ပုဏ္ဏက တိုက်တဲ့အိမ်

  ပုဏ္ဏက တိုက်တဲ့အိမ် အချိန်ကား မှောင်ရီပျိုးစ ညနေနေဝင်ရီတရော အချိန် .. ဒေါ်မြရီ တစ်ယောက် ထမင်းစားသ... thumbnail 1 summary

 ပုဏ္ဏက တိုက်တဲ့အိမ်

အချိန်ကား မှောင်ရီပျိုးစ ညနေနေဝင်ရီတရော အချိန် ..
ဒေါ်မြရီ တစ်ယောက် ထမင်းစားသောက်ပြီးနောက် အကြွေးစာရင်းများ တွက်ချက်နေစဉ်တွင်ဖြစ်သည် ။
" ဝုန်း…ဒုန်း…ဒုန်း……"
အိမ်၏ အပေါ်တည့်တည့် အိမ်မိုးသွပ်ပြားတွေပေါ်သို့ ရုတ်တရက်ကျလာ သော ခဲများအသံကြောင့် ဒေါ်မြရီတစ်ယောက် လန့်သွားမိကာ…ဟဲ့သောက်ပလုပ်တုတ် " ဟု ရေရွတ်မိလိုက်သည် ။
ပြီးနောက် အကြွေးစာရင်းများ တွက်ချက်နေရာမှ…ထလိုက်ပြီး…" ဟဲ့ ဘယ်ကသေနာတွေလဲ…မိမဆုံးမ ဖမဆုံးမသားသမီးတွေ…အတော် လက်သရမ်းခြေသရမ်းနေကြပါလား " ။ဒေါ်မြရီတစ်ယောက် မကျေမနပ်ရေရွှတ်လိုက်၍ နံရံတွင်ချိတ်ထားသော လေးဂွ နှင့် လောက်စလုံးအိတ်ကိုလှမ်း ယူလိုက်ကာ ခြံထဲသို့ ဆင်းလိုက်သည် ။
ဒေါ်မြရီ ခြံအတွင်း ရာသီပေါ် သီးနှံများနှင့် စိမ်းစိုနေလေသည် ။ သရက် ပိန္ဒဲ မရမ်း ဇီးပင် များနှင့် ဟင်းသီးဟင်ရွက်ပင်များ အတော်ပင်စုံလှသည် ။
ရပ်ကွက်အတွင်းရှိ့ ကလေးသူငယ် များ ဒေါ်မြရီခြံအတွင်းရှိ့ သီးပင်စားပင်များကို လစ်ရင်လစ်သလို အပင်ပေါ်တတ်၍ ခူးသည် ။ ခဲဖြင့် ပစ်ချတတ်ကြသည် ။
ထို့ကြောင့် ဒေါ်မြရီတစ်ယောက် အယုတ္တ အနတ္တစကားများ မြည်တွန်းရင်း ခြံအတွင်းသို့ လှည့်ပတ်ကြည့်ရှု့လိုက်သည် ။
ဒေါမြရီ အတွေးဝယ် ရပ်ကွက်ထဲမှ
ကလေးသူငယ်တွေ ဆီးသီး…မရမ်းသီး ပစ်ချတယ်လို့ပင် ထင်နေခဲ့သည် ။ ဟိုကပစ်သလို ဒီကပစ်သလို တစ်လုံးစ နှစ်လုံးစပင် ခဲလုံးကြလာခဲ့သည် ။
နောင်ရက်တွေမှာ ခဲလုံး ၄လုံး ၅လုံးထိကြလာခဲ့သည်။ထိုနောက်မှာ တစ်နေ့ထက်တစ်နေ့ ခဲလုံးအရေအတွက်တွေက ပိုပြီးများသည် ။
ထူခြားတာက ခဲတွေကြသောအချိန်ပင်ဖြစ်သည် ။
နေ့စဉ်နေ့တိုင်း ညနေ နေဝင်ရီတရော အချိန်မှာပင်ဲ ဖြစ်နေသည် ။ အခြားအချိန်တွေမှာ ခဲမကြပေ ။
ပြီးတော့ ခဲလုံးတွေက အရှေ့…အနောက်…တောင်…မြောက် ဆိုသည်ဲ့ အရပ်လေးမျက်နှာက လာတာမဟုတ်ပါ ။
အိမ်၏ အပေါ်တည့်တည့်ကနေ အိမ်မိုးသွပ်ပြားတွေပေါ်သို့ တဝုန်းဝုန်း…တဒုန်းဒုနါး ကျနေခြင်းဖြစ်သည် ။
ပို၍ထူးခြားတာက ကျလာသည့် ခဲလုံးမှန်သမျှ ခြံနီးခြင်းအိမ်ခြံတွေထဲသို့ တစ်လုံးတစ်လေမှ မကြရောက်သည့်အချက်ပါ ။
အစပိုင်း ၂ ရက်လောက်မှာ ကလေးသူငယ်တွေ လက်သရမ်းတယ်လို့ တွေးမိပေမဲ့ တစ်ရက်ပြီးတစ်ရက် ကြာလာခ်ျန်မှာတော့ ထိုအတွေးက မဖြစ်နိုင်တာ ထငိးရှားလာသည် ။
" ဒေါ်မြရီ အိမ်ပေါ်ကို အလိုအလျောက်ခဲတွေ ကြလာလို့တဲ့ "
ဤသတင်းက တောမီးလာင်သလို ချက်ချင်ပင် ပျံနှံသွားသည် ။
အထူးအဆန်းကြည့်ချင်သူ…ယုံကြည်သူ မယုံသူ လေ့လာလိုသူတွေသည် ညနေစောင်းသည်နှင့် ဒေါ် မြရီ အိမ်အနီးက လမ်းတွေပေါ်မှာ အုတ်အော်သောင်းတင် ရောက်လာကြသည် ။
တဝုန်းဝုန်း တဒိုင်းဒိုင်းအသံတွေပေးပြီး ခဲလုံးတွေ အလိုအလျောက်ကြလာသည်ကို တအံ့တသြကြည့်ကြသည် ။
ရပ်ကွက်ထဲက လူတစ်ချို့ကတော့ ဤဖြစ်ရပ်နှင့် ပတ်သက်၍ ကျိတ်ပြီးဝမါးသာနေကြသည် ။
သူတို့က ဒေါ်မြရီ၏ ထီးတည်းနေထိုင်တတ်မူ့ကို ရပ်ကွက်နှင့်လိုက်လျောညီထွေမူ့ မရှိ့သူ …မာန်မာနထောင်လွှားသူတို့ ထင်မြင်နေကြသူတွေဖြစ်သည် ။
ဒေါ်မြရီက သူစတိုင်လို့ပင်ပြောရမလား မသိပေ ။ ရပ်ကွက်ထဲက သူတွေနှင့် ရင်နှိးခင်မင်စွာ မနေတတ်သလို
သာရေး နာရေးရှိ့လဲ မသွားပေ ။ ရပ်ရေးရွာရေး အလှူငွေ ထည့်စရာရှိ့လျင်လည်း တင်းတင်းမာမာ စစ်ဆေးမေးမြန်းပြီးမှ ထည့်ဝင်လေ့ရှိ့သည် ။
သူပုံစံက မည်သူ့ကိုမှ ဂရုမစိုက်သော ပုံစံ…ရပ်နှင့်ရွာနှင့် သဟဇာတ မဖြစ်သည်မှာ ထင်ရှားပေါ်လွင် လွန်းလှသည် ။
ထို့ကြောင့်လဲ ဒေါ်မြရီ အိမ်တွင် ဤကဲ့သို့ အဖြစ်မျိုး ကြုံတော့ ကျိတ်ဝမ်းသာနေကြခြင်းပင်ဖြစ်သည် ။
ထိုဖြစ်စဉ်ဖြစ်ရပ်မှာ တနေ့ထက်တစ်နေ့ ပိုဆိုးရွားလာသည်ကြောင့် လူတွေကိုပါ ထိခိုက်နှောက်ရှက်လာမှာ စိုရိမ်နေကြသည် ။
အောက်လမ်းပညာ တစ်ခုခုနှင့် နှောင့်ယှက်တိုက်ခိုက်နေတာ သေချာပေမဲ့ …စုန်းတိုက် နတ်တိုက် အစိမ်းသရဲတိုက် ပုဏ္ဏကတိုက်တာဆိုတာ မသိသေးချေ ။
သို့ဖြင့်၍ ပယောဂဘက်မှာနားလည်တတ်ကျွမ်းတဲ့ ဆရာခေါ်ပြီး အတိုက်အခိုက်စက်တွေ ဖြတ်ဖို့ကြိုးစားသည် ။
ပယောဂ ဘက်မှာကျွမ်းကျင်တယ်ဆိုသည့် ဆရာတွေ ခေါ်ပြီးလုပ်ပေမယ့်လည်း…မအောင်မြင်ချေ ။
ခဲတွေကတော့ ညနေ နေဝင်ရီတရော အချိန်ရောက်တာနှင့် ကျနေတုန်းပင် ။
ဆရာတစ်ယောက်ကတော့ ခဲတွေကြသည့် အချိန်မှာ ကန့်တော်ပွဲတွေ ထိုးကာ ပြန်တိုက်ဖို့ စီစဉ်သည် ။
သူလုပ်မှ ခဲတွေက အရင်ကထက် နှစ်ဆ ပိုကျလာသည် ။သူလဲ ကမူးရှုးထိုး ထွက်ပြေးရတာပါပဲ ။ ဘယ်ဆရာနှင့် မှ ဖြေရှင်းလို့ မရသည့်အဆုံးမှာ ဒေါ်မြရီက ကိုးကွယ်သည့်ဆရာတော်ကို အကျိုးအကြောင်း လျှောက်ထားသည်။
ဆရာတော်၏ ဆုံးမသြဝါဒကို ခံယူပြီး အိမ်မှာ အလှူဒါနပြုလုပ်သည် ။
အမျှအတန်းပေးဝေသည် ။ အန္တာရယ်ကင်း ပရိတ်တရားတော်တွေကို ရွတ်ဆိုသည် ။ မကောင်းဆိုးရွားနှင်သည့် ကမ္မဝါဖတ်တာတွေ ပြုလုပ်သည် ။
မည်သို့ပင်ဲ လုပ်လုပ် ခဲလုံးတွေကြတာကတော့ ရပ်မသွားပေ။
သူအချိန်ရောက်တာနှင့် ခဲလုံးတွေက မိုးရွာသလို တဝုန်းဝုန်း တဒိုင်းဒိုင်းကြနေတာပါပဲ ။
သို့ပေမဲ့ ဆရာတော်ကြီးက ဒီကိစွမျိုးနှင့် ပတ်သက်ပြီူ အတွေ့အကြုံရှိ့သည် ။
ဤီဖြစ်ရပ်ဖြစ်စဉ်တွေဟာ အောက်လမါးပညာရပ်တစ်ခုဖြစ်သည့် ပုဏ္ဏကအင်းနှင့် တိုက်ခိုက်နေတာကို ရိပ်စားမိသည် ။
ပုဏ္ဏက အင်းချပြီး ဘီးလူးကိုခိုင်းသည့် ပညာရပ်ပါ ။ ခဲတွေ အလိုအလျှောက်ကြတာ …နေအိမါမှာ ရုတ်တရက် မီးထတောက်လောင်တာမျိုး…နေအိမ်ထဲက ပစွည်းတွေ ဟိုရောက်ဒီရောက်ဖြစ်နေတာ တွေဟာ စုနါးတိုက် နတ်တိုက် ပုဏ္ဏကတိုက် အစိမ်းသရဲတိုက်တွေပင်ဲ ဖြစ်သည်
သို့သော် အခ်ျန်နာရီ တိတိကျကျဖြစ်တာက ပုဏ္ဏကတိုက်တစ်ခုပင် ရှိ့သည် ။ ။ထို့ကြောင့် ပုဏ္ဏကတိုကိတာဟုပင် ရိပ်စားမိလိုက်သည် ။
ခတ်နေတာက လောကီနည်း ဓမ္မနည်းတွေနှင့် အမျိုးမျိုးဖြေရှင်းပေမယ့် ခဲတွေကြတာ ရပ်မသွားပေ ။
ဆရာတော်ကြီးက စဉ်းစားရင်းနှင့် အကြံတစ်ခုရလိုက်၍
ဒေါ်မြရီ နေအိမ်သို့ ကြွပြီး ခဲတွေကို သွားကြည့်သည် ။
ခဲတွေအာလုံးက အုတ်နီခဲ အကျိုးတွေချည်ူ ဖြစ်နေသည် ။ ထို အုတ်ခဲကျိုးတွေ က လမ်းခင်းသောနေရာမှာ သုံးကြသည်။
ဆရာတော် ကပတ်ဝန်းကျင်က လူအများကို ဒီလိုအုတ်ကျိုးတွေရှိ့သော နေရာကို လိုက်ရှာခိုင်းသည် ။
ကံအားလျော်စွာ အိမ်နှင့်တစ်လမ်းကျော်မှာ အလားတူ အုတါခဲကျိုးတွေ ပုံထားတာ သွားတွေ့သည် ။
လမ်းပေါ်က ချိုင့်ဗွက်ကြီး တစ်ခုကို ဖို့ဘို့ လမ်းဘေးမှာ ပုံထားတယ် ။ တခြားနေရာတွေ မှာ ဒီလိုအုတ်ကျိုးပုံ မတွေ့ရပေ ။
ဆရာတော်က ဒေါ်မြရီကို ပရိတ်ချည် ပရိတ်ရေ နှင့် ပရိတါသဲတွေ ပေးသည် ။
ပြီးနောက်အုတ်ခဲကျိုးပုံကို နှံစပ်အောင် ပတ်ဖျန်းစေသည်။ ပရိတ်ချည်နှင့် ပတ်ဝိုင်းစေသည်။
ရောဂါနှင့် ဆေးက ဤအချိနါမှ တည့်သွားသည် ။
ထိုနေ့မှစပြီး ခဲတွေအလိုလျောက် ကျသည့်အဖြစ် ရပ်တန်းသွားခဲ့သည် ။
တကယ်တော့ အောက်လမ်းပညာသည်က ဒေါ်မြရီကို မုန်းလို့လုပ်တာပါ ။
ပုဏ္ဏကအင်းကို လမ်းဘေးအုတ်ခဲကျိုးပုံမှာ မြှပ်ပြီး ပြင်ပကနေ တိုကိခိုက်နှောင့်ယှက်နေခြင်း ဖြစ်သည်။
ပယောဂ ဆရာတွေက အိမ်ခြံဝင်းအတွင်ူမှာ ရှိ့သည့် မကောင်းဆိုးရွား နာနာဘာဝကိုပင် နှိပ်ကွက်နေသည့်အတွက် ပြသာနာ တခြား အဖြေတခြား ဖြစ်နေခဲ့ခြင်းဖြစ်သည် ။
ဤကဲ့သို့ပင်ထုးခြားဆန်းကြယ်သည့် အဖြစ်အပျတ်တွေဟာ မမြင်နိုင်သော ပရလောက သားတွေနှင့် ပတ်သက် ဆက်နွယ်နေတတ်ပါသည်။
လူဘုံလူလောက ဆိုတာကလည်း လောဘ ဒေါသ မောဟတွေ မစ္ဆရိယတရားတွေ ထူပြောဖုံးလွှမ်းနေပြီး မနာလိုဝနါတိုမူ့ မီးလျံတွေ လျောင်မြိုက်ခံရတော့ လူစစ်စစ်ကနေ
ဘီးလူး သရဲစိတ်တွေ ဝင်လာပြီး သူတစ်ပါး ကို ယုတ်ညံ့သော အတတ်ပညာတွေနှင့် မကောင်းကြံကြပါသည် ။
သို့ဖြင့် မယုံနိုင်လောက်အောင် ဆန်းကြယ်ထူးခြားသော အဖြစ်အပျတ်တွေ ပေါ်ပေါက်လာရပါတော့ သတည်း ။
ဆုံကြအုံးမယ်ကွယ်
ထွဋ်ခေါင် ( အိမ်မဲ )

ပုဏၰက တိုက္တဲ့အိမ္ အခ်ိန္ကား ေမွာင္ရီပ်ိဳးစ ညေနေနဝင္ရီတေရာ အခ်ိန္ .. ေဒၚျမရီ တစ္ေယာက္ ထမင္းစားေသာက္ၿပီးေနာက္ အေႂကြးစာရင္းမ်ား တြက္ခ်က္ေနစဥ္တြင္ျဖစ္သည္ ။ " ဝုန္း…ဒုန္း…ဒုန္း……" အိမ္၏ အေပၚတည့္တည့္ အိမ္မိုးသြပ္ျပားေတြေပၚသို႔ ႐ုတ္တရက္က်လာ ေသာ ခဲမ်ားအသံေၾကာင့္ ေဒၚျမရီတစ္ေယာက္ လန္႔သြားမိကာ…ဟဲ့ေသာက္ပလုပ္တုတ္ " ဟု ေရ႐ြတ္မိလိုက္သည္ ။ ၿပီးေနာက္ အေႂကြးစာရင္းမ်ား တြက္ခ်က္ေနရာမွ…ထလိုက္ၿပီး…" ဟဲ့ ဘယ္ကေသနာေတြလဲ…မိမဆုံးမ ဖမဆုံးမသားသမီးေတြ…အေတာ္ လက္သရမ္းေျခသရမ္းေနၾကပါလား " ။ေဒၚျမရီတစ္ေယာက္ မေက်မနပ္ေရ႐ႊတ္လိုက္၍ နံရံတြင္ခ်ိတ္ထားေသာ ေလးဂြ ႏွင့္ ေလာက္စလုံးအိတ္ကိုလွမ္း ယူလိုက္ကာ ၿခံထဲသို႔ ဆင္းလိုက္သည္ ။ ေဒၚျမရီ ၿခံအတြင္း ရာသီေပၚ သီးႏွံမ်ားႏွင့္ စိမ္းစိုေနေလသည္ ။ သရက္ ပိႏၵဲ မရမ္း ဇီးပင္ မ်ားႏွင့္ ဟင္းသီးဟင္႐ြက္ပင္မ်ား အေတာ္ပင္စုံလွသည္ ။ ရပ္ကြက္အတြင္းရွိ႕ ကေလးသူငယ္ မ်ား ေဒၚျမရီၿခံအတြင္းရွိ႕ သီးပင္စားပင္မ်ားကို လစ္ရင္လစ္သလို အပင္ေပၚတတ္၍ ခူးသည္ ။ ခဲျဖင့္ ပစ္ခ်တတ္ၾကသည္ ။ ထို႔ေၾကာင့္ ေဒၚျမရီတစ္ေယာက္ အယုတၱ အနတၱစကားမ်ား ျမည္တြန္းရင္း ၿခံအတြင္းသို႔ လွည့္ပတ္ၾကည့္ရႈ႕လိုက္သည္ ။ ေဒါျမရီ အေတြးဝယ္ ရပ္ကြက္ထဲမွ ကေလးသူငယ္ေတြ ဆီးသီး…မရမ္းသီး ပစ္ခ်တယ္လို႔ပင္ ထင္ေနခဲ့သည္ ။ ဟိုကပစ္သလို ဒီကပစ္သလို တစ္လုံးစ ႏွစ္လုံးစပင္ ခဲလုံးၾကလာခဲ့သည္ ။ ေနာင္ရက္ေတြမွာ ခဲလုံး ၄လုံး ၅လုံးထိၾကလာခဲ့သည္။ထိုေနာက္မွာ တစ္ေန႔ထက္တစ္ေန႔ ခဲလုံးအေရအတြက္ေတြက ပိုၿပီးမ်ားသည္ ။ ထူျခားတာက ခဲေတြၾကေသာအခ်ိန္ပင္ျဖစ္သည္ ။ ေန႔စဥ္ေန႔တိုင္း ညေန ေနဝင္ရီတေရာ အခ်ိန္မွာပင္ဲ ျဖစ္ေနသည္ ။ အျခားအခ်ိန္ေတြမွာ ခဲမၾကေပ ။ ၿပီးေတာ့ ခဲလုံးေတြက အေရွ႕…အေနာက္…ေတာင္…ေျမာက္ ဆိုသည္ဲ့ အရပ္ေလးမ်က္ႏွာက လာတာမဟုတ္ပါ ။ အိမ္၏ အေပၚတည့္တည့္ကေန အိမ္မိုးသြပ္ျပားေတြေပၚသို႔ တဝုန္းဝုန္း…တဒုန္းဒုနါး က်ေနျခင္းျဖစ္သည္ ။ ပို၍ထူးျခားတာက က်လာသည့္ ခဲလုံးမွန္သမွ် ၿခံနီးျခင္းအိမ္ၿခံေတြထဲသို႔ တစ္လုံးတစ္ေလမွ မၾကေရာက္သည့္အခ်က္ပါ ။ အစပိုင္း ၂ ရက္ေလာက္မွာ ကေလးသူငယ္ေတြ လက္သရမ္းတယ္လို႔ ေတြးမိေပမဲ့ တစ္ရက္ၿပီးတစ္ရက္ ၾကာလာခ္်န္မွာေတာ့ ထိုအေတြးက မျဖစ္ႏိုင္တာ ထငိးရွားလာသည္ ။ " ေဒၚျမရီ အိမ္ေပၚကို အလိုအေလ်ာက္ခဲေတြ ၾကလာလို႔တဲ့ " ဤသတင္းက ေတာမီးလာင္သလို ခ်က္ခ်င္ပင္ ပ်ံႏွံသြားသည္ ။ အထူးအဆန္းၾကည့္ခ်င္သူ…ယုံၾကည္သူ မယုံသူ ေလ့လာလိုသူေတြသည္ ညေနေစာင္းသည္ႏွင့္ ေဒၚ ျမရီ အိမ္အနီးက လမ္းေတြေပၚမွာ အုတ္ေအာ္ေသာင္းတင္ ေရာက္လာၾကသည္ ။ တဝုန္းဝုန္း တဒိုင္းဒိုင္းအသံေတြေပးၿပီး ခဲလုံးေတြ အလိုအေလ်ာက္ၾကလာသည္ကို တအံ့တၾသၾကည့္ၾကသည္ ။ ရပ္ကြက္ထဲက လူတစ္ခ်ိဳ႕ကေတာ့ ဤျဖစ္ရပ္ႏွင့္ ပတ္သက္၍ က်ိတ္ၿပီးဝမါးသာေနၾကသည္ ။ သူတို႔က ေဒၚျမရီ၏ ထီးတည္းေနထိုင္တတ္မူ႔ကို ရပ္ကြက္ႏွင့္လိုက္ေလ်ာညီေထြမူ႔ မရွိ႕သူ …မာန္မာနေထာင္လႊားသူတို႔ ထင္ျမင္ေနၾကသူေတြျဖစ္သည္ ။ ေဒၚျမရီက သူစတိုင္လို႔ပင္ေျပာရမလား မသိေပ ။ ရပ္ကြက္ထဲက သူေတြႏွင့္ ရင္ႏွိးခင္မင္စြာ မေနတတ္သလို သာေရး နာေရးရွိ႕လဲ မသြားေပ ။ ရပ္ေရး႐ြာေရး အလႉေငြ ထည့္စရာရွိ႕လ်င္လည္း တင္းတင္းမာမာ စစ္ေဆးေမးျမန္းၿပီးမွ ထည့္ဝင္ေလ့ရွိ႕သည္ ။ သူပုံစံက မည္သူ႔ကိုမွ ဂ႐ုမစိုက္ေသာ ပုံစံ…ရပ္ႏွင့္႐ြာႏွင့္ သဟဇာတ မျဖစ္သည္မွာ ထင္ရွားေပၚလြင္ လြန္းလွသည္ ။ ထို႔ေၾကာင့္လဲ ေဒၚျမရီ အိမ္တြင္ ဤကဲ့သို႔ အျဖစ္မ်ိဳး ႀကဳံေတာ့ က်ိတ္ဝမ္းသာေနၾကျခင္းပင္ျဖစ္သည္ ။ ထိုျဖစ္စဥ္ျဖစ္ရပ္မွာ တေန႔ထက္တစ္ေန႔ ပိုဆိုး႐ြားလာသည္ေၾကာင့္ လူေတြကိုပါ ထိခိုက္ေႏွာက္ရွက္လာမွာ စိုရိမ္ေနၾကသည္ ။ ေအာက္လမ္းပညာ တစ္ခုခုႏွင့္ ေႏွာင့္ယွက္တိုက္ခိုက္ေနတာ ေသခ်ာေပမဲ့ …စုန္းတိုက္ နတ္တိုက္ အစိမ္းသရဲတိုက္ ပုဏၰကတိုက္တာဆိုတာ မသိေသးေခ် ။ သို႔ျဖင့္၍ ပေယာဂဘက္မွာနားလည္တတ္ကြၽမ္းတဲ့ ဆရာေခၚၿပီး အတိုက္အခိုက္စက္ေတြ ျဖတ္ဖို႔ႀကိဳးစားသည္ ။ ပေယာဂ ဘက္မွာကြၽမ္းက်င္တယ္ဆိုသည့္ ဆရာေတြ ေခၚၿပီးလုပ္ေပမယ့္လည္း…မေအာင္ျမင္ေခ် ။ ခဲေတြကေတာ့ ညေန ေနဝင္ရီတေရာ အခ်ိန္ေရာက္တာႏွင့္ က်ေနတုန္းပင္ ။ ဆရာတစ္ေယာက္ကေတာ့ ခဲေတြၾကသည့္ အခ်ိန္မွာ ကန္႔ေတာ္ပြဲေတြ ထိုးကာ ျပန္တိုက္ဖို႔ စီစဥ္သည္ ။ သူလုပ္မွ ခဲေတြက အရင္ကထက္ ႏွစ္ဆ ပိုက်လာသည္ ။သူလဲ ကမူးရႈးထိုး ထြက္ေျပးရတာပါပဲ ။ ဘယ္ဆရာႏွင့္ မွ ေျဖရွင္းလို႔ မရသည့္အဆုံးမွာ ေဒၚျမရီက ကိုးကြယ္သည့္ဆရာေတာ္ကို အက်ိဳးအေၾကာင္း ေလွ်ာက္ထားသည္။ ဆရာေတာ္၏ ဆုံးမၾသဝါဒကို ခံယူၿပီး အိမ္မွာ အလႉဒါနျပဳလုပ္သည္ ။ အမွ်အတန္းေပးေဝသည္ ။ အႏၲာရယ္ကင္း ပရိတ္တရားေတာ္ေတြကို ႐ြတ္ဆိုသည္ ။ မေကာင္းဆိုး႐ြားႏွင္သည့္ ကမၼဝါဖတ္တာေတြ ျပဳလုပ္သည္ ။ မည္သို႔ပင္ဲ လုပ္လုပ္ ခဲလုံးေတြၾကတာကေတာ့ ရပ္မသြားေပ။ သူအခ်ိန္ေရာက္တာႏွင့္ ခဲလုံးေတြက မိုး႐ြာသလို တဝုန္းဝုန္း တဒိုင္းဒိုင္းၾကေနတာပါပဲ ။ သို႔ေပမဲ့ ဆရာေတာ္ႀကီးက ဒီကိစြမ်ိဳးႏွင့္ ပတ္သက္ၿပီဴ အေတြ႕အႀကဳံရွိ႕သည္ ။ ဤီျဖစ္ရပ္ျဖစ္စဥ္ေတြဟာ ေအာက္လမါးပညာရပ္တစ္ခုျဖစ္သည့္ ပုဏၰကအင္းႏွင့္ တိုက္ခိုက္ေနတာကို ရိပ္စားမိသည္ ။ ပုဏၰက အင္းခ်ၿပီး ဘီးလူးကိုခိုင္းသည့္ ပညာရပ္ပါ ။ ခဲေတြ အလိုအေလွ်ာက္ၾကတာ …ေနအိမါမွာ ႐ုတ္တရက္ မီးထေတာက္ေလာင္တာမ်ိဳး…ေနအိမ္ထဲက ပစြည္းေတြ ဟိုေရာက္ဒီေရာက္ျဖစ္ေနတာ ေတြဟာ စုနါးတိုက္ နတ္တိုက္ ပုဏၰကတိုက္ အစိမ္းသရဲတိုက္ေတြပင္ဲ ျဖစ္သည္ သို႔ေသာ္ အခ္်န္နာရီ တိတိက်က်ျဖစ္တာက ပုဏၰကတိုက္တစ္ခုပင္ ရွိ႕သည္ ။ ။ထို႔ေၾကာင့္ ပုဏၰကတိုကိတာဟုပင္ ရိပ္စားမိလိုက္သည္ ။ ခတ္ေနတာက ေလာကီနည္း ဓမၼနည္းေတြႏွင့္ အမ်ိဳးမ်ိဳးေျဖရွင္းေပမယ့္ ခဲေတြၾကတာ ရပ္မသြားေပ ။ ဆရာေတာ္ႀကီးက စဥ္းစားရင္းႏွင့္ အႀကံတစ္ခုရလိုက္၍ ေဒၚျမရီ ေနအိမ္သို႔ ႂကြၿပီး ခဲေတြကို သြားၾကည့္သည္ ။ ခဲေတြအာလုံးက အုတ္နီခဲ အက်ိဳးေတြခ်ည္ူ ျဖစ္ေနသည္ ။ ထို အုတ္ခဲက်ိဳးေတြ က လမ္းခင္းေသာေနရာမွာ သုံးၾကသည္။ ဆရာေတာ္ ကပတ္ဝန္းက်င္က လူအမ်ားကို ဒီလိုအုတ္က်ိဳးေတြရွိ႕ေသာ ေနရာကို လိုက္ရွာခိုင္းသည္ ။ ကံအားေလ်ာ္စြာ အိမ္ႏွင့္တစ္လမ္းေက်ာ္မွာ အလားတူ အုတါခဲက်ိဳးေတြ ပုံထားတာ သြားေတြ႕သည္ ။ လမ္းေပၚက ခ်ိဳင့္ဗြက္ႀကီး တစ္ခုကို ဖို႔ဘို႔ လမ္းေဘးမွာ ပုံထားတယ္ ။ တျခားေနရာေတြ မွာ ဒီလိုအုတ္က်ိဳးပုံ မေတြ႕ရေပ ။ ဆရာေတာ္က ေဒၚျမရီကို ပရိတ္ခ်ည္ ပရိတ္ေရ ႏွင့္ ပရိတါသဲေတြ ေပးသည္ ။ ၿပီးေနာက္အုတ္ခဲက်ိဳးပုံကို ႏွံစပ္ေအာင္ ပတ္ဖ်န္းေစသည္။ ပရိတ္ခ်ည္ႏွင့္ ပတ္ဝိုင္းေစသည္။ ေရာဂါႏွင့္ ေဆးက ဤအခ်ိနါမွ တည့္သြားသည္ ။ ထိုေန႔မွစၿပီး ခဲေတြအလိုေလ်ာက္ က်သည့္အျဖစ္ ရပ္တန္းသြားခဲ့သည္ ။ တကယ္ေတာ့ ေအာက္လမ္းပညာသည္က ေဒၚျမရီကို မုန္းလို႔လုပ္တာပါ ။ ပုဏၰကအင္းကို လမ္းေဘးအုတ္ခဲက်ိဳးပုံမွာ ျမႇပ္ၿပီး ျပင္ပကေန တိုကိခိုက္ေႏွာင့္ယွက္ေနျခင္း ျဖစ္သည္။ ပေယာဂ ဆရာေတြက အိမ္ၿခံဝင္းအတြင္ူမွာ ရွိ႕သည့္ မေကာင္းဆိုး႐ြား နာနာဘာဝကိုပင္ ႏွိပ္ကြက္ေနသည့္အတြက္ ျပသာနာ တျခား အေျဖတျခား ျဖစ္ေနခဲ့ျခင္းျဖစ္သည္ ။ ဤကဲ့သို႔ပင္ထုးျခားဆန္းၾကယ္သည့္ အျဖစ္အပ်တ္ေတြဟာ မျမင္ႏိုင္ေသာ ပရေလာက သားေတြႏွင့္ ပတ္သက္ ဆက္ႏြယ္ေနတတ္ပါသည္။ လူဘုံလူေလာက ဆိုတာကလည္း ေလာဘ ေဒါသ ေမာဟေတြ မစၦရိယတရားေတြ ထူေျပာဖုံးလႊမ္းေနၿပီး မနာလိုဝနါတိုမူ႔ မီးလ်ံေတြ ေလ်ာင္ၿမိဳက္ခံရေတာ့ လူစစ္စစ္ကေန ဘီးလူး သရဲစိတ္ေတြ ဝင္လာၿပီး သူတစ္ပါး ကို ယုတ္ညံ့ေသာ အတတ္ပညာေတြႏွင့္ မေကာင္းႀကံၾကပါသည္ ။ သို႔ျဖင့္ မယုံႏိုင္ေလာက္ေအာင္ ဆန္းၾကယ္ထူးျခားေသာ အျဖစ္အပ်တ္ေတြ ေပၚေပါက္လာရပါေတာ့ သတည္း ။ ဆုံၾကအုံးမယ္ကြယ္ ထြဋ္ေခါင္ ( အိမ္မဲ )

No comments

Post a Comment