မခေါ်ဘဲလာသည့် ဧည့်သည်

  မခေါ်ဘဲလာသည့် ဧည့်သည်  ********************** ရေးသားသူ...လွင်ဦးဟန် “အတော်ပြောင်းလဲသွားပြီပဲ။ မရောက်တာကြာတော့ နေရာတွေကို မှတ်တောင်မမှတ်မိတေ... thumbnail 1 summary

 မခေါ်ဘဲလာသည့် ဧည့်သည် 

**********************

ရေးသားသူ...လွင်ဦးဟန်

“အတော်ပြောင်းလဲသွားပြီပဲ။ မရောက်တာကြာတော့ နေရာတွေကို မှတ်တောင်မမှတ်မိတော့ဘူး။ ဟိုကလေးမလေးလည်း လူပြန်ဖြစ်မယ်ဆိုရင် လေးဆယ်ကျော်လောက်ရှိပြီပေါ့”

ကျွန်တော်တို့စီးလာသည့်တက္ကစီကားက နတ်ချောင်းတံတားကိုကျော်ဖြတ်ပြီး ဘယ်ဘက်သို့ချိုးကွေ့လိုက်စဉ် ကျွန်တော့်ဇနီး မြင့်ထံမှအမှတ်မထင်ကြားလိုက်ရသည့်စကားကြောင့် အတွေးများပြတ်တောက်သွားပြီး လွန်ခဲ့သည့်နှစ်ပေါင်းလေးဆယ်ကျော်ကို ပြန် အမှတ်ရလိုက်မိသည်။ ထိုအချိန်က မေတ္တာညွန့်ရပ်ကွက်သည် ပျဉ်ထောင်အိမ်လေးများသာရှိခဲ့ပြီး ယခုကဲ့သို့စည်ကားခြင်းလည်းမရှိပေ။ ယခုအခါ လုံးချင်းအိမ်လေးများသည် ကန်ထရိုက်တိုက်များအဖြစ်သို့ပြောင်းလဲသွားကြပြီး လူနေထူထပ်ကာ စည်ကားနေ လေပြီ။

ကျွန်တော်တို့မိသားစုသည် မေတ္တာညွန့်ရပ်ကွက်ရှိ အိမ်လေးတစ်လုံး၌ နှစ်အတန်ကြာနေထိုင်ခဲ့ကြဖူးသည်။ ထိုစဉ်ကကျွန်တော်သည် အငှားယာဉ်လေးဘီးကားလေးတစ်စီးဖြင့်ရုန်းကန်ရှာဖွေခဲ့ရသဖြင့် အိမ်ပိုင်မဝယ်နိုင်ဘဲ မေတ္တာညွန့်ရပ်ကွက်မှ ပျဉ်ထောင် အိမ်လေးတစ်လုံးကိုငှားရမ်းနေထိုင်ခဲ့ရပေသည်။ မေတ္တာညွန့်ရပ်ကွက်၌ နေထိုင်ခဲ့ဖူးသော်လည်း ကျွန်တော်တို့မိသားစုမော်လမြိုင်မြို့သို့ပြောင်းရွှေ့သွားပြီးကတည်းက ပြန်မရောက်ဖြစ်သည်မှာ နှစ်ပေါင်းလေးဆယ်ကျော်ခန့်ရှိပြီဖြစ်သောကြောင့် အရာရာပြောင်းလဲ နေသဖြင့် အသွင်သစ် အမြင်သစ်ဖြစ်ကာ နေရာများကိုပင် မမှတ်မိတော့ပေ။

“လူပြန်ဖြစ်မယ် မဖြစ်ဘူးဆိုတာ ဘယ်ပြောလို့ရပါ့မလဲ အမေကြီးရာ”

“ဟုတ်တော့ ဟုတ်ပါတယ်။ မြင့်လည်း တွေးကြည့်မိတာပါ”

ကျွန်တော်တို့ဇနီးမောင်နှံတွင် သမီးတစ်ယောက်သာထွန်းကားခဲ့ပြီး သမီးသည် ယခုအခါ အသက်လေးငါးဆယ်နားကပ်၍ သားသမီးနှစ်ယောက်ပင်ရနေလေပြီ။ မေတ္တာညွန့်တွင် စတင်နေထိုင်ခဲ့ကြစဉ်က သမီး၏အသက်သည် လေးနှစ်ကျော်သာရှိပေသေး သည်။

“လူသေတိုင်း လူပြန်မဖြစ်ဘူး အမေကြီး။ လူပြန်ဖြစ်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။ ကလေးမလေးက အစွဲလည်းကြီးတယ်၊ ဇွဲလည်းကြီးတယ်”

“ သနားစရာတော့ကောင်းပါတယ် အဖေကြီးရယ်။ အဲဒီကောင်မလေးအကြောင်းကို သမီးနဲ့တောင် ဟိုတလောကပြောဖြစ်ကြသေးတယ်။ သမီးကခုထိကြောက်နေတုန်း”

“ကြောက်မှာပေါ့။ ငါတို့တောင် ကြောက်ခဲ့ရသေးတာပဲ”

“သူတို့သားအဖနှစ်ယောက်က သနားစရာပါ”

“သနားစရာကောင်းတာက ငါတို့ပါကွာ။ အခန့်မသင့်ရင် အသက်ပါထွက်သွားနိုင်တယ်”

“အဲဒါတော့ဟုတ်တယ် အဖေကြီးရေ။ အဖေကြီး အသံနက်ကြီးနဲ့အော်လိုက်တဲ့အသံကို အခုထိ နားထဲကမထွက်ဘူး။ လူမဖြစ်နိုင်ဘူးဆိုရင်လည်း ဘယ်ဘဝများရောက်နေသလဲမသိဘူး”

“သိချင်ရင် လိုက်သွားကြည့်ပါလား”

“ဘာပြောတယ် အဖေကြီး။ ကျွန်မကို သေခိုင်းနေတာလား”

“အေးလေ၊ မင်းက ဟိုကလေးမ ဘယ်ဘဝရောက်နေသလဲဆိုတာ သိချင်တယ်မဟုတ်လား”

“အဖေကြီးပဲ ကိုယ်တိုင်သွားကြည့်တော့။ အဖေကြီးခေါ်လာတဲ့သူလေ”

ကားဆရာလေးက ကျွန်တော်တို့ပြောဆိုနေသည့်စကားများကိုနားစွင့်ပြီး နောက်ကြည့်မှန်ထဲမှကြည့်နေသဖြင့် ဆက်မပြောရန်အတွက် မြင့်၏ပေါင်ကိုလက်ကုတ်ပြီး သတိပေးလိုက်ရသည်။ မြင့်က ကျွန်တော့်ကို စိတ်ကောက်ပြိး စကားဆက်မပြောတော့ သဖြင့် ကျွန်တော်လည်း အတွေးများကို လွန်ခဲ့သည့်နှစ်ပေါင်းလေးဆယ်ကျော်ထံသို့ ပြန်လည်ပို့ဆောင်လိုက်တော့သည်။

************************

တန်ဆောင်မုန်းလပြည့်နေ့မို့ ကားဆွဲကောင်းသဖြင့် အချိန်ကိုပင် သတိမထားလိုက်မိပေ။ ရွှေတိဂုံဘုရားနှင့် တိရစ္ဆာန်ဥယျာဉ်ကို ခေါက်တုန့်ခေါက်ပြန်ပြေးဆွဲနေရပြီး မြေနီကုန်း ဆန်းသီရိရုပ်ရှင်ရုံရှေ့သို့ ခရီးသည်ပို့ပြီးအပြန်၌ ညရှစ်နာရီကျော်နေလေပြီ။ အ ချိန်လင့်နေသည့်အတွက် အိမ်သို့ပြန်ရန်ဆုံးဖြတ်လိုက်ပြီး မြေနီကုန်းဘက်သို့ချိုးကွေ့လိုက်သည့်အချိန်တွင် လမ်းပေါ်၌ရုတ်ရုတ်သဲသဲဖြစ်နေကြသည့်မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ ကိုယ်နှင့်မသက်ဆိုင်သည့်ကိစ္စမို့ မစပ်စုတေ့ဘဲ လူအုပ်ကြီးကို ကျော်ဖြတ်ရန်ပြင် လိုက်သည့်အချိန်တွင် အမျိုးသား လေးငါးယောက်က ကျွန်တော့်ကားရှေ့မှပိတ်ရပ်ပြီးလက်တားနေကြသဖြင့် ကားကိုရပ်လိုက်ပြီး အခြေအနေကြည့်လိုက်မိသည်။ ကားတားနေကြသူများသည် အိန္ဒိယနွယ်ဖွား အမျိုးသားများဖြစ်ပြီး ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။

“ကားဆရာ.......လူနာတွေကို ဆေးရုံကို အမြန်ပို့ပေးပါ”

အကျိုးအကြောင်းမပြောဆိုဘဲ အမိန့်ပေးသကဲ့သို့ပြောဆိုနေသူကို ငြင်းပယ်ရန်ပြင်နေသည့်အချိန်မှာပင် ကားက သိမ့်ကနဲဖြစ်သွားသဖြင့် နောက်သို့လှည့်ကြည့်လိုက်သည့်အခါ လူနာများကို ကားပေါ်သို့တင်နေကြလေပြီ။

“ဘာဖြစ်ကြတာလဲဗျ”

“ကားတိုက်သွားတာ။ တိုက်တဲ့ကားက မောင်းပြေးသွားတယ်”

ခိုက်ရန်ဖြစ်ပွားခြင်းမဟုတ်ဘဲ ယာဉ်တိုက်မှုဆိုသည့်အတွက် လူနာကအရေးကြီးနေသဖြင့် ကျွန်တော်လည်း ဘာမှဆက်မပြောတော့ဘဲ လူနာတင်ပြီးသည်အထိ ရပ်စောင့်နေလိုက်သည်။

“ဘုံး...ဘုံး....”

“မောင်းလို့ရပြီဗျို့”

ကားနံဘေးကိုပုတ်ပြီး ပြောဆိုသံကိုကြားလိုက်သဖြင့် ဂီယာထိုး၍ လီဗာကိုဖိနင်းလိုက်တော့သည်။

“မြန်မြန်မောင်းပါ။ လူနာအခြေအနေမကောင်းတော့ဘူး”

“မောင်းနေတယ်ဗျို့.....”

ဦးဝိစာရလမ်းပေါ်သို့ရောက်သည့်အချိန်၌ ကားနောက်ခန်းမှခေါင်းပြူပြီး အမြန်မောင်းပေးရန်ပြောဆိုနေသဖြင့် အမြန်မောင်းနေကြောင်းပြန်လည်ပြောဆိုလိုက်ရသော်လည်း ငယ်သံပါအောင်အော်ဟစ်ပြီး ရုန်းနေရရှာသည့် B360 လေးဘီးကားလေး အင်္ဂျင် ပူပြီးကွဲ သွားမည်စိုးသဖြင့် ငဲ့ညှာရသေးသည်။ လူနာအခြေအနေကိုသိလိုသဖြင့် ကားနောက်ခန်းသို့လှည့်ကြည့်လိုက်သည့်အခါ ကြမ်းခင်းပေါ်တွင်ထိုင်နေသည့်အမျိုးသား၏ပေါင်ပေါ်၌ ဘေးတစောင်းလှဲနေသည့် အမျိုးသားလူနာတစ်ယောက်နှင့် စွပ်ကျယ်လက်ပြတ် နှင့်အမျိုးသား၏ကိုယ်ပေါ်မှ မိန်းကလေးငယ် တစ်ယောက်ကို မြင်လိုက်ရသည်။ မိန်းကလေးငယ်သည် သွေးများရွှဲနစ်နေပြီး ဇက်ကနောက်သို့လန်ကျနေသည်။

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ရောက်သည့်အခါ ကားရပ်လိုက်ပြီး လူနာများကို ကူညီသယ်မရန် ကားနောက်သို့အမြန်ပြေးရလေသည်။

“ကားဆရာ.....ကောင်မလေးကိုခေါ်သွားပြီး ဆေးရုံဝန်ထမ်းတွေအမြန်ခေါ်လာပေးဗျာ”

“ဟုတ်ကဲ့....”

စွပ်ကျယ်လက်ပြတ်ဝတ်ဆင်ထားသည့် အိန္ဒိယနွယ်ဖွားအမျိုးသားက သူ့လက်ပေါ်မှကလေးမလေးကို ကျွန်တော့်ထံသို့လွှဲပြောင်းပေးလိုက်သဖြင့် ကျွန်တော်လည်း ကလေးမလေးကိုအမြန်ပွေ့ကာ အရေးပေါ်ဌာနထဲသို့ အပြေးအလွှားဝင်သွားပြီး ဆေးရုံဝန် ထမ်းများကို အကူအညီတောင်းရလေတော့သည်။ ကျွန်တော့်လက်ပေါ်မှ အန္ဒိယနွယ်ဖွားကလေးမလေးသည် အသက်ဆယ်နှစ်ဝန်းကျင်မျှသာရှိပြီး ဆင်းရဲနွမ်းပါးပုံရပေသည်။ အဖြူရောင်လက်ရှည်အင်္ကျီနှင့် အညိုရောင်ဘောင်းဘီတိုလေးဝတ်ဆင်ထားသည်။ ဆံပင် က ရှည်လျားပြီး ကျောလယ်မျှရှိပေသည်။ လူနာလိုက်ပို့သည့်အမျိုးသားထံမှ လက်ပြောင်းယူလိုက်သည့်အချိန်တွင် မျက်လုံးပွင့်လာပြီး ကျွန်တော့်မျက်နှာကို အသေအချာကြည့်နေသေးသဖြင့် အခြေအနေမဆိုးသေးဟုထင်ခဲ့မိသော်လည်း အရေးပေါ်ခန်းထဲသို့ရောက် သည့်အချိန်တွင် အသက်ပျောက်သွားခဲ့သည်။ ဒဏ်ရာရထားသည့် အမျိုးသားက ဘယ်ဘက်လက်သွင်သွင်ကျိုးပြီး အရိုးငေါထွက်နေသည်ကလွဲ၍ လှုပ်ရှားညည်းညူနိုင်သေးသည်။ ထိုသူ၏အခြေအနေကိုစောင့်ကြည့်ရန်က ကျွန်တော့်ကိစ္စမဟုတ်သည့်အတွက် ကျွန် တော့်တာဝန်ပြီးဆုံးသွားပြီမို့ လူနာလိုက်ပို့သည့် အမျိုးသားနှစ်ယောက်ကို အိမ်ပြန်တော့မည်ဖြစ်ကြောင်း အသိပေးလိုသော်လည်း လူနာနှင့်အလုပ်ရှုပ်နေကြသဖြင့် မပြောတော့ဘဲ ကားဆီသို့ထွက်လာခဲ့သည်။

ဆေးရုံမှပြန်သည့်အချိန်တွင် ညကိုးနာရီကျော်နေလေပြီ။ ကျွန်တော့်အဝတ်အစားများပေါ်တွင် ကလေးမလေး၏သွေးများ ပေကျံနေသဖြင့် သွေးညှီနံ့များထောင်းထောင်းထနေသည်။ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်းမောင်းနှင်လာပြီး သိမ်ဖြူလမ်းဘက်သို့ ချိုးကွေ့ လိုက်သည့်အချိန်တွင် ခေါင်းခန်းနှင့်ကားနောက်ပိုင်းကိုခြားထားသည့်မှန်အား ထုနှက်နေသည့်အသံကိုကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည့်အခါ သေးသွယ်သည့် လက်နှစ်ဖက်ကိုမြင်တွေ့လိုက်ရလေသည်။ ဆေးရုံကြီးအရေးပေါ်ဌာနအရှေ့၌ ကားရပ် ထားစဉ် ကလေးတစ်ယောက်တက်ဆော့ပြီး ကားပေါ်ပါလာခဲ့သည်ဟုထင်မှတ်သဖြင့် ကားကိုလမ်းဘေး၌ကပ်ရပ်လိုက်ပြီး ဆင်းကြည့်သည့်အခါ ကားနောက်ခန်း၌မည်သူမျှမရှိဘဲ အရှေ့ဘက်ထောင့်စွန်း၌ ထိုင်ခုံပေါ်တင်ထားသည့် ဖျာခေါက်တစ်ခုကိုသာ မြင်တွေ့ လိုက်ရသည်။ ဖျာခေါက်ကိုယူကြည့်လိုက်သည့်အခါ အသစ်စက်စက် သင်ဖြူးဖျာတစ်ချပ်ဖြစ်နေသဖြင့် ခရီးသည်တစ်ယောက်ယောက်ကျန်ခဲ့သည့်ဖျာဖြစ်နိုင်ပေသည်။ ပိုင်ရှင် မည်သူမည်ဝါဆိုသည်ကိုလည်း မသိနိုင်သည့်အပြင် တန်ဖိုးကြီးမားသည့် ပစ္စည်းလည်းမ ဟုတ်သည့်အတွက် ဖျာခေါက်ကို ကားရှေ့ခန်းထဲမှ ထိုင်ခုံပေါ်သို့ပစ်တင်လိုက်သည်။

ကျွန်တော့်စိတ်ထဲ၌ဘဝင်မကျမိသည့်အချက်က မှန်ကိုထုနှက်သည့် အသံနှင့် မှန်ပေါ်မှလက်နှစ်ဖက်ကို အသေအချာကြားခဲ့၊ မြင်တွေ့ခဲ့ရသော်လည်း ကားနောက်၌ လူသူတစ်ယောက်မှရှိမနေခြင်းဖြစ်သည်။ ကားနောက်ခန်းတွင် သွေးညှီနံ့က ထောင်း ထောင်းထနေသဖြင့် တစ်နေရာရာ၌ ကားကိုရေဆေးချင်သော်လည်း ညကိုးနာရီကျော်နေပြီဖြစ်သည့်အတွက် အိမ်ရောက်မှဆေးကြောတော့မည်ဟုဆုံးဖြတ်ကာ ကားပေါ်သို့တက်၍ အိမ်သို့မောင်းလာခဲ့တော့သည်။


**************************

“မြင့်ရေ.....မြင့်”

“လာပြီ ကိုရေ....၊ ဟင်......ကို ...သွေး.. သွေးတွေ။ ဘာ.. ဘာဖြစ်လာတာလဲ”

မြင့်က အိမ်တံခါးဖွင့်ပေးရင်း ကျွန်တော့်ကိုယ်ပေါ်မှ သွေးများကိုမြင်လိုက်သဖြင့် အလန့်တကြားဖြစ်သွားလေသည်။

“အေးကွာ....မြေနီကုန်းမှာ ကားတိုက်မှုဖြစ်လို့ လူနာကိုဆေးရုံလိုက်ပို့နေရတာနဲ့ နောက်ကျသွားတယ်”

“ဟယ်......။ ကို တိုက်လိုက်တာလား”

“မဟုတ်ပါဘူး။ အခြားကားတစ်စီးက တိုက်ပြီးမောင်းပြေးသွားတာ”

“တော်သေးတာပေါ့။ ဿွေးတွေမြင်လိုက်လို့ ကိုဘာများဖြစ်ပြီလဲဆိုပြီး လန့်သွားတာ။ ရင်တွေတောင်တုန်တယ်။ အတိုက်ခံရတဲ့သူရော အခြေအနေရောကောင်းရဲ့လား”

“မကောင်းဘူးကွာ။ ကလေးမလေးက ဆယ်နှစ်ဝန်းကျင်လောက်ပဲရှိမယ်။ နောက်တစ်ယောက်က ယောကျ်ားကွ။ ကိုယ့်ထက် အသက်ကြီးပုံရတယ်။ ကလေးမလေးက ဆေးရုံရာက်မှဆုံးသွားတယ်။ ဟိုလူကတော့ ဘယ်လိုနေသလဲမသိဘူး”

“အို...ကျွတ်...ကျွတ်....သနားပါတယ်။ ကလေးမလေးတော့ တော်တော် ခံစားရရှာမှာပဲ။ သူ့မိဘတွေတော့ ရင်ကျိုးပါပြီ ကိုရယ်။ ဟိုလူနဲ့ ကောင်မလေးက ဘာတော်သလဲ ကို”

“အဲဒါတော့ ကိုလည်းဘယ်သိပါ့မလဲ။ နှစ်ယောက်စလုံးက ကုလားလူမျိုးတွေ။ ဟိုလူကလည်း စုတ်စုတ်ပြတ်ပြတ်၊ ကောင်မလေးကလည်း စုတ်စုတ်ခြာခြာနဲ့ ဆင်းရဲနွမ်းပါးပုံရတယ်။ သမီးလေး အိပ်သွားပြီလား”

“ခုနလေးကမှ အိပ်သွားတယ်။ သမီးကိုသိပ်ရင်း ကို့ကိုစိတ်ပူလို့စောင့်နေတာ။ ကားစက်သံကြားလို့ ထွက်လာတာ”

“ရေချိုးရင်း ကားရေဆေးလိုက်ဦးမယ်ကွာ”

“ဟုတ်ကဲ့ကို။ ရေချိုးပြီး ထမင်းစားမှာမဟုတ်လား၊ ဟင်းတွေနွှေးထားလိုက်မယ်နော်”

“နွှေးချင်လည်း နွှေးထားလိုက်”

“ဟုတ်ကဲ့ကို။ မြန်မြန်လုပ်နော်.....အအေးမိဦးမယ်”

“ရော့.......ဖျာယူလိုက်ဦး”

“ကို ဝယ်လာတာလား”

“မဟုတ်ဘူး။ ကားပေါ်မှာကျန်ခဲ့တာ။ ပိုင်ရှင်ဘယ်သူမှန်းလဲမသိ။ တန်ဖိုးလည်းကြီးတာမဟုတ်တော့ ယူထားလိုက်ကြတာပေါ့ကွာ”

“ဟုတ်ကဲ့ ကို”

************************

ထမင်းစားသောက်ပြီး ဆေးလိပ်ဖွာရင်းအနားယူနေသည့်အချိန်တွင် ကျွန်တော့်ဇနီး မြင့်က အိမ်နောက်ဖေး၌ စားပြီးသားပန်းကန်ခွက်ယောက်များဆေးကြောနေသည်။ ထိုအချိန်တွင် ကျွန်တော်ထိုင်နေသည့် ပက်လက်ကုလားထိုင်ကျောမှီအား တစ်စုံတစ် ယောက်က ကိုင်လှုပ်သကဲ့သို့လှုပ်သွားသဖြင့် နောက်သို့လှည့်ကြည့်လိုက်မိသည်။ သို့သော်လည်း မည်သူမျှရှိမနေသဖြင့် စိတ်ထဲ၌တစ်မျိုးတစ်မည်ဖြစ်သွားခဲ့သည်။ အနီးအနားတွင် တစ်ယောက်ယောက်ရှိနေသကဲ့သို့ခံစားရပြီး နှာခေါင်းထဲတွင်လည်း သွေးညှီနံ့ရနေ သည်။ ကားရေဆေးပြီး အိမ်ပေါ်သို့တက်လာကတည်းက စိတ်ထဲ၌ မသိုးမသန့်ဖြစ်နေမိသည်။

“မေမေ...မေမေ...မေမေ...ဟီး.......ဟီး..”

“ဝုန်း.....”

အခန်းထဲမှ သမီးလေး၏အသံကိုကြားလိုက်သဖြင့် သမီးလေးဆီသို့သွားရန် ပက်လက်ကုလားထိုင်မှထလိုက်သည့်အချိန်တွင် ပက်လက်ကုလားထိုင်ခေါက်သွားပြီး ညပ်နေသဖြင့် ထိုင်မရ ထမရဖြစ်သွားလေသည်။ ပက်လက်ကုလားထိုင်ခေါက်သွားရခြင်းက လည်း ထူးဆန်းလှသည်။ ထိုင်ရာမှထလိုက်စဉ် ပက်လက်ကုလားထိုင်ကျောမှီအား နောက်မှဆွဲမလိုက်သလိုဖြစ်ပြီး ခေါက်သွားခဲ့ခြင်းဖြစ်ကြောင်း ကျွန်တော်သိသည်။

“မေမေလာပြီသမီးလေး”

မြင့်က သမီးလေးဆီသို့ပြေးသွားသဖြင့် ကျွန်တော်လည်း ညပ်နေသည့်ပက်လက်ကုလားထိုင်ခုံကြားမှ ရုန်းထွက်ကာ သမီးဆီသို့သွားရလေသည်။

“သမီးလေး ဘာဖြစ်တာလဲ မြင့်”

“လန့်ပြီး ငိုနေတာ။ ခုနက ဝုန်းကနဲကြာလိုက်တယ်။ ဘာဖြစ်တာလဲ ကို”

“သမီးလေးဆီလာမလို့ထလိုက်တာ ပက်လက်ကုလားထိုင်ခေါက်ပြီးညပ်သွားလို့”

“သမီးကြောက်တယ်....မေမေ”

“ဘာမှမကြောက်နဲ့သမီး...မေမေရှိတယ်”

မိခင်က ရင်ခွင်ထဲတွင်ပွေ့ပိုကထားသော်လည်း သမီးလေး၏မျက်လုံးများက တောင်ကြည့်မြောက်ကြည့်ဖြင့် ကြောက်လန့်နေသဖြင့် ကျွန်တော့်စိတ်ထဲ၌ သံသယရှိလာခဲ့သည်။

“ကို ပရိတ်ရေသွားယူလိုက်ဦးမယ်”

“ဟုတ်ကဲ့ ကို”

ဘုရားစင်ပေါ်မှ ပရိတ်ရေယူရန် အိမ်ရှေ့ခန်းသို့ ထွက်လာသည့်အချိန်တွင် ကျွန်တော့်နံဘေးနားမှဖြတ်သွားသည့် အဖြူရောင်အရိပ်တစ်ခုကို ခပ်ရေးရေးမြင်တွေ့လိုက်ရသည်။ ထိုအဖြူရောင်အရိပ်သည် အိမ်ရှေ့ခန်းသို့အရောက်တွင် ရုတ်တရက်ပျောက် ကွယ်သွားသည်။ စိတ်ထဲ၌ စနိုးစနောင့်ဖြစ်သွားခဲ့သော်လည်း ထင်ထင်ရှားရှားမြင်တွေ့ရခြင်းမဟုတ်သဖြင့် ပရလောကသားဟုပြောဆိုရန်ခက်နေပေသည်။ ကျွန်တော်လည်း ဘုရားစင်ပေါ်မှ ပရိတ်ရေယူကာ အိမ်ရှေ့ခန်အနှံ့ပက်ဖျန်းလိုက်ပြီး သမီးလေးနှင့် အိပ်ခန်း ကိုပါ ပရိတ်ရေဖျန်းလိုက်သည်။

“ဘာမှမဖြစ်တော့ဘူးနော် သမီး၊ မေမေရှိတယ်။ ပြန်အိပ်တော့နော်”

“ဟုတ်ကဲ့ မေမေ”

“ကိုရေ.......ဇလုံထဲက ဆေးလက်စပန်းကန်တွေကို အိမ်ထဲထည့်ပြီး နောက်ဖေးတံခါးပိတ်လိုက်နော်။ မီးတွေပိတ်ဖို့လည်း မမေ့နဲ့ဦး”

“အေး....အေး...။ ကို လုပ်လိုက်မယ်”

မြင့်နှင့် သမီးလေးတို့ ခြင်ထောင်ထဲသို့ဝင်သွားသည့်နောက် ကျွန်တော်လည်း အိမ်နောက်ဖေးသို့ဝင်သွားပြီး ရေကပြင်ပေါ်မှ ဆေးလက်စပန်းကန်များထည့်ထားသည့် ရေဇလုံကို အိမ်ထဲသို့ထည့်ပြီး နောက်ဖေးတံခါးပိတ်မည်ပြုစဉ် အိမ်သာတံခါးက အလိုလို ပွင့်လာသဖြင့် အိမ်သာကို လှမ်းကြည့်လိုက်မိသည်။ အိမ်သာနှင့်ရေကပြင်သည် ဆယ်ပေမျှသာဝေးသဖြင့် ရေကပြင်၌ထွန်းထားသည့်မီးရောင်ဖြင့် အိမ်သာထဲသို့ ကောင်းစွာမြင်တွေ့ရပေသည်။ အိမ်သာထဲတွင်ရပ်နေသည့် မိန်းကလေးတစ်ယောက်ကို မြင်တွေ့လိုက် ရသည့်အခိုက် ရုတ်တရက်လန့်သွားမိသည်။ ထိုမိန်းကလေးသည် ကျွန်တော့်ကားဖြင့်တင်ပြီးဆေးရုံကြီးသို့ပို့ခဲ့သည့်မိန်းကလေးဖြစ်နေသည်။ ခေါင်းငုံ့၍ မျက်လုံးကိုလှန်ကြည့်နေသည့်အကြည့်က မကျေနပ်ကြောင်းဖော်ပြနေသည်။ ကျွန်တော်လည်း တံခါးကိုအမြန် ပိတ်ပြီး ပြုခဲ့ဖူးသည့်ကုသိုလ်များကို အမျှပေးဝေလိုက်သည်။ ထို့နောက် အိမ်တံခါးများကိုစစ်ဆေးပြီး မီးဖိုဆောင်မှ မီးလုံးတစ်လုံးပဲဖွင့်ထားပြီး ကျန်မီးများအားလုံးပိတ်ကာ အိပ်ခန်းထဲသို့ဝင်၍ မြင့်၏ဘေးတွင်လှဲအိပ်လိုက်သည်။

***********************

အဆက်မပြတ်ဆွဲနေသည့် ရထားဥဩသံကြောင့် ကျွန်တော်လန့်နိုးသွားခဲ့သည်။ ရထားဥဩသံဣှင့် ရထားခုတ်မောင်းသံများကို နေ့စဉ်နှင့်အမျှကြားနေရသဖြင့် အလေ့အကျင့်ဖြစ်နေခဲ့သော်လည်း ယနေ့ကျမှ လန့်နိုးခဲ့ရသည်။ မြင့်နှင့်သမီးလေးက တုပ်တုပ် မျှမလှုပ်ကြဘဲ တခေါခေါဖြင့် အိပ်မောကျနေကြသည်။ ရထားသံတိတ်ဆိတ်သွားသော်လည်း အိပ်ရာဘေးမှ စားပွဲတင်နာရီထံမှ တစ်ချက်ချက်မြည်သံကိုကြားနေရပြန်သည်။ လန့်နိုးသွားသဖြင့် မျက်လုံးများကျယ်ပြီး ပြန်အိပ်လို့မရတော့သော်လည်း မနက်စောစော ထပြီး ကားဆွဲရဦးမှာမို့ ဇွတ်မှိတ်အိပ်ရန်ကြံလိုက်စဉ် ခန်းစီးလိုက်ကာလှုပ်သွားသဖြင့် ခေါင်းထောင်ကြည့်လိုက်မိသည်။ ကျွန်တော်တို့အိပ်ခန်းတွင် တံခါးမရှိဘဲ ခန်းဆီးလိုက်ကာသာတပ်ဆင်ထားသဖြင့် လုံခြုံမှုမရှိသော်လည်း အိမ်ငှားဖြစ်သည့်အတွက် တံခါးမတပ် တော့ဘဲ သည်အတိုင်းထားလိုက်ရသည်။ ခန်းဆီးလိုက်ကာလှုပ်သွားသော်လည်း ဆက်ပြီးမထူးခြားသဖြင့် ခေါင်းအုံးပေါ်သို့ခေါင်းချလိုက်သည့်အချိန်မှာပင် ခြေရင်းဘက်မှခြင်ထောင်ကို တဖြည်းဖြည်းဆွဲတင်နေသည်ကို မြင်တွေ့လိုက်သဖြင့် ကျွန်တော် ချက်ချင်းထ ထိုင်လိုက်သည်။ ခြင်ထောင်အနားစကိုဆွဲမထားသကဲ့သို့ အလယ်လောက်တွင်ရပ်တန့်နေသဖြင့် ကြက်သီးမွေးညင်းများထသွားခဲ့သည်။ မြင့်ကို နှိုးရကောင်းနိုးစဉ်းစားနေစဉ် ဆန့်ထားသည့်ကျွန်တော့်ခြေထောက်ကို အေးစက်သည့်လက်ဖြင့်ဆုပ်ကိုင်လိုက်သလို ခံစား လိုက်ရသဖြင့် ခြေထောက်ကိုအမြန်ရုပ်ပြီး ဆောင့်ကြောင့်ထိုင်နေလိုက်သည်။ ခြင်ထောင်အနားစက ပြန်မကျသေးဘဲ တန့်နေသဖြင့် ကျွန်တော်လည်း သမ္ဗုဒ္ဓေဂါထာတော်ကို အသံထွက်ရုံရွတ်ဆိုပြီး အခြေအနေကို စောင့်ကြည့်နေလိုက်သည်။

ခဏအကြာတွင် ခြင်ထောင်အနားစပြန်ကျသွားပြီး ခြင်ထောင်အပြင်ဘက်တွင် ဆောင့်ကြောင့်ထိုင်နေသည့် မိန်းကလေးတစ်ယောက်ကို ထင်ထင်ရှားရှားမြင်တွေ့လိုက်ရလေသည်။ မိန်းကလေးက ခေါင်းကိုအနည်းငယ်ငုံ့ပြီး ကျွန်တော့်ကိုမျက်လှန်ကြည့်နေ သဖြင့် ကျောထဲမှစိမ့်တက်လာသည်။ မြင့်ကိုနှိုးလိုက်ပြန်လျှင်လည်း ကြောက်လန့်ရုံမှလွဲ၍ဘာမှမထူးသဖြင့် မနှိုးတော့ဘဲ ခြေရင်းမှစောင်ကိုဆွဲယူကာ ခေါင်းမြီးခြုံထားလိုက်သည်။ ခြင်ထောင်ဘက်သို့ ကျောမပေးရဲသဖြင့် သမီးလေးဘက်သို့လှည့်အိပ်နေသည့် မြင့်နှင့် ကျောချင်းထိကပ်ကာ ခြင်ထောင်ဘက်သို့မျက်နှာမူထားလိုက်သည်။

စောင်ကိုခေါင်းမြီးခြုံပြီး နားစွင့်ထားသည့်အချိန်တွင် ကျွန်တော့်လက်မောင်းကို လက်ဖြင့်ကုတ်နေသဖြင့် ဆံပင်မွေးများထောင်ထသွားသည်။ စောင်စလွတ်သွားမည်စိုးသဖြင့် ခြေလက်များနှင့်သာမက ကိုယ်နှင့်ပါ ဖိထားရသည်။

“အမ်.......ဘာလဲ သမီးလေး....”

မြင့်အသံကြားလိုက်ရသဖြင့် စောင်ကိုလှပ်ပြီးကြည့်လိုက်သည့်အခါ ငုတ်တုပ်ထိုင်နေသည့် သမီးလေးကို တွေ့လိုက်ရသည်။

“ရှုပေါက်မလို့လား သမီးလေး”

“ဟုတ်ကဲ့”

“လာ..... မေမေ အိမ်သာလိုက်ပို့ပေးမယ်”

မြင့်နိုးလာသည့်အခါမှ အသက်အောင့်ထားသမျှဖြေလျှော့လိုက်ရတော့သည်။ ထိုအခါမှ ဆီးသွားချင်သည့်စိတ်၊ ရေသောက်ချင်သည့်စိတ်က အလျှိုလျှိုပေါ်လာခဲ့လေသည်။

“ကိုလည်း လိုက်ခဲ့မယ်”

“ရှုပေါက်ချင်လို့ ဖေဖေ့ကိုနှိုးတာ နှိုးလို့မရလို့ မေမေ့ကိုနှိုးလိုက်ရတာ”

သမီးလေးပြောသည့်အခါမှ ကျွန်တော့်ပခုံးကိုကုတ်နေသူသည် သမီးလေးဖြစ်ကြောင်းသိလိုက်ရလေသည်။

“ဟုတ်လား......မေမေ့ကိုနှိုးလည်းရပါတယ်သမီးရယ်။ လာ...လာ.......အပြင်ထွက်”

“ဝုန်း.......”

“အမလေး.....ဘာသံကြီးလဲ”

ခြင်ထောင်အပြင်သို့ ကျွန်တော်တို့သားအမိသားအဖသုံးယောက်ထွက်ပြီးသည့်အချိန်တွင် အိမ်ရှေ့ခန်းမှ တစ်ခုခုပြုတ်ကျသည့်အသံကြားလိုက်ရလေသည်။

“သမီးလေးကို ရှုသွားတည်လိုက်။ ကို အိမ်ရှေ့သွားကြည့်မယ်”

မြင့်နှင့်သမီးလေးတို့ အိမ်နောက်ဖေးထွက်သွားသည့်အခါ ကျွန်တော်လည်း အိမ်ရှေ့သို့သွား၍ မီးဖွင့်လိုက်သည်။ မီးချောင်းက ချက်ချင်းလင်းမလာသေးဘဲ တဖျပ်ဖျပ်ဖြစ်နေသည့်အချိန်တွင် အိမ်ရှေ့တံခါးကို ကျောပေးရပ်နေသည့် မိန်းကလေးကို မြင်လိုက်ရ လေတော့သည်။ ကျွန်တော်လည်း ဘာမှစဉ်းစားမနေတော့ဘဲ ဘုရားစင်ပေါ်မှ ပရိတ်ရေပုလင်းကိုအမြန်ယူကာ အိမ်ရှေ့ခန်းတစ်ခုလုံးကို ပက်ဖျန်းလိုက်တော့သည်။ ထိုအခါမှ မိန်းကလေးလည်းပျောက်ကွယ်သွားလေတော့သည်။ မီးချောင်းလင်းလာသည့်အခါ အိမ် ရှေ့ခန်းကို စစ်ဆေးကြည့်သော်လည်း မည်သည့်ပစ္စည်းမှပြုတ်ကျနေခြင်းမရှိသဖြင့် မီးချောင်းပြန်မပိတ်တော့ဘဲ နောက်ဖေးသို့ဝင်ခဲ့သည်။

မြင့်က သမီးလေးကို ရေကပြင်၌ ရှုတည်နေသဖြင့် ကျွန်တော်က အိမ်သာသို့သွားကာ ဆီးသွားလိုက်သည်။ ကိစ္စပြီး၍ အိမ်သာမှထွက်လာသည့်အခါ ကြက်သီးဖျန်းကနဲထသွားခဲ့သည်။ ဆီးသွားပြီး၍ ကြက်သီးထသည်ဟုသာထင်မှတ်လိုက်သည်။

“မြင့်လည်း ရှုရှပေါက်လိုက်ဦးမယ်။ သမီးလေးကို ခဏကြည့်ထားလိုက်နော်”

“အေး.....အေး”

မြင့် အိမ်သာထဲဝင်နေခိုက် ကျွန်တော်နှင့်သမီးလေးက အိမ်နောက်ဖေး ရေကပြင်နားတွင် ထိုင်စောင့်နေကြသည်။

“ဘာလဲ သမီးလေး”

သမီးလေးက ကျွန်တော့်ပခုံးကို လက်ဖြင့်ကုတ်ပြီး အိမ်သာခေါင်မိုးပေါ်သို့ လက်ညှိုးထိုးပြနေသဖြင့် ကြည့်လိုက်သည့်အခါ အိမ်သာခေါင်မိုးပေါ်တွင် လက်နှစ်ဖက်ရှေ့သို့ထောက်၍ ဆောင့်ကြောင့်ထိုင်နေသည့် မိန်းကလေးကိုမြင်လိုက်သဖြင့် ကျွန်တော့် တစ် ကိုယ်လုံး အေးစက်တောင့်တင်းသွားပြီး ကြက်သီးမွေးညင်းများထသွားလေသည်။

“သမီး…မကြည့်နဲ့။ မြင့်....မြန်မြန်လုပ်”

“ဘာဖြစ်လို့လဲ ကို”

“မြန်မြန်လုပ်ပါဆိုမှကွာ”

“ပြီးပါပြီ ကိုရဲ့။ အိမ်သာတက်ချင်လို့လား”

“စကားမများနဲ့ကွာ။ မြန်မြန်ထွက်လာခဲ့”

သမီးလေးကိုဆွဲလှည့်ပြီး အိမ်ရှေ့ဘက်သို့ မျက်နှာမူခိုင်းရင်း ဇနီးသည်ကို အမြန်ထွက်လာဖို့ပြောရသည်။ မိန်းကလေးသည် မည်သည့်အတွက် ကျွန်တော့်ကို ခြောက်လှန့်နေမှန်းမသိပါ။

“အိမ်သာတက်ချင်တာများ တစ်ခါတည်းတက်လိုက်ပါတော့လား ကိုရယ်။ မြင့်က အောင့်ထားလို့ရပါတယ်”

“စကားမများနဲ့၊ အိမ်ထဲအမြန်ဝင်”

လက်မောင်းကိုကိုင်ကာ အိမ်ထဲသို့ဆွဲသွင်းပြီး တံခါးအမြန်ပိတ်နေသည့်ကျွန်တော့်ကို မြင့်က နားမလည်သလိုကြည့်နေသည်။

“ဘာဖြစ်နေတာလဲ ကို။ ကို့ကိုကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ”

“နောက်မှမေးပါကွာ။ အခန်းထဲသွားကြမယ်”

“သရဲတွေ့လို့ မေမေရဲ့”

“ဟင်.....”

“သရဲမဟုတ်ပါဘူး သမီးရာ။ ဌင်းတပါ”

“ဟုတ်ပါဘူး။ သမီး မြင်ပါတယ်”

“မြင့်ကိုလည်း ပြောကြပါဦး။ သားအဖနှစ်ယောက် ဘာတွေဖြစ်နေကြတာလဲ”

“အိမ်သာအမိုးပေါ်မှာ သရဲမထိုင်နေတာ သမီးတွေ့တယ်မေမေ”

“ဟင်...ဘုရား.....ဘုရား....”

“လာကြပါကွာ။ သမီးကလည်း မဟုတ်တာမပြာရဘူး”

“ဟုတ်ပါတယ်ဆို။ သရဲက ကုလားမလေး မေမေရဲ့”

“ဟင်.....”

“တော်တော်လျှာရှည်တဲ့ သမီးပါလား။ လာ......”

ကျွန်တော်လည်း စိတ်မရှည်တော့သဖြင့် သမီးလေးကိုပွေ့ချီပြီး အိပ်ခန်းထဲသို့ခေါ်သွားလိုက်တော့သည်။ မြင့်ကလည်း ကြောက်ကြောက်လန့်လန့်ဖြင့် ကျွန်တော့်နောက်မှ ကပ်ပြီးလိုက်လာလေသည်။ ထိုနေ့ညက သမီးလေးသာ အိပ်ပျော်သွားသော်လည်း ကျွန်တော်နှင့်မြင့်တို့ ကျောဆန့်ရင်းမိုးလင်းခဲ့ရတော့သည်။

********************

“တစ်ညလုံးအိပ်ရေးပျက်ထားတာ ဒီနေ့ ကားမဆွဲပါနဲ့လား ကိုရယ်”

မြင့်ပြောတာ မှန်ပါသည်။ တစ်ညလုံးမအိပ်ရသေးသဖြင့် မူးဝေပြီး ငိုက်မျဉ်းနေသည်။

“အေးကွာ။ မနက်စာစားပြီး ခဏအိပ်လိုက်ဦးမယ်။ အိပ်ရာကနိုးမှပဲ ကားထွက်ဆွဲတော့မယ်”

“မြင့်လည်း ချက်ပြုတ်စားသောက်ပြီးရင် ခဏအိပ်မှဖြစ်မယ်။ မူးနောက်နောက်ဖြစ်နေပြီ”

“ဈေးသွားမနေပါနဲ့ကွာ။ ရှိတာနဲ့ဖြစ်သလိုသာချက်လိုက်တော့”

“ဟုတ်ကဲ့ ကို။ ဘဲဥပဲကြော်စားလိုက်ကြတာပေါ့။ သမီးလေးလည်းကြိုက်တယ်”

“အေး...အေး...”

မနက်စာစားပြီးကတည်းက အိပ်ငိုက်လာသဖြင့် အိမ်ရှေ့ခန်းတွင် ဖျာခင်းပြီး အိပ်စက်လိုက်သည်မှာ ညနေ လေးနာရီထိုးခါနီးမှ နိုးလာခဲ့တော့သည်။

“မြင့်.......မြင့်....”

“ကို နိုးပြီလား”

“နိုးပြီ။ သမီးလေးရော”

“သမီးလေးက အခန်းထဲမှာ။ ခုထိအိပ်တုန်း”

“ညနေစောင်းနေပြီ။ နှိုးလိုက်တော့လေ။ ညမအိပ်နိုင်ဘဲနေမယ်”

“ခဏနေမှ နှိုးလိုက်တော့မယ်။ သားအဖနှစ်ယောက်စလုံးအိပ်နေလိုက်တာများ တခူးခူးနဲ့”

“မင်းက မအိပ်ဘူးလား”

“အိပ်မလို့ပဲ။ အဝတ်တွေလျှော်စရာရှိတာနဲ့မအိပ်တော့ဘဲ အဝတ်တွေလျှော်လိုက်တာ။ ကို့အင်္ကျီနဲ့ပုဆိုးမှာပေနေတဲ့ သွေးတွေက စွန်းနေပြီ။ လျှော်လို့မရတော့ဘူး”

“လွှတ်ပစ်လိုက်ပါကွာ”

“ခြစ်ခြစ်ကုပ်ကုပ်နဲ့ဝယ်ထားရတော့ နှမြောလို့”

“စွန်းနေမှတော့ ဘာလုပ်တော့မှာလဲ မြင့်ရာ”

“ပင်မင်းပို့ကြည့်ပါဦးမယ်”

“သဘောပဲကွာ”

“ကို ကားထွက်လိုက်ဦးမယ်”

“လန်းလန်းဆန်းဆန်းဖြစ်သွားအောင် ရေချိုးပြီးမှ သွားလေ”

“အချိန်သိပ်မရှိတော့ဘူးကွာ။ ရေချိုးရင်ကြာနေလိမ့်မယ်။ ပြန်လာမှပဲချိုးတော့မယ်”

“ဟုတ်ကဲ့ ကို”

*********************

ကားဆွဲမကောင်းသဖြင့် ကျွန်တော်စိတ်ပျက်လာမိသည်။ ညနေကားစထွက်ကတည်းက ညရှစ်နာရီကျော်သည်အထိ ခရီးသုံးကြောင်းပဲပို့ရသေးသည်။ ခရီးသည်ရသည့် တရုတ်တန်းလိုနေရာမျိုးမှာပင် ကားတားမည့်သူမရှိပေ။ ကားဆက်ဆွဲချင်စိတ်လည်း မရှိတော့တာကြောင့် အိမ်သို့ပြန်လာခဲ့တော့သည်။ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာစဉ် ဆယ့်လေးလမ်းထိပ်အရောက်၌ သံဃာတော်နှစ်ပါး လက်တားနေသဖြင့် ရပ်တန့်ပေးလိုက်သည်။ သံဃာတော်နှစ်ပါးသွားလိုသည့်နေရာက ဝေးဝေးလံလံမဟုတ်ဘဲ သရက်တော ကျောင်းတိုက်သို့ဖြစ်နေသဖြင့် ကိုသိုလ်ယူ ဒါနပြု၍ လိုက်ပို့လိုက်သည်။ သရက်တောကျောင်းတိုက်ရှေ့တွင်ကားရပ်လိုက်သည့်အခါ ရှေ့ခန်းမှသံဃာတော် ကားပေါ်မှမဆင်းခင် နောက်ခန်းမှသံဃာတော်က ရှေ့ခန်းသို့လာပြီး ကျွန်တော့်ကို ပြောဆိုသဖြင့် ကျွန်တော် အံ့အားသင့်သွားမိသည်။

“ဒကာကြီး......။ ကားကို သန့်စင်လိုက်ဦးဗျ။ ဒကာကြီးရဲ့ကားပေါ်မှာ မကျွတ်မလွတ်သေးတဲ့သူရှိနေတယ်”

“တင်ပါ့ဘုရား။ တပည့်တော် ဘယ်လိုလုပ်ရမလဲဘုရား”

“သံဃာတော်တွေပင့်ဖိတ်ပြီး ဆွမ်းကပ်၊ အမျှအတန်းပေး။ သံဃာတော်တွေကို ပင့်ဖိတ်တဲ့အခါ ကမ္မဝါပါရွတ်ပေးပါလို့ အရင်ဦးဆုံးလျှောက်တင်ဗျ။ မဟုတ်ရင် ရိုးရိုးဆွမ်းကပ်တယ်ထင်ပြီး ကမ္မဝါစာယူလာကြမှာမဟုတ်ဘူး”

“တင်ပါ့ဘုရား”

သံဃာတော်နှစ်ပါဆင်းသွားပြီးနောက် ဗိုလ်ချုပ်လမ်းဘက်သို့ချိုးကွေ့လိုက်ပြီး ဗိုလ်ချုပ်လမ်းမီးပွိုင့်သို့ရောက်သည့်အခါ မီးပွိုင့်နီနေသဖြင့် စောင့်ဆိုင်းနေသည့်အချိန်တွင် ကားနောက်ခန်းနှင့် ခေါင်းခန်းကိုခြားထားသည့်မှန်အား သုံးလေးချက်ခန့်ပုတ်လိုက်သံ ကြားလိုက်သဖြင့် နောက်ကြည့်မှန်မှ နောက်ခန်းကိုကြည့်လိုက်မိသည်။

“ဟာ........”

လက်နှစ်ဖက်ဖြင့် သံတန်းကိုင်ကာ မျက်လုံးပြူးပြီး ကျွန်တော့်ကိုကြည့်နေသူသည် ကျွန်တော့်အားခြောက်လှန့်နေသည့်မိန်းကလေးဖြစ်ကြောင်း ပြောစရာမလိုတော့ပေ။ အရဲစွန့်ပြီး နောက်လှည့်ကြည့်လိုက်သည့်အခါ မမြင်တွေ့ရဘဲ နောက်ကြည့်မှန်မှကြည့် လျှင်သာ မြင်တွေ့ရသည်။ ထိုအတိုင်းဆိုပါက သရက်တောကျောင်းတိုက်တွင်ဆင်းသွားသည့် သံဃာတော်ကြီးပြောသလို လုပ်ရတော့မည်ဟုတွေးနေစဉ် မီးစိမ်းသွားသောကြောင့် ဆက်လက်မောင်းနှင်ခဲ့သည်။ ကားမောင်းနေရင်း နောက်ကြည့်မှန်ကို မကြာခဏကြည့် မိသော်လည်း အိမ်ရောက်သည်အထိ မတွေ့ရတော့ပေ။

အိမ်သို့ရောက်သည့်အခါ အိမ်ရှေ့၌ ကားရပ်လိုက်ပြီး မြင့်ကို ဟွန်းတီး၍ ခေါ်လိုက်သည်။

“တီ......တီ....”

“ဖေဖေပြန်လာပြီမေမေရေ......”

“သမီး.....အိမ်ပေါ်မှာပဲနေ။ အောက်ဆင်းမလာနဲ့။ မေမေရာ”

“မေမေ နောက်ဖေးမှာရှိတယ်”

“မေမေ့ကို ဘုရားစင်ပေါ်ကပရိတ်ရေယူလာခဲ့လို့ပြောလိုက်”

“ဟုတ်ကဲ့ဖေဖေ”

သမီးလေးနှင့်ပြောဆိုနေစဉ် မြင့်ရောက်လာသဖြင့် အတော်ြဖစ်သွားသည်။

“ကို....ပရိတ်ရေယူမလို့လား”

“အေး...”

“ခဏလေးနော်။ သမီး....အိမ်အောက်မဆင်းနဲ့”

“ဟုတ်ကဲ့ မေမေ”

မြင့်က သဘောပေါက်ပုံရပေသည်။ ဘုရားစင်ပေါ်မှ ပရိတ်ရေပုလင်းကို အမြန်ပြေးယူလာပြီး ကျွန်တော့်ကိုပေးလေသည်။

“ပရိတ်ရေက လက်သုံးလုံးပဲကျန်ပါတော့လား။ မနေ့ညကတင် တစ်ဝက်ကျော်ကျော်ရှိသေးတယ်”

“ဟုတ်တယ် ကို။ ခုနက တစ်အိမ်လုံးဖျန်းလိုက်ရလို့ အဲဒါပဲကျန်တော့တာ”

“ဟင်.....”

“အိမ်ပေါ်ရောက်မှ ပြောပြမယ်။ ကို လုပ်စရာရှိတာလုပ်။ ရေချိုးမှာမဟုတ်လား”

“အေး...”

ရေလဲလုံချည်နဲ့ တဘက်သွားယူလိုက်ဦးမယ်။ သမီးလေးကို ခဏကြည့်ထားလိုက်နော်”

မြင့် ရေလဲလုံချည်သွားယူနေစဉ် လက်ကျန်ပရိတ်ရေဖြင့် ကားတစ်စီးလုံးကို ပက်ဖျန်းလိုက်တော့သည်။


***********************

ရေချိုးပြီး အဝတ်အစားလဲနေစဉ် မြင့်က ကျွန်တော့်ကို လက်ကုတ်ပြီး အိပ်ခန်းထဲသို့ဝင်သွားသဖြင့် ကျွန်တော်လည်း မြင့်အနောက်မှအိပ်ခန်းထဲသို့ လိုက်သွားခဲ့သည်။

“ဘာဖြစ်လို့လဲ”

“ပြောစရာရှိလို့”

“ပြောလေ...”

“ညနေခုနစ်နာရီလောက်မှာ မြင့်က သမီးလေးကို ထမင်းခွန့်နေတယ်။ ထမင်းခွန့်ကျွေးနေတဲ့အချိန်မှာ သမီးလေးဆော့တဲ့ ကော်ပတ်ရုပ်က အဝတ်ခြင်းတောင်းပေါ်ကနေပြုတ်ကျလာတယ်။ ကြွက်တိုးလို့ပြတ်ကျတယ်ထင်ပြီး မြင့်လည်း သမီးလေးကို ထမင်း ဆက်ခွန့်နေတယ်။ ခဏနေတော့ ကော်ပတ်ရုပ်က မြင့်တို့အိပ်ခန်းအဝနဲ့ အိမ်နောက်ဖေးကို လမ်းလျှောက်နေတယ် ကို”

“ဟေ.....သမီးလေးတွေ့သွားလား”

“မတွေ့ဘူး။ သမီးက နောက်ဖေးကို ကျောပေးထားတယ်။ ကော်ပတ်ရုပ် နောက်ဖေးဝင်သွားတာနဲ့ မြင့်လည်း ပရိတ်ရေယူပြီး တစ်အိမ်လုံးဖျန်းပစ်လိုက်တယ်”

“ညနေစောင်းပဲရှိသေးတာတောင် အဲဒီလိုဖြစ်နေတာလား”

“ဟုတ်တယ်ကို”

ကျွန်တော်ကြုံခဲ့သည့်အကြောင်းကို မပြောပြတော့ဘဲ ကျွန်တော်သိလိုသည့်အကြောင်းကိုမေးလိုက်သည်။

“အဲဒီတော့ ကော်ပတ်ရုပ်က ဘာဖြစ်သွားလဲ”

“ရေကပြင်ဘက်ကိုထွက်သွားတာပဲမြင်လိုက်တယ်။ မြင့်လည်း သွားမကြည့်ရဲလို့ နောက်ဖေးတံခါးပဲပိတ်ထားလိုက်တယ်”

“ရေကပြင်တံခါးက မပိတ်ရသေးဘူးပေါ့”

“ဟုတ်တယ် ကို”

“ကို သွားကြည့်ပြီး တံခါးပိတ်ခဲ့မယ်။ သမီးလေးနဲ့အတူနေလိုက်”

“သတိထားပြီးသွားနော်”

“အေးပါ....”

မြင့်အရှေ့မှာမို့ မကြောက်ချင်ဟန်ဆောင်နေရသော်လည်း ကျွန်တော်ကြာက်လန့်နေမိသည်။ အိမ်နောက်ဖေးတံခါးကိုဖွင့်ပြီး နောက်သို့လှည့်ကြည့်သည့်အခါ မြင့်က ကျွန်တော့်ကိုစိတ်မချသဖြင့် အိမ်ရှေ့ခန်းမှနေ စောင့်ကြည့်နေသည်။ မီးဖိုဆောင်မီးဖွင့်ထား သော်လည်း ရေကပြင်မီးဖွင့်မထားသဖြင့် ရေကပြင်သို့ထွက်သည့်တံခါးကိုပိတ်ရန် ကျောနည်းနည်းချမ်းမိသည်။ တံခါးက အပြင်သို့ဖွင့်သည့်တံခါးဖြစ်သည့်အတွက် ရေကပြင်သို့ထွက်ပြီး တံခါးကိုဆွဲပိတ်မှပိတ်၍ရပေသည်။ မပိတ်လို့လည်းမဖြစ်သည့်အတွက် ရေက ပြင်သို့ထွက်ပြီး တံခါးပေါင်ကိုကိုင်လိုက်သည့်အချိန်မှာပင် ကျွန်တော့်လက်ကို ဆုပ်ကိုင်လိုက်သည့် လက်တစ်ဖက်ကိုမြင်တွေ့လိုက်ရသဖြင့် လန့်ပြီးအော်လိုက်မိသည်။

“ အမလေးဗျ”

“ကို.....ကိုဘာဖြစ်တာလဲ”

ကျွန်တော်အော်လိုက်သည့်အသံကြောင့် မြင့်နှင့်သမီးလေးတို့ ပြေးလာကြသလို ခြေရင်းနှင့် ခေါင်းရင်းအိမ်များကလည်း ပြူတင်းပေါက်တံခါးများဖွင့်ကြည့်ကြသဖြင့် ကျွန်တော်ရှက်သွားမိသည်။

“ဘာ....ဘာမှမဖြစ်ဘူး....ရေကပြင်ပေါက်ထဲ ခြေထောက်ကျွံသွားလို့”

ကျွန်တော် လိမ်ညာပြောခြင်းဖြစ်ကြောင်း မြင့်က သိသည်။ ရေကပြင်တံခါးကို ချက်ထိုးနေသည့်လက်များက တုန်နေသဖြင့် အပေါက်အလမ်းမတည့်ဖြစ်နေသည့်အချိန်တွင် မြင့်က တံခါးချက်များထိုးပေးလေသည်။ ကျွန်တော် ကြောက်လန့်တာ တစ်ခါမျှမ မြင်ဘူးသည့်အတွက် အလွန်ချောက်ချားစရာကောင်းသည့်အရာကိုမြင်တွေ့လိုက်ရသဖြင့် ယခုလိုဖြစ်ပျက်သွားမှန်း မြင့်သဘောပေါက်ပုံရပေသည်။ မြင့်က ကျွန်တော့်ကို ဘာမှမမေးဘဲ သောက်ရေတစ်ခွက်ခပ်တိုက်လေသည်။

“ကို...အိမ်ရှေ့သွားရအောင်”

“အင်း.......”

အိမ်ရှေ့သို့ထွက်လာရင်း ဒူးချောင်နေသလိုခံစားရသဖြင့် တစ်ချက်တစ်ချက် ခွေကျသွားမတတ်ဖြစ်နေသည်။

“ရလား ကို”

“ရတယ် မြင့်”

“မြင့်တို့ အိမ်ပြောင်းကြမယ် ကို”

“အိမ်နဲ့မဆိုင်ဘူးထင်တယ်”

“အိမ်ရှေ့ရောက်မှ ပြောကြမယ်နော်။ တစ်ခုခုလုပ်မှဖြစ်တော့မယ်”

အိမ်ရှေ့ရောက်သည့်အခါ ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်ချလိုက်ပြီး မျက်စိကိုပိတ်ကာ အသက်ကိုဝအောင်ရှုရင်း စိတ်ကိုငြိမ်အောင်လုပ်နေရသည်။ ကျွန်တော်မြင်တွေ့လိုက်ရသည့်လက်သည် သေးသွယ်ပြီး မည်းနက်နေသည်။ လက်တစ်ခုလုံးကိုမြင်ရ ခြင်းမဟုတ်ဘဲလက်ဖျံအထိသာမြင်တွေ့ရသဖြင့် လက်ပြတ်ကဲ့သို့ဖြစ်နေသည်။ ကျွန်တော့်လက်ကိုဆုပ်ကိုင်လိုက်စဉ်က အေးစက်ပြီး မာတောင့်နေသည့်အထိအတွေ့ကိုခံစားလိုက်ရသဖြင့် ရုတ်တရက်လန့်ပြီး အော်လိုက်မိခြင်းဖြစ်ပေသည်။

“သက်သာရဲ့လား ကို”

မြင့်က ဘေးမှယက်ခပ်ပေးရင်းမေးနေသဖြင့် ကျွန်တော်ခေါင်းညိတ်ပြလိုက်သည်။

“မြင့်တို့ တစ်ခုခုလုပ်မှဖြစ်တော့မယ်”

“အိမ်ပြောင်းရင်လည်း လိုက်နေမှာပဲနဲ့တူပါတယ်”

“ဘာဖြစ်လို့လဲ ကို”

“အိမ်မှာ နဂိုကတည်းကရှိနေတဲ့ဟာတွေမှမဟုတ်တာ”

“ဒါဆို ဘာလုပ်ကြမလဲ”

“ဘုန်းကြီးပင့်ပြီး ပရိတ်ရွတ်၊ အမျှအတန်းပေး။ ကမ္မဝါရွတ်ရတော့မှာပဲ မြင့်ရယ်”

“မေမေ.....မေမေ...ဟိုမှာ......”

မြင့်နှင့်ကျွန်တော်တို့ စကားပြောဆိုနေကြစဉ် သမီးလေးက မြင့်ကိုလက်ကုတ်ပြီး ကျွန်တော့်နောက်ကျောဘက်သို့ လက်ညှိုးထိုးပြနေသဖြင့် လည်ပြန်လှည့်ကြည့်လိုက်သည်။ နောက်ကျောဘက်တွင် ဘာမျှမရှိသော်လည်း တစ်ယောက်ယောက်ရှိနေသကဲ့သို့ ကျွန်တော့်စိတ်က ထင်နေမိသည်။ ဘေးအိမ်မှ မိသားစုများလည်း မအိပ်ကြသေးသဖြင့် အနည်းငယ်တော့ အားရှိသည်။

“ဘာမှမရှိပါဘူး သမီးရဲ့”

“ကုလားမလေး မေမေ။ ဖေဖေ့နောက်မှာရပ်ပြီး သမီးကိုစိုက်ကြည့်နေတယ်”

သမီးပြောလိုက်မှ ကျွန်တော် ကြက်သီးမွေးညင်းထသွားပြီး ထိုင်ရာမှအမြန်ထလိုက်ရလေသည်။ မြင့်ကလည်း ရုတ်တရက်ထကာ ပက်လက်ကုလားထိုင်နောက်ဘက်သို့ကြည့်နေသည်။

“မြင့်.......သမီးပြောတာ တွေ့ရလို့လား”

မြင့်က ခေါင်းညိတ်ပြသဖြင့် ကျွန်တော် ဘာဆက်လုပ်ရမှန်းမတွေးတတ်တော့ပေ။

“ကိုးနာရီတောင်ခွဲတော့မှာပဲ။ ဟိုကြီးကြီး မအိပ်လောက်သေးဘူးထင်တယ်”

“ဘယ်သူလဲ မြင့်”

“သုံးအိမ်ကျော်က အကြားအမြင်ဆရာမကြီး။ ပရောဂလည်းကုတယ်တဲ့။ သမီးလေးနဲ့ ခဏစောင့်နေ၊ မြင့် သွားပင့်လိုက်ဦးမယ်”

“မြင့်က ဘယ်လိုလုပ်သိတာလဲ”

“စုံစမ်းထားရတာပေါ့။ သမီးလေးကို ကြည့်ထားလိုက်”

မြင့်က ပြောပြောဆိုဆိုဖြင့် တံခါးဖွင့်ပြီးထွက်သွားသည်။ သမီးလေးက ကျွန်တော့်အနားသို့ကပ်လာပြီး ပေါင်ကြားထဲသို့တိုးဝင်ကာ သူ့ကိုယ်ကိုပုဆိုးဖြင့်အုပ်ထားလေသည်။

“မကြောက်နဲ့သမီးလေး။ ဖေဖေရှိတယ်”

“ဟင့်အင်း.......သမီးကြောက်တယ်။ သမီးတို့ရှေ့မှာရပ်နေတယ်”

သမီးကိုမကြောက်ဖို့ပြောနေရသော်လည်း ကျွန်တော်ကိုယ်တိုင်က ဒူးတုန်နေသည်။

“ဟေ့......ငါ့သမီးကို လာမခြောက်နဲ့။ ငါ့ကို ဘာကောင်မှတ်နေသလဲ။ သေသွားမယ်။ ကဲ......ဖေဖေပြောလိုက်ပြီ။ မကြောက်........”

“ဝုန်း.......”

သမီးလေးကြောက်နေသဖြင့် ထန်နှင့်မာန်နှင့် ခြိမ်းခြောက်လိုက်သည့်အချိန်မှာပင် ပက်လက်ကုလားထိုင်ကို နောက်ကျောမှဆွဲလှန်လိုက်သဖြင့် ပက်လက်ကုလားထိုင်ခေါက်ပြီးကျသွားလေသည်။

“ဖေဖေ......ကြောက်တယ်....သမီးကြောက်တယ်”

ကျွန်တော်လည်း ဘာဆက်လုပ်ရမှန်းမသိဘဲ ကျွန်တော့်ပေါင်ကြားထဲမှ သမီးလေး၏ကျောကုန်းကို ပွတ်သပ်ပြီးချော့နေမိသည်။

“ဟူး......ကြီးကြီး မအိပ်သေးလို့ တော်ပါသေးရဲ့”

အိမ်ပေါ်သို့တက်လာသည့် မြင့်ကိုမြင်လိုက်သည့်အခါ သမီးလေးက ကျွန်တော့်ထံမှ မိခင်ဆီသို့ပြေးသွားပြီး အတင်းဖက်၍ငိုတော့သည်။

“သမီးလေး.....တိတ်.....တိတ်...။ ဘွားဘွားကြီးရောက်လာပြီနော်။ အိမ်ပေါ်ကြွပါ ကြီးကြီး။ ကိုရေ...ကြီးကြီးကို ဖျာခင်းပေးလိုက်ပါဦး”

မြင့်နှင့်အတူပါလာသည့် အမေကြီးက အိမ်ပေါ်သို့မတက်သေးဘဲ အိမ်ပေါက်ဝတွင်ရပ်ကာ အိမ်ရှေ့ခန်းကို အသေအချာကြည့်နေသည်။

အိမ်ရှေ့ခန်းထောင့်တွင်လိပ်ထားသည့်သင်ဖြူးဖျာကို ကျွန်တော် သွားယူမည်ပြုစဉ် အမေကြီးက ဖျာမယူရန် အလျင်အမြန်တားဆီးလိုက်သဖြင့် ကျွန်တော့်ခြေလှမ်းများ တုန့်ကနဲရပ်သွားလေသည်။

“သား...မယူနဲ့၊ မယူနဲ့။ ဖျာလိပ်ကို လုံးဝမယူနဲ့”

အမေကြီးက အိမ်ပေါ်သို့တက်လာပြီး ဘုရားစင်ရှေ့တွင် ကျုံ့ကျုံ့ထိုင်ကာ ဘုရားကို ဦးသုံးကြိမ်ချလိုက်သည်။

“အမေဆိုသလို လိုက်ဆိုပြီး အမေကန်တော့သလို လိုက်ကန်တော့ကြ။ မြေးလေးလည်း လိုက်ကန်တော့နော်”

“ဟုတ်ကဲ့ ကြီးကြီး”

“ဟုတ်ကဲ့ဘွားဘွား”

“ဗုဒ်ဓံသရဏံ ဂစ်ဆာမိ....”

“ဓမ်မံသရဏံ ဂစ်ဆာမိ....”

“သံဃံသရဏံ ဂစ်ဆာမိ”

ကျွန်တော်တို့မိသားစုလည်း အမေကြီးပြောသည့်အတိုင်း သရဏဂုံဆောက်တည်ကာ ဘုရားကို ဦးသုံးကြိမ်ချလိုက်ကြသည်။ ထို့နောက် အမေကြီးက မျက်စိမှိတ်ကာ ငြိမ်သက်သွားလေသည်။ ခဏအကြာတွင် အမေကြီးထံမှစကားကိုကြားလိုက်ရသည့်အခါ ကျွန်တော်နှင့်မြင့်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခန္တာကိုယ်ချင်း ပူးကပ်လိုက်ကြသည်။

“ဖျာလိပ်ထဲမှာ ဝင်ပုန်းနေတာ အမေမြင်ပါတယ်ကွယ်။ အမေရောက်လာတာနဲ့ ပြေးပုန်းတော့တာပဲ။ ဒီမိသားစုကို ဘာကြောင့်ဒုက္ခပေးနေရတာလဲ။ အမေ့ကိုပြောပါဦး”

အမေကြီးပြောလိုက်သည့်အခိုက် ဖျာလိပ်က လဲကျသွားသည်။ လဲကျသွားသော်လည်း ပြေမသွားဘဲ အလိပ်လိုက်ဖြစ်နေသည်။ အမေကြီးက မျက်လုံးမှိတ်၍ ငြိမ်သက်နေပြီး ခေါင်းတညိတ်ညိတ်လုပ်နေသည်။ အတော်ကြာသည့်အခါမှ မျက်လုံးပြန်ပွင့်လာ ပြီး ကျွန်တော်တို့ဘက်သို့လှည့်၍ ထိုင်လေသည်။

“အင်း..........။ ဒီကသားနာမည်က ဘယ်လိုခေါ်သလဲကွယ့်”

“မြအေးပါ ကြီးကြီး”

“အေး...သားရေ။ ကလေးမလေးက သူ့အဖေကို ရှာမတွေ့လို့ သားကို အကူအညီတောင်းနေတာတဲ့။ နောက်ပြိး သားက သူ့ဖျာကို ယူထားတယ်တဲ့”

“ဗျာ.........”

“သူ့အဖေက မြေနီကုန်းက ကားဝပ်ရှော့မှာ အလုပ်လုပ်တာတဲ့။ သူ့မှာ အမေမရှိတော့ဘူးတဲ့။ သူ့မှာ မွေးချင်းမောင်နှမ မရှိဘူးတဲ့။ သူ့အဖေနဲ့အတူ အိမ်ပြန်မလို့ ကားလမ်းကူးနေတုန်း ကားတိုက်ခံရတာတဲ့။ သူ့အဖေကို ရှာမတွေ့လို့ သားကိုအကူအညီ တောင်းရတာပါတဲ့။ ဖျာက အဲဒီနေ့ကမှဝယ်ထားတဲ့ အသစ်ကျပ်ချွတ်တဲ့”

“ဗျာ............”

“ဒီလိုလုပ်ပါလား သား”

“ဟုတ်ကဲ့ကြီးကြီး”

“အဲဒီနေရာကိုသွားပြီး သူ့အဖေရဲ့အခြေအနေကို စုံစမ်းပေးလိုက်ပါ”

“ဟုတ်...ဟုတ်ကဲ့။ မနက် သွားလိုက်ပါ့မယ်”

“အကျိုးအကြောင်းသိရရင် အမေ့ကိုလာခေါ်နော်။ အမေ ကူညီပေးမယ်”

“ဟုတ်ကဲ့ ကြီးကြီး”

“အခုလောလောဆယ်တော့ ဘာမှမလုပ်ပါနဲ့ဦး။ ကလေးမလေးက သူ့အဖေကိုလိုက်ရှာနေတာ။ သူ့အဖေဘယ်မှာရှိတယ်ဆိုတာသိရင် သူ့ဟာသူထွက်သွားပါလိမ့်မယ်”

“ဟုတ်..ဟုတ်ကဲ့ ကြီးကြီး။ သူ့အိမ်လိပ်စာနဲ့နာမည်ကိုရော ပြောသလားကြီးကြီး”

“အိမ်လိပ်စာတော့ မမေးမိဘူး။ နာမည်တော့ပြောတယ် သား။ ဗမာနာမည်မဟုတ်တော့ အမေလည်းအသေအချာမမှတ်တတ်ဘူး”

“ဟုတ်ကဲ့ ကြီးကြီး။ ကျွန်တော် မနက်အိပ်ရာကနိုးတာနဲ့ စုံစမ်းပါ့မယ်”

“အမေ ပြန်တော့မယ်နော်”

“ဟုတ်ကဲ့ ကြီးကြီး။ ကြီးကြီးကို သမီးတို့ ဘယ်လိုကန်တော့ရမလဲရှင့်”

“မလိုပါဘူး သမီးရယ်။ အမေက သတ္တဝါတွေကိုကယ်တင်ပြီး ကုသိုလ်ပြုပါ့မယ်လို့ ကတိခံထားတယ်”

“ဟုတ်ကဲ့ ကြီးကြီး”

“ဖျာကို မလွှင့်ပစ်နဲ့နော် သား။ မနက်ဖြန် သားပြန်လာရင် ဘာလုပ်ရမယ်ဆိုတာ အမေပြောပါ့မယ်”

“ဟုတ်ကဲ့ခင်ဗျ။ မလွှင့်ပစ်ပါဘူး”

“အမေပြန်တော့မယ်။ သမီး လိုက်မပို့နဲ့တော့နော်”

“ဟုတ်ကဲ့ ကြီးကြီး။ ကျေးဇူးတင်ပါတယ်ရှင့်”

အမေကြီး ပြန်သွားပြီးနောက် မြင့်က သမီးလေးနှင့်အတူ အိပ်ခန်းထဲဝင်သွားသဖြင့် ကျွန်တော်လည်း အိမ်ရှေ့တွင် တစ်ယောက်တည်းမနေရဲတော့ဘဲ အိမ်ရှေ့မီးကိုပိတ်ကာ အိပ်ခန်းထဲသို့ အမြန်ဝင်လိုက်ရလေတော့သည်။

******************

သန်းခေါင်ကျော်အချိန်လောက်တွင် ငိုရှိုက်နေသည့်အသံကြားလိုက်သဖြင့် ကျွန်တော်နိုးလာပြီး နားစွင့်လိုက်မိသည်။ မြင့်လည်း ခေါင်းထောင်လာသဖြင့် မြင့်ကို အသာလက်ကုတ်ပြီး နှစ်ကိုယ်ကြားရုံ လေသံဖြင့်မေးလိုက်သည်။

“နိုးလာတာလား...”

“ဟုတ်တယ် ကို။ ကိုရော ကြားလို့နိုးလာတာလား”

“ဟုတ်တယ်။ အသံက အိမ်ရှေ့ကကွ”

“ဟုတ်တယ်။ သမီးလေးဘက် နံရံနားက။ အပြင်ထွက်မကြည့်နဲ့နော်”

“အေးပါ.......”

အသံလာရာက သမီးလေးအိပ်နေသည့် နံရံဘက်မှဖြစ်နေသည်။ ထိုနေရာသည် အိမ်ရှေ့ခန်းထောင့်စွန်းဖြစ်ပြီး ဖျာလိပ်ရှိနေသည့်နေရာဖြစ်ပေသည်။ ကျွန်တော်နှင့်မြင့်တို့ နားစိုက်ထောင်နေကြစဉ် ငိုသံရုတ်တရက်တိတ်သွားလေသည်။ ထို့နောက် ကြမ်းပြင် ကိုခြေဖဝါးတို့ပွတ်တိုက်ပြီးလျှောက်သည့် တရှပ်ရှပ်ခြေသံကိုကြားလိုက်ရသည်။ ခြေသံက အိမ်ရှေ့မှ နောက်ဖေးသို့ဝင်လာနေသည့်အသံဖြစ်နေသဖြင့် ကျွန်တော်တို့နှစ်ယောက် နာစွင့်နေကြသည်။ ခြေသံက ကျွန်တော်တို့အခန်းဝတွင်ရပ်တန့်သွားသဖြင့် ကျွန်တော် နှင် မြင့်တို့ ပြိုင်တူခေါင်းထောင်ပြီးကြည့်လိုက်သည့်အခါ လိုက်ကာအောက်ခြေ လွတ်နေသည့်နေရာ၌ ခြေထောက်နှစ်ဖက်ကို မြင်တွေ့လိုက်ရသည်။ ကျွန်တော်က အသေအချာကြည့်နေသော်လည်း မြင့်က သမီးလေးဘက်သို့လှည့်ပြီး သမီးနှင့်အတူ စောင်ခေါင်းမြီးခြုံ လိုက်သဖြင့် ကျွန်တော်လည်း ခြေရင်းမှစောင်ကို ခြေထောက်ဖြင့်ညှပ်၍ဆွဲယူလိုက်ပြီး ခေါင်းမြီးခြုံထားလိုက်သည်။

အချိန်အတော်ကြာသည်အထိ မည်သို့မျှမထူးခြားသဖြင့် စောင်ကိုအသာလှပ်ပြီး ကြည့်လိုက်သည့်အခါ ကျွန်တော့်ဘေးမှ ခြင်ထောင်အပြင်ဘက်တွင် ငုတ်တုပ်ထိုင်နေသည့် ကလေးမလေးအားမြင်တွေ့လိုက်ရလေသည်။ ထိတ်လန့်သွားသဖြင့် ရုတ်တရက် အော်လိုက်မည့်အချိန်တွင် ပါးစပ်ကို စောင်ဖြင့်အချိန်မီပိတ်လိုက်နိုင်ခဲ့သောကြောင့် သမီးလေး လန့်နိုးမသွားခဲ့ပေ။ သို့သော်လည်း ကျွန်တော့်ပါးစပ်မှ စကားများ အလိုလိုထွက်သွားခဲ့သည်။

“ငါတို့ကို မခြောက်ပါနဲ့။ မနက်ကျရင် မင်းအဖေကိုစုံစမ်းပေးပါ့မယ်”

ကျွန်တော်ပြောဆိုလိုက်ပြီး မကြာခင်မှာပင် အိမ်ရှေ့ခန်းသို့ထွက်သွားသည့် ခြေသံကိုကြားလိုက်ရသည်။

“အိမ်ရှေ့ကိုထွက်သွားပြီ”

စောင်ခေါင်းမြီးခြုံထားသည့် မြင့်ထံမှအသံထွက်လာသဖြင့် မြင့်လည်းမအိပ်သေးဘဲ နားစွင့်နေကြောင်းသိလိုက်ရသည်။

“ကို့ဘေးမှာ ငုပ်တုပ်ထိုင်နေတာကွ”

“အမလေး....။ ကို့ဆီက အုကနဲအသံကြားလိုက်တယ်”

“ဒီညတော့ အိပ်လို့ရမယ်မထင်ပါဘူးကွာ”

“ခဏလောက်တော့ မှေးလိုက်ပါလား။ မနက်သွားစရာရှိတယ်မဟုတ်လား”

“မျက်လုံးကျယ်နေပြီ”

“ဘုရားကို အာရုံပြုပြီး မျက်လုံးမှိတ်ထားလိုက်”

“အင်း....”

မြင့်ပြောသလို ဘုရားကိုအာရုံပြုပြီး မျက်စိမှိတ်ထားသော်လည်း မျက်လုံးထဲ၌ ဘုရားကိုမမြင်ဘဲ ကလေးမလေး၏မျက်နှာကိုသာ မြင်နေမိသည်။ ကလေးမလေး၏အကြည့်သည့် အသက်ပျော်ကာနီး ကျွန်တော့်ကိုကြည့်သွားသည့် အကြည့်မျိုးဖြစ်နေသည်။ သူ၏ဖခင်နှင့် ဖျာလိပ်ပေါ်တွင် စိတ်စွဲပြီး ကျွန်တော်နှင့်အတူပါလာပုံရပေသည်။ မနက်မိုးလင်းသည်နှင့် မြေနီကုန်းသို့သွားပြီးစုံစမ်းရမှာဖြစ်သည့်အတွက် မိုးမြန်မြန်လင်းပါစေဟုသာ ဆုတောင်းနေမိတော့သည်။

********************

မနက်ဆယ်နာရီကျော်ပြီမို့ မြေနီကုန်းတစ်ဝိုက် စည်ကားနေသည်။ ကားပစ္စည်းဆိုင်များ၊ ကားဝပ်ရှော့များ လုပ်ငန်းစတင်လုပ်ကိုင်မည့်အချိန်ကိုမှန်းပြီး မနက်ကိုးနာရီကျော်မှထွက်လာခဲ့သည်။ လမ်း၌ ခရီးသည်သုံးယောက် လက်တားသဖြင့် ကားရပ်ပြီး သွားလိုသည့်နေရာကိုမေးကြည့်ရာ စမ်းချောင်း ကျွန်းတောလမ်းဖြစ်နေသဖြင့် ဟန်ကျသွားလေသည်။ ကျွန်းတောလမ်း၌ ခရီးသည်များကိုချပေးပြီး မြေနီကုန်းသို့မောင်းလာခဲ့သည်။ မြေနီကုန်းပန်းခြံရောက်သည့်အခါ ပန်းခြံအကျော်တွင်ကားရပ်လိုက်ပြီး လူရှင်းနေ သည့်ကွမ်းယာဆိုင်သို့လျှောက်လာခဲ့သည်။ ဆိုက္ကားဂိတ်နှင့် ကွမ်းယာဆိုင်သည် စုံစမ်းမေးမြန်းရန်အသင့်တော်ဆုံးနေရာဖြစ်သောကြောင့် ကွမ်းယာဆိုင်ကို ရွေးလိုက်ရခြင်းဖြစ်ပေသည်။

“အစ်ကိုကြီးရေ.....ဟိုတစ်နေ့ညက ကားတိုက်ခံလိုက်ရတဲ့ ကလေးမလေးနဲ့ အမျိုးသားတစ်ယောက်က ဘယ်ကလဲခင်ဗျ”

ပါးမြိုင်းမွေး၊ မုတ်ဆိတ်မွေးများနှင့်ကွမ်းယာသည်ကြီးက ကျွန်တော့်မျက်နှာကို အသေအချာကြည့်ပြီး .....

“ဘာကိစ္စရှိလို့လဲ”

“ကိစ္စလေးနည်နည်းရှိလို့ပါ။ အဲဒီလူနာနစ်ယောက်ကို ကျွန်တော့်ကားနဲ့ ဆေးရုံလိုက်ပို့ခဲ့တာပါ”

“ဖျောင်း.....ဖျောင်း...ဖျောင်း...မူဆာရေ.....မူဆာ.....”

“ဘာလဲ....”

“ဒီကို ခဏ။ ကိစ္စရှိလို့”

ကွမ်းယာသည်ကြီးက ပလက်ဖောင်းပေါ်တွင်စကားပြောဆိုနေသည့်သူကို လက်ခုပ်တီးပြီးခေါ်လိုက်သည့်အခါ မူဆာဆိုသူက ကျွန်တော်တို့ဆီသို့ လျှောက်လာလေသည်။ ထိုသူသည် လူနာသွားပို့သည့်နေ့က ကလေးမလေးကိုကျွန်တော့်လက်ထဲ လွှဲပေးလိုက် သည့် စွပ်ကျယ်လက်ပြတ်နှင့်လူဖြစ်နေသဖြင့် ဝမ်းသာသွားမိသည်။

“ဘာကိစ္စလဲ ဟာရှင်ဘိုင်”

“ဒီလူက နားသံသီးဘယ်မှာနေသလဲဆိုတာသိချင်လို့တဲ့။ သူ့ကိုမေး၊ နားသံသီးက မူဆာနဲ့အတူအလုပ်လုပ်နေတဲ့သူ”

“ဟုတ်ကဲ့”

မူဆာက ပုဆိုးကို ပေါင်ကြားထဲညှပ်လိုက်ပြီး ကွမ်းတံတွေးကိုပျစ်ကနဲထွေးကာ ကျွန်တော့်ကို ခြေအဆုံးခေါင်းအဆုံးကြည့်နေသည်။

“ကျွန်တော့်ကို မှတ်မိလား။ ကားတိုက်ခံရတဲ့လူနာနှစ်ယောက်ကို ဆေးရုံလိုက်ပို့ပေးခဲ့တဲ့ လေးဘီးကားသမားလေ”

“မှတ်တော့မမှတ်မိဘူး။ ဘာကိစ္စရှိလို့လဲ”

“ကားတိုက်ခံလိုက်ရတဲ့ ကလေးမလေးနဲ့ ဟိုလူဘယ်လိုနေသေးလဲဆိုတာ သိချင်လို့ပါ”

“ကောင်မလေးက သေသွားပြီ။ နားသံသီးကတော့ လက်ကျိုးသွားတယ်။ ခြေထောက်အရိုးအက်သွားတယ်”

“ဟာ...ဟုတ်လာ၊ သနားစရာဗျာ။ သူတို့က ဘယ်မှာနေကြတာလဲဗျ”

“မအူကုန်းမှာ”

“သူ့ဆီကိုသွားချင်လို့ဗျာ။ လိပ်စာလေးပေးပါလား”

“သူ့အိမ်သွားလည်း ဘယ်သူမှရှိမှာမဟုတ်ဘူး။ နားသံသီးက ကြည့်မြင်တိုင်အရိုးဆေးရုံရောက်နေတယ်”

“ဟုတ်လား။ နားသံသီးဆိုတာ နာမည်အရင်းလားဗျ”

“နားမှာအသီးကြီးရှိနေလို့ နားသံသီးလို့ခေါ်တာ။ သူ့နာမည်က အလီ၊ ဗမာနာမည်က လှမြင့်”

“ကျေးဇူးတင်ပါတယ်ဗျာ။ အဆင်ပြေမယ်ဆိုရင် သူ့ရှိတဲ့အဆောင်နဲ့အခန်းကိုပြောပါလားဗျာ။ သူ့ကို ပေးစရာလေးရှိနေလို့ပါ”

“ရပါတယ်....”

ကိုမူဆာပေးသည့် အဆောင်ကို အသေအချာမှတ်ထားပြီး အိမ်သို့အမြန်ပြန်မောင်းလာခဲ့သည်။

***********************

“တီ....တီ....”

အိမ်ရှေ့မရောက်ခင် သုံးလေးအိမ်အကွာလောက်ကတည်းက ဟွန်းသံပေးထားသဖြင့် သမီးလေးနှင့်မြင့်က အိမ်တံခါးပေါက်ဝ၌ရပ်ပြီး ဆီးကြိုနေကြသည်။

“ဘယ်လိုလဲကို။ အဆင်ပြေရဲ့လား”

“အဆင်ပြေတယ်။ သူ့အဖေရှိတဲ့နေရာကို သိပြီ”

ကားပေါ်မှဆင်းပြီး အိမ်ပေါ်သို့တက်လိုက်သည့်အခါဘုရားစင်အောက်တွင်ထိုင်နေသည့် အမေကြီးကို တွေ့လိုက်ရလေသည်။

“ကြီးကြီးရောက်နေတာလား.....”

အမေကြီးက ကျွန်တော့်ကိုပြုံးပြီးခေါင်းညိမ့်ပြသည်။

“ကို ထွက်သွားကတည်းက အိမ်မှာမနေရဲလောက်အောင်ဖြစ်နေလို့ ကြီးကြီးကိုသွားခေါ်ရတာ””

“ဟေ....ဘယ်လိုဖြစ်တာလဲ”

“သမီးကိုသရဲခြောက်လို့ ဖေဖေ”

“ဟင်.....ဟုတ်လား သမီး”

“ဟုတ်တယ် ကို”

“မနက်တောင်ခြောက်တယ်ဆိုတော့ ဘယ်လိုဖြစ်တာလဲကွာ”

“သမီးရဲ့ ကော်ပတ်ရုပ်က အိမ်ရှေ့မှာလျှောက်ပြေးနေတယ်။ သမီးက မြင့်ကိုခေါ်ပြလို့ အိမ်ရှေ့ကိုပြေးကြည့်တော့ ကော်ပတ်ရုပ်ခေါင်းက ချာလပတ်လည်နေတယ် ကိုရေ”

“ဟေ.............”

“သူပျော်နေလို့ပါ သားရယ်။ သားက သူ့အဖေကိုစုံစမ်းပေးမယ်လို့ မနေ့ညက ပြောထားတယ်ဆို”

“ဗျာ...ဟုတ်၊ ဟုတ်ပါတယ်”

“သားထွက်သွားတော့ ပျော်လို့လုပ်တာပါတဲ့”

“သူပျော်တာကအရေးမကြီးဘူး ကြီးကြီးရယ်။ သမီးတို့သားအမိ ကြောက်လွန်းလို့ သေတော့မယ်။ ဘေးအိမ်တွေကို အော်ခေါ်ပြန်ရင်လည်း မကောင်းလို့ ကြီးကြီးဆီပြေးလာခဲ့တာ”

“သူ့ကိုယ်သူ သေသွားပြီဆိုတာ မသိရှာသေးဘူး”

“ဗျာ........။ ဒါဆို ကော်ပတ်ရုပ်ထဲကိုဝင်ပူးတာက ဘယ်လိုကြောင့်လဲ ကြီးကြီး”

“ဝိညာဉ်အဖြစ်နဲ့ရှိနေတဲ့အချိန်မှာ သူ့စိတ်ထဲမှာဖြစ်နေတဲ့ခံစားချက်ကို လုပ်ပြနိုင်တဲ့အရာနဲ့ လုပ်တဲ့သဘောပါ။ လူတွေသိအောင်လုပ်ပြဖို့က ဒီနည်းပဲရှိတာ။ ရုပ်မရှိတဲ့ နာမ်ဆိုတော့ သူတို့မှာဒီလိုလုပ်ပြမှဖြစ်မှာပေါ့ သားရယ်။ ကလေးမလေးက ကားတိုက် ခံရတာ ကိုပဲသိတယ်။ သေသွားပြီဆိုတာ မသိရှာသေးဘူး။ ကလေးပဲရှိသေးတော့ ဝိညဉ်ဘဝနဲ့ မသွားတတ်မလာတတ် ယောင်လည်လည်ဖြစ်နေရှာတာ။ သူ့အဖေကို မတွေ့လို့ သားနောက်ကိုလိုက်လာတာတဲ့။ သားက သူ့ကိုဆေးရုံလိုက်ပို့ပေးတာ သူမှတ်မိတယ်တဲ့။ သူ့ဖျာကိုလည်း ပြန်တောင်းနေတယ်”

“ဪ........”

“သူ့အဖေသတင်း စုံစမ်းလို့ရသလား သား”

“ဟုတ်ကဲ့ ကြီးကြီး။ သူ့အဖေက မသေဘူး။ လက်ကျိုးသွားတယ်၊ ခြေထောက်အရိုးအက်သွားတယ်တဲ့။ အခု ကြည့်မြင်တိုင်အရိုးဆေးရုံမှာ တင်ထားတယ်လို့ကြားခဲ့တယ်”

“ကောင်းလိုက်တာ.....။ ကဲ...အမေ သူနဲ့စကားပြောတော့မယ်။ ငြိမ်ငြိမ်လေးနေပေးကြနော်”

“ဟုတ်ကဲ့ ကြီးကြီး”

အမေကြီးက ဘုရားစင်ဘက်သို့လှည့်ကာ ဦးသုံးကြိမ်ချပြီး ပါးစပ်ကလည်း တတွတ်တွတ်ဖြင့်ပြောဆိုနေသည်။ ခဏအကြာတွင် မနေ့ညကကဲ့သို့ မျက်လုံးမှိတ်ပြီး ငြိမ်သက်သွားလေသည်။ ကျွန်တော်တို့မိသားစုက အမေကြီးနှင့် ခပ်လှမ်းလှမ်းတွင်ထိုင်နေ ကြပြီး အမေကြီးနှင့်နံရံထောင့်တွင်ထောင်ထားသည့် သင်ဖြူးဖျာလိပ်ကို သတိထားပြီးကြည့်နေကြသည်။

“ဖျာကို မြင့်ပြန်လိပ်လိုက်တာလား”

“မဟုတ်ဘူး၊ ကြီးကြီးလိပ်ပေးတာ။ မြင့်လည်း မကိုင်ရဲဘူး”

မြင့်နှင့်ကျွန်တော် လေသံဖြင့်ပြောဆိုနေကြစဉ် သမီးလေးက ကျွန်တော့်ပေါင်ကို လက်ဖြင့်ကုတ်ပြီး ဖျာလိပ်ကိုလက်ညှိုးထိုးပြနေသဖြင့် ကျွန်တော်နှင့်မြင့်တို့၏အကြည့်က အခန်းထောင့်မှဖျာလိပ်ဆီသို့ရောက်သွားကြသည်။ သင်ဖြူးဖျာလိပ်က မသိမသာ လှုပ်ရှားလာပြီး အနည်းငယ် ယိမ်းခါနေသည်။ ညဖက်မဟုတ်သဖြင့် အလွန်အမင်းကြောက်လန့်ခြင်းမရှိသော်လည်း အနည်းငယ်တော့ ကျောထဲစိမ့်မိသည်။

“မေမေ……ဟိုမှာ.....ဟိုမှာ....ဖျာလိပ်ထဲက ခေါင်းထွက်နေတယ်”

သမီးက အသံတိုးတိုးလေးဖြင့်ပြောပြီး မြင့်ရင်ခွင်ထဲသို့တိုးကာ မျက်နှာဝှက်ထားလေသည်။

“သမီးက မြင်ရလို့လား”

ကျွန်တော်က သမီးလေးအနားသို့ကပ်ပြီး လေသံတိုးတိုးဖြင့်မေးလိုက်သည့်အခါ သမီးလေးက မျက်နှာဝှက်ထားရင်းမှ ခေါင်းညိမ့်ပြသည်။

“ကဲ...သမီးတို့ရေ....”

“အမလေး.....”

အမေကြီးက ကျွန်တော်တို့ဘက်ကိုကျောခိုင်းထားရာမှ ရုတ်တရက်ပြောလိုက်သဖြင့် ဖျာလိပ်ကို အသေအချာစိုက်ကြည့်နေကြသည့် မြင့်နှင့်ကျွန်တော်တို့နှစ်ယောက်လန့်သွားကြပြီး မြင့်က လန့်ပြီးအော်လိုက်မိသည်။

“ဘာဖြစ်လို့လဲ သမီး”

“ဘာ.....ဘာမှမဟုတ်ပါဘူး ကြီးကြီး။ ကြီးကြီးက ရုတ်တရက် ကဲ...ဆိုပြီးပြောလိုက်လို့ လန့်သွားတာပါ”

“ဖြစ်ရလေ သမီးရယ်။ အမေ့အသံ နည်းနည်းကျယ်သွားတယ်ထင်တယ်။ ဘာလုပ်ရမယ်ဆိုတာ အမေပြောပြမယ်”

“ဟုတ်ကဲ့ ကြီးကြီး”

အမေကြီးက ကျွန်တော်တို့ဘက်သို့ လှည့်ထိုင်လိုက်ပြီး ...

“သားက ညနေလူနာတွေ့ချိန်ကျရင် ဆေးရုံကိုသွားပြီး သူ့အဖေကိုသွားတွေ့လိုက်ပါ။ ဘာမှ မပြောနဲ့။ ဖျာလိပ်ကျန်ခဲ့လို့ လာပေးတယ်လို့သာပြောလိုက်နော်။ ဘာသာခြားဆိုတော့ ယုံမယ် မယုံဘူးဆိုတာ အမေလည်းမသိဘူး”

“ဟုတ်ကဲ့ခင်ဗျ”

“သမီးတို့မှာ ကြည့်မှန်အသေးရှိလား၊ လက်ကိုင်မှန်လေ”

“အဲဒါမျိုးတော့မရှိဘူး ကြီးကြီး။ သမီးသနပ်ခါးလိမ်းတဲ့ မှန်ပဲရှိတယ်။ သိပ်တော့မကြီးဘူး”

“ကြီးရင် လက်နှစ်ဖက်နဲ့ကိုင်တဲ့အခါ အဆင်မပြေမှာစိုးလို့။ သမီးရဲ့မှန်က ဈေးကြီးရင်တော့ ဈေးပေါတဲ့မှန်သွားဝယ်လိုက်ပါ သမီး”

“ဈေးမကြီးပါဘူး။ ဘာလုပ်မလို့လဲ ကြီးကြီး”

“ပြောပြပါ့မယ်။ သား.......အမေပြောတာ အသေအချာနားထောင်နော်။ အမေက ဖျာလိပ်ကိုအခန်းထဲထည့်ပေးခဲ့မယ်။ သားတို့က ပြူတင်းပေါက်တွေ မီးတွေပိတ်ထားပေးပါ။ အလင်းရောင်နည်းနည်းပါးပါးရှိနေခဲ့ရင် ကိစ္စမရှိပါဘူး။ သားလုပ်ရမှာက အိမ်က မထွက်ခင်မှာ ဖျာလိပ်ကိုပုတ်ပြီး ရှဗီဒမ်ခေါ်မိုးမိုးအေး၊ နင့်အဖေနဲ့တွေ့ဖို့ ငါနဲ့လိုက်ခဲ့ဆိုပြီး သုံးခါပြောပါ။ အဲဒီလိုလုပ်တဲ့အချိန်မှာ သားတစ်ယောက်တည်းရှိနေရမယ်။ သမီးတို့သားအမိက အမေ့အိမ်မှာ ခဏလာနေကြ”

“ဗျာ.......”

“မကြောက်နဲ့နော် သား”

“ဟုတ်...ဟုတ်ကဲ့”

“အရေးကြီးတဲ့အချက်ကို အမေပြောမယ်”

“ဟုတ်ကဲ့ကြီးကြီး”

“အမေပြောတဲ့အတိုင်းပြောပြီးတာနဲ့ သားက ဖျာလိပ်ကိုကျောပေးပြီး မှန်ထဲကနေ နောက်ကိုကြည့်ပါ။ ကလေးမလေးကို ဖျာလိပ်ဘေးမှာတွေ့ရင် အဆင်ပြေပြီ။ သားနဲ့လိုက်ခဲ့မယ်ဆိုတဲ့သဘောပဲ”

“ဗျာ.......”

“ဘယ်လိုပုံစံပဲမြင်ရပါစေ မကြောက်နဲ့နော် သား။ ကလေးမလေးကို ဖျာလိပ်ဘေးမှာမတွေ့ရင်တော့ တစ်ခုခုမှားနေပြီ”

“အဲ...အဲဒါဆို ဘာဆက်ဖြစ်မလဲ ကြီးကြီး”

“မှားပြီဆိုတာ နာမည်မှားတာ အခေါ်အပြောမှားလို့ပါ။ ဘာမှမဖြစ်ပါဘူး”

“ကျွန်...ကျွန်တော် တစ်ယောက်တည်းလုပ်ရမှာလား ကြီးကြီး။ ကြီးကြီးပါ နေပေးလို့မရဘူးလား”

“သားတစ်ယောက်တည်းလုပ်ရမှာ၊ ဘေးမှာ ဘယ်သူမှရှိလို့မရဘူး။ သားက သူ့ဖျာကိုယူလာခဲ့မိတဲ့အတွက် တောင်းပန်ရမှာ”

“ဗျာ......”

“အမေပြောတာ အသေအချာနားထောင်”

“ဟုတ်...ဟုတ်ကဲ့”

“ဖျာလိပ်ဘေးမှာ ကလေးမလေးကိုတွေ့ရင် နင့်ဖျာမှန်းမသိလို့ယူမိပါတယ်၊ နင့်အဖေနဲ့တွေ့ဖို့ ငါနဲ့လိုက်ခဲ့ပါလို့တစ်ခါပဲပြောပါ။ အခြား ဘာမှမပြောမိစေနဲ့။ ပြောပြီးတာနဲ့ မှန်ကို ကြမ်းပေါ်မှာ မှောက်ခုံထားလိုက်တော့။ ပြန်မကြည့်နဲ့နော်”

“ဟုတ်...ဟုတ်ကဲ့”

“အဲဒါတွေလုပ်ပြီးသွားရင် ဖျာလိပ်ကိုပိုက်ပြီး သူ့အဖေဆီခေါ်သွားပေတော့။ သူ့အဖေကိုပေးပြီးရင် သားရဲ့ကိစ္စပြီးပြီ။ ကျန်တာ အမေဆက်လုပ်မယ်”

“ဘယ်အချိန်လုပ်ရမှာလဲ ကြီးကြီး”

“ညနေလူနာကြည့်ချိန်အရောက်သွားရမှာဆိုတော့ မသွားခင်လုပ်ပေါ့။ အခုကတည်းက ကြိုမလုပ်နဲ့နော်၊ သွားခါနီးလုပ်ပြီး တစ်ခါတည်းယူသွား”

“ဟုတ်ကဲ့ ကြီးကြီး”

“ပြောရမယ့်စကားတွေ မေ့သွားပြီလား။ မေ့သွားရင် အမေပြန်ပြောပြမယ်။ မှားလို့မဖြစ်ဘူး။ ကလေးမလေးရဲ့နာမည်ကိုရော မှတ်မိရဲ့လား”

“မှတ်မိပါတယ်”

“ဒါဆို အမေ့ကို ဖျာလိပ်ထားဖို့ အခန်းတစ်ခုပေးပါ”

“သမီးတို့အိပ်တဲ့အခန်းပဲရှိတယ် ကြီးကြီး။ အဲဒီအခန်းဆို ရလား”

“ရပါတယ်။ နည်းနည်းမှောင်နေရင်ပြီးတာပဲ။ ကြမ်းပေါက်နဲ့ နံရံကတော့ အလင်းရောင်ဝင်မှာပဲလေ။ အဲဒီလောက်ကတော့ ရပါတယ်။ အမေ့ကို အခန်းပြ”

“ဟုတ်ကဲ့ ကြီးကြီး၊ သမီးနဲ့လိုက်ခဲ့။ ကိုရေ.....သမီးကို ခဏခေါ်ထားလိုက်ပါ”

အမေကြီးက ဖျာလိပ်ကိုပွေ့ပြီး မြင့်အနောက်မှ အခန်းထဲသို့လိုက်သွားလေသည်။ ခဏအကြာတွင် မြင့်နှင့် အမေကြီးတို့နှစ်ယောက် အခန်းထဲမှ ပြန်ထွက်လာကြသည်။

“အခန်းထဲကို ဘယ်သူမှ မဝင်နဲ့တော့နော်။ အခန်ထဲကို ကလေး မဝင်မိစေနဲ့နော် သမီး”

“ဟုတ်ကဲ့ ကြီးကြီး။ ဂရုစိုက်ပြီး ထိန်းထားပါ့မယ်”

“အမေ ပြန်တော့မယ်”

“ထမင်းစားသွားပါဦး ကြီးကြီး။ ထမင်းကျွေးချင်လို့ပါ”

“မစားတော့ဘူး သမီး။ အိမ်ကအဘိုးကြီးက ထမင်းစားစောင့်နေမှာ။ သား လုပ်စရာရှိတာလုပ်တော့မယ့်အချိန်မှာ သမီးတို့သားအမိက အမေ့ဆီလာနေကြနော်”

“ဟုတ်ကဲ့ကြီးကြီး”

******************

အခန်းဝ၌ရပ်ပြီး စိတ်ကိုတည်ငြိမ်အောင်ထားသော်လည်း ရင်ဘတ်ထဲမှ တဒိန်းဒိန်းမြည်သံကို အတိုင်းသားကြားနေရသည်။ ညနေအထိမစောင့်နိုင်တော့ဘဲ နေ့လယ်သုံးနာရီခွဲကတည်းက မြင့်နှင့်သမီးလေးကို အမေကြီးတို့အိမ်သို့ လွှတ်လိုက်သည်။ မြင့်က စိတ်မချဖြစ်နေသည့်အတွက် နေ့လယ်နေ့ခင်းမို့ ကြောက်စရာမလိုကြောင်း ပြောဆိုလိုက်ရသော်လည်း မြင့်တို့သားအမိ အမေကြီးတို့အိမ်ကိုထွက်သွားကတည်းက တစ်ယောက်တည်း ထိုင်မရ ထမရဖြစ်နေခဲ့သည်။ အိမ်ဘေးအိမ်မှ ကလေးများဆော့ကစားသံနှင့် လူ ကြီးမျာ စကားပြောဆိုနေကြသံကိုကြားနေရသခြင့် စိတ်အနည်းငယ်သက်သာရာရပေသည်။ တကယ်လုပ်ရတော့မည်ဆိုပြန်တော့ ဒူးနှစ်ဖက်က တဆတ်ဆတ်တုန်နေလေပြီ။ ချေဖျားလက်ဖျားများ အေးစက်ပြီး အခန်းဝ၌ ချီတုံချတုံဖြစ်နေမိသည်။

မဖြစ်မနေလုပ်ရတော့မည့်ကိစ္စဖြစ်နေသည့်အတွက် အားတင်းကာ လိုက်ကာကိုဆွဲဖွင့်ပြီး အိပ်ခန်းထဲသို့ဝင်လိုက်ရတော့သည်။ ပြူတင်းပေါက်ကြား၊ နံရံကြားနှင့် ကြမ်းခင်းများမှတိုးဝင်နေသည့် အလင်းရောင်ကိုမြင်လိုက်ရမှ စိတ်သက်သာရရလေသည်။ ကျွန်တော်လည်း အချိန်ဆွဲမနေတော့ဘဲ အမေကြီးပြောခဲ့သည့်အတိုင်း အမှားအယွင်းမရှိအောင်ပြောဆို၍ ဖျာလိပ်ကို သုံးချက်ပုတ်လိုက်သည်။ မည်သို့မျှ မထူးခြားသဖြင့် မှန်ကိုထောင်ပြီးနောက်သို့ကြည့်လိုက်သည့်အခါ ကျွန်တော့်တစ်ကိုယ်လုံး အေးစက်တောင့် တင်းသွားပြီး အသက်ရှုရပ်မတတ်ဖြစ်သွားလေသည်။ ဖျာလိပ်ဘေးတွင်ရပ်နေသည့် ကလေးမလေးသည် ယခင်ကလိုမဟုတ်တော့ဘဲ မျက်နှာက ဖူးယောင်ဖောင်းကားနေသည်။ မျက်လုံးနှစ်လုံးက အပြင်သို့ပြူးထွက်နေသည်။ ယခင်ကလို အဖြူရောင်အင်္ကျီလက်ရှည် နှင့် အညိုရောင်ဘောင်းဘီတိုဝတ်ဆင်ထားခြင်းမဟုတ်တော့ဘဲ တစ်ကိုယ်လုံး ပိတ်ဖြူများဖြင့်ပတ်ထားသည်။

“နင့်ဖျာမှန်းမသိလို့ယူမိပါတယ်၊ နင့်အဖေနဲ့တွေ့ဖို့ ငါနဲ့လိုက်ခဲ့ပါ”

ကိစ္စအမြန်ပြီးမှဖြစ်တော့မှာမို့ အမေကြီးမှာသည့်အတိုင်း အသေအချာပြောဆိုကာ ကြည့်မှန်ကို ကြမ်းပြင်ပေါ်သို့ မှောက်လျက်ချထားလိုက်ပြီး ဖျာလိပ်ကိုပိုက်ကာ အိမ်ရှေ့သို့အမြန်ထွက်လာခဲ့တော့သည်။ ဖျာလိပ်သည် ပေါ့ပါးမနေဘဲ လေးလံနေကြောင်း ကျွန်တော်သတိထားလိုက်မိသည်။ အိမ်ရှေ့ရောက်သည့်အခါ တံခါးလည်းအဆင်သင့်ဖွင့်ထားသဖြင့် ကားဆီသို့သွားပြီး ကားနောက်ခန်းထဲသို့ ဖျာလိပ်ကိုထည့်လိုက်သည်။ အမေကြီးတို့အိမ်ရှေ့မှ ရပ်ကြည့်နေကြသည့် မြင့်နှင့်သမီးလေးကို မြင်လိုက်သဖြင့် လက်ပြ လိုက်ပြီး ကားပေါ်သို့ အမြန်တက်ကာ စက်နှိုးလိုက်တော့သည်။

*******************

ကြည့်မြင်တိုင်အရိုးဆေးရုံကြီးသို့ရောက်သည့်အခါ လူနာကြည့်ချိန်မရောက်သေးသဖြင့်ကားပေါ်ထိုင်ပြီး စောင့်နေရသည်။ လူနာကြည့်ချိန်ရောက်သည့်အခါ ဖျာလိပ်ပိုက်ပြီး ဟိုမေးသည်စမ်းဖြင့် အလီခေါ် ကိုလှမြင့်ကိုရှာဖွေရပြန်သည်။ မကြာခင်မှာပင် ကျွန်တော်တွေ့လိုသည့် ကိုလှမြင့်ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့ရလေတော့သည်။ ဘယ်ဘက်လက်နှင့် ညာဖက်ခြေထောက်တွင် ပတ်တီးများစည်းနှောင်ထားပြီး ခုတင်ပေါ်တွင်လှဲနေသည့် ကိုလှမြင့်ကိုကြည့်ပြီး ရင်ထဲဆို့နင့်သွားမိသည်။ ကိုလှမြင့်သည် ဆင်းရဲနွမ်းပါးပုံရပေသည်။

“ကိုလှမြင့်မဟုတ်လား”

“ဟုတ်ပါတယ်”

“ကျွန်တော့်နာမည် မြအေးပါ။ ကိုလှမြင့်တို့ကို ဆေးရုံလိုက်ပို့ပေးတဲ့ လေးဘီးမောင်းတဲ့သူပါ”

“ဪ....ထိုင်ပါ.....ထိုင်ပါ။ ကျေးဇူးတင်လိုက်တာဗျာ။ ကျွန်တော်ထိုင်လို့မရလို့ လှဲပြီးစကားပြောတာ စိတ်မရှိပါနဲ့”

ကိုလှမြင့်သည် ကျွန်တော့်ထက် အသက်ကြီးသော်လည်း ရိုရိုသေသေပြောဆိုသည်။ ဖော်ရွေသည်။

“သမီးလေးအကြောင်းကြားတာ စိတ်မကောင်းဘူးဗျာ။ ကျွန်တော်လည်း အမြန်မောင်းတာပဲ။ ကျွန်တော့်လက်ပေါ်မှာ ဆုံးသွားတာပါ”

“အလ္လာပေးသလောက်ပဲ နေရမှာပေါ့ဗျာ”

“ကိုလှမြင့်ကို လာကြည့်ရင်းနဲ့ ကျွန်တော့်ကားပေါ်မှာကျန်ခဲ့တဲ့ ကိုလှမြင့်တို့ရဲ့ဖျာလာပေးတာပါ”

“ဟာ...နေပါစေဗျာ။ ဘာမှတန်ဖိုးရှိတာကို တကူးတကလာပေးစရာမလိုပါဘူး”

“တန်ဖိုးရှိပါတယ် ကိုလှမြင့်။ ကျွန်တော့်ကားပေါ်မှာကျန်ခဲ့တာဆိုတော့ ခင်ဗျားသမီးက ဒီဖျာကိုသဘောကျလို့ လက်ကမလွှတ်ဘဲကိုင်လာခဲ့တယ်နဲ့တူပါတယ်”

“အဲဒါတော့ ဟုတ်တယ်ဗျ။ အဲဒီနေ့က ဖျာရောင်းတဲ့အသည်က ဆိုင်ရှေ့ကဖြတ်သွားတော့ ကျွန်တော့်ကိုအတင်းပူဆာတယ်။ သူအိပ်တဲ့ဖျာက အစတွေထွက်ပြီးဆူးလို့ ဖျာဝယ်ပေးပါ ပါပါ.......လို့.....ပြော….ပြောတယ်.......”

စီကျလာသည့်မျက်ရည်များကိုသုတ်နေသည့် ကိုလှမြင့်ကိုကြည့်ရင်း ကျွန်တော်မျက်ရည်ဝဲလာခဲ့သဖြင့် အခြားအကြောင်းကိုမေးမြန်းပြီး စကားလွှဲလိုက်ရသည်။

“လူနာစောင့်မရှိဘူးလား ကိုလှမြင့်”

“ရှိတယ် အစ်ကို။ ကျွန်တော့်တူတစ်ယောက် ညစောင့်ပေးတယ်။ ကျွန်တော့်ညီမက အလုပ်တစ်ဖက်နဲ့ဆိုတော့ ထမင်းပို့ချိန်ပဲလာနိုင်တယ်”

“ညနေစာလာပို့သွားပြီလား”

“ညနေစာက ကျွန်တော့်တူလာမှ ယူလာလိမ့်မယ်အစ်ကို”

“ဒါဆို ကျွန်တော်ပြန်တော့မယ်ဗျာ။ ကားဆွဲလိုက်ဦးမယ်”

“ဟုတ်ကဲ့ အစ်ကို။ ကျွန်တော်ကတော့ ခြေတွေလက်တွေကောင်းမှပဲ အလုပ်ပြန်လုပ်နိုင်တော့မယ်။ မြေနီကုန်းရောက်ရင် ကျွန်တော့်နာမည်မေးလိုက်ပါ။ ကားပစ္စည်းတွေလိုအပ်ရင် ကျွန်တော်နဲ့အရင်ဆက်သွယ်ပြီးမှ ဝယ်နော်။ နားသံသီးလို့မေးရင် ကလေး ကအစသိတယ်”

“ဟုတ်ကဲ့ ကိုလှမြင့်”

ကိုလှမြင့်အား ငွေအားဖြင့်ကူညီလိုသော်လည်း ကျွန်တော်ကိုယ်တိုင်က ကားဆွဲမှ ထမင်းစားနေရသည့်ဘဝမို့ မကူညီနိုင်ခဲ့ပေ။ ဆေးရုံမှအပြန်တွင် ကျွန်တော့်ရင်တစ်ခုလုံး ပေါ့ပါးနေသည်။ အိမ်ရောက်သည့်အခါ မြင့်နှင့်သမီးလေးတို့က တံခါးဝမှဆီးကြိုနေ ကြသည်။ အမေကြီးက ကြည့်မှန်ကို မှောက်လျက်ထား၍ထုခွဲလိုက်ပြီး ချောင်းထဲသို့လွှင့်ပစ်လိုက်ကြောင်း မြင့်ပြောပြသဖြင့် သိခဲ့ရသည်။ ထိုနေ့ထိုအချိန်မှစ၍ ကျွန်တော်တို့အိမ်တွင် မခေါ်ဘဲရောက်လာသည့်ဧည့်သည်တစ်ယောက် ပေါ်မလာတော့ဘဲ ပျောက်သွား လေတော့သည်။ မြေနီကုန်းသို့ မကြာခဏရောက်သော်လည်း ကိုလှမြင့်ထံသို့ မရောက်သဖြင့်ကိုလှမြင့် အလုပ်ဆက်လုပ်နိုင်သည်လား အခြားအလုပ်ပြောင်းလုပ်နေသည်လားဆိုသည်ကို ကျွန်တော် မသိပေ။ ကလေးမလေးသည်လည်း သူ့ဖခင်နှင့်အတူရှိနေသည်လား အခြားဘုံဘဝသို့ ကူးပြောင်းသွားပြီလားဆိုသည်ကိုလည်း ကျွန်တော်မသိပေ။

**********************

“အဖေကြီး........မြင်သာဈေး ရောက်တော့မယ်။ ပစ္စည်းတွေ စစ်ဦး။ မေ့ကျန်ခဲ့ဦးမယ်”

“ဟေ....ဟုတ်လား”

“အင်းလေ.......။ မီးပွိုင့်ကျော်ရင်မြင်သာဈေးလေ”

“အေး...ဟုတ်သားပဲ။ ကားဆရာလေးရေ။ မြင်သာဈေးနားမှာပဲ ရပ်လိုက်ပါဗျာ”

“ဟုတ်ကဲ့အဘ”

“ဘာတွေတွေးလာတာလဲ အဖေကြီးရယ်။ တစ်လမ်းလုံးငြိမ်နေတာပဲ”

“အမေကြီးက စိတ်ကောက်ပြီးစကားမပြောတော့ မေတ္တာညွန့်မှာနေခဲ့တုန်းကအကြောင်းတွေပြန်တွေးနေတာပေါ့ကွ”

“မေ့လိုက်ပါတော့ အဖေကြီးရယ်”

“ငါမေ့နေတဲ့ကိစ္စကို မင်းပဲအစဖော်လိုက်တာလေ အမေကြီးရဲ့”

“ဟုတ်ပါပြီ။ ဒါလေးပြောမိတာကို ဖြစ်နေလိုက်တာ။ ရောက်ပြီ....ဆင်းတော့”

ကားရပ်လိုက်သည့်အခါ ကျွန်တော်က အရင်ဆင်းပြီး မြင့်က ကျွန်တော့်နောက်မှဆင်းလိုက်လာသည်။

“ကြီးမေ......ထီးကျန်ခဲ့တယ်”

“ဪ..ဟုတ်သားပဲ။ ကျေးဇူးပဲသားရေ”

“ငါ့ကျတော့ ပစ္စည်းမေ့ကျန်မယ်လို့ပြောပြီး သူကထီးမေ့ကျန်ခဲ့တယ်။ ကောင်းရောကွာ”

“အဖေကြီးကို ဂရုစိုက်နေရတာနဲ့ ထီးမေ့သွားတာ”

“အံ့ပါ့ဗျာ.........တစ်လမ်းလုံး စကားမပြောဘဲ စိတ်ကောက်နေတာများ ဂရုစိုက်နေတာလို့ပြောရသေးတယ် ”

“တော်ပြီ အဖေကြီး။ ရော့သားရေ.....ကားခ ။ စစ်ကြည့်လိုက်ဦးနော်”

ကားဆရာလေးက ပိုက်ဆံရေတွက်ပြီး ကျွန်တော်တို့နှစ်ယောက်ကို ပြုံးစိစိဖြင့်ကြည့်ကာ မောင်းထွက်သွားသည်။

“ကားဆရာလေးက အသက်ငယ်ပေမယ့် သစ္စာရှိတယ်။ သူများပစ္စည်းကို အချောင်လိုချင်စိတ်မရှိဘူး”

“ထီးမို့လို့ သတိပေးတာပေါ့ကွ။ ပိုက်ဆံအိတ်တို့ ဖုန်းတို့ကျန်ခဲ့ကြည့်ပါလား”

“အမယ်.....ဖျာလိပ်တောင် ပြန်မပေးတဲ့သူရှိသေးတာပဲ”

“မင်းဘယ်သူ့ကို စောင်းပြောနေတာလဲ အမေကြီး”

“အဖေကြီးကို တည့်တည့်ပြောနေတာ။ ရှင်းပြီလား”

“တော်ကွာ.......”

“ဈေးထဲမဝင်ဘဲ ဘယ်သွားမလို့လဲ။ ဒီအဘိုးကြီးတော့ ကားတိုက်ပြီး သေတော့မှာပဲ”

ကျွန်တော်လည်း ကိုယ့်အတွေးနှင့်ကိုယ်မို့ ဈေးထဲမဝင်ဘဲ လမ်းဖြတ်ကူးဖို့ရွယ်လိုက်စဉ် မြင့်က ကျွန်တော့်လက်မောင်းကို ဆောင့်ဆွဲလိုက်သဖြင့် မီးပွိုင့်ဖြတ်လာသည့် ဘတ်စ်ကားနှင့် ပွတ်ကာသီကာဖြစ်သွားလေသည်။

“ဟုတ်တယ်ဟေ့.....ဟိုကလေးမလေး ဘယ်ဘဝရောက်နေတယ်ဆိုတာ သွားကြည့်မလို့ကွ”

“အဖေကြီးသွားတာကအရေးမကြီးဘူး။ ကျွန်မ သရဲကြောက်တယ်”

“ဘာကွ...............”

***************************

ပြီးပါပြီ

ချစ်ခင်လေးစားစွာဖြင်

မူရင်းစာရေးဆရာလွင်ဦးဟန်အား လေးစားစွာဖြင့် credit ပေးပါသည်ခဗျ

မေခၚဘဲလာသည့္ ဧည့္သည္ **********************
ေရးသားသူ...လြင္ဦးဟန္

“အေတာ္ေျပာင္းလဲသြားၿပီပဲ။ မေရာက္တာၾကာေတာ့ ေနရာေတြကို မွတ္ေတာင္မမွတ္မိေတာ့ဘူး။ ဟိုကေလးမေလးလည္း လူျပန္ျဖစ္မယ္ဆိုရင္ ေလးဆယ္ေက်ာ္ေလာက္ရွိၿပီေပါ့”

ကြၽန္ေတာ္တို႔စီးလာသည့္တကၠစီကားက နတ္ေခ်ာင္းတံတားကိုေက်ာ္ျဖတ္ၿပီး ဘယ္ဘက္သို႔ခ်ိဳးေကြ႕လိုက္စဥ္ ကြၽန္ေတာ့္ဇနီး ျမင့္ထံမွအမွတ္မထင္ၾကားလိုက္ရသည့္စကားေၾကာင့္ အေတြးမ်ားျပတ္ေတာက္သြားၿပီး လြန္ခဲ့သည့္ႏွစ္ေပါင္းေလးဆယ္ေက်ာ္ကို ျပန္ အမွတ္ရလိုက္မိသည္။ ထိုအခ်ိန္က ေမတၱာၫြန႔္ရပ္ကြက္သည္ ပ်ဥ္ေထာင္အိမ္ေလးမ်ားသာရွိခဲ့ၿပီး ယခုကဲ့သို႔စည္ကားျခင္းလည္းမရွိေပ။ ယခုအခါ လုံးခ်င္းအိမ္ေလးမ်ားသည္ ကန္ထ႐ိုက္တိုက္မ်ားအျဖစ္သို႔ေျပာင္းလဲသြားၾကၿပီး လူေနထူထပ္ကာ စည္ကားေန ေလၿပီ။

ကြၽန္ေတာ္တို႔မိသားစုသည္ ေမတၱာၫြန႔္ရပ္ကြက္ရွိ အိမ္ေလးတစ္လုံး၌ ႏွစ္အတန္ၾကာေနထိုင္ခဲ့ၾကဖူးသည္။ ထိုစဥ္ကကြၽန္ေတာ္သည္ အငွားယာဥ္ေလးဘီးကားေလးတစ္စီးျဖင့္႐ုန္းကန္ရွာေဖြခဲ့ရသျဖင့္ အိမ္ပိုင္မဝယ္ႏိုင္ဘဲ ေမတၱာၫြန႔္ရပ္ကြက္မွ ပ်ဥ္ေထာင္ အိမ္ေလးတစ္လုံးကိုငွားရမ္းေနထိုင္ခဲ့ရေပသည္။ ေမတၱာၫြန႔္ရပ္ကြက္၌ ေနထိုင္ခဲ့ဖူးေသာ္လည္း ကြၽန္ေတာ္တို႔မိသားစုေမာ္လၿမိဳင္ၿမိဳ႕သို႔ေျပာင္းေ႐ႊ႕သြားၿပီးကတည္းက ျပန္မေရာက္ျဖစ္သည္မွာ ႏွစ္ေပါင္းေလးဆယ္ေက်ာ္ခန႔္ရွိၿပီျဖစ္ေသာေၾကာင့္ အရာရာေျပာင္းလဲ ေနသျဖင့္ အသြင္သစ္ အျမင္သစ္ျဖစ္ကာ ေနရာမ်ားကိုပင္ မမွတ္မိေတာ့ေပ။

“လူျပန္ျဖစ္မယ္ မျဖစ္ဘူးဆိုတာ ဘယ္ေျပာလို႔ရပါ့မလဲ အေမႀကီးရာ”

“ဟုတ္ေတာ့ ဟုတ္ပါတယ္။ ျမင့္လည္း ေတြးၾကည့္မိတာပါ”

ကြၽန္ေတာ္တို႔ဇနီးေမာင္ႏွံတြင္ သမီးတစ္ေယာက္သာထြန္းကားခဲ့ၿပီး သမီးသည္ ယခုအခါ အသက္ေလးငါးဆယ္နားကပ္၍ သားသမီးႏွစ္ေယာက္ပင္ရေနေလၿပီ။ ေမတၱာၫြန႔္တြင္ စတင္ေနထိုင္ခဲ့ၾကစဥ္က သမီး၏အသက္သည္ ေလးႏွစ္ေက်ာ္သာရွိေပေသး သည္။

“လူေသတိုင္း လူျပန္မျဖစ္ဘူး အေမႀကီး။ လူျပန္ျဖစ္ဖို႔ဆိုတာ လြယ္တာမွမဟုတ္တာ။ ကေလးမေလးက အစြဲလည္းႀကီးတယ္၊ ဇြဲလည္းႀကီးတယ္”

“ သနားစရာေတာ့ေကာင္းပါတယ္ အေဖႀကီးရယ္။ အဲဒီေကာင္မေလးအေၾကာင္းကို သမီးနဲ႔ေတာင္ ဟိုတေလာကေျပာျဖစ္ၾကေသးတယ္။ သမီးကခုထိေၾကာက္ေနတုန္း”

“ေၾကာက္မွာေပါ့။ ငါတို႔ေတာင္ ေၾကာက္ခဲ့ရေသးတာပဲ”

“သူတို႔သားအဖႏွစ္ေယာက္က သနားစရာပါ”

“သနားစရာေကာင္းတာက ငါတို႔ပါကြာ။ အခန႔္မသင့္ရင္ အသက္ပါထြက္သြားႏိုင္တယ္”

“အဲဒါေတာ့ဟုတ္တယ္ အေဖႀကီးေရ။ အေဖႀကီး အသံနက္ႀကီးနဲ႔ေအာ္လိုက္တဲ့အသံကို အခုထိ နားထဲကမထြက္ဘူး။ လူမျဖစ္ႏိုင္ဘူးဆိုရင္လည္း ဘယ္ဘဝမ်ားေရာက္ေနသလဲမသိဘူး”

“သိခ်င္ရင္ လိုက္သြားၾကည့္ပါလား”

“ဘာေျပာတယ္ အေဖႀကီး။ ကြၽန္မကို ေသခိုင္းေနတာလား”

“ေအးေလ၊ မင္းက ဟိုကေလးမ ဘယ္ဘဝေရာက္ေနသလဲဆိုတာ သိခ်င္တယ္မဟုတ္လား”

“အေဖႀကီးပဲ ကိုယ္တိုင္သြားၾကည့္ေတာ့။ အေဖႀကီးေခၚလာတဲ့သူေလ”

ကားဆရာေလးက ကြၽန္ေတာ္တို႔ေျပာဆိုေနသည့္စကားမ်ားကိုနားစြင့္ၿပီး ေနာက္ၾကည့္မွန္ထဲမွၾကည့္ေနသျဖင့္ ဆက္မေျပာရန္အတြက္ ျမင့္၏ေပါင္ကိုလက္ကုတ္ၿပီး သတိေပးလိုက္ရသည္။ ျမင့္က ကြၽန္ေတာ့္ကို စိတ္ေကာက္ၿပိး စကားဆက္မေျပာေတာ့ သျဖင့္ ကြၽန္ေတာ္လည္း အေတြးမ်ားကို လြန္ခဲ့သည့္ႏွစ္ေပါင္းေလးဆယ္ေက်ာ္ထံသို႔ ျပန္လည္ပို႔ေဆာင္လိုက္ေတာ့သည္။

************************

တန္ေဆာင္မုန္းလျပည့္ေန႔မို႔ ကားဆြဲေကာင္းသျဖင့္ အခ်ိန္ကိုပင္ သတိမထားလိုက္မိေပ။ ေ႐ႊတိဂုံဘုရားႏွင့္ တိရစာၦန္ဥယ်ာဥ္ကို ေခါက္တုန႔္ေခါက္ျပန္ေျပးဆြဲေနရၿပီး ေျမနီကုန္း ဆန္းသီရိ႐ုပ္ရွင္႐ုံေရွ႕သို႔ ခရီးသည္ပို႔ၿပီးအျပန္၌ ညရွစ္နာရီေက်ာ္ေနေလၿပီ။ အ ခ်ိန္လင့္ေနသည့္အတြက္ အိမ္သို႔ျပန္ရန္ဆုံးျဖတ္လိုက္ၿပီး ေျမနီကုန္းဘက္သို႔ခ်ိဳးေကြ႕လိုက္သည့္အခ်ိန္တြင္ လမ္းေပၚ၌႐ုတ္႐ုတ္သဲသဲျဖစ္ေနၾကသည့္ျမင္ကြင္းကို ျမင္ေတြ႕လိုက္ရသည္။ ကိုယ္ႏွင့္မသက္ဆိုင္သည့္ကိစၥမို႔ မစပ္စုေတ့ဘဲ လူအုပ္ႀကီးကို ေက်ာ္ျဖတ္ရန္ျပင္ လိုက္သည့္အခ်ိန္တြင္ အမ်ိဳးသား ေလးငါးေယာက္က ကြၽန္ေတာ့္ကားေရွ႕မွပိတ္ရပ္ၿပီးလက္တားေနၾကသျဖင့္ ကားကိုရပ္လိုက္ၿပီး အေျခအေနၾကည့္လိုက္မိသည္။ ကားတားေနၾကသူမ်ားသည္ အိႏၵိယႏြယ္ဖြား အမ်ိဳးသားမ်ားျဖစ္ၿပီး ႐ုတ္႐ုတ္သဲသဲျဖစ္ေနၾကသည္။

“ကားဆရာ.......လူနာေတြကို ေဆး႐ုံကို အျမန္ပို႔ေပးပါ”

အက်ိဳးအေၾကာင္းမေျပာဆိုဘဲ အမိန႔္ေပးသကဲ့သို႔ေျပာဆိုေနသူကို ျငင္းပယ္ရန္ျပင္ေနသည့္အခ်ိန္မွာပင္ ကားက သိမ့္ကနဲျဖစ္သြားသျဖင့္ ေနာက္သို႔လွည့္ၾကည့္လိုက္သည့္အခါ လူနာမ်ားကို ကားေပၚသို႔တင္ေနၾကေလၿပီ။

“ဘာျဖစ္ၾကတာလဲဗ်”

“ကားတိုက္သြားတာ။ တိုက္တဲ့ကားက ေမာင္းေျပးသြားတယ္”

ခိုက္ရန္ျဖစ္ပြားျခင္းမဟုတ္ဘဲ ယာဥ္တိုက္မႈဆိုသည့္အတြက္ လူနာကအေရးႀကီးေနသျဖင့္ ကြၽန္ေတာ္လည္း ဘာမွဆက္မေျပာေတာ့ဘဲ လူနာတင္ၿပီးသည္အထိ ရပ္ေစာင့္ေနလိုက္သည္။

“ဘုံး...ဘုံး....”

“ေမာင္းလို႔ရၿပီဗ်ိဳ႕”

ကားနံေဘးကိုပုတ္ၿပီး ေျပာဆိုသံကိုၾကားလိုက္သျဖင့္ ဂီယာထိုး၍ လီဗာကိုဖိနင္းလိုက္ေတာ့သည္။

“ျမန္ျမန္ေမာင္းပါ။ လူနာအေျခအေနမေကာင္းေတာ့ဘူး”

“ေမာင္းေနတယ္ဗ်ိဳ႕.....”

ဦးဝိစာရလမ္းေပၚသို႔ေရာက္သည့္အခ်ိန္၌ ကားေနာက္ခန္းမွေခါင္းျပဴၿပီး အျမန္ေမာင္းေပးရန္ေျပာဆိုေနသျဖင့္ အျမန္ေမာင္းေနေၾကာင္းျပန္လည္ေျပာဆိုလိုက္ရေသာ္လည္း ငယ္သံပါေအာင္ေအာ္ဟစ္ၿပီး ႐ုန္းေနရရွာသည့္ B360 ေလးဘီးကားေလး အဂ်ၤင္ ပူၿပီးကြဲ သြားမည္စိုးသျဖင့္ ငဲ့ညႇာရေသးသည္။ လူနာအေျခအေနကိုသိလိုသျဖင့္ ကားေနာက္ခန္းသို႔လွည့္ၾကည့္လိုက္သည့္အခါ ၾကမ္းခင္းေပၚတြင္ထိုင္ေနသည့္အမ်ိဳးသား၏ေပါင္ေပၚ၌ ေဘးတေစာင္းလွဲေနသည့္ အမ်ိဳးသားလူနာတစ္ေယာက္ႏွင့္ စြပ္က်ယ္လက္ျပတ္ ႏွင့္အမ်ိဳးသား၏ကိုယ္ေပၚမွ မိန္းကေလးငယ္ တစ္ေယာက္ကို ျမင္လိုက္ရသည္။ မိန္းကေလးငယ္သည္ ေသြးမ်ား႐ႊဲနစ္ေနၿပီး ဇက္ကေနာက္သို႔လန္က်ေနသည္။

ရန္ကုန္ေဆး႐ုံႀကီး အေရးေပၚဌာနသို႔ေရာက္သည့္အခါ ကားရပ္လိုက္ၿပီး လူနာမ်ားကို ကူညီသယ္မရန္ ကားေနာက္သို႔အျမန္ေျပးရေလသည္။

“ကားဆရာ.....ေကာင္မေလးကိုေခၚသြားၿပီး ေဆး႐ုံဝန္ထမ္းေတြအျမန္ေခၚလာေပးဗ်ာ”

“ဟုတ္ကဲ့....”

စြပ္က်ယ္လက္ျပတ္ဝတ္ဆင္ထားသည့္ အိႏၵိယႏြယ္ဖြားအမ်ိဳးသားက သူ႔လက္ေပၚမွကေလးမေလးကို ကြၽန္ေတာ့္ထံသို႔လႊဲေျပာင္းေပးလိုက္သျဖင့္ ကြၽန္ေတာ္လည္း ကေလးမေလးကိုအျမန္ေပြ႕ကာ အေရးေပၚဌာနထဲသို႔ အေျပးအလႊားဝင္သြားၿပီး ေဆး႐ုံဝန္ ထမ္းမ်ားကို အကူအညီေတာင္းရေလေတာ့သည္။ ကြၽန္ေတာ့္လက္ေပၚမွ အႏၵိယႏြယ္ဖြားကေလးမေလးသည္ အသက္ဆယ္ႏွစ္ဝန္းက်င္မွ်သာရွိၿပီး ဆင္းရဲႏြမ္းပါးပုံရေပသည္။ အျဖဴေရာင္လက္ရွည္အက်ႌႏွင့္ အညိဳေရာင္ေဘာင္းဘီတိုေလးဝတ္ဆင္ထားသည္။ ဆံပင္ က ရွည္လ်ားၿပီး ေက်ာလယ္မွ်ရွိေပသည္။ လူနာလိုက္ပို႔သည့္အမ်ိဳးသားထံမွ လက္ေျပာင္းယူလိုက္သည့္အခ်ိန္တြင္ မ်က္လုံးပြင့္လာၿပီး ကြၽန္ေတာ့္မ်က္ႏွာကို အေသအခ်ာၾကည့္ေနေသးသျဖင့္ အေျခအေနမဆိုးေသးဟုထင္ခဲ့မိေသာ္လည္း အေရးေပၚခန္းထဲသို႔ေရာက္ သည့္အခ်ိန္တြင္ အသက္ေပ်ာက္သြားခဲ့သည္။ ဒဏ္ရာရထားသည့္ အမ်ိဳးသားက ဘယ္ဘက္လက္သြင္သြင္က်ိဳးၿပီး အ႐ိုးေငါထြက္ေနသည္ကလြဲ၍ လႈပ္ရွားညည္းညဴႏိုင္ေသးသည္။ ထိုသူ၏အေျခအေနကိုေစာင့္ၾကည့္ရန္က ကြၽန္ေတာ့္ကိစၥမဟုတ္သည့္အတြက္ ကြၽန္ ေတာ့္တာဝန္ၿပီးဆုံးသြားၿပီမို႔ လူနာလိုက္ပို႔သည့္ အမ်ိဳးသားႏွစ္ေယာက္ကို အိမ္ျပန္ေတာ့မည္ျဖစ္ေၾကာင္း အသိေပးလိုေသာ္လည္း လူနာႏွင့္အလုပ္ရႈပ္ေနၾကသျဖင့္ မေျပာေတာ့ဘဲ ကားဆီသို႔ထြက္လာခဲ့သည္။

ေဆး႐ုံမွျပန္သည့္အခ်ိန္တြင္ ညကိုးနာရီေက်ာ္ေနေလၿပီ။ ကြၽန္ေတာ့္အဝတ္အစားမ်ားေပၚတြင္ ကေလးမေလး၏ေသြးမ်ား ေပက်ံေနသျဖင့္ ေသြးညႇီနံ႔မ်ားေထာင္းေထာင္းထေနသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းအတိုင္းေမာင္းႏွင္လာၿပီး သိမ္ျဖဴလမ္းဘက္သို႔ ခ်ိဳးေကြ႕ လိုက္သည့္အခ်ိန္တြင္ ေခါင္းခန္းႏွင့္ကားေနာက္ပိုင္းကိုျခားထားသည့္မွန္အား ထုႏွက္ေနသည့္အသံကိုၾကားလိုက္ရသျဖင့္ လွည့္ၾကည့္လိုက္သည့္အခါ ေသးသြယ္သည့္ လက္ႏွစ္ဖက္ကိုျမင္ေတြ႕လိုက္ရေလသည္။ ေဆး႐ုံႀကီးအေရးေပၚဌာနအေရွ႕၌ ကားရပ္ ထားစဥ္ ကေလးတစ္ေယာက္တက္ေဆာ့ၿပီး ကားေပၚပါလာခဲ့သည္ဟုထင္မွတ္သျဖင့္ ကားကိုလမ္းေဘး၌ကပ္ရပ္လိုက္ၿပီး ဆင္းၾကည့္သည့္အခါ ကားေနာက္ခန္း၌မည္သူမွ်မရွိဘဲ အေရွ႕ဘက္ေထာင့္စြန္း၌ ထိုင္ခုံေပၚတင္ထားသည့္ ဖ်ာေခါက္တစ္ခုကိုသာ ျမင္ေတြ႕ လိုက္ရသည္။ ဖ်ာေခါက္ကိုယူၾကည့္လိုက္သည့္အခါ အသစ္စက္စက္ သင္ျဖဴးဖ်ာတစ္ခ်ပ္ျဖစ္ေနသျဖင့္ ခရီးသည္တစ္ေယာက္ေယာက္က်န္ခဲ့သည့္ဖ်ာျဖစ္ႏိုင္ေပသည္။ ပိုင္ရွင္ မည္သူမည္ဝါဆိုသည္ကိုလည္း မသိႏိုင္သည့္အျပင္ တန္ဖိုးႀကီးမားသည့္ ပစၥည္းလည္းမ ဟုတ္သည့္အတြက္ ဖ်ာေခါက္ကို ကားေရွ႕ခန္းထဲမွ ထိုင္ခုံေပၚသို႔ပစ္တင္လိုက္သည္။

ကြၽန္ေတာ့္စိတ္ထဲ၌ဘဝင္မက်မိသည့္အခ်က္က မွန္ကိုထုႏွက္သည့္ အသံႏွင့္ မွန္ေပၚမွလက္ႏွစ္ဖက္ကို အေသအခ်ာၾကားခဲ့၊ ျမင္ေတြ႕ခဲ့ရေသာ္လည္း ကားေနာက္၌ လူသူတစ္ေယာက္မွရွိမေနျခင္းျဖစ္သည္။ ကားေနာက္ခန္းတြင္ ေသြးညႇီနံ႔က ေထာင္း ေထာင္းထေနသျဖင့္ တစ္ေနရာရာ၌ ကားကိုေရေဆးခ်င္ေသာ္လည္း ညကိုးနာရီေက်ာ္ေနၿပီျဖစ္သည့္အတြက္ အိမ္ေရာက္မွေဆးေၾကာေတာ့မည္ဟုဆုံးျဖတ္ကာ ကားေပၚသို႔တက္၍ အိမ္သို႔ေမာင္းလာခဲ့ေတာ့သည္။


**************************

“ျမင့္ေရ.....ျမင့္”

“လာၿပီ ကိုေရ....၊ ဟင္......ကို ...ေသြး.. ေသြးေတြ။ ဘာ.. ဘာျဖစ္လာတာလဲ”

ျမင့္က အိမ္တံခါးဖြင့္ေပးရင္း ကြၽန္ေတာ့္ကိုယ္ေပၚမွ ေသြးမ်ားကိုျမင္လိုက္သျဖင့္ အလန႔္တၾကားျဖစ္သြားေလသည္။

“ေအးကြာ....ေျမနီကုန္းမွာ ကားတိုက္မႈျဖစ္လို႔ လူနာကိုေဆး႐ုံလိုက္ပို႔ေနရတာနဲ႔ ေနာက္က်သြားတယ္”

“ဟယ္......။ ကို တိုက္လိုက္တာလား”

“မဟုတ္ပါဘူး။ အျခားကားတစ္စီးက တိုက္ၿပီးေမာင္းေျပးသြားတာ”

“ေတာ္ေသးတာေပါ့။ ေႆြးေတြျမင္လိုက္လို႔ ကိုဘာမ်ားျဖစ္ၿပီလဲဆိုၿပီး လန႔္သြားတာ။ ရင္ေတြေတာင္တုန္တယ္။ အတိုက္ခံရတဲ့သူေရာ အေျခအေနေရာေကာင္းရဲ႕လား”

“မေကာင္းဘူးကြာ။ ကေလးမေလးက ဆယ္ႏွစ္ဝန္းက်င္ေလာက္ပဲရွိမယ္။ ေနာက္တစ္ေယာက္က ေယာက်္ားကြ။ ကိုယ့္ထက္ အသက္ႀကီးပုံရတယ္။ ကေလးမေလးက ေဆး႐ုံရာက္မွဆုံးသြားတယ္။ ဟိုလူကေတာ့ ဘယ္လိုေနသလဲမသိဘူး”

“အို...ကြၽတ္...ကြၽတ္....သနားပါတယ္။ ကေလးမေလးေတာ့ ေတာ္ေတာ္ ခံစားရရွာမွာပဲ။ သူ႔မိဘေတြေတာ့ ရင္က်ိဳးပါၿပီ ကိုရယ္။ ဟိုလူနဲ႔ ေကာင္မေလးက ဘာေတာ္သလဲ ကို”

“အဲဒါေတာ့ ကိုလည္းဘယ္သိပါ့မလဲ။ ႏွစ္ေယာက္စလုံးက ကုလားလူမ်ိဳးေတြ။ ဟိုလူကလည္း စုတ္စုတ္ျပတ္ျပတ္၊ ေကာင္မေလးကလည္း စုတ္စုတ္ျခာျခာနဲ႔ ဆင္းရဲႏြမ္းပါးပုံရတယ္။ သမီးေလး အိပ္သြားၿပီလား”

“ခုနေလးကမွ အိပ္သြားတယ္။ သမီးကိုသိပ္ရင္း ကို႔ကိုစိတ္ပူလို႔ေစာင့္ေနတာ။ ကားစက္သံၾကားလို႔ ထြက္လာတာ”

“ေရခ်ိဳးရင္း ကားေရေဆးလိုက္ဦးမယ္ကြာ”

“ဟုတ္ကဲ့ကို။ ေရခ်ိဳးၿပီး ထမင္းစားမွာမဟုတ္လား၊ ဟင္းေတြေႏႊးထားလိုက္မယ္ေနာ္”

“ေႏႊးခ်င္လည္း ေႏႊးထားလိုက္”

“ဟုတ္ကဲ့ကို။ ျမန္ျမန္လုပ္ေနာ္.....အေအးမိဦးမယ္”

“ေရာ့.......ဖ်ာယူလိုက္ဦး”

“ကို ဝယ္လာတာလား”

“မဟုတ္ဘူး။ ကားေပၚမွာက်န္ခဲ့တာ။ ပိုင္ရွင္ဘယ္သူမွန္းလဲမသိ။ တန္ဖိုးလည္းႀကီးတာမဟုတ္ေတာ့ ယူထားလိုက္ၾကတာေပါ့ကြာ”

“ဟုတ္ကဲ့ ကို”

************************

ထမင္းစားေသာက္ၿပီး ေဆးလိပ္ဖြာရင္းအနားယူေနသည့္အခ်ိန္တြင္ ကြၽန္ေတာ့္ဇနီး ျမင့္က အိမ္ေနာက္ေဖး၌ စားၿပီးသားပန္းကန္ခြက္ေယာက္မ်ားေဆးေၾကာေနသည္။ ထိုအခ်ိန္တြင္ ကြၽန္ေတာ္ထိုင္ေနသည့္ ပက္လက္ကုလားထိုင္ေက်ာမွီအား တစ္စုံတစ္ ေယာက္က ကိုင္လႈပ္သကဲ့သို႔လႈပ္သြားသျဖင့္ ေနာက္သို႔လွည့္ၾကည့္လိုက္မိသည္။ သို႔ေသာ္လည္း မည္သူမွ်ရွိမေနသျဖင့္ စိတ္ထဲ၌တစ္မ်ိဳးတစ္မည္ျဖစ္သြားခဲ့သည္။ အနီးအနားတြင္ တစ္ေယာက္ေယာက္ရွိေနသကဲ့သို႔ခံစားရၿပီး ႏွာေခါင္းထဲတြင္လည္း ေသြးညႇီနံ႔ရေန သည္။ ကားေရေဆးၿပီး အိမ္ေပၚသို႔တက္လာကတည္းက စိတ္ထဲ၌ မသိုးမသန႔္ျဖစ္ေနမိသည္။

“ေမေမ...ေမေမ...ေမေမ...ဟီး.......ဟီး..”

“ဝုန္း.....”

အခန္းထဲမွ သမီးေလး၏အသံကိုၾကားလိုက္သျဖင့္ သမီးေလးဆီသို႔သြားရန္ ပက္လက္ကုလားထိုင္မွထလိုက္သည့္အခ်ိန္တြင္ ပက္လက္ကုလားထိုင္ေခါက္သြားၿပီး ညပ္ေနသျဖင့္ ထိုင္မရ ထမရျဖစ္သြားေလသည္။ ပက္လက္ကုလားထိုင္ေခါက္သြားရျခင္းက လည္း ထူးဆန္းလွသည္။ ထိုင္ရာမွထလိုက္စဥ္ ပက္လက္ကုလားထိုင္ေက်ာမွီအား ေနာက္မွဆြဲမလိုက္သလိုျဖစ္ၿပီး ေခါက္သြားခဲ့ျခင္းျဖစ္ေၾကာင္း ကြၽန္ေတာ္သိသည္။

“ေမေမလာၿပီသမီးေလး”

ျမင့္က သမီးေလးဆီသို႔ေျပးသြားသျဖင့္ ကြၽန္ေတာ္လည္း ညပ္ေနသည့္ပက္လက္ကုလားထိုင္ခုံၾကားမွ ႐ုန္းထြက္ကာ သမီးဆီသို႔သြားရေလသည္။

“သမီးေလး ဘာျဖစ္တာလဲ ျမင့္”

“လန႔္ၿပီး ငိုေနတာ။ ခုနက ဝုန္းကနဲၾကာလိုက္တယ္။ ဘာျဖစ္တာလဲ ကို”

“သမီးေလးဆီလာမလို႔ထလိုက္တာ ပက္လက္ကုလားထိုင္ေခါက္ၿပီးညပ္သြားလို႔”

“သမီးေၾကာက္တယ္....ေမေမ”

“ဘာမွမေၾကာက္နဲ႔သမီး...ေမေမရွိတယ္”

မိခင္က ရင္ခြင္ထဲတြင္ေပြ႕ပိုကထားေသာ္လည္း သမီးေလး၏မ်က္လုံးမ်ားက ေတာင္ၾကည့္ေျမာက္ၾကည့္ျဖင့္ ေၾကာက္လန႔္ေနသျဖင့္ ကြၽန္ေတာ့္စိတ္ထဲ၌ သံသယရွိလာခဲ့သည္။

“ကို ပရိတ္ေရသြားယူလိုက္ဦးမယ္”

“ဟုတ္ကဲ့ ကို”

ဘုရားစင္ေပၚမွ ပရိတ္ေရယူရန္ အိမ္ေရွ႕ခန္းသို႔ ထြက္လာသည့္အခ်ိန္တြင္ ကြၽန္ေတာ့္နံေဘးနားမွျဖတ္သြားသည့္ အျဖဴေရာင္အရိပ္တစ္ခုကို ခပ္ေရးေရးျမင္ေတြ႕လိုက္ရသည္။ ထိုအျဖဴေရာင္အရိပ္သည္ အိမ္ေရွ႕ခန္းသို႔အေရာက္တြင္ ႐ုတ္တရက္ေပ်ာက္ ကြယ္သြားသည္။ စိတ္ထဲ၌ စႏိုးစေနာင့္ျဖစ္သြားခဲ့ေသာ္လည္း ထင္ထင္ရွားရွားျမင္ေတြ႕ရျခင္းမဟုတ္သျဖင့္ ပရေလာကသားဟုေျပာဆိုရန္ခက္ေနေပသည္။ ကြၽန္ေတာ္လည္း ဘုရားစင္ေပၚမွ ပရိတ္ေရယူကာ အိမ္ေရွ႕ခန္အႏွံ႔ပက္ဖ်န္းလိုက္ၿပီး သမီးေလးႏွင့္ အိပ္ခန္း ကိုပါ ပရိတ္ေရဖ်န္းလိုက္သည္။

“ဘာမွမျဖစ္ေတာ့ဘူးေနာ္ သမီး၊ ေမေမရွိတယ္။ ျပန္အိပ္ေတာ့ေနာ္”

“ဟုတ္ကဲ့ ေမေမ”

“ကိုေရ.......ဇလုံထဲက ေဆးလက္စပန္းကန္ေတြကို အိမ္ထဲထည့္ၿပီး ေနာက္ေဖးတံခါးပိတ္လိုက္ေနာ္။ မီးေတြပိတ္ဖို႔လည္း မေမ့နဲ႔ဦး”

“ေအး....ေအး...။ ကို လုပ္လိုက္မယ္”

ျမင့္ႏွင့္ သမီးေလးတို႔ ျခင္ေထာင္ထဲသို႔ဝင္သြားသည့္ေနာက္ ကြၽန္ေတာ္လည္း အိမ္ေနာက္ေဖးသို႔ဝင္သြားၿပီး ေရကျပင္ေပၚမွ ေဆးလက္စပန္းကန္မ်ားထည့္ထားသည့္ ေရဇလုံကို အိမ္ထဲသို႔ထည့္ၿပီး ေနာက္ေဖးတံခါးပိတ္မည္ျပဳစဥ္ အိမ္သာတံခါးက အလိုလို ပြင့္လာသျဖင့္ အိမ္သာကို လွမ္းၾကည့္လိုက္မိသည္။ အိမ္သာႏွင့္ေရကျပင္သည္ ဆယ္ေပမွ်သာေဝးသျဖင့္ ေရကျပင္၌ထြန္းထားသည့္မီးေရာင္ျဖင့္ အိမ္သာထဲသို႔ ေကာင္းစြာျမင္ေတြ႕ရေပသည္။ အိမ္သာထဲတြင္ရပ္ေနသည့္ မိန္းကေလးတစ္ေယာက္ကို ျမင္ေတြ႕လိုက္ ရသည့္အခိုက္ ႐ုတ္တရက္လန႔္သြားမိသည္။ ထိုမိန္းကေလးသည္ ကြၽန္ေတာ့္ကားျဖင့္တင္ၿပီးေဆး႐ုံႀကီးသို႔ပို႔ခဲ့သည့္မိန္းကေလးျဖစ္ေနသည္။ ေခါင္းငုံ႔၍ မ်က္လုံးကိုလွန္ၾကည့္ေနသည့္အၾကည့္က မေက်နပ္ေၾကာင္းေဖာ္ျပေနသည္။ ကြၽန္ေတာ္လည္း တံခါးကိုအျမန္ ပိတ္ၿပီး ျပဳခဲ့ဖူးသည့္ကုသိုလ္မ်ားကို အမွ်ေပးေဝလိုက္သည္။ ထို႔ေနာက္ အိမ္တံခါးမ်ားကိုစစ္ေဆးၿပီး မီးဖိုေဆာင္မွ မီးလုံးတစ္လုံးပဲဖြင့္ထားၿပီး က်န္မီးမ်ားအားလုံးပိတ္ကာ အိပ္ခန္းထဲသို႔ဝင္၍ ျမင့္၏ေဘးတြင္လွဲအိပ္လိုက္သည္။

***********************

အဆက္မျပတ္ဆြဲေနသည့္ ရထားဥဩသံေၾကာင့္ ကြၽန္ေတာ္လန႔္ႏိုးသြားခဲ့သည္။ ရထားဥဩသံဣွင့္ ရထားခုတ္ေမာင္းသံမ်ားကို ေန႔စဥ္ႏွင့္အမွ်ၾကားေနရသျဖင့္ အေလ့အက်င့္ျဖစ္ေနခဲ့ေသာ္လည္း ယေန႔က်မွ လန႔္ႏိုးခဲ့ရသည္။ ျမင့္ႏွင့္သမီးေလးက တုပ္တုပ္ မွ်မလႈပ္ၾကဘဲ တေခါေခါျဖင့္ အိပ္ေမာက်ေနၾကသည္။ ရထားသံတိတ္ဆိတ္သြားေသာ္လည္း အိပ္ရာေဘးမွ စားပြဲတင္နာရီထံမွ တစ္ခ်က္ခ်က္ျမည္သံကိုၾကားေနရျပန္သည္။ လန႔္ႏိုးသြားသျဖင့္ မ်က္လုံးမ်ားက်ယ္ၿပီး ျပန္အိပ္လို႔မရေတာ့ေသာ္လည္း မနက္ေစာေစာ ထၿပီး ကားဆြဲရဦးမွာမို႔ ဇြတ္မွိတ္အိပ္ရန္ႀကံလိုက္စဥ္ ခန္းစီးလိုက္ကာလႈပ္သြားသျဖင့္ ေခါင္းေထာင္ၾကည့္လိုက္မိသည္။ ကြၽန္ေတာ္တို႔အိပ္ခန္းတြင္ တံခါးမရွိဘဲ ခန္းဆီးလိုက္ကာသာတပ္ဆင္ထားသျဖင့္ လုံၿခဳံမႈမရွိေသာ္လည္း အိမ္ငွားျဖစ္သည့္အတြက္ တံခါးမတပ္ ေတာ့ဘဲ သည္အတိုင္းထားလိုက္ရသည္။ ခန္းဆီးလိုက္ကာလႈပ္သြားေသာ္လည္း ဆက္ၿပီးမထူးျခားသျဖင့္ ေခါင္းအုံးေပၚသို႔ေခါင္းခ်လိုက္သည့္အခ်ိန္မွာပင္ ေျခရင္းဘက္မွျခင္ေထာင္ကို တျဖည္းျဖည္းဆြဲတင္ေနသည္ကို ျမင္ေတြ႕လိုက္သျဖင့္ ကြၽန္ေတာ္ ခ်က္ခ်င္းထ ထိုင္လိုက္သည္။ ျခင္ေထာင္အနားစကိုဆြဲမထားသကဲ့သို႔ အလယ္ေလာက္တြင္ရပ္တန႔္ေနသျဖင့္ ၾကက္သီးေမြးညင္းမ်ားထသြားခဲ့သည္။ ျမင့္ကို ႏႈိးရေကာင္းႏိုးစဥ္းစားေနစဥ္ ဆန႔္ထားသည့္ကြၽန္ေတာ့္ေျခေထာက္ကို ေအးစက္သည့္လက္ျဖင့္ဆုပ္ကိုင္လိုက္သလို ခံစား လိုက္ရသျဖင့္ ေျခေထာက္ကိုအျမန္႐ုပ္ၿပီး ေဆာင့္ေၾကာင့္ထိုင္ေနလိုက္သည္။ ျခင္ေထာင္အနားစက ျပန္မက်ေသးဘဲ တန႔္ေနသျဖင့္ ကြၽန္ေတာ္လည္း သမၺဳေဒၶဂါထာေတာ္ကို အသံထြက္႐ုံ႐ြတ္ဆိုၿပီး အေျခအေနကို ေစာင့္ၾကည့္ေနလိုက္သည္။

ခဏအၾကာတြင္ ျခင္ေထာင္အနားစျပန္က်သြားၿပီး ျခင္ေထာင္အျပင္ဘက္တြင္ ေဆာင့္ေၾကာင့္ထိုင္ေနသည့္ မိန္းကေလးတစ္ေယာက္ကို ထင္ထင္ရွားရွားျမင္ေတြ႕လိုက္ရေလသည္။ မိန္းကေလးက ေခါင္းကိုအနည္းငယ္ငုံ႔ၿပီး ကြၽန္ေတာ့္ကိုမ်က္လွန္ၾကည့္ေန သျဖင့္ ေက်ာထဲမွစိမ့္တက္လာသည္။ ျမင့္ကိုႏႈိးလိုက္ျပန္လွ်င္လည္း ေၾကာက္လန႔္႐ုံမွလြဲ၍ဘာမွမထူးသျဖင့္ မႏႈိးေတာ့ဘဲ ေျခရင္းမွေစာင္ကိုဆြဲယူကာ ေခါင္းၿမီးၿခဳံထားလိုက္သည္။ ျခင္ေထာင္ဘက္သို႔ ေက်ာမေပးရဲသျဖင့္ သမီးေလးဘက္သို႔လွည့္အိပ္ေနသည့္ ျမင့္ႏွင့္ ေက်ာခ်င္းထိကပ္ကာ ျခင္ေထာင္ဘက္သို႔မ်က္ႏွာမူထားလိုက္သည္။

ေစာင္ကိုေခါင္းၿမီးၿခဳံၿပီး နားစြင့္ထားသည့္အခ်ိန္တြင္ ကြၽန္ေတာ့္လက္ေမာင္းကို လက္ျဖင့္ကုတ္ေနသျဖင့္ ဆံပင္ေမြးမ်ားေထာင္ထသြားသည္။ ေစာင္စလြတ္သြားမည္စိုးသျဖင့္ ေျခလက္မ်ားႏွင့္သာမက ကိုယ္ႏွင့္ပါ ဖိထားရသည္။

“အမ္.......ဘာလဲ သမီးေလး....”

ျမင့္အသံၾကားလိုက္ရသျဖင့္ ေစာင္ကိုလွပ္ၿပီးၾကည့္လိုက္သည့္အခါ ငုတ္တုပ္ထိုင္ေနသည့္ သမီးေလးကို ေတြ႕လိုက္ရသည္။

“ရႈေပါက္မလို႔လား သမီးေလး”

“ဟုတ္ကဲ့”

“လာ..... ေမေမ အိမ္သာလိုက္ပို႔ေပးမယ္”

ျမင့္ႏိုးလာသည့္အခါမွ အသက္ေအာင့္ထားသမွ်ေျဖေလွ်ာ့လိုက္ရေတာ့သည္။ ထိုအခါမွ ဆီးသြားခ်င္သည့္စိတ္၊ ေရေသာက္ခ်င္သည့္စိတ္က အလွ်ိဳလွ်ိဳေပၚလာခဲ့ေလသည္။

“ကိုလည္း လိုက္ခဲ့မယ္”

“ရႈေပါက္ခ်င္လို႔ ေဖေဖ့ကိုႏႈိးတာ ႏႈိးလို႔မရလို႔ ေမေမ့ကိုႏႈိးလိုက္ရတာ”

သမီးေလးေျပာသည့္အခါမွ ကြၽန္ေတာ့္ပခုံးကိုကုတ္ေနသူသည္ သမီးေလးျဖစ္ေၾကာင္းသိလိုက္ရေလသည္။

“ဟုတ္လား......ေမေမ့ကိုႏႈိးလည္းရပါတယ္သမီးရယ္။ လာ...လာ.......အျပင္ထြက္”

“ဝုန္း.......”

“အမေလး.....ဘာသံႀကီးလဲ”

ျခင္ေထာင္အျပင္သို႔ ကြၽန္ေတာ္တို႔သားအမိသားအဖသုံးေယာက္ထြက္ၿပီးသည့္အခ်ိန္တြင္ အိမ္ေရွ႕ခန္းမွ တစ္ခုခုျပဳတ္က်သည့္အသံၾကားလိုက္ရေလသည္။

“သမီးေလးကို ရႈသြားတည္လိုက္။ ကို အိမ္ေရွ႕သြားၾကည့္မယ္”

ျမင့္ႏွင့္သမီးေလးတို႔ အိမ္ေနာက္ေဖးထြက္သြားသည့္အခါ ကြၽန္ေတာ္လည္း အိမ္ေရွ႕သို႔သြား၍ မီးဖြင့္လိုက္သည္။ မီးေခ်ာင္းက ခ်က္ခ်င္းလင္းမလာေသးဘဲ တဖ်ပ္ဖ်ပ္ျဖစ္ေနသည့္အခ်ိန္တြင္ အိမ္ေရွ႕တံခါးကို ေက်ာေပးရပ္ေနသည့္ မိန္းကေလးကို ျမင္လိုက္ရ ေလေတာ့သည္။ ကြၽန္ေတာ္လည္း ဘာမွစဥ္းစားမေနေတာ့ဘဲ ဘုရားစင္ေပၚမွ ပရိတ္ေရပုလင္းကိုအျမန္ယူကာ အိမ္ေရွ႕ခန္းတစ္ခုလုံးကို ပက္ဖ်န္းလိုက္ေတာ့သည္။ ထိုအခါမွ မိန္းကေလးလည္းေပ်ာက္ကြယ္သြားေလေတာ့သည္။ မီးေခ်ာင္းလင္းလာသည့္အခါ အိမ္ ေရွ႕ခန္းကို စစ္ေဆးၾကည့္ေသာ္လည္း မည္သည့္ပစၥည္းမွျပဳတ္က်ေနျခင္းမရွိသျဖင့္ မီးေခ်ာင္းျပန္မပိတ္ေတာ့ဘဲ ေနာက္ေဖးသို႔ဝင္ခဲ့သည္။

ျမင့္က သမီးေလးကို ေရကျပင္၌ ရႈတည္ေနသျဖင့္ ကြၽန္ေတာ္က အိမ္သာသို႔သြားကာ ဆီးသြားလိုက္သည္။ ကိစၥၿပီး၍ အိမ္သာမွထြက္လာသည့္အခါ ၾကက္သီးဖ်န္းကနဲထသြားခဲ့သည္။ ဆီးသြားၿပီး၍ ၾကက္သီးထသည္ဟုသာထင္မွတ္လိုက္သည္။

“ျမင့္လည္း ရႈရွေပါက္လိုက္ဦးမယ္။ သမီးေလးကို ခဏၾကည့္ထားလိုက္ေနာ္”

“ေအး.....ေအး”

ျမင့္ အိမ္သာထဲဝင္ေနခိုက္ ကြၽန္ေတာ္ႏွင့္သမီးေလးက အိမ္ေနာက္ေဖး ေရကျပင္နားတြင္ ထိုင္ေစာင့္ေနၾကသည္။

“ဘာလဲ သမီးေလး”

သမီးေလးက ကြၽန္ေတာ့္ပခုံးကို လက္ျဖင့္ကုတ္ၿပီး အိမ္သာေခါင္မိုးေပၚသို႔ လက္ညႇိဳးထိုးျပေနသျဖင့္ ၾကည့္လိုက္သည့္အခါ အိမ္သာေခါင္မိုးေပၚတြင္ လက္ႏွစ္ဖက္ေရွ႕သို႔ေထာက္၍ ေဆာင့္ေၾကာင့္ထိုင္ေနသည့္ မိန္းကေလးကိုျမင္လိုက္သျဖင့္ ကြၽန္ေတာ့္ တစ္ ကိုယ္လုံး ေအးစက္ေတာင့္တင္းသြားၿပီး ၾကက္သီးေမြးညင္းမ်ားထသြားေလသည္။

“သမီး…မၾကည့္နဲ႔။ ျမင့္....ျမန္ျမန္လုပ္”

“ဘာျဖစ္လို႔လဲ ကို”

“ျမန္ျမန္လုပ္ပါဆိုမွကြာ”

“ၿပီးပါၿပီ ကိုရဲ႕။ အိမ္သာတက္ခ်င္လို႔လား”

“စကားမမ်ားနဲ႔ကြာ။ ျမန္ျမန္ထြက္လာခဲ့”

သမီးေလးကိုဆြဲလွည့္ၿပီး အိမ္ေရွ႕ဘက္သို႔ မ်က္ႏွာမူခိုင္းရင္း ဇနီးသည္ကို အျမန္ထြက္လာဖို႔ေျပာရသည္။ မိန္းကေလးသည္ မည္သည့္အတြက္ ကြၽန္ေတာ့္ကို ေျခာက္လွန႔္ေနမွန္းမသိပါ။

“အိမ္သာတက္ခ်င္တာမ်ား တစ္ခါတည္းတက္လိုက္ပါေတာ့လား ကိုရယ္။ ျမင့္က ေအာင့္ထားလို႔ရပါတယ္”

“စကားမမ်ားနဲ႔၊ အိမ္ထဲအျမန္ဝင္”

လက္ေမာင္းကိုကိုင္ကာ အိမ္ထဲသို႔ဆြဲသြင္းၿပီး တံခါးအျမန္ပိတ္ေနသည့္ကြၽန္ေတာ့္ကို ျမင့္က နားမလည္သလိုၾကည့္ေနသည္။

“ဘာျဖစ္ေနတာလဲ ကို။ ကို႔ကိုၾကည့္ရတာ တစ္ခုခုျဖစ္ေနသလိုပဲ”

“ေနာက္မွေမးပါကြာ။ အခန္းထဲသြားၾကမယ္”

“သရဲေတြ႕လို႔ ေမေမရဲ႕”

“ဟင္.....”

“သရဲမဟုတ္ပါဘူး သမီးရာ။ ဌင္းတပါ”

“ဟုတ္ပါဘူး။ သမီး ျမင္ပါတယ္”

“ျမင့္ကိုလည္း ေျပာၾကပါဦး။ သားအဖႏွစ္ေယာက္ ဘာေတြျဖစ္ေနၾကတာလဲ”

“အိမ္သာအမိုးေပၚမွာ သရဲမထိုင္ေနတာ သမီးေတြ႕တယ္ေမေမ”

“ဟင္...ဘုရား.....ဘုရား....”

“လာၾကပါကြာ။ သမီးကလည္း မဟုတ္တာမျပာရဘူး”

“ဟုတ္ပါတယ္ဆို။ သရဲက ကုလားမေလး ေမေမရဲ႕”

“ဟင္.....”

“ေတာ္ေတာ္လွ်ာရွည္တဲ့ သမီးပါလား။ လာ......”

ကြၽန္ေတာ္လည္း စိတ္မရွည္ေတာ့သျဖင့္ သမီးေလးကိုေပြ႕ခ်ီၿပီး အိပ္ခန္းထဲသို႔ေခၚသြားလိုက္ေတာ့သည္။ ျမင့္ကလည္း ေၾကာက္ေၾကာက္လန႔္လန႔္ျဖင့္ ကြၽန္ေတာ့္ေနာက္မွ ကပ္ၿပီးလိုက္လာေလသည္။ ထိုေန႔ညက သမီးေလးသာ အိပ္ေပ်ာ္သြားေသာ္လည္း ကြၽန္ေတာ္ႏွင့္ျမင့္တို႔ ေက်ာဆန႔္ရင္းမိုးလင္းခဲ့ရေတာ့သည္။

********************

“တစ္ညလုံးအိပ္ေရးပ်က္ထားတာ ဒီေန႔ ကားမဆြဲပါနဲ႔လား ကိုရယ္”

ျမင့္ေျပာတာ မွန္ပါသည္။ တစ္ညလုံးမအိပ္ရေသးသျဖင့္ မူးေဝၿပီး ငိုက္မ်ဥ္းေနသည္။

“ေအးကြာ။ မနက္စာစားၿပီး ခဏအိပ္လိုက္ဦးမယ္။ အိပ္ရာကႏိုးမွပဲ ကားထြက္ဆြဲေတာ့မယ္”

“ျမင့္လည္း ခ်က္ျပဳတ္စားေသာက္ၿပီးရင္ ခဏအိပ္မွျဖစ္မယ္။ မူးေနာက္ေနာက္ျဖစ္ေနၿပီ”

“ေဈးသြားမေနပါနဲ႔ကြာ။ ရွိတာနဲ႔ျဖစ္သလိုသာခ်က္လိုက္ေတာ့”

“ဟုတ္ကဲ့ ကို။ ဘဲဥပဲေၾကာ္စားလိုက္ၾကတာေပါ့။ သမီးေလးလည္းႀကိဳက္တယ္”

“ေအး...ေအး...”

မနက္စာစားၿပီးကတည္းက အိပ္ငိုက္လာသျဖင့္ အိမ္ေရွ႕ခန္းတြင္ ဖ်ာခင္းၿပီး အိပ္စက္လိုက္သည္မွာ ညေန ေလးနာရီထိုးခါနီးမွ ႏိုးလာခဲ့ေတာ့သည္။

“ျမင့္.......ျမင့္....”

“ကို ႏိုးၿပီလား”

“ႏိုးၿပီ။ သမီးေလးေရာ”

“သမီးေလးက အခန္းထဲမွာ။ ခုထိအိပ္တုန္း”

“ညေနေစာင္းေနၿပီ။ ႏႈိးလိုက္ေတာ့ေလ။ ညမအိပ္ႏိုင္ဘဲေနမယ္”

“ခဏေနမွ ႏႈိးလိုက္ေတာ့မယ္။ သားအဖႏွစ္ေယာက္စလုံးအိပ္ေနလိုက္တာမ်ား တခူးခူးနဲ႔”

“မင္းက မအိပ္ဘူးလား”

“အိပ္မလို႔ပဲ။ အဝတ္ေတြေလွ်ာ္စရာရွိတာနဲ႔မအိပ္ေတာ့ဘဲ အဝတ္ေတြေလွ်ာ္လိုက္တာ။ ကို႔အက်ႌနဲ႔ပုဆိုးမွာေပေနတဲ့ ေသြးေတြက စြန္းေနၿပီ။ ေလွ်ာ္လို႔မရေတာ့ဘူး”

“လႊတ္ပစ္လိုက္ပါကြာ”

“ျခစ္ျခစ္ကုပ္ကုပ္နဲ႔ဝယ္ထားရေတာ့ ႏွေျမာလို႔”

“စြန္းေနမွေတာ့ ဘာလုပ္ေတာ့မွာလဲ ျမင့္ရာ”

“ပင္မင္းပို႔ၾကည့္ပါဦးမယ္”

“သေဘာပဲကြာ”

“ကို ကားထြက္လိုက္ဦးမယ္”

“လန္းလန္းဆန္းဆန္းျဖစ္သြားေအာင္ ေရခ်ိဳးၿပီးမွ သြားေလ”

“အခ်ိန္သိပ္မရွိေတာ့ဘူးကြာ။ ေရခ်ိဳးရင္ၾကာေနလိမ့္မယ္။ ျပန္လာမွပဲခ်ိဳးေတာ့မယ္”

“ဟုတ္ကဲ့ ကို”

*********************

ကားဆြဲမေကာင္းသျဖင့္ ကြၽန္ေတာ္စိတ္ပ်က္လာမိသည္။ ညေနကားစထြက္ကတည္းက ညရွစ္နာရီေက်ာ္သည္အထိ ခရီးသုံးေၾကာင္းပဲပို႔ရေသးသည္။ ခရီးသည္ရသည့္ တ႐ုတ္တန္းလိုေနရာမ်ိဳးမွာပင္ ကားတားမည့္သူမရွိေပ။ ကားဆက္ဆြဲခ်င္စိတ္လည္း မရွိေတာ့တာေၾကာင့္ အိမ္သို႔ျပန္လာခဲ့ေတာ့သည္။ စိတ္ပ်က္လက္ပ်က္ျဖင့္ ျပန္လာစဥ္ ဆယ့္ေလးလမ္းထိပ္အေရာက္၌ သံဃာေတာ္ႏွစ္ပါး လက္တားေနသျဖင့္ ရပ္တန႔္ေပးလိုက္သည္။ သံဃာေတာ္ႏွစ္ပါးသြားလိုသည့္ေနရာက ေဝးေဝးလံလံမဟုတ္ဘဲ သရက္ေတာ ေက်ာင္းတိုက္သို႔ျဖစ္ေနသျဖင့္ ကိုသိုလ္ယူ ဒါနျပဳ၍ လိုက္ပို႔လိုက္သည္။ သရက္ေတာေက်ာင္းတိုက္ေရွ႕တြင္ကားရပ္လိုက္သည့္အခါ ေရွ႕ခန္းမွသံဃာေတာ္ ကားေပၚမွမဆင္းခင္ ေနာက္ခန္းမွသံဃာေတာ္က ေရွ႕ခန္းသို႔လာၿပီး ကြၽန္ေတာ့္ကို ေျပာဆိုသျဖင့္ ကြၽန္ေတာ္ အံ့အားသင့္သြားမိသည္။

“ဒကာႀကီး......။ ကားကို သန႔္စင္လိုက္ဦးဗ်။ ဒကာႀကီးရဲ႕ကားေပၚမွာ မကြၽတ္မလြတ္ေသးတဲ့သူရွိေနတယ္”

“တင္ပါ့ဘုရား။ တပည့္ေတာ္ ဘယ္လိုလုပ္ရမလဲဘုရား”

“သံဃာေတာ္ေတြပင့္ဖိတ္ၿပီး ဆြမ္းကပ္၊ အမွ်အတန္းေပး။ သံဃာေတာ္ေတြကို ပင့္ဖိတ္တဲ့အခါ ကမၼဝါပါ႐ြတ္ေပးပါလို႔ အရင္ဦးဆုံးေလွ်ာက္တင္ဗ်။ မဟုတ္ရင္ ႐ိုး႐ိုးဆြမ္းကပ္တယ္ထင္ၿပီး ကမၼဝါစာယူလာၾကမွာမဟုတ္ဘူး”

“တင္ပါ့ဘုရား”

သံဃာေတာ္ႏွစ္ပါဆင္းသြားၿပီးေနာက္ ဗိုလ္ခ်ဳပ္လမ္းဘက္သို႔ခ်ိဳးေကြ႕လိုက္ၿပီး ဗိုလ္ခ်ဳပ္လမ္းမီးပြိဳင့္သို႔ေရာက္သည့္အခါ မီးပြိဳင့္နီေနသျဖင့္ ေစာင့္ဆိုင္းေနသည့္အခ်ိန္တြင္ ကားေနာက္ခန္းႏွင့္ ေခါင္းခန္းကိုျခားထားသည့္မွန္အား သုံးေလးခ်က္ခန႔္ပုတ္လိုက္သံ ၾကားလိုက္သျဖင့္ ေနာက္ၾကည့္မွန္မွ ေနာက္ခန္းကိုၾကည့္လိုက္မိသည္။

“ဟာ........”

လက္ႏွစ္ဖက္ျဖင့္ သံတန္းကိုင္ကာ မ်က္လုံးျပဴးၿပီး ကြၽန္ေတာ့္ကိုၾကည့္ေနသူသည္ ကြၽန္ေတာ့္အားေျခာက္လွန႔္ေနသည့္မိန္းကေလးျဖစ္ေၾကာင္း ေျပာစရာမလိုေတာ့ေပ။ အရဲစြန႔္ၿပီး ေနာက္လွည့္ၾကည့္လိုက္သည့္အခါ မျမင္ေတြ႕ရဘဲ ေနာက္ၾကည့္မွန္မွၾကည့္ လွ်င္သာ ျမင္ေတြ႕ရသည္။ ထိုအတိုင္းဆိုပါက သရက္ေတာေက်ာင္းတိုက္တြင္ဆင္းသြားသည့္ သံဃာေတာ္ႀကီးေျပာသလို လုပ္ရေတာ့မည္ဟုေတြးေနစဥ္ မီးစိမ္းသြားေသာေၾကာင့္ ဆက္လက္ေမာင္းႏွင္ခဲ့သည္။ ကားေမာင္းေနရင္း ေနာက္ၾကည့္မွန္ကို မၾကာခဏၾကည့္ မိေသာ္လည္း အိမ္ေရာက္သည္အထိ မေတြ႕ရေတာ့ေပ။

အိမ္သို႔ေရာက္သည့္အခါ အိမ္ေရွ႕၌ ကားရပ္လိုက္ၿပီး ျမင့္ကို ဟြန္းတီး၍ ေခၚလိုက္သည္။

“တီ......တီ....”

“ေဖေဖျပန္လာၿပီေမေမေရ......”

“သမီး.....အိမ္ေပၚမွာပဲေန။ ေအာက္ဆင္းမလာနဲ႔။ ေမေမရာ”

“ေမေမ ေနာက္ေဖးမွာရွိတယ္”

“ေမေမ့ကို ဘုရားစင္ေပၚကပရိတ္ေရယူလာခဲ့လို႔ေျပာလိုက္”

“ဟုတ္ကဲ့ေဖေဖ”

သမီးေလးႏွင့္ေျပာဆိုေနစဥ္ ျမင့္ေရာက္လာသျဖင့္ အေတာ္ျဖစ္သြားသည္။

“ကို....ပရိတ္ေရယူမလို႔လား”

“ေအး...”

“ခဏေလးေနာ္။ သမီး....အိမ္ေအာက္မဆင္းနဲ႔”

“ဟုတ္ကဲ့ ေမေမ”

ျမင့္က သေဘာေပါက္ပုံရေပသည္။ ဘုရားစင္ေပၚမွ ပရိတ္ေရပုလင္းကို အျမန္ေျပးယူလာၿပီး ကြၽန္ေတာ့္ကိုေပးေလသည္။

“ပရိတ္ေရက လက္သုံးလုံးပဲက်န္ပါေတာ့လား။ မေန႔ညကတင္ တစ္ဝက္ေက်ာ္ေက်ာ္ရွိေသးတယ္”

“ဟုတ္တယ္ ကို။ ခုနက တစ္အိမ္လုံးဖ်န္းလိုက္ရလို႔ အဲဒါပဲက်န္ေတာ့တာ”

“ဟင္.....”

“အိမ္ေပၚေရာက္မွ ေျပာျပမယ္။ ကို လုပ္စရာရွိတာလုပ္။ ေရခ်ိဳးမွာမဟုတ္လား”

“ေအး...”

ေရလဲလုံခ်ည္နဲ႔ တဘက္သြားယူလိုက္ဦးမယ္။ သမီးေလးကို ခဏၾကည့္ထားလိုက္ေနာ္”

ျမင့္ ေရလဲလုံခ်ည္သြားယူေနစဥ္ လက္က်န္ပရိတ္ေရျဖင့္ ကားတစ္စီးလုံးကို ပက္ဖ်န္းလိုက္ေတာ့သည္။


***********************

ေရခ်ိဳးၿပီး အဝတ္အစားလဲေနစဥ္ ျမင့္က ကြၽန္ေတာ့္ကို လက္ကုတ္ၿပီး အိပ္ခန္းထဲသို႔ဝင္သြားသျဖင့္ ကြၽန္ေတာ္လည္း ျမင့္အေနာက္မွအိပ္ခန္းထဲသို႔ လိုက္သြားခဲ့သည္။

“ဘာျဖစ္လို႔လဲ”

“ေျပာစရာရွိလို႔”

“ေျပာေလ...”

“ညေနခုနစ္နာရီေလာက္မွာ ျမင့္က သမီးေလးကို ထမင္းခြန႔္ေနတယ္။ ထမင္းခြန႔္ေကြၽးေနတဲ့အခ်ိန္မွာ သမီးေလးေဆာ့တဲ့ ေကာ္ပတ္႐ုပ္က အဝတ္ျခင္းေတာင္းေပၚကေနျပဳတ္က်လာတယ္။ ႂကြက္တိုးလို႔ျပတ္က်တယ္ထင္ၿပီး ျမင့္လည္း သမီးေလးကို ထမင္း ဆက္ခြန႔္ေနတယ္။ ခဏေနေတာ့ ေကာ္ပတ္႐ုပ္က ျမင့္တို႔အိပ္ခန္းအဝနဲ႔ အိမ္ေနာက္ေဖးကို လမ္းေလွ်ာက္ေနတယ္ ကို”

“ေဟ.....သမီးေလးေတြ႕သြားလား”

“မေတြ႕ဘူး။ သမီးက ေနာက္ေဖးကို ေက်ာေပးထားတယ္။ ေကာ္ပတ္႐ုပ္ ေနာက္ေဖးဝင္သြားတာနဲ႔ ျမင့္လည္း ပရိတ္ေရယူၿပီး တစ္အိမ္လုံးဖ်န္းပစ္လိုက္တယ္”

“ညေနေစာင္းပဲရွိေသးတာေတာင္ အဲဒီလိုျဖစ္ေနတာလား”

“ဟုတ္တယ္ကို”

ကြၽန္ေတာ္ႀကဳံခဲ့သည့္အေၾကာင္းကို မေျပာျပေတာ့ဘဲ ကြၽန္ေတာ္သိလိုသည့္အေၾကာင္းကိုေမးလိုက္သည္။

“အဲဒီေတာ့ ေကာ္ပတ္႐ုပ္က ဘာျဖစ္သြားလဲ”

“ေရကျပင္ဘက္ကိုထြက္သြားတာပဲျမင္လိုက္တယ္။ ျမင့္လည္း သြားမၾကည့္ရဲလို႔ ေနာက္ေဖးတံခါးပဲပိတ္ထားလိုက္တယ္”

“ေရကျပင္တံခါးက မပိတ္ရေသးဘူးေပါ့”

“ဟုတ္တယ္ ကို”

“ကို သြားၾကည့္ၿပီး တံခါးပိတ္ခဲ့မယ္။ သမီးေလးနဲ႔အတူေနလိုက္”

“သတိထားၿပီးသြားေနာ္”

“ေအးပါ....”

ျမင့္အေရွ႕မွာမို႔ မေၾကာက္ခ်င္ဟန္ေဆာင္ေနရေသာ္လည္း ကြၽန္ေတာ္ၾကာက္လန႔္ေနမိသည္။ အိမ္ေနာက္ေဖးတံခါးကိုဖြင့္ၿပီး ေနာက္သို႔လွည့္ၾကည့္သည့္အခါ ျမင့္က ကြၽန္ေတာ့္ကိုစိတ္မခ်သျဖင့္ အိမ္ေရွ႕ခန္းမွေန ေစာင့္ၾကည့္ေနသည္။ မီးဖိုေဆာင္မီးဖြင့္ထား ေသာ္လည္း ေရကျပင္မီးဖြင့္မထားသျဖင့္ ေရကျပင္သို႔ထြက္သည့္တံခါးကိုပိတ္ရန္ ေက်ာနည္းနည္းခ်မ္းမိသည္။ တံခါးက အျပင္သို႔ဖြင့္သည့္တံခါးျဖစ္သည့္အတြက္ ေရကျပင္သို႔ထြက္ၿပီး တံခါးကိုဆြဲပိတ္မွပိတ္၍ရေပသည္။ မပိတ္လို႔လည္းမျဖစ္သည့္အတြက္ ေရက ျပင္သို႔ထြက္ၿပီး တံခါးေပါင္ကိုကိုင္လိုက္သည့္အခ်ိန္မွာပင္ ကြၽန္ေတာ့္လက္ကို ဆုပ္ကိုင္လိုက္သည့္ လက္တစ္ဖက္ကိုျမင္ေတြ႕လိုက္ရသျဖင့္ လန႔္ၿပီးေအာ္လိုက္မိသည္။

“ အမေလးဗ်”

“ကို.....ကိုဘာျဖစ္တာလဲ”

ကြၽန္ေတာ္ေအာ္လိုက္သည့္အသံေၾကာင့္ ျမင့္ႏွင့္သမီးေလးတို႔ ေျပးလာၾကသလို ေျခရင္းႏွင့္ ေခါင္းရင္းအိမ္မ်ားကလည္း ျပဴတင္းေပါက္တံခါးမ်ားဖြင့္ၾကည့္ၾကသျဖင့္ ကြၽန္ေတာ္ရွက္သြားမိသည္။

“ဘာ....ဘာမွမျဖစ္ဘူး....ေရကျပင္ေပါက္ထဲ ေျခေထာက္ကြၽံသြားလို႔”

ကြၽန္ေတာ္ လိမ္ညာေျပာျခင္းျဖစ္ေၾကာင္း ျမင့္က သိသည္။ ေရကျပင္တံခါးကို ခ်က္ထိုးေနသည့္လက္မ်ားက တုန္ေနသျဖင့္ အေပါက္အလမ္းမတည့္ျဖစ္ေနသည့္အခ်ိန္တြင္ ျမင့္က တံခါးခ်က္မ်ားထိုးေပးေလသည္။ ကြၽန္ေတာ္ ေၾကာက္လန႔္တာ တစ္ခါမွ်မ ျမင္ဘူးသည့္အတြက္ အလြန္ေခ်ာက္ခ်ားစရာေကာင္းသည့္အရာကိုျမင္ေတြ႕လိုက္ရသျဖင့္ ယခုလိုျဖစ္ပ်က္သြားမွန္း ျမင့္သေဘာေပါက္ပုံရေပသည္။ ျမင့္က ကြၽန္ေတာ့္ကို ဘာမွမေမးဘဲ ေသာက္ေရတစ္ခြက္ခပ္တိုက္ေလသည္။

“ကို...အိမ္ေရွ႕သြားရေအာင္”

“အင္း.......”

အိမ္ေရွ႕သို႔ထြက္လာရင္း ဒူးေခ်ာင္ေနသလိုခံစားရသျဖင့္ တစ္ခ်က္တစ္ခ်က္ ေခြက်သြားမတတ္ျဖစ္ေနသည္။

“ရလား ကို”

“ရတယ္ ျမင့္”

“ျမင့္တို႔ အိမ္ေျပာင္းၾကမယ္ ကို”

“အိမ္နဲ႔မဆိုင္ဘူးထင္တယ္”

“အိမ္ေရွ႕ေရာက္မွ ေျပာၾကမယ္ေနာ္။ တစ္ခုခုလုပ္မွျဖစ္ေတာ့မယ္”

အိမ္ေရွ႕ေရာက္သည့္အခါ ပက္လက္ကုလားထိုင္ေပၚတြင္ထိုင္ခ်လိုက္ၿပီး မ်က္စိကိုပိတ္ကာ အသက္ကိုဝေအာင္ရႈရင္း စိတ္ကိုၿငိမ္ေအာင္လုပ္ေနရသည္။ ကြၽန္ေတာ္ျမင္ေတြ႕လိုက္ရသည့္လက္သည္ ေသးသြယ္ၿပီး မည္းနက္ေနသည္။ လက္တစ္ခုလုံးကိုျမင္ရ ျခင္းမဟုတ္ဘဲလက္ဖ်ံအထိသာျမင္ေတြ႕ရသျဖင့္ လက္ျပတ္ကဲ့သို႔ျဖစ္ေနသည္။ ကြၽန္ေတာ့္လက္ကိုဆုပ္ကိုင္လိုက္စဥ္က ေအးစက္ၿပီး မာေတာင့္ေနသည့္အထိအေတြ႕ကိုခံစားလိုက္ရသျဖင့္ ႐ုတ္တရက္လန႔္ၿပီး ေအာ္လိုက္မိျခင္းျဖစ္ေပသည္။

“သက္သာရဲ႕လား ကို”

ျမင့္က ေဘးမွယက္ခပ္ေပးရင္းေမးေနသျဖင့္ ကြၽန္ေတာ္ေခါင္းညိတ္ျပလိုက္သည္။

“ျမင့္တို႔ တစ္ခုခုလုပ္မွျဖစ္ေတာ့မယ္”

“အိမ္ေျပာင္းရင္လည္း လိုက္ေနမွာပဲနဲ႔တူပါတယ္”

“ဘာျဖစ္လို႔လဲ ကို”

“အိမ္မွာ နဂိုကတည္းကရွိေနတဲ့ဟာေတြမွမဟုတ္တာ”

“ဒါဆို ဘာလုပ္ၾကမလဲ”

“ဘုန္းႀကီးပင့္ၿပီး ပရိတ္႐ြတ္၊ အမွ်အတန္းေပး။ ကမၼဝါ႐ြတ္ရေတာ့မွာပဲ ျမင့္ရယ္”

“ေမေမ.....ေမေမ...ဟိုမွာ......”

ျမင့္ႏွင့္ကြၽန္ေတာ္တို႔ စကားေျပာဆိုေနၾကစဥ္ သမီးေလးက ျမင့္ကိုလက္ကုတ္ၿပီး ကြၽန္ေတာ့္ေနာက္ေက်ာဘက္သို႔ လက္ညႇိဳးထိုးျပေနသျဖင့္ လည္ျပန္လွည့္ၾကည့္လိုက္သည္။ ေနာက္ေက်ာဘက္တြင္ ဘာမွ်မရွိေသာ္လည္း တစ္ေယာက္ေယာက္ရွိေနသကဲ့သို႔ ကြၽန္ေတာ့္စိတ္က ထင္ေနမိသည္။ ေဘးအိမ္မွ မိသားစုမ်ားလည္း မအိပ္ၾကေသးသျဖင့္ အနည္းငယ္ေတာ့ အားရွိသည္။

“ဘာမွမရွိပါဘူး သမီးရဲ႕”

“ကုလားမေလး ေမေမ။ ေဖေဖ့ေနာက္မွာရပ္ၿပီး သမီးကိုစိုက္ၾကည့္ေနတယ္”

သမီးေျပာလိုက္မွ ကြၽန္ေတာ္ ၾကက္သီးေမြးညင္းထသြားၿပီး ထိုင္ရာမွအျမန္ထလိုက္ရေလသည္။ ျမင့္ကလည္း ႐ုတ္တရက္ထကာ ပက္လက္ကုလားထိုင္ေနာက္ဘက္သို႔ၾကည့္ေနသည္။

“ျမင့္.......သမီးေျပာတာ ေတြ႕ရလို႔လား”

ျမင့္က ေခါင္းညိတ္ျပသျဖင့္ ကြၽန္ေတာ္ ဘာဆက္လုပ္ရမွန္းမေတြးတတ္ေတာ့ေပ။

“ကိုးနာရီေတာင္ခြဲေတာ့မွာပဲ။ ဟိုႀကီးႀကီး မအိပ္ေလာက္ေသးဘူးထင္တယ္”

“ဘယ္သူလဲ ျမင့္”

“သုံးအိမ္ေက်ာ္က အၾကားအျမင္ဆရာမႀကီး။ ပေရာဂလည္းကုတယ္တဲ့။ သမီးေလးနဲ႔ ခဏေစာင့္ေန၊ ျမင့္ သြားပင့္လိုက္ဦးမယ္”

“ျမင့္က ဘယ္လိုလုပ္သိတာလဲ”

“စုံစမ္းထားရတာေပါ့။ သမီးေလးကို ၾကည့္ထားလိုက္”

ျမင့္က ေျပာေျပာဆိုဆိုျဖင့္ တံခါးဖြင့္ၿပီးထြက္သြားသည္။ သမီးေလးက ကြၽန္ေတာ့္အနားသို႔ကပ္လာၿပီး ေပါင္ၾကားထဲသို႔တိုးဝင္ကာ သူ႔ကိုယ္ကိုပုဆိုးျဖင့္အုပ္ထားေလသည္။

“မေၾကာက္နဲ႔သမီးေလး။ ေဖေဖရွိတယ္”

“ဟင့္အင္း.......သမီးေၾကာက္တယ္။ သမီးတို႔ေရွ႕မွာရပ္ေနတယ္”

သမီးကိုမေၾကာက္ဖို႔ေျပာေနရေသာ္လည္း ကြၽန္ေတာ္ကိုယ္တိုင္က ဒူးတုန္ေနသည္။

“ေဟ့......ငါ့သမီးကို လာမေျခာက္နဲ႔။ ငါ့ကို ဘာေကာင္မွတ္ေနသလဲ။ ေသသြားမယ္။ ကဲ......ေဖေဖေျပာလိုက္ၿပီ။ မေၾကာက္........”

“ဝုန္း.......”

သမီးေလးေၾကာက္ေနသျဖင့္ ထန္ႏွင့္မာန္ႏွင့္ ၿခိမ္းေျခာက္လိုက္သည့္အခ်ိန္မွာပင္ ပက္လက္ကုလားထိုင္ကို ေနာက္ေက်ာမွဆြဲလွန္လိုက္သျဖင့္ ပက္လက္ကုလားထိုင္ေခါက္ၿပီးက်သြားေလသည္။

“ေဖေဖ......ေၾကာက္တယ္....သမီးေၾကာက္တယ္”

ကြၽန္ေတာ္လည္း ဘာဆက္လုပ္ရမွန္းမသိဘဲ ကြၽန္ေတာ့္ေပါင္ၾကားထဲမွ သမီးေလး၏ေက်ာကုန္းကို ပြတ္သပ္ၿပီးေခ်ာ့ေနမိသည္။

“ဟူး......ႀကီးႀကီး မအိပ္ေသးလို႔ ေတာ္ပါေသးရဲ႕”

အိမ္ေပၚသို႔တက္လာသည့္ ျမင့္ကိုျမင္လိုက္သည့္အခါ သမီးေလးက ကြၽန္ေတာ့္ထံမွ မိခင္ဆီသို႔ေျပးသြားၿပီး အတင္းဖက္၍ငိုေတာ့သည္။

“သမီးေလး.....တိတ္.....တိတ္...။ ဘြားဘြားႀကီးေရာက္လာၿပီေနာ္။ အိမ္ေပၚႂကြပါ ႀကီးႀကီး။ ကိုေရ...ႀကီးႀကီးကို ဖ်ာခင္းေပးလိုက္ပါဦး”

ျမင့္ႏွင့္အတူပါလာသည့္ အေမႀကီးက အိမ္ေပၚသို႔မတက္ေသးဘဲ အိမ္ေပါက္ဝတြင္ရပ္ကာ အိမ္ေရွ႕ခန္းကို အေသအခ်ာၾကည့္ေနသည္။

အိမ္ေရွ႕ခန္းေထာင့္တြင္လိပ္ထားသည့္သင္ျဖဴးဖ်ာကို ကြၽန္ေတာ္ သြားယူမည္ျပဳစဥ္ အေမႀကီးက ဖ်ာမယူရန္ အလ်င္အျမန္တားဆီးလိုက္သျဖင့္ ကြၽန္ေတာ့္ေျခလွမ္းမ်ား တုန႔္ကနဲရပ္သြားေလသည္။

“သား...မယူနဲ႔၊ မယူနဲ႔။ ဖ်ာလိပ္ကို လုံးဝမယူနဲ႔”

အေမႀကီးက အိမ္ေပၚသို႔တက္လာၿပီး ဘုရားစင္ေရွ႕တြင္ က်ဳံ႕က်ဳံ႕ထိုင္ကာ ဘုရားကို ဦးသုံးႀကိမ္ခ်လိုက္သည္။

“အေမဆိုသလို လိုက္ဆိုၿပီး အေမကန္ေတာ့သလို လိုက္ကန္ေတာ့ၾက။ ေျမးေလးလည္း လိုက္ကန္ေတာ့ေနာ္”

“ဟုတ္ကဲ့ ႀကီးႀကီး”

“ဟုတ္ကဲ့ဘြားဘြား”

“ဗုဒ္ဓံသရဏံ ဂစ္ဆာမိ....”

“ဓမ္မံသရဏံ ဂစ္ဆာမိ....”

“သံဃံသရဏံ ဂစ္ဆာမိ”

ကြၽန္ေတာ္တို႔မိသားစုလည္း အေမႀကီးေျပာသည့္အတိုင္း သရဏဂုံေဆာက္တည္ကာ ဘုရားကို ဦးသုံးႀကိမ္ခ်လိုက္ၾကသည္။ ထို႔ေနာက္ အေမႀကီးက မ်က္စိမွိတ္ကာ ၿငိမ္သက္သြားေလသည္။ ခဏအၾကာတြင္ အေမႀကီးထံမွစကားကိုၾကားလိုက္ရသည့္အခါ ကြၽန္ေတာ္ႏွင့္ျမင့္တို႔ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီး ခႏၲာကိုယ္ခ်င္း ပူးကပ္လိုက္ၾကသည္။

“ဖ်ာလိပ္ထဲမွာ ဝင္ပုန္းေနတာ အေမျမင္ပါတယ္ကြယ္။ အေမေရာက္လာတာနဲ႔ ေျပးပုန္းေတာ့တာပဲ။ ဒီမိသားစုကို ဘာေၾကာင့္ဒုကၡေပးေနရတာလဲ။ အေမ့ကိုေျပာပါဦး”

အေမႀကီးေျပာလိုက္သည့္အခိုက္ ဖ်ာလိပ္က လဲက်သြားသည္။ လဲက်သြားေသာ္လည္း ေျပမသြားဘဲ အလိပ္လိုက္ျဖစ္ေနသည္။ အေမႀကီးက မ်က္လုံးမွိတ္၍ ၿငိမ္သက္ေနၿပီး ေခါင္းတညိတ္ညိတ္လုပ္ေနသည္။ အေတာ္ၾကာသည့္အခါမွ မ်က္လုံးျပန္ပြင့္လာ ၿပီး ကြၽန္ေတာ္တို႔ဘက္သို႔လွည့္၍ ထိုင္ေလသည္။

“အင္း..........။ ဒီကသားနာမည္က ဘယ္လိုေခၚသလဲကြယ့္”

“ျမေအးပါ ႀကီးႀကီး”

“ေအး...သားေရ။ ကေလးမေလးက သူ႔အေဖကို ရွာမေတြ႕လို႔ သားကို အကူအညီေတာင္းေနတာတဲ့။ ေနာက္ၿပိး သားက သူ႔ဖ်ာကို ယူထားတယ္တဲ့”

“ဗ်ာ.........”

“သူ႔အေဖက ေျမနီကုန္းက ကားဝပ္ေရွာ့မွာ အလုပ္လုပ္တာတဲ့။ သူ႔မွာ အေမမရွိေတာ့ဘူးတဲ့။ သူ႔မွာ ေမြးခ်င္းေမာင္ႏွမ မရွိဘူးတဲ့။ သူ႔အေဖနဲ႔အတူ အိမ္ျပန္မလို႔ ကားလမ္းကူးေနတုန္း ကားတိုက္ခံရတာတဲ့။ သူ႔အေဖကို ရွာမေတြ႕လို႔ သားကိုအကူအညီ ေတာင္းရတာပါတဲ့။ ဖ်ာက အဲဒီေန႔ကမွဝယ္ထားတဲ့ အသစ္က်ပ္ခြၽတ္တဲ့”

“ဗ်ာ............”

“ဒီလိုလုပ္ပါလား သား”

“ဟုတ္ကဲ့ႀကီးႀကီး”

“အဲဒီေနရာကိုသြားၿပီး သူ႔အေဖရဲ႕အေျခအေနကို စုံစမ္းေပးလိုက္ပါ”

“ဟုတ္...ဟုတ္ကဲ့။ မနက္ သြားလိုက္ပါ့မယ္”

“အက်ိဳးအေၾကာင္းသိရရင္ အေမ့ကိုလာေခၚေနာ္။ အေမ ကူညီေပးမယ္”

“ဟုတ္ကဲ့ ႀကီးႀကီး”

“အခုေလာေလာဆယ္ေတာ့ ဘာမွမလုပ္ပါနဲ႔ဦး။ ကေလးမေလးက သူ႔အေဖကိုလိုက္ရွာေနတာ။ သူ႔အေဖဘယ္မွာရွိတယ္ဆိုတာသိရင္ သူ႔ဟာသူထြက္သြားပါလိမ့္မယ္”

“ဟုတ္..ဟုတ္ကဲ့ ႀကီးႀကီး။ သူ႔အိမ္လိပ္စာနဲ႔နာမည္ကိုေရာ ေျပာသလားႀကီးႀကီး”

“အိမ္လိပ္စာေတာ့ မေမးမိဘူး။ နာမည္ေတာ့ေျပာတယ္ သား။ ဗမာနာမည္မဟုတ္ေတာ့ အေမလည္းအေသအခ်ာမမွတ္တတ္ဘူး”

“ဟုတ္ကဲ့ ႀကီးႀကီး။ ကြၽန္ေတာ္ မနက္အိပ္ရာကႏိုးတာနဲ႔ စုံစမ္းပါ့မယ္”

“အေမ ျပန္ေတာ့မယ္ေနာ္”

“ဟုတ္ကဲ့ ႀကီးႀကီး။ ႀကီးႀကီးကို သမီးတို႔ ဘယ္လိုကန္ေတာ့ရမလဲရွင့္”

“မလိုပါဘူး သမီးရယ္။ အေမက သတၱဝါေတြကိုကယ္တင္ၿပီး ကုသိုလ္ျပဳပါ့မယ္လို႔ ကတိခံထားတယ္”

“ဟုတ္ကဲ့ ႀကီးႀကီး”

“ဖ်ာကို မလႊင့္ပစ္နဲ႔ေနာ္ သား။ မနက္ျဖန္ သားျပန္လာရင္ ဘာလုပ္ရမယ္ဆိုတာ အေမေျပာပါ့မယ္”

“ဟုတ္ကဲ့ခင္ဗ်။ မလႊင့္ပစ္ပါဘူး”

“အေမျပန္ေတာ့မယ္။ သမီး လိုက္မပို႔နဲ႔ေတာ့ေနာ္”

“ဟုတ္ကဲ့ ႀကီးႀကီး။ ေက်းဇူးတင္ပါတယ္ရွင့္”

အေမႀကီး ျပန္သြားၿပီးေနာက္ ျမင့္က သမီးေလးႏွင့္အတူ အိပ္ခန္းထဲဝင္သြားသျဖင့္ ကြၽန္ေတာ္လည္း အိမ္ေရွ႕တြင္ တစ္ေယာက္တည္းမေနရဲေတာ့ဘဲ အိမ္ေရွ႕မီးကိုပိတ္ကာ အိပ္ခန္းထဲသို႔ အျမန္ဝင္လိုက္ရေလေတာ့သည္။

******************

သန္းေခါင္ေက်ာ္အခ်ိန္ေလာက္တြင္ ငိုရႈိက္ေနသည့္အသံၾကားလိုက္သျဖင့္ ကြၽန္ေတာ္ႏိုးလာၿပီး နားစြင့္လိုက္မိသည္။ ျမင့္လည္း ေခါင္းေထာင္လာသျဖင့္ ျမင့္ကို အသာလက္ကုတ္ၿပီး ႏွစ္ကိုယ္ၾကား႐ုံ ေလသံျဖင့္ေမးလိုက္သည္။

“ႏိုးလာတာလား...”

“ဟုတ္တယ္ ကို။ ကိုေရာ ၾကားလို႔ႏိုးလာတာလား”

“ဟုတ္တယ္။ အသံက အိမ္ေရွ႕ကကြ”

“ဟုတ္တယ္။ သမီးေလးဘက္ နံရံနားက။ အျပင္ထြက္မၾကည့္နဲ႔ေနာ္”

“ေအးပါ.......”

အသံလာရာက သမီးေလးအိပ္ေနသည့္ နံရံဘက္မွျဖစ္ေနသည္။ ထိုေနရာသည္ အိမ္ေရွ႕ခန္းေထာင့္စြန္းျဖစ္ၿပီး ဖ်ာလိပ္ရွိေနသည့္ေနရာျဖစ္ေပသည္။ ကြၽန္ေတာ္ႏွင့္ျမင့္တို႔ နားစိုက္ေထာင္ေနၾကစဥ္ ငိုသံ႐ုတ္တရက္တိတ္သြားေလသည္။ ထို႔ေနာက္ ၾကမ္းျပင္ ကိုေျခဖဝါးတို႔ပြတ္တိုက္ၿပီးေလွ်ာက္သည့္ တရွပ္ရွပ္ေျခသံကိုၾကားလိုက္ရသည္။ ေျခသံက အိမ္ေရွ႕မွ ေနာက္ေဖးသို႔ဝင္လာေနသည့္အသံျဖစ္ေနသျဖင့္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ နာစြင့္ေနၾကသည္။ ေျခသံက ကြၽန္ေတာ္တို႔အခန္းဝတြင္ရပ္တန႔္သြားသျဖင့္ ကြၽန္ေတာ္ ႏွင္ ျမင့္တို႔ ၿပိဳင္တူေခါင္းေထာင္ၿပီးၾကည့္လိုက္သည့္အခါ လိုက္ကာေအာက္ေျခ လြတ္ေနသည့္ေနရာ၌ ေျခေထာက္ႏွစ္ဖက္ကို ျမင္ေတြ႕လိုက္ရသည္။ ကြၽန္ေတာ္က အေသအခ်ာၾကည့္ေနေသာ္လည္း ျမင့္က သမီးေလးဘက္သို႔လွည့္ၿပီး သမီးႏွင့္အတူ ေစာင္ေခါင္းၿမီးၿခဳံ လိုက္သျဖင့္ ကြၽန္ေတာ္လည္း ေျခရင္းမွေစာင္ကို ေျခေထာက္ျဖင့္ညႇပ္၍ဆြဲယူလိုက္ၿပီး ေခါင္းၿမီးၿခဳံထားလိုက္သည္။

အခ်ိန္အေတာ္ၾကာသည္အထိ မည္သို႔မွ်မထူးျခားသျဖင့္ ေစာင္ကိုအသာလွပ္ၿပီး ၾကည့္လိုက္သည့္အခါ ကြၽန္ေတာ့္ေဘးမွ ျခင္ေထာင္အျပင္ဘက္တြင္ ငုတ္တုပ္ထိုင္ေနသည့္ ကေလးမေလးအားျမင္ေတြ႕လိုက္ရေလသည္။ ထိတ္လန႔္သြားသျဖင့္ ႐ုတ္တရက္ ေအာ္လိုက္မည့္အခ်ိန္တြင္ ပါးစပ္ကို ေစာင္ျဖင့္အခ်ိန္မီပိတ္လိုက္ႏိုင္ခဲ့ေသာေၾကာင့္ သမီးေလး လန႔္ႏိုးမသြားခဲ့ေပ။ သို႔ေသာ္လည္း ကြၽန္ေတာ့္ပါးစပ္မွ စကားမ်ား အလိုလိုထြက္သြားခဲ့သည္။

“ငါတို႔ကို မေျခာက္ပါနဲ႔။ မနက္က်ရင္ မင္းအေဖကိုစုံစမ္းေပးပါ့မယ္”

ကြၽန္ေတာ္ေျပာဆိုလိုက္ၿပီး မၾကာခင္မွာပင္ အိမ္ေရွ႕ခန္းသို႔ထြက္သြားသည့္ ေျခသံကိုၾကားလိုက္ရသည္။

“အိမ္ေရွ႕ကိုထြက္သြားၿပီ”

ေစာင္ေခါင္းၿမီးၿခဳံထားသည့္ ျမင့္ထံမွအသံထြက္လာသျဖင့္ ျမင့္လည္းမအိပ္ေသးဘဲ နားစြင့္ေနေၾကာင္းသိလိုက္ရသည္။

“ကို႔ေဘးမွာ ငုပ္တုပ္ထိုင္ေနတာကြ”

“အမေလး....။ ကို႔ဆီက အုကနဲအသံၾကားလိုက္တယ္”

“ဒီညေတာ့ အိပ္လို႔ရမယ္မထင္ပါဘူးကြာ”

“ခဏေလာက္ေတာ့ ေမွးလိုက္ပါလား။ မနက္သြားစရာရွိတယ္မဟုတ္လား”

“မ်က္လုံးက်ယ္ေနၿပီ”

“ဘုရားကို အာ႐ုံျပဳၿပီး မ်က္လုံးမွိတ္ထားလိုက္”

“အင္း....”

ျမင့္ေျပာသလို ဘုရားကိုအာ႐ုံျပဳၿပီး မ်က္စိမွိတ္ထားေသာ္လည္း မ်က္လုံးထဲ၌ ဘုရားကိုမျမင္ဘဲ ကေလးမေလး၏မ်က္ႏွာကိုသာ ျမင္ေနမိသည္။ ကေလးမေလး၏အၾကည့္သည့္ အသက္ေပ်ာ္ကာနီး ကြၽန္ေတာ့္ကိုၾကည့္သြားသည့္ အၾကည့္မ်ိဳးျဖစ္ေနသည္။ သူ၏ဖခင္ႏွင့္ ဖ်ာလိပ္ေပၚတြင္ စိတ္စြဲၿပီး ကြၽန္ေတာ္ႏွင့္အတူပါလာပုံရေပသည္။ မနက္မိုးလင္းသည္ႏွင့္ ေျမနီကုန္းသို႔သြားၿပီးစုံစမ္းရမွာျဖစ္သည့္အတြက္ မိုးျမန္ျမန္လင္းပါေစဟုသာ ဆုေတာင္းေနမိေတာ့သည္။

********************

မနက္ဆယ္နာရီေက်ာ္ၿပီမို႔ ေျမနီကုန္းတစ္ဝိုက္ စည္ကားေနသည္။ ကားပစၥည္းဆိုင္မ်ား၊ ကားဝပ္ေရွာ့မ်ား လုပ္ငန္းစတင္လုပ္ကိုင္မည့္အခ်ိန္ကိုမွန္းၿပီး မနက္ကိုးနာရီေက်ာ္မွထြက္လာခဲ့သည္။ လမ္း၌ ခရီးသည္သုံးေယာက္ လက္တားသျဖင့္ ကားရပ္ၿပီး သြားလိုသည့္ေနရာကိုေမးၾကည့္ရာ စမ္းေခ်ာင္း ကြၽန္းေတာလမ္းျဖစ္ေနသျဖင့္ ဟန္က်သြားေလသည္။ ကြၽန္းေတာလမ္း၌ ခရီးသည္မ်ားကိုခ်ေပးၿပီး ေျမနီကုန္းသို႔ေမာင္းလာခဲ့သည္။ ေျမနီကုန္းပန္းၿခံေရာက္သည့္အခါ ပန္းၿခံအေက်ာ္တြင္ကားရပ္လိုက္ၿပီး လူရွင္းေန သည့္ကြမ္းယာဆိုင္သို႔ေလွ်ာက္လာခဲ့သည္။ ဆိုကၠားဂိတ္ႏွင့္ ကြမ္းယာဆိုင္သည္ စုံစမ္းေမးျမန္းရန္အသင့္ေတာ္ဆုံးေနရာျဖစ္ေသာေၾကာင့္ ကြမ္းယာဆိုင္ကို ေ႐ြးလိုက္ရျခင္းျဖစ္ေပသည္။

“အစ္ကိုႀကီးေရ.....ဟိုတစ္ေန႔ညက ကားတိုက္ခံလိုက္ရတဲ့ ကေလးမေလးနဲ႔ အမ်ိဳးသားတစ္ေယာက္က ဘယ္ကလဲခင္ဗ်”

ပါးၿမိဳင္းေမြး၊ မုတ္ဆိတ္ေမြးမ်ားႏွင့္ကြမ္းယာသည္ႀကီးက ကြၽန္ေတာ့္မ်က္ႏွာကို အေသအခ်ာၾကည့္ၿပီး .....

“ဘာကိစၥရွိလို႔လဲ”

“ကိစၥေလးနည္နည္းရွိလို႔ပါ။ အဲဒီလူနာနစ္ေယာက္ကို ကြၽန္ေတာ့္ကားနဲ႔ ေဆး႐ုံလိုက္ပို႔ခဲ့တာပါ”

“ေဖ်ာင္း.....ေဖ်ာင္း...ေဖ်ာင္း...မူဆာေရ.....မူဆာ.....”

“ဘာလဲ....”

“ဒီကို ခဏ။ ကိစၥရွိလို႔”

ကြမ္းယာသည္ႀကီးက ပလက္ေဖာင္းေပၚတြင္စကားေျပာဆိုေနသည့္သူကို လက္ခုပ္တီးၿပီးေခၚလိုက္သည့္အခါ မူဆာဆိုသူက ကြၽန္ေတာ္တို႔ဆီသို႔ ေလွ်ာက္လာေလသည္။ ထိုသူသည္ လူနာသြားပို႔သည့္ေန႔က ကေလးမေလးကိုကြၽန္ေတာ့္လက္ထဲ လႊဲေပးလိုက္ သည့္ စြပ္က်ယ္လက္ျပတ္ႏွင့္လူျဖစ္ေနသျဖင့္ ဝမ္းသာသြားမိသည္။

“ဘာကိစၥလဲ ဟာရွင္ဘိုင္”

“ဒီလူက နားသံသီးဘယ္မွာေနသလဲဆိုတာသိခ်င္လို႔တဲ့။ သူ႔ကိုေမး၊ နားသံသီးက မူဆာနဲ႔အတူအလုပ္လုပ္ေနတဲ့သူ”

“ဟုတ္ကဲ့”

မူဆာက ပုဆိုးကို ေပါင္ၾကားထဲညႇပ္လိုက္ၿပီး ကြမ္းတံေတြးကိုပ်စ္ကနဲေထြးကာ ကြၽန္ေတာ့္ကို ေျခအဆုံးေခါင္းအဆုံးၾကည့္ေနသည္။

“ကြၽန္ေတာ့္ကို မွတ္မိလား။ ကားတိုက္ခံရတဲ့လူနာႏွစ္ေယာက္ကို ေဆး႐ုံလိုက္ပို႔ေပးခဲ့တဲ့ ေလးဘီးကားသမားေလ”

“မွတ္ေတာ့မမွတ္မိဘူး။ ဘာကိစၥရွိလို႔လဲ”

“ကားတိုက္ခံလိုက္ရတဲ့ ကေလးမေလးနဲ႔ ဟိုလူဘယ္လိုေနေသးလဲဆိုတာ သိခ်င္လို႔ပါ”

“ေကာင္မေလးက ေသသြားၿပီ။ နားသံသီးကေတာ့ လက္က်ိဳးသြားတယ္။ ေျခေထာက္အ႐ိုးအက္သြားတယ္”

“ဟာ...ဟုတ္လာ၊ သနားစရာဗ်ာ။ သူတို႔က ဘယ္မွာေနၾကတာလဲဗ်”

“မအူကုန္းမွာ”

“သူ႔ဆီကိုသြားခ်င္လို႔ဗ်ာ။ လိပ္စာေလးေပးပါလား”

“သူ႔အိမ္သြားလည္း ဘယ္သူမွရွိမွာမဟုတ္ဘူး။ နားသံသီးက ၾကည့္ျမင္တိုင္အ႐ိုးေဆး႐ုံေရာက္ေနတယ္”

“ဟုတ္လား။ နားသံသီးဆိုတာ နာမည္အရင္းလားဗ်”

“နားမွာအသီးႀကီးရွိေနလို႔ နားသံသီးလို႔ေခၚတာ။ သူ႔နာမည္က အလီ၊ ဗမာနာမည္က လွျမင့္”

“ေက်းဇူးတင္ပါတယ္ဗ်ာ။ အဆင္ေျပမယ္ဆိုရင္ သူ႔ရွိတဲ့အေဆာင္နဲ႔အခန္းကိုေျပာပါလားဗ်ာ။ သူ႔ကို ေပးစရာေလးရွိေနလို႔ပါ”

“ရပါတယ္....”

ကိုမူဆာေပးသည့္ အေဆာင္ကို အေသအခ်ာမွတ္ထားၿပီး အိမ္သို႔အျမန္ျပန္ေမာင္းလာခဲ့သည္။

***********************

“တီ....တီ....”

အိမ္ေရွ႕မေရာက္ခင္ သုံးေလးအိမ္အကြာေလာက္ကတည္းက ဟြန္းသံေပးထားသျဖင့္ သမီးေလးႏွင့္ျမင့္က အိမ္တံခါးေပါက္ဝ၌ရပ္ၿပီး ဆီးႀကိဳေနၾကသည္။

“ဘယ္လိုလဲကို။ အဆင္ေျပရဲ႕လား”

“အဆင္ေျပတယ္။ သူ႔အေဖရွိတဲ့ေနရာကို သိၿပီ”

ကားေပၚမွဆင္းၿပီး အိမ္ေပၚသို႔တက္လိုက္သည့္အခါဘုရားစင္ေအာက္တြင္ထိုင္ေနသည့္ အေမႀကီးကို ေတြ႕လိုက္ရေလသည္။

“ႀကီးႀကီးေရာက္ေနတာလား.....”

အေမႀကီးက ကြၽန္ေတာ့္ကိုၿပဳံးၿပီးေခါင္းညိမ့္ျပသည္။

“ကို ထြက္သြားကတည္းက အိမ္မွာမေနရဲေလာက္ေအာင္ျဖစ္ေနလို႔ ႀကီးႀကီးကိုသြားေခၚရတာ””

“ေဟ....ဘယ္လိုျဖစ္တာလဲ”

“သမီးကိုသရဲေျခာက္လို႔ ေဖေဖ”

“ဟင္.....ဟုတ္လား သမီး”

“ဟုတ္တယ္ ကို”

“မနက္ေတာင္ေျခာက္တယ္ဆိုေတာ့ ဘယ္လိုျဖစ္တာလဲကြာ”

“သမီးရဲ႕ ေကာ္ပတ္႐ုပ္က အိမ္ေရွ႕မွာေလွ်ာက္ေျပးေနတယ္။ သမီးက ျမင့္ကိုေခၚျပလို႔ အိမ္ေရွ႕ကိုေျပးၾကည့္ေတာ့ ေကာ္ပတ္႐ုပ္ေခါင္းက ခ်ာလပတ္လည္ေနတယ္ ကိုေရ”

“ေဟ.............”

“သူေပ်ာ္ေနလို႔ပါ သားရယ္။ သားက သူ႔အေဖကိုစုံစမ္းေပးမယ္လို႔ မေန႔ညက ေျပာထားတယ္ဆို”

“ဗ်ာ...ဟုတ္၊ ဟုတ္ပါတယ္”

“သားထြက္သြားေတာ့ ေပ်ာ္လို႔လုပ္တာပါတဲ့”

“သူေပ်ာ္တာကအေရးမႀကီးဘူး ႀကီးႀကီးရယ္။ သမီးတို႔သားအမိ ေၾကာက္လြန္းလို႔ ေသေတာ့မယ္။ ေဘးအိမ္ေတြကို ေအာ္ေခၚျပန္ရင္လည္း မေကာင္းလို႔ ႀကီးႀကီးဆီေျပးလာခဲ့တာ”

“သူ႔ကိုယ္သူ ေသသြားၿပီဆိုတာ မသိရွာေသးဘူး”

“ဗ်ာ........။ ဒါဆို ေကာ္ပတ္႐ုပ္ထဲကိုဝင္ပူးတာက ဘယ္လိုေၾကာင့္လဲ ႀကီးႀကီး”

“ဝိညာဥ္အျဖစ္နဲ႔ရွိေနတဲ့အခ်ိန္မွာ သူ႔စိတ္ထဲမွာျဖစ္ေနတဲ့ခံစားခ်က္ကို လုပ္ျပႏိုင္တဲ့အရာနဲ႔ လုပ္တဲ့သေဘာပါ။ လူေတြသိေအာင္လုပ္ျပဖို႔က ဒီနည္းပဲရွိတာ။ ႐ုပ္မရွိတဲ့ နာမ္ဆိုေတာ့ သူတို႔မွာဒီလိုလုပ္ျပမွျဖစ္မွာေပါ့ သားရယ္။ ကေလးမေလးက ကားတိုက္ ခံရတာ ကိုပဲသိတယ္။ ေသသြားၿပီဆိုတာ မသိရွာေသးဘူး။ ကေလးပဲရွိေသးေတာ့ ဝိညဥ္ဘဝနဲ႔ မသြားတတ္မလာတတ္ ေယာင္လည္လည္ျဖစ္ေနရွာတာ။ သူ႔အေဖကို မေတြ႕လို႔ သားေနာက္ကိုလိုက္လာတာတဲ့။ သားက သူ႔ကိုေဆး႐ုံလိုက္ပို႔ေပးတာ သူမွတ္မိတယ္တဲ့။ သူ႔ဖ်ာကိုလည္း ျပန္ေတာင္းေနတယ္”

“ဪ........”

“သူ႔အေဖသတင္း စုံစမ္းလို႔ရသလား သား”

“ဟုတ္ကဲ့ ႀကီးႀကီး။ သူ႔အေဖက မေသဘူး။ လက္က်ိဳးသြားတယ္၊ ေျခေထာက္အ႐ိုးအက္သြားတယ္တဲ့။ အခု ၾကည့္ျမင္တိုင္အ႐ိုးေဆး႐ုံမွာ တင္ထားတယ္လို႔ၾကားခဲ့တယ္”

“ေကာင္းလိုက္တာ.....။ ကဲ...အေမ သူနဲ႔စကားေျပာေတာ့မယ္။ ၿငိမ္ၿငိမ္ေလးေနေပးၾကေနာ္”

“ဟုတ္ကဲ့ ႀကီးႀကီး”

အေမႀကီးက ဘုရားစင္ဘက္သို႔လွည့္ကာ ဦးသုံးႀကိမ္ခ်ၿပီး ပါးစပ္ကလည္း တတြတ္တြတ္ျဖင့္ေျပာဆိုေနသည္။ ခဏအၾကာတြင္ မေန႔ညကကဲ့သို႔ မ်က္လုံးမွိတ္ၿပီး ၿငိမ္သက္သြားေလသည္။ ကြၽန္ေတာ္တို႔မိသားစုက အေမႀကီးႏွင့္ ခပ္လွမ္းလွမ္းတြင္ထိုင္ေန ၾကၿပီး အေမႀကီးႏွင့္နံရံေထာင့္တြင္ေထာင္ထားသည့္ သင္ျဖဴးဖ်ာလိပ္ကို သတိထားၿပီးၾကည့္ေနၾကသည္။

“ဖ်ာကို ျမင့္ျပန္လိပ္လိုက္တာလား”

“မဟုတ္ဘူး၊ ႀကီးႀကီးလိပ္ေပးတာ။ ျမင့္လည္း မကိုင္ရဲဘူး”

ျမင့္ႏွင့္ကြၽန္ေတာ္ ေလသံျဖင့္ေျပာဆိုေနၾကစဥ္ သမီးေလးက ကြၽန္ေတာ့္ေပါင္ကို လက္ျဖင့္ကုတ္ၿပီး ဖ်ာလိပ္ကိုလက္ညႇိဳးထိုးျပေနသျဖင့္ ကြၽန္ေတာ္ႏွင့္ျမင့္တို႔၏အၾကည့္က အခန္းေထာင့္မွဖ်ာလိပ္ဆီသို႔ေရာက္သြားၾကသည္။ သင္ျဖဴးဖ်ာလိပ္က မသိမသာ လႈပ္ရွားလာၿပီး အနည္းငယ္ ယိမ္းခါေနသည္။ ညဖက္မဟုတ္သျဖင့္ အလြန္အမင္းေၾကာက္လန႔္ျခင္းမရွိေသာ္လည္း အနည္းငယ္ေတာ့ ေက်ာထဲစိမ့္မိသည္။

“ေမေမ……ဟိုမွာ.....ဟိုမွာ....ဖ်ာလိပ္ထဲက ေခါင္းထြက္ေနတယ္”

သမီးက အသံတိုးတိုးေလးျဖင့္ေျပာၿပီး ျမင့္ရင္ခြင္ထဲသို႔တိုးကာ မ်က္ႏွာဝွက္ထားေလသည္။

“သမီးက ျမင္ရလို႔လား”

ကြၽန္ေတာ္က သမီးေလးအနားသို႔ကပ္ၿပီး ေလသံတိုးတိုးျဖင့္ေမးလိုက္သည့္အခါ သမီးေလးက မ်က္ႏွာဝွက္ထားရင္းမွ ေခါင္းညိမ့္ျပသည္။

“ကဲ...သမီးတို႔ေရ....”

“အမေလး.....”

အေမႀကီးက ကြၽန္ေတာ္တို႔ဘက္ကိုေက်ာခိုင္းထားရာမွ ႐ုတ္တရက္ေျပာလိုက္သျဖင့္ ဖ်ာလိပ္ကို အေသအခ်ာစိုက္ၾကည့္ေနၾကသည့္ ျမင့္ႏွင့္ကြၽန္ေတာ္တို႔ႏွစ္ေယာက္လန႔္သြားၾကၿပီး ျမင့္က လန႔္ၿပီးေအာ္လိုက္မိသည္။

“ဘာျဖစ္လို႔လဲ သမီး”

“ဘာ.....ဘာမွမဟုတ္ပါဘူး ႀကီးႀကီး။ ႀကီးႀကီးက ႐ုတ္တရက္ ကဲ...ဆိုၿပီးေျပာလိုက္လို႔ လန႔္သြားတာပါ”

“ျဖစ္ရေလ သမီးရယ္။ အေမ့အသံ နည္းနည္းက်ယ္သြားတယ္ထင္တယ္။ ဘာလုပ္ရမယ္ဆိုတာ အေမေျပာျပမယ္”

“ဟုတ္ကဲ့ ႀကီးႀကီး”

အေမႀကီးက ကြၽန္ေတာ္တို႔ဘက္သို႔ လွည့္ထိုင္လိုက္ၿပီး ...

“သားက ညေနလူနာေတြ႕ခ်ိန္က်ရင္ ေဆး႐ုံကိုသြားၿပီး သူ႔အေဖကိုသြားေတြ႕လိုက္ပါ။ ဘာမွ မေျပာနဲ႔။ ဖ်ာလိပ္က်န္ခဲ့လို႔ လာေပးတယ္လို႔သာေျပာလိုက္ေနာ္။ ဘာသာျခားဆိုေတာ့ ယုံမယ္ မယုံဘူးဆိုတာ အေမလည္းမသိဘူး”

“ဟုတ္ကဲ့ခင္ဗ်”

“သမီးတို႔မွာ ၾကည့္မွန္အေသးရွိလား၊ လက္ကိုင္မွန္ေလ”

“အဲဒါမ်ိဳးေတာ့မရွိဘူး ႀကီးႀကီး။ သမီးသနပ္ခါးလိမ္းတဲ့ မွန္ပဲရွိတယ္။ သိပ္ေတာ့မႀကီးဘူး”

“ႀကီးရင္ လက္ႏွစ္ဖက္နဲ႔ကိုင္တဲ့အခါ အဆင္မေျပမွာစိုးလို႔။ သမီးရဲ႕မွန္က ေဈးႀကီးရင္ေတာ့ ေဈးေပါတဲ့မွန္သြားဝယ္လိုက္ပါ သမီး”

“ေဈးမႀကီးပါဘူး။ ဘာလုပ္မလို႔လဲ ႀကီးႀကီး”

“ေျပာျပပါ့မယ္။ သား.......အေမေျပာတာ အေသအခ်ာနားေထာင္ေနာ္။ အေမက ဖ်ာလိပ္ကိုအခန္းထဲထည့္ေပးခဲ့မယ္။ သားတို႔က ျပဴတင္းေပါက္ေတြ မီးေတြပိတ္ထားေပးပါ။ အလင္းေရာင္နည္းနည္းပါးပါးရွိေနခဲ့ရင္ ကိစၥမရွိပါဘူး။ သားလုပ္ရမွာက အိမ္က မထြက္ခင္မွာ ဖ်ာလိပ္ကိုပုတ္ၿပီး ရွဗီဒမ္ေခၚမိုးမိုးေအး၊ နင့္အေဖနဲ႔ေတြ႕ဖို႔ ငါနဲ႔လိုက္ခဲ့ဆိုၿပီး သုံးခါေျပာပါ။ အဲဒီလိုလုပ္တဲ့အခ်ိန္မွာ သားတစ္ေယာက္တည္းရွိေနရမယ္။ သမီးတို႔သားအမိက အေမ့အိမ္မွာ ခဏလာေနၾက”

“ဗ်ာ.......”

“မေၾကာက္နဲ႔ေနာ္ သား”

“ဟုတ္...ဟုတ္ကဲ့”

“အေရးႀကီးတဲ့အခ်က္ကို အေမေျပာမယ္”

“ဟုတ္ကဲ့ႀကီးႀကီး”

“အေမေျပာတဲ့အတိုင္းေျပာၿပီးတာနဲ႔ သားက ဖ်ာလိပ္ကိုေက်ာေပးၿပီး မွန္ထဲကေန ေနာက္ကိုၾကည့္ပါ။ ကေလးမေလးကို ဖ်ာလိပ္ေဘးမွာေတြ႕ရင္ အဆင္ေျပၿပီ။ သားနဲ႔လိုက္ခဲ့မယ္ဆိုတဲ့သေဘာပဲ”

“ဗ်ာ.......”

“ဘယ္လိုပုံစံပဲျမင္ရပါေစ မေၾကာက္နဲ႔ေနာ္ သား။ ကေလးမေလးကို ဖ်ာလိပ္ေဘးမွာမေတြ႕ရင္ေတာ့ တစ္ခုခုမွားေနၿပီ”

“အဲ...အဲဒါဆို ဘာဆက္ျဖစ္မလဲ ႀကီးႀကီး”

“မွားၿပီဆိုတာ နာမည္မွားတာ အေခၚအေျပာမွားလို႔ပါ။ ဘာမွမျဖစ္ပါဘူး”

“ကြၽန္...ကြၽန္ေတာ္ တစ္ေယာက္တည္းလုပ္ရမွာလား ႀကီးႀကီး။ ႀကီးႀကီးပါ ေနေပးလို႔မရဘူးလား”

“သားတစ္ေယာက္တည္းလုပ္ရမွာ၊ ေဘးမွာ ဘယ္သူမွရွိလို႔မရဘူး။ သားက သူ႔ဖ်ာကိုယူလာခဲ့မိတဲ့အတြက္ ေတာင္းပန္ရမွာ”

“ဗ်ာ......”

“အေမေျပာတာ အေသအခ်ာနားေထာင္”

“ဟုတ္...ဟုတ္ကဲ့”

“ဖ်ာလိပ္ေဘးမွာ ကေလးမေလးကိုေတြ႕ရင္ နင့္ဖ်ာမွန္းမသိလို႔ယူမိပါတယ္၊ နင့္အေဖနဲ႔ေတြ႕ဖို႔ ငါနဲ႔လိုက္ခဲ့ပါလို႔တစ္ခါပဲေျပာပါ။ အျခား ဘာမွမေျပာမိေစနဲ႔။ ေျပာၿပီးတာနဲ႔ မွန္ကို ၾကမ္းေပၚမွာ ေမွာက္ခုံထားလိုက္ေတာ့။ ျပန္မၾကည့္နဲ႔ေနာ္”

“ဟုတ္...ဟုတ္ကဲ့”

“အဲဒါေတြလုပ္ၿပီးသြားရင္ ဖ်ာလိပ္ကိုပိုက္ၿပီး သူ႔အေဖဆီေခၚသြားေပေတာ့။ သူ႔အေဖကိုေပးၿပီးရင္ သားရဲ႕ကိစၥၿပီးၿပီ။ က်န္တာ အေမဆက္လုပ္မယ္”

“ဘယ္အခ်ိန္လုပ္ရမွာလဲ ႀကီးႀကီး”

“ညေနလူနာၾကည့္ခ်ိန္အေရာက္သြားရမွာဆိုေတာ့ မသြားခင္လုပ္ေပါ့။ အခုကတည္းက ႀကိဳမလုပ္နဲ႔ေနာ္၊ သြားခါနီးလုပ္ၿပီး တစ္ခါတည္းယူသြား”

“ဟုတ္ကဲ့ ႀကီးႀကီး”

“ေျပာရမယ့္စကားေတြ ေမ့သြားၿပီလား။ ေမ့သြားရင္ အေမျပန္ေျပာျပမယ္။ မွားလို႔မျဖစ္ဘူး။ ကေလးမေလးရဲ႕နာမည္ကိုေရာ မွတ္မိရဲ႕လား”

“မွတ္မိပါတယ္”

“ဒါဆို အေမ့ကို ဖ်ာလိပ္ထားဖို႔ အခန္းတစ္ခုေပးပါ”

“သမီးတို႔အိပ္တဲ့အခန္းပဲရွိတယ္ ႀကီးႀကီး။ အဲဒီအခန္းဆို ရလား”

“ရပါတယ္။ နည္းနည္းေမွာင္ေနရင္ၿပီးတာပဲ။ ၾကမ္းေပါက္နဲ႔ နံရံကေတာ့ အလင္းေရာင္ဝင္မွာပဲေလ။ အဲဒီေလာက္ကေတာ့ ရပါတယ္။ အေမ့ကို အခန္းျပ”

“ဟုတ္ကဲ့ ႀကီးႀကီး၊ သမီးနဲ႔လိုက္ခဲ့။ ကိုေရ.....သမီးကို ခဏေခၚထားလိုက္ပါ”

အေမႀကီးက ဖ်ာလိပ္ကိုေပြ႕ၿပီး ျမင့္အေနာက္မွ အခန္းထဲသို႔လိုက္သြားေလသည္။ ခဏအၾကာတြင္ ျမင့္ႏွင့္ အေမႀကီးတို႔ႏွစ္ေယာက္ အခန္းထဲမွ ျပန္ထြက္လာၾကသည္။

“အခန္းထဲကို ဘယ္သူမွ မဝင္နဲ႔ေတာ့ေနာ္။ အခန္ထဲကို ကေလး မဝင္မိေစနဲ႔ေနာ္ သမီး”

“ဟုတ္ကဲ့ ႀကီးႀကီး။ ဂ႐ုစိုက္ၿပီး ထိန္းထားပါ့မယ္”

“အေမ ျပန္ေတာ့မယ္”

“ထမင္းစားသြားပါဦး ႀကီးႀကီး။ ထမင္းေကြၽးခ်င္လို႔ပါ”

“မစားေတာ့ဘူး သမီး။ အိမ္ကအဘိုးႀကီးက ထမင္းစားေစာင့္ေနမွာ။ သား လုပ္စရာရွိတာလုပ္ေတာ့မယ့္အခ်ိန္မွာ သမီးတို႔သားအမိက အေမ့ဆီလာေနၾကေနာ္”

“ဟုတ္ကဲ့ႀကီးႀကီး”

******************

အခန္းဝ၌ရပ္ၿပီး စိတ္ကိုတည္ၿငိမ္ေအာင္ထားေသာ္လည္း ရင္ဘတ္ထဲမွ တဒိန္းဒိန္းျမည္သံကို အတိုင္းသားၾကားေနရသည္။ ညေနအထိမေစာင့္ႏိုင္ေတာ့ဘဲ ေန႔လယ္သုံးနာရီခြဲကတည္းက ျမင့္ႏွင့္သမီးေလးကို အေမႀကီးတို႔အိမ္သို႔ လႊတ္လိုက္သည္။ ျမင့္က စိတ္မခ်ျဖစ္ေနသည့္အတြက္ ေန႔လယ္ေန႔ခင္းမို႔ ေၾကာက္စရာမလိုေၾကာင္း ေျပာဆိုလိုက္ရေသာ္လည္း ျမင့္တို႔သားအမိ အေမႀကီးတို႔အိမ္ကိုထြက္သြားကတည္းက တစ္ေယာက္တည္း ထိုင္မရ ထမရျဖစ္ေနခဲ့သည္။ အိမ္ေဘးအိမ္မွ ကေလးမ်ားေဆာ့ကစားသံႏွင့္ လူ ႀကီးမ်ာ စကားေျပာဆိုေနၾကသံကိုၾကားေနရသျခင့္ စိတ္အနည္းငယ္သက္သာရာရေပသည္။ တကယ္လုပ္ရေတာ့မည္ဆိုျပန္ေတာ့ ဒူးႏွစ္ဖက္က တဆတ္ဆတ္တုန္ေနေလၿပီ။ ေခ်ဖ်ားလက္ဖ်ားမ်ား ေအးစက္ၿပီး အခန္းဝ၌ ခ်ီတုံခ်တုံျဖစ္ေနမိသည္။

မျဖစ္မေနလုပ္ရေတာ့မည့္ကိစၥျဖစ္ေနသည့္အတြက္ အားတင္းကာ လိုက္ကာကိုဆြဲဖြင့္ၿပီး အိပ္ခန္းထဲသို႔ဝင္လိုက္ရေတာ့သည္။ ျပဴတင္းေပါက္ၾကား၊ နံရံၾကားႏွင့္ ၾကမ္းခင္းမ်ားမွတိုးဝင္ေနသည့္ အလင္းေရာင္ကိုျမင္လိုက္ရမွ စိတ္သက္သာရရေလသည္။ ကြၽန္ေတာ္လည္း အခ်ိန္ဆြဲမေနေတာ့ဘဲ အေမႀကီးေျပာခဲ့သည့္အတိုင္း အမွားအယြင္းမရွိေအာင္ေျပာဆို၍ ဖ်ာလိပ္ကို သုံးခ်က္ပုတ္လိုက္သည္။ မည္သို႔မွ် မထူးျခားသျဖင့္ မွန္ကိုေထာင္ၿပီးေနာက္သို႔ၾကည့္လိုက္သည့္အခါ ကြၽန္ေတာ့္တစ္ကိုယ္လုံး ေအးစက္ေတာင့္ တင္းသြားၿပီး အသက္ရႈရပ္မတတ္ျဖစ္သြားေလသည္။ ဖ်ာလိပ္ေဘးတြင္ရပ္ေနသည့္ ကေလးမေလးသည္ ယခင္ကလိုမဟုတ္ေတာ့ဘဲ မ်က္ႏွာက ဖူးေယာင္ေဖာင္းကားေနသည္။ မ်က္လုံးႏွစ္လုံးက အျပင္သို႔ျပဴးထြက္ေနသည္။ ယခင္ကလို အျဖဴေရာင္အက်ႌလက္ရွည္ ႏွင့္ အညိဳေရာင္ေဘာင္းဘီတိုဝတ္ဆင္ထားျခင္းမဟုတ္ေတာ့ဘဲ တစ္ကိုယ္လုံး ပိတ္ျဖဴမ်ားျဖင့္ပတ္ထားသည္။

“နင့္ဖ်ာမွန္းမသိလို႔ယူမိပါတယ္၊ နင့္အေဖနဲ႔ေတြ႕ဖို႔ ငါနဲ႔လိုက္ခဲ့ပါ”

ကိစၥအျမန္ၿပီးမွျဖစ္ေတာ့မွာမို႔ အေမႀကီးမွာသည့္အတိုင္း အေသအခ်ာေျပာဆိုကာ ၾကည့္မွန္ကို ၾကမ္းျပင္ေပၚသို႔ ေမွာက္လ်က္ခ်ထားလိုက္ၿပီး ဖ်ာလိပ္ကိုပိုက္ကာ အိမ္ေရွ႕သို႔အျမန္ထြက္လာခဲ့ေတာ့သည္။ ဖ်ာလိပ္သည္ ေပါ့ပါးမေနဘဲ ေလးလံေနေၾကာင္း ကြၽန္ေတာ္သတိထားလိုက္မိသည္။ အိမ္ေရွ႕ေရာက္သည့္အခါ တံခါးလည္းအဆင္သင့္ဖြင့္ထားသျဖင့္ ကားဆီသို႔သြားၿပီး ကားေနာက္ခန္းထဲသို႔ ဖ်ာလိပ္ကိုထည့္လိုက္သည္။ အေမႀကီးတို႔အိမ္ေရွ႕မွ ရပ္ၾကည့္ေနၾကသည့္ ျမင့္ႏွင့္သမီးေလးကို ျမင္လိုက္သျဖင့္ လက္ျပ လိုက္ၿပီး ကားေပၚသို႔ အျမန္တက္ကာ စက္ႏႈိးလိုက္ေတာ့သည္။

*******************

ၾကည့္ျမင္တိုင္အ႐ိုးေဆး႐ုံႀကီးသို႔ေရာက္သည့္အခါ လူနာၾကည့္ခ်ိန္မေရာက္ေသးသျဖင့္ကားေပၚထိုင္ၿပီး ေစာင့္ေနရသည္။ လူနာၾကည့္ခ်ိန္ေရာက္သည့္အခါ ဖ်ာလိပ္ပိုက္ၿပီး ဟိုေမးသည္စမ္းျဖင့္ အလီေခၚ ကိုလွျမင့္ကိုရွာေဖြရျပန္သည္။ မၾကာခင္မွာပင္ ကြၽန္ေတာ္ေတြ႕လိုသည့္ ကိုလွျမင့္ထံသို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္ခဲ့ရေလေတာ့သည္။ ဘယ္ဘက္လက္ႏွင့္ ညာဖက္ေျခေထာက္တြင္ ပတ္တီးမ်ားစည္းေႏွာင္ထားၿပီး ခုတင္ေပၚတြင္လွဲေနသည့္ ကိုလွျမင့္ကိုၾကည့္ၿပီး ရင္ထဲဆို႔နင့္သြားမိသည္။ ကိုလွျမင့္သည္ ဆင္းရဲႏြမ္းပါးပုံရေပသည္။

“ကိုလွျမင့္မဟုတ္လား”

“ဟုတ္ပါတယ္”

“ကြၽန္ေတာ့္နာမည္ ျမေအးပါ။ ကိုလွျမင့္တို႔ကို ေဆး႐ုံလိုက္ပို႔ေပးတဲ့ ေလးဘီးေမာင္းတဲ့သူပါ”

“ဪ....ထိုင္ပါ.....ထိုင္ပါ။ ေက်းဇူးတင္လိုက္တာဗ်ာ။ ကြၽန္ေတာ္ထိုင္လို႔မရလို႔ လွဲၿပီးစကားေျပာတာ စိတ္မရွိပါနဲ႔”

ကိုလွျမင့္သည္ ကြၽန္ေတာ့္ထက္ အသက္ႀကီးေသာ္လည္း ႐ို႐ိုေသေသေျပာဆိုသည္။ ေဖာ္ေ႐ြသည္။

“သမီးေလးအေၾကာင္းၾကားတာ စိတ္မေကာင္းဘူးဗ်ာ။ ကြၽန္ေတာ္လည္း အျမန္ေမာင္းတာပဲ။ ကြၽန္ေတာ့္လက္ေပၚမွာ ဆုံးသြားတာပါ”

“အလႅာေပးသေလာက္ပဲ ေနရမွာေပါ့ဗ်ာ”

“ကိုလွျမင့္ကို လာၾကည့္ရင္းနဲ႔ ကြၽန္ေတာ့္ကားေပၚမွာက်န္ခဲ့တဲ့ ကိုလွျမင့္တို႔ရဲ႕ဖ်ာလာေပးတာပါ”

“ဟာ...ေနပါေစဗ်ာ။ ဘာမွတန္ဖိုးရွိတာကို တကူးတကလာေပးစရာမလိုပါဘူး”

“တန္ဖိုးရွိပါတယ္ ကိုလွျမင့္။ ကြၽန္ေတာ့္ကားေပၚမွာက်န္ခဲ့တာဆိုေတာ့ ခင္ဗ်ားသမီးက ဒီဖ်ာကိုသေဘာက်လို႔ လက္ကမလႊတ္ဘဲကိုင္လာခဲ့တယ္နဲ႔တူပါတယ္”

“အဲဒါေတာ့ ဟုတ္တယ္ဗ်။ အဲဒီေန႔က ဖ်ာေရာင္းတဲ့အသည္က ဆိုင္ေရွ႕ကျဖတ္သြားေတာ့ ကြၽန္ေတာ့္ကိုအတင္းပူဆာတယ္။ သူအိပ္တဲ့ဖ်ာက အစေတြထြက္ၿပီးဆူးလို႔ ဖ်ာဝယ္ေပးပါ ပါပါ.......လို႔.....ေျပာ….ေျပာတယ္.......”

စီက်လာသည့္မ်က္ရည္မ်ားကိုသုတ္ေနသည့္ ကိုလွျမင့္ကိုၾကည့္ရင္း ကြၽန္ေတာ္မ်က္ရည္ဝဲလာခဲ့သျဖင့္ အျခားအေၾကာင္းကိုေမးျမန္းၿပီး စကားလႊဲလိုက္ရသည္။

“လူနာေစာင့္မရွိဘူးလား ကိုလွျမင့္”

“ရွိတယ္ အစ္ကို။ ကြၽန္ေတာ့္တူတစ္ေယာက္ ညေစာင့္ေပးတယ္။ ကြၽန္ေတာ့္ညီမက အလုပ္တစ္ဖက္နဲ႔ဆိုေတာ့ ထမင္းပို႔ခ်ိန္ပဲလာႏိုင္တယ္”

“ညေနစာလာပို႔သြားၿပီလား”

“ညေနစာက ကြၽန္ေတာ့္တူလာမွ ယူလာလိမ့္မယ္အစ္ကို”

“ဒါဆို ကြၽန္ေတာ္ျပန္ေတာ့မယ္ဗ်ာ။ ကားဆြဲလိုက္ဦးမယ္”

“ဟုတ္ကဲ့ အစ္ကို။ ကြၽန္ေတာ္ကေတာ့ ေျခေတြလက္ေတြေကာင္းမွပဲ အလုပ္ျပန္လုပ္ႏိုင္ေတာ့မယ္။ ေျမနီကုန္းေရာက္ရင္ ကြၽန္ေတာ့္နာမည္ေမးလိုက္ပါ။ ကားပစၥည္းေတြလိုအပ္ရင္ ကြၽန္ေတာ္နဲ႔အရင္ဆက္သြယ္ၿပီးမွ ဝယ္ေနာ္။ နားသံသီးလို႔ေမးရင္ ကေလး ကအစသိတယ္”

“ဟုတ္ကဲ့ ကိုလွျမင့္”

ကိုလွျမင့္အား ေငြအားျဖင့္ကူညီလိုေသာ္လည္း ကြၽန္ေတာ္ကိုယ္တိုင္က ကားဆြဲမွ ထမင္းစားေနရသည့္ဘဝမို႔ မကူညီႏိုင္ခဲ့ေပ။ ေဆး႐ုံမွအျပန္တြင္ ကြၽန္ေတာ့္ရင္တစ္ခုလုံး ေပါ့ပါးေနသည္။ အိမ္ေရာက္သည့္အခါ ျမင့္ႏွင့္သမီးေလးတို႔က တံခါးဝမွဆီးႀကိဳေန ၾကသည္။ အေမႀကီးက ၾကည့္မွန္ကို ေမွာက္လ်က္ထား၍ထုခြဲလိုက္ၿပီး ေခ်ာင္းထဲသို႔လႊင့္ပစ္လိုက္ေၾကာင္း ျမင့္ေျပာျပသျဖင့္ သိခဲ့ရသည္။ ထိုေန႔ထိုအခ်ိန္မွစ၍ ကြၽန္ေတာ္တို႔အိမ္တြင္ မေခၚဘဲေရာက္လာသည့္ဧည့္သည္တစ္ေယာက္ ေပၚမလာေတာ့ဘဲ ေပ်ာက္သြား ေလေတာ့သည္။ ေျမနီကုန္းသို႔ မၾကာခဏေရာက္ေသာ္လည္း ကိုလွျမင့္ထံသို႔ မေရာက္သျဖင့္ကိုလွျမင့္ အလုပ္ဆက္လုပ္ႏိုင္သည္လား အျခားအလုပ္ေျပာင္းလုပ္ေနသည္လားဆိုသည္ကို ကြၽန္ေတာ္ မသိေပ။ ကေလးမေလးသည္လည္း သူ႔ဖခင္ႏွင့္အတူရွိေနသည္လား အျခားဘုံဘဝသို႔ ကူးေျပာင္းသြားၿပီလားဆိုသည္ကိုလည္း ကြၽန္ေတာ္မသိေပ။

**********************

“အေဖႀကီး........ျမင္သာေဈး ေရာက္ေတာ့မယ္။ ပစၥည္းေတြ စစ္ဦး။ ေမ့က်န္ခဲ့ဦးမယ္”

“ေဟ....ဟုတ္လား”

“အင္းေလ.......။ မီးပြိဳင့္ေက်ာ္ရင္ျမင္သာေဈးေလ”

“ေအး...ဟုတ္သားပဲ။ ကားဆရာေလးေရ။ ျမင္သာေဈးနားမွာပဲ ရပ္လိုက္ပါဗ်ာ”

“ဟုတ္ကဲ့အဘ”

“ဘာေတြေတြးလာတာလဲ အေဖႀကီးရယ္။ တစ္လမ္းလုံးၿငိမ္ေနတာပဲ”

“အေမႀကီးက စိတ္ေကာက္ၿပီးစကားမေျပာေတာ့ ေမတၱာၫြန႔္မွာေနခဲ့တုန္းကအေၾကာင္းေတြျပန္ေတြးေနတာေပါ့ကြ”

“ေမ့လိုက္ပါေတာ့ အေဖႀကီးရယ္”

“ငါေမ့ေနတဲ့ကိစၥကို မင္းပဲအစေဖာ္လိုက္တာေလ အေမႀကီးရဲ႕”

“ဟုတ္ပါၿပီ။ ဒါေလးေျပာမိတာကို ျဖစ္ေနလိုက္တာ။ ေရာက္ၿပီ....ဆင္းေတာ့”

ကားရပ္လိုက္သည့္အခါ ကြၽန္ေတာ္က အရင္ဆင္းၿပီး ျမင့္က ကြၽန္ေတာ့္ေနာက္မွဆင္းလိုက္လာသည္။

“ႀကီးေမ......ထီးက်န္ခဲ့တယ္”

“ဪ..ဟုတ္သားပဲ။ ေက်းဇူးပဲသားေရ”

“ငါ့က်ေတာ့ ပစၥည္းေမ့က်န္မယ္လို႔ေျပာၿပီး သူကထီးေမ့က်န္ခဲ့တယ္။ ေကာင္းေရာကြာ”

“အေဖႀကီးကို ဂ႐ုစိုက္ေနရတာနဲ႔ ထီးေမ့သြားတာ”

“အံ့ပါ့ဗ်ာ.........တစ္လမ္းလုံး စကားမေျပာဘဲ စိတ္ေကာက္ေနတာမ်ား ဂ႐ုစိုက္ေနတာလို႔ေျပာရေသးတယ္ ”

“ေတာ္ၿပီ အေဖႀကီး။ ေရာ့သားေရ.....ကားခ ။ စစ္ၾကည့္လိုက္ဦးေနာ္”

ကားဆရာေလးက ပိုက္ဆံေရတြက္ၿပီး ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို ၿပဳံးစိစိျဖင့္ၾကည့္ကာ ေမာင္းထြက္သြားသည္။

“ကားဆရာေလးက အသက္ငယ္ေပမယ့္ သစၥာရွိတယ္။ သူမ်ားပစၥည္းကို အေခ်ာင္လိုခ်င္စိတ္မရွိဘူး”

“ထီးမို႔လို႔ သတိေပးတာေပါ့ကြ။ ပိုက္ဆံအိတ္တို႔ ဖုန္းတို႔က်န္ခဲ့ၾကည့္ပါလား”

“အမယ္.....ဖ်ာလိပ္ေတာင္ ျပန္မေပးတဲ့သူရွိေသးတာပဲ”

“မင္းဘယ္သူ႔ကို ေစာင္းေျပာေနတာလဲ အေမႀကီး”

“အေဖႀကီးကို တည့္တည့္ေျပာေနတာ။ ရွင္းၿပီလား”

“ေတာ္ကြာ.......”

“ေဈးထဲမဝင္ဘဲ ဘယ္သြားမလို႔လဲ။ ဒီအဘိုးႀကီးေတာ့ ကားတိုက္ၿပီး ေသေတာ့မွာပဲ”

ကြၽန္ေတာ္လည္း ကိုယ့္အေတြးႏွင့္ကိုယ္မို႔ ေဈးထဲမဝင္ဘဲ လမ္းျဖတ္ကူးဖို႔႐ြယ္လိုက္စဥ္ ျမင့္က ကြၽန္ေတာ့္လက္ေမာင္းကို ေဆာင့္ဆြဲလိုက္သျဖင့္ မီးပြိဳင့္ျဖတ္လာသည့္ ဘတ္စ္ကားႏွင့္ ပြတ္ကာသီကာျဖစ္သြားေလသည္။

“ဟုတ္တယ္ေဟ့.....ဟိုကေလးမေလး ဘယ္ဘဝေရာက္ေနတယ္ဆိုတာ သြားၾကည့္မလို႔ကြ”

“အေဖႀကီးသြားတာကအေရးမႀကီးဘူး။ ကြၽန္မ သရဲေၾကာက္တယ္”

“ဘာကြ...............”

***************************

ၿပီးပါၿပီ

ခ်စ္ခင္ေလးစားစြာျဖင္

မူရင္းစာေရးဆရာလြင္ဦးဟန္အား ေလးစားစြာျဖင့္ credit ေပးပါသည္ခဗ်

No comments

Post a Comment