိန့်မရပဲ ဝင်လာခဲ့သည့် နာနာဘာဝ၊ စုန်း၊ ကဝေ၊ အောက်လမ်းမိစ္ဆာအပေါင်း ပြာမှုန်ပင်မကျန်စေပဲ မီးလောင်ကျွမ်းစေသား”လို့အဓိဌာန်ပြု လိုက်တယ်။
အောင်မြတ်သာရဲ့အဓိဌာန်စကားအဆုံးမှာတော့ အိမ်ပတ်ပတ်လည်ကနေ ထွက်ပြေးသွား ကြတဲ့ခြေသံတွေကို အိမ်ပေါ်ရှိနေတဲ့သူတွေအပြင် အိမ်အောက်မှာရှိနေတဲ့သူတွေပါ အတိုင်းသား ကြားလိုက်ရတယ်။
လူမမာကတော့ အောင်မြတ်သာစကားတွေကို ဂရုမစိုက်ဟန်နဲ့ ကျောပေးကာဒူးနန့်ပြီး လှောင်ပြောင်နေသေးတာကိုလဲ သက်ခိုင်တို့မြင်လိုက်ရတယ်။
“ သင်နာမည်ဘယ်လိုခေါ်လဲ “
အောင်မြတ်သာရဲ့တည်ကြည်ပြတ်သားပြီး သြဇာအပြည့်ပါတဲ့အသံက တိတ်ဆိတ်နေတဲ့ အရုဏ်တက်ချိန်ကို ဖောက်ထွက်လာခဲ့တယ်။
“ ငါ့နာမည် သီတာအေး”
လူမမာက နာမည်ကိုခပ်ပြတ်ပြတ်ပြောလိုက်ပေမယ့် သူ့ရဲ့မျက်နှာတစ်ချက် မဲ့ခနဲဖြစ်သွားတာကို ဘေးမှာထိုင်နေကြတဲ့ သက်ခိုင်နဲ့ တောက်ရတို့နှစ်ယောက်လုံး မြင်လိုက်ရတယ်။ အောင်မြတ်သာကတော့ နှုတ်ခမ်းတွန့်ရုံလောက်ပြုံးလိုက်ပြီး
“ သင်လိမ်လိုက်တဲ့အချိန် ဘယ်ဘက်ရင်အုံထဲကနေ စူးရှတဲ့နာကျင်မှုတစ်ခုကို ခံစားလိုက်ရတယ်မဟုတ်လား ကဲ ကျုပ်အခုထပ်မေးမယ် သင့်နာမည်အမှန်ပြောပါစေလို့ မျှော်လင့် ပါတယ်”
အောင်မြတ်သာစကားအဆုံးမှာ ကျောပေးပြီး ထိုင်နေတဲ့လူမမာက အောင်မြတ်သာဘက်ကို ဖြေးဖြေးချင်းလှည့်လာပြီး
“ ကျွန်မတကယ်ပြောတာပါ မလိမ်ပါဘူးရှင် ကျွန်မနာမည်သီတာအေးပါ အခုဖြစ်နေတဲ့ ရောဂါအခြေအနေကြောင့် စိတ်မကြည်မလင်ဖြစ်နေခဲ့မိလို့ ပြောမိပြောရာပြောခဲ့မိတာပါ “
“ အိမ်း သင်ဆိုသည်မှာလဲ နာကျင်နေတာကို ကြိတ်ခံပြီး လိမ်နေသေးပါလား ကျုပ်က သင့်ကို မနာကျင်စေချင်လို့ လျော့ပေါ့ပြီးလုပ်ပေးခဲ့တယ် သင်ကတော့ ကျုပ်ရဲ့သနားမှုကို အခွင့်ကောင်းယူ နေပါလား ကျုပ်ဒီတစ်ခါထပ်မေးမယ် ထပ်လိမ်ရင် ကြေးလှံတိုင်ကိုင်ထားတဲ့ အင်းစောင့်တွေက ဝင်ရောက်ပူးကပ်နေသူရဲ့ နှလုံးကိုထုတ်ချင်းပေါက်အောင် ထိုးစေ ကာယကံရှင်ကို မည်သို့သော အကြောင်းကြောင်းနဲ့မှ မထိခိုက်စေရ ကဲ အမိ သင့်နာမည်ဘယ်လိုခေါ်လဲ”
လူမမာလဲ အောင်မြတ်သာကိုလိမ်မရမှန်းသိတာနဲ့ မျက်နှာကြောပြောင်းသွားပြီး
“ စောက်ဆရာကောင်တွေ ငါအလုပ်ပြီးခါနီးမှ ရောက်လာရတယ်လို့ ထွီ”
လူမမာက အောင်မြတ်သာကိုကြည့်ပြီး ဆဲဆိုကာ တံတွေးနဲ့လှမ်းထွေးလိုက်တဲ့အချိန် အိမ်ခေါင်မိုးထုတ်တန်းပေါ်ကနေ ကြာပွတ်ကိုင်ထားတဲ့ အင်းစောင့်နှစ်ယောက်ဆင်းလာခဲ့တာကို သက်ခိုင်နဲ့ တောက်ရတို့မြင်လိုက်ရတယ်။
ကြာပွတ်ကိုင်ထားတဲ့ အင်းစောင့်နှစ်ယောက်က လူမမာရဲ့ မျက်နှာတည့်တည့်ကို ကြာပွတ်နဲ့ တစ်ရွှမ်းရွှမ်းမြည်အောင်ရိုက်ပြီးဆုံးမပါလေရော။
“ ရွှမ်း ရွှမ်း နင့်လိုအောက်တန်းစားက ငါတို့ဆရာကို တံတွေးနဲ့ထွေးတယ်ပေါ့လေ သေစမ်းဟဲ့ ရွှမ်း ရွှမ်း ရွှမ်း”
အင်းစောင့်တွေက ကြာပွတ်နဲ့ရိုက်ပြီးဆုံးမတော့ လူမမာက ကြမ်းပေါ်မှာ ကွေးနေအောင် လူးလိမ့်ကာ ငယ်သံပါအောင် အော်ဟစ်နေခဲ့တယ်။ အဲဒီအချိန် အိမ်အောက်မှာကြည့်နေတဲ့ လူတွေထဲက ယောင်္ကျားတစ်ယောက် ရုတ်တရက်အိမ်ပေါ်ပြေးတက်လာပြီး စည်းဝိုင်းထဲ ဝင်ဖို့လုပ်တဲ့အချိန် “ ဝုန်း “ ဆိုတဲ့အသံနဲ့အတူ အနောက်ကို လေးပေခန့်လွှင့်ထွက်သွားခဲ့တယ်။
အောင်မြတ်သာလဲ လွှင့်ထွက်သွားတဲ့သူကိုကြည့်ပြီး
“ ပြဿနာကတော့ ရှည်မယ့်ပုံပဲ “လို့ရေရွတ်ခဲ့တယ်။
စည်းဝိုင်းထဲဝင်လာတဲ့သူကလွင့်ထွက်သွားပြီး ခဏနေတော့ သတိပြန်ရလာပြီး သူဘာမှ မသိသလိုနဲ့ ဘေးကလူတွေကို ကြည့်နေခဲ့တယ်။
အောင်မြတ်သာလဲ စည်းထဲမှာ ရိုက်ခံနေရတဲ့လူမမာရှိရာဘက်ကို လက်ကာပြပြီး
“ ရိုက်တာခဏရပ်လိုက်ပါဦး “လို့ပြောလိုက်တော့မှ လူးလိမ့်နေတာရပ်သွားခဲ့တယ်။
အဲဒီအချိန် အိမ်အောက်မှာ ရှိနေတဲ့သူတွေထဲက လူသုံးယောက်က ဝူးဝူးဝါးဝါးထဖြစ်ကာ အိမ်ပေါ်ကို တက်လာခဲ့ကြတယ်။
အောင်မြတ်သာလဲ တက်လာတဲ့သူတွေကို မျက်လုံးဝှေ့ကြည့်လိုက်ပြီး
“ ကဲကဲ အခြေအနေတွေက ကျုပ်ထင်ထားတာထက်ကိုပိုရှုပ်ထွေးနေပါလား အိမ်အောက်မှာ ရှိနေတဲ့သူတွေအားလုံး အိမ်ပေါ်ကိုတက်လာခဲ့ကြ အောက်မှာနေခဲ့လို့ တစ်ခုခုဖြစ်သွားရင် ကျုပ်လဲ မတတ်နိုင်ဘူး” လို့ပြောလိုက်တော့မှ အိမ်အောက်မှာရှိနေတဲ့လူတွေအားလုံး အိမ်ပေါ်ကို တက်လာခဲ့ကြတယ်။
“ အသိစိတ်ရှိတဲ့သူတွေအားလုံး တစ်နေရာထဲစုပြီးထိုင်ကြ သက်ခိုင်က သူတို့အားလုံးရဲ့ ပတ်လည်ကို စည်းတားပြီး မဆိုင်တဲ့သူတွေမဝင်နိုင်အောင် လုပ်ပေးပါ တောက်ရကတော့ ဝင်ပူးနေတဲ့သူသုံးယောက်ကို အိမ်အောက်မဆင်းပြေးနိုင်အောင် အိမ်ပတ်ပတ်လည်ကို စည်းတားပေးပါ “
အောင်မြတ်သာစကားအဆုံးမှာ သက်ခိုင်နဲ့ တောက်ရက ထိုင်နေတဲ့နေရာကနေ ထပြီး လူတွေနဲ့ အိမ်ပတ်လည်ကို စည်းတားလိုက်ကြတယ်။
လူမမာကတော့ အောင်မြတ်သာအရှေ့မှာ ခွေခွေလေးထိုင်ပြီး တုန်တုန်ရီရီဖြစ်နေတာ မြင်တော့
“ သင်အမှန်တိုင်း ပြောဖို့အချိန်တန်ပြီ ထပ်လိမ်ရင် ဒီထက်ပိုပြီး နာကျင်ရလိမ့်မယ် အခုတောင် သင်အသည်းခိုက်အောင် နာကျင်နေရပြီမဟုတ်လား “
“ ငါအမှန်အတိုင်းပြောမယ် နင်ဘာသိချင်တာလဲ”
ကြာပွတ်ကိုင်ထားတဲ့ အင်းစောင့်နှစ်ယောက်က အောင်မြတ်သာကို ငါနဲ့ပြောရမလားဆိုပြီး ရိုက်ဖို့ရွယ်လိုက်တဲ့အချိန်
“ မရိုက်နဲ့တော့ သူပြောတတ်သလိုပြောပါစေ “လို့အမိန့်ပေးလိုက်တော့မှ အင်းစောင့်နှစ်ယောက်လဲ အရိုအသေပေးကာ ပျောက်ကွယ်သွားကြတယ်။ အင်းစောင့်တွေ ပျောက်သွားတော့မှ အောင်မြတ်သာက လူမမာရဲ့ မျက်နှာကိုစူးစိုက်ကြည့်ပြီး
“ သင့်နာမည်ဘယ်လိုခေါ်လဲ “
“ ငါ့နာမည်က မိကြာအေး”
“ သင်ဒီထဲကိုဘာလို့ရောက်နေတာလဲ သင်ဘာလိုချင်လို့လဲ”
“ ငါသွေးဆာတယ် အပျိုစင်ရဲ့သွေးကိုသောက်ရတာ အရသာရှိတယ် ဒါကြောင့် ဒီကောင်မလေးရဲ့ကိုယ်ထဲဝင်နေတာ”
“ သင်လဲ သူတစ်ပါးကိုဒုက္ခပေးထားတာကြာပြီဆိုတော့ ကျုပ်ကပဲ မေတ္တာရပ်ခံပါတယ် ဒီကောင်မလေးရဲ့ ကိုယ်ထဲကနေထွက်သွားပေးပါ သင့်ကိုနာကျင်အောင် မလုပ်ပါဘူး”
အောင်မြတ်သာရဲ့စကားအဆုံးမှာ ဘေးမှာရှိနေတဲ့ လူသုံးယောက်က ဟက်ဟက်ပက်ပက် ရယ်ပြီး
“ သူထွက်လို့မရဘူး သူနဲ့ငါတို့က အပေးအယူလုပ်ထားတာ ဒီကောင်မလေးရဲ့ သွေးကို သူစားပြီးရင် ငါတို့က သူ့ရဲ့အသားနဲ့ အတွင်းကလီစာတွေကို စားဖို့ကျန်သေးတယ် သူထွက်လို့မရဘူး ဒီကောင်မလေးက သေကိုသေရမယ်” လို့ပြောတာကြားတော့ အောင်မြတ်သာတို့မှအပ ကျန်တဲ့သူတွေအကုန် ကြောက်လန့်ကုန်တယ်။
“ ကဲ ဒါဖြင့်လဲ ကြိုးပိုင်တွေက အဲဒီသုံးယောက်ကို ငါ့အရှေ့ကို ကြိုးနဲ့တုပ်ပြီးခေါ်လာခဲ့ “
အောင်မြတ်သာအမိန့်ပေးသံအဆုံးမှာ ဘေးကစည်းဝိုင်းထဲမှာရှိနေတဲ့ လူသုံးယောက်က လက်ပြန်ကြိုးတုပ်ခံထိတဲ့ဟန်နဲ့ အောင်မြတ်သာအရှေ့ကို ရောက်လာခဲ့တယ်။
“ဒီနားတစ်ဝိုက်မှာနေတဲ့သူတွေကို နင်တို့လေးယောက် ဘယ်လောက်အထိ ဒုက္ခပေးခဲ့ ပြီးပြီလဲ အတိတ်ဘဝက အကုသိုလ်အကျိုးကြောင့် ဒီလိုမကောင်းတဲ့ခန္ဓာကို ပိုင်ဆိုင်ထားတာတောင် အသိတရားမရသေးပါလား “
“ အဟီးအဟီး ဟက်ဟက်ဟက် မိကြာအေး နင်ကတော့ သွေးဝအောင်သောက်ပြီးပြီနော် ငါတို့ကမစားရသေးဘူး နင့်တာဝန်နင်ပြီးအောင်လုပ် သူများပြောတာ နားမယောင်နေနဲ့ “
“ သူကစွမ်းတယ် ငါ့ကိုရိုက်ထားတာပဲကြည့် တစ်ကိုယ်လုံးအရှိုးရာတွေကြီးပဲ ဒါပေမယ့် ငါတို့က အသားနာတဲ့ဒဏ်ကို ခံနိုင်ရည်ရှိတာ သူတို့မသိတာပဲ ဟက်ဟက်ဟက်”
သက်ခိုင်နဲ့တောက်ရကတော့ အောင်မြတ်သာကိုအရှေ့မှာထားပြီး မခန့်လေးစားလုပ်နေတဲ့ နာနာဘာဝတွေကိုကြည့်ပြီး ဒေါသတစ်ထောင်းထောင်းထွက်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်။ အောင်မြတ်သာကတော့ ဒေါသထွက်နေတဲ့ သက်ခိုင်နဲ့ တောက်ရကို စိတ်ကို ထိန်းဖို့လက်နဲ့အချက်ပြလိုက်ပြီး
“ သင်တို့ကဒီလောက်စားချင်သောက်ချင်နေမှတော့ ကျုပ်ကလဲ ဆန္ဒကိုလိုက်လျောပေး ရတာပေါ့ အစကတော့ သင်တို့ကို မနာကျင်စေချင်လို့ အတတ်နိုင်ဆုံးလျော့ပေါ့ပြီး ဆုံးမခဲ့ပေမယ့် သင်တို့ကအသိတရားလုံးလုံးမရကြပေဘူးပဲ ဒါကြောင့် ဒီပတ်ဝန်းကျင်မှာ သင်တို့ကို စံပြဖြစ်အောင် လုပ်ပြမှရတော့မယ် သက်ခိုင်နဲ့တောက်ရ ဒီကလေးမအိပ်တဲ့ အိပ်ယာအောက်မှာ ရှစ်ကွက်အင်း တစ်ရွက်ထည့်ထားလိုက်ပါ သူကပဲ ကိုယ်ထဲမှာနေနိုင်မလား လာတဲ့နေရာကိုပြန်ပြေးမလား ကြည့်ရအောင်” လို့ပြောလိုက်တော့ သက်ခိုင်က လွယ်အိတ်ထဲမှာ အသင့်ပါတဲ့ ရှစ်ကွက်အင်း စာရွက် တစ်ရွက်ကိုထုတ်ကာ အိပ်ယာအောက်ထဲထိုးထည့်လိုက်တယ်။
အင်းစာရွက်ထည့်ပြီးတဲ့အချိန်မှာတော့ ဝင်ပူးနေတဲ့ ကောင်မလေးရဲ့ကိုယ် လှုပ်လှုပ်ရွရွ ဖြစ်လာပြီး ချွေးစေးတွေ ထွက်လာခဲ့တယ်။ ကြိမ်ပိုင်တွေရိုက်တဲ့ဒဏ်ကို ခံနိုင်တဲ့ မိကြာအေးက ဒီတစ်ခါမှာတော့ ဘယ်လိုမှမနေနိုင်တော့ပဲ
“ ငါထွက်တော့မယ် ငါထွက်တော့မယ် ပူတယ် ပူတယ် မနေနိုင်ဘူး ဟိုသုံးယောက်က ဘာမှ မဖြစ်ပဲ ဘာလို့ငါကပဲပူနေရတာလဲ ငါ့ကိုပြန်ပေးထွက်ပါတော့ “
“ နေဦး ထွက်လို့မရသေးဘူး နင်ထွက်သွားတာနဲ့ ကောင်မလေးက သေမှာငါသိနေတယ် ဒါကြောင့် သူမသေအောင် သူ့ဝိဥာဏ်ကိုဖမ်းချုပ်ထားတဲ့နေရာကနေ ပြန်လွှတ်ပေးရမယ် “
“ ငါလွှတ်ပေးလို့မရဘူး မှတ်ကြီးနဲ့ ဘော်တိုးတို့ လွှတ်ပေးမှရမယ် နင်တို့သူ့ကိုပြန်လွှတ်ပေး လိုက် ဒါမှငါထွက်လို့ရမှာ ငရဲမီးလိုပူလိုက်တာ အမ‌လေး ငါမခံစားနိုင်တော့ဘူး”
မိကြာအေးက အော်ဟစ်ပြောဆိုရင်း ညဉ်းညူနေခဲ့တယ်။ အောင်မြတ်သာကတော့ စည်းဝိုင်း ထဲမှာရှိနေတဲ့သူသုံးယောက်ကိုကြည့်ပြီး
“ သင်တို့သုံးယောက်က လာလမ်းအတိုင်းပြန်ပြီး ဒီကောင်မလေးရဲ့ ဝိဉာဥ်ကိုပြန်လွှတ်ပေး လိုက်ပါ သင်တို့သွားမယ့်လမ်းကိုကျုပ်ဖွင့်ပေးထားပေးတယ်” လို့ပြောလိုက်တော့မှ ဝင်ပူးနေတဲ့ လူသုံးယောက်က အရုပ်ကြိုးပြတ်သလိုလဲကျသွားခဲ့တယ်။
ခဏကြာတော့ ပူလောင်မှုဒဏ်ကိုလူးလိမ့်ခံနေရတဲ့ ကောင်မလေးက
“ သူလာနေပြီ ငါထွက်မှရတော့မယ် ငါ့ကိုထွက်ခွင့်ပေးပါတော့ “လို့အသံနက်ကြီးနဲ့ အော်ပါလေရော။
“ ကောင်းပြီ သင်ထွက်နိင်ပြီ သက်ခိုင် အင်းစာရွက်ပြန်ထုတ်လိုက်တော့ “လို့ပြောလိုက်တော့ သက်ခိုင်က အိပ်ယာအောက်က အင်းစာရွက်ကို ဆွဲထုတ်လိုက်တယ်။
အင်းစာရွက်ထုတ်လိုက်တဲ့အချိန်မှာပဲ လူမမာကောင်မလေးက ခွေခနဲလဲကျသွားပြီး သိပ်မကြာခင်မှာပဲ သတိပြန်ရလာကာ
“ ရေ ရေ ရေ ပေးပါ “ ဆိုပြီး တောင်းပါလေရော။
အောင်မြတ်သာတို့လဲ လူမမာကောင်မလေးရဲ့ ပါးစပ်ထဲကို ရေစက်အနည်းငယ်ထည့်ပေး ပြီးချိန်မှာတော့ သတိပြန်ရလာခဲ့တယ်။ အိမ်ရှင်မိန်းမကြီးက လူမမာကောင်မလေးကို ပွေ့ချီပြီး
“ ကျေးဇူးကြီးလှပါတယ်ဆရာတို့ရယ် ဆရာတို့သာမကယ်ရင် သမီးလေးက သေနေလောက်ပြီ ခုနကဝင်ပူးနေတဲ့ မိကြာအေးဆိုတာ အရင်ကဒီနယ်တစ်ဝိုက်မှာ နာမည်ကြီးတဲ့‌ ဗေဒင်ဆရာမတစ်ယောက်ပဲ သူ့နာမည်ပြောတော့ ကျွန်မတို့အတော်အံ့သြသွားကြတာ သူက ဘယ်လိုဖြစ်ပြီး ကျန်မသမီးလေးကို အခုလိုလုပ်ရတာလဲ “လို့မေးတော့ အောင်မြတ်သာက
“ ကောင်မလေးရဲ့ လိပ်ပြာကအတော်ကိုလှတဲ့အပြင် မမြင်သင့်မမြင်အပ်တဲ့အရာတွေကို မြင်နိုင်စွမ်းလဲရှိတယ်လို့ထင်တယ် “
“ ဟုတ်တယ်ဆရာ ငယ်ငယ်လေးထဲသူ့မှာ ထူးခြားတဲ့အမြင်တွေပါလာတယ် သူများအိမ် အလည်သွားရင်လဲ အိမ်ထဲမှာရှိတဲ့ မကောင်းတဲ့အရာတွေကို သူမြင်ရတယ် အစကတော့ လျောက်ပြောနေတယ်ထင်ရပေမယ့် နောက်ပိုင်းမှာသူပြောတာတွေက အမှန်ဖြစ်နေတတ်တယ်”
“ ပြဿနာကအဲဒီအမြင်ကစတာပဲ ကောင်မလေးက အမြင်အာရုံရှိတော့ မိကြာအေးက သူ့ကို သွေးဆောင်ပြီးဝိဥာဥ်ကိုဖမ်းထိန်းထားလိုက်တာ ပြီးတော့ သူ့နေရာမှအစားဝင်ပြီး ကောင်မလေးရဲ့ သွေးသားတွေကို တစ်ဖြေးဖြေးစားသုံးခဲ့တယ် ဒါကြောင့်ရောဂါရှာမရပဲ တစ်နေ့တစ်ခြား ပိန်လာ တာပေါ့ “
“ ဒါဆိုသူတို့က သမီးလေးကိုထပ်ပြီး ဒုက္ခပေးကြဦးမလားဆရာ ကူညီပါဦး နောက်တစ်ခါဒီလိုမျိုးထပ်မဖြစ်အောင်လုပ်ပေးလို့မရဘူးလားဟင်”
“ စိတ်မပူပါနဲ့ သူသတိရလာရင် ကျုပ်တို့ပေးခဲ့မယ့် အင်းစာရွက်ကို မီးရှို့ပြာချပြီး တိုက်လိုက်တဲ့အခါ အမြင်အာရုံတွေ ပျောက်ကွယ်သွားလိမ့်မယ် အင်းစာရွက်ရဲ့ပြာကြောင့် သူ့ကိုဘယ်သူမှထပ်ပြီး ဒုက္ခပေးလို့မရတော့ပါဘူး”
“ ကျေးဇူးတင်လိုက်တာဆရာတို့ရယ် ဆရာတို့ကိုကျေးဇူးဆပ်တဲ့အနေနဲ့ ကျွန်မ နိုင်သ လောက်ကန်တော့ပါရစေ”
အိမ်ရှင်မိန်းမကြီးစကားကြောင့် အောင်မြတ်သာက လက်ကာပြပြီး
“ မဟုတ်ပါဘူး ကျုပ်တို့က အခကြေးငွေမယူပဲ ဆေးကုပေးတဲ့သူတွေပါ ဒါကြောင့် ကျုပ်တို့ကိုပေးမယ့်အရာကို မရှိတဲ့သူတွေကို ပြန်လှူလိုက်ပါ “လို့ပြောလိုက်တော့ အိမ်ရှင်မိန်းမကြီးက ဆုတွေပေးမေတ္တာတွေပို့ကာ အောင်မြတ်သာတို့ကို ကျေးဇူးတင်ကြောင်း အထပ်ထပ်အခါခါပြောကြားခဲ့တယ်။
အောင်မြတ်သာတို့လဲ လူမမာအိမ်ကနေပြန်ထွက်ပြီး တစ်ပြလောက်ရောက်တော့
“ ဆရာ ဘာဖြစ်လို့ မိကြာအေးနဲ့အပေါင်းအပါတွေကို လွှတ်ပေးလိုက်တာလဲ သူတို့ကို ဒီထက်ပိုပြီး ပညာပေးရမှာ”
မကျေမနပ်ဖြစ်နေတဲ့အသံနဲ့မေးလိုက်တဲ့ တောက်ရရဲ့စကားအဆုံးမှာ အောင်မြတ်သာက
“ မင်းတို့က သူတို့ကို လွှတ်ပေးလိုက်တယ်ထင်နေတာလား “
“ ဆရာလွှတ်ပေးလိုက်တာမဟုတ်ဘူးလား”
“ မဟုတ်ဘူးတောက်ရ အိမ်ပေါ်မှာ ကုတဲ့အခါ ငါတို့ရဲ့ပညာစွမ်းက လူအများကြားထဲမှာ ပိုပြီးထင်‌ပေါ်လာလိမ့်မယ် တစ်ယောက်စကားတစ်ယောက်နားနဲ့ ငါတို့ဘယ်သွားသွား အနောက်ကနေ လိုက်လာကြလိမ့်မယ် ဒါကြောင့် ခေတ္တလွှတ်ပေးလိုက်တာ “
“ ခေတ္တလွှတ်ပေးလိုက်တာဆိုတော့ အပြီးလွှတ်ပေးတာမဟုတ်ဘူးပေါ့နော်ဆရာ”
တောက်ရစကားအဆုံးမှာ အောင်မြတ်သာက စူးရှတောက်ပတဲ့မျက်လုံးအိမ်ကို အဓိပ္ပါယ်ရှိရှိ ကျဉ်းလိုက်ပြီး
“ ဘယ်သူ့ကိုမှထပ်ပြီး ဒုက္ခမပေးနိုင်အောင် ဆုံးမရလိမ့်မယ် မိကြာအေးဆိုတဲ့သရဲမက လူ့ဘဝတုန်းက အောက်လမ်းပညာကို ထဲထဲဝင်ဝင်တတ်မြောက်ခဲ့တဲ့သူဖြစ်တဲ့အတွက် ဝိဥာဥ်ချုပ်နည်းတွေကို အခုဘဝရောက်တဲ့အထိ ပြုလုပ်တတ်နေတာပဲဖြစ်တယ် သူ့ကိုအပြီးတိုင် ဖယ်ရှားမှသာ ဒီနယ်တစ်ဝိုက်အေးချမ်းလိမ့်မယ် အခုတော့ အရိပ်ရတဲ့နေရာတစ်ခုမှာ နားလိုက်ကြရအောင်” လို့ပြောပြီး ထွက်သွားခဲ့တယ်။
သက်ခိုင်နဲ့တောက်ရက ဒီအတိုင်းလွှတ်ပေးလိုက်ရပြီထင်ပြီး မျက်နှာမသာမယာဖြစ်နေရာ ကနေ ချက်ချင်းဆိုသလို တက်ကြွသွားပြီး နားခိုလို့ရမယ့်နေရာရှာဖို့အရှေ့ကနေ ခပ်သုတ်သုတ် ထွက်သွားခဲ့ကြတယ်။ သိပ်မကြာခင်အချိန်မှာတော့ အရိပ်အာဝါသကောင်းတဲ့ ကုက္ကိုပင်တစ်ပင် အောက်ကိုရောက်လာခဲ့တယ်။

အောင်မြတ်သာကတော့ ကုက္ကိုပင်ခြေရင်းမှာဝင်ထိုင်လိုက်ပြီး လွယ်အိတ်ထဲကနေ ရုပ်ထု တစ်ခုကိုဆွဲထုတ်လိုက်ပြီး
“ ဒီအရုပ်ကို ကရင်ပြည်နယ်၊ မုလအိတောင်မှာ အဓိဌာန်ဝင်တုန်းက ရခဲ့တာ “လို့ပြောကာ သက်ခိုင်နဲ့တောက်ရအရှေ့ကိုချပေးလိုက်တယ်။
သက်ခိုင်နဲ့တောက်ရလဲ အောင်မြတ်သာချပေးတဲ့အရုပ်ကိုသေချာကြည့်လိုက်ပြီး
“ ဒီအရုပ်က ပျိုမြစ်နုနယ်တဲ့နတ်နဂါးလုလင်ပျိုတစ်ယောက်ပုံကို ထုထားတာနဲ့တူနေတယ် နောက်ပြီး အရုပ်က မဲနက်တောက်ပြောင်နေတာ မသိရင် မီးသွေးခဲတစ်ခဲကို ပန်းပုထုထားတာနဲ့ အတော်တူတာပဲ”
“ ဟုတ်တယ် ဒီအရုပ်က နတ်နဂါးအနွယ်ဝင်တို့ စောင့်ရှောက်တဲ့ ကျွန်းနက်သားကို လောကီ အစီအရင်တွေနဲ့ ရှေးဆရာကြီးတွေကထုလုပ်ခဲ့တာပဲ”
“ ကျွန်းနက်ဆိုတာက ဘယ်လိုသစ်မျိုးလဲဆရာ သဘာဝအတိုင်းမဲနက်နေတဲ့ ကျွန်းပင်ကို ဆိုလိုတာလား”
“ မဟုတ်ဘူးသက်ခိုင် ကျွန်းနက်ဆိုတာ မြေအောက်ရေအောက်မှာ နှစ်ပေါင်းများစွာ မြုပ်နေတဲ့ ကျွန်းသစ်လုံးတွေကိုပြောတာ ဒီလိုကျွန်းနက်စစ်စစ်ကို ပဌာန်းဆက်ပါတဲ့သူတွေကမှ ပိုင်ဆိုင် တတ်ကြတယ် “
“ ကျွန်းနက်စစ်မစစ်ကိုရော ဘယ်လိုစမ်းသပ်လို့ရလဲဆရာ အချို့သစ်တွေထဲမှာလဲ မဲနက်နေတဲ့ သစ်တွေရှိတာ ကျွန်တော်လဲမြင်ဖူးတယ်”
“ ကျွန်းနက်စစ်မစစ်စမ်းသပ်တဲ့နည်း နှစ်နည်းရှိတယ် ပထမနည်းက ကျွန်းနက်သား အနည်းငယ်ကိုမီးရှို့ပြာချရင် ရွှေရောင်ပြာအချို့ရလိမ့်မယ် ဒုတိယနည်းက ရလာတဲ့ရွှေရောင်ပြာကို သံလိုက်နဲ့ကပ်ရင် ပြာတွေက သံလိုက်မှာ လာပြီးကပ်ညိနေလိမ့်မယ် အဲဒီနှစ်ချက်နဲ့တိုက်ဆိုင် စစ်ဆေးလို့ပြည့်စုံရင် ကျွန်းနက်စစ်စစ်ကိုရပြီပေါ့”
“ ဒါဆိုဒီအရုပ်လေးက ကျွန်းနက်စစ်စစ်နဲ့ ထုလုပ်ထားတဲ့ ရုပ်ထုလေးပေါ့”
“ ဟုတ်တယ် ဒီအရုပ်ကို တောက်ရက ထိန်းသိမ်းပြီး စေခိုင်းနိုင်အောင်ကြိုးစားကြည့်ပါ”
အောင်မြတ်သာကစကားပြောနေရင်း တောက်ရလက်ထဲကို နဂါးလုလင်ပျိုရုပ်ထုလေးကို ထည့်ပေးလိုက်တယ်။ တောက်ရကလဲ အောင်မြတ်သာပေးတဲ့ ရုပ်ထုလေးကို လက်ပေါ်တင်လိုက်တဲ့ အခါမှာတော့ ရုပ်ထုဆီကနေ တုန်ခါမှုတစ်ခုကိုခံစားလိုက်ရတယ်။
“ ဆရာ ဆရာ ဒီရုပ်ထုလေးကအသက်ဝင်နေသလိုပဲ ကျွန်တော့်လက်ပေါ်မှာ ယိမ်းထိုးပြီး လှုပ်ရှားနေတယ်လို့ခံစားနေရတယ်”
တောက်ရစကားကိုကြားတော့ အောင်မြတ်သာက
“ ဒီအရုပ်မှာစောင့်ရှောက်တဲ့ ပုဂ္ဂိုလ်တွေက မင်းကိုနှစ်သက်လို့ဖြစ်မှာပေါ့ကွာ “လို့ပြောပြီး ကုက္ကိုပင်အနောက်ဘက်ကိုထွက်သွားခဲ့တယ်။
တောက်ရလဲ အောင်မြတ်သာပေးခဲ့တဲ့ ရုပ်ထုလေးကိုကြည့်ပြီး ညနေစောင်းမယ့် အချိန်ကို စောင့်မျှော်နေရင်း မှေးခနဲအိပ်ပျော်သွားချိန်မှာတော့ လက်ထဲမှာကိုင်ထားတဲ့ ကျွန်းနက်ရုပ်ထု လေးကအသက်ဝင်လာပြီး သက်ခိုင်ရဲ့ လက်မောင်းကို ဆွဲကိုင်ကာ
“ ဆရာ ဆရာ ထပါဦး ထပါဦး” ဆိုပြီး လှုပ်နှိုးနေခဲ့တယ်။
တောက်ရလဲ လက်မောင်းကိုဆွဲလှုပ်ပြီး နှိုးနေတဲ့အသံကြောင့် လန့်နိုးလာချိန်မှာတော့ နီညိုရောင်အဝတ်အစားကိုဝတ်ထားတဲ့ အသက်တစ်ဆယ့်ခြောက်နှစ်အရွယ် လူငယ် တစ်ယောက်ကို မြင်လိုက်ရပြီး
“ မင်း မင်းကဘယ်သူလဲ “
“ ကျုပ်နာမည်က စန္ဒပါ ဆရာမှာ ကျုပ်တို့မျိုးဆက်တွေနဲ့ပတ်သတ်တဲ့ ပဌာန်းဆက်အချို့ကို ခံစားနေရတယ် ဒါကြောင့်ကျုပ်အရုပ်ထဲကထွက်လာပြီး အကူအညီလာတောင်းတာပါ”
“ ဟင် ဒါဆိုရင် မင်းက ကျွန်းနက်ရုပ်ထုထဲက ထွက်လာတာလား”
“ ဟုတ်ပါတယ်ဆရာ ကျုပ်က ကျွန်းနက်ရုပ်ထုထဲမှာနေတာပါ ဆရာကျုပ်တို့ကိုကူညီပါဦး”
“ ငါကဘာကူညီရမှာလဲ အခုညနေတောင် ရိုင်းစိုင်းတဲ့သရဲမတစ်ကောင်ကို ဆုံးမရဦးမယ်”
“ ဆရာတို့ကျုပ်တို့မျိုးနွယ်ကို ကူညီမယ်လို့ကတိပေးရင် ကျုပ်ကိုလိုသလိုစေခိုင်းနိုင်ပါတယ် ကျုပ်ဆရာတို့ကိုကူညီပေးပါ့မယ်”
“ ဟင်း မင်းနဲ့တော့ခက်ပြီး ကဲပြော ငါတို့ကဘယ်လိုကူညီရမလဲ”
“ ကျိုက္ခမီရေလယ်ဘုရားရဲ့ တောင်ဘက်စွန်းစွန်းမှာ ကျုပ်တို့မျိုးနွယ်တွေနေတဲ့ အငူမော်တစ်ခု ရှိတယ် အငူမော်ရဲ့အောက်မှာတော့ လပြည့်နေ့တိုင်း ကျိုက္ခမီရေလယ်ဘုရားကို နို့ဆွမ်းဆက်ကပ်ရတဲ့ နဂါးမျိုးနွယ်စုတစ်စုနေထိုင်တယ်ဆရာ အခုတော့ လူတစ်စုက သူတို့နေတဲ့ အငူမော်ကို ဖြိုပြီး သိုက်စေတီတစ်ဆူတည်ဖို့လုပ်နေတယ်ဆရာ သိုက်စေတီတည်တဲ့သူကလဲ အရမ်းစွမ်းတာမို့ ဆရာတို့ကူညီမှရပါမယ် ကျုပ်တို့မျိုးနွယ်တွေကို ကယ်တင်ပေးပါဆရာ “
လူငယ်လေးရဲ့အကူညီတောင်းခံမှုအပြီးမှုတော့ မျက်စိရှေ့ကနေရုတ်ချည်းပျောက်ကွယ် သွားပြီးအသံကလဲ ဝေးသထက်ဝေးကွာသွားခဲ့တယ်။
“ တောက်ရ ညနေစောင်းနေပြီ ထတော့ “ ဆိုပြီးခေါ်နှိုးလိုက်တဲ့ သက်ခိုင်ရဲ့အသံကြောင့် အိပ်မောကျနေရာကနေ လန့်နိုးလာခဲ့ပြီးအရှေ့မှာထိုင်နေတဲ့ အောင်မြတ်သာနားကိုသွားကာ
“ ဆရာ အိမ်မက်ထဲမှာ ရုပ်ထုထဲကနေ လူငယ်တစ်ယောက်ထွက်လာပြီး ကျွန်‌တော်ကို အကူအညီလာတောင်းတယ် “
“ မင်းကိုအကူအညီလာတောင်းတယ်ဆိုတာ မင်းနဲ့ပဌာန်းဆက်ပါလို့ဖြစ်လိမ့်မယ် ဒီကိစ္စ ပြီးရင် မင်းရဲ့အခန်းကဏ္ဍကအရေးကြီးလာလိမ့်မယ်တောက်ရ အခုတော့ လူသူရှင်းတဲ့နေရာတစ်ခု ကိုသွားပြီး မနက်ကအမှုကိုအရင်ဖြတ်ကြတာပေါ့”
အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရလဲ လွယ်အိတ်ကိုယ်စီလွယ်ကာ လူသူအရောက်ပေါက်နည်းတဲ့ ကွင်းစပ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။ ကွင်းစပ်ကိုရောက်တော့ အောင်မြတ်သာ၊ သက်ခိုင်နဲ့ တောက်ရက ဖိုခနောက်ဆိုင်နေရာယူလိုက်ပြီး
“ ပွင့်လေပြီးသောဘုရားလေးဆူတို့ရဲ့အမိန့်တော် အင်းတော်ကြီးဂိုဏ်းကိုစောင့်ရှောက်နေတဲ့ အဖဆရာကြီးများရဲ့အမိန့်တော်၊ စတုမဟာရာဇ်နတ်မင်းကြီးလေးပါးရဲ့အမိန့်တော်၊ ငါ အောင်မြတ်သာ၏အမိန့်တော်နဲ့ ဆင့်ခေါ်လိုက်သည် မိကြာအေးဆိုတဲ့သရဲမနဲ့ အပေါင်းအပါများ ငါ၏ရှေ့မှောက်သို့ မဆိုင်းမတွပဲ အမြန်ရောက်လာစေ” လို့အမိန့်ပြန်ကာ မြေကြီးပေါ်ကို အင်းစာရွက်တစ်ရွက်ပစ်ချလိုက်တယ်ဆိုရင်ပဲ နားနှစ်ဘက်ကိုလက်နဲ့ပိတ်ပြီး ပြေးလာနေကြတဲ့ မိကြာအေးနဲ့ သူ့အပေါင်းအပါတွေကို မြင်လိုက်ရတယ်။
“ ကျုပ်တားထားတဲ့ စည်းထဲကိုအရောက်ဝင်လာစေ ဝင်ပြီးသည့်သူမှန်သမျှ ကျုပ်အမိန့်မရပဲ အပြင်ကိုခြေတစ်လှမ်းမှမထွက်စေရ စည်းဝိုင်းအပြင်ဘက်မှာ ဆူးတင်းပုတ်ကိုင်ဆောင်ထားတဲ့ ယက္ခလေးပါးက အစဉ်တိုင်းစောင့်ကြပ်စေ”
အောင်မြတ်သာက ပြေးလာနေတဲ့ မိကြာအေးတို့အဖွဲ့ကို စည်းထဲမှာပိတ်ချလိုက်တဲ့အချိန် မှာတော့
“ ငါတို့နားစည်တွေကွဲတော့မယ် နင်ကငါတို့ကိုခေါ်ပြီး ဘာလုပ်မလို့လဲ”
မိကြာအေးရဲ့စကားကိုကြားတော့ ဘေးမှာရပ်နေတဲ့ သက်ခိုင်က
“ ဟဲ့ အရိုင်းစိုင်းမ ဆရာက နင့်ကိုသက်ညှာထားလို့ နင်အခုချိန်ထိရှိနေတာ ကျေးဇူးရှင်ကို ကျေးဇူးမတင်ပဲ လာရိုင်းစိုင်းနေတယ် ဒီအမျိုးယုတ်မရဲ့ နံဟောင်နေတဲ့ပါးစပ်ကို လှံချိတ်နဲ့ဖြဲပြီး အဝီစိငရဲက မီး‌တောက်နဲ့မြိုက်စမ်း ပူလောင်မှုဒဏ်ကိုကျုပ်မရပ်ခိုင်းမချင်း ခံစားရစေသား”လို့ အမိန့်ပြန်လိုက်တဲ့အချိန်မှာတော့ မြေကြီးအောက်ထဲကနေ နီရဲနေတဲ့ကိုယ်ခန္ဓာရှိတဲ့ လူထွားကြီး နှစ်ယောက်ထွက်လာပြီး တစ်ယောက်က ပါးစပ်ကို သံချိတ်နဲ့ချိတ်ဆွဲကာ တစ်ယောက်က လက်မှာ ကိုင်လာတဲ့ မီးခဲရဲရဲတွေကို ထိုးထည့်ပါလေရော”
“ အား ဝူး ဝလူး ဝလူး ဖူး ပူ ပူ ပူ တယ် အူးးးးးး”
မိကြာအေးခံစားနေရတာကိုမြင်တော့ အပေါင်းအပါသရဲသုံးကောင်က
“ ကျုပ်တို့မှားပါတယ် နောက်မလုပ်ရဲတော့ပါဘူး အားလုံးကို မိကြာအေး လုပ်ခိုင်းလို့ လုပ်ရတာပါ ကျုပ်တို့နောက်တစ်ခါ သူတစ်ပါးထိခိုက်အောင်လုပ်ရင် ပြာအတိကျပြီး လောင်ကျွမ်းပါစေလို့ သစ္စာဆိုပါတယ်” ဆိုပြီး ကြောက်လန့်တကြားထအော်ပါလေရော။
အောင်မြတ်သာကတော့ ကြောက်လန့်တစ်ကြားဖြစ်နေတဲ့ သရဲသုံးကောင်ကိုကြည့်ပြီး
“ မင်းတို့ပြောတဲ့အတိုင်းလုပ်မယ်ဆိုရင် ငါခွင့်လွှတ်ပေးမယ် သက်ခိုင် သူ့ကိုလွှတ်ပေးလိုက်တော့”
သက်ခိုင်လဲ အောင်မြတ်သာစကားကြောင့် မိကြာအေးကို လွှတ်ပေးလိုက်ပြီး
“ နင် ထပ်ပြီးရိုင်းဦးမလား ငါ့ဆရာကို ရှိခိုးပြီးတောင်းပန်မလား”လို့မေးလိုက်တော့ မိကြာအေးက
“ ငါ့က အသက်သာအသေခံမယ် နင်တို့လိုအထက်လမ်းဆရာတွေကို ဘယ်တော့မှ အောက်မကျို့ဘူးဟေ့ နင်တို့နှိပ်စက်သမျှ ငါခံမယ် ငါလွတ်သွားခဲ့ရင်လဲ လူတွေကိုပြုစားပြီး သူတို့ရဲ့ သွေးကိုအရသာရှိရှိသောက်ဦးမယ်ဟေ့”လို့ကြိမ်းဝါးလိုက်တယ်။
အောင်မြတ်သာကတော့ မိကြာအေးရဲ့ကြိမ်းဝါးသံကိုကြားတော့ အခြားတစ်နေရာကို မျက်နှာလွှဲကာ ခပ်ထေ့ထေ့ပြုံးလိုက်ပြီး
“ ဒါဖြင့်လဲ သင့်ကိုဖျောင်းဖျမနေတာ့ပါဘူး အခုကစပြီး သင်ပြုစားခဲ့တဲ့လူတွေခံစားရသလို သင်ကိုပေးခံစားကြည့်မယ် “လို့ပြောကာ ရှစ်ကွက်အင်းစာရွက်တစ်ရွက်ကို ကောင်းကင်ပေါ် ပစ်တင်လိုက်တယ်ဆိုရင်ပဲ အင်းစာရွက်က အစိတ်စိတ်အမွှာအမွှာလွင့်ကျဲသွားပြီး စက်ဝိုင်း ပုံသဏ္ဍာန်အပေါက်တစ်ခုပေါ်လာခဲ့တယ်။
မိကြာအေးလဲ ကောင်းကင်မှာပေါ်လာတဲ့ စက်ဝိုင်းပုံအပေါက်ကို ကြည့်နေတဲ့အချိန်
“ ထိုးကြ ခုတ်ကြ သတ်ကြဟေ့ “ဆိုတဲ့အသံနဲ့အတူ ခက်ရင်းခွလက်နက်တွေ ကိုင်ဆောင် ထားတဲ့ မြင်းစစ်သည်တော်တွေ ပေါ်လာခဲ့တယ်။
မြင်းစစ်သည်တော်တွေရဲ့ နဖူးမှာတော့ ရွှေမှင်ရောင်ဆေးနဲ့ထိုးထားတဲ့ အင်းစမကွက်တွေပါနေပြီး မျက်နှာတွေက သနားမှုကြင်နာမှုကင်းမဲ့နေတဲ့အလား စည်းဝိုင်းထဲမှာ ရှိနေတဲ့ မိကြာအေးရဲ့ကိုယ်ခန္ဓာကို ခက်ရင်းခွတွေနဲ့ အချက်ပေါင်းများစွာထိုးနှက်ခဲ့ကြတယ်။
မြင်းစစ်သည်တော်တွေထိုးလိုက်တဲ့ ခက်ရင်းခွဒဏ်ကြောင့် မိကြာအေးရဲ့ ကိုယ်ခန္ဓာက ဇကာပေါက်လိုဖြစ်သွားပြီး သွေးစိမ်းရှင်ရှင်တွေ ပန်းထွက်လာခဲ့တယ်။
“ ငါ ငါ မခံစားနိုင်တော့ဘူး ငါ့ကိုသတ်ချင်သတ်လိုက်တော့ နင့်ကိုတော့ မတောင်းပန်နိုင်ဘူး “
ထိုးခုတ်ရာတွေနဲ့ အလူးအလဲဖြစ်နေတဲ့ မိကြာအေးက မာန်မလျော့ပဲ ပြောလိုက်တဲ့အချိန်မှာတော့ အောင်မြတ်သာက
“ ဟင်းးးး သဗ္ဗေသတ္တာကမ္မတကာပါ မိကြာအေး သင့်သွားရမယ့်လမ်းကို သင်ကိုယ်တိုင် ရွေးချယ်ခဲ့တာပဲလေ” လို့ရေရွတ်ကာ မျက်နှာလွှဲလိုက်တယ်။ အဲဒီအချိန်မှာပဲ မိုးကောင်းကင် တစ်ခုလုံးရုတ်တရက်မှိုင်းညို့လာပြီး
“ ဂျိမ်းးးး” ဆိုတဲ့အသံနဲ့အတူ အဖြူရောင်အလင်းတန်းက မိကြာအေးဆီကို ထိုးကျလာခဲ့တယ်။
ကျယ်လောင်လှတဲ့မိုးကြိုးပစ်သံကြောင့် သက်ခိုင်နဲ့ တောက်ရတို့ နားနှစ်ဖက်ကို လက်နဲ့ ပိတ်လိုက်ပြီး မိကြာအေးကိုကြည့်လိုက်တဲ့အချိန်မှာတော့ စည်းထဲမှာ မိကြာအေးကို မတွေ့ရ တော့ပဲ ညိုပုတ်နေတဲ့ပြာမှုန်အချို့ကိုသာတွေ့လိုက်ရတယ်။ အဲဒီတော့မှ သက်ခိုင်နဲ့ တောက်ရလဲ အခြေအနေအရပ်ရပ်ကို နားလည်သွားပြီး
“ ဒီလောက်ခေါင်းမာတဲ့သရဲ အခုမှကြုံဖူးတယ် “လို့သက်ပြင်းချကာ ညီးတွားလိုက်မိတယ်။
အောင်မြတ်သာတို့လဲ အမှားကိုသိခဲ့တဲ့ သရဲသုံးကောင်ကို နောက်နောင် ခုနှစ်ရက်သားသမီး တွေကို ထိခိုက်နာကျင်အောင်ပြုစားပါက ပြာအတိလောင်မီးကျစေဆိုတဲ့ သစ္စာကိုပြုစေခဲ့တယ်။ ကိစ္စအားလုံးပြီးစီးသွားချိန်မှာတော့ ညိုမှိုင်းနေတဲ့ ကောင်းကင်ကြီးက ပြန်လည်တောက်ပလာခဲ့ပြီး ဝင်းပနေတဲ့ လကလဲ တိမ်မှောင်ကင်းစွာထွန်းလင်းလာခဲ့တယ်။
အောင်မြတ်သာတို့ ဆရာတပည့်တွေကရဲ့ခြေလှမ်းတွေကတော့ ဆားငန်းနံ့သင်းသင်းလေး ရနေတဲ့ ပင်လယ်ပြင်ရှိရာဘက်ကို ဦးတည်နေကြတယ်ဆိုတာ စာဖတ်သူတွေသိပြီးလောက်ပြီထင် ပါတယ်။
နောက်ဝတ္တုမှာတော့ အောင်မြတ်သာ၊ သက်ခိုင်နဲ့ တောက်ရတို့သုံးယောက်က နဂါးမျိုးနွယ်တွေနေထိုင်တဲ့ အငူမော်မပျက်စီးအောင် ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာကို အောင်မြတ်သာနှင့် ဂဠုန်နဂါးရေမှာနားဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

#ညမဖတ်

ေအာင္ျမတ္သာႏွင့္ေသြးစားသရဲမ

ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြ အေမွာင္ထုကို ျဖတ္ေက်ာ္ၿပီး တစ္ညလုံးနီးပါး ခရီးဆက္ခဲ့ၾကရာ မနက္အာ႐ုဏ္တက္ခ်ိန္ေရာက္ေတာ့ လူတစ္ဖက္ခန႔္ႀကီးတဲ့ ထန္းပင္တစ္ပင္ ရွိတဲ့ေနရာကို ေရာက္လာခဲ့တယ္။ ေအာင္ျမတ္သာတို႔လဲ ထန္းပင္ေဘးမွာ ေဖာက္ထားတဲ့လူ သြားလမ္းအတိုင္း ဆက္ေလ်ာက္လာခဲ့ရာ ေျခလွမ္းႏွစ္ရာေလာက္ ေလ်ာက္ၿပီးတဲ့အခ်ိန္မွာေတာ့ ဆီမီးခြက္ေတြထြန္းထားတဲ့ အိမ္တစ္အိမ္ကို ျမင္လိုက္ရတယ္။
အိမ္ရဲ႕အေရွ႕မွာေတာ့ ငိုတဲ့သူက ငိုေနၿပီး အခ်ိဳ႕က်ေတာ့ အေခါင္း႐ိုက္ဖို႔ သစ္ျပားေတြကို စုပုံ ထားတာကို မလွမ္းမကမ္းကေန ေတြ႕လိုက္ရတယ္။
ေအာင္ျမတ္သာတို႔လဲ မီးထြန္းထားတဲ့ အိမ္ရဲ႕တံစက္ၿမိတ္ေအာက္ကိုေရာက္တာနဲ႔ အသက္ငင္ေနတဲ့ လူမမာက ခ်က္ခ်င္းဆိုသလို ငုတ္တုတ္ထထိုင္ၿပီး
“ သူတို႔ကို ေမာင္းထုတ္လိုက္ အိမ္ထဲမေပးဝင္နဲ႔ “လို႔ အသံနက္နဲ႔ ေအာ္ဟစ္ပါေလေရာ။
ေသလုဆဲဆဲလူမမာတစ္ေယာက္က ႐ုတ္တရက္ေအာ္ဟစ္လိုက္တဲ့အသံေၾကာင့္ အိမ္ေပၚမွာ ရွိေနၾကတဲ့ လူနာေစာင့္ေတြအားလုံး လန႔္ျဖန႔္ကာ ဘုရားတတဲ့သူကတ ထြက္ေျပးတဲ့သူကေျပး ျဖစ္ကုန္ၾကတယ္။ ေအာင္ျမတ္သာကေတာ့ သူ႔ကိုမ်က္ေစာင္းထိုးကာ ေစာင့္ေၾကာင့္ထိုင္ၿပီး ၾကည့္ေနတဲ့ လူမမာကိုဂ႐ုမစိုက္ပဲ
“ ဒီလူမမာရဲ႕ ေဆြမ်ိဳးသားခ်င္း တစ္ေယာက္ေလာက္ အိမ္အျပင္ကို ထြက္လာေပးႏိုင္မလား” လို႔ေမးလိုက္ေတာ့ ခပ္ဝဝအမ်ိဳးသမီးတစ္ေယာက္က အိမ္ေပၚကေန ဆင္းလာၿပီး
“ ကြၽန္မက သူ႔ရဲ႕မိခင္ပါ ဘာကိစၥမ်ားရွိလို႔ပါလဲ”
လူမမာရဲ႕မိခင္ျဖစ္သူရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာက အိမ္ေပၚကို တစ္ခ်က္ေဝွ႔ၾကည့္ လိုက္ၿပီး
“ ဘာရယ္ေတာ့မဟုတ္ပါဘူး က်ဳပ္တို႔က ခရီးသြားေတြပါ ဒီနားကျဖတ္သြားရင္း စိတ္ထဲ မသိုးမသန႔္ျဖစ္တာနဲ႔ ဝင္လာခဲ့တာပါ လူမမာပုံစံက သိပ္ၿပီးမမူမမွန္ဘူးဆိုတာေရာ သိၾကရဲ႕လား”
ေအာင္ျမတ္သာစကားေၾကာင့္ လူမမာရဲ႕မိခင္ျဖစ္သူက
“ ဟုတ္ပါတယ္ အရီးတို႔လဲ သတိထားမိတာၾကာၿပီ ဒါေပမယ့္ ဘယ္လိုမွကုလို႔မရတဲ့အဆုံး လက္ေလ်ာ့ထားတာ မေန႔ကလာၾကည့္ေပးတဲ့ဆရာကေတာ့ မရေတာ့ဘူးတဲ့ အလြန္ဆုံခံရင္ တစ္ညပဲဆိုလို႔ လိုအပ္တာေတြအကုန္ျပင္ဆင္ထားတာ”
“ ဒါျဖင့္ရင္ လူနာကို က်ဳပ္တို႔လက္ထဲကို အပ္ေပးႏိုင္မလား အသက္မေသေအာင္ အတတ္ႏိုင္ဆုံးကုေပးပါမယ္”
ေအာင္ျမတ္သာစကားေၾကာင့္ လူနာရဲ႕မိခင္မ်က္ႏွာ ၿပဳံး႐ႊင္သြားၿပီး
“ ရပါတယ္ ရပါတယ္ ၾကည့္ေပးပါ ဆရာတို႔ကို အပ္ပါတယ္ အားလုံးလက္ေလ်ာ့ထားၿပီးမွ အခုလိုစကားၾကားရတာ တကယ္ကိုဝမ္းသာပါတယ္ ဆရာတို႔ အိမ္ေပၚကိုႂကြၾကပါ”
အိမ္ရွင္မိန္းမႀကီးရဲ႕ ဖိတ္ေခၚမႈေၾကာင့္ ေအာင္ျမတ္သာတို႔လဲ ေလွကားရင္းကေန တက္ဖို႔ အလုပ္မွာ
“ သြားးးး ထြက္သြားၾက ငါ့အိမ္ေပၚ မတက္လာၾကနဲ႔ အေမ သူတို႔ကို ဘာလို႔ေခၚလာတာလဲ သြားးးးးး ငါ့ဆီမလာနဲ႔ေနာ္”
အသက္ငင္ေနတဲ့လူမမာရဲ႕အသံက လူေကာင္းတစ္ေယာက္လို မာထန္ၿပီးေဒါသေတြျပည့္လွ်ံ ေနခဲ့တယ္။ အိမ္ေပၚမွာရွိေနတဲ့သူေတြကေတာ့ လူမမာကိုၾကည့္လိုက္ ေအာင္ျမတ္သာတို႔ကို ၾကည့္လိုက္နဲ႔ အံ့ၾသေနတဲ့အခ်ိန္
“ သမီးကို ကုေပးဖို႔ လာတာေလ စိတ္ကိုေလ်ာ့ထားေနာ္ သမီးေကာင္းသြားမယ္လို႔ဆရာ ေတြကေျပာတယ္”
“ ဘာသမီးလဲ ငါနင့္သမီးမဟုတ္ဘူး နင္က ငါမႀကိဳက္တဲ့အရာကိုလုပ္တယ္ ဒီဆရာေတြကို ငါမေခၚခိုင္းပဲ ေခၚလာတာ နင္ငါအေၾကာင္းသိမယ္”
႐ုတ္တရက္ဆိုသလို မိခင္ျဖစ္သူကို နင္နဲ႔ငါနဲ႔ေျပာတဲ့ လူမမာေၾကာင့္ အိမ္ေပၚရွိ လူအားလုံး ဟင္ခနဲ ဟာခနဲျဖစ္သြားတယ္။
“ အားလုံး ေဘးမွာေနေပးၾကပါ ဒီလူနာမွာ မေကာင္းတဲ့အရာတစ္ခုကပ္ေနတဲ့အတြက္ အခုလိုစကားေတြထြက္လာတာပါ”
သက္ခိုင္စကားေၾကာင့္ အိမ္ေပၚမွာရွိေနတဲ့သူေတြအားလုံး အေနာက္ကိုဆုတ္သြားခဲ့ ၾကတယ္။ သက္ခိုင္နဲ႔ေတာက္ရကေတာ့ လူမမာရဲ႕ အိပ္ယာပတ္ပတ္လည္ကို စည္းတားၿပီး ေတာင္ဘက္နဲ႔ ေျမာက္ဘက္မွာထိုင္ခ်လိုက္တယ္။ ေအာင္ျမတ္သာကေတာ့ လူနာရဲ႕အေရွ႕ဘက္မွာ ထိုင္လိုက္ၿပီး မ်က္ႏွာကိုစူးစိုက္ၾကည့္လိုက္တယ္။
အ႐ိုးေပၚအေရတင္ျဖစ္ေနၿပီး ပိန္ခ်ဳံးေနတဲ့လူမမာက ေအာင္ျမတ္သာရဲ႕ မ်က္လုံးေတြကို စူးစိုက္မၾကည့္ရဲေတာ့ပဲ လြတ္ေနတဲ့ေနရာျဖစ္တဲ့ အေနာက္ဘက္ကို ေက်ာေပးကာ လွည့္ထိုင္ လိုက္တယ္။
ေအာင္ျမတ္သာလဲ လူမမာအေျခအေနကိုအကဲခတ္ၿပီးတာနဲ႔ ဘုရားေက်ာင္းေဆာင္ဘက္ကို လွည့္ကာ
“ သုံးေလာကထြဋ္ထား သေဗၺညဳျမတ္စြာဘုရားႏွင့္တကြ သမၼာေဒဝနတ္ေကာင္းနတ္ျမတ္ အေပါင္းတို႔အားလည္းေကာင္း ေက်းဇူးေတာ္ရွင္ ဂိုဏ္းေတာ္ခ်ဳပ္ဆရာေတာ္ႀကီးႏွင့္တကြ ဆရာသခင္အေပါင္းအား ဦးထိပ္ပန္ဆင္ကာ ခြင့္ေတာင္းအပ္ပါတယ္” လို႔ေျပာၿပီး ထိျခင္းငါးပါးႏွင့္ တစ္ကြကန္ေတာ့ကာ ခြင့္ေတာင္းပန္လိုက္တယ္။
ခြင့္ေတာင္းၿပီးတာနဲ႔ လူနာဘက္ကိုလွည့္ကာ
“ ငါရဲ႕အေရွ႕ေရာက္ေနတဲ့ မိန္းကေလးကို ဒုကၡေရာက္ေအာင္ ဝင္ေရာက္ေနရာယူထားတဲ့သူ ငါ့ေမးခြန္းေတြကို အမွန္တိုင္းေျဖရမယ္ အမွန္တိုင္းေျပာရင္ သင္နာက်င္ခံစားမႈကို မခံစားရပဲ သက္ေတာင့္သက္သာေနႏိုင္မွာျဖစ္ၿပီး လိမ္ညာလွည့္ဖ်ားတဲ့စကား တစ္ခြန္းေျပာတိုင္း ႏွလုံးကို အပ္နဲ႔တစ္ခ်က္ထိုးတာခံရမယ္ ထပ္ၿပီးလိမ္ညာၿပီးထြက္ဆိုခဲ့သည္ရွိေသာ္ အပ္ထိုးခ်က္ဆတိုးတက္ ကာနာက်င္မႈကို မရပ္မနားခံစားေစရမယ္ ငါေအာင္ျမတ္သာ ကုသေနတဲ့အခ်ိန္အတြင္း မည္သူ တစ္ဦးတစ္ေယာက္မွစည္းဝိုင္းထဲမဝင္လာေစရ ငါ၏အမိန႔္မရပဲ ဝင္လာခဲ့သည့္ နာနာဘာဝ၊ စုန္း၊ ကေဝ၊ ေအာက္လမ္းမိစာၦအေပါင္း ျပာမႈန္ပင္မက်န္ေစပဲ မီးေလာင္ကြၽမ္းေစသား”လို႔အဓိဌာန္ျပဳ လိုက္တယ္။
ေအာင္ျမတ္သာရဲ႕အဓိဌာန္စကားအဆုံးမွာေတာ့ အိမ္ပတ္ပတ္လည္ကေန ထြက္ေျပးသြား ၾကတဲ့ေျခသံေတြကို အိမ္ေပၚရွိေနတဲ့သူေတြအျပင္ အိမ္ေအာက္မွာရွိေနတဲ့သူေတြပါ အတိုင္းသား ၾကားလိုက္ရတယ္။
လူမမာကေတာ့ ေအာင္ျမတ္သာစကားေတြကို ဂ႐ုမစိုက္ဟန္နဲ႔ ေက်ာေပးကာဒူးနန႔္ၿပီး ေလွာင္ေျပာင္ေနေသးတာကိုလဲ သက္ခိုင္တို႔ျမင္လိုက္ရတယ္။
“ သင္နာမည္ဘယ္လိုေခၚလဲ “
ေအာင္ျမတ္သာရဲ႕တည္ၾကည္ျပတ္သားၿပီး ၾသဇာအျပည့္ပါတဲ့အသံက တိတ္ဆိတ္ေနတဲ့ အ႐ုဏ္တက္ခ်ိန္ကို ေဖာက္ထြက္လာခဲ့တယ္။
“ ငါ့နာမည္ သီတာေအး”
လူမမာက နာမည္ကိုခပ္ျပတ္ျပတ္ေျပာလိုက္ေပမယ့္ သူ႔ရဲ႕မ်က္ႏွာတစ္ခ်က္ မဲ့ခနဲျဖစ္သြားတာကို ေဘးမွာထိုင္ေနၾကတဲ့ သက္ခိုင္နဲ႔ ေတာက္ရတို႔ႏွစ္ေယာက္လုံး ျမင္လိုက္ရတယ္။ ေအာင္ျမတ္သာကေတာ့ ႏႈတ္ခမ္းတြန႔္႐ုံေလာက္ၿပဳံးလိုက္ၿပီး
“ သင္လိမ္လိုက္တဲ့အခ်ိန္ ဘယ္ဘက္ရင္အုံထဲကေန စူးရွတဲ့နာက်င္မႈတစ္ခုကို ခံစားလိုက္ရတယ္မဟုတ္လား ကဲ က်ဳပ္အခုထပ္ေမးမယ္ သင့္နာမည္အမွန္ေျပာပါေစလို႔ ေမွ်ာ္လင့္ ပါတယ္”
ေအာင္ျမတ္သာစကားအဆုံးမွာ ေက်ာေပးၿပီး ထိုင္ေနတဲ့လူမမာက ေအာင္ျမတ္သာဘက္ကို ေျဖးေျဖးခ်င္းလွည့္လာၿပီး
“ ကြၽန္မတကယ္ေျပာတာပါ မလိမ္ပါဘူးရွင္ ကြၽန္မနာမည္သီတာေအးပါ အခုျဖစ္ေနတဲ့ ေရာဂါအေျခအေနေၾကာင့္ စိတ္မၾကည္မလင္ျဖစ္ေနခဲ့မိလို႔ ေျပာမိေျပာရာေျပာခဲ့မိတာပါ “
“ အိမ္း သင္ဆိုသည္မွာလဲ နာက်င္ေနတာကို ႀကိတ္ခံၿပီး လိမ္ေနေသးပါလား က်ဳပ္က သင့္ကို မနာက်င္ေစခ်င္လို႔ ေလ်ာ့ေပါ့ၿပီးလုပ္ေပးခဲ့တယ္ သင္ကေတာ့ က်ဳပ္ရဲ႕သနားမႈကို အခြင့္ေကာင္းယူ ေနပါလား က်ဳပ္ဒီတစ္ခါထပ္ေမးမယ္ ထပ္လိမ္ရင္ ေၾကးလွံတိုင္ကိုင္ထားတဲ့ အင္းေစာင့္ေတြက ဝင္ေရာက္ပူးကပ္ေနသူရဲ႕ ႏွလုံးကိုထုတ္ခ်င္းေပါက္ေအာင္ ထိုးေစ ကာယကံရွင္ကို မည္သို႔ေသာ အေၾကာင္းေၾကာင္းနဲ႔မွ မထိခိုက္ေစရ ကဲ အမိ သင့္နာမည္ဘယ္လိုေခၚလဲ”
လူမမာလဲ ေအာင္ျမတ္သာကိုလိမ္မရမွန္းသိတာနဲ႔ မ်က္ႏွာေၾကာေျပာင္းသြားၿပီး
“ ေစာက္ဆရာေကာင္ေတြ ငါအလုပ္ၿပီးခါနီးမွ ေရာက္လာရတယ္လို႔ ထြီ”
လူမမာက ေအာင္ျမတ္သာကိုၾကည့္ၿပီး ဆဲဆိုကာ တံေတြးနဲ႔လွမ္းေထြးလိုက္တဲ့အခ်ိန္ အိမ္ေခါင္မိုးထုတ္တန္းေပၚကေန ၾကာပြတ္ကိုင္ထားတဲ့ အင္းေစာင့္ႏွစ္ေယာက္ဆင္းလာခဲ့တာကို သက္ခိုင္နဲ႔ ေတာက္ရတို႔ျမင္လိုက္ရတယ္။
ၾကာပြတ္ကိုင္ထားတဲ့ အင္းေစာင့္ႏွစ္ေယာက္က လူမမာရဲ႕ မ်က္ႏွာတည့္တည့္ကို ၾကာပြတ္နဲ႔ တစ္႐ႊမ္း႐ႊမ္းျမည္ေအာင္႐ိုက္ၿပီးဆုံးမပါေလေရာ။
“ ႐ႊမ္း ႐ႊမ္း နင့္လိုေအာက္တန္းစားက ငါတို႔ဆရာကို တံေတြးနဲ႔ေထြးတယ္ေပါ့ေလ ေသစမ္းဟဲ့ ႐ႊမ္း ႐ႊမ္း ႐ႊမ္း”
အင္းေစာင့္ေတြက ၾကာပြတ္နဲ႔႐ိုက္ၿပီးဆုံးမေတာ့ လူမမာက ၾကမ္းေပၚမွာ ေကြးေနေအာင္ လူးလိမ့္ကာ ငယ္သံပါေအာင္ ေအာ္ဟစ္ေနခဲ့တယ္။ အဲဒီအခ်ိန္ အိမ္ေအာက္မွာၾကည့္ေနတဲ့ လူေတြထဲက ေယာက်ၤားတစ္ေယာက္ ႐ုတ္တရက္အိမ္ေပၚေျပးတက္လာၿပီး စည္းဝိုင္းထဲ ဝင္ဖို႔လုပ္တဲ့အခ်ိန္ “ ဝုန္း “ ဆိုတဲ့အသံနဲ႔အတူ အေနာက္ကို ေလးေပခန႔္လႊင့္ထြက္သြားခဲ့တယ္။
ေအာင္ျမတ္သာလဲ လႊင့္ထြက္သြားတဲ့သူကိုၾကည့္ၿပီး
“ ျပႆနာကေတာ့ ရွည္မယ့္ပုံပဲ “လို႔ေရ႐ြတ္ခဲ့တယ္။
စည္းဝိုင္းထဲဝင္လာတဲ့သူကလြင့္ထြက္သြားၿပီး ခဏေနေတာ့ သတိျပန္ရလာၿပီး သူဘာမွ မသိသလိုနဲ႔ ေဘးကလူေတြကို ၾကည့္ေနခဲ့တယ္။
ေအာင္ျမတ္သာလဲ စည္းထဲမွာ ႐ိုက္ခံေနရတဲ့လူမမာရွိရာဘက္ကို လက္ကာျပၿပီး
“ ႐ိုက္တာခဏရပ္လိုက္ပါဦး “လို႔ေျပာလိုက္ေတာ့မွ လူးလိမ့္ေနတာရပ္သြားခဲ့တယ္။
အဲဒီအခ်ိန္ အိမ္ေအာက္မွာ ရွိေနတဲ့သူေတြထဲက လူသုံးေယာက္က ဝူးဝူးဝါးဝါးထျဖစ္ကာ အိမ္ေပၚကို တက္လာခဲ့ၾကတယ္။
ေအာင္ျမတ္သာလဲ တက္လာတဲ့သူေတြကို မ်က္လုံးေဝွ႔ၾကည့္လိုက္ၿပီး
“ ကဲကဲ အေျခအေနေတြက က်ဳပ္ထင္ထားတာထက္ကိုပိုရႈပ္ေထြးေနပါလား အိမ္ေအာက္မွာ ရွိေနတဲ့သူေတြအားလုံး အိမ္ေပၚကိုတက္လာခဲ့ၾက ေအာက္မွာေနခဲ့လို႔ တစ္ခုခုျဖစ္သြားရင္ က်ဳပ္လဲ မတတ္ႏိုင္ဘူး” လို႔ေျပာလိုက္ေတာ့မွ အိမ္ေအာက္မွာရွိေနတဲ့လူေတြအားလုံး အိမ္ေပၚကို တက္လာခဲ့ၾကတယ္။
“ အသိစိတ္ရွိတဲ့သူေတြအားလုံး တစ္ေနရာထဲစုၿပီးထိုင္ၾက သက္ခိုင္က သူတို႔အားလုံးရဲ႕ ပတ္လည္ကို စည္းတားၿပီး မဆိုင္တဲ့သူေတြမဝင္ႏိုင္ေအာင္ လုပ္ေပးပါ ေတာက္ရကေတာ့ ဝင္ပူးေနတဲ့သူသုံးေယာက္ကို အိမ္ေအာက္မဆင္းေျပးႏိုင္ေအာင္ အိမ္ပတ္ပတ္လည္ကို စည္းတားေပးပါ “
ေအာင္ျမတ္သာစကားအဆုံးမွာ သက္ခိုင္နဲ႔ ေတာက္ရက ထိုင္ေနတဲ့ေနရာကေန ထၿပီး လူေတြနဲ႔ အိမ္ပတ္လည္ကို စည္းတားလိုက္ၾကတယ္။
လူမမာကေတာ့ ေအာင္ျမတ္သာအေရွ႕မွာ ေခြေခြေလးထိုင္ၿပီး တုန္တုန္ရီရီျဖစ္ေနတာ ျမင္ေတာ့
“ သင္အမွန္တိုင္း ေျပာဖို႔အခ်ိန္တန္ၿပီ ထပ္လိမ္ရင္ ဒီထက္ပိုၿပီး နာက်င္ရလိမ့္မယ္ အခုေတာင္ သင္အသည္းခိုက္ေအာင္ နာက်င္ေနရၿပီမဟုတ္လား “
“ ငါအမွန္အတိုင္းေျပာမယ္ နင္ဘာသိခ်င္တာလဲ”
ၾကာပြတ္ကိုင္ထားတဲ့ အင္းေစာင့္ႏွစ္ေယာက္က ေအာင္ျမတ္သာကို ငါနဲ႔ေျပာရမလားဆိုၿပီး ႐ိုက္ဖို႔႐ြယ္လိုက္တဲ့အခ်ိန္
“ မ႐ိုက္နဲ႔ေတာ့ သူေျပာတတ္သလိုေျပာပါေစ “လို႔အမိန႔္ေပးလိုက္ေတာ့မွ အင္းေစာင့္ႏွစ္ေယာက္လဲ အ႐ိုအေသေပးကာ ေပ်ာက္ကြယ္သြားၾကတယ္။ အင္းေစာင့္ေတြ ေပ်ာက္သြားေတာ့မွ ေအာင္ျမတ္သာက လူမမာရဲ႕ မ်က္ႏွာကိုစူးစိုက္ၾကည့္ၿပီး
“ သင့္နာမည္ဘယ္လိုေခၚလဲ “
“ ငါ့နာမည္က မိၾကာေအး”
“ သင္ဒီထဲကိုဘာလို႔ေရာက္ေနတာလဲ သင္ဘာလိုခ်င္လို႔လဲ”
“ ငါေသြးဆာတယ္ အပ်ိဳစင္ရဲ႕ေသြးကိုေသာက္ရတာ အရသာရွိတယ္ ဒါေၾကာင့္ ဒီေကာင္မေလးရဲ႕ကိုယ္ထဲဝင္ေနတာ”
“ သင္လဲ သူတစ္ပါးကိုဒုကၡေပးထားတာၾကာၿပီဆိုေတာ့ က်ဳပ္ကပဲ ေမတၱာရပ္ခံပါတယ္ ဒီေကာင္မေလးရဲ႕ ကိုယ္ထဲကေနထြက္သြားေပးပါ သင့္ကိုနာက်င္ေအာင္ မလုပ္ပါဘူး”
ေအာင္ျမတ္သာရဲ႕စကားအဆုံးမွာ ေဘးမွာရွိေနတဲ့ လူသုံးေယာက္က ဟက္ဟက္ပက္ပက္ ရယ္ၿပီး
“ သူထြက္လို႔မရဘူး သူနဲ႔ငါတို႔က အေပးအယူလုပ္ထားတာ ဒီေကာင္မေလးရဲ႕ ေသြးကို သူစားၿပီးရင္ ငါတို႔က သူ႔ရဲ႕အသားနဲ႔ အတြင္းကလီစာေတြကို စားဖို႔က်န္ေသးတယ္ သူထြက္လို႔မရဘူး ဒီေကာင္မေလးက ေသကိုေသရမယ္” လို႔ေျပာတာၾကားေတာ့ ေအာင္ျမတ္သာတို႔မွအပ က်န္တဲ့သူေတြအကုန္ ေၾကာက္လန႔္ကုန္တယ္။
“ ကဲ ဒါျဖင့္လဲ ႀကိဳးပိုင္ေတြက အဲဒီသုံးေယာက္ကို ငါ့အေရွ႕ကို ႀကိဳးနဲ႔တုပ္ၿပီးေခၚလာခဲ့ “
ေအာင္ျမတ္သာအမိန႔္ေပးသံအဆုံးမွာ ေဘးကစည္းဝိုင္းထဲမွာရွိေနတဲ့ လူသုံးေယာက္က လက္ျပန္ႀကိဳးတုပ္ခံထိတဲ့ဟန္နဲ႔ ေအာင္ျမတ္သာအေရွ႕ကို ေရာက္လာခဲ့တယ္။
“ဒီနားတစ္ဝိုက္မွာေနတဲ့သူေတြကို နင္တို႔ေလးေယာက္ ဘယ္ေလာက္အထိ ဒုကၡေပးခဲ့ ၿပီးၿပီလဲ အတိတ္ဘဝက အကုသိုလ္အက်ိဳးေၾကာင့္ ဒီလိုမေကာင္းတဲ့ခႏၶာကို ပိုင္ဆိုင္ထားတာေတာင္ အသိတရားမရေသးပါလား “
“ အဟီးအဟီး ဟက္ဟက္ဟက္ မိၾကာေအး နင္ကေတာ့ ေသြးဝေအာင္ေသာက္ၿပီးၿပီေနာ္ ငါတို႔ကမစားရေသးဘူး နင့္တာဝန္နင္ၿပီးေအာင္လုပ္ သူမ်ားေျပာတာ နားမေယာင္ေနနဲ႔ “
“ သူကစြမ္းတယ္ ငါ့ကို႐ိုက္ထားတာပဲၾကည့္ တစ္ကိုယ္လုံးအရႈိးရာေတြႀကီးပဲ ဒါေပမယ့္ ငါတို႔က အသားနာတဲ့ဒဏ္ကို ခံႏိုင္ရည္ရွိတာ သူတို႔မသိတာပဲ ဟက္ဟက္ဟက္”
သက္ခိုင္နဲ႔ေတာက္ရကေတာ့ ေအာင္ျမတ္သာကိုအေရွ႕မွာထားၿပီး မခန႔္ေလးစားလုပ္ေနတဲ့ နာနာဘာဝေတြကိုၾကည့္ၿပီး ေဒါသတစ္ေထာင္းေထာင္းထြက္ကာ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားလိုက္တယ္။ ေအာင္ျမတ္သာကေတာ့ ေဒါသထြက္ေနတဲ့ သက္ခိုင္နဲ႔ ေတာက္ရကို စိတ္ကို ထိန္းဖို႔လက္နဲ႔အခ်က္ျပလိုက္ၿပီး
“ သင္တို႔ကဒီေလာက္စားခ်င္ေသာက္ခ်င္ေနမွေတာ့ က်ဳပ္ကလဲ ဆႏၵကိုလိုက္ေလ်ာေပး ရတာေပါ့ အစကေတာ့ သင္တို႔ကို မနာက်င္ေစခ်င္လို႔ အတတ္ႏိုင္ဆုံးေလ်ာ့ေပါ့ၿပီး ဆုံးမခဲ့ေပမယ့္ သင္တို႔ကအသိတရားလုံးလုံးမရၾကေပဘူးပဲ ဒါေၾကာင့္ ဒီပတ္ဝန္းက်င္မွာ သင္တို႔ကို စံျပျဖစ္ေအာင္ လုပ္ျပမွရေတာ့မယ္ သက္ခိုင္နဲ႔ေတာက္ရ ဒီကေလးမအိပ္တဲ့ အိပ္ယာေအာက္မွာ ရွစ္ကြက္အင္း တစ္႐ြက္ထည့္ထားလိုက္ပါ သူကပဲ ကိုယ္ထဲမွာေနႏိုင္မလား လာတဲ့ေနရာကိုျပန္ေျပးမလား ၾကည့္ရေအာင္” လို႔ေျပာလိုက္ေတာ့ သက္ခိုင္က လြယ္အိတ္ထဲမွာ အသင့္ပါတဲ့ ရွစ္ကြက္အင္း စာ႐ြက္ တစ္႐ြက္ကိုထုတ္ကာ အိပ္ယာေအာက္ထဲထိုးထည့္လိုက္တယ္။
အင္းစာ႐ြက္ထည့္ၿပီးတဲ့အခ်ိန္မွာေတာ့ ဝင္ပူးေနတဲ့ ေကာင္မေလးရဲ႕ကိုယ္ လႈပ္လႈပ္႐ြ႐ြ ျဖစ္လာၿပီး ေခြၽးေစးေတြ ထြက္လာခဲ့တယ္။ ႀကိမ္ပိုင္ေတြ႐ိုက္တဲ့ဒဏ္ကို ခံႏိုင္တဲ့ မိၾကာေအးက ဒီတစ္ခါမွာေတာ့ ဘယ္လိုမွမေနႏိုင္ေတာ့ပဲ
“ ငါထြက္ေတာ့မယ္ ငါထြက္ေတာ့မယ္ ပူတယ္ ပူတယ္ မေနႏိုင္ဘူး ဟိုသုံးေယာက္က ဘာမွ မျဖစ္ပဲ ဘာလို႔ငါကပဲပူေနရတာလဲ ငါ့ကိုျပန္ေပးထြက္ပါေတာ့ “
“ ေနဦး ထြက္လို႔မရေသးဘူး နင္ထြက္သြားတာနဲ႔ ေကာင္မေလးက ေသမွာငါသိေနတယ္ ဒါေၾကာင့္ သူမေသေအာင္ သူ႔ဝိဥာဏ္ကိုဖမ္းခ်ဳပ္ထားတဲ့ေနရာကေန ျပန္လႊတ္ေပးရမယ္ “
“ ငါလႊတ္ေပးလို႔မရဘူး မွတ္ႀကီးနဲ႔ ေဘာ္တိုးတို႔ လႊတ္ေပးမွရမယ္ နင္တို႔သူ႔ကိုျပန္လႊတ္ေပး လိုက္ ဒါမွငါထြက္လို႔ရမွာ ငရဲမီးလိုပူလိုက္တာ အမ‌ေလး ငါမခံစားႏိုင္ေတာ့ဘူး”
မိၾကာေအးက ေအာ္ဟစ္ေျပာဆိုရင္း ညဥ္းညဴေနခဲ့တယ္။ ေအာင္ျမတ္သာကေတာ့ စည္းဝိုင္း ထဲမွာရွိေနတဲ့သူသုံးေယာက္ကိုၾကည့္ၿပီး
“ သင္တို႔သုံးေယာက္က လာလမ္းအတိုင္းျပန္ၿပီး ဒီေကာင္မေလးရဲ႕ ဝိဉာဥ္ကိုျပန္လႊတ္ေပး လိုက္ပါ သင္တို႔သြားမယ့္လမ္းကိုက်ဳပ္ဖြင့္ေပးထားေပးတယ္” လို႔ေျပာလိုက္ေတာ့မွ ဝင္ပူးေနတဲ့ လူသုံးေယာက္က အ႐ုပ္ႀကိဳးျပတ္သလိုလဲက်သြားခဲ့တယ္။
ခဏၾကာေတာ့ ပူေလာင္မႈဒဏ္ကိုလူးလိမ့္ခံေနရတဲ့ ေကာင္မေလးက
“ သူလာေနၿပီ ငါထြက္မွရေတာ့မယ္ ငါ့ကိုထြက္ခြင့္ေပးပါေတာ့ “လို႔အသံနက္ႀကီးနဲ႔ ေအာ္ပါေလေရာ။
“ ေကာင္းၿပီ သင္ထြက္နိင္ၿပီ သက္ခိုင္ အင္းစာ႐ြက္ျပန္ထုတ္လိုက္ေတာ့ “လို႔ေျပာလိုက္ေတာ့ သက္ခိုင္က အိပ္ယာေအာက္က အင္းစာ႐ြက္ကို ဆြဲထုတ္လိုက္တယ္။
အင္းစာ႐ြက္ထုတ္လိုက္တဲ့အခ်ိန္မွာပဲ လူမမာေကာင္မေလးက ေခြခနဲလဲက်သြားၿပီး သိပ္မၾကာခင္မွာပဲ သတိျပန္ရလာကာ
“ ေရ ေရ ေရ ေပးပါ “ ဆိုၿပီး ေတာင္းပါေလေရာ။
ေအာင္ျမတ္သာတို႔လဲ လူမမာေကာင္မေလးရဲ႕ ပါးစပ္ထဲကို ေရစက္အနည္းငယ္ထည့္ေပး ၿပီးခ်ိန္မွာေတာ့ သတိျပန္ရလာခဲ့တယ္။ အိမ္ရွင္မိန္းမႀကီးက လူမမာေကာင္မေလးကို ေပြ႕ခ်ီၿပီး
“ ေက်းဇူးႀကီးလွပါတယ္ဆရာတို႔ရယ္ ဆရာတို႔သာမကယ္ရင္ သမီးေလးက ေသေနေလာက္ၿပီ ခုနကဝင္ပူးေနတဲ့ မိၾကာေအးဆိုတာ အရင္ကဒီနယ္တစ္ဝိုက္မွာ နာမည္ႀကီးတဲ့‌ ေဗဒင္ဆရာမတစ္ေယာက္ပဲ သူ႔နာမည္ေျပာေတာ့ ကြၽန္မတို႔အေတာ္အံ့ၾသသြားၾကတာ သူက ဘယ္လိုျဖစ္ၿပီး က်န္မသမီးေလးကို အခုလိုလုပ္ရတာလဲ “လို႔ေမးေတာ့ ေအာင္ျမတ္သာက
“ ေကာင္မေလးရဲ႕ လိပ္ျပာကအေတာ္ကိုလွတဲ့အျပင္ မျမင္သင့္မျမင္အပ္တဲ့အရာေတြကို ျမင္ႏိုင္စြမ္းလဲရွိတယ္လို႔ထင္တယ္ “
“ ဟုတ္တယ္ဆရာ ငယ္ငယ္ေလးထဲသူ႔မွာ ထူးျခားတဲ့အျမင္ေတြပါလာတယ္ သူမ်ားအိမ္ အလည္သြားရင္လဲ အိမ္ထဲမွာရွိတဲ့ မေကာင္းတဲ့အရာေတြကို သူျမင္ရတယ္ အစကေတာ့ ေလ်ာက္ေျပာေနတယ္ထင္ရေပမယ့္ ေနာက္ပိုင္းမွာသူေျပာတာေတြက အမွန္ျဖစ္ေနတတ္တယ္”
“ ျပႆနာကအဲဒီအျမင္ကစတာပဲ ေကာင္မေလးက အျမင္အာ႐ုံရွိေတာ့ မိၾကာေအးက သူ႔ကို ေသြးေဆာင္ၿပီးဝိဥာဥ္ကိုဖမ္းထိန္းထားလိုက္တာ ၿပီးေတာ့ သူ႔ေနရာမွအစားဝင္ၿပီး ေကာင္မေလးရဲ႕ ေသြးသားေတြကို တစ္ေျဖးေျဖးစားသုံးခဲ့တယ္ ဒါေၾကာင့္ေရာဂါရွာမရပဲ တစ္ေန႔တစ္ျခား ပိန္လာ တာေပါ့ “
“ ဒါဆိုသူတို႔က သမီးေလးကိုထပ္ၿပီး ဒုကၡေပးၾကဦးမလားဆရာ ကူညီပါဦး ေနာက္တစ္ခါဒီလိုမ်ိဳးထပ္မျဖစ္ေအာင္လုပ္ေပးလို႔မရဘူးလားဟင္”
“ စိတ္မပူပါနဲ႔ သူသတိရလာရင္ က်ဳပ္တို႔ေပးခဲ့မယ့္ အင္းစာ႐ြက္ကို မီးရႈိ႕ျပာခ်ၿပီး တိုက္လိုက္တဲ့အခါ အျမင္အာ႐ုံေတြ ေပ်ာက္ကြယ္သြားလိမ့္မယ္ အင္းစာ႐ြက္ရဲ႕ျပာေၾကာင့္ သူ႔ကိုဘယ္သူမွထပ္ၿပီး ဒုကၡေပးလို႔မရေတာ့ပါဘူး”
“ ေက်းဇူးတင္လိုက္တာဆရာတို႔ရယ္ ဆရာတို႔ကိုေက်းဇူးဆပ္တဲ့အေနနဲ႔ ကြၽန္မ ႏိုင္သ ေလာက္ကန္ေတာ့ပါရေစ”
အိမ္ရွင္မိန္းမႀကီးစကားေၾကာင့္ ေအာင္ျမတ္သာက လက္ကာျပၿပီး
“ မဟုတ္ပါဘူး က်ဳပ္တို႔က အခေၾကးေငြမယူပဲ ေဆးကုေပးတဲ့သူေတြပါ ဒါေၾကာင့္ က်ဳပ္တို႔ကိုေပးမယ့္အရာကို မရွိတဲ့သူေတြကို ျပန္လႉလိုက္ပါ “လို႔ေျပာလိုက္ေတာ့ အိမ္ရွင္မိန္းမႀကီးက ဆုေတြေပးေမတၱာေတြပို႔ကာ ေအာင္ျမတ္သာတို႔ကို ေက်းဇူးတင္ေၾကာင္း အထပ္ထပ္အခါခါေျပာၾကားခဲ့တယ္။
ေအာင္ျမတ္သာတို႔လဲ လူမမာအိမ္ကေနျပန္ထြက္ၿပီး တစ္ျပေလာက္ေရာက္ေတာ့
“ ဆရာ ဘာျဖစ္လို႔ မိၾကာေအးနဲ႔အေပါင္းအပါေတြကို လႊတ္ေပးလိုက္တာလဲ သူတို႔ကို ဒီထက္ပိုၿပီး ပညာေပးရမွာ”
မေက်မနပ္ျဖစ္ေနတဲ့အသံနဲ႔ေမးလိုက္တဲ့ ေတာက္ရရဲ႕စကားအဆုံးမွာ ေအာင္ျမတ္သာက
“ မင္းတို႔က သူတို႔ကို လႊတ္ေပးလိုက္တယ္ထင္ေနတာလား “
“ ဆရာလႊတ္ေပးလိုက္တာမဟုတ္ဘူးလား”
“ မဟုတ္ဘူးေတာက္ရ အိမ္ေပၚမွာ ကုတဲ့အခါ ငါတို႔ရဲ႕ပညာစြမ္းက လူအမ်ားၾကားထဲမွာ ပိုၿပီးထင္‌ေပၚလာလိမ့္မယ္ တစ္ေယာက္စကားတစ္ေယာက္နားနဲ႔ ငါတို႔ဘယ္သြားသြား အေနာက္ကေန လိုက္လာၾကလိမ့္မယ္ ဒါေၾကာင့္ ေခတၱလႊတ္ေပးလိုက္တာ “
“ ေခတၱလႊတ္ေပးလိုက္တာဆိုေတာ့ အၿပီးလႊတ္ေပးတာမဟုတ္ဘူးေပါ့ေနာ္ဆရာ”
ေတာက္ရစကားအဆုံးမွာ ေအာင္ျမတ္သာက စူးရွေတာက္ပတဲ့မ်က္လုံးအိမ္ကို အဓိပၸါယ္ရွိရွိ က်ဥ္းလိုက္ၿပီး
“ ဘယ္သူ႔ကိုမွထပ္ၿပီး ဒုကၡမေပးႏိုင္ေအာင္ ဆုံးမရလိမ့္မယ္ မိၾကာေအးဆိုတဲ့သရဲမက လူ႔ဘဝတုန္းက ေအာက္လမ္းပညာကို ထဲထဲဝင္ဝင္တတ္ေျမာက္ခဲ့တဲ့သူျဖစ္တဲ့အတြက္ ဝိဥာဥ္ခ်ဳပ္နည္းေတြကို အခုဘဝေရာက္တဲ့အထိ ျပဳလုပ္တတ္ေနတာပဲျဖစ္တယ္ သူ႔ကိုအၿပီးတိုင္ ဖယ္ရွားမွသာ ဒီနယ္တစ္ဝိုက္ေအးခ်မ္းလိမ့္မယ္ အခုေတာ့ အရိပ္ရတဲ့ေနရာတစ္ခုမွာ နားလိုက္ၾကရေအာင္” လို႔ေျပာၿပီး ထြက္သြားခဲ့တယ္။
သက္ခိုင္နဲ႔ေတာက္ရက ဒီအတိုင္းလႊတ္ေပးလိုက္ရၿပီထင္ၿပီး မ်က္ႏွာမသာမယာျဖစ္ေနရာ ကေန ခ်က္ခ်င္းဆိုသလို တက္ႂကြသြားၿပီး နားခိုလို႔ရမယ့္ေနရာရွာဖို႔အေရွ႕ကေန ခပ္သုတ္သုတ္ ထြက္သြားခဲ့ၾကတယ္။ သိပ္မၾကာခင္အခ်ိန္မွာေတာ့ အရိပ္အာဝါသေကာင္းတဲ့ ကုကၠိဳပင္တစ္ပင္ ေအာက္ကိုေရာက္လာခဲ့တယ္။

ေအာင္ျမတ္သာကေတာ့ ကုကၠိဳပင္ေျခရင္းမွာဝင္ထိုင္လိုက္ၿပီး လြယ္အိတ္ထဲကေန ႐ုပ္ထု တစ္ခုကိုဆြဲထုတ္လိုက္ၿပီး
“ ဒီအ႐ုပ္ကို ကရင္ျပည္နယ္၊ မုလအိေတာင္မွာ အဓိဌာန္ဝင္တုန္းက ရခဲ့တာ “လို႔ေျပာကာ သက္ခိုင္နဲ႔ေတာက္ရအေရွ႕ကိုခ်ေပးလိုက္တယ္။
သက္ခိုင္နဲ႔ေတာက္ရလဲ ေအာင္ျမတ္သာခ်ေပးတဲ့အ႐ုပ္ကိုေသခ်ာၾကည့္လိုက္ၿပီး
“ ဒီအ႐ုပ္က ပ်ိဳျမစ္ႏုနယ္တဲ့နတ္နဂါးလုလင္ပ်ိဳတစ္ေယာက္ပုံကို ထုထားတာနဲ႔တူေနတယ္ ေနာက္ၿပီး အ႐ုပ္က မဲနက္ေတာက္ေျပာင္ေနတာ မသိရင္ မီးေသြးခဲတစ္ခဲကို ပန္းပုထုထားတာနဲ႔ အေတာ္တူတာပဲ”
“ ဟုတ္တယ္ ဒီအ႐ုပ္က နတ္နဂါးအႏြယ္ဝင္တို႔ ေစာင့္ေရွာက္တဲ့ ကြၽန္းနက္သားကို ေလာကီ အစီအရင္ေတြနဲ႔ ေရွးဆရာႀကီးေတြကထုလုပ္ခဲ့တာပဲ”
“ ကြၽန္းနက္ဆိုတာက ဘယ္လိုသစ္မ်ိဳးလဲဆရာ သဘာဝအတိုင္းမဲနက္ေနတဲ့ ကြၽန္းပင္ကို ဆိုလိုတာလား”
“ မဟုတ္ဘူးသက္ခိုင္ ကြၽန္းနက္ဆိုတာ ေျမေအာက္ေရေအာက္မွာ ႏွစ္ေပါင္းမ်ားစြာ ျမဳပ္ေနတဲ့ ကြၽန္းသစ္လုံးေတြကိုေျပာတာ ဒီလိုကြၽန္းနက္စစ္စစ္ကို ပဌာန္းဆက္ပါတဲ့သူေတြကမွ ပိုင္ဆိုင္ တတ္ၾကတယ္ “
“ ကြၽန္းနက္စစ္မစစ္ကိုေရာ ဘယ္လိုစမ္းသပ္လို႔ရလဲဆရာ အခ်ိဳ႕သစ္ေတြထဲမွာလဲ မဲနက္ေနတဲ့ သစ္ေတြရွိတာ ကြၽန္ေတာ္လဲျမင္ဖူးတယ္”
“ ကြၽန္းနက္စစ္မစစ္စမ္းသပ္တဲ့နည္း ႏွစ္နည္းရွိတယ္ ပထမနည္းက ကြၽန္းနက္သား အနည္းငယ္ကိုမီးရႈိ႕ျပာခ်ရင္ ေ႐ႊေရာင္ျပာအခ်ိဳ႕ရလိမ့္မယ္ ဒုတိယနည္းက ရလာတဲ့ေ႐ႊေရာင္ျပာကို သံလိုက္နဲ႔ကပ္ရင္ ျပာေတြက သံလိုက္မွာ လာၿပီးကပ္ညိေနလိမ့္မယ္ အဲဒီႏွစ္ခ်က္နဲ႔တိုက္ဆိုင္ စစ္ေဆးလို႔ျပည့္စုံရင္ ကြၽန္းနက္စစ္စစ္ကိုရၿပီေပါ့”
“ ဒါဆိုဒီအ႐ုပ္ေလးက ကြၽန္းနက္စစ္စစ္နဲ႔ ထုလုပ္ထားတဲ့ ႐ုပ္ထုေလးေပါ့”
“ ဟုတ္တယ္ ဒီအ႐ုပ္ကို ေတာက္ရက ထိန္းသိမ္းၿပီး ေစခိုင္းႏိုင္ေအာင္ႀကိဳးစားၾကည့္ပါ”
ေအာင္ျမတ္သာကစကားေျပာေနရင္း ေတာက္ရလက္ထဲကို နဂါးလုလင္ပ်ိဳ႐ုပ္ထုေလးကို ထည့္ေပးလိုက္တယ္။ ေတာက္ရကလဲ ေအာင္ျမတ္သာေပးတဲ့ ႐ုပ္ထုေလးကို လက္ေပၚတင္လိုက္တဲ့ အခါမွာေတာ့ ႐ုပ္ထုဆီကေန တုန္ခါမႈတစ္ခုကိုခံစားလိုက္ရတယ္။
“ ဆရာ ဆရာ ဒီ႐ုပ္ထုေလးကအသက္ဝင္ေနသလိုပဲ ကြၽန္ေတာ့္လက္ေပၚမွာ ယိမ္းထိုးၿပီး လႈပ္ရွားေနတယ္လို႔ခံစားေနရတယ္”
ေတာက္ရစကားကိုၾကားေတာ့ ေအာင္ျမတ္သာက
“ ဒီအ႐ုပ္မွာေစာင့္ေရွာက္တဲ့ ပုဂၢိဳလ္ေတြက မင္းကိုႏွစ္သက္လို႔ျဖစ္မွာေပါ့ကြာ “လို႔ေျပာၿပီး ကုကၠိဳပင္အေနာက္ဘက္ကိုထြက္သြားခဲ့တယ္။
ေတာက္ရလဲ ေအာင္ျမတ္သာေပးခဲ့တဲ့ ႐ုပ္ထုေလးကိုၾကည့္ၿပီး ညေနေစာင္းမယ့္ အခ်ိန္ကို ေစာင့္ေမွ်ာ္ေနရင္း ေမွးခနဲအိပ္ေပ်ာ္သြားခ်ိန္မွာေတာ့ လက္ထဲမွာကိုင္ထားတဲ့ ကြၽန္းနက္႐ုပ္ထု ေလးကအသက္ဝင္လာၿပီး သက္ခိုင္ရဲ႕ လက္ေမာင္းကို ဆြဲကိုင္ကာ
“ ဆရာ ဆရာ ထပါဦး ထပါဦး” ဆိုၿပီး လႈပ္ႏႈိးေနခဲ့တယ္။
ေတာက္ရလဲ လက္ေမာင္းကိုဆြဲလႈပ္ၿပီး ႏႈိးေနတဲ့အသံေၾကာင့္ လန႔္ႏိုးလာခ်ိန္မွာေတာ့ နီညိဳေရာင္အဝတ္အစားကိုဝတ္ထားတဲ့ အသက္တစ္ဆယ့္ေျခာက္ႏွစ္အ႐ြယ္ လူငယ္ တစ္ေယာက္ကို ျမင္လိုက္ရၿပီး
“ မင္း မင္းကဘယ္သူလဲ “
“ က်ဳပ္နာမည္က စႏၵပါ ဆရာမွာ က်ဳပ္တို႔မ်ိဳးဆက္ေတြနဲ႔ပတ္သတ္တဲ့ ပဌာန္းဆက္အခ်ိဳ႕ကို ခံစားေနရတယ္ ဒါေၾကာင့္က်ဳပ္အ႐ုပ္ထဲကထြက္လာၿပီး အကူအညီလာေတာင္းတာပါ”
“ ဟင္ ဒါဆိုရင္ မင္းက ကြၽန္းနက္႐ုပ္ထုထဲက ထြက္လာတာလား”
“ ဟုတ္ပါတယ္ဆရာ က်ဳပ္က ကြၽန္းနက္႐ုပ္ထုထဲမွာေနတာပါ ဆရာက်ဳပ္တို႔ကိုကူညီပါဦး”
“ ငါကဘာကူညီရမွာလဲ အခုညေနေတာင္ ႐ိုင္းစိုင္းတဲ့သရဲမတစ္ေကာင္ကို ဆုံးမရဦးမယ္”
“ ဆရာတို႔က်ဳပ္တို႔မ်ိဳးႏြယ္ကို ကူညီမယ္လို႔ကတိေပးရင္ က်ဳပ္ကိုလိုသလိုေစခိုင္းႏိုင္ပါတယ္ က်ဳပ္ဆရာတို႔ကိုကူညီေပးပါ့မယ္”
“ ဟင္း မင္းနဲ႔ေတာ့ခက္ၿပီး ကဲေျပာ ငါတို႔ကဘယ္လိုကူညီရမလဲ”
“ က်ိဳကၡမီေရလယ္ဘုရားရဲ႕ ေတာင္ဘက္စြန္းစြန္းမွာ က်ဳပ္တို႔မ်ိဳးႏြယ္ေတြေနတဲ့ အငူေမာ္တစ္ခု ရွိတယ္ အငူေမာ္ရဲ႕ေအာက္မွာေတာ့ လျပည့္ေန႔တိုင္း က်ိဳကၡမီေရလယ္ဘုရားကို ႏို႔ဆြမ္းဆက္ကပ္ရတဲ့ နဂါးမ်ိဳးႏြယ္စုတစ္စုေနထိုင္တယ္ဆရာ အခုေတာ့ လူတစ္စုက သူတို႔ေနတဲ့ အငူေမာ္ကို ၿဖိဳၿပီး သိုက္ေစတီတစ္ဆူတည္ဖို႔လုပ္ေနတယ္ဆရာ သိုက္ေစတီတည္တဲ့သူကလဲ အရမ္းစြမ္းတာမို႔ ဆရာတို႔ကူညီမွရပါမယ္ က်ဳပ္တို႔မ်ိဳးႏြယ္ေတြကို ကယ္တင္ေပးပါဆရာ “
လူငယ္ေလးရဲ႕အကူညီေတာင္းခံမႈအၿပီးမႈေတာ့ မ်က္စိေရွ႕ကေန႐ုတ္ခ်ည္းေပ်ာက္ကြယ္ သြားၿပီးအသံကလဲ ေဝးသထက္ေဝးကြာသြားခဲ့တယ္။
“ ေတာက္ရ ညေနေစာင္းေနၿပီ ထေတာ့ “ ဆိုၿပီးေခၚႏႈိးလိုက္တဲ့ သက္ခိုင္ရဲ႕အသံေၾကာင့္ အိပ္ေမာက်ေနရာကေန လန႔္ႏိုးလာခဲ့ၿပီးအေရွ႕မွာထိုင္ေနတဲ့ ေအာင္ျမတ္သာနားကိုသြားကာ
“ ဆရာ အိမ္မက္ထဲမွာ ႐ုပ္ထုထဲကေန လူငယ္တစ္ေယာက္ထြက္လာၿပီး ကြၽန္‌ေတာ္ကို အကူအညီလာေတာင္းတယ္ “
“ မင္းကိုအကူအညီလာေတာင္းတယ္ဆိုတာ မင္းနဲ႔ပဌာန္းဆက္ပါလို႔ျဖစ္လိမ့္မယ္ ဒီကိစၥ ၿပီးရင္ မင္းရဲ႕အခန္းက႑ကအေရးႀကီးလာလိမ့္မယ္ေတာက္ရ အခုေတာ့ လူသူရွင္းတဲ့ေနရာတစ္ခု ကိုသြားၿပီး မနက္ကအမႈကိုအရင္ျဖတ္ၾကတာေပါ့”
ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္နဲ႔ေတာက္ရလဲ လြယ္အိတ္ကိုယ္စီလြယ္ကာ လူသူအေရာက္ေပါက္နည္းတဲ့ ကြင္းစပ္ဘက္ကိုထြက္လာခဲ့လိုက္တယ္။ ကြင္းစပ္ကိုေရာက္ေတာ့ ေအာင္ျမတ္သာ၊ သက္ခိုင္နဲ႔ ေတာက္ရက ဖိုခေနာက္ဆိုင္ေနရာယူလိုက္ၿပီး
“ ပြင့္ေလၿပီးေသာဘုရားေလးဆူတို႔ရဲ႕အမိန႔္ေတာ္ အင္းေတာ္ႀကီးဂိုဏ္းကိုေစာင့္ေရွာက္ေနတဲ့ အဖဆရာႀကီးမ်ားရဲ႕အမိန႔္ေတာ္၊ စတုမဟာရာဇ္နတ္မင္းႀကီးေလးပါးရဲ႕အမိန႔္ေတာ္၊ ငါ ေအာင္ျမတ္သာ၏အမိန႔္ေတာ္နဲ႔ ဆင့္ေခၚလိုက္သည္ မိၾကာေအးဆိုတဲ့သရဲမနဲ႔ အေပါင္းအပါမ်ား ငါ၏ေရွ႕ေမွာက္သို႔ မဆိုင္းမတြပဲ အျမန္ေရာက္လာေစ” လို႔အမိန႔္ျပန္ကာ ေျမႀကီးေပၚကို အင္းစာ႐ြက္တစ္႐ြက္ပစ္ခ်လိုက္တယ္ဆိုရင္ပဲ နားႏွစ္ဘက္ကိုလက္နဲ႔ပိတ္ၿပီး ေျပးလာေနၾကတဲ့ မိၾကာေအးနဲ႔ သူ႔အေပါင္းအပါေတြကို ျမင္လိုက္ရတယ္။
“ က်ဳပ္တားထားတဲ့ စည္းထဲကိုအေရာက္ဝင္လာေစ ဝင္ၿပီးသည့္သူမွန္သမွ် က်ဳပ္အမိန႔္မရပဲ အျပင္ကိုေျခတစ္လွမ္းမွမထြက္ေစရ စည္းဝိုင္းအျပင္ဘက္မွာ ဆူးတင္းပုတ္ကိုင္ေဆာင္ထားတဲ့ ယကၡေလးပါးက အစဥ္တိုင္းေစာင့္ၾကပ္ေစ”
ေအာင္ျမတ္သာက ေျပးလာေနတဲ့ မိၾကာေအးတို႔အဖြဲ႕ကို စည္းထဲမွာပိတ္ခ်လိုက္တဲ့အခ်ိန္ မွာေတာ့
“ ငါတို႔နားစည္ေတြကြဲေတာ့မယ္ နင္ကငါတို႔ကိုေခၚၿပီး ဘာလုပ္မလို႔လဲ”
မိၾကာေအးရဲ႕စကားကိုၾကားေတာ့ ေဘးမွာရပ္ေနတဲ့ သက္ခိုင္က
“ ဟဲ့ အ႐ိုင္းစိုင္းမ ဆရာက နင့္ကိုသက္ညႇာထားလို႔ နင္အခုခ်ိန္ထိရွိေနတာ ေက်းဇူးရွင္ကို ေက်းဇူးမတင္ပဲ လာ႐ိုင္းစိုင္းေနတယ္ ဒီအမ်ိဳးယုတ္မရဲ႕ နံေဟာင္ေနတဲ့ပါးစပ္ကို လွံခ်ိတ္နဲ႔ၿဖဲၿပီး အဝီစိငရဲက မီး‌ေတာက္နဲ႔ၿမိဳက္စမ္း ပူေလာင္မႈဒဏ္ကိုက်ဳပ္မရပ္ခိုင္းမခ်င္း ခံစားရေစသား”လို႔ အမိန႔္ျပန္လိုက္တဲ့အခ်ိန္မွာေတာ့ ေျမႀကီးေအာက္ထဲကေန နီရဲေနတဲ့ကိုယ္ခႏၶာရွိတဲ့ လူထြားႀကီး ႏွစ္ေယာက္ထြက္လာၿပီး တစ္ေယာက္က ပါးစပ္ကို သံခ်ိတ္နဲ႔ခ်ိတ္ဆြဲကာ တစ္ေယာက္က လက္မွာ ကိုင္လာတဲ့ မီးခဲရဲရဲေတြကို ထိုးထည့္ပါေလေရာ”
“ အား ဝူး ဝလူး ဝလူး ဖူး ပူ ပူ ပူ တယ္ အူးးးးးး”
မိၾကာေအးခံစားေနရတာကိုျမင္ေတာ့ အေပါင္းအပါသရဲသုံးေကာင္က
“ က်ဳပ္တို႔မွားပါတယ္ ေနာက္မလုပ္ရဲေတာ့ပါဘူး အားလုံးကို မိၾကာေအး လုပ္ခိုင္းလို႔ လုပ္ရတာပါ က်ဳပ္တို႔ေနာက္တစ္ခါ သူတစ္ပါးထိခိုက္ေအာင္လုပ္ရင္ ျပာအတိက်ၿပီး ေလာင္ကြၽမ္းပါေစလို႔ သစၥာဆိုပါတယ္” ဆိုၿပီး ေၾကာက္လန႔္တၾကားထေအာ္ပါေလေရာ။
ေအာင္ျမတ္သာကေတာ့ ေၾကာက္လန႔္တစ္ၾကားျဖစ္ေနတဲ့ သရဲသုံးေကာင္ကိုၾကည့္ၿပီး
“ မင္းတို႔ေျပာတဲ့အတိုင္းလုပ္မယ္ဆိုရင္ ငါခြင့္လႊတ္ေပးမယ္ သက္ခိုင္ သူ႔ကိုလႊတ္ေပးလိုက္ေတာ့”
သက္ခိုင္လဲ ေအာင္ျမတ္သာစကားေၾကာင့္ မိၾကာေအးကို လႊတ္ေပးလိုက္ၿပီး
“ နင္ ထပ္ၿပီး႐ိုင္းဦးမလား ငါ့ဆရာကို ရွိခိုးၿပီးေတာင္းပန္မလား”လို႔ေမးလိုက္ေတာ့ မိၾကာေအးက
“ ငါ့က အသက္သာအေသခံမယ္ နင္တို႔လိုအထက္လမ္းဆရာေတြကို ဘယ္ေတာ့မွ ေအာက္မက်ိဳ႕ဘူးေဟ့ နင္တို႔ႏွိပ္စက္သမွ် ငါခံမယ္ ငါလြတ္သြားခဲ့ရင္လဲ လူေတြကိုျပဳစားၿပီး သူတို႔ရဲ႕ ေသြးကိုအရသာရွိရွိေသာက္ဦးမယ္ေဟ့”လို႔ႀကိမ္းဝါးလိုက္တယ္။
ေအာင္ျမတ္သာကေတာ့ မိၾကာေအးရဲ႕ႀကိမ္းဝါးသံကိုၾကားေတာ့ အျခားတစ္ေနရာကို မ်က္ႏွာလႊဲကာ ခပ္ေထ့ေထ့ၿပဳံးလိုက္ၿပီး
“ ဒါျဖင့္လဲ သင့္ကိုေဖ်ာင္းဖ်မေနတာ့ပါဘူး အခုကစၿပီး သင္ျပဳစားခဲ့တဲ့လူေတြခံစားရသလို သင္ကိုေပးခံစားၾကည့္မယ္ “လို႔ေျပာကာ ရွစ္ကြက္အင္းစာ႐ြက္တစ္႐ြက္ကို ေကာင္းကင္ေပၚ ပစ္တင္လိုက္တယ္ဆိုရင္ပဲ အင္းစာ႐ြက္က အစိတ္စိတ္အမႊာအမႊာလြင့္က်ဲသြားၿပီး စက္ဝိုင္း ပုံသ႑ာန္အေပါက္တစ္ခုေပၚလာခဲ့တယ္။
မိၾကာေအးလဲ ေကာင္းကင္မွာေပၚလာတဲ့ စက္ဝိုင္းပုံအေပါက္ကို ၾကည့္ေနတဲ့အခ်ိန္
“ ထိုးၾက ခုတ္ၾက သတ္ၾကေဟ့ “ဆိုတဲ့အသံနဲ႔အတူ ခက္ရင္းခြလက္နက္ေတြ ကိုင္ေဆာင္ ထားတဲ့ ျမင္းစစ္သည္ေတာ္ေတြ ေပၚလာခဲ့တယ္။
ျမင္းစစ္သည္ေတာ္ေတြရဲ႕ နဖူးမွာေတာ့ ေ႐ႊမွင္ေရာင္ေဆးနဲ႔ထိုးထားတဲ့ အင္းစမကြက္ေတြပါေနၿပီး မ်က္ႏွာေတြက သနားမႈၾကင္နာမႈကင္းမဲ့ေနတဲ့အလား စည္းဝိုင္းထဲမွာ ရွိေနတဲ့ မိၾကာေအးရဲ႕ကိုယ္ခႏၶာကို ခက္ရင္းခြေတြနဲ႔ အခ်က္ေပါင္းမ်ားစြာထိုးႏွက္ခဲ့ၾကတယ္။
ျမင္းစစ္သည္ေတာ္ေတြထိုးလိုက္တဲ့ ခက္ရင္းခြဒဏ္ေၾကာင့္ မိၾကာေအးရဲ႕ ကိုယ္ခႏၶာက ဇကာေပါက္လိုျဖစ္သြားၿပီး ေသြးစိမ္းရွင္ရွင္ေတြ ပန္းထြက္လာခဲ့တယ္။
“ ငါ ငါ မခံစားႏိုင္ေတာ့ဘူး ငါ့ကိုသတ္ခ်င္သတ္လိုက္ေတာ့ နင့္ကိုေတာ့ မေတာင္းပန္ႏိုင္ဘူး “
ထိုးခုတ္ရာေတြနဲ႔ အလူးအလဲျဖစ္ေနတဲ့ မိၾကာေအးက မာန္မေလ်ာ့ပဲ ေျပာလိုက္တဲ့အခ်ိန္မွာေတာ့ ေအာင္ျမတ္သာက
“ ဟင္းးးး သေဗၺသတၱာကမၼတကာပါ မိၾကာေအး သင့္သြားရမယ့္လမ္းကို သင္ကိုယ္တိုင္ ေ႐ြးခ်ယ္ခဲ့တာပဲေလ” လို႔ေရ႐ြတ္ကာ မ်က္ႏွာလႊဲလိုက္တယ္။ အဲဒီအခ်ိန္မွာပဲ မိုးေကာင္းကင္ တစ္ခုလုံး႐ုတ္တရက္မႈိင္းညိဳ႕လာၿပီး
“ ဂ်ိမ္းးးး” ဆိုတဲ့အသံနဲ႔အတူ အျဖဴေရာင္အလင္းတန္းက မိၾကာေအးဆီကို ထိုးက်လာခဲ့တယ္။
က်ယ္ေလာင္လွတဲ့မိုးႀကိဳးပစ္သံေၾကာင့္ သက္ခိုင္နဲ႔ ေတာက္ရတို႔ နားႏွစ္ဖက္ကို လက္နဲ႔ ပိတ္လိုက္ၿပီး မိၾကာေအးကိုၾကည့္လိုက္တဲ့အခ်ိန္မွာေတာ့ စည္းထဲမွာ မိၾကာေအးကို မေတြ႕ရ ေတာ့ပဲ ညိဳပုတ္ေနတဲ့ျပာမႈန္အခ်ိဳ႕ကိုသာေတြ႕လိုက္ရတယ္။ အဲဒီေတာ့မွ သက္ခိုင္နဲ႔ ေတာက္ရလဲ အေျခအေနအရပ္ရပ္ကို နားလည္သြားၿပီး
“ ဒီေလာက္ေခါင္းမာတဲ့သရဲ အခုမွႀကဳံဖူးတယ္ “လို႔သက္ျပင္းခ်ကာ ညီးတြားလိုက္မိတယ္။
ေအာင္ျမတ္သာတို႔လဲ အမွားကိုသိခဲ့တဲ့ သရဲသုံးေကာင္ကို ေနာက္ေနာင္ ခုႏွစ္ရက္သားသမီး ေတြကို ထိခိုက္နာက်င္ေအာင္ျပဳစားပါက ျပာအတိေလာင္မီးက်ေစဆိုတဲ့ သစၥာကိုျပဳေစခဲ့တယ္။ ကိစၥအားလုံးၿပီးစီးသြားခ်ိန္မွာေတာ့ ညိဳမႈိင္းေနတဲ့ ေကာင္းကင္ႀကီးက ျပန္လည္ေတာက္ပလာခဲ့ၿပီး ဝင္းပေနတဲ့ လကလဲ တိမ္ေမွာင္ကင္းစြာထြန္းလင္းလာခဲ့တယ္။
ေအာင္ျမတ္သာတို႔ ဆရာတပည့္ေတြကရဲ႕ေျခလွမ္းေတြကေတာ့ ဆားငန္းနံ႔သင္းသင္းေလး ရေနတဲ့ ပင္လယ္ျပင္ရွိရာဘက္ကို ဦးတည္ေနၾကတယ္ဆိုတာ စာဖတ္သူေတြသိၿပီးေလာက္ၿပီထင္ ပါတယ္။
ေနာက္ဝတၱဳမွာေတာ့ ေအာင္ျမတ္သာ၊ သက္ခိုင္နဲ႔ ေတာက္ရတို႔သုံးေယာက္က နဂါးမ်ိဳးႏြယ္ေတြေနထိုင္တဲ့ အငူေမာ္မပ်က္စီးေအာင္ ဘယ္လိုလုပ္ေဆာင္ၾကမလဲဆိုတာကို ေအာင္ျမတ္သာႏွင့္ ဂဠဳန္နဂါးေရမွာနားဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)

#ညမဖတ္

No comments

Post a Comment