အောင်မြတ်သာနှင့်ဆေးရည်စိမ်အလောင်းရှာပုံတော်

  အောင်မြတ်သာနှင့်ဆေးရည်စိမ်အလောင်းရှာပုံတော် ++++++++++++++++++++++++++++++++++ ပတ်ဝန်းကျင်က တိတ်ငြိမ်သက်ပြီး မှောင်မိုက်နေပေမယ့် လမ်းသွားလ... thumbnail 1 summary

 အောင်မြတ်သာနှင့်ဆေးရည်စိမ်အလောင်းရှာပုံတော်

++++++++++++++++++++++++++++++++++

ပတ်ဝန်းကျင်က တိတ်ငြိမ်သက်ပြီး မှောင်မိုက်နေပေမယ့် လမ်းသွားလမ်းလာတွေ အနားယူဖို့ဆောက်လုပ်ထား​ပေးတဲ့ ဇရပ်တစ်ခုရဲ့အထဲမှာတော့ ဝင်လေထွက်လေရှုမှတ်တဲ့ လေသံတွေထွက်ပေါ်နေခဲ့တယ်။ ပုံမှန်အချိန်ဆိုရင် အသက်ရှူသံခပ်မျှင်းမျှင်းက ဘာမှမသိလောက်ပေမယ့် ခုလိုတိတ်ဆိတ်တဲ့ ညအချိန်မှာတော့ အနည်းငယ်ကျယ်လောင်နေခဲ့တယ်။

အောင်မြတ်သာနဲ့ မောငကောင်းတို့ကတော့ မိမိတို့ခန္ဓာကိုယ်ကို စိတ်တိုင်းကျပွဲတော်တည်နေတဲ့ တောခြင်ရိုင်းကိုက်တဲ့ဒဏ်တွေကိုတောင်မမှုပဲ သမာဓိကိုသာ ခိုင်သထက်ခိုင်အောင် ကျင့်ကြံနေခဲ့ကြတယ်။

သမာဓိအားအတန်သင့်ကောင်းလာချိန်မှာတော့ ဇရပ်ပေါ်ကို တက်လာတဲ့ခြေသံတစ်ခုကို ရှင်းလင်းပြတ်သားစွာကြားလိုက်ရတယ်။ ဇရပ်ပေါ်တက်လာတဲ့သူက အောင်မြတ်သာတို့ရဲ့အနီးမှာထိုင်လိုက်ပြီး
” ညောင်စောင်းအရပ်မှာရှိတဲ့ ဆေးရည်စိမ်အလောင်းကိုရှာဖို့ဆိုရင် ထွန့်ပအိုင်ရွာလယ်ရေကန်အောက်မှာဖွက်ထားတဲ့ သံသေဓါးကို လက်ဝယ်ရဖို့လိုမယ်၊ သံသေဓါးရတာနဲ့ အလောင်းကိုရှာဖို့ ကူညီသူတွေ ရောက်လာပါလိမ့်မယ်” ဆိုတဲ့အသံသဲ့သဲ့ကိုကြားလိုက်ရတယ်။

အောင်မြတ်သာလဲကြားလိုက်ရတဲ့အသံကို စိတ်ထဲမှတ််ထားပြီး မိမိလုပ်နေတဲ့အမှုကိုပြီးဆုံးအောင် ဆက်လက်လုပ်ဆောင်ခဲ့တယ်။ တရားဖြုတ်ပြီးလို့အမျှတန်းဝေချိန်မှာတော့ ဇရပ်ပေါ်ကနေ သာဓုခေါ်သံအချို့ကို ကြားလိုက်ရပြီး ဘေးနားပတ်ပတ်လည်မှာ ပြေးလွှားနေကြတဲ့ ခြေသံအချို့ကိုလဲကြားလိုက်ရတယ်။

မောင်ကောင်းကတော့ တရားဖြုတ်ပီးတာနဲ့ ဇရပ်အောက်မှာ ထင်းမီးဖိုတစ်ဖိုကိုတည်လိုက်ပြီး အိပ်စက်အနားယူဖို့ပြင်ဆင်နေခဲ့တယ်။ အဲဒီအချိန်
” မောင်ကောင်း မနက်အရုဏ်တက်တာနဲ့ ထွန့်ပအိုင်ရွာကိုသွားကြရအောင်၊ ပစ္စည်းပစ္စယတွေကို ခုညထဲက သိမ်းထားလိုက်ဦး”

” ထွန့်ပအိုင်ရွာဆိုတာက ကားလမ်းဘေးကနေ ကိုးမိုင်လောက်ဝင်ရတဲ့နေရာဖြစ်မယ်၊ ဒီရွာကိုလာတုန်း ခရီးသွားတွေပြောတာကြားလိုက်တယ်ဆရာ၊ ဘာအရေးကိစ္စများရှိနေလို့လဲ”

” ငါတို့ကို အကူအညီတောင်းထားတဲ့ အလောင်းကိစ္စနဲ့စပ်ဆက်နေတယ်လို့ပဲသိထားပါ၊ ထွန့်ပအိုင်ကိုရောက်မှ ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်ရမယ်”

မောင်ကောင်းလဲ အောင်မြတ်သာစကားကို စောဒကမတက်တော့ပဲ မီးဖိုထဲကိုထင်းတုံးတွေပစ်ထည့်ကာ ဇရပ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။

မနက်အရုဏ်တက်ချိန်ရောက်တော့ အောင်မြတ်သာတို့ဆရာတပည့်တွေ ကိုယ်လက်သန့်စင်ပြီး ထွန့်ပအိုင်ရွာဘက်ကိုခရီးထွက်ခဲ့ကြတယ်။ မနက်စောစောဖြစ်တဲ့အတွက် အေးမြတဲ့မြူခိုးမြူငွေ့တွေ လမ်းတစ်လျောက်လုံးဖုံးလွှမ်းနေပြီး ဈေးရောင်းဈးဝယ်သွားကြတဲ့ ဈေးသည်အချို့ကလွဲရင် တစ်လမ်းလးတတ်ဆိတ်ခြောက်ကပ်နေခဲ့တယ်။

” ရှပ် ရှပ် ရှပ်…”
လမ်းလျောက်နေရင်း အနောက်ကနေ လိုက်လာတဲ့ ခြေသံကြောင့် ဆရာတပည့်နှစ်ယောက် လှည့်ကြည့်လိုက်ရာ ဆံပင်တွေကိုမျက်နှာမပေါ်အောင်ဖုံးအုပ်ထားတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

” သင်က ဘယ်သူလဲ… ဘာကြောင့် အနောက်ကနေ တစ်ကောက်ကောက်လိုက်နေလဲဆိုတာပြောပါ”

အောင်မြတ်သာက ပြောခွင့်ပေးလိုက်တော့မှ ဆံပင်တွေအုပ်နေတဲ့မိန်းမက တောင်ဘက်စူးစူးကိုလက်ညိုးထိုးပြီး
” သူတို့တွေဖမ်းသွားကြပီ… သူတို့တွေဖမ်းသွားကြပီ၊ ကျုပ်တို့ပိုင်တဲ့ပစ္စည်းတွေကိုရာဝင်အိုးနဲ့အပြည့်ယူပြီး ထွက်သွားကြပြီ” လို့ပြောကာ တအီအီနဲ့ငိုပါလေရော။

အောင်မြတ်သာလဲ မိန်းမကြီးလက်ညိုးထိုးပြတဲ့ဘက်ကို အာရုံစူးစိုက်ပြီးကြည့်လိုက်ရာ နဂါးပတ်တောင်ဝှေးတစ်ချောင်းကိုင်ထားတဲ့ အဖိုးအိုနဲ့အတူ သက်လတ်ပိုင်းယောင်္ကျားလေးယောက်ကို မြင်လိုက်ရတယ်။ သူတို့ရှေ့မှာတော့ ဘီးနှစ်ဘီးတပ်လက်တွန်းလှည်းတစ်ခုရှိနေပြီး အပေါ်မှာတော့ ရတနာပစ္စည်းတွေထည့်ထားတဲ့ရာဝင်အိုးတစ်လုံးအပြင် အနီရောင်ဖန်ပုလင်းထဲမှာထိပ်ပိတ်ထားတဲ့ ခူခြောက်လေးတစ်ယောက်ကိုမြင်လိုက်ရတယ်။

” ရတနာပစ္စည်းတွေအပြင် ဖန်ပုလင်းထဲထည့်ထားတဲ့ လူခြောက်လေးတစ်ယောက်ကိုလဲမြင်တယ်၊ သူတို့ကဘယ်သူတွေလဲ”

” ဖန်ပုလင်းထဲမှာပါတဲ့သူက လူခြောက်မဟုတ်ဘူး.. သူက ဘယ်နေရာမှာ သိုက်ရှိတယ်၊ ဘယ်လိုချုပ်ကိုင်ရမယ်ဆိုတာကို အကြံပေးတဲ့ အကုသိုလ်ကောင်ပါ၊ သူနဲ့တူတူပါလာတဲ့ကောင်တွေက ပညာအဆင့်မြင့်တဲ့ ဆရာ​တွေပဲ၊ သူတို့ကြောင့် ဒီနယ်တစ်ဝိုက်က သိုက်ငယ်လေးတွေ ပျက်စီးရတာများနေပါ​ပြီ၊ ဆရာတို့ကူညီပေး​ပါ… အနူးညွတ်တောင်းပန်ပါတယ်”

” အိမ်း… ကျုပ်တို့ကလဲ ခရီးတစ်ခုဆက်စရာရှိနေတာကြောင့် ဒီကိစ္စတွေပြီးရင် သင်တို့အတွက် စဉ်းစားပေးပါမယ်၊ လော​လောဆယ် ကိုယ့်နေရာကိုယ်ပြန်ပီး စောင့်နေပါ”

အောင်မြတ်သာစကားအဆုံးမှာတော့ ဆံပင်ဖားလျားချထားတဲ့မိန်းမကြီးက မျက်စိရှေ့မှာပျောက်ကွယ်သွားခဲ့တာကြောင့် မိမိတို့လိုတဲ့ခရီးကိုရှေ့ဆက်ခဲ့ကြတယ်။
မနက်၈နာရီလောက်မှာတော့ ထွန့်ပအိုင်ရွာကိုရောက်လာခဲ့ပြီး ရွာလယ်ရေကန်ရှိတဲ့ဘက်ကိုမေးမြန်းကာထွက်လာခဲ့လိုက်တယ်။ ရေကန်အစပ်ကိုရောက်တော့ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ နီရဲနေတဲ့မျက်လုံးတွေအပြင် မဲမဲအရိပ်သဏ္ဌာန်တွေကိုမြင်တွေ့လိုက်ရတယ်။

” ဒီရေကန်က ရွာရဲ့အဓိကရေကန်ဖြစ်တာနဲ့အမျှ ရေကန်ကိုမှီခိုနေတဲ့ နာနာဘာဝတွေကလဲ မနည်းမနောပါလား….ဟင်းး ”
အောင်မြတ်သာစကားကြောင့် မောင်ကောင်းက ရေကန်အစပ်ကိုနင်းထားရာကနေ အနောက်ကိုဆုတ်လိုက်တဲ့အချိန် ခေါင်းပေါ်ကို ကျောက်စရစ်ခဲတစ်လုံး ကျလာခဲ့တယ်။
” အ…. နာလိုက်တာကွာ.. ဘာကြီးတုန်းဟ”
မောင်ကောင်းက ခေါင်းပေါ်ကျလာတဲ့ ခဲလုံးကိုကောက်ယူပြီး ဘေးဘီကိုကြည့်လိုက်ရာ မလှမ်းမကမ်းကုက္ကိုပင်ပေါ်မှာ ခဲနှစ်လုံးကိုကိုင်ပြီး လှမ်းပစ်ဖို့လုပ်နေတဲ့ မျက်ကွင်းညိုညိုနဲ့ကလေးတစ်ယောက်ကိုမြင်လိုက်ရတယ်။
” ဟာ ဒီကောင် နေရင်းထိုင်ရင်း လာစနေတယ်… အခုဖမ်းခေါ်ပီး နရင်းအုပ်လိုက်ရ”

မောင်ကောင်းစကားသံအဆုံးမှာ ကုက္ကိုပင်ပေါ်မှာရှိ​နေတဲ့အကောင်က နောက်ထပ်ခဲလုံးနဲ့ပစ်ပေါက်ဖို့အလုပ်
” ဟိုကောင် ခုချက်ချင်း နေရာအရပ်က ငါ့ရှေ့ရောက်စေ… ဆိုင်ရာတွေချုပ်ခေါ်လာခဲ့” ဆိုပြီး လက်ညိုးထိုးပြီးငေါက်လိုက်ရာ သစ်ကိုင်းပေါ်မှာထိုင်နေတဲ့ အကောင်က ဖုတ်ခနဲ မြေကြီးပေါ်ကျပြီး ယက်ကန်ယက်ကန်နဲ့ လေပေါ်မြောက်တက်လာခဲ့တယ်။

” ဒီတစ်ခါ ဆိုင်ရာပုဂ္ဂိုလ်တွေက ရုပ်သွင်မပြကြပါလား… ဘာကြောင့်များပါလဲ”

မောင်ကောင်းက တစ်ယောက်ထဲရေရွတ်နေတဲ့အချိန် အောင်မြတ်သာက ခပ်ပြုံးပြုံးမျက်နှာထားနဲ့ကြည့်လိုက်ပြီး
” ရွာတော်ရှင်တပည့်တွေက သူတို့ရဲ့ ကြောက်မက်ဖွယ်ပုံစံကိုမမြင်ချင်လို့ ကွယ်ထားကြတာပါ၊ ဒါနဲ့ ဒီပုဂ္ဂိုလ်ကိုခေါ်ပြီး ဘာလုပ်မလို့လဲ”

” ဒီကောင်က ကျွန်တော်တို့ကို မခန့်လေးစားလုပ်လို့ ပညာပေးမလို့ ခေါ်လိုက်တာပါဆရာ၊ သူ့ကိုနာကျင်အောင်တော့မလုပ်ပါဘူး”

အောငမြတ်သာလဲ မောင်ကောင်းစကားကြောင့် ရှေ့မှာငုတ်တုပ်လေးထိုင်နေတဲ့ကောင်ကိုကြည့်လိုက်ရာ မျက်ခွံတွေလှီးထုတ်ခံထားရသလိုဖြစ်နေပြီး နီရဲပြူးကျယ်နေတဲ့မျက်လုံး၊ နှာတံမပါတဲ့နှာခေါင်းပေါက်တွေပိုင်ဆိုင်ထားတဲ့ မှင်စာတစ်ကောင်ကိုမြင်လိုက်ရတယ်။

” သင်က ဘာလို့ ကျုပ်တို့ကို စနောက်ရတာလဲ… အကြောင်းတစ်ခုခုများရှိလို့လား”

အောင်မြတ်သာစကားကို မှင်စာ​လေးက အထိတ်ထိတ်အလန့်လန့်နဲ့ ခေါင်းခါပြပြီး ဘေးဘီကို ပြူးကျယ်တဲ့မျက်လုံးတွေနဲ့လိုက်ကြည့်​နေခဲ့တယ်။

” သင် တစ်ခုခုပြောချင်နေတယ်မဟုတ်လား.. မကြောက်ပါနဲ့ ပြောပါ၊ သင့်ကိုဘယ်သူမှ ထိခိုက်အောင်မလုပ်စေရဘူးလို့ ကတိပေးတယ်”

” သေချာလား… သူတို့သိရင် ငါ့ကိုနာကျင်အောင်လုပ်လိမ့်မယ်”

” သေချာတယ် … သင်ပြောချင်တာရှိတာကိုသာပြောပါ”

” ငါ့နာမည်က မျက်ပြူးလို့ခေါ်တယ်… မျက်ခွံမပါလာလို့ ဒီဘဝရောက်ထဲက ခုထိမအိပ်ရသေးဘူး၊ ခုနက ခဲနဲ့ပေါက်တယ်ဆိုတာက ရေကန်ထဲကိုမဆင်းရအောင်သတိပေးတာပါ”

” ဟင် ရေကန်ထဲကို ဘာလို့မဆင်းစေချင်တာလဲ”

” မနေ့ညသန်းခေါင်အချိန်က ရေကန်ဆီကို ညောင်စောင်းရွာက ငတိုနဲ့ငညို ညီနောင်နှစ်ကောင်ရောက်လာပြီး သူ့တပည့်တွေကို ကန်ပတ်ပတ်လည်မှာချသွားတယ်။ ကန်ထဲဆင်းတဲ့သူကို စားသောက်ဖို့လဲ မှာသွားတာကြားလိုက်တယ်။ ဒါကြောင့် ရေကန်နားကိုလာတဲ့သူတိုင်းကို ခြောက်လှန့်မောင်းထုတ်နေရတာ”

” ဒီရွာပိုင်ပုဂ္ဂိုလ်တွေက တားဆီးပိတ်ပင်တာတွေမလုပ်ဘူးလား”

” သူကိုယ်တိုင် အပြင်မထွက်ရဲလို့ နတ်စင်ထဲမှာပုန်းနေတာ၊ အခုလိုပြောတာ ငတိုနဲ့ငညိုတို့မသိစေနဲ့နော်၊ သူတို့သိရင် ကျုပ်ကို အရေခွံဆုပ်လိမ့်မယ်”

” မပြောပါဘူး .. ဒါပေမယ့် ကျုပ်တို့အနေနဲ့ ရေကန်အောက်မှာရှိနေတဲ့သံသေဓါးကိုယူရဦးမယ်၊ ဒါကြောင့် ဖြစ်လာမယ့်ကိစ္စတွေကို ရင်ဆိုင်မှာပါ”

” သံသေဓါးတော့မသိဘူး ရေအောက်ထဲမှာ အစွမ်းရှိတဲ့ပစ္စည်းတစ်ခုရှိတယ်လို့တော့သိထားတယ်၊ အဲဒီဓါးကိုရရင် ညောင်စောင်းရွာက သူတွေကို ပညာပေးလိုက်ပါဗျာ၊ ဒီကောင်တွေ လူပါးဝနေတာကြာ​ပြီ”

အောင်မြတ်သာက မှင်စာလေးရဲ့စကားကိုကြားတော့ ခေါင်းကိုညမ့်ပြပြီး ရေကန်အစပ်နားကိုဆင်းသွားခဲ့တယ်။ မောင်ကောင်းကတော့ အနောက်မှာနေပြီး မမြင်ကွယ်ရာကနေ ဝင်ရောက်လာမယ့် အန္တရာယ်တွေကိုကာကွယ်ဖို့စောင့်ဆိုင်းနေခဲ့တယ်။

” ဗွမ်း ဗွမ်း ပြွက် ပြွက် ပြွက်”
ရုတ်တရက်ဆိုသလို ရေကန်အလယ်ကနေ ရေနွေးအိုးဆူသလိုပွက်လာပြီး နီရဲနေတဲ့မျက်လုံးပေါင်းများစွာက ရေထဲမှာပေါ်လာခဲ့တယ်။

” ဆရာ … သတိထား.. ဒီကောင်တွေ ရေထဲမှာအပြည့်ပဲဗျ”

မောင်ကောင်းစကားသံအဆုံးမှာ မလှမ်းမကမ်းကနေ စပ်စုနေတဲ့မှင်စာလေးက သစ်ပင်ပေါ်ကိုပြေးတက်​ပြီး အကွယ်ကနေချောင်းကြည့်နေခဲ့တယ်။ အောင်မြတ်သာကတော့ ရေကန်အစပ်နားမှာ မလှုပ်မယှက်မတ်တပ်ရပ်နေပြီး နှုတ်ကနေ ဥုံခံတံ့ဂါထာတစ်ပုဒ်ကို ဌာန်ကရိုင်းကျကျရွတ်ဖတ်နေခဲ့တယ်။

ဂါထာတစ်ခေါက်ဆုံးတာနဲ့ ရေကန်ဘောင်ပေါ်မှာပုဆိုးခါးတောင်းကျိုက်ထားပြီး တင်ကျဉ်းတုတ်တစ်ချောင်းကိုင်ထားတဲ့ လူတစ်ယောက်ပေါ်လာခဲ့တယ်။ ဂါထာအခေါက်ရေ နှစ်ဆယ်လောက်အရောက်မှာတော့ တင်ကျဉ်းတုတ်ကိုင်ဆောင်ထားတဲ့ လူနှစ်ဆယ်ရှိနေခဲ့ပြီး အောင်မြတ်သာရဲ့အမိန့်တစ်စုံတစ်ရာကိုစောင့်ဆိုင်းနေတဲ့ဟန် ငြိမ်သက်နေခဲ့တယ်။

ရေကန်မှာရှိတဲ့နာနာဘာဝတွေကလဲ သူတို့ပိုက်နက်ကိုရောက်လာတဲ့ ပုဂ္ဂိုလ်တွေကိုမနှစ်မြို့တဲ့ဟန်နဲ့ အသံပေါင်းစုံပေးပြီး ခြောက်လှန့်ကြရာ အနီးနားမှာရှိတဲ့ သရဲတစ္ဆေတွေအားလုံး ကြောက်လန့်ပြီး လှုပ်တောင်မလှုပ်ရဲပဲဖြစ်နေခဲ့ကြတယ်။

အဲဒီအချိန်အောင်မြတ်သာက
” ရေကန်စောင့်ပုဂ္ဂိုလ်ကို ကျုပ်အမိန့်ဖြင့် ဆင့်ခေါ်လိုက်သည်။ သင့်အပေါ် ချုပ်နှောင်ထားမှုများရှိပါက အလိုအလျောက်ပယ်ပျက်စေသား။ ကျွန်ုပ်၏အမိန့်ကိုလွန်ဆန်ပြီး နှောက်ယှက်သူများအား တင်ကျဉ်းကိုင်အစောင့်များက အရိုးတွေကြေမွတဲ့ထိ ရိုက်နှက်စေ” လို့ပြောပြီး ရေပြင်အစပ်ကို လက်နဲ့ပုတ်လိုက်ရာ မှောင်မဲနေတဲ့ရေကန်ထဲကနေ အမွှေးစုတ်ဖွားနဲ့ကောင်တွေ ဖွားခနဲထွက်ပေါ်လာခဲ့တယ်။ အလားတူ ရေကန်ပတ်လည်မှာရှိတဲ့ မြေမို့မို့ထဲကနေလဲ အသားနီတွေလန်ပြီး ကြောက်မက်ဖွယ်အဆင်းရှိတဲ့ နာနာဘာဝ​တွေ ကုန်းရုန်းထလာခဲ့တယ်။

နာနာဘာဝတွေ ထွက်ပေါ်လာတာနဲ့ တင်ကျဉ်းကိုင်ပုဂ္ဂိုလ်တွေက သိုင်းကွင်းခင်းကာ ညာသံပေးပြီး ဝင်ရောက်တိုက်ခိုက်ပါလေရော။

” ကျား….
ဖောက်….
ခွပ်…
အင့်… ”

“ကုန်းဘောင်သားတွေကွ… ထိုးကြစမ်း ခုတ်ကြစမ်း”

မာန်ထန်ပါတဲ့ အသံတွေနဲ့ တရစပ်ဝင်ရောက်ရိုက်နှက်မှုကြောင့် နာနာဘာဝကောင်အချို့ အလဲလဲအကွဲကွဲနဲ့ ခြေဦးတည့်ရာထွက်ပြေးကြသလို အချို့ကျတော့လဲ ရေကန်အစပ်မှာပင် နာကျင်စွာစူးစူးဝါးဝါးအော်ဟစ်နေခဲ့ကြတယ်။

အချိန်အနည်းငယ်အကြာမှာတော့ တိုက်ပွဲအရှိန်ကြောင့် လှိုင်းတံပိုးပြင်းထန်နေတဲ့ ရေကန်က သူမဟုတ်တဲ့အတိုင်းပြန်လည်ငြိမ်သက်သွားခဲ့တယ်။ အဲဒီအချိန်ရောက်မှ ကန်ရေအလယ်ကနေ ဆံပင်ဖားလျားချထားတဲ့ လူတစ်ယောက်ပေါ်လာခဲ့ပြီး အောင်မြတ်သာတို့ရှိရာကို ရေပြင်ပေါ်ကနေ လျောက်လာခဲ့တယ်။ ထူးဆန်းတာက ရေထဲကနေထွက်လာခဲ့ပေမယ့် သူ့တစ်ကိုယ်လုံးရေတစ်စက်မှမစိုတာပဲ။

” သင်ရောက်လာပြီလား…”
အောင်မြတ်သာစကားအဆုံးမှာ ဆံပင်ဖားလျားချထားတဲ့ပုဂ္ဂိုလ်က သက်ပြင်းရှည်တစ်ချက်ကိုချကာ
” ဆရာတို့အာဏာစက်​ကြောင့် ကျုပ်လွတ်မြောက်လာခဲ့ပါပြီ၊ ဒီအတွက် ကျုပ်ကိုခိုင်းစေချင်တာများရှိလဲ အားမနာပဲပြောနိုင်ပါတယ်”

” ကျုပ်တို့အနေနဲ့ သင်​စောင့်ရှောက်တဲ့ရေကန်မှာရှိတဲ့ သံသေဓါးကို ခေတ္တငှားရမ်းလိုပါတယ်။ ကျုပ်တို့အသုံးပြုပြီးတဲ့အခါ သင့်ဆီကိုပြန်လာအပ်ပေးပါမယ်”

” သံသေဓါးကို လိုချင်ရင် သူကိုယ်တိုင်လက်ခံတဲ့သူဖြစ်ရပါမယ်၊ အတင်းအဓမ္မယူမယ်ဆိုရင်တော့ သံသေဓါးက ဘယ်လိုမှစွမ်းမှာမဟုတ်ပါဘူး”

” သူကိုယ်တိုင်လက်ခံနိုင်တဲ့ အချက်အလက်တွေက ဘာတွေများဖြစ်မလဲ၊ တကယ်လို့ကျုပ်တို့ကအဆင်မပြေခဲ့ရင် အရည်ချင်းပြည့်မှီတဲ့သူကိုရှာရဦးမှာမလို့ပါ”

အောင်မြတ်သာစကားအဆုံးမှာ ရေကန်စောင့်ပုဂ္ဂိုလ်က လက်နှစ်ဖက်ကို အသာယာပင့်တင်လိုက်ရာ ရေကန်အလယ်မှာ အလွန်ကြီးမားတဲ့ကန်တော့ခွက်တစ်ခုပေါ်လာပြီး အထဲကနေ တစ်တောင်သာသာရှိတဲ့ သံသေတ္တာတစ်လုံးထွက်ပေါ်လာခဲ့တယ်။ ရေကန်တော့ပေါ်မှာတင်နေတဲ့ သံသေတ္တာဆီကနေလဲ အစိမ်းပုတ်ရောင်အလင်းတန်းတွေဖြာထွက်နေတာကိုလဲထူးဆန်းစွာမြင်တွေ့လိုက်ရတယ်။

” ဒီသေတ္တာထဲမှာ သံသေဝိဇ္ဇာတစ်ပါး စီရင်ထားတဲ့ သံသေဓါးရှိပါတယ်။ သူ့ဖန်တီးထားတဲ့ သံသေဓါးကို ကိုင်ဆောင်ခွင့်ရှိတဲ့သူကတော့ မယ်မုက္ခရဲ့အနွယ်ဝင်ဖြစ်ရမယ်ဆိုပြီး သစ္စာဆိုသွားခဲ့တယ်”

” ဟင် … မယ်မုက္ခဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ”

” မယ်မုက္ခဆိုတာ နတ်ဘီလူးအနွယ်ဝင်ဖြစ်ပြီး… ဒီဓါးကိုစီရင်နေစဉ်ကာလအတွင်းမှာ အနားကနေ မျက်တောင်မခတ်တမ်းစောင့်ရှောက်ပေးခဲ့သူပဲ၊ ဒါကြောင့် သူကိုယ်တိုင်ပေါက်မြောက်တဲ့အချိန်မှာ မယ်မုက္ခကို မမေ့မလျော့တဲ့အနေနဲ့ ဒီသစ္စာကိုဆိုသွားခဲ့တာပဲ၊ ဒါကြောင့် ဆရာအနေနဲ့ သံသေဓါးကို အစွမ်းသတ္တိပြည့်စွာကိုင်ဆောင်နိုင်မနိုင် စမ်းကြည့်ပေးပါ၊ သံသေဓါးက သူ့ပိုင်ရှင်အစစ်မှန်ရဲ့ နှုတ်မိန့်နဲ့မှ လက်ပေါ်ကိုရောက်လာပါလိမ့်မယ်”

ရေကန်စောင့်ပုဂ္ဂိုလ်စကားအဆုံးမှာ အောင်မြတ်သာက ညာလက်ကိုဆန့်တန်းပြီး သံသေဓါးကိုခေါ်ဆောင်လိုက်တဲ့အချိန် ရေဝဲဂယက်တွေပြင်းထန်လာပြီး ဓါးရဲ့ပတ်ပတ်လည်ကို တံတိုင်းတစ်ခုလိုကာစီးလိုက်တာကိုမြင်လိုက်ရတယ်။

” ဆရာ အနေနဲ့ သံသေဓါးပိုင်ရှင်မဟုတ်တာကြောင့် ကျုပ်ဒီဓါးကိုအသုံးပြုခွင့်ပေးလို့မရပါဘူး”

အောင်မြတ်သာအနေနဲ့ ကိစ္စပေါင်းများစွာကို အောင်မြင်စွာဖြေရှင်းနိုင်ခဲ့ပေမယ့် သစ္စာနဲ့ချည်နှောင်ထားတဲ့ ဒီကိစ္စမှာတော့ ဘာမှမတတ်နိုင်ပဲ လက်လျော့လိုက်ရတယ်။

” ဆရာတို့အနေနဲ့ မယ်မုက္ခအနွယ်ဝင်တစ်ယောက်ကို ရှာဖွေပြီးမှ သံသေဓါးကိုလာရောက်ယူဆောင်ကြပါ၊ ဒီအတောတွင်း ရေကန်ပတ်ပတ်လည်မှာ ချထားတဲ့ မန္တာန်အတွက်လဲ ကျေးဇူးတင်ပါတယ်”

” ဒါဖြင့် ကျုပ်တို့အနေနဲ့ သံသေဓါးကိုယူဖို့ သေချာပေါက်ပြန်လာခဲ့ပါ့မယ်၊ သင့်ကို ဘယ်သူမှထပ်ပြီးချုပ်နှောင်လို့မရအောင် မန္တာန်အထပ်ထပ်ချထားပေးတာမို့ စိတ်ကင်းရှင်းစွာနေထိုင်ပါ”

” ဆရာတို့ပြန်အလာကို ကျုပ်စောင့်နေပါ့မယ်၊ ဂရုစိုက်ပြီးသွားကြပါ”

ရေကန်စောင့်ပုဂ္ဂိုလ်က အောင််​မြတ်သာတို့ကို နှုတ်ဆက်ပြီး ရေကန်ထဲကိုပြန်ထွက်သွားချိန်မှာတော့ အနောက်မှာစောင့်နေတဲ့မောင်ကောင်းက ရေကန်အစပ်နားကိုလာပြီး အောင်မြတ်သာလွယ်အိတ်ကိုလှမ်းယူဖို့လက်ကမ်းလိုက်ရာ ကန်အလယ်မှာ အရှိန်လျော့နေပြီဖြစ်တဲ့ ဝဲဂယက်ကြီးက ဝုန်းခနဲထတောက်ပြီး ဆင်နှာမောင်းတစ်ခုကို ဝေ့ယမ်းလာခဲ့တယ်။

” ဟင်…. ဘာဖြစ်တာလဲ”

အောင်မြတ်သာရော မောင်ကောင်းပါ ရုတ်တရက်မို့အံ့ဩသွားပြီး မှင်သက်နေတဲ့အချိန် ရေကန်လယ်မှာရပ်နေတဲ့ပုဂ္ဂိုလ်က ဝမ်းသာအားရနဲ့ပြန်လှည့်လာပြီး

” သူ သူက မယ်မုက္ခအနွယ်ဝင်ပဲ… ဒါကြောင့် သံသေဓါးက လက်ခံလိုက်တာ”

ရေကန်စောင့်ပုဂ္ဂိုလ်စကားကြောင့် အောင်မြတ်သာရော မောင်ကောင်းပါ မှင်သက်သွားခဲ့တယ်။

” ဆရာလေး … သံသေဓါးကိုဆင့်ခေါ်လိုက်တော့… သူ သေတ္တာထဲကနေထွက်ချင်နေပြီ”

မောင်ကောင်းလဲ ကြောင်အအနဲ့ လှမ်းထားတဲ့လက်ကိုပြန်မရုတ်ပဲ
” သံသေဓါးက ကျုပ်ကိုလိုလားတယ်ဆိုရင် သေတ္တာထဲကနေ ရုန်းထွက်ပြီး လက်ပေါ်ရောက်ရှိလာစေ” လို့ပြောလိုက်ရာ ဆင်နှာမောင်းလိုဝဲတက်နေတဲ့ ရေကန်တော့ထဲက သံသေတ္တာက ဝုန်းခနဲပွင့်ထွက်ပြီး တစ်တောင်သာသာရှိတဲ့ ဓါးတစ်လက်ပျံတက်လာခဲ့တယ်။

မျက်စိကြိမ်းမတတ် စိမ်းညိုရောင်အလင်းတန်းတွေက မီးပန်းဖောက်သလိုဖြာထွက်ပြီး ဝဲပျံလာတဲ့ သံသေဓါးက မောင်ကောင်းလက်ပေါ်အ​ရောက်မှာ​တော့ လုံးဝငြိမ်သက်သွားခဲ့တယ်။

” ဆရာ … ကျွန်တော်က ဘယ်လိုဖြစ်လို့…”

ကြောင်အအနဲ့ ထူးဆန်းနေတဲ့ မောင်ကောင်းစကားကြောင့်အောင်မြတ်သာက
” မင်းငယ်စဉ်က ထူးဆန်းတာဘာတွေရှိခဲ့ဖူးလဲ၊ အိမ်မက်ဖြစ်ဖြစ် လက်တွေဖြစ်ဖြစ်ပေါ့” လို့ပြောလိုက်တော့မှ မောင်ကောင်းက လက်ဖျောက်တီးပြီး

” ကျွန်တော်မမွေးခင် ရေထဲမျောလာတဲ့ ဘီလူးမရုပ်ထုပါးစပ်ထဲကနေ ပတ္တမြားတစ်လုံး ရလာတယ်လို့ အဖေအိမ်မက်မက်ဖူးတယ်ဆရာ”
(မှတ်ချက်။ မောင်ကောင်း ငယ်ဘဝအကြောင်းကိုတော့ အောင်မြတ်သာနှင့်ဒုတိယမနုဿခြေလှမ်းဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး)

” လက်စသတ်တော့ မင်းက မယ်မုက္ခရဲ့အဆက်နွယ်တစ်ယောက်ဖြစ်နေတာကိုး… ”

” ဆရာလေးက သံသေဓါးပိုင်ရှင်ဖြစ်နေတာမို့ သူ့ရဲ့အစွမ်းသတ္တိတွေကို ပြောပြပေးပါမယ်၊ သံသေဓါးရဲ့အထူး​ခြားဆုံးအစွမ်းက အောက်လမ်းစုန်းကဝေတွေကို အသေသတ်နိုင်သလို ပညာပျက်​အောင်လဲ စွမ်းဆောင်နိုင်ပါတယ်။ ဒါပေမယ့် သံသေဓါးကို တစ်ခေါက်သုံးပြီးရင် သုံးတဲ့သူဟာ ၃လတိတိ သက်သက်လွတ်အဓိဌာန်ပြန်ဝင်ရပါမယ်။ အဓိဌာန်မဝင်ပဲပြန်သုံးမယ်ဆိုရင် သံသေဓါးဟာလဲ သာမန်ဓါးတစ်ချောင်းထက်မပိုပါဘူး။ ဆရာတို့အနေနဲ့ သံသေဓါးကိုအသုံးပြုပြီး ခုနှစ်ရက်သားသမီးတွေရဲ့ အသက်အိုးအိမ်ကိုကာကွယ်စောင့်ရှောက်နိုင်ပါစေ”

ရေကန်စောင့်ပုဂ္ဂိုလ်လဲ အောင်မြတ်သာတို့ကို ပြောပြသင့်တဲ့အချက်တွေပြောပြပြီးတာနဲ့ ရေကန်အောက်ထဲကိုပြန်လည်ဆင်းသက်သွားခဲ့တယ်။

မောင်ကောင်းကတော့ တစ်တောင်သာသာရှိတဲ့ သံသေဓါးကို ကြည့်လိုက်ရာ သံချေးအထပ်ထပ်တက်နေတာကြောင့် အနားမှာရှိတဲ့ သစ်သားချောင်းတစ်ချောင်းကိုကောက်ယူပြီး ခြစ်ကြည့်ပေမယ့် သံချေးတွေမကျွတ်ပဲ သစ်သားချောင်းသာ တိခနဲပြတ်ကျသွားခဲ့တယ်။

” အမ​လေး သံချေးတက်နေတာတောင် တော်တော်ထက်ပါပဲဆရာရေ၊ အတော်သတိထားရမယ်”

” သံသေဓါးမှာ စောင့်ပုဂ္ဂိုလ်ကလဲ မင်းအမိန့်ကိုပဲနာခံမှာမို့ မင်းပဲလုံခြုံအောင်သိမ်းထားလိုက်ပါ၊ အခုလောလောဆယ် ညောင်စောင်းရွာကိုသွားကြရ​အောင်”

အောင်မြတ်သာတို့ရေကန်ကနေထွက်လာတော့ သစ်ပင်ပေါ်မှာပုန်းနေတဲ့ မှင်စာလေးက ခပ်သုတ်သုတ်ဆင်းလာပြီး
” ဆရာတို့ ညောင်စောင်းရွာကိုသွားမယ်သာပြောတာ ရွာကဘယ်နားရှိတယ်ဆိုတာသိလို့လား”

” ဟင်… ညောင်စောင်းရွာဆိုတာ လူတွေနေတဲ့ရွာမဟုတ်ဘူးလား၊ မေးမြန်းပီးသွားရင်ဖြစ်ပါတယ်ကွာ”

မောင်ကောင်းစကားကြောင့် မှင်စာလေးက ခွက်ထိုးခွက်လှန်ရယ်လိုက်ပြီး
” သံသေဓါးပိုင်ရှင်ကြီးကလဲ သာမန်ဆန်လိုက်တာ… ညောင်စောင်းရွာဆိုတာ ပညာသည်တွေကြီးပဲနေတဲ့ ရွာတစ်ရွာဗျ၊ သူတို့ရွာကို သာမန်လူတွေမမြင်နိုင်အောင် အကာအကွယ်အစီအမံတွေလဲ လုပ်ထားသေးတာ၊ ဒါနဲ့ ဆရာတို့ဒီလမ်းတည့်တည့်သွားရင် လူသုံးဖက်လောက်ကြီးတဲ့ ညောင်ပင်တစ်ပင်ကိုတွေ့လိမ့်မယ်။ အဲဒီညောင်ပင်က ညောင်စောင်းရွာရဲ့ ဝင်ပေါက်ပဲ။ ဘယ်လိုဝင်ရမယ်ဆိုတာတော့ ကျုပ်လဲမသိဘူး”

” ဒါဖြင့် ညောင်​စောင်းရွာမှာနေတဲ့သူတွေကို အုပ်ချုပ်တဲ့သူရဲ့အစွမ်းက အတော်ကြောက်ဖို့ကောင်းမှာပေါ့”

” ဒါတော့ ကျုပ်မပြောပါရစေနဲ့… ဆရာတို့လမ်းခရီးအဆင်ပြေပါစေ”

မှင်စာလေးက ပြောပြီးတာနဲ့ သစ်ပင်ပေါ်တက်ကာ ပြူးကြောင်ကြောင်နဲ့ထိုင်ကြည့်နေခဲ့တယ်။

အောင်မြတ်သာတို့လဲ မှင်စာလေးညွှန်ပြတဲ့ လမ်းအတိုင်းလျောက်လာခဲ့တာ နှစ်နာရီလောက်အကြာမှာတော့ လူသုံးဖက်စာလောက်ကြီးတဲ့ ညောင်ပင်တစ်ပင်ရှေ့ကိုရောက်လာခဲ့တယ်။

ညောင်ပင်ခြေရင်းမှာတော့ ရေအိုးနှစ်လုံးကိုတွေ့ရ​ပြီး တစ်လုံးကိုဆေးအနီသုတ်ထားပြီး နောက်တစ်လုံးကိုတော့ ဆေးအဖြူသုတ်ထားခဲ့တယ်။

” ဒီရေအိုးစင်က သာမန်လူတွေမမြင်နိုင်ဘူးထင်တယ်”

” ဘာဖြစ်လို့လဲဆရာ”

” လူသွားလူလာများတဲ့ လမ်းခရီးမှာ ဒီရေအိုးစင်က အသစ်အတိုင်းဖြစ်နေလို့ပဲ၊ မောင်ကောင်း ဘေးဖယ်နေ”

အောင်မြတ်သာကပြောပီးတာနဲ့ ရေအိုးစင်နှစ်လုံးကို လက်နဲ့သပ်ချလိုက်ရာ အဖြူရောင်ရေအိုးက ပုတပွပြီးလောက်​တွေတဖွားဖွားကျနေတဲ့ နွားသိုးဦးခေါင်းဖြစ်နေခဲ့သလို ဦးခေါင်းထဲမှာတော့ ပြည်ပုတ်ရည်တွေအပြည့်ရှိနေခဲ့ပြီး ကျန်တဲ့အိုးအနီကတော့ ရိုးရိုးရေတွေသာဖြစ်နေခဲ့တယ်။

” ဒါကြောင့် ကဝေမကြီးက ရေအိုးအနီထဲကရေကိုပဲသောက်ဖို့မှာခဲ့တာကိုး”
(ကဝေမကြီးအကြောင်းကိုတော့ အောင်မြတ်သာနှင့်အူစုံစားကဝေမဆိုတဲ့ဝတ္တုမှာဖတ်ရှုနိုင်ပါသည်)

အောင်မြတ်သာလဲမောင်ကောင်းစကားကို ခပ်ပြုံးပြုံးမျက်နှာထားနဲ့ထောက်ခံလိုက်ပြီး ရေအိုးအနီပေါ်မှာတင်ထားတဲ့ရေခွက်ကိုဆွဲယူလိုက်ရာ ” ဂျိမ်း” ဆိုတဲ့အသံနဲ့အတူ ညောင်ပင်ပင်စည်အလယ်မှာ လူတစ်ကိုယ်ဝင်လို့ရတဲ့တံခါးပေါက်တစ်ခုပေါ်လာခဲ့တယ်။

ဝင်ပေါက်ပေါ်လာပေမယ့် အောင်မြတ်သာက ချက်ချင်းမဝင်သေးပဲ အပေါက်ဝကိုလက်ညိုးနဲ့ ကြက်ခြေခတ်သဏ္ဌာန်ဖြတ်ချလိုက်ရာ ရာသီသွေးတွေပေနေတဲ့ထဘီတစ်ထည်က ဘတ်ခနဲပြုတ်ကျလာခဲ့တယ်။
” ဒီကောင်တွေက ဝင်လာတဲ့သူတွေကို နာမ်နှိမ်ထားတာပဲ၊ ဒါကိုမသိပဲဝင်မိတဲ့သူတွေအကုန် ငါးပါးမှောက်ကုန်ကြမှာ”
အောင်မြတ်သာက တီးတိုးရေရွတ်ရင်း ညောင်ပင်ထဲကိုဝင်လိုက်ချိန်မှာတော့ အတော်အားပြင်းတဲ့ လေထုတစ်ခုက ခန္ဓာကိုယ်ကိုအရှိန်နဲ့ဝင်ဆောင့်တာခံလိုက်ရတယ်။

” အတော်ကိုအားကောင်းတဲ့ ပညာစွမ်းပဲ… ခုကစပြီး ဘယ်သူနဲ့မှစကားမပြောဖို့သတိထားပါ”

” ဟုတ်ကဲ့ပါဆရာ… ကျွန်တော်သတိထားပါမယ်”
မောင်ကောင်းလဲ အောင်မြတ်သာသွားတဲ့နောက်ကို ထပ်ချပ်မကွာလိုက်လာခဲ့ရာ ပြေပြစ်တဲ့မြေနီလမ်းအကျော်အရောက်မှာတော့ နွားတစ်ကောင်ရဲ့ ကလီစာအစုံကို ရွက်ပြီးလမ်းလျောက်လာတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

” ဘယ်နယ်က လာကြတာတဲ့သူတွေလဲ”

မိန်းမကြီးက လှမ်းမေးလိုက်ပေမယ့် အောင်မြတ်သာက ဘာမှပြန်မဖြေပဲ လမ်းအတိုင်းဆက်လျောက်သွားခဲ့တယ်။ အဲဒီတော့မှ မိန်းမကြီးလဲ ထပ်မမေးတော့ပဲ သွေးသံရဲရဲဖြစ်နေတဲ့ လင်ဗန်းကို မနိုင်တနိုင်မကာ လမ်းကြားလေးတစ်ခုထဲကိုတိုးဝင်သွားခဲ့တယ်။

” ခုနက သူမေးတာကို ငါတို့ဖြေလိုက်ရင် ဘာဖြစ်သွားမယ်ထင်လဲ”

” မသိဘူးလေ ဆရာ … ဘာဖြစ်နိုင်လဲပြောပြပါဦး”

” ငါတို့လာရှာတဲ့ ဆေးရည်စိမ်အလောင်းကို ဘယ်တော့မှမတွေ့ရတော့ဘူးပေါ့၊ ဒီအလောင်းတွေမှာ ထူးခြားတဲ့အစွမ်းတွေရှိနေလို့ သူတို့လုယူထားကြတာမဟုတ်လား”

” ကျွန်တော်လဲ ဆရာလိုပဲထင်တယ်… ဒါပေမယ့် ဆေးရည်စိမ်အလောင်းကဘယ်မှာရှိတယ်ဆိုတာ ကျွန်တော်တို့မသိဘူးလေ”

” သိပ်စိတ်ပူမနေပါနဲ့ … ငါတို့ကို ကူညီမယ့်သူမကြာခင်ရောက်လာတော့မှာပါ”

အောင်မြတ်သာက ထူးဆန်းတဲ့စကားကိုပြောပြီး ကျိုးတိုးကျဲတဲဖြစ်နေတဲ့ အိမ်စုတွေဘက်ကို ထွက်လာခဲ့လိုက်တယ်။ လမ်းမှာတွေ့တဲ့သူတွေက အောင်မြတ်သာတို့ကို လမ်းနှုတ်ဆက်ကြပေမယ့် ဘာမှပြန်မပြောတာကြောင့် ပြဿနာမဖြစ်ခဲ့ဘူး။ ဒီလိုနဲ့ လူင်္ကြီးတစ်ဖက်စာလောက်ရှိတဲ့ ကျွန်းတိုင်လေးတိုင်နဲ့ဆောက်ထားတဲ့ ဇရပ်တစ်ခုနားကိုရောက်တဲ့အချိန်မှာတော့ ထင်းစီးတစ်စီးကိုခေါင်းပေါ်ရွက်ထားတဲ့ အမယ်အိုတစ်ယောက် လမ်းကြားထဲကနေထွက်လာခဲ့တယ်။

အောင်မြတ်သာလဲ အမယ်အိုကို မျက်လုံးကစားရုံလှမ်းကြည့်လိုက်ရာ ထင်းစီးကိုင်ထားတဲ့လက်ကြားထဲကနေ စာရွက်တစ်ရွက်ထွက်ကျလာခဲ့တယ်။

အမယ်အိုလဲ အောင်မြတ်သာတို့မြင်ပြီဆိုတာသိတာနဲ့ ဟန်မပျက်ရှေ့ကိုဆက်ထွက်သွားခဲ့ချိန် မောင်ကောင်းက ကျသွားတဲ့စာရွက်ကိုကောက်ယူပြီး ဖွင့်ကြည့်လိုက်ရာ
” မနေ့ညက လက်တိုနဲ့လက်ညိုတို့တပည့်တွေ ဒဏ်ရာဒဏ်ချက်တွေနဲ့ပြန်ရောက်လာထဲက ဆရာတို့လာပြီဆိုတာသိလိုက်ရတယ်။ ဆရာတို့ဘာရှာနေလဲဆိုတာ အမေကြီးသိသလို ရွာသူကြီးဦးကြာလုံကလဲသိနေတယ်။ ဦးကြာလုံကိုတွေ့ရင် ဆရာတို့ရှာနေတဲ့အရာကိုတွေ့လိမ့်မယ်။ ဒါပေမယ့် လွယ်လွယ်တော့မရနိုင်ဘူး။ မလွှဲမရှောင်သာလို့ ဆရာတို့နဲ့ အမေကြီးတိုက်ရမယ်ဆိုရင်တောင် မညှာပါနဲ့၊ နောက်ဆုံးတစ်ချက်က အသံကြားရာကိုမလိုက်ပါနဲ့၊ အသံမလာတဲ့နေရာကိုသာလိုက်ပါ” လို့ရေးထားတာကိုဖတ်လိုက်ရတယ်။

အောင်မြတ်သာတို့လဲ စာရွက်ထဲမှာရေးထားတဲ့အတိုင်း ဦးကြာလုံဆိုတဲ့သူကိုရှာဖို့အတွက် ဇရပ်ပေါ်မှာစောင့်နေတဲ့အချိန် ရွာအနောက်ဘက်ခြမ်းကနေ မောင်းတီးသံသုံးချက်ထွက်ပေါ်လာခဲ့တယ်။ ရွာသားတွေကလဲ မောင်းတီးသံကြားတာနဲ့ လုပ်လက်စတွေကိုပစ်ချကာ အသံကြားတဲ့ဘက်ကို အုပ်လိုက်ကြီးထွက်သွားခဲ့ကြတယ်။ မကြာခင် အရှေ့ဘက်နဲ့မြောက်ဘက်ဆီကနေလဲ မောင်းတီးသံတွေထွက်ပေါ်လာခဲ့တယ်။

” ဆရာ မောင်းသံက တောင်ဘက်ကနေ မလာသေးဘူး​နော်၊ ဒီပုံစံအတိုင်းဆိုရင် ကျွန်တော်တို့တောင်ဘက်ကိုသွားရမယ်ထင်တယ်”

” စာထဲကပုံအရဆိုရင် တောင်ဘက်ကိုပဲသွားရမှာ.. ဒါပေမယ့် ငါတို့ဘယ်သူ့ကိုမှယုံလို့မရဘူး၊ မင်းရဲ့သံသေဓါးကိုထုတ်ပြီးလက်ဝါးပေါ်တင်ကြည့်လိုက်”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းက သံသေဓါးကိုထုတ်ပြီး လက်ဝါးပေါ်တင်လိုက်ရာ ဓါးဦးက သံလိုက်အိမ်မြောင်လို ဝှီးခနဲလည်သွားပြီး အနောက်အရပ်မှာ ငြိမ်သွားခဲ့တယ်။

” ဆရာ … ဓါးဦးက အနောက်ကိုညွှန်ပြနေပါလား”

မောင်ကောင်းစကားကြောင့် အောင်မြတ်သာက မဲနက်နေတဲ့မျက်ခုံးနှစ်ခုကိုထိလုမတတ် ကျုံ့လိုက်ပြီး
” ငါတို့ကို ကူညီသလိုနဲ့ သံသေဓါးကိုသိမ်းချင်နေကြတာကိုး… မောင်ကောင်းရေ မောင်းသံစကြားတဲ့ အနောက်ဘက်ကိုသွားရအောင်” လို့ပြောကာ ထွက်သွားခဲ့တယ်။

သဲဖြူတွေခင်းထားပြီး ငှက်ပျောပင်တွေစိုက်ထားတဲ့ လမ်းအဆုံးမှာတော့ သျှောင်တစ်စောင်းထုံးထားတဲ့လူရဲ့ဦးခေါင်းပြတ်တစ်ခုကိုမြင်တွေ့လိုက်ရတယ်။ သူ့ဘေးမှာတော့ ဆေးလွယ်အိတ်တစ်လုံးအပြင် အင်းစမတွေရေးဆွဲထားတဲ့ ခန္ဓာကိုယ်တစ်ခုကအသက်ကင်းမဲ့လျက်။ သူ့ဘေးမှာလဲ အရိုးကျနေတဲ့ဦးခေါင်းတွေအပြင် ဆေးကြိမ်လုံးအကျိုးအပဲ့တွေ၊ အင်းဆွဲတဲ့ပစ္စည်းကိရိယာတွေကိုပါမြင်လိုက်ရတယ်။

” ဆရာ… ဒါတွေက အထက်လမ်းဆရာတွေသုံးတဲ့ပစ္စည်းတွေမဟုတ်လား”

” ဟုတ်တယ်မောင်ကောင်း… သူတို့လက်ချက်နဲ့ သေခဲ့ရတဲ့ဆရာတွေပဲ၊ သူတို့က ဆရာတွေကိုအယုံသွင်းမယ်ပြီးတာနဲ့ ရွာကိုလာဖို့ခေါ်မယ်၊ အထဲရောက်ရင်တော့ အုပ်စုလိုက်ဝိုင်းပြီး အမဲဖျက်တော့တာပဲ၊ အခုလဲငါတို့ကိုအမဲဖျက်ဖို့စောင့်နေလောက်ပြီ”

အောင်မြတ်သာစကားအဆုံးမှာတော့ ကောင်းကင်ကနေ မဲနက်နေတဲ့လင်းတအုပ်ကြီးပျံလာတာကိုမြင်လိုက်ရတယ်။ လင်းတအုပ်ကြီးက မလှမ်းမကမ်းမှာရှိတဲ့ကွင်းပြင်ပေါ်ကိုရောက်တော့ အောက်ကိုတစ်ဟုန်ထိုးဆင်းချလာပြီး မြေကြီးနဲ့မထိခင်မှာပဲ သာမန်လူတွေအဖြစ်ပြောင်းလဲသွားခဲ့တယ်။

” မောင်ကောင်း အင်းတွေအသင့်ပြင်ထား… အနားကပ်လာတာနဲ့ စတိုက်တော့ ”

အောင်မြတ်သာက သတိပေးပြီးတာနဲ့ အနားကပ်လာကြတဲ့ လူအုပ်ကြီးရှေ့ကို လောင်မီးအင်းတစ်ချပ်ပစ်ချလိုက်ရာ ဝုန်းဆိုတဲ့အသံနဲ့အတူ အပြာရောင်မီးတောက်​တစ်ခုထွက်ပေါ်လာခဲ့တယ်။

ဒါပေမယ့် လူအုပ်ကြီးက တစ်ဟုန်းဟုန်းတောက်လောင်နေတဲ့မီးတောက်ကိုဖြတ်ကျော်ဝင်လာခဲ့ကြတယ်။

” မယ်ညို နင့်ထဘီအစွန်း မီးဟပ်သွားတာလား… နင်ခုတစ်လော မှော်မကျင့်ပဲ ဘာလုပ်နေတာတုန်း”ဆိုပြီး လူအုပ်ထဲက ယောင်္ကျားတစ်ယောက်က မယ်ညိုဆိုတဲ့မိန်းမကို ခပ်ထေ့ထေ့လှမ်းပြောလိုက်သေးတယ်။

” ဆရာ ဒီကောင်တွေ လောင်မီးအင်းကိုတောင် ဖြတ်လာကြပါလား…”

” ဒါကြောင့် သူတို့ကိုလျော့မတွက်ဖို့ပြောတာ… သတိမလွတ်စေနဲ့”

အောင်မြတ်သာက ရပ်နေရာကနေ တစ်လှမ်းမှမဆုတ်ပဲ သတိပေးရင်း တိုးဝင်လာတဲ့ လူအုပ်ကြီးကို စိုက်ကြည့်နေခဲ့တယ်။ ဒီလိုနဲ့ ဝါးတစ်ပြန်စာအကွာလဲရောက်ရော ဆယ်ယောက်လောက်ရှိတဲ့လူတွေက ပြိုင်တူခြေထောက်ပေါက်ချလိုက်ရာ မြေကြီးထဲကနေ အနက်ရောင်မီးခိုးလုံးတွေထွက်လာပြီး လူကြီးလေးဖက်စာလောက်ရှိတဲ့ မြွေဟောက်တစ်ကောင်အဖြစ်ပြောင်းသွားခဲ့တယ်။

အိမ်တစ်လုံးစာလောက်ကြီးမားတဲ့ ပါးပျဉ်းကိုထောင်ပြီး အောင်မြတ်သာတို့ကို ပေါက်ဟန်ပြင်နေရာကနေ ဇွပ်ခနဲထိုးဆင်းလာတဲ့အချိန် မြေကြီးထဲကနေ လေးထောင့်အကွက်နဲ့သဏ္ဌာန်တူတဲ့ရွှေရောင်ပိုက်ကွန်တစ်ခုလေးဘက်လေးတန်းကနေပေါ်လာပြီး ဆီးကာထားခဲ့တယ်။

လူကြီးနှစ်လံလောက်ရှိပြီး မဲနက်နေတဲ့အစွယ်က ရွှေရောင်ပိုက်ကွန်မှာညှိပြီး ရုန်းကန်နေတဲ့အချိန် ကောင်းကင်ပေါ်ကနေ အဖြူရောင်စက်ဝိုင်းတစ်ခုပေါ်လာခဲ့တယ်။
စက်ဝိုင်းအတွင်းကနေလဲ လှည်းဘီးတစ်ဘီးစာလောက်ကြီးတဲ့ ရဲဒင်းတွေကိုင်ထားပြီး ရာဇမာန်တင်းတဲ့မျက်နှာထားနဲ့ လူထွားကြီးငါးယောက်ခုန်ဆင်းလာကာ ပိုက်ကွန်မှာညှိနေတဲ့ မြွေဟောက်ရဲ့ခေါင်းကို ခုတ်ပိုင်းပါလေရော။

ထက်မြက်တဲ့ရဲဒင်းဒဏ်တွေကြောင့် မြွေဟောက်ကြီးရဲ့ ဦးခေါင်းက တိခနဲပြတ်ကျပြီးလွင့်ထွက်သွားသလို လင်းတကနေ လူအသွင်ပြောင်းထားကြတဲ့ ပညာသည်တွေကလဲ ကစဉ့်ကလျားလွင့်ထွက်သွားကုန်တယ်။

အဲဒီအချိန် လက်ခုပ်တီးသံသုံးချက်ကြားလိုက်ရပြီး ကောက်ကွေးနေတဲ့ဆံပင်ကို ထုံးထားတဲ့အသက် ၅၀အရွယ်လူကြီးတစ်ယောက်ထွက်လာခဲ့တယ်။

” နယ်စားကိုးယောက်စုပေါင်းတိုက်တာတောင် မနိုင်တဲ့ ဆရာအဖြစ်အသိမှတ်ပြုပါတယ်ကွာ… တကယ်တော်တယ် လူလေး”

ခပ်ပြုံးပြုံးမျက်နှာထားနဲ့ ဘယ်ကရောက်လာမှန်းမသိတဲ့ လူကြီးရဲ့နောက်မှာတော့ အနက်ရောင်ဝတ်စုံတွေဝတ်ထားကြတဲ့ ပညာသည်လေးယောက်ကပ်ပါလာခဲ့တယ်။ အဲဒီထဲမှာတော့ အောင်မြတ်သာတို့ကို စာရွက်ချပေးခဲ့တဲ့ ကဝေမကြီးလဲပါဝင်လာခဲ့တယ်။

” စောရှင်ရေ… နင့်ကောင်တွေက ပါးရည်နပ်ရည်တော့ရှိသားကွယ့်….. သူတို့ရဲ့သားရည်ကိုတော့ အမှတ်တရအနေနဲ့ ငါ့အခန်းထဲချိတ်ထားချင်လို့ နင်ယူပေးနိုင်မလား”

ခေါင်း​ဆောင်ဖြစ်ဟန်တူတဲ့လူရဲ့စကားကြောင့် စောရှင်ဆိုတဲ့ကဝေမ​ကြီးက
” အဖေကြီး လိုချင်တယ်ဆို စောရှင်က ရအောင်ယူပေးမှာပါ” လို့ပြောပြီး လက်မှာပတ်ထားတဲ့ ကြိုးအနီလေးကိုဆွဲခါလိုက်ရာ သေးမျှင်တဲ့ကြိုးကနေ လက်ညိုးလုံးလောက်ရှိတဲ့ ကြာပွတ်အဖြစ်ပြောင်းသွားခဲ့တယ်။

” ဟဲ့ ငတို ငညိုတို့ အဖေကြီးက ဒီဆရာတွေရဲ့ သားရည်ကိုလိုချင်တယ်လို့ပြောတယ်၊ ငါ့အတွက်ယူပေးစမ်း” လို့ပြောပြီး ကြာပွတ်ကိုမြေကြီးပေါ်ရိုက်ချလိုက်ရာ မြေစာထဲကနေ ပုတ်လောက်ကြီးတဲ့ အတ္တဘောကိုပိုင်ဆိုင်ထားတဲ့ နာနာဘာဝနှစ်ကောင်ထွက်ပေါ်လာခဲ့တယ်။ သူတို့လက်ထဲမှာတော့ သွေးစသွေးနတွေပေနေတဲ့ ဧရာမဒူးဆစ်ရိုးနှစ်ချောင်းစီကိုင်ထားခဲ့ကြတယ်။

အောင်မြတ်သာရှေ့မှာတော့ ရဲဒင်းကိုင်အစောင့်တွေက ကြောက်စိတ်မရှိတဲ့မျက်နှာတွေနဲ့ မာထန်ထန်ရပ်နေရင်း ပြေးဝင်လာတဲ့ နှစ်ကောင်ကို ဆီးကြိုတိုက်ခိုက်ခဲ့တယ်။

” ဒုတ် …
အင့် …
ဝုန်း…
ခွပ်”
ပြင်းထန်လှတဲ့တိုက်ပွဲကြောင့် အလယ်မှာရှိတဲ့မြေစာ​တွေ ဖွာလန်ကျဲကုန်ပြီး ဒူးဆစ်ရိုးနဲ့ ရဲဒင်းထိတွေ့တဲ့အရှိန်ကလဲ ကြောက်မခန်းလိလိကျယ်လောင်နေခဲ့တယ်။

ရွာမှာရှိတဲ့ပညာသည်အချို့ကလဲ မလှမ်းမကမ်းကနေ ကြည့်ပြီးအကဲခတ်နေသလို ခေါင်း​ဆောင်လူကြီးကလဲ အောင်မြတ်သာကို စားမတတ်ဝါးမတတ် စိုက်ကြည့်နေခဲ့တယ်။ အဲဒီအချိန် အိတ်ထဲမှာရှိနေတဲ့ သံသေဓါးက ငါးရှဉ့်တစ်ကောင်ကို လူးလွန့်လာ​တာကြောင့် မလွတ်ထွက်အောင် လက်ကိုင်ရိုးကိုဖမ်းဆုပ်လိုက်ချိန်မှာတော့ သံချေးတွေက တစ်ထစ်ဆင်းကွာကျပြီး အခုမှပန်းပဲဖိုကထွက်လာတဲ့ ဓါးတစ်ချောင်းလိုဝင်းလက်လာခဲ့တယ်။

” သံသေဓါး… သံသေဓါး မဟုတ်လား… ”
ရွာခေါင်းဆောင်လူကြီးက မောင်ကောင်းလက်ထဲမှာကိုင်ထားတဲ့ ဓါးကိုသတိထားမိပြီး ပြောလိုက်ချိန်မှာတော့ ငတိုနဲ့ငညိုနှစ်ကောင်ရဲ့ လက်ရည်​တွေတစ်ဖြေးဖြေးနှေးကွေးလာခဲ့တယ်။

” စောရှင် နင့်ကောင်​ေတွ ဘယ်လိုဖြစ်တာလဲ…”

” မသိဘူး အဖေကြီး… သံသေဓါးနဲ့များဆိုင်နေတာလား”

အောင်မြတ်သာတို့လဲ သံသေဓါးဆီကနေ ထွက်နေတဲ့စွမ်းအားကိုရိပ်မိပြီး ရှေ့ကိုတိုးသွားခဲ့ရာ ငတိုနဲ့ ငညိုနှစ်ကောင်လုံး အားအင်တွေချိနဲ့သလိုဖြစ်ကာ ယိုင်နဲ့လာခဲ့တယ်။

” သေချာပြီ ဒီကောင်တွေရဲ့ စွမ်းအားက သံသေဓါးထဲကိုရောက်နေတာ၊ မောင်ကောင်း မင်းကိုယ်ကို ကွန်ခြာအင်းနဲ့ကာပြီး သူတို့နားကိုတိုးသွား ကျန်တာငါဆက်လုပ်မယ်”

အောင်မြတ်သာက အခြေအနေကိုသုံးသပ်ပြီး အမိန့်ပေးလိုက်ရာ မောင်ကောင်းလဲ ကွန်ခြာအင်းနဲ့ငယ်ထိပ်ကိုအုပ်ပြီး ဇွတ်တရွတ်တိုးဝင်သွားခဲ့တယ်။ မောင်ကောင်းဝင်သွားတာနဲ့ ဦးကြာလုံအပါအဝင် ကျန်ပညာသည်တွေအားလုံး အနောက်ကိုဆုတ်သွားခဲ့ကြတယ်။

” အဖေကြီး သံသေဓါးက စွမ်းအင်တွေကိုစုပ်ယူနေသလိုပဲ… ”
စောရှင်နဲ့ကျန်ပညာသည်တွေစကားကြောင့် ဦးကြာလုံတစ်ယောက် လွယ်အိတ်ထဲမှာပါလာတဲ့ ဆေးဘီလူးရုပ်ကို မန်းမှုတ်ပြီးမြေကြီးပေါ်ပစ်ချလိုက်ပေမယ့် ထင်သလိုရုပ်သွင်မထွက်လာပဲ အရုပ်ကအရုပ်အတိုင်းတည်နေခဲ့တယ်။

အောင်မြတ်သာလဲ သံသေဓါးကြောင့် သူတို့တွေစွမ်းအားနည်းနေတာကိုသတိထားမိပြီး ဂိုဏ်းစောင့်ဘီလူးအင်းကိုသုံးလိုက်တဲ့အချိန် လေးဘက်လေးတန်ကနေ လက်လေးဘက်မှာ လက်နက်လေးခုပါတဲ့ အင်းဘီလူးလေးကောင်ထွက်ပေါ်လာခဲ့တယ်။

ဒီတစ်ခါမှာတော့ ဦးကြာလုံတို့တစ်ဖွဲ့လုံး ခေါင်းတောင်မော်မကြည့်ရဲတော့ပဲ မြေကြီးနဲ့မျက်နှာအပ်နေအောင်ကပ်နေခဲ့ကြတယ်။

” ပြော… ဆေးရည်စိမ်ထားတဲ့ အလောင်းက ဘယ်မှာထားထားတာလဲ”

အောင်မြတ်သာမေးနေပေမယ့် ဦးကြာလုံက အင်တင်တင်လုပ်နေတာကြောင့် အင်းဘီလူးတွေကို အမှန်မပြောတာနဲ့ ငယ်ထိပ်ရှစ်စိပ်ကွဲအောင် ရိုက်စေလို့အမိန့်ပေးတော့မှ ဆေးရည်စိမ်ခေါင်းတလားတွေကိုထုတ်ပေးခဲ့တယ်။

အောင်မြတ်သာတို့လဲ ခေါင်းတလားထဲမှာရှိတဲ့ ရုပ်အလောင်းတွေကိုဖွင့်ကြည့်လိုက်ရာ အသက်နှစ်ဆယ်အရွယ်လူငယ်နှစ်ယောက်ကိုတွေ့ရပြီး တစ်ယောက်လက်ကိုတစ်ယောက်ချိတ်ကာ သေဆုံးနေဟန်ကိုစိတ်မကောင်းစွာမြင်တွေ့လိုက်ရတယ်။

အလောင်းကိုခိုးယူပြီး မပုတ်သိုးအောင်ဆေးရည်စိမ်ထားရတဲ့ဖြစ်စဉ်ကိုမေးကြည့်တော့ မွေးရာပါစိတ်စွမ်းအင်ကြီးမားလွန်းတဲ့လူငယ်နှစ်ယောက်ရဲ့ ပညာစွမ်းတွေကို လိုချင်တာကြောင့် ပညာနဲ့စီရင်ခဲ့တာလို့ဝန်ခံခဲ့တယ်။

အောင်မြတ်သာတို့ အလောင်းကိုမီးသဂြိုလ်ပြီးလို့ပြန်ထွက်လာချိန် ညောင်ပင်ရဲ့ရှေ့မှာတောက်ပသစ်လွင်တဲ့ အဝတ်အစားကိုဝတ်ဆင်ထားတဲ့ လူငယ်နှစ်ယောက်က စောင့်နေခဲ့တယ်။ သူတို့က အောင်မြတ်သာကိုမြင်တော့

” ဆရာတို့အနေနဲ့ ညောင်စောင်းရွာဝင်ပေါက်ကို မပိတ်ဘူးဆိုရင် လူတွေထပ်ပြီးဒုက္ခရောက်ကြဦးမယ်။ ဒါကြောင့် ဒီတံခါးကိုဆရာတို့ကိုယ်တိုင်ပိတ်ပေးပါ”

” ဝင်ပေါက်ကိုပိတ်ဖို့အတွက် ဘာတွေလိုအပ်ပါလဲ”

” ဝင်ပေါက်ကိုပိတ်ဖို့က သံသေဓါးပဲလိုပါတယ်။ ဒါကြောင့် ဆရာတို့ကို သံသေဓါးရအောင်ယူဖို့အကြံပေးခဲ့တာပါ။ ဆရာတို့အနေနဲ့ သံသေဓါးနဲ့ဝင်ပေါက်ကိုထိုးစိုက်ပေးရုံပါပဲ…. ကူညီပေးပါဆရာ”

အောင်မြတ်သာလဲ ရွာထဲမှာမြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေကြောင့် သက်ပြင်းတစ်ချက်ချပြီး
“မောင်ကောင်း မင်းက သံသေဓါးပိုင်ရှင်ဆိုတော့ ကိုယ့်ဘာသာဆုံးဖြတ်ပါ” လို့ပြောလိုက်ရာ မောင်ကောင်းက တုံ့ဆိုင်းနေခြင်းမရှိပဲ ပင်စည်ကို ဓားဦးအချွန်နဲ့ထိုးစိုက်ချလိုက်တယ်။

သံသေဓါးနဲ့ပင်စည်ထိတာနဲ့ ညောင်ပင်က ချက်ချင်းဆိုသလို ညိုးနွမ်းလာပြီး မျက်စိရှေ့မှာတင် ဝင်ပေါက်တံခါးပိတ်သွားခဲ့တယ်။

အောင်မြတ်သာတို့လဲ ညောင်​စောင်းရွာကနေထွက်လာပြီးနောက်ပိုင်း အကူညီတောင်းထားတဲ့ သိုက်စောင့်မိန်းမဆီကိုပြန်ထွက်လာခဲ့ကြတယ်။ သိုက်တူးတဲ့အဖွဲ့တွေထဲမှာ စည်းစနစ်ကျပြီး စုဖွဲ့အားကောင်းတဲ့အဖွဲ့ကို အောင်မြတ်သာတို့ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်သိုက်တူးသောလူခြောက်ကလေးဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)


ေအာင္ျမတ္သာႏွင့္ေဆးရည္စိမ္အေလာင္းရွာပုံေတာ္

++++++++++++++++++++++++++++++++++


ပတ္ဝန္းက်င္က တိတ္ၿငိမ္သက္ၿပီး ေမွာင္မိုက္ေနေပမယ့္ လမ္းသြားလမ္းလာေတြ အနားယူဖို႔ေဆာက္လုပ္ထား​ေပးတဲ့ ဇရပ္တစ္ခုရဲ႕အထဲမွာေတာ့ ဝင္ေလထြက္ေလရႈမွတ္တဲ့ ေလသံေတြထြက္ေပၚေနခဲ့တယ္။ ပုံမွန္အခ်ိန္ဆိုရင္ အသက္ရႉသံခပ္မွ်င္းမွ်င္းက ဘာမွမသိေလာက္ေပမယ့္ ခုလိုတိတ္ဆိတ္တဲ့ ညအခ်ိန္မွာေတာ့ အနည္းငယ္က်ယ္ေလာင္ေနခဲ့တယ္။


ေအာင္ျမတ္သာနဲ႔ ေမာငေကာင္းတို႔ကေတာ့ မိမိတို႔ခႏၶာကိုယ္ကို စိတ္တိုင္းက်ပြဲေတာ္တည္ေနတဲ့ ေတာျခင္႐ိုင္းကိုက္တဲ့ဒဏ္ေတြကိုေတာင္မမႈပဲ သမာဓိကိုသာ ခိုင္သထက္ခိုင္ေအာင္ က်င့္ႀကံေနခဲ့ၾကတယ္။


သမာဓိအားအတန္သင့္ေကာင္းလာခ်ိန္မွာေတာ့ ဇရပ္ေပၚကို တက္လာတဲ့ေျခသံတစ္ခုကို ရွင္းလင္းျပတ္သားစြာၾကားလိုက္ရတယ္။ ဇရပ္ေပၚတက္လာတဲ့သူက ေအာင္ျမတ္သာတို႔ရဲ႕အနီးမွာထိုင္လိုက္ၿပီး

” ေညာင္ေစာင္းအရပ္မွာရွိတဲ့ ေဆးရည္စိမ္အေလာင္းကိုရွာဖို႔ဆိုရင္ ထြန႔္ပအိုင္႐ြာလယ္ေရကန္ေအာက္မွာဖြက္ထားတဲ့ သံေသဓါးကို လက္ဝယ္ရဖို႔လိုမယ္၊ သံေသဓါးရတာနဲ႔ အေလာင္းကိုရွာဖို႔ ကူညီသူေတြ ေရာက္လာပါလိမ့္မယ္” ဆိုတဲ့အသံသဲ့သဲ့ကိုၾကားလိုက္ရတယ္။


ေအာင္ျမတ္သာလဲၾကားလိုက္ရတဲ့အသံကို စိတ္ထဲမွတ္္ထားၿပီး မိမိလုပ္ေနတဲ့အမႈကိုၿပီးဆုံးေအာင္ ဆက္လက္လုပ္ေဆာင္ခဲ့တယ္။ တရားျဖဳတ္ၿပီးလို႔အမွ်တန္းေဝခ်ိန္မွာေတာ့ ဇရပ္ေပၚကေန သာဓုေခၚသံအခ်ိဳ႕ကို ၾကားလိုက္ရၿပီး ေဘးနားပတ္ပတ္လည္မွာ ေျပးလႊားေနၾကတဲ့ ေျခသံအခ်ိဳ႕ကိုလဲၾကားလိုက္ရတယ္။


ေမာင္ေကာင္းကေတာ့ တရားျဖဳတ္ပီးတာနဲ႔ ဇရပ္ေအာက္မွာ ထင္းမီးဖိုတစ္ဖိုကိုတည္လိုက္ၿပီး အိပ္စက္အနားယူဖို႔ျပင္ဆင္ေနခဲ့တယ္။ အဲဒီအခ်ိန္

” ေမာင္ေကာင္း မနက္အ႐ုဏ္တက္တာနဲ႔ ထြန႔္ပအိုင္႐ြာကိုသြားၾကရေအာင္၊ ပစၥည္းပစၥယေတြကို ခုညထဲက သိမ္းထားလိုက္ဦး”


” ထြန႔္ပအိုင္႐ြာဆိုတာက ကားလမ္းေဘးကေန ကိုးမိုင္ေလာက္ဝင္ရတဲ့ေနရာျဖစ္မယ္၊ ဒီ႐ြာကိုလာတုန္း ခရီးသြားေတြေျပာတာၾကားလိုက္တယ္ဆရာ၊ ဘာအေရးကိစၥမ်ားရွိေနလို႔လဲ”


” ငါတို႔ကို အကူအညီေတာင္းထားတဲ့ အေလာင္းကိစၥနဲ႔စပ္ဆက္ေနတယ္လို႔ပဲသိထားပါ၊ ထြန႔္ပအိုင္ကိုေရာက္မွ ဘာလုပ္ရမယ္ဆိုတာ ဆုံးျဖတ္ရမယ္”


ေမာင္ေကာင္းလဲ ေအာင္ျမတ္သာစကားကို ေစာဒကမတက္ေတာ့ပဲ မီးဖိုထဲကိုထင္းတုံးေတြပစ္ထည့္ကာ ဇရပ္ေပၚကိုတက္လာခဲ့လိုက္တယ္။


မနက္အ႐ုဏ္တက္ခ်ိန္ေရာက္ေတာ့ ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြ ကိုယ္လက္သန႔္စင္ၿပီး ထြန႔္ပအိုင္႐ြာဘက္ကိုခရီးထြက္ခဲ့ၾကတယ္။ မနက္ေစာေစာျဖစ္တဲ့အတြက္ ေအးျမတဲ့ျမဴခိုးျမဴေငြ႕ေတြ လမ္းတစ္ေလ်ာက္လုံးဖုံးလႊမ္းေနၿပီး ေဈးေရာင္းဈးဝယ္သြားၾကတဲ့ ေဈးသည္အခ်ိဳ႕ကလြဲရင္ တစ္လမ္းလးတတ္ဆိတ္ေျခာက္ကပ္ေနခဲ့တယ္။


” ရွပ္ ရွပ္ ရွပ္…”

လမ္းေလ်ာက္ေနရင္း အေနာက္ကေန လိုက္လာတဲ့ ေျခသံေၾကာင့္ ဆရာတပည့္ႏွစ္ေယာက္ လွည့္ၾကည့္လိုက္ရာ ဆံပင္ေတြကိုမ်က္ႏွာမေပၚေအာင္ဖုံးအုပ္ထားတဲ့ မိန္းမတစ္ေယာက္ကိုျမင္လိုက္ရတယ္။


” သင္က ဘယ္သူလဲ… ဘာေၾကာင့္ အေနာက္ကေန တစ္ေကာက္ေကာက္လိုက္ေနလဲဆိုတာေျပာပါ”


ေအာင္ျမတ္သာက ေျပာခြင့္ေပးလိုက္ေတာ့မွ ဆံပင္ေတြအုပ္ေနတဲ့မိန္းမက ေတာင္ဘက္စူးစူးကိုလက္ညိဳးထိုးၿပီး

” သူတို႔ေတြဖမ္းသြားၾကပီ… သူတို႔ေတြဖမ္းသြားၾကပီ၊ က်ဳပ္တို႔ပိုင္တဲ့ပစၥည္းေတြကိုရာဝင္အိုးနဲ႔အျပည့္ယူၿပီး ထြက္သြားၾကၿပီ” လို႔ေျပာကာ တအီအီနဲ႔ငိုပါေလေရာ။


ေအာင္ျမတ္သာလဲ မိန္းမႀကီးလက္ညိဳးထိုးျပတဲ့ဘက္ကို အာ႐ုံစူးစိုက္ၿပီးၾကည့္လိုက္ရာ နဂါးပတ္ေတာင္ေဝွးတစ္ေခ်ာင္းကိုင္ထားတဲ့ အဖိုးအိုနဲ႔အတူ သက္လတ္ပိုင္းေယာက်ၤားေလးေယာက္ကို ျမင္လိုက္ရတယ္။ သူတို႔ေရွ႕မွာေတာ့ ဘီးႏွစ္ဘီးတပ္လက္တြန္းလွည္းတစ္ခုရွိေနၿပီး အေပၚမွာေတာ့ ရတနာပစၥည္းေတြထည့္ထားတဲ့ရာဝင္အိုးတစ္လုံးအျပင္ အနီေရာင္ဖန္ပုလင္းထဲမွာထိပ္ပိတ္ထားတဲ့ ခူေျခာက္ေလးတစ္ေယာက္ကိုျမင္လိုက္ရတယ္။


” ရတနာပစၥည္းေတြအျပင္ ဖန္ပုလင္းထဲထည့္ထားတဲ့ လူေျခာက္ေလးတစ္ေယာက္ကိုလဲျမင္တယ္၊ သူတို႔ကဘယ္သူေတြလဲ”


” ဖန္ပုလင္းထဲမွာပါတဲ့သူက လူေျခာက္မဟုတ္ဘူး.. သူက ဘယ္ေနရာမွာ သိုက္ရွိတယ္၊ ဘယ္လိုခ်ဳပ္ကိုင္ရမယ္ဆိုတာကို အႀကံေပးတဲ့ အကုသိုလ္ေကာင္ပါ၊ သူနဲ႔တူတူပါလာတဲ့ေကာင္ေတြက ပညာအဆင့္ျမင့္တဲ့ ဆရာ​ေတြပဲ၊ သူတို႔ေၾကာင့္ ဒီနယ္တစ္ဝိုက္က သိုက္ငယ္ေလးေတြ ပ်က္စီးရတာမ်ားေနပါ​ၿပီ၊ ဆရာတို႔ကူညီေပး​ပါ… အႏူးၫြတ္ေတာင္းပန္ပါတယ္”


” အိမ္း… က်ဳပ္တို႔ကလဲ ခရီးတစ္ခုဆက္စရာရွိေနတာေၾကာင့္ ဒီကိစၥေတြၿပီးရင္ သင္တို႔အတြက္ စဥ္းစားေပးပါမယ္၊ ေလာ​ေလာဆယ္ ကိုယ့္ေနရာကိုယ္ျပန္ပီး ေစာင့္ေနပါ”


ေအာင္ျမတ္သာစကားအဆုံးမွာေတာ့ ဆံပင္ဖားလ်ားခ်ထားတဲ့မိန္းမႀကီးက မ်က္စိေရွ႕မွာေပ်ာက္ကြယ္သြားခဲ့တာေၾကာင့္ မိမိတို႔လိုတဲ့ခရီးကိုေရွ႕ဆက္ခဲ့ၾကတယ္။

မနက္၈နာရီေလာက္မွာေတာ့ ထြန႔္ပအိုင္႐ြာကိုေရာက္လာခဲ့ၿပီး ႐ြာလယ္ေရကန္ရွိတဲ့ဘက္ကိုေမးျမန္းကာထြက္လာခဲ့လိုက္တယ္။ ေရကန္အစပ္ကိုေရာက္ေတာ့ ပတ္ဝန္းက်င္ကို အကဲခတ္ၾကည့္လိုက္ရာ နီရဲေနတဲ့မ်က္လုံးေတြအျပင္ မဲမဲအရိပ္သဏၭာန္ေတြကိုျမင္ေတြ႕လိုက္ရတယ္။


” ဒီေရကန္က ႐ြာရဲ႕အဓိကေရကန္ျဖစ္တာနဲ႔အမွ် ေရကန္ကိုမွီခိုေနတဲ့ နာနာဘာဝေတြကလဲ မနည္းမေနာပါလား….ဟင္းး ”

ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္ေကာင္းက ေရကန္အစပ္ကိုနင္းထားရာကေန အေနာက္ကိုဆုတ္လိုက္တဲ့အခ်ိန္ ေခါင္းေပၚကို ေက်ာက္စရစ္ခဲတစ္လုံး က်လာခဲ့တယ္။

” အ…. နာလိုက္တာကြာ.. ဘာႀကီးတုန္းဟ”

ေမာင္ေကာင္းက ေခါင္းေပၚက်လာတဲ့ ခဲလုံးကိုေကာက္ယူၿပီး ေဘးဘီကိုၾကည့္လိုက္ရာ မလွမ္းမကမ္းကုကၠိဳပင္ေပၚမွာ ခဲႏွစ္လုံးကိုကိုင္ၿပီး လွမ္းပစ္ဖို႔လုပ္ေနတဲ့ မ်က္ကြင္းညိဳညိဳနဲ႔ကေလးတစ္ေယာက္ကိုျမင္လိုက္ရတယ္။

” ဟာ ဒီေကာင္ ေနရင္းထိုင္ရင္း လာစေနတယ္… အခုဖမ္းေခၚပီး နရင္းအုပ္လိုက္ရ”


ေမာင္ေကာင္းစကားသံအဆုံးမွာ ကုကၠိဳပင္ေပၚမွာရွိ​ေနတဲ့အေကာင္က ေနာက္ထပ္ခဲလုံးနဲ႔ပစ္ေပါက္ဖို႔အလုပ္

” ဟိုေကာင္ ခုခ်က္ခ်င္း ေနရာအရပ္က ငါ့ေရွ႕ေရာက္ေစ… ဆိုင္ရာေတြခ်ဳပ္ေခၚလာခဲ့” ဆိုၿပီး လက္ညိဳးထိုးၿပီးေငါက္လိုက္ရာ သစ္ကိုင္းေပၚမွာထိုင္ေနတဲ့ အေကာင္က ဖုတ္ခနဲ ေျမႀကီးေပၚက်ၿပီး ယက္ကန္ယက္ကန္နဲ႔ ေလေပၚေျမာက္တက္လာခဲ့တယ္။


” ဒီတစ္ခါ ဆိုင္ရာပုဂၢိဳလ္ေတြက ႐ုပ္သြင္မျပၾကပါလား… ဘာေၾကာင့္မ်ားပါလဲ”


ေမာင္ေကာင္းက တစ္ေယာက္ထဲေရ႐ြတ္ေနတဲ့အခ်ိန္ ေအာင္ျမတ္သာက ခပ္ၿပဳံးၿပဳံးမ်က္ႏွာထားနဲ႔ၾကည့္လိုက္ၿပီး

” ႐ြာေတာ္ရွင္တပည့္ေတြက သူတို႔ရဲ႕ ေၾကာက္မက္ဖြယ္ပုံစံကိုမျမင္ခ်င္လို႔ ကြယ္ထားၾကတာပါ၊ ဒါနဲ႔ ဒီပုဂၢိဳလ္ကိုေခၚၿပီး ဘာလုပ္မလို႔လဲ”


” ဒီေကာင္က ကြၽန္ေတာ္တို႔ကို မခန႔္ေလးစားလုပ္လို႔ ပညာေပးမလို႔ ေခၚလိုက္တာပါဆရာ၊ သူ႔ကိုနာက်င္ေအာင္ေတာ့မလုပ္ပါဘူး”


ေအာငျမတ္သာလဲ ေမာင္ေကာင္းစကားေၾကာင့္ ေရွ႕မွာငုတ္တုပ္ေလးထိုင္ေနတဲ့ေကာင္ကိုၾကည့္လိုက္ရာ မ်က္ခြံေတြလွီးထုတ္ခံထားရသလိုျဖစ္ေနၿပီး နီရဲျပဴးက်ယ္ေနတဲ့မ်က္လုံး၊ ႏွာတံမပါတဲ့ႏွာေခါင္းေပါက္ေတြပိုင္ဆိုင္ထားတဲ့ မွင္စာတစ္ေကာင္ကိုျမင္လိုက္ရတယ္။


” သင္က ဘာလို႔ က်ဳပ္တို႔ကို စေနာက္ရတာလဲ… အေၾကာင္းတစ္ခုခုမ်ားရွိလို႔လား”


ေအာင္ျမတ္သာစကားကို မွင္စာ​ေလးက အထိတ္ထိတ္အလန႔္လန႔္နဲ႔ ေခါင္းခါျပၿပီး ေဘးဘီကို ျပဴးက်ယ္တဲ့မ်က္လုံးေတြနဲ႔လိုက္ၾကည့္​ေနခဲ့တယ္။


” သင္ တစ္ခုခုေျပာခ်င္ေနတယ္မဟုတ္လား.. မေၾကာက္ပါနဲ႔ ေျပာပါ၊ သင့္ကိုဘယ္သူမွ ထိခိုက္ေအာင္မလုပ္ေစရဘူးလို႔ ကတိေပးတယ္”


” ေသခ်ာလား… သူတို႔သိရင္ ငါ့ကိုနာက်င္ေအာင္လုပ္လိမ့္မယ္”


” ေသခ်ာတယ္ … သင္ေျပာခ်င္တာရွိတာကိုသာေျပာပါ”


” ငါ့နာမည္က မ်က္ျပဴးလို႔ေခၚတယ္… မ်က္ခြံမပါလာလို႔ ဒီဘဝေရာက္ထဲက ခုထိမအိပ္ရေသးဘူး၊ ခုနက ခဲနဲ႔ေပါက္တယ္ဆိုတာက ေရကန္ထဲကိုမဆင္းရေအာင္သတိေပးတာပါ”


” ဟင္ ေရကန္ထဲကို ဘာလို႔မဆင္းေစခ်င္တာလဲ”


” မေန႔ညသန္းေခါင္အခ်ိန္က ေရကန္ဆီကို ေညာင္ေစာင္း႐ြာက ငတိုနဲ႔ငညိဳ ညီေနာင္ႏွစ္ေကာင္ေရာက္လာၿပီး သူ႔တပည့္ေတြကို ကန္ပတ္ပတ္လည္မွာခ်သြားတယ္။ ကန္ထဲဆင္းတဲ့သူကို စားေသာက္ဖို႔လဲ မွာသြားတာၾကားလိုက္တယ္။ ဒါေၾကာင့္ ေရကန္နားကိုလာတဲ့သူတိုင္းကို ေျခာက္လွန႔္ေမာင္းထုတ္ေနရတာ”


” ဒီ႐ြာပိုင္ပုဂၢိဳလ္ေတြက တားဆီးပိတ္ပင္တာေတြမလုပ္ဘူးလား”


” သူကိုယ္တိုင္ အျပင္မထြက္ရဲလို႔ နတ္စင္ထဲမွာပုန္းေနတာ၊ အခုလိုေျပာတာ ငတိုနဲ႔ငညိဳတို႔မသိေစနဲ႔ေနာ္၊ သူတို႔သိရင္ က်ဳပ္ကို အေရခြံဆုပ္လိမ့္မယ္”


” မေျပာပါဘူး .. ဒါေပမယ့္ က်ဳပ္တို႔အေနနဲ႔ ေရကန္ေအာက္မွာရွိေနတဲ့သံေသဓါးကိုယူရဦးမယ္၊ ဒါေၾကာင့္ ျဖစ္လာမယ့္ကိစၥေတြကို ရင္ဆိုင္မွာပါ”


” သံေသဓါးေတာ့မသိဘူး ေရေအာက္ထဲမွာ အစြမ္းရွိတဲ့ပစၥည္းတစ္ခုရွိတယ္လို႔ေတာ့သိထားတယ္၊ အဲဒီဓါးကိုရရင္ ေညာင္ေစာင္း႐ြာက သူေတြကို ပညာေပးလိုက္ပါဗ်ာ၊ ဒီေကာင္ေတြ လူပါးဝေနတာၾကာ​ၿပီ”


ေအာင္ျမတ္သာက မွင္စာေလးရဲ႕စကားကိုၾကားေတာ့ ေခါင္းကိုညမ့္ျပၿပီး ေရကန္အစပ္နားကိုဆင္းသြားခဲ့တယ္။ ေမာင္ေကာင္းကေတာ့ အေနာက္မွာေနၿပီး မျမင္ကြယ္ရာကေန ဝင္ေရာက္လာမယ့္ အႏၲရာယ္ေတြကိုကာကြယ္ဖို႔ေစာင့္ဆိုင္းေနခဲ့တယ္။


” ဗြမ္း ဗြမ္း ႁပြက္ ႁပြက္ ႁပြက္”

႐ုတ္တရက္ဆိုသလို ေရကန္အလယ္ကေန ေရေႏြးအိုးဆူသလိုပြက္လာၿပီး နီရဲေနတဲ့မ်က္လုံးေပါင္းမ်ားစြာက ေရထဲမွာေပၚလာခဲ့တယ္။


” ဆရာ … သတိထား.. ဒီေကာင္ေတြ ေရထဲမွာအျပည့္ပဲဗ်”


ေမာင္ေကာင္းစကားသံအဆုံးမွာ မလွမ္းမကမ္းကေန စပ္စုေနတဲ့မွင္စာေလးက သစ္ပင္ေပၚကိုေျပးတက္​ၿပီး အကြယ္ကေနေခ်ာင္းၾကည့္ေနခဲ့တယ္။ ေအာင္ျမတ္သာကေတာ့ ေရကန္အစပ္နားမွာ မလႈပ္မယွက္မတ္တပ္ရပ္ေနၿပီး ႏႈတ္ကေန ဥဳံခံတံ့ဂါထာတစ္ပုဒ္ကို ဌာန္က႐ိုင္းက်က်႐ြတ္ဖတ္ေနခဲ့တယ္။


ဂါထာတစ္ေခါက္ဆုံးတာနဲ႔ ေရကန္ေဘာင္ေပၚမွာပုဆိုးခါးေတာင္းက်ိဳက္ထားၿပီး တင္က်ဥ္းတုတ္တစ္ေခ်ာင္းကိုင္ထားတဲ့ လူတစ္ေယာက္ေပၚလာခဲ့တယ္။ ဂါထာအေခါက္ေရ ႏွစ္ဆယ္ေလာက္အေရာက္မွာေတာ့ တင္က်ဥ္းတုတ္ကိုင္ေဆာင္ထားတဲ့ လူႏွစ္ဆယ္ရွိေနခဲ့ၿပီး ေအာင္ျမတ္သာရဲ႕အမိန႔္တစ္စုံတစ္ရာကိုေစာင့္ဆိုင္းေနတဲ့ဟန္ ၿငိမ္သက္ေနခဲ့တယ္။


ေရကန္မွာရွိတဲ့နာနာဘာဝေတြကလဲ သူတို႔ပိုက္နက္ကိုေရာက္လာတဲ့ ပုဂၢိဳလ္ေတြကိုမႏွစ္ၿမိဳ႕တဲ့ဟန္နဲ႔ အသံေပါင္းစုံေပးၿပီး ေျခာက္လွန႔္ၾကရာ အနီးနားမွာရွိတဲ့ သရဲတေစၦေတြအားလုံး ေၾကာက္လန႔္ၿပီး လႈပ္ေတာင္မလႈပ္ရဲပဲျဖစ္ေနခဲ့ၾကတယ္။


အဲဒီအခ်ိန္ေအာင္ျမတ္သာက

” ေရကန္ေစာင့္ပုဂၢိဳလ္ကို က်ဳပ္အမိန႔္ျဖင့္ ဆင့္ေခၚလိုက္သည္။ သင့္အေပၚ ခ်ဳပ္ေႏွာင္ထားမႈမ်ားရွိပါက အလိုအေလ်ာက္ပယ္ပ်က္ေစသား။ ကြၽႏ္ုပ္၏အမိန႔္ကိုလြန္ဆန္ၿပီး ေႏွာက္ယွက္သူမ်ားအား တင္က်ဥ္းကိုင္အေစာင့္မ်ားက အ႐ိုးေတြေၾကမြတဲ့ထိ ႐ိုက္ႏွက္ေစ” လို႔ေျပာၿပီး ေရျပင္အစပ္ကို လက္နဲ႔ပုတ္လိုက္ရာ ေမွာင္မဲေနတဲ့ေရကန္ထဲကေန အေမႊးစုတ္ဖြားနဲ႔ေကာင္ေတြ ဖြားခနဲထြက္ေပၚလာခဲ့တယ္။ အလားတူ ေရကန္ပတ္လည္မွာရွိတဲ့ ေျမမို႔မို႔ထဲကေနလဲ အသားနီေတြလန္ၿပီး ေၾကာက္မက္ဖြယ္အဆင္းရွိတဲ့ နာနာဘာဝ​ေတြ ကုန္း႐ုန္းထလာခဲ့တယ္။


နာနာဘာဝေတြ ထြက္ေပၚလာတာနဲ႔ တင္က်ဥ္းကိုင္ပုဂၢိဳလ္ေတြက သိုင္းကြင္းခင္းကာ ညာသံေပးၿပီး ဝင္ေရာက္တိုက္ခိုက္ပါေလေရာ။


” က်ား….

ေဖာက္….

ခြပ္…

အင့္… ”


“ကုန္းေဘာင္သားေတြကြ… ထိုးၾကစမ္း ခုတ္ၾကစမ္း”


မာန္ထန္ပါတဲ့ အသံေတြနဲ႔ တရစပ္ဝင္ေရာက္႐ိုက္ႏွက္မႈေၾကာင့္ နာနာဘာဝေကာင္အခ်ိဳ႕ အလဲလဲအကြဲကြဲနဲ႔ ေျခဦးတည့္ရာထြက္ေျပးၾကသလို အခ်ိဳ႕က်ေတာ့လဲ ေရကန္အစပ္မွာပင္ နာက်င္စြာစူးစူးဝါးဝါးေအာ္ဟစ္ေနခဲ့ၾကတယ္။


အခ်ိန္အနည္းငယ္အၾကာမွာေတာ့ တိုက္ပြဲအရွိန္ေၾကာင့္ လႈိင္းတံပိုးျပင္းထန္ေနတဲ့ ေရကန္က သူမဟုတ္တဲ့အတိုင္းျပန္လည္ၿငိမ္သက္သြားခဲ့တယ္။ အဲဒီအခ်ိန္ေရာက္မွ ကန္ေရအလယ္ကေန ဆံပင္ဖားလ်ားခ်ထားတဲ့ လူတစ္ေယာက္ေပၚလာခဲ့ၿပီး ေအာင္ျမတ္သာတို႔ရွိရာကို ေရျပင္ေပၚကေန ေလ်ာက္လာခဲ့တယ္။ ထူးဆန္းတာက ေရထဲကေနထြက္လာခဲ့ေပမယ့္ သူ႔တစ္ကိုယ္လုံးေရတစ္စက္မွမစိုတာပဲ။


” သင္ေရာက္လာၿပီလား…”

ေအာင္ျမတ္သာစကားအဆုံးမွာ ဆံပင္ဖားလ်ားခ်ထားတဲ့ပုဂၢိဳလ္က သက္ျပင္းရွည္တစ္ခ်က္ကိုခ်ကာ

” ဆရာတို႔အာဏာစက္​ေၾကာင့္ က်ဳပ္လြတ္ေျမာက္လာခဲ့ပါၿပီ၊ ဒီအတြက္ က်ဳပ္ကိုခိုင္းေစခ်င္တာမ်ားရွိလဲ အားမနာပဲေျပာႏိုင္ပါတယ္”


” က်ဳပ္တို႔အေနနဲ႔ သင္​ေစာင့္ေရွာက္တဲ့ေရကန္မွာရွိတဲ့ သံေသဓါးကို ေခတၱငွားရမ္းလိုပါတယ္။ က်ဳပ္တို႔အသုံးျပဳၿပီးတဲ့အခါ သင့္ဆီကိုျပန္လာအပ္ေပးပါမယ္”


” သံေသဓါးကို လိုခ်င္ရင္ သူကိုယ္တိုင္လက္ခံတဲ့သူျဖစ္ရပါမယ္၊ အတင္းအဓမၼယူမယ္ဆိုရင္ေတာ့ သံေသဓါးက ဘယ္လိုမွစြမ္းမွာမဟုတ္ပါဘူး”


” သူကိုယ္တိုင္လက္ခံႏိုင္တဲ့ အခ်က္အလက္ေတြက ဘာေတြမ်ားျဖစ္မလဲ၊ တကယ္လို႔က်ဳပ္တို႔ကအဆင္မေျပခဲ့ရင္ အရည္ခ်င္းျပည့္မွီတဲ့သူကိုရွာရဦးမွာမလို႔ပါ”


ေအာင္ျမတ္သာစကားအဆုံးမွာ ေရကန္ေစာင့္ပုဂၢိဳလ္က လက္ႏွစ္ဖက္ကို အသာယာပင့္တင္လိုက္ရာ ေရကန္အလယ္မွာ အလြန္ႀကီးမားတဲ့ကန္ေတာ့ခြက္တစ္ခုေပၚလာၿပီး အထဲကေန တစ္ေတာင္သာသာရွိတဲ့ သံေသတၱာတစ္လုံးထြက္ေပၚလာခဲ့တယ္။ ေရကန္ေတာ့ေပၚမွာတင္ေနတဲ့ သံေသတၱာဆီကေနလဲ အစိမ္းပုတ္ေရာင္အလင္းတန္းေတြျဖာထြက္ေနတာကိုလဲထူးဆန္းစြာျမင္ေတြ႕လိုက္ရတယ္။


” ဒီေသတၱာထဲမွာ သံေသဝိဇၨာတစ္ပါး စီရင္ထားတဲ့ သံေသဓါးရွိပါတယ္။ သူ႔ဖန္တီးထားတဲ့ သံေသဓါးကို ကိုင္ေဆာင္ခြင့္ရွိတဲ့သူကေတာ့ မယ္မုကၡရဲ႕အႏြယ္ဝင္ျဖစ္ရမယ္ဆိုၿပီး သစၥာဆိုသြားခဲ့တယ္”


” ဟင္ … မယ္မုကၡဆိုတာ ဘယ္လိုပုဂၢိဳလ္မ်ိဳးလဲ”


” မယ္မုကၡဆိုတာ နတ္ဘီလူးအႏြယ္ဝင္ျဖစ္ၿပီး… ဒီဓါးကိုစီရင္ေနစဥ္ကာလအတြင္းမွာ အနားကေန မ်က္ေတာင္မခတ္တမ္းေစာင့္ေရွာက္ေပးခဲ့သူပဲ၊ ဒါေၾကာင့္ သူကိုယ္တိုင္ေပါက္ေျမာက္တဲ့အခ်ိန္မွာ မယ္မုကၡကို မေမ့မေလ်ာ့တဲ့အေနနဲ႔ ဒီသစၥာကိုဆိုသြားခဲ့တာပဲ၊ ဒါေၾကာင့္ ဆရာအေနနဲ႔ သံေသဓါးကို အစြမ္းသတၱိျပည့္စြာကိုင္ေဆာင္ႏိုင္မႏိုင္ စမ္းၾကည့္ေပးပါ၊ သံေသဓါးက သူ႔ပိုင္ရွင္အစစ္မွန္ရဲ႕ ႏႈတ္မိန႔္နဲ႔မွ လက္ေပၚကိုေရာက္လာပါလိမ့္မယ္”


ေရကန္ေစာင့္ပုဂၢိဳလ္စကားအဆုံးမွာ ေအာင္ျမတ္သာက ညာလက္ကိုဆန႔္တန္းၿပီး သံေသဓါးကိုေခၚေဆာင္လိုက္တဲ့အခ်ိန္ ေရဝဲဂယက္ေတြျပင္းထန္လာၿပီး ဓါးရဲ႕ပတ္ပတ္လည္ကို တံတိုင္းတစ္ခုလိုကာစီးလိုက္တာကိုျမင္လိုက္ရတယ္။


” ဆရာ အေနနဲ႔ သံေသဓါးပိုင္ရွင္မဟုတ္တာေၾကာင့္ က်ဳပ္ဒီဓါးကိုအသုံးျပဳခြင့္ေပးလို႔မရပါဘူး”


ေအာင္ျမတ္သာအေနနဲ႔ ကိစၥေပါင္းမ်ားစြာကို ေအာင္ျမင္စြာေျဖရွင္းႏိုင္ခဲ့ေပမယ့္ သစၥာနဲ႔ခ်ည္ေႏွာင္ထားတဲ့ ဒီကိစၥမွာေတာ့ ဘာမွမတတ္ႏိုင္ပဲ လက္ေလ်ာ့လိုက္ရတယ္။


” ဆရာတို႔အေနနဲ႔ မယ္မုကၡအႏြယ္ဝင္တစ္ေယာက္ကို ရွာေဖြၿပီးမွ သံေသဓါးကိုလာေရာက္ယူေဆာင္ၾကပါ၊ ဒီအေတာတြင္း ေရကန္ပတ္ပတ္လည္မွာ ခ်ထားတဲ့ မႏၲာန္အတြက္လဲ ေက်းဇူးတင္ပါတယ္”


” ဒါျဖင့္ က်ဳပ္တို႔အေနနဲ႔ သံေသဓါးကိုယူဖို႔ ေသခ်ာေပါက္ျပန္လာခဲ့ပါ့မယ္၊ သင့္ကို ဘယ္သူမွထပ္ၿပီးခ်ဳပ္ေႏွာင္လို႔မရေအာင္ မႏၲာန္အထပ္ထပ္ခ်ထားေပးတာမို႔ စိတ္ကင္းရွင္းစြာေနထိုင္ပါ”


” ဆရာတို႔ျပန္အလာကို က်ဳပ္ေစာင့္ေနပါ့မယ္၊ ဂ႐ုစိုက္ၿပီးသြားၾကပါ”


ေရကန္ေစာင့္ပုဂၢိဳလ္က ေအာင္္​ျမတ္သာတို႔ကို ႏႈတ္ဆက္ၿပီး ေရကန္ထဲကိုျပန္ထြက္သြားခ်ိန္မွာေတာ့ အေနာက္မွာေစာင့္ေနတဲ့ေမာင္ေကာင္းက ေရကန္အစပ္နားကိုလာၿပီး ေအာင္ျမတ္သာလြယ္အိတ္ကိုလွမ္းယူဖို႔လက္ကမ္းလိုက္ရာ ကန္အလယ္မွာ အရွိန္ေလ်ာ့ေနၿပီျဖစ္တဲ့ ဝဲဂယက္ႀကီးက ဝုန္းခနဲထေတာက္ၿပီး ဆင္ႏွာေမာင္းတစ္ခုကို ေဝ့ယမ္းလာခဲ့တယ္။


” ဟင္…. ဘာျဖစ္တာလဲ”


ေအာင္ျမတ္သာေရာ ေမာင္ေကာင္းပါ ႐ုတ္တရက္မို႔အံ့ဩသြားၿပီး မွင္သက္ေနတဲ့အခ်ိန္ ေရကန္လယ္မွာရပ္ေနတဲ့ပုဂၢိဳလ္က ဝမ္းသာအားရနဲ႔ျပန္လွည့္လာၿပီး


” သူ သူက မယ္မုကၡအႏြယ္ဝင္ပဲ… ဒါေၾကာင့္ သံေသဓါးက လက္ခံလိုက္တာ”


ေရကန္ေစာင့္ပုဂၢိဳလ္စကားေၾကာင့္ ေအာင္ျမတ္သာေရာ ေမာင္ေကာင္းပါ မွင္သက္သြားခဲ့တယ္။


” ဆရာေလး … သံေသဓါးကိုဆင့္ေခၚလိုက္ေတာ့… သူ ေသတၱာထဲကေနထြက္ခ်င္ေနၿပီ”


ေမာင္ေကာင္းလဲ ေၾကာင္အအနဲ႔ လွမ္းထားတဲ့လက္ကိုျပန္မ႐ုတ္ပဲ

” သံေသဓါးက က်ဳပ္ကိုလိုလားတယ္ဆိုရင္ ေသတၱာထဲကေန ႐ုန္းထြက္ၿပီး လက္ေပၚေရာက္ရွိလာေစ” လို႔ေျပာလိုက္ရာ ဆင္ႏွာေမာင္းလိုဝဲတက္ေနတဲ့ ေရကန္ေတာ့ထဲက သံေသတၱာက ဝုန္းခနဲပြင့္ထြက္ၿပီး တစ္ေတာင္သာသာရွိတဲ့ ဓါးတစ္လက္ပ်ံတက္လာခဲ့တယ္။


မ်က္စိႀကိမ္းမတတ္ စိမ္းညိဳေရာင္အလင္းတန္းေတြက မီးပန္းေဖာက္သလိုျဖာထြက္ၿပီး ဝဲပ်ံလာတဲ့ သံေသဓါးက ေမာင္ေကာင္းလက္ေပၚအ​ေရာက္မွာ​ေတာ့ လုံးဝၿငိမ္သက္သြားခဲ့တယ္။


” ဆရာ … ကြၽန္ေတာ္က ဘယ္လိုျဖစ္လို႔…”


ေၾကာင္အအနဲ႔ ထူးဆန္းေနတဲ့ ေမာင္ေကာင္းစကားေၾကာင့္ေအာင္ျမတ္သာက

” မင္းငယ္စဥ္က ထူးဆန္းတာဘာေတြရွိခဲ့ဖူးလဲ၊ အိမ္မက္ျဖစ္ျဖစ္ လက္ေတြျဖစ္ျဖစ္ေပါ့” လို႔ေျပာလိုက္ေတာ့မွ ေမာင္ေကာင္းက လက္ေဖ်ာက္တီးၿပီး


” ကြၽန္ေတာ္မေမြးခင္ ေရထဲေမ်ာလာတဲ့ ဘီလူးမ႐ုပ္ထုပါးစပ္ထဲကေန ပတၱျမားတစ္လုံး ရလာတယ္လို႔ အေဖအိမ္မက္မက္ဖူးတယ္ဆရာ”

(မွတ္ခ်က္။ ေမာင္ေကာင္း ငယ္ဘဝအေၾကာင္းကိုေတာ့ ေအာင္ျမတ္သာႏွင့္ဒုတိယမႏုႆေျခလွမ္းဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး)


” လက္စသတ္ေတာ့ မင္းက မယ္မုကၡရဲ႕အဆက္ႏြယ္တစ္ေယာက္ျဖစ္ေနတာကိုး… ”


” ဆရာေလးက သံေသဓါးပိုင္ရွင္ျဖစ္ေနတာမို႔ သူ႔ရဲ႕အစြမ္းသတၱိေတြကို ေျပာျပေပးပါမယ္၊ သံေသဓါးရဲ႕အထူး​ျခားဆုံးအစြမ္းက ေအာက္လမ္းစုန္းကေဝေတြကို အေသသတ္ႏိုင္သလို ပညာပ်က္​ေအာင္လဲ စြမ္းေဆာင္ႏိုင္ပါတယ္။ ဒါေပမယ့္ သံေသဓါးကို တစ္ေခါက္သုံးၿပီးရင္ သုံးတဲ့သူဟာ ၃လတိတိ သက္သက္လြတ္အဓိဌာန္ျပန္ဝင္ရပါမယ္။ အဓိဌာန္မဝင္ပဲျပန္သုံးမယ္ဆိုရင္ သံေသဓါးဟာလဲ သာမန္ဓါးတစ္ေခ်ာင္းထက္မပိုပါဘူး။ ဆရာတို႔အေနနဲ႔ သံေသဓါးကိုအသုံးျပဳၿပီး ခုႏွစ္ရက္သားသမီးေတြရဲ႕ အသက္အိုးအိမ္ကိုကာကြယ္ေစာင့္ေရွာက္ႏိုင္ပါေစ”


ေရကန္ေစာင့္ပုဂၢိဳလ္လဲ ေအာင္ျမတ္သာတို႔ကို ေျပာျပသင့္တဲ့အခ်က္ေတြေျပာျပၿပီးတာနဲ႔ ေရကန္ေအာက္ထဲကိုျပန္လည္ဆင္းသက္သြားခဲ့တယ္။


ေမာင္ေကာင္းကေတာ့ တစ္ေတာင္သာသာရွိတဲ့ သံေသဓါးကို ၾကည့္လိုက္ရာ သံေခ်းအထပ္ထပ္တက္ေနတာေၾကာင့္ အနားမွာရွိတဲ့ သစ္သားေခ်ာင္းတစ္ေခ်ာင္းကိုေကာက္ယူၿပီး ျခစ္ၾကည့္ေပမယ့္ သံေခ်းေတြမကြၽတ္ပဲ သစ္သားေခ်ာင္းသာ တိခနဲျပတ္က်သြားခဲ့တယ္။


” အမ​ေလး သံေခ်းတက္ေနတာေတာင္ ေတာ္ေတာ္ထက္ပါပဲဆရာေရ၊ အေတာ္သတိထားရမယ္”


” သံေသဓါးမွာ ေစာင့္ပုဂၢိဳလ္ကလဲ မင္းအမိန႔္ကိုပဲနာခံမွာမို႔ မင္းပဲလုံၿခဳံေအာင္သိမ္းထားလိုက္ပါ၊ အခုေလာေလာဆယ္ ေညာင္ေစာင္း႐ြာကိုသြားၾကရ​ေအာင္”


ေအာင္ျမတ္သာတို႔ေရကန္ကေနထြက္လာေတာ့ သစ္ပင္ေပၚမွာပုန္းေနတဲ့ မွင္စာေလးက ခပ္သုတ္သုတ္ဆင္းလာၿပီး

” ဆရာတို႔ ေညာင္ေစာင္း႐ြာကိုသြားမယ္သာေျပာတာ ႐ြာကဘယ္နားရွိတယ္ဆိုတာသိလို႔လား”


” ဟင္… ေညာင္ေစာင္း႐ြာဆိုတာ လူေတြေနတဲ့႐ြာမဟုတ္ဘူးလား၊ ေမးျမန္းပီးသြားရင္ျဖစ္ပါတယ္ကြာ”


ေမာင္ေကာင္းစကားေၾကာင့္ မွင္စာေလးက ခြက္ထိုးခြက္လွန္ရယ္လိုက္ၿပီး

” သံေသဓါးပိုင္ရွင္ႀကီးကလဲ သာမန္ဆန္လိုက္တာ… ေညာင္ေစာင္း႐ြာဆိုတာ ပညာသည္ေတြႀကီးပဲေနတဲ့ ႐ြာတစ္႐ြာဗ်၊ သူတို႔႐ြာကို သာမန္လူေတြမျမင္ႏိုင္ေအာင္ အကာအကြယ္အစီအမံေတြလဲ လုပ္ထားေသးတာ၊ ဒါနဲ႔ ဆရာတို႔ဒီလမ္းတည့္တည့္သြားရင္ လူသုံးဖက္ေလာက္ႀကီးတဲ့ ေညာင္ပင္တစ္ပင္ကိုေတြ႕လိမ့္မယ္။ အဲဒီေညာင္ပင္က ေညာင္ေစာင္း႐ြာရဲ႕ ဝင္ေပါက္ပဲ။ ဘယ္လိုဝင္ရမယ္ဆိုတာေတာ့ က်ဳပ္လဲမသိဘူး”


” ဒါျဖင့္ ေညာင္​ေစာင္း႐ြာမွာေနတဲ့သူေတြကို အုပ္ခ်ဳပ္တဲ့သူရဲ႕အစြမ္းက အေတာ္ေၾကာက္ဖို႔ေကာင္းမွာေပါ့”


” ဒါေတာ့ က်ဳပ္မေျပာပါရေစနဲ႔… ဆရာတို႔လမ္းခရီးအဆင္ေျပပါေစ”


မွင္စာေလးက ေျပာၿပီးတာနဲ႔ သစ္ပင္ေပၚတက္ကာ ျပဴးေၾကာင္ေၾကာင္နဲ႔ထိုင္ၾကည့္ေနခဲ့တယ္။


ေအာင္ျမတ္သာတို႔လဲ မွင္စာေလးၫႊန္ျပတဲ့ လမ္းအတိုင္းေလ်ာက္လာခဲ့တာ ႏွစ္နာရီေလာက္အၾကာမွာေတာ့ လူသုံးဖက္စာေလာက္ႀကီးတဲ့ ေညာင္ပင္တစ္ပင္ေရွ႕ကိုေရာက္လာခဲ့တယ္။


ေညာင္ပင္ေျခရင္းမွာေတာ့ ေရအိုးႏွစ္လုံးကိုေတြ႕ရ​ၿပီး တစ္လုံးကိုေဆးအနီသုတ္ထားၿပီး ေနာက္တစ္လုံးကိုေတာ့ ေဆးအျဖဴသုတ္ထားခဲ့တယ္။


” ဒီေရအိုးစင္က သာမန္လူေတြမျမင္ႏိုင္ဘူးထင္တယ္”


” ဘာျဖစ္လို႔လဲဆရာ”


” လူသြားလူလာမ်ားတဲ့ လမ္းခရီးမွာ ဒီေရအိုးစင္က အသစ္အတိုင္းျဖစ္ေနလို႔ပဲ၊ ေမာင္ေကာင္း ေဘးဖယ္ေန”


ေအာင္ျမတ္သာကေျပာပီးတာနဲ႔ ေရအိုးစင္ႏွစ္လုံးကို လက္နဲ႔သပ္ခ်လိုက္ရာ အျဖဴေရာင္ေရအိုးက ပုတပြၿပီးေလာက္​ေတြတဖြားဖြားက်ေနတဲ့ ႏြားသိုးဦးေခါင္းျဖစ္ေနခဲ့သလို ဦးေခါင္းထဲမွာေတာ့ ျပည္ပုတ္ရည္ေတြအျပည့္ရွိေနခဲ့ၿပီး က်န္တဲ့အိုးအနီကေတာ့ ႐ိုး႐ိုးေရေတြသာျဖစ္ေနခဲ့တယ္။


” ဒါေၾကာင့္ ကေဝမႀကီးက ေရအိုးအနီထဲကေရကိုပဲေသာက္ဖို႔မွာခဲ့တာကိုး”

(ကေဝမႀကီးအေၾကာင္းကိုေတာ့ ေအာင္ျမတ္သာႏွင့္အူစုံစားကေဝမဆိုတဲ့ဝတၱဳမွာဖတ္ရႈႏိုင္ပါသည္)


ေအာင္ျမတ္သာလဲေမာင္ေကာင္းစကားကို ခပ္ၿပဳံးၿပဳံးမ်က္ႏွာထားနဲ႔ေထာက္ခံလိုက္ၿပီး ေရအိုးအနီေပၚမွာတင္ထားတဲ့ေရခြက္ကိုဆြဲယူလိုက္ရာ ” ဂ်ိမ္း” ဆိုတဲ့အသံနဲ႔အတူ ေညာင္ပင္ပင္စည္အလယ္မွာ လူတစ္ကိုယ္ဝင္လို႔ရတဲ့တံခါးေပါက္တစ္ခုေပၚလာခဲ့တယ္။


ဝင္ေပါက္ေပၚလာေပမယ့္ ေအာင္ျမတ္သာက ခ်က္ခ်င္းမဝင္ေသးပဲ အေပါက္ဝကိုလက္ညိဳးနဲ႔ ၾကက္ေျခခတ္သဏၭာန္ျဖတ္ခ်လိုက္ရာ ရာသီေသြးေတြေပေနတဲ့ထဘီတစ္ထည္က ဘတ္ခနဲျပဳတ္က်လာခဲ့တယ္။

” ဒီေကာင္ေတြက ဝင္လာတဲ့သူေတြကို နာမ္ႏွိမ္ထားတာပဲ၊ ဒါကိုမသိပဲဝင္မိတဲ့သူေတြအကုန္ ငါးပါးေမွာက္ကုန္ၾကမွာ”

ေအာင္ျမတ္သာက တီးတိုးေရ႐ြတ္ရင္း ေညာင္ပင္ထဲကိုဝင္လိုက္ခ်ိန္မွာေတာ့ အေတာ္အားျပင္းတဲ့ ေလထုတစ္ခုက ခႏၶာကိုယ္ကိုအရွိန္နဲ႔ဝင္ေဆာင့္တာခံလိုက္ရတယ္။


” အေတာ္ကိုအားေကာင္းတဲ့ ပညာစြမ္းပဲ… ခုကစၿပီး ဘယ္သူနဲ႔မွစကားမေျပာဖို႔သတိထားပါ”


” ဟုတ္ကဲ့ပါဆရာ… ကြၽန္ေတာ္သတိထားပါမယ္”

ေမာင္ေကာင္းလဲ ေအာင္ျမတ္သာသြားတဲ့ေနာက္ကို ထပ္ခ်ပ္မကြာလိုက္လာခဲ့ရာ ေျပျပစ္တဲ့ေျမနီလမ္းအေက်ာ္အေရာက္မွာေတာ့ ႏြားတစ္ေကာင္ရဲ႕ ကလီစာအစုံကို ႐ြက္ၿပီးလမ္းေလ်ာက္လာတဲ့ မိန္းမတစ္ေယာက္ကိုျမင္လိုက္ရတယ္။


” ဘယ္နယ္က လာၾကတာတဲ့သူေတြလဲ”


မိန္းမႀကီးက လွမ္းေမးလိုက္ေပမယ့္ ေအာင္ျမတ္သာက ဘာမွျပန္မေျဖပဲ လမ္းအတိုင္းဆက္ေလ်ာက္သြားခဲ့တယ္။ အဲဒီေတာ့မွ မိန္းမႀကီးလဲ ထပ္မေမးေတာ့ပဲ ေသြးသံရဲရဲျဖစ္ေနတဲ့ လင္ဗန္းကို မႏိုင္တႏိုင္မကာ လမ္းၾကားေလးတစ္ခုထဲကိုတိုးဝင္သြားခဲ့တယ္။


” ခုနက သူေမးတာကို ငါတို႔ေျဖလိုက္ရင္ ဘာျဖစ္သြားမယ္ထင္လဲ”


” မသိဘူးေလ ဆရာ … ဘာျဖစ္ႏိုင္လဲေျပာျပပါဦး”


” ငါတို႔လာရွာတဲ့ ေဆးရည္စိမ္အေလာင္းကို ဘယ္ေတာ့မွမေတြ႕ရေတာ့ဘူးေပါ့၊ ဒီအေလာင္းေတြမွာ ထူးျခားတဲ့အစြမ္းေတြရွိေနလို႔ သူတို႔လုယူထားၾကတာမဟုတ္လား”


” ကြၽန္ေတာ္လဲ ဆရာလိုပဲထင္တယ္… ဒါေပမယ့္ ေဆးရည္စိမ္အေလာင္းကဘယ္မွာရွိတယ္ဆိုတာ ကြၽန္ေတာ္တို႔မသိဘူးေလ”


” သိပ္စိတ္ပူမေနပါနဲ႔ … ငါတို႔ကို ကူညီမယ့္သူမၾကာခင္ေရာက္လာေတာ့မွာပါ”


ေအာင္ျမတ္သာက ထူးဆန္းတဲ့စကားကိုေျပာၿပီး က်ိဳးတိုးက်ဲတဲျဖစ္ေနတဲ့ အိမ္စုေတြဘက္ကို ထြက္လာခဲ့လိုက္တယ္။ လမ္းမွာေတြ႕တဲ့သူေတြက ေအာင္ျမတ္သာတို႔ကို လမ္းႏႈတ္ဆက္ၾကေပမယ့္ ဘာမွျပန္မေျပာတာေၾကာင့္ ျပႆနာမျဖစ္ခဲ့ဘူး။ ဒီလိုနဲ႔ လူႀကႌးတစ္ဖက္စာေလာက္ရွိတဲ့ ကြၽန္းတိုင္ေလးတိုင္နဲ႔ေဆာက္ထားတဲ့ ဇရပ္တစ္ခုနားကိုေရာက္တဲ့အခ်ိန္မွာေတာ့ ထင္းစီးတစ္စီးကိုေခါင္းေပၚ႐ြက္ထားတဲ့ အမယ္အိုတစ္ေယာက္ လမ္းၾကားထဲကေနထြက္လာခဲ့တယ္။


ေအာင္ျမတ္သာလဲ အမယ္အိုကို မ်က္လုံးကစား႐ုံလွမ္းၾကည့္လိုက္ရာ ထင္းစီးကိုင္ထားတဲ့လက္ၾကားထဲကေန စာ႐ြက္တစ္႐ြက္ထြက္က်လာခဲ့တယ္။


အမယ္အိုလဲ ေအာင္ျမတ္သာတို႔ျမင္ၿပီဆိုတာသိတာနဲ႔ ဟန္မပ်က္ေရွ႕ကိုဆက္ထြက္သြားခဲ့ခ်ိန္ ေမာင္ေကာင္းက က်သြားတဲ့စာ႐ြက္ကိုေကာက္ယူၿပီး ဖြင့္ၾကည့္လိုက္ရာ

” မေန႔ညက လက္တိုနဲ႔လက္ညိဳတို႔တပည့္ေတြ ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔ျပန္ေရာက္လာထဲက ဆရာတို႔လာၿပီဆိုတာသိလိုက္ရတယ္။ ဆရာတို႔ဘာရွာေနလဲဆိုတာ အေမႀကီးသိသလို ႐ြာသူႀကီးဦးၾကာလုံကလဲသိေနတယ္။ ဦးၾကာလုံကိုေတြ႕ရင္ ဆရာတို႔ရွာေနတဲ့အရာကိုေတြ႕လိမ့္မယ္။ ဒါေပမယ့္ လြယ္လြယ္ေတာ့မရႏိုင္ဘူး။ မလႊဲမေရွာင္သာလို႔ ဆရာတို႔နဲ႔ အေမႀကီးတိုက္ရမယ္ဆိုရင္ေတာင္ မညႇာပါနဲ႔၊ ေနာက္ဆုံးတစ္ခ်က္က အသံၾကားရာကိုမလိုက္ပါနဲ႔၊ အသံမလာတဲ့ေနရာကိုသာလိုက္ပါ” လို႔ေရးထားတာကိုဖတ္လိုက္ရတယ္။


ေအာင္ျမတ္သာတို႔လဲ စာ႐ြက္ထဲမွာေရးထားတဲ့အတိုင္း ဦးၾကာလုံဆိုတဲ့သူကိုရွာဖို႔အတြက္ ဇရပ္ေပၚမွာေစာင့္ေနတဲ့အခ်ိန္ ႐ြာအေနာက္ဘက္ျခမ္းကေန ေမာင္းတီးသံသုံးခ်က္ထြက္ေပၚလာခဲ့တယ္။ ႐ြာသားေတြကလဲ ေမာင္းတီးသံၾကားတာနဲ႔ လုပ္လက္စေတြကိုပစ္ခ်ကာ အသံၾကားတဲ့ဘက္ကို အုပ္လိုက္ႀကီးထြက္သြားခဲ့ၾကတယ္။ မၾကာခင္ အေရွ႕ဘက္နဲ႔ေျမာက္ဘက္ဆီကေနလဲ ေမာင္းတီးသံေတြထြက္ေပၚလာခဲ့တယ္။


” ဆရာ ေမာင္းသံက ေတာင္ဘက္ကေန မလာေသးဘူး​ေနာ္၊ ဒီပုံစံအတိုင္းဆိုရင္ ကြၽန္ေတာ္တို႔ေတာင္ဘက္ကိုသြားရမယ္ထင္တယ္”


” စာထဲကပုံအရဆိုရင္ ေတာင္ဘက္ကိုပဲသြားရမွာ.. ဒါေပမယ့္ ငါတို႔ဘယ္သူ႔ကိုမွယုံလို႔မရဘူး၊ မင္းရဲ႕သံေသဓါးကိုထုတ္ၿပီးလက္ဝါးေပၚတင္ၾကည့္လိုက္”


ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္ေကာင္းက သံေသဓါးကိုထုတ္ၿပီး လက္ဝါးေပၚတင္လိုက္ရာ ဓါးဦးက သံလိုက္အိမ္ေျမာင္လို ဝွီးခနဲလည္သြားၿပီး အေနာက္အရပ္မွာ ၿငိမ္သြားခဲ့တယ္။


” ဆရာ … ဓါးဦးက အေနာက္ကိုၫႊန္ျပေနပါလား”


ေမာင္ေကာင္းစကားေၾကာင့္ ေအာင္ျမတ္သာက မဲနက္ေနတဲ့မ်က္ခုံးႏွစ္ခုကိုထိလုမတတ္ က်ဳံ႕လိုက္ၿပီး

” ငါတို႔ကို ကူညီသလိုနဲ႔ သံေသဓါးကိုသိမ္းခ်င္ေနၾကတာကိုး… ေမာင္ေကာင္းေရ ေမာင္းသံစၾကားတဲ့ အေနာက္ဘက္ကိုသြားရေအာင္” လို႔ေျပာကာ ထြက္သြားခဲ့တယ္။


သဲျဖဴေတြခင္းထားၿပီး ငွက္ေပ်ာပင္ေတြစိုက္ထားတဲ့ လမ္းအဆုံးမွာေတာ့ ေသွ်ာင္တစ္ေစာင္းထုံးထားတဲ့လူရဲ႕ဦးေခါင္းျပတ္တစ္ခုကိုျမင္ေတြ႕လိုက္ရတယ္။ သူ႔ေဘးမွာေတာ့ ေဆးလြယ္အိတ္တစ္လုံးအျပင္ အင္းစမေတြေရးဆြဲထားတဲ့ ခႏၶာကိုယ္တစ္ခုကအသက္ကင္းမဲ့လ်က္။ သူ႔ေဘးမွာလဲ အ႐ိုးက်ေနတဲ့ဦးေခါင္းေတြအျပင္ ေဆးႀကိမ္လုံးအက်ိဳးအပဲ့ေတြ၊ အင္းဆြဲတဲ့ပစၥည္းကိရိယာေတြကိုပါျမင္လိုက္ရတယ္။


” ဆရာ… ဒါေတြက အထက္လမ္းဆရာေတြသုံးတဲ့ပစၥည္းေတြမဟုတ္လား”


” ဟုတ္တယ္ေမာင္ေကာင္း… သူတို႔လက္ခ်က္နဲ႔ ေသခဲ့ရတဲ့ဆရာေတြပဲ၊ သူတို႔က ဆရာေတြကိုအယုံသြင္းမယ္ၿပီးတာနဲ႔ ႐ြာကိုလာဖို႔ေခၚမယ္၊ အထဲေရာက္ရင္ေတာ့ အုပ္စုလိုက္ဝိုင္းၿပီး အမဲဖ်က္ေတာ့တာပဲ၊ အခုလဲငါတို႔ကိုအမဲဖ်က္ဖို႔ေစာင့္ေနေလာက္ၿပီ”


ေအာင္ျမတ္သာစကားအဆုံးမွာေတာ့ ေကာင္းကင္ကေန မဲနက္ေနတဲ့လင္းတအုပ္ႀကီးပ်ံလာတာကိုျမင္လိုက္ရတယ္။ လင္းတအုပ္ႀကီးက မလွမ္းမကမ္းမွာရွိတဲ့ကြင္းျပင္ေပၚကိုေရာက္ေတာ့ ေအာက္ကိုတစ္ဟုန္ထိုးဆင္းခ်လာၿပီး ေျမႀကီးနဲ႔မထိခင္မွာပဲ သာမန္လူေတြအျဖစ္ေျပာင္းလဲသြားခဲ့တယ္။


” ေမာင္ေကာင္း အင္းေတြအသင့္ျပင္ထား… အနားကပ္လာတာနဲ႔ စတိုက္ေတာ့ ”


ေအာင္ျမတ္သာက သတိေပးၿပီးတာနဲ႔ အနားကပ္လာၾကတဲ့ လူအုပ္ႀကီးေရွ႕ကို ေလာင္မီးအင္းတစ္ခ်ပ္ပစ္ခ်လိုက္ရာ ဝုန္းဆိုတဲ့အသံနဲ႔အတူ အျပာေရာင္မီးေတာက္​တစ္ခုထြက္ေပၚလာခဲ့တယ္။


ဒါေပမယ့္ လူအုပ္ႀကီးက တစ္ဟုန္းဟုန္းေတာက္ေလာင္ေနတဲ့မီးေတာက္ကိုျဖတ္ေက်ာ္ဝင္လာခဲ့ၾကတယ္။


” မယ္ညိဳ နင့္ထဘီအစြန္း မီးဟပ္သြားတာလား… နင္ခုတစ္ေလာ ေမွာ္မက်င့္ပဲ ဘာလုပ္ေနတာတုန္း”ဆိုၿပီး လူအုပ္ထဲက ေယာက်ၤားတစ္ေယာက္က မယ္ညိဳဆိုတဲ့မိန္းမကို ခပ္ေထ့ေထ့လွမ္းေျပာလိုက္ေသးတယ္။


” ဆရာ ဒီေကာင္ေတြ ေလာင္မီးအင္းကိုေတာင္ ျဖတ္လာၾကပါလား…”


” ဒါေၾကာင့္ သူတို႔ကိုေလ်ာ့မတြက္ဖို႔ေျပာတာ… သတိမလြတ္ေစနဲ႔”


ေအာင္ျမတ္သာက ရပ္ေနရာကေန တစ္လွမ္းမွမဆုတ္ပဲ သတိေပးရင္း တိုးဝင္လာတဲ့ လူအုပ္ႀကီးကို စိုက္ၾကည့္ေနခဲ့တယ္။ ဒီလိုနဲ႔ ဝါးတစ္ျပန္စာအကြာလဲေရာက္ေရာ ဆယ္ေယာက္ေလာက္ရွိတဲ့လူေတြက ၿပိဳင္တူေျခေထာက္ေပါက္ခ်လိုက္ရာ ေျမႀကီးထဲကေန အနက္ေရာင္မီးခိုးလုံးေတြထြက္လာၿပီး လူႀကီးေလးဖက္စာေလာက္ရွိတဲ့ ေႁမြေဟာက္တစ္ေကာင္အျဖစ္ေျပာင္းသြားခဲ့တယ္။


အိမ္တစ္လုံးစာေလာက္ႀကီးမားတဲ့ ပါးပ်ဥ္းကိုေထာင္ၿပီး ေအာင္ျမတ္သာတို႔ကို ေပါက္ဟန္ျပင္ေနရာကေန ဇြပ္ခနဲထိုးဆင္းလာတဲ့အခ်ိန္ ေျမႀကီးထဲကေန ေလးေထာင့္အကြက္နဲ႔သဏၭာန္တူတဲ့ေ႐ႊေရာင္ပိုက္ကြန္တစ္ခုေလးဘက္ေလးတန္းကေနေပၚလာၿပီး ဆီးကာထားခဲ့တယ္။


လူႀကီးႏွစ္လံေလာက္ရွိၿပီး မဲနက္ေနတဲ့အစြယ္က ေ႐ႊေရာင္ပိုက္ကြန္မွာညႇိၿပီး ႐ုန္းကန္ေနတဲ့အခ်ိန္ ေကာင္းကင္ေပၚကေန အျဖဴေရာင္စက္ဝိုင္းတစ္ခုေပၚလာခဲ့တယ္။

စက္ဝိုင္းအတြင္းကေနလဲ လွည္းဘီးတစ္ဘီးစာေလာက္ႀကီးတဲ့ ရဲဒင္းေတြကိုင္ထားၿပီး ရာဇမာန္တင္းတဲ့မ်က္ႏွာထားနဲ႔ လူထြားႀကီးငါးေယာက္ခုန္ဆင္းလာကာ ပိုက္ကြန္မွာညႇိေနတဲ့ ေႁမြေဟာက္ရဲ႕ေခါင္းကို ခုတ္ပိုင္းပါေလေရာ။


ထက္ျမက္တဲ့ရဲဒင္းဒဏ္ေတြေၾကာင့္ ေႁမြေဟာက္ႀကီးရဲ႕ ဦးေခါင္းက တိခနဲျပတ္က်ၿပီးလြင့္ထြက္သြားသလို လင္းတကေန လူအသြင္ေျပာင္းထားၾကတဲ့ ပညာသည္ေတြကလဲ ကစဥ့္ကလ်ားလြင့္ထြက္သြားကုန္တယ္။


အဲဒီအခ်ိန္ လက္ခုပ္တီးသံသုံးခ်က္ၾကားလိုက္ရၿပီး ေကာက္ေကြးေနတဲ့ဆံပင္ကို ထုံးထားတဲ့အသက္ ၅၀အ႐ြယ္လူႀကီးတစ္ေယာက္ထြက္လာခဲ့တယ္။


” နယ္စားကိုးေယာက္စုေပါင္းတိုက္တာေတာင္ မႏိုင္တဲ့ ဆရာအျဖစ္အသိမွတ္ျပဳပါတယ္ကြာ… တကယ္ေတာ္တယ္ လူေလး”


ခပ္ၿပဳံးၿပဳံးမ်က္ႏွာထားနဲ႔ ဘယ္ကေရာက္လာမွန္းမသိတဲ့ လူႀကီးရဲ႕ေနာက္မွာေတာ့ အနက္ေရာင္ဝတ္စုံေတြဝတ္ထားၾကတဲ့ ပညာသည္ေလးေယာက္ကပ္ပါလာခဲ့တယ္။ အဲဒီထဲမွာေတာ့ ေအာင္ျမတ္သာတို႔ကို စာ႐ြက္ခ်ေပးခဲ့တဲ့ ကေဝမႀကီးလဲပါဝင္လာခဲ့တယ္။


” ေစာရွင္ေရ… နင့္ေကာင္ေတြက ပါးရည္နပ္ရည္ေတာ့ရွိသားကြယ့္….. သူတို႔ရဲ႕သားရည္ကိုေတာ့ အမွတ္တရအေနနဲ႔ ငါ့အခန္းထဲခ်ိတ္ထားခ်င္လို႔ နင္ယူေပးႏိုင္မလား”


ေခါင္း​ေဆာင္ျဖစ္ဟန္တူတဲ့လူရဲ႕စကားေၾကာင့္ ေစာရွင္ဆိုတဲ့ကေဝမ​ႀကီးက

” အေဖႀကီး လိုခ်င္တယ္ဆို ေစာရွင္က ရေအာင္ယူေပးမွာပါ” လို႔ေျပာၿပီး လက္မွာပတ္ထားတဲ့ ႀကိဳးအနီေလးကိုဆြဲခါလိုက္ရာ ေသးမွ်င္တဲ့ႀကိဳးကေန လက္ညိဳးလုံးေလာက္ရွိတဲ့ ၾကာပြတ္အျဖစ္ေျပာင္းသြားခဲ့တယ္။


” ဟဲ့ ငတို ငညိဳတို႔ အေဖႀကီးက ဒီဆရာေတြရဲ႕ သားရည္ကိုလိုခ်င္တယ္လို႔ေျပာတယ္၊ ငါ့အတြက္ယူေပးစမ္း” လို႔ေျပာၿပီး ၾကာပြတ္ကိုေျမႀကီးေပၚ႐ိုက္ခ်လိုက္ရာ ေျမစာထဲကေန ပုတ္ေလာက္ႀကီးတဲ့ အတၱေဘာကိုပိုင္ဆိုင္ထားတဲ့ နာနာဘာဝႏွစ္ေကာင္ထြက္ေပၚလာခဲ့တယ္။ သူတို႔လက္ထဲမွာေတာ့ ေသြးစေသြးနေတြေပေနတဲ့ ဧရာမဒူးဆစ္႐ိုးႏွစ္ေခ်ာင္းစီကိုင္ထားခဲ့ၾကတယ္။


ေအာင္ျမတ္သာေရွ႕မွာေတာ့ ရဲဒင္းကိုင္အေစာင့္ေတြက ေၾကာက္စိတ္မရွိတဲ့မ်က္ႏွာေတြနဲ႔ မာထန္ထန္ရပ္ေနရင္း ေျပးဝင္လာတဲ့ ႏွစ္ေကာင္ကို ဆီးႀကိဳတိုက္ခိုက္ခဲ့တယ္။


” ဒုတ္ …

အင့္ …

ဝုန္း…

ခြပ္”

ျပင္းထန္လွတဲ့တိုက္ပြဲေၾကာင့္ အလယ္မွာရွိတဲ့ေျမစာ​ေတြ ဖြာလန္က်ဲကုန္ၿပီး ဒူးဆစ္႐ိုးနဲ႔ ရဲဒင္းထိေတြ႕တဲ့အရွိန္ကလဲ ေၾကာက္မခန္းလိလိက်ယ္ေလာင္ေနခဲ့တယ္။


႐ြာမွာရွိတဲ့ပညာသည္အခ်ိဳ႕ကလဲ မလွမ္းမကမ္းကေန ၾကည့္ၿပီးအကဲခတ္ေနသလို ေခါင္း​ေဆာင္လူႀကီးကလဲ ေအာင္ျမတ္သာကို စားမတတ္ဝါးမတတ္ စိုက္ၾကည့္ေနခဲ့တယ္။ အဲဒီအခ်ိန္ အိတ္ထဲမွာရွိေနတဲ့ သံေသဓါးက ငါးရွဥ့္တစ္ေကာင္ကို လူးလြန႔္လာ​တာေၾကာင့္ မလြတ္ထြက္ေအာင္ လက္ကိုင္႐ိုးကိုဖမ္းဆုပ္လိုက္ခ်ိန္မွာေတာ့ သံေခ်းေတြက တစ္ထစ္ဆင္းကြာက်ၿပီး အခုမွပန္းပဲဖိုကထြက္လာတဲ့ ဓါးတစ္ေခ်ာင္းလိုဝင္းလက္လာခဲ့တယ္။


” သံေသဓါး… သံေသဓါး မဟုတ္လား… ”

႐ြာေခါင္းေဆာင္လူႀကီးက ေမာင္ေကာင္းလက္ထဲမွာကိုင္ထားတဲ့ ဓါးကိုသတိထားမိၿပီး ေျပာလိုက္ခ်ိန္မွာေတာ့ ငတိုနဲ႔ငညိဳႏွစ္ေကာင္ရဲ႕ လက္ရည္​ေတြတစ္ေျဖးေျဖးေႏွးေကြးလာခဲ့တယ္။


” ေစာရွင္ နင့္ေကာင္​ေတြ ဘယ္လိုျဖစ္တာလဲ…”


” မသိဘူး အေဖႀကီး… သံေသဓါးနဲ႔မ်ားဆိုင္ေနတာလား”


ေအာင္ျမတ္သာတို႔လဲ သံေသဓါးဆီကေန ထြက္ေနတဲ့စြမ္းအားကိုရိပ္မိၿပီး ေရွ႕ကိုတိုးသြားခဲ့ရာ ငတိုနဲ႔ ငညိဳႏွစ္ေကာင္လုံး အားအင္ေတြခ်ိနဲ႔သလိုျဖစ္ကာ ယိုင္နဲ႔လာခဲ့တယ္။


” ေသခ်ာၿပီ ဒီေကာင္ေတြရဲ႕ စြမ္းအားက သံေသဓါးထဲကိုေရာက္ေနတာ၊ ေမာင္ေကာင္း မင္းကိုယ္ကို ကြန္ျခာအင္းနဲ႔ကာၿပီး သူတို႔နားကိုတိုးသြား က်န္တာငါဆက္လုပ္မယ္”


ေအာင္ျမတ္သာက အေျခအေနကိုသုံးသပ္ၿပီး အမိန႔္ေပးလိုက္ရာ ေမာင္ေကာင္းလဲ ကြန္ျခာအင္းနဲ႔ငယ္ထိပ္ကိုအုပ္ၿပီး ဇြတ္တ႐ြတ္တိုးဝင္သြားခဲ့တယ္။ ေမာင္ေကာင္းဝင္သြားတာနဲ႔ ဦးၾကာလုံအပါအဝင္ က်န္ပညာသည္ေတြအားလုံး အေနာက္ကိုဆုတ္သြားခဲ့ၾကတယ္။


” အေဖႀကီး သံေသဓါးက စြမ္းအင္ေတြကိုစုပ္ယူေနသလိုပဲ… ”

ေစာရွင္နဲ႔က်န္ပညာသည္ေတြစကားေၾကာင့္ ဦးၾကာလုံတစ္ေယာက္ လြယ္အိတ္ထဲမွာပါလာတဲ့ ေဆးဘီလူး႐ုပ္ကို မန္းမႈတ္ၿပီးေျမႀကီးေပၚပစ္ခ်လိုက္ေပမယ့္ ထင္သလို႐ုပ္သြင္မထြက္လာပဲ အ႐ုပ္ကအ႐ုပ္အတိုင္းတည္ေနခဲ့တယ္။


ေအာင္ျမတ္သာလဲ သံေသဓါးေၾကာင့္ သူတို႔ေတြစြမ္းအားနည္းေနတာကိုသတိထားမိၿပီး ဂိုဏ္းေစာင့္ဘီလူးအင္းကိုသုံးလိုက္တဲ့အခ်ိန္ ေလးဘက္ေလးတန္ကေန လက္ေလးဘက္မွာ လက္နက္ေလးခုပါတဲ့ အင္းဘီလူးေလးေကာင္ထြက္ေပၚလာခဲ့တယ္။


ဒီတစ္ခါမွာေတာ့ ဦးၾကာလုံတို႔တစ္ဖြဲ႕လုံး ေခါင္းေတာင္ေမာ္မၾကည့္ရဲေတာ့ပဲ ေျမႀကီးနဲ႔မ်က္ႏွာအပ္ေနေအာင္ကပ္ေနခဲ့ၾကတယ္။


” ေျပာ… ေဆးရည္စိမ္ထားတဲ့ အေလာင္းက ဘယ္မွာထားထားတာလဲ”


ေအာင္ျမတ္သာေမးေနေပမယ့္ ဦးၾကာလုံက အင္တင္တင္လုပ္ေနတာေၾကာင့္ အင္းဘီလူးေတြကို အမွန္မေျပာတာနဲ႔ ငယ္ထိပ္ရွစ္စိပ္ကြဲေအာင္ ႐ိုက္ေစလို႔အမိန႔္ေပးေတာ့မွ ေဆးရည္စိမ္ေခါင္းတလားေတြကိုထုတ္ေပးခဲ့တယ္။


ေအာင္ျမတ္သာတို႔လဲ ေခါင္းတလားထဲမွာရွိတဲ့ ႐ုပ္အေလာင္းေတြကိုဖြင့္ၾကည့္လိုက္ရာ အသက္ႏွစ္ဆယ္အ႐ြယ္လူငယ္ႏွစ္ေယာက္ကိုေတြ႕ရၿပီး တစ္ေယာက္လက္ကိုတစ္ေယာက္ခ်ိတ္ကာ ေသဆုံးေနဟန္ကိုစိတ္မေကာင္းစြာျမင္ေတြ႕လိုက္ရတယ္။


အေလာင္းကိုခိုးယူၿပီး မပုတ္သိုးေအာင္ေဆးရည္စိမ္ထားရတဲ့ျဖစ္စဥ္ကိုေမးၾကည့္ေတာ့ ေမြးရာပါစိတ္စြမ္းအင္ႀကီးမားလြန္းတဲ့လူငယ္ႏွစ္ေယာက္ရဲ႕ ပညာစြမ္းေတြကို လိုခ်င္တာေၾကာင့္ ပညာနဲ႔စီရင္ခဲ့တာလို႔ဝန္ခံခဲ့တယ္။


ေအာင္ျမတ္သာတို႔ အေလာင္းကိုမီးသၿဂိဳလ္ၿပီးလို႔ျပန္ထြက္လာခ်ိန္ ေညာင္ပင္ရဲ႕ေရွ႕မွာေတာက္ပသစ္လြင္တဲ့ အဝတ္အစားကိုဝတ္ဆင္ထားတဲ့ လူငယ္ႏွစ္ေယာက္က ေစာင့္ေနခဲ့တယ္။ သူတို႔က ေအာင္ျမတ္သာကိုျမင္ေတာ့


” ဆရာတို႔အေနနဲ႔ ေညာင္ေစာင္း႐ြာဝင္ေပါက္ကို မပိတ္ဘူးဆိုရင္ လူေတြထပ္ၿပီးဒုကၡေရာက္ၾကဦးမယ္။ ဒါေၾကာင့္ ဒီတံခါးကိုဆရာတို႔ကိုယ္တိုင္ပိတ္ေပးပါ”


” ဝင္ေပါက္ကိုပိတ္ဖို႔အတြက္ ဘာေတြလိုအပ္ပါလဲ”


” ဝင္ေပါက္ကိုပိတ္ဖို႔က သံေသဓါးပဲလိုပါတယ္။ ဒါေၾကာင့္ ဆရာတို႔ကို သံေသဓါးရေအာင္ယူဖို႔အႀကံေပးခဲ့တာပါ။ ဆရာတို႔အေနနဲ႔ သံေသဓါးနဲ႔ဝင္ေပါက္ကိုထိုးစိုက္ေပး႐ုံပါပဲ…. ကူညီေပးပါဆရာ”


ေအာင္ျမတ္သာလဲ ႐ြာထဲမွာျမင္ေတြ႕ခဲ့ရတဲ့ ျမင္ကြင္းေတြေၾကာင့္ သက္ျပင္းတစ္ခ်က္ခ်ၿပီး

“ေမာင္ေကာင္း မင္းက သံေသဓါးပိုင္ရွင္ဆိုေတာ့ ကိုယ့္ဘာသာဆုံးျဖတ္ပါ” လို႔ေျပာလိုက္ရာ ေမာင္ေကာင္းက တုံ႔ဆိုင္းေနျခင္းမရွိပဲ ပင္စည္ကို ဓားဦးအခြၽန္နဲ႔ထိုးစိုက္ခ်လိုက္တယ္။


သံေသဓါးနဲ႔ပင္စည္ထိတာနဲ႔ ေညာင္ပင္က ခ်က္ခ်င္းဆိုသလို ညိဳးႏြမ္းလာၿပီး မ်က္စိေရွ႕မွာတင္ ဝင္ေပါက္တံခါးပိတ္သြားခဲ့တယ္။


ေအာင္ျမတ္သာတို႔လဲ ေညာင္​ေစာင္း႐ြာကေနထြက္လာၿပီးေနာက္ပိုင္း အကူညီေတာင္းထားတဲ့ သိုက္ေစာင့္မိန္းမဆီကိုျပန္ထြက္လာခဲ့ၾကတယ္။ သိုက္တူးတဲ့အဖြဲ႕ေတြထဲမွာ စည္းစနစ္က်ၿပီး စုဖြဲ႕အားေကာင္းတဲ့အဖြဲ႕ကို ေအာင္ျမတ္သာတို႔ဘယ္လိုရင္ဆိုင္ၾကမလဲဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္သိုက္တူးေသာလူေျခာက္ကေလးဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။


ေလးစားစြာျဖင့္

ေဇယန(ရာမည)

No comments

Post a Comment