###############
.... သူရိန်နေမင်းကြီးကအရှေ့ဘက်တောင်တန်း တွေကြားထဲကနေ... ပုဇွန်ဆီရောင် အလင်းရောင် ခြည်တွေကို လောကတစ်ခွင့်ပျို့အန်ချလုဆဲဆဲ အချိန်.... ကျေးငှက်သာရကာတို့ရဲ့.. သာယာ နာပျော်ဖွယ် အသံလေးတွေနဲ့အတူ... သာယာကုန်းရွာလေးက သက်၀င်လှုပ်ရှားလာ လေပြီ.… မနက်အရုဏ်တက်ချိန်..လယ်ထဲကိုင်းထဲ ဆင်းကြ သည့် တောင်သူလယ်သမားတွေရဲ့.. စကားသံ.. ဟဲ့ ညိုနက်..ဖေ့သားကြီး.. မြန်မြန်သွားပါဟ.. ဆိုတဲ့ လှည်းသမားတွေရဲ့အသံ.... တောင်းတွေ ပလုံးတွေထိပြီးထွက်ပေါ်လာတဲ့ တဂွမ်ဂွမ်အသံ တွေကြောင့်လည်း သာယာကုန်းရွာလေးက ပိုပြီး အသက်၀င်လာခဲ့တယ်ဆိုလည်း မမှားပါဘူး... အလားတူ... ရွာထိပ်ကတဲအိမ်လေးမှာလည်း ရေနံဆီမီးအိမ်မှိန်မှိန်လေး ထွက်ပေါ်လာလေပြီ.. များမကြာမီ...တဲအိမ်လေးရဲ့ ဘေးဘက်.. ထန်းလက်တွေကာထားတဲ့ အကြော်တဲလေးမှာ မီးခိုးအူအူလေးတွေ ထလွင့်လွင့် တက်လာတာကို မြင်ရတော့မှာ ဖြစ်ပါတယ်... အဲဒီအကြော်တဲလေးကတော့ မရင်လှရဲ့ ကိုယ်ပိုင် ၀င်ငွေကို ရှာဖွေပေးနေတဲ့.. ကုမ္ပဏီကြီးတစ်ခု ပေါ့ဗျာ. "သားကြီးရေ..သား...လူလေးး. အောင်မြတ်သာ.. ထတော့လေ.. မိုးသောက်နေပြီ..အမေ အကြော်ကြော်ဖို့ မီးမွှေးထားပြီးပြီ...လူလေး.. ထတော့.…" အီးးအဲ..ဆိုတဲ့အသံနဲ့အတူ.. လက်နှစ်ဖက်ကို ဆန့်တန်းပြီး အကြောဖြေလိုက်တယ်.... ပြီးတော့ အိမ်နောက်ဖေးက ရေအိုးထဲကရေကို အုန်းမှုတ်ခွက်နဲ့ခပ်ပြီး အမေ အဆင်သင့်ထား ထားတဲ့ မီးသွေးခဲနဲ့ သွားတိုက် ပလုပ်ကျင်းပြီး အိမ်ပေါ် ပြန်တက်လာတော့.... ညီမလေး ထွေးငယ်က အိပ်မောကျနေတုန်း... အဲဒါနဲ့ အိပ်ပျော်နေတဲ့ ညီမလေးရဲ့ နဖူးပြင်လေးကို အသာယာ ဖွဖွလေး နမ်းပြီး... နိစ္စဓူ၀ကိစ္စတွေကို အမေနဲ့အတူ၀ိုင်းလုပ်ဖို့... တက်ကြွတဲ့ခြေလှမ်းတွေနဲ့... အကြော်တဲလေး ထဲကို၀င်တော့... မီးဖိုဘေးမှာ အလုပ်များနေတဲ့ အမေက အပြုံးလေးနဲ့ဆီးကြိုတယ်… အဲဒါကတော့ အောင်မြတ်သာတို့ရဲ့ မိသားစု လေးပဲ.… မရင်လှမှာက ယောကျၤားမရှိတော့ဘူး.… အငယ်မလေး ထွေးငယ် လသားအရွယ်မှာပဲ လယ်ထဲဆင်းရင်းပိုးထိလို့ ဆုံးပါးသွားခဲ့တယ်... အဲဒီအချိန်က အောင်မြတ်သာက ၅နှစ်သာသာပေါ့.. လူမမယ် ကလေးလေး၂ယောက်နဲ့ မရင်လှတစ် ယောက် ဘ၀ရဲ့ဒုက္ခတွေကို ခါးစည်းခံပြီး.... ကျေွးမွေးလာတာ...ခုဆို အောင်မြတ်သာလေး တောင် ၁၃နှစ်ကျော်လို့ ၁၄နှစ်ထဲ ၀င်လာပါကော လား... ထွေးငယ်လေးကတော့ ၈နှစ်ကျော်လေးပဲ ရှိသေး တယ်... အဲဒါနဲ့ ရွာထိပ်က တဲလေးမှာပဲ အကြော် ကြော်ရောင်းရင်းနဲ့ သားအမိ၃ယောက် ဘ၀ကို အရှုံးမပေးပဲ ပျော်ပျော်ရွှင်ရွှင်နေလာခဲ့တာ...ခုဆို အောင်မြတ်သာလေးတောင် အားကိုးလို့ရနေပြီ... "သားရေ...ဘူးသီးလေး လှီးထားလိုက်..အမေဆီအိုး တည်ထားတယ်... ဆီအိုးပူတာနဲ့...အဆင်သင့် ကြော်လို့ရအောင်" အောင်မြတ်သာတစ်ယောက် နေ့စဉ်လုပ်နေကျ အလုပ်ဖြစ်လို့ ကျွမ်းကျင်စွာပဲ ဘူးသီးတစ်လုံးကို အလယ်ကနေ ခွဲပြီး... အနေတော် အစိတ်လေးတွေ လှီးနေလိုက်တယ်.... -------------------------- "အမေ ရပြီ. ဘူးသီးက အဆင်သင့်ဖြစ်ပြီ.. ဆီပူရင် ကြော်လို့ ရပြီနော်..." အေး…အေး သား မင်းညီမလေးကိုလည်း တစ်ချက် သွားကြည့််လိုက်ဦး... ခြင်တွေ မှက်တွေ ကိုက်နေဦး မယ်...ကျန်တာ အမေဆက်လုပ်လိုက်မယ်...." ဆိုတာနဲ့ အောင်မြတ်သာတစ်ယောက် ဟုတ်ကဲ့..အမေဆိုပြီး.... ယိုင်တိယိုင်တိုင် တဲလေးပေါ်ကိုတက်ပြီး အိပ်ပျော်နေတဲ့ ထွေးငယ်လေး ဘေးကနေ ယပ်ခတ်ပေးရင်း အိပ်မောကျနေတဲ့ ထွေးငယ်လေးရဲ့ ပါးကို ရွှတ်ခနဲ တစ်ချက်နမ်းလိုက်တယ်....... အဲလိုနဲ့ မနက်နေထန်းတစ်ပင်အလယ်လောက် ရောက်လုနီးနီးမှာပဲ... အကြော်တွေကုန်သွားပြီ... အဲဒါနဲ့သိမ်းဆည်းစရာရှိတာ အမေနဲ့တူတူ သိမ်း ဆည်းပြီး... အိမ်ပေါ်တက်လာတော့..ထွေးငယ်လေး က နိုးပြီး..မျက်နှာတောင် သစ်ပြီးနေပြီ.... "ဟာ.…အကို့ညီမလေးတောင် နိုးနေပြီကိုး.... လာလာ.…အမေအကိုတို့အတွက် အကြော်တွေ ချန်ထားပေးတယ်...ထမင်းကြမ်းခဲလေးနဲ့ စားရ အောင်...." "ကိုကြီး... ကြက်သွန်ကြော် ရှိသေးလား... ညီမလေး အဲဒါနဲ့စားချင်တယ်...." "ဟ…ဟ ရှိပါ့ဗျာ ရှိပါ့... ညီမလေး ကြိုက်တတ်မှန်း သိလို့ အမေက ချန်ထားပေးပါတယ်ဗျ..." "ေ၀းးးးး ဒါမှ သမီးမေမေကွ" ဆိုပြီး...မေမေ့ပေါင်ပေါ်တက်ထိုင်ပြီး...ဆီကြေးတွေ ပေနေတဲ့ မေမေ့ပါးကို ရွှတ်ခနဲ နမ်းလိုက်တယ်... မေမေကတော့… "အကဲမလေး ပိုပြီ....သွား..ကိုကြီးနဲ့တူတူသွားစား.. မေမေ ထမင်းအိုးတည်လိုက်ဦးမယ်..." ဆိုတော့မှ မေမေ့ပေါင်ပေါ်ကနေဆင်းပြီး... မောင်နှမ ၂ယောက်... ထမင်းကြမ်းခဲနဲ့ အကြော် နယ်ဖတ်စားနေရင်း... အားရပါးရ စားနေတဲ့ ထွေးငယ်လေးကို ထိုင်ကြည့်ပြီး အောင်မြတ်သာ တစ်ယောက် ... ပြုံးလိုက်မိတယ်.... အဲလိုနဲ့ မနက်က အစောကြီးထထားရတော့ ထမင်းစားပြီးတာနဲ့... မျက်လုံးက ငိုက်လာတယ်.. "အမေ သားခဏ အိပ်လိုက်ဦးမယ်... ထွေးငယ်ကို အေ၀းကြီးသွားမပေးကစားနဲ့နော်... သူက လက်ကလည်းသွက်ပါဘိနဲ့... တခြားကလေးတွေ နဲ့ရန်ဖြစ်နေမှဖြင့် ဒုက္ခ...." "အေးပါသားရယ်... ခဏအိပ်လိုက်... အမေ ထွေးငယ်ကို ကြည့်ထားပါ့မယ်..." ဆိုမှ...အိမ်ရှေ့ကွပ်ပျစ်လေးမှာဝါးပိုးဝါးခြမ်းခေါင်းအုံး ကို မှီရင်း ထမင်းလုံးစီနေတုန်း.. ဘယ်လိုအိပ်ပျော် သွားလဲမသိဘူး.... အိမ်နားမှာ ဆူဆူညံညံ အသံကြားမှ လန့်နိုးလာ တယ်.... နိုးလာတော့ . ရွာထဲက ဒေါ်ဘုမက သူ့ သမီးလက်ကိုဆွဲပြီး... အမေနဲ့စကားများနေတာ.... ကမန်းကတန်းအိမ်ပေါ်က ပြေးဆင်းပြီး... "အမေ ဘာဖြစ်တာလဲ..." "ဘာဖြစ်ရမှာလဲ နင့်ညီမပေါ့... ငါ့သမီးကို.. ခဲနဲ့ထုလိုက်တယ်လေ... ဒီမှာကြည့်.. ခေါင်းကွဲ သွားပြီ....." ဆိုပြီးပြောတော့... ကျွန်တော်လည်း…. "ကြီးဒေါ်ရယ် ကျွန်တော်ကပဲ ညီမလေးကိုယ်စား တောင်းပန်ပါတယ်... ညီမလေးက တမင်လုပ်တာ မဟုတ်လောက်ပါဘူး... ကျွန်တော် မေးကြည့်ပါ ဦးမယ်....ထွေးငယ်.. ညီမလေး..ထွေးငယ်..ဒီကို လာစမ်း.." ဆိုတော့... အိမ်ပေါ်မှာ ကုပ်ကုပ်လေးနေနေတဲ့ ထွေးငယ် မျက်နှာငယ်လေးနဲ့ ဆင်းလာတယ်.. "ညီမလေး ဘာလို့ သူများကို အဲ့လိုလုပ်ရတာလဲ.. အကိုဘာပြောထားလဲ...သူများကို မလုပ်ရဘူးလို့ ပြောထားတယ်မဟုတ်လား...ပြောစမ်း...ဘာလို့ အဲ့လိုလုပ်တာလဲ...." "ကိုကြီးကလည်း ထွေးငယ်.. တမင်လုပ်တာ မဟုတ်ပါဘူး..... စစ်တိုက်တမ်းကစားတာ.. အဲဒါ ခဲနဲ့ပစ်မိသွားတာ.... ထွေးငယ် တမင်လုပ်တာ မဟုတ်ပါဘူး... ထွေးငယ်ကို မရိုက်ပါနဲ့နော်... နောက်မလုပ်တော့ပါဘူး အီးးဟီးးဟီးးးး" ဆိုပြီး ငိုပါလေရော..... "အော် ထွေးငယ်ရယ်... အကိုမရိုက်ပါဘူး.... ကြီးဒေါ်လည်း ဘာမှစိတ်ထဲမထားနဲ့နော်... နောက်တစ်ခါမဖြစ်အောင် ကျွန်တော် ဆုံးမပါမယ် အမေလည်းဆုံးမပေးမယ် ပြောနေတာပဲ.... ဒီတစ်ခါ ခွင့်လွှတ်ပေးပါနော် ကြီးဒေါ်...." "ဘာဒီတစ်ခါလဲ...ခု ငါ့သမီး...ဖြစ်တာကျတော့ ဘယ်သူတာ၀န်ယူမလဲ... ပြောလိုက်ရင် ဒီအချိုးကြီးပဲ အမေရော သားရော ဒီလေသံပဲ... ဟွန်းးးး ငါတော့ လုံး၀မကျေနပ်ဘူး.... နင်တို့ မိသားစု ငါ့အကြောင်းကောင်းကောင်း သိစေရ မယ်.....ဘုမတဲ့ဟေ့ တစ်မထဲ ရှိတယ်... ငါဘာကောင်မလဲဆိုတာ နင်တို့သိစေရမယ်... လာသမီး... သွားမယ်" ဆိုပြီး.... ဇောက်ဇောက်ဇောက်ဇောက် ထွက်သွား တော့.. အမေက ကျွန်တော့်ကို မျက်ရည်စမ်းစမ်းနဲ့ ကြည့်ရှာတယ်.... အဲဒီနေ့ကစပြီး ကျွန်တော်တို့ မိသားစုဘ၀.... စိတ်ဆင်းရဲစရာတွေ ကြုံရတာပါပဲ အဲလိုဖြစ်ပြီး နောက်တစ်ည.... "အူးးးးအူးးးး၀ူးးးး၀ူးးးးးးးးအူးးးး" "အမေ ခွေးတွေ အူလှချည်လား...ခါတိုင်းမအူပါဘူး.. ဒီညမှ ဘာလို့ ဒီလောက် အူနေတာလဲ မသိဘူး.... သူခိုးများကပ်တာလား....မဖြစ်နိုင်ပါဘူး.... သားတို့ မှာ ဘာမှမရှိတာ... သူခိုးလာမခိုးလောက်ပါဘူး...." စသည်ဖြင့် သားမိနှစ်ယောက် ပြောနေတုန်း...... "အားးးအားးးနာတယ်..နာတယ်...... အားး အမေ့ ကိုကြီး... ဗိုက်ထဲက နာတယ်...." ဆိုပြီး ထွေးငယ်လေး ထအော်ပါလေရော.... "ဟဲ့ သမီး ထွေးငယ် ..." "ညီမလေး ထွေးငယ် ဘာဖြစ်တာလဲ..ဘာဖြစ်တာ လဲ.." "မသိဘူး ကိုကြီး... နာတယ်.. ဗိုက်ထဲမှာ နာတယ်" "သမီးလေး... ဒီဆေးလေးသောက်လိုက်....နာသေး လား အရမ်းနာနေလား... အစားများမှားလို့လား...." စသည်ဖြင့် တစ်ယောက်တစ်ပေါက်ပြောနေရင်း... "မေမေ ... ကိုကြီး ဟိုမှာ ဟိုမှာ... အိမ်ရှေ့မှာ... မိန်းမတစ်ယောက်... ဆံပင်ကြီးဖားလျားချပြီး ရပ်နေတယ်... သမီးကို လက်ယပ်ခေါ်နေတယ်.. အီးးဟီးးဟီးးကြောက်တယ်..သမီးကြောက်တယ်..." "ဟင်.." "ဟာ.." သားအမိ၂ယောက် ပြိုင်တူ ရေရွတ်မိလိုက်တယ်.. အဲဒီအချိန် မေမေက.... "သားလူလေး... ဘုရားစင်က ပရိတ်ရေပုလင်း သွားယူလာစမ်း..မြန်မြန်...ပေး..ပေး... မေမေ့ကို ပေး.." ဆိုပြီး.. ပရိတ်ရေနဲ့ ထွေးငယ်ရဲ့ ခေါင်းကို ဖြန်းပေး လိုက်မှ.... အငိုတိတ်သွားတယ်... "သမီးလေးး... မြင်သေးလား ... ခုနက မိန်းမကို မြင်သေးလား..." "မေမေ ခုနက မိန်းမ မရှိတော့ဘူး.... ဗိုက်ထဲက လည်း မနာတော့ဘူး.... ကောင်းသွားပြီ..." "အေးအေး အဲဒါဆို.. အိပ်လိုက်နော်.... ကောင်းသွား ပြီ...မေမေ့သမီးလေး ဘာမှမဖြစ်တော့ဘူး....." "မေမေ..." "ဘာလဲ သား...." "ခုနက ညီမလေး မြင်တာ အဲဒါ ဘာလဲ...ဘာလို့ ကျွန်တော်တို့ မတွေ့တာလဲ....." "ဘာမှမဟုတ်ဘူး....ထားလိုက်တော့...သားလည်း အိပ်တော့.... မနက် အကြော်ကြော်ရဦးမယ်... အိပ်တော့" ဆိုပြီး....မေမေက တစ်စုံတစ်ခုကို တွေးနေသလိုလို ပဲ....... နောက်ရက်တွေလည်း ထွေးငယ်လေးက ညဘက် ရောက်တာနဲ့ ဗိုက်နာပြီ...ကယောင်ကတမ်းတွေ အော်ပြီ...ကျွန်တော်တို့လည်း ဆရာသမားတွေနဲ့ ပြကြည့်တာပဲ... ဒါပေမယ့် ရောဂါက မသက်သာ ဘူး..... ရွာထဲက အဘိုးခင် ပြောတာကတော့... ညီမလေးဖြစ်တာ.. သွေးရိုးသားရိုးမဟုတ်ဘူးတဲ့.. ပြုစားခံရတာတဲ့..... ရွာမှာပယောဂကုတဲ့ ဆရာတွေကလည်း မကုနိုင် တော့ဘူး... ရောဂါကလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာတယ်.....ဗိုက်ကြီးကပူလို့... ထမင်းလည်းမ၀င်တော့ဘူး... အမေဆို ငိုလိုက် တာဗျာ.... ကျွန်တော်ဆိုလည်း ထွေးငယ်လေး ခံစားနေရတာကိုကြည့်ပြီး အံတကြိတ်ကြိတ်ပေါ့..... ဘယ်သူဘယ်ဝါ ဆိုတာ အတိအကျမသိတော့... ဘာမှပြောလို့မရဘူး... ထွေးငယ်လေးကတော့ နောက်ဆုံး ...အဲဒီရောဂါ နဲ့ပဲ ဆုံးသွားခဲ့တယ်..... ထွေးငယ်လေး..အသုဘချတဲ့နေ့မှာ... သုသာန် ပေါ်မှာ လင်းတတွေ ၀ဲနေတာ..... အများကြီးပဲ... အမေနဲ့ကျွန်တော်ကတော့...... ထွေးငယ်လေး အလောင်းကိုဖက်ပြီး.... ငိုရလွန်းလို့ အသံတောင် မထွက်နိုင်တော့ဘူး... .. အဘိုးခင်က ကျွန်တော့်ပုခုံးကို လာဖက်ပြီး.... "သားးလူလေး.. မင်းညီမသေတာ.. သူများပြုစားလို့ကွ...အဘိုးတော့ ဒေါ်ဘုမကို သိပ်မသင်္ကာဘူး....သူသမီးနဲ့ထွေးငယ် ရန်ဖြစ်ပြီးနောက်ပိုင်း ထွေးငယ်ဒီလိုဖြစ်တာ.... အဲဒါမသင်္ကာစရာပဲ...." အဘိုးခင်က အဲလိုပြောတော့.... ကျွန်တော် ထွေးငယ်အလောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး.... "ညီမလေးထွေးငယ်....အက့ိုညီမလေးကို ရက်စက်စွာ လုပ်ခဲ့တဲ့သူတွေကို လက်စားပြန်ချေ မယ်...အကိုကတိပေးတယ်...ဒီရွာမှာ ညီမလေးလို ဘယ်သူမှ မဖြစ်စေရတော့ဘူး..... အကိုကတိပေး တယ်...." အဲလိုနဲ့ ထွေးငယ် ရက်လည်တဲ့နေ့မှာပဲ ရွာကနေ အောင်မြတ်သာတစ်ယောက် ပျောက်သွားခဲ့တယ် ဘယ်သွားမယ်... ဘာလုပ်မယ် ဆိုတာလည်း ဘယ်သူမှ မသိဘူး.... မရင်လှတစ်ယောက်ကတော့ အရူးမီး၀ိုင်းပေါ့... သမီးလည်းဆုံး သားကလည်း ဘယ်ရောက်လို့ ရောက်မှန်း မသိဘူး......... အဲလိုနဲ့..... ရော်ရွက်တွေကြွေ...ရွက်သစ်တွေေ၀ပြီး... နှစ်တွေတစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးခဲ့တယ်..... ၃နှစ်ခန့်ကြာပြီးနောက်. အသက်၁၇နှစ်အရွယ်...လူငယ်တစ်ယောက် သာယာကုန်းရွာကို ရောက်လာတယ်.... အကျႋီအဖြူ လည်ကတုံးနဲ့ ယောလုံချည်လေးကို ကျနစွာ၀တ်ဆင်ထားတယ်..... ရွာထဲ၀င်လိုက်တာနဲ့..... ရွာထိပ်က အကြော်တဲ အပျက်လေးက ရင်နင့်ဖွယ်ရာ မြင်တွေ့လိုက်ရ တယ်......ရွာကလူတွေကလည်း လူငယ်လေးကို... ထူးဆန်းစွာ ကြည့်နေကြတယ်....ဘယ်သူလဲပေါ့.... အဲဒီအချိန်.... "ဟေ့..မင်း…မင်းးး အောင်မြတ်သာ... အောင်မြတ်သာ မဟုတ်လား....." အဘိုးခင်ရဲ့ စကားအဆုံးမှာ....အားလုံး သတိထား မိလာတယ်… "အေးးး ဟုတ်တယ်.. အောင်မြတ်သာကွ...." "သူငယ်ချင်း... အောင်မြတ်သာ...မင်း..မင်း ရွာပြန်လာတယ်နော်..." ဆိုပြီး ငယ်သူငယ်ချင်း တွေက... နှုတ်ဆက်ကြ.. ၀မ်းသာအားရ ကြိုဆိုကြတာ မြင်တော့ အဘိုးခင်တစ်ယောက် ပြုံးမိလိုက်တယ်.... အဘိုးခင်...ကျွန်တော် ရွာပြန်လာပြီ....အခု ကျွန်တော်က အရင်က အောင်မြတ်သာ မဟုတ် တော့ဘူး.....လွန်ခဲ့တဲ့ ၃နှစ်က ကျုပ် ညီမလေးကို ပြုစားခဲ့တဲ့သူတွေကိုိ လက်စားချေဖို့အတွက်.. ကျုပ်ပြန်လာတာ.... အမေကော... အမေ ရှိသေး လား.." "မင်း အမေလား ရှိပါ့ကွာ... သူကအခု တရားဘောင်ကို၀င်သွားပြီ... ခုဆို ဆရာလေး လင်္ကာစာရ ဖြစ်နေပြီကွ...." အောင်မြတ်သာက အရွယ်နဲ့မလိုက်အောင် တည်ကြည်လေးနက်တဲ့ အပြုံးလေး ပြုံးလိုက်တယ်... "အဘိုးခင်တို့ရွာမှာ ...မကောင်းတဲ့အောက်လမ်းနဲ့ လူတွေကို ဒုက္ခပေးနေတဲ့သူရှိတယ်... အဲဒါကို ကျွန်တော် ကူညီပေးမလို့လာတာ...အခုအမေ့ကို ဒီကနေပဲ ကန်တော့လိုက်တော့မယ် အရင်ဆုံး ရွာလယ်က လူမမာအိမ်သွားမယ်" "ဟင်.." "အို.." "ဟာ.." အားလုံး အံ့သြသွားတယ်.. အပိုင်း ၂ ဆက်လက်ရှုစားပါရန်.. အောင်မြတ်သာ ဘာတွေဖြစ်ခဲ့လဲ.. ဘယ်ပညာတွေသင်ယူခဲ့လဲ ဆက်လက်ရှုစား ပါဦး..
ဘုံဘ၀မှာဖြင့် အပိုင်း ( ၂ ) ################## ဟာ...အို....ဟင်.... ရွာသားတွေရဲ့ နှုတ်ဖျားက အာမေဍိတ်သံတွေ ကိုယ်စီထွက်လာခဲ့တယ်. အဘိုးခင်က .အောင်မြတ်သာ.. လူလေး.. မင်း ဘယ်လိုသိတာလဲ.. ရွာမှာ လူမမာရှိတာ ဘယ်လို သိတာလဲ... အောင်မြတ်သာက ဘာမှမပြောပဲ.. ပါးစောင်လေး တွန့်ရုံသာ တစ်ချက်ပြုံးလိုက်တယ်....ပြီးတော့.. မဟုတ်ပါဘူး အဘိုးခင်.. ရွာထဲမ၀င်ခင် ထင်းခုတ် သမားတွေပြောတာ နားစွန်နားဖျား ကြားမိလို့ပါ. အေးကွယ်... ရွာလယ်က ကိုဖိုးလှလေ .. သိတယ်မဟုတ်လား.အောင်မြတ်သာ.. အဲဒါ နှာခေါင်းရိုးအပေါ်မှာ..အနာဖြစ်နေတာ.. ဆေးတွေလဲစုံနေပီ.. ရွာက ကျန်းမာရေးမှူးနဲ့ ကုတော့လဲ မရဘူး... အနာက ပြည်တစွတ်စွတ် ထွက်နေတာ.. သူလဲ အဲဒီစိတ်ကြောင့်.. အိပ်ယာထဲ လဲနေတယ်... အနာကတော့ ယောင်ပြီး သွေးပြည်တွေထွက်နေတာပဲ.. ဟူးးးး ရင်မောလှပါဘိကွယ်.. အဘိုးခင်.. ဦးဖိုးလှ အဲလိုဖြစ်တာ... ဘယ်ချိန်ထဲ ကလဲ... အိမ်းးး ဘယ်ချိန်ထဲကဆိုတော့... လွန်ခဲ့တဲ့ ၅လလောက်က စဖြစ်တာ... ဖိုးလှအိမ်မှာက ယုန်လိုက်ဖို့ ခွေးတွေ မွေးထား တယ်လေ... တစ်နေ့.. အဲဒီထဲက ဂုတ်ကျားဆိုတဲ့ ကောင်က ဒေါ်ဘုမ မွေးထားတဲ့ ကြက်ကို ကိုက်လိုက်တယ်.. အဲဒီမှာ ဒေါ်ဘုမနဲ့ ဖိုးလှ စကားများကြတယ်လေ.. နောက်နေ့ကျတော့... ဂုတ်ကြားလဲ ပါးစပ်ထဲက အမြုပ်ထွက်ပြီး.. သေနေတာ ... အဲနေ့ထဲက ဖိုးလှ နှာခေါင်းအပေါ်ဘက်မှာ.. သွေးစုနာလို အနာတစ်လုံးပေါက်လာတာကွဲ့... အဲဒီသွေးစုနာက တဖြေးဖြေး ကြီးလာပြီး.. ခုဆို ကွမ်းသီးလုံးလောက်ထိ ဖြစ်နေပီ... လာလာ... ဖိုးလှ အိမ်ရောက်မှ လူလေး ကြည့်လိုက်...ဆိုပြီး ပြောပြောဆိုဆိုနဲ့ .. ရွာထဲ လျောက်လာတော့.... ဦးဖိုးလှအိမ်မျက်စောင်းထိုးလဲ ရောက်ကော.... ဟယ်... အောင်မြတ်သာ မဟုတ်လား... ကြည့်စမ်းပါဦး ထွားလာလိုက်တာ... အရီးလေးကို မမှတ်မိဘူးလား... အရီးလေးဘုမလေ... ဆိုပြီး.. ဒေါ်ဘုမက အရင်လာနှုတ်ဆက်တယ်... အောင်မြတ်သာလဲ... ဟုတ်ကဲ့ မှတ်မိတာပေါ့ အရီးလေးရယ်... ကျုပ်ဘယ်မေ့မှာလဲ...ဆိုပြီး အဓိပ္ပါယ်ပါပါ ပြောလိုက်တော့.. ဒေါ်ဘုမ မျက်နှာ ကွက်ခနဲ ပျက်သွားတာကို အဘိုးခင်က ဖြတ်ခနဲ တွေ့လိုက်တယ်..... အောင်မြတ်သာ..သားလေး.. ခုမှ ရောက်တာဆို.. ခုက ဘယ်သွားမလို့လဲ... ခဏနေ အရီးလေး ဟင်းလာပို့ပေးမယ်.... တိုက်တိုက်ဆိုင်ဆိုင်ကွယ်. ဒီနေ့ အိမ်မှာ ကြက်သားကာလသားဟင်း ချက်စားတယ်ကွဲ့..... ဟုတ်ကဲ့ပါ.. အရီးလေး.. ကျွန်တော်အခု ဦးဖိုးလှ ကိုခဏသွားကြည့်မလို့... သူနေမကောင်းဘူး ဆိုလို့လေ.... အော်.. ဟုတ်လား.. အဲလိုတွေ သွားကြည့်မယ်.. ဆိုတော့... မင်းက ဆေးကုတတ်လို့လား... ပေါက်ကရတွေ လျောက်မလုပ်နေနဲ့နော်... ဟက်ဟက်ဟက်..ဆိုပြီး ခနဲ့သလိုလို.. ရိသလိုလိုနဲ့... ပြောပြီး အိမ်ထဲ၀င်သွားတယ်.... အောင်မြတ်သာကတော့ လှောင်ပြုံးလေး တစ်ချက်ပြုံးလိုက်ပြီး... ဦးဖိုးလှနေတဲ့ အိမ်ပေါ်ကို လှမ်းတက်မယ်လုပ်တော့..... အနောက်ကနေ တစ်စုံတစ်ယောက် လှမ်းဆွဲ ထားသလို တွန့်ခနဲဖြစ်သွားတယ်.... အဲဒါနဲ့ အနောက်ပြန်ဆုတ်ပြီး... အဖိုးခင်... ကျွန်တော် အိမ်ပေါ်မတက်တော့ဘူး.... ဦးဖိုးလှကို ဒီကွပ်ပြစ်ကိုပဲ တွဲခေါ်လာပေးပါ... အဲဒီရောဂါကို ကျုပ် ခုပဲ ပျောက်အောင် ကုပေးမယ်..... ဟင်.. ဖြစ်ပါ့မလား အောင်မြတ်သာရယ်... တကယ့်ဆေးဆရာတွေတောင်မှ ကုမရတာ.. မင်းက ဘယ်လိုကုမှာလဲ... နောက်ပြီး မင်းက ငယ်သေးတယ်... အောင်မြတ်သာ တစ်ချက်ပြုံးလိုက်ပြီး.... ကဲ အဖိုးခင်... ရွာထဲမှာ လိုက်ပြောပေးပါဦး ကျုပ် ဦးဖိုးလှ ရောဂါကို ကုမယ်လို့... မပျောက်ရင် ဟော..ဟိုမှာ ချိတ်ထားတဲ့... တံစဉ်းနဲ့ ကျုပ်လည်ပင်းကို လှီးသွားလိုက်.... .ကဲ အဲလိုဆိုကော... အေးပါကွယ်..အေးပါ.. ကုကြည့်ပေါ့.. ပျောက်တော့လဲ သူကံပေါ့ကွာ.... ကဲ.. သာဒိုး.. ဦးဖိုးလှကို တွဲခေါ်ခဲ့ကွာ.. ဆိုပြီး ပြောတော့ ဟုတ်..ဟုတ်ကဲ့ .အဖိုးခင် ဆိုပြီး သားဒိုး တစ်ယောက် အိမ်ပေါ်ကို ပြေးတက်သွားတယ်.... အဲဒီအချိန်..... အောင်မြတ်သာရေ..အောင်မြတ်သာ.. အော်.. အရီးလေးပါလား... အေးကွယ်..မင်းအတွက်.. ဟင်းလာပို့တာ... ဒီမှာ ကြက်သားကာလသားချက်လေး.. ရှယ်ချက်ထား တာ..... ရောက်တုန်းရောက်ခိုက် စားဖြစ်အောင်.. စားနော်.. အိမ်ကြက်သားလေး ချိုတယ်... ဟုတ်ကဲ့ အရီးလေး .. ကျေးဇူးပါ... ပေးပေး ကျွန်တော်ကိုပေး ဆိုပြီး ဟင်းခွက်ကို... ယူလိုက်ပြီး.. ဘေးမှာအသာချထားလိုက်တယ်... အဲနောက်... ဒါဆိုလဲ အရီးလေးပြန်လိုက်ဦးမယ်.. နောက် အိမ်လဲ လာလည်ဦးနော်.....ဆိုပြီး လှည့်ထွက်သွားသော အရီးလေးဘုမကို ကြည့်ပြီး စိတ်ထဲကနေ ရေရွတ်မိလိုက်တယ်.... အောင်မြတ်သာ.. အကြောင်း မကြာခင် သိရတော့မှာပါဆိုပြီးတော့....... ခဏနေတော့ ဦးဖိုးလှ တစ်ယောက် ကွပ်ပြစ်ပေါ် တက်လာတယ်.... မြင်ရတဲ့ မြင်ကွင်းက အားရစရာ မရှိဘူး... ယောင်ကိုင်းနေတဲ့ အနာက မျက်လုံး၂လုံးကို ဖုံးတော့မယ်... အနာဖုကနေ အပြည်တွေ သွေးတွေက တစိမ့်စိမ့်ယိုကျနေတယ်..... အဲဒါနဲ့... အဖိုးခင်.. ခုနက ဒေါ်ဘုမ လာပေးတဲ့ ကြက်သားဟင်းကို ဘယ်သူကိုမှ မပေးစား နဲ့နော်. ကြောင်အိမ်ထဲ ထည့်ပြီး သော့ခတ်ထား ပေးပါ.... အဘိုးခင် ကိုယ်တိုင်လုပ်ပါ.... ဆိုပြီးပြောတော့ ဟေ... ဘာဖြစ်လို့လဲ အောင်မြတ်သာရ.. အဲဒါက နောက်တော့ သိရမှာပါ.. ခုတော့ အဲလိုလုပ်ထားပေးပါ....ဆိုပြီးပြောရင်း... ဦးဖိုးလှ အရှေ့မှာ ၀င်ထိုင်လိုက်တယ်.... ရွာသားတွေကလဲ အသက် ၁၇နှစ်လောက်ပဲ ရှိတဲ့ ကလေးသာသာလေးက ရောဂါကုမယ်ဆိုတော့.. တစ်ရွာလုံးနီးပါး လာထွက်ကြည့်တာ... ဦးဖိုးလှ ရဲ့ အိမ်၀ိုင်းထဲမှာ လူတွေ ပြည့်သွားတယ်... အဲဒါနဲ့ ကျုပ်လဲ... ဘုရားရှိခိုး.. အထက်ဆရာကြီး ဦးသြဘာသ.. ဦးေ၀ပုလ္လ. ရက်ကန်းစင်တောင် ဆရာတော်ဘုရားကြီး.. စတဲ့ အထက်ဆရာတွေ ထံခွင့်ပြန်ပြီး ရောဂါကုဖို့ ခွင့်တောင်းလိုက်တယ်.. ပြီးတော့ မေတ္တာပို့ အမျှအတန်းေ၀ပြီး... ဦးဖိုးလှ အရှေ့မှာ ထိုင်လိုက်တယ်.....ပြီးတော့... ဦးဖိုးလှ.. ဖြစ်နေတာ.. သာမန်အနာမဟုတ်ဘူး... အဲဒါ သူများပြုစားထားတာ... အခု ကျုပ်ကုတော့မယ်....ဆိုပြီး.... ကဲ.. ငါ့အမိန့်.. ဆရာတော်ကြီးတွေရဲ့ ခွင့်ပြုချက် အမိန့်... ဘိုးတော်သိကြားမင်းရဲ့ အမိန့်တော်.. သူတစ်ပါးရောဂါေ၀ဒနာ ခံစားရအောင် လုပ်သူ... ခုချက်ချင်း ငါ့ရှေ့အရောက်လာစမ်း..ဆိုပြီး ကွပ်ပြစ်ကို လက်နဲ့ရိုက်လိုက်တာ.... မကြာပါဘူး.... ဦးဖိုးလှ တစ်ယောက်... တဝါးးးဝါးး တဟားဟားး ထရီပါလေရာ.... ကျုပ် သိလိိုက်ပီ... ပြုစားတဲ့သူ အမိန့်ကို မလွန်ဆန်နိုင်လို့ ကျုပ်အရှေ့ကို ရောက်လာပီ..... ဟားးဟားးးဟားးး အမယ် အမယ်.. ကျုပ်အရှေ့ ရောက်နေတာ.. ဓါတ်ရှင်မင်းသားလေးလား... ငယ်ငယ်ချောချောလေးပါလား... ဟက်ဟက်ဟက် ဆိုပြီးရိသဲ့သဲ့စပြောပါလေရော.. အဲဒီမှာ ထူးဆန်းတာက.. ယောကျၤားရင့်မာကြီး ပြောနေတာက မိန်းမအသံဖြစ်နေတယ်.... တစ်ရွာလုံးလဲ... အံ့သြလွန်းလို့ အပ်ကျသံပင် မကြားလောက်အောင်..တိတ်ဆိတ်နေတယ်... ခွေးတွေကအစ အမြှီးလေးကုပ်ပြီး.. ငြိမ်နေကြ တယ်.. ကျုပ် တစ်ချက်ပြုံးလိုက်ပြီး..... ဓါတ်ရှင်မင်းသား လဲ မဟုတ်ပါဘူး... သူတစ်ပါးပြုစားလို့ ေ၀ဒနာ ခံစားနေရတဲ့သူတွေကို ကုသပေးဖို့အတွက် ရောက်လာတာပါ..... ကျုပ် စကားသိပ်များများ မပြောဘူး... ကဲ အခုရောက်လာတာ ဘယ်သူလဲ....ဆိုပြီးမေးတော့ ကျုပ်လား နတ်သမီးလေ.. ဟီးး ဟီးးဟီးး ဟုတ်လား..နတ်သမီးလား.... ကျုပ် အကောင်းမေးနေတာ.. အကောင်းမဖြေဘူး... ကဲ နောက်ဆုံးတစ်ခေါက်မေးမယ်... ခင်ဗျား ဘယ်သူလဲ.... ကျုပ်လား....နတ်သမီးပါလို့ဆိုနေ ဟားဟားားးးးးး အောင်မြတ်သာ သိလိုက်ပီ..... မဲပြုံးလေး တစ်ချက်ပြုံးပြီး.... ကျုပ်အဆိုးမဆိုနဲ့တော့နော်..... လောကပါလကို စောင့်ကြပ်နေတဲ့ နတ်မင်းကြီး လေးပါးကို တိုင်တည်ပါတယ်.... ယခု ၀င်ရောက်လာသူရဲ့ လက်ကို နောက်ပြန် ကြိုးတုတ်ပေးထားပါ.... နောက်ပြန်ကြိုးတုတ် ပေးထားပါ.. ဆိုတော့ ဦးဖိုးလှတစ်ဖြစ်လဲ ၀င်ပူးနေတဲ့သူရဲ့ လက်က အနောက်ဘက်ကို အလိုလို ရောက် သွားတာ.... ထူးဆန်းစွာမြင်နေရတယ်... ပြီးတော့ အောင်မြတ်သာလဲ... မျက်စိမှိတ် တင်ပလ္လင်ခွေထို်င်ပြီး.... ပေါင်ပေါ် လက်ဖဝါး တင်ထားတာ..... အဲဒီအချိန် ဘုတ် ဆိုပြီး... ကွပ်ပြစ်ဘေးက သစ်ပင်ပေါ်ကနေ... ကြိမ်တုတ် တစ်ချောင်းသူအလိုလို အောင်မြတ်သာရဲ့ လက်ပေါ်ကျလာတယ်..... အို...ဟာ.. အံ့သြစွာအော်တဲ့ အသံတွေ .. အာမေဋိတ်အသံတွေ တိုးတိုးတိုးတိုး ထွက်လာတယ်..... အောင်မြတ်သာလဲ... ဒီမှာတွေ့လား... အထက်ဆရာတွေက မင်းကို ဆုံးမဖို့... ဆေးကြိမ်လုံးပို့လိုက်ပီ.... ကဲ အရင်ဆုံးမြည်းကြည့် ဆိုပြီး လေထဲကို တရွမ်းရွမ်းနဲ့ ရိုက်လေ... ဦးဖိုးလှ တစ်ယောက် ငယ်သံပါအောင် အော်လေပဲ... ဒါပေမယ့် ထပြေးလို့မရဘူး... လက်ကလဲ နောက်ပြန်.. ကြိုးချည်ထားသလိုနဲ့ ကွပ်ပြစ်ပေါ်မှာ လိမ့်နေအောင် အော်နေတာ..... ကဲ..ဖြေစမ်း... မင်းဘာလို့ ခုလိုလုပ်တာလဲ.... ဆိုပီးမေးတော့ မဖြေချင်သေးဘူး အင်တင်တင် လုပ်နေတယ်.... နောက်တော့ ကြိမ်လုံးနဲ့ ရွယ်တော့မှ... အမလေး အီးးဟီးးဟီးးး မရိုက်ပါနဲ့တော့.... ပြောပါတော့မယ်... ငါမွေးရင် ငါ့သားလောက်ပဲ ရှိတဲ့ ကောင်လေးကို ငါမနိုင်ဘူး.. အမလေး ကြားလို့မှ ကောင်းသေးရဲ့လား... မင်းကဘာလို့ ဒီလောက်စွမ်းနေတာလဲ... ငါပြောမယ်..ငါပြောပြမယ်.. ထပ်မရိုက်ပါနဲ့တော့.. ဆိုပြီး အသံနက်ကြီးနဲ့ ထပြောပါလေရော.. အဲတော့ အောင်မြတ်သာက ... ပြော ဘာလို့ ခုလို လုပ်တာလဲ.... ငါ့ကို မချေမငံပြောလို့... ငါမကျေနပ်လို့ လုပ်တာ. အိမ်းး.ခင်ဗျား ဘယ်သူဆိုတာ ကျုပ်သိတယ်... ဒါပေမယ့် ကျုပ်လူကြားထဲ မမေးတော့ဘူး... နောက်တစ်ခု မေးစရာ ရှိတယ်... လွန်ခဲ့တဲ့ ၃နှစ်လောက်က ကျုပ်ညီမလေးကို လုပ်တာလဲ ခင်ဗျားပဲ မဟုတ်လား... ဖြေစမ်း... အီးးဟီးးဟီးး ဟုတ်ပါတယ်... ငါ့ကို ခွင့်လွှတ်ပါ.. ထပ်မရိုက်ပါနဲ့တော့ .. ကြိုးလဲဖြေပေးပါတော့.. အရမ်းနာလှပီ... အောင်မြတ်သာ သွေးတွေဆူပွက်လာခဲ့တယ်... ညီမလေးဖြစ်သူ ထွေးငယ်ရဲ့ ေ၀ဒနာခံစားနေရတဲ့ မျက်နှာက မျက်လုံးထဲ ၀င်လာတယ်.... ရိုက်မလို့ လက်ကို ရွယ်လိုက်တဲ့အခါ.... ဆရာသခင်မှာထားတဲ့ စကားက နားထဲ ရောက်လာတယ်.... လူလေးအောင်မြတ်သာ... တစ်ဖက်သားက အမှားကို သိလို့ အမှန်ပြင်မယ်ဆိုရင် ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံရဘူး... သနားငဲ့ညှာစွာ ဆက်ဆံပါလူလေး...... ဆိုတဲ့ သတိပေးစကားသံ ကြားယောင်လာတယ်... အဲတော့မှ လက်ထဲက ကြိမ်တုတ်ကို ချပြီး... ပညာတွေကို ဘုရားမှာ လှူ ဖို့ မေတ္တာရပ်ခံတယ်.. အခုပညာသည်ကလဲ အရမ်းကြီးအဆင့်မမြင့်.. သေးတော့.. သူရဲ့ပညာတွေကို ဘုရားမှာ အကုန် လှူ ခဲ့တယ်... ကျုပ်လဲ သစ္စာရေတိုက်ပြီး လုပ်ထားတဲ့ ရောဂါကို ပြန်ယူခိုင်းလိုက်တယ်.... ခဏနေတော့ ဦးဖိုးလှ သတိပြန်ရလာတယ်.... ဦးဖိုးလှ မျက်နှာက အနာဖုက အပြည်တွေ အရမ်း ထွက်လာပြီး အထဲကနေ... တစ်စုံတစ်ခု ထွက်လာတယ်... အဲမှာ အဘိုးခင်က .. အောင်မြတ်သာ.. ဒီမှာကြည့်စမ်း.. ဖိုးလှ နှာခေါင်းအနာကနေ ဘာထွက်လာလဲ ကြည့်စမ်း....ဆိုပြီး လာပြတော့. ဟာ... သွေးတွေ ပြည်တွေ ပေနေတဲ့ ကြက်တောင်ပံရိုးကြီး....လက်တစ်ဆစ်လောက် ရှိတယ်... အားလုံးလဲ ကြောက်လန့်အံ့သြစွာ မှင်သက်နေကြတယ်.... အဲဒါနဲ့ ကျုပ်လဲ... အဖိုးခင်ကို အသာလေး ခေါ်ပြီး... အဖိုးခင်.. ကြောင်အိမ်ထဲက ဟင်းပန်းကန် သွားကြည့်လိုက်.. ဘာထူးခြားလဲ ကျွန်တော့်ကို ပြန်ပြောနော်.. ဘယ်သူကိုမှမပြောနဲ့... ဆိုပြီး ပြောတော့ အဖိုးခင်လဲ ခပ်သုတ်သုတ် ထွက်သွား တယ်.... ခဏနေတော့ အဖိုးခင်က လူလေး.. ထူးဆန်းတယ်ကော... ကြက်သားဟင်း ပန်းကန် ထဲမှာ ဝါးခြမ်းပြားတွေ ရောက်နေတယ်... အဲဒါ အဖိုးသွန်ပစ်လိုက်ပီ..... ဆိုတော့ အောင်မြတ်သာက... ခုလောက်ဆို အဘိုးခင် သိလောက်ပီပေါ့... ဒါပေမယ့် ဘယ်သူကိုမှ မပြောပါနဲ့.. သူလဲ အမှားကို သိလို့ပြင်ပြီးပီပဲ...ထားလိုက်ပါတော့...အဘိုး.. အင်းပါ.လူလေးရယ်... မင်းက ဘာလို့ ဒီလောက် စွမ်းနေရတာလဲ... မင်းရွာက ထွက်သွားပြီး ဘယ်တွေ ရောက်ခဲ့တာလဲ... အဘိုးကိုပြောပြ စမ်းပါဦး....ဆိုပြီးမေးတော့... ဒီလိုပါအဘိုးဆိုပြီး ကျုပ်လဲ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက် တော့တယ်......... အပိုင်း ( ၃ ) ဆက်လက်ရှုစားပါရန်.....
ဘုံဘ၀မှာဖြင့် အပိုင်း ( ၃ ) ############## အဘိုးခင်က အောင်မြတ်သာရဲ့ဘ၀ ဇာတ်ကြောင်းကိုမေးတော့.....အောင်မြတ်သာက. အဘိုးခင် မှတ်မိသေးလား... ထွေးငယ်လေး အသုဘချတဲ့နေ့က အဘိုးခင် ကျွန်တော်ကို ပြောခဲ့တာလေ... ဟေ.. ဘာများပြောခဲ့လို့လဲ.. နှစ်တွေကကြာတော့ မမှတ်မိတော့ဘူး...ဆိုစမ်းပါဦး အဘိုးခင် ဘာများ ပြောခဲ့တာလဲ.. အဘိုးခင်က ထွေးငယ်ဆုံးတာ သာမန်ရောဂါ မဟုတ်ဘူးလို့ ပြောခဲ့တယ်လေ.. သူများပြုစားတာလို့ ပြောခဲ့တာ... အဲလိုပြော တော့ .. ကျွန်တော်လဲ အဲလိုပြုစားခံရတဲ့ သူတွေကို ကျွန်တော် ညီမလေးလို.. မခံစား စေရဘူးဆိုတဲ့ စိတ်ဖြစ်လာတယ်... အဲဒီစိတ်ကြောင့် ကျွန်တော် ရက်လည်တဲ့နေ့မှာပဲ အိမ်က ထွက်ခဲ့တာ.. မေမေစိတ်ပူမယ်ဆိုတာလဲ သိပါတယ်.. ဒါပေမယ့် ကျွန်တော် ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်နဲ့ အရဲစွန့်ပြီးထွက်သာထွက်လာတာ... ဘယ်ကို သွားလို့ ဘယ်သူဆီက ဘာပညာသင် ရမှန်းမသိခဲ့ဘူး... လက်ထဲမှာလဲ ကျွန်တော်စုထား တဲ့ ပိုက်ဆံအနည်းငယ်ပဲ ရှိတော့... ဘယ်မှလဲ မသွားတတ်.. မလာတတ်နဲ့.. တွေ့ရာကား တားစီးပြီး.. ထွက်လာတာ.. မြို့တစ် မြိုကို ရောက်တော့ ကားကဆက်မထွက်တော့ဘူး. အဲဒါနဲ့ ကျွန်တော်လဲ ခြေဦးတည့်ရာ လျောက်သွား နေရင်း.. ပင်ပန်းပြီး.အိပ်ချင်တာနဲ့.. မြို့အ၀င် ဘုရားရဲ့ ဇရပ်လေးမှာ အိပ်ပျော်သွားတယ်.. ဘယ်လောက်ကြာကြာ အိပ်ပျော်သွားလဲ.. မသိဘူး.. နိုးလာတော့.. ကျွန်တော်ဘေးမှာ အဖိုးကြီးတစ်ယောက်.. လာအိပ်နေတာ.. ရင်ဘတ်မှာလဲ အင်းကွက်ကြီးတွေ အဖွေးသားနဲ့ ကွမ်းစားထားတဲ့ ပါးစပ်ကနီရဲနေတာ... ၀တ်ထားတဲ့ အ၀တ်အစားတွေက စုတ်ပြဲပြီး လက်နှီးစုတ်သာသာပဲ အရောင်အဆင်းရှိတာ... ကျွန်တော်ကလဲ လူဆိုးလား လူကောင်းလား.. မခွဲခြားတတ်တော့ဘူး... သူကိုမြင်တော့.. ကိုယ့်နဲ့ ဘ၀တူတစ်ယောက်လို အားကိုးလိုတဲ့ စိတ်တွေ ဖြစ်လာတယ်.... အဘိုးခင်ကတော့ ကျွန်တော်ပြောသမျှကို ခေါင်းလေး တဆတ်ဆတ်နဲဲ့ နားထောင်နေတယ်. အဲဒီအချိန်.... အဘိုးခင်.. အဘိုးခင်... ဗျို့ အဘိုးခင်... ဟေ.. သာဒိုး ဘာဖြစ်တာလဲ.. အမောတကော အလန့်တကြားနဲ့... ဟို..ဟို.. ဒေါ် ဒေါ်..ဒေါ်. ဟာ..ဒီကောင်ကွာ.. ဖြေဖြေးပြောစမ်းပါ... ဘယ်သူဘာဖြစ်လို့လဲ... ဟို.. ဒေါ်ဘုမ..ဒေါ်ဘုမ .. ကိုယ်မှာ အရှိုးရာတွေ အများကြီးပဲ... အဲဒါသူ ဆေးလိမ်းနေတုန်း.. ကျွန်တော်တွေ့လာတာ... ဟေ.. ဟုတ်လား.. နေစမ်းပါဦး မင်းက ဘယ်လို တွေ့တာလဲ... ဟိုလေ..ဟို.. ဟီးဟီး သူသမီးကို သွားခိုးကြည့်တာ အဲဒါနဲ့ တွေ့လာတာ... ဖြစ်ရမယ်. ဒီကောင်တော့... ထားလိုက်.. သူဘာသာ တစ်ခုခုဖြစ်လို့ ဆေးလူးတာနေမှာပေါ့.. မဟုတ်တာတွေ ရွာထဲ လျောက်မပြောနေနဲ့ဦး.. သွား သွားတော့ လို့ပြောပြီး အဘိုးခင်က အောင်မြတ်သာကို ခေါင်းလေးဆတ်ပြလိုက်တယ် အောင်မြတ်သာက ပြုံးရုံလေး ပြုံးလိုက်ပြီး... အဘိုးခင်.. စကားကပြတ်သွားတာ.. ပြန်ဆက် ရအောင်.... အေးး. ဆက်ပြောကွာ.. ငါလဲ စိတ်၀င်စားတုန်း.. ဟိုကောင် လာရှုပ်လို့... အင်း... ကျွန်တော်လဲ သူနိုးလာတာကို ထိုင်စောင့် နေလိုက်တယ်.. ခဏနေတော့ သူနိုးလာတယ်... ပြီးတော့ ကျွန်တော့်ကို စကားမပြောပဲ လွယ်အိတ်ထဲက ငှက်ပျောသီးတစ်လုံးထုတ်ပေးတယ်... လူလေး စားလိုက် မင်းကြည့်ရတာ ဗိုက်ဆာနေတဲ့ ပုံပဲ.. စားပြီးရင်.. ဟိုမှာ ရေအိုးထဲကရေ သောက်လိုက်... ဆိုပြီးပြောတော့.. ကျွန်တော်လဲ ဆာနေတာနဲ့ ငှက်ပျောသီးတစ်လုံး စားပြီး ရေသောက်လိုက်တော့.. နည်းနည်းနေသာ ထိုင်သာရှိသွားတယ်...အဲဒါနဲ့ အဲဒီလူကြီးက. မင်းကြည့်ရတာ ဒီမြို့က ဟုတ်ပုံမပေါ်ဘူး... မင်းဘယ်ကလာတာလဲ... ဘာလုပ်ဖို့လဲ မေးတော့ ကျွန်တော်လဲ ဖြစ်ကြောင်းကုန်စင်ပြောပြပြီး ကျွန်တော်အဲလို ပညာတွေတတ်ချင်တယ် ဆိုတဲ့ အကြောင်းပြောပြလိုက်တယ်..... အဲလိုပြောတော့.. အဲဒီလူကြီးက... ဟားးဟားးးဟားးးဟားးး ဒါဆို ငါ့အိမ်မက်က မှန်နေပီပေါ့.... ဗျာ... ဘယ်လို.. အေး... ဟုတ်တယ်.. ကောင်လေးတစ်ယောက် ဒီဘုရားပေါ်လာလိမ့်မယ်တဲ့... အဲဒါသွားခေါ်လိုက် ဆိုပြီးမက်လို့... ငါရောက်လာတာ...ခုတော့ တကယ်ဖြစ်နေပီပေါ့... ဗျာ... ဒါဆို.. ဦးလေးက ကျွန်တော်လာမှာ ကြိုသိနေတာပေါ့... အေး..ဆိုပါတော့ကွာ... ဒါနဲ့ မင်းနာမည် ဘယ်လိုခေါ်လဲ...မေးတော့. အောင်မြတ်သာပါ.. ဦးလေးနာမည်ကကော... အေး.. ငါ့နာမည်က ဦးတိက္ခတဲ့ မှတ်ထား... မင်းရဲ့ရည်ရွယ်ချက်က လူတွေကို ကယ်တင်ဖို့ ဆိုတော့... အဲဒီပညာတွေ သင်ချင်လား... ဟာ..သင်ချင်တာပေါ့ .. ဦးလေးက သင်ပေးမှာလား....လို့မေးတော့.. အေးး ငါကတော့ အစပဲ သင်ပေးမှာ.. နောက်ပိုင်းကျတော့ ကိုယ့်ဘာသာ ကိုယ် လေ့ကျင့်ရမှာ.... မင်းကို အခုအခြေခံ သင်ပေးမယ်... ဒီတိုင်းတော့ မရဘူးနော်... လာခဲ့.. ဘုရားရှေ့မှာထိုင်... သစ္စာဆိုရမယ်.. ဆိုပြီးတော့ ငါးပါးသီလကို အရင်တိုင်ပေးတယ်.. နောက်တော့.. အသက်မသက်ဖို့ ကတိတောင်း တယ်... ပြီးတာနဲ့ လွယ်အိတ်ထဲက ဆီစိမ်စက္ကူ လေးထောင့်ရွက်သေးသေးလေး ထုတ်ပြီး... မီးရှို့လိုက်တယ်... ကျလာတဲ့ ပြာကို ရေနဲ့ဖျော်ပြီး ကျွန်တော်ကိုတိုက်တယ်.... ကျွန်တော်လဲ သောက်ပြီးကော...သူက မင်း အခုကစပြီး ငါတို့ ဂိုဏ်းသားဖြစ်သွားပီ... မင်းခုနကသောက်တဲ့ အင်းက အခြေခံဂိုဏ်းသား တွေအဖြစ်အသိအမှတ်ပြုတဲ့ သဘောပဲ.... စသည်ဖြင့်ပြောတော့... ကျွန်တော်က ဆရာကြီးတို့ဂိုဏ်းနာမည်က ဘာလဲလို့ မေးတော့.... မင်းက ဂိိုဏ်းသားဖြစ်သွားပီဆိုတော့ ပြောပြရမှာပေါ့.... ငါတို့ဂိုဏ်းနာမည်က အင်းတော်ကြီးဂိုဏ်းတဲ့ ( နာမည်လွှဲ ) ငါတို့ဂိုဏ်းက အောက်လမ်း.. စုန်း.. ကေ၀.. ဇော်ကနီ.. ဇော်ကနက်.. မောက်လုံး.. မောက်ပြား.. အတွင်း ၃၇မင်း.. အပြင် ၃၇ မင်း.. အားလုံးကို အမိန့်ပေးလို့ရတယ်... အဲလိုအမိန့် ပေးနိုင်ဖို့ကလဲ... ကြိုးစားလေ့ကျင့်ရမယ်... ဆိုတော့ ကျွန်တော်လဲ ဘယ်လို လေ့ကျင့်ရမှာလဲ . ကျွန်တော် လုပ်မယ်ပေါ့.. အဲလိုပြောတော့... ဆရာက.. ဆီစိမ်စက္ကူလေးတစ်ရွက်ထုတ်ပေးတယ်.... ပြီးတော့ ခဲတံလေးတစ်ချောင်း.. အဲဒီခဲတဲနဲ့ ဒီစာရွက်ပေါ်မှာ အင်းကွက်တွေ ရေးရမယ်... အဲလိုရေးတဲ့အခါမှာလဲ စိတ်ကို ဒီထဲမှာပဲ... နှစ်ထားရမယ်..မပြန့်လွင့်ရဘူး... တစ်နေ့ကို ရေးနိုင်သလောက်ရေးရမယ်.. အင်းကွက် ၁၀၈ ကွက်ရေးနိုင်ပီဆိုရင် အဲဒီ အင်းတွေကို မီးရှို့ပြီး သောက်ရမယ်... မင်းရဲ့ရင်ထဲမှာ အင်းစမတွေနဲ့ စေတီတည်တယ် ဆိုတဲ့ သဘောထားရမယ်... အဆင့်ကတော့ စေတီတစ်ဆူတည်ပြီးတာနဲ့.. တစ်ဆင့်တက်မယ်... မင်းရေးရမယ့် အင်းကို .အခုတော့ ငါပြောပြမယ်... ပထမဆုံးဖြစ်တဲ့ အတွက် လေးကွက်အင်းဆွဲရမယ်.. ပြီးတော့ အဲဒီအကွက်လေးကွက်မှာ.. စမအက္ခရာတွေ ရေးရမယ်... အားလုံးလေးကွက်အင်း ၁၀၈ ကွက် ဆွဲရမယ်.... ဘယ်လိုလဲ မင်းသဘောပေါက်ပီလား ဟုတ်ကဲ့ .. ကျွန်တော် သဘောပေါက်ပါပီ... ခုလောလောဆယ် မင်းဒီဇရပ်မှာ ငါနဲ့တူတူ နေရမယ်.. ဒါကအထက်ဆရာကြီးတွေရဲ့ လမ်းညွှန်ချက်ပဲ...ကဲ.. ခုကစပြီးဆွဲတော့... ကျွန်တော်လဲ မဆွဲတတ်ဆွဲတတ်နဲ့ စဆွဲတော့.. အစပိုင်းမှာ အထိုင်မကျဘူး လေးကွက်အင်း ၅ကွက် ၆ကွက်လောက် ဆွဲပြီးတော့.. နည်းနည်း အဆင်ပြေလာတယ်.... ဆီစိမ်စက္ကူက အကြီးကြီး တစ်ကွက်ဆွဲတိုင်း ပါးစပ်ကလဲ... ဆွဲတဲ့ စမ အက္ခရာတွေကို ရွတ်ရတယ်... ဆရာကတော့ စိတ်မပျံ့လွင့်အောင် ရွတ်ခိုင်းတယ်ဆိုပဲ... ကျွန်တော်ဆို ဆွဲနေရင်း စိတ်က အမေဆီရောက်လိုက်... ရွာက သူငယ်ချင်းတွေ ဆီရောက်လိုက်...စိတ်က ဂနာမငြိမ်ဘူး... တစ်ခါတစ်လေ ထွေးငယ်လေးရဲ့ မျက်နှာကို မြင်လာတယ်.... တစ်ရက် နှစ်ရက် သုံးရက် မြောက်တဲ့နေ့မှာ ကျွန်တော် စိတ်တွေ နည်းနည်း တည်ငြိမ်လာတယ်... လေးရက်မြောက်နေ့မှာ ကျွန်တော် လေးကွက်အင်းကို အောင်အောင်မြင်မြင်ဆွဲနိုင်ခဲ့တယ်.... ပြီးတော့ ဆရာက လေးကွက်အင်း ၁၀၈ ကွက်ကို မီးရှို့ ရေဖျော်ပြီး ကျွန်တော့်ကို တိုက်တယ်...ပြီးတော့. မင်း ရင်ထဲမှာ စေတီ ၁ဆူတည်ခဲ့ပြီးသွားပီ...မင်း အဲလိုစေတီ ၁၀၈ ဆူတည်ရမယ်... ၁၀၈ ဆူတည်ပြီးတဲ့နေ့ ..မင်းကို ဘယ်စုန်းကေ၀ နတ်စိမ်းတွေကမှ မယှဉ်ရဲ တော့ဘူး...စေတီ ၁၀၈ ဆူတည်ဖို့ဆိုတာ အနည်းဆုံး..၅နှစ်လောက်ကြာလိမ့်မယ်... အဲဒါတစ်ခုထဲနဲ့လဲ မရဘူး... ကျင့်ကြံအားထုတ် ရမယ်.... စေတီ တစ်ဆူတည်ပြီးတိုင်း သက်သက်လွတ်အဓိဌာန် ၁ပတ်၀င်ရမယ်... တရားထိုင်ရမယ်....အဲလိုထိုင်တဲ့အခါမှာ မင်းကို နောက် ၈ကွက်အင်းတက်ဖို့.. ဆရာတွေက စမအက္ခရာတွေ လာပေးလိမ့်မယ်... အဲလိုလာပေးမှ မင်းအဓိဌာန်ကို ဖျက်ရမယ်.. မပေးမချင်း မင်းဆက်၀င်ရမယ်... မင်းရဲ့ စိတ်တည်ငြိမ်မှု.. သမထအားကောင်းမှုအပေါ် မူတည်တယ်... ကြိုးစားရင် ကြိုးစားသလို မင်းအတွက် ထူးခြားလာမှာပဲ.... ခုမင်းက ၄ကွက်အင်းနဲ့ စေတီတည်ခဲ့ပီ ဆိုတော့ အဓိဌာန် နက်ဖြန်ကစပြီး ၀င်ရမယ်..... ဆိုပြီး သေချာရှင်းပြ တော့.. ကျွန်တော်က .. ဆရာကြီးကကော... စေတီ ဘယ်နှစ်ဆူ တည်ပြီးပြီလဲ... အင်းကွက်ကော ဘယ်နှစ်ကွက်ဆွဲနေရလဲဆိုပြီး မေးတော့.... ငါက စေတီ ၉၉ ဆူတည်ပြီးပြီ... အင်းစမကွက်.. ၆၂ကွက်ဆွဲနေတယ်... ကဲ ဘာထပ်သိချင်လဲ... ဟားဟားဟားးးးဆိုပီး ၀မ်းခေါင်းသံကြီးနဲ့ ရီလိုက်တာ ကျွန်တော် ကြက်သီးမွှေးညှင်းတွေပါ ထလာခဲ့တယ်... ဒါဆို ဆရာကြီးက .. စုန်းတွေ ကေ၀တွေ နိုင်တာပေါ့နော်....လို့မေးတော့ ဆရာကြီးက ကွမ်းတစ်ယာကို ပါးစပ်ထဲ ထိုးထည့်ပြီး... ပလုပ်ပလောင်းအသံနဲ့ နောက်တော့ မင်းသိလာမှာပေါ့ကွာ... ခုတော့ အဓိဌာန်၀င်ဖို့ ပြင်ဆင်ထားဆိုပြီး ... ဇရပ်ဘေးက ဘုရားမှာ တရားထိုင်ဖို့ ထွက်သွားပါလေရဲ့..... နောက်နေ့ကစပြီး ကျွန်တော်လဲ တရားထိုင် အဓိဌာန်၀င်...တာပဲ.. တစ်နေ့ကို ၃နာရီတစ်ခါ ၄ကြိမ် တရားထိုင်ရတယ်... အစပိုင်းတော့ မထိုင်နိုင်ဘူး... ၂ရက် ၃ရက်လောက် ကြာတော့ စိတ်ကအရမ်းတည်ငြိမ်လာတယ်.... အေးချမ်းလာတယ်... မထချင်တော့လောက်အောင် သမာဓိက ကောင်းလာတယ်.... ၄ရက်မြောက်နေ့မှာတော့.. ကျွန်တော်အာရုံထဲမှာ... ပိတ်ဖြူစင်ကြယ်နဲ့ အဘိုးတစ်ယောက် လာပြီး လူလေး.. မင်း အဓိဌာန်ပြီးတာနဲ့ ဒီ ၈ကွက်အင်းကို ဆွဲရမယ်.. ဆိုပြီး ကျွန်တော်လက်ထဲကို ဆီစိမ်စက္ကူ အင်းကွက်လေး လာပေးသွားတယ်..... ကျွန်တော်လဲ တရားဖြုတ်တော့ အဲဒီအကြောင်း ဆရာကိုပြောမယ်ဆိုပြီးအထ လက်ထဲမှာ တစ်ခုခု ရှိနေသလို ခံစားမိတာနဲ့ ကြည့်လိုက်တာ.... အာရုံထဲမှာ လာပေးသွားတဲ့ အင်းစမ ၈ကွက်ကို အကျအန ဆွဲထားတာ... အဲဒါနဲ့ ကျွန်တော်လဲ ၀မ်းသာအားရ ဆရာကို ပြောမလို့လုပ်တော့... ဆရာက.. လက်ကာပြတယ်... အောင်မြတ်သာ.. ငါသိတယ်.. မင်းမှာပါရမီရှိတယ် ငါတုန်းကဆို အဲလို ၈ကွက်အင်းတက်ဖို့ ၁၆ရက်တိတိ အဓိဌာန်၀င်ရတယ် .. မင်းက ၄ရက်ထဲနဲ့ အင်းစမ..ချီးမြင့်တာခံရတယ် ဆိုတော့... မင်းဆက်ကြိုးစား.. အောင်မြင်လာလိမ့်မယ်ဆိုပြီး.. ဆရာက ချီးကျူးတယ်... နောက်ပိုင်းကျွန်တော်လဲ အချိန်ရရင် ရသလို အင်းစမကွက်တွေ ထိုင်ဆွဲနေတော့တာပဲ... တစ်ဆင့်တက်တိုင်း.. အာရုံထဲကို တစ်ခါ စမအင်း ကွက်တွေ လာလာပေးတယ်... ၄လမြောက်တဲ့နေ့မှာ... ကျွန်တော် အင်းစမ ၁၆ကွက်ထိ တိုးလာတယ်.... စေတီ ၅ဆူတည်ပြီး သွားပီ... ဆရာကတော့ ပြောတယ် အင်းစမ ၆၂ကွက် ရောက်ပီဆိုရင် ထပ်မတက်ရတော့ဘူးတဲ့ စမစာလုံးတွေပဲ ပြောင်းရေးရမယ်တဲ့... တစ်ခါတစ်ခါဆို ကျွန်တော် အင်းကွက်တွေ ရေးနေတဲ့အချိန် အနားမှာ ၀တ်ဖြူစင်ကြယ်နဲ့ ပုဂိ္ဂုလ်တွေ... ဇော်ဂျီတွေ .. တစ်ခါတစ်လေ သင်္ကန်း၀တ်တွေနဲ့ ဆရာတော်တွေ သွားလာနေတာ မြင်ရတယ်... ကျွန်တော်ရေးတဲ့ စမအင်းကွက်တွေကနေလဲ တစ်ခါတစ်ခါ အရောင်ပြိုးပြိုးပျက်ပျက်.. အလင်းတန်းတွေ ထွက်လာတတ်တယ်... ကျွန်တော်ကလဲ.. ကျွန်တော်အဆင့်ဘယ်လောက် ရောက်နေပီဆိုတာ... စမ်းသပ်ကြည့်ချင်တဲ့ စိတ်တွေ တဖွားဖွားဖြစ်လာတယ်... တစ်နေ့တော့ ကျွန်တော်အဆင့်ကို ကျွန်တော်စမ်းသပ်ခွင့်ရခဲ့တယ်.... ဆရာကြီးက ဆီစိမ်စက္ကူ ၀ယ်ခိုင်းလို့ ဈေးထဲမှာ သွား၀ယ်ပြီးအပြန်.. ဈေးထိပ်က အိမ်မှာ လူစုစုရုံးရုံးဖြစ်နေတော့ ဘာဖြစ်လဲဆိုပြီး သွားကြည့်တော့... ကောင်မလေးတစ်ယောက်.. မျက်လုံးတွေနီပြီး သွားရည်တွေတမြားမြားကျနေတာ.... ပါးစပ်ကလဲ ၀ူး၀ူးဝါးဝါး အော်နေတယ်.... ၀ိုင်းဆွဲနေတဲ့ လူကြီး ၅ယောက်က ကောင်မလေးကိုယ် သေးသေးလေးကို မထိန်းနိုင်ဘူး..... မိဘတွေကတော့ ဘာလုပ်ရမှန်းမသိဘူးလေ... ကျွန်တော်ကတော့ သိလိုက်ပီ ဒါအပ မှီနေပီ.. တော်ရုံတန်ရုံတော့မဟုတ်ဘူး... သရဲက တော်တော်ရင့်နေပီ... ပြောနေရင်းကောင်မလေး က သူ့ကိုအမဲသား ၃ပိဿ ာ ချက်ကျေွး ခုချက်ချင်း မကျေွးရင် ဒီကောင်မလေးအသက်ကို နှုတ်မယ် ဆိုပြီးပြောတော့ ကျွန်တော်လဲ မနေသာတော့ဘူး ကျွန်တော် လူကြားထဲကို တိုးပြီး ... ကောင်မလေး အရှေ့မှာရပ်လိုက်တယ်.. ကျွန်တော့်ကို မြင်တယ်ဆိုရင်ပဲ ၀င်ပူးနေတဲ့ ကောင်မလေးက...????? အပိုင်း ( ၄ ) ဆက်လက်ရှုစားပါရန်..
ဘုံဘ၀မှာဖြင့်အပိုင်း ( ၄ ) ################# အပမှီနေတဲ့ကောင်မလေးက ကျွန်တော့်ကို မြင်လိုက်တယ်ဆိုရင်ပဲ... နီရဲနေတဲ့ မျက်ထောင့်နီ ကြီးနဲ့.. အံတကြိတ်ကြိတ်ကြည့်ပီး...... ထွက်သွား.. ငါ့ရှေ့ကထွက်သွားစမ်း.. ဟင်းဟင်း ဆိုပြီး အသံနက်ကြီးနဲ့အော်တော့.. အိမ်ရှင်တွေက. ကျွန်တော်ကို.. ကောင်လေး မင်း ဘယ်ကလဲ.. ဒီမှာ ဘာဖြစ်လို့ဖြစ်မှန်းမသိတဲ့ အထဲ.. မင်းက အရှေ့မှာ လာရှုပ်နေတယ်... ခဏလေး .. ဒီကောင်မလေး မိဘတွေ ဘယ်သူလဲ အခုဖြစ်နေတာ သွေးရိုးသားရိုး မဟုတ်ဘူး.. အပမှီနေတာ... မထုတ်ရင် ခင်ဗျားတို့သမီး ဒုက္ခ ရောက်သွားလိမ့်မယ်.. လို့ပြောတော့.. ကောင်မလေးရဲ့ မိဘတွေ ကျွန်တော်နားကို ရောက်လာပြီး ကောင်လေး မင်း ကုတတ်ရင် ကုပေးပါဦး... ဘေးက လူတွေကတော့ ကျွန်တော်အပေါ် သိပ်မယုံကြဘူး.. လူကလဲ ငယ်သေးတာကိုး.. မယုံတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတယ်... ဒါနဲ့ ကျွန်တော်လဲ.. ဘုရားစင်ရှေ့မှာထိုင်ပြီး.. ကောင်မလေးကို စိုက်ကြည့်လိုက်တော့.. အသံနက်နဲ့၀ူး၀ူးဝါးဝါးအော်နေတဲ့ ကောင်မလေးက.. မအော်တော့ပဲ ကျွန်တော့်ကို မျက်ထောင့်နီကြီးနဲ့စိုက်ကြည့်နေတာ... ကျွန်တော်တောင် ကြောက်စိတ်၀င်လာတယ်.. ဒါပေမယ့် ကိုယ်ရဲ့အစွမ်းကို စမ်းသပ်ချင်တာကြောင့်.... ကောင်မလေးရဲ့ မျက်နှာကို စိုက်ကြည့်ပြီး.... အထက်ဆရာကြီးများရဲ့အမိန့် ငါအောင်မြတ်သာ ရဲ့ အမိန့်... ငါအမိန့်ပေးတယ်.. ခု၀င်ပူးပြီး သူများကို ဒုက္ခပေးနေတာ ဘယ်သူလဲ.. မှန်မှန်ဖြေစမ်း... လိမ်လည်ပြောဆိုပါက.. မီးလောင်ကျွမ်းပြီး ပြာအတိဖြစ်စေ... ကဲ. ပြောစမ်း မင်းဘယ်သူလဲ..ဆိုပြီး.. ကြမ်းပြင်ကို လက်ဖဝါးနဲ့ ပုတ်လိုက်တာ.... ၀င်ပူးနေတဲ့ကောင်မလေးက. တဟင်းဟင်း မာန်ဖီရင်း.. တောက်... ဒီမလောက် လေးမလောက်စားကောင်လေးကို ငါလိမ်ပြောရင် မီးလောင်ပြာကျမှာဟေ့.... အေး.ပြောမယ်.. မလိမ်ရဲဘူး... မလိမ်ဘူး... ငါက ဈေးထိပ်က သရက်ပင်မှာနေတဲ့ ငနက်တူကွ. ဆိုပြီး အသံနက်ကြီးနဲ့အော်ပြောတော့... လာကြည့်နေကြတဲ့ .. သူတွေအားလုံး လန့်ဖြန့် သွားတယ်... ကျွန်တော်ကိုလဲ နည်းနည်းယုံကြည် လာကြတယ်..အဲဒါနဲ့ ကျွန်တော်လဲ... ငနက်တူ.. မင်း.. ဘာလိုချင်လို့လဲ.. ဘာဖြစ်လို့ ဒီကောင်မလေးကို ၀င်ပူးရတာလဲ... ငါ..အမဲသားစားချင်လို့ ၀င်ပူးတာ... ဟီးဟီးးဟီးး ကဲ အခုကစပြီး ငါအမိန့်ပေးတယ်... မင်း အခု၀င်ပူးနေတဲ့ ကောင်မလေးရဲ့ ခန္ဓာကနေ ချက်ချင်းခွာပေး နောက်တစ်ခါ၀င်မပူးစေရ... ဒါအထက်ဆရာကြီးတွေနဲ့ ငါအောင်မြတ်သာရဲ့ အမိန့်ပဲ....ဆိုပြီး ပြောတော့... ၀င်ပူးနေတဲ့ သရဲက.. အမဲသားစားရမှထွက်မယ်... မစားရရင် မထွက်ဘူး... ဟီးးဟီးးဟားဟာားးဟားးးးး အဲလိုပြောတဲ့အချိန်..မှာပဲ.. ကျွန်တော်နားထဲမှာ လူလေး ရေတစ်ခွက်တောင်းပြီး အခုမင်းရေးနေတဲ့ စမအက္ခရာ၁၆လုံးကို ၂၄ခေါက်ရွတ်ပြီး အဲဒီရေနဲ့ ဖြန်းလိုက် ဆိုပြီး လာပြောတာကို... ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်.... အဲဒါနဲ့ ကျွန်တော်လဲ .. အိမ်ရှင်တွေဆီက ရေတစ်ခွက်တောင်းပြီး.. နားထဲမှာ လာပြောတဲ့ အတိုင်း ၂၄ခေါက်ရွတ်လိုက်တယ်... ပြီးတော့ အဲဒီရေကို လက်နဲ့စွတ်ပီး ၀င်ပူးနေတဲ့ မိန်းကလေးကို တောက်လိုက်တယ်ဆိုရင်ပဲ.. အားးးးး အမလေးးး ပူတယ်..ပူတယ်..... အားးးးဆိုပြီး အသံနက်ကြီးနဲ့ ထအော်ပါလေရော. ကျွန်တော်လဲ သိလိုက်ပီ.. ဒါကျွန်တော်ဘက်ကို အနိုင်ရလာပီ.... ကျွန်တော်လဲ မထွက်မချင်း ရေစက်လေးနဲ့ တောက်တာ.. ၃ခါမြောက်လဲ ကျရော... အခုချက်ချင်းထွက်ပါ့မယ်ဆိုပြီး... ကတိပေးပြီး ထွက်သွားတယ်.... အိမ်ရှင်တွေ ကတော့ ကျွန်တော့်ကို ကျေးဇူးတင်သလို.. ၀ိုင်းကြည့်နေကြတဲ့ သူတွေကလဲ အံ့သြကုန်တယ်. အဲဒါနဲ့ ကျွန်တော်ကို ဘယ်မှာနေလဲ... ဘယ် ဂိုဏ်းကလဲ စသည်ဖြင့် မေးကြတာပေါ့.... ကျွန်တော်လဲ ပြောပြပြီး.. နေတဲ့ ဇရပ်ကိုပြန်လာတော့.... ဆရာကြီးက ကျွန်တော်ကို အောင်မြတ်သာရေ မင်းကတော့ ဒီမှာငါတို့နေလို့မရအောင် လုပ်လိုက်ပီ... ဗျာ... ဘာဖြစ်လို့လဲ ဆရာကြီး... အေး..မင်း အပမှီနေတဲ့ ကောင်မလေးကို ကုပေးခဲ့ တယ်မလား... ဒါကကောင်းတဲ့ လုပ်ရပ်ပဲ.. ဒါပေမယ့် မင်းအကြောင်းကို လူတွေ သိကုန်ပီ.. အခုမင်းက ပညာတတ်စ အဆင့်ပဲ ရှိသေးတယ်.. အခု၀င်ပူးတာကလဲ သရဲအဆင့်နိမ့်သေးတယ် အဲဒါကြောင့် အလွယ်တကူ ကုလို့ရတာ... သူထက် ဝါရင့်တဲ့ သဘက်ကြီးတွေဆို မင်းမနိုင်သေးဘူး.... အဲတော့ မင်း ပညာကို အရင်ဆုံး တိုးတက်အောင် လေ့ကျင့်ရမယ်... ဒီမှာတော့ နေလို့မရတော့ဘူး... နေရာပြောင်းဖို့ လိုပီ.... နက်ဖြန် မနက်အာရုံတက်တာနဲ့ ငါတို့ တစ်ခြားနေရာ ပြောင်းကြရအောင်.. အဆင်သင့်လုပ်ထား.... လို့ပြောပြီး... ဇရပ်ဘေးက ဘုရားမှာ အဓိဌာန်၀င်ဖို့ ထွက်သွားပါလေရော... အဲဒါနဲ့ ကျွန်တော်လဲ သိမ်းဆည်းစရာရှိတာ သိမ်းဆည်းပြီး... ကျွန်တော် ဆွဲနေတဲ့ အင်းကွက်ကို ပြန်ဆွဲနေလိုက်တယ်... မနက်ကျတော့... ကျွန်တော်တို့ ခရီးထွက်ခဲ့ကြတယ်.... နောက်တစ်နေရာက သချိုင်းနားက ဇရပ်ကြီးမှာဗျ... အဲဒီဇရပ်မှာ နေရင်း ကျုပ်ရဲ့ အဆင့်တွေ တိုးတက်အောင် လေ့ကျင့်ရမယ်တဲ့..... အဲဒီဇရပ်မှာနေတော့ အနှောင့်အယှက်က ၀င်လာပြန်ရော... ညဖက် ၁၆ကွက်အင်း ဆွဲနေတုန်း... အင်းတွေက တဖြတ်ဖြတ်နဲ့ အရောင်တွေထွက်လာတာ... အဲလိုအရောင်တွေထွက်လာပြီး အင်းစမစာလုံး တွေက အရောင်တွေတောက်ပပြီး လေပေါ်ပျံ ၀ဲနေကြတာ.... ပြီးတော့ အားလုံး ရေးထားတဲ့ နေရာကို ပြန်၀င်သွားကြတာကို ထူးဆန်းစွာ တွေ့လိုက်ရတယ်... အဲဒီအချိန်ပဲ သချိုင်းဘက်ကို ကြည့်လိုက်တာ... ခွေးတစ်ကောင်ဗျာ.... လူကြီးတစ်ယောက် ရင်ဘတ်လောက်ထိ ကြီးတယ်.. အရောင်က အနက်ရောင်ဗျ... အဲဒီခွေးကြီးက ကျွန်တော့်ကိုကြည့်ပြီး မာန်ဖီနေတာ..... ကျွန်တော်လဲ ဆရာကို အားကိုး တပြီးကြည့်လိုက်တော့ ဆရာက တရားထိုင်နေတယ်.... ကျုပ်ဘာလုပ်လို့ ဘာလုပ်ရမှန်းမသိတော့ဘူး... နောက်ဆုံးဖြစ်ချင်ရာဖြစ်ဆိုပြီး ကျုပ်ရထားတဲ့ သမထအားရယ် အင်းစမတွေရဲ့ အစွမ်းကို အာရုံပြုရင်း.. အဲဒီခွေးရှိတဲ့နေရာကို ကြည့်လိုက်တာ.... အမလေးလေး... ခွေးနက်ကြီးဘေးမှာ ရပ်နေတဲ့ အမျိုးသမီးတစ်ယောက်... ဆံပင်ကြီးဖားလား ချထားတာ.. ဆံပင်တွေက လေထဲမှာ လွင့်နေတယ်.... ကျုပ်အံ့သြသွားတယ်... ကျုပ်အားလုံးကို မြင်နေ ရတယ်... သချိုင်းထဲက ရှိရှိသမျှ အပင်တွေပေါ်မှာ သရဲတစ္ဆေတွေဆို အပြည့်ပဲ... ဒါပေမယ့် တစ်ကောင်မှ အောက်မဆင်းရဲဘူး... အားလုံး ကျုပ်ရှိတဲ့ဘက်ကို ကြည့်နေကြတာ.... အဲဒါနဲ့ ကျုပ်လဲ... စိတ်ထဲကနေ... မေတ္တာပို့ အမျှအတန်းေ၀ပေးလိုက်တော့... ခုနက မာန်ဖီနေတဲ့ ခွေးနက်ကြီးက မာန်မဖီတော့ဘူး... သူဘေးက အမျိုးသမီးကလဲ.. ကျုပ်ရှိရာဘက်ကို လက်ဆန့်တန်းပြီး တစ်စုံတစ်ခုပြောနေသလိုလို .. အဲလိုပြောနေရင်းနဲ့ တဖြည်းဖြည်းကြီးလာတာ.. အုန်းပင်တစ်ပင် အရပ်လောက်ထိ ကြီးလာတယ်. ကျုပ်လဲ ဇရပ်ပေါ်ကနေ မေတ္တာပဲပို့နေလိုက်တယ် ခဏနေတော့.. ခွေးနက်ကြီးနဲ့ အဲဒီအမျိုးသမီးကြီး နဲ့ သချိုင်းထဲ၀င်သွားတာ တွေ့လိုက်ရတယ်.... ဘာမှတော့ အန္တရာယ်မပြုသွားဘူး... မနက်ကျတော့ ဆရာကြီးကို ဖြစ်ကြောင်းကုန်စင် ပြောပြတော့... ဆရာကြီးက အဲဒါ သချိုင်းတိုင်းကို အပိုင်စားရတဲ့ မဖဲဝါနဲ့ သူသက်တော်စောင့် ခွေးနက်ကြီးပဲ... သူတို့ဒီမှာရှိတယ်ဆိုတဲ့ အကြောင်း အသိလာပေးတာ...လို့ ဆရာကြီးက ပြောတယ်.... ကျွန်တော်တို့လဲ အဲဒီဇရပ်မှာ အချိန်တော်တော်ကြာသွားတယ်.... သမထအားကလဲ ကောင်းလာခဲ့တယ်... အင်းကွက်တွေဆွဲတာလဲ... ၃၂ကွက်ထိ တိုးလာတယ်.... နောက်ဆုံးဗျာ... အဲဒီဇရပ်မှာပဲ အင်းကွက် ၆၂ကွက်ထိ ရလာခဲ့တယ်.... စေတီကတော့ ၅၄ဆူထိ တည်ထားနိုင်ခဲ့တယ်... သမထအားနဲ့ စမအင်းကွက်တွေရဲ့ အစွမ်းကြောင့်လဲ သာမန်လူတွေ မမြင်နိုင်တဲ့ အရာတွေကို ကျုပ်မြင်လာရတယ်...အဲဒီ သချိုင်းမှာရှိတဲ့ တစ္ဆေသရဲတွေကတော့ ကျုပ်ကို ကောင်းကောင်းသိနေကြပီ.... အန္တရာယ်ပေးဖို့ မပြောနဲ့ ညဖက်.... ကျုပ်တရားထိုင်နေရင်တောင်... အနားကနေ စောင့်ရှောက်ပေးကြတယ်.... နောက်တော့ ဆရာကြီးဆီမှာ ကျွန်တော်ခွင့်တစ်ခုတောင်းခဲ့ တယ်.... ကျွန်တော်ရွာပြန်ချင်တယ်ပေါ့... ကျုပ်ညီမလေးကို ပြုစားခဲ့တဲ့သူကို ကျုပ်ပြန်လက်စားချေချင်တယ်.. ဆိုပြီးတော့ ခွင့်တောင်းတော့ ဆရာကြီးက... အင်း...လာမည့် တန်ဆောင်မုန်း လဆန်း ၃ရက်နေ့ဆို မင်းငါ့ဆီ ရောက်လာတာ... ၃နှစ် တင်းတင်းပြည့်ခဲ့ပီ... ပညာတွေလဲ တတ်သင့်သလောက် တတ်နေပီ... တော်ရုံ စုန်းတွေ ကေ၀တွေကတော့ မင်းကို မယှဉ်နိုင်ဘူး. အေး..အင်းသွားချင်တယ်ဆို သွားပေါ့ကွာ.... ငါလဲ လိုက်လာခဲ့မယ်.... ဆိုပြီးခွင့်ပြုလို့ ကျွန်တော် ဒီရောက်လာတာပဲ...အဘိုးခင်... အဲဒါကတော့ ကျွန်တော့်ဘ၀ ဇာတ်ကြောင်းပဲ...ဆိုပြီးပြောတော့ အဘိုးခင်က .... ဟေ.. ဒါဆို မင်းဆရာလဲ ပါလာ တာပေါ့.. သူက ဘယ်မှာနေခဲ့လဲ..... သူက ရွာထဲမ၀င်တော့ဘူးတဲ့ ရွာပြင် ဇရပ်မှာပဲ နေနေတယ်.... ဒီည ကျွန်တော် ရွာပြင် ဇရပ်မှာပဲ ညအိပ်မယ်.....အဘိုးခင် ... ကဲ..အချိန်လဲ လင့်နေပီ.. ကျုပ်ကို ခွင့်ပြုဦး... မနက်ဖြန်မှ အမေ့ဆီ .သွားလိုက်တော့မယ်... ...... အေးအေး... သေချာသတိထားပြီး သွားဦး.... အဘိုးခင်လဲ... ဒေါ်ဘုမ အခြေအနေကို သွားအကဲခတ်လိုက်ဦးမယ်..... ..... နောက်ပြီး အဘိုးခင်တို့ရွာနားချုပ်စပ်မှာ... ဒေါ်ဘုမထက် ပိုတော်တဲ့ အောက်လမ်းဆရာ ထပ်ရှိလိမ့်ဦးမယ်.... အဲဒါ... တစ်စုံတစ်ခု ထူးခြားရင်... ကျုပ်ကို ပြောဦး. ဒီညက နတ်တော်လပြည့်နေ့ ဆိုတော့.... သူတို့ ပျော်မြူး ပညာပြိုင်တဲ့ ကာလပဲ.... ကျုပ်တို့ဒီညတစ်ချက် စောင့်ကြည့်လိုက်မယ်.... အဘိုးခင်လဲ နားတော့လေ.... နောက်မှ ဆုံကြတာပေါ့ ဆိုပြီး ရွာပြင်ဇရပ်က ဆရာကြီးဆီကို ထွက်လာခဲ့လိုက်တယ်.. ညဘက်ရောက်တော့ လုပ်စရာရှိတာ လုပ်ပြီး.. စမအင်းကွက်ထိုင်ဆွဲနေတဲ့အချိန်.... ဟေ့ အောင်မြတ််သာ လာကြည့်စမ်း... ဆိုပြီး ဆရာကြီးခေါ်သံကြောင့် ရေးနေတဲ့ စမအင်းကွက် ကို ဘေးမှာချပြီး ထွက်ကြည့်တော့.... ဟိုမှာတွေ့လား...ကောင်းကင်မှာ ပျံနေတာ... ဟုတ်ကဲ့ တွေ့တယ်ဆရာကြီး... တိမ်တွေကြားထဲ မှာ..ပျံနေတာ .. အေး..အဲဒါ တိမ်ညွှန့်စားတဲ့ စုန်းပဲကွ.... သူက အဆင့်မြင့်တယ်... တိမ်ညွန့်တွေကို လပြည့်နေ့ ညမှ လိုက်စားတာ.... ဒါပေမယ့် သူက လူတွေကို ဒုက္ခသိပ်မပေးဘူး... သူပညာတိုးတက်အောင်ပဲ လေ့ကျင့်တယ်... ဒါပေမယ့် သူပြုစားပီ ဆိုရင်လဲ တော်ရုံဆရာ.. လက်လန်ပြေးရလောက်တယ်..... ဒါဆို... ကျွန်တော်တို့ကော.. သူကို နိုင်ပါ့မလား.. ဆိုပြီးမေးတော့... ဆရာကြီးက .. နိုင်ပါတယ် အောင်မြတ်သာရယ်... ငါမဟုတ်ဘူး မင်းအဆင့်နဲ့တောင် နိုင်တယ်.... ငါတို့က အထက်လမ်းစဉ်ကို ကျင့်ကြံနေတဲ့ သူတွေပဲ... အထက်ဆရာကြီးတွေက အမိန့်ချမှတ်ပြီးသား... မင်းကြိုးစားရင် ကြိုးစားသလောက် အစွမ်းတွေ ရလာမှာပဲ.... ကဲကဲ အိပ်တော့ မနက်ကျရင်... အမေကို သွားကန်တော့ရမယ်လေ....ဆိုပြီး သတိပေးတော့မှ... ကျွန်တော်လဲ အိပ်လိုက်တယ်. မနက်ကျတော့ အမေရှိရာ သီလရှင်ကျောင်းကို သွားတော့ အမေ တစ်ဖြစ်လဲ ဆရာလေး က ကျွန်တော်ကို တည်ကြည်လေးနက်တဲ့ သြဝါဒတွေ ပေးခဲ့တယ်... အမေကတော့ ဒီဘ၀မှာ အေးချမ်းနေပါပီတဲ့... ဒကာလေးကပဲ.. လူသားတွေရဲ့ အကျိုးကို ဆက်လက်သယ်ပိုးပါဦး. ဆိုပြီး ဆုတောင်းပေးခဲ့တယ်.... အဲဒါနဲ့ ကျုပ်လဲ.. ရှိခိုးကန်တော့ပြီး ဆရာကြီးဆီ ပြန်လာတော့...... ဇရပ်ထိပ်လဲ ရောက်ကော.... ဆရာကြီးက.. အောင်မြတ်သာရေ... ငါတို့အတွက် အလုပ်က ပေါ်ပီ.... ဟိုဘက်ရွာမှာ လူနာ သွားကြည့်ဖို့ မင်း အဘိုးခင်က လာခေါ်ထားတယ်... အဲဒါ သွားကြစို့.ဆိုတော့.. ကျွန်တော်လဲ... ဆရာကြီးအနောက်က လိုက်သွားခဲ့လိုက်တယ်... သွားနေရင်း ဆရာကြီးက ဒီတစ်ခေါက် လူနာက .. အဘိုးခင်ပြောသလိုဆို ပြုစားခံရတာ သေချာနေပီ . လူနာက မျက်လုံးထဲကနေ သွေးတွေ တစ်စက်ချင်းကျနေတာတဲ့.... ဗျာ... မျက်လုံးထဲကနေ သွေးတွေ ကျနေတယ်.. ထူးဆန်းတယ်နော် ဆရာကြီး.... အေးဟုတ်တယ် အဲဒါ သွေးမျက်ရည်ကျအောင် လုပ်ထားတာ.. ပြုစားထားတာ.. အရမ်းနာကျည်းလို့ လုပ်တယ်ဆို ပိုမှန်မယ်.... ကဲကဲ ဟိုဘက်ရွာကို သွားဖို့.... အဘိုးခင်စောင့်နေပီ... မြန်မြန်လေး.. သွားကြစို့ ဆိုပြီး.. ရွာလယ်က အဘိုးခင်ရဲ့ အိမ်၀ိုင်းရှိရာသို့ ထွက်လာခဲ့လိုက်တော့သည်...... အပိုင်း ( ၅ ) ဆက်လက်ရှုစားပါရန်..
ဘုံဘ၀မှာဖြင့် အပိုင်း ( ၅ ) ################## အောင်မြတ်သာတို့လဲ အဘိုးခင်ရဲ့ ခြံ၀ိုင်းနား လဲရောက်ကော.. အဘိုးခင်က နွားလှည်းပေါ်မှာ အသင့်စောင့်နေလေရဲ့... အော်.. အောင်မြတ်သာတို့တောင် ရောက်လာပီ ကိုးး. ဆရာကြီးလဲ လိုက်လာတာပဲ... ဒါဆို ပိုပြီး အဆင်သင့်တာပေါ့ဗျာ.. ကဲကဲ..အချိန်တောင် လင့်နေပီ.. သွားကြစို့.. ဆိုတော့ ကျုပ်တို့လဲ လှည်းပေါ်တက်ထိုင်ပြီး လိုက်ခဲ့လိုက်တယ်.... လှည်းနောက်က တလိမ့်လိမ့် ထနေတဲ့ ဖုန်လုံး တွေရဲ့ အနောက်မှာ ကျုပ်တို့ သာယာကုန်း ရွာလေးက တဖြေးဖြေး ေ၀းကွာလာတယ်... အဲဒီအချိန် အဘိုးခင်က... အောင်မြတ်သာ.. ခုသွားမယ့် ရွာက မန်ကျီးကုန်း ရွာလေ.... အဲရွာမှာတော့ အရင်က အဲလိုအဖြစ်မျိုး ဖြစ်တာမကြားဖူးဘူး.... ခုကြားလိုက်တော့လဲ မယုံနိုင်စရာပါလားကွယ်.... နေရင်းထိုင်ရင်း မျက်လုံးထဲက သွေးတွေ စီးကျ နေတာလို့ .. အကူအညီလာတောင်းတဲ့ ဦးမြအေး ကပြောတာပဲ... ကျန်တာကတော့.. ဘာမှမဖြစ်ဘူး နေမကောင်းတာ...ဖျားတာ..နာတာ.. မရှိဘူး... အဲဒီတစ်ခုပဲ..ရှိတာ...... ...အင်းး ဟုတ်တယ်နော် အဘိုးခင်.. အရမ်းထူးဆန်းတယ်... ကျွန်တော်လဲ တစ်ခါမှ မကြားဖူးဖူး...ဒါနဲ့ ဆရာကော အဲလိုတွေ ဖြစ်တာ ကြုံဖူးလား....လို့မေးတော့.. .အင်းးး...အဲလိုဖြစ်တာတော့ မကြုံဖူးဖူး... ဒါပေမယ့် အဲလိုဖြစ်တာတော့ ကြားဖူးတယ်... ... မျက်လုံးထဲက သွေးမျက်ရည်ကျအောင် ပြုးစား နိုင်တယ်ဆိုတာ တော်ရုံသာမန် ပညာတော့ မဟုတ်ဘူး အောင်မြတ်သာရေ... ..ပွဲကတော့ ကြည့်ကောင်းမယ့်ပုံ ရှိတယ်... စသည်ဖြင့် ပြောရင်းဆိုရင်း.. လာလိုက်တာ... မန်ကျီးကုန်း ရွာထိပ်တောင် ရောက်လာပါကော.. အဲဒါနဲ့ အဘိုးခင်က... ဟဲ့ သာဒိုးရေ.. မင်းလှည်းကို ရွာအနောက်ပိုင်းက ကိုမြအေးတို့ ခြံ၀ိုင်းဘက်မောင်းသွားကွာ.....လို့ဆိုတော့.. ဆရာကြီးက.... အဘိုးခင်... ခဏလေး... လှည်းကို အရင်ဆုံး ဘုန်းကြီးကျောင်းကို မောင်းသွားပေး ပါလား.... ကျုပ်ဆရာတော်ဆီကနေ ယူစရာ ပစ္စည်းလေး ရှိနေလို့.... ဟုတ်လားး.. ဆရာတော်နဲ့ မင်းက သိလို့လား... မသိပါဘူး...ဒါပေမယ့် အရေးကြီးတဲ့ ပစ္စည်းတစ်ခု စွန့်ခိုင်းစရာ ရှိလို့ပါလို့ဆိုတော့.... အောင်မြတ်သာနဲ့ အဘိုးခင်ကတော့... ဘာများ အကူအညီတောင်းမလဲ ဆိုပြီး စိတ်၀င်တစား ဖြစ်နေတော့တာပေါ့.... အဲဒါနဲ့ သာဒိုးကို ရွာဦးကျောင်းဘက် ပြန်လှည့်ခိုင်းပြီး... ဘုန်းကြီးကျောင်း ရောက်တော့ သုံးယောက်သား... ဆရာတော်ကို ၀င်ဖူးကန်တော့ ပြီးနောက် ဦးတိက္ခက... အရှင်ဘုရား... တပည့်တော်က တခြားနယ်ကပါ ဘုရား...ဒီလူငယ်လေးနဲ့ အဘိုးခင်ကတော့ သာယာကုန်း ရွာကပါ ဘုရား... အခုတပည့်တော်တို့... ဒီရွာမှာ ရောဂါလာကုတာပါ ဘုရား.... အဲလိုကုတဲ့အခါမှာ ဆရာတော်ရဲ့ သင်္ကန်းစလေးက မရှိမဖြစ် လိုအပ် လို့ပါဘုရား.... သင်္ကန်းက အသစ်မဟုတ်ရပါဘူး ဘုရား... ဖြစ်နိုင်ရင် အရှင်ဘုရား ခြေထောက်သုတ်တဲ့ သင်္ကန်းစုတ်ဆို ပိုကောင်း ပါတယ် ဘုရား...လို့ဆိုတော့... ဆရာတော်က ..အိမ်းးးး.. လောကီ ကိစ္စတွေ တယ်လဲ ရှုပ်ထွေးသကိုး... ဘာကြောင့်လဲတော့ ဆရာတော်မမေးတော့ဘူး... ဟိုမှာ ဆရာတော် ၀တ်တဲ့သင်္ကန်းကို ခြေထောက်သုတ် လုပ်ထားတာ ရှိတယ်...အဲဒါကို ယူသွားပေါ့....ဆိုပြီး စွန့်ကျဲတော့... ဦးတိက္ခ က သင်္ကန်းစကို ယူခဲ့တာကို အဘိုးခင်နဲ့ အောင်မြတ်သာကတော့... ဘာလို့ယူခဲ့မှန်း မသိ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက် မိတယ်..... အဲလိုနဲ့ လူနာအိမ်ရောက်တော့... လူနာက.. အခန့်သား ထိုင်နေတာကို တွေ့လိုက်ရတယ်... ဒါမယ့် မျက်လုံးတစ်၀ိုက်မှာတော့ သွေးစတွေ ပေကျံနေတာ... ဘေးမှာလဲ သွေးတွေပေနေတဲ့ အ၀တ်တွေ.... သေချာပီပေါ့... ဒါပြုစားခံရပီ... အဲဒါနဲ့ ဆရာကြီးက အောင်မြတ်သာ... မင်း လုပ်စရာ ရှိတာ လုပ်တော့ကွာ... ဆိုပြီး ခွင့်ပြု လိုက်တော့ ကျုပ်လဲ လူနာကို အရှေ့မှာထားပြီး.. ဘုရားရှိခိုး..အမျှေ၀.. မေတ္တာပို့.. အထက််ဆရာကြီးတွေနဲ့ နတ်တွေအားလုံးကို တိုင်တည်ပြီး ရောဂါကုသခြင်းကို စတင် လိုက်တယ်.... ပြုစားခံရတဲ့ လူနာက အမျိုးသမီးဗျ... အသက်က ၄၅ လောက်ပဲရှိသေးတယ်... ရွှေတွေ၀တ်ထား တာလဲ.. သီးနေတာပဲ.... အဲဒါနဲ့ ကျုပ်လဲ လူနာရဲ့ မျက်လုံးကို သေချာအာရုံစိုက်ကြည့်ပြီး ဘယ်သူ လုပ်တာလဲလို့... မနောမှာ အာရုံခံလိုက်တာ.. အာရုံမှာ အမျိုးသမီးငယ်တစ်ယောက်ရဲ့ မျက်နှာ လာပေါ်တယ်.... ကျုပ်သိလိုက်ပီ.. အဲဒါနဲ့ ကျုပ်လဲ အမိန့်ပြန်တမ်းတွေ..ထုတ်.. .. ပြီးတာနဲ့ .. ပြုစားထားသူမည်သူမဆို ငါရှေ့အရောက် ချက်ချင်းရောက်စေ... အထက်ဆရာကြီးနဲ့ ငါအောင်မြတ်သာရဲ့ အမိန့် ဆိုပြီး... ကြမ်းပြင်ကို လက်နဲ့ ပုတ်လိုက်တာ... ခဏနေတော့... ပြုစားခံနေရတဲ့ လူနာက ဗြုန်းဆို ထထိုင်ပြီး.... ကျွန်တော်ကို.. မျက်ထောင့်နီကြီး နဲ့ ကြည့်နေတာ...ပြီးတော့.. ဘာတုန်း...ကျုပ်ကိုခေါ်ပြီး ဘာလုပ်မလို့တုန်း... ရုတ်တရက်ကြီး ထထိုင်ပြီး အဲလိုမေးတော့ ဘေးမှာထိုင်နေတဲ့လူတွေ အားလုံး လန့်သွားတယ် ကျုပ်လဲ ဆရာကြီးကို လှမ်းကြည့်ပြီး ပြုံးပြလိုက် တယ်.... ဆရာကြီးကလဲ ကျုပ်ကို ခေါင်းပြန်ဆတ် ပြတယ်... ငါ ရှိနေတယ်ဆိုတဲ့သဘောပေါ့... အဲဒါနဲ့ ကျုပ်လဲ.... မင်းဘယ်သူလဲ... ဘာအတွက်ကြောင့်..ဒီလိုလုပ်ရတာလဲ.. ဆိုပြီးမေးတော့... ကျုပ်မိသားစုအပေါ် ဒီမိန်းမက မျက်ရည်တွေ အကြိမ်ကြိမ်ကျအောင် မတရား နှိပ်စက်ခဲ့တာ... အဲအတွက်ကြောင့် ကျုပ်လုပ်ရတာ.... ကျုပ်ဒီလိုလုပ်တာကို မကျေနပ်ဘူးလား.... ဟားဟားဟားဟား.. ကျုပ်နဲ့ပညာချင်း ပြိုင်မလို့လား.... မလောက်လေး မလောက်စား ကောင်ကများ... နို့နံ့တောင် စင်သေးရဲ့လား ကိုယ့်ကိုယ်ကို မေးကြည့်ပါဦး ဆိုပြီး စလာတာနဲ့ ၀ုန်းဒိုင်းကျဲတော့တာပဲ... အဲဒါကို အောင်မြတ်သာက... ဘာမှမပြောပဲ.. လေထဲမှာ ၄ကွက်အင်း ၁ကွက် ဆွဲ လိုက်တာကို ဆရာကြီးတိက္ခက .လှမ်းမြင်လိုက်တယ်.... အောင်မြတ်သာလဲ စိတ်ကို စုစည်းပြီး .. မိမိဆွဲထားတဲ့ လေးကွက်အင်းကို ကြည့်လိုက်တာ လေထဲမှာ လေးကွက်အင်းက ရွှေရောင် တဖိတ်ဖိတ်တောက်ပြီးတော့ လွှင့်နေတာ... အောင်မြတ်သာအရှေ့မှာ ကာထားပေးတယ်... အောင်မြတ်သာလဲ မိမိဘက်က.. ပြင်ဆင်စရာ ရှိတာပြင်ဆင်ပြီးပြီဆိုတော့.... ကဲ .. ကျုပ်ပညာကို ခင်ဗျားအရင်စမ်းကြည့်လေ... ခင်ဗျားနိုင်ရင်တော့ ကျုပ်အသက်ကို ခင်ဗျား ယူသွား... တကယ်လို့ ခင်ဗျား ရှုံးခဲ့ရင်တော့ ခင်ဗျား ပညာတွေအားလုံးကို လှူသွားပါ .. ဘယ်လိုလဲ.. အဲလိုစိန်ခေါ်လိုက်ရော.... ၀င်ပူးနေတဲ့သူက... ဟက်ဟက်ဟက်ဟက်... စိန်လိုက်လေ...ခင်ဗျား သေဖို့ပြင်တော့ ဆိုပြီး.. ဘေးမှာချထားတဲ့ မြေပဲလှော်တွေကို ယူပြီး ကျုပ်ဆီကို ပစ်ထည့်လိုက်တာ.... မြေပဲလှော်တွေက တ၀ီး၀ီးနဲ့ တောကြီးပျားတွေ အဖြစ် ပြောင်းသွားတာ.... အဲဒါကို ကျုပ်ပဲ မြင်ရတယ်.... ဘေးလူတွေကတော့ မြေပဲနဲ့ လှမ်းပစ်တာပေါ့....အဲလိုပဲထင်တာ... ကျုပ်မျက်လုံးထဲမှာ ပျားကောင်တွေ ၀ီး၀ီး အော်ပြီး တုတ်ဖို့ ပျံလာတာ..မြင်နေရတယ်... ဒါပေမယ့်... ကျုပ်ဆွဲထားတဲ့ လေးကွက်အင်း.. အနားရောက်တာနဲ့... ဘုတ်ဘုတ်ဆိုပြီး မြေပဲတွေ အဖြစ် ကြမ်းပေါ်ကျလာတယ်... ပြီးပီလား... မပြီးသေးဘူးဗျ.. ဟိုကလဲ လက်မလျော့သေးဘူး.... ၀ုန်းဆို ထရပ်ပြီး... လက်နှစ်ဖက်ကို ဆန့်တန်းလိုက်တာ... လက်ထဲကနေ အခိုးငွေ့တွေ ထွက်လာတာဗျာ.. ဘေးလူတွေကတော့ ဘာထလုပ်တာလဲပေါ့... ဒါမယ့် ကျုပ်နဲ့ ဆရာကြီးကတော့ အားလုံး မြင်နေရတယ်... အဲလိုအခိုးငွေ့တွေကနေ ခွေးနက်ကြီးတစ်ကောင် ဖြစ်ပြီး ကျုပ်ဆီ မာန်ဖီပြီး ပြေးလာတာမြင်တော့ ဆရာကြီးက ကျုပ်ကို သတိထား ဆိုပြီး လှမ်းသတိပေးတာ.. ကြားလိုက် တယ်.... အဲဒီခွေးနက်ကြီးက ကျုပ်ကို တစစီ လုပ်ဖို့ပြေးအလာ.... ကျုပ်ဆွဲထားတဲ့ လေးကွက်အင်းထဲကနေ... ဗြုန်းဆို... ကိုးတောင်ကျားတစ်ကောင်..ခုန်ထွက်လာတာဗျာ. ကျုပ်ဖြင့် တစ်ခါမှ မမြင်ဘူးဘူး.... မာန်ဖီဟိန်းဟောက်ရင်းနဲ့ ခွေးနက်ကြီးကို.. ၀င်ဆွဲတာ.... ခွေးနက်ကြီးလဲ.. မနိုင်တော့.. ၀ုန်းဆို အိမ်အောက်ပြေးဆင်းပါလေရော... ပြုစားထားတဲ့ မိန်းမလဲ မနိုင်မှန်းသိတာနဲ့ ... ပူးကပ်နေတဲ့ ခန္ဓာကနေ ခွာပြီး..သူနေရာမှာ အမွှေးရှည်ရှည် သရဲတစ်ကောင်ကို ပြောင်းထည့်ပြီး ထွက်ပြေးတာ.... အဲဒါကို ဆရာကြီးနဲ့ ကျုပ်ကမြင်တော့... ကျုပ်ကလဲ ဘာလုပ်လို့ လုပ်ရမလဲ ကြောင်နေတုန်း... ဆရာကြီးက .. ထွက်ပြေးတဲ့ .. မိန်းမကို လက်ညိုးထိုးပြီး... ရပ်စမ်းးးလို့ဆိုတာနဲ့... ဟိုကပြေးလို့မရတော့ဘူး.... ဘေးမှာ ဘယ်ကဘယ်လို ရောက်လာတဲ့ ပုဂိ္ဂုလ်တွေလဲ မသိဘူး.... အဲဒီမိန်းမကို ချုပ်ထားတာ..... အဲဒါနဲ့ ကျုပ်လဲ လူနာကို ကြည့်လိုက်တော့ လူနာကိုယ်ထဲမှာ... မကောင်းဆိုးဝါး တစ်ကောင် ၀င်ပူးနေပီ... အဲမှာပဲ ကျုပ်ကို ဆရာကြီးက... အောင်မြတ်သာ.. အဲဒီကိစ္စ ငါကြိုသိနေတယ်.. ဒီလိုဖြစ်မယ်ဆိုတာ သိလို့.. ဆရာတော်ဆီက သင်္ကန်းတောင်း လာတာ...... ငါအဲဒီ ကောင်ကို ထုတ်ပြမယ်.. မင်း အတွက်လဲ နောက်ဆို အသုံး၀င်ကောင်း ၀င်လာပါ လိမ့်မယ်... ဟိုတစ်ယောက်ကိုတော့ ချုပ်ခိုင်းထား တယ်... သူဘယ်မှ သွားလို့မရဘူး....ဆိုပြီး.. ဆရာကြီးက သင်္ကန်းစကို သုံးစခွဲပြီး ကျစ်ဆံမြီး ပုံစံ... ကျစ်လိုက်တယ်... ပြီးတော့.. အောက်ခြေကို ခြေသုံးချောင်းဖြစ်အောင် လုပ်ပြီး ပန်းကန်တစ်ခုထဲမှာ ထောင်ထားလိုက်တယ်... ပြီးတာနဲ့ သူဆွဲနေတဲ့ အင်းစမစာလုံးတွေကို မနားတမ်း ရွတ်တော့တာပဲ... ဘယ်နှစ်ခေါက်မှန်း ကျွန်တော်လဲ မသိတော့ဘူး... ပြီးတာနဲ့... ပန်းကန်ထဲကို ဆီလောင်းထည့်ပြီး....အဲဒီ သင်္ကန်းစကို မီးရှို့လိုက်တယ်.... သင်္ကန်းစက တမြေ့မြေ့ လောင်ကျွမ်းလာတာ.... ကုန်ခါနီး လေလေ.. ၀င်ပူးနေတဲ့ကောင်က ဂနာမငြိမ် ဖြစ်လေပဲ.... မကြာပါဘူး... သင်္ကန်းစလဲ ကုန်.. အဲဒီ ၀င်ပူးနေတဲ့ ကောင်လဲ.... ထွက်ပြေးတာပဲ... ကျွန်တော်သိလိုက်ပီ... ဆရာကြီးက အမိန့်သုံးပြီး ထုတ်လို့ရရဲ့သားနဲ့ ကျွန်တော်သိအောင် တမင် လက်တွေ့ စမ်းပြတာ... နောက်ပြီး ဆရာကြီးပြောတယ်... အဲဒါ သင်္ကန်းသုံးချောင်း ထောက် ဖုတ်ထုတ်နည်းတဲ့.... ဖုတ်၀င်လဲ အဲဒီနည်းကို သုံးပြီးထုတ်လို့ရတယ်လို့ ပြောပြ တယ်... နောက်တော့ ချုပ်ထားတဲ့ သူကို ပြန်ခေါ်....သူပြုစားထားတဲ့ ပညာတွေကို ပြန်နှုတ်ခိုင်းပြီး မေးမှ... ဖြစ်ကြောင်းကုန် စင်ကို သိရတယ်.... အခုခံစားနေရတဲ့ သူက အတိုးချေးစားတာ... မတရားအတိုးတွေ ယူ... ဖြစ်ချင်တော့ အခုပြုစားထားတဲ့ သူဆီက အတိုးမပေးနိုင်လို့ .. သူတို့သားအမိ ထမင်းစားနေချိန် လာပြီး ထမင်းပန်းကန်ကို လွှင့်ပစ်လိုက်လို့ ... အခုလိုလုပ်ရတာဖြစ်ကြောင်း.. သူအနေနဲ့ ဆရာတို့ကို မနိုင်သဖြင့် ပညာတွေ အကုန်ပြန်ယူသွားမယ်... ဆိုတော့ ဆရာကြီးက သာဓု ၃ ကြိမ် ခေါ်လိုက်တယ်... နောက်တော့ ပညာတွေ ဘုရားမှာ လှူခိုင်းတော့.... သူက မလှူဘူး... သူပညာတွေကို သူမလှူဘူး.... ကျွန်တော်နဲ့ ဆရာကြီးလဲ အတန်တန် နားချသော်လည်း... မလှူပဲ... သူကိုယ်သူ သတ်သေသွားတယ်.... ကျုပ်လဲတော်တော် စိတ်မကောင်းဖြစ်သွားတယ်... ကျုပ်တို့ကြောင့် လူတစ်ယောက် သေဆုံးသွားရပီ... ကျုပ်တို့ မဖြောင်းဖျနိုင်ခဲ့လို့ဆိုပြီး စိတ်လဲထိခိုက်သွားတယ်... အဲဒါနဲ့ လူနာလဲ ပြန်ကောင်းသွားတယ်.... ကျုပ်လဲ အဲလို ကုတဲ့ ဘက်ကို စိတ်သိပ်မလည်တော့ဘူး.... သမထလုပ်တဲ့ အလုပ်ကိုပဲ တစ်စိုက်မတ်မတ် လုပ်ခဲ့မိတယ်.... ကျုပ်ရဲ့စိတ်ကလဲ သမထအပေါ် သာယာလာခဲ့တယ်... အမြဲတမ်း အချိန်ပြည့် တရားထိုင်နေရရင် ဘာဆို ဘာမှ မသိလောက် အောင်... တည်ငြိမ်အေးချမ်းလာခဲ့တယ်... ဆရာကြီးကတော့ မေးပါတယ်... မင်း ထွက်ရပ်လမ်းစဉ်လိုက်မလို့လားတဲ့.... ကျုပ်လဲ ဟုတ်တယ်လို့ ပြန်ဖြေလိုက်တယ်.... ကျုပ်နောင်ပွင့်တဲ့ ဘုရားကို စောင့်ပြီး ဖူးမျှော်ချင် တယ်လို့ ပြောလိုက်တယ်... တစ်နေ့ ကျုပ်တရားထိုင်နေတုန်း.... ကျုပ်စိတ်က နေရာတစ်ခုကို ရောက်သွားတယ်... အဲဒီနေရာက အရမ်းအေးချမ်းပြီး ကျေးငှက်တွေ အော်မြည်သံ ကလွဲပြီး တိတ်ဆိတ်နေတယ်.... အဲဒီမှာ ကျုပ်တွေ့လိုက်ရတာက... ဆာဒူးကြီးတွေ ၀တ်ဖြူစင်ကြယ်နဲ့ပုဂိ္ဂုလ်တွေ.. ယောဂီ၀တ်စုံနဲ့ လူတွေ ဥဒဟို သွားလာလှုပ်ရှားနေကြတယ်... ကျုပ်လဲ လိုက်ငေးနေတုန်း..... ဟေ့ ကောင်လေး.. ဆိုပြီး ကျုပ်ပခုံးကို လာပုတ်လို့ လှည့်ကြည့် လိုက်တာ..... ဆရာတော်တစ်ပါးပဲဗျ... မျက်လုံးက တစ်ဖက်က သေးပြီး တစ်ဖက်က ကြီးနေတယ်.. အဲဒီဆရာတော်က ဟေ့ကောင်လေး.. မင်းဒီကို ဘာလာ လုပ်တာလဲ... မင်းလာဖို့ အချိန်မတန် သေးဘူး.... သွားသွားး.ပြန်တော့ ပြန်တော့ ဆိုပြီး ကျုပ်ကို မောင်းထုတ်တယ်..... ကျုပ်လဲ ဆရာတော်က ဘယ်သူလဲလို့ မေးလိုက် မိတယ်... အဲလိုမေးလိုက်တော့.. ဆရာတော်က ငါ့နာမည်က ... အရှင်အဇ္ဇဂေါဏ.. ဟင်...... အရှင်အဇ္ဇဂေါဏဟုတ်လား... ဒါဆို ဒါဆို...အခုကျွန်တော်ရောက်နေတဲ့ နေရာက ?? အပိုင်း ၆ ဇာတ်သိမ်ပိုင်း . ဆက်လက် ရှုစားပါရန်....
ဘုံဘ၀မှာဖြင့် အပိုင်း ( ၆ ) ဇာတ်သိမ်းပိုင်း ###################### အောင်မြတ်သာတစ်ယောက် အံ့အားသင့်သွား တယ်.. အရှင်အဇ္ဇဂေါဏဆိုတာ သူသိတာပေါ့ ပုဂံခေတ်က မုဆိုးမတောင် ဘုရားတည်နိုင်အောင် မစခဲ့တဲ့ ထွက်ရပ်ပေါက် ဆရာတော်ကြီးပဲ... ဒါဆို ဒါဆို... ကျွန်တော်အခု ရောက်နေတဲ့ နေရာက... စကားတွေပါ ထစ်ထစ်ငေါ့ငေါ့ဖြစ်ကုန်တယ်... အဲဒီအချိန်.. အေးဟုတ်တယ်.. မင်းထင်တဲ့နေရာပဲ ဒီနေရာက ထွက်ရပ်ပေါက် ပုဂ္ဂိိုလ်တွေ စုေ၀းရာ မဟာမြိုင်တောကြီးပဲ... မင်းရဲ့ပါရမီနဲ့ ကျင့်ကြံ စွမ်းအားက ဒီကို ရောက်နိုင်ခဲ့တယ်... ဒါပေမယ့် ခုက အပြီးတိုင်မဟုတ်သေးဘူး.. မင်းမှာ လိုအပ်ချက်လေးတွေ ရှိနေသေးတယ်... ခုတော့ ခဏအလည်လာတယ်လို့ပဲ... သဘောထားလိုက် ဒါပေမယ့် မင်းရဲ့ကျင့်ကြံစွမ်းအားတွေက မကြာမီ ကာလအတွင်း မင်းကို ဒီနေရာ ရောက်အောင် ပို့ဆောင်ပေးလိမ့်မယ်.... ခုတော့ ရောက်တုန်းရောက်ခိုက်.. မင်းကို ဒီက ပုဂ္ဂိုလ်တွေနဲ့ မိတ်ဆက်ပေးရတာပေါ့...ဆိုပြီး အရှေ့က ဖြေးဖြေးချင်း လမ်းလျောက်သွားတယ်.. ကျုပ်လဲ အနောက်ကနေ ပြေးလိုက်သွား မိတယ်.. တောရဲ့တစ်နေရာရောက်တော့ .. သစ်ပင်တစ်ပင် အောက်မှာ.. တင်ပလ္လင်ခွေကြီးထိုင်ပြီး ဆေးပြင်းလိပ်ခဲနေတဲ့ ဆံပင်ရှည်ရှည်.. အဘတစ်ယောက်ကို တွေ့လိုက်ရတယ်.... အဲဒီအဘက ကျုပ်ကိုတွေ့တာနဲ့ ထလာပြီး ဗြုန်းဗြုန်းဆိုပြီး နားထင်ကို ၂ချက် ရိုက်ချလိုက်တယ်.... ကျုပ်လဲ နားတွေထူပူပြီး ်ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ဘူး... ဘေးမှာ ရပ်နေတဲ့ အရှင်အဉ္ဇဂေါနက ကျုပ်ကို ကြည့်ပြီးပြုံးနေတယ်.... အဲဒီအချိန် ဆံပင်ရှည်ရှည်နဲ့ အဘက ဟေ့ကောင် မင်းဒီကို လာမယ့်အချိန်မဟုတ်သေးဘူး.. အချိန်မကျသေးဘူးကွ.. မင်းအတွက် အချိန်ကျတဲ့ နေ့ ငါတို့လာခေါ်မယ်... သွား..ခုချက်ချင်းပြန် တော့....ဆိုပြီး အတင်းကို မောင်းထုတ်တာပဲ... ကျုပ်လဲ မရဲတရဲနဲ့ အဘ နာမည် ဘယ်လိုခေါ်လဲ လို့မေးလိုက်တယ်.... အဲလိုမေးလိုက်တယ်ဆိုရင်ပဲ... ဆေးပြင်းလိပ်ကြီး ကို ဘုတ်ခနဲ ပစ်ချလိုက်ပြီး.... ဟေ့ကောင် ငါ့နာမည် ဘိုးမင်းခေါင်ကွ... မသေမချင်းမှတ်ထား. ဆိုပြီး ကျုပ်ရဲ့ ခေါင်းကို လာပုတ်တယ်ဗျ... ပြီးတော့ ရီပြီး... မင်းအသက်အရွယ်နဲ့ ဒီကိုရောက် လာတာ..မယုံနိုင်စရာပဲဟေ့... ဘာပဲဖြစ်ဖြစ် ၀မ်းသာပါတယ်ကွာ.. ခုတော့ မင်းနေရပ်ကို ခဏပြန်လိုက်ပါဦး.... အချိန်တန်ရင် မင်းနေချင်ရင်တောင် ငါတို့က လာခေါ်မှာ.. ဟားဟားဟားးဟားးးး လို့အော်ရီတဲ့ အချိန်... ကျုပ်ရဲ့ ခန္ဓာကိုယ်က ကြက်တောင်မွှေး တစ်ခုလို ပေါ့ပါးပြီး လေထဲလွင့်သွားတာ.... ကျုပ်လေပေါ်. ပျံနေတယ်ဗျ... ဘေးက သစ်ပင်တွေ သစ်တောတွေ ဆိုတာ ရိပ်ခနဲ ရိပ်ခနဲပဲ မြင်ရတယ်. ခဏကြာတော့ ကျုပ်နေတဲ့ သာယာကုန်းရွာရဲ့.. ရွာပြင် ထန်းတောကို လှမ်းမြင်လိုက်ရတယ်... ကျုပ်.. ရွာကိုပြန်ရောက်လာတာပေါ့.... အဲဒါနဲ့ ကျုပ်နေတဲ့ ဇရပ်နားရောက်တော့ ဇရပ်ဘေးမှာ ဆရာကြီးက ဆေးလိပ်ထိုင်ဖွာနေတယ်... ကျုပ်ခန္ဓာကိုယ်ကတော့ မလှုပ်မယှက် တင်ပလ္လင် ခွေချိတ်ပြီး တရားထိုင်နေတာ...ဒါဆို ဒါဆို.. အခုကျုပ်က .. ခန္ဓာကိုယ်ထဲက စိတ်၀ိဉာဉ်ခဏ ထွက်သွားတာပေါ့.. အဲလိုနဲ့ ကျုပ်လဲ ကျုပ်ခန္ဓာကိုယ်ထဲကို နေသားတကျ ပြန်၀င် လိုက်တယ်... ခဏနေတော့ ကျုပ်သတိရလာပီ.. ခြေထောက်ကို အသာလေးလှုပ်ကြည့်တယ်... ဟာ..လှုပ်လို့ရတယ်ဗျ... အဲဒါနဲ့ ကျုပ်လဲ မျက်လုံးလေးအသာဖွင့်ကြည့်လိုက်တယ်... ကျုပ်တရားထိုင်ဖြုတ်လိုက်ပီ.... အဲဒီအချိန်ပဲ ဆရာကြီးက... ကျုပ်ရှေ့ကို လက်ဖက်ရည် တစ်ခွက်လာချပေးတယ်..ပြီးတော့.. အောင်မြတ်သာ... မင်းရဲ့အဆင့်က ငါ့ကို ကျော်လွန်သွားခဲ့ပြီ... ငါအနှစ်၂၀လုံးလုံး ကျင့်ကြံ ခဲ့တာ... မင်းကတော့ ခုမှ ၅နှစ်ပဲ ရှိသေးတယ်.. အရာရာကို ထိုးထွင်းသိမြင်လာခဲ့တယ်.... ကဲကဲ..အခုအဲဒါတွေ မပြောနဲ့တော့... ဒီမှာ လက်ဖက်ရည်သောက်လိုက်... မင်းတရားထိုင် နေတာ.. မနက်ထဲက ခုညနေတောင် စောင်းနေပီ. ကဲကဲ ဆရာကြီးလဲ အဓိဌာန်၀င်လိုက်ဦးမယ်... မင်းလုပ်စရာရှိတာ... ဆက်လုပ်ထားပေါ့ကွာ ဆိုပြီး လွယ်အိတ်တစ်လုံးကို လွယ်ပြီးထွက်သွားလိုက် တယ်... အဲဒါနဲ့ ကျုပ်လဲ မျက်နှာသစ်.. ကိုယ်လက်သန့်စင်ပြီး... တရားပြန်ထိုင်နေလိုက်တယ်... ကျုပ်ရဲ့စိတ်က .. အဲဒီတောကြီးထဲကိုပဲ ပြန်သွားချင်နေတယ်... ကျုပ်မှာလိုအပ်ချက်တွေ ရှိသေးတယ်တဲ့.... ကျုပ်ကျင့်ကြံစွမ်းတွေက.. ဘယ်လောက်တောင် ထူးခြားမှုရှိလဲ ကျုပ်စမ်းသပ် ကြည့်ချင်တယ်.... ကျုပ်လဲ အချိန်ပြည့် တရားပဲ ထိုင်နေမိတယ်.. အင်းကွက်တွေလဲ ကျုပ်မဆွဲတော့ဘူး.... ကျုပ်ရဲ့စိတ်ကို.. အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထားလိုက်တယ်. ပြီးတော့ ကျုပ်ရဲ့စိတ်ကို လိုချင်တဲ့နေရာကို ပို့လွှတ်ကြည့်တယ်... ကျုပ်မျက်လုံးထဲမှာ အရာအားလုံးကို စိတ်ထဲတွေးသမျှတွေ အားလုံး မြင်လာတယ်.... အဲဒီအချိန်... ရွာထဲက ကာလသား ၂ယောက်.. ဟိုဘက်ရွာက ကောင်မလေးကို သွားပိုးဖို့.. အောင်မြတ်သာ နေတဲ့ ဇရပ်းနားကနေ ဖြတ်လာတယ်... အောင်ချို..မင်းပြောတဲ့ ကောင်မလေးက လာမှာ သေချာရဲ့လား... မသေချာရင်.. ငါတို့ကို ဟိုဘက်ရွာက ကောင်တွေ ၀ိုင်းရိုက်မှာနော်.. ဟာ ဒီကောင်တော့... သွေးမရှိဘူးလား.. ငါသေချာမှာထားပါတယ်.. လာမှာပါ.. သူတို့ ရွာထိပ်က ကောက်ရိုးပုံမှာ.. သေချာချိန်းထားပါတယ်..မင်းကလဲ စိတ်မပူနေ ပါနဲ့ကွာ.... အေးပါ..အေးပါ မင်းသေချာရင် ပြီးတာပါပဲ... ဒါနဲ့ ဟိုရှေ့က ဇရပ်မှာ မီးရောင်တွေလိုလို အလင်းရောင်တွေ ထွက်နေပါလား... ဟင်..ဟုတ်လား... အေး...ဟုတ်တယ်ကွ... အောက်လင်းမီးကြီး ထွန်းထားတာလား... ဒီအချိန်အောက်လင်းမီးကို ဘယ်သူထွန်းမှာလဲ.. လာကွာ သွားကြည့်ရအောင်ဆိုပြီး ၂ယောက်သား အသာလေးလျောက်လာခဲ့လိုက်တယ်.. ဇရပ်နားရောက်တော့...... ဟာ..ဟင်.. ဟေ့ကောင်..အဲဒါ အဲဒါ.... ဟိုမှာ.. တရားထိုင်နေတဲ့ သူရဲ့ ခန္ဓာကိုယ်က ထွက်နေတာကွ... အေးကွ... အဲဒါ အောင်မြတ်သာကွ... သူ..သူ.. သူ တန်ခိုးရှင်ဖြစ်နေပီလား.... အောင်ချိုတို့၂ယောက်လဲ.. ကောင်မလေးနဲ့ ချိန်းထားတာကို မေ့သွားပြီး အောင်မြတ်သာကို ကြည့်နေမိတော့တယ်... ဟိုမှာ..ဟိုမှာကြည့်စမ်း.... တရားထိုင်နေရင်း ခန္ဓာကိုယ်က ကြွတက်လာပါလား... အလင်းရောင် တွေကလဲ..ဖြာထွက်နေတာ မျက်လုံးတောင် ကျိမ်းတယ်.... သေချာပီ.. အဲဒါ ဈာန်ရနေတာကွ... အောင်မြတ်သာ... ဈာန်ရနေတာကွ.... လာကွာ အဘိုးခင်ကို သွားပြောပြရအောင် ဆိုပြီး... ရွာဘက်ကို သုတ်သုတ် ပြန်ပြေးပြီး အဘိုးခင်ကို ပြောပြတော့... ဟေ..ဟုတ်ရဲ့လားကွာ...မင်းတို့ကောင်တွေ မူးမူးရူးရူးနဲ့ အမြင်မှားလာပီဖြစ်မယ်.... ဟာ အဘိုးခင်ကလဲ ကျုပ်တို့က အဲလောက်မမူး သေးပါဘူးဗျာ... မယုံရင် အဘိုးခင်ပါ လိုက်ခဲ့...အခုလာ..မြန်မြန်...ဆိုပြီး ၃ယောက်သား ရွာပြင်ဇရပ်ကို ခပ်သွက်သွက် လျောက်လာခဲ့ လိုက်တယ်....ရွာပြင်လဲရောက်ကော... ဘယ်မှာလဲ မင်းတို့ပြောတဲ့ အလင်းရောင်.ငါ့လခွမ်းထဲမှ လူကြီးကို နောက်စရာလား..... ဟိုမှာ အောင်မြတ်သာက အိပ်နေတာ... ဘယ်မှာလဲ မင်းတို့ပြောတဲ့ အရာ.. ဒီကောင်တွေကွာ... ဆိုပြီး ဗြစ်တောက်ဗြစ်တောက် ပြောတာကို.... အောင်ချိုနဲ့ ဘုတင် ၂ယောက်သား ပါးစပ် အဟောင်းသားနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်တယ်... ခုတော့လဲ အောင်မြတ်သာက သူမဟုတ်သလို ပါပဲလား...... အဲဒါနဲ့ ၂ယောက်သား ချိန်းထားတဲ့ ကိစ္စကိုမေ့ပြီး.. အဘိုးခင်ရဲ့နောက်ကို ခေါင်းငိုက်စိုက်ပြီး လိုက်သွားလိုက်တယ်... ဒါပေမယ့် သူတို့၂ယောက်ကတော့... စိတ်ထဲမှာ အံ့သြခြင်း.. မယုံနိုင်ခြင်းစတဲ့ ပဟေဠိတွေ ပြည့် နေခဲ့တယ်.... အဲဒီအချိန်ကစပြီး အောင်မြတ်သာ တစ်ယောက် နေ့ည မပြတ် တရားထိုင်နေတာကို တွေ့ရတော့ တာပဲ..... အဲလိုနေ့ည မပြတ် တရားထိုင်တော့ အရင်ကထက် စိတ်တည်ငြိမ်မှု... သမထအား.. အစစအရာရာ ပိုမိုအားကောင်းလာတယ်... ကျုပ်တရားထိုင်နေရင်ဖြင့် ဘေးမှာ... ၀ိဇ္ဇာတွေ ဇော်ဂျီတွေ...ဟိုဘက်လျောက်လိုက် ဒီဘက်လျောက်လိုက်နဲ့ ကျုပ်ကို ကာကွယ်ပေးနေတာဗျ.... ကျုပ်ရဲ့ ခန္ဓာကိုယ်ကလဲ ပေါ့ပါးပြီး ... အရာရာဟာ အေးချမ်းတည်ငြိမ်လာတယ်.... ကျုပ်နေတဲ့ ဇရပ်ဘေးက သစ်ဆိမ့်ပင်မှာနေတဲ့ ရုက္ခစိုးတောင် တစ်ခါတစ်လေ ကျုပ်ဆီ လာပြီး စကားတွေ လာပြောတယ်ဗျ.... ဘေးလူတွေမြင်ရင် ကျုပ်ရူးနေတယ်လို့ပြောမှာ အသေအချာပဲလေ... ဘာလို့ဆိုတော့ တစ်ယောက်ထဲစကားတွေ ပြောနေတယ်လို့ထင်မှာပဲ.... တစ်ညမှာတော့... ကျုပ်တရားထိုင်ပြီး အိပ်တဲ့အချိန် အိမ်မက်ထဲကို.. ပိတ်ဖြူစင်ကြယ် ၀တ်ထားပြီး... ခေါင်းပေါင်းပေါင်းထားတဲ့ ဥပဓိရုပ် ကောင်းကောင်းလူတစ်ယောက်.. ရောက်လာတယ်..... ပြီးတော့ကျုပ်ကို လူလေး.... မင်း မကြာခင်... မဟာမြိုင်တောထဲကို လာခဲ့ရမယ်... အဲဒီအတွက် မင်းပြင်ဆင်စရာရှိတာ ့ပြင်ဆင်ထားပါ... မင်းကို လာခေါ်ဖို့ ငါတို့ တပေါင်းလပြည့်နေ့ည မှာ ပြန်လာခဲ့မယ်..... အဲလိုပြောပြီး ကျုပ်လဲ အိမ်မက်ထဲကနေ လန့်နိုး လာခဲ့တယ်.... နိုးလာတော့.. ကျုပ်အာခေါင်တွေ ခြောက်ကပ်နေခဲ့တယ်.... အဲဒီမှာပဲ... ဘေးက သစ်ဆိပ့်ပင်က အဘိုးက ဆင်းလာပြီး... ကျုပ်ကို ငွေတကောင်းလေးနဲ့ ရေတစ်ခွက်လာပေးတယ်.... ပြီးတော့...ခုနက မင်းဆီကို ပထမံ ဘိုးဘိုးအောင် လာသွားတယ်မဟုတ်လား....ဆိုပြီးပြောတော့.. ဟင်...အဲဒါ ပထမံ ဘိုးဘိုးအောင်လား... အေး ဟုတ်တယ်.... မင်းကတော့ မကြာခင်မှာ ထွက်ရပ်လမ်းကို မြန်းရတော့မယ်.... သာဓု သာဓု သာဓု.... နောင်ပွင့်မယ့် အရိမေတ္တိယျ ဘုရားကို စောင့်မျှော်ရင်း တရားဘာ၀နာကို ပွားများပေါ့ကွာ.... အဘိုးလဲ ဒီဘ၀နဲ့ နောင်ပွင့်မယ့် ဘုရားကို ဖူးမျှော်ဖို့ စောင့်နေတာ..... အိမ်း... အဘိုးလဲ တရားထိုင်ဖို့ ပြန်တော့မယ် လူလေး... မင်းလဲ .. လုပ်စရာရှိတာ ပြင်ဆင်စရာ ရှိတာပြင် ဆင်ထားတော့... နောက် ၃ရက်ဆို တပေါင်း လပြည့်ပြီ..... အိမ်း... ထွက်ရပ်လမ်းကို လူငယ် တစ်ယောက်မြန်းပြန်ပီဟေ့..... သာဓု သာဓု သာဓု ဆိုပြီး သာဓုခေါ်ပြီး ထွက်သွားတဲ့ ရုက္ခစိုးအဘိုးရဲ့ အသံကို ကြားတော့ ကျုပ်စိတ်ထဲ ဖြစ်လာတဲ့ ပီတိ ကြောင့် တစ်ကိုယ်လုံးအနှံ့မှာ အလင်းရောင်တွေ ထွက်ပေါ်လာခဲ့တယ်.... မနက်မိုးလင်းတော့ ကျုပ်လဲ အဘိုးခင်ဆီ သွားပြီး အဘိုးခင် ကျုပ် တပေါင်းလပြည့်နေ့ဆို ဒီက ထွက်သွားတော့မယ်.... အဲဒါ ကျုပ်မသွားခင်... အဘိုးခင်ကို ပေးခဲ့စရာရှိတယ်.... ကျုပ်ကို ဆီတစ်ပုလင်းလောက် ပေးပါ ဆိုတော့. အဘိုးခင်က....အိမ်ပေါ်ကို တက်ပြီး မြေပဲဆီ တစ်ပုလင်း... သွားယူလာပေးတယ်.... အဲဒါနဲ့ ကျုပ်လဲ သေချာစနစ်တကျ မန်းမှုတ်ရွတ်ဖတ်ပြီး... အဘိုးခင်.. ဒီဆီပုလင်းကို လိုသလို အသုံးပြုပါ... ၀ဋ်နာ ကံနာ ကလွဲပြီး ၉၆ပါးရောဂါ စုန်းတိုက် နတ်တိုက် အမှောင့်ပယောဂ မှန်သမျှ ဒီဆီလိမ်းပေးရုံနဲ့ ပျောက်ကင်းသက်သာပါလိမ့်မယ်..... အခကြေးငွေမယူပဲ လူသားတွေရဲ့ အကျိုးကို ဆောင်ပေးပါအဘိုးခင်... ကဲ ကျုပ်သွားပီ... ကျုပ်ကို ဘာမှ ထပ်မမေးပါနဲ့.. တပေါင်းလပြည့်နေ့ အဘိုးခင်ကော.. ရွာသူ ရွာသားတွေပါ သိရမှာပါ... ကျုပ်သွားတော့မယ်.. ဆိုပြီး အဘိုးခင်ရဲ့ အိမ်၀ိုင်းကို ကျောခိုင်းထွက် လာခဲ့လိုက်တယ်.... အဘိုးခင်ကတော့... ဆီပုလင်းကို ကိုင်ပြီး ပါးစပ်အဟောင်းသားနဲ့ အောင်မြတ်သာ ထွက်သွားတဲ့ အရပ်ကို ငေးကြည့်မိနေတော့တယ်. တပေါင်းလပြည့်နေ့...... အဘိုးခင်လဲ... အောင်မြတ်သာပြောခဲ့တဲ့ အတိုင်း ရွာသူရွာသားတွေကို ခေါ်ပြီး သူနေတဲ့ ဇရပ်လေး ဆီကို ထွက်လာခဲ့လိုက်တယ်... ဇရပ်လဲ ရောက်ကော... အောင်မြတ်သာကို မတွေ့တော့ဘူး... ဒါပေမယ့် သူ၀တ်ခဲ့တဲ့ အ၀တ်အစားလေးကတော့ ပုံလျက်လေး ....... အဘိုးခင်တစ်ယောက် မျက်လုံးအိမ်တွေ ကြားက မျက်ရည်တွေ ကျဆင်းလာတယ်... ဒါပေမယ့် မျက်ရည်တွေကြားက ပြုံးမိလိုက်တယ်.... ဆရာကြီး တိက္ခကတော့... သူလုပ်နေကျ ၆၂ကွက် အင်းကို စိတ်နှစ်ပြီးဆွဲနေလေရဲ့... အောင်မြတ်သာတစ်ယောက်... ထွက်ရပ်လမ်းကို မြန်းသွားခဲ့တယ်ဆိုတာ..... ဆရာကြီးတိက္ခရယ်.. အဘိုးခင်ရယ်.. စာဖတ်သူတွေကလွဲပြီး ဘယ်သူသိနိုင်မှာလဲဗျာ...... ဤနေရာတွင် ကျွန်တော်ရေးသားသော ဘုံဘ၀မှာဖြင့် ၀တ္တု ဇာတ်သိမ်းပါပြီ ..... စာဖတ်ပရိသတ်များအားအစဉ်ထာ၀ရ လေးစားလျက်.....
No comments
Post a Comment