အောင်မြတ်သာနှင့်သံသရာလမ်းခွဲ

  အောင်မြတ်သာနှင့်သံသရာလမ်းခွဲ   စာရေးဆရာ -ဇေယန(ရာမည)   “ချွင် ချလွင် ချလွင်”   အောင်ချမ်းသာစေတီတော်မြတ်ကြီးရဲ့ ထီးတော်ကနေ ထွက်ပေါ်လာတဲ့ ခေါ... thumbnail 1 summary

 အောင်မြတ်သာနှင့်သံသရာလမ်းခွဲ

 

စာရေးဆရာ -ဇေယန(ရာမည)

 

“ချွင် ချလွင် ချလွင်”

 

အောင်ချမ်းသာစေတီတော်မြတ်ကြီးရဲ့ ထီးတော်ကနေ ထွက်ပေါ်လာတဲ့ ခေါင်းလောင်းသံက ညရဲ့သဘာဝကို ပိုပြီးအေးချမ်းစေခဲ့တယ်။

 

အဲဒီအချိန် စေတီရဲ့ တနင်္ဂနွေထောင့်မှာထိုင်နေတဲ့ အောင်မြတ်သာရဲ့ မျက်လုံးထဲမှာ အရမ်းကိုစူးရှတဲ့အလင်းတန်း တစ်ခုနဲ့အတူ တောင်ဝှေးကိုကိုင်ထားတဲ့ အဖိုးအိုတစ်ယောက်ပေါ်လာခဲ့တာကို အာရုံထဲမှာ မြင်လိုက်ရတယ်။

 

အောင်မြတ်သာလဲ မြင်နေရတဲ့အာရုံကို မေ့ဖျောက်ပြီး တရားပြီးဆုံးတဲ့အထိ ဆက်ထိုင်နေခဲ့တယ်။ တရားပြီးလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ မုတ်ဆိတ်ကျင်စွယ်တွေ ရှည်လျားစွာပေါက်နေတဲ့ အဖိုးအိုတစ်ယောက်က အရှေ့တည့်တည့်မှာ တပလ္လင်ခွေထိုင်ပြီး အောင်မြတ်သာကို စူးစိုက်ကြည့်ကာ

 

“ အပျံသင်နေတဲ့ ငှက်တွေကို လွှတ်ပေးဖို့အချိန်ကျရောက်လာခဲ့ပြီ လူလေး…”

 

“ ငှက်တွေက ခုမှ တောင်ပံစုံရုံရှိသေးတာ လွှတ်လို့အဆင်ပြေပါ့မလား”

 

“ လူလေး အနေနဲ့ စိတ်ပူတာ နားလည်ပါတယ်.. ဒါပေမယ့် ဆရာတော်မိန့်ခဲ့တာက ဒီအချိန်မလွှတ်ရင် သူတို့ဘယ်တော့အခါမှ အမှီခိုကင်းကင်းမပျံနိုင်တော့ဘူးတဲ့”

 

“ ကျွန်တော်နားလည်ပါပြီ အဘ… ဘယ်အချိန် ဘယ်နေရာမှ သူတို့ပျံသန်းရမယ်ဆိုတာ မိန့်ခဲ့ပါသလား”

 

“ လာမယ့် လပြည့်နေ့ည သန်းခေါင်အချိန် ရွှေတိဂုံဘုရားပေါ်မှာရှိတဲ့ ဝိဇ္ဇာဇော်ဂျီဘုရားမှာ စောင့်နေပါလို့မိန့်ခဲ့ပါတယ်”

 

“ ဟုတ်ကဲ့ပါအဘ ကျွန်တော်တို့ သေချာစောင့်နေပါ့မယ်”

 

အောင်မြတ်သာစကားအဆုံးမှာ မိတ်ဆိတ်ကျင်စွယ်တွေနဲ့ အဖိုးအိုက တစ်ဖြေးဖြေးပျောက်ကွယ်သွားခဲ့တယ်။

 

ခဏကြာတော့ သက်ခိုင်နဲ့ တောက်ရတို့ အဓိဌာန်ပြီးဆုံးကာ ထလာကြပြီး ခေတ္တအနားယူအိပ်စက်ခဲ့ကြတယ်။ မနက်မိုးလင်းတာနဲ့ အောင်မြတ်သာတို့ဆရာတပည့်တွေ လွယ်အိတ်ကိုယ်စီလွယ်ကာ ရွှေတိဂုံစေတီရှိရာကို ခရီးဆက်ခဲ့ကြတယ်။ နှစ်ညအိပ်သုံးရက်ခရီးလောက်သွားပြီးတဲ့နောက်မှာတော့ ရွှေရောင်တဝင်းဝင်းနဲ့ သပ္ပါယ်လှတဲ့ လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်ဆီကိုရောက်လာခဲ့တယ်။ နတ်တော်လပြည့်နေ့ နံနက်မို့ အနယ်နယ်အရပ်ရပ်က လာရောက်ကြတဲ့ဘုရားဖူးတွေက ရင်ပြင်တော်အပြည့်ဖြစ်နေခဲ့တယ်။ အောင်မြတ်သာတို့လဲ အချိန်းအချက်ပြုလုပ်ထားတဲ့ ဝိဇ္ဇာဇော်ဂျီဘုရားရှိတဲ့ဘက်ကို ထွက်လာတဲ့အချိန် လက်ကောက်ဝတ်မှာအနက်ရောင်ပုတီးကိုပတ်ထားတဲ့ ဆယ်ကျော်သက်လူငယ်တစ်ယောက်က ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ခပ်သုတ်သုတ်လျောက်လာတာကိုမြင်လိုက်ရတယ်။

 

အောင်မြတ်သာလဲ လူငယ်ကိုမြင်တော့ မျက်မှောင်ကျုံ့ပြီး စူးစိုက်ကြည့်လိုက်ရာ သူ့ရဲ့ကိုယ်ထဲကနေ မီးခိုးရောင်အခိုးငွေ့တွေအပြင်ကိုလျှံထွက်နေတာကိုမြင်တော့ လမ်းဘေးကို ဖယ်ပေးပြီး သမင်လည်ပြန်လှည့်ကြည့်ကာ နှုတ်ခမ်းလေးတွန့်ရုံတစ်ချက်ပြုံးလိုက်မိတယ်။ ဒါကိုသတိထားမိတဲ့ သက်ခိုင်က

 

“ ဆရာ ခုနက ကောင်လေးက တစ်ခုခုထူးခြားနေတယ်လို့ ခံစားမိနေတယ်မဟုတ်လား”

 

“ ဟုတ်တယ် သက်ခိုင်… မသိစိတ်ထဲက သူ့ပုံစံကို နှစ်သက်သလိုပေါ်လာလို့ပါ..ဒါပေမယ့် သူလိုက်စားနေတဲ့ ကျင့်စဉ်က ငါတို့နဲ့ဆန့်ကျင်ဘက်ဖြစ်နေတယ်လေ”

 

“ ဒီနေ့က လပြည့်နေ့ဆိုတော့ ထက်၊ လယ်၊ အောက်၊ လက်ဝဲ၊ လက်ယာ ပညာရပ်တွေကို လိုက်စားတဲ့သူတွေ လာကြာတာ သိပ်တော့မဆန်းပါဘူးဆရာရယ်”

 

“ အင်း… ငါတို့လဲ စကားပြောနေရင်း စနေထောင့်တောင်ရောက်လာပါလား..ဒီမှာပဲ ဘုရားဖူးရင်း အချိန်ဖြုန်းကြတာပေါ့”

 

အောင်မြတ်သာတို့လဲ လူသူမရှိတဲ့ဇရပ်တစ်ခုထဲဝင်နားကာ စေတီတော်ကို ဖူးမျှော်ကန်တော့ခဲ့ကြတယ်။ နေ့လည်ဘက်ရောက်တော့ အရောင်ပျယ်လွှင့်နေတဲ့ဒေါက်ချာဆောင်းကာ ကြေးစည်ကိုထုပြီး ဇရပ်ထဲကိုဝင်လာတဲ့ ရသေ့တစ်ပါးကိုမြင်လိုက်ရတယ်။

 

“ လပြည့်နေ့ဆိုတော့ စေတီပေါ်မှာ ဆရာကောင်းသမားကောင်းတွေ စုံနေလေရဲ့… သာဓု သာဓု သာဓု..”

 

“ ဘရသေ့လို ပုဂ္ဂိုလ်တောင် ရောက်လာသေးတာပဲ.. တပည့်တော်တို့ ရောက်တာမဆန်းပါဘူးဗျာ”

 

အောင်မြတ်သာစကားကိုကြားတော့ ဘရသေ့က ကြေးစည်ကို တစ်ချက်ထုလိုက်ပြီး

 

“ ဟားဟား အင်းစမကို တစ်ဖက်ကမ်းခတ်အောင် ထူးချွန်ထားတဲ့ ဆရာလေးနဲ့တွေ့တုန်း အကူအညီတစ်ခုတောင်းဦးမယ်ဗျို့… အခုတစ်လော ဖိုထိုးဖို့အတွက် မီးသွေးဖိုးမလောက်မငဖြစ်နေတာ လာဘ်ရွှင်စေတဲ့ အင်းလေးဆွဲပေးပါဦး”

 

“ ဘရသေ့လို ကြေးကို ရွှေဖြစ်အောင် လုပ်နိုင်တဲ့သူက ဖိုထိုးဖို့ မီးသွေးဖိုးမရှိဘူးဆိုတာ ယုတ္တိမတန်ပါဘူးဗျာ..”

 

“ ဟားဟားဟား … စကားပြောက ကောင်းပါ့ကွာ၊ ဒါနဲ့ မင်းတို့ထမင်းမစားရသေးဘူးမလား”

 

ဘရသေ့စကားကို အောင်မြတ်သာတို့က ခေါင်းညိမ့်ပြပြီး ဝန်ခံလိုက်တဲ့အချိန်

 

“ ရော့ ရော့ မနက်က အလှူခံထားတဲ့ ထမင်းထုပ်တွေရှိတယ်… ဟင်းကတော့ သက်သက်လွတ်ပဲဟင်းနဲ့ ငရုတ်သီးကြော်ဆိုတော့ စားမြိန်မှာအသေချာပဲ” လို့ပြောကာ ငှက်ပျောဖက်နဲ့ထုပ်ထားတဲ့ ထမင်းထုပ်သုံးထုပ်ကို တံပိုးနဲ့လျှိုထားတဲ့ ခြင်းတောင်းထဲကနေ ထုတ်ကာကမ်းပေးလိုက်တယ်။

 

အောင်မြတ်သာတို့လဲ ဘရသေ့ပေးတဲ့ ထမင်းထုပ်ကိုဖြေလိုက်ရာ အခုမှချက်ထားသလို အငွေ့တထောင်းထောင်း ထနေတာကို ထူးဆန်းစွာမြင်လိုက်ရတယ်။

 

“ အံ့ဩမနေကြနဲ့… အလှူရှင်တွေစေတနာမှန်ရင် မဖြေမချင်းမသိုးပါစေနဲ့လို့ အဓိဌာန်ထားလို့ ခုလိုဖြစ်နေတာ၊ စားကြ စားကြ”

 

ဘရသေ့စကားကြောင့် အောင်မြတ်သာတို့ ဘာမှဆက်မမေးတော့ပဲ ထမင်းကိုသာ ငုံ့ကာစားလိုက်ကြတယ်။

 

“ စားလို့ကောင်းကြတယ်မဟုတ်လား… ထမင်းစားပီးရင် ရေသောက်ရတယ် .. “လို့ပြောပီး ဘူးသီးခြောက်ရေဘူးကိုကမ်းပေးကာ စေတီရဲ့ စိန်ဖူးတော်ကို စူးစိုက်ကြည့်နေခဲ့တယ်။

 

ဘရသေ့နဲ့ အောင်မြတ်သာတို့ ဆရာတပည့်တွေ ဇရပ်ထဲမှာထိုင်နေကြပေမယ့် အရိပ်ရှာနေကြတဲ့ လူတွေကတော့ ရှိမှန်းတောင်သိပုံမရပဲ ဖြတ်သန်းသွားလာနေတာကိုမြင်တဲ့ တောက်ရက

 

“ ဆရာ … လူတွေက ဒီဇရပ်ပေါ်မှာနေရာလွတ်တွေရှိနေပါလျက်နဲ့ ဘာလို့ လာပြီးမနားကြလဲမသိဘူးနော်”

 

“ ဟားဟား မင်းက ဒီဇရပ်ကို သာမန်ဇရပ်ထင်နေလား… “

 

“ ဗျာ …”

 

“ မင်းတို့နှစ်ယောက်အနေနဲ့ဆိုရင် ဒီဇရပ်ကိုရှာတောင်တွေ့မှာမဟုတ်ဘူးကွ”

 

ဘရသေ့ စကားကြောင့် သက်ခိုင်နဲ့ တောက်ရတို့ ဇက်ကလေးပုပြီး ငြိမ်သွားခဲ့ကြတယ်။ မကြာမီ အိန္ဒိယဆာဒူးကြီးတစ်ပါးရောက်လာပြီး ဇရပ်ကြမ်းပြင်ပေါ်ကို ဝမ်းလျားမှောက်ကာ စေတီကို ကန်တော့တာကိုလဲမြင်တွေ့ခဲ့ရတယ်။ ညနေစောင်းရောက်တော့ ဘရသေ့က တံပိုးကိုကောက်လွယ်ကာ သက်ခိုင်နဲ့ တောက်ရကို ကြည့်ပြီး

 

“ မင်းတို့နှစ်ယောက် တစ်နေ့နေ့တစ်ချိန်ချိန် ဒီဇရပ်ကို ပြန်ရောက်လာနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ပြောကာ ထွက်သွားခဲ့တယ်။

 

သက်ခိုင်နဲ့ တောက်ရကတော့ ကြောင်အအနဲ့ ဘရသေ့ကို ကြည့်နေခဲ့ပေမယ့် အောင်မြတ်သာကတော့ ပြုံးခြင်းရယ်ခြင်းမရှိပဲ ငြိမ်သက်စွာထိုင်နေခဲ့တယ်။ ညချမ်းအချိန်ရောက်လာတဲ့အခါမှာတော့ တစ်ကိုယ်လုံးညစ်ပတ်ပေရေပြီး ဆံပင်တွေဘုတ်သိုက်ဖြစ်နေတဲ့ အရူးတစ်ယောက် ဇရပ်ပေါ်ကိုခုန်ပေါက်ပြီးတက်လာခဲ့တယ်။

 

“ အလိုလေး… ဝိဇ္ဇာဇရပ်ပေါ်မှာ ဝိဇ္ဇာမဟုတ်တဲ့သူနှစ်ယောက် တက်ထိုင်နေပါလား… ဟဲဟဲ၊ ငါကိုယ်တော်အမြင်အရ သင်တို့နှစ်ယောက်မှာ ထူးခြားတဲ့ပါရမီပါလာလို့ နောက်လာမယ့်ကာလတွေမှာ သင်တို့ ဒီဇရပ်ကို နောက်တစ်ခေါက်ထပ်ရောက်လာဦးမှာ အသေချာပဲဟေ့”လို့ပြောပီး စေတီတော်ကို ဦးချကာ ဂုဏ်တော်တွေကို ကျယ်လောင်တဲ့အသံနဲ့ရွတ်ဖတ်ပါလေရော။

 

သက်ခိုင်နဲ့ တောက်ရလဲ ဒီလူဟာ အရူးဝိဇ္ဇာဆိုတာ ချက်ချင်းသိလိုက်တဲ့အတွက် ငြူစူခြင်းအလျဉ်းမရှိပဲ ကျယ်လောင်စွာရွတ်ဖတ်နေတဲ့ ဂုဏ်တော်တွေထဲကို စိတ်နှစ်ကာ နားထောင်နေခဲ့တယ်။ အတန်ကြာရွတ်ဖတ်ပြီးတဲ့အချိန်မှာတော့ ဝေနေယျသတ္တဝါတွေကိုအမျှတန်းဝေကာ ဇရပ်ပေါ်ကနေပြန်ဆင်းသွားခဲ့တယ်။

 

ညကတစ်ဖြေးဖြေးနက်လာတဲ့အမျှ ရင်ပြင်ပေါ်မှာလဲ လူတွေရှင်းသွားခဲ့တယ်။ အဲဒီအချိန်မှာတော့ ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့သိုက်နန်းရှင်တွေ လာရောက်ဖူးမျှော်တာကိုလဲမြင်တွေ့ခဲ့တယ်။ ညသန်းခေါင်အချိန်ရောက်တော့ အောင်မြတ်သာက

 

“ အချိန်ကျပြီ သွားကြရအောင်” လို့ပြောကာ ဇရပ်ပေါ်ကနေဆင်းလာခဲ့တယ်။ အောင်မြတ်သာတို့ဆရာတပည့်တွေလဖြ စေတီနှစ်ဆူရဲ့ကြားမှာ ဖြစ်ပေါ်နေတဲ့ လမ်းကျဉ်းတစ်ခုထဲကိုဝင်လာပြီးတဲ့အချိန်မှာတော့ ဆေးကြိတ်နေတဲ့ဇော်ဂျီရုပ်ထုတွေကို စေတီပေါ်မှာ ထွင်းထားတဲ့ လှိုဏ်တစ်ဆင့်ခံစေတီတစ်ဆူကိုမြင်လိုက်ရတယ်။

 

“ အခု မင်းတို့မြင်နေရတဲ့ ဇော်ဂျီရုပ်ထုတွေက ဝိဇ္ဇာတွေကိုယ်တိုင်အစီအရင်နဲ့ ထွင်းထုထားတာဖြစ်တဲ့အပြင် လှိုဏ်ဂူအတွင်းမှာရှိတဲ့ ဗုဒ္ဓရုပ်ပွါးတော်ကိုတော့ လောကီဓါတ်ပညာအစီအရင်တွေနဲ့စီရင်ထွင်းထုထားတယ်၊ ဒါကြောင့် ရောက်တုန်းရောက်ခိုက် သေချာဖူးမျှော်ပါ” လို့ပြောပြီး လှိုဏ်ဂူတွင်းကိုဝင်သွားခဲ့တယ်။

 

သက်ခိုင်နဲ့တောက်ရလဲ ဝိဇ္ဇာဇော်ဂျီဘုရားကို ဖူးမျှော်ပြီးပြန်ထွက်လာတဲ့အခါမှာတော့ စေတီပေါ်မှာထွင်းထားတဲ့ ဇော်ဂျီရုပ်ထုလေးတွေက ဆေးကြိတ်တဲ့သူကကြိတ်၊ လမ်းလျောက်တဲ့သူက လျောက်နဲ့ လှုပ်ရှားသွားတာနေတာကိုလဲ ထူးဆန်းစွာမြင်လိုက်ရတယ်။

 

“ သက်ခိုင်နဲ့တောက်ရ ဆရာတော်ကြွလာပြီ “

 

ဘေးမှာရပ်နေတဲ့အောင်မြတ်သာစကားကြောင့် စေတီဘေးကိုကြည့်လိုက်ရာ ဖန်ရည်ဆိုးသင်္ကန်းကိုဝတ်ဆင်ထားတဲ့ ဆရာတော်ကြီးတစ်ပါးကိုဖူးမြင်လိုက်ရတယ်။ ဆရာတော်က အောင်မြတ်သာကိုမြင်တော့ အနားကိုခေါ်လိုက်ပြီး

 

“ သင့်ရဲ့ ပထမအကြိမ်ပြည်တော်ဝင်ခရီးစဉ်မှာ လူအသက်တွေများစွာကိုကယ်တင်နိုင်ခဲ့သလို လမ်းမှားရောက်နေတဲ့သူတွေကိုလဲ လမ်းမှန်ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်”

 

“ ဆရာတော်ရဲ့ ချီးကျူးစကားကိုကြားတော့ တပည့်တော် ပင်ပန်းရကျိုးနပ်ပါပြီဘုရား”

 

“ ဟိုဒကာလေးနှစ်ယောက်က သင့်ရဲ့တပည့်တွေမဟုတ်လား”

 

“ ဟုတ်ပါတယ်ဘုရား သူတို့နှစ်ယောက်က တပည့်တော်ကို အများကြီးအကျိုးပြုခဲ့ကြပါတယ်”

 

“ အိမ်း သာဓု သာဓု သာဓု… သင်တို့နှစ်ယောက်အနေနဲ့လဲ က်ုယ့်မှာရှိတဲ့အစွမ်းအစတွေကိုထုတ်ပြရမယ့်အချိန်ရောက်လာပြီနော်”

 

ဆရာတော်စကားကြောင့် သက်ခိုင်နဲ့ တောက်ရက လက်အုပ်ချီပြီး နားလည်ကြောင်းခေါင်းညိတ်ပြလိုက်တယ်။

 

“ သင်တို့နှစ်ယောက်ရဲ့ ညာဘက်လက်ဝါးတွေဖြန့်ထားကြ”

 

“ တင်ပါဘုရား”

 

သက်ခိုင်နဲ့ တောက်ရလဲ ညာဖက်လက်ဖဝါးတွေကိုဖြန့်ပြီး အရှေ့ကိုထိုးပေးလိုက်တဲ့အချိန် ဆရာတော်က သူ့ရဲ့နူးညံ့တဲ့လက်ဖဝါးနှစ်ဖက်ကို အပေါ်ကနေထပ်လိုက်ပြီး

 

“ ယခုအချိန်ကစပြီး သင်တို့နှစ်ယောက်ကို ဂိုဏ်းရဲ့ပညာရပ်တွေလက်ထပ်ပေးအပ်ခဲ့ပြီမို့ ခုနှစ်ရက်သားသမီးတွေကို ကိုယ့်ရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ကယ်တင်ကြပါ။ သင်တို့ရဲ့ကိုယ်ထဲမှာ အာဏာစက်တည်နေပြီဖြစ်လို့ အောက်လမ်း၊ စုန်း၊ ကဝေ၊ မောက်လုံး၊ မောက်ပြား၊ ဇော်ဂနီ၊ ဇော်ဂနက်တွေကို ဟိန်းဟောက်မာန်မဲရုံနဲ့ အောင်နိုင်ကြတဲ့သူတွေဖြစ်ခဲ့ကြပြီ။ ဒီအစွမ်းကိုအသုံးပြုပြီး နောင်ပွင့်မယ့်ဘုရားကိုဖူးမျှော်နိုင်ဖို့ ကြိုးစားကြပါ။ အခုတော့ သင်တို့ဆရာခေါ်တဲ့နောက်ကို အရုဏ်မတက်ခင်ထိ လိုက်သွားကြဦး” လို့ပြောကာ နောင်တော်ကြီးစေတီဘက်ကို ကြွသွားခဲ့တယ်။

 

အောင်မြတ်သာတို့လဲ ဆရာတော်ကြွသွားတဲ့နောက်ကျောကိုကြည့်ကြီး ထိခြင်းငါးပါးနဲ့ကန်တော့လိုက်ကြတယ်။ ပြီးတာနဲ့ သက်ခိုင်နဲ့ တောက်ရတို့ ပခုံးကိုကိုင်ကာ

 

“ ဆရာတော်မိန့်ကြားချက်အရ မင်းတို့နှစ်ယောက်လုံး မဟာမြိုင်တောထဲကို ခေတ္တသွားကြရဦးမယ်”

 

“ မဟာမြိုင်တောထဲမှာ ကျွန်တော်တို့ နေရတော့မှာလားဆရာ”

 

“ မင်းတို့နှစ်ယောက်မှာ ကြိုးစားအားထုတ်ရမယ့် အရာတွေကျန်ရှိနေသေးတဲ့အတွက် လူ့ပတ်ဝန်းကျင်ကို တစ်ခေါက်ပြန်သွားရဦးမယ်။ အဲဒီအချိန်မှာ ကိုယ့်ရဲ့ကံ၊ ဉာဏ်၊ ဝိရိယတွေကို အသုံးချပြီး မဟာမြိုင်တောထဲကိုသွားမယ့်လမ်းကို ကိုယ်တိုင်ဖောက်ကြပါ။ နှစ်ယောက်လုံး စိတ်အေးချမ်းတဲ့အရပ်ဒေသကို ရောက်လာကြမယ်လို့ ယုံပါတယ်”

 

အောင်မြတ်သာရဲ့စကားအသွားအလာကြောင့် သက်ခိုင်နဲ့တောက်ရတို့ရဲ့ မျက်နှာမှာ ဝမ်းနည်းမှုတွေအတိုင်းသားပေါ်နေခဲ့ပေမယ့် ဟန်မပျက်ငြိမ်သက်စွာရပ်နေခဲ့ကြတယ်။

 

“ ကဲ… အခုတော့ သင်တို့အတွက်လုပ်ပေးစရာရှိသေးလို့ ကျုပ်ရဲ့ အင်္ကျီစကို မြဲနေအောင်ကိုင်ပြီး လိုက်ခဲ့ကြ”

 

သက်ခိုင်နဲ့ တောက်ရလဲ အောင်မြတ်သာရဲ့အင်္ကျီကို ကိုင်ပြီးအနောက်ကလိုက်သွားခဲ့ရာ ဆံတော်တွင်းဘေးမှာရှိတဲ့ နံရံအရှေ့ကိုရောက်တော့

 

“ နှစ်ယောက်လုံးရဲ့မျက်စိတွေကို ဖွင့်လို့မပြောမချင်းတင်းကြပ်အောင်ပိတ်ထားကြပါ” လို့ပြောလိုက်တဲ့အတွက် နှစ်ယောက်သားဘာမှပြန်မပြောပဲ မျက်လုံးတွေကိုမှိတ်ထားလိုက်ကြတယ်။

 

ရေခဲတစ်မျှ အေးစက်တဲ့ လေရဲ့ တိုးဝှေ့မှုတွေကို စက္ကန့်ပိုင်းလောက်ခံစားပြီးတဲ့အချိန်မှာတော့ ကျေးငှက်​တွေရဲ့ သာယာတဲ့အော်မြည်သံတွေကို စတင်ကြားလိုက်ရတယ်။

 

“ မျက်လုံးတွေဖွင့်လို့ရပြီ”

 

အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့ တောက်ရတို့ မျက်လုံးဖွင့်ကြည့်လိုက်ရာ အရမ်းကိုလှပပြီးစိမ်းလန်းစိုပြေနေတဲ့ ပတ်ဝန်းကျင်ကိုမြင်တွေ့လိုက်ရတယ်။ ဒါ့အပြင် ဖြူဖွေးနေတဲ့ ယုန်သူငယ်တွေနဲ့ ခါးလောက်ရှိတဲ့ ကျားတွေက အချင်းချင်းရန်မမူပဲ ပြေးလွှားဆော့ကစားနေတာကိုလဲ ထူးဆန်းစွာမြင်လိုက်ရတယ်။

 

“ ထူးခြားတဲ့ မြင်ကွင်းကြောင့် အံ့ဩနေကြတာလား”

 

“ ဟုတ်တယ်ဆရာ … ဒီနေရာက အရင်တစ်ခေါက် ကျွန်တော်တို့ရောက်ဖူးခဲ့တဲ့ နေရာနဲ့လဲမတူဘူးနော်”

 

“ ဟုတ်တယ် ဒီနေရာက ဆရာတော်ကြီး တရားကျင့်ကြံတဲ့နေရာလေ… သူ့ရဲ့မေတ္တာဓါတ်တွေကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ သတ္တဝါတွေအားလုံးရဲ့ စိတ်သန္တာမှာ အမုန်းတရားတွေမရှိတော့ဘူး”

 

“ ဆရာတော်ဘုရားရဲ့ မေတ္တာဓါတ်က အလွန်စူးရှပါလားနော်… ဒါနဲ့လေ ဆရာ ကျွန်တော်တို့ကို ခေါ်လာတာ အကြောင်းတစ်ခုခုများရှိနေတာလား”

 

“ ဟုတ်တယ် … သင်တို့နှစ်ယောက်က လူ့ပတ်ဝန်းကျင်ကို လောကီဆရာတွေအဖြစ်နဲ့ဝင်ကြရတော့မှာမို့ ခန္ဓာကိုယ်ထဲမှာခိုအောင်းနေတဲ့ သိဒ္ဓိအစွမ်းတွေကို မူလပြန်ကျောက်စက်ရေနဲ့ဆေးကြောဖို့ ဒီကိုခေါ်လာခဲ့တာပဲ”

 

“ မူလပြန်ကျောက်စက်ရေဆိုတာက ဘယ်လိုမျိုးလဲဆရာ”

 

“ မကြာခင် သိရမှာမို့ အနောက်ကနေလိုက်လာခဲ့ကြပါ”

 

အောင်မြတ်သာက စကားဆုံးတာနဲ့ ဂန္ဓမာပန်းအဖြူတွေနဲ့ ခြံရံထားတဲ့ မြေနီလမ်းဘက်ကိုထွက်သွားခဲ့တယ်။ ပန်းခင်းလမ်းကိုကျော်ဖြတ်ပြီးတဲ့အချိန်မှာတော့ မြေကြီးထဲကနေ ထိုးထွက်နေတဲ့ ကျောက်စိမ်းလှိုဏ်ဂူတစ်ခုကိုမြင်လိုက်ရတယ်။

 

“ ဒီလှိုဏ်ဂူက မူလပြန်ကျောက်စက်ရေ ရှိတဲ့ဂူပဲ… ဂူထဲကို ခွင့်ပြုချက်မရပဲဝင်ခွင့်မရှိတဲ့အတွက် သင်တို့နှစ်ယောက်လုံး အပြင်မှာစောင့်နေပေးပါ”

 

အောင်မြတ်သာက သက်ခိုင်နဲ့ တောက်ရကို ဂူအပြင်မှာစောင့်ခိုင်းပြီး အထဲကိုဝင်သွားခဲ့ရာ မိနစ်အနည်းငယ်အကြာမှာတော့ သန့်ရှင်းနေတဲ့ပိန်းရွက်နှစ်ရွက်နဲ့ထည့်ထားတဲ့ အစိမ်းရောင်ကျောက်စက်ရေတွေပါလာခဲ့တယ်။

 

“ ဒီကျောက်စက်ရေကို သောက်ပြီးရင်တော့ သင်တို့ရဲ့ မူလဖြစ်တည်နေတဲ့ ရုပ်အသွင်ကိုပြောင်းလဲလာလိမ့်မယ်၊ ဒါပေမယ့် ကျောက်စက်ရေရဲ့အစွမ်းကြောင့် နောက်နှစ်ပေါင်း သုံးဆယ်လောက်အထိ သင်တို့ဖျားခြင်းနာခြင်းအလျဉ်းမရှိပဲ ကျန်းမာနေလိမ့်မယ်”

 

“ ဆရာကရော ကျွန်တော်တို့နဲ့ ပြန်မလိုက်ခဲ့တော့ဘူးလား”

 

“ လူဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန် ခွဲခွါကြရမှာမို့… ရေစက်ကျန်နေသေးရင် တစ်နေရာရာမှာ ပြန်ဆုံတွေ့ကြရဦးမှာ”

 

“ ဒါဆို ကျွန်တော်တို့နှစ်ယောက် ဒီကနေထွက်ရင် ဘယ်ကိုသွားရမလဲဆိုတာ ပြောပေးပါဦးဆရာ”

 

“ သက်ခိုင်ကိုတော့ ကုန်းမြေဒေသတွေနဲ့ တောင်တန်းဒေသတွေဘက်မှာ အခြေချစေချင်ပြီး၊ တောက်ရကတော့ ကမ်းရိုးတန်းဒေသဘက်မှာ အခြေချစေချင်တယ်။ အဲဒီကနေ ဂိုဏ်းရဲ့ဂုဏ်သတင်းကို ကျော်စောအောင်ကြိုးစားပြီး ခုနှစ်ရက်သားသမီးတွေကိုကယ်တင်ကြပါ”

 

အောင်မြတ်သာစကားအဆုံးမှာ သက်ခိုင်နဲ့ တောက်ရတို့ ဒူးထောက်ထိုင်ချကာ မျက်နှာကိုလက်ဝါးနဲ့အုပ်ပြီး ရှိုက်ကြီးတငင်ငိုကြွေးခဲ့ကြတယ်။ အတန်ကြာအောင် ငိုြီးချိန်မှာတော့ နှစ်ယောက်လုံးရင်ထဲပေါ့သွားပြီး

 

“ ဆရာတို့ မျှော်မှန်းထားတဲ့အတိုင်းဖြစ်အောင် ကြိုးစားမှာပါ၊ တစ်နေ့နေ့တစ်ချိန်ချိန် ဒီမဟာမြိုင်တောထဲမှာ ဆရာကို သေချာပေါက်ပြန်လာတွေ့ပါမယ်လို့ ကတိပေးပါတယ်” လို့ပြောတော့ အောင်မြတ်သာက ဝမ်းမြောက်စွာနဲ့ သာဓုအကြိမ်ကြိမ်ခေါ်ဆိုခဲ့တယ်။

 

အဲဒီအချိန် သက်ခိုင်ရဲ့ ပျိုမြစ်နေတဲ့ရုပ်ရည်ကနေ အသက်ခြောက်ဆယ်အရွယ် လူကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သလို တောက်ရကလဲ အသက်ငါးဆယ်အရွယ်လူကြီးတစ်ယောက်အဖြစ်ပြောင်းသွားခဲ့တယ်။

 

အဲဒီအချိန် ကျယ်လောင်တဲ့ မောင်းတီးသံတစ်ချက်ကိုကြားလိုက်ရတော့ အောင်မြတ်သာက

 

“ ခွဲခွါရမယ့် အချိန်ကျပြီမို့ သင်တို့ရဲ့အရှေ့မှာ မြင်နေရတဲ့ မြေနီလမ်းအတိုင်းသွားကြပါ။ လမ်းဆုံရောက်ရင် သက်ခိုင်က ညာဘက်လမ်းကိုရွေးပြီး တောက်ရက ဘယ်ဘက်လမ်းကို ရွေးပါ။ နှစ်ယောက်လုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ လူသားတွေရဲ့အကျိုးကိုသယ်ပိုးန်ုင်ကြပါစေ” လို့ပြောကာ အနောက်ကိုလုံးဝလှည့်မကြည့်ပဲ ချာခနဲလှည့်ထွက်သွားခဲ့တယ်။

 

သက်ခိုင်နဲ့ တောက်ရလဲ ဆရာဖြစ်သူရဲ့နောက်ကျောကို မှုန်ဝါးပျောက်ကွယ်တဲ့အထိ ကြည့်နေခဲ့ကြပြီး လုံးဝပျောက်ကွယ်သွားတော့မှ မြေနီလမ်းအတိုင်း ထွက်လာခဲ့လိုက်တယ်။

 

မဟာမြိုင်တောထဲကနေထွက်လာတဲ့ လမ်းမှာတော့ ပညာသင်စဉ်ဘဝကနေ အခုချိန်ထိ ဖြစ်ပျက်ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာတွေက နှစ်ယောက်သားရဲ့ဦးနှောက်ထဲမှာ တစ်ရိပ်ရိပ်နဲ့ပြန်ပေါ်လာခဲ့ကြတယ်။

 

ဒီလိုနဲ့ နှစ်ယောက်သားရဲ့ ခြေလှမ်းတွေက ပြင်ပလောကဆီသို့…။

+++++++++

လေပြေတိုက်ခတ်လို့ လှုပ်ရှားသွားတဲ့ သစ်ရွက်တွေရဲ့အသံ၊ ကျေးငှက်သာရကာတို့ရဲ့ အော်မြည်သံတွေမှ လွဲပြီး တိတ်ဆိတ်ငြိမ်သက်နေတဲ့ မဟာမြိုင်တောရဲ့ တစ်နေရာမှာတော့ ရှည်လျားတဲ့မုတ်ဆိတ်ကျင်စွယ်နဲ့ လူတစ်ယောက်က မလှုပ်မယှက်ငြိမ်သက်စွာ တရားထိုင်နေခဲ့တယ်။ အချိန်ဘယ်လောက်ကြာအောင်ထိုင်နေခဲ့တယ်ဆိုတာကိုမသိပေမယ့် ခြေထောက်အောက်မှာပေါက်နေတဲ့ မြက်တွေကတော့ ရင်ခေါင်းထိရောက်အောင်ရှည်လျားနေခဲ့တယ်။

 

“ တရားဖြုတ်ဖို့ အချိန်ကျလာခဲ့ပြီ လူလေး…” ဆိုတဲ့အသံကြောင့် မှိတ်ထားတဲ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ရာ နဂါးပတ်တောင်ဝှေးကို ကိုင်ဆောင်ထားတဲ့ အဖိုးအိုတစ်ယောက်ကိုမြင်လိုက်ရတယ်။

 

“ ကျွန်တော် ဒီမှာထိုင်နေတာ အချိန်ဘယ်လောက်တောင် ကြာသွားပီလဲအဘ”

 

“ လူလေး တရားထိုင်နေတာ လူ့သက်တမ်းနဲ့တွက်မယ်ဆိုရင် နှစ်ပေါင်းနှစ်ဆယ်တိတိရှိခဲ့ပြီ.. “

 

“ နှစ်ပေါင်းနှစ်ဆယ်ဆိုတာ ဒီမှာတော့ ဘာမှမဟုတ်ပေမယ့် လူ့ဘောင်လူ့လောကမှာဆိုရင် အတော်ရှည်ကြာတဲ့ အချိန်ပဲနော်အဘ”

 

“ အချိန်တွေ ကုန်တာဘယ်လောက်မြန်လဲဆိုရင် လူလေးအနောက်ကနေ တစ်ကောက်ကောက်လိုက်ခဲ့ဖူးတဲ့သူတွေရဲ့ အပင်လေးတွေတောင် လူတစ်ရပ်ကျော်နေရောပေါ့”

 

“ ဟင်… နာမည်အတိအကျနဲ့ပေါက်နေတဲ့ သစ်ပင်တွေ လူတစ်ရပ်ကျော်ပီဆိုတော့ သူတို့ ဒီကိုရောက်လာကြတော့မှာပေါ့”

 

“ ဟုတ်တယ် လူလေး…. သူတို့ရဲ့ပညာက ထွက်ရပ်အဆင့်ကိုမရောက်ပေမယ့် နောင်ပွင့်မယ့်ဘုရားကို ဖူးမျှော်ရမယ့် ရုက္ခစိုးတွေတော့ဖြစ်ခွင့်ရခဲ့ကြတယ်။ ဒါပေမယ့် သူတို့ ဒီကိုရောက်တဲ့အချိန် လူလေးက လူ့ပတ်ဝန်းကျင်ကို ဒုတိယအကြိမ်ပြန်ဝင်ရမယ့်နေ့ဖြစ်နေတယ်ကွယ့်”

 

“ ကျွန်တော်အနေနဲ့ ဒုတိယအကြိမ်ပြည်တော်ပြန်ဝင်ရမယ်လို့ ပြောချင်တာလား”

 

“ ဟုတ်တယ် လူလေး… ဒီတစ်ခါမှာတော့ လူလေးအနေနဲ့ ကိုယ့်အပေါ်အယုံမကြည်မရှိတဲ့သူတွေရှေ့မှာဆိုရင် လုံးဝလေးစားချင်စိတ်မရှိအောင်ပေါ့ပျက်ပျက်နေထိုင်ရမှာဖြစ်ပြီး၊ ကိုယ့်အပေါ်ယုံကြည်တဲ့သူရှေ့မှာဆိုရင်တော့ တည်ငြိမ်ရင့်ကျက်တဲ့ပုဂ္ဂိုလ်တစ်ယောက်လိုနေထိုင်ရလိမ့်မယ်”

 

“ ကျွန်တော်အပေါ်တာဝန်ပေးလာတော့လဲ အကောင်းဆုံးလုပ်ဆောင်ရတော့မှာပေါ့အဘရာ၊ ဒါနဲ့ အခုလက်ရှိ ကျွန်တော်ရုပ်သွင်အတိုင်းပဲ ပြည်တော်ပြန်ဝင်ရမှာလားဆိုတာ ပြောပြပါဦး”

 

“ လူလေးရဲ့ မူလရုပ်သွင်ကို အတတ်နိုင်ဆုံးဖုံးကွယ်ထားပြီး ခုလိုပုံစံအတိုင်း လူ့ပတ်ဝန်းကျင်ကိုပြန်ဝင်ရမှာဖြစ်တယ်။ လူလေးအနေနဲ့ ဘာတွေလုပ်ဆောင်ရမယ်ဆိုတာကိုတော့ အထက်ဆရာကြီးတွေကိုယ်တိုင် လမ်းညွှန်ပေးလိမ့်မယ်”

 

“ ဒါဆိုရင် ကျွန်တော်အနေနဲ့ ဘယ်အချိန်လောက် စတင်ထွက်ခွါရမလဲ”

 

“ အချိန်အခါကောင်းကတော့ မနက်ဖြန်အရုဏ်တက်တဲ့အချိန်ပဲ…”

 

နဂါးပတ်တောင်ဝှေးကိုင်ထားတဲ့ အဖိုးအိုရဲ့စကားအဆုံးမှာ အောင်မြတ်သာ မျက်လုံးတွေကို မှိတ်လိုက်ပြီး သက်ပြင်းရှည်တစ်ချက်ကို လေးလံစွာချလိုက်မိတယ်။

 

++++++

 

မနက် အရုဏ်တက်ချိန်မှာတော့ ရှည်လျားနေတဲ့ ဆံပင်၊ မုတ်ဆိတ်ကျင်စွယ်တွေကို မရိတ်မသိမ်းထားတဲ့ လူတစ်ယောက်က မဟာမြိုင်တောထဲကနေ တိတ်တဆိတ်ပျောက်ကွယ်ခဲ့တဲ့အချိန် တောထဲမှာ ပေါက်နေတဲ့ သပြေပင်နဲ့ ညောင်ပင်မှာတော့ ဝတ်ဖြူစင်ကြယ်ဝတ်ထားတဲ့ အဖိုးအိုနှစ်ဦး ရုတ်ချည်းပေါ်ပေါက်လာခဲ့တယ်။

 

ဤနေရာမှာ ကျွန်တော်ရေးသားခဲ့တဲ့ အောင်မြတ်သာဝတ္တုတိုများအတွဲ(၁)၊ အပိုင်း(၁၈၆)ပိုင်းပြီးဆုံးခဲ့ပါတယ်။ သို့ပေမယ့် အောင်မြတ်သာရဲ့ဒုတိယအကြိမ်ပြည်တော်ပြန်ဝင်ရမယ့် အကြောင်းတရားကဖန်လာတာကြောင့် အောင်မြတ်သာဝတ္တုတိုများ အတွဲ(၂)ကို အပိုင်း(၁၈၇)ကနေ ပြန်လည်ရေးသားဖြစ်ခဲ့ပါတယ်။ အတွဲ(၂)အစပိုင်းကစပြီး စာဖတ်သူတွေ စိတ်ဝင်စားစေမယ့် အကြောင်းအရာအဖြစ်အပျက်များကိုထည့်သွင်းရေးသားသွားမှာဖြစ်ပါတယ်။

 

အတွဲ(၂)၊ အပိုင်း(၁၈၇)ရဲ့ ခေါင်းစဉ်ကတော့ အောင်မြတ်သာနှင့် ဒုတိယမနုဿခြေလှမ်း ဖြစ်တယ်ဆိုတဲ့အကြောင်းကြိုတင်မိတ်ဆက်ပေးခဲ့ပါတယ်။

 

လေးစားစွာဖြင့်

ဇေယန(ရာမည)

#မူရင်းရေးသားသောသူများနှင့်

စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်မေတ္တာဖြင့်မျှဝေသည်။🙏🙏🙏

 

🔰(Like & Share လေးနဲ့အား ပေးသွားခဲ့ကြပါ)🔰

ေအာင္ျမတ္သာႏွင့္သံသရာလမ္းခြဲ

စာေရးဆရာ -ေဇယန(ရာမည)

“ခြၽင္ ခ်လြင္ ခ်လြင္”

ေအာင္ခ်မ္းသာေစတီေတာ္ျမတ္ႀကီးရဲ႕ ထီးေတာ္ကေန ထြက္ေပၚလာတဲ့ ေခါင္းေလာင္းသံက ညရဲ႕သဘာဝကို ပိုၿပီးေအးခ်မ္းေစခဲ့တယ္။

အဲဒီအခ်ိန္ ေစတီရဲ႕ တနဂၤေႏြေထာင့္မွာထိုင္ေနတဲ့ ေအာင္ျမတ္သာရဲ႕ မ်က္လုံးထဲမွာ အရမ္းကိုစူးရွတဲ့အလင္းတန္း တစ္ခုနဲ႔အတူ ေတာင္ေဝွးကိုကိုင္ထားတဲ့ အဖိုးအိုတစ္ေယာက္ေပၚလာခဲ့တာကို အာ႐ုံထဲမွာ ျမင္လိုက္ရတယ္။

ေအာင္ျမတ္သာလဲ ျမင္ေနရတဲ့အာ႐ုံကို ေမ့ေဖ်ာက္ၿပီး တရားၿပီးဆုံးတဲ့အထိ ဆက္ထိုင္ေနခဲ့တယ္။ တရားၿပီးလို႔ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ မုတ္ဆိတ္က်င္စြယ္ေတြ ရွည္လ်ားစြာေပါက္ေနတဲ့ အဖိုးအိုတစ္ေယာက္က အေရွ႕တည့္တည့္မွာ တပလႅင္ေခြထိုင္ၿပီး ေအာင္ျမတ္သာကို စူးစိုက္ၾကည့္ကာ

“ အပ်ံသင္ေနတဲ့ ငွက္ေတြကို လႊတ္ေပးဖို႔အခ်ိန္က်ေရာက္လာခဲ့ၿပီ လူေလး…”

“ ငွက္ေတြက ခုမွ ေတာင္ပံစုံ႐ုံရွိေသးတာ လႊတ္လို႔အဆင္ေျပပါ့မလား”

“ လူေလး အေနနဲ႔ စိတ္ပူတာ နားလည္ပါတယ္.. ဒါေပမယ့္ ဆရာေတာ္မိန္႔ခဲ့တာက ဒီအခ်ိန္မလႊတ္ရင္ သူတို႔ဘယ္ေတာ့အခါမွ အမွီခိုကင္းကင္းမပ်ံႏိုင္ေတာ့ဘူးတဲ့”

“ ကြၽန္ေတာ္နားလည္ပါၿပီ အဘ… ဘယ္အခ်ိန္ ဘယ္ေနရာမွ သူတို႔ပ်ံသန္းရမယ္ဆိုတာ မိန္႔ခဲ့ပါသလား”

“ လာမယ့္ လျပည့္ေန႔ည သန္းေခါင္အခ်ိန္ ေ႐ႊတိဂုံဘုရားေပၚမွာရွိတဲ့ ဝိဇၨာေဇာ္ဂ်ီဘုရားမွာ ေစာင့္ေနပါလို႔မိန္႔ခဲ့ပါတယ္”

“ ဟုတ္ကဲ့ပါအဘ ကြၽန္ေတာ္တို႔ ေသခ်ာေစာင့္ေနပါ့မယ္”

ေအာင္ျမတ္သာစကားအဆုံးမွာ မိတ္ဆိတ္က်င္စြယ္ေတြနဲ႔ အဖိုးအိုက တစ္ေျဖးေျဖးေပ်ာက္ကြယ္သြားခဲ့တယ္။

ခဏၾကာေတာ့ သက္ခိုင္နဲ႔ ေတာက္ရတို႔ အဓိဌာန္ၿပီးဆုံးကာ ထလာၾကၿပီး ေခတၱအနားယူအိပ္စက္ခဲ့ၾကတယ္။ မနက္မိုးလင္းတာနဲ႔ ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြ လြယ္အိတ္ကိုယ္စီလြယ္ကာ ေ႐ႊတိဂုံေစတီရွိရာကို ခရီးဆက္ခဲ့ၾကတယ္။ ႏွစ္ညအိပ္သုံးရက္ခရီးေလာက္သြားၿပီးတဲ့ေနာက္မွာေတာ့ ေ႐ႊေရာင္တဝင္းဝင္းနဲ႔ သပၸါယ္လွတဲ့ ေလးဆူဓါတ္ပုံေ႐ႊတိဂုံေစတီေတာ္ဆီကိုေရာက္လာခဲ့တယ္။ နတ္ေတာ္လျပည့္ေန႔ နံနက္မို႔ အနယ္နယ္အရပ္ရပ္က လာေရာက္ၾကတဲ့ဘုရားဖူးေတြက ရင္ျပင္ေတာ္အျပည့္ျဖစ္ေနခဲ့တယ္။ ေအာင္ျမတ္သာတို႔လဲ အခ်ိန္းအခ်က္ျပဳလုပ္ထားတဲ့ ဝိဇၨာေဇာ္ဂ်ီဘုရားရွိတဲ့ဘက္ကို ထြက္လာတဲ့အခ်ိန္ လက္ေကာက္ဝတ္မွာအနက္ေရာင္ပုတီးကိုပတ္ထားတဲ့ ဆယ္ေက်ာ္သက္လူငယ္တစ္ေယာက္က ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္ပဲ ခပ္သုတ္သုတ္ေလ်ာက္လာတာကိုျမင္လိုက္ရတယ္။

ေအာင္ျမတ္သာလဲ လူငယ္ကိုျမင္ေတာ့ မ်က္ေမွာင္က်ဳံ႕ၿပီး စူးစိုက္ၾကည့္လိုက္ရာ သူ႔ရဲ႕ကိုယ္ထဲကေန မီးခိုးေရာင္အခိုးေငြ႕ေတြအျပင္ကိုလွ်ံထြက္ေနတာကိုျမင္ေတာ့ လမ္းေဘးကို ဖယ္ေပးၿပီး သမင္လည္ျပန္လွည့္ၾကည့္ကာ ႏႈတ္ခမ္းေလးတြန္႔႐ုံတစ္ခ်က္ၿပဳံးလိုက္မိတယ္။ ဒါကိုသတိထားမိတဲ့ သက္ခိုင္က

“ ဆရာ ခုနက ေကာင္ေလးက တစ္ခုခုထူးျခားေနတယ္လို႔ ခံစားမိေနတယ္မဟုတ္လား”

“ ဟုတ္တယ္ သက္ခိုင္… မသိစိတ္ထဲက သူ႔ပုံစံကို ႏွစ္သက္သလိုေပၚလာလို႔ပါ..ဒါေပမယ့္ သူလိုက္စားေနတဲ့ က်င့္စဥ္က ငါတို႔နဲ႔ဆန္႔က်င္ဘက္ျဖစ္ေနတယ္ေလ”

“ ဒီေန႔က လျပည့္ေန႔ဆိုေတာ့ ထက္၊ လယ္၊ ေအာက္၊ လက္ဝဲ၊ လက္ယာ ပညာရပ္ေတြကို လိုက္စားတဲ့သူေတြ လာၾကာတာ သိပ္ေတာ့မဆန္းပါဘူးဆရာရယ္”

“ အင္း… ငါတို႔လဲ စကားေျပာေနရင္း စေနေထာင့္ေတာင္ေရာက္လာပါလား..ဒီမွာပဲ ဘုရားဖူးရင္း အခ်ိန္ျဖဳန္းၾကတာေပါ့”

ေအာင္ျမတ္သာတို႔လဲ လူသူမရွိတဲ့ဇရပ္တစ္ခုထဲဝင္နားကာ ေစတီေတာ္ကို ဖူးေမွ်ာ္ကန္ေတာ့ခဲ့ၾကတယ္။ ေန႔လည္ဘက္ေရာက္ေတာ့ အေရာင္ပ်ယ္လႊင့္ေနတဲ့ေဒါက္ခ်ာေဆာင္းကာ ေၾကးစည္ကိုထုၿပီး ဇရပ္ထဲကိုဝင္လာတဲ့ ရေသ့တစ္ပါးကိုျမင္လိုက္ရတယ္။

“ လျပည့္ေန႔ဆိုေတာ့ ေစတီေပၚမွာ ဆရာေကာင္းသမားေကာင္းေတြ စုံေနေလရဲ႕… သာဓု သာဓု သာဓု..”

“ ဘရေသ့လို ပုဂၢိဳလ္ေတာင္ ေရာက္လာေသးတာပဲ.. တပည့္ေတာ္တို႔ ေရာက္တာမဆန္းပါဘူးဗ်ာ”

ေအာင္ျမတ္သာစကားကိုၾကားေတာ့ ဘရေသ့က ေၾကးစည္ကို တစ္ခ်က္ထုလိုက္ၿပီး

“ ဟားဟား အင္းစမကို တစ္ဖက္ကမ္းခတ္ေအာင္ ထူးခြၽန္ထားတဲ့ ဆရာေလးနဲ႔ေတြ႕တုန္း အကူအညီတစ္ခုေတာင္းဦးမယ္ဗ်ိဳ႕… အခုတစ္ေလာ ဖိုထိုးဖို႔အတြက္ မီးေသြးဖိုးမေလာက္မငျဖစ္ေနတာ လာဘ္႐ႊင္ေစတဲ့ အင္းေလးဆြဲေပးပါဦး”

“ ဘရေသ့လို ေၾကးကို ေ႐ႊျဖစ္ေအာင္ လုပ္ႏိုင္တဲ့သူက ဖိုထိုးဖို႔ မီးေသြးဖိုးမရွိဘူးဆိုတာ ယုတၱိမတန္ပါဘူးဗ်ာ..”

“ ဟားဟားဟား … စကားေျပာက ေကာင္းပါ့ကြာ၊ ဒါနဲ႔ မင္းတို႔ထမင္းမစားရေသးဘူးမလား”

ဘရေသ့စကားကို ေအာင္ျမတ္သာတို႔က ေခါင္းညိမ့္ျပၿပီး ဝန္ခံလိုက္တဲ့အခ်ိန္

“ ေရာ့ ေရာ့ မနက္က အလႉခံထားတဲ့ ထမင္းထုပ္ေတြရွိတယ္… ဟင္းကေတာ့ သက္သက္လြတ္ပဲဟင္းနဲ႔ င႐ုတ္သီးေၾကာ္ဆိုေတာ့ စားၿမိန္မွာအေသခ်ာပဲ” လို႔ေျပာကာ ငွက္ေပ်ာဖက္နဲ႔ထုပ္ထားတဲ့ ထမင္းထုပ္သုံးထုပ္ကို တံပိုးနဲ႔လွ်ိဳထားတဲ့ ျခင္းေတာင္းထဲကေန ထုတ္ကာကမ္းေပးလိုက္တယ္။

ေအာင္ျမတ္သာတို႔လဲ ဘရေသ့ေပးတဲ့ ထမင္းထုပ္ကိုေျဖလိုက္ရာ အခုမွခ်က္ထားသလို အေငြ႕တေထာင္းေထာင္း ထေနတာကို ထူးဆန္းစြာျမင္လိုက္ရတယ္။

“ အံ့ဩမေနၾကနဲ႔… အလႉရွင္ေတြေစတနာမွန္ရင္ မေျဖမခ်င္းမသိုးပါေစနဲ႔လို႔ အဓိဌာန္ထားလို႔ ခုလိုျဖစ္ေနတာ၊ စားၾက စားၾက”

ဘရေသ့စကားေၾကာင့္ ေအာင္ျမတ္သာတို႔ ဘာမွဆက္မေမးေတာ့ပဲ ထမင္းကိုသာ ငုံ႔ကာစားလိုက္ၾကတယ္။

“ စားလို႔ေကာင္းၾကတယ္မဟုတ္လား… ထမင္းစားပီးရင္ ေရေသာက္ရတယ္ .. “လို႔ေျပာပီး ဘူးသီးေျခာက္ေရဘူးကိုကမ္းေပးကာ ေစတီရဲ႕ စိန္ဖူးေတာ္ကို စူးစိုက္ၾကည့္ေနခဲ့တယ္။

ဘရေသ့နဲ႔ ေအာင္ျမတ္သာတို႔ ဆရာတပည့္ေတြ ဇရပ္ထဲမွာထိုင္ေနၾကေပမယ့္ အရိပ္ရွာေနၾကတဲ့ လူေတြကေတာ့ ရွိမွန္းေတာင္သိပုံမရပဲ ျဖတ္သန္းသြားလာေနတာကိုျမင္တဲ့ ေတာက္ရက

“ ဆရာ … လူေတြက ဒီဇရပ္ေပၚမွာေနရာလြတ္ေတြရွိေနပါလ်က္နဲ႔ ဘာလို႔ လာၿပီးမနားၾကလဲမသိဘူးေနာ္”

“ ဟားဟား မင္းက ဒီဇရပ္ကို သာမန္ဇရပ္ထင္ေနလား… “

“ ဗ်ာ …”

“ မင္းတို႔ႏွစ္ေယာက္အေနနဲ႔ဆိုရင္ ဒီဇရပ္ကိုရွာေတာင္ေတြ႕မွာမဟုတ္ဘူးကြ”

ဘရေသ့ စကားေၾကာင့္ သက္ခိုင္နဲ႔ ေတာက္ရတို႔ ဇက္ကေလးပုၿပီး ၿငိမ္သြားခဲ့ၾကတယ္။ မၾကာမီ အိႏၵိယဆာဒူးႀကီးတစ္ပါးေရာက္လာၿပီး ဇရပ္ၾကမ္းျပင္ေပၚကို ဝမ္းလ်ားေမွာက္ကာ ေစတီကို ကန္ေတာ့တာကိုလဲျမင္ေတြ႕ခဲ့ရတယ္။ ညေနေစာင္းေရာက္ေတာ့ ဘရေသ့က တံပိုးကိုေကာက္လြယ္ကာ သက္ခိုင္နဲ႔ ေတာက္ရကို ၾကည့္ၿပီး

“ မင္းတို႔ႏွစ္ေယာက္ တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္ ဒီဇရပ္ကို ျပန္ေရာက္လာႏိုင္ပါေစလို႔ ဆုေတာင္းေပးပါတယ္” လို႔ေျပာကာ ထြက္သြားခဲ့တယ္။

သက္ခိုင္နဲ႔ ေတာက္ရကေတာ့ ေၾကာင္အအနဲ႔ ဘရေသ့ကို ၾကည့္ေနခဲ့ေပမယ့္ ေအာင္ျမတ္သာကေတာ့ ၿပဳံးျခင္းရယ္ျခင္းမရွိပဲ ၿငိမ္သက္စြာထိုင္ေနခဲ့တယ္။ ညခ်မ္းအခ်ိန္ေရာက္လာတဲ့အခါမွာေတာ့ တစ္ကိုယ္လုံးညစ္ပတ္ေပေရၿပီး ဆံပင္ေတြဘုတ္သိုက္ျဖစ္ေနတဲ့ အ႐ူးတစ္ေယာက္ ဇရပ္ေပၚကိုခုန္ေပါက္ၿပီးတက္လာခဲ့တယ္။

“ အလိုေလး… ဝိဇၨာဇရပ္ေပၚမွာ ဝိဇၨာမဟုတ္တဲ့သူႏွစ္ေယာက္ တက္ထိုင္ေနပါလား… ဟဲဟဲ၊ ငါကိုယ္ေတာ္အျမင္အရ သင္တို႔ႏွစ္ေယာက္မွာ ထူးျခားတဲ့ပါရမီပါလာလို႔ ေနာက္လာမယ့္ကာလေတြမွာ သင္တို႔ ဒီဇရပ္ကို ေနာက္တစ္ေခါက္ထပ္ေရာက္လာဦးမွာ အေသခ်ာပဲေဟ့”လို႔ေျပာပီး ေစတီေတာ္ကို ဦးခ်ကာ ဂုဏ္ေတာ္ေတြကို က်ယ္ေလာင္တဲ့အသံနဲ႔႐ြတ္ဖတ္ပါေလေရာ။

သက္ခိုင္နဲ႔ ေတာက္ရလဲ ဒီလူဟာ အ႐ူးဝိဇၨာဆိုတာ ခ်က္ခ်င္းသိလိုက္တဲ့အတြက္ ျငဴစူျခင္းအလ်ဥ္းမရွိပဲ က်ယ္ေလာင္စြာ႐ြတ္ဖတ္ေနတဲ့ ဂုဏ္ေတာ္ေတြထဲကို စိတ္ႏွစ္ကာ နားေထာင္ေနခဲ့တယ္။ အတန္ၾကာ႐ြတ္ဖတ္ၿပီးတဲ့အခ်ိန္မွာေတာ့ ေဝေနယ်သတၱဝါေတြကိုအမွ်တန္းေဝကာ ဇရပ္ေပၚကေနျပန္ဆင္းသြားခဲ့တယ္။

ညကတစ္ေျဖးေျဖးနက္လာတဲ့အမွ် ရင္ျပင္ေပၚမွာလဲ လူေတြရွင္းသြားခဲ့တယ္။ အဲဒီအခ်ိန္မွာေတာ့ ဝတ္ေကာင္းစားလွေတြဝတ္ထားတဲ့သိုက္နန္းရွင္ေတြ လာေရာက္ဖူးေမွ်ာ္တာကိုလဲျမင္ေတြ႕ခဲ့တယ္။ ညသန္းေခါင္အခ်ိန္ေရာက္ေတာ့ ေအာင္ျမတ္သာက

“ အခ်ိန္က်ၿပီ သြားၾကရေအာင္” လို႔ေျပာကာ ဇရပ္ေပၚကေနဆင္းလာခဲ့တယ္။ ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြလျဖ ေစတီႏွစ္ဆူရဲ႕ၾကားမွာ ျဖစ္ေပၚေနတဲ့ လမ္းက်ဥ္းတစ္ခုထဲကိုဝင္လာၿပီးတဲ့အခ်ိန္မွာေတာ့ ေဆးႀကိတ္ေနတဲ့ေဇာ္ဂ်ီ႐ုပ္ထုေတြကို ေစတီေပၚမွာ ထြင္းထားတဲ့ လႈိဏ္တစ္ဆင့္ခံေစတီတစ္ဆူကိုျမင္လိုက္ရတယ္။

“ အခု မင္းတို႔ျမင္ေနရတဲ့ ေဇာ္ဂ်ီ႐ုပ္ထုေတြက ဝိဇၨာေတြကိုယ္တိုင္အစီအရင္နဲ႔ ထြင္းထုထားတာျဖစ္တဲ့အျပင္ လႈိဏ္ဂူအတြင္းမွာရွိတဲ့ ဗုဒၶ႐ုပ္ပြါးေတာ္ကိုေတာ့ ေလာကီဓါတ္ပညာအစီအရင္ေတြနဲ႔စီရင္ထြင္းထုထားတယ္၊ ဒါေၾကာင့္ ေရာက္တုန္းေရာက္ခိုက္ ေသခ်ာဖူးေမွ်ာ္ပါ” လို႔ေျပာၿပီး လႈိဏ္ဂူတြင္းကိုဝင္သြားခဲ့တယ္။

သက္ခိုင္နဲ႔ေတာက္ရလဲ ဝိဇၨာေဇာ္ဂ်ီဘုရားကို ဖူးေမွ်ာ္ၿပီးျပန္ထြက္လာတဲ့အခါမွာေတာ့ ေစတီေပၚမွာထြင္းထားတဲ့ ေဇာ္ဂ်ီ႐ုပ္ထုေလးေတြက ေဆးႀကိတ္တဲ့သူကႀကိတ္၊ လမ္းေလ်ာက္တဲ့သူက ေလ်ာက္နဲ႔ လႈပ္ရွားသြားတာေနတာကိုလဲ ထူးဆန္းစြာျမင္လိုက္ရတယ္။

“ သက္ခိုင္နဲ႔ေတာက္ရ ဆရာေတာ္ႂကြလာၿပီ “

ေဘးမွာရပ္ေနတဲ့ေအာင္ျမတ္သာစကားေၾကာင့္ ေစတီေဘးကိုၾကည့္လိုက္ရာ ဖန္ရည္ဆိုးသကၤန္းကိုဝတ္ဆင္ထားတဲ့ ဆရာေတာ္ႀကီးတစ္ပါးကိုဖူးျမင္လိုက္ရတယ္။ ဆရာေတာ္က ေအာင္ျမတ္သာကိုျမင္ေတာ့ အနားကိုေခၚလိုက္ၿပီး

“ သင့္ရဲ႕ ပထမအႀကိမ္ျပည္ေတာ္ဝင္ခရီးစဥ္မွာ လူအသက္ေတြမ်ားစြာကိုကယ္တင္ႏိုင္ခဲ့သလို လမ္းမွားေရာက္ေနတဲ့သူေတြကိုလဲ လမ္းမွန္ေရာက္ေအာင္ ပို႔ေဆာင္ေပးႏိုင္ခဲ့တဲ့အတြက္ အလြန္ဝမ္းေျမာက္မိပါတယ္”

“ ဆရာေတာ္ရဲ႕ ခ်ီးက်ဴးစကားကိုၾကားေတာ့ တပည့္ေတာ္ ပင္ပန္းရက်ိဳးနပ္ပါၿပီဘုရား”

“ ဟိုဒကာေလးႏွစ္ေယာက္က သင့္ရဲ႕တပည့္ေတြမဟုတ္လား”

“ ဟုတ္ပါတယ္ဘုရား သူတို႔ႏွစ္ေယာက္က တပည့္ေတာ္ကို အမ်ားႀကီးအက်ိဳးျပဳခဲ့ၾကပါတယ္”

“ အိမ္း သာဓု သာဓု သာဓု… သင္တို႔ႏွစ္ေယာက္အေနနဲ႔လဲ က္ုယ့္မွာရွိတဲ့အစြမ္းအစေတြကိုထုတ္ျပရမယ့္အခ်ိန္ေရာက္လာၿပီေနာ္”

ဆရာေတာ္စကားေၾကာင့္ သက္ခိုင္နဲ႔ ေတာက္ရက လက္အုပ္ခ်ီၿပီး နားလည္ေၾကာင္းေခါင္းညိတ္ျပလိုက္တယ္။

“ သင္တို႔ႏွစ္ေယာက္ရဲ႕ ညာဘက္လက္ဝါးေတြျဖန္႔ထားၾက”

“ တင္ပါဘုရား”

သက္ခိုင္နဲ႔ ေတာက္ရလဲ ညာဖက္လက္ဖဝါးေတြကိုျဖန္႔ၿပီး အေရွ႕ကိုထိုးေပးလိုက္တဲ့အခ်ိန္ ဆရာေတာ္က သူ႔ရဲ႕ႏူးညံ့တဲ့လက္ဖဝါးႏွစ္ဖက္ကို အေပၚကေနထပ္လိုက္ၿပီး

“ ယခုအခ်ိန္ကစၿပီး သင္တို႔ႏွစ္ေယာက္ကို ဂိုဏ္းရဲ႕ပညာရပ္ေတြလက္ထပ္ေပးအပ္ခဲ့ၿပီမို႔ ခုႏွစ္ရက္သားသမီးေတြကို ကိုယ့္ရဲ႕ကိုယ္ပိုင္အစြမ္းအစနဲ႔ကယ္တင္ၾကပါ။ သင္တို႔ရဲ႕ကိုယ္ထဲမွာ အာဏာစက္တည္ေနၿပီျဖစ္လို႔ ေအာက္လမ္း၊ စုန္း၊ ကေဝ၊ ေမာက္လုံး၊ ေမာက္ျပား၊ ေဇာ္ဂနီ၊ ေဇာ္ဂနက္ေတြကို ဟိန္းေဟာက္မာန္မဲ႐ုံနဲ႔ ေအာင္ႏိုင္ၾကတဲ့သူေတြျဖစ္ခဲ့ၾကၿပီ။ ဒီအစြမ္းကိုအသုံးျပဳၿပီး ေနာင္ပြင့္မယ့္ဘုရားကိုဖူးေမွ်ာ္ႏိုင္ဖို႔ ႀကိဳးစားၾကပါ။ အခုေတာ့ သင္တို႔ဆရာေခၚတဲ့ေနာက္ကို အ႐ုဏ္မတက္ခင္ထိ လိုက္သြားၾကဦး” လို႔ေျပာကာ ေနာင္ေတာ္ႀကီးေစတီဘက္ကို ႂကြသြားခဲ့တယ္။

ေအာင္ျမတ္သာတို႔လဲ ဆရာေတာ္ႂကြသြားတဲ့ေနာက္ေက်ာကိုၾကည့္ႀကီး ထိျခင္းငါးပါးနဲ႔ကန္ေတာ့လိုက္ၾကတယ္။ ၿပီးတာနဲ႔ သက္ခိုင္နဲ႔ ေတာက္ရတို႔ ပခုံးကိုကိုင္ကာ

“ ဆရာေတာ္မိန္႔ၾကားခ်က္အရ မင္းတို႔ႏွစ္ေယာက္လုံး မဟာၿမိဳင္ေတာထဲကို ေခတၱသြားၾကရဦးမယ္”

“ မဟာၿမိဳင္ေတာထဲမွာ ကြၽန္ေတာ္တို႔ ေနရေတာ့မွာလားဆရာ”

“ မင္းတို႔ႏွစ္ေယာက္မွာ ႀကိဳးစားအားထုတ္ရမယ့္ အရာေတြက်န္ရွိေနေသးတဲ့အတြက္ လူ႔ပတ္ဝန္းက်င္ကို တစ္ေခါက္ျပန္သြားရဦးမယ္။ အဲဒီအခ်ိန္မွာ ကိုယ့္ရဲ႕ကံ၊ ဉာဏ္၊ ဝိရိယေတြကို အသုံးခ်ၿပီး မဟာၿမိဳင္ေတာထဲကိုသြားမယ့္လမ္းကို ကိုယ္တိုင္ေဖာက္ၾကပါ။ ႏွစ္ေယာက္လုံး စိတ္ေအးခ်မ္းတဲ့အရပ္ေဒသကို ေရာက္လာၾကမယ္လို႔ ယုံပါတယ္”

ေအာင္ျမတ္သာရဲ႕စကားအသြားအလာေၾကာင့္ သက္ခိုင္နဲ႔ေတာက္ရတို႔ရဲ႕ မ်က္ႏွာမွာ ဝမ္းနည္းမႈေတြအတိုင္းသားေပၚေနခဲ့ေပမယ့္ ဟန္မပ်က္ၿငိမ္သက္စြာရပ္ေနခဲ့ၾကတယ္။

“ ကဲ… အခုေတာ့ သင္တို႔အတြက္လုပ္ေပးစရာရွိေသးလို႔ က်ဳပ္ရဲ႕ အက်ႌစကို ၿမဲေနေအာင္ကိုင္ၿပီး လိုက္ခဲ့ၾက”

သက္ခိုင္နဲ႔ ေတာက္ရလဲ ေအာင္ျမတ္သာရဲ႕အက်ႌကို ကိုင္ၿပီးအေနာက္ကလိုက္သြားခဲ့ရာ ဆံေတာ္တြင္းေဘးမွာရွိတဲ့ နံရံအေရွ႕ကိုေရာက္ေတာ့

“ ႏွစ္ေယာက္လုံးရဲ႕မ်က္စိေတြကို ဖြင့္လို႔မေျပာမခ်င္းတင္းၾကပ္ေအာင္ပိတ္ထားၾကပါ” လို႔ေျပာလိုက္တဲ့အတြက္ ႏွစ္ေယာက္သားဘာမွျပန္မေျပာပဲ မ်က္လုံးေတြကိုမွိတ္ထားလိုက္ၾကတယ္။

ေရခဲတစ္မွ် ေအးစက္တဲ့ ေလရဲ႕ တိုးေဝွ႔မႈေတြကို စကၠန္႔ပိုင္းေလာက္ခံစားၿပီးတဲ့အခ်ိန္မွာေတာ့ ေက်းငွက္​ေတြရဲ႕ သာယာတဲ့ေအာ္ျမည္သံေတြကို စတင္ၾကားလိုက္ရတယ္။

“ မ်က္လုံးေတြဖြင့္လို႔ရၿပီ”

ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္နဲ႔ ေတာက္ရတို႔ မ်က္လုံးဖြင့္ၾကည့္လိုက္ရာ အရမ္းကိုလွပၿပီးစိမ္းလန္းစိုေျပေနတဲ့ ပတ္ဝန္းက်င္ကိုျမင္ေတြ႕လိုက္ရတယ္။ ဒါ့အျပင္ ျဖဴေဖြးေနတဲ့ ယုန္သူငယ္ေတြနဲ႔ ခါးေလာက္ရွိတဲ့ က်ားေတြက အခ်င္းခ်င္းရန္မမူပဲ ေျပးလႊားေဆာ့ကစားေနတာကိုလဲ ထူးဆန္းစြာျမင္လိုက္ရတယ္။

“ ထူးျခားတဲ့ ျမင္ကြင္းေၾကာင့္ အံ့ဩေနၾကတာလား”

“ ဟုတ္တယ္ဆရာ … ဒီေနရာက အရင္တစ္ေခါက္ ကြၽန္ေတာ္တို႔ေရာက္ဖူးခဲ့တဲ့ ေနရာနဲ႔လဲမတူဘူးေနာ္”

“ ဟုတ္တယ္ ဒီေနရာက ဆရာေတာ္ႀကီး တရားက်င့္ႀကံတဲ့ေနရာေလ… သူ႔ရဲ႕ေမတၱာဓါတ္ေတြေၾကာင့္ ပတ္ဝန္းက်င္မွာရွိတဲ့ သတၱဝါေတြအားလုံးရဲ႕ စိတ္သႏၲာမွာ အမုန္းတရားေတြမရွိေတာ့ဘူး”

“ ဆရာေတာ္ဘုရားရဲ႕ ေမတၱာဓါတ္က အလြန္စူးရွပါလားေနာ္… ဒါနဲ႔ေလ ဆရာ ကြၽန္ေတာ္တို႔ကို ေခၚလာတာ အေၾကာင္းတစ္ခုခုမ်ားရွိေနတာလား”

“ ဟုတ္တယ္ … သင္တို႔ႏွစ္ေယာက္က လူ႔ပတ္ဝန္းက်င္ကို ေလာကီဆရာေတြအျဖစ္နဲ႔ဝင္ၾကရေတာ့မွာမို႔ ခႏၶာကိုယ္ထဲမွာခိုေအာင္းေနတဲ့ သိဒၶိအစြမ္းေတြကို မူလျပန္ေက်ာက္စက္ေရနဲ႔ေဆးေၾကာဖို႔ ဒီကိုေခၚလာခဲ့တာပဲ”

“ မူလျပန္ေက်ာက္စက္ေရဆိုတာက ဘယ္လိုမ်ိဳးလဲဆရာ”

“ မၾကာခင္ သိရမွာမို႔ အေနာက္ကေနလိုက္လာခဲ့ၾကပါ”

ေအာင္ျမတ္သာက စကားဆုံးတာနဲ႔ ဂႏၶမာပန္းအျဖဴေတြနဲ႔ ၿခံရံထားတဲ့ ေျမနီလမ္းဘက္ကိုထြက္သြားခဲ့တယ္။ ပန္းခင္းလမ္းကိုေက်ာ္ျဖတ္ၿပီးတဲ့အခ်ိန္မွာေတာ့ ေျမႀကီးထဲကေန ထိုးထြက္ေနတဲ့ ေက်ာက္စိမ္းလႈိဏ္ဂူတစ္ခုကိုျမင္လိုက္ရတယ္။

“ ဒီလႈိဏ္ဂူက မူလျပန္ေက်ာက္စက္ေရ ရွိတဲ့ဂူပဲ… ဂူထဲကို ခြင့္ျပဳခ်က္မရပဲဝင္ခြင့္မရွိတဲ့အတြက္ သင္တို႔ႏွစ္ေယာက္လုံး အျပင္မွာေစာင့္ေနေပးပါ”

ေအာင္ျမတ္သာက သက္ခိုင္နဲ႔ ေတာက္ရကို ဂူအျပင္မွာေစာင့္ခိုင္းၿပီး အထဲကိုဝင္သြားခဲ့ရာ မိနစ္အနည္းငယ္အၾကာမွာေတာ့ သန္႔ရွင္းေနတဲ့ပိန္း႐ြက္ႏွစ္႐ြက္နဲ႔ထည့္ထားတဲ့ အစိမ္းေရာင္ေက်ာက္စက္ေရေတြပါလာခဲ့တယ္။

“ ဒီေက်ာက္စက္ေရကို ေသာက္ၿပီးရင္ေတာ့ သင္တို႔ရဲ႕ မူလျဖစ္တည္ေနတဲ့ ႐ုပ္အသြင္ကိုေျပာင္းလဲလာလိမ့္မယ္၊ ဒါေပမယ့္ ေက်ာက္စက္ေရရဲ႕အစြမ္းေၾကာင့္ ေနာက္ႏွစ္ေပါင္း သုံးဆယ္ေလာက္အထိ သင္တို႔ဖ်ားျခင္းနာျခင္းအလ်ဥ္းမရွိပဲ က်န္းမာေနလိမ့္မယ္”

“ ဆရာကေရာ ကြၽန္ေတာ္တို႔နဲ႔ ျပန္မလိုက္ခဲ့ေတာ့ဘူးလား”

“ လူဆိုတာ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္ ခြဲခြါၾကရမွာမို႔… ေရစက္က်န္ေနေသးရင္ တစ္ေနရာရာမွာ ျပန္ဆုံေတြ႕ၾကရဦးမွာ”

“ ဒါဆို ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ဒီကေနထြက္ရင္ ဘယ္ကိုသြားရမလဲဆိုတာ ေျပာေပးပါဦးဆရာ”

“ သက္ခိုင္ကိုေတာ့ ကုန္းေျမေဒသေတြနဲ႔ ေတာင္တန္းေဒသေတြဘက္မွာ အေျခခ်ေစခ်င္ၿပီး၊ ေတာက္ရကေတာ့ ကမ္း႐ိုးတန္းေဒသဘက္မွာ အေျခခ်ေစခ်င္တယ္။ အဲဒီကေန ဂိုဏ္းရဲ႕ဂုဏ္သတင္းကို ေက်ာ္ေစာေအာင္ႀကိဳးစားၿပီး ခုႏွစ္ရက္သားသမီးေတြကိုကယ္တင္ၾကပါ”

ေအာင္ျမတ္သာစကားအဆုံးမွာ သက္ခိုင္နဲ႔ ေတာက္ရတို႔ ဒူးေထာက္ထိုင္ခ်ကာ မ်က္ႏွာကိုလက္ဝါးနဲ႔အုပ္ၿပီး ရႈိက္ႀကီးတငင္ငိုေႂကြးခဲ့ၾကတယ္။ အတန္ၾကာေအာင္ ငိုျီးခ်ိန္မွာေတာ့ ႏွစ္ေယာက္လုံးရင္ထဲေပါ့သြားၿပီး

“ ဆရာတို႔ ေမွ်ာ္မွန္းထားတဲ့အတိုင္းျဖစ္ေအာင္ ႀကိဳးစားမွာပါ၊ တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္ ဒီမဟာၿမိဳင္ေတာထဲမွာ ဆရာကို ေသခ်ာေပါက္ျပန္လာေတြ႕ပါမယ္လို႔ ကတိေပးပါတယ္” လို႔ေျပာေတာ့ ေအာင္ျမတ္သာက ဝမ္းေျမာက္စြာနဲ႔ သာဓုအႀကိမ္ႀကိမ္ေခၚဆိုခဲ့တယ္။

အဲဒီအခ်ိန္ သက္ခိုင္ရဲ႕ ပ်ိဳျမစ္ေနတဲ့႐ုပ္ရည္ကေန အသက္ေျခာက္ဆယ္အ႐ြယ္ လူႀကီးတစ္ေယာက္အျဖစ္ ေျပာင္းလဲသြားခဲ့သလို ေတာက္ရကလဲ အသက္ငါးဆယ္အ႐ြယ္လူႀကီးတစ္ေယာက္အျဖစ္ေျပာင္းသြားခဲ့တယ္။

အဲဒီအခ်ိန္ က်ယ္ေလာင္တဲ့ ေမာင္းတီးသံတစ္ခ်က္ကိုၾကားလိုက္ရေတာ့ ေအာင္ျမတ္သာက

“ ခြဲခြါရမယ့္ အခ်ိန္က်ၿပီမို႔ သင္တို႔ရဲ႕အေရွ႕မွာ ျမင္ေနရတဲ့ ေျမနီလမ္းအတိုင္းသြားၾကပါ။ လမ္းဆုံေရာက္ရင္ သက္ခိုင္က ညာဘက္လမ္းကိုေ႐ြးၿပီး ေတာက္ရက ဘယ္ဘက္လမ္းကို ေ႐ြးပါ။ ႏွစ္ေယာက္လုံး ေဘးအႏၲရာယ္ကင္းကင္းနဲ႔ လူသားေတြရဲ႕အက်ိဳးကိုသယ္ပိုးႏ္ုင္ၾကပါေစ” လို႔ေျပာကာ အေနာက္ကိုလုံးဝလွည့္မၾကည့္ပဲ ခ်ာခနဲလွည့္ထြက္သြားခဲ့တယ္။

သက္ခိုင္နဲ႔ ေတာက္ရလဲ ဆရာျဖစ္သူရဲ႕ေနာက္ေက်ာကို မႈန္ဝါးေပ်ာက္ကြယ္တဲ့အထိ ၾကည့္ေနခဲ့ၾကၿပီး လုံးဝေပ်ာက္ကြယ္သြားေတာ့မွ ေျမနီလမ္းအတိုင္း ထြက္လာခဲ့လိုက္တယ္။

မဟာၿမိဳင္ေတာထဲကေနထြက္လာတဲ့ လမ္းမွာေတာ့ ပညာသင္စဥ္ဘဝကေန အခုခ်ိန္ထိ ျဖစ္ပ်က္ႀကဳံေတြ႕ခဲ့ရတဲ့ အေၾကာင္းအရာေတြက ႏွစ္ေယာက္သားရဲ႕ဦးေႏွာက္ထဲမွာ တစ္ရိပ္ရိပ္နဲ႔ျပန္ေပၚလာခဲ့ၾကတယ္။

ဒီလိုနဲ႔ ႏွစ္ေယာက္သားရဲ႕ ေျခလွမ္းေတြက ျပင္ပေလာကဆီသို႔…။
+++++++++
ေလေျပတိုက္ခတ္လို႔ လႈပ္ရွားသြားတဲ့ သစ္႐ြက္ေတြရဲ႕အသံ၊ ေက်းငွက္သာရကာတို႔ရဲ႕ ေအာ္ျမည္သံေတြမွ လြဲၿပီး တိတ္ဆိတ္ၿငိမ္သက္ေနတဲ့ မဟာၿမိဳင္ေတာရဲ႕ တစ္ေနရာမွာေတာ့ ရွည္လ်ားတဲ့မုတ္ဆိတ္က်င္စြယ္နဲ႔ လူတစ္ေယာက္က မလႈပ္မယွက္ၿငိမ္သက္စြာ တရားထိုင္ေနခဲ့တယ္။ အခ်ိန္ဘယ္ေလာက္ၾကာေအာင္ထိုင္ေနခဲ့တယ္ဆိုတာကိုမသိေပမယ့္ ေျခေထာက္ေအာက္မွာေပါက္ေနတဲ့ ျမက္ေတြကေတာ့ ရင္ေခါင္းထိေရာက္ေအာင္ရွည္လ်ားေနခဲ့တယ္။

“ တရားျဖဳတ္ဖို႔ အခ်ိန္က်လာခဲ့ၿပီ လူေလး…” ဆိုတဲ့အသံေၾကာင့္ မွိတ္ထားတဲ့မ်က္လုံးေတြကို ဖြင့္ၾကည့္လိုက္ရာ နဂါးပတ္ေတာင္ေဝွးကို ကိုင္ေဆာင္ထားတဲ့ အဖိုးအိုတစ္ေယာက္ကိုျမင္လိုက္ရတယ္။

“ ကြၽန္ေတာ္ ဒီမွာထိုင္ေနတာ အခ်ိန္ဘယ္ေလာက္ေတာင္ ၾကာသြားပီလဲအဘ”

“ လူေလး တရားထိုင္ေနတာ လူ႔သက္တမ္းနဲ႔တြက္မယ္ဆိုရင္ ႏွစ္ေပါင္းႏွစ္ဆယ္တိတိရွိခဲ့ၿပီ.. “

“ ႏွစ္ေပါင္းႏွစ္ဆယ္ဆိုတာ ဒီမွာေတာ့ ဘာမွမဟုတ္ေပမယ့္ လူ႔ေဘာင္လူ႔ေလာကမွာဆိုရင္ အေတာ္ရွည္ၾကာတဲ့ အခ်ိန္ပဲေနာ္အဘ”

“ အခ်ိန္ေတြ ကုန္တာဘယ္ေလာက္ျမန္လဲဆိုရင္ လူေလးအေနာက္ကေန တစ္ေကာက္ေကာက္လိုက္ခဲ့ဖူးတဲ့သူေတြရဲ႕ အပင္ေလးေတြေတာင္ လူတစ္ရပ္ေက်ာ္ေနေရာေပါ့”

“ ဟင္… နာမည္အတိအက်နဲ႔ေပါက္ေနတဲ့ သစ္ပင္ေတြ လူတစ္ရပ္ေက်ာ္ပီဆိုေတာ့ သူတို႔ ဒီကိုေရာက္လာၾကေတာ့မွာေပါ့”

“ ဟုတ္တယ္ လူေလး…. သူတို႔ရဲ႕ပညာက ထြက္ရပ္အဆင့္ကိုမေရာက္ေပမယ့္ ေနာင္ပြင့္မယ့္ဘုရားကို ဖူးေမွ်ာ္ရမယ့္ ႐ုကၡစိုးေတြေတာ့ျဖစ္ခြင့္ရခဲ့ၾကတယ္။ ဒါေပမယ့္ သူတို႔ ဒီကိုေရာက္တဲ့အခ်ိန္ လူေလးက လူ႔ပတ္ဝန္းက်င္ကို ဒုတိယအႀကိမ္ျပန္ဝင္ရမယ့္ေန႔ျဖစ္ေနတယ္ကြယ့္”

“ ကြၽန္ေတာ္အေနနဲ႔ ဒုတိယအႀကိမ္ျပည္ေတာ္ျပန္ဝင္ရမယ္လို႔ ေျပာခ်င္တာလား”

“ ဟုတ္တယ္ လူေလး… ဒီတစ္ခါမွာေတာ့ လူေလးအေနနဲ႔ ကိုယ့္အေပၚအယုံမၾကည္မရွိတဲ့သူေတြေရွ႕မွာဆိုရင္ လုံးဝေလးစားခ်င္စိတ္မရွိေအာင္ေပါ့ပ်က္ပ်က္ေနထိုင္ရမွာျဖစ္ၿပီး၊ ကိုယ့္အေပၚယုံၾကည္တဲ့သူေရွ႕မွာဆိုရင္ေတာ့ တည္ၿငိမ္ရင့္က်က္တဲ့ပုဂၢိဳလ္တစ္ေယာက္လိုေနထိုင္ရလိမ့္မယ္”

“ ကြၽန္ေတာ္အေပၚတာဝန္ေပးလာေတာ့လဲ အေကာင္းဆုံးလုပ္ေဆာင္ရေတာ့မွာေပါ့အဘရာ၊ ဒါနဲ႔ အခုလက္ရွိ ကြၽန္ေတာ္႐ုပ္သြင္အတိုင္းပဲ ျပည္ေတာ္ျပန္ဝင္ရမွာလားဆိုတာ ေျပာျပပါဦး”

“ လူေလးရဲ႕ မူလ႐ုပ္သြင္ကို အတတ္ႏိုင္ဆုံးဖုံးကြယ္ထားၿပီး ခုလိုပုံစံအတိုင္း လူ႔ပတ္ဝန္းက်င္ကိုျပန္ဝင္ရမွာျဖစ္တယ္။ လူေလးအေနနဲ႔ ဘာေတြလုပ္ေဆာင္ရမယ္ဆိုတာကိုေတာ့ အထက္ဆရာႀကီးေတြကိုယ္တိုင္ လမ္းၫႊန္ေပးလိမ့္မယ္”

“ ဒါဆိုရင္ ကြၽန္ေတာ္အေနနဲ႔ ဘယ္အခ်ိန္ေလာက္ စတင္ထြက္ခြါရမလဲ”

“ အခ်ိန္အခါေကာင္းကေတာ့ မနက္ျဖန္အ႐ုဏ္တက္တဲ့အခ်ိန္ပဲ…”

နဂါးပတ္ေတာင္ေဝွးကိုင္ထားတဲ့ အဖိုးအိုရဲ႕စကားအဆုံးမွာ ေအာင္ျမတ္သာ မ်က္လုံးေတြကို မွိတ္လိုက္ၿပီး သက္ျပင္းရွည္တစ္ခ်က္ကို ေလးလံစြာခ်လိုက္မိတယ္။

++++++

မနက္ အ႐ုဏ္တက္ခ်ိန္မွာေတာ့ ရွည္လ်ားေနတဲ့ ဆံပင္၊ မုတ္ဆိတ္က်င္စြယ္ေတြကို မရိတ္မသိမ္းထားတဲ့ လူတစ္ေယာက္က မဟာၿမိဳင္ေတာထဲကေန တိတ္တဆိတ္ေပ်ာက္ကြယ္ခဲ့တဲ့အခ်ိန္ ေတာထဲမွာ ေပါက္ေနတဲ့ သေျပပင္နဲ႔ ေညာင္ပင္မွာေတာ့ ဝတ္ျဖဴစင္ၾကယ္ဝတ္ထားတဲ့ အဖိုးအိုႏွစ္ဦး ႐ုတ္ခ်ည္းေပၚေပါက္လာခဲ့တယ္။

ဤေနရာမွာ ကြၽန္ေတာ္ေရးသားခဲ့တဲ့ ေအာင္ျမတ္သာဝတၱဳတိုမ်ားအတြဲ(၁)၊ အပိုင္း(၁၈၆)ပိုင္းၿပီးဆုံးခဲ့ပါတယ္။ သို႔ေပမယ့္ ေအာင္ျမတ္သာရဲ႕ဒုတိယအႀကိမ္ျပည္ေတာ္ျပန္ဝင္ရမယ့္ အေၾကာင္းတရားကဖန္လာတာေၾကာင့္ ေအာင္ျမတ္သာဝတၱဳတိုမ်ား အတြဲ(၂)ကို အပိုင္း(၁၈၇)ကေန ျပန္လည္ေရးသားျဖစ္ခဲ့ပါတယ္။ အတြဲ(၂)အစပိုင္းကစၿပီး စာဖတ္သူေတြ စိတ္ဝင္စားေစမယ့္ အေၾကာင္းအရာအျဖစ္အပ်က္မ်ားကိုထည့္သြင္းေရးသားသြားမွာျဖစ္ပါတယ္။

အတြဲ(၂)၊ အပိုင္း(၁၈၇)ရဲ႕ ေခါင္းစဥ္ကေတာ့ ေအာင္ျမတ္သာႏွင့္ ဒုတိယမႏုႆေျခလွမ္း ျဖစ္တယ္ဆိုတဲ့အေၾကာင္းႀကိဳတင္မိတ္ဆက္ေပးခဲ့ပါတယ္။

ေလးစားစြာျဖင့္
ေဇယန(ရာမည)
#မူရင္းေရးသားေသာသူမ်ားႏွင့္
စာေရးဆရာ-ေဇယန(ရာမည)အားေလးစားလ်က္ေမတၱာျဖင့္မွ်ေဝသည္။🙏🙏🙏

🔰(Like & Share ေလးနဲ႔အား ေပးသြားခဲ့ၾကပါ)🔰

No comments

Post a Comment