❝ ကျွန်ုပ် နှင့် ထီးနဂါး ဆေးလိပ်ခုံ ပိုင်ရှင် ❞

  ❝ ကျွန်ုပ် နှင့် ထီးနဂါး ဆေးလိပ်ခုံ ပိုင်ရှင် ❞ ************************************ မင်းသိင်္ခ တစ်နေ့သ၌ ကျွန်ုပ် ထံသို့ မြစ်ဝကျွန်းပေါ... thumbnail 1 summary

 ❝ ကျွန်ုပ် နှင့် ထီးနဂါး ဆေးလိပ်ခုံ ပိုင်ရှင် ❞

************************************
မင်းသိင်္ခ
တစ်နေ့သ၌ ကျွန်ုပ် ထံသို့ မြစ်ဝကျွန်းပေါ် ရှိ မြို့ကလေးတစ်မြို့ မှ ပေးပို့လိုက်သော စာကလေး တစ်စောင် ရောက်ရှိလာလေ၏ ။ ထိုစာမှာ ထိုမြို့ရှိ ထီးနဂါးဆေးလိပ်ခုံ ပိုင်ရှင် ဦးပေါကြွယ် က ရေးလိုက်သော စာ ဖြစ်၏ ။ စာတွင် ပါသော အဓိပ္ပာယ်မှာ ၎င်းတို့ ထံသို့ လာရောက်၍ ၎င်းတို့ မိသားစုအား လက္ခဏာ ဖတ်ကြားပေးရန် ဖြစ်၏ ။ ထိုသို့ ဖတ်ကြားပေးပါက ဉာဏ်ပူဇော်ခ ထိုက်ထိုက်တန်တန် ပူဇော်မည်ဖြစ်၏ ။
ကျွန်ုပ် သည် လက်ဆွဲသေတ္တာလေးထဲတွင် အဝတ်အစားအချို့ ၊ လက္ခဏာကြည့်ရန် မှန်ဘီလူးနှင့် ပစ္စည်းအစုံအလင်ထည့်၍ သင်္ဘော ဖြင့် ထိုမြို့သို့ ထွက်လာခဲ့လေ၏ ။ သင်္ဘော ဆိုက်၍ ဆိုက်ကားစီးရန် ဆိုက်ကားဂိတ် သို့ သွားရလေ၏ ။ ဂိတ်သို့ရောက်သောအခါ ဆိုက်ကားဆရာတစ်ဦး အား ...
“ ဒီမြို့မှာရှိတဲ့ ထီးနဂါးဆေးလိပ်ခုံ ကို သိရဲ့လား ”
ဟု မေးရာ ထိုသူ က ...
“ အဲဒီ ဆေးလိပ်ခုံ က မိတ်ဆွေ နဲ့ သိပါသလား ” ဟု ပြန်၍ မေးလေ၏ ။
“ သိတာပေါ့ဗျာ ။ ကျုပ်က လက္ခဏာဆရာ ၊ သူတို့မိသားစု က ကျုပ် ကို လက္ခဏာ ကြည့်ဖို့ စာ နဲ့ လှမ်းပြီး ဖိတ်လို့ လက္ခဏာ ဖတ်ရအောင် လာခဲ့တာ ။ မသိဘဲနဲ့ သွားမလားဗျာ ” ဟု ပြောသောအခါ မလှမ်းမကမ်းရှိ ဆိုက်ကားဆရာ တစ်ဦး က ...
“ ဘာတဲ့လဲ ” ဟု လက်ဟန်ခြေဟန်ဖြင့် မေးလေ၏ ။ ထိုအခါ ကျွန်ုပ် ငှားရမ်းသော ဆိုက်ကားဆရာ က ...
“ ထီးနဂါးဆေးလိပ်ခုံကို ပို့ခိုင်းနေတာပါ ” ဟု ပြန်၍ ဖြေလျှင် ထို သူ က ...
“ ပို့ပေးလိုက်ပါကွာ ။ သူလည်း အဲဒီအထဲက ဖြစ်မှာပေါ့ ” ဟု ဖြေလိုက်လျှင် ကျွန်ုပ် စိတ်၌ ထို စကားကို အဆန်းတကြယ် ဖြစ်နေလေတော့၏ ။ ကျွန်ုပ် ငှားရမ်းသော ဆိုက်ကားဆရာ သည် ကျွန်ုပ် အား ပုံမကျ ပန်းမကျ ဆောက်ထားသော တိုက်တစ်လုံးရှေ့သို့ ပို့ပေးလေ၏ ။ ထို တိုက်တွင် ထီးနဂါးဆေးပေါ့လိပ် ဟု ရေးထားသော ဆိုင်းဘုတ်ကိုလည်း တွေ့ရ၏ ။ ထို ဆိုင်းဘုတ်တွင် ဖွင့်ထားသော ထီး ပေါ် ၌ ခွေ ၍ ရေးထားသော နဂါးပုံ ကိုလည်း တွေ့ရလေ၏ ။ ဆိုက်ကား ရပ်သည်နှင့် တစ်ပြိုင်နက် အိမ်အတွင်းမှ အသက် ၅ဝ အရွယ်ရှိ လူတစ်ယောက် ပြေးထွက်လာပြီးလျှင် ...
“ ဆရာမင်းသိင်္ခ မှတ်တယ် ။ ကျွန်တော် ပေါကြွယ် ပါ ”
ဟု ပြောလေ၏ ။ ထို့နောက်တွင် အတွင်းဘက်သို့ လှည့်ကာ ...
“ လာကြဟေ့ ဆရာမင်းသိင်္ခ ကြွလာတယ် ”
ဟု ပြောလေတော့၏ ။ ထိုအခါ အသက် ၄ဝ ကျော်အရွယ် မိန်းမကြီးတစ်ဦး နှင့် လူငယ်လူရွယ်များ ပြေး၍ ထွက်လာပြီး ကျွန်ုပ် ၏ သားရေသေတ္တာကို ဝိုင်း၍ ဆွဲကြလေ၏ ။ ကျွန်ုပ် ကိုလည်း အားရဝမ်းသာ ကြိုဆိုကြ၏ ။ ဦးပေါကြွယ် က ...
“ ကဲ ဆရာရေ ။ တစ်ခါတည်း မှတ်ထား ။ မှတ်ရ လွယ်အောင် ဒီစကားလေးနဲ့ တွဲပြီး မှတ်ထား ။ ' ဘုန်းကြီးရူး နဲ့ လှေလူးတွေ့ပြီ ' ၊ အဲဒီတော့ ( ၅၂၄၇၄၄၇၅ ) တဲ့ ” ဟု ပြောလိုက်လေ၏ ။ ထိုအခါ ကျွန်ုပ် က ...
“ ဦးပေါကြွယ် ခင်ဗျား ဖုန်းနံပါတ်ကလည်း ၈ လုံး တောင်လား ” ဟု မေးလိုက်လျှင် ဦးပေါကြွယ် က
“ အားလုံးဟာ ၆ လုံး ချည်းပဲ ။ ကျွန်တော်တို့ ဖုန်းတစ်လုံးတည်း ဖုန်းရုံး က ၈ လုံး ချပေးထားတာ ”
“ ကြားဖူးပေါင်ဗျာ ” ဟု ပြောလိုက်ရာ ဦးပေါကြွယ် က ...
“ ဒါ အစ ရှိသေးတယ် ။ လာမယ် လာမယ် ဆရာ့ အနေနဲ့ ကြားဖူးပေါင်တွေ အများကြီး ပြောရလိမ့်မယ် ” ဟု ပြောလေတော့၏ ။ ကျွန်ုပ်လည်း အိမ်သို့ ပြန်၍ ချောချောမောမော ရောက် မရောက် ဖုန်းဆက်လိုကြောင်းပြောရာ ဦးပေါကြွယ် က ...
“ စားပွဲပေါ်မှာ တယ်လီဖုန်း ” ဟု ပြောလေ၏ ။ ကျွန်ုလည်း သွားရောက်၍ တယ်လီဖုန်း ကို ကိုင်ကြည့်ရာ တယ်လီဖုန်း သည် မည်သည့် ကြိုးနှင့်မျှ ဆက်သွယ်မထားဘဲ အခွံလွတ်ချည်း တင်ထားသည်ကို တွေ့ရ၏ ။ ထို့ကြောင့် ...
“ ဦးပေါကြွယ် ခင်ဗျားဖုန်း က အလွတ်ကြီးပဲဗျ ။ ဘယ်ကြိုးနဲ့မျှ ဆက်မထားပါလား ”
ဟု ပြောလိုက်ရာ ဦးပေါကြွယ် က ...
“ ဟုတ်တယ် ဆရာရေ ။ ဆရာ မလာခင်ကလေးကပဲ တယ်လီဖုန်းရုံး က လာပြီး ဖုန်းကြိုး ဖြုတ်သွားတယ် ။ ဒီနေ့ ဥပုသ်နေ့ ဖုန်းမဆက်နဲ့လို့လည်း ပြောသွားတယ် ” ဟု ပြောလိုက်ရာ ကျွန်ုပ် က ...
“ ကြားဖူးပေါင်ဗျာ ” ဟု ပြောလိုက်လေ၏ ။
ထိုအခါ ဦးပေါကြွယ် က ...
“ ဟော ဟော ကြားဖူးပေါင်တွေ လာပြီ ” ဟု ပြောလေ၏ ။
“ ကျွန်တော်တို့ကို ပေးထားတဲ့ ဖုန်းက ဥပုသ်နေ့ ဆို ဆက်မရတဲ့ ဖုန်းဗျ ။ ဖုန်းရုံး က ဆရာလေးတွေက မှာထားတယ် ။ ဥပုသ်နေ့မှာ ဥပုသ်စောင့် တဲ့ ။ ဖုန်း မဆက်နဲ့ တဲ့ ။ ဆက်မှာ စိုးလို့ဆိုပြီး လာလာပြီး ဖုန်း ကို ဖြတ်သွားတာ ။ မနက်ဖြန်မှ ဆက်ပါ ဆရာရယ် ။ အခုတော့ ထမင်းစားလိုက်ပါဦး ”
ဟု ဆိုကာ ထမင်းပွဲပြင်လေ၏ ။
ထမင်းဝိုင်းတွင် ကျွန်ုပ် ထိုင်လိုက်သောအခါ ဦးပေါကြွယ် က ...
“ ဆရာရေ ဒါက လစ်ပို နဲ့ ပေါင်းတဲ့ ငါးသလောက် ပေါင်းဗျ ။ ငါးသလောက် ကလည်း အားရှိ ၊ လစ်ပို ကလည်း အားရှိပါ့ ဆရာရယ် ။ ဟောဒီ ဟင်းက ငါးပြေမ ကို ကရင်ဆော်ဒါ ထည့်ပြီး ချက်ထားတာ ၊ ငါးပြေမ ကလည်း ဖျပ်ဖျပ်လူး ၊ ကရင်ဆော်ဒါ ကလည်း ပွက်ပွက်ဆူပေါ့ ခင်ဗျ ၊ နှစ်ခု ပေါင်းပြီး လုပ်ထားတာ ။ ဒီ ဟင်းချို ကတော့ ရှောက်သီးဟင်းချို ပေါ့ဗျာ ။ သံပုရာရည် ညှစ်ထားတာ ခံတွင်းရှင်းအောင်ပေါ့ ဆရာရယ် ။ ကိုယ့် အိမ်လို သဘောထားပြီး အားရပါးရ စားစမ်းပါ ဆရာ ” ဟု ပြောသဖြင့် ကျွန်ုပ်လည်း စတင်၍ စားလေ၏ ။ စားသမျှ ဟင်းများမှာ လွန်စွာ ဆားပေါ့နေသည်ကို တွေ့ရ၏ ။
ထို့ကြောင့် ကျွန်ုပ် က ...
“ ဒီဟင်းတွေမှာ ဆားထည့်ဖို့ မေ့သွားတယ်ထင်တယ် ” ဟု ပြောလိုက်ရာ ဦးပေါကြွယ် က ...
“ ဒီမှာ ချက်တဲ့ဟင်းတွေမှာ နေလှန်းဆား လည်း မသုံးဘူး ။ အိုင်အိုဒင်းဆား လည်း မသုံးဘူး ။ စက္ကူဆား ပဲ သုံးတယ် ” ဟု ပြောလိုက်ရာ ကျွန်ုပ် က ...
“ စက္ကူဆား ဆိုတာ ဘယ်လိုလဲ ” ဟု မေးလိုက်ရာ ဦးပေါကြွယ် က ...
“ ဒါက ဒီလိုပါ ဆရာရယ် ။ စက္ကူပေါ်မှာ ( ဆား ) ဆိုတဲ့ စာလုံးကလေး ရေးပြီး ဟင်းအိုးထဲခ ပ်လိုက်တာပါပဲ ” ဟု ပြောသဖြင့် ကျွန်ုပ် က ...
“ ကြားဖူးပေါင်ဗျာ ” ဟု ပြောလိုက်ရာ ဦးပေါကြွယ် က ...
“ ဟော လာပြန်ပြီ ကြားဖူးပေါင် တစ်ခု ” ဟု ရေရွတ်လေ၏ ။ ထမင်းစားပြီးသောအခါ အချိုပွဲ အဖြစ် သရက်သီးမှည့်များ လှီး၍ ထည့်ထားသော ပန်းကန် ကို ချ၍ ပေးလေ၏ ။ ကျွန်ုပ်လည်း သရက်သီး တစ်စိပ်ကို ယူ၍ စားကြည့်ရာ ပရုပ်ဆီစော် နံသဖြင့် ...
“ ဒီမှာ ဦးပေါကြွယ် ခင်ဗျား သရက်သီးမှည့်တွေက ပရုပ်ဆီစော် နံနေပါလား ”
ဟု ပြောလိုက်ရာ ၎င်း ဦးပေါကြွယ် က ...
“ ကျွန်တော်တို့ အိမ်မှာ သရက်သီးမှည့် စားရင် ချောင်းဆိုးတတ်လို့ ပရုတ်ဆီ သုတ်ပြီးမှ စားကြတယ် ။ ဆရာ့ ကိုလည်း ဒီအတိုင်း ကျွေးတာပါ ”
ဟု ပြောသဖြင့် ဒီမှာ ဆက်၍နေရန် သင့်မသင့် စဉ်းစားရလေတော့၏ ။ ထို့နောက် ကျွန်ုပ်သည် ထမင်းစားခန်းမှ ထ၍ ဧည့်ခန်းဆီသို့ သွား၏ ။ ဧည့်ခန်းသို့ ရောက်လျှင် အခန်းဆီးနံရံတွင် ချိတ်ထားသော ဘွဲ့ဝတ်စုံ နှင့် ရိုက်ထားသော ဓာတ်ပုံများကို တွေ့ရလေသည် ။ သားသမီးများအားလုံး ဘွဲ့ရကြောင်း ထင်ရှား၏ ။
“ ထိပ်ဆုံးပုံက အကြီးဆုံးသားရဲ့ ပုံ ဆရာ ရဲ့ ။ သူက ( ဘီအေ ) အောင်တယ် ။ ဒုတိယပုံက သမီးကြီး ပုံ ၊ သူက ( ဘီကွန်း ) အောင်တယ် ။ တတိယပုံ က သားငယ်ရဲ့ ပုံ ၊ သူက ( ဘီအက်စီ ) အောင်တယ် ။ သူတို့ အားလုံး နိုင်ငံခြား သွားကြမှာပါ ။ ကျုပ် နဲ့ သူတို့ အမေပဲ ဒီအိမ်မှာ ကျန်ကြမှာပါ ”
ဟု ပြောသဖြင့် ကျွန်ုပ်လည်း ခန်းဆီးနံရံကို ကြည့်လိုက်ရာ ဦးပေါကြွယ် ၏ ဘွဲ့ရဝတ်စုံဖြင့် ရိုက်ထားသော ဓာတ်ပုံကို တွေ့ရ၏ ။ထို့နောက် ဦးပေါကြွယ် က ...
“ ကျွန်တော် က မဟာဝိဇ္ဇာ အောင်တယ် ဆရာ ။ ကျွန်တော့် မိန်းမကလည်း မဟာဝိဇ္ဇာ အောင်တယ် ။ တစ်အိမ်သားလုံး ပညာတတ်တွေချည်းပါပဲ ”
ဟု ပြောလေ၏ ။ ထိုအခါ ကျွန်ုပ် က ...
“ ဦးပေါကြွယ် ရဲ့ ဆေးလိပ်ခုံက ဘယ်မှာလဲဗျ ” ဟု မေးရာ ဦးပေါကြွယ် က ...
“ ကျွန်တော့်ရဲ့ ဆေးလိပ်ခုံက ဒီမြို့ရဲ့မြောက်ပိုင်း ဗောဓိဘုန်းကြီးကျောင်း ထဲမှာပါ ။ ကျွန်တော်တို့ ခုံက လိပ်တဲ့ ဆေးလိပ်ကို စမ်းသောက်ကြည့်ပါဦး ” ဟု ဆိုသဖြင့် ကျွန်ုပ်လည်း ဆေးလိပ်ကိုယူ၍ ကြည့်လိုက်ရာ ထီးနဂါးဆေးလိပ် ဆိုသော စာတန်းနှင့်အတူ သပ်ရပ်စွာ ရိုက်နှိပ်ထားသော တံဆိပ်ကလေး ကို တွေ့ရလေ၏ ။
“ ဒါနဲ့ နေစမ်းပါဦး ဆရာဦးပေါကြွယ် ရယ် ။ ဒီ ထီးနဂါး နာမည်ကလေးကို ဘယ်ဆရာက ပေးတာလဲ ” ဟု မေးမိလေ၏ ။
“ ဘယ်ဆရာမှ ပေးတာ မဟုတ်ပါဘူး ။ ကိုယ့် အဓိပ္ပာယ်နဲ့ ကို ပေးထားတာ ၊ ကျွန်တော် က စနေသား ၊ ကျွန်တော့် မိန်းမ က မထားရီ တဲ့ ။ သူကလည်း စနေသမီး ပဲ ။ နဂါး ကလည်း စနေ ရဲ့တံဆိပ် မဟုတ်လား ။ ဒါကြောင့် ထီး ပေါ်မှာ နဂါးခွေနေတဲ့ ဒီတံဆိပ် ကို သုံးရတာပါ ဆရာ မကောင်းဘူးလား ”
ဟု မေးလေ၏ ။ ထိုအခါ ကျွန်ုပ် က ...
“ လက္ခဏာ ဖတ်ဖို့ကတော့ ခင်ဗျားက စပြီး ဖတ်ရမှာပဲ ”
ဟု ဆိုကာ ဦးပေါကြွယ် ၏ လက်ဝါးကို လှမ်းယူပြီး မှန်ဘီလူးဖြင့် ကြည့်လိုက်ရာ လက်ဝါးပြင် တစ်ခုလုံးမှ လမ်းကြောင်းများသည် ဆံချည်ထွေးကဲ့သို့ ရှုတ်ထွေးနေသည် ။ ဉာဏ်လမ်းကြောင်း မှာလည်း ကျွန်းများ တန်း၍ ပါနေသည်ကို တွေ့ရသဖြင့် ကျွန်ုပ် ၏ စိတ်၌ ဦးပေါကြွယ် ဆိုတဲ့ လူဟာ လူကောင်းတစ်ယောက် မဟုတ်ဘဲ အရူးတစ်ယောက် ဆိုသည်ကို သိရလေတော့၏ ။ ထို့နောက် ကျွန်ုပ် က ...
“ ဒီလိုလုပ်မယ် ဦးပေါကြွယ် ၊ လောလောဆယ်တော့ မဟောဘူး ။ ဟောစာတမ်းရေးပြီး ရန်ကုန် က ပို့မယ် ။ ကျေနပ်ရဲ့လား ” ဟု ပြောလိုက်ရာ ဦးပေါကြွယ် က
“ ဆရာ ဂွတ်တယ် ထင်ရင် ဒူးပေါ့ ” ဟု ပြောလေ၏ ။ ထို့နောက် ၎င်း၏ သမီးကြီး ဘီကွန်း နှင့် အောင်သော မိန်းကလေး ရောက်လာ၏ ။ ထို မိန်းကလေး ကိုလည်း လက္ခဏာ ကြည့်ရာ သူ၏ ဖခင် ကဲ့သို့ပင် တွေ့ရလေ၏ ။ ထို့နောက် မိန်းကလေး သည် သားရေအိတ်အတွင်း မှ ငွေ ကို ထုတ်၍ သူ ၏ ဖခင် ကို ပေးပြီး ...
“ ဆရာမင်းသိင်္ခ ကို ကန်တော့ဖို့ ငွေ ( ၅ဝဝဝဝဝ ) ”
ဟု ဆိုကာ သူ ၏ ဖခင်လက်ထဲသို့ ပေးလေတော့၏ ။ ထိုအခါ ဦးပေါကြွယ် က ...
“ ဆရာ ကို ကန်တော့ဖို့ ဟောဒီမှာ ငွေငါးသိန်း ၊ ဟောစာတမ်း ကိုတော့ ရန်ကုန် ကနေ ပို့ပေးပါ ”
ဟု ဆိုပြီး တစ်သိန်းတန် ငွေထုပ် ( ၅ ) ထုပ်ကို ကျွန်ုပ်အား ပေးလေတော့၏ ။ ကျွန်ုပ်လည်း ငွေထုပ်ကို ယူ၍ ကြည့်လိုက်ရာ ချက်ချင်းပင် ရူးချင်စိတ် ပေါက်သွားလေတော့၏ ။
အဘယ်ကြောင့်ဆိုသော် ၎င်းပေးသော ငွေများမှာ ငွေစက္ကူများ မဟုတ်ဘဲ တစ်ထောင်တန် နှင့် ရွယ်တူ တိုင်း၍ ညီညီညာညာ ဖြတ်ထားသော စက္ကူအဖြူများ ဖြစ်၏ ။ ထို စက္ကူပေါ်တွင် တစ်ထောင်ကျပ် ဟု စာများ ရေးထား၏ ။ ခြင်္သေ့ပုံနေရာတွင် ခြင်္သေ့ပုံ မပါဘဲ စာဖြင့် ခြင်္သေ့ ဟုသာ ရေးထား၏ ။ တစ်ဘက်တွင်လည်း ဘဏ်တိုက်ပုံ ဟု စာဖြင့် ရေးထားပြီး ၊ အောက်တွင် အင်္ဂလိပ်စာ ဖြင့် ( ONE THOUSAND KYATS ) ဟု ရေးထားသည်ကို တွေ့ရ၏ ။ အထုပ်တိုင်းကို မဟုတ်က ဟုတ်က စာရွက်များ တစ်ရာစီ ထည့်၍ သားရေကြိုးဖြင့် စည်းထားခြင်းဖြစ်၏ ။
ကျွန်ုပ် သည် မိတ်ဆွေများအား အမှတ်တရ ပြရန်အတွက် ထို ငွေတစ်ထုပ် ကို ကောက်ယူပြီးလျှင် ...
“ ပြန်ဦးမယ်ဗျာ ” ဟု ဆိုကာ သုတ်ခြေတင်၍ သင်္ဘော ဆိပ်သို့ ပြန်ခဲ့လေ၏ ။ သင်္ဘော ဆိပ်သို့ရောက်လျှင် ဆိုက်ကားဆရာလေး က ...
“ ထီးနဂါးဆေးပေါ့လိပ်ပိုင်ရှင်နဲ့ အဆင်ပြေခဲ့ရဲ့လား ”
ဟု မေးလေ၏ ။ ထို့ကြောင့် ကျွန်ုပ် က ...
“ မပြောပါနဲ့တော့ ငါ့ လူရာ ။ လူကောင်းတွေမှ မဟုတ်ဘဲ ။ တစ်အိမ်လုံး အရူးတွေချည်းပဲ ”
ဟု ပြောရာ ဆိုက်ကားဆရာလေးက ရယ်လေ၏ ။ ထို့နောက်
“ ဟုတ်တယ် ခင်ဗျ ။ အဲဒီ ဦးပေါကြွယ်ကြီး က ဆေးလိပ်ခုံရူး ရူးနေတာ ။ သမီးကြီး က ဥစ္စာရူးဗျ ။ စက္ကူအလွတ်ပေါ်မှာ စာရေးပြီး တစ်ထောင်တန်တို့ ငါးရာတန်တို့ လုပ်ထားတာ ”
ဟု ပြောလေ၏ ။ ထိုအခါ ကျွန်ုပ် က ...
“ ကျုပ်ကိုလည်း အဲဒီ ပိုက်ဆံတွေ ငါးသိန်းတောင် ကန်တော့ပါတယ် ။ ကျုပ်က မယူဘဲ တစ်သိန်းပဲ ယူခဲ့တယ် ”
ဟု ပြောလိုက်ရာ ထို ဆိုက်ကားဆရာလေးက ...
“ သူ့ သားသမီးတွေကလည်း ဘွဲ့ မရကြပါဘူး ။ ဘွဲ့ဝတ်စုံ အတု လုပ်ပြီး အိမ်မှာ ချိတ်ထားတာ ၊ ဘွဲ့ရဖို့ မပြောနဲ့ စာတောင် ကောင်းကောင်း မတတ်ကြပါဘူး ”
ဟု ပြောလိုက်ပြန်၏ ။
“ ဒါနဲ့ နေစမ်းပါဦး ၊ အဲဒီ မိသားစုက ဘာတွေ နဲ့ ဘယ်လို စားသောက်ကြတာလဲ ”
ဟု မေးလိုက်ရာ ဆိုက်ကားဆရာလေး က ...
“ ဟိုး မြောက်ပိုင်းမှာ ရှိတဲ့ ဗောဓိ ဆိုတဲ့ ကျောင်းက ဆရာတော် က သူတို့ မိသားစုကို သနားလို့ဆိုပြီး ဆွမ်းကျန်ဟင်းကျန်လေးတွေ ပေးနေတာ ။ အဲဒါနဲ့ သူတို့ မိသားစုက စားနေကြတာပါ ”
ဟု ပြောပြန်၏ ။
ထို့နောက် ကျွန်ုပ် က ...
“ တစ်ခုတော့ရှိတယ် မောင်ရင် ရေ အရူး ဆိုပေမယ့် တိုက်နဲ့တော့ နေနိုင်တယ်နော် ”
ဟု ပြောလိုက်ရာ ထိုဆိုက်ကားဆရာလေး က ...
“ ဒီတိုက်ဟာ သူတို့ တိုက် မဟုတ်ဘူး ။ ဦးမြစိန် ဆိုတဲ့ တရုတ်အဘိုးကြီး ပိုင်တာ ။ အဲဒီ အဘိုးကြီး က ဆွေမျိုးလည်း မရှိဘူး ။ သားသမီးလည်း မရှိဘူး ။ မမာမကျန်းဖြစ်တဲ့အခါ ဦးပေါကြွယ် တို့ မိသားစု က ပြုစုပေးမယ် ဆိုပြီး အဲဒီ အိမ်ပေါ် တင်ထားတာ ။ ပြီးတော့ ဦးပေါကြွယ် က အဲဒီအဘိုးကြီး ကို လည်ပင်းညှစ် သတ်တယ်ဆိုပဲ ။ ရဲ က မသင်္ကာလို့ အမှုတွေဘာတွေ ဖွင့်ပြီး စစ်ဆေးမေးမြန်းသေးတယ် ။ သူတို့ မိသားစုဟာ အဲဒီ အိမ်ပေါ်ရောက်တာနဲ့ အကုန်လုံး ယဉ်ယဉ်လေးနဲ့ ရူးသွားတာပဲ ။ ကျွန်တော်တို့ မြို့မှာက အရူး ကို အရူး လို့ မခေါ်ကြဘူး ။ ထီးနဂါး လို့ ခေါ်ကြတယ် ။ အဲဒီ စကား ကြားရင် အရူး လို့ ပြောတယ် ဆိုတာကို လူတိုင်း နားလည်ကြတယ် ။ ဆရာကြီး က ဆရာမင်းသိင်္ခ မှတ်တယ် ။ အံ့ပါရော ဆရာရယ် ။ ဒီလောက် နာမည်ကြီးတဲ့ ဆရာ ဟာ ကျွန်တော်တို့ မြို့က အရူး လှည့်စားတာကို ခံရတယ်ဆိုတာ ကျွန်တော်ဖြင့် ဆရာ့ကို အားနာလိုက်တာ မပြောနဲ့တော့ ”
ဟု ပြောလေ၏ ။
ထိုအခါ ကျွန်ုပ် က ...
“ အားနာမနေနဲ့တော့ မောင်ရင် ရေ ။ အခု ထွက်မယ့် သင်္ဘော နဲ့ ရန်ကုန် ကို ပြန်ပြီးလိုက်မယ် ”
ဟု ပြောလိုက်ရလေ၏ ။
ထို့နောက် ကျွန်ုပ်လည်း ထွက်မည့် သင်္ဘော ပေါ်သို့ တက်၍ ရန်ကုန် သို့ လိုက်ပါလာတော့၏ ။
သင်္ဘာပေါ်သို့ ရောက်သောအခါ ထိုင်စရာပင် နေရာ မရပေ ။ ဦးပိုင်းတွင် ဒလီဖျင်လေးခင်း၍ ထိုင်နေသော ကလယ်ကုလား အဘိုးကြီး က မြန်မာ စကားပီသစွာဖြင့် ...
“ မိတ်ဆွေ ဒီမှာ ထိုင်ပါဗျာ ”
ဟု ဖိတ်ခေါ်သဖြင့် ကျွန်ုပ်လည်း သွား၍ ထိုင်ရလေ၏ ။ ထို့နောက် ကုလားအဘိုးကြီး က ...
“ ကျွန်တော့် ကိုတော့ အများ က ' အနဲ ' လို့ ခေါ်ကြပါတယ် ။ ကျွန်တော့်ကိုယ် ကျွန်တော် အနဲ မှန်း အများ မှန်း မသိပါဘူး ။ ဒါနဲ့ နေစမ်းပါဦး မိတ်ဆွေ က ဘယ်ရုံး အရာရှိပါလဲ ”
ဟု မေးလေ၏ ။ ထိုအခါ ကျွန်ုပ်က
“ အရာရှိ မဟုတ်ပါဘူးဗျာ ။ ကျုပ် က ဗေဒင်လက္ခဏာ ဆရာ ပါ ”
ဟု ပြောလိုက်လျှင် အနဲ က ...
“ ဗေဒင်လက္ခဏာဆရာ ဆိုပေမယ့် တော်ရုံ ဆရာမျိုးတော့ ဟုန်ဟန် မတူဘူး ။ ' ဗေဒင်လေးပုံ ဆူရာရွေးနုတ် မီးဖုတ်၍ပင် စားနိုင်ရဲ့ ' ဆိုတဲ့ ဦးပုည စာထဲက ဗေဒင်ဆရာမျိုး ဖြစ်ပါလိမ့်မယ် ”
ဟု ပြောသဖြင့် ကျွန်ုပ်လည်း ပြုံးမိသေးတော့၏ ။
ထို့နောက် အနဲ က ပင် ...
“ စိတ်မဆိုးနဲ့နော် ဆရာ ၊ ဆရာ အင်္ဂလိပ်မွေးရက် ဘယ်လောက်လဲ ”
ဟု ပြောသဖြင့် ကျွန်ုပ် က ( ၂၅ ) ရက် ဖြစ်ကြောင်း ပြောလိုက်ရာ အနဲ က ...
“ ဆရာ ဟာ ( ၇ ) ဂဏန်းသမား ပေါ့ ။ ဒီကနေ့ ( ၁၅ ) ရက်နေ့ ခင်ဗျ ။ ( ၇ ) နဲ့ ( ၁၅ ) ပေါင်းရင် ( ၂၂ ) ရတယ် ။ ( ၂၂ ) ဆိုတဲ့ ဂဏန်းဟာ အရူး ဂဏန်း ဗျ ။ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး ရူးချင်စိတ်တောင် ပေါ်လာလိမ့်မယ် ”
ဟု ပြောလိုက်ရာ ကျွန်ုပ် က ...
“ မှန်လိုက်တာ အနဲ ရေ ။ အရူးမိသားစု အိမ်ကို လက္ခဏာဟောဖို့ ရောက်သွားတာ ၊ ကျုပ်ပါ ရူးချင်စိတ် ပေါက်သွားတယ် ”
ဟု ပြောရာ အနဲ သည် တခစ်ခစ် ရယ်လေတော့၏ ။ ထို့နောက် အနဲ သည် ကွမ်းယာတစ်ယာ ယာပြီးလျှင် ကွမ်းယာကို မြုံ့၍ နေလေ၏ ။ ထိုသို့ မြုံ့ရင်း ...
“ ဆရာ ရဲ့ မွေးလ က ဘယ်လလဲ ခင်ဗျ ”
ဟု မေးရာ ကျွန်ုပ် က ( ၆ ) လ ပိုင်းတွင် မွေးကြောင်း ပြောလိုက်ပြန်၏ ။ ထိုအခါ အနဲ က ...
“ ၆ လ ပိုင်း ဆိုတော့ ဇွန်လပေါ့ ။ ဇွန်လ ဟာ ကဋ်ရာသီရဲ့ ပိုင်နက်ပဲ ဖြစ်မယ် ။ အဲဒီ ရာသီရဲ့အရုပ်ဟာ ဂဏန်းရုပ် ပဲ ။ ဂဏန်း ဟာ အတည့်မသွားဘူး ခင်ဗျ ။ ကန့်လန့် သွားတတ်တယ် ။ အဲဒီတော့ လူအများစုဟာ တောကနေ မြို့ကို ပြောင်းလာတယ် ။ ဆရာကတော့ မြို့မှာ နေရာကနေ တောထဲပြောင်းပြီး နေရလိမ့်မယ် ထင်တယ် ။ ဆရာရဲ့ သဘာဝဟာ သူများ က အဖြူ ဆို အမည်း လုပ်ချင်တဲ့စိတ် ရှိတယ် ။ အဲဒီ ( ၆ ) ဟာ ဆရာ့ မွေးရက် ( ၇ ) ဂဏန်း နဲ့ တွေ့တဲ့ အခါမှာ ( ၁၃ ) ဖြစ်သွားတယ် ဗျ ။ ( ၁၃ ) ဂဏန်း ဗေဒင်ဆရာတွေဟာ ဗေဒင်ဟောတာထက် ဓာတ်ရိုက်ဓာတ်ဆင် မှာ ပိုပြီး အစွမ်းထက်တတ်တယ် ။ ပြီးတော့ ( ၁၃ ) ဟာ ( ၄ ) ပဲ မဟုတ်လားဗျာ ။ မလိုချင်တော့တဲ့ အခါကျမှ ပြည့်စုံလိမ့်မယ် ။ လိုချင်လို့ ရှာရင် ဘာမျှ ရမှာကို မဟုတ်ဘူး ။ ဒါကြောင့် ဆရာဟာ အသက်ကြီးလာရင် ချမ်းသာလိမ့်မယ် ။
အသက်ကြီးလေ ကောင်းလေပဲ ” ဟု ပြန်ပြောလေ၏ ။
ထို့ကြောင့် ကျွန်ုပ် က ...
“ အနဲ ဟောတာ မှန်မှာပါ ။ ကျွန်တော်လည်း မြို့ပေါ်မှာ နေရတာ စိတ်ကုန်နေပါပြီ ၊ မှော်ဘီ လောက် ဝေးတဲ့ နေရာက တစ်နေရာလောက် ခြံဝယ်ပြီး နေချင်စိတ် ပေါက်နေပြီ ။ အနဲ ရဲ့ ဂဏန်းဗေဒင် ဟာ တယ်ဟုတ်ပါလား ”
ဟု ကျွန်ုပ်က ပြောလိုက်ရာ အနဲ က ...
“ အခုခေတ် ဗေဒင်ဆရာလေးတွေ ဟာ နျူမရော်လော်ဂျီ လို့ ခေါ်တဲ့ ဂဏန်းဗေဒင် ကို အထင်သေးတတ်တယ် ။ သေသေချာချာလည်း မလိုက်စားကြဘူးဗျ ။ ဂဏန်းဗေဒင် က အစွမ်းထက်တယ် ဆိုတာကို သူတို့ မရိပ်မိကြဘူး ”
ဟု ပြောရာ ကျွန်ုပ် က ...
“ ဒီမှာ အနဲ .. အခု ခင်ဗျားပြောတဲ့စကား က ကျုပ်ကို စောင်းပြီး ပြောနေသလိုပဲ ။ ခင်ဗျား လိပ်စာပေးခဲ့ဗျာ ။ ကျုပ် ခင်ဗျားဆီမှာ အဲဒီပညာလာပြီး သင်ယူဦးမယ် ”
ဟု ပြောလိုက်လျှင် အနဲ က ...
“ ကြွခဲ့ပါဗျာ ... ကြွခဲ့ပါ ... ထမင်းကျွေးပြီးကို သင်ပေးလိုက်မယ် ။ ဆိတ်အူစုံ အသည်းစုံ ကို မဆလာနိုင်နိုင်နဲ့ ချက်ကျွေးမယ်ဗျာ ။ ငါးရက်လောက်တော့ ခင်ဗျား ကျုပ် အိမ် မှာ လာပြီး နေရမယ် ။ အဲဒီလောက်နေမှပဲ ဂဏန်းဗေဒင် ရဲ့ တစ်ကိုယ်လုံး ကို ခင်ဗျား မြင်မှာ ” ဟု ပြောလေ၏ ။
ကျွန်ုပ်လည်း အပေါ့သွားချင်သောကြောင့် အနဲ အနီးမှ ထ၍ ထွက်သွားရာ လမ်းတွင် သင်္ဘော၌ ရေပက် ၊ ကြိုးချည်လုပ်နေသော အလုပ်သမားကလေး တစ်ဦးနှင့် တွေ့လေ၏ ။ ထိုအလုပ်သမားလေး က ...
“ ဆရာမင်းသိင်္ခ မှတ်တယ် ”
ဟု မေးသဖြင့် ကျွန်ုပ် က ဟုတ်မှန်ကြောင်း ဝန်ခံရာ ...
“ ဆရာ ကြည့်လုပ်နော် ၊ ဆရာ နဲ့ စကားထိုင်ပြောနေတဲ့ ကုလားအဘိုးကြီး က စိတ် သိပ် မမှန်ဘူး ။ ဗေဒင်ဆရာရူး ရူးနေတာ ”
ဟု ထို အလုပ်သမားလေး က ပြောသဖြင့် ကျွန်ုပ် ၏ ပါးစပ်မှ ...
“ ဟိုက် ”
ဟု ရေရွတ်မိလေတော့သတည်း ။
⬛

❝ ကြၽႏ္ုပ္ ႏွင့္ ထီးနဂါး ေဆးလိပ္ခုံ ပိုင္ရွင္ ❞ ************************************ မင္းသိခၤ တစ္ေန႔သ၌ ကြၽႏ္ုပ္ ထံသို႔ ျမစ္ဝကြၽန္းေပၚ ရွိ ၿမိဳ႕ကေလးတစ္ၿမိဳ႕ မွ ေပးပို႔လိုက္ေသာ စာကေလး တစ္ေစာင္ ေရာက္ရွိလာေလ၏ ။ ထိုစာမွာ ထိုၿမိဳ႕ရွိ ထီးနဂါးေဆးလိပ္ခုံ ပိုင္ရွင္ ဦးေပါႂကြယ္ က ေရးလိုက္ေသာ စာ ျဖစ္၏ ။ စာတြင္ ပါေသာ အဓိပၸာယ္မွာ ၎တို႔ ထံသို႔ လာေရာက္၍ ၎တို႔ မိသားစုအား လကၡဏာ ဖတ္ၾကားေပးရန္ ျဖစ္၏ ။ ထိုသို႔ ဖတ္ၾကားေပးပါက ဉာဏ္ပူေဇာ္ခ ထိုက္ထိုက္တန္တန္ ပူေဇာ္မည္ျဖစ္၏ ။ ကြၽႏ္ုပ္ သည္ လက္ဆြဲေသတၱာေလးထဲတြင္ အဝတ္အစားအခ်ိဳ႕ ၊ လကၡဏာၾကည့္ရန္ မွန္ဘီလူးႏွင့္ ပစၥည္းအစုံအလင္ထည့္၍ သေဘၤာ ျဖင့္ ထိုၿမိဳ႕သို႔ ထြက္လာခဲ့ေလ၏ ။ သေဘၤာ ဆိုက္၍ ဆိုက္ကားစီးရန္ ဆိုက္ကားဂိတ္ သို႔ သြားရေလ၏ ။ ဂိတ္သို႔ေရာက္ေသာအခါ ဆိုက္ကားဆရာတစ္ဦး အား ... “ ဒီၿမိဳ႕မွာရွိတဲ့ ထီးနဂါးေဆးလိပ္ခုံ ကို သိရဲ႕လား ” ဟု ေမးရာ ထိုသူ က ... “ အဲဒီ ေဆးလိပ္ခုံ က မိတ္ေဆြ နဲ႔ သိပါသလား ” ဟု ျပန္၍ ေမးေလ၏ ။ “ သိတာေပါ့ဗ်ာ ။ က်ဳပ္က လကၡဏာဆရာ ၊ သူတို႔မိသားစု က က်ဳပ္ ကို လကၡဏာ ၾကည့္ဖို႔ စာ နဲ႔ လွမ္းၿပီး ဖိတ္လို႔ လကၡဏာ ဖတ္ရေအာင္ လာခဲ့တာ ။ မသိဘဲနဲ႔ သြားမလားဗ်ာ ” ဟု ေျပာေသာအခါ မလွမ္းမကမ္းရွိ ဆိုက္ကားဆရာ တစ္ဦး က ... “ ဘာတဲ့လဲ ” ဟု လက္ဟန္ေျခဟန္ျဖင့္ ေမးေလ၏ ။ ထိုအခါ ကြၽႏ္ုပ္ ငွားရမ္းေသာ ဆိုက္ကားဆရာ က ... “ ထီးနဂါးေဆးလိပ္ခုံကို ပို႔ခိုင္းေနတာပါ ” ဟု ျပန္၍ ေျဖလွ်င္ ထို သူ က ... “ ပို႔ေပးလိုက္ပါကြာ ။ သူလည္း အဲဒီအထဲက ျဖစ္မွာေပါ့ ” ဟု ေျဖလိုက္လွ်င္ ကြၽႏ္ုပ္ စိတ္၌ ထို စကားကို အဆန္းတၾကယ္ ျဖစ္ေနေလေတာ့၏ ။ ကြၽႏ္ုပ္ ငွားရမ္းေသာ ဆိုက္ကားဆရာ သည္ ကြၽႏ္ုပ္ အား ပုံမက် ပန္းမက် ေဆာက္ထားေသာ တိုက္တစ္လုံးေရွ႕သို႔ ပို႔ေပးေလ၏ ။ ထို တိုက္တြင္ ထီးနဂါးေဆးေပါ့လိပ္ ဟု ေရးထားေသာ ဆိုင္းဘုတ္ကိုလည္း ေတြ႕ရ၏ ။ ထို ဆိုင္းဘုတ္တြင္ ဖြင့္ထားေသာ ထီး ေပၚ ၌ ေခြ ၍ ေရးထားေသာ နဂါးပုံ ကိုလည္း ေတြ႕ရေလ၏ ။ ဆိုက္ကား ရပ္သည္ႏွင့္ တစ္ၿပိဳင္နက္ အိမ္အတြင္းမွ အသက္ ၅ဝ အ႐ြယ္ရွိ လူတစ္ေယာက္ ေျပးထြက္လာၿပီးလွ်င္ ... “ ဆရာမင္းသိခၤ မွတ္တယ္ ။ ကြၽန္ေတာ္ ေပါႂကြယ္ ပါ ” ဟု ေျပာေလ၏ ။ ထို႔ေနာက္တြင္ အတြင္းဘက္သို႔ လွည့္ကာ ... “ လာၾကေဟ့ ဆရာမင္းသိခၤ ႂကြလာတယ္ ” ဟု ေျပာေလေတာ့၏ ။ ထိုအခါ အသက္ ၄ဝ ေက်ာ္အ႐ြယ္ မိန္းမႀကီးတစ္ဦး ႏွင့္ လူငယ္လူ႐ြယ္မ်ား ေျပး၍ ထြက္လာၿပီး ကြၽႏ္ုပ္ ၏ သားေရေသတၱာကို ဝိုင္း၍ ဆြဲၾကေလ၏ ။ ကြၽႏ္ုပ္ ကိုလည္း အားရဝမ္းသာ ႀကိဳဆိုၾက၏ ။ ဦးေပါႂကြယ္ က ... “ ကဲ ဆရာေရ ။ တစ္ခါတည္း မွတ္ထား ။ မွတ္ရ လြယ္ေအာင္ ဒီစကားေလးနဲ႔ တြဲၿပီး မွတ္ထား ။ ' ဘုန္းႀကီး႐ူး နဲ႔ ေလွလူးေတြ႕ၿပီ ' ၊ အဲဒီေတာ့ ( ၅၂၄၇၄၄၇၅ ) တဲ့ ” ဟု ေျပာလိုက္ေလ၏ ။ ထိုအခါ ကြၽႏ္ုပ္ က ... “ ဦးေပါႂကြယ္ ခင္ဗ်ား ဖုန္းနံပါတ္ကလည္း ၈ လုံး ေတာင္လား ” ဟု ေမးလိုက္လွ်င္ ဦးေပါႂကြယ္ က “ အားလုံးဟာ ၆ လုံး ခ်ည္းပဲ ။ ကြၽန္ေတာ္တို႔ ဖုန္းတစ္လုံးတည္း ဖုန္း႐ုံး က ၈ လုံး ခ်ေပးထားတာ ” “ ၾကားဖူးေပါင္ဗ်ာ ” ဟု ေျပာလိုက္ရာ ဦးေပါႂကြယ္ က ... “ ဒါ အစ ရွိေသးတယ္ ။ လာမယ္ လာမယ္ ဆရာ့ အေနနဲ႔ ၾကားဖူးေပါင္ေတြ အမ်ားႀကီး ေျပာရလိမ့္မယ္ ” ဟု ေျပာေလေတာ့၏ ။ ကြၽႏ္ုပ္လည္း အိမ္သို႔ ျပန္၍ ေခ်ာေခ်ာေမာေမာ ေရာက္ မေရာက္ ဖုန္းဆက္လိုေၾကာင္းေျပာရာ ဦးေပါႂကြယ္ က ... “ စားပြဲေပၚမွာ တယ္လီဖုန္း ” ဟု ေျပာေလ၏ ။ ကြၽႏ္ုလည္း သြားေရာက္၍ တယ္လီဖုန္း ကို ကိုင္ၾကည့္ရာ တယ္လီဖုန္း သည္ မည္သည့္ ႀကိဳးႏွင့္မွ် ဆက္သြယ္မထားဘဲ အခြံလြတ္ခ်ည္း တင္ထားသည္ကို ေတြ႕ရ၏ ။ ထို႔ေၾကာင့္ ... “ ဦးေပါႂကြယ္ ခင္ဗ်ားဖုန္း က အလြတ္ႀကီးပဲဗ် ။ ဘယ္ႀကိဳးနဲ႔မွ် ဆက္မထားပါလား ” ဟု ေျပာလိုက္ရာ ဦးေပါႂကြယ္ က ... “ ဟုတ္တယ္ ဆရာေရ ။ ဆရာ မလာခင္ကေလးကပဲ တယ္လီဖုန္း႐ုံး က လာၿပီး ဖုန္းႀကိဳး ျဖဳတ္သြားတယ္ ။ ဒီေန႔ ဥပုသ္ေန႔ ဖုန္းမဆက္နဲ႔လို႔လည္း ေျပာသြားတယ္ ” ဟု ေျပာလိုက္ရာ ကြၽႏ္ုပ္ က ... “ ၾကားဖူးေပါင္ဗ်ာ ” ဟု ေျပာလိုက္ေလ၏ ။ ထိုအခါ ဦးေပါႂကြယ္ က ... “ ေဟာ ေဟာ ၾကားဖူးေပါင္ေတြ လာၿပီ ” ဟု ေျပာေလ၏ ။ “ ကြၽန္ေတာ္တို႔ကို ေပးထားတဲ့ ဖုန္းက ဥပုသ္ေန႔ ဆို ဆက္မရတဲ့ ဖုန္းဗ် ။ ဖုန္း႐ုံး က ဆရာေလးေတြက မွာထားတယ္ ။ ဥပုသ္ေန႔မွာ ဥပုသ္ေစာင့္ တဲ့ ။ ဖုန္း မဆက္နဲ႔ တဲ့ ။ ဆက္မွာ စိုးလို႔ဆိုၿပီး လာလာၿပီး ဖုန္း ကို ျဖတ္သြားတာ ။ မနက္ျဖန္မွ ဆက္ပါ ဆရာရယ္ ။ အခုေတာ့ ထမင္းစားလိုက္ပါဦး ” ဟု ဆိုကာ ထမင္းပြဲျပင္ေလ၏ ။ ထမင္းဝိုင္းတြင္ ကြၽႏ္ုပ္ ထိုင္လိုက္ေသာအခါ ဦးေပါႂကြယ္ က ... “ ဆရာေရ ဒါက လစ္ပို နဲ႔ ေပါင္းတဲ့ ငါးသေလာက္ ေပါင္းဗ် ။ ငါးသေလာက္ ကလည္း အားရွိ ၊ လစ္ပို ကလည္း အားရွိပါ့ ဆရာရယ္ ။ ေဟာဒီ ဟင္းက ငါးေျပမ ကို ကရင္ေဆာ္ဒါ ထည့္ၿပီး ခ်က္ထားတာ ၊ ငါးေျပမ ကလည္း ဖ်ပ္ဖ်ပ္လူး ၊ ကရင္ေဆာ္ဒါ ကလည္း ပြက္ပြက္ဆူေပါ့ ခင္ဗ် ၊ ႏွစ္ခု ေပါင္းၿပီး လုပ္ထားတာ ။ ဒီ ဟင္းခ်ိဳ ကေတာ့ ေရွာက္သီးဟင္းခ်ိဳ ေပါ့ဗ်ာ ။ သံပုရာရည္ ညႇစ္ထားတာ ခံတြင္းရွင္းေအာင္ေပါ့ ဆရာရယ္ ။ ကိုယ့္ အိမ္လို သေဘာထားၿပီး အားရပါးရ စားစမ္းပါ ဆရာ ” ဟု ေျပာသျဖင့္ ကြၽႏ္ုပ္လည္း စတင္၍ စားေလ၏ ။ စားသမွ် ဟင္းမ်ားမွာ လြန္စြာ ဆားေပါ့ေနသည္ကို ေတြ႕ရ၏ ။ ထို႔ေၾကာင့္ ကြၽႏ္ုပ္ က ... “ ဒီဟင္းေတြမွာ ဆားထည့္ဖို႔ ေမ့သြားတယ္ထင္တယ္ ” ဟု ေျပာလိုက္ရာ ဦးေပါႂကြယ္ က ... “ ဒီမွာ ခ်က္တဲ့ဟင္းေတြမွာ ေနလွန္းဆား လည္း မသုံးဘူး ။ အိုင္အိုဒင္းဆား လည္း မသုံးဘူး ။ စကၠဴဆား ပဲ သုံးတယ္ ” ဟု ေျပာလိုက္ရာ ကြၽႏ္ုပ္ က ... “ စကၠဴဆား ဆိုတာ ဘယ္လိုလဲ ” ဟု ေမးလိုက္ရာ ဦးေပါႂကြယ္ က ... “ ဒါက ဒီလိုပါ ဆရာရယ္ ။ စကၠဴေပၚမွာ ( ဆား ) ဆိုတဲ့ စာလုံးကေလး ေရးၿပီး ဟင္းအိုးထဲခ ပ္လိုက္တာပါပဲ ” ဟု ေျပာသျဖင့္ ကြၽႏ္ုပ္ က ... “ ၾကားဖူးေပါင္ဗ်ာ ” ဟု ေျပာလိုက္ရာ ဦးေပါႂကြယ္ က ... “ ေဟာ လာျပန္ၿပီ ၾကားဖူးေပါင္ တစ္ခု ” ဟု ေရ႐ြတ္ေလ၏ ။ ထမင္းစားၿပီးေသာအခါ အခ်ိဳပြဲ အျဖစ္ သရက္သီးမွည့္မ်ား လွီး၍ ထည့္ထားေသာ ပန္းကန္ ကို ခ်၍ ေပးေလ၏ ။ ကြၽႏ္ုပ္လည္း သရက္သီး တစ္စိပ္ကို ယူ၍ စားၾကည့္ရာ ပ႐ုပ္ဆီေစာ္ နံသျဖင့္ ... “ ဒီမွာ ဦးေပါႂကြယ္ ခင္ဗ်ား သရက္သီးမွည့္ေတြက ပ႐ုပ္ဆီေစာ္ နံေနပါလား ” ဟု ေျပာလိုက္ရာ ၎ ဦးေပါႂကြယ္ က ... “ ကြၽန္ေတာ္တို႔ အိမ္မွာ သရက္သီးမွည့္ စားရင္ ေခ်ာင္းဆိုးတတ္လို႔ ပ႐ုတ္ဆီ သုတ္ၿပီးမွ စားၾကတယ္ ။ ဆရာ့ ကိုလည္း ဒီအတိုင္း ေကြၽးတာပါ ” ဟု ေျပာသျဖင့္ ဒီမွာ ဆက္၍ေနရန္ သင့္မသင့္ စဥ္းစားရေလေတာ့၏ ။ ထို႔ေနာက္ ကြၽႏ္ုပ္သည္ ထမင္းစားခန္းမွ ထ၍ ဧည့္ခန္းဆီသို႔ သြား၏ ။ ဧည့္ခန္းသို႔ ေရာက္လွ်င္ အခန္းဆီးနံရံတြင္ ခ်ိတ္ထားေသာ ဘြဲ႕ဝတ္စုံ ႏွင့္ ႐ိုက္ထားေသာ ဓာတ္ပုံမ်ားကို ေတြ႕ရေလသည္ ။ သားသမီးမ်ားအားလုံး ဘြဲ႕ရေၾကာင္း ထင္ရွား၏ ။ “ ထိပ္ဆုံးပုံက အႀကီးဆုံးသားရဲ႕ ပုံ ဆရာ ရဲ႕ ။ သူက ( ဘီေအ ) ေအာင္တယ္ ။ ဒုတိယပုံက သမီးႀကီး ပုံ ၊ သူက ( ဘီကြန္း ) ေအာင္တယ္ ။ တတိယပုံ က သားငယ္ရဲ႕ ပုံ ၊ သူက ( ဘီအက္စီ ) ေအာင္တယ္ ။ သူတို႔ အားလုံး ႏိုင္ငံျခား သြားၾကမွာပါ ။ က်ဳပ္ နဲ႔ သူတို႔ အေမပဲ ဒီအိမ္မွာ က်န္ၾကမွာပါ ” ဟု ေျပာသျဖင့္ ကြၽႏ္ုပ္လည္း ခန္းဆီးနံရံကို ၾကည့္လိုက္ရာ ဦးေပါႂကြယ္ ၏ ဘြဲ႕ရဝတ္စုံျဖင့္ ႐ိုက္ထားေသာ ဓာတ္ပုံကို ေတြ႕ရ၏ ။ထို႔ေနာက္ ဦးေပါႂကြယ္ က ... “ ကြၽန္ေတာ္ က မဟာဝိဇၨာ ေအာင္တယ္ ဆရာ ။ ကြၽန္ေတာ့္ မိန္းမကလည္း မဟာဝိဇၨာ ေအာင္တယ္ ။ တစ္အိမ္သားလုံး ပညာတတ္ေတြခ်ည္းပါပဲ ” ဟု ေျပာေလ၏ ။ ထိုအခါ ကြၽႏ္ုပ္ က ... “ ဦးေပါႂကြယ္ ရဲ႕ ေဆးလိပ္ခုံက ဘယ္မွာလဲဗ် ” ဟု ေမးရာ ဦးေပါႂကြယ္ က ... “ ကြၽန္ေတာ့္ရဲ႕ ေဆးလိပ္ခုံက ဒီၿမိဳ႕ရဲ႕ေျမာက္ပိုင္း ေဗာဓိဘုန္းႀကီးေက်ာင္း ထဲမွာပါ ။ ကြၽန္ေတာ္တို႔ ခုံက လိပ္တဲ့ ေဆးလိပ္ကို စမ္းေသာက္ၾကည့္ပါဦး ” ဟု ဆိုသျဖင့္ ကြၽႏ္ုပ္လည္း ေဆးလိပ္ကိုယူ၍ ၾကည့္လိုက္ရာ ထီးနဂါးေဆးလိပ္ ဆိုေသာ စာတန္းႏွင့္အတူ သပ္ရပ္စြာ ႐ိုက္ႏွိပ္ထားေသာ တံဆိပ္ကေလး ကို ေတြ႕ရေလ၏ ။ “ ဒါနဲ႔ ေနစမ္းပါဦး ဆရာဦးေပါႂကြယ္ ရယ္ ။ ဒီ ထီးနဂါး နာမည္ကေလးကို ဘယ္ဆရာက ေပးတာလဲ ” ဟု ေမးမိေလ၏ ။ “ ဘယ္ဆရာမွ ေပးတာ မဟုတ္ပါဘူး ။ ကိုယ့္ အဓိပၸာယ္နဲ႔ ကို ေပးထားတာ ၊ ကြၽန္ေတာ္ က စေနသား ၊ ကြၽန္ေတာ့္ မိန္းမ က မထားရီ တဲ့ ။ သူကလည္း စေနသမီး ပဲ ။ နဂါး ကလည္း စေန ရဲ႕တံဆိပ္ မဟုတ္လား ။ ဒါေၾကာင့္ ထီး ေပၚမွာ နဂါးေခြေနတဲ့ ဒီတံဆိပ္ ကို သုံးရတာပါ ဆရာ မေကာင္းဘူးလား ” ဟု ေမးေလ၏ ။ ထိုအခါ ကြၽႏ္ုပ္ က ... “ လကၡဏာ ဖတ္ဖို႔ကေတာ့ ခင္ဗ်ားက စၿပီး ဖတ္ရမွာပဲ ” ဟု ဆိုကာ ဦးေပါႂကြယ္ ၏ လက္ဝါးကို လွမ္းယူၿပီး မွန္ဘီလူးျဖင့္ ၾကည့္လိုက္ရာ လက္ဝါးျပင္ တစ္ခုလုံးမွ လမ္းေၾကာင္းမ်ားသည္ ဆံခ်ည္ေထြးကဲ့သို႔ ရႈတ္ေထြးေနသည္ ။ ဉာဏ္လမ္းေၾကာင္း မွာလည္း ကြၽန္းမ်ား တန္း၍ ပါေနသည္ကို ေတြ႕ရသျဖင့္ ကြၽႏ္ုပ္ ၏ စိတ္၌ ဦးေပါႂကြယ္ ဆိုတဲ့ လူဟာ လူေကာင္းတစ္ေယာက္ မဟုတ္ဘဲ အ႐ူးတစ္ေယာက္ ဆိုသည္ကို သိရေလေတာ့၏ ။ ထို႔ေနာက္ ကြၽႏ္ုပ္ က ... “ ဒီလိုလုပ္မယ္ ဦးေပါႂကြယ္ ၊ ေလာေလာဆယ္ေတာ့ မေဟာဘူး ။ ေဟာစာတမ္းေရးၿပီး ရန္ကုန္ က ပို႔မယ္ ။ ေက်နပ္ရဲ႕လား ” ဟု ေျပာလိုက္ရာ ဦးေပါႂကြယ္ က “ ဆရာ ဂြတ္တယ္ ထင္ရင္ ဒူးေပါ့ ” ဟု ေျပာေလ၏ ။ ထို႔ေနာက္ ၎၏ သမီးႀကီး ဘီကြန္း ႏွင့္ ေအာင္ေသာ မိန္းကေလး ေရာက္လာ၏ ။ ထို မိန္းကေလး ကိုလည္း လကၡဏာ ၾကည့္ရာ သူ၏ ဖခင္ ကဲ့သို႔ပင္ ေတြ႕ရေလ၏ ။ ထို႔ေနာက္ မိန္းကေလး သည္ သားေရအိတ္အတြင္း မွ ေငြ ကို ထုတ္၍ သူ ၏ ဖခင္ ကို ေပးၿပီး ... “ ဆရာမင္းသိခၤ ကို ကန္ေတာ့ဖို႔ ေငြ ( ၅ဝဝဝဝဝ ) ” ဟု ဆိုကာ သူ ၏ ဖခင္လက္ထဲသို႔ ေပးေလေတာ့၏ ။ ထိုအခါ ဦးေပါႂကြယ္ က ... “ ဆရာ ကို ကန္ေတာ့ဖို႔ ေဟာဒီမွာ ေငြငါးသိန္း ၊ ေဟာစာတမ္း ကိုေတာ့ ရန္ကုန္ ကေန ပို႔ေပးပါ ” ဟု ဆိုၿပီး တစ္သိန္းတန္ ေငြထုပ္ ( ၅ ) ထုပ္ကို ကြၽႏ္ုပ္အား ေပးေလေတာ့၏ ။ ကြၽႏ္ုပ္လည္း ေငြထုပ္ကို ယူ၍ ၾကည့္လိုက္ရာ ခ်က္ခ်င္းပင္ ႐ူးခ်င္စိတ္ ေပါက္သြားေလေတာ့၏ ။ အဘယ္ေၾကာင့္ဆိုေသာ္ ၎ေပးေသာ ေငြမ်ားမွာ ေငြစကၠဴမ်ား မဟုတ္ဘဲ တစ္ေထာင္တန္ ႏွင့္ ႐ြယ္တူ တိုင္း၍ ညီညီညာညာ ျဖတ္ထားေသာ စကၠဴအျဖဴမ်ား ျဖစ္၏ ။ ထို စကၠဴေပၚတြင္ တစ္ေထာင္က်ပ္ ဟု စာမ်ား ေရးထား၏ ။ ျခေသၤ့ပုံေနရာတြင္ ျခေသၤ့ပုံ မပါဘဲ စာျဖင့္ ျခေသၤ့ ဟုသာ ေရးထား၏ ။ တစ္ဘက္တြင္လည္း ဘဏ္တိုက္ပုံ ဟု စာျဖင့္ ေရးထားၿပီး ၊ ေအာက္တြင္ အဂၤလိပ္စာ ျဖင့္ ( ONE THOUSAND KYATS ) ဟု ေရးထားသည္ကို ေတြ႕ရ၏ ။ အထုပ္တိုင္းကို မဟုတ္က ဟုတ္က စာ႐ြက္မ်ား တစ္ရာစီ ထည့္၍ သားေရႀကိဳးျဖင့္ စည္းထားျခင္းျဖစ္၏ ။ ကြၽႏ္ုပ္ သည္ မိတ္ေဆြမ်ားအား အမွတ္တရ ျပရန္အတြက္ ထို ေငြတစ္ထုပ္ ကို ေကာက္ယူၿပီးလွ်င္ ... “ ျပန္ဦးမယ္ဗ်ာ ” ဟု ဆိုကာ သုတ္ေျခတင္၍ သေဘၤာ ဆိပ္သို႔ ျပန္ခဲ့ေလ၏ ။ သေဘၤာ ဆိပ္သို႔ေရာက္လွ်င္ ဆိုက္ကားဆရာေလး က ... “ ထီးနဂါးေဆးေပါ့လိပ္ပိုင္ရွင္နဲ႔ အဆင္ေျပခဲ့ရဲ႕လား ” ဟု ေမးေလ၏ ။ ထို႔ေၾကာင့္ ကြၽႏ္ုပ္ က ... “ မေျပာပါနဲ႔ေတာ့ ငါ့ လူရာ ။ လူေကာင္းေတြမွ မဟုတ္ဘဲ ။ တစ္အိမ္လုံး အ႐ူးေတြခ်ည္းပဲ ” ဟု ေျပာရာ ဆိုက္ကားဆရာေလးက ရယ္ေလ၏ ။ ထို႔ေနာက္ “ ဟုတ္တယ္ ခင္ဗ် ။ အဲဒီ ဦးေပါႂကြယ္ႀကီး က ေဆးလိပ္ခုံ႐ူး ႐ူးေနတာ ။ သမီးႀကီး က ဥစၥာ႐ူးဗ် ။ စကၠဴအလြတ္ေပၚမွာ စာေရးၿပီး တစ္ေထာင္တန္တို႔ ငါးရာတန္တို႔ လုပ္ထားတာ ” ဟု ေျပာေလ၏ ။ ထိုအခါ ကြၽႏ္ုပ္ က ... “ က်ဳပ္ကိုလည္း အဲဒီ ပိုက္ဆံေတြ ငါးသိန္းေတာင္ ကန္ေတာ့ပါတယ္ ။ က်ဳပ္က မယူဘဲ တစ္သိန္းပဲ ယူခဲ့တယ္ ” ဟု ေျပာလိုက္ရာ ထို ဆိုက္ကားဆရာေလးက ... “ သူ႔ သားသမီးေတြကလည္း ဘြဲ႕ မရၾကပါဘူး ။ ဘြဲ႕ဝတ္စုံ အတု လုပ္ၿပီး အိမ္မွာ ခ်ိတ္ထားတာ ၊ ဘြဲ႕ရဖို႔ မေျပာနဲ႔ စာေတာင္ ေကာင္းေကာင္း မတတ္ၾကပါဘူး ” ဟု ေျပာလိုက္ျပန္၏ ။ “ ဒါနဲ႔ ေနစမ္းပါဦး ၊ အဲဒီ မိသားစုက ဘာေတြ နဲ႔ ဘယ္လို စားေသာက္ၾကတာလဲ ” ဟု ေမးလိုက္ရာ ဆိုက္ကားဆရာေလး က ... “ ဟိုး ေျမာက္ပိုင္းမွာ ရွိတဲ့ ေဗာဓိ ဆိုတဲ့ ေက်ာင္းက ဆရာေတာ္ က သူတို႔ မိသားစုကို သနားလို႔ဆိုၿပီး ဆြမ္းက်န္ဟင္းက်န္ေလးေတြ ေပးေနတာ ။ အဲဒါနဲ႔ သူတို႔ မိသားစုက စားေနၾကတာပါ ” ဟု ေျပာျပန္၏ ။ ထို႔ေနာက္ ကြၽႏ္ုပ္ က ... “ တစ္ခုေတာ့ရွိတယ္ ေမာင္ရင္ ေရ အ႐ူး ဆိုေပမယ့္ တိုက္နဲ႔ေတာ့ ေနႏိုင္တယ္ေနာ္ ” ဟု ေျပာလိုက္ရာ ထိုဆိုက္ကားဆရာေလး က ... “ ဒီတိုက္ဟာ သူတို႔ တိုက္ မဟုတ္ဘူး ။ ဦးျမစိန္ ဆိုတဲ့ တ႐ုတ္အဘိုးႀကီး ပိုင္တာ ။ အဲဒီ အဘိုးႀကီး က ေဆြမ်ိဳးလည္း မရွိဘူး ။ သားသမီးလည္း မရွိဘူး ။ မမာမက်န္းျဖစ္တဲ့အခါ ဦးေပါႂကြယ္ တို႔ မိသားစု က ျပဳစုေပးမယ္ ဆိုၿပီး အဲဒီ အိမ္ေပၚ တင္ထားတာ ။ ၿပီးေတာ့ ဦးေပါႂကြယ္ က အဲဒီအဘိုးႀကီး ကို လည္ပင္းညႇစ္ သတ္တယ္ဆိုပဲ ။ ရဲ က မသကၤာလို႔ အမႈေတြဘာေတြ ဖြင့္ၿပီး စစ္ေဆးေမးျမန္းေသးတယ္ ။ သူတို႔ မိသားစုဟာ အဲဒီ အိမ္ေပၚေရာက္တာနဲ႔ အကုန္လုံး ယဥ္ယဥ္ေလးနဲ႔ ႐ူးသြားတာပဲ ။ ကြၽန္ေတာ္တို႔ ၿမိဳ႕မွာက အ႐ူး ကို အ႐ူး လို႔ မေခၚၾကဘူး ။ ထီးနဂါး လို႔ ေခၚၾကတယ္ ။ အဲဒီ စကား ၾကားရင္ အ႐ူး လို႔ ေျပာတယ္ ဆိုတာကို လူတိုင္း နားလည္ၾကတယ္ ။ ဆရာႀကီး က ဆရာမင္းသိခၤ မွတ္တယ္ ။ အံ့ပါေရာ ဆရာရယ္ ။ ဒီေလာက္ နာမည္ႀကီးတဲ့ ဆရာ ဟာ ကြၽန္ေတာ္တို႔ ၿမိဳ႕က အ႐ူး လွည့္စားတာကို ခံရတယ္ဆိုတာ ကြၽန္ေတာ္ျဖင့္ ဆရာ့ကို အားနာလိုက္တာ မေျပာနဲ႔ေတာ့ ” ဟု ေျပာေလ၏ ။ ထိုအခါ ကြၽႏ္ုပ္ က ... “ အားနာမေနနဲ႔ေတာ့ ေမာင္ရင္ ေရ ။ အခု ထြက္မယ့္ သေဘၤာ နဲ႔ ရန္ကုန္ ကို ျပန္ၿပီးလိုက္မယ္ ” ဟု ေျပာလိုက္ရေလ၏ ။ ထို႔ေနာက္ ကြၽႏ္ုပ္လည္း ထြက္မည့္ သေဘၤာ ေပၚသို႔ တက္၍ ရန္ကုန္ သို႔ လိုက္ပါလာေတာ့၏ ။ သဘၤာေပၚသို႔ ေရာက္ေသာအခါ ထိုင္စရာပင္ ေနရာ မရေပ ။ ဦးပိုင္းတြင္ ဒလီဖ်င္ေလးခင္း၍ ထိုင္ေနေသာ ကလယ္ကုလား အဘိုးႀကီး က ျမန္မာ စကားပီသစြာျဖင့္ ... “ မိတ္ေဆြ ဒီမွာ ထိုင္ပါဗ်ာ ” ဟု ဖိတ္ေခၚသျဖင့္ ကြၽႏ္ုပ္လည္း သြား၍ ထိုင္ရေလ၏ ။ ထို႔ေနာက္ ကုလားအဘိုးႀကီး က ... “ ကြၽန္ေတာ့္ ကိုေတာ့ အမ်ား က ' အနဲ ' လို႔ ေခၚၾကပါတယ္ ။ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ အနဲ မွန္း အမ်ား မွန္း မသိပါဘူး ။ ဒါနဲ႔ ေနစမ္းပါဦး မိတ္ေဆြ က ဘယ္႐ုံး အရာရွိပါလဲ ” ဟု ေမးေလ၏ ။ ထိုအခါ ကြၽႏ္ုပ္က “ အရာရွိ မဟုတ္ပါဘူးဗ်ာ ။ က်ဳပ္ က ေဗဒင္လကၡဏာ ဆရာ ပါ ” ဟု ေျပာလိုက္လွ်င္ အနဲ က ... “ ေဗဒင္လကၡဏာဆရာ ဆိုေပမယ့္ ေတာ္႐ုံ ဆရာမ်ိဳးေတာ့ ဟုန္ဟန္ မတူဘူး ။ ' ေဗဒင္ေလးပုံ ဆူရာေ႐ြးႏုတ္ မီးဖုတ္၍ပင္ စားႏိုင္ရဲ႕ ' ဆိုတဲ့ ဦးပုည စာထဲက ေဗဒင္ဆရာမ်ိဳး ျဖစ္ပါလိမ့္မယ္ ” ဟု ေျပာသျဖင့္ ကြၽႏ္ုပ္လည္း ၿပဳံးမိေသးေတာ့၏ ။ ထို႔ေနာက္ အနဲ က ပင္ ... “ စိတ္မဆိုးနဲ႔ေနာ္ ဆရာ ၊ ဆရာ အဂၤလိပ္ေမြးရက္ ဘယ္ေလာက္လဲ ” ဟု ေျပာသျဖင့္ ကြၽႏ္ုပ္ က ( ၂၅ ) ရက္ ျဖစ္ေၾကာင္း ေျပာလိုက္ရာ အနဲ က ... “ ဆရာ ဟာ ( ၇ ) ဂဏန္းသမား ေပါ့ ။ ဒီကေန႔ ( ၁၅ ) ရက္ေန႔ ခင္ဗ် ။ ( ၇ ) နဲ႔ ( ၁၅ ) ေပါင္းရင္ ( ၂၂ ) ရတယ္ ။ ( ၂၂ ) ဆိုတဲ့ ဂဏန္းဟာ အ႐ူး ဂဏန္း ဗ် ။ အေၾကာင္းအရာတစ္ခုနဲ႔ ပတ္သက္ၿပီး ႐ူးခ်င္စိတ္ေတာင္ ေပၚလာလိမ့္မယ္ ” ဟု ေျပာလိုက္ရာ ကြၽႏ္ုပ္ က ... “ မွန္လိုက္တာ အနဲ ေရ ။ အ႐ူးမိသားစု အိမ္ကို လကၡဏာေဟာဖို႔ ေရာက္သြားတာ ၊ က်ဳပ္ပါ ႐ူးခ်င္စိတ္ ေပါက္သြားတယ္ ” ဟု ေျပာရာ အနဲ သည္ တခစ္ခစ္ ရယ္ေလေတာ့၏ ။ ထို႔ေနာက္ အနဲ သည္ ကြမ္းယာတစ္ယာ ယာၿပီးလွ်င္ ကြမ္းယာကို ၿမဳံ႕၍ ေနေလ၏ ။ ထိုသို႔ ၿမဳံ႕ရင္း ... “ ဆရာ ရဲ႕ ေမြးလ က ဘယ္လလဲ ခင္ဗ် ” ဟု ေမးရာ ကြၽႏ္ုပ္ က ( ၆ ) လ ပိုင္းတြင္ ေမြးေၾကာင္း ေျပာလိုက္ျပန္၏ ။ ထိုအခါ အနဲ က ... “ ၆ လ ပိုင္း ဆိုေတာ့ ဇြန္လေပါ့ ။ ဇြန္လ ဟာ ကဋ္ရာသီရဲ႕ ပိုင္နက္ပဲ ျဖစ္မယ္ ။ အဲဒီ ရာသီရဲ႕အ႐ုပ္ဟာ ဂဏန္း႐ုပ္ ပဲ ။ ဂဏန္း ဟာ အတည့္မသြားဘူး ခင္ဗ် ။ ကန႔္လန႔္ သြားတတ္တယ္ ။ အဲဒီေတာ့ လူအမ်ားစုဟာ ေတာကေန ၿမိဳ႕ကို ေျပာင္းလာတယ္ ။ ဆရာကေတာ့ ၿမိဳ႕မွာ ေနရာကေန ေတာထဲေျပာင္းၿပီး ေနရလိမ့္မယ္ ထင္တယ္ ။ ဆရာရဲ႕ သဘာဝဟာ သူမ်ား က အျဖဴ ဆို အမည္း လုပ္ခ်င္တဲ့စိတ္ ရွိတယ္ ။ အဲဒီ ( ၆ ) ဟာ ဆရာ့ ေမြးရက္ ( ၇ ) ဂဏန္း နဲ႔ ေတြ႕တဲ့ အခါမွာ ( ၁၃ ) ျဖစ္သြားတယ္ ဗ် ။ ( ၁၃ ) ဂဏန္း ေဗဒင္ဆရာေတြဟာ ေဗဒင္ေဟာတာထက္ ဓာတ္႐ိုက္ဓာတ္ဆင္ မွာ ပိုၿပီး အစြမ္းထက္တတ္တယ္ ။ ၿပီးေတာ့ ( ၁၃ ) ဟာ ( ၄ ) ပဲ မဟုတ္လားဗ်ာ ။ မလိုခ်င္ေတာ့တဲ့ အခါက်မွ ျပည့္စုံလိမ့္မယ္ ။ လိုခ်င္လို႔ ရွာရင္ ဘာမွ် ရမွာကို မဟုတ္ဘူး ။ ဒါေၾကာင့္ ဆရာဟာ အသက္ႀကီးလာရင္ ခ်မ္းသာလိမ့္မယ္ ။ အသက္ႀကီးေလ ေကာင္းေလပဲ ” ဟု ျပန္ေျပာေလ၏ ။ ထို႔ေၾကာင့္ ကြၽႏ္ုပ္ က ... “ အနဲ ေဟာတာ မွန္မွာပါ ။ ကြၽန္ေတာ္လည္း ၿမိဳ႕ေပၚမွာ ေနရတာ စိတ္ကုန္ေနပါၿပီ ၊ ေမွာ္ဘီ ေလာက္ ေဝးတဲ့ ေနရာက တစ္ေနရာေလာက္ ၿခံဝယ္ၿပီး ေနခ်င္စိတ္ ေပါက္ေနၿပီ ။ အနဲ ရဲ႕ ဂဏန္းေဗဒင္ ဟာ တယ္ဟုတ္ပါလား ” ဟု ကြၽႏ္ုပ္က ေျပာလိုက္ရာ အနဲ က ... “ အခုေခတ္ ေဗဒင္ဆရာေလးေတြ ဟာ န်ဴမေရာ္ေလာ္ဂ်ီ လို႔ ေခၚတဲ့ ဂဏန္းေဗဒင္ ကို အထင္ေသးတတ္တယ္ ။ ေသေသခ်ာခ်ာလည္း မလိုက္စားၾကဘူးဗ် ။ ဂဏန္းေဗဒင္ က အစြမ္းထက္တယ္ ဆိုတာကို သူတို႔ မရိပ္မိၾကဘူး ” ဟု ေျပာရာ ကြၽႏ္ုပ္ က ... “ ဒီမွာ အနဲ .. အခု ခင္ဗ်ားေျပာတဲ့စကား က က်ဳပ္ကို ေစာင္းၿပီး ေျပာေနသလိုပဲ ။ ခင္ဗ်ား လိပ္စာေပးခဲ့ဗ်ာ ။ က်ဳပ္ ခင္ဗ်ားဆီမွာ အဲဒီပညာလာၿပီး သင္ယူဦးမယ္ ” ဟု ေျပာလိုက္လွ်င္ အနဲ က ... “ ႂကြခဲ့ပါဗ်ာ ... ႂကြခဲ့ပါ ... ထမင္းေကြၽးၿပီးကို သင္ေပးလိုက္မယ္ ။ ဆိတ္အူစုံ အသည္းစုံ ကို မဆလာႏိုင္ႏိုင္နဲ႔ ခ်က္ေကြၽးမယ္ဗ်ာ ။ ငါးရက္ေလာက္ေတာ့ ခင္ဗ်ား က်ဳပ္ အိမ္ မွာ လာၿပီး ေနရမယ္ ။ အဲဒီေလာက္ေနမွပဲ ဂဏန္းေဗဒင္ ရဲ႕ တစ္ကိုယ္လုံး ကို ခင္ဗ်ား ျမင္မွာ ” ဟု ေျပာေလ၏ ။ ကြၽႏ္ုပ္လည္း အေပါ့သြားခ်င္ေသာေၾကာင့္ အနဲ အနီးမွ ထ၍ ထြက္သြားရာ လမ္းတြင္ သေဘၤာ၌ ေရပက္ ၊ ႀကိဳးခ်ည္လုပ္ေနေသာ အလုပ္သမားကေလး တစ္ဦးႏွင့္ ေတြ႕ေလ၏ ။ ထိုအလုပ္သမားေလး က ... “ ဆရာမင္းသိခၤ မွတ္တယ္ ” ဟု ေမးသျဖင့္ ကြၽႏ္ုပ္ က ဟုတ္မွန္ေၾကာင္း ဝန္ခံရာ ... “ ဆရာ ၾကည့္လုပ္ေနာ္ ၊ ဆရာ နဲ႔ စကားထိုင္ေျပာေနတဲ့ ကုလားအဘိုးႀကီး က စိတ္ သိပ္ မမွန္ဘူး ။ ေဗဒင္ဆရာ႐ူး ႐ူးေနတာ ” ဟု ထို အလုပ္သမားေလး က ေျပာသျဖင့္ ကြၽႏ္ုပ္ ၏ ပါးစပ္မွ ... “ ဟိုက္ ” ဟု ေရ႐ြတ္မိေလေတာ့သတည္း ။ ⬛ #မင္းသိခ္

No comments

Post a Comment