အောင်မြတ်သာနှင့်ဇီးပင်စောင့်ရုက္ခစိုး

  အောင်မြတ်သာနှင့်ဇီးပင်စောင့်ရုက္ခစိုး +++++++++++++++++++++++++++ “အား ကျွတ် ကျွတ် ကျွတ် ကိုထွန်းစိန် ကျုပ်ဗိုက်ထဲကအောင့်နေတယ်” မိန်းမဖြစ်... thumbnail 1 summary

 အောင်မြတ်သာနှင့်ဇီးပင်စောင့်ရုက္ခစိုး

+++++++++++++++++++++++++++
“အား ကျွတ် ကျွတ် ကျွတ်
ကိုထွန်းစိန် ကျုပ်ဗိုက်ထဲကအောင့်နေတယ်”

မိန်းမဖြစ်သူနှောင်းခင်ရဲ့စကားကြောင့် အိမ်ရှေ့မှာနှီးဖျာနေတဲ့ ကိုထွန်းစိန် လုပ်လက်စအလုပ်ကို ချထားပြီး အိမ်ပေါ်တက်လာခဲ့လိုက်တယ်။

” နှောင်းခင် ဘာတွေအစားမှားလို့လဲ ”

“ဘာမှမစားပါဘူးတော် မနေ့ညထဲက အောင့်တောင့်တောင့်ဖြစ်နေလို့ ညဘက်ထမင်းတောင်မစားပဲအိပ်လိုက်တာ တော်အသိပဲလေ”

” ဒါဆိုလေထိုး လေအောင့်နေလို့များလား”

“မသိပါဘူးတော် တစ်ဖြေးဖြေးနဲ့ပိုပိုဆိုးလာတယ်”

” ထိုင်နေလို့တော့ကောင်းလာမှာမဟုတ်ဘူး ဆေးဆရာဦးမောင်ရင်ဆီသွားပြကြည့်ရအောင် သူကအဲလိုအရာတွေ နားလည်တယ်”

“သွားမယ်ဆိုလဲ အခုသွားမယ် ကျုပ်မခံနိုင်တော့ဘူး”

နှောင်းခင်ရဲ့စကားကြောင့် ကိုထွန်းစိန် သေတ္တာထဲကပိုက်ဆံအနည်းငယ်ကိုယူလိုက်ပြီး ဦးမောင်ရင်အိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။

” ဗျို့ ဦးမောင်ရင်”

” ဘာတုန်းဟေ့ အိမ်ပေါ်မှာရှိတယ် တက်လာခဲ့ကြ”

အိမ်ပေါ်ရောက်တော့

” ဦးမောင်ရင် ကျုပ်မိန်းမ ဘာဖြစ်တယ်မသိဘူး ညကမှကောက်ကာငင်ကာ ဗိုက်ထအောင့်လို့တဲ့”

ဦးမောင်ရင်လဲ နှောင်းခင်မျက်နှာကို အကဲခတ်လိုက်ပြီး

” လာလာ ပက်လက်လှန်အိပ်လိုက် ငါစမ်းကြည့်ဦးမယ်”လို့ပြောပြီး နှောင်းခင်ရဲ့ ဗိုက်ပပေါ်ကို လက်နဲ့ဖိစမ်းလိုက်တယ်။

” အိမ်း မင်းမိန်းမ အမှားတစ်ခုခုလုပ်ထားပြီထင်တယ်”

” ဟုတ်ပါ့မလား ဦးမောင်ရင် ကျုပ်မိန်းမက တော်ရုံဘယ်မှသွားတာမဟုတ်ဘူး”

“အဲဒါတော့ကျုပ်လဲမသိဘူး အခုသူ့ဗိုက်ကိုစမ်းတော့ အထဲမှာ တစ်ယောက်ယောက်က ပြုစားထားသလိုအလုံးတစ်လုံးစမ်းမိလို့”

ဦးမောင်ရင်စကားကြောင့် ထွန်းစိန်က
“ဟဲ့ နှောင်းခင် နင်မနေ့ကဘာတွေလုပ်ခဲ့သေးလဲ”

” ကျုပ်မနေ့က ရွာပြင်မှာဟင်းရွက်သွားခူးတုန်းက ဇီးပင်အောက်မှာပူဇော်ထားတဲ့ ကြက်ကြော်ကိုစားချင်တယ်ဆိုပြီးတော့ ပြောမိခဲ့တယ် ကျန်တာတော့ဘာမှမလုပ်ခဲ့ဘူး”

နှောင်းခင်ရဲ့စကားကြောင့် ဦးမောင်ရင် တစ်ချက်ပြုံးလိုက်ပြီး

” ငါပြောသားပဲ နှောင်းခင်အမှားလုပ်ခဲ့ပါတယ်လို့ အဲဒီဇီးပင်ကနတ်ကြီးတယ် သူ့ကိုပူဇော်ပသထားတဲ့အရာတွေကိုစိတ်နဲ့တောင်ပစ်မှားလို့ရတာမဟုတ်ဘူး အခုအဖြေကရှင်းနေပြီ ဒီညနေ သူ့အတွက် ကြက်ကြော်နဲ့ အရက်သွားဆက်လိုက် ပြီးရင်ပြောမှားဆိုမှားရှိ ခွင့်လွှတ်ပါဆိုပြီး တောင်းပန်လိုက် နင်ခံသားနေရတာတွေပျောက်သွားလိမ့်မယ် ”

” ဟုတ်ကဲ့ ဦးမောင်ရင် ဒါနဲ့ ဆေးရောသောက်ရဦးမှာလား ”

“ဆေးကတော့ ပေးလိုက်မယ် မနက်တစ်ခွက်ညတစ်ခွက်သောက်”လို့ပြောပြီး ဘေးမှာရှိတဲ့ပုလင်းထဲက သွေးဆေးကို စက္ကုလေးနဲ့ထုပ်ပြီးပေးလိုက်တယ်။

ကိုထွန်းစိန်လဲ အိပ်ကပ်ထဲက ငွေအချို့ကို ဦးမောင်ရင်ထံ ကန်တော့ပြီး ပြန်လာခဲ့လိုက်တယ်။

ညနေဘက်ရောက်တော့ မရှိမဲ့ရှိမဲ့ စုထားတဲ့ငွေလေးနဲ့ကြက်တစ်ကောင်နဲ့အရက်တစ်လုံးဝယ်ပြီး ရွာထိပ်က ဇီးပင်အောက်မှာ သွားပူဇော်လိုက်တော့ နှောင်းခင်ရဲ့ ရောဂါက ယူပစ်သလိုပျောက်သွားခဲ့တယ်။
+++++++

“မြမောင် ဆရာဦးမောင်ရင်က တကယ်စွမ်းတာနော် သူပြောသလိုလုပ်ပြီးတဲ့အချိန်ငါ့မိန်းမရောဂါကယူပစ်သလိုပျောက်သွားတာ”

ထွန်းစိန်စကားကိုကြားတော့ မြမောင်က
“ထွီ မင်းတို့ပဲယုံ ငါတော့မယုံဘူး မြမောင်က လက်တွေ့မမြင်ရရင်ဘာမှကိုမယုံတာ အဲဒီဆေးဆရာလိုလို နတ်ဆရာလိုလိုအကောင်က ဒီရွာကလူတွေယုံကြည်အောင် လုပ်ပြနေတာ ”

” ဟာ ဟေ့ကောင် တိုးတိုးပြောပါဟ သူများတွေကြားသွားဦးမယ်”

“ကြားလဲမတတ်နိုင်ဘူးငါ့ကောင် မင်းကသူ့အကြောင်းဘာသိလို့လဲ အဲဒီဇီးပင်မှာ ဘာရှိတယ် ညာရှိတယ်ဆိုပြီး သတင်းလွှင့် ပြီးရင် ဘာနဲ့ပူဇော်လိုက်ဆိုပြီးလုပ်ခိုင်း အခုလဲကြည့်လေ ဇီးပင်အောက်မှာနတ်ကွန်းဆောက်ဖို့ဆိုပြီးအလှူခံနေပြန်ပြီ ငါတို့ရွာကလူတွေလဲ တယ်ခက်သကိုး အိမ်ကဘုရားစင်ကိုကျတော့ တောင့်တောင့်တင်းတင်းမထားဘူး နတ်စင်အလှည့်ကျတော့ ကြွတက်နေလိုက်ကြတာ ငါတော်တော်အမြင်ကပ်လာပြီ”

” အေးပါကွာ မင်းမယုံကြည်ရင်လဲ အဲလိုလိုမပြောပါနဲ့ ”

“ဒါနဲ့ ထွန်းစိန် မင်းတို့သွားပူဇော်တဲ့ကြက်ကြော်ကိုဘယ်သူယူသွားလဲသိလား”

” အဲဒါတော့ငါဘယ်သိမလဲ ငါတို့ကလှူပြီးရင်ပြီးရောဆိုပြီးထားခဲ့တာ”

“ဟက်ဟက်ဟက် ထွန်းစိန် ထွန်းစိန် ရိုးလွန်းအလွန်းတယ်ကွာ ရွာထဲကလူတွေပူဇော်သမျှ အရာအားလုံး အဲဒီဆေးဆရာပဲ အကုန်ယူတာ ကျန်တဲ့သူယူရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ခြောက်ထားလို့ ဘယ်သူမှမယူရဲဘူးကွ”

” ကဲပါ မြမောင်ရာ မင်းလဲတစ်ရွာနဲ့တစ်ယောက် ဖြစ်တော့မယ် သောက်စရာရှိတာသောက်ပြီး ပြန်တော့ ငါလဲပြန်တော့မယ်”လို့ပြောပြီး အရက်ဆိုင်ကနေထွက်လာခဲ့လိုက်တယ်။

အိမ်ပြန်ရောက်တော့ နှီးဖျာစရာရှိတာဖျာပြီး နေ့လည်ဘက်တစ်ရေးတစ်မောအိပ်လိုက်တယ်။ အိပ်ပျော်နေတုန်း ဆူဆူညံညံအသံတွေကြောင့် ထွန်းစိန်လန့်နိုးလာခဲ့တယ်။

” နှောင်းခင် ရွာထဲမှာ ဘာဖြစ်တာတုန်း”

” ဘာဖြစ်ရမလဲ တော့် အချစ်ဆုံးသူငယ်ချင်းမြမောင်ပေါ့ မူးရူးပြီး နတ်ကွန်းအတွက်အလှူခံတဲ့သူတွေကို ဆဲဆိုနေတာ”

” ဟာကွာ ဒီကောင်နဲ့တော့ခက်နေပါပြီ ငါသွားတားဦးမယ်”

” တော်ကလေ လူစွမ်းကောင်းဝင်လုပ်ပြန်ပြီ မြမောင်က မူးလာရင် လူရွေးတာမဟုတ်ဘူး အခုလဲသူ့လက်ထဲမှာ ဓါးကိုင်ထားတယ် အေးဆေးနေစမ်းပါ ကိုထွန်းစိန်ရယ်”

နှောင်းခင်စကားကြောင့် ထွန်းစိန် သက်ပြင်းချပြီး အိမ်ရှေ့ကွပ်ပြစ်မှာထွက်ထိုင်နေလိုက်တယ်။

” ဦးလေးထွန်းစိန် ဦးလေးထွန်းစိန်”

ခြံထဲကိုအမောတကြီးပြေးဝင်လာတဲ့ မြမောင်ရဲ့သားဖြစ်သူ လူအေးကိုမြင်တော့

” ဟေ့ကောင် လူအေး ဘာဖြစ်လာတာလဲ”

“အဖေကိုထိန်းပါဦးဗျာ အခုလဲ ရွာထိပ်က ဇီးပင်ကိုခုတ်လှဲမလို့ဆိုပြီး ထွက်သွားပြန်ပြီ”

လူအေးရဲ့စကားကြောင့် ထွန်းစိန် ပုဆိုးကိုတိုတိုပြင်ဝတ်ကာ ထွက်ချလာခဲ့လိုက်တယ်။ ရွာထိပ်ဇီးပင်နားရောက်တော့

” မဆိုင်သူတွေမကပ်နဲ့ အကုန်သေကုန်မယ် ဒီဇီးပင်ကငါတို့ရွာကို ဘာကောင်းကျိုးမှပေးတာမဟုတ်ဘူး ရွာကလူတွေကို ချမ်းသာအောင်လုပ်ပေးတာလဲမရှိဘူး တစ်နေ့တစ်နေ့ သူလုပ်လို့ ဟိုဟာနာလိုက် ဒီဟာနာလိုက်ပဲဖြစ်နေရတာ ဒီအပင်မရှိမှအေးမယ် ဖယ်ကြစမ်းကွာ ”

မြမောင်ရဲ့ကြုံးဝါးသံကြောင့် ဆေးဆရာဦး‌မောင်ရင်က
” မြမောင် မင်းတော့ဒုက္ခရောက်တော့မယ် လောကမှာမြင်အပ်မမြင်အပ်ဆိုတာရှိတယ် စိတ်ထိန်းပါကွာ”

“ဟေ့လူ ခင်ဗျားပါးစပ်ကိုပိတ်ထားလိုက်နောက်တစ်ခွန်းထပ်ပြောရင် ကျုပ်ဓါးကခင်ဗျားလည်ပင်းပေါ်ရောက်သွားမယ် ”

မြမောင်ရဲ့စကားကြောင့် ဦးမောင်ရင်ဘာမှမပြောတော့ပဲ စိုက်ကြည့်နေလိုက်တယ်။ ရွာထဲကလူတွေလဲ မူးလာရင်သွေးဆိုးတတ်တဲ့ မြမောင်ကို မဆွဲဝံ့ပဲ ရပ်ကြည့်နေတဲ့အချိန်

” မြမောင်ကွ ငါ့ကိုလာစမ်းလို့မရဘူး”ဆိုပြီး ဇီးပင်ကိုခုတ်ဖို့ ဓါးနဲ့ရွယ်လိုက်တဲ့အချိန်

” ဂစ် ဂစ် ဂစ် ”

“ဟဲ့ လုပ်ကြပါဦး မြမောင် အကြောဆွဲနေပြီ ခြေမချိုး ခြေမချိုး ယပ်ခပ်ကြပါဟ”

လူအုပ်ကြီးက ဘယ်လိုပဲလုပ်လုပ် မြမောင်သတိပြန်မလည်လာတော့ပေ။ မြမောင်ဆုံးပြီဆိုတဲ့သတင်းက တစ်ရွာလုံးသာမက ဘေးနားနီးစပ်ရွာတွေအထိ ပျံ့သွားခဲ့တယ်။

“မြမောင် သေတာ ရုက္ခစိုးကပြုစားလို့တဲ့”

” ဖြစ်နိုင်တယ် သူကမူးမူးရူးရူးနဲ့ အပင်ကိုခုတ်မယ်လုပ်တော့ ဟိုကပြုစားလိုက်တာ အသက်ပါသေတဲ့ထိပဲ ကြောက်စရာကြီးနော်”

ပျိုးနှုတ်နေရင်း ပြောနေကြတဲ့ မိန်းကလေးတွေရဲ့စကားကြောင့် နှောင်းခင်လှည့်ကြည့်လိုက်တယ်။

” ဟိုကောင်မလေးတွေ စကားကြီးပဲပြောမနေနဲ့ လယ်လဲစိုက်ဦး နင်တို့လဲ အဲဒီဇီးပင်အောက်ရောက်ရင် ပါးစပ်မသရမ်းကြနဲ့ မြမောင်ဖြစ်တာမြင်တယ်မလား”

” မကြီးနှောင်းခင်ရယ် ကျုပ်တို့က အဲလိုမျိုးတွေပြောပါ့မလား အခုဆိုအကုန်လုံးကကြောက်နေကြတာ”

” ညနေဒီစိုက်ကွက်အပြတ်လုပ်ရမှာ ခပ်သွက်သွက်လေးလုပ်ကြ”

နှောင်းခင်ရဲ့စကားကြောင့် ကောက်စိုက်နေတဲ့ မိန်းကလေးတွေ အသံမထွက်ကြတော့ပဲ လုပ်စရာရှိတာကိုဆက်လုပ်နေလိုက်ကြတယ်။
+++++++
မြမောင်သေပြီးတဲ့အချိန်ကစပြီး ဆေးဆရာကိုမောင်ရင်ရဲ့ ဩဇာက ပိုကြီးလာခဲ့တယ်။ ဗိုက်နာတာကအစ ချောင်းဆိုးတာအဆုံး ကိုမောင်ရင်ဆီပြေးကြရတယ်။

ကိုမောင်ရင်ကတော့ ဘာပဲဖြစ်ဖြစ် ဇီးပင်အောက်မှာ ဘာလုပ်ပေးလိုက် ညာလုပ်ပေးလိုက်ဆိုပြီးပြောတော့တာပဲ။ ထူးဆန်းတာက ဇီးပင်အောက်မှာ တစ်ခုခုပူဇော်လိုက်တာနဲ့ တော်ရုံရောဂါက အရှင်းပျောက်သွားဝာာပဲ။

ဒါပေမယ့် ဆေးဆရာကိုမောင်ရင်က မြို့ကိုတက်ပြီးကုလို့ပြောရင်တော့ မြို့ပေါ်တက်ပေတော့ပဲ။ တစ်ရက်မှာတော့ ကိုထွန်းစိန်တစ်ယောက် ဟိုဘက်ရွာမှာ နှီးတွေသွင်းပြီး ပြန်အလာ လမ်းတစ်ဝက်လောက်အရောက်မှာ

” ဗျို့နောင်ကြီး ဇီးပင်ကြီးရွာကိုဘယ်လမ်းကသွားရလဲ”ဆိုတဲ့အသံကြားလို့ ကြည့်လိုက်တော့
အသက်မတိမ်းမယိမ်း လူငယ်သုံးယောက်ကိုတွေ့လိုက်ရတယ်။

” မောင်ရင်တို့က ဘယ်နယ်ကလဲ အရင်ကဒီရွာတစ်ဝိုက်မှာမတွေ့ဖူးဖူး”

ကိုထွန်းစိန်ရဲ့စကားကြောင့် အရပ်မြင့်မြင့် အသားလတ်လတ်လူငယ်က

” ကျုပ်တို့က ခရီးသွားတွေပါ ဇီးပင်ကြီးရွာမှာ တန်ခိုးကြီးတဲ့ရုက္ခစိုးနတ်ကွန်းရှိတယ်ကြားလို့ လုပ်ငန်းတွေအဆင်ပြေအောင် ဝင်ပူဇော်မလို့ပါ”

လူငယ်တွေရဲ့စကားကြောင့် ကိုထွန်းစိန် မျက်နှာပြုံးရွှင်သွားပြီး
” ဟုတ်တယ်ဗျ ကျုပ်တို့ရွာကနတ်ကွန်းမှာ လာဆုတောင်းကြတဲ့သူတွေအများကြီးပဲ ကျုပ်ကအဲဒီရွာကပဲလေ မောင်ရင်တို့သွားမယ်ဆိုကျုပ်နဲ့လိုက်ခဲ့ “လို့ပြောပြီး အရှေ့ကထွက်သွားလိုက်တယ်။

ရွာထိပ်ရောက်တော့ ကိုထွန်းစိန်က
” ဟော ဟိုမှာနတ်ကွန်းတောင်လှမ်းမြင်နေရပြီ မောင်ရင်တို့ပူဇော်မဲ့ပစ္စည်းတွေရောပါလာပြီလား”

” ကျုပ်တို့မှာတော့မပါလာဘူး ရွာကနေဝယ်ရမှာပဲ”

“ဒါဆို လိုအပ်တာတွေ ကျုပ်ကိုပြော အကုန်လုပ်ပေးမယ် ”

” ဒီနေ့တော့မှီပါတော့မလားမသိဘူး ကျုပ်တို့ဆက်သွားမဲ့ရွာက နည်းနည်းဝေးသေးတယ်”

“အော် ဒါများစိတ်ပူစရာမှမဟုတ်တာ တစ်ညတစ်လေကတော့ ကျုပ်အိမ်မှာပဲတည်းလိုက်ပေါ့ မောင်ရင်တို့ကိုကြည့်ရတာ လူကောင်းတွေပါ ”

ကိုထွန်းစိန်ရဲ့စကားကိုကြား‌တော့
လူငယ်သုံးယောက်ကသ‌ဘောတူတဲ့ပုံစံနဲ့
ခေါင်းညိမ့်ပြလိုက်တယ်။

“နှောင်းခင်ရေ ဒီမှာဧည့်သည်တွေပါလာတယ်ဟေ့”

ကိုထွန်းစိန်ရဲ့အော်သံကြောင့် အိမ်ထဲကနေ နှောင်းခင်ထွက်လာခဲ့လိုက်တယ်။

” နှောင်းခင် ဒါက ဇီးပင်စောင့်ရုက္ခစိုးကိုပူဇော်ဖို့ရောက်လာတဲ့သူတွေ သူတို့သွားမဲ့ရွာက ဝေးတော့ ဒီညအိမ်မှာပေးတည်းမယ်ဆိုပြီးခေါ်လာတာ”

“အော် လာကြ လာကြ ရေနွေးကြမ်းနဲ့ ထန်းလျက်လေးလဲသုံးဆောင်ကြပါဦး”

လူငယ်သုံးယောက်လဲ အိမ်ပေါ်ကိုတက်ပြီး ရေနွေးကြမ်းနဲ့ထန်းလျက်ခဲကိုမြည်းနေလိုက်တယ်။

လူငယ်သုံးယောက်ထဲက ပိန်ပိန်ပါးပါလူငယ်(တောက်ရ)က လွယ်အိတ်ထဲကနေ ပိုက်ဆံအချို့ကိုထုတ်ပြီး
” နောင်ကြီး မနက်ဖြန်ကျုပ်တို့လိုမယ့်ပစ္စည်းတွေဝယ်ဖို့ပါ”

” ဟာ ငွေတွေကအများကြီးပါလား အဲလောက်မလိုပါဘူး ”

“မဟုတ်တာ ကျုပ်တို့စားဖို့ချက်ရပြုတ်ရမှာမို့ ပေးတာပါ ကျုပ်တို့ကသက်သက်လွတ်ပဲစားပါတယ် သိပ်ပြီးထွေထွေထူးထူးတွေမလုပ်ပါနဲ့”

” အဲဒါဆိုကျုပ်လုပ်စရာရှိတာလုပ်လိုက်ဦးမယ် လွတ်လွတ်လပ်လပ်နားကြ” ဆိုပြီး အိမ်ပေါ်ကဆင်းသွားတယ်။

ညဘက်ထမင်းစားပြီးတော့ လူငယ်သုံးယောက်က အိမ်ရှေ့ကွပ်ပြစ်မှာထိုင်ပြီး

” ဆရာ ကျွန်တော်တို့ထင်တာနဲ့ကွက်တိပဲ”

” ဟုတ်တယ်သက်ခိုင် ဒါပေမယ့် ရွာထဲက လူတွေမသိအောင်တော့လုပ်ရလိမ့်မယ် ဘယ်သူမှသိလို့မရဘူး ဒီညလူခြေတိတ်ချိန် လုပ်ငန်းစမယ်”

+++++++++

ညဘက်သန်းခေါင်ယံအချိန် ကိုထွန်းစိန်တို့အိမ်ကနေ အမှောင်ထုကိုအကာအကွယ်ယူပြီး လူသုံးယောက်ထွက်လာခဲ့ကြတယ်။

ရွာထိပ်ဇီးပင်အောက်နားရောက်တော့ ညဦးပိုင်းက ရွာထဲကလူတွေပူဇော်ထားတဲ့ ဖယောင်းတိုင်တွေမီးရောင်ကြောင့် ဇီးပင်ပတ်ဝန်းကျင်ကိုကောင်းစွာမြင်နေရတယ်။

” မလောနဲ့ဦး ခဏစောင့်လိုက် ဒီကောင်ဆင်းလာလိမ့်မယ်”

အောင်မြတ်သာရဲ့စကားကြောင့် သက်ခိုင်နဲ့ တောက်ရ အခြေအနေကိုကြည့်နေလိုက်တယ်။ ခဏနေတော့ ဇီးပင်ပေါ်ကနေ

” ဂျွတ် ဂျွတ် ဂျွတ်”ဆိုပြီး သစ်ကိုင်းကိုနင်းတဲ့အသံတွေကြားလိုက်ရတယ်။ အသံကြားပြီး သိပ်မကြာခင် ဇီးပင်ပေါ်ကနေ ဇောက်ထိုးဆင်းလာတဲ့ အကောင်တစ်ကောင်ကိုတွေ့လိုက်ရတယ်။ ဇီးပင်ပေါ်ကနေဆင်းလာတဲ့အကောင်က နတ်ကွန်းထဲဝင်ထိုင်ပြီး ရွာသားတွေတင်ထားတဲ့ အစားအစာတွေကိုမြိန်ယှက်စွာ စားပါလေရော။

အစားစားလိုက် အရက်ပုလင်းကိုမော့လိုက်နဲ့ ဇရပ်မင်းစည်းစိမ်ခံစားနေတဲ့အချိန် ရွာထဲကနေ လူတစ်ယောက် လမ်းလျောက်လာတာမြင်လိုက်ရတယ်။

“ဆရာ အဲဒီလူက ဆေးဆရာဦး‌မောင်ရင်ပဲ”

လမ်းလျောက်လာတဲ့လူက ဇီးပင်အောက်ရောက်တော့

” ဒီနေ့ရွာထဲကို လူစိမ်းသုံးယောက်ရောက်လာတယ် သူတို့ပုံစံကိုသိပ်မသင်္ကာဘူး ငါတို့အလုပ်ကိုနှောက်ယှက်နိုင်တယ် ဒါကြောင့် မနက်ကျရင် ရွာထဲက တစ်ယောက်ယောက်ကိုဝင်ပူးပြီး ရွာထဲလူစိမ်းတွေမဝင်ဖို့ပြောပါ နောက်တစ်ခုက ရွာတောင်ပိုင်းမှာနေတဲ့ ဦးတင်လှရဲ့သမီးမှာ အခါလည်ကလေးတစ်ယောက်ရှိတယ် သူ့ကိုပြုစားပြီး ငါဆီရောက်အောင်လုပ် အဲဒါအောင်မြင်ရင် မင်းစားဖို့ အမဲသားတစ်ပိဿာ လာပေးမယ်”

ဦးမောင်ရင်ရဲ့စကားကြောင့် အစာစားနေတဲ့ အကောင်က တစ်ချက်စောင်းကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်တယ်။

“ကဲ ဒါဆို ငါပြန်မယ် ရွာထဲကလူတစ်ယောက်ယောက်တွေ့သွားရင်မကောင်းဘူး မင်းလဲတာဝန်ကျေအောင်လုပ် မလုပ်လို့ကတော့ ငါ့အကြောင်းသိမယ်”လို့ပြောပြီး လှည့်အထွက်

” ဆေးဆရာကြီး ပြန်တော့မလို့လား “ဆိုတဲ့အသံက မလှမ်းမကမ်းမှာရှိတဲ့ ခြုံအနောက်ကနေထွက်လာခဲ့တယ်။

ဆေးဆရာလဲ အသံကြားတဲ့ဘက်ကိုကြည့်လိုက်တော့ ခြုံကွယ်ကနေထွက်လာတဲ့ လူငယ်သုံးယောက်ကိုမြင်လိုက်ရတယ်။

” လတ်စသတ်တော့ မင်းတို့ကိုး ငါထင်တာမှန်နေတာပဲ မင်းတို့ဒီရွာကိုဘာကိစ္စနဲ့လာတာလဲ ”

ဆေးဆရာရဲ့စကားကိုကြားတော့ အောင်မြတ်သာက

” ကျုပ်တို့ဒီကိုလာတာ နေရာလဲမလို့ပါ”

” ဟားဟားဟား မောင်ရင်တို့အသက်က ငယ်ငယ်လေးပဲရှိသေးတယ် လူဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေကြပါဦး အသက်မသေချင်ရင် လာရာလမ်းအတိုင်းလှည့်ပြန်ပါ ထပ်ပြီးနှောက်ယှက်မယ်ဆိုရင်တော့ မောင်ရင်ဘာကောင်လဲသိသွားစေရမယ်”

” ကျွတ် ကျွတ် ကျွတ် ခင်ဗျားကအသက်သာကြီးတာ အသိတရားမရှိသေးဘူးကိုး ရွာကလူတွေရဲ့ ရိုးသားမှုကိုအခွင့်ကောင်းယူပြီး လိမ်လည်စားသောက်နေရတာ ရပ်ဖို့အချိန်ကျလာပြီ ခင်ဗျားမွေးထားတဲ့သရဲကိုခေါ်ပြီး ရွာကနေထွက်သွားမလား ကျုပ်တို့နှင်ထုတ်ရမလား”

” စမ်းကြည့်လိုက်လေ မောင်ရင်ဆိုတဲ့နာမည် ဘာကြောင့်ရလာလဲသိသွားတာပေါ့ မလောက်လေးမလောက်စားပညာလေးနဲ့ငါ့ကိုလာယှဉ်နေသေးတယ် ”

“ခင်ဗျားကစိန်ခေါ်တော့လဲ ဘွာခတ်လို့ဘယ်ရတော့မလဲ ဒါပေမယ့်ခင်ဗျားအဆင့်က ကျုပ်တပည့်နဲ့တင်ရပါတယ် သက်ခိုင် ဒီအောက်လမ်းအခွင့်အရေးသမားကိုဆုံးမလိုက်ပါ”

သက်ခိုင်လဲ အောင်မြတ်သာရဲ့ခွင့်ပြုချက်ရပြီမို့ အရှေ့ကိုထွက်ကာ

” အထက်ဆရာကြီးများရဲ့ခွင့်ပြုချက်အရ သင့်ကိုကျုပ်ဆုံးမပါမည် ကျုပ်ကြောင့်တစ်စုံတစ်ခု ထိခိုက်ဒဏ်ရာရခဲ့သည်ရှိသော် ခွင့်လွှတ်ပေးပါ “လို့တောင်းပန်ပြီး လက်ထဲမှာရှိတဲ့ အင်းချပ်တစ်ချပ်ကို ဆေးဆရာရှိရာပစ်လွှတ်လိုက်တယ်။

ညဘက်အမှောင်ထဲမှာ ဝင်းခနဲ လက်ခနဲပြေးထွက်သွားတဲ့အင်းချပ်ကိုမြင်တော့ ဆေးဆရာမျက်လုံးပြူးသွားပြီး ကမန်းကတမ်းရှောင်လိုက်ရတယ်။

” မင်းတို့ပညာက ဘယ်ဆိုးလို့တုန်း ငနက်ကျော် လာစမ်း မင်းရဲ့အပေါင်းအပါတွေနဲ့ ဒီလူစုတ်တွေကိုမောင်းထုတ်လိုက်”လို့ပြောလိုက်တာနဲ့ ဇီးပင်ပေါ်ကနေ အရွယ်စုံပုံသဏ္ဍန်စုံ နာနာဘာဝတွေ ခုန်ချလာခဲ့ပြီး သက်ခိုင်ရှိရာဘက်ကို ပြေးဝင်လာခဲ့တယ်။

သက်ခိုင်လဲ တုန်လှုပ်ချောက်ချားခြင်းမရှိပဲ ကျင့်ကြံထားခဲ့တဲ့သမထအစွမ်းတွေကိုစုစည်းလိုက်တဲ့အချိန် ကိုယ်ထဲကနေ အဖြူရောင်အလင်းတန်းတွေထွက်ပေါ်လာခဲ့တယ်။

အလင်တန်းတွေကိုမြင်တော့ နာနာဘာဝတွေက မျက်နှာကိုလက်နဲ့အုပ်ပြီး အနောက်ကိုပြန်ဆုတ်သွားကြတယ်။

” ဟာကွာ ဒီကောင်တွေ သုံးစားလို့ကိုမရဘူး အရှေ့ကိုတက်ကြစမ်း”

ဆေးဆရာရဲ့အော်သံကြောင့် တွန့်ဆုတ်နေကြတဲ့ နာနာဘာဝတွေက ရုတ်တရက်အရှေ့ကိုပြေးတက်လာကြတယ်။

သက်ခိုင်လဲ မတ်တပ်ရပ်နေရာကနေ စည်းတစ်ခုကိုတားလိုက်တဲ့အချိန် စည်းထဲကနေ မီးတောက်မီးလျှံတွေက သက်ခိုင်နဲ့ နာနာဘာဝတွေရဲ့ကြားထဲမှာ တံတိုင်းတစ်ခုလိုပေါ်လာခဲ့တယ်။

အတင့်ရဲတဲ့နာနာဘာဝတွေက မီးတောက်တံတိုင်းကိုဖြတ်ဝင်ဖို့ကြိုးစားကြပေမယ့် ဖြတ်ဝင်တဲ့သူတိုင်း ပြာဖြစ်သွားတာကိုမြင်တော့ နောက်ထပ်ဘယ်သူမှရှေ့မတက်ရဲကြတော့ပေ။

အဲဒီအချိန် ဆေးဆရာလဲအခြေအနေမဟန်တာကိုသိပြီး ရွာထဲဘက်ပြေးဖို့အလုပ် အသင့်စောင့်နေတဲ့ တောက်ရက ဆေးဆရာရဲ့ညိုသကျဉ်းကို တုတ်နဲ့ဖြတ်ရိုက်ချလိုက်တယ်။

” အား အမလေး သေပါပြီ
ကျုပ်နောက်မလုပ်တော့ပါဘူး
လွှတ်ပေးပါ ကတိပေးပါတယ် တကယ်မလုပ်တော့ပါဘူး”

ဆေးဆရာရဲ့တောင်းပန်စကားကိုကြားတော့ အောင်မြတ်သာက
” နောက်ကျသွားပြီ ဦးမောင်ရင် သင်အပြစ်တွေကအရမ်းကြီးလွန်းတယ် သင့်ဆီမှာရှိတဲ့ပညာတွေကိုလဲသိမ်းယူဖို့ ဆိုင်ရာပုဂ္ဂိုလ်တွေကို ခွင့်တောင်းထားပြီးပြီ ဒီဇီးပင်မှာနေမဲ့ပုဂ္ဂိုလ်လဲမကြာခင်ရောက်လာလိမ့်မယ် ”

“ဒါဆို ကျုပ်ကိုမသတ်ဘူးပေါ့ ”

“ကျုပ်တို့ကလူသတ်သမားတွေမဟုတ်ပါဘူး သင့်ရဲ့အပြစ်တွေအတွက်တော့ ထိုက်တန်တဲ့အပြစ်တစ်ခုပေးရလိမ့်မယ်”လို့ပြောပြီး ဦးခေါင်းကိုကိုင်လိုက်တဲ့အချိန် ဆေးဆရာအရုပ်ကြိုးပြတ်လဲကျသွားတယ်။

အဲဒီအချိန်မှာပဲ ဇီးပင်ပေါ်ကနေ ပိတ်ဖြူစင်ကြယ်ဝတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပေါ်လာပြီး
” ဆရာလေးတို့ရဲ့ပင့်ဖိတ်မှုကြောင့် ဒီနေရာကိုရောက်လာပါပြီ ဒီရွာသူရွာသားတွေ အယူလွဲမှားနေမှုတွေကို ကူညီဖြေရှင်းပေးခဲ့တဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်”

ပိတ်ဖြူဝတ်ပုဂ္ဂိုလ်ရဲ့စကားကြောင့် အောင်မြတ်သာက လက်ကာပြပြီး

” ယခင်ကမကောင်းမှုတွေကို သင်လက်ထက်မှာဆေးကြောပေးပါ ယခုအပင်အောက်မှာရှိနေတဲ့ နာနာဘာဝတွေကိုလဲသင့်လက်ထဲအပ်ခဲ့ပါတယ် လိမ်မာယဉ်ကျေးအောင်ဆုံးမပေးပါ”လို့ပြောတော့ ပိတ်ဖြူဝတ်ပုဂ္ဂိုလ်က

” ဆရာလေးတို့အပန်းမကြီးရင် ဘိဇလပ်ရွာ‌ဘက်ကိုသွားစေချင်ပါတယ် အဲဒီရွာမှာ ယခုကြုံနေရတဲ့အခြေအနေကတော်တော်ကိုစိုးပါတယ်”

” ဘယ်လိုမျိုးတွေကြုံနေရလို့လဲ”

“ဘယ်ကရောက်လာမှန်းမသိတဲ့ ကလေးသရဲတစ်ကောင်သောင်းကျန်းနေပါတယ် ရွာမှာရှိတဲ့ဘုန်းကြီးတွေကအစ မနိုင်ဘူးဖြစ်နေတယ် ”

” ကောင်းပါပြီ ကျုပ်တို့ကူညီပေးပါ့မယ် သင်လဲကောင်းမွန်စွာနေရစ်ခဲ့ပါ”လို့မှာပြီး ဇီးပင်ကြီးရွာကနေထွက်လာခဲ့ကြတယ်။

အဲဒီအဖြစ်အပျက်တွေဖြစ်ပြီးနောက်ပိုင်း ဇီးပင်အောက်မှာ အရက်သေစာနဲ့ အသားငါးတွေမတွေ့ရတော့ပဲ သစ်သီးသစ်ဖုကိုသာတွေ့ကြရတော့တယ်။

ဇီးပင်ကြီးရွာသူရွာသားတွေရဲ့ပါးစပ်ဖျားမှာတော့ ဘယ်ကရောက်လာမှန်းမသိတဲ့ လူငယ်သုံးယောက်အကြောင်းရယ် ကောက်ကာငင်ကာရူးသွားတဲ့ဆေးဆရာရဲ့အကြောင်းကတော့ ညအိပ်ရာဝင်ပုံပြင်အဖြစ် ပေါ်ပေါက်လာခဲ့ပါတယ်။
+++++++

အောင်မြတ်သာတို့ဆရာတပည့်တွေလဲ ဘိဇလပ်ရွာမှာသောင်းကျန်းနေတဲ့ ကလေးသရဲကို ဘယ်လိုနှိမ်နင်းပြီး ကျွတ်လွတ်အောင်လုပ်ပေးမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်ကလေးသရဲဆိုတဲ့ဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi(version)

ေအာင္ျမတ္သာႏွင့္ဇီးပင္ေစာင့္႐ုကၡစိုး
+++++++++++++++++++++++++++
“အား ကြၽတ္ ကြၽတ္ ကြၽတ္
ကိုထြန္းစိန္ က်ဳပ္ဗိုက္ထဲကေအာင့္ေနတယ္”

မိန္းမျဖစ္သူႏွောင္းခင္ရဲ႕စကားေၾကာင့္ အိမ္ေရွ႕မွာႏွီးဖ်ာေနတဲ့ ကိုထြန္းစိန္ လုပ္လက္စအလုပ္ကို ခ်ထားၿပီး အိမ္ေပၚတက္လာခဲ့လိုက္တယ္။

” ႏွောင္းခင္ ဘာေတြအစားမွားလို႔လဲ ”

“ဘာမွမစားပါဘူးေတာ္ မေန႕ညထဲက ေအာင့္ေတာင့္ေတာင့္ျဖစ္ေနလို႔ ညဘက္ထမင္းေတာင္မစားပဲအိပ္လိုက္တာ ေတာ္အသိပဲေလ”

” ဒါဆိုေလထိုး ေလေအာင့္ေနလို႔မ်ားလား”

“မသိပါဘူးေတာ္ တစ္ေျဖးေျဖးနဲ႕ပိုပိုဆိုးလာတယ္”

” ထိုင္ေနလို႔ေတာ့ေကာင္းလာမွာမဟုတ္ဘူး ေဆးဆရာဦးေမာင္ရင္ဆီသြားျပၾကည့္ရေအာင္ သူကအဲလိုအရာေတြ နားလည္တယ္”

“သြားမယ္ဆိုလဲ အခုသြားမယ္ က်ဳပ္မခံနိုင္ေတာ့ဘူး”

ႏွောင္းခင္ရဲ႕စကားေၾကာင့္ ကိုထြန္းစိန္ ေသတၱာထဲကပိုက္ဆံအနည္းငယ္ကိုယူလိုက္ၿပီး ဦးေမာင္ရင္အိမ္ဘက္ကိုထြက္လာခဲ့လိုက္တယ္။

” ဗ်ိဳ႕ ဦးေမာင္ရင္”

” ဘာတုန္းေဟ့ အိမ္ေပၚမွာရွိတယ္ တက္လာခဲ့ၾက”

အိမ္ေပၚေရာက္ေတာ့

” ဦးေမာင္ရင္ က်ဳပ္မိန္းမ ဘာျဖစ္တယ္မသိဘူး ညကမွေကာက္ကာငင္ကာ ဗိုက္ထေအာင့္လို႔တဲ့”

ဦးေမာင္ရင္လဲ ႏွောင္းခင္မ်က္ႏွာကို အကဲခတ္လိုက္ၿပီး

” လာလာ ပက္လက္လွန္အိပ္လိုက္ ငါစမ္းၾကည့္ဦးမယ္”လို႔ေျပာၿပီး ႏွောင္းခင္ရဲ႕ ဗိုက္ပေပၚကို လက္နဲ႕ဖိစမ္းလိုက္တယ္။

” အိမ္း မင္းမိန္းမ အမွားတစ္ခုခုလုပ္ထားၿပီထင္တယ္”

” ဟုတ္ပါ့မလား ဦးေမာင္ရင္ က်ဳပ္မိန္းမက ေတာ္႐ုံဘယ္မွသြားတာမဟုတ္ဘူး”

“အဲဒါေတာ့က်ဳပ္လဲမသိဘူး အခုသူ႕ဗိုက္ကိုစမ္းေတာ့ အထဲမွာ တစ္ေယာက္ေယာက္က ျပဳစားထားသလိုအလုံးတစ္လုံးစမ္းမိလို႔”

ဦးေမာင္ရင္စကားေၾကာင့္ ထြန္းစိန္က
“ဟဲ့ ႏွောင္းခင္ နင္မေန႕ကဘာေတြလုပ္ခဲ့ေသးလဲ”

” က်ဳပ္မေန႕က ႐ြာျပင္မွာဟင္း႐ြက္သြားခူးတုန္းက ဇီးပင္ေအာက္မွာပူေဇာ္ထားတဲ့ ၾကက္ေၾကာ္ကိုစားခ်င္တယ္ဆိုၿပီးေတာ့ ေျပာမိခဲ့တယ္ က်န္တာေတာ့ဘာမွမလုပ္ခဲ့ဘူး”

ႏွောင္းခင္ရဲ႕စကားေၾကာင့္ ဦးေမာင္ရင္ တစ္ခ်က္ၿပဳံးလိုက္ၿပီး

” ငါေျပာသားပဲ ႏွောင္းခင္အမွားလုပ္ခဲ့ပါတယ္လို႔ အဲဒီဇီးပင္ကနတ္ႀကီးတယ္ သူ႕ကိုပူေဇာ္ပသထားတဲ့အရာေတြကိုစိတ္နဲ႕ေတာင္ပစ္မွားလို႔ရတာမဟုတ္ဘူး အခုအေျဖကရွင္းေနၿပီ ဒီညေန သူ႕အတြက္ ၾကက္ေၾကာ္နဲ႕ အရက္သြားဆက္လိုက္ ၿပီးရင္ေျပာမွားဆိုမွားရွိ ခြင့္လႊတ္ပါဆိုၿပီး ေတာင္းပန္လိုက္ နင္ခံသားေနရတာေတြေပ်ာက္သြားလိမ့္မယ္ ”

” ဟုတ္ကဲ့ ဦးေမာင္ရင္ ဒါနဲ႕ ေဆးေရာေသာက္ရဦးမွာလား ”

“ေဆးကေတာ့ ေပးလိုက္မယ္ မနက္တစ္ခြက္ညတစ္ခြက္ေသာက္”လို႔ေျပာၿပီး ေဘးမွာရွိတဲ့ပုလင္းထဲက ေသြးေဆးကို စကၠဳေလးနဲ႕ထုပ္ၿပီးေပးလိုက္တယ္။

ကိုထြန္းစိန္လဲ အိပ္ကပ္ထဲက ေငြအခ်ိဳ႕ကို ဦးေမာင္ရင္ထံ ကန္ေတာ့ၿပီး ျပန္လာခဲ့လိုက္တယ္။

ညေနဘက္ေရာက္ေတာ့ မရွိမဲ့ရွိမဲ့ စုထားတဲ့ေငြေလးနဲ႕ၾကက္တစ္ေကာင္နဲ႕အရက္တစ္လုံးဝယ္ၿပီး ႐ြာထိပ္က ဇီးပင္ေအာက္မွာ သြားပူေဇာ္လိုက္ေတာ့ ႏွောင္းခင္ရဲ႕ ေရာဂါက ယူပစ္သလိုေပ်ာက္သြားခဲ့တယ္။
+++++++

“ျမေမာင္ ဆရာဦးေမာင္ရင္က တကယ္စြမ္းတာေနာ္ သူေျပာသလိုလုပ္ၿပီးတဲ့အခ်ိန္ငါ့မိန္းမေရာဂါကယူပစ္သလိုေပ်ာက္သြားတာ”

ထြန္းစိန္စကားကိုၾကားေတာ့ ျမေမာင္က
“ထြီ မင္းတို႔ပဲယုံ ငါေတာ့မယုံဘူး ျမေမာင္က လက္ေတြ႕မျမင္ရရင္ဘာမွကိုမယုံတာ အဲဒီေဆးဆရာလိုလို နတ္ဆရာလိုလိုအေကာင္က ဒီ႐ြာကလူေတြယုံၾကည္ေအာင္ လုပ္ျပေနတာ ”

” ဟာ ေဟ့ေကာင္ တိုးတိုးေျပာပါဟ သူမ်ားေတြၾကားသြားဦးမယ္”

“ၾကားလဲမတတ္နိုင္ဘူးငါ့ေကာင္ မင္းကသူ႕အေၾကာင္းဘာသိလို႔လဲ အဲဒီဇီးပင္မွာ ဘာရွိတယ္ ညာရွိတယ္ဆိုၿပီး သတင္းလႊင့္ ၿပီးရင္ ဘာနဲ႕ပူေဇာ္လိုက္ဆိုၿပီးလုပ္ခိုင္း အခုလဲၾကည့္ေလ ဇီးပင္ေအာက္မွာနတ္ကြန္းေဆာက္ဖို႔ဆိုၿပီးအလႉခံေနျပန္ၿပီ ငါတို႔႐ြာကလူေတြလဲ တယ္ခက္သကိုး အိမ္ကဘုရားစင္ကိုက်ေတာ့ ေတာင့္ေတာင့္တင္းတင္းမထားဘူး နတ္စင္အလွည့္က်ေတာ့ ႂကြတက္ေနလိုက္ၾကတာ ငါေတာ္ေတာ္အျမင္ကပ္လာၿပီ”

” ေအးပါကြာ မင္းမယုံၾကည္ရင္လဲ အဲလိုလိုမေျပာပါနဲ႕ ”

“ဒါနဲ႕ ထြန္းစိန္ မင္းတို႔သြားပူေဇာ္တဲ့ၾကက္ေၾကာ္ကိုဘယ္သူယူသြားလဲသိလား”

” အဲဒါေတာ့ငါဘယ္သိမလဲ ငါတို႔ကလႉၿပီးရင္ၿပီးေရာဆိုၿပီးထားခဲ့တာ”

“ဟက္ဟက္ဟက္ ထြန္းစိန္ ထြန္းစိန္ ရိုးလြန္းအလြန္းတယ္ကြာ ႐ြာထဲကလူေတြပူေဇာ္သမွ် အရာအားလုံး အဲဒီေဆးဆရာပဲ အကုန္ယူတာ က်န္တဲ့သူယူရင္ ဘာျဖစ္မယ္ ညာျဖစ္မယ္ဆိုၿပီး ေျခာက္ထားလို႔ ဘယ္သူမွမယူရဲဘူးကြ”

” ကဲပါ ျမေမာင္ရာ မင္းလဲတစ္႐ြာနဲ႕တစ္ေယာက္ ျဖစ္ေတာ့မယ္ ေသာက္စရာရွိတာေသာက္ၿပီး ျပန္ေတာ့ ငါလဲျပန္ေတာ့မယ္”လို႔ေျပာၿပီး အရက္ဆိုင္ကေနထြက္လာခဲ့လိုက္တယ္။

အိမ္ျပန္ေရာက္ေတာ့ ႏွီးဖ်ာစရာရွိတာဖ်ာၿပီး ေန႕လည္ဘက္တစ္ေရးတစ္ေမာအိပ္လိုက္တယ္။ အိပ္ေပ်ာ္ေနတုန္း ဆူဆူညံညံအသံေတြေၾကာင့္ ထြန္းစိန္လန့္နိုးလာခဲ့တယ္။

” ႏွောင္းခင္ ႐ြာထဲမွာ ဘာျဖစ္တာတုန္း”

” ဘာျဖစ္ရမလဲ ေတာ့္ အခ်စ္ဆုံးသူငယ္ခ်င္းျမေမာင္ေပါ့ မူး႐ူးၿပီး နတ္ကြန္းအတြက္အလႉခံတဲ့သူေတြကို ဆဲဆိုေနတာ”

” ဟာကြာ ဒီေကာင္နဲ႕ေတာ့ခက္ေနပါၿပီ ငါသြားတားဦးမယ္”

” ေတာ္ကေလ လူစြမ္းေကာင္းဝင္လုပ္ျပန္ၿပီ ျမေမာင္က မူးလာရင္ လူေ႐ြးတာမဟုတ္ဘူး အခုလဲသူ႕လက္ထဲမွာ ဓါးကိုင္ထားတယ္ ေအးေဆးေနစမ္းပါ ကိုထြန္းစိန္ရယ္”

ႏွောင္းခင္စကားေၾကာင့္ ထြန္းစိန္ သက္ျပင္းခ်ၿပီး အိမ္ေရွ႕ကြပ္ျပစ္မွာထြက္ထိုင္ေနလိုက္တယ္။

” ဦးေလးထြန္းစိန္ ဦးေလးထြန္းစိန္”

ၿခံထဲကိုအေမာတႀကီးေျပးဝင္လာတဲ့ ျမေမာင္ရဲ႕သားျဖစ္သူ လူေအးကိုျမင္ေတာ့

” ေဟ့ေကာင္ လူေအး ဘာျဖစ္လာတာလဲ”

“အေဖကိုထိန္းပါဦးဗ်ာ အခုလဲ ႐ြာထိပ္က ဇီးပင္ကိုခုတ္လွဲမလို႔ဆိုၿပီး ထြက္သြားျပန္ၿပီ”

လူေအးရဲ႕စကားေၾကာင့္ ထြန္းစိန္ ပုဆိုးကိုတိုတိုျပင္ဝတ္ကာ ထြက္ခ်လာခဲ့လိုက္တယ္။ ႐ြာထိပ္ဇီးပင္နားေရာက္ေတာ့

” မဆိုင္သူေတြမကပ္နဲ႕ အကုန္ေသကုန္မယ္ ဒီဇီးပင္ကငါတို႔႐ြာကို ဘာေကာင္းက်ိဳးမွေပးတာမဟုတ္ဘူး ႐ြာကလူေတြကို ခ်မ္းသာေအာင္လုပ္ေပးတာလဲမရွိဘူး တစ္ေန႕တစ္ေန႕ သူလုပ္လို႔ ဟိုဟာနာလိုက္ ဒီဟာနာလိုက္ပဲျဖစ္ေနရတာ ဒီအပင္မရွိမွေအးမယ္ ဖယ္ၾကစမ္းကြာ ”

ျမေမာင္ရဲ႕ႀကဳံးဝါးသံေၾကာင့္ ေဆးဆရာဦးေမာင္ရင္က
” ျမေမာင္ မင္းေတာ့ဒုကၡေရာက္ေတာ့မယ္ ေလာကမွာျမင္အပ္မျမင္အပ္ဆိုတာရွိတယ္ စိတ္ထိန္းပါကြာ”

“ေဟ့လူ ခင္ဗ်ားပါးစပ္ကိုပိတ္ထားလိုက္ေနာက္တစ္ခြန္းထပ္ေျပာရင္ က်ဳပ္ဓါးကခင္ဗ်ားလည္ပင္းေပၚေရာက္သြားမယ္ ”

ျမေမာင္ရဲ႕စကားေၾကာင့္ ဦးေမာင္ရင္ဘာမွမေျပာေတာ့ပဲ စိုက္ၾကည့္ေနလိုက္တယ္။ ႐ြာထဲကလူေတြလဲ မူးလာရင္ေသြးဆိုးတတ္တဲ့ ျမေမာင္ကို မဆြဲဝံ့ပဲ ရပ္ၾကည့္ေနတဲ့အခ်ိန္

” ျမေမာင္ကြ ငါ့ကိုလာစမ္းလို႔မရဘူး”ဆိုၿပီး ဇီးပင္ကိုခုတ္ဖို႔ ဓါးနဲ႕႐ြယ္လိုက္တဲ့အခ်ိန္

” ဂစ္ ဂစ္ ဂစ္ ”

“ဟဲ့ လုပ္ၾကပါဦး ျမေမာင္ အေၾကာဆြဲေနၿပီ ေျခမခ်ိဳး ေျခမခ်ိဳး ယပ္ခပ္ၾကပါဟ”

လူအုပ္ႀကီးက ဘယ္လိုပဲလုပ္လုပ္ ျမေမာင္သတိျပန္မလည္လာေတာ့ေပ။ ျမေမာင္ဆုံးၿပီဆိုတဲ့သတင္းက တစ္႐ြာလုံးသာမက ေဘးနားနီးစပ္႐ြာေတြအထိ ပ်ံ့သြားခဲ့တယ္။

“ျမေမာင္ ေသတာ ႐ုကၡစိုးကျပဳစားလို႔တဲ့”

” ျဖစ္နိုင္တယ္ သူကမူးမူး႐ူး႐ူးနဲ႕ အပင္ကိုခုတ္မယ္လုပ္ေတာ့ ဟိုကျပဳစားလိုက္တာ အသက္ပါေသတဲ့ထိပဲ ေၾကာက္စရာႀကီးေနာ္”

ပ်ိဳးႏႈတ္ေနရင္း ေျပာေနၾကတဲ့ မိန္းကေလးေတြရဲ႕စကားေၾကာင့္ ႏွောင္းခင္လွည့္ၾကည့္လိုက္တယ္။

” ဟိုေကာင္မေလးေတြ စကားႀကီးပဲေျပာမေနနဲ႕ လယ္လဲစိုက္ဦး နင္တို႔လဲ အဲဒီဇီးပင္ေအာက္ေရာက္ရင္ ပါးစပ္မသရမ္းၾကနဲ႕ ျမေမာင္ျဖစ္တာျမင္တယ္မလား”

” မႀကီးႏွောင္းခင္ရယ္ က်ဳပ္တို႔က အဲလိုမ်ိဳးေတြေျပာပါ့မလား အခုဆိုအကုန္လုံးကေၾကာက္ေနၾကတာ”

” ညေနဒီစိုက္ကြက္အျပတ္လုပ္ရမွာ ခပ္သြက္သြက္ေလးလုပ္ၾက”

ႏွောင္းခင္ရဲ႕စကားေၾကာင့္ ေကာက္စိုက္ေနတဲ့ မိန္းကေလးေတြ အသံမထြက္ၾကေတာ့ပဲ လုပ္စရာရွိတာကိုဆက္လုပ္ေနလိုက္ၾကတယ္။
+++++++
ျမေမာင္ေသၿပီးတဲ့အခ်ိန္ကစၿပီး ေဆးဆရာကိုေမာင္ရင္ရဲ႕ ဩဇာက ပိုႀကီးလာခဲ့တယ္။ ဗိုက္နာတာကအစ ေခ်ာင္းဆိုးတာအဆုံး ကိုေမာင္ရင္ဆီေျပးၾကရတယ္။

ကိုေမာင္ရင္ကေတာ့ ဘာပဲျဖစ္ျဖစ္ ဇီးပင္ေအာက္မွာ ဘာလုပ္ေပးလိုက္ ညာလုပ္ေပးလိုက္ဆိုၿပီးေျပာေတာ့တာပဲ။ ထူးဆန္းတာက ဇီးပင္ေအာက္မွာ တစ္ခုခုပူေဇာ္လိုက္တာနဲ႕ ေတာ္႐ုံေရာဂါက အရှင်းပျောက်သွားဝာာပဲ။

ဒါေပမယ့္ ေဆးဆရာကိုေမာင္ရင္က ၿမိဳ႕ကိုတက္ၿပီးကုလို႔ေျပာရင္ေတာ့ ၿမိဳ႕ေပၚတက္ေပေတာ့ပဲ။ တစ္ရက္မွာေတာ့ ကိုထြန္းစိန္တစ္ေယာက္ ဟိုဘက္႐ြာမွာ ႏွီးေတြသြင္းၿပီး ျပန္အလာ လမ္းတစ္ဝက္ေလာက္အေရာက္မွာ

” ဗ်ိဳ႕ေနာင္ႀကီး ဇီးပင္ႀကီး႐ြာကိုဘယ္လမ္းကသြားရလဲ”ဆိုတဲ့အသံၾကားလို႔ ၾကည့္လိုက္ေတာ့
အသက္မတိမ္းမယိမ္း လူငယ္သုံးေယာက္ကိုေတြ႕လိုက္ရတယ္။

” ေမာင္ရင္တို႔က ဘယ္နယ္ကလဲ အရင္ကဒီ႐ြာတစ္ဝိုက္မွာမေတြ႕ဖူးဖူး”

ကိုထြန္းစိန္ရဲ႕စကားေၾကာင့္ အရပ္ျမင့္ျမင့္ အသားလတ္လတ္လူငယ္က

” က်ဳပ္တို႔က ခရီးသြားေတြပါ ဇီးပင္ႀကီး႐ြာမွာ တန္ခိုးႀကီးတဲ့႐ုကၡစိုးနတ္ကြန္းရွိတယ္ၾကားလို႔ လုပ္ငန္းေတြအဆင္ေျပေအာင္ ဝင္ပူေဇာ္မလို႔ပါ”

လူငယ္ေတြရဲ႕စကားေၾကာင့္ ကိုထြန္းစိန္ မ်က္ႏွာၿပဳံး႐ႊင္သြားၿပီး
” ဟုတ္တယ္ဗ် က်ဳပ္တို႔႐ြာကနတ္ကြန္းမွာ လာဆုေတာင္းၾကတဲ့သူေတြအမ်ားႀကီးပဲ က်ဳပ္ကအဲဒီ႐ြာကပဲေလ ေမာင္ရင္တို႔သြားမယ္ဆိုက်ဳပ္နဲ႕လိုက္ခဲ့ “လို႔ေျပာၿပီး အေရွ႕ကထြက္သြားလိုက္တယ္။

႐ြာထိပ္ေရာက္ေတာ့ ကိုထြန္းစိန္က
” ေဟာ ဟိုမွာနတ္ကြန္းေတာင္လွမ္းျမင္ေနရၿပီ ေမာင္ရင္တို႔ပူေဇာ္မဲ့ပစၥည္းေတြေရာပါလာၿပီလား”

” က်ဳပ္တို႔မွာေတာ့မပါလာဘူး ႐ြာကေနဝယ္ရမွာပဲ”

“ဒါဆို လိုအပ္တာေတြ က်ဳပ္ကိုေျပာ အကုန္လုပ္ေပးမယ္ ”

” ဒီေန႕ေတာ့မွီပါေတာ့မလားမသိဘူး က်ဳပ္တို႔ဆက္သြားမဲ့႐ြာက နည္းနည္းေဝးေသးတယ္”

“ေအာ္ ဒါမ်ားစိတ္ပူစရာမွမဟုတ္တာ တစ္ညတစ္ေလကေတာ့ က်ဳပ္အိမ္မွာပဲတည္းလိုက္ေပါ့ ေမာင္ရင္တို႔ကိုၾကည့္ရတာ လူေကာင္းေတြပါ ”

ကိုထြန္းစိန္ရဲ႕စကားကိုၾကားေတာ့
လူငယ္သုံးေယာက္ကသေဘာတူတဲ့ပုံစံနဲ႕
ေခါင္းညိမ့္ျပလိုက္တယ္။

“ႏွောင္းခင္ေရ ဒီမွာဧည့္သည္ေတြပါလာတယ္ေဟ့”

ကိုထြန္းစိန္ရဲ႕ေအာ္သံေၾကာင့္ အိမ္ထဲကေန ႏွောင္းခင္ထြက္လာခဲ့လိုက္တယ္။

” ႏွောင္းခင္ ဒါက ဇီးပင္ေစာင့္႐ုကၡစိုးကိုပူေဇာ္ဖို႔ေရာက္လာတဲ့သူေတြ သူတို႔သြားမဲ့႐ြာက ေဝးေတာ့ ဒီညအိမ္မွာေပးတည္းမယ္ဆိုၿပီးေခၚလာတာ”

“ေအာ္ လာၾက လာၾက ေရႏြေးၾကမ္းနဲ႕ ထန္းလ်က္ေလးလဲသုံးေဆာင္ၾကပါဦး”

လူငယ္သုံးေယာက္လဲ အိမ္ေပၚကိုတက္ၿပီး ေရႏြေးၾကမ္းနဲ႕ထန္းလ်က္ခဲကိုျမည္းေနလိုက္တယ္။

လူငယ္သုံးေယာက္ထဲက ပိန္ပိန္ပါးပါလူငယ္(ေတာက္ရ)က လြယ္အိတ္ထဲကေန ပိုက္ဆံအခ်ိဳ႕ကိုထုတ္ၿပီး
” ေနာင္ႀကီး မနက္ျဖန္က်ဳပ္တို႔လိုမယ့္ပစၥည္းေတြဝယ္ဖို႔ပါ”

” ဟာ ေငြေတြကအမ်ားႀကီးပါလား အဲေလာက္မလိုပါဘူး ”

“မဟုတ္တာ က်ဳပ္တို႔စားဖို႔ခ်က္ရျပဳတ္ရမွာမို႔ ေပးတာပါ က်ဳပ္တို႔ကသက္သက္လြတ္ပဲစားပါတယ္ သိပ္ၿပီးေထြေထြထူးထူးေတြမလုပ္ပါနဲ႕”

” အဲဒါဆိုက်ဳပ္လုပ္စရာရွိတာလုပ္လိုက္ဦးမယ္ လြတ္လြတ္လပ္လပ္နားၾက” ဆိုၿပီး အိမ္ေပၚကဆင္းသြားတယ္။

ညဘက္ထမင္းစားၿပီးေတာ့ လူငယ္သုံးေယာက္က အိမ္ေရွ႕ကြပ္ျပစ္မွာထိုင္ၿပီး

” ဆရာ ကြၽန္ေတာ္တို႔ထင္တာနဲ႕ကြက္တိပဲ”

” ဟုတ္တယ္သက္ခိုင္ ဒါေပမယ့္ ႐ြာထဲက လူေတြမသိေအာင္ေတာ့လုပ္ရလိမ့္မယ္ ဘယ္သူမွသိလို႔မရဘူး ဒီညလူေျခတိတ္ခ်ိန္ လုပ္ငန္းစမယ္”

+++++++++

ညဘက္သန္းေခါင္ယံအခ်ိန္ ကိုထြန္းစိန္တို႔အိမ္ကေန အေမွာင္ထုကိုအကာအကြယ္ယူၿပီး လူသုံးေယာက္ထြက္လာခဲ့ၾကတယ္။

႐ြာထိပ္ဇီးပင္ေအာက္နားေရာက္ေတာ့ ညဦးပိုင္းက ႐ြာထဲကလူေတြပူေဇာ္ထားတဲ့ ဖေယာင္းတိုင္ေတြမီးေရာင္ေၾကာင့္ ဇီးပင္ပတ္ဝန္းက်င္ကိုေကာင္းစြာျမင္ေနရတယ္။

” မေလာနဲ႕ဦး ခဏေစာင့္လိုက္ ဒီေကာင္ဆင္းလာလိမ့္မယ္”

ေအာင္ျမတ္သာရဲ႕စကားေၾကာင့္ သက္ခိုင္နဲ႕ ေတာက္ရ အေျခအေနကိုၾကည့္ေနလိုက္တယ္။ ခဏေနေတာ့ ဇီးပင္ေပၚကေန

” ဂြၽတ္ ဂြၽတ္ ဂြၽတ္”ဆိုၿပီး သစ္ကိုင္းကိုနင္းတဲ့အသံေတြၾကားလိုက္ရတယ္။ အသံၾကားၿပီး သိပ္မၾကာခင္ ဇီးပင္ေပၚကေန ေဇာက္ထိုးဆင္းလာတဲ့ အေကာင္တစ္ေကာင္ကိုေတြ႕လိုက္ရတယ္။ ဇီးပင္ေပၚကေနဆင္းလာတဲ့အေကာင္က နတ္ကြန္းထဲဝင္ထိုင္ၿပီး ႐ြာသားေတြတင္ထားတဲ့ အစားအစာေတြကိုၿမိန္ယွက္စြာ စားပါေလေရာ။

အစားစားလိုက္ အရက္ပုလင္းကိုေမာ့လိုက္နဲ႕ ဇရပ္မင္းစည္းစိမ္ခံစားေနတဲ့အခ်ိန္ ႐ြာထဲကေန လူတစ္ေယာက္ လမ္းေလ်ာက္လာတာျမင္လိုက္ရတယ္။

“ဆရာ အဲဒီလူက ေဆးဆရာဦးေမာင္ရင္ပဲ”

လမ္းေလ်ာက္လာတဲ့လူက ဇီးပင္ေအာက္ေရာက္ေတာ့

” ဒီေန႕႐ြာထဲကို လူစိမ္းသုံးေယာက္ေရာက္လာတယ္ သူတို႔ပုံစံကိုသိပ္မသကၤာဘူး ငါတို႔အလုပ္ကိုႏွောက္ယွက္နိုင္တယ္ ဒါေၾကာင့္ မနက္က်ရင္ ႐ြာထဲက တစ္ေယာက္ေယာက္ကိုဝင္ပူးၿပီး ႐ြာထဲလူစိမ္းေတြမဝင္ဖို႔ေျပာပါ ေနာက္တစ္ခုက ႐ြာေတာင္ပိုင္းမွာေနတဲ့ ဦးတင္လွရဲ႕သမီးမွာ အခါလည္ကေလးတစ္ေယာက္ရွိတယ္ သူ႕ကိုျပဳစားၿပီး ငါဆီေရာက္ေအာင္လုပ္ အဲဒါေအာင္ျမင္ရင္ မင္းစားဖို႔ အမဲသားတစ္ပိႆာ လာေပးမယ္”

ဦးေမာင္ရင္ရဲ႕စကားေၾကာင့္ အစာစားေနတဲ့ အေကာင္က တစ္ခ်က္ေစာင္းၾကည့္ၿပီး ေခါင္းၿငိမ့္ျပလိုက္တယ္။

“ကဲ ဒါဆို ငါျပန္မယ္ ႐ြာထဲကလူတစ္ေယာက္ေယာက္ေတြ႕သြားရင္မေကာင္းဘူး မင္းလဲတာဝန္ေက်ေအာင္လုပ္ မလုပ္လို႔ကေတာ့ ငါ့အေၾကာင္းသိမယ္”လို႔ေျပာၿပီး လွည့္အထြက္

” ေဆးဆရာႀကီး ျပန္ေတာ့မလို႔လား “ဆိုတဲ့အသံက မလွမ္းမကမ္းမွာရွိတဲ့ ၿခဳံအေနာက္ကေနထြက္လာခဲ့တယ္။

ေဆးဆရာလဲ အသံၾကားတဲ့ဘက္ကိုၾကည့္လိုက္ေတာ့ ၿခဳံကြယ္ကေနထြက္လာတဲ့ လူငယ္သုံးေယာက္ကိုျမင္လိုက္ရတယ္။

” လတ္စသတ္ေတာ့ မင္းတို႔ကိုး ငါထင္တာမွန္ေနတာပဲ မင္းတို႔ဒီ႐ြာကိုဘာကိစၥနဲ႕လာတာလဲ ”

ေဆးဆရာရဲ႕စကားကိုၾကားေတာ့ ေအာင္ျမတ္သာက

” က်ဳပ္တို႔ဒီကိုလာတာ ေနရာလဲမလို႔ပါ”

” ဟားဟားဟား ေမာင္ရင္တို႔အသက္က ငယ္ငယ္ေလးပဲရွိေသးတယ္ လူဘဝမွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနၾကပါဦး အသက္မေသခ်င္ရင္ လာရာလမ္းအတိုင္းလွည့္ျပန္ပါ ထပ္ၿပီးႏွောက္ယွက္မယ္ဆိုရင္ေတာ့ ေမာင္ရင္ဘာေကာင္လဲသိသြားေစရမယ္”

” ကြၽတ္ ကြၽတ္ ကြၽတ္ ခင္ဗ်ားကအသက္သာႀကီးတာ အသိတရားမရွိေသးဘူးကိုး ႐ြာကလူေတြရဲ႕ ရိုးသားမႈကိုအခြင့္ေကာင္းယူၿပီး လိမ္လည္စားေသာက္ေနရတာ ရပ္ဖို႔အခ်ိန္က်လာၿပီ ခင္ဗ်ားေမြးထားတဲ့သရဲကိုေခၚၿပီး ႐ြာကေနထြက္သြားမလား က်ဳပ္တို႔ႏွင္ထုတ္ရမလား”

” စမ္းၾကည့္လိုက္ေလ ေမာင္ရင္ဆိုတဲ့နာမည္ ဘာေၾကာင့္ရလာလဲသိသြားတာေပါ့ မေလာက္ေလးမေလာက္စားပညာေလးနဲ႕ငါ့ကိုလာယွဥ္ေနေသးတယ္ ”

“ခင္ဗ်ားကစိန္ေခၚေတာ့လဲ ဘြာခတ္လို႔ဘယ္ရေတာ့မလဲ ဒါေပမယ့္ခင္ဗ်ားအဆင့္က က်ဳပ္တပည့္နဲ႕တင္ရပါတယ္ သက္ခိုင္ ဒီေအာက္လမ္းအခြင့္အေရးသမားကိုဆုံးမလိုက္ပါ”

သက္ခိုင္လဲ ေအာင္ျမတ္သာရဲ႕ခြင့္ျပဳခ်က္ရၿပီမို႔ အေရွ႕ကိုထြက္ကာ

” အထက္ဆရာႀကီးမ်ားရဲ႕ခြင့္ျပဳခ်က္အရ သင့္ကိုက်ဳပ္ဆုံးမပါမည္ က်ဳပ္ေၾကာင့္တစ္စုံတစ္ခု ထိခိုက္ဒဏ္ရာရခဲ့သည္ရွိေသာ္ ခြင့္လႊတ္ေပးပါ “လို႔ေတာင္းပန္ၿပီး လက္ထဲမွာရွိတဲ့ အင္းခ်ပ္တစ္ခ်ပ္ကို ေဆးဆရာရွိရာပစ္လႊတ္လိုက္တယ္။

ညဘက္အေမွာင္ထဲမွာ ဝင္းခနဲ လက္ခနဲေျပးထြက္သြားတဲ့အင္းခ်ပ္ကိုျမင္ေတာ့ ေဆးဆရာမ်က္လုံးျပဴးသြားၿပီး ကမန္းကတမ္းေရွာင္လိုက္ရတယ္။

” မင္းတို႔ပညာက ဘယ္ဆိုးလို႔တုန္း ငနက္ေက်ာ္ လာစမ္း မင္းရဲ႕အေပါင္းအပါေတြနဲ႕ ဒီလူစုတ္ေတြကိုေမာင္းထုတ္လိုက္”လို႔ေျပာလိုက္တာနဲ႕ ဇီးပင္ေပၚကေန အ႐ြယ္စုံပုံသ႑န္စုံ နာနာဘာဝေတြ ခုန္ခ်လာခဲ့ၿပီး သက္ခိုင္ရွိရာဘက္ကို ေျပးဝင္လာခဲ့တယ္။

သက္ခိုင္လဲ တုန္လႈပ္ေခ်ာက္ခ်ားျခင္းမရွိပဲ က်င့္ႀကံထားခဲ့တဲ့သမထအစြမ္းေတြကိုစုစည္းလိုက္တဲ့အခ်ိန္ ကိုယ္ထဲကေန အျဖဴေရာင္အလင္းတန္းေတြထြက္ေပၚလာခဲ့တယ္။

အလင္တန္းေတြကိုျမင္ေတာ့ နာနာဘာဝေတြက မ်က္ႏွာကိုလက္နဲ႕အုပ္ၿပီး အေနာက္ကိုျပန္ဆုတ္သြားၾကတယ္။

” ဟာကြာ ဒီေကာင္ေတြ သုံးစားလို႔ကိုမရဘူး အေရွ႕ကိုတက္ၾကစမ္း”

ေဆးဆရာရဲ႕ေအာ္သံေၾကာင့္ တြန့္ဆုတ္ေနၾကတဲ့ နာနာဘာဝေတြက ႐ုတ္တရက္အေရွ႕ကိုေျပးတက္လာၾကတယ္။

သက္ခိုင္လဲ မတ္တပ္ရပ္ေနရာကေန စည္းတစ္ခုကိုတားလိုက္တဲ့အခ်ိန္ စည္းထဲကေန မီးေတာက္မီးလွ်ံေတြက သက္ခိုင္နဲ႕ နာနာဘာဝေတြရဲ႕ၾကားထဲမွာ တံတိုင္းတစ္ခုလိုေပၚလာခဲ့တယ္။

အတင့္ရဲတဲ့နာနာဘာဝေတြက မီးေတာက္တံတိုင္းကိုျဖတ္ဝင္ဖို႔ႀကိဳးစားၾကေပမယ့္ ျဖတ္ဝင္တဲ့သူတိုင္း ျပာျဖစ္သြားတာကိုျမင္ေတာ့ ေနာက္ထပ္ဘယ္သူမွေရွ႕မတက္ရဲၾကေတာ့ေပ။

အဲဒီအခ်ိန္ ေဆးဆရာလဲအေျခအေနမဟန္တာကိုသိၿပီး ႐ြာထဲဘက္ေျပးဖို႔အလုပ္ အသင့္ေစာင့္ေနတဲ့ ေတာက္ရက ေဆးဆရာရဲ႕ညိုသက်ဥ္းကို တုတ္နဲ႕ျဖတ္ရိုက္ခ်လိဳက္တယ္။

” အား အမေလး ေသပါၿပီ
က်ဳပ္ေနာက္မလုပ္ေတာ့ပါဘူး
လႊတ္ေပးပါ ကတိေပးပါတယ္ တကယ္မလုပ္ေတာ့ပါဘူး”

ေဆးဆရာရဲ႕ေတာင္းပန္စကားကိုၾကားေတာ့ ေအာင္ျမတ္သာက
” ေနာက္က်သြားၿပီ ဦးေမာင္ရင္ သင္အျပစ္ေတြကအရမ္းႀကီးလြန္းတယ္ သင့္ဆီမွာရွိတဲ့ပညာေတြကိုလဲသိမ္းယူဖို႔ ဆိုင္ရာပုဂၢိုလ္ေတြကို ခြင့္ေတာင္းထားၿပီးၿပီ ဒီဇီးပင္မွာေနမဲ့ပုဂၢိုလ္လဲမၾကာခင္ေရာက္လာလိမ့္မယ္ ”

“ဒါဆို က်ဳပ္ကိုမသတ္ဘူးေပါ့ ”

“က်ဳပ္တို႔ကလူသတ္သမားေတြမဟုတ္ပါဘူး သင့္ရဲ႕အျပစ္ေတြအတြက္ေတာ့ ထိုက္တန္တဲ့အျပစ္တစ္ခုေပးရလိမ့္မယ္”လို႔ေျပာၿပီး ဦးေခါင္းကိုကိုင္လိုက္တဲ့အခ်ိန္ ေဆးဆရာအ႐ုပ္ႀကိဳးျပတ္လဲက်သြားတယ္။

အဲဒီအခ်ိန္မွာပဲ ဇီးပင္ေပၚကေန ပိတ္ျဖဴစင္ၾကယ္ဝတ္ထားတဲ့ ပုဂၢိုလ္တစ္ေယာက္ေပၚလာၿပီး
” ဆရာေလးတို႔ရဲ႕ပင့္ဖိတ္မႈေၾကာင့္ ဒီေနရာကိုေရာက္လာပါၿပီ ဒီ႐ြာသူ႐ြာသားေတြ အယူလြဲမွားေနမႈေတြကို ကူညီေျဖရွင္းေပးခဲ့တဲ့အတြက္လဲ ေက်းဇူးတင္ပါတယ္”

ပိတ္ျဖဴဝတ္ပုဂၢိုလ္ရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာက လက္ကာျပၿပီး

” ယခင္ကမေကာင္းမႈေတြကို သင္လက္ထက္မွာေဆးေၾကာေပးပါ ယခုအပင္ေအာက္မွာရွိေနတဲ့ နာနာဘာဝေတြကိုလဲသင့္လက္ထဲအပ္ခဲ့ပါတယ္ လိမ္မာယဥ္ေက်းေအာင္ဆုံးမေပးပါ”လို႔ေျပာေတာ့ ပိတ္ျဖဴဝတ္ပုဂၢိုလ္က

” ဆရာေလးတို႔အပန္းမႀကီးရင္ ဘိဇလပ္႐ြာဘက္ကိုသြားေစခ်င္ပါတယ္ အဲဒီ႐ြာမွာ ယခုႀကဳံေနရတဲ့အေျခအေနကေတာ္ေတာ္ကိုစိုးပါတယ္”

” ဘယ္လိုမ်ိဳးေတြႀကဳံေနရလို႔လဲ”

“ဘယ္ကေရာက္လာမွန္းမသိတဲ့ ကေလးသရဲတစ္ေကာင္ေသာင္းက်န္းေနပါတယ္ ႐ြာမွာရွိတဲ့ဘုန္းႀကီးေတြကအစ မနိုင္ဘူးျဖစ္ေနတယ္ ”

” ေကာင္းပါၿပီ က်ဳပ္တို႔ကူညီေပးပါ့မယ္ သင္လဲေကာင္းမြန္စြာေနရစ္ခဲ့ပါ”လို႔မွာၿပီး ဇီးပင္ႀကီး႐ြာကေနထြက္လာခဲ့ၾကတယ္။

အဲဒီအျဖစ္အပ်က္ေတြျဖစ္ၿပီးေနာက္ပိုင္း ဇီးပင္ေအာက္မွာ အရက္ေသစာနဲ႕ အသားငါးေတြမေတြ႕ရေတာ့ပဲ သစ္သီးသစ္ဖုကိုသာေတြ႕ၾကရေတာ့တယ္။

ဇီးပင္ႀကီး႐ြာသူ႐ြာသားေတြရဲ႕ပါးစပ္ဖ်ားမွာေတာ့ ဘယ္ကေရာက္လာမွန္းမသိတဲ့ လူငယ္သုံးေယာက္အေၾကာင္းရယ္ ေကာက္ကာငင္ကာ႐ူးသြားတဲ့ေဆးဆရာရဲ႕အေၾကာင္းကေတာ့ ညအိပ္ရာဝင္ပုံျပင္အျဖစ္ ေပၚေပါက္လာခဲ့ပါတယ္။
+++++++

ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြလဲ ဘိဇလပ္႐ြာမွာေသာင္းက်န္းေနတဲ့ ကေလးသရဲကို ဘယ္လိုႏွိမ္နင္းၿပီး ကြၽတ္လြတ္ေအာင္လုပ္ေပးမလဲဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္ကေလးသရဲဆိုတဲ့ဝတၱဳေလးမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)

No comments

Post a Comment