***ပုံပြောကောင်းတဲ့ တစ္ဆေ***(စ/ဆုံး)

  လှေကားသစ်သားပြားကို နင်းလိုက်တိုင်း၊ စရွေး များ ချောင်နေသဖြင့် တကျွိကျွိ အသံများ ထွက် နေသည်။ လှေကားလက်ရမ်းကလည်း အားစိုက် ကိုင်လိုက်လျှင် ပ... thumbnail 1 summary

 လှေကားသစ်သားပြားကို နင်းလိုက်တိုင်း၊ စရွေး

များ ချောင်နေသဖြင့် တကျွိကျွိ အသံများ ထွက်
နေသည်။ လှေကားလက်ရမ်းကလည်း အားစိုက်
ကိုင်လိုက်လျှင် ပြိုကျသွားမည်ထင်ရသည်။ လှုပ်
လီ လှုပ်လဲ့ ဖြစ်နေသည်။ မကြာခင် လူစိမ်းက
ဦးဆောင် ခေါ်သွားသဖြင့် အပေါ်သို့ ရောက်ခဲ့
သည်။ ကိုတင်ဝင်းအား ထိုလူစိမ်းက…
"နောင်ကြီးဆီက မီးခြစ်ခဏပေးပါလား"
"ခဏလေး မီးခြစ်ကို အိတ်ထဲ နှိုက်စမ်းလိုက်
ဦးမယ်"
ကိုတင်ဝင်းက ဆေးလိပ်သမားမဟုတ်သော်လည်း
ခရီးသွားနေသူဖြစ်၍၊ မီးခြစ်ဆောင်သွားသည်။
အဝတ်အစားအိတ်အတွင်း လက်ကိုထိုးနှိုက်ပြီး
စမ်းလိုက်သည်။
"ဒီမှာ မီးခြစ်ရပြီ"
"ရော့ ဒီမှာ ဖယောင်းတိုင်၊ ကျုပ်လက်တွေ ရေစို
နေလို့ နောင်ကြီးပဲ မီးခြစ်ပြီး ထွန်းလိုက်ပါ"
ထိုလူကမ်းပေးသော ဖယောင်းတိုင်ကို လှမ်းယူ
လိုက်သည်။ ဖယောင်းတိုင်က ခြောက်လက်မ
သာသာခန့်ရှည်သော ဖယောင်းတိုင်ဖြစ်သည်။
တစ်ချောင်းကို တစ်နာရီခွဲခန့်တော့ ကြာနိုင်သည်
"ခင်ဗျားရဲ့မိုးစိုနေတဲ့ အဝတ်အစားတွေ လဲလိုက်
ပါလား"
"အိပ်ချင်တဲ့အချိန်အိပ် မအိပ်ချင်လို့ တစ်ညလုံး
စကားထိုင်ပြောမယ်ဆိုလည်း ရတယ်"
အခန်းအလယ်မှာ၊ သွပ်ပြားဟောင်းတစ်ခုချထား
ပြီး အပေါ်မှာ မြေကြီးဖြန့်တင်ထားကာ ထိုအပေါ်
မှ၊ ထင်းချောင်းများနှင့် မီးမွှေး၍ မီးလှုံသော မီးဖို
တစ်ခု အသင့်တွေ့ရသည်။ ဤအိမ်သို့ရောက်
လာသူများ၊ အအေးဓါတ်သက်သာအောင် မီးလှုံ
ရန်အတွက် မီးဖိုလုပ်ထားခြင်း ဖြစ်နိုင်သည်။ ထင်း
ခြောက်အချို့ကလည်း အနီးမှာ အဆင်သင့်ရှိနေ
သည်။
ကိုတင်ဝင်းက မီးရောင်အောက်မှ အခန်းအခြေ
အနေကို ကြည့်နေသည်။လူမနေသည်မှာ ကြာ
ပြီဖြစ်ကြောင်းလည်း သိလိုက်သည်။
"နောင်ကြီးက ဒီအိမ်မှာနေတာဆို၊ တစ်အိမ်လုံး
ဖုံတွေ ပိုးအိမ်တွေနဲ့၊ ကြမ်းပြင်ပေါ်မှာလည်း၊ ဖုံ
တွေ မလှည်းမကျင်းထားဘူး၊ နောင်ကြီးနေတဲ့
ပုံမရဘူူး"
"ဟုတ်တယ် …ဒီအိမ်မှာ မနေဖြစ်တာ နှစ်လ
ကျော်သွားပြီ၊ ဒီနေရာနဲ့ နှစ်မိုင်လောက်မှ ကျွန်း
စိုက်ခင်းတစ်ခု လုပ်နေတယ်၊ အဲဒီမှာ အဖွဲ့နဲ့
စုပေါင်းသွားနေတယ်၊ အိမ်ကို ပစ်ထားခဲ့ပြီ၊
စားအိုးစားခွက်တွေ သယ်သွားနေတာ။ နှစ်
လလောက်ရှိပြီ"
"အခုပျိုးခင်းဌာနက ပြန်လာတာ၊ စိုက်ခင်းမှာ
ပျိုးပင်ကုန်နေလို့ ပျိုးခင်းဌာနကို သွားပြောပြီး
ဒီအိမ်ရဲ့အခြေအနေကြည့်ရင်း လှည့်ဝင်လာ
ခဲ့တာ"
ထိုလူက ကိုတင်ဝင်းကို ပြောဆိုရှင်းပြရင်း၊
ဖယောင်းတိုင်နှင့် မီးများမွှေးနေသည်။ မကြာ
ခင် မီးတောက်လာသည်။ သစ်ကိုင်းခြောက်
သစ်သားထင်းများက၊ ခြောက်သွေ့လွန်းသ
ဖြင့် မီးကောင်းစွာလောင်သည်။
"လာဗျာ မီးဖိုနားမှာထိုင်၊ စကားလည်းပြောရင်း၊
ခင်ဗျားမှာ ပါတဲ့ အရက်လည်းသောက်ရင်းပေါ့"
"ဟာ နေဦး ဖန်ခွက်နှစ်လုံး သွားယူလိုက်မယ်"
ထိုလူက ဟောင်းနွမ်းဆွေးမြည့်နေသော၊ ကြမ်း
ပြင်ပေါ် နင်းပြီး၊ မီးဖိုခန်းအတွင်းဝင်သွားသည်။
ခဏနေတော့ ဖန်ခွက်နှစ်လုံးယူပြီး အပြင်ပြန်
ထွက်လာသည်။
"ရေမရှိလို့ ဖန်ခွက်ကို ရေမဆေးခဲ့ရဘူး၊ ကြောင်
အိမ်ထဲမှာ ထားတာဆိုတော့ သန့်ပါတယ်"
ကိုတင်ဝင်းက သူ့ကို လှမ်းပေးသော ဖန်ခွက်နှစ်
လုံးကို အင်္ကျီနှင့် နှံ့အောင် ပွတ်သုတ်လိုက်သည်။
သူပြောသကဲ့သို့ပင်၊ ဖန်ခွက်များက ပြောင်လက်
နေသည်။ သို့ကြောင့် အရက်ကို ဖန်ခွက်တစ်ဝက်
စီထည့်ပြီး တစ်ခွက်ကို ကမ်းပေးလိုက်သည်။ ပဲ
ကြီးလှော်ပါတာ လမ်းမှာကုန်သွားပြီ၊ အရက်က
တော့ တစ်ဝက်ကျော်မျှ ကျန်သေးသည်။
စကားတွေ ရောက်တတ်ရာရာ ပြောကြသည်။
ဤဒေသအကြောင်းကို ကိုတင်ဝင်းကမေးသည်။
ထိုလူကလည်း မေးသမျှ ဖြေသည်။
"ကျတော်က၊ ကုန်သည်အသေးစား လုပ်နေ
တော့ကားနဲ့ပဲ အသွားအလာရှိတယ်၊ ဒီဒေသ
ကိုလည်း တစ်လတစ်ခေါက်၊ နှစ်ခေါက်
လောက်တော့ ရှိတယ်။ ကုန်ရောင်းကုန်ဝယ်
ကိစ္စနဲ့ ကရင်ပြည်နယ်ရှမ်းပြည်နယ်၊ မွန်ပြည်
နယ်ဘက်တွေလည်း ရောက်တယ်။ ငွေရေး
ကြေးရေ ကတော့ ရတဲ့အခေါက်ရတယ်။ မရ
တဲ့အခေါက်ဆို လူထားရင်ထားခဲ့၊ မထားခဲ့ရင်
တစ်ခေါက်ပြန်ကြေးနဲ့နောက်တစ်ခါကုန်ပို့မှ၊
ရှေ့ကုန်ဖိုးယူပေါ့။ ဒီအခေါက်ကတော့ ပွဲရုံမှာ
ပစ္စည်းချထားပြီးပြန်ခဲ့တာ၊ နောက်တစ်ခေါက
်လာမှာပဲ ပိုက်ဆံရတော့မယ်"
"ဘာလည်း …ခင်ဗျားက၊ ကုန်သည်အကြီးစား
လား"
"ဟာ မဟုတ်ပါဘူး၊ ကားတစ်စီးစာကို ကျုပ်
တို့သူငယ်ချင်းသုံးယောက်စပ်တူလုပ်ကြတာ။
ကျုပ်ရှိတဲ့ ပိုက်ဆံက၊ ကားတစ်စီးစာမနိုင်ဘူး၊
ဒါကြောင့် သူငယ်ချင်းသုံးယောက်စပ်တူ အ
ရောင်းအဝယ်လုပ်နေတာ"
"ခင်ဗျားက ကုန်သည်ဆိုတော့ ပိုက်ဆံတော့
ပါမွေပါ့"
"ဟာ…လမ်းစရိတ်လောက်ပဲ ပါပါတယ် ပွဲရုံမှာ
ကုန်တွေထားခဲ့ရတယ်၊ နောက်ကုန်ပို့မှ ရှေ့
ကုန်ရှင်းမှာ လို့ ပြောပြီးပြီလေ"
"ဘာလည်း ခင်ဗျားဆီက လုယူမယ်ထင်လို့လား"
"ဟာ မထင်ပါဘူး ခင်ဗျားကို ကျုပ်ခင်ပါတယ်"
"ကျုပ်က သစ်တောမှာ ဝန်ထမ်းဆိုတော့ ဒီအိမ်
နဲ့ ဒီတော ခွဲခွာလို့ မရတော့ဘူး"
"ခင်ဗျားက အိမ်ထောင်ရှိလား"
"အရင်ကတော့ ရှိတယ်၊ လွန်ခဲ့တဲ့ သုံးနှစ်
လောက်က ကျုပ်သားကို ခေါ်ပြီး၊ ဒီအိမ်
ပေါ်က ဆင်းသွားကြတယ်၊ ဒီအိမ်ကြီးမှာ
ကျုပ်တစ်ယောက်ထဲ ကျန်ခဲ့တယ် တော
ခေါင်းတွေ ရောက်လာရင်တော့ ကျုပ်ပျင်း
ပြီးကျန်ခဲ့တော့တာပဲ"
"သူတို့ကြောင့် ကျုပ်အရက်ကြိုက်သွားတာ သူ
တို့ပြန်သွားရင် ပါလာတဲ့ အရက်ပုလင်း သောက်၊
ကုန်တာရော မကုန်တာရော အကုန်ထားခဲ့တာ။
ကျုပ် ကောင်းကောင်းသောက်ပစ်တာပေါ့"
"ခင်ဗျားတစ်ယောက်တည်း ဒီအိမ်ကြီးမှာနေတာ
သရဲမကြောက်ဘူးလား"
"သရဲမကြောက်ပါဘူး ခင်ဗျားမေးလို့ပြောရဦးမယ်
ကျုပ်မိန်းမနဲ့ကလေး ဒီအိမ်က ထွက်သွားကြတာ၊
သရဲကြောက်လို့ ထွက်သွားတာ"
"သရဲက …ဘယ်က သရဲလဲ…ဒီအိမ်ကြီးမှာ ရှိ
တာလား"
"ကိုပေါက်စဆိုတဲ့ လူတစ်ယောက်ပေါ့။ ဒီအိမ်
မှာ နေတဲ့ ဝန်ထမ်းတစ်ယောက်ပဲ"
"အခုဘယ်မှာလည်း ဒီအိမ်က ထွက်သွားပြီလား"
"ထွက်မသွားဘူး သေသွားတာ"
"ဒီအိမ်နောက်ဘက် ရေကပြင်ဘေးမှာ ကြိုးနဲ့
ဆွဲတင်ရတဲ့ အုတ်ရေတွင်း တစ်တွင်းရှိတယ်၊
ပေနှစ်ဆယ်လောက်နက်တဲ့တွင်း အဲဒီကို
ပေါက်စဆိုတဲ့လူ အရက်မူးလာပြီး ရေခပ်တာ
ရေတွင်းထဲ ဇောက်ထိုးကျပြီး သေသွားတယ်
အဲဒီလူသေသွားကတည်းက၊ ညည၊ သရဲလာ
ခြောက်တယ်ဆိုပြီး ကျုပ်မိန်းမလည်း သားကို
ခေါ်ပြီး ဒီအိမ်က ထွက်သွားကတည်းက ကျုပ်
နဲ့ ကွဲသွားတာ..ဒီသရဲက အိမ်အနီးကို ရောက်
လာတဲ့ လူတိုင်း အိမ်ခေါ်ပြီး ခြောက်တာ၊တော
ခေါင်းကြီးတွေဆို၊ တစ်ညကနေ၊ နှစ်ညမကျော်
ဘူး၊ ပြန်ပြောင်းပြေးကြတော့တာပဲ"
"ခင်ဗျားလည်း အခြောက် မခံရဘူးလား"
"ကျုပ်ကိုလား မခြောက်ပါဘူး၊ ကျုပ်က ပြန်
တောင်ခြောက်လိုက်ဦးမှာ၊ သူသရဲခြောက်ရင်
အခြားနည်းနဲ့ မခြောက်ဘူးဗျ။ ရေတွင်းထဲက
တက်လာပြီး ရေစက်လက်နဲ့ ခြောက်တတ်
တာဗျ ပြီးတော့ သူ့အကြောင်းကိုလည်း၊ အခု
လို ထိုင်ရင်း ပြောပြနေတတ်တာ"
ထိုလူစကားကြားမှ ကိုတင်ဝင်းလည်း၊ အခြေ
အနေကို အကဲခတ်လိုက်သည်။ သူယခုမှပင်
ထူးခြားချက်ကို သွားတွေ့လိုက်သည်။
သူတို့စကားထိုင်ပြောနေသည်မှာ ဖယောင်းတိုင်
တစ်တိုင်ပင် ကုန်တော့မည်။ မီးဖိုက မီးအပူရှိန်က
လည်း မျက်နှာကိုလာဟပ်ကာ စပ်ဖျဉ်းဖျဉ်းပင်ဖြစ်
နေသည်။ အပြင်က အအေးထက် သာလွန်သော
အပူဖြစ်သည်။ ထိုမျှကြာသောအချိန်၊ မီးအပူက
စိုသောအဝတ်အထည်တို့ကို ခြောက်သွေ့သွား
နိုင်သည်။ ယခုကိုတင်ဝင်း၏ ရှေ့မှလူက စကား
ပြောရင်း မီးလှုံနေပေမဲ့ ယခုထိ သူ့အဝတ်အစား
များက ရေတို့ဖြင့် ရွှဲစိုနေသည်။
လက်ရှည်အင်္ကျီမှ ရေစက်တို့က တစ်ပေါက်
ပေါက် ကျနေသေးသည်ကိုလည်း ဂရုစိုက်မိ
လိုက်သည်။ ထို့ပြင် ကိုတင်ဝင်း စောစောက
ဂရုမစိုက်မိသော အချက်တစ်ချက်ကိုလည်း
မြင်လိုက်ပြန်သည်။ မီးရောင်ကြောင့် ကိုတင်
ဝင်းအရိပ်က နောက်မှထင်နေပေမယ့်၊ ထိုလူ
အရိပ်က နောက်မှာ လုံးဝမထွက်ခြင်းပင်၊
ထိုအချက်ကို မြင်တွေ့လိုက်သဖြင့်၊ ကိုတင်
ဝင်းအမူးတို့ ပြေသွားရသည်။ ထို့ပြင် ထိုလူက
သူ့လက်မောင်းမှ ရေတို့ကိုတစ်ခါ၊ တစ်ခါ သပ်
ချနေသည်ကိုလည်း ယခုမှ ဂရုစိုက်မိလိုက်သည်။
"ဟင်…ခင်…ခင်ဗျား လူ..လူမဟုတ်ဘူး"
"ကျုပ်လား…ဒီဝန်းကျင်ကို ညဘက်မျက်စေ့လည်
ရောက်လာတဲ့ …လူတွေကို ဒီအိမ်လာချင်အောင်
လမ်းက စွဲဆောင်ခေါ်ပြီး ကျုပ်သေရတဲ့ အဖြစ်အ
ပျက်ကို မပျင်းမရိအောင် ပြောပြနေတဲ့ ရေတွင်း
ထဲက တက်လာတဲ့ သရဲတစ်ကောင်ပါပဲ"
"ဗျာ"
ကိုတင်ဝင်းလည်း ထိုင်နေရာမှ ဝုန်းကနဲ ထပြီး
အိမ်ပေါ်က အပြေးဆင်းခဲ့သည်။ အမှောင်ထဲမှာ
လမ်းပေါ်ကို ဘယ်ကဲ့သို့ ရောက်သွားသည်မသိ၊
အမှောင်မည်းမည်း၊ စမ်းတဝါးဝါးနှင့်သာ ထွက်
လာခဲ့သည်။ သရဲနှင့် အိမ်ကြီးပေါ်မှာ၊ အတူနေ
ရမှာထက်စာရင်၊ အမှောင်ထဲ လမ်းလျှောက်နေ
ရပေမယ့် …လွတ်လပ်ပေါ့ပါးသွားသည်ဟု ခံစား
ရင်း ဖြည်းဖြည်းရင်း လျှောက်နေလိုက်တော့သည်။
ပြီးပါပြီ
မူရင်းရေးသူ ဆရာ ဧကန်မင်း
စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ(ရွှေပေါက်ကံ)
မြေအောင်းဖုတ်တစ္ဆေနှင့် နာနာဘာဝဖြစ်ရပ်မှန်များ
စာအုပ်မှ ကောက်နုတ်တင်ပြထားသည်

No comments

Post a Comment