ခေါင်းရိုက်သံ(စ/ဆုံး)

  ခေါင်းရိုက်သံ(စ/ဆုံး) ရေးသားသူ...တာတေ တပို့တွဲလဆိုရင် တာတေတို့ရွာမှာ ထမနဲပွဲ ရှိ တယ်ဗျ။ ထမနဲပွဲမှ တစ်ပွဲမဟုတ်ဘူးဗျို့။ တစ် ရွာလုံးမှာ အ... thumbnail 1 summary

 ခေါင်းရိုက်သံ(စ/ဆုံး)

ရေးသားသူ...တာတေ

တပို့တွဲလဆိုရင် တာတေတို့ရွာမှာ ထမနဲပွဲ ရှိ
တယ်ဗျ။ ထမနဲပွဲမှ တစ်ပွဲမဟုတ်ဘူးဗျို့။ တစ်
ရွာလုံးမှာ အနည်းဆုံး ဆယ်ပွဲ၊ ဆယ့်ငါးပွဲ
လောက်ကို ရှိတာ။ ထမနဲထိုးတဲ့ ရက်တွေဆို
ရင် တာတေတို့ ကာလသားတွေ မနက်လင်း
အားကြီးမှပဲ အိမ်ပြန်ကြရတာဗျ။ တစ်အိမ်၊တစ်
အိမ်ကို အနည်းဆုံးတော့ ဆယ်ဒယ်လောက်
ထိုးကြတာ။

ဘုန်းကြီးကျောင်းတွေပို့၊ အိမ်တွေလိုက်ဝေ၊ အ
နီးအနားရွာတွေ ပို့သဗျာ။ကျုပ်တို့ရွာမှာကလည်း
ထမနဲပွဲဆိုတာ ညရောက်မှ ထိုးကြတာဗျ။ နေ့
ခင်းဘက်ကျတော့ ယာထဲဆင်းတဲ့ လူကဆင်း၊
တောထဲ တောင်ထဲသွားတဲ့လူက သွားနဲ့ဆိုတော့
ရွာမှာ လူမစုံဘူးလေ၊ ညရောက်မှ အားလုံးပြန်
ဆုံကြတာဗျ။

ဒီတော့မှ ဝိုင်းထဲမှာ မီးဖိုတွေဖိုကြ၊ အောက်လင်း
ဓါတ်မီးတွေ ထွန်းကြပြီးပျော်ပျော်ပါးပါးကို ထမနဲ
ပွဲ နွှဲကြတာဗျို့။ ထမနဲဆိုတာကလည်း ထိုးတဲ့လူ
ထက် ဖျင်တဲ့လူက ပိုပြီးအရေးကြီးတယ်လေဗျာ။
ကျုပ်တို့ရွာမှာက ထမနဲဖျင်ကောင်းတဲ့လူတွေ ရှိ
ပါ့ဗျာ။ အဲ အဲဒီအထဲမှာ ဟောဒီကောင် တာတေ
လည်း ပါတာပေါ့။

ကျုပ်တို့ရွာ ထမနဲပွဲဆိုတာ အားကြီးပျော်ဖို့ကောင်း
တာဗျ။လက်ဖက်သုတ်၊ငါးခြောက်ဖုတ်၊ ဆတ်သား
ခြောက်ဖုတ်၊ ရေနွေးကြမ်းဆိုတာ ပြတ်တယ်လို့ကို
မရှိတာဗျ။ ထမနဲပွဲ အလှူရှင်တွေကလည်း လွှတ်
ပြီး စေတနာကောင်းကြတာ။ ထမနဲထိုးပေးတဲ့လူ
တွေဆိုရင် အားကြီးကျွေးချင်မွေးချင်ကြတာဗျို့။

ခင်ဗျားနှယ် တချို့ဝိုင်းတွေထဲများဆိုရင် ဘင်ဂျို
တီးတဲ့လူတွေ၊ မယ်ဒလင်တီးတဲ့လူတွေတောင်
ပါသေးသဗျ။ တကယ်ကို ပျော်စရာကြီးပါဗျာ။ ဒီ
တော့လည်း ကာလသားတွေဆိုတာ တစ်ညလုံး
ချွေးတလုံးလုံးနဲ့ မအိပ်ချင်အောင် ပျော်ပြီး ထမ
နဲ တစ်ဒယ်ပြီးတစ်ဒယ် ထိုးကြတော့တာပေါ့ဗျာ။
ပြီးတော့ ရှိသေးသဗျ။ ကာလသားတွေက တ
ပျော်တပါး ထမနဲ ထိုးနေကြတဲ့အချိန်မှာ လက်
ဖက်ပွဲ ထပ်ပြင်ပေး၊ ရေနွေးကြမ်း ထပ်ဖြည့်ပေး
ကြတာက ရွာထဲက အပျိုချောတွေလေဗျာ။

သူတို့လည်း ထမနဲပွဲ မပြီးမချင်း အိပ်ကြတာ
မဟုတ်ဘူးဗျ။ ဒီတော့လည်း ကာလသားတွေက
ပိုပြီးပျော်တော့တာပေါ့ဗျာ။ မောလို့မောရမှန်း မ
သိ၊ ပန်းလို့ ပန်းရမှန်း မသိကို ဖြစ်နေတော့တာ
ပေါ့ဗျာ။ ပြီးတော့ ပြောရဦးမယ်ဗျို့။ ကျုပ်တို့ထိုး
တဲ့ ထမနဲတွေက အရသာကလည်း ကောင်းပါ့
ဗျာ။ ဘာဖြစ်လို့တုံးဆိုတော့ မြေပဲတို့၊ နှမ်းတို့၊
ဆီတို့ ဆိုတာ ကျုပ်တို့ ဒေသထွက်တွေလေဗျာ။

ဂျင်းတို့၊ အုန်းသီးတို့ ဆိုတာလည်း ပေါပေါ့ဗျာ။
ကောက်ညှင်းဆန်တစ်ခုပဲ ကျုပ်တို့ ဝယ်ရတာ
လေဗျာ။ ကျန်တာက ကျုပ်တို့ယာတွေထဲက
ထွက်တာတွေချည်းပဲပေါ့။ ထမနဲတွေ အားလုံး
ဒယ်စုံအောင် ထိုးပြီးလို့ အိမ်ပြန်ရောက်တော့ပဲ မိုးလင်းစပြုပြီဗျ။ ကျုပ်ကလည်း အိမ်ပြန်ရောက်
ရင် ချက်ချင်းအိပ်တတ်တဲ့ကောင် မဟုတ်ဘူး
ဗျ။ အိမ်မှာ လုပ်စရာရှိတာတွေ ဆက်ပြီးလုပ်
နေရောဗျ။ မနက်စာ ထမင်းစားပြီးရင်တော့
မျက်စိ စဉ်းလာရောဗျို့။

သောက်နေကျ နဂါးဆေးပေါ့လိပ်ကလေးလည်း လက်ကြားညှပ်ပြီး ဖွာလိုက်ရော ကျုပ်မျက်စိတွေ
က မဖွင့်ချင်အောင်ကို လေးလာတာဗျို့။ ကျုပ်တို့
အညာနေကလည်း တပို့တွဲလောက် ကတည်းက
ပူချင်ချင်ဗျ။ကျုပ်လည်း ပုဆိုးဟောင်းကလေ တစ်
ထည် ပခုံးပေါ်တင်ပြီး ဝိုင်းထဲက မန်ကျည်းပင်ကြီး
အောက်ကို ဆင်းလာခဲ့တယ်။

သစ်သားကွပ်ပျစ်ပေါ်မှာ အဆင်သင့်ချထားတဲ့
ဝါးဘိုးခြမ်းခေါင်းအုံးကလေးပေါ်ကို ပုဆိုးကလေး
ခေါက်တင်လိုက်တယ်။ နဂါးဆေးပေါ့လိပ်ကလေး
တစ်ဖွာ နှစ်ဖွာ ဖွာလိုက်ပြီးတော့ ဆေးလိပ်တိုကို
ပြာခံခွက်ထဲ ချထားလိုက်တယ်။ မရတော့ဘူးဗျ။
မျက်စိတွေက ပိတ်ကျလာပြီ။ ကျုပ်ကွပ်ပျစ်ပေါ်
ကို လှဲချလိုက်တယ်။ ကျုပ်ချက်ချင်း အိပ်ပျော်
သွားတယ်။ အိပ်ရေးပျက်ပျက်နဲ့ အိပ်လိုက်တာ
ဘယ်လောက်ကြာသွားတယ်တော့ မသိဘူးဗျ။

"တာတေ၊ တာတေ၊ အိပ်လို့လားကွ"

ကျုပ်နားထဲမှာ ကျုပ်ကို ခေါ်သလိုလို ကြားနေ
တာဗျ။ ကျုပ်မျက်ခွံတွေက မ,လို့ကို မရအောင်
လေးနေတာဗျို့။

"တာတေ၊ ဟေ့ တာတေ၊ အိပ်ပေါ့ကွာ"

ကျုပ်ကိုခေါ်တဲ့ အသံကို ကျုပ် ထပ်ကြားနေရ
တယ်။

"ဟဲ့ တာတေ၊ ထဦးဟဲ့၊ ဝိုင်းဝက နင့်ကိုခေါ်လို့၊
ဘယ်သူတုံး ထကြည့်စမ်း"

အမေက ကျုပ်ကို လှုပ်နှိုးနေတယ်၊ ဒီတော့မှ
ကျုပ် နိုးသွားတာဗျို့။

"တာတေ၊ နိုးပြီလား"

ကျုပ် ချက်ချင်းခေါင်းထောင်ကြည့်လိုက်တယ်။
ဝိုင်းဝမှာ တောင့်တောင့်ကြီး ရပ်နေတာ ကိုဖိုး
တောက်ကြီးပဲဗျ။ ကျုပ် ချက်ချင်းပဲ လူးလဲထ
လိုက်တယ်။

"ဟာ ကျုပ်တို့ဝိုင်းမှာ ဘာခွေးမှ မရှိပါဘူးဗျ။
ဒီအိမ်မှာ ကိုက်တတ်တာဆိုလို့ ကျုပ်ပဲ ရှိတာ
ပါ ကိုကြီးဖိုးတောက်ရ"

"ဟား ဟား ဟား မင်းကတော့ အရွှန်းကလေး
ကလည်း ပါသေးဗျား"

ကိုကြီးဖိုးတောက်က ပြောရင်းဆိုရင်း ဝိုင်းထဲကို
ဝင်လာတယ်၊ ကိုကြီးဖိုးတောက်ဆိုတာ ဟိုဘက်
ရွာ၊ ဘန့်ဘွေ့ကုန်းကဗျ။ သူက ဖိုးတောက်၊ သူ
ညီက ဖိုးကောက်တဲ့။ ညီကိုနှစ်ယောက်လုံးက
ကျုပ်ဆို လွှတ်ခင်ကြတာ။ ဒါပေမဲ့ ကျုပ်အိမ်ကို
တော့ တစ်ခါမှ လာလည်ကြဖူးတာ မဟုတ်ဘူး
ဗျ။ သူတို့မိဘတွေက ဘန့်ဘွေးကုန်းမှာ နာမည်
ရှိတဲ့ လူချမ်းသာတွေပေါ့ဗျာ။ကိုဖိုးတောက်တို့မှာ
မွေးချင်းက သူတို့ညီကိုနှစ်ယောက်ပဲ ရှိတာဗျ။

"ကိုကြီးဖိုးတောက် လာဗျ၊ ထိုင်၊ ကျုပ်က ညက
ထမနဲပွဲမှာ တစ်ညလုံးလေဗျာ"

"ဘယ်သူ့အိမ်က ထမနဲပွဲတုံးကွ တာတေရ"

ကိုကြီးဖိုးတောက်က ကွပ်ပျစ်ပေါ် ဝင်ထိုင်တယ်။

"ဟား ဟား ဟား အရီးငွေစိန် ကျုပ်ကို မမှတ်မိ
ဘူးပဲကို၊ ကျုပ်က မှတ်မိတယ် ထင်နေတာ"

" ဘယ်မှတ်မိလိမ့်မတုံး ဖိုးတောက်ရဲ့၊ နင်တို့က
လူကြီးတွေ ဖြစ်ကုန်ကြပြီလေ၊ ဒါ့ထက် နင့်အမေ
ဝိုင်းကြည်ရော နေကောင်းရဲ့လား"

"ကောင်းပါတယ် အရီးရဲ့"

"နင့်အဖေ ကိုဘချစ်ရော နေကောင်းရဲ့လား၊
အလုပ်တွေ ဘာတွေ လုပ်နိုင်သေးရဲ့လား"

"ကောင်းတယ် အရီးရဲ့၊ အလုပ်တွေလည်း လုပ်
နေတုန်းပါဗျာ၊ ကျုပ်နဲ့ ဖိုးကောက်က အဘကို
နားစေချင်ပြီဗျ၊ အဲဒါ ဘယ်လိုပြောလို့မှ မရပါ
ဘူးဗျာ၊ ခုထက်ထိ လှည်းမောင်းတို့၊ ယာထဲ
လည်း ဆင်းပြီး ဇွတ်ထွန်နေတော့တာဗျ"

"သြော် ကိုဘချစ်က ငယ်ငယ်ကတည်းက အား
ကြီးစိတ်မြန်တာဟဲ့။ သွားပြီဟေ့ဆိုရင် နင့်အဘ
က ဝိုင်းဝရောက်နေတဲ့လူဟေ့ ဖိုးတောက်ရေ"

"ဟုတ်ပါ့ဗျာ၊ အခုထက်ထိကို အဲဒီစိတ်က မ
လျော့သေးဘူးဗျ။ ဟိုရွာ ဒီရွာ သွားမယ်ဆိုရင်
လှည်းထကောက်ပြီး ချက်ချင်းကို မောင်းထွက်
သွားတာဗျ။ ကျုပ်တို့ ညီအစ်ကို လိုက်မောင်းပို့
မယ်လို့ ပြောလည်း နည်းနည်းမှကို လက်မခံဘူး
အရီးရဲ့"

"အေး အေး သည်းခံကြဟေ့၊ အသက်ကြီးလာ
ရင် ဒီအတိုင်းချည်းပဲ ဖိုးတောက်ရေ၊ ဒီအိမ်က
ဟာလည်း ဒီလိုပဲဟေ့၊ မနည်းဘရိတ်အုပ်နေရ
တာ၊ သူတို့ကိုယ်သူတို့ အသက်ကြီးတယ်လို့ကို
မထင်ကြတာဟေ့၊ ကဲ ကဲ နင်တို့ညီအစ်ကိုတွေ
စကားပြောကြဦး၊ အရီး အိမ်ပေါ်တက်ပြီး လက်
ဖက်သုပ်လိုက်ဦးမယ်"

"ဟာ မလုပ်နဲ့ အရီး၊ မလုပ်နဲ့ "

ကိုကြီးဖိုးတောက်က အမေ့ကို အားနာလို့ဗျ။

"မဟုတ်တာ ဖိုးတောက်ရယ်၊ ကိုယ့်တူကိုယ်
သားတွေ လာလည်တာ အရီးက ကျွေးချင်
မွေးချင်တာပေါ့ဟဲ့"

အမေက အိမ်ပေါ်တက်သွားတယ်။ ကျုပ်က ကို
ကြီးဖိုးတောက်ကို နဂါးဆေးပေါ့လိပ်ကလေး မီး
ညှိပြီး ကမ်းပေးလိုက်တယ်။ ကိုကြီးဖိုးတောက်
ကလည်း ဆေးပေါ့လိပ်ကလေးကို လှမ်းယူပြီး
အမောပြေ ဖွာနေတယ်ဗျ။

ကျုပ်တို့နယ်ကတော့ ဆေးပေါ့လိပ်ဆိုရင် နဂါး
ပဲ သောက်ကြတာပေါ့ဗျာ။ ဆေးလိပ် သုံးလေး
ဖွာ ဖွာပြီးတော့မှ ပြာခံခွက်ထဲကို ဆေးလိပ်ချ
ထားတယ်။

"ကိုကြီးဖိုးတောက် ထနောင်းကုန်းကိုလာတာ
ဘယ်သူ့ဆီ လာတာတုံး"

ကျုပ်က ကိုကြီးဖိုးတောက်ကို မေးလိုက်တယ်။

"ဟ တာတေရ၊ ဘယ်သူဆီမှ လာတာ မဟုတ်
ဘူးကွ။ မင်းဆီကို သက်သက်လာတာ"

"မဟုတ်ဘူးကွ တာတေရ၊ မင်းဆီကို တန်းလာ
တာ၊ ကိစ္စနည်းနည်းရှိလို့ကွ"

ကိုကြီးဖိုးတောက်က လေသံခပ်တိုးတိုးလုပ်ပြီး
ပြောတယ်။ ကိုကြီးဖိုးတောက်ရဲ့ အမူအယာနဲ့
လေသံကို နားထောင်ရတာ အရေးကြီးတဲ့ကိစ္စ
တစ်ခုတော့ ရှိနေတာ သေချာတယ်ဗျ။

"ဘာကိစ္စများတုံး ကိုကြီးဖိုးတောက်ရဲ့"

ကိုကြီးဖိုးတောက်က ပြောမလို့ ပါးစပ်ပြင်နေ
တုန်းမှာ အမေက လက်ဖက်အစ်နဲ့ ရေနွေးဗန်း
ကြီး မ,လာတာ တွေ့တော့ ကိုကြီးဖိုးတောက်
ကွပ်ပျစ်ပေါ်ကနေ ကပျာကယာဆင်းပြီး အမေ့
လက်ထဲက လင်ဗန်းကို လှမ်းယူလိုက်တယ်ဗျ။

"ကဲ ညီအစ်ကိုတွေ စကားပြောကြဦးဟေ့၊ ငါ
တော့ မြောက်ပိုင်း သွားလိုက်ဦးမယ်၊ မြောက်
ပိုင်းက ထွန်းပွင့်တို့ဆီမှာ ဝက်သားဆုံဖို့ ပြော
ထားတာ ရမလား၊ ဘာလား သွားမေးလိုက်ဦး
မယ်၊ ရရင်လည်း မနက်ကို ဆွမ်းချိုင့်ပို့မလို့
ဟေ့"

အမေက အဘရဲ့ပုဆိုးလေးတစ်ထည် ခေါင်း
ပေါ်အုပ်ပြီး ဝိုင်းထဲက ထွက်သွားရောဗျို့။

"နို့ မင်းအဘ ဘိုးဥာဏ်တစ်ယောက် မမြင်ပါ
လားကွ တာတေရ"

"အဘမြို့သွားတယ်ဗျ ကိုကြီးဖိုးတောက်ရ။
ညနေစောင်းမှ ပြန်လာလိမ့်မယ်"

"သြော်…မနက်က တို့ဘန့်ဘွေးကုန်းက ကိုဖိုး
တောတို့ ကားထွက်သွားတာ တွေ့လိုက်တယ်
အဲဒီကားနဲ့ လိုက်သွားတယ် ထင်တယ်"

"ဟုတ်တယ် ဟုတ်တယ် ကိုကြီးဖိုးတောက်ရေ"

ကိုကြီးဖိုးတောက်က လက်ဖက်တစ်ဇွန်းခပ်ပြီး
စားလိုက်တယ်၊ ကျုပ်က ရေနွေးကြမ်းတစ်ပန်း
ကန် ငှဲ့ပေးလိုက်တယ်။ လက်ဖက်စားပြီးတော့
ကိုကြီးဖိုးတောက်က ရေနွေးကြမ်းကို ဖူးကနဲ
ဖူးကနဲ မှုတ်ပြီး သောက်နေတယ်ဗျ။

"နို့ …စောစောက ပြောတဲ့ကိစ္စကို ဆက်ပါဦး"

"အေး…အေး၊ ဒီလိုဟေ့၊ ငါတို့ဒွေးလေး ဝိုင်းစိန်
ကို မင်းသိတယ်မို့လား"

"ဟာ အရီးလေးဝိုင်းစိန်ကို မသိရှိမလား ကိုကြီး
ဖိုးတောက်ရဲ့"

"အေး မင်းအရီးလေးဝိုင်းစိန်တို့အိမ်မှာ ပြဿနာ
တက်နေလို့ ငါ လာခဲ့တာဟေ့"

"ဟင် ပြဿနာတက်လို့ ဟုတ်လား၊ ဘယ်လို
ပြဿနာတုံးဗျ"

"ရွာထဲက လူတွေပြောနေကြတာကတော့
ပုဏ္ဏား ကားတိုက်တယ်ဆိုလားပဲကွ"

"ဟာ ကိုကြီးဖိုးတောက်ကလည်း ဘယ်ကလာ
ပုဏ္ဏား ကားတိုက်ရမှာတုံးဗျ၊ ပုဏ္ဏာက တိုက်
တာပါဗျ"

"ဟေ ဟုတ်လား၊ အဲဒါကို ငါက မခေါ်တတ်
တာကွ၊ ငါ သိတာကတော့ ဒွေးလေးဝိုင်းစိန်
တို့ အိမ်မှာ သရဲခြောက်တာပဲလို့ သိတာကွ"

"နေပါဦးဗျ၊ ဘာတွေဖြစ်လို့တုံး"

"အိမ်ပေါ်ထပ်မှာ ဖြစ်တာကွ၊ လူတစ်ယောက်
ခုန်ချလိုက်သလို အုန်းဆိုမြည်သွားတာ။ ပြီး
တော့ ပစ္စည်းတွေကို တွန်းလှဲပစ်တဲ့အသံတွေ
ကွ၊ ဝုန်း၊ ဒုန်း၊ ဂလွမ်း၊ ဂလွမ်းနဲ့ ဆူညံနေတာ၊
လူတွေက လှေကားက ပြေးတက်ပြီး ကြည့်
တော့လည်း အပေါ်ထပ်မှာ ဘာမှလည်း ကွဲ
နေတာတွေ မရှိဘူးကွ"

"ဘယ်အချိန် ဖြစ်တာတုံးဗျ"

"ဟာ စဖြစ်တုန်းက ညဘက်ကွ၊ ညသန်းခေါင်
လောက်ကြီး'အုန်း' ဆိုခုန်ချလိုက်တာတဲ့အေ၊
အဲဒါ ဒွေးလေးယောက်ျားက အိမ်ပေါ်ကို သူခိုး
ဝင်နေပြီဆိုပြီးတော့ ငှက်ကြီးတောင်ဓါးဆွဲပြီး
အိမ်ပေါ်ထပ်ကို ပြေးတက်တာတဲ့ဟေ့၊ အပေါ်
ထပ်ရောက်တော့ ဓါတ်မီးနဲ့ တစ်အိမ်လုံး လိုက်
ထိုးကြည့်တော့လည်း ဘာမှ မတွေ့ဘူးတဲ့။ ပြ
တင်းပေါက်တွေလည်း အားလုံးပိတ်ထားတာ
ဆိုပဲ၊ ဒါနဲ့ ဒွေးလေးယောက်ျား ကိုဘထွားက
ဓါးကြီးကိုင်ပြီး အောက်ပြန်ဆင်းလာရောတဲ့
ဟေ့၊ ကိုဘထွားကြီး အောက်ရောက်တယ်ဆို
ရင် နောက်တစ်ခါ ထပ်ပြီး ခုန်ချပြန်ရောတဲ့ကွ
'အုန်း'ကနဲကို နေတာတဲ့ကွ၊ ဒါနဲ့ ကိုဘထွားက
ချက်ချင်းပြေးတက်ပြီး ကြည့်ပြန်ရောတဲ့ဟေ့"

"ကြည့်တော့ ဘာတွေ့တုံးဗျ"

"ဘာမှမတွေ့ဘူးတဲ့ တာတေရေ"

"ဟင် တယ်လည်းထူးဆန်းပါလားဗျ"

"အဲဒီညက တစ်ညလုံးကို မအိပ်ကြရဘူးတဲ့
ဟေ့၊ အုန်းဆို ခုန်ချလိုက်၊ ပစ္စည်းတွေ တွန်း
လှဲတဲ့အသံတွေ ကြားလိုက်နဲ့ မနက်မိုးလင်း
ကာနီးမှ ငြိမ်သွားတာတဲ့ကွ၊ မိုးလင်းတာနဲ့
ဒွေးလေးနဲ့ သူ့သမီးတွေ ငါတို့အိမ်ကို ပြောင်း
လာကြတာပေါ့ကွာ၊ ကိုဘထွားနဲ့ သူ့သားနှစ်
ယောက်ကတော့ အိမ်မှာ နေခဲ့တာကွ"

"အဲဒီတော့ ဘာဖြစ်သေးတုံးဗျ"

"တစ်နေ့လုံး ဘာမှမဖြစ်တော့ဘူးကွ၊ အေး
ညသန်းခေါင်ရောက်တာနဲ့ ခုန်ချပြန်ရော
တဲ့ဟေ့၊ ပစ္စည်းတွေ လဲပြိုပြီး ကျကွဲတဲ့အသံ
တွေ ကြားရပြန်ရောတဲ့ကွာ၊ အိပ်ရေးပျက်
တော့ ဘယ်သူမှ ဆက်ပြီး မနေနိုင်တော့ဘဲ
ကိုဘထွားတို့ သားအဖတွေလည်း ငါတို့အိမ်
ရောက်လာကြတာပေါ့ကွာ"

ကိုကြီးဖိုးတောက်က စကားစပြတ်ပြီး နဂါး
ဆေးပေါ့လိပ်ကို ဓနုဖြူမီးခတ်ကလေးနဲ့ ခတ်
ပြီး မီးညှိတယ်ဗျ။ ဆေးလိပ်ကို အားရပါးရ
နှစ်ဖွာ သုံးဖွာ ဆက်တိုက်ဖွာလိုက်ပြီးမှ စကား
ကို ဆက်တယ်။

ကျုပ်ကလည်း သူစကားမဆက်ခင် သိချင်တာ
ကို မေးလိုက်မိသဗျ။

"နေပါဦး ကိုကြီးဖိုးတောက်ရဲ့၊ အဲဒီအသံတွေ
ကို အိမ်နီးနားချင်းတွေရော ကြားကြသလား"

"ဟာ ကြားပါပြီလားကွာ၊ လေးငါးအိမ်ကျော်
လောက်ကကို ကြားရတာ၊ ရွာထဲက လူတွေ
ဆိုရင် ညတိုင်း သွားစောင့်ပြီး ကြည့်ကြတာ၊
တချို့လည်း အိမ်ပေါ်ထပ်ထိ တက်ကြည့်ကြ
တာဟေ့၊ တချို့ထိုင်ကို စောင့်နေကြတာ၊
တုတ်တွေ၊ ဓါးတွေနဲ့ပေါ့ကွာ"

"ဟင် အဲဒီတော့ ခုန်ချတာပဲလားဗျ"

"ဘယ်က ခုန်ချမှာတုံးကွာ၊ လူတွေ အကုန်လုံး
အောက်ထပ်ပြန်ရောက်တော့မှ အုန်းကနဲ ခုန်
ချတာကွ"

"ကိုကြီးဖိုးတောက်တို့ရော အိမ်ပေါ်ထပ်ကို
တက်ကြည့်သလား"

"ဟာ ကြည့်တာပေါ့ တာတေရ၊ ဘာမှကို မ
တွေ့ပါဘူးဆို၊ လဲပြိုနေတာတွေ၊ ကွဲနေတာ
တွေ ဘာမှကို မရှိပါဘူးကွာ"

"ဒါဆိုရင်တော့ ပုဏ္ဏကတိုက်တာ ဖြစ်မယ်ဗျ"

"ဟေ ဟုတ်လား တာတေ၊ မင်းက ဒီကိစ္စတွေ
မှာ အတွေ့အကြုံ တော်တော်များထားတာဆို
တော့ မင်းသိတာတွေ ပြောပါဦးကွ"

"ဟာ ကိုကြီးဖိုးတောက်ရ၊ ကျုပ်လည်း ပုဏ္ဏ
ကတိုက်တာကို ကြားဖူးတာပဲ ရှိတာဗျ။ တစ်
ခါမှ မကြုံဖူးသေးဘူး၊ နို့ နေပါဦး ကိုကြီးဖိုး
တောက်ရဲ့၊ ကိုဘထွားတို့ အရီးလေးဝိုင်းစိန်
တို့မှာ လူမုန်းများ ရှိသလားဗျ"

"အင်း…တာတေရေ၊ မင်းမေးတော့လည်း
ပြောရတော့မှာပေါ့ကွာ၊ ငါ့ဒွေးလေးလင်မ
ယားက ပြောရရင်တော့ ဘန့်ဘွေးကုန်းရွာ
တစ်ဝက်လောက်ကကို မုန်းတာဟေ့"

"ဗျာ……ဟုတ်ရဲ့လား ကိုကြီးဖိုးတောက်ရဲ့"

"ဟုတ်တာပေါ့ကွာ၊ လင်မယားနှစ်ယောက်
က စီးပွားရေးဥစ္စာကလည်း ဖြစ်ကြတော့
အင်မတန် ဘဝင်မြင့်ကြတာကွ၊ တော်ရုံလူ
ကို ဆေးဖော်ကြောဖက် လုပ်ချင်ကြတာ မ
ဟုတ်ဘူးကွ၊ အခုကိစ္စဖြစ်တော့ ရွာထဲက
လူတွေ တချို့တလေပဲ သွားကြည့်ကြတာ
တော်တော်များများက သူတို့နဲ့ မတည့်ကြ
တော့ ကြိတ်ပြီး ဝမ်းသာနေကြတာ၊ သွား
တောင် မကြည့်ကြဘူး"

"ဒါကြောင့် ဖြစ်တာဗျ"

"ဟေ ဘာကြောင့်ဖြစ်တာတုံးကွ တာတေရ"

"ဒါ လူကိုမုန်းလို့ တိုက်တာဗျ၊ သူတို့ကို မုန်းတဲ့
လူတစ်ယောက်ယောက်က သူတို့အိမ်ကို သေ
သေချာချာ စီရင်ပြီး တိုက်ထားတာ၊ နို့ ဆရာ
တွေ ဘာတွေ မရှာကြဘူးလားဗျ"

"အေး ငါ အခုလာတာ ဒီကိစ္စပဲကွ၊ ကိုဘထွား
စစ်ကိုင်းဘက်မှာ ဆရာ သွားရှာတယ်၊ မနက်
က ပြန်ရောက်တော့ ဆရာကြီးတစ်ယောက်
ပါလာတယ်ကွ၊ ဆရာကြီးက အသက်ခြောက်
ဆယ်ကျော်လောက်ရှိပြီကွ၊ ကြည့်ရတာတော့
တော်တော်ကို သမာဓိရှိတဲ့ပုံပဲကွ၊ ဒါပေမဲ့ အဲဒီ
ဆရာကြီးက ဒီအိမ်ကို သူရှင်းတဲ့အခါ လူတွေ
ဝင်လာလို့ မရဘူးလို့ ပြောတယ်၊ သတ္တိကောင်း
တဲ့လူငယ်တစ်ယောက် ရှာပေးပါလို့ ပြောတယ်
ကွ၊ အဲဒါ ငါတို့ရွာက လူတွေအားလုံးက မင်းကို
တန်းမြင်ကြတာပေါ့ကွာ၊ အဲဒါကြောင့် ငါလာခဲ့
တာကွ တာတေရ"

"နို့ ကျုပ်က ဘာလုပ်ပေးရမှာတုံးဗျ"

"ဆရာကြီး ပြောတာကတော့ သူ့ကို ကူဖို့ဆိုပဲ
ဆန်မန်းတွေ ဘာတွေ ကြဲပေးရမှာဆိုပဲကွ၊
လုပ်တော့လည်း ညဘက်မှာ လုပ်မှာဆိုတော့
သတ္တိကောင်းမှ ရမှာလို့ ပြောတယ်ကွ၊ ရွာထဲ
က လူတွေတော့ သူ အလုပ်လုပ်နေတဲ့အချိန်
မှာ ရွာလမ်းပေါ်ကို မထွက်ရဘူးလို့ ပြောတယ်
တာတေရေ၊ တိုက်ထားတာက တော်တော်
လေး ကြမ်းတယ်ဆိုပဲ"

"နို့ ဘယ်တော့လုပ်မှာတဲ့တုံးဗျ"

"မနက်ဖြန်ည အလုပ်လုပ်မယ်လို့ ပြောတယ်
ကွ၊ မင်းလာမယ်မို့လား"

"ဟာ ကိုကြီးဖိုးတောက်ရာ၊ တာတေပါဆိုမှ
ဒါမျိုးကို ဘယ်လက်လွတ်ခံမှာတုံးဗျာ၊ ကျုပ်
လည်း ခုတလော ဘာအကြောင်းမှ မပေါ်လို့
ပျင်းနေတာဗျ။ ကျုပ် မနက်ဖြန် နေ့လည်
ဘက် အရောက် လာခဲ့မယ်"

"ဟာ နေရာကျပြီပေါ့ကွာ၊ ကဲ ဒါဆိုရင် ငါပြန်
မယ်ကွာ၊ အရီးငွေစိန်ကို ငါ နှုတ်ဆက်သွား
တယ်လို့ ပြောလိုက်ကွာ"

ကိုကြီးဖိုးတောက်က ထိုင်နေရာကနေ ချက်
ချင်းထတော့တာပဲဗျို့။ သူဆောင်းထားတဲ့ ဝါး
ဖတ်ဦးထုပ်ကလေးကိုဆောင်းပြီး ကျုပ်တို့ဝိုင်း
ထဲကနေ သုတ်သုတ် သုတ်သုတ်နဲ့ ထွက်သွား
ရောဗျို့။ ကျုပ်လည်း ဝါးဘိုးခြမ်း ခေါင်းအုံးက
လေးပေါ်ကို ပြန်လှဲလိုက်တယ်။ ဒါပေမဲ့ အိပ်
လို့တော့ မပျော်တော့ပါဘူး။ ကိုကြီးဖိုးတောက်
ပြောသွားတာတွေကို ပြန်ပြီး စဉ်းစားနေတာ
ပေါ့ဗျာ။ ပုဏ္ဏကတိုက်တယ်ဆိုတာ သူပြော လူ
ပြောတော့ ကျုပ်ကြားဖူးတာပေါ့ဗျာ။

အခုလို နဖူးတွေ့ ဒူးတွေ့တော့ တစ်ခါမှ မကြုံ
ဘူးသေးပါဘူး၊ ပြီးတော့ အခုလို အိမ်ပေါ်မှာ
တအုန်းအုန်းနဲ့ ခုန်ချတဲ့ သရဲ တစ္ဆေမျိုးလည်း
ကျုပ် တစ်ခါမှ မကြားဖူးပါဘူး။ ဘာပဲပြောပြော
မနက်ဖြန်တော့ ကျုပ်တွေ့ရတော့မှာပေါ့ဗျာ။
သိပ်မကြာဘူးဗျ။ အမေလည်း ပြန်ရောက်လာ
တယ်။

"အမေ ဝက်သား မရခဲ့ဘူးလားဗျ"

ကျုပ်က လက်ချည်းပြန်လာတဲ့ အမေ့ကိုလှမ်း
မေးလိုက်တယ်။

"မရပါဘူးဟာ၊ သူတို့ မလုပ်ဖြစ်ဘူးပြောတယ်
နို့ ဖိုးတောက် ပြန်သွားပြီလား၊ ဘာတွေဖြစ်ကြ
လို့တုံး တာတေရဲ့"

ကျုပ်က ကိုကြီးဖိုးတောက် ပြောတာတွေ အ
မေ့ကို ပြန်ပြောပြလိုက်တယ်။ အမေက ကွပ်
ပျစ်မှာ ဝင်ထိုင်ပြီး လက်ဖက်စားပြီး အကြမ်း
သောက်တယ်။ ကျုပ်ပြောတာတွေကို သေ
သေချာချာ နားထောင်တယ်။ ပြီးတော့မှ…

"ဖိုးတောက်ပြောတာ အမှန်ဟဲ့၊ ဝိုင်းစိန်တို့လင်
မယားက အားကြီးမောက်မာတယ်လို့ လူပြော
များတယ်၊ ဒါ မုန်းတဲ့လူ တစ်ယောက်ယောက်
က သူတို့ကို တိုက်တာဖြစ်မှာပေါ့ဟယ်၊ ဒါဆို
နင် မနက်ဖြန်သွားမှာပေါ့"

"သွားမယ် အမေ၊ မနက်ဖြန်ညတော့ ကျုပ်ဘန့်
ဘွေးကုန်းမှာ အိပ်ရမှာ"

"အေးလေ၊ နင်ကတော့ ဒါမျိုးဆိုရင် လာမခေါ်
တာတောင် ကြားရင် ရောက်အောင်သွားမယ်
ကောင်ပဲလေ၊ အခုလို အိမ်အထိလာခေါ်မှ
တော့ ဘယ်နေလိမ့်မလဲလေ"

အမေက သူ့သားတာတေ ဆိုတဲ့ကောင်ဟာ
နေရာတကာ စပ်စုတဲ့ကောင်ဆိုတာ သိနေ
တော့ ကျုပ်ကို မသွားဖို့ တားမနေတော့ဘူး
ပေါ့ဗျာ။ကျုပ်ကလည်း အိမ်ရှေ့တံခါးပိတ်ထား
ရင်တောင် နောက်ဖေးတံခါးဖွင့်ပြီး ရောက်
အောင် သွားစပ်စုတဲ့ကောင်ဗျ။

ကျုပ်ဘန့်ဘွေးကုန်းကို ရောက်တော့ နာရီပြန်
နှစ်ချက်တီးလောက်ရှိပြီ။ ကိုကြီးဖိုးတောက်တို့
အိမ်ကြီးက ရွာမြောက်ပိုင်းမှာဗျ။ မြောက်ခေါင်း
ကိုအောင်ပေါ်တို့ဝိုင်းနဲ့ ကပ်လို့လေ။ အဲ ကျုပ်
တို့ အညာဓလေ့နဲ့ ခေါ်တာပေါ့ဗျာ။ ရပ်ရေး ရွာ
ရေးတွေ ဆော်သြတဲ့သူပေါ့။ သူတို့ရွေးတာက
ရွာမှာရှိတဲ့ ကာလသားတွေရဲ့ ဆန္ဒနဲ့ ရွေးရတာ
ဗျ။လူကြိုက်များတဲ့လူက မြောက်ခေါင်းဖြစ်တာ
ပေါ့ဗျာ။ အဲ အဲ ဒီလိုဗျ။ သူတို့ရွာမှာက အဲဒီကာ
လသားခေါင်းကို ရွေးရင် မြောက်ပိုင်းက လူက
ရတော့ မြောက်ပိုင်းခေါင်းဆောင်လို့ ခေါ်တဲ့သ
ဘောပေါ့ဗျာ။

ဒါကို အတိုပဲ ခေါ်တဲ့ဓလေ့ ဖြစ်နေတော့
မြောက်ခေါင်းလို့ပဲ ခေါ်ကြတာပေါ့၊ အဲ ပြော
ရဦးမယ်ဗျ။ လူဆိုတာလည်း ခေါ်ပါများတော့
နှုတ်ကျိုးသွားတယ်ဆိုတာ ရှိတာနော၊ ခေါ်နေ
ကျ ပြောနေကျဆိုတော့လည်း နှုတ်ကျိုးတော့
တာပေါ့နော။ နောက်တော့ အဲဒီကာလသား
ခေါင်းနေရာကို ရွာလယ်ပိုင်းကလူ အရွေးခံရ
ရင်လည်း မြောက်ခေါင်းပဲ ခေါ်ကြတော့တာဗျို့။

အခု ကျုပ်ပြောတဲ့ မြောက်ခေါင်း ကိုအောင်ပေါ်
ကတော့ တကယ့်မြောက်ခေါင်း အစစ်ဗျ။ သူက
ရွာမြောက်ပိုင်းမှာ တကယ်နေတာ။

ဟောဒီဘန့်ဘွေးကုန်းမှာက ရွာလယ်ပိုင်းနဲ့
မြောက်ပိုင်းမှာ အိမ်ကြီးအိမ်ကောင်း လွှတ်ပေါ
တာဗျ။ မြောက်ခေါင်းတို့ အိမ်ဆိုရင် ပိုတောင်
ကြီးသေးဗျ။ဝိုင်းကြီးကလည်း လွှတ်ကျယ်တာ။
သစ်ပင်ကြီးတွေလည်း စုံလို့ဗျ။

နွေဆိုရင် မြောက်ခေါင်းတို့ဝိုင်းကြီးက ဇိမ့်ပေါ့
ဗျာ။ လွှတ်အေးတာဗျ။ မြောက်ခေါင်းတို့မိဘ
တွေက သူတို့ဘိုးဘွား လက်ထက်ကတည်းက
လူချမ်းသာတွေဆိုပဲ။သုံးမွေခံ၊ လေးမွေခံတွေဗျ
ကျုပ် ကိုကြီးဖိုးတောက်တို့ ဝိုင်းဝကိုရောက်တော့

"ဟာ တာတေ လာပြီဟေ့၊ လာဟေ့ တာတေ၊
ငါတို့ မင်းကို မျှော်နေတာကွ"

ကျုပ်ဝိုင်းဝကနေ လှမ်းကြည့်လိုက်တော့ ကို
ကြီးဖိုးတောက်တို့အိမ်ကြီးအောက်ထပ်မှာ လူ
လေးယောက် ထိုင်နေတာ တွေ့တယ်ဗျ။ အား
လုံး ကျုပ်ကို လှမ်းကြည့်လို့ဗျို့။

"တာတေရေ၊ အရီးလေးဝိုင်းစိန်တို့ သတင်း
တော့ ကြားပြီးရောပေါ့၊ တတ်သလောက် စွမ်း
သလောက် လုပ်ပေးပါဦး ငါ့တူရယ်"

ဟင်……အရီးလေးဝိုင်းစိန်ပါလား၊ ထိုင်နေတဲ့
ယောက်ျားတွေရဲ့နောက်မှာ အရီးလေးက ထိုင်
နေတာကိုးဗျ။ကျုပ်က ဗြုန်းစားကြီးဆိုတော့ သူ့
ကို မမြင်တာ။ ကျုပ် အိမ်ပေါ်ကို ဝင်ထိုင်လိုက်
ရင်းက…

"အရီးလေးရယ်၊ ဒီလောက်လည်း စိတ်မညစ်
ပါနဲ့ဗျာ။ ကျုပ်လည်း ဝိုင်းကူပြီး လုပ်ပေးမှာပေါ့
နော"

"အေးကွာ တာတေရာ၊ စဖြစ်တဲ့ညတုန်းကဆို
ရင် ငါ့မှာ ရူးသွားမလားတောင် ထင်တာကွ
တာတေရ"

ဒါ ဘယ်သူပါလိမ့်။ ကျုပ် သူ့ကို လှမ်းကြည့်
တယ်။ ဟာ ကိုဘထွားကြီးပဲ။ ဟင် ပိန်နေပါ
လား။ ကိုဘထွားကို မမြင်တာ ကြာတော့
ကျုပ်မှာ မှတ်တောင် မမှတ်မိဘူးဗျာ။ စိတ်
လည်း တော်တော်ဆင်းရဲနေပုံပဲဗျ။ ဒါကြောင့်
လည်း ပိုပြီးပိန်နေတာ ဖြစ်မယ်ထင်တယ်။

"ဘထွေးလေးကို ကျုပ်က မြင်မြင်ချင်း မှတ်ကို
မမှတ်မိတာဗျ။

ကျုပ်က ကိုဘထွားကို သေသေချာချာ ကြည့်
ပြီး ပြောလိုက်တာဗျ။

"ဘယ်မှတ်မိလိမ့်မတုံး တာတေရ၊ လူတွေ
လည်း ညမအိပ်ရ၊ နေ့မအိပ်ရနဲ့ စိတ်တွေ
ညစ်ပြီး အစားလည်း မစားနိုင်အောင်
ဖြစ်နေတာကွ"

"မစိုးရိမ်ပါနဲ့ဗျာ၊ နို့ နေပါဦး၊ ဘိုးတော်တို့ ဘွား
တော်တို့ကော မမြင်ပါလား"

ကျုပ်က ကိုကြီးဖိုးတောက်ကို ကြည့်ပြီး မေး
လိုက်တာဗျ။ ဘိုးဘချစ်နဲ့ အရီးဝိုင်းကြည်ကို
မမြင်လို့ မေးလိုက်တာ။

"တောင်ဘက် နှစ်ဝိုင်းကျော်က ဘိုးစိန်ပွင့်တို့
ဝိုင်းကို သွားကြတယ်၊ အဲဒီမှာ ငါ မင်းကိုပြော
တဲ့ ဆရာကြီး တည်းတယ်လေကွ တာတေရ"

"ဟင် ဆရာကြီးက ဒီမှာ မတည်းဘူးလားဗျ"

"ဒီလိုကွ၊ ဘိုးစိန်ပွင့်က အဲဒီဆရာကြီးရဲ့ တ
ပည့်တဲ့ကွ၊ သူငယ်ငယ်က အဲဒီဆရာကြီးဆီမှာ
ဂိုဏ်းတက်ဖူးတယ်ဆိုပဲ၊ အခုလည်း ဘိုးစိန်ပွင့်
ကြီး လိုက်ပင့်ပေးတာကွ၊ ဒါကြောင့် ဘိုးစိန်ပွင့်
က သူ့ဆရာ လာသခိုက်မှာ သူပြုစုပါရစေဆိုပြီး
သူ့အိမ်မှာ ခေါ်ထားတာဟေ့"

ကိုကြီးဖိုးတောက်ရဲ့ညီ ကိုကြီးဖိုးကောက်က
ဝင်ပြောပြတာဗျ။

"သြော် ဒီလိုလား၊ နို့ နေပါဦးဗျ၊ ဆရာကြီးနာ
မည်က ဘယ်သူတဲ့တုံး"

"ဆရာကြီးနာမည်က ဦး အဲ နေဦးကွ"

ကိုကြီးဖိုးကောက်က ပြောမလို့လုပ်ပြီးမှ မေ့
နေရောဗျို့။

"ဟာ ဦးစက်အောင်ပါကွာ၊ ဖိုးကောက်ရာ"

ကိုကြီးဖိုးတောက်က ဝင်ပြောလိုက်တယ်ဗျ။

"အေး ဟုတ်တယ်၊ ဟုတ်တယ်၊ ဦးစက်အောင်
ဦးစက်အောင်၊ တော်တော်တော့ သမာဓိရှိတဲ့
ပုံပဲကွ တာတေရ"

ကိုကြီးဖိုးကောက်က ကျုပ်ကို ပြောပြတယ်။
ဒါပေမဲ့ ဒီအကြောင်းတွေကို မနေ့က ကတည်း
က ကျုပ်သိပြီးသားလေဗျာ။ ကိုကြီးဖိုးတောက်
ကျုပ်ကို ပြောပြခဲ့တာပဲမို့လား။ အဖြစ်အပျက်
တွေ ကိုဘထွားရော၊ အရီးလေးရော၊ ကိုကြီး
ဖိုးကောက်ရော၊ သူတို့နဲ့ အတူတူထိုင်နေတဲ့
ရွာထဲက ကာလသား အောင်သိန်းနဲ့ ထွန်းပေါ်
ရောက ကျုပ်ကို ပြောကြတာပေါ့ဗျာ။

သူတို့ပြောပုံအရဆိုရင် တော်တော်ကို ကြမ်း
တာပဲဗျ။ အိမ်အပေါ်ထပ်မှာ ထုတ်တန်းပေါ်
တက်ပြီးတော့ကို ခုန်ချတာဆိုပဲ။ တစ်ညလုံး
တအုန်းအုန်းနဲ့ကို ခုန်ချနေတာတဲ့ဗျို့။ ဒုန်း၊
ဒိုင်း၊ ဂလွမ်း ဂလွမ်း ဆိုတဲ့ အသံတွေကလည်း
ဆူညံနေတာဆိုပဲ။ ကိုဘထွားတို့နဲ့ ဝိုင်းချင်း
ကပ်လျက်က လူတွေတောင် ညဘက် အိပ်
ရေးပျက်လွန်းလို့ တခြားအိမ်တွေမှာ ပြောင်း
အိပ်ကြရတယ်ဆိုပဲဗျာ။ တစ်နာရီလောက်ကြာ
အောင် စကားပြောကြပြီးတော့ ကိုကြီးဖိုး
တောက်က ပြောတယ်ဗျ။

"ကဲ မင်းတို့ ဒီမှာ နေခဲ့ကြဦး၊ ငါ တာတေကို
ဆရာကြီးဆီကို လိုက်ပို့လိုက်ဦးမယ်။ ဆရာ
ကြီးလည်း တာတေကို စောင့်နေမှာ၊ လာ တာ
တေ၊ မင်းနဲ့ ငါ တောင်ဘက်က ဘိုးစိန်ပွင့်တို့
ဝိုင်းကို သွားကြရအောင်"

ကျုပ်နဲ့ ကိုကြီးဖိုးတောက်တို့ ဘိုးစိန်ပွင့်တို့ဝိုင်း
ဝရောက်တော့ ကိုကြီးဖိုးတောက်က ဝိုင်းထဲ
တန်းဝင်သွားရောဗျ။ ကျုပ်လည်း သူ့နောက်
က ကပ်လိုက်ခဲ့ရတာပေါ့ဗျာ။

"ဟာ တာတေပါလား၊ အဘရေ ကိုကြီးဖိုး
တောက်နဲ့ တာတေ လာတယ်ဗျို့"

ဘိုးစိန်ပွင့်ရဲ့သား အငယ်ကောင် အောင်ဗလ
က အော်ပြောလိုက်တယ်။ ဘိုးစိန်ပွင့်တို့က
အိမ်ကြီးရဲ့ အပေါ်ထပ်မှာဗျ။

"ဟေ တာတေ လာပြီလားကွ၊ လာဟေ့
တာတေရေ၊ အိမ်ပေါ်ထပ်ကို တက်ခဲ့ဟေ့"

ဘိုးစိန်ပွင့်ကြီးရဲ့ အသံဗျ။ ကျုပ်နဲ့ ကိုကြီးဖိုး
တောက်လည်း အိမ်ပေါ်ထပ်ကို တန်းတက်
ခဲ့တာပေါ့ဗျာ။ဘိုးစိန်ပွင့်တို့ ဘုရားခန်းက အ
ကျယ်ကြီးဗျ။ ဘုရားစင်ရှေ့မှာ သျှောင်တ
စောင်းထုံးပြီး ပုဝါဖြူလေး ခေါင်းပေါင်းထား
တဲ့ ဘိုးတော်ကြီးတစ်ယောက်က တည်တည်
ငြိမ်ငြိမ် ထိုင်နေတယ်ဗျ။

ဆရာကြီး ဦးစက်အောင်ဆိုတာ ထင်ရဲ့လို့
ကျုပ် တွေးလိုက်တယ်။ ဆရာကြီးနဲ့ အတူ
တူထိုင်နေကြတာက ဘိုးဘချစ်၊ ဘိုးစိန်ပွင့်၊
ပြီးတော့ ဘွားတော်ဝိုင်းကြည်နဲ့ ဘိုးစိန်ပွင့်
ရဲ့မိန်းမ ဒေါ်မယ်ခကြီးတို့ဗျ။ ကျုပ်နဲ့ ကိုကြီး
ဖိုးတောက်က သူတို့နားမှာ ကပ်ထိုင်လိုက်
တယ်။ ကိုကြီးဖိုးတောက်က ဘုရားကို ဦး
တိုက်တယ်။ ပြီးတော့ ဆရာကြီး ဦးစက်
အောင်ကို ဦးတိုက်တယ်။ ကျုပ်လည်း သူ
လုပ်သလို လိုက်လုပ်လိုက်တယ်။

"မောင်တာတေလားကွဲ့"

ဆရာကြီး ဦးစက်အောင်က တည်ငြိမ်အေး
ဆေးတဲ့ မျက်နှာနဲ့ ကြည့်ပြီး ကျုပ်ကို မေး
တယ်။

"ဟုတ်ပါတယ် ဆရာကြီး"

"အေး အေး မောင့်အကြောင်းတွေတော့ ဒီရွာ
က လူတွေ ပြောပြလို့ ကျုပ် အတော်အတန်
သိထားပါပြီ၊ အခု ကိစ္စကလည်း ညဘက်မှ
လုပ်ရမှာဆိုတော့ ဒီလိုမကောင်းဆိုးဝါးတွေ၊
နာနာဘာဝတွေက အင်အားအပြည့်ရှိတဲ့ အ
ချိန်ဖြစ်နေတာပေါ့ မောင်တာတေရဲ့၊ ဒီတော့
အန္တရယ်ပိုများတာပေါ့ကွယ်၊ ကျုပ်တို့ အိမ်
ထဲဝင်ပြီး ရှင်းတာလင်းတာတွေ လုပ်ပြီဆိုက
တည်းက ပိုပြီးကြမ်းတမ်းလာကြမှာပဲ၊ပြီးတော့
အိမ်ထဲကို ဝင်နေတဲ့ မကောင်းဆိုးဝါးက တစ်
ကောင်တည်းလား၊ တစ်ကောင်ထက် ပိုသ
လားဆိုတာ ကျုပ်တို့က မြင်ရ တွေ့ရတာ မ
ဟုတ်ဘူးလေကွာ"

"ဒီအတွက်တော့ ဆရာကြီး မစိုးရိမ်ပါနဲ့ဗျ၊
ကျုပ်က ဒီကောင်တွေကို မြင်ရပါတယ်"

"ဟေ ဟုတ်လား၊ ဒါဆိုရင် ဟန်ကျတာပေါ့
ကွယ်၊ မောင်တာတေက တယ်လည်းထူးတာ
ကိုး၊ ဒါတွေကို မြင်ရတာက မွေးရာပါ သတ္တိ
ကြောင့်လား"

"မဟုတ်ပါဘူး ဆရာကြီး၊ ကျုပ်ရဲ့ ဆရာကြီး
တစ်ယောက်က ကျုပ်ကို မျက်ကွင်းဆေး ပေး
သွားလို့ မြင်ရတာပါ"

"သြော် ဒီလိုကိုး၊ ဒါကြောင့်လည်း ဒီနယ်တစ်
လွှားမှာ မောင်တာတေရဲ့ နာမည်က ကျော်
ကြားပေတာကိုး"

"ဒါထက် ကျုပ်မသိလို့ မေးပါရစေ ဆရာကြီး"

"ဟင် မောင်တာတေ၊ ဘာများသိချင်လို့တုံးကွဲ့"

"ပုဏ္ဏကတိုက်တယ်ဆိုတာ ဘယ်လိုဖြစ်တာ
တုံး ဆရာကြီးရဲ့"

"ဒီလိုကွဲ့ မောင်တာတေရဲ့၊ လူတွေနေတဲ့အိမ်
တွေ၊ အဆောက်အဦးတွေအထဲကို မကောင်း
ဆိုးဝါး အကောင်တွေ ဝင်လို့မရဘူးကွဲ့၊ လူရဲ့
အရောင်အဝါတွေကို ဒီကောင်တွေ လွှတ်
ကြောက်ကြတာ၊ ဒါပေမဲ့ ဒီအိမ်ကလူတွေကို
မုန်းတဲ့လူက သင်္ချိုင်းကိုသွားပြီး အဲဒီက မ
ကောင်းဆိုးဝါး တစ်ကောင်ကို ကြက်သွေး
တိုက်ပြီး ခေါ်လာလို့ရတယ်၊ ပြီးတော့ အဲဒီ
အိမ်ကို သင်္ချိုင်းကမြေ လာမြှုပ်တာတို့ ဘာ
တို့ပေါ့ကွယ်၊ စီရင်တာကတော့ နည်းအမျိုး
မျိုး ရှိတာပေါ့လေ၊ အဲဒီလို လုပ်လိုက်ရင်
စောစောက ခေါ်လာတဲ့ မကောင်းဆိုးဝါး
ကောင်က အိမ်ထဲကို ဝင်လို့ရသွားရောဟေ့။
ဒါဆိုရင် အခုလိုမျိုး အိမ်ထဲမှာ ခြောက်လှန့်
တော့တာပေါ့ကွာ၊ ဒီနေရာမှာလည်း ခေါ်လာ
တဲ့အကောင်ရဲ့ အစွမ်းကြီးရင် ကြီးသလို
ခြောက်နိုင် လှန့်နိုင်တာပေါ့ကွာ၊ အခု ဘထွား
တို့ ဝိုင်းစိန်တို့ အိမ်မှာ ခြောက်လှန့်နေတဲ့ အ
ကောင်က အစွမ်းသိပ်နည်းပုံ မပေါ်ဘူးကွ
မောင်တာတေရဲ့"

"သြော် ဒီလိုလား၊ ကျုပ်ဘက်က ဆရာကြီး
ကို ကူညီလုပ်ကိုင်ပေးဖို့ အဆင်သင့်ပါပဲ ဆ
ရာကြီး"

"အေး အေး၊ သာဓု၊ သာဓု၊ မောင်တာတေ
သာဓု"

" ကဲ အဘ ဒါဆိုရင် ကျုပ် တာတေကို အိမ်ကို
ပဲ ပြန်ခေါ်သွားမယ်၊ ညကျမှပဲ ဒီကိုလာခဲ့မယ်"

"ဟာ ရတယ်၊ ရတယ်၊ မောင်တာတေ၊ လွတ်
လွတ်လပ်လပ်နေပါ၊ ညကိုးနာရီထိုးမှ ကျုပ်နဲ့ မောင်တာတေနဲ့ ဘထွားတို့အိမ်ကြီးထဲကို ဝင်
ကြမှာပါ"

ဆရာကြီး ဦးစက်အောင်က ကျုပ်ကို ပြော
လိုက်တယ်။ ဒီတော့ အရီးမယ်ခက ဝင်ပြော
ပြန်တယ်ဗျ။

"ဟာ ဖိုးတောက် နင်နဲ့ တာတေနဲ့ ညစာ ဒီမှာ
လာစားကြလေ၊ အရီး ချက်ပြုတ်ထားတယ်"

"ဟာ နေပစေ အရီး၊ ကျုပ်တို့အိမ်မှာပဲ တာ
တေကို ထမင်းကျွေးလိုက်မယ်၊ ဟိုမှာ ရွာထဲ
က ကာလသားတွေလည်း ရှိသေးတယ်ဗျ၊
သူတို့လည်း တာတေနဲ့ လူခင်တွေပဲ၊ တာ
တေကို တွေ့ချင်လို့ လာကြတာဗျ"

"သြော် ဒီလိုလား၊ ဒါဆိုလည်း ပြီးရောလေ၊
ဟင်းတွေ၊ ထမင်းတွေ လိုရင်တော့ ဒီမှာ လာ
ခူးခပ်ယူနော ဖိုးတောက်"

"ဟုတ်ကဲ့ပါ အရီး၊ ဟုတ်ကဲ့ပါ"

ကိုကြီးဖိုးတောက်က အရီးမယ်ခကို ရိုရိုသေ
သေ ပြန်ပြောတယ်ဗျ။ ကျုပ်နဲ့ ကိုကြီးဖိုး
တောက်လည်း သူတို့ဝိုင်းထဲကို ပြန်လာတာ
ပေါ့။ ဘန့်ဘွေးကုန်းက ကာလသားတွေနဲ့
ကျုပ်နဲ့ စကားဝိုင်းဖွဲ့ကြတာပေါ့ဗျာ။ညကိုးနာ
ရီမထိုးခင် ကျုပ် မျက်ကွင်းဆေး ကွင်းတယ်။
ဘိုးစိန်ပွင့်တို့ အိမ်ကိုရောက်တော့ ဘိုးစိန်ပွင့်
တို့အိမ်ကိုရောက်တော့ ကိုးနာရီထိုးကာနီးနေ
ပြီ။ ဘန့်ဘွေးကုန်းသူကြီးက ကိုးနာရီထားတာ
နဲ့ လမ်းပေါ် လူမထွက်ရ အမိန့်ထုတ်ထားသ
ဗျ။ ဘန့်ဘွေးကုန်းသားတွေကလည်း စိတ်ချ
ရပါ့ဗျာ။ လမ်းပေါ်မထွက်ရုံ မကဘူး။

အိမ်တံခါးတွေပါ ပိတ်ထားကြတာဗျို့၊ ဆရာ
ကြီး ဦးစက်အောင်နဲ့ ကျုပ်နဲ့ ကိုဘထွားတို့
အိမ်ကို ထွက်လာတဲ့အချိန်ရောက်တော့ ဘန့်
ဘွေးကုန်းတစ်ရွာလုံး တိတ်ဆိတ်လို့ဗျ။ ကိုဘ
ထွားတို့အိမ်ကို ရောက်တော့ အိမ်စောင့်ထား
တဲ့ လူနှစ်ယောက်က ကြိုတင်မှာထားတဲ့ အ
တိုင်း အောက်လင်းဓါတ်မီးကြီး ထွန်းထားပြီဗျ။
သန်းခေါင်မကျော်မချင်း ဘာမှလုပ်တာ မဟုတ်
တော့ သူတိုနှစ်ယောက်လည်း အေးအေးဆေး
ဆေးပဲ အိမ်စောင့်နေကြတာဗျ။

တစ်ယောက်က အရပ်ပုပြတ်ပြတ် ဂင်တိုတိုနဲ့
ဗလကောင်းကောင်း၊ သူနာမည်က ကိုဝတဲ့ဗျ၊
နောက်တစ်ယောက်က အရပ်ရှည်ရှည် ခါး
ကိုင်းကိုင်းနဲ့ သူ့နာမည်က ကိုညိုတဲ့ဗျ။ ကိုဘ
ထွားတို့အိမ်ကို ရောက်တာနဲ့ ဆရာကြီးဦးစက်
အောင်က ဘုရားစင်မှာ ဖယောင်းတိုင်တွေ
ထွန်း၊ အမွှေးတိုင်တွေ ထွန်းပြီး ဘုရားရှိခိုး
တော့တာပဲဗျို့။ ဘုရားကို ကျကျနန ရှိခိုးပြီး
မေတ္တာပို့တယ်။ ပြီးတော့ ဆရာကြီးက သူ့ရဲ့
လက်စွဲပုတီးကြီးကို ထုတ်ပြီး စိတ်ပုတီးစိပ်
တော့တာပေါ့ဗျာ။ ဆရာကြီး ဦးစက်အောင်
ဟာ တော်တော်ကို တည်ငြိမ်အေးချမ်းတဲ့
ပုဂ္ဂိုလ်တစ်ယောက်ပါဗျာ။

ကျုပ်လည်း ဆရာကြီးကို လေးစားပါတယ်။ ည
ဆယ့်တစ်နာရီလောက်ရောက်တော့ ဆရာကြီး
က ကိုဝကို လင်းဗန်းသေးသေးတစ်ချပ် ယူခိုင်း
တယ်။ သူ့မှာ အဆင်သင့်ပါလာတဲ့ ဆန်ထုပ်က
လေးထုပ်ပြီး လင်ဗန်းထဲကို ထည့်တယ်။ ဆန်
က နို့ဆီဗူးတစ်ဝက်လောက်ပဲ ရှိတာပါ။

ဆရာကြီးက ဆန်တွေကို ကိုင်ပြီး မန္တန်တွေ
ရွတ်တယ်ဗျ။ တော်တော်ကြာအောင် ရွတ်
ဖတ်ပြီးတော့မှ ကျုပ်ဘက်ကို လှည့်ပြော
တယ်။

"ကဲ မောင်တာတေ အိမ်ပေါ်ထပ်ကစပြီး နည်း
နည်း နည်းနည်း နှံ့အောင် ကြဲပေတော့ကွာ၊ အ
ပေါ်ထပ်ပြီးရင် အောက်ကို ဆင်းလာပြီး မီးဖို
ချောင်ကစပြီး အိမ်ရှေ့ကို ကြဲပေတော့၊ ပြီးရင်
ဝိုင်းထဲဆင်းကြဲကွာ၊ ကိုညို အဖော်လိုက်သွား"

"ဟုတ်ကဲ့ ဆရာကြီး"

ကျုပ် အပေါ်ထပ်ရောက်တော့ အိမ်ကြီးအနှံ့
လိုက်ကြည့်တယ်။ ကိုညိုက ကျုပ်ကို ဓါတ်မီး
ထိုးပြတယ်လေဗျာ။ ဘာမှကို မတွေ့ဘူးဗျ။
ကျုပ်က မျက်ကွင်းဆေး ကွင်းလာတာလေ။
နာနာဘာဝရှိရင် တွေ့မှာပေါ့။

ကျုပ်လည်း ဆန်စေ့လေး နှစ်စေ့ သုံးစေ့ ယူ
လိုက် ပက်လိုက်နဲ့ အပေါ်ထပ်ကို နှံ့အောင်
ဆန်မန်းကြဲလိုက်တယ်။ ပြီးတော့ လှေကား
မှာ ကြဲတယ်။ ပြီးတော့ အောက်ထပ်မှာ အ
နှံ့ကြဲပြီး ဝိုင်းထဲ ဆင်းကြဲလိုက်တယ်။ ဝိုင်းထဲ
ကြဲပြီးတော့ ဆန်လည်း ကုန်ရောဗျ။

"အားလုံး ကြဲပြီးပြီ ဆရာကြီး"

"အေး အေး မောင်တာတေ၊ မျက်ကွင်းဆေး
ရှိတယ်ဆို ကွင်းလိုက်ပါလား"

"ကျုပ် ကွင်းခဲ့ပြီးပြီ ဆရာကြီး"

"ဟင် ဟုတ်လား၊ မောင်တာတေကတော့
တော်တော်ကို စေ့စပ်ပါပေတယ်၊ နို့ အပေါ်
ထပ်မှာခုန်ချတဲ့အကောင် တွေ့ခဲ့သလား"

"ကျုပ် သေသေချာချာကို လိုက်ကြည့်တာဗျ။
ဘာမှကို မတွေ့ဘူး ဆရာကြီး"

"အင်း ဒါဆိုရင် ဒီကောင် ဒီမှာနေတာ မဟုတ်
ဘူးကွ၊ ညသန်းခေါင်မှာ အိမ်ထဲကို ဝင်လာ
တာဖြစ်မယ်၊ ကဲ ကြဲထားတဲ့ ဆန်စေ့တွေကို
သတိထားပြီး လိုက်ကြည့်စမ်း မောင်တာတေ၊
ထူးတာတွေ့ရင် ကျုပ်ကို ပြောကွ"

ကျုပ်ရယ်၊ ကိုဝတို့ ကိုညိုတို့ရယ် ဆန်မန်းတွေ
ကို လိုက်ကြည့်တယ်၊ ကိုဝမှာက ငါးတောင့်ထိုး
ဓါတ်မီးပါတယ်ဗျ။ ဓါတ်မီးနဲ့ ထိုးပြီး လိုက်ကြည့်
ကြတာ။

"ဟင် ဆန်စေ့တွေ မတွေ့တော့ပါလား"

ကိုညိုက ပြောတာဗျ။ သူနဲ့ ကျုပ်နဲ့ ကြဲထား
တာလေဗျာ

"အေးကွ၊ ငညို ဆန်မန်းတွေ တစ်စေ့မှ မတွေ့
တော့ဘူး၊ လာကွာ အပေါ်ထပ်ကို တက်ကြည့်
မယ်"

ကျုပ်တို့သုံးယောက်စလုံး အပေါ်ထပ်ကို တက်
ကြည့်တယ်။ ဟုတ်ပါ့ဗျာ။ စောစောကလေး
တင်ကျုပ်ကြဲခဲ့တဲ့ ဆန်မန်းတွေ တစ်စေ့မှကို
မရှိတော့တာဗျ။ ကျုပ်တို့သုံးယောက် အောက်
ထပ်ကို ပြန်ဆင်းပြီး ဝိုင်းထဲမှာ ဆင်းကြည့်ကြ
သေးတယ်။ ဆန်မန်းတွေ မတွေ့တော့ဘူးဗျ။
ကိုဝက ဓါတ်မီးထိုးပြ၊ ကျုပ်နဲ့ ကိုညိုက လိုက်
ကြည့်ပေါ့ဗျာ။

"ဟာ ဟိုမှာကွ၊ ဟိုမှာ"

ကိုညိုက အလန့်တကြားနဲ့ပြောပြီး လက်ညှိုး
ထိုးပြတယ်ဗျ။

"ဟ…ဘာတုံးကွ ငညိုရ၊ မင်းဟာက အလန့်
တကြားနဲ့ "

"ဆန်တွေလေကွာ၊ ဟိုမှာကွ၊ လှေကား
အောက်မှာ "

"ဟေ…ဟုတ်သားပဲကွ၊ ဆန်တွေ ဘယ်လိုဖြစ်
ပြီး ဒီမှာ ရောက်နေတာတုံးကွ"

"ဒါကတော့ ဆရာကြီးရဲ့အစွမ်းနေမှာပေါ့ကွ၊
ငဝရ"

"ကဲ ဒါဆိုရင် ကျုပ် အိမ်ပေါ်တက်ပြီး ဆရာ
ကြီးကို ပြောလိုက်မယ်"

ကျုပ် အိမ်ပေါ်တက်လာတော့ ဆရာကြီးက
ပုတီးလေး တချောက်ချောက် စိမ်လို့ဗျ။

"ဘာထူးလို့တုံး၊ မောင်တာတေ"

"ထူးတယ် ဆရာကြီး စောစောက ကျုပ်နဲ့
ကိုညိုနဲ့ ကြဲထားတဲ့ ဆန်မန်းတွေ တစ်အိမ်
လုံးမှာ ဘယ်နေရာမှ မရှိတော့ဘဲ လှေကား
အောက်မှာ စုနေတယ် ဆရာကြီး"

"ဟင် ဟုတ်လား မောင်တာတေ၊ ဒါဆိုရင် အဲ
ဒီ နေရာကို တူးရတော့မှာပေါ့၊ ကဲ ကဲ ကျုပ်
လာပြီ၊ မောင်ညိုကို တူးရွင်းလေး ဘာလေး
ရှာခိုင်းကွာ"

ကိုဘထွားတို့အိမ်က အောက်ထပ်ကတင်
မြင့်တော့ လှေကားသုံးထစ်နဲ့ တက်ရတာဗျ။
အဲဒီအိမ်ပေါ်တက်တဲ့ လှေကားအောက်မှာ
ဆန်တွေက အပုံလိုက် စုနေတာ။ ကျုပ်တစ်
သက်မှာတော့ ဒါမျိုး တစ်ခါမှ မကြုံဖူးသေးပါ
ဘူးဗျာ။ ဆရာကြီး ဦးစက်အောင် တော်တော်
ကို စွမ်းတာဗျ။ ကိုညိုက တူရွင်းတစ်ချောင်း
ယူပြီး ဆန်တွေပုံနေတဲ့ နေရာကို စပြီးတူး
တော့ပေါ့ဗျာ။ ကျုပ်တို့အညာဆိုတာ သဲမြေ
ပဲဗျာ။ သိပ်ပြီးတူးစရာ မလိုပါဘူး။

ကျင်းကြီး ဖြစ်လာတာပေါ့။ ဒါပေမဲ့ ဘာမှမ
တွေ့ဘူးဗျ။ ဆရာကြီးလည်း မျက်နှာပျက်
သွားတယ်။ ဘာမှမတွေ့တော့ ဘာလုပ်ရ
မှန်း မသိတော့ဘူးပေါ့ဗျာ။

"အုန်း၊ ဂလွမ်၊ ဂလွမ်၊ ဂလွမ်"

ဟော အပေါ်ထပ်က ခုန်ချပြီဗျို့။ နဲတဲ့အသံ
ကြီးမှ မဟုတ်တာ။ ကျုပ် အိမ်ပေါ်ထပ်ကို
ချက်ချင်း ပြေးတက်တယ်။ ကိုဝက ဓါတ်မီး
ကြီး ကိုင်ပြီး ကျုပ်နောက်က ပြေးလိုက်လာ
တယ်။ ဟာ နဲတဲ့အကောင်ကြီးမှ မဟုတ်တာ
ထုတ်တန်းပေါ်မှာ ထိုင်နေတာဗျို့။

ခြေထောက်ကြီးနှစ်ချောင်း တွဲလောင်းကြီး
ချလို့ဗျ။ ဆံပင်ကြီးက ဖားလျားကြီးနဲ့ဗျ။ မျက်
နှာကြီးကကို လင်ဗန်းကြီးတစ်ချပ်လောက် ရှိ
တာ။ မျက်လုံးကြီး နှစ်လုံးက နီရဲနေတာဗျို့။
လက်ဖက်ရည်ကြမ်းသောက်တဲ့ ပန်းကန်
လောက် ရှိမယ်။ အို…ပါးစပ်ကြီး ဖြဲထားတာ
အထဲက လျှာနီနီကြီးက တစ်တောင်လောက်
တွဲလောင်းကြီး ကျနေတာဗျို့။ ကိုယ်မှာ ဘာ
အဝတ်အစားမှ မရှိဘူး။ အမွေးရှည်ကြီးတွေ
တစ်ကိုယ်လုံး ဖုံးနေတယ်။

ဟော ဟော ခုန်တော့မယ်။ ခုန်ပြီ။ ခုန်ပြီ။

"အုန်း၊ ဂလွမ်၊ ဂလွမ်၊ ဂလွမ်"

သူ ခုန်ချလိုက်တာနဲ့ အဲဒီအသံတွေ မြည်
တော့တာပဲဗျို့။ဟော ဟော တိုင်ကနေ ဖက်
ပြီး တက်သွားပြန်ပြီဗျ။ထုတ်တန်းပေါ်မှာ ခြေ
ထောက်ကြီး တွဲလောင်းချပြီး ထိုင်နေပြန်ရော
ဗျ။ လျှာကြီးကတော့ တွဲလောင်းကြီးကျလို့ပေါ့
ဗျာ။ ကိုဝက ကျုပ်ကို ဓါတ်မီးထိုးပြထားတာ။
သူတော့ ဘာမှ မမြင်ရဘူးပေါ့ဗျာ။ ကျုပ်နဲ့ ကို
ဝ အောက်ပြန်ရောက်တော့ ဆရာကြီးက မေး
တယ်။

"ဘာမြင်ခဲ့တုံး မောင်တာတေ"

"မြင်တယ် ဆရာကြီး၊ နဲတဲ့အကောင်ကြီး
မဟုတ်ဘူးဗျ။ ကိုယ်လုံးတင် ရေတိုင်ကီ နှစ်
လုံးစာလောက်ရှိမယ်။ တိုင်ကနေ ဖက်တက်
ပြီး ထုတ်တန်းကနေ ခုန်ချတာဗျ"

"နို့ ဂလွမ်း၊ ဂလွမ် ဆိုတဲ့ အသံက ဘယ်က
မြည်တာတုံးကွ"

ကိုညိုက မျက်နှာကလေး ဇီးရွက်လောက်နဲ့
မော့ပြီး ကျုပ်ကို မေးတာဗျ။

"ဘယ်ကမြည်မှန်းတော့ မသိဘူးဗျ၊ ကိုညိုရ၊
အဲဒီကောင်ကြီး ခုန်ချလိုက်ရင် အုန်းဆိုပြီး
မြည်သွားပြီးရင် ဂလွမ်၊ ဂလွမ်ဆိုတဲ့ အသံ
တွေ မြည်လာရောဗျ"

"ကဲ မောင်တာတေ၊ ကျုပ်လည်း ဆန်မန်းစု
တဲ့နေရာကို တူးတာ ဘာမှမတွေ့ဘူးကွဲ့။
မောင်တာတေမှာ အတွေ့အကြုံရှိရင် ကြံ
စမ်းပါဦးကွယ်"

"ဆရာကြီး ဒီမှာပဲ စောင့်နေပါ၊ ကျုပ် မဖဲဝါ
ကို သွားမေးပေးမယ်"

"ဟင် ဘယ်လို ဘယ်လို မောင်တာတေ၊
ဘယ်သူ့ကို မေးမယ်"

"မဖဲဝါကို မေးမှာပါ ဆရာကြီး၊ သင်္ချိုင်းရှင်မ
မဖဲဝါကို မေးမှာပါ"

"ဟာ မောင်တာတေ၊ မဖဲဝါက သရဲမလေ"

"ဟုတ်ပါတယ် ဆရာကြီး၊ ဒါပေမဲ့ မဖဲဝါက ရိုး
ရိုးသရဲတော့ မဟုတ်ဘူးဗျ၊ သူ့မှာ အစွမ်းရှိ
တယ်။ ကဲ ကျုပ် သွားမေးလိုက်ပါ့မယ်ဗျာ"

ကျုပ်က ပြောပြောဆိုဆိုနဲ့ ဝိုင်းထဲက ထွက်ခဲ့
တယ်။ ကိုဝကလည်း ငါးတောင့်ထိုးဓါတ်မီး
ကြီးနဲ့ ကျုပ်နောက်က ပါလာတယ်ဗျ။ ဘန့်
ဘွေးကုန်းသင်္ချိုင်းကို ရောက်တော့ ကျုပ်နေ
ရာလေးတစ်ခု ရွေးပြီး မဖဲဝါကို ပင့်ရတော့
တာပေါ့ဗျာ။

"သင်္ချိုင်းရှင်မကြီး မဖဲဝါ၊ တာတေက ပင့်ဖိတ်
ပါတယ်၊ ဒီတစ်ခါတော့ အရေးတကြီးဖြစ်နေ
လို့ စားပွဲသောက်ပွဲ မပါခဲ့တာ ခွင့်လွှတ်ပါ မ
ဖဲဝါ၊ ဘန့်ဘွေးကုန်းက အိမ်တစ်အိမ်မှာ ပုဏ္ဏ
တိုက်နေလို့ပါ မဖဲဝါ၊ ဆရာကြီး ဦးစက်အောင်
ကို ကျုပ် ကူညီချင်လို့ပါ၊မဖဲဝါ ကြွပြီး ဘာလုပ်
ရမယ်ဆိုတာကို ပြောပြပါဗျာ၊ အမြန်ကြွခဲ့ပါ
မဖဲဝါ"

"ဝူး၊ ဝူး၊ ဝူး၊ အီး၊ အီး၊ အီး"

ဟာ ဒါ မဖဲဝါရဲ့ ခွေးကြီးအူတဲ့အသံပဲ။ မဖဲဝါ
လာပြီထင်တယ်။ ဟော လာပြီဗျို့၊ ဂူတွေအ
ပေါ်က ရွေ့လာတာ မဖဲဝါကြီးပဲဗျ။ အရပ်ကြီး
ဆယ်ပေလောက် ရှိတယ်ဗျို့။ ဆံပင်ဖားလျား
ကြီးနဲ့ဗျာ။ ကျုပ် ကြည့်နေတုန်းမှာ ဖြုတ်ကနဲ
ပျောက်သွားတယ်ဗျ။

"အီး၊ အီး၊ ဟင်း၊ ဟင်း၊ ဟင်း"

ကျုပ်နောက်က အသံကြီးဗျ။ ကျုပ် ချက်ချင်း
နောက်လှည့်ကြည့်လိုက်တယ်။ ဟာ ကိုဝ
ကိုဝ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေပါ
ရောလား။ မဖဲဝါ ကိုဝကို ဝင်ပူးလိုက်တာပဲဗျ။
ဟော ငြိမ်သွားပြီ၊ ငြိမ်သွားပြီ။ ကိုဝ တုန်နေ
တာ ရပ်သွားပြီဗျို့။

"ဟဲ့ တာတေ၊ လှေကားထစ် သုံးထစ်ရဲ့ အ
ပေါ်ဆုံးထစ်မှာ ခေါင်းရိုက်သံ ရိုက်ထားတယ်
အဲဒီသံကို နှုတ်ပစ်လိုက်၊ ပြီးရင် ဘုန်းကြီး
ကမ္မဝါစာဖတ်၊ ဟီး၊ ဟီး၊ ဟီး၊ အီး၊ အီး"

ဟာ ကိုဝ ခွေကျသွားပြီဗျို့။ မြက်ခင်းပေါ်
ကိုခွေပြီး လဲကျသွားတာ။ ကျုပ် ပွေ့ထူ
လိုက်တယ်

"ကိုဝ၊ ကိုဝ၊ ကိုဝ"

ကျုပ်က ကိုဝကို လှုပ်ပြီးနှိုးတယ်။
ကိုဝ မျက်စိ ဖွင့်ကြည့်တယ်။

"ဟင် ငါ ဘာဖြစ်လို့တုံး တာတေ"

"ကိုဝ ခေါင်းမူးသွားတာ ထင်တယ်ဗျ"

"အေး ဟုတ်မယ်ကွ၊ ငါ ခေါင်းထဲမှာ နောက်
တောက်တောက်ဖြစ်နေတယ်"

ကိုဝက ပြောရင်းနဲ့ ထရပ်တယ်။ လေကို ပြင်း
ပြင်းရှူလိုက်တယ်။

"အေး ကောင်းသွားပါပြီကွာ၊ နို့ မင်း မဖဲဝါ
မလာသေးဘူးလားကွ"

"လာပြီးသွားပြီဗျ၊ ကျုပ်ကိုလည်း ပြောသွားပါ
ပြီ၊ ကဲ ရွာထဲ ပြန်ဝင်ကြရအောင်"

ကျုပ်နဲ့ ကိုဝ ရွာထဲ ပြန်ဝင်ခဲ့တယ်။ ကျုပ် ကို
ဝကို မဖဲဝါ ဝင်ပူးသွားတာကို ဘယ်တော့မှ မ
ပြောဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ကျုပ်တို့ပြန်
ရောက်တော့ ဆရာကြီး ဦးစက်အောင်က မေး
တယ်ဗျ

"အကြောင်းထူးလား မောင်တာတေ"

"ထူးတယ် ဆရာကြီးရေ၊ ဆရာကြီးရဲ့ ဆန်
မန်းတွေ စုတဲ့နေရာက ဝအမှန်ပဲဗျ၊ ဒါပေမဲ့
ကျုပ်တို့က မြေကို တူးရှာတော့ လွဲကုန်တာ
ဗျ။ တကယ်က လှေကားအပေါ်ဆုံးအထစ်မှာ
ခေါင်းရိုက်တဲ့သံ ရိုက်ထားတာတဲ့ဗျ"

"ဟေ ဟုတ်လား၊ ရှာကြကွာ၊ ဒါဆိုရင်"

ကျုပ်ရော ကိုဝတို့နှစ်ယောက်ရော လှေကား
ထစ်မှာ သံရှာကြတာပေါ့ဗျာ။

"ဟာ တာတေရေ၊ ဒီမှာကွ၊ လှေကားထစ် အ
လယ်မှာ အသားလွတ်ကို ရိုက်ထားတာကွ၊
လှေကားဆိုတာ သုံးလက်မခွဲ လေးလက်မသံ
ပဲ ရိုက်တာ မဟုတ်လား၊ ဒီတစ်လက်မခွဲသံက
လှေကားရိုက်တဲ့သံမှ မဟုတ်တာ၊ သတ်သတ်
ကို တာတေရ"

"ဘယ်မှာတုံး ပြစမ်း၊ ကျုပ် ကြည့်စမ်းဦးမယ်"

ဆရာကြီး ဦးစက်အောင်ကိုယ်တိုင် ကြည့်
တယ်ဗျ။

"အင်း မောင်ဝ ပြောတာ ဟုတ်တာပေါ့ကွာ၊
ဒီသံက ခေါင်းရိုက်တဲ့သံပဲ၊ ကဲ နှုတ်ကြပေ
တော့ကွာ"

ကိုဝနဲ့ ကိုညိုက သံကလော်တွေ၊ တူတွေနဲ့
သံကို နှုတ်ကြတာပေါ့ဗျာ၊မကြာပါဘူး နှုတ်
လို့ရသွားတယ်၊ ဟုတ်ပါ့ဗျာ၊ တစ်လက်မခွဲ
သံဗျ။ ကိုညိုက သံကို ယူပြီး ဝိုင်းထဲ လွှင့်ပစ်
မယ်လုပ်လိုက်တယ်။

"ဟေး ဟေး မောင်ညို မပစ်နဲ့၊ အောင်မယ်
လေး ဒီသံကို ပေါ့သေးသေးများ ထင်နေလား
အဲဒီသံကို သင်္ချိုင်းကုန်းမှာ သွားလွှင့်ပစ်လိုက်
ကြ"

ဆရာကြီး ဦးစက်အောင်က ပြာပြာသလဲ
ပြောလိုက်တာဗျို့။ ကျုပ်တောင် အံ့သြသွား
တယ်။ ကျုပ် သံကို ကိုညို့ဆီက ယူလိုက်ပြီး
ချက်ချင်း ဝိုင်းထဲက ထွက်လာတယ်။ ကျုပ်
နောက်က ကိုညိုလည်း ကပ်ပြီး ပါလာတယ်
ဗျ။ ကိုညိုက ဓါတ်မီးထိုးပြတာပေါ့ဗျာ။ ဘန့်
ဘွေးကုန်းသင်္ချိုင်းရောက်တော့ ကျုပ် သံကို
မြေမြှုပ်ပစ်လိုက်တယ်။

ကျုပ်နဲ့ ကိုညို ဝိုင်းထဲ ပြန်ရောက်တော့ အိမ်
ကြီးက ငြိမ်နေပြီဗျ။ တအုန်းအုန်းနဲ့ ခုန်ချတဲ့
အသံရော၊ ဂလွမ်း၊ ဂလွမ် ဆိုတဲ့ အသံရော
မကြားရတော့ဘူးဗျ။

ဒါနဲ့ ကျုပ်နဲ့ ကိုဝ အပေါ်ထပ်ကို တက်ကြည့်
ကြတယ်။ ဟာ သွားပြီဗျို့။ မရှိတော့ဘူး။ ဘာ
ကောင်မှကို မတွေ့တော့တာ။ ဒီတော့မှ ကျုပ်
လည်း သက်ပြင်းချနိုင်တော့တာပေါ့ဗျာ။ ကျုပ်
တို့လည်း ညတွင်းချင်းပဲ ကိုဘထွားတို့ကို သွား
ခေါ်ပြီး အိမ်ပေါ် ပြန်တင်ပေးခဲ့တယ်။

နောက်နေ့မနက်ပဲ ဘုန်းကြီးငါးပါးကို နေ့ဆွမ်း
ကပ်ပြီး ဘုန်းကြီးတွေက အန္တရာယ်ကင်းပရိတ်
ရွတ်တယ်။ ကမ္မဝါဖတ်ပေးကြတယ်ဗျ။အားလုံး
ပြီးသွားပြီပေါ့ဗျာ။ အဲဒီနေ့ပဲ ကျုပ် ရွာပြန်ခဲ့တာ။

အိမ်ရောက်တော့ အဘနဲ့ အမေကို ဒီအကြောင်း
ပြောပြတော့ အဘရော အမေရော အံ့သြလိုက်
ကြတာ မပြောပါနဲ့တော့ဗျာ။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ တာတေ

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ

#တာတေ
#မဖဲဝါ
#ညမဖတ်ရ

ေခါင္း႐ိုက္သံ(စ/ဆုံး) ေရးသားသူ...တာေတ တပို႔တြဲလဆိုရင္ တာေတတို႔႐ြာမွာ ထမနဲပြဲ ရွိ တယ္ဗ်။ ထမနဲပြဲမွ တစ္ပြဲမဟုတ္ဘူးဗ်ိဳ႕။ တစ္ ႐ြာလုံးမွာ အနည္းဆုံး ဆယ္ပြဲ၊ ဆယ့္ငါးပြဲ ေလာက္ကို ရွိတာ။ ထမနဲထိုးတဲ့ ရက္ေတြဆို ရင္ တာေတတို႔ ကာလသားေတြ မနက္လင္း အားႀကီးမွပဲ အိမ္ျပန္ၾကရတာဗ်။ တစ္အိမ္၊တစ္ အိမ္ကို အနည္းဆုံးေတာ့ ဆယ္ဒယ္ေလာက္ ထိုးၾကတာ။ ဘုန္းႀကီးေက်ာင္းေတြပို႔၊ အိမ္ေတြလိုက္ေဝ၊ အ နီးအနား႐ြာေတြ ပို႔သဗ်ာ။က်ဳပ္တို႔႐ြာမွာကလည္း ထမနဲပြဲဆိုတာ ညေရာက္မွ ထိုးၾကတာဗ်။ ေန႔ ခင္းဘက္က်ေတာ့ ယာထဲဆင္းတဲ့ လူကဆင္း၊ ေတာထဲ ေတာင္ထဲသြားတဲ့လူက သြားနဲ႔ဆိုေတာ့ ႐ြာမွာ လူမစုံဘူးေလ၊ ညေရာက္မွ အားလုံးျပန္ ဆုံၾကတာဗ်။ ဒီေတာ့မွ ဝိုင္းထဲမွာ မီးဖိုေတြဖိုၾက၊ ေအာက္လင္း ဓါတ္မီးေတြ ထြန္းၾကၿပီးေပ်ာ္ေပ်ာ္ပါးပါးကို ထမနဲ ပြဲ ႏႊဲၾကတာဗ်ိဳ႕။ ထမနဲဆိုတာကလည္း ထိုးတဲ့လူ ထက္ ဖ်င္တဲ့လူက ပိုၿပီးအေရးႀကီးတယ္ေလဗ်ာ။ က်ဳပ္တို႔႐ြာမွာက ထမနဲဖ်င္ေကာင္းတဲ့လူေတြ ရွိ ပါ့ဗ်ာ။ အဲ အဲဒီအထဲမွာ ေဟာဒီေကာင္ တာေတ လည္း ပါတာေပါ့။ က်ဳပ္တို႔႐ြာ ထမနဲပြဲဆိုတာ အားႀကီးေပ်ာ္ဖို႔ေကာင္း တာဗ်။လက္ဖက္သုတ္၊ငါးေျခာက္ဖုတ္၊ ဆတ္သား ေျခာက္ဖုတ္၊ ေရေႏြးၾကမ္းဆိုတာ ျပတ္တယ္လို႔ကို မရွိတာဗ်။ ထမနဲပြဲ အလႉရွင္ေတြကလည္း လႊတ္ ၿပီး ေစတနာေကာင္းၾကတာ။ ထမနဲထိုးေပးတဲ့လူ ေတြဆိုရင္ အားႀကီးေကြၽးခ်င္ေမြးခ်င္ၾကတာဗ်ိဳ႕။ ခင္ဗ်ားႏွယ္ တခ်ိဳ႕ဝိုင္းေတြထဲမ်ားဆိုရင္ ဘင္ဂ်ိဳ တီးတဲ့လူေတြ၊ မယ္ဒလင္တီးတဲ့လူေတြေတာင္ ပါေသးသဗ်။ တကယ္ကို ေပ်ာ္စရာႀကီးပါဗ်ာ။ ဒီ ေတာ့လည္း ကာလသားေတြဆိုတာ တစ္ညလုံး ေခြၽးတလုံးလုံးနဲ႔ မအိပ္ခ်င္ေအာင္ ေပ်ာ္ၿပီး ထမ နဲ တစ္ဒယ္ၿပီးတစ္ဒယ္ ထိုးၾကေတာ့တာေပါ့ဗ်ာ။ ၿပီးေတာ့ ရွိေသးသဗ်။ ကာလသားေတြက တ ေပ်ာ္တပါး ထမနဲ ထိုးေနၾကတဲ့အခ်ိန္မွာ လက္ ဖက္ပြဲ ထပ္ျပင္ေပး၊ ေရေႏြးၾကမ္း ထပ္ျဖည့္ေပး ၾကတာက ႐ြာထဲက အပ်ိဳေခ်ာေတြေလဗ်ာ။ သူတို႔လည္း ထမနဲပြဲ မၿပီးမခ်င္း အိပ္ၾကတာ မဟုတ္ဘူးဗ်။ ဒီေတာ့လည္း ကာလသားေတြက ပိုၿပီးေပ်ာ္ေတာ့တာေပါ့ဗ်ာ။ ေမာလို႔ေမာရမွန္း မ သိ၊ ပန္းလို႔ ပန္းရမွန္း မသိကို ျဖစ္ေနေတာ့တာ ေပါ့ဗ်ာ။ ၿပီးေတာ့ ေျပာရဦးမယ္ဗ်ိဳ႕။ က်ဳပ္တို႔ထိုး တဲ့ ထမနဲေတြက အရသာကလည္း ေကာင္းပါ့ ဗ်ာ။ ဘာျဖစ္လို႔တုံးဆိုေတာ့ ေျမပဲတို႔၊ ႏွမ္းတို႔၊ ဆီတို႔ ဆိုတာ က်ဳပ္တို႔ ေဒသထြက္ေတြေလဗ်ာ။ ဂ်င္းတို႔၊ အုန္းသီးတို႔ ဆိုတာလည္း ေပါေပါ့ဗ်ာ။ ေကာက္ညႇင္းဆန္တစ္ခုပဲ က်ဳပ္တို႔ ဝယ္ရတာ ေလဗ်ာ။ က်န္တာက က်ဳပ္တို႔ယာေတြထဲက ထြက္တာေတြခ်ည္းပဲေပါ့။ ထမနဲေတြ အားလုံး ဒယ္စုံေအာင္ ထိုးၿပီးလို႔ အိမ္ျပန္ေရာက္ေတာ့ပဲ မိုးလင္းစျပဳၿပီဗ်။ က်ဳပ္ကလည္း အိမ္ျပန္ေရာက္ ရင္ ခ်က္ခ်င္းအိပ္တတ္တဲ့ေကာင္ မဟုတ္ဘူး ဗ်။ အိမ္မွာ လုပ္စရာရွိတာေတြ ဆက္ၿပီးလုပ္ ေနေရာဗ်။ မနက္စာ ထမင္းစားၿပီးရင္ေတာ့ မ်က္စိ စဥ္းလာေရာဗ်ိဳ႕။ ေသာက္ေနက် နဂါးေဆးေပါ့လိပ္ကေလးလည္း လက္ၾကားညႇပ္ၿပီး ဖြာလိုက္ေရာ က်ဳပ္မ်က္စိေတြ က မဖြင့္ခ်င္ေအာင္ကို ေလးလာတာဗ်ိဳ႕။ က်ဳပ္တို႔ အညာေနကလည္း တပို႔တြဲေလာက္ ကတည္းက ပူခ်င္ခ်င္ဗ်။က်ဳပ္လည္း ပုဆိုးေဟာင္းကေလ တစ္ ထည္ ပခုံးေပၚတင္ၿပီး ဝိုင္းထဲက မန္က်ည္းပင္ႀကီး ေအာက္ကို ဆင္းလာခဲ့တယ္။ သစ္သားကြပ္ပ်စ္ေပၚမွာ အဆင္သင့္ခ်ထားတဲ့ ဝါးဘိုးျခမ္းေခါင္းအုံးကေလးေပၚကို ပုဆိုးကေလး ေခါက္တင္လိုက္တယ္။ နဂါးေဆးေပါ့လိပ္ကေလး တစ္ဖြာ ႏွစ္ဖြာ ဖြာလိုက္ၿပီးေတာ့ ေဆးလိပ္တိုကို ျပာခံခြက္ထဲ ခ်ထားလိုက္တယ္။ မရေတာ့ဘူးဗ်။ မ်က္စိေတြက ပိတ္က်လာၿပီ။ က်ဳပ္ကြပ္ပ်စ္ေပၚ ကို လွဲခ်လိုက္တယ္။ က်ဳပ္ခ်က္ခ်င္း အိပ္ေပ်ာ္ သြားတယ္။ အိပ္ေရးပ်က္ပ်က္နဲ႔ အိပ္လိုက္တာ ဘယ္ေလာက္ၾကာသြားတယ္ေတာ့ မသိဘူးဗ်။ "တာေတ၊ တာေတ၊ အိပ္လို႔လားကြ" က်ဳပ္နားထဲမွာ က်ဳပ္ကို ေခၚသလိုလို ၾကားေန တာဗ်။ က်ဳပ္မ်က္ခြံေတြက မ,လို႔ကို မရေအာင္ ေလးေနတာဗ်ိဳ႕။ "တာေတ၊ ေဟ့ တာေတ၊ အိပ္ေပါ့ကြာ" က်ဳပ္ကိုေခၚတဲ့ အသံကို က်ဳပ္ ထပ္ၾကားေနရ တယ္။ "ဟဲ့ တာေတ၊ ထဦးဟဲ့၊ ဝိုင္းဝက နင့္ကိုေခၚလို႔၊ ဘယ္သူတုံး ထၾကည့္စမ္း" အေမက က်ဳပ္ကို လႈပ္ႏႈိးေနတယ္၊ ဒီေတာ့မွ က်ဳပ္ ႏိုးသြားတာဗ်ိဳ႕။ "တာေတ၊ ႏိုးၿပီလား" က်ဳပ္ ခ်က္ခ်င္းေခါင္းေထာင္ၾကည့္လိုက္တယ္။ ဝိုင္းဝမွာ ေတာင့္ေတာင့္ႀကီး ရပ္ေနတာ ကိုဖိုး ေတာက္ႀကီးပဲဗ်။ က်ဳပ္ ခ်က္ခ်င္းပဲ လူးလဲထ လိုက္တယ္။ "ဟာ က်ဳပ္တို႔ဝိုင္းမွာ ဘာေခြးမွ မရွိပါဘူးဗ်။ ဒီအိမ္မွာ ကိုက္တတ္တာဆိုလို႔ က်ဳပ္ပဲ ရွိတာ ပါ ကိုႀကီးဖိုးေတာက္ရ" "ဟား ဟား ဟား မင္းကေတာ့ အ႐ႊန္းကေလး ကလည္း ပါေသးဗ်ား" ကိုႀကီးဖိုးေတာက္က ေျပာရင္းဆိုရင္း ဝိုင္းထဲကို ဝင္လာတယ္၊ ကိုႀကီးဖိုးေတာက္ဆိုတာ ဟိုဘက္ ႐ြာ၊ ဘန္႔ေဘြ႕ကုန္းကဗ်။ သူက ဖိုးေတာက္၊ သူ ညီက ဖိုးေကာက္တဲ့။ ညီကိုႏွစ္ေယာက္လုံးက က်ဳပ္ဆို လႊတ္ခင္ၾကတာ။ ဒါေပမဲ့ က်ဳပ္အိမ္ကို ေတာ့ တစ္ခါမွ လာလည္ၾကဖူးတာ မဟုတ္ဘူး ဗ်။ သူတို႔မိဘေတြက ဘန္႔ေဘြးကုန္းမွာ နာမည္ ရွိတဲ့ လူခ်မ္းသာေတြေပါ့ဗ်ာ။ကိုဖိုးေတာက္တို႔မွာ ေမြးခ်င္းက သူတို႔ညီကိုႏွစ္ေယာက္ပဲ ရွိတာဗ်။ "ကိုႀကီးဖိုးေတာက္ လာဗ်၊ ထိုင္၊ က်ဳပ္က ညက ထမနဲပြဲမွာ တစ္ညလုံးေလဗ်ာ" "ဘယ္သူ႔အိမ္က ထမနဲပြဲတုံးကြ တာေတရ" ကိုႀကီးဖိုးေတာက္က ကြပ္ပ်စ္ေပၚ ဝင္ထိုင္တယ္။ "ဟား ဟား ဟား အရီးေငြစိန္ က်ဳပ္ကို မမွတ္မိ ဘူးပဲကို၊ က်ဳပ္က မွတ္မိတယ္ ထင္ေနတာ" " ဘယ္မွတ္မိလိမ့္မတုံး ဖိုးေတာက္ရဲ႕၊ နင္တို႔က လူႀကီးေတြ ျဖစ္ကုန္ၾကၿပီေလ၊ ဒါ့ထက္ နင့္အေမ ဝိုင္းၾကည္ေရာ ေနေကာင္းရဲ႕လား" "ေကာင္းပါတယ္ အရီးရဲ႕" "နင့္အေဖ ကိုဘခ်စ္ေရာ ေနေကာင္းရဲ႕လား၊ အလုပ္ေတြ ဘာေတြ လုပ္ႏိုင္ေသးရဲ႕လား" "ေကာင္းတယ္ အရီးရဲ႕၊ အလုပ္ေတြလည္း လုပ္ ေနတုန္းပါဗ်ာ၊ က်ဳပ္နဲ႔ ဖိုးေကာက္က အဘကို နားေစခ်င္ၿပီဗ်၊ အဲဒါ ဘယ္လိုေျပာလို႔မွ မရပါ ဘူးဗ်ာ၊ ခုထက္ထိ လွည္းေမာင္းတို႔၊ ယာထဲ လည္း ဆင္းၿပီး ဇြတ္ထြန္ေနေတာ့တာဗ်" "ေၾသာ္ ကိုဘခ်စ္က ငယ္ငယ္ကတည္းက အား ႀကီးစိတ္ျမန္တာဟဲ့။ သြားၿပီေဟ့ဆိုရင္ နင့္အဘ က ဝိုင္းဝေရာက္ေနတဲ့လူေဟ့ ဖိုးေတာက္ေရ" "ဟုတ္ပါ့ဗ်ာ၊ အခုထက္ထိကို အဲဒီစိတ္က မ ေလ်ာ့ေသးဘူးဗ်။ ဟို႐ြာ ဒီ႐ြာ သြားမယ္ဆိုရင္ လွည္းထေကာက္ၿပီး ခ်က္ခ်င္းကို ေမာင္းထြက္ သြားတာဗ်။ က်ဳပ္တို႔ ညီအစ္ကို လိုက္ေမာင္းပို႔ မယ္လို႔ ေျပာလည္း နည္းနည္းမွကို လက္မခံဘူး အရီးရဲ႕" "ေအး ေအး သည္းခံၾကေဟ့၊ အသက္ႀကီးလာ ရင္ ဒီအတိုင္းခ်ည္းပဲ ဖိုးေတာက္ေရ၊ ဒီအိမ္က ဟာလည္း ဒီလိုပဲေဟ့၊ မနည္းဘရိတ္အုပ္ေနရ တာ၊ သူတို႔ကိုယ္သူတို႔ အသက္ႀကီးတယ္လို႔ကို မထင္ၾကတာေဟ့၊ ကဲ ကဲ နင္တို႔ညီအစ္ကိုေတြ စကားေျပာၾကဦး၊ အရီး အိမ္ေပၚတက္ၿပီး လက္ ဖက္သုပ္လိုက္ဦးမယ္" "ဟာ မလုပ္နဲ႔ အရီး၊ မလုပ္နဲ႔ " ကိုႀကီးဖိုးေတာက္က အေမ့ကို အားနာလို႔ဗ်။ "မဟုတ္တာ ဖိုးေတာက္ရယ္၊ ကိုယ့္တူကိုယ္ သားေတြ လာလည္တာ အရီးက ေကြၽးခ်င္ ေမြးခ်င္တာေပါ့ဟဲ့" အေမက အိမ္ေပၚတက္သြားတယ္။ က်ဳပ္က ကို ႀကီးဖိုးေတာက္ကို နဂါးေဆးေပါ့လိပ္ကေလး မီး ညႇိၿပီး ကမ္းေပးလိုက္တယ္။ ကိုႀကီးဖိုးေတာက္ ကလည္း ေဆးေပါ့လိပ္ကေလးကို လွမ္းယူၿပီး အေမာေျပ ဖြာေနတယ္ဗ်။ က်ဳပ္တို႔နယ္ကေတာ့ ေဆးေပါ့လိပ္ဆိုရင္ နဂါး ပဲ ေသာက္ၾကတာေပါ့ဗ်ာ။ ေဆးလိပ္ သုံးေလး ဖြာ ဖြာၿပီးေတာ့မွ ျပာခံခြက္ထဲကို ေဆးလိပ္ခ် ထားတယ္။ "ကိုႀကီးဖိုးေတာက္ ထေနာင္းကုန္းကိုလာတာ ဘယ္သူ႔ဆီ လာတာတုံး" က်ဳပ္က ကိုႀကီးဖိုးေတာက္ကို ေမးလိုက္တယ္။ "ဟ တာေတရ၊ ဘယ္သူဆီမွ လာတာ မဟုတ္ ဘူးကြ။ မင္းဆီကို သက္သက္လာတာ" "မဟုတ္ဘူးကြ တာေတရ၊ မင္းဆီကို တန္းလာ တာ၊ ကိစၥနည္းနည္းရွိလို႔ကြ" ကိုႀကီးဖိုးေတာက္က ေလသံခပ္တိုးတိုးလုပ္ၿပီး ေျပာတယ္။ ကိုႀကီးဖိုးေတာက္ရဲ႕ အမူအယာနဲ႔ ေလသံကို နားေထာင္ရတာ အေရးႀကီးတဲ့ကိစၥ တစ္ခုေတာ့ ရွိေနတာ ေသခ်ာတယ္ဗ်။ "ဘာကိစၥမ်ားတုံး ကိုႀကီးဖိုးေတာက္ရဲ႕" ကိုႀကီးဖိုးေတာက္က ေျပာမလို႔ ပါးစပ္ျပင္ေန တုန္းမွာ အေမက လက္ဖက္အစ္နဲ႔ ေရေႏြးဗန္း ႀကီး မ,လာတာ ေတြ႕ေတာ့ ကိုႀကီးဖိုးေတာက္ ကြပ္ပ်စ္ေပၚကေန ကပ်ာကယာဆင္းၿပီး အေမ့ လက္ထဲက လင္ဗန္းကို လွမ္းယူလိုက္တယ္ဗ်။ "ကဲ ညီအစ္ကိုေတြ စကားေျပာၾကဦးေဟ့၊ ငါ ေတာ့ ေျမာက္ပိုင္း သြားလိုက္ဦးမယ္၊ ေျမာက္ ပိုင္းက ထြန္းပြင့္တို႔ဆီမွာ ဝက္သားဆုံဖို႔ ေျပာ ထားတာ ရမလား၊ ဘာလား သြားေမးလိုက္ဦး မယ္၊ ရရင္လည္း မနက္ကို ဆြမ္းခ်ိဳင့္ပို႔မလို႔ ေဟ့" အေမက အဘရဲ႕ပုဆိုးေလးတစ္ထည္ ေခါင္း ေပၚအုပ္ၿပီး ဝိုင္းထဲက ထြက္သြားေရာဗ်ိဳ႕။ "ႏို႔ မင္းအဘ ဘိုးဥာဏ္တစ္ေယာက္ မျမင္ပါ လားကြ တာေတရ" "အဘၿမိဳ႕သြားတယ္ဗ် ကိုႀကီးဖိုးေတာက္ရ။ ညေနေစာင္းမွ ျပန္လာလိမ့္မယ္" "ေၾသာ္…မနက္က တို႔ဘန္႔ေဘြးကုန္းက ကိုဖိုး ေတာတို႔ ကားထြက္သြားတာ ေတြ႕လိုက္တယ္ အဲဒီကားနဲ႔ လိုက္သြားတယ္ ထင္တယ္" "ဟုတ္တယ္ ဟုတ္တယ္ ကိုႀကီးဖိုးေတာက္ေရ" ကိုႀကီးဖိုးေတာက္က လက္ဖက္တစ္ဇြန္းခပ္ၿပီး စားလိုက္တယ္၊ က်ဳပ္က ေရေႏြးၾကမ္းတစ္ပန္း ကန္ ငွဲ႔ေပးလိုက္တယ္။ လက္ဖက္စားၿပီးေတာ့ ကိုႀကီးဖိုးေတာက္က ေရေႏြးၾကမ္းကို ဖူးကနဲ ဖူးကနဲ မႈတ္ၿပီး ေသာက္ေနတယ္ဗ်။ "ႏို႔ …ေစာေစာက ေျပာတဲ့ကိစၥကို ဆက္ပါဦး" "ေအး…ေအး၊ ဒီလိုေဟ့၊ ငါတို႔ေဒြးေလး ဝိုင္းစိန္ ကို မင္းသိတယ္မို႔လား" "ဟာ အရီးေလးဝိုင္းစိန္ကို မသိရွိမလား ကိုႀကီး ဖိုးေတာက္ရဲ႕" "ေအး မင္းအရီးေလးဝိုင္းစိန္တို႔အိမ္မွာ ျပႆနာ တက္ေနလို႔ ငါ လာခဲ့တာေဟ့" "ဟင္ ျပႆနာတက္လို႔ ဟုတ္လား၊ ဘယ္လို ျပႆနာတုံးဗ်" "႐ြာထဲက လူေတြေျပာေနၾကတာကေတာ့ ပုဏၰား ကားတိုက္တယ္ဆိုလားပဲကြ" "ဟာ ကိုႀကီးဖိုးေတာက္ကလည္း ဘယ္ကလာ ပုဏၰား ကားတိုက္ရမွာတုံးဗ်၊ ပုဏၰာက တိုက္ တာပါဗ်" "ေဟ ဟုတ္လား၊ အဲဒါကို ငါက မေခၚတတ္ တာကြ၊ ငါ သိတာကေတာ့ ေဒြးေလးဝိုင္းစိန္ တို႔ အိမ္မွာ သရဲေျခာက္တာပဲလို႔ သိတာကြ" "ေနပါဦးဗ်၊ ဘာေတြျဖစ္လို႔တုံး" "အိမ္ေပၚထပ္မွာ ျဖစ္တာကြ၊ လူတစ္ေယာက္ ခုန္ခ်လိုက္သလို အုန္းဆိုျမည္သြားတာ။ ၿပီး ေတာ့ ပစၥည္းေတြကို တြန္းလွဲပစ္တဲ့အသံေတြ ကြ၊ ဝုန္း၊ ဒုန္း၊ ဂလြမ္း၊ ဂလြမ္းနဲ႔ ဆူညံေနတာ၊ လူေတြက ေလွကားက ေျပးတက္ၿပီး ၾကည့္ ေတာ့လည္း အေပၚထပ္မွာ ဘာမွလည္း ကြဲ ေနတာေတြ မရွိဘူးကြ" "ဘယ္အခ်ိန္ ျဖစ္တာတုံးဗ်" "ဟာ စျဖစ္တုန္းက ညဘက္ကြ၊ ညသန္းေခါင္ ေလာက္ႀကီး'အုန္း' ဆိုခုန္ခ်လိုက္တာတဲ့ေအ၊ အဲဒါ ေဒြးေလးေယာက္်ားက အိမ္ေပၚကို သူခိုး ဝင္ေနၿပီဆိုၿပီးေတာ့ ငွက္ႀကီးေတာင္ဓါးဆြဲၿပီး အိမ္ေပၚထပ္ကို ေျပးတက္တာတဲ့ေဟ့၊ အေပၚ ထပ္ေရာက္ေတာ့ ဓါတ္မီးနဲ႔ တစ္အိမ္လုံး လိုက္ ထိုးၾကည့္ေတာ့လည္း ဘာမွ မေတြ႕ဘူးတဲ့။ ျပ တင္းေပါက္ေတြလည္း အားလုံးပိတ္ထားတာ ဆိုပဲ၊ ဒါနဲ႔ ေဒြးေလးေယာက္်ား ကိုဘထြားက ဓါးႀကီးကိုင္ၿပီး ေအာက္ျပန္ဆင္းလာေရာတဲ့ ေဟ့၊ ကိုဘထြားႀကီး ေအာက္ေရာက္တယ္ဆို ရင္ ေနာက္တစ္ခါ ထပ္ၿပီး ခုန္ခ်ျပန္ေရာတဲ့ကြ 'အုန္း'ကနဲကို ေနတာတဲ့ကြ၊ ဒါနဲ႔ ကိုဘထြားက ခ်က္ခ်င္းေျပးတက္ၿပီး ၾကည့္ျပန္ေရာတဲ့ေဟ့" "ၾကည့္ေတာ့ ဘာေတြ႕တုံးဗ်" "ဘာမွမေတြ႕ဘူးတဲ့ တာေတေရ" "ဟင္ တယ္လည္းထူးဆန္းပါလားဗ်" "အဲဒီညက တစ္ညလုံးကို မအိပ္ၾကရဘူးတဲ့ ေဟ့၊ အုန္းဆို ခုန္ခ်လိုက္၊ ပစၥည္းေတြ တြန္း လွဲတဲ့အသံေတြ ၾကားလိုက္နဲ႔ မနက္မိုးလင္း ကာနီးမွ ၿငိမ္သြားတာတဲ့ကြ၊ မိုးလင္းတာနဲ႔ ေဒြးေလးနဲ႔ သူ႔သမီးေတြ ငါတို႔အိမ္ကို ေျပာင္း လာၾကတာေပါ့ကြာ၊ ကိုဘထြားနဲ႔ သူ႔သားႏွစ္ ေယာက္ကေတာ့ အိမ္မွာ ေနခဲ့တာကြ" "အဲဒီေတာ့ ဘာျဖစ္ေသးတုံးဗ်" "တစ္ေန႔လုံး ဘာမွမျဖစ္ေတာ့ဘူးကြ၊ ေအး ညသန္းေခါင္ေရာက္တာနဲ႔ ခုန္ခ်ျပန္ေရာ တဲ့ေဟ့၊ ပစၥည္းေတြ လဲၿပိဳၿပီး က်ကြဲတဲ့အသံ ေတြ ၾကားရျပန္ေရာတဲ့ကြာ၊ အိပ္ေရးပ်က္ ေတာ့ ဘယ္သူမွ ဆက္ၿပီး မေနႏိုင္ေတာ့ဘဲ ကိုဘထြားတို႔ သားအဖေတြလည္း ငါတို႔အိမ္ ေရာက္လာၾကတာေပါ့ကြာ" ကိုႀကီးဖိုးေတာက္က စကားစျပတ္ၿပီး နဂါး ေဆးေပါ့လိပ္ကို ဓႏုျဖဴမီးခတ္ကေလးနဲ႔ ခတ္ ၿပီး မီးညႇိတယ္ဗ်။ ေဆးလိပ္ကို အားရပါးရ ႏွစ္ဖြာ သုံးဖြာ ဆက္တိုက္ဖြာလိုက္ၿပီးမွ စကား ကို ဆက္တယ္။ က်ဳပ္ကလည္း သူစကားမဆက္ခင္ သိခ်င္တာ ကို ေမးလိုက္မိသဗ်။ "ေနပါဦး ကိုႀကီးဖိုးေတာက္ရဲ႕၊ အဲဒီအသံေတြ ကို အိမ္နီးနားခ်င္းေတြေရာ ၾကားၾကသလား" "ဟာ ၾကားပါၿပီလားကြာ၊ ေလးငါးအိမ္ေက်ာ္ ေလာက္ကကို ၾကားရတာ၊ ႐ြာထဲက လူေတြ ဆိုရင္ ညတိုင္း သြားေစာင့္ၿပီး ၾကည့္ၾကတာ၊ တခ်ိဳ႕လည္း အိမ္ေပၚထပ္ထိ တက္ၾကည့္ၾက တာေဟ့၊ တခ်ိဳ႕ထိုင္ကို ေစာင့္ေနၾကတာ၊ တုတ္ေတြ၊ ဓါးေတြနဲ႔ေပါ့ကြာ" "ဟင္ အဲဒီေတာ့ ခုန္ခ်တာပဲလားဗ်" "ဘယ္က ခုန္ခ်မွာတုံးကြာ၊ လူေတြ အကုန္လုံး ေအာက္ထပ္ျပန္ေရာက္ေတာ့မွ အုန္းကနဲ ခုန္ ခ်တာကြ" "ကိုႀကီးဖိုးေတာက္တို႔ေရာ အိမ္ေပၚထပ္ကို တက္ၾကည့္သလား" "ဟာ ၾကည့္တာေပါ့ တာေတရ၊ ဘာမွကို မ ေတြ႕ပါဘူးဆို၊ လဲၿပိဳေနတာေတြ၊ ကြဲေနတာ ေတြ ဘာမွကို မရွိပါဘူးကြာ" "ဒါဆိုရင္ေတာ့ ပုဏၰကတိုက္တာ ျဖစ္မယ္ဗ်" "ေဟ ဟုတ္လား တာေတ၊ မင္းက ဒီကိစၥေတြ မွာ အေတြ႕အႀကဳံ ေတာ္ေတာ္မ်ားထားတာဆို ေတာ့ မင္းသိတာေတြ ေျပာပါဦးကြ" "ဟာ ကိုႀကီးဖိုးေတာက္ရ၊ က်ဳပ္လည္း ပုဏၰ ကတိုက္တာကို ၾကားဖူးတာပဲ ရွိတာဗ်။ တစ္ ခါမွ မႀကဳံဖူးေသးဘူး၊ ႏို႔ ေနပါဦး ကိုႀကီးဖိုး ေတာက္ရဲ႕၊ ကိုဘထြားတို႔ အရီးေလးဝိုင္းစိန္ တို႔မွာ လူမုန္းမ်ား ရွိသလားဗ်" "အင္း…တာေတေရ၊ မင္းေမးေတာ့လည္း ေျပာရေတာ့မွာေပါ့ကြာ၊ ငါ့ေဒြးေလးလင္မ ယားက ေျပာရရင္ေတာ့ ဘန္႔ေဘြးကုန္း႐ြာ တစ္ဝက္ေလာက္ကကို မုန္းတာေဟ့" "ဗ်ာ……ဟုတ္ရဲ႕လား ကိုႀကီးဖိုးေတာက္ရဲ႕" "ဟုတ္တာေပါ့ကြာ၊ လင္မယားႏွစ္ေယာက္ က စီးပြားေရးဥစၥာကလည္း ျဖစ္ၾကေတာ့ အင္မတန္ ဘဝင္ျမင့္ၾကတာကြ၊ ေတာ္႐ုံလူ ကို ေဆးေဖာ္ေၾကာဖက္ လုပ္ခ်င္ၾကတာ မ ဟုတ္ဘူးကြ၊ အခုကိစၥျဖစ္ေတာ့ ႐ြာထဲက လူေတြ တခ်ိဳ႕တေလပဲ သြားၾကည့္ၾကတာ ေတာ္ေတာ္မ်ားမ်ားက သူတို႔နဲ႔ မတည့္ၾက ေတာ့ ႀကိတ္ၿပီး ဝမ္းသာေနၾကတာ၊ သြား ေတာင္ မၾကည့္ၾကဘူး" "ဒါေၾကာင့္ ျဖစ္တာဗ်" "ေဟ ဘာေၾကာင့္ျဖစ္တာတုံးကြ တာေတရ" "ဒါ လူကိုမုန္းလို႔ တိုက္တာဗ်၊ သူတို႔ကို မုန္းတဲ့ လူတစ္ေယာက္ေယာက္က သူတို႔အိမ္ကို ေသ ေသခ်ာခ်ာ စီရင္ၿပီး တိုက္ထားတာ၊ ႏို႔ ဆရာ ေတြ ဘာေတြ မရွာၾကဘူးလားဗ်" "ေအး ငါ အခုလာတာ ဒီကိစၥပဲကြ၊ ကိုဘထြား စစ္ကိုင္းဘက္မွာ ဆရာ သြားရွာတယ္၊ မနက္ က ျပန္ေရာက္ေတာ့ ဆရာႀကီးတစ္ေယာက္ ပါလာတယ္ကြ၊ ဆရာႀကီးက အသက္ေျခာက္ ဆယ္ေက်ာ္ေလာက္ရွိၿပီကြ၊ ၾကည့္ရတာေတာ့ ေတာ္ေတာ္ကို သမာဓိရွိတဲ့ပုံပဲကြ၊ ဒါေပမဲ့ အဲဒီ ဆရာႀကီးက ဒီအိမ္ကို သူရွင္းတဲ့အခါ လူေတြ ဝင္လာလို႔ မရဘူးလို႔ ေျပာတယ္၊ သတၱိေကာင္း တဲ့လူငယ္တစ္ေယာက္ ရွာေပးပါလို႔ ေျပာတယ္ ကြ၊ အဲဒါ ငါတို႔႐ြာက လူေတြအားလုံးက မင္းကို တန္းျမင္ၾကတာေပါ့ကြာ၊ အဲဒါေၾကာင့္ ငါလာခဲ့ တာကြ တာေတရ" "ႏို႔ က်ဳပ္က ဘာလုပ္ေပးရမွာတုံးဗ်" "ဆရာႀကီး ေျပာတာကေတာ့ သူ႔ကို ကူဖို႔ဆိုပဲ ဆန္မန္းေတြ ဘာေတြ ႀကဲေပးရမွာဆိုပဲကြ၊ လုပ္ေတာ့လည္း ညဘက္မွာ လုပ္မွာဆိုေတာ့ သတၱိေကာင္းမွ ရမွာလို႔ ေျပာတယ္ကြ၊ ႐ြာထဲ က လူေတြေတာ့ သူ အလုပ္လုပ္ေနတဲ့အခ်ိန္ မွာ ႐ြာလမ္းေပၚကို မထြက္ရဘူးလို႔ ေျပာတယ္ တာေတေရ၊ တိုက္ထားတာက ေတာ္ေတာ္ ေလး ၾကမ္းတယ္ဆိုပဲ" "ႏို႔ ဘယ္ေတာ့လုပ္မွာတဲ့တုံးဗ်" "မနက္ျဖန္ည အလုပ္လုပ္မယ္လို႔ ေျပာတယ္ ကြ၊ မင္းလာမယ္မို႔လား" "ဟာ ကိုႀကီးဖိုးေတာက္ရာ၊ တာေတပါဆိုမွ ဒါမ်ိဳးကို ဘယ္လက္လြတ္ခံမွာတုံးဗ်ာ၊ က်ဳပ္ လည္း ခုတေလာ ဘာအေၾကာင္းမွ မေပၚလို႔ ပ်င္းေနတာဗ်။ က်ဳပ္ မနက္ျဖန္ ေန႔လည္ ဘက္ အေရာက္ လာခဲ့မယ္" "ဟာ ေနရာက်ၿပီေပါ့ကြာ၊ ကဲ ဒါဆိုရင္ ငါျပန္ မယ္ကြာ၊ အရီးေငြစိန္ကို ငါ ႏႈတ္ဆက္သြား တယ္လို႔ ေျပာလိုက္ကြာ" ကိုႀကီးဖိုးေတာက္က ထိုင္ေနရာကေန ခ်က္ ခ်င္းထေတာ့တာပဲဗ်ိဳ႕။ သူေဆာင္းထားတဲ့ ဝါး ဖတ္ဦးထုပ္ကေလးကိုေဆာင္းၿပီး က်ဳပ္တို႔ဝိုင္း ထဲကေန သုတ္သုတ္ သုတ္သုတ္နဲ႔ ထြက္သြား ေရာဗ်ိဳ႕။ က်ဳပ္လည္း ဝါးဘိုးျခမ္း ေခါင္းအုံးက ေလးေပၚကို ျပန္လွဲလိုက္တယ္။ ဒါေပမဲ့ အိပ္ လို႔ေတာ့ မေပ်ာ္ေတာ့ပါဘူး။ ကိုႀကီးဖိုးေတာက္ ေျပာသြားတာေတြကို ျပန္ၿပီး စဥ္းစားေနတာ ေပါ့ဗ်ာ။ ပုဏၰကတိုက္တယ္ဆိုတာ သူေျပာ လူ ေျပာေတာ့ က်ဳပ္ၾကားဖူးတာေပါ့ဗ်ာ။ အခုလို နဖူးေတြ႕ ဒူးေတြ႕ေတာ့ တစ္ခါမွ မႀကဳံ ဘူးေသးပါဘူး၊ ၿပီးေတာ့ အခုလို အိမ္ေပၚမွာ တအုန္းအုန္းနဲ႔ ခုန္ခ်တဲ့ သရဲ တေစၦမ်ိဳးလည္း က်ဳပ္ တစ္ခါမွ မၾကားဖူးပါဘူး။ ဘာပဲေျပာေျပာ မနက္ျဖန္ေတာ့ က်ဳပ္ေတြ႕ရေတာ့မွာေပါ့ဗ်ာ။ သိပ္မၾကာဘူးဗ်။ အေမလည္း ျပန္ေရာက္လာ တယ္။ "အေမ ဝက္သား မရခဲ့ဘူးလားဗ်" က်ဳပ္က လက္ခ်ည္းျပန္လာတဲ့ အေမ့ကိုလွမ္း ေမးလိုက္တယ္။ "မရပါဘူးဟာ၊ သူတို႔ မလုပ္ျဖစ္ဘူးေျပာတယ္ ႏို႔ ဖိုးေတာက္ ျပန္သြားၿပီလား၊ ဘာေတြျဖစ္ၾက လို႔တုံး တာေတရဲ႕" က်ဳပ္က ကိုႀကီးဖိုးေတာက္ ေျပာတာေတြ အ ေမ့ကို ျပန္ေျပာျပလိုက္တယ္။ အေမက ကြပ္ ပ်စ္မွာ ဝင္ထိုင္ၿပီး လက္ဖက္စားၿပီး အၾကမ္း ေသာက္တယ္။ က်ဳပ္ေျပာတာေတြကို ေသ ေသခ်ာခ်ာ နားေထာင္တယ္။ ၿပီးေတာ့မွ… "ဖိုးေတာက္ေျပာတာ အမွန္ဟဲ့၊ ဝိုင္းစိန္တို႔လင္ မယားက အားႀကီးေမာက္မာတယ္လို႔ လူေျပာ မ်ားတယ္၊ ဒါ မုန္းတဲ့လူ တစ္ေယာက္ေယာက္ က သူတို႔ကို တိုက္တာျဖစ္မွာေပါ့ဟယ္၊ ဒါဆို နင္ မနက္ျဖန္သြားမွာေပါ့" "သြားမယ္ အေမ၊ မနက္ျဖန္ညေတာ့ က်ဳပ္ဘန္႔ ေဘြးကုန္းမွာ အိပ္ရမွာ" "ေအးေလ၊ နင္ကေတာ့ ဒါမ်ိဳးဆိုရင္ လာမေခၚ တာေတာင္ ၾကားရင္ ေရာက္ေအာင္သြားမယ္ ေကာင္ပဲေလ၊ အခုလို အိမ္အထိလာေခၚမွ ေတာ့ ဘယ္ေနလိမ့္မလဲေလ" အေမက သူ႔သားတာေတ ဆိုတဲ့ေကာင္ဟာ ေနရာတကာ စပ္စုတဲ့ေကာင္ဆိုတာ သိေန ေတာ့ က်ဳပ္ကို မသြားဖို႔ တားမေနေတာ့ဘူး ေပါ့ဗ်ာ။က်ဳပ္ကလည္း အိမ္ေရွ႕တံခါးပိတ္ထား ရင္ေတာင္ ေနာက္ေဖးတံခါးဖြင့္ၿပီး ေရာက္ ေအာင္ သြားစပ္စုတဲ့ေကာင္ဗ်။ က်ဳပ္ဘန္႔ေဘြးကုန္းကို ေရာက္ေတာ့ နာရီျပန္ ႏွစ္ခ်က္တီးေလာက္ရွိၿပီ။ ကိုႀကီးဖိုးေတာက္တို႔ အိမ္ႀကီးက ႐ြာေျမာက္ပိုင္းမွာဗ်။ ေျမာက္ေခါင္း ကိုေအာင္ေပၚတို႔ဝိုင္းနဲ႔ ကပ္လို႔ေလ။ အဲ က်ဳပ္ တို႔ အညာဓေလ့နဲ႔ ေခၚတာေပါ့ဗ်ာ။ ရပ္ေရး ႐ြာ ေရးေတြ ေဆာ္ၾသတဲ့သူေပါ့။ သူတို႔ေ႐ြးတာက ႐ြာမွာရွိတဲ့ ကာလသားေတြရဲ႕ ဆႏၵနဲ႔ ေ႐ြးရတာ ဗ်။လူႀကိဳက္မ်ားတဲ့လူက ေျမာက္ေခါင္းျဖစ္တာ ေပါ့ဗ်ာ။ အဲ အဲ ဒီလိုဗ်။ သူတို႔႐ြာမွာက အဲဒီကာ လသားေခါင္းကို ေ႐ြးရင္ ေျမာက္ပိုင္းက လူက ရေတာ့ ေျမာက္ပိုင္းေခါင္းေဆာင္လို႔ ေခၚတဲ့သ ေဘာေပါ့ဗ်ာ။ ဒါကို အတိုပဲ ေခၚတဲ့ဓေလ့ ျဖစ္ေနေတာ့ ေျမာက္ေခါင္းလို႔ပဲ ေခၚၾကတာေပါ့၊ အဲ ေျပာ ရဦးမယ္ဗ်။ လူဆိုတာလည္း ေခၚပါမ်ားေတာ့ ႏႈတ္က်ိဳးသြားတယ္ဆိုတာ ရွိတာေနာ၊ ေခၚေန က် ေျပာေနက်ဆိုေတာ့လည္း ႏႈတ္က်ိဳးေတာ့ တာေပါ့ေနာ။ ေနာက္ေတာ့ အဲဒီကာလသား ေခါင္းေနရာကို ႐ြာလယ္ပိုင္းကလူ အေ႐ြးခံရ ရင္လည္း ေျမာက္ေခါင္းပဲ ေခၚၾကေတာ့တာဗ်ိဳ႕။ အခု က်ဳပ္ေျပာတဲ့ ေျမာက္ေခါင္း ကိုေအာင္ေပၚ ကေတာ့ တကယ့္ေျမာက္ေခါင္း အစစ္ဗ်။ သူက ႐ြာေျမာက္ပိုင္းမွာ တကယ္ေနတာ။ ေဟာဒီဘန္႔ေဘြးကုန္းမွာက ႐ြာလယ္ပိုင္းနဲ႔ ေျမာက္ပိုင္းမွာ အိမ္ႀကီးအိမ္ေကာင္း လႊတ္ေပါ တာဗ်။ ေျမာက္ေခါင္းတို႔ အိမ္ဆိုရင္ ပိုေတာင္ ႀကီးေသးဗ်။ဝိုင္းႀကီးကလည္း လႊတ္က်ယ္တာ။ သစ္ပင္ႀကီးေတြလည္း စုံလို႔ဗ်။ ေႏြဆိုရင္ ေျမာက္ေခါင္းတို႔ဝိုင္းႀကီးက ဇိမ့္ေပါ့ ဗ်ာ။ လႊတ္ေအးတာဗ်။ ေျမာက္ေခါင္းတို႔မိဘ ေတြက သူတို႔ဘိုးဘြား လက္ထက္ကတည္းက လူခ်မ္းသာေတြဆိုပဲ။သုံးေမြခံ၊ ေလးေမြခံေတြဗ် က်ဳပ္ ကိုႀကီးဖိုးေတာက္တို႔ ဝိုင္းဝကိုေရာက္ေတာ့ "ဟာ တာေတ လာၿပီေဟ့၊ လာေဟ့ တာေတ၊ ငါတို႔ မင္းကို ေမွ်ာ္ေနတာကြ" က်ဳပ္ဝိုင္းဝကေန လွမ္းၾကည့္လိုက္ေတာ့ ကို ႀကီးဖိုးေတာက္တို႔အိမ္ႀကီးေအာက္ထပ္မွာ လူ ေလးေယာက္ ထိုင္ေနတာ ေတြ႕တယ္ဗ်။ အား လုံး က်ဳပ္ကို လွမ္းၾကည့္လို႔ဗ်ိဳ႕။ "တာေတေရ၊ အရီးေလးဝိုင္းစိန္တို႔ သတင္း ေတာ့ ၾကားၿပီးေရာေပါ့၊ တတ္သေလာက္ စြမ္း သေလာက္ လုပ္ေပးပါဦး ငါ့တူရယ္" ဟင္……အရီးေလးဝိုင္းစိန္ပါလား၊ ထိုင္ေနတဲ့ ေယာက္်ားေတြရဲ႕ေနာက္မွာ အရီးေလးက ထိုင္ ေနတာကိုးဗ်။က်ဳပ္က ျဗဳန္းစားႀကီးဆိုေတာ့ သူ႔ ကို မျမင္တာ။ က်ဳပ္ အိမ္ေပၚကို ဝင္ထိုင္လိုက္ ရင္းက… "အရီးေလးရယ္၊ ဒီေလာက္လည္း စိတ္မညစ္ ပါနဲ႔ဗ်ာ။ က်ဳပ္လည္း ဝိုင္းကူၿပီး လုပ္ေပးမွာေပါ့ ေနာ" "ေအးကြာ တာေတရာ၊ စျဖစ္တဲ့ညတုန္းကဆို ရင္ ငါ့မွာ ႐ူးသြားမလားေတာင္ ထင္တာကြ တာေတရ" ဒါ ဘယ္သူပါလိမ့္။ က်ဳပ္ သူ႔ကို လွမ္းၾကည့္ တယ္။ ဟာ ကိုဘထြားႀကီးပဲ။ ဟင္ ပိန္ေနပါ လား။ ကိုဘထြားကို မျမင္တာ ၾကာေတာ့ က်ဳပ္မွာ မွတ္ေတာင္ မမွတ္မိဘူးဗ်ာ။ စိတ္ လည္း ေတာ္ေတာ္ဆင္းရဲေနပုံပဲဗ်။ ဒါေၾကာင့္ လည္း ပိုၿပီးပိန္ေနတာ ျဖစ္မယ္ထင္တယ္။ "ဘေထြးေလးကို က်ဳပ္က ျမင္ျမင္ခ်င္း မွတ္ကို မမွတ္မိတာဗ်။ က်ဳပ္က ကိုဘထြားကို ေသေသခ်ာခ်ာ ၾကည့္ ၿပီး ေျပာလိုက္တာဗ်။ "ဘယ္မွတ္မိလိမ့္မတုံး တာေတရ၊ လူေတြ လည္း ညမအိပ္ရ၊ ေန႔မအိပ္ရနဲ႔ စိတ္ေတြ ညစ္ၿပီး အစားလည္း မစားႏိုင္ေအာင္ ျဖစ္ေနတာကြ" "မစိုးရိမ္ပါနဲ႔ဗ်ာ၊ ႏို႔ ေနပါဦး၊ ဘိုးေတာ္တို႔ ဘြား ေတာ္တို႔ေကာ မျမင္ပါလား" က်ဳပ္က ကိုႀကီးဖိုးေတာက္ကို ၾကည့္ၿပီး ေမး လိုက္တာဗ်။ ဘိုးဘခ်စ္နဲ႔ အရီးဝိုင္းၾကည္ကို မျမင္လို႔ ေမးလိုက္တာ။ "ေတာင္ဘက္ ႏွစ္ဝိုင္းေက်ာ္က ဘိုးစိန္ပြင့္တို႔ ဝိုင္းကို သြားၾကတယ္၊ အဲဒီမွာ ငါ မင္းကိုေျပာ တဲ့ ဆရာႀကီး တည္းတယ္ေလကြ တာေတရ" "ဟင္ ဆရာႀကီးက ဒီမွာ မတည္းဘူးလားဗ်" "ဒီလိုကြ၊ ဘိုးစိန္ပြင့္က အဲဒီဆရာႀကီးရဲ႕ တ ပည့္တဲ့ကြ၊ သူငယ္ငယ္က အဲဒီဆရာႀကီးဆီမွာ ဂိုဏ္းတက္ဖူးတယ္ဆိုပဲ၊ အခုလည္း ဘိုးစိန္ပြင့္ ႀကီး လိုက္ပင့္ေပးတာကြ၊ ဒါေၾကာင့္ ဘိုးစိန္ပြင့္ က သူ႔ဆရာ လာသခိုက္မွာ သူျပဳစုပါရေစဆိုၿပီး သူ႔အိမ္မွာ ေခၚထားတာေဟ့" ကိုႀကီးဖိုးေတာက္ရဲ႕ညီ ကိုႀကီးဖိုးေကာက္က ဝင္ေျပာျပတာဗ်။ "ေၾသာ္ ဒီလိုလား၊ ႏို႔ ေနပါဦးဗ်၊ ဆရာႀကီးနာ မည္က ဘယ္သူတဲ့တုံး" "ဆရာႀကီးနာမည္က ဦး အဲ ေနဦးကြ" ကိုႀကီးဖိုးေကာက္က ေျပာမလို႔လုပ္ၿပီးမွ ေမ့ ေနေရာဗ်ိဳ႕။ "ဟာ ဦးစက္ေအာင္ပါကြာ၊ ဖိုးေကာက္ရာ" ကိုႀကီးဖိုးေတာက္က ဝင္ေျပာလိုက္တယ္ဗ်။ "ေအး ဟုတ္တယ္၊ ဟုတ္တယ္၊ ဦးစက္ေအာင္ ဦးစက္ေအာင္၊ ေတာ္ေတာ္ေတာ့ သမာဓိရွိတဲ့ ပုံပဲကြ တာေတရ" ကိုႀကီးဖိုးေကာက္က က်ဳပ္ကို ေျပာျပတယ္။ ဒါေပမဲ့ ဒီအေၾကာင္းေတြကို မေန႔က ကတည္း က က်ဳပ္သိၿပီးသားေလဗ်ာ။ ကိုႀကီးဖိုးေတာက္ က်ဳပ္ကို ေျပာျပခဲ့တာပဲမို႔လား။ အျဖစ္အပ်က္ ေတြ ကိုဘထြားေရာ၊ အရီးေလးေရာ၊ ကိုႀကီး ဖိုးေကာက္ေရာ၊ သူတို႔နဲ႔ အတူတူထိုင္ေနတဲ့ ႐ြာထဲက ကာလသား ေအာင္သိန္းနဲ႔ ထြန္းေပၚ ေရာက က်ဳပ္ကို ေျပာၾကတာေပါ့ဗ်ာ။ သူတို႔ေျပာပုံအရဆိုရင္ ေတာ္ေတာ္ကို ၾကမ္း တာပဲဗ်။ အိမ္အေပၚထပ္မွာ ထုတ္တန္းေပၚ တက္ၿပီးေတာ့ကို ခုန္ခ်တာဆိုပဲ။ တစ္ညလုံး တအုန္းအုန္းနဲ႔ကို ခုန္ခ်ေနတာတဲ့ဗ်ိဳ႕။ ဒုန္း၊ ဒိုင္း၊ ဂလြမ္း ဂလြမ္း ဆိုတဲ့ အသံေတြကလည္း ဆူညံေနတာဆိုပဲ။ ကိုဘထြားတို႔နဲ႔ ဝိုင္းခ်င္း ကပ္လ်က္က လူေတြေတာင္ ညဘက္ အိပ္ ေရးပ်က္လြန္းလို႔ တျခားအိမ္ေတြမွာ ေျပာင္း အိပ္ၾကရတယ္ဆိုပဲဗ်ာ။ တစ္နာရီေလာက္ၾကာ ေအာင္ စကားေျပာၾကၿပီးေတာ့ ကိုႀကီးဖိုး ေတာက္က ေျပာတယ္ဗ်။ "ကဲ မင္းတို႔ ဒီမွာ ေနခဲ့ၾကဦး၊ ငါ တာေတကို ဆရာႀကီးဆီကို လိုက္ပို႔လိုက္ဦးမယ္။ ဆရာ ႀကီးလည္း တာေတကို ေစာင့္ေနမွာ၊ လာ တာ ေတ၊ မင္းနဲ႔ ငါ ေတာင္ဘက္က ဘိုးစိန္ပြင့္တို႔ ဝိုင္းကို သြားၾကရေအာင္" က်ဳပ္နဲ႔ ကိုႀကီးဖိုးေတာက္တို႔ ဘိုးစိန္ပြင့္တို႔ဝိုင္း ဝေရာက္ေတာ့ ကိုႀကီးဖိုးေတာက္က ဝိုင္းထဲ တန္းဝင္သြားေရာဗ်။ က်ဳပ္လည္း သူ႔ေနာက္ က ကပ္လိုက္ခဲ့ရတာေပါ့ဗ်ာ။ "ဟာ တာေတပါလား၊ အဘေရ ကိုႀကီးဖိုး ေတာက္နဲ႔ တာေတ လာတယ္ဗ်ိဳ႕" ဘိုးစိန္ပြင့္ရဲ႕သား အငယ္ေကာင္ ေအာင္ဗလ က ေအာ္ေျပာလိုက္တယ္။ ဘိုးစိန္ပြင့္တို႔က အိမ္ႀကီးရဲ႕ အေပၚထပ္မွာဗ်။ "ေဟ တာေတ လာၿပီလားကြ၊ လာေဟ့ တာေတေရ၊ အိမ္ေပၚထပ္ကို တက္ခဲ့ေဟ့" ဘိုးစိန္ပြင့္ႀကီးရဲ႕ အသံဗ်။ က်ဳပ္နဲ႔ ကိုႀကီးဖိုး ေတာက္လည္း အိမ္ေပၚထပ္ကို တန္းတက္ ခဲ့တာေပါ့ဗ်ာ။ဘိုးစိန္ပြင့္တို႔ ဘုရားခန္းက အ က်ယ္ႀကီးဗ်။ ဘုရားစင္ေရွ႕မွာ ေသွ်ာင္တ ေစာင္းထုံးၿပီး ပုဝါျဖဴေလး ေခါင္းေပါင္းထား တဲ့ ဘိုးေတာ္ႀကီးတစ္ေယာက္က တည္တည္ ၿငိမ္ၿငိမ္ ထိုင္ေနတယ္ဗ်။ ဆရာႀကီး ဦးစက္ေအာင္ဆိုတာ ထင္ရဲ႕လို႔ က်ဳပ္ ေတြးလိုက္တယ္။ ဆရာႀကီးနဲ႔ အတူ တူထိုင္ေနၾကတာက ဘိုးဘခ်စ္၊ ဘိုးစိန္ပြင့္၊ ၿပီးေတာ့ ဘြားေတာ္ဝိုင္းၾကည္နဲ႔ ဘိုးစိန္ပြင့္ ရဲ႕မိန္းမ ေဒၚမယ္ခႀကီးတို႔ဗ်။ က်ဳပ္နဲ႔ ကိုႀကီး ဖိုးေတာက္က သူတို႔နားမွာ ကပ္ထိုင္လိုက္ တယ္။ ကိုႀကီးဖိုးေတာက္က ဘုရားကို ဦး တိုက္တယ္။ ၿပီးေတာ့ ဆရာႀကီး ဦးစက္ ေအာင္ကို ဦးတိုက္တယ္။ က်ဳပ္လည္း သူ လုပ္သလို လိုက္လုပ္လိုက္တယ္။ "ေမာင္တာေတလားကြဲ႕" ဆရာႀကီး ဦးစက္ေအာင္က တည္ၿငိမ္ေအး ေဆးတဲ့ မ်က္ႏွာနဲ႔ ၾကည့္ၿပီး က်ဳပ္ကို ေမး တယ္။ "ဟုတ္ပါတယ္ ဆရာႀကီး" "ေအး ေအး ေမာင့္အေၾကာင္းေတြေတာ့ ဒီ႐ြာ က လူေတြ ေျပာျပလို႔ က်ဳပ္ အေတာ္အတန္ သိထားပါၿပီ၊ အခု ကိစၥကလည္း ညဘက္မွ လုပ္ရမွာဆိုေတာ့ ဒီလိုမေကာင္းဆိုးဝါးေတြ၊ နာနာဘာဝေတြက အင္အားအျပည့္ရွိတဲ့ အ ခ်ိန္ျဖစ္ေနတာေပါ့ ေမာင္တာေတရဲ႕၊ ဒီေတာ့ အႏၲရယ္ပိုမ်ားတာေပါ့ကြယ္၊ က်ဳပ္တို႔ အိမ္ ထဲဝင္ၿပီး ရွင္းတာလင္းတာေတြ လုပ္ၿပီဆိုက တည္းက ပိုၿပီးၾကမ္းတမ္းလာၾကမွာပဲ၊ၿပီးေတာ့ အိမ္ထဲကို ဝင္ေနတဲ့ မေကာင္းဆိုးဝါးက တစ္ ေကာင္တည္းလား၊ တစ္ေကာင္ထက္ ပိုသ လားဆိုတာ က်ဳပ္တို႔က ျမင္ရ ေတြ႕ရတာ မ ဟုတ္ဘူးေလကြာ" "ဒီအတြက္ေတာ့ ဆရာႀကီး မစိုးရိမ္ပါနဲ႔ဗ်၊ က်ဳပ္က ဒီေကာင္ေတြကို ျမင္ရပါတယ္" "ေဟ ဟုတ္လား၊ ဒါဆိုရင္ ဟန္က်တာေပါ့ ကြယ္၊ ေမာင္တာေတက တယ္လည္းထူးတာ ကိုး၊ ဒါေတြကို ျမင္ရတာက ေမြးရာပါ သတၱိ ေၾကာင့္လား" "မဟုတ္ပါဘူး ဆရာႀကီး၊ က်ဳပ္ရဲ႕ ဆရာႀကီး တစ္ေယာက္က က်ဳပ္ကို မ်က္ကြင္းေဆး ေပး သြားလို႔ ျမင္ရတာပါ" "ေၾသာ္ ဒီလိုကိုး၊ ဒါေၾကာင့္လည္း ဒီနယ္တစ္ လႊားမွာ ေမာင္တာေတရဲ႕ နာမည္က ေက်ာ္ ၾကားေပတာကိုး" "ဒါထက္ က်ဳပ္မသိလို႔ ေမးပါရေစ ဆရာႀကီး" "ဟင္ ေမာင္တာေတ၊ ဘာမ်ားသိခ်င္လို႔တုံးကြဲ႕" "ပုဏၰကတိုက္တယ္ဆိုတာ ဘယ္လိုျဖစ္တာ တုံး ဆရာႀကီးရဲ႕" "ဒီလိုကြဲ႕ ေမာင္တာေတရဲ႕၊ လူေတြေနတဲ့အိမ္ ေတြ၊ အေဆာက္အဦးေတြအထဲကို မေကာင္း ဆိုးဝါး အေကာင္ေတြ ဝင္လို႔မရဘူးကြဲ႕၊ လူရဲ႕ အေရာင္အဝါေတြကို ဒီေကာင္ေတြ လႊတ္ ေၾကာက္ၾကတာ၊ ဒါေပမဲ့ ဒီအိမ္ကလူေတြကို မုန္းတဲ့လူက သခ်ႋဳင္းကိုသြားၿပီး အဲဒီက မ ေကာင္းဆိုးဝါး တစ္ေကာင္ကို ၾကက္ေသြး တိုက္ၿပီး ေခၚလာလို႔ရတယ္၊ ၿပီးေတာ့ အဲဒီ အိမ္ကို သခ်ႋဳင္းကေျမ လာျမႇဳပ္တာတို႔ ဘာ တို႔ေပါ့ကြယ္၊ စီရင္တာကေတာ့ နည္းအမ်ိဳး မ်ိဳး ရွိတာေပါ့ေလ၊ အဲဒီလို လုပ္လိုက္ရင္ ေစာေစာက ေခၚလာတဲ့ မေကာင္းဆိုးဝါး ေကာင္က အိမ္ထဲကို ဝင္လို႔ရသြားေရာေဟ့။ ဒါဆိုရင္ အခုလိုမ်ိဳး အိမ္ထဲမွာ ေျခာက္လွန္႔ ေတာ့တာေပါ့ကြာ၊ ဒီေနရာမွာလည္း ေခၚလာ တဲ့အေကာင္ရဲ႕ အစြမ္းႀကီးရင္ ႀကီးသလို ေျခာက္ႏိုင္ လွန္႔ႏိုင္တာေပါ့ကြာ၊ အခု ဘထြား တို႔ ဝိုင္းစိန္တို႔ အိမ္မွာ ေျခာက္လွန္႔ေနတဲ့ အ ေကာင္က အစြမ္းသိပ္နည္းပုံ မေပၚဘူးကြ ေမာင္တာေတရဲ႕" "ေၾသာ္ ဒီလိုလား၊ က်ဳပ္ဘက္က ဆရာႀကီး ကို ကူညီလုပ္ကိုင္ေပးဖို႔ အဆင္သင့္ပါပဲ ဆ ရာႀကီး" "ေအး ေအး၊ သာဓု၊ သာဓု၊ ေမာင္တာေတ သာဓု" " ကဲ အဘ ဒါဆိုရင္ က်ဳပ္ တာေတကို အိမ္ကို ပဲ ျပန္ေခၚသြားမယ္၊ ညက်မွပဲ ဒီကိုလာခဲ့မယ္" "ဟာ ရတယ္၊ ရတယ္၊ ေမာင္တာေတ၊ လြတ္ လြတ္လပ္လပ္ေနပါ၊ ညကိုးနာရီထိုးမွ က်ဳပ္နဲ႔ ေမာင္တာေတနဲ႔ ဘထြားတို႔အိမ္ႀကီးထဲကို ဝင္ ၾကမွာပါ" ဆရာႀကီး ဦးစက္ေအာင္က က်ဳပ္ကို ေျပာ လိုက္တယ္။ ဒီေတာ့ အရီးမယ္ခက ဝင္ေျပာ ျပန္တယ္ဗ်။ "ဟာ ဖိုးေတာက္ နင္နဲ႔ တာေတနဲ႔ ညစာ ဒီမွာ လာစားၾကေလ၊ အရီး ခ်က္ျပဳတ္ထားတယ္" "ဟာ ေနပေစ အရီး၊ က်ဳပ္တို႔အိမ္မွာပဲ တာ ေတကို ထမင္းေကြၽးလိုက္မယ္၊ ဟိုမွာ ႐ြာထဲ က ကာလသားေတြလည္း ရွိေသးတယ္ဗ်၊ သူတို႔လည္း တာေတနဲ႔ လူခင္ေတြပဲ၊ တာ ေတကို ေတြ႕ခ်င္လို႔ လာၾကတာဗ်" "ေၾသာ္ ဒီလိုလား၊ ဒါဆိုလည္း ၿပီးေရာေလ၊ ဟင္းေတြ၊ ထမင္းေတြ လိုရင္ေတာ့ ဒီမွာ လာ ခူးခပ္ယူေနာ ဖိုးေတာက္" "ဟုတ္ကဲ့ပါ အရီး၊ ဟုတ္ကဲ့ပါ" ကိုႀကီးဖိုးေတာက္က အရီးမယ္ခကို ႐ို႐ိုေသ ေသ ျပန္ေျပာတယ္ဗ်။ က်ဳပ္နဲ႔ ကိုႀကီးဖိုး ေတာက္လည္း သူတို႔ဝိုင္းထဲကို ျပန္လာတာ ေပါ့။ ဘန္႔ေဘြးကုန္းက ကာလသားေတြနဲ႔ က်ဳပ္နဲ႔ စကားဝိုင္းဖြဲ႕ၾကတာေပါ့ဗ်ာ။ညကိုးနာ ရီမထိုးခင္ က်ဳပ္ မ်က္ကြင္းေဆး ကြင္းတယ္။ ဘိုးစိန္ပြင့္တို႔ အိမ္ကိုေရာက္ေတာ့ ဘိုးစိန္ပြင့္ တို႔အိမ္ကိုေရာက္ေတာ့ ကိုးနာရီထိုးကာနီးေန ၿပီ။ ဘန္႔ေဘြးကုန္းသူႀကီးက ကိုးနာရီထားတာ နဲ႔ လမ္းေပၚ လူမထြက္ရ အမိန္႔ထုတ္ထားသ ဗ်။ ဘန္႔ေဘြးကုန္းသားေတြကလည္း စိတ္ခ် ရပါ့ဗ်ာ။ လမ္းေပၚမထြက္႐ုံ မကဘူး။ အိမ္တံခါးေတြပါ ပိတ္ထားၾကတာဗ်ိဳ႕၊ ဆရာ ႀကီး ဦးစက္ေအာင္နဲ႔ က်ဳပ္နဲ႔ ကိုဘထြားတို႔ အိမ္ကို ထြက္လာတဲ့အခ်ိန္ေရာက္ေတာ့ ဘန္႔ ေဘြးကုန္းတစ္႐ြာလုံး တိတ္ဆိတ္လို႔ဗ်။ ကိုဘ ထြားတို႔အိမ္ကို ေရာက္ေတာ့ အိမ္ေစာင့္ထား တဲ့ လူႏွစ္ေယာက္က ႀကိဳတင္မွာထားတဲ့ အ တိုင္း ေအာက္လင္းဓါတ္မီးႀကီး ထြန္းထားၿပီဗ်။ သန္းေခါင္မေက်ာ္မခ်င္း ဘာမွလုပ္တာ မဟုတ္ ေတာ့ သူတိုႏွစ္ေယာက္လည္း ေအးေအးေဆး ေဆးပဲ အိမ္ေစာင့္ေနၾကတာဗ်။ တစ္ေယာက္က အရပ္ပုျပတ္ျပတ္ ဂင္တိုတိုနဲ႔ ဗလေကာင္းေကာင္း၊ သူနာမည္က ကိုဝတဲ့ဗ်၊ ေနာက္တစ္ေယာက္က အရပ္ရွည္ရွည္ ခါး ကိုင္းကိုင္းနဲ႔ သူ႔နာမည္က ကိုညိဳတဲ့ဗ်။ ကိုဘ ထြားတို႔အိမ္ကို ေရာက္တာနဲ႔ ဆရာႀကီးဦးစက္ ေအာင္က ဘုရားစင္မွာ ဖေယာင္းတိုင္ေတြ ထြန္း၊ အေမႊးတိုင္ေတြ ထြန္းၿပီး ဘုရားရွိခိုး ေတာ့တာပဲဗ်ိဳ႕။ ဘုရားကို က်က်နန ရွိခိုးၿပီး ေမတၱာပို႔တယ္။ ၿပီးေတာ့ ဆရာႀကီးက သူ႔ရဲ႕ လက္စြဲပုတီးႀကီးကို ထုတ္ၿပီး စိတ္ပုတီးစိပ္ ေတာ့တာေပါ့ဗ်ာ။ ဆရာႀကီး ဦးစက္ေအာင္ ဟာ ေတာ္ေတာ္ကို တည္ၿငိမ္ေအးခ်မ္းတဲ့ ပုဂၢိဳလ္တစ္ေယာက္ပါဗ်ာ။ က်ဳပ္လည္း ဆရာႀကီးကို ေလးစားပါတယ္။ ည ဆယ့္တစ္နာရီေလာက္ေရာက္ေတာ့ ဆရာႀကီး က ကိုဝကို လင္းဗန္းေသးေသးတစ္ခ်ပ္ ယူခိုင္း တယ္။ သူ႔မွာ အဆင္သင့္ပါလာတဲ့ ဆန္ထုပ္က ေလးထုပ္ၿပီး လင္ဗန္းထဲကို ထည့္တယ္။ ဆန္ က ႏို႔ဆီဗူးတစ္ဝက္ေလာက္ပဲ ရွိတာပါ။ ဆရာႀကီးက ဆန္ေတြကို ကိုင္ၿပီး မႏၲန္ေတြ ႐ြတ္တယ္ဗ်။ ေတာ္ေတာ္ၾကာေအာင္ ႐ြတ္ ဖတ္ၿပီးေတာ့မွ က်ဳပ္ဘက္ကို လွည့္ေျပာ တယ္။ "ကဲ ေမာင္တာေတ အိမ္ေပၚထပ္ကစၿပီး နည္း နည္း နည္းနည္း ႏွံ႔ေအာင္ ႀကဲေပေတာ့ကြာ၊ အ ေပၚထပ္ၿပီးရင္ ေအာက္ကို ဆင္းလာၿပီး မီးဖို ေခ်ာင္ကစၿပီး အိမ္ေရွ႕ကို ႀကဲေပေတာ့၊ ၿပီးရင္ ဝိုင္းထဲဆင္းႀကဲကြာ၊ ကိုညိဳ အေဖာ္လိုက္သြား" "ဟုတ္ကဲ့ ဆရာႀကီး" က်ဳပ္ အေပၚထပ္ေရာက္ေတာ့ အိမ္ႀကီးအႏွံ႔ လိုက္ၾကည့္တယ္။ ကိုညိဳက က်ဳပ္ကို ဓါတ္မီး ထိုးျပတယ္ေလဗ်ာ။ ဘာမွကို မေတြ႕ဘူးဗ်။ က်ဳပ္က မ်က္ကြင္းေဆး ကြင္းလာတာေလ။ နာနာဘာဝရွိရင္ ေတြ႕မွာေပါ့။ က်ဳပ္လည္း ဆန္ေစ့ေလး ႏွစ္ေစ့ သုံးေစ့ ယူ လိုက္ ပက္လိုက္နဲ႔ အေပၚထပ္ကို ႏွံ႔ေအာင္ ဆန္မန္းႀကဲလိုက္တယ္။ ၿပီးေတာ့ ေလွကား မွာ ႀကဲတယ္။ ၿပီးေတာ့ ေအာက္ထပ္မွာ အ ႏွံ႔ႀကဲၿပီး ဝိုင္းထဲ ဆင္းႀကဲလိုက္တယ္။ ဝိုင္းထဲ ႀကဲၿပီးေတာ့ ဆန္လည္း ကုန္ေရာဗ်။ "အားလုံး ႀကဲၿပီးၿပီ ဆရာႀကီး" "ေအး ေအး ေမာင္တာေတ၊ မ်က္ကြင္းေဆး ရွိတယ္ဆို ကြင္းလိုက္ပါလား" "က်ဳပ္ ကြင္းခဲ့ၿပီးၿပီ ဆရာႀကီး" "ဟင္ ဟုတ္လား၊ ေမာင္တာေတကေတာ့ ေတာ္ေတာ္ကို ေစ့စပ္ပါေပတယ္၊ ႏို႔ အေပၚ ထပ္မွာခုန္ခ်တဲ့အေကာင္ ေတြ႕ခဲ့သလား" "က်ဳပ္ ေသေသခ်ာခ်ာကို လိုက္ၾကည့္တာဗ်။ ဘာမွကို မေတြ႕ဘူး ဆရာႀကီး" "အင္း ဒါဆိုရင္ ဒီေကာင္ ဒီမွာေနတာ မဟုတ္ ဘူးကြ၊ ညသန္းေခါင္မွာ အိမ္ထဲကို ဝင္လာ တာျဖစ္မယ္၊ ကဲ ႀကဲထားတဲ့ ဆန္ေစ့ေတြကို သတိထားၿပီး လိုက္ၾကည့္စမ္း ေမာင္တာေတ၊ ထူးတာေတြ႕ရင္ က်ဳပ္ကို ေျပာကြ" က်ဳပ္ရယ္၊ ကိုဝတို႔ ကိုညိဳတို႔ရယ္ ဆန္မန္းေတြ ကို လိုက္ၾကည့္တယ္၊ ကိုဝမွာက ငါးေတာင့္ထိုး ဓါတ္မီးပါတယ္ဗ်။ ဓါတ္မီးနဲ႔ ထိုးၿပီး လိုက္ၾကည့္ ၾကတာ။ "ဟင္ ဆန္ေစ့ေတြ မေတြ႕ေတာ့ပါလား" ကိုညိဳက ေျပာတာဗ်။ သူနဲ႔ က်ဳပ္နဲ႔ ႀကဲထား တာေလဗ်ာ "ေအးကြ၊ ငညိဳ ဆန္မန္းေတြ တစ္ေစ့မွ မေတြ႕ ေတာ့ဘူး၊ လာကြာ အေပၚထပ္ကို တက္ၾကည့္ မယ္" က်ဳပ္တို႔သုံးေယာက္စလုံး အေပၚထပ္ကို တက္ ၾကည့္တယ္။ ဟုတ္ပါ့ဗ်ာ။ ေစာေစာကေလး တင္က်ဳပ္ႀကဲခဲ့တဲ့ ဆန္မန္းေတြ တစ္ေစ့မွကို မရွိေတာ့တာဗ်။ က်ဳပ္တို႔သုံးေယာက္ ေအာက္ ထပ္ကို ျပန္ဆင္းၿပီး ဝိုင္းထဲမွာ ဆင္းၾကည့္ၾက ေသးတယ္။ ဆန္မန္းေတြ မေတြ႕ေတာ့ဘူးဗ်။ ကိုဝက ဓါတ္မီးထိုးျပ၊ က်ဳပ္နဲ႔ ကိုညိဳက လိုက္ ၾကည့္ေပါ့ဗ်ာ။ "ဟာ ဟိုမွာကြ၊ ဟိုမွာ" ကိုညိဳက အလန္႔တၾကားနဲ႔ေျပာၿပီး လက္ညႇိဳး ထိုးျပတယ္ဗ်။ "ဟ…ဘာတုံးကြ ငညိဳရ၊ မင္းဟာက အလန္႔ တၾကားနဲ႔ " "ဆန္ေတြေလကြာ၊ ဟိုမွာကြ၊ ေလွကား ေအာက္မွာ " "ေဟ…ဟုတ္သားပဲကြ၊ ဆန္ေတြ ဘယ္လိုျဖစ္ ၿပီး ဒီမွာ ေရာက္ေနတာတုံးကြ" "ဒါကေတာ့ ဆရာႀကီးရဲ႕အစြမ္းေနမွာေပါ့ကြ၊ ငဝရ" "ကဲ ဒါဆိုရင္ က်ဳပ္ အိမ္ေပၚတက္ၿပီး ဆရာ ႀကီးကို ေျပာလိုက္မယ္" က်ဳပ္ အိမ္ေပၚတက္လာေတာ့ ဆရာႀကီးက ပုတီးေလး တေခ်ာက္ေခ်ာက္ စိမ္လို႔ဗ်။ "ဘာထူးလို႔တုံး၊ ေမာင္တာေတ" "ထူးတယ္ ဆရာႀကီး ေစာေစာက က်ဳပ္နဲ႔ ကိုညိဳနဲ႔ ႀကဲထားတဲ့ ဆန္မန္းေတြ တစ္အိမ္ လုံးမွာ ဘယ္ေနရာမွ မရွိေတာ့ဘဲ ေလွကား ေအာက္မွာ စုေနတယ္ ဆရာႀကီး" "ဟင္ ဟုတ္လား ေမာင္တာေတ၊ ဒါဆိုရင္ အဲ ဒီ ေနရာကို တူးရေတာ့မွာေပါ့၊ ကဲ ကဲ က်ဳပ္ လာၿပီ၊ ေမာင္ညိဳကို တူး႐ြင္းေလး ဘာေလး ရွာခိုင္းကြာ" ကိုဘထြားတို႔အိမ္က ေအာက္ထပ္ကတင္ ျမင့္ေတာ့ ေလွကားသုံးထစ္နဲ႔ တက္ရတာဗ်။ အဲဒီအိမ္ေပၚတက္တဲ့ ေလွကားေအာက္မွာ ဆန္ေတြက အပုံလိုက္ စုေနတာ။ က်ဳပ္တစ္ သက္မွာေတာ့ ဒါမ်ိဳး တစ္ခါမွ မႀကဳံဖူးေသးပါ ဘူးဗ်ာ။ ဆရာႀကီး ဦးစက္ေအာင္ ေတာ္ေတာ္ ကို စြမ္းတာဗ်။ ကိုညိဳက တူ႐ြင္းတစ္ေခ်ာင္း ယူၿပီး ဆန္ေတြပုံေနတဲ့ ေနရာကို စၿပီးတူး ေတာ့ေပါ့ဗ်ာ။ က်ဳပ္တို႔အညာဆိုတာ သဲေျမ ပဲဗ်ာ။ သိပ္ၿပီးတူးစရာ မလိုပါဘူး။ က်င္းႀကီး ျဖစ္လာတာေပါ့။ ဒါေပမဲ့ ဘာမွမ ေတြ႕ဘူးဗ်။ ဆရာႀကီးလည္း မ်က္ႏွာပ်က္ သြားတယ္။ ဘာမွမေတြ႕ေတာ့ ဘာလုပ္ရ မွန္း မသိေတာ့ဘူးေပါ့ဗ်ာ။ "အုန္း၊ ဂလြမ္၊ ဂလြမ္၊ ဂလြမ္" ေဟာ အေပၚထပ္က ခုန္ခ်ၿပီဗ်ိဳ႕။ နဲတဲ့အသံ ႀကီးမွ မဟုတ္တာ။ က်ဳပ္ အိမ္ေပၚထပ္ကို ခ်က္ခ်င္း ေျပးတက္တယ္။ ကိုဝက ဓါတ္မီး ႀကီး ကိုင္ၿပီး က်ဳပ္ေနာက္က ေျပးလိုက္လာ တယ္။ ဟာ နဲတဲ့အေကာင္ႀကီးမွ မဟုတ္တာ ထုတ္တန္းေပၚမွာ ထိုင္ေနတာဗ်ိဳ႕။ ေျခေထာက္ႀကီးႏွစ္ေခ်ာင္း တြဲေလာင္းႀကီး ခ်လို႔ဗ်။ ဆံပင္ႀကီးက ဖားလ်ားႀကီးနဲ႔ဗ်။ မ်က္ ႏွာႀကီးကကို လင္ဗန္းႀကီးတစ္ခ်ပ္ေလာက္ ရွိ တာ။ မ်က္လုံးႀကီး ႏွစ္လုံးက နီရဲေနတာဗ်ိဳ႕။ လက္ဖက္ရည္ၾကမ္းေသာက္တဲ့ ပန္းကန္ ေလာက္ ရွိမယ္။ အို…ပါးစပ္ႀကီး ၿဖဲထားတာ အထဲက လွ်ာနီနီႀကီးက တစ္ေတာင္ေလာက္ တြဲေလာင္းႀကီး က်ေနတာဗ်ိဳ႕။ ကိုယ္မွာ ဘာ အဝတ္အစားမွ မရွိဘူး။ အေမြးရွည္ႀကီးေတြ တစ္ကိုယ္လုံး ဖုံးေနတယ္။ ေဟာ ေဟာ ခုန္ေတာ့မယ္။ ခုန္ၿပီ။ ခုန္ၿပီ။ "အုန္း၊ ဂလြမ္၊ ဂလြမ္၊ ဂလြမ္" သူ ခုန္ခ်လိုက္တာနဲ႔ အဲဒီအသံေတြ ျမည္ ေတာ့တာပဲဗ်ိဳ႕။ေဟာ ေဟာ တိုင္ကေန ဖက္ ၿပီး တက္သြားျပန္ၿပီဗ်။ထုတ္တန္းေပၚမွာ ေျခ ေထာက္ႀကီး တြဲေလာင္းခ်ၿပီး ထိုင္ေနျပန္ေရာ ဗ်။ လွ်ာႀကီးကေတာ့ တြဲေလာင္းႀကီးက်လို႔ေပါ့ ဗ်ာ။ ကိုဝက က်ဳပ္ကို ဓါတ္မီးထိုးျပထားတာ။ သူေတာ့ ဘာမွ မျမင္ရဘူးေပါ့ဗ်ာ။ က်ဳပ္နဲ႔ ကို ဝ ေအာက္ျပန္ေရာက္ေတာ့ ဆရာႀကီးက ေမး တယ္။ "ဘာျမင္ခဲ့တုံး ေမာင္တာေတ" "ျမင္တယ္ ဆရာႀကီး၊ နဲတဲ့အေကာင္ႀကီး မဟုတ္ဘူးဗ်။ ကိုယ္လုံးတင္ ေရတိုင္ကီ ႏွစ္ လုံးစာေလာက္ရွိမယ္။ တိုင္ကေန ဖက္တက္ ၿပီး ထုတ္တန္းကေန ခုန္ခ်တာဗ်" "ႏို႔ ဂလြမ္း၊ ဂလြမ္ ဆိုတဲ့ အသံက ဘယ္က ျမည္တာတုံးကြ" ကိုညိဳက မ်က္ႏွာကေလး ဇီး႐ြက္ေလာက္နဲ႔ ေမာ့ၿပီး က်ဳပ္ကို ေမးတာဗ်။ "ဘယ္ကျမည္မွန္းေတာ့ မသိဘူးဗ်၊ ကိုညိဳရ၊ အဲဒီေကာင္ႀကီး ခုန္ခ်လိုက္ရင္ အုန္းဆိုၿပီး ျမည္သြားၿပီးရင္ ဂလြမ္၊ ဂလြမ္ဆိုတဲ့ အသံ ေတြ ျမည္လာေရာဗ်" "ကဲ ေမာင္တာေတ၊ က်ဳပ္လည္း ဆန္မန္းစု တဲ့ေနရာကို တူးတာ ဘာမွမေတြ႕ဘူးကြဲ႕။ ေမာင္တာေတမွာ အေတြ႕အႀကဳံရွိရင္ ႀကံ စမ္းပါဦးကြယ္" "ဆရာႀကီး ဒီမွာပဲ ေစာင့္ေနပါ၊ က်ဳပ္ မဖဲဝါ ကို သြားေမးေပးမယ္" "ဟင္ ဘယ္လို ဘယ္လို ေမာင္တာေတ၊ ဘယ္သူ႔ကို ေမးမယ္" "မဖဲဝါကို ေမးမွာပါ ဆရာႀကီး၊ သခ်ႋဳင္းရွင္မ မဖဲဝါကို ေမးမွာပါ" "ဟာ ေမာင္တာေတ၊ မဖဲဝါက သရဲမေလ" "ဟုတ္ပါတယ္ ဆရာႀကီး၊ ဒါေပမဲ့ မဖဲဝါက ႐ိုး ႐ိုးသရဲေတာ့ မဟုတ္ဘူးဗ်၊ သူ႔မွာ အစြမ္းရွိ တယ္။ ကဲ က်ဳပ္ သြားေမးလိုက္ပါ့မယ္ဗ်ာ" က်ဳပ္က ေျပာေျပာဆိုဆိုနဲ႔ ဝိုင္းထဲက ထြက္ခဲ့ တယ္။ ကိုဝကလည္း ငါးေတာင့္ထိုးဓါတ္မီး ႀကီးနဲ႔ က်ဳပ္ေနာက္က ပါလာတယ္ဗ်။ ဘန္႔ ေဘြးကုန္းသခ်ႋဳင္းကို ေရာက္ေတာ့ က်ဳပ္ေန ရာေလးတစ္ခု ေ႐ြးၿပီး မဖဲဝါကို ပင့္ရေတာ့ တာေပါ့ဗ်ာ။ "သခ်ႋဳင္းရွင္မႀကီး မဖဲဝါ၊ တာေတက ပင့္ဖိတ္ ပါတယ္၊ ဒီတစ္ခါေတာ့ အေရးတႀကီးျဖစ္ေန လို႔ စားပြဲေသာက္ပြဲ မပါခဲ့တာ ခြင့္လႊတ္ပါ မ ဖဲဝါ၊ ဘန္႔ေဘြးကုန္းက အိမ္တစ္အိမ္မွာ ပုဏၰ တိုက္ေနလို႔ပါ မဖဲဝါ၊ ဆရာႀကီး ဦးစက္ေအာင္ ကို က်ဳပ္ ကူညီခ်င္လို႔ပါ၊မဖဲဝါ ႂကြၿပီး ဘာလုပ္ ရမယ္ဆိုတာကို ေျပာျပပါဗ်ာ၊ အျမန္ႂကြခဲ့ပါ မဖဲဝါ" "ဝူး၊ ဝူး၊ ဝူး၊ အီး၊ အီး၊ အီး" ဟာ ဒါ မဖဲဝါရဲ႕ ေခြးႀကီးအူတဲ့အသံပဲ။ မဖဲဝါ လာၿပီထင္တယ္။ ေဟာ လာၿပီဗ်ိဳ႕၊ ဂူေတြအ ေပၚက ေ႐ြ႕လာတာ မဖဲဝါႀကီးပဲဗ်။ အရပ္ႀကီး ဆယ္ေပေလာက္ ရွိတယ္ဗ်ိဳ႕။ ဆံပင္ဖားလ်ား ႀကီးနဲ႔ဗ်ာ။ က်ဳပ္ ၾကည့္ေနတုန္းမွာ ျဖဳတ္ကနဲ ေပ်ာက္သြားတယ္ဗ်။ "အီး၊ အီး၊ ဟင္း၊ ဟင္း၊ ဟင္း" က်ဳပ္ေနာက္က အသံႀကီးဗ်။ က်ဳပ္ ခ်က္ခ်င္း ေနာက္လွည့္ၾကည့္လိုက္တယ္။ ဟာ ကိုဝ ကိုဝ တစ္ကိုယ္လုံး တဆတ္ဆတ္တုန္ေနပါ ေရာလား။ မဖဲဝါ ကိုဝကို ဝင္ပူးလိုက္တာပဲဗ်။ ေဟာ ၿငိမ္သြားၿပီ၊ ၿငိမ္သြားၿပီ။ ကိုဝ တုန္ေန တာ ရပ္သြားၿပီဗ်ိဳ႕။ "ဟဲ့ တာေတ၊ ေလွကားထစ္ သုံးထစ္ရဲ႕ အ ေပၚဆုံးထစ္မွာ ေခါင္း႐ိုက္သံ ႐ိုက္ထားတယ္ အဲဒီသံကို ႏႈတ္ပစ္လိုက္၊ ၿပီးရင္ ဘုန္းႀကီး ကမၼဝါစာဖတ္၊ ဟီး၊ ဟီး၊ ဟီး၊ အီး၊ အီး" ဟာ ကိုဝ ေခြက်သြားၿပီဗ်ိဳ႕။ ျမက္ခင္းေပၚ ကိုေခြၿပီး လဲက်သြားတာ။ က်ဳပ္ ေပြ႕ထူ လိုက္တယ္ "ကိုဝ၊ ကိုဝ၊ ကိုဝ" က်ဳပ္က ကိုဝကို လႈပ္ၿပီးႏႈိးတယ္။ ကိုဝ မ်က္စိ ဖြင့္ၾကည့္တယ္။ "ဟင္ ငါ ဘာျဖစ္လို႔တုံး တာေတ" "ကိုဝ ေခါင္းမူးသြားတာ ထင္တယ္ဗ်" "ေအး ဟုတ္မယ္ကြ၊ ငါ ေခါင္းထဲမွာ ေနာက္ ေတာက္ေတာက္ျဖစ္ေနတယ္" ကိုဝက ေျပာရင္းနဲ႔ ထရပ္တယ္။ ေလကို ျပင္း ျပင္းရႉလိုက္တယ္။ "ေအး ေကာင္းသြားပါၿပီကြာ၊ ႏို႔ မင္း မဖဲဝါ မလာေသးဘူးလားကြ" "လာၿပီးသြားၿပီဗ်၊ က်ဳပ္ကိုလည္း ေျပာသြားပါ ၿပီ၊ ကဲ ႐ြာထဲ ျပန္ဝင္ၾကရေအာင္" က်ဳပ္နဲ႔ ကိုဝ ႐ြာထဲ ျပန္ဝင္ခဲ့တယ္။ က်ဳပ္ ကို ဝကို မဖဲဝါ ဝင္ပူးသြားတာကို ဘယ္ေတာ့မွ မ ေျပာဘူးလို႔ ဆုံးျဖတ္လိုက္တယ္။ က်ဳပ္တို႔ျပန္ ေရာက္ေတာ့ ဆရာႀကီး ဦးစက္ေအာင္က ေမး တယ္ဗ် "အေၾကာင္းထူးလား ေမာင္တာေတ" "ထူးတယ္ ဆရာႀကီးေရ၊ ဆရာႀကီးရဲ႕ ဆန္ မန္းေတြ စုတဲ့ေနရာက ဝအမွန္ပဲဗ်၊ ဒါေပမဲ့ က်ဳပ္တို႔က ေျမကို တူးရွာေတာ့ လြဲကုန္တာ ဗ်။ တကယ္က ေလွကားအေပၚဆုံးအထစ္မွာ ေခါင္း႐ိုက္တဲ့သံ ႐ိုက္ထားတာတဲ့ဗ်" "ေဟ ဟုတ္လား၊ ရွာၾကကြာ၊ ဒါဆိုရင္" က်ဳပ္ေရာ ကိုဝတို႔ႏွစ္ေယာက္ေရာ ေလွကား ထစ္မွာ သံရွာၾကတာေပါ့ဗ်ာ။ "ဟာ တာေတေရ၊ ဒီမွာကြ၊ ေလွကားထစ္ အ လယ္မွာ အသားလြတ္ကို ႐ိုက္ထားတာကြ၊ ေလွကားဆိုတာ သုံးလက္မခြဲ ေလးလက္မသံ ပဲ ႐ိုက္တာ မဟုတ္လား၊ ဒီတစ္လက္မခြဲသံက ေလွကား႐ိုက္တဲ့သံမွ မဟုတ္တာ၊ သတ္သတ္ ကို တာေတရ" "ဘယ္မွာတုံး ျပစမ္း၊ က်ဳပ္ ၾကည့္စမ္းဦးမယ္" ဆရာႀကီး ဦးစက္ေအာင္ကိုယ္တိုင္ ၾကည့္ တယ္ဗ်။ "အင္း ေမာင္ဝ ေျပာတာ ဟုတ္တာေပါ့ကြာ၊ ဒီသံက ေခါင္း႐ိုက္တဲ့သံပဲ၊ ကဲ ႏႈတ္ၾကေပ ေတာ့ကြာ" ကိုဝနဲ႔ ကိုညိဳက သံကေလာ္ေတြ၊ တူေတြနဲ႔ သံကို ႏႈတ္ၾကတာေပါ့ဗ်ာ၊မၾကာပါဘူး ႏႈတ္ လို႔ရသြားတယ္၊ ဟုတ္ပါ့ဗ်ာ၊ တစ္လက္မခြဲ သံဗ်။ ကိုညိဳက သံကို ယူၿပီး ဝိုင္းထဲ လႊင့္ပစ္ မယ္လုပ္လိုက္တယ္။ "ေဟး ေဟး ေမာင္ညိဳ မပစ္နဲ႔၊ ေအာင္မယ္ ေလး ဒီသံကို ေပါ့ေသးေသးမ်ား ထင္ေနလား အဲဒီသံကို သခ်ႋဳင္းကုန္းမွာ သြားလႊင့္ပစ္လိုက္ ၾက" ဆရာႀကီး ဦးစက္ေအာင္က ျပာျပာသလဲ ေျပာလိုက္တာဗ်ိဳ႕။ က်ဳပ္ေတာင္ အံ့ၾသသြား တယ္။ က်ဳပ္ သံကို ကိုညိဳ႕ဆီက ယူလိုက္ၿပီး ခ်က္ခ်င္း ဝိုင္းထဲက ထြက္လာတယ္။ က်ဳပ္ ေနာက္က ကိုညိဳလည္း ကပ္ၿပီး ပါလာတယ္ ဗ်။ ကိုညိဳက ဓါတ္မီးထိုးျပတာေပါ့ဗ်ာ။ ဘန္႔ ေဘြးကုန္းသခ်ႋဳင္းေရာက္ေတာ့ က်ဳပ္ သံကို ေျမျမႇဳပ္ပစ္လိုက္တယ္။ က်ဳပ္နဲ႔ ကိုညိဳ ဝိုင္းထဲ ျပန္ေရာက္ေတာ့ အိမ္ ႀကီးက ၿငိမ္ေနၿပီဗ်။ တအုန္းအုန္းနဲ႔ ခုန္ခ်တဲ့ အသံေရာ၊ ဂလြမ္း၊ ဂလြမ္ ဆိုတဲ့ အသံေရာ မၾကားရေတာ့ဘူးဗ်။ ဒါနဲ႔ က်ဳပ္နဲ႔ ကိုဝ အေပၚထပ္ကို တက္ၾကည့္ ၾကတယ္။ ဟာ သြားၿပီဗ်ိဳ႕။ မရွိေတာ့ဘူး။ ဘာ ေကာင္မွကို မေတြ႕ေတာ့တာ။ ဒီေတာ့မွ က်ဳပ္ လည္း သက္ျပင္းခ်ႏိုင္ေတာ့တာေပါ့ဗ်ာ။ က်ဳပ္ တို႔လည္း ညတြင္းခ်င္းပဲ ကိုဘထြားတို႔ကို သြား ေခၚၿပီး အိမ္ေပၚ ျပန္တင္ေပးခဲ့တယ္။ ေနာက္ေန႔မနက္ပဲ ဘုန္းႀကီးငါးပါးကို ေန႔ဆြမ္း ကပ္ၿပီး ဘုန္းႀကီးေတြက အႏၲရာယ္ကင္းပရိတ္ ႐ြတ္တယ္။ ကမၼဝါဖတ္ေပးၾကတယ္ဗ်။အားလုံး ၿပီးသြားၿပီေပါ့ဗ်ာ။ အဲဒီေန႔ပဲ က်ဳပ္ ႐ြာျပန္ခဲ့တာ။ အိမ္ေရာက္ေတာ့ အဘနဲ႔ အေမကို ဒီအေၾကာင္း ေျပာျပေတာ့ အဘေရာ အေမေရာ အံ့ၾသလိုက္ ၾကတာ မေျပာပါနဲ႔ေတာ့ဗ်ာ။ ၿပီးပါၿပီ မူရင္းေရးသူ ဆရာ တာေတ စာဖတ္သူမ်ား စိတ္႐ႊင္လန္းပါေစ #တာေတ #မဖဲဝါ #ညမဖတ္ရ

No comments

Post a Comment