အောင်မြတ်သာနှင့်ထိန်ပင်စောင့်သရဲ (စ/ဆုံး)
အောင်မြတ်သာနှင့်ထိန်ပင်စောင့်သရဲ (စ/ဆုံး)
ရေးသားသူ...ဇေယန(ရာမည)
"ကိုး" ဖြစ်လိုက်စမ်းပါဟ
ဟာကွာ.. " တောက် ဘူပြန်ပီ "
ဒီနေ့ ငါတော်တော်ရှုံးနေပီ ကြက်တော
ပိုက်ဆံလဲ ကုန်ပီ
ငါကို.ပိုက်ဆံနည်းနည်းထပ်ချေးစမ်းပါဟာ
"ဟေ့ကောင်. မင်းချေးထားတာများနေပီနော်"
"မများပါဘူးကွာ အချင်းချင်းပဲ "
အောင်ဘု.ပိုက်ဆံတွေက ဆနွင်းမှုန့်လေတိုက်
သလို ပါးပါးချင်းကုန်နေပီ။
အောင်ဘု.ငါထပ်မချေးတော့ဘူးနော်
မင်းကုန်ရင်ပြန်တော့
" အေးပါကွာ ငါလဲမယူတော့ပါဘူး"
"တောက် ဒီနေ့မှ ဖဲကလဲ ရှုံးလိုက်တာ.
သောက်သောက်လဲ"
တစ်ယောက်ထဲ ဗြစ်တောက်ဗြစ်တောက်ပြောရင်း
အိမ်ပြန်လာခဲ့လိုက်တယ်။
ရွာထိပ်လဲရောက်ကော အလင်းရောင်က
မှိန်ဖျော့လာတဲ့ နေဝင်ရီတစ်ရောအချိန်..
မမှောင်ခင် အိမ်ရောက်မှဖြစ်မယ်
ရွာထိပ်က.ထိန်ပင်ကလဲ နာမည်ကြီးပါပေ့နဲ့
အောင်ဘုတစ်ယောက် ခပ်သုတ်သုတ်လျောက်ရင်း
ရွာထဲကိုအဝင်.
" ဘုတ် "
"ကျောကိုတစ်ခုခု.လာမှန်သလိုဖြစ်လို့
ကြည့်လိုက်တာ "
ဝက်ဒူးရိုးကြီး
အောင်ဘု ဘေးဘီပတ်လည်ကို.ကျီးကန်း
တောင်းမှောက်လိုက်ကြည့်လိုက်တယ်။
ဘာလို့ဆိုတော့ ဘယ်သူတွေစနေလဲဆိုပြီး
လိုက်ကြည့့်တော့ တစ်ယောက်မှ မတွေ့။
အောင်ဘု.ကြက်သီးမွေးညှင်းတွေ ထလာတယ်။
မနက် မနက်က ဝက်သားသည် ဒေါ်ရွှေ ထိန်ပင်
အောက်ကဖြတ်တာ ဝက်သားဗန်းကိုအပင်ပေါ်က လက်ကြီးနဲ့လှမ်းဆွဲတယ်လို့ ပြောတာ တကယ်များ
ဖြစ်နေမလား။
အခုလဲ ဝက်ရိုးကြီးနဲ့ ငါ့ကိုပစ်တယ်
အောင်ဘု ထိန်ပင်ကို မကြည့်ပဲ ရွာထဲပြေးပါ
လေရော။
..
ဟောဟဲ ဟောဟဲ
အမေရေ ရေ..ရေတစ်ခွက်လောက်
အေး.ကျေးဇူးရှင်ဆိုတော့ ခပ်ပေးရတာပေါ့
အမလေး တစ်နေကုန်ရွာရိုးကိုးပေါက်လျောက်သွား.မိုးချုပ်မှပြန်လာ တော်တော်ကောင်းကျိုး
ပေးတဲ့သား ။
မွေးရတာ.ဝမ်းရေးစပ်လိုက်တာ
...
မွေးသမိခင်ရဲ့ သံသာချိုအေးမင်္ဂလာတေးကို.
နားထောင်ရင်း အောင်ဘု.ရေချိုးဖို့ အိမ်အနောက
်က စဉ့်အိုးဆီလာခဲ့လိုက်တယ်။
ထိုစဉ်..
အောင်ဘုရေ.အောင်ဘု
ဟေ့ သာကျော် ပြော.
ငါရေချိုးနေတယ်
အောင်ဘု ရွာတောင်ပိုင်းက ဒေါ်လေးမြ
သိတယ်မလား။
အေး သိတယ်လေ
ငွေတိုးချေးတဲ့ ဒေါ်လေးမြမဟုတ်လား
ဘာဖြစ်လို့လဲ
....
ဒေါ်လေးမြ အခုတစ်လောနေမကောင်းဖြစ်နေလို့ အကြွေးယူထားတဲ့သူတွေ ဝမ်းသာနေကြတာလေ
ရောဂါကမရတော့ဘူးလို့ အမည်တပ်ထားပေမယ့်
အခု ဒေါ်လေးမြက ပြန်ထူထောင်လာတယ်
ကျန်းမာရေး ပြန်ကောင်းလာတယ်ဟ
....
အဲဒါဘာဖြစ်လဲ.ကျန်းမာတာကောင်းတာပေါ့
နေစမ်းပါဦး.အဲဒါဘာလို့ ငါဆီတကူးတက
လာပြော နေတာလဲ။
ဒီလိုလေဟာ ဟဲဟဲ
ဟေ့ကောင် ဟဲဟဲတွေ ဟားဟားတွေ မလုပ်နေနဲ့
မင်းဒေါ်လေးမြ တူမကို ပိုးမလို့
ငါ့ကိုလာခေါ်တာမလား
...
ဟီးဟီး ဟုတ်တယ်
အဲဒါရေချိုးပီး.လိုက်ခဲ့ပေးကွာ
ခွေးသား .. အစထဲက အဲလိုပြောပါလား
စာတစ်တန် ပေတစ်တန်နဲ့.စကားချီးသန်းနေတာ
ငါတောင်အအေးပတ်တော့မယ်။
အိမ်ရှေ့မှာ သွားစောင့်နေ ရေချိုးပြီး လာခဲ့မယ်
ဆိုပြီး ရေကိုကမန်းကတမ်းချိုး အဝတ်အစား
ကောက်လဲပြီး အရီးမြတို့ အိမ်ဘက်ထွက်လာ
လိုက်တယ်။
....
အောင်ဘု.
အရီးမြက နေမကောင်းဘူးသာပြောတယ်
သွားတာလာတာ.လူငယ်လိုပဲကွ
အရင်က အိပ်ယာထဲလဲနေတဲ့သူက ဘယ်ဆရာနဲ့
ဲ့မိသွားလဲ.မပြောတတ်ပါဘူးကွာ
ထူထူထောင်ထောင်ကိုဖြစ်လို့..
...
သာကျော် မင်းကိစ္စ မင်းပြော.သူများအကြောင်း.
မပြောနဲ့.
အခု မင်း.အိဖြူနဲ့.ချိန်းထားတာလား
အေး..ချိန်းထားတယ်
အရီးမြကို အားပေးစကားပြောသလိုလိုနဲ့
မငး်ကဝင်ဖောကွာ။
ငါက.အိဖြူကို လက်ဟန်ခြေဟန်နဲ့ ချိန်းလိုက်မယ်။
....
အိဖြူ.
အရီးမြ.ရှိလား
အော်.သာကျော်နဲ့ အောင်ဘုပါလား
ရှိတယ်လေ အရီးမြ ရှိတယ်.အိပ်နေတယ်
လာကြ.
အောင်ဘုနဲ့သာကျော် အိမ်ပေါ်လဲတက်ရော.
အရီးမြက ငေါက်ခနဲ ထထိုင်ပါလေရော။
အရီးမြ နေကောင်းရဲ့လား
အေး ကောင်းတယ်
...
အောင်ဘုနဲ့သာကျော် အရီးမြရဲ့မာဆတ်ဆတ်.လေသံကြောင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်
လိုက်တယ်။
အိဖြူ. အရီးမြ.ဘာမှမစားဘူးလား
ကျန်းမာရေးသာ ကောင်းတယ်ပြောတာ
လူက ပိန်လှီနေတာပဲ။
...
စားပါတယ် သာကျော်ရဲ့
ခုနကတောင် ဝက်လက်ပြုတ်နဲ့ထမင်းစားထားတာ
အခုတစ်လော ထမင်းစားလာတယ်ဟ
ဒါနဲ့.အောင်ဘု နင်ကောအရင်ဆို ဖဲသမားလုပ်တုန်း.ပဲလား။
ဟာ.အိဖြူကလဲ မဟုတ်ပါဘူးဟ
...
အဲဒါဆို ခဏနေနော် ငါလက်ဖက်သုတ်ပေးမယ် ဆိုပြီး အိမ်နောက်ဖေးဝင်တော့.. သာကျော်က ကူပေးမယ်ဆိုပြီး လိုက်ဝင်သွားတယ်။
သာကျော်ရဲ့.အကြံကိုသိတဲ့ အောင်ဘုက တစ်ချက်ပြုံးလိုက်မိတယ်။
...
အောင်ဘု...
အရီးမြခေါ်တဲ့အသံကြီးကလဲ.တစ်မျိုးကြီးပဲ
အသံနာနေတာလား အရီးမြ.
မဟုတ်ပါဘူးကွယ်.
ငါ့ကို လာနှိပ်ပေးစမ်းပါ
ခြေထောက်တွေအကြောတတ်လို့
....
အောင်ဘုလဲ.အရီးမြခြေသလုံးတွေကို နှိပ်ဖို့
လက်တင်လိုက်တယ်ဆိုရင်ဖြင့်.
ခြေသလုံးတွေက အေးစက်နေတာပဲ
အရီးမြ ခြေထောက်တွေအေးနေတယ်
စောင်ခြုံထားလေ..
ရပါတယ် နှိပ်သာနှိပ်ပေးစမ်းပါ။
....
အောင်ဘု နှိပ်ပေးရင်း.အရီးမြကို ကြည့်လိုက်တော့
မျက်လုံးလေးစင်းပြီး ဇိမ်ယူနေတာ။
လူကြီးကိုနှိပ်ပေးရတယ်ဆိုတော့ ကုသိုလ်ရပါတယ်
လို့တွေးပီး ခြေသလုံးတွေကို ဆုပ်နယ်ပေးနေလိုက်တယ်။
ခဏနေသာကျော် လက်ဖက်သုတ်ပန်းကန် ယူပြီးထွက်လာတော့ အောင်ဘု နှိပ်တာနားလိုက်တယ်။
နားလိုက်တယ်ဆိုရင်ပဲ မျက်လုံးမှေးပြီး ဇိမ်ယူနေတဲ့
အရီးမြက ဟေ့အကောင် နှိပ်ပေးလေ။
နှိပ်တာဘာမှတောင်မရှိသေးဘူး ဆိုပြီး မာန်ပါလေရော။
....
အဲဒါအိဖြူက အောင်ဘုကိုယ်စား ဝင်နှိပ်ပေးရင်း
သာကျော်က ..
အိဖြူ နင်လဲ မျက်နှာတွေဖြူဖတ်ဖြူရော်နဲ့
အရီးမြကို ဂရုစိုက်တာဂရုစိုက်တာပေါ့.
နင်ကျန်းမာရေးလဲ ဂရုစိုက်ဦး..လို့ သာကျော
်ပြောတော့..
အိပ်နေတဲ့ အရီးမြက ရုတ်တရက်ထပြီး ငါ့တူမ
ငါ့ကိုပြုစုတာ.နင်တို့အပူလား အမျိုးယုတ်တွေရဲ့
ထွက်သွား ငါ့အိမ်ကထွက်သွားဆိုပြီး အတင်း
မောင်းထုတ်ပါလေရော။
...
သာကျော်နဲ့အောင်ဘုလဲ ကုပ်ကုပ်လေးအိမ်ပေါ်က ဆင်းပြီး. မလှမ်းမကမ်းက ရွာလယ်ဆွမ်းလောင်းတဲ
လေးမှာ ထိုင်နေလိုက်တယ်။
သာကျော်.. အရီးမြက ဘာကြီးလဲကွ
တစ်မျိုးကြီးပဲ.. အရင်ကဆို သူစကားပြောတာ
ဒီလောက်မရင့်ပါဘူး။
အခုမှ လေသံကမာနေတာ။
သာကျော် ..ငါ.ခေါင်းတွေမူးလာလို့
အိမ်ပြန်တော့မယ်ကွာ
အားနည်းလို့လားမသိဘူး မူးနေတယ်။
...
အဲဒါနဲ့ သာကျော်နဲ့ အောင်ဘု အိမ်ပြန်လာခဲ့လိုက်
တယ်။
မနက်ကျတော့ နေမြင့်မှ အောင်ဘုနိုးလာတယ်။
မျက်နှာသစ် ထမင်းကြမ်းစားပြီး.အိမ်ပေါ်ကဆင်း
တော့..
အောင်ဘု ညက နင်တို့ကြက်တွေ သွားခိုးသေးလား..
ဟာဗျာ အမေကလဲ ခိုးစရာလား
မခိုးပါဘူး .. ဘာဖြစ်လို့လဲ
....
ညက ဒေါ်စံတုတ်ကြက်တွေ.ပျောက်လို့တဲ့
အဲလိုပျောက်နေတာ ၃ရက်၄ရက်လောက်ရှိပြီတဲ့
အဲဒါ မင်းတို့များခိုးစားသလားလို့
အမေရာ သူများကြက်ခိုးစရာလားဗျ
ဘယ်ကြက်သူခိုးလဲတော့ မသိဘူး။
စောင့်ဖမ်းရမယ် နောက်ဆို ကျွန်တော်တို့အပေါ်.
အမြင်ကြည်မှာမဟုတ်ဘူး။
.....
အောင်ဘု ရွာထဲက.ကာလသားတွေကိုမေးတော့လဲ
မယူဘူးလို့ပဲဖြေတယ်။
အဲဒါနဲ့.ညဖက် ဒေါ်စံတုတ်ကြက်ခြံနဲ့ မလှမ်းမကမ်း
မှာ ကင်းပုန်းစောင့်ကြပါလေရော။
အချိန်က ညသန်းခေါင်ရောက်လာတယ်
ခြေသံကြားတယ် တိုးတိုးနေ..
ခြေသံက ဒေါ်စံတုတ်အိမ်အနောက်ဘက်ကနေ
လာနေတဲ့အသံ..
အမှောင်ထဲကနေ လူတစ်ယောက်ထွက်လာတယ်
ကင်းပုန်းစောင့်နေတဲ့လူတွေ တုတ်တွေကို သေချာ
ကိုင်ထားတယ်။
သူခိုးရိုက်မလို့ ..
...
ကြည့်နေရင်းနဲ့ အမှောင်ထဲက.ထွက်လာတဲ့သူက
ဟာ. အို. ဟင်.
အရီး အရီးမြ.ပါလား..
ဟေ့ကောင်တွေ မလှုပ်နဲ့
ဘာလုပ်မလဲ.ကြည့်နေ
...
အရီးမြက ကြက်ခြံထဲက.ကြက်တစ်ကောင်ကို.လည်ပင်းကနေဖမ်းယူပြီး အမှောင်ထဲ ပြန်ဝင်သွားတယ်။
သာကျော်.ဒါ ဒါ အရီးမြမဟုတ်လောက်ဘူး
အရီးမြ ကိုယ်ထဲဖုတ်ဝင်နေတာဖြစ်မယ်။
ဘယ်လိုလုပ်မလဲ..
ဒီကိစ္စ ဘယ်လိုလုပ်ကြမလဲ
တစ်ယောက်တစ်ပေါက်နဲ့ အားလုံးပွက်ညံကုန်တယ်။
မနက်လဲကျတော့ အရီးမြဖုတ်ဝင်နေတယ်ဆိုတဲ့
သတင်းက တစ်ရွာလုံးပြန့်သွားတယ်။
အိဖြူ က လက်မခံဘူး။.သူအရီးမြ ဖုတ်ဝင်တာ.
လက်မခံဘူး။
ဒါပေမယ့် လက်ခံနိုင်လောက်တဲ့ ကိစ္စပေါ်လာခဲ့တယ်။
အဲဒါကတော့..
အောင်ဘု ..
သူကြီးအိမ်မှာ ခရီးသွားတွေရောက်နေတယ်။
သူတို့က ပယောဂကုတယ်တဲ့။ ရွာမှာဝင်နားတုန်း
အရီးမြကိစ္စပြောလိုက်တာ သူတို့ကြည့်ပေးမယ်တဲ့
...
အဲဒါ မင်းကိုလာခေါ်တာ
သွားကြည့်ရအောင်..
အောင်ဘုနဲ့ သာချို သူကြီးအိမ်ရောက်တော့
ဟော အောင်ဘု.လာကွာ
ဒါက ခရီးသွားတွေ
ဒါက အောင်ဘုနဲ့ သာချိုပါ ဆရာလေးတို့
အောင်ဘုနဲ့သာချို
ဒါက ဆရာအောင်မြတ်သာတဲ့
ဒီဘက်ကတော့ သက်ခိုင်တဲ့
မင်းတို့ မြင်ခဲ့တာတွေ ပြောပြလိုက်ဆိုတော့..
အောင်ဘုနဲ့ သာချိုလဲ အကြောင်းစုံ ပြောပြ.
လိုက််တယ်။
.....
အဲလောက်ထိရောက်နေတာတောင်.မသိကြဘူးပေါ့လေ။
ဒါဆို ဒီဖုတ်က တော်တော်ကြာနေပီပဲ။
ဒါက သွေးစုပ်ဖုတ်လို့ခေါ်တယ်။
လူသွေးကိုစုပ်တယ်၊ လူသွေးစုပ်လို့ဝရင်
တစ်ခြားသွေးတွေစုပ်တယ်။
သွားကြည့်ရအောင် ဆိုပြီး
အရီးမြ အိမ်ကိုထွက်လာခဲ့လိုက်တယ်။
အိမ်လဲရောက်ကော..
ဆရာ ဒီအိမ်ပဲ..
အောင်မြတ်သာ လူနာကို.အိမ်အောက်ကနေပဲ.
ကြည့်လိုက်တာ..
ဟာ.. တော်တော်အကောင်ကြီးနေပီ
အစွယ်တောင်ထွက်နေပီ၊ ဒီတိုင်းလွှတ်ထားရင််
တစ်ရွာလုံးဒုက္ခရောက်နိုင်တယ်။
အမြန်ဆုံး ဖုတ်ထုတ်မှရမယ်။
သက်ခိုင်.မင်းက ဒီကလူငယ်တွေကို အကူအညီ
တောင်းပြီး အခေါင်းတစ်လုံးရိုက်ထား။ အခေါင်း
ရိုက်ပြီးတာနဲ့ ဖုတ်ထုတ်တာပြီးမယ်။
....
သာကျော်နဲ့ ရွာခံလူငယ်တွေက အခေါင်းတစ်လုံး
ရိုက်ဖို့ထွက်သွားတော့..
ဆရာလေးက အိမ်ပေါ်တက်သွားတယ်။
အိမ်ပေါ်လဲ ရောက်တယ်ဆိုရင်ဖြင့် အိပ်ယာထဲလဲ
နေတဲ့ အရီးမြက ဗြုန်းဆို ငုတ်တုတ်ထထိုင်တာ
အလား.. မျက်လုံးကြီးတွေနီရဲနေတာ
ပါးစပ်ကြီးကိုလဲ ဟထားတယ်။
ဆရာလေးကတော့ အေးအေးဆေးဆေးပဲ
ခဏနေတော့..
မင်းဘယ်သူလဲ..
"အဒေါ်က.အရီးမြ"ပါကွယ်
ဒါက အဒေါ်တူမလေးလေ
...
အရီးမြအသံကြီးဗျ ..
အသံကတကယ်အရီးမြအသံ..
ဒါပေမယ့် ဆရာလေးက ပြုံးပြီးတော့
ဟန်ဆောင်ထားသမျှ ကွာကျစေ ငါအောင်မြတ်သာ အမိန့်..
ဆိုပြီးပြောလိုက်တယ်ဆိုရင်ပဲ..
ခုနက အရီးမြလေသံကနေ ယောကျၤားသံကြီး ဖြစ်သွားတာ။
မှန်မှန်ပြော.. မင်းဘယ်သူလဲ
ဘာလို့ ဝင်နေရတာလဲ။
...
ဟားဟားဟား ငါလား ငါက စားမလို့ ဝင်နေတာ
ငါအကုန်လုံးစားမယ်.. ငါစားမယ် တစ်ရွာလုံးကို
စားမယ်။
ကဲ.. စားချင်တယ်ဆိုတိုင်း စားရမယ်ထင်နေတာလား ။
မင်း ဘယ်သူလဲလို့မေးနေတာ.မဖြေဘူးပေါ့နော်
ဟုတ်ပီ။ အဲဒါဆို ငါဘက်က စပီနော်။
ဆရာသခင်အပေါင်းအား ဦးထိပ်ထား၍ တိုင်တည်ပါသည်။
ကျွန်တော်အောင်မြတ်သာသည် ၇ရက်သားသမီး.
အသက်ကို ကယ်တင်လိုစိတ်သာ ရှိပါသည်။ တစ်ပါးသူအားထိခိုက်စေလိုခြင်းမရှိပါ။
သို့သော် ဤသူကား ၇ရက်သားသမီးများအား
အန္တရာယ်ပြုနိုင်ပါသဖြင့် ဆုံးမခွင့်ပြုပါလို့
တိုင်တည်ပြီးတာနဲ့...
ဟိတ်.. ဒီမြို့ကိုစောင့်ကြပ်တဲ့ မြို့စောင့်နတ်အဘိုးကို ပင့်ဖိတ်ပါသည်။
အဘိုး၏ တပည့်၂ဦးဖြစ်တဲ့ ယက္ခညီနောင်ကိုပါ.
ပင့်ဖိတ်သည်။
ဤငမိုက်သားအား နောက်ပြန်ဖမ်းချုပ်ထားပေးပါလို့ ပြောလိုက်တယ်ဆိူရင်ဖြင့် အရီးမြရဲ့ လက်က
အနောက်ကို ရောက်သွားတယ်။
....
ငါမေးမယ် မင်းဘယ်သူလဲ..
ဘာကြောင့် ဒုက္ခပေးရတာလဲ..
အခုချိန် မင်းထွက်မယ်ဆိုရင် ငါမင်းကို.
ထိခိုက်အောင်မလုပ်ဘူး။
....
ဟားဟားဟား ငါနာမည် ငထိန်ကွ..
ရွာထိပ်က ထိန်ပင်မှာနေတဲ့ ငထိန်ဆိုတာငါပဲ
ငါက ဘာလို့ထွက်ရမှာလဲ..
ဒီမှာစားချင်တာစားလို့ရတယ်
မထွက်ဘူးဟေ့ မထွက်ဘူး
ခွေးအဆင့်ပဲရှိတဲ့ ခွေးဆရာကများ ငါ့ကို ရာရာစစ
...
အောင်မြတ်သာ ပြုံးလိုက်တယ်။
ကောင်းပြီ.. သက်ခိုင် ရေတစ်ခွက်ပေး..
ရေတစ်ခွက်လဲရရော..
ဒီရေတစ်စက်ထိက ငရဲမီးထက်အဆပေါင်းများစွာ.
ပူလောင်ခံစားစေရမည်။
ဘယ်လောက်ပင်ပူပင်ကစား နောက်ပြန်ကြိုး
မပြုတ်စေရ။
ပူလောင်မှုဒဏ်ကို မထွက်မချင်းခံစားရစေ.လို့
အမိန့််ပြန်ပြီး ရေထဲလက်ညိုးလေးနှစ်ပြီး တောက်
လိုက်ရုံ ဖြင့် ငရဲပွက်သမျှ အော်သံထွက်လာတယ်။
အား ပူတယ်.ပူတယ်.အား အား သေပါတော့မယ်
အား ရပ်ပါတော့ မနေနိုင်ဘူး.ပူတယ် ပူတယ်
..
ဒါဆိုထွက်မလား..
ငါ သတ်မယ် မင်းကိုသတ်မယ်...
ငါ့လက်နဲ့မင်းကိုသတ်မယ်...
မထွက်သေးဘူးဆိုတဲ့သဘောပေါ့ဆိုပြီး ရေစက်လေးနဲ့လှမ်းတောက်လိုက်ပြန်တယ်။
အရီးမြတစ်ဖြစ်လဲ ထိန်ပင်စောင့်သရဲကြီးရဲ့ အော်သံ
တွေက ကြောက်မက်ဖွယ်ကောင်းအောင် ထွက်လာ
တယ်။
အား အား ပူတယ်.တကယ်ထွက်မယ်။
မနေနိုင်တော့ဘူး ထွက်ပါတော့မယ်။
ရှုံးတယ်.ငါရှုံးတယ်။.မင်းကို ငါရှုံးတယ်။
....
အေး.မင်းရှုံးတယ်ဆိုရင် ကောင်းကောင်းမွန်မွန်
ထွက်..
ဒီမှာတော့မထွက်နဲ့.မင်းထွက်တာနဲ့ အလောင်းပ
ဲကျန်မှာ ..
မင်းဘာသာ အိမ်ရှေ့က အခေါင်းထဲဝင်ပြီးမှ ထွက်.
လို့ပြောတော့ မျက်ထောင့်နီကြီးနဲ့စိုက်ကြည့်ပြီး
အိမ်အောက်ကို ဆင်းသွားတာ။
အိမ်ရှေ့လဲရောက်ကော.အခေါင်းထဲဝင်အိပ်ဖို့လုပ်တဲ့ အချိန်..
...
မြို့စောင့်အဘိုးက ဒီကောင်ကို.ဆုံးမပေးပါ။ နတ်နန်းမှာပဲချုပ်ထားပါ။ ဘယ်မှမလွှတ်ပေးပါနဲ့။ ကျွန်တော်အချုပ်အင်းပို့ပေးလိုက်မယ်။.ဒါဆို ဒီကောင် လူတွေကိုဒုက္ခမပေးနိုင်တော့ပါဘူးလို့ပြောပြီး
အခေါင်းထဲမှာ အိပ်ခိုင်းလိုက်တယ်ဆိုရင်ဖြင့်
အရီးမြ ရုပ်အလောင်းက တစ်ဖြေးဖြေးရိရွဲလာကာ
သားရေတွေပဲကျလာတယ်။
အပုတ်နံ့တွေက မတရားထွက်လာတော့.အခေါင်းကို အမြန်ပိတ်ပြီး အဲဒီနေ့ပဲသဂြိုလ်လိုက်ရတယ်။
......
ခရီးသွားဆရာတွေကို ကျေးဇူးတင်စကားဆိုရင်း.
သာကျော်နဲ့အောင်ဘုက ရွာထိပ်ထိလိုက်ပို့ပေးတယ်။
နောက်ကြုံရင် လာလည်ဦးနော်.ဆရာလေးတို့.
ရွာအပြင်ကိုထွက်သွားတဲ့ ဆရာနှစ်ယောက်ကိုကြည့်ရင်း အောင်ဘုနဲ့သာချို ရွာထဲဝင်လာခဲ့လိုက်တယ်။
......
အရီးမြ အသုဘမှာတော့...
လက်ရှောင် လက်ရှောင်
ရိုက်ချလိုက်ကွာ အောင်ဘု..
ဖြုန်း...
ဟာ ကိုး ကြ..
တစ်ဝိုင်းလုံးစားပီ..
ဟာ.. နောက်တစ်ခါ လာထား..
ဒီတစ်ခါ ကိုးပေါက်ပြန်ပဲကွ..
ငါကွ အောင်ဘုတဲ့ကွ....
ဖဲရိုက်နေရင်း ဒေါ်စံတုတ် ကြက်ခြံထဲက.ကြက်တွေ
ကြောက်လန့်တကြား ထအော်တဲ့ အသံကို အကုန်
ကြားလိုက်ရတယ်။
......
ဟေ့ ဟေ့ ဘာဖြစ်ပြန်ပီလဲ ကြက်ခြံထဲ.ဘာဖြစ်ပြန်ပီလဲ ထကြည့်တော့..
ကြက်တစ်ကောင်သေနေတာတွေ့လိုက်ရတယ်။
လည်ပင်းမှာလဲ.အပေါက်နှစ်ပေါက်အရာက အထင်းထား...
အောင်ဘုနဲ့သာချို တစ်ယောက်မျက်နှာတစ်ယောက်
ကြည့်လိုက်တယ်။
ထိုစဉ်... မြွေကြီးကွ
မြွေဟောက်ကြီး ကြက်ခြံထဲဝင်တာ ရိုက်ရိုက်ဆိုတဲ့
အသံကြားတော့မှ နှစ်ယောက်သား သက်ပြင်းချနိုင်
တော့တယ်။
လေးစားစွာဖြင့်
ဇေယန(ရာမည)
ေအာင္ျမတ္သာႏွင့္ထိန္ပင္ေစာင့္သရဲ (စ/ဆုံး)
ေရးသားသူ...ေဇယန(ရာမည)
"ကိုး" ျဖစ္လိုက္စမ္းပါဟ
ဟာကြာ.. " ေတာက္ ဘူျပန္ပီ "
ဒီေန႔ ငါေတာ္ေတာ္ရႈံးေနပီ ၾကက္ေတာ
ပိုက္ဆံလဲ ကုန္ပီ
ငါကို.ပိုက္ဆံနည္းနည္းထပ္ေခ်းစမ္းပါဟာ
"ေဟ့ေကာင္. မင္းေခ်းထားတာမ်ားေနပီေနာ္"
"မမ်ားပါဘူးကြာ အခ်င္းခ်င္းပဲ "
ေအာင္ဘု.ပိုက္ဆံေတြက ဆႏြင္းမႈန္႔ေလတိုက္
သလို ပါးပါးခ်င္းကုန္ေနပီ။
ေအာင္ဘု.ငါထပ္မေခ်းေတာ့ဘူးေနာ္
မင္းကုန္ရင္ျပန္ေတာ့
" ေအးပါကြာ ငါလဲမယူေတာ့ပါဘူး"
"ေတာက္ ဒီေန႔မွ ဖဲကလဲ ရႈံးလိုက္တာ.
ေသာက္ေသာက္လဲ"
တစ္ေယာက္ထဲ ျဗစ္ေတာက္ျဗစ္ေတာက္ေျပာရင္း
အိမ္ျပန္လာခဲ့လိုက္တယ္။
႐ြာထိပ္လဲေရာက္ေကာ အလင္းေရာင္က
မွိန္ေဖ်ာ့လာတဲ့ ေနဝင္ရီတစ္ေရာအခ်ိန္..
မေမွာင္ခင္ အိမ္ေရာက္မွျဖစ္မယ္
႐ြာထိပ္က.ထိန္ပင္ကလဲ နာမည္ႀကီးပါေပ့နဲ႔
ေအာင္ဘုတစ္ေယာက္ ခပ္သုတ္သုတ္ေလ်ာက္ရင္း
႐ြာထဲကိုအဝင္.
" ဘုတ္ "
"ေက်ာကိုတစ္ခုခု.လာမွန္သလိုျဖစ္လို႔
ၾကည့္လိုက္တာ "
ဝက္ဒူး႐ိုးႀကီး
ေအာင္ဘု ေဘးဘီပတ္လည္ကို.က်ီးကန္း
ေတာင္းေမွာက္လိုက္ၾကည့္လိုက္တယ္။
ဘာလို႔ဆိုေတာ့ ဘယ္သူေတြစေနလဲဆိုၿပီး
လိုက္ၾကည့့္ေတာ့ တစ္ေယာက္မွ မေတြ႕။
ေအာင္ဘု.ၾကက္သီးေမြးညႇင္းေတြ ထလာတယ္။
မနက္ မနက္က ဝက္သားသည္ ေဒၚေ႐ႊ ထိန္ပင္
ေအာက္ကျဖတ္တာ ဝက္သားဗန္းကိုအပင္ေပၚက လက္ႀကီးနဲ႔လွမ္းဆြဲတယ္လို႔ ေျပာတာ တကယ္မ်ား
ျဖစ္ေနမလား။
အခုလဲ ဝက္႐ိုးႀကီးနဲ႔ ငါ့ကိုပစ္တယ္
ေအာင္ဘု ထိန္ပင္ကို မၾကည့္ပဲ ႐ြာထဲေျပးပါ
ေလေရာ။
..
ေဟာဟဲ ေဟာဟဲ
အေမေရ ေရ..ေရတစ္ခြက္ေလာက္
ေအး.ေက်းဇူးရွင္ဆိုေတာ့ ခပ္ေပးရတာေပါ့
အမေလး တစ္ေနကုန္႐ြာ႐ိုးကိုးေပါက္ေလ်ာက္သြား.မိုးခ်ဳပ္မွျပန္လာ ေတာ္ေတာ္ေကာင္းက်ိဳး
ေပးတဲ့သား ။
ေမြးရတာ.ဝမ္းေရးစပ္လိုက္တာ
...
ေမြးသမိခင္ရဲ႕ သံသာခ်ိဳေအးမဂၤလာေတးကို.
နားေထာင္ရင္း ေအာင္ဘု.ေရခ်ိဳးဖို႔ အိမ္အေနာက
္က စဥ့္အိုးဆီလာခဲ့လိုက္တယ္။
ထိုစဥ္..
ေအာင္ဘုေရ.ေအာင္ဘု
ေဟ့ သာေက်ာ္ ေျပာ.
ငါေရခ်ိဳးေနတယ္
ေအာင္ဘု ႐ြာေတာင္ပိုင္းက ေဒၚေလးျမ
သိတယ္မလား။
ေအး သိတယ္ေလ
ေငြတိုးေခ်းတဲ့ ေဒၚေလးျမမဟုတ္လား
ဘာျဖစ္လို႔လဲ
....
ေဒၚေလးျမ အခုတစ္ေလာေနမေကာင္းျဖစ္ေနလို႔ အေႂကြးယူထားတဲ့သူေတြ ဝမ္းသာေနၾကတာေလ
ေရာဂါကမရေတာ့ဘူးလို႔ အမည္တပ္ထားေပမယ့္
အခု ေဒၚေလးျမက ျပန္ထူေထာင္လာတယ္
က်န္းမာေရး ျပန္ေကာင္းလာတယ္ဟ
....
အဲဒါဘာျဖစ္လဲ.က်န္းမာတာေကာင္းတာေပါ့
ေနစမ္းပါဦး.အဲဒါဘာလို႔ ငါဆီတကူးတက
လာေျပာ ေနတာလဲ။
ဒီလိုေလဟာ ဟဲဟဲ
ေဟ့ေကာင္ ဟဲဟဲေတြ ဟားဟားေတြ မလုပ္ေနနဲ႔
မင္းေဒၚေလးျမ တူမကို ပိုးမလို႔
ငါ့ကိုလာေခၚတာမလား
...
ဟီးဟီး ဟုတ္တယ္
အဲဒါေရခ်ိဳးပီး.လိုက္ခဲ့ေပးကြာ
ေခြးသား .. အစထဲက အဲလိုေျပာပါလား
စာတစ္တန္ ေပတစ္တန္နဲ႔.စကားခ်ီးသန္းေနတာ
ငါေတာင္အေအးပတ္ေတာ့မယ္။
အိမ္ေရွ႕မွာ သြားေစာင့္ေန ေရခ်ိဳးၿပီး လာခဲ့မယ္
ဆိုၿပီး ေရကိုကမန္းကတမ္းခ်ိဳး အဝတ္အစား
ေကာက္လဲၿပီး အရီးျမတို႔ အိမ္ဘက္ထြက္လာ
လိုက္တယ္။
....
ေအာင္ဘု.
အရီးျမက ေနမေကာင္းဘူးသာေျပာတယ္
သြားတာလာတာ.လူငယ္လိုပဲကြ
အရင္က အိပ္ယာထဲလဲေနတဲ့သူက ဘယ္ဆရာနဲ႔
ဲ့မိသြားလဲ.မေျပာတတ္ပါဘူးကြာ
ထူထူေထာင္ေထာင္ကိုျဖစ္လို႔..
...
သာေက်ာ္ မင္းကိစၥ မင္းေျပာ.သူမ်ားအေၾကာင္း.
မေျပာနဲ႔.
အခု မင္း.အိျဖဴနဲ႔.ခ်ိန္းထားတာလား
ေအး..ခ်ိန္းထားတယ္
အရီးျမကို အားေပးစကားေျပာသလိုလိုနဲ႔
မငး္ကဝင္ေဖာကြာ။
ငါက.အိျဖဴကို လက္ဟန္ေျခဟန္နဲ႔ ခ်ိန္းလိုက္မယ္။
....
အိျဖဴ.
အရီးျမ.ရွိလား
ေအာ္.သာေက်ာ္နဲ႔ ေအာင္ဘုပါလား
ရွိတယ္ေလ အရီးျမ ရွိတယ္.အိပ္ေနတယ္
လာၾက.
ေအာင္ဘုနဲ႔သာေက်ာ္ အိမ္ေပၚလဲတက္ေရာ.
အရီးျမက ေငါက္ခနဲ ထထိုင္ပါေလေရာ။
အရီးျမ ေနေကာင္းရဲ႕လား
ေအး ေကာင္းတယ္
...
ေအာင္ဘုနဲ႔သာေက်ာ္ အရီးျမရဲ႕မာဆတ္ဆတ္.ေလသံေၾကာင့္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္
လိုက္တယ္။
အိျဖဴ. အရီးျမ.ဘာမွမစားဘူးလား
က်န္းမာေရးသာ ေကာင္းတယ္ေျပာတာ
လူက ပိန္လွီေနတာပဲ။
...
စားပါတယ္ သာေက်ာ္ရဲ႕
ခုနကေတာင္ ဝက္လက္ျပဳတ္နဲ႔ထမင္းစားထားတာ
အခုတစ္ေလာ ထမင္းစားလာတယ္ဟ
ဒါနဲ႔.ေအာင္ဘု နင္ေကာအရင္ဆို ဖဲသမားလုပ္တုန္း.ပဲလား။
ဟာ.အိျဖဴကလဲ မဟုတ္ပါဘူးဟ
...
အဲဒါဆို ခဏေနေနာ္ ငါလက္ဖက္သုတ္ေပးမယ္ ဆိုၿပီး အိမ္ေနာက္ေဖးဝင္ေတာ့.. သာေက်ာ္က ကူေပးမယ္ဆိုၿပီး လိုက္ဝင္သြားတယ္။
သာေက်ာ္ရဲ႕.အႀကံကိုသိတဲ့ ေအာင္ဘုက တစ္ခ်က္ၿပဳံးလိုက္မိတယ္။
...
ေအာင္ဘု...
အရီးျမေခၚတဲ့အသံႀကီးကလဲ.တစ္မ်ိဳးႀကီးပဲ
အသံနာေနတာလား အရီးျမ.
မဟုတ္ပါဘူးကြယ္.
ငါ့ကို လာႏွိပ္ေပးစမ္းပါ
ေျခေထာက္ေတြအေၾကာတတ္လို႔
....
ေအာင္ဘုလဲ.အရီးျမေျခသလုံးေတြကို ႏွိပ္ဖို႔
လက္တင္လိုက္တယ္ဆိုရင္ျဖင့္.
ေျခသလုံးေတြက ေအးစက္ေနတာပဲ
အရီးျမ ေျခေထာက္ေတြေအးေနတယ္
ေစာင္ၿခဳံထားေလ..
ရပါတယ္ ႏွိပ္သာႏွိပ္ေပးစမ္းပါ။
....
ေအာင္ဘု ႏွိပ္ေပးရင္း.အရီးျမကို ၾကည့္လိုက္ေတာ့
မ်က္လုံးေလးစင္းၿပီး ဇိမ္ယူေနတာ။
လူႀကီးကိုႏွိပ္ေပးရတယ္ဆိုေတာ့ ကုသိုလ္ရပါတယ္
လို႔ေတြးပီး ေျခသလုံးေတြကို ဆုပ္နယ္ေပးေနလိုက္တယ္။
ခဏေနသာေက်ာ္ လက္ဖက္သုတ္ပန္းကန္ ယူၿပီးထြက္လာေတာ့ ေအာင္ဘု ႏွိပ္တာနားလိုက္တယ္။
နားလိုက္တယ္ဆိုရင္ပဲ မ်က္လုံးေမွးၿပီး ဇိမ္ယူေနတဲ့
အရီးျမက ေဟ့အေကာင္ ႏွိပ္ေပးေလ။
ႏွိပ္တာဘာမွေတာင္မရွိေသးဘူး ဆိုၿပီး မာန္ပါေလေရာ။
....
အဲဒါအိျဖဴက ေအာင္ဘုကိုယ္စား ဝင္ႏွိပ္ေပးရင္း
သာေက်ာ္က ..
အိျဖဴ နင္လဲ မ်က္ႏွာေတြျဖဴဖတ္ျဖဴေရာ္နဲ႔
အရီးျမကို ဂ႐ုစိုက္တာဂ႐ုစိုက္တာေပါ့.
နင္က်န္းမာေရးလဲ ဂ႐ုစိုက္ဦး..လို႔ သာေက်ာ
္ေျပာေတာ့..
အိပ္ေနတဲ့ အရီးျမက ႐ုတ္တရက္ထၿပီး ငါ့တူမ
ငါ့ကိုျပဳစုတာ.နင္တို႔အပူလား အမ်ိဳးယုတ္ေတြရဲ႕
ထြက္သြား ငါ့အိမ္ကထြက္သြားဆိုၿပီး အတင္း
ေမာင္းထုတ္ပါေလေရာ။
...
သာေက်ာ္နဲ႔ေအာင္ဘုလဲ ကုပ္ကုပ္ေလးအိမ္ေပၚက ဆင္းၿပီး. မလွမ္းမကမ္းက ႐ြာလယ္ဆြမ္းေလာင္းတဲ
ေလးမွာ ထိုင္ေနလိုက္တယ္။
သာေက်ာ္.. အရီးျမက ဘာႀကီးလဲကြ
တစ္မ်ိဳးႀကီးပဲ.. အရင္ကဆို သူစကားေျပာတာ
ဒီေလာက္မရင့္ပါဘူး။
အခုမွ ေလသံကမာေနတာ။
သာေက်ာ္ ..ငါ.ေခါင္းေတြမူးလာလို႔
အိမ္ျပန္ေတာ့မယ္ကြာ
အားနည္းလို႔လားမသိဘူး မူးေနတယ္။
...
အဲဒါနဲ႔ သာေက်ာ္နဲ႔ ေအာင္ဘု အိမ္ျပန္လာခဲ့လိုက္
တယ္။
မနက္က်ေတာ့ ေနျမင့္မွ ေအာင္ဘုႏိုးလာတယ္။
မ်က္ႏွာသစ္ ထမင္းၾကမ္းစားၿပီး.အိမ္ေပၚကဆင္း
ေတာ့..
ေအာင္ဘု ညက နင္တို႔ၾကက္ေတြ သြားခိုးေသးလား..
ဟာဗ်ာ အေမကလဲ ခိုးစရာလား
မခိုးပါဘူး .. ဘာျဖစ္လို႔လဲ
....
ညက ေဒၚစံတုတ္ၾကက္ေတြ.ေပ်ာက္လို႔တဲ့
အဲလိုေပ်ာက္ေနတာ ၃ရက္၄ရက္ေလာက္ရွိၿပီတဲ့
အဲဒါ မင္းတို႔မ်ားခိုးစားသလားလို႔
အေမရာ သူမ်ားၾကက္ခိုးစရာလားဗ်
ဘယ္ၾကက္သူခိုးလဲေတာ့ မသိဘူး။
ေစာင့္ဖမ္းရမယ္ ေနာက္ဆို ကြၽန္ေတာ္တို႔အေပၚ.
အျမင္ၾကည္မွာမဟုတ္ဘူး။
.....
ေအာင္ဘု ႐ြာထဲက.ကာလသားေတြကိုေမးေတာ့လဲ
မယူဘူးလို႔ပဲေျဖတယ္။
အဲဒါနဲ႔.ညဖက္ ေဒၚစံတုတ္ၾကက္ၿခံနဲ႔ မလွမ္းမကမ္း
မွာ ကင္းပုန္းေစာင့္ၾကပါေလေရာ။
အခ်ိန္က ညသန္းေခါင္ေရာက္လာတယ္
ေျခသံၾကားတယ္ တိုးတိုးေန..
ေျခသံက ေဒၚစံတုတ္အိမ္အေနာက္ဘက္ကေန
လာေနတဲ့အသံ..
အေမွာင္ထဲကေန လူတစ္ေယာက္ထြက္လာတယ္
ကင္းပုန္းေစာင့္ေနတဲ့လူေတြ တုတ္ေတြကို ေသခ်ာ
ကိုင္ထားတယ္။
သူခိုး႐ိုက္မလို႔ ..
...
ၾကည့္ေနရင္းနဲ႔ အေမွာင္ထဲက.ထြက္လာတဲ့သူက
ဟာ. အို. ဟင္.
အရီး အရီးျမ.ပါလား..
ေဟ့ေကာင္ေတြ မလႈပ္နဲ႔
ဘာလုပ္မလဲ.ၾကည့္ေန
...
အရီးျမက ၾကက္ၿခံထဲက.ၾကက္တစ္ေကာင္ကို.လည္ပင္းကေနဖမ္းယူၿပီး အေမွာင္ထဲ ျပန္ဝင္သြားတယ္။
သာေက်ာ္.ဒါ ဒါ အရီးျမမဟုတ္ေလာက္ဘူး
အရီးျမ ကိုယ္ထဲဖုတ္ဝင္ေနတာျဖစ္မယ္။
ဘယ္လိုလုပ္မလဲ..
ဒီကိစၥ ဘယ္လိုလုပ္ၾကမလဲ
တစ္ေယာက္တစ္ေပါက္နဲ႔ အားလုံးပြက္ညံကုန္တယ္။
မနက္လဲက်ေတာ့ အရီးျမဖုတ္ဝင္ေနတယ္ဆိုတဲ့
သတင္းက တစ္႐ြာလုံးျပန္႔သြားတယ္။
အိျဖဴ က လက္မခံဘူး။.သူအရီးျမ ဖုတ္ဝင္တာ.
လက္မခံဘူး။
ဒါေပမယ့္ လက္ခံႏိုင္ေလာက္တဲ့ ကိစၥေပၚလာခဲ့တယ္။
အဲဒါကေတာ့..
ေအာင္ဘု ..
သူႀကီးအိမ္မွာ ခရီးသြားေတြေရာက္ေနတယ္။
သူတို႔က ပေယာဂကုတယ္တဲ့။ ႐ြာမွာဝင္နားတုန္း
အရီးျမကိစၥေျပာလိုက္တာ သူတို႔ၾကည့္ေပးမယ္တဲ့
...
အဲဒါ မင္းကိုလာေခၚတာ
သြားၾကည့္ရေအာင္..
ေအာင္ဘုနဲ႔ သာခ်ိဳ သူႀကီးအိမ္ေရာက္ေတာ့
ေဟာ ေအာင္ဘု.လာကြာ
ဒါက ခရီးသြားေတြ
ဒါက ေအာင္ဘုနဲ႔ သာခ်ိဳပါ ဆရာေလးတို႔
ေအာင္ဘုနဲ႔သာခ်ိဳ
ဒါက ဆရာေအာင္ျမတ္သာတဲ့
ဒီဘက္ကေတာ့ သက္ခိုင္တဲ့
မင္းတို႔ ျမင္ခဲ့တာေတြ ေျပာျပလိုက္ဆိုေတာ့..
ေအာင္ဘုနဲ႔ သာခ်ိဳလဲ အေၾကာင္းစုံ ေျပာျပ.
လိုက္္တယ္။
.....
အဲေလာက္ထိေရာက္ေနတာေတာင္.မသိၾကဘူးေပါ့ေလ။
ဒါဆို ဒီဖုတ္က ေတာ္ေတာ္ၾကာေနပီပဲ။
ဒါက ေသြးစုပ္ဖုတ္လို႔ေခၚတယ္။
လူေသြးကိုစုပ္တယ္၊ လူေသြးစုပ္လို႔ဝရင္
တစ္ျခားေသြးေတြစုပ္တယ္။
သြားၾကည့္ရေအာင္ ဆိုၿပီး
အရီးျမ အိမ္ကိုထြက္လာခဲ့လိုက္တယ္။
အိမ္လဲေရာက္ေကာ..
ဆရာ ဒီအိမ္ပဲ..
ေအာင္ျမတ္သာ လူနာကို.အိမ္ေအာက္ကေနပဲ.
ၾကည့္လိုက္တာ..
ဟာ.. ေတာ္ေတာ္အေကာင္ႀကီးေနပီ
အစြယ္ေတာင္ထြက္ေနပီ၊ ဒီတိုင္းလႊတ္ထားရင္္
တစ္႐ြာလုံးဒုကၡေရာက္ႏိုင္တယ္။
အျမန္ဆုံး ဖုတ္ထုတ္မွရမယ္။
သက္ခိုင္.မင္းက ဒီကလူငယ္ေတြကို အကူအညီ
ေတာင္းၿပီး အေခါင္းတစ္လုံး႐ိုက္ထား။ အေခါင္း
႐ိုက္ၿပီးတာနဲ႔ ဖုတ္ထုတ္တာၿပီးမယ္။
....
သာေက်ာ္နဲ႔ ႐ြာခံလူငယ္ေတြက အေခါင္းတစ္လုံး
႐ိုက္ဖို႔ထြက္သြားေတာ့..
ဆရာေလးက အိမ္ေပၚတက္သြားတယ္။
အိမ္ေပၚလဲ ေရာက္တယ္ဆိုရင္ျဖင့္ အိပ္ယာထဲလဲ
ေနတဲ့ အရီးျမက ျဗဳန္းဆို ငုတ္တုတ္ထထိုင္တာ
အလား.. မ်က္လုံးႀကီးေတြနီရဲေနတာ
ပါးစပ္ႀကီးကိုလဲ ဟထားတယ္။
ဆရာေလးကေတာ့ ေအးေအးေဆးေဆးပဲ
ခဏေနေတာ့..
မင္းဘယ္သူလဲ..
"အေဒၚက.အရီးျမ"ပါကြယ္
ဒါက အေဒၚတူမေလးေလ
...
အရီးျမအသံႀကီးဗ် ..
အသံကတကယ္အရီးျမအသံ..
ဒါေပမယ့္ ဆရာေလးက ၿပဳံးၿပီးေတာ့
ဟန္ေဆာင္ထားသမွ် ကြာက်ေစ ငါေအာင္ျမတ္သာ အမိန္႔..
ဆိုၿပီးေျပာလိုက္တယ္ဆိုရင္ပဲ..
ခုနက အရီးျမေလသံကေန ေယာက်ၤားသံႀကီး ျဖစ္သြားတာ။
မွန္မွန္ေျပာ.. မင္းဘယ္သူလဲ
ဘာလို႔ ဝင္ေနရတာလဲ။
...
ဟားဟားဟား ငါလား ငါက စားမလို႔ ဝင္ေနတာ
ငါအကုန္လုံးစားမယ္.. ငါစားမယ္ တစ္႐ြာလုံးကို
စားမယ္။
ကဲ.. စားခ်င္တယ္ဆိုတိုင္း စားရမယ္ထင္ေနတာလား ။
မင္း ဘယ္သူလဲလို႔ေမးေနတာ.မေျဖဘူးေပါ့ေနာ္
ဟုတ္ပီ။ အဲဒါဆို ငါဘက္က စပီေနာ္။
ဆရာသခင္အေပါင္းအား ဦးထိပ္ထား၍ တိုင္တည္ပါသည္။
ကြၽန္ေတာ္ေအာင္ျမတ္သာသည္ ၇ရက္သားသမီး.
အသက္ကို ကယ္တင္လိုစိတ္သာ ရွိပါသည္။ တစ္ပါးသူအားထိခိုက္ေစလိုျခင္းမရွိပါ။
သို႔ေသာ္ ဤသူကား ၇ရက္သားသမီးမ်ားအား
အႏၲရာယ္ျပဳႏိုင္ပါသျဖင့္ ဆုံးမခြင့္ျပဳပါလို႔
တိုင္တည္ၿပီးတာနဲ႔...
ဟိတ္.. ဒီၿမိဳ႕ကိုေစာင့္ၾကပ္တဲ့ ၿမိဳ႕ေစာင့္နတ္အဘိုးကို ပင့္ဖိတ္ပါသည္။
အဘိုး၏ တပည့္၂ဦးျဖစ္တဲ့ ယကၡညီေနာင္ကိုပါ.
ပင့္ဖိတ္သည္။
ဤငမိုက္သားအား ေနာက္ျပန္ဖမ္းခ်ဳပ္ထားေပးပါလို႔ ေျပာလိုက္တယ္ဆိူရင္ျဖင့္ အရီးျမရဲ႕ လက္က
အေနာက္ကို ေရာက္သြားတယ္။
....
ငါေမးမယ္ မင္းဘယ္သူလဲ..
ဘာေၾကာင့္ ဒုကၡေပးရတာလဲ..
အခုခ်ိန္ မင္းထြက္မယ္ဆိုရင္ ငါမင္းကို.
ထိခိုက္ေအာင္မလုပ္ဘူး။
....
ဟားဟားဟား ငါနာမည္ ငထိန္ကြ..
႐ြာထိပ္က ထိန္ပင္မွာေနတဲ့ ငထိန္ဆိုတာငါပဲ
ငါက ဘာလို႔ထြက္ရမွာလဲ..
ဒီမွာစားခ်င္တာစားလို႔ရတယ္
မထြက္ဘူးေဟ့ မထြက္ဘူး
ေခြးအဆင့္ပဲရွိတဲ့ ေခြးဆရာကမ်ား ငါ့ကို ရာရာစစ
...
ေအာင္ျမတ္သာ ၿပဳံးလိုက္တယ္။
ေကာင္းၿပီ.. သက္ခိုင္ ေရတစ္ခြက္ေပး..
ေရတစ္ခြက္လဲရေရာ..
ဒီေရတစ္စက္ထိက ငရဲမီးထက္အဆေပါင္းမ်ားစြာ.
ပူေလာင္ခံစားေစရမည္။
ဘယ္ေလာက္ပင္ပူပင္ကစား ေနာက္ျပန္ႀကိဳး
မျပဳတ္ေစရ။
ပူေလာင္မႈဒဏ္ကို မထြက္မခ်င္းခံစားရေစ.လို႔
အမိန့္္ျပန္ၿပီး ေရထဲလက္ညိဳးေလးႏွစ္ၿပီး ေတာက္
လိုက္႐ုံ ျဖင့္ ငရဲပြက္သမွ် ေအာ္သံထြက္လာတယ္။
အား ပူတယ္.ပူတယ္.အား အား ေသပါေတာ့မယ္
အား ရပ္ပါေတာ့ မေနႏိုင္ဘူး.ပူတယ္ ပူတယ္
..
ဒါဆိုထြက္မလား..
ငါ သတ္မယ္ မင္းကိုသတ္မယ္...
ငါ့လက္နဲ႔မင္းကိုသတ္မယ္...
မထြက္ေသးဘူးဆိုတဲ့သေဘာေပါ့ဆိုၿပီး ေရစက္ေလးနဲ႔လွမ္းေတာက္လိုက္ျပန္တယ္။
အရီးျမတစ္ျဖစ္လဲ ထိန္ပင္ေစာင့္သရဲႀကီးရဲ႕ ေအာ္သံ
ေတြက ေၾကာက္မက္ဖြယ္ေကာင္းေအာင္ ထြက္လာ
တယ္။
အား အား ပူတယ္.တကယ္ထြက္မယ္။
မေနႏိုင္ေတာ့ဘူး ထြက္ပါေတာ့မယ္။
ရႈံးတယ္.ငါရႈံးတယ္။.မင္းကို ငါရႈံးတယ္။
....
ေအး.မင္းရႈံးတယ္ဆိုရင္ ေကာင္းေကာင္းမြန္မြန္
ထြက္..
ဒီမွာေတာ့မထြက္နဲ႔.မင္းထြက္တာနဲ႔ အေလာင္းပ
ဲက်န္မွာ ..
မင္းဘာသာ အိမ္ေရွ႕က အေခါင္းထဲဝင္ၿပီးမွ ထြက္.
လို႔ေျပာေတာ့ မ်က္ေထာင့္နီႀကီးနဲ႔စိုက္ၾကည့္ၿပီး
အိမ္ေအာက္ကို ဆင္းသြားတာ။
အိမ္ေရွ႕လဲေရာက္ေကာ.အေခါင္းထဲဝင္အိပ္ဖို႔လုပ္တဲ့ အခ်ိန္..
...
ၿမိဳ႕ေစာင့္အဘိုးက ဒီေကာင္ကို.ဆုံးမေပးပါ။ နတ္နန္းမွာပဲခ်ဳပ္ထားပါ။ ဘယ္မွမလႊတ္ေပးပါနဲ႔။ ကြၽန္ေတာ္အခ်ဳပ္အင္းပို႔ေပးလိုက္မယ္။.ဒါဆို ဒီေကာင္ လူေတြကိုဒုကၡမေပးႏိုင္ေတာ့ပါဘူးလို႔ေျပာၿပီး
အေခါင္းထဲမွာ အိပ္ခိုင္းလိုက္တယ္ဆိုရင္ျဖင့္
အရီးျမ ႐ုပ္အေလာင္းက တစ္ေျဖးေျဖးရိ႐ြဲလာကာ
သားေရေတြပဲက်လာတယ္။
အပုတ္နံ႔ေတြက မတရားထြက္လာေတာ့.အေခါင္းကို အျမန္ပိတ္ၿပီး အဲဒီေန႔ပဲသၿဂိဳလ္လိုက္ရတယ္။
......
ခရီးသြားဆရာေတြကို ေက်းဇူးတင္စကားဆိုရင္း.
သာေက်ာ္နဲ႔ေအာင္ဘုက ႐ြာထိပ္ထိလိုက္ပို႔ေပးတယ္။
ေနာက္ႀကဳံရင္ လာလည္ဦးေနာ္.ဆရာေလးတို႔.
႐ြာအျပင္ကိုထြက္သြားတဲ့ ဆရာႏွစ္ေယာက္ကိုၾကည့္ရင္း ေအာင္ဘုနဲ႔သာခ်ိဳ ႐ြာထဲဝင္လာခဲ့လိုက္တယ္။
......
အရီးျမ အသုဘမွာေတာ့...
လက္ေရွာင္ လက္ေရွာင္
႐ိုက္ခ်လိုက္ကြာ ေအာင္ဘု..
ျဖဳန္း...
ဟာ ကိုး ၾက..
တစ္ဝိုင္းလုံးစားပီ..
ဟာ.. ေနာက္တစ္ခါ လာထား..
ဒီတစ္ခါ ကိုးေပါက္ျပန္ပဲကြ..
ငါကြ ေအာင္ဘုတဲ့ကြ....
ဖဲ႐ိုက္ေနရင္း ေဒၚစံတုတ္ ၾကက္ၿခံထဲက.ၾကက္ေတြ
ေၾကာက္လန္႔တၾကား ထေအာ္တဲ့ အသံကို အကုန္
ၾကားလိုက္ရတယ္။
......
ေဟ့ ေဟ့ ဘာျဖစ္ျပန္ပီလဲ ၾကက္ၿခံထဲ.ဘာျဖစ္ျပန္ပီလဲ ထၾကည့္ေတာ့..
ၾကက္တစ္ေကာင္ေသေနတာေတြ႕လိုက္ရတယ္။
လည္ပင္းမွာလဲ.အေပါက္ႏွစ္ေပါက္အရာက အထင္းထား...
ေအာင္ဘုနဲ႔သာခ်ိဳ တစ္ေယာက္မ်က္ႏွာတစ္ေယာက္
ၾကည့္လိုက္တယ္။
ထိုစဥ္... ေႁမြႀကီးကြ
ေႁမြေဟာက္ႀကီး ၾကက္ၿခံထဲဝင္တာ ႐ိုက္႐ိုက္ဆိုတဲ့
အသံၾကားေတာ့မွ ႏွစ္ေယာက္သား သက္ျပင္းခ်ႏိုင္
ေတာ့တယ္။
ေလးစားစြာျဖင့္
ေဇယန(ရာမည)
Comments
Post a Comment