ထမင်း ဟင်းခိုးစားတာဘယ်သူလဲ

 ******

ညိုတာဝန်ကျတဲ့ ရွာလေးမှာ အသီးအနှံတွေလဲ အရမ်းပေါတဲ့အတွက် စားရေးသောက်ရေး အဆင်ပြေပါလှပါတယ်။
ညိုတို့ ဆရာမတွေက ထမင်းစားဆောင်အသစ်မှာ ချက်ပြုတ်စားသောက်ကြတာ အဆင်ပြေပေ မဲ့ ကျောင်းသူကျောင်းသားတွေက စားဖိုဆောင်ဟောင်းမှာ ချက်ပြုတ်စားသောက်ရာက ပြသနာတွေ စတင်လာခဲ့တယ်။
ကလေးတွေ ဆိုတာ အစားအသောက် က ပရမ်းပတာနိုင်သလို ထမင်းကျန်ဟင်းကျန်တွေကိုလည်း စည်းကမ်းမဲ့ စွန့်ပစ်လေ့ရှိကြတယ်။
ဆရာ ဆရာမတွေ ဘယ်လောက်ပြောပြော နောက်ကွယ်ကျတော့ လုပ်ချင်တာ လုပ်ကြတာမျိုး။
ကလေးတွေက ဆယ်တန်းကလေး မြီးကောင်ပေါက်အရွယ်တွေဆိုတော့ ပြောရဆိုရတာလဲ လက်ပေါက်ကပ်လှပါတယ်။
အချို့ကလေးတွေက ညိုနဲ့အသက်မတိမ်းမယိမ်း မို့ တော်ရုံဆို ညိုကဝင်ပြောလေ့မရှိပါဘူး။
ကလေးတွေဆိုတာ သူတို့ကို လက်ရှိသင်နေတဲ့ဆရာ ၊ဆရာမတွေကိုသာ ပိုပြီးအရေးလုပ်တတ်ကြတာမဟုတ်လား။
တစ်ရက်ညနေခင်း ညိုတို့ဆရာမတွေ ထမင်းဟင်းချက်နေတုန်း ကျောင်းသူ သုံးယောက်ကမီးဖိုထဲဝင်လာတယ်။
ဆရာမတွေက
ဘာဖြစ်လာကြတာလဲလို့မေးတော့
"သမီးတို့နေ့လည်စာ မစားရတဲ့ ရက်တွေ များ‌ေနပြီဆရာမ သမီးတို့ထမင်းဟင်းတွေ နေ့လည်ဆို ဘာမှ မကျန်တော့ဘူး။ဘယ်သူတွေစားသွားမှန်းလဲ မသိပါဘူးတဲ့"
ကလေးတွေက နှစ့်ယောက်တစ်တွဲ သုံးယောက်တစ်တွဲ စုပြီး ချက်စားကြတာ။
ဆရာမတွေလဲ အရမ်းအံ့သြသွားကြတာပေါ့။
ဒါနဲ့ပဲကလေးတွေကို အကုန်ခေါ်စစ်လိုက်တယ်။
အဲဒီအခါမှ ယောက်ကျားလေး အချို့လဲ သူတို့ထမင်းဟင်းတွေ ပျောက်နေတဲ့အကြောင်း ပြောပြကြတယ်။
ဆရာမတွေ စဥ်းစားကြရတာပေါ့။
ဘယ်သူ့ လက်ချက်လဲ စဥ်းစားရပြီ။
ထမင်းဟင်းတွေကလဲ အသားဟင်းတွေ ချည်းမဟုတ်ဘူး ။
ကလေးအချင်းချင်းထဲကဘဲ နေမှာလို့ ထင်မိကြတယ်။
ယောကျာ်း လေးထဲက ခပ်ဆိုးဆိုးကလေးတွေ ကို လဲ အချို့တွေကမသင်္ကာကြဘူး။
သူတို့ခမြာ အသံကြောင့်ဖားသေရသလို ယုန်ထင်ကြောင်ထင် ခံကြရရှာတယ်။
သူခိုးဖမ်းပွဲ.....
အဲလိုနဲ့ ယောက်ျားလေးထဲကလဲ အချင်းချင်း စောင့်ကြည့်ဖို့
မိန်းကလေး တွေကိုလဲ အချင်းချင်း စောင့်ကြည့်ဖို့ မှာထားရတယ်။
အဆောင်ခြံ ဝန်းကလဲ မလုံတော့ အပြင်က တစ်ဦး တစ်ယောက်ယောက်လာစားတာလဲ ဖြစ်နိုင်တယ်လို့တွေးပြီး အဆောင်တံခါးတွေနဲ့ မီးဖိုဆောင်တံခါးတွေပါပိတ်ဖို့ သေချာမှာထားရတာ။
ထမင်းဟင်း ပျောက်တဲ့ စားဖိုဆောင်က အခန်း ကျဥ်းလေးမို့ တစ်ဦးတစ်ယောက် ပုန်းခိုစရာနေရာမရှိတော့ စဥ်းစားရ ခက်စေတယ်။
စားဖိုဆောင်ဟောင်းကိုတော့ နှစ်အတော်ကြာ ပြီ ဖြစ်တဲ့ သော့ခလောက် အကြီး ကြီးနဲ့ ခတ်ကြတယ် ။
အဲ့သော့ကို ဆရာမတွေကသိမ်းတယ်။
ကလေးတွေ နေ့လည်ထမင်းစားပြန်ရင် ဆရာမတွေဆီက သော့ယူပြီးမှ ဖွင့်ရတယ်။
ဒါပေမဲ့ ထမင်းဟင်းက ပျောက်မြဲပဲ။
ထမင်းဟင်းတွေအားလုံး ပျောက်တာမျိူးမဟုတ်ပဲ အချို့က ထမင်း အချို့ကဟင်း ပျောက်ကြတာ။
ကြုံရာ နှိုက်စားတဲ့သဘော။
ညနေပိုင်းတော့ ချက်ချင်းချက် ချက်ချင်းစားမို့ ထမင်းဟင်း မပျောက်ဘူး။
ညပိုင်းလဲ စားဖိုဆောင်ကို သော့ခတ်ခိုင်း ထားတယ်။
တစ်ညနေခင်း အတော်လေး‌မှောင်လာတဲ့အချိန် ညိုနဲ့ အထက်တန်းပြ ဆရာမတစ်ယောက်က ထမင်းဟင်းပျောက်တဲ့အကြောင်းပြောကြရင်း ကလေးတွေ စားဖိုဆောင်ကို သော့ခတ် မခတ် စစ်ဖို့ ဓာတ်မီးလေး ကိုယ်စီနဲ့ ထွက်လာကြတယ်။
ကလေးတွေအားလုံးက အဲ့ဒီအချိန် ညစာကျက်ဝိုင်းမှာ။
ညိုနဲ့ဆရာမတို့ စားဖိုဆောင်အဟောင်းကိုရောက်တော့ တံခါးတွေကို အပြင်ကနေ သေချာစစ်ဆေး ကြတယ်။
ထက်ပြဆရာမက သော့ဂလောက် ပိတ်တာ သေချာမှု ရှိမရှိ နှိပ်ကြည့်ပြီး ပြန်အထွက် မှာ
အလေးချိန်အတော်များတဲ့ သော့ဂလောက်ကြီးဟာ အသဲယားဖွယ် တဂလောက်လောက်နဲ့ ကြားရတာမို့ ညိုတို့နှစ်ယောက် မပြေးယုံတစ်မယ် ပြန်လှည့်ကြတော့တယ်။
အတော်လှမ်းလှမ်း‌ကနေ ညိုလည်း သော့ဂလောက်ကြီးကို ဓာတ်မီးနဲ့ထိုးကြည့်တော့ အဲ့ဒီသော့ဂလောက်ကြီးဟာ ဘယ်ညာယိမ်းခါပြီး လှုပ်မြဲလှုပ်နေတာကို ကြက်သည်းထဖွယ် တွေ့နေရတယ်။
နောက်ရက်က စပြီး ကလေးတွေ ထမင်းဟင်းတွေ ချက်ပြုတ်ပြီးရင် ထမင်းစားေဆာင် အသစ်မှာသာ အကုန်လာထားစေမှသာ ထမင်း ဟင်း ပျောက်တဲ့ ပြသနာတွေ ချုပ်ငြိမ်းသွား ပါတော့တယ်။
နောက်ထပ်ကြုံ ရတာတွေကိုလည်း ဆက်ရေးဦးမှာ မို့ အားပေးကြပါဦးနော်
စာရေးသူ -Nan Kyarnyo

Comments

Popular posts from this blog

” သိုက်စေတီ “(စ/ဆုံး)