အောင်မြတ်သာနှင့်ကွမ်တိယအစွဲ

  အောင်မြတ်သာနှင့်ကွမ်တိယအစွဲ မီးခိုးတလူလူထွက်နေတဲ့ ပျဉ်ထောင်အိမ်တစ်လုံးရှေ့ကို ဆန်အိတ်ထမ်းထားတဲ့လူတစ်ယောက် မယောင်မလည်နဲ့ရောက်လာခဲ့တယ်။ &quo... thumbnail 1 summary

 အောင်မြတ်သာနှင့်ကွမ်တိယအစွဲ


မီးခိုးတလူလူထွက်နေတဲ့ ပျဉ်ထောင်အိမ်တစ်လုံးရှေ့ကို ဆန်အိတ်ထမ်းထားတဲ့လူတစ်ယောက် မယောင်မလည်နဲ့ရောက်လာခဲ့တယ်။

" အစ်မဝင်း အစ်မဝင်း ...ဒါ အစ်မဝင်းတို့အိမ်လား"

လည်ချောင်းကွဲမတတ်အော်နေတဲ့အသံကြောင့် ကလေးသုံးယောက်ကို ထမင်းကျွေးနေတဲ့ အစ်မဝင်း အိမ်ရှေ့ကိုထွက်လာပြီး
" အေး ဘယ်သူများလဲကွယ့်"

" ဆရာက ငါ့အိမ်ကို ဆန်တစ်အိတ်ပို့လိုက်ဆိုလို့ လာပို့တာပါ"

" အော် အေးအေး ဆန်အိတ်ကို အိမ်ရှေ့မှာပဲချထားလိုက်လေ"

မဝင်းစကားကြောင့် ဆန်အိတ်ထမ်းထားတဲ့လူက ပခုံးပေါ်ကအိတ်ကို ပစ်ချလိုက်ပြီး
" အစ်မ ဆရာ ဒီည နောက်ကျမယ်လို့ပြောတယ် .. အဲဒါအစ်မတို့ သားအမိတွေ ထမင်းစားချင်ရင် စားထားနှင့်ဆိုပြီးမှာခဲ့လို့"

" နင်တို့ဆရာ ဘယ်အရက်ဝိုင်းသွားပြန်ပီလဲ ... ငါတော့စိတ်ညစ်ပါတယ်"

" ဘယ်သွားမလဲတော့ကျွန်တော်မသိဘူးအစ်မ .. ဆရာကအဲလို‌ပဲပြောလိုက်တာ"

" အေးအေး တကူးတကလာပိုပေးတာ ကျေးဇူးတင်ပါတယ်"

ဆန်လာပို့တဲ့သူထွက်သွားတော့ မဝင်း အိမ်ထဲပြန်ဝင်ပြီး ဘဲဥဟင်းနဲ့ထမင်းစားနေကြတဲ့ လူမမယ်ကလေးသုံးယောက်ကိုကြည့်ကာ သက်ပြင်းရှည်တစ်ချက်ချလိုက်မိတယ်။
+++++++
ညဦးပိုင်းရောက်တော့ လမ်းထိပ်ကနေ သီချင်းဆိုပြီး ပြန်လာတဲ့ ဦးတင်ရဲ့အသံကိုကြားလိုက်ရတယ်။

" ဟေ့ မိန်းမ အေ့... မဝင်း.... ငါခေါ်နေတာမကြားဘူးလား"

" ကိုတင် ရှင်မူးလာရင် အေးဆေးနေပါ ကလေးတွေလဲ အိပ်နေကြပီ လာလာ ထမင်းစားရအောင်"

" ဘာ... ထမင်းစားဖို့ဟုတ်လား.. စာကလေးဆိုတဲ့ကောင်ကို ငါမှာထားတာ ဒီကောင်မပြောဘူးလား"

" သူကပြောပါတယ် ကျုပ်က ရှင်ပြန်လာမှ တူတူစားဖို့စောင့်နေတာ၊ ကလေးတွေကတော့ စားပြီးကြပြီ"

" ဟေ့ မဝင်း ညဉ်းက အိမ်ထောင်ဦးစီးဖြစ်တဲ့ ငါ့စကားကို အဖက်မလုပ်တာပေါ့လေ ဟမ်၊ ငါက ထမင်းစားထားဆိုစားထားပေါ့ ဘာလို့မစားရတာလဲ"

" ကိုတင် ရှင်မူးလာရင် မရစ်ပါနဲ့တော့ ပတ်ဝန်းကျင်ကိုလဲအားနာဦး"

" ဘယ်သူ့ကိုအားနာရမှာလဲ ကိုယ့်ထမင်းကိုယ်စားပြီးနေတာ အေ့ ... ဝုန်း ..."

မူးမူးနဲ့ အိမ်နောက်ဖေးမှာ ထောင်ထားတဲ့ဆန်ပုံးကို တွန်းချလိုက်တဲ့အချိန် အိပ်ပျော်နေတဲ့ကလေးသုံးယောက်လန့်နိုးလာခဲ့တယ်။

" သားနဲ့သမီးတို့ နိုးလာပြီလား အေ့, အဖေဆန်ပုံးကို တိုက်မိသွားလို့ ဆန်တွေဖိတ်ကျသွားတာ ပြန်ကောက်ထည့်လိုက်ကြဦး။ ကောက်ထည့်ရင်လဲ ကြမ်းကြားထဲမှာ ဆန်တစ်စေ့မှကျန်တာမမြင်ချင်ဘူးနော် ကြားလား"

ကလေးတွေက ဖခင်ဖြစ်သူကို ကြောက်ပြီး ကျနေတဲ့ဆန်တွေကို တစ်လုံးမှမကျန်အောင် ကောက်ထည့်နေတဲ့အချိန် မဝင်းကတော့ မျက်ရည်နဲ့မျက်ခွက်ဖြစ်နေခဲ့တယ်။

ကိုတင် မူးလာရင် အဲလိုရစ်တတ်သလို အမူးပြေသွားချိန်ဆိုရင်တော့ သူမဟုတ်သလို မျက်နှာထားနဲ့ ပြန်ချော့တတ်တယ်။ ကိုတင်က သုံးရွာစုရွာရဲ့ စပါးဒိုင်စာရေးဖြစ်တဲ့အတွက် စပါးပေါ်ချိန်ဆို အိမ်ထဲမှာ ဆန်အိတ်တွေဆိုတာ ထောင့်တိုင်းထောင့်တိုင်းမှာထောင်ထားရတဲ့အထိ အဆင်ပြေခဲ့တယ်။ ကိုတင်က ညနေစောင်းဆိုရင် ဟိုဘက်ရွာမှာ ဖွင့်ထားတဲ့အရက်ပုန်းဆိုင်ကိုသွားတတ်တယ်။ ဟိုဘက်ရွာရောက်ဖို့က သုံးရွာစုသင်္ချိုင်းကိုဖြတ်မှရတယ်။ဒါကြောင့် တစ်ခါတစ်လေ အရက်သောက်လို့အရှိန်လွန်သွားတဲ့နေ့တွေဆိုရင် အရက်သမားအတော်များများက ပြန်မလာကြတော့ပဲ ဆိုင်မှာပဲအိပ်လိုက်ကြတယ်။

ဒီနေ့လဲ ကိုတင်တို့အဖွဲ့သားတွေ သောက်စားရင်းနေခဲ့တာ ညရှစ်နာရီအချိန်ရောက်လာခဲ့တယ်။

" မောင်တင် အချိန်လဲလင့်နေပီ ဒီညတော့ ငါတို့ဆီမှာပဲအိပ်လိုက်တော့"

" အေ့ မရဘူးကွ အိမ်မှာ ငါ့မိန်းမနဲ့ ငါ့ကလေးတွေရှိသေးတယ် ငါအိမ်ပြန်မှဖြစ်မယ်"

" အချိန်ကလင့်နေလို့ပြောတာ နောက်ပြီး သင်္ချိုင်းထဲကဖြတ်ပြန်ရမှာဆိုတော့..."

"ဟေ့ကောင် ပွကြီး အဲလိုကြောက်တတ်တဲ့ထဲမှာ မောင်တင်မပါဘူးကွ.. ကြိုက်တဲ့သရဲလာခြောက်စမ်း နှစ်ခါပြန်သေသွားဦးမယ် ဟက်ဟက်"

" မင်းအဲလို တစွတ်ထိုးလုပ်နေ တစ်နေ့မင်းဒုက္ခရောက်မယ်"

" ရောက်ပါစေကွာ.. ဒီညတော့ငါပြန်မှဖြစ်မယ် ဖိုးမဲရေ ငါ့အတွက် ဝက်သားသုတ်တစ်ပွဲ ပါဆယ်ထုပ်ပေး "

ကိုတင်က ဝက်သားသုတ်မှာပြီး ခွက်ထဲကျန်တဲ့လက်ကျန်အရက်ကိုဖြတ်ကာ မတ်တပ်ထရပ်လိုက်တယ်။

" ရော့ ကိုတင် ဝက်သားသုတ်ရပြီ .."

" အေး ရော့ ဒီမှာ အရက်ဖိုးနဲ့အမြည်းဖိုး အော် နေဦး မင်းရဲ့ဓါးမြောင်တစ်လက်ငါ့ကိုဒီညငှားလိုက်ကွာ နောက်နေ့လာပြန်ပေးမယ်"

" ယူသွားလေ ... တစ်ယောက်ထဲပြန်မှာဆိုတော့ လိုကာမယ်ကာဆောင်ထားသင့်တယ်"

ဖိုးမဲက တဲနံရံမှာထိုးထားတဲ့ ဓါးမြောင်ကို ကမ်းပေးလိုက်တယ်။ ကိုတင်လဲ ဓါးမြောင်ကို ခါးကြားထိုးကာ ဒယိမ်းဒယိုင်နဲ့ ပြန်ထွက်လာခဲ့တယ်။

တစ်ယောက်ထဲ ရီဝေရီဝေနဲ့လျောက်လာခဲ့တာ လရောင်အောက်မှာ အစီအရီဖြစ်နေတဲ့ မြေပုံတွေ၊ အုတ်ဂူတွေကိုမြင်တော့မှ သင်္ချိုင်းကိုဖြတ်နေပြီဆိုတာ သတိထားမိလိုက်တယ်။ သင်္ချိုင်းအလယ်လောက်လဲရောက်ရော လက်ထဲမှာ ငှက်ပျောဖက်နဲ့ထုပ်ထားတဲ့ ဝက်သားသုပ်ကို တစ်ယောက်ယောက်က လှမ်းဆွဲနေသလို ခံစားလိုက်ရတယ်။

" အေ့ ဘယ်ကောင်လဲကွ ငါ့အထုပ်ကိုဆွဲနေတာ ၊ ဒီအထုပ်က ငါ့မိန်းမနဲ့ကလေးတွေစားဖို့ဝယ်လာတာ ၊ မင်းတို့စားချင်ရင် ကိုယ့်ဘာသာဝယ်စား"

ကိုတင်က မူးမူးနဲ့အော်ပြောရင်း ဆက်လျောက်လာရာ အထုပ်ကိုနောက်တစ်ကြိမ်ထပ်ဆွဲပါလေရော။

" ဟာ ငါလုပ်ရင်သေတော့မယ် လာခဲ့ နောက်တစ်ခါလာဆွဲရင် ဓါးမြောင်နဲ့ထိုးပစ်မှာ"

ကိုတင်က ဓါးကြိမ်းကြိမ်းပြီး ဆက်လျောက်လာခဲ့တာ သင်္ချိုင်းထိပ်နားလဲရောက်ရော အနောက်ကနေ အတင်းဆွဲလုပြန်ရော။

ဒီတစ်ခါမှာတော့ ကိုတင် သည်းမခံနိုင်တော့ ခါးကြားထဲက ဓါးမြောင်ကိုထုတ်ကာ လာဆွဲတဲ့လက်ကို ဓါးမြောင်နဲ့ထိုးချပြီးကြည့်လိုက်ရာ တစ်ကိုယ်လုံး စွတ်စွတ်ဖြူနေတဲ့ သရဲမတစ်ကောင် ငယ်သံပါအောင် အော်ပြေးသွားတာမြင်လိုက်ရတယ်။ အိမ်ရောက်တော့ မိန်းမဖြစ်သူကို အကျိုးအကြောင်းပြောပြတော့
" ရှင် ပြောတဲ့အတိုင်းဆိုရင် ကျုပ်မစားရဲဘူး ရှင်ဝယ်ခဲ့တာ ရှင်ပဲစားလိုက်တော့"

ကိုတင်လဲ ဘယ်လိုမှပြောမရတဲ့အဆုံး သူဝယ်လာတဲ့ဝက်သားသုပ်ကိုစားဖို့အထုပ်ကိုဖြေလိုက်ရာ
" ဟင် ဝက်သားသုတ်က ဘယ်လိုဖြစ်လို့ မုန့်စိမ်းပေါင်းတွေဖြစ်နေတာလဲ" လို့ရေရွတ်ကာ အေးစက်တောင့်တင်းနေတဲ့ မုန့်စိမ်းပေါင်းတွေကို ပလုပ်ပလောင်းစားချလိုက်တယ်။

မနက်မိုးလင်းတော့ ညက ဝက်သားသုပ်ကနေ မုန့်စိမ်းပေါင်းဖြစ်နေတဲ့အကြောင်းကို အ‌ပေါင်းအသင်းတွေကိုပြောပြတော့
" ငါတို့ပြောသားပဲ ညကြီးအချိန်မတော် မင်းမို့လို့ မကြောက်မရွံ့ဝက်သားသုပ်အထုပ်ကိုင်ပြီး သင်္ချိုင်းထဲကဖြတ်ရတယ်လို့"

" ဒီနေ့တော့ အလုပ်စောစောသိမ်းပြီးသွားမယ်ကွာ အလင်းရောင်ရှိချိန်ပြန်တာကတော့ ဘာမှမဖြစ်လောက်ပါဘူး"

သောက်ဖို့ဆိုရင်နှစ်ခါမခေါ်ရတဲ့ အပေါင်းအသင်းတွေက ကိုတင်ရဲ့စကားကို ဝမ်းသာအားရ ထောက်ခံခဲ့ကြတယ်။ ဒီညနေတော့ အစောကြီးရေချိန်ကိုက်တဲ့အတွက် ကိုတင်တစ်ယောက် မမှောင်ခင်သင်္ချိုင်းထဲကနေဖြတ်ထွက်လာနိုင်ခဲ့တယ်။ သင်္ချိုင်းအပြင်ကိုရောက်တော့ ညောင်ပင်တစ်ပင်အောက်မှာ စွန့်ထားတဲ့ အိမ်တွင်းအုန်းကိုမြင်ပြီး အိမ်ကိုကောက်ယူလာခဲ့တယ်။

အိမ်ပေါ်ကို လက်တစ်ဖက်မှာ အိမ်တွင်းအုန်း လက်တစ်ဖက်မှာ ဖိနပ်ကိုကိုင်ပြီး ကိုးယို့ကားယားတက်လာတဲ့ လင်ယောင်္ကျားကိုမြင်တော့
" ကိုတင် ဘယ်ကအိမ်တွင်းအုန်းကြီး ယူလာတာလဲ"
" လမ်းမှာတွေ့လို့ ကောက်လာတာ သူများအိမ်တွေဆိုရင် ဒီလိုအုန်းတွေဆွဲကြတယ် ငါတို့အိမ်မှာကျတော့ အဲလိုတွေမရှိဘူးလေ"

" အမလေး မြတ်စွာဘုရား ကိုယ်ကျိုးတွေတော့နည်းကုန်တော့မှာပဲ အဲလိုလုပ်တာက သူတို့ရိုးရာမို့လို့လုပ်တာလေ ရှင့်မှာက ဘာရိုးရာမှမရှိတာ"

" တိတ်စမ်း ငါယူလာရင် ကိုးကွယ်လိုက် စကားအရစ်မရှည်နဲ့ ရော့ အိမ်ခန်းထဲမှာသွားချိတ်ထား"

" ရှင်ဒီလောက် ကိုးကွယ်ချင်နေလဲ ကျွန်မကိုယ်တိုင် နားလည်တတ်ကျွမ်းတဲ့သူနဲ့ တိုင်ပင်ပြီး အုန်းအသစ်ဆွဲပေးပါမယ် ဒီယူလာတဲ့အုန်းကိုတော့ သွားစွန့်လိုက်ပါရှင်"

" အေး အဲလိုဆိုရင်တော့ ငါလက်ခံသေးတယ် ရော့ ငါထမင်းစားဦးမယ် နင်ပဲသွားပစ်လိုက်တော့"

ကိုတင်က လက်ထဲက အိမ်တွင်းအုန်းကို မဝင်း လကိုပေးပြီးရေချိုးဖို့ထွက်သွားခဲ့တယ်။ မဝင်းလဲ နောက်နေ့ကျတော့ နတ်ကတော်ကိုပင့်ပြီး အိမ်တွင်းအုန်းဆွဲလိုက်ပါလေရော။

ကိုတင်ကတော့ အိမ်ပြန်ရောက်တိုင်း ခန်းဆီးအနီနဲ့တင့်တယ်နေတဲ့ အိမ်တွင်းအုန်းကိုကြည့်ပြီး ဝမ်းသာမဆုံးတစ်ပြုံးပြုံးဖြစ်နေလေရဲ့။မကြာြာပါဘူး ကိုတင် တစ်ယောက် ဖောက်ပါလေရော။

" မဝင်း ... မဝင်း ... ဘယ်ရောက်နေတာလဲ"
အချိန်မတော် ခြံရှေ့ကနေအော်နေတဲ့အသံကြောင့် အငယ်မကိုသိပ်နေတဲ့ မဝင်း ထလာပြီး
" ကိုတင် အချိန်ကိုလဲကြည့်ဦး ညဆယ်နာရီကျော်နေပြီ ဘာလို့စွတ်အော်နေတာလဲ"

" နင့်ကိုပြမလို့ ခေါ်နေတာ ဒီမှာကြည့်စမ်း ..."

ကိုတင်က လက်ထဲမှာဆွဲလာတဲ့အရာတစ်ခုကို ထောင်ပြလိုက်ရာ တောင်လိပ်တွေဖြစ်နေတာမြင်လိုက်ရတယ်။

" ဟင် လိပ်တွေပါလား ... "

" ဟုတ်တယ် ဒီမနက် စပါးလာဝယ်တဲ့ဧည့်သည်တွေက ငါ့အတွက်လက်ဆောင်ပေးလိုက်တာ ဒီညတော့ လိပ်သားစွတ်ပြုတ်လုပ်သောက်ရမယ်"

" ဒုက္ခပါပဲ အိမ်တွင်းအုန်းဆွဲထားရင် လိပ်တွေကို အိမ်ပေါ်မတင်ရဘူးလို့ နတ်ကတော် အမေစိန်က မှာခဲ့တယ်"

" ဟာ အလကား လျောက်ပြောနေတာ သူလဲသူ့ဘာသာနေ ငါလဲ ငါ့အိမ်ငါလုပ်ချင်တာလုပ်မယ် ရော့ ရေနွေးနဲ့ပြုတ်ထားလိုက်"

မဝင်းက ကြောက်ကြောက်လန့်လန့်နဲ့ ကမ်းပေးတဲ့လိပ်ကိုယူပြီး အိမ်ပေါ်တက်လာတဲ့အချိန် အခန်းထဲမှာဆွဲထားတဲ့ အိမ်တွင်းနတ်စင်ထဲကနေ ကျယ်လောင်တဲ့ တောက်ခတ်သံတစ်ချက်ထွက်လာခဲ့တယ်။ သိပ်မကြာခင်မှာပဲ အိမ်ခန်းထဲမှာ ဒုန်းဒိုင်းဒုန်းဒိုင်းနဲ့လမ်းလျောက်သံတွေ အိမ်နံရံကို ထုရိုက်တဲ့အသံတွေကြောင့် အိပ်ပျော်နေတဲ့ကလေးတွေအကုန် လန့်နိုးပြီး ကြောက်လန့်တစ်ကြား ငိုပါလေရော။ ကိုတင်လဲ သူ့ကလေးတွေငိုတာ အိမ်တွင်းအုန်းကြောင့်ဆိုပြီး အခန်းထဲက အုန်းဆွဲကိုညတွင်းချင်းဖြုတ်ကာ လွှင့်ပစ်လိုက်ပါလေရော။

မဝင်းကတော့ မူးလာရင် ဇွတ်တရွတ်လုပ်တတ်တဲ့ ယောင်္ကျားဖြစ်သူကိုမလွန်ဆံရဲတဲ့အတွက် ဖြစ်သမျှကိုအံကြိတ်ရင်ဆိုင်ခဲ့တယ်။ အုန်းဆွဲကိုလွှင့်ပစ်ပြီး နောက်တစ်နေ့ကျတော့ ကိုတင် အစောကြီးအိမ်ပြန်ရောက်လာခဲ့တယ်။

အရက်မသောက်ပဲ ရုပ်တည်နဲ့အိမ်ပြန်လာတဲ့ ကိုတင်ကိုမြင်တော့ တစ်အိမ်လုံးအံ့ဩနေတဲ့အချိန်
" ကလေးတွေ ဒီကိုလာခဲ့..."
ဖအေဖြစ်သူခေါ်တာကြောင့် ကလေးတွေက ကြောက်ကြောက်နဲ့အနားကပ်လာတဲ့အချိန်

" မကြောက်ကြနဲ့ အသံလဲမထွက်ကြနဲ့ ငါလုပ်တာထိုင်ကြည့်နေ ... မဝင်း နင်က အိမ်တံခါးကိုလိုက်ပိတ်"

အတည်ပေါက်နဲ့ပြောနေတဲ့ ကိုတင် စကားကြောင့် မိန်းမဖြစ်သူက အိမ်တံခါးတွေကိုလိုက်ပိတ်လိုက်တယ်။

ကိုတင်လဲ အိမ်တံခါးတွေပိတ်ပြီးတာနဲ့ အိမ်နောက်ဖေးမှာရှိတဲ့ ဓါးမတစ်ချောင်းကိုယူကာ အိမ်တွင်းအုန်းထားတဲ့နေရာရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီး ကလေးတွေကို ရယ်ကျဲကျဲနဲ့ နောက်လှည့်ကြည့်ကာ လက်ကိုဓါးနဲ့ခုတ်ပါလေရော။

ဓါးမက လက်သန်းကိုထိပြီး သွေးတွေဖြာခနဲထွက်လာတဲ့အချိန် မဝင်းက ငယ်သံပါအောင်အော်ပြီး

" အမလေး လာကြပါဦး.. ကိုတင် တစ်ယောက် ဘာဖြစ်နေလဲမသိပါဘူး အိးဟီးဟီး"

မဝင်းအော်သံကြောင့် ဘေးအိမ်ကလူတွေရောက်လာတဲ့အချိန် ကိုတင်က ရယ်ကျဲကျဲမျက်နှာနဲ့ သွေးတွေကို လက်နှစ်ဖက်နဲ့ယူပြီး သူ့ဆံပင်တွေနဲ့ပွတ်သပ်နေတာမြင်လိုက်ရတယ်။

" ကိုတင် သတိထားဦးလေ ... မဝင်း အဝတ်တစ်ခုယူဦး နင့်ယောင်္ကျားလက်က သွေးထွက်လွန်နေတယ်"

ဘေးအိမ်က ဦးလှစိန်စကားကြောင့် မဝင်းလဲ လုံချည်တစ်ထည်ကိုယူပြီး ပြတ်ထွက်သွားတဲ့လက်သန်းနေရာကိုအုပ်လိုက်တဲ့အချိန်

" မဝင်း ခုနက ပြတ်သွားတဲ့ ငါ့လက်သန်း ဘယ်မှာလဲ"

" ဟိုမှာ သွေးအိုင်ထဲမှာ .... "

ကိုတင်လဲ ဘေးလူတွေကို ဘာတစ်ခွန်းမှမပြောပဲ ပြတ်သွားတဲ့လက်သန်းကိုယူပြီး အိမ်ပေါ်ကနေ ဆင်းသွားခဲ့တယ်။ အိမ်အောက်ရောက်တော့ ပြန်လှည့်ကြည့်ပြီး

" တစ်ယောက်မှ ငါ့အနောက်လိုက်မလာကြနဲ့" လို့အော်ကာ ရွာထိပ်ဘက်ကိုထွက်သွားခဲ့တယ်။ မနက်ရောက်တော့ လက်သန်းကို ပြတ်ထွက်တဲ့နေရာမှာချုပ်ပြီးပြန်ရောက်လာတဲ့ကိုတင်ကိုမြင်တော့

" ရှင်ညက ဘာတွေလုပ်ခဲ့တာလဲဆိုတာသိရဲ့လား".

" ငါသိတာပေါ့ ဓါးမနဲ့ငါ့လက်ကိုခုတ်ခဲ့တာမဟုတ်လား.... "

" ဟုတ်တယ်လေ ဘာကြောင့် ဒီလိုလုပ်ရတာလဲ အခုရှင်လက်တစ်ဖက်က မွေးရာပါလိုမဟုတ်တော့ဘူးပေါ့"

" ညကဖြစ်စဉ်ကို ငါအကုန်သိတယ် ဒါပေမယ့် ငါ့လက်ကို ထိန်းလို့မရခဲ့ဘူး ဒါကြောင့် လုပ်ချင်တာလုပ်ဆိုပြီး လွှတ်ထားပေးလိုက်တာ "

မဝင်းလဲ လူရွတ်ကြီးကိုတင်ကို ကြည့်ပြီး "အော်"လို့သာရေရွတ်လိုက်မိတယ်။ကိုတင်က မူးလာရင် စိတ်ထဲထင်ရာလျောက်လုပ်တတ်တဲ့ လူရွတ်တစ်ယောက်။ ကိုတင် မူးလာပြီဆိုရင် ရွာထဲက ကလေးတွေ ပျော်ပြီ။ ဘာလို့ဆိုတော့ အိမ်မရောက်မချင်း ဖြတ်သမျှ မုန့်သည်အကုန်ခေါ်ပြီး ကလေးတွေကို ဝေပေးတတ်တဲ့သူ။ အချို့ခေါင်းဗျက်ထိုးဈေးသည်တွေက ကိုတင် မူးပြီးပြန်လာတာနဲ့ဆုံရင် ရှိသမျှ အရွက်တွေအသီးတွေထိုးရောင်းတတ်ကြတယ်။ အဲလိုနေ့ဆိုရင် အိမ်ကလူတွေ အသီးအရွက်နဲ့နှစ်ပါးသွားပေတော့။

ဒိလိုနဲ့ တစ်ရက်မှာတော့ နံကရိုင်းမယ်တော်ရုပ်ထုကို ရင်ဝယ်ပိုက်ပြီး ပြန်ရောက်လာခဲ့တယ်။

" မဝင်း ဒါက အမေနံကရိုင်းလို့ခေါ်တယ် ခြံထဲမှာကိုးကွယ်ဖို့ ယူလာခဲ့တာ"

" ကိုတင် ရှင်ပေါက်ကရတွေလုပ်ပြန်ပီလား ... ဒါတွေက သူ့ရိုးရာရှိသူမှ ကိုးကွယ်ကြတာလေ "

" ဟာ စကားမများနဲ့ ငါလုပ်ဆိုလုပ်လိုက်ပေါ့ ... ဘာလဲ နင်ကမလုပ်ချင်လို့လား"

" ဟုတ်တယ် အဲလိုမျိုးတွေမလုပ်ရဲဘူး လုပ်ချင်သပဆိုလဲ ရှင့်ဘာသာလုပ်"

မဝင်း စကားကြောင့် ကိုတင်က ရုပ်ထုကို အိမ်ပေါ်ယူတင်လာပြီး
" ဒီညတော့ အမေနံကရိုင်းက ဘုရားကျောင်းဆောင်အောက်မှာ တစ်ညအိပ်လိုက်ပါ။ နောက်ရက်ကျမှ ခြံထဲမှာ ‌နတ်ကွန်းဆောက်ပေးမယ်"လို့ပြောပါလေရော။

နောက်ရက်ကျတော့ ကိုတင်ရဲ့ ခြံဝင်းထဲမှာ နတ်ကွန်းတစ်ခုတိုးလာခဲ့တယ်။ တစ်ပတ်ဆယ်ရက်လောက်အထိ ညတိုင်းအမွှေးတိုင်ထွန်း နံ့သာရည်ပျက်ဖြန်းလုပ်နေတာကနေ ၁၂ရက်မြောက်နေ့လဲရောက်ရော ....

" ကိုတင် ဒီကိုလာကြည့်ဦး ... နတ်ကွန်းပေါ်မှာ ဖိနပ်တစ်ရံဘယ်သူတင်ထားတာလဲ"

မဝင်းအော်သံကြောင့် မျက်နှာသစ်နေတဲ့ ကိုတင် ထလာပြီး
" ဟာ ဘယ်သူကများတင်ထားတာလဲမသိပါဘူး .. မြန်မြန်ဖယ်လိုက်လေ"

မဝင်းလဲ ကပျာကယာ ဖိနပ်ကိုဖယ်လိုက်တဲ့အချိန် အမေနံကရိုင်းနတ်ရုပ်က လေမတိုက်ပဲ လဲကျသွားခဲ့တယ်။ ရုတ်တရက်ထိမိလို့လဲကျတယ်ထင်ပြီး ပြန်ထောင်လိုက်ပေမယ့် အနောက်ပြန်လှည့်ကြည့်တဲ့အချိန် နတ်ရုပ်က ပြန်လဲကျနေပြန်ရော။

ဒီလိုနဲ့ ကိုတင်အလုပ်သွားတော့ ခြေရင်းအိမ်မှာနေတဲ့ ဦးလှစိန် မိန်းမက ခြံထဲဝင်လာပြီး
" မဝင်းရေ မနေ့ညက နင့်ယောင်္ကျားအကြောင်းပြောပြရဦးမယ်"

" ဘာဖြစ်လို့လဲ ဒေါ်မီး .."

" ဘာဖြစ်ရမှာလဲ မနေ့ညက နင့်ယောင်္ကျားပြန်လာတဲ့အချိန် ငါကလဲပူအိုက်လို့ ဝရန်တာမှာထွက်ထိုင်နေတာ။ သူက သူခိုးတစ်ယောက်လို အသာလေးလာပြီး နတ်ကွန်းရှေ့ရောက်တော့ လက်ထဲကိုင်လာတဲ့ ဖိနပ်အစုတ်တစ်ရံကို တင်လိုက်တာမြင်လိုက်ရတယ်"

" အမလေး ဒုက္ခပါပဲ... သူတော့ဒုက္ခရောက်တော့မှာ မြင်ယောင်နေသေးတယ် .. ကျွန်မတို့ဘယ်လိုလုပ်ရမလဲ"

" နင့်ယောင်္ကျား ပေါက်ကရလုပ်ပုံနဲ့တော့ စိတ်ညစ်ပါတယ်.. ဆရာကောင်း သမားကောင်းတွေနဲ့တိုင်ပင်ပြီး တစ်ခုခုလုပ်ကြည့်ပါလား"

" ကျွန်မမှာ အဲလိုအသိတွေမှမရှိတာ..ဘယ်လိုလုပ်ရမှာလဲ"

" နေဦး ... ငါတို့ကိုးကွယ်နေတဲ့ ဘိုးတော်စိန်မှုန်ဆိုတာရှိတယ်။ ဒီတစ်ခါ ငါတို့ပင့်ရင် နင့်ယောင်္ကျားကို ကြည့်ခိုင်းလိုက်ပေါ့"

" ဟုတ်တယ်နော် ကျွန်မလဲ ကိုတင် ကိုမေးကြည့်ပါဦးမယ်။ သူကလဲ စိတ်ကလက်တစ်ဆစ်ဆိုတော့ ဘိုးတော်အရှေ့ရောက်မှ ပေါက်ကရထလုပ်နေရင် ဒေါ်မီးတို့မျက်နှာပျက်နေပါဦးမယ်"

" အေးပါ နင့်ယောင်္ကျားကို အရင်မေးကြည့်ပြီး သေချာမှပြောပေါ့"

မဝင်းလဲ ဒေါ်မီးပြောတာကို ကိုတင်ကို ပြောပြတော့
" ရှုပ်ရှုပ်ယှက်ယှက်တွေမလုပ်ချင်ဘူးဆိုပြီး" ဘူးခါခဲ့တယ်။

ကိုတင် မွှေခဲ့တဲ့ပြဿနာတွေက သီတင်းကျွတ်လပြည့်နေ့ကစလို့ ပိုပြီးသိသာလာခဲ့တယ်။ ညသန်းခေါင်အချိန် အိမ်ခန်းထဲမှာ လက်ခမောင်းခတ်သံတွေ၊ တောက်ခတ်သံတွေကြားရတဲ့အပြင် အိမ်တစ်ခုလုံးပုဏ္ဏကတိုက်သလို လှုပ်ခါတာတွေဖြစ်လာခဲ့တယ်။ ‌လပြည့်ကျော်တစ်ရက်နေ့ရောက်တော့ နေ့လည်ထမင်းစားချိန် နားထင်နှစ်ဖက်ကို လက်နဲ့ဖိပြီး ကိုတင်ရောက်ချလာခဲ့တယ်။

" မဝင်း ငါ့ကိုနနွင်းမှိုင်း လုပ်ပေးဦး ခေါင်းတွေမတရားထိုးကိုက်နေတယ် အား ကျွတ်ကျွတ်"

ဦးခေါင်းကိုလက်နဲ့ဖိပြီး အော်ဟစ်နေတဲ့ ယောင်္ကျားဖြစ်သူကိုမြင်တော့ မဝင်းတစ်ယောက် နနွင်းတက်ကို မီးတိုက်ပြီး ပေးရှူပေမယ့် ခေါင်းကိုက်တာက မသက်သာခဲ့ပေ။ ကိုတင် ရဲ့ အခြေအနေက တစ်နေ့ထက် တစ်နေ့ပိုဆိုးလာပြီး ဘယ်ဆရာနဲ့မှကုလို့မပျောက်ခဲ့ဘူး။

တစ်နေ့မှာတော့ ဟိုဘက်ရွာမှာ ဆေးဆရာတစ်ယောက်ရောက်နေတယ်ဆိုလို့ ခေါင်းကိုက်ရောဂါသက်သာလိုသက်သာငြားသွားပြပြီးအပြန် သုံးရွာစုသင်္ချိုင်းကိုဖြတ်တော့ အုတ်ဂူပေါ်မှာ သုဿာန်ဓူတင်ကျင့်နေတဲ့ရဟန်းတစ်ပါးကိုမြင်လိုက်ရတယ်။

" မဝင်း လှည်းကိုခဏရပ်ခိုင်းလိုက်ဦး... ဟိုမှာ ဘုန်းကြီးတစ်ပါး တရားထိုင်နေတာမဟုတ်လား"

" ဟုတ်ပါ့တော် နေပူကျဲကြီးထဲမှာ တရားထိုင်နေတာ မပူဘူးလားမသိပါဘူး"

" မြင်ရတာမသင့်တော်ဘူး ငါတို့မှာအမိုးအကာတစ်ခုခုများပါလာခဲ့လား"

" နေပူရင် ရှင်ခေါင်းကိုက်မှာစိုးလို့ ယူလာတဲ့ထီတစ်လက်တော့ရှိတယ်"

" အဲဒီထီးနဲ့နေကွယ်အောင်လုပ်ပေးလိုက်ဦး ငါတို့က ရောက်တော့မှာပဲမဟုတ်လား"

မဝင်းလဲ ကိုတင် စိတ်တိုင်းကျဖြစ်အောင် ပါလာတဲ့ထီးနဲ့အရိပ်ရအောင်လုပ်ပေးပြီး ပြန်လာခဲ့လိုက်တယ်။

ကိုတင်ရဲ့ခေါင်းကိုက်ဝေဒနာက တစ်နေ့ထက်တစ်နေ့ပိုဆိုးလာပြီး ခေါင်းကိုအဝတ်နဲ့စည်းထားရတဲ့အထိဖြစ်လာခဲ့တယ်။

" အိမ်ရှင်တို့ ... အိမ်ရှင်တို့"

အိမ်ရှေ့ကနေ ခေါ်နေတဲ့အသံကြောင့် ဆနွင်းမှိုင်းရှူနေတဲ့ကိုတင် ခေါင်းကိုစောင်းကြည့်လိုက်ရာ ယောဂီဝတ်စုံဆင်တူဝတ်ထားတဲ့လူသုံးယောက်ကိုမြင်လိုက်ရတယ်။

" မဝင်း သွားကြည့်လိုက်ပါဦး။ ဘာကိစ္စရှိလို့လဲမသိဘူး"

ကိုတင်စကားကြောင့် မဝင်းက ခြံရှေ့ကိုထွက်လာပြီး
" အစ်မကြီးတို့အိမ်မှာ ဦးခေါင်းနဲ့ပတ်သတ်ပြီး ဝေဒနာခံစားနေရတဲ့ လူနာရှိတယ်မဟုတ်လား"

" ဟုတ်ပါတယ် ဟုတ်ပါတယ် ။ ဘယ်သူလမ်းညွှန်ပေးလိုက်တာလဲမသိဘူး"

" အော် ဟိုနေ့က သင်္ချိုင်းထဲမှာ ဆရာတော်ကို ထီးမိုးပေးနေတဲ့အချိန် ကျုပ်တို့က ဇရပ်ပေါ်မှာရှိနေတာ။ လှည်းပေါ်မှာ လူတစ်ယောက် နားထင်နှစ်ဖက်ကို လက်နဲ့ဖိပြီးညဉ်းညူနေတာမြင်လို့ပါ။ အဆင်ပြေရင် ကျုပ်တို့ကြည့်ပေးလို့ရမလား"

" ရပါတယ် ရပါတယ် အိမ်ထဲကိုကြွကြပါ"

လူငယ်သုံးယောက်လဲ ခြံထဲကိုဝင်လိုက်တဲ့အချိန် ရှေ့ဆက်မတိုးပဲ တွန့်ခနဲဖြစ်သွားပြီးမှ ဟန်မပျက်လိုက်ဝင်ခဲ့တာကို မဝင်း သတိထားမိခဲ့တယ်။

အိမ်ပေါ်ရောက်တော့ ခေါင်းမှာအဝတ်စစည်းထားတဲ့ ကိုတင်ထလာပြီး

" အား ကျွတ် ကျွတ်.. ခေါင်းက ထူမနိုင်အောင် ကိုက်နေတယ်ဗျာ။ ဆရာတွေလဲစုံပြီ နည်းနည်းလေးတောင်မသက်သာဘူး"

" စိတ်မပူပါနဲ့ ... ရောဂါဖြစ်ရတဲ့အရင်းမြစ်ကိုရှာတွေ့ဖို့ ကြိုးစားပေးပါ့မယ်"

" ဒီက ဆရာတွေက ငယ်ငယ်လေးတွေပဲနော်။ ဆရာတို့ကဘယ်ရွာကလဲ"

" ကျုပ်တို့က နေရာအတည်တကျရယ်လို့မရှိပါဘူး။ ခြေဦးတည့်ရာသွားရင်း ခုနှစ်ရက်သားသမီးတွေကို ကယ်တင်နေပါတယ်"

" ဟုတ်ကဲ့ ကျွန်တော်နာမည်က မောင်တင်ပါ သူ့က ကျွန်တော်မိန်းမ မဝင်း"

" ဟုတ်ကဲ့ ကျွန်တော်နာမည်က အောင်မြတ်သာပါ။ သူတို့နှစ်ယောက်က သက်ခိုင်နဲ့တောက်ရပါ"

" ဆရာတို့ အဆင်ပြေသလို ကုပေးပါ။ ဒီခေါင်းကိုက်ဝေဒနာပျောက်ရင်ကျေနပ်ပါပြီ"

" ဟုတ်ပြီ ဝေဒနာပျောက်ချင်တယ်ဆိုရင် ကတိတစ်ခုတော့ပေးရလိမ့်မယ်"

" ဘာကတိလဲ ပြောဗျာ ကျုပ်ပေးမယ်"

" အရက်ကို ရာသက်ပန်ဖြတ်ပါမယ်ဆိုတဲ့ကတိ"

အောင်မြတ်သာစကားကြောင့် ကိုတင် ခေတ္တမှင်သက်သွားပြီး
" ကျုပ်စဉ်းစားပါရစေဦး ဒီကတိက လွယ်မယောင်‌ယောင်နဲ့ခက်လို့ပါ"

" ကတိပေးပြီးရင် သစ္စာရေသောက်ရလိမ့်မယ်။ ခင်ဗျားကတိဖျက်ရင်တော့ ဘယ်သူမှကယ်နိုင်မှာမဟုတ်ဘူး။ ဒီတစ်နေ့ သေချာစဉ်းစားပါ မနက်ဖြန် မနက်ကျုပ်တို့ပြန်လာခဲ့မယ်"

အောင်မြတ်သာတို့ အိမ်ပေါ်ကဆင်းလာတော့ တောက်ရင
" ဆရာ ခြံထဲမှာ အမဲရောင်အခိုးငွေ့တွေမြင်နေရတယ်"

" ဟုတ်တယ် ဆရာ အိမ်ပေါ်မှာလဲ စကားဝါပန်းအနံ့တွေရနေတယ် ။နောက်တစ်ခုက သူ့ခေါင်းကိုရစ်ပတ်ထားတဲ့ နဂါးအစိမ်းရောင်တစ်ကောင်ကိုလဲမြင်လိုက်ရတယ်"

" မနက်ဖြန် မင်းတို့မြင်ခဲ့တဲ့အရာတွေရဲ့ ဇစ်မြစ်ကို သိရမှာပါ"
+++++
နောက်တစ်နေ့မနက်ရောက်တော့ အောင်မြတ်သာတို့ပြန်ရောက်လာပြီး
" ဘယ်လိုလဲ ကတိပေးနိုင်ပြီလား"

" ပေးပါမယ်ဆရာ ကျုပ်ဘယ်လိုမှမခံစားနိုင်တော့ဘူး။ ဒီအတိုင်းဆို မကြာခင် ခေါင်းပေါက်ကွဲပြီး သေရတော့မယ်"

အောင်မြတ်သာလဲ ကိုတင်ကို ကတိသစ္စာရေတိုက်ပြီးတာနဲ့ ဘုရားရှိခိုးကာ ဂိုဏ်းရဲ့ဥပဇ္ဇျာယ်ဆရာနဲ့ အထက်ဆရာကြီးတွေကိုခွင့်တောင်းပြီးတာနဲ့

" အရင်ဆုံးခြံထဲက ကိစ္စကိုရှင်းဖို့အတွက် အမေနံကရိုင်းမယ်တော် ကျုပ်အရှေ့ကြွလာပေးပါ" လို့အမိန့်ပြန်ပြီးမျက်လုံးမှိတ်လိုက်ရာ အိမ်ဦးလှေကားကနေ တစ်လှမ်းချင်းတက်လာတဲ့ နံကရိုင်းမယ်တော်ကိုမြင်လိုက်ရတယ်။

" မယ်တော်ကြီး ဖြစ်ခဲ့တာတွေအတွက် ကျုပ်ကပဲ တောင်းပန်ပါတယ်။ မသိနားမလည်တဲ့ အမိုက်အမဲတွေကို ခွင့်လွှတ်ပေးပါ။ မယ်တော်ကြီးနတ်ကွန်းကိုလဲ သင့်တော်ရာနေရာတစ်ခုမှာ ကျုပ်ပြန်ထားပေးပါမယ်" လို့ပြောတော့ နံကရိုင်းမယ်တော်က ကိုတင် ကို မျက်ထောင့်နီနဲ့စိုက်ကြည့်လိုက်ပြီး

" အိမ်တွင်းအဖေကြီးရှိနေလို့ စိတ်ကိုထိန်းနေရတာ။ နောက်ဆိုရင် ဆရာလေးတို့တောင် သူ့ကိုမြင်ရမှာမဟုတ်ဘူး"

" နားလည်ပါတယ် မယ်တော်ကြီး။ အသက်တွေလဲကြီးပြီမဟုတ်လား။ စိတ်လျော့လိုက်ပါလို့ တောင်းဆိုပါတယ်"

" ဆရာလေး တောင်းဆိုလို့ ခွင့်လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါစော်ကားရင် ငြိမ်မနေဘူးနော်"

နံကရိုင်းမယ်တော်က အောင်မြတ်သာရဲ့ တောင်းဆိုမှုကိုလိုက်လျောပြီး ပြန်ဆင်းသွားတဲ့အချိန် အိမ်ခန်းထဲကနေ တောင်ရှည်ကိုခါးထောင်းကျိုက်ထားတဲ့ လူထွားကြီးတစ်ယောက် ဘွားခနဲပေါ်လာခဲ့တယ်။

" အလို အိမ်တွင်းအဖေကြီးလဲရှိနေရပါရောလား။ ဒါဖြင့် ကျုပ်ပင့်စရာမလိုတော့ဘူး။ အခု စနေသားမှာဖြစ်ပေါ်နေတဲ့ ဝေဒနာက အိမ်တွင်းအဖေကြီး ပညာပေးထားတာလား"

" ဒီကောင် ကံကမြင့်နေလို့ နိမ့်မယ့်အချိန်ကိုစောင့်နေတာ။ အခုခံစားနေရတဲ့ဝေဒနာက ကျုပ်နဲ့မပတ်သတ်ဘူး"

" ဒါဖြင့်လဲ အိမ်တွင်းအဖေကြီးကို ကျုပ်ကပဲ မေတ္တာရပ်ခံပါတယ်။ ဒီအမှုကိစ္စပြီးရင် သူ့ကိုသေချာပြန်တောင်းပန်ခိုင်းလိုက်ပါမယ်။ နန်းကိုလဲ သင့်တော်တဲ့နေရာမှာ ကျုပ်ကိုယ်တိုင်ထားပေးပါမယ်။ အမိုက်အမဲတွေကို ခွင့်လွှတ်ပေးပါ"

ဒီတစ်ခါမှာလဲ အောင်မြတ်သာ‌ရဲ့ မေတ္တာရပ်ခံမှုကို လက်ခံပြီး ‌ပျောက်ကွယ်သွားခဲ့တယ်။ အိမ်တွင်းအိမ်ပြင်ပြဿနာနှစ်ခုကိုရှင်းပြီးတဲ့အချိန် မျက်လုံးဖွင့်ကြည့်လိုက်ရာ ခေါင်းကိုလက်နဲ့ဖိပြီး အော်ဟစ်နေတဲ့ ကိုတင်ကို မြင်လိုက်ရတယ်။

" ဆရာ... ဘယ်လိုလုပ်မလဲ ၊ ခေါင်းပေါ်က အကောင်ကထိန်းလို့မရအောင်သောင်းကျန်းနေပြီ"

သက်ခိုင်စကားကြောင့် အောင်မြတ်သာကြည့်လိုက်ရာ ဦးခေါင်းတစ်ခုလုံးကို တင်းကြပ်နေအောင်ရစ်ပတ်ထားပြီး ငယ်ထိပ်ကို အစွယ်နဲ့ပေါက်နေတဲ့ တစ်တောင်သာသာရှိတဲ့ နဂါးစိမ်းတစ်ကောင်ကိုမြင်လိုက်ရတယ်။

" ကာယကံရှင်ရဲ့ မိဘတွေရှိသေးလား"

" မရှိတော့ဘူးဆရာ။ သူကလေးဘဝထဲက မိဘတွေဆုံးသွားလို့ အခြားသူကမွေးစားခဲ့တာ"

" ဟုတ်ပြီး ဒါဖြင့်ရင် သူ့ကိုအရှေ့ကိုတွဲခေါ်လာခဲ့"

အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရက လူးလိမ့်နေတဲ့ ကိုတင် ကို ဆွဲထူပြီးခေါ်လာတဲ့အချိန်...

" ကဲ ... ဒီလောက်ဝင်စီးချင်နေတဲ့ ပုဂ္ဂိုလ် ကာယကံရှင်ဆီကိုဝင်ပြီး ကျုပ်ရှေ့လာခဲ့" လို့အမိန်ြပြန်လိုက်ရာ လူးလိမ့်နေတဲ့ ကိုတင်က မျက်လုံးပြူးနဲ့ထထိုင်လိုက်ပြီး

" 这家伙把我们忘了。”လို့ပြောတော့

" ရိုးရာစကားတွေ မပြောပဲ နားလည်အောင်ပြောပါ"

" ဒီကောင်ရိုးရာကိုမေ့နေတယ်။ ဒါကြောင့်အပြစ်ပေးတာ"

" ဟုတ်ပြီ သင်က ဘယ်သူလဲ။ ကာယကံရှင်ရဲ့ရိုးရာက ဘာရိုးရာလဲ"

" ကျုပ်က ကွမ်တိယပဲ။ သူက ဘိုးဘေးတွေလက်ထက်ထဲကလုပ်လာတဲ့ရိုးရာကိုမေ့ထားလို့ ကျုပ်ရဲ့တပည့်နဲ့ဆုံးမခိုင်းထားတာ"

" ဒါဆိုရင် သင်တို့ဘာလိုအပ်လဲ။ ကျုပ်သူ့ကိုပြန်ပြောပြလိုက်မယ်"

" လာမယ့်နှစ်ကူးကျရင် ကျုပ်တို့ရုပ်ပုံကို အိမ်မှာကိုးကွယ်ပြီး ရိုးရာမပျက်ပူဇော်ပသပေးပါ"

" ဟုတ်ပြီ ကျုပ်သေချာလုပ်ခိုင်းလိုက်မယ်။ အခုကစပြီး သူ့ခေါင်းမှာရစ်ပတ်ထားတဲ့ အစောင့်ကိုဖယ်ရှားပေးဖို့မမေ့နဲ့ဦး"

အောင်မြတ်သာစကားအဆုံးမှာ မျက်နှာတစ်ခုလုံးနီရဲပြီး မျက်လုံးပြူးထားတဲ့ ပုဂ္ဂိုလ်ကသူ့လက်မှာကိုင်ထားတဲ့ လှံကို‌ကြမ်းပေါ်ဆောင့်ချလိုက်ရာ ကိုတင်ရဲ့ခေါင်းမှာပတ်နေတဲ့ နဂါးစိမ်းက အရစ်တွေကိုလျော့ချပြီး လှံသွားထဲကိုပြန်လည်ဝင်ရောက်သွားခဲ့တယ်။

နဂါးစိမ်းမရှိတော့တာနဲ့ ကိုတင် ခံစားနေရတဲ့ ခေါင်းကိုကဝေဒနာက ယူပစ်သလိုပျောက်ကင်းသွားပြီး ထူထူထောင်ထောင်ပြန်ဖြစ်လာခဲ့တယ်။ အောင်မြတ်သာလဲ လူရွတ်တစ်ယောက်ဖြစ်တဲ့ ကိုတင် ကို ချေချွတ်ဆုံးမကတိတောင်းပြီး အိမ်ပေါ်ကနေပြန်ထွက်လာခဲ့တယ်။

အောင်မြတ်သာအနောက်မှာပါလာတဲ့ သက်ခိုင်နဲ့တောက်ရကတို့လက်ထဲမှာတော့ နံကရိုင်းမယ်တော်ရုပ်ထုနဲ့ ဖောင်းတော်တစ်ခု။

ဒီအဖြစ်အပျက်တွေဖြစ်ပြီး ကိုတင်လဲ အရက်ပြတ်သွားခဲ့သလို နှစ်စဉ်နှစ်တိုင်း ကွမ်တိယအဘိုးကို ပူဇော်ပသခဲ့တယ်။

အောင်မြတ်သာတို့ကတော့ မေ့နေတဲ့ရိုးရာကိုဖော်ထုတ်ပြီးခရီးဆက်ခဲ့တာ ကျွန်းညိုလှဆိုတဲ့ရွာကိုရောက်လာခဲ့တယ်။ ဒီရွာမှာဘာတွေဖြစ်ပျက်ဦးမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်သားပိုက်မယ်တော်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

ေအာင္ျမတ္သာႏွင့္ကြမ္တိယအစြဲ

မီးခိုးတလူလူထြက္ေနတဲ့ ပ်ဥ္ေထာင္အိမ္တစ္လုံးေရွ႕ကို ဆန္အိတ္ထမ္းထားတဲ့လူတစ္ေယာက္ မေယာင္မလည္နဲ႔ေရာက္လာခဲ့တယ္။

" အစ္မဝင္း အစ္မဝင္း ...ဒါ အစ္မဝင္းတို႔အိမ္လား"

လည္ေခ်ာင္းကြဲမတတ္ေအာ္ေနတဲ့အသံေၾကာင့္ ကေလးသုံးေယာက္ကို ထမင္းေကြၽးေနတဲ့ အစ္မဝင္း အိမ္ေရွ႕ကိုထြက္လာၿပီး
" ေအး ဘယ္သူမ်ားလဲကြယ့္"

" ဆရာက ငါ့အိမ္ကို ဆန္တစ္အိတ္ပို႔လိုက္ဆိုလို႔ လာပို႔တာပါ"

" ေအာ္ ေအးေအး ဆန္အိတ္ကို အိမ္ေရွ႕မွာပဲခ်ထားလိုက္ေလ"

မဝင္းစကားေၾကာင့္ ဆန္အိတ္ထမ္းထားတဲ့လူက ပခုံးေပၚကအိတ္ကို ပစ္ခ်လိုက္ၿပီး
" အစ္မ ဆရာ ဒီည ေနာက္က်မယ္လို႔ေျပာတယ္ .. အဲဒါအစ္မတို႔ သားအမိေတြ ထမင္းစားခ်င္ရင္ စားထားႏွင့္ဆိုၿပီးမွာခဲ့လို႔"

" နင္တို႔ဆရာ ဘယ္အရက္ဝိုင္းသြားျပန္ပီလဲ ... ငါေတာ့စိတ္ညစ္ပါတယ္"

" ဘယ္သြားမလဲေတာ့ကြၽန္ေတာ္မသိဘူးအစ္မ .. ဆရာကအဲလို‌ပဲေျပာလိုက္တာ"

" ေအးေအး တကူးတကလာပိုေပးတာ ေက်းဇူးတင္ပါတယ္"

ဆန္လာပို႔တဲ့သူထြက္သြားေတာ့ မဝင္း အိမ္ထဲျပန္ဝင္ၿပီး ဘဲဥဟင္းနဲ႔ထမင္းစားေနၾကတဲ့ လူမမယ္ကေလးသုံးေယာက္ကိုၾကည့္ကာ သက္ျပင္းရွည္တစ္ခ်က္ခ်လိုက္မိတယ္။
+++++++
ညဦးပိုင္းေရာက္ေတာ့ လမ္းထိပ္ကေန သီခ်င္းဆိုၿပီး ျပန္လာတဲ့ ဦးတင္ရဲ႕အသံကိုၾကားလိုက္ရတယ္။

" ေဟ့ မိန္းမ ေအ့... မဝင္း.... ငါေခၚေနတာမၾကားဘူးလား"

" ကိုတင္ ရွင္မူးလာရင္ ေအးေဆးေနပါ ကေလးေတြလဲ အိပ္ေနၾကပီ လာလာ ထမင္းစားရေအာင္"

" ဘာ... ထမင္းစားဖို႔ဟုတ္လား.. စာကေလးဆိုတဲ့ေကာင္ကို ငါမွာထားတာ ဒီေကာင္မေျပာဘူးလား"

" သူကေျပာပါတယ္ က်ဳပ္က ရွင္ျပန္လာမွ တူတူစားဖို႔ေစာင့္ေနတာ၊ ကေလးေတြကေတာ့ စားၿပီးၾကၿပီ"

" ေဟ့ မဝင္း ညဥ္းက အိမ္ေထာင္ဦးစီးျဖစ္တဲ့ ငါ့စကားကို အဖက္မလုပ္တာေပါ့ေလ ဟမ္၊ ငါက ထမင္းစားထားဆိုစားထားေပါ့ ဘာလို႔မစားရတာလဲ"

" ကိုတင္ ရွင္မူးလာရင္ မရစ္ပါနဲ႔ေတာ့ ပတ္ဝန္းက်င္ကိုလဲအားနာဦး"

" ဘယ္သူ႔ကိုအားနာရမွာလဲ ကိုယ့္ထမင္းကိုယ္စားၿပီးေနတာ ေအ့ ... ဝုန္း ..."

မူးမူးနဲ႔ အိမ္ေနာက္ေဖးမွာ ေထာင္ထားတဲ့ဆန္ပုံးကို တြန္းခ်လိုက္တဲ့အခ်ိန္ အိပ္ေပ်ာ္ေနတဲ့ကေလးသုံးေယာက္လန႔္ႏိုးလာခဲ့တယ္။

" သားနဲ႔သမီးတို႔ ႏိုးလာၿပီလား ေအ့, အေဖဆန္ပုံးကို တိုက္မိသြားလို႔ ဆန္ေတြဖိတ္က်သြားတာ ျပန္ေကာက္ထည့္လိုက္ၾကဦး။ ေကာက္ထည့္ရင္လဲ ၾကမ္းၾကားထဲမွာ ဆန္တစ္ေစ့မွက်န္တာမျမင္ခ်င္ဘူးေနာ္ ၾကားလား"

ကေလးေတြက ဖခင္ျဖစ္သူကို ေၾကာက္ၿပီး က်ေနတဲ့ဆန္ေတြကို တစ္လုံးမွမက်န္ေအာင္ ေကာက္ထည့္ေနတဲ့အခ်ိန္ မဝင္းကေတာ့ မ်က္ရည္နဲ႔မ်က္ခြက္ျဖစ္ေနခဲ့တယ္။

ကိုတင္ မူးလာရင္ အဲလိုရစ္တတ္သလို အမူးေျပသြားခ်ိန္ဆိုရင္ေတာ့ သူမဟုတ္သလို မ်က္ႏွာထားနဲ႔ ျပန္ေခ်ာ့တတ္တယ္။ ကိုတင္က သုံး႐ြာစု႐ြာရဲ႕ စပါးဒိုင္စာေရးျဖစ္တဲ့အတြက္ စပါးေပၚခ်ိန္ဆို အိမ္ထဲမွာ ဆန္အိတ္ေတြဆိုတာ ေထာင့္တိုင္းေထာင့္တိုင္းမွာေထာင္ထားရတဲ့အထိ အဆင္ေျပခဲ့တယ္။ ကိုတင္က ညေနေစာင္းဆိုရင္ ဟိုဘက္႐ြာမွာ ဖြင့္ထားတဲ့အရက္ပုန္းဆိုင္ကိုသြားတတ္တယ္။ ဟိုဘက္႐ြာေရာက္ဖို႔က သုံး႐ြာစုသခ်ႋဳင္းကိုျဖတ္မွရတယ္။ဒါေၾကာင့္ တစ္ခါတစ္ေလ အရက္ေသာက္လို႔အရွိန္လြန္သြားတဲ့ေန႔ေတြဆိုရင္ အရက္သမားအေတာ္မ်ားမ်ားက ျပန္မလာၾကေတာ့ပဲ ဆိုင္မွာပဲအိပ္လိုက္ၾကတယ္။

ဒီေန႔လဲ ကိုတင္တို႔အဖြဲ႕သားေတြ ေသာက္စားရင္းေနခဲ့တာ ညရွစ္နာရီအခ်ိန္ေရာက္လာခဲ့တယ္။

" ေမာင္တင္ အခ်ိန္လဲလင့္ေနပီ ဒီညေတာ့ ငါတို႔ဆီမွာပဲအိပ္လိုက္ေတာ့"

" ေအ့ မရဘူးကြ အိမ္မွာ ငါ့မိန္းမနဲ႔ ငါ့ကေလးေတြရွိေသးတယ္ ငါအိမ္ျပန္မွျဖစ္မယ္"

" အခ်ိန္ကလင့္ေနလို႔ေျပာတာ ေနာက္ၿပီး သခ်ႋဳင္းထဲကျဖတ္ျပန္ရမွာဆိုေတာ့..."

"ေဟ့ေကာင္ ပြႀကီး အဲလိုေၾကာက္တတ္တဲ့ထဲမွာ ေမာင္တင္မပါဘူးကြ.. ႀကိဳက္တဲ့သရဲလာေျခာက္စမ္း ႏွစ္ခါျပန္ေသသြားဦးမယ္ ဟက္ဟက္"

" မင္းအဲလို တစြတ္ထိုးလုပ္ေန တစ္ေန႔မင္းဒုကၡေရာက္မယ္"

" ေရာက္ပါေစကြာ.. ဒီညေတာ့ငါျပန္မွျဖစ္မယ္ ဖိုးမဲေရ ငါ့အတြက္ ဝက္သားသုတ္တစ္ပြဲ ပါဆယ္ထုပ္ေပး "

ကိုတင္က ဝက္သားသုတ္မွာၿပီး ခြက္ထဲက်န္တဲ့လက္က်န္အရက္ကိုျဖတ္ကာ မတ္တပ္ထရပ္လိုက္တယ္။

" ေရာ့ ကိုတင္ ဝက္သားသုတ္ရၿပီ .."

" ေအး ေရာ့ ဒီမွာ အရက္ဖိုးနဲ႔အျမည္းဖိုး ေအာ္ ေနဦး မင္းရဲ႕ဓါးေျမာင္တစ္လက္ငါ့ကိုဒီညငွားလိုက္ကြာ ေနာက္ေန႔လာျပန္ေပးမယ္"

" ယူသြားေလ ... တစ္ေယာက္ထဲျပန္မွာဆိုေတာ့ လိုကာမယ္ကာေဆာင္ထားသင့္တယ္"

ဖိုးမဲက တဲနံရံမွာထိုးထားတဲ့ ဓါးေျမာင္ကို ကမ္းေပးလိုက္တယ္။ ကိုတင္လဲ ဓါးေျမာင္ကို ခါးၾကားထိုးကာ ဒယိမ္းဒယိုင္နဲ႔ ျပန္ထြက္လာခဲ့တယ္။

တစ္ေယာက္ထဲ ရီေဝရီေဝနဲ႔ေလ်ာက္လာခဲ့တာ လေရာင္ေအာက္မွာ အစီအရီျဖစ္ေနတဲ့ ေျမပုံေတြ၊ အုတ္ဂူေတြကိုျမင္ေတာ့မွ သခ်ႋဳင္းကိုျဖတ္ေနၿပီဆိုတာ သတိထားမိလိုက္တယ္။ သခ်ႋဳင္းအလယ္ေလာက္လဲေရာက္ေရာ လက္ထဲမွာ ငွက္ေပ်ာဖက္နဲ႔ထုပ္ထားတဲ့ ဝက္သားသုပ္ကို တစ္ေယာက္ေယာက္က လွမ္းဆြဲေနသလို ခံစားလိုက္ရတယ္။

" ေအ့ ဘယ္ေကာင္လဲကြ ငါ့အထုပ္ကိုဆြဲေနတာ ၊ ဒီအထုပ္က ငါ့မိန္းမနဲ႔ကေလးေတြစားဖို႔ဝယ္လာတာ ၊ မင္းတို႔စားခ်င္ရင္ ကိုယ့္ဘာသာဝယ္စား"

ကိုတင္က မူးမူးနဲ႔ေအာ္ေျပာရင္း ဆက္ေလ်ာက္လာရာ အထုပ္ကိုေနာက္တစ္ႀကိမ္ထပ္ဆြဲပါေလေရာ။

" ဟာ ငါလုပ္ရင္ေသေတာ့မယ္ လာခဲ့ ေနာက္တစ္ခါလာဆြဲရင္ ဓါးေျမာင္နဲ႔ထိုးပစ္မွာ"

ကိုတင္က ဓါးႀကိမ္းႀကိမ္းၿပီး ဆက္ေလ်ာက္လာခဲ့တာ သခ်ႋဳင္းထိပ္နားလဲေရာက္ေရာ အေနာက္ကေန အတင္းဆြဲလုျပန္ေရာ။

ဒီတစ္ခါမွာေတာ့ ကိုတင္ သည္းမခံႏိုင္ေတာ့ ခါးၾကားထဲက ဓါးေျမာင္ကိုထုတ္ကာ လာဆြဲတဲ့လက္ကို ဓါးေျမာင္နဲ႔ထိုးခ်ၿပီးၾကည့္လိုက္ရာ တစ္ကိုယ္လုံး စြတ္စြတ္ျဖဴေနတဲ့ သရဲမတစ္ေကာင္ ငယ္သံပါေအာင္ ေအာ္ေျပးသြားတာျမင္လိုက္ရတယ္။ အိမ္ေရာက္ေတာ့ မိန္းမျဖစ္သူကို အက်ိဳးအေၾကာင္းေျပာျပေတာ့
" ရွင္ ေျပာတဲ့အတိုင္းဆိုရင္ က်ဳပ္မစားရဲဘူး ရွင္ဝယ္ခဲ့တာ ရွင္ပဲစားလိုက္ေတာ့"

ကိုတင္လဲ ဘယ္လိုမွေျပာမရတဲ့အဆုံး သူဝယ္လာတဲ့ဝက္သားသုပ္ကိုစားဖို႔အထုပ္ကိုေျဖလိုက္ရာ
" ဟင္ ဝက္သားသုတ္က ဘယ္လိုျဖစ္လို႔ မုန႔္စိမ္းေပါင္းေတြျဖစ္ေနတာလဲ" လို႔ေရ႐ြတ္ကာ ေအးစက္ေတာင့္တင္းေနတဲ့ မုန႔္စိမ္းေပါင္းေတြကို ပလုပ္ပေလာင္းစားခ်လိုက္တယ္။

မနက္မိုးလင္းေတာ့ ညက ဝက္သားသုပ္ကေန မုန႔္စိမ္းေပါင္းျဖစ္ေနတဲ့အေၾကာင္းကို အ‌ေပါင္းအသင္းေတြကိုေျပာျပေတာ့
" ငါတို႔ေျပာသားပဲ ညႀကီးအခ်ိန္မေတာ္ မင္းမို႔လို႔ မေၾကာက္မ႐ြံ႕ဝက္သားသုပ္အထုပ္ကိုင္ၿပီး သခ်ႋဳင္းထဲကျဖတ္ရတယ္လို႔"

" ဒီေန႔ေတာ့ အလုပ္ေစာေစာသိမ္းၿပီးသြားမယ္ကြာ အလင္းေရာင္ရွိခ်ိန္ျပန္တာကေတာ့ ဘာမွမျဖစ္ေလာက္ပါဘူး"

ေသာက္ဖို႔ဆိုရင္ႏွစ္ခါမေခၚရတဲ့ အေပါင္းအသင္းေတြက ကိုတင္ရဲ႕စကားကို ဝမ္းသာအားရ ေထာက္ခံခဲ့ၾကတယ္။ ဒီညေနေတာ့ အေစာႀကီးေရခ်ိန္ကိုက္တဲ့အတြက္ ကိုတင္တစ္ေယာက္ မေမွာင္ခင္သခ်ႋဳင္းထဲကေနျဖတ္ထြက္လာႏိုင္ခဲ့တယ္။ သခ်ႋဳင္းအျပင္ကိုေရာက္ေတာ့ ေညာင္ပင္တစ္ပင္ေအာက္မွာ စြန႔္ထားတဲ့ အိမ္တြင္းအုန္းကိုျမင္ၿပီး အိမ္ကိုေကာက္ယူလာခဲ့တယ္။

အိမ္ေပၚကို လက္တစ္ဖက္မွာ အိမ္တြင္းအုန္း လက္တစ္ဖက္မွာ ဖိနပ္ကိုကိုင္ၿပီး ကိုးယို႔ကားယားတက္လာတဲ့ လင္ေယာက်ၤားကိုျမင္ေတာ့
" ကိုတင္ ဘယ္ကအိမ္တြင္းအုန္းႀကီး ယူလာတာလဲ"
" လမ္းမွာေတြ႕လို႔ ေကာက္လာတာ သူမ်ားအိမ္ေတြဆိုရင္ ဒီလိုအုန္းေတြဆြဲၾကတယ္ ငါတို႔အိမ္မွာက်ေတာ့ အဲလိုေတြမရွိဘူးေလ"

" အမေလး ျမတ္စြာဘုရား ကိုယ္က်ိဳးေတြေတာ့နည္းကုန္ေတာ့မွာပဲ အဲလိုလုပ္တာက သူတို႔႐ိုးရာမို႔လို႔လုပ္တာေလ ရွင့္မွာက ဘာ႐ိုးရာမွမရွိတာ"

" တိတ္စမ္း ငါယူလာရင္ ကိုးကြယ္လိုက္ စကားအရစ္မရွည္နဲ႔ ေရာ့ အိမ္ခန္းထဲမွာသြားခ်ိတ္ထား"

" ရွင္ဒီေလာက္ ကိုးကြယ္ခ်င္ေနလဲ ကြၽန္မကိုယ္တိုင္ နားလည္တတ္ကြၽမ္းတဲ့သူနဲ႔ တိုင္ပင္ၿပီး အုန္းအသစ္ဆြဲေပးပါမယ္ ဒီယူလာတဲ့အုန္းကိုေတာ့ သြားစြန႔္လိုက္ပါရွင္"

" ေအး အဲလိုဆိုရင္ေတာ့ ငါလက္ခံေသးတယ္ ေရာ့ ငါထမင္းစားဦးမယ္ နင္ပဲသြားပစ္လိုက္ေတာ့"

ကိုတင္က လက္ထဲက အိမ္တြင္းအုန္းကို မဝင္း လကိုေပးၿပီးေရခ်ိဳးဖို႔ထြက္သြားခဲ့တယ္။ မဝင္းလဲ ေနာက္ေန႔က်ေတာ့ နတ္ကေတာ္ကိုပင့္ၿပီး အိမ္တြင္းအုန္းဆြဲလိုက္ပါေလေရာ။

ကိုတင္ကေတာ့ အိမ္ျပန္ေရာက္တိုင္း ခန္းဆီးအနီနဲ႔တင့္တယ္ေနတဲ့ အိမ္တြင္းအုန္းကိုၾကည့္ၿပီး ဝမ္းသာမဆုံးတစ္ၿပဳံးၿပဳံးျဖစ္ေနေလရဲ႕။မၾကာျာပါဘူး ကိုတင္ တစ္ေယာက္ ေဖာက္ပါေလေရာ။

" မဝင္း ... မဝင္း ... ဘယ္ေရာက္ေနတာလဲ"
အခ်ိန္မေတာ္ ၿခံေရွ႕ကေနေအာ္ေနတဲ့အသံေၾကာင့္ အငယ္မကိုသိပ္ေနတဲ့ မဝင္း ထလာၿပီး
" ကိုတင္ အခ်ိန္ကိုလဲၾကည့္ဦး ညဆယ္နာရီေက်ာ္ေနၿပီ ဘာလို႔စြတ္ေအာ္ေနတာလဲ"

" နင့္ကိုျပမလို႔ ေခၚေနတာ ဒီမွာၾကည့္စမ္း ..."

ကိုတင္က လက္ထဲမွာဆြဲလာတဲ့အရာတစ္ခုကို ေထာင္ျပလိုက္ရာ ေတာင္လိပ္ေတြျဖစ္ေနတာျမင္လိုက္ရတယ္။

" ဟင္ လိပ္ေတြပါလား ... "

" ဟုတ္တယ္ ဒီမနက္ စပါးလာဝယ္တဲ့ဧည့္သည္ေတြက ငါ့အတြက္လက္ေဆာင္ေပးလိုက္တာ ဒီညေတာ့ လိပ္သားစြတ္ျပဳတ္လုပ္ေသာက္ရမယ္"

" ဒုကၡပါပဲ အိမ္တြင္းအုန္းဆြဲထားရင္ လိပ္ေတြကို အိမ္ေပၚမတင္ရဘူးလို႔ နတ္ကေတာ္ အေမစိန္က မွာခဲ့တယ္"

" ဟာ အလကား ေလ်ာက္ေျပာေနတာ သူလဲသူ႔ဘာသာေန ငါလဲ ငါ့အိမ္ငါလုပ္ခ်င္တာလုပ္မယ္ ေရာ့ ေရေႏြးနဲ႔ျပဳတ္ထားလိုက္"

မဝင္းက ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ ကမ္းေပးတဲ့လိပ္ကိုယူၿပီး အိမ္ေပၚတက္လာတဲ့အခ်ိန္ အခန္းထဲမွာဆြဲထားတဲ့ အိမ္တြင္းနတ္စင္ထဲကေန က်ယ္ေလာင္တဲ့ ေတာက္ခတ္သံတစ္ခ်က္ထြက္လာခဲ့တယ္။ သိပ္မၾကာခင္မွာပဲ အိမ္ခန္းထဲမွာ ဒုန္းဒိုင္းဒုန္းဒိုင္းနဲ႔လမ္းေလ်ာက္သံေတြ အိမ္နံရံကို ထု႐ိုက္တဲ့အသံေတြေၾကာင့္ အိပ္ေပ်ာ္ေနတဲ့ကေလးေတြအကုန္ လန႔္ႏိုးၿပီး ေၾကာက္လန႔္တစ္ၾကား ငိုပါေလေရာ။ ကိုတင္လဲ သူ႔ကေလးေတြငိုတာ အိမ္တြင္းအုန္းေၾကာင့္ဆိုၿပီး အခန္းထဲက အုန္းဆြဲကိုညတြင္းခ်င္းျဖဳတ္ကာ လႊင့္ပစ္လိုက္ပါေလေရာ။

မဝင္းကေတာ့ မူးလာရင္ ဇြတ္တ႐ြတ္လုပ္တတ္တဲ့ ေယာက်ၤားျဖစ္သူကိုမလြန္ဆံရဲတဲ့အတြက္ ျဖစ္သမွ်ကိုအံႀကိတ္ရင္ဆိုင္ခဲ့တယ္။ အုန္းဆြဲကိုလႊင့္ပစ္ၿပီး ေနာက္တစ္ေန႔က်ေတာ့ ကိုတင္ အေစာႀကီးအိမ္ျပန္ေရာက္လာခဲ့တယ္။

အရက္မေသာက္ပဲ ႐ုပ္တည္နဲ႔အိမ္ျပန္လာတဲ့ ကိုတင္ကိုျမင္ေတာ့ တစ္အိမ္လုံးအံ့ဩေနတဲ့အခ်ိန္
" ကေလးေတြ ဒီကိုလာခဲ့..."
ဖေအျဖစ္သူေခၚတာေၾကာင့္ ကေလးေတြက ေၾကာက္ေၾကာက္နဲ႔အနားကပ္လာတဲ့အခ်ိန္

" မေၾကာက္ၾကနဲ႔ အသံလဲမထြက္ၾကနဲ႔ ငါလုပ္တာထိုင္ၾကည့္ေန ... မဝင္း နင္က အိမ္တံခါးကိုလိုက္ပိတ္"

အတည္ေပါက္နဲ႔ေျပာေနတဲ့ ကိုတင္ စကားေၾကာင့္ မိန္းမျဖစ္သူက အိမ္တံခါးေတြကိုလိုက္ပိတ္လိုက္တယ္။

ကိုတင္လဲ အိမ္တံခါးေတြပိတ္ၿပီးတာနဲ႔ အိမ္ေနာက္ေဖးမွာရွိတဲ့ ဓါးမတစ္ေခ်ာင္းကိုယူကာ အိမ္တြင္းအုန္းထားတဲ့ေနရာေရွ႕မွာ ဒူးေထာက္ထိုင္ခ်လိုက္ၿပီး ကေလးေတြကို ရယ္က်ဲက်ဲနဲ႔ ေနာက္လွည့္ၾကည့္ကာ လက္ကိုဓါးနဲ႔ခုတ္ပါေလေရာ။

ဓါးမက လက္သန္းကိုထိၿပီး ေသြးေတြျဖာခနဲထြက္လာတဲ့အခ်ိန္ မဝင္းက ငယ္သံပါေအာင္ေအာ္ၿပီး

" အမေလး လာၾကပါဦး.. ကိုတင္ တစ္ေယာက္ ဘာျဖစ္ေနလဲမသိပါဘူး အိးဟီးဟီး"

မဝင္းေအာ္သံေၾကာင့္ ေဘးအိမ္ကလူေတြေရာက္လာတဲ့အခ်ိန္ ကိုတင္က ရယ္က်ဲက်ဲမ်က္ႏွာနဲ႔ ေသြးေတြကို လက္ႏွစ္ဖက္နဲ႔ယူၿပီး သူ႔ဆံပင္ေတြနဲ႔ပြတ္သပ္ေနတာျမင္လိုက္ရတယ္။

" ကိုတင္ သတိထားဦးေလ ... မဝင္း အဝတ္တစ္ခုယူဦး နင့္ေယာက်ၤားလက္က ေသြးထြက္လြန္ေနတယ္"

ေဘးအိမ္က ဦးလွစိန္စကားေၾကာင့္ မဝင္းလဲ လုံခ်ည္တစ္ထည္ကိုယူၿပီး ျပတ္ထြက္သြားတဲ့လက္သန္းေနရာကိုအုပ္လိုက္တဲ့အခ်ိန္

" မဝင္း ခုနက ျပတ္သြားတဲ့ ငါ့လက္သန္း ဘယ္မွာလဲ"

" ဟိုမွာ ေသြးအိုင္ထဲမွာ .... "

ကိုတင္လဲ ေဘးလူေတြကို ဘာတစ္ခြန္းမွမေျပာပဲ ျပတ္သြားတဲ့လက္သန္းကိုယူၿပီး အိမ္ေပၚကေန ဆင္းသြားခဲ့တယ္။ အိမ္ေအာက္ေရာက္ေတာ့ ျပန္လွည့္ၾကည့္ၿပီး

" တစ္ေယာက္မွ ငါ့အေနာက္လိုက္မလာၾကနဲ႔" လို႔ေအာ္ကာ ႐ြာထိပ္ဘက္ကိုထြက္သြားခဲ့တယ္။ မနက္ေရာက္ေတာ့ လက္သန္းကို ျပတ္ထြက္တဲ့ေနရာမွာခ်ဳပ္ၿပီးျပန္ေရာက္လာတဲ့ကိုတင္ကိုျမင္ေတာ့

" ရွင္ညက ဘာေတြလုပ္ခဲ့တာလဲဆိုတာသိရဲ႕လား".

" ငါသိတာေပါ့ ဓါးမနဲ႔ငါ့လက္ကိုခုတ္ခဲ့တာမဟုတ္လား.... "

" ဟုတ္တယ္ေလ ဘာေၾကာင့္ ဒီလိုလုပ္ရတာလဲ အခုရွင္လက္တစ္ဖက္က ေမြးရာပါလိုမဟုတ္ေတာ့ဘူးေပါ့"

" ညကျဖစ္စဥ္ကို ငါအကုန္သိတယ္ ဒါေပမယ့္ ငါ့လက္ကို ထိန္းလို႔မရခဲ့ဘူး ဒါေၾကာင့္ လုပ္ခ်င္တာလုပ္ဆိုၿပီး လႊတ္ထားေပးလိုက္တာ "

မဝင္းလဲ လူ႐ြတ္ႀကီးကိုတင္ကို ၾကည့္ၿပီး "ေအာ္"လို႔သာေရ႐ြတ္လိုက္မိတယ္။ကိုတင္က မူးလာရင္ စိတ္ထဲထင္ရာေလ်ာက္လုပ္တတ္တဲ့ လူ႐ြတ္တစ္ေယာက္။ ကိုတင္ မူးလာၿပီဆိုရင္ ႐ြာထဲက ကေလးေတြ ေပ်ာ္ၿပီ။ ဘာလို႔ဆိုေတာ့ အိမ္မေရာက္မခ်င္း ျဖတ္သမွ် မုန႔္သည္အကုန္ေခၚၿပီး ကေလးေတြကို ေဝေပးတတ္တဲ့သူ။ အခ်ိဳ႕ေခါင္းဗ်က္ထိုးေဈးသည္ေတြက ကိုတင္ မူးၿပီးျပန္လာတာနဲ႔ဆုံရင္ ရွိသမွ် အ႐ြက္ေတြအသီးေတြထိုးေရာင္းတတ္ၾကတယ္။ အဲလိုေန႔ဆိုရင္ အိမ္ကလူေတြ အသီးအ႐ြက္နဲ႔ႏွစ္ပါးသြားေပေတာ့။

ဒိလိုနဲ႔ တစ္ရက္မွာေတာ့ နံက႐ိုင္းမယ္ေတာ္႐ုပ္ထုကို ရင္ဝယ္ပိုက္ၿပီး ျပန္ေရာက္လာခဲ့တယ္။

" မဝင္း ဒါက အေမနံက႐ိုင္းလို႔ေခၚတယ္ ၿခံထဲမွာကိုးကြယ္ဖို႔ ယူလာခဲ့တာ"

" ကိုတင္ ရွင္ေပါက္ကရေတြလုပ္ျပန္ပီလား ... ဒါေတြက သူ႔႐ိုးရာရွိသူမွ ကိုးကြယ္ၾကတာေလ "

" ဟာ စကားမမ်ားနဲ႔ ငါလုပ္ဆိုလုပ္လိုက္ေပါ့ ... ဘာလဲ နင္ကမလုပ္ခ်င္လို႔လား"

" ဟုတ္တယ္ အဲလိုမ်ိဳးေတြမလုပ္ရဲဘူး လုပ္ခ်င္သပဆိုလဲ ရွင့္ဘာသာလုပ္"

မဝင္း စကားေၾကာင့္ ကိုတင္က ႐ုပ္ထုကို အိမ္ေပၚယူတင္လာၿပီး
" ဒီညေတာ့ အေမနံက႐ိုင္းက ဘုရားေက်ာင္းေဆာင္ေအာက္မွာ တစ္ညအိပ္လိုက္ပါ။ ေနာက္ရက္က်မွ ၿခံထဲမွာ ‌နတ္ကြန္းေဆာက္ေပးမယ္"လို႔ေျပာပါေလေရာ။

ေနာက္ရက္က်ေတာ့ ကိုတင္ရဲ႕ ၿခံဝင္းထဲမွာ နတ္ကြန္းတစ္ခုတိုးလာခဲ့တယ္။ တစ္ပတ္ဆယ္ရက္ေလာက္အထိ ညတိုင္းအေမႊးတိုင္ထြန္း နံ႔သာရည္ပ်က္ျဖန္းလုပ္ေနတာကေန ၁၂ရက္ေျမာက္ေန႔လဲေရာက္ေရာ ....

" ကိုတင္ ဒီကိုလာၾကည့္ဦး ... နတ္ကြန္းေပၚမွာ ဖိနပ္တစ္ရံဘယ္သူတင္ထားတာလဲ"

မဝင္းေအာ္သံေၾကာင့္ မ်က္ႏွာသစ္ေနတဲ့ ကိုတင္ ထလာၿပီး
" ဟာ ဘယ္သူကမ်ားတင္ထားတာလဲမသိပါဘူး .. ျမန္ျမန္ဖယ္လိုက္ေလ"

မဝင္းလဲ ကပ်ာကယာ ဖိနပ္ကိုဖယ္လိုက္တဲ့အခ်ိန္ အေမနံက႐ိုင္းနတ္႐ုပ္က ေလမတိုက္ပဲ လဲက်သြားခဲ့တယ္။ ႐ုတ္တရက္ထိမိလို႔လဲက်တယ္ထင္ၿပီး ျပန္ေထာင္လိုက္ေပမယ့္ အေနာက္ျပန္လွည့္ၾကည့္တဲ့အခ်ိန္ နတ္႐ုပ္က ျပန္လဲက်ေနျပန္ေရာ။

ဒီလိုနဲ႔ ကိုတင္အလုပ္သြားေတာ့ ေျခရင္းအိမ္မွာေနတဲ့ ဦးလွစိန္ မိန္းမက ၿခံထဲဝင္လာၿပီး
" မဝင္းေရ မေန႔ညက နင့္ေယာက်ၤားအေၾကာင္းေျပာျပရဦးမယ္"

" ဘာျဖစ္လို႔လဲ ေဒၚမီး .."

" ဘာျဖစ္ရမွာလဲ မေန႔ညက နင့္ေယာက်ၤားျပန္လာတဲ့အခ်ိန္ ငါကလဲပူအိုက္လို႔ ဝရန္တာမွာထြက္ထိုင္ေနတာ။ သူက သူခိုးတစ္ေယာက္လို အသာေလးလာၿပီး နတ္ကြန္းေရွ႕ေရာက္ေတာ့ လက္ထဲကိုင္လာတဲ့ ဖိနပ္အစုတ္တစ္ရံကို တင္လိုက္တာျမင္လိုက္ရတယ္"

" အမေလး ဒုကၡပါပဲ... သူေတာ့ဒုကၡေရာက္ေတာ့မွာ ျမင္ေယာင္ေနေသးတယ္ .. ကြၽန္မတို႔ဘယ္လိုလုပ္ရမလဲ"

" နင့္ေယာက်ၤား ေပါက္ကရလုပ္ပုံနဲ႔ေတာ့ စိတ္ညစ္ပါတယ္.. ဆရာေကာင္း သမားေကာင္းေတြနဲ႔တိုင္ပင္ၿပီး တစ္ခုခုလုပ္ၾကည့္ပါလား"

" ကြၽန္မမွာ အဲလိုအသိေတြမွမရွိတာ..ဘယ္လိုလုပ္ရမွာလဲ"

" ေနဦး ... ငါတို႔ကိုးကြယ္ေနတဲ့ ဘိုးေတာ္စိန္မႈန္ဆိုတာရွိတယ္။ ဒီတစ္ခါ ငါတို႔ပင့္ရင္ နင့္ေယာက်ၤားကို ၾကည့္ခိုင္းလိုက္ေပါ့"

" ဟုတ္တယ္ေနာ္ ကြၽန္မလဲ ကိုတင္ ကိုေမးၾကည့္ပါဦးမယ္။ သူကလဲ စိတ္ကလက္တစ္ဆစ္ဆိုေတာ့ ဘိုးေတာ္အေရွ႕ေရာက္မွ ေပါက္ကရထလုပ္ေနရင္ ေဒၚမီးတို႔မ်က္ႏွာပ်က္ေနပါဦးမယ္"

" ေအးပါ နင့္ေယာက်ၤားကို အရင္ေမးၾကည့္ၿပီး ေသခ်ာမွေျပာေပါ့"

မဝင္းလဲ ေဒၚမီးေျပာတာကို ကိုတင္ကို ေျပာျပေတာ့
" ရႈပ္ရႈပ္ယွက္ယွက္ေတြမလုပ္ခ်င္ဘူးဆိုၿပီး" ဘူးခါခဲ့တယ္။

ကိုတင္ ေမႊခဲ့တဲ့ျပႆနာေတြက သီတင္းကြၽတ္လျပည့္ေန႔ကစလို႔ ပိုၿပီးသိသာလာခဲ့တယ္။ ညသန္းေခါင္အခ်ိန္ အိမ္ခန္းထဲမွာ လက္ခေမာင္းခတ္သံေတြ၊ ေတာက္ခတ္သံေတြၾကားရတဲ့အျပင္ အိမ္တစ္ခုလုံးပုဏၰကတိုက္သလို လႈပ္ခါတာေတြျဖစ္လာခဲ့တယ္။ ‌လျပည့္ေက်ာ္တစ္ရက္ေန႔ေရာက္ေတာ့ ေန႔လည္ထမင္းစားခ်ိန္ နားထင္ႏွစ္ဖက္ကို လက္နဲ႔ဖိၿပီး ကိုတင္ေရာက္ခ်လာခဲ့တယ္။

" မဝင္း ငါ့ကိုနႏြင္းမႈိင္း လုပ္ေပးဦး ေခါင္းေတြမတရားထိုးကိုက္ေနတယ္ အား ကြၽတ္ကြၽတ္"

ဦးေခါင္းကိုလက္နဲ႔ဖိၿပီး ေအာ္ဟစ္ေနတဲ့ ေယာက်ၤားျဖစ္သူကိုျမင္ေတာ့ မဝင္းတစ္ေယာက္ နႏြင္းတက္ကို မီးတိုက္ၿပီး ေပးရႉေပမယ့္ ေခါင္းကိုက္တာက မသက္သာခဲ့ေပ။ ကိုတင္ ရဲ႕ အေျခအေနက တစ္ေန႔ထက္ တစ္ေန႔ပိုဆိုးလာၿပီး ဘယ္ဆရာနဲ႔မွကုလို႔မေပ်ာက္ခဲ့ဘူး။

တစ္ေန႔မွာေတာ့ ဟိုဘက္႐ြာမွာ ေဆးဆရာတစ္ေယာက္ေရာက္ေနတယ္ဆိုလို႔ ေခါင္းကိုက္ေရာဂါသက္သာလိုသက္သာျငားသြားျပၿပီးအျပန္ သုံး႐ြာစုသခ်ႋဳင္းကိုျဖတ္ေတာ့ အုတ္ဂူေပၚမွာ သုႆာန္ဓူတင္က်င့္ေနတဲ့ရဟန္းတစ္ပါးကိုျမင္လိုက္ရတယ္။

" မဝင္း လွည္းကိုခဏရပ္ခိုင္းလိုက္ဦး... ဟိုမွာ ဘုန္းႀကီးတစ္ပါး တရားထိုင္ေနတာမဟုတ္လား"

" ဟုတ္ပါ့ေတာ္ ေနပူက်ဲႀကီးထဲမွာ တရားထိုင္ေနတာ မပူဘူးလားမသိပါဘူး"

" ျမင္ရတာမသင့္ေတာ္ဘူး ငါတို႔မွာအမိုးအကာတစ္ခုခုမ်ားပါလာခဲ့လား"

" ေနပူရင္ ရွင္ေခါင္းကိုက္မွာစိုးလို႔ ယူလာတဲ့ထီတစ္လက္ေတာ့ရွိတယ္"

" အဲဒီထီးနဲ႔ေနကြယ္ေအာင္လုပ္ေပးလိုက္ဦး ငါတို႔က ေရာက္ေတာ့မွာပဲမဟုတ္လား"

မဝင္းလဲ ကိုတင္ စိတ္တိုင္းက်ျဖစ္ေအာင္ ပါလာတဲ့ထီးနဲ႔အရိပ္ရေအာင္လုပ္ေပးၿပီး ျပန္လာခဲ့လိုက္တယ္။

ကိုတင္ရဲ႕ေခါင္းကိုက္ေဝဒနာက တစ္ေန႔ထက္တစ္ေန႔ပိုဆိုးလာၿပီး ေခါင္းကိုအဝတ္နဲ႔စည္းထားရတဲ့အထိျဖစ္လာခဲ့တယ္။

" အိမ္ရွင္တို႔ ... အိမ္ရွင္တို႔"

အိမ္ေရွ႕ကေန ေခၚေနတဲ့အသံေၾကာင့္ ဆႏြင္းမႈိင္းရႉေနတဲ့ကိုတင္ ေခါင္းကိုေစာင္းၾကည့္လိုက္ရာ ေယာဂီဝတ္စုံဆင္တူဝတ္ထားတဲ့လူသုံးေယာက္ကိုျမင္လိုက္ရတယ္။

" မဝင္း သြားၾကည့္လိုက္ပါဦး။ ဘာကိစၥရွိလို႔လဲမသိဘူး"

ကိုတင္စကားေၾကာင့္ မဝင္းက ၿခံေရွ႕ကိုထြက္လာၿပီး
" အစ္မႀကီးတို႔အိမ္မွာ ဦးေခါင္းနဲ႔ပတ္သတ္ၿပီး ေဝဒနာခံစားေနရတဲ့ လူနာရွိတယ္မဟုတ္လား"

" ဟုတ္ပါတယ္ ဟုတ္ပါတယ္ ။ ဘယ္သူလမ္းၫႊန္ေပးလိုက္တာလဲမသိဘူး"

" ေအာ္ ဟိုေန႔က သခ်ႋဳင္းထဲမွာ ဆရာေတာ္ကို ထီးမိုးေပးေနတဲ့အခ်ိန္ က်ဳပ္တို႔က ဇရပ္ေပၚမွာရွိေနတာ။ လွည္းေပၚမွာ လူတစ္ေယာက္ နားထင္ႏွစ္ဖက္ကို လက္နဲ႔ဖိၿပီးညဥ္းညဴေနတာျမင္လို႔ပါ။ အဆင္ေျပရင္ က်ဳပ္တို႔ၾကည့္ေပးလို႔ရမလား"

" ရပါတယ္ ရပါတယ္ အိမ္ထဲကိုႂကြၾကပါ"

လူငယ္သုံးေယာက္လဲ ၿခံထဲကိုဝင္လိုက္တဲ့အခ်ိန္ ေရွ႕ဆက္မတိုးပဲ တြန႔္ခနဲျဖစ္သြားၿပီးမွ ဟန္မပ်က္လိုက္ဝင္ခဲ့တာကို မဝင္း သတိထားမိခဲ့တယ္။

အိမ္ေပၚေရာက္ေတာ့ ေခါင္းမွာအဝတ္စစည္းထားတဲ့ ကိုတင္ထလာၿပီး

" အား ကြၽတ္ ကြၽတ္.. ေခါင္းက ထူမႏိုင္ေအာင္ ကိုက္ေနတယ္ဗ်ာ။ ဆရာေတြလဲစုံၿပီ နည္းနည္းေလးေတာင္မသက္သာဘူး"

" စိတ္မပူပါနဲ႔ ... ေရာဂါျဖစ္ရတဲ့အရင္းျမစ္ကိုရွာေတြ႕ဖို႔ ႀကိဳးစားေပးပါ့မယ္"

" ဒီက ဆရာေတြက ငယ္ငယ္ေလးေတြပဲေနာ္။ ဆရာတို႔ကဘယ္႐ြာကလဲ"

" က်ဳပ္တို႔က ေနရာအတည္တက်ရယ္လို႔မရွိပါဘူး။ ေျခဦးတည့္ရာသြားရင္း ခုႏွစ္ရက္သားသမီးေတြကို ကယ္တင္ေနပါတယ္"

" ဟုတ္ကဲ့ ကြၽန္ေတာ္နာမည္က ေမာင္တင္ပါ သူ႔က ကြၽန္ေတာ္မိန္းမ မဝင္း"

" ဟုတ္ကဲ့ ကြၽန္ေတာ္နာမည္က ေအာင္ျမတ္သာပါ။ သူတို႔ႏွစ္ေယာက္က သက္ခိုင္နဲ႔ေတာက္ရပါ"

" ဆရာတို႔ အဆင္ေျပသလို ကုေပးပါ။ ဒီေခါင္းကိုက္ေဝဒနာေပ်ာက္ရင္ေက်နပ္ပါၿပီ"

" ဟုတ္ၿပီ ေဝဒနာေပ်ာက္ခ်င္တယ္ဆိုရင္ ကတိတစ္ခုေတာ့ေပးရလိမ့္မယ္"

" ဘာကတိလဲ ေျပာဗ်ာ က်ဳပ္ေပးမယ္"

" အရက္ကို ရာသက္ပန္ျဖတ္ပါမယ္ဆိုတဲ့ကတိ"

ေအာင္ျမတ္သာစကားေၾကာင့္ ကိုတင္ ေခတၱမွင္သက္သြားၿပီး
" က်ဳပ္စဥ္းစားပါရေစဦး ဒီကတိက လြယ္မေယာင္‌ေယာင္နဲ႔ခက္လို႔ပါ"

" ကတိေပးၿပီးရင္ သစၥာေရေသာက္ရလိမ့္မယ္။ ခင္ဗ်ားကတိဖ်က္ရင္ေတာ့ ဘယ္သူမွကယ္ႏိုင္မွာမဟုတ္ဘူး။ ဒီတစ္ေန႔ ေသခ်ာစဥ္းစားပါ မနက္ျဖန္ မနက္က်ဳပ္တို႔ျပန္လာခဲ့မယ္"

ေအာင္ျမတ္သာတို႔ အိမ္ေပၚကဆင္းလာေတာ့ ေတာက္ရင
" ဆရာ ၿခံထဲမွာ အမဲေရာင္အခိုးေငြ႕ေတြျမင္ေနရတယ္"

" ဟုတ္တယ္ ဆရာ အိမ္ေပၚမွာလဲ စကားဝါပန္းအနံ႔ေတြရေနတယ္ ။ေနာက္တစ္ခုက သူ႔ေခါင္းကိုရစ္ပတ္ထားတဲ့ နဂါးအစိမ္းေရာင္တစ္ေကာင္ကိုလဲျမင္လိုက္ရတယ္"

" မနက္ျဖန္ မင္းတို႔ျမင္ခဲ့တဲ့အရာေတြရဲ႕ ဇစ္ျမစ္ကို သိရမွာပါ"
+++++
ေနာက္တစ္ေန႔မနက္ေရာက္ေတာ့ ေအာင္ျမတ္သာတို႔ျပန္ေရာက္လာၿပီး
" ဘယ္လိုလဲ ကတိေပးႏိုင္ၿပီလား"

" ေပးပါမယ္ဆရာ က်ဳပ္ဘယ္လိုမွမခံစားႏိုင္ေတာ့ဘူး။ ဒီအတိုင္းဆို မၾကာခင္ ေခါင္းေပါက္ကြဲၿပီး ေသရေတာ့မယ္"

ေအာင္ျမတ္သာလဲ ကိုတင္ကို ကတိသစၥာေရတိုက္ၿပီးတာနဲ႔ ဘုရားရွိခိုးကာ ဂိုဏ္းရဲ႕ဥပဇၨ်ာယ္ဆရာနဲ႔ အထက္ဆရာႀကီးေတြကိုခြင့္ေတာင္းၿပီးတာနဲ႔

" အရင္ဆုံးၿခံထဲက ကိစၥကိုရွင္းဖို႔အတြက္ အေမနံက႐ိုင္းမယ္ေတာ္ က်ဳပ္အေရွ႕ႂကြလာေပးပါ" လို႔အမိန႔္ျပန္ၿပီးမ်က္လုံးမွိတ္လိုက္ရာ အိမ္ဦးေလွကားကေန တစ္လွမ္းခ်င္းတက္လာတဲ့ နံက႐ိုင္းမယ္ေတာ္ကိုျမင္လိုက္ရတယ္။

" မယ္ေတာ္ႀကီး ျဖစ္ခဲ့တာေတြအတြက္ က်ဳပ္ကပဲ ေတာင္းပန္ပါတယ္။ မသိနားမလည္တဲ့ အမိုက္အမဲေတြကို ခြင့္လႊတ္ေပးပါ။ မယ္ေတာ္ႀကီးနတ္ကြန္းကိုလဲ သင့္ေတာ္ရာေနရာတစ္ခုမွာ က်ဳပ္ျပန္ထားေပးပါမယ္" လို႔ေျပာေတာ့ နံက႐ိုင္းမယ္ေတာ္က ကိုတင္ ကို မ်က္ေထာင့္နီနဲ႔စိုက္ၾကည့္လိုက္ၿပီး

" အိမ္တြင္းအေဖႀကီးရွိေနလို႔ စိတ္ကိုထိန္းေနရတာ။ ေနာက္ဆိုရင္ ဆရာေလးတို႔ေတာင္ သူ႔ကိုျမင္ရမွာမဟုတ္ဘူး"

" နားလည္ပါတယ္ မယ္ေတာ္ႀကီး။ အသက္ေတြလဲႀကီးၿပီမဟုတ္လား။ စိတ္ေလ်ာ့လိုက္ပါလို႔ ေတာင္းဆိုပါတယ္"

" ဆရာေလး ေတာင္းဆိုလို႔ ခြင့္လႊတ္ေပးလိုက္မယ္။ ေနာက္တစ္ခါေစာ္ကားရင္ ၿငိမ္မေနဘူးေနာ္"

နံက႐ိုင္းမယ္ေတာ္က ေအာင္ျမတ္သာရဲ႕ ေတာင္းဆိုမႈကိုလိုက္ေလ်ာၿပီး ျပန္ဆင္းသြားတဲ့အခ်ိန္ အိမ္ခန္းထဲကေန ေတာင္ရွည္ကိုခါးေထာင္းက်ိဳက္ထားတဲ့ လူထြားႀကီးတစ္ေယာက္ ဘြားခနဲေပၚလာခဲ့တယ္။

" အလို အိမ္တြင္းအေဖႀကီးလဲရွိေနရပါေရာလား။ ဒါျဖင့္ က်ဳပ္ပင့္စရာမလိုေတာ့ဘူး။ အခု စေနသားမွာျဖစ္ေပၚေနတဲ့ ေဝဒနာက အိမ္တြင္းအေဖႀကီး ပညာေပးထားတာလား"

" ဒီေကာင္ ကံကျမင့္ေနလို႔ နိမ့္မယ့္အခ်ိန္ကိုေစာင့္ေနတာ။ အခုခံစားေနရတဲ့ေဝဒနာက က်ဳပ္နဲ႔မပတ္သတ္ဘူး"

" ဒါျဖင့္လဲ အိမ္တြင္းအေဖႀကီးကို က်ဳပ္ကပဲ ေမတၱာရပ္ခံပါတယ္။ ဒီအမႈကိစၥၿပီးရင္ သူ႔ကိုေသခ်ာျပန္ေတာင္းပန္ခိုင္းလိုက္ပါမယ္။ နန္းကိုလဲ သင့္ေတာ္တဲ့ေနရာမွာ က်ဳပ္ကိုယ္တိုင္ထားေပးပါမယ္။ အမိုက္အမဲေတြကို ခြင့္လႊတ္ေပးပါ"

ဒီတစ္ခါမွာလဲ ေအာင္ျမတ္သာ‌ရဲ႕ ေမတၱာရပ္ခံမႈကို လက္ခံၿပီး ‌ေပ်ာက္ကြယ္သြားခဲ့တယ္။ အိမ္တြင္းအိမ္ျပင္ျပႆနာႏွစ္ခုကိုရွင္းၿပီးတဲ့အခ်ိန္ မ်က္လုံးဖြင့္ၾကည့္လိုက္ရာ ေခါင္းကိုလက္နဲ႔ဖိၿပီး ေအာ္ဟစ္ေနတဲ့ ကိုတင္ကို ျမင္လိုက္ရတယ္။

" ဆရာ... ဘယ္လိုလုပ္မလဲ ၊ ေခါင္းေပၚက အေကာင္ကထိန္းလို႔မရေအာင္ေသာင္းက်န္းေနၿပီ"

သက္ခိုင္စကားေၾကာင့္ ေအာင္ျမတ္သာၾကည့္လိုက္ရာ ဦးေခါင္းတစ္ခုလုံးကို တင္းၾကပ္ေနေအာင္ရစ္ပတ္ထားၿပီး ငယ္ထိပ္ကို အစြယ္နဲ႔ေပါက္ေနတဲ့ တစ္ေတာင္သာသာရွိတဲ့ နဂါးစိမ္းတစ္ေကာင္ကိုျမင္လိုက္ရတယ္။

" ကာယကံရွင္ရဲ႕ မိဘေတြရွိေသးလား"

" မရွိေတာ့ဘူးဆရာ။ သူကေလးဘဝထဲက မိဘေတြဆုံးသြားလို႔ အျခားသူကေမြးစားခဲ့တာ"

" ဟုတ္ၿပီး ဒါျဖင့္ရင္ သူ႔ကိုအေရွ႕ကိုတြဲေခၚလာခဲ့"

ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္နဲ႔ေတာက္ရက လူးလိမ့္ေနတဲ့ ကိုတင္ ကို ဆြဲထူၿပီးေခၚလာတဲ့အခ်ိန္...

" ကဲ ... ဒီေလာက္ဝင္စီးခ်င္ေနတဲ့ ပုဂၢိဳလ္ ကာယကံရွင္ဆီကိုဝင္ၿပီး က်ဳပ္ေရွ႕လာခဲ့" လို႔အမိန္ျျပန္လိုက္ရာ လူးလိမ့္ေနတဲ့ ကိုတင္က မ်က္လုံးျပဴးနဲ႔ထထိုင္လိုက္ၿပီး

" 这家伙把我们忘了。”လို႔ေျပာေတာ့

" ႐ိုးရာစကားေတြ မေျပာပဲ နားလည္ေအာင္ေျပာပါ"

" ဒီေကာင္႐ိုးရာကိုေမ့ေနတယ္။ ဒါေၾကာင့္အျပစ္ေပးတာ"

" ဟုတ္ၿပီ သင္က ဘယ္သူလဲ။ ကာယကံရွင္ရဲ႕႐ိုးရာက ဘာ႐ိုးရာလဲ"

" က်ဳပ္က ကြမ္တိယပဲ။ သူက ဘိုးေဘးေတြလက္ထက္ထဲကလုပ္လာတဲ့႐ိုးရာကိုေမ့ထားလို႔ က်ဳပ္ရဲ႕တပည့္နဲ႔ဆုံးမခိုင္းထားတာ"

" ဒါဆိုရင္ သင္တို႔ဘာလိုအပ္လဲ။ က်ဳပ္သူ႔ကိုျပန္ေျပာျပလိုက္မယ္"

" လာမယ့္ႏွစ္ကူးက်ရင္ က်ဳပ္တို႔႐ုပ္ပုံကို အိမ္မွာကိုးကြယ္ၿပီး ႐ိုးရာမပ်က္ပူေဇာ္ပသေပးပါ"

" ဟုတ္ၿပီ က်ဳပ္ေသခ်ာလုပ္ခိုင္းလိုက္မယ္။ အခုကစၿပီး သူ႔ေခါင္းမွာရစ္ပတ္ထားတဲ့ အေစာင့္ကိုဖယ္ရွားေပးဖို႔မေမ့နဲ႔ဦး"

ေအာင္ျမတ္သာစကားအဆုံးမွာ မ်က္ႏွာတစ္ခုလုံးနီရဲၿပီး မ်က္လုံးျပဴးထားတဲ့ ပုဂၢိဳလ္ကသူ႔လက္မွာကိုင္ထားတဲ့ လွံကို‌ၾကမ္းေပၚေဆာင့္ခ်လိုက္ရာ ကိုတင္ရဲ႕ေခါင္းမွာပတ္ေနတဲ့ နဂါးစိမ္းက အရစ္ေတြကိုေလ်ာ့ခ်ၿပီး လွံသြားထဲကိုျပန္လည္ဝင္ေရာက္သြားခဲ့တယ္။

နဂါးစိမ္းမရွိေတာ့တာနဲ႔ ကိုတင္ ခံစားေနရတဲ့ ေခါင္းကိုကေဝဒနာက ယူပစ္သလိုေပ်ာက္ကင္းသြားၿပီး ထူထူေထာင္ေထာင္ျပန္ျဖစ္လာခဲ့တယ္။ ေအာင္ျမတ္သာလဲ လူ႐ြတ္တစ္ေယာက္ျဖစ္တဲ့ ကိုတင္ ကို ေခ်ခြၽတ္ဆုံးမကတိေတာင္းၿပီး အိမ္ေပၚကေနျပန္ထြက္လာခဲ့တယ္။

ေအာင္ျမတ္သာအေနာက္မွာပါလာတဲ့ သက္ခိုင္နဲ႔ေတာက္ရကတို႔လက္ထဲမွာေတာ့ နံက႐ိုင္းမယ္ေတာ္႐ုပ္ထုနဲ႔ ေဖာင္းေတာ္တစ္ခု။

ဒီအျဖစ္အပ်က္ေတြျဖစ္ၿပီး ကိုတင္လဲ အရက္ျပတ္သြားခဲ့သလို ႏွစ္စဥ္ႏွစ္တိုင္း ကြမ္တိယအဘိုးကို ပူေဇာ္ပသခဲ့တယ္။

ေအာင္ျမတ္သာတို႔ကေတာ့ ေမ့ေနတဲ့႐ိုးရာကိုေဖာ္ထုတ္ၿပီးခရီးဆက္ခဲ့တာ ကြၽန္းညိဳလွဆိုတဲ့႐ြာကိုေရာက္လာခဲ့တယ္။ ဒီ႐ြာမွာဘာေတြျဖစ္ပ်က္ဦးမလဲဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္သားပိုက္မယ္ေတာ္ဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)

No comments

Post a Comment