အောင်မြတ်သာနှင့်လက်ခမောင်းဘကျော်

  အောင်မြတ်သာနှင့်လက်ခမောင်းဘကျော် ++++++++++++++++++++++++++++++ အောင်မြတ်သာလည်း သက်ခိုင်တို့နဲ့ချိန်းထားတဲ့ အချိန်က ပြည့်တော့မှာမို့လို့ မ... thumbnail 1 summary

 အောင်မြတ်သာနှင့်လက်ခမောင်းဘကျော်

++++++++++++++++++++++++++++++

အောင်မြတ်သာလည်း သက်ခိုင်တို့နဲ့ချိန်းထားတဲ့ အချိန်က ပြည့်တော့မှာမို့လို့ မုဆိုးထိုင်စေတီရှိရာကို ပြန်ထွက်လာခဲ့လိုက်တယ်။

 

ခြေဖဝါးသုံးတောင်ကိုဆုံးမယ့်အချိန်မှာ သက်ခိုင်တို့ကိုမခေါ်ခဲ့တာကလည်း စဉ်းစားစရာအကြောင်းအရာတစ်ခုဖြစ်နေခဲ့တယ်။

 

ခရီးဆက်လာရင်း တစ်နေရာရောက်မှာတော့ လူတွေဝိုင်းအုံနေတဲ့နေရာတစ်ခုကိုမြင်လိုက်ရတယ်။ အောင်မြတ်သာလည်း မိမိဦးတည်ရာကိုသာ သွားဖို့ဆုံးဖြတ်ရင်း ဆက်လျောက်လာခဲ့ရာ လူအုပ်ကြီးအကျော်ကိုလဲရောက်ရော အနောက်ကနေ တစ်စုံတစ်ယောက်က လွယ်အိတ်ကို လှမ်းဆွဲလိုက်သလိုဖြစ်လို့ လှည့်ကြည့်လိုက်ရာ ဆံပင်စုတ်ဖွားနဲ့အမယ်အိုတစ်ယောက်ကိုတွေ့လိုက်ရတယ်။

 

အမယ်အိုကိုမြင်တော့ အောင်မြတ်သာက

” ကျုပ်လွယ်အိတ်ကို ဘာကြောင့်မို့ဆွဲထားရတာလဲ”

 

“ဆရာလေးဒီအတိုင်းတော့ ထွက်မသွားပါနဲ့ဦး ဒီနေရာမှာဖြစ်နေတဲ့အခက်အခဲလေးတွေကို ကူညီဖြေရှင်းပေးသွားလို့ တောင်းဆိုချင်ပါတယ်”

 

“ဒီနေရာမှာက ဘယ်လိုအခက်အခဲတွေဖြစ်နေလို့လဲ”

 

” အရင်က ဒီရွာမှာ အခုလိုအဖြစ်တွေမကြုံခဲ့ဘူး လွန်ခဲ့တဲ့သုံးလလောက်မှာ ဟိုဘက်ရွာကို ကျောင်းထိုင်ဘုန်းကြီးတစ်ပါး အသစ်ပြောင်းလာတယ် အသစ်ရောက်လာတဲ့ဘုန်းကြီးက မနက်တိုင်း ညတိုင်း ပဌာန်းအကျယ်ကို အသံချဲ့စက်ကြီးနဲ့ရွတ်ဖတ်ပါတယ် ဒါက ကောင်းတဲ့အလုပ်ဖြစ်ပေမယ့် ဘုန်းကြီးကျောင်းထဲမှာရှိတဲ့ နာနာဘာဝတွေအတွက်တော့ မကောင်းဘူးပေါ့ ကျောင်းထိုင်ဘုန်းကြီးရဲ့သီလသိက္ခာသမာဓိကလည်း ကောင်းနေတော့ ကျောင်းဝင်းထဲမှာ ဘယ်နာနာဘာဝမှမနေရဲတော့ပဲ နီးစပ်ရာ ရွာတွေထဲ ဝင်လာကြတယ် ရွာတော်ရှင်တွေက တစ်ချို့ နာနာဘာဝတွေကို မောင်းထုတ်လို့ရပေမယ့် နှစ်ကြာနေတဲ့ နာနာဘာဝတွေကိုတော့ မောင်းထုတ်လို့မနိုင်ခဲ့ဘူး ခုနက လူအုပ်ကြီးကိုဆရာလေးမြင်ခဲ့တယ်မလား အဲဒါက နာနာဘာဝတွေဝင်ပူးပြီး အစာရေစာတောင်းနေတာ”

 

” အမယ်ကြီးက ဒီရွာရဲ့ဘယ်နားမှာနေတာလဲ”

 

“ကျွန်မက ခုနက ဆရာလေးဝင်လာတဲ့ ရွာထိပ်မှာ နေတာပါ ရွာကလူတွေကတော့ အဖွားစိမ်းလို့ခေါ်ကြတယ် ”

 

” အမယ်ကြီးကရော သူတို့ကိုမကူညီနိုင်ဘူးလား”

 

“အခုဖြစ်နေတာတွေအားလုံးကို ကူညီနိုင်တဲ့အစွမ်းမရှိသေးပါဘူး ကျွန်မကသာမန်အဆင့်လောက်ရှိတဲ့ နာနာဘာဝတွေကိုပဲ မောင်းထုတ်နိုင်တာပါ”

 

” ကျုပ်နားလည်ပြီ ခရီးဆက်စရာရှိနေပေမယ့်လည်း ဒီရွာရဲ့အခက်အခဲတွေကို အတတ်နိုင်ဆုံး ကူညီခဲ့ပါမယ် အမယ်ကြီးလည်း ကိုယ့်နေရာ ကိုယ်ပြန်လိုက်ပါဦး လိုအပ်ရင် အမယ်ကြီးဆီကျုပ်ထပ်လာခဲ့ပါမယ်”

 

“ကျေးဇူးတင်လိုက်တာဆရာလေးရယ် ကျွန်မတတ်နိုင်သလောက်ကူညီပါ့မယ် ”

 

အောင်မြတ်သာလည်း အရှေ့ကိုဆက်မယ့် ခြေလှမ်းတွေကို ပြန်ရုပ်ပြီး လူအုပ်နားကို မယောင်မလည်ပြန်လာခဲ့လိုက်တယ်။

 

” အမဲသားစားချင်တယ် နှမ်းမုန့်လဲစားချင်တယ် ငါ့ကိုဒီညမကျေွးလို့ကတော့ နင်တို့တစ်ရွာလုံးဒုက္ခရောက်အောင် လုပ်ပစ်မယ် ဟင်းဟင်း ”

 

“ကျေွး ကျေွးပါ့မယ် ကတိပေးပါတယ် အခုဝင်ပူးနေတဲ့လူဆီကနေ ခွာပေးပါ ညနေစောင်းတာနဲ့ ငှက်ပျောဖက်နဲ့ အသားရော အချိုမုန့်တွေလာကျေွးပါ့မယ် ”

 

“ဟင်းဟင်း ငါမထွက်နိုင်ဘူး ငါ့ကိုကျေွးတဲ့အချိန်မှထွက်မယ် ငါဒီမှာပဲနေမယ်”

 

” စိန်မောင် ဒီအချိန်အမဲသားဘယ်ရွာမှာရနိုင်လဲ ရတဲ့နေရာက ရှာဝယ်ခဲ့ကွာ အချိုမုန့်တွေလည်း ရှာဝယ်ခဲ့ မြန်မြန်သွား ဒီလိုဝင်ပူးတာကြာရင် ဝင်ပူးခံရသူရဲ့အသက်ကိုစိုးရိမ်ရတယ် ”

 

” ဝယ်စရာမလိုဘူး ဘာမှလဲကျေွးစရာမလိုဘူး ကျုပ်တာဝန်ယူတယ် ဝင်ပူးခံရတဲ့သူလည်း ဘာမှမဖြစ်စေရဘူး” ဆိုတဲ့အသံက လူအုပ်ကြီးရဲ့ အနောက်ကနေ ထွက်လာခဲ့တယ်။

 

” ခင်ဗျားက ပယောဂကုတတ်လား ကျုပ်တို့ကို ကယ်ပါဦးဗျာ ကျုပ်သားလေးဒုက္ခရောက်တော့မယ်”

 

” အနည်းအကျဉ်းတော့ရပါတယ် စိတ်လဲသိပ်မပူကြပါနဲ့ ”

 

အောင်မြတ်သာလည်း ဝင်ပူးနေတဲ့သူရဲ့ မျက်လုံးတည့်တည့်ကိုစိုက်ကြည့်လိုက်တော့ ဝင်ပူးခံနေသူရဲ့ ပုံသဏ္ဍာန်ပျောက်ပြီးဝင်ပူးနေသူရဲ့ ရုပ်အမှန်ပေါ်လာခဲ့တယ်။

 

” ခြောက်စားလှန့်စားနေတဲ့ကောင် ငါ့ကိုမော့ကြည့်စမ်း”

 

အောင်မြတ်သာရဲ့ ဩဇာအပြည့်နဲ့စကားသံကိုကြားတော့ ဝင်ပူးနေတဲ့သူက

 

” မင်းဘယ်သူလဲ မင်းကိုဘယ်သူလွှတ်လိုက်တာလဲ ငါကိုမကျေွးရင် ဒီကလေးကိုသတ်ပစ်မှာနော် ”

 

” မင်းမှာအဲလောက် အစွမ်းအစမရှိပါဘူး အခုပြန်ထွက်မလား မီးမြိုက်ခံပြီးမှထွက်မလား”

 

အောင်မြတ်သာရဲ့ ပြတ်သားလှတဲ့စကားကိုကြားတော့ ဝင်ပူးနေတဲ့သူက ငြိမ်ကျသွားတယ်။ ပြီးတော့မှ

 

” စားရခါနီးမှ အဖျက်ကဝင်လာတယ် နင့်ပညာတွေကိုမယှဉ်နိုင်လို့ အလျော့ပေးလိုက်မယ် ငါမစားတော့ဘူး သွားတော့မယ် ” လို့ပြောပြီး ဝင်ပူးနေတဲ့ကိုယ်ကခွာလိုက်တဲ့အချိန် ဘယ်ကရောက်ဘာမှန်းမသိတဲ့ ကြိုးအနီတစ်ချောင်းက ဝင်ပူးနေတဲ့သူကို ရစ်ပတ်ပြီး ဘေးမှာရှိတဲ့ သရက်ပင်အောက်ကိုဒရွတ်တိုက်ဆွဲသွားတယ်။ ဒီအဖြစ်အပျက်တွေကို ရွာသားတွေမမြင်ရပေမယ့် မြင်ရတဲ့သူတစ်ယောက်ကရှိနေခဲ့တယ်။

 

” ကျေးဇူးတင်လိုက်တာဆရာရယ် ဒီကောင်က အမြဲတမ်းလိုလို ဝင်ပူးကပ်ပြီး တောင်းစားနေတာ ကျုပ်တို့ရွာမှာလည်း ပယောဂကုတတ်တဲ့သူမရှိဘူး ဟိုဘက်ရွာက ဆရာတော်ကလည်း လောကီကိစ္စတွေဝင်မရှုပ်ဘူးဆိုတော့ ကျုပ်တို့ဒုက္ခရောက်နေရတာ အခုဆရာရောက်လာတော့မှ အဆင်ပြေတော့တယ် ဖြစ်နိုင်ရင် ရွာမှာတစ်ရက်နှစ်ရက်လောက်နေသွားပါဦး ကျန်တဲ့ကိစ္စတွေလည်းရှိသေးလို့ ဆရာကိုသေချာပြောချင်ပါသေးတယ်”

 

“ဖြစ်လာမှတော့ ဘယ်တတ်နိုင်မလဲ နေရတော့မှာပေါ့ ခင်ဗျားတို့ကျေးဇူးဆပ်ချင်တယ်ဆိုရင်တော့ ရွာထိပ်က အဖွားစိမ်းနတ်ကွန်းလေးကို သေချာလေးပြင်ပေးလိုက်ကြပါ ”

 

“ဟင် ဆရာက အဖွားစိမ်းကိုဘယ်လိုသိတာလဲ အဖွားစိမ်းကဒီရွာအပေါ်အရမ်းသံယောဇဉ်ကြီးတာ သူ့အကြောင်းလဲပြောပြချင်သေးတယ် ဆရာအိမ်ကိုကြွခဲ့ပေးပါ”လို့ပြောပြီး အရှေ့ကနေ ခေါ်သွားခဲ့တယ်။

 

အောင်မြတ်သာလည်း ဘေးကသရက်ပင်ကိုကြည့်လိုက်တော့ သရက်ပင်အကိုင်းမှာကြိုးနဲ့ဇောက်ထိုးချည်ခံထားရတဲ့ ကောင်ကိုမြင်တော့

 

” ကြိုးပိုင်ရေ ဒီကောင်တွေ မလွတ်စေနဲ့ သေချာကြည့်ထား”လို့စိတ်ထဲကရေရွတ်ပြီး ရွာထဲကို လိုက်ခဲ့လိုက်တယ်။

 

ခြံဝိုင်းထဲကိုရောက်တော့ အိမ်ရှေ့မန်ကျီးပင်အောင်က ကွပ်ပြစ်လေးမှာထိုင်ပြီး

” ကျုပ်တို့ ရွာအခြေအနေကတော့ ဆရာမြင်တဲ့အတိုင်းပါပဲ ဆရာမရောက်ခင် တစ်လလောက်က ရွာမှာ လူကိုးယောက်ဆက်တိုက်သေတာ သေတဲ့လူတွေကလည်း အကောင်းကြီးကနေ ရုတ်တရက်သေကြတာ တစ်ချို့ဆို ရေသောက်နေရင်း ရေသီးလို့သေတာတောင်ရှိတယ် ကိုးယောက်တိတိပြည့်တဲ့နေ့မှာတော့ အခုလိုမကောင်းဆိုးဝါးတွေဝင်ပူးတော့တာပဲ အဲဒီထဲကမှ ထူးဆန်းတာတစ်ခုရှိတယ် သူကလည်း ဝင်ပူးတာပဲ ညဘက်သန်းခေါင်အချိန်ရောက်တိုင်း ဝင်ပူးတယ် နေ့တိုင်းလိုလိုပဲ ”

 

” သူကရော ခုနကလို အစားတောင်းစားတာပဲလား”

 

“မဟုတ်ဘူးဆရာ ဒါကြောင့်ထူးဆန်းတယ်လို့ပြောတာ သူဝင်ပူးရင် လက်ခမောင်းခတ်ပြီးတော့ကိုလာတာ ”

 

ပြောနေတဲ့သူစကားကိုကြားတော့ အောင်မြတ်သာက

 

” ဒါဆို အရင်ဘဝက လက်ဝှေ့သမားသေလို့ ဖြစ်မယ်”

 

” ဟုတ်တယ်ဆရာ သူ့ကိုယ်သူ လက်ခမောင်းဘကျော်ဆိုပြီး ပြောတယ် သူဝင်ပူးရင် လက်ဝှေ့ထိုးဖို့ပဲပြောတာ ဆရာစဉ်းစားကြည့် သရဲဝင်ပူးနေတဲ့သူနဲ့ ဘယ်သူထိုးရဲမလဲ အဲလိုမထိုးရင် အိမ်မှာရှိတဲ့ ပစ္စည်းတွေကိုရိုက်ခွဲကန်ကျောက်တာ ”

 

” ဒီတစ်ခါဝင်ပူးတဲ့သူကထူးဆန်းတာပေါ့ ဆက်ပြောပါဦး”

 

” တစ်ရက်မှာတော့ သူနဲ့ထိုးမယ်ဆိုပြီး ရွာထဲက ဘသန်းတင့်ကပြောတယ် သဘန်းတင့်ဆိုတာကလည်း အရင်ရွာ‌စဉ်လှည့်ပြီး လက်ဝှေ့ထိုးစားလာတဲ့သူ သူ့ရဲ့ညာလက်သီးတစ်ချက်ထိရင် နွားမဒန်းတောင်ဖင်ထိုင်ပီးလဲတာ တကယ်ထိုးလဲထိုးရော ဘသန်းတင့်မေးရိုးပြုတ်သွားတယ် ဝင်ပူးခံရတဲ့ကောင်က လူဖလံလေးဗျ ဒါပေမယ့် သူ့လက်သီးထိတဲ့ဘသန်းတင့်မခံနိုင်ဘူး အဲဒါကို မကျေနပ်သေးပဲ အိမ်မှာရှိတဲ့ ကျောက်ပျဉ်ကို နဖူးနဲ့တိုက်ခွဲတာ ကျောက်ပျဉ်က ထပ်ပိုင်းကျိုးတယ် အဲလောက်ထိကြမ်းတယ်ဆရာ”

 

” ထူးတော့ထူးဆန်းတယ် ဒါမျိုးမကြုံဖူးသေးဘူး သူကဘယ်သူ့ကိုဝင်ပူးတာလဲ တစ်ခြားသူတွေကိုရောဝင်ပူးသေးလား”

 

“မဝင်ဘူးဆရာ ကျော်သန်းဆိုတဲ့ကောင်ကိုပဲ ဝင်ပူးတာ သူ့အိမ်မှာဆိုဘာပစ္စည်းမှမထားရဲတော့ဘူး ညဘက်တွေဆို အိမ်မှာလည်း ဘယ်သူမှမနေရဲဘူး ကျော်သန်းကိုအိမ်အပြင်ကနေ သော့ခတ်ထားခဲ့ရတာ သူ့ကိုလည်းခေါ်သွားလို့မရပြန်ဘူး သူရှိတဲ့နေရာ ဟိုကောင်က ဝင်ပူးပြီးသောင်းကျန်းတာ”

 

“သိပ်လဲစိတ်မပူပါနဲ့ ကျုပ်နိုင်သလောက်ကူညီပေးပါ့မယ် အခုလောလောဆယ် ရွာထဲတစ်ချက်လှည့်ကြည့်ချင်သေးတယ်”

 

“ဆရာလိုက်ကြည့်ပါ ကျုပ်လိုက်ပြပါ့မယ်”

 

အောင်မြတ်သာလည်း ခြံဝိုင်းထဲကနေ အပြင်ကိုထွက်လာတော့ ခြံအပြင်မှာ မယောင်မလည်ရပ်နေတဲ့ အသက်ဆယ်သုံးနှစ်အရွယ် လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရတယ်။ ထိုလူငယ်လေးက အောင်မြတ်သာကိုမြင်တော့

 

“ဆရာ ကျွန်တော်ပြောစရာရှိလို့ ”

 

“အေး ပြောလေကွာ ”

 

” ဟို သရက်ပင်ပေါ်မှာချည်ထားတဲ့ကောင်ကို ကျွန်တော်သိတယ်”

 

ထူးဆန်းတဲ့စကားကြောင့် အောင်မြတ်သာ လူငယ်လေးကို ပြန်လှည့်ကြည့်လိုက်တယ်။

 

” မင်းကမြင်ရတာလား ”

 

“ဟုတ်တယ်ဆရာ မြင်ရတယ် ရွာကလူတွေကို ပြောပြာတာကျုပ်ရူးနေတယ်လို့ပြောတယ် ကျုပ်စကားကိုဘယ်သူမှမယုံကြဘူး”

 

ထိုစဉ်

“ဟိုကောင် ငတေ ဆရာကိုဘာတွေလျောက်ပြောနေတာလဲ ဆရာဒီကောင်‌လေးက လွန်ခဲ့တဲ့သုံးလလောက်မှာ ဇီးပင်ပေါ်ကပြုတ်ကျပြီး သတိမေ့ခဲ့ဖူးတယ် ပြန်သတိရလာတော့ အခုလိုပေါက်ကရတွေပြောတော့တာပဲ”

 

ထိုလူကြီးရဲ့စကားကိုကြားတော့ ငတေက ဘာမှမပြောတော့ပဲ ငြိမ်သွားတယ်။ အောင်မြတ်သာက လူငယ်လေးကိုကြည့်ပြီး

 

“ကျုပ်ဒီလူငယ်ကိုခဏခေါ်သွားလိုက်မယ် မိတ်ဆွေက ဒီမှာပဲနေခဲ့ဦး ”

 

“ဖြစ်ပါ့မလားဆရာ ဒီကောင်က စိတ်ကသိပ်မှန်တာမဟုတ်ဘူး”

 

“ဖြစ်ပါတယ် ကျုပ်လဲအဝေးကြီးမသွားပါဘူး ”

 

အောင်မြတ်သာလည်း လူငယ်လေးကိုခေါ်ပြီး ရွာထဲထွက်လာခဲ့လိုက်တယ်။

 

” မင်းနာမည်ဘယ်လိုခေါ်လဲ”

 

” ကျုပ်နာမည်က ငတေဗျ ”

 

“မင်းက ဒီလိုအရာတွေကိုမြင်ရတယ်ဆိုတော့ ဘယ်အချိန်ကစမြင်ရတာလဲ”

 

အောင်မြတ်သာစကားကိုကြားတော့ လူငယ်က တစ်ချက်စဉ်းစားလိုက်ပြီး

 

“အင်း နည်းနည်းတော့ကြာပြီ ဟိုဘက်ရွာဘုန်းကြီးကျောင်းထဲက ဇီးပင်ပေါ် ဇီးသီးတက်ခူးတဲ့နေ့ထဲကမြင်ရတာ”

 

“သာမန်လူတစ်ယောက်က ဇီးပင်ပေါ်တက်ခူးတဲ့အချိန်မှမြင်ရတာမဖြစ်နိုင်ဘူး အမှန်တိုင်းပြော”

 

” အင်းးး ကျုပ်အမှန်တိုင်းပြောပြမယ်ဗျာအဲဒီနေ့က ချက်စူနဲ့ကျုပ်ဇီးသီးသွားခူးမယ်ဆိုပြီး ရွာပြင်က စေတီမှာချိန်းထားတယ် ကျုပ်ရောက်တော့ ချက်စူကမလာသေးဘူး အဲဒါနဲ့ ကျုပ်လဲစေတီပေါ်မှာ ခဏမှေးလိုက်တဲ့အချိန် ငလျင်လှုပ်သလို စေတီတစ်ခုလုံးလှုပ်သွားတာ ကျုပ်လဲလန့်နိုးပြီး ထကြည့်လိုက်တော့ စေတီထိပ်ပိုင်းစိန်ဖူးတော်နေရာက ပဲ့ကျနေပီ ကျုပ်လဲငလျင်လှုပ်တယ်ထင်ပြီးထပြေးတာ‌ပေါ့ ထပြေးရင်းအုတ်ကျိုးပျက်တွေထဲက ယွန်းဘူးတစ်ဘူးကို ခလုပ်တိုက်မိတယ် ယွန်းဘူးက တော်တော်လေးလှတယ် အဲဒါနဲ့ကျုပ်လဲ ယွန်းဘူးကိုဖွင့်ကြည့်လိုက်တော့ အထဲမှာ ဖြူဖွေးနေတဲ့ အဖြူရောင်အမှုန့်တွေတွေ့တယ် ဘာတွေမှန်းမသိတာနဲ့ ကျုပ်လဲလုံချည်ကြားထဲညှပ်ထားလိုက်တယ် စကားမစပ်အဲဒီတုန်းကတကယ်ငလျင်လှုပ်တာတဲ့ ရွာမှာကတဲအိမ်တွေများတော့ ဘာမှမထိခိုက်ခဲ့ဘူး”

 

” နောက်တော့ရော ဘာဆက်ဖြစ်သေးလဲ”

 

“ကျုပ်လဲချက်စူမလာတာနဲ့ ဟိုဘက်ရွာကိုတစ်ယောက်ထဲသွားတာ ဘုန်းကြီးကျောင်းဝင်းထဲရောက်တော့ ဇီးပင်ပေါ်မှာ ပက်လက်လှန်အိပ်ပြီး ယွန်းဘူးလေးကိုထုတ်ကြည့်နေတဲ့အချိန် ရုတ်တရက်ယွန်းဘူးအဖုံးပွင့်ပြီး အထဲကပြာတွေ ပါးစပ်ထဲဝင်ကုန်တယ် ကျုပ်လဲထွေးထုတ်သင့်သလောက်ထွေးထုတ်လိုက်ပေမယ့် တစ်ချို့တစ်ဝက်ကတော့ ဗိုက်ထဲရောက်သွားတယ် ”

 

ကောင်လေးရဲ့စကားကိုကြားတော့ အောင်မြတ်သာက

 

” အဲဒီပြာတွေဗိုက်ထဲရောက်ပီးတော့စမြင်တာလား”

 

” အဲလိုတော့ကျုပ်မသိဘူး ကျုပ်လဲဇီးပင်ပေါ်မှာ မှေးခနဲဖြစ်သွားတဲ့အချိန် ကျုပ်ဘေးကဇီးကိုင်းက လှုပ်သွားလို့ လန့်နိုးလာတယ် လှုပ်တဲ့နေရာကိုကြည့်လိုက်တော့ လျာကြီးတွဲလောင်းချပြီး ကျုပ်ကိုကြည့်နေတဲ့ခုနကကောင်ကိုမြင်လိုက်ရတာပဲ အဲဒီမှာ လန့်ပြီးဇီးပင်ပေါ်ကပြုတ်ကျတာ ကျန်တာဘာမှမသိတော့ဘူး သတိပြန်ရလာတော့ ကျုပ်အိမ်ပေါ်ရောက်နေပြီ အဲဒီနေ့ကစပြီး ပုံဆိုးပန်းဆိုးကောင်တွေကိုမြင်ရတာပဲ”

 

” သူတို့ကိုမြင်ရတော့မင်းမကြောက်ဘူးလား”

 

“အစကတော့ကြောက်တာပေါ့ဗျ ဒါပေမယ့် သူတို့ကနေ့ဘက်တွေဆိုသိပ်မရှိဘူး ညနေနေဝင်ခါနီးမှထွက်တာ ကျုပ်က ညနေဆိုအပြင်မထွက်တော့ဘူး တစ်ချို့အကောင်တွေဆို အရမ်းကြောက်ဖို့ကောင်းတာ ”

 

” မင်းရလာတဲ့ပြာက သာမန်ပြာမဟုတ်ဘူး ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေက ဘုရားမှာဌာပနာခဲ့တဲ့ သိဒ္ဓိဝင်ပြာတွေပဲ မင်းနဲ့ထိုက်လို့ရပေမယ့် အသုံးမတတ်တော့ အလကားဖြစ်သွားတာပေါ့ ”

 

“အဲဒါတော့မသိဘူး အဲဒီညကကျုပ်ဆီကို ဘုန်းကြီးတစ်ပါးလာတယ် ကျုပ်ကိုအော်တယ် သူ့ပြာတွေကိုဖျက်ဆီးလိုက်လို့တဲ့ ”

 

“မင်းက တော်တော်မလွယ်တဲ့ကောင်ပဲ ဒါနဲ့အခုတစ်လောမင်းမြင်ရတဲ့အရာတွေပြောကြည့်ပါလား”

 

“ခုနက ‌ဆရာနဲ့ အဖွားကြီးတစ်ယောက်စကားပြောနေတာလဲတွေ့တယ် အဲဒီအဖွားကြီးကို ရွာထိပ်မှာ ခဏခဏတွေ့တယ် သူကရွာထဲသိပ်မဝင်လိုဘူး ကျုပ်ကိုတွေ့ရင်အမြဲရီပြတယ် လွန်ခဲ့တဲ့နှစ်လလောက်က ပုံဆိုးပန်းဆိုးကောင်တွေ အများကြီး ရွာထဲဝင်လာတယ် အရင်ကညဘက်တွေမှတွေ့တာ အဲဒီအချိန်က နေ့ခင်းဘက်ကြီးဝင်လာကြတာ ရွာထိပ်ကအဖွားကြီးက မဝင်ဖို့ပြောတော့ အဖွားကြီးကို ကန်ထုတ်ကြတယ်”

 

“ဘယ်သူကကန်ထုတ်တာလဲ ”

 

” အသားမဲမဲ အရပ်က ထန်းပင်ထက်တောင် ရှည်သေးတယ် သူ့ပေါင်လုံးတွေဆိုရင် လူကြီး လေးဖက်စာလောက်ရှိမယ် သူ့ပေါင်တစ်ခုလုံး ဆေးမှင်ကြောင်တွေလဲထိုးထားသေးတယ်”

 

“မင်းက အဲဒီအချိန်ဘာလုပ်နေလို့ တွေ့တာလဲ”

 

“နေ့လည်ဘက်တွေ ကျုပ်တို့ကစားကြတယ်လေ ကစားနေရင်းတွေ့တာ ကျုပ်ဆိုအဲလိုတွေ့ပြီး ဖျားတာ ခုနှစ်ရက်လောက်ကြာတယ် ”

 

‌အောင်မြတ်သာတို့လည်းစကားတစ်ပြောပြောနဲ့လမ်းလျောက်လာရင်း

 

” ဆရာ ဆရာ ဟိုအိမ်ရှေ့က စပါးလင်ပင်တွေကြားထဲမှာ မှင်စာလေးတွေရှိတယ် လှုပ်နေတာတွေ့လားဆရာ”

 

” မင်းမှင်စာ‌တွေကိုမကြောက်ဘူးလား ”

 

“မကြောက်ပါဘူး သူတို့ကခင်ဖို့ကောင်းတယ် အခုဆရာပါလာလို့ပုန်းနေကြတာ ကျုပ်တစ်ယောက်ထဲဆိုရင် သူတို့ကခဲနဲ့လှမ်းပေါက်နေကြ ဒါပေမယ့် ကျုပ်ကြောက်တာတစ်ယောက်ရှိတယ် သူက ညနက်ရင်လာပြီ သူလာရင် ဘယ်ခွေးမှမဟောင်ရဲဘူး”

 

” သူကအရမ်းကြောက်ဖို့ကောင်းလို့လား”

 

“ကျုပ်ပြောခဲ့တယ်လေ အဖွားကြီးကိုကန်ထုတ်လိုက်တယ်ဆိုတဲ့သူ သူတို့လောကသားတွေက လက်ခမောင်းဘကျော်လို့ခေါ်တယ် သူအိမ်ရှေ့ကဖြတ်သွားရင် တစ်အိမ်လုံးခါနေတာ ”

 

“ဒါနဲ့ ရွာမှာလူကိုးယောက်သေ‌တာသူတို့ကြောင့်လား”

 

” အဲဒါတော့ကျုပ်လဲမသိဘူး သူတို့ကတော့ကြိုသိတယ် မနက်ဖြန်သေမယ့်သူရှိရင် သူတို့တွေက အဲဒီအိမ်အနားမှာဝိုင်းနေကြတာ ရေသောက်ရင်းသေတဲ့မိန်းမဆိုရင် သူ့အိမ်မှာရက်လည်တဲ့နေ့အထိတွေ့ရတယ်”

 

“မင်းဒီလိုဘဝနဲ့အမြဲနေချင်လား ဒါမှမဟုတ် သာမန်လူဘဝနဲ့နေချင်လား”

 

“ကျုပ်ဒီလိုဘဝနဲ့တော့မနေချင်ပါဘူး သူတို့တွေကိုမမြင်ရရင် ပိုကောင်းမယ် ညဘက်တွေဆို ကျုပ်အပြင်မထွက်ရဲဘူးဗျ ရွာထဲကလူတွေကလဲ ကျုပ်ကိုအရူးလို့ပြောတာမခံချင်ဘူး”

 

“ကောင်းပြီ ဒါဆို ဒီည ကိစ္စတစ်ခုလုပ်ပြီးရင် မင်းကိုသာမန်လူဖြစ်အောင်ပြန်လုပ်ပေးမယ် မင်းကတစ်ခုတော့ကူညီရမယ်”

 

“ကျုပ်လုပ်ပေးနိုင်တာရှိရင် လုပ်ပေးမယ် ”

 

“မင်းလုပ်ရမှာက…..”

 

အောင်မြတ်သာတို့လည်း ရွာတစ်ပတ်ပတ်ကြည့်ပြီး ခြံဝိုင်းထဲကိုပြန်လာခဲ့လိုက်တယ်။

 

ဒီညပယောဂကုမယ်ဆိုလို့ မအိပ်ပဲစောင့်ကြည့်နေကြတဲ့ရွာသူရွာသားတွေရှိသလို အပြင်မထွက်ရဲပဲ အိမ်တံခါးကိုပိတ်ကာ အခြေအနေစောင့်ကြည့်နေကြတဲ့ရွာသူရွာသားတွေလဲရှိနေကြတယ်။

 

ညကတစ်ဖြေးဖြေးနဲ့ နက်သထက်နက်လာခဲ့တယ်။ ကွင်းပြင်တွေဆီကနေတိုက်ခတ်လာတဲ့ အေးစိမ့်စိမ့်လေတွေနဲ့အတူ ခွေးအူသံတစ်ချို့က ခပ်စိပ်စိပ်ထွက်ပေါ်လာခဲ့တယ်။ ညဦးပိုင်းထဲက အသင့်ခေါ်ထားတဲ့ လူငယ်လေးက

 

” ဆရာ ဟိုအကောင်ကြီးလာနေပီ ခဏနေ အိမ်‌တစ်ခုလုံးတုန်တော့မယ်”

 

လူငယ်လေးရဲ့ပြောစကားမဆုံးခင်မှာပဲ အိမ်တစ်ခုလုံး သိမ့်ခနဲဖြစ်သွားတယ်။

 

“ဆရာ ကျုပ်ဘာမှတော့မဖြစ်ပါဘူးနော်”

 

“မင်းဘာမှမဖြစ်စေရဘူး ငါပြောသလိုသာလုပ် ”

 

“ဆရာ သူအနောက်မှာ မကောင်းဆိုးဝါးတွေ ပါလာသေးတယ် သူတို့ကသရက်ပင်ပေါ်မှာကြိုးနဲ့ချည်ထားတဲ့ကောင်ကိုကြည့်ပြီး လှောင်နေကြတယ်”

 

“အချိန်ကျတော့မယ် မင်းငါနဲ့လိုက်ခဲ့တော့”

 

အောင်မြတ်သာလည်း ခြံဝိုင်းထဲကအပြင်ကို ထွက်လာတဲ့အချိန်

 

“ဆရာ ဟိုမှာသောင်းကျန်းနေပြီ ”

 

အောင်မြတ်သာဘာမှမပြောတော့ဘဲ ရွာခံလူတစ်ယောက်ခေါ်တဲ့နောက်ကိုလိုက်ခဲ့လိုက်တယ်။

ပျဉ်ထောင်အိမ်မဲမဲကြီးအရှေ့ရောက်တော့

 

“ဝုန်း ဒိုင်း ဂွမ်း

ဘယ်မလဲ ငါ့ပြိုင်ဘက်

ဘကျော်တဲ့ကွ ငါလိုကောင်နဲ့ယှဉ်မယ့်သူမရှိတော့ဘူးလား ယောင်္ကျားမှန်ရင်ဘွာမခတ်ကြေးကွ”

 

အောင်မြတ်သာလည်းအော်ဟစ်သောင်းကျန်းနေတဲ့ အသံကြားတဲ့ပေါ်ကို တက်သွားလိုက်တယ်။ အောင်မြတ်သာလည်းအိမ်ပေါ်ရောက်တော့

 

” ဟေ့ ဘယ်သူလဲ ငါ့ကိုစိန်ခေါ်ချင်လို့လား လာစမ်းပါ “ဆိုပြီး လက်ခမောင်းထခတ်လိုက်တယ်။

 

“မင်းနာမည်ဘယ်လိုခေါ်လဲ ”

 

” ငါ့နာမည်ဘကျော် လက်ခမောင်းဘကျော်ဆိုတာငါပဲ ”

 

” မင်းရည်ရွယ်ချက်ကဘာလဲ ဒီလိုဝင်ပူး‌ပြီးဒုက္ခပေးနေတာ ဘာကြောင့်လဲ”

 

” ငါပြိုင်ဘက်ကိုရှာနေတာ မတွေ့ရင်ငါသောင်းကျန်းဦးမယ် ဘကျော်ဆိုတဲ့ကောင်က လက်ဝှေ့ပွဲမှာ ရှုံးတယ်ဆိုတာမရှိခဲ့ဘူး အခုထိ ငါ့ကိုယှဉ်ထိုးနိုင်တဲ့သူမရှိသေးဘူး ဇရှိရင် လာခဲ့စမ်းပါ”

 

အောင်မြတ်သာက တစ်ချက်ရယ်လိုက်ပြီး

 

“မင်းဒီလောက်ထိုးချင်နေရင် ငါပွဲတည်ပေးမယ် မင်းအဆင့်ကငါ့နဲ့ထိုးဖို့အရည်အချင်းမမီသေးဘူး ဒါကြောင့် ငါ့တပည့်နဲ့အရင်ထိုးကြည့် သူ့ကိုနိုင်ရင် ငါမင်းနဲ့ထိုးမယ်”

 

” ရတယ် ဘကျော်‌ဆိုတဲ့ကောင်က ပြိုင်ဘက်မရွေးဘူး ပဝါမရှု ရေမကူကြေးပဲ”

 

“ဟုတ်ပီ မင်းအသင့်ဖြစ်ပြီလား”

 

“ငါအသင့်ပဲဟေ့ ဘကျော်တဲ့ကွ”

 

အောင်မြတ်သာလည်း စိတ်ထဲကနေ ခြေဖဝါးသုံးတောင်(ခေါ်)နတ်ရဲကျော်ကိုဖိတ်လိုက်တယ်။ (ခြေဖဝါးသုံးတောင်(ခေါ်)နတ်ရဲကျော်အကြောင်းကိုတော့ အောင်မြတ်သာနှင့်ခြေဖဝါးသုံးတောင်ဆိုတဲ့ဝတ္တုမှာဖတ်ရှုနိုင်ပါသည်)

 

အောင်မြတ်သာရဲ့ ပင့်ဖိတ်မှုအပြီး မကြာခင်မှာ

“ဒုန်း ဒုန်း ဒုန်း”ဆိုတဲ့အသံနဲ့အတူ ခြေဖဝါးသုံးတောင်ရောက်ချလာခဲ့တယ်။

 

ထန်းပင်သုံးပင်ခန့်လောက်မြင့်တဲ့အရပ်ကိုမြင်တော့ ဘကျော်ဆိုတဲ့ကောင် အနည်းငယ်ဖြုံသွားတယ်။ အောင်မြတ်သာလည်း ခြေဖဝါးသုံးတောင်ကို

 

” သင့်အစွမ်းကိုပြလိုက် ဒီဘဝင်မြောက်နေတဲ့ သကောင့်သားကို ဆုံးမလိုက်ပါဦး” လို့ပြောလိုက်ရော

 

နတ်ရဲကျော်ရဲ့ သုံးတောင်နီးပါးကြီးတဲ့ ခြေဖဝါးကြီးက ဘကျော်မျက်နှာဆီကိုဝင်သွားတယ်။ ဘကျော်ကလဲ ခေသူမဟုတ် နတ်ရဲကျော်ကို ယှဉ်ထိုးတယ်။ ဒါပေမယ့် အရွယ်အစားချင်းကလဲကွာ၊ လုပ်ပိုင်ခွင့်ကလဲကွာတော့ နတ်ရဲကျော်ကို မယှဉ်နိုင်မှန်းသိတာနဲ့ အိမ်ပေါ်ကခုန်ချပြီး ပြေးပါလေရော။

 

အိမ်ပေါ်ကပြေးဆင်းသွားပေမယ့် ခြံစည်းရိုးရောက်တော့ အနောက်ကိုပြန်လန်ကျသွားတယ်။ ‌ဘကျော် ကုန်းထပြီး ထပ်ပြေးပေမယ့် ခြံစည်းရိုးကိုကျော်လို့မရဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ နတ်ရဲကျော်ဝင်လာတဲ့အချိန်မှာ အောင်မြတ်သာခိုင်းထားတဲ့လူငယ်က ခြံစည်းရိုးပတ်ပတ်လည်ထောင့်တွေမှာ အင်းစမတွေလိုက်ကပ်ထားတာကိုး။

 

” ဘကျော် မင်းပြောတော့ ပဝါမကူရေမရှုဆို ဘာလို့ထွက်ပြေးရတာလဲ မင်းပြိုင်ဘက်တွေ့ပီလေ ထိုးစမ်းပါ”

 

အောင်မြတ်သာစကားကိုကြားတော့မှ

 

” ငါအရှုံးပေးတယ် နောက်ထပ်ဒီရွာကိုမလာတော့ပါဘူး ဒီကောင်ကိုပြန်သွားခိုင်းလိုက်ပါ ငါကတိပေးတယ် လုံးဝမလာတော့ဘူး ရွာထဲကိုခြေဦးတောင်မလှည့်တော့ပါဘူး”

 

“မင်းဒီရွာကိုမလာပေမယ့် တစ်ခြားရွာတွေကို ဆက်သွားမှာပဲ ဒါကြောင့် မင်းကိုအပြစ်ပေးတဲ့အနေနဲ့ နတ်ရဲကျော်ရဲ့လက်အောက်မှာနေရမယ် နတ်ရဲကျော်အနေနဲ့ သူနဲ့အပေါင်းအပါအားလုံးကို ထိန်းသိမ်းထားပါ ဒါက အထက်ဆရာတွေရဲ့အမိန့်ဖြစ်လို့ အလေးနက်ထားလိုက်နာပါ ဟိုကောင်လေး ခြံစည်းရိုးက အင်းတွေဖြုတ်ပေးလိုက်တော့”

 

ခြံစည်းရိုးမှာကပ်ထားတဲ့အင်းစမတွေကိုဖြုတ်ပီချိန်မှာတော့ နတ်ရဲကျော်က အောင်မြတ်သာကိုအရိုအသေပေးကာ ခြေလှမ်းကျဲကြီးတွေနဲ့ ပြန်ထွက်သွားခဲ့တယ်။

 

နတ်ရဲကျော်ရဲ့အနောက်မှာတော့ ရွာထဲမှာရှိတဲ့ နာနာဘာဝတွေကတန်းစီပြီးလိုက်ပါသွားခဲ့တယ်။

အောင်မြတ်သာရဲ့အစွမ်းကိုမြင်ကြတဲ့ရွာသားတွေက တစ်ရိုတစ်သေနဲ့ ရွာမှာထပ်နေဖို့ခေါ်ပေမယ့် အောင်မြတ်သာကလက်မခံခဲ့ဘူး။

 

အောင်မြတ်သာလည်းကတိအတိုင်း လူငယ်လေးကိုခေါ်ပြီး အင်းတစ်ရွက်ကိုမီးရှို့ကာ ရလာတဲ့ပြာကိုရေဖျော်တိုက်လိုက်တယ်။

တိုက်ပြီးမကြာခင်မှာပဲ ပျို့သလိုဖြစ်လာတဲ့အတွက် ခွက်တစ်ခုထဲထိုးအန်ခိုင်းလိုက်ရာ အဖြူရောင်ပြာမှုန့်အနည်းငယ်ပြန်ထွက်လာတယ်။

 

အောင်မြတ်သာလည်း ပြန်အန်ထွက်လာတဲ့ ပြာမှုန့်ကိုယူလိုက်ပြီး

 

“ဒီနေ့ကစပြီး မင်းကသာမန်လူတစ်ယောက်ဖြစ်သွားပြီ ဒါကြောင့်ရပ်ရွာအကျိုးကို ပိုမိုအားထည့်ဆောင်ရွက်ပါ နောက်တစ်ခုက ရွာထိပ်က အဖွားစိမ်းနန်းကိုလဲ သေချာပြန်ပြင်ပေးလိုက်ကြ “လို့မှာကြားရင် ရွာထဲကနေ ညတွင်းချင်းပြန်ထွက်လာခဲ့တယ်။

 

အနောက်ကနေလိုက်ပို့ကြတဲ့ရွာသားတွေကို မလိုက်ဖို့မှာရင်း ဖြေးဖြေးချင်းလျောက်လာခဲ့တာ ရွာထိပ်ကိုရောက်လာတယ်။ ရွာထိပ်ရောက်တော့

“ဆရာလေး ပြန်တော့မလို့လား ကျွန်မတို့ရွာကို ကူညီစောင့်ရှောက်ပေးလို့အရမ်းကျေးဇူးတင်မိပါတယ်”

 

“အမယ်ကြီးလဲ ရွာအပေါ်အရမ်းသံယောဇဉ်ရှိတာပဲ ဒါကြောင့်လဲ ဒီလိုစွဲနေတာနေမှာ ကျုပ်မသွားခင် အမယ်ကြီးကိုပေးစရာလေးရှိတယ် ”

 

“ဘာများလဲဆရာလေး”

 

” အခုပေးမယ့်အရာက အမယ်ကြီးသုံးတတ်ရင် သုံးတတ်သလို အကျိုးပေးပါလိမ့်မယ် အတိတ်ဘဝက မကောင်းတာနဲ့ကောင်းတာတွေရောနေခဲ့လို့ အခုလိုဖြစ်နေခဲ့ရတာမဟုတ်လား ဒါကြောင့်ဒီအချိန်ကစပြီး တရားဘာဝနာကိုပွားများပါ အရေးအကြောင်းကြုံလာရင် ပေးထားတဲ့ပြာကို နဖူးမှာသုတ်ပြီး စိတ်ထဲရှိတဲ့အတိုင်းစွမ်းဆောင်ပါ ပြည့်ဝပါလိမ့်မယ်”

 

“ဆရာလေးဆုံးမသလို ကျင့်ကြံနေထိုင်ပါ့မယ် အခုဆရာလေးသွားမယ့်လမ်းမှာ မီးလောင်ထားတဲ့သစ်ငုတ်တိုတစ်ခုတွေ့ပါလိမ့်မယ်သစ်ငုတ်တိုပေါ်မှာ တစ်စုံတစ်ယောက်ထိုင်နေသေးတယ်ဆိုရင် သူ့ကိုလွတ်မြောက်အောင်ကူညီပေးပါ သူကကျွန်မကြောင့် အခုထိမကျွတ်လွတ်ပဲဖြစ်နေပါတယ် ဆရာလေးရဲ့ပညာစွမ်းနဲ့ ကယ်တင်ပေးပါလို့ တောင်းဆိုပါရစေ”

 

“ကျုပ်ကူညီခွင့်ရမယ်ဆိုရင် ကူညီပေးပါ့မယ် ဒါပေမယ့်အခွင့်မရှိရင်တော့ ကျုပ်မကူညီနိုင်တာကို အမယ်ကြီးနားလည်ပေးပါ”လို့မှာကြားရင်း အမှောင်ထုထဲကိုဆက်လက်ထွက်ခွာခဲ့တယ်။

 

သစ်ငုတ်တိုပေါ်ကသူကဘယ်သူဖြစ်မလဲ

မကျွတ်လွတ်ရတဲ့အကြောင်းကဘာလဲ

အဲဒီအရာတွေရဲ့ပတ်သတ်ဆက်နွယ်မှုတွေကို အောင်မြတ်သာဘယ်လိုဖြေရှင်းပေးမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် လောင်မီးကျိန်စာ ဆိုတဲ့ဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။

 

လေးစားစွာဖြင့်

ဇေယန(ရာမည)

ေအာင္ျမတ္သာႏွင့္လက္ခေမာင္းဘေက်ာ္
++++++++++++++++++++++++++++++
ေအာင္ျမတ္သာလည္း သက္ခိုင္တို႔နဲ႔ခ်ိန္းထားတဲ့ အခ်ိန္က ျပည့္ေတာ့မွာမို႔လို႔ မုဆိုးထိုင္ေစတီရွိရာကို ျပန္ထြက္လာခဲ့လိုက္တယ္။

ေျခဖဝါးသုံးေတာင္ကိုဆုံးမယ့္အခ်ိန္မွာ သက္ခိုင္တို႔ကိုမေခၚခဲ့တာကလည္း စဥ္းစားစရာအေၾကာင္းအရာတစ္ခုျဖစ္ေနခဲ့တယ္။

ခရီးဆက္လာရင္း တစ္ေနရာေရာက္မွာေတာ့ လူေတြဝိုင္းအုံေနတဲ့ေနရာတစ္ခုကိုျမင္လိုက္ရတယ္။ ေအာင္ျမတ္သာလည္း မိမိဦးတည္ရာကိုသာ သြားဖို႔ဆုံးျဖတ္ရင္း ဆက္ေလ်ာက္လာခဲ့ရာ လူအုပ္ႀကီးအေက်ာ္ကိုလဲေရာက္ေရာ အေနာက္ကေန တစ္စုံတစ္ေယာက္က လြယ္အိတ္ကို လွမ္းဆြဲလိုက္သလိုျဖစ္လို႔ လွည့္ၾကည့္လိုက္ရာ ဆံပင္စုတ္ဖြားနဲ႔အမယ္အိုတစ္ေယာက္ကိုေတြ႕လိုက္ရတယ္။

အမယ္အိုကိုျမင္ေတာ့ ေအာင္ျမတ္သာက
” က်ဳပ္လြယ္အိတ္ကို ဘာေၾကာင့္မို႔ဆြဲထားရတာလဲ”

“ဆရာေလးဒီအတိုင္းေတာ့ ထြက္မသြားပါနဲ႔ဦး ဒီေနရာမွာျဖစ္ေနတဲ့အခက္အခဲေလးေတြကို ကူညီေျဖရွင္းေပးသြားလို႔ ေတာင္းဆိုခ်င္ပါတယ္”

“ဒီေနရာမွာက ဘယ္လိုအခက္အခဲေတြျဖစ္ေနလို႔လဲ”

” အရင္က ဒီ႐ြာမွာ အခုလိုအျဖစ္ေတြမႀကဳံခဲ့ဘူး လြန္ခဲ့တဲ့သုံးလေလာက္မွာ ဟိုဘက္႐ြာကို ေက်ာင္းထိုင္ဘုန္းႀကီးတစ္ပါး အသစ္ေျပာင္းလာတယ္ အသစ္ေရာက္လာတဲ့ဘုန္းႀကီးက မနက္တိုင္း ညတိုင္း ပဌာန္းအက်ယ္ကို အသံခ်ဲ႕စက္ႀကီးနဲ႔႐ြတ္ဖတ္ပါတယ္ ဒါက ေကာင္းတဲ့အလုပ္ျဖစ္ေပမယ့္ ဘုန္းႀကီးေက်ာင္းထဲမွာရွိတဲ့ နာနာဘာဝေတြအတြက္ေတာ့ မေကာင္းဘူးေပါ့ ေက်ာင္းထိုင္ဘုန္းႀကီးရဲ႕သီလသိကၡာသမာဓိကလည္း ေကာင္းေနေတာ့ ေက်ာင္းဝင္းထဲမွာ ဘယ္နာနာဘာဝမွမေနရဲေတာ့ပဲ နီးစပ္ရာ ႐ြာေတြထဲ ဝင္လာၾကတယ္ ႐ြာေတာ္ရွင္ေတြက တစ္ခ်ိဳ႕ နာနာဘာဝေတြကို ေမာင္းထုတ္လို႔ရေပမယ့္ ႏွစ္ၾကာေနတဲ့ နာနာဘာဝေတြကိုေတာ့ ေမာင္းထုတ္လို႔မႏိုင္ခဲ့ဘူး ခုနက လူအုပ္ႀကီးကိုဆရာေလးျမင္ခဲ့တယ္မလား အဲဒါက နာနာဘာဝေတြဝင္ပူးၿပီး အစာေရစာေတာင္းေနတာ”

” အမယ္ႀကီးက ဒီ႐ြာရဲ႕ဘယ္နားမွာေနတာလဲ”

“ကြၽန္မက ခုနက ဆရာေလးဝင္လာတဲ့ ႐ြာထိပ္မွာ ေနတာပါ ႐ြာကလူေတြကေတာ့ အဖြားစိမ္းလို႔ေခၚၾကတယ္ ”

” အမယ္ႀကီးကေရာ သူတို႔ကိုမကူညီႏိုင္ဘူးလား”

“အခုျဖစ္ေနတာေတြအားလုံးကို ကူညီႏိုင္တဲ့အစြမ္းမရွိေသးပါဘူး ကြၽန္မကသာမန္အဆင့္ေလာက္ရွိတဲ့ နာနာဘာဝေတြကိုပဲ ေမာင္းထုတ္ႏိုင္တာပါ”

” က်ဳပ္နားလည္ၿပီ ခရီးဆက္စရာရွိေနေပမယ့္လည္း ဒီ႐ြာရဲ႕အခက္အခဲေတြကို အတတ္ႏိုင္ဆုံး ကူညီခဲ့ပါမယ္ အမယ္ႀကီးလည္း ကိုယ့္ေနရာ ကိုယ္ျပန္လိုက္ပါဦး လိုအပ္ရင္ အမယ္ႀကီးဆီက်ဳပ္ထပ္လာခဲ့ပါမယ္”

“ေက်းဇူးတင္လိုက္တာဆရာေလးရယ္ ကြၽန္မတတ္ႏိုင္သေလာက္ကူညီပါ့မယ္ ”

ေအာင္ျမတ္သာလည္း အေရွ႕ကိုဆက္မယ့္ ေျခလွမ္းေတြကို ျပန္႐ုပ္ၿပီး လူအုပ္နားကို မေယာင္မလည္ျပန္လာခဲ့လိုက္တယ္။

” အမဲသားစားခ်င္တယ္ ႏွမ္းမုန္႔လဲစားခ်င္တယ္ ငါ့ကိုဒီညမေကြၽးလို႔ကေတာ့ နင္တို႔တစ္႐ြာလုံးဒုကၡေရာက္ေအာင္ လုပ္ပစ္မယ္ ဟင္းဟင္း ”

“ေကြၽး ေကြၽးပါ့မယ္ ကတိေပးပါတယ္ အခုဝင္ပူးေနတဲ့လူဆီကေန ခြာေပးပါ ညေနေစာင္းတာနဲ႔ ငွက္ေပ်ာဖက္နဲ႔ အသားေရာ အခ်ိဳမုန္႔ေတြလာေကြၽးပါ့မယ္ ”

“ဟင္းဟင္း ငါမထြက္ႏိုင္ဘူး ငါ့ကိုေကြၽးတဲ့အခ်ိန္မွထြက္မယ္ ငါဒီမွာပဲေနမယ္”

” စိန္ေမာင္ ဒီအခ်ိန္အမဲသားဘယ္႐ြာမွာရႏိုင္လဲ ရတဲ့ေနရာက ရွာဝယ္ခဲ့ကြာ အခ်ိဳမုန္႔ေတြလည္း ရွာဝယ္ခဲ့ ျမန္ျမန္သြား ဒီလိုဝင္ပူးတာၾကာရင္ ဝင္ပူးခံရသူရဲ႕အသက္ကိုစိုးရိမ္ရတယ္ ”

” ဝယ္စရာမလိုဘူး ဘာမွလဲေကြၽးစရာမလိုဘူး က်ဳပ္တာဝန္ယူတယ္ ဝင္ပူးခံရတဲ့သူလည္း ဘာမွမျဖစ္ေစရဘူး” ဆိုတဲ့အသံက လူအုပ္ႀကီးရဲ႕ အေနာက္ကေန ထြက္လာခဲ့တယ္။

” ခင္ဗ်ားက ပေယာဂကုတတ္လား က်ဳပ္တို႔ကို ကယ္ပါဦးဗ်ာ က်ဳပ္သားေလးဒုကၡေရာက္ေတာ့မယ္”

” အနည္းအက်ဥ္းေတာ့ရပါတယ္ စိတ္လဲသိပ္မပူၾကပါနဲ႔ ”

ေအာင္ျမတ္သာလည္း ဝင္ပူးေနတဲ့သူရဲ႕ မ်က္လုံးတည့္တည့္ကိုစိုက္ၾကည့္လိုက္ေတာ့ ဝင္ပူးခံေနသူရဲ႕ ပုံသ႑ာန္ေပ်ာက္ၿပီးဝင္ပူးေနသူရဲ႕ ႐ုပ္အမွန္ေပၚလာခဲ့တယ္။

” ေျခာက္စားလွန္႔စားေနတဲ့ေကာင္ ငါ့ကိုေမာ့ၾကည့္စမ္း”

ေအာင္ျမတ္သာရဲ႕ ဩဇာအျပည့္နဲ႔စကားသံကိုၾကားေတာ့ ဝင္ပူးေနတဲ့သူက

” မင္းဘယ္သူလဲ မင္းကိုဘယ္သူလႊတ္လိုက္တာလဲ ငါကိုမေကြၽးရင္ ဒီကေလးကိုသတ္ပစ္မွာေနာ္ ”

” မင္းမွာအဲေလာက္ အစြမ္းအစမရွိပါဘူး အခုျပန္ထြက္မလား မီးၿမိဳက္ခံၿပီးမွထြက္မလား”

ေအာင္ျမတ္သာရဲ႕ ျပတ္သားလွတဲ့စကားကိုၾကားေတာ့ ဝင္ပူးေနတဲ့သူက ၿငိမ္က်သြားတယ္။ ၿပီးေတာ့မွ

” စားရခါနီးမွ အဖ်က္ကဝင္လာတယ္ နင့္ပညာေတြကိုမယွဥ္ႏိုင္လို႔ အေလ်ာ့ေပးလိုက္မယ္ ငါမစားေတာ့ဘူး သြားေတာ့မယ္ ” လို႔ေျပာၿပီး ဝင္ပူးေနတဲ့ကိုယ္ကခြာလိုက္တဲ့အခ်ိန္ ဘယ္ကေရာက္ဘာမွန္းမသိတဲ့ ႀကိဳးအနီတစ္ေခ်ာင္းက ဝင္ပူးေနတဲ့သူကို ရစ္ပတ္ၿပီး ေဘးမွာရွိတဲ့ သရက္ပင္ေအာက္ကိုဒ႐ြတ္တိုက္ဆြဲသြားတယ္။ ဒီအျဖစ္အပ်က္ေတြကို ႐ြာသားေတြမျမင္ရေပမယ့္ ျမင္ရတဲ့သူတစ္ေယာက္ကရွိေနခဲ့တယ္။

” ေက်းဇူးတင္လိုက္တာဆရာရယ္ ဒီေကာင္က အၿမဲတမ္းလိုလို ဝင္ပူးကပ္ၿပီး ေတာင္းစားေနတာ က်ဳပ္တို႔႐ြာမွာလည္း ပေယာဂကုတတ္တဲ့သူမရွိဘူး ဟိုဘက္႐ြာက ဆရာေတာ္ကလည္း ေလာကီကိစၥေတြဝင္မရႈပ္ဘူးဆိုေတာ့ က်ဳပ္တို႔ဒုကၡေရာက္ေနရတာ အခုဆရာေရာက္လာေတာ့မွ အဆင္ေျပေတာ့တယ္ ျဖစ္ႏိုင္ရင္ ႐ြာမွာတစ္ရက္ႏွစ္ရက္ေလာက္ေနသြားပါဦး က်န္တဲ့ကိစၥေတြလည္းရွိေသးလို႔ ဆရာကိုေသခ်ာေျပာခ်င္ပါေသးတယ္”

“ျဖစ္လာမွေတာ့ ဘယ္တတ္ႏိုင္မလဲ ေနရေတာ့မွာေပါ့ ခင္ဗ်ားတို႔ေက်းဇူးဆပ္ခ်င္တယ္ဆိုရင္ေတာ့ ႐ြာထိပ္က အဖြားစိမ္းနတ္ကြန္းေလးကို ေသခ်ာေလးျပင္ေပးလိုက္ၾကပါ ”

“ဟင္ ဆရာက အဖြားစိမ္းကိုဘယ္လိုသိတာလဲ အဖြားစိမ္းကဒီ႐ြာအေပၚအရမ္းသံေယာဇဥ္ႀကီးတာ သူ႔အေၾကာင္းလဲေျပာျပခ်င္ေသးတယ္ ဆရာအိမ္ကိုႂကြခဲ့ေပးပါ”လို႔ေျပာၿပီး အေရွ႕ကေန ေခၚသြားခဲ့တယ္။

ေအာင္ျမတ္သာလည္း ေဘးကသရက္ပင္ကိုၾကည့္လိုက္ေတာ့ သရက္ပင္အကိုင္းမွာႀကိဳးနဲ႔ေဇာက္ထိုးခ်ည္ခံထားရတဲ့ ေကာင္ကိုျမင္ေတာ့

” ႀကိဳးပိုင္ေရ ဒီေကာင္ေတြ မလြတ္ေစနဲ႔ ေသခ်ာၾကည့္ထား”လို႔စိတ္ထဲကေရ႐ြတ္ၿပီး ႐ြာထဲကို လိုက္ခဲ့လိုက္တယ္။

ၿခံဝိုင္းထဲကိုေရာက္ေတာ့ အိမ္ေရွ႕မန္က်ီးပင္ေအာင္က ကြပ္ျပစ္ေလးမွာထိုင္ၿပီး
” က်ဳပ္တို႔ ႐ြာအေျခအေနကေတာ့ ဆရာျမင္တဲ့အတိုင္းပါပဲ ဆရာမေရာက္ခင္ တစ္လေလာက္က ႐ြာမွာ လူကိုးေယာက္ဆက္တိုက္ေသတာ ေသတဲ့လူေတြကလည္း အေကာင္းႀကီးကေန ႐ုတ္တရက္ေသၾကတာ တစ္ခ်ိဳ႕ဆို ေရေသာက္ေနရင္း ေရသီးလို႔ေသတာေတာင္ရွိတယ္ ကိုးေယာက္တိတိျပည့္တဲ့ေန႔မွာေတာ့ အခုလိုမေကာင္းဆိုးဝါးေတြဝင္ပူးေတာ့တာပဲ အဲဒီထဲကမွ ထူးဆန္းတာတစ္ခုရွိတယ္ သူကလည္း ဝင္ပူးတာပဲ ညဘက္သန္းေခါင္အခ်ိန္ေရာက္တိုင္း ဝင္ပူးတယ္ ေန႔တိုင္းလိုလိုပဲ ”

” သူကေရာ ခုနကလို အစားေတာင္းစားတာပဲလား”

“မဟုတ္ဘူးဆရာ ဒါေၾကာင့္ထူးဆန္းတယ္လို႔ေျပာတာ သူဝင္ပူးရင္ လက္ခေမာင္းခတ္ၿပီးေတာ့ကိုလာတာ ”

ေျပာေနတဲ့သူစကားကိုၾကားေတာ့ ေအာင္ျမတ္သာက

” ဒါဆို အရင္ဘဝက လက္ေဝွ႔သမားေသလို႔ ျဖစ္မယ္”

” ဟုတ္တယ္ဆရာ သူ႔ကိုယ္သူ လက္ခေမာင္းဘေက်ာ္ဆိုၿပီး ေျပာတယ္ သူဝင္ပူးရင္ လက္ေဝွ႔ထိုးဖို႔ပဲေျပာတာ ဆရာစဥ္းစားၾကည့္ သရဲဝင္ပူးေနတဲ့သူနဲ႔ ဘယ္သူထိုးရဲမလဲ အဲလိုမထိုးရင္ အိမ္မွာရွိတဲ့ ပစၥည္းေတြကို႐ိုက္ခြဲကန္ေက်ာက္တာ ”

” ဒီတစ္ခါဝင္ပူးတဲ့သူကထူးဆန္းတာေပါ့ ဆက္ေျပာပါဦး”

” တစ္ရက္မွာေတာ့ သူနဲ႔ထိုးမယ္ဆိုၿပီး ႐ြာထဲက ဘသန္းတင့္ကေျပာတယ္ သဘန္းတင့္ဆိုတာကလည္း အရင္႐ြာ‌စဥ္လွည့္ၿပီး လက္ေဝွ႔ထိုးစားလာတဲ့သူ သူ႔ရဲ႕ညာလက္သီးတစ္ခ်က္ထိရင္ ႏြားမဒန္းေတာင္ဖင္ထိုင္ပီးလဲတာ တကယ္ထိုးလဲထိုးေရာ ဘသန္းတင့္ေမး႐ိုးျပဳတ္သြားတယ္ ဝင္ပူးခံရတဲ့ေကာင္က လူဖလံေလးဗ် ဒါေပမယ့္ သူ႔လက္သီးထိတဲ့ဘသန္းတင့္မခံႏိုင္ဘူး အဲဒါကို မေက်နပ္ေသးပဲ အိမ္မွာရွိတဲ့ ေက်ာက္ပ်ဥ္ကို နဖူးနဲ႔တိုက္ခြဲတာ ေက်ာက္ပ်ဥ္က ထပ္ပိုင္းက်ိဳးတယ္ အဲေလာက္ထိၾကမ္းတယ္ဆရာ”

” ထူးေတာ့ထူးဆန္းတယ္ ဒါမ်ိဳးမႀကဳံဖူးေသးဘူး သူကဘယ္သူ႔ကိုဝင္ပူးတာလဲ တစ္ျခားသူေတြကိုေရာဝင္ပူးေသးလား”

“မဝင္ဘူးဆရာ ေက်ာ္သန္းဆိုတဲ့ေကာင္ကိုပဲ ဝင္ပူးတာ သူ႔အိမ္မွာဆိုဘာပစၥည္းမွမထားရဲေတာ့ဘူး ညဘက္ေတြဆို အိမ္မွာလည္း ဘယ္သူမွမေနရဲဘူး ေက်ာ္သန္းကိုအိမ္အျပင္ကေန ေသာ့ခတ္ထားခဲ့ရတာ သူ႔ကိုလည္းေခၚသြားလို႔မရျပန္ဘူး သူရွိတဲ့ေနရာ ဟိုေကာင္က ဝင္ပူးၿပီးေသာင္းက်န္းတာ”

“သိပ္လဲစိတ္မပူပါနဲ႔ က်ဳပ္ႏိုင္သေလာက္ကူညီေပးပါ့မယ္ အခုေလာေလာဆယ္ ႐ြာထဲတစ္ခ်က္လွည့္ၾကည့္ခ်င္ေသးတယ္”

“ဆရာလိုက္ၾကည့္ပါ က်ဳပ္လိုက္ျပပါ့မယ္”

ေအာင္ျမတ္သာလည္း ၿခံဝိုင္းထဲကေန အျပင္ကိုထြက္လာေတာ့ ၿခံအျပင္မွာ မေယာင္မလည္ရပ္ေနတဲ့ အသက္ဆယ္သုံးႏွစ္အ႐ြယ္ လူငယ္ေလးတစ္ေယာက္ကို ျမင္လိုက္ရတယ္။ ထိုလူငယ္ေလးက ေအာင္ျမတ္သာကိုျမင္ေတာ့

“ဆရာ ကြၽန္ေတာ္ေျပာစရာရွိလို႔ ”

“ေအး ေျပာေလကြာ ”

” ဟို သရက္ပင္ေပၚမွာခ်ည္ထားတဲ့ေကာင္ကို ကြၽန္ေတာ္သိတယ္”

ထူးဆန္းတဲ့စကားေၾကာင့္ ေအာင္ျမတ္သာ လူငယ္ေလးကို ျပန္လွည့္ၾကည့္လိုက္တယ္။

” မင္းကျမင္ရတာလား ”

“ဟုတ္တယ္ဆရာ ျမင္ရတယ္ ႐ြာကလူေတြကို ေျပာျပာတာက်ဳပ္႐ူးေနတယ္လို႔ေျပာတယ္ က်ဳပ္စကားကိုဘယ္သူမွမယုံၾကဘူး”

ထိုစဥ္
“ဟိုေကာင္ ငေတ ဆရာကိုဘာေတြေလ်ာက္ေျပာေနတာလဲ ဆရာဒီေကာင္‌ေလးက လြန္ခဲ့တဲ့သုံးလေလာက္မွာ ဇီးပင္ေပၚကျပဳတ္က်ၿပီး သတိေမ့ခဲ့ဖူးတယ္ ျပန္သတိရလာေတာ့ အခုလိုေပါက္ကရေတြေျပာေတာ့တာပဲ”

ထိုလူႀကီးရဲ႕စကားကိုၾကားေတာ့ ငေတက ဘာမွမေျပာေတာ့ပဲ ၿငိမ္သြားတယ္။ ေအာင္ျမတ္သာက လူငယ္ေလးကိုၾကည့္ၿပီး

“က်ဳပ္ဒီလူငယ္ကိုခဏေခၚသြားလိုက္မယ္ မိတ္ေဆြက ဒီမွာပဲေနခဲ့ဦး ”

“ျဖစ္ပါ့မလားဆရာ ဒီေကာင္က စိတ္ကသိပ္မွန္တာမဟုတ္ဘူး”

“ျဖစ္ပါတယ္ က်ဳပ္လဲအေဝးႀကီးမသြားပါဘူး ”

ေအာင္ျမတ္သာလည္း လူငယ္ေလးကိုေခၚၿပီး ႐ြာထဲထြက္လာခဲ့လိုက္တယ္။

” မင္းနာမည္ဘယ္လိုေခၚလဲ”

” က်ဳပ္နာမည္က ငေတဗ် ”

“မင္းက ဒီလိုအရာေတြကိုျမင္ရတယ္ဆိုေတာ့ ဘယ္အခ်ိန္ကစျမင္ရတာလဲ”

ေအာင္ျမတ္သာစကားကိုၾကားေတာ့ လူငယ္က တစ္ခ်က္စဥ္းစားလိုက္ၿပီး

“အင္း နည္းနည္းေတာ့ၾကာၿပီ ဟိုဘက္႐ြာဘုန္းႀကီးေက်ာင္းထဲက ဇီးပင္ေပၚ ဇီးသီးတက္ခူးတဲ့ေန႔ထဲကျမင္ရတာ”

“သာမန္လူတစ္ေယာက္က ဇီးပင္ေပၚတက္ခူးတဲ့အခ်ိန္မွျမင္ရတာမျဖစ္ႏိုင္ဘူး အမွန္တိုင္းေျပာ”

” အင္းးး က်ဳပ္အမွန္တိုင္းေျပာျပမယ္ဗ်ာအဲဒီေန႔က ခ်က္စူနဲ႔က်ဳပ္ဇီးသီးသြားခူးမယ္ဆိုၿပီး ႐ြာျပင္က ေစတီမွာခ်ိန္းထားတယ္ က်ဳပ္ေရာက္ေတာ့ ခ်က္စူကမလာေသးဘူး အဲဒါနဲ႔ က်ဳပ္လဲေစတီေပၚမွာ ခဏေမွးလိုက္တဲ့အခ်ိန္ ငလ်င္လႈပ္သလို ေစတီတစ္ခုလုံးလႈပ္သြားတာ က်ဳပ္လဲလန္႔ႏိုးၿပီး ထၾကည့္လိုက္ေတာ့ ေစတီထိပ္ပိုင္းစိန္ဖူးေတာ္ေနရာက ပဲ့က်ေနပီ က်ဳပ္လဲငလ်င္လႈပ္တယ္ထင္ၿပီးထေျပးတာ‌ေပါ့ ထေျပးရင္းအုတ္က်ိဳးပ်က္ေတြထဲက ယြန္းဘူးတစ္ဘူးကို ခလုပ္တိုက္မိတယ္ ယြန္းဘူးက ေတာ္ေတာ္ေလးလွတယ္ အဲဒါနဲ႔က်ဳပ္လဲ ယြန္းဘူးကိုဖြင့္ၾကည့္လိုက္ေတာ့ အထဲမွာ ျဖဴေဖြးေနတဲ့ အျဖဴေရာင္အမႈန္႔ေတြေတြ႕တယ္ ဘာေတြမွန္းမသိတာနဲ႔ က်ဳပ္လဲလုံခ်ည္ၾကားထဲညႇပ္ထားလိုက္တယ္ စကားမစပ္အဲဒီတုန္းကတကယ္ငလ်င္လႈပ္တာတဲ့ ႐ြာမွာကတဲအိမ္ေတြမ်ားေတာ့ ဘာမွမထိခိုက္ခဲ့ဘူး”

” ေနာက္ေတာ့ေရာ ဘာဆက္ျဖစ္ေသးလဲ”

“က်ဳပ္လဲခ်က္စူမလာတာနဲ႔ ဟိုဘက္႐ြာကိုတစ္ေယာက္ထဲသြားတာ ဘုန္းႀကီးေက်ာင္းဝင္းထဲေရာက္ေတာ့ ဇီးပင္ေပၚမွာ ပက္လက္လွန္အိပ္ၿပီး ယြန္းဘူးေလးကိုထုတ္ၾကည့္ေနတဲ့အခ်ိန္ ႐ုတ္တရက္ယြန္းဘူးအဖုံးပြင့္ၿပီး အထဲကျပာေတြ ပါးစပ္ထဲဝင္ကုန္တယ္ က်ဳပ္လဲေထြးထုတ္သင့္သေလာက္ေထြးထုတ္လိုက္ေပမယ့္ တစ္ခ်ိဳ႕တစ္ဝက္ကေတာ့ ဗိုက္ထဲေရာက္သြားတယ္ ”

ေကာင္ေလးရဲ႕စကားကိုၾကားေတာ့ ေအာင္ျမတ္သာက

” အဲဒီျပာေတြဗိုက္ထဲေရာက္ပီးေတာ့စျမင္တာလား”

” အဲလိုေတာ့က်ဳပ္မသိဘူး က်ဳပ္လဲဇီးပင္ေပၚမွာ ေမွးခနဲျဖစ္သြားတဲ့အခ်ိန္ က်ဳပ္ေဘးကဇီးကိုင္းက လႈပ္သြားလို႔ လန္႔ႏိုးလာတယ္ လႈပ္တဲ့ေနရာကိုၾကည့္လိုက္ေတာ့ လ်ာႀကီးတြဲေလာင္းခ်ၿပီး က်ဳပ္ကိုၾကည့္ေနတဲ့ခုနကေကာင္ကိုျမင္လိုက္ရတာပဲ အဲဒီမွာ လန္႔ၿပီးဇီးပင္ေပၚကျပဳတ္က်တာ က်န္တာဘာမွမသိေတာ့ဘူး သတိျပန္ရလာေတာ့ က်ဳပ္အိမ္ေပၚေရာက္ေနၿပီ အဲဒီေန႔ကစၿပီး ပုံဆိုးပန္းဆိုးေကာင္ေတြကိုျမင္ရတာပဲ”

” သူတို႔ကိုျမင္ရေတာ့မင္းမေၾကာက္ဘူးလား”

“အစကေတာ့ေၾကာက္တာေပါ့ဗ် ဒါေပမယ့္ သူတို႔ကေန႔ဘက္ေတြဆိုသိပ္မရွိဘူး ညေနေနဝင္ခါနီးမွထြက္တာ က်ဳပ္က ညေနဆိုအျပင္မထြက္ေတာ့ဘူး တစ္ခ်ိဳ႕အေကာင္ေတြဆို အရမ္းေၾကာက္ဖို႔ေကာင္းတာ ”

” မင္းရလာတဲ့ျပာက သာမန္ျပာမဟုတ္ဘူး ပုဂၢိဳလ္ထူးပုဂၢိဳလ္ျမတ္ေတြက ဘုရားမွာဌာပနာခဲ့တဲ့ သိဒၶိဝင္ျပာေတြပဲ မင္းနဲ႔ထိုက္လို႔ရေပမယ့္ အသုံးမတတ္ေတာ့ အလကားျဖစ္သြားတာေပါ့ ”

“အဲဒါေတာ့မသိဘူး အဲဒီညကက်ဳပ္ဆီကို ဘုန္းႀကီးတစ္ပါးလာတယ္ က်ဳပ္ကိုေအာ္တယ္ သူ႔ျပာေတြကိုဖ်က္ဆီးလိုက္လို႔တဲ့ ”

“မင္းက ေတာ္ေတာ္မလြယ္တဲ့ေကာင္ပဲ ဒါနဲ႔အခုတစ္ေလာမင္းျမင္ရတဲ့အရာေတြေျပာၾကည့္ပါလား”

“ခုနက ‌ဆရာနဲ႔ အဖြားႀကီးတစ္ေယာက္စကားေျပာေနတာလဲေတြ႕တယ္ အဲဒီအဖြားႀကီးကို ႐ြာထိပ္မွာ ခဏခဏေတြ႕တယ္ သူက႐ြာထဲသိပ္မဝင္လိုဘူး က်ဳပ္ကိုေတြ႕ရင္အၿမဲရီျပတယ္ လြန္ခဲ့တဲ့ႏွစ္လေလာက္က ပုံဆိုးပန္းဆိုးေကာင္ေတြ အမ်ားႀကီး ႐ြာထဲဝင္လာတယ္ အရင္ကညဘက္ေတြမွေတြ႕တာ အဲဒီအခ်ိန္က ေန႔ခင္းဘက္ႀကီးဝင္လာၾကတာ ႐ြာထိပ္ကအဖြားႀကီးက မဝင္ဖို႔ေျပာေတာ့ အဖြားႀကီးကို ကန္ထုတ္ၾကတယ္”

“ဘယ္သူကကန္ထုတ္တာလဲ ”

” အသားမဲမဲ အရပ္က ထန္းပင္ထက္ေတာင္ ရွည္ေသးတယ္ သူ႔ေပါင္လုံးေတြဆိုရင္ လူႀကီး ေလးဖက္စာေလာက္ရွိမယ္ သူ႔ေပါင္တစ္ခုလုံး ေဆးမွင္ေၾကာင္ေတြလဲထိုးထားေသးတယ္”

“မင္းက အဲဒီအခ်ိန္ဘာလုပ္ေနလို႔ ေတြ႕တာလဲ”

“ေန႔လည္ဘက္ေတြ က်ဳပ္တို႔ကစားၾကတယ္ေလ ကစားေနရင္းေတြ႕တာ က်ဳပ္ဆိုအဲလိုေတြ႕ၿပီး ဖ်ားတာ ခုႏွစ္ရက္ေလာက္ၾကာတယ္ ”

‌ေအာင္ျမတ္သာတို႔လည္းစကားတစ္ေျပာေျပာနဲ႔လမ္းေလ်ာက္လာရင္း

” ဆရာ ဆရာ ဟိုအိမ္ေရွ႕က စပါးလင္ပင္ေတြၾကားထဲမွာ မွင္စာေလးေတြရွိတယ္ လႈပ္ေနတာေတြ႕လားဆရာ”

” မင္းမွင္စာ‌ေတြကိုမေၾကာက္ဘူးလား ”

“မေၾကာက္ပါဘူး သူတို႔ကခင္ဖို႔ေကာင္းတယ္ အခုဆရာပါလာလို႔ပုန္းေနၾကတာ က်ဳပ္တစ္ေယာက္ထဲဆိုရင္ သူတို႔ကခဲနဲ႔လွမ္းေပါက္ေနၾက ဒါေပမယ့္ က်ဳပ္ေၾကာက္တာတစ္ေယာက္ရွိတယ္ သူက ညနက္ရင္လာၿပီ သူလာရင္ ဘယ္ေခြးမွမေဟာင္ရဲဘူး”

” သူကအရမ္းေၾကာက္ဖို႔ေကာင္းလို႔လား”

“က်ဳပ္ေျပာခဲ့တယ္ေလ အဖြားႀကီးကိုကန္ထုတ္လိုက္တယ္ဆိုတဲ့သူ သူတို႔ေလာကသားေတြက လက္ခေမာင္းဘေက်ာ္လို႔ေခၚတယ္ သူအိမ္ေရွ႕ကျဖတ္သြားရင္ တစ္အိမ္လုံးခါေနတာ ”

“ဒါနဲ႔ ႐ြာမွာလူကိုးေယာက္ေသ‌တာသူတို႔ေၾကာင့္လား”

” အဲဒါေတာ့က်ဳပ္လဲမသိဘူး သူတို႔ကေတာ့ႀကိဳသိတယ္ မနက္ျဖန္ေသမယ့္သူရွိရင္ သူတို႔ေတြက အဲဒီအိမ္အနားမွာဝိုင္းေနၾကတာ ေရေသာက္ရင္းေသတဲ့မိန္းမဆိုရင္ သူ႔အိမ္မွာရက္လည္တဲ့ေန႔အထိေတြ႕ရတယ္”

“မင္းဒီလိုဘဝနဲ႔အၿမဲေနခ်င္လား ဒါမွမဟုတ္ သာမန္လူဘဝနဲ႔ေနခ်င္လား”

“က်ဳပ္ဒီလိုဘဝနဲ႔ေတာ့မေနခ်င္ပါဘူး သူတို႔ေတြကိုမျမင္ရရင္ ပိုေကာင္းမယ္ ညဘက္ေတြဆို က်ဳပ္အျပင္မထြက္ရဲဘူးဗ် ႐ြာထဲကလူေတြကလဲ က်ဳပ္ကိုအ႐ူးလို႔ေျပာတာမခံခ်င္ဘူး”

“ေကာင္းၿပီ ဒါဆို ဒီည ကိစၥတစ္ခုလုပ္ၿပီးရင္ မင္းကိုသာမန္လူျဖစ္ေအာင္ျပန္လုပ္ေပးမယ္ မင္းကတစ္ခုေတာ့ကူညီရမယ္”

“က်ဳပ္လုပ္ေပးႏိုင္တာရွိရင္ လုပ္ေပးမယ္ ”

“မင္းလုပ္ရမွာက…..”

ေအာင္ျမတ္သာတို႔လည္း ႐ြာတစ္ပတ္ပတ္ၾကည့္ၿပီး ၿခံဝိုင္းထဲကိုျပန္လာခဲ့လိုက္တယ္။

ဒီညပေယာဂကုမယ္ဆိုလို႔ မအိပ္ပဲေစာင့္ၾကည့္ေနၾကတဲ့႐ြာသူ႐ြာသားေတြရွိသလို အျပင္မထြက္ရဲပဲ အိမ္တံခါးကိုပိတ္ကာ အေျခအေနေစာင့္ၾကည့္ေနၾကတဲ့႐ြာသူ႐ြာသားေတြလဲရွိေနၾကတယ္။

ညကတစ္ေျဖးေျဖးနဲ႔ နက္သထက္နက္လာခဲ့တယ္။ ကြင္းျပင္ေတြဆီကေနတိုက္ခတ္လာတဲ့ ေအးစိမ့္စိမ့္ေလေတြနဲ႔အတူ ေခြးအူသံတစ္ခ်ိဳ႕က ခပ္စိပ္စိပ္ထြက္ေပၚလာခဲ့တယ္။ ညဦးပိုင္းထဲက အသင့္ေခၚထားတဲ့ လူငယ္ေလးက

” ဆရာ ဟိုအေကာင္ႀကီးလာေနပီ ခဏေန အိမ္‌တစ္ခုလုံးတုန္ေတာ့မယ္”

လူငယ္ေလးရဲ႕ေျပာစကားမဆုံးခင္မွာပဲ အိမ္တစ္ခုလုံး သိမ့္ခနဲျဖစ္သြားတယ္။

“ဆရာ က်ဳပ္ဘာမွေတာ့မျဖစ္ပါဘူးေနာ္”

“မင္းဘာမွမျဖစ္ေစရဘူး ငါေျပာသလိုသာလုပ္ ”

“ဆရာ သူအေနာက္မွာ မေကာင္းဆိုးဝါးေတြ ပါလာေသးတယ္ သူတို႔ကသရက္ပင္ေပၚမွာႀကိဳးနဲ႔ခ်ည္ထားတဲ့ေကာင္ကိုၾကည့္ၿပီး ေလွာင္ေနၾကတယ္”

“အခ်ိန္က်ေတာ့မယ္ မင္းငါနဲ႔လိုက္ခဲ့ေတာ့”

ေအာင္ျမတ္သာလည္း ၿခံဝိုင္းထဲကအျပင္ကို ထြက္လာတဲ့အခ်ိန္

“ဆရာ ဟိုမွာေသာင္းက်န္းေနၿပီ ”

ေအာင္ျမတ္သာဘာမွမေျပာေတာ့ဘဲ ႐ြာခံလူတစ္ေယာက္ေခၚတဲ့ေနာက္ကိုလိုက္ခဲ့လိုက္တယ္။
ပ်ဥ္ေထာင္အိမ္မဲမဲႀကီးအေရွ႕ေရာက္ေတာ့

“ဝုန္း ဒိုင္း ဂြမ္း
ဘယ္မလဲ ငါ့ၿပိဳင္ဘက္
ဘေက်ာ္တဲ့ကြ ငါလိုေကာင္နဲ႔ယွဥ္မယ့္သူမရွိေတာ့ဘူးလား ေယာက်ၤားမွန္ရင္ဘြာမခတ္ေၾကးကြ”

ေအာင္ျမတ္သာလည္းေအာ္ဟစ္ေသာင္းက်န္းေနတဲ့ အသံၾကားတဲ့ေပၚကို တက္သြားလိုက္တယ္။ ေအာင္ျမတ္သာလည္းအိမ္ေပၚေရာက္ေတာ့

” ေဟ့ ဘယ္သူလဲ ငါ့ကိုစိန္ေခၚခ်င္လို႔လား လာစမ္းပါ “ဆိုၿပီး လက္ခေမာင္းထခတ္လိုက္တယ္။

“မင္းနာမည္ဘယ္လိုေခၚလဲ ”

” ငါ့နာမည္ဘေက်ာ္ လက္ခေမာင္းဘေက်ာ္ဆိုတာငါပဲ ”

” မင္းရည္႐ြယ္ခ်က္ကဘာလဲ ဒီလိုဝင္ပူး‌ၿပီးဒုကၡေပးေနတာ ဘာေၾကာင့္လဲ”

” ငါၿပိဳင္ဘက္ကိုရွာေနတာ မေတြ႕ရင္ငါေသာင္းက်န္းဦးမယ္ ဘေက်ာ္ဆိုတဲ့ေကာင္က လက္ေဝွ႔ပြဲမွာ ရႈံးတယ္ဆိုတာမရွိခဲ့ဘူး အခုထိ ငါ့ကိုယွဥ္ထိုးႏိုင္တဲ့သူမရွိေသးဘူး ဇရွိရင္ လာခဲ့စမ္းပါ”

ေအာင္ျမတ္သာက တစ္ခ်က္ရယ္လိုက္ၿပီး

“မင္းဒီေလာက္ထိုးခ်င္ေနရင္ ငါပြဲတည္ေပးမယ္ မင္းအဆင့္ကငါ့နဲ႔ထိုးဖို႔အရည္အခ်င္းမမီေသးဘူး ဒါေၾကာင့္ ငါ့တပည့္နဲ႔အရင္ထိုးၾကည့္ သူ႔ကိုႏိုင္ရင္ ငါမင္းနဲ႔ထိုးမယ္”

” ရတယ္ ဘေက်ာ္‌ဆိုတဲ့ေကာင္က ၿပိဳင္ဘက္မေ႐ြးဘူး ပဝါမရႈ ေရမကူေၾကးပဲ”

“ဟုတ္ပီ မင္းအသင့္ျဖစ္ၿပီလား”

“ငါအသင့္ပဲေဟ့ ဘေက်ာ္တဲ့ကြ”

ေအာင္ျမတ္သာလည္း စိတ္ထဲကေန ေျခဖဝါးသုံးေတာင္(ေခၚ)နတ္ရဲေက်ာ္ကိုဖိတ္လိုက္တယ္။ (ေျခဖဝါးသုံးေတာင္(ေခၚ)နတ္ရဲေက်ာ္အေၾကာင္းကိုေတာ့ ေအာင္ျမတ္သာႏွင့္ေျခဖဝါးသုံးေတာင္ဆိုတဲ့ဝတၱဳမွာဖတ္ရႈႏိုင္ပါသည္)

ေအာင္ျမတ္သာရဲ႕ ပင့္ဖိတ္မႈအၿပီး မၾကာခင္မွာ
“ဒုန္း ဒုန္း ဒုန္း”ဆိုတဲ့အသံနဲ႔အတူ ေျခဖဝါးသုံးေတာင္ေရာက္ခ်လာခဲ့တယ္။

ထန္းပင္သုံးပင္ခန္႔ေလာက္ျမင့္တဲ့အရပ္ကိုျမင္ေတာ့ ဘေက်ာ္ဆိုတဲ့ေကာင္ အနည္းငယ္ၿဖဳံသြားတယ္။ ေအာင္ျမတ္သာလည္း ေျခဖဝါးသုံးေတာင္ကို

” သင့္အစြမ္းကိုျပလိုက္ ဒီဘဝင္ေျမာက္ေနတဲ့ သေကာင့္သားကို ဆုံးမလိုက္ပါဦး” လို႔ေျပာလိုက္ေရာ

နတ္ရဲေက်ာ္ရဲ႕ သုံးေတာင္နီးပါးႀကီးတဲ့ ေျခဖဝါးႀကီးက ဘေက်ာ္မ်က္ႏွာဆီကိုဝင္သြားတယ္။ ဘေက်ာ္ကလဲ ေခသူမဟုတ္ နတ္ရဲေက်ာ္ကို ယွဥ္ထိုးတယ္။ ဒါေပမယ့္ အ႐ြယ္အစားခ်င္းကလဲကြာ၊ လုပ္ပိုင္ခြင့္ကလဲကြာေတာ့ နတ္ရဲေက်ာ္ကို မယွဥ္ႏိုင္မွန္းသိတာနဲ႔ အိမ္ေပၚကခုန္ခ်ၿပီး ေျပးပါေလေရာ။

အိမ္ေပၚကေျပးဆင္းသြားေပမယ့္ ၿခံစည္း႐ိုးေရာက္ေတာ့ အေနာက္ကိုျပန္လန္က်သြားတယ္။ ‌ဘေက်ာ္ ကုန္းထၿပီး ထပ္ေျပးေပမယ့္ ၿခံစည္း႐ိုးကိုေက်ာ္လို႔မရျဖစ္ေနတယ္။ ဘာေၾကာင့္လဲဆိုေတာ့ နတ္ရဲေက်ာ္ဝင္လာတဲ့အခ်ိန္မွာ ေအာင္ျမတ္သာခိုင္းထားတဲ့လူငယ္က ၿခံစည္း႐ိုးပတ္ပတ္လည္ေထာင့္ေတြမွာ အင္းစမေတြလိုက္ကပ္ထားတာကိုး။

” ဘေက်ာ္ မင္းေျပာေတာ့ ပဝါမကူေရမရႈဆို ဘာလို႔ထြက္ေျပးရတာလဲ မင္းၿပိဳင္ဘက္ေတြ႕ပီေလ ထိုးစမ္းပါ”

ေအာင္ျမတ္သာစကားကိုၾကားေတာ့မွ

” ငါအရႈံးေပးတယ္ ေနာက္ထပ္ဒီ႐ြာကိုမလာေတာ့ပါဘူး ဒီေကာင္ကိုျပန္သြားခိုင္းလိုက္ပါ ငါကတိေပးတယ္ လုံးဝမလာေတာ့ဘူး ႐ြာထဲကိုေျခဦးေတာင္မလွည့္ေတာ့ပါဘူး”

“မင္းဒီ႐ြာကိုမလာေပမယ့္ တစ္ျခား႐ြာေတြကို ဆက္သြားမွာပဲ ဒါေၾကာင့္ မင္းကိုအျပစ္ေပးတဲ့အေနနဲ႔ နတ္ရဲေက်ာ္ရဲ႕လက္ေအာက္မွာေနရမယ္ နတ္ရဲေက်ာ္အေနနဲ႔ သူနဲ႔အေပါင္းအပါအားလုံးကို ထိန္းသိမ္းထားပါ ဒါက အထက္ဆရာေတြရဲ႕အမိန္႔ျဖစ္လို႔ အေလးနက္ထားလိုက္နာပါ ဟိုေကာင္ေလး ၿခံစည္း႐ိုးက အင္းေတြျဖဳတ္ေပးလိုက္ေတာ့”

ၿခံစည္း႐ိုးမွာကပ္ထားတဲ့အင္းစမေတြကိုျဖဳတ္ပီခ်ိန္မွာေတာ့ နတ္ရဲေက်ာ္က ေအာင္ျမတ္သာကိုအ႐ိုအေသေပးကာ ေျခလွမ္းက်ဲႀကီးေတြနဲ႔ ျပန္ထြက္သြားခဲ့တယ္။

နတ္ရဲေက်ာ္ရဲ႕အေနာက္မွာေတာ့ ႐ြာထဲမွာရွိတဲ့ နာနာဘာဝေတြကတန္းစီၿပီးလိုက္ပါသြားခဲ့တယ္။
ေအာင္ျမတ္သာရဲ႕အစြမ္းကိုျမင္ၾကတဲ့႐ြာသားေတြက တစ္႐ိုတစ္ေသနဲ႔ ႐ြာမွာထပ္ေနဖို႔ေခၚေပမယ့္ ေအာင္ျမတ္သာကလက္မခံခဲ့ဘူး။

ေအာင္ျမတ္သာလည္းကတိအတိုင္း လူငယ္ေလးကိုေခၚၿပီး အင္းတစ္႐ြက္ကိုမီးရႈိ႕ကာ ရလာတဲ့ျပာကိုေရေဖ်ာ္တိုက္လိုက္တယ္။
တိုက္ၿပီးမၾကာခင္မွာပဲ ပ်ိဳ႕သလိုျဖစ္လာတဲ့အတြက္ ခြက္တစ္ခုထဲထိုးအန္ခိုင္းလိုက္ရာ အျဖဴေရာင္ျပာမႈန္႔အနည္းငယ္ျပန္ထြက္လာတယ္။

ေအာင္ျမတ္သာလည္း ျပန္အန္ထြက္လာတဲ့ ျပာမႈန္႔ကိုယူလိုက္ၿပီး

“ဒီေန႔ကစၿပီး မင္းကသာမန္လူတစ္ေယာက္ျဖစ္သြားၿပီ ဒါေၾကာင့္ရပ္႐ြာအက်ိဳးကို ပိုမိုအားထည့္ေဆာင္႐ြက္ပါ ေနာက္တစ္ခုက ႐ြာထိပ္က အဖြားစိမ္းနန္းကိုလဲ ေသခ်ာျပန္ျပင္ေပးလိုက္ၾက “လို႔မွာၾကားရင္ ႐ြာထဲကေန ညတြင္းခ်င္းျပန္ထြက္လာခဲ့တယ္။

အေနာက္ကေနလိုက္ပို႔ၾကတဲ့႐ြာသားေတြကို မလိုက္ဖို႔မွာရင္း ေျဖးေျဖးခ်င္းေလ်ာက္လာခဲ့တာ ႐ြာထိပ္ကိုေရာက္လာတယ္။ ႐ြာထိပ္ေရာက္ေတာ့
“ဆရာေလး ျပန္ေတာ့မလို႔လား ကြၽန္မတို႔႐ြာကို ကူညီေစာင့္ေရွာက္ေပးလို႔အရမ္းေက်းဇူးတင္မိပါတယ္”

“အမယ္ႀကီးလဲ ႐ြာအေပၚအရမ္းသံေယာဇဥ္ရွိတာပဲ ဒါေၾကာင့္လဲ ဒီလိုစြဲေနတာေနမွာ က်ဳပ္မသြားခင္ အမယ္ႀကီးကိုေပးစရာေလးရွိတယ္ ”

“ဘာမ်ားလဲဆရာေလး”

” အခုေပးမယ့္အရာက အမယ္ႀကီးသုံးတတ္ရင္ သုံးတတ္သလို အက်ိဳးေပးပါလိမ့္မယ္ အတိတ္ဘဝက မေကာင္းတာနဲ႔ေကာင္းတာေတြေရာေနခဲ့လို႔ အခုလိုျဖစ္ေနခဲ့ရတာမဟုတ္လား ဒါေၾကာင့္ဒီအခ်ိန္ကစၿပီး တရားဘာဝနာကိုပြားမ်ားပါ အေရးအေၾကာင္းႀကဳံလာရင္ ေပးထားတဲ့ျပာကို နဖူးမွာသုတ္ၿပီး စိတ္ထဲရွိတဲ့အတိုင္းစြမ္းေဆာင္ပါ ျပည့္ဝပါလိမ့္မယ္”

“ဆရာေလးဆုံးမသလို က်င့္ႀကံေနထိုင္ပါ့မယ္ အခုဆရာေလးသြားမယ့္လမ္းမွာ မီးေလာင္ထားတဲ့သစ္ငုတ္တိုတစ္ခုေတြ႕ပါလိမ့္မယ္သစ္ငုတ္တိုေပၚမွာ တစ္စုံတစ္ေယာက္ထိုင္ေနေသးတယ္ဆိုရင္ သူ႔ကိုလြတ္ေျမာက္ေအာင္ကူညီေပးပါ သူကကြၽန္မေၾကာင့္ အခုထိမကြၽတ္လြတ္ပဲျဖစ္ေနပါတယ္ ဆရာေလးရဲ႕ပညာစြမ္းနဲ႔ ကယ္တင္ေပးပါလို႔ ေတာင္းဆိုပါရေစ”

“က်ဳပ္ကူညီခြင့္ရမယ္ဆိုရင္ ကူညီေပးပါ့မယ္ ဒါေပမယ့္အခြင့္မရွိရင္ေတာ့ က်ဳပ္မကူညီႏိုင္တာကို အမယ္ႀကီးနားလည္ေပးပါ”လို႔မွာၾကားရင္း အေမွာင္ထုထဲကိုဆက္လက္ထြက္ခြာခဲ့တယ္။

သစ္ငုတ္တိုေပၚကသူကဘယ္သူျဖစ္မလဲ
မကြၽတ္လြတ္ရတဲ့အေၾကာင္းကဘာလဲ
အဲဒီအရာေတြရဲ႕ပတ္သတ္ဆက္ႏြယ္မႈေတြကို ေအာင္ျမတ္သာဘယ္လိုေျဖရွင္းေပးမလဲဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္ ေလာင္မီးက်ိန္စာ ဆိုတဲ့ဝတၱဳေလးမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)

No comments

Post a Comment