အောင်မြတ်သာနှင့်စက္ကဒေဝီ

အဝလဲရောက်ရော စတုမဟာရာဇ်နတ်မင်းလေးပါးရဲ့အောက်မှာ ပြားပြားဝပ်နေရတဲ့ စက္ကဒေဝီကိုတွေ့လိုက်ရတယ်။ နတ်မင်းလေးပါးက အောင်မြတ်သာကိုမြင်တော့ “ကျုပ်တို့... thumbnail 1 summary

အဝလဲရောက်ရော စတုမဟာရာဇ်နတ်မင်းလေးပါးရဲ့အောက်မှာ ပြားပြားဝပ်နေရတဲ့ စက္ကဒေဝီကိုတွေ့လိုက်ရတယ်။

နတ်မင်းလေးပါးက အောင်မြတ်သာကိုမြင်တော့ “ကျုပ်တို့ကိုပင့်ဖိတ်တာဘာအကြောင်းကိစ္စများရှိလို့ပါလဲ”

” အသင်နတ်မင်းတို့ငယ်ကျွန်ရဲ့ ရမ်းကားမှုတွေကို သိရှိရအောင်ပင့်ဖိတ်လိုက်တာဖြစ်တယ် အသင်နတ်မင်းတို့ချီးမြှောက်ထားတဲ့လက်နက်တွေနဲ့ တစ်ပါးသူတွေအပေါ်အနိုင်အထက်ပြုမှုတွေလုပ်ခဲ့တယ် ကျုပ်ကိုတောင် ဒီလက်နက်တွေနဲ့ ခြိမ်းခြောက်ဖမ်းဆီးတာတွေလုပ်ဖို့ကြိုးစားခဲ့တယ်”

အောင်မြတ်သာစကားကြောင့် နတ်မင်းလေးပါးထဲမှ မြင့်မိုရ်တောင်ရဲ့ အရှေ့အရပ်ကိုအစိုးရတဲ့ ဓတ္တရဋ္ဌနတ်မင်းက

” ဟဲ့ သင် မိုက်လွန်းလှပါလား ဘယ်သို့ကြောင့် ဒီလိုမျိုးကြံစည်ဝံ့တာလဲ”

ဓတ္တရဋ္ဌနတ်မင်းကြီးရဲ့ဟိန်းဟောက်သံကြောင့် စက္ကဒေဝီဘာမှပြန်မပြောရဲပဲ မြေပြင်ပေါ်ပြားပြားဝပ်နေတဲ့အချိန်

” အသင်နတ်မင်းတို့ ချေချွတ်ဆုံးမပေးပါ ဒါကသူ့ဆီကနေသိမ်းယူထားတဲ့ နဂါးပတ်ကျော့ကွင်းနဲ့ ငွေစင်္ကြာပိုက်ကွန်ကို အသင်နတ်မင်းတို့ထံအပ်ပါတယ်”

” ဘယ်သို့ကြောင့် ပြန်ယူရပါမည်နည်း ဤပစ္စည်းကိုငမိုက်မထံကနေ ဆရာထံသို့ပေးအပ်ခွင့်ပြုပါ ဤပစ္စည်းသည် နာနာဘာဝ ဝိနာဘာဝ အောက်လမ်းကဝေဇော်ကနီဇော်ကနက်တို့ကိုအလွန်နိုင်နင်းပါတယ် ဆရာအလိုရှိရာသုံးပါ”

အောင်မြတ်သာလဲ ဓတ္တရဋ္ဌနတ်မင်းပေးတဲ့ လက်နက်တွေကိုယူလိုက်ပြီး လွယ်အိတ်ထဲထည့်လိုက်တယ်။

နတ်မင်းလေးပါလဲ စက္ကဒေဝီကိုပေးထားတဲ့ အဆောင်အယောင်တွေနန်းဆောင်တွေကိုပြန်လည်သိမ်းယူခဲ့ပြီး စက္ကဒေဝီကို နှစ်၁၀၀တရားအားထုတ်ဖို့ ဒဏ်ခတ်ခဲ့တယ်။

နတ်မင်းလေးပါးပြန်သွားချိန်မှာတော့ နန်းဆောင်တွေရော တောအုပ်တွေပါပျောက်ချင်းမလှပျောက်ကွယ်သွားပြီး သက်ခိုင်လဲသတိပြန်ရလာခဲ့တယ်။

အောင်မြတ်သာလဲသတိရလာတဲ့သက်ခိုင်ကိုခေါ်ပြီး ထွက်လာခဲ့လိုက်တယ်။ အတန်ကြာလျောက်လာပြီးတဲ့နောက်မှာတော့

” သက်ခိုင် ငါတို့ဘုရားကိုးဆူမှာ ရက်ကိုးဆယ်တိတိ အဓိဌာန်ဝင်ရမယ် မှားခဲ့တာတွေကိုပြန်ဆင်ခြင်သုံးသပ်ကြရမယ် အခုချိန်ကစပြီး ပိတ်ဖြူအဝတ်ကိုသာဝတ်ဆင်ရမယ်” ဆိုပြီးမှာခဲ့တယ်။

အောင်မြတ်သာတို့ဆရာတပည့်တွေ စက္ကဒေဝီပိုင်တဲ့တောအုပ်ကနေထွက်လာပြီး အမှားတွေကိုပြုပြင်ဖို့အတွက် ရက်ကိုးဆယ်အဓိဌာန်ဝင်တဲ့အခါ ထူးဆန်းမှုတွေဘယ်လိုကြုံရမလဲ၊ အကူအညီလာရောက်တောင်းခံမှုတွေကိုဘယ်လိုကူညီကြမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်ရက်ကိုးဆယ်အဓိဌာန်ဆိုတဲ့ဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

No comments

Post a Comment