အောင်မြတ်သာနှင့်သစ်စုန်းတံခါးဝင်ပေါက်

ရအောင် နတ်စစ်သူကြီးသုန္ဒဓကိုပင့်ဖိတ် အပ်နှံရမှာပဲ” (နတ်စစ်သူကြီးသုန္ဒဓအကြောင်းကိုတော့ အောင်မြတ်သာနှင့်နတ်စစ်သူကြီးသုန္ဒဓဆိုတဲ့ဝတ္တုမှာ ဖတ်ရှ... thumbnail 1 summary
ရအောင် နတ်စစ်သူကြီးသုန္ဒဓကိုပင့်ဖိတ် အပ်နှံရမှာပဲ”
(နတ်စစ်သူကြီးသုန္ဒဓအကြောင်းကိုတော့ အောင်မြတ်သာနှင့်နတ်စစ်သူကြီးသုန္ဒဓဆိုတဲ့ဝတ္တုမှာ ဖတ်ရှုလို့ရပါသည်)
နတ်စစ်သူကြီးသုန္ဒဓဆိုတဲ့အသံကြောင့် နာကျင်စွာညဉ်းညူနေတဲ့ ဂန္ဓဘ ခေါင်းထောင် လာပြီး
“နတ်စစ်သူကြီးသုန္ဒဓ ဟုတ်လား ငါ့ဆရာဖြစ်သူနဲ့ သင်နဲ့က ဘယ်လိုပတ်သတ်မှုရှိနေ တာလဲ”
အောင်မြတ်သာလဲ ဂန္ဓဘရဲ့စကားကို ဘာမှမတုန့်ပြန်ပဲ စိတ်ထဲကနေ နတ်စစ်သူကြီးကို ပင့်ဖိတ်လိုက်ရာ ချက်ချင်းဆိုသလို အခန်းတစ်ခုလုံး မွှေးကြိုင်ထုံသင်းနေတဲ့ ရနံ့တွေဖုံးလွှမ်းသွားပြီး သလွန်ထက်မှာ ရွှေရောင်တစ်ဖိတ်ဖိတ်တောက်နေတဲ့ အဆင်တန်ဆာဝတ်ဆင်ထားတဲ့ နတ်စစ်သူကြီးကိုမြင်တွေ့လိုက်ရတယ်။
နတ်စစ်သူကြီးလဲ အောင်မြတ်သာကိုမြင်တာနဲ့ သလွန်ပေါ်ကဆင်းပြီး အရိုအသေပေးကာ
“ဆရာ ကျုပ်ကိုပင့်လိုက်တာ ဘာအရေးကိစ္စများရှိလို့ပါလဲ”
“အရေးကိစ္စကတော့ ဒီနတ်ဘီလူးက လူသားတွေကို ဖျားယောင်းသွေးဆောင်ပြီး သူ့ရဲ့ အခိုင်းစေအဖြစ်အသုံးပြုနေတာကို တားဆီးပေးဖို့ပါပဲ”
နတ်စစ်သူကြီးလဲ အောင်မြတ်သာစကားကြောင့် အခန်းထောင့်မှာလဲကျနေတဲ့ ဂန္ဓဘကို ကြည့်လိုက်ပြီး
“သင့် နာမည် ဘယ်လိုခေါ်လဲ”
“ဂန္ဓဘလို့ခေါ်ပါတယ်”
“ဂန္ဓဘ ဟုတ်လား ဒါဆိုသင်က မြောက်ဘက်သဲပြင်ကို စောင့်ကြပ်နေရတဲ့သူမဟုတ်လား အဘယ်ကြောင့် အခုလိုမျိုးလုပ်ရတာလဲ”
နတ်စစ်သူကြီးရဲ့ မာထန်တဲ့လေသံကြောင့် ဂန္ဓဘ ခေါင်းမဖော်ဝံ့ပဲ ဦးခေါင်းငိုက်စိုက်ကျသွား ခဲ့တယ်။
“ဆရာ ကျုပ်နားလည်သဘောပေါက်ပါပြီ ဒီသကောင့်သားကို နောက်ထပ် အပြစ်တွေမကျူးလွန်အောင် ဆုံးမပေးပါမယ် အလားတူဖြစ်ရပ်မျိုး အခြားတစ်ယောက်က ကျူးလွန် ခဲ့ရင်တောင် ကျုပ်ကိုအချိန်မရွေးခေါ်ဆောင်လို့ရပါတယ်”
“ကောင်းပါပြီ နတ်စစ်သူကြီး ကျုပ်လဲဒီရွာသားတွေကို သူတို့ရဲ့နေရပ်ကိုပြန်ပို့ပေးရဦးမယ်”
“ဒါဖြင့်လဲ ဆရာတို့ အခက်အခဲမရှိသွားလာလို့ရအောင် ကျုပ်စီစဉ်ပေးပါမယ်”
နတ်စစ်သူကြီးလဲ စကားအဆုံးမှာ သတိလစ်မေ့မျောနေတဲ့ ရွာသားတွေရဲ့ ခန္ဓာကိုယ်ကို လက်နဲ့သပ်ချလိုက်တဲ့အချိန် မြင်ကွင်းတွေအားလုံးပြောင်းလဲကုန်ပြီး အေးစိမ့်တဲ့လေနုအေးက မျက်နှာကိုလာထိခတ်တဲ့ အရသာကို အောင်မြတ်သာတို့ခံစားလိုက်ရတယ်။
ဘေးပတ်ဝန်းကျင်မှာတော့ ငုတ်စိငုတ်စိပေါက်ရောက်နေတဲ့ မြက်ပင်တွေအပြင် စားကျက်မြေမှာလဲကျသတိလစ်နေတဲ့ ရွာသားအချို့ကိုမြင်လိုက်ရတယ်။
“ဆရာ ခုနက ခန်းမထဲမှာတွေ့တဲ့လူတွေက ဒီထက်များတယ်လေ ကျန်တဲ့သူတွေ ဘယ်ရောက်သွားကြတာလဲ”
“သူတို့ရဲ့ဆိုင်ရာ ဆိုင်ရာနေရပ်ကိုပြန်ရောက်သွားကြပြီလေ အခုမြင်နေရတဲ့ ရွာသားတွေက ဒီအရပ်ဒေသကလူတွေပဲ”
အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရတို့ ခေါင်းတစ်ညိမ့်ညိမ့်လုပ်နေတဲ့ အချိန် ရွာထဲကနေ ကျယ်လောင်စွာတွန်လိုက်တဲ့ လင်းကြက်တစ်ကောင်ရဲ့အော်သံကိုကြားလိုက်ရတယ်။
လင်းကြက်သံကြားတာနဲ့ အောင်မြတ်သာတို့သုံးယောက်ရဲ့ခြေလှမ်းတွေက ရွာအပြင် ဘက်ကို ဦးတည်ကာထွက်လာခဲ့လိုက်တယ်။ ရွာထိပ်ကိုရောက်တော့ စိန်ပန်းပင်ပေါ်မှာ ထိုင်ပြီး လက်ခုပ်လက်ဝါးတီးကာ နှုတ်ဆက်နေတဲ့ ဦးလူပျော်ကို ချိုမြိန်တဲ့အပြုံးနဲ့နှုတ်ဆက်ကာ ထွက်ခွာခဲ့ကြတယ်။
နောက်ဝတ္တုမှာတော့ အတိတ်ဘဝက ပါရမီကြောင့် တန်ဖိုးဖြတ်မရတဲ့ ရတနာပစ္စည်းကို ပိုင်ဆိုင်ပြီး ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားခဲ့တဲ့ အမျိုးကောင်းသားတစ်ဦးကို ချေချွတ်ဆုံးမတဲ့ အကြောင်းကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့် လှံခွေဓါးကျိုးမောင်ဘမိုးဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

No comments

Post a Comment