အောင်မြတ်သာနှင့် ကျိုက်ထီးရိုးအဓိဌာန်

  အောင်မြတ်သာနှင့် ကျိုက်ထီးရိုးအဓိဌာန် —– မူရင်းရေးသားသူ – ဇေယန(ရာမည) အောင်မြတ်သာတို့ဆရာတပည့်နှစ်ဦးသည် အဓိဌာန်အရ မြန်မာပြည်အနှံ့အပြားသို့ ခ... thumbnail 1 summary

 အောင်မြတ်သာနှင့် ကျိုက်ထီးရိုးအဓိဌာန်

—– မူရင်းရေးသားသူ – ဇေယန(ရာမည)

အောင်မြတ်သာတို့ဆရာတပည့်နှစ်ဦးသည် အဓိဌာန်အရ မြန်မာပြည်အနှံ့အပြားသို့ ခရီးထွက်ခွာနေရသကဲ့သို့ ယခုအလှည့်ကျတဲ့ အဓိဌာန်နေရာကတော့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာရှိတဲ့ ကျိူက်ထီးရိုးတောင်ပဲ ဖြစ်သည်။
ကျိုက်ထီးရိုးတောင်သို့်မတက်မီ ကင်မွန်းစခန်း၌ နေ့လည်စာစားသုံး ရေမိုးချိုးပီးအနားယူလိုက်သည်။
နေ့လည်နေစောင်းခါနီးမှ ကင်မွန်းစခန်းကနေ ကျုက်ထီးရိုးတောင်ပေါ်သို့ ခြေလျင်ခရီးဖြင့် စတင် တက်ရောက်လာခဲ့လေတော့သည်။
ကျိုက်ထီးရိုးသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၃၆၁၅)ပေရှိ ပေါင်းလောင်းတောင် ချောက်ကမ်းပါးဘက်ခြမ်းတောင်စွန်းအငူ၌ တည်းတည်းလေး တည်ရှိနေသော အံဖွယ်ဘုရားတစ်ဆူဖြစ်သည်။ မူလအမည်မှာ ကျိုဣသိယို(ရသေ့ရွက်သောဘုရား)ဟူ၍ ဖြစ်သည်။ ကျိုက်ထီးရိုးတောင်ဟူ၍ ခေါ်ဆိုရခြင်းမှာလည်း.ထိုတောင်တွင်.ထီးရိုးလုပ်ရန်ကောင်းသော ဝါးများပေါက်သဖြင့် ထီးရိုးတောင်ဟု ခေါ်ဆိုကြရာမှ ဘုရားစေတီကို ကျိုက်ထီးရိုးဘုရားဟု အမည်တွင်လာခဲ့သည်။
ကင်မွန်းစခန်းကနေ စတင်တက်လာခဲ့ရာ လမ်းတစ်လျောက် အပန်းဖြေစခန်းများ၊ နတ်ကွန်းများကို တွေ့ရသည်။ လမ်းတစ်လျောက်တွင် ဆင်ဆွဲလမ်းစခန်း၊ ရေမြောင်ကလေးစခန်း၊ ရုံးပင်စခန်းစသည်ဖြင့် စခန်းပေါင်း (၃၃)ခုရှိသည်။
ကင်မွန်းစခန်းကစထွက်ချိန် ယိုစုံတန်းအနောက်ဘက် နဂါးရုံဘုရားအနီး၌ “ရက္ခိန္ဒဘိုးဘိုးကြီးနတ်နန်း”ကိုစတင်တွေ့ရှိရသည်။
ထိုအခါ သက်ခိုင်က
“ဆရာ ဒီဘိုးဘိုးက ဒီမှာကိုးကွယ်ထားတာ ကြာပီလား”
“အိမ်း ဒီဘိုးဘိုးက သူ့တပည့် ယက္ခဒေဝ(နတ်ဘီလူး ဦးရဲကျော်)၊စီးတော်ကျားနဲ့ ကျိုက်ထီးရိုးစေတီတော်ရှိရာ တောအထပ်ထပ်၊ တောင်အသွယ်သွယ်ကို စောင့်ရှောက်ရတယ်။ ဘိုးဘိုးရဲ့နာမည်အဓိပ္ပါယ်က ဤတောတောင်ရေမြေကိုစောင့်ရှောက်တော်မူသော ကြီးမြတ်သည့် နတ်မင်းကြီးလို့ အဓိပ္ပါယ်ရှိတယ်”
ထို့နောက်ဆက်လက်ထွက်ခွာလာခဲ့ရာ ဘိုးပြန်တောင်အရောက်တွင် သက်ခိုင် အားအင်ကုန်ခမ်းလာသည်။
ဆရာအောင်မြတ်သာက ချွေးပင်မစို့
ထိုစဉ်
“သက်ခိုင် ဒီငှက်ပျောသီးကိုစားလိုက်”
“ဆရာပေးတဲ့ ငှက်ပျောသီးကို စားလိုက်ပီးချိန်မှာတော့ ခွန်အားတွေပြန်ပြည့်လာသလို ခံစားလိုက်ရတယ်”
ထို့နောက် ဆက်လက်ထွက်ခွာလာရာ
ကျိုက်ထီးရိုးစေတီကို အဝေးက ခပ်ပြပြလှမ်းဖူးမျှော် နေရပီ။
ထိုနေရာတွင် “ဟုန်းနတ်ကြီးနှင့်နတ်ကျား”ကိုရုတ်တရက်တွေ့လိုက်ရသည်။
ဟုန်းနတ်ဆိုတာက ကျိုက်ထီးရိုးသမိုင်းတွင် မပါမဖြစ် အရေးပါသည်ဆိုတာ သက်ခိုင်ငယ်ငယ်ထဲက ကြားဖူးခဲ့သည်။
ထို့နောက် စေတီပေါ်သို့တက်လာခဲ့ရာ
ရင်ပြင်ပေါ်တွင် အိပ်တဲ့သူကအိပ် ၊ စေတီအရှေ့တွင် ဘုရားရှိခိုးသူကရှိခိုးနေသည်ကို အဝေးကပင် လှမ်းမြင်နေရသည်။
ထို့နောက် အဓိဌာန်စတင်ဝင်မည့် “မြတ်ခေါင်ထက်မဟီ နတ်တောင် တက်မည်”ဆိုသည့်အတိုင်း ရင်ပြင်ပေါ် စေတီအနားမှာရှိတဲ့ နတ်တောင်ပေါ်သို့် တက်လာခဲ့လိုက်သည်။
နတ်တောင်ကား.အမြင့် (၁၅)ပေခန့်နှင့်အောက်ခြေ ပေ(၁၆၀)ပေပတ်လည်မျှသာရှိသည်။ ထူးခြားသည်ကား နတ်တောင်ပေါ်သို့ မိန်းကလေးများ တက်မရခြင်းပင်။
နတ်တောင်ဟုခေါ်ဆိုရခြင်းမှာ ကျိုက်ထီးရိုးစေတီတော်အား စောင့်ရှောက်သည့် မဟာဣိသိန္ဓေဝနတ်ဘိုးတော်ကြီး နေထိုင်သောကြောင့်လို့ မှတ်သားရဖူးသည်။
နတ်တောင်ပေါ်တွင် အဓိဌာန်ဝင်ရန်လိုအပ်သည်များ ပြင်ဆင်ပြီး အဓိဌာန်(၃)ရက်ဝင်ရောက်ခဲ့သည်။
အောင်မြတ်သာက တစ်ဒေါင့်
သက်ခိုင်က တစ်ဒေါင့်
အောင်မြတ်သာပထမနေ့ တရားထိုင်နေစဉ် နတ်တောင်ပေါ်သို့ စန္ဒကူးအမွှေးခဲများ ယူဆောင်လာသော အမဲရောင်ဝမ်းဆက်ဝတ်ထားတဲ့ ယောကျၤားလေးများကို တွေ့ရတယ်။
ဒုတိယနေ့မှာတော့ တရားထိုင်မရအောင် ငိုယိုသံ၊ ငြီးတွားသံများ၊ ကြောက်မက်ဖွယ်အသံများကြားရသည်။
တတိယနေ့မှာတော့ ပိတ်ဖြူဝတ်အဖိုးတစ်ယောက်၊ တောင်ဝှေးတစ်ချောင်းကိုင်ကာ အောင်မြတ်သာ အနားလာရောက်ထိုင်နေသည်ကို တွေ့လိုက်ရသည်။
တရားဖြုတ်ခါနီးတွင် ဝတ်ဖြူစင်ကြယ်နဲ့တောင်ဝှေးကိုင်ထားသော.အဘိုးတစ်ယောက်ကိုတွေ့လိုက်ရသည်။ သူကား ဤစေတီကိုစောင့်ရှောက်ရသူဖြစ်ကြောင်းနှင့်.ယခင်နေ့များတွင် သူမရှိသဖြင့် အနှောင့်အယှက်များရှိပါက မေတ္တာရှေ့ထားနားလည်ပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အောင်မြတ်သာတို့လည်း ဒုတိယကျင့်စဉ်ဖြစ်တဲ့ မုဆိုးတောင်သို့ ဆက်လက်ထွက်ခွာခဲ့သည်။
မုဆိုးတောင်တွင်အဓိဌာန်၃ရက်ဆက်လက်ဝင်ရောက်ခဲ့သည်။ ထိုတောင်တွင်.အဓိဌာန်ဝင်နေစဉ်.ထူးခြားမှုတွေကတော့ တောင်တစ်ခုလုံးတွင်.ရီမောသံများကြားရခြင်း၊ မိန်းမပျိူများရဲ့တေးဆိုသံများကြားရခြင်း၊ အဓိဌာန်ပြီးဆုံးချိန်တွင် သာဓုခေါ်သံများကြားရခြင်းပင်ဖြစ်သည်။
ထို့နောက် ကျောက်ထပ်ကြီးစေတီတွင် အဓိဌာန်ဝင်ရန်ဆက်လက်ထွက်ခွာခဲ့သည်။
ကျောက်ထပ်ကြီးဆိုသည်ကား အလွန်ကြီးမားသည့် ကျောက်တုံးကြီးနှစ်ခုထပ်ဆင့်နေသောကြောင့်ဖြစ်သည်။ ကျောက်ထပ်ကြီးစေတီဘေးတွင် ဘုရားဖူးများနားခိုရန်ဆောက်လုပ်ထားပေးသော တဲလေးတွင်.အဓိဌာန်စဝင်ဖြစ်ခဲ့သည်။
အဓိဌာန်ဝင်နေစဉ်
အဖိုးအိုတစ်ယောက် အောင်မြတ်သာထံလာရောက်ကာ စမတောင်မှာရှိတဲ့ တောင်စောင့်နတ်ကို ဆုံးမပေးရန် လာရောက်အကူညီတောင်းလေတော့သည်။
စမတောင်ကား ကျိုက်ထီးရိုးအနောက်ဘက်တောင်ကြောတွင်တည်ရှိပြီး သွားလာရခက်ခဲသောကြောင့် ဘုရားဖူးများမရောက်အပေါက်နည်းသည်။ ထို့ကြောင့် ထိုတောင်တွင် မကောင်းသောအစောင့်အရှောက်များ ပိုမိုမွေ့လျော်ကြောင်း လာရောက်ပြောကြားကာ အကူအညီတောင်းခံပါတော့သည်။
တောအထပ်ထပ်တောင်အသွယ်သွယ်နဲ့မို့ သာမန်လူများစမတောင်ကိုသွားမည်ဆိုပါက နှစ်ရက်လောက်ကြာလိမ့်မည်။သို့သော် အောင်မြတ်သာတို့ကား ၂နာရီထဲဖြင့် စမတောင်ကိုရောက်ခဲ့လေသည်။
စမတောင်ပေါ်တွင် ပြုပြင်သူမဲ့နေသော စေတီအပျက်များ၊.ယိုယွင်းနေသော သာသနိကအဆောက်အဦများကို တွေ့လိုက်ရသည်။
ထို့နောက်အောင်မြတ်သာမှ စီးလာသောဖိနပ်ကိုချွတ်ကာ တောင်ကမူလေးပေါ်တင်ပြီး စေတီတော်အား.ဖူးမျှော်ရန် အတက်..
“ဝုန်း ……”ဆိုတဲ့အသံနဲ့အတူ အောင်မြတ်သာ စေတီလှေကားမှာ ပြုတ်ကျသွားသည်။
“ဆရာ.ဆရာ ဘယ်လိုဖြစ်တာလဲ”ဆိုတော့
အောင်မြတ်သာက လက်ကာပြတယ်။
ထို့နောက် ဒီတောင်က နှုတ်ဆက်တာကြမ်းတယ်ဟလို့ပြောပြီး ပြုံးနေလေတော့သည်။
သက်ခိုင် သိလိုက်ပီ။
“တောက်”
“နေနှင့်ဦးပေါ့ကွာ”
အောင်မြတ်သာလဲ စေတီပေါ်တွင် ရှင်းစရာရှိတာရှင်းပြီး ဘုရားရှိခိုးနေစဉ်..
စေတီအနောက်ဘက် တောင်ကုန်းဘေးတွင် သက်ခိုင် စည်းချလိုက်သည်။
ထို့နောက် ခုနက ဖြစ်စဉ်ကိုမေးရန် မြေစောင့်နတ်ကို ပင့်ဖိတ်လိုက်တော့သည်။
မကြာမီ စည်းအတွင်းသို့ မြေစောင့်နတ် ရောက်လာတယ်။
“ဆရာလေးရယ်.ကျွန်တော်လုပ်တာမဟုတ်ပါဘူး”
“ကျွန်တော်တောင် တားချိန်မရပါဘူးဗျာ”
“ကဲ ဒါဆိုဘယ်သူလုပ်တာလဲ ပြောစမ်း”
“အဲဒါ ငနက်တူလုပ်တာ”
“ငနက်တူကဘာကောင်လဲ ငါ့ဆရာကို ဒီလိုလုပ်ရဲတယ်ဆိုတော့ ဒီကောင်ကဘာကောင်လဲ”
“သူက သရဲအကြီးစားအဆင့်ပဲရှိသေးပါတယ်”
“ဒီတောင်ပိုင်ရဲ့ လက်အောက်ကနေပြီး ထင်ရာစိုင်းနေတာပါ”
“တောက် .. တွေ့ကြသေးတာပေါ့ကွာ”
သက်ခိုင်လဲ ချက်ချင်းဆိုသလို ဂိုဏ်းနတ်များကို ပင့်ဖိတ်လိုက်သည်။
ထိုထဲတွင်.မုခလိလဲပါလာခဲ့သည်။(မုခလိအကြောင်းအား အောင်မြတ်သာနှင့်မုခလိနတ်ဆိုးဝတ္တုတွင် ဖတ်ရှုနိုင်ပါသည်)
ထို့နောက် စည်းအပြင်တွေနေရာယူခိုင်းကာ
ငနက်တူကို အမိန့်ပြန်ကာ ခေါ်လိုက်လေသည်။
စည်းအတွင်းသို့ ငနက်တူပေါ်လာရာ
သက်ခိုင်က
“အစွမ်းတွေကို ဆိုင်ရာက ခဏသိမ်းထားပေးပါ”
“သူတော်ကောင်းကိုစော်ကားတဲ့သူကို အပြစ်ပေးရလိမ့်မယ်”
“ဟဲ့ကောင်.မင်းကဘာလို့ ငါ့ဆရာကို တွန်းချတာလဲ”
“သူက ငါ့နေတဲ့နေရာအပေါ်.ဖိနပ်လာတင်တာကိုး”
ထိုစဉ် ဂိုဏ်းစောင့်နတ်များက
“ဆရာက မင်းနေတဲ့နေရာကိုတင်လို့ တွန်းချတာပေါ့ ဟုတ်လား”
“သူက.မင်းခေါင်းပေါ်တင်ရင်တောင် မင်းဘာမှပြန်ပြောပိုင်ခွင့်မရှိဘူး”
“ငမိုက်သား တယ်… ငါရိုက်လိုက်ရ”
ထိုအခါသက်ခိုင်က
“ဂိုဏ်းစောင့်နတ်များ ဒီငမိုက်သားကို မှတ်လောက်သည်အထိ ရိုက်နှက်စေ”
မှတ်လောက်သားလောက်အောင် ဆုံးမပြီးချိန်မှာတော့ ဟိုကောင်ဖျော့ဖျော့ပဲရှိတော့တယ်။
သက်ခိုင်လဲ အသာလေး ပြန်လာကာ မသိချင်ယောင်ဆောင် ဘုရားရှိခိုးနေလိုက်သည်။
ဘုရားရှိခိုးပြီးချိန်မှာတော့ ..
“သက်ခိုင် ငါတို့ကိုအကူညီတောင်းတဲ့ကိစ္စကို မင်းပဲဖြေရှင်းလိုက်တော့”
“ငါကအဓိဌာန်ဝင်နေရတော့ အဲလိုကိစ္စတွေ မလုပ်ချင်ဘူး”
သက်ခိုင် ကျေကျေနပ်နပ်ကြီး လက်ခံလိုက်တယ်။
စိတ်ထဲမှာတော့ “တွေ့ကြပီပေါ့ကွာ”လို့ကြိမ်းမောင်း လိုက်တယ်။
ညဘက်ရောက်တော့ အင်းကွက်၁၆ကွက်ဆွဲကာ
တောင်ပိုင်အစောင့်ကို ခေါ်လိုက်လေသည်။
အင်းကွက်၁၆ကွက်ကို.အကွက်ချကာ
စည်းချထားလိုက်သည်။
အင်းကွက်ထဲဝင်လာလို့ကတော့ ဒီကောင့် အသေပဲဆိုပီးတွေးထားလိုက်တယ်။
ထိုစဉ်.အင်းကွက်၁၆ကွက်အလယ်မှာ လွတ်နေတဲ့ မြေကြီးထဲက ထိုးထွက်လာတဲ့ ဘီလူးခေါင်းတစ်လုံး။
ထိုစဉ် သက်ခိုင်က
“ငါခေါ်တာ ဒီတောင်ပိုင်ကို ”
“သူ့ရဲ့လက်ပါးစေတွေ မလိုချင်ဘူး”
“ချက်ချင်းပြန် မပြန်ရင် အဲဒီခေါင်းကို ရိုက်ခွဲရလိမ့်မယ်”
“လာစမ်း ဂိုဏ်စောင့်နတ်နှင့်တကွ ဒီတောင်တစ်ကြောအပိုင်စားရထားတဲ့ တောင်ပိုင်ပုဂ္ဂိုလ်များ”
“ထိုသို့ ကြိမ်းဝါးလိုက်သည်နှင့် မြေကြီးထဲက ထိုးထွက်နေသော.ဘီလူးခေါင်းက ရုတ်တရက်ပျောက်သွားတယ်”
ထိုစဉ်.
ဝရော
ဝရော
ဝူးဝူး
လေပြင်းတိုက်ခတ်သံနှင့်အတူ
ရင်ဆီးအနီနှင့်ပိုးပဝါဝတ်ဆင်ထားတဲ့
လူလတ်ပိုင်းတစ်ယောက်ရောက်ချလာတယ်။
“သင် ကျုပ်ကို ခေါ်တာဘာလုပ်ဖို့လဲ”
“ကျုပ်ပိုင်တဲ့နေရာမှာ ကျုပ်ကိုမလေးမစားလုပ်တယ်”
“ကျုပ်တပည့်ကိုလဲ ရိုက်နှက်တယ်”
“သင်တို့ကျုပ်ဆီက ဘာလိုချင်လို့လဲ”
“ကျုပ်လိုချင်တာက သင့်ရဲ့အမူအကျင့်တွေပြင်ဖို့”
“ဘုရားသာသနာနယ်မြေအတွင်းမှာရှိတဲ့ အတွက် ခင်ဗျားရဲ့ မိုက်မဲမှုတွေပြင်ဖို့လာပြောတာ”
“ကျူပ်အကြမ်းနည်းမသုံးချင်ဘူး သင်မပြင်ဖူးဆိုရင် သင့်လုပ်ရပ်တွေကို ဝေဿ ဝဏ်နတ်မင်းထံ တင်ပြဖို့ စဉ်းစားထားပီးသား”
“သင့်ရဲ့ မာနတွေ၊ အတ္တတွေကို ပြုပြင်ပါ”
“သင့်အကြောင်း နောက်ထပ်ကြားရရင် ကျုပ်ခွင့်မလွှတ်ဘူး”
တောင်ပိုင်လဲ ဘာမှမပြောရဲတော့ပေ
ဘာကြောင့်ဆိုတော့ အောင်မြတ်သာအကြောင်း သူလဲသိသင့်သလောက်သိထားနှင့်နေပီမဟုတ်လား
ထိုသို့ဆုံးမပြီးနောက်နေ့မှာ စမတောင်ကနေ ပြန်လည်ထွက်ခွာခဲ့သည်။
လမ်းတစ်လျောက်တွင် ဥစ္စာစောင့်များ၊ သိုက်နန်းရှင်များ ကူးသန်းသွားလာနေသည်ကို တွေ့ရသည်။
တစ်ချို့တွေက အရိုအသေပေးကြသည်။
တစ်ချို့တွေက ထိကပါးရိကပါးစနောက်ကြသည်။
သို့သော်.အန္တရာယ်တော့မပေးကြ။
စေတီတော်သို့ပြန်ရောက်သောအခါ
တစ်ညလုံးအဓိဌာန်ဝင်ကြလေသည်။
သူတော်စင်အများအပြား ထိုညတွင် လာရောက်တရားအားထုတ်ကြသည်ကို သက်ခိုင်မြင်တွေ့လိုက်ရသည်။
ရှေးဟောင်းအဝတ်အစားနဲ့ပုဂ္ဂိုလ်တွေရှိသလို
အရူးလိုလိုစုတ်ပြတ်သတ်နေသောအဝတ်အစားများနှင့်ပုဂ္ဂိုလ်များလည်းတွေ့ရသည်။
တစ်ချို့ကား ဆာဒူးကြီးတွေ
တစ်ချို့ကား အနောက်တိုင်းသားတွေ
တစ်ချို့ကား ဇော်ဂျီတွေ
သူတို့တွေကို သာမန်လူများမမြင်တွေ့ကြသည်ကို အံ့သြထူးဆန်းစွာ ဖူးမြင်လိုက်ရသည်။
တရားဖြုတ်သိမ်းချိန်မှာဖြင့် ပုဂ္ဂိုလ်များအားလုံး မျက်လုံးတွေတစ်ပြိုင်နက်ပွင့်ထွက်လာသည်။
အလင်းရောင်စဉ်တွေမျက်စိကျိန်းမတတ် ဖြိုးခနဲ ဖျက်ခနဲ လင်းလက်လာခဲ့သည်။
စေတီတော်ကြီး၏ ကျောက်လုံးတော်ကြီးအတွင်းရှိ ဌာပနာတိုက်တည်ရာနေရာမှလည်း ရောင်ခြည်တော်တွေ ကွန့်မြူးလာတာကို ဖူးမြော်ခွင့်ရခဲ့သည်။
ထို့နောက် တောင်တစ်ခုလုံး ပဲ့ထင်ထပ်မက သာဓုခေါ်သံတွေ အတိုင်းအဆမရှိ ကြားလိုက်ရလေတော့သည်။
ထိုစဉ် သက်ခိုင်မျက်လုံးတွေ မှေးလာကာ အိပ်ပျော်သွားလေတော့သည်။
နိုးလာတော့
“သက်ခိုင် ထတော့ ကားထွက်တော့မယ်”
သက်ခိုင် ထလိုက်တော့ ကင်မွန်းစခန်းက ရေချိုးဆိုင်လေးထဲပြန်ရောက်နေတယ်။
“ဆရာ ကျုပ်အိမ်မက်မက်နေတာလား”
ထိုအခါ အောင်မြတ်သာက
“အိမ်မက်ဆိုလဲ ဟုတ်တယ်”
“တကယ်ဆိုလဲ ဟုတ်တယ်”
ကဲကဲ သွားရအောင်
သက်ခိုင်လဲ ကြောင်တောင်တောင်ဖြင့် လွယ်အိတ်လွယ်ကာ.အနောက်ကနေ လိုက်လာခဲ့တော့သည်။
ထိုစဉ်..
“သက်ခိုင် မင်းဆုံးမခဲ့တဲ့ တောင်ပိုင်က လာနှုတ်ဆက်တယ်”
“ဗျာ ဘယ်မှာတုန်းဆရာ”
“ဟိုမှာလေ”ဆိုကာ တောင်ပေါ်ရှိ ကျောက်ဖျာတစ်ချပ်ကိုလက်ညိုးထိုးပြလေသည်။
သက်ခိုင်ကြည့်လိုက်တော့
“လူတစ်ယောက် မတ်တပ်ရပ်ကာ လက်ပြနေသယောင်ယောင် မှုန်ဝါးဝါး မြင်လိုက်ရသည်”
“သေချာတွေ့ရတာကတော့ ခါးစည်းအနီလေး လေထဲလွင့်နေတာကိုပဲ”
သက်ခိုင် ပြုံးလိုက်မိတယ်
သူအိမ်မက်မက်ခဲ့တာ မဟုတ်ဘူးဆိုတာကို ယုံကြည်သွားခဲ့တယ်

လေးစားစွာဖြင့်
ဇေယန(ရာမည)


ေအာင္ျမတ္သာႏွင့္ က်ိဳက္ထီး႐ိုးအဓိဌာန္

—– မူရင္းေရးသားသူ – ေဇယန(ရာမည)


ေအာင္ျမတ္သာတို႔ဆရာတပည့္ႏွစ္ဦးသည္ အဓိဌာန္အရ ျမန္မာျပည္အႏွံ႔အျပားသို႔ ခရီးထြက္ခြာေနရသကဲ့သို႔ ယခုအလွည့္က်တဲ့ အဓိဌာန္ေနရာကေတာ့ မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕မွာရွိတဲ့ က်ိဴက္ထီး႐ိုးေတာင္ပဲ ျဖစ္သည္။

က်ိဳက္ထီး႐ိုးေတာင္သို္႔မတက္မီ ကင္မြန္းစခန္း၌ ေန႔လည္စာစားသုံး ေရမိုးခ်ိဳးပီးအနားယူလိုက္သည္။

ေန႔လည္ေနေစာင္းခါနီးမွ ကင္မြန္းစခန္းကေန က်ဳက္ထီး႐ိုးေတာင္ေပၚသို႔ ေျခလ်င္ခရီးျဖင့္ စတင္ တက္ေရာက္လာခဲ့ေလေတာ့သည္။

က်ိဳက္ထီး႐ိုးသည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပ(၃၆၁၅)ေပရွိ ေပါင္းေလာင္းေတာင္ ေခ်ာက္ကမ္းပါးဘက္ျခမ္းေတာင္စြန္းအငူ၌ တည္းတည္းေလး တည္ရွိေနေသာ အံဖြယ္ဘုရားတစ္ဆူျဖစ္သည္။ မူလအမည္မွာ က်ိဳဣသိယို(ရေသ့႐ြက္ေသာဘုရား)ဟူ၍ ျဖစ္သည္။ က်ိဳက္ထီး႐ိုးေတာင္ဟူ၍ ေခၚဆိုရျခင္းမွာလည္း.ထိုေတာင္တြင္.ထီး႐ိုးလုပ္ရန္ေကာင္းေသာ ဝါးမ်ားေပါက္သျဖင့္ ထီး႐ိုးေတာင္ဟု ေခၚဆိုၾကရာမွ ဘုရားေစတီကို က်ိဳက္ထီး႐ိုးဘုရားဟု အမည္တြင္လာခဲ့သည္။

ကင္မြန္းစခန္းကေန စတင္တက္လာခဲ့ရာ လမ္းတစ္ေလ်ာက္ အပန္းေျဖစခန္းမ်ား၊ နတ္ကြန္းမ်ားကို ေတြ႕ရသည္။ လမ္းတစ္ေလ်ာက္တြင္ ဆင္ဆြဲလမ္းစခန္း၊ ေရေျမာင္ကေလးစခန္း၊ ႐ုံးပင္စခန္းစသည္ျဖင့္ စခန္းေပါင္း (၃၃)ခုရွိသည္။

ကင္မြန္းစခန္းကစထြက္ခ်ိန္ ယိုစုံတန္းအေနာက္ဘက္ နဂါး႐ုံဘုရားအနီး၌ “ရကၡိႏၵဘိုးဘိုးႀကီးနတ္နန္း”ကိုစတင္ေတြ႕ရွိရသည္။

ထိုအခါ သက္ခိုင္က

“ဆရာ ဒီဘိုးဘိုးက ဒီမွာကိုးကြယ္ထားတာ ၾကာပီလား”

“အိမ္း ဒီဘိုးဘိုးက သူ႔တပည့္ ယကၡေဒဝ(နတ္ဘီလူး ဦးရဲေက်ာ္)၊စီးေတာ္က်ားနဲ႔ က်ိဳက္ထီး႐ိုးေစတီေတာ္ရွိရာ ေတာအထပ္ထပ္၊ ေတာင္အသြယ္သြယ္ကို ေစာင့္ေရွာက္ရတယ္။ ဘိုးဘိုးရဲ႕နာမည္အဓိပၸါယ္က ဤေတာေတာင္ေရေျမကိုေစာင့္ေရွာက္ေတာ္မူေသာ ႀကီးျမတ္သည့္ နတ္မင္းႀကီးလို႔ အဓိပၸါယ္ရွိတယ္”

ထို႔ေနာက္ဆက္လက္ထြက္ခြာလာခဲ့ရာ ဘိုးျပန္ေတာင္အေရာက္တြင္ သက္ခိုင္ အားအင္ကုန္ခမ္းလာသည္။

ဆရာေအာင္ျမတ္သာက ေခြၽးပင္မစို႔

ထိုစဥ္

“သက္ခိုင္ ဒီငွက္ေပ်ာသီးကိုစားလိုက္”

“ဆရာေပးတဲ့ ငွက္ေပ်ာသီးကို စားလိုက္ပီးခ်ိန္မွာေတာ့ ခြန္အားေတြျပန္ျပည့္လာသလို ခံစားလိုက္ရတယ္”

ထို႔ေနာက္ ဆက္လက္ထြက္ခြာလာရာ

က်ိဳက္ထီး႐ိုးေစတီကို အေဝးက ခပ္ျပျပလွမ္းဖူးေမွ်ာ္ ေနရပီ။

ထိုေနရာတြင္ “ဟုန္းနတ္ႀကီးႏွင့္နတ္က်ား”ကို႐ုတ္တရက္ေတြ႕လိုက္ရသည္။

ဟုန္းနတ္ဆိုတာက က်ိဳက္ထီး႐ိုးသမိုင္းတြင္ မပါမျဖစ္ အေရးပါသည္ဆိုတာ သက္ခိုင္ငယ္ငယ္ထဲက ၾကားဖူးခဲ့သည္။

ထို႔ေနာက္ ေစတီေပၚသို႔တက္လာခဲ့ရာ

ရင္ျပင္ေပၚတြင္ အိပ္တဲ့သူကအိပ္ ၊ ေစတီအေရွ႕တြင္ ဘုရားရွိခိုးသူကရွိခိုးေနသည္ကို အေဝးကပင္ လွမ္းျမင္ေနရသည္။

ထို႔ေနာက္ အဓိဌာန္စတင္ဝင္မည့္ “ျမတ္ေခါင္ထက္မဟီ နတ္ေတာင္ တက္မည္”ဆိုသည့္အတိုင္း ရင္ျပင္ေပၚ ေစတီအနားမွာရွိတဲ့ နတ္ေတာင္ေပၚသို္႔ တက္လာခဲ့လိုက္သည္။

နတ္ေတာင္ကား.အျမင့္ (၁၅)ေပခန္႔ႏွင့္ေအာက္ေျခ ေပ(၁၆၀)ေပပတ္လည္မွ်သာရွိသည္။ ထူးျခားသည္ကား နတ္ေတာင္ေပၚသို႔ မိန္းကေလးမ်ား တက္မရျခင္းပင္။

နတ္ေတာင္ဟုေခၚဆိုရျခင္းမွာ က်ိဳက္ထီး႐ိုးေစတီေတာ္အား ေစာင့္ေရွာက္သည့္ မဟာဣိသိေႏၶဝနတ္ဘိုးေတာ္ႀကီး ေနထိုင္ေသာေၾကာင့္လို႔ မွတ္သားရဖူးသည္။

နတ္ေတာင္ေပၚတြင္ အဓိဌာန္ဝင္ရန္လိုအပ္သည္မ်ား ျပင္ဆင္ၿပီး အဓိဌာန္(၃)ရက္ဝင္ေရာက္ခဲ့သည္။

ေအာင္ျမတ္သာက တစ္ေဒါင့္

သက္ခိုင္က တစ္ေဒါင့္

ေအာင္ျမတ္သာပထမေန႔ တရားထိုင္ေနစဥ္ နတ္ေတာင္ေပၚသို႔ စႏၵကူးအေမႊးခဲမ်ား ယူေဆာင္လာေသာ အမဲေရာင္ဝမ္းဆက္ဝတ္ထားတဲ့ ေယာက်ၤားေလးမ်ားကို ေတြ႕ရတယ္။

ဒုတိယေန႔မွာေတာ့ တရားထိုင္မရေအာင္ ငိုယိုသံ၊ ၿငီးတြားသံမ်ား၊ ေၾကာက္မက္ဖြယ္အသံမ်ားၾကားရသည္။

တတိယေန႔မွာေတာ့ ပိတ္ျဖဴဝတ္အဖိုးတစ္ေယာက္၊ ေတာင္ေဝွးတစ္ေခ်ာင္းကိုင္ကာ ေအာင္ျမတ္သာ အနားလာေရာက္ထိုင္ေနသည္ကို ေတြ႕လိုက္ရသည္။

တရားျဖဳတ္ခါနီးတြင္ ဝတ္ျဖဴစင္ၾကယ္နဲ႔ေတာင္ေဝွးကိုင္ထားေသာ.အဘိုးတစ္ေယာက္ကိုေတြ႕လိုက္ရသည္။ သူကား ဤေစတီကိုေစာင့္ေရွာက္ရသူျဖစ္ေၾကာင္းႏွင့္.ယခင္ေန႔မ်ားတြင္ သူမရွိသျဖင့္ အေႏွာင့္အယွက္မ်ားရွိပါက ေမတၱာေရွ႕ထားနားလည္ေပးေစလိုပါေၾကာင္း ေျပာၾကားခဲ့သည္။

ထို႔ေနာက္ ေအာင္ျမတ္သာတို႔လည္း ဒုတိယက်င့္စဥ္ျဖစ္တဲ့ မုဆိုးေတာင္သို႔ ဆက္လက္ထြက္ခြာခဲ့သည္။

မုဆိုးေတာင္တြင္အဓိဌာန္၃ရက္ဆက္လက္ဝင္ေရာက္ခဲ့သည္။ ထိုေတာင္တြင္.အဓိဌာန္ဝင္ေနစဥ္.ထူးျခားမႈေတြကေတာ့ ေတာင္တစ္ခုလုံးတြင္.ရီေမာသံမ်ားၾကားရျခင္း၊ မိန္းမပ်ိဴမ်ားရဲ႕ေတးဆိုသံမ်ားၾကားရျခင္း၊ အဓိဌာန္ၿပီးဆုံးခ်ိန္တြင္ သာဓုေခၚသံမ်ားၾကားရျခင္းပင္ျဖစ္သည္။

ထို႔ေနာက္ ေက်ာက္ထပ္ႀကီးေစတီတြင္ အဓိဌာန္ဝင္ရန္ဆက္လက္ထြက္ခြာခဲ့သည္။

ေက်ာက္ထပ္ႀကီးဆိုသည္ကား အလြန္ႀကီးမားသည့္ ေက်ာက္တုံးႀကီးႏွစ္ခုထပ္ဆင့္ေနေသာေၾကာင့္ျဖစ္သည္။ ေက်ာက္ထပ္ႀကီးေစတီေဘးတြင္ ဘုရားဖူးမ်ားနားခိုရန္ေဆာက္လုပ္ထားေပးေသာ တဲေလးတြင္.အဓိဌာန္စဝင္ျဖစ္ခဲ့သည္။

အဓိဌာန္ဝင္ေနစဥ္

အဖိုးအိုတစ္ေယာက္ ေအာင္ျမတ္သာထံလာေရာက္ကာ စမေတာင္မွာရွိတဲ့ ေတာင္ေစာင့္နတ္ကို ဆုံးမေပးရန္ လာေရာက္အကူညီေတာင္းေလေတာ့သည္။

စမေတာင္ကား က်ိဳက္ထီး႐ိုးအေနာက္ဘက္ေတာင္ေၾကာတြင္တည္ရွိၿပီး သြားလာရခက္ခဲေသာေၾကာင့္ ဘုရားဖူးမ်ားမေရာက္အေပါက္နည္းသည္။ ထို႔ေၾကာင့္ ထိုေတာင္တြင္ မေကာင္းေသာအေစာင့္အေရွာက္မ်ား ပိုမိုေမြ႕ေလ်ာ္ေၾကာင္း လာေရာက္ေျပာၾကားကာ အကူအညီေတာင္းခံပါေတာ့သည္။

ေတာအထပ္ထပ္ေတာင္အသြယ္သြယ္နဲ႔မို႔ သာမန္လူမ်ားစမေတာင္ကိုသြားမည္ဆိုပါက ႏွစ္ရက္ေလာက္ၾကာလိမ့္မည္။သို႔ေသာ္ ေအာင္ျမတ္သာတို႔ကား ၂နာရီထဲျဖင့္ စမေတာင္ကိုေရာက္ခဲ့ေလသည္။

စမေတာင္ေပၚတြင္ ျပဳျပင္သူမဲ့ေနေသာ ေစတီအပ်က္မ်ား၊.ယိုယြင္းေနေသာ သာသနိကအေဆာက္အဦမ်ားကို ေတြ႕လိုက္ရသည္။

ထို႔ေနာက္ေအာင္ျမတ္သာမွ စီးလာေသာဖိနပ္ကိုခြၽတ္ကာ ေတာင္ကမူေလးေပၚတင္ၿပီး ေစတီေတာ္အား.ဖူးေမွ်ာ္ရန္ အတက္..

“ဝုန္း ……”ဆိုတဲ့အသံနဲ႔အတူ ေအာင္ျမတ္သာ ေစတီေလွကားမွာ ျပဳတ္က်သြားသည္။

“ဆရာ.ဆရာ ဘယ္လိုျဖစ္တာလဲ”ဆိုေတာ့

ေအာင္ျမတ္သာက လက္ကာျပတယ္။

ထို႔ေနာက္ ဒီေတာင္က ႏႈတ္ဆက္တာၾကမ္းတယ္ဟလို႔ေျပာၿပီး ၿပဳံးေနေလေတာ့သည္။

သက္ခိုင္ သိလိုက္ပီ။

“ေတာက္”

“ေနႏွင့္ဦးေပါ့ကြာ”

ေအာင္ျမတ္သာလဲ ေစတီေပၚတြင္ ရွင္းစရာရွိတာရွင္းၿပီး ဘုရားရွိခိုးေနစဥ္..

ေစတီအေနာက္ဘက္ ေတာင္ကုန္းေဘးတြင္ သက္ခိုင္ စည္းခ်လိုက္သည္။

ထို႔ေနာက္ ခုနက ျဖစ္စဥ္ကိုေမးရန္ ေျမေစာင့္နတ္ကို ပင့္ဖိတ္လိုက္ေတာ့သည္။

မၾကာမီ စည္းအတြင္းသို႔ ေျမေစာင့္နတ္ ေရာက္လာတယ္။

“ဆရာေလးရယ္.ကြၽန္ေတာ္လုပ္တာမဟုတ္ပါဘူး”

“ကြၽန္ေတာ္ေတာင္ တားခ်ိန္မရပါဘူးဗ်ာ”

“ကဲ ဒါဆိုဘယ္သူလုပ္တာလဲ ေျပာစမ္း”

“အဲဒါ ငနက္တူလုပ္တာ”

“ငနက္တူကဘာေကာင္လဲ ငါ့ဆရာကို ဒီလိုလုပ္ရဲတယ္ဆိုေတာ့ ဒီေကာင္ကဘာေကာင္လဲ”

“သူက သရဲအႀကီးစားအဆင့္ပဲရွိေသးပါတယ္”

“ဒီေတာင္ပိုင္ရဲ႕ လက္ေအာက္ကေနၿပီး ထင္ရာစိုင္းေနတာပါ”

“ေတာက္ .. ေတြ႕ၾကေသးတာေပါ့ကြာ”

သက္ခိုင္လဲ ခ်က္ခ်င္းဆိုသလို ဂိုဏ္းနတ္မ်ားကို ပင့္ဖိတ္လိုက္သည္။

ထိုထဲတြင္.မုခလိလဲပါလာခဲ့သည္။(မုခလိအေၾကာင္းအား ေအာင္ျမတ္သာႏွင့္မုခလိနတ္ဆိုးဝတၱဳတြင္ ဖတ္ရႈႏိုင္ပါသည္)

ထို႔ေနာက္ စည္းအျပင္ေတြေနရာယူခိုင္းကာ

ငနက္တူကို အမိန္႔ျပန္ကာ ေခၚလိုက္ေလသည္။

စည္းအတြင္းသို႔ ငနက္တူေပၚလာရာ

သက္ခိုင္က

“အစြမ္းေတြကို ဆိုင္ရာက ခဏသိမ္းထားေပးပါ”

“သူေတာ္ေကာင္းကိုေစာ္ကားတဲ့သူကို အျပစ္ေပးရလိမ့္မယ္”

“ဟဲ့ေကာင္.မင္းကဘာလို႔ ငါ့ဆရာကို တြန္းခ်တာလဲ”

“သူက ငါ့ေနတဲ့ေနရာအေပၚ.ဖိနပ္လာတင္တာကိုး”

ထိုစဥ္ ဂိုဏ္းေစာင့္နတ္မ်ားက

“ဆရာက မင္းေနတဲ့ေနရာကိုတင္လို႔ တြန္းခ်တာေပါ့ ဟုတ္လား”

“သူက.မင္းေခါင္းေပၚတင္ရင္ေတာင္ မင္းဘာမွျပန္ေျပာပိုင္ခြင့္မရွိဘူး”

“ငမိုက္သား တယ္… ငါ႐ိုက္လိုက္ရ”

ထိုအခါသက္ခိုင္က

“ဂိုဏ္းေစာင့္နတ္မ်ား ဒီငမိုက္သားကို မွတ္ေလာက္သည္အထိ ႐ိုက္ႏွက္ေစ”

မွတ္ေလာက္သားေလာက္ေအာင္ ဆုံးမၿပီးခ်ိန္မွာေတာ့ ဟိုေကာင္ေဖ်ာ့ေဖ်ာ့ပဲရွိေတာ့တယ္။

သက္ခိုင္လဲ အသာေလး ျပန္လာကာ မသိခ်င္ေယာင္ေဆာင္ ဘုရားရွိခိုးေနလိုက္သည္။

ဘုရားရွိခိုးၿပီးခ်ိန္မွာေတာ့ ..

“သက္ခိုင္ ငါတို႔ကိုအကူညီေတာင္းတဲ့ကိစၥကို မင္းပဲေျဖရွင္းလိုက္ေတာ့”

“ငါကအဓိဌာန္ဝင္ေနရေတာ့ အဲလိုကိစၥေတြ မလုပ္ခ်င္ဘူး”

သက္ခိုင္ ေက်ေက်နပ္နပ္ႀကီး လက္ခံလိုက္တယ္။

စိတ္ထဲမွာေတာ့ “ေတြ႕ၾကပီေပါ့ကြာ”လို႔ႀကိမ္းေမာင္း လိုက္တယ္။

ညဘက္ေရာက္ေတာ့ အင္းကြက္၁၆ကြက္ဆြဲကာ

ေတာင္ပိုင္အေစာင့္ကို ေခၚလိုက္ေလသည္။

အင္းကြက္၁၆ကြက္ကို.အကြက္ခ်ကာ

စည္းခ်ထားလိုက္သည္။

အင္းကြက္ထဲဝင္လာလို႔ကေတာ့ ဒီေကာင့္ အေသပဲဆိုပီးေတြးထားလိုက္တယ္။

ထိုစဥ္.အင္းကြက္၁၆ကြက္အလယ္မွာ လြတ္ေနတဲ့ ေျမႀကီးထဲက ထိုးထြက္လာတဲ့ ဘီလူးေခါင္းတစ္လုံး။

ထိုစဥ္ သက္ခိုင္က

“ငါေခၚတာ ဒီေတာင္ပိုင္ကို ”

“သူ႔ရဲ႕လက္ပါးေစေတြ မလိုခ်င္ဘူး”

“ခ်က္ခ်င္းျပန္ မျပန္ရင္ အဲဒီေခါင္းကို ႐ိုက္ခြဲရလိမ့္မယ္”

“လာစမ္း ဂိုဏ္ေစာင့္နတ္ႏွင့္တကြ ဒီေတာင္တစ္ေၾကာအပိုင္စားရထားတဲ့ ေတာင္ပိုင္ပုဂၢိဳလ္မ်ား”

“ထိုသို႔ ႀကိမ္းဝါးလိုက္သည္ႏွင့္ ေျမႀကီးထဲက ထိုးထြက္ေနေသာ.ဘီလူးေခါင္းက ႐ုတ္တရက္ေပ်ာက္သြားတယ္”

ထိုစဥ္.

ဝေရာ

ဝေရာ

ဝူးဝူး

ေလျပင္းတိုက္ခတ္သံႏွင့္အတူ

ရင္ဆီးအနီႏွင့္ပိုးပဝါဝတ္ဆင္ထားတဲ့

လူလတ္ပိုင္းတစ္ေယာက္ေရာက္ခ်လာတယ္။

“သင္ က်ဳပ္ကို ေခၚတာဘာလုပ္ဖို႔လဲ”

“က်ဳပ္ပိုင္တဲ့ေနရာမွာ က်ဳပ္ကိုမေလးမစားလုပ္တယ္”

“က်ဳပ္တပည့္ကိုလဲ ႐ိုက္ႏွက္တယ္”

“သင္တို႔က်ဳပ္ဆီက ဘာလိုခ်င္လို႔လဲ”

“က်ဳပ္လိုခ်င္တာက သင့္ရဲ႕အမူအက်င့္ေတြျပင္ဖို႔”

“ဘုရားသာသနာနယ္ေျမအတြင္းမွာရွိတဲ့ အတြက္ ခင္ဗ်ားရဲ႕ မိုက္မဲမႈေတြျပင္ဖို႔လာေျပာတာ”

“က်ဴပ္အၾကမ္းနည္းမသုံးခ်င္ဘူး သင္မျပင္ဖူးဆိုရင္ သင့္လုပ္ရပ္ေတြကို ေဝႆ ဝဏ္နတ္မင္းထံ တင္ျပဖို႔ စဥ္းစားထားပီးသား”

“သင့္ရဲ႕ မာနေတြ၊ အတၱေတြကို ျပဳျပင္ပါ”

“သင့္အေၾကာင္း ေနာက္ထပ္ၾကားရရင္ က်ဳပ္ခြင့္မလႊတ္ဘူး”

ေတာင္ပိုင္လဲ ဘာမွမေျပာရဲေတာ့ေပ

ဘာေၾကာင့္ဆိုေတာ့ ေအာင္ျမတ္သာအေၾကာင္း သူလဲသိသင့္သေလာက္သိထားႏွင့္ေနပီမဟုတ္လား

ထိုသို႔ဆုံးမၿပီးေနာက္ေန႔မွာ စမေတာင္ကေန ျပန္လည္ထြက္ခြာခဲ့သည္။

လမ္းတစ္ေလ်ာက္တြင္ ဥစၥာေစာင့္မ်ား၊ သိုက္နန္းရွင္မ်ား ကူးသန္းသြားလာေနသည္ကို ေတြ႕ရသည္။

တစ္ခ်ိဳ႕ေတြက အ႐ိုအေသေပးၾကသည္။

တစ္ခ်ိဳ႕ေတြက ထိကပါးရိကပါးစေနာက္ၾကသည္။

သို႔ေသာ္.အႏၲရာယ္ေတာ့မေပးၾက။

ေစတီေတာ္သို႔ျပန္ေရာက္ေသာအခါ

တစ္ညလုံးအဓိဌာန္ဝင္ၾကေလသည္။

သူေတာ္စင္အမ်ားအျပား ထိုညတြင္ လာေရာက္တရားအားထုတ္ၾကသည္ကို သက္ခိုင္ျမင္ေတြ႕လိုက္ရသည္။

ေရွးေဟာင္းအဝတ္အစားနဲ႔ပုဂၢိဳလ္ေတြရွိသလို

အ႐ူးလိုလိုစုတ္ျပတ္သတ္ေနေသာအဝတ္အစားမ်ားႏွင့္ပုဂၢိဳလ္မ်ားလည္းေတြ႕ရသည္။

တစ္ခ်ိဳ႕ကား ဆာဒူးႀကီးေတြ

တစ္ခ်ိဳ႕ကား အေနာက္တိုင္းသားေတြ

တစ္ခ်ိဳ႕ကား ေဇာ္ဂ်ီေတြ

သူတို႔ေတြကို သာမန္လူမ်ားမျမင္ေတြ႕ၾကသည္ကို အံ့ၾသထူးဆန္းစြာ ဖူးျမင္လိုက္ရသည္။

တရားျဖဳတ္သိမ္းခ်ိန္မွာျဖင့္ ပုဂၢိဳလ္မ်ားအားလုံး မ်က္လုံးေတြတစ္ၿပိဳင္နက္ပြင့္ထြက္လာသည္။

အလင္းေရာင္စဥ္ေတြမ်က္စိက်ိန္းမတတ္ ၿဖိဳးခနဲ ဖ်က္ခနဲ လင္းလက္လာခဲ့သည္။

ေစတီေတာ္ႀကီး၏ ေက်ာက္လုံးေတာ္ႀကီးအတြင္းရွိ ဌာပနာတိုက္တည္ရာေနရာမွလည္း ေရာင္ျခည္ေတာ္ေတြ ကြန္႔ျမဴးလာတာကို ဖူးေျမာ္ခြင့္ရခဲ့သည္။

ထို႔ေနာက္ ေတာင္တစ္ခုလုံး ပဲ့ထင္ထပ္မက သာဓုေခၚသံေတြ အတိုင္းအဆမရွိ ၾကားလိုက္ရေလေတာ့သည္။

ထိုစဥ္ သက္ခိုင္မ်က္လုံးေတြ ေမွးလာကာ အိပ္ေပ်ာ္သြားေလေတာ့သည္။

ႏိုးလာေတာ့

“သက္ခိုင္ ထေတာ့ ကားထြက္ေတာ့မယ္”

သက္ခိုင္ ထလိုက္ေတာ့ ကင္မြန္းစခန္းက ေရခ်ိဳးဆိုင္ေလးထဲျပန္ေရာက္ေနတယ္။

“ဆရာ က်ဳပ္အိမ္မက္မက္ေနတာလား”

ထိုအခါ ေအာင္ျမတ္သာက

“အိမ္မက္ဆိုလဲ ဟုတ္တယ္”

“တကယ္ဆိုလဲ ဟုတ္တယ္”

ကဲကဲ သြားရေအာင္

သက္ခိုင္လဲ ေၾကာင္ေတာင္ေတာင္ျဖင့္ လြယ္အိတ္လြယ္ကာ.အေနာက္ကေန လိုက္လာခဲ့ေတာ့သည္။

ထိုစဥ္..

“သက္ခိုင္ မင္းဆုံးမခဲ့တဲ့ ေတာင္ပိုင္က လာႏႈတ္ဆက္တယ္”

“ဗ်ာ ဘယ္မွာတုန္းဆရာ”

“ဟိုမွာေလ”ဆိုကာ ေတာင္ေပၚရွိ ေက်ာက္ဖ်ာတစ္ခ်ပ္ကိုလက္ညိဳးထိုးျပေလသည္။

သက္ခိုင္ၾကည့္လိုက္ေတာ့

“လူတစ္ေယာက္ မတ္တပ္ရပ္ကာ လက္ျပေနသေယာင္ေယာင္ မႈန္ဝါးဝါး ျမင္လိုက္ရသည္”

“ေသခ်ာေတြ႕ရတာကေတာ့ ခါးစည္းအနီေလး ေလထဲလြင့္ေနတာကိုပဲ”

သက္ခိုင္ ၿပဳံးလိုက္မိတယ္

သူအိမ္မက္မက္ခဲ့တာ မဟုတ္ဘူးဆိုတာကို ယုံၾကည္သြားခဲ့တယ္


ေလးစားစြာျဖင့္

ေဇယန(ရာမည)

No comments

Post a Comment