အောင်မြတ်သာနှင့်ကျွန်းပြန်ကြီးရွှေမှိုင်း

  အောင်မြတ်သာနှင့်ကျွန်းပြန်ကြီးရွှေမှိုင်း နေပျောက်မထိုးလောက်အောင် ယှက်ထိုးကြီးထွားနေကြတဲ့ သစ်ပင်ကြီးငယ်တို့ရဲ့အရိပ် အောက်မှာ ဟောင်သဇာတောကြ... thumbnail 1 summary

 အောင်မြတ်သာနှင့်ကျွန်းပြန်ကြီးရွှေမှိုင်း


နေပျောက်မထိုးလောက်အောင် ယှက်ထိုးကြီးထွားနေကြတဲ့ သစ်ပင်ကြီးငယ်တို့ရဲ့အရိပ် အောက်မှာ ဟောင်သဇာတောကြီးက အေးချမ်းကာတိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ တောကောင် ငယ်လေးတွေရဲ့ အော်မြည်သံ၊ တောကောင်ကြီးတို့ရဲ့ မာန်ဖီသံတွေအပြင် သဘာဝ အတိုင်းအော်မြည်နေကြတဲ့ ကျေးငှက်သာရကာတို့ရဲ့အသံတွေ ကြီးစိုးနေတဲ့ ဟောင်သဇာတော ထဲမှာတော့ တစ်ကိုယ်လုံးညစ်ပတ်ပေရေနေတဲ့ လူသားနှစ်ဦးရောက်ရှိနေခဲ့ကြတယ်။
သူတို့နှစ်ဦးကတော့ ဒီတောက သူတို့နေတဲ့နေရာ၊ ဒီတောမှာပဲ သူတို့ကြီးပြင်းခဲ့ကြတယ်ဆိုပြီး တွေးထင်နေခဲ့ကြတယ်။ တောထဲမှာ အလေ့ကျပေါက်ရောက်နေတဲ့ သစ်သီးသစ်ဖုတွေကို ရှာ‌ဖွေ စားသောက်ပြီး လအတန်ကြာနေလာခဲ့ရတော့ မညှပ်မပြုပဲထားထားတဲ့ ဆံပင်တွေက ကျောလယ် လောက်ကိုရှည်ကျနေပြီး ချေးအထပ်ထပ်ဖြစ်နေတဲ့ လက်သည်းခြေသည်းတွေနဲ့ လူနှစ်ယောက်ကို သာမန်သူတွေမြင်ရင် သရဲတစ္ဆေတွေလို့ထင်မိပြီး ထွက်ပြေးကြမှာ အသေအချာပါပဲ။
တောထဲမှာ နေထိုင်ကြတဲ့ နာနာဘာဝတွေနဲ့ အခြားနတ်ဆိုးတွေကတော့ ဘယ်ကမှန်းမသိပဲ ရုတ်တရက်ရောက်လာကြတဲ့ လူနှစ်ယောက်ကို သူတို့ပိုင်နက်ထဲကနေ မောင်းထုတ်ကြဖို့ နည်းလမ်း မျိုးစုံသုံးခဲ့ကြပေမယ့် ထိုလူနှစ်ယောက်ရဲ့ကိုယ်ထဲမှာ သူတို့ကိုယ်တိုင်မသိပဲတည်ရှိနေတဲ့ ပညာအခံ တွေကြောင့် အနားကိုမကပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် လက်မလျော့ပဲ ကိုယ်ခံပညာလျော့ပါးအောင် ပြုလုပ်ပြီး ခြောက်လှန့်မောင်းထုတ်ဖို့ အစဉ်တစိုက်အားထုတ်နေခဲ့ကြတယ်။
တစ်ရက်မှာတော့ ဟောင်သဇာတောတစ်ခုလုံး အမျိုးအမည်မသိတဲ့ အမွှေးရနံ့တွေလွှင့်ပျံ့ နေခဲ့တယ်။ လူနှစ်ဦးကတော့ တစ်ခါမှမရဘူးတဲ့ ရနံ့တွေကြောင့် စိတ်ထဲမှာကိန်းဝပ်နေတဲ့ ပျော်ရွှင်မှု ကိုအနည်းငယ်စတင်ခံစားလာခဲ့ရတယ်။
“ အဘ ဒီနေ့ တောထဲမှာ အရမ်းမွှေးကြိုင်နေပါလား “
“ ဟုတ်တယ်လူလေး ငါလဲ ဒီနေ့ထူးဆန်းနေတယ်လို့ခံစားနေမိတာ စိတ်ထဲမှာလဲ လန်းဆန်း တက်ကြွနေတယ်”
မနေ့ရှာထားတဲ့ ငှက်ပျောသီးတစ်ဖီးကို နှစ်ယောက်ဝေမျှစားရင်း စကားစမြည်ပြောနေတဲ့ အချိန် တောတွင်းနေရာအချို့က သီချင်းဆိုသံ သဲ့သဲ့တစ်ခုကို ကြားလိုက်ရတယ်။
“ အဘ ကြားရလား မိန်းကလေးတစ်ယောက် သီချင်းဆိုနေသလိုပဲ”
လူငယ်ရဲ့စကားကြောင့် အဖိုးအိုက အသံကြားရာဘက်ကို နားစွင့်လိုက်ပြီး
“ အလွန်ကိုချိုသာနူးညံ့တဲ့အသံပါလား ဒီလိုတောထဲမှာ ဘယ်မိန်းကလေးက သီချင်းဆိုနေတာပါလဲ”
“ ဘယ်သူမှန်းသိရအောင် အသံကြားရာဘက်ကို သွားကြည့်ကြရအောင်အဘ လူတစ်ဦး တစ်ယောက်လောက်တွေ့ရရင် ကျုပ်တို့အပြင်ကိုသွားလို့ရနိုင်လောက်တယ်”
အဖိုးအိုလဲ လူငယ်ရဲ့စကားကိုကြားတော့ ခေါင်းတစ်ဆတ်ဆတ်ညိမ့်လိုက်ပြီး
“ လူလေးပြောတာဖြစ်နိုင်တယ် ငါတို့အသံကြားရာဘက်ကို သွားကြည့်ရအောင်” လို့ပြောကာ အသံကြားရာဘက်ကိုထွက်လာခဲ့လိုက်တယ်။
အေးမြချိုလွင်နေတဲ့အသံက သာမန်လူနှစ်ဦးရဲ့စိတ်ကို အတိုင်းတာတစ်ခုထိစွဲဆောင်ထားနိုင် ပြီး လိုချင်တဲ့နေရာထိရောက်အောင် ခေါ်ဆောင်နိုင်ခဲ့တယ်။ လူနှစ်ဦးကလဲ အသံကြားရာဘက်ကို တိုးရင်းတိုးရင်း တောနက်ထဲကို ရောက်လို့ရောက်မှန်းမသိ ဝင်လာခဲ့ကြတယ်။
“ အဘ ဟိုးမှာကြည့်လိုက်ပါဦး ကျုပ်တို့မျက်လုံးများမှားနေသလား”
အဖိုးအိုလဲ လူငယ်ညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ ပျိုမြစ်နုနယ်ပြီးအပြစ်ပြောစရာမရှိ လောက်အောင် ချောမောလှပတဲ့ မိန်းမပျိုးငါးယောက်က ညောင်မုတ်ဆိတ်တွေကို ဒန်းလိုတွယ်စီးပြီး သံစဉ်တစ်ခုကို ညီးတွားသီဆိုနေတာမြင်လိုက်ရတယ်။
“ အို အရမ်းကိုလှပတဲ့နတ်သမီးလေးတွေပါလား”
အသိလွတ်ထွက်သွားတဲ့အဖိုးအိုရဲ့စကားသံကိုကြားလိုက်ရတဲ့ မိန်းကလေးတွေက တခစ်ခစ် ရယ်လိုက်ကြပြီး
“ အဲလိုခိုးကြည့်ပြီး မချီးကျူးရဘူးလေ ခစ်ခစ်”
မခို့တရို့နဲ့ညို့ဓါတ်ပါတဲ့စကားသံကြောင့် အဖိုးအိုနဲ့ လူငယ်ရဲ့ မျက်နှာမှာ အပြုံးရိပ်တွေ ပေါ်လာပြီး
“ ဒီလို မိန်းကလေးတွေပဲရှိတဲ့နေရာကို အဘတို့ယောင်္ကျားသားတွေဘယ်လိုလာလို့ သင့်တော်ပါ့မလဲ”
“ ခစ်ခစ် မောင်ကြီးကတော့ စကားအရမ်းပြောတတ်တာပဲ ဒီနေရာက သူဇာတို့ညီအစ်မတွေ မကြာခဏဆိုသလို လာလေ့ရှိတယ် “
မိန်းမပျိုလေးတွေရဲ့ညုတုတုစကားသံကြောင့် အဖိုးအိုကရယ်လိုက်ပြီး
“ အဲလောက်လဲမဟုတ်ပါဘူး ငါ့သမီးတွေရဲ့သီချင်းဆိုသံကိုကြားလိုက်ထဲက ဘယ်သူများ ဆိုနေတာလဲဆိုတာ အရမ်းသိချင်လို့လိုက်ရှာခဲ့မိတာ”
“ ဟုတ်လို့လား သီချင်းဆိုသံကိုပဲနားထောင်ချင်နေတာလား “
“ ဟုတ်တာပေါ့ကွယ် သမီးတို့ဆိုတဲ့အသံက အရမ်းကိုနားဝင်ချိုတာပဲ ဒါနဲ့ သမီးတို့က ဘယ်မှာနေကြတာလဲ”
“ အော် သမီးတို့က ဟိုးဘက်က ရွာမှာနေကြတာ မောင်ကြီးတို့လာလည်မယ်ဆိုရင် ရွာကလူတွေအရမ်းပျော်ကြမှာ အခုတော့ ရွာကယူလာတဲ့ မုန့်တွေအရင်စားလိုက်ကြပါဦး”
မိန်းမပျိုလေးတွေက ဖော်ရွှေစွာနဲ့ အသင့်ပါလာတဲ့မုန့်နဲ့သစ်သီးဖျော်ရည်တွေကို အဖိုးအိုနဲ့ လူငယ်ကို ချကျွေးလိုက်ကြတယ်။ အဖိုးအိုနဲ့လူငယ်လဲ မိန်းမပျိုလေးတွေချကျွေးတဲ့ အစားအသောက်တွေကို စားပြီး ခေါင်းထဲမှာ တစ်ရိပ်ရိပ်နဲ့မူးလာခဲ့တယ်။
“ ခစ်ခစ်ခစ် ဒီကမောင်ကြီးရဲ့ ဆံပင်တွေက ဖြူဖွေးနေတာဆိုတော့ မောင်ကြီးဖြူလို့ခေါ်မယ်နော်”
ညို့အားပြင်းတဲ့စကားသံရဲ့အဆုံးမှာ အဖိုးအိုက
“ကျုပ်ကအသက်ကြီးနေပါပြီ ဘယ်က မောင်ကြီးရမှာလဲ”
“ အဟက်အဟက် အသက်ကထင်သလောက်မကြီးသေးပါဘူး ဆံပင်လေးအနည်းငယ်ဖြူတာ လေးပဲရှိတာပါနော်”
“ ဟားဟားဟား ဒါဆိုလဲ ကြိုက်သလိုသာခေါ်ကြပါတော့”
အဖိုးအိုနဲ့လူငယ်လဲ မိန်းမပျိုလေးတွေရဲ့ အပြုအစုအယုအယအောက်မှာ မိန်းမောရင်း ကစော် ဖောက်ထားတဲ့သစ်သီဖျော်ရည်တွေကို သောက်သုံးလိုက်တဲ့အချိန်မှာပဲ ကိုယ်ထဲမှာရှိနေတဲ့ ပညာစောင့်ပုဂ္ဂိုလ်တွေက အဖိုးအိုနဲ့လူငယ်ကို ဖယ်ကြဉ်ကာ ထွက်သွားခဲ့ကြတယ်။
အဖိုးအိုနဲ့လူငယ်လဲ ခေါင်းထဲမှာရစ်မူးကာ အရှေ့မှာကခုန်နေတဲ့ မိန်းမပျို‌လေးတွေကိုကြည့် နေရင်းကြည့်နေရင်း အလွန်ချောမောလှပတဲ့ မိန်းမပျိုတွေကနေ ပါးရည်တွေတွဲကျပြီး အသားနီလန်ကာ အစွယ်တစ်ငေါငေါဖြစ်နေတဲ့ နာနာဘာဝတွေအဖြစ် ပြောင်းလဲသွားတာကို မြင်လိုက်ရတယ်။
အဖိုးအိုနဲ့လူငယ်လဲ ထပြေးဖို့ပြင်လိုက်ပေမယ့် ကစော်ဖောက်ထားတဲ့သစ်သီးဖျော်ရည် တွေရဲ့အစွမ်းကြောင့် မထနိုင်ပဲမူးယစ်နေတဲ့အချိန် ပတ်ဝန်းကျင်ကနေ လှောင်ရယ်တဲ့အသံတွေ ထွက်ပေါ်လာခဲ့တယ်။
“ မင်းတို့ကိုယ်မှာရှိတဲ့ ပညာစောင့်တွေ မရှိတော့ဘူး အခုတော့ဘာတတ်နိုင်သေးလဲ အထက်လမ်းဆရာတွေရဲ့အသားကို ငါ့တပည့်သားသမီးတွေစားသုံးရတော့မယ် ဟားဟားဟား”
အဖိုးအိုလဲ မထနိုင်တဲ့ကြားက အသံကြားရာဘက်ကိုကြည့်လိုက်တော့ အနက်ရောက် ခမောက်ကို‌ဆောင်းထားပြီး တစ်ကိုယ်လုံးအဖုအထစ်တွေနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ နာနာဘာဝ တစ်ကောင်ကိုတွေ့လိုက်ရတယ်။
“ မင်း မင်း ကဘယ်သူလဲ ငါတို့ဘာလုပ်မိလို့ “
အဖိုးအိုက စကားကိုဆုံးအောင်မပြောနိုင်ပဲ မူးလဲကျသွားတဲ့အချိန်
“ ဟားဟားဟား ငါက ဟောင်သဇာတောအနောက်ဘက်ခြမ်းကို အပိုင်စားရထားတဲ့ ဘီလူးမဲကျော်တဲ့ဟေ့ နင်တို့ရဲ့အသားဘယ်လောက်ချိုလဲ ငါအရင်မြည်းမယ်”လို့ကြုံးဝါးပြီး အဖိုးအိုရဲ့ လည်မြိုကို ချိုးဖို့ရွယ်လိုက်တဲ့အချိန် ဟောင်သဇာတောရဲ့အရှေ့ဘက်အရပ်ကနေ
“ ရွှီး”ဆိုတဲ့အသံတစ်ခုထွက်လာခဲ့တယ်။
ဘီလူးမဲကျော်က အသံကြားရာဘက်ကိုကြည့်လိုက်တော့ ကောင်းကင်ထက်ကနေ ပျံလာတဲ့ ရွှေရောင်ကြေးပြားတစ်ချပ်ကိုမြင်လိုက်ရတယ်။ ရွှေရောင်ကြေးပြားလေးက လေပေါ်မှာသုံးပတ်ပျံ ဝဲပြီး အဖိုးအိုနဲ့လူငယ်ရဲ့ခန္ဓာကိုယ်ရှိတဲ့အပေါ်မှာရပ်သွားပြီး အထဲကနေ ပါးလွှာပြီးရွှေရောင်တောက် နေတဲ့ ပင့်ကူမျှင်လိုပိုက်ကွန်တွေ ဖြန့်ကျလာခဲ့တယ်။
ပိုက်ကွန်တွေက အဖိုးအိုနဲ့လူငယ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားတဲ့အချိန်မှာတော့ မလှမ်းမကမ်းမှာပေါက်နေတဲ့ ညောင်မုတ်ဆိတ်ပင်နောက်ကနေ လူသုံးယောက်ထွက်လာခဲ့တယ်။
ဘီလူးမဲကျော်ကတော့ စားရကံကြုံခါနီး ထွက်ပေါ်လာတဲ့လူသုံးယောက်ကိုမြင်တော့ ‌ဒေါသူပုန်ထပြီး
“ နင်တို့က ဘယ်သူလဲ ငါ့ခွင့်ပြုချက်မရပဲ ဒီနေရာကိုဘယ်လိုရောက်လာခဲ့တာလဲ”လို့ပြော လိုက်တာ့ ညောင်ပင်ဘေးမှာရပ်နေတဲ့ လူသုံးယောက်ထဲက ဆံပင်ကိုအနောက်ကိုလှန်ပြီး ကျနစွာ စည်းထားတဲ့လူငယ်က
“လူကောင်းတွေကို မကောင်းမှုပြုတဲ့သူတွေဆီကနေလာခေါ်တာ ဘယ်သူ့ဆီကခွင့်ပြုချက် တောင်းနေရဦးမှာလဲ”
“ အဟက်အဟက် နင်တို့လာခေါ်တဲ့သူတွေက သာမန်လူတစ်ယောက်လို ဖြစ်သွားပြီ သူတို့ကိုခေါ်မယ်ဆိုရင် ဒီတောနက်ကြီးထဲကနေ သာမန်လူတွေသွားတဲ့လမ်းအတိုင်းသာသွားလို့ ရတော့မယ် နင်တို့ကဘယ်လိုအစွမ်းတွေသုံးပြီး ဒီနေရာကိုရောက်လာလဲမသိပေမယ့် ဒီလူတွေကို ခေါ်ပြီးပြန်မယ်ဆိုရင် ငါတို့လက်ကလွှတ်အောင်ခေါ်ပါ တောလမ်းတစ်လျောက်မှာ ဒီလူနှစ်ယောက်ရဲ့ အသက်အန္တရာယ်ကိုနင်တို့စောင့်ရှောက်နိုင်ပါစေ”
“ ငါတို့တာဝန်က ဒီလူနှစ်ယောက်ကို ‌ဘေးအန္တရာယ်ကင်းကင်းနဲ့ခေါ်သွားဖို့ပဲ ဒါကြောင့် သင်တို့ဘယ်လိုနှောင့်ယှက်ဟန့်တားပါစေ ငါတို့ကတော့ လမ်းဆုံးတဲ့ထိခေါ်သွားပေးမှာပါ”
အောင်မြတ်သာက ဘီလူးမဲကျော်ကိုကြည့်ပြီး လေသံအေးအေးဖြင့်ပြောကာ မူးလဲနေတဲ့ လူနှစ်ယောက်ကိုခေါ်ဖို့ပြင်လိုက်တဲ့အချိန်
“ ဟိတ် ရပ်လိုက်စမ်း နင်တို့ကဝင်ချင်သလိုဝင်ပြီး ထွက်ချင်တိုင်းထွက်လို့ရမယ်ထင်နေ တာလား”
“ ကဲ ဒါဖြင့် ကျုပ်တို့ဘယ်လိုလုပ်မှ ဒီလူတွေကို ခေါ်သွားလို့ရမှာလဲ”
“ နင်တို့ခေါ်သွားချင်ရင် ငါ့ကိုနိုင်အောင်အရင်တိုက်ပါ နင်တို့နိုင်ရင် ဒီလူနှစ်ယောက်ကို ခေါ်သွားခွင့်ပေးမယ် နင်တို့ရှုံးရင်တော့ လာရာလမ်းအတိုင်းပြန်ရမယ်”
ဘီလူးမဲကျော်ရဲ့စိန်ခေါ်သံကိုကြားတော့ အောင်မြတ်သာက လေတိုက်လို့မျက်ခမ်းစပ်ပေါ် ထိုးကျလာတဲ့ ဆံပင်စတွေကို နားထင်ကြားထဲကိုဆွဲထည့်လိုက်ပြီး
“ ကောင်းပြီလေ သင်သဘောအတိုင်းကျုပ်တို့လုပ်ပေးပ့ါမယ် ကျုပ်တို့က အားနည်းတဲ့သူကို အနိုင်မယူတတ်တဲ့လူမျိုးတွေဆိုတော့ သင်ကပဲအရင်စလိုက်ပါ”လို့ပြောပြီး လက်ကိုအနောက်ပစ်ကာ ရပ်နေခဲ့တယ်။
ဘီလူးမဲကျော်ကလဲ အောင်မြတ်သာတို့ကိုမတိုက်ခင် သူ့ရဲ့ကြီးမားတဲ့ညာခြေထောက်ကို မြေကြီးပေါ်ကိုဆောင့်ချလိုက်တယ်ဆိုရင်ပဲ ဘီလူးမဲကျော်ရဲ့ကိုယ်ခန္ဓာက လေထိုးထည့်လိုက်သလို တစ်ဖြေးဖြေးကြီးထွားလာခဲ့ပြီး ဘေးမှာပေါက်နေတဲ့ ညောင်မုတ်ဆိတ်ပင်အရွယ်အစားလောက် ဖြစ်သွားခဲ့တယ်။
အောင်မြတ်သာကတော့ အဆမတန်ကြီးမားသွားတဲ့ ဘီလူးမဲကျော်ကို တစ်ချက်မျှသာ မော့ကြည့်လိုက်ပြီး အေးတိအေးစက်အနေအထားနဲ့ ရပ်နေခဲ့တယ်။ဘီလူးမဲကျော်လဲ သူ့ကို တစ်ချက်မှ ကြောက်ဟန်မပြတဲ့အောင်မြတ်သာကိုမြင်တော့ ဒေါသတွေအလိပ်လိုက်တက်လာခဲ့ပြီး ဘေးမှာပေါက်နေတဲ့ သရက်ပင်ပျိုတစ်ပင်ကို ဆွဲနှုတ်ကာ ရိုက်ချပါလေရော။
“ဝုန်း”ဆိုတဲ့အသံနဲ့အတူ သရက်ပင်အမြစ်က အောင်မြတ်သာနဲ့ထိပြီး မြေစာခဲတွေ ဖွာထွက်လာခဲ့တယ်။
ဘေးမှာရပ်နေတဲ့ သက်ခိုင်နဲ့တောက်ရကတော့ လွင့်ထွက်လာတဲ့ မြေစာခဲတွေမထိအောင် ဘေးလွတ်ရာကိုရှောင်ပြီးကြည့်လိုက်တော့ မြေစာခဲတွေဘေးမှာ မလှုပ်မယှက်ရပ်နေတဲ့ အောင်မြတ်သာကိုမြင်လိုက်ရတယ်။
ဘီလူးမဲကျော်ကလဲ သူရိုက်လိုက်တဲ့အချိန် သရက်ပင်အမြစ်နဲ့ထိပြီး စိစိညက်ညက်ကျေပြီ အထင်နဲ့ကြည့်လိုက်တော့ ယောဂီအင်္ကျီပေါ်မှာဖုန်မှုန့်တစ်စမျှပင်မကပ်ပဲ ရပ်မြဲရပ်နေတဲ့ အောင်မြတ်သာကိုမြင်လိုက်ရတဲ့အခါ အံ့သြသွားပြီး နောက်ထပ်ရိုက်ချက်တွေဆင့်ကဲ့ဆင့်ကဲဆိုသလို ရိုက်ပါလေရော။
အောင်မြတ်သာကတော့ ရပ်မြဲတိုင်းရပ်နေပေမယ့် ဘီလူးမဲကျော်ရိုက်လိုက်တဲ့ ရိုက်ချက်တွေကသာ ဘေးကိုချော်ပြီး သွားထိနေခဲ့တယ်။ အချက်ပေါင်းများစွာရိုက်ပြီးတဲ့အချိန်ထိ အောင်မြတ်သာကိုမြူတစ်မှုန်မျှတောင်မထိတာကို သိသွားတဲ့ဘီလူးမဲကျော်က
“နင်က ဒီလောက်တောင်စွမ်းနေမှတော့ စိစိညက်ညက်ကျေအောင် ငါလက်နဲ့ညှစ်သတ်မယ် ဟေ့”လို့ကြိမ်းဝါးပြီး အောင်မြတ်သာကိုကြီးမားတဲ့လက်နဲ့ ဆွဲယူလိုက်တယ်။ဒီတစ်ခါမှာတော့ အောင်မြတ်သာက ဘီလူးမဲကျော်ရဲ့လက်ထဲမှာပါသွားခဲ့တယ်။
“ ဟီးဟီးဟားဟား အဟက်အဟက် ဒီတစ်ခါတော့နင်ငါ့လက်ကလွတ်ရိုးလား နင်ပြေးလို့ နိုင်ရင် ဒီတစ်ခါငါ့လက်ထဲက လွတ်‌အောင်ရုန်းပြီးပြေးစမ်း”လို့ပြောကာ လက်နှစ် ဘက်နဲ့အုပ်ပြီးညှစ်ချလိုက်တယ်”
“ဂျွတ် ဂျွတ် ဂဂျွတ်”
ကြီးမားတဲ့လက်အုပ်နဲ့ဖျစ်ညှစ်ခံလိုက်ရတဲ့အချိန် အရိုးကျိုးကြေသံတွေက တိတ်ဆိတ်နေတဲ့ တောထဲမှာ ကျယ်လောင်စွာထွက်ပေါ်လာခဲ့တယ်။ သက်ခိုင်နဲ့တောက်ရတို့က အောင်မြတ်သာရဲ့ အစွမ်းကိုယုံကြည်ပေမယ့် ဒီတစ်ခါမျက်လုံးရှေ့မှာတင် ညှစ်ချေခံထိတာမြင်တော့ စိတ်အနည်းငယ် ပူသွားပြီး အခြေအနေကိုစောင့်ကြည့်နေခဲ့ကြတယ်။
ဘီလူးမဲကျော်က လက်ထဲမှာခြေမွလိုက်တဲ့ အောင်မြတ်သာရဲ့ခန္ဓာကိုယ်ကို ဂုဏ်ယူစွာနဲ့ မြေကြီးပေါ်ပစ်ချလိုက်တဲ့အချိန် ကျလာတဲ့အရာတွေက ခန္ဓာကိုယ်အစိတ်အပိုင်းတွေမဟုတ်ပဲ ကျိုးကြေနေတဲ့သစ်ကိုင်းခြောက်တွေဖြစ်နေတာကို မြင်လိုက်ရတယ်။
အဲဒီအချိန် မလှမ်းကမ်းမှာပေါက်နေတဲ့ အုန်းနဲပင်အနောက်ကနေ အောင်မြတ်သာထွက်လာခဲ့ပြီး
“ သင်ကျုပ်ကိုသတ်နိုင်မယ့်အစွမ်းအစမရှိသေးပါဘူး ဘယ်လိုလဲသင်လက်လျော့သွားပြီလား” လို့မေးလိုက်တော့ ဘီလူးမဲကျော်က သူ့ကိုတပည့်တွေအရှေ့မှာ အရှက်ခွဲရကောင်းမလားဆိုပြီး အောင်မြတ်သာရဲ့ခန္ဓာကိုယ်ကို နောက်ထပ်တစ်ကြိမ်ဖမ်းယူဖို့ ရွယ်လိုက်တဲ့အချိန်မှာတော့ အောင်မြတ်သာက ခန္ဓာကိုယ်ကို ဘေးကိုယိုင်လိုက်ပြီး ကျလာတဲ့လက်ကို ညာဘက်လက်နဲ့ အသာယာပုတ်ထုတ်လိုက်တယ်။
အောင်မြတ်သာက အသာယာပုတ်ထုတ်လိုက်ပေမယ့် ညောင်ပင်တစ်ပင်စာကြီးမားတဲ့ ကိုယ်ခန္ဓာရှိတဲ့ဘီလူးမဲကျော်ကတော့ အနောက်ကိုပေနှစ်ဆယ်ခန့်လွင့်ထွက်သွားခဲ့တယ်။
“ ဒုန်း ဝုန်း ဝုန်း” ဆိုတဲ့အသံနဲ့အတူ လွင့်ထွက်သွားတဲ့လမ်းတစ်လျောက်မှာ ပေါက်နေတဲ့ သစ်ပင်တွေအကုန် ပြိုလဲကျကုန်တယ်။ ဒီတစ်ခါမှာတော့ ဘီလူးမဲကျော်ကိုယ်တိုင် လန့်ဖြန့်သွားပေမယ့် စိတ်ကိုတင်းပြီး ပြန်ထတဲ့အချိန်မှာတော့ လက်နှစ်ဖက်က မြေကြီးကနေခွာမရတော့တာကို သတိထားမိလိုက်တယ်။
ဘီလူးမဲကျော်လဲ လှုပ်မရတဲ့လက်ကို ငုံ့ကြည့်လိုက်တဲ့အချိန် မြေကြီးပေါ်မှာကျနေတဲ့ ကြေးပြားလေးနှစ်ပြားဆီကနေ ရွှေရောင်ကြေးကြိုးမျှင်လေးတွေထွက်လာပြီး ဘီလူးမဲကျော်ရဲ့ လက်နှစ်ဖက်ကို ရစ်ပတ်ထားတာကိုမြင်လိုက်ရတယ်။
ဘီလူးမဲကျော်လဲ အားကုန်သုံးပြီး ရုန်းပေမယ့် ကြေးကြိုးမျှင်လေးတွေက ရုန်းလေလေ အသားထဲကိုနစ်ဝင်လေလေဖြစ်လာပြီး နစ်ဝင်နေတဲ့နေရာကနေ ညိုပုတ်ပုတ်အရောင် သွေးတွေ စီးကျလာခဲ့တယ်။ဘီလူးနက်ကျော်လဲ လက်ကိုလှုပ်မရတော့ လှုပ်လို့ရသေးတဲ့ ခြေထောက်ကို အားယူကာ ကြေးကြိုးမျှင်လေးတွေဒဏ်ကနေ လွတ်အောင်ရုန်းဖို့ ကြိုးစားဟန်ပြင်လိုက်တဲ့အချိန် ကြေးပြားလေးကနေ ထပ်ထွက်လာတဲ့ ကြိုးမျှင်တွေက ခြေထောက်အစုံကို လှုပ်မရအောင် ထပ်မံ ရစ်ပတ်ထားခဲ့ပြန်တယ်။
ဘီလူးမဲကျော်အဖြစ်ကို မြင်လိုက်ရတဲ့ နာနာဘာဝ‌တွေကတော့ အခြေအနေမကောင်းဘူး ဆိုတာသိတဲ့အတွက် ခြေဦးတည့်ရာဘက်ကို ဝရုန်းသုန်းကားထွက်ပြေးသွားခဲ့ကြတယ်။ အောင်မြတ်သာလဲ ဘီလူးမဲကျော်လှုပ်မရလောက်တဲ့အခြေအနေမှ အုန်းနှဲပင်အောက်ကနေ လမ်းလျောက်လာပြီး
“သင်အရှုံးပေးပြီလား ဒါမဟုတ် သင့်ခြေတွေလက်တွေပြတ်တောက်တာ ခံချင်တာလား” လို့မေးလိုက်တော့ ဘီလူးမဲကျော်က ခေါင်းကိုအောက်စိုက်ချလိုက်ပြီး
“ငါအရှုံးပေးတယ် သင်တို့ကျုပ်ပိုင်နက်ထဲကနေ ဒီလူနှစ်ယောက်ကိုခေါ်ပြီး သွားကြပါ ကျုပ်ပိုင်နက်ကျော်ရင်တော့ ဒီလူနှစ်ယောက်ရဲ့အသက်ကို ကျုပ်အာမမခံဘူး”လို့ပြောလိုက်တော့ အောင်မြတ်သာက
“သင့်ပိုင်နက်ကျော်ပြီးရင် ဘယ်သူပိုင်တဲ့နယ်မြေရှိသေးလဲ”
“ကျုပ်ပိုင်နက်တစ်ယူဇနာကျော်ရင် ဇော်ဂျီဖိုးလုံးနေတဲ့ မြေပြန့်တစ်ခုရှိတယ် သင်တို့ဒီကနေ သွားရင် မြေပြန့်တောကိုမဖြစ်မနေဖြတ်ရလိမ့်မယ် သူ့ကိုတော့ သင်တို့နိုင်မယ်မထင်ဘူး ကဲ ကျုပ်ကတိအတိုင်းသွားခွင့်ပေးလိုက်ပြီဆိုတော့ ချုပ်နှောင်ထားတာတွေ ဖယ်ပေးဦး”
ဘီလူးမဲကျော်စကားကြောင့် အောင်မြတ်သာက ညာဘက်လက်ဝါးကိုဖြန့်လိုက်တဲ့အချိန် ချုပ်နှောင်ထားတဲ့ ကြေးကြိုးမျှင်လေးတွေ တစ်စစီပြတ်ထွက်ကုန်ပြီး မြေကြီးပေါ်ကျနေတဲ့ ကြေးပြားက လက်ဝါးပေါ်ပြန်ရောက်လာခဲ့တယ်။
ဘီလူးမဲကျော်လဲအချုပ်အနှောင်ကလွတ်တာနဲ့ လျင်မြန်တဲ့အရှိန်နဲ့ တောထဲကိုဝင်ရောက် ထွက်ပြေးသွားခဲ့တယ်။ အောင်မြတ်သာတို့လဲ မူးပြီးလဲကျနေတဲ့ လူနှစ်ယောက်ရဲ့မျက်နှာကို လွယ်အိတ်ထဲမှာပါတဲ့ ဘူးသီးခြောက်ရေဘူးထဲကရေအနည်းငယ်နဲ့ ပက်လိုက်တဲ့အချိန်မှာတော့ သတိပြန်ရလာပြီး
“ဟင် သင်တို့ကဘယ်သူတွေလဲ ခုနကတွေ့တဲ့ မိန်းမပျိုလေးတွေရော ဘယ်ရောက်သွားပြီလဲ”
သတိရရခြင်းမေးလိုက်တဲ့ လူငယ်ရဲ့စကားကြောင့် အောင်မြတ်သာက
“သင်တို့မြင်တွေ့ခဲ့ရတဲ့ မိန်းမပျိုတွေက လူစင်စစ်တွေမဟုတ်ကြဘူး သင်တို့ရဲ့အသက်ကို နှုတ်ယူဖို့ဟန်‌ဆောင်ထားကြတဲ့ နာနာဘာဝတွေပဲဖြစ်တယ် ဒါကိုသင်တို့က စွဲလမ်းနေရင်တော့ ဒီတောထဲကနေ အပြင်ကိုဘယ်တော့မှ ထွက်လို့ရမှာမဟုတ်ဘူး”
“ဒါဆို သင်တို့က ကျုပ်တို့ကိုတောထဲကထွက်လို့ရအောင်လုပ်ပေးမယ့်သူတွေလား”
“ဟုတ်ပါတယ် ကျုပ်တို့အချိန်မီလာခေါ်ပေမယ့် လမ်းခရီးမှာကြုံနေရတဲ့ ကိစ္စတစ်ခုကြောင့် အနည်းငယ်နောက်ကျသွားတယ် ဒါပေမယ့်သင်တို့စိတ်မပူပါနဲ့ ဒီတောရဲ့အပြင်ကိုရောက်အောင် ကျုပ်တို့တာဝန်ယူခေါ်ဆောင်သွားပေးပါမယ် ခေါ်သွားတဲ့နေရာမှာ သင်တို့အနေနဲ့ ကျုပ်တို့ စကားကို လုံးဝလိုက်နာရမယ် လမ်းခရီးမှာ ကျုပ်တို့ကို အသိမပေးပဲ ဘာတစ်ခုမှ မလုပ်ပါနဲ့ လုပ်ခဲ့ရင်တော့ သင်တို့ထိုက်နဲ့သင်တို့ကံပါပဲ”
“စိတ်ချပါ ကျုပ်တို့အပြင်ရောက်မယ်ဆိုရင် သင်တို့ပြောသမျှလိုက်နာပါ့မယ်”
အောင်မြတ်သာတို့လဲ အဖိုးအိုနဲ့လူငယ်ကိုပြောဆိုပြီး ဘီလူးမဲကျော်ပိုင်တဲ့နေရာကနေ ထွက်လာခဲ့လိုက်တယ်။

အောင်မြတ်သာတို့လဲ တောလမ်းခရီးကိုအတန်ကြာ လျောက်လာပြီးတဲ့နောက်မှာတော့ အဖိုးအိုရဲ့ကိုယ်ထဲကနေ မဲမှောင်နေတဲ့ကိုယ်ရောင်ကိုယ်ဝါတွေထွက်လာနေတာကို အောင်မြတ်သာ သတိထားမိလိုက်တယ်။ အဖိုးအိုကတော့ ဘာမှမသိတဲ့ပုံစံနဲ့ တောထဲကနေ အပြင်ကိုရောက်ဖို့ကိုသာ အားသန်နေခဲ့တယ်။ အောင်မြတ်သာတို့လဲ ခရီးဆက်လာရင်း ဝါးပင်တွေထူထပ်စွာပေါက်ရောက် နေတဲ့ တောတွင်းတစ်နေရာကိုရောက်လာတဲ့အခါမှာတော့ ကျယ်လောင်စွာတောက်ခတ်လိုက်တဲ့ အသံကို အောင်မြတ်သာတို့ရော အဘိုးအိုတို့ပါကြားလိုက်ရတယ်။
အောင်မြတ်သာကတော့ အသံကြားတာနဲ့ ခြေလှမ်းတွေကို ဆက်မသွားတော့ပဲ ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကိုခဏတာမျှ အကဲခတ်လိုက်ပြီး
“သက်ခိုင်နဲ့တောက်ရ မင်းတို့က အဖိုးအိုနဲ့သူ့တပည့်ကို စည်းဝိုင်းတစ်ခုထဲထည့်ပြီး သေချာ စောင့်ကြည့်ထားပါ အခုငါတို့ရောက်နေတဲ့ နေရာက ဘီလူးမဲကျော်ပြောတဲ့နေရာဖြစ်နိုင်တယ်”လို့ ပြောကာ ထူထပ်စွာပေါက်ရောက်နေတဲ့ ဝါးပင်တွေကို သေချာစွာစူးစိုက်ကြည့်နေခဲ့တယ်။
အဲဒီအချိန်မှာ လေမတိုက်ပဲ ဝါးပင်တွေက ရုတ်တရက်ဆိုသလို ယိမ်းထိုးလှုပ်ရှားလာတာကို တွေ့လိုက်ရတယ်။ အောင်မြတ်သာကတော့ အသက်ဝင်နေသလို လှုပ်ရှားနေတဲ့ ဝါးပင်တွေထဲက နီညိုရောင်အဆင်းရှိတဲ့ဝါးပင်တစ်ပင်ရဲ့ပင်စည်ကို လက်ထဲမှာကိုင်ထားတဲ့ အင်းချပ်တစ်ချပ်နဲ့ ပစ်ထည့်လိုက်တယ်။
အင်းချပ်က အောင်မြတ်သာလက်ထဲကနေ အရှိန်နဲ့ပြေးထွက်သွားပြီး နီညိုရောင်အဆင်းရှိတဲ့ ဝါးပင်ကိုထိလိုက်တဲ့အချိန် ဝါးလုံးခေါင်းထဲကနေ တစ်စုံတစ်ယောက်ထွက်သွားတဲ့ အရိပ်အယောင်ကို အောင်မြတ်သာရော သက်ခိုင်နဲ့ တောက်ရပါမြင်လိုက်ရတယ်။
အောင်မြတ်သာလဲ ပြေးထွက်သွားတဲ့အရိပ်ရှိရာအရပ်ကို ဘယ်ဘက်လက်မှာကိုင်ထားတဲ့ နောက်ထပ်အင်းတစ်ချပ်နဲ့ ပစ်ထည့်လိုက်တဲ့အချိန်မှာတော့ ဝါးရွက်တွေကို နင်းပြီးထွက်ပြေးသွားတဲ့ ခြေသံကိုသိသာထင်ရှားစွာကြားလိုက်ရတယ်။ ဒါပေမယ့် အခုထိ ဘယ်သူလဲဆိုတဲ့ အရိပ်အယောင်ကို မမြင်ရသေးတော့ သက်ခိုင်နဲ့တောက်ရက စည်းဝိုင်းဘေးမှာရပ်ပြီး သတိကြီးစွာထားနေကြရတယ်။ စည်းဝိုင်းထဲမှာ ရှိနေတဲ့ အဘိုးအိုနဲ့ လူငယ်က ဘာမှမသိတဲ့မျက်နှာထားနဲ့ အောင်မြတ်သာတို့ကို အံ့သြစွာကြည့်နေခဲ့တယ်။
“ရှပ် ရှပ် ရှပ် ဖောက် ဖောက်”
ရုတ်တရက်ပြေးဝင်လာတဲ့အရိပ်တစ်ခုက သက်ခိုင်တို့ရပ်နေတဲ့ နေရာနားထိရောက်လာခဲ့ပြီး စည်းဝိုင်းထဲကို ဝင်ဖို့ကြိုးစားပေမယ့် အင်းချထားတဲ့စည်းဝိုင်းထဲကို ဝင်မရပဲ တောထဲကိုပြန်ပြေး သွားတာကို ရိပ်ခနဲမြင်လိုက်ရတယ်။
မြင်လိုက်ရတဲ့မြင်ကွင်းက အရမ်းမြန်ဆန်တာမို့ အရိပ်လိုလိုပုံစံကိုသာ မြင်လိုက်ရပြီး ဘယ်သူ ဘယ်ဝါဆိုတာကို အတိအကျမမြင်လိုက်ရတဲ့ အောင်မြတ်သာက ခြေသံကြားရာဘက်ကို အာရုံ စူးစိုက်ပြီးကြည့်လိုက်တဲ့အချိန် ဝါးပင်တစ်ပင်နဲ့ တစ်ပင်ကို အကောက်ပါတဲ့ တောင်‌ဝှေးတစ်ချောင်းကို အသုံးပြုပြီး ပြေးလွှားနေတဲ့ လူတစ်ယောက်ကို မြင်လိုက်ရတယ်။
ဝါးပင်တွေကြားပြေးလွှားနေတဲ့သူရဲ့ ခါးမှာတော့ နီညိုရောင်အဆင်းရှိတဲ့ ပိုးပဝါတစ်ထည်ချည် ထားပြီး မျက်နှာက ငါးနှစ်ကလေးတစ်ယောက်လိုနုဖတ်နေတာကိုမြင်တဲ့ အောင်မြတ်သာက အာရုံကို မပျံ့လွင့်အောင်စုစည်းထားပြီး ပြေးလွှားတာရပ်မယ့်အချိန်ကို စိတ်ရှည်စွာစောင့်နေခဲ့တယ်။
အချိန်အတန်ကြာစောင့်ပြီးတဲ့အချိန်မှာတော့ ဝါးပင်တွေကြားပတ်ပြေးနေတဲ့သူက မောသွား တဲ့ဟန်နဲ့ အမြင့်ဆုံးဝါးပင်ထိပ်မှာ ခြေချိတ်ပြီးထိုင်ကာ အောက်ကိုငုံ့ကြည့်နေတဲ့အချိန် အောင်မြတ်သာက လျင်မြန်တဲ့အရှိန်နဲ့ ခြေချိတ်ထိုင်နေတဲ့ဝါးပင်အောက်ခြေမှာ အင်းကွက်သုံးကွက် ကိုဖိုခနောက်ဆိုင်ရေးဆွဲကာ မြေပြင်ကို လက်နဲ့ပုတ်လိုက်တဲ့အချိန်မှာတော့ ဝါးပင်အောက်ခြေကနေ ငွေမျှင်ရောင်ကြိုးတွေက အပေါ်ကိုရစ်ပတ်ကာတက်သွားခဲ့တယ်။
ရုတ်တရက်ဖြစ်ပေါ်လာတဲ့အဖြစ်အပျက်ကြောင့် ဝါးပင်ထိပ်မှာထိုင်နေတဲ့ ပုဂ္ဂိုလ်က သူ့ရဲ့ တောင်‌ဝှေးကို ပခုံးပေါ်တင်ပြီး အခြားဝါးပင်တစ်ပင်ဆီခုန်ကူးဖို့ပြင်လိုက်ပေမယ့် ခြေထောက်ကလုံးဝ လှုပ်မရတော့တာကိုသတိထားမိလိုက်တယ်။
အရပ်ပုပုနဲ့ပုဂ္ဂိုလ်က သူ့ရှိနေတာကိုမြင်နေတဲ့အကြောင်းကိုလဲသိရော ခါးစည်းမှာချိတ်ထားတဲ့ အဝတ်စကို ညဘက်လက်မှာပတ်ပြီး ခြေထောက်မှာရစ်တွယ်နေတဲ့ ငွေမျှင်ကြိုးတွေကို လက်နဲ့ ဆွဲဖြုတ်ပစ်လိုက်တဲ့အချိန်
“ဖောက် ဖောက် ဖျောက်”ဆိုတဲ့အသံနဲ့အတူ ငွေမျှင်ကြိုးတွေက တစ်စစီပြတ်ထွက်ကာ ချုပ်နှောင်ခံထားရတဲ့အခြေအနေကနေ လွတ်ထွက်သွားခဲ့တယ်။ အောင်မြတ်သာလဲ သူ့ရဲ့အချုပ်အင်း ကွက်ကနေ လွတ်အောင်ရုန်းထွက်သွားတဲ့ ပုဂ္ဂိုလ်ကိုကြည့်ပြီး အနည်းငယ်အံ့သြသွားခဲ့တယ်။ ဝါးပင် ထိပ်မှာထိုင်နေတဲ့ပုဂ္ဂိုလ်က အချုပ်အနှောင်ကနေ လွတ်ထွက်သွားတာနဲ့ ယခင်ကထက် လျင်မြန်တဲ့ အရှိန်နဲ့ ဝါးပင်တွေကြားထဲကိုဝင်ပြေးကာ ပျောက်ကွယ်သွားခဲ့တယ်။
အောင်မြတ်သာလဲ ထွက်ပြေးသွားတဲ့ ပုဂ္ဂိုလ်ရဲ့နောက်ကိုဆက်မလိုက်တော့ပဲ စည်းဝိုင်းထဲမှာ ထည့်ထားတဲ့အဖိုးအိုနဲ့သူ့တပည့်ကိုခေါ်ကာ ဝါးတောကနေ ထွက်ဖို့ပြင်လိုက်တဲ့အချိန် မလှမ်းမကမ်း မှာပေါက်နေတဲ့ဝါးပင်တွေပေါ်ကနေ လှစ်ခနဲ လှစ်ခနဲ ဖြတ်ပြေးနေတဲ့ အရိပ်တစ်ခုကို ထပ်မြင် လိုက်ရတယ်။ ဒီတစ်ခါမှာမြင်ရတဲ့အလျင်က ပထမတစ်ခါမြင်ရတဲ့အလျင်ထက် အဆပေါင်းများစွာ ပိုမြန်ဆန်နေတဲ့အတွက် ရှင်းလင်းတိကျစွာမြင်ရဖို့ တတိယမျက်လုံးကို အသုံးပြု ရန်အာရုံပြုလိုက်တဲ့အချိန် ကျင့်ကြံခဲ့တဲ့အစွမ်းသတ္တိတွေကြောင့် အောင်မြတ်သာရဲ့နဖူးအလယ်ကနေ ကြည်လင်တောက်ပတဲ့ မျက်လုံးတစ်လုံးပေါ်ပေါက်လာခဲ့တယ်။
အောင်မြတ်သာလဲ မူရင်းမျက်လုံးနှစ်လုံးကို ပိတ်ပြီး ပေါ်လာတဲ့ တတိယမျက်လုံးကို အာရုံ စူးစိုက်ကာကြည့်လိုက်တဲ့အခါမှာတော့ တောင်ဝှေးကောက်ကိုအသုံးပြုကာ ဝါးပင်တစ်ပင်နဲ့ တစ်ပင်ကိုကူးလူးသွားလာနေတဲ့ ပုဂ္ဂိုလ်ကိုမြင်လိုက်ရတယ်။ ဒီတစ်ခါမှာတော့ တောင်ဝှေးကောက်ရဲ့ ထိပ်ကနေ ထွက်ပေါ်လာတဲ့ နီညိုရောင်ကြိုးတွေက ဘေးပတ်ပတ်လည်မှာရှိတဲ့ ဝါးပင်တွေကို ပင့်ကူမျှင်သဖွယ်ရစ်ပတ်ထားပြီး ထွက်ပေါက်မှန်သမျှကို ပိတ်ထားတာ မြင်လိုက်ရတယ်။
အောင်မြတ်သာလဲ ပိတ်ဆို့ထားတဲ့နေရာဘက်ကို ဖောက်ထွက်ရန်အတွက် ညာဘက်လက် ဝါးပေါ်မှာ ဂိုဏ်းစောင့်အင်းကိုရေးဆွဲကာ ဘယ်ဘက်လက်ဝါးနဲ့ရိုက်ချလိုက်တဲ့အချိန်မှာ လက်ဖဝါး ထဲကနေ လက်တစ်ဆစ်သာသာရှိတဲ့ အင်းစောင့်ပုဂ္ဂိုလ်နှစ်ပါးခုန်ထွက်လာခဲ့တယ်။ အင်းစောင့် ပုဂ္ဂိုလ်နှစ်ပါးက လက်ထဲကနေ မြေပြင်ပေါ်ကျတဲ့အချိန်မှာတော့ သာမန်လူတစ်ယောက်အသွင်အဖြစ် ပြောင်းလဲသွားပြီး အောင်မြတ်သာကို အရိုအသေပေးကာ ပေးအပ်လာမယ့်အမိန့်ကို စောင့်မျှော် နေခဲ့ကြတယ်။
အောင်မြတ်သာကလဲ ဆင့်ခေါ်ထားတဲ့ အင်းစောင့်နှစ်ယောက်ကို ပိတ်ဆို့ထားတဲ့ဝါးပင်တွေ ရှိတဲ့ဘက်ကိုညွှန်ပြပြီး ဖောက်ထွက်ဖို့အမိန့်ပေးလိုက်တယ်ဆိုရင်ပဲ အင်းစောင့်နှစ်ယောက်က လျင်မြန်တဲ့အရှိန်နဲ့ ဝါးပင်တွေရှိရာဘက်ကို ကြောင်ရိုင်းတစ်ကောင်ကို ခုန်ဝင်သွားပြီး တားဆီး ထားတဲ့ နီညိုရောင်ကြိုးတွေကိုဖြတ်တောက်ဖို့ ကိုင်လိုက်တဲ့အချိန် “ဖြောင်း”ဆိုတဲ့အသံနဲ့အတူ အနောက်ဘက်ကို လွင့်ထွက်သွားခဲ့တယ်။
အောင်မြတ်သာက လွင့်ထွက်သွားတဲ့ အင်းစောင့်နှစ်ယောက်ကိုမြင်တော့ ရှေ့ဆက်မတိုးခိုင်း တော့ပဲ ညာဘက်လက်ညိုးနဲ့မြေကြီးပေါ်မှာ ၁၆ကွက်အင်းတစ်ကွက်ကိုရေးဆွဲလိုက်ပြီး ဘယ်ဘက် လက်နဲ့သပ်ချလိုက်တဲ့အချိန်မှာ ရေးဆွဲထားတဲ့ အင်းကွက်ပေါ်ကနေ ရွှေအိုရောင်အဆင်းရှိတဲ့ အင်းစမကွက်က လေပေါ်ကိုဝဲတက်လာခဲ့တယ်။ အောင်မြတ်သာလဲ လေပေါ်ပျံတက်လာတဲ့ အင်းစမကွက်အပေါ်ကို နောက်ထပ်၁၆ကွက်အင်း တစ်ချပ်နဲ့ထပ်ပြီးအုပ်လိုက်ချိန်မှာတော့ ကောင်းကင်ပေါ်ကနေ အဖြူရောင်စက်ကွင်းသဏ္ဏာန်ဝင်ပေါက်တစ်ခုပေါ်လာပြီး အပေါ်ကနေ ဓါးလွတ်နှစ်လက်ကိုင် အင်းစောင့်ပုဂ္ဂိုလ်ကိုးယောက် ခုန်ဆင်းလာခဲ့တယ်။
အဖြူရောင်စက်ကွင်းဝင်ပေါက်ကနေ ခုန်ဆင်းလာတဲ့ အင်းစောင့်ပုဂ္ဂိုလ်ကိုးယောက်က မြေကြီးပေါ်ကိုရောက်တာနဲ့ အောင်မြတ်သာကို အရိုအသေပေးကာ ဝါးရုံတွေကြားထဲမှာ ပိတ်ဆို့ ထားတဲ့နီညို‌ရောင်ကြိုးတွေကို ဖြတ်တောက်ဖို့စတင်ကြိုးစားခဲ့ကြတယ်။
“ကျား ရွှပ် ရွှပ် ဖြောင်း”
အားမာန်အပြည့်နဲ့ခုန်ဝင်ပြီး ခုတ်နေကြတဲ့ အင်းစောင့်တွေရဲ့ ဓါးချက်တွေက တားဆီးထားတဲ့ အရံအတားတွေကို အနည်းငယ်မျှတောင် ပွန်းပဲ့အောင်မစွမ်းဆောင်နိုင်ခဲ့ပေ။ ဒီတစ်ခါမှာတော့ ဝါးရုံ ပင်တွေအပေါ်ကနေ ဖြတ်ပြေးနေတဲ့ ပုဂ္ဂိုလ်ဆီကနေ ရိသဲ့သဲ့လှောင်ရယ်သံအချို့ ထွက်လာခဲ့တယ်။
“ဟက်ဟက်ဟက် မင်းတို့အစွမ်းအစတွေက ဒါအကုန်ပဲလား လုပ်စမ်းပါ ကြိုးစားထားကြစမ်း ငါ့ရဲ့ကွန်ယက်ကိုဖြတ်တောက်နိုင်တဲ့သူဆိုတာအခုထိမပေါ်သေးဘူး”
အောင်မြတ်သာလဲ ဝါးပင်တွေပေါ်ကနေ လှောင်ပြောင်ကာ ပတ်ပြေးနေတဲ့ ပုဂ္ဂိုလ်ကိုကြည့် လိုက် တစ်ဖြေးဖြေးနဲ့စောင်းကျလာတဲ့နေရောင်ကိုကြည့်လိုက်ဖြစ်နေတဲ့အချိန်
“ဆရာ ဒီမှာဘာဖြစ်တာလဲမသိဘူး ကြည့်ပါဦး”ဆိုတဲ့အသံက စည်းဝိုင်းနားကနေ ထွက်လာ ခဲ့တယ်။
အောင်မြတ်သာလဲ သက်ခိုင်စကားကြောင့် စည်းဝိုင်းထဲမှာရှိနေတဲ့ အဖိုးအိုနဲ့သူ့တပည့်ကို ကြည့်လိုက်တော့ မျက်လုံးအထဲမှာရှိနေတဲ့ အမည်းဆံက တစ်ဖြေးဖြေးသေးငယ်လာပြီး အသိစိတ်က လွတ်တစ်ချက် မလွတ်တစ်ချက်ဖြစ်နေတာကိုမြင်လိုက်ရတယ်။
“သူတို့ကို စည်းဝိုင်းအပြင်မပေးထွက်နဲ့ ဒါ ဝါးရုံပင်ပေါ်မှာရှိနေတဲ့သူက လုပ်နေတာ စည်းဝိုင်းပြင်ဘက်ကိုရောက်တာနဲ့ နှစ်ယောက်လုံးရဲ့အသက်ကိုစိတ်ပူရတယ်”
အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့ တောက်ရက အသိစိတ်လွတ်လုဆဲဆဲဖြစ်နေတဲ့ အဖိုးအိုတို့နေတဲ့စည်းအပြင်ဘက်မှာ နောက်ထပ်စည်းသုံးထပ်တားဖို့လုပ်လိုက်တဲ့အချိန်
“ဖြောင်း ခွပ် အင့် အွတ်”ဆိုတဲ့အသံနဲ့အတူ သက်ခိုင်နဲ့တောက်ရ ဘေးကိုလွင့်ထွက် သွားခဲ့တယ်။ အကောင်အထည်မမြင်ရပဲ ခံလိုက်ရတဲ့အတွက် နှစ်ယောက်လုံးစိတ်တိုသွားခဲ့ပေမယ့် ဘယ်သူလုပ်တယ်ဆိုတာကို အစနပင်မမြင်ခဲ့ရပေ။
အောင်မြတ်သာလဲ သက်ခိုင်နဲ့ တောက်ရတို့အဖြစ်ကိုမြင်တော့ မတ်တပ်ရပ်နေရာကနေ တင်ပလ္လင်ခွေထိုင်ချလိုက်ပြီး လွတ်နေတဲ့မြေကွက်လပ်မှာ အကွက်ရေပေါင်းများစွာပါတဲ့ အင်းစမ တစ်ကွက်ကိုလျင်မြန်စွာရေးဆွဲကာ စူးစိုက်ကြည့်လိုက်ရုံနဲ့ ဆွဲထားတဲ့စမအက္ခရာတွေက တစ်ဖက်နဲ့ တစ်ဖက်နေရာရွှေ့ကာ ကူးပြောင်းသွားကြတယ်။ အင်းစမအက္ခရာတွေကူးပြောင်းတဲ့အရှိန်က တစ်ဖြေးဖြေးနဲ့ မြန်လာလေလေ အောင်မြတ်သာရဲ့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေကလဲ လျင်မြန်စွာပြောင်းလဲနေခဲ့တယ်။
အောင်မြတ်သာလဲ လိုချင်တဲ့မြင်ကွင်းမရောက်မချင်း အင်းစမကွက်ကို စူးစိုက်ကြည့်နေခဲ့ရာ အလယ်ဗဟိုမှာဆွဲထားတဲ့စမအက္ခရာတစ်လုံးလှုပ်ရှားလာတဲ့အချိန်အရောက်မှာတော့ ပတ်ဝန်းကျင် တစ်ခုလုံးပြောင်းလဲသွားခဲ့တယ်။ အောင်မြတ်သာရဲ့ အမြင်မှာတော့ ခုနကမြင်တွေ့နေရတဲ့အရာတွေ အားလုံးပျောက်ကွယ်သွားပြီး လက်ဖဝါးမှာဝါးကြောရှတဲ့ ဒဏ်ရာရနေတဲ့ရဟန်းတော်တစ်ပါးကို လုံချည်ကြမ်းတစ်ထည်နဲ့သေချာစည်းနှောင်ပေးနေတဲ့ လူတစ်ယောက်ရဲ့ရုပ်ပုံက ရုပ်ရှင်ပြသလို တစ်ကွက်ချင်းပေါ်လာခဲ့တယ်။ အောင်မြတ်သာလဲ မြင်လိုက်ရတဲ့မြင်ကွင်းကို ကြည့်ရင်းကြည့်ရင်း အဖြစ်အပျက်တွေအားလုံးကို နားလည်သွားတဲ့အချိန် အင်းစမစာလုံးတွေက အနောက်ကိုပြန်ရွှေ့ လာပြီးသူ့နေရာနဲ့သူဖြစ်သွားကြတဲ့အချိန် မူလအချိန်ကာလကို ပြန်ရောက်သွားခဲ့တယ်။
အောင်မြတ်သာလဲ ဖြစ်ကြောင်းကုန်စင်ကိုသိပြီးလို့ ထလိုက်တဲ့အချိန် သက်ခိုင်နဲ့ တောက်ရက
“ဆရာ ကျွန်တော်တို့ထိန်းမနိုင်တော့ဘူး ဒီကောင်က အတော်စွမ်းတယ် အဖိုးအိုရဲ့ စိတ်ထဲ သူနေရာဝင်ယူလိုက်ပြီထင်တယ်”လို့‌ပြောလိုက်တော့ အောင်မြတ်သာက
“မင်းတို့နှစ်ယောက် နိုင်သလောက်ထိန်းထားဦး အခုငါတို့ရင်ဆိုင်နေရတဲ့ပုဂ္ဂိုလ်ရဲ့ လက်မှာ ဝတ်ထားတဲ့လက်အိတ်အနီကိုမရသရွှေ့ ဒီအတိုင်းဖြစ်နေဦးမှာပဲ ဒီကိစ္စကို ငါကိုယ်တိုင်လုပ်မယ်”လို့ ပြောပြီး လွယ်အိတ်ထဲမှာရှိတဲ့ ငွေအင်းပြားနှစ်ချပ်ကိုထုတ်ကာ နီညိုရောင်ကွန်ယက်တွေ ပိတ်ဆို့ ထားတဲ့ဘက်ကို ပစ်လွှတ်လိုက်တယ်။
ငွေအင်းပြားနှစ်ချပ်ပစ်လွှတ်လိုက်တာနဲ့ ကွန်ယက်ကိုဖောက်ထွက်နေကြတဲ့ အင်းစောင့် ကိုးယောက်က အနောက်ကိုပြန်ဆုတ်လာပြီး အောင်မြတ်သာရဲ့ဘေးမှာနေရာယူထားလိုက်ကြတဲ့ အချိန် အောင်မြတ်သာပစ်လွှတ်ထားတဲ့ ငွေအင်းချပ်နှစ်ချပ်က တစ်စစီကြေမွသွားပြီး လေထုထဲမှာ ပြန့်သွားခဲ့တယ်။
ငွေအင်းချပ်တွေဆီကနေ ထွက်လာတဲ့ ငွေမှုန်တွေက ဝါးတောတစ်ခုလုံးပိတ်ဖုံးတဲ့အထိ ပွားများလာတဲ့အချိန်မှာတော့ ဝါးပင်တွေအပေါ်မှာ ဖြတ်ပြေးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုအထင်အရှားမြင်လိုက်ရတယ်။ သူကတော့ အောင်မြတ်သာတို့ မမြင်လောက်ဘူးထင်ပြီး မရပ်မနားပြေးလိုက် သက်ခိုင်နဲ့ တောက်ရတို့ ထိန်းထားတဲ့ စည်းကိုဖောက်ဖို့ ကြိုးစားလိုက် လုပ်နေတာကိုမြင်ပေမယ့် မမြင်ချင်ယောင်ဆောင်ပြီး သူဖြတ်ပြေးနိုင်မယ့်နေရာရဲ့ အောက်မှာ စမကွန်ခြာအင်းကိုမသိမသာလေးဆွဲထားလိုက်တယ်။
“ ရွှီး ရှပ် ရှပ် ရှပ်
ဖောက် ဖောက်”ဆိုတဲ့အသံနဲ့အတူ စမကွန်ခြာအင်းကွက်အပေါ်ဖြတ်ပြေးသွားတဲ့အချိန် အင်းကွက်က ဖြတ်ပြေးရာအရိပ်နောက်ကို ထပ်ချပ်မကွာလိုက်ပါလေရော။ ဒီတော့မှ အောင်မြတ်သာ သူ့ကိုမြင်နေရတယ်ဆိုတာသိလိုက်ရတဲ့အချိန် စမကွန်ခြာအင်းကွက်က ခြေထောက်နှစ်ချောင်းကို ရစ်ပတ်ထားပြီးသားဖြစ်နေခဲ့တယ်။
အောင်မြတ်သာလဲ သူ့အင်းကွက်မှာမိတယ်ဆိုတာနဲ့ အနားကိုချက်ချင်းသွားပြီး လက်မှာဝတ် ထားတဲ့လက်ပတ်အနီရောင်ကို ဆွဲချွတ်ချလိုက်တယ်။ လက်အိတ်ချွတ်လိုက်တယ်ဆိုတာနဲ့ ကိုင်ထားတဲ့တောင်ဝှေးက မြေကြီးပေါ်ကိုပျော့ခွေသွားပြီး လူလဲအားမရှိတော့သလို ညိုးကျသွား ခဲ့တယ်။
အဲဒီတော့မှ အောင်မြတ်သာက ဘေးနားမှာထိုင်လိုက်ချလိုက်ပြီး
“သင်ဘာကြောင့်ဒီလူနှစ်ယောက်ကို သတ်ချင်နေရတာလဲ သူတို့ကသင့်အပေါ်ဘာတွေလုပ်ခဲ့ လို့လဲ”ဆိုပြီးမေးလိုက်တော့ လဲကျနေတဲ့ပုဂ္ဂိုလ်က
“သူတို့ငါ့ကိုပေးရမယ့် အကြွေးတွေရှိတယ် ငါ့အပေါ်သူတို့နှစ်ယောက်လုပ်ခဲ့တာတွေကို လက်စားချေဖို့ ငါဒီနေရာကိုမရောက်ရောက်အောင်လာခဲ့တာ”လို့ပြောတော့ အောင်မြတ်သာက
“သူတို့က သင့်ကိုဘာတွေလုပ်ခဲ့လို့ ဒီလောက်နာကျဉ်းနေတာလဲ”
“လွန်ခဲ့တဲ့ဘဝက သူတို့သားအဖနှစ်ယောက် ငါ့ကိုဒီတောဒီတောင်ထဲမှာ ပစ်သွားခဲ့တယ် ငါကြိုးစားပမ်းစားထိုးထားတဲ့ ဓါတ်လုံးဘူးကိုလဲ လုယူသွားတယ် ငါခဗျာ သွားရမယ့်လမ်းမသိ စားရမယ့်စားစရာမရှိတဲ့အခြေအနေမှာ တောရဆောက်တည်နေတဲ့ရဟန်းတစ်ပါး လက်မှာဝါးရှပြီး သတိလစ်နေတာတွေ့လို့ ငါဝတ်ထားတဲ့ လုံချည်ကြမ်းကိုဖြဲပြီး စည်းနှောင်ပေးခဲ့တယ် အဲဒီကုသိုလ် ကြောင့် ဝါးပင်တွေပေါက်တဲ့နေရာတိုင်းကို ငါအခွင့်အကန့်အသတ်မရှိသွားလို့ရခဲ့တယ် လုံချည်ကြမ်း နဲ့စည်းနှောင်ပေးခဲ့တဲ့ကုသိုလ်ကြောင့် အနှောင့်အဖွဲ့တိုင်းကို ဖြတ်တောက်နိုင်တဲ့ ဒီလက်အိတ်ကို ရခဲ့တာ ဒီတောကို သူတို့နှစ်ယောက်ရောက်နေတယ်ကြားပြီး ငါရောက်‌အောင်လာခဲ့ပေမယ့် သူတို့ကိုယ်ခံပညာစွမ်းကြောင့် အနားကပ်လို့မရခဲ့ဘူး ဒါကြောင့် ဘီလူးမဲကျော်နဲ့တိုင်ပင်ပြီး သူတို့အစွမ်းတွေပျက်စီးအောင်လုပ်ခဲ့တာ အခုနင်တို့ကြောင့် ငါ့ရည်ရွယ်ချက်တွေ ပျောက်ဆုံးရပြီ ငါကလက်အိတ်မရှိရင် ဘာမှလုပ်မရဘူး ဒါကြောင့်ငါ့လက်အိတ်ပြန်ပေးပါ”
“သင်ပိုင်တဲ့လက်အိတ်ကို ကျုပ်လဲမယူလိုပါဘူး ဒါပေမယ့် သင်ကတိတစ်ခုပေးရမယ်”
“ဘာကတိလဲ ငါ့ကိုပြောပါ”
“သင့်ကိုလက်အိတ်ပြန်ပေးရင် ဒီလူနှစ်ယောက်ကို ခေါ်သွားခွင့်ပေးပါ သင်ဖန်တီးထားတဲ့ အတားအဆီးတွေကိုသင်ကိုယ်တိုင်ပြန်ပယ်ဖျက်ပေးပါ”
“ကောင်းပါပြီး ငါကတိပေးတယ် ငါ့လက်အိတ်ပြန်ပေးပါ”
“မရဘူး သင်ကတိပေးတယ်ဆိုတိုင်း ကျုပ်မယုံဘူး ဒါကြောင့် သင်သစ္စာဆိုရမယ် သစ္စာကိုဖောက်ဖျက်ခဲ့ရင် သင့်မှာရှိတဲ့အစွမ်းတွေအကုန်ပျောက်စေရမယ်”
“ငါလက်ခံတယ် နင်တို့ပြောတဲ့သစ္စာအတိုင်းငါဆိုပေးမယ်”
အောင်မြတ်သာလဲ မြေကြီးပေါ်မှာလဲနေတဲ့ ပုဂ္ဂိုလ်စကားကြောင့် ခြေထောက်မှာရစ်ပတ် ထားတဲ့ စမကွန်ခြာအင်းကိုပြန်ဖြေပေးလိုက်ပြီး သစ္စာဆိုခိုင်းခဲ့တယ်။
သစ္စာဆိုပြီးတာနဲ့ အောင်မြတ်သာလဲ သိမ်းယူထားတဲ့ လက်အိတ်ကိုပြန်ပေးလိုက်တဲ့အချိန် ဝါးတောအစပ်မှာကာရံထားတဲ့ ကွန်ယက်တွေက သူ့အလိုလိုပျောက်ကွယ်သွားကာ လူသွားလမ်းတစ်ခုပေါ်လာခဲ့တယ်။
အောင်မြတ်သာတို့လဲ သူတို့ကတိအတိုင်း အဖိုးအိုနဲ့ သူ့တပည့်ကိုခေါ်ကာ ဟောင်သဇာတော ထဲကနေပြန်ထွက်လာခဲ့ရာ ညနေစောင်းလောက်ရောက်တော့ တောအစပ်တစ်နေရာကိုရောက်ရှိ ခဲ့ကြတယ်။ တောစပ်ရောက်တော့ အဖိုးအိုနဲ့သူ့တပည့်ရဲ့ကျောပြင်မှာထိုးထားတဲ့ ဂဠုန်ရုပ်နေရာကို သုံးကွက်အင်းစာရွက်နဲ့ သုံးချက်ရိုက်လိုက်ရင်ပဲ အချိန်မဟုတ်အခါမဟုတ် လေပြင်းတွေ ထိုးကျလာခဲ့ ပြီး အဖိုးအိုရော သူ့တပည့်ပါသတိလစ်သွားခဲ့တယ်။ အောင်မြတ်သာတို့လဲ အဖိုးအိုတို့သတိလစ် တာနဲ့ ချက်ချင်းဆိုသလို နေရာကနေစွန့်ခွာခဲ့ပြီး အခြားနေရာတစ်ခုကို ခရီးဆက်ခဲ့ကြတယ်။လမ်းတစ်ဝက် ကျိုးတော့ တောက်ရက
“ဆရာ ခုနက ချက်ချင်းဆိုသလို လေပြင်းတွေတိုက်လာတာ ထူးဆန်းမနေဘူးလား”လို့ မေးလိုက်တော့ အောင်မြတ်သာက
“သူတို့ကိုလိုက်ရှာနေတဲ့ ဂိုဏ်းစောင့်တွေ လာတဲ့အချိန်မို့လို့ လေပြင်းတိုက်တာပါ အခြားကိစ္စ တော့မရှိပါဘူး”လို့ပြောကာ ရှေ့ကိုထွက်သွားခဲ့တယ်။
သက်ခိုင်နဲ့တောက်ရလဲ လက်အိတ်နီဝတ်ထားတဲ့ဇော်ဂျီရဲ့ ကောင်းမှုကြောင့် အနည်းငယ် နာနေတဲ့ ခြေထောက်ကိုမကာ အောင်မြတ်သာအနောက်ကို လိုက်သွားခဲ့ကြတယ်။
များမကြာမီမှာတော့ ဟောင်သဇာတောကနေ ပြန်ထွက်လာခဲ့ကြတဲ့ ဦးရွှေမှိုင်းက အငူမော် မှာစေတီမတည်တော့ပဲ လူသူအရောက်ပေါက်နည်းတဲ့ ကုသိတောင်ပေါ်မှာ ဂိုဏ်းစေတီတစ်ဆူ တည်ထားပူဇော်ခဲ့တယ်။
စေတီထီးတင်ပွဲကိုတော့ အောင်မြတ်သာတို့ဆရာတပည့်တွေ လာရောက်ခဲ့ကြပြီး ကုသိတောင်ပေါ်မှာပင် နောက်ထပ်အမှုကိစ္စတစ်ခုကို လက်ခံခဲ့ရသေးတယ်။ ‌အောင်မြတ်သာတို့ လက်ခံခဲ့တဲ့ အမှုကိစ္စဆိုတာ ဘာများဖြစ်မလဲဆိုတာကိုတာ့ အောင်မြတ်သာနှင့် နတ်ဖွက်ထားသောမိန်းမပျိုဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

#ညမဖတ်ရ 

ေအာင္ျမတ္သာႏွင့္ကြၽန္းျပန္ႀကီးေ႐ႊမႈိင္း

ေနေပ်ာက္မထိုးေလာက္ေအာင္ ယွက္ထိုးႀကီးထြားေနၾကတဲ့ သစ္ပင္ႀကီးငယ္တို႔ရဲ႕အရိပ္ ေအာက္မွာ ေဟာင္သဇာေတာႀကီးက ေအးခ်မ္းကာတိတ္ဆိတ္ၿငိမ္သက္ေနခဲ့တယ္။ ေတာေကာင္ ငယ္ေလးေတြရဲ႕ ေအာ္ျမည္သံ၊ ေတာေကာင္ႀကီးတို႔ရဲ႕ မာန္ဖီသံေတြအျပင္ သဘာဝ အတိုင္းေအာ္ျမည္ေနၾကတဲ့ ေက်းငွက္သာရကာတို႔ရဲ႕အသံေတြ ႀကီးစိုးေနတဲ့ ေဟာင္သဇာေတာ ထဲမွာေတာ့ တစ္ကိုယ္လုံးညစ္ပတ္ေပေရေနတဲ့ လူသားႏွစ္ဦးေရာက္ရွိေနခဲ့ၾကတယ္။
သူတို႔ႏွစ္ဦးကေတာ့ ဒီေတာက သူတို႔ေနတဲ့ေနရာ၊ ဒီေတာမွာပဲ သူတို႔ႀကီးျပင္းခဲ့ၾကတယ္ဆိုၿပီး ေတြးထင္ေနခဲ့ၾကတယ္။ ေတာထဲမွာ အေလ့က်ေပါက္ေရာက္ေနတဲ့ သစ္သီးသစ္ဖုေတြကို ရွာ‌ေဖြ စားေသာက္ၿပီး လအတန္ၾကာေနလာခဲ့ရေတာ့ မညႇပ္မျပဳပဲထားထားတဲ့ ဆံပင္ေတြက ေက်ာလယ္ ေလာက္ကိုရွည္က်ေနၿပီး ေခ်းအထပ္ထပ္ျဖစ္ေနတဲ့ လက္သည္းေျခသည္းေတြနဲ႔ လူႏွစ္ေယာက္ကို သာမန္သူေတြျမင္ရင္ သရဲတေစၦေတြလို႔ထင္မိၿပီး ထြက္ေျပးၾကမွာ အေသအခ်ာပါပဲ။
ေတာထဲမွာ ေနထိုင္ၾကတဲ့ နာနာဘာဝေတြနဲ႔ အျခားနတ္ဆိုးေတြကေတာ့ ဘယ္ကမွန္းမသိပဲ ႐ုတ္တရက္ေရာက္လာၾကတဲ့ လူႏွစ္ေယာက္ကို သူတို႔ပိုင္နက္ထဲကေန ေမာင္းထုတ္ၾကဖို႔ နည္းလမ္း မ်ိဳးစုံသုံးခဲ့ၾကေပမယ့္ ထိုလူႏွစ္ေယာက္ရဲ႕ကိုယ္ထဲမွာ သူတို႔ကိုယ္တိုင္မသိပဲတည္ရွိေနတဲ့ ပညာအခံ ေတြေၾကာင့္ အနားကိုမကပ္ႏိုင္ခဲ့ဘူး။ ဒါေပမယ့္ လက္မေလ်ာ့ပဲ ကိုယ္ခံပညာေလ်ာ့ပါးေအာင္ ျပဳလုပ္ၿပီး ေျခာက္လွန႔္ေမာင္းထုတ္ဖို႔ အစဥ္တစိုက္အားထုတ္ေနခဲ့ၾကတယ္။
တစ္ရက္မွာေတာ့ ေဟာင္သဇာေတာတစ္ခုလုံး အမ်ိဳးအမည္မသိတဲ့ အေမႊးရနံ႔ေတြလႊင့္ပ်ံ႕ ေနခဲ့တယ္။ လူႏွစ္ဦးကေတာ့ တစ္ခါမွမရဘူးတဲ့ ရနံ႔ေတြေၾကာင့္ စိတ္ထဲမွာကိန္းဝပ္ေနတဲ့ ေပ်ာ္႐ႊင္မႈ ကိုအနည္းငယ္စတင္ခံစားလာခဲ့ရတယ္။
“ အဘ ဒီေန႔ ေတာထဲမွာ အရမ္းေမႊးႀကိဳင္ေနပါလား “
“ ဟုတ္တယ္လူေလး ငါလဲ ဒီေန႔ထူးဆန္းေနတယ္လို႔ခံစားေနမိတာ စိတ္ထဲမွာလဲ လန္းဆန္း တက္ႂကြေနတယ္”
မေန႔ရွာထားတဲ့ ငွက္ေပ်ာသီးတစ္ဖီးကို ႏွစ္ေယာက္ေဝမွ်စားရင္း စကားစျမည္ေျပာေနတဲ့ အခ်ိန္ ေတာတြင္းေနရာအခ်ိဳ႕က သီခ်င္းဆိုသံ သဲ့သဲ့တစ္ခုကို ၾကားလိုက္ရတယ္။
“ အဘ ၾကားရလား မိန္းကေလးတစ္ေယာက္ သီခ်င္းဆိုေနသလိုပဲ”
လူငယ္ရဲ႕စကားေၾကာင့္ အဖိုးအိုက အသံၾကားရာဘက္ကို နားစြင့္လိုက္ၿပီး
“ အလြန္ကိုခ်ိဳသာႏူးညံ့တဲ့အသံပါလား ဒီလိုေတာထဲမွာ ဘယ္မိန္းကေလးက သီခ်င္းဆိုေနတာပါလဲ”
“ ဘယ္သူမွန္းသိရေအာင္ အသံၾကားရာဘက္ကို သြားၾကည့္ၾကရေအာင္အဘ လူတစ္ဦး တစ္ေယာက္ေလာက္ေတြ႕ရရင္ က်ဳပ္တို႔အျပင္ကိုသြားလို႔ရႏိုင္ေလာက္တယ္”
အဖိုးအိုလဲ လူငယ္ရဲ႕စကားကိုၾကားေတာ့ ေခါင္းတစ္ဆတ္ဆတ္ညိမ့္လိုက္ၿပီး
“ လူေလးေျပာတာျဖစ္ႏိုင္တယ္ ငါတို႔အသံၾကားရာဘက္ကို သြားၾကည့္ရေအာင္” လို႔ေျပာကာ အသံၾကားရာဘက္ကိုထြက္လာခဲ့လိုက္တယ္။
ေအးျမခ်ိဳလြင္ေနတဲ့အသံက သာမန္လူႏွစ္ဦးရဲ႕စိတ္ကို အတိုင္းတာတစ္ခုထိစြဲေဆာင္ထားႏိုင္ ၿပီး လိုခ်င္တဲ့ေနရာထိေရာက္ေအာင္ ေခၚေဆာင္ႏိုင္ခဲ့တယ္။ လူႏွစ္ဦးကလဲ အသံၾကားရာဘက္ကို တိုးရင္းတိုးရင္း ေတာနက္ထဲကို ေရာက္လို႔ေရာက္မွန္းမသိ ဝင္လာခဲ့ၾကတယ္။
“ အဘ ဟိုးမွာၾကည့္လိုက္ပါဦး က်ဳပ္တို႔မ်က္လုံးမ်ားမွားေနသလား”
အဖိုးအိုလဲ လူငယ္ၫႊန္ျပတဲ့ေနရာကိုၾကည့္လိုက္ေတာ့ ပ်ိဳျမစ္ႏုနယ္ၿပီးအျပစ္ေျပာစရာမရွိ ေလာက္ေအာင္ ေခ်ာေမာလွပတဲ့ မိန္းမပ်ိဳးငါးေယာက္က ေညာင္မုတ္ဆိတ္ေတြကို ဒန္းလိုတြယ္စီးၿပီး သံစဥ္တစ္ခုကို ညီးတြားသီဆိုေနတာျမင္လိုက္ရတယ္။
“ အို အရမ္းကိုလွပတဲ့နတ္သမီးေလးေတြပါလား”
အသိလြတ္ထြက္သြားတဲ့အဖိုးအိုရဲ႕စကားသံကိုၾကားလိုက္ရတဲ့ မိန္းကေလးေတြက တခစ္ခစ္ ရယ္လိုက္ၾကၿပီး
“ အဲလိုခိုးၾကည့္ၿပီး မခ်ီးက်ဴးရဘူးေလ ခစ္ခစ္”
မခို႔တ႐ို႕နဲ႔ညိဳ႕ဓါတ္ပါတဲ့စကားသံေၾကာင့္ အဖိုးအိုနဲ႔ လူငယ္ရဲ႕ မ်က္ႏွာမွာ အၿပဳံးရိပ္ေတြ ေပၚလာၿပီး
“ ဒီလို မိန္းကေလးေတြပဲရွိတဲ့ေနရာကို အဘတို႔ေယာက်ၤားသားေတြဘယ္လိုလာလို႔ သင့္ေတာ္ပါ့မလဲ”
“ ခစ္ခစ္ ေမာင္ႀကီးကေတာ့ စကားအရမ္းေျပာတတ္တာပဲ ဒီေနရာက သူဇာတို႔ညီအစ္မေတြ မၾကာခဏဆိုသလို လာေလ့ရွိတယ္ “
မိန္းမပ်ိဳေလးေတြရဲ႕ညဳတုတုစကားသံေၾကာင့္ အဖိုးအိုကရယ္လိုက္ၿပီး
“ အဲေလာက္လဲမဟုတ္ပါဘူး ငါ့သမီးေတြရဲ႕သီခ်င္းဆိုသံကိုၾကားလိုက္ထဲက ဘယ္သူမ်ား ဆိုေနတာလဲဆိုတာ အရမ္းသိခ်င္လို႔လိုက္ရွာခဲ့မိတာ”
“ ဟုတ္လို႔လား သီခ်င္းဆိုသံကိုပဲနားေထာင္ခ်င္ေနတာလား “
“ ဟုတ္တာေပါ့ကြယ္ သမီးတို႔ဆိုတဲ့အသံက အရမ္းကိုနားဝင္ခ်ိဳတာပဲ ဒါနဲ႔ သမီးတို႔က ဘယ္မွာေနၾကတာလဲ”
“ ေအာ္ သမီးတို႔က ဟိုးဘက္က ႐ြာမွာေနၾကတာ ေမာင္ႀကီးတို႔လာလည္မယ္ဆိုရင္ ႐ြာကလူေတြအရမ္းေပ်ာ္ၾကမွာ အခုေတာ့ ႐ြာကယူလာတဲ့ မုန႔္ေတြအရင္စားလိုက္ၾကပါဦး”
မိန္းမပ်ိဳေလးေတြက ေဖာ္ေ႐ႊစြာနဲ႔ အသင့္ပါလာတဲ့မုန႔္နဲ႔သစ္သီးေဖ်ာ္ရည္ေတြကို အဖိုးအိုနဲ႔ လူငယ္ကို ခ်ေကြၽးလိုက္ၾကတယ္။ အဖိုးအိုနဲ႔လူငယ္လဲ မိန္းမပ်ိဳေလးေတြခ်ေကြၽးတဲ့ အစားအေသာက္ေတြကို စားၿပီး ေခါင္းထဲမွာ တစ္ရိပ္ရိပ္နဲ႔မူးလာခဲ့တယ္။
“ ခစ္ခစ္ခစ္ ဒီကေမာင္ႀကီးရဲ႕ ဆံပင္ေတြက ျဖဴေဖြးေနတာဆိုေတာ့ ေမာင္ႀကီးျဖဴလို႔ေခၚမယ္ေနာ္”
ညိဳ႕အားျပင္းတဲ့စကားသံရဲ႕အဆုံးမွာ အဖိုးအိုက
“က်ဳပ္ကအသက္ႀကီးေနပါၿပီ ဘယ္က ေမာင္ႀကီးရမွာလဲ”
“ အဟက္အဟက္ အသက္ကထင္သေလာက္မႀကီးေသးပါဘူး ဆံပင္ေလးအနည္းငယ္ျဖဴတာ ေလးပဲရွိတာပါေနာ္”
“ ဟားဟားဟား ဒါဆိုလဲ ႀကိဳက္သလိုသာေခၚၾကပါေတာ့”
အဖိုးအိုနဲ႔လူငယ္လဲ မိန္းမပ်ိဳေလးေတြရဲ႕ အျပဳအစုအယုအယေအာက္မွာ မိန္းေမာရင္း ကေစာ္ ေဖာက္ထားတဲ့သစ္သီေဖ်ာ္ရည္ေတြကို ေသာက္သုံးလိုက္တဲ့အခ်ိန္မွာပဲ ကိုယ္ထဲမွာရွိေနတဲ့ ပညာေစာင့္ပုဂၢိဳလ္ေတြက အဖိုးအိုနဲ႔လူငယ္ကို ဖယ္ၾကဥ္ကာ ထြက္သြားခဲ့ၾကတယ္။
အဖိုးအိုနဲ႔လူငယ္လဲ ေခါင္းထဲမွာရစ္မူးကာ အေရွ႕မွာကခုန္ေနတဲ့ မိန္းမပ်ိဳ‌ေလးေတြကိုၾကည့္ ေနရင္းၾကည့္ေနရင္း အလြန္ေခ်ာေမာလွပတဲ့ မိန္းမပ်ိဳေတြကေန ပါးရည္ေတြတြဲက်ၿပီး အသားနီလန္ကာ အစြယ္တစ္ေငါေငါျဖစ္ေနတဲ့ နာနာဘာဝေတြအျဖစ္ ေျပာင္းလဲသြားတာကို ျမင္လိုက္ရတယ္။
အဖိုးအိုနဲ႔လူငယ္လဲ ထေျပးဖို႔ျပင္လိုက္ေပမယ့္ ကေစာ္ေဖာက္ထားတဲ့သစ္သီးေဖ်ာ္ရည္ ေတြရဲ႕အစြမ္းေၾကာင့္ မထႏိုင္ပဲမူးယစ္ေနတဲ့အခ်ိန္ ပတ္ဝန္းက်င္ကေန ေလွာင္ရယ္တဲ့အသံေတြ ထြက္ေပၚလာခဲ့တယ္။
“ မင္းတို႔ကိုယ္မွာရွိတဲ့ ပညာေစာင့္ေတြ မရွိေတာ့ဘူး အခုေတာ့ဘာတတ္ႏိုင္ေသးလဲ အထက္လမ္းဆရာေတြရဲ႕အသားကို ငါ့တပည့္သားသမီးေတြစားသုံးရေတာ့မယ္ ဟားဟားဟား”
အဖိုးအိုလဲ မထႏိုင္တဲ့ၾကားက အသံၾကားရာဘက္ကိုၾကည့္လိုက္ေတာ့ အနက္ေရာက္ ခေမာက္ကို‌ေဆာင္းထားၿပီး တစ္ကိုယ္လုံးအဖုအထစ္ေတြနဲ႔ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ နာနာဘာဝ တစ္ေကာင္ကိုေတြ႕လိုက္ရတယ္။
“ မင္း မင္း ကဘယ္သူလဲ ငါတို႔ဘာလုပ္မိလို႔ “
အဖိုးအိုက စကားကိုဆုံးေအာင္မေျပာႏိုင္ပဲ မူးလဲက်သြားတဲ့အခ်ိန္
“ ဟားဟားဟား ငါက ေဟာင္သဇာေတာအေနာက္ဘက္ျခမ္းကို အပိုင္စားရထားတဲ့ ဘီလူးမဲေက်ာ္တဲ့ေဟ့ နင္တို႔ရဲ႕အသားဘယ္ေလာက္ခ်ိဳလဲ ငါအရင္ျမည္းမယ္”လို႔ႀကဳံးဝါးၿပီး အဖိုးအိုရဲ႕ လည္ၿမိဳကို ခ်ိဳးဖို႔႐ြယ္လိုက္တဲ့အခ်ိန္ ေဟာင္သဇာေတာရဲ႕အေရွ႕ဘက္အရပ္ကေန
“ ႐ႊီး”ဆိုတဲ့အသံတစ္ခုထြက္လာခဲ့တယ္။
ဘီလူးမဲေက်ာ္က အသံၾကားရာဘက္ကိုၾကည့္လိုက္ေတာ့ ေကာင္းကင္ထက္ကေန ပ်ံလာတဲ့ ေ႐ႊေရာင္ေၾကးျပားတစ္ခ်ပ္ကိုျမင္လိုက္ရတယ္။ ေ႐ႊေရာင္ေၾကးျပားေလးက ေလေပၚမွာသုံးပတ္ပ်ံ ဝဲၿပီး အဖိုးအိုနဲ႔လူငယ္ရဲ႕ခႏၶာကိုယ္ရွိတဲ့အေပၚမွာရပ္သြားၿပီး အထဲကေန ပါးလႊာၿပီးေ႐ႊေရာင္ေတာက္ ေနတဲ့ ပင့္ကူမွ်င္လိုပိုက္ကြန္ေတြ ျဖန႔္က်လာခဲ့တယ္။
ပိုက္ကြန္ေတြက အဖိုးအိုနဲ႔လူငယ္ရဲ႕ ခႏၶာကိုယ္တစ္ခုလုံးကို ဖုံးအုပ္သြားတဲ့အခ်ိန္မွာေတာ့ မလွမ္းမကမ္းမွာေပါက္ေနတဲ့ ေညာင္မုတ္ဆိတ္ပင္ေနာက္ကေန လူသုံးေယာက္ထြက္လာခဲ့တယ္။
ဘီလူးမဲေက်ာ္ကေတာ့ စားရကံႀကဳံခါနီး ထြက္ေပၚလာတဲ့လူသုံးေယာက္ကိုျမင္ေတာ့ ‌ေဒါသူပုန္ထၿပီး
“ နင္တို႔က ဘယ္သူလဲ ငါ့ခြင့္ျပဳခ်က္မရပဲ ဒီေနရာကိုဘယ္လိုေရာက္လာခဲ့တာလဲ”လို႔ေျပာ လိုက္တာ့ ေညာင္ပင္ေဘးမွာရပ္ေနတဲ့ လူသုံးေယာက္ထဲက ဆံပင္ကိုအေနာက္ကိုလွန္ၿပီး က်နစြာ စည္းထားတဲ့လူငယ္က
“လူေကာင္းေတြကို မေကာင္းမႈျပဳတဲ့သူေတြဆီကေနလာေခၚတာ ဘယ္သူ႔ဆီကခြင့္ျပဳခ်က္ ေတာင္းေနရဦးမွာလဲ”
“ အဟက္အဟက္ နင္တို႔လာေခၚတဲ့သူေတြက သာမန္လူတစ္ေယာက္လို ျဖစ္သြားၿပီ သူတို႔ကိုေခၚမယ္ဆိုရင္ ဒီေတာနက္ႀကီးထဲကေန သာမန္လူေတြသြားတဲ့လမ္းအတိုင္းသာသြားလို႔ ရေတာ့မယ္ နင္တို႔ကဘယ္လိုအစြမ္းေတြသုံးၿပီး ဒီေနရာကိုေရာက္လာလဲမသိေပမယ့္ ဒီလူေတြကို ေခၚၿပီးျပန္မယ္ဆိုရင္ ငါတို႔လက္ကလႊတ္ေအာင္ေခၚပါ ေတာလမ္းတစ္ေလ်ာက္မွာ ဒီလူႏွစ္ေယာက္ရဲ႕ အသက္အႏၲရာယ္ကိုနင္တို႔ေစာင့္ေရွာက္ႏိုင္ပါေစ”
“ ငါတို႔တာဝန္က ဒီလူႏွစ္ေယာက္ကို ‌ေဘးအႏၲရာယ္ကင္းကင္းနဲ႔ေခၚသြားဖို႔ပဲ ဒါေၾကာင့္ သင္တို႔ဘယ္လိုေႏွာင့္ယွက္ဟန႔္တားပါေစ ငါတို႔ကေတာ့ လမ္းဆုံးတဲ့ထိေခၚသြားေပးမွာပါ”
ေအာင္ျမတ္သာက ဘီလူးမဲေက်ာ္ကိုၾကည့္ၿပီး ေလသံေအးေအးျဖင့္ေျပာကာ မူးလဲေနတဲ့ လူႏွစ္ေယာက္ကိုေခၚဖို႔ျပင္လိုက္တဲ့အခ်ိန္
“ ဟိတ္ ရပ္လိုက္စမ္း နင္တို႔ကဝင္ခ်င္သလိုဝင္ၿပီး ထြက္ခ်င္တိုင္းထြက္လို႔ရမယ္ထင္ေန တာလား”
“ ကဲ ဒါျဖင့္ က်ဳပ္တို႔ဘယ္လိုလုပ္မွ ဒီလူေတြကို ေခၚသြားလို႔ရမွာလဲ”
“ နင္တို႔ေခၚသြားခ်င္ရင္ ငါ့ကိုႏိုင္ေအာင္အရင္တိုက္ပါ နင္တို႔ႏိုင္ရင္ ဒီလူႏွစ္ေယာက္ကို ေခၚသြားခြင့္ေပးမယ္ နင္တို႔ရႈံးရင္ေတာ့ လာရာလမ္းအတိုင္းျပန္ရမယ္”
ဘီလူးမဲေက်ာ္ရဲ႕စိန္ေခၚသံကိုၾကားေတာ့ ေအာင္ျမတ္သာက ေလတိုက္လို႔မ်က္ခမ္းစပ္ေပၚ ထိုးက်လာတဲ့ ဆံပင္စေတြကို နားထင္ၾကားထဲကိုဆြဲထည့္လိုက္ၿပီး
“ ေကာင္းၿပီေလ သင္သေဘာအတိုင္းက်ဳပ္တို႔လုပ္ေပးပ့ါမယ္ က်ဳပ္တို႔က အားနည္းတဲ့သူကို အႏိုင္မယူတတ္တဲ့လူမ်ိဳးေတြဆိုေတာ့ သင္ကပဲအရင္စလိုက္ပါ”လို႔ေျပာၿပီး လက္ကိုအေနာက္ပစ္ကာ ရပ္ေနခဲ့တယ္။
ဘီလူးမဲေက်ာ္ကလဲ ေအာင္ျမတ္သာတို႔ကိုမတိုက္ခင္ သူ႔ရဲ႕ႀကီးမားတဲ့ညာေျခေထာက္ကို ေျမႀကီးေပၚကိုေဆာင့္ခ်လိုက္တယ္ဆိုရင္ပဲ ဘီလူးမဲေက်ာ္ရဲ႕ကိုယ္ခႏၶာက ေလထိုးထည့္လိုက္သလို တစ္ေျဖးေျဖးႀကီးထြားလာခဲ့ၿပီး ေဘးမွာေပါက္ေနတဲ့ ေညာင္မုတ္ဆိတ္ပင္အ႐ြယ္အစားေလာက္ ျဖစ္သြားခဲ့တယ္။
ေအာင္ျမတ္သာကေတာ့ အဆမတန္ႀကီးမားသြားတဲ့ ဘီလူးမဲေက်ာ္ကို တစ္ခ်က္မွ်သာ ေမာ့ၾကည့္လိုက္ၿပီး ေအးတိေအးစက္အေနအထားနဲ႔ ရပ္ေနခဲ့တယ္။ဘီလူးမဲေက်ာ္လဲ သူ႔ကို တစ္ခ်က္မွ ေၾကာက္ဟန္မျပတဲ့ေအာင္ျမတ္သာကိုျမင္ေတာ့ ေဒါသေတြအလိပ္လိုက္တက္လာခဲ့ၿပီး ေဘးမွာေပါက္ေနတဲ့ သရက္ပင္ပ်ိဳတစ္ပင္ကို ဆြဲႏႈတ္ကာ ႐ိုက္ခ်ပါေလေရာ။
“ဝုန္း”ဆိုတဲ့အသံနဲ႔အတူ သရက္ပင္အျမစ္က ေအာင္ျမတ္သာနဲ႔ထိၿပီး ေျမစာခဲေတြ ဖြာထြက္လာခဲ့တယ္။
ေဘးမွာရပ္ေနတဲ့ သက္ခိုင္နဲ႔ေတာက္ရကေတာ့ လြင့္ထြက္လာတဲ့ ေျမစာခဲေတြမထိေအာင္ ေဘးလြတ္ရာကိုေရွာင္ၿပီးၾကည့္လိုက္ေတာ့ ေျမစာခဲေတြေဘးမွာ မလႈပ္မယွက္ရပ္ေနတဲ့ ေအာင္ျမတ္သာကိုျမင္လိုက္ရတယ္။
ဘီလူးမဲေက်ာ္ကလဲ သူ႐ိုက္လိုက္တဲ့အခ်ိန္ သရက္ပင္အျမစ္နဲ႔ထိၿပီး စိစိညက္ညက္ေက်ၿပီ အထင္နဲ႔ၾကည့္လိုက္ေတာ့ ေယာဂီအက်ႌေပၚမွာဖုန္မႈန႔္တစ္စမွ်ပင္မကပ္ပဲ ရပ္ၿမဲရပ္ေနတဲ့ ေအာင္ျမတ္သာကိုျမင္လိုက္ရတဲ့အခါ အံ့ၾသသြားၿပီး ေနာက္ထပ္႐ိုက္ခ်က္ေတြဆင့္ကဲ့ဆင့္ကဲဆိုသလို ႐ိုက္ပါေလေရာ။
ေအာင္ျမတ္သာကေတာ့ ရပ္ၿမဲတိုင္းရပ္ေနေပမယ့္ ဘီလူးမဲေက်ာ္႐ိုက္လိုက္တဲ့ ႐ိုက္ခ်က္ေတြကသာ ေဘးကိုေခ်ာ္ၿပီး သြားထိေနခဲ့တယ္။ အခ်က္ေပါင္းမ်ားစြာ႐ိုက္ၿပီးတဲ့အခ်ိန္ထိ ေအာင္ျမတ္သာကိုျမဴတစ္မႈန္မွ်ေတာင္မထိတာကို သိသြားတဲ့ဘီလူးမဲေက်ာ္က
“နင္က ဒီေလာက္ေတာင္စြမ္းေနမွေတာ့ စိစိညက္ညက္ေက်ေအာင္ ငါလက္နဲ႔ညႇစ္သတ္မယ္ ေဟ့”လို႔ႀကိမ္းဝါးၿပီး ေအာင္ျမတ္သာကိုႀကီးမားတဲ့လက္နဲ႔ ဆြဲယူလိုက္တယ္။ဒီတစ္ခါမွာေတာ့ ေအာင္ျမတ္သာက ဘီလူးမဲေက်ာ္ရဲ႕လက္ထဲမွာပါသြားခဲ့တယ္။
“ ဟီးဟီးဟားဟား အဟက္အဟက္ ဒီတစ္ခါေတာ့နင္ငါ့လက္ကလြတ္႐ိုးလား နင္ေျပးလို႔ ႏိုင္ရင္ ဒီတစ္ခါငါ့လက္ထဲက လြတ္‌ေအာင္႐ုန္းၿပီးေျပးစမ္း”လို႔ေျပာကာ လက္ႏွစ္ ဘက္နဲ႔အုပ္ၿပီးညႇစ္ခ်လိုက္တယ္”
“ဂြၽတ္ ဂြၽတ္ ဂဂြၽတ္”
ႀကီးမားတဲ့လက္အုပ္နဲ႔ဖ်စ္ညႇစ္ခံလိုက္ရတဲ့အခ်ိန္ အ႐ိုးက်ိဳးေၾကသံေတြက တိတ္ဆိတ္ေနတဲ့ ေတာထဲမွာ က်ယ္ေလာင္စြာထြက္ေပၚလာခဲ့တယ္။ သက္ခိုင္နဲ႔ေတာက္ရတို႔က ေအာင္ျမတ္သာရဲ႕ အစြမ္းကိုယုံၾကည္ေပမယ့္ ဒီတစ္ခါမ်က္လုံးေရွ႕မွာတင္ ညႇစ္ေခ်ခံထိတာျမင္ေတာ့ စိတ္အနည္းငယ္ ပူသြားၿပီး အေျခအေနကိုေစာင့္ၾကည့္ေနခဲ့ၾကတယ္။
ဘီလူးမဲေက်ာ္က လက္ထဲမွာေျခမြလိုက္တဲ့ ေအာင္ျမတ္သာရဲ႕ခႏၶာကိုယ္ကို ဂုဏ္ယူစြာနဲ႔ ေျမႀကီးေပၚပစ္ခ်လိုက္တဲ့အခ်ိန္ က်လာတဲ့အရာေတြက ခႏၶာကိုယ္အစိတ္အပိုင္းေတြမဟုတ္ပဲ က်ိဳးေၾကေနတဲ့သစ္ကိုင္းေျခာက္ေတြျဖစ္ေနတာကို ျမင္လိုက္ရတယ္။
အဲဒီအခ်ိန္ မလွမ္းကမ္းမွာေပါက္ေနတဲ့ အုန္းနဲပင္အေနာက္ကေန ေအာင္ျမတ္သာထြက္လာခဲ့ၿပီး
“ သင္က်ဳပ္ကိုသတ္ႏိုင္မယ့္အစြမ္းအစမရွိေသးပါဘူး ဘယ္လိုလဲသင္လက္ေလ်ာ့သြားၿပီလား” လို႔ေမးလိုက္ေတာ့ ဘီလူးမဲေက်ာ္က သူ႔ကိုတပည့္ေတြအေရွ႕မွာ အရွက္ခြဲရေကာင္းမလားဆိုၿပီး ေအာင္ျမတ္သာရဲ႕ခႏၶာကိုယ္ကို ေနာက္ထပ္တစ္ႀကိမ္ဖမ္းယူဖို႔ ႐ြယ္လိုက္တဲ့အခ်ိန္မွာေတာ့ ေအာင္ျမတ္သာက ခႏၶာကိုယ္ကို ေဘးကိုယိုင္လိုက္ၿပီး က်လာတဲ့လက္ကို ညာဘက္လက္နဲ႔ အသာယာပုတ္ထုတ္လိုက္တယ္။
ေအာင္ျမတ္သာက အသာယာပုတ္ထုတ္လိုက္ေပမယ့္ ေညာင္ပင္တစ္ပင္စာႀကီးမားတဲ့ ကိုယ္ခႏၶာရွိတဲ့ဘီလူးမဲေက်ာ္ကေတာ့ အေနာက္ကိုေပႏွစ္ဆယ္ခန႔္လြင့္ထြက္သြားခဲ့တယ္။
“ ဒုန္း ဝုန္း ဝုန္း” ဆိုတဲ့အသံနဲ႔အတူ လြင့္ထြက္သြားတဲ့လမ္းတစ္ေလ်ာက္မွာ ေပါက္ေနတဲ့ သစ္ပင္ေတြအကုန္ ၿပိဳလဲက်ကုန္တယ္။ ဒီတစ္ခါမွာေတာ့ ဘီလူးမဲေက်ာ္ကိုယ္တိုင္ လန႔္ျဖန႔္သြားေပမယ့္ စိတ္ကိုတင္းၿပီး ျပန္ထတဲ့အခ်ိန္မွာေတာ့ လက္ႏွစ္ဖက္က ေျမႀကီးကေနခြာမရေတာ့တာကို သတိထားမိလိုက္တယ္။
ဘီလူးမဲေက်ာ္လဲ လႈပ္မရတဲ့လက္ကို ငုံ႔ၾကည့္လိုက္တဲ့အခ်ိန္ ေျမႀကီးေပၚမွာက်ေနတဲ့ ေၾကးျပားေလးႏွစ္ျပားဆီကေန ေ႐ႊေရာင္ေၾကးႀကိဳးမွ်င္ေလးေတြထြက္လာၿပီး ဘီလူးမဲေက်ာ္ရဲ႕ လက္ႏွစ္ဖက္ကို ရစ္ပတ္ထားတာကိုျမင္လိုက္ရတယ္။
ဘီလူးမဲေက်ာ္လဲ အားကုန္သုံးၿပီး ႐ုန္းေပမယ့္ ေၾကးႀကိဳးမွ်င္ေလးေတြက ႐ုန္းေလေလ အသားထဲကိုနစ္ဝင္ေလေလျဖစ္လာၿပီး နစ္ဝင္ေနတဲ့ေနရာကေန ညိဳပုတ္ပုတ္အေရာင္ ေသြးေတြ စီးက်လာခဲ့တယ္။ဘီလူးနက္ေက်ာ္လဲ လက္ကိုလႈပ္မရေတာ့ လႈပ္လို႔ရေသးတဲ့ ေျခေထာက္ကို အားယူကာ ေၾကးႀကိဳးမွ်င္ေလးေတြဒဏ္ကေန လြတ္ေအာင္႐ုန္းဖို႔ ႀကိဳးစားဟန္ျပင္လိုက္တဲ့အခ်ိန္ ေၾကးျပားေလးကေန ထပ္ထြက္လာတဲ့ ႀကိဳးမွ်င္ေတြက ေျခေထာက္အစုံကို လႈပ္မရေအာင္ ထပ္မံ ရစ္ပတ္ထားခဲ့ျပန္တယ္။
ဘီလူးမဲေက်ာ္အျဖစ္ကို ျမင္လိုက္ရတဲ့ နာနာဘာဝ‌ေတြကေတာ့ အေျခအေနမေကာင္းဘူး ဆိုတာသိတဲ့အတြက္ ေျခဦးတည့္ရာဘက္ကို ဝ႐ုန္းသုန္းကားထြက္ေျပးသြားခဲ့ၾကတယ္။ ေအာင္ျမတ္သာလဲ ဘီလူးမဲေက်ာ္လႈပ္မရေလာက္တဲ့အေျခအေနမွ အုန္းႏွဲပင္ေအာက္ကေန လမ္းေလ်ာက္လာၿပီး
“သင္အရႈံးေပးၿပီလား ဒါမဟုတ္ သင့္ေျခေတြလက္ေတြျပတ္ေတာက္တာ ခံခ်င္တာလား” လို႔ေမးလိုက္ေတာ့ ဘီလူးမဲေက်ာ္က ေခါင္းကိုေအာက္စိုက္ခ်လိုက္ၿပီး
“ငါအရႈံးေပးတယ္ သင္တို႔က်ဳပ္ပိုင္နက္ထဲကေန ဒီလူႏွစ္ေယာက္ကိုေခၚၿပီး သြားၾကပါ က်ဳပ္ပိုင္နက္ေက်ာ္ရင္ေတာ့ ဒီလူႏွစ္ေယာက္ရဲ႕အသက္ကို က်ဳပ္အာမမခံဘူး”လို႔ေျပာလိုက္ေတာ့ ေအာင္ျမတ္သာက
“သင့္ပိုင္နက္ေက်ာ္ၿပီးရင္ ဘယ္သူပိုင္တဲ့နယ္ေျမရွိေသးလဲ”
“က်ဳပ္ပိုင္နက္တစ္ယူဇနာေက်ာ္ရင္ ေဇာ္ဂ်ီဖိုးလုံးေနတဲ့ ေျမျပန႔္တစ္ခုရွိတယ္ သင္တို႔ဒီကေန သြားရင္ ေျမျပန႔္ေတာကိုမျဖစ္မေနျဖတ္ရလိမ့္မယ္ သူ႔ကိုေတာ့ သင္တို႔ႏိုင္မယ္မထင္ဘူး ကဲ က်ဳပ္ကတိအတိုင္းသြားခြင့္ေပးလိုက္ၿပီဆိုေတာ့ ခ်ဳပ္ေႏွာင္ထားတာေတြ ဖယ္ေပးဦး”
ဘီလူးမဲေက်ာ္စကားေၾကာင့္ ေအာင္ျမတ္သာက ညာဘက္လက္ဝါးကိုျဖန႔္လိုက္တဲ့အခ်ိန္ ခ်ဳပ္ေႏွာင္ထားတဲ့ ေၾကးႀကိဳးမွ်င္ေလးေတြ တစ္စစီျပတ္ထြက္ကုန္ၿပီး ေျမႀကီးေပၚက်ေနတဲ့ ေၾကးျပားက လက္ဝါးေပၚျပန္ေရာက္လာခဲ့တယ္။
ဘီလူးမဲေက်ာ္လဲအခ်ဳပ္အေႏွာင္ကလြတ္တာနဲ႔ လ်င္ျမန္တဲ့အရွိန္နဲ႔ ေတာထဲကိုဝင္ေရာက္ ထြက္ေျပးသြားခဲ့တယ္။ ေအာင္ျမတ္သာတို႔လဲ မူးၿပီးလဲက်ေနတဲ့ လူႏွစ္ေယာက္ရဲ႕မ်က္ႏွာကို လြယ္အိတ္ထဲမွာပါတဲ့ ဘူးသီးေျခာက္ေရဘူးထဲကေရအနည္းငယ္နဲ႔ ပက္လိုက္တဲ့အခ်ိန္မွာေတာ့ သတိျပန္ရလာၿပီး
“ဟင္ သင္တို႔ကဘယ္သူေတြလဲ ခုနကေတြ႕တဲ့ မိန္းမပ်ိဳေလးေတြေရာ ဘယ္ေရာက္သြားၿပီလဲ”
သတိရရျခင္းေမးလိုက္တဲ့ လူငယ္ရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာက
“သင္တို႔ျမင္ေတြ႕ခဲ့ရတဲ့ မိန္းမပ်ိဳေတြက လူစင္စစ္ေတြမဟုတ္ၾကဘူး သင္တို႔ရဲ႕အသက္ကို ႏႈတ္ယူဖို႔ဟန္‌ေဆာင္ထားၾကတဲ့ နာနာဘာဝေတြပဲျဖစ္တယ္ ဒါကိုသင္တို႔က စြဲလမ္းေနရင္ေတာ့ ဒီေတာထဲကေန အျပင္ကိုဘယ္ေတာ့မွ ထြက္လို႔ရမွာမဟုတ္ဘူး”
“ဒါဆို သင္တို႔က က်ဳပ္တို႔ကိုေတာထဲကထြက္လို႔ရေအာင္လုပ္ေပးမယ့္သူေတြလား”
“ဟုတ္ပါတယ္ က်ဳပ္တို႔အခ်ိန္မီလာေခၚေပမယ့္ လမ္းခရီးမွာႀကဳံေနရတဲ့ ကိစၥတစ္ခုေၾကာင့္ အနည္းငယ္ေနာက္က်သြားတယ္ ဒါေပမယ့္သင္တို႔စိတ္မပူပါနဲ႔ ဒီေတာရဲ႕အျပင္ကိုေရာက္ေအာင္ က်ဳပ္တို႔တာဝန္ယူေခၚေဆာင္သြားေပးပါမယ္ ေခၚသြားတဲ့ေနရာမွာ သင္တို႔အေနနဲ႔ က်ဳပ္တို႔ စကားကို လုံးဝလိုက္နာရမယ္ လမ္းခရီးမွာ က်ဳပ္တို႔ကို အသိမေပးပဲ ဘာတစ္ခုမွ မလုပ္ပါနဲ႔ လုပ္ခဲ့ရင္ေတာ့ သင္တို႔ထိုက္နဲ႔သင္တို႔ကံပါပဲ”
“စိတ္ခ်ပါ က်ဳပ္တို႔အျပင္ေရာက္မယ္ဆိုရင္ သင္တို႔ေျပာသမွ်လိုက္နာပါ့မယ္”
ေအာင္ျမတ္သာတို႔လဲ အဖိုးအိုနဲ႔လူငယ္ကိုေျပာဆိုၿပီး ဘီလူးမဲေက်ာ္ပိုင္တဲ့ေနရာကေန ထြက္လာခဲ့လိုက္တယ္။

ေအာင္ျမတ္သာတို႔လဲ ေတာလမ္းခရီးကိုအတန္ၾကာ ေလ်ာက္လာၿပီးတဲ့ေနာက္မွာေတာ့ အဖိုးအိုရဲ႕ကိုယ္ထဲကေန မဲေမွာင္ေနတဲ့ကိုယ္ေရာင္ကိုယ္ဝါေတြထြက္လာေနတာကို ေအာင္ျမတ္သာ သတိထားမိလိုက္တယ္။ အဖိုးအိုကေတာ့ ဘာမွမသိတဲ့ပုံစံနဲ႔ ေတာထဲကေန အျပင္ကိုေရာက္ဖို႔ကိုသာ အားသန္ေနခဲ့တယ္။ ေအာင္ျမတ္သာတို႔လဲ ခရီးဆက္လာရင္း ဝါးပင္ေတြထူထပ္စြာေပါက္ေရာက္ ေနတဲ့ ေတာတြင္းတစ္ေနရာကိုေရာက္လာတဲ့အခါမွာေတာ့ က်ယ္ေလာင္စြာေတာက္ခတ္လိုက္တဲ့ အသံကို ေအာင္ျမတ္သာတို႔ေရာ အဘိုးအိုတို႔ပါၾကားလိုက္ရတယ္။
ေအာင္ျမတ္သာကေတာ့ အသံၾကားတာနဲ႔ ေျခလွမ္းေတြကို ဆက္မသြားေတာ့ပဲ ရပ္လိုက္ၿပီး ပတ္ဝန္းက်င္ကိုခဏတာမွ် အကဲခတ္လိုက္ၿပီး
“သက္ခိုင္နဲ႔ေတာက္ရ မင္းတို႔က အဖိုးအိုနဲ႔သူ႔တပည့္ကို စည္းဝိုင္းတစ္ခုထဲထည့္ၿပီး ေသခ်ာ ေစာင့္ၾကည့္ထားပါ အခုငါတို႔ေရာက္ေနတဲ့ ေနရာက ဘီလူးမဲေက်ာ္ေျပာတဲ့ေနရာျဖစ္ႏိုင္တယ္”လို႔ ေျပာကာ ထူထပ္စြာေပါက္ေရာက္ေနတဲ့ ဝါးပင္ေတြကို ေသခ်ာစြာစူးစိုက္ၾကည့္ေနခဲ့တယ္။
အဲဒီအခ်ိန္မွာ ေလမတိုက္ပဲ ဝါးပင္ေတြက ႐ုတ္တရက္ဆိုသလို ယိမ္းထိုးလႈပ္ရွားလာတာကို ေတြ႕လိုက္ရတယ္။ ေအာင္ျမတ္သာကေတာ့ အသက္ဝင္ေနသလို လႈပ္ရွားေနတဲ့ ဝါးပင္ေတြထဲက နီညိဳေရာင္အဆင္းရွိတဲ့ဝါးပင္တစ္ပင္ရဲ႕ပင္စည္ကို လက္ထဲမွာကိုင္ထားတဲ့ အင္းခ်ပ္တစ္ခ်ပ္နဲ႔ ပစ္ထည့္လိုက္တယ္။
အင္းခ်ပ္က ေအာင္ျမတ္သာလက္ထဲကေန အရွိန္နဲ႔ေျပးထြက္သြားၿပီး နီညိဳေရာင္အဆင္းရွိတဲ့ ဝါးပင္ကိုထိလိုက္တဲ့အခ်ိန္ ဝါးလုံးေခါင္းထဲကေန တစ္စုံတစ္ေယာက္ထြက္သြားတဲ့ အရိပ္အေယာင္ကို ေအာင္ျမတ္သာေရာ သက္ခိုင္နဲ႔ ေတာက္ရပါျမင္လိုက္ရတယ္။
ေအာင္ျမတ္သာလဲ ေျပးထြက္သြားတဲ့အရိပ္ရွိရာအရပ္ကို ဘယ္ဘက္လက္မွာကိုင္ထားတဲ့ ေနာက္ထပ္အင္းတစ္ခ်ပ္နဲ႔ ပစ္ထည့္လိုက္တဲ့အခ်ိန္မွာေတာ့ ဝါး႐ြက္ေတြကို နင္းၿပီးထြက္ေျပးသြားတဲ့ ေျခသံကိုသိသာထင္ရွားစြာၾကားလိုက္ရတယ္။ ဒါေပမယ့္ အခုထိ ဘယ္သူလဲဆိုတဲ့ အရိပ္အေယာင္ကို မျမင္ရေသးေတာ့ သက္ခိုင္နဲ႔ေတာက္ရက စည္းဝိုင္းေဘးမွာရပ္ၿပီး သတိႀကီးစြာထားေနၾကရတယ္။ စည္းဝိုင္းထဲမွာ ရွိေနတဲ့ အဘိုးအိုနဲ႔ လူငယ္က ဘာမွမသိတဲ့မ်က္ႏွာထားနဲ႔ ေအာင္ျမတ္သာတို႔ကို အံ့ၾသစြာၾကည့္ေနခဲ့တယ္။
“ရွပ္ ရွပ္ ရွပ္ ေဖာက္ ေဖာက္”
႐ုတ္တရက္ေျပးဝင္လာတဲ့အရိပ္တစ္ခုက သက္ခိုင္တို႔ရပ္ေနတဲ့ ေနရာနားထိေရာက္လာခဲ့ၿပီး စည္းဝိုင္းထဲကို ဝင္ဖို႔ႀကိဳးစားေပမယ့္ အင္းခ်ထားတဲ့စည္းဝိုင္းထဲကို ဝင္မရပဲ ေတာထဲကိုျပန္ေျပး သြားတာကို ရိပ္ခနဲျမင္လိုက္ရတယ္။
ျမင္လိုက္ရတဲ့ျမင္ကြင္းက အရမ္းျမန္ဆန္တာမို႔ အရိပ္လိုလိုပုံစံကိုသာ ျမင္လိုက္ရၿပီး ဘယ္သူ ဘယ္ဝါဆိုတာကို အတိအက်မျမင္လိုက္ရတဲ့ ေအာင္ျမတ္သာက ေျခသံၾကားရာဘက္ကို အာ႐ုံ စူးစိုက္ၿပီးၾကည့္လိုက္တဲ့အခ်ိန္ ဝါးပင္တစ္ပင္နဲ႔ တစ္ပင္ကို အေကာက္ပါတဲ့ ေတာင္‌ေဝွးတစ္ေခ်ာင္းကို အသုံးျပဳၿပီး ေျပးလႊားေနတဲ့ လူတစ္ေယာက္ကို ျမင္လိုက္ရတယ္။
ဝါးပင္ေတြၾကားေျပးလႊားေနတဲ့သူရဲ႕ ခါးမွာေတာ့ နီညိဳေရာင္အဆင္းရွိတဲ့ ပိုးပဝါတစ္ထည္ခ်ည္ ထားၿပီး မ်က္ႏွာက ငါးႏွစ္ကေလးတစ္ေယာက္လိုႏုဖတ္ေနတာကိုျမင္တဲ့ ေအာင္ျမတ္သာက အာ႐ုံကို မပ်ံ႕လြင့္ေအာင္စုစည္းထားၿပီး ေျပးလႊားတာရပ္မယ့္အခ်ိန္ကို စိတ္ရွည္စြာေစာင့္ေနခဲ့တယ္။
အခ်ိန္အတန္ၾကာေစာင့္ၿပီးတဲ့အခ်ိန္မွာေတာ့ ဝါးပင္ေတြၾကားပတ္ေျပးေနတဲ့သူက ေမာသြား တဲ့ဟန္နဲ႔ အျမင့္ဆုံးဝါးပင္ထိပ္မွာ ေျခခ်ိတ္ၿပီးထိုင္ကာ ေအာက္ကိုငုံ႔ၾကည့္ေနတဲ့အခ်ိန္ ေအာင္ျမတ္သာက လ်င္ျမန္တဲ့အရွိန္နဲ႔ ေျခခ်ိတ္ထိုင္ေနတဲ့ဝါးပင္ေအာက္ေျခမွာ အင္းကြက္သုံးကြက္ ကိုဖိုခေနာက္ဆိုင္ေရးဆြဲကာ ေျမျပင္ကို လက္နဲ႔ပုတ္လိုက္တဲ့အခ်ိန္မွာေတာ့ ဝါးပင္ေအာက္ေျခကေန ေငြမွ်င္ေရာင္ႀကိဳးေတြက အေပၚကိုရစ္ပတ္ကာတက္သြားခဲ့တယ္။
႐ုတ္တရက္ျဖစ္ေပၚလာတဲ့အျဖစ္အပ်က္ေၾကာင့္ ဝါးပင္ထိပ္မွာထိုင္ေနတဲ့ ပုဂၢိဳလ္က သူ႔ရဲ႕ ေတာင္‌ေဝွးကို ပခုံးေပၚတင္ၿပီး အျခားဝါးပင္တစ္ပင္ဆီခုန္ကူးဖို႔ျပင္လိုက္ေပမယ့္ ေျခေထာက္ကလုံးဝ လႈပ္မရေတာ့တာကိုသတိထားမိလိုက္တယ္။
အရပ္ပုပုနဲ႔ပုဂၢိဳလ္က သူ႔ရွိေနတာကိုျမင္ေနတဲ့အေၾကာင္းကိုလဲသိေရာ ခါးစည္းမွာခ်ိတ္ထားတဲ့ အဝတ္စကို ညဘက္လက္မွာပတ္ၿပီး ေျခေထာက္မွာရစ္တြယ္ေနတဲ့ ေငြမွ်င္ႀကိဳးေတြကို လက္နဲ႔ ဆြဲျဖဳတ္ပစ္လိုက္တဲ့အခ်ိန္
“ေဖာက္ ေဖာက္ ေဖ်ာက္”ဆိုတဲ့အသံနဲ႔အတူ ေငြမွ်င္ႀကိဳးေတြက တစ္စစီျပတ္ထြက္ကာ ခ်ဳပ္ေႏွာင္ခံထားရတဲ့အေျခအေနကေန လြတ္ထြက္သြားခဲ့တယ္။ ေအာင္ျမတ္သာလဲ သူ႔ရဲ႕အခ်ဳပ္အင္း ကြက္ကေန လြတ္ေအာင္႐ုန္းထြက္သြားတဲ့ ပုဂၢိဳလ္ကိုၾကည့္ၿပီး အနည္းငယ္အံ့ၾသသြားခဲ့တယ္။ ဝါးပင္ ထိပ္မွာထိုင္ေနတဲ့ပုဂၢိဳလ္က အခ်ဳပ္အေႏွာင္ကေန လြတ္ထြက္သြားတာနဲ႔ ယခင္ကထက္ လ်င္ျမန္တဲ့ အရွိန္နဲ႔ ဝါးပင္ေတြၾကားထဲကိုဝင္ေျပးကာ ေပ်ာက္ကြယ္သြားခဲ့တယ္။
ေအာင္ျမတ္သာလဲ ထြက္ေျပးသြားတဲ့ ပုဂၢိဳလ္ရဲ႕ေနာက္ကိုဆက္မလိုက္ေတာ့ပဲ စည္းဝိုင္းထဲမွာ ထည့္ထားတဲ့အဖိုးအိုနဲ႔သူ႔တပည့္ကိုေခၚကာ ဝါးေတာကေန ထြက္ဖို႔ျပင္လိုက္တဲ့အခ်ိန္ မလွမ္းမကမ္း မွာေပါက္ေနတဲ့ဝါးပင္ေတြေပၚကေန လွစ္ခနဲ လွစ္ခနဲ ျဖတ္ေျပးေနတဲ့ အရိပ္တစ္ခုကို ထပ္ျမင္ လိုက္ရတယ္။ ဒီတစ္ခါမွာျမင္ရတဲ့အလ်င္က ပထမတစ္ခါျမင္ရတဲ့အလ်င္ထက္ အဆေပါင္းမ်ားစြာ ပိုျမန္ဆန္ေနတဲ့အတြက္ ရွင္းလင္းတိက်စြာျမင္ရဖို႔ တတိယမ်က္လုံးကို အသုံးျပဳ ရန္အာ႐ုံျပဳလိုက္တဲ့အခ်ိန္ က်င့္ႀကံခဲ့တဲ့အစြမ္းသတၱိေတြေၾကာင့္ ေအာင္ျမတ္သာရဲ႕နဖူးအလယ္ကေန ၾကည္လင္ေတာက္ပတဲ့ မ်က္လုံးတစ္လုံးေပၚေပါက္လာခဲ့တယ္။
ေအာင္ျမတ္သာလဲ မူရင္းမ်က္လုံးႏွစ္လုံးကို ပိတ္ၿပီး ေပၚလာတဲ့ တတိယမ်က္လုံးကို အာ႐ုံ စူးစိုက္ကာၾကည့္လိုက္တဲ့အခါမွာေတာ့ ေတာင္ေဝွးေကာက္ကိုအသုံးျပဳကာ ဝါးပင္တစ္ပင္နဲ႔ တစ္ပင္ကိုကူးလူးသြားလာေနတဲ့ ပုဂၢိဳလ္ကိုျမင္လိုက္ရတယ္။ ဒီတစ္ခါမွာေတာ့ ေတာင္ေဝွးေကာက္ရဲ႕ ထိပ္ကေန ထြက္ေပၚလာတဲ့ နီညိဳေရာင္ႀကိဳးေတြက ေဘးပတ္ပတ္လည္မွာရွိတဲ့ ဝါးပင္ေတြကို ပင့္ကူမွ်င္သဖြယ္ရစ္ပတ္ထားၿပီး ထြက္ေပါက္မွန္သမွ်ကို ပိတ္ထားတာ ျမင္လိုက္ရတယ္။
ေအာင္ျမတ္သာလဲ ပိတ္ဆို႔ထားတဲ့ေနရာဘက္ကို ေဖာက္ထြက္ရန္အတြက္ ညာဘက္လက္ ဝါးေပၚမွာ ဂိုဏ္းေစာင့္အင္းကိုေရးဆြဲကာ ဘယ္ဘက္လက္ဝါးနဲ႔႐ိုက္ခ်လိုက္တဲ့အခ်ိန္မွာ လက္ဖဝါး ထဲကေန လက္တစ္ဆစ္သာသာရွိတဲ့ အင္းေစာင့္ပုဂၢိဳလ္ႏွစ္ပါးခုန္ထြက္လာခဲ့တယ္။ အင္းေစာင့္ ပုဂၢိဳလ္ႏွစ္ပါးက လက္ထဲကေန ေျမျပင္ေပၚက်တဲ့အခ်ိန္မွာေတာ့ သာမန္လူတစ္ေယာက္အသြင္အျဖစ္ ေျပာင္းလဲသြားၿပီး ေအာင္ျမတ္သာကို အ႐ိုအေသေပးကာ ေပးအပ္လာမယ့္အမိန႔္ကို ေစာင့္ေမွ်ာ္ ေနခဲ့ၾကတယ္။
ေအာင္ျမတ္သာကလဲ ဆင့္ေခၚထားတဲ့ အင္းေစာင့္ႏွစ္ေယာက္ကို ပိတ္ဆို႔ထားတဲ့ဝါးပင္ေတြ ရွိတဲ့ဘက္ကိုၫႊန္ျပၿပီး ေဖာက္ထြက္ဖို႔အမိန႔္ေပးလိုက္တယ္ဆိုရင္ပဲ အင္းေစာင့္ႏွစ္ေယာက္က လ်င္ျမန္တဲ့အရွိန္နဲ႔ ဝါးပင္ေတြရွိရာဘက္ကို ေၾကာင္႐ိုင္းတစ္ေကာင္ကို ခုန္ဝင္သြားၿပီး တားဆီး ထားတဲ့ နီညိဳေရာင္ႀကိဳးေတြကိုျဖတ္ေတာက္ဖို႔ ကိုင္လိုက္တဲ့အခ်ိန္ “ေျဖာင္း”ဆိုတဲ့အသံနဲ႔အတူ အေနာက္ဘက္ကို လြင့္ထြက္သြားခဲ့တယ္။
ေအာင္ျမတ္သာက လြင့္ထြက္သြားတဲ့ အင္းေစာင့္ႏွစ္ေယာက္ကိုျမင္ေတာ့ ေရွ႕ဆက္မတိုးခိုင္း ေတာ့ပဲ ညာဘက္လက္ညိဳးနဲ႔ေျမႀကီးေပၚမွာ ၁၆ကြက္အင္းတစ္ကြက္ကိုေရးဆြဲလိုက္ၿပီး ဘယ္ဘက္ လက္နဲ႔သပ္ခ်လိုက္တဲ့အခ်ိန္မွာ ေရးဆြဲထားတဲ့ အင္းကြက္ေပၚကေန ေ႐ႊအိုေရာင္အဆင္းရွိတဲ့ အင္းစမကြက္က ေလေပၚကိုဝဲတက္လာခဲ့တယ္။ ေအာင္ျမတ္သာလဲ ေလေပၚပ်ံတက္လာတဲ့ အင္းစမကြက္အေပၚကို ေနာက္ထပ္၁၆ကြက္အင္း တစ္ခ်ပ္နဲ႔ထပ္ၿပီးအုပ္လိုက္ခ်ိန္မွာေတာ့ ေကာင္းကင္ေပၚကေန အျဖဴေရာင္စက္ကြင္းသဏၰာန္ဝင္ေပါက္တစ္ခုေပၚလာၿပီး အေပၚကေန ဓါးလြတ္ႏွစ္လက္ကိုင္ အင္းေစာင့္ပုဂၢိဳလ္ကိုးေယာက္ ခုန္ဆင္းလာခဲ့တယ္။
အျဖဴေရာင္စက္ကြင္းဝင္ေပါက္ကေန ခုန္ဆင္းလာတဲ့ အင္းေစာင့္ပုဂၢိဳလ္ကိုးေယာက္က ေျမႀကီးေပၚကိုေရာက္တာနဲ႔ ေအာင္ျမတ္သာကို အ႐ိုအေသေပးကာ ဝါး႐ုံေတြၾကားထဲမွာ ပိတ္ဆို႔ ထားတဲ့နီညိဳ‌ေရာင္ႀကိဳးေတြကို ျဖတ္ေတာက္ဖို႔စတင္ႀကိဳးစားခဲ့ၾကတယ္။
“က်ား ႐ႊပ္ ႐ႊပ္ ေျဖာင္း”
အားမာန္အျပည့္နဲ႔ခုန္ဝင္ၿပီး ခုတ္ေနၾကတဲ့ အင္းေစာင့္ေတြရဲ႕ ဓါးခ်က္ေတြက တားဆီးထားတဲ့ အရံအတားေတြကို အနည္းငယ္မွ်ေတာင္ ပြန္းပဲ့ေအာင္မစြမ္းေဆာင္ႏိုင္ခဲ့ေပ။ ဒီတစ္ခါမွာေတာ့ ဝါး႐ုံ ပင္ေတြအေပၚကေန ျဖတ္ေျပးေနတဲ့ ပုဂၢိဳလ္ဆီကေန ရိသဲ့သဲ့ေလွာင္ရယ္သံအခ်ိဳ႕ ထြက္လာခဲ့တယ္။
“ဟက္ဟက္ဟက္ မင္းတို႔အစြမ္းအစေတြက ဒါအကုန္ပဲလား လုပ္စမ္းပါ ႀကိဳးစားထားၾကစမ္း ငါ့ရဲ႕ကြန္ယက္ကိုျဖတ္ေတာက္ႏိုင္တဲ့သူဆိုတာအခုထိမေပၚေသးဘူး”
ေအာင္ျမတ္သာလဲ ဝါးပင္ေတြေပၚကေန ေလွာင္ေျပာင္ကာ ပတ္ေျပးေနတဲ့ ပုဂၢိဳလ္ကိုၾကည့္ လိုက္ တစ္ေျဖးေျဖးနဲ႔ေစာင္းက်လာတဲ့ေနေရာင္ကိုၾကည့္လိုက္ျဖစ္ေနတဲ့အခ်ိန္
“ဆရာ ဒီမွာဘာျဖစ္တာလဲမသိဘူး ၾကည့္ပါဦး”ဆိုတဲ့အသံက စည္းဝိုင္းနားကေန ထြက္လာ ခဲ့တယ္။
ေအာင္ျမတ္သာလဲ သက္ခိုင္စကားေၾကာင့္ စည္းဝိုင္းထဲမွာရွိေနတဲ့ အဖိုးအိုနဲ႔သူ႔တပည့္ကို ၾကည့္လိုက္ေတာ့ မ်က္လုံးအထဲမွာရွိေနတဲ့ အမည္းဆံက တစ္ေျဖးေျဖးေသးငယ္လာၿပီး အသိစိတ္က လြတ္တစ္ခ်က္ မလြတ္တစ္ခ်က္ျဖစ္ေနတာကိုျမင္လိုက္ရတယ္။
“သူတို႔ကို စည္းဝိုင္းအျပင္မေပးထြက္နဲ႔ ဒါ ဝါး႐ုံပင္ေပၚမွာရွိေနတဲ့သူက လုပ္ေနတာ စည္းဝိုင္းျပင္ဘက္ကိုေရာက္တာနဲ႔ ႏွစ္ေယာက္လုံးရဲ႕အသက္ကိုစိတ္ပူရတယ္”
ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္နဲ႔ ေတာက္ရက အသိစိတ္လြတ္လုဆဲဆဲျဖစ္ေနတဲ့ အဖိုးအိုတို႔ေနတဲ့စည္းအျပင္ဘက္မွာ ေနာက္ထပ္စည္းသုံးထပ္တားဖို႔လုပ္လိုက္တဲ့အခ်ိန္
“ေျဖာင္း ခြပ္ အင့္ အြတ္”ဆိုတဲ့အသံနဲ႔အတူ သက္ခိုင္နဲ႔ေတာက္ရ ေဘးကိုလြင့္ထြက္ သြားခဲ့တယ္။ အေကာင္အထည္မျမင္ရပဲ ခံလိုက္ရတဲ့အတြက္ ႏွစ္ေယာက္လုံးစိတ္တိုသြားခဲ့ေပမယ့္ ဘယ္သူလုပ္တယ္ဆိုတာကို အစနပင္မျမင္ခဲ့ရေပ။
ေအာင္ျမတ္သာလဲ သက္ခိုင္နဲ႔ ေတာက္ရတို႔အျဖစ္ကိုျမင္ေတာ့ မတ္တပ္ရပ္ေနရာကေန တင္ပလႅင္ေခြထိုင္ခ်လိုက္ၿပီး လြတ္ေနတဲ့ေျမကြက္လပ္မွာ အကြက္ေရေပါင္းမ်ားစြာပါတဲ့ အင္းစမ တစ္ကြက္ကိုလ်င္ျမန္စြာေရးဆြဲကာ စူးစိုက္ၾကည့္လိုက္႐ုံနဲ႔ ဆြဲထားတဲ့စမအကၡရာေတြက တစ္ဖက္နဲ႔ တစ္ဖက္ေနရာေ႐ႊ႕ကာ ကူးေျပာင္းသြားၾကတယ္။ အင္းစမအကၡရာေတြကူးေျပာင္းတဲ့အရွိန္က တစ္ေျဖးေျဖးနဲ႔ ျမန္လာေလေလ ေအာင္ျမတ္သာရဲ႕ပတ္ဝန္းက်င္မွာျဖစ္ပ်က္ေနတဲ့အရာေတြကလဲ လ်င္ျမန္စြာေျပာင္းလဲေနခဲ့တယ္။
ေအာင္ျမတ္သာလဲ လိုခ်င္တဲ့ျမင္ကြင္းမေရာက္မခ်င္း အင္းစမကြက္ကို စူးစိုက္ၾကည့္ေနခဲ့ရာ အလယ္ဗဟိုမွာဆြဲထားတဲ့စမအကၡရာတစ္လုံးလႈပ္ရွားလာတဲ့အခ်ိန္အေရာက္မွာေတာ့ ပတ္ဝန္းက်င္ တစ္ခုလုံးေျပာင္းလဲသြားခဲ့တယ္။ ေအာင္ျမတ္သာရဲ႕ အျမင္မွာေတာ့ ခုနကျမင္ေတြ႕ေနရတဲ့အရာေတြ အားလုံးေပ်ာက္ကြယ္သြားၿပီး လက္ဖဝါးမွာဝါးေၾကာရွတဲ့ ဒဏ္ရာရေနတဲ့ရဟန္းေတာ္တစ္ပါးကို လုံခ်ည္ၾကမ္းတစ္ထည္နဲ႔ေသခ်ာစည္းေႏွာင္ေပးေနတဲ့ လူတစ္ေယာက္ရဲ႕႐ုပ္ပုံက ႐ုပ္ရွင္ျပသလို တစ္ကြက္ခ်င္းေပၚလာခဲ့တယ္။ ေအာင္ျမတ္သာလဲ ျမင္လိုက္ရတဲ့ျမင္ကြင္းကို ၾကည့္ရင္းၾကည့္ရင္း အျဖစ္အပ်က္ေတြအားလုံးကို နားလည္သြားတဲ့အခ်ိန္ အင္းစမစာလုံးေတြက အေနာက္ကိုျပန္ေ႐ႊ႕ လာၿပီးသူ႔ေနရာနဲ႔သူျဖစ္သြားၾကတဲ့အခ်ိန္ မူလအခ်ိန္ကာလကို ျပန္ေရာက္သြားခဲ့တယ္။
ေအာင္ျမတ္သာလဲ ျဖစ္ေၾကာင္းကုန္စင္ကိုသိၿပီးလို႔ ထလိုက္တဲ့အခ်ိန္ သက္ခိုင္နဲ႔ ေတာက္ရက
“ဆရာ ကြၽန္ေတာ္တို႔ထိန္းမႏိုင္ေတာ့ဘူး ဒီေကာင္က အေတာ္စြမ္းတယ္ အဖိုးအိုရဲ႕ စိတ္ထဲ သူေနရာဝင္ယူလိုက္ၿပီထင္တယ္”လို႔‌ေျပာလိုက္ေတာ့ ေအာင္ျမတ္သာက
“မင္းတို႔ႏွစ္ေယာက္ ႏိုင္သေလာက္ထိန္းထားဦး အခုငါတို႔ရင္ဆိုင္ေနရတဲ့ပုဂၢိဳလ္ရဲ႕ လက္မွာ ဝတ္ထားတဲ့လက္အိတ္အနီကိုမရသေ႐ႊ႕ ဒီအတိုင္းျဖစ္ေနဦးမွာပဲ ဒီကိစၥကို ငါကိုယ္တိုင္လုပ္မယ္”လို႔ ေျပာၿပီး လြယ္အိတ္ထဲမွာရွိတဲ့ ေငြအင္းျပားႏွစ္ခ်ပ္ကိုထုတ္ကာ နီညိဳေရာင္ကြန္ယက္ေတြ ပိတ္ဆို႔ ထားတဲ့ဘက္ကို ပစ္လႊတ္လိုက္တယ္။
ေငြအင္းျပားႏွစ္ခ်ပ္ပစ္လႊတ္လိုက္တာနဲ႔ ကြန္ယက္ကိုေဖာက္ထြက္ေနၾကတဲ့ အင္းေစာင့္ ကိုးေယာက္က အေနာက္ကိုျပန္ဆုတ္လာၿပီး ေအာင္ျမတ္သာရဲ႕ေဘးမွာေနရာယူထားလိုက္ၾကတဲ့ အခ်ိန္ ေအာင္ျမတ္သာပစ္လႊတ္ထားတဲ့ ေငြအင္းခ်ပ္ႏွစ္ခ်ပ္က တစ္စစီေၾကမြသြားၿပီး ေလထုထဲမွာ ျပန႔္သြားခဲ့တယ္။
ေငြအင္းခ်ပ္ေတြဆီကေန ထြက္လာတဲ့ ေငြမႈန္ေတြက ဝါးေတာတစ္ခုလုံးပိတ္ဖုံးတဲ့အထိ ပြားမ်ားလာတဲ့အခ်ိန္မွာေတာ့ ဝါးပင္ေတြအေပၚမွာ ျဖတ္ေျပးေနတဲ့ ပုဂၢိဳလ္တစ္ေယာက္ရဲ႕ ခႏၶာကိုယ္ကိုအထင္အရွားျမင္လိုက္ရတယ္။ သူကေတာ့ ေအာင္ျမတ္သာတို႔ မျမင္ေလာက္ဘူးထင္ၿပီး မရပ္မနားေျပးလိုက္ သက္ခိုင္နဲ႔ ေတာက္ရတို႔ ထိန္းထားတဲ့ စည္းကိုေဖာက္ဖို႔ ႀကိဳးစားလိုက္ လုပ္ေနတာကိုျမင္ေပမယ့္ မျမင္ခ်င္ေယာင္ေဆာင္ၿပီး သူျဖတ္ေျပးႏိုင္မယ့္ေနရာရဲ႕ ေအာက္မွာ စမကြန္ျခာအင္းကိုမသိမသာေလးဆြဲထားလိုက္တယ္။
“ ႐ႊီး ရွပ္ ရွပ္ ရွပ္
ေဖာက္ ေဖာက္”ဆိုတဲ့အသံနဲ႔အတူ စမကြန္ျခာအင္းကြက္အေပၚျဖတ္ေျပးသြားတဲ့အခ်ိန္ အင္းကြက္က ျဖတ္ေျပးရာအရိပ္ေနာက္ကို ထပ္ခ်ပ္မကြာလိုက္ပါေလေရာ။ ဒီေတာ့မွ ေအာင္ျမတ္သာ သူ႔ကိုျမင္ေနရတယ္ဆိုတာသိလိုက္ရတဲ့အခ်ိန္ စမကြန္ျခာအင္းကြက္က ေျခေထာက္ႏွစ္ေခ်ာင္းကို ရစ္ပတ္ထားၿပီးသားျဖစ္ေနခဲ့တယ္။
ေအာင္ျမတ္သာလဲ သူ႔အင္းကြက္မွာမိတယ္ဆိုတာနဲ႔ အနားကိုခ်က္ခ်င္းသြားၿပီး လက္မွာဝတ္ ထားတဲ့လက္ပတ္အနီေရာင္ကို ဆြဲခြၽတ္ခ်လိုက္တယ္။ လက္အိတ္ခြၽတ္လိုက္တယ္ဆိုတာနဲ႔ ကိုင္ထားတဲ့ေတာင္ေဝွးက ေျမႀကီးေပၚကိုေပ်ာ့ေခြသြားၿပီး လူလဲအားမရွိေတာ့သလို ညိဳးက်သြား ခဲ့တယ္။
အဲဒီေတာ့မွ ေအာင္ျမတ္သာက ေဘးနားမွာထိုင္လိုက္ခ်လိုက္ၿပီး
“သင္ဘာေၾကာင့္ဒီလူႏွစ္ေယာက္ကို သတ္ခ်င္ေနရတာလဲ သူတို႔ကသင့္အေပၚဘာေတြလုပ္ခဲ့ လို႔လဲ”ဆိုၿပီးေမးလိုက္ေတာ့ လဲက်ေနတဲ့ပုဂၢိဳလ္က
“သူတို႔ငါ့ကိုေပးရမယ့္ အေႂကြးေတြရွိတယ္ ငါ့အေပၚသူတို႔ႏွစ္ေယာက္လုပ္ခဲ့တာေတြကို လက္စားေခ်ဖို႔ ငါဒီေနရာကိုမေရာက္ေရာက္ေအာင္လာခဲ့တာ”လို႔ေျပာေတာ့ ေအာင္ျမတ္သာက
“သူတို႔က သင့္ကိုဘာေတြလုပ္ခဲ့လို႔ ဒီေလာက္နာက်ဥ္းေနတာလဲ”
“လြန္ခဲ့တဲ့ဘဝက သူတို႔သားအဖႏွစ္ေယာက္ ငါ့ကိုဒီေတာဒီေတာင္ထဲမွာ ပစ္သြားခဲ့တယ္ ငါႀကိဳးစားပမ္းစားထိုးထားတဲ့ ဓါတ္လုံးဘူးကိုလဲ လုယူသြားတယ္ ငါခဗ်ာ သြားရမယ့္လမ္းမသိ စားရမယ့္စားစရာမရွိတဲ့အေျခအေနမွာ ေတာရေဆာက္တည္ေနတဲ့ရဟန္းတစ္ပါး လက္မွာဝါးရွၿပီး သတိလစ္ေနတာေတြ႕လို႔ ငါဝတ္ထားတဲ့ လုံခ်ည္ၾကမ္းကိုၿဖဲၿပီး စည္းေႏွာင္ေပးခဲ့တယ္ အဲဒီကုသိုလ္ ေၾကာင့္ ဝါးပင္ေတြေပါက္တဲ့ေနရာတိုင္းကို ငါအခြင့္အကန႔္အသတ္မရွိသြားလို႔ရခဲ့တယ္ လုံခ်ည္ၾကမ္း နဲ႔စည္းေႏွာင္ေပးခဲ့တဲ့ကုသိုလ္ေၾကာင့္ အေႏွာင့္အဖြဲ႕တိုင္းကို ျဖတ္ေတာက္ႏိုင္တဲ့ ဒီလက္အိတ္ကို ရခဲ့တာ ဒီေတာကို သူတို႔ႏွစ္ေယာက္ေရာက္ေနတယ္ၾကားၿပီး ငါေရာက္‌ေအာင္လာခဲ့ေပမယ့္ သူတို႔ကိုယ္ခံပညာစြမ္းေၾကာင့္ အနားကပ္လို႔မရခဲ့ဘူး ဒါေၾကာင့္ ဘီလူးမဲေက်ာ္နဲ႔တိုင္ပင္ၿပီး သူတို႔အစြမ္းေတြပ်က္စီးေအာင္လုပ္ခဲ့တာ အခုနင္တို႔ေၾကာင့္ ငါ့ရည္႐ြယ္ခ်က္ေတြ ေပ်ာက္ဆုံးရၿပီ ငါကလက္အိတ္မရွိရင္ ဘာမွလုပ္မရဘူး ဒါေၾကာင့္ငါ့လက္အိတ္ျပန္ေပးပါ”
“သင္ပိုင္တဲ့လက္အိတ္ကို က်ဳပ္လဲမယူလိုပါဘူး ဒါေပမယ့္ သင္ကတိတစ္ခုေပးရမယ္”
“ဘာကတိလဲ ငါ့ကိုေျပာပါ”
“သင့္ကိုလက္အိတ္ျပန္ေပးရင္ ဒီလူႏွစ္ေယာက္ကို ေခၚသြားခြင့္ေပးပါ သင္ဖန္တီးထားတဲ့ အတားအဆီးေတြကိုသင္ကိုယ္တိုင္ျပန္ပယ္ဖ်က္ေပးပါ”
“ေကာင္းပါၿပီး ငါကတိေပးတယ္ ငါ့လက္အိတ္ျပန္ေပးပါ”
“မရဘူး သင္ကတိေပးတယ္ဆိုတိုင္း က်ဳပ္မယုံဘူး ဒါေၾကာင့္ သင္သစၥာဆိုရမယ္ သစၥာကိုေဖာက္ဖ်က္ခဲ့ရင္ သင့္မွာရွိတဲ့အစြမ္းေတြအကုန္ေပ်ာက္ေစရမယ္”
“ငါလက္ခံတယ္ နင္တို႔ေျပာတဲ့သစၥာအတိုင္းငါဆိုေပးမယ္”
ေအာင္ျမတ္သာလဲ ေျမႀကီးေပၚမွာလဲေနတဲ့ ပုဂၢိဳလ္စကားေၾကာင့္ ေျခေထာက္မွာရစ္ပတ္ ထားတဲ့ စမကြန္ျခာအင္းကိုျပန္ေျဖေပးလိုက္ၿပီး သစၥာဆိုခိုင္းခဲ့တယ္။
သစၥာဆိုၿပီးတာနဲ႔ ေအာင္ျမတ္သာလဲ သိမ္းယူထားတဲ့ လက္အိတ္ကိုျပန္ေပးလိုက္တဲ့အခ်ိန္ ဝါးေတာအစပ္မွာကာရံထားတဲ့ ကြန္ယက္ေတြက သူ႔အလိုလိုေပ်ာက္ကြယ္သြားကာ လူသြားလမ္းတစ္ခုေပၚလာခဲ့တယ္။
ေအာင္ျမတ္သာတို႔လဲ သူတို႔ကတိအတိုင္း အဖိုးအိုနဲ႔ သူ႔တပည့္ကိုေခၚကာ ေဟာင္သဇာေတာ ထဲကေနျပန္ထြက္လာခဲ့ရာ ညေနေစာင္းေလာက္ေရာက္ေတာ့ ေတာအစပ္တစ္ေနရာကိုေရာက္ရွိ ခဲ့ၾကတယ္။ ေတာစပ္ေရာက္ေတာ့ အဖိုးအိုနဲ႔သူ႔တပည့္ရဲ႕ေက်ာျပင္မွာထိုးထားတဲ့ ဂဠဳန္႐ုပ္ေနရာကို သုံးကြက္အင္းစာ႐ြက္နဲ႔ သုံးခ်က္႐ိုက္လိုက္ရင္ပဲ အခ်ိန္မဟုတ္အခါမဟုတ္ ေလျပင္းေတြ ထိုးက်လာခဲ့ ၿပီး အဖိုးအိုေရာ သူ႔တပည့္ပါသတိလစ္သြားခဲ့တယ္။ ေအာင္ျမတ္သာတို႔လဲ အဖိုးအိုတို႔သတိလစ္ တာနဲ႔ ခ်က္ခ်င္းဆိုသလို ေနရာကေနစြန႔္ခြာခဲ့ၿပီး အျခားေနရာတစ္ခုကို ခရီးဆက္ခဲ့ၾကတယ္။လမ္းတစ္ဝက္ က်ိဳးေတာ့ ေတာက္ရက
“ဆရာ ခုနက ခ်က္ခ်င္းဆိုသလို ေလျပင္းေတြတိုက္လာတာ ထူးဆန္းမေနဘူးလား”လို႔ ေမးလိုက္ေတာ့ ေအာင္ျမတ္သာက
“သူတို႔ကိုလိုက္ရွာေနတဲ့ ဂိုဏ္းေစာင့္ေတြ လာတဲ့အခ်ိန္မို႔လို႔ ေလျပင္းတိုက္တာပါ အျခားကိစၥ ေတာ့မရွိပါဘူး”လို႔ေျပာကာ ေရွ႕ကိုထြက္သြားခဲ့တယ္။
သက္ခိုင္နဲ႔ေတာက္ရလဲ လက္အိတ္နီဝတ္ထားတဲ့ေဇာ္ဂ်ီရဲ႕ ေကာင္းမႈေၾကာင့္ အနည္းငယ္ နာေနတဲ့ ေျခေထာက္ကိုမကာ ေအာင္ျမတ္သာအေနာက္ကို လိုက္သြားခဲ့ၾကတယ္။
မ်ားမၾကာမီမွာေတာ့ ေဟာင္သဇာေတာကေန ျပန္ထြက္လာခဲ့ၾကတဲ့ ဦးေ႐ႊမႈိင္းက အငူေမာ္ မွာေစတီမတည္ေတာ့ပဲ လူသူအေရာက္ေပါက္နည္းတဲ့ ကုသိေတာင္ေပၚမွာ ဂိုဏ္းေစတီတစ္ဆူ တည္ထားပူေဇာ္ခဲ့တယ္။
ေစတီထီးတင္ပြဲကိုေတာ့ ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြ လာေရာက္ခဲ့ၾကၿပီး ကုသိေတာင္ေပၚမွာပင္ ေနာက္ထပ္အမႈကိစၥတစ္ခုကို လက္ခံခဲ့ရေသးတယ္။ ‌ေအာင္ျမတ္သာတို႔ လက္ခံခဲ့တဲ့ အမႈကိစၥဆိုတာ ဘာမ်ားျဖစ္မလဲဆိုတာကိုတာ့ ေအာင္ျမတ္သာႏွင့္ နတ္ဖြက္ထားေသာမိန္းမပ်ိဳဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)

#ညမဖတ္ရ 

No comments

Post a Comment