အောင်မြတ်သာနှင့်ဖဲဝိဇ္ဇာ

  နောက်ဆိုရင် လောင်းကစားကိုဘတပျက်တဲ့ထိမဆော့ကြပါနဲ့ လောကမှာ သင်တို့မမြင်နိုင်တဲ့အရာတွေအများကြီးရှိတယ် ကံကိုယုံပြီးမဆော့ကြနဲ့ အခု ရှုံးသွားတဲ့... thumbnail 1 summary

 နောက်ဆိုရင် လောင်းကစားကိုဘတပျက်တဲ့ထိမဆော့ကြပါနဲ့ လောကမှာ သင်တို့မမြင်နိုင်တဲ့အရာတွေအများကြီးရှိတယ် ကံကိုယုံပြီးမဆော့ကြနဲ့ အခု ရှုံးသွားတဲ့ငွေတွေပြန်ယူကြ ဒီလူကိုတော့ နောက်ထပ်မလိမ်ရအောင် ဆုံးမပြီး ပြန်လွှတ်ပေးလိုက်ပါ "လို့ပြောပြီး ဂိုဒေါင်ထဲကနေ ပြန်ထွက်လာခဲ့လိုက်တယ်။


အပြင်ရောက်တော့ ဂိုဒေါင်ထဲမှာ စပါးပွဲစားတစ်ဖြစ်လဲ ဖဲဝိဇ္ဇာဆိုတဲ့သူကို ရွာသားတွေပညာပေးနေကြတဲ့အသံကိုကြားလိုက်ရတယ်။ ဂိုဒေါင်နဲ့မလှမ်းမကမ်းလဲရောက်ရော အနောက်ကနေ လိုက်လာတဲ့ခြေသံကြောင့် အောင်မြတ်သာ ဆက်မသွားတော့ပဲ ရပ်ပြီးလှည့်ကြည့်လိုက်တော့ ဖဲဝိုင်းထဲမှာချုပ်ထားတဲ့ နာနာဘာဝကိုတွေ့လိုက်ရတယ်။

" သင့်ကိုလွှတ်ပေးလိုက်ပြီ ဘာကြောင့် ကျုပ်တို့နောက်လိုက်လာရတာလဲ"

" ကျုပ်ကိုသူတို့ခိုင်းလို့အခုလိုလုပ်ရတာပါ ကျုပ်ကိုလွှတ်ပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ် အခုဆရာတို့အနောက်လိုက်လာတာက အကူအညီတစ်ခုတောင်းမလို့ပါ "

" ပြောပါ ကျုပ်တို့ဘာကူညီပေးရမလဲ"

" ကျုပ်နာမည်က မဲတူပါ လူ့ဘဝတုန်းက မကောင်းမှုဒုစရိုက်တွေအကုန်လုပ်ခဲ့လို့ ဒီလိုဘဝရောက်ခဲ့ရတာပါ ကျုပ်အခုနောင်တလဲရနေပါပြီ ကျုပ်ဒီဘဝကလွတ်အောင် ကူညီပေးပါလို့ တောင်းဆိုပါတယ်"

" သင်ဝဋ်ကြွေးတွေမကုန်သေးဘူး ဒါကြောင့် ကျုပ်တို့အနေနဲ့ မကူညီနိုင်တာ နားလည်ပါ သင်အခုရောက်နေတဲ့ဘဝမှာ ထပ်ပြီးမဆိုးမိုက်ရင် ကောင်းရာဘဝကိုရောက်မှာပါ "လို့ပြောပြီး ထွက်လာခဲ့လိုက်တယ်။

နောက်နေ့မနက်ရောက်တော့
" ဆရာတို့ကို အထက်လမ်းဆရာတွေမှန်းမသိခဲ့ဘူး ညက လူလိမ်ကောင်ကိုနောက်ထပ်မလိမ်ရအောင် လက်နှစ်ဖက်လုံးရိုက်ချိုးလိုက်ကြတယ် ဆရာတို့ကျေးဇူးကြောင့် ပိုက်ဆံတွေမဆုံးလိုက်ရတာဆိုပြီး ကျေးဇူးတင်နေကြတာ နောက်လဲ အခုလိုမကစားတော့ဘူးဆိုတာ ဆရာတို့ကိုပြောပေးဆိုပြီးမှာခဲ့တယ်"

အောင်မြတ်သာလဲ ဂျပုရဲ့စကားကိုနားထောင်ပြီး
" သင်လဲ လိမ်မာအောင်နေပါ အခုခေတ်က မကောင်းသူပယ် ကောင်းသူကယ်တဲ့ခေတ်ကိုရောက်နေပြီ အစစအရာရာသတိနဲ့ဆင်ခြင်ပြီးနေပါ ကျုပ်တို့လဲခရီးဆက်စရာရှိလို့ သွားတော့မယ်"လို့ပြောပြီး ထွက်လာခဲ့ကြတယ်။

အောင်မြတ်သာတို့ ခံတပ်ကုန်းရွာကနေထွက်လာပြီးနောက် ရွှေတန်းဆိုတဲ့ရွာမှာအဖြစ်အပျက်တစ်ခုကိုဖြေရှင်းပေးခဲ့ရသေးတယ်။ ဘယ်လိုအဖြစ်အပျက်လဲဆိုတာကိုတော့ အောင်မြတ်သာနှင့် ဘီလူးဝင်စားသူဆိုတဲ့ဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

No comments

Post a Comment