” နွားရိုင်းသွင်းချိန် “(စ/ဆုံး)

  ” နွားရိုင်းသွင်းချိန် “(စ/ဆုံး) ——————————– ကိုယ်တစ်ယောက်ထဲ မြစ်နားချောင်းစပ် ရေစပ်ရှိ့ရာ နေရာများသို့ သွားရောက်ထိုင်ကြည့်နေလိုသော ဆန္ဒစိ... thumbnail 1 summary

 ” နွားရိုင်းသွင်းချိန် “(စ/ဆုံး)

——————————–
ကိုယ်တစ်ယောက်ထဲ မြစ်နားချောင်းစပ် ရေစပ်ရှိ့ရာ နေရာများသို့ သွားရောက်ထိုင်ကြည့်နေလိုသော ဆန္ဒစိတ်တို့က ညနေ နေဝင်ရီတရော အချိန်ရောက်တိုင်း ကိုယ့်ရင်တွင်း၌ မင်းမူကြီးစိုးနေလေ့ရှိ့၏ ။ ရေစီးဆင်းနေသော လူပ်ရှားမူ့ ရေလွှာ၌ လေကြောင့် လူပ်ရှား တွန့်လိမ်မူ့ တို့ကို တွေးကြည့်ရင်း ငေးကြည့်ရင်း သူရဲ့ ရုပ်ပုံလွှာ တို့က ရေတွင်းမှ ကိုယ့်ကိုလှောင်ပြောင် ကျီးစားနေသလို ရန်တွေ့စိတ်ပျတ်နေသလို မခံချိ မခံသာ ကြေကွဲစွာ ခြောက်သွေ့စွာ ရယ်ပြနေသလိုမျိုး မြင်နေကြ တွေ့နေကြ ဖြစ်နေခဲ့ ၏ ။

တဝေါဝေါ စီးဆင်းနေသော ရေစီးသံတို့ ထံမှ စကားပြောသံများကို ကြားရလေ့ ရှိ့သလို လေတိုးသံတို့က ကျွန်တော်ကို အဖော်ပြု ဘာသာပြန်ပေး နေလေ့ရှိ့၏ ။

” ဟေ့ကောင် မောင်တိုး မင်းခုလိုနေရတာ တကယ်ပျော်နေတာလား။ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို တွေ့ချင်နေတာလား .။မင်းဘာဖြစ်လို့ စိတ်နဲ့ လူနဲ့ မကပ်ဘဲ တွေးတောငေးနေရတာလဲ။ မင်းဘာဖြစ်ချင်နေတာလဲ ။ မင်းသူကိုရှာနေတာလား။သူကမင်းနဲ့ ဘယ်လိုမှ ပက်သက်လို့မရတဲ့ တမန်လွန်ကို ထွက်သွားခဲ့ပြီလေ။မင်းကရေကူးကျွမ်းပါလျှက်နဲ့ ဘာဖြစ်လို့ သူကိုမကယ်ဆယ်ခဲ့တာလဲ။မင်းသူကို သေစေချင်ခဲ့တာ မဟုတ်လားဝ မင်းသူကို စိတ်ပျက်ငြီးငွေ့သွားခဲ့တာ မဟုတ်လား…”

သည်လေတိုးသံ ရေစီးသံတို့ကို ကြားမိတိုင်း ကိုတိုးကြေကွဲ ဝမ်းနည်းမူ့တို့ ကြိတ်မှိတ်ခံစားလျှက် နားနှစ်ဖတ်ကို လက်ဖြင့်ပိတ်ပြီး မျကိလုံးနှစ်လုံးကို အတင်းမှိတ်ပစ်လိုက်မိလေ ၏ ။ ပူနွေးသော မျက်ရည်စည်းကြောင်းများက ကိုတိုး၏ ပါးပြင်ပေါ်သို့ ပိုးပိုးပေါက်ပေါက် စီးကြလာလေ၏ ။ ကိုတိုး ရှိုက်သံတို့ ထွက်လာခဲ့၏ ။ ငိုကြွေးမြည်တမ်းခဲ့မိလေ၏ ။

” ကိုယ့်ကိုခွှင့်လွှတ်ပါ မိသဲရယ်…ကိုယ်လေ မိသဲကို ဘယ်လိုမှ မုန်းလို့ မေ့လို့ မရနိုင်ပါဘူး။ဒါပေမဲ့ မိသဲကသာ ကိုယ့်ကိုတကယ်တမ်း ရက်စက်သွားခဲ့တာပါ ။ မိသဲရက်စက်မူ့တွေကို ကိုယ်ခံစားရင်း မိသဲနဲ့ ဝေးရာကို ကိုယ်ကထွက်သွားချင်ခဲ့တာပါ ။ ဒါပေမဲ့ ကိုယ့်ကိုထားပြီး မိသဲက အရင်ထွက်သွာခဲ့ပြီကို ။ ကိုယ်နဲ့ မိသဲတွေ့နေကြ နေဝင်ရီတရော အချိန်လေးတွေကို ကိုယ်မြတ်နိုးတယ်။နောက်ဆုံးမိသဲရဲ့ လမါးခွဲမှု့လေးတွေကို ပြန်တွေးမြင်ယောင်နေခဲ့တယ်။ရေကူးကျွမ်းကျင်တဲ့ မိသဲက ရေထဲမှာပဲ ဘဝနစ်မျောခဲ့တာကိုူ…ကိုယ်ဘယ်လိုပြောရမလဲ မိသဲရယ် ……”

” အတိုးရေ ဟေး…အတိုး သဲလေ အတိုးကို ရေငုပ်ပြမယ်နော် ။ ကြည့်နေသိလား…”

မိသဲ ညနေတိုင်း ရေးကူးလေ့ရှိ့၏ ။ သူမက ရှက်တတ်သူဖြစ်၍ ကိုယ်နဲ့အတူမကူး…သူရေကူးတာကိုပဲ ထိုင်ကြည့်နေရမယ်ဆိုပြီး ရေကူးကျွမ်းကျင်စွာဖြင့် အမျိုးမျိုးကူးခက်ကစားပြခဲ့သူဖြစ်၏ ။ ရေစပ်ချောင်းနား ကြီးပြင်လာကြသူများဖြစ်၍ ရေကူးကျွမ်းကျင်ကြသည်မှာ မဆန်းလှသလို ရေငုပ်လဲ ကျွမ်းကျင်သူ ဖြစ်၏ ။ မိနစ်ပေါင်းများစွာ ရေငုပ်ပျောက်ကွယ်နေတတ်ခဲ့၏ ။ ပြီးမှ ဘွားခနဲရေပေါ်သို့ ပြန်တတ်ကြ၍ စိုးရိမ်ကြောက်လှန့်ဖြစ်နေသော ကျွနါတော်ကို ရယ်မောနောက်ပြောင်လေ့ …ကျီးစယ်လေ့ ရှိ့ခဲ့၏ ။

သည်လို အဖြစ်အပျက်တွေက ဟိုးငယ်စဉ် ကာလကတည်းက ယခုဆယ်ကျော်သက်ဘဝသို့ တိုင်ခဲ့ပြီဖြစ်၍ သမရိုးကြ ဖြစ်နေခဲ့၏ ။ ကျွန်တော်၏ စိုးရိမ်သောက များကလဲ ယခင်အတိုင်းကလောက် သည်းသည်းသန်သန် မရှိ့တော့သောအကျင့်ပါနေခြင်းမျိုးဖြစ်သည် ။

” သားရေ …ကိုတိုး ”
ဟူသော အမေ၏ ဂရုဏခေါ်သံ လေးကြောင့် တွေးလက်စ အတွေးတချို့ ထွက်ပြေးပျောက်ကွယ်သွားသည် ။

” အော်…သားက ဒီရောက်နေတာကို…
အမေကတော့ ရှာလိုက်ရတာ။သား သိလား …ဒီလိုအချိန်မျိုးမှာ အိမ်ထဲမှာပဲ နေရတယ်ကွယ့်…မကောင်းဆိုးရွားတွေ ပျော်မြူးတဲ့ အချိန် သားစိတ်တွေကို သားမပိုင်တဲ့အချိန် ဘာဖြစ်ဖြစ် သတိလက်လွှတိ ဆုံးဖြတိမိတတ်တယ်ကွယ်…ဒီလိုနေဝင် ရီတရော အချိန်ရောက်ရင် သေလွန်သွားတဲ့ ပရလောက ဝိညဉ်တွေက အသက်ဝင်တတ်တယ် သား…ကိုတိုး…သူတို့တွေဟာ လူယောင်ဖန်ဆင်းပြီး လူတွေနဲ့ ရောနှောတတ်ကြတယ်။လူတွေကို သူတို့နဲ့ အဖော်ပြုချင်တာနဲ့ ဖြားယောင်မြူဆွယ်ပြီး သူတို့နောက် လိုက်ချင်အောင် ပြုမူတတ်ကြတယ်ကွဲ့.ဒါကြောင့် ညနေ မှောင်ရီပျိုးပျမှာ ဘာကိုမှ မငေးနဲ့…မတွေးနဲ့…ဖုတ်ကောင်တွေက သားကို မြူဆွယ်ပြီး သူတို့နောက် လိုက်ချင်အောင် လုပ်ပြတတ်ကြတယ် သားရဲ့။ လာ…လာ အိမ်ပြန်လိုက်ခဲ့တော့ ရေမိုးချိုး ထမင်းစားကြရအောင်လေကွယ်နော် သား ”

” ဟုတ်ကဲ့ပါ…အမေ…သား လာပါ့မယ်…”

သည်နေညနေ ကျွန်တော်စိတ်တွေ လေးလံ ထိုင်းမိူင်းနေခဲ့၏ ။ ကိုယ်လက်မသယ်ချင် မလူပ်ချင် ဖြစ်နေခဲ့၏ ။ ထုံးစံအတိုင်းရေစပ်ရှိ့ရာ သွားရောက် ငေးမောထိုင်ကြည့်နေရင်း အိပ်ငိုက်သလိုလို ဖြစ်သွားခဲ့လေ၏ ။ ရုတ်တရက် အေးစက်နေသော လက်တစ်စုံက ကျွန်တော်ခြေထောက်များကို ရေထဲသို့ဆွဲချသွားခဲ့လေ၏ ။

” အ…အ…အမလေး…အမေရေ ”

” ဗြွမ်း……”

ကျွန်တော်ယောင်ယမ်းတမ်းတရင်း ရေထဲသို့ ထိုးကျသွားခဲ့လေ၏ ။ မသိသူများကတော့ ကျွန်တော်ရေကူးရန် ရေထဲဆင်းသည်ဟု ယူဆကြပေလိမ့်မည် ။ရေထဲရောက်မှ မိသဲလက်ချက်မှန်း သိလိုက်ရ၏ ။ ရေသံ လေသံ တိုနှင့်အတူ မိသဲစကားသံတို့က နီးလိုက်ဝေးလိုက် ဝိုးတဝါး မပီမသ ကြားနေခဲ့ရ၏ ။

” ငတိုး…ငါလေ…သိလား ရေဘဝဲကြီးတစ်ခုက စုပ်ယူသွားတာလေ…ငါ့ခြေထောက်တွေဟာ နွယ်တွေနဲ့ပတ်ပြီး ချောက်ထဲသို့ ထိုးကျသွားခဲ့သလိုပဲ ။ရေထဲမှာ ချားစီးနေရသလို လည်နေခဲ့ပြီးမှ မူးပြီး အော့ချင်အန်ချင် ဖြစ်လာပြီး ရေဘဝဲအောက်ကို နစ်မြှုပ်သွားခဲ့တာ…တစ်ခါတစ်ရံပေါ်လာပြီး နင့်ကိုကယ်ခိုင်းသေးတယ်…နင်က င့ကိုဂရုမစိုက်ဘူး။နင်ငါ့ကို ရက်စက်တယ်။ငါကတော့ နင်နဲ့ နွေးနွေးထွေးထွေး နေချင်လိုက်ရတာ…ငယ်ငယ်ကတည်းက နင့်ကိုကျိတ်ပြီး ကြိုက်ခဲ့တာ…နင်က မသိဟန်ဆောင်နေတတ်တယ်။နင်က ငါကိုထက် နင်အမေကိုပဲချစ်တာ ငါသိသားပဲ။ခုတော့ …နင်…နင့်အမေကို မချစ်ရတော့ဘူး။ငါ့ကိုပဲ ချစ်ရမယ်။ငါနဲ့ပဲ နေရတော့မယ် သိလားငတိုး…ငါ…နင့်ကိုပိုင်ပြီ ခုလောက်ဆို နင်အမေ နင်ပျောက်လို့ ဝမ်းနည်းပက်လတ် ငိုကြီးချက်မ ဖြစ်နေလောက်ပြီ။ဟား…ဟား…ဟား…ဟား… ” နင့်ကိုငါပိုင်ပြီ…နင့် အမေကိုငါနိုင်ပြီ။နင်နဲ့ငါနဲ့ တစ်သက်လုံးမခွဲမခွာနေရတော့မယ် ငတိုးရဲ့…’
“မဟုတ်ဘူး…မဟုတ်ဘူး။မနေဘူး…ငါနင်နဲ့ မနေချင်ဘူး.။ ငါ့အမေနဲ့ပဲ နေချင်တယ်။ငါ့အမေကိုပဲ ချစ်တယ်။နင့်ကိုငါ မချစ်ဘူး။နင့်ကို ငါမုန်းတယ်။နင်က သရဲမ…အစိမ်းမ…ငါ့ကိုလွှတ် မိသဲ…ငါကိုလွှတ်……အမေရေ…အမေ သားကိုကယ်ပါအုံး.သားအမေ့ စကားနားမထောင်မိလို့ သေရပါတော့မယ်။သားကို မိသဲသတ်နေတယ်.။အမေရေ…အမေ …အမေ ”

ရုန်းရင်းဆန်ခက်ဖြစ်နေသော ခြေများလက်များကို အမေကဆုပ်ကိုင်လျှက် စိုးရိမ်ကြောင့်ကြမူ့ ကြီးမားစွာနှင့် ပွေ့ဖက်နိုင်ရန်ကြိုးစားနေလေ၏ ။ နူတ်မှလည်း…

” သားရေ…ကိုတိုး.သားရေ ကိုတိုး…
” ဟဲ့…သားလေး.အမေလေ အမေပါ သားရဲ့…” ဟု အော်ဟစ်နေသံတို့ကို ပီပီပြင်ပြင် ကြားလိုက်ရမှ ကျွန်တော်၏ အကြောက်လွန်၍ ဇွတ်မှိတ်ထားသော မျက်လုံးများကို အားယူပြီးဖွင့်၍ ကြည့်လိုက်မိ၏ ။ စူးစူးစိုက်စိုက် ကြည့်နေသော အမေ၏ သောကမျက်လုံးများကို မြင်လိုက်ရမှ ကြောက်လှန့်စိတ်တို့ ပျောက်လွင့်သွားပြီး…အမေ့ကို အားကိုးတကြီး ကျွန်တော်ပြန်၍ ဖတ်တွယ်ထားမိပါ၏ ။

” သား အိမ်မက်ဆိုးတွေ မက်နေတာထင်တယ် ။ ထထ သကြားရေလေးသောက်…အမေဖျော်ပေးမယ် ”

အမေက ပျာပျာသလဲ သကြားဖျော်ရည်လေးတစ်ခွက် ဖျော်၍ တိုက်လိုက်သည်ကို ငြိမ်သက်င်္စာသောက်နေပြီးမှ ကျွန်တော်အေးချမ်းစွာ အမေ့ကိုစကားပြောနိုင်ခဲ့ပါ၏ ။

” အမေ…နောက်ဆို ကျွန်တော်ညနေတိုင်း ပုတီးစိပ်ပြီး အိမ်ထဲမှာပဲ မေတ္တာပို့နေတော့မယ်နော်။ နွားရိုင်းသွင်းချိန်မှ မိသဲတစ်ယောက် ကောင်းရာဘုံဘဝ ရောက်ရှိ့နိုင်ပါစေ လို့ နော် အမေ။သူမကျွတ်သေးဘူး အမေရဲ့…သားကိုအိမ်မက်ပေးတယ်။သူနဲ့နေဖို့ ခေါ်သွားတာ ။ဟို ရေလယ်က ဝဲကြီးတစ်ခုထဲမှာ သူရှိ့နေတယ်။ အဲ့ဒါကျွတ်လွှတ်အောင် သားမေတ္တာပို့ချင်တယ်။နောက်ပြီး …အမေ သူကမိဘမရှိ့တဲ့ မိန်းကလေး မဟုတ်လား။အမေကလည်း သူအတွက် ဘုန်းကြီး တစ်ပါးကို သင်္ကန်းတစ်စုံလှူဒန်းပေးပြီး သားနဲ့ အမေ သူကိုဘဝတစ်ခုကနေ ကျွတ်လွှတ်အောင် ကုသိုလ်ကောင်းမူ့ ပြုပေးကြရအောင်ပါ အမေ နော် ”

” အေးပါ သားရယ်…အမေလုပ်ပေးပါ့မယ်။ဒါပေယ့် သားအမေ့ကို ကတိတစ်ခုတော့ ပေးရမယ်နော်
။နောက်ဆို ဘယ်တော့မှ နေဝင်ရီတရော အချိန်မှာ အိမ်အပြင်ဘက်ကို မသွားတော့ပါဘူးဆိုတဲ့ ကတိလေ ”

” ပေးပါ့မယ် အမေရာ…ပေးပါ့မယ် ” သားလည်ူ အရမ်းကိုကြောက်တတ်သွားပြီ။အိမ်မက်မို့လို့ တော်သေးတာပေါ့။ တကယ်သာဆိုရင် ခုချိန် သားဘဝက ဟိုး…အေးစက်နေတဲ့ ရေဝဲကြီးထဲမှာ မိသဲနဲ့ နေရပြီး အမေနဲ့ ထာဝရ ခွဲသွားရတော့ မှာဗျ သိရဲ့လား…”

အမေက ကြင်နာစွာပွေ့ဖက်လျက် ကျွန်တော်၏ ကျောပြင်ကို ပူးနွေးနူးညံ့သော လက်ဝါးကလေးဖြင့် ပွတ်သပ်လျက်…… ။

ဆုံကြအုံးမယ်ကွယ်

ထွဋ်ခေါင် ( အိမ်မဲ )

No comments

Post a Comment