"*သရဲမွေး​သောအဘိုးအိုကြီး*"📖📖📖(စ/ဆုံး)

  အချိန်မတော်အားနာရမည်မသိတော့ပဲ တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်မေးပြန်သည်။ ဇနီးသည်ရုတ်တရက်ပျောက်သွားသဖြင့် တစ်ညလုံးစိုးရိမ်စိတ်တွေနှင့်စိုးကျော်အ... thumbnail 1 summary

 အချိန်မတော်အားနာရမည်မသိတော့ပဲ တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်မေးပြန်သည်။

ဇနီးသည်ရုတ်တရက်ပျောက်သွားသဖြင့် တစ်ညလုံးစိုးရိမ်စိတ်တွေနှင့်စိုးကျော်အိပ်မရခဲ့။ မနက်ရောက်သောအခါ ရဲစခန်းသို့သွားကာ လူပျောက်တိုင်ချက်ဖွင့်လိုက်၏။
တစ်နေကုန်ဇနီးသည်ပျောက်နေသည်ကိုရှာနေရသဖြင့်စိုးကျော်အတော်လေးကိုပင်ပန်းနေပြီ။ မနေ့ညကတည်းကခုချိန်ထိမအိပ်ရသေး၊ စိတ်ပင်ပန်းလူပင်ပန်းဖြစ်ကာ စိုးကျော်ခဏလှဲချလိုက်၏။
" ကို ယမင်းကိုကယ်ပါအုံး၊ အီးဟီး ယမင်းကိုကယ်ပါအုံးကိုရယ် "
နားထဲတွင် ဇနီးသည်၏အသံတိုး၀င်လာသဖြင့် စိုးကျော်ထထိုင်လိုက်၏။
" ယမင်းရဲ့အသံပဲ၊ ယမင်း "
" ကို ယမင်းကိုကယ်ပါအုံး "
ဇနီးသည်၏အကူညီတောင်းသံ ထပ်မံထွက်ပေါ်လာခဲ့သဖြင့် အိမ်ပေါ်မှစိုးကျော်အမြန်ဆင်းလိုက်ပြီး ဇနီးသည်အားရှာလိုက်၏။
အရာအားလုံးကို ညဉ့်နက်ကြီးကကြီးစိုးထားသဖြင့် ဘယ်အရာကိုမှသဲသဲကွဲကွဲမမြင်ရ။
" ယမင်း ဘယ်မှာလဲကွာ "
" ကို ယမင်းဒီမှာလေ လာကယ်ပါအုံး "
အသံကခေါင်းရင်းအဘိုးအို၏ခြံထဲမှထွက်ပေါ်လာခြင်းပင်။ ထို့ကြောင့် ခေါင်းရင်းခြံထဲသို့ စိုးကျော်အပြေး၀င်လာလိုက်၏။
" ယမင်း ဘယ်မှာလဲ၊ ယမင်း "
အားရပါးရအော်ခေါ်နေသည့်မိမိအသံကိုပြန်ကြားကာ စိုးကျော်အိမ်မက်မှလန့်နိုးလာခဲ့တော့သည်။တစ်ကိုယ်လုံးလည်း ချွေးများရွှဲနစ်နေလေသည်။
" ငါအိမ်မက်မက်နေပါလား၊ အိမ်မက်ထဲမှာယမင်းငါ့ကိုအကူညီတောင်းနေတယ် ယမင်းတစ်ခုခုဖြစ်နေတာလား "
တွေးရင်းစိုးကျော်ရင်ပူသွားတော့သည်။ ထို့နောက် အချိန်ဆွဲမနေတော့ပဲ ခေါင်းရင်းခြံရှိအဘိုးအိုအိမ်သို့အမြန်လာလိုက်တော့သည်။
.... ဒေါက် ဒေါက် ....
" ဘယ်သူလဲ "
" ကျွန်တော်ပါ ခြေရင်းခြံကအိမ်ငှါးနေတဲ့သူ "
အဘိုးအိုတံခါးလာဖွင့်ပေးလိုက်ပြီး
" ဘာကိစ္စလဲ ညကြီးအချိန်မတော် "
" မေးစရာလေးရှိလို့ပါ "
" မင်းနဲ့ငါနဲ့ကဘာပတ်သတ်မှုမှမရှိဘူးထင်တယ်ကောင်လေး "
" အရင်ကမရှိပေမယ့်အခုရှိတယ်ဗျ ၊ ကျွန်တော့မိန်းမပျောက်နေတယ် "
" အဲ့ဒီကိစ္စငါနဲ့ဘာဆိုင်လို့လဲ "
အဘိုးအို၏အသံမှာမာနေလေသည်။
" ကျွန်တော့မိန်းမဒီမှာရှိတယ်လို့အိမ်မက်တယ်၊ ဒီကိစ္စခင်ဗျားသိနေတယ်မဟုတ်လား "
စိုးကျော်၏စကားကြောင့် အဘိုးအိုမျက်နှာပျက်သွားတော့သည်။
" သွားကွာ မင်းပြန်တော့ "
အဘိုးအိုတံခါးပြန်ပိတ်ရန်ပြင်လိုက်စဉ် စိုးကျော်လျင်မြန်စွာ အိမ်ထဲသို့၀င်လာလိုက်၏။
" ငါ့အိမ်ထဲကထွက်သွား၊ ထွက်သွား "
အဘိုးအိုဒေါသတကြီးမောင်းထုတ်နေသည်ကိုစိုးကျော်ဂရုမစိုက်ပဲ တစ်အိမ်လုံးကိုရှာဖွေတော့သည်။အချိန်တော်တော်ကြာသည်အထိ နေရာအနှံ့ရှာဖွေသော်လည်း ဘာသဲလွန်စမှမရခဲ့ချေ။၊နောက်ဆုံး အခန်းထဲတွင်သော့ခတ်ထားသောသေတ္တာကြီးတစ်လုံးသာကျန်တော့သည်။ ထို့ကြောင့် သော့ကိုသံတူဖြင့်ရိုက်ဖွင့်ရန်ပြင်လိုက်၏။
" နေ နေအုံး "
အဘိုးအိုတုန်တုန်ယင်ယင်ဖြင့် လာရောက်တားလိုက်၏။သို့ပေမယ့် စိုးကျော်ဂရုမစိုက်ပဲအားရပါးရရိုက်ဖွင့့်လိုက်တော့သည်။ ထိုအခါ သေတ္တာထဲတွင် ခြောက်သွေ့နေပြီဖြစ်သောသွေးများနှင့် မြင်မကောင်းအောင်ဖြစ်နေသောဒဏ်ရာများဖြင့်သေဆုံးနေသော ဇနီးသည်၏အလောင်းကိုတွေ့လိုက်ရ၏။စိုးကျော်ယူကျုံးမရဖြစ်ကာ ရင်ထဲတွင်ဆို့နစ်နေပြီး မျက်ရည်များအလိုလိုစီးကျလာတော့သည်။ အဘိုးအိုလည်း နံရံဘေးတွင် ခြေပစ်လက်ပစ်ထိုင်ချကာခေါင်းငိုက်စိုက်ကျနေလေသည်။ ထို့နောက် ရဲစခန်းသို့ဖုန်းဆက်အကြောင်းကြားလိုက်တော့သည်။ တစ်ခဏအကြာတွင် ရဲများရောက်ရှိလာကြပြီး အလောင်းစစ်ဆေးသိမ်းဆည်းကြတော့သည်။
" ကဲ အဘိုး ဘာပြောချင်သေးလဲ "
ဒုရဲအုပ်၏အမေးကြောင့် အဘိုးအိုခေါင်းမေ့လာပြီးမျက်ရည်တွေစီးကျလာကာ
" ဒီကလေးမကိုအဘိုးမသတ်ရပါဘူးကွယ် ဒါပေမယ့် အဘိုးကြောင့်ဒီကလေးမသေဆုံးရတာပါ "
အဘိုးအို၏စကားကိုအားလုံးနားမလည်နိုင်ဖြစ်သွား၏။
" အားလုံးကိုပြောပြပြီး အဘိုးရဲ့အပြစ်တွေကိုခံယူပါ့မယ်... ဒီကလေးမသေဆုံးရတာ အဘိုးရဲ့မိန်းမနဲ့သားကြောင့်ပါ "
" ဟင် ဒါဆိုသူတို့ဘယ်မှာလဲ "
" သူတို့ကလူတွေမဟုတ်ပါဘူး "
" ဘယ်လို "
အားလုံးပို၍နားရှုပ်သွားတော့သည်။
" အဘိုးရဲ့မိန်းမနဲ့သားက လွန်ခဲ့တဲ့အနှစ်သုံးဆယ်က ခရီးသွားရင်းကားမှောက်ပြီးဆုံးသွားကြတာပါ၊ အဲ့ဒီအချိန်မှာ ကမ္ဘာပျက်မတတ်ခံစားခဲ့ရတယ်၊ သူတို့နဲ့မခွဲနိုင်တော့ နောက်ဆုံးအဘိုးဆုံးဖြတ်လိုက်တယ် သူတို့ကိုအဘိုးရဲ့ဘေးနားမှာအရင်လိုပြန်ပြီးရှိနေနိုင်အောင် သူတို့ရဲ့ဝိညာဉ်ကိုအိမ်မှာခေါ်ထားလိုက်တာပေါ့၊ သူတို့ကြိုက်တဲ့အမဲသားစိမ်းနေ့တိုင်းကျွေးတယ်၊ နှစ်ကြာတော့သူတို့လည်းသတ်တမ်းရင့်လာပြီး လူတွေကိုဒုက္ခပေးလာကြတယ်လေ၊ ခြေရင်းအိမ်ကအိမ်ငှါးတော့ လာငှါးနေကြတဲ့သူတွေကိုသူတို့ခြောက်လှန့်ကြတယ် အဲ့ဒီလိုနဲ့သူများတွေဆက်မငှါးရဲကြတော့ပဲပြေးကြတယ်၊ အိမ်ငှါးမလာပါစေနဲ့လိုအဘိုးအမြဲတမ်းဆုတောင်းနေခဲ့တာ၊ အဘိုးရဲ့ခြံထဲကိုလည်းသူစိမ်းတွေကိုအ၀င်မခံဘူး သူတို့ဒုက္ခပေးမှာစိုးလို့ပါ၊ ဒါပေမယ့် အခုတော့ အပြစ်မရှိတဲ့လူတစ်ယောက်သူတို့သတ်လို့သေဆုံးခဲ့ရပြီ၊ အားလုံးကအဘိုးရဲ့အပြစ်တွေပါ အဘိုးရဲ့အတ္တတွေကြောင့်ပါ အဘိုးရဲ့အပြစ်တွေကိုခံယူပါ့မယ် အဘိုးကိုဖမ်းပါကွယ် "
မျက်ရည်တွေနှင့်အဘိုးအို၏စကားကိုနားထောင်အပြီးမှာတော့ အားလုံးစိတ်မကောင်းဖြစ်သွားရသည်။
အဘိုးအိုကတော့သူ၏အပြစ်တွေကိုခံယူဖို့အသင့်ပင်။
အရာအားလုံးကတစ်ခဏအတွင်းမှာပင်အိမ်မက်မက်နေသည့်သဖွယ် ဖြစ်သွားခဲ့ရပြီ။ သူအရမ်းချစ်သည့်ဇနီးသည်နှင့် လူ့လောကထဲကိုမကြာခင်ရောက်လာတော့မည့်ရင်သွေးလေးအား တစ်ပြိုင်နက်တည်းဆုံးရှုံးလိုက်ရသဖြင့် စိုးကျော်တစ်ယောက်ရင်ကွဲလုမတတ်ခံစားနေရ၏။ ထို့နောက် ဇနီးသည်၏ရက်လည်အပြီးမှာတော့စိုးကျော်လည်း အငှါးအိမ်လေးကိုလေးတွဲသောခြေလှမ်းတို့ဖြင့် နှုတ်ဆက်ထွက်ခွါသွားလေတော့သည်။
ပြီးပါပြီ။။
(စာဖတ်သူအပေါင်းတို့ကိုကျေးဇူးတင်လျက်)
စာရေးသူ= နေဇင်သော်အားလေးစားလျက်
#PageကိုLike&shareလေးလုပ်ပေးသွားကြပါအုံး

No comments

Post a Comment