လူခြောက်မလေးမိဝိုင်းစိန်(စ /ဆုံး )

———————————– အု..ဝူ……ဝုတ်ဝုတ်ဝုတ်…. အု…ဝူး……ဝုတ်ဝုတ်ဝုတ်…..အီ..အီ..အီ… ကောင်းကင်မှာ မိုးသားများအပြည့်နှင့် မည်းမှောင်နေသော ညကာလတခု။ လျှပ်စီး... thumbnail 1 summary


———————————–

အု..ဝူ……ဝုတ်ဝုတ်ဝုတ်….
အု…ဝူး……ဝုတ်ဝုတ်ဝုတ်…..အီ..အီ..အီ…

ကောင်းကင်မှာ မိုးသားများအပြည့်နှင့်
မည်းမှောင်နေသော ညကာလတခု။ လျှပ်စီးရောင်
ပြိုးပြိုးပြက်ပြက် မိုးခြိမ်းသံက တဂျိမ်းဂျိမ်း လေက
လည်း တဝုန်းဝုန်းနှင့် ပြင်းထန်စွာ တိုက်ခတ်နေလေသည်။ ခွေးများကလည်း အဝေးဆီမှရော အနီးနားဆီမှပါ တဟုန်ထိုး အူနေ ဟောင်နေကြ၏။

ဒေါ်အေးခင်တို့ အိမ်၌ မွေးထားသော
ခွေးကြီးအောင်နက်ကလည်း အိမ်ရှေ့ မန်ကျည်းပင်
ကြီးအောက်သို့ ကြည့်၍ ဟောင်လိုက် အမြီးလေးနှံ့
လိုက်နှင့် ရှိနေလေသည်။ ခွေးဟောင်သံများကြား
သဖြင့် ဒေါ်အေးခင်တယောက် အိမ်ရှေ့သို့ထွက်လာကာ အောင်နက်ကြီးဟောင်နေရာသို့ ကြည့်လိုက်ရာ
မန်းကျည်းပင်ကြီး အောက်တွင် ၁၀နှစ်အရွယ် ကလေးမလေး တဦး ငုတ်တုတ်ထိုင်၍ ငိုနေတာကို
တွေ့လိုက်ရလေသည်။ဒေါ်အေးခင်လည်း ကလေး
မလေး အနားသို့သွားလိုက်ပြီး….

“”သမီးလေး သမီးလေးက ဘယ်ကလည်း မိဘတွေက ဘယ်သူလည်း သမီးကို ဒီရပ်ကွက်ထဲမှာလည်း
မတွေ့ဘူးပါဘူး””

ဒေါ်အေးခင်တယောက် မေးသာမေးနေရသည် ကလေးမက ဘာမှပြန်မပြောပဲ တရှုံ့ရှုံ့နှင့်
ငို၍သာနေလေသည်။ထို့ကြောင့်ဒေါ်အေးခင်လည်း

“”တိတ်ပါ သမီးလေးရယ် ကဲလာလာ အိမ်ထဲဝင်ရ
အောင် လေတွေမိုးတွေနဲ့ မတော် သစ်ကိုင်းကျိုးကျ
မှဖြင့်ကွယ်””

ဒေါ်အေးခင်လည်း ကလေးမလေးကို ပုခုံးမှ
ဖက်ပြီး အိမ်ထဲသို့ ဝင်လာခဲ့ကြသည်။ အိမ်ထဲကို ‌
ရောက်ရောက်ချင်း ခွေးဟောင်သံများ တိတ်ဆိတ်
သွားသလို မုတ်သုန်လေနှင့်အတူ မိုးသီးမိုးပေါက်
ကြီးများကလည်း အငြိုးနှင့် ရွာချလိုက်လေတော့
သည်။

ခေါင်းမဖော်ရဲလောက်အောင် သောင်း
ကျန်းနေသော လေနှင့်မိုးကြောင့် သစ်ပင်ကြီးငယ်
တို့မှာ ဟိုဒီ ယိမ်းနွဲ့လျက် တရွှီရွှီတရှဲရှဲနဲ့ဖြစ်နေသည်
က အမှောင်ထု အတွင်းမှာ တစ္ဆေကောင်ကြီးများ
တီးမူတ်ကခုန်နေသည့် အလားပင်ထင်ရလေ၏။
ဒေါ်အေးခင်လည်း အိမ်ထဲသို့ ရောက်လျင် ကလေး
မလေးကို အသေအချာ ချော့မော့ မေးမြန်း လေ၏။

“”ဖြေပါဦး သမီးလေးရယ် သမီးကဘယ်ကလည်း
မိဘတွေကရော ဘယ်သူလည်းဟင်သမီး””

ထိုတော့မှ ကလေးမလေးက ငိုနေရာမှ
ရပ်ပြီး စကားပြောလေတော့သည်။

“”သမီးမှာ မိဘတွေ မရှိတော့ပါဘူး သမီး ကြီးကြီးနဲ့
နေချင်လို့ သမီးကိုနေခွင့်ပေးပါနော်””

ဒေါ်အေးခင်တယောက် ကလေးမလေးကို
ဂရုဏာသက်စွာဖြင့် ကြည့်လိုက်သည်။ကလေးမ
ကို သေချာကြည့်လိုက်မှ အသားညိုညို မျက်လုံး
ဝိုင်းဝိုင်း ဆံပင် ဂုတ်ဝဲလေးနှင့် ညိုချောလေးပဲဟု
ဒေါ်အေးခင်မှတ်ချက်ပြုလိုက်လေသည်။ထို့နောက်

“အင်းမနက်မှ ကလေးရှင် ပေါ်လာရင်လည်း ပြန်ထည့်လိုက်မယ် ကလေးရှင်မပေါ်ခဲ့ရင်လည်း မွေးစားလိုက်မယ် ငါက လည်းကလေးငတ်နေသူ
ဆိုတော့ “” ဟုတွေးလိုက်မိပြီး…

“”သမီးလေး နာမည်က ဘယ်လိုခေါ်တုန်းသမီးရဲ့””

“”ဝိုင်းစိန်မ ပါကြီးကြီး””

“”အယ် နာမည်လေးက လှလိုက်တာ လူလေးကလည်း ချစ်စရာလေး ကဲပါသမီးရယ် သမီလေးမှ
နေချင်တယ် ဆိုရင်လည်း ကြီးကြီးကနေခွင့်ပြုပါ
တယ်ကွယ်””

ထိုအခါ ဝိုင်းစိန်မလေး မျက်နာက တိမ်ညို
ကင်းစင်တဲ့ လပြည့်ဝန်းကြီးလို လင်းလက်တောက်ပ သွားပြီး ပျော် ရွှင်စွာနှင့်…

“”ဟေး…ပျော်လိုက်တာ ကျေးဇူးတင်ပါတယ်
ကြီးကြီးရယ်””ဟုပြောပြီး ဒေါ်အေးခင် ရှေ့ကနေ
ပျောက်ကွယ်သွားလေတော့သည်။

“”သမီး..သမီး…သမီးလေး….””။ ဒေါ်အေးခင်တယောက် သမီး သမီးနှင့် ယောင်ယမ်းခေါ်ရင်း
အိပ်မက်မှ လန့်နိုးလာလေသည်။

“”ဪ ငါအိပ်မက်မက်နေတာပဲ ဒီလိုအိပ်မက်မျိုး
တခါမှမမက်ဖူးဘူး ထူးဆန်းလိုက်တာ”” ဟုတွေးရင်း ထိုအတွေးများနှင့်ပင် မိုးလင်းခဲ့ရပေတော့သည်။

မနက်ခင်းလေးမှာ ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာနှင့်ထွက်ပေါ်လာသော နေမင်းကြီးက
ကမ္ဘာလောကကြီးကို အလင်းရောင် ပေးစွမ်းသလို
နွေးထွေးမူ့ကိုလည်း ပေးနိုင်စွမ်းရှိလေ၏။တိမ်မည်း
ညို ကိုလူဆိုးတို့ကလည်း ညကသူတို့မဟုတ်သည့်
အလား ကောင်းကင်တခွင်မှာ ဖြူစွတ်သော တိမ်မျှင် တိမ်တန်းလေးများမှလွဲ၍ ပြာလဲ့ကာ လှချင်တိုင်းလှနေသည်မှာ ပန်းချီကားတချပ်အလား
ပင်ရှိလေတော့သည်။တိုက်ခတ်လာသော လေပြေ
လေညှင်းလေးထဲတွင် သာယာစွာ တေးသီဆိုလိုက်
သော ကျေးငှက်အသံလေးများနှင့်အတူ သင်းပျံ့
သော ပန်းရနံ့လေးများက လူအပေါင်းကို လန်းဆန်း
မူ့၊ သာယာကြည်နူးမူ့ကို ဖြစ်ပေါ်စေပေသည်။

ထိုသို့သော နံနက်ခင်းလေးတခုတွင်
ဒေါ်အေးခင် တယောက် ညက အိပ်မက် အကြောင်း
ကို ပြောပြရန် လင်ယောက်ျားဖြစ်သူကို နှိုးနေလေ
သည်။

“”ကိုထွန်းရွှေ ကိုထွန်းရွှေ….ထပါဦးတော့ ကျုပ်ပြော
စရာရှိလို့ပါ””

ညကမိုးအေးအေးနှင့် နှစ်ခြိုက်စွာ
အိပ်ပျော်နေသော ဒေါ်အေးခင်၏ လင်ယောက်ျား
ဖြစ်သူ ဦးထွန်းရွှေ မှာ အိပ်မူန်စုံမွှားနှင့် ထထိုင်လိုက်ပြီး…..

“”ဘာလည်း အေးခင်ရယ် ဒီမှာ အိပ်လို့ကောင်းနေ
တာကို အလန့်တကြားနဲ့ ကဲဘာလည်းပြော””

ဒေါ်အေးခင်လည်း ညက ထူးဆန်း
စွာမက်သည့် အိပ်မက် အကြောင်းကို ပြောပြလိုက်
ပြီး…..

“”အိပ်မက်က ထူးဆန်းလိုက်တာတော် ဒီလိုမျိုး ကျုပ် တခါမှ မမက်ဖူးဘူး ကျုပ်တော့ အသက်ကြီးမှ ကံပေါ်တော့မယ်ထင်ပါရဲ့ အခုတလော နေရထိုင်
ရတာလည်း သရိုးသရီကြီးနဲ့တော့””

“”ဟားဟားဟား….”” မိန်းမဖြစ်သူရဲ့ စကားကြားတော့ ဦးထွန်းခင်တယောက် ဟက်ဟက်ပက်ပက်
ရယ်မောလိုက်ပြီး….

“”အေးခင်ရယ် နင့်မလည်း ခုချိန်ထိ ကလေးလိုချင်
စိတ်က မကုန်သေးပဲကိုး တို့တွေ အိမ်ထောင်သက်ကဖြင့် အနှစ် နှစ်ဆယ်ကျော်နေပြီ နင်လည်း အသက်က လေးဆယ့်ငါးထဲရောက်နေပြီ ဘယ်က
သာ ကလေးရနိုင်တော့မှာလည်း အရူးထမနေစမ်း
ပါနဲ့ဟာ””

ထိုစဉ် ဒေါ်အေးခင်၏ ညီမ အရင်းဖြစ်သူ
မငွေခင် တယောက် အနားသို့ရောက်လာပြီး…..

“”ဒီလင်မယားနှစ်ယောက် မနက်စောစောစီးစီး ဘာ
တွေ သဘောကျပြီး ရယ်နေကြတာတုန်း””

“”ဒီလို ငွေခင်ရေ နင့်အမ လေ ဒီအရွယ်ကြီးကျမှ
ကိုယ်ဝန် ရှိချင်သလိုလိုဖြစ်နေလို့တဲ့ ဟားဟားဟား
ကဲကဲ ညီမနှစ်ယောက် စကားပြောလိုက်ကြဦး ငါတော့ မျက်နာသစ်ပြီး အလုပ်သွားလိုက်ဦးမယ်””

“”ဟုတ်ကဲ့ ဟုတ်ကဲ့ ကိုထွန်းရွှေ …ဒါနဲ့ မမက တကယ် ကိုယ်ဝန်ရှိနေတာလား””

“”ငါလည်း သေချာတော့ မသိပါဘူးဟယ် ဒါပေမဲ့
ခုတလော နေရထိုင်ရတာ အဲ့လိုကြီးဖြစ်နေတယ်””
ဟုပြောပြီး ညကအိပ်မက်အကြောင်းကိုပါ ပြောပြ
လိုက်လေသည်။

“”ဒါဆိုလည်း မမရယ် ရပ်ကွက်ထဲကို လာလာနေတဲ့
သားဖွားဆရာမလေးကိုပြကြည့်ပါ့လား ကြိုသိရတော့ ဝမ်းသာရတာပေါ့””

ထိုအခါမှ ဒေါ်အေးခင်လည်း သူနာပြုဆရာမလေး
ကို သတိရမိသွားပြီး…..

“”အေးဟုတ်တယ် ငွေခင် နင်ပြောသလိုပဲ ဆရာမလေးကို ပြကြည့်ရမယ်””…….

ဒေါ်အေးခင်နှင့် ‌မငွေခင် တို့မှာ ညီအမအရင်းများဖြစ်ကြသည်။ မငွေခင်က ဒေါ်အေးခင်ထက် ရှစ်နှစ်ခန့် ငယ်သည် ချောသည်။ မိဘများ
ဆုံးပါးသွားပြီး နောက်ပိုင်း အမွေဆိုင်ဝိုင်းလေး
အတွင်း မှာ အိမ်လေးနှစ်လုံးဆောက်ပြီး နေကြလေသည်။ ခွဲနေရခြင်း အကြောင်းမှာ နှစ်ဦး စလုံး အိမ်
ထောင်ကိုယ်စီနှင့်မို့ဖြစ်သည်။ လွန်ခဲ့သောနှစ်နှစ်ခန့်
ကပဲ မငွေခင် ၏ ခင်ပွန်းဖြစ်သူမှာ ကုန်ကားမောင်း
ရင်း အက်စီးဒင့်ဖြစ်ကာ ဆုံးပါးသွားခဲ့ရသည်။ကလေး တယောက် ရခဲ့သော်လည်း ကလေးက ချူ
ခြာ လွန်းသဖြင့် လသားအရွယ်မှာပင် ဆုံးပါးသွား
ခဲ့၍ အဖတ်မတင်ခဲ့ပေ။တသားမွေး တသွေးလှ ဆိုသလို လုံးကြီးပေါက်လှ အလှကို ပိုင်ဆိုင်ထားသော
မငွေခင်မှာ အမည်နှင့်လိုက်အောင် ငွေမက်သည့်သူ
မျိုးဖြစ်သည်။

ဒေါ်အေးခင်ကတော့ မငွေခင်လောက်
မချောမလှပေမဲ့ ကြည့်ပျော်ရှူ့ပျော်တော့ရှိပေသည်
ဒေါ်အေးခင်က ဆေးလိပ်ခုံတခုမှာ ဆေးလိပ်လိပ်
သောအလုပ်ကိုလုပ်သည်။ အခုတော့ အိမ်မှာပင်ယူ
၍ ဆေးလိပ်လိပ်သော အလုပ်ကို ဆက်လက် လုပ်
ကိုင်ဆဲ ဖြစ်သည်။ရပ်ကွက်ထဲမှ ဆံပင်ညှပ်ဆရာ
ကိုထွန်းရွှေနှင့် အကြောင်းပါပြီး ပေါင်းဖက်ခဲ့သည်
မှာ အနှစ် နှစ်ဆယ်ကျော်ခဲ့သော်လည်း သားသမီး
မထွန်းကားခဲ့ပေ။

ကိုထွန်းရွှေက တကောင်ကြွက်ဖြစ်ပြီး
လူပျိုဘဝက တအားဆိုးသွမ်း‌၏။အရက်သောက်
ဖဲရိုက် အကုန်လုပ်တတ်သည်။ ဒေါ်အေးခင်နှင့် ညား
ပြီးမှ သာ အသောက်အစား လျှော့လာခဲ့ခြင်းဖြစ်
လေသည်။ ဦးထွန်းရွှေနှင့် ဒေါ်အေးခင်တို့၏ အိမ်ထောင်သက်တမ်း အနှစ် နှစ်ဆယ်ကျော်ကာလ
အတွင်း ပြဿနာကြီးကြီးမားမား တစုံတရာ မရှိခဲ့
ပေ။

တနေ့ ဒေါ်အေးခင်တို့ ရပ်ကွက်ထဲသို့
ဆေးလာကုပေးနေကြ သားဖွားသူနာပြုဆရာမလေးရောက်လာသောအခါ ဒေါ်အေးခင်က သူမမှာ
ကိုယ်ဝန်ရှိမရှိ စမ်းသပ်ကြည့်ရှူ့ခိုင်းလေသည်။

“”ဆရာမလေးရယ် ခုတလော ကျွန်မလေ ကိုယ်ဝန်
ရှိချင်သလိုလို နေရထိုင်ရတာ သရိုးသရီကြီး ဖြစ်
နေလို့ အဲ့တာ ကျွန်မကို စမ်းသပ်ပေးပါဦးနော်””

ဆရာမလေးလည်း ဒေါ်အေးခင်ကို
ဆီးစစ်တံဖြင့် စမ်းသပ်ကြည့်ရှူ့ပေးလိုက်ပြီး…

“”ဟောတော့ …ကြီးကြီးဒေါ်အေးခင် တော့ အသက်ကြီးမှ ကံပေါ်တော့တာပဲ ကိုယ်ဝန်က နှစ်လကျော် သုံးလတောင် ရှိနေပြီတော့””

“”ရှင် တကယ်…တကယ်လား ဆရာမလေးရယ်
ကျုပ် ဝမ်းသာလိုက်တာတော် ကျုပ်ကလေးလိုချင်
နေတာ အနှစ် နှစ်ဆယ်ကျော်ပြီတော့”” ဟု အထစ်
ထစ် အငေါ့ငေါ့နှင့် ဝမ်းသာအားရဖြစ်နေလေသည်။

“”ဟုတ်ကဲ့ ကလေးလိုချင်နေတဲ့ ကြီးခင်အတွက်
ကလေးရတော့မယ်ဆိုတော့ ကျွန်မလည်း ဝမ်းသာ
ပါတယ် ဒါပေမဲ့ ကြီးခင်က အသက်ကလည်းကြီး
နေပြီ ကိုယ်ဝန်ကလည်း ဒါပထမဆုံးဆိုတော့ ဂရု
တော့ စိုက်ရလိမ့်မယ် ကိုယ်ဝန်ဆောင်အားဆေး
လေးဘာလေးစားပေါ့ ကျွန်မလည်း မကြာမကြာ
လာလာကြည့်ပေးပါ့မယ်””

“”ဆရာမလေးရယ် ကျွန်မတို့က တနေ့လုပ်မှ တနေ့
စားရတာဆိုတော့ အားဆေးတွေဘာတွေ အမြဲဝယ်
မသောက်နိုင်ပါဘူးတော် ဒါပေမဲ့ ကလေးအတွက်
အစားအသောက် အနေအထိုင် ဆင်ခြင်ပါ့မယ်
ဆရာမလေးရယ်””

“”ကဲပါကြီးခင်ရယ် အဲ့အတွက်ပူမနေပါနဲ့ ကျွန်မကပဲ
ကြီးခင်ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အားဆေးကို
ဒါနပြုပါ့မယ်””

“”ကျေးဇူးပါ ဆရာမလေးရယ်””

ဒီလိုနှင့် ဒေါ်အေးခင်၏ ကိုယ်ဝန်မှာ ၈လကျော် ၉လ အတွင်းသို့ ရောက်ရှိလာလေသည်။သို့သော်လည်း ကိုယ်ဝန်မှာ အခြားသူများကဲ့သို့
ပူမနေပဲ ပြူသည်ဆိုယုံလေးသာ ပြူထွက်နေသည်။
တနေ့ ဆရာမလေးလာသောအခါ…..

“”ဆရာမလေးရယ် ကျွန်မ ကိုယ်ဝန်က တခြားသူတွေနဲ့မတူဘူးဖြစ်နေတယ်””

“”အင်း ကြီးခင် ကျွန်မပေးတဲ့ဆေးတွေကော ပုံမှန်
သောက်ရဲ့လား””

“”ဟို …ဟိုလေ ရပ်ကွက်ထဲက လူတွေက အဲ့လိုဆေး
တွေ သောက်ရင် ကလေးကို ထိခိုက်တယ်ဆိုလို့
ကျွန်မလည်း ကလေးထိခိုက်မှာဆိုးလို့ မသောက်
ဖြစ်ပါဘူး ဆရာမလေးကိုတောင်အားနာလို့မပြော
ဖြစ်ဘူး””

“”ခက်တော့တာပဲ ကြီးခင်က အသက်လည်းကြီးပြီ
ကိုယ်ဝန်ကလည်း ပထမဆုံးဆိုတော့ ကျွန်မက လို
အပ်လို့ ပေးတာပေါ့ ကဲပါ သိပ်လည်းစိတ်ပူမနေပါနဲ့ ကလေးက အထဲမှာ သိပ်မဖွံ့ဖြိုးလို့ဖြစ်စေ ဒါမှမဟုတ် တချို့ အပျိုဗိုက်လေးတွေလိုလည်း ဖြစ်ချင်
ဖြစ်မှာပါ အခုတော့ပေးထားတဲ့ဆေးတွေ သေချာ
သောက်နော် ကိုယ်ဝန်ကလည်း တဖြည်းဖြည်းနဲ့ရင့်
လာပြီ ဂရုစိုက်ဦး လိုအပ်တာရှိရင်လည်း ကျွန်မကို
လာပြော ဟုတ်ပြီလား””

“”ဟုတ်…ဟုတ်ကဲ့ပါ ဆရာမလေး””

ညဉ့်က တိတ်ဆိတ် ငြိမ်သက်လွန်းလှပြီး
ခွေးအူသံများကလည်း ဟိုမှ ဒီမှ ကြားနေရသည်။
ထိုအချိန်တွင် ဒေါ်အေးခင် တယောက်မှာတော့…..

“”အမလေး ….ကျွတ်ကျွတ်ကျွတ်ကျွတ် …ဗိုက်ကလည်း နာလိုက်တာတော်…ကိုထွန်းရွှေ…ကိုထွန်းရွှေ
ထပါဦးတော် ကျုပ် ဗိုက်တွေ အရမ်းနာနေလို့တော့
အမလေး…လေး ကိုထွန်းရွှေ….အမလေး….””

ဒေါ်အေးခင်တယောက် နှစ်ခြိုက်စွာ အိပ်ပျော်
နေသော လင်ယောက်ျားဖြစ်သူကို မနည်းနှိုးယူလိုက်ရသည်။ ဦးထွန်းရွှေတယောက်အိပ်ချင်မူးတူးနှင့်ထလိုက်ပြီး….

“”ဟင်…အင်…ဘာလည်း အေးခင်ရယ် အိပ်ကောင်းနေတာကို””

“”ဒီမှာ ကျုပ် ဗိုက်တွေ အရမ်းနာနေလို့တော့ အမလေး….ကျွတ်ကျွတ်ကျွတ်””

“”ဟဲ့ အေးခင်ရယ် ဗိုက်နာလည်း အိမ်သာကို ကိုယ့်ဟာကိုယ်ထသွားပေါ့ အရင်ကလည်း တယောက်ထဲ
သွားနေကြကို လာနှိုးနေတယ်”” ဟုဆိုကာ ပြန်အိပ်ရန်ပြင်လေသည်….

“”ဪ…ကိုထွန်းရွှေရယ် ဗိုက်က ကလေးမွေးချင်လို့ နာနေတာတော့ အမလေး ရှင့်ပြောရတာကတမျိုး ‌ဗိုက်နာတာကတမျိုး အမလေး…အား….အဟင့်ဟင့်””

ထိုအခါမှ ဦးထွန်းရွှေလည်း ပြာပြာသလဲနှင့် …..

“”ဟာ …အေးအေး…အေးပါဟာ ခဏနော် ငါ ငွေခင့်ကို နှိုးလိုက်ဦးမယ်”” ဟုဆိုကာ မငွေခင် ရှိရာ အိမ်လေးဘက်သို့ပြေးထွက်သွားလေတော့သည်။

“”ဟဲ့…ငွေခင်….ငွေခင်….ထပါဦးဟ ဒီမှာနင့်အမ
ကလေးမွေးချင်နေလို့တဲ့””

“”ရှင်…ဟုတ်ကဲ့ဟုတ်ကဲ့ လာပြီလာပြီ ကိုကြီးထွန်းရွှေ ဒီလိုလုပ် ကျွန်မက မမကို ကြည့်ထားလိုက်မယ်
အကိုထွန်းရွှေက ဆရာမလေးကို သွားခေါ် ဟုတ်ပြီ
လား””

“”ဪအေးအေး ငါဆရာမလေးကိုသွားခေါ်လိုက်မယ်””

ဒေါ်အေးခင်တယောက်မှာတော့ “”အံမလေး….နာလိုက်တာတော်….ဆရာမလေးကမလာသေးဘူးလား”

“”လာတော့မှာပါ မမရယ် ခဏတော့ သည်းခံလိုက်ပါနော်””

ထိုစဉ်ဆရာမလေးရောက်လာပြီး “”ဦးကြီးထွန်းရွှေက ရှေ့နေပဲ စောင့်နေပေးပါနော်”” ပြောပြောဆိုဆို
နှင့် ဒေါ်အေးခင်ထံသွားပြီးကြည့်ရှူ့လိုက်လေသည်။
“”အင်း…ရေမွှာတောင်ပေါက်နေပြီပဲ…ကြီးခင်…ညှစ်နော်….အားနဲ့ညှစ်”” “”အင်း ….အီး…အီး….””””
“”ဟုတ်ပြီ ဟုတ်ပြီ အားမလျှော့နဲ့ ဆက်ညှစ်ထား””
“”အမလေး….တအားနာတယ် ဆရာမရယ် ကျွန်မ
မညှစ်နိုင်တော့ဘူး”” “”ကြီးခင်ပဲ သမီးလေးလိုချင်
တယ်ဆို လုပ်ပါ နောက်တခေါက်လောက်ညှစ်ပါဦး””
“”အီး……..အင့်”” “”မွေးပြီ ကြီးခင်ရေ ‌မွေးပြီ…ကြီးခင် ကြီးခင်”” “”မမ မမ””

ဒေါ်အေးခင်တယောက်တော့ အားအင်ကုန်ခန်းသွားသဖြင့် သတိပါလစ်သွားသည်။မွေးဖွားလာသော
ကလေးကို ကြည့်လိုက်တော့ တထွာခန့်သာရှိသော
နီတာရဲရဲ နှင့် လူပုံစံပီသယုံသာရှိသော အသက်ပါမလာသော ကလေးကိုသာ မွေးဖွားခဲ့လေသည်။

“”ဆရာမ ဆရာမ ကျွန်တော့်မိန်းမ မွေးပြီလား
ဘာလေးမွေးလဲဟင် အေးခင်ကောသက်သာရဲ့လား””

“”ကျွန်မလည်းစိတ်မကောင်းပါဘူး ဦးကြီးထွန်းရွှေ
ရယ် ကလေးက အသက်ပါမလာခဲ့ပါဘူး ကြီးခင်ကတော့ ခဏနေ သတိရလာပါလိမ့်မယ်”””

“”အကိုထွန်းရွှေ မမကလေ….””

ဦးထွန်းရွှေ တယောက် မငွေခင်ကို လက်ကာပြလိုက်ပြီး…

“”ဘယ်တတ်နိုင်ပါ့ မလည်း ငွေခင်ရယ် မအေးခင်ကို
နားလည်အောင် ပြောပြပြီး မနက်မှ ကလေးကို သွားစွန့်ပစ်ကြတာပေါ့ “”ဟုပြောလိုက်လေသည်။

“”မေမေ…..မေမေ “”

“”ဟင် သမီးလေး ဝိုင်းစိန် မျက်နာလည်း မကောင်းပါလား ဘာဖြစ်လို့လည်း ပြောပါဦးသမီးရယ်
မေမေ ရင်တွေပူလိုက်တာ””

“”‌အဟင့်…အဟင့်…ဖေဖေလေ…ဖေဖေ…သမီးကို
သေသွားတယ်ထင်ပြီး မနက်ကျရင် စွန့်ပစ်တော့မလို့တဲ့ သမီးကို ကယ်ပါဦးမေမေရယ် သမီးကို ကယ်ပါဦး””

“”ဟင်…သမီးက သေမှမသေပဲနဲ့ ဘာလို့စွန့်ပစ်ရမှာလည်း သမီးရယ်””

“”မေမေ….မေမေ…သမီးကိုကယ်ပါဦး သမီးကိုကယ်ပါဦး””

“”သမီးသမီးလေး …ဝိုင်းစိန်..သမီးလေး……””

ဒေါ်အေးခင်တယောက် သမီး…သမီးနှင့်ယောင်
ရမ်းခေါ်ပြီး သတိရလာလေသည်။

“”မမ…မမ…သတိရလာပြီလား””

“”ငွေခင် သမီးလေးကော….ငါ့သမီးလေးကော””

“”စိတ်ကိုအေးအေးထားပါမမရယ် မမမွေးလာတဲ့
သမီးလေးက အသက်ပါမလာတဲ့ လူခြောက်ကလေးမို့ အကိုထွန်းရွှေ အခုလေးတင် မြေသွားမြုပ်နေတယ်မမ””

“”မဟုတ်ဘူး….မဟုတ်ဘူး …ငါ့သမီးမသေဘူး
သူမသေဘူး…ကိုထွန်းရွှေ..ကိုထွန်းရွှေ””ဟုအော်ကာ
သမီးဇောနှင့် ဦးထွန်းရွှေထွက်သွားရာဆီသို့ ပြေးလိုက်သွားလေသည်။ဦးထွန်းရွှေမှာ ကမ်းနားအမိူက်
ပုံနားတွင် တွင်းတူး၍ လူခြောက်မလေးကို မြုပ်မည်
အလုပ်….

“”ကိုထွန်းရွှေ …..မလုပ်နဲ့….””

“”ဟာ…အေးခင် ခုမှ မီးဖွားပြီးကာစ ကောင်းကောင်း
နေကောင်းသေးတာလည်း မဟုတ်ပဲ ဘာလို့ လိုက်လာတာလည်းဟာ””

“”မလုပ်နဲ့ ကိုထွန်းရွှေ သမီးလေးကို မြေမမြုပ်လိုက်ပါနဲ့ သမီးလေးက ကျုပ်ကို အိပ်မက်ထဲမှာ
လာပြောတယ်တော့…သူမသေသေးဘူးတဲ့တော့””

“”မဖြစ်နိုင်တာကို မပြောပါနဲ့ အေးခင်ရယ် နင်မွေးလာတာ အသေလေးဟ လူခြောက်လေးဟ””

“”အိုတော်… သမီးလေးခင်ဗျာ…ကံအကြောင်းမလှလို့ လူခြောက်လေးအဖြစ်မွေးလာရပေမဲ့ သူ‌မသေ
သေးဘူးတဲ့တော့ ကျုပ်ကို အသေအချာလာပြော
ပြသွားတာပါတော် သမီးလေးကို ကျုပ်ကို ပြန်ပေးပါတော်””

ဦးထွန်းခင်လည်း အိမ်ရောက်မှ ပဲ ချော့မော့
ဖြောင့်ဖျကာ ပြောတော့မည်ဟုတွေးပြီး မအေးခင်
နှင့်အတူ လူခြောက်မလေးကို အိမ်သို့ ပြန်ခေါ်လာခဲ့
ရလေသည်။အိမ်သို့ပြန်ရောက်သော် ဒေါ်အေးခင်
တယောက် လူခြောက်လေး မွေးသည်ဆိုသည့် သတင်းကြောင့် လာရောက်ကြည့်သူများနှင့်ပြည့်နေလေသည်။ထို့နောက် ရပ်ကွက်ထဲမှ လူများက
လူခြောက်လေးမွေးတယ်ဆိုရင် ရှင်တို့ကံကောင်း
တော့မှာတော့ လွှင့်မပစ်ရဘူး သူ့ကို တကယ့် သက်
ရှိကလေးတယောက်လို ပြုစု ရတယ် သူ့အတွက်ရည်စူးပြီး ကုသိုလ်များများလုပ်ပေးရတယ်တော့
ဟု ကြားဖူးနားဝရှိသလောက် ပြောပြကြသဖြင့်
ဦးထွန်းရွှေတို့လည်း စွန့်မပစ်ကြတော့ပေ။ ဒေါ်အေးခင်လည်း သူ့သမီးလူခြောက်မလေးကို အိပ်မက်ထဲ
ကနာမည် အတိုင်းမိဝိုင်းစိန် ဟုပေးလိုက်လေသည်။
သမီးလေး မိဝိုင်းစိန်ကို ကြွက်များ၊ကြောင်များ၊ခွေးများရန်မှ ကာကွယ်ရန် ထန်းခေါက်ဖာထဲတွင် စောင်
ခေါင်းအုံးသေးသေးလေးတွေနှင့် အကျအန ထားလိုက်ပြီး ဘေးတွင် ချိုလိမ်ဘူး၊အဝတ်အစားနှင့်
ကစားစရာ အရုပ်လေးများကိုထားကာ အုပ်ထား
လိုက်လေသည်။ညတညတွင်…

“”မေမေ….မေမေ….””

“”ဟင်…သမီး…သမီးလေးဝိုင်းစိန်…တကိုယ်လုံးလည်းချွေးစေးတွေပြန်လို့ နေမကောင်းဘူးလား
သမီးလေး””

“”မေမေ…သမီး ဒီထဲမှာ နေရတာ တအားအသက်ရှူ
ကြပ်တာပဲ မှောင်ကလည်းမှောင်နေတော့ သမီး
ကြောက်တယ် မေမေရယ်””

“”ဪ…အေးပါသမီးလေးရယ် အေးပါ..မေမေက
အဲ့လိုဖြစ်လိမ့်မယ်လို့ မစဉ်းစားလိုက်မိပါ မေ့မေ့
ကို ခွင့်လွှတ်ပါသမီးရယ်””

ထို့နောက် ဒေါ်အေးခင်တယောက် လန့်နိုးလာပြီး
ချက်ချင်းပင် ထန်းခေါက်ဖာ အဖုံးလေးကို ဖွင့်လိုက်ပြီး ဝိုင်းစိန်မလေးကို ရင်ခွင်ထဲသို့ထည့်ထားလိုက်
လေတော့သည်။မနက်ရောက်တော့ ထန်းခေါက်ဖာ
လေးကို အဖုံးမဖုံးတော့ပဲ ထီးခြင်ထောင်လေးအုပ်
ကာ လုပ်နေကြအတိုင်း ချက်ပြုတ်ပြီး ဝိုင်းစိန်မ
လေးကို ဘေးမှာထား၍ ဆေးလိပ်လိပ်ခြင်းအလုပ်ကို လုပ်ကိုင်လေတော့သည်။ထူးဆန်းသည်က ဒေါ်
အေးခင် အိမ်မှာ မွေးထားသော ခွေးကြီးအောင်နက်
က အစာစားချိန်မှ လွဲ၍ ဝိုင်းစိန်မ အနီးနားတွင်
အမြဲဝပ်နေလေသည်။ ဒေါ်အေးခင်လည်း အောင်နက်က သူ့သမီးလေးကို အစာ အမှတ်ဖြင့် ချီသွားမည်စိုးသဖြင့် မျက်စိ‌ေဒါက်ထောက်ကြည့်နေရလေသည်။

“”ဒေါ်ကြီးအေးခင် စားပြီးပြီလားဗျ””

“”ဟော…မောင်သိန်းဟန် လာလေကွယ် အိမ်ထဲဝင်ပါဦး””

“”မဝင်တော့ပါဘူး ဒေါ်ကြီးရယ် ချဲထွက်ရက်က
နီးလာပြီမို့ ကော်မရှင်ခလေး မျိုးမျိုးမြတ်မြတ်ရ
အောင် ရပ်ကွက်ထဲ ပတ်လိုက်ဦးမယ်ဗျို့””

“”ဟဲ့ဟဲ့ ခဏ လာပါဦးဟဲ့ ငါလည်းချဲထိုးချင်လို့ပါ””

“”ဗျာ…ကျားသားမိုးကြိုး တသက်နဲ့တကိုယ် တခါမှ
ချဲမထိုးဘူးတဲ့သူက ထိုးမလို့လားဒေါ်ကြီးရဲ့””

“”အေးဟယ် ငါလည်းနင့်မြင်ကာမှ ချဲထိုးချင်စိတ်က
ပေါ်လာလို့ ပေါက်ရင်တော့ အလှူအတန်းလေး
ကောင်းကောင်းလုပ်ရတာပေါ့ဟယ်”” ဟုဆိုကာ
ပြောပြောဆိုဆိုနှင့် အောက်ခံဘော်လီ အင်္ကျီထဲထည့်ထားသော နှစ်ရာတန်ခပ်နွမ်းနွမ်းလေးတရွက်
ကို ထုတ်လိုက်ပြီး ချဲ နှစ်ရာ ဖိုးကို တကွက်ထဲ
ထိုးလိုက်လေသည်။ချဲထွက်တော့ ထိုတကွက်ထဲကပင် ထပေါက်နေလေသည်။

“”ဒေါ်ကြီးအေးခင်တို့ကတော့ ကံကောင်ချက်များ
ဗျာ တခါတခါဆိုသလို တန်းပေါက်တော့တာပဲ
ကြည့်ရတာ သမီးလေးဝိုင်းစိန်က ငယ်ငယ် ရွယ်
ရွယ်နဲ့ မိဘကိုကြည့်ရှူ့စောင့်ရှောက်နေပြီထင်တယ်””
ဟု ချဲလာရော်ပေးသော ကိုသိန်းဟန်ဆိုသူကပြော
လိုက်ရာ ဒေါ်အေးခင်က သမီးဖြစ်သူ ဝိုင်းစိန်မလေးကို ပြုံးပြုံးကြီးနှင့်ကြည့်နေလေတော့သည်။

“”အမ ငွေခင်…ဗျို့…အမငွေခင်…””

“”ဟဲ့…သံချောင်း ခုနစ်အိမ်ကြား ရှစ်အိမ်ကြား
ဘာလို့အော်နေတာလည်း ငါဒီမှာဝင်ခဲ့””

“”ဒီမှာလေ အမမှာထားတဲ့ ၇စ၂ပိတ် ထီဂဏန်းလေး
ရ ထားလို့ လာပို့တာဗျ မနက်ဖြန်ထီဖွင့်ပြီလေ””

“”ဟယ်…ဟုတ်လား ပြစမ်းပြစမ်း…ဟင်..၇စ၂ပိတ်တော့ ဟုတ်ပါတယ် ဒါပေမဲ့ ငါလိုချင်တဲ့ အက္ခရာ
မှ မဟုတ်တာဟဲ့””

“”ဪအမငွေခင်ရယ်…မနက်ဖြန်ပဲထီဖွင့်တော့မယ်
ရတာပဲ ယူထားလိုက်ပါအမရဲ့””

“”ဟင့်အင်း ဟင့်အင်း ငါလိုချင်တဲ့အက္ခရာ မဟုတ်ပဲ
နဲ့တော့ မလိုချင်ပါဘူး””

“”ဒါဆိုလည်း ပြီးတာပဲဗျာ ကျုပ်တခြားသူကိုပဲ
ရောင်းလိုက်တော့မယ်””

ထိုဖြစ်စဉ် အစအဆုံးကိုကြည့်နေသော ဒေါ်အေး‌ခင်က….

“”ဟဲ့သံချောင်း ပေးပေး အဲ့ထီလက်မှတ် ငါထိုးလိုက်မယ် ငွေခင်ရယ် နင်ကလည်း မှာထားပြီးသားကို
တဖက်သားကို အားနာ စရာဟယ်””ဟုဆိုကာ ဒေါ်အေးခင်ကပင် ယူထားလိုက်လေသည်။ထိုထီကနေ
ပင် အမြင့်ဆုံးဆုကြီးဖြစ်တဲ့ သိန်း၅၀၀ဆုကြီးကို
ဒေါ်အေးခင်ပေါက်လေတော့သည်။ထိုစဉ်က သိန်း
၅၀၀ဆိုသည့်ငွေမှာ နည်းသည့်ငွေမဟုတ်ပေ။ဒေါ်အေးခင်လည်း ထီပေါက်သည့်ငွေဖြင့် မကြာခဏဆိုသလို သမီးလေးဝိုင်းစိန်အတွက်ဟုဆိုကာ အလှူ
အတန်းများ မကြာခဏ လုပ်လေတော့သည်။ထို ထီပေါက်သည့်ငွေနှင့်ပင် အမွေဆိုင် ဝိုင်းလေးထဲတွင် နှစ်ထပ်တိုက်လေး တလုံး ဆောက်လိုက်ပြီး
ညီမဖြစ်သူ မငွေခင်ကိုပါ ထိုအိမ်၌ပင် အတူနေစေ
သည်။

ထို့နောက်ဈေးထဲတွင် ကုန်စုံ ဆိုင်ကြီး တဆိုင်
ထောင်လိုက်ပြီး ဒေါ်အေးခင်က ဆိုင်ထိုင်ကာ ညီမ
ဖြစ်သူကို အိမ်မှာပင်နေစေ၍ အချက်အပြုတ်နှင့်
သမီးလေးဝိုင်းစိန်မကို ကြည့်ရှူ့စောင့်ရှောက်စေသည်။ ဈေးထဲမှာ ကုန်စုံဆိုင်ထောင်ရသည်မှာ
လည်း သမီးလေး ဝိုင်းစိန်၏ အိပ်မက်ပေးမူ့ကြောင့်
ပင်ဖြစ်လေသည်။ထီပေါက်ပြီးသည့်နောက်ပိုင်း
ဦးထွန်းရွှေမှာ ဗွေဖောက်လာသည်။အရက်ကလေး
တမြမြ နှင့် လောင်ကစားကလည်း ဖက်လိုက်သေး
သည်။ သမီးလေး ဝိုင်းစိန်၏ အကြံပေးမူ့ကြောင့်
ကုန်စုံဆိုင်လေးမှာ အလွန်အောင်မြင်လေသည်။
ဘာလိုလိုနှင့် သမီးလေးဝိုင်းစိန်ပင် ၈နှစ်သမီးအရွယ်သို့ ရောက်ရှိလာပေသည်။ နောက်နှစ်တွင်တော့ ချို့တဲ့သည့်ကလေး များကို ရှင်ပြုပေးရင်း
သမီးလေး ဝိုင်းစိန်ကိုပါ နားသ မင်္ဂလာပြုလုပ်ပေး
ရန် ဒေါ်အေးခင် တယောက် စဉ်းစားထားလေသည်။
တနေ့ ဒေါ်အေးခင်တယောက် ဈေးထဲ၌ ဆိုင်ထိုင်နေစဉ် အိမ်တွင်မတော့…..

“”အကိုထွန်းရွှေရယ် ငွေခင်တော့လေ အခုလို မမ
မသိအောင် ခိုးကြောင် ခိုးဝှက်နေရ တဲ့ ဘဝကြီးကို
ညည်းငွေ့လာပြီ တနေ့တနေ့ ချက်ရပြုတ်ရ လျှော်
ရဖွတ်ရနဲ့ မသိရင်ပဲ ငွေခင်တို့က ကျွန်မကြီးကြလို့””

“”အေးပါ ငွေခင်ရယ် အကိုလည်း မင်းမမကို စိတ်
ကုန်နေပြီမို့ အကြံထုတ်နေပါတယ်ကွာ””

“”ဒီလိုလုပ်ပါလား အကို ဒီနေ့ည အကို အိမ်ကို ပြန်မ
လာနဲ့ ကျွန်မ က ဟိုဘက်ရပ်ကွက်က အရက်သမား
မောင်တင်ကို မြွေတကောင်ဖမ်းခိုင်းပြီး အမအိပ်ရာ
ထဲထည့်ထားမယ် သူသေခဲ့ရင်တောင် မြွေကိုက်လို့
သေတယ်ဖြစ်တာပေါ့ မကောင်းဘူးလား””

“”မောင်တင် ကယုံရပါ့မလား ငွေခင်လေးရဲ့””

“”အဲ့ဒါတော့ မပူနဲ့အကို မောင်တင်က ငွေသာရရင်
ဘာမဆို လုပ်မဲ့လူစားမျိုး သိသွားခဲ့ရင်တောင်
သူလည်းကြံရာပါဖြစ်မှာမို့ ပြောမှာမဟုတ်ပါဘူး””

“”အဲ့ဒါဆိုလည်း ငွေခင့်သဘော ငွေခင့်သဘော””
ဟုဆိုကာ သောက်လေ သောက်လေ ငတ်မပြေသည့် ဆားငန် ပင်လယ်ကြီးထဲတွင် တဏှာရမက်
တွေ ကျွံကြလေတော့သည်။အမှောင့်တကာ့ အမှောင်ထဲတွင် လောဘ ဒေါသ မောဟ နှင့် တဏှာ
ရမ္မက် အမှောင်က ကြောက်စရာအကောင်းဆုံး
အမှောင်ပါပေတကားဟု သတိသံဝေဂ ရလိုက်လေတော့သည်။

ထိုအဖြစ်အပျက်များကို အစကနေ အဆုံး မြင်
တွေ့လိုက်ရသော ဝိုင်းစိန်မလေးကတော့ မျက်ရည်
တွေ အဝိုင်းသားနှင့်…..

“”အောင်နက်ရယ် မေမေ့ကို ကယ်ပေးပါဦးနော်””ဟု
ဆိုလိုက်လေသည်။ ခွေးကြီးအောင်နက်ကလည်း
နားလည်သည့်အလား တအီအီ လုပ်ပြီး အမြီး
ကလေးနှံ့ပြလိုက်လေသည်။

ညနေ ဆိုင်သိမ်းပြီး ပြန်လာသော ဒေါ်အေးခင်
မှာ အခန်း တွင်းသို့ ဝင်မည် အလုပ်တွင် အောင်နက်
ကြီးက မဝင်စေရန် ဒေါ်အေးခင်ကို ထိုးဟောင်လေ
တော့သည်။ဒေါ်အေးခင်လည်း အခန်းတံခါးကိုဖွင့်
၍ ဝင်ခဲ့လိုက်သည်။အောက်နက်ကြီးကတော့ အခန်းထဲထိ လိုက်၍ ဒေါ်အေးခင်ကို ဟောင်နေလေ
သည်။ အောင်နက်ကြီး၏ အမူအယာကို မရိပ်မိ
သော ဒေါ်အေးခင်က “”အံမယ် အခန်း ထဲထိ ငါ့ကို
လိုက်ဟောင်နေတယ် သွားစမ်း””ဟုဆိုကာ အနားရှိ
တံမြက်စည်းရိုးဖြင့်ရိုက်လွှတ်လေသည်။

“”ဂိန်…ဂိန်…ဂိန်…”” အောင်နက်ကြီးမှာတော့ တဂိန်ဂိန်
နှင့်အော်ကာ အခန်းပြင်သို့ ပြေးထွက်သွားပြီး အပြင်မှနေ၍ ဟောင်နေပြန်သည်။ ဒေါ်အေးခင်လည်း အခန်းတံခါးကို ပိတ်လိုက်ပြီး ပင်ပန်းစွာနှင့်
ကုတက်ပေါ်တက်လှဲမည်အပြု ကုတင်ပေါ်မတက်နဲ့ဆိုသည့် အသံလိုလို ကြားလိုက်ရပြီး တစုံတဦးမှ တွန်းချလိုက်သလို လူက ယိုင်ထွက်သွားသည်။
ထို့နောက် စိတ်ထဲ သိပ်မသင်္ကာသလို မသိုးမသန့်
ခံစားလိုက်ရ၍ ခုတင်ခြေရင်းမှ စောင်ကို ဆွဲဖယ်ကြည့်လိုက်ရာ အလားလား နည်းသည့်မြွေဟောက်
ကြီးမဟုတ် စောင်အောက်မှာ ခွေလျက်သားတွေ့
လိုက်သည်။

“”အမလေး…မြွေမြွေကြီးတော့””ဟုဆိုကာ ကြောက်
ကြောက်လန့်လန့်နှင့် အခန်းပြင်သို့ပြေးထွက်သွား
ပြီး အိမ်အနီးအနားမှ လူများကို အကူအညီတောင်း
ကာ မြွေကြီးကို မသတ်စေပဲ အန္တရာယ်ကင်းရာသို့
လွှတ်ခိုင်းလိုက်လေသည်။ဒေါ်အေးခင်တယောက်
သူမကို ကယ်တင်လိုက်သူမှာ သူ့သမီးလေး မိဝိုင်းစိန်သာဖြစ်ရမည်ဟု တွေးရင်း အိပ်ပျော်သွားလေ
တော့သည်။

“”မေမေ…မေမေ…..အဟင့်ဟင့်…ဟင့်””

“”ဟင် …သမီးလေး ဝိုင်းစိန် ဘာလို့ငိုနေတာလည်း
မေမေ့ကို ပြောစမ်းပါဦး ဘာလည်း သမီးလေးက
အရုပ်အသစ်ကလေးတွေ လိုချင်လို့လား ဒါမှမဟုတ် အင်္ကျီ လှလှလေးတွေလိုချင်လို့လား သမီး
ကြိုက်တာကိုပြော မေမေဝယ်ပေးမှာပေါ့ သမီး
လေးရဲ့ တိတ်တိတ် မငိုနဲ့တော့နော် သမီးလေးက
လိမ္မာပါတယ်ကွယ်”

“ဟီး…..အဟင့်ဟင့်…မဟုတ်ဖူးမေမေရဲ့….အဟင့်..
ဖေဖေလေ..ဖေဖေ…”” ဟုအစချီကာ သူမမြင်တွေ့
ရသမျှကို ပြောပြလိုက်လေတော့သည်။

“”ဪ…သမီးလေးရယ် သမီးအမြင်မှား၊အကြားမှားတာပဲနေတာပါ သမီး ကြီးကြီးက မေ့မေ့ကို
အဲလိုတော့မလုပ်လောက်ပါဘူး ပြီးတော့ သမီး
ဖေဖေကလည်း သမီးကြီးကြီးကို ညီမအရင်းလေး
လိုစောင့်ရှောက်တဲ့သူပါသမီးရယ်””

ဒေါ်အေးခင်တယောက် ဖျက်ခနဲ နိုးသွားပြီး
ဘေးသို့ ကြည့်လိုက်ရာ ဦးထွန်းရွှေ တယောက်ခုချိန်
ထိပြန်မလာ သေးသည်ကို တွေ့လိုက်ရလေသည်။
ထို့နောက် သူမ၏ သမီးလေး ဝိုင်းစိန်မ လာပေးသော အိပ်မက် အကြောင်းကို ပြန်တွေးပြီး ထိုအတွေးများနှင့်ပင် ချာချာလည်နေသည်။

“”အင်း…အခုတလော ကိုထွန်းရွှေ ကြည့်ရတာ သိပ်
မူမမှန်သလိုပဲ အိမ်ပြန်ပြီး ထမင်းချိုင့်ယူခိုင်းလိုက်
ရင်လည်း အတော်ကြာမှ ပြန်လာတတ်တယ်…
ညီမလေး ငွေခင်ကရော ငါ့ကို သတ်ချင်ရလောက်
အောင်အထိ ဖြစ်နေတာလား သမီးလေးများအမြင်
မှားတာလား သမီးလေးကတော့ မလိမ်တတ်ပါဘူး
အို…ခေါင်းတွေကိုက်လိုက်တာ သမီးလေး အကြား
မှားတာပဲဖြစ်ပါစေလို့ ဆုတောင်းရတော့မှာပဲ”” ဟု
တွေးရင်းတွေးရင်းနှင့် ထိုအတွေးများစွာနဲ့အတူပင်
မိုးလင်း သွားလေတော့သည်။

မြို့မစည်ပင်သာယာဈေးကြီးက ဈေးဝယ်သူ
ဈေးရောင်းသူများနှင့် ပျားပန်းခပ်မျှ အလွန်စည်
ကားနေပေသည်။ ဝိုင်းစိန် ဆိုသည့် အမည်နှင့် ကုန်
စုံ ဆိုင်လေးထဲမှာလည်း ဈေးဝယ်သူများက ပြည့်နေပေသည်။

“”သမီးရေ…ဟိုက မမကို ဘာလိုချင်လည်းမေးပြီး
ကူရှာပေးလိုက်ပါဦး”” ဒေါ်အေးခင်တယောက် ဆိုင်
အကူကလေးမလေးကို လှမ်းအော်ပြောရင်း တဆက်ထဲ အနားမှာ ထိုင်နေသော လင်ယောက်ျားဖြစ်
သူ ကိုထွန်းရွှေကို…..

“”ကိုထွန်းရွှေ အိမ်ပြန်ပြီး ထမင်းချိုင့် သွားယူပေး
ပါဦး ဪ ကြာလည်းမနေနဲ့ ဦးနော် တော်ဘယ်
ခြေလှမ်းတွေ လှမ်းနေတယ်ဆိုတာ ကျုပ်သမီး
လေးကပြောပြလို့သိတယ်တော့””

ထိုအခါ ဦးထွန်းရွှေလည်း မျက်စိပျက် မျက်နာပျက်
ဖြစ်သွားပြီးလျှင်…

“”ငါ ဘာလုပ်နေလို့လည်း အေးခင်ရယ် တခါတလေ
အပေါင်းအသင်းတွေနဲ့ သောက်တာစားတာလေးပဲ
ရှိတာပါဟာ””

“”အင်းပေါ့လေ လက်ပူးလက်ကြပ် မမိခင်တော့
ပြောထားဦးပေါ့ မိရင်တော့လားဟင်း…””

ဦးထွန်းရွှေ တယောက် ထမင်းချိုင့် ယူရန် အိမ်သို့အရောက်…

“”အကို ထွန်းရွှေ ကျွန်မတို့ အစီအစဉ် မအောင်မြင်ဘူးတော့””

“”ဘယ်အောင်မြင်မလည်း ငွေခင်လေးရယ် ဟိုလူ
ခြောက်မလေးက ကြားက ဝင်ရှုပ်နေတာကို အခုဆို
သူအိပ်မက်ပေးလို့ အေးခင်လည်း ရိပ်မိနေပြီဟ””

“”ဟင် ဒါဆို ငွေခင်တို့ အဲ့လူခြောက်မလေးကို အရင်
ရှင်းပစ်ရမယ် အကိုထွန်းရွှေက ဈေးကိုပြန် ဟန်မပျက်ပြန်နေ ကျန်တာငွေခင်ရှင်းထားလိုက်မယ်
သွားသွား ကြာနေရင် မမရိပ်မိနေလိမ့်မယ်””

ဦးထွန်းရွှေ ထွက်သွားပြီးနောက် မငွေခင်တယောက်
မိဝိုင်းစိန်လေး ကို ထားသည့် အခန်းထဲသို့ ဝင်သွား
ပြီး ဝိုင်းစိန်မလေးကို ထည့်ထားသော ယွန်းခွက်လေးကို ကောက်ကိုင်လိုက်လေသည်။မိဝိုင်းစိန်လေး အနားမှာ အမြဲရှိသော ခွေးကြီးအောင်နက်က
လည်း မငွေခင်ကို ထိုးဟောင်လေတော့သည်။ထို့နောက်တွင် မငွေခင်က ကမ်းနားတနေရာရှိ
အမိူက်ပုံတွင် ဝိုင်းစိန်မလေးကို ပစ်ထားခဲ့လိုက်လေ
သည်။အမိူက်ပုံ နားတွင် ကျက်စားနေသော ခွေးကြီး
သုံးကောင်က ဝိုင်းစိန်မလေးကို အစာ အမှတ်နှင့်
နမ်းရှူတ်ကြည့်နေကြရင်း တကောင်နှင့်တကောင်
မာန်ဖီနေကြလေသည်။

“”မေမေ…မေမေ…သမီးကြောက်တယ် သမီးကို
ကယ်ပါဦး မေမေရယ်””…..

“”ဟင်…သမီး…သမီးလေး””

“”ဟဲ့အေးခင် ဘာဖြစ်တာလည်း””

“”ကိုထွန်းရွှေ ကျွန်မ ကျွန်မ သမီးလေးအသံကိုကြား
လိုက်ရသလိုပဲ သမီးလေးဘာများဖြစ်နေလည်း
မသိဘူး ကျုပ် အိမ်ပြန်နှင့်မယ် ရှင်ဆိုင်ပိတ်ပြီး ပြန်
လာခဲ့တော့”” ဟုဆိုကာ အမြန်ထွက်သွားလေတော့
သည်။ ဦးထွန်းရွှေလည်း ဒေါ်အေးခင်ကို တားချိန်ပင်မရလိုက်ပဲ မျက်စိမျက်နာပျက်စွာဖြင့် ကျန်ခဲ့
လေသည်။

ဒေါ်အေးခင်တယောက် အိမ်သို့ပြန်ရောက်သောအခါ သူ့သမီးလေး ဝိုင်းစိန်မကို ထားသော
အခန်းထဲသို့ ကမန်းကတန်း ဝင်၍ကြည့်လိုက်သော
အခါ ဝိုင်းစိန်မလေးကို မတွေ့ရတော့သဖြင့် စိတ်ပူ
ကာ ပြာယာခပ်သွားသည်။

“”ငွေခင်….ဟဲ့ငွေခင်””

“”ရှင်မမ မမဒီနေ့ပြန်လာတာစောတယ်နော်””

“”ငွေခင် သမီးလေး…သမီးလေးမရှိတော့ဘူး””

“”ဟင် စောစောက ပဲရှိပါသေးတယ် အနားမှာ
အောင်နက်ကလည်း ဝပ်လို့ ဧကန်ဏတော့ အောင်နက်က အစာမှတ်ပြီးချီသွားလားမသိဘူးမမ””

“”ငွေခင်ရယ် နင့်ကို အသေအချာ ကြည့်ထားပါလို့
မှာထားရက်နဲ့ဟယ် ရှာပါဦးဟယ် သမီးလေးကို
ကယ်ပါဦး””

ဒေါ်အေးခင်တယောက် သမီးအတွက် အပူမီး
များနှင့် ဗျာများနေစဉ် ကမ်းနားအမိူက်ပုံ တနေရာ
တွင်မတော့ မငွေခင်နောက်က လိုက်လာသော
ခွေးကြီးအောင်နက်က ဝိုင်းစိန်မလေးကို အခြားခွေး
များက မစားစေရန် ရင်ဆိုင် တိုက်ခိုက်နေရလေသည်။နောက်ဆုံးမှာတော့ ခွေးကြီးအောင်နက်က
အနိုင်ရပြီး အခြားခွေးများ ထွက်ပြေးသွားပေမဲ့
သုံးကောင် တကောင် တိုက်ခိုက်ထားရသောကြောင့်
အောင်နက်ကြီးမှာ လည်း ဒဏ်ရာတွေဗလပွနှင့်
နာကျဉ်စွာ ခံစားနေရပေသည်။သို့သော်လည်း
အောင်နက်ကြီးမှာ မိမိဒဏ်ရာတွေကို ဂရုမစိုက်အား
ပဲ ဝိုင်းစိန်မလေးကို ထည့်ထားသောယွန်းဘူးလေးကို ချီ၍ အိမ်သို့ပြန်လာခဲ့လေသည်။ယွန်းဘူးလေးကို ကိုက်ချီ၍ ဝင်လာသော အောင်နက်ကြီးကိုတွေ့
တော့ ဒေါ်အေးခင်တယောက် သမီးဇောနှင့်ဘာကို
မှ မမြင်တော့ပဲ အနားရှိ တုတ်နှင့် အောင်နက်ကြီးကို
လှိမ့်ရိုက်လေတော့သည်။

“”ဟင်…အောင်နက်…ကဲဟယ်…ကဲဟယ်…ငါ့သမီး
လေးကို ဒုက္ခပေးဦး ကဲဟယ် မှတ်ပလား ကဲဟယ်””

“”ဂိန်…ဂိန်…ဂိန်..”” အောင်နက်ကြီးလည်း ရရှိထားသော ဒဏ်ရာများနှင့် အရိုက်ခံရသောဒဏ်ပါရော
၍ နာကျဉ်လွန်းသဖြင့် တဂိန်ဂိန်နှင့်အော်ကာ ချောင်
လေးတချောင်ထဲသို့ ပြေးဝင်ပုန်းလေသည်။

“”တော်သေးတာပေါ့ ငါ့သမီးလေး ဘာမှမဖြစ်လို့
တခုခုဖြစ်လို့ကတော့လား နင့်ကို အရှင်မထားဘူး””

ထိုအဖြစ်အပျက်အားလုံးကို မျက်ရည်အရွှဲသားနှင့်
ကြည့်နေရရှာသော မိဝိုင်းစိန်လေးကိုတော့ ဘယ်သူ
မှ မြင်နိုင်မှာ မဟုတ်ပေ။ထိုနေ့ညက ဒေါ်အေးခင်
အိပ်မက်ထဲသို့ ဝိုင်းစိန်မလေး ရောက်ရှိလာပြီး…

“”မေမေ…မေမေရယ်…အောင်နက်ကြီးကို မရိုက်ပါ
နဲ့နော် သူက သမီးကို ကယ်ခဲ့တာပါ”” ဟု ပြောကာ
အဖြစ်အပျက်အားလုံးကို ပြောပြလိုက်လေသည်။

“”ဟင် ဟုတ်ရဲ့လား သမီးရယ်””

နောက်နေ့ မနက် ဈေးတွင် ဆိုင်ဖွင့်ရန် စီစဉ်နေသော ဒေါ်အေးခင်တယောက် ညကအိပ်မက်ကြောင်းကို စဉ်းစားရင်း…..

“”အင်း…ငါ့သမီးလေးကတော့ လိမ်ပြောမှာမဟုတ်
ဘူး ဒီကိစ္စကို မျက်နာချင်းဆိုင် အပြတ်ရှင်းလိုက်တာ ကောင်းမယ် မဟုတ်ရင် သူတို့ ငါ့သမီးလေးကို
ဒုက္ခ ထပ်ပေးကြလိမ့်မယ်””ဟုတွေးလိုက်မိပြီး ဝန်
ထမ်းလေးများကို ဒီနေ့ ဆိုင်မဖွင့်တော့ဘူးဟုပြောကာ အိမ်သို့ ပြန်ခဲ့လိုက်လေသည်။

အိမ်တွင်မတော့ မငွေခင်နှင့် ဦးထွန်းရွှေတို့
နှစ်ယောက်သား ကတော့ ခွေးကြီးအောင်နက်စား
မည့် အစာထဲသို့ အဆိပ်များခပ်၍ အောင်နက်ကို
ကျွေးလိုက်လေသည်။ထို့နောက် ဝိုင်းစိန်မလေးကို
ထားသည့် အခန်းထဲသို့ ဝင်သွားကြပြီး အသင့်ပါ
လာသော အစီအရင်လုပ်ထားသည့် အဆိပ်ရည်များ
ကို ဆေးထိုးအပ်ဖြင့် ဝိုင်းစိန်မ ခန္ဓာ ကိုယ်ထဲသို့
ထိုးထည့်လိုက်လေသည်။ထိုမြင်ကွင်းကို သမီးလေး
ကိုစိတ်မချ၍ ဆိုင်မဖွင့်ပဲ အိမ်သို့ပြန်လာသော
ဒေါ်အေးခင် တယောက် လက်ပူးလက်ကြပ် မြင်လိုက်ရသောအခါ….

“”ဟင်…နင်..နင်တို့ လူယုတ်မာတွေ နင်တို့ကို ငါသတ်မယ် နင်တို့ကိုငါသတ်မယ်”” ဟုဆိုကာ ထမင်းစားခန်းထဲသို့ ပြေးဝင်သွားပြီး မီးဖိုချောင်သုံး ဓားတချောင်းကို ယူ၍ လိုက်ထိုးလေတော့သည်။

“”အေးခင် …အေးခင် နင်လွန်မယ်နော်””

“”မမ…မမ…မလုပ်ပါနဲ့မမရယ် ကျွန်မ တောင်းပန်
ပါတယ်””

“”မတောင်းပန်နဲ့ ကိုယ့်သမီးအရင်း တူမအရင်းကို
တောင် လုပ်ရက်ကြတဲ့ဟာတွေ နင်တို့သေမှ ငါကျေ
နပ်နိုင်မယ်””ဟုဆိုကာ နောက်ကနေလိုက်၍ ဓားဖြင့်
ထိုးလေသည်။ ဦးထွန်းရွှေနှင့် မငွေခင်တို့လည်း
အကြောက်ကြောက် အလန့်လန့်နှင့် အိမ်ရှေ့သို့
ထွက်ပြေးလေသည်။ရပ်ကွက်ထဲမှ လူများကလည်း
မမှားသင့်တာ မမှားအောင် ဒေါ်အေးခင်ကို ဝိုင်းဆွဲ
ထားလိုက်ပြီး ဖြောင့်ဖျကြလေသည်။ ဒေါ်အေးခင်လည်း သမီးလေး ဝိုင်းစိန်ကို တလှည့် ခွေးကြီး
အောင်နက်ကို တလှည့် ဖက်ပြီး သူမကို ခွင့်လွှတ်ပေးရန်ပြော၍ ငိုလေတော့သည်။ခွေးကြီးအောင်နက်ကို လည်း ကောင်းမွန်စွာ သင်္ဂြိုလ်ပေးလိုက်လေ
သည်။ဝိုင်းစိန်လူခြောက်မလေးကတော့ တပတ်ခန့်
အကြာတွင် ပိုးများထိုးသကဲ့သို့ ခန္ဓာကိုယ်အနှံ့ အပေါက် ကလေးများ ဖြစ်ပြီး အမှန်တကယ်
သေဆုံးသွားပြီ ဖြစ်ပေသည်။ဝိုင်းစိန်မလေးကိုလည်း ခွေကြီးအောင်နက်၏ မြေပုံလေးဘေးတွင်
မြုပ်နှံပေးလိုက်သည်။

ထိုအဖြစ်အပျက်များကြောင့် ခွေးလောက်
ပင် အသိဉာဏ်မရှိသော လူတို့၏စိတ် လောဘ
ဒေါသ မောဟ နှင့် တဏှာရမက်တို့ကို သတိသံဝေဂ
ရသွားပြီး ရရှိထားသော စည်းစိမ်တဝက်ကို ဦးထွန်းရွှေအား ခွဲပေးလိုက်ပြီး ကျန်တဝက်ကို သမီးလေး ဝိုင်းစိန်နှင့် ‌သစ္စာစောင့်သိတတ်သောအောင်နက်ကြီးတို့၏ အမည်ဖြင့် ကျောင်းဆောက်လှူဒါန်းလိုက်ပြီး ဦးထွန်းရွှေနှင့်ကွာရှင်းကာ ဒေါ်ခေမာဝတီ
အမည်နှင့် သီလရှင်အပြီးဝတ်သွားလေတော့သည်။

ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး နှစ်နှစ်ခန့်အကြာတွင် ဦးထွန်းရွှေလည်း လောင်းကစားများလုပ်
လွန်းပြီး ရှိသမျှ အကုန်ကုန်၍ ဆင်းဆင်းရဲရဲနှင့်နေရပြီး အသည်းရောဂါဖြင့် ကွယ်လွန်သွားလေသည်။
ဦးထွန်းရွှေနှင့် မရှေးမနှောင်းပင် မငွေခင်လည်း
ကွယ်လွန်သွားလေသည်။

ဆရာကြီး ဒေါ်ခေမာဝတီကတော့ သက်တော်
ခုနှစ်ဆယ့်ငါး ဝါတော် နှစ်ဆယ်အရောက် မြန်မာ
သက္ကရာဇ် ၁၃၆၃ခု တပို့တွဲလဆန်း ၁၂ရက်နေ့တွင်
ပျံလွန်တော်မူခဲ့လေသည်။

“”အမှောင် တကာ့ အမှောင်ထဲတွင် လောဘ၊ဒေါသ၊
မောဟနှင့် တဏှာရမက် အမှောင်က ကြောက်စရာ
အကောင်းဆုံးဆိုတာ စာဖတ်သူ ပရိတ်သတ်ကြီး
သိမြင် သံဝေဂ ရသွားလျှင် ကျွန်တော် ဤဝတ္ထုကို
ရေးရကျိုးနပ်ပါပြီ””

#ဦးဦးရဲရဲရင့်ရင့်
#နှလုံးသားဖြင့်ရေးသည်

No comments

Post a Comment