“ကျုပ်ဖိုးအေပြောတဲ့ ဖားရိုက်တဲ့ည´´ (စ/ဆုံး)

  “ကျုပ်ဖိုးအေပြောတဲ့ ဖားရိုက်တဲ့ည´´ (စ/ဆုံး) ———————————————– ….ဂျိန်းးးဒိန်းးဂျလိန်းးး …ဖြော….ဝေါ……. ကဆုန်လ္ဆုပ်ရက်တရက်တွင် တနေ့လုံးအဆက်မပ... thumbnail 1 summary

 “ကျုပ်ဖိုးအေပြောတဲ့ ဖားရိုက်တဲ့ည´´ (စ/ဆုံး)

———————————————–

….ဂျိန်းးးဒိန်းးဂျလိန်းးး
…ဖြော….ဝေါ…….
ကဆုန်လ္ဆုပ်ရက်တရက်တွင် တနေ့လုံးအဆက်မပျက်ရွာသောမိုးကြောင့် `မိုးကြိုးပစ်´ကွင်းကြီးအတွင်းရှိ လယ်ကွက်များအားလုံး မိုးရေများ ဘောင်းလံအောင်လျှံကုန်တော့သည်။ `မိုးကြိုးပစ်´ကွင်းကြီးရဲ့အရှေ့ဘက်မှာတော့ ပုသိမ်➳ ကြံခင်း မီးရထားလမ်းရှိပြီး ရွာရဲ့ ယာဘက်မှာ`မိုးမခ´ကျေးရွာရှိပြီး ဘယ်ဘက်မှာတော့ `မီးလောင်ကုန်း´ရွာရှိပါတယ်။ တနေ့လုံး သဲသဲမဲမဲရွာသောမိုးဟာ ညနေ၃နာရီအချိန်လောက်ကြ စဲသွားပြီး ခက်ဖွဲဖွဲသာကျနေတော့သည်။
……မီးလောင်ကုန်းရွာသား ငမောင်ဟာ မိုးအေးသောဒဏ်ကိုခုခံရင်း မီးဖိုပေါ်ကရေနွေးအိုး အမြန်ဆူစေရန်ထင်းစများထပ်တင်လိုက်သည်။ မီးအရှိန်ရလာတော့ အိမ်အဆင့်ပေါ်ပြန်ထိုင်ပြီး ဆေးတံထိတ်က ဆေးအိုးထဲမှ ဆေးချေးများကိုခါချလိုက်သည်….ထို့နောက် လှီးပြီးသားဆေးကို ဆေးအိုးထဲသို့ဖိသိတ်ထဲ့ပြီး ဒန်မီးခြစ်ဖြင့် မီးငြှိလိုက်သည်..မီးစွဲသွားတော့ ပါးများချိုင့်ဝင်သွားတဲ့အထိ မီးခိုးများကိုရှိုက်ပြီးအဆုတ်ထဲသို့သွင်းလိုက်သည်။

ဒီအချိန်မှာ….

….ဖြော…ဗြော……
..ရှဲ….ရှဲ…
..ငမောင်.
..ဟဲ့….သောက်ခွေး…
…ချစ်သိန်….
…ဖူးး..ဖူးး…ကုန်ပါပြီ…ငါ့လုံချည်တော့..
…..
…..ဟဲ့….ကာလာနာရဲ့…အသံမပေးဘာမပေးနဲ့….ခွီးမှပဲ…
…ဆေးတံကို ဇိမ်နဲ့ရှိုက်နေစဉ် အိမ်ပေါက်ဝမှ ပလီမကိုဆောင်းပြီး ရုပ်တရက်ဝင်လာသော မိုးမခရွာသား ချစ်သိန်းကြောင့် လက်ထဲမှဆေးတံလွတ်ကျပြီး ငမောင်၏ပုဆိုးပေါ် မီးပွားများကျကုန်သည်။
…..ရော်…ငမောင့်နယ်…လန့်တတ်ရန်ကောဟာ…ဒီလောက်ကြောက်တတ်ရင် မင်းမိန်းမ မော်ကြီးရဲ့ထဘီကိုဝတ်ထား….
…..ဘာကွ….ကြောက်တာမဟုပ်ဘူး…လန့်တာဟ….အိမ်ထဲဝင်ရင် အသံလေးဘာလေးပေးမှပေါ့ မသာရဲ့….
…အလိုက်ကန်းဆိုးလေးတော့ သိဦးမှပေါ့…..
..ကဲပါကြာ…..
..မင်းလန့်တတ်တာထားတော့….အခုငါလာတဲ့အကြောင်းပြောမလို့…..
…အလို….ဆိုစမ်းပါဦးဟ..ထူးထူးဆန်းဆန်း.. …
…..ခုည မင်းနဲ့ငါ အလုပ်လုပ်စရာရှိတယ်…
…ဟေ…ဘုရား..ဘုရား…..ကြားသားမိုးကြိုး….
…နားကြားများလွဲလေရော့သလား ချစ်သိန်းရယ်…မင်းလိုကောင်က အလုပ်လုပ်မယ်ဆိုတော့…မိုးကြိုးတွေတော့ ပစ်ကုန်တော့မှာပဲ….မကောင်းရာမကောင်းကြောင်းလေး လုပ်ဖို့အတွက်မှ ဟုပ်ရဲ့လားကွာ….
…အေး…ဟုပ်တယ်…..ခုည မိုးကြိုးပစ်ကွင်းထဲမှာ ဖားသွားရိုက်မလို့ မင်းကိုအဖော်လာစပ်တာ..
…ဘာ…..
…မိုးကြိုးပစ်ကွင်းမှာ…ဖားရိုက်…
…ဟေ့အေ….မလိုက်ဘူး….
…မိုးကြိုးပစ်ကွင်းတော့ တာ့တာပဲ..

…ဟာ…ဘာဖြစ်လို့လဲ ငမောင်…
….ကို့ကွင်းပဲဟာ…ဒီနေ့တနေ့လုံးရွာထားတဲ့မိုးနဲ့ဆို ခုညဖားတွေအတော်ပေါ်မှာနော်…
….အဲ့ဒါကို ငါသိတယ်ချစ်သိန်း…ငါလဲ ဖားရိုက်ဝါသနာကြီးတဲ့ကောင်ပါ…ဒါပေမဲ့…?
…ငမောင်က စကားကိုဆက်မပြောပဲတစ်ထားသဖြင့် ချစ်သိန်း စိတ်မရှည်တော့…
…ဟာကွာ…ဘာ ဒါပေမဲ့လဲ…ဆက်ပြောကွာ…..
…ဟို….ဟို…ချစ်…ချစ်တင်ကြီးကို….ကြောက်..လို့…
….ဘာ……ဟားဟားဟား
…ချစ်တင်ကြီးက သေတာဖြင့် လတောင်လဲပြီ ဘာကြောက်စရာရှိလဲ…..
…ရော်….သေလို့ကြောက်တာပေါ့ဟ…
…ဒီလူကြီးမကျွတ်ဘူးကွ….တမြန်နေ့ညနေက ဖိုးထူးတို့ညီအကို ကြွက်လိုက်ရင်း ချစ်တင်ကြီးကိုတွေ့ခဲ့တယ်…
…ဘယ်လို….
…မဟုပ်တာကွာ…ဒီကောင်တွေ ဘယ်နေရာမှာ ဘယ်လိုတွေ့ခဲ့တာလဲ…?
…အေး…ဖိုးထူး နဲ့ သာထူး တို့ညီအကိုနှစ်ယောက် တမြန်နေ့ညနေက ချစ်တင်ကြီး ရဲ့လယ်ထဲမှာ ကြွက်သွားထောင်ရင်း..လယ်တင်းကုတ်ရှေ့က ဆီးပင်မှာ ဆွဲ ကြိုးတန်းလန်းနဲ့သေနေတဲ့ ချစ်တင်ကြီးရဲ့အလောင်းကို အရင်သူသေခဲ့တုန်းကအတိုင်းပဲမြင်ခဲ့ရတယ်တဲ့…
….ဟေ….ဟုပ်ပါ့မလားကွာ..
…ဟုပ်မဟုပ်တော့မသိဘူး…အဲ့ဒီကြိုးတန်းလန်းနဲ့အလောင်းက သူတို့ကိုလက်ယက်ခေါ်လို့တဲ့… ကြွက်ကိုင်းတွေထားခဲ့ပြီးနှစ်ကောင်လုံးအော်ပြေးကြတာပဲ။
…နိုး….မဖြစ်နိုင်ဘူး….ဒီညီအကိုတွေ အသောက်ကြူးတာ မင်းလဲအသိပဲဟာ..မူးမူးရူးရူးနဲ့ မြင်ချင်ရာမြင်တာဖြစ်မှာပါ…..ပြီးတော့ ဒီမိုးကြိုးပစ်ကွင်းကြီးထဲမှာ ချစ်တင်ကြီးရဲ့လယ်တခုပဲ ဖားရှိတာမှမဟုပ်တာ တခြားလယ်မှာသွားရိုက်မယ်လေ…ရိုက်စရာလယ်တွေပေါပါတယ်ကွာ….
…ဟေ့အေကွာ…တခြားလူသွားခေါ်…ငါတော့လိုက်ချင်စိတ်မရှိဘူး ချစ်သိန်း…
…ငမောင်၏ပြတ်သားတဲ့အဖြေကြောင့် ချစ်သိန်းဟာ သူ့ရဲ့ ကွမ်းချေးတက်နေသောရှေ့သွားများကိုပေါ်တယ်ဆိုယုံလောက် မဲ့ပြုံးတချက်ပြုံးလိုက်ပြီ….
…ဟင်း..ဟင်း….
…မလိုက်လို့တော့ မရဘူး ငမောင်…
..ဟမ်…ဘာဖြစ်လို့လဲ…မင်းက ငါ့အဖေလား…ငါ့ဟာငါ လိုက်ချင်လိုက်မယ် မလိုက်ချင်မလိုက်ဘူးပေါ့ကွ…
…ဒီလိုမရဘူးလေ….
…မင်းမလိုက်ရင် ဒီကိစ္စ ကိုမင်းဖာသာရှင်းပေတော့….အားလုံး ၂ထောင်ဖိုးကျတယ်…..ဂလုတ်…ဂွက်…
…ဘာကြီးလဲ…..
…နှာဖူးစီးမီး ၂လက်လေ…
…မင်းခယ်မ ငါးစိန်းသယ်အာကျယ်မ ဆီက မင်းနာမည်နဲ့ဖားပေးဆွဲပြီးဝယ်လာတာ…….

….“ဘာကြ´´……

..ငမောင့်ပါးစပ်ထဲမှဆေးတံဟာ ဒုတိယအကြိမ်ပြုတ်ကျသွားလေသည်။

    ကျစ်….ကျစ်…..တွီ….တွီ..တွီ…
…အုံး…ဂွမ်….အုံးဂွမ်…..
…ရွှီ…..ရွှီ…….ကျီ….ပတတ်….တတ်….
…ထူထပ်သောမိုးတိမ်တွေရဲ့ အုံဆိုင်းပိတ်ဆီးထားမှုကြောင့် ကောင်းကင်တခွင် ကြယ်ရောင် လရောင်ကင်းမဲ့ချေပြီ….ပရစ်အော်သံ ဖားဂုံညှင်းအော်သံနှင့် အခြားသော ပိုးမွှားတရိစ္ဆာများ၏အော်သံဟာ တိတ်ဆိတ်နေသောည၏ပကတိအနေအထားကို ဆမ့်ကျင်လျှက်ရှိပါသည်…ဧကရာချီ၍ကျယ်ဝန်းသော မိုးကြိုးပစ်ကွင်းကြီးထဲ့သို့ အလင်းအားကောင်းသော နှာဖူးစီးမီးတလုံးစီကိုခေါင်းပေါ်တင်ပြီး ဖားရိုက်ထွက်လာသောလူ၂ဦးကတော့ ကွင်းကြီးထဲကို ချဉ်းနင်းဝင်ရောက်လာခဲ့ပါပြီ…..သူတို့နှစ်ဦးကတော့ မီးလောင်ကုန်းက ငမောင်နှင့် မိုးမခရွာသားချစ်သိန်း ဖြစ်သည်။
`ဖုတ်´
..ဟိတ်…တကောင်ရပြီကွ…ဟားဟား
..ဟမ်….မင်းရိုက်တဲ့ဖားလဲမင်းပြန်ကြည့်ဦး ငမောင်….ငါ့သားရွှေပန်းကမှ ကြီးဦးမယ်….
…ဟုပ်တော့ဟုပ်သည်…ငမောင်ရိုက်လိုက်သည့်ဖားက လက်နှစ်လုံးသာသာ ဖားလက်တတ်လေးတကောင်..
…ဟာကွာ…ကြီးကြီးသေးသေး…ဈေးဦးပေါက်ဖို့ကအရေးကြီးတယ်…
…ဟုပ်ကဲ့ ကိုငမောင်….ပြောမိတာတောင်းပန်ပါတယ်နော်…..
…အေး…သိရင်ပြီးရော…
…ချစ်သိန်းက ငေါ့လိုက်သဖြင့် ငမောင်ကပြန်ရွဲ့လိုက်သည်။ ချစ်သိန်းကိုတော့ သိပ်မကြည်ချင်ပေ…သူ့ခယ်မ အာကျယ်အကြောင်းသိလို့သာ ကြိတ်မှိတ်ပြီးလိုက်လာခဲ့ရခြင်းဖြစ်သည်။
…ချစ်သိန်းဟာ နှာဖူးစီးမီးကို ရှေ့သို့ဖြန့်ပြီးထိုးလိုက်သည်…မီးရောင်အောက်တွင်မြင်ရသော မျက်လုံးနီ မျက်လုံးစိမ်းများကိုကြည့်ပြီး စားဖားဟုပ်မဟုပ်ခွဲခြားရပေသည်…စားဖားမဟုပ်ပဲ့ မြွေဖြစ်နေရင်ပြသနာကကြီးထွားလာနိုင်ပေသည်…သို့ကြောင့် မြင်တွေ့ရသောမျက်လုံးနီများကို အဖွင့်အပိတ်ရှိမရှိသေသေချာချာကြည့်ရသည်….အဖွင့်အပိတ်ရှိလျှင် ဖားဟုယူဆနိုင်ပြီး အဖွင့်အပိတ်မရှိပါက မြွေဟုသတ်မှတ်ရပါသည်။ တခါတလေ စားဖားကြီးများဟာ လူအနားရောက်သောလဲထွက်မပြေးကြပဲဝတ်နေကြရာ နွီချေးပုံနဲ့ပင်ခက်ဆင်ဆင်တူကြသည်။
…သို့ကြောင့် အမြင်အား အတွေ့အကြုံအားကိုသုံးပြီး ရှာဖွေရိုက်နိုင်မှသာ မှန်းချက်နှင့်နှမ်းထွက်ကိုက်မည်ဖြစ်သည်။
၂နာရီခန့် ဖားရိုက်ပြီးကြသော်လဲ ဝါရင့်ဖားသမားဖြစ်တဲ့ ငမောင်နဲ့ချစ်သိန်းဟာ ပြောပလောက်အောင်မရသေးချေ..ဖားလက်တတ်လေးတွေကိုသာတွေ့ရပြီး တွင်းအောင်းဖားမကြီးများကိုမူ ၃….၄ကောင်လောက်သာရိုက်နိုင်ခဲ့သည်။
…ဂျိန်းးးဒိန်းး ဂျလိန်းး
…ဝေါ….ဖျော…..ဝှီးးး
…ဟော….မိုးရွာတော့မယ် ချစ်သိန်း…
…ပြန်ကြရင်ကောင်းမယ်….
…ဟ…ရူးနေလား ငမောင်…
..မိုးရွာမှ ဖားကြီးတွေထွက်မှာလေ….ကံကောင်းရင် ငါးရစ်အုပ်နဲ့တောင်တွေ့ချင်တွေ့မှာ…စိတ်ရှည်ရှည်ထားစမ်းပါကွာ….
….ဟူးးး
…သဘောပဲ ချစ်သိန်းရာ…

…ဝေါ…ဝေါ…..ဝှီးးးဖျော
…ဝေါ….ဝေါ….
…လေနဲ့အတူ မိုးပါရွာလာပြီး မိုးကြိုးပစ်ကွင်းကြီးတခုလုံးပွပ်လောညံသွားလေသည်။
…ဟော…တွေ့လား…ငမောင်…
…အေး…တွေ့တယ်…
..လာ….ခက်သွက်သွက်လှုတ်ရှားကြစို့…
…ဖုတ်….ကွစ်….ဖောင်း…အွမ်…..
…ဖုန်း….ကွီ…….
…မိုးရည်များကြောင့် ရေစစ်သွားသောပက်ကြားအက်ထဲမှ ဖားမကြီးများထွက်လာကြသည်….အကင်းပါးသောဖားဝိဇ္ဇာတွေမို့..ထွက်လာသမျှဖားမကြီးများကိုလက်ဆမှန်မှန်ဖြင့်မလွတ်တမ်းရိုက်ကြရာ ၁နာရီးအတွင်း ဖားအချိန်၂၀ခန့်ရလိုက်သည်..
…ဟေ…ဟေး…ငါပြောတာဟုပ်လား ငမောင်….ချစ်သိန်းဘာကောင်ဆိုတာသိပြီလား…..ဟားဟား
…အေးး..အေးးပါကွာ….
…ယုံပါပြီ ဆရာချစ်သိန်းရယ်….
..ပလိုင်းထဲလဲ ဖားတွေပြည့်နေပါပြီ ပြန်ကြစို့နော်…..
…ဘာ..ကြ..
..မင်းပါးစပ်ပိတ်စမ်းငမောင်
…..ခင်ဗျာ…
….ဖားဆိုတာ ရတုန်းရိုက်ရတာကွ….ရသလောက်ရိုက်မယ်…မသယ်နိုင်ရင် ပုဆိုးချွတ်ပြီးထုတ်မယ်….၂ခေါက်သယ်ရရင်သယ်ရပစေ…ရသလောက်ရိုက်….ကျား…ယား…
…ဖုတ်….ကွီ……ဖုန်း…ဖုန်း…
…ဂွီ….ကွစ်…..အွမ်….
….ဖုန်း…ဖောက်…..ဖုတ်…….
…မချိမဆန့်ထွက်လာသောဖားများကို လက်မလည်အောင်ရိုက်ရင်း ချစ်တင်ကြီးရဲ့လယ်ကွင်းထဲကိုရောက်မှန်းမသိရောက်လာကြသည်။

…ဖျက်….ဖျက်….ဖျက်..

…ဟ…..ဘာကြီးလဲ….

.ဟေ…..ငမောင်….ဘာတွေ့လို့လဲ….

…ဟို…..ဟိုမှာ…….
…ငမောင်လက်ညိုးထိုးပြရာသို့ ချစ်သိန်း မီးထိုးကြည့်လိုက်သည်….
…အလို….ဖား….ဖားကြီးကွ…..
…လင်ပန်းအသေးစားခန့်ရှိသော စားဖားကြီးတကောင်…လယ်ကသင်းရိုးပေါ်မှာထိုင်ပြီး သူတို့၂ယောက်ကိုစိုက်ကြည့်နေသည်။
…ကြီးလိုက်တဲ့ဖားကြီး…ဒီကောင်ကြီးကိုရရင်ပြန်ကြမယ်…..

…ချစ်သိန်း…
…ဘာလဲ ငမောင်…
..မဟုပ်သေးဘူးနော်….ငါတောမထင်ဘူး…
…ဟေ….မင်းကဘာပြောချင်တာလဲ..
..အဲ့ဖားကို မသင်္ကာဘူး…ဖားသရဲဖြစ်လောက်တယ်နော်…
…ဘာ…ခြီးခြီ….ဟိဟိ…
…ဖားသရဲ…ဟုပ်လားငမောင်…
…ဟုပ်တယ်ချစ်သိန်း….
…ဖြစ်မှဖြစ်ရလေကွာ…ဖားမှာသရဲ ရယ်ရှိလို့လား…
..ကြည့်နေ…မင်းပြောတဲ့ဖားသရဲကိုရအောင်ရိုက်ပြမယ်….မီးသာထိုးပေးထား..
…ဟာ…ချစ်သိန်း…
…ငမောင်လှန်းအော်သော်လဲ ချစ်သိန်းကဂရုမစိုက်….ဖားကြီးရှိရာ လယ်ကသင်းဆီသို့ဒုံးစိုင်းပြီးပြေးသွားသည်…
…ဟာ….ချစ်သိန်း….
…မသွားနဲ့….ပြန်လာခဲ့……
…ငမောင်ဟာ ဖားကြီးရှိရာကိုမီးထိုးပြနေစဉ်မှာပဲ ပါးစပ်ဖြဲပြလိုက်သောဖားကြီးရဲ့ပါးစပ်အတွင်းမှ အစွယ်ဝါကြီး၂ချောင်းကိုမြင်လိုက်ရသဖြင့် မျက်လုံးပြူးသွားသည်။ မြင်မြင်ခြင်း ချစ်သိန်းကိုလှန်းပြီးသတိပေးသော်လဲ ဖားဇောကပ်ပြီးလောဘဇောတိုက်နေသောချစ်သိန်းက ဖားကြီးကိုနွားကြိမ်ဖြင့်တအားရိုက်ချလိုက်ပါပြီ…
…ကဲကြာ…
..ဘုန်း….ဂွမ်…..
..ဖုန်း….ဂွီ….
…ဟာ…ဘာဖြစ်တာလဲ…..
…ချစ်သိန်း တချက်ရိုက်လိုက်တိုင်း ဖားကြီးဟာ ချစ်သိန်းထင်သလို ပက်လက်လန်မသွားပဲ ကြီး ကြီးလာလေသည်။
….ချစ်သိန်းကလဲ အရမ်းခေါင်းမာသူဖြစ်သဖြင့်….နောင်ပြန်မလှည့်ပဲ ကြိမ်လုံးကိုလက်နှစ်ဘက်ဖြင့်စုံကိုင်ပြီး ဖားကြီးရဲ့ခေါင်းကိုတအားရိုက်ချလိုက်လေသည်…..
…တောက်….
..ဒီလောက်တောင် အသက်ပြင်းတဲ့ဖား..
…သေပေတော့….
…ကျားး
…ဖုန်းးးဗြောင်းးး
…ဟာ…..
…စုံကိုပြီးရိုက်လိုက်သော ချစ်သိန်းလက်ထဲမှ နွားကြိမ်ကြီး ထက်ပိုင်းကျိုးသွားလေသည်….သို့သော ဖားကြီးကတော့ ဘာမှထူးထူးခြားခြားထိခိုက်မသွားပဲ ချစ်သိန်း၏ ခါးစောင်းခန့်အထိကြီး၍လာလေသည်။
အွမ်….ဂွမ်…..ဂါးးး
…ဟာ….အမလေး…….
…ချစ်သိန်း…..
…ပြေးးပြေးးး
…ငမောင်လှန်းပြီးသတိပေးသောလဲ လေးလက်ကုန်းပြီးထလာသောဖားကြီးကိုကြည့်ပြီး ချစ်သိန်းတယောက် အံအားသင့်ပြီးရပ်ကြည့်နေသည်။
…ဟေ့ကောက်….ချစ်သိန်း…ဘာလုပ်နေတာလဲ..အဲ့ဒါ…မင်းအမေ့လင်မှတ်လို့လား….
…ဟာ…အမလေး….
…ထိုအခါမှ သတိဝင်လာပြီး ချစ်သိန်းပြေးဘို့ကြိုးစားလေသည်…သို့သော်…ချစ်သိန်းလှည့်ပြေးဘို့ပြင်လိုက်စဉ်မှာပဲ ..
…ဂွီးးအွန်….ဂွမ်
…အားးး
…လေးဘက်ကုန်းထလာသောဖားကြီးဟာ ချစ်သိန်းကိုခုန်အုပ်လိုက်ပြီး နပန်းသက်လေတော့သည်…
…..ဖုတ်….ဖုန်း….ဗြိ…..
…အူးးကျားး…ကဲကွာ….
…ဂွီးးအွန် ဂါးးး
..ချစ်သိန်းကလဲမခေလှ….လက်ထဲမှာကျန်ခဲ့သော နွားကြိမ်အကျိုးဖြင့် ဖားကြီးရဲ့မျက်လုံးတဘက်ကိုထိုးဖောက်လိုက်သည်……
…ဖားကြီးကလဲ မျက်လုံးတဘက်ပေါက်သွားသော်လဲ အလျှော့မပေးပဲ ချစ်သိန်းကို နပန်းဖိလုံးသည်…ကြာလာတော့ ချစ်သိန်းလက်ပန်းကျလာပြီး ဇောချွေးပြန်လာလေသည်။ ခက်လှန်းလှန်းကကြည့်နေသောငမောင်လဲ မနေသာတော့ပဲ ပြေးလာပြီး ဖားကြီးအောက်မှချစ်သိန်းကိုဆွဲထုတ်လိုက်သည်။
…အီးးဟီးးး
…ချစ်သိန်း….ရုန်း…ရုန်းထွက်စမ်း….
…ကျားးယားးး
..ဗျော…ဖရော…….လွတ်ပြီ….
..ဝုန်း…ဗွမ်းးး
…လှည့်မကြည့်နဲ့ချစ်သိန်း….ပြေးကြစို့..
..ဝေါ…ဗြော….ဗွမ်း…..

..ဟားဟားဟား
…ပြေးပြီလားကွ……ငကြောက်တွေ…..
….အူးးစျ ဝူးးး ဟားးး

ဟိုက်….
အလို…..
…ဘယ်သူလဲဟ……
…နောက်မှ လှန်းအော်ပြီးရယ်လိုက်သောအသံကြောင့် ချစ်သိန်းရော ငမောင်ပါအံအားသင့်ပြီး နောက်မှာကျန်ခဲ့တဲ့ ဖားကြီးကိုပြန်လှည့်ကြည့်လိုက်ကြသည်……ဟာ
……ဟင်……အမလေး……
…လေးဘက်ကုန်းနေသောဖားကြီးဟာ မီးရောင်အောက်တွင် တဖြေးဖြေးကုန်းထပြီးမတ်တတ်ရပ်လိုက်သည်…ထို့နောက် ဖားအသွင်မှတဖြေးဖြေးလူအသွင်သို့ပြောင်းသွားသည်….စစ်အင်္ကျီကျောပြဲကြီးကိုဝတ်ပြီး သူတို့နှစ်ဦးကိုခါးထောက်ကြည့်နေသောလူကြီးတယောက်…..သူ့ပါးစပ်ကြီးဟာ တထွာခန့်ပြဲနေပြီး ထိုပါးစပ်ပြဲကြီးထဲမှာတထောင်ခန့်ထွက်ကျနေသော လျှာနီနီကြီးကတော့ သွေးစိန်းရှင်ရှင်ပန်းထွက်လျှက်ရှိသည်။
…ဟာ
….အမလေး….
…ဒါ…..ဒါ………

…“ချစ်….ချစ်တင်ကြီး´´
….
….အား……ကြောက်ပါပြီဗျ……
….ဗြော…ဖရော…..ဖြော….ဝုန်း…ဗွမ်းး

…ငမောင်နှင့်ချစ်သိန်းဟာ တယောက်မျက်နှာတယောက်ကြည့်၍ အသံနက်ကြီးဖြင့်ပြိုင်တူအော်လိုက်ကြပြီး…..ရွာဘက်သို့ သုတ်ခြေတင်ကာ အော်ပြေးကုန်ကြလေတော့သတည်း။
×××
×××××××××××××××××××××

(မှတ်ချက်…ထိုအကြောင်းကိုပြောပြတဲ့ ကျွန်တော့အဖိုးချစ်သိန်းဟာ လွန်ခဲ့သောတလလောက်က ဦးနှောက်သွေးကြောပြတ်ပြီးကွယ်လွန်သွားခဲ့ပါပြီ အဖိုးရဲ့သူငယ်ချင်း ဘကြီးငမောင်ကတော့ ယခုအချိန်အထိ သက်ရှိထင်ရှားရှိနေဆဲ့ပါ….)

(ပြိီပါပြီ)

                  မောင်ဂေါ်လီ(ဟင်္သာတ)
#လေးစားစွာcreditပေးပါသည်


“က်ဳပ္ဖိုးေအေျပာတဲ့ ဖား႐ိုက္တဲ့ည´´ (စ/ဆုံး)

———————————————–


….ဂ်ိန္းးးဒိန္းးဂ်လိန္းးး

…ေျဖာ….ေဝါ…….

ကဆုန္လၦဳပ္ရက္တရက္တြင္ တေန႔လုံးအဆက္မပ်က္႐ြာေသာမိုးေၾကာင့္ `မိုးႀကိဳးပစ္´ကြင္းႀကီးအတြင္းရွိ လယ္ကြက္မ်ားအားလုံး မိုးေရမ်ား ေဘာင္းလံေအာင္လွ်ံကုန္ေတာ့သည္။ `မိုးႀကိဳးပစ္´ကြင္းႀကီးရဲ႕အေရွ႕ဘက္မွာေတာ့ ပုသိမ္➳ ႀကံခင္း မီးရထားလမ္းရွိၿပီး ႐ြာရဲ႕ ယာဘက္မွာ`မိုးမခ´ေက်း႐ြာရွိၿပီး ဘယ္ဘက္မွာေတာ့ `မီးေလာင္ကုန္း´႐ြာရွိပါတယ္။ တေန႔လုံး သဲသဲမဲမဲ႐ြာေသာမိုးဟာ ညေန၃နာရီအခ်ိန္ေလာက္ၾက စဲသြားၿပီး ခက္ဖြဲဖြဲသာက်ေနေတာ့သည္။

……မီးေလာင္ကုန္း႐ြာသား ငေမာင္ဟာ မိုးေအးေသာဒဏ္ကိုခုခံရင္း မီးဖိုေပၚကေရေႏြးအိုး အျမန္ဆူေစရန္ထင္းစမ်ားထပ္တင္လိုက္သည္။ မီးအရွိန္ရလာေတာ့ အိမ္အဆင့္ေပၚျပန္ထိုင္ၿပီး ေဆးတံထိတ္က ေဆးအိုးထဲမွ ေဆးေခ်းမ်ားကိုခါခ်လိုက္သည္….ထို႔ေနာက္ လွီးၿပီးသားေဆးကို ေဆးအိုးထဲသို႔ဖိသိတ္ထဲ့ၿပီး ဒန္မီးျခစ္ျဖင့္ မီးျငႇိလိုက္သည္..မီးစြဲသြားေတာ့ ပါးမ်ားခ်ိဳင့္ဝင္သြားတဲ့အထိ မီးခိုးမ်ားကိုရႈိက္ၿပီးအဆုတ္ထဲသို႔သြင္းလိုက္သည္။


ဒီအခ်ိန္မွာ….


….ေျဖာ…ေျဗာ……

..ရွဲ….ရွဲ…

..ငေမာင္.

..ဟဲ့….ေသာက္ေခြး…

…ခ်စ္သိန္….

…ဖူးး..ဖူးး…ကုန္ပါၿပီ…ငါ့လုံခ်ည္ေတာ့..

…..

…..ဟဲ့….ကာလာနာရဲ႕…အသံမေပးဘာမေပးနဲ႔….ခြီးမွပဲ…

…ေဆးတံကို ဇိမ္နဲ႔ရႈိက္ေနစဥ္ အိမ္ေပါက္ဝမွ ပလီမကိုေဆာင္းၿပီး ႐ုပ္တရက္ဝင္လာေသာ မိုးမခ႐ြာသား ခ်စ္သိန္းေၾကာင့္ လက္ထဲမွေဆးတံလြတ္က်ၿပီး ငေမာင္၏ပုဆိုးေပၚ မီးပြားမ်ားက်ကုန္သည္။

…..ေရာ္…ငေမာင့္နယ္…လန္႔တတ္ရန္ေကာဟာ…ဒီေလာက္ေၾကာက္တတ္ရင္ မင္းမိန္းမ ေမာ္ႀကီးရဲ႕ထဘီကိုဝတ္ထား….

…..ဘာကြ….ေၾကာက္တာမဟုပ္ဘူး…လန္႔တာဟ….အိမ္ထဲဝင္ရင္ အသံေလးဘာေလးေပးမွေပါ့ မသာရဲ႕….

…အလိုက္ကန္းဆိုးေလးေတာ့ သိဦးမွေပါ့…..

..ကဲပါၾကာ…..

..မင္းလန္႔တတ္တာထားေတာ့….အခုငါလာတဲ့အေၾကာင္းေျပာမလို႔…..

…အလို….ဆိုစမ္းပါဦးဟ..ထူးထူးဆန္းဆန္း.. …

…..ခုည မင္းနဲ႔ငါ အလုပ္လုပ္စရာရွိတယ္…

…ေဟ…ဘုရား..ဘုရား…..ၾကားသားမိုးႀကိဳး….

…နားၾကားမ်ားလြဲေလေရာ့သလား ခ်စ္သိန္းရယ္…မင္းလိုေကာင္က အလုပ္လုပ္မယ္ဆိုေတာ့…မိုးႀကိဳးေတြေတာ့ ပစ္ကုန္ေတာ့မွာပဲ….မေကာင္းရာမေကာင္းေၾကာင္းေလး လုပ္ဖို႔အတြက္မွ ဟုပ္ရဲ႕လားကြာ….

…ေအး…ဟုပ္တယ္…..ခုည မိုးႀကိဳးပစ္ကြင္းထဲမွာ ဖားသြား႐ိုက္မလို႔ မင္းကိုအေဖာ္လာစပ္တာ..

…ဘာ…..

…မိုးႀကိဳးပစ္ကြင္းမွာ…ဖား႐ိုက္…

…ေဟ့ေအ….မလိုက္ဘူး….

…မိုးႀကိဳးပစ္ကြင္းေတာ့ တာ့တာပဲ..


…ဟာ…ဘာျဖစ္လို႔လဲ ငေမာင္…

….ကို႔ကြင္းပဲဟာ…ဒီေန႔တေန႔လုံး႐ြာထားတဲ့မိုးနဲ႔ဆို ခုညဖားေတြအေတာ္ေပၚမွာေနာ္…

….အဲ့ဒါကို ငါသိတယ္ခ်စ္သိန္း…ငါလဲ ဖား႐ိုက္ဝါသနာႀကီးတဲ့ေကာင္ပါ…ဒါေပမဲ့…?

…ငေမာင္က စကားကိုဆက္မေျပာပဲတစ္ထားသျဖင့္ ခ်စ္သိန္း စိတ္မရွည္ေတာ့…

…ဟာကြာ…ဘာ ဒါေပမဲ့လဲ…ဆက္ေျပာကြာ…..

…ဟို….ဟို…ခ်စ္…ခ်စ္တင္ႀကီးကို….ေၾကာက္..လို႔…

….ဘာ……ဟားဟားဟား

…ခ်စ္တင္ႀကီးက ေသတာျဖင့္ လေတာင္လဲၿပီ ဘာေၾကာက္စရာရွိလဲ…..

…ေရာ္….ေသလို႔ေၾကာက္တာေပါ့ဟ…

…ဒီလူႀကီးမကြၽတ္ဘူးကြ….တျမန္ေန႔ညေနက ဖိုးထူးတို႔ညီအကို ႂကြက္လိုက္ရင္း ခ်စ္တင္ႀကီးကိုေတြ႕ခဲ့တယ္…

…ဘယ္လို….

…မဟုပ္တာကြာ…ဒီေကာင္ေတြ ဘယ္ေနရာမွာ ဘယ္လိုေတြ႕ခဲ့တာလဲ…?

…ေအး…ဖိုးထူး နဲ႔ သာထူး တို႔ညီအကိုႏွစ္ေယာက္ တျမန္ေန႔ညေနက ခ်စ္တင္ႀကီး ရဲ႕လယ္ထဲမွာ ႂကြက္သြားေထာင္ရင္း..လယ္တင္းကုတ္ေရွ႕က ဆီးပင္မွာ ဆြဲ ႀကိဳးတန္းလန္းနဲ႔ေသေနတဲ့ ခ်စ္တင္ႀကီးရဲ႕အေလာင္းကို အရင္သူေသခဲ့တုန္းကအတိုင္းပဲျမင္ခဲ့ရတယ္တဲ့…

….ေဟ….ဟုပ္ပါ့မလားကြာ..

…ဟုပ္မဟုပ္ေတာ့မသိဘူး…အဲ့ဒီႀကိဳးတန္းလန္းနဲ႔အေလာင္းက သူတို႔ကိုလက္ယက္ေခၚလို႔တဲ့… ႂကြက္ကိုင္းေတြထားခဲ့ၿပီးႏွစ္ေကာင္လုံးေအာ္ေျပးၾကတာပဲ။

…ႏိုး….မျဖစ္ႏိုင္ဘူး….ဒီညီအကိုေတြ အေသာက္ၾကဴးတာ မင္းလဲအသိပဲဟာ..မူးမူး႐ူး႐ူးနဲ႔ ျမင္ခ်င္ရာျမင္တာျဖစ္မွာပါ…..ၿပီးေတာ့ ဒီမိုးႀကိဳးပစ္ကြင္းႀကီးထဲမွာ ခ်စ္တင္ႀကီးရဲ႕လယ္တခုပဲ ဖားရွိတာမွမဟုပ္တာ တျခားလယ္မွာသြား႐ိုက္မယ္ေလ…႐ိုက္စရာလယ္ေတြေပါပါတယ္ကြာ….

…ေဟ့ေအကြာ…တျခားလူသြားေခၚ…ငါေတာ့လိုက္ခ်င္စိတ္မရွိဘူး ခ်စ္သိန္း…

…ငေမာင္၏ျပတ္သားတဲ့အေျဖေၾကာင့္ ခ်စ္သိန္းဟာ သူ႔ရဲ႕ ကြမ္းေခ်းတက္ေနေသာေရွ႕သြားမ်ားကိုေပၚတယ္ဆိုယုံေလာက္ မဲ့ၿပဳံးတခ်က္ၿပဳံးလိုက္ၿပီ….

…ဟင္း..ဟင္း….

…မလိုက္လို႔ေတာ့ မရဘူး ငေမာင္…

..ဟမ္…ဘာျဖစ္လို႔လဲ…မင္းက ငါ့အေဖလား…ငါ့ဟာငါ လိုက္ခ်င္လိုက္မယ္ မလိုက္ခ်င္မလိုက္ဘူးေပါ့ကြ…

…ဒီလိုမရဘူးေလ….

…မင္းမလိုက္ရင္ ဒီကိစၥ ကိုမင္းဖာသာရွင္းေပေတာ့….အားလုံး ၂ေထာင္ဖိုးက်တယ္…..ဂလုတ္…ဂြက္…

…ဘာႀကီးလဲ…..

…ႏွာဖူးစီးမီး ၂လက္ေလ…

…မင္းခယ္မ ငါးစိန္းသယ္အာက်ယ္မ ဆီက မင္းနာမည္နဲ႔ဖားေပးဆြဲၿပီးဝယ္လာတာ…….


….“ဘာၾက´´……


..ငေမာင့္ပါးစပ္ထဲမွေဆးတံဟာ ဒုတိယအႀကိမ္ျပဳတ္က်သြားေလသည္။


    က်စ္….က်စ္…..တြီ….တြီ..တြီ…

…အုံး…ဂြမ္….အုံးဂြမ္…..

…႐ႊီ…..႐ႊီ…….က်ီ….ပတတ္….တတ္….

…ထူထပ္ေသာမိုးတိမ္ေတြရဲ႕ အုံဆိုင္းပိတ္ဆီးထားမႈေၾကာင့္ ေကာင္းကင္တခြင္ ၾကယ္ေရာင္ လေရာင္ကင္းမဲ့ေခ်ၿပီ….ပရစ္ေအာ္သံ ဖားဂုံညႇင္းေအာ္သံႏွင့္ အျခားေသာ ပိုးမႊားတရိစာၦမ်ား၏ေအာ္သံဟာ တိတ္ဆိတ္ေနေသာည၏ပကတိအေနအထားကို ဆမ့္က်င္လွ်က္ရွိပါသည္…ဧကရာခ်ီ၍က်ယ္ဝန္းေသာ မိုးႀကိဳးပစ္ကြင္းႀကီးထဲ့သို႔ အလင္းအားေကာင္းေသာ ႏွာဖူးစီးမီးတလုံးစီကိုေခါင္းေပၚတင္ၿပီး ဖား႐ိုက္ထြက္လာေသာလူ၂ဦးကေတာ့ ကြင္းႀကီးထဲကို ခ်ဥ္းနင္းဝင္ေရာက္လာခဲ့ပါၿပီ…..သူတို႔ႏွစ္ဦးကေတာ့ မီးေလာင္ကုန္းက ငေမာင္ႏွင့္ မိုးမခ႐ြာသားခ်စ္သိန္း ျဖစ္သည္။

`ဖုတ္´

..ဟိတ္…တေကာင္ရၿပီကြ…ဟားဟား

..ဟမ္….မင္း႐ိုက္တဲ့ဖားလဲမင္းျပန္ၾကည့္ဦး ငေမာင္….ငါ့သားေ႐ႊပန္းကမွ ႀကီးဦးမယ္….

…ဟုပ္ေတာ့ဟုပ္သည္…ငေမာင္႐ိုက္လိုက္သည့္ဖားက လက္ႏွစ္လုံးသာသာ ဖားလက္တတ္ေလးတေကာင္..

…ဟာကြာ…ႀကီးႀကီးေသးေသး…ေဈးဦးေပါက္ဖို႔ကအေရးႀကီးတယ္…

…ဟုပ္ကဲ့ ကိုငေမာင္….ေျပာမိတာေတာင္းပန္ပါတယ္ေနာ္…..

…ေအး…သိရင္ၿပီးေရာ…

…ခ်စ္သိန္းက ေငါ့လိုက္သျဖင့္ ငေမာင္ကျပန္႐ြဲ႕လိုက္သည္။ ခ်စ္သိန္းကိုေတာ့ သိပ္မၾကည္ခ်င္ေပ…သူ႔ခယ္မ အာက်ယ္အေၾကာင္းသိလို႔သာ ႀကိတ္မွိတ္ၿပီးလိုက္လာခဲ့ရျခင္းျဖစ္သည္။

…ခ်စ္သိန္းဟာ ႏွာဖူးစီးမီးကို ေရွ႕သို႔ျဖန္႔ၿပီးထိုးလိုက္သည္…မီးေရာင္ေအာက္တြင္ျမင္ရေသာ မ်က္လုံးနီ မ်က္လုံးစိမ္းမ်ားကိုၾကည့္ၿပီး စားဖားဟုပ္မဟုပ္ခြဲျခားရေပသည္…စားဖားမဟုပ္ပဲ့ ေႁမြျဖစ္ေနရင္ျပသနာကႀကီးထြားလာႏိုင္ေပသည္…သို႔ေၾကာင့္ ျမင္ေတြ႕ရေသာမ်က္လုံးနီမ်ားကို အဖြင့္အပိတ္ရွိမရွိေသေသခ်ာခ်ာၾကည့္ရသည္….အဖြင့္အပိတ္ရွိလွ်င္ ဖားဟုယူဆႏိုင္ၿပီး အဖြင့္အပိတ္မရွိပါက ေႁမြဟုသတ္မွတ္ရပါသည္။ တခါတေလ စားဖားႀကီးမ်ားဟာ လူအနားေရာက္ေသာလဲထြက္မေျပးၾကပဲဝတ္ေနၾကရာ ႏြီေခ်းပုံနဲ႔ပင္ခက္ဆင္ဆင္တူၾကသည္။

…သို႔ေၾကာင့္ အျမင္အား အေတြ႕အႀကဳံအားကိုသုံးၿပီး ရွာေဖြ႐ိုက္ႏိုင္မွသာ မွန္းခ်က္ႏွင့္ႏွမ္းထြက္ကိုက္မည္ျဖစ္သည္။

၂နာရီခန္႔ ဖား႐ိုက္ၿပီးၾကေသာ္လဲ ဝါရင့္ဖားသမားျဖစ္တဲ့ ငေမာင္နဲ႔ခ်စ္သိန္းဟာ ေျပာပေလာက္ေအာင္မရေသးေခ်..ဖားလက္တတ္ေလးေတြကိုသာေတြ႕ရၿပီး တြင္းေအာင္းဖားမႀကီးမ်ားကိုမူ ၃….၄ေကာင္ေလာက္သာ႐ိုက္ႏိုင္ခဲ့သည္။

…ဂ်ိန္းးးဒိန္းး ဂ်လိန္းး

…ေဝါ….ေဖ်ာ…..ဝွီးးး

…ေဟာ….မိုး႐ြာေတာ့မယ္ ခ်စ္သိန္း…

…ျပန္ၾကရင္ေကာင္းမယ္….

…ဟ…႐ူးေနလား ငေမာင္…

..မိုး႐ြာမွ ဖားႀကီးေတြထြက္မွာေလ….ကံေကာင္းရင္ ငါးရစ္အုပ္နဲ႔ေတာင္ေတြ႕ခ်င္ေတြ႕မွာ…စိတ္ရွည္ရွည္ထားစမ္းပါကြာ….

….ဟူးးး

…သေဘာပဲ ခ်စ္သိန္းရာ…


…ေဝါ…ေဝါ…..ဝွီးးးေဖ်ာ

…ေဝါ….ေဝါ….

…ေလနဲ႔အတူ မိုးပါ႐ြာလာၿပီး မိုးႀကိဳးပစ္ကြင္းႀကီးတခုလုံးပြပ္ေလာညံသြားေလသည္။

…ေဟာ…ေတြ႕လား…ငေမာင္…

…ေအး…ေတြ႕တယ္…

..လာ….ခက္သြက္သြက္လႈတ္ရွားၾကစို႔…

…ဖုတ္….ကြစ္….ေဖာင္း…အြမ္…..

…ဖုန္း….ကြီ…….

…မိုးရည္မ်ားေၾကာင့္ ေရစစ္သြားေသာပက္ၾကားအက္ထဲမွ ဖားမႀကီးမ်ားထြက္လာၾကသည္….အကင္းပါးေသာဖားဝိဇၨာေတြမို႔..ထြက္လာသမွ်ဖားမႀကီးမ်ားကိုလက္ဆမွန္မွန္ျဖင့္မလြတ္တမ္း႐ိုက္ၾကရာ ၁နာရီးအတြင္း ဖားအခ်ိန္၂၀ခန္႔ရလိုက္သည္..

…ေဟ…ေဟး…ငါေျပာတာဟုပ္လား ငေမာင္….ခ်စ္သိန္းဘာေကာင္ဆိုတာသိၿပီလား…..ဟားဟား

…ေအးး..ေအးးပါကြာ….

…ယုံပါၿပီ ဆရာခ်စ္သိန္းရယ္….

..ပလိုင္းထဲလဲ ဖားေတြျပည့္ေနပါၿပီ ျပန္ၾကစို႔ေနာ္…..

…ဘာ..ၾက..

..မင္းပါးစပ္ပိတ္စမ္းငေမာင္

…..ခင္ဗ်ာ…

….ဖားဆိုတာ ရတုန္း႐ိုက္ရတာကြ….ရသေလာက္႐ိုက္မယ္…မသယ္ႏိုင္ရင္ ပုဆိုးခြၽတ္ၿပီးထုတ္မယ္….၂ေခါက္သယ္ရရင္သယ္ရပေစ…ရသေလာက္႐ိုက္….က်ား…ယား…

…ဖုတ္….ကြီ……ဖုန္း…ဖုန္း…

…ဂြီ….ကြစ္…..အြမ္….

….ဖုန္း…ေဖာက္…..ဖုတ္…….

…မခ်ိမဆန္႔ထြက္လာေသာဖားမ်ားကို လက္မလည္ေအာင္႐ိုက္ရင္း ခ်စ္တင္ႀကီးရဲ႕လယ္ကြင္းထဲကိုေရာက္မွန္းမသိေရာက္လာၾကသည္။


…ဖ်က္….ဖ်က္….ဖ်က္..


…ဟ…..ဘာႀကီးလဲ….


.ေဟ…..ငေမာင္….ဘာေတြ႕လို႔လဲ….


…ဟို…..ဟိုမွာ…….

…ငေမာင္လက္ညိဳးထိုးျပရာသို႔ ခ်စ္သိန္း မီးထိုးၾကည့္လိုက္သည္….

…အလို….ဖား….ဖားႀကီးကြ…..

…လင္ပန္းအေသးစားခန္႔ရွိေသာ စားဖားႀကီးတေကာင္…လယ္ကသင္း႐ိုးေပၚမွာထိုင္ၿပီး သူတို႔၂ေယာက္ကိုစိုက္ၾကည့္ေနသည္။

…ႀကီးလိုက္တဲ့ဖားႀကီး…ဒီေကာင္ႀကီးကိုရရင္ျပန္ၾကမယ္…..


…ခ်စ္သိန္း…

…ဘာလဲ ငေမာင္…

..မဟုပ္ေသးဘူးေနာ္….ငါေတာမထင္ဘူး…

…ေဟ….မင္းကဘာေျပာခ်င္တာလဲ..

..အဲ့ဖားကို မသကၤာဘူး…ဖားသရဲျဖစ္ေလာက္တယ္ေနာ္…

…ဘာ…ၿခီးၿခီ….ဟိဟိ…

…ဖားသရဲ…ဟုပ္လားငေမာင္…

…ဟုပ္တယ္ခ်စ္သိန္း….

…ျဖစ္မွျဖစ္ရေလကြာ…ဖားမွာသရဲ ရယ္ရွိလို႔လား…

..ၾကည့္ေန…မင္းေျပာတဲ့ဖားသရဲကိုရေအာင္႐ိုက္ျပမယ္….မီးသာထိုးေပးထား..

…ဟာ…ခ်စ္သိန္း…

…ငေမာင္လွန္းေအာ္ေသာ္လဲ ခ်စ္သိန္းကဂ႐ုမစိုက္….ဖားႀကီးရွိရာ လယ္ကသင္းဆီသို႔ဒုံးစိုင္းၿပီးေျပးသြားသည္…

…ဟာ….ခ်စ္သိန္း….

…မသြားနဲ႔….ျပန္လာခဲ့……

…ငေမာင္ဟာ ဖားႀကီးရွိရာကိုမီးထိုးျပေနစဥ္မွာပဲ ပါးစပ္ၿဖဲျပလိုက္ေသာဖားႀကီးရဲ႕ပါးစပ္အတြင္းမွ အစြယ္ဝါႀကီး၂ေခ်ာင္းကိုျမင္လိုက္ရသျဖင့္ မ်က္လုံးျပဴးသြားသည္။ ျမင္ျမင္ျခင္း ခ်စ္သိန္းကိုလွန္းၿပီးသတိေပးေသာ္လဲ ဖားေဇာကပ္ၿပီးေလာဘေဇာတိုက္ေနေသာခ်စ္သိန္းက ဖားႀကီးကိုႏြားႀကိမ္ျဖင့္တအား႐ိုက္ခ်လိုက္ပါၿပီ…

…ကဲၾကာ…

..ဘုန္း….ဂြမ္…..

..ဖုန္း….ဂြီ….

…ဟာ…ဘာျဖစ္တာလဲ…..

…ခ်စ္သိန္း တခ်က္႐ိုက္လိုက္တိုင္း ဖားႀကီးဟာ ခ်စ္သိန္းထင္သလို ပက္လက္လန္မသြားပဲ ႀကီး ႀကီးလာေလသည္။

….ခ်စ္သိန္းကလဲ အရမ္းေခါင္းမာသူျဖစ္သျဖင့္….ေနာင္ျပန္မလွည့္ပဲ ႀကိမ္လုံးကိုလက္ႏွစ္ဘက္ျဖင့္စုံကိုင္ၿပီး ဖားႀကီးရဲ႕ေခါင္းကိုတအား႐ိုက္ခ်လိုက္ေလသည္…..

…ေတာက္….

..ဒီေလာက္ေတာင္ အသက္ျပင္းတဲ့ဖား..

…ေသေပေတာ့….

…က်ားး

…ဖုန္းးးေျဗာင္းးး

…ဟာ…..

…စုံကိုၿပီး႐ိုက္လိုက္ေသာ ခ်စ္သိန္းလက္ထဲမွ ႏြားႀကိမ္ႀကီး ထက္ပိုင္းက်ိဳးသြားေလသည္….သို႔ေသာ ဖားႀကီးကေတာ့ ဘာမွထူးထူးျခားျခားထိခိုက္မသြားပဲ ခ်စ္သိန္း၏ ခါးေစာင္းခန္႔အထိႀကီး၍လာေလသည္။

အြမ္….ဂြမ္…..ဂါးးး

…ဟာ….အမေလး…….

…ခ်စ္သိန္း…..

…ေျပးးေျပးးး

…ငေမာင္လွန္းၿပီးသတိေပးေသာလဲ ေလးလက္ကုန္းၿပီးထလာေသာဖားႀကီးကိုၾကည့္ၿပီး ခ်စ္သိန္းတေယာက္ အံအားသင့္ၿပီးရပ္ၾကည့္ေနသည္။

…ေဟ့ေကာက္….ခ်စ္သိန္း…ဘာလုပ္ေနတာလဲ..အဲ့ဒါ…မင္းအေမ့လင္မွတ္လို႔လား….

…ဟာ…အမေလး….

…ထိုအခါမွ သတိဝင္လာၿပီး ခ်စ္သိန္းေျပးဘို႔ႀကိဳးစားေလသည္…သို႔ေသာ္…ခ်စ္သိန္းလွည့္ေျပးဘို႔ျပင္လိုက္စဥ္မွာပဲ ..

…ဂြီးးအြန္….ဂြမ္

…အားးး

…ေလးဘက္ကုန္းထလာေသာဖားႀကီးဟာ ခ်စ္သိန္းကိုခုန္အုပ္လိုက္ၿပီး နပန္းသက္ေလေတာ့သည္…

…..ဖုတ္….ဖုန္း….ၿဗိ…..

…အူးးက်ားး…ကဲကြာ….

…ဂြီးးအြန္ ဂါးးး

..ခ်စ္သိန္းကလဲမေခလွ….လက္ထဲမွာက်န္ခဲ့ေသာ ႏြားႀကိမ္အက်ိဳးျဖင့္ ဖားႀကီးရဲ႕မ်က္လုံးတဘက္ကိုထိုးေဖာက္လိုက္သည္……

…ဖားႀကီးကလဲ မ်က္လုံးတဘက္ေပါက္သြားေသာ္လဲ အေလွ်ာ့မေပးပဲ ခ်စ္သိန္းကို နပန္းဖိလုံးသည္…ၾကာလာေတာ့ ခ်စ္သိန္းလက္ပန္းက်လာၿပီး ေဇာေခြၽးျပန္လာေလသည္။ ခက္လွန္းလွန္းကၾကည့္ေနေသာငေမာင္လဲ မေနသာေတာ့ပဲ ေျပးလာၿပီး ဖားႀကီးေအာက္မွခ်စ္သိန္းကိုဆြဲထုတ္လိုက္သည္။

…အီးးဟီးးး

…ခ်စ္သိန္း….႐ုန္း…႐ုန္းထြက္စမ္း….

…က်ားးယားးး

..ေဗ်ာ…ဖေရာ…….လြတ္ၿပီ….

..ဝုန္း…ဗြမ္းးး

…လွည့္မၾကည့္နဲ႔ခ်စ္သိန္း….ေျပးၾကစို႔..

..ေဝါ…ေျဗာ….ဗြမ္း…..


..ဟားဟားဟား

…ေျပးၿပီလားကြ……ငေၾကာက္ေတြ…..

….အူးးစ် ဝူးးး ဟားးး


ဟိုက္….

အလို…..

…ဘယ္သူလဲဟ……

…ေနာက္မွ လွန္းေအာ္ၿပီးရယ္လိုက္ေသာအသံေၾကာင့္ ခ်စ္သိန္းေရာ ငေမာင္ပါအံအားသင့္ၿပီး ေနာက္မွာက်န္ခဲ့တဲ့ ဖားႀကီးကိုျပန္လွည့္ၾကည့္လိုက္ၾကသည္……ဟာ

……ဟင္……အမေလး……

…ေလးဘက္ကုန္းေနေသာဖားႀကီးဟာ မီးေရာင္ေအာက္တြင္ တေျဖးေျဖးကုန္းထၿပီးမတ္တတ္ရပ္လိုက္သည္…ထို႔ေနာက္ ဖားအသြင္မွတေျဖးေျဖးလူအသြင္သို႔ေျပာင္းသြားသည္….စစ္အက်ႌေက်ာၿပဲႀကီးကိုဝတ္ၿပီး သူတို႔ႏွစ္ဦးကိုခါးေထာက္ၾကည့္ေနေသာလူႀကီးတေယာက္…..သူ႔ပါးစပ္ႀကီးဟာ တထြာခန္႔ၿပဲေနၿပီး ထိုပါးစပ္ၿပဲႀကီးထဲမွာတေထာင္ခန္႔ထြက္က်ေနေသာ လွ်ာနီနီႀကီးကေတာ့ ေသြးစိန္းရွင္ရွင္ပန္းထြက္လွ်က္ရွိသည္။

…ဟာ

….အမေလး….

…ဒါ…..ဒါ………


…“ခ်စ္….ခ်စ္တင္ႀကီး´´

….

….အား……ေၾကာက္ပါၿပီဗ်……

….ေျဗာ…ဖေရာ…..ေျဖာ….ဝုန္း…ဗြမ္းး


…ငေမာင္ႏွင့္ခ်စ္သိန္းဟာ တေယာက္မ်က္ႏွာတေယာက္ၾကည့္၍ အသံနက္ႀကီးျဖင့္ၿပိဳင္တူေအာ္လိုက္ၾကၿပီး…..႐ြာဘက္သို႔ သုတ္ေျခတင္ကာ ေအာ္ေျပးကုန္ၾကေလေတာ့သတည္း။

×××

×××××××××××××××××××××


(မွတ္ခ်က္…ထိုအေၾကာင္းကိုေျပာျပတဲ့ ကြၽန္ေတာ့အဖိုးခ်စ္သိန္းဟာ လြန္ခဲ့ေသာတလေလာက္က ဦးေႏွာက္ေသြးေၾကာျပတ္ၿပီးကြယ္လြန္သြားခဲ့ပါၿပီ အဖိုးရဲ႕သူငယ္ခ်င္း ဘႀကီးငေမာင္ကေတာ့ ယခုအခ်ိန္အထိ သက္ရွိထင္ရွားရွိေနဆဲ့ပါ….)


(ၿပိီပါၿပီ)


                  ေမာင္ေဂၚလီ(ဟသၤာတ)

#ေလးစားစြာcreditေပးပါသည္

No comments

Post a Comment