အောင်မြတ်သာနှင့်ကဝေပျံအညိုး

  အောင်မြတ်သာနှင့်ကဝေပျံအညိုး နေအပူရှိန်အရမ်းပြင်းတဲ့ နေ့လည်ခင်းအချိန်မှာ အောင်မြတ်သာတို့ဆရာတပည့်သုံးယောက်ကတော့ အရိပ်အာဝါသကောင်းတဲ့ ‌ဘုရားစေ... thumbnail 1 summary

 အောင်မြတ်သာနှင့်ကဝေပျံအညိုး


နေအပူရှိန်အရမ်းပြင်းတဲ့ နေ့လည်ခင်းအချိန်မှာ အောင်မြတ်သာတို့ဆရာတပည့်သုံးယောက်ကတော့ အရိပ်အာဝါသကောင်းတဲ့ ‌ဘုရားစောင်းတန်းလေး တစ်ခုမှာ အနားယူနေခဲ့ကြတယ်။ စောင်းတန်းတစ်လျောက် ရှေးဟောင်းအနုပညာလက်ရာတွေက ဟောင်းနွမ်းနေပေမယ့် တန်ဖိုးမဖြတ်နိုင်လောက် အောင်သေသပ်လှပေနေသေးတာကိုလဲ သတိပြုမိခဲ့ကြတယ်။

မကြာမီ စောင်းတန်းထဲကို ရေးကြီးသုတ်ပြာဝင်လာတဲ့လူအချို့ကိုမြင်တော့ လှဲအိပ်နေတဲ့ တောက်ရက ငေါက်ခနဲထထိုင်လိုက်ပြီး အခြေအနေကို အကဲခတ်လိုက်တယ်။

အဝတ်အစားသပ်သပ်ရပ်ရပ်ဝတ်ထားပြီး နှုတ်ခမ်းမွှေးစစနဲ့လူတစ်ယောက်က စောင်းတန်းတစ်လျောက်ကို ကျီးကန်းတောင်းမှောက်လိုက်ကြည့်ရင်း အနားယူနေတဲ့အောင်မြတ်သာတို့ကိုမြင်တော့

" ဒီက ဆရာတို့က ပယောဂကုတဲ့သူတွေလား"

" ဆိုပါတော့ဗျာ... ဘာများဖြစ်လို့ပါပဲ"

" အဆင်သင့်လိုက်လေဗျာ...အရင်ကဒီစောင်းတန်းမှာ ပယောဂဆရာတွေအတော်များများနေကြတယ် ဒီကဆရာသမားတွေကိုတော့ အရင်ကမမြင်မိဘူး"

" ကျုပ်တို့က ခရီးသွားရင်း ခဏနားနေကြတာပါဗျာ ..ဒါနဲ့ မိတ်ဆွေက ဘာကြောင့် ပယောဂကုတဲ့ဆရာကိုရှာနေရတာလဲ"

"ဒီလိုဆရာရေ.. ကျုပ်တို့အလုပ်လုပ်တဲ့ ဆေးလိပ်ခုံပိုင်ရှင်ရဲ့သားကို တစ်စုံတစ်ယောက်က ပြုစားထားတာ ... တစ်ရက်တစ်ခြား ဗိုက်က အပြင်ကိုပူထွက်လာတာ ..မသိရင် ဗိုက်ကြီးသည်လိုပဲဗျာ"

နှုတ်ခမ်းမွေးစစနဲ့လူရဲ့စကားကြောင့် အောင်မြတ်သာက သက်ခိုင်နဲ့ တောက်ရကို အဓိပ္ပါယ်ပါပါလှမ်းကြည့်လိုက်တယ်။

" ဒါဖြင့် ရောဂါသည်နေတဲ့အိမ်ကို လမ်းပြပေးပါဦး"

" လာကြ လာကြ ကျုပ်ခေါ်သွားပေးပါမယ်.. ဆရာတို့သာ အကိုလေးရဲ့ရောဂါကိုပျောက်အောင်ကုပေး နိုင်ရင် ကုသကြေးမြိုးမြိုးမျက်မျက်ရမှာဗျ"

အရှေ့ကနေသွားနေရင်းပြောလိုက်တဲ့သူရဲ့စကားကြောင့် အောင်မြတ်သာက နှုတ်ခမ်းလေးတွန့်ရုံတစ်ချက်ပြုံးလိုက်ပြီး အနောက်ကနေလိုက်သွားခဲ့တယ်။ မိနစ်အနည်းငယ်ကြာသွားပြီးတဲ့ အချိန်မှာတော့ ရေနံချေးဝနေအောင်သုတ်ထားတဲ့ ပျဉ်ထောင်အိမ်တစ်လုံးရှေ့ကိုရောက်လာခဲ့တယ်။

အောင်မြတ်သာလဲ အိမ်ရှေ့ကိုရောက်တော့ အပေါ်ကိုချက်ချင်းမတက်ပဲ ဘေးဘီကိုအကဲခတ်လိုက်ရာ အိမ်အနောက်ဖက်မှာ အလွန်ကြီးတဲ့ဂိုဒေါင်တစ်လုံးကိုမြင်လိုက်ရတယ်။ ဂိုဒေါင်အနားတစ်ဝိုက်မှာတော့ နေလှန်းထားတဲ့ဆေးလိပ်ရွက်တွေကို သိမ်းတဲ့သူသိမ်း၊ အသစ်လှန်းတဲ့သူလှမ်းနဲ့အလုပ်လုပ်နေကြတဲ့ မိန်းကလေးအချို့ကိုလဲမြင်တွေ့လိုက်ရတယ်။

" ဆရာ... အိမ်ပေါ်တက်ခဲ့ဦးလေ"

နှုတ်ခမ်းမွေးစစနဲ့လူရဲ့စကားကြောင့် အောင်မြတ်သာလဲ အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။ အပေါ်ကိုရောက်တော့ အိမ်ဦးခန်းမှာ ဗိုက်ကြီးပူပြီး တစ်အီးအီး တစ်အားအားနဲ့ ညဉ်းညူနေတဲ့ အသက်သုံးဆယ်အရွယ်လူတစ်ယောက်ကိုမြင်လိုက်ရတယ်။

" မောင်စ.. ဒီဆရာတွေကို မင်းခေါ်လာတာလား"
ပိုးသားအင်္ကျီ၊ ဘန်ကောက်ပုဆိုးကို ကျနစွာဝတ်ဆင်ထားတဲ့ အသက် ခြောက်ဆယ်အရွယ်လူကြီးတစ်ယောက်ရဲ့စကားကြောင့် မောင်စ ဆိုတဲ့လူက ပြာပြာသလဲလဲနဲ့

" ဟုတ်ပါတယ် သူဌေး.. ဒီကဆရာတွေကလဲ ပယောဂကုတဲ့သူတွေပါ"

" ဟာ .. ဒီအနားတစ်ဝိုက်က သမ္ဘာရင့်ဆရာတွေတောင် ငါ့သားရောဂါကိုမကုနိုင်တာ ဒီလိုလူငယ်တွေကဘယ်လိုလုပ်နိုင်မှာလဲကွ"

အထင်သေးစွာပြောလိုက်တဲ့စကားကြောင့် အောင်မြတ်သာက ခပ်ထေ့ထေ့လေးပြုံးကာ
" ဒါဆိုလဲ အဘ စိတ်တိုင်းကျတဲ့ဆရာတွေကို ပင့်ပြီး ကုပါ...အော် ဒါနဲ့ နောက်တစ်နာရီဆိုရင် လူနာကိုယ်ကနေ ထူးဆန်းတာတစ်ခုခုဖြစ်လိမ့်မယ်။ သတိထားကြဦးနော်" လို့ပြောပြီး အိမ်ပေါ်ကနေဆင်းလာခဲ့လိုက်တယ်။

ခြံဝိုင်းအပြင်ဘက်ကိုရောက်တော့ သက်ခိုင်က
" ဆရာ လူနာပုံစံကိုကြည့်ရတာ အပင်းထည့်ခံထိထားသလိုပဲ၊ သူ့ဗိုက်ကပူထွက်နေတာ မသိရင်ဗိုက်ကြီးသည်လိုပဲဗျ"

" ဟုတ်တယ်လေ သူမကြာခင် မီးဖွားတော့မှာ"

" ဗျာ... ဘယ်လို"

" ထားပါ... ကာယကံရှင်တွေက ငါတို့ကိုမယုံကြည်ဘူးဆိုတော့ ဥ‌ပေက္ခာပြုရမယ့်အခြေအနေဖြစ်လာတာပေါ့"

ဆရာတပည့်တွေ စကားတစ်ပြောပြောနဲ့လမ်းလျောက်လာနေတဲ့အချိန်

" ရပ်ပါဦး ဆရာတို့... ရပ်ပါဦး" ဆိုတဲ့အသံကြောင့် လှည့်ကြည့်လိုက်ရာ ရထားလုံးကိုဒုန်းစိုင်းမောင်းလာတဲ့ မောင်စ ဆိုသူကိုမြင်လိုက်ရတယ်။

" ဟေ့လူ ခင်ဗျားက ဘယ်လိုဖြစ်လို့ ကျုပ်တို့အနောက်လိုက်လာတာလဲ"

တောက်ရစကားကြောင့် ‌မောင်စက ရထားလုံးပေါ်ကနေခုန်ဆင်းလာပြီး

" အကိုလေး အခြေအနေ မကောင်းတော့ဘူးဗျ... စအိုပေါက်ထဲကနေ သွေးတွေဆင်းနေပြီ"

" အင်း.. ဒီလိုဖြစ်မယ်ဆိုတာ အစထဲကသိပြီးသားပါ"

" တောင်းပန်ပါတယ်ဆရာရယ် ... သူဌေးက စကားပြောမတတ်လို့ဖြစ်သွားတာပါ။ အခုသူကိုယ်တိုင်ဆရာတို့ကိုပင့်ခိုင်းလိုက်တာ။ ရထားလုံးပေါ်ကိုတက်ခဲ့ပေးပါဆရာ"

အောင်မြတ်သာလဲ မောင်စရဲ့စကားကြောင့် အသက်တစ်ချောင်းကယ်ကောင်းပါတယ်ဆိုတဲ့အတွေးနဲ့ ရထားလုံးပေါ်တက်ကာ လိုက်လာခဲ့လိုက်တယ်။

အိမ်ရှေ့ကိုရောက်တော့ အိမ်ပေါ်ကနေ ငယ်သံပါအောင် အော်ပြီးပြေးဆင်းလာတဲ့ အိမ်ဖော်ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။

" ဟဲ့ လုံးတင် ဘာဖြစ်တာလဲ"

" အကိုလေး အကိုလေး ဖင်ထဲကနေ ခွေးသားပေါက်တွေ ထွက်လာလို့"

အိမ်ဖော်မလေးစကားကြောင့် အောင်မြတ်သာတို့လဲ အချိန်မဆိုင်းနေတော့ပဲ အိမ်ပေါ်ကိုတက်ကြည့်လိုက်တော့ သွေးအိုင်ထဲမှာ ယက်ကန်ယက်ကန်ဖြစ်နေတဲ့ခွေးသားပေါက်သုံးကောင်ကိုတွေ့လိုက်ရတယ်။

"သက်ခိုင် လူနာရဲ့ပတ်လည်ကို သိမ်ဝင်ပရိတ်ကြိုးနဲ့တားလိုက်။ တောက်ရ မင်းက ပရိတ်ကြိုးအပြင်ဘက်ကနေ သုံးကွက်အင်းကိုပြာချထားတဲ့ ပြာမှုန့်ကိုရေနဲ့ရောပြီး စည်းထပ်ထား"

အောင်မြတ်သာစကားအဆုံးမှာ သက်ခိုင်နဲ့ တောက်ရတို့က မိမိတို့လုပ်ရမယ့်တာဝန်တွေကို အလျင်အမြန်လုပ်ဆောင်လိုက်တော့မှ ဗိုက်ကိုကိုင်ပြီးအော်ဟစ်နေတဲ့ လူနာက အသံတိတ်သွားခဲ့တယ်။

အဲဒီတော့မှ အိမ်ပိုင်ရှင်သူဌေးက အောင်မြတ်သာ အနားကိုကပ်လာပြီး
" ဆရာတို့ကိုအပြင်ပန်းကြည့်ပြီး အထင်သေးခဲ့မိတာ တောင်းပန်ပါတယ်။ ကျုပ်သားလေးဖြစ်နေတဲ့ ရောဂါကိုပျောက်အောင်ကုနိုင်မယ်ဆိုရင် ကျုပ်စည်းစိမ်တွေကုန်သွားပါစေ ပေးနိုင်ပါတယ်"

" ဟုတ်ပြီး .. ခင်ဗျား သားဖြစ်နေတဲ့ရောဂါကို အရှင်းပျောက်အောင်ကုပေးမယ်... ဒါပေမယ့် ကုသကြေးကို ရွှေငါးကျပ်သား၊ နွားတစ်ရှဉ်း၊ လယ်ဧက၃၀ပေးရမယ်။ မပေးနိုင်ဘူးဆိုရင် ကျုပ်တို့မကုပေးနိုင်ဘူး"

အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့ တောက်ရတို့မျက်လုံးပြူးသွားပြီး တအံ့တဩဖြစ်သွားခဲ့တယ်။

" ဘယ်လိုလဲ... ခင်ဗျား မပေးနိုင်ဘူး မဟုတ်လား.. သက်ခိုင်နဲ့ တောက်ရ ပရိတ်ကြိုးနဲ့ အင်းပြာရည်တွေပြန်ဖျက်လိုက်တော့"

" အဲလိုမလုပ်ပါနဲ့ဆရာတို့ရယ် ပေးဆိုကျုပ်ပေးပါ့မယ် ။ သားလေးရောဂါကိုသာ ပျောက်အောင်ကုပေးပါ ကျုပ်ကတိတည်ပါတယ်"

" ခင်ဗျားကတိပေးပီးပီဆိုတော့ ဒီရောဂါကို ကျုပ်ကုပေးမယ် .. သက်ခိုင် မင်းက အပြင်လူတွေမဝင်နိုင်အောင် ဆေးဖယောင်တိုင်ကိုးတိုင်ထွန်းပြီး စည်းချထား။ ငါ့အမိန့်မရပဲ ဆေးဖယောင်းတိုင်ကို ကျော်ဝင်လာသူ ပညာသည်ဖြစ်ပါက နေရာမှာတင် မီးဟုန်းဟုန်းတောက်လောင်စေ" လို့ပြောပြီး လွယ်အိတ်ထဲမှာရှိတဲ့ ဖယောင်းတိုင်ကိုးတိုင်ကိုထုတ်ကာ သက်ခိုင်ကိုပေးလိုက်တယ်။

" တောက်ရ .. မင်းကတော့ အိမ်ရှေ့အပေါက်ဝကို သိမ်ဝင်ပရိတ်ကြိုးနဲ့တားပြီး အဟန့်အတားဖြစ်အောင်လုပ်ထားပါ"

သက်ခိုင်နဲ့တောက်ရတို့လဲ အောင်မြတ်သာပြောတဲ့အတိုင်းလုပ်ဆောင်ပြီးချိန်မှာတော့ အိမ်ပြူတင်းပေါက်မှာရှိတဲ့ တံခါးနှစ်ချပ်က လေမတိုက်ပဲနဲ့ ဂျိမ်းခနဲပိတ်သွားတာမြင်တော့ အောင်မြတ်သာက

" ဒီပညာသည်ရဲ့စက်က အတော်အားကောင်းတာပဲ" လို့ချီးကျူးပြောဆိုခဲ့တယ်။ အားလုံးစီမံပြီးတဲ့အချိန် အောင်မြတ်သာက ဘုရားကျောင်းဆောင်အရှေ့ထိုင်ကာ ဘုရားရှိခိုး၊သီလယူပြီးနောက် အထက်ဆရာကြီးတွေဆီခွင့်ပြုမိန့်တောင်းခံပြီးတာနဲ့ လူနာဘက်ကိုလှည့်ကာ

" သင် ဘယ်လိုခံစားနေရသေးလဲ"

" ဗိုက်ထဲမှာ အကောင်သေးသေးလေးတွေ လှည့်ပတ်သွားတာနေသလိုခံစားနေရတယ်။ နာတာကျင်တာတော့မရှိတော့ဘူး"

" ကျုပ်အမြင်ကိုပြောပြရမယ်ဆိုရင် သင့်ဗိုက်ထဲမှာ ခွေးသားပေါက်၆ကောင်တိတိကျန်နေသေးတယ်"

" ကယ်ပါဦးဆရာရယ် ... ကျုပ်ကိုကယ်ပါဦး"

" သင် ‌အရင်က ဘာအမှားတွေလုပ်ခဲ့ဖူးလဲ"

" မလုပ်ခဲ့ပါဘူး .. နေရင်းထိုင်ရင်း ဗိုက်က ပူပူလာပြီး အခုလိုဖြစ်လာခဲ့တာ"

" သင့်ကိုပြုစားထားတဲ့သူက နှယ်နှယ်ရရတော့မဟုတ်ဘူးနော်... သူတို့အရမ်းနာကျည်းလို့သာ ဒီလိုပညာရပ်ကိုသုံးကြတာ.."

" လောလောဆယ် ဗိုက်ထဲမှာကျန်နေတဲ့အကောင်တွေ ထွက်လာအောင် ကျုပ်ပေးတဲ့ရေမန်းကို သောက်လိုက်ပါ"

အောင်မြတ်သာက ပြောရင်းဆိုရင်း ရေခွက်ထဲကို လက်ညိုးနဲ့မွှေပြီးရလာတဲ့ရေကို လူနာကိုသောက်ချခိုင်းလိုက်တယ်။

ရေမန်းသောက်ပြီးတာနဲ့ ဗိုက်အသားပြင်တစ်ခုလုံး လှိုင်းတံပိုးတွေလိုတွန့်လာပြီး စအိုပေါက်ထဲကနေ အသက်မပါတဲ့ ခွေး‌သားပေါက်တွေ တစ်ကောင်ပြီးတစ်ကောင်ကျလာခဲ့တယ်။

" ကဲ အခု ပြုစားထားတဲ့ပညာတွေကို ထုတ်ပီးပီးဆိုတော့ ပြုစားထားတဲ့သူ ကျုပ်အရှေ့ကိုရောက်စေ" ဆိုပြီး ကြမ်းကိုလက်နဲ့ပုတ်လိုက်တာ ချက်ချင်းဆိုသလို အိမ်နောက်ဖေးကနေ တစ်ဒေါက်ဒေါက်နဲ့ လမ်းလျောက်လာတဲ့ခြေသံကို အောင်မြတ်သာတို့ ကြားလိုက်ရတယ်။

" သက်ခိုင်ရေ... လူမမာဘေးမှာ ကာထားတဲ့ စည်းတွေကိုဖယ်ပေးလိုက်ပါဦး"

သက်ခိုင်လဲ တားထားတဲ့စည်းတွေကိုဖယ်ပေးလိုက်တဲ့အချိန်မှာတော့ ပက်လက်အိပ်နေတဲ့ လူမမာက ဆတ်ခနဲငုတ်တုတ်ထထိုင်ပြီး ကြမ်းပြင်ကိုလက်ဝါးနဲ့ပုတ်ကာ ရယ်ပါလေရော။

" ဆရာတို့ နော် ... ဘာကြောင့်ဒီလို အယုတ်တမာကောင်ကိုကယ်ရတာလဲ... ငါက အသေသတ်မလို့လုပ်ထားတာ"

ယောင်္ကျားရင့်မာကြီးတစ်ယောက်ဆီကနေ အဖွားအိုအသံထွက်လာတော့ အိမ်ပေါ်မှာရှိနေတဲ့သူတွေအားလုံး အံ့အားသင့်သွားခဲ့တယ်။

" ကဲ.. သင်လဲ ရောက်လာပြီဆိုတော့ ကျုပ်တို့မေးတာအမှန်တိုင်းဖြေပေး။ ဘာကြောင့် ဒီလူကို အသေသတ်ချင်ရတာလဲ"

" ဆရာလေး နင်မသိဘူးနော်.. ဒီကောင်က လူယုတ်မာ, သူ့ကြောင့်ဘဝပျက်ခဲ့တဲ့ မိန်းကလေးတွေမှအများကြီးပဲ"

" အင်းပါ ဒါတွေကျုပ်အစောကြီးထဲက သဘောပေါက်ပါတယ်။ ဒါပေမယ့် ကျုပ်တို့က အထက်လမ်းဆရာတွေလေ။ သဘာဝနဲ့ဆန့်ကျင်တဲ့အရာမှန်သမျှကိုတားဆီးရမယ့်တာဝန်ပါလာတယ်မဟုတ်လား"

" ဆရာလေး နင်တို့ကို ငါ ခွင့်တောင်းမယ် .. ဒီကောင်ကို ငါသတ်ပြီးရင် နင်တို့ငါ့ပညာကိုနှုတ်သွားလိုက်လေ"

" ခက်တော့ခက်နေပြီ ... လူသတ်ရင် သင်ငရဲကြီးမှာပေါ့"

" ကြီးကြီးအေ ငါမကြောက်ဘူး... ဒီကောင်ကိုသတ်ကိုသတ်ရမယ်"

" ကျုပ်က သင့်ကိုလေသံပျော့ပျော့နဲ့ပြောနေလို့ ရောင့်တက်နေတာလား"

အောင်မြတ်သာစကားကိုကြားတော့ လူမမာက ခနဲ့တဲ့တဲ့ရယ်လိုက်ပြီး
" ငါက နင်တို့လိုဆရာတွေကို ထပ်မသတ်ချင်လို့ စကားအေးအေးပြောနေတာကို အဟုတ်ထင်နေတာလားဟဲ့"

ရုတ်တရက်ဆိုသလိုလေသံမာပြီး ဒူးတစ်ဖက်ကို ထောင်တဲ့အနေအထားပြင်လိုက်တာကိုမြင်တော့ အောင်မြတ်သာ ခေါင်းတစ်ဆတ်ဆတ်ညိမ့်ကာသမထအာရုံကိုစုစည်းပြီး ကြည့်လိုက်တော့ လူမမာရဲ့ ဂုတ်ပိုးပေါ်မှာခွလျက်အနေအထားထိုင်နေတဲ့ အဖွားကြီးတစ်ယောက်ကိုမြင်လိုက်ရတယ်။

မျက်ကွင်းတွေက ညိုနေပြီး ကွမ်းဂျိုးတွေအပြည့်နဲ့သွားတွေက နီတဲ့အဆင့်ကိုကျော်လွန်ကာမဲနက်တဲ့ဘက်ကိုရောက်နေခဲ့တယ်။ ဦးခေါင်းထိပ်မှာတော့ နီရဲနေတဲ့အမောက်က အပေါ်ကိုလက်လေးသစ်ခန့် တက်နေတာကိုလဲမြင်လိုက်ရတယ်။

" လက်စသတ်တော့ သင်က ဆယ့်နှစ်ကြိုးကိုလွန်ပြီး ကဝေပျံအဆင့်ထိအောင်ရောက်နေတာကိုး"

" ဟက်ဟက်.. နင်ကဘယ်ဆိုးလို့တုန်း ငါရုပ်အမှန်ကိုမြင်ရသားပဲ"

" နောက်ဆုံးအကြိမ်ကျုပ်မေးမယ်... သင်ပြုစားထားတဲ့အရာတွေကိုပြန်နှုတ်မလား..ကျုပ်ပညာနဲ့သင့်ကိုဆုံးမရမလား"

" နင် ငါ့ကိုတုပ်မိချုပ်မိနိုင်အောင် အရင်လုပ်ပါဦး ဟားဟားဟား"

ကဝေမကြီးက အောင်မြတ်သာကို မထီလေးစားလုပ်ပြီး ဖျတ်ခနဲပျောက်ကွယ်သွားခဲ့တယ်။

" သင် ဒီလိုပြေးလို့မဖမ်းနိုင်ရင် ကျုပ်တို့ဂို‌ဏ်းတော်ရဲ့သိက္ခာကျသွားမှာပေါ့"ဆိုပြီးရေရွတ်လိုက်တဲ့အချိန် အိမ်အပြင်ဘက်ကနေ ဖုန်တစ်ထောင်းထောင်းထအောင် ဂွေလှိမ့်ပြီးပြေးလာတဲ့ ကလေးနှစ်ယောက်ကိုမြင်လိုက်ရတယ်။

" ဟင် သိဒ္ဓိသီဟနဲ့ သိဒ္ဓိဗလတို့ပါလား"
(သိဒ္ဓိသီဟနဲ့ သိဒ္ဓိဗလဆိုတဲ့နတ်သူငယ်နှစ်ပါးအကြောင်းကိုဖတ်ချင်ရင်တော့ အောင်မြတ်သာနှင့်သိဒ္ဓိညီနောင်ဆိုတဲ့ဝတ္တုမှာဖတ်ရှုနိုင်ပါသည်)

အောင်မြတ်သာစကားအဆုံးမှာ နတ်သူငယ်နှစ်ပါးက လက်ထဲမှာကိုင်ထားတဲ့ ရွှေကွင်းတွေကို ပခုံးပေါ်လွယ်လိုက်ပြီး

" ဆရာတော်ဘုရားက မင်းတို့ဆရာကို သွားကူညီလိုက်ဦးဆိုပြီးပြောလို့လာခဲ့တာ။ ဘာများကူညီရမလဲ"

" မင်းတို့လက်ထဲကိုင်ထားတဲ့ ရွှေကွင်းကိုအသုံးပြုပြီး ကဝေပျံမကို ငါ့အရှေ့ခေါ်လာခဲ့ပေးပါ"

အောင်မြတ်သာစကားအဆုံးမှာ နတ်သူငယ်နှစ်ပါးက အရှေ့မှာထိုင်နေတဲ့ လူမမာကို ခြေအဆုံးခေါင်းအဆုံးကြည့်လိုက်၊ခေါင်းခါယမ်းလိုက်၊ ထပ်ကြည့်လိုက်လုပ်နေခဲ့တာ သုံးကြိမ်မြောက်ရောက်တော့ နှစ်ကောင်သား တစ်ခစ်ခစ်ရယ်ရင်း ပခုံးမှာလွယ်ထားတဲ့ ရွှေကွင်းကိုဖြုတ်ကာ လူမမာရှိတဲ့နေရာကိုပစ်လွှတ်လိုက်ပါလေရော။

ရွှေကွင်းက လူမမာအရှေ့လဲရောက်ရော အလွန်သေးငယ်တဲ့ကွင်းအဖြစ်ပြောင်းသွားပြီး ပျောက်ကွယ်သွားခဲ့တယ်။ မကြာခင် လူမမာရဲ့ဘေးမှာ လက်နှစ်ဖက် ခြေထောက်နှစ်ဖက်ကို ရွှေကွင်းတွေနဲ့ တုပ်ပြီးချုပ်ပြီးအနေအထားဖြစ်နေတဲ့ ကဝေပျံအဖွားအိုကိုမြင်တွေ့လိုက်ရတယ်။

" အဟား အဟား ဒီ ကဝေမက လူနာရဲ့ တန်ဆာအပေါက်ထဲဝင်ပုန်းနေတာကိုး... အခုတော့ မင်းလွတ်နိုင်သေးလား"

နတ်သူငယ်နှစ်ပါးက ရွှေကွင်းနှစ်ကွင်းထဲမှာ ချုပ်နှောင်ခံထားရတဲ့ ‌ကဝေမကို မထိတထိစနေတာမြင်တော့ အောင်မြတ်သာက
" ဘယ်လိုလဲ အမယ်ကြီး .. အခုကျုပ်က သင့်အမောက်ကိုဖြတ်ပြီး ပညာတွေသိမ်းရမလား ဒီလူနာကို ပြုစားထားတာဖြေလျော့ပေးမလား" ဆိုပြီးမေးတော့ ကဝေမကြီးက

" သူ့ကြောင့် ငါ့မြေးမလေး လူတောမတိုးနိုင်ဖြစ်နေရရှာတယ်.. ငါလဲဒီပညာတွေကိုသုံးချင်လို့သုံးတာ မဟုတ်ဘူး။ ဒီလူယုတ်မာကို လွတ်ထားရင် အခြားမိန်းမပျိုတွေ ဖျက်ဆီးခံနေရမယ် အဲဒါနင်တို့သိလား"

" ကျုပ်တို့နားလည်ပါတယ်... ပညာကိုသာပြန်နှုတ်သွားပါ ၊ ကျန်တာ ကျုပ်တို့ဆက်လုပ်လိုက်ပါ့မယ်"

" ငါက ဒီကောင်ကို ပညာကုန်သုံးပြီးလုပ်တာမို့ ပြန်နှုတ်မရဘူး... ပြန်နှုတ်စေချင်ရင် ငါ့ကိုသတ်မှရမယ်"

" အမယ်ကြီး... ခေါင်းမမာပါနဲ့တော့ , သူ့ကိုလဲ ကျုပ်တို့နားဝင်အောင်ပြောပြီး ဖြစ်ခဲ့တာတွေအတွက် ပြန်တောင်းပန်ခိုင်းပါ့မယ် ၊ ပညာတွေကိုသာပြန်နှုတ်လိုက်ပါ"

အောင်မြတ်သာစကားတွေကြောင့် အမယ်အိုကြီး ခေတ္တစဉ်းစားလိုက်ပြီး

" နင့်လို မေတ္တာတရားကြီးမားတဲ့ဆရာနဲ့တွေ့ရတာ ငါအတော်ကံကောင်းတာပဲအေ၊ ငါ့ကိုတုပ်ပြီးချုပ်ပြီး မိထားတာတောင် နာကျင်အောင်မလုပ်သွားဘူး .. အေး အေး ငါအရှုံးပေးတယ်။သူ သတိပြန်ရလာရင် ငါ့မြေးမလေးကို မိသားဖသားပီပီလာတောင်းရမ်းပါလို့ပြောလိုက်။ ကတိမတည်လို့ကတော့ ငါ့အကြောင်းသိမယ်"

အောင်မြတ်သာလဲ အ‌မယ်အိုကြီးစကားအဆုံးမှာ ချုပ်နှောင်ထားတာတွေကို ဖယ်ရှားပေးပြီး ပြန်လွှတ်ပေးခဲ့တယ်။ ဝင်စီးနေတဲ့အစွဲထွက်သွားတာနဲ့လူမမာရဲ့ ဖောင်းနေတဲ့ဗိုက်ကလဲ ချက်ချင်းဆိုသလို မူလအတိုင်းပြန်ဖြစ်သွားပြီး မွေးထားတဲ့ခွေးသားပေါက်တွေကတော့ ရာဘာအတုံးတွေဖြစ်နေတာကိုမြင်လိုက်ရတယ်။

" ကြားတယ်မဟုတ်လား... ဒီကိစ္စက သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်လို့သာ ကျုပ်ကဝင်ကူညီတာ ခင်ဗျားတို့ဗျာ ကိုယ့်စီမှာအားကိုးတစ်ကြီး အလုပ်လာလုပ်တဲ့မိန်းကလေးကိုမှ အနိုင်ကျင့်စော်ကားရတယ်လို့ "

တိတ်ဆိတ်နေတဲ့ အိမ်ခန်းထဲမှာ ခြင်္သေ့ဟိန်းသံလို ထွက်ပေါ်လာတဲ့ အောင်မြတ်သာစကားကြောင့် ဆေးတံကိုခဲနေတဲ့ အိမ်ပိုင်ရှင်သူဌေးမျက်နှာ ကွပ်ခနဲပျက်သွားပြီး အခန်းထဲကိုဝင်သွားခဲ့တယ်။ ခဏနေတော့ အလုပ်သမားတစ်ယောက် ပြန်ထွက်လာပြီး

" ဆရာလေးတို့အတွက် ပညာကြေးလာပေးခိုင်းလို့ပါ"ဆိုပြီးပြောကာ ပဝါတစ်ထည်နဲ့ထုပ်ထားတဲ့ အရာတစ်ခုကိုကမ်းပေးခဲ့တယ်။

ဒီတစ်ခါမှာတော့ အောင်မြတ်သာက ငြင်းဆန်ခြင်းမပြုပဲ ခပ်ပြုံးပြုံးနဲ့လှမ်းယူကာ တစ်ခွန်းတစ်ပါဒမှ မမေးမြန်းပဲအိမ်ပေါ်ကဆင်းလာခဲ့လိုက်တယ်။ အိမ်ခြံစည်းရိုးအပြင်ဘက်ကိုရောက်တော့ အနောက်ကို သမင်လည်ပြန်ကြည့်လိုက်ပြီး
" ဂုဏ်တွေမောက်နေလိုက်ကြတာ... ကိုယ့်ကြောင့် ဘဝတစ်ခုလုံးပျက်စီးသွားတဲ့သူအပေါ်ကိုတော့ စာနာစိတ်လုံးဝမရှိကြပါလား" လို့ပြောကာ ဘုရားတန်ဆောင်းရှိတဲ့ဘက်ကိုပြန်ထွက်လာခဲ့ကြတယ်။

ဘုရားစောင်းတန်းရောက်တော့ ကိုင်လာတဲ့ပဝါကိုဖြေချလိုက်ရာ ရွှေတိုရွှေစအနည်းငယ်နဲ့ငွေအကြွေအချို့ထွက်လာတာမြင်လိုက်ရတယ်။

" တောက်ရရေ ... ဒီရွှေတိုရွှေစတွေနဲ့ ငွေတွေကို ဘုရားစောင်းတန်းဘေးမှာခိုကပ်နေကြတဲ့သူတွေကို ဝေမျှပေးလိုက်ကွာ" လို့ပြောလိုက်တော့ တောက်ရက

" ဒီတိုင်းသွားပေးရင် သူကရွှေရတယ် ငါကငွေရတယ်ဆိုပြီး ရန်ဖြစ်နေပါဦးမယ်ဆရာရယ်"

" မဖြစ်အောင် ငါစီမံပြီးသား မင်းသာ ဟိုးအရှေ့က လျောက်လမ်းမှာ အကုန်ကျဲချလိုက်... ထိုက်တဲ့သူက သူနဲ့ထိုက်တဲ့အရာကိုမြင်တွေ့ပြီး ကောက်ယူသွားလိမ့်မယ်"

အောင်မြတ်သာစကားကြောင့် တောက်ရက လက်ထဲကိုင်ထားတဲ့ ရွှေတိုရွှေစနဲ့ငွေအချို့ကို လျောက်လမ်းပေါ်ကိုဖြန့်ကျဲချလိုက်ပြီး ထိုင်ကြည့်နေခဲ့တယ်။

မကြာခင် ခွက်တစ်လုံး၊အထုပ်တစ်ထုပ်နဲ့လျောက်လာတဲ့ သူဖုန်းစားတစ်ယောက်က ကျနေတဲ့ငွေအကြွေအချို့ကိုမြင်ပြီး ဝမ်းသာအားရ ကောက်ယူထွက်သွားခဲ့တယ်။

" ဘယ်လိုလဲတောက်ရ.... ရွှေရောငွေရော ပြန့်ကျဲနေတဲ့အထဲကမှ သူဘာလို့ငွေကိုပဲကောက်တယ်လို့ထင်လဲ"

" ဟဲဟဲ ဒါကတော့ သူနဲ့ငွေပဲထိုက်လို့ပေါ့ဆရာရယ်"

" အေး ဟုတ်တယ် .. လူဆိုတာ ဘယ်အရာမဆို ကိုယ်နဲ့ထိုက်မှရတတ်ကြတယ်ကွဲ့... "

အောင်မြတ်သာက တောက်ရကို ဆုံးမပြီး မတ်တပ်ရပ်အညောင်းဆန့်ကာ ဘုရားရင်ပြင်ပေါ်ကိုတက်သွားခဲ့တယ်။ ဒီလိုနဲ့ ဘုရားစောင်းတန်းလေးမှာ နေလာခဲ့တာ လေးရက်မြောက်ရောက်တော့

" ဆရာလေးတို့ မပြန်ကြသေးဘူးလား"ဆိုတဲ့အသံကြောင့်လှည့်ကြည့်လိုက်ရာ ပယောဂကုဖို့လာခေါ်တဲ့ မောင်စ ဖြစ်နေတာကိုမြင်လိုက်ရတယ်။

အောင်မြတ်သာက မောင်စကိုမြင်တော့ နှစ်လိုဖွယ်ပြုံးပြလိုက်ပြီး

" ဘယ်လိုလဲ ကိုယ့်လူ... ငါတို့ပြောတဲ့အတိုင်းလုပ်ကြရဲ့လား"

" အဲဒါပြောချင်နေတာဆရာရေ... သူဌေးနဲ့ အကိုလေးက ဆရာပြောတဲ့အတိုင်းမလုပ်ပဲ ဆက်နေနေတာ အခုဆိုရင် နောက်တစ်မျိုးထပ်ဖြစ်နေရောပေါ့"

" ဘယ်လိုနောက်တစ်မျိုးဖြစ်တာလဲ ပြောပါဦး"

" အရင်က ဖြစ်သလိုပဲဆရာ ဗိုက်ကြီးက တစ်ဖြေးဖြေးပြန်ပူလာတယ် နောက်ပြီး စားသမျှအကုန်ပြန်အန်ထွက်တယ်ဆရာ မနက်ကဆို .. ကန်တော့ပါရဲ့ဗျာ မစင်တွေတောင် ပါးစပ်ထဲကနေအန်ထွက်တာ"

မောင်စ စကားကိုကြားတော့ အောင်မြတ်သာက မအံ့ဩတဲ့ပုံစံနဲ့
" ဒီလိုဖြစ်လာမယ်ဆိုတာ အစထဲက ကြိုတွက်ပြီးသားပါ"

" ကျွန်တော်လဲ ကိုယ့်အလုပ်ရှင်ဆိုတော့ ဆရာလုပ်လို့မရဘူးလေဗျာ .. ဒါကြောင့်စိတ်ညစ်ညစ်နဲ့ ဘုရားပေါ်တက်လာတာဆရာတို့နဲ့တွေ့တာပဲ"

" နေပါဦး ကျုပ်မသိလို့မေးပါရစေ။ ခင်ဗျားတို့ အလုပ်ရှင်ရဲ့သားက မိန်းကလေးတွေကို အခုလိုလုပ်နေတာ ဘယ်လောက်ကြာနေပြီလဲ"

" အရင်ကတော့ သတင်းသဲ့သဲ့ကြားမိတာတော့ရှိတယ်.. ခြေတော်တင်ပြီးရင် ငွေလေးမစို့မပို့လောက်ပေးပြီး ရွာပြန်လွှတ်လိုက်တာပဲ... အခုကောင်မလေးနဲ့ကျမှ လိမ့်နေအောင်ခံရတာပဲဗျို့"

" အခုနောက်ဆုံးပြန်လွှတ်လိုက်တဲ့မိန်းကလေး နာမည်က ဘယ်လိုခေါ်လဲ"

" မြရင် လို့ခေါ်တယ်ဆရာလေး.. "

" မင်းအခု ဒီကနေပြန်ရင် အကိုလေးဆိုသူကိုပြောလိုက် ... ကိုယ်ဖျက်စီးခဲ့တဲ့ဘဝကို တာဝန်မယူဘူးဆိုရင် ထပ်ဖြစ်လာမယ့်ကိစ္စတွေက အဆိုးတွေပဲဖြစ်လိမ့်မယ်လို့"

မောင်စကတော့ အောင်မြတ်သာပြောသမျှကို သေချာနားထောင်ပြီး ခေါင်းတစ်ညိမ့်ညိမ့်လုပ်ကာ ပြန်ထွက်သွားခဲ့တယ်။

" သက်ခိုင် ... ဒီည လူခြေတိတ်ချိန် ဘုရားပေါ်က စနေထောင့်ကို ကဝေမတစ်ကောင်စက်ကြိုးစီးပြီး ပျံလာလိမ့်မယ်။ သူလာတာနဲ့ နာနာဘာဝတွေအားလုံး ကြောက်လန့်ပြီး လူနေရပ်ကွက်တွေထဲဝင်ပြေးတာတွေဖြစ်လာနိုင်တယ်။ ဒီတော့ မင်းတို့နှစ်ယောက်က ဘုရားစောင်းတန်းပတ်ပတ်လည်မှာရှိတဲ့ လမ်းဆုံလမ်းခွတွေမှာ သုံးကွက်အင်းကိုမြုပ်ထားပေးပါ။ ငါဘုရားပေါ်ကပြန်မဆင်းလာမချင်း မင်းတို့လိုက်မတက်လာပါနဲ့" လို့မှာကြားပြီး ပုတီးစိပ်ဖို့ ဘုရားပေါ်တက်သွားခဲ့တယ်။

ညအမှောင်ကတစ်ဖြေးဖြေး နက်လာသလို ဘုရားပေါ်မှာလဲ တိတ်ဆိတ်ခြင်းဆိုတဲ့အရာက ကြီးစိုးလာခဲ့တယ်။ ရင်ပြင်ပေါ်မှာ သက်ရှိဆိုလို့ တနင်္ဂနွေထောင့်မှာ ပုတီးစိပ်နေတဲ့ အောင်မြတ်သာကလွဲလို့ အခြားဘယ်သူမှမရှိ။

အောင်မြတ်သာလဲ သတ်မှတ်ထားတဲ့ပုတီးအပတ်ရေပြီးလို့ အမျှဝေပြီးတဲ့အချိန် မြောက်အရပ်ကနေ တက်လာတဲ့ စက်လှိုင်းအချို့ကိုသတိထားမိခဲ့တယ်။ မကြာခင် ဘုရားရင်ပြင်ပေါ်မှာ ဝရုန်းသုန်းကား ထွက်ပြေးကြတဲ့ခြေသံတွေအပြင် အော်ဟစ်ကြိမ်းမောင်းသံအချို့ကိုပါကြားလိုက်ရတယ်။

မိနစ်ပိုင်းအတွင်းမှာတော့ လှုပ်ရှားမှုတွေငြိမ်သက်သွားပြီး နှာခေါင်းထဲကို ညှီစို့စို့အနံ့ကြီးဝင်လာခဲ့တယ်။ အောင်မြတ်သာလဲ အခြေအနေကို ရိပ်စားမိတာမို့ သမထအမြင်အာရုံတွေကို စုစည်းပြီးကြည့်လိုက်တော့ စနေထောင့်ဘုရားရဲ့အောက်ခြေခုံမှာ ဆောင့်ကြောင့်ထိုင်နေတဲ့ မိန်းမတစ်ယောက်ကို မြင်လိုက်ရတယ်။

သစ်ခေါက်ဆိုးရောင်ထဘီနဲ့အင်္ကျီကို ဝတ်ထားပြီး ဆံပင်ဖားလျားချထိုင်နေတဲ့မိန်းမက အောင်မြတ်သာကြည့်နေတာလဲသိရော မျက်နှာချင်းဆိုင်ထိုင်နေရာကနေ တစ်ဖြေးဖြေးဘေးကိုလှည့်သွားခဲ့တယ်။

" ဟိတ် သင်ကဘယ်သူလဲ ... ဘာအကြောင်းကြောင့် ဒီကိုရောက်လာခဲ့တာလဲ"

" ဆရာက ခေါ်တော့လဲ မနေနိုင်လို့ ရောက်လာခဲ့တာလေ"

" ဒါဆို သင်က မြရင်ရဲ့အဖွားလား"

" အေး ဟုတ်တယ် ငါက မြရင်ရဲ့အဖွားပဲ"

" ကဲ အဖွား ... သူတို့ဘက်က ကတိမတည်ခဲ့တာကိုလဲ ကျုပ်သိပါတယ်။ အခု‌အဖွားကို မေတ္တာရပ်ခံချင်တာက ဒီတစ်ကြိမ်ထပ်ပြီးအလျော့ပေးလိုက်ပါ။ ဒါပြီးလို့မှ မလာရင် ကျုပ်ဝင်မပါတော့ဘူး"

" အဟက်အဟက် ပထမတစ်ခါ ငါအလျော့ပေးပြီး ပညာတွေပြန်နှုတ်ခဲ့တယ်နော် ဒါပေမယ့် သူတို့မလာတာတော့ မတတ်နိုင်ဘူး"

" ဂိုဏ်းဝောာ်ရဲ့တာဝန်ပေးအပ်ခြင်းခံထားရတဲ့သူ တစ်ယောက်အနေနဲ့ နောက်ဆုံးအကြိမ်မေတ္တာရပ်ခံပါမယ်။ သင်ပြုစားထားတာတွေကို ဒီတစ်ကြိမ်ပြန်ရုပ်သိမ်းပေးပါ"

" ဟားဟားဟား ... ဒီတစ်ခါတော့မရတော့ဘူး နင်လဲဆရာတစ်ယောက်ဖြစ်သလို ငါလဲ ပညာသည်တစ်ယောက်ပဲ။ အေး နင်ပညာစွမ်းတယ်ဆိုရင် ငါ့ကို အနိုင်တိုက်စမ်း။ ငါသေရင်တော့ ဟိုခွေးကောင် အသက်ရှင်မယ်။ ငါမသေဘူးဆိုရင်တော့ ဟင်းဟင်း"

" ကောင်းပြီ ကျုပ်ဂိုဏ်းပညာကိုစတင်ယူစဉ်အချိန်က ကျုပ်ရဲ့ဆရာဖြစ်ခဲ့တဲ့သူက စကားတစ်ခွန်းပြောခဲ့တယ်။ ပညာသည်ရဲ့အသက်နဲ့ ပြုစားခံရတဲ့သူရဲ့အသက်ကိုလဲရမယ်ဆိုရင် ပြုစားခံရတဲ့သူကိုသာကယ်ပါတဲ့။ ဒါကဘာကိုဆိုလိုတယ်ဆိုတာ သင်သဘောပေါက်မှာပါ"

" ဒါဖြင့် စမ်းကြည့်လိုက်လေ ... သိမ်ဝင်သပိတ်ကွဲတို့ သိမ်ဝင်ပရိတ်ကြိုးတို့လောက်နဲ့ မလာနဲ့နော် သွေးပွက်ပွက်အန်ပြီး အသေထွက်ထွက်သွားနေဦးမယ် ဟားဟားဟား"

အညိုးကြီးလွန်းတဲ့ကဝေမကြီးရဲ့စကားကိုကြားတော့ အောင်မြတ်သာ အနုနည်းနဲ့ပြောမရတော့ဘူးဆိုတာသဘောပေါက်သွားပြီး ထိုင်တဲ့နေရာအရှေ့တစ်လံအကွာကို လက်ညိုးနဲ့စည်းတားကာ

" နတ်သူငယ်နှစ်ပါးရဲ့ရွှေကွင်းအချုပ်နဲ့ ဒီကဝေပျံမကို ဖမ်းချုပ်စေ" လို့အမိန့်ပြန်လိုက်တယ်ဆိုရင်ပဲ ကျောအနောက်ဘက်ကနေ ရုတ်တရက်ရောက်လာတဲ့ ရွှေကွင်းနှစ်ကွင်းက ကဝေမကိုယ်ကို ဖမ်းဆီးချုပ်နှောင်လိုက်ကြတယ်။
" ဟဲ့ ဟိုနေ့က ငါ့မြေး မျက်နှာမငယ်ရအောင် အလျော့ပေးဟန်ဆောင်ပြီး အမိခံခဲ့တာ.. အခုတော့ ဒီလိုရရိုးလား"ဆိုပြီးကြိမ်းဝါးကာ ကိုယ်ကိုဆွဲလှည့်လိုက်ရင်ပဲ ချုပ်ထားတဲ့ရွှေကွင်းတွေ အပိုင်းပိုင်းအစစဖြစ်ကာ လွှင့်ထွက်သွားတယ်။

နတ်သူငယ်နှစ်ပါးလဲ အောင်မြတ်သာဘေးမှာရပ်နေရင်း အပိုင်းပိုင်းအစစဖြစ်သွားတဲ့ ရွှေကွင်းအပိုင်းအစတွေကို လေချွန်ကာခေါ်ပြီး လက်နဲ့သပ်ချလိုက်တာ အကောင်းတိုင်းပြန်ဖြစ်သွားခဲ့တယ်။

" သင့်ပညာက ကဝေပျံထဲမှာ အဆင့်အတန်းတော်တော်မြင့်ဝာာပဲ ... ကဲ အခု ကျုပ်တစ်ကြိမ်တိုက်ပြီးပြီဆိုတော့ သင်ကျုပ်ကိုဘယ်လိုပြန်တိုက်မလဲ ကြည့်ချင်သေးတယ်"

အောင်မြတ်သာက တင်ပလ္လင်ခွေထိုင်ပြီး လည်ပင်းမှာတပ်ထားတဲ့ ကြယ်သီးကိုဖြုတ်ကာပြောလိုက်တဲ့အချိန် အပေါ်ကနေ ရုတ်တရက်ကျလာတဲ့ လက်ဝါးမဲမဲကြီးတစ်ခုကို ရိပ်ခနဲမြင်လိုက်ရတယ်။

" ဖြောင်း.... ဝုန်း..... အားးးးးး အမလေး ပူတယ် ပူတယ်"

လက်ဝါးက အောင်မြတ်သာခေါင်းပေါ်ကိုရောက်ဖို့ တစ်လံလောက်အကွာမှာတော့ မီးစနဲ့တို့ခံလိုက်ရသလိုဖြစ်ကာ အသံနက်နဲ့အော်ဟစ်ရင်း ထွက်ပြေးသွားတဲ့ သဘက်ကြီးတစ်ကောင်ကိုမြင်လိုက်ရတယ်။

သဘက်ကြီးထွက်ပြေးတာကိုသိတဲ့ ကဝေမကြီးက သူ့ရဲ့ညာဘက်လက်ကို လေထဲဝှေ့ရမ်းပြီး ပါးစပ်ကနေ ကျားဟိန်းသံလိုအော်လိုက်တဲ့အချိန် အောင်မြတ်သာအရှေ့ကို ကျားနှစ်ကောင်ကအစွယ်အဖွေးသားနဲ့ ကိုက်မယ့်ဟန်ပေါ်လာခဲ့တယ်။

" ဟာ ဒီကဝေမကတော့ မင်းညီနောင်ရဲ့စီးတော်ကျားတွေကိုပါ ခေါ်လိုက်ပါလား "ဆိုပြီးပြောရင်း ကိုက်ဖို့ပြေးဝင်လာတဲ့ ကျားနှစ်ကောင်ရဲ့ဂုတ်ကို ဖိထားဟန်ပြုလိုက်တော့ ကိုးတောင်ကျားနှစ်ကောင်က လည်ကုတ်ကိုဖိကိုင်ခံရတဲ့ကြောင်တွေလို ယက်ကန်ယက်ကန်ဖြစ်သွားခဲ့တယ်။

" ဟဲ့ စီးတော်ကျားတွေ ဒီနေရာက နင်တို့နေရာမဟုတ်ဘူး လာရာလမ်းအတိုင်းပြန်သွားစမ်း" လို့အမိန့်ပြန်လိုက်တော့မှ အရိုင်းစိတ်ဝင်နေတဲ့ ဟန်ပန်ကနေ အယဉ်စိတ်ပြန်ဝင်လာကာ အမှောင်ထုထဲ ခုန်ဝင်ပျောက်ကွယ်သွားခဲ့တယ်။

" ကဲအခု သင့်ပညာတွေလဲ သုံးသင့်သလောက် သုံးပြီးပြီဆိုတော့ ကျုပ်အလှည့်ရောက်ပြီ ... " လို့ပြောကာ လွယ်အိတ်ထဲထည့်ထားတဲ့အင်းပြားတစ်ချပ်ကို လက်ညိုးနဲ့တောက်ထုတ်လိုက်ရာ အင်းပြားက လေထဲမှာတင် တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေတဲ့ ကျားတစ်ကောင်ဖြစ်သွားပြီး ကဝေမဘေးမှာ လှည့်ပတ်ကာ မာန်ဖီပါလေရော။

" ကဲ သင်တာဝန်က ဒီကဝေမရဲ့ အမောက်ကို ကိုက်ဖြတ်ဖို့ပဲဖြစ်တယ်။ သင့်ကိုယ်ထဲမှာ ငါ့ရဲ့အမိန့်အာဏာတွေထည့်ပေးထားတာမို့ ရဲရဲဝံ့ဝံ့ လျင်လျင်မြန်မြန်တာဝန်ထမ်းစေ" လို့အမိန့်ပေးပြီး ရင်ပြင်ကိုလက်ဝါးနဲ့ရိုက်ချလိုက်တဲ့အချိန် ကျားဖြူကြီးက ကဝေမထံကို ခုန်ဝင်ကာ ကိုက်ခဲပါလေရော။

ကျားဖြူရဲ့ကိုက်ခဲမှုဒဏ်ကိုမခံနိုင်တဲ့ ကဝေမက စက်ကြိုးစီးပြီးထွက်ပြေးဖို့အလုပ် အောင်မြတ်သာက သန်လျက်စက်ဖြတ်စမကို လက်ဝါးပေါ်တင်ပြီး ကြိုးတွေကိုလက်ဝါးစောင်းနဲ့ဖြတ်သလို ဖြတ်ချလိုက်တော့ လူတစ်ရပ်စာလောက်အပေါ်ကိုရောက်နေတဲ့ ကဝေမကြီးက ဗိုင်းခနဲပြန်ကျလာခဲ့တယ်။

" အမလေး... ငါ့အမောက်ကို ကျားစားသွားပြီ ။ လုပ်ကြပါဦး အမောက်မရှိရင် ငါ့အစွမ်းတွေလျော့ပြီပေါ့ဟဲ့။ ပြောတော့ သနားကြင်နာတဲ့ဆရာပါဆို ။ မေတ္တာရပ်ခံပါတယ်ဆိုပြီးမှ လုပ်ရက်လေခြင်း"

" တိတ်စမ်း.. အခုမှ ပလီပလာတွေ လာမပြောနေနဲ့ ။ သင့်ကိုမေတ္တာရပ်ခံတုန်းက အလျော့ပေးခဲ့လို့လား ဟမ်"

" လုပ်ကြပေါ့အေ လုပ်ကြပေါ့... ငါတို့ဘဝတွေက အမြဲတမ်းအဖိနှိပ်ခံတွေပါ"

" စကားတတ်တိုင်းလျောက်ပြောမနေနဲ့... သင်သတ်ခဲ့တဲ့လူအရေအတွက်နဲ့နှိုင်းယှဉ်ရင် ဒါကမပြောပလောက်ဘူး။ သင် ကျုပ်နဲ့တွေ့တာ အတော်ကံကောင်းတယ် ၊ အခြားဆရာတွေဆိုရင် သင့်ခေါင်းရှစ်စိပ်ကွဲအောင် လုပ်ခိုင်းနေလောက်ပြီ။ ကဲ အခု သင်အလျော့ပေးပြီလား "

" ငါကဘာကိုအလျော့ပေးရမလဲ... အမလေး နင့်ကျားကို ပြန်ခေါ်ပါတော့ ငါ့အမောက်တွေကုန်ပါပြီ"

" ကဲ အင်းကျားဖြူရေ ဒီကဝေမ အလျော့မပေးရင် တစ်ကိုယ်လုံးကိုသာ ကိုက်စားလိုက်ပေတော့ "

" ပေးမယ် ပေးမယ် အီးဟီးဟီး ငါ့ဘေးက ကျားကိုပြန်ခေါ်ပါတော့ ငါကတိပေးတယ် ပညာတွေလဲ ပြန်နှုတ်ပေးမယ်။ ငါ့ကိုပြန်ခွင့်ပေးပါတော့"

" ကောင်းပြီနော် သင်ကတိမတည်လို့ကတော့ နောက်ထပ်ခေါ်ပြီး ကျားနဲ့ကိုက်ခိုင်းမယ် နောက်သုံးရက်အတွင်း သင့်ဆီကို ကန်တော့ပွဲနဲ့ မြေးကိုလာတောင်းလိမ့်မယ်။ လာတောင်းတဲ့အခါ ပြုစားတာတွေဘာတွေ မလုပ်နဲ့ ကြားလား"

" အေးပါ အေးပါ ငါမလုပ်ပါဘူး။ သူတို့ဘက်က ကောင်းရင် ငါဘက်က ကောင်းပါတယ်"

" ဒါဆိုရင် သစ္စာရေသောက်ပြီးမှပြန်..နင့်ကိုစိတ်မချဘူး"

" မသောက်ပါရ‌စေနဲ့ .... ငါကတိပေးတယ်လေ သစ္စာရေတော့မသောက်ခိုင်းနဲ့တော့"

" တယ် စကားများသကိုး... ဒီတစ်ခါ ခေါင်းကိုဆင်နဲ့နင်းခိုင်းလိုက်ရမလား"

" အမလေး အနိုင်ကျင့်လို့ရတဲ့သူဆိုတော့ လုပ်ကြပေါ့အေ... ဘယ်မလဲ သစ္စာရေ ..."

အောင်မြတ်သာလဲ ကဝေမကြီးကို သစ္စာရေတိုက် ကတိအထပ်ထပ်တောင်းကာ ပြန်လွှတ်ပေးခဲ့လိုက်တယ်။ ကိစ္စတွေအားလုံးပြီးလို့ စောင်းတန်းပေါ်ကနေဆင်းလာတော့ သက်ခိုင်နဲ့တောက်ရတို့ကမ်းပေးတဲ့ ရေနွေးခွက်ကိုယူကာ တစ်ကျိုက်မော့လိုက်ရင်း

" ဒီတစ်ခါတော့ သူလဲအသိတရားရလောက်ပြီထင်ပါတယ်"လို့ပြောလိုက်တော့ သက်ခိုင်က

" ဆရာ ဒီတစ်ကြိမ်မှ သူတို့ဘက်က ကောင်မလေးဘက်ကိုမသွားဘူးဆိုရင် ဘာဆက်ဖြစ်နိုင်မလဲ"

သက်ခိုင်ရဲ့အမေးကို အောင်မြတ်သာဘာမှပြန်မဖြေပဲ တန်ဆောင်းအပေါ်ကိုတက်ကာ လှဲချအနားယူလိုက်တယ်။အဲဒီအချိန် နားထဲမှာ

" ချပ် ချပ် ချပ် ချပ်" ဆိုတဲ့နာရီစက်သံတစ်ခုဝင်လာခဲ့တယ်။ အောင်မြတ်သာလဲ နာရီစက်သံကို အာရုံစိုက်နားထောင်နေရင်း ရုတ်တရက် ထထိုင်ကာ

" ‌နာရီကသွေးတောင်းနေတယ်... ဒီလိုမျိုးဖြစ်ရပ်ကိုသာမထိန်းနိုင်ရင် လူတွေဒုက္ခရောက်ကုန်တော့မှာပဲ"လို့ရွေရွတ်လိုက်တာကို မအိပ်သေးတဲ့ သက်ခိုင်ကအမှတ်မထင်ကြားမိသွားခဲ့တယ်။ဒီအကြောင်းအရာ ကိုတော့ အောင်မြတ်သာနှင့်သွေးဆာနေသောနာရီဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)
#ညမဖတ်ရ

ေအာင္ျမတ္သာႏွင့္ကေဝပ်ံအညိဳး

ေနအပူရွိန္အရမ္းျပင္းတဲ့ ေန႔လည္ခင္းအခ်ိန္မွာ ေအာင္ျမတ္သာတို႔ဆရာတပည့္သုံးေယာက္ကေတာ့ အရိပ္အာဝါသေကာင္းတဲ့ ‌ဘုရားေစာင္းတန္းေလး တစ္ခုမွာ အနားယူေနခဲ့ၾကတယ္။ ေစာင္းတန္းတစ္ေလ်ာက္ ေရွးေဟာင္းအႏုပညာလက္ရာေတြက ေဟာင္းႏြမ္းေနေပမယ့္ တန္ဖိုးမျဖတ္ႏိုင္ေလာက္ ေအာင္ေသသပ္လွေပေနေသးတာကိုလဲ သတိျပဳမိခဲ့ၾကတယ္။

မၾကာမီ ေစာင္းတန္းထဲကို ေရးႀကီးသုတ္ျပာဝင္လာတဲ့လူအခ်ိဳ႕ကိုျမင္ေတာ့ လွဲအိပ္ေနတဲ့ ေတာက္ရက ေငါက္ခနဲထထိုင္လိုက္ၿပီး အေျခအေနကို အကဲခတ္လိုက္တယ္။

အဝတ္အစားသပ္သပ္ရပ္ရပ္ဝတ္ထားၿပီး ႏႈတ္ခမ္းေမႊးစစနဲ႔လူတစ္ေယာက္က ေစာင္းတန္းတစ္ေလ်ာက္ကို က်ီးကန္းေတာင္းေမွာက္လိုက္ၾကည့္ရင္း အနားယူေနတဲ့ေအာင္ျမတ္သာတို႔ကိုျမင္ေတာ့

" ဒီက ဆရာတို႔က ပေယာဂကုတဲ့သူေတြလား"

" ဆိုပါေတာ့ဗ်ာ... ဘာမ်ားျဖစ္လို႔ပါပဲ"

" အဆင္သင့္လိုက္ေလဗ်ာ...အရင္ကဒီေစာင္းတန္းမွာ ပေယာဂဆရာေတြအေတာ္မ်ားမ်ားေနၾကတယ္ ဒီကဆရာသမားေတြကိုေတာ့ အရင္ကမျမင္မိဘူး"

" က်ဳပ္တို႔က ခရီးသြားရင္း ခဏနားေနၾကတာပါဗ်ာ ..ဒါနဲ႔ မိတ္ေဆြက ဘာေၾကာင့္ ပေယာဂကုတဲ့ဆရာကိုရွာေနရတာလဲ"

"ဒီလိုဆရာေရ.. က်ဳပ္တို႔အလုပ္လုပ္တဲ့ ေဆးလိပ္ခုံပိုင္ရွင္ရဲ႕သားကို တစ္စုံတစ္ေယာက္က ျပဳစားထားတာ ... တစ္ရက္တစ္ျခား ဗိုက္က အျပင္ကိုပူထြက္လာတာ ..မသိရင္ ဗိုက္ႀကီးသည္လိုပဲဗ်ာ"

ႏႈတ္ခမ္းေမြးစစနဲ႔လူရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာက သက္ခိုင္နဲ႔ ေတာက္ရကို အဓိပၸါယ္ပါပါလွမ္းၾကည့္လိုက္တယ္။

" ဒါျဖင့္ ေရာဂါသည္ေနတဲ့အိမ္ကို လမ္းျပေပးပါဦး"

" လာၾက လာၾက က်ဳပ္ေခၚသြားေပးပါမယ္.. ဆရာတို႔သာ အကိုေလးရဲ႕ေရာဂါကိုေပ်ာက္ေအာင္ကုေပး ႏိုင္ရင္ ကုသေၾကးၿမိဳးၿမိဳးမ်က္မ်က္ရမွာဗ်"

အေရွ႕ကေနသြားေနရင္းေျပာလိုက္တဲ့သူရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာက ႏႈတ္ခမ္းေလးတြန႔္႐ုံတစ္ခ်က္ၿပဳံးလိုက္ၿပီး အေနာက္ကေနလိုက္သြားခဲ့တယ္။ မိနစ္အနည္းငယ္ၾကာသြားၿပီးတဲ့ အခ်ိန္မွာေတာ့ ေရနံေခ်းဝေနေအာင္သုတ္ထားတဲ့ ပ်ဥ္ေထာင္အိမ္တစ္လုံးေရွ႕ကိုေရာက္လာခဲ့တယ္။

ေအာင္ျမတ္သာလဲ အိမ္ေရွ႕ကိုေရာက္ေတာ့ အေပၚကိုခ်က္ခ်င္းမတက္ပဲ ေဘးဘီကိုအကဲခတ္လိုက္ရာ အိမ္အေနာက္ဖက္မွာ အလြန္ႀကီးတဲ့ဂိုေဒါင္တစ္လုံးကိုျမင္လိုက္ရတယ္။ ဂိုေဒါင္အနားတစ္ဝိုက္မွာေတာ့ ေနလွန္းထားတဲ့ေဆးလိပ္႐ြက္ေတြကို သိမ္းတဲ့သူသိမ္း၊ အသစ္လွန္းတဲ့သူလွမ္းနဲ႔အလုပ္လုပ္ေနၾကတဲ့ မိန္းကေလးအခ်ိဳ႕ကိုလဲျမင္ေတြ႕လိုက္ရတယ္။

" ဆရာ... အိမ္ေပၚတက္ခဲ့ဦးေလ"

ႏႈတ္ခမ္းေမြးစစနဲ႔လူရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာလဲ အိမ္ေပၚကိုတက္လာခဲ့လိုက္တယ္။ အေပၚကိုေရာက္ေတာ့ အိမ္ဦးခန္းမွာ ဗိုက္ႀကီးပူၿပီး တစ္အီးအီး တစ္အားအားနဲ႔ ညဥ္းညဴေနတဲ့ အသက္သုံးဆယ္အ႐ြယ္လူတစ္ေယာက္ကိုျမင္လိုက္ရတယ္။

" ေမာင္စ.. ဒီဆရာေတြကို မင္းေခၚလာတာလား"
ပိုးသားအက်ႌ၊ ဘန္ေကာက္ပုဆိုးကို က်နစြာဝတ္ဆင္ထားတဲ့ အသက္ ေျခာက္ဆယ္အ႐ြယ္လူႀကီးတစ္ေယာက္ရဲ႕စကားေၾကာင့္ ေမာင္စ ဆိုတဲ့လူက ျပာျပာသလဲလဲနဲ႔

" ဟုတ္ပါတယ္ သူေဌး.. ဒီကဆရာေတြကလဲ ပေယာဂကုတဲ့သူေတြပါ"

" ဟာ .. ဒီအနားတစ္ဝိုက္က သမာၻရင့္ဆရာေတြေတာင္ ငါ့သားေရာဂါကိုမကုႏိုင္တာ ဒီလိုလူငယ္ေတြကဘယ္လိုလုပ္ႏိုင္မွာလဲကြ"

အထင္ေသးစြာေျပာလိုက္တဲ့စကားေၾကာင့္ ေအာင္ျမတ္သာက ခပ္ေထ့ေထ့ေလးၿပဳံးကာ
" ဒါဆိုလဲ အဘ စိတ္တိုင္းက်တဲ့ဆရာေတြကို ပင့္ၿပီး ကုပါ...ေအာ္ ဒါနဲ႔ ေနာက္တစ္နာရီဆိုရင္ လူနာကိုယ္ကေန ထူးဆန္းတာတစ္ခုခုျဖစ္လိမ့္မယ္။ သတိထားၾကဦးေနာ္" လို႔ေျပာၿပီး အိမ္ေပၚကေနဆင္းလာခဲ့လိုက္တယ္။

ၿခံဝိုင္းအျပင္ဘက္ကိုေရာက္ေတာ့ သက္ခိုင္က
" ဆရာ လူနာပုံစံကိုၾကည့္ရတာ အပင္းထည့္ခံထိထားသလိုပဲ၊ သူ႔ဗိုက္ကပူထြက္ေနတာ မသိရင္ဗိုက္ႀကီးသည္လိုပဲဗ်"

" ဟုတ္တယ္ေလ သူမၾကာခင္ မီးဖြားေတာ့မွာ"

" ဗ်ာ... ဘယ္လို"

" ထားပါ... ကာယကံရွင္ေတြက ငါတို႔ကိုမယုံၾကည္ဘူးဆိုေတာ့ ဥ‌ေပကၡာျပဳရမယ့္အေျခအေနျဖစ္လာတာေပါ့"

ဆရာတပည့္ေတြ စကားတစ္ေျပာေျပာနဲ႔လမ္းေလ်ာက္လာေနတဲ့အခ်ိန္

" ရပ္ပါဦး ဆရာတို႔... ရပ္ပါဦး" ဆိုတဲ့အသံေၾကာင့္ လွည့္ၾကည့္လိုက္ရာ ရထားလုံးကိုဒုန္းစိုင္းေမာင္းလာတဲ့ ေမာင္စ ဆိုသူကိုျမင္လိုက္ရတယ္။

" ေဟ့လူ ခင္ဗ်ားက ဘယ္လိုျဖစ္လို႔ က်ဳပ္တို႔အေနာက္လိုက္လာတာလဲ"

ေတာက္ရစကားေၾကာင့္ ‌ေမာင္စက ရထားလုံးေပၚကေနခုန္ဆင္းလာၿပီး

" အကိုေလး အေျခအေန မေကာင္းေတာ့ဘူးဗ်... စအိုေပါက္ထဲကေန ေသြးေတြဆင္းေနၿပီ"

" အင္း.. ဒီလိုျဖစ္မယ္ဆိုတာ အစထဲကသိၿပီးသားပါ"

" ေတာင္းပန္ပါတယ္ဆရာရယ္ ... သူေဌးက စကားေျပာမတတ္လို႔ျဖစ္သြားတာပါ။ အခုသူကိုယ္တိုင္ဆရာတို႔ကိုပင့္ခိုင္းလိုက္တာ။ ရထားလုံးေပၚကိုတက္ခဲ့ေပးပါဆရာ"

ေအာင္ျမတ္သာလဲ ေမာင္စရဲ႕စကားေၾကာင့္ အသက္တစ္ေခ်ာင္းကယ္ေကာင္းပါတယ္ဆိုတဲ့အေတြးနဲ႔ ရထားလုံးေပၚတက္ကာ လိုက္လာခဲ့လိုက္တယ္။

အိမ္ေရွ႕ကိုေရာက္ေတာ့ အိမ္ေပၚကေန ငယ္သံပါေအာင္ ေအာ္ၿပီးေျပးဆင္းလာတဲ့ အိမ္ေဖာ္ေကာင္မေလးတစ္ေယာက္ကိုေတြ႕လိုက္ရတယ္။

" ဟဲ့ လုံးတင္ ဘာျဖစ္တာလဲ"

" အကိုေလး အကိုေလး ဖင္ထဲကေန ေခြးသားေပါက္ေတြ ထြက္လာလို႔"

အိမ္ေဖာ္မေလးစကားေၾကာင့္ ေအာင္ျမတ္သာတို႔လဲ အခ်ိန္မဆိုင္းေနေတာ့ပဲ အိမ္ေပၚကိုတက္ၾကည့္လိုက္ေတာ့ ေသြးအိုင္ထဲမွာ ယက္ကန္ယက္ကန္ျဖစ္ေနတဲ့ေခြးသားေပါက္သုံးေကာင္ကိုေတြ႕လိုက္ရတယ္။

"သက္ခိုင္ လူနာရဲ႕ပတ္လည္ကို သိမ္ဝင္ပရိတ္ႀကိဳးနဲ႔တားလိုက္။ ေတာက္ရ မင္းက ပရိတ္ႀကိဳးအျပင္ဘက္ကေန သုံးကြက္အင္းကိုျပာခ်ထားတဲ့ ျပာမႈန႔္ကိုေရနဲ႔ေရာၿပီး စည္းထပ္ထား"

ေအာင္ျမတ္သာစကားအဆုံးမွာ သက္ခိုင္နဲ႔ ေတာက္ရတို႔က မိမိတို႔လုပ္ရမယ့္တာဝန္ေတြကို အလ်င္အျမန္လုပ္ေဆာင္လိုက္ေတာ့မွ ဗိုက္ကိုကိုင္ၿပီးေအာ္ဟစ္ေနတဲ့ လူနာက အသံတိတ္သြားခဲ့တယ္။

အဲဒီေတာ့မွ အိမ္ပိုင္ရွင္သူေဌးက ေအာင္ျမတ္သာ အနားကိုကပ္လာၿပီး
" ဆရာတို႔ကိုအျပင္ပန္းၾကည့္ၿပီး အထင္ေသးခဲ့မိတာ ေတာင္းပန္ပါတယ္။ က်ဳပ္သားေလးျဖစ္ေနတဲ့ ေရာဂါကိုေပ်ာက္ေအာင္ကုႏိုင္မယ္ဆိုရင္ က်ဳပ္စည္းစိမ္ေတြကုန္သြားပါေစ ေပးႏိုင္ပါတယ္"

" ဟုတ္ၿပီး .. ခင္ဗ်ား သားျဖစ္ေနတဲ့ေရာဂါကို အရွင္းေပ်ာက္ေအာင္ကုေပးမယ္... ဒါေပမယ့္ ကုသေၾကးကို ေ႐ႊငါးက်ပ္သား၊ ႏြားတစ္ရွဥ္း၊ လယ္ဧက၃၀ေပးရမယ္။ မေပးႏိုင္ဘူးဆိုရင္ က်ဳပ္တို႔မကုေပးႏိုင္ဘူး"

ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္နဲ႔ ေတာက္ရတို႔မ်က္လုံးျပဴးသြားၿပီး တအံ့တဩျဖစ္သြားခဲ့တယ္။

" ဘယ္လိုလဲ... ခင္ဗ်ား မေပးႏိုင္ဘူး မဟုတ္လား.. သက္ခိုင္နဲ႔ ေတာက္ရ ပရိတ္ႀကိဳးနဲ႔ အင္းျပာရည္ေတြျပန္ဖ်က္လိုက္ေတာ့"

" အဲလိုမလုပ္ပါနဲ႔ဆရာတို႔ရယ္ ေပးဆိုက်ဳပ္ေပးပါ့မယ္ ။ သားေလးေရာဂါကိုသာ ေပ်ာက္ေအာင္ကုေပးပါ က်ဳပ္ကတိတည္ပါတယ္"

" ခင္ဗ်ားကတိေပးပီးပီဆိုေတာ့ ဒီေရာဂါကို က်ဳပ္ကုေပးမယ္ .. သက္ခိုင္ မင္းက အျပင္လူေတြမဝင္ႏိုင္ေအာင္ ေဆးဖေယာင္တိုင္ကိုးတိုင္ထြန္းၿပီး စည္းခ်ထား။ ငါ့အမိန႔္မရပဲ ေဆးဖေယာင္းတိုင္ကို ေက်ာ္ဝင္လာသူ ပညာသည္ျဖစ္ပါက ေနရာမွာတင္ မီးဟုန္းဟုန္းေတာက္ေလာင္ေစ" လို႔ေျပာၿပီး လြယ္အိတ္ထဲမွာရွိတဲ့ ဖေယာင္းတိုင္ကိုးတိုင္ကိုထုတ္ကာ သက္ခိုင္ကိုေပးလိုက္တယ္။

" ေတာက္ရ .. မင္းကေတာ့ အိမ္ေရွ႕အေပါက္ဝကို သိမ္ဝင္ပရိတ္ႀကိဳးနဲ႔တားၿပီး အဟန႔္အတားျဖစ္ေအာင္လုပ္ထားပါ"

သက္ခိုင္နဲ႔ေတာက္ရတို႔လဲ ေအာင္ျမတ္သာေျပာတဲ့အတိုင္းလုပ္ေဆာင္ၿပီးခ်ိန္မွာေတာ့ အိမ္ျပဴတင္းေပါက္မွာရွိတဲ့ တံခါးႏွစ္ခ်ပ္က ေလမတိုက္ပဲနဲ႔ ဂ်ိမ္းခနဲပိတ္သြားတာျမင္ေတာ့ ေအာင္ျမတ္သာက

" ဒီပညာသည္ရဲ႕စက္က အေတာ္အားေကာင္းတာပဲ" လို႔ခ်ီးက်ဴးေျပာဆိုခဲ့တယ္။ အားလုံးစီမံၿပီးတဲ့အခ်ိန္ ေအာင္ျမတ္သာက ဘုရားေက်ာင္းေဆာင္အေရွ႕ထိုင္ကာ ဘုရားရွိခိုး၊သီလယူၿပီးေနာက္ အထက္ဆရာႀကီးေတြဆီခြင့္ျပဳမိန႔္ေတာင္းခံၿပီးတာနဲ႔ လူနာဘက္ကိုလွည့္ကာ

" သင္ ဘယ္လိုခံစားေနရေသးလဲ"

" ဗိုက္ထဲမွာ အေကာင္ေသးေသးေလးေတြ လွည့္ပတ္သြားတာေနသလိုခံစားေနရတယ္။ နာတာက်င္တာေတာ့မရွိေတာ့ဘူး"

" က်ဳပ္အျမင္ကိုေျပာျပရမယ္ဆိုရင္ သင့္ဗိုက္ထဲမွာ ေခြးသားေပါက္၆ေကာင္တိတိက်န္ေနေသးတယ္"

" ကယ္ပါဦးဆရာရယ္ ... က်ဳပ္ကိုကယ္ပါဦး"

" သင္ ‌အရင္က ဘာအမွားေတြလုပ္ခဲ့ဖူးလဲ"

" မလုပ္ခဲ့ပါဘူး .. ေနရင္းထိုင္ရင္း ဗိုက္က ပူပူလာၿပီး အခုလိုျဖစ္လာခဲ့တာ"

" သင့္ကိုျပဳစားထားတဲ့သူက ႏွယ္ႏွယ္ရရေတာ့မဟုတ္ဘူးေနာ္... သူတို႔အရမ္းနာက်ည္းလို႔သာ ဒီလိုပညာရပ္ကိုသုံးၾကတာ.."

" ေလာေလာဆယ္ ဗိုက္ထဲမွာက်န္ေနတဲ့အေကာင္ေတြ ထြက္လာေအာင္ က်ဳပ္ေပးတဲ့ေရမန္းကို ေသာက္လိုက္ပါ"

ေအာင္ျမတ္သာက ေျပာရင္းဆိုရင္း ေရခြက္ထဲကို လက္ညိဳးနဲ႔ေမႊၿပီးရလာတဲ့ေရကို လူနာကိုေသာက္ခ်ခိုင္းလိုက္တယ္။

ေရမန္းေသာက္ၿပီးတာနဲ႔ ဗိုက္အသားျပင္တစ္ခုလုံး လႈိင္းတံပိုးေတြလိုတြန႔္လာၿပီး စအိုေပါက္ထဲကေန အသက္မပါတဲ့ ေခြး‌သားေပါက္ေတြ တစ္ေကာင္ၿပီးတစ္ေကာင္က်လာခဲ့တယ္။

" ကဲ အခု ျပဳစားထားတဲ့ပညာေတြကို ထုတ္ပီးပီးဆိုေတာ့ ျပဳစားထားတဲ့သူ က်ဳပ္အေရွ႕ကိုေရာက္ေစ" ဆိုၿပီး ၾကမ္းကိုလက္နဲ႔ပုတ္လိုက္တာ ခ်က္ခ်င္းဆိုသလို အိမ္ေနာက္ေဖးကေန တစ္ေဒါက္ေဒါက္နဲ႔ လမ္းေလ်ာက္လာတဲ့ေျခသံကို ေအာင္ျမတ္သာတို႔ ၾကားလိုက္ရတယ္။

" သက္ခိုင္ေရ... လူမမာေဘးမွာ ကာထားတဲ့ စည္းေတြကိုဖယ္ေပးလိုက္ပါဦး"

သက္ခိုင္လဲ တားထားတဲ့စည္းေတြကိုဖယ္ေပးလိုက္တဲ့အခ်ိန္မွာေတာ့ ပက္လက္အိပ္ေနတဲ့ လူမမာက ဆတ္ခနဲငုတ္တုတ္ထထိုင္ၿပီး ၾကမ္းျပင္ကိုလက္ဝါးနဲ႔ပုတ္ကာ ရယ္ပါေလေရာ။

" ဆရာတို႔ ေနာ္ ... ဘာေၾကာင့္ဒီလို အယုတ္တမာေကာင္ကိုကယ္ရတာလဲ... ငါက အေသသတ္မလို႔လုပ္ထားတာ"

ေယာက်ၤားရင့္မာႀကီးတစ္ေယာက္ဆီကေန အဖြားအိုအသံထြက္လာေတာ့ အိမ္ေပၚမွာရွိေနတဲ့သူေတြအားလုံး အံ့အားသင့္သြားခဲ့တယ္။

" ကဲ.. သင္လဲ ေရာက္လာၿပီဆိုေတာ့ က်ဳပ္တို႔ေမးတာအမွန္တိုင္းေျဖေပး။ ဘာေၾကာင့္ ဒီလူကို အေသသတ္ခ်င္ရတာလဲ"

" ဆရာေလး နင္မသိဘူးေနာ္.. ဒီေကာင္က လူယုတ္မာ, သူ႔ေၾကာင့္ဘဝပ်က္ခဲ့တဲ့ မိန္းကေလးေတြမွအမ်ားႀကီးပဲ"

" အင္းပါ ဒါေတြက်ဳပ္အေစာႀကီးထဲက သေဘာေပါက္ပါတယ္။ ဒါေပမယ့္ က်ဳပ္တို႔က အထက္လမ္းဆရာေတြေလ။ သဘာဝနဲ႔ဆန႔္က်င္တဲ့အရာမွန္သမွ်ကိုတားဆီးရမယ့္တာဝန္ပါလာတယ္မဟုတ္လား"

" ဆရာေလး နင္တို႔ကို ငါ ခြင့္ေတာင္းမယ္ .. ဒီေကာင္ကို ငါသတ္ၿပီးရင္ နင္တို႔ငါ့ပညာကိုႏႈတ္သြားလိုက္ေလ"

" ခက္ေတာ့ခက္ေနၿပီ ... လူသတ္ရင္ သင္ငရဲႀကီးမွာေပါ့"

" ႀကီးႀကီးေအ ငါမေၾကာက္ဘူး... ဒီေကာင္ကိုသတ္ကိုသတ္ရမယ္"

" က်ဳပ္က သင့္ကိုေလသံေပ်ာ့ေပ်ာ့နဲ႔ေျပာေနလို႔ ေရာင့္တက္ေနတာလား"

ေအာင္ျမတ္သာစကားကိုၾကားေတာ့ လူမမာက ခနဲ႔တဲ့တဲ့ရယ္လိုက္ၿပီး
" ငါက နင္တို႔လိုဆရာေတြကို ထပ္မသတ္ခ်င္လို႔ စကားေအးေအးေျပာေနတာကို အဟုတ္ထင္ေနတာလားဟဲ့"

႐ုတ္တရက္ဆိုသလိုေလသံမာၿပီး ဒူးတစ္ဖက္ကို ေထာင္တဲ့အေနအထားျပင္လိုက္တာကိုျမင္ေတာ့ ေအာင္ျမတ္သာ ေခါင္းတစ္ဆတ္ဆတ္ညိမ့္ကာသမထအာ႐ုံကိုစုစည္းၿပီး ၾကည့္လိုက္ေတာ့ လူမမာရဲ႕ ဂုတ္ပိုးေပၚမွာခြလ်က္အေနအထားထိုင္ေနတဲ့ အဖြားႀကီးတစ္ေယာက္ကိုျမင္လိုက္ရတယ္။

မ်က္ကြင္းေတြက ညိဳေနၿပီး ကြမ္းဂ်ိဳးေတြအျပည့္နဲ႔သြားေတြက နီတဲ့အဆင့္ကိုေက်ာ္လြန္ကာမဲနက္တဲ့ဘက္ကိုေရာက္ေနခဲ့တယ္။ ဦးေခါင္းထိပ္မွာေတာ့ နီရဲေနတဲ့အေမာက္က အေပၚကိုလက္ေလးသစ္ခန႔္ တက္ေနတာကိုလဲျမင္လိုက္ရတယ္။

" လက္စသတ္ေတာ့ သင္က ဆယ့္ႏွစ္ႀကိဳးကိုလြန္ၿပီး ကေဝပ်ံအဆင့္ထိေအာင္ေရာက္ေနတာကိုး"

" ဟက္ဟက္.. နင္ကဘယ္ဆိုးလို႔တုန္း ငါ႐ုပ္အမွန္ကိုျမင္ရသားပဲ"

" ေနာက္ဆုံးအႀကိမ္က်ဳပ္ေမးမယ္... သင္ျပဳစားထားတဲ့အရာေတြကိုျပန္ႏႈတ္မလား..က်ဳပ္ပညာနဲ႔သင့္ကိုဆုံးမရမလား"

" နင္ ငါ့ကိုတုပ္မိခ်ဳပ္မိႏိုင္ေအာင္ အရင္လုပ္ပါဦး ဟားဟားဟား"

ကေဝမႀကီးက ေအာင္ျမတ္သာကို မထီေလးစားလုပ္ၿပီး ဖ်တ္ခနဲေပ်ာက္ကြယ္သြားခဲ့တယ္။

" သင္ ဒီလိုေျပးလို႔မဖမ္းႏိုင္ရင္ က်ဳပ္တို႔ဂို‌ဏ္းေတာ္ရဲ႕သိကၡာက်သြားမွာေပါ့"ဆိုၿပီးေရ႐ြတ္လိုက္တဲ့အခ်ိန္ အိမ္အျပင္ဘက္ကေန ဖုန္တစ္ေထာင္းေထာင္းထေအာင္ ေဂြလွိမ့္ၿပီးေျပးလာတဲ့ ကေလးႏွစ္ေယာက္ကိုျမင္လိုက္ရတယ္။

" ဟင္ သိဒၶိသီဟနဲ႔ သိဒၶိဗလတို႔ပါလား"
(သိဒၶိသီဟနဲ႔ သိဒၶိဗလဆိုတဲ့နတ္သူငယ္ႏွစ္ပါးအေၾကာင္းကိုဖတ္ခ်င္ရင္ေတာ့ ေအာင္ျမတ္သာႏွင့္သိဒၶိညီေနာင္ဆိုတဲ့ဝတၱဳမွာဖတ္ရႈႏိုင္ပါသည္)

ေအာင္ျမတ္သာစကားအဆုံးမွာ နတ္သူငယ္ႏွစ္ပါးက လက္ထဲမွာကိုင္ထားတဲ့ ေ႐ႊကြင္းေတြကို ပခုံးေပၚလြယ္လိုက္ၿပီး

" ဆရာေတာ္ဘုရားက မင္းတို႔ဆရာကို သြားကူညီလိုက္ဦးဆိုၿပီးေျပာလို႔လာခဲ့တာ။ ဘာမ်ားကူညီရမလဲ"

" မင္းတို႔လက္ထဲကိုင္ထားတဲ့ ေ႐ႊကြင္းကိုအသုံးျပဳၿပီး ကေဝပ်ံမကို ငါ့အေရွ႕ေခၚလာခဲ့ေပးပါ"

ေအာင္ျမတ္သာစကားအဆုံးမွာ နတ္သူငယ္ႏွစ္ပါးက အေရွ႕မွာထိုင္ေနတဲ့ လူမမာကို ေျခအဆုံးေခါင္းအဆုံးၾကည့္လိုက္၊ေခါင္းခါယမ္းလိုက္၊ ထပ္ၾကည့္လိုက္လုပ္ေနခဲ့တာ သုံးႀကိမ္ေျမာက္ေရာက္ေတာ့ ႏွစ္ေကာင္သား တစ္ခစ္ခစ္ရယ္ရင္း ပခုံးမွာလြယ္ထားတဲ့ ေ႐ႊကြင္းကိုျဖဳတ္ကာ လူမမာရွိတဲ့ေနရာကိုပစ္လႊတ္လိုက္ပါေလေရာ။

ေ႐ႊကြင္းက လူမမာအေရွ႕လဲေရာက္ေရာ အလြန္ေသးငယ္တဲ့ကြင္းအျဖစ္ေျပာင္းသြားၿပီး ေပ်ာက္ကြယ္သြားခဲ့တယ္။ မၾကာခင္ လူမမာရဲ႕ေဘးမွာ လက္ႏွစ္ဖက္ ေျခေထာက္ႏွစ္ဖက္ကို ေ႐ႊကြင္းေတြနဲ႔ တုပ္ၿပီးခ်ဳပ္ၿပီးအေနအထားျဖစ္ေနတဲ့ ကေဝပ်ံအဖြားအိုကိုျမင္ေတြ႕လိုက္ရတယ္။

" အဟား အဟား ဒီ ကေဝမက လူနာရဲ႕ တန္ဆာအေပါက္ထဲဝင္ပုန္းေနတာကိုး... အခုေတာ့ မင္းလြတ္ႏိုင္ေသးလား"

နတ္သူငယ္ႏွစ္ပါးက ေ႐ႊကြင္းႏွစ္ကြင္းထဲမွာ ခ်ဳပ္ေႏွာင္ခံထားရတဲ့ ‌ကေဝမကို မထိတထိစေနတာျမင္ေတာ့ ေအာင္ျမတ္သာက
" ဘယ္လိုလဲ အမယ္ႀကီး .. အခုက်ဳပ္က သင့္အေမာက္ကိုျဖတ္ၿပီး ပညာေတြသိမ္းရမလား ဒီလူနာကို ျပဳစားထားတာေျဖေလ်ာ့ေပးမလား" ဆိုၿပီးေမးေတာ့ ကေဝမႀကီးက

" သူ႔ေၾကာင့္ ငါ့ေျမးမေလး လူေတာမတိုးႏိုင္ျဖစ္ေနရရွာတယ္.. ငါလဲဒီပညာေတြကိုသုံးခ်င္လို႔သုံးတာ မဟုတ္ဘူး။ ဒီလူယုတ္မာကို လြတ္ထားရင္ အျခားမိန္းမပ်ိဳေတြ ဖ်က္ဆီးခံေနရမယ္ အဲဒါနင္တို႔သိလား"

" က်ဳပ္တို႔နားလည္ပါတယ္... ပညာကိုသာျပန္ႏႈတ္သြားပါ ၊ က်န္တာ က်ဳပ္တို႔ဆက္လုပ္လိုက္ပါ့မယ္"

" ငါက ဒီေကာင္ကို ပညာကုန္သုံးၿပီးလုပ္တာမို႔ ျပန္ႏႈတ္မရဘူး... ျပန္ႏႈတ္ေစခ်င္ရင္ ငါ့ကိုသတ္မွရမယ္"

" အမယ္ႀကီး... ေခါင္းမမာပါနဲ႔ေတာ့ , သူ႔ကိုလဲ က်ဳပ္တို႔နားဝင္ေအာင္ေျပာၿပီး ျဖစ္ခဲ့တာေတြအတြက္ ျပန္ေတာင္းပန္ခိုင္းပါ့မယ္ ၊ ပညာေတြကိုသာျပန္ႏႈတ္လိုက္ပါ"

ေအာင္ျမတ္သာစကားေတြေၾကာင့္ အမယ္အိုႀကီး ေခတၱစဥ္းစားလိုက္ၿပီး

" နင့္လို ေမတၱာတရားႀကီးမားတဲ့ဆရာနဲ႔ေတြ႕ရတာ ငါအေတာ္ကံေကာင္းတာပဲေအ၊ ငါ့ကိုတုပ္ၿပီးခ်ဳပ္ၿပီး မိထားတာေတာင္ နာက်င္ေအာင္မလုပ္သြားဘူး .. ေအး ေအး ငါအရႈံးေပးတယ္။သူ သတိျပန္ရလာရင္ ငါ့ေျမးမေလးကို မိသားဖသားပီပီလာေတာင္းရမ္းပါလို႔ေျပာလိုက္။ ကတိမတည္လို႔ကေတာ့ ငါ့အေၾကာင္းသိမယ္"

ေအာင္ျမတ္သာလဲ အ‌မယ္အိုႀကီးစကားအဆုံးမွာ ခ်ဳပ္ေႏွာင္ထားတာေတြကို ဖယ္ရွားေပးၿပီး ျပန္လႊတ္ေပးခဲ့တယ္။ ဝင္စီးေနတဲ့အစြဲထြက္သြားတာနဲ႔လူမမာရဲ႕ ေဖာင္းေနတဲ့ဗိုက္ကလဲ ခ်က္ခ်င္းဆိုသလို မူလအတိုင္းျပန္ျဖစ္သြားၿပီး ေမြးထားတဲ့ေခြးသားေပါက္ေတြကေတာ့ ရာဘာအတုံးေတြျဖစ္ေနတာကိုျမင္လိုက္ရတယ္။

" ၾကားတယ္မဟုတ္လား... ဒီကိစၥက သာမန္ျဖစ္႐ိုးျဖစ္စဥ္မဟုတ္လို႔သာ က်ဳပ္ကဝင္ကူညီတာ ခင္ဗ်ားတို႔ဗ်ာ ကိုယ့္စီမွာအားကိုးတစ္ႀကီး အလုပ္လာလုပ္တဲ့မိန္းကေလးကိုမွ အႏိုင္က်င့္ေစာ္ကားရတယ္လို႔ "

တိတ္ဆိတ္ေနတဲ့ အိမ္ခန္းထဲမွာ ျခေသၤ့ဟိန္းသံလို ထြက္ေပၚလာတဲ့ ေအာင္ျမတ္သာစကားေၾကာင့္ ေဆးတံကိုခဲေနတဲ့ အိမ္ပိုင္ရွင္သူေဌးမ်က္ႏွာ ကြပ္ခနဲပ်က္သြားၿပီး အခန္းထဲကိုဝင္သြားခဲ့တယ္။ ခဏေနေတာ့ အလုပ္သမားတစ္ေယာက္ ျပန္ထြက္လာၿပီး

" ဆရာေလးတို႔အတြက္ ပညာေၾကးလာေပးခိုင္းလို႔ပါ"ဆိုၿပီးေျပာကာ ပဝါတစ္ထည္နဲ႔ထုပ္ထားတဲ့ အရာတစ္ခုကိုကမ္းေပးခဲ့တယ္။

ဒီတစ္ခါမွာေတာ့ ေအာင္ျမတ္သာက ျငင္းဆန္ျခင္းမျပဳပဲ ခပ္ၿပဳံးၿပဳံးနဲ႔လွမ္းယူကာ တစ္ခြန္းတစ္ပါဒမွ မေမးျမန္းပဲအိမ္ေပၚကဆင္းလာခဲ့လိုက္တယ္။ အိမ္ၿခံစည္း႐ိုးအျပင္ဘက္ကိုေရာက္ေတာ့ အေနာက္ကို သမင္လည္ျပန္ၾကည့္လိုက္ၿပီး
" ဂုဏ္ေတြေမာက္ေနလိုက္ၾကတာ... ကိုယ့္ေၾကာင့္ ဘဝတစ္ခုလုံးပ်က္စီးသြားတဲ့သူအေပၚကိုေတာ့ စာနာစိတ္လုံးဝမရွိၾကပါလား" လို႔ေျပာကာ ဘုရားတန္ေဆာင္းရွိတဲ့ဘက္ကိုျပန္ထြက္လာခဲ့ၾကတယ္။

ဘုရားေစာင္းတန္းေရာက္ေတာ့ ကိုင္လာတဲ့ပဝါကိုေျဖခ်လိုက္ရာ ေ႐ႊတိုေ႐ႊစအနည္းငယ္နဲ႔ေငြအေႂကြအခ်ိဳ႕ထြက္လာတာျမင္လိုက္ရတယ္။

" ေတာက္ရေရ ... ဒီေ႐ႊတိုေ႐ႊစေတြနဲ႔ ေငြေတြကို ဘုရားေစာင္းတန္းေဘးမွာခိုကပ္ေနၾကတဲ့သူေတြကို ေဝမွ်ေပးလိုက္ကြာ" လို႔ေျပာလိုက္ေတာ့ ေတာက္ရက

" ဒီတိုင္းသြားေပးရင္ သူကေ႐ႊရတယ္ ငါကေငြရတယ္ဆိုၿပီး ရန္ျဖစ္ေနပါဦးမယ္ဆရာရယ္"

" မျဖစ္ေအာင္ ငါစီမံၿပီးသား မင္းသာ ဟိုးအေရွ႕က ေလ်ာက္လမ္းမွာ အကုန္က်ဲခ်လိုက္... ထိုက္တဲ့သူက သူနဲ႔ထိုက္တဲ့အရာကိုျမင္ေတြ႕ၿပီး ေကာက္ယူသြားလိမ့္မယ္"

ေအာင္ျမတ္သာစကားေၾကာင့္ ေတာက္ရက လက္ထဲကိုင္ထားတဲ့ ေ႐ႊတိုေ႐ႊစနဲ႔ေငြအခ်ိဳ႕ကို ေလ်ာက္လမ္းေပၚကိုျဖန႔္က်ဲခ်လိုက္ၿပီး ထိုင္ၾကည့္ေနခဲ့တယ္။

မၾကာခင္ ခြက္တစ္လုံး၊အထုပ္တစ္ထုပ္နဲ႔ေလ်ာက္လာတဲ့ သူဖုန္းစားတစ္ေယာက္က က်ေနတဲ့ေငြအေႂကြအခ်ိဳ႕ကိုျမင္ၿပီး ဝမ္းသာအားရ ေကာက္ယူထြက္သြားခဲ့တယ္။

" ဘယ္လိုလဲေတာက္ရ.... ေ႐ႊေရာေငြေရာ ျပန႔္က်ဲေနတဲ့အထဲကမွ သူဘာလို႔ေငြကိုပဲေကာက္တယ္လို႔ထင္လဲ"

" ဟဲဟဲ ဒါကေတာ့ သူနဲ႔ေငြပဲထိုက္လို႔ေပါ့ဆရာရယ္"

" ေအး ဟုတ္တယ္ .. လူဆိုတာ ဘယ္အရာမဆို ကိုယ္နဲ႔ထိုက္မွရတတ္ၾကတယ္ကြဲ႕... "

ေအာင္ျမတ္သာက ေတာက္ရကို ဆုံးမၿပီး မတ္တပ္ရပ္အေညာင္းဆန႔္ကာ ဘုရားရင္ျပင္ေပၚကိုတက္သြားခဲ့တယ္။ ဒီလိုနဲ႔ ဘုရားေစာင္းတန္းေလးမွာ ေနလာခဲ့တာ ေလးရက္ေျမာက္ေရာက္ေတာ့

" ဆရာေလးတို႔ မျပန္ၾကေသးဘူးလား"ဆိုတဲ့အသံေၾကာင့္လွည့္ၾကည့္လိုက္ရာ ပေယာဂကုဖို႔လာေခၚတဲ့ ေမာင္စ ျဖစ္ေနတာကိုျမင္လိုက္ရတယ္။

ေအာင္ျမတ္သာက ေမာင္စကိုျမင္ေတာ့ ႏွစ္လိုဖြယ္ၿပဳံးျပလိုက္ၿပီး

" ဘယ္လိုလဲ ကိုယ့္လူ... ငါတို႔ေျပာတဲ့အတိုင္းလုပ္ၾကရဲ႕လား"

" အဲဒါေျပာခ်င္ေနတာဆရာေရ... သူေဌးနဲ႔ အကိုေလးက ဆရာေျပာတဲ့အတိုင္းမလုပ္ပဲ ဆက္ေနေနတာ အခုဆိုရင္ ေနာက္တစ္မ်ိဳးထပ္ျဖစ္ေနေရာေပါ့"

" ဘယ္လိုေနာက္တစ္မ်ိဳးျဖစ္တာလဲ ေျပာပါဦး"

" အရင္က ျဖစ္သလိုပဲဆရာ ဗိုက္ႀကီးက တစ္ေျဖးေျဖးျပန္ပူလာတယ္ ေနာက္ၿပီး စားသမွ်အကုန္ျပန္အန္ထြက္တယ္ဆရာ မနက္ကဆို .. ကန္ေတာ့ပါရဲ႕ဗ်ာ မစင္ေတြေတာင္ ပါးစပ္ထဲကေနအန္ထြက္တာ"

ေမာင္စ စကားကိုၾကားေတာ့ ေအာင္ျမတ္သာက မအံ့ဩတဲ့ပုံစံနဲ႔
" ဒီလိုျဖစ္လာမယ္ဆိုတာ အစထဲက ႀကိဳတြက္ၿပီးသားပါ"

" ကြၽန္ေတာ္လဲ ကိုယ့္အလုပ္ရွင္ဆိုေတာ့ ဆရာလုပ္လို႔မရဘူးေလဗ်ာ .. ဒါေၾကာင့္စိတ္ညစ္ညစ္နဲ႔ ဘုရားေပၚတက္လာတာဆရာတို႔နဲ႔ေတြ႕တာပဲ"

" ေနပါဦး က်ဳပ္မသိလို႔ေမးပါရေစ။ ခင္ဗ်ားတို႔ အလုပ္ရွင္ရဲ႕သားက မိန္းကေလးေတြကို အခုလိုလုပ္ေနတာ ဘယ္ေလာက္ၾကာေနၿပီလဲ"

" အရင္ကေတာ့ သတင္းသဲ့သဲ့ၾကားမိတာေတာ့ရွိတယ္.. ေျခေတာ္တင္ၿပီးရင္ ေငြေလးမစို႔မပို႔ေလာက္ေပးၿပီး ႐ြာျပန္လႊတ္လိုက္တာပဲ... အခုေကာင္မေလးနဲ႔က်မွ လိမ့္ေနေအာင္ခံရတာပဲဗ်ိဳ႕"

" အခုေနာက္ဆုံးျပန္လႊတ္လိုက္တဲ့မိန္းကေလး နာမည္က ဘယ္လိုေခၚလဲ"

" ျမရင္ လို႔ေခၚတယ္ဆရာေလး.. "

" မင္းအခု ဒီကေနျပန္ရင္ အကိုေလးဆိုသူကိုေျပာလိုက္ ... ကိုယ္ဖ်က္စီးခဲ့တဲ့ဘဝကို တာဝန္မယူဘူးဆိုရင္ ထပ္ျဖစ္လာမယ့္ကိစၥေတြက အဆိုးေတြပဲျဖစ္လိမ့္မယ္လို႔"

ေမာင္စကေတာ့ ေအာင္ျမတ္သာေျပာသမွ်ကို ေသခ်ာနားေထာင္ၿပီး ေခါင္းတစ္ညိမ့္ညိမ့္လုပ္ကာ ျပန္ထြက္သြားခဲ့တယ္။

" သက္ခိုင္ ... ဒီည လူေျခတိတ္ခ်ိန္ ဘုရားေပၚက စေနေထာင့္ကို ကေဝမတစ္ေကာင္စက္ႀကိဳးစီးၿပီး ပ်ံလာလိမ့္မယ္။ သူလာတာနဲ႔ နာနာဘာဝေတြအားလုံး ေၾကာက္လန႔္ၿပီး လူေနရပ္ကြက္ေတြထဲဝင္ေျပးတာေတြျဖစ္လာႏိုင္တယ္။ ဒီေတာ့ မင္းတို႔ႏွစ္ေယာက္က ဘုရားေစာင္းတန္းပတ္ပတ္လည္မွာရွိတဲ့ လမ္းဆုံလမ္းခြေတြမွာ သုံးကြက္အင္းကိုျမဳပ္ထားေပးပါ။ ငါဘုရားေပၚကျပန္မဆင္းလာမခ်င္း မင္းတို႔လိုက္မတက္လာပါနဲ႔" လို႔မွာၾကားၿပီး ပုတီးစိပ္ဖို႔ ဘုရားေပၚတက္သြားခဲ့တယ္။

ညအေမွာင္ကတစ္ေျဖးေျဖး နက္လာသလို ဘုရားေပၚမွာလဲ တိတ္ဆိတ္ျခင္းဆိုတဲ့အရာက ႀကီးစိုးလာခဲ့တယ္။ ရင္ျပင္ေပၚမွာ သက္ရွိဆိုလို႔ တနဂၤေႏြေထာင့္မွာ ပုတီးစိပ္ေနတဲ့ ေအာင္ျမတ္သာကလြဲလို႔ အျခားဘယ္သူမွမရွိ။

ေအာင္ျမတ္သာလဲ သတ္မွတ္ထားတဲ့ပုတီးအပတ္ေရၿပီးလို႔ အမွ်ေဝၿပီးတဲ့အခ်ိန္ ေျမာက္အရပ္ကေန တက္လာတဲ့ စက္လႈိင္းအခ်ိဳ႕ကိုသတိထားမိခဲ့တယ္။ မၾကာခင္ ဘုရားရင္ျပင္ေပၚမွာ ဝ႐ုန္းသုန္းကား ထြက္ေျပးၾကတဲ့ေျခသံေတြအျပင္ ေအာ္ဟစ္ႀကိမ္းေမာင္းသံအခ်ိဳ႕ကိုပါၾကားလိုက္ရတယ္။

မိနစ္ပိုင္းအတြင္းမွာေတာ့ လႈပ္ရွားမႈေတြၿငိမ္သက္သြားၿပီး ႏွာေခါင္းထဲကို ညႇီစို႔စို႔အနံ႔ႀကီးဝင္လာခဲ့တယ္။ ေအာင္ျမတ္သာလဲ အေျခအေနကို ရိပ္စားမိတာမို႔ သမထအျမင္အာ႐ုံေတြကို စုစည္းၿပီးၾကည့္လိုက္ေတာ့ စေနေထာင့္ဘုရားရဲ႕ေအာက္ေျခခုံမွာ ေဆာင့္ေၾကာင့္ထိုင္ေနတဲ့ မိန္းမတစ္ေယာက္ကို ျမင္လိုက္ရတယ္။

သစ္ေခါက္ဆိုးေရာင္ထဘီနဲ႔အက်ႌကို ဝတ္ထားၿပီး ဆံပင္ဖားလ်ားခ်ထိုင္ေနတဲ့မိန္းမက ေအာင္ျမတ္သာၾကည့္ေနတာလဲသိေရာ မ်က္ႏွာခ်င္းဆိုင္ထိုင္ေနရာကေန တစ္ေျဖးေျဖးေဘးကိုလွည့္သြားခဲ့တယ္။

" ဟိတ္ သင္ကဘယ္သူလဲ ... ဘာအေၾကာင္းေၾကာင့္ ဒီကိုေရာက္လာခဲ့တာလဲ"

" ဆရာက ေခၚေတာ့လဲ မေနႏိုင္လို႔ ေရာက္လာခဲ့တာေလ"

" ဒါဆို သင္က ျမရင္ရဲ႕အဖြားလား"

" ေအး ဟုတ္တယ္ ငါက ျမရင္ရဲ႕အဖြားပဲ"

" ကဲ အဖြား ... သူတို႔ဘက္က ကတိမတည္ခဲ့တာကိုလဲ က်ဳပ္သိပါတယ္။ အခု‌အဖြားကို ေမတၱာရပ္ခံခ်င္တာက ဒီတစ္ႀကိမ္ထပ္ၿပီးအေလ်ာ့ေပးလိုက္ပါ။ ဒါၿပီးလို႔မွ မလာရင္ က်ဳပ္ဝင္မပါေတာ့ဘူး"

" အဟက္အဟက္ ပထမတစ္ခါ ငါအေလ်ာ့ေပးၿပီး ပညာေတြျပန္ႏႈတ္ခဲ့တယ္ေနာ္ ဒါေပမယ့္ သူတို႔မလာတာေတာ့ မတတ္ႏိုင္ဘူး"

" ဂိုဏ္းေဝာာ္ရဲ႕တာဝန္ေပးအပ္ျခင္းခံထားရတဲ့သူ တစ္ေယာက္အေနနဲ႔ ေနာက္ဆုံးအႀကိမ္ေမတၱာရပ္ခံပါမယ္။ သင္ျပဳစားထားတာေတြကို ဒီတစ္ႀကိမ္ျပန္႐ုပ္သိမ္းေပးပါ"

" ဟားဟားဟား ... ဒီတစ္ခါေတာ့မရေတာ့ဘူး နင္လဲဆရာတစ္ေယာက္ျဖစ္သလို ငါလဲ ပညာသည္တစ္ေယာက္ပဲ။ ေအး နင္ပညာစြမ္းတယ္ဆိုရင္ ငါ့ကို အႏိုင္တိုက္စမ္း။ ငါေသရင္ေတာ့ ဟိုေခြးေကာင္ အသက္ရွင္မယ္။ ငါမေသဘူးဆိုရင္ေတာ့ ဟင္းဟင္း"

" ေကာင္းၿပီ က်ဳပ္ဂိုဏ္းပညာကိုစတင္ယူစဥ္အခ်ိန္က က်ဳပ္ရဲ႕ဆရာျဖစ္ခဲ့တဲ့သူက စကားတစ္ခြန္းေျပာခဲ့တယ္။ ပညာသည္ရဲ႕အသက္နဲ႔ ျပဳစားခံရတဲ့သူရဲ႕အသက္ကိုလဲရမယ္ဆိုရင္ ျပဳစားခံရတဲ့သူကိုသာကယ္ပါတဲ့။ ဒါကဘာကိုဆိုလိုတယ္ဆိုတာ သင္သေဘာေပါက္မွာပါ"

" ဒါျဖင့္ စမ္းၾကည့္လိုက္ေလ ... သိမ္ဝင္သပိတ္ကြဲတို႔ သိမ္ဝင္ပရိတ္ႀကိဳးတို႔ေလာက္နဲ႔ မလာနဲ႔ေနာ္ ေသြးပြက္ပြက္အန္ၿပီး အေသထြက္ထြက္သြားေနဦးမယ္ ဟားဟားဟား"

အညိဳးႀကီးလြန္းတဲ့ကေဝမႀကီးရဲ႕စကားကိုၾကားေတာ့ ေအာင္ျမတ္သာ အႏုနည္းနဲ႔ေျပာမရေတာ့ဘူးဆိုတာသေဘာေပါက္သြားၿပီး ထိုင္တဲ့ေနရာအေရွ႕တစ္လံအကြာကို လက္ညိဳးနဲ႔စည္းတားကာ

" နတ္သူငယ္ႏွစ္ပါးရဲ႕ေ႐ႊကြင္းအခ်ဳပ္နဲ႔ ဒီကေဝပ်ံမကို ဖမ္းခ်ဳပ္ေစ" လို႔အမိန႔္ျပန္လိုက္တယ္ဆိုရင္ပဲ ေက်ာအေနာက္ဘက္ကေန ႐ုတ္တရက္ေရာက္လာတဲ့ ေ႐ႊကြင္းႏွစ္ကြင္းက ကေဝမကိုယ္ကို ဖမ္းဆီးခ်ဳပ္ေႏွာင္လိုက္ၾကတယ္။
" ဟဲ့ ဟိုေန႔က ငါ့ေျမး မ်က္ႏွာမငယ္ရေအာင္ အေလ်ာ့ေပးဟန္ေဆာင္ၿပီး အမိခံခဲ့တာ.. အခုေတာ့ ဒီလိုရ႐ိုးလား"ဆိုၿပီးႀကိမ္းဝါးကာ ကိုယ္ကိုဆြဲလွည့္လိုက္ရင္ပဲ ခ်ဳပ္ထားတဲ့ေ႐ႊကြင္းေတြ အပိုင္းပိုင္းအစစျဖစ္ကာ လႊင့္ထြက္သြားတယ္။

နတ္သူငယ္ႏွစ္ပါးလဲ ေအာင္ျမတ္သာေဘးမွာရပ္ေနရင္း အပိုင္းပိုင္းအစစျဖစ္သြားတဲ့ ေ႐ႊကြင္းအပိုင္းအစေတြကို ေလခြၽန္ကာေခၚၿပီး လက္နဲ႔သပ္ခ်လိုက္တာ အေကာင္းတိုင္းျပန္ျဖစ္သြားခဲ့တယ္။

" သင့္ပညာက ကေဝပ်ံထဲမွာ အဆင့္အတန္းေတာ္ေတာ္ျမင့္ဝာာပဲ ... ကဲ အခု က်ဳပ္တစ္ႀကိမ္တိုက္ၿပီးၿပီဆိုေတာ့ သင္က်ဳပ္ကိုဘယ္လိုျပန္တိုက္မလဲ ၾကည့္ခ်င္ေသးတယ္"

ေအာင္ျမတ္သာက တင္ပလႅင္ေခြထိုင္ၿပီး လည္ပင္းမွာတပ္ထားတဲ့ ၾကယ္သီးကိုျဖဳတ္ကာေျပာလိုက္တဲ့အခ်ိန္ အေပၚကေန ႐ုတ္တရက္က်လာတဲ့ လက္ဝါးမဲမဲႀကီးတစ္ခုကို ရိပ္ခနဲျမင္လိုက္ရတယ္။

" ေျဖာင္း.... ဝုန္း..... အားးးးးး အမေလး ပူတယ္ ပူတယ္"

လက္ဝါးက ေအာင္ျမတ္သာေခါင္းေပၚကိုေရာက္ဖို႔ တစ္လံေလာက္အကြာမွာေတာ့ မီးစနဲ႔တို႔ခံလိုက္ရသလိုျဖစ္ကာ အသံနက္နဲ႔ေအာ္ဟစ္ရင္း ထြက္ေျပးသြားတဲ့ သဘက္ႀကီးတစ္ေကာင္ကိုျမင္လိုက္ရတယ္။

သဘက္ႀကီးထြက္ေျပးတာကိုသိတဲ့ ကေဝမႀကီးက သူ႔ရဲ႕ညာဘက္လက္ကို ေလထဲေဝွ႔ရမ္းၿပီး ပါးစပ္ကေန က်ားဟိန္းသံလိုေအာ္လိုက္တဲ့အခ်ိန္ ေအာင္ျမတ္သာအေရွ႕ကို က်ားႏွစ္ေကာင္ကအစြယ္အေဖြးသားနဲ႔ ကိုက္မယ့္ဟန္ေပၚလာခဲ့တယ္။

" ဟာ ဒီကေဝမကေတာ့ မင္းညီေနာင္ရဲ႕စီးေတာ္က်ားေတြကိုပါ ေခၚလိုက္ပါလား "ဆိုၿပီးေျပာရင္း ကိုက္ဖို႔ေျပးဝင္လာတဲ့ က်ားႏွစ္ေကာင္ရဲ႕ဂုတ္ကို ဖိထားဟန္ျပဳလိုက္ေတာ့ ကိုးေတာင္က်ားႏွစ္ေကာင္က လည္ကုတ္ကိုဖိကိုင္ခံရတဲ့ေၾကာင္ေတြလို ယက္ကန္ယက္ကန္ျဖစ္သြားခဲ့တယ္။

" ဟဲ့ စီးေတာ္က်ားေတြ ဒီေနရာက နင္တို႔ေနရာမဟုတ္ဘူး လာရာလမ္းအတိုင္းျပန္သြားစမ္း" လို႔အမိန႔္ျပန္လိုက္ေတာ့မွ အ႐ိုင္းစိတ္ဝင္ေနတဲ့ ဟန္ပန္ကေန အယဥ္စိတ္ျပန္ဝင္လာကာ အေမွာင္ထုထဲ ခုန္ဝင္ေပ်ာက္ကြယ္သြားခဲ့တယ္။

" ကဲအခု သင့္ပညာေတြလဲ သုံးသင့္သေလာက္ သုံးၿပီးၿပီဆိုေတာ့ က်ဳပ္အလွည့္ေရာက္ၿပီ ... " လို႔ေျပာကာ လြယ္အိတ္ထဲထည့္ထားတဲ့အင္းျပားတစ္ခ်ပ္ကို လက္ညိဳးနဲ႔ေတာက္ထုတ္လိုက္ရာ အင္းျပားက ေလထဲမွာတင္ တစ္ကိုယ္လုံးဆြတ္ဆြတ္ျဖဴေနတဲ့ က်ားတစ္ေကာင္ျဖစ္သြားၿပီး ကေဝမေဘးမွာ လွည့္ပတ္ကာ မာန္ဖီပါေလေရာ။

" ကဲ သင္တာဝန္က ဒီကေဝမရဲ႕ အေမာက္ကို ကိုက္ျဖတ္ဖို႔ပဲျဖစ္တယ္။ သင့္ကိုယ္ထဲမွာ ငါ့ရဲ႕အမိန႔္အာဏာေတြထည့္ေပးထားတာမို႔ ရဲရဲဝံ့ဝံ့ လ်င္လ်င္ျမန္ျမန္တာဝန္ထမ္းေစ" လို႔အမိန႔္ေပးၿပီး ရင္ျပင္ကိုလက္ဝါးနဲ႔႐ိုက္ခ်လိုက္တဲ့အခ်ိန္ က်ားျဖဴႀကီးက ကေဝမထံကို ခုန္ဝင္ကာ ကိုက္ခဲပါေလေရာ။

က်ားျဖဴရဲ႕ကိုက္ခဲမႈဒဏ္ကိုမခံႏိုင္တဲ့ ကေဝမက စက္ႀကိဳးစီးၿပီးထြက္ေျပးဖို႔အလုပ္ ေအာင္ျမတ္သာက သန္လ်က္စက္ျဖတ္စမကို လက္ဝါးေပၚတင္ၿပီး ႀကိဳးေတြကိုလက္ဝါးေစာင္းနဲ႔ျဖတ္သလို ျဖတ္ခ်လိုက္ေတာ့ လူတစ္ရပ္စာေလာက္အေပၚကိုေရာက္ေနတဲ့ ကေဝမႀကီးက ဗိုင္းခနဲျပန္က်လာခဲ့တယ္။

" အမေလး... ငါ့အေမာက္ကို က်ားစားသြားၿပီ ။ လုပ္ၾကပါဦး အေမာက္မရွိရင္ ငါ့အစြမ္းေတြေလ်ာ့ၿပီေပါ့ဟဲ့။ ေျပာေတာ့ သနားၾကင္နာတဲ့ဆရာပါဆို ။ ေမတၱာရပ္ခံပါတယ္ဆိုၿပီးမွ လုပ္ရက္ေလျခင္း"

" တိတ္စမ္း.. အခုမွ ပလီပလာေတြ လာမေျပာေနနဲ႔ ။ သင့္ကိုေမတၱာရပ္ခံတုန္းက အေလ်ာ့ေပးခဲ့လို႔လား ဟမ္"

" လုပ္ၾကေပါ့ေအ လုပ္ၾကေပါ့... ငါတို႔ဘဝေတြက အၿမဲတမ္းအဖိႏွိပ္ခံေတြပါ"

" စကားတတ္တိုင္းေလ်ာက္ေျပာမေနနဲ႔... သင္သတ္ခဲ့တဲ့လူအေရအတြက္နဲ႔ႏႈိင္းယွဥ္ရင္ ဒါကမေျပာပေလာက္ဘူး။ သင္ က်ဳပ္နဲ႔ေတြ႕တာ အေတာ္ကံေကာင္းတယ္ ၊ အျခားဆရာေတြဆိုရင္ သင့္ေခါင္းရွစ္စိပ္ကြဲေအာင္ လုပ္ခိုင္းေနေလာက္ၿပီ။ ကဲ အခု သင္အေလ်ာ့ေပးၿပီလား "

" ငါကဘာကိုအေလ်ာ့ေပးရမလဲ... အမေလး နင့္က်ားကို ျပန္ေခၚပါေတာ့ ငါ့အေမာက္ေတြကုန္ပါၿပီ"

" ကဲ အင္းက်ားျဖဴေရ ဒီကေဝမ အေလ်ာ့မေပးရင္ တစ္ကိုယ္လုံးကိုသာ ကိုက္စားလိုက္ေပေတာ့ "

" ေပးမယ္ ေပးမယ္ အီးဟီးဟီး ငါ့ေဘးက က်ားကိုျပန္ေခၚပါေတာ့ ငါကတိေပးတယ္ ပညာေတြလဲ ျပန္ႏႈတ္ေပးမယ္။ ငါ့ကိုျပန္ခြင့္ေပးပါေတာ့"

" ေကာင္းၿပီေနာ္ သင္ကတိမတည္လို႔ကေတာ့ ေနာက္ထပ္ေခၚၿပီး က်ားနဲ႔ကိုက္ခိုင္းမယ္ ေနာက္သုံးရက္အတြင္း သင့္ဆီကို ကန္ေတာ့ပြဲနဲ႔ ေျမးကိုလာေတာင္းလိမ့္မယ္။ လာေတာင္းတဲ့အခါ ျပဳစားတာေတြဘာေတြ မလုပ္နဲ႔ ၾကားလား"

" ေအးပါ ေအးပါ ငါမလုပ္ပါဘူး။ သူတို႔ဘက္က ေကာင္းရင္ ငါဘက္က ေကာင္းပါတယ္"

" ဒါဆိုရင္ သစၥာေရေသာက္ၿပီးမွျပန္..နင့္ကိုစိတ္မခ်ဘူး"

" မေသာက္ပါရ‌ေစနဲ႔ .... ငါကတိေပးတယ္ေလ သစၥာေရေတာ့မေသာက္ခိုင္းနဲ႔ေတာ့"

" တယ္ စကားမ်ားသကိုး... ဒီတစ္ခါ ေခါင္းကိုဆင္နဲ႔နင္းခိုင္းလိုက္ရမလား"

" အမေလး အႏိုင္က်င့္လို႔ရတဲ့သူဆိုေတာ့ လုပ္ၾကေပါ့ေအ... ဘယ္မလဲ သစၥာေရ ..."

ေအာင္ျမတ္သာလဲ ကေဝမႀကီးကို သစၥာေရတိုက္ ကတိအထပ္ထပ္ေတာင္းကာ ျပန္လႊတ္ေပးခဲ့လိုက္တယ္။ ကိစၥေတြအားလုံးၿပီးလို႔ ေစာင္းတန္းေပၚကေနဆင္းလာေတာ့ သက္ခိုင္နဲ႔ေတာက္ရတို႔ကမ္းေပးတဲ့ ေရေႏြးခြက္ကိုယူကာ တစ္က်ိဳက္ေမာ့လိုက္ရင္း

" ဒီတစ္ခါေတာ့ သူလဲအသိတရားရေလာက္ၿပီထင္ပါတယ္"လို႔ေျပာလိုက္ေတာ့ သက္ခိုင္က

" ဆရာ ဒီတစ္ႀကိမ္မွ သူတို႔ဘက္က ေကာင္မေလးဘက္ကိုမသြားဘူးဆိုရင္ ဘာဆက္ျဖစ္ႏိုင္မလဲ"

သက္ခိုင္ရဲ႕အေမးကို ေအာင္ျမတ္သာဘာမွျပန္မေျဖပဲ တန္ေဆာင္းအေပၚကိုတက္ကာ လွဲခ်အနားယူလိုက္တယ္။အဲဒီအခ်ိန္ နားထဲမွာ

" ခ်ပ္ ခ်ပ္ ခ်ပ္ ခ်ပ္" ဆိုတဲ့နာရီစက္သံတစ္ခုဝင္လာခဲ့တယ္။ ေအာင္ျမတ္သာလဲ နာရီစက္သံကို အာ႐ုံစိုက္နားေထာင္ေနရင္း ႐ုတ္တရက္ ထထိုင္ကာ

" ‌နာရီကေသြးေတာင္းေနတယ္... ဒီလိုမ်ိဳးျဖစ္ရပ္ကိုသာမထိန္းႏိုင္ရင္ လူေတြဒုကၡေရာက္ကုန္ေတာ့မွာပဲ"လို႔ေ႐ြ႐ြတ္လိုက္တာကို မအိပ္ေသးတဲ့ သက္ခိုင္ကအမွတ္မထင္ၾကားမိသြားခဲ့တယ္။ဒီအေၾကာင္းအရာ ကိုေတာ့ ေအာင္ျမတ္သာႏွင့္ေသြးဆာေနေသာနာရီဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)
#ညမဖတ္ရ

No comments

Post a Comment