" အောင်မြတ်သာနှင့်ဝမ်းတွင်းစုန်း "

  " အောင်မြတ်သာနှင့်ဝမ်းတွင်းစုန်း " -------------------------------- ကျွန်တော်တို့၃၃ဆူဘုရားကနေထွက်လာပြီးတော့ ကရင်လက်နက်ကိုင်ခေါင်... thumbnail 1 summary

 " အောင်မြတ်သာနှင့်ဝမ်းတွင်းစုန်း "

--------------------------------
ကျွန်တော်တို့၃၃ဆူဘုရားကနေထွက်လာပြီးတော့ ကရင်လက်နက်ကိုင်ခေါင်းဆောင်ဖြစ်သူရဲ့ ရွာကိုဆက်ထွက်ခဲ့ကြတယ်။ရွာကိုရောက်တော့ ရွာထဲမှာရှိတဲ့ ခွေးတွေက ကျွန်တော်တို့သုံးယောက်ကိုစူးစူးဝါးဝါး ထိုးဟောင်ပါလေရော။ ကျွန်တော်ကတော့ ဒါဟာမကောင်းတဲ့နမိတ်တစ်ခုဖြစ်တော့မယ်ဆိုတာကြိုသိနေသလို ဆရာကလဲ တစ်စုံတစ်ခုကိုသိနေတဲ့အနေအထားနဲ့ ကျွန်တော့်ကိုလှည့်ကြည့်တယ်။ ကျွန်တော်တို့ရွာထဲကို ဆက်ဝင်လာတော့ ရွာခံလူထုတွေက ကျွန်တော်တို့ကို မနှစ်မြို့တဲ့မျက်နှာထားတွေနဲ့လှမ်းကြည့်နေကြတာကိုလဲ တွေ့လိုက်ရတယ်။ ဒါပေမယ့် လက်နက်ကိုင်ခေါင်းဆောင်ရဲ့တောင်းဆိုမှုကြောင့်လာခဲ့ရတာဆိုတော့ ဘာမှတော့မပြောကြဘူး။ ရွာအလယ်ကိုရောက်တော့ လူတစ်ဖက်စာလောက်ရှိတဲ့ ကျွန်းတိုင်တွေနဲ့ ဆောက်ထားတဲ့ပျဉ်ထောင်အိမ်မဲမဲကြီးတစ်လုံးကို တွေ့လိုက်ရတယ်။ အိမ်ရှေ့ရောက်တော့ လက်နက်ကိုင်ခေါင်းဆောင်က
" ဆရာတို့ ဒါကကျုပ်အိမ်ပဲ အိမ်ပေါ်မှာ ကျုပ်မိန်းမစောင့်နေတယ် ဆရာတို့သူ့ကိုမြင်ရင် သူ့ပညာအစွမ်းကို ရိပ်မိကြမယ်ထင်ပါတယ် "လို့ပြောပြီး အရှေ့ကနေ တက်သွားတယ်။
ကျွန်တော်တို့လဲသူ့အနောက်ကနေ တက်လာတော့ အိမ်ရှေ့ဧည့်ခန်းမှာထိုင်နေတဲ့ အသက်နှစ်ဆယ်ကျော်မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတယ်။ ကျွန်တော်တို့တက်လာတာမြင်တော့ အဲဒီအမျိုးသမီးက ရုတ်ရက်မျက်လွှာကိုချလိုက်တယ်။ ဆရာကတော့ အမျိုးသမီးကိုစေ့စေ့ကြည့်ရင်း ရုတ်တရက်မျက်နှာလွှဲလိုက်တယ်။ ကျွန်တော်လဲထိုအမျိုးသမီးကိုကြည့်လိုက်တော့ ခေါင်းပေါ်မှာ အနက်ရောင်အခိုးငွေ့တွေ ပါးပါးလေးထွက်နေတာကိုမြင်လိုက်ရတယ်။ ဒါဟာ သာမန်လူတွေနဲ့ပညာသည်တွေကို ခွဲခြားထားတဲ့အရာလာတော့ကျွန်တော်မပြောတတ်ပေ။ ကျွန်တော်တို့ဧည့်ခန်းက ဘုရားခန်းရှေ့မှာဝင်ထိုင်လိုက်တော့ အမျိုးသမီးက ကျွန်တော်တို့ရှေ့မှာ ကျုံ့ကျုံ့လေးလာဝင်ထိုင်တယ်။ အမျိုးသမီးလဲအရှေ့ရောက်ရော ခြံဝင်းထဲကို လူတစ်ယောက်ပြေးဝင်လာတာမြင်လိုက်ရတယ်။ ပြေးဝင်လာတဲ့လူက အိမ်တံခါးကိုဒေါသတကြီးကန်ပြီး ဘုရားခန်းထဲပြေးဝင်ဖို့အလုပ် ဆရာက -
"ရပ်စမ်း ငါ့အမိန့်မရပဲ ဒီကနေတစ်လှမ်းမှမရွေ့နဲ့"လို့ပြောလိုက်တယ်ဆိုရင်ပဲ ပြေးတက်လာတဲ့သူရဲ့ခြေလှမ်းတွေကတု့ံခနဲချက်ချင်းဆိုသလိုရပ်သွားတာမြင်လိုက်ရတယ်။ ဆရာက ဘာမှမပြောသေးပဲ အရှေ့မှာထိုင်နေတဲ့အမျိုးသမီးကိုကြည့်ပြီး
"သင်ဟာ ပညာသည်တစ်ယောက်ဆိုတာ ငါသိတယ်
သင့်ရဲ့ပညာတွေကို စွန့်လွှတ်ဖို့ဆုံးဖြတ်ပြီးပြီလား" လို့မေးတော့အမျိုးသမီးက
"ငါဒီပညာတွေကိုမလိုချင်ပဲရလာခဲ့တာပါ
ငါဒီပညာတွေကို မလိုချင်တော့ဘူး
ငါ့ရဲ့ပညာတွေကြောင့် သမီးလေး ဆုံးခဲ့ရတယ် သမီးလေးဆုံးထဲက ဒီပညာတွေကို စိတ်နာခဲ့တာ ပညာကုန်နှုတ်ပေးနိုင်မယ့်ဆရာမတွေ့သေးလို့သာ သည်းခံပြီးနေခဲ့တာပါ အခုတော့ ငါ့ပညာတွေကို နှုတ်ပေးမယ့်ဆရာတွေနဲ့တွေ့တော့ ဝမ်းသာလှပါပြီ"လို့ပြောရင်း ငိုပါလေရော။ အမျိုးသမီးရဲ့စကားကိုကြားတော့ ဧည့်ခန်းအဝမှာရပ်နေတဲ့လူက
"ဟဲ့ နန်းခင် နင်ကိုငါတို့ရဲ့သခင်မကြီးကိုယ်တိုင် သူ့နေရာဆက်ခံဖို့ရွေးခဲ့တာနော် အခုကျတော့နင်က သူ့ကိုအာခံမလို့လား သူပြန်လာရင်နင်ကိုသတ်မှာမကြောက်ဘူးလား နင်ပညာတွေကိုစွန့်လွှတ်လိုက်ရင် ငါတို့မျိုးရိုးပြတ်ပီလေ ဒါကိုနင်လဲသိရဲ့သားနဲ့ ဘာလို့အခုလိုလုပ်ရတာလဲ"
"အို အဖူးကမှ ကိုယ့်သားသမီးကို ကိုယ့်ရဲ့ပညာနဲ့ပြန်သတ်မိတာမှမကြုံဖူးတော့ အခုလိုပြောတာပေါ့ ငါ့နေရာမှာ ဝင်ခံစားကြည့်ဖူးလို့လား ငါအဲဒီကိစ္စဖြစ်ပြီးထဲက အခုထိကောင်းကောင်းမအိပ်စက်နိုင်သေးဘူး ငါ့သမီးအသံကငါ့နားထဲပြန်ကြားနေရသေးတယ် နင်တို့ ငါ့ကိုမနှောက်ယှက်ကြပါနဲ့တော့ "
အမျိုးသမီးရဲ့စကားအဆုံးမှာ ဧည့်ခန်းဝမှာ ရပ်နေတဲ့ ကရင်အဖိုးကြီးက -
"နင်ဒီလမ်းကိုရွေးလိုက်တော့လဲ နင့်ကိုအပြစ်ပေးရမှာပေါ့ ငါ့တို့သခင်မကြီးရဲ့သစ္စာခံလူတွေမကြာခင် နင့်ဆီရောက်လာကြတော့မယ် နင်အပြစ်အတွက် ပြင်ဆင်ထားတော့"လို့ပြောပြီး ပြတင်းပေါက်ကနေ လှစ်ခနဲ ခုန်ချပြီး ထွက်ပြေးသွားတယ်။ အရွယ်နဲ့မလိုက်အောင်ပေါ့ပါးနေတဲ့ ကရင်အဖိုးကြီးကိုမြင်တော့ ကျွန်တော် ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတယ်။ဆရာက အ့ံသြဟန်မပြပဲ အမျိုးသမီးကိုကြည့်ပြီး -
"အမိဖြစ်စဉ်အစအဆုံးကို ကျုပ်ကိုပြောပြပါ ဒါမှကျုပ်ဘာလုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်လို့ရမှာ"လို့ပြောတော့ အမျိုးသမီးက ပါးထက်မှာကျနေတဲ့ မျက်ရည်တွေကိုသုတ်လိုက်ပြီး -
"ငါကဒီရွာမှာပဲမွေးတာ ငါမမွေးခင်က ငါ့အမိုးက ဒီရွာရဲ့အကြီးအကဲတစ်ယောက်ပဲ ငါတို့ငယ်ငယ်တုန်းက ဒီနေရာကိုအပြင်လူသူစိမ်းတွေဝင်လို့မရဘူး ဝင်တာနဲ့သတ်ပြစ်ကြတယ် ငါ့အမိုးကိုဆိုရင် ရွာကလူတွေကြောက်ကြတယ် ငါ့အမိုးရဲ့စကားက အရမ်းအစွမ်းထက်တယ် သူစိတ်ဆိုးလို့ပြောလိုက်တဲ့စကားတိုင်း တကယ်ဖြစ်တယ် ငါ့အပါးကိုလဲသူပဲသတ်ခဲ့တာ ငါမှတ်မိနေသေးတယ် အဲဒီနေ့က ငါအိမ်အောက်မှာ.ကစားနေတယ် အမိုးနဲ့အပါး ရန်ဖြစ်တော့ အမိုးက အပါးကို နင်တောထဲသွားရင် ကျားကိုက်ပြီးသေပါစေလို့ ပြောခဲ့တယ် အပါးလဲ နောက်နေ့တောထဲထင်းခုတ်သွားတော့ အမိုးပြောတဲ့အတိုင်း.ကျားကိုက်ပြီးသေခဲ့တယ် အဲဒီထဲက ငါအမိုးကိုကြောက်ခဲ့ရတယ် ငါ့အသက်၁၀နှစ်လောက်ရောက်တော့ အမိုးက ငါ့ကိုပြောတယ် လာမယ့်လပြည့်နေ့ မအိပ်နဲ့တဲ့ သန်းခေါင်ကြက်တွန်တာနဲ့ ငါလာခေါ်မယ်လို့ပြောတယ်။ လပြည့်နေရောက်တော့ မနက်ထဲက အမိုးကို ငါမတွေ့ရဘူး ငါလဲ ကြောက်ကြောက်နဲ့ မအိပ်ရဲပဲ ထိုင်စောင့်နေခဲ့တယ်။ ညသန်းခေါင်ကြက်တွန်တဲ့အသံကြားပြီးတာနဲ့ ငါတို့အိမ်ရဲ့ခေါင်မိုးပေါ်မှာ လူတစ်ယောက်လမ်းလျောက်နေတဲ့အသံကို ငါကြားလိုက်ရတယ် ခြေသံက ခေါင်မိုးပေါ်ကနေ တစ်ဖြေးဖြေးဆင်းလာပြီး ပြတင်းပေါက်နားရောက်တော့ ခြေသံမကြားရတော့ဘူး ငါလဲကြောက်ကြောက်နဲ့ ပြတင်းပေါက်အနားသွားကြည့်တော့ ခေါင်မိုးပေါ်ကနေ ဇောက်ထိုးကြီးဆင်းလာတဲ့ အမိုးကိုမြင်လိုက်ရတယ် ငါလဲရုတ်တရက်ဆိုတော့ လန့်ပြီးသတိလစ်သွားတယ် ငါသတိရလာတော့ ကွင်းပြင်ကြီးတစ်ခုရဲ့အလယ်ကိုရောက်နေပီ။ အမိုးက ငါ့ပခုံးကိုကိုင်ပြီး မီးတိုင်လေးခုရဲ့ အဘယ်မှာမတ်တပ်ရပ်နေတယ် မီးတိုင်လေးတိုင်ရဲ့အပြင်မှာတော့ လူအယောက်၁၀၀လောက်ထိုင်နေကြတာ ငါမြင်လိုက်ရတယ်။ အဲဒီထဲမှာ ငါတို့ရွာက လူတစ်ချို့ကိုလဲ ငါမြင်လိုက်ရတယ်။ အမိုးက ဘာမှမပြောပဲ ငါ့ပခုံးကိုပဲကိုင်ထားတယ် အဲဒီအချိန် ငှက်ဆိုးတစ်ကောင်ရဲ့ အော်သံကိုငါကြားလိုက်တယ် ငှက်ဆိုးအော်သံအဆုံးမှာတော့ အမိုးက ငါ့လက်နှစ်ဘက်ကို ကိုင်မြှောက်ပြီး အောက်မှာထိုင်နေတဲ့သူတွေနဲ့ တစ်ယောက်ချင်းမိတ်ဆက်ပေးခဲ့တယ်။ ငါတို့ပညာရဲ့သဘောက ကြိုက်တဲ့သူကိုလွှဲပေးလို့ရတာပဲ။ အမိုးက သူ့ပါးစပ်ထဲက နီရဲနေတဲ့အလုံးတစ်လုံးကို အန်ထုတ်ပြီး ငါ့ပါးစပ်ထဲကို ထည့်ပေးခဲ့တယ်။ ငါ့ဗိုက်ထဲအဲဒီအလုံးရောက်တာနဲ့ အမိုးကအရုပ်ကြိုးပြတ်လဲကျသွားတယ် နောက်မှငါသိရတာက အမိုးကငါ့ကိုသူ့ပညာတွေလွှဲပြီး ရွာနီးချုပ်စပ်က ပညာသည်တွေကို အုပ်ချုပ်ခိုင်းခဲ့တာ အဲဒီနေရာမှာပဲ အမိုးသေသွားတယ် ငါလဲပညာတွေကိုဘယ်လိုသုံးရမှန်းမသိခဲ့ဘူး အမိုးကသူ့ပညာတွေအကုန်ပေးသွားတယ်လို့ အဖူးထီးကော်ပြောတယ်.ခုနကလာတဲ့အဖူးက ငါ့အမိုးရဲ့ လက်ရင်းတပည့်ပဲ နောက်တော့ ငါက အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရခဲ့တယ် ငါ့စကားကိုဆိုရင် တစ်ရွာလုံးနာခံကြတယ် ငါ့ကိုမခန့်လေးစားလုပ်တဲ့သူဆိုရင် အဖူးထီးကော်က မှတ်သားလောက်အောင် ဆုံးမတတ်တယ် ဒီလိုနဲ့ငါကလေးမွေးပြီး သုံးနှစ်လောက်မှာ အဖူးထီးကော်က ငါ့ကိုပြောတယ် ငါ့ပညာတွေသုံးပြီး လူ၁၂ယောက်ကိုသတ်ရမယ်တဲ့ အဲဒါမှငါက ဝမ်းတွင်း၁၂ကြိုးဖြစ်မယ်လို့ပြောတယ် ငါအဲလိုလူမသတ်ချင်ဘူး ငါမလုပ်နိုင်ဘူးပြောတော့ အဖူးထီးကော်က နင်မလုပ်လဲ နင့်ရဲ့နှုတ်ကအလိုလိုလုပ်သွားမယ်လို့ပြောတယ် အဲဒီနေ့ကစပြီး ငါ့စိတ်ကအလိုလို ဒေါသထွက်လာမိတယ် ငါ့ယောကျၤားက အဲဒီအချိန် တောထဲရောက်နေတယ်.အိမ်မှာဖိုးမူနဲ့ငါနဲ့ပဲကျန်ခဲ့တယ် အဲဒီနေ့က.ဖိုးမူကအရမ်းငိုတယ် ငါကလဲဒေါသထွက်နေတဲ့အချိန် ဖိုးမူက လဲငိုတော့ ဒီကလေးသေကိုမသေနိုင်ဘူး မြန်မြန်သေ ငါနားတွေပူလှပီလို့ ပါးစပ်ကရုတ်တရက်ထွက်သွားတယ် ငါလဲအမှုမဲ့အမှတ်မဲ့နေလိုက်တာ
နောက်နေ့လဲရောက်ရော ငါ့သမီးက အပြင်းဖျားရော ဘယ်ဆရာနဲ့မှကုမရဘူး ရောဂါလဲရှာမရဘူး ငါလဲ ဘာကြောင့်ဖြစ်တယ်ဆိုတာမသိခဲ့ဘူး နောက်ဆုံးတော့ ငါ့သမီးလေးသေခဲ့ရတယ် ငါ့သမီးလေးသေတဲ့နေ့မှ အဖိုးထီးကော်က နင့်နှုတ်ကထွက်တဲ့စကားကြောင့် နင့်သမီးသေတာလို့ပြောတယ် ငါလဲဘာလို့ငါ့ကိုမပြောလဲလို့မေးတော့ သူ့မှာပြောခွင့်မရှိဘူးတဲ့ ငါ့ရဲ့အမိန့်ကိုဘယ်သူမှပြန်ပြောပိုင်ခွင့်မရှိဘူးလို့ပြောတယ် အဲဒီနေ့ထဲက ငါလူတွေနဲ့စကားမပြောပဲနေလာခဲ့တာ ငါ့ယောကျၤား နင်တို့ကိုဖမ်းလာတော့ နင်တို့ကိုယ်ထဲက ထွက်တဲ့အလင်းက ငါ့ကိုလာထိတယ် အဲဒီထဲက နင်တို့ဆရာတွေဆိုတာရိပ်မိခဲ့တယ် ဒါကြောင့် နင်တို့ကိုငါစမ်းခဲ့တာ နင်တို့ဆီပို့ခဲ့တဲ့ ဟင်းတွေက ငါမပြောင်းမချင်း ဘယ်ပညာသည်မှပြောင်းလို့မရဘူး ဒါပေမယ့် နင်တို့က လက်ဖဝါးနဲ့သပ်ချရုံနဲ့ သိခဲ့တယ် ဒါကြောင့် နင်တို့ကိုဒီကိုခေါ်လာဖို့ ပြောခဲ့ရတာ ။ ငါ့ပညာတွေကို ထုတ်ပေးကြပါ ငါသာမန်လူလိုပဲနေချင်တယ် အခုဆို ငါကလေးထပ်မယူရဲဘူး ငါအရင်လိုပြောမိမှာကြောက်နေတယ် ငါ့ကိုကူညီပေးကြပါ"လို့ပြောတော့ ဆရာက -
"အမိရဲ့ပညာကိုထုတ်ဖို့ကတော့ လွယ်ပါတယ်
ဒါပေမယ့် အမိရဲ့ပညာကိုယူရင် အမိရဲ့ငယ်သားတွေကအုံကြွလာလိမ့်မယ် အဲဒီပြသနာကိုငါတို့ဖြေရှင်းကြရမယ် အမိကိုတစ်ခုပြောချင်တာက အမိရဲ့ပညာကိုနှုတ်ဖို့သေချာခဲ့ရင် ဒီစည်းဝိုင်းထဲကနေ အပြင်ကို မထွက်ပါနဲ့ - ဖြစ်နိုင်ရင်မျက်လုံးကိုသေချာစည်းထားပေးပါ ဘာသံကြားကြား လုံးဝဖွင့်မကြည့်ပါနဲ့" လို့ပြောတော့
နန်းခင်ဆိုတဲ့အမျိုးသမီးက -
"ဆရာတို့ပြောတဲ့အတိုင်း ငါလုပ်မှာငါသာမန်လူပြန်ဖြစ်ရင်ရပီ" လို့ပြောတော့ဆရာက
"ဒါဆိုရင်စကြမယ် မစခင် အမိလုပ်ရမှာက မေးတာကို မလိမ်ဘဲမှန်မှန်ကန်ကန်ဖြေပေးဖို့ပဲ အမိ ဒီပညာရပ်တွေကို အမှန်တကယ်စွန့်လွှတ်ဖို့ဆန္ဒရှိလား"
"ဟုတ်တယ် ငါစွန့်လွှတ်ဖို့ဆန္ဒရှိတယ်"
ဆရာကသုံးကြိမ်တိတိမေးတော့ နန်းခင်က သုံးကြိမ်တိတိပြန်ဖြေတယ်။ သုံးကြိမ်ပြီးတဲ့အချိန်မှာတော့ ဆရာက နန်းခင်ကိုစည်းထဲဝင်ခိုင်းပြီး.မျက်လုံးကို အဝတ်စနဲ့စည်းခိုင်းထားလိုက်တယ်။ စည်းထဲရောက်တာနဲ့ ဆရာက အထက်ဆရာကြီးတွေနဲ့ ဂိုဏ်းစောင့်ပုဂ္ဂိုလ်အပေါင်းကိုတိုင်တည်ပြီး ရေတစ်ခွက်ကို မန်းလိုက်တယ်။ မန်းလို့ရတဲ့ရေကို နန်းခင်ကိုတိုက်ဖို့ ကျွန်တော့့ကိုခိုင်းတယ်။ ကျွန်တော်လဲနန်းခင်ကိုရေမန်းတိုက်ပြီးအခြေအနေကို စောင့်ကြည့်နေလိုက်တယ်။ ရေမန်းတိုက်ပြီးခဏနေတော့ နန်းခင်လှုပ်လှုပ်ရွရွဖြစ်လာတယ်။ လက်တစ်ဖက်က ရင်ဘတ်ကိုဖိပြီး ပျို့သလိုဖြစ်လာတာမြင်လိုက်ရတယ်။ သိပ်မကြာခင် ပါးစပ်ထဲက အချွဲတွေထွက်လာပြီး တစ်စုံတစ်ခုကိုအံထုတ်လိုက်တယ်။ အန်ထွက်လာတဲ့အရာက ဘာလဲဆိုတာကိုကြည့်လိုက်တော့ သွေးစိမ်းရှင်ရှင်ဖြစ်နေတဲ့အမဲသားတုံးကြီး၊ လက်သီးဆုပ်လောက်ရှိတဲ့အမဲသားတုံးကြီးက အခုမှဖျက်ထားသလို သွေးသံတရဲရဲဖြစ်နေတာကို မြင်လိုက်ရတယ်။ ပထမအတုံးထွက်လာတဲ့အချိန်မှာပဲ အိမ်အပြင်ဘက်မှာ ရုတ်တရက်ဆိုသလို အော်ဟစ်ကြိမ်းဝါးသံတွေ ထွက်ပေါ်လာတယ်။ ကျွန်တော်လဲအိမ်အပြင်ဘက်ကိုချောင်းကြည့်လိုက်တော့ အရွယ်စုံယောကျၤားမိန်းမတွေကို တွေ့လိုက်ရတယ်။ အားလုံးက အိမ်ပေါ်မှာရှိနေတဲ့ ကျွန်တော်တို့ကို မီးပွင့်မတတ်စိုက်ကြည့်ပြီး အံကြိတ်ထားကြတာကိုမြင်လိုက်ရတယ်။ ကျွန်တော်က ယောက်ယက်ခတ်နေပေမယ့် ဆရာကတော့ သူ့ရဲ့အလုပ်ကိုဆက်လုပ်နေတယ်။ ရေစင်တစ်ခွက်တိုက်ပြီးတိုင်း အမဲသားတစ်တုံးက နန်းခင်ရဲ့ပါးစပ်ကနေ အန်အန်ထွက်လာတာ အခုဆိုရင် သုံးတုံးဖြစ်နေပီ။ လေးတုံးမြောက်မှာတော့ အိမ်အောက်ကလူအုပ်ထဲကနေ " နန်းခင် နင်ကငါတို့နဲ့မသက်ဆိုင်တော့ဘူး -
နင့်ကိုလဲငါတို့လက်မခံတော့ဘူး နင့်ကိုအခုလိုလုပ်ပေးတဲ့သူတွေလဲ ဒီရွာကနေပေးမထွက်နိုင်ဘူး နင့်လင်ကိုရော နင့်ကိုရော အကုန်လုံးကိုငါတို့သတ်မယ် ငါတို့ရဲ့မျိုးနွယ်အတွက်အရှက်ရစေတဲ့နင်တို့ကို ငါတို့သတ်မယ်" လို့အော်ဟစ်ပြီး အိမ်ပေါ်ကိုပြေးတက်လာခဲ့တယ်။ အိမ်ပေါ်လှေကားသုံးဆင့်လောက်လဲရောက်ရော "ဖောင်း"ဆိုတဲ့အသံနဲ့အတူ တက်လာတဲ့သူနောက်ပြန် ပစ်လဲကျပါလေရော။ ဆရာက ပညာမထုတ်မှီ အိမ်လှေကားတစ်ဝိုက်ကိုစည်းချထားပြီပြီဆိုတာ ကျွန်တော်သိလိုက်ရတယ်။ ကျွန်တော်လဲ ဘာဆက်ဖြစ်မလဲ ဆက်ကြည့်နေလိုက်တယ်။ နန်းခင်ရဲ့ ပညာတွေက တစ်တုံးချင်းကျလာလေလေ အိမ်အောက်က လူတွေက ပိုပြီးသောင်းကျန်းလာလေလေပဲ။ ခြောက်တုံးမြောက်အန်ကျတဲ့အချိန်မှာတော့ ကျွန်တော့်နားထဲမှာ ဝှီးဝှီးဝှီးဆိုတဲ့လေတိုးသံတွေကို ကြားလိုက်ရတယ်။ မရှေးမနှောင်းမှာပဲ အိမ်ခေါင်မိုးပေါ်ကို ကျလာတဲ့ ခဲလုံးတွေ၊ ခဲလုံးတွေက တောင်ထန်းလက်မိုးထားတဲ့ အိမ်အမိုးကိုဖောက်ပြီး ကျွန်တော်တို့နဲ့မလှမ်းမကမ်းနေရာအထိ ရောက်လာခဲ့တယ်။ ဆရာကတော့ ဂရုမစိုက်ပဲ ရေစင်ကိုသာ တစ်ခွက်ပြီးတစ်ခွက်မန်းပေးနေတယ်။ ကျွန်တော်နဲ့တောက်ရကတော့ ပတ်ဝန်းကျင်ကိုကြည့်လိုက် နန်းခင်ကိုကြည့်လိုက်နဲ့ အလုပ်ရှုပ်နေခဲ့တယ်။ လူအုပ်ကြီးကတော့ တားထားတဲ့စည်းထဲကိုဝင်လို့မရပဲ အပြင်ကနေအရာဝတ္တုတွေနဲ့လှမ်းပစ်နေခဲ့တယ်။ ဆရာလဲ.လူအုပ်ကြီးကိုအလေးမထားပဲ နန်းခင်ရဲ့ပညာတွေကုန်အောင်သာထုတ်ပေးနေခဲ့တယ်။ နန်းခင်ကိုယ်ထဲကနေ အန်ထွက်လာတဲ့အမဲသားတုံးတွေက စုစုပေါင်း၈တုံးတိတိရှိနေခဲ့ပြီ၊ အခုလဲနောက်တစ်ကြိမ်ထပ်ပြီးပျို့နေသေးတယ်။ ကျွန်တော်လဲဘယ်နှစ်တုံးလောက်ထပ်အန်ထွက်မလဲကြည့်နေတဲ့အချိန် "ဝေါ့"ဆိုတဲ့အသံနဲ့အတူ အမဲသားတစ်တုံးထပ်ပြီးအန်ထွက်လာခဲ့တယ်။ အမဲသားတုံးထွက်ပြီးတာနဲ့တစ်ပြိုင်နက် ညိုပုတ်ပုတ်အရည်တွေကပါ ဝေါခနဲ ဝေါခနဲ အန်ထွက်လာတာကိုမြင်လိုက်ရတယ်။ ဆရာကတော့ နန်းခင်ကိုကြည့်ပြီး" အမိ မင့်ပညာတွေကုန်ပြီလား"လို့မေးတော့
နန်းခင်က "ကုန်လောက်ပီလို့ထင်တယ် ငါရင်ထဲပေါ့သွားပြီ"လို့ပြန်ဖြေတယ်။ ဆရာလဲ ရေခွက်ထဲမှာ ကျန်တဲ့ရေစက်တွေနဲ့ နန်းခင်မျက်နှာကိုလှမ်းတောက်လိုက်တယ်။ ဒါပေမယ့်နန်းခင်က ဘာမှမဖြစ်တာမြင်တော့ ဆရာက" အမိ အခုချိန်ကစပြီး ဝမ်းထဲမှာဘာပညာမှမရှိတော့ဘူး သာမန်လူတစ်ယောက်ဖြစ်သွားပြီ သာမန်လူတစ်ယောက်ဖြစ်သွားတယ်ဆိုပေမယ့် အမိကိုဒေါသထွက်နေကြတဲ့ အိမ်အောက်ကလူအုပ်ကြီးရဲ့ အန္တရာယ်ကရှိသေးတယ် အမိတို့လင်မယား ကောင်းမွန်တဲ့ ဘဝကိုတူတူဖြတ်သန်းကြပါ"လို့ပြောပြီး လွယ်အိတ်ထဲကနေ ကြေးပြားလေးနှစ်ခုကိုထုတ်လိုက်တယ်။ ထုန်လိုက်တဲ့ကြေးပြားလေးကိုမန်းပြီး လင်မယားနှစ်ယောက်ကို တစ်ယောက်တစ်ခုဆီပေးလိုက်တယ်။ နန်းခင်တို့လင်မယားလဲ ကြေးပြားလေးကိုယူပြီး လက်ထဲမှာဆုပ်ကိုင်ထားလိုက်ကြတယ်။ နန်းခင်တို့လက်ထဲ ကြေးပြားလေးရောက်တာနဲ့ဆရာက "အမိတို့လင်မယား ဒီအိမ်ပေါ်ကနေ တစ်လက်မမှမရွေ့ကြနဲ့ အိမ်အောက်မှာရှိတဲ့ သူတွေကိုဆုံးမဖို့ကျန်သေးတယ် သူတို့ရှိနေသရွေ့အမိတို့အသက်အန္တရာယ်ကိုဒုက္ခပေးကြလိမ့်မယ်"လို့ပြောတော့ နန်းခင်ရဲ့ယောကျၤားဖြစ်သူက "ဒီလူတွေထဲမှာ ရွာကမဟုတ်တဲ့သူတွေလဲပါတယ် အရင်ကသူတို့ကိုမမြင်ဘူးဘူး အဖူးထီးကော်ဆိုတာလဲ အရင်က နန်းခင်ကိုထိန်းလာတဲ့သူဆိုတော့ အသက်ကိုရန်ရှာမယ်ဆိုတာဖြစ်နိုင်ပါ့မလား"လို့မေးတော့ဆရာက "မယုံရင်ဆင်းသွားကြည့်လေ အခုချိန်က သူတို့ရဲ့မျိုးနွယ်ထဲကနေထွက်ခွာသွားတဲ့အတွက် သူတို့ရဲ့စည်းမျဉ်းစည်းကမ်းအရ နန်းခင်ကိုသတ်ကြမှာပဲ နန်းခင်ပဲလားဆိုတော့မဟုတ်သေးဘူး မင်းကိုရော ငါတို့ကိုပါသတ်ချင်နေကြတာ အဲဒါကြောင့် ဒီပြသနာတွေကို ရှင်းမှ ငါတို့ဆက်လက်ရှင်သန်နိုင်မှာ"လို့ပြောတော့ လက်နက်ကိုင်ခေါင်းဆောင်က ငြိမ်ကျသွားတယ်။ ဆရာက စည်းအတွင်းကနေအပြင်ကိုမထွက်ဖို့နဲ့ ကျွန်တော်တို့ကိုလဲ နန်းခင်တို့လင်မယားအနားမှာပဲနေဖို့မှာကြားပြီး အိမ်ပေါ်ကနေ တစ်ယောက်ထဲဆင်းသွားတယ်။ ကျွန်တော်လဲ တောက်ရကိုလှည့်ကြည့်ပြီး "တောက်ရ ငါတို့တော့ပွဲကြီးပွဲကောင်းတော့မြင်ရပြီ ဒါမျိုးကမြင်ရခဲတယ် ကြည့်ထား"လို့ ပြောလိုက်မိတယ်။
ဆရာက အိမ်ပေါ်ကနေ ဖြေးဖြေးချင်းဆင်းသွားတာမြင်တော့ လူအုပ်ကြီးက ပိုပြီးလှုပ်ရှားလာတယ်။ ကရင်လိုအော်ဟစ်နေတဲ့အသံတွေက ဆူညံလာခဲ့တယ်။ ဆရာလဲအိမ်လှေကားအောက်ကိုရောက်ရော လူအုပ်ထဲက ထွက်လာတဲ့ စက်တွေ။ ရွှီး ရွှီး ရွှီးနဲ့ ဆရာဆီကို ပြေးဝင်လာတာကို ကျွန်တော်မြင်လိုက်ရတယ်။ ညဘက်အိမ်ဝိုင်းပတ်လည်မှာထွန်းထားတဲ့ မီးတိုင်အရောင်ကြောင့် လေထဲကနေဝင်လာတဲ့ စက်အရောင်တွေကို ကျွန်တော်အတိုင်းသားမြင်နေရတယ်။ ဆရာရင်ညွန့်တည့်တည့်ကိုပြေးဝင်လာတဲ့ စက်တွေက ဆရာ့လက်တစ်ကမ်းလိုအရောက်မှာ ရပ်သွားတာမြင်လိုက်ရတယ်။ အရောင်အသွေးစုံလင်လှတဲ့စက်တွေက သာမန်လူတွေမမြင်ရပေမယ့် ကျွန်တော်တို့လို အထက်လမ်းပညာကိုလိုက်စားနေတဲ့သူတွေကတော့ မြင်နေရတယ်။ လူအယောက်ပေါင်းများစွာက ပစ်လွှတ်လိုက်တဲ့စက်တွေကိုဆရာက သူ့ရဲ့ဘယ်ဘက်လက်နဲ့ လှမ်းတားထားတာကိုလဲမြင်လိုက်ရတယ်။ ဒါကြောင့်စက်တွေအားလုံးရပ်ကုန်တာ။ ဆရာက တားထားတဲ့စက်တွေကို ဘယ်ဘက်လက်ဖဝါးနဲ့ ဘေးကိုလွှဲပစ်လိုက်တယ်။ စက်တွေအားလုံး ဘေးဘက်မှာရှိတဲ့ သစ်ပင်တွေကို သွားထိတော့ ဖြောင်းဖြောင်းဖြောင်း ဆိုတဲ့အသံတွေနဲ့အတူ အကိုင်းအခက်တွေ ပင်စည်တွေစုတ်ပြတ်ကုန်တယ်။ သစ်ပင်တွေတောင်ဒီလိုဖြစ်သွားတယ်ဆိုရင် သာမန်လူတွေဆိုရင် ဘယ်လိုဖြစ်မယ်ဆိုတာ မတွေးရဲစရာပဲ။ ဆရာ စည်းအပြင်ကို ထွက်လာရင် အသေသတ်ဖို့တွေးထားကြတာကို မျက်ဝါးထင်ထင်မြင်လိုက်ရတယ်။ သူတို့ရဲ့စက်တွေနဲ့ပစ်လွှတ်ပေမယ့် ဆရာဘာမှမဖြစ်တာမြင်တော့ နောက်တစ်နည်းနဲ့သတ်ဖို့ကြိုးစားကြပြန်တယ်။ ရုတ်တရက်ဆိုသလို ဆရာရပ်နေတဲ့မြေကြီးထဲကနေ အခိုးငွေ့တွေထွက်လာခဲ့တယ်။ ဆရာပတ်ပတ်လည်အခိုးငွေ့တွေထွက်လာပြီး မီးတောက်တစ်ခုက ဝုန်းဆိုထတောက်ပါလေရော။ လူတစ်ရပ်ခန့်မြင့်တဲ့မီးတောက်ကြီးက ဆရာပတ်ပတ်လည်မှာ အရှိန်အဟုန်နဲ့လောင်မြိုက်နေတာ ဆရာကိုမမြင်ရတော့ဘူး။ကျွန်တော်ကဆရာအစွမ်းကို သိနေတဲ့သူဆိုတော့ မအ့ံသြပေမယ့် နန်းခင်တို့လင်မယားက ဆရာအတွက်စိတ်ပူနေကြတယ်။ နန်းခင်က ဆရာကိုကြည့်ပြီး "ဒါ အန္တရာယ်များတယ်နော် ဖြစ်ပါ့မလား နင်တို့ဆရာ သေနေဦးမယ်"လို့စိုးရိမ်တကြီးလှမ်းပြောလာတယ်။ ကျွန်တော်လဲ "စိတ်မပူနဲ့ဆရာက ဒီလောက်ကိုကာကွယ်နိုင်ပါတယ်"လို့ပြောရင်း ဆရာ့အခြေအနေကို ဆက်ကြည့်နေလိုက်တယ်။ မီးတောက်အရှိန်က တစ်ဖြေးဖြေးလျော့ကျလာပြီး လူအုပ်ကြီးက မီးတောက်ထဲကို လိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်။ မီးတောက်လဲငြိမ်းရော အလယ်မှာဆရာ့ကိုမတွေ့ရတော့ဘူး။ လူအုပ်ကြီးက ဆရာကိုမတွေ့တော့ဝမ်းသာအားရ အော်ဟစ်နေကြတာကိုမြင်လိုက်ရတယ်။ နန်းခင်က "နင်တို့ဆရာသေပီလို့ပြောနေကြတယ် ခုနက ဒီထဲမှာရှိနေတာ အခုမရှိတော့ဘူး နင်တို့ဆရာပြာကျသွားတာလား"လို့မေးတော့ကျွန်တော်က" မဖြစ်နိုင်ပါဘူး ခဏတော့စောင့်ကြည့်ဦး"လို့ပြောရင်း ဆရာဘယ်ကနေပြန်ပေါ်လာမလဲဆိုတာကိုလိုက်ကြည့်နေမိတယ်။ လူအုပ်ကြီးကလဲဆရာသေပြီလို့ထင်ပြီး တဟားဟားတဝါးဝါးနဲ့ ပွဲကျနေတဲ့အချိန် ကောင်းကင်ကနေ ဖျတ်ခနဲအလင်းတန်းတစ်ခု ကျလာတာကို ကျွန်တော်မြင်လိုက်ရတယ်။ အလင်းတန်းု လူအုပ်ကြီးရဲ့အပေါ်တည့်တည့်ကနေ ကျလာတာ ကျွန်တော်မျက်လုံးကိုပြူ းပြဲပြီးကြည့်လိုက်တော့ ကောင်းကင်ကနေ ကျလာတဲ့လှံပျံတွေကို တွေ့လိုက်ရတယ်။ ရွှေရောင်ဝင်းလက်နေတဲ့ လှံအစင်းပေါင်းများစွာက လူအုပ်ကြီးအပေါ်မှာမိုးထားပြီးသား ဖြစ်နေတယ်။
လှံပျံတွေရဲ့အပေါ်မှာတော့ ပိုက်ကွန်ကိုဘယ်လက်နဲ့ကိုင်ထားပြီး ညာလက်နဲ့ လှံပျံတွေကို အမိန့်ပေးနေတဲ့ ပုဂ္ဂိုလ်တွေကိုမြင်လိုက်ရတယ်။ လူအုပ်ကြီးလဲ ရုတ်တရက်မြင်လိုက်ရတော့ ကြောင်တောင်တောင်ဖြစ်နေဟန်တူပါတယ် အထူးအဆန်းအနေနဲ့လိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်။ လှံအစင်းပေါင်းများစွာက အပေါ်ကနေချိန်ထားတဲ့အချိန် လူအုပ်ကြီးရဲ့ဘေးပတ်ပတ်လည်မှာ ငွေရောင်တဖိတ်ဖိတ်တောက်နေတဲ့ ငှက်ကြီးတောင်ဓားတွေကို ကိုင်ထားတဲ့ သူတွေပေါ်လာခဲ့တယ်။ လှံပိုင် ဓားပိုင်တွေပေါ်လာပြီးတဲ့အချိန်မှ ဆရာက လူအုပ်ကြီးရဲ့အနောက်ကနေ ပေါ်လာခဲ့တယ်။ ဆရာအနောက်မှာတော့ ခေါင်းပေါင်းအနီတွေကိုယ်စီပတ်ထားပြီး လက်ထဲမှာ ငွေမျှင်ရောင်ကြိုးခွေတွေကိုင်ထားတဲ့ သူတွေကိုလဲမြင်လိုက်ရတယ်။ လူအုပ်ကြီးက ဆရာကိုမြင်တော့ "သူမသေသေးဘူး သူ့လူတွေကိုခေါ်လာတာနေမှာ တိုက်ကြဟေ့"လို့အော်တဲ့အချိန် ဆရာအနောက်မှာ ရပ်နေတဲ့သူတွေက လက်ထဲကနေ ကြိုးခွေတွေကို ပစ်လွှတ်လိုက်တယ်။ ပစ်လွှတ်လိုက်တဲ့ ကြိုးခွေတွေက လူအုပ်ကြီးထဲမှာပါတဲ့ လူအရေအတွက်အတိုင်း ခွဲထွက်ပြီး ရစ်ပတ်သွားတယ်။ ငွေမျှင်ရောင် ကြိုးတွေရစ်ပတ်ပြီးတဲ့အချိန်မှာ အပေါ်ကနေ ပိုက်ကွန်ကိုင်ထားတဲ့သူတွေက ပိုက်ကွန်တွေကို အသင့်အနေအထားလုပ်ပြီးစောင့်နေကြတယ်။ ကြိုးတွေနဲ့ချည်ခံထိထားတဲ့သူတွေထဲမှာ တစ်ချို့တွေက ချည်ထားတဲ့ ကြိုးခွေတွေကိုပြတ်အောင်ရုန်းနိုင်တာကိုလဲ မြင်လိုက်ရတယ်။ ကြိုးပြတ်တာနဲ့တစ်ပြိုင်နက် အ ပေါ်မှာရှိနေတဲ့ ပိုက်ကွန်တွေက နောက်တစ်ဆင့်ထပ်ချုပ်ထားလိုက်တယ်။ လှံတံတွေကလဲ အပေါ်ကနေ ငယ်ထိပ်တည့်တည့်ကိုချိန်ရွယ်ပီးသား ဒီတစ်ခါရန်ပြုရင် ငယ်ထိပ်ကို တကယ်ထိုးမယ့်ပုံစံ။ ဆရာက ဖမ်းထားတဲ့သူတွေကို ပညာတွေအပ်မလားမေးတယ်။ ဒါပေမယ့်သူတို့က မအပ်ဘူးပဲပြောကြတယ်။ ဘယ်လိုချော့ပြီးမေးမေး၊ ခြောက်ပြီးမေးမေး မအပ်ဘူးဆိုတာကြီးပဲ။ ဘယ်လိုမှဖျောင်းဖျလို့မရတော့တဲ့အခြေအနေရောက်မှ ဆရာက နောက်ဆုံးစကားတစ်ခွန်းကိုပြောလိုက်တယ်
"ငါကဘယ်သူ့ကိုမှနာကျင်အောင်မလုပ်ချင်ဘူး -
အခုမင်းတို့ကလဲပညာမအပ်ဘူးဆိုတော့ ငါလဲအတင်းအကြပ်မလုပ်ဘူး မင်းတို့ကတိတစ်ခုပေးရမှာက ဒီရွာကနေအဝေးဆုံးကိုထွက်သွားဖို့ပဲ နောက်ပြီး ဒီကလေးမနဲ့သက်ဆိုင်သူတွေကိုအန္တရာယ်မပေးဘူးဆိုတဲ့ ကတိတစ်ခုကိုလိုချင်တယ် ပေးတယ်ဆိုရင် ထိခိုက်နာကျင်အောင်မလုပ်ဘူး ဘယ်လိုလဲ ကတိပေးနိုင်လား"လို့မေးတော့ လူအုပ်ကြီးထဲကနေ တီးတိုးစကားသံတွေထွက်လာခဲ့တယ်။ ဆရာလဲအခြေအနေကိုသဘောပေါက်ပြီး "သဘောတူတယ်ဆိုတဲ့လူတွေ ဒီစည်းဝိုင်းထဲကို လာခဲ့ပါ"လို့ပြောပြီး စည်းတစ်ခုကိုဝိုင်းလိုက်တယ်။ အဲဒီလိုခွဲထုတ်လိုက်တော့ ခုနကလူအုပ်ကြီးက အုပ်စုနှစ်ခုထပ်ကွဲသွားတယ်။ သဘောတူတဲ့သူနဲ့သဘောမတူတဲ့သူ။ ဆရာအစွမ်းကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတော့ တစ်ချို့တွေက မနိုင်ဘူးဆိုတာသိပြီး စည်းဝိုင်းထဲကိုဝင်လာခဲ့ကြတယ်။ တစ်ချို့တွေကတော့ ခေါင်းမာပြီး စည်းဝိုင်းထဲကို မလာကြဘူး။ ဆရာကတော့ စည်းဝိုင်းထဲဝင်လာတဲ့သူတွေကို သစ္စာရေတိုက်ပြီး ဖောက်ဖျက်ကျူ းလွန်ပါက ပြာအတိမီးကျွမ်းလောင်စေလို့ အဓိဌာန်ခဲ့တယ်။ စည်းဝိုင်းထဲမလာတဲ့သူတွေကိုတော့ ဘာမှမဆိုသေးပဲ သစ္စာရေတိုက်ပြီးတဲ့သူတွေကို ဒီရွာကနေအခုချက်ချင်းထွက်သွားစေခဲ့တယ်။ စည်းဝိုင်းထဲရောက်နေတဲ့သူတွေထဲက တစ်ချို့က လမ်းလျောက်ထွက်သွားကြသလို၊ တစ်ချို့က လေပေါ်ပျံသွားကြတာလဲရှိတယ်၊ တစ်ချို့က ထဘီခြုံပြီး လင်းတအသွင်ပြောင်းကာပျံသွားကြတာတွေလဲရှိတယ်။ စည်းဝိုင်းထဲက သူတွေကုန်တော့မှ ကျန်နေတဲ့သူတွေဘက်ကို လှည့်လိုက်တယ်။ ကျန်ရစ်တဲ့သူတွေကိုဦးဆောင်နေတာက အဖူးထီးကော်ဆိုတဲ့ကရင်အဖိုးကြီးပဲ။ သူအပါအဝင် လူ၁၀ယောက်လောက်ကျန်ခဲ့တယ်။ အားလုံးက သက်ကြီးရွယ်အိုတွေပဲ။ နန်းခင်ကတော့ သူတို့အားလုံးက နန်းခင်ရဲ့အမေဖြစ်သူအားထားရတဲ့ လက်ရုံးတွေဖြစ်ခဲ့တယ်လို့ပြောတယ်။ ဆရာလဲ ချည်ထားတဲ့ ကြိုးတွေကို မဖြုတ်ပေးပဲ နောက်ဆုံးအကြိမ် ဖျောင်းဖျကြည့်တယ်။ အဖြေကတော့ ခေါင်းခါသည်ကလွဲပြီး မရရှိခဲ့။ လုံးဝမရတော့တဲ့အတွက် ဆရာဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး နောက်လှည့်ကာ သေအောင်တော့မလုပ်ကြနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေဆီကိုအပ်ပြီး ပညာတွေထုတ်လိုက်ကြတော့ ပညာတွေမရှိတော့ရင် လူအသိစိတ်ပျောက်အောင်လုပ်ပြီး ပြန်လွှတ်ပေးလိုက်ကြလို့အမိန့်ပေးလိုက်တယ်ဆိုရင်ပဲ အလင်းတန်းတစ်ခုက ထိုသူတွေအပေါ်ကိုထိုးဆင်းလာခဲ့တယ် အလင်းတန်းလဲပျောက်သွားရော ခုနကရှိနေတဲ့လူတွေအားလုံးကို မတွေ့ရတော့ဘူး နန်းခင်ကတော့ အိမ်ပေါ်ကနေ ပညာတွေကိုစွန့်လွှတ်ဖို့အော်ပြောနေတဲ့အသံကို သူတို့မကြားနိုင်တော့ဘူး။ ဆရာလဲ အိမ်ပေါ်ကိုပြန်တက်လာပြီး နန်းခင်စွန့်လွှတ်ထားတဲ့ပညာတုံးတွေပေါ်ကို ရေစင်တစ်စက်တောက်ချလိုက်တယ်။ ရေစင်တစ်စက်တောက်ချလိုက်တာနဲ့ ပညာတွေက ဟုန်းခနဲမီးထတောက်ပါလေရော။ မီးတောက်ကြီးလဲငြိမ်းရော အိမ်ခြံစည်းရိုးထောင့်လေးဖက်ကနေ ဝမ်းနည်းစွာငိုယိုတဲ့အသံနက်ကြီးပေါ်လာခဲ့တယ်။ နန်းခင်က အသံကြားတော့ "ဒါ အမိုးအသံပဲ အမိုးက ဒီအိမ်မှာရှိနေတာလား အမိုးရှိနေသေးတာလား"ဆိုပြီး စည်းထဲကနေထပြေးဖို့အလုပ် ဆရာက " ဒီအသံက အမိရဲ့မိခင်အသံမဟုတ်ဘူး အမိကိုနောက်ဆုံးအကြိမ်ဒုက္ခပေးဖို့ ကြိုးစားတဲ့အသံပဲ အမိရဲ့ပညာတွေအခုမှတကယ်ကုန်ဆုံးတာ ခုနကမီးလောင်သွားတော့ အမိရဲ့အမိုးထားခဲ့တဲ့ မကောင်းတဲ့အစောင့်တွေက အမိကို ဒုက္ခပေးဖို့ ကြိုးစားတာပဲ စည်းထဲကနေအပြင်ထွက်ရင် အမိစည်းပေါက်ပြီ အမိရဲ့လိပ်ပြာကိုနှုတ်ဖို့ နောက်ဆုံးလုပ်ဆောင်တာ "လို့ပြောတော့မှ နန်းခင်ပြန်ထိုင်ချလိုက်တယ်။ ကျွန်တော်တို့လဲ အချိန်မဆိုင်းပဲ ခြံနဲ့အိမ်ပတ်လည်မှာ အင်းစမတွေမြှပ်ပြီး အနှောက်အယှက်တွေမလာနိုင်အောင် စီမံပေးခဲ့ကြတယ် နန်းခင်တို့လင်မယားနှစ်ယောက်ရဲ့ နဖူးမှာလဲ အင်းစမတွေကို ရေးဆွဲပေးခဲ့တယ်။ ဒီစမတွေကြောင့် သူတို့ကိုဘယ်သူမှဒုက္ခပေးလို့မရနိုင်တော့ဘူး။ မီးလောင်ပြာကျထားတဲ့ ပညာတွေကိုတော့ ဆရာက သူကိုယ်တိုင်မြေမြှုပ်ပစ်ခဲ့တယ်။ နန်းခင်တို့လင်မယားနှစ်ယောက်လုံး ကျွန်တော်တို့ဂိုဏ်းကိုယုံကြည်ခဲ့ကြတယ်။ နောက်နေ့မှာတော့ ကျွန်တော်တို့ ရွာကနေ ထွက်ခဲ့ကြတယ်။ နန်းခင်တို့လင်မယားကတော့ ရွာထိပ်ထိလိုက်ပို့ရင်း နောက်တစ်ခေါက်ကြုံရင်ဝင်လည်ဖို့ တဖွဖွမှာနေရှာတယ်။ ရွာပြင်ကိုရောက်တော့ ခပ်လှမ်းလှမ်းမှာ ခုန်ပေါက်ပြီးပြေးလာနေတဲ့ သူတစ်ချို့ကိုမြင်လိုက်ရတယ်။ အနားရောက်လို့သေချာကြည့်လိုက်တော့ အဖူးထီးကော်နဲ့အပေါင်းအပါတွေ ဖြစ်နေတယ်။ သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့အပြစ်ပေးခြင်းကိုခံထားရတဲ့ သူတို့ကိုမြင်တော့ဆရာက"တစ်ခါတစ်လေမှာ ခေါင်းမာတိုင်းမကောင်းဘူး"လို့ပြောတယ်။ ရွာကနေထွက်လာပြီး နောက်ပိုင်း ကျွန်တော်တို့ဘယ်ဆက်သွားရမလဲမသိတော့ဘူး။ ဆရာကလဲ ဘာမှမပြောပဲ ခြေဦးတည့်ရာသွားနေခဲ့တယ်။ တစ်ဖြေးဖြေးရက်တွေကြာလာတာနဲ့အမျှ ခရီးလဲအတန်အသင့်ပေါက်ခဲ့တယ်။ တစ်နေ့မှာတော့ ကျွန်တော်တို့ဘုန်းကြီးကျောင်းတစ်ကျောင်းကို အမှတ်မထင်ပဲရောက်သွားခဲ့တယ်။ ဘုန်းကြီးကျောင်းဆိုပေမယ့် သံဃာတော်က၂ပါးပဲရှိတယ်။ ရောက်တဲ့အချိန်က ညမှောင်တော့မယ်ဆိုတော့ ဘုန်းကြီးကျောင်းမှာပဲ တည်းခဲ့ကြတယ်။
ညဘက်ရောက်တော့ လုပ်စရာရှိတဲ့အလုပ်တွေ လုပ်ပြီး အိပ်မပျော်လို့ထိုင်နေတုန်းရှိသေးတယ် ဘုန်းကြီးကျောင်းလှေကားပေါ်ကို တက်လာတဲ့ ကလေး၉ယောက်ကိုတွေ့လိုက်ရတယ်။ အသက်ကအလွန်ဆုံးရှိလှ ၁၀နှစ်ပေါ့ အားလုံးကတစ်ရွယ်ထဲပဲ။ သူတို့က ကျွန်တော်ရှိတဲ့နေရာကိုတက်လာပြီး ဘေးနားမှာထိုင်လိုက်ကြတယ်။ ကျွန်တော်လဲသူတို့ဘာဆက်လုပ်မလဲ ကြည့်နေရင်း သူတို့ထဲက အဝတ်အစားတောက်တောက်ပြောင်ပြောင်အဖြစ်ဆုံး ကလေးက "ဦးလေးရဲ့ဆရာအနားကိုမကပ်ရဲလို့ ဦးလေးဆီလာခဲ့တာ ၊ ဦးလေးတို့ဒီကိုစဝင်လာထဲက သားတို့ကြည့်နေတာ သားတို့ဒီကိုရောက်နေတာ နှစ်ပေါင်းရာကျော်နေပီ ဒီကလွတ်အောင် ကူညီပေးဖို့ လာတောင်းဆိုတာပါ ဦးလေးတို့ကူညီမှဖြစ်မှာ "လို့ပြောတော့ ကျွန်တော်က "ငါကဘာကူညီပေးရမလဲ ပြောကြည့်"လို့ပြောလိုက်တော့ ကလေးငယ်က "သားတို့အလောင်းကို မီးသဂြိုလ်ပေးရင်ရပီ သားတို့ကိုဒီနေရာမှာအစီအရင်တွေနဲ့ မြှုပ်ခဲ့ကြတာ ဒီနေရာက အရင်မြို့ရိုးဟောင်းကြီး အဲမှာသားတို့ကိုသတ်ခဲ့တာ အခုလွတ်ချင်နေပီ အလောင်းကိုရှာပြီး မီးရှို့ပေးနော် သားတို့သွားတော့မယ် သားတို့ဒီကိုလာတာသိရင်ဦးယက္ခ ရိုက်လိမ့်မယ် သွားတော့မယ်နော်"လို့ပြောပြီး ကျောင်းအောက်ကို ပြေးဆင်းသွားကြတယ်။ ကျွန်တော်လဲ ဆရာကိုမနက်ကျမှပြောပြတော့မယ်လို့ တွေးပြီး အိပ်ချလိုက်တယ်။
အတွေးထဲမှာတော့ ဒီကလေးတွေကို ဘယ်လိုကူညီရမလဲဆိုတာ စဉ်းစားနေခဲ့တယ်။
.....
စာဖတ်သူတွေအားလုံးလဲ ဒီကလေး၉ယောက်ရဲ့ အကြောင်းနဲ့ သူတို့၉ယောက်လွတ်အောင် အောင်မြတ်သာတို့ ဘယ်လိုတွေကူညီပေးရဦးမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် ငယ်ပေါင်းကိုးဖော်ဆိုတဲ့ ဝတ္တုလေးကိုစောင့်မျှော်ပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)

" ေအာင္ျမတ္သာႏွင့္ဝမ္းတြင္းစုန္း " -------------------------------- ကြၽန္ေတာ္တို႔၃၃ဆူဘုရားကေနထြက္လာၿပီးေတာ့ ကရင္လက္နက္ကိုင္ေခါင္းေဆာင္ျဖစ္သူရဲ႕ ႐ြာကိုဆက္ထြက္ခဲ့ၾကတယ္။႐ြာကိုေရာက္ေတာ့ ႐ြာထဲမွာရွိတဲ့ ေခြးေတြက ကြၽန္ေတာ္တို႔သုံးေယာက္ကိုစူးစူးဝါးဝါး ထိုးေဟာင္ပါေလေရာ။ ကြၽန္ေတာ္ကေတာ့ ဒါဟာမေကာင္းတဲ့နမိတ္တစ္ခုျဖစ္ေတာ့မယ္ဆိုတာႀကိဳသိေနသလို ဆရာကလဲ တစ္စုံတစ္ခုကိုသိေနတဲ့အေနအထားနဲ႔ ကြၽန္ေတာ့္ကိုလွည့္ၾကည့္တယ္။ ကြၽန္ေတာ္တို႔႐ြာထဲကို ဆက္ဝင္လာေတာ့ ႐ြာခံလူထုေတြက ကြၽန္ေတာ္တို႔ကို မႏွစ္ၿမိဳ႕တဲ့မ်က္ႏွာထားေတြနဲ႔လွမ္းၾကည့္ေနၾကတာကိုလဲ ေတြ႕လိုက္ရတယ္။ ဒါေပမယ့္ လက္နက္ကိုင္ေခါင္းေဆာင္ရဲ႕ေတာင္းဆိုမႈေၾကာင့္လာခဲ့ရတာဆိုေတာ့ ဘာမွေတာ့မေျပာၾကဘူး။ ႐ြာအလယ္ကိုေရာက္ေတာ့ လူတစ္ဖက္စာေလာက္ရွိတဲ့ ကြၽန္းတိုင္ေတြနဲ႔ ေဆာက္ထားတဲ့ပ်ဥ္ေထာင္အိမ္မဲမဲႀကီးတစ္လုံးကို ေတြ႕လိုက္ရတယ္။ အိမ္ေရွ႕ေရာက္ေတာ့ လက္နက္ကိုင္ေခါင္းေဆာင္က " ဆရာတို႔ ဒါကက်ဳပ္အိမ္ပဲ အိမ္ေပၚမွာ က်ဳပ္မိန္းမေစာင့္ေနတယ္ ဆရာတို႔သူ႔ကိုျမင္ရင္ သူ႔ပညာအစြမ္းကို ရိပ္မိၾကမယ္ထင္ပါတယ္ "လို႔ေျပာၿပီး အေရွ႕ကေန တက္သြားတယ္။ ကြၽန္ေတာ္တို႔လဲသူ႔အေနာက္ကေန တက္လာေတာ့ အိမ္ေရွ႕ဧည့္ခန္းမွာထိုင္ေနတဲ့ အသက္ႏွစ္ဆယ္ေက်ာ္မိန္းမတစ္ေယာက္ကိုေတြ႕လိုက္ရတယ္။ ကြၽန္ေတာ္တို႔တက္လာတာျမင္ေတာ့ အဲဒီအမ်ိဳးသမီးက ႐ုတ္ရက္မ်က္လႊာကိုခ်လိုက္တယ္။ ဆရာကေတာ့ အမ်ိဳးသမီးကိုေစ့ေစ့ၾကည့္ရင္း ႐ုတ္တရက္မ်က္ႏွာလႊဲလိုက္တယ္။ ကြၽန္ေတာ္လဲထိုအမ်ိဳးသမီးကိုၾကည့္လိုက္ေတာ့ ေခါင္းေပၚမွာ အနက္ေရာင္အခိုးေငြ႕ေတြ ပါးပါးေလးထြက္ေနတာကိုျမင္လိုက္ရတယ္။ ဒါဟာ သာမန္လူေတြနဲ႔ပညာသည္ေတြကို ခြဲျခားထားတဲ့အရာလာေတာ့ကြၽန္ေတာ္မေျပာတတ္ေပ။ ကြၽန္ေတာ္တို႔ဧည့္ခန္းက ဘုရားခန္းေရွ႕မွာဝင္ထိုင္လိုက္ေတာ့ အမ်ိဳးသမီးက ကြၽန္ေတာ္တို႔ေရွ႕မွာ က်ဳံ႕က်ဳံ႕ေလးလာဝင္ထိုင္တယ္။ အမ်ိဳးသမီးလဲအေရွ႕ေရာက္ေရာ ၿခံဝင္းထဲကို လူတစ္ေယာက္ေျပးဝင္လာတာျမင္လိုက္ရတယ္။ ေျပးဝင္လာတဲ့လူက အိမ္တံခါးကိုေဒါသတႀကီးကန္ၿပီး ဘုရားခန္းထဲေျပးဝင္ဖို႔အလုပ္ ဆရာက - "ရပ္စမ္း ငါ့အမိန္႔မရပဲ ဒီကေနတစ္လွမ္းမွမေ႐ြ႕နဲ႔"လို႔ေျပာလိုက္တယ္ဆိုရင္ပဲ ေျပးတက္လာတဲ့သူရဲ႕ေျခလွမ္းေတြကတု႔ံခနဲခ်က္ခ်င္းဆိုသလိုရပ္သြားတာျမင္လိုက္ရတယ္။ ဆရာက ဘာမွမေျပာေသးပဲ အေရွ႕မွာထိုင္ေနတဲ့အမ်ိဳးသမီးကိုၾကည့္ၿပီး "သင္ဟာ ပညာသည္တစ္ေယာက္ဆိုတာ ငါသိတယ္ သင့္ရဲ႕ပညာေတြကို စြန္႔လႊတ္ဖို႔ဆုံးျဖတ္ၿပီးၿပီလား" လို႔ေမးေတာ့အမ်ိဳးသမီးက "ငါဒီပညာေတြကိုမလိုခ်င္ပဲရလာခဲ့တာပါ ငါဒီပညာေတြကို မလိုခ်င္ေတာ့ဘူး ငါ့ရဲ႕ပညာေတြေၾကာင့္ သမီးေလး ဆုံးခဲ့ရတယ္ သမီးေလးဆုံးထဲက ဒီပညာေတြကို စိတ္နာခဲ့တာ ပညာကုန္ႏႈတ္ေပးႏိုင္မယ့္ဆရာမေတြ႕ေသးလို႔သာ သည္းခံၿပီးေနခဲ့တာပါ အခုေတာ့ ငါ့ပညာေတြကို ႏႈတ္ေပးမယ့္ဆရာေတြနဲ႔ေတြ႕ေတာ့ ဝမ္းသာလွပါၿပီ"လို႔ေျပာရင္း ငိုပါေလေရာ။ အမ်ိဳးသမီးရဲ႕စကားကိုၾကားေတာ့ ဧည့္ခန္းအဝမွာရပ္ေနတဲ့လူက "ဟဲ့ နန္းခင္ နင္ကိုငါတို႔ရဲ႕သခင္မႀကီးကိုယ္တိုင္ သူ႔ေနရာဆက္ခံဖို႔ေ႐ြးခဲ့တာေနာ္ အခုက်ေတာ့နင္က သူ႔ကိုအာခံမလို႔လား သူျပန္လာရင္နင္ကိုသတ္မွာမေၾကာက္ဘူးလား နင္ပညာေတြကိုစြန္႔လႊတ္လိုက္ရင္ ငါတို႔မ်ိဳး႐ိုးျပတ္ပီေလ ဒါကိုနင္လဲသိရဲ႕သားနဲ႔ ဘာလို႔အခုလိုလုပ္ရတာလဲ" "အို အဖူးကမွ ကိုယ့္သားသမီးကို ကိုယ့္ရဲ႕ပညာနဲ႔ျပန္သတ္မိတာမွမႀကဳံဖူးေတာ့ အခုလိုေျပာတာေပါ့ ငါ့ေနရာမွာ ဝင္ခံစားၾကည့္ဖူးလို႔လား ငါအဲဒီကိစၥျဖစ္ၿပီးထဲက အခုထိေကာင္းေကာင္းမအိပ္စက္ႏိုင္ေသးဘူး ငါ့သမီးအသံကငါ့နားထဲျပန္ၾကားေနရေသးတယ္ နင္တို႔ ငါ့ကိုမေႏွာက္ယွက္ၾကပါနဲ႔ေတာ့ " အမ်ိဳးသမီးရဲ႕စကားအဆုံးမွာ ဧည့္ခန္းဝမွာ ရပ္ေနတဲ့ ကရင္အဖိုးႀကီးက - "နင္ဒီလမ္းကိုေ႐ြးလိုက္ေတာ့လဲ နင့္ကိုအျပစ္ေပးရမွာေပါ့ ငါ့တို႔သခင္မႀကီးရဲ႕သစၥာခံလူေတြမၾကာခင္ နင့္ဆီေရာက္လာၾကေတာ့မယ္ နင္အျပစ္အတြက္ ျပင္ဆင္ထားေတာ့"လို႔ေျပာၿပီး ျပတင္းေပါက္ကေန လွစ္ခနဲ ခုန္ခ်ၿပီး ထြက္ေျပးသြားတယ္။ အ႐ြယ္နဲ႔မလိုက္ေအာင္ေပါ့ပါးေနတဲ့ ကရင္အဖိုးႀကီးကိုျမင္ေတာ့ ကြၽန္ေတာ္ ပါးစပ္အေဟာင္းသားျဖစ္ခဲ့ရတယ္။ဆရာက အ့ံၾသဟန္မျပပဲ အမ်ိဳးသမီးကိုၾကည့္ၿပီး - "အမိျဖစ္စဥ္အစအဆုံးကို က်ဳပ္ကိုေျပာျပပါ ဒါမွက်ဳပ္ဘာလုပ္သင့္တယ္ဆိုတာ ဆုံးျဖတ္လို႔ရမွာ"လို႔ေျပာေတာ့ အမ်ိဳးသမီးက ပါးထက္မွာက်ေနတဲ့ မ်က္ရည္ေတြကိုသုတ္လိုက္ၿပီး - "ငါကဒီ႐ြာမွာပဲေမြးတာ ငါမေမြးခင္က ငါ့အမိုးက ဒီ႐ြာရဲ႕အႀကီးအကဲတစ္ေယာက္ပဲ ငါတို႔ငယ္ငယ္တုန္းက ဒီေနရာကိုအျပင္လူသူစိမ္းေတြဝင္လို႔မရဘူး ဝင္တာနဲ႔သတ္ျပစ္ၾကတယ္ ငါ့အမိုးကိုဆိုရင္ ႐ြာကလူေတြေၾကာက္ၾကတယ္ ငါ့အမိုးရဲ႕စကားက အရမ္းအစြမ္းထက္တယ္ သူစိတ္ဆိုးလို႔ေျပာလိုက္တဲ့စကားတိုင္း တကယ္ျဖစ္တယ္ ငါ့အပါးကိုလဲသူပဲသတ္ခဲ့တာ ငါမွတ္မိေနေသးတယ္ အဲဒီေန႔က ငါအိမ္ေအာက္မွာ.ကစားေနတယ္ အမိုးနဲ႔အပါး ရန္ျဖစ္ေတာ့ အမိုးက အပါးကို နင္ေတာထဲသြားရင္ က်ားကိုက္ၿပီးေသပါေစလို႔ ေျပာခဲ့တယ္ အပါးလဲ ေနာက္ေန႔ေတာထဲထင္းခုတ္သြားေတာ့ အမိုးေျပာတဲ့အတိုင္း.က်ားကိုက္ၿပီးေသခဲ့တယ္ အဲဒီထဲက ငါအမိုးကိုေၾကာက္ခဲ့ရတယ္ ငါ့အသက္၁၀ႏွစ္ေလာက္ေရာက္ေတာ့ အမိုးက ငါ့ကိုေျပာတယ္ လာမယ့္လျပည့္ေန႔ မအိပ္နဲ႔တဲ့ သန္းေခါင္ၾကက္တြန္တာနဲ႔ ငါလာေခၚမယ္လို႔ေျပာတယ္။ လျပည့္ေနေရာက္ေတာ့ မနက္ထဲက အမိုးကို ငါမေတြ႕ရဘူး ငါလဲ ေၾကာက္ေၾကာက္နဲ႔ မအိပ္ရဲပဲ ထိုင္ေစာင့္ေနခဲ့တယ္။ ညသန္းေခါင္ၾကက္တြန္တဲ့အသံၾကားၿပီးတာနဲ႔ ငါတို႔အိမ္ရဲ႕ေခါင္မိုးေပၚမွာ လူတစ္ေယာက္လမ္းေလ်ာက္ေနတဲ့အသံကို ငါၾကားလိုက္ရတယ္ ေျခသံက ေခါင္မိုးေပၚကေန တစ္ေျဖးေျဖးဆင္းလာၿပီး ျပတင္းေပါက္နားေရာက္ေတာ့ ေျခသံမၾကားရေတာ့ဘူး ငါလဲေၾကာက္ေၾကာက္နဲ႔ ျပတင္းေပါက္အနားသြားၾကည့္ေတာ့ ေခါင္မိုးေပၚကေန ေဇာက္ထိုးႀကီးဆင္းလာတဲ့ အမိုးကိုျမင္လိုက္ရတယ္ ငါလဲ႐ုတ္တရက္ဆိုေတာ့ လန္႔ၿပီးသတိလစ္သြားတယ္ ငါသတိရလာေတာ့ ကြင္းျပင္ႀကီးတစ္ခုရဲ႕အလယ္ကိုေရာက္ေနပီ။ အမိုးက ငါ့ပခုံးကိုကိုင္ၿပီး မီးတိုင္ေလးခုရဲ႕ အဘယ္မွာမတ္တပ္ရပ္ေနတယ္ မီးတိုင္ေလးတိုင္ရဲ႕အျပင္မွာေတာ့ လူအေယာက္၁၀၀ေလာက္ထိုင္ေနၾကတာ ငါျမင္လိုက္ရတယ္။ အဲဒီထဲမွာ ငါတို႔႐ြာက လူတစ္ခ်ိဳ႕ကိုလဲ ငါျမင္လိုက္ရတယ္။ အမိုးက ဘာမွမေျပာပဲ ငါ့ပခုံးကိုပဲကိုင္ထားတယ္ အဲဒီအခ်ိန္ ငွက္ဆိုးတစ္ေကာင္ရဲ႕ ေအာ္သံကိုငါၾကားလိုက္တယ္ ငွက္ဆိုးေအာ္သံအဆုံးမွာေတာ့ အမိုးက ငါ့လက္ႏွစ္ဘက္ကို ကိုင္ေျမႇာက္ၿပီး ေအာက္မွာထိုင္ေနတဲ့သူေတြနဲ႔ တစ္ေယာက္ခ်င္းမိတ္ဆက္ေပးခဲ့တယ္။ ငါတို႔ပညာရဲ႕သေဘာက ႀကိဳက္တဲ့သူကိုလႊဲေပးလို႔ရတာပဲ။ အမိုးက သူ႔ပါးစပ္ထဲက နီရဲေနတဲ့အလုံးတစ္လုံးကို အန္ထုတ္ၿပီး ငါ့ပါးစပ္ထဲကို ထည့္ေပးခဲ့တယ္။ ငါ့ဗိုက္ထဲအဲဒီအလုံးေရာက္တာနဲ႔ အမိုးကအ႐ုပ္ႀကိဳးျပတ္လဲက်သြားတယ္ ေနာက္မွငါသိရတာက အမိုးကငါ့ကိုသူ႔ပညာေတြလႊဲၿပီး ႐ြာနီးခ်ဳပ္စပ္က ပညာသည္ေတြကို အုပ္ခ်ဳပ္ခိုင္းခဲ့တာ အဲဒီေနရာမွာပဲ အမိုးေသသြားတယ္ ငါလဲပညာေတြကိုဘယ္လိုသုံးရမွန္းမသိခဲ့ဘူး အမိုးကသူ႔ပညာေတြအကုန္ေပးသြားတယ္လို႔ အဖူးထီးေကာ္ေျပာတယ္.ခုနကလာတဲ့အဖူးက ငါ့အမိုးရဲ႕ လက္ရင္းတပည့္ပဲ ေနာက္ေတာ့ ငါက အိမ္ေထာင္က်ၿပီး ကေလးတစ္ေယာက္ရခဲ့တယ္ ငါ့စကားကိုဆိုရင္ တစ္႐ြာလုံးနာခံၾကတယ္ ငါ့ကိုမခန္႔ေလးစားလုပ္တဲ့သူဆိုရင္ အဖူးထီးေကာ္က မွတ္သားေလာက္ေအာင္ ဆုံးမတတ္တယ္ ဒီလိုနဲ႔ငါကေလးေမြးၿပီး သုံးႏွစ္ေလာက္မွာ အဖူးထီးေကာ္က ငါ့ကိုေျပာတယ္ ငါ့ပညာေတြသုံးၿပီး လူ၁၂ေယာက္ကိုသတ္ရမယ္တဲ့ အဲဒါမွငါက ဝမ္းတြင္း၁၂ႀကိဳးျဖစ္မယ္လို႔ေျပာတယ္ ငါအဲလိုလူမသတ္ခ်င္ဘူး ငါမလုပ္ႏိုင္ဘူးေျပာေတာ့ အဖူးထီးေကာ္က နင္မလုပ္လဲ နင့္ရဲ႕ႏႈတ္ကအလိုလိုလုပ္သြားမယ္လို႔ေျပာတယ္ အဲဒီေန႔ကစၿပီး ငါ့စိတ္ကအလိုလို ေဒါသထြက္လာမိတယ္ ငါ့ေယာက်ၤားက အဲဒီအခ်ိန္ ေတာထဲေရာက္ေနတယ္.အိမ္မွာဖိုးမူနဲ႔ငါနဲ႔ပဲက်န္ခဲ့တယ္ အဲဒီေန႔က.ဖိုးမူကအရမ္းငိုတယ္ ငါကလဲေဒါသထြက္ေနတဲ့အခ်ိန္ ဖိုးမူက လဲငိုေတာ့ ဒီကေလးေသကိုမေသႏိုင္ဘူး ျမန္ျမန္ေသ ငါနားေတြပူလွပီလို႔ ပါးစပ္က႐ုတ္တရက္ထြက္သြားတယ္ ငါလဲအမႈမဲ့အမွတ္မဲ့ေနလိုက္တာ ေနာက္ေန႔လဲေရာက္ေရာ ငါ့သမီးက အျပင္းဖ်ားေရာ ဘယ္ဆရာနဲ႔မွကုမရဘူး ေရာဂါလဲရွာမရဘူး ငါလဲ ဘာေၾကာင့္ျဖစ္တယ္ဆိုတာမသိခဲ့ဘူး ေနာက္ဆုံးေတာ့ ငါ့သမီးေလးေသခဲ့ရတယ္ ငါ့သမီးေလးေသတဲ့ေန႔မွ အဖိုးထီးေကာ္က နင့္ႏႈတ္ကထြက္တဲ့စကားေၾကာင့္ နင့္သမီးေသတာလို႔ေျပာတယ္ ငါလဲဘာလို႔ငါ့ကိုမေျပာလဲလို႔ေမးေတာ့ သူ႔မွာေျပာခြင့္မရွိဘူးတဲ့ ငါ့ရဲ႕အမိန္႔ကိုဘယ္သူမွျပန္ေျပာပိုင္ခြင့္မရွိဘူးလို႔ေျပာတယ္ အဲဒီေန႔ထဲက ငါလူေတြနဲ႔စကားမေျပာပဲေနလာခဲ့တာ ငါ့ေယာက်ၤား နင္တို႔ကိုဖမ္းလာေတာ့ နင္တို႔ကိုယ္ထဲက ထြက္တဲ့အလင္းက ငါ့ကိုလာထိတယ္ အဲဒီထဲက နင္တို႔ဆရာေတြဆိုတာရိပ္မိခဲ့တယ္ ဒါေၾကာင့္ နင္တို႔ကိုငါစမ္းခဲ့တာ နင္တို႔ဆီပို႔ခဲ့တဲ့ ဟင္းေတြက ငါမေျပာင္းမခ်င္း ဘယ္ပညာသည္မွေျပာင္းလို႔မရဘူး ဒါေပမယ့္ နင္တို႔က လက္ဖဝါးနဲ႔သပ္ခ်႐ုံနဲ႔ သိခဲ့တယ္ ဒါေၾကာင့္ နင္တို႔ကိုဒီကိုေခၚလာဖို႔ ေျပာခဲ့ရတာ ။ ငါ့ပညာေတြကို ထုတ္ေပးၾကပါ ငါသာမန္လူလိုပဲေနခ်င္တယ္ အခုဆို ငါကေလးထပ္မယူရဲဘူး ငါအရင္လိုေျပာမိမွာေၾကာက္ေနတယ္ ငါ့ကိုကူညီေပးၾကပါ"လို႔ေျပာေတာ့ ဆရာက - "အမိရဲ႕ပညာကိုထုတ္ဖို႔ကေတာ့ လြယ္ပါတယ္ ဒါေပမယ့္ အမိရဲ႕ပညာကိုယူရင္ အမိရဲ႕ငယ္သားေတြကအုံႂကြလာလိမ့္မယ္ အဲဒီျပသနာကိုငါတို႔ေျဖရွင္းၾကရမယ္ အမိကိုတစ္ခုေျပာခ်င္တာက အမိရဲ႕ပညာကိုႏႈတ္ဖို႔ေသခ်ာခဲ့ရင္ ဒီစည္းဝိုင္းထဲကေန အျပင္ကို မထြက္ပါနဲ႔ - ျဖစ္ႏိုင္ရင္မ်က္လုံးကိုေသခ်ာစည္းထားေပးပါ ဘာသံၾကားၾကား လုံးဝဖြင့္မၾကည့္ပါနဲ႔" လို႔ေျပာေတာ့ နန္းခင္ဆိုတဲ့အမ်ိဳးသမီးက - "ဆရာတို႔ေျပာတဲ့အတိုင္း ငါလုပ္မွာငါသာမန္လူျပန္ျဖစ္ရင္ရပီ" လို႔ေျပာေတာ့ဆရာက "ဒါဆိုရင္စၾကမယ္ မစခင္ အမိလုပ္ရမွာက ေမးတာကို မလိမ္ဘဲမွန္မွန္ကန္ကန္ေျဖေပးဖို႔ပဲ အမိ ဒီပညာရပ္ေတြကို အမွန္တကယ္စြန္႔လႊတ္ဖို႔ဆႏၵရွိလား" "ဟုတ္တယ္ ငါစြန္႔လႊတ္ဖို႔ဆႏၵရွိတယ္" ဆရာကသုံးႀကိမ္တိတိေမးေတာ့ နန္းခင္က သုံးႀကိမ္တိတိျပန္ေျဖတယ္။ သုံးႀကိမ္ၿပီးတဲ့အခ်ိန္မွာေတာ့ ဆရာက နန္းခင္ကိုစည္းထဲဝင္ခိုင္းၿပီး.မ်က္လုံးကို အဝတ္စနဲ႔စည္းခိုင္းထားလိုက္တယ္။ စည္းထဲေရာက္တာနဲ႔ ဆရာက အထက္ဆရာႀကီးေတြနဲ႔ ဂိုဏ္းေစာင့္ပုဂၢိဳလ္အေပါင္းကိုတိုင္တည္ၿပီး ေရတစ္ခြက္ကို မန္းလိုက္တယ္။ မန္းလို႔ရတဲ့ေရကို နန္းခင္ကိုတိုက္ဖို႔ ကြၽန္ေတာ့့ကိုခိုင္းတယ္။ ကြၽန္ေတာ္လဲနန္းခင္ကိုေရမန္းတိုက္ၿပီးအေျခအေနကို ေစာင့္ၾကည့္ေနလိုက္တယ္။ ေရမန္းတိုက္ၿပီးခဏေနေတာ့ နန္းခင္လႈပ္လႈပ္႐ြ႐ြျဖစ္လာတယ္။ လက္တစ္ဖက္က ရင္ဘတ္ကိုဖိၿပီး ပ်ိဳ႕သလိုျဖစ္လာတာျမင္လိုက္ရတယ္။ သိပ္မၾကာခင္ ပါးစပ္ထဲက အခြၽဲေတြထြက္လာၿပီး တစ္စုံတစ္ခုကိုအံထုတ္လိုက္တယ္။ အန္ထြက္လာတဲ့အရာက ဘာလဲဆိုတာကိုၾကည့္လိုက္ေတာ့ ေသြးစိမ္းရွင္ရွင္ျဖစ္ေနတဲ့အမဲသားတုံးႀကီး၊ လက္သီးဆုပ္ေလာက္ရွိတဲ့အမဲသားတုံးႀကီးက အခုမွဖ်က္ထားသလို ေသြးသံတရဲရဲျဖစ္ေနတာကို ျမင္လိုက္ရတယ္။ ပထမအတုံးထြက္လာတဲ့အခ်ိန္မွာပဲ အိမ္အျပင္ဘက္မွာ ႐ုတ္တရက္ဆိုသလို ေအာ္ဟစ္ႀကိမ္းဝါးသံေတြ ထြက္ေပၚလာတယ္။ ကြၽန္ေတာ္လဲအိမ္အျပင္ဘက္ကိုေခ်ာင္းၾကည့္လိုက္ေတာ့ အ႐ြယ္စုံေယာက်ၤားမိန္းမေတြကို ေတြ႕လိုက္ရတယ္။ အားလုံးက အိမ္ေပၚမွာရွိေနတဲ့ ကြၽန္ေတာ္တို႔ကို မီးပြင့္မတတ္စိုက္ၾကည့္ၿပီး အံႀကိတ္ထားၾကတာကိုျမင္လိုက္ရတယ္။ ကြၽန္ေတာ္က ေယာက္ယက္ခတ္ေနေပမယ့္ ဆရာကေတာ့ သူ႔ရဲ႕အလုပ္ကိုဆက္လုပ္ေနတယ္။ ေရစင္တစ္ခြက္တိုက္ၿပီးတိုင္း အမဲသားတစ္တုံးက နန္းခင္ရဲ႕ပါးစပ္ကေန အန္အန္ထြက္လာတာ အခုဆိုရင္ သုံးတုံးျဖစ္ေနပီ။ ေလးတုံးေျမာက္မွာေတာ့ အိမ္ေအာက္ကလူအုပ္ထဲကေန " နန္းခင္ နင္ကငါတို႔နဲ႔မသက္ဆိုင္ေတာ့ဘူး - နင့္ကိုလဲငါတို႔လက္မခံေတာ့ဘူး နင့္ကိုအခုလိုလုပ္ေပးတဲ့သူေတြလဲ ဒီ႐ြာကေနေပးမထြက္ႏိုင္ဘူး နင့္လင္ကိုေရာ နင့္ကိုေရာ အကုန္လုံးကိုငါတို႔သတ္မယ္ ငါတို႔ရဲ႕မ်ိဳးႏြယ္အတြက္အရွက္ရေစတဲ့နင္တို႔ကို ငါတို႔သတ္မယ္" လို႔ေအာ္ဟစ္ၿပီး အိမ္ေပၚကိုေျပးတက္လာခဲ့တယ္။ အိမ္ေပၚေလွကားသုံးဆင့္ေလာက္လဲေရာက္ေရာ "ေဖာင္း"ဆိုတဲ့အသံနဲ႔အတူ တက္လာတဲ့သူေနာက္ျပန္ ပစ္လဲက်ပါေလေရာ။ ဆရာက ပညာမထုတ္မွီ အိမ္ေလွကားတစ္ဝိုက္ကိုစည္းခ်ထားၿပီၿပီဆိုတာ ကြၽန္ေတာ္သိလိုက္ရတယ္။ ကြၽန္ေတာ္လဲ ဘာဆက္ျဖစ္မလဲ ဆက္ၾကည့္ေနလိုက္တယ္။ နန္းခင္ရဲ႕ ပညာေတြက တစ္တုံးခ်င္းက်လာေလေလ အိမ္ေအာက္က လူေတြက ပိုၿပီးေသာင္းက်န္းလာေလေလပဲ။ ေျခာက္တုံးေျမာက္အန္က်တဲ့အခ်ိန္မွာေတာ့ ကြၽန္ေတာ့္နားထဲမွာ ဝွီးဝွီးဝွီးဆိုတဲ့ေလတိုးသံေတြကို ၾကားလိုက္ရတယ္။ မေရွးမေႏွာင္းမွာပဲ အိမ္ေခါင္မိုးေပၚကို က်လာတဲ့ ခဲလုံးေတြ၊ ခဲလုံးေတြက ေတာင္ထန္းလက္မိုးထားတဲ့ အိမ္အမိုးကိုေဖာက္ၿပီး ကြၽန္ေတာ္တို႔နဲ႔မလွမ္းမကမ္းေနရာအထိ ေရာက္လာခဲ့တယ္။ ဆရာကေတာ့ ဂ႐ုမစိုက္ပဲ ေရစင္ကိုသာ တစ္ခြက္ၿပီးတစ္ခြက္မန္းေပးေနတယ္။ ကြၽန္ေတာ္နဲ႔ေတာက္ရကေတာ့ ပတ္ဝန္းက်င္ကိုၾကည့္လိုက္ နန္းခင္ကိုၾကည့္လိုက္နဲ႔ အလုပ္ရႈပ္ေနခဲ့တယ္။ လူအုပ္ႀကီးကေတာ့ တားထားတဲ့စည္းထဲကိုဝင္လို႔မရပဲ အျပင္ကေနအရာဝတၱဳေတြနဲ႔လွမ္းပစ္ေနခဲ့တယ္။ ဆရာလဲ.လူအုပ္ႀကီးကိုအေလးမထားပဲ နန္းခင္ရဲ႕ပညာေတြကုန္ေအာင္သာထုတ္ေပးေနခဲ့တယ္။ နန္းခင္ကိုယ္ထဲကေန အန္ထြက္လာတဲ့အမဲသားတုံးေတြက စုစုေပါင္း၈တုံးတိတိရွိေနခဲ့ၿပီ၊ အခုလဲေနာက္တစ္ႀကိမ္ထပ္ၿပီးပ်ိဳ႕ေနေသးတယ္။ ကြၽန္ေတာ္လဲဘယ္ႏွစ္တုံးေလာက္ထပ္အန္ထြက္မလဲၾကည့္ေနတဲ့အခ်ိန္ "ေဝါ့"ဆိုတဲ့အသံနဲ႔အတူ အမဲသားတစ္တုံးထပ္ၿပီးအန္ထြက္လာခဲ့တယ္။ အမဲသားတုံးထြက္ၿပီးတာနဲ႔တစ္ၿပိဳင္နက္ ညိဳပုတ္ပုတ္အရည္ေတြကပါ ေဝါခနဲ ေဝါခနဲ အန္ထြက္လာတာကိုျမင္လိုက္ရတယ္။ ဆရာကေတာ့ နန္းခင္ကိုၾကည့္ၿပီး" အမိ မင့္ပညာေတြကုန္ၿပီလား"လို႔ေမးေတာ့ နန္းခင္က "ကုန္ေလာက္ပီလို႔ထင္တယ္ ငါရင္ထဲေပါ့သြားၿပီ"လို႔ျပန္ေျဖတယ္။ ဆရာလဲ ေရခြက္ထဲမွာ က်န္တဲ့ေရစက္ေတြနဲ႔ နန္းခင္မ်က္ႏွာကိုလွမ္းေတာက္လိုက္တယ္။ ဒါေပမယ့္နန္းခင္က ဘာမွမျဖစ္တာျမင္ေတာ့ ဆရာက" အမိ အခုခ်ိန္ကစၿပီး ဝမ္းထဲမွာဘာပညာမွမရွိေတာ့ဘူး သာမန္လူတစ္ေယာက္ျဖစ္သြားၿပီ သာမန္လူတစ္ေယာက္ျဖစ္သြားတယ္ဆိုေပမယ့္ အမိကိုေဒါသထြက္ေနၾကတဲ့ အိမ္ေအာက္ကလူအုပ္ႀကီးရဲ႕ အႏၲရာယ္ကရွိေသးတယ္ အမိတို႔လင္မယား ေကာင္းမြန္တဲ့ ဘဝကိုတူတူျဖတ္သန္းၾကပါ"လို႔ေျပာၿပီး လြယ္အိတ္ထဲကေန ေၾကးျပားေလးႏွစ္ခုကိုထုတ္လိုက္တယ္။ ထုန္လိုက္တဲ့ေၾကးျပားေလးကိုမန္းၿပီး လင္မယားႏွစ္ေယာက္ကို တစ္ေယာက္တစ္ခုဆီေပးလိုက္တယ္။ နန္းခင္တို႔လင္မယားလဲ ေၾကးျပားေလးကိုယူၿပီး လက္ထဲမွာဆုပ္ကိုင္ထားလိုက္ၾကတယ္။ နန္းခင္တို႔လက္ထဲ ေၾကးျပားေလးေရာက္တာနဲ႔ဆရာက "အမိတို႔လင္မယား ဒီအိမ္ေပၚကေန တစ္လက္မမွမေ႐ြ႕ၾကနဲ႔ အိမ္ေအာက္မွာရွိတဲ့ သူေတြကိုဆုံးမဖို႔က်န္ေသးတယ္ သူတို႔ရွိေနသေ႐ြ႕အမိတို႔အသက္အႏၲရာယ္ကိုဒုကၡေပးၾကလိမ့္မယ္"လို႔ေျပာေတာ့ နန္းခင္ရဲ႕ေယာက်ၤားျဖစ္သူက "ဒီလူေတြထဲမွာ ႐ြာကမဟုတ္တဲ့သူေတြလဲပါတယ္ အရင္ကသူတို႔ကိုမျမင္ဘူးဘူး အဖူးထီးေကာ္ဆိုတာလဲ အရင္က နန္းခင္ကိုထိန္းလာတဲ့သူဆိုေတာ့ အသက္ကိုရန္ရွာမယ္ဆိုတာျဖစ္ႏိုင္ပါ့မလား"လို႔ေမးေတာ့ဆရာက "မယုံရင္ဆင္းသြားၾကည့္ေလ အခုခ်ိန္က သူတို႔ရဲ႕မ်ိဳးႏြယ္ထဲကေနထြက္ခြာသြားတဲ့အတြက္ သူတို႔ရဲ႕စည္းမ်ဥ္းစည္းကမ္းအရ နန္းခင္ကိုသတ္ၾကမွာပဲ နန္းခင္ပဲလားဆိုေတာ့မဟုတ္ေသးဘူး မင္းကိုေရာ ငါတို႔ကိုပါသတ္ခ်င္ေနၾကတာ အဲဒါေၾကာင့္ ဒီျပသနာေတြကို ရွင္းမွ ငါတို႔ဆက္လက္ရွင္သန္ႏိုင္မွာ"လို႔ေျပာေတာ့ လက္နက္ကိုင္ေခါင္းေဆာင္က ၿငိမ္က်သြားတယ္။ ဆရာက စည္းအတြင္းကေနအျပင္ကိုမထြက္ဖို႔နဲ႔ ကြၽန္ေတာ္တို႔ကိုလဲ နန္းခင္တို႔လင္မယားအနားမွာပဲေနဖို႔မွာၾကားၿပီး အိမ္ေပၚကေန တစ္ေယာက္ထဲဆင္းသြားတယ္။ ကြၽန္ေတာ္လဲ ေတာက္ရကိုလွည့္ၾကည့္ၿပီး "ေတာက္ရ ငါတို႔ေတာ့ပြဲႀကီးပြဲေကာင္းေတာ့ျမင္ရၿပီ ဒါမ်ိဳးကျမင္ရခဲတယ္ ၾကည့္ထား"လို႔ ေျပာလိုက္မိတယ္။ ဆရာက အိမ္ေပၚကေန ေျဖးေျဖးခ်င္းဆင္းသြားတာျမင္ေတာ့ လူအုပ္ႀကီးက ပိုၿပီးလႈပ္ရွားလာတယ္။ ကရင္လိုေအာ္ဟစ္ေနတဲ့အသံေတြက ဆူညံလာခဲ့တယ္။ ဆရာလဲအိမ္ေလွကားေအာက္ကိုေရာက္ေရာ လူအုပ္ထဲက ထြက္လာတဲ့ စက္ေတြ။ ႐ႊီး ႐ႊီး ႐ႊီးနဲ႔ ဆရာဆီကို ေျပးဝင္လာတာကို ကြၽန္ေတာ္ျမင္လိုက္ရတယ္။ ညဘက္အိမ္ဝိုင္းပတ္လည္မွာထြန္းထားတဲ့ မီးတိုင္အေရာင္ေၾကာင့္ ေလထဲကေနဝင္လာတဲ့ စက္အေရာင္ေတြကို ကြၽန္ေတာ္အတိုင္းသားျမင္ေနရတယ္။ ဆရာရင္ၫြန္႔တည့္တည့္ကိုေျပးဝင္လာတဲ့ စက္ေတြက ဆရာ့လက္တစ္ကမ္းလိုအေရာက္မွာ ရပ္သြားတာျမင္လိုက္ရတယ္။ အေရာင္အေသြးစုံလင္လွတဲ့စက္ေတြက သာမန္လူေတြမျမင္ရေပမယ့္ ကြၽန္ေတာ္တို႔လို အထက္လမ္းပညာကိုလိုက္စားေနတဲ့သူေတြကေတာ့ ျမင္ေနရတယ္။ လူအေယာက္ေပါင္းမ်ားစြာက ပစ္လႊတ္လိုက္တဲ့စက္ေတြကိုဆရာက သူ႔ရဲ႕ဘယ္ဘက္လက္နဲ႔ လွမ္းတားထားတာကိုလဲျမင္လိုက္ရတယ္။ ဒါေၾကာင့္စက္ေတြအားလုံးရပ္ကုန္တာ။ ဆရာက တားထားတဲ့စက္ေတြကို ဘယ္ဘက္လက္ဖဝါးနဲ႔ ေဘးကိုလႊဲပစ္လိုက္တယ္။ စက္ေတြအားလုံး ေဘးဘက္မွာရွိတဲ့ သစ္ပင္ေတြကို သြားထိေတာ့ ေျဖာင္းေျဖာင္းေျဖာင္း ဆိုတဲ့အသံေတြနဲ႔အတူ အကိုင္းအခက္ေတြ ပင္စည္ေတြစုတ္ျပတ္ကုန္တယ္။ သစ္ပင္ေတြေတာင္ဒီလိုျဖစ္သြားတယ္ဆိုရင္ သာမန္လူေတြဆိုရင္ ဘယ္လိုျဖစ္မယ္ဆိုတာ မေတြးရဲစရာပဲ။ ဆရာ စည္းအျပင္ကို ထြက္လာရင္ အေသသတ္ဖို႔ေတြးထားၾကတာကို မ်က္ဝါးထင္ထင္ျမင္လိုက္ရတယ္။ သူတို႔ရဲ႕စက္ေတြနဲ႔ပစ္လႊတ္ေပမယ့္ ဆရာဘာမွမျဖစ္တာျမင္ေတာ့ ေနာက္တစ္နည္းနဲ႔သတ္ဖို႔ႀကိဳးစားၾကျပန္တယ္။ ႐ုတ္တရက္ဆိုသလို ဆရာရပ္ေနတဲ့ေျမႀကီးထဲကေန အခိုးေငြ႕ေတြထြက္လာခဲ့တယ္။ ဆရာပတ္ပတ္လည္အခိုးေငြ႕ေတြထြက္လာၿပီး မီးေတာက္တစ္ခုက ဝုန္းဆိုထေတာက္ပါေလေရာ။ လူတစ္ရပ္ခန္႔ျမင့္တဲ့မီးေတာက္ႀကီးက ဆရာပတ္ပတ္လည္မွာ အရွိန္အဟုန္နဲ႔ေလာင္ၿမိဳက္ေနတာ ဆရာကိုမျမင္ရေတာ့ဘူး။ကြၽန္ေတာ္ကဆရာအစြမ္းကို သိေနတဲ့သူဆိုေတာ့ မအ့ံၾသေပမယ့္ နန္းခင္တို႔လင္မယားက ဆရာအတြက္စိတ္ပူေနၾကတယ္။ နန္းခင္က ဆရာကိုၾကည့္ၿပီး "ဒါ အႏၲရာယ္မ်ားတယ္ေနာ္ ျဖစ္ပါ့မလား နင္တို႔ဆရာ ေသေနဦးမယ္"လို႔စိုးရိမ္တႀကီးလွမ္းေျပာလာတယ္။ ကြၽန္ေတာ္လဲ "စိတ္မပူနဲ႔ဆရာက ဒီေလာက္ကိုကာကြယ္ႏိုင္ပါတယ္"လို႔ေျပာရင္း ဆရာ့အေျခအေနကို ဆက္ၾကည့္ေနလိုက္တယ္။ မီးေတာက္အရွိန္က တစ္ေျဖးေျဖးေလ်ာ့က်လာၿပီး လူအုပ္ႀကီးက မီးေတာက္ထဲကို လိုက္ၾကည့္ေနတာကိုျမင္လိုက္ရတယ္။ မီးေတာက္လဲၿငိမ္းေရာ အလယ္မွာဆရာ့ကိုမေတြ႕ရေတာ့ဘူး။ လူအုပ္ႀကီးက ဆရာကိုမေတြ႕ေတာ့ဝမ္းသာအားရ ေအာ္ဟစ္ေနၾကတာကိုျမင္လိုက္ရတယ္။ နန္းခင္က "နင္တို႔ဆရာေသပီလို႔ေျပာေနၾကတယ္ ခုနက ဒီထဲမွာရွိေနတာ အခုမရွိေတာ့ဘူး နင္တို႔ဆရာျပာက်သြားတာလား"လို႔ေမးေတာ့ကြၽန္ေတာ္က" မျဖစ္ႏိုင္ပါဘူး ခဏေတာ့ေစာင့္ၾကည့္ဦး"လို႔ေျပာရင္း ဆရာဘယ္ကေနျပန္ေပၚလာမလဲဆိုတာကိုလိုက္ၾကည့္ေနမိတယ္။ လူအုပ္ႀကီးကလဲဆရာေသၿပီလို႔ထင္ၿပီး တဟားဟားတဝါးဝါးနဲ႔ ပြဲက်ေနတဲ့အခ်ိန္ ေကာင္းကင္ကေန ဖ်တ္ခနဲအလင္းတန္းတစ္ခု က်လာတာကို ကြၽန္ေတာ္ျမင္လိုက္ရတယ္။ အလင္းတန္းု လူအုပ္ႀကီးရဲ႕အေပၚတည့္တည့္ကေန က်လာတာ ကြၽန္ေတာ္မ်က္လုံးကိုျပဴ းၿပဲၿပီးၾကည့္လိုက္ေတာ့ ေကာင္းကင္ကေန က်လာတဲ့လွံပ်ံေတြကို ေတြ႕လိုက္ရတယ္။ ေ႐ႊေရာင္ဝင္းလက္ေနတဲ့ လွံအစင္းေပါင္းမ်ားစြာက လူအုပ္ႀကီးအေပၚမွာမိုးထားၿပီးသား ျဖစ္ေနတယ္။ လွံပ်ံေတြရဲ႕အေပၚမွာေတာ့ ပိုက္ကြန္ကိုဘယ္လက္နဲ႔ကိုင္ထားၿပီး ညာလက္နဲ႔ လွံပ်ံေတြကို အမိန္႔ေပးေနတဲ့ ပုဂၢိဳလ္ေတြကိုျမင္လိုက္ရတယ္။ လူအုပ္ႀကီးလဲ ႐ုတ္တရက္ျမင္လိုက္ရေတာ့ ေၾကာင္ေတာင္ေတာင္ျဖစ္ေနဟန္တူပါတယ္ အထူးအဆန္းအေနနဲ႔လိုက္ၾကည့္ေနတာကိုေတြ႕လိုက္ရတယ္။ လွံအစင္းေပါင္းမ်ားစြာက အေပၚကေနခ်ိန္ထားတဲ့အခ်ိန္ လူအုပ္ႀကီးရဲ႕ေဘးပတ္ပတ္လည္မွာ ေငြေရာင္တဖိတ္ဖိတ္ေတာက္ေနတဲ့ ငွက္ႀကီးေတာင္ဓားေတြကို ကိုင္ထားတဲ့ သူေတြေပၚလာခဲ့တယ္။ လွံပိုင္ ဓားပိုင္ေတြေပၚလာၿပီးတဲ့အခ်ိန္မွ ဆရာက လူအုပ္ႀကီးရဲ႕အေနာက္ကေန ေပၚလာခဲ့တယ္။ ဆရာအေနာက္မွာေတာ့ ေခါင္းေပါင္းအနီေတြကိုယ္စီပတ္ထားၿပီး လက္ထဲမွာ ေငြမွ်င္ေရာင္ႀကိဳးေခြေတြကိုင္ထားတဲ့ သူေတြကိုလဲျမင္လိုက္ရတယ္။ လူအုပ္ႀကီးက ဆရာကိုျမင္ေတာ့ "သူမေသေသးဘူး သူ႔လူေတြကိုေခၚလာတာေနမွာ တိုက္ၾကေဟ့"လို႔ေအာ္တဲ့အခ်ိန္ ဆရာအေနာက္မွာ ရပ္ေနတဲ့သူေတြက လက္ထဲကေန ႀကိဳးေခြေတြကို ပစ္လႊတ္လိုက္တယ္။ ပစ္လႊတ္လိုက္တဲ့ ႀကိဳးေခြေတြက လူအုပ္ႀကီးထဲမွာပါတဲ့ လူအေရအတြက္အတိုင္း ခြဲထြက္ၿပီး ရစ္ပတ္သြားတယ္။ ေငြမွ်င္ေရာင္ ႀကိဳးေတြရစ္ပတ္ၿပီးတဲ့အခ်ိန္မွာ အေပၚကေန ပိုက္ကြန္ကိုင္ထားတဲ့သူေတြက ပိုက္ကြန္ေတြကို အသင့္အေနအထားလုပ္ၿပီးေစာင့္ေနၾကတယ္။ ႀကိဳးေတြနဲ႔ခ်ည္ခံထိထားတဲ့သူေတြထဲမွာ တစ္ခ်ိဳ႕ေတြက ခ်ည္ထားတဲ့ ႀကိဳးေခြေတြကိုျပတ္ေအာင္႐ုန္းႏိုင္တာကိုလဲ ျမင္လိုက္ရတယ္။ ႀကိဳးျပတ္တာနဲ႔တစ္ၿပိဳင္နက္ အ ေပၚမွာရွိေနတဲ့ ပိုက္ကြန္ေတြက ေနာက္တစ္ဆင့္ထပ္ခ်ဳပ္ထားလိုက္တယ္။ လွံတံေတြကလဲ အေပၚကေန ငယ္ထိပ္တည့္တည့္ကိုခ်ိန္႐ြယ္ပီးသား ဒီတစ္ခါရန္ျပဳရင္ ငယ္ထိပ္ကို တကယ္ထိုးမယ့္ပုံစံ။ ဆရာက ဖမ္းထားတဲ့သူေတြကို ပညာေတြအပ္မလားေမးတယ္။ ဒါေပမယ့္သူတို႔က မအပ္ဘူးပဲေျပာၾကတယ္။ ဘယ္လိုေခ်ာ့ၿပီးေမးေမး၊ ေျခာက္ၿပီးေမးေမး မအပ္ဘူးဆိုတာႀကီးပဲ။ ဘယ္လိုမွေဖ်ာင္းဖ်လို႔မရေတာ့တဲ့အေျခအေနေရာက္မွ ဆရာက ေနာက္ဆုံးစကားတစ္ခြန္းကိုေျပာလိုက္တယ္ "ငါကဘယ္သူ႔ကိုမွနာက်င္ေအာင္မလုပ္ခ်င္ဘူး - အခုမင္းတို႔ကလဲပညာမအပ္ဘူးဆိုေတာ့ ငါလဲအတင္းအၾကပ္မလုပ္ဘူး မင္းတို႔ကတိတစ္ခုေပးရမွာက ဒီ႐ြာကေနအေဝးဆုံးကိုထြက္သြားဖို႔ပဲ ေနာက္ၿပီး ဒီကေလးမနဲ႔သက္ဆိုင္သူေတြကိုအႏၲရာယ္မေပးဘူးဆိုတဲ့ ကတိတစ္ခုကိုလိုခ်င္တယ္ ေပးတယ္ဆိုရင္ ထိခိုက္နာက်င္ေအာင္မလုပ္ဘူး ဘယ္လိုလဲ ကတိေပးႏိုင္လား"လို႔ေမးေတာ့ လူအုပ္ႀကီးထဲကေန တီးတိုးစကားသံေတြထြက္လာခဲ့တယ္။ ဆရာလဲအေျခအေနကိုသေဘာေပါက္ၿပီး "သေဘာတူတယ္ဆိုတဲ့လူေတြ ဒီစည္းဝိုင္းထဲကို လာခဲ့ပါ"လို႔ေျပာၿပီး စည္းတစ္ခုကိုဝိုင္းလိုက္တယ္။ အဲဒီလိုခြဲထုတ္လိုက္ေတာ့ ခုနကလူအုပ္ႀကီးက အုပ္စုႏွစ္ခုထပ္ကြဲသြားတယ္။ သေဘာတူတဲ့သူနဲ႔သေဘာမတူတဲ့သူ။ ဆရာအစြမ္းကိုမ်က္ဝါးထင္ထင္ျမင္ေတြ႕လိုက္ရေတာ့ တစ္ခ်ိဳ႕ေတြက မႏိုင္ဘူးဆိုတာသိၿပီး စည္းဝိုင္းထဲကိုဝင္လာခဲ့ၾကတယ္။ တစ္ခ်ိဳ႕ေတြကေတာ့ ေခါင္းမာၿပီး စည္းဝိုင္းထဲကို မလာၾကဘူး။ ဆရာကေတာ့ စည္းဝိုင္းထဲဝင္လာတဲ့သူေတြကို သစၥာေရတိုက္ၿပီး ေဖာက္ဖ်က္က်ဴ းလြန္ပါက ျပာအတိမီးကြၽမ္းေလာင္ေစလို႔ အဓိဌာန္ခဲ့တယ္။ စည္းဝိုင္းထဲမလာတဲ့သူေတြကိုေတာ့ ဘာမွမဆိုေသးပဲ သစၥာေရတိုက္ၿပီးတဲ့သူေတြကို ဒီ႐ြာကေနအခုခ်က္ခ်င္းထြက္သြားေစခဲ့တယ္။ စည္းဝိုင္းထဲေရာက္ေနတဲ့သူေတြထဲက တစ္ခ်ိဳ႕က လမ္းေလ်ာက္ထြက္သြားၾကသလို၊ တစ္ခ်ိဳ႕က ေလေပၚပ်ံသြားၾကတာလဲရွိတယ္၊ တစ္ခ်ိဳ႕က ထဘီၿခဳံၿပီး လင္းတအသြင္ေျပာင္းကာပ်ံသြားၾကတာေတြလဲရွိတယ္။ စည္းဝိုင္းထဲက သူေတြကုန္ေတာ့မွ က်န္ေနတဲ့သူေတြဘက္ကို လွည့္လိုက္တယ္။ က်န္ရစ္တဲ့သူေတြကိုဦးေဆာင္ေနတာက အဖူးထီးေကာ္ဆိုတဲ့ကရင္အဖိုးႀကီးပဲ။ သူအပါအဝင္ လူ၁၀ေယာက္ေလာက္က်န္ခဲ့တယ္။ အားလုံးက သက္ႀကီး႐ြယ္အိုေတြပဲ။ နန္းခင္ကေတာ့ သူတို႔အားလုံးက နန္းခင္ရဲ႕အေမျဖစ္သူအားထားရတဲ့ လက္႐ုံးေတြျဖစ္ခဲ့တယ္လို႔ေျပာတယ္။ ဆရာလဲ ခ်ည္ထားတဲ့ ႀကိဳးေတြကို မျဖဳတ္ေပးပဲ ေနာက္ဆုံးအႀကိမ္ ေဖ်ာင္းဖ်ၾကည့္တယ္။ အေျဖကေတာ့ ေခါင္းခါသည္ကလြဲၿပီး မရရွိခဲ့။ လုံးဝမရေတာ့တဲ့အတြက္ ဆရာဆုံးျဖတ္ခ်က္တစ္ခုကို ခ်လိုက္ၿပီး ေနာက္လွည့္ကာ ေသေအာင္ေတာ့မလုပ္ၾကနဲ႔ သက္ဆိုင္ရာပုဂၢိဳလ္ေတြဆီကိုအပ္ၿပီး ပညာေတြထုတ္လိုက္ၾကေတာ့ ပညာေတြမရွိေတာ့ရင္ လူအသိစိတ္ေပ်ာက္ေအာင္လုပ္ၿပီး ျပန္လႊတ္ေပးလိုက္ၾကလို႔အမိန္႔ေပးလိုက္တယ္ဆိုရင္ပဲ အလင္းတန္းတစ္ခုက ထိုသူေတြအေပၚကိုထိုးဆင္းလာခဲ့တယ္ အလင္းတန္းလဲေပ်ာက္သြားေရာ ခုနကရွိေနတဲ့လူေတြအားလုံးကို မေတြ႕ရေတာ့ဘူး နန္းခင္ကေတာ့ အိမ္ေပၚကေန ပညာေတြကိုစြန္႔လႊတ္ဖို႔ေအာ္ေျပာေနတဲ့အသံကို သူတို႔မၾကားႏိုင္ေတာ့ဘူး။ ဆရာလဲ အိမ္ေပၚကိုျပန္တက္လာၿပီး နန္းခင္စြန္႔လႊတ္ထားတဲ့ပညာတုံးေတြေပၚကို ေရစင္တစ္စက္ေတာက္ခ်လိုက္တယ္။ ေရစင္တစ္စက္ေတာက္ခ်လိုက္တာနဲ႔ ပညာေတြက ဟုန္းခနဲမီးထေတာက္ပါေလေရာ။ မီးေတာက္ႀကီးလဲၿငိမ္းေရာ အိမ္ၿခံစည္း႐ိုးေထာင့္ေလးဖက္ကေန ဝမ္းနည္းစြာငိုယိုတဲ့အသံနက္ႀကီးေပၚလာခဲ့တယ္။ နန္းခင္က အသံၾကားေတာ့ "ဒါ အမိုးအသံပဲ အမိုးက ဒီအိမ္မွာရွိေနတာလား အမိုးရွိေနေသးတာလား"ဆိုၿပီး စည္းထဲကေနထေျပးဖို႔အလုပ္ ဆရာက " ဒီအသံက အမိရဲ႕မိခင္အသံမဟုတ္ဘူး အမိကိုေနာက္ဆုံးအႀကိမ္ဒုကၡေပးဖို႔ ႀကိဳးစားတဲ့အသံပဲ အမိရဲ႕ပညာေတြအခုမွတကယ္ကုန္ဆုံးတာ ခုနကမီးေလာင္သြားေတာ့ အမိရဲ႕အမိုးထားခဲ့တဲ့ မေကာင္းတဲ့အေစာင့္ေတြက အမိကို ဒုကၡေပးဖို႔ ႀကိဳးစားတာပဲ စည္းထဲကေနအျပင္ထြက္ရင္ အမိစည္းေပါက္ၿပီ အမိရဲ႕လိပ္ျပာကိုႏႈတ္ဖို႔ ေနာက္ဆုံးလုပ္ေဆာင္တာ "လို႔ေျပာေတာ့မွ နန္းခင္ျပန္ထိုင္ခ်လိုက္တယ္။ ကြၽန္ေတာ္တို႔လဲ အခ်ိန္မဆိုင္းပဲ ၿခံနဲ႔အိမ္ပတ္လည္မွာ အင္းစမေတြျမႇပ္ၿပီး အေႏွာက္အယွက္ေတြမလာႏိုင္ေအာင္ စီမံေပးခဲ့ၾကတယ္ နန္းခင္တို႔လင္မယားႏွစ္ေယာက္ရဲ႕ နဖူးမွာလဲ အင္းစမေတြကို ေရးဆြဲေပးခဲ့တယ္။ ဒီစမေတြေၾကာင့္ သူတို႔ကိုဘယ္သူမွဒုကၡေပးလို႔မရႏိုင္ေတာ့ဘူး။ မီးေလာင္ျပာက်ထားတဲ့ ပညာေတြကိုေတာ့ ဆရာက သူကိုယ္တိုင္ေျမျမႇဳပ္ပစ္ခဲ့တယ္။ နန္းခင္တို႔လင္မယားႏွစ္ေယာက္လုံး ကြၽန္ေတာ္တို႔ဂိုဏ္းကိုယုံၾကည္ခဲ့ၾကတယ္။ ေနာက္ေန႔မွာေတာ့ ကြၽန္ေတာ္တို႔ ႐ြာကေန ထြက္ခဲ့ၾကတယ္။ နန္းခင္တို႔လင္မယားကေတာ့ ႐ြာထိပ္ထိလိုက္ပို႔ရင္း ေနာက္တစ္ေခါက္ႀကဳံရင္ဝင္လည္ဖို႔ တဖြဖြမွာေနရွာတယ္။ ႐ြာျပင္ကိုေရာက္ေတာ့ ခပ္လွမ္းလွမ္းမွာ ခုန္ေပါက္ၿပီးေျပးလာေနတဲ့ သူတစ္ခ်ိဳ႕ကိုျမင္လိုက္ရတယ္။ အနားေရာက္လို႔ေသခ်ာၾကည့္လိုက္ေတာ့ အဖူးထီးေကာ္နဲ႔အေပါင္းအပါေတြ ျဖစ္ေနတယ္။ သက္ဆိုင္ရာပုဂၢိဳလ္ေတြရဲ႕အျပစ္ေပးျခင္းကိုခံထားရတဲ့ သူတို႔ကိုျမင္ေတာ့ဆရာက"တစ္ခါတစ္ေလမွာ ေခါင္းမာတိုင္းမေကာင္းဘူး"လို႔ေျပာတယ္။ ႐ြာကေနထြက္လာၿပီး ေနာက္ပိုင္း ကြၽန္ေတာ္တို႔ဘယ္ဆက္သြားရမလဲမသိေတာ့ဘူး။ ဆရာကလဲ ဘာမွမေျပာပဲ ေျခဦးတည့္ရာသြားေနခဲ့တယ္။ တစ္ေျဖးေျဖးရက္ေတြၾကာလာတာနဲ႔အမွ် ခရီးလဲအတန္အသင့္ေပါက္ခဲ့တယ္။ တစ္ေန႔မွာေတာ့ ကြၽန္ေတာ္တို႔ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းကို အမွတ္မထင္ပဲေရာက္သြားခဲ့တယ္။ ဘုန္းႀကီးေက်ာင္းဆိုေပမယ့္ သံဃာေတာ္က၂ပါးပဲရွိတယ္။ ေရာက္တဲ့အခ်ိန္က ညေမွာင္ေတာ့မယ္ဆိုေတာ့ ဘုန္းႀကီးေက်ာင္းမွာပဲ တည္းခဲ့ၾကတယ္။ ညဘက္ေရာက္ေတာ့ လုပ္စရာရွိတဲ့အလုပ္ေတြ လုပ္ၿပီး အိပ္မေပ်ာ္လို႔ထိုင္ေနတုန္းရွိေသးတယ္ ဘုန္းႀကီးေက်ာင္းေလွကားေပၚကို တက္လာတဲ့ ကေလး၉ေယာက္ကိုေတြ႕လိုက္ရတယ္။ အသက္ကအလြန္ဆုံးရွိလွ ၁၀ႏွစ္ေပါ့ အားလုံးကတစ္႐ြယ္ထဲပဲ။ သူတို႔က ကြၽန္ေတာ္ရွိတဲ့ေနရာကိုတက္လာၿပီး ေဘးနားမွာထိုင္လိုက္ၾကတယ္။ ကြၽန္ေတာ္လဲသူတို႔ဘာဆက္လုပ္မလဲ ၾကည့္ေနရင္း သူတို႔ထဲက အဝတ္အစားေတာက္ေတာက္ေျပာင္ေျပာင္အျဖစ္ဆုံး ကေလးက "ဦးေလးရဲ႕ဆရာအနားကိုမကပ္ရဲလို႔ ဦးေလးဆီလာခဲ့တာ ၊ ဦးေလးတို႔ဒီကိုစဝင္လာထဲက သားတို႔ၾကည့္ေနတာ သားတို႔ဒီကိုေရာက္ေနတာ ႏွစ္ေပါင္းရာေက်ာ္ေနပီ ဒီကလြတ္ေအာင္ ကူညီေပးဖို႔ လာေတာင္းဆိုတာပါ ဦးေလးတို႔ကူညီမွျဖစ္မွာ "လို႔ေျပာေတာ့ ကြၽန္ေတာ္က "ငါကဘာကူညီေပးရမလဲ ေျပာၾကည့္"လို႔ေျပာလိုက္ေတာ့ ကေလးငယ္က "သားတို႔အေလာင္းကို မီးသၿဂိဳလ္ေပးရင္ရပီ သားတို႔ကိုဒီေနရာမွာအစီအရင္ေတြနဲ႔ ျမႇဳပ္ခဲ့ၾကတာ ဒီေနရာက အရင္ၿမိဳ႕႐ိုးေဟာင္းႀကီး အဲမွာသားတို႔ကိုသတ္ခဲ့တာ အခုလြတ္ခ်င္ေနပီ အေလာင္းကိုရွာၿပီး မီးရႈိ႕ေပးေနာ္ သားတို႔သြားေတာ့မယ္ သားတို႔ဒီကိုလာတာသိရင္ဦးယကၡ ႐ိုက္လိမ့္မယ္ သြားေတာ့မယ္ေနာ္"လို႔ေျပာၿပီး ေက်ာင္းေအာက္ကို ေျပးဆင္းသြားၾကတယ္။ ကြၽန္ေတာ္လဲ ဆရာကိုမနက္က်မွေျပာျပေတာ့မယ္လို႔ ေတြးၿပီး အိပ္ခ်လိုက္တယ္။ အေတြးထဲမွာေတာ့ ဒီကေလးေတြကို ဘယ္လိုကူညီရမလဲဆိုတာ စဥ္းစားေနခဲ့တယ္။ ..... စာဖတ္သူေတြအားလုံးလဲ ဒီကေလး၉ေယာက္ရဲ႕ အေၾကာင္းနဲ႔ သူတို႔၉ေယာက္လြတ္ေအာင္ ေအာင္ျမတ္သာတို႔ ဘယ္လိုေတြကူညီေပးရဦးမလဲဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္ ငယ္ေပါင္းကိုးေဖာ္ဆိုတဲ့ ဝတၱဳေလးကိုေစာင့္ေမွ်ာ္ေပးၾကပါဦး။ ေလးစားစြာျဖင့္ ေဇယန(ရာမည)

No comments

Post a Comment