“အောင်မြတ်သာနှင့်ဘိုတဲစောင့်မောင်ဂျော်နီ”

  “အောင်မြတ်သာနှင့်ဘိုတဲစောင့်မောင်ဂျော်နီ” နေမင်းရဲ့အလင်းရောင်က အနောက်ဖက်တောင်ကြောတွေကြားထဲကို တိုးဝင်ပျောက်ကွယ်သွားတဲ့အချိန် အပူချိန်ကသိသိ... thumbnail 1 summary

 “အောင်မြတ်သာနှင့်ဘိုတဲစောင့်မောင်ဂျော်နီ”


နေမင်းရဲ့အလင်းရောင်က အနောက်ဖက်တောင်ကြောတွေကြားထဲကို တိုးဝင်ပျောက်ကွယ်သွားတဲ့အချိန် အပူချိန်ကသိသိသာသာ လျော့နည်းသွားခဲ့တယ်။ မြို့ခံသူတွေကလဲ နေစောင်းပြီမို့ မိမိတို့ရဲ့လုပ်ငန်းခွင်တွေကနေ အနားယူပြီး ပြန်လာခဲ့ကြတယ်။

နယ်မြို့လေးတစ်မြို့ဖြစ်နေတဲ့ ကုန်းမြင့်သာမြို့လေးကတော့ ကိုလိုနီခေတ်မှာအလွန်ကိုစည်ကားတဲ့ မြို့လေးတစ်မြို့ဖြစ်ခဲ့တယ်။ အရေးပိုင်မင်းရုံးစိုက်ရာမြို့ဖြစ်တဲ့အပြင် ဌာနဆိုင်ရာရုံးအတော်များများလဲရှိခဲ့တာမို့ တိုက်တာအဆောက်အဦတွေက အခြားမြို့တွေနဲ့မတူပဲ တစ်မူထူးခြားနေခဲ့တယ်။

မြို့ခံလူထုတွေကတော့ အင်္ဂလိပ်အစိုးရမင်းတွေလက်ထက်ကဆောက်ထားခဲ့တဲ့အဆောက်အဦတွေအနက် မြို့လယ်ခေါင်ကုန်းမြင့်မှာဆောက်ထားတဲ့ ဘိုတဲမှာ အရမ်းကိုအခြောက်အလှန့်ကြမ်းတဲ့နာနာဘာဝတစ်ကောင်ရှိနေတယ်ဆိုပြီးယုံကြည်ထားကြတယ်။

ခေတ်လူငယ်တွေအချို့ကတော့ နာနာဘာဝဆိုတာကိုသိပ်အယုံအကြည်မရှိကြတဲ့အတွက် မထိတထိစနောက်စိန်ခေါ်တဲ့ဖြစ်စဉ်တွေလဲဖြစ်ခဲ့ဖူးတယ်။ အဲဒီထဲကမှ တစ်ယောက်ကတော့ လိပ်ပြာလွင့်တဲ့အထိ ခြောက်လှန့်ခံခဲ့ရတယ်။

သူ့နာမည်က “မြင့်နိုင်”.

———————————-

“လူရဲ့အရှိန်အဝါကို ဘယ်သရဲကမှမခံနိုင်ဘူးဆိုတာ ငါကလက်တွေ့ကွ ..မင်းတို့ပြောပြောနေတဲ့ ဘိုတဲစောင့်သရဲဆိုတာ ငါနဲ့တွေ့ရင် ထပ်မခြောက်ရဲအောင်ဖြစ်သွားစေရမယ်”

မြင့်နိုင်က ထမင်းစားရင်း အာဘောင်အာရင်းသန်သန်ပြောနေတာကို ဘေးကနေဖြတ်သွားတဲ့ သူဌေးရဲ့လူယုံကကြားတော့ အနားကိုလာပြီး

“ဟေ့ကောင် မြင့်နိုင် မင်းတစ်ညလုံး ဘိုတဲမှာအိပ်နိုင်တယ်ဆိုတာ သေချာလား”

“အာစရိကလဲ ကျုပ်က မသေချာပဲပြောမလားဗျ။ သေချာတာကမှ ဟိုဘက်ကမ်းတောင်လွန်သေး”

“အေး မင်းသေချာရင် ငါစပ်ပေးမယ်။ ဟိုနေ့က စက်ရုံကိုလာတဲ့ ပွဲစားစိန်ဟန်ကိုသိတယ်မလား”

“ဟို လေကျယ် လေကျယ်နဲ့ပြောတဲ့တစ်ယောက်လား”

“အေး ဟုတ်တယ် သူကအဲလိုမျိုးတွေအရမ်းဝါသနာပါတာ။မင်းဘက်ကသေချာရင် ငါလုပ်လိုက်တော့မယ်”

“အာစိ ပွဲတည်ပေးရင် ရတဲ့ငွေထဲက ဆယ်ရာခိုင်နှုန်းပေးမယ်ဗျာ”

မြင့်နိုင်စကားကြောင့် သူဌေးလူယုံကိုအောင်သိန်း မျက်နှာဝင်းလက်သွားပြီး လက်ထဲကစာရွက်တွေကို ယပ်တောင်သဖွယ်တစ်ဖျတ်ဖျတ်ခတ်ကာ စက်ရုံထဲဝင်သွားခဲ့တယ်။

မြင့်နိုင်ကတော့ ကိုအောင်သိန်းရဲ့နောက်ကျောကိုကြည့်ပြီး
အောင်နိုင်သူတို့ရဲ့အပြုံးကိုပြုံးကာ ကျန်နေတဲ့ထမင်းလုပ်ကိုပါးစပ်ထဲထိုးထည့်လိုက်တယ်။

နောက်နှစ်ရက်ကြာတော့ ကိုအောင်သိန်းပြန်ရောက်လာပြီး
“မြင့်နိုင် မင်းကိုပြောထားတဲ့ကိစ္စအလုပ်ဖြစ်ပြီကွ။ ပွဲစားစိန်ဟန်က ညနေ ၆နာရီကနေ မနက်၆နာရီထိအိပ်နိုင်ရင် ရွှေစ်ကျပ်သားပေးမယ်တဲ့ကွ။ တစ်ခုတော့ရှိတယ် မင်းတစ်ခုခုဖြစ်ခဲ့ရင်သူတို့နဲ့မဆိုင်ပါဘူးဆိုတဲ့ လက်မှတ်တော့ထိုးပေးရမယ်တဲ့”

“ လက်မှတ်လောက်က အခုထိုးပေးတောင်ရတယ်။ သူတို့ဘက်ကသာ ကတိတည်ပါစေ။ ကျုပ်ကဘယ်နေ့သွားအိပ်ရမှာလဲ”

“ ဒီညပဲငါ့ကောင်၊ အော် ငါတစ်ခုပြောဖို့မေ့သွားတာ သူတို့ကလဲ မင်းကိုခြံအပြင်မလှမ်ရမကမ်းကနေ စောင့်ကြည့်နေမှာ။ သူတို့က မင်းနာမည်ကိုခေါ်တဲ့အချိန်ကျရင်တော့ ပြူတင်းပေါက်ကနေ လက်ထွက်ပြရမယ်။ ဒါမှလဲ မင်းအထဲမှာရှိမရှိသူတို့သိမှာလေ”

“ ရတယ်လေ ကျုပ်သဘောတူတယ်။ အထဲကိုတော့ ကျုပ်ကြိုက်တာယူသွားလို့ရတယ်မလား”

“ မင်းဘက်ကတော့ ကြိုက်တာယူလို့ရတယ်။ ဒီညနေ အသင့်ဖြစ်ရင် နှစ်ဖက်တွေ့ပြီး စကြတာပေါ့”

———————-

ညနေရောက်တော့ ပွဲစားစိန်ဟန်က မြင့်နိုင်အရှေ့မှာတင် ရွှေတစ်ကျပ်သားထည့်ထားတဲ့ဘူးကို ကိုအောင်သိန်း လက်ထဲထည့်ပြီး
“ မင်းနိုင်ရင် ဒီဘူးကိုယူသွားပေတော့။ ကံကောင်းပါစေ ကောင်လေး”လို့ပြောကာ မလှမ်းမကမ်းမှာရှိတဲ့ အိမ်ဘကါကိုထွက်သွားခဲ့တယ်။

မြင့်နိုင်လဲ ဘာမှမပြောပဲ တစ်ညစာအရက်နဲ့အမြည်းတွေထည့်ထားတဲ့ ဆွဲခြင်းကိုဆွဲကာ ပြိုကျလုဆဲဆဲဖြစ်နေတဲ့ ဘိုတဲဆီကိုထွက်လာခဲ့လိုက်တယ်။ တစ်မြို့လုံးက လူတွေကတော့ ဒီအလောင်းအစားကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေခဲ့ကြတယ်။

မြင့်နိုင် ခြံထဲကိုရောက်တော့ ဘေးဘီကိုကြည့်လိုက်ရာ နှစ်ပေါင်းများစွာမရှင်းလင်းပဲပစ်ထားတဲ့အတွက် ခြုံနွယ်ပိတ်ပေါင်းတွေက လူတစ်ရပ်စာလောက်မြင့်တဲ့အထိ ကြီးထွားနေကြတဲ့အပြင် မပြုမပြင်ပဲထားထားတဲ့ဘိုတဲ့အပျက်ကြီးကလဲ နေဝင်ရီတရောအချိန် တစ္ဆေတစ်ကောင်ငုတ်တုတ်ထိုင်နေတဲ့အလားဖြစ်နေတာမြင်လိုက်ရတယ်။

မြင့်နိုင်လဲ လက်ထဲကဆွဲခြင်းကိုကျစ်ကျစ်ပါအောင်ကိုင်ပြီး အိမ်ထဲကိုဝင်လာတဲ့အချိန် လင်းနို့အုပ်တစ်စုက ကြောက်လန့်တစ်ကြားအပြင်ကိုပျံထွက်သွားခဲ့တယ်။ တစ်အိမ်လုံးလင်းနို့ချေးအနံ့တွေအပြင် ပုတ်ပွနေတဲ့ ခိုသေကောင်အချို့ကိုပါတွေ့လိုက်ရတယ်။ ဒီလိုနဲ့ ဆွေးမြေ့နေတဲ့ ကြောင်လိမ်လှေကားပေါ်ကနေ အိမ်ပေါ်ထပ်ထိရောက်အောင်တက်ပြီး အောက်ကိုငုံ့ကြည့်လိုက်တော့ မလှမ်းမကမ်းမှာရှိတဲ့အိမ်ကနေ လက်ပြနေတဲ့ ပွဲစားစိန်ဟန်တို့လူစုကိုမြင်တွေ့လိုက်ရတယ်။

ဒီလိုနဲ့ အိပ်ရမယ့်ကျောတစ်ခင်းစာနေရာကို ပါလာတဲ့စက္ကူအချို့နဲ့ဖုတ်ဖတ်ခါကာသန့်ရှင်းလိုက်ပြီး ခြင်းထဲပါလာတဲ့ အရက်ပုလင်းကိုထုတ်ကာ စိမ်ပြေနပြေသောက်နေခဲ့တယ်။ နေရဲ့အလင်းရောင်ပျောက်လုဆဲဆဲအချိန်ရောက်တော့ အသင့်ပါလာတဲ့ ဖယောင်းတိုင်ကိုထွန်းလိုက်တဲ့အချိန် အိမ်အောက်ထပ်ကနေ ပစ္စည်းတွေကိုတွန်းရွေ့တဲ့အသံကိုစတင်ကြားခဲ့ရတယ်။

“ ဒီကောင်တော့ စပြီထင်တယ်”

မြင့်နိုင်က သွေးအေးစွာရေရွတ်ပြီး အရက်ခွက်နောက် တစ်ခွက်ကိုထုတ်ကာ
“ သောက်တတ်ရင် လာသောက် အသံပေးတာတို့ ဘာတို့လုပ်မနေနဲ့ “လို့ပြောပြီး ခွက်ထဲအရက်ငဲ့ကာအရှေ့ကို ထိုးပေးလိုက်တယ်။

ခဏနေတော့ လှေကားပေါ်ကို တစ်ဒုန်းဒုန်းနဲ့တက်လာတဲ့အသံနဲ့အတူ အလွန်ပြင်းတဲ့သွေးညှီနံ့ကိုပါတစ်ဆက်ထဲ ရလိုက်တယ်။

“ ဟေ့ကောင် အနံ့ပေးလဲ ငါကမကြောက်တတ်ဘူးကွ သောက်စရာရှိလာသောက် “

မြင့်နိုင်က လှေကားထိပ်ကိုကြည့်ပြီးပြောနေတဲ့အချိန်
“ ဟေ့ မြင့်နိုင် ထွက်ပြေးသွားပြီလား ရှိသေးရင် မတ်တပ်ရပ်ပြဦး” ဆိုတဲ့အသံကြောင့် ပြူတင်းပေါက်နားကိုထသွားပြီး

“ ထွက်ပြေးတယ်ဆိုတာ မြင့်နိုင်သမိုင်းမှာမရှိဘူး”လို့ပြန်အော်ကာ ထိုင်လိုက်တဲ့အချိန် အရက်ခွက်ထဲမှာ ဘာမှမရှိတော့တာကို မြင်လိုက်ရတယ်။

“ဟဟဟ မင်းလဲ ငါ့လိုအရက်ကြိုက်တတ်ပါလား။ ရော့ကွာ ထပ်သောက် “

မြင့်နိုင်ထည့်ပေးလိုက်တဲ့အရက်က ခွက်ထဲမရောက်ခင် လေထဲမှာပဲ ပျောက်သွားတာတွေ့တော့ မျက်နှာအနည်းငယ်ပျက်သွားပြီး

“ မင်းက ကျွဲသောက်နွားသောက် သောက်နေပါလား။ အရက်ဆိုတာ ဇိမ်နဲ့သောက်ရတဲ့အရာကွ… တော်ပြီ မင်းကိုမတိုက်တော့ဘူး” လို့ပြောလိုက်တော့ လှေကားထိပ်မှာရှိတဲ့ သစ်သားတုံးက မြင့်နိုင်ဆီကို အရှိန်နဲ့ဝင်လာခဲ့တယ်။

“ ရွှီး ဖြောင်း “

“ ဟာ မင်းက ငါ့ကို သစ်သားတုံးနဲ့ပေါက်တယ်ပေါ့လေ။ အေး ငါကလဲ မင်းကို မမြင်ရလို့သာပေါ့ မြင်ရရင် လက်သီးနဲ့ဆွဲထိုးတယ်”

မြင့်နိုင်ကပြောနေရင်း လက်ခမောင်းကို တစ်ဖြောင်းဖြောင်း မြည်အောင်ခတ်လိုက်ရာ အိပ်ပေါ်ထပ် လှေကားဘေးနားကနေ အရိပ်မဲမဲတစ်ခုပေါ်လာပြီး ကြောက်လန့်ဖွယ်ကောင်းတဲ့ ညဉ်းသံတစ်ခုထွက်လာခဲ့တယ်။

“ဒီကောင် ဘာကောင်လဲဟ “

ဖယောင်းတိုင်မီးရောင်ကြောင့် မသဲကွဲဖြစ်နေတဲ့အတွက် အနားကိုတိုးပြီးကြည့်လိုက်ရာ ခေါင်းမပါပဲ ကိုယ်လုံးကြီးက လက်သီးထိုးတဲ့ဟန်လုပ်နေတာမြင်လိုက်ရတယ်။

တော်ရုံမကြောက်တတ်တဲ့မြင့်နိုင်က အခုလိုပုံကိုမြင်တော့ ကြက်သီးမွှေးညှင်းတွေထလာပြီး အရှေ့ကိုဆက်မတိုးရဲပဲ အနောက်ကိုဆုတ်လိုက်ရာ

“ ဟီးဟီးဟီး “ဆိုတဲ့အသံက နောက်ကျောဘက်ကနေ ထွက်လာခဲ့တယ်။

မြင့်နိုင်လဲကြားလိုက်ရတဲ့အသံကြောင့် အနောက်ကိုလှည့်ကြည့်လိုက်ရာ နီကြောင်ကြောင်ဆံပင်တွေဖွာလန်ကျဲနေတဲ့ ခေါင်းပြတ်ကြီးက ဆွဲခြင်းထဲမှာထည့်ထားတဲ့ အရက်ပုလင်းတွေကိုစုပ်သောက်နေတာကို သွေးပျက်ဖွယ်မြင်လိုက်ရတယ်။

“ အမလေး…. ဘာကြီးတုန်း”

မြင့်နိုင်က ကြောက်လန့်တစ်ကြား ထခုန်လိုက်တော့ ခေါင်းပြတ်ကြီးက ပြူးကျယ်နေတဲ့မျက်လုံးတွေနဲ့ စူးစိုက်ကြည့်ကာ

“ ငါ့အိမ်က ထွက်သွား ၊ မသွားရင် မင်းအသက်ကို နှုတ်ရလိမ့်မယ်” လို့ပြောတော့မှ မြင့်နိုင် အသိဝင်လာပြီး လှေကားအောက်ကို ပြေးဆင်းတဲ့အချိန် ဆွေးမြေ့နေတဲ့ လှေကားထစ်တွေက အရှိန်နဲ့ဆင်းလာတဲ့ဝိတ်ကိုမခံနိုင်ပဲ ကျိုးကျပါလေရော။

ကျယ်လောင်စွာထွက်ပေါ်လာတဲ့ အော်သံက စိန်ဟန်တို့
အဖွဲ့ရဲ့အသံကို ဖောက်ထွင်းနိုင်စွမ်းမရှိခဲ့ပေ။ မနက်ရောက်မှ ဘိုတဲပေါ်ကနေ မြင့်နိုင်မဆင်းလာလို့ လိုက်ကြည့်တော့ လှေကားအောက်မှာ ဇက်ကြီးကျိုးကာ မျက်လုံးပြူးအသက်ပျောက်နေတဲ့ မြင့်နိုင်ကို မြင်လိုက်ရတယ်။

ဒီအဖြစ်တွေဖြစ်ပြီးနောက်မှာတော့ ဘိုတဲအနားကို နေ့လည်ဘက်တောင်သွားရဲတဲ့သူမရှိသလောက်ဖြစ်လာခဲ့တယ်။ အရေးအကြောင်းရှိလို့ ညနေဘက်တွေ ဖြတ်လျောက်သွားတဲ့သူတွေကတော့ ဘိုတဲအပေါ်မှာ ခေါင်းပြတ်နေတဲ့ လူတစ်ယောက်မတ်တပ်ရပ်နေတာမြင်ရသလို၊ အချို့ကျတော့လဲ ခေါင်းတစ်လုံးထဲ အိမ်ထဲလျောက်သွားနေတာကိုမြင်တွေ့ခဲ့ရတယ်။
----------------

ဒီလိုနဲ့ ငါးနှစ်လောက်ကြာတော့ ကုန်းမြင့်သာမြို့ကို မြို့နယ်အဆင့်မြှင့်တင်ဖို့အတွက် မလိုအပ်တဲ့အဆောက်အဦတွေကိုဖျက်သိမ်းဖို့ အမိန့်ကျလာခဲ့တယ်။ ဒီကိစ္စကို မြို့နယ်မြူနီစပယ်အရာရှိဖြစ်သူ ဦးညွန့်လှိုင်က တာဝန်ယူဆောင်ရွက်ခဲ့တယ်။ ဦးညွန့်လှိုင်က လူရိုးလူအေးဘုရားတရားသမားဖြစ်တဲ့အပြင် လာဘ်စားတာတွေမရှိတဲ့အတွက် အထက်ပိုင်းအရာရှိကြီးတွေတောင် လေးစားအားကိုးရတဲ့သူတစ်ဦးဖြစ်ခဲ့တယ်။

ဦးညွန့်လှိုင်လဲ သူ့ကိုယုံကြည်လို့တာဝန်ပေးတဲ့ကိစ္စကို နေ့ရောညပါအားတက်သရောဆောင်ရွက်ခဲ့တာ သုံးလအတွင်း အဆောက်အဦပျက်တွေကုန်သလောက်ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ထုထည်ကြီးကြီးမားမားဆိုလို့ မြို့လယ်က ဘိုတဲတစ်ခုသာကျန်တောတဲ့အချိန် အလုပ်သမားခေါင်းတစ်ဦီးဖြစ်တဲ့ ဘိုတောက် ရုတ်တရက်ဆုံးပါလေရော။

ဦးညွန့်လှိုင်လဲ သူ့တပည့်ရင်းဆုံးသွားတဲ့အတွက် ဘိုတဲကိုဖျက်ဖို့ကိစ္စကို ရက်လည်ပြီးတဲ့ထိ နောက်ဆုတ်ခဲ့တယ်။ ဘိုတောက် ရက်လည်တဲ့နေ့မှာပဲ အရပ်ထောင်ထောင်မောင်းမောင်း၊ အင်္ဂလိပ်မြန်မာကပြားတစ်ယောက်က ဦးညွန့်လှိုင် အိပ်ယာအောက်မှာ မတ်တပ်ရပ်ပြီး

“ ငါ့နေရာကိုဖျက်ဖို့လုပ်နေတာ နင်မဟုတ်လား၊ အေး ငါ့နေနရာကိုဖျက်ရင် နင်လဲဒုက္ခကောင်းကောင်းတွေ့လိမ့်မယ်”လို့ဒေါသတကြီးပြောနေတာကိုအိမ်မက်မက်ခဲ့တယ်။

ဦးညွန့်လှိုင်လဲ စိတ်စွဲပြီးမက်တာဖြစ်မှာပါဆိုပြီး အမှုမဲ့အမှတ်မဲ့နဲ့နေကာ ဘိုတဲကိုဖျက်ဖို့အစီအစဉ်တွေဆွဲခဲ့တယ်။ တကယ်ဖျက်တဲ့နေ့ရောက်တော့ စက်ယန္တရားတွေအလုပ်မလုပ်တော့ပဲ မောင်းတဲ့သူအချို့ဆို ပါးစပ်ထဲကအမြုပ်တွေထွက်ကာ သတိလစ်တဲ့အထိဖြစ်ကုန်တယ်။

အတွေ့အကြုံများတဲ့ဦးညွန့်လှိုင်က အခြေအနေကိုရိပ်စားမိပြီး အထက်ကိုအစီရင်ခံကာ အမိန့်ပြန်တမ်းတောင်းခဲ့တယ်။ အမိန့်ပြန်တမ်းရတော့ ကုန်းမြင့်သာမြို့ရဲ့ အမြင့်ဆုံး အာဏာပိုင်ကိုယ်တိုင်အမိန့်ပြန်နေတဲ့အချိန် အလုပ်သမားအချို့ကိုဝင်ရောက်ပူးကပ်ပါလေရော။

“ ငါနေတဲ့နေရာကို နင်တို့ရဲ့အမိန့်နဲ့ဖယ်ခိုင်းလို့မရဘူး၊ ဒီနေရာမှာငါနေဖို့ အရေးပိုင်မင်း စတိတ်ဂျော့ကိုယ်တိုင် အမိန့်စာနဲ့ထားခဲ့တာ၊ နင်တို့ဆက်လုပ်ရဲရင် ဆက်လုပ်ကြည့်၊ ငါ့အကြောင်းသိစေရမယ်”

တစ်ငိုငိုတစ်ရီရီနဲ့ပူးကပ်ပြီးပြောနေတဲ့အလုပ်သမားတွေကိုမြင်တော့ ဦးညွန့်လှိုင် အရမ်းမလုပ်ရဲတော့ပဲ တစ်မျိုးစဉ်းစားရပြန်တယ်။ အလုပ်သမားတွေကလဲ ဒီလောက်ကြမ်းတဲ့နေရာမှာမလုပ်ဘူးဆိုပြီး ဖြစ်ကုန်ကြတယ်။

ဦးညွန့်လှိုင်လဲ မရတဲ့အဆုံး ထေရ်ကြီးဝါကြီးသံဃာတွေပင့်ဖိတ်ကာ ဘိုတဲပရဝဏ်ထဲမှာ ပရိတ်တရားနာ ကမ္မဝါရွတ်စေခဲ့တယ်။ သံဃာတွေပရိတ်ကမ္မဝါရွတ်ဖတ်နေတဲ့အချိန် အိမ်ပေါ်ကနေ အသံနက်ကြီးနဲ့အော်ပြီး ပြေးဆင်းလာတဲ့အသံတွေ၊ လေမတိုက်ပဲ ဘိုတဲအနောက်က မရမ်းပင်အကိုင်းတွေလှုပ်ရမ်းနေတာကိုမြင်တော့ ဝါအကြီးဆုံးဆရာတော်က
“ ဒကာကြီး ဒီအိမ်မှာရှိတဲ့အစောင့်က ဉူးဇင်းတို့ရွတ်ဖတ်နေချိန် မခံမရပ်နိုင်ပူလောင်ပြီး လှည့်ပတ်ပြေးလွှားနေတာမြင်တော့ စိတ်ထဲမကောင်းလှဘူးကွယ်၊ ဉူးဇင်းတို့လဲ သူတစ်ပါးကို နာကျင်အောင်လုပ်သလိုဖြစ်နေတယ်”

“တပည့်တော် ဘာဆက်လုပ်ရမလဲဘုရား၊ ဒီပုံအတိုင်းဆိုရင် အထက်အရာရှိတွေက တပည့်တော်ကိုနယ်ပြောင်းပြီး အခြားတစ်ယောက်ကိုအစားထိုးကြလိမ့်မယ်၊ အိမ်မှာရှိတဲ့အမျိုးသမီးကလဲ ကျန်းမာရေးမကောင်းတာမို့ နယ်ပြောင်းဖို့ကဘယ်လိုမှအဆင်မပြေဖြစ်နေလို့ပါဘုရား”

“ အိမ်း ဒကာကြီးအဖြစ်ကို ဉူးဇင်း နားလည်ပါတယ်၊ ဒီအိမ်မှာရှိတဲ့အစောင့်က တစ်ခုခုကိုစောင့်ကြပ်နေတဲ့သဘောဖြစ်နေလို့ လောကီဆရာကောင်းတွေနဲ့တိုင်ပင်ပြီး လုပ်သင့်တယ်လို့ အကြံပေးချင်တယ်”

“ ဒီအနီးနားတစ်ဝိုက်မှာလဲ လောကီဆရာတွေမရှိတာကြောင့် ရှိနိုင်မယ့်နေရာကိုလမ်းညွှန်ပေးတော်မူပါဘုရား”

“ အကောင်းဆုံးကတော့ ဘုရားတစ်ဆူဆူမှာ ခုနှစ်ရက်ဖြစ်ဖြစ် ကိုးရက်ဖြစ်ဖြစ် အဓိဌာန်ဝင်ကြည့်ပါ၊ အဓိဌာန်ဝင်နေတဲ့ကာလမှာလဲ ကိုယ်ဖြစ်ချင်တဲ့အရာကို ရည်စူးထားပေါ့ဒကာကြီး”

“တင်ပါဘုရား တပည့်တော် လုပ်ဆောင်ကြည့်ပါမယ်ဘုရား”

“ သာဓု သာဓု သာဓု လိုရာဆန္ဒတွေပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”

ဦးညွန့်လှိုင်လဲ ဆရာတော်ကြီးပြောတဲ့အတိုင်း လုပ်ဖို့ဆုံးဖြတ်ကာ ဘိုတဲဖျက်မယ့်ကိစ္စကို ခေတ္တရပ်ဆိုင်းထားလိုက်တယ်။

——————————

ဆည်းလည်းသံတစ်ချွင်ချွင်က လေအဝှေ့မှာ စည်းချက်ညီစွာထွက်ပေါ်လာသလို င်္အဂါထောင့်ဂြိုလ်တိုင်ကနေဘုရားရှိခိုးမေတ္တာပို့သံကလဲ ဟန်ချက်ညီညီပျံ့လွင့်လာခဲ့တယ်။

“ သာဓု သာဓု သာဓု “

နောက်ကျောဘက်ကနေထွက်လာတဲ့ သာဓုခေါ်သံကြောင့် ဦးညွန့်လှိုင် လက်ထဲကိုင်ထားတဲ့ပုတီးစိပ်ကိုခေါက်ပြီးကြည့်လိုက်ရာ အသက်သုံးဆယ်ဝန်းကျင်လူငယ် တစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ဒီက ဦးလေးက ကုန်းမြင့်သာမြို့ မြူနီစပယ်ရုံးက ဦးညွန့်လှိုင်ဟုတ်ပါတယ်နော်”

“ ဟုတ်ပါတယ် ဟုတ်ပါတယ် မောင်ရင်က ကျုပ်ကိုသိလို့လား”

“ စတိတ်ဂျော့ပိုင်ခဲ့တဲ့ ဘိုတဲကို တာဝန်ယူပြီးဖျက်နေတဲ့ အရာရှိကို မသိစရာလားဗျာ”

“စတိတ်ဂျော့ ဟုတ်လား… ဒီနာမည်ကို မောင်ရင်က ဘယ်လိုသိတာလဲ”

“ ဘာရယ်မဟုတ်ပါဘူး ဒီမနက် လက်ဖက်ရည်ဆိုင်မှာ အိမ်ဖျက်တုန်းက ပါခဲ့တဲ့လူတစ်ယောက်ပြောတဲ့စကားကို ကြားလိုက်မိလို့ပါ။ ဒါနဲ့ ဘိုတဲမှာ ရှိနေတဲ့အစောင့်က အတော်ကြမ်းတယ်ဆို”

“ ဟုတ်တယ် မောင်ရင်ရေ .. ကျုပ်ဘဝမှာအဆောက်အဦအတော်အများများကိုတာဝန်ပြီးဖြိုဖျက်ခဲ့ဖူးတယ်။ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ အစောင့်တွေတောင် အစိုးရရဲ့အမိန့်ကို မလွန်ဆန်ရဲကြဘူး။ ဒါပေမယ့် ဒီကောင်က ဘာကိုမှဂရုမစိုက်ပဲ သောင်းကျန်းတာ။ ဒါကြောင့် စိတ်ညစ်ညစ်နဲ့ ဘုရားပေါ်လာ ပုတီးစိပ်နေခဲ့တာပဲ”

“ ဦးညွန့်လှိုင်ပြောစကားအရဆိုရင် ဘိုတဲမှာရှိနေတဲ့ ကောင်က တစ်ခုခုကိုစွဲလမ်းပြီး မကျွတ်မလွတ်နိုင်ဖြစ်တာနေမယ်။ နောက်ပြီး သူနေတဲ့အိမ်က အရင် အရေးပိုင်မင်းနေခဲ့တာဖြစ်လို့ အမိန့်ကိုမနာခံတာလဲဖြစ်နိုင်တယ်ဗျ”

“ ကျုပ်တော့ ဘယ်လိုလုပ်ရမှန်းမသိတော့ပါဘူး။ သံဃာတော်တွေပင့်ပြီး ကမ္မဝါဖတ်တော့လဲ မထွက်ပဲ တေပေပြီး နေနေတာ။ သံဃာတော်တွေကတော့ လောကီဆရာတစ်ယောက်ယောက်နဲ့တိုင်ပင်ပြီး လုပ်လို့တော့ ပြောခဲ့တယ်”

“ အဟက်ဟက် လောကီဆရာဆိုရင်တော့ ဦးညွန့်လှိုင် အခြားရှာစရာမလိုတော့ဘူးဗျ။ ကျုပ်က ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ နေရာတွေကို သွားပြီးနှိမ်နင်းလာခဲ့တာ။ ကျုပ်ကိုယုံယုံကြည်ကြည်အပ်လို့ရပါတယ်”

လူငယ်ရဲ့စကားကြောင့် ဦးညွန့်လှိုင်မျက်နှာဝင်းလက်သွားပြီး
“ ဒါဖြင့်လဲ ကျုပ်ကိုကူညီပေးပါလား၊ ကျေးဇူးမမေ့ပါဘူး”

“ ကျုပ်ကူညီပေးမှာပါ။ တစ်ခုတော့ရှိတယ်နော် ကျုပ်အိမ်ထဲဝင်ပြီး အစောင့်ကိုဖယ်ရှားနေချိန် အထဲကိုဘယ်သူမှ ဝင်မလာဖို့ ဦးညွန့်လှိုင်က တာဝန်ယူပေးပါ”

“ ရပါတယ် ကျုပ်ဘေးပတ်ဝန်းကျင်ကိုရော အလုပ်သမားတွေကိုရောပြောထားပေးပါမယ်။ ဒါနဲ့ ဆရာလေးက ဘယ်အချိန်စပြီးလုပ်မှာလဲ”

“ ကျုပ်ကဖြစ်နိုင်ရင် ဒီညတောင်လုပ်ချင်တာ၊ ဦးညွန့်လှိုင်တို့ဘက်ကအဆင်ပြေနိုင်မလား”

“ ပြေပါတယ် ပြေပါတယ် ဆရာလေးအဆင်ပြေသလို လုပ်ပါ”

“ ဒါဆိုရင် ညနေ ငါးနာရီထိုးတာနဲ့ ခြံထဲကို ကန်တော့ပွဲတစ်ပွဲလာပို့ထားပေးပါ။ ပြီးတာနဲ့ ဘယ်သူမှမဝင်စေဖို့ ကြီးကြပ်ပေးပါ”

“ ကျေးဇူးတင်ပါတယ်ဆရာလေးရယ်။ ဒါနဲ့ ဆရာလေးနာမည်ကဘယ်လိုခေါ်လဲသိလို့ရမလား”

ဦးညွန့်လှိုင်စကားကိုကြားတော့ လူငယ်က အင်္ကျီလက်ကိုခေါက်တင်ကာ
“ နာမည်ထက် လုပ်ငန်းအောင်မြင်ဖို့ပဲ အဓိကကျတာမဟုတ်ဘူးလား”လို့ပြောပြီး ဘုရားပေါ်ကနေ ဆင်းသွားခဲ့တယ်။

ဦးညွန့်လှိုင်လဲ ဆရာတော်မိန့်ခဲ့တဲ့အတိုင်းဖြစ်လာတာမို့ ဝမ်းသာစွာနဲ့ အိမ်ကိုပြန်လာခဲ့လိုက်တယ်။ ဒီအဖြစ်အပျက်တွေကို စူးစိုက်ကြည့်နေတဲ့ မျက်လုံးနှစ်လုံးကိုတော့ ဘယ်သူမှသတိမထားမိခဲ့ကြဘူး။
———————————-

“ ဤအိမ်အတွင်းမှာရှိကြတဲ့ နာနာဘာဝ ဝိနာဘာဝတွေအားလုံး ကျုပ်အမိန့်ကို တစ်သွေမတိမ်း လိုက်နာကြစေ။ ကျုပ်အနေနဲ့ သင်တို့ကို ထိခိုက်နာကျင်အောင် မလုပ်ချင်တဲ့အတွက် ကျုပ်ပြောသမျှကို လိမ်မာပါးနပ်စွာ လိုက်လျောပေးကြ”

ယောဂီဝတ်စုံဝမ်းဆက်ကိုဝတ်ထားပြီး ယောဂီခေါင်းပေါင်းကိုပေါင်းထားတဲ့ လူငယ်က လက်ထဲမှာကိုင်ထားတဲ့ ဆေးနီမှုန့်တွေကို ဘိုတဲအနှံ့လိုက်ပက်ဖြန်းရင်း နှုတ်ကနေလဲ ဂါထာမန္တာန်တစ်ခုကို တီးတိုးရွတ်ဆိုနေခဲ့တယ်။

“ သင်တို့ရောက်နေပြီဆိုတာ ကျုပ်သိတယ်။ သွေးညှီနံ့တွေ အပုတ်နံ့တွေပေးလဲ ကျုပ်ကသင်တို့ကိုကြောက်မှာမဟုတ်ဘူး”

လူငယ်က ဘိုတဲပတ်ပတ်လည်ကို လှည့်ကြည့်ရင်း မာန်ပါပါနဲ့ပြောလိုက်တော့ အိမ်ပေါ်ထပ်ကနေ ခြေထောက်ဆောင့်သံတစ်ချက်ထွက်ပေါ်လာခဲ့တယ်။

အိမ်ပေါ်ထပ်ကနေ တစ်ဒုန်းဒုန်းတစ်ဒိုင်းဒိုင်းနဲ့ သောင်းကျန်းနေတဲ့အချိန် လူငယ်က ဘိုတဲအောက်ထပ်ကြမ်းပြင်ပေါ်ကို ရေမန်းနဲ့စည်းချလိုက်ပြီး

“ ကဲ သင်တို့က ကျုပ်ကိုမနှစ်သက်ဘူး မဟုတ်လား။ ဒါကလဲ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုဖြစ်တဲ့အတွက် ကျုပ်အတွက်တော့ အထူးအဆန်းမဟုတ်ဘူး။ ကဲ ဘိုတဲမှာ နေထိုင်ပြီး လူတွေကိုခြောက်လှန့်နေတဲ့ နာနာဘာဝကောင် ကျုပ်အရှေ့အမြန်ရောက်စေ” လို့ပြောကာ ကြမ်းပြင်ကို လက်ဝါးနဲ့ရိုက်ချလိုက်တယ်။

မကြာခင် ဘိုတဲရဲ့လှေကားကနေ ခြေသံပြင်းပြင်းနဲ့ ဆင်းလာတဲ့ လူရိပ်တစ်ခုကို ဖယောင်းတိုင်မီးအရှိန်နဲ့မြင်လိုက်ရတယ်။

“ သင်ရောက်လာပြီလား … “

လူငယ်ရဲ့စကားအဆုံးမှာ လှေကားထောင့်အမှောင်ထုထဲမှာရပ်နေတဲ့ အရိပ်က အသံဩဩနဲ့

“ ငါဒီမှာရှိနေတယ်… ဘာကြောင့် ငါ့ကိုခေါ်ရတာလဲ”

“ သင်က ဒီနေရာကိုလာတဲ့သူမှန်သမျှ မနေရဲအောင် ခြောက်လှန့်နေတယ်ကြားလို့ ငါရောက်လာရတာပဲ။ အမှန်တိုင်းပြောစမ်း ဒီဘိုတဲမှာ နင်စောင့်ရှောက်နေရတဲ့ ပစ္စည်းတွေ ရှိတယ်မဟုတ်လား”

“ ငါ့ပစ္စည်းတွေရှိတယ် မရှိဘူးဆိုတာ နင်နဲ့ဘာဆိုင်လဲ။ ငါပိုင်နက်ထဲလာပြီး ငါ့ကိုစော်ကားနေတဲ့ကောင် သေဖို့ပြင်ပေတော့”

လှေကားအောက်အမှောင်ရိပ်ထဲက လူရိပ်က ဒေါသတစ်ကြီးအော်ဟစ်ပြီး ဘေးမှာကျနေတဲ့ အုတ်ကျိုးအပိုင်းအစတွေ၊ သစ်သားချောင်းတွေနဲ့ လှမ်းပစ်ပါလေရော။

လှမ်းပစ်လိုက်တဲ့အရာတွေက လူငယ်ထိုင်နေတဲ့စည်းဝိုင်းနားကိုရောက်တော့ မမြင်ရတဲ့အရာနဲ့ထိပြီး ဘေးဘက်ကို လမ်းကြောင်းပြောင်းသွားခဲ့တယ်။

“ တယ် ဒီလောက်လက်ရဲဇက်ရဲရှိတဲ့ကောင် ငါ့ချည်မန်းကွင်းအစွမ်းကိုမြည်းစမ်းကြည့်ဟေ့” လို့ပြောပြီး ညာဘက်လက်ကောက်ဝတ်မှာချည်ထားတဲ့ အနက်ရောင်ကြိုးကို ချွတ်ယူပြီး လှေကားနားကိုပစ်လွှတ်လိုက်တယ်။

ချည်မန်းကွင်းက လှေကားနားကိုရောက်တော့ လူတစ်ကိုယ်စာဝင်လို့ရတဲ့အနေအထားထိ ကျယ်သွားပြီး တစ်စုံတစ်ယောက်ကို ရစ်ပတ်ထားတဲ့ပုံစံဖြစ်သွားခဲ့တယ်။

“ ငါ့အရှေ့ကို ချည်ပြီးတုပ်ပြီးခေါ်လာစမ်း”

လူငယ်ရဲ့စကားသံအဆုံးမှာ ချည်မန်းကွင်းထဲမှာ ရုန်းကန်နေတဲ့မဲမဲအကောင်က စည်းဝိုင်းနားကိုရောက်လာပြီး နာကျင်စွာအော်ဟစ်ပါလေရော။

“လတ်စသတ်တော့ မင်းက မီးရှို့သတ်ခံထိထားတဲ့ကောင်ပဲ၊ အခုကစပြီး ငါ့အရှေ့မှာ မူလအသွင်ပြောင်းစေ” လို့အမိန့်ပေးပြီး ဆေးအနီမှုန့်နဲ့ဖြန်းလိုက်ရာ ချည်မန်းကွင်းထဲမှာ ရုန်းကန်လှုပ်ရှားနေတဲ့ မဲမဲကောင်ကြီးကနေ နီကျင်တဲ့ဆံပင်၊ မျက်နှာချွန်ချွန်၊ မျက်လုံးမျက်ဖန်ကောင်းတဲ့အင်္ဂလိပ်မြန်မာကပြားတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့တယ်”

“ ဟေ့ မင်းနာမည် ဘယ်လိုခေါ်လဲ”

ဆံပင်နီကျင်ကျင်နဲ့လူက လူငယ်ရဲ့စကားကိုကြားတော့ မျက်ထောင့်နီနဲ့စိုက်ကြည့်ပြီး “ ငါ့နာမည် ဂျော်နီ”လို့ပြောကာ ချည်မန်းကွင်းကနေလွတ်အောင်ရုန်းနေခဲ့တယ်။

“ မင်းရုန်းလေကြပ်လေဖြစ်တော့မှာပဲ ဒီချည်မန်းကွင်းက မင်းကိုယ်ကိုတစ်ရစ်ရစ်နဲ့ပြတ်အောင်လုပ်လိမ့်မယ်။ ဒါကြောင့်မရုန်းပဲ ငါမေးတာကိုမှန်မှန်ဖြေစမ်း”

“ မေး ဘာမေးမှာလဲ ငါ့တစ်ကိုယ်လုံးပူလောင်နေပြီ အမလေး ပူလိုက်တာ ငါ့ကိုယ်ပေါ်မှာချည်ထားတဲ့ကြိုးကိုဖြုတ်ပေးပါတော့“

“ ငါမေးတာ မှန်အောင်ဖြေရင် ဖြုတ်ပေးမှာပေါ့။ ဒီအိမ်က အရင်ခေတ်တုန်းက အရေးပိုင်မင်းနေခဲ့တယ်ဆိုတာ သေချာလား”

“ ပူလှချည်ရဲ့ အမလေး … ဟုတ်တယ် အရေးပိုင်မင်းနေခဲ့တာ”

“ သူအင်္ဂလန်ပြန်သွားတော့ ငါတို့တိုင်းပြည်ကနေ မတရားသဖြင့်သိမ်းယူထားတဲ့ ရတနာပစ္စည်းတွေ ကျန်ခဲ့တယ်လို့ သတင်းအတိအကျရထားတယ်။ အဲဒီပစ္စည်းတွေဘယ်မှာထားလဲ”

“ ချည်မန်းကွင်းကိုဖြုတ်ပေးရင် ငါလိုက်ပြပေးမယ်။ နင်သယ်နိုင်သလောက်လဲသယ်ခွင့်ပြုမယ်။ ငါ့ကိုလွှတ်ပေးပါတော့”

“ ကောင်းပြီလေ ရတနာသေတ္တာတွေ့တာနဲ့ နင့်ကိုလွှတ်ပေးမယ်။ ငါ့ကိုဘယ်နေရာမှာရှိလဲဆိုတာအရင်ပြော”

“ ငါ့ကိုချုပ်ထားသရွေ့ နင်လဲ ရတနာတွေရမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ရတနာသေတ္တာထားတဲ့မြေတိုက်ခန်း လျှို့ဝှက်ခလုပ်က အင်္ဂလိပ်စာလုံးတွေနဲ့လုပ်ထားလို့ပဲ”

ချုပ်ခံထားရတဲ့သူရဲ့စကားကြောင့် စည်းဝိုင်းထဲမှာရှိနေတဲ့ လူငယ်မျက်နှာပျက်သွားပြီး

“ မင်းက စည်းဝိုင်းထဲက ငါ့ကိုထွက်သေချင်လို့ ဥာဏ်ဆင်နေတာမဟုတ်လား။ မင်းတို့ဥာဏ်လောက်က သနားတာပေါ့”

လူငယ်က စိတ်ဆိုးမာန်ဆိုးနဲ့ ပြောရင်း ခါးကြားမှာလိပ်ထားတဲ့ အပျော့စားကြိမ်လုံးကိုထုတ်ပြီး ချည်မန်းကွင်းထဲကကောင်ကို ဘယ်ပြန်ညာပြန်ရိုက်ပါလေရော”

“ ရွှမ်း ရွှမ်း ရွှမ်း ကလိမ်ကကျစ်ကျတဲ့ကောင် ရော့ကွာ”

“ အမလေး ကြောက်ပါပြီ နာလှချည်ရဲ့ တော်ပါတော့ ဆက်မရိုက်ပါနဲ့တော့”

“ မရိုက်ချင်ရင် လျှို့ဝှက်တံခါးကိုဖွင့်ပြီး ရတနာသေတ္တာငါ့အရှေ့ယူလာစမ်း”

“ ယူလို့မရဘူး အဲဒီသေတ္တာထားတဲ့နေရာကို အုတ်တွေနဲ့အသေပိတ်ထားခဲ့တာ။ ငါယူလို့မရဘူး”

လူငယ်လဲ ချော့တစ်ခါ ခြောက်တစ်လှည့်မေးလိုက် ညဉ်းပန်းနှိပ်စက်လိုက်လုပ်ပေမယ့် ဖမ်းခံထိထားတဲ့ကောင်ကလဲ အနာခံပြီးသာနေတဲ့အတွက် အရုဏ်တက်ချိန်ရောက်တဲ့အထိ သေတ္တာရှိတဲ့နေရာကိုမသိခဲ့ရဘူး။

" တောက် ဒီကောင် အတော်အကြောမာတာပဲ အခုနောက်ဆုံးအကြိမ်မေးလို့မှမရရင် မင်းကိုမီးလောင်တိုက်သွင်းပစ်မယ်”

လူငယ်က မေးကြောကြီးတွေထောင်တဲ့ထိ ကြိမ်းဝါးလိုက်ပြီး သူ့ရဲ့လည်ပင်းမှာဆွဲထားတဲ့အင်းပြားတစ်ချပ်ကို ထုတ်ကာ အရှေ့မှာဖြန့်ချလိုက်တယ်။

“ ဒီအင်းက မင်းတို့လို ကောင်တွေကိုအဆုံးသတ်ပေးမယ့် တံဆူးလောင်မီးအင်းပဲ။ ကဲ အခုနောက်ဆုံးငါမေးမယ်.. ရတနာသေတ္တာကို ပေးမလား မပေးဘူးလား”

ချည်မန်းကွင်းထဲက ကောင်ကတော့ နာကျင်မှု၊ ပူလောင်မှုဒဏ်တွေကို အံကြိတ်ခံရင်း
“ ငါတစ်ကိုယ်လုံးပြာမှုန့်ဖြစ်သွားရင်တောင် နင့်ကိုမပြောဘူး”

“ ဒီလောက် ခေါင်းမာတဲ့ကောင် ပြာမှုန်အတိဖြစ်ပေတော့”

လူငယ်က အင်းပြားကိုမန်းမှုတ်ပြီး ဂျော်နီ ရှိတဲ့ဘက်ကို ပစ်လွှတ်လိုက်တယ်။ အင်းပြားက စည်းဝိုင်းထဲကနေ အပြင်ကိုရောက်တာနဲ့ ဂျော်နီရဲ့ဦးခေါင်းထက်မှာ ဝဲပျံရင်း မီးမှုန်မီးစတွေကျလာတဲ့အချိန် မိုင်းကိုင်စက္ကူတစ်ရွက်က အိမ်အပြင်ကနေအထဲကိုဝင်လာခဲ့တယ်။

“ ဟင် တန်ပြန်စမပါလား”

စည်းဝိုင်းထဲကလူငယ်က အံ့ဩစွာရေရွတ်ရင်း ဘိုတဲအပြင်ဘက်ကိုကြည့်လိုက်တဲ့အချိန် အပြင်ကနေအရှိန်နဲ့ပြေးဝင်လာတဲ့ လူတယောက်ရဲ့ခြေထောက်က မေးရိုးကိုလာထိတာကိုသိလိုက်ရတယ်။

“ ဖြောင်း”

အားပါပြင်းထန်တဲ့ကန်ချက်ကြောင့် စည်းဝိုင်းထဲကနေ အပြင်ကိုလွင့်ထွက်သွားပြီး ကန်တော့ပွဲတွေပါ တစ်စစီ ပျံ့ကျဲကျကုန်တယ်။

အဲဒီအချိန် ဂျော်နီရဲ့ကိုယ်မှာချည်ထားတဲ့ ကြိုးတွေပြတ်ထွက်ကုန်ပြီး ကြောက်မက်ဖွယ်အော်သံတွေက တစ်အိမ်လုံးအနှံ့ပေါ်ထွက်လာခဲ့တယ်။

စည်းပေါက်သွားပြီဆိုတာသိတဲ့လူငယ်က လဲကျနေရာကနေ ကုန်းရုန်းထပြီးပြေးဖို့အလုပ် တစ်ကိုယ်လုံးမဲနက်နေတဲ့ အကောင်က ဂုတ်ကိုဖမ်းဆွဲကာ ဒရွတ်တိုက်ခေါ်သွားတဲ့အချိန်

“ ဂျော်နီ မလုပ်နဲ့ …. မင်းမှားလိမ့်မယ်” ဆိုတဲ့အသံက ဘိုတဲအပြင်ဘက်ကနေထွက်ပေါ်လာခဲ့တယ်။

အသံကြားတော့ အိမ်ထဲကိုဦးစွာပြေးဝင်လာတဲ့လူက ဂျော်နီလက်ထဲပါလုဆဲဆဲဖြစ်နေတဲ့ လူငယ်ရဲ့လက်ကို လှမ်းဆွဲလိုက်ပြီး

“ ဂျော်နီ စိတ်လျော့လိုက်ပါ အခု ငါတို့ဆရာလဲ ရောက်လာပြီဆိုတော့ မင်းကိုဘယ်သူမှဒုက္ခပေးလို့မရတော့ပါဘူး” လို့ပြောတော့မှ ဂုတ်ကနေဆွဲထားတဲ့လက်ကိုလွှတ်ပေးခဲ့တယ်။

“ နင်တို့ကရော ဘယ်သူတွေလဲ ဘာကြောင့်ငါ့နေရာကိုရောက်လာခဲ့ကြတာလဲ”

“ သင်အထင်လွဲနေပါပြီ ကျုပ်တို့က ဒီမနက်အရုဏ်တက်ချိန်ဘုရားကိုရောက်တော့ ရင်ပြင်မှာစောင့်ကြပ်နေတဲ့ ပုဂ္ဂိုလ်က သင့်မှာအန္တရာယ်ရှိနေပြီဆိုပြီး ပြောလို့ ကျုပ်တို့လာရောက်ကူညီရခြင်းဖြစ်ပါတယ်”

“ ဒါဆို သင်တို့က ကျုပ်စောင့်နေရတဲ့ပစ္စည်းတွေကို လာလုတဲ့သူတွေမဟုတ်ဘူးပေါ့”

“ မဟုတ်ပါဘူး ကျုပ်တို့ကို သင်အနေနဲ့ ပေးလိုက်မယ်ဆိုရင်တောင် ဒီလိုပစ္စည်းတွေကို အလေးခံပြီးမသယ်သွားဘူး”

လေသံအေးအေးနဲ့ တစ်လုံးချင်းနားဝင်အောင်ပြောလိုက်တာကြောင့် မောင်ဂျော်နီက သူ့ရဲ့ကြောက်မက်ဖွယ်အတ္တဘောရုပ်သွင်ကိုဖျောက်လိုက်ပြီး မူလရုပ်သွင်အဖြစ်ပြောင်းလဲခဲ့တယ်။

“ အခုလူတွေက ငါနေတဲ့ဘိုတဲကိုဖြိုဖျက်ဖို့လုပ်နေကြတယ်”

“ကျုပ်တို့သဘောပေါက်ပါတယ်။ လူတွေရဲ့စကားကြောင့် ဘိုတဲမှာ အဖိုးတန်တဲ့ပစ္စည်းရှိမယ်ဆိုတာကို ဒီလိုလောဘသားတွေရိပ်မိပြီး သင့်ဆီကိုလာခဲ့တာပေါ့”

“ ငါ့ကိုအရေးပိုင်မင်းက အရှင်လတ်လတ်ခေါင်းဖြတ်မီးရှို့သတ်ပြီး သူပိုင်တဲ့ရတနာသေတ္တာကိုစောင့်ရှောက်ဖို့အမိန့်ပေးခဲ့တယ်။ ဒါကြောင့် သူပြန်မလာမချင်း ဒီပစ္စည်းတွေကိုစောင့်ရှောက်နေရတာပဲ”

“ အတော်ရက်စက်တဲ့သူပါလား… “

“ ဟုတ်တယ် အရေးပိုင်စတိတ်ဂျော့က အရမ်းကိုရက်စက်တဲ့သူပဲ၊ သူတို့ကို ပုန်ကန်ခဲ့တဲ့ လယ်သမားတွေကိုလဲ သူကိုယ်တိုင်ခေါင်းဖြတ်သတ်ခဲ့တာ၊ အဲဒီအရေးအခင်းပြီးတော့ သူ့နေရပ်ကိုခေတ္တပြန်ဖို့အကြောင်းဖန်လာခဲ့တယ်။ သူပြန်တဲ့အချိန် ရတနာပစ္စည်းတွေကို ဒီဘိုတဲကြီးရဲ့အောက်ထပ်မြေတိုက်ခန်းမှာသိမ်းနေတာကို အမှတ်မထင်မြင်တွေ့ခဲ့တယ်။ ဒါကိုသိတဲ့သူဆိုလို့ ငါပဲရှိတဲ့အတွက် သူမရှိတုန်းကစ္စည်းတွေယူမှာစိုးရိမ်ပြီး ငါ့ကိုနှုတ်ပိတ်ခဲ့တာ။ ငါ့ရဲ့ဝိဥာဉ်ကိုလဲသူပြန်မလာမချင်း ရတနာပစ္စည်းတွေကိုစောင့်ကြပ်ဖို့ အမိန့်ပေးခဲ့တယ်”

“ သင့်အဖြစ်ကိုကြားရတာ စိတ်ထဲမကောင်းပါဘူး။ ဒါနဲ့ သူကရောပြန်ရောက်လာသေးလား”

“ သူလဲပြန်လာပြီးထဲက အခုထိပြန်မရောက်လာခဲ့ဘူး”

“ ဒါဆိုရင် သင်က ဒီအိမ်ကိုစွဲနေတာမဟုတ်ပဲ ရတနာပစ္စည်းတွေကိုစွဲလမ်းပြီးစောင့်နေတာကိုး”

“ ဟုတ်တယ် ငါလဲအခြားဘဝသစ်ကိုသွားချင်နေပြီ။ ဒါပေမယ့် ဒီပစ္စည်းတွေကိုစိတ်မချဖြစ်နေတယ်”

“သင်ဘဝကူးကောင်းအောင် ကျုပ်တို့ကူညီပေးနိုင်ပါတယ်”

“ မဖြစ်နိုင်ပါဘူး ဒီပစ္စည်းတွေရှိနေသေးသရွေ့ ငါဘယ်လိုစိတ်ဖြောင့်နိုင်ပါ့မလဲ”

“ ကျုပ်တို့သင့်အရှေ့မှာ ပိုင်ရှင်မဲ့ရတနာပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့မြေစောင့်နတ်ကိုခေါ်ပြီးအပ်ပေးပါမယ်”

ပိတ်ဖြူဝတ်သူရဲ့စကားကြောင့် မောင်ဂျော်နီက
“ သင်တို့က မကောင်းတဲ့သူမဟုတ်ဘူးဆိုတာယုံကြည်ပါတယ်။ ဒါကြောင့် ကောင်းသလို စီစဉ်ပေးပါ”

“ ကဲ သက်ခိုင်ရေ ဘိုတဲအပြင်က မြေကွက်လပ်မှာ မြေစောင့်နတ်ကိုပင့်ဖိတ်ပြီး ရတနာပစ္စည်းတွေကို အပ်နှံ့ပေးလိုက်ပါ”

“ ဆရာ ဒီလူကိုရော ဘယ်လိုလုပ်ရမလဲ”

သက်ခိုင်စကားကြောင့်ကြည့်လိုက်ရာ စည်းပေါက်ပြီး သတိလက်လွတ်ဖြစ်နေတဲ့ သိုက်ဆရာကိုမြင်လိုက်ရတယ်။

“ သူ့အပြစ်တွေသူခံရတာဆိုတော့ ဒီတိုင်းလွှတ်ပေးလိုက်ပါ”

သက်ခိုင်လဲ ဖမ်းချုပ်ထားတဲ့သူကို လွှတ်ပေးလိုက်တော့ ကြောက်လန့်တကြားအော်ဟစ်ကာ ခြေဦးတည့်ရာထွက်ပြေးသွားပါလေရော။

သက်ခိုင်လဲ ဆရာခိုင်းတဲ့အတိုင်း မြေစောင့်နတ်ကိုပင့်ဖိတ်ပြီး ရတနာပစ္စည်းတွေကိုထိန်းသိမ်းစောင့်ရှောက်ဖို့ အကူအညီတောင်းခံခဲ့တယ်။

မောင်ဂျော်နီလဲ ဒီတော့မှ စိတ်အေးသွားပြီး သူနေတဲ့ဘိုတဲကို နောက်ဆုံးအကြိမ်သမင်လည်ပြန်ကြည့်ကာ မြို့အပြင်ဘက်ကို ထွက်သွားခဲ့တယ်။

ဒီကိစ္စတွေဖြစ်ပြီး တစ်ပတ်လောက်ကြာတော့ ဘိုတဲကိုအောင်အောင်မြင်မြင်ဖြိုဖျက်နိုင်ခဲ့ကြတယ်။ ဘိုတဲဖျက်ပြီးတဲ့အချိန်မှာတော့ မြေအောက်ခန်းထဲကနေ မီးလောင်နေထားတဲ့လူရိုးစုတစ်ခုကိုလဲရှာဖွေတွေ့ရှိခဲ့ကြတယ်။

———————

အောင်မြတ်သာတို့ကတော့ ကုန်းမြင့်သာမြို့ပြင်စေတီမှာ ခုနှစ်ရက်အဓိဌာန်ဝင်ရောက်ခဲ့ပြီး အခြားဒေသတစ်ခုကို ခရီးဆက်ခဲ့ကြတယ်။

ခရီးသွားနေရင်း သက်ခိုင်က
“ ဆရာ ဟိုဘိုတဲမှာနေတဲ့သူအတွက် အမျှအတန်းလဲပေးတာမတွေ့ဘူးနော်။ သူကရော ကျွတ်လွတ်နိုင်ပါ့မလား”

“ ဒီမေးခွန်းကို ဘယ်တော့မေးမလဲလို့တွေးနေတာ …. ငါတို့တွေ့ခဲ့တဲ့ သူက ခရစ်ယာန်ဘာသာကိုးကွယ်တဲ့အတွက် တို့တွေရဲ့ဓလေ့ထုံးတမ်းနဲ့မလုပ်ပေးခဲ့တာ”

“ ဒါဆို သူက မြေစောင့်နတ်ကို ဘာလို့ယုံယုံကြည်ကြည်အပ်နှံခဲ့တာလဲ”

“ မြေစောင့်နတ်ကို ယုံလို့အပ်ခဲ့တယ်ဆိုတာထက် ငါတို့ကိုယုံကြည်လို့အပ်ခဲ့တာလို့ပြောရင်ပိုမှန်မယ်”

“ ဟုတ်တယ်နော် ဆရာ ။ ကျွန်တော်တို့သွားတဲ့နေရာတိုင်း ကိစ္စတစ်ခုခုက စောင့်ကြိုနေပြီသားပဲ “

“ အခုလဲ ကိစ္စ တစ်ခုက မင်းတို့ကိုစောင့်နေပြီထင်ပါတယ်”

“ ဗျာ ဘာကိစ္စက စောင့်နေပြန်တာလဲဆရာ”

“ ဟိုရောက်ရင်သိရမှာပေါ့ကွာ”

အောင်မြတ်သာက သက်ခိုင်နဲ့တောက်ရတို့ရဲ့စိတ်ကို ခလုခလုဖြစ်အောင်လုပ်ပြီး အရှေ့ကိုထွက်လာခဲ့လိုက်တယ်။

အောင်မြတ်သာပြောတဲ့ကိစ္စက ဘာဖြစ်မလဲဆိုတာကိုတော့ “အောင်မြတ်သာနှင့်ငရဲလမ်းကလာသောသူ”ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

“ေအာင္ျမတ္သာႏွင့္ဘိုတဲေစာင့္ေမာင္ေဂ်ာ္နီ”

ေနမင္းရဲ႕အလင္းေရာင္က အေနာက္ဖက္ေတာင္ေၾကာေတြၾကားထဲကို တိုးဝင္ေပ်ာက္ကြယ္သြားတဲ့အခ်ိန္ အပူခ်ိန္ကသိသိသာသာ ေလ်ာ့နည္းသြားခဲ့တယ္။ ၿမိဳ႕ခံသူေတြကလဲ ေနေစာင္းၿပီမို႔ မိမိတို႔ရဲ႕လုပ္ငန္းခြင္ေတြကေန အနားယူၿပီး ျပန္လာခဲ့ၾကတယ္။

နယ္ၿမိဳ႕ေလးတစ္ၿမိဳ႕ျဖစ္ေနတဲ့ ကုန္းျမင့္သာၿမိဳ႕ေလးကေတာ့ ကိုလိုနီေခတ္မွာအလြန္ကိုစည္ကားတဲ့ ၿမိဳ႕ေလးတစ္ၿမိဳ႕ျဖစ္ခဲ့တယ္။ အေရးပိုင္မင္း႐ုံးစိုက္ရာၿမိဳ႕ျဖစ္တဲ့အျပင္ ဌာနဆိုင္ရာ႐ုံးအေတာ္မ်ားမ်ားလဲရွိခဲ့တာမို႔ တိုက္တာအေဆာက္အဦေတြက အျခားၿမိဳ႕ေတြနဲ႔မတူပဲ တစ္မူထူးျခားေနခဲ့တယ္။

ၿမိဳ႕ခံလူထုေတြကေတာ့ အဂၤလိပ္အစိုးရမင္းေတြလက္ထက္ကေဆာက္ထားခဲ့တဲ့အေဆာက္အဦေတြအနက္ ၿမိဳ႕လယ္ေခါင္ကုန္းျမင့္မွာေဆာက္ထားတဲ့ ဘိုတဲမွာ အရမ္းကိုအေျခာက္အလွန္႔ၾကမ္းတဲ့နာနာဘာဝတစ္ေကာင္ရွိေနတယ္ဆိုၿပီးယုံၾကည္ထားၾကတယ္။

ေခတ္လူငယ္ေတြအခ်ိဳ႕ကေတာ့ နာနာဘာဝဆိုတာကိုသိပ္အယုံအၾကည္မရွိၾကတဲ့အတြက္ မထိတထိစေနာက္စိန္ေခၚတဲ့ျဖစ္စဥ္ေတြလဲျဖစ္ခဲ့ဖူးတယ္။ အဲဒီထဲကမွ တစ္ေယာက္ကေတာ့ လိပ္ျပာလြင့္တဲ့အထိ ေျခာက္လွန္႔ခံခဲ့ရတယ္။

သူ႔နာမည္က “ျမင့္ႏိုင္”.

———————————-

“လူရဲ႕အရွိန္အဝါကို ဘယ္သရဲကမွမခံႏိုင္ဘူးဆိုတာ ငါကလက္ေတြ႕ကြ ..မင္းတို႔ေျပာေျပာေနတဲ့ ဘိုတဲေစာင့္သရဲဆိုတာ ငါနဲ႔ေတြ႕ရင္ ထပ္မေျခာက္ရဲေအာင္ျဖစ္သြားေစရမယ္”

ျမင့္ႏိုင္က ထမင္းစားရင္း အာေဘာင္အာရင္းသန္သန္ေျပာေနတာကို ေဘးကေနျဖတ္သြားတဲ့ သူေဌးရဲ႕လူယုံကၾကားေတာ့ အနားကိုလာၿပီး

“ေဟ့ေကာင္ ျမင့္ႏိုင္ မင္းတစ္ညလုံး ဘိုတဲမွာအိပ္ႏိုင္တယ္ဆိုတာ ေသခ်ာလား”

“အာစရိကလဲ က်ဳပ္က မေသခ်ာပဲေျပာမလားဗ်။ ေသခ်ာတာကမွ ဟိုဘက္ကမ္းေတာင္လြန္ေသး”

“ေအး မင္းေသခ်ာရင္ ငါစပ္ေပးမယ္။ ဟိုေန႔က စက္႐ုံကိုလာတဲ့ ပြဲစားစိန္ဟန္ကိုသိတယ္မလား”

“ဟို ေလက်ယ္ ေလက်ယ္နဲ႔ေျပာတဲ့တစ္ေယာက္လား”

“ေအး ဟုတ္တယ္ သူကအဲလိုမ်ိဳးေတြအရမ္းဝါသနာပါတာ။မင္းဘက္ကေသခ်ာရင္ ငါလုပ္လိုက္ေတာ့မယ္”

“အာစိ ပြဲတည္ေပးရင္ ရတဲ့ေငြထဲက ဆယ္ရာခိုင္ႏႈန္းေပးမယ္ဗ်ာ”

ျမင့္ႏိုင္စကားေၾကာင့္ သူေဌးလူယုံကိုေအာင္သိန္း မ်က္ႏွာဝင္းလက္သြားၿပီး လက္ထဲကစာ႐ြက္ေတြကို ယပ္ေတာင္သဖြယ္တစ္ဖ်တ္ဖ်တ္ခတ္ကာ စက္႐ုံထဲဝင္သြားခဲ့တယ္။

ျမင့္ႏိုင္ကေတာ့ ကိုေအာင္သိန္းရဲ႕ေနာက္ေက်ာကိုၾကည့္ၿပီး
ေအာင္ႏိုင္သူတို႔ရဲ႕အၿပဳံးကိုၿပဳံးကာ က်န္ေနတဲ့ထမင္းလုပ္ကိုပါးစပ္ထဲထိုးထည့္လိုက္တယ္။

ေနာက္ႏွစ္ရက္ၾကာေတာ့ ကိုေအာင္သိန္းျပန္ေရာက္လာၿပီး
“ျမင့္ႏိုင္ မင္းကိုေျပာထားတဲ့ကိစၥအလုပ္ျဖစ္ၿပီကြ။ ပြဲစားစိန္ဟန္က ညေန ၆နာရီကေန မနက္၆နာရီထိအိပ္ႏိုင္ရင္ ေ႐ႊစ္က်ပ္သားေပးမယ္တဲ့ကြ။ တစ္ခုေတာ့ရွိတယ္ မင္းတစ္ခုခုျဖစ္ခဲ့ရင္သူတို႔နဲ႔မဆိုင္ပါဘူးဆိုတဲ့ လက္မွတ္ေတာ့ထိုးေပးရမယ္တဲ့”

“ လက္မွတ္ေလာက္က အခုထိုးေပးေတာင္ရတယ္။ သူတို႔ဘက္ကသာ ကတိတည္ပါေစ။ က်ဳပ္ကဘယ္ေန႔သြားအိပ္ရမွာလဲ”

“ ဒီညပဲငါ့ေကာင္၊ ေအာ္ ငါတစ္ခုေျပာဖို႔ေမ့သြားတာ သူတို႔ကလဲ မင္းကိုၿခံအျပင္မလွမ္ရမကမ္းကေန ေစာင့္ၾကည့္ေနမွာ။ သူတို႔က မင္းနာမည္ကိုေခၚတဲ့အခ်ိန္က်ရင္ေတာ့ ျပဴတင္းေပါက္ကေန လက္ထြက္ျပရမယ္။ ဒါမွလဲ မင္းအထဲမွာရွိမရွိသူတို႔သိမွာေလ”

“ ရတယ္ေလ က်ဳပ္သေဘာတူတယ္။ အထဲကိုေတာ့ က်ဳပ္ႀကိဳက္တာယူသြားလို႔ရတယ္မလား”

“ မင္းဘက္ကေတာ့ ႀကိဳက္တာယူလို႔ရတယ္။ ဒီညေန အသင့္ျဖစ္ရင္ ႏွစ္ဖက္ေတြ႕ၿပီး စၾကတာေပါ့”

———————-

ညေနေရာက္ေတာ့ ပြဲစားစိန္ဟန္က ျမင့္ႏိုင္အေရွ႕မွာတင္ ေ႐ႊတစ္က်ပ္သားထည့္ထားတဲ့ဘူးကို ကိုေအာင္သိန္း လက္ထဲထည့္ၿပီး
“ မင္းႏိုင္ရင္ ဒီဘူးကိုယူသြားေပေတာ့။ ကံေကာင္းပါေစ ေကာင္ေလး”လို႔ေျပာကာ မလွမ္းမကမ္းမွာရွိတဲ့ အိမ္ဘကါကိုထြက္သြားခဲ့တယ္။

ျမင့္ႏိုင္လဲ ဘာမွမေျပာပဲ တစ္ညစာအရက္နဲ႔အျမည္းေတြထည့္ထားတဲ့ ဆြဲျခင္းကိုဆြဲကာ ၿပိဳက်လုဆဲဆဲျဖစ္ေနတဲ့ ဘိုတဲဆီကိုထြက္လာခဲ့လိုက္တယ္။ တစ္ၿမိဳ႕လုံးက လူေတြကေတာ့ ဒီအေလာင္းအစားကို စိတ္ဝင္တစားနဲ႔ ေစာင့္ၾကည့္ေနခဲ့ၾကတယ္။

ျမင့္ႏိုင္ ၿခံထဲကိုေရာက္ေတာ့ ေဘးဘီကိုၾကည့္လိုက္ရာ ႏွစ္ေပါင္းမ်ားစြာမရွင္းလင္းပဲပစ္ထားတဲ့အတြက္ ၿခဳံႏြယ္ပိတ္ေပါင္းေတြက လူတစ္ရပ္စာေလာက္ျမင့္တဲ့အထိ ႀကီးထြားေနၾကတဲ့အျပင္ မျပဳမျပင္ပဲထားထားတဲ့ဘိုတဲ့အပ်က္ႀကီးကလဲ ေနဝင္ရီတေရာအခ်ိန္ တေစၦတစ္ေကာင္ငုတ္တုတ္ထိုင္ေနတဲ့အလားျဖစ္ေနတာျမင္လိုက္ရတယ္။

ျမင့္ႏိုင္လဲ လက္ထဲကဆြဲျခင္းကိုက်စ္က်စ္ပါေအာင္ကိုင္ၿပီး အိမ္ထဲကိုဝင္လာတဲ့အခ်ိန္ လင္းႏို႔အုပ္တစ္စုက ေၾကာက္လန္႔တစ္ၾကားအျပင္ကိုပ်ံထြက္သြားခဲ့တယ္။ တစ္အိမ္လုံးလင္းႏို႔ေခ်းအနံ႔ေတြအျပင္ ပုတ္ပြေနတဲ့ ခိုေသေကာင္အခ်ိဳ႕ကိုပါေတြ႕လိုက္ရတယ္။ ဒီလိုနဲ႔ ေဆြးေျမ့ေနတဲ့ ေၾကာင္လိမ္ေလွကားေပၚကေန အိမ္ေပၚထပ္ထိေရာက္ေအာင္တက္ၿပီး ေအာက္ကိုငုံ႔ၾကည့္လိုက္ေတာ့ မလွမ္းမကမ္းမွာရွိတဲ့အိမ္ကေန လက္ျပေနတဲ့ ပြဲစားစိန္ဟန္တို႔လူစုကိုျမင္ေတြ႕လိုက္ရတယ္။

ဒီလိုနဲ႔ အိပ္ရမယ့္ေက်ာတစ္ခင္းစာေနရာကို ပါလာတဲ့စကၠဴအခ်ိဳ႕နဲ႔ဖုတ္ဖတ္ခါကာသန္႔ရွင္းလိုက္ၿပီး ျခင္းထဲပါလာတဲ့ အရက္ပုလင္းကိုထုတ္ကာ စိမ္ေျပနေျပေသာက္ေနခဲ့တယ္။ ေနရဲ႕အလင္းေရာင္ေပ်ာက္လုဆဲဆဲအခ်ိန္ေရာက္ေတာ့ အသင့္ပါလာတဲ့ ဖေယာင္းတိုင္ကိုထြန္းလိုက္တဲ့အခ်ိန္ အိမ္ေအာက္ထပ္ကေန ပစၥည္းေတြကိုတြန္းေ႐ြ႕တဲ့အသံကိုစတင္ၾကားခဲ့ရတယ္။

“ ဒီေကာင္ေတာ့ စၿပီထင္တယ္”

ျမင့္ႏိုင္က ေသြးေအးစြာေရ႐ြတ္ၿပီး အရက္ခြက္ေနာက္ တစ္ခြက္ကိုထုတ္ကာ
“ ေသာက္တတ္ရင္ လာေသာက္ အသံေပးတာတို႔ ဘာတို႔လုပ္မေနနဲ႔ “လို႔ေျပာၿပီး ခြက္ထဲအရက္ငဲ့ကာအေရွ႕ကို ထိုးေပးလိုက္တယ္။

ခဏေနေတာ့ ေလွကားေပၚကို တစ္ဒုန္းဒုန္းနဲ႔တက္လာတဲ့အသံနဲ႔အတူ အလြန္ျပင္းတဲ့ေသြးညႇီနံ႔ကိုပါတစ္ဆက္ထဲ ရလိုက္တယ္။

“ ေဟ့ေကာင္ အနံ႔ေပးလဲ ငါကမေၾကာက္တတ္ဘူးကြ ေသာက္စရာရွိလာေသာက္ “

ျမင့္ႏိုင္က ေလွကားထိပ္ကိုၾကည့္ၿပီးေျပာေနတဲ့အခ်ိန္
“ ေဟ့ ျမင့္ႏိုင္ ထြက္ေျပးသြားၿပီလား ရွိေသးရင္ မတ္တပ္ရပ္ျပဦး” ဆိုတဲ့အသံေၾကာင့္ ျပဴတင္းေပါက္နားကိုထသြားၿပီး

“ ထြက္ေျပးတယ္ဆိုတာ ျမင့္ႏိုင္သမိုင္းမွာမရွိဘူး”လို႔ျပန္ေအာ္ကာ ထိုင္လိုက္တဲ့အခ်ိန္ အရက္ခြက္ထဲမွာ ဘာမွမရွိေတာ့တာကို ျမင္လိုက္ရတယ္။

“ဟဟဟ မင္းလဲ ငါ့လိုအရက္ႀကိဳက္တတ္ပါလား။ ေရာ့ကြာ ထပ္ေသာက္ “

ျမင့္ႏိုင္ထည့္ေပးလိုက္တဲ့အရက္က ခြက္ထဲမေရာက္ခင္ ေလထဲမွာပဲ ေပ်ာက္သြားတာေတြ႕ေတာ့ မ်က္ႏွာအနည္းငယ္ပ်က္သြားၿပီး

“ မင္းက ကြၽဲေသာက္ႏြားေသာက္ ေသာက္ေနပါလား။ အရက္ဆိုတာ ဇိမ္နဲ႔ေသာက္ရတဲ့အရာကြ… ေတာ္ၿပီ မင္းကိုမတိုက္ေတာ့ဘူး” လို႔ေျပာလိုက္ေတာ့ ေလွကားထိပ္မွာရွိတဲ့ သစ္သားတုံးက ျမင့္ႏိုင္ဆီကို အရွိန္နဲ႔ဝင္လာခဲ့တယ္။

“ ႐ႊီး ေျဖာင္း “

“ ဟာ မင္းက ငါ့ကို သစ္သားတုံးနဲ႔ေပါက္တယ္ေပါ့ေလ။ ေအး ငါကလဲ မင္းကို မျမင္ရလို႔သာေပါ့ ျမင္ရရင္ လက္သီးနဲ႔ဆြဲထိုးတယ္”

ျမင့္ႏိုင္ကေျပာေနရင္း လက္ခေမာင္းကို တစ္ေျဖာင္းေျဖာင္း ျမည္ေအာင္ခတ္လိုက္ရာ အိပ္ေပၚထပ္ ေလွကားေဘးနားကေန အရိပ္မဲမဲတစ္ခုေပၚလာၿပီး ေၾကာက္လန္႔ဖြယ္ေကာင္းတဲ့ ညဥ္းသံတစ္ခုထြက္လာခဲ့တယ္။

“ဒီေကာင္ ဘာေကာင္လဲဟ “

ဖေယာင္းတိုင္မီးေရာင္ေၾကာင့္ မသဲကြဲျဖစ္ေနတဲ့အတြက္ အနားကိုတိုးၿပီးၾကည့္လိုက္ရာ ေခါင္းမပါပဲ ကိုယ္လုံးႀကီးက လက္သီးထိုးတဲ့ဟန္လုပ္ေနတာျမင္လိုက္ရတယ္။

ေတာ္႐ုံမေၾကာက္တတ္တဲ့ျမင့္ႏိုင္က အခုလိုပုံကိုျမင္ေတာ့ ၾကက္သီးေမႊးညႇင္းေတြထလာၿပီး အေရွ႕ကိုဆက္မတိုးရဲပဲ အေနာက္ကိုဆုတ္လိုက္ရာ

“ ဟီးဟီးဟီး “ဆိုတဲ့အသံက ေနာက္ေက်ာဘက္ကေန ထြက္လာခဲ့တယ္။

ျမင့္ႏိုင္လဲၾကားလိုက္ရတဲ့အသံေၾကာင့္ အေနာက္ကိုလွည့္ၾကည့္လိုက္ရာ နီေၾကာင္ေၾကာင္ဆံပင္ေတြဖြာလန္က်ဲေနတဲ့ ေခါင္းျပတ္ႀကီးက ဆြဲျခင္းထဲမွာထည့္ထားတဲ့ အရက္ပုလင္းေတြကိုစုပ္ေသာက္ေနတာကို ေသြးပ်က္ဖြယ္ျမင္လိုက္ရတယ္။

“ အမေလး…. ဘာႀကီးတုန္း”

ျမင့္ႏိုင္က ေၾကာက္လန္႔တစ္ၾကား ထခုန္လိုက္ေတာ့ ေခါင္းျပတ္ႀကီးက ျပဴးက်ယ္ေနတဲ့မ်က္လုံးေတြနဲ႔ စူးစိုက္ၾကည့္ကာ

“ ငါ့အိမ္က ထြက္သြား ၊ မသြားရင္ မင္းအသက္ကို ႏႈတ္ရလိမ့္မယ္” လို႔ေျပာေတာ့မွ ျမင့္ႏိုင္ အသိဝင္လာၿပီး ေလွကားေအာက္ကို ေျပးဆင္းတဲ့အခ်ိန္ ေဆြးေျမ့ေနတဲ့ ေလွကားထစ္ေတြက အရွိန္နဲ႔ဆင္းလာတဲ့ဝိတ္ကိုမခံႏိုင္ပဲ က်ိဳးက်ပါေလေရာ။

က်ယ္ေလာင္စြာထြက္ေပၚလာတဲ့ ေအာ္သံက စိန္ဟန္တို႔
အဖြဲ႕ရဲ႕အသံကို ေဖာက္ထြင္းႏိုင္စြမ္းမရွိခဲ့ေပ။ မနက္ေရာက္မွ ဘိုတဲေပၚကေန ျမင့္ႏိုင္မဆင္းလာလို႔ လိုက္ၾကည့္ေတာ့ ေလွကားေအာက္မွာ ဇက္ႀကီးက်ိဳးကာ မ်က္လုံးျပဴးအသက္ေပ်ာက္ေနတဲ့ ျမင့္ႏိုင္ကို ျမင္လိုက္ရတယ္။

ဒီအျဖစ္ေတြျဖစ္ၿပီးေနာက္မွာေတာ့ ဘိုတဲအနားကို ေန႔လည္ဘက္ေတာင္သြားရဲတဲ့သူမရွိသေလာက္ျဖစ္လာခဲ့တယ္။ အေရးအေၾကာင္းရွိလို႔ ညေနဘက္ေတြ ျဖတ္ေလ်ာက္သြားတဲ့သူေတြကေတာ့ ဘိုတဲအေပၚမွာ ေခါင္းျပတ္ေနတဲ့ လူတစ္ေယာက္မတ္တပ္ရပ္ေနတာျမင္ရသလို၊ အခ်ိဳ႕က်ေတာ့လဲ ေခါင္းတစ္လုံးထဲ အိမ္ထဲေလ်ာက္သြားေနတာကိုျမင္ေတြ႕ခဲ့ရတယ္။
----------------

ဒီလိုနဲ႔ ငါးႏွစ္ေလာက္ၾကာေတာ့ ကုန္းျမင့္သာၿမိဳ႕ကို ၿမိဳ႕နယ္အဆင့္ျမႇင့္တင္ဖို႔အတြက္ မလိုအပ္တဲ့အေဆာက္အဦေတြကိုဖ်က္သိမ္းဖို႔ အမိန္႔က်လာခဲ့တယ္။ ဒီကိစၥကို ၿမိဳ႕နယ္ျမဴနီစပယ္အရာရွိျဖစ္သူ ဦးၫြန္႔လႈိင္က တာဝန္ယူေဆာင္႐ြက္ခဲ့တယ္။ ဦးၫြန္႔လႈိင္က လူ႐ိုးလူေအးဘုရားတရားသမားျဖစ္တဲ့အျပင္ လာဘ္စားတာေတြမရွိတဲ့အတြက္ အထက္ပိုင္းအရာရွိႀကီးေတြေတာင္ ေလးစားအားကိုးရတဲ့သူတစ္ဦးျဖစ္ခဲ့တယ္။

ဦးၫြန္႔လႈိင္လဲ သူ႔ကိုယုံၾကည္လို႔တာဝန္ေပးတဲ့ကိစၥကို ေန႔ေရာညပါအားတက္သေရာေဆာင္႐ြက္ခဲ့တာ သုံးလအတြင္း အေဆာက္အဦပ်က္ေတြကုန္သေလာက္ျဖစ္လာခဲ့တယ္။ ဒီလိုနဲ႔ ထုထည္ႀကီးႀကီးမားမားဆိုလို႔ ၿမိဳ႕လယ္က ဘိုတဲတစ္ခုသာက်န္ေတာတဲ့အခ်ိန္ အလုပ္သမားေခါင္းတစ္ဦီးျဖစ္တဲ့ ဘိုေတာက္ ႐ုတ္တရက္ဆုံးပါေလေရာ။

ဦးၫြန္႔လႈိင္လဲ သူ႔တပည့္ရင္းဆုံးသြားတဲ့အတြက္ ဘိုတဲကိုဖ်က္ဖို႔ကိစၥကို ရက္လည္ၿပီးတဲ့ထိ ေနာက္ဆုတ္ခဲ့တယ္။ ဘိုေတာက္ ရက္လည္တဲ့ေန႔မွာပဲ အရပ္ေထာင္ေထာင္ေမာင္းေမာင္း၊ အဂၤလိပ္ျမန္မာကျပားတစ္ေယာက္က ဦးၫြန္႔လႈိင္ အိပ္ယာေအာက္မွာ မတ္တပ္ရပ္ၿပီး

“ ငါ့ေနရာကိုဖ်က္ဖို႔လုပ္ေနတာ နင္မဟုတ္လား၊ ေအး ငါ့ေနနရာကိုဖ်က္ရင္ နင္လဲဒုကၡေကာင္းေကာင္းေတြ႕လိမ့္မယ္”လို႔ေဒါသတႀကီးေျပာေနတာကိုအိမ္မက္မက္ခဲ့တယ္။

ဦးၫြန္႔လႈိင္လဲ စိတ္စြဲၿပီးမက္တာျဖစ္မွာပါဆိုၿပီး အမႈမဲ့အမွတ္မဲ့နဲ႔ေနကာ ဘိုတဲကိုဖ်က္ဖို႔အစီအစဥ္ေတြဆြဲခဲ့တယ္။ တကယ္ဖ်က္တဲ့ေန႔ေရာက္ေတာ့ စက္ယႏၲရားေတြအလုပ္မလုပ္ေတာ့ပဲ ေမာင္းတဲ့သူအခ်ိဳ႕ဆို ပါးစပ္ထဲကအျမဳပ္ေတြထြက္ကာ သတိလစ္တဲ့အထိျဖစ္ကုန္တယ္။

အေတြ႕အႀကဳံမ်ားတဲ့ဦးၫြန္႔လႈိင္က အေျခအေနကိုရိပ္စားမိၿပီး အထက္ကိုအစီရင္ခံကာ အမိန္႔ျပန္တမ္းေတာင္းခဲ့တယ္။ အမိန္႔ျပန္တမ္းရေတာ့ ကုန္းျမင့္သာၿမိဳ႕ရဲ႕ အျမင့္ဆုံး အာဏာပိုင္ကိုယ္တိုင္အမိန္႔ျပန္ေနတဲ့အခ်ိန္ အလုပ္သမားအခ်ိဳ႕ကိုဝင္ေရာက္ပူးကပ္ပါေလေရာ။

“ ငါေနတဲ့ေနရာကို နင္တို႔ရဲ႕အမိန္႔နဲ႔ဖယ္ခိုင္းလို႔မရဘူး၊ ဒီေနရာမွာငါေနဖို႔ အေရးပိုင္မင္း စတိတ္ေဂ်ာ့ကိုယ္တိုင္ အမိန္႔စာနဲ႔ထားခဲ့တာ၊ နင္တို႔ဆက္လုပ္ရဲရင္ ဆက္လုပ္ၾကည့္၊ ငါ့အေၾကာင္းသိေစရမယ္”

တစ္ငိုငိုတစ္ရီရီနဲ႔ပူးကပ္ၿပီးေျပာေနတဲ့အလုပ္သမားေတြကိုျမင္ေတာ့ ဦးၫြန္႔လႈိင္ အရမ္းမလုပ္ရဲေတာ့ပဲ တစ္မ်ိဳးစဥ္းစားရျပန္တယ္။ အလုပ္သမားေတြကလဲ ဒီေလာက္ၾကမ္းတဲ့ေနရာမွာမလုပ္ဘူးဆိုၿပီး ျဖစ္ကုန္ၾကတယ္။

ဦးၫြန္႔လႈိင္လဲ မရတဲ့အဆုံး ေထရ္ႀကီးဝါႀကီးသံဃာေတြပင့္ဖိတ္ကာ ဘိုတဲပရဝဏ္ထဲမွာ ပရိတ္တရားနာ ကမၼဝါ႐ြတ္ေစခဲ့တယ္။ သံဃာေတြပရိတ္ကမၼဝါ႐ြတ္ဖတ္ေနတဲ့အခ်ိန္ အိမ္ေပၚကေန အသံနက္ႀကီးနဲ႔ေအာ္ၿပီး ေျပးဆင္းလာတဲ့အသံေတြ၊ ေလမတိုက္ပဲ ဘိုတဲအေနာက္က မရမ္းပင္အကိုင္းေတြလႈပ္ရမ္းေနတာကိုျမင္ေတာ့ ဝါအႀကီးဆုံးဆရာေတာ္က
“ ဒကာႀကီး ဒီအိမ္မွာရွိတဲ့အေစာင့္က ဥဴးဇင္းတို႔႐ြတ္ဖတ္ေနခ်ိန္ မခံမရပ္ႏိုင္ပူေလာင္ၿပီး လွည့္ပတ္ေျပးလႊားေနတာျမင္ေတာ့ စိတ္ထဲမေကာင္းလွဘူးကြယ္၊ ဥဴးဇင္းတို႔လဲ သူတစ္ပါးကို နာက်င္ေအာင္လုပ္သလိုျဖစ္ေနတယ္”

“တပည့္ေတာ္ ဘာဆက္လုပ္ရမလဲဘုရား၊ ဒီပုံအတိုင္းဆိုရင္ အထက္အရာရွိေတြက တပည့္ေတာ္ကိုနယ္ေျပာင္းၿပီး အျခားတစ္ေယာက္ကိုအစားထိုးၾကလိမ့္မယ္၊ အိမ္မွာရွိတဲ့အမ်ိဳးသမီးကလဲ က်န္းမာေရးမေကာင္းတာမို႔ နယ္ေျပာင္းဖို႔ကဘယ္လိုမွအဆင္မေျပျဖစ္ေနလို႔ပါဘုရား”

“ အိမ္း ဒကာႀကီးအျဖစ္ကို ဥဴးဇင္း နားလည္ပါတယ္၊ ဒီအိမ္မွာရွိတဲ့အေစာင့္က တစ္ခုခုကိုေစာင့္ၾကပ္ေနတဲ့သေဘာျဖစ္ေနလို႔ ေလာကီဆရာေကာင္းေတြနဲ႔တိုင္ပင္ၿပီး လုပ္သင့္တယ္လို႔ အႀကံေပးခ်င္တယ္”

“ ဒီအနီးနားတစ္ဝိုက္မွာလဲ ေလာကီဆရာေတြမရွိတာေၾကာင့္ ရွိႏိုင္မယ့္ေနရာကိုလမ္းၫႊန္ေပးေတာ္မူပါဘုရား”

“ အေကာင္းဆုံးကေတာ့ ဘုရားတစ္ဆူဆူမွာ ခုႏွစ္ရက္ျဖစ္ျဖစ္ ကိုးရက္ျဖစ္ျဖစ္ အဓိဌာန္ဝင္ၾကည့္ပါ၊ အဓိဌာန္ဝင္ေနတဲ့ကာလမွာလဲ ကိုယ္ျဖစ္ခ်င္တဲ့အရာကို ရည္စူးထားေပါ့ဒကာႀကီး”

“တင္ပါဘုရား တပည့္ေတာ္ လုပ္ေဆာင္ၾကည့္ပါမယ္ဘုရား”

“ သာဓု သာဓု သာဓု လိုရာဆႏၵေတြျပည့္ဝပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္”

ဦးၫြန္႔လႈိင္လဲ ဆရာေတာ္ႀကီးေျပာတဲ့အတိုင္း လုပ္ဖို႔ဆုံးျဖတ္ကာ ဘိုတဲဖ်က္မယ့္ကိစၥကို ေခတၱရပ္ဆိုင္းထားလိုက္တယ္။

——————————

ဆည္းလည္းသံတစ္ခြၽင္ခြၽင္က ေလအေဝွ႔မွာ စည္းခ်က္ညီစြာထြက္ေပၚလာသလို အၤဂါေထာင့္ၿဂိဳလ္တိုင္ကေနဘုရားရွိခိုးေမတၱာပို႔သံကလဲ ဟန္ခ်က္ညီညီပ်ံ႕လြင့္လာခဲ့တယ္။

“ သာဓု သာဓု သာဓု “

ေနာက္ေက်ာဘက္ကေနထြက္လာတဲ့ သာဓုေခၚသံေၾကာင့္ ဦးၫြန္႔လႈိင္ လက္ထဲကိုင္ထားတဲ့ပုတီးစိပ္ကိုေခါက္ၿပီးၾကည့္လိုက္ရာ အသက္သုံးဆယ္ဝန္းက်င္လူငယ္ တစ္ေယာက္ကိုျမင္လိုက္ရတယ္။

“ ဒီက ဦးေလးက ကုန္းျမင့္သာၿမိဳ႕ ျမဴနီစပယ္႐ုံးက ဦးၫြန္႔လႈိင္ဟုတ္ပါတယ္ေနာ္”

“ ဟုတ္ပါတယ္ ဟုတ္ပါတယ္ ေမာင္ရင္က က်ဳပ္ကိုသိလို႔လား”

“ စတိတ္ေဂ်ာ့ပိုင္ခဲ့တဲ့ ဘိုတဲကို တာဝန္ယူၿပီးဖ်က္ေနတဲ့ အရာရွိကို မသိစရာလားဗ်ာ”

“စတိတ္ေဂ်ာ့ ဟုတ္လား… ဒီနာမည္ကို ေမာင္ရင္က ဘယ္လိုသိတာလဲ”

“ ဘာရယ္မဟုတ္ပါဘူး ဒီမနက္ လက္ဖက္ရည္ဆိုင္မွာ အိမ္ဖ်က္တုန္းက ပါခဲ့တဲ့လူတစ္ေယာက္ေျပာတဲ့စကားကို ၾကားလိုက္မိလို႔ပါ။ ဒါနဲ႔ ဘိုတဲမွာ ရွိေနတဲ့အေစာင့္က အေတာ္ၾကမ္းတယ္ဆို”

“ ဟုတ္တယ္ ေမာင္ရင္ေရ .. က်ဳပ္ဘဝမွာအေဆာက္အဦအေတာ္အမ်ားမ်ားကိုတာဝန္ၿပီးၿဖိဳဖ်က္ခဲ့ဖူးတယ္။ ၾကမ္းေပ့ရမ္းေပ့ဆိုတဲ့ အေစာင့္ေတြေတာင္ အစိုးရရဲ႕အမိန္႔ကို မလြန္ဆန္ရဲၾကဘူး။ ဒါေပမယ့္ ဒီေကာင္က ဘာကိုမွဂ႐ုမစိုက္ပဲ ေသာင္းက်န္းတာ။ ဒါေၾကာင့္ စိတ္ညစ္ညစ္နဲ႔ ဘုရားေပၚလာ ပုတီးစိပ္ေနခဲ့တာပဲ”

“ ဦးၫြန္႔လႈိင္ေျပာစကားအရဆိုရင္ ဘိုတဲမွာရွိေနတဲ့ ေကာင္က တစ္ခုခုကိုစြဲလမ္းၿပီး မကြၽတ္မလြတ္ႏိုင္ျဖစ္တာေနမယ္။ ေနာက္ၿပီး သူေနတဲ့အိမ္က အရင္ အေရးပိုင္မင္းေနခဲ့တာျဖစ္လို႔ အမိန္႔ကိုမနာခံတာလဲျဖစ္ႏိုင္တယ္ဗ်”

“ က်ဳပ္ေတာ့ ဘယ္လိုလုပ္ရမွန္းမသိေတာ့ပါဘူး။ သံဃာေတာ္ေတြပင့္ၿပီး ကမၼဝါဖတ္ေတာ့လဲ မထြက္ပဲ ေတေပၿပီး ေနေနတာ။ သံဃာေတာ္ေတြကေတာ့ ေလာကီဆရာတစ္ေယာက္ေယာက္နဲ႔တိုင္ပင္ၿပီး လုပ္လို႔ေတာ့ ေျပာခဲ့တယ္”

“ အဟက္ဟက္ ေလာကီဆရာဆိုရင္ေတာ့ ဦးၫြန္႔လႈိင္ အျခားရွာစရာမလိုေတာ့ဘူးဗ်။ က်ဳပ္က ၾကမ္းေပ့ရမ္းေပ့ဆိုတဲ့ ေနရာေတြကို သြားၿပီးႏွိမ္နင္းလာခဲ့တာ။ က်ဳပ္ကိုယုံယုံၾကည္ၾကည္အပ္လို႔ရပါတယ္”

လူငယ္ရဲ႕စကားေၾကာင့္ ဦးၫြန္႔လႈိင္မ်က္ႏွာဝင္းလက္သြားၿပီး
“ ဒါျဖင့္လဲ က်ဳပ္ကိုကူညီေပးပါလား၊ ေက်းဇူးမေမ့ပါဘူး”

“ က်ဳပ္ကူညီေပးမွာပါ။ တစ္ခုေတာ့ရွိတယ္ေနာ္ က်ဳပ္အိမ္ထဲဝင္ၿပီး အေစာင့္ကိုဖယ္ရွားေနခ်ိန္ အထဲကိုဘယ္သူမွ ဝင္မလာဖို႔ ဦးၫြန္႔လႈိင္က တာဝန္ယူေပးပါ”

“ ရပါတယ္ က်ဳပ္ေဘးပတ္ဝန္းက်င္ကိုေရာ အလုပ္သမားေတြကိုေရာေျပာထားေပးပါမယ္။ ဒါနဲ႔ ဆရာေလးက ဘယ္အခ်ိန္စၿပီးလုပ္မွာလဲ”

“ က်ဳပ္ကျဖစ္ႏိုင္ရင္ ဒီညေတာင္လုပ္ခ်င္တာ၊ ဦးၫြန္႔လႈိင္တို႔ဘက္ကအဆင္ေျပႏိုင္မလား”

“ ေျပပါတယ္ ေျပပါတယ္ ဆရာေလးအဆင္ေျပသလို လုပ္ပါ”

“ ဒါဆိုရင္ ညေန ငါးနာရီထိုးတာနဲ႔ ၿခံထဲကို ကန္ေတာ့ပြဲတစ္ပြဲလာပို႔ထားေပးပါ။ ၿပီးတာနဲ႔ ဘယ္သူမွမဝင္ေစဖို႔ ႀကီးၾကပ္ေပးပါ”

“ ေက်းဇူးတင္ပါတယ္ဆရာေလးရယ္။ ဒါနဲ႔ ဆရာေလးနာမည္ကဘယ္လိုေခၚလဲသိလို႔ရမလား”

ဦးၫြန္႔လႈိင္စကားကိုၾကားေတာ့ လူငယ္က အက်ႌလက္ကိုေခါက္တင္ကာ
“ နာမည္ထက္ လုပ္ငန္းေအာင္ျမင္ဖို႔ပဲ အဓိကက်တာမဟုတ္ဘူးလား”လို႔ေျပာၿပီး ဘုရားေပၚကေန ဆင္းသြားခဲ့တယ္။

ဦးၫြန္႔လႈိင္လဲ ဆရာေတာ္မိန္႔ခဲ့တဲ့အတိုင္းျဖစ္လာတာမို႔ ဝမ္းသာစြာနဲ႔ အိမ္ကိုျပန္လာခဲ့လိုက္တယ္။ ဒီအျဖစ္အပ်က္ေတြကို စူးစိုက္ၾကည့္ေနတဲ့ မ်က္လုံးႏွစ္လုံးကိုေတာ့ ဘယ္သူမွသတိမထားမိခဲ့ၾကဘူး။
———————————-

“ ဤအိမ္အတြင္းမွာရွိၾကတဲ့ နာနာဘာဝ ဝိနာဘာဝေတြအားလုံး က်ဳပ္အမိန္႔ကို တစ္ေသြမတိမ္း လိုက္နာၾကေစ။ က်ဳပ္အေနနဲ႔ သင္တို႔ကို ထိခိုက္နာက်င္ေအာင္ မလုပ္ခ်င္တဲ့အတြက္ က်ဳပ္ေျပာသမွ်ကို လိမ္မာပါးနပ္စြာ လိုက္ေလ်ာေပးၾက”

ေယာဂီဝတ္စုံဝမ္းဆက္ကိုဝတ္ထားၿပီး ေယာဂီေခါင္းေပါင္းကိုေပါင္းထားတဲ့ လူငယ္က လက္ထဲမွာကိုင္ထားတဲ့ ေဆးနီမႈန္႔ေတြကို ဘိုတဲအႏွံ႔လိုက္ပက္ျဖန္းရင္း ႏႈတ္ကေနလဲ ဂါထာမႏၲာန္တစ္ခုကို တီးတိုး႐ြတ္ဆိုေနခဲ့တယ္။

“ သင္တို႔ေရာက္ေနၿပီဆိုတာ က်ဳပ္သိတယ္။ ေသြးညႇီနံ႔ေတြ အပုတ္နံ႔ေတြေပးလဲ က်ဳပ္ကသင္တို႔ကိုေၾကာက္မွာမဟုတ္ဘူး”

လူငယ္က ဘိုတဲပတ္ပတ္လည္ကို လွည့္ၾကည့္ရင္း မာန္ပါပါနဲ႔ေျပာလိုက္ေတာ့ အိမ္ေပၚထပ္ကေန ေျခေထာက္ေဆာင့္သံတစ္ခ်က္ထြက္ေပၚလာခဲ့တယ္။

အိမ္ေပၚထပ္ကေန တစ္ဒုန္းဒုန္းတစ္ဒိုင္းဒိုင္းနဲ႔ ေသာင္းက်န္းေနတဲ့အခ်ိန္ လူငယ္က ဘိုတဲေအာက္ထပ္ၾကမ္းျပင္ေပၚကို ေရမန္းနဲ႔စည္းခ်လိုက္ၿပီး

“ ကဲ သင္တို႔က က်ဳပ္ကိုမႏွစ္သက္ဘူး မဟုတ္လား။ ဒါကလဲ ျဖစ္႐ိုးျဖစ္စဥ္ကိစၥတစ္ခုျဖစ္တဲ့အတြက္ က်ဳပ္အတြက္ေတာ့ အထူးအဆန္းမဟုတ္ဘူး။ ကဲ ဘိုတဲမွာ ေနထိုင္ၿပီး လူေတြကိုေျခာက္လွန္႔ေနတဲ့ နာနာဘာဝေကာင္ က်ဳပ္အေရွ႕အျမန္ေရာက္ေစ” လို႔ေျပာကာ ၾကမ္းျပင္ကို လက္ဝါးနဲ႔႐ိုက္ခ်လိုက္တယ္။

မၾကာခင္ ဘိုတဲရဲ႕ေလွကားကေန ေျခသံျပင္းျပင္းနဲ႔ ဆင္းလာတဲ့ လူရိပ္တစ္ခုကို ဖေယာင္းတိုင္မီးအရွိန္နဲ႔ျမင္လိုက္ရတယ္။

“ သင္ေရာက္လာၿပီလား … “

လူငယ္ရဲ႕စကားအဆုံးမွာ ေလွကားေထာင့္အေမွာင္ထုထဲမွာရပ္ေနတဲ့ အရိပ္က အသံဩဩနဲ႔

“ ငါဒီမွာရွိေနတယ္… ဘာေၾကာင့္ ငါ့ကိုေခၚရတာလဲ”

“ သင္က ဒီေနရာကိုလာတဲ့သူမွန္သမွ် မေနရဲေအာင္ ေျခာက္လွန္႔ေနတယ္ၾကားလို႔ ငါေရာက္လာရတာပဲ။ အမွန္တိုင္းေျပာစမ္း ဒီဘိုတဲမွာ နင္ေစာင့္ေရွာက္ေနရတဲ့ ပစၥည္းေတြ ရွိတယ္မဟုတ္လား”

“ ငါ့ပစၥည္းေတြရွိတယ္ မရွိဘူးဆိုတာ နင္နဲ႔ဘာဆိုင္လဲ။ ငါပိုင္နက္ထဲလာၿပီး ငါ့ကိုေစာ္ကားေနတဲ့ေကာင္ ေသဖို႔ျပင္ေပေတာ့”

ေလွကားေအာက္အေမွာင္ရိပ္ထဲက လူရိပ္က ေဒါသတစ္ႀကီးေအာ္ဟစ္ၿပီး ေဘးမွာက်ေနတဲ့ အုတ္က်ိဳးအပိုင္းအစေတြ၊ သစ္သားေခ်ာင္းေတြနဲ႔ လွမ္းပစ္ပါေလေရာ။

လွမ္းပစ္လိုက္တဲ့အရာေတြက လူငယ္ထိုင္ေနတဲ့စည္းဝိုင္းနားကိုေရာက္ေတာ့ မျမင္ရတဲ့အရာနဲ႔ထိၿပီး ေဘးဘက္ကို လမ္းေၾကာင္းေျပာင္းသြားခဲ့တယ္။

“ တယ္ ဒီေလာက္လက္ရဲဇက္ရဲရွိတဲ့ေကာင္ ငါ့ခ်ည္မန္းကြင္းအစြမ္းကိုျမည္းစမ္းၾကည့္ေဟ့” လို႔ေျပာၿပီး ညာဘက္လက္ေကာက္ဝတ္မွာခ်ည္ထားတဲ့ အနက္ေရာင္ႀကိဳးကို ခြၽတ္ယူၿပီး ေလွကားနားကိုပစ္လႊတ္လိုက္တယ္။

ခ်ည္မန္းကြင္းက ေလွကားနားကိုေရာက္ေတာ့ လူတစ္ကိုယ္စာဝင္လို႔ရတဲ့အေနအထားထိ က်ယ္သြားၿပီး တစ္စုံတစ္ေယာက္ကို ရစ္ပတ္ထားတဲ့ပုံစံျဖစ္သြားခဲ့တယ္။

“ ငါ့အေရွ႕ကို ခ်ည္ၿပီးတုပ္ၿပီးေခၚလာစမ္း”

လူငယ္ရဲ႕စကားသံအဆုံးမွာ ခ်ည္မန္းကြင္းထဲမွာ ႐ုန္းကန္ေနတဲ့မဲမဲအေကာင္က စည္းဝိုင္းနားကိုေရာက္လာၿပီး နာက်င္စြာေအာ္ဟစ္ပါေလေရာ။

“လတ္စသတ္ေတာ့ မင္းက မီးရႈိ႕သတ္ခံထိထားတဲ့ေကာင္ပဲ၊ အခုကစၿပီး ငါ့အေရွ႕မွာ မူလအသြင္ေျပာင္းေစ” လို႔အမိန္႔ေပးၿပီး ေဆးအနီမႈန္႔နဲ႔ျဖန္းလိုက္ရာ ခ်ည္မန္းကြင္းထဲမွာ ႐ုန္းကန္လႈပ္ရွားေနတဲ့ မဲမဲေကာင္ႀကီးကေန နီက်င္တဲ့ဆံပင္၊ မ်က္ႏွာခြၽန္ခြၽန္၊ မ်က္လုံးမ်က္ဖန္ေကာင္းတဲ့အဂၤလိပ္ျမန္မာကျပားတစ္ေယာက္အျဖစ္ေျပာင္းလဲသြားခဲ့တယ္”

“ ေဟ့ မင္းနာမည္ ဘယ္လိုေခၚလဲ”

ဆံပင္နီက်င္က်င္နဲ႔လူက လူငယ္ရဲ႕စကားကိုၾကားေတာ့ မ်က္ေထာင့္နီနဲ႔စိုက္ၾကည့္ၿပီး “ ငါ့နာမည္ ေဂ်ာ္နီ”လို႔ေျပာကာ ခ်ည္မန္းကြင္းကေနလြတ္ေအာင္႐ုန္းေနခဲ့တယ္။

“ မင္း႐ုန္းေလၾကပ္ေလျဖစ္ေတာ့မွာပဲ ဒီခ်ည္မန္းကြင္းက မင္းကိုယ္ကိုတစ္ရစ္ရစ္နဲ႔ျပတ္ေအာင္လုပ္လိမ့္မယ္။ ဒါေၾကာင့္မ႐ုန္းပဲ ငါေမးတာကိုမွန္မွန္ေျဖစမ္း”

“ ေမး ဘာေမးမွာလဲ ငါ့တစ္ကိုယ္လုံးပူေလာင္ေနၿပီ အမေလး ပူလိုက္တာ ငါ့ကိုယ္ေပၚမွာခ်ည္ထားတဲ့ႀကိဳးကိုျဖဳတ္ေပးပါေတာ့“

“ ငါေမးတာ မွန္ေအာင္ေျဖရင္ ျဖဳတ္ေပးမွာေပါ့။ ဒီအိမ္က အရင္ေခတ္တုန္းက အေရးပိုင္မင္းေနခဲ့တယ္ဆိုတာ ေသခ်ာလား”

“ ပူလွခ်ည္ရဲ႕ အမေလး … ဟုတ္တယ္ အေရးပိုင္မင္းေနခဲ့တာ”

“ သူအဂၤလန္ျပန္သြားေတာ့ ငါတို႔တိုင္းျပည္ကေန မတရားသျဖင့္သိမ္းယူထားတဲ့ ရတနာပစၥည္းေတြ က်န္ခဲ့တယ္လို႔ သတင္းအတိအက်ရထားတယ္။ အဲဒီပစၥည္းေတြဘယ္မွာထားလဲ”

“ ခ်ည္မန္းကြင္းကိုျဖဳတ္ေပးရင္ ငါလိုက္ျပေပးမယ္။ နင္သယ္ႏိုင္သေလာက္လဲသယ္ခြင့္ျပဳမယ္။ ငါ့ကိုလႊတ္ေပးပါေတာ့”

“ ေကာင္းၿပီေလ ရတနာေသတၱာေတြ႕တာနဲ႔ နင့္ကိုလႊတ္ေပးမယ္။ ငါ့ကိုဘယ္ေနရာမွာရွိလဲဆိုတာအရင္ေျပာ”

“ ငါ့ကိုခ်ဳပ္ထားသေ႐ြ႕ နင္လဲ ရတနာေတြရမွာမဟုတ္ဘူး။ ဘာလို႔လဲဆိုေတာ့ ရတနာေသတၱာထားတဲ့ေျမတိုက္ခန္း လွ်ိဳ႕ဝွက္ခလုပ္က အဂၤလိပ္စာလုံးေတြနဲ႔လုပ္ထားလို႔ပဲ”

ခ်ဳပ္ခံထားရတဲ့သူရဲ႕စကားေၾကာင့္ စည္းဝိုင္းထဲမွာရွိေနတဲ့ လူငယ္မ်က္ႏွာပ်က္သြားၿပီး

“ မင္းက စည္းဝိုင္းထဲက ငါ့ကိုထြက္ေသခ်င္လို႔ ဥာဏ္ဆင္ေနတာမဟုတ္လား။ မင္းတို႔ဥာဏ္ေလာက္က သနားတာေပါ့”

လူငယ္က စိတ္ဆိုးမာန္ဆိုးနဲ႔ ေျပာရင္း ခါးၾကားမွာလိပ္ထားတဲ့ အေပ်ာ့စားႀကိမ္လုံးကိုထုတ္ၿပီး ခ်ည္မန္းကြင္းထဲကေကာင္ကို ဘယ္ျပန္ညာျပန္႐ိုက္ပါေလေရာ”

“ ႐ႊမ္း ႐ႊမ္း ႐ႊမ္း ကလိမ္ကက်စ္က်တဲ့ေကာင္ ေရာ့ကြာ”

“ အမေလး ေၾကာက္ပါၿပီ နာလွခ်ည္ရဲ႕ ေတာ္ပါေတာ့ ဆက္မ႐ိုက္ပါနဲ႔ေတာ့”

“ မ႐ိုက္ခ်င္ရင္ လွ်ိဳ႕ဝွက္တံခါးကိုဖြင့္ၿပီး ရတနာေသတၱာငါ့အေရွ႕ယူလာစမ္း”

“ ယူလို႔မရဘူး အဲဒီေသတၱာထားတဲ့ေနရာကို အုတ္ေတြနဲ႔အေသပိတ္ထားခဲ့တာ။ ငါယူလို႔မရဘူး”

လူငယ္လဲ ေခ်ာ့တစ္ခါ ေျခာက္တစ္လွည့္ေမးလိုက္ ညဥ္းပန္းႏွိပ္စက္လိုက္လုပ္ေပမယ့္ ဖမ္းခံထိထားတဲ့ေကာင္ကလဲ အနာခံၿပီးသာေနတဲ့အတြက္ အ႐ုဏ္တက္ခ်ိန္ေရာက္တဲ့အထိ ေသတၱာရွိတဲ့ေနရာကိုမသိခဲ့ရဘူး။

" ေတာက္ ဒီေကာင္ အေတာ္အေၾကာမာတာပဲ အခုေနာက္ဆုံးအႀကိမ္ေမးလို႔မွမရရင္ မင္းကိုမီးေလာင္တိုက္သြင္းပစ္မယ္”

လူငယ္က ေမးေၾကာႀကီးေတြေထာင္တဲ့ထိ ႀကိမ္းဝါးလိုက္ၿပီး သူ႔ရဲ႕လည္ပင္းမွာဆြဲထားတဲ့အင္းျပားတစ္ခ်ပ္ကို ထုတ္ကာ အေရွ႕မွာျဖန္႔ခ်လိုက္တယ္။

“ ဒီအင္းက မင္းတို႔လို ေကာင္ေတြကိုအဆုံးသတ္ေပးမယ့္ တံဆူးေလာင္မီးအင္းပဲ။ ကဲ အခုေနာက္ဆုံးငါေမးမယ္.. ရတနာေသတၱာကို ေပးမလား မေပးဘူးလား”

ခ်ည္မန္းကြင္းထဲက ေကာင္ကေတာ့ နာက်င္မႈ၊ ပူေလာင္မႈဒဏ္ေတြကို အံႀကိတ္ခံရင္း
“ ငါတစ္ကိုယ္လုံးျပာမႈန္႔ျဖစ္သြားရင္ေတာင္ နင့္ကိုမေျပာဘူး”

“ ဒီေလာက္ ေခါင္းမာတဲ့ေကာင္ ျပာမႈန္အတိျဖစ္ေပေတာ့”

လူငယ္က အင္းျပားကိုမန္းမႈတ္ၿပီး ေဂ်ာ္နီ ရွိတဲ့ဘက္ကို ပစ္လႊတ္လိုက္တယ္။ အင္းျပားက စည္းဝိုင္းထဲကေန အျပင္ကိုေရာက္တာနဲ႔ ေဂ်ာ္နီရဲ႕ဦးေခါင္းထက္မွာ ဝဲပ်ံရင္း မီးမႈန္မီးစေတြက်လာတဲ့အခ်ိန္ မိုင္းကိုင္စကၠဴတစ္႐ြက္က အိမ္အျပင္ကေနအထဲကိုဝင္လာခဲ့တယ္။

“ ဟင္ တန္ျပန္စမပါလား”

စည္းဝိုင္းထဲကလူငယ္က အံ့ဩစြာေရ႐ြတ္ရင္း ဘိုတဲအျပင္ဘက္ကိုၾကည့္လိုက္တဲ့အခ်ိန္ အျပင္ကေနအရွိန္နဲ႔ေျပးဝင္လာတဲ့ လူတေယာက္ရဲ႕ေျခေထာက္က ေမး႐ိုးကိုလာထိတာကိုသိလိုက္ရတယ္။

“ ေျဖာင္း”

အားပါျပင္းထန္တဲ့ကန္ခ်က္ေၾကာင့္ စည္းဝိုင္းထဲကေန အျပင္ကိုလြင့္ထြက္သြားၿပီး ကန္ေတာ့ပြဲေတြပါ တစ္စစီ ပ်ံ႕က်ဲက်ကုန္တယ္။

အဲဒီအခ်ိန္ ေဂ်ာ္နီရဲ႕ကိုယ္မွာခ်ည္ထားတဲ့ ႀကိဳးေတြျပတ္ထြက္ကုန္ၿပီး ေၾကာက္မက္ဖြယ္ေအာ္သံေတြက တစ္အိမ္လုံးအႏွံ႔ေပၚထြက္လာခဲ့တယ္။

စည္းေပါက္သြားၿပီဆိုတာသိတဲ့လူငယ္က လဲက်ေနရာကေန ကုန္း႐ုန္းထၿပီးေျပးဖို႔အလုပ္ တစ္ကိုယ္လုံးမဲနက္ေနတဲ့ အေကာင္က ဂုတ္ကိုဖမ္းဆြဲကာ ဒ႐ြတ္တိုက္ေခၚသြားတဲ့အခ်ိန္

“ ေဂ်ာ္နီ မလုပ္နဲ႔ …. မင္းမွားလိမ့္မယ္” ဆိုတဲ့အသံက ဘိုတဲအျပင္ဘက္ကေနထြက္ေပၚလာခဲ့တယ္။

အသံၾကားေတာ့ အိမ္ထဲကိုဦးစြာေျပးဝင္လာတဲ့လူက ေဂ်ာ္နီလက္ထဲပါလုဆဲဆဲျဖစ္ေနတဲ့ လူငယ္ရဲ႕လက္ကို လွမ္းဆြဲလိုက္ၿပီး

“ ေဂ်ာ္နီ စိတ္ေလ်ာ့လိုက္ပါ အခု ငါတို႔ဆရာလဲ ေရာက္လာၿပီဆိုေတာ့ မင္းကိုဘယ္သူမွဒုကၡေပးလို႔မရေတာ့ပါဘူး” လို႔ေျပာေတာ့မွ ဂုတ္ကေနဆြဲထားတဲ့လက္ကိုလႊတ္ေပးခဲ့တယ္။

“ နင္တို႔ကေရာ ဘယ္သူေတြလဲ ဘာေၾကာင့္ငါ့ေနရာကိုေရာက္လာခဲ့ၾကတာလဲ”

“ သင္အထင္လြဲေနပါၿပီ က်ဳပ္တို႔က ဒီမနက္အ႐ုဏ္တက္ခ်ိန္ဘုရားကိုေရာက္ေတာ့ ရင္ျပင္မွာေစာင့္ၾကပ္ေနတဲ့ ပုဂၢိဳလ္က သင့္မွာအႏၲရာယ္ရွိေနၿပီဆိုၿပီး ေျပာလို႔ က်ဳပ္တို႔လာေရာက္ကူညီရျခင္းျဖစ္ပါတယ္”

“ ဒါဆို သင္တို႔က က်ဳပ္ေစာင့္ေနရတဲ့ပစၥည္းေတြကို လာလုတဲ့သူေတြမဟုတ္ဘူးေပါ့”

“ မဟုတ္ပါဘူး က်ဳပ္တို႔ကို သင္အေနနဲ႔ ေပးလိုက္မယ္ဆိုရင္ေတာင္ ဒီလိုပစၥည္းေတြကို အေလးခံၿပီးမသယ္သြားဘူး”

ေလသံေအးေအးနဲ႔ တစ္လုံးခ်င္းနားဝင္ေအာင္ေျပာလိုက္တာေၾကာင့္ ေမာင္ေဂ်ာ္နီက သူ႔ရဲ႕ေၾကာက္မက္ဖြယ္အတၱေဘာ႐ုပ္သြင္ကိုေဖ်ာက္လိုက္ၿပီး မူလ႐ုပ္သြင္အျဖစ္ေျပာင္းလဲခဲ့တယ္။

“ အခုလူေတြက ငါေနတဲ့ဘိုတဲကိုၿဖိဳဖ်က္ဖို႔လုပ္ေနၾကတယ္”

“က်ဳပ္တို႔သေဘာေပါက္ပါတယ္။ လူေတြရဲ႕စကားေၾကာင့္ ဘိုတဲမွာ အဖိုးတန္တဲ့ပစၥည္းရွိမယ္ဆိုတာကို ဒီလိုေလာဘသားေတြရိပ္မိၿပီး သင့္ဆီကိုလာခဲ့တာေပါ့”

“ ငါ့ကိုအေရးပိုင္မင္းက အရွင္လတ္လတ္ေခါင္းျဖတ္မီးရႈိ႕သတ္ၿပီး သူပိုင္တဲ့ရတနာေသတၱာကိုေစာင့္ေရွာက္ဖို႔အမိန္႔ေပးခဲ့တယ္။ ဒါေၾကာင့္ သူျပန္မလာမခ်င္း ဒီပစၥည္းေတြကိုေစာင့္ေရွာက္ေနရတာပဲ”

“ အေတာ္ရက္စက္တဲ့သူပါလား… “

“ ဟုတ္တယ္ အေရးပိုင္စတိတ္ေဂ်ာ့က အရမ္းကိုရက္စက္တဲ့သူပဲ၊ သူတို႔ကို ပုန္ကန္ခဲ့တဲ့ လယ္သမားေတြကိုလဲ သူကိုယ္တိုင္ေခါင္းျဖတ္သတ္ခဲ့တာ၊ အဲဒီအေရးအခင္းၿပီးေတာ့ သူ႔ေနရပ္ကိုေခတၱျပန္ဖို႔အေၾကာင္းဖန္လာခဲ့တယ္။ သူျပန္တဲ့အခ်ိန္ ရတနာပစၥည္းေတြကို ဒီဘိုတဲႀကီးရဲ႕ေအာက္ထပ္ေျမတိုက္ခန္းမွာသိမ္းေနတာကို အမွတ္မထင္ျမင္ေတြ႕ခဲ့တယ္။ ဒါကိုသိတဲ့သူဆိုလို႔ ငါပဲရွိတဲ့အတြက္ သူမရွိတုန္းကစၥည္းေတြယူမွာစိုးရိမ္ၿပီး ငါ့ကိုႏႈတ္ပိတ္ခဲ့တာ။ ငါ့ရဲ႕ဝိဥာဥ္ကိုလဲသူျပန္မလာမခ်င္း ရတနာပစၥည္းေတြကိုေစာင့္ၾကပ္ဖို႔ အမိန္႔ေပးခဲ့တယ္”

“ သင့္အျဖစ္ကိုၾကားရတာ စိတ္ထဲမေကာင္းပါဘူး။ ဒါနဲ႔ သူကေရာျပန္ေရာက္လာေသးလား”

“ သူလဲျပန္လာၿပီးထဲက အခုထိျပန္မေရာက္လာခဲ့ဘူး”

“ ဒါဆိုရင္ သင္က ဒီအိမ္ကိုစြဲေနတာမဟုတ္ပဲ ရတနာပစၥည္းေတြကိုစြဲလမ္းၿပီးေစာင့္ေနတာကိုး”

“ ဟုတ္တယ္ ငါလဲအျခားဘဝသစ္ကိုသြားခ်င္ေနၿပီ။ ဒါေပမယ့္ ဒီပစၥည္းေတြကိုစိတ္မခ်ျဖစ္ေနတယ္”

“သင္ဘဝကူးေကာင္းေအာင္ က်ဳပ္တို႔ကူညီေပးႏိုင္ပါတယ္”

“ မျဖစ္ႏိုင္ပါဘူး ဒီပစၥည္းေတြရွိေနေသးသေ႐ြ႕ ငါဘယ္လိုစိတ္ေျဖာင့္ႏိုင္ပါ့မလဲ”

“ က်ဳပ္တို႔သင့္အေရွ႕မွာ ပိုင္ရွင္မဲ့ရတနာပစၥည္းေတြကို ထိန္းသိမ္းေစာင့္ေရွာက္တဲ့ေျမေစာင့္နတ္ကိုေခၚၿပီးအပ္ေပးပါမယ္”

ပိတ္ျဖဴဝတ္သူရဲ႕စကားေၾကာင့္ ေမာင္ေဂ်ာ္နီက
“ သင္တို႔က မေကာင္းတဲ့သူမဟုတ္ဘူးဆိုတာယုံၾကည္ပါတယ္။ ဒါေၾကာင့္ ေကာင္းသလို စီစဥ္ေပးပါ”

“ ကဲ သက္ခိုင္ေရ ဘိုတဲအျပင္က ေျမကြက္လပ္မွာ ေျမေစာင့္နတ္ကိုပင့္ဖိတ္ၿပီး ရတနာပစၥည္းေတြကို အပ္ႏွံ႔ေပးလိုက္ပါ”

“ ဆရာ ဒီလူကိုေရာ ဘယ္လိုလုပ္ရမလဲ”

သက္ခိုင္စကားေၾကာင့္ၾကည့္လိုက္ရာ စည္းေပါက္ၿပီး သတိလက္လြတ္ျဖစ္ေနတဲ့ သိုက္ဆရာကိုျမင္လိုက္ရတယ္။

“ သူ႔အျပစ္ေတြသူခံရတာဆိုေတာ့ ဒီတိုင္းလႊတ္ေပးလိုက္ပါ”

သက္ခိုင္လဲ ဖမ္းခ်ဳပ္ထားတဲ့သူကို လႊတ္ေပးလိုက္ေတာ့ ေၾကာက္လန္႔တၾကားေအာ္ဟစ္ကာ ေျခဦးတည့္ရာထြက္ေျပးသြားပါေလေရာ။

သက္ခိုင္လဲ ဆရာခိုင္းတဲ့အတိုင္း ေျမေစာင့္နတ္ကိုပင့္ဖိတ္ၿပီး ရတနာပစၥည္းေတြကိုထိန္းသိမ္းေစာင့္ေရွာက္ဖို႔ အကူအညီေတာင္းခံခဲ့တယ္။

ေမာင္ေဂ်ာ္နီလဲ ဒီေတာ့မွ စိတ္ေအးသြားၿပီး သူေနတဲ့ဘိုတဲကို ေနာက္ဆုံးအႀကိမ္သမင္လည္ျပန္ၾကည့္ကာ ၿမိဳ႕အျပင္ဘက္ကို ထြက္သြားခဲ့တယ္။

ဒီကိစၥေတြျဖစ္ၿပီး တစ္ပတ္ေလာက္ၾကာေတာ့ ဘိုတဲကိုေအာင္ေအာင္ျမင္ျမင္ၿဖိဳဖ်က္ႏိုင္ခဲ့ၾကတယ္။ ဘိုတဲဖ်က္ၿပီးတဲ့အခ်ိန္မွာေတာ့ ေျမေအာက္ခန္းထဲကေန မီးေလာင္ေနထားတဲ့လူ႐ိုးစုတစ္ခုကိုလဲရွာေဖြေတြ႕ရွိခဲ့ၾကတယ္။

———————

ေအာင္ျမတ္သာတို႔ကေတာ့ ကုန္းျမင့္သာၿမိဳ႕ျပင္ေစတီမွာ ခုႏွစ္ရက္အဓိဌာန္ဝင္ေရာက္ခဲ့ၿပီး အျခားေဒသတစ္ခုကို ခရီးဆက္ခဲ့ၾကတယ္။

ခရီးသြားေနရင္း သက္ခိုင္က
“ ဆရာ ဟိုဘိုတဲမွာေနတဲ့သူအတြက္ အမွ်အတန္းလဲေပးတာမေတြ႕ဘူးေနာ္။ သူကေရာ ကြၽတ္လြတ္ႏိုင္ပါ့မလား”

“ ဒီေမးခြန္းကို ဘယ္ေတာ့ေမးမလဲလို႔ေတြးေနတာ …. ငါတို႔ေတြ႕ခဲ့တဲ့ သူက ခရစ္ယာန္ဘာသာကိုးကြယ္တဲ့အတြက္ တို႔ေတြရဲ႕ဓေလ့ထုံးတမ္းနဲ႔မလုပ္ေပးခဲ့တာ”

“ ဒါဆို သူက ေျမေစာင့္နတ္ကို ဘာလို႔ယုံယုံၾကည္ၾကည္အပ္ႏွံခဲ့တာလဲ”

“ ေျမေစာင့္နတ္ကို ယုံလို႔အပ္ခဲ့တယ္ဆိုတာထက္ ငါတို႔ကိုယုံၾကည္လို႔အပ္ခဲ့တာလို႔ေျပာရင္ပိုမွန္မယ္”

“ ဟုတ္တယ္ေနာ္ ဆရာ ။ ကြၽန္ေတာ္တို႔သြားတဲ့ေနရာတိုင္း ကိစၥတစ္ခုခုက ေစာင့္ႀကိဳေနၿပီသားပဲ “

“ အခုလဲ ကိစၥ တစ္ခုက မင္းတို႔ကိုေစာင့္ေနၿပီထင္ပါတယ္”

“ ဗ်ာ ဘာကိစၥက ေစာင့္ေနျပန္တာလဲဆရာ”

“ ဟိုေရာက္ရင္သိရမွာေပါ့ကြာ”

ေအာင္ျမတ္သာက သက္ခိုင္နဲ႔ေတာက္ရတို႔ရဲ႕စိတ္ကို ခလုခလုျဖစ္ေအာင္လုပ္ၿပီး အေရွ႕ကိုထြက္လာခဲ့လိုက္တယ္။

ေအာင္ျမတ္သာေျပာတဲ့ကိစၥက ဘာျဖစ္မလဲဆိုတာကိုေတာ့ “ေအာင္ျမတ္သာႏွင့္ငရဲလမ္းကလာေသာသူ”ဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)

No comments

Post a Comment