“သရဲကတဲ့ သဘင်” ( စ/ဆုံး )

  “သရဲကတဲ့ သဘင်” ( စ/ဆုံး ) ———————————— 1971 ” ရွှေဧကရီ ” နယ်လှည့်ပြဇာတ်။ အမှောင်ရိပ်တွေနဲ့ ဖုံးလွှမ်းထားတဲ့ သစ်ပင်တွေရှိရာဆီသို့ လူတစ်ယောက... thumbnail 1 summary

 “သရဲကတဲ့ သဘင်” ( စ/ဆုံး )

————————————
1971
” ရွှေဧကရီ ” နယ်လှည့်ပြဇာတ်။
အမှောင်ရိပ်တွေနဲ့ ဖုံးလွှမ်းထားတဲ့ သစ်ပင်တွေရှိရာဆီသို့
လူတစ်ယောက် ဒေါတကြီးလျှောက်လာနေ၏။
ဇာတ်ပွဲမှတီးသံမှုတ်သံများ၊ ပွဲလာကြည့်သည့်ပရိသတ်များ၊
ဈေးဆိုင် ဈေးသည်တို့ရဲ့ အသံကြောင့် ဆူညံနေပြီး
ထိုလူအား ဘယ်သူမှ သတိမထားမိကြပေ။
ရွှေဧကရီ ပြဇာတ်ကား နာမည်ကြီးပြဇာတ်တစ်ခု ဖြစ်သလို၊
မီးရောင်အောက်မှာမှ လှတဲ့လူများနှင့်မဟုတ်ပဲ၊
အမှန်တကယ်လှပခန့်ငြားသူများနှင့် ဖွဲ့စည်းထားသော
ကြောင့် နာမည်ကြီးသလို၊
အထူးသဖြင့်ကား ထိုပြဇာတ်တည်ထောင်သူ နှစ်ဦးထဲမှ
တစ်ဦးဖြစ်တဲ့ ဦးစံဘော်၏၊
ကြိုးဆွဲချမျက်လှည့်ပြကွက်ကြောင့် ပို၍ပင် ကျော်ကြားစေ
၏။
ယခုလည်း သမီးလှ ရွာသို့ သုံးည သုံးရက်တိုင်တိုင်
ကပြရန် ရောက်ရှိနေကြခြင်းဖြစ်၏။
သို့ပေမဲ့ သမီးလှရွာသို့ ရောက်ကတည်းက
ခေါင်းဆောင်မင်းသမီး လှစန္ဒာတစ်ယောက် ထူးခြားနေ
သည်ကို မည်သူကမှ သတိမထားမိကြချေ။
ဒုတိယညအပြီး နောက်ဆုံးဖြစ်တဲ့ တတိယည စခါနီး
အချိန်တွင် ဦးစံဘော်အား လှစန္ဒာက တွေ့လိုသည်ဟု
ပြော၍ အမှောင်ထုထဲ လျှောက်လာခဲ့ခြင်းပင်။
သစ်ပင်တွေရှိရာသို့ ဦးစံဘော် ရောက်သည်နှင့်
သစ်ပင်တစ်ပင်ကိုမှီကာ စိတ်ပျက်ဝမ်းနည်းစွာထိုင်နေ
သော လှစန္ဒာအား ပြဇာတ်ဆီမှ၊ တစ်ခါတခါ ကျရောက်
လာတတ်သော မီးရောင်ကြောင့် မြင်တွေ့လိုက်ရ၏။
” ဟူးးး ”
ဦးစံဘော် လေပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး၊
လှစန္ဒာရဲ့ နဘေးတွင် ထိုင်လိုက်၏။
“ကဲ၊ စန္ဒာ၊ ဦးကို အရေးတစ်ကြီးတွေ့ချင်တယ်ဆို၊
ဘာများဖြစ်လို့တုန်း၊ ပြောစရာတစ်ခုခုများရှိလို့လား ”
လှစန္ဒာ ဘာမှ မပြောသေးပဲ သစ်ပင်တွေနဲ့ မနီးမဝေးမှာ
ရှိတဲ့ မြစ်ရေပြင်ကို ငေးကြည့်နေ၏။
မြစ်ရဲ့ ကမ်းစပ်တွင် ရွှေဧကရီ ပြဇာတ်အဖွဲ့ရဲ့
စက်လှေကြီးနှင့် လှေငယ်တစ်ချို့ကိုလည်း မြင်တွေ့နေရ
သည်။
” စန္ဒာ၊ ဦးကို ခေါ်ပြီး၊ ဘာမှမပြောပဲ ဒီအတိုင်းပဲ …..”
” ရှင် ကျွန်မကို ဘယ်တော့ လက်ထပ်မှာလဲ ”
ဦးစံဘော်ရဲ့ စကားမဆုံးမီမှာပင် လှစန္ဒာ ဖြတ်ပြောလိုက်
၏။
ဦးစံဘော်နှင့် လှစန္ဒာက အသက်အားဖြင့် ကွာခြားလှ
သည်။
ဦးစံဘော်က ၄၂ နှစ်၊ လှစန္ဒာက ၂၆ နှစ်။
” စန္ဒာရယ်၊ ဦးရဲ့အခြေအနေကို စန္ဒာလည်း သိပါတယ်၊
ဒါပေမဲ့ ဦး စန္ဒာကို လက်ထပ်မှာပါ၊ အချိန် နည်းနည်းလေး
ထပ်စောင့်ရုံပါ ”
” ကျွန်မ ဒီထက်ပိုပြီး မစောင့်နိုင်တော့ဘူး၊ ကျွန်မမှာ
ရှင့်ကိုယ်ပွားရှိနေပြီ ”
” ဘာ ”
လှစန္ဒာရဲ့ စကားကြောင့် ဦးစံဘော် ထိုင်နေရာမှ ထရပ်
လိုက်သည်။
” လှစန္ဒာ၊ မင်း ဘာပြောလိုက်တယ် ”
” ဟုတ်တယ်၊ ကျွန်မမှာ ရှင်နဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီ၊
၄ပတ်ရှိပြီ၊ ရှင့်ကို …..”
” တော်တော့ လှစန္ဒာ၊ မင်း ဆက်မပြောနဲ့တော့ ”
ဦးစံဘော် ဒေါသတကြီးအော်ပြောလိုက်၏။
” ဘာလဲ၊ ရှင်က တာဝန်မယူဘူးလား၊ ဒါက ရှင်နဲ့ရတဲ့
ကိုယ်ဝန်နော်၊ ရှင် တာဝန် ယူကိုယူရမယ် ”
လှစန္ဒာလည်း ထ ရပ်ကာ ပြောလိုက်သည်။
” ဘာ၊ ငါနဲ့ရတာ ဟုတ်လား၊ သေကောသေချာလို့လား၊
မင်း လူတကာနဲ့ …. ”
” စံဘော်၊ ရှင် ခွေးစကားမပြောနဲ့ ”
” ဘာလဲ၊ ဟုတ်လို့နာတာလား ”
” ဖျန်း ”
ဦးစံဘော်ရဲ့ပါးကို လှစန္ဒာရိုက်လိုက်၏။
” ခွေးမ ”
” အစ်” ” ဝုန်း ”
ဦးစံဘော်၊ လှစန္ဒာရဲ့ လည်ပင်းကို ကိုင်ကာ အနားရှိသစ်
ပင်သို့ တိုးကပ်ပစ်လိုက်၏။
” ခွေးမ၊ ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်မလို့ပေါ့လေ
ဟုတ်လား၊ အေး ဒီပွဲပြီးပါစေအုန်း၊ ပြီးမှ နင်နဲ့ စရင်းရှင်း
မယ်၊ ဒီ့မတိုင်ခင်တော့ နင်လုပ်ရှင်ရာလုပ်တော့၊
အေး၊ လူကြားထဲ ငါ့ကို အရှက်ခွဲမယ်တော့ မကြံနဲ့နော်၊
နင့်ကို သတ်ပြီး အလောင်းဖျောက်လိုက်ရင်တောင် ဘယ်
သူမှ သိလိုက်မှာ မဟုတ်ဘူး၊
သတိထားနေ ”
” ဘုန်း ”
ဦးစံဘော် ထိုသို့ကြိမ်းဝါးက ထွက်သွား၍၊ လှစန္ဒာခမျာ
သစ်ပင်လေးကို မှီထိုင်ကာ၊ အမှောင်ထုထဲ တစ်ယောက်
တည်း ထိုင်ငိုနေမိပါတော့သည်။
**** **** ****
” မင်းပိုင်၊ ဆရာစံကို တွေ့မိသေးလား ”
ကောင်လေး တစ်ယောက်မှ ခေါင်ဆောင်မင်းသား ဖြစ်တဲ့
မင်းပိုင် ဆိုသူကို မေးလိုက်သည်။
မင်းပိုင် ခေါင်းခါ ပြလိုက်၏။
” ဒုက္ခပါပဲ၊ ဆရာစံရော လှစန္ဒာပါ ဘယ်ရောက်ကုန်ကြလဲ
မသိဘူး၊ သဘင်စရမဲ့ အချိန်တောင်လွန်နေပြီ ”
ကောင်လေး ခေါင်းကုတ်ကာ ညဉ်းလိုက်၏။
” မောင်နိုင်၊ လှစန္ဒာကိုတွေ့ပြီလား ”
” မတွေ့သေးဘူး ကိုအောင်ထူး၊ ခတ်တော့တာပါပဲ ”
မောင်နိုင်ဆိုတဲ့ ကောင်လေးက မင်းသား မင်းသမီးတွေကို
မိတ်ကပ်လိမ်းပေးရသူပင်ဖြစ်သည်။
အောင်ထူး ကတော့ တစ်ခါတလေဗီလိန်၊ တစ်ခါတလေ
ဒုတိယမင်းသားအဖြစ် သရုပ်ဆောင်ရဖြစ်ပြီး၊ ဦးစံဘော်
နှင့်အတူ ရွှေဧကရီကို ပူးပေါင်းတည်ထောင်သူလည်း
ဖြစ်၏။
ဦးစံဘော်ပြီးရင် အာဏာအရှိဆုံးဆိုလျှင်လည်း မမှားပေ။
” မခတ်ပါဘူးကွာ၊ သူတို့ တစ်နေရာရာသို့ သွားနေတာ
နေမှာပါ၊ လောလောဆယ်တော့ ငါတို့ ရှိတဲ့လူနဲ့ပဲ စထား
ကြတာပေါ့၊
ဒီညက အထူးညကွ၊ ငါတို့ သဘင် ရေရှည်ရပ်တည်နိုင်ဖို့
ဒီညအပေါ် အများကြီးမူတည်တယ်ကွ၊
ဒါ့ကြောင့် ဘယ်လိုနည်းနဲ့မှ ပျက်ကွက်လို့ မဖြစ်ဘူး ”
တစ်ကယ်တမ်းတော့ ပြဇာတ်ပိုင်ရှင် ဦးစံဘော်နှင့် မင်းသမီး လှစန္ဒာရဲ့ ဆက်ဆံရေးကို အဖွဲ့သားအားလုံးက ရိပ်
မိကြပေမဲ့ ဘယ်သူကမှ ဘာမှ မပြောရဲကြပေ။
ဦးစံဘော်ကား လူလွတ် တစ်ဦးဖြစ်ပြီး၊ သူ၏ အပြစ်က
လှစန္ဒာထက် အသက်ကြီးနေခြင်းပင်။
*** **** **
သဘင် စတော့မည်ဖြစ်ကြောင်း အချက်ပေး ခရာမှုတ်
သည်နှင့် အပေါ့အပါးသွားရန်အတွက် အောင်ထူး
သဘင်စင်အောက်သို့ ဆင်းလာပြီး၊ မှောင်ရိပ်ထဲတိုးဝင်ကာ
အနားရှိ သစ်ပင်ပုလေးတွေဘေးမှာ ရပ်လိုက်သည်။
” ဝုန်း ”
” အားး ”
ရုတ်တရက် တစ်စုံတစ်ယောက်က ဝင်တိုက်လိုက်၍
အောင်ထူးရော ဝင်တိုက်သူပါ လဲကျသွားကြ၏။
” အားးး၊ ငါ့ဘောင်းဘီ အသစ်ကလေးတော့ ကုန်ပါပြီ
ကြာ ”
” ဟင်၊ ကိုအောင်ထူး ”
” ဟုတ်တယ်၊ ငါပဲ ”
အောင်ထူး ဘောင်းဘီကို ခါရင်း ပြောလိုက်၏။
” အကိုအောင်ထူး၊ ကျနော်ပါ မိုးစက် ”
” မိုးစက်လား၊ မင်းကွာ ….. ”
” ကိုအောင်ထူး၊ လှစန္ဒာလေ လှစန္ဒာ …. ”
” ဟင်၊ လှစန္ဒာကို တွေ့ခဲ့တာလား၊ အဲကောင်မ ဘယ်မှာ
တုန်း၊ ဒီမှာ သဘင် စရမဲ့အချိန်တောင်လွန်နေပြီ ”
” လှစန္ဒာ သေနေပြီဗျ ”
” ဘာ ”
အောင်ထူး အထိတ်တလန့် ဖြစ်သွား၏။
” မိုးစက် မင်း မင်း ဘာပြောလိုက်တယ် ”
အောင်ထူး၊ မိုးစက်ရဲ့ အင်္ကျီကိုဆွဲကာ မေးလိုက်သည်။
” ဟုတ်တယ်၊ ကိုအောင်ထူး၊ ကျနော် အလေးစွန့်ဖို့ ဟိုနား
က သစ်ပင်တွေဆီသွားတာ၊ လှစန္ဒာ ကြိုးဆွဲချ သေလျက်
သား တွေ့ခဲ့တာဗျ ”
မိုးစက်ရဲ့ အသံက ကတုန်ကယင်ဖြစ်နေ၍၊ သူ လိမ်နေ
တာ မဟုတ်မှန်း အောင်ထူး သဘောပေါက်သွား၏။
သို့နှင့် မိုးစက်က လှစန္ဒာ ကြိုးဆွဲချ သေနေတဲ့နေရာသို့
အောင်ထူးကိုခေါ်ကာ လိုက်ပြလိုက်တော့၊
တကယ်ပင် ကြိုးတန်းလန်းနှင့် သေနေသည်ကို
တွေ့လိုက်ရပါတော့၏။
” ဒုက္ခပါပဲ၊ ဒီညက အရေးကြီးပါတယ်ဆိုမှကွာ၊
သည်ကြားထဲ ဦးစံဘော်လည်း ဘယ်မှာ အလည်လိုက်နေ
မှန်းမသိ ”
အောင်ထူး ခေါင်းကုတ်နေပါတော့၏။
” အကိုအောင်ထူး၊ ကျနော်တို့ သက်ဆိုင်ရာကို အကြောင်း
ကြားကြရအောင်ဗျာ ”
” ဟာ၊ မဖြစ်ဘူး မဖြစ်ဘူး၊ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်
ဒီည ပျက်ကွက်လို့ မဖြစ်ဘူး၊ ဒီတော့ ဒီလိုလုပ်ကွာ မိုးစက်၊
မင်း၊ ထက်မြတ်နဲ့ အောင်သူရကို သွားခေါ်ကွာ၊ ငါ ဒီနား
က စောင့်နေခဲ့မယ်၊ ပြီးတော့ ဒီကိစ္စကို ဘယ်သူမှ မသိ
စေနဲ့၊
ထက်မြတ်နဲ့ အောင်သူရကိုလည်း မပြောခဲ့နဲ့ကွာ၊
ဒီရောက်မှ ငါ ရှင်းပြလိုက်မယ်၊ သူတို့ကို ငါခေါ်နေတယ်
လို့ပဲ တိုးတိုးတိတ်တိတ်ခေါ်ခဲ့ကွာ ”
” ဖြစ် ဖြစ်ပါ့မလားဗျာ၊ ကိုအောင်ထူး၊ ခေါင်းဆောင်မင်း
သမီးမရှိပဲနဲ့ …. ”
” ငါပြောသလိုပဲ လုပ်စမ်းပါကွာ၊ လှစန္ဒာမရှိရင်လည်း
မြမိုးသိင်္ဂီ( ဒုတိယခေါင်းဆောင်မင်းသမီး) ရှိနေတာပဲ”
မိုးစက်လည်း နောက်ထက် ဘာမှထပ်မပြောတော့ပဲ
ထိုနေရာမှ ပြေးထွက်သွားပါတော့သည်။
*** **** ***
မိနစ်အနည်းငယ်ကြာတဲ့အခါ မိုးစက်နှင့် တစ်ခြားနှစ်
ယောက်တို့ ရောက်လာကြ၏။
” ထက်မြတ်၊ အောင်သူရ အခြေအနေတွေက ရှုပ်ကုန်ပြီ
ကွာ … ” ဟု အစချီကာ မင်းသမီးလှစန္ဒာ ကြိုးဆွဲချ
သေနေသည်ကိုတွေ့ခဲ့ပုံနှင့် ထိုည ဇာတ်ပွဲမပျက်ရအောင် ဘယ်သို့ဘယ်ပုံ စီမံမည့်အကြောင်းကို ရှင်းပြလိုက်၏။
” ဖြစ် ဖြစ်ပါ့မလားဗျာ၊ ကျွန်တော်ကြောက်တယ်ဗျ၊
ပြီးတော့ ဒါ ရာဇဝတ်မှုနော် ”
ထက်မြတ် ထိုသို့ ပြောနေစဉ်မှာပင် အောင်ထူး သစ်ပင်
ပေါ်သို့ တက်သွားပြီး၊ ကြိုးကို ဖြုတ်ရန်ပြင်ပါတော့သည်။
” ထက်မြတ်၊ ငါပြောသလိုပဲ လုပ်စမ်းပါကွာ၊ ခုလောလော
ဆယ် လှစန္ဒာသေတာကို ဘယ်သူမှ မသိဖို့ အရေးကြီး
တယ်ကွ၊
ငါ ကြိုးကို ဖြုတ်လိုက်တော့မယ်၊ မင်းတို့ အောက်က ဖမ်း
ထားကြ ”
” ဘုန်း ”
လှစန္ဒာရဲ့ အလောင်းကို မည်သူကမှ မဖမ်းထား၍
မြေကြီးသို့ ထိုးကျသွားတော့၏။
” ဟာကွာ၊ မင်းတို့အကောင်တွေ၊ ဖမ်းထားပါဆိုနေမှ ”
အောင်ထူး သစ်ပင်ပေါ်မှ ပြန်ဆင်းလာခဲ့သည်။
ထိုအချိန်၌ ဇာတ် စ ဖွင့်ပြီဖြစ်၍ သီချင်းဆိုသံများ တစ်ညံ
ညံ ထွက်ပေါ်လာပါတော့၏။
အောင်ထူးတို့ လေးယောက်ကား လှစန္ဒာရဲ့အလောင်းကို
မှောင်ရိပ်ထဲကနေ လှေဆိပ်သို့ သယ်သွားခဲ့ပြီး၊
အလောင်းကို လှေငယ်တစ်စင်းပေါ်တွင်တင်ကာ၊
သူတို့လေးယောက်က တစ်ခြားစက်လှေငယ်တစ်စင်း
ပေါ်သို့တက်လိုက်ကြပြီး၊
စက်လှေငယ်နှင့် အလောင်းတင်ထားတဲ့ လှေငယ်ကို
ကြိုးနှင့် ချည်ထားလိုက်၏။
ပြီးသည်နှင့် အောင်ထူးကပဲ စက်လှေငယ်ကို
မောင်းကာ ကမ်းမှ စတင် ထွက်ခွာလိုက်ပါတော့သည်။
**** *** ****
သွားရင်းနှင့် ခရီးက ထင်သလောက်မပေါက်ဖြစ်နေ၍
ထက်မြတ် ဆိုတဲ့သူက အလောင်းတင်ထားတဲ့ လှေငယ်
ကို ကြည့်လိုက်တော့ လှေငယ်ရဲ့ ဘေးနှစ်ဖက်မှ ရေဝင်
နေသည်ကို တွေ့လိုက်ရပါတော့၏။
” ဟာ၊ ဒုက္ခပါပဲ၊ ကိုအောင်ထူး၊ လှေငယ်က ရေဝင်နေပြီ
ဗ် ”
စက်အသံဖြင့် ဆူညံနေ၍ ထက်မြတ် အော်ပြောလိုက်၏။
” ရေဝင်တာများကွာ၊ အလှည့်ကျ ဆင်းပက်ကြပေါ့၊
ထက်မြတ်၊ မင်း အရင်သွားပစ်ကွာ ”
” ပြီးရောဗျာ ”
ထက်မြတ်က ကြိုးကိုဆွဲယူကာ အလောင်းတင်
ထားတဲ့ လှေငယ်ပေါ်သို့ တက်လိုက်ပြီး၊ ဝင်နေတဲ့ရေတွေ
ကို ပက်ထုတ်ပါတော့သည်။
ရေပက်နေရင်း အလောင်းရဲ့ ခြေနဲ့ တစ်ခါတခါ ထိမိပေမဲ့
ထက်မြတ် သိပ်တော့ဂရုမစိုက်ပေ။
” ဒါနဲ့၊ ကိုအောင်ထူး၊ ကျနော်တို့ ဘယ်ကိုသွားနေကြတာ
လဲဗ် ”
အောင်သူရဆိုသူက သမီးလှ ရွာဘက်သို့ လှည့်ကြည့်
ရင်း မေးလိုက်၏။
” ဘယ်သွားရမလဲဟ၊ တိမ်ညိုပြင်သို့ပေါ့ ”
( သမီးလှရွာနှင့် တစ်ဖက်တစ်ကမ်းကရွာ )
” ဗျာ ”
” ဟုတ်တယ်၊ အဲမှာ ငါ့သူငယ်ချင်း စခန်းမှုးရှိတယ်ကွ၊
အဲဒီရွာသို့ရောက်ရင် ငါ သူငယ်ချင်းကို အသိပေးပြီး၊ ဖြစ်
ကြောင်းကုန်စင်ပြောပြလိုက်မယ်ကွာ၊
လိုရမယ်ရ ငါနဲ့ မိုးစက် အဲဒီမှာနေခဲ့မယ်၊ မင်းနဲ့
ထက်မြတ်က ဇာတ်ပွဲဆီသို့ ပြန်သွားကြပေါ့ ”
သူတို့ စကားပြောနေကြတုန်းမှာပင် ထက်မြတ် ရေပက်
ထုတ်ပြီး၍ စက်လှေပေါ်ပြန်တက်လာခဲ့သည်။
ထိုအချိန်၌ တစ်ဖက်မှာလည်း ( ဇာတ်ပွဲမှာလည်း )
သီချင်းဆိုနေကြရင်း ဦးစံဘော်တစ်ယောက် ပြန်ရောက်
လာခဲ့၏။
ဦးစံဘော် ဇာတ်စင်ရဲ့ နောက်ခန်းတွင် ခြေပစ်လက်ပစ်
ထိုင်ကာ အမှောင်ထုထဲသို့ ငေးကြည့်နေလိုက်၏။
ထိုအခါ မင်းပိုင်က အနားသို့ရောက်လာပြီး၊
” ဆရာစံ၊ ထက်မြတ်၊ အောင်သူရနဲ့ မိုးစက်တို့က ဆရာစံ
ကို သွားရှာကြတယ်လေဆရာ၊ သူတို့ကို မတွေ့ခဲ့ဘူးလား
ဗျ ” ဟု မေးလိုက်၏။
ထိုသို့မေးရခြင်းက မိုးစက် ထက်မြတ်တို့ကို လာခေါ်တုန်း
က “ဆရာစံကို သွားရှာမလို့ ” ဟု ပြောထားခဲ့သော
ကြောင့်ပင်ဖြစ်၏။
ဦးစံဘော်ခေါင်းခါပြလိုက်သည်။
” ဆရာစံ၊ ခနနေရင် ဆရာမျက်လှည့်ပြရမဲ့ အလှည့်
ရောက်တော့မယ်နော်၊ ဆရာ့ကိုကြည့်ရတာပင်ပန်းနေ
သလိုပဲ၊ ဒီည ဖြစ်ပါ့မလားဆရာ ”
” မင်းပိုင်၊ ငါ့အတွက် မပူစမ်းပါနဲ့၊ ရတယ်၊ ဒီအလုပ်က
ငါ လုပ်နေကြပဲကွာ၊ သွား သွား၊ မောင်နိုင်ကိုပြောလိုက်၊
ငါ့ပစ္စည်းတွေကို အဆင်သင့်လုပ်ထားလို့ ”
” ဟုတ်ကဲ့ပါဆရာ ”
မင်းပိုင် ထွက်သွားသည်နှင့် အမှောင်ရိပ်ထဲမှ တစ်
ယောက်ယောက် ထွက်လာနေတာကို မြင်လိုက်ရ၍၊
ဦးစံဘော် အသေအချာကြည့်လိုက်တော့ အမှောင်ထုထဲမှ
ထွက်လာနေသူကား …..
**** **** ***
” စန္ဒာ ”
အမှောင်ထုထဲမှ ထွက်လာနေသောအရာအား ဦးစံဘော်
လှမ်းအော်ပြီး၊ ဇာတ်စင်အောက်သို့ဆင်းလိုက်၏။
ထိုအခါ စောနက သူနဲ့အဝေးမှာရှိတဲ့အရာက ချက်ချင်း
သူ၏ရှေ့သို့ရောက်လာခဲ့တော့၏။
သို့ပေမဲ့ မျက်နှာကိုကား အောက်သို့စိုက်ထား၏။
” စန္ဒာ၊ ဦး တောင်းပန်ချင်လို့ပါ၊ ဦးကို ခွင့်လွှတ်ပါကွာနော်၊
ရုတ်တရက်ဆိုတော့ ဦး စိတ်မထိန်းနိုင်ဖြစ်သွားလို့ပါ ”
လှစန္ဒာဘာမှ မပြောပဲ ဇာတ်စင်ပေါ်သို့တက်သွား၍
ဦးစံဘော်လည်း နောက်ကလိုက်သွား၏။
သို့သော် ဇာတ်စင်ရဲ့ ဘယ်နေရာမှာမှ လှစန္ဒာကို မတွေ့ရ
တော့ချေ။
ဦးစံဘော်လည်း ခပ်ကြောင်ကြောင်ဖြစ်သွားကာ ဟိုဟို
သည်သည်ကြည့်ပြီး၊ အဝတ်လဲရန် ဇာတ်စင်နောက်ခန်း
သို့ ပြန်ထွက်လာခဲ့၏။
ထိုအခါ
” ဟေးးးး၊ ဖြောင်း ဖြောင်း ”
” ရွှီ၊ ရွှီ ” ဟု လက်ခုပ်သံများ၊ လေချွန်သံများ၊ တီဝိုင်း
နဘေးမှာရပ်ပြီးအားပေးနေကြတဲ့လူပျိုကာလသားတို့ရဲ့
အော်ဟစ်သံများ ဆူညံစွာထွက်ပေါ်လာပါတော့၏။
” ဟင်၊ ဘာဖြစ်တာလည်း၊ စန္ဒာ၊ လှစန္ဒာများလား ”
ဦးစံဘော် အဝတ်လဲနေရင်းတန်းလန်း ဇာတ်စင်မျက်နှာဝ
ဖက်သို့ထွက်လာ၊ ကန့်လန့်ကို မ ပြီး ကြည့်လိုက်တော့၊
ခပ်မှိန်မှိန်မီးရောင်အောက်မှာ ကနေသော လှစန္ဒာကို
တွေ့လိုက်ရပါတော့၏။
*** **** ****
” ဟ၊ ခုနကပဲရေပက်ထုတ်လိုက်တာလေ၊ ခု ပြန်ပြည့်နေ
ပြီကော၊ မိုးစက်၊ ဒီတစ်ခါ မင်းအလှည့်ကွာ ”
ထက်မြက်က လှစန္ဒာရဲ့အလောင်းကိုသယ်လာတဲ့ လှေ
ငယ်က တစ်ခါ ရေတွေပြန်ဝင်လာတာကိုမြင်၍ မိုးစက်
အား ပြောလိုက်ခြင်းဖြစ်၏။
” ဖြစ် ဖြစ်ပါ့မလားဗျာ၊ ကျနော် ကြောက်တယ်ဗျ ”
” ဖြစ်ပါတယ်ကွ၊ ဘာကြောက်စရာရှိလို့လဲ၊ သေပြီးတဲ့သူက
ဘာမှ မလုပ်နိုင်ပါဘူးကွာ ”
မိုးစက်လည်း ကြောက်ကြောက်နှင့် အလောင်းတင်လှေ
ငယ်ပေါ်သို့ဆင်းသွားတော့၏။
” ထက်မြတ်၊ မင်း ကြိုးကို ဆွဲထားနော်ကွ၊ ငါ ကြောက်လို့
ပါကြာ ”
“အေးပါ”
ထက်မြတ်လည်း မိုးစက် စိတ်သက်သာရာရအောင်
လှေနှစ်ခုကို တွဲချည်ထားတဲ့ကြိုးကို ဆွဲထားပေးလိုက်ပြီး၊
အောင်ထူး၊ အောင်သူရဘက်သို့လှည့်ကာ စကားပြောနေ
၏။
” ဝေါ၊ ဝေါ၊ ”
မိုးစက်လည်း အမြန်ပြီးပါစေကြောင်း လှေထဲမှရေကို
အလျင်အမြန်ပက်ထုတ်လိုက်၏။
ခဏအကြာ
” ထက်မြတ်၊ ကြိုးကိုမလွတ်စေနဲ့နော် “‘
မိုးစက် ရေတွေကိုပက်ထုတ်ရင်း ပြောလိုက်၏။
ထက်မြတ်ဆီကတုန့်ပြန်သံထွက်မလာပေ။
” ဟေ့ကောင် ထက်မြတ်၊ ငါပြောတာ …. ”
မိုးစက်၊ ထက်မြတ်ကိုကြည့်လိုက်တော့ ထက်မြတ်ရော
စက်လှေပါမရှိတော့ချေ။
” အေမ့!!
” ထက်မြတ်၊ ဟေ့ကောင်၊ ကိုအောင်ထူး၊ ခင်ဗျားတို့
ဘယ်မှာလဲ၊ မနောက်ကြပါနဲ့ဗျာ၊ ကျနော်ကြောက်လို့ပါ”
မိုးစက် ရေကိုမပက်ထုတ်နိုင်တော့ပဲ၊ ဟိုဘက်သည်ဘက်
လှည့်ကာအော်ခေါ်နေမိသလို၊ တစ်ချိန်တည်းမှာပင်
အကြောက်လွန်၍၊
လက်ခြေတွေ လှုပ်ရှားမရဖြစ်လာတော့၏။
” ကိုအောင်ထူး၊ ထက်မြတ်၊ မင်းတို့ ဘယ်မှာလဲကွာ၊
ငါ့ကိုတစ်ယောက်တည်း မထားခဲ့ကြပါနဲ့ကွာ၊ ဟီးးးးဟီး”
မိုးစက်အော်ငိုရင်း မြဲမြဲမရပ်နိုင်တော့ပဲ ပစ်လဲသွားပါတော့
၏။
” ကယ်ကြပါအုန်း၊ ကယ်ကြပါ၊ ထက်မြတ်၊ ကိုအောင်ထူး၊
အောင်သူရ၊ ငါ့ကို ကယ်ကြပါအုန်း ”
” ကျွီ ”
မိုးစက်အော်နေရင်း အသံတစ်ခုကြားလိုက်၍ အလောင်း
ဘက်ကို ကြည့်လိုက်တော့၊ အလောင်းမှာ လှေငယ်ထဲ
ရှိမနေတော့ချေ။
” ကိုအောင်ထူး ”
မိုးစက်ရဲ့အော်သံက မြစ်ရေပြင်တစ်ခုလုံး လွှမ်းခြုံ
သွားပါတော့၏။
** *** **** *
” မိဘပြည်သူများခင်ဗျာ၊ ဒီတစ်ခါတင်ဆက်မှာကတော့
မိဘများစောင့်စားနေကြတဲ့၊ ရွှေဧကရီရဲ့ ပဲ့ကိုင်ရှင်
ဦးစံဘော်ရဲ့ မျက်လှည့်ပြကွက်တွေများဖြစ်ပါတယ်ခင်ဗျား”
” ဖြောင်း၊ ဖြောင်း၊ ဖြောင်း ”
” ရွှီ၊ ရွှီ ”
ပရိသတ်တွေဆီမှ အားပေးသံများ သောသောညံလျက်
ထွက်ပေါ်လာပါတော့၏။
ဦးစံဘော်ကား သူ့အလှည့်ရောက်နေသည်ကိုအာရုံ
မရောက်နိုင်ပဲ၊ အဝတ်လဲတဲ့အခန်းတွင်းသို့ဝင်သွားသည့်
လှစန္ဒာနောက်သို့သာလိုက်လာခဲ့၏။
အဝတ်လဲနေသော လှစန္ဒာကိုမြင်တဲ့အခါ ပုခုံးလေးကိုကိုင်
ပြီး၊ ” စန္ဒာ ” ဟု ခေါ်လိုက်၏။
” ဆရာ ”
သို့သော် ထိုသည်မှာ လှစန္ဒာမဟုတ်ပဲ မြမိုးသိင်္ဂီဖြစ်နေပါ
တော့၏။
” ဆရာ၊ မြမိုးကို တစ်ခုခုပြောချင်လို့လားဟင် ”
ဦးစံဘော်အံ့သြသွား၏။
လှစန္ဒာကိုမြင်လိုက်ပါလျက်နဲ့ တကယ်တမ်းမှာ လှစန္ဒာ
မဟုတ်ပဲ၊ မြမိုးသိင်္ဂီဖြစ်နေသည်ကို ဦးစံဘော်မယုံနိုင်
ဖြစ်သွားရ၏။
” အာ၊ မ မဟုတ်ပါဘူး၊ လှစန္ဒာကိုများတွေ့မိသေးလားလို့
မေးမလို့ ”
ဦးစံဘော် ဟိုဟိုသည်သည်ကြည့်ရင်းပြောလိုက်၏။
” ဟင့်အင်း၊ မတွေ့မိဘူးဆရာ ”
” အင်း ”
ဦးစံဘော်ခေါင်းကုတ်ကာထွက်သွား၍၊ မြမိုးသိင်္ဂီ
ကြောင်ပြီးကြည့်နေတုန်း၊ တစ်စုံတစ်ယောက်စိုက်ကြည့်နေ
သလိုမျိုး ခံစားလာကာ၊ ကြက်သီးထလာ၍၊ အဝတ်လဲတဲ့
အခန်းမှ ထွက်လာခဲ့လိုက်တော့၏။
*** ****
” ဖြောင်း၊ ဖြောင်း ”
ဦးစံဘော်ရဲ့ ပန်းချီထဲက မျောက်ကလေးကို အသက်သွင်း
ပြလိုက်တဲ့ပြကွက်ကြောင့် လူတွေ လက်ခုပ်သြဘာပေးကြ
၏။
ထူးဆန်းတဲ့ပြကွက်တွေ တကွက်ပြီးတစ်ကွက်ပြပြီးတဲ့အခါ
ကြိုးဆွဲချပြကွက်ပြရန်အတွက် ကြိုးဆင်ခိုင်းလိုက်၏။
ပြီးသည်နှင့် ဇာတ်စင်အောက်က ပရိသတ်တစ်ယောက်ကို
စင်ပေါ်သို့ခေါ်ပြီး၊ အကုန်လုံးက အစစ်ဖြစ်ကြောင်းကို
စမ်းသပ်စေ၏။
ထို့နောက်အသင့်ပြင်ထားတဲ့ ခုန်ကလေးပေါ်သို့တက်ကာ
လည်းပင်းမှာ ကြိုးစွပ်ခါနီး ဇာတ်စင်အတွင်းဘက်ကြည့်
လိုက်တော့၊
အနည်းငယ်မှောင်နေတဲ့နေရာမှာ ရပ်ကာပြုံးပြုံးကြီးကြည့်
နေသော လှစန္ဒာကိုမြင်လိုက်ရ၍၊ ဦးစံဘော်ကျေနပ်စွာ
ပြုံးလိုက်ပြီး၊ လည်ပင်းမှာကြိုးစွပ်ကာ ခုန်လေးကိုကန်
ပစ်လိုက်၏။
ထိုအခိုက်အတန့်၌
တစ်ချို့ပရိသတ်တွေကား အသက်ပင်မရှုရဲကြသလို၊
တစ်ချို့ပရိသတ်တွေကား မကြည့်ရဲ၍အကြည့်လွှဲထား
လိုက်ကြ၏။
ဦးစံဘော် ကြိုးဆွဲချပြီး သုံးမိနစ်ပြည့်တဲ့အခါ ဘေးမှာ
အသင့်စောင့်နေတဲ့ကောင်လေးနှစ်ယောက်ကလာပြီး
ဦးစံဘော်ကို ကြိုးကွင်းမှ ဖြုတ်ယူလိုက်ကြ၏။
ထိုအချိန်၌ ရုတ်တရက် ဆိုင်းဝိုင်းထဲမှ ကြောက်မက်ဖွယ်
အသံများထွက်လာပါတော့၏။
” ဟင်၊ ရွာစား၊ တီးလုံးမှားနေတယ်၊ တီးလုံးမှားနေတယ်”
ကောင်လေးတစ်ယောက်ကအော်ပြောလိုက်၏။
” မဲခေါင်၊ ငါ ငါတီးနေတာမဟုတ်ဘူးဟ ”
ရွာစားပြောလိုက်သောစကားကြောင့် မဲခေါင်ဆိုတဲ့
ကောင်လေးက တီးဝိုင်းဘက်ကြည့်လိုက်တော့၊
ရွာစားမှာ တီးဝိုင်းအပြင်သို့ရောက်နေပြီး၊ မည်သူမှ မတီးပဲ
အသံထွက်နေသည်ကို ထိတ်လန့်ဖွယ်မြင်တွေ့လိုက်ရပါ
တော့၏။
” ဟင် ”
” ဆရာ၊ ဆရာ၊ ထတော့၊ အချိန်စေ့ပြီ၊ ဆရာ ”
မဲခေါင်က ဦးစံဘော်ကိုလှုပ်နှိုးလိုက်ပေမဲ့ ဦးစံဘော်ကား
တုန့်ပြန်မှုမရှိတော့ချေ။
” ဆရာ၊ ဆရာ ”
မဲခေါင် အထိတ်တလန့်ဖြစ်ကာ ဦးစံဘော်ရဲ့ လက်၊
နှာခေါင်းတို့ကိုစမ်းသပ်ကြည့်ပြီး၊ ရင်ဘက်ကို နားဖြင့်ကပ်
ကာ နားထောင်ကြည့်လိုက်၏။
ဦးစံဘော် သေလေပြီ။
” ဟေ့၊ ဘာဖြစ်တာလည်း ” ” သေသွားပြီလား ”
” တကယ် သေသွားတာလား ”
ပရိသိတ်များ ထိုင်နေရာမှ ထရပ်ကြကာ အုတ်အုတ်ကျက်
ကျက် ဖြစ်သွားပါတော့၏။
ခါတိုင်းလည်း ဦးစံဘော် ကြိုးဆွဲချ မျက်လှည့်ပြကွက်
ပြတဲ့အခါ၊ သုံးမိနစ်ပြည့်သည်နှင့် မဲခေါင်နှင့် နောက်
ကောင်လေးတစ်ယောက်က ကြိုးဖြည်ပေးလေ့ရှိပြီး၊
ဘာမှ မဖြစ်ပေမဲ့ ယခုအကြိမ်မှာကား ဦးစံဘော်တစ်ကယ်
သေသွားခဲ့လေပြီ။
ထူးဆန်းသည်က အကြိမ်တိုင်းကဲ့ငို့ပင် အနည်ုးယ်မှ
ရုန်းကန်လှုပ်ရှားခဲ့ခြင်း မရှိခြင်းပင်။
ထိုအချိန်၌ ခေါင်းဆောင်မင်းသား မင်းပိုင်အပါအဝင်
ရွှေဧရီ အဖွဲ့သားများ ပြေးထွက်လာကြပြီး၊ ဦးစံဘော်ကို
လှုပ်နှိုးကြ၏။
” ဖောင်း၊ ဖောင်း၊ ဖောင်း ”
” ဟင် ”
အဖွဲ့သားများ ဦးစံဘော်ကို အာရုံစိုက်နေကြတုန်း၊ ဇာတ်ပွဲ
မှာ သုံးထားတဲ့ အောက်လင်းဓာတ်မီးများ ရုတ်တရက်
ပေါက်ကွဲကာ၊ နှေးသံ၊ ပတ္တလားသံများ သူ့အလိုလို
ထ မြည်နေ၍၊ ပရိသတ်များ ဝရုန်းသုန်းကား ထ ပြေးကြ
ပါတော့သည်။
*** ***
တစ်ဖက်မှာလည်း အောင်ထူးတို့ တိမ်ညိုပြင်သို့ ရောက်
ကာနီးမှ အလောင်းသယ်လာတဲ့ လှေရော မိုးစက်ပါ
ပါမလာတော့မှန်း သတိထားမိလိုက်ကြ၍၊
ပြန်လှည့်ကာ ရှာကြည့်ကြပေမဲ့၊ လုံးဝမတွေ့၍၊
တစ်ဖြည်းဖြည်းနှင့် ကမ်း(ဇာတ်ပွဲရှိတဲ့ဘက်ကကမ်း)နှင့်
သာ နီးလာခဲ့တော့၏။
” ကိုအောင်ထူး၊ ကျုပ်တို့တော့ ဒုက္ခရောက်တော့မှာပဲ၊
မိုးစက်ရော၊ အလောင်းထည့်ထားတဲ့လှေရော၊ ဘယ်
ရောက်လို့ရောက်မှန်းမသိ၊
ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ ”
” ဟာ၊ ငါလည်း ဘာလုပ်လို့လုပ်ရမှန်း …. ”
အောင်ထူး ပြောရင်း အကြံတစ်ခုရသွားခဲ့၏။
” ကိုအောင်ထူး ”
” ထက်မြတ်၊ အောင်သူရ၊ ဒါက ငါတို့အတွက် ပိုကောင်း
သွားတယ်လို့တွေးကြည့်ကြစမ်း”
” ကိုအောင်ထူး၊ ခင်ဗျား နောက်နေတာလားဗျာ ”
အောင်သူရ စိတ်တိုစွာပြောလိုက်၏။
” ငါ နောက်နေတာမဟုတ်ဘူးကွ၊ ဒီလိုကွာ၊ လှစန္ဒာသေတာကို ငါတို့လေးယောက်ကလွဲပြီး ဘယ်သူမှ မသိသေး
ဘူးလေ၊
ဒီတော့ မနက်ရောက်လို့ လှစန္ဒာကိုရော မိုးစက်ကိုရော
မတွေ့ရရင်၊ လှစန္ဒာကို မိုးစက် ခိုးပြေးသွားတယ်လို့
ပြောလိုက်ရုံပဲ ”
” ကိုအောင်ထူး၊ ခင်ဗျား အကြံပက်စက်လှချေလား၊
ဒါ မိုးစက်ကို စော်ကားတာပဲ၊ ခင်ဗျားဗျာ … ”
အောင်သူရ ဒေါသထွက်ကာ အောင်ထူးရဲ့ အင်္ကျီကော်လံ
ကို ဆွဲလိုက်၏။
” အောင်သူရ၊ ငါလည်း ဒီလို ဘယ်လုပ်ချင်ပါ့မလဲကွာ၊
ဒါပေမဲ့ မင်းတွေးကြည့်စမ်းပါ၊ လှစန္ဒာသေတဲ့ကိစ္စမှာ
တစ်ယောက်ယောက်တော့ ခေါင်းခံရမှာပဲ၊
ဒီလို ဖြစ်လိမ့်မယ်လို့ မရည်ရွယ်ခဲ့ပေမဲ့ ….. ”
” တော်စမ်းပါဗျာ … ”
” ဒုန်း ”
” ဝုန်း ”
အောင်သူရရဲ့ စကားမဆုံးမီမှာပင် သူတို့စက်လှေက တစ်
စုံတစ်ခုကို တိုက်မိသွား၍၊ သုံးယောက်လုံး ရေထဲပြုတ်ကျ
သွားကာ၊ စက်လှေငယ်လည်း ပတ်ချာလည်ပြီး နစ်မြုပ်
သွားပါတော့၏။
*** *** ***
နောက်တစ်နေ့ မနက်ရောက်တဲ့အခါ သမီးလှရွာရဲ့
လှေဆိပ်မှာ ရုတ်ပျက်ဆင်းပျက်နှင့် ရောင်ကားပြီး
သေနေသော အလောင်းသုံးလောင်း ကမ်းစပ်သို့ ပါးကပ်
နေသည်ကိုလည်းကောင်း၊
အကြောက်လွန်ကာ လက်ခြေများကောက်ကွဲပြီး၊
မျက်ဖြူလန်လျက် သေနေသောမိုးစက်ရဲ့အလောင်းနှင့်၊
ကြိုးတန်းလန်းနှင့် တင့်တင့်ကြီးဖြစ်နေသော လှစန္ဒာရဲ့
အလောင်းပါသော လှေငယ်ကိုလည်းကောင်း
သမီးလှရွာသားများတွေ့မြင်လိုက်ကြရပါတော့၏။
ထိုအဖြစ်အပျက်ကြောင့် ရွှေဧရီ နယ်လှည့်ပြဇာတ်အဖွဲ့
ပျက်ရုံမက၊ တစ်ချို့ဆို သွေးရူးသွေးတန်း ဖြစ်သွားကြရ၏။
ပိုပြီး ထူးဆန်းသွားသည်က ထိုအချိန်မှ စ၍ သမီးလှရွာမှာ
ဘယ်သောအခါမှ ဇာတ်ပွဲသဘင် ကျင်းပခြင်းမရှိတော့ချေ။
အကြောင်းကတော့
ဇာတ်ပွဲသဘင်ကျင်းပတိုင်း ဇာတ်အဖွဲ့မှ တစ်ယောက်
ယောက် သေတတ်ကြသောကြောင့်ပင်။
သေတဲ့သူတွေဟာလည်း ကြိုးဆွဲချသေရင်သေ၊ မဟုတ်ရင်
ရေနစ်သေကြသူတွေချည်းဖြစ်နေကြတော့၏။
ရွှေဧကရီနယ်လှည့်ပြဇာတ်ရဲ့ အကျဉ်းတန် အရုပ်ဆိုး
အဖြစ်အပျက်က သမိန်းလှ ရွာသူရွာသားတွေအဖို့
ကြောက်မက်ဖွယ်ပုံပြင်တစ်ပုဒ်အဖြစ် ထင်ကျန်နေခဲ့မှာ
ဧကန်မုချပင်တည်း။ ။
**** **** ***
ပြီးပါပြီ။
အားပေးကြတဲ့ စာဖတ်၊ စာချစ် ပရိသတ် တစ်ယောက်ချင်း
စီ တိုင်းကို အထူးပင် ကျေးဇူးတင်လျှက် ….

Zawgyi Version

“သရဲကတဲ့ သဘင္” ( စ/ဆုံး )
————————————
1971
” ေ႐ႊဧကရီ ” နယ္လွည့္ျပဇာတ္။
အေမွာင္ရိပ္ေတြနဲ႔ ဖုံးလႊမ္းထားတဲ့ သစ္ပင္ေတြရွိရာဆီသို႔
လူတစ္ေယာက္ ေဒါတႀကီးေလွ်ာက္လာေန၏။
ဇာတ္ပြဲမွတီးသံမႈတ္သံမ်ား၊ ပြဲလာၾကည့္သည့္ပရိသတ္မ်ား၊
ေဈးဆိုင္ ေဈးသည္တို႔ရဲ႕ အသံေၾကာင့္ ဆူညံေနၿပီး
ထိုလူအား ဘယ္သူမွ သတိမထားမိၾကေပ။
ေ႐ႊဧကရီ ျပဇာတ္ကား နာမည္ႀကီးျပဇာတ္တစ္ခု ျဖစ္သလို၊
မီးေရာင္ေအာက္မွာမွ လွတဲ့လူမ်ားႏွင့္မဟုတ္ပဲ၊
အမွန္တကယ္လွပခန႔္ျငားသူမ်ားႏွင့္ ဖြဲ႕စည္းထားေသာ
ေၾကာင့္ နာမည္ႀကီးသလို၊
အထူးသျဖင့္ကား ထိုျပဇာတ္တည္ေထာင္သူ ႏွစ္ဦးထဲမွ
တစ္ဦးျဖစ္တဲ့ ဦးစံေဘာ္၏၊
ႀကိဳးဆြဲခ်မ်က္လွည့္ျပကြက္ေၾကာင့္ ပို၍ပင္ ေက်ာ္ၾကားေစ
၏။
ယခုလည္း သမီးလွ ႐ြာသို႔ သုံးည သုံးရက္တိုင္တိုင္
ကျပရန္ ေရာက္ရွိေနၾကျခင္းျဖစ္၏။
သို႔ေပမဲ့ သမီးလွ႐ြာသို႔ ေရာက္ကတည္းက
ေခါင္းေဆာင္မင္းသမီး လွစႏၵာတစ္ေယာက္ ထူးျခားေန
သည္ကို မည္သူကမွ သတိမထားမိၾကေခ်။
ဒုတိယညအၿပီး ေနာက္ဆုံးျဖစ္တဲ့ တတိယည စခါနီး
အခ်ိန္တြင္ ဦးစံေဘာ္အား လွစႏၵာက ေတြ႕လိုသည္ဟု
ေျပာ၍ အေမွာင္ထုထဲ ေလွ်ာက္လာခဲ့ျခင္းပင္။
သစ္ပင္ေတြရွိရာသို႔ ဦးစံေဘာ္ ေရာက္သည္ႏွင့္
သစ္ပင္တစ္ပင္ကိုမွီကာ စိတ္ပ်က္ဝမ္းနည္းစြာထိုင္ေန
ေသာ လွစႏၵာအား ျပဇာတ္ဆီမွ၊ တစ္ခါတခါ က်ေရာက္
လာတတ္ေသာ မီးေရာင္ေၾကာင့္ ျမင္ေတြ႕လိုက္ရ၏။
” ဟူးးး ”
ဦးစံေဘာ္ ေလျပင္းတစ္ခ်က္မႈတ္ထုတ္လိုက္ၿပီး၊
လွစႏၵာရဲ႕ နေဘးတြင္ ထိုင္လိုက္၏။
“ကဲ၊ စႏၵာ၊ ဦးကို အေရးတစ္ႀကီးေတြ႕ခ်င္တယ္ဆို၊
ဘာမ်ားျဖစ္လို႔တုန္း၊ ေျပာစရာတစ္ခုခုမ်ားရွိလို႔လား ”
လွစႏၵာ ဘာမွ မေျပာေသးပဲ သစ္ပင္ေတြနဲ႔ မနီးမေဝးမွာ
ရွိတဲ့ ျမစ္ေရျပင္ကို ေငးၾကည့္ေန၏။
ျမစ္ရဲ႕ ကမ္းစပ္တြင္ ေ႐ႊဧကရီ ျပဇာတ္အဖြဲ႕ရဲ႕
စက္ေလွႀကီးႏွင့္ ေလွငယ္တစ္ခ်ိဳ႕ကိုလည္း ျမင္ေတြ႕ေနရ
သည္။
” စႏၵာ၊ ဦးကို ေခၚၿပီး၊ ဘာမွမေျပာပဲ ဒီအတိုင္းပဲ …..”
” ရွင္ ကြၽန္မကို ဘယ္ေတာ့ လက္ထပ္မွာလဲ ”
ဦးစံေဘာ္ရဲ႕ စကားမဆုံးမီမွာပင္ လွစႏၵာ ျဖတ္ေျပာလိုက္
၏။
ဦးစံေဘာ္ႏွင့္ လွစႏၵာက အသက္အားျဖင့္ ကြာျခားလွ
သည္။
ဦးစံေဘာ္က ၄၂ ႏွစ္၊ လွစႏၵာက ၂၆ ႏွစ္။
” စႏၵာရယ္၊ ဦးရဲ႕အေျခအေနကို စႏၵာလည္း သိပါတယ္၊
ဒါေပမဲ့ ဦး စႏၵာကို လက္ထပ္မွာပါ၊ အခ်ိန္ နည္းနည္းေလး
ထပ္ေစာင့္႐ုံပါ ”
” ကြၽန္မ ဒီထက္ပိုၿပီး မေစာင့္ႏိုင္ေတာ့ဘူး၊ ကြၽန္မမွာ
ရွင့္ကိုယ္ပြားရွိေနၿပီ ”
” ဘာ ”
လွစႏၵာရဲ႕ စကားေၾကာင့္ ဦးစံေဘာ္ ထိုင္ေနရာမွ ထရပ္
လိုက္သည္။
” လွစႏၵာ၊ မင္း ဘာေျပာလိုက္တယ္ ”
” ဟုတ္တယ္၊ ကြၽန္မမွာ ရွင္နဲ႔ရတဲ့ ကိုယ္ဝန္ရွိေနၿပီ၊
၄ပတ္ရွိၿပီ၊ ရွင့္ကို …..”
” ေတာ္ေတာ့ လွစႏၵာ၊ မင္း ဆက္မေျပာနဲ႔ေတာ့ ”
ဦးစံေဘာ္ ေဒါသတႀကီးေအာ္ေျပာလိုက္၏။
” ဘာလဲ၊ ရွင္က တာဝန္မယူဘူးလား၊ ဒါက ရွင္နဲ႔ရတဲ့
ကိုယ္ဝန္ေနာ္၊ ရွင္ တာဝန္ ယူကိုယူရမယ္ ”
လွစႏၵာလည္း ထ ရပ္ကာ ေျပာလိုက္သည္။
” ဘာ၊ ငါနဲ႔ရတာ ဟုတ္လား၊ ေသေကာေသခ်ာလို႔လား၊
မင္း လူတကာနဲ႔ …. ”
” စံေဘာ္၊ ရွင္ ေခြးစကားမေျပာနဲ႔ ”
” ဘာလဲ၊ ဟုတ္လို႔နာတာလား ”
” ဖ်န္း ”
ဦးစံေဘာ္ရဲ႕ပါးကို လွစႏၵာ႐ိုက္လိုက္၏။
” ေခြးမ ”
” အစ္” ” ဝုန္း ”
ဦးစံေဘာ္၊ လွစႏၵာရဲ႕ လည္ပင္းကို ကိုင္ကာ အနားရွိသစ္
ပင္သို႔ တိုးကပ္ပစ္လိုက္၏။
” ေခြးမ၊ ထမင္းေကြၽးတဲ့လက္ကို ျပန္ကိုက္မလို႔ေပါ့ေလ
ဟုတ္လား၊ ေအး ဒီပြဲၿပီးပါေစအုန္း၊ ၿပီးမွ နင္နဲ႔ စရင္းရွင္း
မယ္၊ ဒီ့မတိုင္ခင္ေတာ့ နင္လုပ္ရွင္ရာလုပ္ေတာ့၊
ေအး၊ လူၾကားထဲ ငါ့ကို အရွက္ခြဲမယ္ေတာ့ မႀကံနဲ႔ေနာ္၊
နင့္ကို သတ္ၿပီး အေလာင္းေဖ်ာက္လိုက္ရင္ေတာင္ ဘယ္
သူမွ သိလိုက္မွာ မဟုတ္ဘူး၊
သတိထားေန ”
” ဘုန္း ”
ဦးစံေဘာ္ ထိုသို႔ႀကိမ္းဝါးက ထြက္သြား၍၊ လွစႏၵာခမ်ာ
သစ္ပင္ေလးကို မွီထိုင္ကာ၊ အေမွာင္ထုထဲ တစ္ေယာက္
တည္း ထိုင္ငိုေနမိပါေတာ့သည္။
**** **** ****
” မင္းပိုင္၊ ဆရာစံကို ေတြ႕မိေသးလား ”
ေကာင္ေလး တစ္ေယာက္မွ ေခါင္ေဆာင္မင္းသား ျဖစ္တဲ့
မင္းပိုင္ ဆိုသူကို ေမးလိုက္သည္။
မင္းပိုင္ ေခါင္းခါ ျပလိုက္၏။
” ဒုကၡပါပဲ၊ ဆရာစံေရာ လွစႏၵာပါ ဘယ္ေရာက္ကုန္ၾကလဲ
မသိဘူး၊ သဘင္စရမဲ့ အခ်ိန္ေတာင္လြန္ေနၿပီ ”
ေကာင္ေလး ေခါင္းကုတ္ကာ ညဥ္းလိုက္၏။
” ေမာင္ႏိုင္၊ လွစႏၵာကိုေတြ႕ၿပီလား ”
” မေတြ႕ေသးဘူး ကိုေအာင္ထူး၊ ခတ္ေတာ့တာပါပဲ ”
ေမာင္ႏိုင္ဆိုတဲ့ ေကာင္ေလးက မင္းသား မင္းသမီးေတြကို
မိတ္ကပ္လိမ္းေပးရသူပင္ျဖစ္သည္။
ေအာင္ထူး ကေတာ့ တစ္ခါတေလဗီလိန္၊ တစ္ခါတေလ
ဒုတိယမင္းသားအျဖစ္ သ႐ုပ္ေဆာင္ရျဖစ္ၿပီး၊ ဦးစံေဘာ္
ႏွင့္အတူ ေ႐ႊဧကရီကို ပူးေပါင္းတည္ေထာင္သူလည္း
ျဖစ္၏။
ဦးစံေဘာ္ၿပီးရင္ အာဏာအရွိဆုံးဆိုလွ်င္လည္း မမွားေပ။
” မခတ္ပါဘူးကြာ၊ သူတို႔ တစ္ေနရာရာသို႔ သြားေနတာ
ေနမွာပါ၊ ေလာေလာဆယ္ေတာ့ ငါတို႔ ရွိတဲ့လူနဲ႔ပဲ စထား
ၾကတာေပါ့၊
ဒီညက အထူးညကြ၊ ငါတို႔ သဘင္ ေရရွည္ရပ္တည္ႏိုင္ဖို႔
ဒီညအေပၚ အမ်ားႀကီးမူတည္တယ္ကြ၊
ဒါ့ေၾကာင့္ ဘယ္လိုနည္းနဲ႔မွ ပ်က္ကြက္လို႔ မျဖစ္ဘူး ”
တစ္ကယ္တမ္းေတာ့ ျပဇာတ္ပိုင္ရွင္ ဦးစံေဘာ္ႏွင့္ မင္းသမီး လွစႏၵာရဲ႕ ဆက္ဆံေရးကို အဖြဲ႕သားအားလုံးက ရိပ္
မိၾကေပမဲ့ ဘယ္သူကမွ ဘာမွ မေျပာရဲၾကေပ။
ဦးစံေဘာ္ကား လူလြတ္ တစ္ဦးျဖစ္ၿပီး၊ သူ၏ အျပစ္က
လွစႏၵာထက္ အသက္ႀကီးေနျခင္းပင္။
*** **** **
သဘင္ စေတာ့မည္ျဖစ္ေၾကာင္း အခ်က္ေပး ခရာမႈတ္
သည္ႏွင့္ အေပါ့အပါးသြားရန္အတြက္ ေအာင္ထူး
သဘင္စင္ေအာက္သို႔ ဆင္းလာၿပီး၊ ေမွာင္ရိပ္ထဲတိုးဝင္ကာ
အနားရွိ သစ္ပင္ပုေလးေတြေဘးမွာ ရပ္လိုက္သည္။
” ဝုန္း ”
” အားး ”
႐ုတ္တရက္ တစ္စုံတစ္ေယာက္က ဝင္တိုက္လိုက္၍
ေအာင္ထူးေရာ ဝင္တိုက္သူပါ လဲက်သြားၾက၏။
” အားးး၊ ငါ့ေဘာင္းဘီ အသစ္ကေလးေတာ့ ကုန္ပါၿပီ
ၾကာ ”
” ဟင္၊ ကိုေအာင္ထူး ”
” ဟုတ္တယ္၊ ငါပဲ ”
ေအာင္ထူး ေဘာင္းဘီကို ခါရင္း ေျပာလိုက္၏။
” အကိုေအာင္ထူး၊ က်ေနာ္ပါ မိုးစက္ ”
” မိုးစက္လား၊ မင္းကြာ ….. ”
” ကိုေအာင္ထူး၊ လွစႏၵာေလ လွစႏၵာ …. ”
” ဟင္၊ လွစႏၵာကို ေတြ႕ခဲ့တာလား၊ အဲေကာင္မ ဘယ္မွာ
တုန္း၊ ဒီမွာ သဘင္ စရမဲ့အခ်ိန္ေတာင္လြန္ေနၿပီ ”
” လွစႏၵာ ေသေနၿပီဗ် ”
” ဘာ ”
ေအာင္ထူး အထိတ္တလန႔္ ျဖစ္သြား၏။
” မိုးစက္ မင္း မင္း ဘာေျပာလိုက္တယ္ ”
ေအာင္ထူး၊ မိုးစက္ရဲ႕ အက်ႌကိုဆြဲကာ ေမးလိုက္သည္။
” ဟုတ္တယ္၊ ကိုေအာင္ထူး၊ က်ေနာ္ အေလးစြန႔္ဖို႔ ဟိုနား
က သစ္ပင္ေတြဆီသြားတာ၊ လွစႏၵာ ႀကိဳးဆြဲခ် ေသလ်က္
သား ေတြ႕ခဲ့တာဗ် ”
မိုးစက္ရဲ႕ အသံက ကတုန္ကယင္ျဖစ္ေန၍၊ သူ လိမ္ေန
တာ မဟုတ္မွန္း ေအာင္ထူး သေဘာေပါက္သြား၏။
သို႔ႏွင့္ မိုးစက္က လွစႏၵာ ႀကိဳးဆြဲခ် ေသေနတဲ့ေနရာသို႔
ေအာင္ထူးကိုေခၚကာ လိုက္ျပလိုက္ေတာ့၊
တကယ္ပင္ ႀကိဳးတန္းလန္းႏွင့္ ေသေနသည္ကို
ေတြ႕လိုက္ရပါေတာ့၏။
” ဒုကၡပါပဲ၊ ဒီညက အေရးႀကီးပါတယ္ဆိုမွကြာ၊
သည္ၾကားထဲ ဦးစံေဘာ္လည္း ဘယ္မွာ အလည္လိုက္ေန
မွန္းမသိ ”
ေအာင္ထူး ေခါင္းကုတ္ေနပါေတာ့၏။
” အကိုေအာင္ထူး၊ က်ေနာ္တို႔ သက္ဆိုင္ရာကို အေၾကာင္း
ၾကားၾကရေအာင္ဗ်ာ ”
” ဟာ၊ မျဖစ္ဘူး မျဖစ္ဘူး၊ ဘယ္လိုနည္းနဲ႔ျဖစ္ျဖစ္
ဒီည ပ်က္ကြက္လို႔ မျဖစ္ဘူး၊ ဒီေတာ့ ဒီလိုလုပ္ကြာ မိုးစက္၊
မင္း၊ ထက္ျမတ္နဲ႔ ေအာင္သူရကို သြားေခၚကြာ၊ ငါ ဒီနား
က ေစာင့္ေနခဲ့မယ္၊ ၿပီးေတာ့ ဒီကိစၥကို ဘယ္သူမွ မသိ
ေစနဲ႔၊
ထက္ျမတ္နဲ႔ ေအာင္သူရကိုလည္း မေျပာခဲ့နဲ႔ကြာ၊
ဒီေရာက္မွ ငါ ရွင္းျပလိုက္မယ္၊ သူတို႔ကို ငါေခၚေနတယ္
လို႔ပဲ တိုးတိုးတိတ္တိတ္ေခၚခဲ့ကြာ ”
” ျဖစ္ ျဖစ္ပါ့မလားဗ်ာ၊ ကိုေအာင္ထူး၊ ေခါင္းေဆာင္မင္း
သမီးမရွိပဲနဲ႔ …. ”
” ငါေျပာသလိုပဲ လုပ္စမ္းပါကြာ၊ လွစႏၵာမရွိရင္လည္း
ျမမိုးသိဂႌ( ဒုတိယေခါင္းေဆာင္မင္းသမီး) ရွိေနတာပဲ”
မိုးစက္လည္း ေနာက္ထက္ ဘာမွထပ္မေျပာေတာ့ပဲ
ထိုေနရာမွ ေျပးထြက္သြားပါေတာ့သည္။
*** **** ***
မိနစ္အနည္းငယ္ၾကာတဲ့အခါ မိုးစက္ႏွင့္ တစ္ျခားႏွစ္
ေယာက္တို႔ ေရာက္လာၾက၏။
” ထက္ျမတ္၊ ေအာင္သူရ အေျခအေနေတြက ရႈပ္ကုန္ၿပီ
ကြာ … ” ဟု အစခ်ီကာ မင္းသမီးလွစႏၵာ ႀကိဳးဆြဲခ်
ေသေနသည္ကိုေတြ႕ခဲ့ပုံႏွင့္ ထိုည ဇာတ္ပြဲမပ်က္ရေအာင္ ဘယ္သို႔ဘယ္ပုံ စီမံမည့္အေၾကာင္းကို ရွင္းျပလိုက္၏။
” ျဖစ္ ျဖစ္ပါ့မလားဗ်ာ၊ ကြၽန္ေတာ္ေၾကာက္တယ္ဗ်၊
ၿပီးေတာ့ ဒါ ရာဇဝတ္မႈေနာ္ ”
ထက္ျမတ္ ထိုသို႔ ေျပာေနစဥ္မွာပင္ ေအာင္ထူး သစ္ပင္
ေပၚသို႔ တက္သြားၿပီး၊ ႀကိဳးကို ျဖဳတ္ရန္ျပင္ပါေတာ့သည္။
” ထက္ျမတ္၊ ငါေျပာသလိုပဲ လုပ္စမ္းပါကြာ၊ ခုေလာေလာ
ဆယ္ လွစႏၵာေသတာကို ဘယ္သူမွ မသိဖို႔ အေရးႀကီး
တယ္ကြ၊
ငါ ႀကိဳးကို ျဖဳတ္လိုက္ေတာ့မယ္၊ မင္းတို႔ ေအာက္က ဖမ္း
ထားၾက ”
” ဘုန္း ”
လွစႏၵာရဲ႕ အေလာင္းကို မည္သူကမွ မဖမ္းထား၍
ေျမႀကီးသို႔ ထိုးက်သြားေတာ့၏။
” ဟာကြာ၊ မင္းတို႔အေကာင္ေတြ၊ ဖမ္းထားပါဆိုေနမွ ”
ေအာင္ထူး သစ္ပင္ေပၚမွ ျပန္ဆင္းလာခဲ့သည္။
ထိုအခ်ိန္၌ ဇာတ္ စ ဖြင့္ၿပီျဖစ္၍ သီခ်င္းဆိုသံမ်ား တစ္ညံ
ညံ ထြက္ေပၚလာပါေတာ့၏။
ေအာင္ထူးတို႔ ေလးေယာက္ကား လွစႏၵာရဲ႕အေလာင္းကို
ေမွာင္ရိပ္ထဲကေန ေလွဆိပ္သို႔ သယ္သြားခဲ့ၿပီး၊
အေလာင္းကို ေလွငယ္တစ္စင္းေပၚတြင္တင္ကာ၊
သူတို႔ေလးေယာက္က တစ္ျခားစက္ေလွငယ္တစ္စင္း
ေပၚသို႔တက္လိုက္ၾကၿပီး၊
စက္ေလွငယ္ႏွင့္ အေလာင္းတင္ထားတဲ့ ေလွငယ္ကို
ႀကိဳးႏွင့္ ခ်ည္ထားလိုက္၏။
ၿပီးသည္ႏွင့္ ေအာင္ထူးကပဲ စက္ေလွငယ္ကို
ေမာင္းကာ ကမ္းမွ စတင္ ထြက္ခြာလိုက္ပါေတာ့သည္။
**** *** ****
သြားရင္းႏွင့္ ခရီးက ထင္သေလာက္မေပါက္ျဖစ္ေန၍
ထက္ျမတ္ ဆိုတဲ့သူက အေလာင္းတင္ထားတဲ့ ေလွငယ္
ကို ၾကည့္လိုက္ေတာ့ ေလွငယ္ရဲ႕ ေဘးႏွစ္ဖက္မွ ေရဝင္
ေနသည္ကို ေတြ႕လိုက္ရပါေတာ့၏။
” ဟာ၊ ဒုကၡပါပဲ၊ ကိုေအာင္ထူး၊ ေလွငယ္က ေရဝင္ေနၿပီ
ဗ္ ”
စက္အသံျဖင့္ ဆူညံေန၍ ထက္ျမတ္ ေအာ္ေျပာလိုက္၏။
” ေရဝင္တာမ်ားကြာ၊ အလွည့္က် ဆင္းပက္ၾကေပါ့၊
ထက္ျမတ္၊ မင္း အရင္သြားပစ္ကြာ ”
” ၿပီးေရာဗ်ာ ”
ထက္ျမတ္က ႀကိဳးကိုဆြဲယူကာ အေလာင္းတင္
ထားတဲ့ ေလွငယ္ေပၚသို႔ တက္လိုက္ၿပီး၊ ဝင္ေနတဲ့ေရေတြ
ကို ပက္ထုတ္ပါေတာ့သည္။
ေရပက္ေနရင္း အေလာင္းရဲ႕ ေျခနဲ႔ တစ္ခါတခါ ထိမိေပမဲ့
ထက္ျမတ္ သိပ္ေတာ့ဂ႐ုမစိုက္ေပ။
” ဒါနဲ႔၊ ကိုေအာင္ထူး၊ က်ေနာ္တို႔ ဘယ္ကိုသြားေနၾကတာ
လဲဗ္ ”
ေအာင္သူရဆိုသူက သမီးလွ ႐ြာဘက္သို႔ လွည့္ၾကည့္
ရင္း ေမးလိုက္၏။
” ဘယ္သြားရမလဲဟ၊ တိမ္ညိဳျပင္သို႔ေပါ့ ”
( သမီးလွ႐ြာႏွင့္ တစ္ဖက္တစ္ကမ္းက႐ြာ )
” ဗ်ာ ”
” ဟုတ္တယ္၊ အဲမွာ ငါ့သူငယ္ခ်င္း စခန္းမႈးရွိတယ္ကြ၊
အဲဒီ႐ြာသို႔ေရာက္ရင္ ငါ သူငယ္ခ်င္းကို အသိေပးၿပီး၊ ျဖစ္
ေၾကာင္းကုန္စင္ေျပာျပလိုက္မယ္ကြာ၊
လိုရမယ္ရ ငါနဲ႔ မိုးစက္ အဲဒီမွာေနခဲ့မယ္၊ မင္းနဲ႔
ထက္ျမတ္က ဇာတ္ပြဲဆီသို႔ ျပန္သြားၾကေပါ့ ”
သူတို႔ စကားေျပာေနၾကတုန္းမွာပင္ ထက္ျမတ္ ေရပက္
ထုတ္ၿပီး၍ စက္ေလွေပၚျပန္တက္လာခဲ့သည္။
ထိုအခ်ိန္၌ တစ္ဖက္မွာလည္း ( ဇာတ္ပြဲမွာလည္း )
သီခ်င္းဆိုေနၾကရင္း ဦးစံေဘာ္တစ္ေယာက္ ျပန္ေရာက္
လာခဲ့၏။
ဦးစံေဘာ္ ဇာတ္စင္ရဲ႕ ေနာက္ခန္းတြင္ ေျခပစ္လက္ပစ္
ထိုင္ကာ အေမွာင္ထုထဲသို႔ ေငးၾကည့္ေနလိုက္၏။
ထိုအခါ မင္းပိုင္က အနားသို႔ေရာက္လာၿပီး၊
” ဆရာစံ၊ ထက္ျမတ္၊ ေအာင္သူရနဲ႔ မိုးစက္တို႔က ဆရာစံ
ကို သြားရွာၾကတယ္ေလဆရာ၊ သူတို႔ကို မေတြ႕ခဲ့ဘူးလား
ဗ် ” ဟု ေမးလိုက္၏။
ထိုသို႔ေမးရျခင္းက မိုးစက္ ထက္ျမတ္တို႔ကို လာေခၚတုန္း
က “ဆရာစံကို သြားရွာမလို႔ ” ဟု ေျပာထားခဲ့ေသာ
ေၾကာင့္ပင္ျဖစ္၏။
ဦးစံေဘာ္ေခါင္းခါျပလိုက္သည္။
” ဆရာစံ၊ ခနေနရင္ ဆရာမ်က္လွည့္ျပရမဲ့ အလွည့္
ေရာက္ေတာ့မယ္ေနာ္၊ ဆရာ့ကိုၾကည့္ရတာပင္ပန္းေန
သလိုပဲ၊ ဒီည ျဖစ္ပါ့မလားဆရာ ”
” မင္းပိုင္၊ ငါ့အတြက္ မပူစမ္းပါနဲ႔၊ ရတယ္၊ ဒီအလုပ္က
ငါ လုပ္ေနၾကပဲကြာ၊ သြား သြား၊ ေမာင္ႏိုင္ကိုေျပာလိုက္၊
ငါ့ပစၥည္းေတြကို အဆင္သင့္လုပ္ထားလို႔ ”
” ဟုတ္ကဲ့ပါဆရာ ”
မင္းပိုင္ ထြက္သြားသည္ႏွင့္ အေမွာင္ရိပ္ထဲမွ တစ္
ေယာက္ေယာက္ ထြက္လာေနတာကို ျမင္လိုက္ရ၍၊
ဦးစံေဘာ္ အေသအခ်ာၾကည့္လိုက္ေတာ့ အေမွာင္ထုထဲမွ
ထြက္လာေနသူကား …..
**** **** ***
” စႏၵာ ”
အေမွာင္ထုထဲမွ ထြက္လာေနေသာအရာအား ဦးစံေဘာ္
လွမ္းေအာ္ၿပီး၊ ဇာတ္စင္ေအာက္သို႔ဆင္းလိုက္၏။
ထိုအခါ ေစာနက သူနဲ႔အေဝးမွာရွိတဲ့အရာက ခ်က္ခ်င္း
သူ၏ေရွ႕သို႔ေရာက္လာခဲ့ေတာ့၏။
သို႔ေပမဲ့ မ်က္ႏွာကိုကား ေအာက္သို႔စိုက္ထား၏။
” စႏၵာ၊ ဦး ေတာင္းပန္ခ်င္လို႔ပါ၊ ဦးကို ခြင့္လႊတ္ပါကြာေနာ္၊
႐ုတ္တရက္ဆိုေတာ့ ဦး စိတ္မထိန္းႏိုင္ျဖစ္သြားလို႔ပါ ”
လွစႏၵာဘာမွ မေျပာပဲ ဇာတ္စင္ေပၚသို႔တက္သြား၍
ဦးစံေဘာ္လည္း ေနာက္ကလိုက္သြား၏။
သို႔ေသာ္ ဇာတ္စင္ရဲ႕ ဘယ္ေနရာမွာမွ လွစႏၵာကို မေတြ႕ရ
ေတာ့ေခ်။
ဦးစံေဘာ္လည္း ခပ္ေၾကာင္ေၾကာင္ျဖစ္သြားကာ ဟိုဟို
သည္သည္ၾကည့္ၿပီး၊ အဝတ္လဲရန္ ဇာတ္စင္ေနာက္ခန္း
သို႔ ျပန္ထြက္လာခဲ့၏။
ထိုအခါ
” ေဟးးးး၊ ေျဖာင္း ေျဖာင္း ”
” ႐ႊီ၊ ႐ႊီ ” ဟု လက္ခုပ္သံမ်ား၊ ေလခြၽန္သံမ်ား၊ တီဝိုင္း
နေဘးမွာရပ္ၿပီးအားေပးေနၾကတဲ့လူပ်ိဳကာလသားတို႔ရဲ႕
ေအာ္ဟစ္သံမ်ား ဆူညံစြာထြက္ေပၚလာပါေတာ့၏။
” ဟင္၊ ဘာျဖစ္တာလည္း၊ စႏၵာ၊ လွစႏၵာမ်ားလား ”
ဦးစံေဘာ္ အဝတ္လဲေနရင္းတန္းလန္း ဇာတ္စင္မ်က္ႏွာဝ
ဖက္သို႔ထြက္လာ၊ ကန႔္လန႔္ကို မ ၿပီး ၾကည့္လိုက္ေတာ့၊
ခပ္မွိန္မွိန္မီးေရာင္ေအာက္မွာ ကေနေသာ လွစႏၵာကို
ေတြ႕လိုက္ရပါေတာ့၏။
*** **** ****
” ဟ၊ ခုနကပဲေရပက္ထုတ္လိုက္တာေလ၊ ခု ျပန္ျပည့္ေန
ၿပီေကာ၊ မိုးစက္၊ ဒီတစ္ခါ မင္းအလွည့္ကြာ ”
ထက္ျမက္က လွစႏၵာရဲ႕အေလာင္းကိုသယ္လာတဲ့ ေလွ
ငယ္က တစ္ခါ ေရေတြျပန္ဝင္လာတာကိုျမင္၍ မိုးစက္
အား ေျပာလိုက္ျခင္းျဖစ္၏။
” ျဖစ္ ျဖစ္ပါ့မလားဗ်ာ၊ က်ေနာ္ ေၾကာက္တယ္ဗ် ”
” ျဖစ္ပါတယ္ကြ၊ ဘာေၾကာက္စရာရွိလို႔လဲ၊ ေသၿပီးတဲ့သူက
ဘာမွ မလုပ္ႏိုင္ပါဘူးကြာ ”
မိုးစက္လည္း ေၾကာက္ေၾကာက္ႏွင့္ အေလာင္းတင္ေလွ
ငယ္ေပၚသို႔ဆင္းသြားေတာ့၏။
” ထက္ျမတ္၊ မင္း ႀကိဳးကို ဆြဲထားေနာ္ကြ၊ ငါ ေၾကာက္လို႔
ပါၾကာ ”
“ေအးပါ”
ထက္ျမတ္လည္း မိုးစက္ စိတ္သက္သာရာရေအာင္
ေလွႏွစ္ခုကို တြဲခ်ည္ထားတဲ့ႀကိဳးကို ဆြဲထားေပးလိုက္ၿပီး၊
ေအာင္ထူး၊ ေအာင္သူရဘက္သို႔လွည့္ကာ စကားေျပာေန
၏။
” ေဝါ၊ ေဝါ၊ ”
မိုးစက္လည္း အျမန္ၿပီးပါေစေၾကာင္း ေလွထဲမွေရကို
အလ်င္အျမန္ပက္ထုတ္လိုက္၏။
ခဏအၾကာ
” ထက္ျမတ္၊ ႀကိဳးကိုမလြတ္ေစနဲ႔ေနာ္ “‘
မိုးစက္ ေရေတြကိုပက္ထုတ္ရင္း ေျပာလိုက္၏။
ထက္ျမတ္ဆီကတုန႔္ျပန္သံထြက္မလာေပ။
” ေဟ့ေကာင္ ထက္ျမတ္၊ ငါေျပာတာ …. ”
မိုးစက္၊ ထက္ျမတ္ကိုၾကည့္လိုက္ေတာ့ ထက္ျမတ္ေရာ
စက္ေလွပါမရွိေတာ့ေခ်။
” ေအမ့!!
” ထက္ျမတ္၊ ေဟ့ေကာင္၊ ကိုေအာင္ထူး၊ ခင္ဗ်ားတို႔
ဘယ္မွာလဲ၊ မေနာက္ၾကပါနဲ႔ဗ်ာ၊ က်ေနာ္ေၾကာက္လို႔ပါ”
မိုးစက္ ေရကိုမပက္ထုတ္ႏိုင္ေတာ့ပဲ၊ ဟိုဘက္သည္ဘက္
လွည့္ကာေအာ္ေခၚေနမိသလို၊ တစ္ခ်ိန္တည္းမွာပင္
အေၾကာက္လြန္၍၊
လက္ေျခေတြ လႈပ္ရွားမရျဖစ္လာေတာ့၏။
” ကိုေအာင္ထူး၊ ထက္ျမတ္၊ မင္းတို႔ ဘယ္မွာလဲကြာ၊
ငါ့ကိုတစ္ေယာက္တည္း မထားခဲ့ၾကပါနဲ႔ကြာ၊ ဟီးးးးဟီး”
မိုးစက္ေအာ္ငိုရင္း ၿမဲၿမဲမရပ္ႏိုင္ေတာ့ပဲ ပစ္လဲသြားပါေတာ့
၏။
” ကယ္ၾကပါအုန္း၊ ကယ္ၾကပါ၊ ထက္ျမတ္၊ ကိုေအာင္ထူး၊
ေအာင္သူရ၊ ငါ့ကို ကယ္ၾကပါအုန္း ”
” ကြၽီ ”
မိုးစက္ေအာ္ေနရင္း အသံတစ္ခုၾကားလိုက္၍ အေလာင္း
ဘက္ကို ၾကည့္လိုက္ေတာ့၊ အေလာင္းမွာ ေလွငယ္ထဲ
ရွိမေနေတာ့ေခ်။
” ကိုေအာင္ထူး ”
မိုးစက္ရဲ႕ေအာ္သံက ျမစ္ေရျပင္တစ္ခုလုံး လႊမ္းၿခဳံ
သြားပါေတာ့၏။
** *** **** *
” မိဘျပည္သူမ်ားခင္ဗ်ာ၊ ဒီတစ္ခါတင္ဆက္မွာကေတာ့
မိဘမ်ားေစာင့္စားေနၾကတဲ့၊ ေ႐ႊဧကရီရဲ႕ ပဲ့ကိုင္ရွင္
ဦးစံေဘာ္ရဲ႕ မ်က္လွည့္ျပကြက္ေတြမ်ားျဖစ္ပါတယ္ခင္ဗ်ား”
” ေျဖာင္း၊ ေျဖာင္း၊ ေျဖာင္း ”
” ႐ႊီ၊ ႐ႊီ ”
ပရိသတ္ေတြဆီမွ အားေပးသံမ်ား ေသာေသာညံလ်က္
ထြက္ေပၚလာပါေတာ့၏။
ဦးစံေဘာ္ကား သူ႔အလွည့္ေရာက္ေနသည္ကိုအာ႐ုံ
မေရာက္ႏိုင္ပဲ၊ အဝတ္လဲတဲ့အခန္းတြင္းသို႔ဝင္သြားသည့္
လွစႏၵာေနာက္သို႔သာလိုက္လာခဲ့၏။
အဝတ္လဲေနေသာ လွစႏၵာကိုျမင္တဲ့အခါ ပုခုံးေလးကိုကိုင္
ၿပီး၊ ” စႏၵာ ” ဟု ေခၚလိုက္၏။
” ဆရာ ”
သို႔ေသာ္ ထိုသည္မွာ လွစႏၵာမဟုတ္ပဲ ျမမိုးသိဂႌျဖစ္ေနပါ
ေတာ့၏။
” ဆရာ၊ ျမမိုးကို တစ္ခုခုေျပာခ်င္လို႔လားဟင္ ”
ဦးစံေဘာ္အံ့ၾသသြား၏။
လွစႏၵာကိုျမင္လိုက္ပါလ်က္နဲ႔ တကယ္တမ္းမွာ လွစႏၵာ
မဟုတ္ပဲ၊ ျမမိုးသိဂႌျဖစ္ေနသည္ကို ဦးစံေဘာ္မယုံႏိုင္
ျဖစ္သြားရ၏။
” အာ၊ မ မဟုတ္ပါဘူး၊ လွစႏၵာကိုမ်ားေတြ႕မိေသးလားလို႔
ေမးမလို႔ ”
ဦးစံေဘာ္ ဟိုဟိုသည္သည္ၾကည့္ရင္းေျပာလိုက္၏။
” ဟင့္အင္း၊ မေတြ႕မိဘူးဆရာ ”
” အင္း ”
ဦးစံေဘာ္ေခါင္းကုတ္ကာထြက္သြား၍၊ ျမမိုးသိဂႌ
ေၾကာင္ၿပီးၾကည့္ေနတုန္း၊ တစ္စုံတစ္ေယာက္စိုက္ၾကည့္ေန
သလိုမ်ိဳး ခံစားလာကာ၊ ၾကက္သီးထလာ၍၊ အဝတ္လဲတဲ့
အခန္းမွ ထြက္လာခဲ့လိုက္ေတာ့၏။
*** ****
” ေျဖာင္း၊ ေျဖာင္း ”
ဦးစံေဘာ္ရဲ႕ ပန္းခ်ီထဲက ေမ်ာက္ကေလးကို အသက္သြင္း
ျပလိုက္တဲ့ျပကြက္ေၾကာင့္ လူေတြ လက္ခုပ္ၾသဘာေပးၾက
၏။
ထူးဆန္းတဲ့ျပကြက္ေတြ တကြက္ၿပီးတစ္ကြက္ျပၿပီးတဲ့အခါ
ႀကိဳးဆြဲခ်ျပကြက္ျပရန္အတြက္ ႀကိဳးဆင္ခိုင္းလိုက္၏။
ၿပီးသည္ႏွင့္ ဇာတ္စင္ေအာက္က ပရိသတ္တစ္ေယာက္ကို
စင္ေပၚသို႔ေခၚၿပီး၊ အကုန္လုံးက အစစ္ျဖစ္ေၾကာင္းကို
စမ္းသပ္ေစ၏။
ထို႔ေနာက္အသင့္ျပင္ထားတဲ့ ခုန္ကေလးေပၚသို႔တက္ကာ
လည္းပင္းမွာ ႀကိဳးစြပ္ခါနီး ဇာတ္စင္အတြင္းဘက္ၾကည့္
လိုက္ေတာ့၊
အနည္းငယ္ေမွာင္ေနတဲ့ေနရာမွာ ရပ္ကာၿပဳံးၿပဳံးႀကီးၾကည့္
ေနေသာ လွစႏၵာကိုျမင္လိုက္ရ၍၊ ဦးစံေဘာ္ေက်နပ္စြာ
ၿပဳံးလိုက္ၿပီး၊ လည္ပင္းမွာႀကိဳးစြပ္ကာ ခုန္ေလးကိုကန္
ပစ္လိုက္၏။
ထိုအခိုက္အတန႔္၌
တစ္ခ်ိဳ႕ပရိသတ္ေတြကား အသက္ပင္မရႈရဲၾကသလို၊
တစ္ခ်ိဳ႕ပရိသတ္ေတြကား မၾကည့္ရဲ၍အၾကည့္လႊဲထား
လိုက္ၾက၏။
ဦးစံေဘာ္ ႀကိဳးဆြဲခ်ၿပီး သုံးမိနစ္ျပည့္တဲ့အခါ ေဘးမွာ
အသင့္ေစာင့္ေနတဲ့ေကာင္ေလးႏွစ္ေယာက္ကလာၿပီး
ဦးစံေဘာ္ကို ႀကိဳးကြင္းမွ ျဖဳတ္ယူလိုက္ၾက၏။
ထိုအခ်ိန္၌ ႐ုတ္တရက္ ဆိုင္းဝိုင္းထဲမွ ေၾကာက္မက္ဖြယ္
အသံမ်ားထြက္လာပါေတာ့၏။
” ဟင္၊ ႐ြာစား၊ တီးလုံးမွားေနတယ္၊ တီးလုံးမွားေနတယ္”
ေကာင္ေလးတစ္ေယာက္ကေအာ္ေျပာလိုက္၏။
” မဲေခါင္၊ ငါ ငါတီးေနတာမဟုတ္ဘူးဟ ”
႐ြာစားေျပာလိုက္ေသာစကားေၾကာင့္ မဲေခါင္ဆိုတဲ့
ေကာင္ေလးက တီးဝိုင္းဘက္ၾကည့္လိုက္ေတာ့၊
႐ြာစားမွာ တီးဝိုင္းအျပင္သို႔ေရာက္ေနၿပီး၊ မည္သူမွ မတီးပဲ
အသံထြက္ေနသည္ကို ထိတ္လန႔္ဖြယ္ျမင္ေတြ႕လိုက္ရပါ
ေတာ့၏။
” ဟင္ ”
” ဆရာ၊ ဆရာ၊ ထေတာ့၊ အခ်ိန္ေစ့ၿပီ၊ ဆရာ ”
မဲေခါင္က ဦးစံေဘာ္ကိုလႈပ္ႏႈိးလိုက္ေပမဲ့ ဦးစံေဘာ္ကား
တုန႔္ျပန္မႈမရွိေတာ့ေခ်။
” ဆရာ၊ ဆရာ ”
မဲေခါင္ အထိတ္တလန႔္ျဖစ္ကာ ဦးစံေဘာ္ရဲ႕ လက္၊
ႏွာေခါင္းတို႔ကိုစမ္းသပ္ၾကည့္ၿပီး၊ ရင္ဘက္ကို နားျဖင့္ကပ္
ကာ နားေထာင္ၾကည့္လိုက္၏။
ဦးစံေဘာ္ ေသေလၿပီ။
” ေဟ့၊ ဘာျဖစ္တာလည္း ” ” ေသသြားၿပီလား ”
” တကယ္ ေသသြားတာလား ”
ပရိသိတ္မ်ား ထိုင္ေနရာမွ ထရပ္ၾကကာ အုတ္အုတ္က်က္
က်က္ ျဖစ္သြားပါေတာ့၏။
ခါတိုင္းလည္း ဦးစံေဘာ္ ႀကိဳးဆြဲခ် မ်က္လွည့္ျပကြက္
ျပတဲ့အခါ၊ သုံးမိနစ္ျပည့္သည္ႏွင့္ မဲေခါင္ႏွင့္ ေနာက္
ေကာင္ေလးတစ္ေယာက္က ႀကိဳးျဖည္ေပးေလ့ရွိၿပီး၊
ဘာမွ မျဖစ္ေပမဲ့ ယခုအႀကိမ္မွာကား ဦးစံေဘာ္တစ္ကယ္
ေသသြားခဲ့ေလၿပီ။
ထူးဆန္းသည္က အႀကိမ္တိုင္းကဲ့ငို႔ပင္ အနည္ုးယ္မွ
႐ုန္းကန္လႈပ္ရွားခဲ့ျခင္း မရွိျခင္းပင္။
ထိုအခ်ိန္၌ ေခါင္းေဆာင္မင္းသား မင္းပိုင္အပါအဝင္
ေ႐ႊဧရီ အဖြဲ႕သားမ်ား ေျပးထြက္လာၾကၿပီး၊ ဦးစံေဘာ္ကို
လႈပ္ႏႈိးၾက၏။
” ေဖာင္း၊ ေဖာင္း၊ ေဖာင္း ”
” ဟင္ ”
အဖြဲ႕သားမ်ား ဦးစံေဘာ္ကို အာ႐ုံစိုက္ေနၾကတုန္း၊ ဇာတ္ပြဲ
မွာ သုံးထားတဲ့ ေအာက္လင္းဓာတ္မီးမ်ား ႐ုတ္တရက္
ေပါက္ကြဲကာ၊ ေႏွးသံ၊ ပတၱလားသံမ်ား သူ႔အလိုလို
ထ ျမည္ေန၍၊ ပရိသတ္မ်ား ဝ႐ုန္းသုန္းကား ထ ေျပးၾက
ပါေတာ့သည္။
*** ***
တစ္ဖက္မွာလည္း ေအာင္ထူးတို႔ တိမ္ညိဳျပင္သို႔ ေရာက္
ကာနီးမွ အေလာင္းသယ္လာတဲ့ ေလွေရာ မိုးစက္ပါ
ပါမလာေတာ့မွန္း သတိထားမိလိုက္ၾက၍၊
ျပန္လွည့္ကာ ရွာၾကည့္ၾကေပမဲ့၊ လုံးဝမေတြ႕၍၊
တစ္ျဖည္းျဖည္းႏွင့္ ကမ္း(ဇာတ္ပြဲရွိတဲ့ဘက္ကကမ္း)ႏွင့္
သာ နီးလာခဲ့ေတာ့၏။
” ကိုေအာင္ထူး၊ က်ဳပ္တို႔ေတာ့ ဒုကၡေရာက္ေတာ့မွာပဲ၊
မိုးစက္ေရာ၊ အေလာင္းထည့္ထားတဲ့ေလွေရာ၊ ဘယ္
ေရာက္လို႔ေရာက္မွန္းမသိ၊
က်ဳပ္တို႔ ဘယ္လိုလုပ္ၾကမလဲ ”
” ဟာ၊ ငါလည္း ဘာလုပ္လို႔လုပ္ရမွန္း …. ”
ေအာင္ထူး ေျပာရင္း အႀကံတစ္ခုရသြားခဲ့၏။
” ကိုေအာင္ထူး ”
” ထက္ျမတ္၊ ေအာင္သူရ၊ ဒါက ငါတို႔အတြက္ ပိုေကာင္း
သြားတယ္လို႔ေတြးၾကည့္ၾကစမ္း”
” ကိုေအာင္ထူး၊ ခင္ဗ်ား ေနာက္ေနတာလားဗ်ာ ”
ေအာင္သူရ စိတ္တိုစြာေျပာလိုက္၏။
” ငါ ေနာက္ေနတာမဟုတ္ဘူးကြ၊ ဒီလိုကြာ၊ လွစႏၵာေသတာကို ငါတို႔ေလးေယာက္ကလြဲၿပီး ဘယ္သူမွ မသိေသး
ဘူးေလ၊
ဒီေတာ့ မနက္ေရာက္လို႔ လွစႏၵာကိုေရာ မိုးစက္ကိုေရာ
မေတြ႕ရရင္၊ လွစႏၵာကို မိုးစက္ ခိုးေျပးသြားတယ္လို႔
ေျပာလိုက္႐ုံပဲ ”
” ကိုေအာင္ထူး၊ ခင္ဗ်ား အႀကံပက္စက္လွေခ်လား၊
ဒါ မိုးစက္ကို ေစာ္ကားတာပဲ၊ ခင္ဗ်ားဗ်ာ … ”
ေအာင္သူရ ေဒါသထြက္ကာ ေအာင္ထူးရဲ႕ အက်ႌေကာ္လံ
ကို ဆြဲလိုက္၏။
” ေအာင္သူရ၊ ငါလည္း ဒီလို ဘယ္လုပ္ခ်င္ပါ့မလဲကြာ၊
ဒါေပမဲ့ မင္းေတြးၾကည့္စမ္းပါ၊ လွစႏၵာေသတဲ့ကိစၥမွာ
တစ္ေယာက္ေယာက္ေတာ့ ေခါင္းခံရမွာပဲ၊
ဒီလို ျဖစ္လိမ့္မယ္လို႔ မရည္႐ြယ္ခဲ့ေပမဲ့ ….. ”
” ေတာ္စမ္းပါဗ်ာ … ”
” ဒုန္း ”
” ဝုန္း ”
ေအာင္သူရရဲ႕ စကားမဆုံးမီမွာပင္ သူတို႔စက္ေလွက တစ္
စုံတစ္ခုကို တိုက္မိသြား၍၊ သုံးေယာက္လုံး ေရထဲျပဳတ္က်
သြားကာ၊ စက္ေလွငယ္လည္း ပတ္ခ်ာလည္ၿပီး နစ္ျမဳပ္
သြားပါေတာ့၏။
*** *** ***
ေနာက္တစ္ေန႔ မနက္ေရာက္တဲ့အခါ သမီးလွ႐ြာရဲ႕
ေလွဆိပ္မွာ ႐ုတ္ပ်က္ဆင္းပ်က္ႏွင့္ ေရာင္ကားၿပီး
ေသေနေသာ အေလာင္းသုံးေလာင္း ကမ္းစပ္သို႔ ပါးကပ္
ေနသည္ကိုလည္းေကာင္း၊
အေၾကာက္လြန္ကာ လက္ေျခမ်ားေကာက္ကြဲၿပီး၊
မ်က္ျဖဴလန္လ်က္ ေသေနေသာမိုးစက္ရဲ႕အေလာင္းႏွင့္၊
ႀကိဳးတန္းလန္းႏွင့္ တင့္တင့္ႀကီးျဖစ္ေနေသာ လွစႏၵာရဲ႕
အေလာင္းပါေသာ ေလွငယ္ကိုလည္းေကာင္း
သမီးလွ႐ြာသားမ်ားေတြ႕ျမင္လိုက္ၾကရပါေတာ့၏။
ထိုအျဖစ္အပ်က္ေၾကာင့္ ေ႐ႊဧရီ နယ္လွည့္ျပဇာတ္အဖြဲ႕
ပ်က္႐ုံမက၊ တစ္ခ်ိဳ႕ဆို ေသြး႐ူးေသြးတန္း ျဖစ္သြားၾကရ၏။
ပိုၿပီး ထူးဆန္းသြားသည္က ထိုအခ်ိန္မွ စ၍ သမီးလွ႐ြာမွာ
ဘယ္ေသာအခါမွ ဇာတ္ပြဲသဘင္ က်င္းပျခင္းမရွိေတာ့ေခ်။
အေၾကာင္းကေတာ့
ဇာတ္ပြဲသဘင္က်င္းပတိုင္း ဇာတ္အဖြဲ႕မွ တစ္ေယာက္
ေယာက္ ေသတတ္ၾကေသာေၾကာင့္ပင္။
ေသတဲ့သူေတြဟာလည္း ႀကိဳးဆြဲခ်ေသရင္ေသ၊ မဟုတ္ရင္
ေရနစ္ေသၾကသူေတြခ်ည္းျဖစ္ေနၾကေတာ့၏။
ေ႐ႊဧကရီနယ္လွည့္ျပဇာတ္ရဲ႕ အက်ဥ္းတန္ အ႐ုပ္ဆိုး
အျဖစ္အပ်က္က သမိန္းလွ ႐ြာသူ႐ြာသားေတြအဖို႔
ေၾကာက္မက္ဖြယ္ပုံျပင္တစ္ပုဒ္အျဖစ္ ထင္က်န္ေနခဲ့မွာ
ဧကန္မုခ်ပင္တည္း။ ။
**** **** ***
ၿပီးပါၿပီ။
အားေပးၾကတဲ့ စာဖတ္၊ စာခ်စ္ ပရိသတ္ တစ္ေယာက္ခ်င္း
စီ တိုင္းကို အထူးပင္ ေက်းဇူးတင္လွ်က္ ….

No comments

Post a Comment