အလောင်းစားတဲ့ဖုတ်ကောင်(စ၊ဆုံး)

  အလောင်းစားတဲ့ဖုတ်ကောင်(စ၊ဆုံး) ——————————————– ဝုတ်… ဝုတ်… ဝုတ်… “ဟဲ့ ဖိုးအေး အိမ်ရှေ့မှာခွေးဟောင်နေတယ် ဧည့်သည်တွေများလား သွားကြည့်စမ်း” “... thumbnail 1 summary

 အလောင်းစားတဲ့ဖုတ်ကောင်(စ၊ဆုံး)

——————————————–
ဝုတ်… ဝုတ်… ဝုတ်…
“ဟဲ့ ဖိုးအေး အိမ်ရှေ့မှာခွေးဟောင်နေတယ် ဧည့်သည်တွေများလား သွားကြည့်စမ်း”
“ဟုတ်တယ်အဘိုး လူကြီးနှစ်ယောက် ခြံထဲဝင်လာနေတယ်”
“ခွေးကြည့်ပေးလိုက်”
“ဟုတ်ကဲ့”
၅နှစ်အရွယ်ရှိဖိုးအေးလေး အိမ်ပေါ်ကပြေးဆင်းသွားသည်။
“အောင်နက် အောင်နက် လာ လာ”
ဖိုးအေးအသံကြားသည်မှင့်လူစိမ်းနှစ်ယောက်ကိုထိုးဟောင်နေသည့် အောင်နက်လည်းအဟောင်ရပ်ပြီး ဖိုးအေးထံအမြီးနှံ့၍ပြေးလာသည်။
ဖိုးအေးနှင့်အောင်နက်က ကစားဖော်များဖြစ်သဖြင့် ဖိုးအေးအသံကြားသည်နှင့်ရှိသည့်နေရာမှအပြေးလာနေကျ
“ကလေးတို့အဘိုး ဆရာကြီးရှိလား”
“ဟုတ်ကဲ့ အိမ်ပေါ်မှာရှိပါတယ်ဦးလေး”
လူကြီးနှစ်ယောက်လည်း အိမ်ပေါ်တက်လာကြသည်
အိမ်ပေါ်ရောက်သည်နှင့်အိမ်ဦးခန်းမှာဆရာကြီးဘိုးရှိုင်းထိုင်နေသည်ကိုတွေ့လိုက်ကြသည်
ဧည့်သည်လူစိမ်းများက အသက်၄၅ ၅၀ဝန်းကျင်ရှိသည် တောသူတောင်သားများဖြစ်ပုံရသည်
“ကျွန်တော်တို့လေးအိမ်စုရွာကလာခဲ့တာပါ
ဆရာကြီး”
“အင်း ကြားဖူးတယ် ရောက်တော့မရောက်ဖူးသေးဘူး”
“ဒီရွာကလှည်းနဲ့နှစ်နာရီလောက်သွားရင် ရောက်ပါတယ်ဆရာကြီး”
“လာရင်းကိစ္စ အထူးရှိရင်ပြောပါဦး”
“ဒီရွာက ကိုကြွက်နီပြောလို့ ဆရာကြီးကိုအားကိုးပြီးအပြေးလာခဲ့ကြတာပါ
ကျွန်တော်တို့ရွာကိုလာကယ်ပေးပါဦးဆရာကြီး”
“ဘယ်လိုတွေများဖြစ်လို့လဲကွဲ့”
“ဘယ်လိုဖြစ်မှန်းမသိပါဘူး ဆရာကြီးရယ်
ရွာမှာတစ်နေ့တစ်ယောက်သေနေတာ
ဒီနေ့ဆို၁၅ယောက်ရှိပြီဆရာကြီး”
“ဘယ်လိုက ဘယ်လိုစဖြစ်တာလဲ သေချာသိရအောင် ဆရာကြီးကိုရှင်းပြဦး
ဒါမှဆရာကြီးဘာလုပ်သင့်တယ်ဆိုတာ
ဆုံးဖြတ်ရမှာ”
“ရွာမှာစသေတာက အရက်သမားသံချောင်းစသေတာပဲ
ဆရာကြီး ပြီး နောက်နေ့ဘပုသေတယ်
နောက် ဒေါ်အေးမြိုင် နောက် တစ်ယောက်ပြီး
တစ်ယောက်ဘာရောဂါမှမဖြစ်ပဲသေကုန်ကြတယ်”
“ရွာကလူတွေကတော့ အောက်လမ်းဆရာ
စုန်း ကဝေတစ်ယောက်ယောက် အတိုက်အခိုက်လုပ်ပြီးအောက်လမ်းနည်းနဲ့
အသေလုပ်ထားတာလို့ ပြောဆိုနေကြတာပဲ
ဆရာကြီး”
“ဟင်း ဆရာကြီးလိုက်ခဲ့ပေးမယ် ဘာမှစိုးရိမ်မနေကြနဲ့ ငါ့တူတို့ထင်သလိုတော့
ဖြစ်နိုင်မယ်မထင်ဘူး ဆရာကြီးစိတ်ထင်
အမှားတစ်ခုခုရှိနေသလိုပဲ”
“ရွာမှာငါးယောက်မြောက်သေပြီးတဲ့နေ့
ဘုန်းတော်ကြီးတွေ ပင့်ပြီးပရိတ်ရွတ် တရားနာကြသေးတယ် အားလုံးကအန္တရာယ်ဆိုးကြီးကနေလွတ်မြောက်
ကြပြီထင်ကြတယ်”
“ဒါပေမယ့်ပရိတ်ရွတ်ပြီးနောက်နေ့
ဆတ်တိုက်သေတာပဲ အဲဒါနဲ့ ဆင်ကူးရွာက
စုန်း တစ္ဆေ အောက်လမ်း ကဝေနိုင်တယ်ဆိုတဲ့
ဆရာမှက်ကိုပင့်ပြီး အစီရင်တွေလုပ်ခိုင်းကြသေးတယ်”
“သူလုပ်နေတဲ့ အချိန်မှာပဲ တစ်ယောက်သေသွားတယ် နောက်နေ့လည်းတစ်ယောက်သေတယ် တစ်နေ့တစ်ယောက်ပုံမှန်သေနေကြတယ်
ဘာရောဂါမှလည်းမဖြစ်ဘူး”
“အခုဆိုရွာသားတွေအားလုံးမနက်ဖြန်ဘယ်သူ
သေမလည်း သူလားကိုယ်လားဆိုပြီး အကြောက်လွန်နေကြပြီဆရာကြီး”
“ကျွန်တော်တို့ ရွာသားတစ်ယောက် ဒီရွာသား
ကိုကြွက်နီ နဲ့ဆုံမိပြီး ရွာမှာလူတွေတစ်နေ့တစ်ယောက်သေနေတဲ့
အကြောင်းပြောပြတော့
သူကဘာမှမပူနဲ့ ငါတို့ရွာကိုလာခဲ့ဆိုလို့
လာခဲ့တာပါ”
“သူကဆရာကြီးဆီကို လမ်းညွှန်ပြီးလွှတ်လိုက်လို့
လာခဲ့တာပါ”
“ဟင်း ဒီနေ့မနက်ပိုင်းလူသေသွားပြီဆိုတော့
မနက်ဖြန်ထပ်ပြီးမသေအောင် ဆရာကြီးတာဝန်ယူဖြေရှင်းပေးမယ်”
“အခု ၁၁နာရီကျော်ပြီဆိုတော့ ငါ့တူတို့ရွာကို
ညနေပိုင်းရောက်ရင် အချိန်မှီပါတယ်”
“ကျွန်တော်တို့မှာလှည်းပါပါတယ်ဆရာကြီး
ကိုကြွက်နီအိမ်မှာဖြုတ်ထားခဲ့တယ်
ကျွန်တော့်နာမည်က သန်းအောင်ပါ
သူ့နာမည်ကနေရောင်ပါ”
“ဒါနဲ့မောင်သန်းအောင်တို့ ထမင်းစားသောက်ပြီးပြီလား
မစားရသေးရင် ဆရာကြီးအိမ်မှာစားသွား
ဆရာကြီးကစောစောကပဲစားပြီးသွားတယ်”
“ကျွန်တော်တို့ကိုကြွက်နီတို့အိမ်က စားခဲ့ပြီးပါပြီ
သူ့အိမ်အရောက် ထမင်းဝိုင်းနဲ့တန်းတိုးလို့
တစ်ခါထဲဝင်စားခိုင်းတာနဲ့ အားမနာနိုင်ဘဲ
ဝင်စားခဲ့တယ် ဆရာကြီး”
“ကဲဒါဆို သွားလို့ဖြစ်ပြီပေါ့ မောင်သန်းအောင်တို့
လှည်း သည်ကိုသွားကောက်ခဲ့ ဆရာဒီမှာ
ယူစရာရှိတာယူလိုက်ဦးမယ်”
“ဟုတ်ကဲ့ ဆရာကြီးကျွန်တော်တို့လှည်းသွား
ကောက်ခဲ့ပါ့မယ်”
ဦးသန်းအောင်နှင့်ဦးနေရောင်တို့အိမ်ပေါ်ကဆင်းသွားသည်
၁၀မိနစ်ခန့်ကြာတော့ အိမ်ရှေ့ကိုလှည်းရောက်လာသဖြင့်
ဆရာကြီးဘိုးရှိုင်းလည်းအိမ်ပေါ်မှဆင်းလာပြီး
လှည်းပေါ်တက်ကာလိုက်ပါသွားတော့သည်
“ဆရာကြီးနေပူနေပြီ ထီးပေး ကျွန်တော်ဆောင်းပေးမယ်”
“နေနေ အခုလောက်အပူကိုတော့ ဆရာကြီးမမှုပါဘူး တစ်နာရီကျော်နှစ်နာရီဝန်းကျင်
ရောက်မှပဲဆောင်းတော့မယ်”
ဆရာကြီးဘိုးရှိုင်းက ဇနီးဖြစ်သူပေးလိုက်သော
ထီးကိုယူခဲ့ရသော်လည်း နေပူပူမှာဂုန်းဆွဲနေရသော နွားနှစ်ကောင်ကို
သနားစိတ်နှင့်ထီးမဆောင်းပဲနေခြင်းဖြစ်သည်။
“ကျွန်တော်တို့လည်း ရင်ထဲမှာရှိတဲ့အပူက
နေပူဒဏ်ထက်ပိုပူနေပြီး ဆရာကြီးနွားတွေနေပူနေမှန်းသိပေမယ့်
အချိန်မှီရွာမရောက်လို့မဖြစ်ဘူး ရွာကလူတွေလည်း တမျှော်မျှော်ဖြစ်နေလောက်ပြီ”
“အခုနေပြန်မှ ရွာကိုနေ့နှစ်နာရီကျော်ကျော်ပြန်ရောက်မှာ”
ပြာသိုလဆုတ်ရက်ဖြစ်၍ဆောင်းရာသီထဲဝင်နေပြီး
နေပြင်းပြင်းပူသော်လည်း နွေရာသီကဲ့သို့ချွေးတပြိုက်ပြိုက်မထွက်
အပူချိန်က လွန်လွန်ကဲကဲမပူလှ
နှစ်နာရီခွဲခန့်ရောက်မှ လေးအိမ်စုရွာသို့ရောက်ကြသည်
လမ်းမှာပေါက်ကုန်း ကျခတ်စု မအူတန်းရွာသုံးရွာ
ကိုဖြတ်ခဲ့ကြရသည်
လေးအိမ်စုရွာမှ အချို့မိသားစုများမိမိတို့ဆွေမျိုးသားချင်းများရှိရာသို့ ပြောင်းကြကုန်ပြီဟုပြောသည်
လေးအိမ်စုရွာမှာအိမ်ခြေလေးရာကျော်မျှ
ရှိပြီး လူဦးရေနှစ်ထောင်ကျော်မျှရှိသော
ရွာကြီးတစ်ရွာဖြစ်ကြောင်းဆရာကြီးအားပြောပြ
သည်
ရွာထဲဝင်တော့ သစ်ပင်အုပ်အုပ်နှင့်
ရွာသင်္ချိုင်းကိုဖြတ်လာရသည်
ဆရာကြီးဘိုးရှိုင်း သင်္ချိုင်း ကိုအကဲခတ်လိုက်သည်
သင်္ချိုင်းထဲရှိ သစ်ပင်များပေါ်မှ ကျီးကန်းအချို့
ဝေါကနဲထပျံသည်ကိုတွေ့လိုက်သည်
“အင်း…ငါလာတာကိုသိလို့အချက်ပြတာပဲ”
ဆရာကြီးစိတ်ထဲကမှတ်ချက်ချပြီးအသာအယာ
လိုက်ခဲ့သည်
အိမ်တစ်အိမ်ထဲလှည်းမောင်းဝင်ခဲ့သည်
“ကျွန်တော်တို့အိမ်ပဲ ဆရာကြီး”
ဦးနေရောင်ကဆရာကြီးအား အိမ်မှာနေထိုင်ရန်
စီစဉ်ထားကြောင်းပြောပြသည်
လှည်းရပ်ပြီး နွားဖြုတ်ရန်ပြင်ဆင်နေသဖြင့်
ဆရာကြီးဘိုးရှိုင်းလည်း လှည်းပေါ်မှ ဦးသန်းအောင်လက်ကိုမှေးကိုင်ရင်းဆင်းလိုက်
သည်။
“ကိုရင်သောင်းဟန် ဆရာကြီးကိုအိမ်ပေါ်ပင့်သွား”
အိမ်လှေခါးရင်းမှာရပ်ပြီးအခြေအနေကိုအကဲခတ်
ကြည့်ရှုနေသော လူတစ်ယောက်ကို ကိုသန်းအောင်
ကလှမ်းအော်လိုက်သည်။
“ကြွပါဆရာကြီး ဒါကိုနေရောင်တို့အိမ်ပါ ဆရာကြီး ဒီအိမ်မှာလွတ်လွတ်လပ်လပ်နေနိုင်ပါတယ်”
ကိုသန်းအောင်ကဆရာကြီးအနီးရောက်လာပြီး
“ဆရာကြီး အပေါ်ကြွပါ ကျွန်တော်အိမ်ခဏလေးပြန်ပြီး ပြန်လာခဲ့ပါ့မယ်
ကျွန်တော့်အိမ်က ဟိုမျက်စောင်းထိုးကအိမ်ပါ
ဆရာကြီး”
“အေးအေး သွားသွား ဒါနဲ့ဒီရွာမှာ တာဝန်ရှိတဲ့
လူကြီးပိုင်းတစ်ယောက်နှစ်ယောက်ခေါ်ပေး
ဒါမှသေသေချာချာ သိရမှာ”
“ကိုသန်းအောင်ရေ ဥက္ကဌကြီးနဲ့ ကိုပြုံးချိုတို့ကို
သွားခေါ်ခဲ့ ခင်ဗျားမသွားချင် တစ်ယောက်ယောက်ကိုခေါ်ခိုင်းလိုက်ဗျာ”
“ကိုရင်သောင်းဟန် ဥက္ကဌကြီးကိုလူခင်ကို
ခင်ဗျားသွားခေါ်လိုက် ကျုပ်ကအတွင်းရေးမှူး
ကိုပြုံးချို ကိုသွားခေါ်ခဲ့မယ်”
“နေနေ ကိုရင်သောင်းဟန် အဲဒီမှာ ဆရာကြီး
တို့ဖို့ ရေနွေးကြမ်းတို့ လက်ဖက်သုတ်တို့စီစဉ်ခိုင်း
အေးမိကိုခိုင်း ခင်ဗျားက ဆရာကြီးနဲ့စကားပြောနေတုန်းကျုပ်ပဲ
အတွင်းရေးမှူးအိမ်ကိုသွားလိုက်မယ်”
ကိုသန်းအောင်က ကိုရင်သောင်းဟန်အား
မခိုင်းတော့ဘဲသူကိုယ်တိုင်သွားခေါ်တော့မည်ဟုဆိုသည်
ဦးနေရောင်က နွားများကိုရေတိုက်အစာကျွေးခြင်းတို့ကို
နွားတင်းကုတ်ထဲမှာ အပြီးလုပ်ပြီး လက်ဆေးကာ
အိမ်ပေါ်တက်လာခဲ့သည်
ဦးသန်းအောင်ထွက်သွားပြီးမကြာခင်
အိမ်ထဲသို့အသက်ကြီးကြီးလူကြီးတစ်ယောက်နှင့်
အသက်၄၀ ဝန်းကျင်လူတစ်ယောက်ဝင်လာသည်
“ဟာ ကိုပြုံးချို လာ အတော်ပဲ ခင်ဗျားနဲ့
ဥက္ကဌကြီးတို့ကိုခေါ်မလို့ ကိုသန်းအောင်ထွက်သွားတယ်”
” ဒီလူနဲ့လွဲသွားပြီပေါ့ ကျုပ်တို့နာရေးအိမ်က
လာခဲ့တာ နာရေးကဆက်နေတော့ ဒီနေ့သေ
ဒီနေ့ချလုပ်နေရတယ် ဥက္ကဌကြီးကဘုန်းကြီး
ကျောင်းမှာလားမသိဘူး”
“စောစောက ကိုဝင်းဖေကပြောတယ်
နေရောင်တို့ လှည်းပြန်လာတာတွေ့လိုက်တယ်
လို့ပြောတာနဲ့ စကားဖြတ်ပြီးထွက်လာခဲ့ကြတာ
ဟိုပါလာရဲ့လား”
“ဆရာကြီးပါလာတယ် အိမ်ပေါ်တက်ပါဆရာကြီး”
“ဆရာကြီးဒီကိုပြုံးချိုက ဒီရွာရဲ့အတွင်းရေးမှူးလေ
ဒါကဒီရွာရဲ့ကျောင်းအုပ်ဆရာကြီးဦးလှကိုပဲ
ရွာမှာအလယ်တန်းကျောင်းရှိတယ်ဆရာကြီး”
“အခု ရွာမှဖိတ်စင်သွားတဲ့ လူ၁၅ယောက်က
ကလေးသူငယ်တွေရောပါသေးလား”
“ပါတယ်ဆရာကြီး ကိုးနှစ်သားတစ်ယောက်
ဆယ့်လေးနှစ်သမီးတစ်ယောက်ပါတယ်ကျန်တာကတော့ လူကြီးတပိုင်းတွေပဲ
ကလေးနှစ်ယောက်က ဒီဆရာကြီး တပည့်တွေ”
ထိုစဉ် ဦးသန်းအောင်နှင့်အတူ အသက်၇၀ဝန်းကျင်
လူကြီးတစ်ယောက်ပါလာသည်
ကျေးရွာကောင်စီဥက္ကဌ ကြီးဖြစ်ကြောင်း ဆရာကြီးအား ဦးနေရောင်ကရှင်းပြသည်
“ကိုလူခင် ဘုန်းကြီးကျောင်းရောက်နေတယ်ဆို”
“သက်ပျောက်ဆွမ်းကပ်ပြီး ကျောင်းလိုက်သွားတာ
ကျောင်းမှာသွားနေတော့ စိုးရိမ်စိတ်နည်းနည်းပေါ့သွားတယ်”
“ဥက္ကဌကြီးက ငယ်တဲ့လူတွေစိုးရိမ်ကြောက်လန့်ဖို့
ထားဦးမွေပါ့”
“ကြီးကြီးငယ်ငယ်ကြောက်တာပေါ့ကွ”
ဥက္ကဌကြီးကိုလူခင်က ဆရာကြီးအနီးမှာနေရာပေးသဖြင့်ဝင်ထိုင်လိုက်
သည်။
“ဆရာကြီးကျွန်တော်တို့ရွာအကြောင်းသိပြီး
ရောပေါ့”
“မောင်သန်းအောင်တို့မောင်နေရောင်တို့
ပြောပြထားလို့ သိတန်သလောက်သိပြီးပါပြီ
ညဘက်တွေမှာဘာထူးခြားတာရှိလဲ”
“ည ညဉ့်နက်ပြီဆိုခွေးအူသံပုံမှန်ကြားလာရတယ်
အခုလိုအဖြစ်ဆိုးမျိုးမကြုံခင်ကဆို
ခွေးအသံညစဉ်ကြားရတယ်
ခွေးအူသံက ညဦးပိုင်းဖြစ်ချင်ဖြစ်မယ်
ညဉ့်နက်သန်းကောင်ဖြစ်ချင်ဖြစ်မယ်”
“ပုံမှန်မဟုတ်ဘူး အခုလူတွေသေပြီးနောက်ပိုင်း
ည၁၁နာရီဝန်းကျင်ဆို ရွာသင်္ချိုင်းဘက်ကစပြီး
ခွေးအူသံကြားလာရတယ် ရွာဆုံးမှရပ်သွားပုံပဲ”
“ခွေးအူသံကို သိပြုမိပြီးနောက်ပိုင်းနေ့စဉ်
ရက်ဆက်တစ်ရက်တစ်ယောက်ပုံမှန်ပဲဆရာကြီး”
“ဆရာကြီးကျွန်တော်တို့ရွာကိုကယ်တင်ပေးပါ
ဆရာကြီးရဲ့လက်ကိုအပ်ပါတယ်”
ဥက္ကဌကြီးဘိုးလူခင်က ဆရာကြီးဘိုးရှိုင်းဟာ
အားကိုးတကြီးအကူအညီတောင်းနေသည်
ဆရာကြီးကဘာမှမပြောလက်ဝါးကာပြလိုက်ပြီး
ထိုင်နေရာမှထကာ ဘုရားစင်ရှေ့သွားရပ်သည်
“ဖယောင်းတိုင်ရှိလားကွဲ့”
“ဟယ် ကိုနေရောင် ရှင့်သားကိုဖယောင်းတိုင်
သွားဝယ်ခိုင်းဦး”
“နေနေ ဆရာကြီးလွယ်အိတ်ထဲမှာ ဘီစိုစီတစ်ထုပ်ပါတယ်ဝယ်မနေနဲ့တော့”
“အား အားနာလိုက်တာဆရာကြီး”
ဆရာကြီးကဘာမှပြန်မပြောလွယ်အိတ်ထဲမှ
ဖယောင်းတိုင်ထုတ်ကို ယူသွားပြီးဘုရားစင်မှာ
သုံးတိုင်ထွန်းကာမီးပူဇော်နေသည်
ဒေါ်အေးမိက သားဖြစ်သူအား ပိုက်ဆံထုတ်ပေးပြီး
ဖယောင်းတိုင်တစ်ထုတ်သွားဝယ်ခိုင်းနေသည်
“သောက်တော်ရေပြင်ပေးဦး”
ဘုရားစင်မှာဆက်ကပ်ထားသော
သောက်တော်ရေခွက်ကိုစွန့်ပြီး ဦးနေရောင်၏ဇနီးအားလှမ်း၍ပေးလိုက်သည်
ခဏနေသောက်တော်ရေခွက်ကမ်းပေးသဖြင့်
ဆရာကြီးကလှမ်းယူပြီးတစ်ခါတည်းဆက်ကပ
်လိုက်သည်
ဆရာကြီးဘုရားထိုင်ရှိခိုးနေသည်
အချိန်ကလေးနာရီကျော်ပြီးဆယ့်ငါးမိနစ်
ခန့်ကြတော့ ဘုရားကိုဦးချရှိခိုးလိုက်သည်
“ကဲ လူငယ်တချို့ ကို ပေါက်တူးယူခိုင်းလိုက်
ဆရာတို့သင်္ချိုင်းထဲ သွားကြမယ်
ပထမဆုံးဘယ်သူစပြီးသေတာလဲ”
“သံချောင်းပါဆရာကြီး”
“အေး အဲဒီသံချောင်းရဲ့ မြေပုံကိုသွားတူးဖော်ကြမယ်ဘာမှားထားလဲ
အဲဒီကြတော့ သိရမယ်”
ဦးသန်းအောင်က
“ဥက္ကဌကြီးလိုက်ဦးမလား”
“မလိုက်တော့ဘူး ငါဒီမှာပဲစောင့်နေမယ်
ပြုံးချို မင်းလိုက်သွား”
ဥက္ကဌကြီးက အတွင်းရေးမှူးပြုံးချိုအား
ထည့်လိုက်သည် ကျေးရွာခံလူကြီးခြောက်ယောက်
လူငယ်သုံးယောက်နှင့်ဆရာကြီးတို့လေးအိမ်စု
ရွာသင်္ချိုင်းသို့ ထွက်လာခဲ့ကြသည်
မိနစ်၂၀နီးပါးလျှောက်လိုက်ကြမှ ရွာပြင်သင်္ချိုင်း
သို့ရောက်ခဲ့ကြသည်
သင်္ချိုင်းအတွင်း ဂူများများစားစားမရှိ ဟိုနားတစ်ခု
သည်နားတစ်ခု အလုံး၂၀ဝန်းကျင်ခန့်သာရှိသည်
မြေပုံအသစ်တော်တော်များများတွေ့ရသည်
၁၅ရက်ခန့် လူများဆက်တိုက် သေဆုံးနေကြသည့်
အတွက် မြေပုံအသစ်များကိုအစုလိုက်
တွေ့ရခြင်းဖြစ်သည်။
“ဒီမြေပုံလား”
“မဟုတ်ဘူး ဦးလေးတို့ဒီဘက်ကိုလာ ကိုသံချောင်း
မြေပုံကဟိုမှာသူ့ကိုမြေချတုန်းက ကျွန်တော်တို့
ပါတယ်”
လူငယ်တစ်ယောက်ညွှန်ပြသောနေရာသို့ထွက်
လာကြသည်
” ဒီမြေပုံဟုတ်တယ် သံချောင်းရဲ့ အသုဘမြေချတော့ ကျုပ်လည်းပါတယ်
ဒီမြေပုံက သံချောင်းရဲ့မြေပုံပဲ”
“ဒါဆို စတူးတော့”
“နေကြဦး ဆရာကြီးပိုင်ရာဆိုင်ရာ တွေကို
ခွင့်တောင်းလိုက်ဦးမယ် ဆရာကြီးကတူးဆိုတာနဲ့
ပြေးတူးကြ”
ဦးသန်းအောင်က သူ့လူများကို မြေပုံတူးခိုင်းစဉ်ဆရာကြီးဘိုးရှိုင်းက ခေတ္တစောင့်
ခိုင်းထားပြီး မျက်လုံးမှိတ်ကာ ပါးစပ်မှ ခွင့်တောင်းသည့် စကားမျိုးပြောဆိုနေသည်
“ကဲ တူးကြတော့”
ဆရာကြီးကတူးခိုင်းသည်နှင့်လူငယ်နှစ်ယောက်
လည်းခြေရင်းဘက်နှင့်ခေါင်းရင်းဘက်တို့မှ
မြေများကိုပေါက်တူးဖြင့်ယက်ထုတ်နေသည်
လွန်ခဲ့သော၁၅ရက်ခန့်ကမှ မြေဖို့ထားသဖြင့်
ပေါက်စရာမလိုပဲ အလွယ်တကူယက်ထုတ်၍ရနေသည်
၁၅မိနစ်အတွင်းအခေါင်းပေါ်လာသည်
“မပုပ်နံ့တွေထွက်နေတယ်ဖွင့်လိုက်ရမလား”
“အေး ပေါက်တူးအသွားနဲ့ နည်းနည်းလောက်
ကလှပ်ကြည့်လိုက်”
လူငယ်တစ်ယောက်ကအခေါင်းနှင့်အဖုံးကြား
ပေါက်တူးအသွားထည့်ပြီးပေါက်တူးအရိုးကိုဖိချ
လိုက်သည်
“နေနေ ပိတ်လိုက်တော့ မလိုတော့ဘူး မြေပါပြန်ဖို့ပစ်လိုက်”
ဆရာကြီးကအပုပ်နံ့မခံနိုင်လားမသိ
အခေါင်းပေါ်မှမြေပြန်ဖို့ခိုင်းနေသည်
မကြာခင်ကျင်းပြည့်အောင်မြေဖို့ပြီးသွားပြီ
“ဒါပထမဆုံးသေတဲ့ အသုဘလား”
“ဟုတ်ပါတယ်ဆရာကြီး”
“မဖြစ်နိုင်ဘူးထင်တယ် သေသေချာချာစဉ်းစားစမ်းပါဦး
အားလုံးစဉ်းစားကြစမ်းပါ
ဆရာကြီးသိထားတာဘယ်တော့မှ မမှားနိုင်ဘူး
ဒါပထမဆုံးသေတဲ့မသာ မဖြစ်နိုင်ဘူး”
“ဟို ဟို ပယောဂနဲ့ သေတာမဟုတ်ပဲ သူ့ဟာသူမြွေကိုက်ပြီးသေတဲ့မသာရှိသေးတယ်လေ
“အဲဒါတော့ ငါတို့တစ်ရွာလုံးသိတယ်ပေါ့
ဟိုအသုဘနဲ့သံချောင်းအသုဘက လေးရက်ခြား
တယ်လေ သံချောင်းကစလို့ဆက်တိုက်သေတာ
ဘပုတို့ ဒေါ်အေးမြိုင်တို့ အေးနိုင်တို့
ဆက်တိုက်သေနေကြတာ”
“သံချောင်းကစသေတာမဟုတ်လား”
ရွာသားများတစ်ယောက်တစ်ခွန်းပြောဆိုနေသည့်
စကားသံကိုဆရာကြီးနားထောင်နေရင်းမှ
“နေပါဦး သံချောင်းမသေခင် ရှေ့မှာမြွေကိုက်လို့
သေတဲ့အသုဘရှိသေးတယ်မလား”
‘”ရှိပါတယ် သူကလယ်ကွင်းထဲမှာ ကောက်လှိုင်း
သယ်ရင်းပိုးထိတာပါ”
“အင်း ဟုတ်ပြီ အဲဒီအသုဘကို ဘယ်သူတွေ
သဂြိုလ်တာလဲ”
“ခင်မြိုင်ရယ် အောင်စိုးရယ် မဲကြီးဆိုတဲ့ အရက်သမားသုံးယောက်ကိုတာဝန်ပေးပြီး
မြေချခိုင်းတာတော့သိတယ် ဆရာကြီးအခုခင်မြိုင်
ရယ် မဲကြီးရယ် ကသေကုန်ပြီ အောင်စိုးတစ်ယောက်ပဲကျန်ခဲ့တယ်”
“အဲဒီပိုးထိတဲ့အလောင်းကို ဘယ်နားမှာမြှပ်ထားလဲ
“အမှတ်တမဲ့ပဲဆရာကြီး”
“ဒါဆိုမသေပဲကျန်သေးတဲ့ အောင်စိုးကိုသွားခေါ်မှဖြစ်မယ် ခေါ်လို့ဖြစ်မလား
“ဖြစ်ပါတယ် ဆရာကြီးဒီကောင်အခုအချိန်ဆို
သင်္ချိုင်းအထွက်လမ်းဘေးက အရက်ဆိုင်မှာ
ရောက်နေလောက်ပြီ ကျင်မောင် မြန်မြန်လေးသွား
ပြီးအောင်စိုးကိုခေါ်လာခဲ့”
ကျင်မောင်ဆိုသောလူရွယ်ထွက်သွားသဖြင့်
အောင်စိုးရောက်လာမည့်အချိန်ထိ ရပ်စောင့်နေကြရတော့သည်
“ပိုးထိလို့သေသွားတဲ့လူက အသက်၄၀စွန်းရုံပဲ
ရှိသေးတယ် ဆရာကြီး”
“သူ့နာမည်က ကိုပုတင်တဲ့”
“ရွာပြင်မှာသေသွားတဲ့အတွက် သင်္ချိုင်း နဲ့ရွာအစပ်မှာ အလောင်းစင်ပြင်ထားတယ်
သုံးရက်မြောက် နေ့တစ်နာရီလောက် အသုဘချ
မယ်လို့စီစဉ်ထားတယ်”
“အသုဘချမယ့်နေ့ ၁၁နာရီလောက်မှာ
အသုဘအိမ်ရဲ့ ခြေရင်းအိမ်ကစပြီး
မီးလောင်ပါလေရော လူများပေမယ့်
ရေကအသင့်မရှိ လောင်စာကကောင်းတာနဲ့
လေးအိမ်ဆက်လောင်သွားတယ်”
“အသုဘအိမ်လည်းပါသွားတာပေါ့
အသုဘပို့မယ့် လူတွေရော ကိုယ့်အိမ်ကိုပြန်ပြီး
အထုတ်ဆွဲနေရတယ် ကိုပုတင်မှာမိဘမရှိ မိန်းမက
မီးလောင်ရာမှာ ဒဏ်ရာရသွားလို့
ဆေးရုံပို့လိုက်ရတယ်”
“အဲဒီနေ့က မှတ်မှတ်ရရ ပြာသိုလပြည့်နေ့
အဲ့ဒါနဲ့ဥက္ကဌကြီးက အလောင်းမြေချဖို့ တာဝန်ယူ
ရတော့တာပေါ့ အောင်စိုးတို့မဲကြီးတို့ကို အရက်ဖိုးပေးပြီးနောက်ရက်မကူးစေပဲ
သဂြိုလ်ပေးဖို့ တာဝန်ပေးလိုက်တာပေါ့ဆရာကြီး”
“ဒီအရက်သမားသုံးကောင် ဘာတွေလုပ်ခဲ့လည်း
တော့ မသိဘူးသူတို့ကိုမေးတော့ ညမိုးမချုပ်
ခင်မြေကျပြီးသွားပြီလို့ပြောတာပဲ”
“သုံးရက်နဲ့မြေချလိုက်တာပေါ့”
“ဟုတ်ပါတယ်ဆရာကြီး”
ထ်ုအချိန်သွားခေါ်သောလူငယ်နှင့် အတူအရက်မူးနေသောလူတစ်ယောက်ပါလာသည်
“အောင်စိုးတို့ကတော့ မနက်ညမှန်နေတာပဲ
“မနက်ညမှန်ပေမယ့် ဘယ်နေ့ကိုယ်အလှည့်
ရောက်လာမလည်းကြောက်နေလို့ကောင်းကောင်း
လည်းမမူးနိုင်ပါဘူးအတွင်းရေးမှူးကြီးရယ်”
“ကဲ အောင်စိုး မူးတာမမူးတာထားလိုက်
မင်းတို့မြေမြှပ်ခဲ့တဲ့ ပုတင်မြေပုံကဘယ်မှာလဲ”
“ဟိုရှေ့နားမှာ သင်္ချိုင်းအစပ်မှာ ဘာလုပ်မလို့လဲ
“ဘာလုပ်လုပ် မေးမနေနဲ့ အဲဒီမြေပုံကိုလိုက်ပြ
မှောင်လာရင်မကောင်းဘူး
ဆောင်းကာလဖြစ်၍ ငါးနာရီကျော်ကတည်းက
မှောင်ချင်နေပြီ ခြောက်နာရီဆိုမှောင်ရိပ်သန်းပြီ
ယခုငါးနာရီခွဲပြီ
“ဒီမြေပုံပဲ”
“အင်း မြေပုံတူးထားတဲ့အနေအထားကြည့်ရတာ
သိပ်မဟုတ်ဘူး သင်္ချိုင်းအတွင်းဆို အကြောင်း
မဟုတ်ဘူး အခုသင်္ချိုင်းအစပ်လည်းဖြစ်နေတယ်”
“ကဲ ကဲ မမှောင်ခင်တူးကြ မကြာခင် အဖြေမှန်သိ
ရတော့မှာပဲ”
ဆရာကြီးစကားကြောင့် အားလုံးစိတ်ဝင်စားနေကြသည်
အထဲကသရဲ တစ္ဆေကောင်ကြီးများထွက်လာမည်လားဟု
ဦးနေရောင်စိုးရိမ်ပိုသွားသည်
သင်္ချိုင်းထဲရောက်နေသော လူများအားလုံးထဲမှာ
သူနှင့်ကျောင်းအုပ်ဆရာကြီးဦးလှတို့က
ဝဝဖိုင့်ဖိုင့်ဗိုက်ကြီးတွေ ရှေ့ပစ်ထားသူများဖြစ်သည်
အရေးအကြောင်းရှိသူတို့နှင့်အတူယှဉ်ပြေးရန်မ
လွယ်
လူငယ်နှစ်ယောက်ကတော့ ပေါက်တူးနှစ်လက်နှင့်
ခြေရင်းခေါင်းရင်းမှစ၍ ယက်ထုတ်ကြသည်
၁၀မိနစ်ခန့်ကြာတော့ အခေါင်းကိုစတူးမိသည်
“ဟင် အခေါင်းကမှောက်ရက်ကြီး”
“အင်း ပုံမမှန်တာစတွေ့ရပြီ အခေါင်းအပေါ်က
မြေကြီးခဲတွေဟာ အားလုံးယက်ထုတ်ပြီး
အခေါင်းကိုမတင်လိုက်ကြ”
ယခုအခေါင်းကိုစတင်ဖော်နေချိန်က အပုပ်နံ့
ဟူ၍ လုံးဝမရ သံချောင်းရဲ့အခေါင်းတူးစဉ်က
အခေါင်းကို ဖော်ရုံရှိသေးသည်အ
့ပုပ်နံ့တွေလှိုင်နေပြီ အားလုံးစိတ်ထဲမှာထူးဆန်းသည်ဟု
အထင်ရှိလာကြသည်
“နံလည်းမနံဘူးနော်”
“ဟုတ်တယ် အခေါင်းကပွင့်ကျနေပုံပဲ နည်းနည်းလေးမှ မနံဘူး”
မြေကိုယက်ထုတ်ပြီးသည်နှင့် လူရွယ်တစ်ယောက်ကပေါက်တူးအသွားနှင့်
ချိတ်ပြီးအခေါင်းကိုမလိုက်သည်
“ဟင်”
အခေါင်းဟသွားပြီး အလောင်းကောင်ကိုမြင်လိုက်
သည် အပုပ်နံ့လုံးဝထွက်မလာ
“ကဲ အခေါင်းကိုအပေါ်ရောက်အောင် မတင်လိုက်ကြဦးဝိုင်းကူကြ”
ဆရာကြီးစကားဆုံးသည်နှင့်ပေါက်တူးနှစ်လက်နှင့်
ချိတ်ပြီးအလောင်းပေါ်မှ အခေါင်းကိုဆွဲတင်လိုက်ကြသည်
“ဘယ်လိုဖြစ်တာလဲဟ”
သူတို့မြင်လိုက်ရသည်က အခေါင်းမှောက်နေသဖြင့်
အလောင်းကောင်ကမှောက်ရက်ကျမနေပဲ
ပက်လက်လည်းမဟုတ်စောင်းလျက်အနေထားဖြစ်
သည်
လွန်ခဲ့သောရက် နှစ်ဆယ်နီးပါးကသေဆုံး
ထားသောအလောင်း၏ ခန္တာကိုယ်က
ပုပ်ပွယောက်ကိုင်ခြင်းမရှိနံစော်ခြင်းမရှိသည်ကို
ပါ တွေ့လိုက်ကြရသည်
“ကဲ အားလုံးနောက်ဆုတ်ကြ”
ဆရာကြီးလွယ်အိတ်ထဲမှ လက်တစ်မိုက်အရွယ်ခန့်ရှိ ပုလင်းလေးကို
ထုတ်ယူလိုက်သည်
“ကဲ မောင်ပုတင်ဝဋ်ကြွေးရှိလို့ သေခဲ့ပြီးပြီ
အကုသိုလ်တွေ ဆက်ပြီးမများရအောင် အခုအချိန်ကစပြီးရပ်တော့ မင်းလမ်းမင်းဖြောင့်
ဖြောင့်သွားပါ တောပိုင် တောင်ပိုင်နဲ့တကွ
သင်္ချိုင်းစောင့်မဖဲဝါအစ ဤရုပ်ဤခန္ဓာအား
နှောင်ဖွဲ့ထားခြင်းမရှိစေရ ငါဆရာအမိန့်ပေးတယ်’
“မင်းရုပ်ခန္ဓာကိုထားခဲ့ပြီး မင်းလမ်းမင်းသွားပေတော့ သွားတော့”
ပုလင်းထဲမှရေအချို့ ကိုလက်ဝါးပေါ်လောင်းချပြီး
အလောင်းကောင်ပေါ်တောက်လိုက်စဉ်
“ဝေါ”
သင်္ချိုင်းဝန်းကျင်လေမတိုက်ပါပဲ ရုတ်တရက်
လှုပ်လှုပ်ရှားရှား အသံများထွက်လာသည်
ကျင်းထဲမှ ဘေးသို့စောင်းနေသော
အလောင်းကောင် ပက်လက်ပြန်လန်ကျသွားသည်
ထို့နောက် ချက်ချင်းအင်လွန်ခဲ့သော ရက်၂၀ခန့်က
သေထားသော အလောင်းကောင်များအတိုင်း
ချက်ချင်းအပုပ်နံ့များထွက်လာကာ
တင်းရင်းနေသော အသားအရေများအောက်သို့
တွဲကျကုန်တော့သည် အနီးကလူများပျို့တက်ကုန်သည်
“ဝေါ့ ”
“အခေါင်းပြန်ချပြီး မြေဖို့လိုက်တော့”
ဆရာကြီးကထိုမျှပြောပြီး အပုပ်နံ့လွတ်ရာသို့
ထွက်သွားသဖြင့် နောက်မှလူတချို့ လိုက်သွားသည်
အောင်စိုးနှင့်လူငယ်များအလောင်းပေါ်သို့
မြေကြီးများပြန်ယက်ချနေကြသည်
“ကဲ မနက်ဖြန်ကစပြီး ဘယ်သူမှမသေတော့ဘူး
စိတ်ချလက်ချသာနေကြပေတော့”
“ဟိုသူငယ်တွေအလောင်းမြေချတာ အသာထားဦး
မြေကျင်းတူးကတည်းကစပြီးမှားနေတာ”
“ဘယ်လိုမှားတာလဲဆရာကြီး”
“အမှတ်တမဲ့မှားတာပါ အလောင်းကိုမြှပ်ဖို့
ကျင်းတူးတာ ရွာနဲ့အပြိုင်တူးထားတာမဟုတ်လား
ရွာကိုခြေဦးတိုက်ဆိုတော်သေးတာပေါ့
ကျင်းကသင်္ချိုင်းအလယ်ထဲမှာဆိုရင်
အကြောင်းမဟုတ်ဘူး အခုရွာဘေး
သင်္ချိုင်းအစပ်မှာဘေးတိုက်တူးထားတယ်
အလောင်းမြေချတော့ ရွာဘက်မျက်နာလှည့်ရက်စောင်းပြီးကျသွားတယ်
အခုဖြစ်ပုံက ကျင်းကိုရွာနဲ့အလျားလိုက်တူး
ထားသလို ကျင်းထဲမှောက်ကျသွားတဲ့အလောင်းက
ပက်လက်လည်းမကျ မှောက်လျက်လည်းမကျပဲ
ရွာဘက်ကိုတည့်တည့်စောင်းပြီးကျနေတော့
ရွာကိုဒါရိုက် ခိုက်တော့တာပေါ့”
“ရှေးလူကြီးတွေကအသုဘချတဲ့အခါ သတိထားရမှာတွေရှောင်ရမှာတွေ
မလုပ်ကောင်းတဲ့အရာတွေ ချန်ထားခဲ့တယ်
အစုဘချတုန်းအလောင်းကစားရင်းမြေမကျစေနဲ့
ကျရင်ရွာခိုက်တယ် ရွာထဲမှာကျရင်ပြောတာ
သင်္ချိုင်းမှာဆို ကျတဲ့နေရာမြှပ်မှ အလောင်းစင်ကို
မဖျက်ပဲရွာထဲပြန်မယူရဘူး ပြန်ယူလာရင်ရွာခိုက်တယ်
အဲဒါတွေသတိထားကြရမယ်ကွဲ့”
“အခုအလောင်းကျင်းထဲအချမှာ ရွာဘက်ကိုစောင်း
ကျသွားပြီးဖုတ်ကောင်ကဝက်ကပ်သွားတယ်
အဲဒီဖုတ်ကောင်က ညဘက်ထွက်ပြီး
ွှရွာထဲကလူတွေကို တစ်ညတစ်ယောက်စားနေတာပဲ”
“ချက်ချင်းသေ ချက်ချင်းချနေကြလို့ လူတွေမသိကြတာ”
“သေသူတွေမှာ ဘာထူးခြားလို့လဲဆရာကြီး”
‘” အဲဒီသေသွားတဲ့ အလောင်းတွေမှာ
အူတွေ အသည်းတွေ ကလီစာတွေမရှိတော့ဘူး
ဖုတ်တစ္ဆေစားသွားလို့သေတာ”
“ဟိုကောင် အောင်စိုးကိုမေးရဦးမယ် အခေါင်းကြောင့် မှောက်နေတာလဲ
ဒီကောင်သုံးကောင်မူးမူးရူးရူးနဲ့ လူပ်ချင်ရာလုပ်လိုက်တာ အခုလူဆယ့်ငါးယောက်
ရဲ့ အသက်တွေဆုံးရှုံးသွားရပြီ သူတို့မိသားစုတွေသိရင် ဒီကောင့်ကိုအရေခွံစုပ်ပစ်မလားပဲ”
“ဖြစ်ပြီးတာလည်းပြီးပါပြီ နောက်ထပ်ဘယ်သူမှ
မဖြစ်ကြစေနဲ့သူတို့လည်းသိလို့ တမင်လုပ်တာ
မှမဟုတ်ပဲ”
ထိုအချိန်အောင်စိုးနှင့်လူငယ်နှစ်ယောက်ရောက်လာသည်
“ဟာ ဦးနေရောင်ကလည်း တမင်လုပ်တာမဟုတ်ဘူး အဖြစ်ကဒီလို”
“ဟကောင် မှောင်နေပြီ ရပ်ပြီးပြောမနေနဲ့
လမ်းလျှောက်ရင်းပြောပြသွား”
“အဖြစ်ကဒီလိုဗျာ ရွာထဲမှာလည်း မီးလောင်
ကျုပ်တို့ကလည်းစိတ်ညစ်ညစ်နဲ့
အရက်တွေသောက်နေတာ ညနေ၄နာရီလောက်
ဥက္ကဌကြီးက အရက်ဖိုးတွေရှင်းပေးပြီး ကိုပုတင်ရဲ့
အလောင်းကို မြေချခိုင်းတယ်”
“အလောင်းမြေချပြီးရင်သောက်ဖို့ပါ
ပိုက်ဆံပေးသွားသေးတယ် ကျုပ်ရယ်
မဲကြီးရယ် ခင်မြိုင်ရယ် ဆောင်းတင်ရယ်
လေးယောက် အသုဘကိုသင်္ချိုင်းထဲထမ်းသွားကြတယ်
ဆောင်းတင်က သင်္ချိုင်းထဲကို အခေါင်းထမ်းပိုးပေးပြီး မှောင်လာရင် သရဲကြောက်တယ်ဆိုပြီးပြန်သွားတယ်
သင်္ချိုင်းထဲအခေါင်းရောက်တော့ ငါးနာရီကျော်နေပြီ ဆောက်းတင်ပြန်မယ်
ဆိုတာနဲ့ ကျုပ်တို့အားလုံးအခေါင်းကို ထားခဲ့ပြီး
အရက်ပြန်သောက်ကြတယ်
အရက်သောက်လို့ဝမှ ပေါက်တူးနှစ်လက်အရက်ဆိုင်ကငှားပြီး
သင်္ချိုင်းထဲပြန်သွားကြတယ် အဲဒီအချိန်ည၈နာရီ
လောက်ရှိပြီထင်တယ်
ကျုပ်နဲ့မဲကြီးလည်းမူးမူးနဲ့ ကျင်းကိုသုံးပေလောက်ပဲနက်အောင်တူးပြီး
အလောင်းမြေချဖို့ပြင်ကြတယ်
အဲဒ်ီမှာပြဿနာစပေါ်တယ် ကျုပ်တို့လည်း
တစ်ခါမှ အလောင်းေ့မမချဘူးတော့ ဘာယူရမယ်
ဘာပါရမယ်မသိဘူး အလောင်းမြေချရင်မပါမဖြစ်ယူလာရမယ့်
ကြိုးကိုယူမလာမိဘူး
ကြိုးနဲ့ထိန်းပြီးတဖြည်းဖြည်းချင်းချမှ မြေကျင်းထဲ
တည့်တည့်မတ်မတ်ကျမှာ အခုကြိုးမပါတော့
အခက်တွေ့နေတာပေါ့ ကြိုးပြန်ယူရင်လည်း
အရက်ဆိုင်ရောက်ဦးမယ် အချိန်ကလည်း
သန်းခေါင်ထက်ပိုမလွန်မှဖြစ်မှာ
သန်းခေါင်ကျော်ရင်လေးရက်ဖြစ်သွားပြီ
ဥက္ကဌကြီးကအသေအချာမှာသွားတာ တစ်ခုတောင်းတာက အချိန်က၈နာရီ
ကျော်ဆိုပေမယ့် ပြာသိူလပြည့်ညက ပတ်ဝန်းကျင်မှာ လင်းထိန်နေတာပဲ
ဖြစ်လိုရာဖြစ် အခေါင်းကို ကျင်းထဲတွနါးချပစ်လိုက်တယ်
အခေါင်းပွင့်သွားပြီး အလောင်းကောင်ထွက်ကျသွားတာ
သိလိုက်တယ်
စောင်းပြီးကျလား ဘယ်လိုကျလည်းမသိဘူး
မြေဖို့ပြီးပြန်ခဲ့ကြတယ်
ဒီလောက်ပဲကျုပ်မှတ်မိသလောက်ပြောပြတာ
“အဲဒီညက လပြည့်ညဖြစ်နေတော့ ဖုတ်ကောင်အသက်ဝင်လို့လွယ်သွားတာပေါ့
ဖုတ်တွေကလပြည့်လကွယ် လကြတ် နေကြတ်ချိန်
ဆိုအသက်ဝင်လှုပ်ရှားကြတယ်
စွမ်းအားတွေပြည့်လာကြတယ်ကွဲ့”
“အေး မင်းတို့ ဖြစ်သလို လုပ်ခဲ့လို့
အလောင်းကို ဖုတ်ဝင်သွားပြီး ရွာကမင်းသူငယ်ချင်းတွေရော အခြားလူတွေပါသေကုန်ပြီမင်းပါ ပါသွားရမှာ”
“ကျုပ်ကအရက်သောက်ပြီး အရက်နဲ့သေမှာ
အခြားဘာနဲ့မှ သေမှာမဟုတ်ဘူး”
“အရက်နဲ့သေမှာကိုသိရက်နဲ့ အရက်ကိုဖိသောက်
နေရတယ်လို့ အရက်ဖြတ်လိုက်ပါလား”
“ဟေ့အေး အိမ်ကမိန်းမကိုဖြတ်ဆိုရင်ဖြတ်မယ်
အရက်ကိုတော့သေမှပဲဖြတ်မယ်”
“တောက် ဒီကောက်ငါဆောင့်ကန်လိုက်လို့
သင်္ချိုင်းထဲတစ်ခါတည်း သေကျန်ခဲ့မယ်”
ဆရာကြီးတို့ကျောင်းအုပ်ကြီးတို့ ဦးပြုံးချိုတို့
ရှေ့က သွားနှင့်သည် အောင်စိုးနှင့်အတူ
ရွာသားအချို့ နောက်မှကျန်ခဲ့ရင်း
အောင်စိုးအား တပြစ်တောက်တောက် ဝိုင်းပြောနေကြသည်
မကြာခင်ရွာထဲပြန်ရောက်လာကြသည်
သင်္ချိုင်းထဲမှ သုံးနာရီခန့်ကြာသွားသည်
ညခုနှစ်နာရီထိုးကာနီးမှ ပြန်ရောက်ကြသည်
ဦးသန်းအောင်က ဥက္ကဌကြီးဦးလူခင်အား
အကျိုးအကြောင်းရှင်းပြလိုက်သည်
“တောက် ဒီအရက်သမားသုံးကောင်ကို
အားကိုးမိမှ ရွာဒုက္ခရောက်ရတယ်
ဒီငမူးတော့သေတဲ့အထဲပါမသွားဘူး
သူ့ကိုပါခေါ်သွားရမှာ”
“မင်းတို့ပုတင်အခေါင်းမြေပြန်ဖို့ရင်း
ဒီကောင့်ကိုပါ တစ်ခါတည်းမြှပ်ခဲ့ရမှာ”
” ဟာဥက္ကဌကြီး ကျွန်တော်ကဘယ်သူ
သက်သက်သေမှာမဟုတ်ဘူး”
“ဒီကောင်အရက်အဝသောက်ပြီး သေမှာတဲ့ ဥက္ကဌကြီးရေ”
“ဒါဆိုရင်လည်း မနက်ဖြန်တစ်ဆိုင်လုံးရှိသမျှ
အရက်တွေသွားသောက်တစ်ခါတည်း သေအောင်သောက် အရက်ဖိုးငါရှင်းမယ်”
****
အားလုံးအောင်စိုးအားကြည့်ပြီးပြုံးနေကြသည်
တစ်ရွာလုံးထိတ်လန့်နေကြရသော သေခြင်းတရား
ကိုကျော်လွှားနိုင်ခဲ့ပြီမှန်းသိကြသဖြင့်
အားလုံးရင်မှာ အပူလုံးကျကာ ပြုံးနိုင်ရယ်နိုင်
ကြတော့သည်
သင်္ချိုင်းထဲလိုက်လာသူများ ရွာသားတွေဝိုင်းမေးနေကြသည်မှာ
ဦးနေရောင်ခြံထဲ လူစည်ကားနေတော့သည်
အားလုံးပါးစပ်အဟောင်းသားနှင့်နားစွင့်နေကြ
သည်။
“အမယ်လေး ကြားရတာနဲ့တင် ကြက်သီးထလိုက်တာ
“ဖုတ်ကောင်ကြီးသေသွားလို့တော်သေးတယ်
ဆရာကြီးလည်း ထိုည ဦးနေရောင်၏အိမ်မှာ
အိပ်သည်မနက်ရွာထဲမှာ သတင်းဆိုးမကြားကြရတော့
ဦးနေရောင်နှင့်ဦးသန်းအောင် တို့လည်း
နေမပူခင်ဆရာကြီးနေထိုင်သော အောက်စုရွာ
သို့ပြန်ပို့ပေးရန် လှည်းပြင်ဆင်နေတော့သည်
သေသူတို့၏ ဆွေမျိုးသားချင်းများ ရွာသားများ
ဆရာကြီးအား ကျေးဇူးတင်စွာ ဝိုင်းဝန်းကန်တော့ကြသည်
ထို့နောက်မနက်ရှစ်နာရီ ခန့် လေးအိမ်စုရွာ
လေးမှ လှည်းမောင်း၍ ဆရာကြီးအားပြန်ပို့
ပေးကြလေတော့သည်။
ပြီးပါပြီ။
လာလေ့မဖဲဝါ နှင့် သရဲတစ္ဆေဇာက်လမ်းများ
စာအုပ်မှ ကောက်နှုတ်တင်ပြသည်။
ဇာက်လမ်းလေးအား နာရီပေါင်းများစွာ
ဖုန်းထဲပြန်ကူးရေးသားရသဖြင့်
Like …Shareခြင်းဖြင့်အားပေးပါ
လေးစားစွာဖြင့်

Zawgyi Version

အေလာင္းစားတဲဲ့ဖုတ္ေကာင္(စ၊ဆံုး)
——————————————–
ဝုတ္… ဝုတ္… ဝုတ္…
“ဟဲ့ ဖိုးေအး အိမ္ေရွ႕မွာေခြးေဟာင္ေနတယ္ ဧည့္သည္ေတြမ်ားလား သြားၾကည့္စမ္း”
“ဟုတ္တယ္အဘိုး လူႀကီးႏွစ္ေယာက္ ၿခံထဲဝင္လာေနတယ္”
“ေခြးၾကည့္ေပးလိုက္”
“ဟုတ္ကဲ့”
၅ႏွစ္အရြယ္ရွိဖိုးေအးေလး အိမ္ေပၚကေျပးဆင္းသြားသည္။
“ေအာင္နက္ ေအာင္နက္ လာ လာ”
ဖိုးေအးအသံၾကားသည္မွင့္လူစိမ္းႏွစ္ေယာက္ကိုထိုးေဟာင္ေနသည့္ ေအာင္နက္လည္းအေဟာင္ရပ္ၿပီး ဖိုးေအးထံအၿမီးႏွံ့၍ေျပးလာသည္။
ဖိုးေအးႏွင့္ေအာင္နက္က ကစားေဖာ္မ်ားျဖစ္သျဖင့္ ဖိုးေအးအသံၾကားသည္ႏွင့္ရွိသည့္ေနရာမွအေျပးလာေနက်
“ကေလးတို့အဘိုး ဆရာႀကီးရွိလား”
“ဟုတ္ကဲ့ အိမ္ေပၚမွာရွိပါတယ္ဦးေလး”
လူႀကီးႏွစ္ေယာက္လည္း အိမ္ေပၚတက္လာၾကသည္
အိမ္ေပၚေရာက္သည္ႏွင့္အိမ္ဦးခန္းမွာဆရာႀကီးဘိုးရွိုင္းထိုင္ေနသည္ကိုေတြ႕လိုက္ၾကသည္
ဧည့္သည္လူစိမ္းမ်ားက အသက္၄၅ ၅၀ဝန္းက်င္ရွိသည္ ေတာသူေတာင္သားမ်ားျဖစ္ပုံရသည္
“ကၽြန္ေတာ္တို့ေလးအိမ္စုရြာကလာခဲ့တာပါ
ဆရာႀကီး”
“အင္း ၾကားဖူးတယ္ ေရာက္ေတာ့မေရာက္ဖူးေသးဘူး”
“ဒီရြာကလွည္းနဲ႔ႏွစ္နာရီေလာက္သြားရင္ ေရာက္ပါတယ္ဆရာႀကီး”
“လာရင္းကိစၥ အထူးရွိရင္ေျပာပါဦး”
“ဒီရြာက ကိုႂကြက္နီေျပာလို့ ဆရာႀကီးကိုအားကိုးၿပီးအေျပးလာခဲ့ၾကတာပါ
ကၽြန္ေတာ္တို့ရြာကိုလာကယ္ေပးပါဦးဆရာႀကီး”
“ဘယ္လိုေတြမ်ားျဖစ္လို့လဲကြဲ႕”
“ဘယ္လိုျဖစ္မွန္းမသိပါဘူး ဆရာႀကီးရယ္
ရြာမွာတစ္ေန႔တစ္ေယာက္ေသေနတာ
ဒီေန႔ဆို၁၅ေယာက္ရွိၿပီဆရာႀကီး”
“ဘယ္လိုက ဘယ္လိုစျဖစ္တာလဲ ေသခ်ာသိရေအာင္ ဆရာႀကီးကိုရွင္းျပဦး
ဒါမွဆရာႀကီးဘာလုပ္သင့္တယ္ဆိုတာ
ဆုံးျဖတ္ရမွာ”
“ရြာမွာစေသတာက အရက္သမားသံေခ်ာင္းစေသတာပဲ
ဆရာႀကီး ၿပီး ေနာက္ေန႔ဘပုေသတယ္
ေနာက္ ေဒၚေအးၿမိဳင္ ေနာက္ တစ္ေယာက္ၿပီး
တစ္ေယာက္ဘာေရာဂါမွမျဖစ္ပဲေသကုန္ၾကတယ္”
“ရြာကလူေတြကေတာ့ ေအာက္လမ္းဆရာ
စုန္း ကေဝတစ္ေယာက္ေယာက္ အတိုက္အခိုက္လုပ္ၿပီးေအာက္လမ္းနည္းနဲ႔
အေသလုပ္ထားတာလို့ ေျပာဆိုေနၾကတာပဲ
ဆရာႀကီး”
“ဟင္း ဆရာႀကီးလိုက္ခဲ့ေပးမယ္ ဘာမွစိုးရိမ္မေနၾကနဲ႔ ငါ့တူတို့ထင္သလိုေတာ့
ျဖစ္နိုင္မယ္မထင္ဘူး ဆရာႀကီးစိတ္ထင္
အမွားတစ္ခုခုရွိေနသလိုပဲ”
“ရြာမွာငါးေယာက္ေျမာက္ေသၿပီးတဲ့ေန႔
ဘုန္းေတာ္ႀကီးေတြ ပင့္ၿပီးပရိတ္ရြတ္ တရားနာၾကေသးတယ္ အားလုံးကအႏၲရာယ္ဆိုးႀကီးကေနလြတ္ေျမာက္
ၾကၿပီထင္ၾကတယ္”
“ဒါေပမယ့္ပရိတ္ရြတ္ၿပီးေနာက္ေန႔
ဆတ္တိုက္ေသတာပဲ အဲဒါနဲ႔ ဆင္ကူးရြာက
စုန္း တေစၧ ေအာက္လမ္း ကေဝနိုင္တယ္ဆိုတဲ့
ဆရာမွက္ကိုပင့္ၿပီး အစီရင္ေတြလုပ္ခိုင္းၾကေသးတယ္”
“သူလုပ္ေနတဲ့ အခ်ိန္မွာပဲ တစ္ေယာက္ေသသြားတယ္ ေနာက္ေန႔လည္းတစ္ေယာက္ေသတယ္ တစ္ေန႔တစ္ေယာက္ပုံမွန္ေသေနၾကတယ္
ဘာေရာဂါမွလည္းမျဖစ္ဘူး”
“အခုဆိုရြာသားေတြအားလုံးမနက္ျဖန္ဘယ္သူ
ေသမလည္း သူလားကိုယ္လားဆိုၿပီး အေၾကာက္လြန္ေနၾကၿပီဆရာႀကီး”
“ကၽြန္ေတာ္တို့ ရြာသားတစ္ေယာက္ ဒီရြာသား
ကိုႂကြက္နီ နဲ႔ဆုံမိၿပီး ရြာမွာလူေတြတစ္ေန႔တစ္ေယာက္ေသေနတဲ့
အေၾကာင္းေျပာျပေတာ့
သူကဘာမွမပူနဲ႔ ငါတို့ရြာကိုလာခဲ့ဆိုလို့
လာခဲ့တာပါ”
“သူကဆရာႀကီးဆီကို လမ္းညႊန္ၿပီးလႊတ္လိုက္လို့
လာခဲ့တာပါ”
“ဟင္း ဒီေန႔မနက္ပိုင္းလူေသသြားၿပီဆိုေတာ့
မနက္ျဖန္ထပ္ၿပီးမေသေအာင္ ဆရာႀကီးတာဝန္ယူေျဖရွင္းေပးမယ္”
“အခု ၁၁နာရီေက်ာ္ၿပီဆိုေတာ့ ငါ့တူတို့ရြာကို
ညေနပိုင္းေရာက္ရင္ အခ်ိန္မွီပါတယ္”
“ကၽြန္ေတာ္တို့မွာလွည္းပါပါတယ္ဆရာႀကီး
ကိုႂကြက္နီအိမ္မွာျဖဳတ္ထားခဲ့တယ္
ကၽြန္ေတာ့္နာမည္က သန္းေအာင္ပါ
သူ႔နာမည္ကေနေရာင္ပါ”
“ဒါနဲ႔ေမာင္သန္းေအာင္တို့ ထမင္းစားေသာက္ၿပီးၿပီလား
မစားရေသးရင္ ဆရာႀကီးအိမ္မွာစားသြား
ဆရာႀကီးကေစာေစာကပဲစားၿပီးသြားတယ္”
“ကၽြန္ေတာ္တို့ကိုႂကြက္နီတို့အိမ္က စားခဲ့ၿပီးပါၿပီ
သူ႔အိမ္အေရာက္ ထမင္းဝိုင္းနဲ႔တန္းတိုးလို့
တစ္ခါထဲဝင္စားခိုင္းတာနဲ႔ အားမနာနိုင္ဘဲ
ဝင္စားခဲ့တယ္ ဆရာႀကီး”
“ကဲဒါဆို သြားလို့ျဖစ္ၿပီေပါ့ ေမာင္သန္းေအာင္တို့
လွည္း သည္ကိုသြားေကာက္ခဲ့ ဆရာဒီမွာ
ယူစရာရွိတာယူလိုက္ဦးမယ္”
“ဟုတ္ကဲ့ ဆရာႀကီးကၽြန္ေတာ္တို့လွည္းသြား
ေကာက္ခဲ့ပါ့မယ္”
ဦးသန္းေအာင္ႏွင့္ဦးေနေရာင္တို့အိမ္ေပၚကဆင္းသြားသည္
၁၀မိနစ္ခန္႔ၾကာေတာ့ အိမ္ေရွ႕ကိုလွည္းေရာက္လာသျဖင့္
ဆရာႀကီးဘိုးရွိုင္းလည္းအိမ္ေပၚမွဆင္းလာၿပီး
လွည္းေပၚတက္ကာလိုက္ပါသြားေတာ့သည္
“ဆရာႀကီးေနပူေနၿပီ ထီးေပး ကၽြန္ေတာ္ေဆာင္းေပးမယ္”
“ေနေန အခုေလာက္အပူကိုေတာ့ ဆရာႀကီးမမွုပါဘူး တစ္နာရီေက်ာ္ႏွစ္နာရီဝန္းက်င္
ေရာက္မွပဲေဆာင္းေတာ့မယ္”
ဆရာႀကီးဘိုးရွိုင္းက ဇနီးျဖစ္သူေပးလိုက္ေသာ
ထီးကိုယူခဲ့ရေသာ္လည္း ေနပူပူမွာဂုန္းဆြဲေနရေသာ ႏြားႏွစ္ေကာင္ကို
သနားစိတ္ႏွင့္ထီးမေဆာင္းပဲေနျခင္းျဖစ္သည္။
“ကၽြန္ေတာ္တို့လည္း ရင္ထဲမွာရွိတဲ့အပူက
ေနပူဒဏ္ထက္ပိုပူေနၿပီး ဆရာႀကီးႏြားေတြေနပူေနမွန္းသိေပမယ့္
အခ်ိန္မွီရြာမေရာက္လို့မျဖစ္ဘူး ရြာကလူေတြလည္း တေမၽွာ္ေမၽွာ္ျဖစ္ေနေလာက္ၿပီ”
“အခုေနျပန္မွ ရြာကိုေန႔ႏွစ္နာရီေက်ာ္ေက်ာ္ျပန္ေရာက္မွာ”
ျပာသိုလဆုတ္ရက္ျဖစ္၍ေဆာင္းရာသီထဲဝင္ေနၿပီး
ေနျပင္းျပင္းပူေသာ္လည္း ေႏြရာသီကဲ့သို့ေခၽြးတၿပိဳက္ၿပိဳက္မထြက္
အပူခ်ိန္က လြန္လြန္ကဲကဲမပူလွ
ႏွစ္နာရီခြဲခန္႔ေရာက္မွ ေလးအိမ္စုရြာသို့ေရာက္ၾကသည္
လမ္းမွာေပါက္ကုန္း က်ခတ္စု မအူတန္းရြာသုံးရြာ
ကိုျဖတ္ခဲ့ၾကရသည္
ေလးအိမ္စုရြာမွ အခ်ိဳ့မိသားစုမ်ားမိမိတို့ေဆြမ်ိဳးသားခ်င္းမ်ားရွိရာသို့ ေျပာင္းၾကကုန္ၿပီဟုေျပာသည္
ေလးအိမ္စုရြာမွာအိမ္ေျခေလးရာေက်ာ္မၽွ
ရွိၿပီး လူဦးေရႏွစ္ေထာင္ေက်ာ္မၽွရွိေသာ
ရြာႀကီးတစ္ရြာျဖစ္ေၾကာင္းဆရာႀကီးအားေျပာျပ
သည္
ရြာထဲဝင္ေတာ့ သစ္ပင္အုပ္အုပ္ႏွင့္
ရြာသခၤ်ိဳင္းကိုျဖတ္လာရသည္
ဆရာႀကီးဘိုးရွိုင္း သခၤ်ိဳင္း ကိုအကဲခတ္လိုက္သည္
သခၤ်ိဳင္းထဲရွိ သစ္ပင္မ်ားေပၚမွ က်ီးကန္းအခ်ိဳ့
ေဝါကနဲထပ်ံသည္ကိုေတြ႕လိုက္သည္
“အင္း…ငါလာတာကိုသိလို့အခ်က္ျပတာပဲ”
ဆရာႀကီးစိတ္ထဲကမွတ္ခ်က္ခ်ၿပီးအသာအယာ
လိုက္ခဲ့သည္
အိမ္တစ္အိမ္ထဲလွည္းေမာင္းဝင္ခဲ့သည္
“ကၽြန္ေတာ္တို့အိမ္ပဲ ဆရာႀကီး”
ဦးေနေရာင္ကဆရာႀကီးအား အိမ္မွာေနထိုင္ရန္
စီစဥ္ထားေၾကာင္းေျပာျပသည္
လွည္းရပ္ၿပီး ႏြားျဖဳတ္ရန္ျပင္ဆင္ေနသျဖင့္
ဆရာႀကီးဘိုးရွိုင္းလည္း လွည္းေပၚမွ ဦးသန္းေအာင္လက္ကိုေမွးကိုင္ရင္းဆင္းလိုက္
သည္။
“ကိုရင္ေသာင္းဟန္ ဆရာႀကီးကိုအိမ္ေပၚပင့္သြား”
အိမ္ေလွခါးရင္းမွာရပ္ၿပီးအေျခအေနကိုအကဲခတ္
ၾကည့္ရွုေနေသာ လူတစ္ေယာက္ကို ကိုသန္းေအာင္
ကလွမ္းေအာ္လိုက္သည္။
“ႂကြပါဆရာႀကီး ဒါကိုေနေရာင္တို့အိမ္ပါ ဆရာႀကီး ဒီအိမ္မွာလြတ္လြတ္လပ္လပ္ေနနိုင္ပါတယ္”
ကိုသန္းေအာင္ကဆရာႀကီးအနီးေရာက္လာၿပီး
“ဆရာႀကီး အေပၚႂကြပါ ကၽြန္ေတာ္အိမ္ခဏေလးျပန္ၿပီး ျပန္လာခဲ့ပါ့မယ္
ကၽြန္ေတာ့္အိမ္က ဟိုမ်က္ေစာင္းထိုးကအိမ္ပါ
ဆရာႀကီး”
“ေအးေအး သြားသြား ဒါနဲ႔ဒီရြာမွာ တာဝန္ရွိတဲ့
လူႀကီးပိုင္းတစ္ေယာက္ႏွစ္ေယာက္ေခၚေပး
ဒါမွေသေသခ်ာခ်ာ သိရမွာ”
“ကိုသန္းေအာင္ေရ ဥကၠဌႀကီးနဲ႔ ကိုျပဳံးခ်ိဳတို့ကို
သြားေခၚခဲ့ ခင္ဗ်ားမသြားခ်င္ တစ္ေယာက္ေယာက္ကိုေခၚခိုင္းလိုက္ဗ်ာ”
“ကိုရင္ေသာင္းဟန္ ဥကၠဌႀကီးကိုလူခင္ကို
ခင္ဗ်ားသြားေခၚလိုက္ က်ဳပ္ကအတြင္းေရးမွူး
ကိုျပဳံးခ်ိဳ ကိုသြားေခၚခဲ့မယ္”
“ေနေန ကိုရင္ေသာင္းဟန္ အဲဒီမွာ ဆရာႀကီး
တို့ဖို့ ေရေႏြးၾကမ္းတို့ လက္ဖက္သုတ္တို့စီစဥ္ခိုင္း
ေအးမိကိုခိုင္း ခင္ဗ်ားက ဆရာႀကီးနဲ႔စကားေျပာေနတုန္းက်ဳပ္ပဲ
အတြင္းေရးမွူးအိမ္ကိုသြားလိုက္မယ္”
ကိုသန္းေအာင္က ကိုရင္ေသာင္းဟန္အား
မခိုင္းေတာ့ဘဲသူကိုယ္တိုင္သြားေခၚေတာ့မည္ဟုဆိုသည္
ဦးေနေရာင္က ႏြားမ်ားကိုေရတိုက္အစာေကၽြးျခင္းတို့ကို
ႏြားတင္းကုတ္ထဲမွာ အၿပီးလုပ္ၿပီး လက္ေဆးကာ
အိမ္ေပၚတက္လာခဲ့သည္
ဦးသန္းေအာင္ထြက္သြားၿပီးမၾကာခင္
အိမ္ထဲသို့အသက္ႀကီးႀကီးလူႀကီးတစ္ေယာက္ႏွင့္
အသက္၄၀ ဝန္းက်င္လူတစ္ေယာက္ဝင္လာသည္
“ဟာ ကိုျပဳံးခ်ိဳ လာ အေတာ္ပဲ ခင္ဗ်ားနဲ႔
ဥကၠဌႀကီးတို့ကိုေခၚမလို့ ကိုသန္းေအာင္ထြက္သြားတယ္”
” ဒီလူနဲ႔လြဲသြားၿပီေပါ့ က်ဳပ္တို့နာေရးအိမ္က
လာခဲ့တာ နာေရးကဆက္ေနေတာ့ ဒီေန႔ေသ
ဒီေန႔ခ်လုပ္ေနရတယ္ ဥကၠဌႀကီးကဘုန္းႀကီး
ေက်ာင္းမွာလားမသိဘူး”
“ေစာေစာက ကိုဝင္းေဖကေျပာတယ္
ေနေရာင္တို့ လွည္းျပန္လာတာေတြ႕လိုက္တယ္
လို့ေျပာတာနဲ႔ စကားျဖတ္ၿပီးထြက္လာခဲ့ၾကတာ
ဟိုပါလာရဲ့လား”
“ဆရာႀကီးပါလာတယ္ အိမ္ေပၚတက္ပါဆရာႀကီး”
“ဆရာႀကီးဒီကိုျပဳံးခ်ိဳက ဒီရြာရဲ့အတြင္းေရးမွူးေလ
ဒါကဒီရြာရဲ့ေက်ာင္းအုပ္ဆရာႀကီးဦးလွကိုပဲ
ရြာမွာအလယ္တန္းေက်ာင္းရွိတယ္ဆရာႀကီး”
“အခု ရြာမွဖိတ္စင္သြားတဲ့ လူ၁၅ေယာက္က
ကေလးသူငယ္ေတြေရာပါေသးလား”
“ပါတယ္ဆရာႀကီး ကိုးႏွစ္သားတစ္ေယာက္
ဆယ့္ေလးႏွစ္သမီးတစ္ေယာက္ပါတယ္က်န္တာကေတာ့ လူႀကီးတပိုင္းေတြပဲ
ကေလးႏွစ္ေယာက္က ဒီဆရာႀကီး တပည့္ေတြ”
ထိုစဥ္ ဦးသန္းေအာင္ႏွင့္အတူ အသက္၇၀ဝန္းက်င္
လူႀကီးတစ္ေယာက္ပါလာသည္
ေက်းရြာေကာင္စီဥကၠဌ ႀကီးျဖစ္ေၾကာင္း ဆရာႀကီးအား ဦးေနေရာင္ကရွင္းျပသည္
“ကိုလူခင္ ဘုန္းႀကီးေက်ာင္းေရာက္ေနတယ္ဆို”
“သက္ေပ်ာက္ဆြမ္းကပ္ၿပီး ေက်ာင္းလိုက္သြားတာ
ေက်ာင္းမွာသြားေနေတာ့ စိုးရိမ္စိတ္နည္းနည္းေပါ့သြားတယ္”
“ဥကၠဌႀကီးက ငယ္တဲ့လူေတြစိုးရိမ္ေၾကာက္လန္႔ဖို့
ထားဦးေမြပါ့”
“ႀကီးႀကီးငယ္ငယ္ေၾကာက္တာေပါ့ကြ”
ဥကၠဌႀကီးကိုလူခင္က ဆရာႀကီးအနီးမွာေနရာေပးသျဖင့္ဝင္ထိုင္လိုက္
သည္။
“ဆရာႀကီးကၽြန္ေတာ္တို့ရြာအေၾကာင္းသိၿပီး
ေရာေပါ့”
“ေမာင္သန္းေအာင္တို့ေမာင္ေနေရာင္တို့
ေျပာျပထားလို့ သိတန္သေလာက္သိၿပီးပါၿပီ
ညဘက္ေတြမွာဘာထူးျခားတာရွိလဲ”
“ည ညဥ့္နက္ၿပီဆိုေခြးအူသံပုံမွန္ၾကားလာရတယ္
အခုလိုအျဖစ္ဆိုးမ်ိဳးမၾကဳံခင္ကဆို
ေခြးအသံညစဥ္ၾကားရတယ္
ေခြးအူသံက ညဦးပိုင္းျဖစ္ခ်င္ျဖစ္မယ္
ညဥ့္နက္သန္းေကာင္ျဖစ္ခ်င္ျဖစ္မယ္”
“ပုံမွန္မဟုတ္ဘူး အခုလူေတြေသၿပီးေနာက္ပိုင္း
ည၁၁နာရီဝန္းက်င္ဆို ရြာသခၤ်ိဳင္းဘက္ကစၿပီး
ေခြးအူသံၾကားလာရတယ္ ရြာဆုံးမွရပ္သြားပုံပဲ”
“ေခြးအူသံကို သိျပဳမိၿပီးေနာက္ပိုင္းေန႔စဥ္
ရက္ဆက္တစ္ရက္တစ္ေယာက္ပုံမွန္ပဲဆရာႀကီး”
“ဆရာႀကီးကၽြန္ေတာ္တို့ရြာကိုကယ္တင္ေပးပါ
ဆရာႀကီးရဲ့လက္ကိုအပ္ပါတယ္”
ဥကၠဌႀကီးဘိုးလူခင္က ဆရာႀကီးဘိုးရွိုင္းဟာ
အားကိုးတႀကီးအကူအညီေတာင္းေနသည္
ဆရာႀကီးကဘာမွမေျပာလက္ဝါးကာျပလိုက္ၿပီး
ထိုင္ေနရာမွထကာ ဘုရားစင္ေရွ႕သြားရပ္သည္
“ဖေယာင္းတိုင္ရွိလားကြဲ႕”
“ဟယ္ ကိုေနေရာင္ ရွင့္သားကိုဖေယာင္းတိုင္
သြားဝယ္ခိုင္းဦး”
“ေနေန ဆရာႀကီးလြယ္အိတ္ထဲမွာ ဘီစိုစီတစ္ထုပ္ပါတယ္ဝယ္မေနနဲ႔ေတာ့”
“အား အားနာလိုက္တာဆရာႀကီး”
ဆရာႀကီးကဘာမွျပန္မေျပာလြယ္အိတ္ထဲမွ
ဖေယာင္းတိုင္ထုတ္ကို ယူသြားၿပီးဘုရားစင္မွာ
သုံးတိုင္ထြန္းကာမီးပူေဇာ္ေနသည္
ေဒၚေအးမိက သားျဖစ္သူအား ပိုက္ဆံထုတ္ေပးၿပီး
ဖေယာင္းတိုင္တစ္ထုတ္သြားဝယ္ခိုင္းေနသည္
“ေသာက္ေတာ္ေရျပင္ေပးဦး”
ဘုရားစင္မွာဆက္ကပ္ထားေသာ
ေသာက္ေတာ္ေရခြက္ကိုစြန္႔ၿပီး ဦးေနေရာင္၏ဇနီးအားလွမ္း၍ေပးလိုက္သည္
ခဏေနေသာက္ေတာ္ေရခြက္ကမ္းေပးသျဖင့္
ဆရာႀကီးကလွမ္းယူၿပီးတစ္ခါတည္းဆက္ကပ
္လိုက္သည္
ဆရာႀကီးဘုရားထိုင္ရွိခိုးေနသည္
အခ်ိန္ကေလးနာရီေက်ာ္ၿပီးဆယ့္ငါးမိနစ္
ခန္႔ၾကေတာ့ ဘုရားကိုဦးခ်ရွိခိုးလိုက္သည္
“ကဲ လူငယ္တခ်ိဳ့ ကို ေပါက္တူးယူခိုင္းလိုက္
ဆရာတို့သခၤ်ိဳင္းထဲ သြားၾကမယ္
ပထမဆုံးဘယ္သူစၿပီးေသတာလဲ”
“သံေခ်ာင္းပါဆရာႀကီး”
“ေအး အဲဒီသံေခ်ာင္းရဲ့ ေျမပုံကိုသြားတူးေဖာ္ၾကမယ္ဘာမွားထားလဲ
အဲဒီၾကေတာ့ သိရမယ္”
ဦးသန္းေအာင္က
“ဥကၠဌႀကီးလိုက္ဦးမလား”
“မလိုက္ေတာ့ဘူး ငါဒီမွာပဲေစာင့္ေနမယ္
ျပဳံးခ်ိဳ မင္းလိုက္သြား”
ဥကၠဌႀကီးက အတြင္းေရးမွူးျပဳံးခ်ိဳအား
ထည့္လိုက္သည္ ေက်းရြာခံလူႀကီးေျခာက္ေယာက္
လူငယ္သုံးေယာက္ႏွင့္ဆရာႀကီးတို့ေလးအိမ္စု
ရြာသခၤ်ိဳင္းသို့ ထြက္လာခဲ့ၾကသည္
မိနစ္၂၀နီးပါးေလၽွာက္လိုက္ၾကမွ ရြာျပင္သခၤ်ိဳင္း
သို့ေရာက္ခဲ့ၾကသည္
သခၤ်ိဳင္းအတြင္း ဂူမ်ားမ်ားစားစားမရွိ ဟိုနားတစ္ခု
သည္နားတစ္ခု အလုံး၂၀ဝန္းက်င္ခန္႔သာရွိသည္
ေျမပုံအသစ္ေတာ္ေတာ္မ်ားမ်ားေတြ႕ရသည္
၁၅ရက္ခန္႔ လူမ်ားဆက္တိုက္ ေသဆုံးေနၾကသည့္
အတြက္ ေျမပုံအသစ္မ်ားကိုအစုလိုက္
ေတြ႕ရျခင္းျဖစ္သည္။
“ဒီေျမပုံလား”
“မဟုတ္ဘူး ဦးေလးတို့ဒီဘက္ကိုလာ ကိုသံေခ်ာင္း
ေျမပုံကဟိုမွာသူ႔ကိုေျမခ်တုန္းက ကၽြန္ေတာ္တို့
ပါတယ္”
လူငယ္တစ္ေယာက္ညႊန္ျပေသာေနရာသို့ထြက္
လာၾကသည္
” ဒီေျမပုံဟုတ္တယ္ သံေခ်ာင္းရဲ့ အသုဘေျမခ်ေတာ့ က်ဳပ္လည္းပါတယ္
ဒီေျမပုံက သံေခ်ာင္းရဲ့ေျမပုံပဲ”
“ဒါဆို စတူးေတာ့”
“ေနၾကဦး ဆရာႀကီးပိုင္ရာဆိုင္ရာ ေတြကို
ခြင့္ေတာင္းလိုက္ဦးမယ္ ဆရာႀကီးကတူးဆိုတာနဲ႔
ေျပးတူးၾက”
ဦးသန္းေအာင္က သူ႔လူမ်ားကို ေျမပုံတူးခိုင္းစဥ္ဆရာႀကီးဘိုးရွိုင္းက ေခတၱေစာင့္
ခိုင္းထားၿပီး မ်က္လုံးမွိတ္ကာ ပါးစပ္မွ ခြင့္ေတာင္းသည့္ စကားမ်ိဳးေျပာဆိုေနသည္
“ကဲ တူးၾကေတာ့”
ဆရာႀကီးကတူးခိုင္းသည္ႏွင့္လူငယ္ႏွစ္ေယာက္
လည္းေျခရင္းဘက္ႏွင့္ေခါင္းရင္းဘက္တို့မွ
ေျမမ်ားကိုေပါက္တူးျဖင့္ယက္ထုတ္ေနသည္
လြန္ခဲ့ေသာ၁၅ရက္ခန္႔ကမွ ေျမဖို့ထားသျဖင့္
ေပါက္စရာမလိုပဲ အလြယ္တကူယက္ထုတ္၍ရေနသည္
၁၅မိနစ္အတြင္းအေခါင္းေပၚလာသည္
“မပုပ္နံ့ေတြထြက္ေနတယ္ဖြင့္လိုက္ရမလား”
“ေအး ေပါက္တူးအသြားနဲ႔ နည္းနည္းေလာက္
ကလွပ္ၾကည့္လိုက္”
လူငယ္တစ္ေယာက္ကအေခါင္းႏွင့္အဖုံးၾကား
ေပါက္တူးအသြားထည့္ၿပီးေပါက္တူးအရိုးကိုဖိခ်
လိုက္သည္
“ေနေန ပိတ္လိုက္ေတာ့ မလိုေတာ့ဘူး ေျမပါျပန္ဖို့ပစ္လိုက္”
ဆရာႀကီးကအပုပ္နံ့မခံနိုင္လားမသိ
အေခါင္းေပၚမွေျမျပန္ဖို့ခိုင္းေနသည္
မၾကာခင္က်င္းျပည့္ေအာင္ေျမဖို့ၿပီးသြားၿပီ
“ဒါပထမဆုံးေသတဲ့ အသုဘလား”
“ဟုတ္ပါတယ္ဆရာႀကီး”
“မျဖစ္နိုင္ဘူးထင္တယ္ ေသေသခ်ာခ်ာစဥ္းစားစမ္းပါဦး
အားလုံးစဥ္းစားၾကစမ္းပါ
ဆရာႀကီးသိထားတာဘယ္ေတာ့မွ မမွားနိုင္ဘူး
ဒါပထမဆုံးေသတဲ့မသာ မျဖစ္နိုင္ဘူး”
“ဟို ဟို ပေယာဂနဲ႔ ေသတာမဟုတ္ပဲ သူ႔ဟာသူေႁမြကိုက္ၿပီးေသတဲ့မသာရွိေသးတယ္ေလ
“အဲဒါေတာ့ ငါတို့တစ္ရြာလုံးသိတယ္ေပါ့
ဟိုအသုဘနဲ႔သံေခ်ာင္းအသုဘက ေလးရက္ျခား
တယ္ေလ သံေခ်ာင္းကစလို့ဆက္တိုက္ေသတာ
ဘပုတို့ ေဒၚေအးၿမိဳင္တို့ ေအးနိုင္တို့
ဆက္တိုက္ေသေနၾကတာ”
“သံေခ်ာင္းကစေသတာမဟုတ္လား”
ရြာသားမ်ားတစ္ေယာက္တစ္ခြန္းေျပာဆိုေနသည့္
စကားသံကိုဆရာႀကီးနားေထာင္ေနရင္းမွ
“ေနပါဦး သံေခ်ာင္းမေသခင္ ေရွ႕မွာေႁမြကိုက္လို့
ေသတဲ့အသုဘရွိေသးတယ္မလား”
‘”ရွိပါတယ္ သူကလယ္ကြင္းထဲမွာ ေကာက္လွိုင္း
သယ္ရင္းပိုးထိတာပါ”
“အင္း ဟုတ္ၿပီ အဲဒီအသုဘကို ဘယ္သူေတြ
သၿဂိဳလ္တာလဲ”
“ခင္ၿမိဳင္ရယ္ ေအာင္စိုးရယ္ မဲႀကီးဆိုတဲ့ အရက္သမားသုံးေယာက္ကိုတာဝန္ေပးၿပီး
ေျမခ်ခိုင္းတာေတာ့သိတယ္ ဆရာႀကီးအခုခင္ၿမိဳင္
ရယ္ မဲႀကီးရယ္ ကေသကုန္ၿပီ ေအာင္စိုးတစ္ေယာက္ပဲက်န္ခဲ့တယ္”
“အဲဒီပိုးထိတဲ့အေလာင္းကို ဘယ္နားမွာျမႇပ္ထားလဲ
“အမွတ္တမဲ့ပဲဆရာႀကီး”
“ဒါဆိုမေသပဲက်န္ေသးတဲ့ ေအာင္စိုးကိုသြားေခၚမွျဖစ္မယ္ ေခၚလို့ျဖစ္မလား
“ျဖစ္ပါတယ္ ဆရာႀကီးဒီေကာင္အခုအခ်ိန္ဆို
သခၤ်ိဳင္းအထြက္လမ္းေဘးက အရက္ဆိုင္မွာ
ေရာက္ေနေလာက္ၿပီ က်င္ေမာင္ ျမန္ျမန္ေလးသြား
ၿပီးေအာင္စိုးကိုေခၚလာခဲ့”
က်င္ေမာင္ဆိုေသာလူရြယ္ထြက္သြားသျဖင့္
ေအာင္စိုးေရာက္လာမည့္အခ်ိန္ထိ ရပ္ေစာင့္ေနၾကရေတာ့သည္
“ပိုးထိလို့ေသသြားတဲ့လူက အသက္၄၀စြန္း႐ုံပဲ
ရွိေသးတယ္ ဆရာႀကီး”
“သူ႔နာမည္က ကိုပုတင္တဲ့”
“ရြာျပင္မွာေသသြားတဲ့အတြက္ သခၤ်ိဳင္း နဲ႔ရြာအစပ္မွာ အေလာင္းစင္ျပင္ထားတယ္
သုံးရက္ေျမာက္ ေန႔တစ္နာရီေလာက္ အသုဘခ်
မယ္လို့စီစဥ္ထားတယ္”
“အသုဘခ်မယ့္ေန႔ ၁၁နာရီေလာက္မွာ
အသုဘအိမ္ရဲ့ ေျခရင္းအိမ္ကစၿပီး
မီးေလာင္ပါေလေရာ လူမ်ားေပမယ့္
ေရကအသင့္မရွိ ေလာင္စာကေကာင္းတာနဲ႔
ေလးအိမ္ဆက္ေလာင္သြားတယ္”
“အသုဘအိမ္လည္းပါသြားတာေပါ့
အသုဘပို့မယ့္ လူေတြေရာ ကိုယ့္အိမ္ကိုျပန္ၿပီး
အထုတ္ဆြဲေနရတယ္ ကိုပုတင္မွာမိဘမရွိ မိန္းမက
မီးေလာင္ရာမွာ ဒဏ္ရာရသြားလို့
ေဆး႐ုံပို့လိုက္ရတယ္”
“အဲဒီေန႔က မွတ္မွတ္ရရ ျပာသိုလျပည့္ေန႔
အဲ့ဒါနဲ႔ဥကၠဌႀကီးက အေလာင္းေျမခ်ဖို့ တာဝန္ယူ
ရေတာ့တာေပါ့ ေအာင္စိုးတို့မဲႀကီးတို့ကို အရက္ဖိုးေပးၿပီးေနာက္ရက္မကူးေစပဲ
သၿဂိဳလ္ေပးဖို့ တာဝန္ေပးလိုက္တာေပါ့ဆရာႀကီး”
“ဒီအရက္သမားသုံးေကာင္ ဘာေတြလုပ္ခဲ့လည္း
ေတာ့ မသိဘူးသူတို့ကိုေမးေတာ့ ညမိုးမခ်ဳပ္
ခင္ေျမက်ၿပီးသြားၿပီလို့ေျပာတာပဲ”
“သုံးရက္နဲ႔ေျမခ်လိုက္တာေပါ့”
“ဟုတ္ပါတယ္ဆရာႀကီး”
ထ္ုအခ်ိန္သြားေခၚေသာလူငယ္ႏွင့္ အတူအရက္မူးေနေသာလူတစ္ေယာက္ပါလာသည္
“ေအာင္စိုးတို့ကေတာ့ မနက္ညမွန္ေနတာပဲ
“မနက္ညမွန္ေပမယ့္ ဘယ္ေန႔ကိုယ္အလွည့္
ေရာက္လာမလည္းေၾကာက္ေနလို့ေကာင္းေကာင္း
လည္းမမူးနိုင္ပါဘူးအတြင္းေရးမွူးႀကီးရယ္”
“ကဲ ေအာင္စိုး မူးတာမမူးတာထားလိုက္
မင္းတို့ေျမျမႇပ္ခဲ့တဲ့ ပုတင္ေျမပုံကဘယ္မွာလဲ”
“ဟိုေရွ႕နားမွာ သခၤ်ိဳင္းအစပ္မွာ ဘာလုပ္မလို့လဲ
“ဘာလုပ္လုပ္ ေမးမေနနဲ႔ အဲဒီေျမပုံကိုလိုက္ျပ
ေမွာင္လာရင္မေကာင္းဘူး
ေဆာင္းကာလျဖစ္၍ ငါးနာရီေက်ာ္ကတည္းက
ေမွာင္ခ်င္ေနၿပီ ေျခာက္နာရီဆိုေမွာင္ရိပ္သန္းၿပီ
ယခုငါးနာရီခြဲၿပီ
“ဒီေျမပုံပဲ”
“အင္း ေျမပုံတူးထားတဲ့အေနအထားၾကည့္ရတာ
သိပ္မဟုတ္ဘူး သခၤ်ိဳင္းအတြင္းဆို အေၾကာင္း
မဟုတ္ဘူး အခုသခၤ်ိဳင္းအစပ္လည္းျဖစ္ေနတယ္”
“ကဲ ကဲ မေမွာင္ခင္တူးၾက မၾကာခင္ အေျဖမွန္သိ
ရေတာ့မွာပဲ”
ဆရာႀကီးစကားေၾကာင့္ အားလုံးစိတ္ဝင္စားေနၾကသည္
အထဲကသရဲ တေစၧေကာင္ႀကီးမ်ားထြက္လာမည္လားဟု
ဦးေနေရာင္စိုးရိမ္ပိုသြားသည္
သခၤ်ိဳင္းထဲေရာက္ေနေသာ လူမ်ားအားလုံးထဲမွာ
သူႏွင့္ေက်ာင္းအုပ္ဆရာႀကီးဦးလွတို့က
ဝဝဖိုင့္ဖိုင့္ဗိုက္ႀကီးေတြ ေရွ႕ပစ္ထားသူမ်ားျဖစ္သည္
အေရးအေၾကာင္းရွိသူတို့ႏွင့္အတူယွဥ္ေျပးရန္မ
လြယ္
လူငယ္ႏွစ္ေယာက္ကေတာ့ ေပါက္တူးႏွစ္လက္ႏွင့္
ေျခရင္းေခါင္းရင္းမွစ၍ ယက္ထုတ္ၾကသည္
၁၀မိနစ္ခန္႔ၾကာေတာ့ အေခါင္းကိုစတူးမိသည္
“ဟင္ အေခါင္းကေမွာက္ရက္ႀကီး”
“အင္း ပုံမမွန္တာစေတြ႕ရၿပီ အေခါင္းအေပၚက
ေျမႀကီးခဲေတြဟာ အားလုံးယက္ထုတ္ၿပီး
အေခါင္းကိုမတင္လိုက္ၾက”
ယခုအေခါင္းကိုစတင္ေဖာ္ေနခ်ိန္က အပုပ္နံ့
ဟူ၍ လုံးဝမရ သံေခ်ာင္းရဲ့အေခါင္းတူးစဥ္က
အေခါင္းကို ေဖာ္႐ုံရွိေသးသည္အ
့ပုပ္နံ့ေတြလွိုင္ေနၿပီ အားလုံးစိတ္ထဲမွာထူးဆန္းသည္ဟု
အထင္ရွိလာၾကသည္
“နံလည္းမနံဘူးေနာ္”
“ဟုတ္တယ္ အေခါင္းကပြင့္က်ေနပုံပဲ နည္းနည္းေလးမွ မနံဘူး”
ေျမကိုယက္ထုတ္ၿပီးသည္ႏွင့္ လူရြယ္တစ္ေယာက္ကေပါက္တူးအသြားႏွင့္
ခ်ိတ္ၿပီးအေခါင္းကိုမလိုက္သည္
“ဟင္”
အေခါင္းဟသြားၿပီး အေလာင္းေကာင္ကိုျမင္လိုက္
သည္ အပုပ္နံ့လုံးဝထြက္မလာ
“ကဲ အေခါင္းကိုအေပၚေရာက္ေအာင္ မတင္လိုက္ၾကဦးဝိုင္းကူၾက”
ဆရာႀကီးစကားဆုံးသည္ႏွင့္ေပါက္တူးႏွစ္လက္ႏွင့္
ခ်ိတ္ၿပီးအေလာင္းေပၚမွ အေခါင္းကိုဆြဲတင္လိုက္ၾကသည္
“ဘယ္လိုျဖစ္တာလဲဟ”
သူတို့ျမင္လိုက္ရသည္က အေခါင္းေမွာက္ေနသျဖင့္
အေလာင္းေကာင္ကေမွာက္ရက္က်မေနပဲ
ပက္လက္လည္းမဟုတ္ေစာင္းလ်က္အေနထားျဖစ္
သည္
လြန္ခဲ့ေသာရက္ ႏွစ္ဆယ္နီးပါးကေသဆုံး
ထားေသာအေလာင္း၏ ခႏၲာကိုယ္က
ပုပ္ပြေယာက္ကိုင္ျခင္းမရွိနံေစာ္ျခင္းမရွိသည္ကို
ပါ ေတြ႕လိုက္ၾကရသည္
“ကဲ အားလုံးေနာက္ဆုတ္ၾက”
ဆရာႀကီးလြယ္အိတ္ထဲမွ လက္တစ္မိုက္အရြယ္ခန္႔ရွိ ပုလင္းေလးကို
ထုတ္ယူလိုက္သည္
“ကဲ ေမာင္ပုတင္ဝဋ္ေႂကြးရွိလို့ ေသခဲ့ၿပီးၿပီ
အကုသိုလ္ေတြ ဆက္ၿပီးမမ်ားရေအာင္ အခုအခ်ိန္ကစၿပီးရပ္ေတာ့ မင္းလမ္းမင္းေျဖာင့္
ေျဖာင့္သြားပါ ေတာပိုင္ ေတာင္ပိုင္နဲ႔တကြ
သခၤ်ိဳင္းေစာင့္မဖဲဝါအစ ဤ႐ုပ္ဤခႏၶာအား
ေႏွာင္ဖြဲ႕ထားျခင္းမရွိေစရ ငါဆရာအမိန္႔ေပးတယ္’
“မင္း႐ုပ္ခႏၶာကိုထားခဲ့ၿပီး မင္းလမ္းမင္းသြားေပေတာ့ သြားေတာ့”
ပုလင္းထဲမွေရအခ်ိဳ့ ကိုလက္ဝါးေပၚေလာင္းခ်ၿပီး
အေလာင္းေကာင္ေပၚေတာက္လိုက္စဥ္
“ေဝါ”
သခၤ်ိဳင္းဝန္းက်င္ေလမတိုက္ပါပဲ ႐ုတ္တရက္
လွုပ္လွုပ္ရွားရွား အသံမ်ားထြက္လာသည္
က်င္းထဲမွ ေဘးသို့ေစာင္းေနေသာ
အေလာင္းေကာင္ ပက္လက္ျပန္လန္က်သြားသည္
ထို့ေနာက္ ခ်က္ခ်င္းအင္လြန္ခဲ့ေသာ ရက္၂၀ခန္႔က
ေသထားေသာ အေလာင္းေကာင္မ်ားအတိုင္း
ခ်က္ခ်င္းအပုပ္နံ့မ်ားထြက္လာကာ
တင္းရင္းေနေသာ အသားအေရမ်ားေအာက္သို့
တြဲက်ကုန္ေတာ့သည္ အနီးကလူမ်ားပ်ိဳ့တက္ကုန္သည္
“ေဝါ့ ”
“အေခါင္းျပန္ခ်ၿပီး ေျမဖို့လိုက္ေတာ့”
ဆရာႀကီးကထိုမၽွေျပာၿပီး အပုပ္နံ့လြတ္ရာသို့
ထြက္သြားသျဖင့္ ေနာက္မွလူတခ်ိဳ့ လိုက္သြားသည္
ေအာင္စိုးႏွင့္လူငယ္မ်ားအေလာင္းေပၚသို့
ေျမႀကီးမ်ားျပန္ယက္ခ်ေနၾကသည္
“ကဲ မနက္ျဖန္ကစၿပီး ဘယ္သူမွမေသေတာ့ဘူး
စိတ္ခ်လက္ခ်သာေနၾကေပေတာ့”
“ဟိုသူငယ္ေတြအေလာင္းေျမခ်တာ အသာထားဦး
ေျမက်င္းတူးကတည္းကစၿပီးမွားေနတာ”
“ဘယ္လိုမွားတာလဲဆရာႀကီး”
“အမွတ္တမဲ့မွားတာပါ အေလာင္းကိုျမႇပ္ဖို့
က်င္းတူးတာ ရြာနဲ႔အၿပိဳင္တူးထားတာမဟုတ္လား
ရြာကိုေျခဦးတိုက္ဆိုေတာ္ေသးတာေပါ့
က်င္းကသခၤ်ိဳင္းအလယ္ထဲမွာဆိုရင္
အေၾကာင္းမဟုတ္ဘူး အခုရြာေဘး
သခၤ်ိဳင္းအစပ္မွာေဘးတိုက္တူးထားတယ္
အေလာင္းေျမခ်ေတာ့ ရြာဘက္မ်က္နာလွည့္ရက္ေစာင္းၿပီးက်သြားတယ္
အခုျဖစ္ပုံက က်င္းကိုရြာနဲ႔အလ်ားလိုက္တူး
ထားသလို က်င္းထဲေမွာက္က်သြားတဲ့အေလာင္းက
ပက္လက္လည္းမက် ေမွာက္လ်က္လည္းမက်ပဲ
ရြာဘက္ကိုတည့္တည့္ေစာင္းၿပီးက်ေနေတာ့
ရြာကိုဒါရိုက္ ခိုက္ေတာ့တာေပါ့”
“ေရွးလူႀကီးေတြကအသုဘခ်တဲ့အခါ သတိထားရမွာေတြေရွာင္ရမွာေတြ
မလုပ္ေကာင္းတဲ့အရာေတြ ခ်န္ထားခဲ့တယ္
အစုဘခ်တုန္းအေလာင္းကစားရင္းေျမမက်ေစနဲ႔
က်ရင္ရြာခိုက္တယ္ ရြာထဲမွာက်ရင္ေျပာတာ
သခၤ်ိဳင္းမွာဆို က်တဲ့ေနရာျမႇပ္မွ အေလာင္းစင္ကို
မဖ်က္ပဲရြာထဲျပန္မယူရဘူး ျပန္ယူလာရင္ရြာခိုက္တယ္
အဲဒါေတြသတိထားၾကရမယ္ကြဲ႕”
“အခုအေလာင္းက်င္းထဲအခ်မွာ ရြာဘက္ကိုေစာင္း
က်သြားၿပီးဖုတ္ေကာင္ကဝက္ကပ္သြားတယ္
အဲဒီဖုတ္ေကာင္က ညဘက္ထြက္ၿပီး
ႊရြာထဲကလူေတြကို တစ္ညတစ္ေယာက္စားေနတာပဲ”
“ခ်က္ခ်င္းေသ ခ်က္ခ်င္းခ်ေနၾကလို့ လူေတြမသိၾကတာ”
“ေသသူေတြမွာ ဘာထူးျခားလို့လဲဆရာႀကီး”
‘” အဲဒီေသသြားတဲ့ အေလာင္းေတြမွာ
အူေတြ အသည္းေတြ ကလီစာေတြမရွိေတာ့ဘူး
ဖုတ္တေစၧစားသြားလို့ေသတာ”
“ဟိုေကာင္ ေအာင္စိုးကိုေမးရဦးမယ္ အေခါင္းေၾကာင့္ ေမွာက္ေနတာလဲ
ဒီေကာင္သုံးေကာင္မူးမူး႐ူး႐ူးနဲ႔ လူပ္ခ်င္ရာလုပ္လိုက္တာ အခုလူဆယ့္ငါးေယာက္
ရဲ့ အသက္ေတြဆုံးရွုံးသြားရၿပီ သူတို့မိသားစုေတြသိရင္ ဒီေကာင့္ကိုအေရခြံစုပ္ပစ္မလားပဲ”
“ျဖစ္ၿပီးတာလည္းၿပီးပါၿပီ ေနာက္ထပ္ဘယ္သူမွ
မျဖစ္ၾကေစနဲ႔သူတို့လည္းသိလို့ တမင္လုပ္တာ
မွမဟုတ္ပဲ”
ထိုအခ်ိန္ေအာင္စိုးႏွင့္လူငယ္ႏွစ္ေယာက္ေရာက္လာသည္
“ဟာ ဦးေနေရာင္ကလည္း တမင္လုပ္တာမဟုတ္ဘူး အျဖစ္ကဒီလို”
“ဟေကာင္ ေမွာင္ေနၿပီ ရပ္ၿပီးေျပာမေနနဲ႔
လမ္းေလၽွာက္ရင္းေျပာျပသြား”
“အျဖစ္ကဒီလိုဗ်ာ ရြာထဲမွာလည္း မီးေလာင္
က်ဳပ္တို့ကလည္းစိတ္ညစ္ညစ္နဲ႔
အရက္ေတြေသာက္ေနတာ ညေန၄နာရီေလာက္
ဥကၠဌႀကီးက အရက္ဖိုးေတြရွင္းေပးၿပီး ကိုပုတင္ရဲ့
အေလာင္းကို ေျမခ်ခိုင္းတယ္”
“အေလာင္းေျမခ်ၿပီးရင္ေသာက္ဖို့ပါ
ပိုက္ဆံေပးသြားေသးတယ္ က်ဳပ္ရယ္
မဲႀကီးရယ္ ခင္ၿမိဳင္ရယ္ ေဆာင္းတင္ရယ္
ေလးေယာက္ အသုဘကိုသခၤ်ိဳင္းထဲထမ္းသြားၾကတယ္
ေဆာင္းတင္က သခၤ်ိဳင္းထဲကို အေခါင္းထမ္းပိုးေပးၿပီး ေမွာင္လာရင္ သရဲေၾကာက္တယ္ဆိုၿပီးျပန္သြားတယ္
သခၤ်ိဳင္းထဲအေခါင္းေရာက္ေတာ့ ငါးနာရီေက်ာ္ေနၿပီ ေဆာက္းတင္ျပန္မယ္
ဆိုတာနဲ႔ က်ဳပ္တို့အားလုံးအေခါင္းကို ထားခဲ့ၿပီး
အရက္ျပန္ေသာက္ၾကတယ္
အရက္ေသာက္လို့ဝမွ ေပါက္တူးႏွစ္လက္အရက္ဆိုင္ကငွားၿပီး
သခၤ်ိဳင္းထဲျပန္သြားၾကတယ္ အဲဒီအခ်ိန္ည၈နာရီ
ေလာက္ရွိၿပီထင္တယ္
က်ဳပ္နဲ႔မဲႀကီးလည္းမူးမူးနဲ႔ က်င္းကိုသုံးေပေလာက္ပဲနက္ေအာင္တူးၿပီး
အေလာင္းေျမခ်ဖို့ျပင္ၾကတယ္
အဲဒ္ီမွာျပႆနာစေပၚတယ္ က်ဳပ္တို့လည္း
တစ္ခါမွ အေလာင္းေ့မမခ်ဘူးေတာ့ ဘာယူရမယ္
ဘာပါရမယ္မသိဘူး အေလာင္းေျမခ်ရင္မပါမျဖစ္ယူလာရမယ့္
ႀကိဳးကိုယူမလာမိဘူး
ႀကိဳးနဲ႔ထိန္းၿပီးတျဖည္းျဖည္းခ်င္းခ်မွ ေျမက်င္းထဲ
တည့္တည့္မတ္မတ္က်မွာ အခုႀကိဳးမပါေတာ့
အခက္ေတြ႕ေနတာေပါ့ ႀကိဳးျပန္ယူရင္လည္း
အရက္ဆိုင္ေရာက္ဦးမယ္ အခ်ိန္ကလည္း
သန္းေခါင္ထက္ပိုမလြန္မွျဖစ္မွာ
သန္းေခါင္ေက်ာ္ရင္ေလးရက္ျဖစ္သြားၿပီ
ဥကၠဌႀကီးကအေသအခ်ာမွာသြားတာ တစ္ခုေတာင္းတာက အခ်ိန္က၈နာရီ
ေက်ာ္ဆိုေပမယ့္ ျပာသိူလျပည့္ညက ပတ္ဝန္းက်င္မွာ လင္းထိန္ေနတာပဲ
ျဖစ္လိုရာျဖစ္ အေခါင္းကို က်င္းထဲတြနါးခ်ပစ္လိုက္တယ္
အေခါင္းပြင့္သြားၿပီး အေလာင္းေကာင္ထြက္က်သြားတာ
သိလိုက္တယ္
ေစာင္းၿပီးက်လား ဘယ္လိုက်လည္းမသိဘူး
ေျမဖို့ၿပီးျပန္ခဲ့ၾကတယ္
ဒီေလာက္ပဲက်ဳပ္မွတ္မိသေလာက္ေျပာျပတာ
“အဲဒီညက လျပည့္ညျဖစ္ေနေတာ့ ဖုတ္ေကာင္အသက္ဝင္လို့လြယ္သြားတာေပါ့
ဖုတ္ေတြကလျပည့္လကြယ္ လၾကတ္ ေနၾကတ္ခ်ိန္
ဆိုအသက္ဝင္လွုပ္ရွားၾကတယ္
စြမ္းအားေတြျပည့္လာၾကတယ္ကြဲ႕”
“ေအး မင္းတို့ ျဖစ္သလို လုပ္ခဲ့လို့
အေလာင္းကို ဖုတ္ဝင္သြားၿပီး ရြာကမင္းသူငယ္ခ်င္းေတြေရာ အျခားလူေတြပါေသကုန္ၿပီမင္းပါ ပါသြားရမွာ”
“က်ဳပ္ကအရက္ေသာက္ၿပီး အရက္နဲ႔ေသမွာ
အျခားဘာနဲ႔မွ ေသမွာမဟုတ္ဘူး”
“အရက္နဲ႔ေသမွာကိုသိရက္နဲ႔ အရက္ကိုဖိေသာက္
ေနရတယ္လို့ အရက္ျဖတ္လိုက္ပါလား”
“ေဟ့ေအး အိမ္ကမိန္းမကိုျဖတ္ဆိုရင္ျဖတ္မယ္
အရက္ကိုေတာ့ေသမွပဲျဖတ္မယ္”
“ေတာက္ ဒီေကာက္ငါေဆာင့္ကန္လိုက္လို့
သခၤ်ိဳင္းထဲတစ္ခါတည္း ေသက်န္ခဲ့မယ္”
ဆရာႀကီးတို့ေက်ာင္းအုပ္ႀကီးတို့ ဦးျပဳံးခ်ိဳတို့
ေရွ႕က သြားႏွင့္သည္ ေအာင္စိုးႏွင့္အတူ
ရြာသားအခ်ိဳ့ ေနာက္မွက်န္ခဲ့ရင္း
ေအာင္စိုးအား တျပစ္ေတာက္ေတာက္ ဝိုင္းေျပာေနၾကသည္
မၾကာခင္ရြာထဲျပန္ေရာက္လာၾကသည္
သခၤ်ိဳင္းထဲမွ သုံးနာရီခန္႔ၾကာသြားသည္
ညခုႏွစ္နာရီထိုးကာနီးမွ ျပန္ေရာက္ၾကသည္
ဦးသန္းေအာင္က ဥကၠဌႀကီးဦးလူခင္အား
အက်ိဳးအေၾကာင္းရွင္းျပလိုက္သည္
“ေတာက္ ဒီအရက္သမားသုံးေကာင္ကို
အားကိုးမိမွ ရြာဒုကၡေရာက္ရတယ္
ဒီငမူးေတာ့ေသတဲ့အထဲပါမသြားဘူး
သူ႔ကိုပါေခၚသြားရမွာ”
“မင္းတို့ပုတင္အေခါင္းေျမျပန္ဖို့ရင္း
ဒီေကာင့္ကိုပါ တစ္ခါတည္းျမႇပ္ခဲ့ရမွာ”
” ဟာဥကၠဌႀကီး ကၽြန္ေတာ္ကဘယ္သူ
သက္သက္ေသမွာမဟုတ္ဘူး”
“ဒီေကာင္အရက္အဝေသာက္ၿပီး ေသမွာတဲ့ ဥကၠဌႀကီးေရ”
“ဒါဆိုရင္လည္း မနက္ျဖန္တစ္ဆိုင္လုံးရွိသမၽွ
အရက္ေတြသြားေသာက္တစ္ခါတည္း ေသေအာင္ေသာက္ အရက္ဖိုးငါရွင္းမယ္”
****
အားလုံးေအာင္စိုးအားၾကည့္ၿပီးျပဳံးေနၾကသည္
တစ္ရြာလုံးထိတ္လန္႔ေနၾကရေသာ ေသျခင္းတရား
ကိုေက်ာ္လႊားနိုင္ခဲ့ၿပီမွန္းသိၾကသျဖင့္
အားလုံးရင္မွာ အပူလုံးက်ကာ ျပဳံးနိုင္ရယ္နိုင္
ၾကေတာ့သည္
သခၤ်ိဳင္းထဲလိုက္လာသူမ်ား ရြာသားေတြဝိုင္းေမးေနၾကသည္မွာ
ဦးေနေရာင္ၿခံထဲ လူစည္ကားေနေတာ့သည္
အားလုံးပါးစပ္အေဟာင္းသားႏွင့္နားစြင့္ေနၾက
သည္။
“အမယ္ေလး ၾကားရတာနဲ႔တင္ ၾကက္သီးထလိုက္တာ
“ဖုတ္ေကာင္ႀကီးေသသြားလို့ေတာ္ေသးတယ္
ဆရာႀကီးလည္း ထိုည ဦးေနေရာင္၏အိမ္မွာ
အိပ္သည္မနက္ရြာထဲမွာ သတင္းဆိုးမၾကားၾကရေတာ့
ဦးေနေရာင္ႏွင့္ဦးသန္းေအာင္ တို့လည္း
ေနမပူခင္ဆရာႀကီးေနထိုင္ေသာ ေအာက္စုရြာ
သို့ျပန္ပို့ေပးရန္ လွည္းျပင္ဆင္ေနေတာ့သည္
ေသသူတို့၏ ေဆြမ်ိဳးသားခ်င္းမ်ား ရြာသားမ်ား
ဆရာႀကီးအား ေက်းဇူးတင္စြာ ဝိုင္းဝန္းကန္ေတာ့ၾကသည္
ထို့ေနာက္မနက္ရွစ္နာရီ ခန္႔ ေလးအိမ္စုရြာ
ေလးမွ လွည္းေမာင္း၍ ဆရာႀကီးအားျပန္ပို့
ေပးၾကေလေတာ့သည္။
ၿပီးပါၿပီ။
လာေလ့မဖဲဝါ ႏွင့္ သရဲတေစၧဇာက္လမ္းမ်ား
စာအုပ္မွ ေကာက္ႏွုတ္တင္ျပသည္။
ဇာက္လမ္းေလးအား နာရီေပါင္းမ်ားစြာ
ဖုန္းထဲျပန္ကူးေရးသားရသျဖင့္
Like …Shareျခင္းျဖင့္အားေပးပါ
ေလးစားစြာျဖင့္

No comments

Post a Comment