အောင်မြတ်သာနှင့်နတ်ဖွက်ထားသည့်မိန်းမပျို

  အောင်မြတ်သာနှင့်နတ်ဖွက်ထားသည့်မိန်းမပျို ကောင်းကင်တစ်ခုလုံး တိမ်သားတွေကင်းစင်နေပြီး ပြာလဲ့လဲအရောင်သန်းနေတဲ့ နံနက်ခင်း အချိန်ကာလမှာ ရွှေရော... thumbnail 1 summary

 အောင်မြတ်သာနှင့်နတ်ဖွက်ထားသည့်မိန်းမပျို


ကောင်းကင်တစ်ခုလုံး တိမ်သားတွေကင်းစင်နေပြီး ပြာလဲ့လဲအရောင်သန်းနေတဲ့ နံနက်ခင်း အချိန်ကာလမှာ ရွှေရောင်တစ်လက်လက်ထနေတဲ့ ကိုးတောင်ပြည့်စေတီထီးတော်တင်ပွဲကို အောင်မြတ်သာတို့ဆရာတပည့်တွေ မထင်မရှားဟန်နဲ့ ရောက်ရှိခဲ့ကြတယ်။ စေတီအဝင်ဝ မုဒ်ဦးမှာတော့ လက်ရာ မြောက်စွာထုဆစ်ထားတဲ့ ဂဠုန်ငှက်ရုပ်ထုကြီးကလဲ ရောက်လာသူ အပေါင်းကို တစ်မျိုးတစ်ဖုံ စွဲဆောင်နေခဲ့တယ်။
ထီးတော်တင်ပွဲပြီးဆုံးတဲ့အချိန်မှာတော့ မုဒ်ဦးအဝင်ဝမှာ ထိုင်ပြီး ငိုယိုနေတဲ့ ယောင်္ကျား တစ်ယောက်အမှတ်မထင်မြင်တွေ့လိုက်ရတယ်။ ဘုရားထီးတင်ပွဲလာကြတဲ့ပရိတ်သတ်တွေကတော့ မုဒ်ဦးဝမှာထိုင်ငိုနေတဲ့လူကို သတိမမူမိကြပဲ မိမိတို့သွားလိုရာခရီးလမ်းကို ဖြောင့်တန်းစွာ သွားလာ နေကြတာမြင်လိုက်ရတဲ့ အောင်မြတ်သာက
“သက်ခိုင် မုဒ်ဦးဝမှာ ယောင်္ကျားတစ်ယောက်ထိုင်ငိုနေတာ မြင်ရလား” လို့မေးလိုက်တော့ သက်ခိုင်က အောင်မြတ်သာကြည့်တဲ့ဘက်ကို လှည့်ကြည့်လိုက်ပြီး
“မြင်ရတယ်ဆရာ သူ့မှာဘာအပူပင်တွေများရှိလို့ အခုလိုကုသိုလ်ရေးလုပ်တဲ့အချိန်မှာ ငိုကြွေးနေရတာလဲမသိဘူးနော်”
“ မဟုတ်ဘူးသက်ခိုင် သူထိုင်ငိုနေတာကို ဖြတ်သွားဖြတ်လာလူတွေ တစ်ယောက်မှ သတိ မထားမိကြသလို တစ်ယောက်မှလဲ စောင်းငဲ့ပြီး မကြည့်သွားကြဘူး ဒါကိုကြည့်ခြင်းအားဖြင့် ငိုနေတဲ့ သူဟာ လူသားတစ်ယောက်မဟုတ်ဘူးလို့ယူဆလို့ရတယ်”
သက်ခိုင်လဲ အောင်မြတ်သာစကားကြောင့် အနည်းငယ်တွေဝေသွားပြီး
“ဆရာပြောတဲ့အတိုင်းဆို သူကနာနာဘာဝ ဒါမှမဟုတ် ဒီဘုရားကိုစောင့်ရမယ့် အစောင့်ထဲက တစ်ယောက်များဖြစ်နေမလား”လို့ပြောလိုက်တော့ အောင်မြတ်သာက ဘာမှဆက်မပြောပဲ ထိုင်ငို နေတဲ့လူရှိတဲ့ဘက်ကို ထွက်သွားခဲ့တယ်။
သက်ခိုင်နဲ့တောက်ရလဲ အောင်မြတ်သာထွက်သွားတဲ့နောက်ကိုလိုက်သွားပြီး မုဒ်ဦးဝ ရောက်တော့ အောင်မြတ်သာက
“သင်ဘာကြောင့် အခုလိုရှိုက်ကြီးတငင် ငိုကြွေးနေရတာလဲ”လို့မေးလိုက်တော့ ငိုနေတဲ့သူက အံ့သြတဲ့မျက်နှာနဲ့ အောင်မြတ်သာတို့ကိုကြည့်ပြီး
“ကျုပ်ငိုနေတာကို သင်တို့မြင်ကြတယ်ပေါ့လေ”
“သင်ဒီနေရာကိုစရောက်လာထဲက ကျုပ်မြင်နေရပါတယ် ဘာအတွက်ကြောင့် ကုသိုလ်ယူ နေတဲ့အချိန်မှာ သာဓုမခေါ်ပဲ ငိုကြွေးနေတဲ့ပုံကိုလေ့လာကြည့်ရင် သင့်မှာအလွန်အရေးကြီးတဲ့ အခက်အခဲတစ်ခုရှိနေပြီထင်တယ်”
အောင်မြတ်သာစကားအဆုံးမှာ ငိုကြွေးနေတဲ့သူက ထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်ပြီး
“ကျုပ်နာမည်က ထွန်းသာလို့ခေါ်ပါတယ် ကျုပ်ကဒီတောင်ရဲ့ အရှေ့ဘက်ကရွာမှာနေပါတယ် ကျုပ်မှာအသက်ထက်ချစ်ရတဲ့ချစ်သူတစ်ဦးလဲရှိပါတယ် သူ့နာမည်က မိုးသားဖြူတဲ့”
ထွန်းသာဆိုတဲ့သူက ကောင်မလေးနာမည်ကို ရေရွတ်ရင်း တောင်ရဲ့အရှေ့ဘက်ကို ငေးမော ကြည့်လိုက်ပြီး ငြိမ်သက်သွားခဲ့တယ်။
“ပြောပါ သင်ဖြစ်ခဲ့တာတွေကို ကျုပ်တို့ကို ယုံကြည်စွာပြောပြလို့ရပါတယ်”
အောင်မြတ်သာရဲ့လမ်းဖွင့်တဲ့စကားကြောင့် ငြိမ်သက်စွာရပ်နေတဲ့လူငယ်ရဲ့ မျက်လုံးတွေ အရောင်လက်လာပြီး
“ကျုပ်အခုပြောချင်တာကတော့ ကျုပ်အတွက်မဟုတ်ပါဘူး မိုးသားဖြူအတွက် ပြောပြချင် တာပါ ဒီကပုဂ္ဂိုလ်တွေက သီလသမာဓိပညာနဲ့ပြည့်စုံမယ့်သူတွေလို့ယုံကြည်လို့ မိုးသားဖြူ အကြောင်းကိုအစအဆုံးပြောပြချင်ပါတယ်”
“သင်ပြောတာကို ကျုပ်တို့လေးလေးနက်နက် နားထောင်ပေးပါ့မယ် ဒီနေရာက လူသွားလူလာများတော့ လူရှင်းတဲ့တစ်နေရာကို ကျုပ်တို့သွားကြရအောင်”
ထွန်းသာဆိုတဲ့လူငယ်လဲ အောင်မြတ်သာစကားကို ထောက်ခံတဲ့အနေနဲ့ ခေါင်းညိမ့်ပြ လိုက်ပြီး အနောက်ကနေလိုက်ပါလာခဲ့တော့တယ်။
အောင်မြတ်သာတို့လဲ လူသူအရောက်ပေါက်နည်းတဲ့ လျှိုတစ်ခုအနားကိုရောက်တာ့
“ဒီနေရာက အရိပ်လဲရတယ် လူသွားလူလာလဲမရှိဘူး ဒါကြောင့်သင်ပြောချင်တာကို လွပ်လပ် စွာပြောလို့ရပါပြီ”
“ ကျုပ်အခုဖြစ်နေတာတွေကို ဘယ်လိုမှမယုံနိုင်သေးဘူးဖြစ်နေတယ် ကျုပ်မှတ်မိတာက တစ်နေ့ညအချိန်ထိ ကျုပ်အိမ်မှာရှိနေသေးတယ် အိပ်ယာကနိုးလာတော့ တစ်ခါမှမရောက်ဘူးတဲ့ တောတစ်နေရာကိုရောက်နေခဲ့တယ် ကျုပ်လဲတစ်ခါမှမ‌ရောက်ဘူးတဲ့နေရာကနေ ရွာရှိတဲ့ဘက်ကို ခက်ခက်ခဲခဲကြိုးစားရှာဖွေပြီး ပြန်လာခဲ့တာ ရွာထိပ်အစပ်ကိုရောက်ခဲ့တယ် ဒါပေမယ့် ကျုပ် ရွာထဲကို ဝင်မယ်လုပ်ရင် တစ်ကိုယ်လုံးနီရဲနေပြီး လုံချည်ကိုခါးထောင်းကျိုက်ထားတဲ့ လူနှစ်ယောက်ပေါ် လာပြီး ကျုပ်လက်နှစ်ဖက်ကိုချုပ်ကိုင်ပစ်ထုတ်ကြတယ် ကျုပ်လဲငိုယိုတောင်းပန်ပြီး ရွာထဲကို ဝင်ဖို့ ပြောပေမယ့် ဘယ်လိုမှပြောလို့မရခဲ့ဘူး ဒါကြောင့်စိတ်ညစ်ညစ်နဲ့ ထွက်လာခဲ့တာ ဘုရားထီးတင်တဲ့ နေရာကိုရောက်လာခဲ့တယ် ကျုပ်လဲဘုရားပေါ်ကိုတက်မလို့ပြင်လိုက်ရုံပဲရှိသေးတယ် လူလိုလို ငှက်လိုလိုအကောင်က ကျုပ်ကိုသူတို့ရဲ့တောင်ပံတွေနဲ့ ပုတ်ထုတ်ကြတယ် ကျုပ်လဲတက်မရတဲ့အဆုံး ရွာမှာကျန်ခဲ့တဲ့ အမေနဲ့ မိုးသားဖြူအကြောင်းကိုတွေးပြီး ငိုချလိုက်တာ ဒီကပုဂ္ဂိုလ်တွေရောက်လာတဲ့ အထိပါပဲ”
အောင်မြတ်သာက ထွန်းသာပြောတဲ့စကားတွေကို နားထောင်ပြီးတဲ့အချိန်
“မင်းကအခုဘယ်ဘဝရောက်နေတယ်ဆိုတာ‌ရောသိရဲ့လား”
“ကျုပ်က ဘယ်ဘဝကိုရောက်ရမှာလဲ ခင်ဗျားတို့ဘာတွေပြောနေကြတာတုန်း”
“မဟုတ်သေးဘူး ထွန်းသာ မင်းကအခုရောက်နေတာက သာမန်လူတွေဘဝနဲ့ခြားနားတဲ့ ဘဝသစ်တစ်ခုပဲ ဒါကြောင့်မင်းရွာထဲကိုဝင်မရတာ”
“ဟာဗျာ မဖြစ်နိုင်ပါဘူး ခင်ဗျားပြောတဲ့သဘောက ကျုပ်ကသေသွားပြီလို့ဆိုလိုတာလား”
“ငါတို့လဲစိတ်မကောင်းပါဘူး မင်းအခုဖြစ်နေတဲ့အခြေအနေတွေကို မယုံဘူးဆိုရင် သက်သေ ပြစရာတစ်ခုရှိတယ်”
အောင်မြတ်သာက ပြောရင်းဆိုရင်း ထွန်းသာရဲ့ ဂုတ်ပိုးကိုဆွဲကိုင်လိုက်တဲ့အချိန် ခန္ဓာကိုယ် တစ်ခုလုံးငှက်တောင်မွှေးတစ်ခုကဲ့သို့ ပေါ့ပါးသွားပြီး လေပေါ်မှာပျံဝဲနေသလိုခံစားလိုက်ရတယ်။ စက္ကန့်အနည်းငယ်လောက်အကြာမှာတော့ အလွန်မတ်စောက်တဲ့ ချောက်ကမ်းပါးတစ်ခု‌ပေါ်မှာ မတ်တပ်ရပ်နေတဲ့အနေအထားဖြစ်သွားခဲ့တယ်။
“မင်းအခုရောက်နေတဲ့နေရာကို အရင်ကရောက်ဖူးခဲ့လား”
အောင်မြတ်သာစကားကြောင့် ထွန်းသာက ချောက်ကမ်းပါးပတ်ဝန်းကျင်ကို အကဲခတ် လိုက်ပြီး
“ဒီနေရာကို အပြင်မှာတစ်ခါမှမရောက်ဖူးပေမယ့် အိမ်မက်ထဲမှာတော့ မကြာခဏဆိုသလို ရောက်ခဲ့ဖူးတယ် ဒီနေရာကိုရောက်ရင် ခင်ဗျားရပ်နေတဲ့နေရာမှာ ကိုယ်ရောင်ကိုယ်ဝါတောက်ပ နေတဲ့ လူတစ်ယောက်ခါးထောက်ပြီးရပ်နေလေ့ရှိတယ် အိမ်မက်ကလန့်နိုးခါနီးရင်တော့ သူက ကျုပ်ကိုမျက်ထောင့်နီနဲ့စိုက်ကြည့်တတ်တယ်”
“ဒီအိမ်မက်ကို မင်းဘယ်အချိန်ထဲက စမက်ခဲ့တာလဲ”
“အင်း မှတ်မှတ်ရရပြောရရင် မိုးသားဖြူက ကျုပ်ကိုချစ်ပါတယ်လို့အဖြေပေးတဲ့နေ့မှာ ဒီအိမ်မက်ကိုစမက်ခဲ့တာပဲ အဲ ကျုပ်မှတ်မိပြီ ကျုပ်နဲ့မိုးသားဖြူ ချိန်းတွေ့တဲ့နေ့တွေဆိုရင် ဒီလို အိမ်မက်မျိုးအမြဲလိုလိုမက်တတ်တယ် တစ်ခါတစ်လေ အိမ်မက်ထဲက လူက ကျုပ်ကိုစားမတတ် ဝါးမတတ်အကြည့်မျိုးနဲ့ကြည့်ပြီး လက်ညိုးငေါက်ငေါက်ထိုးကြိမ်းဝါးလေ့ရှိတယ်”
အောင်မြတ်သာလဲ ထွန်းသာပြောတဲ့စကားတွေကို နားထောင်ပြီး
“မင်းပြောတဲ့စကားတွေအရဆိုရင် အိမ်မက်ထဲက လူဟာ မင်းကိုဒီနေရာကို ရင်းနှီးအောင် အရင်ဆုံးခေါ်ဆောင်ခဲ့တာပဲ လူတွေဟာအိပ်ပျော်နေတဲ့အချိန် သူတို့ရဲ့ဝိဉာဏ်က ခန္ဓာကိုယ်ရဲ့ အပြင်ဘက်ကိုထွက်သွားတတ်တယ်ဆိုတာ မင်းကြားဖူးလား”
“ကြားဖူးတယ် ကျုပ်ချစ်သူ မိုးသားဖြူလဲ ခင်ဗျားပြောသလို တစ်ခါတစ်လေဖြစ်တတ်တယ် အဲလိုဖြစ်တဲ့နေ့ဆိုရင် ကျုပ်ဆီကိုသူလာလေ့မရှိဘူး ကျုပ်ရွာပြန်ရောက်ရင် ခင်ဗျားနဲ့သူ့ကို မိတ်ဆက် ပေးမယ်”
ထွန်းသာက မိုးသားဖြူအကြောင်းပြောရင်း စိတ်တွေတက်ကြွလာတာမြင်တော့ အောင်မြတ်သာစိတ်မကောင်းဖြစ်သွားပြီး
“ငါဒီစကားကိုမပြောသင့်မှန်းသိပေမယ့် အခုတော့ပြောရတော့မယ် မင်းဟာသေသွားခဲ့ပြီ ထွန်းသာ”
“ဟေ့လူ ခင်ဗျားက လာနောက်နေတာလား ကျုပ်ရွာထိပ်ကိုတောင် ပြန်ရောက်ခဲ့သေးတယ် လေဗျာ ရွာထဲမှာအမှုတစ်ခုခုဖြစ်နေလို့ ရွာပြင်ရောက်နေတဲ့ကျုပ်ကို မပေးဝင်ပဲမောင်းထုတ်ခဲ့တာ ဖြစ်မှာပါ အသားနီနီနဲ့လူတွေက မြို့ကအရာရှိမင်းတွေခေါ်လာတဲ့ သက်တော်စောင့်တွေ ဖြစ်ချင်ဖြစ် နေမှာပေါ့”
“ မင်းမယုံဘူးဆိုရင်လဲ ယုံကြည်အောင် ငါသက်သေပြပါ့မယ်”
အောင်မြတ်သာကပြောရင်းဆိုရင်း ထွန်းသာရဲ့ နောက်ကျောကို လက်ဖဝါးနဲ့တွန်းထုတ် လိုက်တဲ့အချိန်
“အားးးးးး”ဆိုတဲ့အော်သံနဲ့အတူ အလွန်မတ်စောက်တဲ့ ချောက်ကမ်းပါးထဲကို ထွန်းသာ ပြုတ်ကျသွားခဲ့တယ်။
ထွန်းသာလဲ ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျသွားတဲ့အချိန် ရင်ထဲထိတ်ခနဲဖြစ်သွားပြီး မျက်လုံးအစုံကိုမှိတ်ထားကာ အောက်ကြမ်းခြေနဲ့ထိတွေ့မယ့်အချိန်ကို စောင့်နေ‌ပေမယ့် လူက အောက်ကိုမရောက်နိုင်ပဲ လေထဲမှာငြိမ်နေတာကို သတိထားမိလာတဲ့အတွက် ပိတ်ထားတဲ့ မျက်လုံး တွေကိုဖွင့်ကြည့်လိုက်ချိန်မှာတာ့ ခန္ဓာကိုယ်က လေထဲမှာလွင့်မျောသွားလာနေတာကို သိလိုက် ရတယ်။
ထွန်းသာလဲ လေထဲမှာမျောနေတဲ့ ခန္ဓာကိုယ်ကို ဟန်ချက်မပျက်အောင်ထိန်းကျောင်းကာ မျောလွင့်နေတဲ့အချိန် ချောက်ကမ်းပါးအလယ်တစ်နေရာမှာရှိတဲ့ ကျောက်စွန်းတစ်ခုပေါ်မှာ ရုပ်ပျက် ဆင်းပျက်သေဆုံးနေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။
“ ဟင် ဟိုလူဝတ်ထားတဲ့ အင်္ကျီနဲ့လုံချည်က ငါအခုဝတ်ထားတဲ့အတိုင်းပါလား”ဆိုတဲ့ အတွေးက ရင်ဝကိုဒိန်းခနဲလာဆောင့်ခဲ့တယ်။ ထွန်းသာလဲ သေချာအောင်အနီးကပ်ပြီး ကြည့်လိုက် တဲ့အချိန်မှာတော့ သေဆုံးနေတဲ့သူရဲ့ ညာဘက်လက်မှာဝတ်ထားတဲ့ ကြိုးအနီတစ်ချောင်းကို မြင်လိုက်ရတယ်။
“ငါတကယ်သေသွားတာပါလား မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ငါသေလို့မရသေးဘူး” လို့အော်ဟစ်လိုက်တဲ့အချိန် ခန္ဓာကိုယ်က ချောက်ကမ်းပါးအပေါ်ဘက်ကို မြောက်တက်သွားခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံး အိုးထိန်းစက်တစ်ခုလို လည်သွားကာ သတိလစ်သွားခဲ့တယ်။ သတိပြန်ရချိန်မှာတော့ ရွာနဲ့မလှမ်း မကမ်းမှာရှိတဲ့ စောင်းလျားပင်အောက်ကိုရောက်နေခဲ့ပြီး ဘေးမှာ တော့ ချောက်ကမ်းပါးပေါ်မှာကျန်ခဲ့တဲ့လူနဲ့သူ့တပည့်တွေကိုမြင်လိုက်ရတယ်။
“ထွန်းသာ မင်းအဖြစ်မှန်ကိုလက်ခံလိုက်ပါ အခုမင်းမှာနေစရာမရှိဘူးဟုတ်လား”
အောင်မြတ်သာစကားအဆုံးမှာ ထွန်းသာ ခေါင်းကိုခါလိုက်ပြီး
“ဟုတ်တယ် ကျုပ်မှာနေမယ့်နေရာမရှိဘူး”
“အခုလောလောဆယ်တော့ ဒီစောင်းလျားပင်ပေါ်မှာ ခေတ္တနေနေဦးပေါ့ ဒီအပင်မှာရှိတဲ့ပုဂ္ဂိုလ်ကိုလဲ ငါခွင့်တောင်းပြီးပါပြီ သူကလဲမင်းကိုမနှင်ထုတ်ဘူးလို့ပြောတယ်”
အောင်မြတ်သာစကားကြောင့် ထွန်းသာက စောင်းလျားပင်ပေါ်ကိုမော့ကြည့်လိုက်ရာ သစ်ကိုင်း သစ်ခက်တွေမှာ နေရာလပ်မရှိအောင်ပြည့်ကြပ်နေတဲ့ ပုံသဏ္ဍာန်မျိုးစုံနာနာဘာဝတွေကို မြင်လိုက်ရတယ်။ စောင်းလျားပင်ရဲ့ထိပ်ဆုံးအပိုင်းမှာတော့ ငွေရောင်တဖိတ်ဖိတ်တောက်နေတဲ့ ဗိမ္မာန်တစ်ခုရှိနေပြီး အပေါက်ဝမှာတော့ မျက်နှာသွယ်သွယ်နဲ့ပုဂ္ဂိုလ်တစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရတယ်။
စောင်းလျားပင်ပေါ်မှာရှိနေတဲ့ နာနာဘာဝတွေကတော့ ထွန်းသာကို သိပ်မကြည်တဲ့ မျက်နှာ တွေနဲ့စိုက်ကြည့်နေကြတယ်။ အဲဒီအချိန် ဗိမ္မာန်ပေါ်မှာရှိနေတဲ့ ပုဂ္ဂိုလ်က စောင်းလျားပင်အောက်ကို ဆင်းလာပြီး
“ဆရာပြောတာဒီကောင်လေးလား”
“ဟုတ်ပါတယ် ဒီကောင်လေးကို သင့်လက်ထဲအပ်ခဲ့ပါမယ် ကျုပ်တို့မှာလဲ လုပ်စရာကိစ္စလေး ရှိသေးတဲ့အတွက် သူ့အတွက်နေရာရှာပေးဖို့က အချိန်မရသေးလို့ပါ”
“ ရပါတယ်ဆရာ သူတစ်ယောက်စာအတွက်ကတော့ နေရာရှိပါတယ် ဗလကြီးနဲ့ ငထွန်းသာ မင်းတို့နှစ်ယောက်က ငါမရှိတဲ့အချိန် ဒီကောင်လေးကိုသေချာစောင့်ရှောက်ထားကြ ကြားလား”
စောင်းလျားပင်စောင့်ပုဂ္ဂိုလ် စကားအဆုံးမှာ ညာဘက်သစ်ကိုင်းပေါ်မှာထိုင်နေတဲ့ သရဲနှစ်ကောင်က အမိန့်နာခံတဲ့သဘောနဲ့ လူတစ်ပွေ့စာလောက်ရှိတဲ့သစ်ကိုင်းကို လှုပ်ခါရုံလေး လှုပ်ပြလိုက်တယ်”
“ကဲ အားလုံးအဆင်ပြေပီဆိုတော့ မင်းလဲ စောင်းလျားပင်စောင့်ပုဂ္ဂိုလ်ရဲ့စကားကို သေချာ နားထောင်ပြီး နေခဲ့ပါ ငါတို့လိုအပ်တဲ့အချိန် မင်းကိုခေါ်လိုက်ပါ့မယ်”
အောင်မြတ်သာစကားကြောင့် ထွန်းသာက ခေါင်းကိုဆတ်ပြလိုက်ပြီး ရွာဘက်ကိုလှည့်ကြည့် ကာ
“ဆရာတို့ ရွာထဲရောက်ရင် ကျုပ်နေတဲ့အိမ်ရဲ့ တံစက်မြိတ်အဝင်ဝမှာ ဝါးလုံးသုံးလုံးတန်းပြီး မိုးထားတဲ့ တောင်ထန်းမိုးတစ်ခုရှိတယ် အဲဒီဝါးလုံးသုံးလုံးရဲ့ တတိယအလုံးမှာ ကျုပ်စုထားတဲ့ ငွေတိုငွေစအနည်းငယ်ရှိပါတယ် အဲဒီငွေတွေရဲ့တစ်ဝက်ကို ကျုပ်အမေကိုပေးပြီး ကျန်တစ်ဝက်ကို ကျုပ်ချစ်သူကိုပေး ပေးပါ”
“ကောင်းပါပြီ ကျုပ်တို့သင်ဆန္ဒပြည့်မြောက်အောင် ဆောင်ရွက်ပေးပါမယ်”
အောင်မြတ်သာတို့လဲ ထွန်းသာကိုနှုတ်ဆက်ပြီး စောင်းလျားပင်အောက်ကနေ ရွာဘက်ကို ထွက်လာခဲ့ကြတယ်။ အောင်မြတ်သာတို့ရွာအဝင်ဝကိုရောက်တော့ အလွန်ပြင်းထန်တဲ့လှိုင်းတစ်ခုက အောင်မြတ်သာတို့ခန္ဓာကိုယ်ကိုလာရောက်ရိုက်ခတ်တာ ခံစားလိုက်ရတယ်။
“ဆရာ ဒီရွာထဲမှာ အဆင့်မြင့်တဲ့ပုဂ္ဂိုလ်တစ်ယောက်တော့ရှိနေပြီထင်တယ်”
တောက်ရစကားကြောင့် အောင်မြတ်သာ အနည်းငယ်စဉ်းစားလိုက်ပြီး
“အခုငါတို့ဆီကိုလာတဲ့လှိုင်းက စတုမဟာရာဇ်နတ်အနွယ်ဝင်တွေရဲ့ ကိုယ်ကနေ ထုတ်လွှတ်တဲ့စက်တစ်မျိုးပဲဖြစ်တယ် ငါထင်တာမမှားဘူးဆိုရင် ရွာထဲမှာ ပြဿနာတစ်ခုတက်နေ လောက်ပြီ ကဲ ရွာထဲကိုသွားပြီး အခြေအနေသွားကြည့်ရအောင်”
အောင်မြတ်သာတို့သုံးယောက်ရွာထဲကိုဝင်လာတဲ့အချိန်မှာတော့ ရွာသားတွေ အားလုံး ပြာယာခတ်နေပြီး တစ်စုံတစ်ယောက်ကိုလိုက်ရှာနေတာကို တွေ့လိုက်ရတယ်။
“ဦးကြီး ရွာထဲမှာဘာဖြစ်နေတာလဲ”
သက်ခိုင်စကားကြောင့် မျက်နှာသုတ်ပဝါကိုခေါင်းမှာပတ်ထားတဲ့လူက အောင်မြတ်သာတို့သုံး ယောက်ကိုခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး
“မင်းတို့က ခရီးသွားတွေလား”
“ဟုတ်ပါတယ် ကျုပ်တို့ကခရီးသွားတွေပါ”
“ခရီးသွားတွေဆိုလဲ သွားမယ့်ခရီးကိုဆက်သွားကြပါ ရွာထဲမှာနေနေရင် အခြားသူတွေ မင်းတို့ကိုသံသယဝင်လာကြလိမ့်မယ်”
“ကျုပ်တို့ကဘာမှမလုပ်ပဲ ဘာလို့သံသယဝင်ရမှာလဲ”
“ဟူး မင်းတို့နဲ့တော့ခက်ပြီ ဒီမနက်ပဲရွာမှာ မိန်းကလေးတစ်ယောက်ပျောက်သွားလို့ဟေ့ ငါတို့လဲသွားတတ်လာတတ်တဲ့နေရာတွေမှာလိုက်ရှာကြည့်ပြီးပြီ အစနတောင်မတွေ့ဘူး”
ဦးကြီးစကားကြောင့် အောင်မြတ်သာက
“ပျောက်သွားတဲ့မိန်းကလေးနာမည်က မိုးသားဖြူလား”
“ဟင် မင်းတို့က ခရီးသွားတွေလဲ ပြောတယ် သူ့နာမည်အရင်းကို ဘယ်လိုသိနေရတာလဲ ငါတို့က သူ့ကိုရွာနာမည်ပဲခေါ်ကြတာ”
“ကျုပ်တို့ဘယ်လိုသိတာက အရေးမကြီးပါဘူး ပျောက်သွားတဲ့မိန်းကလေး အန္တရာယ်မဖြစ်ဖို့ပဲ အရေးကြီးတယ် အခုဖြစ်တာက သာမန်မဟုတ်ဘူး ကျုပ်တို့အချိန်ဆွဲနေရင် မိန်းကလေးရဲ့ အသက်ကို ဆုံးရှုံးသွားနိုင်တယ်”
အောင်မြတ်သာစကားကြောင့် ဦးကြီးထိတ်လန့်သွားပြီး
“ဒါဆိုလဲ ရွာလူကြီးအိမ်ကိုခေါ်သွားပေးမယ် သူ့ကိုအကျိုးကြောင်းပြောပြပြီးလုပ်တာပို ကောင်းမယ်ထင်တယ် လာကြလာကြ”
အောင်မြတ်သာတို့လဲ ဦးကြီးခေါ်တဲ့နောက်ကိုလိုက်သွားခဲ့ပြီး ရွာအလယ်လောက်အရောက် မှာ ပျဉ်ထောင်နှစ်ထပ်အိမ်တစ်လုံးကိုတွေ့လိုက်ရတယ်။
“ သူကြီး သူကြီး ဧည့်သည်တွေက တွေ့ချင်လို့တဲ့”
ဦးကြီးစကားကြောင့် အိမ်အနောက်ဘက်မှာ ဓါးသွေးနေတဲ့ သူကြီးထွက်လာခဲ့ပြီး
“မောင်ကြိုင် ဘယ်ကဧည့်သည်တွေလဲ”
“သူတို့က မလှရင်သမီးပျောက်တဲ့ကိစ္စ သူကြီးနဲ့တိုင်ပင်ချင်လို့တဲ့”
“ဟင် မလှရင်သမီးက ပြန်တွေ့ပြီလား”
“မတွေ့သေးပါဘူး ပြန်တွေ့အောင်သူတို့ လုပ်ပေးမယ်ပြောလို့ သူကြီးဆီခေါ်လာခဲ့တာ”
ဦးကြီးစားအဆုံးမှာ သူကြီးက လက်ထဲမှာကိုင်ထားတဲ့ ငှက်ကြီးတောင်ဓါးကို စားပွဲပေါ် တင်လိုက်ပြီး
“အေး ပြောပါဦး မင်းတို့ကဘယ်လိုလုပ်ပေးမှာလဲ ဒီကောင်မလေးပျောက်နေတဲ့ကိစ္စက ငါ့မှာလဲတာဝန်ရှိနေတယ်” လို့ပြောလိုက်တော့ အောင်မြတ်သာက
“ဒီရက်ပိုင်းသူကြီးတို့ရွာမှာ ညဘက်ရောက်ရင် ရွာခွေးတွေ အူခြင်းဟောင်ခြင်းမရှိခဲ့ဘူးမဟုတ် လား”
“ အေး မင်းတို့ပြောမှ သတိထားမိတာ ငါ့အိမ်မှာမွေးထားတဲ့ တိုင်းကျော်ဆိုတဲ့ခွေးက လူရိပ် မြင်ရင်ထိုးထိုးဟောင်လွန်းလို့ ညဘက်ဆို အိပ်မရဖြစ်နေတာ ဒါပေမယ့်အခုရက်ပိုင်း ဒီကောင်ဆီက ဟောင်သံမကြားရဘူးဖြစ်နေတယ်”
“ ဒါဆိုကျုပ်ခန့်မှန်းတာမှန်နေတာပေါ့ ဖြစ်နိုင်ရင် မိန်းကလေးရဲ့မိဘတွေနဲ့ တွေ့ချင်ပါတယ်”

“မင်းတို့တွေ့ချင်တယ်ဆိုရင် ငါခေါ်ပေးပါ့မယ် မောင်ကြိုင် မင်းကမိန်းကလေးမိဘတွေကို သွားခေါ်လာခဲ့ကွာ”
သူကြီးစကားကြောင့် ဦးကြီးက ကွပ်ပြစ်ပေါ်မှာထိုင်နေရာကနေ ထပြီး ရွာထဲဘက်ကိုထွက် သွားခဲ့တယ်။
“သူကြီး ဒီရွာမှာထွန်းသာဆိုတဲ့လူငယ်တစ်ယောက်ရှိခဲ့ဖူးလား”
“ထွန်းသာ ဟုတ်လား အင်း ......”
သူကြီးက ထွန်းသာဆိုတဲ့အမည်ကိုစဉ်းစားနေရင်း
“ မိန်းမရေ ထွန်းသာဆိုတာ ဒေါ်ငယ်ရဲ့သားမဟုတ်လား”
သူကြီးစကားကြောင့် အိမ်နောက်ဘေးမှာ နွားစာစဉ်းနေတဲ့ သူကြီးကတော်က
“ဟုတ်တယ်လေ ဒီကောင်လေး ရွာကနေပျောက်နေတာ တစ်လလောက်ရှိပြီ သူ့အမေဆို တစ်ငိုငိုတစ်ရီရီဖြစ်နေတာ ကြာပေါ့”
သူကြီးကတော်စကားကြောင့် အောင်မြတ်သာက
“ထွန်းသာဆိုတဲ့လူငယ်နဲ့ အခုပျောက်နေတဲ့မိန်းကလေးရဲ့အဖြစ်အပျက်က သာမန်လူတွေ မမြင်နိုင်တဲ့ပုဂ္ဂိုလ်တစ်ဦးကြောင့်ဆိုရင် သူကြီးယုံမလား”
“ မင်းပြောပုံအရဆိုရင် အခုဖြစ်နေတဲ့ကိစ္စတွေက နနာဘာဝ ဝိနာဘာဝတွေနဲ့များပတ်သတ် နေတာများလား”
“ဒီညကျုပ်တို့အခြေအနေကို အကဲခတ်ကြည့်ရင် ဘာကြောင့်လဲဆိုတာ အဖြေပေါ်လာ ပါလိမ့်မယ် သူကြီးတို့ဘက်က ကျုပ်တို့ကိုယုံကြည်ပေးဖို့တော့လိုတာပေါ့”
“ဘယ်သူမှမထိခိုက်ဘူးဆိုရင် မင်းတို့‌ပြောတာကိုငါလက်ခံလို့ရပါတယ်”
အောင်မြတ်သာတို့စကားကောင်းနေတဲ့အချိန် ခပ်ဝဝမိန်းမတစ်ယောက် ခြံထဲကို ဝင်လာတာ မြင်လိုက်ရတယ်။
“သူကြီး ကျွန်မကိုခေါ်တယ်ဆိုလို့”
“ဟော မငယ် လာလာ ဒီမှာလာထိုင်”
မငယ်ဆိုတဲ့မိန်းမကြီးက အောင်မြတ်သာတို့ကို တစ်ချက်ကြည့်လိုက်ပြီး လွတ်နေတဲ့ ခုံတန်းမှာ ဝင်ထိုင်လိုက်တယ်။
“သူကတော့ ပျောက်နေတဲ့မိန်းကလေးရဲ့ မိခင်ပဲ မငယ် သူတို့က နင့်သမီးပျောက်နေတာကို ပြန်တွေ့အောင်ကူညီပေးမယ့်သူတွေပဲ”
သူကြီးစကားအဆုံးမှာ မငယ်ဆိုတဲ့မိန်းမကြီးက အောင်မြတ်သာတို့ကိုကြည့်ပြီး
“ကူညီနိုင်ရင် ကူညီပါဦးရှင် သမီးလေးက အရမ်းအေးတာ မတော်တရော်လူတွေက ဖမ်းတာ ဆီးတာဆိုရင် ကျွန်မရင်ကျိုးရပါချည်ရဲ့”
“အရီး စိတ်ကိုအေးအေးထားပါ ကျုပ်တို့အတတ်နိုင်ဆုံးကူညီပေးပါ့မယ် အခုလောလောဆယ် ကျုပ်တို့သိချင်တာလေးတွေကို အရီးဖြေပေးပါ”
“ရပါတယ် ရပါတယ် လူလေးတို့သိချင်တာရှိရင်မေးပါ”
“ အရီးရဲ့ သမီးက ညဘက်တွေဆိုရင် ယောင်ပြီးလမ်းထ‌လျောက်တတ်တဲ့ အကျင့်ရှိလား”
အောင်မြတ်သာစကားကြောင့် မငယ်ဆိုတဲ့မိန်းမကြီးက အံ့အားသင့်သွားပြီး
“ လူလေးတို့ဘယ်လိုသိတာလဲ ကျွန်မသမီးလေးက ညဘက်တွေဆိုရင် ထသွားတတ်တဲ့ အကျင့်ရှိတယ် အဲဒါကြောင့် ညဘက်အိပ်ရင် သူနေတဲ့ အခန်းဆိုရင်လဲ အပြင်ကနေ မင်းတုန်းချပြီးမှ အိပ်တာ ပျောက်တဲ့နေ့ကလဲ မင်းတုန်းချထားတာပဲ ဘယ်လိုဖွင့်ပြီးပျောက်သွားလဲဆိုတာ တွေးတောင်မတွေးတတ်တော့ပါဘူးရှင်”
“အရီးဆီမှာ သူအရမ်းနှစ်သက်တဲ့ပစ္စည်းတစ်ခုခုများရှိလား ရှိတယ်ဆိုရင် ကျုပ်တို့လိုချင် ပါတယ်”
အောင်မြတ်သာစကားကိုကြားတော့ မိန်းမကြီးက စဉ်းစားလိုက်ပြီး
“သူအရမ်းနှစ်သက်တဲ့အရုပ်လေးတစ်ရုပ်ရှိတယ် ညဘက်တွေဆိုရင်အဲဒီအရုပ်ကို ဖက်ပြီးမှ အိပ်တတ်တာ လူလေးတို့လိုချင်တယ်ဆိုရင် ကျွန်မသွားယူပေးပါမယ်”
“ပြန်ယူပေးရင်ပိုကောင်းတာပေါ့ဗျာ အရီးသမီးက လိပ်ပြာလှတော့ သူ့ကိုခေါ်သွားတဲ့သူက ပြန်မလွှတ်တော့ပဲ လူ့လောကကိုမေ့အောင်လုပ်ထားတယ် ဒါကြောင့် သူနှစ်သက်တဲ့ပစ္စည်းတစ်ခုခုနဲ့ သတိရအောင်ပြန်လုပ်ယူရမယ်”
“ဒါဆို ခဏစောင့်ပေးကြဦးနော် ကျွန်မအခုသွားယူပေးပါ့မယ်”
မိန်းမကြီးက အောင်မြတ်သာတို့ကိုစောင့်ခိုင်းပြီး ခြံအပြင်ဘက်ကို ခပ်သုတ်သုတ်ထွက်သွား ခဲ့တယ်။ ခဏကြာတော့ တစ်တောင်သာသာရှိတဲ့ အရုပ်တစ်ရုပ်ကိုယူပြီး ပြန်ရောက်လာခဲ့တယ်။
“ဒီအရုပ်ကိုသူအရမ်းကြိုက်တာ လူလေးတို့ဒါကိုသုံးပြီး ကျွန်မသမီးလေးကို ပြန်ခေါ်ပေးပါနော် လယ်တွေယာတွေကုန်ချင်ကုန်သွားပါစေ သမီးလေးပြန်ရောက်လာရင် ရပါပြီ”
“အရီး ကျုပ်တို့ကိုအထင်လွဲနေပါပြီ ကျုပ်တို့ကအခကြေးငွေရဖို့အတွက် ကူညီနေတာမဟုတ် ပါဘူး”
“တောင်းပန်ပါတယ် လူလေးတို့ရယ် ကျွန်မကသမီးလေးဇောနဲ့မို့ပြောလိုက်မိတာပါ စိတ်မဆိုး ကြပါနဲ့နော်”
“ရပါတယ် ကျုပ်တို့အတတ်နိုင်ဆုံးပြန်ပါလာအောင်ကူညီပေးပါ့မယ် အခုတော့ အရီးပြန်နား လိုက်ပါဦး”
မိန်းမကြီးလဲ အောင်မြတ်သာတို့ကိုကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောပြီး သူကြီးခြံထဲကနေ ပြန်ထွက်သွားခဲ့တယ်။
“သူကြီး ကျုပ်တို့သုံးယောက် ဒီညလုပ်ရမယ့်ကိစ္စလေးတွေရှိလို့ လူမနေတဲ့အိမ်တစ်လုံး လောက်စီစဉ်ပေးနိုင်မလား”
အောင်မြတ်သာစကားကြောင့် ခြံအပြင်ဘက်ကိုငေးနေတဲ့သူကြီး သတိပြန်ဝင်လာပြီး
“မင်းတို့လိုချင်တယ်ဆိုရင် ငါအရင်နေခဲ့တဲ့ အိမ်တစ်လုံးတော့ရှိတယ် အဲဒီမှာနေလို့ရပါတယ်”
“ ဒီညမှောင်တာနဲ့ ရွာထဲမှာရှိတဲ့ အိမ်တွေအားလုံး အပြင်ဘက်ကိုမထွက်ကြဖို့ သူကြီးကပဲ ဆော်သြပေးပါ ထွက်ခဲ့မယ်ဆိုရင် ကျုပ်တို့အလုပ်ကိုအနှောက်အယှက်ဖြစ်နိုင်တယ်”
“စိတ်ချပါ မင်းတို့ဖြစ်ချင်တဲ့အတိုင်းဖြစ်စေရမယ် ဒီရွာမှာ ငါ့အမိန့်ကိုလွန်ဆန်ရဲတဲ့သူ မရှိပါဘူး”
သူကြီးကသူ့ရွာကိုသူပိုင်ကြောင်း ဂုဏ်ယူစွာပြောဆိုရင်း အောင်မြတ်သာတို့နေရမယ့် အိမ်ကို လိုက်ပြခဲ့တယ်။
“ကဲ ဒီအိမ်က ငါ့သားကြီးရှိတုန်းက နေခဲ့တဲ့အိမ်ပဲ လွန်ခဲ့တဲ့နှစ်က သူဆုံးသွားတော့ ငါတို့ကပဲ ထိန်းသိမ်းထားရတာ လိုအပ်တာရှိရင် ငါ့ကိုလာပြောကြ ညစာကိုတော့ နေမဝင်ခင်လာပို့ပေးကြ လိမ့်မယ်”
“ရတယ် သူကြီး အခုလိုစီစဉ်ပေးတာကိုပဲ ကျေးဇူးတင်နေပါပြီ ကျုပ်တို့က အသားငါးမစားတဲ့ အတွက် ချက်ရပြုတ်ရအဆင်မပြေဖြစ်နေပါဦးမယ်”
“ မဟုတ်တာကွာ မင်းတို့အတွက် သက်သက်လွတ်ဟင်းချက်ပြီး လာပို့ပေးပါ့မယ် အခုတော့ နားလိုက်ကြဦးငါလဲရွာထဲလှည့်ပတ်ပြီး ဆော်သြ လိုက်ဦးမယ်”
သူကြီးက အောင်မြတ်သာတို့ကိုနှုတ်ဆက်ပြီး ရွာအရှေ့ဘက်ပိုင်းကိုထွက်သွားခဲ့တယ်။ အောင်မြတ်သာတို့လဲ သူကြီးစီစဉ်ပေးတဲ့အိမ်ပေါ်မှာရှိတဲ့ ဘုရားကျောင်းဆောင်ကို သန့်ရှင်းရေး လုပ်ပြီး အိမ်အနောက်ဖေးမှာ အသင့်ရှိနေတဲ့ရေစည်ထဲက ရေနဲ့ကိုယ်လက်သန့်စင်ခဲ့ကြတယ်။ ညနေ နေဝင်ခါနီးအချိန်ရောက်တော့ သူကြီးအိမ်ကလာပို့ပေးတဲ့ သက်သက်လွတ်ထမင်းဟင်းကို စားသောက်လိုက်ပြီး ဘုရားကျောင်းဆောင်ရှေ့မှာ ထိုင်ကာ ဘုရားရှိခိုးခြင်း၊ အင်းကွက်ချခြင်းနဲ့ တရားထိုင်ခြင်းအမှုတွေကိုပြုခဲ့ကြတယ်။
အင်းကွက်ဆွဲပြီးလို့ တရားထိုင်နေတဲ့အချိန်မှာ ခြေရင်းအိမ်မှာမွေးထားတဲ့ ခွေးတွေက တစ်စုံ တစ်ယောက်ကိုကြောက်လန့်ပြီး တအီအီအော်မြည်နေတဲ့အသံကို ကြားလိုက်ရတယ်။ အောင်မြတ်သာလဲကြားလိုက်ရတဲ့အသံကို စိတ်ထဲကနေ ချက်ချင်းဆိုသလိုဖျောက်ပစ်လိုက်ပြီး သမထကိုစူးနစ်နေအောင် ဝင်စားလိုက်တယ်ဆိုရင်ပဲ အမြင်ဓါတ်နဲ့အကြားဓါတ်က ချက်ချင်း ဆိုသလို ပွင့်ထွက်လာခဲ့တယ်။
“ လူလေး အောင်မြတ်သာ ထလော့ ရုန်းထွက်လော့”
ချိုသာအေးမြတဲ့အသံက နားဖျားကနေ နားစည်အတွင်းပိုင်းထိကို ယိုစီး ကျလာတဲ့အချိန် အောင်မြတ်သာရဲ့လိပ်ပြာက ခန္ဓာကိုယ်ထဲကနေ အပြင်ဘက်ကိုထွက်လာခဲ့တယ်။ အောင်မြတ်သာ လဲ တရားထိုင်နေတဲ့ သူ့ခန္ဓာကိုယ်နဲ့ ဘေးမှာထိုင်နေတဲ့ သက်ခိုင်နဲ့ တောက်ရတို့ကိုတစ်ချက်မျှ ကြည့်လိုက်ပြီး အိမ်ပေါ်ကနေ ဆင်းလာခဲ့လိုက်တယ်။ အိမ်အောက်ရောက်တော့ ဥဒဟိုသွားလာ နေကြတဲ့ ရွာသားတွေရဲ့ဝိဥာဉ်အချို့ကိုတွေ့လိုက်ရတယ်။ ရွာသားတွေရဲ့ဝိဥာဉ်မှာတော့ ပြင်ပခန္ဓာကိုယ်နဲ့ချိန်ဆက်ထားတဲ့ ကြိုးမျှင်သေးသေးလေးတွေကို မြင်လိုက်ရတယ်။ ကြိုးမျှင်လေးတွေက ဘယ်နေရာကိုသွားသွား ဘယ်လောက်ဝေးဝေးသွားသွား ကုန်သွားတယ်ဆိုတာ မရှိပဲ တစ်စတစ်စရှည်လျားသွားခဲ့ကြတယ်။(စကားချပ်။ ဒါကို ကျွန်တော်တို့အိမ်မက်မက်စဉ် အခါမှာ အများဆုံးကြုံတွေ့ရတတ်ပါတယ် ဝိဥာဥ်နဲ့ခန္ဓာကိုယ်ချိတ်ဆက်ထားတဲ့ ကြိုးမျှင်လေးတွေက တော်ရုံ မပြတ်တောက်တတ်သလို ပြတ်တောက်ခဲ့ရင်လဲ ခန္ဓာကိုယ်ထဲကို ပြန်ဝင်လို့မရတဲ့ဖြစ်စဉ်တွေ ဖြစ်တတ်ပါတယ်)
အောင်မြတ်သာလဲ ရွာသားတွေရဲ့ ဝိဥာဉ်တွေကို ရှောင်တိမ်းပြီး ရွာထိပ်ဘက်ကို ထွက်လာတဲ့ အချိန် လေထဲကနေ လွင့်လာတဲ့ လှိုင်းတွန့်တစ်ခုကို မြင်လိုက်ရတယ်။ အရှိန်ပြင်းပြင်းနဲ့ လွင့်ထွက် လာတဲ့လှိုင်းတစ်ခုက အောင်မြတ်သာအရှေ့ကိုရောက်တော့ ရှေ့ဆက်မတိုးနိုင်တော့ပဲ မြူမှုန်တွေလို တစ်စစီကွဲထွက်ကာ ပျောက်ကွယ်သွားခဲ့တယ်။ အောင်မြတ်သာလဲ သူ့ဆီဝင်လာတဲ့ လှိုင်းရှိရာဘက်ကို လိုက်သွားခဲ့ရာ လူသူအရောက်ပေါက်နည်းတဲ့ ရွာအနောက်ဘက် ဖုန်းဆိုးတောထဲ ကိုတစ်ဖြေးဖြေးနဲ့ရောက်လာခဲ့တယ်။
ဖုန်းဆိုးတောထဲကိုရောက်တဲ့အချိန်မှာ မိန်းမတစ်ယောက်နဲ့ ယောင်္ကျားတစ်ယောက် စကားအချေအတင်ပြောဆိုနေတဲ့အသံသဲ့သဲ့တစ်ခုကို ကြားလိုက်ရတယ်။ အောင်မြတ်သာလဲ အသံကြားရာဘက်ကို လျောက်လာရင်းနဲ့ လူသုံးဖက်စာလောက်ကြီးမားတဲ့ ညောင်ညိုပင်တစ်ပင် အနားကိုရောက်တော့ ဆံပင်ဖားလျားချထားတဲ့မိန်းမပျိုတစ်ယောက်က ခန္ဓာကိုယ်တစ်ခုလုံး စက်ရောင်တွေပြိုးပြိုးပျက်ပျက်လက်နေတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ပေါင်ပေါ်မှာ အိပ်ကာ စကားစမည်ပြောနေတာကိုမြင်လိုက်ရတယ်။
အဲဒီအချိန်မှာ အောင်မြတ်သာက လွယ်ထားတဲ့အိတ်ထဲကနေ မိန်းမပျိုလေးအမေပေးထားတဲ့ အရုပ်ကိုပြီး လေညာဘက်မှာထောင်လိုက်တယ်ဆိုရင်ပဲ ရယ်မောစွာစကားပြောနေတဲ့ ယောင်္ကျားရဲ့ မျက်နှာက ရုတ်တရက်ခက်ထန်လာပြီး အောင်မြတ်သာရှိတဲ့ဘက်ကို မျက်စောင်းထိုးကာ စောင်းကြည့်လိုက်တယ်။ မိန်းမပျိုကလဲ လေညာကနေ ရုတ်တရက်ထွက်လာတဲ့ ရနံ့တစ်ခုကိုရတာနဲ့ ပေါင်ပေါ်မှာအိပ်နေရာကနေ ဆတ်ခနဲထထိုင်လိုက်ပြီး
“ရှင် ရှင်ဘယ်သူလဲ ကျွန်မက ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေရတာလဲ”
“ အို နှမရယ် မောင်တော်ကို မသိတော့ဘူးလား နှမငယ် အရမ်းချစ်မြတ်နိုးပါတယ်ဆိုတဲ့ မောင်တော်ဒတ္တလေ”
သာမာန်လူတွေထက်သန်မာထွားကြိုင်းပြီး ပြိုးခနဲပျက်ခနဲကိုယ်ရောင်တွေထွက်နေတဲ့ လူက မကျေချမ်းတဲ့အကြည့်နဲ့ အောင်မြတ်သာကိုကြည့်လိုက် ဘေးမှာရပ်နေတဲ့ မိန်းမပျိုကိုချော့လိုက် ဖြစ်နေတဲ့အချိန် အောင်မြတ်သာက သြဇာအပြည့်ပါတဲ့အသံနဲ့
“မိုးသားဖြူ သင်အိမ်ပြန်ဖို့အချိန်ရောက်ပြီ သင့်မိခင်လဲ သင်ပျောက်နေလို့ စိတ်တွေပူပန်နေရပြီ သင့်ကိုတွေ့ရင် ဒီအရုပ်လေးကို ပေးလိုက်ပါဆိုလို့ ကျုပ်ယူလာပေးတာ သင် မယုံရင်ကျုပ်ပေးတဲ့အရုပ်ကိုကြည့်လိုက်ပါ” လို့ပြောပြီး မိန်းမပျိုရှိတဲ့ဘက်ကို ပစ်ထုတ်ပေးလိုက်တယ်။
မိန်းမပျိုလဲ အောင်မြတ်သာပစ်ပေးတဲ့အရုပ်ကို ကောက်ယူပြီး ကြည့်လိုက်တဲ့အချိန်
“ဒါ ကျွန်မအရုပ်ပဲ အမေ အမေရော”
“သင့်အမေက သင်ပြန်လာမယ့်အချိန်ကို အမြဲတမ်းစောင့်မျှော်နေပါတယ် အခုသင်ကျုပ်နဲ့ ပြန်လိုက်ခဲ့မယ်မဟုတ်ပါလား”
မိန်းမပျိုလဲ အောင်မြတ်သာစကားကိုကြားတော့ အတိတ်ကိုသတိပြန်ရလာပြီး
“ အိမ်ပြန်ရမယ် ကျွန်မအိမ်ပြန်ချင်တယ် ကျွန်မကိုပြန်ခေါ်သွားပေးပါ”လို့ပြောကာ အော်ဟစ်ငိုယိုပါလေရော။
“တိတ်စမ်း နင်က ငါ့ဆီကနေ ဘယ်မှထွက်သွားလို့ မရစေရဘူး နင့်ကိုငါစုံမက်တယ် ဒါကြောင့် နင့်ကိုပိုးပန်းနေတဲ့လူကို ငါ့အစွမ်းနဲ့ဖျားယောင်းသွေးဆောင်ပြီး သတ်ပစ်ခဲ့ပြီးပြီ နင့်အတွက်ဆိုရင် လူအယောက်တစ်ထောင် တစ်သောင်း တစ်သိန်းသတ်ရလဲ ငါမမှုဘူး .. သာယာနေတဲ့ ငါတို့ဘဝကို လာဖျက်ဆီးတဲ့ကောင်ကို အရင်သတ်ပြီး နင့်ကိုပြန်ခေါ်ထားမယ် ဟင်းဟင်း”
စိတ်ဆိုးမာန်ဆိုးနဲ့အော်ပြောလိုက်တဲ့အချိန် နုပျိုချောမောနေတဲ့မျက်နှာက ချက်ချင်းဆိုသလို နီရဲလာပြီးပါးစပ်ကနေ လက်သုံးလောက်ရှိတဲ့အစွယ်တွေကွေးပြီး ထွက်လာခဲ့တယ်။ မိန်းမပျိုက ချက်ချင်းပြောင်းလဲသွားတဲ့ရုပ်ရည်ကိုမြင်ပြီး ကြောက်လန့်ကာ နေရာမှာတင်လဲကျသတိလစ်သွား ခဲ့တယ်။ အောင်မြတ်သာကတော့ ရုပ်ရည်အစစ်အမှန်ချပြလိုက်တဲ့ နတ်ဘီလူးကိုမြင်တော့
“ဟိတ် နတ်ဘီလူးယုတ် သင်က ကိုယ်နေရမယ့်နေရာမှာ မနေပဲ လူ့ဘောင်လောကထဲလာပြီး မိန်းမပျိုတွေကို သွေးဆောင်ဖျားယောင်းနေတာ မရှက်ဘူးလား”လို့ပြောလိုက်တော့ နတ်ဘီလူးဒတ္တက
“ တယ် စကားများတဲ့လူသားပါလား ထပ်ပြီးမပြောနိုင်အောင် ငါရဲ့သန်လျက်နဲ့ခုတ်ပိုင်း လိုက်မယ် လာလေရော့” ဆိုပြီး ညာဘက်လက်ကို ဖြန့်လိုက်တယ်ဆိုရင်ပဲ အထူလက်လေးသစ်ခန့် ရှိတဲ့သန်လျက်တစ်ချောင်းပေါ်လာပြီး အောင်မြတ်သာခန္ဓာကိုယ်ရှိတဲ့ဘက်ကို အရှိန်နဲ့ပိုင်းချလိုက် တယ်။
“ ဝုန်း ဂျွတ် ဖြောင်း ဖြောင်း”ဆိုတဲ့အသံနဲ့အတူ အောင်မြတ်သာပတ်လည်မှာရှိတဲ့ သစ်ပင် ကြီးငယ်တွေအားလုံး ငှက်ပျောလက်ကိုဓါးနဲ့ပိုင်းခံထိသလို တိခနဲပြတ်ကျသွားခဲ့ပေမယ့် အောင်မြတ်သာကိုတော့ စိုးစင်းမျှမထိခိုက်ခဲ့ပေ။
ဒီတစ်ခါတော့ နတ်ဘီလူးဒတ္တ အံ့သြသွားခဲ့လေပြီ။
“ငါ့ဓါးချက်က ဆင်ပြောင်တစ်ကောင်ရဲ့ခေါင်းကိုတောင် တိခနဲကျအောင် ခုတ်ပိုင်းနိုင်တာ ဘယ်လိုကြောင့် ဒီလူကိုထိခိုက်အောင်မလုပ်နိုင်ရတာလဲ”ဆိုပြီး စိတ်ထဲကနေ တိုးညှင်းစွာ ရေရွတ်လိုက်တဲ့အချိန်
“ဘယ်လိုလဲ ဒတ္တ သင်အံ့သြနေပြီလား ကျုပ်ခွင့်ပြုချက်မရရင် ကျုပ်ရဲ့ဆံချည် တစ်မျှင်ကိုတောင် သင်ထိခိုက်အောင်လုပ်လို့မရဘူးဆိုတာ အခုသိမြင်ရပြီမဟုတ်လား ဒါကြောင့် သင့်အနေနဲ့ ကျူးလွန်ခဲ့တဲ့အပြစ်တွေကို ကျုပ်အရှေ့မှာဝန်ချတောင်းပန်မယ်ဆိုရင် အပြစ်ဒဏ်လျော့ ပေါ့အောင် ကျုပ်မေတ္တာရပ်ခံပေးမယ်”
“ တယ်......ဒတ္တဆိုတဲ့ကျုပ်က သင့်လိုလူကို တောင်းပန်စရာလား ကိုယ်ထိလက်ရောက် လုပ်မရရင် သင့်နှလုံးသွေးရပ်ပြီးသေအောင်ကျုပ်လုပ်မယ်”
ဒတ္တက ပြောဆိုကြိမ်းမောင်းရင်း သူ့ခန္ဓာကိုယ်ကို သာမန်လူတွေမြင်လိုက်တာနဲ့ နှလုံးသွေးရပ်တဲ့အထိ ကြောက်လန့်အောင် ဖန်ဆင်းပြီး ကြောက်မယ်ဖွယ်အဆင်း အသံတွေကို အသုံးပြုကာ အောင်မြတ်သာကိုတိုက်ခိုက်ခဲ့တယ်။
အောင်မြတ်သာကတော့ သူ့ကိုစားမတတ် ဝါးမတတ်ခြောက်လှန့်နေတဲ့ နတ်ဘီလူးရဲ့ အတ္တဘောရုပ်ကို ခပ်ပြုံးပြုံးမျက်နှာထားနဲ့ စေ့စေ့စိုက်ကြည့်လိုက်တဲ့အချိန် မျက်လုံးထဲကနေ နီရဲတောက်ပလွန်းတဲ့ မီးတန်းကြီးတစ်ခုထွက်ပေါ်လာခဲ့ပြီး နတ်ဘီလူးရဲ့ခန္ဓာကိုယ်ထဲကို စိုက်ဝင် သွားခဲ့တယ်။
“ အား ..... အ...အ... သင်လူသားမှဟုတ်ရဲ့လား မျက်လုံးထဲကနေ ထွက်လာတဲ့ မီးတောက်က ကျုပ်ခန္ဓာကိုယ်ထဲတစ်မြေ့မြေ့လောင်ကျွမ်းနေပြီ အား.... ပူလိုက်တာ”
နတ်ဘီလူးဒတ္တလဲ ကြီးမားစွာဖန်ဆင်းထားတဲ့ ခန္ဓာကိုယ်ကြီးကို မြေကြီးပေါ်လှိမ့်ကာ ပူလောင်တဲ့ဒဏ်ကို အလူးအလဲခံစားနေရတဲ့အချိန် မိန်းမပျိုရဲ့ခန္ဓာကိုယ်ထဲမှာစိမ့်ဝင်နေတဲ့ စက်တွေက အပြင်ဘက်ကိုဖွာခနဲ ဖွာခနဲ လွင့်ထွက်လာခဲ့တယ်။
အလွန်အားပြင်းတဲ့စက်တွေရဲ့ တွန်းကန်မှုက ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ သစ်ပင်အချို့ကို ယိမ်းထိုးလှုပ်ရှားစေတဲ့အထိပြင်းထန်ခဲ့တယ်။ အောင်မြတ်သာလဲ မြေပေါ်မှာလူးလိမ့်ကာ ဝေဒနာ ခံစားနေရတဲ့ နတ်ဘီလူးကို ထွက်မပြေးနိုင်အောင် ရှစ်ကွက်အင်းနဲ့ချုပ်ထားလိုက်ပြီး ကုဝေရနတ်မင်းကိုတိုင်တည်အာရုံပြုလိုက်တယ်ဆိုရင်ပဲ ကိုယ်ရောင်ကိုယ်ဝါ တစ်ဖျတ်ဖျက် တောက်ပနေတဲ့ နတ်ဘီလူးလေးပါးက လှံစင်္ကြာကိုယ်စီကိုင်ပြီးပေါ်လာခဲ့တယ်။
နတ်ဘီလူးဒတ္တကလဲ ရုတ်တရက်ပေါ်လာတဲ့ နတ်ဘီလူးတွေကိုမြင်တော့ ကြောက်လန့်တကြားထွက်ပြေးဖို့ကြိုးစားတဲ့အချိန် အောင်မြတ်သာရဲ့ညာဘက်ထောင့်မှာရပ်နေတဲ့ နတ်ဘီလူးရဲ့လက်ထဲကနေ အလင်းတန်းတစ်ခုထွက်ခဲ့တာကို မြင်လိုက်ရတယ်။
အလင်းတန်က ဒတ္တခန္ဓာကိုယ်ကိုထိတယ်ဆိုရင်ပဲ မီးအားပြင်းပြင်းနဲ့ထိလိုက်တဲ့ စက္ကူတစ်ရွက်လို ပြာကျသွားခဲ့တယ်။ ခဏနေတော့ ပြာအဖြစ်ကနေ ပုံမှန်သဏ္ဍာန်ပြန်ဖြစ်ပေါ် လာခဲ့ပြီး နတ်ဘီလူးလေးပါးရဲ့ခြေရင်းမှာ ဒူးကွေးညွှတ်ထိုင်ကာ
“တပည့်မှားသွားပါတယ် ဆရာတို့ပေးအပ်တဲ့တာဝန်ကို ထမ်းဆောင်ပြီးအပြန်မှာ အတိတ်ဘဝကတော်စပ်ခဲ့ဖူးတဲ့ ဇနီးဖြစ်သူကိုမြင်လိုက်ရတဲ့အတွက် စိတ်မထိန်းနိုင်ပဲ သွေးဆောင် ဖျားယောင်းမိခဲ့ပါတယ် တပည့်ကိုခွင့်လွှတ်ပေးကြပါ” ဆိုပြီးတောင်းပန်တော့ နတ်ဘီလူးလေးပါးက
“တယ်.... ဒီငမိုက်သား ငါထပ်လုပ်လိုက်ရ ပြာအတိဖြစ်ရော့မယ် နင့်တန်ခိုးအရာလောက်နဲ့ ထွက်ရပ်ပေါက်ဆရာတစ်ဆူကို ထိခိုက်အောင်လုပ်ဖို့ကြံစည်ရဲတယ်ပေါ့လေ အခုချက်ချင်း ဆရာ ကျေနပ်တဲ့အထိ တောင်းပန်စမ်း” လို့ပြောလိုက်တော့ နတ်ဘီလူးဒတ္တက အောင်မြတ်သာ‌ ခြေအစုံကို နဖူးနဲ့ထိပြီး အကြိမ်ကြိမ်အခါခါတောင်းပန်ပါလေရော။
အောင်မြတ်သာကလဲ အမှားကိုသိပြီးဖြစ်တဲ့ ဒတ္တကို ခွင့်လွှတ်ပေးခဲ့ပြီး ကုဝေရနတ်မင်းစေလွှတ်ခဲ့တဲ့ နတ်ဘီးလူးလေးပါးကို နောက်ဒီလိုမဖြစ်အောင် သေချာကြပ်မတ် ထိန်းသိမ်းပေးဖို့မေတ္တာရပ်ခံခဲ့တယ်။
နတ်ဘီလူးလေးပါးလဲ အောင်မြတ်သာကို နောက်ဒီလိုမဖြစ်စေဖို့ ကတိအထပ်ထပ်ပေးကာ သတိလစ်မေ့မျောနေတဲ့ မိန်းမပျိုရဲ့ ခန္ဓာကိုယ်ထဲကျန်ရှိနေတဲ့ စက်တွေကိုပြန်သိမ်းခဲ့ပြီး ကောင်းကင်ခရီးနဲ့ပြန်လည်ထွက်ခွာသွားခဲ့ကြတယ်။ နတ်ဘီလူးလေးပါးထွက်သွားတာနဲ့ သတိလစ် နေတဲ့မိန်းမပျိုကပြန်သတိရလာခဲ့တယ်။
အောင်မြတ်သာလဲ သတိရလာတဲ့ မိန်းမပျိုကို ရွာထဲကိုပြန်လည်ခေါ်‌ဆောင်လာခဲ့ပြီး အိမ်ရှေ့ရောက်တော့
“ အိမ်ကိုပြန်ရောက်ပါပြီ မိန်းကလေး မင်းကတော့ အရမ်းကံကောင်းတယ် သေကံမပါလို့ ချောချောမွေ့မွေ့ မိမိအိုးအိမ်ကိုရောက်လာခဲ့တယ် အချို့လူတွေကျတော့ မင်းအတွက်နဲ့ သူ့အသက်ကိုပေးဆပ်ခဲ့ရတယ်”
အောင်မြတ်သာစကားကြောင့် မိန်းမပျို အံ့အားသင့်သွားပြီး
“အချို့လူဆိုတာက ဘယ်သူ့ကိုပြောတာလဲ”လို့မေးတော့ အောင်မြတ်သာက
“ မကြာခင် မင်းသိပါလိမ့်မယ် အခုတော့ အိမ်ကလူတွေကို ခေါ်လိုက်ပါဦး”
မိန်းမပျိုလဲ အိမ်တံခါးကိုထုပြီး အိမ်သားတွေကိုအော်ခေါ်လိုက်တဲ့အချိန် ခုနကဘေးမှာ ရှိနေတဲ့အောင်မြတ်သာက ပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့တယ်။
နောက်တစ်နေ့မနက်ရောက်တော့ သူကြီးအိမ်မှာတည်းနေကြတဲ့ လူငယ်သုံးယောက်ကို မတွေ့ရတော့ပဲ ထွန်းသာမိဘတွေနဲ့မိန်းမပျိုရဲ့ အိမ်ရှေ့မှာ စက္ကူနဲ့ ထုပ်ထားတဲ့ ငွေသားအချို့ ကိုသာတွေ့လိုက်ရတယ်။ ထုပ်ထားတဲ့စက္ကူကို ဖြန့်ကြည့်လိုက်တဲ့အခါ အထဲမှာ
“ ထွန်းသာကို ရည်စူးပြီးအလှူလုပ်တဲ့အခါ ရွာပြင်က စောင်းလျားပင်အောက်ကနေ သူ့ကိုခေါ်ပြီးအမျှဝေပါ”ဆိုပြီးရေးထားတာတွေ့လိုက်ရတယ်။
ဒီစာကိုတော့ ဘယ်သူတွေရေးခဲ့တယ်ဆိုတာ စာဖတ်သူတွေသိလောက်ပြီ ထင်ပါတယ်။
နောက်ဝတ္တုမှာတော့ ဘုရားတည်တဲ့အခါ လိုအပ်တဲ့ ဌာပနာပစ္စည်းတွေကို လိုက်ရှာပေးတတ်တဲ့လူငယ်တစ်ယောက်အကြောင်းကို စာဖတ်သူတွေဖတ်ရှုရမှာဖြစ်ပါတယ်။ ဝတ္တုနာမည်က အောင်မြတ်သာနှင့်ဌာပနာမျက်လုံးတဲ့။

လေးစားစွာဖြင့်
ဇေယန(ရာမည)

ေအာင္ျမတ္သာႏွင့္နတ္ဖြက္ထားသည့္မိန္းမပ်ိဳ

ေကာင္းကင္တစ္ခုလုံး တိမ္သားေတြကင္းစင္ေနၿပီး ျပာလဲ့လဲအေရာင္သန္းေနတဲ့ နံနက္ခင္း အခ်ိန္ကာလမွာ ေ႐ႊေရာင္တစ္လက္လက္ထေနတဲ့ ကိုးေတာင္ျပည့္ေစတီထီးေတာ္တင္ပြဲကို ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြ မထင္မရွားဟန္နဲ႔ ေရာက္ရွိခဲ့ၾကတယ္။ ေစတီအဝင္ဝ မုဒ္ဦးမွာေတာ့ လက္ရာ ေျမာက္စြာထုဆစ္ထားတဲ့ ဂဠဳန္ငွက္႐ုပ္ထုႀကီးကလဲ ေရာက္လာသူ အေပါင္းကို တစ္မ်ိဳးတစ္ဖုံ စြဲေဆာင္ေနခဲ့တယ္။
ထီးေတာ္တင္ပြဲၿပီးဆုံးတဲ့အခ်ိန္မွာေတာ့ မုဒ္ဦးအဝင္ဝမွာ ထိုင္ၿပီး ငိုယိုေနတဲ့ ေယာက်ၤား တစ္ေယာက္အမွတ္မထင္ျမင္ေတြ႕လိုက္ရတယ္။ ဘုရားထီးတင္ပြဲလာၾကတဲ့ပရိတ္သတ္ေတြကေတာ့ မုဒ္ဦးဝမွာထိုင္ငိုေနတဲ့လူကို သတိမမူမိၾကပဲ မိမိတို႔သြားလိုရာခရီးလမ္းကို ေျဖာင့္တန္းစြာ သြားလာ ေနၾကတာျမင္လိုက္ရတဲ့ ေအာင္ျမတ္သာက
“သက္ခိုင္ မုဒ္ဦးဝမွာ ေယာက်ၤားတစ္ေယာက္ထိုင္ငိုေနတာ ျမင္ရလား” လို႔ေမးလိုက္ေတာ့ သက္ခိုင္က ေအာင္ျမတ္သာၾကည့္တဲ့ဘက္ကို လွည့္ၾကည့္လိုက္ၿပီး
“ျမင္ရတယ္ဆရာ သူ႔မွာဘာအပူပင္ေတြမ်ားရွိလို႔ အခုလိုကုသိုလ္ေရးလုပ္တဲ့အခ်ိန္မွာ ငိုေႂကြးေနရတာလဲမသိဘူးေနာ္”
“ မဟုတ္ဘူးသက္ခိုင္ သူထိုင္ငိုေနတာကို ျဖတ္သြားျဖတ္လာလူေတြ တစ္ေယာက္မွ သတိ မထားမိၾကသလို တစ္ေယာက္မွလဲ ေစာင္းငဲ့ၿပီး မၾကည့္သြားၾကဘူး ဒါကိုၾကည့္ျခင္းအားျဖင့္ ငိုေနတဲ့ သူဟာ လူသားတစ္ေယာက္မဟုတ္ဘူးလို႔ယူဆလို႔ရတယ္”
သက္ခိုင္လဲ ေအာင္ျမတ္သာစကားေၾကာင့္ အနည္းငယ္ေတြေဝသြားၿပီး
“ဆရာေျပာတဲ့အတိုင္းဆို သူကနာနာဘာဝ ဒါမွမဟုတ္ ဒီဘုရားကိုေစာင့္ရမယ့္ အေစာင့္ထဲက တစ္ေယာက္မ်ားျဖစ္ေနမလား”လို႔ေျပာလိုက္ေတာ့ ေအာင္ျမတ္သာက ဘာမွဆက္မေျပာပဲ ထိုင္ငို ေနတဲ့လူရွိတဲ့ဘက္ကို ထြက္သြားခဲ့တယ္။
သက္ခိုင္နဲ႔ေတာက္ရလဲ ေအာင္ျမတ္သာထြက္သြားတဲ့ေနာက္ကိုလိုက္သြားၿပီး မုဒ္ဦးဝ ေရာက္ေတာ့ ေအာင္ျမတ္သာက
“သင္ဘာေၾကာင့္ အခုလိုရႈိက္ႀကီးတငင္ ငိုေႂကြးေနရတာလဲ”လို႔ေမးလိုက္ေတာ့ ငိုေနတဲ့သူက အံ့ၾသတဲ့မ်က္ႏွာနဲ႔ ေအာင္ျမတ္သာတို႔ကိုၾကည့္ၿပီး
“က်ဳပ္ငိုေနတာကို သင္တို႔ျမင္ၾကတယ္ေပါ့ေလ”
“သင္ဒီေနရာကိုစေရာက္လာထဲက က်ဳပ္ျမင္ေနရပါတယ္ ဘာအတြက္ေၾကာင့္ ကုသိုလ္ယူ ေနတဲ့အခ်ိန္မွာ သာဓုမေခၚပဲ ငိုေႂကြးေနတဲ့ပုံကိုေလ့လာၾကည့္ရင္ သင့္မွာအလြန္အေရးႀကီးတဲ့ အခက္အခဲတစ္ခုရွိေနၿပီထင္တယ္”
ေအာင္ျမတ္သာစကားအဆုံးမွာ ငိုေႂကြးေနတဲ့သူက ထိုင္ေနရာကေန မတ္တပ္ထရပ္လိုက္ၿပီး
“က်ဳပ္နာမည္က ထြန္းသာလို႔ေခၚပါတယ္ က်ဳပ္ကဒီေတာင္ရဲ႕ အေရွ႕ဘက္က႐ြာမွာေနပါတယ္ က်ဳပ္မွာအသက္ထက္ခ်စ္ရတဲ့ခ်စ္သူတစ္ဦးလဲရွိပါတယ္ သူ႔နာမည္က မိုးသားျဖဴတဲ့”
ထြန္းသာဆိုတဲ့သူက ေကာင္မေလးနာမည္ကို ေရ႐ြတ္ရင္း ေတာင္ရဲ႕အေရွ႕ဘက္ကို ေငးေမာ ၾကည့္လိုက္ၿပီး ၿငိမ္သက္သြားခဲ့တယ္။
“ေျပာပါ သင္ျဖစ္ခဲ့တာေတြကို က်ဳပ္တို႔ကို ယုံၾကည္စြာေျပာျပလို႔ရပါတယ္”
ေအာင္ျမတ္သာရဲ႕လမ္းဖြင့္တဲ့စကားေၾကာင့္ ၿငိမ္သက္စြာရပ္ေနတဲ့လူငယ္ရဲ႕ မ်က္လုံးေတြ အေရာင္လက္လာၿပီး
“က်ဳပ္အခုေျပာခ်င္တာကေတာ့ က်ဳပ္အတြက္မဟုတ္ပါဘူး မိုးသားျဖဴအတြက္ ေျပာျပခ်င္ တာပါ ဒီကပုဂၢိဳလ္ေတြက သီလသမာဓိပညာနဲ႔ျပည့္စုံမယ့္သူေတြလို႔ယုံၾကည္လို႔ မိုးသားျဖဴ အေၾကာင္းကိုအစအဆုံးေျပာျပခ်င္ပါတယ္”
“သင္ေျပာတာကို က်ဳပ္တို႔ေလးေလးနက္နက္ နားေထာင္ေပးပါ့မယ္ ဒီေနရာက လူသြားလူလာမ်ားေတာ့ လူရွင္းတဲ့တစ္ေနရာကို က်ဳပ္တို႔သြားၾကရေအာင္”
ထြန္းသာဆိုတဲ့လူငယ္လဲ ေအာင္ျမတ္သာစကားကို ေထာက္ခံတဲ့အေနနဲ႔ ေခါင္းညိမ့္ျပ လိုက္ၿပီး အေနာက္ကေနလိုက္ပါလာခဲ့ေတာ့တယ္။
ေအာင္ျမတ္သာတို႔လဲ လူသူအေရာက္ေပါက္နည္းတဲ့ လွ်ိဳတစ္ခုအနားကိုေရာက္တာ့
“ဒီေနရာက အရိပ္လဲရတယ္ လူသြားလူလာလဲမရွိဘူး ဒါေၾကာင့္သင္ေျပာခ်င္တာကို လြပ္လပ္ စြာေျပာလို႔ရပါၿပီ”
“ က်ဳပ္အခုျဖစ္ေနတာေတြကို ဘယ္လိုမွမယုံႏိုင္ေသးဘူးျဖစ္ေနတယ္ က်ဳပ္မွတ္မိတာက တစ္ေန႔ညအခ်ိန္ထိ က်ဳပ္အိမ္မွာရွိေနေသးတယ္ အိပ္ယာကႏိုးလာေတာ့ တစ္ခါမွမေရာက္ဘူးတဲ့ ေတာတစ္ေနရာကိုေရာက္ေနခဲ့တယ္ က်ဳပ္လဲတစ္ခါမွမ‌ေရာက္ဘူးတဲ့ေနရာကေန ႐ြာရွိတဲ့ဘက္ကို ခက္ခက္ခဲခဲႀကိဳးစားရွာေဖြၿပီး ျပန္လာခဲ့တာ ႐ြာထိပ္အစပ္ကိုေရာက္ခဲ့တယ္ ဒါေပမယ့္ က်ဳပ္ ႐ြာထဲကို ဝင္မယ္လုပ္ရင္ တစ္ကိုယ္လုံးနီရဲေနၿပီး လုံခ်ည္ကိုခါးေထာင္းက်ိဳက္ထားတဲ့ လူႏွစ္ေယာက္ေပၚ လာၿပီး က်ဳပ္လက္ႏွစ္ဖက္ကိုခ်ဳပ္ကိုင္ပစ္ထုတ္ၾကတယ္ က်ဳပ္လဲငိုယိုေတာင္းပန္ၿပီး ႐ြာထဲကို ဝင္ဖို႔ ေျပာေပမယ့္ ဘယ္လိုမွေျပာလို႔မရခဲ့ဘူး ဒါေၾကာင့္စိတ္ညစ္ညစ္နဲ႔ ထြက္လာခဲ့တာ ဘုရားထီးတင္တဲ့ ေနရာကိုေရာက္လာခဲ့တယ္ က်ဳပ္လဲဘုရားေပၚကိုတက္မလို႔ျပင္လိုက္႐ုံပဲရွိေသးတယ္ လူလိုလို ငွက္လိုလိုအေကာင္က က်ဳပ္ကိုသူတို႔ရဲ႕ေတာင္ပံေတြနဲ႔ ပုတ္ထုတ္ၾကတယ္ က်ဳပ္လဲတက္မရတဲ့အဆုံး ႐ြာမွာက်န္ခဲ့တဲ့ အေမနဲ႔ မိုးသားျဖဴအေၾကာင္းကိုေတြးၿပီး ငိုခ်လိုက္တာ ဒီကပုဂၢိဳလ္ေတြေရာက္လာတဲ့ အထိပါပဲ”
ေအာင္ျမတ္သာက ထြန္းသာေျပာတဲ့စကားေတြကို နားေထာင္ၿပီးတဲ့အခ်ိန္
“မင္းကအခုဘယ္ဘဝေရာက္ေနတယ္ဆိုတာ‌ေရာသိရဲ႕လား”
“က်ဳပ္က ဘယ္ဘဝကိုေရာက္ရမွာလဲ ခင္ဗ်ားတို႔ဘာေတြေျပာေနၾကတာတုန္း”
“မဟုတ္ေသးဘူး ထြန္းသာ မင္းကအခုေရာက္ေနတာက သာမန္လူေတြဘဝနဲ႔ျခားနားတဲ့ ဘဝသစ္တစ္ခုပဲ ဒါေၾကာင့္မင္း႐ြာထဲကိုဝင္မရတာ”
“ဟာဗ်ာ မျဖစ္ႏိုင္ပါဘူး ခင္ဗ်ားေျပာတဲ့သေဘာက က်ဳပ္ကေသသြားၿပီလို႔ဆိုလိုတာလား”
“ငါတို႔လဲစိတ္မေကာင္းပါဘူး မင္းအခုျဖစ္ေနတဲ့အေျခအေနေတြကို မယုံဘူးဆိုရင္ သက္ေသ ျပစရာတစ္ခုရွိတယ္”
ေအာင္ျမတ္သာက ေျပာရင္းဆိုရင္း ထြန္းသာရဲ႕ ဂုတ္ပိုးကိုဆြဲကိုင္လိုက္တဲ့အခ်ိန္ ခႏၶာကိုယ္ တစ္ခုလုံးငွက္ေတာင္ေမႊးတစ္ခုကဲ့သို႔ ေပါ့ပါးသြားၿပီး ေလေပၚမွာပ်ံဝဲေနသလိုခံစားလိုက္ရတယ္။ စကၠန႔္အနည္းငယ္ေလာက္အၾကာမွာေတာ့ အလြန္မတ္ေစာက္တဲ့ ေခ်ာက္ကမ္းပါးတစ္ခု‌ေပၚမွာ မတ္တပ္ရပ္ေနတဲ့အေနအထားျဖစ္သြားခဲ့တယ္။
“မင္းအခုေရာက္ေနတဲ့ေနရာကို အရင္ကေရာက္ဖူးခဲ့လား”
ေအာင္ျမတ္သာစကားေၾကာင့္ ထြန္းသာက ေခ်ာက္ကမ္းပါးပတ္ဝန္းက်င္ကို အကဲခတ္ လိုက္ၿပီး
“ဒီေနရာကို အျပင္မွာတစ္ခါမွမေရာက္ဖူးေပမယ့္ အိမ္မက္ထဲမွာေတာ့ မၾကာခဏဆိုသလို ေရာက္ခဲ့ဖူးတယ္ ဒီေနရာကိုေရာက္ရင္ ခင္ဗ်ားရပ္ေနတဲ့ေနရာမွာ ကိုယ္ေရာင္ကိုယ္ဝါေတာက္ပ ေနတဲ့ လူတစ္ေယာက္ခါးေထာက္ၿပီးရပ္ေနေလ့ရွိတယ္ အိမ္မက္ကလန႔္ႏိုးခါနီးရင္ေတာ့ သူက က်ဳပ္ကိုမ်က္ေထာင့္နီနဲ႔စိုက္ၾကည့္တတ္တယ္”
“ဒီအိမ္မက္ကို မင္းဘယ္အခ်ိန္ထဲက စမက္ခဲ့တာလဲ”
“အင္း မွတ္မွတ္ရရေျပာရရင္ မိုးသားျဖဴက က်ဳပ္ကိုခ်စ္ပါတယ္လို႔အေျဖေပးတဲ့ေန႔မွာ ဒီအိမ္မက္ကိုစမက္ခဲ့တာပဲ အဲ က်ဳပ္မွတ္မိၿပီ က်ဳပ္နဲ႔မိုးသားျဖဴ ခ်ိန္းေတြ႕တဲ့ေန႔ေတြဆိုရင္ ဒီလို အိမ္မက္မ်ိဳးအၿမဲလိုလိုမက္တတ္တယ္ တစ္ခါတစ္ေလ အိမ္မက္ထဲက လူက က်ဳပ္ကိုစားမတတ္ ဝါးမတတ္အၾကည့္မ်ိဳးနဲ႔ၾကည့္ၿပီး လက္ညိဳးေငါက္ေငါက္ထိုးႀကိမ္းဝါးေလ့ရွိတယ္”
ေအာင္ျမတ္သာလဲ ထြန္းသာေျပာတဲ့စကားေတြကို နားေထာင္ၿပီး
“မင္းေျပာတဲ့စကားေတြအရဆိုရင္ အိမ္မက္ထဲက လူဟာ မင္းကိုဒီေနရာကို ရင္းႏွီးေအာင္ အရင္ဆုံးေခၚေဆာင္ခဲ့တာပဲ လူေတြဟာအိပ္ေပ်ာ္ေနတဲ့အခ်ိန္ သူတို႔ရဲ႕ဝိဉာဏ္က ခႏၶာကိုယ္ရဲ႕ အျပင္ဘက္ကိုထြက္သြားတတ္တယ္ဆိုတာ မင္းၾကားဖူးလား”
“ၾကားဖူးတယ္ က်ဳပ္ခ်စ္သူ မိုးသားျဖဴလဲ ခင္ဗ်ားေျပာသလို တစ္ခါတစ္ေလျဖစ္တတ္တယ္ အဲလိုျဖစ္တဲ့ေန႔ဆိုရင္ က်ဳပ္ဆီကိုသူလာေလ့မရွိဘူး က်ဳပ္႐ြာျပန္ေရာက္ရင္ ခင္ဗ်ားနဲ႔သူ႔ကို မိတ္ဆက္ ေပးမယ္”
ထြန္းသာက မိုးသားျဖဴအေၾကာင္းေျပာရင္း စိတ္ေတြတက္ႂကြလာတာျမင္ေတာ့ ေအာင္ျမတ္သာစိတ္မေကာင္းျဖစ္သြားၿပီး
“ငါဒီစကားကိုမေျပာသင့္မွန္းသိေပမယ့္ အခုေတာ့ေျပာရေတာ့မယ္ မင္းဟာေသသြားခဲ့ၿပီ ထြန္းသာ”
“ေဟ့လူ ခင္ဗ်ားက လာေနာက္ေနတာလား က်ဳပ္႐ြာထိပ္ကိုေတာင္ ျပန္ေရာက္ခဲ့ေသးတယ္ ေလဗ်ာ ႐ြာထဲမွာအမႈတစ္ခုခုျဖစ္ေနလို႔ ႐ြာျပင္ေရာက္ေနတဲ့က်ဳပ္ကို မေပးဝင္ပဲေမာင္းထုတ္ခဲ့တာ ျဖစ္မွာပါ အသားနီနီနဲ႔လူေတြက ၿမိဳ႕ကအရာရွိမင္းေတြေခၚလာတဲ့ သက္ေတာ္ေစာင့္ေတြ ျဖစ္ခ်င္ျဖစ္ ေနမွာေပါ့”
“ မင္းမယုံဘူးဆိုရင္လဲ ယုံၾကည္ေအာင္ ငါသက္ေသျပပါ့မယ္”
ေအာင္ျမတ္သာကေျပာရင္းဆိုရင္း ထြန္းသာရဲ႕ ေနာက္ေက်ာကို လက္ဖဝါးနဲ႔တြန္းထုတ္ လိုက္တဲ့အခ်ိန္
“အားးးးးး”ဆိုတဲ့ေအာ္သံနဲ႔အတူ အလြန္မတ္ေစာက္တဲ့ ေခ်ာက္ကမ္းပါးထဲကို ထြန္းသာ ျပဳတ္က်သြားခဲ့တယ္။
ထြန္းသာလဲ ေခ်ာက္ကမ္းပါးေပၚကေန ျပဳတ္က်သြားတဲ့အခ်ိန္ ရင္ထဲထိတ္ခနဲျဖစ္သြားၿပီး မ်က္လုံးအစုံကိုမွိတ္ထားကာ ေအာက္ၾကမ္းေျခနဲ႔ထိေတြ႕မယ့္အခ်ိန္ကို ေစာင့္ေန‌ေပမယ့္ လူက ေအာက္ကိုမေရာက္ႏိုင္ပဲ ေလထဲမွာၿငိမ္ေနတာကို သတိထားမိလာတဲ့အတြက္ ပိတ္ထားတဲ့ မ်က္လုံး ေတြကိုဖြင့္ၾကည့္လိုက္ခ်ိန္မွာတာ့ ခႏၶာကိုယ္က ေလထဲမွာလြင့္ေမ်ာသြားလာေနတာကို သိလိုက္ ရတယ္။
ထြန္းသာလဲ ေလထဲမွာေမ်ာေနတဲ့ ခႏၶာကိုယ္ကို ဟန္ခ်က္မပ်က္ေအာင္ထိန္းေက်ာင္းကာ ေမ်ာလြင့္ေနတဲ့အခ်ိန္ ေခ်ာက္ကမ္းပါးအလယ္တစ္ေနရာမွာရွိတဲ့ ေက်ာက္စြန္းတစ္ခုေပၚမွာ ႐ုပ္ပ်က္ ဆင္းပ်က္ေသဆုံးေနတဲ့လူတစ္ေယာက္ကိုေတြ႕လိုက္ရတယ္။
“ ဟင္ ဟိုလူဝတ္ထားတဲ့ အက်ႌနဲ႔လုံခ်ည္က ငါအခုဝတ္ထားတဲ့အတိုင္းပါလား”ဆိုတဲ့ အေတြးက ရင္ဝကိုဒိန္းခနဲလာေဆာင့္ခဲ့တယ္။ ထြန္းသာလဲ ေသခ်ာေအာင္အနီးကပ္ၿပီး ၾကည့္လိုက္ တဲ့အခ်ိန္မွာေတာ့ ေသဆုံးေနတဲ့သူရဲ႕ ညာဘက္လက္မွာဝတ္ထားတဲ့ ႀကိဳးအနီတစ္ေခ်ာင္းကို ျမင္လိုက္ရတယ္။
“ငါတကယ္ေသသြားတာပါလား မျဖစ္ႏိုင္ဘူး မျဖစ္ႏိုင္ဘူး ငါေသလို႔မရေသးဘူး” လို႔ေအာ္ဟစ္လိုက္တဲ့အခ်ိန္ ခႏၶာကိုယ္က ေခ်ာက္ကမ္းပါးအေပၚဘက္ကို ေျမာက္တက္သြားခဲ့ၿပီး ပတ္ဝန္းက်င္တစ္ခုလုံး အိုးထိန္းစက္တစ္ခုလို လည္သြားကာ သတိလစ္သြားခဲ့တယ္။ သတိျပန္ရခ်ိန္မွာေတာ့ ႐ြာနဲ႔မလွမ္း မကမ္းမွာရွိတဲ့ ေစာင္းလ်ားပင္ေအာက္ကိုေရာက္ေနခဲ့ၿပီး ေဘးမွာ ေတာ့ ေခ်ာက္ကမ္းပါးေပၚမွာက်န္ခဲ့တဲ့လူနဲ႔သူ႔တပည့္ေတြကိုျမင္လိုက္ရတယ္။
“ထြန္းသာ မင္းအျဖစ္မွန္ကိုလက္ခံလိုက္ပါ အခုမင္းမွာေနစရာမရွိဘူးဟုတ္လား”
ေအာင္ျမတ္သာစကားအဆုံးမွာ ထြန္းသာ ေခါင္းကိုခါလိုက္ၿပီး
“ဟုတ္တယ္ က်ဳပ္မွာေနမယ့္ေနရာမရွိဘူး”
“အခုေလာေလာဆယ္ေတာ့ ဒီေစာင္းလ်ားပင္ေပၚမွာ ေခတၱေနေနဦးေပါ့ ဒီအပင္မွာရွိတဲ့ပုဂၢိဳလ္ကိုလဲ ငါခြင့္ေတာင္းၿပီးပါၿပီ သူကလဲမင္းကိုမႏွင္ထုတ္ဘူးလို႔ေျပာတယ္”
ေအာင္ျမတ္သာစကားေၾကာင့္ ထြန္းသာက ေစာင္းလ်ားပင္ေပၚကိုေမာ့ၾကည့္လိုက္ရာ သစ္ကိုင္း သစ္ခက္ေတြမွာ ေနရာလပ္မရွိေအာင္ျပည့္ၾကပ္ေနတဲ့ ပုံသ႑ာန္မ်ိဳးစုံနာနာဘာဝေတြကို ျမင္လိုက္ရတယ္။ ေစာင္းလ်ားပင္ရဲ႕ထိပ္ဆုံးအပိုင္းမွာေတာ့ ေငြေရာင္တဖိတ္ဖိတ္ေတာက္ေနတဲ့ ဗိမၼာန္တစ္ခုရွိေနၿပီး အေပါက္ဝမွာေတာ့ မ်က္ႏွာသြယ္သြယ္နဲ႔ပုဂၢိဳလ္တစ္ေယာက္ ထိုင္ေနတာကို ေတြ႕လိုက္ရတယ္။
ေစာင္းလ်ားပင္ေပၚမွာရွိေနတဲ့ နာနာဘာဝေတြကေတာ့ ထြန္းသာကို သိပ္မၾကည္တဲ့ မ်က္ႏွာ ေတြနဲ႔စိုက္ၾကည့္ေနၾကတယ္။ အဲဒီအခ်ိန္ ဗိမၼာန္ေပၚမွာရွိေနတဲ့ ပုဂၢိဳလ္က ေစာင္းလ်ားပင္ေအာက္ကို ဆင္းလာၿပီး
“ဆရာေျပာတာဒီေကာင္ေလးလား”
“ဟုတ္ပါတယ္ ဒီေကာင္ေလးကို သင့္လက္ထဲအပ္ခဲ့ပါမယ္ က်ဳပ္တို႔မွာလဲ လုပ္စရာကိစၥေလး ရွိေသးတဲ့အတြက္ သူ႔အတြက္ေနရာရွာေပးဖို႔က အခ်ိန္မရေသးလို႔ပါ”
“ ရပါတယ္ဆရာ သူတစ္ေယာက္စာအတြက္ကေတာ့ ေနရာရွိပါတယ္ ဗလႀကီးနဲ႔ ငထြန္းသာ မင္းတို႔ႏွစ္ေယာက္က ငါမရွိတဲ့အခ်ိန္ ဒီေကာင္ေလးကိုေသခ်ာေစာင့္ေရွာက္ထားၾက ၾကားလား”
ေစာင္းလ်ားပင္ေစာင့္ပုဂၢိဳလ္ စကားအဆုံးမွာ ညာဘက္သစ္ကိုင္းေပၚမွာထိုင္ေနတဲ့ သရဲႏွစ္ေကာင္က အမိန႔္နာခံတဲ့သေဘာနဲ႔ လူတစ္ေပြ႕စာေလာက္ရွိတဲ့သစ္ကိုင္းကို လႈပ္ခါ႐ုံေလး လႈပ္ျပလိုက္တယ္”
“ကဲ အားလုံးအဆင္ေျပပီဆိုေတာ့ မင္းလဲ ေစာင္းလ်ားပင္ေစာင့္ပုဂၢိဳလ္ရဲ႕စကားကို ေသခ်ာ နားေထာင္ၿပီး ေနခဲ့ပါ ငါတို႔လိုအပ္တဲ့အခ်ိန္ မင္းကိုေခၚလိုက္ပါ့မယ္”
ေအာင္ျမတ္သာစကားေၾကာင့္ ထြန္းသာက ေခါင္းကိုဆတ္ျပလိုက္ၿပီး ႐ြာဘက္ကိုလွည့္ၾကည့္ ကာ
“ဆရာတို႔ ႐ြာထဲေရာက္ရင္ က်ဳပ္ေနတဲ့အိမ္ရဲ႕ တံစက္ၿမိတ္အဝင္ဝမွာ ဝါးလုံးသုံးလုံးတန္းၿပီး မိုးထားတဲ့ ေတာင္ထန္းမိုးတစ္ခုရွိတယ္ အဲဒီဝါးလုံးသုံးလုံးရဲ႕ တတိယအလုံးမွာ က်ဳပ္စုထားတဲ့ ေငြတိုေငြစအနည္းငယ္ရွိပါတယ္ အဲဒီေငြေတြရဲ႕တစ္ဝက္ကို က်ဳပ္အေမကိုေပးၿပီး က်န္တစ္ဝက္ကို က်ဳပ္ခ်စ္သူကိုေပး ေပးပါ”
“ေကာင္းပါၿပီ က်ဳပ္တို႔သင္ဆႏၵျပည့္ေျမာက္ေအာင္ ေဆာင္႐ြက္ေပးပါမယ္”
ေအာင္ျမတ္သာတို႔လဲ ထြန္းသာကိုႏႈတ္ဆက္ၿပီး ေစာင္းလ်ားပင္ေအာက္ကေန ႐ြာဘက္ကို ထြက္လာခဲ့ၾကတယ္။ ေအာင္ျမတ္သာတို႔႐ြာအဝင္ဝကိုေရာက္ေတာ့ အလြန္ျပင္းထန္တဲ့လႈိင္းတစ္ခုက ေအာင္ျမတ္သာတို႔ခႏၶာကိုယ္ကိုလာေရာက္႐ိုက္ခတ္တာ ခံစားလိုက္ရတယ္။
“ဆရာ ဒီ႐ြာထဲမွာ အဆင့္ျမင့္တဲ့ပုဂၢိဳလ္တစ္ေယာက္ေတာ့ရွိေနၿပီထင္တယ္”
ေတာက္ရစကားေၾကာင့္ ေအာင္ျမတ္သာ အနည္းငယ္စဥ္းစားလိုက္ၿပီး
“အခုငါတို႔ဆီကိုလာတဲ့လႈိင္းက စတုမဟာရာဇ္နတ္အႏြယ္ဝင္ေတြရဲ႕ ကိုယ္ကေန ထုတ္လႊတ္တဲ့စက္တစ္မ်ိဳးပဲျဖစ္တယ္ ငါထင္တာမမွားဘူးဆိုရင္ ႐ြာထဲမွာ ျပႆနာတစ္ခုတက္ေန ေလာက္ၿပီ ကဲ ႐ြာထဲကိုသြားၿပီး အေျခအေနသြားၾကည့္ရေအာင္”
ေအာင္ျမတ္သာတို႔သုံးေယာက္႐ြာထဲကိုဝင္လာတဲ့အခ်ိန္မွာေတာ့ ႐ြာသားေတြ အားလုံး ျပာယာခတ္ေနၿပီး တစ္စုံတစ္ေယာက္ကိုလိုက္ရွာေနတာကို ေတြ႕လိုက္ရတယ္။
“ဦးႀကီး ႐ြာထဲမွာဘာျဖစ္ေနတာလဲ”
သက္ခိုင္စကားေၾကာင့္ မ်က္ႏွာသုတ္ပဝါကိုေခါင္းမွာပတ္ထားတဲ့လူက ေအာင္ျမတ္သာတို႔သုံး ေယာက္ကိုေျခဆုံးေခါင္းဆုံးၾကည့္လိုက္ၿပီး
“မင္းတို႔က ခရီးသြားေတြလား”
“ဟုတ္ပါတယ္ က်ဳပ္တို႔ကခရီးသြားေတြပါ”
“ခရီးသြားေတြဆိုလဲ သြားမယ့္ခရီးကိုဆက္သြားၾကပါ ႐ြာထဲမွာေနေနရင္ အျခားသူေတြ မင္းတို႔ကိုသံသယဝင္လာၾကလိမ့္မယ္”
“က်ဳပ္တို႔ကဘာမွမလုပ္ပဲ ဘာလို႔သံသယဝင္ရမွာလဲ”
“ဟူး မင္းတို႔နဲ႔ေတာ့ခက္ၿပီ ဒီမနက္ပဲ႐ြာမွာ မိန္းကေလးတစ္ေယာက္ေပ်ာက္သြားလို႔ေဟ့ ငါတို႔လဲသြားတတ္လာတတ္တဲ့ေနရာေတြမွာလိုက္ရွာၾကည့္ၿပီးၿပီ အစနေတာင္မေတြ႕ဘူး”
ဦးႀကီးစကားေၾကာင့္ ေအာင္ျမတ္သာက
“ေပ်ာက္သြားတဲ့မိန္းကေလးနာမည္က မိုးသားျဖဴလား”
“ဟင္ မင္းတို႔က ခရီးသြားေတြလဲ ေျပာတယ္ သူ႔နာမည္အရင္းကို ဘယ္လိုသိေနရတာလဲ ငါတို႔က သူ႔ကို႐ြာနာမည္ပဲေခၚၾကတာ”
“က်ဳပ္တို႔ဘယ္လိုသိတာက အေရးမႀကီးပါဘူး ေပ်ာက္သြားတဲ့မိန္းကေလး အႏၲရာယ္မျဖစ္ဖို႔ပဲ အေရးႀကီးတယ္ အခုျဖစ္တာက သာမန္မဟုတ္ဘူး က်ဳပ္တို႔အခ်ိန္ဆြဲေနရင္ မိန္းကေလးရဲ႕ အသက္ကို ဆုံးရႈံးသြားႏိုင္တယ္”
ေအာင္ျမတ္သာစကားေၾကာင့္ ဦးႀကီးထိတ္လန႔္သြားၿပီး
“ဒါဆိုလဲ ႐ြာလူႀကီးအိမ္ကိုေခၚသြားေပးမယ္ သူ႔ကိုအက်ိဳးေၾကာင္းေျပာျပၿပီးလုပ္တာပို ေကာင္းမယ္ထင္တယ္ လာၾကလာၾက”
ေအာင္ျမတ္သာတို႔လဲ ဦးႀကီးေခၚတဲ့ေနာက္ကိုလိုက္သြားခဲ့ၿပီး ႐ြာအလယ္ေလာက္အေရာက္ မွာ ပ်ဥ္ေထာင္ႏွစ္ထပ္အိမ္တစ္လုံးကိုေတြ႕လိုက္ရတယ္။
“ သူႀကီး သူႀကီး ဧည့္သည္ေတြက ေတြ႕ခ်င္လို႔တဲ့”
ဦးႀကီးစကားေၾကာင့္ အိမ္အေနာက္ဘက္မွာ ဓါးေသြးေနတဲ့ သူႀကီးထြက္လာခဲ့ၿပီး
“ေမာင္ႀကိဳင္ ဘယ္ကဧည့္သည္ေတြလဲ”
“သူတို႔က မလွရင္သမီးေပ်ာက္တဲ့ကိစၥ သူႀကီးနဲ႔တိုင္ပင္ခ်င္လို႔တဲ့”
“ဟင္ မလွရင္သမီးက ျပန္ေတြ႕ၿပီလား”
“မေတြ႕ေသးပါဘူး ျပန္ေတြ႕ေအာင္သူတို႔ လုပ္ေပးမယ္ေျပာလို႔ သူႀကီးဆီေခၚလာခဲ့တာ”
ဦးႀကီးစားအဆုံးမွာ သူႀကီးက လက္ထဲမွာကိုင္ထားတဲ့ ငွက္ႀကီးေတာင္ဓါးကို စားပြဲေပၚ တင္လိုက္ၿပီး
“ေအး ေျပာပါဦး မင္းတို႔ကဘယ္လိုလုပ္ေပးမွာလဲ ဒီေကာင္မေလးေပ်ာက္ေနတဲ့ကိစၥက ငါ့မွာလဲတာဝန္ရွိေနတယ္” လို႔ေျပာလိုက္ေတာ့ ေအာင္ျမတ္သာက
“ဒီရက္ပိုင္းသူႀကီးတို႔႐ြာမွာ ညဘက္ေရာက္ရင္ ႐ြာေခြးေတြ အူျခင္းေဟာင္ျခင္းမရွိခဲ့ဘူးမဟုတ္ လား”
“ ေအး မင္းတို႔ေျပာမွ သတိထားမိတာ ငါ့အိမ္မွာေမြးထားတဲ့ တိုင္းေက်ာ္ဆိုတဲ့ေခြးက လူရိပ္ ျမင္ရင္ထိုးထိုးေဟာင္လြန္းလို႔ ညဘက္ဆို အိပ္မရျဖစ္ေနတာ ဒါေပမယ့္အခုရက္ပိုင္း ဒီေကာင္ဆီက ေဟာင္သံမၾကားရဘူးျဖစ္ေနတယ္”
“ ဒါဆိုက်ဳပ္ခန႔္မွန္းတာမွန္ေနတာေပါ့ ျဖစ္ႏိုင္ရင္ မိန္းကေလးရဲ႕မိဘေတြနဲ႔ ေတြ႕ခ်င္ပါတယ္”

“မင္းတို႔ေတြ႕ခ်င္တယ္ဆိုရင္ ငါေခၚေပးပါ့မယ္ ေမာင္ႀကိဳင္ မင္းကမိန္းကေလးမိဘေတြကို သြားေခၚလာခဲ့ကြာ”
သူႀကီးစကားေၾကာင့္ ဦးႀကီးက ကြပ္ျပစ္ေပၚမွာထိုင္ေနရာကေန ထၿပီး ႐ြာထဲဘက္ကိုထြက္ သြားခဲ့တယ္။
“သူႀကီး ဒီ႐ြာမွာထြန္းသာဆိုတဲ့လူငယ္တစ္ေယာက္ရွိခဲ့ဖူးလား”
“ထြန္းသာ ဟုတ္လား အင္း ......”
သူႀကီးက ထြန္းသာဆိုတဲ့အမည္ကိုစဥ္းစားေနရင္း
“ မိန္းမေရ ထြန္းသာဆိုတာ ေဒၚငယ္ရဲ႕သားမဟုတ္လား”
သူႀကီးစကားေၾကာင့္ အိမ္ေနာက္ေဘးမွာ ႏြားစာစဥ္းေနတဲ့ သူႀကီးကေတာ္က
“ဟုတ္တယ္ေလ ဒီေကာင္ေလး ႐ြာကေနေပ်ာက္ေနတာ တစ္လေလာက္ရွိၿပီ သူ႔အေမဆို တစ္ငိုငိုတစ္ရီရီျဖစ္ေနတာ ၾကာေပါ့”
သူႀကီးကေတာ္စကားေၾကာင့္ ေအာင္ျမတ္သာက
“ထြန္းသာဆိုတဲ့လူငယ္နဲ႔ အခုေပ်ာက္ေနတဲ့မိန္းကေလးရဲ႕အျဖစ္အပ်က္က သာမန္လူေတြ မျမင္ႏိုင္တဲ့ပုဂၢိဳလ္တစ္ဦးေၾကာင့္ဆိုရင္ သူႀကီးယုံမလား”
“ မင္းေျပာပုံအရဆိုရင္ အခုျဖစ္ေနတဲ့ကိစၥေတြက နနာဘာဝ ဝိနာဘာဝေတြနဲ႔မ်ားပတ္သတ္ ေနတာမ်ားလား”
“ဒီညက်ဳပ္တို႔အေျခအေနကို အကဲခတ္ၾကည့္ရင္ ဘာေၾကာင့္လဲဆိုတာ အေျဖေပၚလာ ပါလိမ့္မယ္ သူႀကီးတို႔ဘက္က က်ဳပ္တို႔ကိုယုံၾကည္ေပးဖို႔ေတာ့လိုတာေပါ့”
“ဘယ္သူမွမထိခိုက္ဘူးဆိုရင္ မင္းတို႔‌ေျပာတာကိုငါလက္ခံလို႔ရပါတယ္”
ေအာင္ျမတ္သာတို႔စကားေကာင္းေနတဲ့အခ်ိန္ ခပ္ဝဝမိန္းမတစ္ေယာက္ ၿခံထဲကို ဝင္လာတာ ျမင္လိုက္ရတယ္။
“သူႀကီး ကြၽန္မကိုေခၚတယ္ဆိုလို႔”
“ေဟာ မငယ္ လာလာ ဒီမွာလာထိုင္”
မငယ္ဆိုတဲ့မိန္းမႀကီးက ေအာင္ျမတ္သာတို႔ကို တစ္ခ်က္ၾကည့္လိုက္ၿပီး လြတ္ေနတဲ့ ခုံတန္းမွာ ဝင္ထိုင္လိုက္တယ္။
“သူကေတာ့ ေပ်ာက္ေနတဲ့မိန္းကေလးရဲ႕ မိခင္ပဲ မငယ္ သူတို႔က နင့္သမီးေပ်ာက္ေနတာကို ျပန္ေတြ႕ေအာင္ကူညီေပးမယ့္သူေတြပဲ”
သူႀကီးစကားအဆုံးမွာ မငယ္ဆိုတဲ့မိန္းမႀကီးက ေအာင္ျမတ္သာတို႔ကိုၾကည့္ၿပီး
“ကူညီႏိုင္ရင္ ကူညီပါဦးရွင္ သမီးေလးက အရမ္းေအးတာ မေတာ္တေရာ္လူေတြက ဖမ္းတာ ဆီးတာဆိုရင္ ကြၽန္မရင္က်ိဳးရပါခ်ည္ရဲ႕”
“အရီး စိတ္ကိုေအးေအးထားပါ က်ဳပ္တို႔အတတ္ႏိုင္ဆုံးကူညီေပးပါ့မယ္ အခုေလာေလာဆယ္ က်ဳပ္တို႔သိခ်င္တာေလးေတြကို အရီးေျဖေပးပါ”
“ရပါတယ္ ရပါတယ္ လူေလးတို႔သိခ်င္တာရွိရင္ေမးပါ”
“ အရီးရဲ႕ သမီးက ညဘက္ေတြဆိုရင္ ေယာင္ၿပီးလမ္းထ‌ေလ်ာက္တတ္တဲ့ အက်င့္ရွိလား”
ေအာင္ျမတ္သာစကားေၾကာင့္ မငယ္ဆိုတဲ့မိန္းမႀကီးက အံ့အားသင့္သြားၿပီး
“ လူေလးတို႔ဘယ္လိုသိတာလဲ ကြၽန္မသမီးေလးက ညဘက္ေတြဆိုရင္ ထသြားတတ္တဲ့ အက်င့္ရွိတယ္ အဲဒါေၾကာင့္ ညဘက္အိပ္ရင္ သူေနတဲ့ အခန္းဆိုရင္လဲ အျပင္ကေန မင္းတုန္းခ်ၿပီးမွ အိပ္တာ ေပ်ာက္တဲ့ေန႔ကလဲ မင္းတုန္းခ်ထားတာပဲ ဘယ္လိုဖြင့္ၿပီးေပ်ာက္သြားလဲဆိုတာ ေတြးေတာင္မေတြးတတ္ေတာ့ပါဘူးရွင္”
“အရီးဆီမွာ သူအရမ္းႏွစ္သက္တဲ့ပစၥည္းတစ္ခုခုမ်ားရွိလား ရွိတယ္ဆိုရင္ က်ဳပ္တို႔လိုခ်င္ ပါတယ္”
ေအာင္ျမတ္သာစကားကိုၾကားေတာ့ မိန္းမႀကီးက စဥ္းစားလိုက္ၿပီး
“သူအရမ္းႏွစ္သက္တဲ့အ႐ုပ္ေလးတစ္႐ုပ္ရွိတယ္ ညဘက္ေတြဆိုရင္အဲဒီအ႐ုပ္ကို ဖက္ၿပီးမွ အိပ္တတ္တာ လူေလးတို႔လိုခ်င္တယ္ဆိုရင္ ကြၽန္မသြားယူေပးပါမယ္”
“ျပန္ယူေပးရင္ပိုေကာင္းတာေပါ့ဗ်ာ အရီးသမီးက လိပ္ျပာလွေတာ့ သူ႔ကိုေခၚသြားတဲ့သူက ျပန္မလႊတ္ေတာ့ပဲ လူ႔ေလာကကိုေမ့ေအာင္လုပ္ထားတယ္ ဒါေၾကာင့္ သူႏွစ္သက္တဲ့ပစၥည္းတစ္ခုခုနဲ႔ သတိရေအာင္ျပန္လုပ္ယူရမယ္”
“ဒါဆို ခဏေစာင့္ေပးၾကဦးေနာ္ ကြၽန္မအခုသြားယူေပးပါ့မယ္”
မိန္းမႀကီးက ေအာင္ျမတ္သာတို႔ကိုေစာင့္ခိုင္းၿပီး ၿခံအျပင္ဘက္ကို ခပ္သုတ္သုတ္ထြက္သြား ခဲ့တယ္။ ခဏၾကာေတာ့ တစ္ေတာင္သာသာရွိတဲ့ အ႐ုပ္တစ္႐ုပ္ကိုယူၿပီး ျပန္ေရာက္လာခဲ့တယ္။
“ဒီအ႐ုပ္ကိုသူအရမ္းႀကိဳက္တာ လူေလးတို႔ဒါကိုသုံးၿပီး ကြၽန္မသမီးေလးကို ျပန္ေခၚေပးပါေနာ္ လယ္ေတြယာေတြကုန္ခ်င္ကုန္သြားပါေစ သမီးေလးျပန္ေရာက္လာရင္ ရပါၿပီ”
“အရီး က်ဳပ္တို႔ကိုအထင္လြဲေနပါၿပီ က်ဳပ္တို႔ကအခေၾကးေငြရဖို႔အတြက္ ကူညီေနတာမဟုတ္ ပါဘူး”
“ေတာင္းပန္ပါတယ္ လူေလးတို႔ရယ္ ကြၽန္မကသမီးေလးေဇာနဲ႔မို႔ေျပာလိုက္မိတာပါ စိတ္မဆိုး ၾကပါနဲ႔ေနာ္”
“ရပါတယ္ က်ဳပ္တို႔အတတ္ႏိုင္ဆုံးျပန္ပါလာေအာင္ကူညီေပးပါ့မယ္ အခုေတာ့ အရီးျပန္နား လိုက္ပါဦး”
မိန္းမႀကီးလဲ ေအာင္ျမတ္သာတို႔ကိုေက်းဇူးတင္ေၾကာင္း အထပ္ထပ္ေျပာၿပီး သူႀကီးၿခံထဲကေန ျပန္ထြက္သြားခဲ့တယ္။
“သူႀကီး က်ဳပ္တို႔သုံးေယာက္ ဒီညလုပ္ရမယ့္ကိစၥေလးေတြရွိလို႔ လူမေနတဲ့အိမ္တစ္လုံး ေလာက္စီစဥ္ေပးႏိုင္မလား”
ေအာင္ျမတ္သာစကားေၾကာင့္ ၿခံအျပင္ဘက္ကိုေငးေနတဲ့သူႀကီး သတိျပန္ဝင္လာၿပီး
“မင္းတို႔လိုခ်င္တယ္ဆိုရင္ ငါအရင္ေနခဲ့တဲ့ အိမ္တစ္လုံးေတာ့ရွိတယ္ အဲဒီမွာေနလို႔ရပါတယ္”
“ ဒီညေမွာင္တာနဲ႔ ႐ြာထဲမွာရွိတဲ့ အိမ္ေတြအားလုံး အျပင္ဘက္ကိုမထြက္ၾကဖို႔ သူႀကီးကပဲ ေဆာ္ၾသေပးပါ ထြက္ခဲ့မယ္ဆိုရင္ က်ဳပ္တို႔အလုပ္ကိုအေႏွာက္အယွက္ျဖစ္ႏိုင္တယ္”
“စိတ္ခ်ပါ မင္းတို႔ျဖစ္ခ်င္တဲ့အတိုင္းျဖစ္ေစရမယ္ ဒီ႐ြာမွာ ငါ့အမိန႔္ကိုလြန္ဆန္ရဲတဲ့သူ မရွိပါဘူး”
သူႀကီးကသူ႔႐ြာကိုသူပိုင္ေၾကာင္း ဂုဏ္ယူစြာေျပာဆိုရင္း ေအာင္ျမတ္သာတို႔ေနရမယ့္ အိမ္ကို လိုက္ျပခဲ့တယ္။
“ကဲ ဒီအိမ္က ငါ့သားႀကီးရွိတုန္းက ေနခဲ့တဲ့အိမ္ပဲ လြန္ခဲ့တဲ့ႏွစ္က သူဆုံးသြားေတာ့ ငါတို႔ကပဲ ထိန္းသိမ္းထားရတာ လိုအပ္တာရွိရင္ ငါ့ကိုလာေျပာၾက ညစာကိုေတာ့ ေနမဝင္ခင္လာပို႔ေပးၾက လိမ့္မယ္”
“ရတယ္ သူႀကီး အခုလိုစီစဥ္ေပးတာကိုပဲ ေက်းဇူးတင္ေနပါၿပီ က်ဳပ္တို႔က အသားငါးမစားတဲ့ အတြက္ ခ်က္ရျပဳတ္ရအဆင္မေျပျဖစ္ေနပါဦးမယ္”
“ မဟုတ္တာကြာ မင္းတို႔အတြက္ သက္သက္လြတ္ဟင္းခ်က္ၿပီး လာပို႔ေပးပါ့မယ္ အခုေတာ့ နားလိုက္ၾကဦးငါလဲ႐ြာထဲလွည့္ပတ္ၿပီး ေဆာ္ၾသ လိုက္ဦးမယ္”
သူႀကီးက ေအာင္ျမတ္သာတို႔ကိုႏႈတ္ဆက္ၿပီး ႐ြာအေရွ႕ဘက္ပိုင္းကိုထြက္သြားခဲ့တယ္။ ေအာင္ျမတ္သာတို႔လဲ သူႀကီးစီစဥ္ေပးတဲ့အိမ္ေပၚမွာရွိတဲ့ ဘုရားေက်ာင္းေဆာင္ကို သန႔္ရွင္းေရး လုပ္ၿပီး အိမ္အေနာက္ေဖးမွာ အသင့္ရွိေနတဲ့ေရစည္ထဲက ေရနဲ႔ကိုယ္လက္သန႔္စင္ခဲ့ၾကတယ္။ ညေန ေနဝင္ခါနီးအခ်ိန္ေရာက္ေတာ့ သူႀကီးအိမ္ကလာပို႔ေပးတဲ့ သက္သက္လြတ္ထမင္းဟင္းကို စားေသာက္လိုက္ၿပီး ဘုရားေက်ာင္းေဆာင္ေရွ႕မွာ ထိုင္ကာ ဘုရားရွိခိုးျခင္း၊ အင္းကြက္ခ်ျခင္းနဲ႔ တရားထိုင္ျခင္းအမႈေတြကိုျပဳခဲ့ၾကတယ္။
အင္းကြက္ဆြဲၿပီးလို႔ တရားထိုင္ေနတဲ့အခ်ိန္မွာ ေျခရင္းအိမ္မွာေမြးထားတဲ့ ေခြးေတြက တစ္စုံ တစ္ေယာက္ကိုေၾကာက္လန႔္ၿပီး တအီအီေအာ္ျမည္ေနတဲ့အသံကို ၾကားလိုက္ရတယ္။ ေအာင္ျမတ္သာလဲၾကားလိုက္ရတဲ့အသံကို စိတ္ထဲကေန ခ်က္ခ်င္းဆိုသလိုေဖ်ာက္ပစ္လိုက္ၿပီး သမထကိုစူးနစ္ေနေအာင္ ဝင္စားလိုက္တယ္ဆိုရင္ပဲ အျမင္ဓါတ္နဲ႔အၾကားဓါတ္က ခ်က္ခ်င္း ဆိုသလို ပြင့္ထြက္လာခဲ့တယ္။
“ လူေလး ေအာင္ျမတ္သာ ထေလာ့ ႐ုန္းထြက္ေလာ့”
ခ်ိဳသာေအးျမတဲ့အသံက နားဖ်ားကေန နားစည္အတြင္းပိုင္းထိကို ယိုစီး က်လာတဲ့အခ်ိန္ ေအာင္ျမတ္သာရဲ႕လိပ္ျပာက ခႏၶာကိုယ္ထဲကေန အျပင္ဘက္ကိုထြက္လာခဲ့တယ္။ ေအာင္ျမတ္သာ လဲ တရားထိုင္ေနတဲ့ သူ႔ခႏၶာကိုယ္နဲ႔ ေဘးမွာထိုင္ေနတဲ့ သက္ခိုင္နဲ႔ ေတာက္ရတို႔ကိုတစ္ခ်က္မွ် ၾကည့္လိုက္ၿပီး အိမ္ေပၚကေန ဆင္းလာခဲ့လိုက္တယ္။ အိမ္ေအာက္ေရာက္ေတာ့ ဥဒဟိုသြားလာ ေနၾကတဲ့ ႐ြာသားေတြရဲ႕ဝိဥာဥ္အခ်ိဳ႕ကိုေတြ႕လိုက္ရတယ္။ ႐ြာသားေတြရဲ႕ဝိဥာဥ္မွာေတာ့ ျပင္ပခႏၶာကိုယ္နဲ႔ခ်ိန္ဆက္ထားတဲ့ ႀကိဳးမွ်င္ေသးေသးေလးေတြကို ျမင္လိုက္ရတယ္။ ႀကိဳးမွ်င္ေလးေတြက ဘယ္ေနရာကိုသြားသြား ဘယ္ေလာက္ေဝးေဝးသြားသြား ကုန္သြားတယ္ဆိုတာ မရွိပဲ တစ္စတစ္စရွည္လ်ားသြားခဲ့ၾကတယ္။(စကားခ်ပ္။ ဒါကို ကြၽန္ေတာ္တို႔အိမ္မက္မက္စဥ္ အခါမွာ အမ်ားဆုံးႀကဳံေတြ႕ရတတ္ပါတယ္ ဝိဥာဥ္နဲ႔ခႏၶာကိုယ္ခ်ိတ္ဆက္ထားတဲ့ ႀကိဳးမွ်င္ေလးေတြက ေတာ္႐ုံ မျပတ္ေတာက္တတ္သလို ျပတ္ေတာက္ခဲ့ရင္လဲ ခႏၶာကိုယ္ထဲကို ျပန္ဝင္လို႔မရတဲ့ျဖစ္စဥ္ေတြ ျဖစ္တတ္ပါတယ္)
ေအာင္ျမတ္သာလဲ ႐ြာသားေတြရဲ႕ ဝိဥာဥ္ေတြကို ေရွာင္တိမ္းၿပီး ႐ြာထိပ္ဘက္ကို ထြက္လာတဲ့ အခ်ိန္ ေလထဲကေန လြင့္လာတဲ့ လႈိင္းတြန႔္တစ္ခုကို ျမင္လိုက္ရတယ္။ အရွိန္ျပင္းျပင္းနဲ႔ လြင့္ထြက္ လာတဲ့လႈိင္းတစ္ခုက ေအာင္ျမတ္သာအေရွ႕ကိုေရာက္ေတာ့ ေရွ႕ဆက္မတိုးႏိုင္ေတာ့ပဲ ျမဴမႈန္ေတြလို တစ္စစီကြဲထြက္ကာ ေပ်ာက္ကြယ္သြားခဲ့တယ္။ ေအာင္ျမတ္သာလဲ သူ႔ဆီဝင္လာတဲ့ လႈိင္းရွိရာဘက္ကို လိုက္သြားခဲ့ရာ လူသူအေရာက္ေပါက္နည္းတဲ့ ႐ြာအေနာက္ဘက္ ဖုန္းဆိုးေတာထဲ ကိုတစ္ေျဖးေျဖးနဲ႔ေရာက္လာခဲ့တယ္။
ဖုန္းဆိုးေတာထဲကိုေရာက္တဲ့အခ်ိန္မွာ မိန္းမတစ္ေယာက္နဲ႔ ေယာက်ၤားတစ္ေယာက္ စကားအေခ်အတင္ေျပာဆိုေနတဲ့အသံသဲ့သဲ့တစ္ခုကို ၾကားလိုက္ရတယ္။ ေအာင္ျမတ္သာလဲ အသံၾကားရာဘက္ကို ေလ်ာက္လာရင္းနဲ႔ လူသုံးဖက္စာေလာက္ႀကီးမားတဲ့ ေညာင္ညိဳပင္တစ္ပင္ အနားကိုေရာက္ေတာ့ ဆံပင္ဖားလ်ားခ်ထားတဲ့မိန္းမပ်ိဳတစ္ေယာက္က ခႏၶာကိုယ္တစ္ခုလုံး စက္ေရာင္ေတြၿပိဳးၿပိဳးပ်က္ပ်က္လက္ေနတဲ့ ေယာက်ၤားတစ္ေယာက္ရဲ႕ေပါင္ေပၚမွာ အိပ္ကာ စကားစမည္ေျပာေနတာကိုျမင္လိုက္ရတယ္။
အဲဒီအခ်ိန္မွာ ေအာင္ျမတ္သာက လြယ္ထားတဲ့အိတ္ထဲကေန မိန္းမပ်ိဳေလးအေမေပးထားတဲ့ အ႐ုပ္ကိုၿပီး ေလညာဘက္မွာေထာင္လိုက္တယ္ဆိုရင္ပဲ ရယ္ေမာစြာစကားေျပာေနတဲ့ ေယာက်ၤားရဲ႕ မ်က္ႏွာက ႐ုတ္တရက္ခက္ထန္လာၿပီး ေအာင္ျမတ္သာရွိတဲ့ဘက္ကို မ်က္ေစာင္းထိုးကာ ေစာင္းၾကည့္လိုက္တယ္။ မိန္းမပ်ိဳကလဲ ေလညာကေန ႐ုတ္တရက္ထြက္လာတဲ့ ရနံ႔တစ္ခုကိုရတာနဲ႔ ေပါင္ေပၚမွာအိပ္ေနရာကေန ဆတ္ခနဲထထိုင္လိုက္ၿပီး
“ရွင္ ရွင္ဘယ္သူလဲ ကြၽန္မက ဘယ္လိုျဖစ္ၿပီး ဒီကိုေရာက္ေနရတာလဲ”
“ အို ႏွမရယ္ ေမာင္ေတာ္ကို မသိေတာ့ဘူးလား ႏွမငယ္ အရမ္းခ်စ္ျမတ္ႏိုးပါတယ္ဆိုတဲ့ ေမာင္ေတာ္ဒတၱေလ”
သာမာန္လူေတြထက္သန္မာထြားႀကိဳင္းၿပီး ၿပိဳးခနဲပ်က္ခနဲကိုယ္ေရာင္ေတြထြက္ေနတဲ့ လူက မေက်ခ်မ္းတဲ့အၾကည့္နဲ႔ ေအာင္ျမတ္သာကိုၾကည့္လိုက္ ေဘးမွာရပ္ေနတဲ့ မိန္းမပ်ိဳကိုေခ်ာ့လိုက္ ျဖစ္ေနတဲ့အခ်ိန္ ေအာင္ျမတ္သာက ၾသဇာအျပည့္ပါတဲ့အသံနဲ႔
“မိုးသားျဖဴ သင္အိမ္ျပန္ဖို႔အခ်ိန္ေရာက္ၿပီ သင့္မိခင္လဲ သင္ေပ်ာက္ေနလို႔ စိတ္ေတြပူပန္ေနရၿပီ သင့္ကိုေတြ႕ရင္ ဒီအ႐ုပ္ေလးကို ေပးလိုက္ပါဆိုလို႔ က်ဳပ္ယူလာေပးတာ သင္ မယုံရင္က်ဳပ္ေပးတဲ့အ႐ုပ္ကိုၾကည့္လိုက္ပါ” လို႔ေျပာၿပီး မိန္းမပ်ိဳရွိတဲ့ဘက္ကို ပစ္ထုတ္ေပးလိုက္တယ္။
မိန္းမပ်ိဳလဲ ေအာင္ျမတ္သာပစ္ေပးတဲ့အ႐ုပ္ကို ေကာက္ယူၿပီး ၾကည့္လိုက္တဲ့အခ်ိန္
“ဒါ ကြၽန္မအ႐ုပ္ပဲ အေမ အေမေရာ”
“သင့္အေမက သင္ျပန္လာမယ့္အခ်ိန္ကို အၿမဲတမ္းေစာင့္ေမွ်ာ္ေနပါတယ္ အခုသင္က်ဳပ္နဲ႔ ျပန္လိုက္ခဲ့မယ္မဟုတ္ပါလား”
မိန္းမပ်ိဳလဲ ေအာင္ျမတ္သာစကားကိုၾကားေတာ့ အတိတ္ကိုသတိျပန္ရလာၿပီး
“ အိမ္ျပန္ရမယ္ ကြၽန္မအိမ္ျပန္ခ်င္တယ္ ကြၽန္မကိုျပန္ေခၚသြားေပးပါ”လို႔ေျပာကာ ေအာ္ဟစ္ငိုယိုပါေလေရာ။
“တိတ္စမ္း နင္က ငါ့ဆီကေန ဘယ္မွထြက္သြားလို႔ မရေစရဘူး နင့္ကိုငါစုံမက္တယ္ ဒါေၾကာင့္ နင့္ကိုပိုးပန္းေနတဲ့လူကို ငါ့အစြမ္းနဲ႔ဖ်ားေယာင္းေသြးေဆာင္ၿပီး သတ္ပစ္ခဲ့ၿပီးၿပီ နင့္အတြက္ဆိုရင္ လူအေယာက္တစ္ေထာင္ တစ္ေသာင္း တစ္သိန္းသတ္ရလဲ ငါမမႈဘူး .. သာယာေနတဲ့ ငါတို႔ဘဝကို လာဖ်က္ဆီးတဲ့ေကာင္ကို အရင္သတ္ၿပီး နင့္ကိုျပန္ေခၚထားမယ္ ဟင္းဟင္း”
စိတ္ဆိုးမာန္ဆိုးနဲ႔ေအာ္ေျပာလိုက္တဲ့အခ်ိန္ ႏုပ်ိဳေခ်ာေမာေနတဲ့မ်က္ႏွာက ခ်က္ခ်င္းဆိုသလို နီရဲလာၿပီးပါးစပ္ကေန လက္သုံးေလာက္ရွိတဲ့အစြယ္ေတြေကြးၿပီး ထြက္လာခဲ့တယ္။ မိန္းမပ်ိဳက ခ်က္ခ်င္းေျပာင္းလဲသြားတဲ့႐ုပ္ရည္ကိုျမင္ၿပီး ေၾကာက္လန႔္ကာ ေနရာမွာတင္လဲက်သတိလစ္သြား ခဲ့တယ္။ ေအာင္ျမတ္သာကေတာ့ ႐ုပ္ရည္အစစ္အမွန္ခ်ျပလိုက္တဲ့ နတ္ဘီလူးကိုျမင္ေတာ့
“ဟိတ္ နတ္ဘီလူးယုတ္ သင္က ကိုယ္ေနရမယ့္ေနရာမွာ မေနပဲ လူ႔ေဘာင္ေလာကထဲလာၿပီး မိန္းမပ်ိဳေတြကို ေသြးေဆာင္ဖ်ားေယာင္းေနတာ မရွက္ဘူးလား”လို႔ေျပာလိုက္ေတာ့ နတ္ဘီလူးဒတၱက
“ တယ္ စကားမ်ားတဲ့လူသားပါလား ထပ္ၿပီးမေျပာႏိုင္ေအာင္ ငါရဲ႕သန္လ်က္နဲ႔ခုတ္ပိုင္း လိုက္မယ္ လာေလေရာ့” ဆိုၿပီး ညာဘက္လက္ကို ျဖန႔္လိုက္တယ္ဆိုရင္ပဲ အထူလက္ေလးသစ္ခန႔္ ရွိတဲ့သန္လ်က္တစ္ေခ်ာင္းေပၚလာၿပီး ေအာင္ျမတ္သာခႏၶာကိုယ္ရွိတဲ့ဘက္ကို အရွိန္နဲ႔ပိုင္းခ်လိုက္ တယ္။
“ ဝုန္း ဂြၽတ္ ေျဖာင္း ေျဖာင္း”ဆိုတဲ့အသံနဲ႔အတူ ေအာင္ျမတ္သာပတ္လည္မွာရွိတဲ့ သစ္ပင္ ႀကီးငယ္ေတြအားလုံး ငွက္ေပ်ာလက္ကိုဓါးနဲ႔ပိုင္းခံထိသလို တိခနဲျပတ္က်သြားခဲ့ေပမယ့္ ေအာင္ျမတ္သာကိုေတာ့ စိုးစင္းမွ်မထိခိုက္ခဲ့ေပ။
ဒီတစ္ခါေတာ့ နတ္ဘီလူးဒတၱ အံ့ၾသသြားခဲ့ေလၿပီ။
“ငါ့ဓါးခ်က္က ဆင္ေျပာင္တစ္ေကာင္ရဲ႕ေခါင္းကိုေတာင္ တိခနဲက်ေအာင္ ခုတ္ပိုင္းႏိုင္တာ ဘယ္လိုေၾကာင့္ ဒီလူကိုထိခိုက္ေအာင္မလုပ္ႏိုင္ရတာလဲ”ဆိုၿပီး စိတ္ထဲကေန တိုးညႇင္းစြာ ေရ႐ြတ္လိုက္တဲ့အခ်ိန္
“ဘယ္လိုလဲ ဒတၱ သင္အံ့ၾသေနၿပီလား က်ဳပ္ခြင့္ျပဳခ်က္မရရင္ က်ဳပ္ရဲ႕ဆံခ်ည္ တစ္မွ်င္ကိုေတာင္ သင္ထိခိုက္ေအာင္လုပ္လို႔မရဘူးဆိုတာ အခုသိျမင္ရၿပီမဟုတ္လား ဒါေၾကာင့္ သင့္အေနနဲ႔ က်ဴးလြန္ခဲ့တဲ့အျပစ္ေတြကို က်ဳပ္အေရွ႕မွာဝန္ခ်ေတာင္းပန္မယ္ဆိုရင္ အျပစ္ဒဏ္ေလ်ာ့ ေပါ့ေအာင္ က်ဳပ္ေမတၱာရပ္ခံေပးမယ္”
“ တယ္......ဒတၱဆိုတဲ့က်ဳပ္က သင့္လိုလူကို ေတာင္းပန္စရာလား ကိုယ္ထိလက္ေရာက္ လုပ္မရရင္ သင့္ႏွလုံးေသြးရပ္ၿပီးေသေအာင္က်ဳပ္လုပ္မယ္”
ဒတၱက ေျပာဆိုႀကိမ္းေမာင္းရင္း သူ႔ခႏၶာကိုယ္ကို သာမန္လူေတြျမင္လိုက္တာနဲ႔ ႏွလုံးေသြးရပ္တဲ့အထိ ေၾကာက္လန႔္ေအာင္ ဖန္ဆင္းၿပီး ေၾကာက္မယ္ဖြယ္အဆင္း အသံေတြကို အသုံးျပဳကာ ေအာင္ျမတ္သာကိုတိုက္ခိုက္ခဲ့တယ္။
ေအာင္ျမတ္သာကေတာ့ သူ႔ကိုစားမတတ္ ဝါးမတတ္ေျခာက္လွန႔္ေနတဲ့ နတ္ဘီလူးရဲ႕ အတၱေဘာ႐ုပ္ကို ခပ္ၿပဳံးၿပဳံးမ်က္ႏွာထားနဲ႔ ေစ့ေစ့စိုက္ၾကည့္လိုက္တဲ့အခ်ိန္ မ်က္လုံးထဲကေန နီရဲေတာက္ပလြန္းတဲ့ မီးတန္းႀကီးတစ္ခုထြက္ေပၚလာခဲ့ၿပီး နတ္ဘီလူးရဲ႕ခႏၶာကိုယ္ထဲကို စိုက္ဝင္ သြားခဲ့တယ္။
“ အား ..... အ...အ... သင္လူသားမွဟုတ္ရဲ႕လား မ်က္လုံးထဲကေန ထြက္လာတဲ့ မီးေတာက္က က်ဳပ္ခႏၶာကိုယ္ထဲတစ္ေျမ့ေျမ့ေလာင္ကြၽမ္းေနၿပီ အား.... ပူလိုက္တာ”
နတ္ဘီလူးဒတၱလဲ ႀကီးမားစြာဖန္ဆင္းထားတဲ့ ခႏၶာကိုယ္ႀကီးကို ေျမႀကီးေပၚလွိမ့္ကာ ပူေလာင္တဲ့ဒဏ္ကို အလူးအလဲခံစားေနရတဲ့အခ်ိန္ မိန္းမပ်ိဳရဲ႕ခႏၶာကိုယ္ထဲမွာစိမ့္ဝင္ေနတဲ့ စက္ေတြက အျပင္ဘက္ကိုဖြာခနဲ ဖြာခနဲ လြင့္ထြက္လာခဲ့တယ္။
အလြန္အားျပင္းတဲ့စက္ေတြရဲ႕ တြန္းကန္မႈက ေဘးပတ္ဝန္းက်င္မွာရွိေနတဲ့ သစ္ပင္အခ်ိဳ႕ကို ယိမ္းထိုးလႈပ္ရွားေစတဲ့အထိျပင္းထန္ခဲ့တယ္။ ေအာင္ျမတ္သာလဲ ေျမေပၚမွာလူးလိမ့္ကာ ေဝဒနာ ခံစားေနရတဲ့ နတ္ဘီလူးကို ထြက္မေျပးႏိုင္ေအာင္ ရွစ္ကြက္အင္းနဲ႔ခ်ဳပ္ထားလိုက္ၿပီး ကုေဝရနတ္မင္းကိုတိုင္တည္အာ႐ုံျပဳလိုက္တယ္ဆိုရင္ပဲ ကိုယ္ေရာင္ကိုယ္ဝါ တစ္ဖ်တ္ဖ်က္ ေတာက္ပေနတဲ့ နတ္ဘီလူးေလးပါးက လွံစၾကၤာကိုယ္စီကိုင္ၿပီးေပၚလာခဲ့တယ္။
နတ္ဘီလူးဒတၱကလဲ ႐ုတ္တရက္ေပၚလာတဲ့ နတ္ဘီလူးေတြကိုျမင္ေတာ့ ေၾကာက္လန႔္တၾကားထြက္ေျပးဖို႔ႀကိဳးစားတဲ့အခ်ိန္ ေအာင္ျမတ္သာရဲ႕ညာဘက္ေထာင့္မွာရပ္ေနတဲ့ နတ္ဘီလူးရဲ႕လက္ထဲကေန အလင္းတန္းတစ္ခုထြက္ခဲ့တာကို ျမင္လိုက္ရတယ္။
အလင္းတန္က ဒတၱခႏၶာကိုယ္ကိုထိတယ္ဆိုရင္ပဲ မီးအားျပင္းျပင္းနဲ႔ထိလိုက္တဲ့ စကၠဴတစ္႐ြက္လို ျပာက်သြားခဲ့တယ္။ ခဏေနေတာ့ ျပာအျဖစ္ကေန ပုံမွန္သ႑ာန္ျပန္ျဖစ္ေပၚ လာခဲ့ၿပီး နတ္ဘီလူးေလးပါးရဲ႕ေျခရင္းမွာ ဒူးေကြးၫႊတ္ထိုင္ကာ
“တပည့္မွားသြားပါတယ္ ဆရာတို႔ေပးအပ္တဲ့တာဝန္ကို ထမ္းေဆာင္ၿပီးအျပန္မွာ အတိတ္ဘဝကေတာ္စပ္ခဲ့ဖူးတဲ့ ဇနီးျဖစ္သူကိုျမင္လိုက္ရတဲ့အတြက္ စိတ္မထိန္းႏိုင္ပဲ ေသြးေဆာင္ ဖ်ားေယာင္းမိခဲ့ပါတယ္ တပည့္ကိုခြင့္လႊတ္ေပးၾကပါ” ဆိုၿပီးေတာင္းပန္ေတာ့ နတ္ဘီလူးေလးပါးက
“တယ္.... ဒီငမိုက္သား ငါထပ္လုပ္လိုက္ရ ျပာအတိျဖစ္ေရာ့မယ္ နင့္တန္ခိုးအရာေလာက္နဲ႔ ထြက္ရပ္ေပါက္ဆရာတစ္ဆူကို ထိခိုက္ေအာင္လုပ္ဖို႔ႀကံစည္ရဲတယ္ေပါ့ေလ အခုခ်က္ခ်င္း ဆရာ ေက်နပ္တဲ့အထိ ေတာင္းပန္စမ္း” လို႔ေျပာလိုက္ေတာ့ နတ္ဘီလူးဒတၱက ေအာင္ျမတ္သာ‌ ေျခအစုံကို နဖူးနဲ႔ထိၿပီး အႀကိမ္ႀကိမ္အခါခါေတာင္းပန္ပါေလေရာ။
ေအာင္ျမတ္သာကလဲ အမွားကိုသိၿပီးျဖစ္တဲ့ ဒတၱကို ခြင့္လႊတ္ေပးခဲ့ၿပီး ကုေဝရနတ္မင္းေစလႊတ္ခဲ့တဲ့ နတ္ဘီးလူးေလးပါးကို ေနာက္ဒီလိုမျဖစ္ေအာင္ ေသခ်ာၾကပ္မတ္ ထိန္းသိမ္းေပးဖို႔ေမတၱာရပ္ခံခဲ့တယ္။
နတ္ဘီလူးေလးပါးလဲ ေအာင္ျမတ္သာကို ေနာက္ဒီလိုမျဖစ္ေစဖို႔ ကတိအထပ္ထပ္ေပးကာ သတိလစ္ေမ့ေမ်ာေနတဲ့ မိန္းမပ်ိဳရဲ႕ ခႏၶာကိုယ္ထဲက်န္ရွိေနတဲ့ စက္ေတြကိုျပန္သိမ္းခဲ့ၿပီး ေကာင္းကင္ခရီးနဲ႔ျပန္လည္ထြက္ခြာသြားခဲ့ၾကတယ္။ နတ္ဘီလူးေလးပါးထြက္သြားတာနဲ႔ သတိလစ္ ေနတဲ့မိန္းမပ်ိဳကျပန္သတိရလာခဲ့တယ္။
ေအာင္ျမတ္သာလဲ သတိရလာတဲ့ မိန္းမပ်ိဳကို ႐ြာထဲကိုျပန္လည္ေခၚ‌ေဆာင္လာခဲ့ၿပီး အိမ္ေရွ႕ေရာက္ေတာ့
“ အိမ္ကိုျပန္ေရာက္ပါၿပီ မိန္းကေလး မင္းကေတာ့ အရမ္းကံေကာင္းတယ္ ေသကံမပါလို႔ ေခ်ာေခ်ာေမြ႕ေမြ႕ မိမိအိုးအိမ္ကိုေရာက္လာခဲ့တယ္ အခ်ိဳ႕လူေတြက်ေတာ့ မင္းအတြက္နဲ႔ သူ႔အသက္ကိုေပးဆပ္ခဲ့ရတယ္”
ေအာင္ျမတ္သာစကားေၾကာင့္ မိန္းမပ်ိဳ အံ့အားသင့္သြားၿပီး
“အခ်ိဳ႕လူဆိုတာက ဘယ္သူ႔ကိုေျပာတာလဲ”လို႔ေမးေတာ့ ေအာင္ျမတ္သာက
“ မၾကာခင္ မင္းသိပါလိမ့္မယ္ အခုေတာ့ အိမ္ကလူေတြကို ေခၚလိုက္ပါဦး”
မိန္းမပ်ိဳလဲ အိမ္တံခါးကိုထုၿပီး အိမ္သားေတြကိုေအာ္ေခၚလိုက္တဲ့အခ်ိန္ ခုနကေဘးမွာ ရွိေနတဲ့ေအာင္ျမတ္သာက ေပ်ာက္ခ်င္းမလွေပ်ာက္ကြယ္သြားခဲ့တယ္။
ေနာက္တစ္ေန႔မနက္ေရာက္ေတာ့ သူႀကီးအိမ္မွာတည္းေနၾကတဲ့ လူငယ္သုံးေယာက္ကို မေတြ႕ရေတာ့ပဲ ထြန္းသာမိဘေတြနဲ႔မိန္းမပ်ိဳရဲ႕ အိမ္ေရွ႕မွာ စကၠဴနဲ႔ ထုပ္ထားတဲ့ ေငြသားအခ်ိဳ႕ ကိုသာေတြ႕လိုက္ရတယ္။ ထုပ္ထားတဲ့စကၠဴကို ျဖန႔္ၾကည့္လိုက္တဲ့အခါ အထဲမွာ
“ ထြန္းသာကို ရည္စူးၿပီးအလႉလုပ္တဲ့အခါ ႐ြာျပင္က ေစာင္းလ်ားပင္ေအာက္ကေန သူ႔ကိုေခၚၿပီးအမွ်ေဝပါ”ဆိုၿပီးေရးထားတာေတြ႕လိုက္ရတယ္။
ဒီစာကိုေတာ့ ဘယ္သူေတြေရးခဲ့တယ္ဆိုတာ စာဖတ္သူေတြသိေလာက္ၿပီ ထင္ပါတယ္။
ေနာက္ဝတၱဳမွာေတာ့ ဘုရားတည္တဲ့အခါ လိုအပ္တဲ့ ဌာပနာပစၥည္းေတြကို လိုက္ရွာေပးတတ္တဲ့လူငယ္တစ္ေယာက္အေၾကာင္းကို စာဖတ္သူေတြဖတ္ရႈရမွာျဖစ္ပါတယ္။ ဝတၱဳနာမည္က ေအာင္ျမတ္သာႏွင့္ဌာပနာမ်က္လုံးတဲ့။

ေလးစားစြာျဖင့္
ေဇယန(ရာမည)

No comments

Post a Comment