အောင်မြတ်သာနှင့်ဆံဖြူ ကဝေမ (စ/ဆုံး)
အောင်မြတ်သာနှင့်ဆံဖြူ ကဝေမ (စ/ဆုံး) အောင်မြတ်သာလဲ မညှာတော့ပဲ လက်ဖဝါးပေါ် ၈ကွက်အင်းဆွဲပီး လက်ဖဝါးနဲ့ကာလိုက်ရုံဖြင့် ထို၈ကွက်အင်းက အောင်မြတ်...
အောင်မြတ်သာနှင့်ဆံဖြူ ကဝေမ (စ/ဆုံး)
အောင်မြတ်သာလဲ မညှာတော့ပဲ လက်ဖဝါးပေါ် ၈ကွက်အင်းဆွဲပီး လက်ဖဝါးနဲ့ကာလိုက်ရုံဖြင့်
ထို၈ကွက်အင်းက အောင်မြတ်သာကို ကာကွယ်ထားသလိုဖြစ်သွားတယ်။
အဆိပ်ငွေ့တွေက ၈ကွက်အင်းနဲ့ထိပြီး.ပျောက်ပျောက်သွားတယ်။
အမယ်အိုလဲ ..
သူရဲ့ပညာအကုန်ထုတ်ပြီး တိုက်လေပြီ။
နွားအတိုက်
ကျွဲအတိုက်
ဘီလူးအတိုက်
အစိမ်းအတိုက်
သို်ပေသော်ငြား အောင်မြတ်သာရဲ့ ငယ်ထိပ်မှာ ဆရာသခင်ဆွဲထားပေးတဲ့ အင်းကြောင့် အတိုက်မှန်သမျှအနားမရောက်ကုန်။
အောင်မြတ်သာတောင်.အံ့သြစေရတဲ့ အတိုက်တစ်ခုကို အမယ်အိုကြီးသုံးလေပီ။
ထိုအတိုက်ကား
သူမနိုင်ရင် သူသေရမည့်အတိုက်
ပညာစမ်းပွဲကား.တစ်ဖြေးဖြေးပြင်းထန်လာတယ်။
အသက်ကိုပါလောင်းကြေးထပ်လိုက်လေပြီ။
အမယ်အိုကြီးရဲ့ တစ်ကိုယ်လုံးအခိုးငွေ့တွေထွက်လာတယ်။
မျက်လုံးတွေနီရဲပီး မျက်လုံးထဲကပါ.အငွေ့တွေ ထွက်လာနေတယ်။
အောင်မြတ်သာ ဒါ လောင်မီးကျင့်စဉ်ပဲ..
အရမ်းအန္တရာယ်များတယ်။ အမေအိုကြီး ဒုက္ခရောက်တော့မယ်။
အောင်မြတ်သာလဲ နောက်ဆုံးအခြေအနေအရ အမေအိုကြီးအသက်အန္တရာယ်ကို.မထိခိုက်အောင် လုပ်ရတော့မယ်။
အောင်မြတ်သာ အချုပ်အင်းကို စရေးပြီ
ထိုအင်းကား မည်သူမျှ လှုပ်မရအောင် ချုပ်သည့် အင်း
အမေအိုကြီး အဝတ်စတွေတောင် မီးလောင်လုဆဲဆဲ
အောင်မြတ်သာလဲ ထိုင်ရာမှထပြီး အမေအိုကြီး ရှိရာ အင်းချပ်ကို.ပစ်လွှတ်လိုက်တယ်။
အင်းချပ်ကား ပိုက်ကွန်သဖွယ်ထွက်လာပြီး အမေအိုကြီးကို.ချုပ်လိုက်လေပီ။
ရုန်းတယ် ချုပ်တယ်
ရုန်းလေ လှုပ်မရလေ
အမေအိုကြီး.ပါးစပ်ကနေထွက်နေတဲ့.အခိုးငွေ့တွေ တစ်ဖြေးဖြေးပျောက်သွားတယ်။
ထိုအင်းမသုံးပါက အမယ်အိုကြီးကိုယ်ကထွက်တဲ့ အခိုးငွေ့တွေ ထိုမှတစ်ဆင့်မီးတွေလောင်တော့မှာ သူကိုယ်သူသေကြောင်းကြံစည်သလို တကယ်လို့ အောင်မြတ်သာကို အဲဒီမီးထိပါက အောင်မြတ်သာ ပြာကျပီ။
လောင်မီးကျင့်စဉ်တောင် ကျင့်ထားတယ်ဆိုထဲက တော်ရုံအစွမ်းမဟုတ်
ထို့ကြောင့် အမယ်အိုအသက်မထိခိုက်အောင် အချုပ်အင်းသုံးပြီး.ထိန်းထားရခြင်းဖြစ်တယ်။
အမေအိုကြီးကတော့ သူ့ကိုချုပ်နိုင်ခဲ့တဲ့ အောင်မြတ်သာကို အံံ့သြတဲ့အကြည့်နဲ့ ကြည့်ပြီး မျက်ရည်တွေ ကျလာခဲ့တယ်။
လူလေး အမေ မှားပီ
လူလေးကိုနိုင်ချင်တဲ့စိတ်ကြောင့် အမေစဉ်းစားဉာဏ်မဲ့လုပ်ခဲ့တယ်။
လူလေးက လူငယ်ပေမယ့် ပညာမငယ်ဘူးဆိုတာ အမေသိသွားပါပီ။
ဒီပညာတွေကိုလဲ အမေမကောင်းတဲ့နေရာမှာ မသုံးတော့ပါဘူး။
ကတိပေးပါတယ်ကွယ်။
ရပါတယ်အမေကြီးရယ်ဆိုပြီး ချုပ်ထားတာ.ပြန်ဖြေပေးလိုက်တော့ အောင်မြတ်သာကို ရှိခိုးဖို့အလုပ်
အမေကြီး ကျွန်တော်ငရဲကြီးပါ့မယ်။
အမေကြီးရွာကို တတ်တဲ့ပညာနဲ့ ကူညီပေးပါလို့ တောင်းဆိုပါတယ်လို့ဆိုတော့ ..
အမယ်အိုကြီးက.ခေါင်းလေးညိမ့်ပြတယ်။
ဆရာကြီးတက္ခကတော့ ပြုံးပြီးကြည့်နေလေရဲ့..
ထို့နောက်.အမေကြီးကိုနှုတ်ဆက်ပြီး လိုရာခရီးကို.ဆက်လက်ထွက်ခွာသွားလေတော့သည်။
လေးစားစွာဖြင့်
ဇေယန (ရာမည)
ေအာင္ျမတ္သာႏွင့္ဆံျဖဴ ကေဝမ (စ/ဆုံး)
ေအာင္ျမတ္သာလဲ မညႇာေတာ့ပဲ လက္ဖဝါးေပၚ ၈ကြက္အင္းဆြဲပီး လက္ဖဝါးနဲ႔ကာလိုက္႐ုံျဖင့္
ထို၈ကြက္အင္းက ေအာင္ျမတ္သာကို ကာကြယ္ထားသလိုျဖစ္သြားတယ္။
အဆိပ္ေငြ႕ေတြက ၈ကြက္အင္းနဲ႔ထိၿပီး.ေပ်ာက္ေပ်ာက္သြားတယ္။
အမယ္အိုလဲ ..
သူရဲ႕ပညာအကုန္ထုတ္ၿပီး တိုက္ေလၿပီ။
ႏြားအတိုက္
ကြၽဲအတိုက္
ဘီလူးအတိုက္
အစိမ္းအတိုက္
သို္ေပေသာ္ျငား ေအာင္ျမတ္သာရဲ႕ ငယ္ထိပ္မွာ ဆရာသခင္ဆြဲထားေပးတဲ့ အင္းေၾကာင့္ အတိုက္မွန္သမွ်အနားမေရာက္ကုန္။
ေအာင္ျမတ္သာေတာင္.အံ့ၾသေစရတဲ့ အတိုက္တစ္ခုကို အမယ္အိုႀကီးသုံးေလပီ။
ထိုအတိုက္ကား
သူမႏိုင္ရင္ သူေသရမည့္အတိုက္
ပညာစမ္းပြဲကား.တစ္ေျဖးေျဖးျပင္းထန္လာတယ္။
အသက္ကိုပါေလာင္းေၾကးထပ္လိုက္ေလၿပီ။
အမယ္အိုႀကီးရဲ႕ တစ္ကိုယ္လုံးအခိုးေငြ႕ေတြထြက္လာတယ္။
မ်က္လုံးေတြနီရဲပီး မ်က္လုံးထဲကပါ.အေငြ႕ေတြ ထြက္လာေနတယ္။
ေအာင္ျမတ္သာ ဒါ ေလာင္မီးက်င့္စဥ္ပဲ..
အရမ္းအႏၲရာယ္မ်ားတယ္။ အေမအိုႀကီး ဒုကၡေရာက္ေတာ့မယ္။
ေအာင္ျမတ္သာလဲ ေနာက္ဆုံးအေျခအေနအရ အေမအိုႀကီးအသက္အႏၲရာယ္ကို.မထိခိုက္ေအာင္ လုပ္ရေတာ့မယ္။
ေအာင္ျမတ္သာ အခ်ဳပ္အင္းကို စေရးၿပီ
ထိုအင္းကား မည္သူမွ် လႈပ္မရေအာင္ ခ်ဳပ္သည့္ အင္း
အေမအိုႀကီး အဝတ္စေတြေတာင္ မီးေလာင္လုဆဲဆဲ
ေအာင္ျမတ္သာလဲ ထိုင္ရာမွထၿပီး အေမအိုႀကီး ရွိရာ အင္းခ်ပ္ကို.ပစ္လႊတ္လိုက္တယ္။
အင္းခ်ပ္ကား ပိုက္ကြန္သဖြယ္ထြက္လာၿပီး အေမအိုႀကီးကို.ခ်ဳပ္လိုက္ေလပီ။
႐ုန္းတယ္ ခ်ဳပ္တယ္
႐ုန္းေလ လႈပ္မရေလ
အေမအိုႀကီး.ပါးစပ္ကေနထြက္ေနတဲ့.အခိုးေငြ႕ေတြ တစ္ေျဖးေျဖးေပ်ာက္သြားတယ္။
ထိုအင္းမသုံးပါက အမယ္အိုႀကီးကိုယ္ကထြက္တဲ့ အခိုးေငြ႕ေတြ ထိုမွတစ္ဆင့္မီးေတြေလာင္ေတာ့မွာ သူကိုယ္သူေသေၾကာင္းႀကံစည္သလို တကယ္လို႔ ေအာင္ျမတ္သာကို အဲဒီမီးထိပါက ေအာင္ျမတ္သာ ျပာက်ပီ။
ေလာင္မီးက်င့္စဥ္ေတာင္ က်င့္ထားတယ္ဆိုထဲက ေတာ္႐ုံအစြမ္းမဟုတ္
ထို႔ေၾကာင့္ အမယ္အိုအသက္မထိခိုက္ေအာင္ အခ်ဳပ္အင္းသုံးၿပီး.ထိန္းထားရျခင္းျဖစ္တယ္။
အေမအိုႀကီးကေတာ့ သူ႔ကိုခ်ဳပ္ႏိုင္ခဲ့တဲ့ ေအာင္ျမတ္သာကို အံံ့ၾသတဲ့အၾကည့္နဲ႔ ၾကည့္ၿပီး မ်က္ရည္ေတြ က်လာခဲ့တယ္။
လူေလး အေမ မွားပီ
လူေလးကိုႏိုင္ခ်င္တဲ့စိတ္ေၾကာင့္ အေမစဥ္းစားဉာဏ္မဲ့လုပ္ခဲ့တယ္။
လူေလးက လူငယ္ေပမယ့္ ပညာမငယ္ဘူးဆိုတာ အေမသိသြားပါပီ။
ဒီပညာေတြကိုလဲ အေမမေကာင္းတဲ့ေနရာမွာ မသုံးေတာ့ပါဘူး။
ကတိေပးပါတယ္ကြယ္။
ရပါတယ္အေမႀကီးရယ္ဆိုၿပီး ခ်ဳပ္ထားတာ.ျပန္ေျဖေပးလိုက္ေတာ့ ေအာင္ျမတ္သာကို ရွိခိုးဖို႔အလုပ္
အေမႀကီး ကြၽန္ေတာ္ငရဲႀကီးပါ့မယ္။
အေမႀကီး႐ြာကို တတ္တဲ့ပညာနဲ႔ ကူညီေပးပါလို႔ ေတာင္းဆိုပါတယ္လို႔ဆိုေတာ့ ..
အမယ္အိုႀကီးက.ေခါင္းေလးညိမ့္ျပတယ္။
ဆရာႀကီးတကၡကေတာ့ ၿပဳံးၿပီးၾကည့္ေနေလရဲ႕..
ထို႔ေနာက္.အေမႀကီးကိုႏႈတ္ဆက္ၿပီး လိုရာခရီးကို.ဆက္လက္ထြက္ခြာသြားေလေတာ့သည္။
ေလးစားစြာျဖင့္
ေဇယန (ရာမည)
No comments
Post a Comment