ဘစော်ကားရေမျိုသွား(စ/ဆုံး)

  မိဘစော်ကားရေမျိုသွား(စ/ဆုံး) ————————————— မိဘကိုစော်ကားရင် မြေမျိုတယ်လို့ပဲ ကြားကြတယ် မဟုတ်လား။ ဒီအဖြစ်အပျက်အမှန်ကတော့မိဘကိုစော်ကားလို့ရေ... thumbnail 1 summary

 မိဘစော်ကားရေမျိုသွား(စ/ဆုံး)

—————————————
မိဘကိုစော်ကားရင် မြေမျိုတယ်လို့ပဲ ကြားကြတယ် မဟုတ်လား။ ဒီအဖြစ်အပျက်အမှန်ကတော့မိဘကိုစော်ကားလို့ရေချိသွားတဲ့မကွေ၊ကိုင်း၊
ပွင့်ဖြူမြို့နယ်ကမိသားစု အကြောင်းကလေးပါ။
တစ်ညလုံ၊ စကုမြို့မ၊ မန်းချောင်းအတွင်းမှ ကျွန်တော် ဦးစီးတဲ့ စိန်သရဖူဇာတ် အဖွဲ့ဟာလှည်းအစီ၊သုံးဆယ်နဲ့ထွက်လာလိုက်တာပွင့်ဖြူမြို့နယ်“ဒဟတ်မြိုင် ရွာသို့
နံနက်(၉)နာရီတွင်ရောက်ရှိလေ၏။
ရောက်တယ်ဆိုရင်ပဲ ရွာမှ ကာလသားများက လှည်းပေါ်ပါလာသော ဇာတ် သေတ္တာများကို သူ့ထက်ငါ ဦးအောင်သယ်၍ အလှူမဏ္ဍပ်အတွင်းသို့ နေရာချ၍
ပေးခဲ့၏။
နေရာချပြီးသည်နှင့်နေ့ဧည့်ခံပွဲတီးမှုတ်ရန်အတွက်မောင်းတန်းခွေ သူကခွေ။
ဆိုင်းခွေသူကခွေဖြင့် ဆိုင်းသမားများ နေရာယူလျက်အလုပ်ရှုပ်နေကြရ၏။
အားလုံး နေရာတကျဖြစ်သောအခါ ကျွန်တော်တို့သည် တစ်နေ့တာအတွက် “မင်္ဂလာပါဗျာ” တီးလုံးတီး၍ ဧည့်ခံနေရာတွင် စိတ်ပါဝင်တစားနားထောင်သူမရှိဘဲ ကြက်သွန်အခွံနွှာသူကနွှာ၊ ဆန်စပါးလုံးရွေးသူကရွေး၊ကုလားပဲကိုအခွံချွတ်သူက ချွတ်ဖြင့်ရွာကာလသားတို့မှာ အလုပ်ရှုပ်နေကြ၏။

ပွဲအဝင်နေ့တွင် ဤသို့ပင် နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ကျွန်တော်တို့တာဝန်က မင်္ဂလာရှိသောဗျောသီချင်းများဖြင့်ဧည့်ခံရသည်ကနိယာမ သဘောတရားဖြစ်လေ၏။

စာဖတ်သူသိထားရန်လိုအပ်ချက်မှာကျွန်တော်၏ဆိုင်းဆရာကိုတင်စိုးသည်
ဆတ်ဆတ်ထိမခံ လူမိုက်တစ်ယောက်ဖြစ်၏။ ယခုလည်း လူသတ်မှုဖြင့် အမှုဆိုင် နေရသူဖြစ်သည်။ အမှုမပြတ်သေး။
မနေ့က ပွင့်ဖြူမြို့အရက်ဆိုင်တွင် လောင်းကစားဒိုင်ဖြင့် စကားများရာ ၎င်းဒိုင် လူမိုက်ကို ဓားဖြင့်ထိုး၍သတ်ခဲ့သဖြင့် လူသတ်မှုဖြင့် အဖမ်းခံထားရလေရာ တရား သူကြီးချုပ်နှင့် ကျွန်တော်မှာ ညီအစ်ကိုအရင်းတမျှ ခင်မင်သဖြင့် နားလည်မှုယူ၍ အပြင်သို့ အာမခံဖြင့် ကျွန်တော် ဆောင်ရွက်ပြီး ဤအလှူပြီးပါက ပြန်ပို့ပါမည်ဟု ကတိပေးကာ ခေါ်ခဲ့ရခြင်းဖြစ်၏။
အလှူမဏ္ဍပ်ထဲတွင် ဆိုင်းဆင်ပြီးတီးရာကလေးများသည်ပြောမရ ဆိုမရဆော့ နေကြရာ ဆိုင်းတီးရာတွင် လွန်စွာနှောင့်ယှက်မှုဖြစ်ရလေသည်။
အဆိုးဆုံးကလေးမှာ အလှူရှင် ဦးလှ၊ ဒေါ်စိန်တုတ်တို့၏ တစ်ဦးတည်းသော သား(၁၂)နှစ်အရွယ်မောင်ဖေငယ် ဖြစ်၏။
အသက်(၄၀)ကျော်မှကံပေါ်ပြီးရလာသောမောင်ဖေငယ်အားဒေါ်တုတ်သည်
သူ၏အသက်ထက်ပိုချစ်၏။
လယ်တွေ၊ချောင်းတွေ၊စပါးစက်တွေပိုင်သဖြင့်လွန်စွာချမ်းသာ၏။သူတို့လင် မယားတစ်သက်တွင်သာမက သူ၏ သားတစ်သက်မှာပင် စား၍မကုန်အောင်ပစ္စည်း
များရှိ၏။
သားကလေးအား ချစ်လွန်းသဖြင့် မျက်စိအောက်က အပျောက်မခံ၊ ကျောင်း မထာ။ အိမ်မှာပင် ဆရာကိုခေါ်၍ စာသင်စေ၏။
ကျောင်းထားလျှင် ကျောင်းမှ သူ့ထက်ကြီးသော ကျောင်းသားများက အနိုင် ကျင့်မှာ ကြောက်လို့တဲ့။ ဆရာ၊ ဆရာမများက သူ့သားကို ရိုက်မှာကြောက်လို့တဲ့။ ကျောင်းလုံးဝမထား။

ဘာတွေလုပ်နေနေ၊ငွေထုပ်ပိုက်ပြီး သူ၏သားအတွက် လျော်ဖို့ အဆင်သင့်၊ “ငါ့သားနောက်မှာ အမေရှိတယ်။ သုံးလို့မကုန်တဲ့ငွေတွေရှိတယ်။ ငါ့သား အတွက်ဆိုအမေ့အသက်ပါပေးဖို့ဝန်မလေးဘူး”
“ငါ့သား – ဘယ်သူမှ ကိုယ့်အပေါ်ခေါင်းတုံးပေါ်ထိပ်ကွက်မလုပ်စေနဲ့။ အလုပ် မခံနဲ့။ ကိုယ်ကသာ ဦးအောင်ထိုး။ ကိုယ်ကသာ ဦးအောင်သတ်၊ ဦးအောင်ရိုက်” “ငါ့သား မခံရစေနဲ့- ဦးအောင်သာဆော်”
ဟုလူမှန်းသိတတ်စအရွယ်မှစ၍သင်ကြားပို့ချပေးခဲ့၏။ထို့အပြင်မြင်းကိုချိုတပ် ပေးလိုက်သကဲ့သို့ စလင်းမြို့မှ သိုင်းဆရာကြီးထံညနေရောက်တိုင်း သားကို ဗန်တို ဗန်ရှည်သင်တန်းများပို့ချသင်ယူစေခဲ့ရာမတောက်တခေါက်သိုင်းပညာတတ်ထား
သောမောင်ဖေငယ်သည်မည်သူ့ကိုမှလူမထင်တော့ပေ။
ထစ်ခနဲစကားမများလိုက်နှင့်၊ မောင်ဖေငယ်၏ လက်ချက်ကြောင့်တစ်ဖက်လူ
ဆေးရုံတက်နေရပြီ။
ကလေးချင်း ရန်ဖြစ်၍ ခံရသည့် မိဘများက လာရောက်တိုင်တန်းသောအခါ ဒေါ်စိန်တုတ်သည် ချေချေငံငံ မပြော၊ ငွေလျော်ပေးပြီး သား၏ကိစ္စကို ဖြေရှင်းပေး လိုက်၏။
“ငါ့နောက်မှာအမေနဲ့ငွေရှိတယ်”ဆိုသောအသိအမှားကိုလက်ဦးဆရာမိစင်က သင်ကြားပေးခဲ့သဖြင့် မောင်ဖေငယ်၏ အသိတရားတွင် ငါဘာလုပ်လုပ် ဖြစ်တယ် ဟူသည့် အသိမှာ၊ ရရှိနေလေ၏။ လမ်းမှားကို လမ်းမှန်ဟု ထင်မြင်ယူဆ၍ နေလေ တော့သည်။
မောင်ဖေငယ်၏စရိုက်ကြမ်းတမ်းမှု၊ မောင်ဖေငယ်၏လက်ယဉ်ပါးမှု၊ မိခင်၏ ရိုင်းစိုင်းမှု၊
မိခင်၏ငွေဂုဏ်၊ ရွှေဂုဏ်မောက်မှု၊

မိခင်၏ သားသမီးအပေါ်သွန်သင် ဆုံးမမှုများကို မကြိုက်သဖြင့် မောင်ဖေငယ် တွင် အပေါင်းအသင်းမရှိတော့၊ ကစားဖော်ကစားဖက် ကလေးအပေါင်းအသင်း လည်းမရှိတော့ပေ။
ထို့ကြောင့်မောင်ဖေငယ်သည်မိမိတို့အိမ်တွင်ရှိသော သူရင်းငှားအလုပ်သမား
များဖြင့်သာပေါင်းသင်းဆက်ဆံရတော့၏။နွားကျောင်းသားများဖြစ်သောမိမိအိမ်၌ ခိုင်းစေထားသည့်အိမ်မှအလုပ်သမားနှင့်နွားကျောင်းလိုက်သွားသည်။ နွားစားကျက်
သည် စလင်းချောင်းဘက်တွင်ရှိ၏။
ဟိုမှာဘက်တွင် ထန်းတောကြီးရှိ၏။ထန်းတောတွင် ထန်းရည်ဆိုင်ရှိရာ(၁၂) နှစ်သား မောင်ဖေငယ်သည် နွားကျောင်းသာ၊သူရင်းငှားအလုပ်သမားများနှင့် ခွက် လည်ကျသောက်တတ်နေပြီဖြစ်၏။
ညနေ နွားရိုင်းသွင်းချိန်တွင် မူး၍ပြန်လာသော သားမောင်ဖေငယ်ကို ကြည့်၍ ဖခင်မှာ စိတ်ဆိုးခဲ့သလောက် မိခင် ဒေါ်စိန်တုတ်က…
“ငါ့သား-လူရည်လည်နေပြီ၊ ယောက်ျားပီသလာပြီ” ဟု ဝမ်းသာပီတိဖြစ်နေ၏၊
ဒေါ်တုတ်သည် သားဖြစ်သူ မောင်ဖေငယ်အား ပုံသွင်၊မကောင်းခဲ့၊ ပဲ့ကိုင် မကောင်းခဲ့။ မောင်ဖေငယ်အပေါ်ချစ်ရာမရောက်၊ နှစ်ရာသို့ ရောက်နေတော့၏။
ဦးလှသည် ဒေါ်တုတ်ကို ချစ်သကဲ့သို့ သားကိုလည်း ချစ်၏။ ဥကိုချစ်မှ အမိကို ချစ်သည်ဆိုသောစကားပုံကို ပြောင်းပြန်၊ မကိုချစ်၍ ဥကိုချစ်သော ဦးတုတ်သည် သူ့ဇနီးလုပ်သမျှ၊ ပြောသမျှ အမှန်ဟုတွက်ကာ ဒေါ်တုတ်၏ သားအပေါ်ချစ်နေမှုမှာ အမှားပါဟုတစ်ချက်ကလေးမျှမပြောခဲ့။ မဆိုခဲ့။ မသိကျိုးကျွန်ရေငုံနှုတ်ပိတ်နေလေ၏။
မောင်ဖေငယ်သည်ရွာတွင်မနေဘဲဘောထဲတွင်နွားကျောင်းလိုက်သွားသည်
ကများ၏။
ယနေ့ရွာတွင်အလှူရှိသဖြင့်ကျွဲကျောင်း၊ နွားကျောင်းမလိုက်ဘဲအလှူမဏ္ဍပ်
ထဲတွင် မျောက်ရှုံးအောင် ဆော့နေ၏။

ကိုတင်စိုးသည်အလှူနှင့်ပတ်သက်သောသီချင်းများကိုဆိုလိုက်တီးလိုက်ဖြင့် ရှိနေစဉ်အသံချဲ့စက်၊ မိုက်ခွက်နားသို့ မောင်ဖေငယ်ရောက်လာပြီး…
“ဟေး-ဟေး – ဝါးဟား-ဟာ၊
ဟု လာအော်နေရာ ကိုတင်စိုးသည် ဆိုရတီးရ ပြောရသည်မှာ အရှိန်ပျက်နေ သဖြင့် မောင်ဖေငယ်ကို ဒေါသထွက်နေ၏။
ပို၍ဆိုးသောမောင်ဖေငယ်၏လုပ်ကွက်မှာရွှေချထားသောမင်္ဂလာစံဆိုင်းကြီး
၌ အလှဆင်ထားသည့် ကျောက်မျက်ပွင့်များကို မိမိ၏လက်သုံးဓားမြှောင်ဖြင့်ထိုး၍ ကလော်ပြီးထုတ်နေခြင်းဖြစ်၏။
ကျောက်သုံးလုံးထွက်သွားပြီး ရွှေများလည်းကွာကျလာ၏။
“ဖြောင်၊” “ဝုန်။”
“အား”
ကိုတင်စိုးသည်ပြောမရ ဆိုမရ၍ ဆိုင်းတီးမရဖြစ်အောင်လုပ်နေသောမောင်ဖေ ငယ်၏ဇက်ပိုးကိုရိုက်ချလိုက်ရာမောင်ဖေငယ်၏နဖူးသည်ဆိုင်းရွေ့ဖြင့်ဆောင့်မိပြီး
နဖူးတွင် အဖုကြီးထွက်လာလေသည်။
“တောက်”
“အင်း-ဟင်း-ဟင်း”
မောင်ဖေငယ်သည် တောက်တစ်ချက် ပြင်းပြင်းခေါက်ပြီး ကိုတင်စိုးကို မျက် ထောင့်နီကြီးဖြင့် စိမ်းစိမ်းကြည့်ပြီး ဒေါသကို တဟင်းဟင်းဖြင့် အားတင်းကာ မျိုချ သွား၏။
ထိုသို့ ကိုတင်စိုးက မောင်ဖေငယ်၏နားရင်းကို ခပ်ပြင်းပြင်းလေး အုပ်ချလိုက် သည့်နောက် မောင်ဖေငယ်သည် အလှူမဏ္ဍပ်သို့လုံးဝမလာတော့ပေ။
ကျန်ကလေးများလည်းကြောက်လန့်ပြီးမောင်ဖေငယ်နည်းတူ မဏ္ဍပ်ထဲမလာ
ကြတော့သဖြင့် ဆိုင်၊ကိုချောချောမောမောစိတ်ဖြောင့်ဖြောင့်တီးခဲ့ရလေတော့၏။ ထမင်းစားနားချိန်တစ်အောင့်နားပြီးညနေထိဆိုင်ကိုတီးကြရပြန်၏။ည(၆)
နာရီတွင် ဆိုင်းကိုဖြုတ်ပြီး ဆိုင်းများကို ဇာတ်ခုံရှိရာသို့ ရွှေ့ကြရ၏။ ည(၇)နာရီတွင်

ကိုတင်စိုး ခေါင်းဆောင်သော ဆိုင်းအဖွဲ့မှ ဇာတ်မထွက်မီ ကရောင်း(ပတ်မချီ)တီ၊ ကြရပြန်၏။
ပွဲခင်းကြီးထဲတွင်အလှူလုပ်သည့်ဒဟတ်မြိုင်ရွာနှင့်(၇)မိုင်ပတ်လည်ဝေးသော ရွာများမှ ပွဲကြည့်ပရိသတ်များဖြင့် ပြည့်ကျပ်နေ၏။ ကိုတင်စိုးတို့ ဆိုင်းအနီးတွင် လည်းလူများပြည့်ကျပ်နေရာ ဆိုင်းပင် ကောင်းကောင်းတီးလို့မရ ဖြစ်နေ၏။ ကရောင်းတီးသည့်အချိန်တွင် လက်ထောက်ဆရာအား ဆိုင်းဝိုင်းထဲတွင် ပတ်စာကပ်ခိုင်းလိုက်ပြီးကိုတင်စိုးသည်ကြေးနောင်ထဲသို့ဝင်၍ခေတ္တတီးပေးနေစဉ် မောင်ဖေငယ်သည်လူအုပ်ကြားထဲမှနေ၍ကိုတင်စိုး၏နောက်ကျောဆီသို့ချဉ်းကပ် ကာလက်ထဲတွင် ပါလာသောဓားဖြင့်ထိုးလိုက်ပြီးနောက်..
“မင်းလားကွ-လူသတ်သမားတင်စိုးဆိုတာ။မင်းမှတ်ထား- ငါ့နာမည်မောင်ဖေ ငယ်ကွ။ ဒီရွာမှာရှိနေတဲ့ဂုဏ်သတင်ကို ဘယ်တော့မှ အငြိုးအနွမ်းမခံဘူးကွ၊ ဂုဏ် သိက္ခာကို အထိအခိုက် မခံဘူးကွ”
“သေပေတော့”
“စွပ်” *
“သေပါပြီဗျ …”
“မောင်ဖေငယ်က ဆိုင်းဆရာကိုဓားနဲ့ထိုးပြေးပြီဟေ့”
ဆိုသောအော်ဟစ်သံများဆူညံသွားပြီးပွဲခင်းမှာ ရုတ်ရုတ်သဲသဲဖြစ်သွားတော့ ၏။ သေလောက်သည့်ဒဏ်ရာမဟုတ်ဘဲ ချိုင်းကြားအောက်တွင် အပေါ်ယံသာ ထိသွားခြင်း ဖြစ်၏။
ရွာမှ ဆေးမှူးရောက်လာပြီ၊ ကိုတင်စိုးကို ဆေးထည့်ပြီး ပတ်တီးစည်းပေး၏။ မောင်ဖေငယ်၏မိခင် ဒေါ်စိန်တုတ် ရောက်လာပြီး ကိုတင်စိုးကို တောင်းပန်၏။ ငွေငါးသောင်းထုတ်ပေးလေရာ ကိုတင်စိုးသည် မည်သို့မျှမဖြစ်သလို ပြုံးပြုံးရွှင်ရွှင် ဖြင့်ငွေငါးသောင်းကိုလက်ခံလိုက်ပြီးကျေအေးကြောင်းလက်မှတ်ရေးထိုးပေးလိုက်သည်။

မျက်နှာမှာပြုံးနေပါသော်လည်းကိုတင်စိုး၏စိတ်ထဲကမူ“ပျံလေတဲ့ငှက် ခါးနား
ခါမှ သိရမှာပေါ့ကွ၊ ငါထောင်က လွတ်လာတဲ့တစ်နေ့ သေဖို့သာ ပြင်ထားတော့
ဖေငယ်ရေ”
ဟုကြိမ်းဝါးကာအငြိုးအတေးထားလိုက်၏။
ကျွန်တော်တို့လည်း ကစရာရှိတာ က၊ တီးစရာရှိတာ တီးပြီး နောက်နေ့တွင် စကုမြို့သို့ပြန်ခဲ့ကြလေတော့သည်။
စကုမြို့သို့ မရောက်မီ ပွင့်ဖြူမြို့သို့ ရောက်သောအခါ ဆိုင်းဆရာ ကိုတင်စိုးအား ပွင့်ဖြူမြို့နယ်တရားသူကြီးဥက္ကဋ္ဌ ဒေါ်သူဇာ၏လက်သို့အပ်လိုက်၏။
“ကိုင်း – မောင်တင်စိုး-မင်းတို့ ညီအစ်ကိုနှစ်ယောက် သရက်ထောင်ကို ငါးနှစ် လောက် သွားပြီးနေလိုက်ကြဦး”
“ထောင်ထဲမှာတရားရစရာတွေကို ကြည့်ပြီး မကောင်းတဲ့စိတ် တဒင်္ဂစိတ်ခိုက် တွေကိုထောင်ထဲမှာပဲထားခဲ့။မနက်ဖြန်တရားရုံးမှာကျွန်မအပြီးအမိန့်ချလိုက်တော့မယ်”
ဟုပြော၏။ကိုတင်စိုးကလည်းသေစားသေစေခြင်းနှင့်နှိုင်းယှဉ်လျှင်တော်သော သည်ဟုသဘောပိုက်လျှင်အေးအေးချမ်းချမ်းပင်လက်ခံလိုက်လေသည်။ဤသို့ဖြင့် ဆိုင်းဆရာ ကိုတင်စိုးသည် ထောင်ငါးနှစ်ကျသွားလေတော့သတည်း။
ဘာလဲဗျ ဂုဏ်သိက္ခာ
ဖင်ရွှေ့၊ ခေါင်းရွှေ့နှင့် (၅)နှစ်ဆိုသော အချိန်ကာလသည် ဘာမှမကြာလိုက်၊ တစ်နေ့၊တစ်မနက်တွင်ကိုတင်စိုးတို့ညီအစ်ကိုသည် သရက်ထောင်မှပြန်လာကြပြီ။ ကျွန်တော်၏မောင်နှမစာပေသို့ဝင်လာ၏။
“ဟ – အတော်ပဲ
-ကိုတင်စိုးရေ။ကျွန်တော်လည်းဒီနှစ်ခေါင်းဆောင်ဆိုင်းဆရာ
မခေါ်ရသေးဘူးဗျ။ ခင်ဗျားတစ်ခါတည်း ချုပ်သွားဗျာ”
“မဖြစ်သေးဘူး- အာစရိရေ”
“ဘာကြောင့်တုံးဗျ”
“ကျွန်တော် ဂုဏ်သိက္ခာကိုပြန်ဆယ်ရမယ့်လုပ်ငန်းရှိသေးတယ်ဗျ”
“ဟုတ်လာ။”
“ဒဟတ်မြိုင်ရွာက မောင်ဖေငယ်ကိစ္စလေ”
“ဟာ-ကိုတင်စို၊ရယ် – ငါးနှစ်ကြီးတောင် ကြာခဲ့ပြီပဲဗျ။ ပြီးခဲ့တာတွေ ပြီးပါစေ
တော့ဗျာ
ဟုကျွန်တော် နားချ၏။
“ကျွန်တော်တို့လူမိုက်လောကမှာပြီးခဲ့တာတွေပြီးခဲ့လို့မရတာတွေ အများကြီး
ရှိတယ် – ဇာတ်ဆရာ”
“မလောက်လေးမလောက်စားကောင်ကမိဘအရှိန်ငွေအရှိန်နဲ့ကျွန်တော့်ကို စော်ကားလွှတ်တာဗျ။ မြွေပွေးကိုတီကောင်ကိုက်လွှတ်တဲ့သတင်းက ကျွန်တော်တို့ လောကမှာ ရှက်စရာအကောင်းဆုံးကိစ္စတွေပဲ၊ လူမိုက်ဂုဏ်သိက္ခာ ထိခိုက်သွား တော့တာပဲ”
“သူ့ကိုသတ်ပြီ၊ ကျွန်တော့် ဂုဏ်သတင်းကို ပြန်တင်ရမယ် -ဇာတ်ဆရာရေ၊ ကျွန်တော်လာနှုတ်ဆက်တာ။စလင်းကို ဒီကနေ့ပဲ သွားမှာမို့ သွားခွင့်ပြုဦး”

ဟုကိုတင်စိုးတို့ညီအစ်ကိုနှစ်ယောက်ကကျွန်တော်တို့မိသားစုကို ဝင်ပြီး နှုတ်ဆက်၏။
“ကိုတင်စိုးတို့ထမင်းစားမသွားတော့ဘူးလာ။”
“စားချိန်မရဘူး-ဇာတ်ဆရာကတော်။ ဒီအချိန်သွားမှ စလင်းကိုညနေ(၆)နာရီ
ရောက်မယ်။ အဲဒီကနေ ဒဟတ်မြိုင်ကိုသွားရဦးမှာဆိုတော့ည(၉)နာရီခွဲလောက်မှ ဒဟတ်မြိုင်ကို ရောက်မယ်”
“အဲဒီအချိန်ဆိုင်ရင်ဒီကောင်ကလေးစလင်းချောင်းတစ်ဖက်ကမ်းကထန်းရည်
ဆိုင်မှာရှိမယ်။ ဒီကောင်မူးနေတဲ့အချိန်ဆိုတော့ အလုပ်လုပ်ရတာ လွယ်တာပေါ့- ဇာတ်ဆရာကတော်ရ
“ကျွန်တော်တို့ သွားလိုက်ဦးမယ်။ ခွင့်ပြုပါဦး။ အော် – ဒါနဲ့ ဇာတ်ဆရာ” “ဗျာ…”
“လိုအပ်ရင်တော့ စလင်းအချုပ်ခန်းထဲလာပြီး အာမခံနဲ့ထုတ်လှည့်ပေါ့ဗျာ” “ဟားဟား”
နှစ်ယောက်သားရယ်မောကာထွက်သွားကြလေသည်။
သူတို့များအဖို့တော့လည်းလူတစ်ယောက်အသက်သတ်ဖို့လွယ်လိုက်ကြတာ။
တို့များဖြင့် ပုရွက်ဆိတ်တစ်ကောင်၊ ခြင်တစ်ကောင်သတ်ဖို့တောင်မှ မစဉ်းစား ဝံ့ပါလားဟု တွေးရင်း သူတို့နှစ်ယောက်၏ကျောပြင်ကိုကြည့်ရင်း ရင်မောမိလေ တော့၏။

ရေမျိုခြင်း
လူသတ်ဖို့သွားတဲ့ ထိုင်းဆရာ ကိုတင်စိုးကိစ္စ ကျွန်တော် မေ့လျော့နေ၏။ ကျွန်တော့်မှာလည်း ဒီနှစ်ကဖို့ ရန်ကုန်မြို့သို့ သွားရ၏။ ရန်ကုန်မှ မှော်ဘီမြို့ဇာတ် သဘင်ဥက္ကဋ္ဌ၏ သမီ၊များကို အငြိမ့်ကဖို့ အငြိမ့်မင်းသမီးအဖြစ် ငှားရမ်းရလေရာ အလုပ်ရှုပ်နေ၏။

မင်းသမီးများကို ကြိုသုံးငွေများပေးခဲ့ပြီး နောက်က လိုက်ခဲ့ကြရန်မှာ ကြားပြီး နောက် မကွေးသို့ပြန်ခဲ့၏။
မကွေးသို့ ရောက်၍ ရေမိုးချိုးပြီး ခေတ္တနားနေခိုက် အိပ်ရာလိပ်ကြီးထမ်းပြီး ဝင် လာသောဆိုင်းဆရာကိုတင်ပို၊ကိုတွေ့မြင်ရလေရာကျွန်တော့်မှာပြောမပြနိုင်အောင်
ဝမ်းသာမိလေ၏။
“ဟာ-ကိုတင်စိုး- ခင်ဗျားကိုစလင်းအချုပ်ခန်းမှာအာမခံနဲ့ထုတ်ရ မယ်ဆိုဗျ။ အလုပ်မဖြစ်ခဲ့ဘူးလား”
ကျွန်တော်က အားရဝမ်းသာ မေ၊မိ၏။
“နေပါဦး – ဇာတ်ဆရာရယ်။ပြောမှာပေါ့ဗျာ။အိပ်ရာလိပ်ကလေးချပြီးအမောပြ
ရေကလေးတစ်ခွက်တော့
သောက်ပါရစေဦးဗျ
ဟု ပြောပြီး အိပ်ရာလိပ်ချ၊ ရေသောက်ပြီးမှ
“ဇာတ်ဆရာရေ-ဖေငယ်က သူ့ဇာတ်ကို သူရှင်းသွားတယ်ဗျ” “ဟင် … ဘယ်လိုလဲ၊ ခင်ဗျား မသတ်လိုက်ရဘူးပေါ့” ဟုကျွန်တော်က သိချင်ဇောအားကြီးစွာဖြင့် မေးမိ၏။ “မိဘကိုစော်ကားလိုက်တာ၊ ရေမျိုသွားပါပကောလာ။” ဟုကိုတင်စိုးကပြော၏။
“ဟာ- ပေါက်ပေါက်ရှာရှာ ကိုတင်စိုးရယ်။ မိဘကို စော်ကားလို့ မြေမျိုတယ်ပဲ ကြားဖူးတာပါ။ ခင်ဗျားဟာက အခုတော့ စကားအဆန်း ခရေမျိုရတယ်လို့ဗျာ”
ဟုညည်းမိ၏။
“ဖြစ်ပုံက ဒီလိုဇာတ်ဆရာရေ” “အင်း-ပြောဗျာ-နားထောင်ရအောင်”
“မောင်ဖေငယ်ကကျွန်တော်ထောင်ကျနေတဲ့ငါးနှစ်အတွင်းမှာအဋ္ဌာရသပညာ
ရပ်တွေ အကုန်တတ်နေတာ”ဟု အစချီ၏။
“ဘယ်လိုပညာတွေများလဲ-ကိုတင်စိုးရဲ့”
ကျွန်တော်က ရေလာမြောင်းပေ။ စကားကို ဆိုလိုက်၏။

“အရက်သောက်၊ဖဲရိုက်၊ အောင်တတ်သွားတော့ အမေပေးတဲ့မုန့်ဖိုးနဲ့ မလောက်တော့ဘူး”
မိန်းမပွေ၊အဲဒီလိုကိစ္စတွေတစ်ဖက်ကမ်းခတ်လောက်
“အဲဒီတော့ သူကျောင်းနေတဲ့ နွားတွေ၊ ကျွဲတွေကို တစ်ကောင်ပြီးတစ်ကောင် ရောင်းတော့တာပဲ”
“ဒါကို အဖေကသိတော့ သူ့ကို ရိုက်တယ်တဲ့လေ”
“ငယ်ငယ်လေးကတည်းက အလိုလိုက်ထားခံရတဲ့ကောင်က အသက် ( ၁၈) နှစ်အရွယ်ကျမှ အရိုက်ခံရတော့ ရှက်ပြီး အဖေကို ဓားနဲ့လိုက်ခုတ်တာ တစ်ရွာလုံး ဆူညံပွက်လောရိုက်သွားတော့တာပဲတဲ့”
“ရွာအပြင် ဘုန်းကြီးကျောင်းရောက် အဖေကို မီလို့ ဓားနဲ့ခုတ်လိုက်တာ ကံကောင်းလို့ မသေတာတဲ့”
“အချိန်မီစလင်းဆေးရုံပို့နိုင်လို့တဲ့။နို့မဟုတ်ရင်သေသတဲ့။ အဲဒါအမေကမလုပ် ကောင်းဘူးပြောတာ သူ့ကို ပြောရမလားဆိုပြီး အမေ့ပါးနှစ်ဖက်ကို တဖြန်းဖြန်းနဲ့ ဘယ်ပြန်ညာပြန် ရိုက်လိုက်တာ အမေ့ခမျာ သတိမေ့လဲသွားမှရပ်သွားသတဲ့” “တစ်ရွာလုံးက သူ့ကိုကြောက်ကြတော့ ဘယ်သူမှ ဝင်မဆွဲရဲဘူးဗျ”
“သူ အဲဒီလို အမေကို ရိုက်နေတုန်၊ တစ်မိုးလုံး မည်းမှောင်လာပြီး လျှပ်စီးတွေ လက်ပြီး မိုးက သဲသဲမဲမဲ ရွာရလာတော့ဒီကောင့်ကို မိုးကြိုးပစ်တော့မှာပဲဆိုပြီး သူနဲ့ ဝေးရာရှောင်ပြေးသတဲ့”
“ကျွန်တော်တို့ နယ်ဘက်က အဲသလိုမိုးမှောင်ကြီးကျပြီး မိုးရွာရင် မန်းချောင်း၊ မုန်းချောင်း၊ စလင်းချောင်းကရေတန်းကျတာဗျ။ ချောင်းရေကလျှံတော့တာ
“အဲဒီကောင်က အဇာတသတ် ငဖေငယ်က ဖဲရိုက်သွားမယ်ဆိုပြီး ရောင်းစားဖို့ သူစီးနေကျ ကျွဲကြီးကိုစီးပြီး စကုရောင်းကို ဖြတ်ကူးတော့တာပဲဗျို့၊ ဟိုဘက်ကမ်း ရောက်ရင် ကျွဲကြီးကို ကျွဲသတ်သမားကို ရောင်းမှာလေ။ မိုးရေထဲမှာ မေ့လဲနေတဲ့ သူ့အမေကို ပြန်တောင်မကြည့်ဘဲထွက်သွားတာတဲ့ဗျာ”
“တစ်ရွာလုံးက ငွေဂုဏ်မောက်နေတဲ့ သူ့အမေကို သောက်မြင်ကတ်ကြပေမဲ့ မျက်စိရှေ့မှာမချိမဆန့်ခံလိုက်ရတဲ့ဒေါ်တုတ်ကိုပွေ့ချီပြီ။ သတိရအောင်ပြန်လုပ်ပေး
ကြသတဲ့”

“ဒေါ်တုတ်သတိရလာတော့ သူ့သားအဇာတသတ်ငဖေငယ်ကိုမေးတော့တာ
“ငဖေငယ် ကျွဲစီးပြီး ချောင်းဟိုဘက်ကမ်းသွားလေရဲ့လို့ ပြောတော့ ချက်ချင်း ထပြီး သူ့သားနောက်ကိုလိုက်သတဲ့”
“သူတို့ကမ်းစပ်ရောက်တော့ကျွဲကြီးနဲ့ငဖေငယ်ကချောင်းအလယ်မှာရောက်
နေပြီတဲ့လေ”
တိရစ္ဆာန်တွေမှာလူတွေမလိုက်နိုင်တဲ့အသိဉာဏ်တွေရှိတယ်ဆိုတာဒီတော့မှ ယုံတော့တယ် ဆရာရေ၊ မောလိုက်တာဗျာ – ထန်းလျက်ခဲရှိရင် ပေးစမ်းပါဦး။ ရေ လည်းတစ်ခွက်တိုက်ပါဦး”
လို့ တောင်းလို့ ကျွန်တော်လည်း ထန်းလျက်ဘူးနဲ့ ရေတစ်ခွက် ချပေးလိုက် တယ်။စားသောက်ပြီးသည်နှင့် သူက စကားဆက်ပြောလေသည်။
“ကျွဲကြီးက သူ့ကိုကျွဲသတ်သမားဆီ ရောင်းစားဖို့ခေါ်သွားမှန်း သိသတဲ့ဗျ”
“ရေလယ်လည်းရောက်ရောကျွဲကရေထဲတစ်ချက်ငုပ်ပြီးဖေငယ်ကိုကျောပေါ်
က ခါချလိုက်သတဲ့”
“အောင်မလေးလေး-မတွေးရဲပါပဲပေါ့ဗျ”
“ဟုတ်လိုက်လေ ဇာတ်ဆရာရယ်။ ကျွဲကြီး ရေပေါ်ပေါ်လာတော့ ဖေငယ်က မပါလာတော့ဘူးတဲ့။ ရေအောက်နစ်သွားပြီလေ”
“ကျွဲကြီးကကမ်းစပ်ပေါ်ရောက်တော့ချောင်းတစ်ဖက်ဆီကိုလှည့်ကြည့်ပြီးနွဲ့နွဲ့
နွဲ့နွဲ့နဲ့ သူ့သခင်မကြီးဒေါ်တုတ်ကိုတစ်ချက်အော်၊လှမ်းနှုတ်ဆက်ပြီးတောထဲဝင်ပြေး တော့တာပဲဗျို့
“ငဖေငယ်အမေဒေါ်တုတ်ရယ်လေ။ သူ့သားနောက်ကိုလိုက်ပါမယ်ဆိုပြီး ရေထဲ ဆင်းမယ်လုပ်လို့ဆွဲထားလိုက်ရတာတဲ့ဗျာ”
“ကျွန်တော်တို့က လူသာ သတ်တာဗျ၊ ကိုယ့်မိဘကို ဘယ်တော့မှ ပြန်မပြော ဘူး။ မစော်ကားဘူး။ ဒါကြောင့် ဘာမှကြီးကြီးကျယ်ကျယ်ဒုက္ခမရောက်ခဲ့ဘူ။” “အမြုတော့ ဒေဝဒတ်လိုအမေမျိုးနဲ့ အဇာတသတ်လို သားမျိုးကြောင့် ဖြစ်ပျက် ခဲ့တဲ့ အဖြစ်အပျက်တွေကို မြင်ခဲ့၊ တွေ့ခဲ့၊ ကြားခဲ့ရတော့ သံဝေဂရမိတယ် ဇာတ် ဆရာရယ်”

ဟု ချွဲချွဲပျစ်ပျစ် ပြောပြခဲ့၏။
“ဒါပေါ့ကိုတင်စိုးရယ်- ဘယ်မိဘမဆိုကိုယ့်သားသမီးကိုချစ်ကြတာပဲဗျ”
“ဒါပေမဲ့ – ချစ်တတ်ဖို့တော့လိုကြတယ်”
“ချစ်ရာမရောက်၊ နှစ်ရာ ရောက်သွားနိုင်တယ်”
“ဒါကြောင့်မိဘတွေအချစ်မမှားကြဖို့ရှေးပညာရှိတွေကဒီလိုဆောင်ပုဒ်ကလေး
ထားခဲ့တာ ခင်ဗျားမှတ်မိသေးလား”
“ဘယ်လိုများလဲ-ဇာတ်ဆရာရယ်”
“မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ် အတတ်သင်စေ၊ ပေးဝေနှီးရင်း ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင် ဖခင်မယ်တို့တာတဲ့”
ပညာသင်တဲ့အရွယ်မှာပညာသင်ကြားနိုင်အောင်အရွယ်ရောက်လာရင်ရင်းနှီး
လုပ်ကိုင် စားသောက်နိုင်အောင် ငွေနဲ့ လုပ်ငန်းတည်ထောင် ထုတ်ပေးနိုင်ရမယ်။ အိမ်ထောင်ရက်သား ချပေးရမယ့်အရွယ်မှာလည်း အိမ်ထောင်ချပေးရမယ်။
“ဖဝါးလက်နှစ်လုံး၊ ပခုံးလက်နှစ်သစ် အရွယ်ကတည်းက မကောင်းတာကို မကောင်းဘူးလို့ သိအောင်၊ ကောင်းတာကို ကောင်းတယ်လို့ သိအောင် သင်ကြား ပေးရမယ်”
“ဒါမှ ဒေဝဒတ်လိုမိဘမျိုးနဲ့ အဇာတသတ်လိုသားသမီးမျိုးမဖြစ်ကြမှာပေါ့ဗျာ” စာဖတ်ပရိသတ်များ၊ ကိုယ့်သား သမီးကို ချစ်တတ်ကြပါစေလို့ ဆန္ဒပြု
လျက် ..
သဗ္ဗေ၊ အနိစ္စ၊ သင်္ခါရ –

Zawgyi Version

မိဘေစာ္ကားေရမ်ိဳသြား(စ/ဆုံး)
—————————————
မိဘကိုေစာ္ကားရင္ ေျမမ်ိဳတယ္လို႔ပဲ ၾကားၾကတယ္ မဟုတ္လား။ ဒီအျဖစ္အပ်က္အမွန္ကေတာ့မိဘကိုေစာ္ကားလို႔ေရခ်ိသြားတဲ့မေကြ၊ကိုင္း၊
ပြင့္ျဖဴၿမိဳ႕နယ္ကမိသားစု အေၾကာင္းကေလးပါ။
တစ္ညလုံ၊ စကုၿမိဳ႕မ၊ မန္းေခ်ာင္းအတြင္းမွ ကြၽန္ေတာ္ ဦးစီးတဲ့ စိန္သရဖူဇာတ္ အဖြဲ႕ဟာလွည္းအစီ၊သုံးဆယ္နဲ႔ထြက္လာလိုက္တာပြင့္ျဖဴၿမိဳ႕နယ္“ဒဟတ္ၿမိဳင္ ႐ြာသို႔
နံနက္(၉)နာရီတြင္ေရာက္ရွိေလ၏။
ေရာက္တယ္ဆိုရင္ပဲ ႐ြာမွ ကာလသားမ်ားက လွည္းေပၚပါလာေသာ ဇာတ္ ေသတၱာမ်ားကို သူ႔ထက္ငါ ဦးေအာင္သယ္၍ အလႉမ႑ပ္အတြင္းသို႔ ေနရာခ်၍
ေပးခဲ့၏။
ေနရာခ်ၿပီးသည္ႏွင့္ေန႔ဧည့္ခံပြဲတီးမႈတ္ရန္အတြက္ေမာင္းတန္းေခြ သူကေခြ။
ဆိုင္းေခြသူကေခြျဖင့္ ဆိုင္းသမားမ်ား ေနရာယူလ်က္အလုပ္ရႈပ္ေနၾကရ၏။
အားလုံး ေနရာတက်ျဖစ္ေသာအခါ ကြၽန္ေတာ္တို႔သည္ တစ္ေန႔တာအတြက္ “မဂၤလာပါဗ်ာ” တီးလုံးတီး၍ ဧည့္ခံေနရာတြင္ စိတ္ပါဝင္တစားနားေထာင္သူမရွိဘဲ ၾကက္သြန္အခြံႏႊာသူကႏႊာ၊ ဆန္စပါးလုံးေ႐ြးသူကေ႐ြး၊ကုလားပဲကိုအခြံခြၽတ္သူက ခြၽတ္ျဖင့္႐ြာကာလသားတို႔မွာ အလုပ္ရႈပ္ေနၾက၏။

ပြဲအဝင္ေန႔တြင္ ဤသို႔ပင္ နားေထာင္သည္ျဖစ္ေစ၊ နားမေထာင္သည္ျဖစ္ေစ ကြၽန္ေတာ္တို႔တာဝန္က မဂၤလာရွိေသာေဗ်ာသီခ်င္းမ်ားျဖင့္ဧည့္ခံရသည္ကနိယာမ သေဘာတရားျဖစ္ေလ၏။

စာဖတ္သူသိထားရန္လိုအပ္ခ်က္မွာကြၽန္ေတာ္၏ဆိုင္းဆရာကိုတင္စိုးသည္
ဆတ္ဆတ္ထိမခံ လူမိုက္တစ္ေယာက္ျဖစ္၏။ ယခုလည္း လူသတ္မႈျဖင့္ အမႈဆိုင္ ေနရသူျဖစ္သည္။ အမႈမျပတ္ေသး။
မေန႔က ပြင့္ျဖဴၿမိဳ႕အရက္ဆိုင္တြင္ ေလာင္းကစားဒိုင္ျဖင့္ စကားမ်ားရာ ၎ဒိုင္ လူမိုက္ကို ဓားျဖင့္ထိုး၍သတ္ခဲ့သျဖင့္ လူသတ္မႈျဖင့္ အဖမ္းခံထားရေလရာ တရား သူႀကီးခ်ဳပ္ႏွင့္ ကြၽန္ေတာ္မွာ ညီအစ္ကိုအရင္းတမွ် ခင္မင္သျဖင့္ နားလည္မႈယူ၍ အျပင္သို႔ အာမခံျဖင့္ ကြၽန္ေတာ္ ေဆာင္႐ြက္ၿပီး ဤအလႉၿပီးပါက ျပန္ပို႔ပါမည္ဟု ကတိေပးကာ ေခၚခဲ့ရျခင္းျဖစ္၏။
အလႉမ႑ပ္ထဲတြင္ ဆိုင္းဆင္ၿပီးတီးရာကေလးမ်ားသည္ေျပာမရ ဆိုမရေဆာ့ ေနၾကရာ ဆိုင္းတီးရာတြင္ လြန္စြာေႏွာင့္ယွက္မႈျဖစ္ရေလသည္။
အဆိုးဆုံးကေလးမွာ အလႉရွင္ ဦးလွ၊ ေဒၚစိန္တုတ္တို႔၏ တစ္ဦးတည္းေသာ သား(၁၂)ႏွစ္အ႐ြယ္ေမာင္ေဖငယ္ ျဖစ္၏။
အသက္(၄၀)ေက်ာ္မွကံေပၚၿပီးရလာေသာေမာင္ေဖငယ္အားေဒၚတုတ္သည္
သူ၏အသက္ထက္ပိုခ်စ္၏။
လယ္ေတြ၊ေခ်ာင္းေတြ၊စပါးစက္ေတြပိုင္သျဖင့္လြန္စြာခ်မ္းသာ၏။သူတို႔လင္ မယားတစ္သက္တြင္သာမက သူ၏ သားတစ္သက္မွာပင္ စား၍မကုန္ေအာင္ပစၥည္း
မ်ားရွိ၏။
သားကေလးအား ခ်စ္လြန္းသျဖင့္ မ်က္စိေအာက္က အေပ်ာက္မခံ၊ ေက်ာင္း မထာ။ အိမ္မွာပင္ ဆရာကိုေခၚ၍ စာသင္ေစ၏။
ေက်ာင္းထားလွ်င္ ေက်ာင္းမွ သူ႔ထက္ႀကီးေသာ ေက်ာင္းသားမ်ားက အႏိုင္ က်င့္မွာ ေၾကာက္လို႔တဲ့။ ဆရာ၊ ဆရာမမ်ားက သူ႔သားကို ႐ိုက္မွာေၾကာက္လို႔တဲ့။ ေက်ာင္းလုံးဝမထား။

ဘာေတြလုပ္ေနေန၊ေငြထုပ္ပိုက္ၿပီး သူ၏သားအတြက္ ေလ်ာ္ဖို႔ အဆင္သင့္၊ “ငါ့သားေနာက္မွာ အေမရွိတယ္။ သုံးလို႔မကုန္တဲ့ေငြေတြရွိတယ္။ ငါ့သား အတြက္ဆိုအေမ့အသက္ပါေပးဖို႔ဝန္မေလးဘူး”
“ငါ့သား – ဘယ္သူမွ ကိုယ့္အေပၚေခါင္းတုံးေပၚထိပ္ကြက္မလုပ္ေစနဲ႔။ အလုပ္ မခံနဲ႔။ ကိုယ္ကသာ ဦးေအာင္ထိုး။ ကိုယ္ကသာ ဦးေအာင္သတ္၊ ဦးေအာင္႐ိုက္” “ငါ့သား မခံရေစနဲ႔- ဦးေအာင္သာေဆာ္”
ဟုလူမွန္းသိတတ္စအ႐ြယ္မွစ၍သင္ၾကားပို႔ခ်ေပးခဲ့၏။ထို႔အျပင္ျမင္းကိုခ်ိဳတပ္ ေပးလိုက္သကဲ့သို႔ စလင္းၿမိဳ႕မွ သိုင္းဆရာႀကီးထံညေနေရာက္တိုင္း သားကို ဗန္တို ဗန္ရွည္သင္တန္းမ်ားပို႔ခ်သင္ယူေစခဲ့ရာမေတာက္တေခါက္သိုင္းပညာတတ္ထား
ေသာေမာင္ေဖငယ္သည္မည္သူ႔ကိုမွလူမထင္ေတာ့ေပ။
ထစ္ခနဲစကားမမ်ားလိုက္ႏွင့္၊ ေမာင္ေဖငယ္၏ လက္ခ်က္ေၾကာင့္တစ္ဖက္လူ
ေဆး႐ုံတက္ေနရၿပီ။
ကေလးခ်င္း ရန္ျဖစ္၍ ခံရသည့္ မိဘမ်ားက လာေရာက္တိုင္တန္းေသာအခါ ေဒၚစိန္တုတ္သည္ ေခ်ေခ်ငံငံ မေျပာ၊ ေငြေလ်ာ္ေပးၿပီး သား၏ကိစၥကို ေျဖရွင္းေပး လိုက္၏။
“ငါ့ေနာက္မွာအေမနဲ႔ေငြရွိတယ္”ဆိုေသာအသိအမွားကိုလက္ဦးဆရာမိစင္က သင္ၾကားေပးခဲ့သျဖင့္ ေမာင္ေဖငယ္၏ အသိတရားတြင္ ငါဘာလုပ္လုပ္ ျဖစ္တယ္ ဟူသည့္ အသိမွာ၊ ရရွိေနေလ၏။ လမ္းမွားကို လမ္းမွန္ဟု ထင္ျမင္ယူဆ၍ ေနေလ ေတာ့သည္။
ေမာင္ေဖငယ္၏စ႐ိုက္ၾကမ္းတမ္းမႈ၊ ေမာင္ေဖငယ္၏လက္ယဥ္ပါးမႈ၊ မိခင္၏ ႐ိုင္းစိုင္းမႈ၊
မိခင္၏ေငြဂုဏ္၊ ေ႐ႊဂုဏ္ေမာက္မႈ၊

မိခင္၏ သားသမီးအေပၚသြန္သင္ ဆုံးမမႈမ်ားကို မႀကိဳက္သျဖင့္ ေမာင္ေဖငယ္ တြင္ အေပါင္းအသင္းမရွိေတာ့၊ ကစားေဖာ္ကစားဖက္ ကေလးအေပါင္းအသင္း လည္းမရွိေတာ့ေပ။
ထို႔ေၾကာင့္ေမာင္ေဖငယ္သည္မိမိတို႔အိမ္တြင္ရွိေသာ သူရင္းငွားအလုပ္သမား
မ်ားျဖင့္သာေပါင္းသင္းဆက္ဆံရေတာ့၏။ႏြားေက်ာင္းသားမ်ားျဖစ္ေသာမိမိအိမ္၌ ခိုင္းေစထားသည့္အိမ္မွအလုပ္သမားႏွင့္ႏြားေက်ာင္းလိုက္သြားသည္။ ႏြားစားက်က္
သည္ စလင္းေခ်ာင္းဘက္တြင္ရွိ၏။
ဟိုမွာဘက္တြင္ ထန္းေတာႀကီးရွိ၏။ထန္းေတာတြင္ ထန္းရည္ဆိုင္ရွိရာ(၁၂) ႏွစ္သား ေမာင္ေဖငယ္သည္ ႏြားေက်ာင္းသာ၊သူရင္းငွားအလုပ္သမားမ်ားႏွင့္ ခြက္ လည္က်ေသာက္တတ္ေနၿပီျဖစ္၏။
ညေန ႏြား႐ိုင္းသြင္းခ်ိန္တြင္ မူး၍ျပန္လာေသာ သားေမာင္ေဖငယ္ကို ၾကည့္၍ ဖခင္မွာ စိတ္ဆိုးခဲ့သေလာက္ မိခင္ ေဒၚစိန္တုတ္က…
“ငါ့သား-လူရည္လည္ေနၿပီ၊ ေယာက္်ားပီသလာၿပီ” ဟု ဝမ္းသာပီတိျဖစ္ေန၏၊
ေဒၚတုတ္သည္ သားျဖစ္သူ ေမာင္ေဖငယ္အား ပုံသြင္၊မေကာင္းခဲ့၊ ပဲ့ကိုင္ မေကာင္းခဲ့။ ေမာင္ေဖငယ္အေပၚခ်စ္ရာမေရာက္၊ ႏွစ္ရာသို႔ ေရာက္ေနေတာ့၏။
ဦးလွသည္ ေဒၚတုတ္ကို ခ်စ္သကဲ့သို႔ သားကိုလည္း ခ်စ္၏။ ဥကိုခ်စ္မွ အမိကို ခ်စ္သည္ဆိုေသာစကားပုံကို ေျပာင္းျပန္၊ မကိုခ်စ္၍ ဥကိုခ်စ္ေသာ ဦးတုတ္သည္ သူ႔ဇနီးလုပ္သမွ်၊ ေျပာသမွ် အမွန္ဟုတြက္ကာ ေဒၚတုတ္၏ သားအေပၚခ်စ္ေနမႈမွာ အမွားပါဟုတစ္ခ်က္ကေလးမွ်မေျပာခဲ့။ မဆိုခဲ့။ မသိက်ိဳးကြၽန္ေရငုံႏႈတ္ပိတ္ေနေလ၏။
ေမာင္ေဖငယ္သည္႐ြာတြင္မေနဘဲေဘာထဲတြင္ႏြားေက်ာင္းလိုက္သြားသည္
ကမ်ား၏။
ယေန႔႐ြာတြင္အလႉရွိသျဖင့္ကြၽဲေက်ာင္း၊ ႏြားေက်ာင္းမလိုက္ဘဲအလႉမ႑ပ္
ထဲတြင္ ေမ်ာက္ရႈံးေအာင္ ေဆာ့ေန၏။

ကိုတင္စိုးသည္အလႉႏွင့္ပတ္သက္ေသာသီခ်င္းမ်ားကိုဆိုလိုက္တီးလိုက္ျဖင့္ ရွိေနစဥ္အသံခ်ဲ႕စက္၊ မိုက္ခြက္နားသို႔ ေမာင္ေဖငယ္ေရာက္လာၿပီး…
“ေဟး-ေဟး – ဝါးဟား-ဟာ၊
ဟု လာေအာ္ေနရာ ကိုတင္စိုးသည္ ဆိုရတီးရ ေျပာရသည္မွာ အရွိန္ပ်က္ေန သျဖင့္ ေမာင္ေဖငယ္ကို ေဒါသထြက္ေန၏။
ပို၍ဆိုးေသာေမာင္ေဖငယ္၏လုပ္ကြက္မွာေ႐ႊခ်ထားေသာမဂၤလာစံဆိုင္းႀကီး
၌ အလွဆင္ထားသည့္ ေက်ာက္မ်က္ပြင့္မ်ားကို မိမိ၏လက္သုံးဓားေျမႇာင္ျဖင့္ထိုး၍ ကေလာ္ၿပီးထုတ္ေနျခင္းျဖစ္၏။
ေက်ာက္သုံးလုံးထြက္သြားၿပီး ေ႐ႊမ်ားလည္းကြာက်လာ၏။
“ေျဖာင္၊” “ဝုန္။”
“အား”
ကိုတင္စိုးသည္ေျပာမရ ဆိုမရ၍ ဆိုင္းတီးမရျဖစ္ေအာင္လုပ္ေနေသာေမာင္ေဖ ငယ္၏ဇက္ပိုးကို႐ိုက္ခ်လိုက္ရာေမာင္ေဖငယ္၏နဖူးသည္ဆိုင္းေ႐ြ႕ျဖင့္ေဆာင့္မိၿပီး
နဖူးတြင္ အဖုႀကီးထြက္လာေလသည္။
“ေတာက္”
“အင္း-ဟင္း-ဟင္း”
ေမာင္ေဖငယ္သည္ ေတာက္တစ္ခ်က္ ျပင္းျပင္းေခါက္ၿပီး ကိုတင္စိုးကို မ်က္ ေထာင့္နီႀကီးျဖင့္ စိမ္းစိမ္းၾကည့္ၿပီး ေဒါသကို တဟင္းဟင္းျဖင့္ အားတင္းကာ မ်ိဳခ် သြား၏။
ထိုသို႔ ကိုတင္စိုးက ေမာင္ေဖငယ္၏နားရင္းကို ခပ္ျပင္းျပင္းေလး အုပ္ခ်လိုက္ သည့္ေနာက္ ေမာင္ေဖငယ္သည္ အလႉမ႑ပ္သို႔လုံးဝမလာေတာ့ေပ။
က်န္ကေလးမ်ားလည္းေၾကာက္လန႔္ၿပီးေမာင္ေဖငယ္နည္းတူ မ႑ပ္ထဲမလာ
ၾကေတာ့သျဖင့္ ဆိုင္၊ကိုေခ်ာေခ်ာေမာေမာစိတ္ေျဖာင့္ေျဖာင့္တီးခဲ့ရေလေတာ့၏။ ထမင္းစားနားခ်ိန္တစ္ေအာင့္နားၿပီးညေနထိဆိုင္ကိုတီးၾကရျပန္၏။ည(၆)
နာရီတြင္ ဆိုင္းကိုျဖဳတ္ၿပီး ဆိုင္းမ်ားကို ဇာတ္ခုံရွိရာသို႔ ေ႐ႊ႕ၾကရ၏။ ည(၇)နာရီတြင္

ကိုတင္စိုး ေခါင္းေဆာင္ေသာ ဆိုင္းအဖြဲ႕မွ ဇာတ္မထြက္မီ ကေရာင္း(ပတ္မခ်ီ)တီ၊ ၾကရျပန္၏။
ပြဲခင္းႀကီးထဲတြင္အလႉလုပ္သည့္ဒဟတ္ၿမိဳင္႐ြာႏွင့္(၇)မိုင္ပတ္လည္ေဝးေသာ ႐ြာမ်ားမွ ပြဲၾကည့္ပရိသတ္မ်ားျဖင့္ ျပည့္က်ပ္ေန၏။ ကိုတင္စိုးတို႔ ဆိုင္းအနီးတြင္ လည္းလူမ်ားျပည့္က်ပ္ေနရာ ဆိုင္းပင္ ေကာင္းေကာင္းတီးလို႔မရ ျဖစ္ေန၏။ ကေရာင္းတီးသည့္အခ်ိန္တြင္ လက္ေထာက္ဆရာအား ဆိုင္းဝိုင္းထဲတြင္ ပတ္စာကပ္ခိုင္းလိုက္ၿပီးကိုတင္စိုးသည္ေၾကးေနာင္ထဲသို႔ဝင္၍ေခတၱတီးေပးေနစဥ္ ေမာင္ေဖငယ္သည္လူအုပ္ၾကားထဲမွေန၍ကိုတင္စိုး၏ေနာက္ေက်ာဆီသို႔ခ်ဥ္းကပ္ ကာလက္ထဲတြင္ ပါလာေသာဓားျဖင့္ထိုးလိုက္ၿပီးေနာက္..
“မင္းလားကြ-လူသတ္သမားတင္စိုးဆိုတာ။မင္းမွတ္ထား- ငါ့နာမည္ေမာင္ေဖ ငယ္ကြ။ ဒီ႐ြာမွာရွိေနတဲ့ဂုဏ္သတင္ကို ဘယ္ေတာ့မွ အၿငိဳးအႏြမ္းမခံဘူးကြ၊ ဂုဏ္ သိကၡာကို အထိအခိုက္ မခံဘူးကြ”
“ေသေပေတာ့”
“စြပ္” *
“ေသပါၿပီဗ် …”
“ေမာင္ေဖငယ္က ဆိုင္းဆရာကိုဓားနဲ႔ထိုးေျပးၿပီေဟ့”
ဆိုေသာေအာ္ဟစ္သံမ်ားဆူညံသြားၿပီးပြဲခင္းမွာ ႐ုတ္႐ုတ္သဲသဲျဖစ္သြားေတာ့ ၏။ ေသေလာက္သည့္ဒဏ္ရာမဟုတ္ဘဲ ခ်ိဳင္းၾကားေအာက္တြင္ အေပၚယံသာ ထိသြားျခင္း ျဖစ္၏။
႐ြာမွ ေဆးမႉးေရာက္လာၿပီ၊ ကိုတင္စိုးကို ေဆးထည့္ၿပီး ပတ္တီးစည္းေပး၏။ ေမာင္ေဖငယ္၏မိခင္ ေဒၚစိန္တုတ္ ေရာက္လာၿပီး ကိုတင္စိုးကို ေတာင္းပန္၏။ ေငြငါးေသာင္းထုတ္ေပးေလရာ ကိုတင္စိုးသည္ မည္သို႔မွ်မျဖစ္သလို ၿပဳံးၿပဳံး႐ႊင္႐ႊင္ ျဖင့္ေငြငါးေသာင္းကိုလက္ခံလိုက္ၿပီးေက်ေအးေၾကာင္းလက္မွတ္ေရးထိုးေပးလိုက္သည္။

မ်က္ႏွာမွာၿပဳံးေနပါေသာ္လည္းကိုတင္စိုး၏စိတ္ထဲကမူ“ပ်ံေလတဲ့ငွက္ ခါးနား
ခါမွ သိရမွာေပါ့ကြ၊ ငါေထာင္က လြတ္လာတဲ့တစ္ေန႔ ေသဖို႔သာ ျပင္ထားေတာ့
ေဖငယ္ေရ”
ဟုႀကိမ္းဝါးကာအၿငိဳးအေတးထားလိုက္၏။
ကြၽန္ေတာ္တို႔လည္း ကစရာရွိတာ က၊ တီးစရာရွိတာ တီးၿပီး ေနာက္ေန႔တြင္ စကုၿမိဳ႕သို႔ျပန္ခဲ့ၾကေလေတာ့သည္။
စကုၿမိဳ႕သို႔ မေရာက္မီ ပြင့္ျဖဴၿမိဳ႕သို႔ ေရာက္ေသာအခါ ဆိုင္းဆရာ ကိုတင္စိုးအား ပြင့္ျဖဴၿမိဳ႕နယ္တရားသူႀကီးဥကၠ႒ ေဒၚသူဇာ၏လက္သို႔အပ္လိုက္၏။
“ကိုင္း – ေမာင္တင္စိုး-မင္းတို႔ ညီအစ္ကိုႏွစ္ေယာက္ သရက္ေထာင္ကို ငါးႏွစ္ ေလာက္ သြားၿပီးေနလိုက္ၾကဦး”
“ေထာင္ထဲမွာတရားရစရာေတြကို ၾကည့္ၿပီး မေကာင္းတဲ့စိတ္ တဒဂၤစိတ္ခိုက္ ေတြကိုေထာင္ထဲမွာပဲထားခဲ့။မနက္ျဖန္တရား႐ုံးမွာကြၽန္မအၿပီးအမိန႔္ခ်လိုက္ေတာ့မယ္”
ဟုေျပာ၏။ကိုတင္စိုးကလည္းေသစားေသေစျခင္းႏွင့္ႏႈိင္းယွဥ္လွ်င္ေတာ္ေသာ သည္ဟုသေဘာပိုက္လွ်င္ေအးေအးခ်မ္းခ်မ္းပင္လက္ခံလိုက္ေလသည္။ဤသို႔ျဖင့္ ဆိုင္းဆရာ ကိုတင္စိုးသည္ ေထာင္ငါးႏွစ္က်သြားေလေတာ့သတည္း။
ဘာလဲဗ် ဂုဏ္သိကၡာ
ဖင္ေ႐ႊ႕၊ ေခါင္းေ႐ႊ႕ႏွင့္ (၅)ႏွစ္ဆိုေသာ အခ်ိန္ကာလသည္ ဘာမွမၾကာလိုက္၊ တစ္ေန႔၊တစ္မနက္တြင္ကိုတင္စိုးတို႔ညီအစ္ကိုသည္ သရက္ေထာင္မွျပန္လာၾကၿပီ။ ကြၽန္ေတာ္၏ေမာင္ႏွမစာေပသို႔ဝင္လာ၏။
“ဟ – အေတာ္ပဲ
-ကိုတင္စိုးေရ။ကြၽန္ေတာ္လည္းဒီႏွစ္ေခါင္းေဆာင္ဆိုင္းဆရာ
မေခၚရေသးဘူးဗ်။ ခင္ဗ်ားတစ္ခါတည္း ခ်ဳပ္သြားဗ်ာ”
“မျဖစ္ေသးဘူး- အာစရိေရ”
“ဘာေၾကာင့္တုံးဗ်”
“ကြၽန္ေတာ္ ဂုဏ္သိကၡာကိုျပန္ဆယ္ရမယ့္လုပ္ငန္းရွိေသးတယ္ဗ်”
“ဟုတ္လာ။”
“ဒဟတ္ၿမိဳင္႐ြာက ေမာင္ေဖငယ္ကိစၥေလ”
“ဟာ-ကိုတင္စို၊ရယ္ – ငါးႏွစ္ႀကီးေတာင္ ၾကာခဲ့ၿပီပဲဗ်။ ၿပီးခဲ့တာေတြ ၿပီးပါေစ
ေတာ့ဗ်ာ
ဟုကြၽန္ေတာ္ နားခ်၏။
“ကြၽန္ေတာ္တို႔လူမိုက္ေလာကမွာၿပီးခဲ့တာေတြၿပီးခဲ့လို႔မရတာေတြ အမ်ားႀကီး
ရွိတယ္ – ဇာတ္ဆရာ”
“မေလာက္ေလးမေလာက္စားေကာင္ကမိဘအရွိန္ေငြအရွိန္နဲ႔ကြၽန္ေတာ့္ကို ေစာ္ကားလႊတ္တာဗ်။ ေႁမြေပြးကိုတီေကာင္ကိုက္လႊတ္တဲ့သတင္းက ကြၽန္ေတာ္တို႔ ေလာကမွာ ရွက္စရာအေကာင္းဆုံးကိစၥေတြပဲ၊ လူမိုက္ဂုဏ္သိကၡာ ထိခိုက္သြား ေတာ့တာပဲ”
“သူ႔ကိုသတ္ၿပီ၊ ကြၽန္ေတာ့္ ဂုဏ္သတင္းကို ျပန္တင္ရမယ္ -ဇာတ္ဆရာေရ၊ ကြၽန္ေတာ္လာႏႈတ္ဆက္တာ။စလင္းကို ဒီကေန႔ပဲ သြားမွာမို႔ သြားခြင့္ျပဳဦး”

ဟုကိုတင္စိုးတို႔ညီအစ္ကိုႏွစ္ေယာက္ကကြၽန္ေတာ္တို႔မိသားစုကို ဝင္ၿပီး ႏႈတ္ဆက္၏။
“ကိုတင္စိုးတို႔ထမင္းစားမသြားေတာ့ဘူးလာ။”
“စားခ်ိန္မရဘူး-ဇာတ္ဆရာကေတာ္။ ဒီအခ်ိန္သြားမွ စလင္းကိုညေန(၆)နာရီ
ေရာက္မယ္။ အဲဒီကေန ဒဟတ္ၿမိဳင္ကိုသြားရဦးမွာဆိုေတာ့ည(၉)နာရီခြဲေလာက္မွ ဒဟတ္ၿမိဳင္ကို ေရာက္မယ္”
“အဲဒီအခ်ိန္ဆိုင္ရင္ဒီေကာင္ကေလးစလင္းေခ်ာင္းတစ္ဖက္ကမ္းကထန္းရည္
ဆိုင္မွာရွိမယ္။ ဒီေကာင္မူးေနတဲ့အခ်ိန္ဆိုေတာ့ အလုပ္လုပ္ရတာ လြယ္တာေပါ့- ဇာတ္ဆရာကေတာ္ရ
“ကြၽန္ေတာ္တို႔ သြားလိုက္ဦးမယ္။ ခြင့္ျပဳပါဦး။ ေအာ္ – ဒါနဲ႔ ဇာတ္ဆရာ” “ဗ်ာ…”
“လိုအပ္ရင္ေတာ့ စလင္းအခ်ဳပ္ခန္းထဲလာၿပီး အာမခံနဲ႔ထုတ္လွည့္ေပါ့ဗ်ာ” “ဟားဟား”
ႏွစ္ေယာက္သားရယ္ေမာကာထြက္သြားၾကေလသည္။
သူတို႔မ်ားအဖို႔ေတာ့လည္းလူတစ္ေယာက္အသက္သတ္ဖို႔လြယ္လိုက္ၾကတာ။
တို႔မ်ားျဖင့္ ပု႐ြက္ဆိတ္တစ္ေကာင္၊ ျခင္တစ္ေကာင္သတ္ဖို႔ေတာင္မွ မစဥ္းစား ဝံ့ပါလားဟု ေတြးရင္း သူတို႔ႏွစ္ေယာက္၏ေက်ာျပင္ကိုၾကည့္ရင္း ရင္ေမာမိေလ ေတာ့၏။

ေရမ်ိဳျခင္း
လူသတ္ဖို႔သြားတဲ့ ထိုင္းဆရာ ကိုတင္စိုးကိစၥ ကြၽန္ေတာ္ ေမ့ေလ်ာ့ေန၏။ ကြၽန္ေတာ့္မွာလည္း ဒီႏွစ္ကဖို႔ ရန္ကုန္ၿမိဳ႕သို႔ သြားရ၏။ ရန္ကုန္မွ ေမွာ္ဘီၿမိဳ႕ဇာတ္ သဘင္ဥကၠ႒၏ သမီ၊မ်ားကို အၿငိမ့္ကဖို႔ အၿငိမ့္မင္းသမီးအျဖစ္ ငွားရမ္းရေလရာ အလုပ္ရႈပ္ေန၏။

မင္းသမီးမ်ားကို ႀကိဳသုံးေငြမ်ားေပးခဲ့ၿပီး ေနာက္က လိုက္ခဲ့ၾကရန္မွာ ၾကားၿပီး ေနာက္ မေကြးသို႔ျပန္ခဲ့၏။
မေကြးသို႔ ေရာက္၍ ေရမိုးခ်ိဳးၿပီး ေခတၱနားေနခိုက္ အိပ္ရာလိပ္ႀကီးထမ္းၿပီး ဝင္ လာေသာဆိုင္းဆရာကိုတင္ပို၊ကိုေတြ႕ျမင္ရေလရာကြၽန္ေတာ့္မွာေျပာမျပႏိုင္ေအာင္
ဝမ္းသာမိေလ၏။
“ဟာ-ကိုတင္စိုး- ခင္ဗ်ားကိုစလင္းအခ်ဳပ္ခန္းမွာအာမခံနဲ႔ထုတ္ရ မယ္ဆိုဗ်။ အလုပ္မျဖစ္ခဲ့ဘူးလား”
ကြၽန္ေတာ္က အားရဝမ္းသာ ေမ၊မိ၏။
“ေနပါဦး – ဇာတ္ဆရာရယ္။ေျပာမွာေပါ့ဗ်ာ။အိပ္ရာလိပ္ကေလးခ်ၿပီးအေမာျပ
ေရကေလးတစ္ခြက္ေတာ့
ေသာက္ပါရေစဦးဗ်
ဟု ေျပာၿပီး အိပ္ရာလိပ္ခ်၊ ေရေသာက္ၿပီးမွ
“ဇာတ္ဆရာေရ-ေဖငယ္က သူ႔ဇာတ္ကို သူရွင္းသြားတယ္ဗ်” “ဟင္ … ဘယ္လိုလဲ၊ ခင္ဗ်ား မသတ္လိုက္ရဘူးေပါ့” ဟုကြၽန္ေတာ္က သိခ်င္ေဇာအားႀကီးစြာျဖင့္ ေမးမိ၏။ “မိဘကိုေစာ္ကားလိုက္တာ၊ ေရမ်ိဳသြားပါပေကာလာ။” ဟုကိုတင္စိုးကေျပာ၏။
“ဟာ- ေပါက္ေပါက္ရွာရွာ ကိုတင္စိုးရယ္။ မိဘကို ေစာ္ကားလို႔ ေျမမ်ိဳတယ္ပဲ ၾကားဖူးတာပါ။ ခင္ဗ်ားဟာက အခုေတာ့ စကားအဆန္း ခေရမ်ိဳရတယ္လို႔ဗ်ာ”
ဟုညည္းမိ၏။
“ျဖစ္ပုံက ဒီလိုဇာတ္ဆရာေရ” “အင္း-ေျပာဗ်ာ-နားေထာင္ရေအာင္”
“ေမာင္ေဖငယ္ကကြၽန္ေတာ္ေထာင္က်ေနတဲ့ငါးႏွစ္အတြင္းမွာအ႒ာရသပညာ
ရပ္ေတြ အကုန္တတ္ေနတာ”ဟု အစခ်ီ၏။
“ဘယ္လိုပညာေတြမ်ားလဲ-ကိုတင္စိုးရဲ႕”
ကြၽန္ေတာ္က ေရလာေျမာင္းေပ။ စကားကို ဆိုလိုက္၏။

“အရက္ေသာက္၊ဖဲ႐ိုက္၊ ေအာင္တတ္သြားေတာ့ အေမေပးတဲ့မုန႔္ဖိုးနဲ႔ မေလာက္ေတာ့ဘူး”
မိန္းမေပြ၊အဲဒီလိုကိစၥေတြတစ္ဖက္ကမ္းခတ္ေလာက္
“အဲဒီေတာ့ သူေက်ာင္းေနတဲ့ ႏြားေတြ၊ ကြၽဲေတြကို တစ္ေကာင္ၿပီးတစ္ေကာင္ ေရာင္းေတာ့တာပဲ”
“ဒါကို အေဖကသိေတာ့ သူ႔ကို ႐ိုက္တယ္တဲ့ေလ”
“ငယ္ငယ္ေလးကတည္းက အလိုလိုက္ထားခံရတဲ့ေကာင္က အသက္ ( ၁၈) ႏွစ္အ႐ြယ္က်မွ အ႐ိုက္ခံရေတာ့ ရွက္ၿပီး အေဖကို ဓားနဲ႔လိုက္ခုတ္တာ တစ္႐ြာလုံး ဆူညံပြက္ေလာ႐ိုက္သြားေတာ့တာပဲတဲ့”
“႐ြာအျပင္ ဘုန္းႀကီးေက်ာင္းေရာက္ အေဖကို မီလို႔ ဓားနဲ႔ခုတ္လိုက္တာ ကံေကာင္းလို႔ မေသတာတဲ့”
“အခ်ိန္မီစလင္းေဆး႐ုံပို႔ႏိုင္လို႔တဲ့။ႏို႔မဟုတ္ရင္ေသသတဲ့။ အဲဒါအေမကမလုပ္ ေကာင္းဘူးေျပာတာ သူ႔ကို ေျပာရမလားဆိုၿပီး အေမ့ပါးႏွစ္ဖက္ကို တျဖန္းျဖန္းနဲ႔ ဘယ္ျပန္ညာျပန္ ႐ိုက္လိုက္တာ အေမ့ခမ်ာ သတိေမ့လဲသြားမွရပ္သြားသတဲ့” “တစ္႐ြာလုံးက သူ႔ကိုေၾကာက္ၾကေတာ့ ဘယ္သူမွ ဝင္မဆြဲရဲဘူးဗ်”
“သူ အဲဒီလို အေမကို ႐ိုက္ေနတုန္၊ တစ္မိုးလုံး မည္းေမွာင္လာၿပီး လွ်ပ္စီးေတြ လက္ၿပီး မိုးက သဲသဲမဲမဲ ႐ြာရလာေတာ့ဒီေကာင့္ကို မိုးႀကိဳးပစ္ေတာ့မွာပဲဆိုၿပီး သူနဲ႔ ေဝးရာေရွာင္ေျပးသတဲ့”
“ကြၽန္ေတာ္တို႔ နယ္ဘက္က အဲသလိုမိုးေမွာင္ႀကီးက်ၿပီး မိုး႐ြာရင္ မန္းေခ်ာင္း၊ မုန္းေခ်ာင္း၊ စလင္းေခ်ာင္းကေရတန္းက်တာဗ်။ ေခ်ာင္းေရကလွ်ံေတာ့တာ
“အဲဒီေကာင္က အဇာတသတ္ ငေဖငယ္က ဖဲ႐ိုက္သြားမယ္ဆိုၿပီး ေရာင္းစားဖို႔ သူစီးေနက် ကြၽဲႀကီးကိုစီးၿပီး စကုေရာင္းကို ျဖတ္ကူးေတာ့တာပဲဗ်ိဳ႕၊ ဟိုဘက္ကမ္း ေရာက္ရင္ ကြၽဲႀကီးကို ကြၽဲသတ္သမားကို ေရာင္းမွာေလ။ မိုးေရထဲမွာ ေမ့လဲေနတဲ့ သူ႔အေမကို ျပန္ေတာင္မၾကည့္ဘဲထြက္သြားတာတဲ့ဗ်ာ”
“တစ္႐ြာလုံးက ေငြဂုဏ္ေမာက္ေနတဲ့ သူ႔အေမကို ေသာက္ျမင္ကတ္ၾကေပမဲ့ မ်က္စိေရွ႕မွာမခ်ိမဆန႔္ခံလိုက္ရတဲ့ေဒၚတုတ္ကိုေပြ႕ခ်ီၿပီ။ သတိရေအာင္ျပန္လုပ္ေပး
ၾကသတဲ့”

“ေဒၚတုတ္သတိရလာေတာ့ သူ႔သားအဇာတသတ္ငေဖငယ္ကိုေမးေတာ့တာ
“ငေဖငယ္ ကြၽဲစီးၿပီး ေခ်ာင္းဟိုဘက္ကမ္းသြားေလရဲ႕လို႔ ေျပာေတာ့ ခ်က္ခ်င္း ထၿပီး သူ႔သားေနာက္ကိုလိုက္သတဲ့”
“သူတို႔ကမ္းစပ္ေရာက္ေတာ့ကြၽဲႀကီးနဲ႔ငေဖငယ္ကေခ်ာင္းအလယ္မွာေရာက္
ေနၿပီတဲ့ေလ”
တိရစာၦန္ေတြမွာလူေတြမလိုက္ႏိုင္တဲ့အသိဉာဏ္ေတြရွိတယ္ဆိုတာဒီေတာ့မွ ယုံေတာ့တယ္ ဆရာေရ၊ ေမာလိုက္တာဗ်ာ – ထန္းလ်က္ခဲရွိရင္ ေပးစမ္းပါဦး။ ေရ လည္းတစ္ခြက္တိုက္ပါဦး”
လို႔ ေတာင္းလို႔ ကြၽန္ေတာ္လည္း ထန္းလ်က္ဘူးနဲ႔ ေရတစ္ခြက္ ခ်ေပးလိုက္ တယ္။စားေသာက္ၿပီးသည္ႏွင့္ သူက စကားဆက္ေျပာေလသည္။
“ကြၽဲႀကီးက သူ႔ကိုကြၽဲသတ္သမားဆီ ေရာင္းစားဖို႔ေခၚသြားမွန္း သိသတဲ့ဗ်”
“ေရလယ္လည္းေရာက္ေရာကြၽဲကေရထဲတစ္ခ်က္ငုပ္ၿပီးေဖငယ္ကိုေက်ာေပၚ
က ခါခ်လိုက္သတဲ့”
“ေအာင္မေလးေလး-မေတြးရဲပါပဲေပါ့ဗ်”
“ဟုတ္လိုက္ေလ ဇာတ္ဆရာရယ္။ ကြၽဲႀကီး ေရေပၚေပၚလာေတာ့ ေဖငယ္က မပါလာေတာ့ဘူးတဲ့။ ေရေအာက္နစ္သြားၿပီေလ”
“ကြၽဲႀကီးကကမ္းစပ္ေပၚေရာက္ေတာ့ေခ်ာင္းတစ္ဖက္ဆီကိုလွည့္ၾကည့္ၿပီးႏြဲ႕ႏြဲ႕
ႏြဲ႕ႏြဲ႕နဲ႔ သူ႔သခင္မႀကီးေဒၚတုတ္ကိုတစ္ခ်က္ေအာ္၊လွမ္းႏႈတ္ဆက္ၿပီးေတာထဲဝင္ေျပး ေတာ့တာပဲဗ်ိဳ႕
“ငေဖငယ္အေမေဒၚတုတ္ရယ္ေလ။ သူ႔သားေနာက္ကိုလိုက္ပါမယ္ဆိုၿပီး ေရထဲ ဆင္းမယ္လုပ္လို႔ဆြဲထားလိုက္ရတာတဲ့ဗ်ာ”
“ကြၽန္ေတာ္တို႔က လူသာ သတ္တာဗ်၊ ကိုယ့္မိဘကို ဘယ္ေတာ့မွ ျပန္မေျပာ ဘူး။ မေစာ္ကားဘူး။ ဒါေၾကာင့္ ဘာမွႀကီးႀကီးက်ယ္က်ယ္ဒုကၡမေရာက္ခဲ့ဘူ။” “အျမဳေတာ့ ေဒဝဒတ္လိုအေမမ်ိဳးနဲ႔ အဇာတသတ္လို သားမ်ိဳးေၾကာင့္ ျဖစ္ပ်က္ ခဲ့တဲ့ အျဖစ္အပ်က္ေတြကို ျမင္ခဲ့၊ ေတြ႕ခဲ့၊ ၾကားခဲ့ရေတာ့ သံေဝဂရမိတယ္ ဇာတ္ ဆရာရယ္”

ဟု ခြၽဲခြၽဲပ်စ္ပ်စ္ ေျပာျပခဲ့၏။
“ဒါေပါ့ကိုတင္စိုးရယ္- ဘယ္မိဘမဆိုကိုယ့္သားသမီးကိုခ်စ္ၾကတာပဲဗ်”
“ဒါေပမဲ့ – ခ်စ္တတ္ဖို႔ေတာ့လိုၾကတယ္”
“ခ်စ္ရာမေရာက္၊ ႏွစ္ရာ ေရာက္သြားႏိုင္တယ္”
“ဒါေၾကာင့္မိဘေတြအခ်စ္မမွားၾကဖို႔ေရွးပညာရွိေတြကဒီလိုေဆာင္ပုဒ္ကေလး
ထားခဲ့တာ ခင္ဗ်ားမွတ္မိေသးလား”
“ဘယ္လိုမ်ားလဲ-ဇာတ္ဆရာရယ္”
“မေကာင္းျမစ္တာ၊ ေကာင္းရာၫႊန္လတ္ အတတ္သင္ေစ၊ ေပးေဝႏွီးရင္း ထိမ္းျမားျခင္းလွ်င္၊ ဝတ္ငါးအင္ ဖခင္မယ္တို႔တာတဲ့”
ပညာသင္တဲ့အ႐ြယ္မွာပညာသင္ၾကားႏိုင္ေအာင္အ႐ြယ္ေရာက္လာရင္ရင္းႏွီး
လုပ္ကိုင္ စားေသာက္ႏိုင္ေအာင္ ေငြနဲ႔ လုပ္ငန္းတည္ေထာင္ ထုတ္ေပးႏိုင္ရမယ္။ အိမ္ေထာင္ရက္သား ခ်ေပးရမယ့္အ႐ြယ္မွာလည္း အိမ္ေထာင္ခ်ေပးရမယ္။
“ဖဝါးလက္ႏွစ္လုံး၊ ပခုံးလက္ႏွစ္သစ္ အ႐ြယ္ကတည္းက မေကာင္းတာကို မေကာင္းဘူးလို႔ သိေအာင္၊ ေကာင္းတာကို ေကာင္းတယ္လို႔ သိေအာင္ သင္ၾကား ေပးရမယ္”
“ဒါမွ ေဒဝဒတ္လိုမိဘမ်ိဳးနဲ႔ အဇာတသတ္လိုသားသမီးမ်ိဳးမျဖစ္ၾကမွာေပါ့ဗ်ာ” စာဖတ္ပရိသတ္မ်ား၊ ကိုယ့္သား သမီးကို ခ်စ္တတ္ၾကပါေစလို႔ ဆႏၵျပဳ
လ်က္ ..
သေဗၺ၊ အနိစၥ၊ သခၤါရ –

No comments

Post a Comment